book

Index 18

အပိုင်း(၁၈)

💕 My lovely demon💕

                              ``အချစ်နတ်ဆိုးလေး´´

~~~~~~~


"ဒါ အတွင်းလူကြောင့်ဒီဇိုင်းပေါက်ကြားခဲ့ရတာပါ

သူဌေး...ကျောက်မျက်ဒီဇိုင်းပညာရှင်

သံသရာစက်ရဲ့ ဒီဇိုင်းက ပြိုင်ဘက်ကုမ္ပဏီဆီ

ရောင်းစားခံခဲ့ရတာပါ...."


"ဟင်.."


"ဟာ..."


သူ့ရဲ့စကားအဆုံး meetingခန်းထဲအာမေဋိတ်သံတွေ

ဆူညံသွားခဲ့သည်။


စက်သူ့ကိုတအံ့တဩနဲ့ကြည့်နေမိသလိုပဲ ပါပါးအပါအဝင်

အားလုံးရဲ့မျက်ဝန်းတွေကသူ့ဆီမှာ....


"သက်သေရှိလား...ဒါဟာဒီဇိုင်းပေါက်ကြားမူ့ပါလို့

သက်သေပြစရာမောင်ရင့်မှာရှိလား...."


အရင်ဆုံးသူ့ကိုမေးခွန်းထုတ်လိုက်သူက ဦးစံသာရောင်ပင်။


"ဒါက တစ်ကယ်ပဲဒီဇိုင်းပေါက်ကြားမူ့ဆိုရင်

သူတို့ကဘာလို့ god flowerထက်အရင်

official announcementလုပ်နိုင်ရတာလဲ..

မောင်ရင်လိုစီမံဌာနရဲ့ဝန်ထမ်းသစ်တစ်ယောက်

ဒီလိုကျောက်မျက်စျေးကွက်အကြောင်းကိုဘယ်လောက်

နားလည်နိုင်မှာလဲ...."


"အန်ကယ်...သူတို့websiteကတင်ထားတဲ့

ထုတ်ကုန်အသစ်ရဲ့ အချက်အလက်တွေကို

သေချာရောဝင်ကြည့်ခဲ့ရဲ့လား....သူတို့ရဲ့ထုတ်ကုန်က

limited edition ပါ ကျွန်တော်ပြောတာ

အန်ကယ်နားလည်ရဲ့လား...."


"ဘယ်လို..."


သူက ဇဝေဇဝါဟန်ဖြစ်သွားတဲ့ဦးစံသာရောင်ကို

ဆက်ပြီးအရေးမလုပ်တော့ဘဲ..ပါပါးဘက်ကိုပြန်လှည့်

ကြည့်ကာ...


"သူတို့ဘက်က ကျွန်တော်တို့နဲ့ဒီဇိုင်းတူတဲ့ထုတ်ကုန်ကို

Limited editionအနေနဲ့အရင်ဆုံး 

announcementလုပ်ခဲ့တာပါ...ထုတ်ကုန်သစ်ကို

ကြောငြာပြီး နာရီပိုင်းအတွင်းသူတို့ဘက်က

စံချိန်တင်ရောင်းအားကိုရရှိခဲ့ပေမဲ့ နောက်ထပ်

နာရီပိုင်းအတွင်းမှာပဲပစ္စည်းပြတ်သွားခဲ့ပါတယ် ဒါက

ဘာကိုပြနေလဲဆိုရင် သူတို့ဘက်ကကျွန်တော်တို့လောက်

ဒီထုတ်ကုန်အတွက် အချိန်မရခဲ့တာသိသာပါတယ်...."


"သူတို့ဘက်က ဒီလည်ဆွဲဒီဇိုင်းအစထဲက 

Limited editionအနေနဲ့ စီစဉ်ထားခဲ့တာလဲ

ဖြစ်နိုင်တာပဲ..."


ဦးစံသာရောင်ကဝင်ပြီးစောဒကတက်ပြန်သည်။


"အန်ကယ်အဲ့လိုမပြောခင် blue skyရဲ့

မှတ်တမ်းကိုပြန်ကြည့်သင့်တယ်..သူတို့ရဲရာဇဝင်

နှစ်ပတ်လည်အထိမ်းအမှတ်ထုတ်ကုန်ကလွဲရင်

ဘယ်ထုတ်ကုန်ဒီဇိုင်းကိုမှ limited editionအဖြစ်

ုထုတ်ဝေတဲ့ထုံးစံမရှိဘူး...."


"ဟုတ်တယ် သူပြောတာအမှန်ပဲ...."


"ကျွန်တော်ဘက်က ဒီထုတ်ကုန်ကို

un limited အဖြစ်စျေးကွက်ထဲဖြန့်ချီဖို့

လွန်ခဲ့တဲ့လပိုင်းထဲက စီစဉ်နေခဲ့ရတာအားလုံးအသိပဲ...

ဒါဆိုရင် limited editionအဖြစ်အရင်

တရားဝင်ကြေငြာခဲ့တဲ့ သူတို့ဘက်က

ဒီထုတ်ကုန်အတွက် အချိန်ဘယ်လောက်ပေးခဲ့ရမယ်လို့

ထင်လဲ...ဒါက ဖြစ်နိုင်တဲ့အခြေအနေအားလုံးကို

စေ့ငုံသုံးသပ်ပြတာပါ....."


သူ့စကားအဆုံး meetingခန်းတစ်ခုလုံးအပ်ကျသံပင်

မကြားရလောက်အောင်တိတ်ဆိတ်သွားခဲ့၏....။


"ပြီးတော့သူတို့ဘက်က ဒီဇိုင်းကိုဆွဲခဲ့တဲ့ဒီဇိုင်နာက

ပြင်သစ်ကကျောက်မျက်ဒီဇိုင်းပညာရှင်တစ်ယောက်

ဆိုပြီးကြေငြာထားခဲ့ပေမဲ့ ဘယ်သူဘယ်ဝါဆိုတဲ့

အတိအကျထုတ်မပြခဲ့ဘူး...ဒါကထောက်ပြလောက်စရာ

အချက်မဟုတ်ပေမဲ့...သူတို့တစ်ကယ်ထုတ်ပြစရာမရှိတာလဲ

ဖြစ်နိုင်ပါတယ်...ကျွန်တော့်မှာဒီက အန်ကယ်ပြောသလို

ဒါကပေါက်ကြားမူ့ဆိုတဲ့သက်သေပြစရာတိတိကျကျမရှိပေမဲ့..၂ရက်၄၈နာရီအတွင်းသက်သေရော၊တရားခံကိုရော

ကျွန်တော်ရှာဖွေပြီးအားလုံးရှေ့မှာချပြပေးပါ့မယ်...

သူဌေးကျွန်တော့်ကိုခွင့်ပြုပေးပါ..."


နောက်တစ်ကြိမ်တီးတိုးသံတွေထပ်ပြီးလျံထွက်လာခဲ့သည်။

ပါပါးရဲ့မျက်ဝန်းတွေကသူ့ဆီကနေ စက်ရှိရာကို

ဝေ့လာခဲ့သည်။


ထို့နောက် တစ်ဖန်အားလုံးရှိရာကိုအကြည့်ဝေ့လိုက်ရင်း....


"ဒီကိစ္စကကုမ္ပဏီရဲ့အသက်ဖြစ်နေတာကြောင့်

တိတိကျကျစုံစမ်းလုပ်ဆောင်ရမှာမို့အားလုံး

စိတ်အေးအေးနဲ့ခဏစောင့်ပေးကြပါ..နောက်ထပ်၄၈နာရီ

ကြာရင် တိကျတဲ့အဖြေတစ်ခုထွက်လာမှာပါ..."


ပြောရင်း ပါပါးက သူ့ရဲ့ပခုံးတစ်ဖက်ကိုဖိဆုပ်လိုက်ကာ..


"ဒီကိစ္စကို အန်ကယ်မောင်ရင့်လက်ထဲအပ်လိုက်ပြီ..."


"စိတ်ချပါ အန်ကယ် ပြီးတော့..ကျွန်တော်

ပြောစရာတစ်ခုရှိပါသေးတယ်..."


"မောင်ရင်ပြောပါ..."


ပါးပါးခွင့်ပြုသလိုဆိုလိုက်လျှင် meetingခန်းထဲက

ရှိသမျှလူတွေအားလုံးကိုဝေ့ကြည့်ပြီးသူပြောလာခဲ့တဲ့စကားက...


"ဒီပြသာနဲ့ပါတ်သတ်ပြီးတိကျတဲ့အဖြေမထွက်ခင်

ဒီဇိုင်းပညာရှင်သံသရာစက်နဲ့ပတ်သတ်ပြီး

ဘယ်သူ့မှမဆင်မခြင်မပြောမိကြပါစေနဲ့..."


သူ့စကားကြောင့် မသိမသာမျက်နှာလွှဲပြီး ထိုင်ခုံမှာ

ပြန်ထိုင်သွားတဲ့သူက ဦးစံသာရောင်ပင်ဖြစ်လေတော့သည်။


~~~~~~~~~~~~~~~💛💛💛


"ဟား..ဟား...ဟား...."


သဘောကျသလိုဟားတိုက်ရယ်မောရင်း

ဝတ်ထားတဲ့ဂါဝန်လေးဝဲခါသွားအောင် 

်ခန္ဓာကိုယ်ကိုလှည့်ပတ်ခါရမ်းရင်း စန္ဒယားခုံပေါ်

ထိုင်ချလိုက်တဲ့rose...."


"ဒွမ်....ဒရမ်..."


လက်ချောင်းသွယ်သွယ်တွေကစန္ဒယားခလုတ်တွေကို

ခပ်ကြမ်းကြမ်းဆွဲချရင်း တဖန်ပခုံးလေးလူပ်အောင်

ရယ်မောပြန်၏...။


"သိပ်ပျော်နေလား..မာမီ့ရဲ့သမီးလေး..."


ထိအချိန်အနောက်ကိုရောက်လာတဲ့ဒေါ်ဟန်နီခင်က

roseရဲ့ပခုံးနှစ်ဖက်ကိုဖွဖွဆုပ်ကိုင်ပြီးခပ်ပြုံးပြုံး

မေးသည်။


"roseမာမီ့ကိုမပြောခဲ့ဘူးလား...သံသရာစက်

သူတစ်ကြိမ်ပြန်ထဖို့ကြိုးစားရင် နောက်ထပ်အရှိန်ပြင်းပြင်းနဲ့

ပြန်ပြီးလဲကျသွားအောင် roseလုပ်ပြမှာပါလို့လေ..

အဟွန်း...."


"အဟင်း...."


"မာမီစောင့်ကြည့်နေ စက်ဒီတစ်ခါလုံးဝနလံမထူနိုင်စေရဘူး

လွန်ခဲ့တဲ့၂နှစ်က god flowerမှာသူ့ကြောင့်ဖြစ်ခဲ့ရတဲ့

ပြသာနာတွေကို အားလုံးကအခုမှမေ့မေ့ပျောက်ပျောက်

ဖြစ်ကာစရှိသေးတာ...ဒီလိုအချိန်မှာသူက ကုမ္ပဏီအတွက်

ဒီလောက်ထိကြီးမားတဲ့ပြသာနာကိုသယ်လာခဲ့တာ..

အခုအန်ကယ်လေးသူ့ကိုဘယ်လောက်ပဲကာကွယ်ပေး

ကာကွယ်ပေး...သူပြန်ပြီးရပ်တည်နိုင်မှာမဟုတ်ဘူး..."


"ဒါပေမဲ့သမီးအခုလိုလုပ်လိုက်တာ...စက်အပြင်

ကုမ္ပဏီလည်းထိခိုက်ရမှာပဲမဟုတ်လား...."


"မာမီပြောတာဟုတ်ပါတယ် ဒါပေမဲ့roseမှာ

တစ်ကယ်ပဲရွေးချယ်စရာမရှိဘူး...roseဘဝအတွက်

အကြီးမားဆုံးရန်သူကိုဖယ်ထုတ်နိုင်ဖို့

ဒီလောက်တော့ရင်းရမှာပေါ့...."


".........."


"roseမြင်ချင်တယ်..စက်အရင်လိုလူတွေရှေ့ကနေ

ပျောက်ကွယ်သွားပြီး အထီးကျန်သိမ်ငယ်မူ့တွေနဲ့

ရှင်သန်နေထိုင်နေရမှာကို roseမြင်ချင်တယ်..

god flowerက roseအတွက်ပဲ...

အန်ကယ်လေးရဲ့ဂရုစိုက်မူ့တွေ၊မေတ္တာတွေကိုလည်း

roseပဲပိုင်ဆိုင်ရမယ်...ဘယ်အရာကိုမှ

စက် သူroseဆီကထပ်ပြီးလုယူမသွားစေရဘူး...."


"ဟုတ်တယ်..မယူသွားစေရဘူး

စက်ပိုင်ဆိုင်ခဲ့သမျှအရာအားလုံးကိုတစ်ကယ်ပိုင်ဆိုင်

သင့်တဲ့သူက သမီးလေးပဲ rose..."


ဒေါ်ဟန်နီခင်ရဲ့စကားအဆုံး roseက

အရောင်ရင့်ရင့်ဆိုးထားတဲ့နူတ်ခမ်းအစုံကိုလှပစွာ

တွန့်ကွေးပြုံးလျက် မိခင်ဖြစ်သူရဲ့ခါးကိုဖက်တွယ်လိုက်သည်။


"Ring...Ring..."


ထိုအချိန်စန္ဒယားခုံပေါ်မှာရှိနေတဲ့roseရဲ့ဖုန်းလေးက

ထမြည်လာတာကြောင့် roseကဖုန်းကိုလှမ်းယူလိုက်၏...


"ကိုမင်း..."


စက္ကရင်ထက်မှာပေါ်နေတဲ့နာမည်ကိုကြည့်ပြီး

roseကနှစ်နှစ်ခြိုက်ခြိုက်ပြုံးကာဖုန်းကိုင်လိုက်သည်။


"ဟဲလို..ကိုမင်း...အခြေနေဘယ်လိုဖြစ်သွားပြီလဲ

သံသရာစက် သူလုံးဝသွားပြီမဟုတ်လား...."


သူမမျှော်လင့်တကြီး မေးလိုက်ပေမဲ့


"အခြေနေတွေကကိုယ်တို့မှန်းထားသလို

မဖြစ်ဘူး rose..."


"ဟင်..."


"ဒါကဒီဇိုင်းပေါက်ကြားမူ့လို့အားလုံးကသံသယဝင်နေကြပြီ

rose..."


"ဘယ်လိုဖြစ်ရတာလဲ ဒီလောက်သေချာစီစဉ်ထားတာကို..."


"သူဌေးကအချိန်၄၈နာရီပေးလိုက်ပြီး ၂ရက်အတွင်း

ဒီပြသာနာကိုဖြေရှင်းဖို့ကြိုးစားကြတော့မှာ...

အဓိက,ကသံသရာစက်ရဲ့ဒီဇိုင်းပြိုင်ဘက်ကုမ္ပဏီဆီမှာ

ခိုးယူခံရတာဆိုတဲ့သက်သေကိုရှာဖို့အတွက်ပဲ...."


roseဖုန်းကိုင်ထားရင်းကမျက်နှာအကြီးအကျယ်ပျက်စင်း

သွားလျက်အံကိုတင်းခနဲကြိတ်သည်။


"တစ်ကယ်ပဲသူသာသံသရာစက်ဘက်က

ကာကွယ်ပြီး ဝင်မရူပ်ခဲ့ရင် အခြေနေတွေကဒီလို

ပြောင်းလဲသွားမှာမဟုတ်ဘူး..."


"ဘယ်သူလဲ အဲ့ဒီ့ဝင်ရူပ်ခဲ့တာဘယ်သူလဲ

ဘယ်သူက အဲ့မိန်းမကိုကာကွယ်ပေးချင်နေရပြန်တာလဲ...."


"demon nine..."


"ဘာ..."


"ဟုတ်တယ် rose သူကအချိန်၄၈နာရီတောင်းခဲ့တာ

အချိန်၂ရက်အတွင်းသက်သေရောတရားခံကိုရော

ရှာပြီးအားလုံးရှေ့မှာချပြပါ့မယ်လို့ပြောခဲ့တာ

အခုကိုယ်တိုင်မလုံခြုံတော့ဘူး rose..."


မင်းသီဟရဲ့စကားအဆုံးဖုန်းကိုင်ထားတဲ့roseရဲ့

လက်ကအရုပ်ကြိုးပြတ်ပြုတ်ကျသွားခဲ့ရရင်း...


"demon nine ထပ်ပြီးတော့သူပဲဖြစ်နေပြန်တာလား...."


~~~~~~~~~~~~~~~~❀◕ ‿ ◕❀


"စက် တောင်ပန်ပါတယ်ပါပါး

စက်ကြောင့် god flowerထပ်ပြီးအခက်တွေ့ရပြန်ပြီ...."


"မဟုတ်ဘူး...အဲ့လိုမပြောနဲ့..

ဒါသမီးရဲ့အပြစ်မဟုတ်ဘူး..."


ခေါင်းယမ်းလျက်ပြောရင်းပါပါးကစက်ကို

ရင်ခွင်ထဲပွေ့ဖက်သည်။


"Serbian phoenixက စက်ရဲ့ကိုယ်ပိုင်

ဒီဇိုင်းဆိုတာ ပါပါးယုံတယ်မဟုတ်လားဟင်..."


"ယုံတယ်..ပါပါးသမီးလေးကိုယုံတာပေါ့

ဒါအတွက် သမီးဘယ်လောက်ထိကြိုးစားထားခဲ့လဲ

ဆိုတာ ပါပါးအသိဆုံးလေ...ဒါပေမဲ့ပါပါးယုံသလို

အမှန်တရားကိုအားလုံးသိအောင်သက်သေပြဖို့လိုတယ်

သမီးသိလား...အခုပါပါးအစိုးရိမ္​ဆုံးအရာက

god flowerရဲ့ဆုံးရူံးမူ့အတွက်မဟုတ်ဘူး

နောက်တစ်ကြိမ်လူတွေရဲ့ပြစ်တင်ဝေဖန်မူ့တွေကြား

သမီးထပ်ပြီးနစ်မွန်းသွားရမှာကို..."


"ဟင့်...."


စက် မငိုမိအောင်ထိန်းချုပ်ထားတဲ့ရိူက်သံတစ်ချက်နှင့်

ပါပါးကိုပြန်ပြီးဖက်တွယ်လိုက်မိသည်။


ထိုအချိန်....


"ဒေါက်..ဒေါက်..."


ကြားလိုက်ရတဲ့တံခါးခေါက်သံကြောင့်

ပါပါးက စက်ကိုလွှတ်ပြီး တံခါးဝကိုလှမ်းကြည့်သည်။


"ဝင်ခဲ့ပါ...."


တံခါးပွင့်သွားပြီးရုံးခန်းထဲကိုဝင်လာသူတွေက

demonဖြစ်နေသည်။


စက် ဝဲနေတဲ့မျက်ရည်တို့ကိုမျက်တောင်များနှင့်

ကပျာကယာပဲပုတ်ခတ်သိမ်းဆည်းလိုက်၏။


ဒါတောင်အနားရောက်လာတဲ့သူက ပါပါးရှေ့မှာတောင်

စက်ရဲ့မျက်နှာကိုအသေအချာငုံ့ကြည့်နေသေး၏...


"အန်ကယ်မောင်ရင့်ကိုခေါ်ခိုင်းလိုက်တာ..."


"ဟုတ်ကဲ့...."


"ထိုင်ပါဦးကွယ်...လာ သမီးရောပဲ..."


ပါပါးကရုံးခန်းထဲကဆိုဖာပေါ်ဝင်ထိုင်လိုက်တာမို့

သူနဲ့စက်ကပါပါးနဲ့မျက်နှာချင်းဆိုင်က ဆိုဖာရှည်ပေါ်မှာပဲ

နှစ်ယောက်အတူဝင်ထိုင်လိုက်သည်။


"Meeting ခန်းထဲမှာမောင်ရင်ထောက်ပြခဲ့တဲ့

အချက်တွေကအရမ်းကိုကောင်းတယ်

မဟုတ်ရင် အန်ကယ်သမီးကိုကောင်းကောင်း

ကာကွယ်ပေးနိုင်ခဲ့မှာမဟုတ်ဘူး...မောင်ရင်blue skyရဲ့

မှတ်တမ်းတွေကိုဘယ်တုန်းကစုံစမ်းလိုက်တာလဲ..."


"ပြသာနာဖြစ်ဖြစ်ချင်းမှာပါပဲ.....ဒီမနက်

ကျွန်တော်ကွန်ဒိုကမထွက်ခင်မှာကိုးလ်ဆီက

ဖုန်းဝင်လာတာပါ ကုမ္ပဏီမှာပြသာနာတက်နေပြီဆိုပြီး...."


"ဒီလိုအချိန်ခဏလေးအတွင်းမှာ ယုတ္တိတန်တဲ့

အထောက်အထားတွေကိုရှာတွေ့ခဲ့တာပဲ

မောင်ရင်ကအန်ကယ်ထင်ထားတာထက်ပိုပြီး

ထက်မြတ်တယ်..."


"ကျွန်တော့်အတွက် ချီးကျူးပေးဖို့မလိုပါဘူးအန်ကယ်..."


"ဒီပြသာနာ ဒီဇိုင်းပေါက်ကြားမူ့လို့မောင်ရင်က

ဘာလို့ထစ်ထစ်ချယူဆခဲ့ရတာ..."


"ကျွန်တော်စက်ကိုအပြည့်အဝယုံလို့...."


ပြတ်သားတည်ငြိမ်လွန်းတဲ့သူ့အဖြေကြောင့်

ပါပါးမျက်ခုံးပင့်သွားသည်။


"ဒီ,ဒီဇိုင်းကစက်ရဲ့ဒီဇိုင်းပဲမဟုတ်လား....ဒါဆို

god flower မဟုတ်ဘဲ တခြားကုမ္ပဏီဆီက

announcement လုပ်ခံရတာ..ဒီဇိုင်းပေါက်ကြားမူ့ပဲပေါ့...

ကျွန်တော် meeting ခန်းထဲကိုဝင်လာခဲ့တုန်းက

ကုမ္ပဏီရဲ့ဝန်ထမ်းတစ်ယောက်အနေနဲ့မဟုတ်ပါဘူး

စက်နဲ့သက်ဆိုင်တဲ့လူတစ်ယောက်အနေနဲ့

စက်ကိုအပြည့်အဝကာကွယ်ပေးချင်ရုံပါ....စက်လိုပဲ

ကျွန်တော်လည်း ဒါက စက်ရဲ့ကိုယ်ပိုင်ဒီဇိုင်းဆိုတာ

အကြွင်းမဲ့ယုံကြည်ရုံပါပဲ...."


ဒီတစ်ခါတော့ပါပါးအပြင် စက်ကိုယ်တိုင်လည်း

ဘာမှမပြောနိုင်ဘဲသူ့ကိုငေးကြည့်မိသွားရ၏...။


"အန်ကယ်လည်းမောင်ရင့်လိုပဲ အန်ကယ့်သမီးကို

ယုံတာပေါ့...ဒါပေမဲ့အန်ကယ်တို့ယုံသလိုအားလုံးလည်း

ယုံကြည်မှဖြစ်မှာ...ပြီးတော့god flower,ရဲ့

ဆုံးရူံးမူ့ကိုပြန်အဖက်ဆယ်နိုင်ဖို့အတွက်...

Serbian phoenixက ပြိုင်ဘက်ကုမ္ပဏီဆီ

ခိုးယူခံလိုက်ရပါတယ်ဆိုတဲ့သက်သေ၊တရားခံ

အားလုံးလိုအပ်တယ်....မဟုတ်ရင် သမီးစက်ရော

ကုမ္ပဏီကိုပါထိခိုက်ရမှာ......"


"စိတ်ချပါ..ကျွန်တော်စက်ကိုလုံးဝအထိခိုက်ခံမှာ

မဟုတ်ပါဘူး..."


ပြောရင်းသူက မျက်ဝန်းငေးငေးတွေဖြင့်နူတ်ဆိတ်နေတဲ့

စက်ကိုတစ်ချက်ငဲ့ကြည့်သည်။


"အန်ကယ် ကျွန်တော့်ကိုယုံကြည်ပေးပါ

ကျွန်တော်၂ရက်အတွင်း သက်သေရောတရားခံကိုပါ

ရှာပေးပါ့မယ်..."


"တရားခံကမောင်ရင့်စိတ်ထဲမှာထင်နေတဲ့သူရှိနေတာလား..."


"ကျွန်တော်မသိပါဘူး...ကျွန်တော်သေချာနေတာတစ်ခုကတော့

အဲ့ဒီ့တရားခံ...သူအဓိကတိုက်ခိုက်ချင်တာစက်ကိုပဲ...."


သူ့ရဲ့အဆုံးသတ်စကားကြောင့် စက်နဲ့ပါပါး

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြပြန်ရင်း....


~~~~~~~~~~~~~~~~~~❀◕ ‿ ◕❀


"ရော့...."


ပန်းရောင်သကြားလုံးလေးတစ်လုံးကိုစက်မျက်နှာရှေ့

တိုးပေးရင်း ဘေးကိုရောက်လာတဲ့ပုံရိပ်ကို

စက်မော့ကြည့်လိုက်မိသည်။


"သကြားလုံးကဘာလုပ်ဖို့လဲ..."


"စိတ်ပင်ပန်းနေတဲ့အချိန်အချိုစားပေးရတယ်တဲ့

မင်းမကြားဖူးဘူးလား..."


စက် သူပေးနေတဲ့သကြားလုံးလေးကိုလှမ်းယူလိုက်တော့

သူက စက်ထိုင်နေတဲ့ ကုမ္ပဏီခေါင်မိုးထက်က 

ခုံတန်းရှည်လေးပေါ်မှာ ကပ်ရပ်ဝင်ထိုင်သည်။


"ရုံးခန်းထဲမှာအတည်ကြီးတွေပြောခဲ့တာပဲနော်..."


"အတည်ပဲပြောခဲ့တာပဲလေ..."


ပြောရင်း ခြေထောက်ကိုချိတ်တင်ကာစက်ဘက်ကို

ငဲ့ကြည့်သည်။စက် သူ့ကိုခပ်ငေးငေးပဲပြန်ကြည့်လိုက်မိသည်။


"တစ်ကယ်သေချာလို့လား ၄၈နာရီအတွင်း

တရားခံနဲ့သက်သေကိုရှာတွေ့နိုင်ဖို့..."


"မင်းက ကျွန်တော့်ကိုမယုံဘူးလား...."


"ငါ..တစ်ကယ်တော့..."


တစ်ခုခုပြောဖို့ပြင်လိုက်ပေမဲ့လည်း စက်ဘာမှ

ပြောမထွက်ဘဲ လက်ထဲကသကြားလုံးလေးကို

အကြောင်းမဲ့ဖိချေလိုက်မိသည်။


"ကျွန်တော်မင်းကိုပြပေးမယ်...god flowerရဲ့

ဝန်ထမ်းတစ်ယောက်မဟုတ်လဲ leonineရဲ့

CEOလောင်းတစ်ယောက်က ဘာတွေလုပ်နိုင်လဲ

ဆိုတာကိုပေါ့..."


ပြောရင်းဘေးကနေထလိုက်တဲ့သူက စက်ထိုင်နေတဲ့

ရှေ့မှာမုဆိုးဒူးထောက်ထိုင်ရင်း စက်ရဲ့

လက်ကောက်ဝတ်လေးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်။


"လွန်ခဲ့တဲ့၂နှစ်က ကျွန်တော်မင်းကိုကာကွယ်ပေးဖို့

အခွင့်အရေးမရှိခဲ့ပေမဲ့...မင်းအတွက်ဒုတိယအကြိမ်

တူညီတဲ့ဖြစ်ရပ်မျိုးရှိမလာစေရဘူး...နောက်ထပ်

မင်းရဲ့ဘယ်အရာကိုမှ မဆုံးရူံးစေရဘူး စက်

မင်းရဲ့နာမည်၊မင်းရဲ့ဂုဏ်သိက္ခာ၊မင်းရဲ့ပုံရိပ်

အရာအားလုံးကို ကျွန်တော်ကာကွယ်ပေးမယ်

အဲ့ဒါကြောင့် ကျွန်တော့်ကိုပဲယုံပေးပါ..."


စက် သူ့ကိုရီဝေစွာငေးကြည့်နေခဲ့မိရင်းက 

နူတ်ခမ်းလေးတွေကပြုံးသွားခဲ့ရသည်။


"ငါမကြောက်ပါဘူး..အခုငါ့ဘေးမှာ နင်ရှိနေပြီပဲ..."


စက်ရဲ့ဝန်ခံစကားကြောင့်သူကလည်းပြုံးသည်။


"ဟုတ်တယ် မင်းဘာကိုမှမကြောက်နဲ့

မင်းနားမှာကျွန်တော်ရှိတယ်...."


"ကျေးဇူးတင်ပါတယ် demon..."


တိုးသဲ့စကားသံနဲ့အတူ သူဆုပ်ကိုင်တဲ့

လက်တွေကိုရုန်းထွက်လိုက်ရင်း ချောမောခန့်ညားနေတဲ့

သူ့ရဲ့မျက်နှာကိုလက်နှစ်ဖက်နှင့်ခပ်ဖွဖွညှပ်ကိုင်လိုက်တော့

သူက စက်ကိုမျက်လုံးတစ်ချက်ပင့်ကြည့်သည်။


စက် ထပ်ပြီးပြုံးလိုက်မိသည်ထင်၏..

တဖြေးဖြေးမျက်နှာလေးကသူ့ဆီတိုးကပ်သွားခဲ့ရင်း

နှင်းဆီရောင်နူတ်ခမ်းဖူးလေးက သူ့ရဲ့နဖူးပြင်ကို

ခပ်ဖွဖွထိကပ်လိုက်မိပြီးနောက်.......။


"ထပ်ပြီးကျေးဇူးတင်ပါတယ် ငါ့ရဲ့ကောင်လေး...."


~~~~~~~~~~~~~~❀◕ ‿ ◕❀


ဆက်ရန်^^^^


Writer by

#Hazel


rate now: