💕 My lovely demon 💕
``အချစ်နတ်ဆိုးလေး´´
---------------------
"CEOက သခင်လေးကို ပါရီကိုပြန်လာစေချင်နေတယ်..."
"ဟင်..."
ကြိုမတွေးထားတာတော့မဟုတ်ပေမဲ့ ဒီလောက်မြန်မြန်
ဖြစ်လာမည်မထင်တာကြောင့် de စိတ်အနည်းငယ်
ရူပ်ထွေးသွားခဲ့ရသည်။
"ဘာလို့လဲ...."
"သခင်လေးဒီကိုရောက်နေတဲ့အတောအတွင်း
CEOဘက်ကဘာမှမလူပ်ရှားခဲ့တာက...သခင်လေးရဲ့
ဆန္ဒအတိုင်းခွင့်ပြုပေးချင်ခဲ့တာကြောင့်ပါ...ကျွန်တော့်ကို
လူတစ်ချို့နဲ့ဒီနေရာအထိလိုက်ပြီးသခင်လေးကို
စောင့်ရှောက်ခိုင်းခဲ့ပေမဲ့...သခင်လေးရဲ့ကိစ္စမှန်သမျှ
ဘာတစ်ခုမှမစွတ်ဖတ်မနှောင့်ယှက်ခိုင်းခဲ့ပါဘူး...
CEOက သခင်လေးရဲ့ဆန္ဒနဲ့ဆုံးဖြတ်ချက်ကို
တစ်ကယ်လေးစားခဲ့ပါတယ်....ဒါပေမဲ့...."
"ဒါပေမဲ့ဘာဖြစ်လဲ...."
deစကားထောက်လိုက်တော့ မက်စ်က ခေါင်းတစ်ချက်
ငုံ့သွားရင်း....
"သခင်လေးဒီမှာရှိနေတာ၁လကျော်သွားပါပြီ
ခုထိ ဘာမှမထူးခြားသေးတဲ့အခြေနေတွေအတွက်
သခင်လေးတန်ဖိုးရှိတဲ့အချိန်တွေက CEOက
ဆက်ပြီးမဖြုန်းတီးစေချင်ဘူး...."
"အဖေက...ကျွန်တော်ဒီနေရာမှာရှိနေတာကို
အချိန်ဖြုန်းနေတယ်လို့မြင်နေပြီပေါ့....
"အဲ့လိုမဟုတ်ပေမဲ့...သခင်လေးအတွက်
Leonineလိုအရေးကြီးတဲ့အရာတွေအတွက်လည်း
အချိန်ပေးသင့်တယ်လို့ CEOက စဉ်းစားတာပါ..."
deဘာမှပြန်မဖြေဘဲ ဆိုဖာနားကိုပြန်လျောက်လာလျက်
ခြေချိတ်ဝင်ထိုင်လိုက်တော့ မက်စ်က deရဲ့ရှေ့ကို
ရောက်လာပြီး လက်နှစ်ဖက်ရှေ့ပစ်လျက်
ရပ်သည်။
"အဖေက...စက်ရဲ့အကြောင်းတွေကို
စုံစမ်းခဲ့သေးတာလား....ကျွန်တော့်ကိုရုတ်တရပ်ကြီး
ပြန်ခေါ်ချင်တဲ့အကြောင်းအရင်းကဒီတစ်ခုထဲ
မဟုတ်လောက်ဘူးမလား...."
"........."
"မက်စ်...ကျွန်တော်မေးနေတယ်လေ...."
"CEOရာထူးတရားဝင်လွှဲပြောင်းမဲ့ပါတီပွဲအခမ်းနားကို
သခင်လေးကျောခိုင်းသွားတာတောင် CEOက
အပြစ်တစ်ချက်မတင်ခဲ့ပါဘူး....သခင်လေး
CEOကိုနားလည်ပေးစေချင်တယ်....CEO
မိန်းကလေးရဲ့အကြောင်းကိုစုံစမ်းခဲ့တယ်ဆိုတာက...
သခင်လေးအတွက်ပါ...."
"ဒီလောက်ဆိုအဖေ့ရဲ့သဘောထားကို
ကျွန်တော်နားလည်ပြီထင်တယ်....အဖေ့ကိုပြန်ပြောပေးပါ
မက်စ်...ကျွန်တော်ပါရီကနေ ကျွန်တော့်သဘောနဲ့
ကျွန်တော်ထွက်လာခဲ့တာ...ပြန်လာမယ်ဆိုရင်
ကျွန်တော့်သဘောနဲ့ကျွန်တော်ပဲဖြစ်ရမယ်.. စက်က
စိတ်ဒဏ်ရာတွေနဲ့မိန်းကလေးမို့...သူ့ကိုအတိတ်က
အရိပ်ဆိုးတွေကြားကနေဆွဲထုတ်ဖို့ခက်ခဲမယ်ဆိုတာ
သိပေမဲ့...ကျွန်တော့်မှာယုံကြည်ချက်ရှိတယ်...
အဲ့ဒါကြောင့် အဖေ့ကို ကျွန်တော့်ကိုနောက်ထပ်
အချိန်နည်းနည်းပေးပြီးစောင့်ကြည့်ဖို့ပြောပေးပါ....
ကျွန်တော် သံသရာစက်ကို ဘယ်တော့မှလက်လျော့မှာ
မဟုတ်ဘူး....ဒါကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ပဲ...."
-------------------------------------❀◕ ‿ ◕❀
Ring^^^Ring
အိပ်ခါနီးမို့ မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီး
စက်ရေချိုးခန်းထဲကပြန်ထွက်လာချိန်မှာ ကြားလိုက်ရတဲ့
ဖုန်းသံကြောင့် တဘက်ကိုပခုံးပေါ်တင်လိုက်ပြီး
အိပ်ရာနားကိုလျောက်သွားလိုက်ကာ မွေ့ရာပေါ်မှာ
ရှိနေတဲ့ဖုန်းကိုကောက်ယူလိုက်သည်။
"ဟင်...."
ဖုန်းစက္ကရင်မှာပေါ်နေတဲ့နာမည်ကိုကြည့်ပြီး
စက် အနည်းငယ်အံ့ဩသွားခဲ့ရ၏....
`နတ်ဆိုးလေး´ဆိုတဲ့နာမည်နဲ့ စက်မှတ်မှတ်ရရ
မှတ်ထားခဲ့တာ သူ့ရဲ့နံပါတ်မဟုတ်ပါလား....။
စက် ဖုန်းကိုanswerလုပ်လျက် စပီကာဖွင့်လိုက်သည်။
"ဟဲလို....."
တစ်ဖက်ကြားလိုက်ရတဲ့သူ့ရဲ့နားထောင်ကောင်းတဲ့
ဩရှရှအသံကြောင့်ဘာရယ်မဟုတ်ဘဲ စက်ပြုံးမိသွားရ၏...။
"ပြော..ဒီအချိန်ကြီးဘာလို့ဖုန်းဆက်တာလဲ..."
"ကျွန်တော်အခု မင်းရဲ့တိုက်ခန်းအောက်ကို
ရောက်နေတာ..."
"ဟင်...ဘာလာလုပ်တာလဲ နင်..."
"မင်းကိုလွမ်းလို့..."
တအံ့တဩမေးမိတာကို အတည်လိုကြီးဖြေလာတဲ့
အဖြေကြောင့် ဖုန်းကိုင်ထားလျက်က စက်ကိုယ်လေး
မတ်သွားခဲ့ရသည်။
"နင်ဘယ်တုန်းက ဒီလိုပလီပလာတွေပြောတတ်သွားရတာလဲ.."
"အဟွန်း..."
ဒီနေ့သူ့ရယ်သံက စက်အတွက် ဘာလို့
ထူးထူးခြားခြားနားထောင်လို့ကောင်းနေမှန်း
မတွေးတတ်တော့....
"ခဏလောက် အောက်ဆင်းခဲ့ပါလား
ကျွန်တော် မင်းကိုတွေ့ချင်လို့...."
"နေ့တိုင်းလည်းကုမ္ပဏီမှာတွေ့နေရတာပဲကို
ဘာကိုတွေ့ချင်တာလဲ အပိုတွေ...."
ငြူစူသလိုပြောရင်းဖုန်းကိုချလိုက်တာပေမဲ့
နူတ်ခမ်းလေးကိုက်ကာပြုံးမိလျက်က တဘက်ကို
အိပ်ရာပေါ်ပစ်တင်ပြီး ထိုင်ခုံပေါ်ကအနွေးထည်ကို
ကောက်ယူဝတ်ကာ လှမ်းထွက်လာတဲ့စက်ရဲ့ခြေလှမ်းတွေက
တစ်စုံတစ်ရာသောဦးတည်ရာသို့သာ....။
(⊙.⊙(☉_☉)⊙.⊙)
"စက်..ကျွန်တော်ဒီမှာ...."
တိုက်ခန်းအောက်ကိုရောက်ရောက်ချင်း
ကြားလိုက်ရတဲ့အသံရှိရာကို စက် ခေါင်းလေး
ချာခနဲလှည့်ကြည့်လိုက်မိတော့ ခပ်လှမ်းလှမ်းမှာ
ရပ်ထားတဲ့ကားနားမှာရပ်ပြီး စက်ကိုလက်လှမ်းပြနေတဲ့
သူ......။
စက်..လက်ထဲကဖုန်းကိုအနွေးထည်အင်္ကျီအိတ်ထဲထည့်
လိုက်ပြီးသူ့အနားကိုလျောက်သွားလိုက်သည်။
"မင်း တစ်ကယ်ဆင်းလာတာပဲ...."
အနားရောက်လာတဲ့စက်ကိုကြည့်ပြီးသူကကျေနပ်သလို
ပြုံးလျက်ပြောသည်။
"အချိန်ကိုလည်းကြည့်ဦး ဒီလောက်နောက်ကျနေပြီ
နင် ဒီကိုဘာလာလုပ်တာလဲ..."
"8:30ဆိုတာ အရမ်းနောက်ကျနေလို့လား...."
လက်ကနာရီကိုတစ်ချက်ပင့်ကြည့်ပြီးသူက
ပြောပုံက အရေးမကြီးသလိုပင်။
"ကျွန်တော်..စိတ်ထဲသိပ်မကြည်လို့ကားလျောက်မောင်းရင်း
ဒီနားရောက်တော့မင်းကိုတွေ့ချင်လို့ဖုန်းခေါ်လိုက်တာ..."
"နင့်မှာလည်း စိတ်မကြည်တဲ့အချိန်ရှိသေးတာလား..."
စက်ရဲ့ရွဲ့သလိုအမေးကြောင့်သူကရယ်ပြီး စက်ရဲ့
လက်ကောက်ဝတ်လေးတစ်ဖက်ကို လှမ်းဆွဲကာ...
"ကားထဲမှာခဏလောက်စကားပြောရအောင်..."
တောင်းဆိုသလိုပြောလာတော့ စက်မငြင်းဆန်မိဘဲ
သူနဲ့အတူကားရှေ့ခန်းမှာဝင်ထိုင်လိုက်သည်။
"ဘယ်လောက်ပဲ ကားမောင်းကျွမ်းတယ်ပြောပြော
ညဘက်ကြီးဒီလိုမျိုးလျောက်မသွားနဲ့..နင်က
ဒီနိုင်ငံရဲ့ယဉ်မောင်းစနစ်တွေနဲ့ကောင်းကောင်း
ရင်းနှီးတာလည်းမဟုတ်ဘူး..."
"ဘာလဲ...မင်းကကျွန်တော်တော့်ကိုစိုးရိမ်လို့လား...."
သူ့စကားကိုစက်ထပ်ပြီးမငြင်းမိဘဲ မျက်လုံးလေးသာ
ခပ်လွှဲလွှဲလုပ်လိုက်မိသည်။
ဟုတ်တယ်...စိတ်ထဲကမပါတဲ့အငြင်းစကားတွေ
စက် သူ့ကိုထပ်ပြီးမပြောချင်တော့ဘူး.....။
"demon..."
"ဟင်..."
ခေါင်းငဲ့ကြည့်ပြီးခေါ်လိုက်မိတော့ စက်ကိုစူစူးစိုက်စိုက်
ကြည့်နေတဲ့သူက နူတ်ခမ်းမဖွင့်ဘဲထူးသည်။
"နင် Leonineရဲ့ CEOရာထူးကိုတရားဝင်
လွှဲပြောင်းလက်ခံမဲ့နေ့က..ငါတို့ရဲ့ကတိရဲ့နောက်ဆုံးနေ့ရက်
ဆိုတာ..တစ်ကယ်ပဲလား..."
"မင်းဘယ်လိုသိသွားတာလဲ..ကျွန်တော်က
အဲ့ဒီ့ပွဲကနေထွက်ပြေးလာတာမှန်း...."
မျက်ဝန်းတွေကအံ့ဩဟန်မပြပေမဲ့ သူကစက်ကို
ပြန်ပြီးမေးခွန်းထုတ်သည်။
"ငါ့အဖေက နင့်အကြောင်းတွေကိုနည်းနည်းစုံစမ်း
ခဲ့တယ်လေ....အဲ့ဒါကြောင့်ငါသိခဲ့တာ...
အဲ့ဒီ့ပွဲက နင့်အတွက်အရမ်းကိုအရေးပါတဲ့ပွဲတစ်ခုပဲ
မဟုတ်လား..."
"အင်း...အဲ့လိုပဲပြောရမှာပေါ့....."
"ဒါတောင်ဘာလို့ အဲ့ဒီ့ပွဲကိုကျောခိုင်းခဲ့ပြီးငါ့ဆီလာဖို့
ရွေးချယ်ခဲ့တာလဲ...."
"အခြေနေချင်းမတူလို့ပေါ့..."
"ဟင်..."
သူ့စကားကြောင့် စက် နားမလည်သလိုလေး
ဖြစ်သွားရတော့ သူကတစ်ချက်ပြုံးလိုက်ရင်း....
"Leonine,က ကျွန်တော့်ကိုစောင့်မျှော်နေတဲ့နေရာ
မင်းကတော့ ၇နှစ်လုံးလုံးကျွန်တော်စောင့်မျှော်နေခဲ့ရတဲ့သူ
ကျွန်တော့်ရဲ့ရွေးချယ်မူ့ကရှင်းရှင်းလေးပါပဲ...
ကျွန်တော့်ကိုစောင့်နေတဲ့နေရာထက်...ကျွန်တော်
စောင့်မျှော်နေရတဲ့အရာကိုရွေးချယ်လိုက်တာ..."
"ငါက နင့်အတွက်အဲ့လောက်တောင်အရေးပါတဲ့သူလား..."
"မင်းထင်တာထက် ပိုပြီးတော့ပေါ့..."
သူ့ဆီကမကြာခဏလိုကြားခဲ့ရတဲ့ထိုစကားတစ်ခွန်းက
စက်ထင်တာထက်ပိုပြီးနက်ရိူင်းလေးနက်တဲ့အဓိပ္ပါယ်တွေ
ရှိနေမှန်းမသိခဲ့နိုင်ဘူး......။
နောက်ဆုံးတော့စက် နားလည်သွားပြီထင်တယ်
စက်အပေါ်ထားတဲ့သူ့ရင်ထဲကနက်ရိူင်းတဲ့ခံစားချက်တွေကိုပေါ့...။
"အရမ်းပင်ပန်းနေလို့ မင်းကိုခဏလောက်
ဖက်ထားလို့ရမလား..."
"အို..."
စကားထက် လူပ်ရှားမူ့ကပို၍မြန်ဆန်၏
စက္ကန့်ပိုင်းအတွင်းစက် ကိုယ်လေး သူ့ရင်ခွင်ကျယ်ကြီးထဲ
နစ်မြှပ်သွားရ၏.....။
"စက်....ကျွန်တော်မင်းကိုအရမ်းသဘောကျတာမင်း
သိရဲ့လား...ထပ်ပြီးအချိန်တွေဆွဲပြီးကျွန်တော့်ကို
မရက်စက်ပါနဲ့တော့..."
"..........."
တိုးရှရှစကားသံနဲ့အတူ ဆံနွယ်တွေထဲတိုးဝှေ့နမ်းရိူက်
နေသလိုခံစားမူ့...စက်ခြေဖျားလက်ဖျားတွေအေးစက်လျက်
ရင်တွေတဒိုင်းဒိုင်းအခုန်မြန်လာခဲ့ရတာက တားမရ
ဆီးမရခြင်းများဖြင့်သာ....။
စက်သူ့ရင်ခွင်ထဲကရုန်းထွက်ဖို့မကြိုးမိသလို
တဖြေးဖြေး မျက်နှာလေးကိုအလိုတူအလိုပါ
သူ့ရင်ဘတ်မှာဖိကပ်ငြိမ်သက်နေမိရင်း
ကိုယ်တိုင်သတိမထားမိခင်လက်အစုံကသူ့ခါးကို
မြဲမြဲမြံမြံဖက်တွယ်ရစ်နှောင်ခြင်းသို့.....။
စက်..ထပ်ပြီး တွေဝေနိုင်ပါဦးမလား??
စက်..ထပ်ပြီးဟန်ဆောင်မူနိုင်ပါဦးမလား??
သေချာတာက ဤနတ်ဆိုးလေးကို စက်
မကြာခင်အရူံးပေးရတော့မယ်ဆိုတာပါပဲ....။
---------------------------------------❀◕ ‿ ◕❀
"ခွပ်..."
"ခလွမ်း...."
"ဟင်!!..."
ကုမ္ပဏီသွားဖို့မှန်တင်ခုံရှေ့မှာပြင်ဆင်ပြီး
စက် ထရပ်လိုက်တဲ့အခါ လက်နဲ့မလွတ်ဘဲ
တိုက်မိသွားတာက မှန်တင်ခုံပေါ်က
အသစ်စက်စက်အဖိုးတန်ရေမွှေးပုလင်းလေးသာ။
"သွားပါပြီဟယ်..ငါ့ရေမွှေးကုန်ပါပြီ..အ..."
စက် နှမျောတသစွာရေရွတ်ရင်းကြမ်းပြင်ပေါ်
ဖျတ်ခနဲဒူးထောက်ထိုင်လျက်ပုလင်းအကွဲစကို
ကိုင်လိုက်မိတော့ ပူခနဲဖြစ်သွားတဲ့လက်ညိုးထိပ်....
"ဟာ...သွေးကထွက်ပြန်ပြီ...."
ထပ်ပြီးစိတ်ပျက်လက်ပျက်ရေရွတ်မိရင်း
လက်ညိုးထိပ်ကိုပါးစပ်ထဲငုံ့လျက်နာရီကို
လှမ်းကြည့်လိုက်တော့ အချိန်သိပ်မရတော့တာမို့
နှမျောတာကိုလက်စသတ်ပြီး သိမ်းဆည်းဖို့
ဂေါ်ပြားနဲ့တံမြတ်စည်းကိုယူရန်ထထွက်လာခဲ့တော့သည်။
"ရေမွှေးလည်းမှောက်သေး..သွေးကလည်း
ထွက်ရသေး ဒီနေ့ငါကံမကောင်းတဲ့နေ့များလား...."??
-----------------------------------❀◕ ‿ ◕❀
"ပြသာနာတော့တက်ပါပြီ သူဌေး..."
တံခါးခေါက်ပြီးပင်အသံမပေးနိုင်ဘဲ ရုံးခန်းထဲကို
ရေးကြီးသုတ်ပြာဝင်လာတဲ့ ဂျိုးဇက်ကြောင့်
ဦးဘုန်းဝဠာ laptopဆီမှအကြည့်ခွာကာ
လှမ်းကြည့်လိုက်သည်။
"ဘာဖြစ်လာတာလဲ...ဂျိုးဇက်..."
"blue sky ကုမ္ပဏီရဲ့ websiteထဲကို
မြန်မြန်ဝင်ကြည့်ပါဦးသူဌေး..."
ပြသာနာကြီးကြီးမားမားတစ်ခုခုဖြစ်နေမှန်းသိသာလွန်းနေတဲ့
ဂျိုးဇက်ရဲ့အမူယာကြောင့်..ဦးဘုန်းဝဠာရဲ့လက်တွေက
Laptopပေါ်မှာသွက်သွက်လက်လက်ပဲလူပ်ရှားသွားတဲ့အခါ
စက္ကန့်ပိုင်းမျှအကြာမှာ မယုံနိုင်သလိုတအံ့တဩ
ဖြစ်သွားခဲ့တဲ့မျက်ဝန်းအစုံ....
"ဒါ.ဒါက..."
စကားကိုမဆက်နိုင်ဘဲ သူ့ကိုပြန်ကြည့်လာတဲ့
သူဌေးဖြစ်သူကို ဂျိူးဇက်မျက်နှာမသာမယာနှင့်
ခေါင်းငြိမ့်ပြလိုက်ရင်း....
"blue Skyက ဒီမနက်မှာသူတို့ရဲ့ထုတ်ကုန်သစ်ကို
စျေးကွက်ထဲမှာ official announcement
လုပ်ခဲ့ပါတယ်..."
"ဒါဘယ်လိုဖြစ်ရတာလဲ..ဘာလို့သူတို့ရဲ့
ထုတ်ကုန်သစ်က စက်ရဲ့လည်ဆွဲဒီဖိုင်းနဲ့
တစ်ထေရာထဲတူနေတာလဲ...ဒါဘယ်လိုလုပ်..."
ဦးဘုန်းဝဠာ ထပ်ပြီးစကားကိုဆုံးအောင်မပြောနိုင်ဘဲ
အယောင်ယောင်အမှားမှားဖြင့်ထရပ်မိသွားရကာ
"ချက်ချင်း..အခုချက်ချင်းဒီဇိုင်းဌာနကကျောက်မျက်ဒီဇိုင်း
ပညာရှင်တွေနဲ့ ဒါရိုက်တာတွေကိုအရေးပေါ်
အစည်းအဝေးခေါ်လိုက်...အခုချက်ချင်း..."
ဆောက်တည်ရာမဲ့သလိုဟိန်းထွက်သွားတဲ့အသံကသာ
ရုံးခန်းကျယ်ကြီးထဲပျံ့လွင့်သွားခဲ့တော့ရင်း......။
--------------------------------------❀◕ ‿ ◕❀
"ဒါဘယ်လိုမှမဖြစ်နိုင်ဘူး....ဒါကဒီဇိုင်းပညာရှင်
သံသရာစက်ရဲ့ ကိုယ်ပိုင်ဒီဇိုင်းဆို
ဘယ်လိုလုပ်ပြီး တစ်ခြားကုမ္ပဏီရဲ့ထုတ်ကုန်ပစ္စည်း
ဖြစ်သွားရတာလဲ...."
"အခု ကုမ္ပဏီရဲ့နှစ်ပတ်လည်အခမ်းအနားက
ရက်ပိုင်းပဲလိုတော့တယ်...စျေးကွက်ထဲဖြန့်ချီဖို့
ထုတ်ကုန်တွေကအဆင်သင့်ဖြစ်နေတဲ့အချိန်မှာ
တခြားကုမ္ပဏီရဲ့ ထုတ်ကုန်သစ်အဖြစ်တရားဝင်
ကြောငြာခံလိုက်ရတယ်..ဒါအဓိပ္ပါယ်ရှိလား..."
"ဒီတစ်ခေါက်ထုတ်ကုန်သစ်အတွက်
ကုမ္ပဏီအနေနဲ့ ဘီလီယံပေါင်းများစွာရင်းနှီးထားရတာ
ဒါတွေအားလုံးဆုံးရူံးကုန်ရင် အကြီးအကျယ်ထိခိုက်
နစ်နာရုံမကဘူး...ကုမ္ပဏီတစ်ခုလုံးဒေဝါလီ
ခံသွားရနိုင်တယ်...."
"ဟုတ်တယ်...ဒီကိစ္စကိုဘယ်လိုဖြေရှင်းကြမှာလဲ...."
Meetingလုပ်တဲ့ဟောခန်းကျယ်ကြီးထဲ
ကျွန်းစားပွဲရှည်ကြီးရဲ့တစ်ဖက်တစ်ချက်ဆီမှာ
ရှိနေကြတဲ့ ဘုတ်အဖွဲ့ဝင်လူကြီးတွေရဲ့ တစ်ယောက်
တစ်ပေါက်အသံတွေ...စားပွဲရဲ့ထိပ်ဆုံးမှာထိုင်နေတဲ့
သူဌေးဖြစ်တဲ့ဦးဘုန်းဝဠာရဲ့မျက်နှာကလည်းအလွန်တရာမှ
ပျက်စင်းနေခဲ့ကာ...ထိုစကားသံတွေအတွက်
အဖြေမရှိဘဲနူတ်ဆိတ်နေခဲ့သည်။
ဦးဘုန်းဝဠာနည်းတူ ဘာမှမပြောနိုင်ဘဲနောက်ထပ်
နူတ်ဆိတ်နေကြရသူတွေက စက်အပါအဝင်ဖြစ်တဲ့
ဒီဇိုင်းဌာနရဲ့ကျောက်မျက်ဒီဇိုင်းပညာရှင်တွေသာ
ဖြစ်တော့သည်။
"သူတို့ဘက်ကတရားဝင်ထုတ်ပြန်ထားတဲ့ကြေငြာချက်မှာ
သူတို့ရဲ့ထုတ်ကုန်လည်ဆွဲဒီဇိုင်းကိုဆွဲခဲ့တဲ့လူက
ပြင်သစ်ကကျောက်မျက်ဒီဇိုင်းပညာရှင်တစ်ယောက်ပဲ..."
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ဒီserbian phoenix
လည်ဆွဲဒီဇိုင်းက ကျွန်မတစ်လလုံးလုံးစိတ်နှစ်ပြီး
ကြိုးစားပမ်းစားဆွဲခဲ့တဲ့ဒီဇိုင်းပါ..."
စက် ထပ်ပြီးနူတ်ဆိတ်မနေနိုင်တော့သလို
ထရပ်ပြီးပြောလိုက်မိသည်။
"ဒါက တစ်ကယ်ပဲမိန်းကလေးရဲ့ ဒီဇိုင်းဆိုရင်
ကျွန်တော်တို့ရဲ့အကြီးဆုံးပြိုင်ဘက်ကုမ္ပဏီရဲ့
ထုတ်ကုန်ဒီဇိုင်းဖြစ်သွားစရာအကြောင်းမရှိဘူးမဟုတ်လား
ပြီးတော့သူတို့ဘက်က ဒီ,ဒီဇိုင်းကို official
announcement အရင်လုပ်ခဲ့တာပါ...
ပစ္စည်းကသူတို့စျေးကွက်ထဲရောက်သွားပြီ
ဒါ ဘာမှလုပ်လို့ရတဲ့အခြေအနေမဟုတ်ဘူး...."
စက်ရဲ့စကားကိုထရပ်ပြီးတုံ့ပြန်လာသူက
ဘုတ်အဖွဲ့ဝင်ဒါရိုက်တာလူကြီးတစ်ယောက်ဖြစ်တဲ့
ဦးစံသာရောင်။
"ဘာလို့ဘာမှလုပ်လို့မရ,ရမှာလဲအန်ကယ်..ဒီ,ဒီဇိုင်းက
ကျွန်မပစ္စည်းဆိုတာသေချာနေတာပဲ...အသေးစိတ်
စုံစမ်းပြီးတရားဥပဒေလမ်းကြောင်းအတိုင်းသွားရမှာပေါ့..."
"အဲ့လိုအသေးစိတ်စုံစမ်းဖို့အချိန်လုံလောက်တယ်လို့
မိန်းကလေးထင်လို့ပါလား....အခုသူတို့ websiteထဲကို
မိန်းကလေးဝင်ကြည့်လိုက်ပါ...ထုတ်ကုန်သစ်ကို
တရားဝင်ကြေငြာပြီးနာရီပိုင်းအတွင်းသူတို့ဘက်က
စံချိန်တင်ရောင်းအားကိုရရှိသွားပြီ...ဒါကျွန်တော်တို့
ဘက်ကအဖက်ဆယ်မရတဲ့ဆုံးရူံးမူ့မဟုတ်လို့ဘာလဲ...."
"ဘာမှရေရေရာရာသေသေချာချာမသိသေးတဲ့အခြေနေမှာ
ဆုံးရူံးမူ့ဆိုပြီးခေါင်းစဉ်တပ်တာလောမနေဘူးလား အန်ကယ်
ဒီလည်ဆွဲကကျွန်မတို့ဒီဇိုင်းဆိုတာသာသက်သေပြနိုင်ရင်
အန်ကယ်ပြောတဲ့ဆုံးရူံးမူ့ဆိုတာ blue skyအတွက်
ဖြစ်သွားမှာပဲလေ...."
"ဒါပေမဲ့..."
"ကဲ..တော်ကြပါတော့...."
"ဗြန်း!!"
ဟိန်းခနဲတားမြစ်သံနဲ့အတူ ပါပါးကထရပ်ပြီး
ကျွန်းစားပွဲရှည်ကြီးကိုလက်ဖြင့်ခပ်ပြင်းပြင်းတစ်ချက်ပုတ်
လိုက်၏.....။
"အခု တစ်ယောက်နဲ့တစ်ယောက်အပြစ်တင်နေဖို့
အချိန်မရှိဘူး...ပြသာနာကိုဖြေရှင်းဖို့ဆွေးနွေးရမဲ့အချိန်..."
စက်..ပါပါးဘက်ကိုအသေအချာလှည့်ကြည့်လိုက်သည်။
"Serbian phoenixလည်ဆွဲဒီဇိုင်း
စက်ရဲ့ကိုယ်ပိုင်ဒီဇိုင်းပဲပါပါး...စက် အရာအားလုံးနဲ့
ရင်းပြီးအာမခံနိုင်တယ်....ဒါ ဒီဇိုင်းပေါက်ကြားတဲ့ပြသာနာ
ကုမ္ပဏီမှာအတွင်းလူရှိနေတယ်.....ကုမ္ပဏီကို
ဒုက္ခရောက်စေချင်နေတဲ့အတွင်းလူ...ဒီကိစ္စကိုသေချာ
စုံစမ်းပြီးဥပဒေအတိုင်းသွားရမယ် ပါပါး..."
စက်ရဲ့ စကားကြောင့်ပါပါးငြိမ်ကျသွားသည်။
ထိုအခါ တစ်စခန်းထလာသူက အန်ကယ်စံသာရောင်...
"မိန်းကလေးပြောသလို ဒါကအတွင်းလူကြောင့်
ထုတ်ကုန်ဒီဇိုင်းပေါက်ကြားခဲ့တာဆိုရင်...
ဘာလို့တစ်ခြားဒီဇိုင်းပညာရှင်တွေရဲ့ဒီဇိုင်းမဟုတ်ဘဲ
မိန်းကလေးရဲ့ serbian phoenixဒီဇိုင်းမှ
ဖြစ်နေရတာလဲ..."
"အန်ကယ်က အခု ကျွန်မကိုတခြားသူရဲ့ဒီဇိုင်းကို
ခိုးကူးခဲ့တယ်လို့ သံသယဝင်နေတာလား...."
"ကျွန်တော်ကဖြစ်နိုင်ခြေရှိတဲ့အခြေအနေအားလုံးကို
စေ့ငုံသုံးသပ်နေတာပါ...god flowerဟာ
ကျွန်တော်တို့အားလုံးရဲ့အနာဂါတ်ပဲ..နောက်ထပ်
ဘယ်သူ့ကြောင့်နဲ့မှ...god flowerကိုအထိခိုက်
မခံနိုင်ဘူး...လွန်ခဲ့တဲ့၂နှစ်ကဖြစ်ရပ်ကြောင့်
god flowerက ဒီအခြေအနေထိပြန်ရပ်တည်လာနိုင်ဖို့
ကျွန်တော်တို့အားလုံးဘယ်လောက်ထိခက်ခက်ခဲခဲကြိုးစား
ခဲ့ရလဲဆိုတာ...မိန်းကလေးကောင်းကောင်းမှတ်မိနေဦးမှာပါ.."
"ဟင်..."
ထိုစကားကြောင့်စက် မျက်နှာလေးရဲခနဲဖြစ်သွားရ၏...
"စကားပြောဆင်ခြင်ပါဦစံသာရောင်...ခင်ဗျား
စကားတွေကစည်းကျော်နေပြီ...."
စက် ဖျတ်ခနဲခေါင်းလေးငုံ့သွားရချိန်မှာပဲ
ဒေါသတွေကိုထိန်းချုပ်ထားသလိုကြားလိုက်ရတဲ့
ပါပါးရဲ့အသံ...
"မိန်းကလေးကသူဌေးရဲ့သမီးဖြစ်နေလို့ သူဌေး
ကာကွယ်ပေးချင်တာကိုနားလည်ပေမဲ့...လက်ရှိအခြေအနေက
ကုမ္ပဏီတစ်ခုလုံးချောက်ကမ်းပါးထိပ်ကို
ရောက်နေတာပါ...ဒီကိစ္စအတွက်တာဝန်အရှိဆုံးလူက
မိန်းကလေးသံသရာစက်ပဲ..."
"ဟုတ်တယ်..ဦးစံသာရောင်ပြောတာမှန်တယ်.."
"ဒါတွေအားလုံးကိုသူတာဝန်ယူရမှာ..."
"သူပြောတာအမှန်ပဲ...."
ခဏချင်းပင် meeting ခန်းထဲတီးတိုးသံတွေ
ဆူညံသွားခဲ့သည်။
"မဟုတ်ဘူး!!"
ထိုအချိန် ဩဇာပါတဲ့ခပ်ရှရှအသံလိူင်းတစ်ခုက
အားလုံးရဲ့အသံတွေကိုလွှမ်းမိုးသွားတဲ့အခါ...
စက်အပါအဝင် meetingခန်းထဲမှာရှိသမျှလူအားလုံးရဲ့
အကြည့်တွေက အသံလာရာဆီလှမ်းကြည့်လိုက်တဲ့အခါ
hallထဲကိုခြေလှမ်းကြဲကြီးတွေနဲ့လှမ်းဝင်လာတဲ့
ခပ်မတ်မတ်ပုံရိပ်တစ်ခု.....
"demon..."
စက် နူတ်ကခေါ်သံတစ်ခုခပ်သွားခဲ့ပေမဲ့
ဘယ်သူ့ကိုမှမကြည့်ဘဲသူ့ရဲ့ခြေလှမ်းတွေက
ပါပါးရှိရာကိုသာဦးတည်သွားရင်းအရှေ့မှာခြေစုံရပ်
လိုက်ပြီးနောက်....လုံးဝထင်မထားတဲ့စကားကို
ပြောလာခဲ့တာက....။
"ဒါ အတွင်းလူကြောင့်ဒီဇိုင်းပေါက်ကြားခဲ့ရတာပါ
သူဌေး...ကျောက်မျက်ဒီဇိုင်းပညာရှင်
သံသရာစက်ရဲ့ ဒီဇိုင်းက ပြိုင်ဘက်ကုမ္ပဏီဆီ
ရောင်းစားခံခဲ့ရတာပါ...."
-------------------------------❀◕ ‿ ◕❀
ဆက်ရန်^^^
Writer by
#Hazel