book

Index 16

အပိုင်း(၁၆)

💕My lovely demon💕

                               ``အချစ်နတ်ဆိုးလေး´´



-------------------


"တစ်လ...အခုကစပြီးရက်ပေါင်း၃၀အတွင်း

မင်းရဲ့သဘောထားကျွန်တော့်အပေါ်မပြောင်းလဲနိုင်ဘူး

ဆိုရင်...ကျွန်တော်ပါရီကိုပြန်ဖို့ဆုံးဖြတ်လိုက်ပြီ..."


"ဟင်...."


"ဒါ..ကျွန်တော်နဲ့မင်းရဲ့ကြားက နောက်ဆုံးအချိန်

ကန့်သတ်ချက်ပဲ...စက်..."


"နင်အခု...ငါ့ကိုခြိမ်းခြောက်နေတာလား

demon...."


စက်ရဲ့မေးခွန်းကြောင့်..သူကကြည့်ကောင်းစွာပြုံးလျက်...


"ကျွန်တော်တစ်ကယ်ပြောနေတာ....ကျွန်တော်တို့

နှစ်ယောက်ရဲ့အဆုံးသတ်က မင်းရဲ့ဆုံးဖြတ်ချက်ပေါ်

မူတည်နေတာဆိုပေမဲ့ နောက်ဆုံးအချိန်ထိကျွန်တော်

အကောင်းဆုံးကြိုးစားပြီးမျှော်လင့်ချက်ထားလို့...

ရသေးတယ်မဟုတ်လား..."


အကြိမ်ကြိမ်သူ့ရှေ့မှာစကားလုံးတွေကင်းမဲ့စွာနဲ့

ဆွံ့အနေခဲ့ရသလိုမျိုးပဲ...ဒီတစ်ကြိမ်မှာလည်း

စက်သူ့ကိုဘာမှပြန်မဖြေနိုင်ဘဲ...ငေးမောခြင်းဖြင့်သာ

အဆုံးသတ်ခဲ့ရ၏။


ထိုအချိန် မှန်နံရံတစ်ဖက်မှာရပ်ပြီး စက်နဲ့သူ့ကို

စူးစမ်းနေခဲ့တဲ့ ပုံရိပ်တစ်ခုကိုတော့ စက်ရောသူရော

သတိမထားမိခဲ့ပါချေ....။


---------------------------------------------❀◕ ‿ ◕❀


ရက်အနည်းငယ်ကြာပြီးနောက်^^^^


"ဝေါ!!..."


"ကျွီ!!"


မိုးပြာရောင်ကားလှလှလေးကို ကုမ္ပဏီရဲ့

မြေအောက်ကားပါကင်မှာ..စက်,ကျွမ်းကျင်စွာ

ပါကင်ထိုးလိုက်သည်။


ဘေးခုံက ဆလင်းဘတ်ခ်အိတ်ကိုယူပြီး

ဆံပင်တွေကိုတစ်ချက်နှစ်ချက်သပ်လျက်

ကားတံခါးကိုဖွင့်ဖို့လက်လှမ်းလိုက်စဉ်မှာပဲ....


"ချလပ်!!"


ခနဲမြည်သံနှင့်အတူ အပြင်ဘက်မှတစ်စုံတစ်ယောက်က

ကားတံခါးကိုဖွင့်ပေးလာခဲ့၏...။ကားဘေးမှာရပ်နေ

သူကတော့...ဒီရက်ပိုင်းမြင်နေကြအတိုင်းပင်။


".........."


စက်...အပြုံးချိုချိုလေးနဲ့ကြိုဆိုနေတဲ့နတ်ဆိုးလေးကို

တစ်ချက်ကြည့်ကာ..ကားထဲကထွက်လိုက်သည်။


"ဒီနေ့၁၀မိနစ်တောင်နောက်ကျတယ်...."


နာရီကိုတစ်ချက်ပင်ကြည့်လျက်ပြောလာတဲ့သူ့ကို

စက် မျက်စောင်းဝေ့ဝေ့ထိုးလိုက်ရင်း ဆလင်းဘတ်ခ်အိတ်ကို

ပခုံးမှာအသေအချာလွယ်လိုက်သည်။


"မနက်စာ,စားပြီးပြီလား...."


"မစားရသေးဘူး...."


"အတော်ပဲ...ကျွန်တော်မင်းအတွက်

ဆင်းဒဝစ်ခ်ျတွေလုပ်ပြီးယူလာတယ်

ကော်ဖီပူပူလေးနဲ့သောက်...."


ပါးစပ်ကလည်းပြောရင်း သူကကျောပိုးအိတ်ထဲက

ကော်ဘူးလှလှလေးကိုထုတ်ပြီး စက် လက်ထဲထည့်ပေးသည်။

စက် လက်ထဲကဘူးကိုတစ်လှည့်သူ့ကိုတစ်လှည့်ကြည့်မိရင်း..


"ကိုယ်တိုင်လုပ်လာတာလား..."


"ဒါပေါ့...ကျွန်တော်ကိုယ်တိုင်လုပ်လာတာ

မင်းအတွက်လေ...."


"နင်က..ဒါမျိုးလည်းရတာပဲလား...."


"ကျွန်တော်ကဘက်စုံတော်ပြီးသားလေ...

အဲ့ဒါကြောင့်စိတ်ကူးမလွဲနဲ့...."


သူ့စကားကြောင့်စက်ရယ်မိရင်း ခြေလှမ်းတွေကို

နေရာကလှမ်းထွက်တော့ သူကလည်းအနောက်ကနေ

ထပ်ကြပ်မကွာပါလာသည်။


နှစ်ယောက်သားကားပါကင်ကဓာတ်လှေကားထဲရောက်တော့

ဒီဇိုင်းဌာနရှိတဲ့အထပ်ကို စက်ကအရင်နှိပ်လိုက်သည်။

ထိုအချိန်မှာပဲ ပြန်လည်စေ့ပိတ်လုလု

ဓာတ်လှေကားတံခါးနှစ်ချပ်ရဲ့အလယ်ကို

အနီရဲရဲဒေါက်ဖိနပ်ကိုစီးထားတဲ့ခြေထောက်လှလှလေး

တစ်ဖက်ကထိုးခံလာတာကြောင့် ဓာတ်လှေကား

တံခါးနှစ်ချပ်ပြန်ပွင့်သွားတဲ့အခါ...မြင်လိုက်ရသူက....


"rose...."


စက်နူတ်ကခေါ်သံခပ်သဲ့သဲ့ထွက်သွားခဲ့ရသည်။

ထီမထင်အပြုံးကိုဆင်မြန်းထားတဲ့roseက

ဓာတ်လှေကားထဲမှာရှိနေတဲ့ စက်နဲ့သူ့ကိုဝေ့ကြည့်လျက်

အထဲကိုလှမ်းဝင်လာပြီး...သိသိသာသာပဲ

စက်နဲ့သူနဲ့ကြားကိုတိုးဝင်ပြီးရပ်တော့...သူက

စက်ကိုတစ်ချက်လှမ်းကြည့်ပြီး ဘေးကိုတိုးပေးလိုက်သည်။


"ကုမ္ပဏီကိုပြန်ဝင်လာတာ ရက်ပိုင်းပဲရှိသေးတယ်

မနက်စာတောင်မစားနိုင်အောင်အလုပ်များနေပုံပဲ..."


စက်,လက်ထဲမှာကိုင်ထားတဲ့ဆင်းဒဝစ်ခ်ျဘူးကိုကြည့်ပြီး

roseကရွဲ့သလိုစကားစလာ၏...ဒါက စက် ကုမ္ပဏီဝင်တဲ့

ရက်ပိုင်းအတွင်း rose,နဲ့မျက်နှာချင်းဆိုင်ထိပ်တိုက်

တွေ့တာပင်။


"အလုပ်များတာပေါ့...ငါ့အလုပ်ကသူများလိုလှလှပပလေး

ပြင်ဆင်ပြီး...ကြော်ငြာရိုက်ကွင်းမှာလှည့်ပတ်နေရုံမှ

မဟုတ်ဘဲ......"


အစထဲကroseကိုအလျော့ပေးဖို့စိတ်ထဲမရှိတာမို့

စက် ခပ်ချိတ်ချိတ်ပဲတုံ့ပြန်လိုက်တော့ roseက

မဲ့ပြုံးလှလှလေးပြုံးရင်း....


"ကိုယ့်ကိုကိုယ်လည်းအရမ်းအထင်ကြီးမနေနဲ့ဦး

မကြာခင် god flowerရဲ့နှစ်ပတ်လည်

အခမ်းအနားကလာတော့မှာ...နင့်မှာဝန်ထမ်းသစ်နဲ့

ဒီလိုမျိုးအချိန်ဖြုန်းဖို့တောင်အားနေသေးတာပဲ...

နှစ်ပတ်လည်အခမ်းအနားကျရင်သာတစ်လွဲမလုပ်မိစေနဲ့...."


ပြောရင်း roseရဲ့အကြည့်တွေက တစ်ဖက်ဘေးမှာ

ရှိနေတဲ့demonဆီ ခပ်စွေစွေကျရောက်သွားရင်း

တစ်ဖန်စက်ကိုလှောင်သလိုပြန်ကြည့်သည်။


"နင်မမေ့နဲ့စက်...ငါနဲ့နင့်ရဲ့ကြားကတစ်ကယ့်ပြိုင်ပွဲက

အခုမှစမှာ....နင်နောက်တစ်ကြိမ်god flowerကနေ

ခေါင်းမဖော်နိုင်တဲ့အရှက်ကွဲမူ့မျိုးနဲ့ထပ်ပြီးထွက်သွားရအောင်

ငါလုပ်ပြမယ်...."


ပုံမှန်လေသံနဲ့ပြောလာတဲ့စိန်ခေါ်စကားကို....စူးရဲနေတဲ့

မျက်ဝန်းအစုံကပို၍အားဖြည့်ထား၏။


ထိုအချိန်...စက်နှိပ်ထားတဲ့အထပ်ဆီရောက်ပြီမို့

ဓာတ်လှေကားက ရပ်သွားပြီး တံခါးနှစ်ချပ်က

လှစ်ခနဲပွင့်သွားတာနှင့်တစ်ပြိုင်နက်...


"အ​ေမ့...."


ဘာဖြစ်သွားမှန်းမသိတဲ့အထိတ်တလန့်အော်သံနှင့်

roseက ဓာတ်လှေကားကြမ်းပြင်ပေါ်ခွေခနဲလဲကျသွားတာမို့

စက် မျက်လုံးပြူးသွားရချိန်မှာပဲ သူကခပ်တည်တည်ပဲ

စက်ရဲ့လက်ကိုဆွဲပြီးဓာတ်လှေကားကနေလှမ်းထွက်သည်။


roseစီးထားတဲ့ဖိနပ်က6"ဒေါက်ဖြစ်နေတဲ့အပြင်

ဝတ်ထားတဲ့ပေါင်လယ်ကျော်ကျော်ကိုယ်ကြပ်ဂါဝန်ကြောင့်

ရုတ်တရပ်ကြမ်းပြင်ပေါ်ကပြန်ထဖို့မလွယ်ဘဲ

စက် ဓာတ်လှေကားအပြင်ကိုရောက်သွားသည့်တိုင်

roseကဓာတ်လှေကားကြမ်းပြင်ပေါ်မှာ

ကို့ရို့ကားယားဖြစ်နေ၏။


"ဖိနပ်အမြင့်စီးတာစမတ်ကျတယ်လို့ထင်ပေမဲ့

လဲကျရင်ပြန်ထဖို့မလွယ်ဘူးမဟုတ်လား...

ကျွန်တော့်အမြင်တော့..ဒီလို high heelတွေက

နှင်းဆီသွေးနဲ့အဆင်မပြေဘူး...နောက်ဆိုကိုယ်နဲ့

မလိုက်ဖက်တဲ့အရာတွေကိုရှောင်နိုင်ရင်ကောင်းမှာပဲ..."


"ဘာပြောတယ်...ရှင်"


roseကိုမထူးဆန်းသလိုကြည့်ပြီးခပ်အေးအေးပြောလိုက်တဲ့

စကားအဆုံး သူကစက်ရဲ့လက်ကိုဆွဲထားလျက်

လှမ်းထွက်လိုက်တာနှင့် ဓာတ်လှေကားပြန်ပိတ်သွားတာက

တစ်ချိန်ထဲပင်။roseတစ်ယောက်တော့ဓာတ်လှေကားထဲမှာ

ဘယ်လိုပုံစံနဲ့ပါသွားမှန်းမသိတော့။


ကော်ရစ်ဒါထောင့်ကိုရောက်တော့မှ စက် သူ့လက်ထဲက

ဆတ်ခနဲရုန်းထွက်ပစ်လိုက်ရင်း....ခြေလှမ်းတွေရပ်လိုက်တော့

သူကလည်းထပ်ကြပ်မကွာလိုက်ရပ်၏။


စက်..သူ့ကိုဖျတ်ခနဲမော့ကြည့်လိုက်ရင်း...


"နင်..rose,ကိုဘာလုပ်လိုက်တာလဲ

နင်တစ်ခုခုလုပ်လို့သူလဲကျသွားတာမလား..."


"ကျွန်တော်သူ့ကိုဘာမှမလုပ်ပါဘူး...ဒီအတိုင်း

မလွတ်လို့တိုက်မိသွားရုံပါ...သူကဖိနပ်အမြင့်ကြီးစီးထားလို့

သူ့ဘာသာသူလဲသွားတာလေ...."


ပခုံးတွန့်လျက်ခပ်အေးအေးပြန်ဖြေလာပုံအရ

အဲ့လောက်မရိုးရှင်းမှန်းသိသာနေသည်။


"ယောကျာ်းလေးဖြစ်ပြီး...မိန်းကလေးတစ်ယောက်နဲ့

ရန်ပြိုင်ဖြစ်တာကောင်းတယ်ထင်လို့လား..."


"နှင်းဆီသွေးက ကျွန်တော့်မျက်လုံးထဲမှာမိန်းကလေးမှ

မဟုတ်ဘဲ...ကျွန်တော့်မျက်လုံးထဲမှာတော့သူကတစ်ကယ့်

sorci`ere(ဆောဆီးရဲ)...."


"ဘာပြောတာလဲအဲ့ဒါ..."


အမှန်တစ်ကယ်မကြားဖူးတာမို့ ပြန်မေးမိတော့

ခပ်တည်တည်နဲ့ပဲဖြေလာတာက....


"ပြင်သစ်လိုပြောတာလေ...စုန်းမလို့...."


ထိုအဖြေစကားကြောင့် စက် ဟန်မဆောင်နိုင်ဘဲ

အသံထွက်အောင်ရယ်မိသွားရတော့ စက်

မျက်နှာလေးကိုငုံ့ကြည့်ပြီးသူကလည်းလိုက်ရယ်သည်။


"ဘယ်လိုလဲ..သူ့ကိုအဲ့လိုမြင်လိုက်ရတာနည်းနည်းတော့

စိတ်သက်သာသွားတယ်မဟုတ်လား....မပူပါနဲ့

ရှေ့လျောက်မင်းကို အနိုင်ကျင့်ဖို့ကြိုးစားတဲ့လူမှန်သမျှ

ကျွန်တော်ပညာပြပစ်မယ်...."


"နင်ကတစ်ကယ်မလွယ်တဲ့နတ်ဆိုးလေးပဲ..."


ခပ်တိုးတိုးမှတ်ချက်ချလိုက်တာကိုမကြားချင်ယောင်ဆောင်ပြီး

သူကလက်ကနာရီကိုထပ်ပြီးပင့်ကြည့်ပြန်သည်။


"ရုံးတက်ဖို့အချိန်လိုသေးတယ်...ကျွန်တော်တို့

ကန်တင်းမှာကော်ဖီတစ်ခွက်လောက်သွားသောက်ရအောင်

မင်းလည်းမနက်စာမစားရသေးဘူးလေ နော်..."


တစ်ယောက်ထဲပြောတစ်ယောက်ထဲဆုံးဖြတ်ချက်ချလိုက်တဲ့

သူက ရှေ့ကနေအရင်လှမ်းထွက်သွားလျှင်

ခြေလှမ်းတွေကရုံးခန်းရှိရာကိုဦးတည်ရမဲ့အစား

သူ့နောက်ကိုလိုက်ပါသွားခဲ့မိတာက မငြင်းဆန်နိုင်ခြင်း

များနှင့်သာ။


---------------------------------------------❀◕ ‿ ◕❀


"rose...."


ကွန်ဒိုတိုက်ခန်းရဲ့တံခါးကိုတွန်းဖွင့်ပြီးအထဲကို

လှမ်းဝင်လိုက်တာနှင့်...လက်တံရှည်အစုံက

rosခန္တာကိုယ်အားသိမ်းဖက်ပွေ့နှောင်လာခဲ့သည်။


"မင်းရောက်လာပြီလား......ဘာလို့နောက်ကျနေတာလဲ

ကိုယ်စောင့်နေရတာ....အကြာကြီးပဲ..."


"sorryပဲကိုမင်း..ကားတွေပိတ်နေလို့ 

roseနောက်ကျသွားတာ......"


ပြောရင်း rose ကိုမင်းရဲ့လက်တွေကိုဖယ်ချကာ

အနောက်ကိုမသိမသာခြေလှမ်းဆုတ်လိုက်သည်။


"ဘယ်လိုလဲ..roseခိုင်းထားတဲ့ကိစ္စတွေအားလုံး

အဆင်ပြေပြေပြီးသွားပြီလား...."


"အဟွန်း...ကိုယ်ကဘယ်သူမို့လို့လဲ roseရယ်

ကိုယ့်အတွက်အဆင်မပြေဘူးဆိုတာဘာမှမရှိဘူး

ကိစ္စတွေအောင်မြင်ပြီလို့အတည်ပြုနိုင်တဲ့အချိန်ကျရင်သာ

roseကိုယ့်ကို သေသေချာချာလေးဆုချဖို့မမေ့နဲ့...."


စကားနဲ့အတူ..roseရဲ့မေးဖျားလေးကိုမော့ယူပြီး

ရိပ်ခနဲငုံ့ကျလာတဲ့မျက်နှာကြောင့် roseဒီတစ်ခါတော့

သိသိသာသာပဲခေါင်းငဲ့ရှောင်လိုက်တော့...ဖျတ်ခနဲ

မျက်နှာပျက်သွားတဲ့ မင်းသီဟ.....


"roseဒီနေ့နည်းနည်းပင်ပန်းနေလို့ကိုမင်း

rose ခဏနေပြန်မှာ...."


တမင်တကာရှောင်တိမ်းဖို့ကြိုးစားနေတဲ့ဆင်ခြေမှန်းသိပေမဲ့

မင်းသီဟချက်ချင်းပြန်ပြုံးလိုက်ရင်း ခေါင်းငြိမ့်သည်။


"ပြန်မယ်ဆိုတာသိပေမဲ့ ခဏလောက်တော့ထိုင်ပါဦး

ကိုယ်တို့ကိစ္စတွေအတွက်ပြောစရာတွေရှိသေးတယ်လေ..."


မင်းသီဟက roseကိုဆိုဖာနားခေါ်လာလျက်

ထိုင်စေပြီး ကိုယ်တိုင်ကလည်းဘေးမှာဝင်ထိုင်လိုက်သည်။


"god flowerရဲ့နှစ်ပတ်လည်ပွဲက

ဘယ်လောက်မှမလိုတော့ဘူးကိုမင်း...roseဒီတစ်ခါ

အခွင့်အရေးနဲ့ စက်ကို ဟိုးအောက်ဆုံးရောက်အောင်

ဆွဲချနိုင်မှရမှာ..."


"ဒါပေမဲ့တစ်ခုတော့ရှိတယ်နော်rose...

ဒီတစ်ခေါက်ကိုယ်တို့ရဲ့အကြံအစည်တွေအောင်မြင်သွားရင်

နစ်နာမဲ့သူက သံသရာစက်တစ်ယောက်ထဲမဟုတ်ဘူးနော်

god flower ကုမ္ပဏီကြီးတစ်ခုလုံးထိခိုက်ရမှာ...

အမှန်တိုင်းပြောရရင် နှစ်ပတ်လည်ပွဲအတွက်

special productအဖြစ် ဥက္ကဌကြီးအဓိက,ထားတာတာ

သံသရာစက်ရဲ့ serbian phoenix လည်ဆွဲဒီဇိုင်းပဲ

ကိုယ့်အထင်ကိုပြောရရင် နှစ်ပတ်လည်ပွဲနေ့မှာ

အဲ့ဒီ့ဒီဇိုင်းကိုစျေးကွက်ထဲဖြန့်ဖို့အတွက် ငွေအရင်းအနှီး

အများကြီးပုံအောထားတာ...."


"roseအဲ့ဒါကိုသိပါတယ်..."


"god flowerသာကျရူံးခဲ့ရင် roseလည်း

ထိခိုက်ရမှာပဲမဟုတ်လား...အဲ့ဒါတောင်

သံသရာစက်ကိုတိုက်ခိုက်နိုင်ဖို့ ဒီနည်းလမ်းကို

ရွေးချယ်ရလောက်တဲ့အထိ...rose သံသရာစက်ကို

မုန်းတာလား..."


"ဟုတ်တယ်...roseသူ့ကိုမုန်းတယ်

roseအတွက်အရေးကြီးဆုံးက စက် ကျရူံးဖို့ပဲ

ကျန်တာတွေကို roseဂရုမစိုက်နိုင်ဘူး...

ကိုမင်းက roseနဲ့လက်တွဲပြီး ကိုယ့်ကိုကူညီခဲ့ရတာတွေကို

နောင်တရလို့လား....."


မင်းသီဟရဲ့လက်မောင်းတစ်ဖက်ကိုဖွဖွရွရွဆုပ်ကိုင်ရင်း

မျက်လုံးရွဲကြီးများနှင့်ငေးမော့ကြည့်လျက်မေးလာတဲ့

roseရဲ့လှပတဲ့မျက်နှာလေးကိုကြည့်လျက်

အလိုလိုခေါင်းခါလိုက်မိတဲ့မင်းသီဟ....


"ကိုယ်...roseကိုချစ်ခဲ့ရတာနောင်တမရဘူး...."


သူမကလွဲရင်ဘာကိုမှမမြင်နိုင်မှန်းသိသာနေတဲ့

စကားကြောင့် အရောင်တင်ထားတဲ့နူတ်ခမ်းအစုံကို

လှပစွာတွန့်ကွေးပြုံးလိုက်တဲ့ rose...။


မင်းသီဟဆိုတဲ့အန်ကယ်လေးရဲ့အတွင်းရေးမှူး

လက်ထောက်တစ်ယောက်ကို ဟိုးအရင်ထဲက

roseဘက်ပါလာအောင်နည်းမျိုးစုံနဲ့ဖျားယောင်းခဲ့တာက

rose,အတွက်ဒီလိုအသုံးဝင်စရာတွေရှိလာနိုင်တာကြောင့်ပဲ

မဟုတ်လား....??


အခုတော့ roseတွေးထားသမျှကအလကား

မဖြစ်ခဲ့ဘူးပဲ။


"ဒါနဲ့ ကိုမင်းကိုroseစုံစမ်းခိုင်းထားတဲ့

နောက်ထပ်ကိစ္စတစ်ခုရော..."


"ဦးကောင်းမြတ်ရဲ့သား ကိုးလ်နဲ့အတူ

ဥက္ကဌကြီးကုမ္ပဏီကိုဝင်ခွင့်ပေးလိုက်တဲ့

နေသက္ကရာဇ်ဆိုတဲ့လူရဲ့အကြောင်းကိုပြောတာလား..."


"ဟုတ်တယ်...သူကစက်ရဲ့နားမှာအမြဲတမ်း

အရိပ်လိုရှိနေတာ...roseသူနဲ့စက်ရဲ့အကြောင်းကို

တစ်ကယ်သိချင်တယ်....သူဘယ်ကလာတယ်ဆိုတာရော

သူ့ရဲ့နောက်ခံအသိုင်းအဝိုင်းအကြောင်းကိုရောပဲ......"


"သူကပြင်သစ်ကလာခဲ့တာ..."


"ပြင်သစ်ကဟုတ်လား...."


rose,ရဲ့တအံ့တဩအမေးကိုမင်းသီဟက

ခေါင်းငြိမ့်သည်။


"ဦးကောင်းမြတ်ရဲ့သားပြင်သစ်မှာကျောင်းတက်ခဲ့တဲ့

အချိန်မှာသူနဲ့ရင်းနှီးခဲ့တာ...သူကသံသရာစက်နဲ့

ဘယ်လိုပတ်သတ်နေလဲတော့ကိုယ်မသိပေမဲ့

သူရဲ့သရုပ်အမှန်ကို roseသိရင်...roseလုံးဝအံ့ဩ

သွားမယ်လို့ကိုယ်ပြောရဲတယ်....အန်ကယ်ဂျိုးကိုယ်တိုင်

ဥက္ကဌကြီးအတွက် နေသက္ကရာဇ်ရဲ့နောက်ကြောင်းကို

စုံစမ်းပေးခဲ့တာဆိုတော့...ကိုယ့်အတွက်သိပ်ပြီး

လူပ်ရှားရမခက်လိုက်ဘူး..."


roseလူပ်ရှားနေတဲ့စိတ်နဲ့မင်းသီဟဆက်ပြောလာမှာကို

နားစိုက်နေခဲ့ချိန်မှာပဲ....မင်းသီဟဆီမှကြားလိုက်ရတဲ့

စကားက.....


"နေသက္ကရာဇ်ရဲ့နာမည်အရင်းက demon nine...

သူက Leonineရဲ့ CEOလောင်းလျာပဲ...."


"ဟင်!!!"


---------------------------------------------❀◕ ‿ ◕❀


`1992´


လျို့ဝှက်နံပါတ်ကိုရိုက်ထည့်ပြီးအပေါ်တက်လာတဲ့

ဓာတ်လှေကား.....


အခန်းထဲကိုစပြီးခြေချလိုက်ချိန်မှာတော့ မျှော်လင့်

မထားတဲ့လူကဆီးကြိုနေ၏....


"မက်စ်..."


de နူတ်ကနေအံ့ဩစွာနဲ့ခပ်တိုးတိုးခေါ်လိုက်မိတော့

မှန်နံရံနားမှာရပ်နေတဲ့ပုံရိပ်က တရိုတသေခေါင်းညွှတ်

နူတ်ဆက်သည်။


"ပြန်ရောက်လာပါပြီလား..."


de ကျောပိုးအိတ်ကိုဆိုဖာပေါ်လှမ်းပစ်တင်လိုက်ရင်း

မက်စ်အနားကိုလျောက်သွားလိုက်သည်။


"ဘယ်တုန်းက မြန်မာပြည်ကိုရောက်နေတာလဲ...."


"သခင်လေးရောက်ပြီးနောက်တစ်နေ့ပါပဲ....

CEOက သခင်လေးကိုအဝေးကပဲစောင့်ရှောက်ရမယ်လို့

အမိန့်ပေးထားလို့ သခင်လေးရှေ့ပေါ်မလာခဲ့တာပါ..."


"အဖေကလား...."


"ဟုတ်ပါတယ်..."


"နေပါဦး မက်စ်...ခင်ဗျားကျွန်တော့်ကွန်ဒိုရဲ့

ဓာတ်လှေကား လျို့ဝှက်နံပါတ်ကိုဘယ်လိုသိပြီး

အထဲရောက်နေတာလဲ...."


"အရင်ထဲက ဘယ်ပစ္စည်းပဲကိုင်ကိုင်

လျို့ဝှက်နံပါတ်က တစ်ယောက်ယောက်ရဲ့မွေးသက္ကရာဇ်က

လွဲရင် တစ်ခြားမထားတတ်ဘူးမဟုတ်လား...."


"တစ်ကယ်...ခင်ဗျားထက်ကိုပိုပြီး ကျွန်တော့်အကြောင်းကို

သိတဲ့လူမရှိတော့ဘူး....."


မက်စ်ရဲ့အဖြေစကားကြောင့် deသဘောကျသလို

ရယ်ရင်းပြောလိုက်ပေမဲ့...လေးနက်တည်ကြည်နေတဲ့

မျက်နှာထားနှင့်မက်စ်ကလိုက်မပြုံးခဲ့ဘဲ....။


"CEOဆီက ညွှန်ကြားချက်ရထားပါတယ်

အဲ့ဒါကြောင့်ကျွန်တော်အခု သခင်လေးကိုလာတွေ့တာပါ..."


"အဖေက...ဘာတဲ့လဲ..."


"CEOက သခင်လေးကို ပါရီကိုပြန်လာစေချင်နေတယ်..."


"ဟင်..."


ကြိုမတွေးထားတာတော့မဟုတ်ပေမဲ့ ဒီလောက်မြန်မြန်

ဖြစ်လာမည်မထင်တာကြောင့် de စိတ်အနည်းငယ်

ရူပ်ထွေးသွားခဲ့ရသည်။


"ဘာလို့လဲ...."


"သခင်လေးဒီကိုရောက်နေတဲ့အတောအတွင်း

CEOဘက်ကဘာမှမလူပ်ရှားခဲ့တာက...သခင်လေးရဲ့

ဆန္ဒအတိုင်းခွင့်ပြုပေးချင်ခဲ့တာကြောင့်ပါ...ကျွန်တော့်ကို

လူတစ်ချို့နဲ့ဒီနေရာအထိလိုက်ပြီးသခင်လေးကို

စောင့်ရှောက်ခိုင်းခဲ့ပေမဲ့...သခင်လေးရဲ့ကိစ္စမှန်သမျှ

ဘာတစ်ခုမှမစွတ်ဖတ်မနှောင့်ယှက်ခိုင်းခဲ့ပါဘူး...

CEOက သခင်လေးရဲ့ဆန္ဒနဲ့ဆုံးဖြတ်ချက်ကို

တစ်ကယ်လေးစားခဲ့ပါတယ်....ဒါပေမဲ့...."


"ဒါပေမဲ့ဘာဖြစ်လဲ...."


deစကားထောက်လိုက်တော့ မက်စ်က ခေါင်းတစ်ချက်

ငုံ့သွားရင်း....


"သခင်လေးဒီမှာရှိနေတာ၁လကျော်သွားပါပြီ

ခုထိ ဘာမှမထူးခြားသေးတဲ့အခြေနေတွေအတွက်

သခင်လေးတန်ဖိုးရှိတဲ့အချိန်တွေက CEOက

ဆက်ပြီးမဖြုန်းတီးစေချင်ဘူး...."


"အဖေက...ကျွန်တော်ဒီနေရာမှာရှိနေတာကို

အချိန်ဖြုန်းနေတယ်လို့မြင်နေပြီပေါ့....


"အဲ့လိုမဟုတ်ပေမဲ့...သခင်လေးအတွက်

Leonineလိုအရေးကြီးတဲ့အရာတွေအတွက်လည်း

အချိန်ပေးသင့်တယ်လို့ CEOက စဉ်းစားတာပါ..."


deဘာမှပြန်မဖြေဘဲ ဆိုဖာနားကိုပြန်လျောက်လာလျက်

ခြေချိတ်ဝင်ထိုင်လိုက်တော့ မက်စ်က deရဲ့ရှေ့ကို

ရောက်လာပြီး လက်နှစ်ဖက်ရှေ့ပစ်လျက်

ရပ်သည်။


"အဖေက...စက်ရဲ့အကြောင်းတွေကို

စုံစမ်းခဲ့သေးတာလား....ကျွန်တော့်ကိုရုတ်တရပ်ကြီး

ပြန်ခေါ်ချင်တဲ့အကြောင်းအရင်းကဒီတစ်ခုထဲ

မဟုတ်လောက်ဘူးမလား...."


"........."


"မက်စ်...ကျွန်တော်မေးနေတယ်လေ...."


"CEOရာထူးတရားဝင်လွှဲပြောင်းမဲ့ပါတီပွဲအခမ်းနားကို

သခင်လေးကျောခိုင်းသွားတာတောင် CEOက

အပြစ်တစ်ချက်မတင်ခဲ့ပါဘူး....သခင်လေး

CEOကိုနားလည်ပေးစေချင်တယ်....CEO

မိန်းကလေးရဲ့အကြောင်းကိုစုံစမ်းခဲ့တယ်ဆိုတာက...

သခင်လေးအတွက်ပါ...."


"ဒီလောက်ဆိုအဖေ့ရဲ့သဘောထားကို

ကျွန်တော်နားလည်ပြီထင်တယ်....အဖေ့ကိုပြန်ပြောပေးပါ

မက်စ်...ကျွန်တော်ပါရီကနေ ကျွန်တော့်သဘောနဲ့

ကျွန်တော်ထွက်လာခဲ့တာ...ပြန်လာမယ်ဆိုရင်

ကျွန်တော့်သဘောနဲ့ကျွန်တော်ပဲဖြစ်ရမယ်.. စက်က

စိတ်ဒဏ်ရာတွေနဲ့မိန်းကလေးမို့...သူ့ကိုအတိတ်က

အရိပ်ဆိုးတွေကြားကနေဆွဲထုတ်ဖို့ခက်ခဲမယ်ဆိုတာ

သိပေမဲ့...ကျွန်တော့်မှာယုံကြည်ချက်ရှိတယ်...

အဲ့ဒါကြောင့် အဖေ့ကို ကျွန်တော့်ကိုနောက်ထပ်

အချိန်နည်းနည်းပေးပြီးစောင့်ကြည့်ဖို့ပြောပေးပါ....

ကျွန်တော် သံသရာစက်ကို ဘယ်တော့မှလက်လျော့မှာ

မဟုတ်ဘူး....ဒါကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ပဲ...."


-------------------------------------------❀◕ ‿ ◕❀


ဆက်ရန်^^^^^


#Hazel


rate now: