book

Index 15

Chapter(15)

💕My lovely demon💕

                            ``အချစ်နတ်ဆိုးလေး´´


~~~~~~~~


"ဘယ်လိုလဲသမီးလေး...ရုံးခန်းအပြင်အဆင်ကို

သဘောကျရဲ့လား...ဒါ..သမီးအတွက် ပါပါးကိုယ်တိုင်

စိတ်ကြိုက်ပြင်ဆင်ထားတာ....လောလောဆယ်တော့

ဒီဇိုင်းဌာနရဲ့တွဲဘက်ဌာနမှူးအနေနဲ့ပဲ..သမီးရဲ့ရာထူးအတွက်

ပါပါးစီစဉ်ထားတယ်...သမီးလေးအဆင်မပြေတာရှိရင်

ပါပါးကိုပြောလေ...."


စက်ရဲ့ပခုံးလေးကိုဖက်ပြီး ပြင်ဆင်ထားတဲ့

ရုံးခန်းလေးထဲကိုလိုက်ပြနေရင်းပါပါးကပြောသည်။


"တွဲဘက်ဌာနမှူးတစ်ယောက်ရဲ့ရုံးခန်းက

အရမ်းမကျယ်လွန်းဘူးလားပါပါး...."


"ကျယ်လို့လားသမီးရဲ့...ပါပါးအမြင်တော့သာမာန်ပါပဲ...

အဟွန်း..."


ပြောရင်းသဘောကျသလိုရယ်လိုက်တဲ့ပါပါးက

စက်ရဲ့ဦးခေါင်းလေးကိုဖွဖွပွတ်သပ်ပေးရင်း...


"သမီးလေးကို ဒီလိုပြန်မြင်ချင်ခဲ့တာ..

ဒီနေ့တော့ပါပါးရဲ့ဆန္ဒအမှန်တစ်ကယ်ပြည့်လာပြီလို့

ပြောရတော့မယ်....သမီးအတွက် ကားအသစ်တစ်စီး

ဂျိုးဇက်ကို ပါပါးစီစဉ်ခိုင်းသွားပြီ အခု ကုမ္ပဏီရဲ့

မြေအောက်car parkingကိုရောက်နေပြီ

ဒါက ကားသော့ပဲ..."


အနီရောင်ကားသော့လေးကိုပါပါးက

စက်လက်ဖဝါးတစ်ဖက်ထဲအသေအချာထည့်ပေးရင်း

ပြောသည်။


"ညနေကျရင် ကားကိုကိုယ်တိုင်မောင်းပြီး

အိမ်ပြန်ပေါ့ ဟုတ်ပြီလား...."


စက်အတွက် ဘာမှလိုလေသေးမရှိအောင်

တက်တက်ကြွကြွစီစဉ်ထားရှာတဲ့ ပါပါးကိုကြည့်ပြီး

စက် စိတ်မကောင်းသလိုဖြစ်သွားရပေမဲ့လည်း

လိူက်လိူက်လှဲလှဲပဲပြုံးပြလိုက်မိသည်။


"ဪ...မေ့နေလိုက်တာ..."


ထိုအချိန်တစ်စုံတစ်ခုကိုသတိရသွားပုံရသည့်ပါပါး....


"သမီးလေးကိုပြောဖို့မေ့နေတာ...ဒီနေ့သမီးလိုပဲ

ကုမ္ပဏီကိုအသစ်ရောက်လာတဲ့နောက်ထပ်ဝန်ထမ်း

နှစ်ယောက်ရှိသေးတယ်...သူတို့ကိုမြင်ရင်

သမီးအံ့ဩသွားလိမ့်မယ်ထင်တယ်..."


ပဟေဠိဆန်ဆန်ပြောလာတဲ့ပါပါးကြောင့် စက် 

ဇဝေဇဝါလေးဖြစ်သွားရရင်း...ပြန်မေးလိုက်မိသည်။


"ဘယ်သူတွေလဲ...ပါပါးရဲ့..."


"ဒေါက်...ဒေါက်..."


စက်ရဲ့အမေးကိုပါပါးကတစ်ခုခုပြန်ဖြေဖို့ပြင်လိုက်စဉ်မှာပဲ

ကြားလိုက်ရတဲ့တံခါးခေါက်သံကြောင့် စက်ရောပါပါး,ပါ

တံခါးဝဆီလှည့်ကြည့်လိုက်မိသည်။


"ဟော..သူတို့လာပြီထင်တယ်..ပါပါးက

သမီးအံ့ဩသွားအောင်မိတ်ဆက်ပေးမလို့

သူတို့လာရင်ဒီကိုခေါ်လာခိုင်းထားတာ..."


စက်ကိုပြောရင်း ပါပါးကတံခါးဘက်ကိုလှမ်းကြည့်ကာ...


"ဝင်ခဲ့ကြပါ..."


အထဲကနေ ပါပါးအသံပေးလိုက်တာနှင့်

တံခါးကဖျတ်ခနဲပွင့်သွားပြီးအခန်းထဲကို

အရင်ဆုံးဝင်လာတဲ့သူက...ပါပါးရဲ့မွေးနေ့ပါတီပွဲညမှာ

ဆုံခဲ့ရသည့် သူ့ရဲ့သူငယ်ချင်း ကိုးလ်ဆိုတဲ့လူငယ်လေး

ဖြစ်နေခဲ့၏....


"ဟင်...သူက...."


သို့ပေမဲ့ စက်မှာ ကြာကြာအံ့ဩဖို့အခွင့်အရေးမရလိုက်

ကိုးလ်ရဲ့နောက်ကနေလိုက်ဝင်လာတဲ့ပုံရိပ်ကိုမြင်လိုက်တဲ့ခဏ

ပါးစပ်အဟောင်းသားနဲ့ဖြစ်သွားခဲ့ရတော့ရင်း....


"demon...."


ဟုတ်ပါတယ်...ဘယ်လိုမှမမှားနိုင်ဘူး

စက်ရဲ့မျက်စိရှေ့မှာ အနောက်တိုင်းဝတ်စုံပြည့်နဲ့

သန့်ပြန့်ခန့်ညားနေတဲ့ပုံရိပ်က သူမှသူအစစ်ပင်

မဟုတ်ပါလား.....။??


~~~~~~~~~~~~~~~~🌺🌺🌺


"သမီး..ပါပါးကိုဘာလို့အမှန်တိုင်းမပြောခဲ့တာလဲ

စက်...နေသက္ကရာဇ်ဆိုတဲ့ကောင်လေးနဲ့သမီးက

အစောကြီးထဲကသိနေခဲ့တာကိုလေ....သူ့ရဲ့

နာမည်အရင်းက demonမဟုတ်လား..."


အသစ်စက်စက်ရုံးခန်းထဲကဆိုဖာရှည်ကြီးပေါ်မှာစက်နဲ့

မျက်နှာချင်းဆိုင်ထိုင်ရင်း လေသံခပ်အေးအေးဖြင့်

မေးခွန်းထုတ်လာတဲ့ပါပါးကိုကြည့်ပြီး စက်

ခေါင်းလေးငုံ့သွားခဲ့ရသည်။


ပါပါးရဲ့လေသံနဲ့မျက်နှာအမူအယာက စက်ကို

အပြစ်တင်လိုခြင်းအလျင်းမရှိတာသိသာနေပေမဲ့လည်း

စက်ကိုယ်တိုင်က demonနဲ့ပတ်သတ်ပြီး

မလုံမလဲဖြစ်နေခဲ့မိတာဖြစ်သည်။


"demonဆိုတဲ့လူငယ်လေးက လွန်ခဲ့တဲ့

၇နှစ်က ပါပါးတို့ ပြင်သစ်ကိုအလည်သွားတုန်းက

ကျွန်းပေါ်မှာသမီးနဲ့ခင်ခဲ့တဲ့ကောင်လေးမဟုတ်လား...."


စက် ပါပါးကိုပြန်မော့ကြည့်ပြီးခေါင်းငြိမ့်ပြလိုက်သည်။

ပါပါး demonနဲ့စက်အကြောင်းတွေကိုဘယ်လောက်ထိ

သိထားတယ်ဆိုတာ စက်မသိပေမဲ့...သူ့ကို

god flowerအထိဝင်ခွင့်ပေးလိုက်ကထဲက

အခြေအနေကသာမာန်မဟုတ်တော့တာကို

အလိုလိုခံစားနေမိပြီမဟုတ်ပါလား။


"ကောင်လေးက တစ်ကယ့်ကိုကောင်းကောင်းမွန်မွန်

ုကြီးပြင်းလာတာပဲ...ပါပါးသူ့ကိုကျွန်းပေါ်က

သမီးရဲ့သူငယ်ချင်းကောင်လေးဖြစ်နေလိမ့်မယ်လို့

လုံးဝမထင်ထားခဲ့မိဘူး....တစ်ကယ်တော့

လွန်ခဲ့တဲ့၂ရက်က သူဒီကုမ္ပဏီအထိရောက်လာပြီး

ပါပါးကိုလာတွေ့ခဲ့တာ....မထင်မှတ်ဘဲ

ပါပါးသူနဲ့စကားတွေအများကြီးပြောဖြစ်ခဲ့တယ်...."


"သူ ပါပါးကိုဘာတွေပြောခဲ့တာလဲ..."


စက် မဝံ့မရဲနှင့်ဘဲမေးလိုက်တော့ ပါပါးက

စက်ကိုကြည့်ပြီးတစ်ချက်ပြုံးလာခဲ့ရင်း....


"သူ ဒီနေရာအထိရောက်လာခဲ့တဲ့အကြောင်းကိုပေါ့

သမီးနဲ့သူ့ရဲ့ကြားမှာ...လေးနက်တဲ့ကတိတွေရှိခဲ့တာပဲ

မဟုတ်လား..."


"ပါပါး..တစ်ကယ်တော့လေ အဲ့ဒီ့အချိန်တုန်းက

စက် သူ့ကို...."


အဖေဖြစ်သူကိုရှင်းပြဖို့ပြင်လိုက်တဲ့စကားတွေက

မြင်ကွင်းအာရုံထဲသူ့မျက်နှာကိုမြင်ယောင်လိုက်မိတဲ့အခါ

ထူးဆန်းစွာပဲ...ဒါကအပျော်အပျက်ကတိတစ်ခုပါလို့

စက် ပြောမထွက်နိုင်တော့ပေ။


ပါပါးကတော့ စက်ရဲ့အမူအယာကိုအကဲခတ်သလို

ကြည့်နေရင်းမှ ခပ်သဲ့သဲ့ပြုံးကာ....


"ပါပါး...demonဆိုတဲ့လူငယ်လေးကို

သဘောကျတယ် စက်...."


"ပါပါး...."


"ခဏလေးသမီး...ပါပါးပြောတာ

ခဏလေးဆုံးအောင်နားထောင်ပေး....သမီးလည်း

ခံစားမိမယ်လို့ပါပါးထင်တယ်..သူ့ကကောင်းမွန်တဲ့

အကျင့်စရိုက်နဲ့ထက်ထက်မြတ်မြတ်ကြီးပြင်းခဲ့တဲ့

လူငယ်လေးတစ်ယောက်ဆိုတာကိုပေါ့...ထပ်ပြီးသူ့ဆီမှာ

ပါပါးသဘောအကျဆုံးအချက်က...သူကအရမ်းကိုရဲရင့်တယ်

ပြီးတော့ လူငယ်ပေမဲ့ကတိတစ်လုံးကိုတန်ဖိုးထားတတ်တဲ့

စိတ်ဓာတ်ကောင်းကိုလည်းပိုင်ဆိုင်ထားတယ်....."


သူ့အပေါ်အမှတ်ပြည့်ပေးနေတဲ့ပါးပါးကို

စက်ငေးကြည့်နေမိတာမှန်ပေမဲ့ စိတ်ထဲတအံ့တဩတော့

မဖြစ်မိ...သူနဲ့ဆုံဖူးတဲ့သူမှန်သမျှသူ့ကိုကောင်းတဲ့

သတ်မှတ်ချက်တွေနဲ့ပဲ အမှတ်ပြည့်ပေးကြလိမ့်မယ်ဆိုတာ

စက် သိနေတာပဲ...။


"ပါပါး..သူ့ကိုဘာလို့god flowerမှာဝင်ခွင့်ပေးလိုက်

ရတာလဲ..."


စိတ်ထဲမှာမတင်မကျဖြစ်နေတဲ့အခြေအနေအတွက်

စက် ထပ်ပြီးဝေ့ဝိုက်မနေဘဲ မေးလိုက်မိတော့...


"သူ god flowerကိုဝင်လာချင်တဲ့ရည်ရွယ်ချက်က

ပါပါးငြင်းလောက်စရာမှမဟုတ်တာဘဲ..သမီးသိလားစက်

သူ့ရဲ့ရည်ရွယ်ချက်က တစ်ကယ့်ကိုရိုးရှင်းလွန်းတယ်...

ပါပါးရဲ့မျက်လုံးတွေကိုရင်ဆိုင်ပြီးသူရဲရဲဝံ့ဝံ့ပြောခဲ့တာ..

သူgod flowerကို ဝင်လာချင်တဲ့ရည်ရွယ်ချက်က

သမီးအတွက်တဲ့လေ..."


"..........."


"ပါပါး အဲ့ဒီ့လူငယ်လေးကိုတစ်ကယ်လေ့လာချင်တယ်

သူက သမီးနဲ့ထိုက်တန်တဲ့ သူတစ်ယောက်ဟုတ်မဟုတ်

ဆိုတာကိုပေါ့...."


"ဘာလို့ စက်ရဲ့သဘောထားကိုရောမမေးတာလဲ

ပါပါး.....စက်လွန်ခဲ့တဲ့၇နှစ်က,ကတိကိုတည်ပြီး

သူ့ကိုလက်ထပ်ဖို့ဆိုတာ...ဒီအချိန်မှာမဖြစ်နိုင်ဘူး...."


"သမီးက ဘာလို့မဖြစ်နိုင်ဘူးလို့တွေးရတာလဲ....

သမီးသူ့ကိုလုံးဝသဘောမကျလို့လား..."


ပါပါးရဲ့တန်ပြန်မေးခွန်းကြောင့် စက် ပခုံးလေး

မတ်ခနဲဖြစ်သွားခဲ့ရကာ..ရုတ်တရပ်ဘာမှ

ပြန်မဖြေနိုင်ခဲ့...


"ဒါမှမဟုတ်...သမီးရဲ့စိတ်က အတိတ်ကဖြစ်ရပ်ဆိုးတွေရဲ့

ုကြားကနေရုန်းမထွက်နိုင်သေးတာကြောင့်လား...."


".........."


"စက်..စက်ဘယ်သူ့ကိုမှလက်မထပ်ချင်ဘူး...."


မေးခွန်းနဲ့အတန်ငယ်ခြားပြီးမှ ဇဝေဇဝါအဖြေပေးလိုက်မိတဲ့

စက်ကိုကြည့်ပြီး သက်ပြင်းခပ်ငွေ့ငွေ့ချလိုက်တဲ့ပါပါးက

ထိုင်ရာကနေထလာပြီး မျက်နှာချင်းဆိုင်မှစက်ရဲ့ဘေးမှာ

ဝင်ထိုင်လျက် ပခုံးလေးတစ်ဖက်ကိုဖွဖွထွေးဖက်လာခဲ့သည်။


"သမီးသိလား...ကိုယ့်စိတ်ကိုယ်သေချာနားမလည်ရင်

ဘယ်တော့မှမှန်ကန်တဲ့အဖြေတစ်ခုရလာမှာ

မဟုတ်ဘူး....ပါပါး အဲ့ဒီလူငယ်လေးကိုသဘောကျတယ်

ပါပါး သူ့ရဲ့တောင်းဆိုချက်ကိုလက်ခံပြီး သူ့ကို

god flowerမှာလက်ခံခဲ့တာက...သူကသမီးနဲ့

သင့်တော်တဲ့လူတစ်ယောက် တစ်ကယ်ဟုတ်မဟုတ်ဆိုတာ

ပါပါးလေ့လာဖို့အတွက်ပဲ...ပါပါး ပထမနဲ့ဒုတိယ

အကြိမ်တုန်းကလို ထပ်တူညီတဲ့အမှားမျိုးမကျူးလွန်

ချင်တော့ဘူး...ဟိုးအရင်ထဲကနေအခုထိ ပါပါးဘဝမှာ

အရေးကြီးဆုံးအရာကရှေ့ဆက်ရမဲ့သမီးရဲ့ဘဝလေး

ပျော်ရွှင်ချမ်းမြေ့နိုင်စေဖို့ပဲ"


"အကယ်၍ သူက စက်အတွက်သင့်တော်တဲ့

လူတစ်ယောက်ရဲ့ ပါပါးဆုံးဖြတ်ခဲ့မယ်ဆိုရင်ရော

စက် ဘာဆက်လုပ်ရမှာလဲ...."


နောက်တစ်ကြိမ်စက်ရဲ့မေးခွန်းကြောင့် ပါပါးက ပြုံးသည်။


"အဲ့ဒါကတော့ သမီးရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲ

မူတည်နေမှာပဲလေ...ပါပါးအမြင်ကိုပြောရရင်

သမီးလည်း အဲ့ဒီ့လူငယ်လေးအပေါ်ထူးခြားတဲ့

ခံစားချက်ရှိနေခဲ့မယ်လို့ထင်တယ်......"


မဟုတ်ဘူးလို့ မငြင်းမိဘဲ စက် ခေါင်းလေး

နောက်တစ်ကြိမ်ပြန်ငုံ့သွားခဲ့ရသည်။


"ပါပါးသိလား...စက် အခုလို စက်ပိုင်ဆိုင်သမျှ

အရာတွေကိုပြန်ပြီးရယူဖို့..god flowerကို

ပြန်လာဖို့သတ္တိတွေရှိလာခဲ့ရတာသူ့ကြောင့်ပါ..."


အတန်ကြာမှ မဝံ့မရဲသက်ပြင်းရိူက်သံလေးနဲ့အတူ

ဝန်ခံလိုက်မိတဲ့စကားတစ်ချို့.....


"သူစက်ကိုခဏခဏပြောခဲ့တယ်...စက်က

လွန်ခဲ့တဲ့၇နှစ်က သူသိခဲ့တဲ့သံသရာစက်အတိုင်း

ဘာမှမပြောင်းလဲသွားခဲ့ပါဘူးတဲ့လေ..."


စက်ရဲ့စကားဆုံးတော့ ပါးပါးကခေါင်းကိုတဆတ်ဆတ်

ငြိမ့်ရင်း....


"တစ်ကယ်တော့ ပါပါးသူ့ကိုဘာလို့သမီးရဲ့

လက်တွဲဖော်အဖြစ် စိတ်ကူးကြည့်ခဲ့ရတဲ့နောက်ထပ်

အကြောင်းပြချက်တစ်ခုရှိနေသေးတယ်...သူ့စိတ်ထဲမှာ

သမီးကိုဘယ်လောက်ထိအလေးအနက်ထားလဲဆိုတာ

သူ့ရဲ့နောက်ကြောင်းကိုပါပါးစုံစမ်းနိုင်ခဲ့ရတဲ့အချိန်မှာ

သိလိုက်ရတယ် စက်..."


ထိုစကားကြောင့် သိလိုစိတ်နဲ့စက်ရဲ့မျက်ဝန်းတွေက

ပါပါးဆီရောက်သွားခဲ့ရသည်။


"သူက သာမာန်မိသားစုအသိုင်းအဝိုင်းက

လူတစ်ယောက်မဟုတ်ဘူး...စက်

သူက Leonineရဲ့ CEOလောင်းလျာပဲ..."


"သူစက်ကိုပြောဖူးပါတယ် သူ့ရဲ့

အဖေက Leonineရဲ့ CEOဆိုတာကို..."


"ဒါဆိုLeonineဆိုတာ...ဘယ်လိုနေရာမျိုးလဲ 

သမီးသိလား..."


ကြားဖူးသလိုလိုရှိတာမှန်သော်လည်း တစ်ကယ်

မသိတာမို့ စက်,ခေါင်းပဲခါပြလိုက်မိတော့....


"Leonine ဆိုတာ ပြင်သစ်နိုင်ငံအခြေစိုက်

ဥရောပရဲ့ထိပ်တန်းလုပ်ငန်းစုကြီးတစ်ခုပဲ......

အနီးစပ်ဆုံးသမီးမြင်သာအောင်ပြောရရင်တော့

Leonineနဲ့ယှဉ်ရင်...god flowerဆိုတာ

မြူတစ်မူန်သာသာလောက်ပဲရှိနိုင်တဲ့အနေအထားပေါ့....."


"ဟင်...."


"demonလို့သမီးသိထားတဲ့ ကောင်လေးရဲ့

နာမည်အပြည့်အစုံက demon nine...

သူ့ရဲ့အဖေက လက်ရှိ Leonineရဲ့ CEO

Mr.Soleil nine ပဲ....."


စကားအဆုံး ပါပါးက ကုတ်အင်္ကျီအတွင်းထဲက

ဖုန်းကိုထုတ်ယူပြီး တစ်ခုခုကိုရှာဖွေဟန်ပြုလျက်

စက်လက်ထဲဖုန်းကိုထည့်ပေးသည်။


"Leonine...."


စက်နူတ်ကအာမေဋိတ်သံလေးခပ်သဲ့သဲ့

ထွက်သွားခဲ့ရသည်။ စက္ကရင်ကိုတစ်ချက်ချင်းဆွဲကြည့်ရင်း

စက် မသိနိုင်ခဲ့တဲ့သူ့ရဲ့မိသားစုနောက်ခံအသိုင်းအဝိုင်းရဲ့

ကြီးကျယ်ခမ်းနားပုံအကြောင်းကတစ်ဆင့်ချင်း

မြင်ယောင်လာခဲ့ရ၏....


demon...ဒီနတ်ဆိုးလေးက ဤမျှလောက်ထိ

ကြီးကျယ်ခမ်းနားတဲ့လူတစ်ယောက်တဲ့လား...။??


စက် မယုံနိုင်သလိုတအံ့တဩဖြစ်နေခဲ့စဉ်မှာပဲ

ပါပါးကဆက်ပြောလာခဲ့သည်။


"ပိုပြီးမယုံနိုင်စရာကောင်းတာက....သူမြန်မာပြည်ကို

ရောက်လာတဲ့နေ့က..သူ Leonine,ရဲ့ CEO

ရာထူးကိုတရားဝင်လွှဲပြောင်းလက်ခံရမဲ့နေ့ဖြစ်နေတာပဲ..."


"ဒါ.ဒါဆို...သူက CEOရာထူးလက်ခံရမဲ့ပြဲကို

လျစ်လျူရူ့ခဲ့ပြီး စက်,ဆီကိုရောက်လာခဲ့တာပေါ့..."


"အမှန်ပဲသမီး...ဒီလောက်ဆိုရင်သမီးနဲ့သူ့ရဲ့ကြားက

ကတိကို..သူဘယ်လောက်ထိအလေးအနက်ထားလည်းဆိုတာ

သမီးနားလည်ပြီမဟုတ်လား...."


စက်ဘာမှပြန်မပြောနိုင်တော့ပါ..တစ်ဆက်ထဲ

အာရုံထဲသို့အလုအယက်တိုးဝင်လာခဲ့တာက

သူ့ရဲ့ပုံရိပ်များသာ....။


"မင်းသတိရသေးတယ်မဟုတ်လား....

လွန်ခဲ့တဲ့၇နှစ်က ကျွန်းပေါ်မှာကျွန်တော့်ကိုပေးခဲ့တဲ့

ကတိကို မမေ့သေးဘူးမဟုတ်လား...ဒီနေ့က

၇နှစ်ပြည့်ပြီးတဲ့ ပထမဆုံးနေ့ပဲ....ကျွန်တော်

မင်းဆီကိုရောက်လာပြီ...."


၇နှစ်ပြည့်တဲ့အချိန်ကိုတစ်ရက်လေးတောင်အစွန်းမခံဘဲ

စက်ရှေ့ကိုရောက်လာခဲ့တဲ့သူက..တစ်ဖက်မှာ

သူ့ဘဝရဲ့အရေးကြီးဆုံးအရာတစ်ခုကိုလျစ်လျူရူ့

ခဲ့တာတဲ့လား....။??


စက်က...တစ်ကယ့်ကိုသူ့အတွက်ဘယ်လို

အဓိပ္ပါယ်များလဲ။??


~~~~~~~~~~~~~~~~~~🌺🌺🌺


"de..ကော်ဖီရပြီ...."


အငွေ့တထောင်းထောင်းထနေတဲ့ကော်ဖီဖန်ခွက်ကို

စားပွဲပေါ်လှမ်းတင်ရင်းပြောလိုက်တော့ စားပွဲပေါ်

မျက်နှာမှောက်ပြီး လက်ထဲမှာဘောပင်ကို

လှည့်ပတ်ကစားနေတဲ့ de,ကခေါင်းထောင်ကြည့်လာလျက်..


"merci...."(ကေ်းဇူးပဲ)


ကော်ဖီခွက်ကိုအရှေ့သို့စိတ်မပါလက်မပါဟန်နှင့်

ဆွဲယူလျက် ပြောသည်။


"ဘယ်လိုလဲ...ပျင်းနေပြီလား...."


"နည်းနည်းပါ...စီမံဌာနလည်းဆိုသေး ဘာလို့

ဒီလောက်တောင်လုပ်စရာအလုပ်မရှိရတာလဲ..."


စိတ်ပျက်လက်ပျက်ပြောရင်းဆုံလည်မှာခပ်လျောလျော

မှီလိုက်ပြန်တဲ့ deကိုကြည့်ပြီးကိုးလ်ကရယ်သည်။


"ဒီနေ့မှအလုပ်ဝင်လာတဲ့ဝန်ထမ်းသစ်တွေမို့

ငါတို့ကိုသနားပြီးလွှတ်ထားတာနေမှာပေါ့..."


"ဒါနဲ့...ဒီလောက်ဆို သူငါ့ကိုလာတွေ့သင့်ပြီမဟုတ်လား..."


"ဘယ်သူ့ကိုပြောတာလဲ...."


"စက်ကိုလေ...."


ပါးစပ်ကလည်းပြန်ဖြေရင်း deက

ပိတ်ထားတဲ့ရုံးခန်းတံခါးကိုလှမ်းကြည့်သည်။


"မင်းကရုတ်တရပ်ကြီးသူ့ကိုရှော့ရအောင်

ထပ်လုပ်ထားတာလေ....ခုလောက်ဆို

မင်းကို god flowerကိုဝင်ခွင့်ပေးခဲ့တဲ့အတွက်

ဥက္ကဌကြီးကသူ့ကိုရှင်းပြနေရလောက်ပြီ..."


ကိုးလ်ရဲ့စကားကို deကဘာမှမတုံ့ပြန်ဘဲ

ရုံးခန်းတစ်ခုလုံးကိုမျက်လုံးဝေ့ကြည့်တော့

deရဲ့အရိပ်အခြည်ကိုကြည့်နေတဲ့ ကိုးလ်က....


"ဘာလို့လဲ ရုံးခန်းအပြင်အဆင်ကိုသဘောမကျလို့လား..."


"ရုံးခန်းအပြင်အဆင်ကိုမဟုတ်ဘူး...မင်းနဲ့အတူ

ရုံးခန်းထိုင်ရမှာကိုသဘောမကျတာ..."


"ဘာ!!"


"ကျစ်..ဘာလို့ ဒီဇိုင်းဌာနမဟုတ်ဘဲ စီမံဌာနလဲ..."


"ဟ...."


စိတ်ပျက်သလိုညီးညူလိုက်တဲ့ deအနားကို

ကိုးလ်ကတိုးကပ်လာပြီး ပခုံးကိုခပ်ဆတ်ဆတ်

တစ်ချက်ပုတ်လျက်....


"ဒီကုမ္ပဏီမှာ..စီမံဌာနကအမြင့်ဆုံးပဲလေ

ကုမ္ပဏီတစ်ခုလုံးရဲ့ ကိစ္စအားလုံးကိုချုပ်ကိုင်ထားရတဲ့

အုပ်ချူပ်ရေးဌာနပဲဟာ..."


"ငါက..အဲ့ဒါတွေကိုစိတ်ဝင်စားလို့ဒီကိုဝင်လာတာလား..."


မျက်လုံးလှန်ကြည့်ပြီးအေးစက်စက်တုံ့ပြန်လာပုံကြောင့်

ဘာဆက်ပြောရမှန်းမသိဖြစ်သွားရတာက ကိုးလ်ရယ်သာ...


"မင်းရဲ့စက်ရုံးထိုင်မဲ့..ဒီဇိုင်းဌာနကတစ်ကယ်တော့

လူနည်းနည်းပဲရှိတာ...ကျောက်မျက်ဒီဇိုင်းပညာရှင်တွေနဲ့

သူတို့ရဲ့အကူတွေ...ပြီးတော့ မိန်းကလေးက

အများစုပဲ....မင်းနဲ့သူက ဌာနချင်းမတူပေမဲ့

ကုမ္ပဏီတစ်ခုထဲပဲဟာ...ဘာတွေသောကများနေတာလဲ..."


ဒီတစ်ခါတော့ဘာမှပြန်မပြောလာဘဲ ကော်ဖီပူပူကို

တစ်ငုံယူသောက်လိုက်တဲ့deရဲ့အမူယာကိုကြည့်ပြီး

ကိုးလ်က အလုပ်စားပွဲကို တင်ပါးလွှဲမှီရပ်လိုက်ရင်း...


"အရမ်းလည်းမပျင်းနေပါနဲ့god flowerရဲ့နှစ်ပတ်လည်

အခမ်းအနားကမကြာခင်လာတော့မယ်..အဲ့ဒီ့အခါငါတို့

အလုပ်များတော့မယ်လို့ထင်တယ်...မင်းအတွက်တော့

စိတ်ဝင်စားလောက်စရာမဟုတ်ပေမဲ့..ဝန်ထမ်းကဒ်လေးကို

အားနာပြီးသေသေချာချာလေးလုပ်ဟုတ်ပြီလား..."


ရွဲ့ပြောလာမှန်းသိသာတဲ့စကားကို

ပါးစပ်ကပြန်မဖြေဘဲ လက်အမူအယာနှင့်

Okလုပ်ပြသည်။


"ဒေါက်...ဒေါက်..."


ထိုအချိန် ကြားလိုက်ရတဲ့တံခါးခေါက်သံကြောင့်

နှစ်ယောက်လုံးရဲ့အကြည့်တွေက တံခါးဝဆီရောက်သွား

ချိန်မှာပဲ...တံခါးကဖျတ်ခနဲပွင့်သွားပြီး အခန်းဝမှာ

ပေါ်လာတဲ့နွဲ့နှောင်းသောပုံရိပ်....


"စက္​..."


ခေါ်သံနဲ့အတူ ချက်ချင်းပင်ပြုံးသွားတဲ့မျက်နှာနဲ့

deက ထိုင်ရာကနေထရပ်သည်။


"ခဏလောက် စကားပြောရအောင်..."


အထဲကိုလှမ်းဝင်မလာဘဲ အကြည့်တို့ကdeဆီရွေ့လာလျက်

ပြောကာလှည့်ထွက်သွားတော့..de ကိုးလ်ကို

တစ်ချက်ကြည့်လျက် ရုံးခန်းထဲကနေအပြေးတစ်ပိုင်း

လှမ်းထွက်လာခဲ့ရသည်။


~~~~~~~~~~~~~~~~


မိနစ်အနည်းငယ်အတွင်းမှာတော့ ကုမ္ပဏီခေါင်မိုးထပ်မှာ

မျက်နှာချင်းဆိုင်ဆုံမိကြတဲ့ deနဲ့သူမ....


အဖြူရောင်စတိုင်ပန်အပွလေးနဲ့ မိုးပြာရောင်

ရှပ်အင်္ကျီကိုဝတ်ဆင်ထားတဲ့သူမရဲ့ပုံစံက

ဆံပင်ရှည်တွေကိုဒီအတိုင်းဖြန့်ချထားတာမို့

စမတ်ကျကျလှပနေတယ်လို့ deထင်မိသည်။


"တစ်ပတ်လောက် မျက်စိရှေ့ကနေပျောက်သွားတာ

နောက်ဆုံးတော့ငါ့ကိုဒီလိုရှော့ရအောင်လုပ်ဖို့လား..."


"ဘာလဲ..ကျွန်တော်မင်းရှေ့ကိုရောက်မလာနိုင်တဲ့

ရက်တွေမှာ ပြင်သစ်ကိုပြန်သွားတယ်ထင်ပြီး

ပျော်နေတာတော့ မဟုတ်ဘူးမလား..."


deစကားကြောင့်သူမကပြုံးသည်။


တဟူးဟူးတိုက်ခတ်နေတဲ့လေပြင်းတွေကြောင့်

ဖြန့်ချထားတဲ့သူမရဲ့ဆံပင်တွေက လေအဝှေ့မှာ

လှပစွာလွင့်မျောနေလေရဲ့...။


"ငါ့အဖေနဲ့သွားတွေ့မယ်ဆိုတဲ့စကားကို

ဒီလိုလက်တွေ့ကြီးအကောင်ထည်ဖော်လိုက်မယ်မှန်း

တစ်ကယ်မထင်ခဲ့ဘူး....Leonineလို

ခမ်းနားကြီးကျယ်တဲ့နေရာကိုဦးဆောင်မဲ့လူတစ်ယောက်က

god flowerကို ဒီလိုမျိုးဝင်လာလို့ဘာအကျိုးရှိမှာ

မို့လို့လဲ...."


"မင်းက ကျွန်တော့်ရဲ့အကျိုးအမြတ်ပဲလေ...

ကျွန်တော်မင်းနားမှာအချိန်ပြည့်ရှိနေပြီး...မင်းကို

ကာကွယ်ပေးချင်လို့..."


သူ့ရဲ့ပုံစံအတိုင်းခဏလေးတောင်တွေဝေမနေဘဲ

အဖြေပေးလာတဲ့စကား.....။


စက် တွေဝေသွားတဲ့စိတ်အစဉ်နဲ့သူ့ကိုငေးခနဲ

ကြည့်မိသွားရသည်။


စက် တစ်ခါမှမမြင်ခဲ့ဖူးတဲ့ အနောက်တိုင်းဝတ်စုံပြည့်နဲ့

သူ့ရဲ့ပုံစံက ခါတိုင်းမြင်နေကြထက်ပိုပြီးခံ့ညား

ကြည့်ကောင်းနေသလိုပါပဲ.....


"ဒါ..နင့်ရဲ့အကြောင်းပြချက်လား...."


"အကြောင်းပြချက်ဆိုတာထက်...ကျွန်တော့်ရဲဆန္ဒပါ....

ကျွန်တော့်မှာအချိန်နည်းနည်းပဲရှိတော့တယ် စက်...

အဲ့ဒါကြောင့်...တတ်နိုင်သရွေ့မင်းနားမှာအနီးကပ်ရှိနေပြီး

မင်းရဲ့နှလုံးသားကကျွန်တော့်အတွက်ဖြစ်လာအောင်

ကျွန်တော်ကြိုးစားရတော့မှာ..."


"နင်ဘာကိုဆိုလိုတာလဲ...အချိန်မရှိတော့ဘူးဆိုတာက..."


စက်ရဲ့မေးခွန်းမဆုံးလိုက် သူ့ရဲ့ခြေလှမ်းတွေက

စက်အနားကိုတိုးကပ်လာခဲ့ပြီး အဖြူရောက်high heel

လှလှလေးစီးထားတဲ့ခြေအစုံရဲ့ရှေ့မှာတိတိကျကျရပ်လျက်

စက်ကိုငုံ့မိုးကြည့်သည်။


"၁လ...အခုကစလို့ရက်ပေါင်း၃၀အတွင်း

မင်းရဲ့သဘောထား...ကျွန်တော့်အပေါ်မပြောင်းလဲ

နိုင်ခဲ့ဘူးဆိုရင်...ကျွန်တော်ပါရီကိုပြန်ဖို့ဆုံးဖြတ်လိုက်ပြီ......"


"ဟင်..."


"ဒါ...ကျွန်တော်နဲ့မင်းရဲ့ကြားကနောက်ဆုံး

အချိန်ကန့်သတ်ချက်တစ်ခုပဲ...စက်..."


~~~~~~~~~~~~~~~~🌺🌺🌺


ဆက်ရန်>>>


Writer by

#Hazel


rate now: