💕 My lovely demon 💕
``အချစ်နတ်ဆိုးလေး´´
~~~~~~~
"အား!! သံသရာစက်...."
"ခွမ်း...ဝုန်း"
"ချလွမ်!! ခွမ်!! "
နာမည်ကိုစူးစူးဝါးဝါးခေါ်ပြီး မှန်တင်ခုံပေါ်က
ရှိသမျှ ပစ္စည်းတွေကိုဆွဲချပေါက်ခွဲပစ်လိုက်တဲ့
roseရဲ့ပုံစံကတစ်ကယ့်ကိုဒေါသတကြီး....
"roseတော်လောက်ပြီသမီး...မာမီပြောနေတယ်လေ..."
ပါးစပ်ကလည်းပြောရင်း ဒေါ်ဟန်နီခင်
သမီးဖြစ်သူကိုဝင်ဆွဲသည်။
"မုန်းတယ်...roseသူ့ကိုအရမ်းမုန်းတာပဲ
သူrose,ကို..ဘယ်လိုမျက်နှာထိမျက်နှာထားနဲ့
ပြောသွားလဲဆိုတာမာမီမမြင်လို့....တောက်...
ဘာလို့လဲ...သူကဘယ်သူ့အားကိုးနဲ့ god flowerကို
ပြန်ဝင်လာချင်ရတာလဲ...."
ကြိတ်မနိုင်ခဲမရဆိုရင်းမှန်တင်ခုံရှေ့ကထိုင်ခုံပေါ်
အရုပ်ကြိုးပြတ်ထိုင်ကျသွားပြန်တဲ့rose.....
"roseရှေ့လျောက် god flowerမှာသူ့မျက်နှာကို
ကြည့်ပြီးဘယ်လိုနေရမှာလဲ မာမီ...roseသည်းမခံနိုင်ဘူး
roseဒေါသထွက်ရလွန်းလို့သေသွားလိမ့်မယ်...."
"သမီးကိုမာမီအစထဲကပြောခဲ့တယ်မဟုတ်လား
စက်ကသူ့ကို...ကုမ္ပဏီကလူကြီးတွေအသိအမှတ်ပြုဖို့
နောက်ကွယ်ကနေနည်းအမျိုးမျိုးနဲ့ကြိုးစားနေတာပါလို့လေ
သူ့မှာအစထဲကအကြံအစည်တွေရှိနေပြီးသား...."
"အန်ကယ်လေးရဲ့မွေးနေ့ပွဲမှာ ဒီလောက်
ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတာတောင် သူကကိုယ့်နေရာ
ကိုယ်မသိသေးဘူး...အဲ့ဒါကျိမ်းသေသူ့နောက်ကနေ
မြှောက်ပေးနေတဲ့လူရှိလို့ပေါ့...တစ်သက်လုံး
ပုံးလျိူးကွယ်လျိူးနဲ့နေသွားရမဲ့မိန်းမကများ...ဘာတဲ့
အခုကစပြီးသူပိုင်ဆိုင်တဲ့အရာတွေကိုအားလုံးကို
ပြန်ယူတော့မှာတဲ့...roseကိုခြိမ်းခြောက်ပြီးပြောသွားသေးတယ်
မာမီသိရဲ့လား..."
"စိတ်အေးအေးထားစမ်းပါroseရယ်...သမီးပဲမာမီ့ကို
ပြောခဲ့ဖူးတယ်လေ...စက် သူတစ်ကြိန်ပြန်ထဖို့
ကြိုးစားရင်...နောက်တစ်ကြိမ်အရှိန်ပြင်းပြင်းနဲ့
ပြန်ပြီးလဲကျသွားအောင် လုပ်ပြမယ်ဆို...သူ သမီးဆီကနေ
ဘာကိုမှပြန်ပြီးလုယူသွားလို့မရစေရဘူးဆို..."
အနောက်ကနေပခုံးနှစ်ဖက်ကိုဖိဆုပ်ပြီးပြောလာတဲ့
မိခင်ဖြစ်သူကိုမှန်ထဲကနေပြန်ကြည့်ရင်း
roseရဲ့မျက်ဝန်းတွေကစူးလက်သွား၏...
"သမီးစဉ်းစားကြည့်စမ်း...ဒီ၂နှစ်ဆိုတဲ့အချိန်အတွင်း
စက်မရှိတဲ့ god flowerနဲ့ ဒီစံအိမ်ကြီးမှာ
မာမီတို့အတွက်ဘယ်လောက်ပျော်စရာကောင်းခဲ့လဲ...
အဲဒီ့စိတ်ကျေနပ်ပျော်ရွှင်မူ့တွေကိုသမီးဆုံးရူံး
ခံနိုင်လား...."
"ဟင့်အင်း...roseအဆုံးရူံးမခံနိုင်ဘူး
စက်က roseတို့ဘဝထဲမှာရှိမနေသင့်တဲ့လူပဲ...
အခုroseပိုင်ဆိုင်တဲ့ဘာကိုမှ စက်ကိုပြန်ပြီး
လုယူသွားခွင့်မပေးနိုင်ဘူး...."
roseအံကြိတ်ရေရွတ်ရင်း မှန်ထဲကကိုယ့်ပုံရိပ်ကိုယ်
စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြန်မိသည်။
"နင်ကငါ့အတွက်တော့ကပ်ပါးကောင်အဆင့်ပဲ
rose...နင်တို့သားအမိငါ့အပေါ်ဘယ်လိုလုပ်ရပ်တွေ
လုပ်ခဲ့လဲဆိုတာ နင်တို့အသိဆုံးပါ...အရင်ကငါ့အဖေ
စိတ်ဆင်းရဲမှာစိုးလို့..အရာအားလုံးကို ငါလျှော်ပေးခဲ့တာ..
အခုတော့မရတော့ဘူး...ငါခံခဲ့ရသလောက်နင်လည်း
ပြန်ပြီးပေးဆပ်ရမယ်...အဲ့ဒါကြောင့်ဒီထက်ပိုပြီး
ငါ့ဒေါသကိုလာမဆွနဲ့....နားလည်လား..."
နားထဲမှာပြန်ကြားယောင်လာမိပြန်တဲ့စကားသံအဆုံး
အောက်နူတ်ခမ်းကိုခပ်တင်းတင်းဖိကိုက်လိုက်တာက
ခံရခက်ခြင်းများနှင့်....
"ကပ်ပါးကောင်...ကပ်ပါးကောင်တဲ့လား
မဟုတ်ဘူး...ငါကကပ်ပါးကောင်မဟုတ်ဘူး...
ငါနင့်ရဲ့နေရာကိုလုယူခဲ့တာမဟုတ်ဘူး
ဒါတွေကငါပိုင်ဆိုင်သင့်တဲ့အရာပဲ...
နင့်ကိုတစ်ချိန်လုံးငေးမော့ကြည့်ပြီးအားကျနေရတဲ့ဘဝမျိုး
ငါနောက်တစ်ခေါက်ဘယ်တော့မှမရောက်ချင်ဘူး...."
စိတ်ထဲကနေတရစပ်ငြင်းဆန်နေခဲ့မိရင်း roseရဲ့
မျက်ဝန်းအစုံကပို၍စူးရဲသွားခဲ့ပြန်၏။
"နင်စောင့်ကြည့်နေလိုက်သံသရာစက်
god flowerကိုပြန်လာဖို့ဆုံးဖြတ်ခဲ့တဲ့နင့်ကို
ငါကကျိမ်းသေနောင်တရအောင်လုပ်ပေးမယ်..."
~~~~~~~~~~~~~~~~~🌺🌺🌺
"မင်းပြောတာအမှန်ပဲလား ကိုးလ်..."
"အတိအကျပဲပေါ့..ငါ့အဖေဆီကရတဲ့သတင်းပဲ
မှားစရာအကြောင်းရှိပါ့မလား....အခုအန်ကယ်ဘုန်းဝဠာက
သူ့အတွက်သင့်တော်တဲ့ရာထူးတစ်ခုနဲ့ကုမ္ပဏီမှာနေရာပေးဖို့
စီစဉ်နေတယ်တဲ့...."
ကြားနေရတဲ့ကိုးလ်ရဲ့စကားအဆုံး deကျေနပ်သလို
ပြုံးလိုက်မိတော့ မျက်နှာချင်းဆိုင်ကနေ
တစ်ချိန်လုံးdeကိုအကဲခတ်နေတဲ့ကိုးလ်က....
"de..."
"ပြော..."
"မင်းငါ့ကိုတစ်ခုခုဖုံးကွယ်ထားတာတော့မရှိပါဘူးနော်..."
"မရှိပါဘူး...ဘာလို့လဲ..."
"မင်းပုံစံက...သံသရာစက်ရဲ့ဆုံးဖြတ်ချက်အတွက်
သိပ်ပြီးအံ့ဩတဲ့ပုံလည်းမပေါက်နေလို့...မသိရင်
ကြိုသိနေသလိုမျိုးပဲ....."
"ကြိုသိရအောင်ငါက sixth senseရနေတာမှ
မဟုတ်ဘဲ...."
"မင်းမှာ sixth senseထက်ပိုကြောက်စရာကောင်းတဲ့
လူတစ်ဖက်သားရဲ့စိတ်ခံစားချက်ကို ခန့်မှန်းနိုင်တဲ့
အမြင်အာရုံရှိနေတယ်မဟုတ်လား...."
ကိုးလ်ရဲ့ရွဲ့သလိုအပြောကြောင့် deက
မချိုမချဉ်နှင့်ပခုံးတွန့်ရယ်သည်။
"ဘာပဲဖြစ်ဖြစ် သူgod flowerကို
ပြန်သွားဖို့ဆုံးဖြတ်လိုက်ပြီဆိုမှတော့ ဒါ
ကောင်းတဲ့ကိစ္စပဲမဟုတ်လား...."
"မင်းပြောတာလည်းဟုတ်တာပဲ...ဒါပေမဲ့ မင်သိပ်ပြီး
စိတ်မပူပါနဲ့...ငါလည်းအခု god flowerကို
ဝင်ရတော့မှာဆိုတော့ မင်းကိုယ်စားသူ့ကို
ကောင်းကောင်းစောင့်ရှောက်ပေးပါ့မယ်..."
ကိုးလ်ရဲ့ထိုစကားကြောင့်deကမျက်ခုံးပင့်သွားရင်း...
"မင်းက..."
"အင်းလေ...မင်းလည်းသိရဲ့သားနဲ့ငါ့အဖေက
god flower,ရဲ့အကြီးဆုံးရှယ်ယာရှင်၃ယောက်ထဲက
တစ်ယောက်လေ...ပြီးတော့ငါ့အဖေကအုပ်ချုပ်ရေးပိုင်းမှာလည်း
အန်ကယ်ဘုန်းဝဠာနဲ့အတူတာဝန်ယူထားတာ..
အဲ့ဒါကြောင့်လည်းငါ့ကိုဒယ်ဒီက နောင်တစ်ချိန်ကျရင်
သူနေရာကိုဆက်ပြီးတာဝန်ယူဖို့အတွက် အခုထဲက
ကုမ္ပဏီကိုဝင်ထားစေချင်တာလေ...."
"အဲ့ဒါငါ့ကိုဘာလို့အခုမှပြောတာလဲ..."
"ဘာဖြစ်လို့လဲ..."
ကိုးလ်နားမလည်သလိုပြန်မေးလိုက်တာကို
deကချက်ချင်းမဖြေဘဲ တစ်ခုခုကိုစဉ်းစားသလိုမျိုး
ငြိမ်သက်သွားသည်။
"မင်းဘာတွေစဉ်းစားနေတာလဲ...de..."
အတန်ကြာသည်အထိထိုပုံစံအတိုင်းငြိမ်သက်နေရင်းမှ
ကိုးလ်ထပ်ခေါ်လာတော့....
"ငါစဉ်းစားနေတာ..."
"ဘာကိုလဲ...."
"ငါရောပဲ...god flowerကိုဝင်လိုက်ရင်
ကောင်းမလားလို့လေ...."
"ဟမ်!!"
ဒီတစ်ကြိမ်တော့ deရဲ့စကားက ကိုးလ်ကို
အနည်းငယ်မျှရှော့ခ်ရသွားစေသည်ထင်၏...
ဟမ်!!ခနဲအသံခပ်ကျယ်ကျယ်နှင့်အတူ
ခန္ဓာကိုယ်ကလည်းမတ်ခနဲဖြစ်သွားသည်။
"မင်းက god flower,ကို..."
"အွန်း...."
မယုံနိုင်သလိုပြန်မေးလိုက်တာကိုဖျတ်ခနဲခေါင်းငြိမ့်ပြလျက်
ခြေချိတ်တင်လိုက်ပုံကခပ်အေးအေး....
"Mr.Demon Nine အဆန်းထွင်တာကို
ဒီလောက်ပဲလုပ်လို့မရဘူးလား...မင်းကိုယ်မင်း
Leonineရဲ့ CEO လောင်းလျာဆိုတာလည်း
မမေ့လိုက်နဲ့လေ...မင်းက god flowerကို
ဘာဝင်လုပ်မှာလဲ..."
"အတိအကျကိုသူ့အတွက်ပဲပေါ့...သူ့ရဲ့ပထမဆုံး
ခြေလှမ်းတွေမှာဘယ်လိုခလုတ်ကန်သင်းမျိုးကိုမှ
မကြုံစေချင်ဘူး....အဲ့ဒါကြောင့်ငါသူ့နားမှာအနီးကပ်
စောင့်ရှောက်ပေးချင်လို့...."
"ဒါကတော့ သိပ်ပြီးသဘာဝမကျဘူးလို့ထင်တယ်နော်
de...မင်းကဒီကိုဧည့်သည်အနေနဲ့ရောက်နေတဲ့.
ပြင်သစ်နိုင်ငံသားတစ်ယောက်ဆိုတာ..အန်ကယ်
ဦးဘုန်းဝဠာကကောင်းကောင်းသိနေတာ...
မင်းgod flowerကိုဝင်ဖို့မဖြစ်နိုင်ဘူး...."
"မဖြစ်နိုင်ဘူးဆိုတာ ငါ့အဘိဓာန်ထဲမှာမရှိဘူး...
မင်းနဲ့ငါနဲ့လောင်းမလား...မင်းနဲ့မင်းအဖေရဲ့
အကူအညီလုံးဝမပါဘဲ ငါ god flowerကို
ဝင်ခွင့်ရမရဆိုတာလေ..."
ကိုယ့်ကိုကိုယ်ယုံကြည်မူ့အပြည့်ရှိနေတဲ့deရဲ့ပုံစံကို
ကြည့်ပြီး...ကိုးလ်ဘာမှပြန်မပြောနိုင်ခဲ့။
"de မင်းအဖေမင်းကိုဂုတ်ကနေဆွဲပြီးပါရီကို
ပြန်ခေါ်တော့မှာလို့ငါမြင်ယောင်နေတယ်..."
"ထူးဆန်းတယ်..မင်းမြင်တာကိုငါဘာလို့မမြင်ရတာလဲ...."
ရွတ်နောက်နောက်ပြောလာပုံကဘာကိုမှအလေးအနက်
မထားသည့်အလားပင်...ကိုးလ်ခေါင်းကိုတွင်တွင်သာ
ယမ်းလိုက်မိ၏....။
"မင်းအဖေကမင်းအနားမှာစောင့်ကြည့်ဖို့
လူလွှတ်ထားမယ်လို့မင်းမထင်ဘူးလား...."
"ဒီလောက်သိသာနေတဲ့မေးခွန်းကို ငါ့ကိုမေးနေသေးတာလား...
ငါထင်တာမမှားဘူးဆိုရင် မက်စ်လည်းမြန်မာပြည်မှာ
ရှိနေလောက်တယ်...ပါပါးရဲ့အမိန့်နဲ့ငါ့ကိုအထူး,အထူး
သေချာစောင့်ကြည့်ဖို့ပေါ့..."
"အေး..အဲ့လောက်သေချာနေတာတောင်မင်းက
ဘာလုပ်ဖို့ကြံနေတာလဲ...."
"ငါ့မှာအချိန်မရှိဘူးလေ...ငါသူနဲ့ ဒီ့ထက်ပိုပြီး
မြန်မြန်နီးစပ်ဖို့လိုတယ်...ငါgod flowerကို
ဝင်ဖို့ဆုံးဖြတ်လိုက်တာ..သူ့ကိုကာကွယ်ဖို့က
အဓိက,အကြောင်းပြချက်ဆိုရင်...အဲ့ဒါက
ဒုတိယအကြောင်းအရင်းပဲ......"
ဆုံးဖြတ်ချက်ကိုပြန်ပြင်မဲ့ပုံဘယ်လိုမှမပေါ်သည့်deအား
ပြောလို့လည်းနိုင်မည်မဟုတ်တာကိုသိနေတာမို့ ကိုးလ်
နောက်ဆုံးစိတ်လျော့သလိုသက်ပြင်းတစ်ချက်နှင့်
ပြန်မေးလိုက်မိတာက.......။
"ကဲ ပြောပါဦး...ဒါဆိုမင်းရဲ့အစီအစဉ်ကဘာများလဲ...."??
~~~~~~~~~~~~~~~~~🌺🌺🌺
"ဒီနေ့ညစာမချက်ချင်ဘူး ငါတို့အပြင်ထွက်ပြီး
စားကောင်းတာတစ်ခုခုသွားစားကြရအောင်...စက် "
ဧည့်ခန်းထဲမှာစာအုပ်ဖတ်နေတဲ့စက်ရဲ့ဘေးကို
ရောက်လာပြီးယူရီကပြောတော့...စက် စာအုပ်ကို
ပိတ်ပြီးခေါင်းမော့ကြည့်လိုက်သည်။
"သွားလေ...ငါလည်းထမင်းမစားချင်တာနဲ့
အတော်ပဲ...."
"နင်အဝတ်အစားမလဲတော့ဘူးလား...."
"မလဲတော့ဘူး.....ဒီအတိုင်းအဆင်ပြေတာပဲကို..."
အိမ်နေရင်းဂျင်းပင်န်အရှည်လေးနှင့်တီရှပ်အဖြူရောင်လေးကို
ဝတ်ထားတဲ့ကိုယ့်ကိုကိုယ်ပြန်ငုံ့ကြည့်ပြီးစက်ပြောလိုက်တော့..
"အေးလေ...အိမ်နေရင်းအဝတ်အစားနဲ့တောင်
လှနေတဲ့လူဆိုတော့လည်းပြောအားရှိတာပေါ့...
ငါကတော့သွားလဲလိုက်ဦးမယ်...အဟွန်း...."
စက်ကို စပြီးအခန်းထဲဝင်သွားတဲ့ယူရီက
၁၀မိနစ်လောက်ကြာတော့ အဝတ်အစားလဲပြီး
ပြန်ထွက်လာသည်။
"သွားကြမယ်လေ...နင်ဘာစားချင်လဲ..."
"ရတယ်..ငါကဘာဖြစ်ဖြစ် နင်ကြိုက်တာသာစား..."
"ဒါဆို hotpotသွားစားကြမလား...."
"ကောင်းသားပဲ...သွားမယ်လေ...."
"ရော့..နင့်အတွက်အနွေးထည်ယူလာတယ်..."
"ကျေးဇူး....သူငယ်ချင်းလေး..."
သူငယ်ချင်းနှစ်ယောက်တိုက်ခန်းတံခါးပိတ်ပြီး
တိုက်ခန်းအောက်မှာတက္ကစီဌားကာ....စားနေကြ
Hotpotဆိုင်သို့ထွက်လာခဲ့ကြတော့သည်။
~~~~~~~~~~~~~~~~
"စက်...နင်တစ်ယောက်ယောက်ကိုရှာနေတာလား..."
တိုက်ခန်းအောက်မှာတက္ကစီမဌားခင်ထဲက
တစ်ယောက်ယောက်ကိုရှာဖွေသလိုမျိုး
ကဏှာမငြိမ်ဖြစ်နေတဲ့စက်ရဲ့မျက်ဝန်းတွေက
Hopotဆိုင်ကိုရောက်တဲ့အထိလည်း
မတည်ငြိမ်နိုင်သေးဘဲ ဆိုင်ထဲကိုဝေ့ဝဲနေတာမို့
ယူရီကရိပ်မိသွားသည်ထင်၏။
နှစ်ယောက်သားမျက်နှာချင်းဆိုင်ထိုင်မိတဲ့အချိန်မှာပဲ
မေးခွန်းထုတ်လာသည်။
"demonလေ..."
"အင်!!..."
"သူကအမြဲတမ်းငါ့ဘေးမှာမပြောမဆိုနဲ့ပေါ်လာနေကြမလား
အဲ့ဒါ..အခုရောဘယ်နေရာကနေဘွားခနဲပေါ်လာဦးမလဲလို့
လိုက်ကြည့်နေတာ...."
"အဟင်း...."
"ဘာရယ်တာလဲ...နင်က..."
"မိန်းမ..ကောင်လေးကိုတွေ့ချင်နေတယ်ပေါ့
ဟုတ်လား...အဟွန်း..."
"ဟယ်...တွေ့ချင်တယ်လို့လည်းမပြောမိပါဘူးဟယ်
သူကငါ့ကိုအမြဲတမ်းလန့်အောင်လုပ်တတ်လွန်းလို့..."
ဟန်ကိုယ်ဖို့ငြင်းနေတဲ့စက်ကိုကြည့်ပြီးယူရီက
ငါသိပါတယ်ဆိုတဲ့အပြုံးမျိုးနှင့်ပြုံး၏.....။
စက် တမင်ပဲမသိချင်ယောင်ဆောင်နေလိုက်ရသည်။
"မနေ့ကနင် အန်ကယ်နဲ့သွားတွေ့တော့
နှင်းဆီသွေးတို့သားအမိနဲ့ရော...မတွေ့ခဲ့ဘူးလား...."
ခဏနေတော့...ယူရီကစကားလမ်းကြောင်း
ပြောင်းသွားပြီး စက်ကိုမေးခွန်းထပ်မေးသည်။
"roseနဲ့တော့တွေ့ခဲ့တယ်...ဒေါ်ဟန်နီခင်ကိုတော့
မတွေ့ဘူး....."
"နင်သာ god flowerကိုပြန်လာမယ်ဆိုတာသိရင်
သူတို့တော့ဆွေ့ဆွေ့ခုန်နေတော့မှာပဲ...."
"ဘယ်နှယ့်ပြောလိုက်တာလဲ...အတိအကျပဲပေါ့....
သူတို့ကတစ်ကယ့်ကပ်ပါးကောင်တွေပဲလေ...."
"စက်...နင်ရှေ့လျောက်သူတို့ကိုတော့သတိထား
ရလိမ့်မယ်နော်...သူတို့ကနင့်အပေါ်အမြဲတမ်းမကောင်းကြံဖို့
စဉ်းစားနေတဲ့လူတွေ...."
"ငါသိပါတယ်...ငါလည်းသူတို့ကိုထပ်ပြီးသည်းခံဖို့
စိတ်ကူးမရှိတော့ဘူး...မျက်လုံးတစ်လုံးအတွက်
မျက်လုံးတစ်လုံးပဲပေါ့မဟုတ်ဘူးလား.....
ငါအရင်ကသံသရာစက်ပြန်ပြီးဖြစ်အောင် ကြိုးစားတော့မှာ..
အခုကစပြီးငါ့ကိုအနိုင်ကျင့်ဖို့ကြိုးစားတဲ့လူတွေ
မကောင်းကြံဖို့ကြိုးစားတဲ့လူတွေကိုငါထပ်ပြီး
အလျော့ပေးတော့မှာမဟုတ်ဘူး....ငါက
god flowerရဲ့ထိုက်တန်တဲ့အမွေဆက်ခံသူဆိုတာ
အားလုံးယုံကြည်လာအောင်နောက်တစ်ကြိမ်ထပ်ပြီး
သက်သေပြရမယ်..."
စက်ဆီကထိုစကားကိုကြားမှ ယူရီကစိတ်ချသွားပုံရ၏။
သူငယ်ချင်းနှစ်ယောက်စားရင်းသောက်ရင်း
စကားတပြောပြောနှင့် စက်ရဲ့စိတ်ထဲမှာတော့
တစ်စုံတစ်ယောက်ရုတ်တရပ်စက်ဘေးမှာပေါ်လာဖို့ကို
မျှော်လင့်နေခဲ့မိပေမဲ့...ဒီနေ့မှာတော့ နတ်ဆိုးလေးက
ပျောက်ချက်သားကောင်းနေခဲ့တာတော့အမှန်ပင်
ဖြစ်လေတော့သည်။
~~~~~~~~~~~~~~~~~~~🌺🌺🌺
ရက်အနည်းငယ်ကြာပြီးနောက်^^^^^
"ဘယ်လိုလဲသမီးလေး...ရုံးခန်းအပြင်အဆင်ကို
သဘောကျရဲ့လား...ဒါ..သမီးအတွက် ပါပါးကိုယ်တိုင်
စိတ်ကြိုက်ပြင်ဆင်ထားတာ....လောလောဆယ်တော့
ဒီဇိုင်းဌာနရဲ့တွဲဘက်ဌာနမှူးအနေနဲ့ပဲ..သမီးရဲ့ရာထူးအတွက်
ပါပါးစီစဉ်ထားတယ်...သမီးလေးအဆင်မပြေတာရှိရင်
ပါပါးကိုပြောလေ...."
စက်ရဲ့ပခုံးလေးကိုဖက်ပြီး ပြင်ဆင်ထားတဲ့
ရုံးခန်းလေးထဲကိုလိုက်ပြနေရင်းပါပါးကပြောသည်။
"တွဲဘက်ဌာနမှူးတစ်ယောက်ရဲ့ရုံးခန်းက
အရမ်းမကျယ်လွန်းဘူးလားပါပါး...."
"ကျယ်လို့လားသမီးရဲ့...ပါပါးအမြင်တော့သာမာန်ပါပဲ...
အဟွန်း..."
ပြောရင်းသဘောကျသလိုရယ်လိုက်တဲ့ပါပါးက
စက်ရဲ့ဦးခေါင်းလေးကိုဖွဖွပွတ်သပ်ပေးရင်း...
"သမီးလေးကို ဒီလိုပြန်မြင်ချင်ခဲ့တာ..
ဒီနေ့တော့ပါပါးရဲ့ဆန္ဒအမှန်တစ်ကယ်ပြည့်လာပြီလို့
ပြောရတော့မယ်....သမီးအတွက် ကားအသစ်တစ်စီး
ဂျိုးဇက်ကို ပါပါးစီစဉ်ခိုင်းသွားပြီ အခု ကုမ္ပဏီရဲ့
မြေအောက်car parkingကိုရောက်နေပြီ
ဒါက ကားသော့ပဲ..."
အနီရောင်ကားသော့လေးကိုပါပါးက
စက်လက်ဖဝါးတစ်ဖက်ထဲအသေအချာထည့်ပေးရင်း
ပြောသည်။
"ညနေကျရင် ကားကိုကိုယ်တိုင်မောင်းပြီး
အိမ်ပြန်ပေါ့ ဟုတ်ပြီလား...."
စက်အတွက် ဘာမှလိုလေသေးမရှိအောင်
တက်တက်ကြွကြွစီစဉ်ထားရှာတဲ့ ပါပါးကိုကြည့်ပြီး
စက် စိတ်မကောင်းသလိုဖြစ်သွားရပေမဲ့လည်း
လိူက်လိူက်လှဲလှဲပဲပြုံးပြလိုက်မိသည်။
"ဪ...မေ့နေလိုက်တာ..."
ထိုအချိန်တစ်စုံတစ်ခုကိုသတိရသွားပုံရသည့်ပါပါး....
"သမီးလေးကိုပြောဖို့မေ့နေတာ...ဒီနေ့သမီးလိုပဲ
ကုမ္ပဏီကိုအသစ်ရောက်လာတဲ့နောက်ထပ်ဝန်ထမ်း
နှစ်ယောက်ရှိသေးတယ်...သူတို့ကိုမြင်ရင်
သမီးအံ့ဩသွားလိုက်မယ်ထင်တယ်..."
ပါပါးရဲ့စကားကြောင့် စက် ဇဝေဇဝါလေးဖြစ်သွားရရင်း...
"ဘယ်သူတွေလဲ...ပါပါးရဲ့..."
စက်ရဲ့အမေးကိုပါပါးကတစ်ခုခုပြန်ဖြေဖို့ပြင်လိုက်စဉ်မှာပဲ
"ဒေါက်...ဒေါက်..."
ကြားလိုက်ရတဲ့တံခါးခေါက်သံကြောင့် စက်ရောပါပါး,ပါ
တံခါးဝဆီလှည့်ကြည့်လိုက်မိသည်။
"ဟော..သူတို့လာပြီထင်တယ်..ပါပါးက
သမီးအံ့ဩသွားအောင်မိတ်ဆက်ပေးမလို့
သူတို့လာရင်ဒီကိုခေါ်လာခိုင်းထားတာ..."
စက်ကိုပြောရင်း ပါပါးကတံခါးဘက်ကိုလှမ်းကြည့်ကာ...
"ဝင်ခဲ့ပါ..."
ထိုအချိန်မှာပဲတံခါးကဖျတ်ခနဲပွင့်သွားပြီးအခန်းထဲကို
အရင်ဆုံးဝင်လာတဲ့သူက...ပါပါးရဲ့မွေးနေ့ပါတီပွဲညမှာ
ဆုံခဲ့ရသည့် သူ့ရဲ့သူငယ်ချင်း ကိုးလ်ဆိုတဲ့ကောင်လေး
ဖြစ်နေခဲ့၏....
"ဟင်...သူက...."
သို့ပေမဲ့ စက်မှာ ကြာကြာအံ့ဩဖို့အခွင့်အရေးမရလိုက်
သူ့ရဲ့နောက်ကနေလိုက်ဝင်လာတဲ့ပုံရိပ်ကိုမြင်လိုက်တဲ့ခဏ
ပါးစပ်အဟောင်းသားနဲ့ဖြစ်သွားခဲ့ရတော့ရင်း....
"demon...."
~~~~~~~~~~~~~~~~~~~🌺🌺🌺
ဆက်ရန်^^^^^^^
#Hazel