💕 My lovely demon 💕
``အချစ်နတ်ဆိုးလေး´´
~~~~~~~
"မင်းရဲ့အတိတ်မှာဘယ်လိုအကြောင်းအရာတွေပဲ
ရှိခဲ့ရှိခဲ့ကျွန်တော်ဂရုမစိုက်ဘူး စက်
ကျွန်တော်မင်းကိုပြောခဲ့တယ်မဟုတ်လား
ကျွန်တော့်အတွက် မင်းကလွန်ခဲ့တဲ့၇နှစ်ကအတိုင်း
ပြောင်းလဲသွားတာဘာမှမရှိဘူး...အဲ့ဒါကြောင့်
ဒီအတိုင်း ခေါင်းထဲမှာဘာကိုမှမတွေးဘဲ
ကျွန်တော့်ကိုပြန်ကြိုက်ပေးလို့မရဘူးလား...."
အခါများစွာကလိုပဲ လေးလေးနက်နက်ရှိလွန်းနေတဲ့
သူ့ရဲ့အပြောအောက်မှာ စက် စကားလုံးတွေကင်းမဲ့
သွားခဲ့ရပြန်၏...
တစ်ချိန်တည်းနောက်တစ်ကြိမ်လေအတိုးမှာ
မျက်နှာပေါ်ပြန်ပြီးဝဲကျလာတဲ့ဆံပင်တွေကို
သပ်ဖယ်ဖို့ပင်သတိမရနိုင်ဖြစ်သွားတော့
လက်ထဲကစားလက်စရေခဲချောင်းကိုပစ်ထုတ်ပြီး
ထရပ်လာတဲ့သူက လက်မှာပတ်ထားတဲ့
အနက်ရောင်လက်ပတ်ကွင်းလေးကိုဖြုတ်ယူလျက်
စက်ရှိရာကိုခါးညွတ်မိုးကျလာ၏...
"မင်းဆံပင်တွေဖြန့်ထားတာကိုကျွန်တော်သဘောကျပေမဲ့
အဲ့ဒီ့ဆံပင် မင်းမျက်နှာကိုကွယ်နေတာကိုတော့
တစ်ကယ်မကြိုက်ဘူး...."
စက်ရဲ့ဆံပင်တွေကို သူ့ရဲ့လက်ပတ်ကွင်းနဲ့စုချည်ပေးနေရင်း
ပြောလာခဲ့တဲ့စကားသံ....။
စက်ခေါင်းလေးမရဲတရဲမော့ကြည့်လိုက်ချိန်မှာ
အပြုံးချိုချိုနဲ့နတ်ဆိုးလေးက စက်ကိုရွမ်းရွမ်းစားစား
ငုံ့မိုးကြည့်နေခဲ့တာလေ။
ဗရမ်းဗတာပဲစည်းချက်မကျတဲ့စက်ရဲ့ရင်ခုန်သံတွေ
ကတိမ်းကပါးဖြစ်ကုန်ရချိန်မှာပဲ...စက်ထံမှ
အကြည့်မလွှဲဘဲ ပြောလာတဲ့စကားက...
"မြန်မာလူမျိုးမိန်းကလေးတွေက သူတို့ထက်ငယ်တဲ့
ချစ်သူကို ဘယ်လို nick-nameမျိုးနဲ့
ခေါ်ကြလဲ...." တဲ့.....။
ညို့အားပြင်းတဲ့သူ့မျက်ဝန်းတွေအောက်
တွယ်ငြိသွားခဲ့ရချိန်ကတစ်ကယ့်ကိုခဏလေးပါပဲ.....။
စက် သူ့လက်နှစ်ဖက်ကိုဖယ်ချပြီး မျက်လုံး
ကပျာကယာလွှဲလိုက်တော့ သူကလည်းကိုယ်ကိုပြန်မတ်ရင်း
အနောက်ကိုခြေတစ်လှမ်းလောက်ဆုတ်သွားသည်။
"အရင်ဆုံး ကိုယ့်ထက်အကြီးကိုဘယ်လိုခေါ်ရမလဲဆိုတာ
သင်ပေးရမလား...နင်ငါ့ကိုတစ်ချိန်လုံးနာမည်ခေါ်ပြီး
မလေးမစားလုပ်နေတာ...."
"ဘာလို့လဲ...နာမည်ခေါ်တာမင်းသဘောမကျလို့လား...
ဒါဆို...mon coeurလို့ခေါ်မယ်လေ..."
"ဘာလဲ mon coeurက..."
မကြားဖူးတာမို့ မျက်ခုံးလေးကျုံ့လျက်စက်ပြန်မေးမိတော့...
"ပြင်သစ်လိုခေါ်တာလေ...ချစ်သူလို့...."
"ဪ ဟော်...နစ်နာနေဦးမယ်...."
ရွဲ့သလိုပြောလိုက်တော့သူကဟက်ဟက်ပက်ပက်ရယ်ပြီး
စက်ဘေးမှာပြန်ပြီးဝင်ထိုင်သည်။
"စက္..."
ပခုံးကိုမထိတထိတိုးတိုက်ပြီးခေါ်တော့
စက် သူ့ကိုငဲ့ကြည့်ရပြန်သည်။
"မနေ့က မင်းအဖေရဲ့ပါတီပွဲမှာ ဖြစ်ခဲ့သမျှကို
ခေါင်းထဲကထုတ်ပစ်လိုက်ပါ....ပြီးတော့ဖြစ်နိုင်မယ်ဆိုရင်
ဒီထက်ပိုပြီးလူတွေရှေ့ကနေပုန်းကွယ်ပြီးမနေပါနဲ့တော့..
တစ်ကယ်ဆို အားလုံးထက်မင်းကိုယ်မင်း
အသိဆုံးမဟုတ်လား..အတိတ်မှာဖြစ်ခဲ့သမျှအရာ
အားလုံးကမင်းရဲ့အပြစ်မရှိခဲ့ဘူးဆိုတာလေ...."
ထင်မှတ်မထားတဲ့သူ့စကားကြောင့် စက်အံ့ဩစိတ်နဲ့
သူ့ကိုမယုံနိုင်သလိုလေးကြည့်မိတော့ သူကစက်ကို
ပြုံးပြသည်။
"နင်ငါ့အကြောင်းတွေကိုဘယ်လောက်ထိသိနေခဲ့တာလဲ.."
တစ်ကြိမ်မကမေးခဲ့ဖူးတဲ့မေးခွန်းကိုပဲ စက်သူ့ကို
ထပ်မေးမိတော့...
အရင်အကြိမ်တွေကလိုပဲမပြောင်းလဲဘဲသူပြန်ဖြေလာ
ခဲ့တာက....
"မင်းထင်ထားတာထက်ပိုပြီးတော့ပေါ့...."
လှပတဲ့သူ့ရဲ့မျက်ဝန်းတွေဟုတ်တယ်...အဲ့ဒ်ီမျက်ဝန်းတွေက..
စက်အတွက်နွေးထွေးမူ့တွေအပြည့်နဲ့နှစ်သိမ့်သလို
ပြုံးရိပ်ဆင်နေခဲ့တာများလေ.....။
ဒီအတိုင်းဆို စက်ဘယ်အချိန်ထိသူ့ကိုရှောင်ပြေး
နိုင်ပါဦးမလဲ။??
~~~~~~~~~~~~~~~~🌺🌺🌺
"စက်...ပြန်လာပြီလား..."
"ဟင်...အင်း...."
တံခါးဖွင့်ပြီးအိမ်ထဲကိုလှမ်းဝင်လာတာနှင့်
ဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်ပြီးဖုန်းကြည့်နေတဲ့
ယူရီကလှမ်းမေးသည်။
"အပြင်မှာဘာပျော်စရာတွေ့ခဲ့လို့လဲ..မျက်နှာက
အသွားတုန်းကနဲ့မတူပဲပြုံးကြည်နေတာပဲ..."
"ငါကလား..."
အနားကိုလျောက်သွားပြီးပြန်မေးလိုက်တော့
ယူရီကမေးငေါ့ပြရင်း...
"အင်းလေ...နင့်မျက်နှာ..."
"ဘာမှမဟုတ်ပါဘူး...အပြင်မှာလေကောင်းလေသန့်
ထွက်ရူလိုက်တော့စိတ်ကြည်သွားလို့...."
ပါးစပ်ထဲရှိရာဖြေလိုက်ရင်း စက် ယူရီ့ဘေးမှာ
ဝင်ထိုင်လိုက်သည်။
"ပါပါးဆီကဖုန်းလာသေးလား...."
"အင်း လာတယ်...ငါနင်အိပ်နေတယ်လို့ပြောလိုက်တော့
နိုးလာရင်ဖုန်းပြန်ခေါ်ခိုင်းဖို့ပြောတယ်...."
"အင်း...."
စက် ခေါင်းငြိမ့်လိုက်တော့ ယူရီကဖုန်းကိုပိတ်ပြီး
စက်ဘက်ကိုအသေအချာလှည့်လာသည်။
"စက်...ငါနင့်ကိုပြောစရာရှိတယ်
နင်ငါ့ကိုစိတ်တော့မဆိုးနဲ့နော်...."
"အဟွန်း..ယူရီမရယ်..စကားပလ္လင်ခံနေပြန်ပြီ
နင်နဲ့ငါ့ရဲ့ကြားမှာအဲ့ဒါတွေလိုလို့လား...."
"ငါသိပါတယ်..ဒါပေမဲ့ ငါကနင့်ကိုဘာမှကြိုအသိမပေးဘဲ
သူနဲ့သွားတွေ့လိုက်မိတာဆိုတော့...."
"သွားတွေ့တယ်...နင်ကဘယ်သူ့ကိုသွားတွေ့တာလဲ..."
"demonကို...."
"ဟင်..."
ယူရီ့အဖြေကြောင့် စက် `ဟင်´ခနဲဖြစ်သွားရ၏။
"နင်ကသူ့ကိုဘာလို့သွားတွေ့တာလဲ...."
"နင်နဲ့ပတ်သတ်ပြီးသူသိသင့်တယ်ထင်တဲ့အကြောင်းတွေ
ငါသူ့ကိုပြောဖို့သွားခဲ့တာ...ငါ နှစ်ကြိမ်လုံးနင့်ရဲ့
လက်ထပ်ပွဲပျက်ခဲ့ရတဲ့အကြောင်းရင်းမှန်တွေကိုသူ့ကို
ပြောပြဖြစ်ခဲ့တယ်...နင်ဘာလို့ဒီအခြေအနေထိ
ဖြစ်ခဲ့ရလဲဆိုတာကိုရောပေါ့...ပြီးတော့ငါသူ့ကိုအဓိက
ပြောဖြစ်ခဲ့တာက...နင့်ရင်ထဲကစိတ်ဒဏ်ရာတွေက
ခဏလေးနဲ့ပျောက်ကွယ်သွားနိုင်တဲ့အရာတွေမဟုတ်ဘူး..
တစ်ကယ်လို့သူ့မှာသာယုံကြည်ချက်မရှိဘူးဆိုရင်
နင့်ကိုစိတ်အနှောင့်မယှက်ထပ်မပေးဘဲ ဒီလောက်နဲ့ပဲ
ပါရီကိုပြန်ဖို့ငါတောင်းဆိုခဲ့တာ...."
ယူရီ့ရဲ့စကားတွေကိုနားထောင်ပြီးစက်သဘောပေါက်
သွားခဲ့ရသလိုပင်။ကစားကွင်းမှာသူဘာလို့စက်ကို
ထူးထူးဆန်းဆန်း စကားတွေပြောခဲ့လဲဆိုတာကိုပေါ့။
"သူနင့်ကိုဘာပြန်ပြောလဲ...."
"သူ ငြင်းခဲ့တယ်....."
ယူရီ့ရဲ့အဖြေကြောင့် စက်ရဲ့နှလုံးသား
ဒိတ်ခနဲတိုးခုန်သွားခဲ့ရသည်။
"ငါသူနဲ့စကားပြောခဲ့ပြီးတဲ့အချိန်မှာငါအသေအချာ
နားလည်လိုက်တယ် စက်....demon သူနင့်အပေါ်
စွဲလမ်းမူ့ကတော့ရုံတန်ရုံမဟုတ်ဘူး....ငါထင်ထားတာထက်
ပြီးတော့နင်ထင်နေတာထက် အများကြီးပိုတယ်
နင်ဘယ်လိုပဲသူ့ကိုတွန်းထုတ်တွန်းထုတ်...သူနင့်ကို
လက်လျော့မှာမဟုတ်ဘူး....အဲ့ဒီ့အတွက်နင့်မှာလည်း
သူ့အတွက်တိကျတဲ့အဖြေတစ်ခုရှိဖို့လိုနေပြီလို့ငါထင်တယ်..."
ယူရီ့စကားအဆုံး စက်ရဲ့မျက်ဝန်းတွေငေးရီသွားခဲ့ရတဲ့အခါ
ယူရီက စက်ရဲ့လက်ဖဝါးလေးတစ်ဖက်ကိုဆုပ်ကိုင်
လာခဲ့ရင်း....
"နင် ငါအခုမေးမဲ့မေးခွန်းကိုအမှန်တိုင်းဖြေနော် စက်
demonကို နင်နည်းနည်းလေးတောင်
သေဘာမက်ဘူးလား...."
ရုတ်တရပ်ယူရီ့မေးခွန်းကို စက်ချက်ချင်းပြန်မဖြေနိုင်ခဲ့....။
ယူရီကလည်း စက်တွေဝေနေတာကိုသဘောပေါက်ပုံ
ရသည်။
"ငါတို့ကညီအစ်မတွေပဲစက်...ငါတို့ကြားမှာ
ဘယ်လိုအကြောင်းမျိူးကိုမှဖုံးကွယ်ထားစရာမလိုဘူး
နင်သိတယ်မဟုတ်လား..."
စက် သက်ပြင်းငွေ့ငွေ့လေးချလိုက်မိသည်ထင်၏။
"ငါသူ့ကိုသဘောကျတယ်.....မဖြစ်နိုင်ဘူးလို့
ငါ့စိတ်ကိုငါဘယ်လိုပဲတင်းထားပေမဲ့
ငါမလုပ်နိုင်တော့ဘူးထင်တယ်..."
တိုးသဲ့သဲ့ဝန်ခံစကားနဲ့အတူမျက်လွှာလေးချလိုက်မိတဲ့စက်...
"သူကငါ့ထက်အများကြီးအသက်ငယ်ပေမဲ့ငါ့ထက်
အများကြီးပိုပြီးရင့်ကျက်တယ်...ပြီးတော့ငါ့ထက်အများကြီးပိုပြီး
သတ္တိရှိတယ်...ငါ့ကိုယ်ငါဝန်ခံဖို့ငြင်းဆန်နေပေမဲ့
ငါသူ့ကိုအစောကြီးထဲကအရူံးပေးခဲ့ရတယ်နဲ့တူတယ်...
ဒါပေမဲ့...."
"ဒါပေမဲ့ဘာဖြစ်လဲ...."
ပြောနေရင်းဝေဝေဝါးဝါးဟန်လေးဖြစ်သွားတဲ့စက်ကိုယူရီက
စကားထောက်ပေးလာ၏....
"ငါကြောက်တယ်...."
စကားလေးတစ်ခွန်းထဲပေမဲ့...စက်ရဲ့ခံစားချက်ကို
ယူရီကအပြည့်အဝနားလည်နိုင်သည်ထင်သည်။
စက်ရဲ့လက်ဖဝါးနှစ်ဖက်လုံးကိုအားပေးသလို
ဆုပ်ကိုင်ဖျစ်ညှစ်လာခဲ့၏။
"တစ်ကယ်တော့..မနေ့ကပါပါးရဲ့မွေးနေ့ပါတီမှာ
ဖြစ်ခဲ့တဲ့ကိစ္စတွေအပြီး ငါကောင်းကောင်းကြီး
နားလည်လိုက်တယ်..ရှောင်ပုန်းတာကတစ်ကယ့်
နည်းလမ်းမဟုတ်ဘူးဆိုတာကိုပေါ့....ငါဆုံးဖြတ်လိုက်ပြီ
ယူရီ ငါဒီ့ထက်ပိုပြီးလူတွေရှေ့ကနေပုန်းကွယ်ပြီး
မနေချင်တော့ဘူး...ငါ, ငါ့အတွက်တရားမျှတမူ့ကို
ပြန်လိုချင်တယ်.....ငါ ငါ့ကိုယ်ငါပြန်ပြီးရှာဖွေချင်တယ်..."
"မှန်တယ်စက်...ဆုံးဖြတ်ချက်မှန်တယ်
နင်အစောကြီးထဲကအဲ့လိုဆုံးဖြတ်ရမှာ..တော်တယ်
ငါ့သူငယ်ချင်း...."
ခေါင်းတဆတ်ဆတ်ငြိမ့်လျက်ဆိုပြီး ယူရီကစက်ကို
ဝမ်းသာအားရပွေ့ဖက်သည်။
"တော်တယ်..ငါ့သူငယ်ချင်းလေး...."
စက် ယူရီ့ကိုပြန်ပြီးပွေ့ဖက်ထားလိုက်မိသည်။
စက်...အချိန်တွေကိုအလဟာသဖြုန်းတီးခဲ့မိသလိုပဲ...
အရမ်းနောက်ကျနေပြီဆိုရင်တောင် အရင်ကသံသရာစက်ရဲ့
ပုံရိပ်ကိုစက်ပြန်ပြီးလိုချင်တယ်....။
လွန်ခဲ့တဲ့၇နှစ်က သူသိခဲ့တဲ့သံသရာစက်ရဲ့ပုံရိပ်ကိုပေါ့...။
~~~~~~~~~~~~~~~~~🌺🌺🌺
"ကျေးဇူးပဲသမီးလေး...ခက်ခက်ခဲခဲချရခဲ့ရတဲ့
ဆုံးဖြတ်ချက်မှန်းသိပေမဲ့...god flowerကို
ုပြန်လာဖို့ဆုံးဖြတ်ခဲ့တဲ့အတွက် ပါပါးက
ကျေးဇူးတင်ပါတယ်ကွယ်..."
လိူက်လိူက်လှဲလှဲဆိုရင်း ပါပါးကစက်ကိုတင်းတင်းကြပ်ကြပ်
ထွေးပွေ့သည်။
အတန်ကြာသည်အထိ ပွေ့ဖက်ထားပြီးမှ
ရင်ခွင်ထဲကပြန်ခွာလျက် စက်ရဲ့ဆံပင်တွေကို
ကြင်ကြင်နာနာ သပ်တင်ပေးလာတဲ့ပါပါး....
"ဒီတစ်ခါတော့ စက်,ကုမ္ပဏီရဲ့အုပ်ချုပ်ရေးပိုင်းတွေကို
ပိုပြီးလေ့လာချင်တယ်....ပါပါးကစက်ကိုကူညီပေးပါ...."
"အုပ်ချုပ်ရေးပိုင်းတွေဆိုတော့ပိုပြီးကောင်းတာပေါ့
တစ်ချိန်ကျရင် သမီးကပါပါးရဲ့နေရာကိုဆက်ခံရမဲ့သူပဲ..."
"ပြီးတော့..စက် ပါပါးကိုတစ်ခုလောက်တောင်းဆို
ချင်သေးတယ်...."
"သမီးလေးဖြစ်ချင်တာကိုသာပြော ပါပါးအားလုံး
လုပ်ပေးမယ်..."
စက်ရဲ့ဆုံးဖြတ်ချက်အတွက်ဝမ်းသာအားရဖြစ်နေတဲ့
ပါပါးက အရာရာလိုက်လျောဖို့အသင့်ရှိနေပုံဖြစ့်ပြောသည်။
စက် ပါပါးရဲ့မျက်နှာကိုမော့မော့လေးကြည့်လိုက်၏...
"စက် god flower,ကိုပြန်လာဖို့ဆုံးဖြတ်ခဲ့ပေမဲ့
စံအိမ်ကိုတော့ပြန်လာမှာမဟုတ်ဘူး ပါပါး..."
"သမီးလေး..."
"ခဏလေးပါ, ပါပါး...စက်ပြောတာကိုခဏလေး
ဆုံးအောင်နားထောင်ပေးပါ..."
စက် ပါပါးရဲ့လက်မောင်းတစ်ဖက်ကိုဆုပ်ကိုင်ပြီး
တောင်းဆိုသလိုပြောလိုက်တော့ ပါပါးငြိမ်ကျသွားသည်။
"စက် ကိုယ့်ကိုကိုယ် ပြန်ပြီးတည်ဆောက်ဖို့
ကြိုးစားနေတဲ့အချိန်မှာတခြားဘယ်သူ့ကြောင့်နဲ့မှ
စက်ကိုယ်စက်ပင်ပန်းအောင်မလုပ်ချင်ဘူး...ပါပါး စက်ကို
နားလည်ပေးနိုင်မယ်လို့ထင်ပါတယ်...
စက် ယူရီနဲ့ပဲနေမြဲအတိုင်းဆက်နေပါ့မယ်
စက် လိုအပ်တာတွေကိုပါပါးကအားလုံးစီစဉ်ပေးပေါ့
မဟုတ်ဘူးလား...."
"သမီးရဲ့ဆုံးဖြတ်ချက်ကိုပြန်မပြင်တော့ဘူးလား..."
ပါပါးရဲ့အမေးကိုစက်တည်ငြိမ်စွာနဲ့ပဲခေါင်းလေး
ငြိမ့်ပြလိုက်သည်။
"အေးလေ..သမီးလေးရဲ့ဆုံးဖြတ်ချက်က
အဲ့လိုဆိုမှတော့..ပါပါးကသမီးရဲ့ဆန္ဒအတိုင်း
လိုက်လျောပေးရမှာပေါ့....."
မတားမြစ်ရက်တဲ့လိုက်လျောခြင်းများနဲ့စိတ်လျော့သလို
သက်ပြင်းတစ်ချက်ဖြင့်ခွင့်ပြုပေးလိုက်တဲ့စကားအဆုံး
စက် ပါပါးရင်ခွင်ထဲခေါင်းလေးတိုးဝင်လိုက်မိရင်း....
"ကျေးဇူးတင်ပါတယ် ပါပါး..."
~~~~~~~~~~~~~~~~~~~🌺🌺🌺
"ပြန်တော့မလို့လား...စက် "
ပါပါးရဲ့စာကြည့်ခန်းထဲက စက် ပြန်ထွက်လာတာနှင့်
ကြားလိုက်ရတဲ့အသံနဲ့အတူ အရှေ့မှာပေါ်လာတဲ့
ပုံရိပ္....
"rose..."
"မနေ့ကတင်ရေထဲပြုတ်ကျပြီးသေမလိုဖြစ်ထားတာ
ဒီနေ့ ဒီနေရာကိုထပ်လာပြီးဘာလုပ်ဦးမလို့လဲ..."
"နင်သိစရာမလိုဘူး...."
စကားမပြောချင်၍ ခပ်တိုတိုပဲဖြေပြီးရှောင်သွားဖို့လုပ်ပေမဲ့
roseက စက်သွားမဲ့ဘက်ကိုထပ်ပြီးပိတ်ရပ်လိုက်ပြန်၏...
"လူကိုမတူမတန္သလို...အဖက္မလုပ္သလို
မလုပ်စမ်းပါနဲ့..."
"roseငါနင်နဲ့ပြသာနာမဖြစ်ချင်ဘူး...ဖယ်ပေး...."
"ဘယ်သူကရော..နင်နဲ့ပြသာနာဖြစ်ချင်နေလို့လဲ...
အဟွန်း...ထိုင်နေတုန်းကအကောင်း ထသွားမှ
ကျိုးမှန်းသိဆိုတာ...နင့်ကိုပြောတာပဲဖြစ်မယ်စက်
ကိုယ့်ဘာသာကိုယ် ပုန်းလျိုးကွယ်လျိုးနေ,နေတုန်းက
အကောင်း မနေ့ကလိုလူတွေရှေ့ကိုထွက်လာတော့
ဘယ်လိုဖြစ်သွားလဲ...နင်ပဲထပ်ပြီးအရှက်ကွဲရတာ
မဟုတ်လား...."
"နင့်ကြည့်ရတာအရမ်းပျော်နေပုံပဲ..."
စက်ရဲ့ခပ်ရွဲ့ရွဲ့မေးလိုက်တော့ roseက
ရွှေအိုရောင်ဂုတ်ဝဲဆံပင်တွေကိုဟန်ပါပါ
တစ်ချက်သပ်တင်ရင်း....
"ငါကနင့်ကိုအရူးမထဖို့ပြောချင်တာ...အရင်တိုင်း
အေးအေးဆေးဆေးနေစမ်းပါ..god flowerကို
ပြန်လာဖို့စိတ်ကူးတောင်မယဉ်နဲ့...."
"နင်ငါ့ကိုကောင်းကောင်းသိရဲ့သားနဲ့ rose
ငါဘယ်တော့မှစိတ်ကူးမယဉ်တတ်ဘူး...ငါက
လက်တွေ့ပဲအကောင်အထည်ဖော်တတ်တာ..."
"နင်ဘာကိုဆိုလိုတာလဲ...."
မျက်မှောင်ကြုတ်ပြီးမေးလာတဲ့roseကိုကြည့်ပြီး
စက် တမင်မဲ့ပြုံးလေးပြုံးပြလိုက်ရင်း....
"နင်အရမ်းသိချင်တယ်မဟုတ်လား
ငါ ပါပါးဆီဘာလို့လာတာလဲဆိုတာလေ....
ဟုတ်တယ်...နင်သိပ်ကိုစိုးရိမ်နေတဲ့အတိုင်းပဲ
ငါ...god flowerကိုပြန်လာဖို့ဆုံးဖြတ်လိုက်တဲ့အကြောင်း
ပါပါးကိုလာပြောတာ..."
"ဘာ!!"
ဟန်မဆောင်နိုင်စတမ်း roseမျက်နှာပျက်စင်းသွားခဲ့သည်။
"မကြားလိုက်ဘူးလား..."
"နင်အဲ့လိုလုပ်လို့မရဘူးစက်...."
"ဖယ်စမ်းပါ...အရူးထမနေစမ်းနဲ့ rose..."
ပခုံးကိုဆုပ်ကိုင်ဖို့ရွယ်လာတဲ့လက်ကို
လမ်းတစ်ဝက်မှာပဲ ခပ်ကြမ်းကြမ်းပုတ်ထုတ်ပစ်လိုက်သည်။
"နင်ကငါ့အတွက်တော့ကပ်ပါးကောင်အဆင့်ပဲ
rose...နင်တို့သားအမိငါ့အပေါ်ဘယ်လိုလုပ်ရပ်တွေ
လုပ်ခဲ့လဲဆိုတာ နင်တို့အသိဆုံးပါ...အရင်ကငါ့အဖေ
စိတ်ဆင်းရဲမှာစိုးလို့..အရာအားလုံးကို ငါလျှော်ပေးခဲ့တာ..
အခုတော့မရတော့ဘူး...ငါခံခဲ့ရသလောက်နင်လည်း
ပြန်ပြီးပေးဆပ်ရမယ်...အဲ့ဒါကြောင့်ဒီထက်ပိုပြီး
ငါ့ဒေါသကိုလာမဆွနဲ့....နားလည်လား..."
"နင်..."
"စက်..သမီးလေး...."
ကြိတ်မနိုင်ခဲမရဒေါသမျက်နှာနှင့် roseက
စက်ကိုတစ်ခုခုတုံ့ပြန်ဖို့ပြင်လိုက်ချိန်မှာပဲ
စာကြည့်ခန်းတံခါးပွင့်သွားပြီး ဦးဘုန်းဝဠာ
ထွက်လာတာကိုမြင်လိုက်တာကြောင့် ချက်ချင်းပဲ
အရှိန်သတ်သွားသည်။
"ညီအစ်မတွေစကားပြောနေကြတာလား...."
"ဟုတ်တယ်ပါပါး...roseက စက်god flowerကို
ပြန်လာမယ်ဆိုလို့ ဝမ်းသာနေတာလေ...."
အပြုံးချိုချိုလေးနဲ့အဖေဖြစ်သူဘက်လှည့်ပြောလိုက်တဲ့
စက်ကို roseကအံ့ဩသလိုကြည့်သည်။
စက် အပြုံးမပျက်ဘဲ roseဘက်ကိုပြန်လှည့်လိုက်ကာ
လက်တစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်။
"ငါပြန်တော့မယ်...နောက်ဆိုမကြာမကြာ
တွေ့ကြတာပေါ့..."
နူတ်ခမ်းဖျားပေါ်ကအပြုံးနဲ့ဆန့်ကျင်ဘက် စက်ရဲ့
အကြည့်စူးစူးတွေကို roseအသေအချာနားလည်
လိမ့်မည်ထင်၏...ပါပါးရှေ့မှာမို့ အောင့်သက်သက်
အပြုံးနှင့်သာ စက်ကိုပြန်ပြီးခေါင်းငြိမ့်ပြသည်။
"သမီးလေး ညစားမစားသွားတော့ဘူးလား..."
"မစားတော့ဘူး ပါပါး...ယူရီ,စက်ကိုစောင့်နေမှာမို့...."
"လာ...ပါပါး ပေါ်တီကိုထိလိုက်ပို့ပေးမယ်...."
သမီးဖြစ်သူရဲ့ပခုံးကိုဖွဖွဖက်ကာ ဦးဘုန်းဝဠာ
ဓာတ်လှေကားရှိရာကိုလှမ်းလျောက်သွားတဲ့အခါ
နေရာမှာတင်မကျေမနပ်နှင့်ခြေစုံရပ်ကျန်နေခဲ့သူကတော့
rose......။
ဓာတ်လှေကားရှေ့အရောက်မှာခြေစုံရပ်လျက်
အနောက်ကိုပြန်လှည့်ကြည့်သွားတဲ့စက်ကတော့
လှောင်ပြုံးတစ်ချက်နဲ့ထိုမြင်ကွင်းကိုထပ်ကျောခိုင်းလိုက်ရင်း...
"စောင့်ကြည့်နေလိုက် rose အခုကစပြီး
ငါပိုင်ဆိုင်သမျှအရာအားလုံးကိုငါပြန်ပြီးရယူတော့မှာ...
စောင့်ကြည့်နေလိုက်ပါ...."
~~~~~~~~~~~~~~~~~~🌺🌺🌺
ဆက်ရန်^^^^^^
#Hazel