❤My Lovely demon❤
``အချစ်နတ်ဆိုးလေး´´
~~~~~~~
"ကျွန်တော့်အတွက် မင်းကဘယ်တော့မှ
ပြောင်းလဲမသွားနိုင်တဲ့ဖြစ်တည်မူ့ဆိုတာ
မင်းကိုသိစေချင်တယ်...."
နာကျင်ဒဏ်ရာဗရပွနဲ့နှလုံးသားထဲသို့
ခပ်ငြိမ့်ငြိမ့်စီးဝင်သွားခဲ့တဲ့စကားသံအဆုံး
စက်ရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းတွေအမှောင်ကျ
သွားခဲ့ရသလိုပါပဲ။ကိုယ်တိုင်သတိမထားမိခင်
သူ့လည်တိုင်ကိုလက်နှစ်ဖက်နှင့် ချိတ်တွယ်
သိုင်းဖက်လိုက်မိရင်း....
"တောင်းပန်ပါတယ် ဒါပေမဲ့ငါ့ကိုဖက်ထားပေးပါ
ငါအခုနင့်ရဲ့နှစ်သိမ့်မူ့ကို လိုအပ်နေတယ်နဲ့တူတယ်
အဲ့ဒါကြောင့် ငါ့ကိုဖက်ထားပေးပါ..."
~~~~~~~~~~~~~~~~🍓🍓🍓
အချစ်တစ်ခုရဲ့နိဒါန်း^^^^
(ပြန်လည်ရှင်သန်လာသောနှလုံးသားတစ်စုံ)
"စက် ပထမတစ်ကြိမ်လက်ထပ်ဖို့စီစဉ်ဖြစ်ခဲ့တာ
သူ့ရဲ့အမေကြောင့်...."
မှန်တွေကာရံထားတဲ့စားသောက်ဆိုင်ထဲက
ထောင့်ကျကျစားပွဲဝိုင်းမှာ deနဲ့မျက်နှာချင်းဆိုင်
ရှိနေရင်းမှ ပြောလိုက်တဲ့ယူရီဆိုသောသူမသူငယ်ချင်း...
"တစ်ကယ်တော့စက်ရဲ့အမေကနှလုံးရောဂါသည်
ဝေဒနာရှင်တစ်ယောက်ပါ...စက်ငယ်ငယ်လေးထဲက
အန်တီရှင်းသန့်ဖြူက နှလုံးနဲ့ပတ်သတ်တဲ့ခွဲစိတ်မူ့တွေ
၄ကြိမ်ထက်မနည်းလုပ်ခဲ့ရဖူးတယ်အဲ့ဒါကြောင့်စက်နဲ့
အန်ကယ်ဦးဘုန်းဝဠာက အန်တီဖြူ့ကိုအမြဲတမ်း
စိတ်ချမ်းသာအောင်ထားခဲ့တာ....စက်တို့မိသားစု
ပါရီကိုအလည်အပတ်သွားခဲ့ပြီး ရှင်နဲ့စက်နဲ့ဆုံခဲ့တဲ့
နှစ်ပဲဖြစ်မယ်ထင်တယ်....အဲ့ဒီ့နှစ်မှာပဲပါရီကနေ
ပြန်လာပြီးနောက်ပိုင်းအန်တီဖြူ့ရဲ့ကျန်းမာရေးအခြေအနေက
ဆိုးရွားလာခဲ့တယ်...ထပ်ပြီးအော်ပရေးရှင်းလုပ်ဖို့ကိုလဲ
ခန္ဓာကိုယ်ဒဏ်မခံနိုင်တော့ဘဲ နောက်ဆုံးအချိန်လို့
ပြောရမဲ့အခြေနေထိရောက်ခဲ့တာပေါ့......."
"............"
"အန်တီဖြူရဲ့နောက်ဆုံးဆန္ဒကသူဒီလောကကြီးထဲက
ထွက်မသွားခင် စက်ရဲ့လက်ထပ်ပွဲကိုမြင်ချင်ခဲ့တာလေ..
အဲ့ဒါကြောင့်ပဲစက်ကို သူ့ရဲ့မိဘတွေက စက်နဲ့ကျွန်မရဲ့
ငယ်သူငယ်ချင်းရဲရင့်သွေးဆိုတဲ့သူနဲ့လက်ထပ်ဖို့
စီစဉ်ပေးခဲ့ကြတယ်...ဒါကသူ့အမေရဲ့
နောက်ဆုံးဆန္ဒမို့ စက်ကလည်းဘယ်ငြင်းနိုင်ခဲ့ပါ့မလဲ
ရဲရင့်သွေးရဲ့မိဘတွေကဆရာဝန်တွေလေ..သူတို့
မိသားစုက စက်တို့နဲ့အရင်ထဲကနှစ်အိမ့်တစ်အိမ်လိုမျိုး
အရမ်းရင်းနှီးခဲ့ကြတာအစထဲကသူတို့.ကိုနှစ်ဖက်မိဘတွေက
ရည်ရွယ်ထားခဲ့ကြမှန်း စက်ကလည်းအဲ့တော့မှသိခဲ့ရတယ်
အန်တီဖြူရဲ့ကျန်းမာရေးအခြေနေကြောင့်သိပ်ပြီး
အချိန်မဆွဲလိုက်ရဘဲ..စက်ရဲ့မင်္ဂလာပွဲက
မြန်မြန်ဖြစ်လာခဲ့ရတယ် ..ဒါပေမဲ့
လက်ထပ်ပွဲနေ့မှာ မင်္ဂလာခန်းမထဲနှစ်ဖက်မိဘ
အသိုင်းအဝိုင်းရှေ့ လက်ထပ်စာချုပ်တွေမှာလက်မှတ်ထိုး
တော့မဲ့အချိန်မှာပဲ အစီအစဉ်အားလုံးကမောက်ကမနဲ့
လက်ထပ်ပွဲပျက်သွားခဲ့ရတယ်..."
ရှည်လျားလှတဲ့စကားအဆုံး ယူရီက
သူမပြောသမျှကိုငြိမ်သက်စွာနားထောင်နေတဲ့
deကိုတစ်ချက်ကြည့်လာခဲ့ပြီး....
"အဲ့ဒီ့လက်ထပ်ပွဲပျက်သွားခဲ့ရတဲ့အကြောင်းအရင်းက
ရဲရင့်သွေးမှာ ဖုံးကွယ်ထားတဲ့အတူနေ
ချစ်သူတစ်ယောက်ရှိခဲ့ဖူးတာကြောင့်ပြီး
ရဲရင့်သွေးနဲ့အဲ့ဒီ့မိန်းကလေးက ကိုယ်ဝန်ရှိခဲ့တဲ့အထိ
ပတ်သတ်ခဲ့ပြတာ...စက်နဲ့လက်ထပ်ပွဲနေ့မှာ
ကိုယ်ဝန်အရင့်မာနဲ့အဲ့ဒီ့မိန်းကလေးက လူပုံအလယ်မှာ
ပေါ်လာခဲ့တယ် ဒီလောက်ဆိုဘာတွေဆက်ဖြစ်ခဲ့မလဲဆိုတာ
ရှင်ခန့်မှန်းမိမှာပါနော်...."
".........."
"စက်ရဲ့လက်ထပ်ပွဲပျက်သွားပြီးတစ်လလောက်ကြာတော့
အန်တီဖြူဆုံးသွားခဲ့တယ်...အဲ့ဒီ့နှစ်ကစက်အတွက်
တစ်ကယ့်ကိုဆိုးရွားတဲ့နှစ်ဖြစ်ခဲ့တယ်...ဒါပေမဲ့
စက်က အဲ့ဒီ့ဆုံးရူံးနာကျင်မူ့တွေကြားထဲကနေ
ကြိုးစားပြီး ပြန်ထလာခဲ့တာ....တစ်ကယ့်ကို
ကြိုးကြိုးစားစားနဲ့ပေါ့..စက်ကတစ်ကယ်တော့ပျော့ညံ့ပြီး
ထိရှလွယ်တဲ့မိန်းကလေးတစ်ယောက်မဟုတ်ပါဘူး
သူကထက်မြတ်ပြီး စိတ်ဓာတ်မာကျောတဲ့မိန်းကလေး
တစ်ယောက်ပါ..အဲ့လိုမိန်းကလေးကခုလိုမျိုး
လူတွေရှေ့ကနေပုန်းလျိူးကွယ်လျိုးနဲ့ဘာလို့ရှင်သန်နေတာလဲလို့
ရှင်တွေးနေမှာပဲ.......တစ်ကယ်တော့
စက်အခုလိုမျိုးလဲကျနေရာကနေပြန်မထနိုင်တော့အောင်
ဒုတိယအကြိမ် ကံကြမ္မာကသူ့အပေါ်ထိုးနှက်ခဲ့တဲ့
ဒဏ်ရာဒဏ်ချက်ကအရမ်းကိုဆိုးရွားခဲ့တာလေ..."
ပြောရင်းသက်ပြင်းမောတစ်ချက်ကိုရိူက်လိုက်မိပြန်တဲ့
ယူရီ...
"ရဲရင့်သွေးနဲ့ဖြစ်ခဲ့တဲ့ပြသာနာတွေပြီးတော့
၅နှစ်လောက်အကြာမှာစက်ရဲ့အဖေက
စက်ကို သူ့ရဲ့လုပ်ငန်းပါတနာတစ်ယောက်ရဲ့သား
မိုးသောက်ယံဆိုတဲ့လူနဲ့လက်ထပ်ဖို့ထပ်ပြီး
စီစဉ်ခဲ့တယ်...ဒီတစ်ခါတော့အန်ကယ်ဦးဝဠာက
စက်အတွက်သူ့ရဲ့စိတ်တိုင်းကျသတို့သားကိုရှာဖွေခဲ့တာလေ
၅နှစ်ဆိုတဲ့အချိန်က အရာအားလုံးကိုမေ့မေ့ပျောက်ပျောက်
ဖြစ်ဖို့လုံလောက်နေပြီမဟုတ်လား..."
"အသတ္ခံခဲ့ရတာဆို..."
deဆီကပထမဆုံးထွက်ပေါ်လာတဲ့စကားသံအဆုံး
ယူရီကခေါင်းငြိမ့်သည်။
"ကျွန်တော်ကြားခဲ့တာတော့ စက်ရဲ့သတို့သားလောင်းက
လက်ထပ်ဖို့တစ်ရက်အလိုမှာပဲ အသတ်ခံလိုက်ရတာတဲ့
ပြီးတော့သတ်တဲ့သူက မင်းပြောတဲ့သူ့ရဲ့ပထမသတို့သားလောင်း
ဟုတ်တယ်မလား..."
"ရှင်က တစ်ကယ့်ကိုအများကြီးသိနေတာပဲ..."
"ဘာလို့လဲ..ဘာလို့ရဲရင့်သွေးဆိုတဲ့လူက
မိုးသောက်ယံကိုသတ်ခဲ့ရတာလဲ..ပြီးတော့အဲ့ဒီပြသာနာ
ဘာလို့စက်ကလူတွေရဲ့ကဲ့ရဲ့ပြစ်တင်ခြင်းကိုခံရပြီး
အပြစ်ရှိတဲ့လူတစ်ယောက်လိုနေနေရတာလဲ..."
"တစ်ကယ်လို့ အဲ့ဒီ့်ပြသာနာမှာစက်ရဲ့အမှား
နည်းနည်းလေးတောင်မရှိခဲ့ဘူးလို့ကျွန်မပြောရင်
ရှင်ယုံမှာလား...."
"ကျွန်တော်ယုံတယ်..."
ခဏလေးတောင်တုံ့ဆိုင်းမသွားဘဲ
ဖြေလာတဲ့စကား....။
ယူရီကျေနပ်သလိုပြုံးလိုက်မိသည်။
"ကျွန်မရှင့်ကိုလာတွေ့ဖို့ဆုံးဖြတ်ခဲ့တာတစ်ကယ်
မမှားခဲ့ဘူးပဲ....ဟုတ်တယ်demon ရှင်ယုံကြည်သလိုပဲ
စက်ကဘာအပြစ်မှမရှိဘဲ နစ်နာခဲ့ရတဲ့မိန်းကလေးပါ...
တစ်ကယ်တော့ရဲရင့်သွေးနဲ့မိုးသောက်ယံရဲ့ကြားမှာ
ဘယ်သူမှမသိတဲ့ အငြိုးအတေးတစ်ခုရှိနေခဲ့တယ်
အဲ့ဒါကဘာလဲဆိုတော့ လွန်ခဲ့တဲ့၇နှစ်က
စက်နဲ့ရဲရင့်သွေးရဲ့လက်ထပ်ပွဲနေ့မှာ ရဲရင့်သွေးရဲ့
တိတ်တိတ်ပုန်းမိန်းကလေးရဲ့အကြောင်းဖော်ထုတ်ခဲ့တဲ့လူက
မိုးသောက်ယံဖြစ်နေလို့ပဲ...အမှန်တော့သူတို့နှစ်ယောက်လုံးက
စက်ကိုသဘောကျခဲ့ကြတာ..အစထဲကပဲ...."
"မင်းပြောသလိုဆို..ရဲရင့်သွေးက
မိုးသောက်ယံဆိုတဲ့လူကြောင့်သူနဲ့စက်ရဲ့မင်္ဂလာပွဲ
ပျက်ခဲ့ရတာကြောင့် မိုးသောက်ယံကိုအငြိုးထားခဲ့တာပဲ..."
"အတိအကျပေါ့ ပိုဆိုးသွားတာက
မိုးသောက်ယံက ၅နှစ်အကြာမှာစက်ရဲ့သတို့သား
ဖြစ်လာခဲ့တာကြောင့်ပဲ...စက်က ယောကျာ်းနှစ်ယောက်ရဲ့
မလိုမုန်းတီးမူ့တွေကနေအစပြုခဲ့တဲ့ရန်ငြိုးတွေကြားမှာ
ဓားစာခံဖြစ်ခဲ့ရတာပဲ...မိုးသောက်ယံနဲ့
ရဲရင့်သွေးရဲအမူ့ကတစ်ကယ့်ကိုဟိုးလေးကျော်ကျော်
ဖြစ်သွားခဲ့တာ...စက်ကတော့ယောကျာ်းနှစ်ယောက်ရဲ့
ဘဝကိုဖျက်ခဲ့တဲ့စုန်းမတစ်ယောက်လိုမျိုး
ပြောဆိုတိုက်ခိုက်ခံရမူ့တွေကြားမှာ ခေါင်းမဖော်နိုင်အောင်
ဖြစ်ခဲ့ရရင်းနောက်ဆုံးဒီအခြေအနေထိရောက်ခဲ့ရတဲ့အထိပါပဲ.."
"အဲ့ဒါကြောင့် စက်က လက်ထပ်ပွဲဆိုတဲ့အရာကို
အရမ်းကြောက်နေခဲ့တာလား..."
"ဘယ်လိုမိန်းကလေးမျိုးကဒီလောက်ထိဆိုးရွားတဲ့
အခြေနေတွေကြားမှာပြန်ပြီးရပ်တည်ဖို့အားတင်းနိုင်မှာလဲ
စက်လိုစိတ်မာတဲ့မိန်းကလေးတောင်မတတ်နိုင်ခဲ့ပါဘူး..."
"မင်း ဒီမနက် ကျွန်တော့်ကိုခေါ်ပြီး
စက်ရဲ့အကြောင်းတွေကို ပြောပြပေးခဲ့တာ
ဘာကြောင့်များလဲ..."
သွယ်ဝိုက်ခြင်းမရှိမျက်နှာချင်းဆိုင်မေးလိုက်တဲ့အမေး....။
"မနေ့က ပါတီပွဲမှာဖြစ်ခဲ့သမျှအကြောင်းတွေကို
ကျွန်မစက်ဆီကနေကြားခဲ့ပြီးပါပြီ...
ရှင်စက်ကိုတွေ့ရဖို့အတွက်အဲ့ဒီနေရာကို
တမင်သက်သက်သွားခဲ့တာမဟုတ်လား..."
"ကျွန်တော်ဖြေဖို့လိုသေးလို့လား..."
"ရှင် စက်ကိုဘယ်လောက်ထိစိတ်ဝင်စားလဲ..."
"မေးခွန်းပြောင်းပေးပါ.."
"ရှင်..."
"ဘယ်လောက်ထိအလေးအနက်ထားလဲလို့မေးမှ
မှန်မှာလေ.."
ပြောရင်းကော်ဖီခွက်ကိုမယူလျက်နူတ်ခမ်းဖျားနှင့်
တေ့သည်။
ယူရီထိုပုံစံကိုကြည့်ပြီးသဘောကျသလိုပြုံးလိုက်သည်။
"ကျွန်မရှင့်ကိုပွင့်ပွင့်လင်းလင်းပဲပြောပါ့မယ်
စက်ကကျွန်မအတွက် သူငယ်ချင်းဆိုတာထက်ပိုပါတယ်
သူကကျွန်မရဲ့ညီမလေးတစ်ယောက်လိုပါပဲ...
စက်ရဲ့ရင်ထဲကစိတ်ဒဏ်ရာတွေက ခဏလေးနဲ့
ပျောက်ကွယ်သွားနိုင်တဲ့အရာတွေမဟုတ်ဘူး..
တစ်ကယ်လို့ရှင့်မှာယုံကြည်ချက်မရှိဘူးဆိုရင်
စက်ကိုစိတ်အနှောင့်မယှက်ထပ်မပေးဘဲ ဒီလောက်နဲ့ပဲ
ပါရီကိုပြန်ဖို့တောင်းဆိုချင်တယ်..."
"အကယ်၍ ကျွန်တော့်မှာယုံကြည်ချက်ရှိတယ်ဆိုရင်ရော.."
မျက်လုံးချင်းဆုံကြည့်ပြီးအေးဆေးစွာမေးခွန်းထုတ်လာပုံက
အရှိန်အဝါတစ်မျိုးဖြန့်ကျက်နေ၏...
ယူရီအသက်ကိုခပ်ပြင်းပြင်းတစ်ချက်ရူသွင်းပြီး
ထိုမျက်ဝန်းတွေကိုတန်ပြန်ကြည့်လိုက်သည်။
"အကယ်၍ ရှင်နောက်မဆုတ်ဘူးလို့ဆုံးဖြတ်ထားရင်...."
"သံသရာစက်ကိုကျွန်တော်လိုချင်တယ်..."
"ဟင်..."
သူ့ရဲ့စကားမဆုံးခင် ဖြတ်ပြောလာတဲ့စကားကြောင့်
သူမအာမေဋိတ်သံနှင့်အတူစကားစပြတ်သွားရသည်။
မျက်နှာချင်းဆိုင်ကခန့်ညားတဲ့ပုံရိပ်ကတော့
တိကျပြတ်သားတဲ့မျက်ဝန်းအကြည့်တွေဖြင့်....
"ကျွန်တော်သိခဲ့ဖူးတဲ့သံသရာစက်...အဲ့ဒီ့်မိန်းကလေးကို
ကျွန်တော်ပြန်လိုချင်တယ်....မင်းသိလား
ကျွန်တော်ဒီကိုစရောက်လာထဲကပြန်မပြင်နိုင်တဲ့
ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပြီးသား...."
"..........."
"စက်...သူကကျွန်တော့်ရဲ့မိန်းကလေးဖြစ်ကို
ဖြစ်လာစေရမယ်....အဲ့ဒါကျွန်တော့်ရဲ့ယုံကြည်ချက်ပဲ..."
~~~~~~~~~~~~~~~~~❤❤❤
"စက်...ဘယ်လဲ..."
အနွေးထည်လေးဝတ်ပြီးတံခါးဝမှာ
ဖိနပ်စီးနေတဲ့စက်ကို ယူရီကလှမ်းမေးသည်။
"ခဏ..လမ်းလျောက်ထွက်မလို့....."
"နေလည်းသိပ်ကောင်းတာမဟုတ်ဘဲနဲ့ အပြင်မထွက်နဲ့လေ.."
"ခဏလေးပါ..ငါအိမ်ထဲမှာပဲတနေကုန်နေနေရတာ
ငြီးစီစီဖြစ်နေလို့....."
ဆက်ပြီးတားဖို့ပြင်လိုက်တဲ့စကားလုံးတွေက
မကြည်လင်တဲ့မျက်နှာနွမ်းနွမ်းလေးကိုကြည့်ပြီး
ယူရီဘာမှပြောမထွက်တော့...
"အပြင်မှာအကြာကြီးမနေနဲ့နော်...လေအေးတွေ
တိုက်နေတာပြန်ဖျားနေမယ်..."
"အင်း..ပါပါးဆီကဖုန်းလာရင်
ငါအိပ်နေတယ်လို့ပြောလိုက်နော်...."
"အေးပါ..."
အစကကစားကွင်းဘက်ကိုလမ်းလျောက်ဖို့
ခြေလှမ်းပြင်ပြီးမှ တစ်ခုခုကိုသတိရမိတာကြောင့် စက်
စတိုးဆိုင်ကိုအရင်သွားကာရေခဲချောင်းတွေဝယ်လိုက်သည်။
ဒီနေ့ကကျောင်းပိတ်ရက်မို့ ဒီအချိန်ကစားကွင်းကို
သွားရင်ကလေးတွေရှိနေလောက်တယ်။
စက်က ဒီလိုပဲကစားကွင်းက,ကလေးတွေကို
ကြုံရင်ကြုံသလိုမုန့်ဝယ်ကျွေးနေကြဖြစ်သည်။
ျရေခဲချောင်းထုပ်လေးကိုင်ပြီး စက်
ကစားကွင်းဘက်လျောက်ခဲ့တော့
ထင်တဲ့အတိုင်း ကလေးတွေဆော့ကစားနေတာကို
မြင်လိုက်ရသည်။
သူတို့က ဒီအနီးအပါးတိုက်ခန်းတွေဆီက
ကလေးတွေပဲဖြစ်သည်။
"ဟေးး..."
စက် လှမ်းခေါ်လိုက်တော့ စက်နဲ့အတော်အတန်
ရင်းနှီးနေပြီဖြစ်တဲ့ကလေးတွေကစက်ဆီပြေးလာသည်။
"ဒီမှာမမ မင်းတို့အတွက်ရေခဲချောင်းတွေဝယ်လာတယ်..
ရော့...တစ်ယောက်တစ်ခုယူ..."
၇,၈ယောက်လောက်ရှိမဲ့ကလေးတစ်အုပ်က
ချက်ချင်းပင်စက်အနားမှာဝိုင်းသွားကြသည်။
စက် အိတ်ထဲကရေခဲချောင်းတွေကိုထုတ်ပြီး
ကလေးတွေကိုတစ်ယောက်တစ်ခုဝေပေးနေချိန်မှာပဲ
ကလေးလက်မဟုတ်တဲ့လက်ဖဝါးကြီးကြီးတစ်ခုက
စက် မျက်နှာရှေ့ဖြန့်ရောက်လာခဲ့၏...
"ဟင်..."
စက် ဖျတ်ခနဲခေါင်းမော့ကြည့်လိုက်တော့မြင်လိုက်ရတာက
သူ...
"ကျေးဇူးတင်ပါတယ် မမစက်..."
ခေါင်းလေးတွေကိုယ်စီညွတ်ကာပြောပြီးကလေးတွေက
စက်အနားကနေသူတို့ဆော့နေတဲ့နေရာဆီပြန်ပြေး
သွားကြသည်။
"ကျွန်တော့်ကိုလည်းတစ်ခုပေးပါ.."
ဖြန့်ထားတဲ့လက်ဖဝါးကိုပြန်မရုတ်သေးဘဲ
သူကပြောလာတော့ စက်ယောင်နနနဲ့
လက်ထဲကအိတ်ကိုပြန်ငုံ့ကြည့်လိုက်ပြီး
အထဲမှာတစ်ခုကျန်နေတဲ့ ရေခဲချောင်းကို
ထုတ်ယူလိုက်မိပြီး.....
"မရှိတော့ဘူး...ငါ့အတွက်ပဲရှိတော့တယ်..."
"ဒါဆို အတူစားမယ်လေ..."
"ဟင်..မဟုတ် "
စက်ရဲ့တားမြစ်သံလေးမဆုံးလိုက်
လက်မြန်ခြေမြန်နဲ့ စက်ရဲ့လက်ထဲကရေခဲချောင်းကို
ဆွဲယူလိုက်တဲ့သူက အိတ်ကိုပင်ဖောက်လိုက်ပြီဖြစ်၏..။
"အနီရောင်လေးပဲ..ဘာအရသာလဲ..."
"စတော်ဘယ်ရီ...."
သူ့အမေးကိုဖြေလိုက်ရင်း စက်ရဲ့မျက်ဝန်းတွေက
စတော်ဘယ်ရီအရောင်နဲ့အပြိုင်နီစွေးနေတဲ့သူ့ရဲ့
နူတ်ခမ်းအစုံကိုကြည့်လိုက်မိတဲ့အခါ...နူတ်ခမ်းလေး
အလိုလိုဖိပိတ်မိသည်။
"နေမကောင်းတဲ့လူက အေးတဲ့အစားအစာတွေ
စားလို့မရဘူးဆိုတာမသိဘူးလား..."
"ငါနေမကောင်းတာ..နင်ဘယ်လိုသိလဲ..."
"မသိဘူးလား ကျွန်တော်က sixth-senseရနေတာ
အဟွန်း...."
ကိုယ့်အဖြေကိုယ်သဘောကျသလိုသူကရယ်သည်။
"ဟိုဒန်းပေါ်မှာခဏထိုင်ကြမလား..."
ခပ်လှမ်းလှမ်းက စီးဒန်းလေးကိုသူက
မေးဆတ်ညွှန်ပြပြီးအရင်လျောက်သွားတော့
စက် အနောက်ကနေအလိုလိုလိုက်သွားမိခဲ့သည်။
နှစ်ယောက်သားစီးဒန်းလေးရဲ့အစွန်နှစ်ဖက်မှာ
တစ်ဖက်ဆီနေရာယူမိမှ သူကစက်ကိုငဲ့ကြည့်လိုက်ရင်း..
"စားမလား..."
လက်ထဲကရေခဲချောင်းကိုထိုးပေးပြီးမေးသည်။
စက်သူ့ကိုကြည့်ပြီးခေါင်းခါလိုက်၏...။
"ငါဘယ်သွားသွား...ဘာလို့နင်ကအမြဲတမ်း
ငါ့ဘေးမှာပေါ်ပေါ်လာရတာလဲ..."
"ဘာလို့လဲ..မင်းသဘောမကျလို့လား..."
ရေခဲချောင်းအစားမပြတ်ဘဲ ပြန်ပြောလာပြန်၏..
စက်သူ့ကိုကြည့်ပြီးနူတ်ခမ်းအစုံကပြုံးယောင်
သမ်းသွားခဲ့ရရင်း.....
"မနေ့က....ကျေးဇူးတင်ပါတယ်..."
"ဘာအတွက်ကျေးဇူးတင်တာလဲ..မင်းကိုရေထဲက
ကယ်ခဲ့လို့လား..ဒါမှမဟုတ်မင်းကိုဖက်ထားပေးခဲ့လို့လား..."
သူ့မေးခွန်းကြောင့် စက်မျက်နှာလေးအနည်းငယ်
ပူနွေးသွားရပေမဲ့ ကြည်လင်နေတဲ့သူ့အပြုံးကြောင့်
အနေခက်သလိုတော့မဖြစ်ခဲ့တာအံ့ဩဖို့ကောင်း၏။
"demon..."
စက် သူ့နာမည်ကိုခေါ်လိုက်မိတော့သူကစက်ကို
အသေအချာလှည့်ကြည့်လာသည်။
စက် လေတိုးတာကြောင့်မျက်နှာပေါ်ဝဲဝဲကျနေတဲ့
ဆံပင်တွေကိုနားရွက်နောက်သို့ပြန်သိမ်းညှပ်လိုက်ရင်း...
"တစ်ကယ်တော့ငါနင့်ကိုပြောစရာတွေအများကြီးရှိနေတယ်
ဒါပေမဲ့ ငါဘယ်ကစပြောရမယ်ဆိုတာလည်းမသိဘူး
ပြီးတော့ ငါနင့်ကိုအရာအားလုံးပြောပြနိုင်ပါ့မလား
ဆိုတာလည်း ကိုယ့်ကိုကိုယ်မသေချာဘူး...."
"စိတ်ရူပ်မခံပါနဲ့...."
"ဟင်!!..."
"ဒီအတိုင်း အများကြီးမတွေးဘဲကျွန်တော့်ကို
ပြန်ကြိုက်ပေးလို့မရဘူးလား..."
ချက်ချင်းပင်တည်ကြည်သွားတဲ့မျက်ဝန်းတွေနဲ့ဆိုလာတဲ့
သူ့ကိုကြည့်ပြီး စက်မျက်ဝန်းအစုံကငေးခနဲ
ဖြစ်သွားရသည်။
"မင်းရဲ့အတိတ်မှာဘယ်လိုအကြောင်းအရာတွေပဲ
ရှိခဲ့ရှိခဲ့ကျွန်တော်ဂရုမစိုက်ဘူး စက်
ကျွန်တော်မင်းကိုပြောခဲ့တယ်မဟုတ်လား
ကျွန်တော့်အတွက် မင်းကလွန်ခဲ့တဲ့၇နှစ်ကအတိုင်း
ပြောင်းလဲသွားတာဘာမှမရှိဘူး...အဲ့ဒါကြောင့်
ဒီအတိုင်း ခေါင်းထဲမှာဘာကိုမှမတွေးဘဲ
ကျွန်တော့်ကိုပြန်ကြိုက်ပေးလို့မရဘူးလား...."
အခါများစွာကလိုပဲ လေးလေးနက်နက်ရှိလွန်းနေတဲ့
သူ့ရဲ့အပြောအောက်မှာ စက် စကားလုံးတွေကင်းမဲ့
သွားခဲ့ရပြန်၏...
တစ်ချိန်တည်းနောက်တစ်ကြိမ်လေအတိုးမှာ
မျက်နှာပေါ်ပြန်ပြီးဝဲကျလာတဲ့ဆံပင်တွေကို
သပ်ဖယ်ဖို့ပင်သတိမရနိုင်ဖြစ်သွားတော့
လက်ထဲကစားလက်စရေခဲချောင်းကိုပစ်ထုတ်ပြီး
ထရပ်လာတဲ့သူက လက်မှာပတ်ထားတဲ့
အနက်ရောင်လက်ပတ်ကွင်းလေးကိုဖြုတ်ယူလျက်
စက်ရှိရာကိုခါးညွတ်မိုးကျလာ၏...
"မင်းဆံပင်တွေဖြန့်ထားတာကိုကျွန်တော်သဘောကျပေမဲ့
အဲ့ဒီ့ဆံပင် မင်းမျက်နှာကိုကွယ်နေတာကိုတော့
သဘောမက်ဘူး......."
စက်ရဲ့ဆံပင်တွေကို သူ့ရဲ့လက်ပတ်ကွင်းနဲ့စုချည်ပေးနေရင်း
ပြောလာခဲ့တဲ့စကားသံ....။
စက်ခေါင်းလေးမရဲတရဲမော့ကြည့်လိုက်ချိန်မှာ
အပြုံးချိုချိုနဲ့နတ်ဆိုးလေးက စက်ကိုရွမ်းရွမ်းစားစား
ငုံ့မိုးကြည့်နေခဲ့တာလေ။
ဗရမ်းဗတာပဲစည်းချက်မကျတဲ့စက်ရဲ့ရင်ခုန်သံတွေ
ကတိမ်းကပါးဖြစ်ကုန်ရချိန်မှာပဲ...စက်ထံမှ
အကြည့်မလွှဲဘဲ ပြောလာတဲ့စကားက...
"မြန်မာလူမျိုးမိန်းကလေးတွေက သူတို့ထက်ငယ်တဲ့
ချစ်သူကို ဘယ်လို nick-nameမျိုးနဲ့
ခေါ်ကြလဲ...." တဲ့.....။
တစ်ကယ်...စက်သူ့ရဲ့မေးခွန်းကိုဘယ်လိုမျိူး
အဖြေပေးရပါ့မလဲ...။??
~~~~~~~~~~~~~~~~🍓🍓🍓
ဆက်ရန်^^^^^
#Hazel