book

Index 11

Chapter(11)

💕 My lovely demon 💕

                             ``အချစ်နတ်ဆိုးလေး´´


~~~~~~~~~~~


"အင်းး...ဟင်းး..."


ငြီးငြူသံခပ်သဲ့သဲ့နှင့်အတူ အိပ်ရာဟုထင်ရသည့်

နူးညံ့တဲ့နေရာတစ်ခုပေါ်ရှိနေသည့် စက်ကိုယ်လေး

လူးလွန့်သွားလျက် မျက်ဝန်းတွေကိုခပ်ဖြေးဖြေး

ဖွင့်ကြည့်လိုက်ချိန်မှာ မြင်လိုက်ရတဲ့

စိုးရိမ်တကြီး မျက်နှာတစ်ခု....


"စက် သမီးလေး သတိရလာပြီလား..."


"ပါပါး..."


"တော်သေးတာပေါ့ သမီးရယ်

ပါပါးစိတ်ပူလိုက်ရတာ..."


စိတ်အေးသလိုဆိုရင်း အိပ်ရာကနေအားယူ

ထထိုင်လိုက်တဲ့စက်ကို ပါပါးကပွေ့ဖက်သည်။


ထိုအချိန် အခန်းတံခါးပွင့်သွားပြီး

အခန်းထဲကိုအန်ကယ်ဂျိူးလှမ်းဝင်လာ၏...


"မမလေးသတိရနေပြီလား...."


"စက် ဒီကိုဘယ်လိုဖြစ်ပြီးရောက်နေတာလဲ..."


"လွန်ခဲ့တဲ့၁နာရီလောက်က....

သမီးရေကူးကန်ထဲပြုတ်ကျသွားခဲ့တာလေ

မမှတ်မိတော့ဘူးလား..."


စက်ကိုပွေ့ဖက်ထားရာကပြန်လွှတ်ပြီး

ရေမခြောက်သေးတဲ့ဆံပင်တွေကို

ဖွဖွပွတ်သပ်ပေးကာ မေးလာတဲ့ပါပါးကြောင့်

စက် ခေါင်းလေးငြိမ့်လိုက်မိရင်း....


"စက် မှတ်မိပါတယ် စက် ဧည့်ခံပွဲထဲပြန်လာဖို့

ပြင်နေတဲ့အချိန်မှာတစ်ယောက်ယောက်

တစ်ယောက်ယောက်က စက်ကို အနောက်ကနေ

ရေထဲတွန်းချလိုက်တာ..."


"ဟေ..."


"ဘယ်လို..."


စက်ရဲ့စကားကြောင့် ပါပါးရော

အန်ကယ်ဂျိူးရော တအံ့တဩဖြစ်ကုန်ကြ၏....


"တစ်ယောက်ယောက်က သမီးကိုတွန်းချတယ်

ဒါဆိုသမီးရေထဲကိုပြုတ်ကျတာ မတော်တဆမဟုတ်ဘူးပေါ့..."


စက် ခေါင်းယမ်းပြလိုက်တော့

ပါပါးနဲ့အန်ကယ်ဂျိုးကတစ်ယောက်မျက်နှာ

တစ်ယောက်ကြည့်ကုန်ကြ၏....


"မဟုတ်ဘူး မိန်းမတစ်ယောက်ကစက်ကို

တွန်းချလိုက်တာ.. စက် ရေထဲကနေသူ့ကို

ဝိုးတဝါးမြင်လိုက်ရတယ် ပြီးတော့..."


ပြောနေရင်းမှ စက်တစ်စုံတစ်ခုကိုသတိရသွားသလို

စက်ရဲ့မျက်ဝန်းလေးတွေက လက်ခနဲဖြစ်သွားရင်း...


"စက်ကိုရေထဲကကယ်ခဲ့တာဘယ်သူလဲဟင်...."


" သူဌေးကမမလေးကို နောက်တစ်ခေါက်ထပ်ပြီး

သွားကြည့်ခိုင်းလို့ ကျွန်တော်အဲ့ဒီ့ကိုတစ်ခေါက်

ထပ်လာခဲ့တာပါ...ဒါပေမဲ့ကျွန်တော်ရောက်သွားတော့

ရေကူးကန်ဘောင်ပေါ်မှာ သတိလစ်နေတဲ့

မမလေးကို သတိပြန်ရဖို့ကြိုးစားနေတဲ့လူငယ်လေး

တစ်ယောက်ကိုမြင်လိုက်ရတယ်.."


"လူငယ်လေးတစ်ယောက်..."


အန်ကယ့်ရဲ့စကားကိုသံယောင်လိုက်ပြီး

စက်ရဲ့မျက်ဝန်းလေးတွေကမတည်မငြိမ်

ယောက်ယတ်ခတ်သွားခဲ့ရ၏...


"ကျွန်တော်ချက်ချင်းပဲ အဲ့ဒီလူငယ်လေးရဲ့

အကူအညီနဲ့ မမလေးကိုစံအိမ်ထဲခေါ်လာပြီး

ဧည့်ခံပွဲထဲမှာလဲရုတ်ရုတ်သဲသဲမဖြစ်သွားအောင်

သူဌေးတိတ်တဆိတ်နဲ့ချက်ချင်းအကြောင်းကြားခဲ့တာပါ..."


"အဲ့.အဲ့ဒီလူကဘယ်သူလဲဟင်..."


စက် စိတ်လူပ်ရှားစွာပဲမေးလိုက်မိတာက

ရေထဲမှာသတိလစ်မသွားခင် ထင်ထင်ရှားရှား

မြင်လိုက်ရတဲ့မျက်နှာတစ်ခုကြောင့်သာ...


သို့ပေမဲ့ စက် ဘာမှပြန်မဖြေရသေးခင်

ပါပါးတို့အသက်အရွယ်လူကြီးတစ်ယောက်နှင့်

အသက်၂၀ကျော်အရွယ်လူငယ်လေးတစ်ယောက်က

စက်တို့ရှိနေတဲ့ အခန်းကျယ်ကြီးထဲ လှမ်းဝင်လာခဲ့၏...


"သူဌေး..."


ထိုသူတွေကိုမြင်တာနှင့် ပါပါးကစက်ဘေးကနေ

ထရပ်သွားသည်။


"သမီးလေး သတိရလာပြီပဲ နေရတာ

သက်သာရဲ့လား..."


စက်ကိုကြည့်ပြီး တရင်းတနှီးမေးလာတဲ့ထိုလူကြီးကို

စက် ယောင်နနနဲ့ပဲခေါင်းလေးငြိမ့်ပြမိလျက်

ပါပါးကို ကြည့်လိုက်တော့ စက်နားမလည်နိုင်

ဖြစ်နေတာကို ပါပါးကလဲရိပ်မိသည်ထင်၏...


"စက်...ဒါက ပါပါးရဲ့လုပ်ငန်းပါတနာ

ဦးကောင်းမြတ် ဒီဘက်ကတော့သူ့ရဲ့သား

ကိုးလ်..."


"ဪ ဟုတ် တွေ့ရတာဝမ်းသာပါတယ်..."


နူတ်ကလဲပြောလျက်အသိအမှတ်ပြုသလို

ခေါင်းညွတ်လိုက်ပေမဲ့ ဒီအချိန်ကြီးမှာ

ပါတနာနဲ့မိတ်ဆက်ပေးနေတဲ့အဖေဖြစ်သူကြောင့်

စက်ပိုပြီး ရူပ်ထွေးသွားရစဉ်မှာပဲ ပါပါးဆက်ပြောလာတာက..


"ဒီနေ့ သမီးကို ရေထဲကယ်ခဲ့တဲ့သူက

ဦးကောင်းမြတ်တို့နဲ့အတူပါလာတဲ့ ဒီဘက်က

မောင်ရင်လေးကိုးလ်ရဲ့သူငယ်ချင်းပဲ..."


"ရှင်!!"


"ဟုတ်ပါတယ် ကျွန်တော့်သားရဲ့သူငယ်ချင်းက

ပြင်သစ်ကနေလာခဲ့တာလေ ဒီကိုရောက်တာ

သိပ်မကြာသေးဘူး သိပ်ပြီးဒီကနေထိုင်မူ့ပုံစံနဲ့လဲ

အကျွမ်းတဝင်မရှိသေးတော့ပျင်းနေတာ အဲဒါနဲ့

ကျွန်တော်လဲဒီနေ့ပွဲကို သားနဲ့အတူသူ့ကိုပါ

ခေါ်လာခဲ့တာပါ..."


"တစ်ကယ့်ကိုကံကောင်းတာပါပဲဗျာ...အဲ့ဒီ့ကလေးနဲ့သာ

မတွေ့ခဲ့ဘူးဆိုရင် ကျွန်တော့်သမီးလေး

တစ်ခုခုဖြစ်သွားနိုင်တယ်..ဒါနဲ့ အဲ့ဒီလူငယ်လေးရောဗျ..."


"ရှိပါတယ် သူအပြင်မှာပါ....demon..."


ပြောနေရင်း တံခါးဝဆီသို့လှည့်ကြည့်လျက်

နာမည်တစ်ခုကိုခေါ်လိုက်တဲ့ ဦးကောင်းမြတ်ကြောင့်

စက် ပခုံးလေးမတ်ခနဲဖြစ်သွားရ၏...


တခဏအတွင်းမှာပဲ အခန်းဝကနေနောက်ထပ်

လှမ်းဝင်လာတဲ့မြင့်မားတဲ့ပုံရိပ်တစ်ခု...


ကြယ်သီးအစုံတပ်မထားတဲ့ရှပ်အင်္ကျီကို

လက်နှစ်ဖက်အားဖြစ်သလိုခေါက်တင်ထားတာတောင်

ခန့်ညားမူ့တွေစိုးစိမျှလျော့မသွားတဲ့ ထိုပုံရိပ်က...


"demon..."


အပြင်သို့အသံမထွက်လာပဲ နူတ်ခမ်းဖျားလေး

လူပ်ခတ်သွားရုံသာ စက်ခေါ်လိုက်မိ၏....


ရေထဲမှာသတိမလစ်ခင် စက် ထင်ယောင်ထင်မှား

ဖြစ်တာမဟုတ်ဘူးပဲ သူစက်ဆီကို တစ်ကယ်

ရောက်လာတာပဲ....


"အန်ကယ့်သမီးလေးကိုကယ်ခဲ့တဲ့အတွက်

ကျေးဇူးတင်ပါတယ်မောင်ရင်...."


သူ့ကိုတစ်ချက်ပွေဖက်ရင်း ပါပါးက

လိူက်လိူက်လှဲလှဲကျေးဇူးတင်စကားဆိုလိုက်သည်အထိ

စက် မျက်လုံးအကြောင်သားနဲ့ထိုမြင်ကွင်းကို

ငေးကြည့်နေမိတုန်းပဲ....


ဘုရားရေ!!လောကကြီးကတစ်ကယ်ပဲ

ဘာတွေဖြစ်ကုန်တာလဲ??


"တွေ့ရတာဝမ်းသာပါတယ် အန်ကယ်က

ဦးဘုန်းဝဠာပါ..."


"ကျွန်တော့်နာမည်က နေသက္ကရာဇ်ပါ..."


ကြည့်ဦး...သူက စက်အတွက်သူ့ကိုယ်သူ

ပေးထားတယ်ဆိုတဲ့နာမည်နဲ့ စက်ရဲ့အဖေကို

မိတ်ဆက်နေတာ...


မဟုတ်မှလွဲရော သူဒီနေရာမှာစက်နဲ့သူနဲ့အစထဲက

သိနေတယ်ဆိုတဲ့အကြောင်းကို ဖွင့်ပြောမှာတော့

့မဟုတ်ပါဘူးနော်...


စက် အတွးနဲ့ထိတ်လန့်မိသွားရပေမဲ့ သူကတော့

စက်ဆီကို အပြုံးနဲ့သာအကြည့်တစ်ချက်ပို့လွှတ်ပြီး

ချက်ချင်းမျက်နှာပြန်လွှဲသွားသည်။


"စက်ကပြောတယ် သူရေထဲကိုပြုတ်ကျတာ

မတော်တဆမဟုတ်ပဲ တစ်ယောက်ယောက်က

သူ့ကိုတွန်းချခဲ့တာတဲ့ ဒါပေမဲ့

ရေကူးကန်ဘက်မှာCCTVမရှိတော့

အန်ကယ်တို့ပြန်ကြည့်လို့မရဘူးဖြစ်နေတယ်

အဲ့ဒါကြောင် မောင်ရင် အန်ကယ့်သမီး

ရေထဲကျနေတာကိုတွေ့တုန်းက အဲ့ဒီ့နားမှာ

တစ်ယောက်ယောက်ကိုများမြင်ခဲ့မိသေးလား...


ဒီတစ်ခါပါပါးရဲ့အမေးက အခန်းထဲမှာရှိနေကြတဲ့

လူအကုန်လုံးကို စိတ်ဝင်စားသွားစေကာ

အားလုံးရဲ့အကြည့်တွေက သူ့ဆီစုပြုံသွားခဲ့ကြ၏...


စက်ကိုယ်တိုင်လဲ သိလိုစိတ်နဲ့သူ့ကို

စူးစူးစိုက်စိုက်လေးကြည့်နေမိသည်။


သူကတော့တည်ငြိမ်စွာနဲ့ပဲနောက်တစ်ကြိမ်

အကြည့်တွေက စက်ထံဝေ့ဝဲလာခဲ့ပြီး....


"ကျွန်တော် မြင်လိုက်တယ်...."


သူ့အဖြေကြောင့် စက်အပါအဝင်

အားလုံးလူပ်လူပ်ရှားရှားဖြစ်သွားချိန်မှာပဲ

သူဆက်ပြောလာခဲ့တဲ့စကားက....


"အဲ့ဒီ့လူက အခု ဧည့်ခံပွဲထဲမှာရှိနေပါတယ်..."


~~~~~~~~~~~~~~~🔥🔥🔥


"............."


မီးရောင်စုံတွေဖြင့်ခမ်းခမ်းနားနားသက်ဝင်နေဆဲ

ဖြစ်သောမွေးနေ့ပါတီကြီးထဲ တီးလုံးသံတွေတိခနဲ

တိတ်ကြသွားတဲ့အခါ အားလုံးရဲ့

အာရုံတွေကတနေရာထဲမှာ

စုပြုံကျသွားခဲ့၏.....


အားလုံးမြင်လိုက်ရတာက....

ေးယာကျာ်းတစ်ယောက် တည်ငြိမ်စမတ်ကျတဲ့

ခြေလှမ်းတွေဖြင့် ပွဲထဲကိုလှမ်းဝင်လာတဲ့

ခန့်ညားချောမောလှတဲ့ယောကျာ်းပျိုတစ်ယောက်...


အနောက်တိုင်းဝတ်စုံပြည့်နှင့်ကျော့မော့

စမတ်ကျနေတာမျိုးမဟုတ်ပဲပွဲထဲကတခြားယောကျာ်း

တွေနဲ့ခြားနားစွာပဲအလွန်တရာကြည့်ကောင်းနေတဲ့ပုံရိပ်...


"သူကဘယ်သူလဲ မာမီ...."


"မာမီလဲမသိဘူး သီချင်းသံက

သူပိတ်လိုက်တာလား..."


အားလုံးနည်း ထိုယောကျာ်းပျိုဆီ

အာရုံတွေစုစည်းသွားတဲ့,, ပါတီပွဲတက်

သူဌေးကတော်တွေရဲ့စကားဝိုင်းထဲမှာ

ကန့်လန့်ကန့်လန့်နဲ့ရှိနေသည့်

ဒေါ်ဟန်နီခင်နဲ့နှင်းဆီသွေးကလဲ နှစ်ကိုယ်တည်းကြားရုံ

ခပ်ကြိတ်ကြိတ်ပြောလိုက်ကြသည်။


ထိုအချိန်အားလုံးထပ်မြင်လိုက်ရတာက

သမီးဖြစ်သူကိုဖေးမတွဲပြီး ထိုယောကျာ်းပျိုရဲ့

အနောက်ကနေပါလာတဲ့ ဦးဘုန်းဝဠာ...


သိပ်မကြာခင်က ငွေရောင်နတ်သမီးလေးအဖြစ်

ပွဲထဲကလူတွေအားလုံးကိုဖမ်းစားခဲ့တဲ့ စက်ရဲ့

ပုံစံလေးက ခုချိန်မှာ ကပိုကရိုစည်းနှောင်ထားတဲ့

ဆံပင်တွေ ခြေမျက်စိထိပုံကျနေတဲ့အဖြူရောင်

အိမ်နေရင်းဂါဝန်လေးနဲ့အတူ ဖြူဖျော့နေခဲ့သည်။


စက်တို့သားအဖနောက်မှာတော့ အန်ကယ်ဂျိုးနဲ့

ဦးကောင်းမြတ်တို့သားအဖကလိုက်ပါလာခဲ့၏...


အားလုံးကရုတ်တရပ်မြင်နေရတဲ့မြင်ကွင်းကို

နားမလည်နိုင်သလို တီးတိုးသံတွေ

လျံထွက်လာချိန်မှာ သူ့ရဲ့ခြေလှမ်းတွေက

ဒေါ်ဟန်နီခင်နဲ့ နှင်းဆီသွေးရဲ့အနီးမှာ

ရပ်တန့်သွားခဲ့တာကို စက်မြင်လိုက်ရသည်။


စက်ရင်ထဲထိတ်ခနဲဖြစ်သွားရသလိုပဲ

ခြေလှမ်းတွေတုံ့ခနဲရပ်သွားတဲ့ ပါပါးရဲ့

မျက်နှာကလဲအကြီးအကျယ်ပျက်စင်းသွားခဲ့၏...


ထိုအချိန်ခပ်ဖြေးဖြေးမြောက်တက်လာတဲ့

သူ့ရဲ့လက်ညိုးက ထိုအထဲက

တစ်စုံတစ်ယောက်ဆီဦးတည်သွားခဲ့ပြီး....


"သူပဲ...."


".........."


"ကျွန်တော်မြင်လိုက်ရတဲ့ သံသရာစက်ကို

ရေထဲတွန်းချလိုက်တဲ့ အမျိုးသမီးက သူပါ..."


"ဟင်!!"


"ဟာ!!"


"အို!!"


အာမေဋိတ်သံမျိုးစုံက အနီးအပါးမှာ

ဆိုးဆိုးရွားရွားပျံ့လွင့်သွားသည်။


စက်ကိုယ်တိုင်လဲမယုံကြည်နိုင်ခြင်းများနှင့်

ပါပါးကိုကြည့်လိုက်မိတော့ ပါပါးမှာလဲ စက်လိုပင်...


သူလက်ညိုးညွှန်ရာအရပ်မှာရှိနေသည့်

စိန်ရောင်တလက်လက်နှင့်အမျိူးသမီးကတော့

စူးစူးဝါးဝါးမျက်ဝန်းတွေနှင့် စက်ကိုကြည့်နေခဲ့သည်။


"အန်တီဝင်မီဇော်..."


စက် နူတ်ကခေါ်သံတစ်ခုကတုန်ယင်စွာ

ထွက်ပေါ်သွားခဲ့၏...


"ဝင်မီ..."


ထိုအချိန်ခေါ်သံနဲ့အတူ လူတစ်ယောက်က

ထိုအမျိူးသမီးဘေးကိုအပြေးရောက်လာပြီး

နားမလည်နိုင်သလိုမျက်ဝန်းတွေဖြင့်

ပါပါးနဲ့ စက်ဆီကိုကြည့်လာခဲ့၏...


"ဘာတွေဖြစ်နေတာလဲ ကိုဘုန်း..."


ထိုမေးခွန်းကြောင့် ပါပါးရဲ့မျက်နှာက

ချက်ချင်းပင်တင်းမာခတ်ထန်သွားခဲ့ပြီး.....


"အဲ့ဒီ့မေးခွန်းကို ခင်ဗျားရဲ့မိန်းမကို

မေးတာပိုပြီးကောင်းလိမ့်မယ် ကိုထွန်းတောက်

ခင်ဗျားမိန်းမက လွန်ခဲ့တဲ့တစ်နာရီလောက်က

ကျွန်တော့်သမီးကိုရေကန်ထဲတွန်းချခဲ့တယ်.."


"ဗျာ...."


မယုံနိုင်သလိုအာမေဋိတ်သံနှင့်

မျက်နှာအကြီးအကျယ်ပျက်ယွင်းသွားတဲ့

ဦးထွန်းတောက်က ဇနီးဖြစ်သူကိုထိတ်လန့်စွာကြည့်၏...


"ဒါအမှန်ပဲလားဝင်မီ...ဝင်မီက

သမီးစက်ကို ရေထဲတွန်းချတယ်

ဒါကဘယ်လိုဖြစ်ပြီး...."


ခင်ပွန်းဖြစ်သူရဲ့တုန်လူပ်တဲ့အမေးကို

ဒေါ်ဝင်မီဇော်ကချက်ချင်းအဖြေမပေးပဲ

မီးဝင်းဝင်းတောက်မတတ်မျက်ဝန်းတွေက

စက်ထဲမှာပဲစူးစိုက်နေရင်းမှ အရောင်ရင့်ရင့်တင်ထားတဲ့

နူတ်ခမ်းလွှာတို့ကိုဟွန့်ခနဲမဲ့လိုက်ပြီး...


"ဟုတ်တယ်..ကျွန်မလုပ်ခဲ့တာ..."


"ဘာ!!"


"ပြီးတော့ ရှင်သူ့ကိုသမီးလို့မခေါ်နဲ့

သူက ကျွန်မတို့ရဲ့သမီးမဟုတ်ဘူး..

ကျွန်မတို့ရဲ့သား ကျွန်မတို့ရဲ့တစ်ဦးတည်းသော

သားကို သတ်ပစ်ခဲ့တဲ့စုန်းမ...."


"ဝင်မီဇော်...ခင်ဗျား....."


"ပါပါး..."


ဒေါသတကြီးဖြင့် ဒေါ်ဝင်မီဇော့်ဆီခြေလှမ်းတိုးဖို့

ပြင်လိုက်တဲ့ ပါပါးကို စက် ကပျာကယာပဲ

လှမ်းဆွဲလိုက်ရ၏...


"ကျွန်မဒီနေရာမှာ သူ့ကိုပြန်တွေ့ရမယ်မှန်းသိရင်

ရှင်နဲ့အတူဒီနေရာကိုမလာခဲ့ဘူး....

ကျွန်မသားလေးကတော့ သူ့ကြောင့်ဆိုးရွားတဲ့

သေခြင်းနဲ့လောကကြီးထဲကနေ ထွက်သွားခဲ့ရပေမဲ့

သူကတော့ အခုချိန်ထိ ကောင်းကောင်းမွန်မွန်

လှလှပပနဲ့ မင်းသမီးလေးတစ်ပါးလိုရှိနေတုန်းပဲ

ဒါက တရားရဲ့လားဟင် ရှင်တို့ပဲစဉ်းစားကြည့်ပါဦး..."


"ခင်ဗျားသားသေရတာ ကျွန်တော့်သမီးကြောင့်ဆိုတဲ့

တစ်ဖက်သတ်စကားကိုမပြောနဲ့ ခင်ဗျားသားကို

သတ်ခဲ့တဲ့တရားခံက အခုသူ့ရဲ့အပြစ်ဒဏ်ကိုသူ

ခံယူခဲ့ပြီးပြီလေ..ဘာအပြစ်မှမရှိတဲ့ ကျွန်တော့်သမီးက

အဲ့ဒီပြသာနာတွေအားလုံးကိုသူ့ကြောင့်ဆိုတဲ့စိတ်နဲ့

စိတ်ဒဏ်ရာရခဲ့ရုံမကဘူး ၂နှစ်လုံးလုံး

လူမဆန်တဲ့ကောလဟာလတွေကြားထဲမှာ

ခေါင်းမဖော်နိုင်အောင်တိုက်ခိုက်ခံခဲ့ရတာပါ...

အခုမှ အဖေဖြစ်တဲ့ကျွန်တော့်ဘေးကိုအားတင်းပြီး

ပြန်လာခဲ့ရတဲ့ကလေးကို ကျိမ်းသေဒီလို

တိုက်ခိုက်ရမှဖြစ်မှာလား...."


"ရှင် ရှင့်သမီးကိုသိပ်ချစ်တယ်မဟုတ်လား

ဦးဘုန်းဝဠာ အဲ့လိုလဲကျွန်မလဲကျွန်မသားကို

သိပ်ချစ်တာပေါ့...ပြီးတော့ကျွန်မကမိခင်တစ်ယောက်ပါ..

သံသရာစက်ဆိုတဲ့ ဒီမိန်းကလေးက 

ကျွန်မရဲ့နှလုံးသားထဲမှာဘယ်တော့မှနူတ်လို့ရမှာ

မဟုတ်တဲ့ ဆူးတစ်ချောင်းပဲ....ဒီနေရာမှာ

သူ့ကိုမြင်လိုက်ရတဲ့အချိန် ကျွန်မရဲ့နှလုံးသွေးတွေ

ပွက်ပွက်ဆူလာသလိုခံစားရတယ် ကျွန်မ

ကိုယ့်ကိုယ်ကို မထိန်းနိုင်ခဲ့ဘူး ဟုတ်တယ်

ကျွန်မသူ့ကိုရေထဲတွန်းချခဲ့တယ်...ကျွန်မရဲ့

လုပ်ရပ်အတွက် ကျွန်မအပြည့်အဝတာဝန်ယူနိုင်တယ်

ရှင် ကျွန်မကိုဘာလုပ်ချင်လဲလုပ်လေ...."


"မင်းတော်စမ်း ဝင်မီ ကိုဘုန်း ကျွန်တော်

တောင်းပန်ပါတယ် ကိုဘုန်းရယ်...."


တစ်ချက်လေးမှလျော့မသွားတဲ့မျက်နှာထားနှင့်

ရင်ကော့ခေါင်းမော့လျက် ပြောနေတဲ့

ဒေါ်ဝင်မီဇော့်ကိုကြည့်ပြီး အသားတွေ

တဆတ်ဆတ်တုန်သည်အထိဒေါသထွက်နေခဲ့တဲ့ပါပါး

ဇနီးဖြစ်သူကိုတွန်းဖယ်ပြီးအရှေ့ကနေကာလျက်

တောင်းပန်စကားဆိုလိုက်သည့်အန်ကယ်ဦးထွန်းတောက်

ထိုအဖြစ်အပျက်ကိုပြဇာတ်တစ်ပုဒ်လိုမျိုး

မျက်တောင်မခတ်စတမ်း စိတ်ဝင်တစားကြည့်နေကြတဲ့

ပါတီပွဲထဲကလူတွေ....


ပြီးတော့တခြားဘယ်သူ့ကိုမှဂရုမစိုက်ပဲ

အရိပ်လိုကြည့်နေတဲ့စက်ဆီကတစ်ချက်လေးတောင်

အကြည့်ခွာမသွားတဲ့သူ...


အားလုံး အားလုံးရဲ့မြင်ကွင်းတွေကစက်ရဲ့

မျက်ဝန်းထဲဝေဝါးလာခဲ့တာက တဖြေးဖြေးပြည့်

အိုင်လာတဲ့မျက်ရည်တွေကြောင့်ပဲလား....??


"ကိုဘုန်းကိုရော သမီးစက်ကိုရော

ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော့်ဇနီးဟာ

သူ့ရဲ့သားဆုံးသွားတဲ့အချိန် ပုံမှန်စိတ်မဟုတ်တော့တဲ့အထိ

စိတ်ထိခိုက်ပြီးစိတ်ဒဏ်ရာရခဲ့တာပါ..ဒီနှစ်တွေမှာ

သူပုံမှန်စိတ်ပြန်ဖြစ်လာဖို့ကျွန်တော်ဘယ်လောက်ထိ

ကြိုးစားခဲ့တယ်ဆိုတာလဲ ကိုဘုန်းအသိဆုံးပါဗျာ

သူ သမီးစက်အပေါ်ကျူးလွန်ခဲ့တာက ပုံမှန်စိတ်နဲ့

မဟုတ်ပါဘူး အားလုံးကကျွန်တော့်အမှားတွေပါ

ကျွန်တော် သူ့ကိုဒီနေရာကိုခေါ်မလာသင့်ဘူး...

ကျေးဇူးပြုပြီး မိသားစုဝင်တွေလိုမျိုးရင်းနှီးတဲ့

ကျွန်တော့်တို့ရဲ့ဆက်ဆံရေးကိုထောက်ထားပြီး

ပထမဆုံးနဲ့နောက်ဆုံးအနေနဲ့ ကျွန်တော့်ဇနီးကို

ခွင့်လွှတ်ပေးပါဗျာ ကျွန်တော်တောင်းပန်ပါတယ်

သမီးစက်ကိုရော အန်ကယ်တောင်းပန်ပါတယ်ကွယ်..."


စက် မျက်တောင်မခတ်မိတဲ့မျက်ဝန်းအိမ်က

မျက်ရည်ဥတို့ကတပေါက်ခြင်းပြိုကျလာခဲ့၏

စက် ပါးပါးဘက်ကိုလှည့်ပြီး ပါပါးလက်မောင်းမှာ

မျက်နှာလေးအပ်လိုက်သည်။


အခုချိန်မှာ စက် အဖြစ်ချင်ဆုံးက

အားလုံးရဲ့ရှေ့ကနေအမြန်ဆုံးပျောက်ကွယ်

သွားချင်တာပါပဲ...


စက် ဒီနေ့ပါပါးရဲ့ရှေ့ကိုရောက်လာနိုင်ဖို့

အများကြီးအားတင်းကြိုးစားခဲ့ရတာလေ

ဘာလို့ စက်ကိုမှဒီလိုအဖြစ်မျိူးနဲ့ထပ်ပြီး

ကြုံလာစေရတာလဲ...


"ဟင့်..."


မထိန်းချုပ်နိုင်တဲ့ရိူက်သံလေးတစ်ချက်နဲ့အတူ

စက် ပါပါးရဲ့လက်ကိုပိုပြီးတင်းတင်းကြပ်ကြပ်

ဆုပ်ကိုင်လိုက်မိသည်။


"တော်ပါတော့ ပါပါးရယ် စက်ကိုသနားရင်

တော်လိုက်ပါတော့နော် ဟင့် ဟင့်...."


"သမီးလေးရယ်..."


မချိတင်ကဲရေရွတ်သံနဲ့အတူ စက်ရဲ့ကိုယ်လေးကို

ပါပါးကထွေးပွေ့လိုက်သည်။


"ပါပါးတောင်းပန်ပါတယ် သမီးအခုလိုကြုံတွေ့နေရတာ

ပါပါးကြောင့်ပါ သမီးကိုပြီးပြည့်စုံတဲ့မိသားစုဘဝလေး

ဖန်တီးပေးချင်လို့ ပါပါးလုပ်ခဲ့သမျှအရာအားလုံးက

သမီလေးရဲ့ဘဝကိုချောက်နက်နက်ထဲတွန်းချခဲ့သလို

ဖြစ်ခဲ့ရတာ..အရာအားလုံးက ပါပါးအပြစ်ပါ

ပါပါးအပြစ်ပါ သမီးလေးရယ်..."


တဖြေးဖြေးတိုးသဲ့အက်ရှတိမ်ဝင်သွားခဲ့တဲ့

စကားသံအဆုံး စက်ရဲ့ရိူက်သံလေးသည်လဲ

တစ်စတစ်စပို၍နင့်သဲသွားခဲ့တော့ရင်း....


~~~~~~~~~~~~~~~~🔥🔥🔥


အဲ့ဒီ့ဖြစ်ရပ်အပြီးမှာတော့ ပါပါးကမွေးနေ့ပါတီကို

ချက်ချင်းသိမ်းဖို့အမိန့်ပေးခဲ့ပြီး စက် မျှော်လင့်ထား

အားခဲထားခဲ့တဲ့မွေးနေ့ပါတီလေးကအကျည်းတန်စွာ

ပျက်ဆီးသွားခဲ့ရ၏...


စက်နောက်တစ်ကြိမ်အားလုံးနဲ့ဝေးရာ

ရေကူးကန်ဘောင်လေးပေါ်မှာတစ်ယောက်ထဲထိုင်နေတုန်း

အရိပ်တစ်ခုကစက်ဘေးကိုမိုးကျလာခဲ့တယ်...


အလွတ်မှတ်မိနေပြီဖြစ်တဲ့ကိုယ်သင်းရနံ့ကဘယ်သူလဲ

ဆိုတာပြောစရာမလိုပေမဲ့လဲ စက် ခေါင်းလေး

မော့ကြည့်လိုက်မိ၏...


"ထပ်ပြီးဒီကိုရောက်နေပြန်တာပဲ

မင်းကတစ်ကယ့်ကို အကြောက်အလန့်မရှိဘူး..."


"ဒီတစ်ခေါက်ငါ့ကိုတယောက်ယောက်က

ရေထဲတွန်းချတာမြင်ရင် နင်မကယ်ပါနဲ့..."


စက်ရဲ့စကားကြောင့်သူကခပ်သဲ့သဲ့ရယ်ပြီး

စက်ရဲ့ဘေးမှာဝင်ထိုင်သည်။


"နင်ဘာလို့မပြန်သေးတာလဲ..."

"မင်း ကျွန်တော့်ကိုလိုအပ်ဦးမယ်ထင်လို့..."


"ဘယ်လိုလဲ ခုနကနင်မြင်လိုက်ရတဲ့ငါ့ရဲ့ပုံစံက

နင့်ရဲ့စိတ်ကူးထဲကသံသရာစက်နဲ့တူသေးရဲ့လား...."


"ဘာများကွာခြားမှာမို့လို့လဲ ကျွန်တော့်အတွက်

မင်းကမင်းပဲ..."


စက်မျက်ရည်မခြောက်သေးတဲ့မျက်ဝန်းလေးတွေနဲ့ပဲ

သူ့ကိုငဲ့ကြည့်လိုက်မိပြန်တော့ သူကနှစ်သိမ့်သလို

အပြုံးနှင့် စက်ကိုပြုံးပြနေခဲ့၏


ရုတ်တရပ် ဝဲဘက်နှလုံးသားဆီကစူးစူးနင့်နင့်

နာကျင်သွားခဲ့ရသလိုပါပဲ...


"ကျွန်တော့်အတွက် မင်းကဘယ်တော့မှ

ပြောင်းလဲမသွားနိုင်တဲ့ဖြစ်တည်မူ့ဆိုတာ

မင်းကိုသိစေချင်တယ်...."


နာကျင်ဒဏ်ရာဗရပွနဲ့နှလုံးသားထဲသို့

ခပ်ငြိမ့်ငြိမ့်စီးဝင်သွားခဲ့တဲ့စကားသံအဆုံး

စက်ရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းတွေအမှောင်ကျ

သွားခဲ့ရသလိုပါပဲ ကိုယ်တိုင်သတိမထားမိခင်

သူ့လည်တိုင်ကိုလက်နှစ်ဖက်နှင့် ချိတ်တွယ်

သိုင်းဖက်လိုက်မိရင်း....


"တောင်းပန်ပါတယ် ဒါပေမဲ့ငါ့ကိုဖက်ထားပေးပါ

ငါအခုနင့်ရဲ့နှစ်သိမ့်မူ့ကို လိုအပ်နေတယ်နဲ့တူတယ်

အဲ့ဒါကြောင့် ငါ့ကိုဖက်ထားပေးပါ..."


~~~~~~~~~~~~~~~~~🔥🔥🔥


ဆက်ရန်>>>>


#Hazel


rate now: