💕 My lovely demon 💕
``အချစ်နတ်ဆိုးလေး´´
~~~~~~~~~~~
"အခုမင်းပြောခဲ့တဲ့စကားကကျွန်တော်နဲ့မင်းရဲ့ကြားမှာ
စည်းတစ်ခုခြားဖို့ကြိုးစားခဲ့တာဆိုရင်
ဒီအနမ်းကကျွန်တော့်ရဲ့အဖြေပဲ...
ကျွန်တော်မင်းရဲ့မိတ်ဆွေမဖြစ်ချင်ဘူး စက်
ကျွန်တော်မင်းရဲ့လူပဲဖြစ်ချင်တာ မင်းပိုင်တဲ့
မင်း ရဲ့ လူ...."
ပြန်တွေးမိလိုက်တိုင်း ရင်ခုန်နူန်းတွေမြန်ဆန်လာအောင်
စွမ်းနိုင်တဲ့ သူ့ရဲ့စကားတစ်ခွန်း....
စက် ထိုအဖြစ်အပျက်ကိုခေါင်းထဲကထုတ်ပစ်ဖို့
တစ်ချိန်လုံးကြိုးစားနေပေမဲ့ အလုပ်မဖြစ်ခဲ့....
ထို ရဲတင်းတဲ့ကောင်လေးက
စက်ကိုနမ်းခဲ့တယ်^^^^
စက်ဘာလို့သူ့ကို အဲ့ဒီ့်နေရာမှာ သူ့မျက်နှာကို
တစ်ချက်လောက်မရိုက်လိုက်ရတာလဲ??
သူ့မျက်နှာကိုရိုက်လိုက်ရမဲ့အစား
ရှက်ရွံ့ခြင်းများစွာနဲ့ စက် သူ့လက်တွေထဲက
ရုန်းထွက်ပြီး ဘာစကားမှမပြောနိုင်ပဲလှည့်ပြေးလာခဲ့မိတာ။
သူကတစ်ကယ့်ကိုရဲတင်းပြီးအကြောက်တရားမရှိဘူး
တစ်ကယ်ဆို ဒါသူနဲ့စက်ရဲ့ကြားကပထမဆုံး
အကြိမ်တော့မဟုတ်ခဲ့ဘူးပဲ လွန်ခဲ့တဲ့၇နှစ်က
စက်,ကျွန်းပေါ်ကနေပြန်မဲ့ညနေခင်းမှာ
Forget me not ပန်းစည်းလေးနဲ့အတူ
စက်ကိုနူတ်ဆက်ဖို့ သူရောက်လာခဲ့တုန်းက
သူ စက်ရဲ့ပါးကိုနမ်းခဲ့ဖူးတယ်...အခုကျတော့
သူ,စက်ရဲ့.....
"..........."
အတွေးမဆုံးခင်အငွေ့ပျံသလိုပူထူလာတဲ့
မျက်နှာလေးနဲ့ စက် နူတ်ခမ်းဖူးလေးအစုံကို
လက်ချောင်းတွေနှင့်ဖွဖွတို့ထိလိုက်သည်။
ဝန်မခံချင်ပေမဲ့ ၂၉နှစ်လုံးလုံးမှာ ဒါ
စက်ရဲ့ သူစိမ်းယောကျာ်းတစ်ယောက်ဆီကရခဲ့တဲ့
ပထမနဲ့ဒုတိယအနမ်းပဲ...
အဲ့ဒီ့နှစ်ကြိမ်လုံးက စက်ထက်အသက်အများကြီးငယ်တဲ့
ရေခြားမြေခြားကကောင်လေးတစ်ယောက်ဆီက....
အမှန်တိုင်းပြောရရင် စက်ထက်အသက်အများကြီးငယ်တဲ့
demonဆိုတဲ့ထိုကောင်လေးရဲ့တည်ငြိမ်ရင့်ကျက်
မူ့တွေက စက် မယှဉ်သာနိုင်အောင်ပါပဲ ...
ပြီးတော့သူကသတ္တိလဲရှိတယ်.......
ထူးတော့ထူးဆန်းတယ် city martထဲမှာ
သူစက်ရဲ့မျက်ဝန်းတွေကို အုပ်ကာပေးပြီးပြောခဲ့တဲ့
စကားတစ်ခွန်းက အချိန်တွေအကြာကြီးဝေဝါးနေတဲ့
စက်ရဲ့စိတ်အစဉ်ကို ထွက်ပေါက်လေးတစ်ခု
ရှာဖွေပေးနိုင်ခဲ့တာ စက်ဝန်ခံပါတယ်။
သူကပြောခဲ့တယ်...စက်တွေးထားထက်ပိုပြီး
စက်ရဲ့အကြောင်းတွေကို သူသိနေခဲ့တယ်တဲ့...
ဒါပေမဲ့ စက်နဲ့ပါတ်သတ်တဲ့အရာအားလုံးကိုသိနေခဲ့တယ်
ဆိုရင်တောင် သူကစက်ကိုဘယ်လိုလုပ်ပြီး
အပြည့်အဝနားလည်နိုင်မှာတဲ့လဲ.....??
"ဟင်းး...."
ရူပ်ထွေးနေတဲ့အတွေးများစွာနဲ့ စက်
သက်ပြင်းတစ်ချကိုခပ်သဲ့သဲ့ရိူက်လိုက်ရင်း
ဝရန်တာလက်ရန်းမှာ လက်နှစ်ဖက်တင်လျက်
မစုံမလင်ကြယ်တစ်ချို့နဲ့ညကောင်းကင်ကြီးအား
ငေးငေးလေးမော့ကြည့်လိုက်မိသည်။
အခုချိန်မှာ စက်ရဲ့ခေါင်းထဲမှာပြည့်နှက်နေတဲ့
အတွေးတစ်ခုက စက်နဲ့ပါတ်သတ်ပြီး
ယုံကြည်ချက်အပြည့်နဲ့ဆုံးဖြတ်ချက်တွေပြတ်သားလွန်း
နေတဲ့ demon ဆိုတဲ့ကောင်လေးရဲ့
လက်ကနေ စက် ဘယ်လိုလွတ်မြောက်နိုင်မလဲဆိုတာ
ပါပဲ^^^^^^^^
"demon နင်ကတစ်ကယ့်နတ်ဆိုးလေးပဲ...."
~~~~~~~~~~~~~~~~~~🔥🔥🔥
"ဝါး...ပြီးသွားပြီ ကိတ်မုန့်ကြီးကအရမ်းလှတာပဲ
စက်ရယ်...."
အဆုံးသတ်အလှဆင်မွမ်းမံပြီးသွားတဲ့
စက်ရဲ့ လက်ရာ အရောင်အသွေးစုံတဲ့နှစ်ထပ်
မွေးနေ့ကိတ်ကြီးကိုကြည့်ကာ
ယူရီကအားရပါးရချီးကျူးတယ်...
"နင်ကလေ ကျောက်မျက်ဒီဇိုင်နာလို့မပြောရဘူး
တစ်ခုခုလုပ်ရင်တစ်ကယ့်ကိုအနုစိတ်နဲ့
ideaဆန်းတယ်..."
"သူငယ်ချင်းအချင်းချင်းကပ်မြှောက်မနေနဲ့
နင့်မွေးနေ့ကျရင်လဲ ငါကိတ်လုပ်ပေးမှာပါနော်..."
"အဟဲ.."
"လာ..ငါ့ကိုပါကင်ထုတ်ဖို့ကူဦး...."
"အိုကေ အိုကေ..."
စက် ယူရီရဲ့အကူအညီနဲ့ ကိတ်မုန့်ကို
ပါကင်လှလှလေးထုပ်ဖို့ ဂရုတစိုက်လုပ်လိုက်သည်။
"၄နာရီတောင်ကျော်နေပြီ နင်ရေမြန်မြန်သွားချိုးလေ
တော်ကြာနင့်အဖေလွှတ်လိုက်တဲ့ကားရောက်လာတော့မှာ
မဟုတ်လား....သွား နင်အလှပြင်ပြီးရင်
ငါနင့်ကိုဆံထုံးမိုက်မိုက်လေးပြင်ပေးမယ်..."
"အင်း ဒါဆို ငါရေသွားချိုးလိုက်ဦးမယ်...
ကိတ်မုန့်ကို အရှေ့ရွေ့ပေးထားဦး..."
"အေး....."
ယူရီခေါင်းငြိမ့်လိုက်တာနှင့် စက်
apronကိုချွတ်ပြီး မီးဖိုခန်းထဲကနေခပ်သွက်သွက်လေး
ထွက်လာခဲ့တော့သည်။
~~~~~~~~~~~~~~~
ရေချိုးခြင်းအမူ့ကိုခပ်သွက်သွက်ပဲလုပ်လိုက်ပြီး
စက် ယူရီ့်အကူအညီနဲ့ ဆံပင်တွေကိုဆံထုံးလှလှလေး
ထုံးလျက် မိတ်ကပ်ခပ်ပါးပါးလေးပဲပြင်လိုက်သည်။
ပါပါးပို့လေးလိုက်တဲ့ dressက
အသားပျော့ပျော့လည်ဝိုက်လက်ပြတ်လေးကိုမှ
နောက်ကွဲပုံစံလေးဖြစ်ပြီး ဇစ်အပေါ်မှာ
အရောင်စုံတဲ့ကျောက်လေးတွေကိုတောက်လျောက်
စီခြယ်ထား၏...
အရမ်းဆန်းပြားတဲ့ဒီဇိုင်းမဟုတ်ပေမဲ့ ရိုးရိုးရှင်းရှင်း
ပုံစံကိုပိုပြီးကြိုက်တဲ့စက်အတွက်တော့အဆင်ပြေပါသည်။
ဂါဝန်ကနည်းနည်းရှည်သလိုဖြစ်နေတာမို့ခြေမျက်စိမှာ
ပုံကျနေပေမဲ့ ငွေမှင်ရောင် high heelလေးကို
စီးလိုက်တော့လဲ အဆင်ပြေသွား၏...
"စက်ရယ် လှလိုက်တာ နင့်ကိုဒီလိုပုံစံလေးနဲ့
မမြင်ရတာ ဘယ်လောက်ကြာနေပြီလဲ..."
အဆုံးသတ်အနေနဲ့ စိန်ပွင့်လေးတွေနဲ့စီခြယ်ထားတဲ့
နားဆွဲလှလှလေးကိုဆွဲလိုက်ပြီး ထရပ်လိုက်တဲ့
စက်ကိုကြည့်ကာယူရီကငေးငေးလေးပြောသည်။
"ရှေ့လျောက်လဲ အမြဲတမ်း ဒီလိုမျိုးလှလှပပလေး
နေမယ်မဟုတ်လား .."
စက်ရဲ့လက်ကောက်ဝတ်လေးနှစ်ဖက်ကိုဆုပ်ကိုင်ပြီး
ပြောလာတဲ့ယူရီ့ရဲ့မျက်ဝန်းတွေက
အစ်မတစ်ယောက်လိုစေတနာပါတဲ့အကြည့်မျက်ဝန်းတွေမှန်း
စက်နားလည်သဘောပေါက်နေတာမို့ပြုံးလိုက်မိကာ
ယူရီ့ကိုဖွဖွပွေ့ဖက်လိုက်ရင်း ခပ်တိုးတိုး
ကတိဆိုလိုက်သည်။
"ငါ ကြိုးစားပါ့မယ်..."
သိပ်မကြာခင်မှာပဲ စံအိမ်ကနေ လွှတ်လိုက်တဲ့
ကားရောက်လာခဲ့ပြီး စက်ကိုလာကြိုတဲ့လူက
အန်ကယ်ဂျိုးကိုယ်တိုင်ဖြစ်နေခဲ့၏....
စက်ရဲ့ပုံစံကိုမြင်လိုက်တာနှင့် ကျေနပ်နှစ်သိမ့်တဲ့အပြုံးနဲ့
အန်ကယ်ဂျိုးပြောလာတဲ့စကားက.....
"အခုမှပဲ god flowerရဲ့ စစ်မှန်တဲ့
နတ်သမီးကိုပြန်တွေ့ရတော့တယ်......" တဲ့လေ...
အန်ကယ်ဂျိုးရော ယူရီကပါ စက်အတွက်
ဒီလိုမျိုး ကျေနပ်ပြုံးရွှင်နေကြပေမဲ့
စက်ကိုယ်တိုင်ကတော့ ကိုယ့်ကိုကိုယ်
အပြည့်အဝမယုံကြည်နိုင်ခဲ့သေးသလိုပဲ.....
ဒါက ၂ စက်ဆိုတဲ့အချိန်အတွင်း စက် လူတွေအများကြီး
ရှေ့ကိုပထမဆုံးပြန်လည်ခြေချရမဲ့အချိန်ပဲမဟုတ်ပါလား...??
~~~~~~~~~~~~~~~~~🔥🔥🔥
God flower 🏰
နာမည်ကိုကြားလိုက်ရုံ ၊ မြင်လိုက်ရုံနှင့်
ခမ်းနားမူ့တွေကအလိုလိုကပ်ပါလာတဲ့အရှိန်အဝါ
တစ္ခု.....
ရဲတိုက်ကြီးတစ်ဆောင်လိုမျိူးခမ်းနားလှတဲ့
စံအိမ်ကြီးရဲ့ ကျယ်ဝန်းလှတဲ့ခြံဝင်းကြီးဆီက
ဘေးဘက်မြက်ခြင်းပြင်ကျယ်ကြီးပေါ်မှာ
မှောင်ရီပျိုးစအချိန် မီးရောင်စုံတွေနှင့်
ခမ်းခမ်းနားနားသက်ဝင်နေတာက god flowerရဲ့
သူဌေး ဦးဘုန်းဝဠာရဲ့ မွေးနေ့ပါတီပွဲ....
မြန်မာပြည်မှာအချမ်းသာဆုံးစာရင်းဝင်
ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်တဲ့အပြင်
ကျောက်မျက်ရတနာလောကရဲ့ဘုရင်တစ်ဆူလဲ
ဖြစ်တာမို့.....နယ်ပယ်စုံကမိတ်ဖက်ပါတနာတွေ၊
အထက်တန်းလွှာအသိုင်းအဝိုင်းက မိတ်ဆွေများစွာက
တက်ရောက်ဂုဏ်ပြုပေးနေကြ၏...
သစ်လွင်တောက်ပတဲ့အနောက်တိုင်းဝတ်စုံပြည့်နဲ့
အရွယ်စုံအမျိုးသားတွေအမျိုးသားတွေ၊
branded မျိုးစုံ၊စိန်ရောင်တလက်လက်နဲ့
အပြိုင်အဆိုင်အလှချင်းပြိုင်နေကြတဲ့အရွယ်စုံ
အမျိုးသမီးတွေဖြင့်အပြုံးတုတွေပလူပျံနေတဲ့ပွဲကြီးတစ်ခုပင်....
အဖြူရောင် အနောက်တိုင်းဝတ်စုံပြည့်ကို
ဝတ်ဆင်ထားသောအရွယ်နဲ့မလိုက်အောင်
နုပျိုခန့်ညားနေတဲ့မွေးနေ့ရှင်ဦးဘုန်းဝဠာကတော့
ဘေးမှာအရိပ်လိုကပ်နေတဲ့ ညီမဖြစ်သူဒေါ်ဟန်နီခင်နဲ့အတူ
ဧည့်သည်တွေကိုလိုက်လံဧည့်ခံနေခဲ့ချိန်
"🎵🎵🎵🎵...."
happy birthdayမွေးနေ့တီးလုံးကို
တီးခတ်လိုက်တဲ့စန္ဒယားသံစဉ်က ပါတီပွဲကြီးထဲကို
ခပ်ငြိမ့်ငြိမ့်ပျံ့လွင့်လာခဲ့သည်။
ုရုတ်ချည်းပင်ပွဲထဲကအသံတွေအားလုံးတိတ်ဆိတ်သွားပြီး
အားလုံးရဲ့အကြည့်တွေကအသံလာရာစင်မြင့်ထက်ဆီသို့
စုပြုံရောက်ရှိသွား၏...
ရှန်ပိန်ပုလင်းတွေ ရောင်စုံနှင်းဆီပန်းတွေနဲ့
လှပစွာပြင်ဆင်ထားတဲ့စင်မြင့်ထက်က
စန္ဒယားခုံကြီးရှေ့မှာထိုင်ပြီး မွေးနေ့သီချင်းကို
ငြိမ့်ငြိမ့်ညောင်းညောင်းတီးခတ်နေတာ
ရွှေအိုရောင် လှပတဲ့ဂုတ်ဝဲဆံပင်တွေနဲ့
မိန်းမလှလေးတစ်ဦး.....
သူမကမွေးနေ့သံစဉ်ကိုတီးခတ်နေရင်းက
ပွဲထဲကိုတစ်ချက်လှမ်းကြည့်ကာ စန္ဒယားခုံပေါ်မှာ
ဆင်ထားတဲ့ မိုက်ခ်ဆီသို့မျက်နှာလေးတိုးကပ်သွားသည်။
"Happy birthady to you🎵
Happy birthady to you🎵
Happy birthady Dear uncle🎵
Happy birthady to you🎵....."
"ဟေးး...."
"ဖြောင်း...ဖြောင်း...."
ချိုအီအီအသံလေးနှင့်ဆိုနေတဲ့မွေးနေ့သီချင်းသံရဲ့
အဆုံးသတ်မှာ လက်ခုပ်သံတွေဆူညံသွားကြ၏...
ဦးဘုန်းဝဠာက ထိုမိန်းကလေးကိုလှမ်းကြည့်ပြီး
ပြုံးနေသလိုမျိုး ဘေးမှာရပ်နေတဲ့ဒေါ်ဟန်နီခင်ရဲ့
မျက်နှာကလဲအလွန်တရာကျေနပ်နေတဲ့အပြုံးမျိုးနှင့်...
ထိုအချိန်အနီရောင်ရင်ပြတ်ဂါဝန်ရှည်ကြီးနဲ့ မိန်းမလှလေးက
မိုက်ခ်ကိုကိုင်ပြီး စန္ဒယားခုံပေါ်မှထကာ...
စင်ပေါ်ကနေတလှမ်းချင်းဆင်းလာလျက်
ဦးဘုန်းဝဠာနှင့် ဒေါ်ဟန်နီခင်ရဲ့နားကိုလျောက်လာပြီး
အရှေ့မှာခြေစုံရပ်လျက် လက်ထဲကမိုက်ခ်ကို
နူတ်ခမ်းနားကပ်လိုက်ပြီး...
"Happy birthdayပါ အန်ကယ်လေး
၅၅နှစ်ပြည့်မွေးနေ့ကိုဂုဏ်ပြုပါတယ်နော်...
ကျန်းကျန်းမာမာနဲ့အသက်ရာကျော်တဲ့အထိ
roseတို့သားအမိနဲ့အတူရှိနေပေးပါ...
ဒီနေ့ထက်ထိမာမီနဲ့roseရဲ့ရှေ့မှာမားမားမတ်မတ်
ရပ်တည်စောင့်ရှောက်ပေးခဲ့တဲ့ အန်ကယ်လေးကို
ကျေးဇူးအများကြီးတင်ပါတယ်...roseအတွက်
အန်ကယ်လေးကအဖေရင်းတစ်ယောက်လိုပါပဲ..
rose အန်ကယ်လေးကိုချစ်တယ်....."
အဆုံးသတ်မှာ အဖျားခတ်တုန်ယင်သွားတဲ့
အသံလိူင်းနဲ့ eye-linerနဲ့အနားသတ်ထားတဲ့
မျက်ဝန်းတွေမှာဝဲတက်လာတဲ့ မျက်ရည်ကြည်တွေက
ဘေးလူတွေအဖို့တော့ သားအဖရင်းတွေထက်
ရင်းနှီးတဲ့သံယောဇဉ်နက်ရိူင်းပုံကို ပုံဖော်လိုက်သလို
ခံစားလိုက်ရမှာပင်....
"ကျေးဇူးပါပဲroseရယ် အန်ကယ်ကလဲ
သမီးကိုချစ်ပါတယ်ကွယ်..."
စကားအဆုံး ဦးဘုန်းဝဠာ အရှေ့က
တူမဖြစ်သူကို ခပ်ဖွဖွပွေ့ဖက်လိုက်သည်။
"ဖြောင်း ဖြောင်း ဖြောင်း...."
နောက်တစ်ကြိမ်လက်ခုပ်သံတွေဆူညံသွားကြသည်။
ပွဲထဲမှာရှိနေတဲ့လူအကုန်လုံးကလဲ...
ထိုမြင်ကွင်းကိုကြည်နူးစွာငေးကြည့်နေကြ၏..
ဒေါ်ဟန်နီခင်ကတော့ အမူယာပိုင်နိုင်လွန်းလှတဲ့
သမီးဖြစ်သူကိုစိတ်ထဲမှကြိတ်၍ချီးကျူးလိုက်ရင်း
သူမကိုယ်တိုင်လဲ လက်ထဲကလက်ကိုင်ပုဝါနှင့်
မထွက်သေးတဲ့ မျက်ရည်စတို့ကို
ကြိတ်၍ သုတ်သလိုဟန်လုပ်လိုက်သည်။
ဦးဘုန်းဝဠာ ညီမနဲ့တူမကိုတစ်လှည့်စီပွေ့ဖက်လိုက်ရင်း
ကော်ဇောနီခင်းထားတဲ့လမ်းတလျောက်
တစ်လှမ်းခြင်းလျောက်သွားလျက်
စင်ပေါ်က မိုက်ခ်စတန်းရဲ့ရှေ့မှာခြေစုံရပ်လိုက်ပြီး
ပါတီပွဲထဲကလူတွေကိုဝေ့ဝဲကြည့်လိုက်သည်။
"ဒီနေ့ ကျွန်တော့်ရဲ့မွေးနေ့ကိုတက်ရောက်
ဂုဏ်ပြုပေးကြတဲ့ မိတ်ဆွေပါတနာတွေ
အားလုံးကို ကျေးဇူးတင်ကြောင်းပြောပါရစေဗျာ...
တစ်ကယ်ဆို အားလုံးရဲ့ဆုတောင်းတွေနဲ့
ကျွန်တော့်ရဲ့မွေးနေ့ကပြည့်စုံနေပါပြီ...ဒါပေမဲ့
ကျွန်တော်ဒီနေ့မှာ နည်းနည်းတော့ထပ်ပြီး
လောဘကြီးချင်ပါသေးတယ်....ကျွန်တော်မွေးနေ့တိုင်းကို
ကျွန်တော့်ရဲ့သမီးလေးနဲ့အတူ ဖြတ်သန်းချင်ခဲ့တာပါ.....
အကြောင်းအမျိူးမျိုးကြောင့် ကျွန်တော့်သမီးလေး
ဒီလိုနေ့မျိုးမှာ ကျွန်တော့်ဘေးရှိမနေပေးနိုင်တာ
၂နှစ်ရှိသွားပါပြီ...ဒီနှစ်တော့သမီးလေးကျွန်တော့်ဆီ
ရောက်လာဖို့ကို ကျွန်တော်မျှော်လင့်ထားပါတယ်...
သမီးလေးနဲ့အတူ birthday သီချင်းဆိုပြီး
မွေးနေ့ကိတ်ခွဲရဖို့က ဒီနေ့အတွက် ကျွန်တော့်ရဲ့
အိပ်မက်ပါ အားလုံးပဲ ကျွန်တော့်အတွက်
ဝိုင်းပြီးဆုတောင်းပေးကြဖို့မျှော်လင့်ပါတယ်..."
စင်ပေါ်က ဦးဘုန်းဝဠာရဲ့စကားအဆုံး
ဝေါခနဲပဲအသံတွေဆူညံသွားခဲ့ကြသလို
ဒေါ်ဟန်နီခင်တို့သားအမိမှာလဲ မထိန်းနိုင်အောင်
မျက်နှာတွေကပျက်ယွင်းသွားခဲ့ကြသည်။
ထိုအချိန် ဖျပ်ခနဲလို အိမ်ကြီးရောခြံကြီးတစ်ခုလုံးပါ
မှောင်အတိကျသွားခဲ့၏...
"ဟာ..."
"ဟင်...."
"ဘာဖြစ်တာလဲ..."
"မီးပျက်သွားတာလား...."
အားလုံးတစ်ယောက်တစ်ပေါက်အသံတွေ
ညံစီသွားခဲ့ချိန်မှာ ဖယောင်းတိုင်မီးအလင်းရောင်တွေက
ပါတီပွဲအလယ်မှာခင်းထားတဲ့ကော်ဇောနီရဲ့ထိပ်မှာ
ပေါ်ပေါက်လာခဲ့၏...
"🎵🎵🎵🎵🎵....."
ရုတ်တရပ်ပဲ မွေးနေ့တီးလုံးသံစဉ်က
ဧည့်ခံပွဲထဲပြန်ပြီး ပျံ့လွင့်လာခဲ့ပြီး
ထိုမီးရောင်ကတရွေ့ရွေ့နဲ့ စင်မြင့်ရှိရာကို
ရွေ့လျားလာခဲ့ပြီး နောက်ဆုံးစင်မြင့်ထက်ထိ
ရောက်ရှိသွားချိန်မှာတော့ ဖျတ်ခနဲပဲ
မီးတွေပြန်လင်းလာခဲ့ချိန် စင်ပေါ်ကဦးဘုန်းဝဠာရဲ့ရှေ့မှာ
ဖယောင်းတိုင်မီးတွေထွန်းထားတဲ့ မွေးနေ့ကိတ်လှလှ
လေးကိုကိုင်ထားသော ငွေရောင်dressလေးနဲ့
မိန်းမချောလေးတစ်ယောက်ကို အားလုံးမြင်လိုက်ရလေသည်။
"စက်..... သမီးလေး...."
"ဟတ်ပီးဘတ်ဒေးပါ...ပါပါး..."
မယုံနိုင်သေးသလို မျက်ဝန်းအကြည့်တွေဖြင့်
ဦးဘုန်းဝဠာ သမီးဖြစ်သူရဲ့မျက်နှာလေးကို
လက်နှစ်ဖက်နှင့် တယုတယအုပ်ကိုင်လိုက်သည်။
"သမီးတစ်ကယ်လာခဲ့တာပဲ သမီးတစ်ကယ်
ရောက်လာခဲ့တာပဲ...."
"ပါပါးရဲ့ဆန္ဒက ဒီနှစ်မွေးနေ့ကိုစက်နဲ့အတူ
ရှိနေချင်ခဲ့တာမဟုတ်ဘူး စက် အခု
ပါပါးရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးဖို့ရောက်လာတာပါ....."
"သမီးရယ်..."
"ဖယောင်းတိုင်မီးမမူတ်တော့ဘူးလား
စက်တို့အတူ ကိတ်ခွဲကြမယ်လေ...."
ဦးဘုန်းဝဠာ ခေါင်းကိုတဖျပ်ဖျပ်ငြိမ့်လိုက်ရင်း
သမီးဖြစ်သူကိုပြုံးကြည့်ကာ ကိတ်မုန့်ပေါ်က
ဖယောင်းတိုင်မီးတွေကိုမူတ်လိုက်လျှင်...
"ဖြောင်း ဖြောင်း ဖြောင်းးး...."
ပထမနှစ်ကြိမ်တုန်းကထက်ပို၍
ကျယ်လောင်တဲ့လက်ခုပ်သံတွေက
ပါတီပွဲထဲမှာလျှံထွက်လာခဲ့လေတော့၏....
~~~~~~~~~~~~~~~~~~🔥🔥🔥
"မမလေး..."
ခေါ်သံနဲ့အတူ အနားကိုရောက်လာတဲ့
ပုံရိပ်ကြောင့် ရေကူးကန်ဘေးက ခုံမှာထိုင်နေတဲ့စက်
ခေါင်းလေးလှည့်ကြည့်လိုက်မိသည်။
"အန်ကယ်ဂျိူး...."
"ဘယ်များရောက်သွားတာလဲလို့ မမလေးက
ဒီမှာလာထိုင်နေတာကိုး...သူဌေးက
မမလေးပျောက်သွားလို့လိုက်ရှာနေတာ...
"စက် ခြေထောက်နည်းနည်းနာနေလို့
ဒီမှာခဏလာထိုင်နေတာပါ..."
"ဟုတ်တာပေါ့..ခုနကတစ်ချိန်လုံးသူဌေးနဲ့
ပါတနာတွေကိုလိုက်ဧည့်ခံနေရတဲ့ဟာ...
မမလေးပင်ပန်းနေရောပေါ့...ကျွန်တော့်တို့
သူဌေးကတော့လေ သမီးရောက်လာတာနဲ့အပျော်တွေ
လွန်နေတော့တာပဲ..."
"ပင်ပန်းတာကမပင်ပန်းဘူး..ဒါပေမဲ့
high heelကမစီးတာကြာတော့
ဖြစ်တာ..."
ပြောရင်း မျက်နှာလေးရူံ့မဲ့လျက် ရယ်ပြရင်း
ခြေထောက်တွေကိုဟိုဖိဒီနှိပ်လုပ်နေသော
စက်ကိုကြည့်ကာ အန်ကယ်ဂျိူးက
သဘောကျသလိုပြုံးသည်။
ရေကူးကန်ရှိတဲ့နေရာကပါတီပွဲနဲ့ဝေးတာမို့
ဒီကနေဆိုတီးလုံးသံခပ်သဲ့သဲ့ပဲကြားရ၏....
"တစ်ကယ့်ကိုကြည့်ကောင်းပါတယ်..."
"ရှင်..."
ရုတ်တရပ်အန်ကယ်ဂျိုးရဲ့စကားကြောင့်
စက် ကြောင်အမ်းအမ်းလေးဖြစ်သွားရတော့..
အန်ကယ်ဂျိုးကရယ်ပြီး...
"စင်ပေါ်မှာ သူဌေးရှေ့မှာလှလှပပလေး
ပေါ်လာခဲ့တဲ့ပုံစံကိုပြောတာပါ
တစ်ကယ်ကြည့်ကောင်းတယ်လို့..."
"အဟင်း..မီးတွေပိတ်ပြီး စက်ကိုဧည့်ခံပွဲထဲအဲ့လိုဝင်သွားဖို့
အကြံပေးခဲ့တာအန်ကယ်ပဲမဟုတ်ဘူးလား..."
"ကျေးဇူးတင်ပါတယ် မမလေး
သူဌေးရဲ့မွေးနေ့မှာသူဖြစ်ချင်တဲ့ဆန္ဒကို
ဖြည့်ဆည်းပေးခဲ့လို့ပါ..."
"ဒီနေရာကိုရောက်လာဖို့ စက်အများကြီး
သတ္တိမွေးခဲ့ရတယ်ဆိုပေမဲ့ ပါပါးပျော်နေတာ
မြင်တော့ စက်ကျေနပ်ပါတယ်..."
စက်ရဲ့စကားကိုနားထောင်ပြီး အန်ကယ်ဂျိူးက
ထောက်ခံသလိုခေါင်းငြိမ့်ရင်း...
"မမလေး ဒီမှာဆိုတဲ့အကြောင်း
ကျွန်တော်သူဌေးကိုပြန်သွားပြောလိုက်ဦးမယ်
ခြေထောက်သက်သာမှပွဲထဲပြန်ဝင်လာခဲ့ပါ..."
"ကျေးဇူးပါ အန်ကယ်..."
အန်ကယ်ဂျိူးပြန်ထွက်သွားပြီး၁၅မိနစ်လောက်နေတော့
စက် ဖိနပ်ကိုသေချာပြန်စီးပြီး ထိုင်ရာကနေ
ထရပ်လိုက်တာက ပါပါးဆီဖို့ပြန်သွားဖို့အတွေးနဲ့
ဖြစ်သည်။
စက် ရေကူးကန်ဘက်ကိုမျက်နှာမူလျက်
အင်္ကျီကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်
ပြုပြင်နေချိန်မှာပဲ....
"ဘုတ်..."
"အမလေး...."
"ဝုန်း....ဗွမ်း...."
ဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့
လက်တစ်စုံက စက်ရဲ့ကျောကိုအရှိန်ပြင်းပြင်းနဲ့
တွန်းလိုက်တဲ့အခါ... စက်တစ်ကိုယ်လုံး
ရေပြင်ကျယ်ကြီးထဲကိုဒလိမ့်ခေါက်ကွေး
ပြုတ်ကျသွားခဲ့တော့ရင်း နှာခေါင်းနဲ့ ပါးစပ်ထဲသို့
အလုံးအရင်းနဲ့ဝင်လာတဲ့ရေတွေ...
"ဖူး..ဖလူး...ကယ်ကြပါ..."
"အဟွတ်..ဖလူး..."
ရေထဲမှာမြုပ်ချီပေါ်ချီနဲ့ရုန်းကန်နေချိန်မှာပဲ
ရေကူးကန်အစပ်ကနေလှည့်ပြေးသွားတဲ့
နွဲ့နှောင်းတဲ့ပုံရိပ်တစ်ခုကို စက်ဝိုးတဝါး
မြင်လိုက်ရလေ၏....
ဘယ်သူက အဲ့ဒါဘယ်သူလဲ
ဘယ်သူကစက်ကိုရေထဲတွန်းချလိုက်တာလဲ??
"ကယ်..အဟွတ်...ဖလူး..."
ခြောက်ခြောက်ခြားခြားအတွေးနှင့်
စက် ခြေတွေလက်တွေကိုအတင်းလူပ်ယမ်းရင်း
ရေထဲမြှပ်မသွားအောင်အသည်းအသန်ကြိုးစားနေရသည်...
စက် ရေမကူးတတ်ဘူး...တယောက်ယောက်
စက်ကိုကယ်ပေးပါ...တစ်ယောက်ယောက်...
တဖြေးဖြေးပို၍မွန်းကြပ်လာရင်း
စက်ရဲ့ခြေလက်တွေရုန်းကန်ဖို့အားလျော့သွားခဲ့ချိန်မှာ...
"ဝုန္း..."
ရေထဲကိုတစ်ခုခုပြုတ်ကျသွားသလို
အသံအကျယ်ကြီးကိုကြားလိုက်ရပြီး
စက်ဆီကိုဦးတည်ကူးခတ်လာတဲ့ပုံရိပ်တစ်ခု...
တစ်ယောက်ယောက်ရောက်လာပြီဆိုတဲ့အသိနဲ့
စက် စိတ်ကိုလျော့ချပစ်လိုက်တဲ့အခါ...
ခန္တာကိုယ်လေးတစ်ခုလုံး ရေထဲကိုတစ်စထက်တစ်စ
ပို၍ နစ်မြှပ်သွားခဲ့လေတော့၏....
နောက်ဆုံးသတိမလွတ်ခင်အချိန်လေးမှာ
ရေထဲကနေစက်ရဲ့ခါးလေးကိုပွေ့ယူလိုက်တဲ့
တစ်စုံတစ်ယောက်ရဲ့ ဝိုးတဝါးမျက်နှာ...
"demon ထပ်ပြီး နင်ပဲလား..."???
~~~~~~~~~~~~~~~~~~🔥🔥🔥
ဆက်ရန်>>>>>
#Hazel