book

Index 1

Chapter(1)

💕 My Lovely demon 💕

                             ``အချစ်နတ်ဆိုးလေး´´

~~~~~~~~~~~


စူးရှရှမွေးရနံ့တစ်မျိူးကို နှာသီးဝကနေတဆင့်

ပြင်းပြင်းထန်ထန်ခံစားနေရသည်။


လူကအသိရှိနေသေးသော်လဲ ခန္ဓာကိုယ်က

လူပ်ရှား၍မရ...ထို့အတူပဲဖွင့်မထားနိုင်တဲ့

မျက်ခွံတွေကလဲ လေးလံကျိမ်းစက်လွန်းနေ၏....


ဒါဘယ်နေရာလဲ??

ငါဘယ်ကိုရောက်နေတာလဲ??


စိတ်ထဲကနေတရစပ်မေးခွန်းထုတ်နေမိသော်လဲ

သူမရှိနေတဲ့နေရာက နွေးထွေးပြီးနူးညံ့တဲ့

နေရာတစ်ခုမှန်းအသေအချာခံစားနေရသည်။


"..........."


ရုတ်တရပ်ခြေသံလိုလိုအသံခပ်သဲ့သဲ့ကို

သူမကြားလိုက်ရသလိုပဲ.....


တဖြေးဖြေးချင်းနီးကပ်လာတဲ့ထိုခြေသံက

သူမနားကိုတယောက်ယောက်ချဉ်းကပ်လာတာများလား??


ရုတ်ချည်းဆိုသလို သူမရင်ထဲစိုးရိမ်စိတ်တွေ

အလုံးအရင်းနဲ့ဝင်ရောက်လာတယ်။


သူမ, မျက်လုံးတွေကိုအားယူဖွင့်ကြည့်ဖို့

ကြိုးစားလိုက်မိတယ်...ထိုအချိန်မှာပဲ

လက်တစ်စုံကသူမကိုပွေ့ယူလိုက်ပြီး

နွေးထွေးကျယ်ပြန့်တဲ့ရင်ဘတ်တစ်ခုပေါ်

သူမ ခန္ဓာကိုယ်ကမှီတွယ်ခိုဝင်သွားခဲ့ရသလိုပဲ......


သူမ, မျက်ဝန်းတွေကိုဖွင့်ကြည့်ဖို့အလောတကြီးနဲ့

ပိုပြီးအားယူလိုက်မိသည်။ထိုအချိန်ခဏလေးမှာပဲ

သူမကိုပွေ့ယူထားတဲ့လက်တစ်စုံရဲ့သန်မာမူ့က

ပို၍မြဲမြံသွားခဲ့တာကိုလဲခံစားလိုက်ရသည်။


နောက်ဆုံးသူမ ,မျက်ဝန်းတွေဖွင့်ကြည့်ဖို့

ကြိုးစားတာ အောင်မြင်သွားခဲ့ချိန်မှာတော့...

ဝေဝေဝါးဝါးအမြင်အာရုံထဲ အနီးကပ်ဆုံး

အနေအထားနဲ့ရှိနေတဲ့ ခန့်ညားချောမောတဲ့

မျက်နှာတစ်ခုကိုမြင်လိုက်ရတယ်....


"ဟင်....."


သူမနူတ်က အာမေဋိတ်သံလေးတစ်ခု

မမြိုသိပ်နိုင်ပဲထွက်သွားခဲ့တယ်။


ဤချောမောခန့်ညားတဲ့မျက်နှာကိုသူမလုံးဝမရင်းနှီးတာ

သေချာပေမဲ့ ထိုမျက်နှာကတော့သူမကို

နွေးနွေးထွေးထွေးပြုံးပြနေခဲ့တာလေ...


"ရှင်..ဘယ်သူလဲ "


အသိစိတ်ထဲမှာမေးချင်တဲ့မေးခွန်းကထင်ရှားနေသော်လဲ

သူမနူတ်ကထွက်သွားတဲ့အသံကတော့

ဗလုံးဗထွေးနဲ့လေးပင်လွန်းလှ၏....


တစ်ချိန်ထဲမှာပဲ ထိုမျက်နှာချောချောဆီစုန်ဆန်

ပြေးလွှားနေတဲ့သူမရဲ့အကြည့်တွေက...

အရည်လဲ့တောက်ပနေတဲ့ မျက်ဝန်းလှလှတွေနဲ့

မျက်နှာဆီက...ဘယ်ဘက်မျက်ဝန်းအောက်တည့်တည့်မှာ

ရှိနေတဲ့ မှဲ့နက်လေးဆီအရောက်မှာတော့

တိတိကျကျရပ်တန့်သွားခဲ့ရသည်။


ဒီမှဲ့နက်လေး...သူမအဲ့ဒီ့မှဲ့နက်လေးကို

ရင်ရင်းနှီးနှီးသိနေသလိုပဲ....ဒါပေမဲ့

ဒီအရမ်းကြည့်ကောင်းတဲ့မျက်နှာကိုတော့

သူမဘာလို့နည်းနည်းလေးတောင်ရင်းနှီးမနေရတာလဲ...??

ထင်ရှားခိုင်ကျည်တဲ့မေးရိုးနဲ့ ထူထဲနက်မှောင်နေတဲ့

မျက်ခုံးတွေ ဒါတွေကအရမ်းလှတဲ့သူ့မျက်လုံးတွေနဲ့

တစ်ကယ်ကိုလိုက်ဖက်လွန်းတာပဲ....


သူကကြည့်ကောင်းလိုက်တာ။


"ရှင်က အရမ်းကြည့်ကောင်းတာပဲ...."


သူမပိုပြီးမူးဝေလာသလိုခံစားလိုက်ရပြီး

သူမရဲ့အခြေနေကိုမေ့လျော့သွားခဲ့သလို

ဝေဝေဝါးဝါးမှတ်ချက်ပေးလိုက်တော့...

နွေးထွေးတဲ့သူ့ရဲ့လက်ဖဝါးတစ်ဖက်က

သူမပါးပြင်ဆီလာရောက်ထိတွေ့သည်။


"မင်း..ကျွန်တော့်ကိုသဘောကျလား....."


"အင်းး...."


ဘုရားသခင်!! သူမဘာလို့လွယ်လွယ်ဝန်ခံလိုက်မိတာလဲ??

သေချာတာကတော့သူမရဲ့အမှားကိုပြန်ပြင်လို့

မရတော့ဘူးထင်တယ်....


ဘာလို့ဆို သူမရဲ့အဖြေကြောင့်သူ့ရဲ့အပြုံးတွေက

ပိုပြီးနက်ရိူင်းသွားခဲ့လိုပဲ...ပြီးတော့ သူက

သူမရဲ့ပါးပြင်ကိုခပ်ရွရွပွတ်သပ်ပြီး ထပ်မေးလာတယ်...


"ဒါဆို..မင်း ကျွန်တော့်ကိုလက်ထပ်မှာလား..."


"..........."


လက်ထပ်ပွဲ....ရုတ်တရပ်ထိုမေးခွန်းကိုကြားလိုက်တာနှင့်

ကြက်သီးထသွားရတဲ့အထိ သူမထိတ်လန့်သွားခဲ့တယ်...


ဟင့်အင်း!!!လက်မထပ်ဘူး

ကျွန်မဘယ်သူ့ကိုမှလက်မထပ်ဘူး........


စိတ်ထဲကနေအော်ဟစ်ငြင်းဆန်လိုက်ရင်း

သူမနူတ်ခမ်းတွေကိုဖွင့်ဟဖို့နောက်တစ်ခါအား

ယူလိုက်ချိန်က နောက်ကျသွားခဲ့ပြီထင်သည်။


တဖြေးဖြေး ကြည့်ကောင်းခန့်ညားလှတဲ့

ထိုမျက်နှာက သူမဆီသို့အုပ်မိုးအပ်ကျလာခဲ့တဲ့အခါ^^^^


"အား!!!! "


~~~~~~~~~~~~~~~~~~🔥🔥🔥


"အား!!!"


"ဝုန်း..ဒုန်း "


နူတ်ကနေအသံကုန်အော်ဟစ်ပြီး ဝရုန်းသုန်းကား

ရုန်းကန်လိုက်တော့...ဆုံလည်ပေါ်ကနေ

ခြေကားယားလက်ကားယားနှင့်ပြုတ်ကျသည်။


"ဘာဖြစ်တာလဲ စက်..နင်ဘာဖြစ်တာလဲ "


စိုးရိမ်တကြီးအသံနဲ့အတူ အခန်းထဲကို

ယူရီ ပြေးဝင်လာ၏။လဲကျနေတဲ့

စက်,ကိုမြင်တော့ ကပျာကယာပြေးလာထူသည်။


"အား..သေပါပြီ..."


"ဖြေးဖြေးဟယ်..ဘယ်လိုဖြစ်ပြီးခုံပေါ်က

ပြုတ်ကျရတာလဲ..."


"ငါ.ငါအိပ်မက်မက်လို့...."


စက် ,ကယောင်ချောက်ခြားဖြေမိရင်း

ခုံပေါ်ခပ်ဖြေးဖြေးပြန်ထိုင်လိုက်တော့

ယူရီက စက်ကိုကြည့်ပြီး...


"နေ့နဲ့ညနဲ့မှားပြီး အိပ်မက်ဆိုးတွေမက်နေပြီ

မဟုတ်လား အဲ့ဒါကြောင့် ငါနင့်ကိုပြောတယ်

မိုးလင်းတဲ့အထိအလုပ်တွေမလုပ်ပါနဲ့လို့

နင့်ကိုယ်နင်လဲပြန်ကြည့်ဦး လူကအိပ်ရေးပျက်ပြီး

ကြောင်စီစီဖြစ်နေပြီ...."


သူငယ်ချင်းအရင်းကြီးတွေမို့ ယူရီကအားမနာတမ်း

ဝေဖန်၏...စက်,ကတော့ အခုထိအသိကောင်းကောင်း

ကပ်မရသေးသလိုငေးစီစီမျက်ဝန်းတွေဖြင့် လောလော

လတ်လတ်မက်ထားသောအိပ်မက်ကိုပြန်ပြီး

ပုံဖော်လိုက်မိသည်။


"အိပ်မက်ဆိုး ဟုတ်တယ် အရမ်းဆိုးတဲ့

အိပ်မက်ပဲ နင်သိလား ယူရီ အိပ်မက်ထဲမှာ

ယောကျာ်းတစ်ယောက်က ငါ့ကို

လက်ထပ်ခွင့်တောင်းနေတာ..."


"ဟေ...."


"အားး..အရမ်းကြောက်စရာကောင်းတာပဲ..."


ကိုယ့်လက်မောင်းကိုလက်ဖဝါးနှင့်ပြန်ပွတ်ပြီး

ကိုယ်လေးတွန့်လိမ်ကာရူံ့မဲ့လိုက်တဲ့ စက်ရဲ့ပုံစံက

အိပ်မက်ထဲမှာအလွန်ထိတ်လန့်ကြောက်ရွံ့စရာ

အဖြစ်အပျက်ကြီးကိုမြင်မက်ထားသလိုပင်....


အကြောင်းမသိသူတွေအဖို့ ဒီလိုအိပ်မက်လေး

မက်တာကို ဒီလောက်ထိဖြစ်နေစရာလို,လို့လားဟု

မြင်လိမ့်မယ်ထင်သည်။ယူရီကတော့

စက် အကြောင်းကိုကောင်းကောင်းသိနေသူမို့

သက်ပြင်းချခေါင်းယမ်းသည်။


"အိပ်မက်ကတစ်ကယ့်ကိုတစ်မျိုးကြီးပဲ 

ကြက်သီးထစရာကောင်းလိုက်တာ..."


"ဟွန်း....သံသရာစက်တို့များနော်

ပြောတော့ လက်ထပ်ရမှာကိုသေမလောက်ကြောက်ပါတယ်

တသက်လုံးလက်မထပ်တော့ဘူးလေး ဘာလေးနဲ့

မက်တဲ့အိပ်မက်ကြတော့ လက်ထပ်ခွင့်တောင်းခံရတဲ့

အိပ်မက်တဲ့...ဘယ်လိုလဲ အိပ်မက်ထဲက

နင့်ရဲ့ဖူးစာရှင်ကချောလား..."


"မသိဘူး မမှတ်မိတော့ဘူး 

နင်ကလဲဘာတွေလာမေးနေမှန်းမသိဘူး

ဒီမှာရင်တုန်နေပါတယ်ဆိုမှ..မြန်မြန်ငါ့ကိုရေသွားယူပေးဦး..."


"အေးပါဟယ် အေးပါ...."


ယူရီပြန်ထွက်သွားမှ စက် ကိုယ့်ရင်ဘတ်ကို

လက်နှစ်ဖက်နှင့်ဖိရင်း အသက်ကိုခပ်ပြင်းပြင်း

တစ်ချက်ရူထုတ်လိုက်သည်။


"စောစောစီးစီး ဘယ်လိုအိပ်မက်ကိုမက်မိမှန်း

မသိဘူး ကံဆိုးလိုက်တာ...ဟားး "


အလိုမကျစွာအော်မိရင်း စားပွဲပေါ်မျက်နှာ

မှောက်လိုက်၏...


ထူးဆန်းတယ် အိပ်မက်ထဲကမြင်ကွင်းကို

စက်, ရှင်းရှင်းလင်းလင်းမှတ်မိနေပေမဲ့

နီးနီးကပ်ကပ် မြင်ခဲ့ရတဲ့အဲ့ဒီ့လူရဲ့မျက်နှာကိုတော့

မမှတ်မိတော့ပြန်ဘူး...


စက်, မှတ်မိလိုက်တာတစ်ခုက မှဲ့နက်လေး(ဟုတ်တယ်)

အဲ့ဒီ့လူရဲ့ဘယ်ဘက်မျက်လုံးအောက်က

မှဲ့လေး။


"ဘုရားသခင်!! နောက်တစ်ခါဘယ်တော့မှ

ဒီလိုအိပ်မက်ဆိုးမျိူးထပ်မမက်ရပါစေနဲ့...."


~~~~~~~~~~~~~~~~~🔥🔥🔥


"ယူရီ...ငါစတိုးဆိုင် ခဏသွားလိုက်ဦးမယ်..

နင်ဘာမှာဦးမလဲ..."


"ဘာမှမမှာတော့ဘူး...နင်ဘာသွားဝယ်မလို့လဲ..."


"လစဉ်သုံးပစ္စည်း...."


"ဪ..အနွေးထည်ထပ်ဝတ်သွားဦးနော်

အပြင်မှာအေးတယ်..."


"အင်း...."


စက် ခုထိမလဲရသေးတဲ့ညအိပ်ဝတ်စုံပေါ်မှာပဲ

အနွေးထည်ခပ်ဖားဖားကြီးကိုထပ်ဝတ်လိုက်သည်။

ဖရိုဖရဲဖြစ်နေတဲ့ဆံပင်ရှည်တွေကိုလဲ

ရှင်းမနေတော့ပဲ အနက်ရောင်လျှာထိုးဦးထုပ်ကိုသာ

ခပ်ငိုက်ငိုက်ဆောင်းပြီး တိုက်ခန်းပေါ်ကဆင်းလာခဲ့သည်။


မနက်က အိပ်မက်ကြောင့် တစ်ချိန်လုံး

စိတ်မကြည်မလင်ဖြစ်နေရတာ အခုထိရေချိုးဖို့လဲ

စိတ်မပါသေး....


တိုက်ခန်းအောက်ကိုရောက်တော့ လမ်းကူးဖို့

ပြင်နေစဉ်မှာပဲ အနက်ရောင်ဇိမ်ခံကားတစ်စီးက

စက်ရဲ့ရှေ့မှာထိုးရပ်သွား၏...


စက် ကြည့်နေစဉ်မှာပဲ...ကားပေါ်ကဆင်းလာတဲ့သူက

စက်နဲ့ စိမ်းသက်မနေတဲ့အပြုံးမျိူးနဲ့ရင်းနှီးနွေးထွေးစွာ

ပြုံးပြလာခဲ့သည်။


"မမလေး..."


"အန်ကယ်ဂျိုး...."


နူတ်ကနေရေရွတ်လိုက်မိတဲ့ခေါ်သံနဲ့အတူ

စက်ရဲ့မျက်ခုံးတန်းလေးတွေ အလိုမကျသလို

အနည်းငယ်တွန့်ချိူးသွားခဲ့ရသည်။


စက်ရဲ့ပုံစံကနောက်ထပ်စိတ်အနှောင့်အယှက်

ဖြစ်စရာတစ်ခုခုကိုတွေ့လိုက်ရတဲ့ပုံစံမျိုးပင်...


"အန်ကယ်ဘာကိစ္စရှိလို့ ဒီကိုရောက်လာတာလဲ..."


ပုံမှန်လေသံနဲ့ပဲမေးရင်း စက် ကားထဲကို

တစ်ချက်လှမ်းကြည့်လိုက်သည်။

ကားထဲမှာတော့ အန်ကယ်ဂျိူးအပြင်

ဘယ်သူမှပါမလာဘူးထင်၏...


"သူဌေးက မမလေးအဆင်ပြေရဲ့လားဆိုတာ

လာကြည့်ခိုင်းလို့ပါ...."


"စက် အဆင်ပြေပါတယ် ပါပါးကိုလဲပြောလိုက်ပါ

ဒီလိုခဏခဏလာမကြည့်ခိုင်းလဲရတယ်လို့...."


"မမလေး အခုဘယ်ကိုသွားမလို့လဲ..."


"ဒီနားက စတိုးဆိုင်ကိုပါ ဝယ်စရာရှိလို့...."


"ကျွန်တော်လိုက်ပို့ပေးပါ့မယ်...ကားပေါ်တက်ပါ..."


"ဟင့်အင်း ရပါတယ် ဆိုင်ကနီးနီးလေးရယ်

စက် လမ်းလျောက်သွားမှာ..."


ပြောမရတာသိနေ၍ထင်သည်။ ကားတံခါးလက်ကိုင်အထိ

လက်လှမ်းပြီးမှ အန်ကယ်ဂျိုးကလက်ကိုပြန်ရုတ်ပြီး

ဲံစက်ကိုပြုံးကြည့်သည်။


"ဘယ်လောက်ကြာတဲ့အထိ အိမ်ကိုပြန်လာဖို့

ခေါင်းမာနေဦးမှာလဲ သူဌေးက မမလေးကို

တစ်ကယ်သတိရနေတာ...."


"စက် ခေါင်းမာနေတာမဟုတ်ပါဘူး စက်အတွက်

အခုလက်ရှိအခြေအနေကပိုပြီးသက်တောင့်သက်သာ

ရှိတယ်....."


"လူတွေရဲ့အတင်းအဖျင်းစကားတွေကိုဂရုစိုက်စရာ

မလိုပါဘူး...ဒါတွေကမမလေးရဲ့အမှားမှမဟုတ်ပဲ

ကိုယ်မမှားတဲ့ကိစ္စတွေအတွက် ဘယ်လောက်ကြာတဲ့အထိ

ဒီလိုမျိုးပုန်းကွယ်နေဦးမှာလဲ...."


အန်ကယ်ဂျိူးရဲ့စကားကိုဆုံးအောင်နားထောင်ပြီး

စက် ခပ်သဲ့သဲ့ပြုံးလိုက်သည်။


"စက်က လူတွေရဲ့အတင်းအဖျင်းစကားတွေကို

ကြောက်ပြီးပုန်းကွယ်နေတာမဟုတ်ဘူး...စက်

ကိုယ့်ကိုယ်ကိုကာကွယ်နေတာပါ...ကောလဟာလနဲ့

အတင်းအဖျင်းစကားတွေက အချိန်ကြာရင်

ပျောက်ကွယ်သွားတတ်တာမျိုးလို့ဘယ်သူကပြောခဲ့တာလဲ....

လူတွေက တခြားသူတစ်ဦးရဲ့ကောင်းသတင်းကိုသာ

အချိန်ကြာလာတာနဲ့အမျှပြောဖို့ ငြီးငွေ့သွားတာ

ုဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်...အဲ့ဒီ့လူတစ်ယောက်ရဲ့

မကောင်းသတင်းကိုတော့ ဘယ်တော့မှပြောဖို့

ငြီးငွေ့မသွားနိုင်ဘူး...စက် လူတွေရှေ့ကို

တစ်ကြိမ်ထွက်ပြရင် အဲ့ဒီ့အတင်းအဖျင်းတွေက

တစ်ကြိမ်ထပ်ပြီးအသစ်ဖြစ်လာမှာပဲ...လူတွေရဲ့

ကြောက်စရာကောင်းတဲ့ စကားလက်နက်တွေကနေ

စက်,ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ ခုချိန်ထိတော့

ဒီနည်းလမ်းကအကောင်းဆုံးပဲလို့ထင်တယ်....ပြီးတော့

စက်အတွက် အခုလက်ရှိအခြေနေကအငြိမ်းချမ်းဆုံးပဲ..."


ရှည်လျားလှတဲ့စက်ရဲ့စကားအဆုံး...

အန်ကယ်ဂျိုးကအရာရာကိုနားလည်သူမို့

ခေါင်းညွတ်နူတ်ဆိတ်သွား၏...


"ဪ..God flowerရဲ့ နှစ်၃၀ပြည့်အထိမ်းအမှတ်

ပွဲအတွက် စက် ဆွဲထားတဲ့ jewellery ဒီဇိုင်းအသစ်တွေ

အချောသတ်ပြီးသွားပြီ ညကျရင်...ပါပါးဆီပို့ပေးလိုက်မယ်လို့

ပြောပေးပါ..."


"ကောင်းပါပြီ..ကျွန်တော်ပြောလိုက်ပါ့မယ်..."


"ပါပါးကိုလဲ ဂရုစိုက်ပေးပါအန်ကယ်လ်..."


"စိတ်ချပါ မမလေး...မမလေးလဲဂရုစိုက်ပါ..."


စက် အန်ကယ်ဂျိုးကိုနူတ်ဆက်ပြီး

လှည့်ထွက်လာခဲ့ပေမဲ့....အန်ကယ်ဂျိုးကတော့

အရင်အခါတွေတိုင်းပဲ စက်ကိုရပ်ငေးကြည့်ကာ

ကျန်နေခဲ့မည်မှန်း သေချာသိနေသည်။


တိုက်တိုက်ဆိုင်ဆိုင်စတိုးဆိုင်ကိုရောက်တော့

လိုအပ်တာဝယ်ပြီးကောင်တာမှာငွေရှင်းနေတုန်း

စတိုးဆိုင်ထဲကTVကနေ God flowerရဲ့

ကြော်ငြာလွှင့်နေတာနှင့်တိုး၏...


ဘာရယ်မဟုတ် TVစက္ကရင်ထက်မှာ

ပေါ်နေတဲ့ ဆန်းသစ်တဲ့Jewelleryဒီဇိုင်းတွေနှင့်

ကြော်ငြာမော်ဒယ်လှလှလေးကို စက် ငေးကြည့်

မိသွားရသည်။


ထိုအချိန်မှာပဲ စက်လိုပဲTVကိုလှမ်းကြည့်နေတဲ့

ဘေးနားကလူတစ်ချို့ဆီမှကြားလိုက်ရတဲ့အသံတွေ....


"နှင်းဆီသွေးကအရမ်းလှတာပဲနော်..."


"ဟုတ်တယ်...သူသာမင်းသမီးလုပ်ရင်

အရမ်းအောင်မြင်မှာ..."


"နှင်းဆီသွေးကမင်းသမီးဘယ်လုပ်မလဲ သူက

God flowerလုပ်ငန်းစုရဲ့သမီးလေ

သူတို့ကုမ္ပဏီရဲ့သီးသန့်ကြော်ငြာမော်ဒယ်ပဲလုပ်တာ..."


"ဒါတောင် သူ့ပရိတ်သတ်တွေကအများကြီးပဲနော်

သူကဆိုရှယ်မီဒီယာမှာအရမ်းနာမည်ကြီးတာ..."


စက် ခပ်သဲ့သဲ့ပြုံးလိုက်ကာ ငွေရှင်းကောင်တာက

ဖြတ်ပိုင်းကိုယူပြီး စတိုးဆိုင်ထဲကနေပြန်ထွက်လာခဲ့မိ၏...


"နှင်းဆီသွေး...god flowerရဲ့

နတ်သမီး..အဟင်း..."


တိုးသဲ့သဲ့ရေရွတ်ရင်း ကောင်းကင်ကြီးကို

တစ်ချက်မော့ကြည့်လျက် ရယ်မောလိုက်သံက

အနည်းငယ်တော့ နာကျည်းသံစွတ်နေခဲ့မည်ထင်၏...


"အဲ့ဒီ့နေရာက နင်နဲ့တစ်ကယ်လိုက်ဖက်တယ်

rose....."


~~~~~~~~~~~~~~~~~~🔥🔥🔥


"စက် ငါဒီနေ့အိမ်ပြန်လိုက်ဦးမယ်..."


"ပြန်လေ ညရောအိပ်မှာလား"


"အင်း..မေမေသိပ်နေမကောင်းဘူးဆိုလို့...

နင် တစ်ယောက်ထဲအဆင်ပြေတယ်မဟုတ်လား..."


"မပြေစရာရှိလား ငါ့ကိုဘာမှမပူနဲ့

အန်တီ့ကိုသာဂရုစိုက်ပေးလိုက်....."


"ညစာအတွက်ဟင်းတွေ ရေခဲသေတ္တာထဲမှာ

ငါထည့်ထားတယ်နော် စားခါနီးရင်ပြန်နွှေးလိုက်

ခေါက်ဆွဲပြုတ်နဲ့ပဲညစာပြီးသွားလို့ကတော့

ငါပြန်လာရင်နင့်ကိုဆူမှာနော်..."


"အင်းပါ..."


စိတ်မချသလိုတသီတတန်းကြီးမှာကြားပြီး

ယူရီက ခပ်သုတ်သုတ်ပြင်ဆင်ကာ

စက်ကို နူတ်ဆက်ပြီးထွက်သွားသည်။


တစ်အိမ်လုံးမှာရှိတာမှသူငယ်ချင်းနှစ်ယောက်ထဲမို့

ယူရီထွက်သွားတာနှင့် စက်တစ်ယောက်ထဲ

ယောင်ချာချာ ဖြစ်နေရ၏...


ခါတိုင်းဆိုအလုပ်ထဲစိတ်နှစ်ထားလို့ရပေမဲ့

အခုကတစ်ပတ်လုံးလုံးဒီဇိုင်းသစ်အတွက်

နေ့မအိပ်၊ညမအိပ်ကြိုးစားပြီးကာစမို့..

အလုပ်စားပွဲမှာလဲထပ်မထိုင်ချင်တော့....


လွန်ခဲ့တဲ့၂နှစ် စက်အိမ်ကစထွက်လာကထဲက

ယူရီက စက်နဲ့အတူဒီနေရာမှာအတူလာနေပေးခဲ့တာ...

ယူရီရဲ့အမျိုးသားက ဆရာဝန်တစ်ယောက်ဖြစ်ပြီး

ယူရီနဲ့လက်ထပ်ပြီးတစ်နှစ်လောက်မှာပဲ

ပါရဂူဘွဲ့ယူဖို့UKမှာကျောင်းဆက်တက်နေတာဖြစ်သည်...

ယူရီက စက်အတွက်တော့ညီအစ်မရင်းနဲ့မခြားတဲ့

သူငယ်ချင်းကောင်းပင်။


တစ်ယောက်ထဲဘာမှလုပ်စရာမရှိတာမို့ စက်

ညစာစားပြီးတာနဲ့စောစောစီးစီးအိပ်ယာထဲဝင်ဖြစ်ခဲ့၏...


တပတ်လုံးလုံးအိပ်ရေးပျက်ပြီး ပင်ပန်းထားပေမဲ့

စက်ချက်ချင်းအိပ်မပျော်ခဲ့....


အိပ်ရာပေါ်ဟိုလူးဒီလိမ့်နဲ့နောက်ဆုံး

အိပ်ပျော်ဖို့ကိုလက်လျော့ကာ ဓာတ်ပုံအယ်လ်ဘမ်တွေကို

ဘေးချပြီး မိသားစုဓာတ်ပုံလေးတွေကို

ပြန်ကြည့်နေခဲ့မိသည်။


စက်,ကလေးဘဝကနေ လွန်ခဲ့တဲ့၆နှစ်

မာမားမဆုံးခင်အချိန်ထိအမှတ်တရဓာတ်ပုံတွေက

ဒီအယ်လ်ဘမ်တွေထဲမှာ အများကြီးရှိနေတာလေ...


ပုံတွေကိုကြည့်နေရင်း ရုတ်တရပ်မြင်လိုက်ရတဲ့

အယ်လ်ဘမ်ထဲက ဓာတ်ပုံတစ်ပုံကြောင့်

စက် နူတ်ခမ်းလေးပွင့်ဟသွားခဲ့ရ၏။


ဓာတ်ပုံက ပင်လယ်ကမ်းခြေမှာရိုက်ထားတဲ့

စက်နဲ့ကောင်လေးတစ်ယောက်ရဲ့ပုံ...


"ဒါက..."


မျက်ခုံးလေးကျုံ့လျက် စဉ်းစားလိုက်တော့

ခဏချင်းပင် အဖြေကရသွားခဲ့သည်။


ဒါ ပြင်သစ်ကကျွန်းတစ်ခုရဲ့ကမ်းခြေမှာ ရိုက်ထားတဲ့ဓါတ်ပုံပဲ

မာမားမဆုံးခင်တစ်နှစ်က စက်တို့မိသားစု

ပါရီကိုသွားလည်ရင်း အဲ့ဒီ့ကျွန်းကိုရောက်ခဲ့တာ။


ဒီကောင်လေးက အဲ့ဒီ့်ကျွန်းပေါ်မှာစက်နဲ့သိခဲ့တာ

သူ့ရဲ့နာမည် အဲ့ကောင်လေးရဲ့နာမည်ကိုတော့

စက်မမှတ်မိတော့ဘူး လွန်ခဲ့တဲ့၇နှစ်ကအဖြစ်အပျက်မို့

စက်ရဲ့အာရုံထဲမှာဝေဝေဝါးဝါးပဲ....


"နေပါဦး...သူကဘာလို့တယောက်ယောက်နဲ့

တူနေရတာလဲ..."


ဇဝေဇဝါရေရွတ်မိရင်း စက် ဓာတ်ပုံကို

ထုတ်ယူကာအနီးကပ်ကြည့်လိုက်သည်။


စဉ်းစားလို့မရပေမဲ့ သူကတစ်ကယ်တစ်ယောက်နဲ့

တူနေတာ......


"ကျစ်..ဘာလို့စဉ်းစားလို့မရတာလဲ..."


ကိုယ့်ကိုယ်ကို မကျေမနပ်နှင့်ဓာတ်ပုံကို

နောက်တစ်ကြိမ်အနီးကပ်ပြူးပြဲကြည့်လိုက်ချိန်မှာတော့


"အမလေး!!!!"


လန့်အော်လိုက်မိသံနဲ့အတူ လက်ထဲကဓာတ်ပုံက

လွတ်ကျသည်။


မှဲ့နက်လေး ဓာတ်ပုံထဲကစက်ရဲ့ဘေးမှာ

တည်တည်ကြည်ကြည်နဲ့ရှိနေတဲ့ကောင်လေးရဲ့

မျက်နှာပေါ်က ဘယ်ဘက်မျက်လုံးအောက်မှာ

ထင်းနေတဲ့မှဲ့လေး.....


"သူ..သူက....."


စက် တုန်ရီနေတဲ့လက်တစ်ဖက်နဲ့ဓာတ်ပုံကို

ကောက်ယူပြီး အနောက်ကို လှည့်ကြည့်လိုက်ချိန်မှာတော့

မြင်လိုက်ရတဲ့ စာကြောင်းလေးတစ်ခု....


`next 7years´ (demon)


~~~~~~~~~~~~~~~~~🔥🔥🔥


လွန်ခဲ့သော(၇)နှစ်ခန့်က^^^^^^^


"ကျွန်တော် အရွယ်ရောက်လာရင်

ခင်ဗျားကိုပဲလက်ထပ်မှာ...."


"............"


"မရယ်ပါနဲ့...ခင်ဗျားကမယုံဘူးလား

အခုကစပြီး နောက်ထပ်၇နှစ်ပြည့်တဲ့နေ့....

အဲ့ဒီ့နေ့ကိုရောက်ရင် ကျွန်တော်ခင်ဗျားရှေ့ကို

ရောက်အောင်လာပြီးခင်ဗျားကိုလက်ထပ်ခွင့်တောင်းမယ်...

အဲ့ဒီ့အခါကျရင် ခင်ဗျားကျွန်တော့်ကို လက်ထပ်မယ်

မဟုတ်လား...."


အဆုံးမရှိတဲ့ပင်လယ်ပြင်ကြီးကိုမေးတင်ထားတဲ့

ကမ်းခြေလှလှလေးရဲ့ဖြူလွလွသဲသောင်ပြင်ထက်က

ချစ်စဖွယ်မြင်ကွင်းလေးတစ်ခု....


အဖြူရောင်အသားပျော့ပျော့ ဂါဝန်ရှည်လေးနဲ့

သဲသောင်ပြင်မှာခြေစုံရပ်နေတဲ့ မိန်းမပျိုလေးက

လေထဲမှာလွင့်နေသောသူမရဲ့ဆံပင်ရှည်တွေကို

တစ်ချက်ပင့်သိမ်းပြီး သူမရှေ့မှာရှိနေတဲ့

ကောင်ငယ်လေးကို ခါးလေးကိုင်းညွတ်ပြီးငုံ့ကြည့်ကာ

ထပ်ပြီးပြုံးသည်။


"နင် ငါ့ကိုဘာလို့သဘောကျတာလဲ...."


"ခင်ဗျားကလှလို့...ခင်ဗျားမှာကျွန်တော်အရမ်းကြိုက်တဲ့

မျက်လုံးလှလှလေးတွေရှိတယ် ပြီးတော့

ခင်ဗျားရဲ့ဆံပင်ရှည်တွေကိုရောပဲ..."


ကောင်လေးရဲ့အဖြေကြောင့်မိန်းမပျိုလေးကသူမရဲ့

မျက်ဝန်းလှလှလေးတွေလခြမ်းကွေးပုံသဏ္ဍာန်လေး

ဖြစ်သွားသည်အထိနှစ်ခြိုက်စွာပြုံး၏...


"ငါ့ရဲ့အသက်ကအခု၂၁နှစ်ရှိနေပြီ

နင့်ကိုနောက်ထပ်၇နှစ်ထပ်စောင့်ရမယ်ဆိုရင်

ငါလက်ထပ်ဖို့အရမ်းကိုနောက်ကျသွားမှာပေါ့..."


"ဒါပေမဲ့ ကျွန်တော်ကလက်ထပ်လို့ရတဲ့အရွယ်

ရောက်တာနဲ့ခင်ဗျားကိုပဲ ယူမှာ...."


"ခစ်..ခစ်..."


ကောင်လေးပြောလိုက်တဲ့စကားအဆုံး

မိန်းမပျိုလေးရဲ့ရယ်သံလွင်လွင်လေးက

ပင်လယ်ပြင်ကြီးဆီပျံ့လွင့်သွားခဲ့တယ်....


သူမဟာ သူမရှေ့မှာရှိနေတဲ့၁၄နှစ်အရွယ်

ကောင်ငယ်လေးရဲ့ပြောစကားတွေကို

အလေးအနက်မရှိလှဘူး သူမရဲ့ပုံစံက

စကားတတ်လွန်းတဲ့မောင်ငယ်လေးကိုသဘောကျစွာ

စနောက်ပြုံးကြည့်နေတဲ့အစ်မကြီးလိုပဲ... 


ဒါပေမဲ့ သူမရှေ့ကကောင်ငယ်လေးကတော့

အရွယ်နဲ့မလိုက်အောင်တည်ကြည်လေးနက်လွန်းတဲ့

မျက်ဝန်းအကြည့်တွေနဲ့......


ထိုမျက်ဝန်းအကြည့်တွေထဲမှာ ပြတ်သားမူ့

တစ်ချို့လဲရှိနေသေးတယ်...


"ကောင်းပြီလေ ငါစောင့်နေမယ်

နောက်၇နှစ်နေလို့ နင် ဒီကတိကို

သတိရသေးတယ်ဆိုရင် ငါ့ရှေ့ကိုရောက်အောင်

လာခဲ့ ငါနင့်ကိုလက်ထပ်မယ်...."


စကားအဆုံး ချစ်စဖွယ်အပြုံးလေးနှင့်

ဆံနွယ်ရှည်တွေဝဲခနဲခါရမ်းသွားအောင်

လှည့်ပြေးသွားတဲ့ မိန်းမပျိုလေးကို

ရပ်ငေးကြည့်ပြီးကျန်နေခဲ့တဲ့ ကောင်ငယ်လေးက

မိန်းမပျိုလေး သူ့ရဲ့မြင်ကွင်းထဲကပျောက်သွားတဲ့

အချိန်ကျမှ ပင်လယ်ပြင်ကြီးဆီအကြည့်တစ်ချက်ပို့ပြီး

အရွယ်နဲ့မလိုက်အောင် ခန့်ခန့်ညားညား

ပြုံးလိုက်သည်။


"ကျွန်တော်ဘယ်တော့မှမမေ့ဘူး ကျွန်တော်

နောက်၇နှစ်နေရင်ခင်ဗျားကို ကျိမ်းသေလက်ထပ်မှာ..."


~~~~~~~~~~~~~~~~~~🔥🔥🔥


ဆက်ရန်>>>>>


#Hazel


rate now: