book

Index 7

အပိုင်း(၇)

နတ်ရဲတောင်လျို့ဝှက်ချက် ၇

==============


        ချောင်းဘေးအနီးမှာပင်ရန်မတီးတို့လူစုညအိပ်စခန်းချရန်ရွေးချယ်လိုက်ခြင်းနဲ့အတူ ၊ ရူဘီနာမှလွဲ၍တစ်ခြား

သောလူများကိုနှစ်ယောက်တစ်တွဲဖြင့်လုံခြုံရေးအတွက်ကင်းအလှည့်ကျစောင့်စေ၏ ။

       ရန်မတီးမှာကင်းသမားများကိုလုံးဝမအိပ်စက်ရန်အထူး

သတိပေးမှာကြားထားသလိုမီးပုံကိုလည်းထင်းမပြတ်တမ်းထည့်ရန်မှာကြားထား၏ ။

 တောနေသေတ္တဝါအများစုမှာမီးကိုကြောက်လန့်တတ်ကြသောကြောင့်မီးရှိနေပါကအနားကပ်လာရဲမည်မဟုတ်သောကြောင့် မီးကို အပြတ်မခံခိုင်းခြင်းဖြစ်၏ ။


    နောက်တစ်နေ့မနက်တွင်မနက်စောစောနိူးလာချိန် ချောင်းအတွင်းမျက်နှာသစ်သူသစ်၊ရေမိုးချိုးသူချိုးဖြင့်

 တစ်နေ့တာခရီးတစ်ခုအစအတွက် လူပ်ရှားတက်ကြွလျက်ရှိနေကြတော့သည်။


       မနက်စာအတွက် ရူဘီနာက အားလုံးစားရန်ထမင်းချက်နေချိန်လူငယ်များမှာလည်းချောင်းကမ်းစပ်ဘေးခြုံများကျောက်တုံးများကြားတွင်ခိုအောင်းနေသော ငါးပုစွန်များ ဖမ်းနေကြပါတော့သည်။


ကျောက်ငါး၊ကျောက်ပုဇွန်ကြီးများမှာ ဖမ်းယူမည့်သူမရှိသောကြောင့်ကြီးမားဆူဖြိုးလျက်ရှိနေကာ ပါးနပ်မူလည်းမရှိသောကြောင့် ခနတာအချိန်အတွင်း ကျောက်ပုဇွန်ကြီးဆယ့်လေးငါးကောင်နဲ့အတူ၊ကျောက်ငါးကြီးလေးငါးဆယ်ကောင်ဖမ်းဆီးရမိရာ

လူငယ်များမှာ ငါးများကိုတံစို့ထိုး၍မီးကင်ကြသလို

ကျောက်ပုဇွန်များကိုလည်းမီးခဲရဲရဲပေါ်တင်၍ဖုတ်လိုက်

ကြပါတော့သည်။

 ယနေ့အတွက်ရာသီဥတုမှာနေထွက်ချိန်မှစ၍နေကိုလုံးဝမမြင်ရသေးပဲ ထူထပ်သောတိမ်များကြားကြောင့်နေမင်းကြီးမှာသူ့ကိုယ်ရောင်ကိုယ်ဝါကိုမဖြန့်ကျနိူင်ပဲတိမ်များနောက်ငုတ်လျိုးလျက်ရှိနေပါသည်။


      ထမင်းနပ်ချိန်တွင် ငါးကင်ပုဇွန်မီးဖုတ် ငရုတ်သီးခြောက်မီးကင်ကိုဆားအနည်းငယ်နဲ့ရောထောင်းထားသောထမင်းကိုစားသောက်နေကြတော့၏ ။


      အားလုံးမှာနေ့လည်စာကို စားဖြစ်မစားဖြစ်မသေချာသောကြောင့် မနက်စာကိုဗိုက်ပြည့်အောင်စားသောက်နေကြ၏ ။


     အားလုံးစားသောက်ပြီးချိန်တွင်ခနတဖြုတ်ထိုင်ပြီး

လိုအပ်သည်များကိုသိမ်းဆည်းထုတ်ပိုး၍ အထုပ်ကိုယ်စီလွယ်၍ခရီးဆက်ရန်ပြင်ဆင်ကြတော့၏ ။

     နောက်တိုးအဖွဲ့ဝင်ဖြစ်သောကြက်ခြင်းကိုသယ်လာသူရွာသားမှာ ထူးဆန်းသူတစ်ယောက်အဖြစ်သူ့အပြုအမူ

များကိုကြည့်၍ဆုံးဖြတ်နေကြ၏ ။


      တညင်ကြက်များကိုသယ်လာသောရွာသားမှာ

ဆင်ဘေးအန္တရယ်ကြောင့်အသက်လုပြေးရချိန်တွင်ပင်

သူ့ကြက်ခြင်းကို လွင့်မပစ်ပဲ ရအောင်ယူလာခဲ့သူဖြစ်၏ ။

    ချောင်းဘေးစခန်းချချိန်တွင်သူ့ကြက်ဖိုနှစ်ကောင်၊ကြက်မနှစ်ကောင်ကို ခြင်းမှထုတ်၍ ကြိုးဖြင့်လှန်ထား

ကာ ဂရုတစိုက်ရှိနေတတ်သူဖြစ်သည်။


    ယခုခရီးပြန်ဆက်ချိန်တွင်လည်း ကြက်များကို

ခြင်းတွင်ပြန်ထည့်၍သယ်ယူနေပြန်သည်။

      တခြားသူများမှာထိုလူကြက်များကိုယခုလိုခရီးမျိုးတွင်

တကူးတကသယ်ယူသွားလာနေခြင်းကိုနားမလည်နိူင်

အောင်ရှိနေပါတော့၏ ။


      ရူဘီနာနဲ့ ပရမ်ကွမ်းမှာမိုးတိမ်ကိုအကြောင်းပြု၍

ခင်မင်ရင်းနှီးနေကြပြီဖြစ်သော်လည်းတစ်ယောက်စကားကိုတစ်ယောက်နားမလည်ပဲလက်ဟန်ခြေဟန်ဖြင့်

  ဆက်သွယ်နေကြရ၏ ။

  ရူဘီနာမှာမိုးတိမ်ကိုသူ့အသက်သခင်အဖြစ်သတ်မှတ်သလို လူနဲ့ရင်းနှီး၍ သင်လွယ်တတ်လွယ်သောမိုးတိမ်

ကိုသဘောအကျကြီးကျလျက်ပရမ်ကွမ်းပုဇွန်ဖမ်းနေစဉ် ပုဇွန်အစိမ်းများတောင်း၍မိုးတိမ်ကို ကျွေးမွေး၍

မိုးတိမ်နဲ့ ရင်းနှီးမူယူနေ၏ ။


     ခရီးသွားရာတွင်လည်း ပရမ်ကွမ်းပခုံးတွင် မိုးတိမ်ခြေသည်းမရှစေရန်ခုသော သားရေပြားကိုခန

တောင်း၍ မိုးတိမ်ကိုသူ့ပခုံးတွင်တင်၍ သွားလာနေရခြင်းကို သဘောအကျကြီးကျဟန်ပြုံးရွင်

ပျော်မြူးလျက်ရှိနေကြ၏ ။


      တစ်ခြားသောလူငယ်များမှာ ရန်မတီးမကြားအောင် ပရမ်ကွမ်းနဲ့ ရူဘီနာကိုစကား

ဖြင့်သော်လည်းကောင်း မျက်နှာကိုယ်အမူအယာများဖြင့်သော်လည်းကောင်း

စနောက်တတ်ကြ၏ ။


    ထိုအချိန်မျိုးတွင် ပရမ်ကွမ်းတစ်ယောက် ရှက်ပြုံးကြီးပြုံး၍ခေါင်းကုတ်လျက်ရှိနေပါတော့၏ ။


     ရာသီဥတုမှာမွန်းတည့်ချိန်အထိနေကိုမမြင်ရပဲ

မူန်မိူင်းအုံဆိုင်းလျက်ရှိနေပါ၏ ။


 ရန်မတီးတို့သစ်ပင်ကြီးများပေါက်ရောက်နေသော

အောက်ခြေရှင်းတောအုပ်ကိုဖြတ်သန်းလျက်သွားနေကြရင်းမှအချိန်အတန်ကြာလျောက်မိသောအခါ။

    သစ်တောမှာတဖြည်းဖြည်းပါးလျားလာ၍ ကျောက်တုံးကျောက်ဆောင်များခြုံပုတ်များဟိုတစ်စုသည်တစ်စုပေါက်ရောက်နေသောနေရာတခုသို

ရောက်ရှိခဲ့ပြန်တော့သည်။ 

   

ထိုနေရာတွင်တစ်ခြားသောအပင်ကြီးများရှိမနေပဲ

ရှည်လျားမြင့်မားသော

  သစ်ပင်အမြင့်တစ်ပင်တွေ့သောကြောင့်

ရန်မတီးမှာသစ်ပင်အတက်ကျွမ်းကျသောလူငယ်

တစ်ယောက်ကိုထိုသစ်ပင်ပေါ်တက်၍နတ်ရဲတောင်အခြေအနေကိုကြည့်ရူစေ၏။ 

    ထိုလူငယ်မှာသစ်ပင်ပေါ်သို့မျောက်တစ်ကောင်အလားကုတ်ဖဲ့တွယ်တက်ရင်းမှ အပင်ပေါ်မှစီးမိုး၍ပတ်ဝန်းကျင်အခြေအနေကိုကြည့်ရူ၍ပြန်ဆင်းလာခဲ့တော့သည်။


အောက်ရောက်သောအခါထိုလူငယ်ပြောစကားအရနတ်ရဲတောင်ဟုယူဆရသောမြင့်မားသောတောင်ကြီးတစ်လုံးကိုမြင်ရကြောင်းထိုနေရာကိုရောက်ရှိရန်တောအုပ်များကိုဖြတ်သန်းရမည်ဖြစ်သောကြောင့်အနှောင့်အယှက်မကြုံရပဲသွားပါကတစ်နေ့ခန့်မျသွားလျင်ရောက်နိူင်သည်ဟုတွက်ဆမိ

ကြောင်းပြောပြလာ၏ ။


    ရန်မတီးမှာရန်သူ့နယ်မြေသို့ရောက်ရှိလာ

ပြီဖြစ်ကြောင်းတွေးဆလိုက်မိသလိုရှေ့တွင်မြင်

နေရသောတောအုပ်မှာနတ်ရဲတောင်ကိုရောက်ရှိ

ရန်နောက်ဆုံးတောအုပ်ဟုစိတ်တွင်မှတ်ချက်ချက်

ချနေမိ၏။ 


      သတိမပြတ်တမ်းကပ်ထားရန် အန္တရယ်များ

နေရာပေါင်းစုံမှဝင်လာနိူင် သောကြောင့်မလိုအပ်ပဲ

အဖွဲ့မှခွဲမနေရန်မှာကြားနေရသည်။ 


     ကျောက်တုံးများခြုံပုတ်များပေါက်ရောက်နေသောကွင်းပြင်ကိုဖြတ်သန်းကြစဉ် ဆိုးရွားသောအပုတ်ရနံ့များခံစားနေရခြင်းနဲ့အတူယင်မဲကြီးများတသောသောကျနေသော သမင်သေ နွားနောက်သေများနဲ့အတူ ကျား၊ဆင်စသော တောဘုရင်ကြီးများ၏အရိုးကျနေသောအလောင်းများကိုပင်တွေ့နေရပြန်သည်။


 အားလုံးစိတ်အတွင်းမသိုးမသန့်စိတ်ခံစားမူနဲ့အတူ 

အလိုလိုကြက်သီးမွေးညှင်းများထ၍လာကြတော့၏ ။


     ထိုနေရာမှလွန်မြောက်လာချိန်တွင် နတ်ရဲတောင်ကိုစဝင်ရာဝင်ပေါက်ဟုယူဆရမည်ဖြစ်သောတောအုပ်ကြီးရှေ့သို့ရောက်ရှိခဲ့ကြပါတော့၏ ။


       တောအုပ်ကြီးရှေ့ရောက်သောရန်မတီးတို့လူစုမှာထူးခြားဆန်းပြားသောမြင်ကွင်းကြောင့် အားလုံးခနတာမျ

မှင်သက်ငေးမောမိကုန်ကြတော့၏ ။


      ရန်မတီးတို့ရောက်ရှိနေရာတောအုပ်အစပ်တွင်

သစ်ပင်ကြီးများစီတန်းစွာပေါက်နေသောတောအုပ်ရှေ့တွင်လူနှစ်ယောက်ယှဉ်တွဲ၍ဝင်နိူင်သောဝင်ပေါက်လမ်းမှာ ထင်ရှားစွာရှိနေသည်ကအံ့သြမှင်သက်ရသလို

  ထိုထက်ပို၍အံ့သြစရာအချက်ကား ပထမဝင်ပေါက်နဲ့

ဆယ့်ငါးတောင်ခန့်အကွာအဝေးနေရာတွင် ပထမဝင်လမ်းနဲ့ပုံစံတူအဝင်အပေါက်တစ်ပေါက်ထပ်ရှိ

နေခြင်းကထူးဆန်းနေ၏ ။

 အဝင်လမ်းမှာတောင်ပေါ်ကျောက်ကြမ်းတချို့မှလွဲ၍တခြားသောအပင်များပေါက်ရောက်နေခြင်းမရှိပဲ သစ်ရွက်

ကြွေတစ်ချို့မြေပေါ်ပြန့်ကျဲကျလျက်လူတို့ဖန်တီးဖောက်လုပ်ထားသည်အလား ရှိနေပါသည် ။


             ရန်မတီးအနေဖြင့်စဉ်းစားရကြပ်စွာရှိနေ၏။


    လမ်းနှစ်သွယ်တွင်နတ်ရဲတောင်ကိုသွားသောလမ်းမှာ မည်သည့်လမ်းကအမှန်။မည်သည့်လမ်းကအမှားဟူ၍သူမတွက်ဆတတ်ပေ။


      လမ်းတစ်ခုကမှား၍တစ်ခုကမှားနေခြင်းလား

သို့မဟုတ်  လမ်းနှစ်ခုလုံးမှာ နတ်ရဲတောင်သို့ သွားရာအမှန်ဖြစ်နေသည်ဆိုခြင်းက ရန်မတီးကိုတွေးရကြပ်စေသောမေးခွန်းပင်။


       ရန်မတီးအတွေးရကြပ်နေကြောင်းရိပ်စားမိသော

တညင်ကြက်များသယ်လာသောရွာသားကရန်မတီး

အနီးသို့လျောက်လာရင်း....


”...ဆရာသမား ဘယ်လမ်းရွေးရမလဲအတွေးရကြပ်နေတာလား...

ကျုပ်အကူအညီပေးရမလား...”


”...ဟင်...နေပါအုံး..ခင်များဒီလမ်းကို ရောက်ဖူးလို့လား.. လမ်းမှန်သိလို့လား....”


”...ခုမှပထမဆုံးရောက်ဖူးတာပါ... ”


”...ဟာ...ခင်များကလည်းဒါစရမယ့်အချိန်မဟုတ်ဘူးဗျ...”


  ထိုလူစကားကရန်မတီးကိုစသလိုဖြစ်နေသောကြောင့်ရန်မတီးမှစိတ်တိုဒေါသဖြစ်အော်လိုက်ရာ ထိုလူက

ဒေါသဖြစ်ဟန်မပြပဲ သူ့ကြက်ခြင်းကိုကိုင်မြောက်ပြရင်း......


”...ဒီကြက်တွေက ကျုပ်တို့ရိုးရာကိုးကွယ်တဲ့နတ်ကို

ဗလိနတ်စာအတွက် အပ်ထားတဲ့ကြက်တွေပဲ

    သူတို့သားခွဲစအရွယ်ကတည်းက. ဒါနတ်မင်းပိုင်

ကြက်တွေပါ  အရွယ်ရောက်လာရင်အရှင့်ကိုဆက်ကပ်ပါ့မယ်ဆိုပြီး

အပ်ထားတာ....”


”....အာ...ဒီလူ ကြက်အကြောင်းလာပြောနေတယ်

ဒီမှာစိတ်ရူတ်နေပါတယ်ဆိုမှ....”


”  ခနလေးဆရာသမားကျုပ်ကစေ့စေ့စုံစုံပြောပြချင်လို့ပါ.

ဒီလိုနတ်ကိုကြိုဆက်ထားတဲ့ကြက်တွေဟာ လူတွေရဲ့

စောင့်ရှောက်မူအပြင်နတ်တွေရဲ့ စောင့်ရှောက်မူရတတ်တယ်လို့ ကျုပ်တို့ရိုးရာအရ အယူရှိတယ် ဒီတော့  ကျုပ်ကြက်တွေကဘယ်လမ်းကိုရွေးချယ်မလဲရွေးချယ်ခိုင်းမယ် ။

   တကယ်လို့ကျုပ်ကြက်ရွေးချယ်တဲ့လမ်းကိုဆရာသမား

သွားသင့်မသွားသင့်ဆုံးဖြတ်ပေါ့....”


”...ကောင်းပြီ လုပ်ကြည်ပေါ့ ကျုပ်လည်းအထွေအထူး တာဝန်မရှိတော့ ခင်များလုပ်တာ အကျိုးထူးမထူးစောင့်ကြည့်ရတာပေါ့.......”


    ရန်မတီးတစ်ယောက်လမ်းရွေးချယ်မူတွင်စဉ်းစားရ

ခက်ခဲနေသောကြောင့် ထိုရွာသားပြောစကားဟုတ်လိုဟုတ်ငြားဖြင့်စောင့်ကြည့်

ရန်တွေးရင်းရွာသားဆက်လုပ်မည့်အလုပ်ကို တခြားသူများနဲ့အတူစိတ်ဝင်တစားစောင့်ကြည့်နေကြတော့သည်။

         ရွာသားမှာကြက်တညင်များကိုလှောင့်ချိုင့်မှထုတ်၍ ညာခြေတွင်ချည်အနီပတ်၍ ဘယ်ခြေတွင်ချည်အနီ

ရစ်ပတ်နေ၏ ။ 


      ကြက်များကိုမလွတ်သေးပဲလမ်းနှစ်ခုကြား

အလယ်တွင်ကြက်ခြင်းထား၍ လွယ်အိတ်အတွင်းမှ

ကောက်ညှင်းဆန်ကြီးတစ်ဆုတ်ကိုကိုင်၍ လမ်းဝင်ပေါက်တစ်ခုထိပ်တွင်ရပ်၍ မျက်လုံးမှိတ်၍

ပါးစပ်တလူပ်လူပ်ရွတ်၍တစ်စုံတရာကိုတိုင်တည်နေဟန်ရှိနေ၏ ။


      ရွာဆိုမူပြီးချိန်တွင်ဆန်စေ့များကို လမ်းဝင်ပေါက်ထိပ်မှကြက်ခြင်းရှိရာသို့ဆွဲ၍ကြဲချလာ၏။

 ပြီးနောက်တခြားသောလမ်းတဖက်ထိပ်သို့သွား၍

ထိုနည်းတူပြုလုပ်၍ဆန်စေ့များကို ကြက်ခြင်းရှိရာကြဲချလာပြီးမှ ပါးစပ်မှတိုးတိုးရွတ်နေပြီး

ကြက်လေးကောင်ထည့်ရာလှောင်ချိုင့်တခါးကိုဖွင့်ချလိုက်တော့၏ ။


       ကြက်များမှာလှောင်ချိုင့်အတွင်းအချိန်အတော်ကြာနေခဲ့ရသောကြောင့် တောင်ပံတဖျတ်ဖျတ်ခတ်ရင်း အညောင်းဆန့်လိုက်ကြပြီး ကြဲပဲထားသောဆန်စေ့များကိုစားသောက်နေကြရင်း

ကြက်ထီးတစ်ကောင် ကြက်မတစ်ကောင် တတွဲစီလမ်းနှစ်လမ်းသို့ကွဲသွားကြတော့၏ ။


       အားလုံးမှာ ရင်တမမဖြင့် ဘာဆက်ဖြစ်မည်ကိုဆက်၍စောင့်ကြည့်နေကြရာကြက်များမှာလမ်းအဝင်ဝတွင်ရပ်နေကြရာမှ သစ်ရွက်ခြောက်များရောနေသောမြေပြင်ကိုယက်၍

ရှိနေကြချိန်တွင် ကြက်ပိုင်ရှင်ရွာသားမှာဘယ်ဖက်လမ်းတစ်ဖက်ထိပ်ဆီသို့သွားလျက်ဆန်တစ်ဆုပ်ကိုနှိပ်၍ကြက်များကိုခေါ်သံ

ပြု၍ကြဲပက်လိုက်ရာ ညာဖက်လမ်းဝထိပ်တွင်ရောက်နေသောကြက်နှစ်ကောင်ပါဘယ်ဖက်လမ်းဝင်ပေါက်ထိပ်သို့ရောက်လာ

ကြတော့၏ ။


         သို့ရာတွင်

ကြက်လေးကောင်မှာအစာစားရန်အတွင်းသို့အနည်းငယ်ဝင်ပြီူမှ မည်သည့်အရာကိုကြောက်လန့်သည်မဆိုနိူင်လန့်ဖျတ်

သံပြု၍ကတော်သံပြုအော်မြည်၍လမ်းရှေ့တွင်ရှိနေကြတော့၏ ။


      ကြက်ပိုင်ရှင်ရွာသားမှာညာဖက်လမ်းထိပ်သို့နောက်တဖန်သွားရောက်၍လန့်ဖျတ်နေသောသူ့ကြက်များကိုအစာကြွေးချိန်ခေါ်သံပြု၍ခေါ်နေပြန်သည်။


    ကြက်များအနီးရောက်လာသောအခါ လက်တွင်ဆုတ်ထားသောဆန်စေ့များကိုကြက်များရှေ့ဖြန့်ပြ၍ ဆန်စေ့များကို ညာဖက်လမ်းအတွင်းဝင်ပေါက်သို့ဖြန့်ခင်းလိုက်တော့၏ ။    


     ယခုတကြိမ်တွင်ကြက်များမှာညာဖက်လမ်းအတွင်၍ဆန်စေ့များကိုကောက်ယူစားသောက်ရန်လမ်းအတွင်းသို့ဝင်သွားခြင်းကို ထူးဆန်းမူအဖြစ်အားလုံးတွေ့လိုက်ရပါတော့သည်။


”..ကဲ..ဆရာသမား...ဒါလမ်းအမှန်ပဲ... ရှေ့ဆက်ဘာအန္တရယ်ကြုံရမယ် ကျုပ်မသိပေမယ့်

ဒီလမ်းအမှန်ဆိုတာတော့သေချာပါတယ်...”


”...ကဲ...အားလုံးပဲ ညာဖက်လမ်းကသွားကြမယ်

ကျုပ်ပြောထားသလို အစစအရာရာသတိရှိကြပါ....”


      ရန်မတီးမှာကြက်များ၏အပြုအမူကိုကြည့်၍

တိုက်ဆိုင်မူလား တကယ်လားမခွဲခြားနိူင်သော်လည်း

ညာဖက်ဝင်ပေါက်လမ်းကိုရွေးချယ်ရန်ဆုံးဖြတ်၍အားလုံးအတွင်းသို့ဝင်လာခဲ့ကြတော့သည်။


       လမ်းသည်လူနှစ်ယောက်ဘေးချင်းယှဉ်အနေအထားဖြင့်ရှိနေပြီးလမ်း ဘေးတဖက်တချက်တွင်သစ်ပင်ကြီး

များညီညွတ်စီတန်းစွာရှိနေ၏ ။


    သစ်တောအုပ်လမ်းမှာ ရှည်လျားကွေ့ကောက်ခြင်းမရှိပဲတဖြောင့်တည်းရှိနေကြောင်းအတွင်းသို့ဝင်၍လျောက်နေချိန်ကျမှသိလိုက်ကြရသည်။


    မိနစ်သုံးဆယ်ခန့်လျောက်ပြီးချိန်တွင်တောအုပ်

ကိုကျော်ဖြတ်လာနိူင်ခဲ့ကြတော့၏ ။


       ရန်မတီးတို့လူစုမှာတောအုပ်အပြင်ဖက်သို့

ရောက်ချိန်တွင်ပထမဆုံးလုပ်မိသောအလုပ်မှာဘယ်ဖက်တောအုပ်ထွက်လမ်းအပေါက်နေရာကိုရှာဖွေမိကြခြင်းပင်ဖြစ်၏ ။


     သို့ရာတွင် ထိုနေရာတွင်ထွက်ပေါက်ကိုမတွေ့ရပဲ

သစ်ပင်ကြီးများကြပ်ညပ်စွာပေါက်လျက်ဖြင့်ရှိနေ၏ ။


အကယ်၍ဘယ်ဖက်လမ်းသို့ရွေးချယ်မိပါကမည်သို့သောအန္တရယ်မျိုးသူတို့ကြုံရမည်မမှန်းဆနိူင်သလို

ဘယ်ဖက်လမ်းမှာမည်သည့်နေရာသို့ဖောက်လုပ်ထား

မှန်းမသိသောကြောင့် ဒုက္ခ ကြုံရနိူင်သည်။


    ရန်မတီးမှာအခက်အခဲတခုကျော်လွားသွားနိူင်ပြီမို့

ကြက်သမားရွာသားကိုကျေးဇူးတင်စကားဆိုရင်းမှအချိန်ရှိသေးသည်မို့ခရီးထပ်ဆက်ရန်   

တခြားလူများကိုခနနားစေ၍သူတစ်ယောက်တည်းရှေ့သို့ထွက်လာခဲ့တော့၏ ။


        ရှေ့ထပ်ဆက်ရမည့်ခရီးဖြတ်သန်းရမည့်နေရာမှာအောက်ခြေမြေပြင်မှာစိုထိုင်းထိုင်းရှိနေခြင်းနဲ့အတူ။


မြေကြီးနဲ့ကပ်၍မြူများဆိုင်းလျက်ရှိနေသောကြောင့်

အဝေးမှမြင်ကွင်းများကိုကြည်လင်ပြတ်သားစွာမမြင်

နိူင်ပဲ ဝိုးတဝါးရှိနေခြင်းကြောင်းတွေ့ရသောကြောင့်


သူ့လူများထံပြန်လာ၍ လက်ကောက်ဝတ်အရွယ်

သစ်သားစိမ်းလေးငါးချောင်းကို ငါးတောင်အရှည်

မျခုတ်ပိုင်းစေ၍ ထိပ်တွင် အဝတ်စုတ်များရစ်ပတ်၍

ကညင်ဆီကဲ့သို့မီးလောင်လွယ်သောအဆီများနဲ့

တခြားသောမီးလောင်လွယ်သောသစ်ပင်ထွက်အဆီ

များစုပေါင်းထားသော ဝါးပိုးဝါးကျည်တောက်အတွင်း

သစ်သားချောင်းထိပ်မှအဝတ်စုတ်များနှစ်လိုက်ရာ

မီးထွန်းညှိရန်အသင့်ဖြစ်နေသော မီးတုတ်များအဖြစ်

ရောက်ရှိသွားတော့သည်။


  တောင်ပေါ်ဒေသတွင်ညအိပ်ညနေခရီးသွားလာသူများ

မှာမီးထွန်းညှိ၍ရသောထိုဆီမျိုးဆောင်ယူသွားလာလေ့ရှိကြသည်။


      တစ်ခြားသောအဝတ်စုတ်လေးငါးခြောက်ခုခန့်ကိုလည်း

အပိုအဖြစ်ဆီသုတ်လိမ်းထားလိုက်ပြီး မီးတုတ်ငါးချောင်းကို မီးထွန်း၍ ခရီးဆက်ခဲ့ကြတော့သည်။


      အားလုံးမှာမရှင်းလင်းသောပတ်ဝန်းကျင်အနေအထားမြင်ကွင်းများကြောင့် အထူးသတိထားရန် လက်နက်များအသင့်ပြင်ထားကြရန်မှာကြားထားရန်

ရန်မတီးကပြောကြားထားသောကြောင့် အားလုံးသော

သူများမှာဓားကိုင်သူကကိုင်လေးမြှားကိုအသင့်ပြင်ကိုင်သူကကိုင်ဖြင့်သတိအနေအထားဖြင့်ရှိနေကြ၏ ။


        တောအတွင်းဝင်လာမိလေလေ မြူခြေများကပို၍ထူထပ်လာလေဖြင့်ရှိနေတော့၏ ။


     တောဟုဆိုရာတွင်လည်းအောက်ခြေမှာခြုံနွယ်များကင်းရှင်း၍ သစ်ပင်များလည်းဟိုတစ်ပင်ဒီတစ်ပင်ခပ်ကျဲကျဲပေါက်လျက်ဖြင့်ရှိနေပါသည်။


    ရန်မတီးမှာ အကိုင်းပခက်များခြောက်သွေ့နေသော သစ်ခြောက်ပင်ကြီးတစ်ပင်ဘေးမှကပ်၍ဖြတ်သန်းသွားမိစဉ် 

ညှီစို့စို့အနံ့များရသောကြောင့် အပင်အောက်ခြေကို မီးတုတ်ဖြင့်ဟိုသည်လိုက်ကြည့်နေစဉ် ပင်စည်အောက်ခြေသို့တတောက်တောက်ကျနေသောအရာကိုအမှတ်မထင်တွေ့လိုက်ရမိ၏ ။


       ထိုအရာကိုအစပထမသူ့စိတ်အတွင်း အပင်မှထွက်သော အစေးဟုထင်မြင်မိသော်လည်းထိုအရာမှာသစ်စေးနဲ့မတူပဲ သွေးရောင်သန်းနေခြင်းကြောင့် လက်ဖြင့်တို့၍

နမ်းကြည့်မိရာ သွေးနံ့ရခြင်းကြောင့် သစ်ခြောက်ပင်ကို

နားမလည်နိူင်စွာမော့်ကြည့်နေမိစဉ်....

ရုတ်တရက် သူ့မျက်လုံးအမြင်မှားသွားခြင်းလားဟုအထင်ရောက်စေသောမြင်ကွင်းတစ်ခုပေါ်ပေါက်လာ၏ ။


ထိုအရာမှာ သစ်ခြောက်ပင်ထိပ်မှလူပ်ရှားတိုးထွက်လာသောအရာများကိုတွေ့လိုက်ရတော့၏ ။


       ရန်မတီးစိတ်ထဲထိတ်ခနဲ စိုးရိမ်ထိတ်လန့်သွားခြင်းနဲ့အတူ အန္တရယ်အငွေ့အသက်ကို ခံစားလိုက်ရမိတော့သည်။


....ပြေး.......ပြေး.........ဒီနေရာက အမြန်ဆုံး......ပြေးကြ....


တိတ်ဆိတ်မူကိုဖြိုခွင်း၍ ရန်မတီး၏စိုးရိမ်တကြီးအော်ဟစ်သံကြီးပေါ်ထွက်လာပါတော့သည်။

======================


၈ဆက်ရန်


မြူခိုးအလင်္ကာ


rate now: