နတ်ရဲတောင်လျှို့ဝှက်ချက်.....
.အဘ.. မိုးတိမ်ပြတဲ့နေရာမှာ တခုခုရှိလောက်တယ်...
...ဒီမှာ ခနနားကြမယ် ပြီးမှတောင်ကမ်းပါးယံကို
တက်ဖို့လမ်းရှာကြမယ်ဟေ့....
ရန်မတီးမှ အိန္ဒိယသားများအား သိမ်းငှက်ကြီးမှာ
ယခုတောင်ကမ်းပါးယံကိုလမ်းညွန်ကြောင်းပြော
ပြလိုက်သည် ။
ထိုအခါ တချိန်လုံးငြိမ်သက်နေသောရူဘီနာမှ
...ဦးလေး..ဒီတောင်က သမီးတို့နယ်ဖက်မှာ
ရှေးတုန်းက ဆန်ဂျေးလ်ကူပါရ် မိန်းခလေးတွေကို
ယစ်ပူဇော်မူပြုလုပ်ခဲ့တယ်ဆိုတဲ့တောင်ကြီးပဲ....
..ဟုတ်လား ဒီလိုဆိုရင်တော့ ဒီတောင်က
ပျောက်နေတဲ့မိန်းခလေးတွေနဲ့ ဆက်စပ်နေတယ်
ဆိုတာသေချာသွားပြီ ဒီတော့ ရှေ့ဆက်ဘာလုပ်
ကြမလဲတိုင်ပင်ကြတာပေါ့.. ...
ရန်မတီးမှာ အိန္ဒိယအဖွဲ့မှခေါင်းဆောင်များနဲ့
တိုင်ပင်၍ ဘာဆက်လုပ်မလဲတိုင်ပင်ရင်းရှိနေကြ
သည်။
ရှေးဦးစွာ လူအုပ်စုကို သစ်ပင်၊ကျောက်တုံးများ
နောက်တွင် ပုန်းအောင်းစေ၍ စကားကျယ်ကျယ်
မပြောရန်၊ လူပ်ရှားသံမထွက်စေရန်လူယောင်ဖျောက်
ခိုင်းထားလိုက်ကြသည် ။
ပြီးနောက် ပရမ်ကွမ်းကိုတောင်ခါးပန်းအလယ်
သို့တက်၍ ထူးခြားချက်ရှိမရှိတက်ကြည့်ခိုင်းလိုက်၏။
ပရမ်ကွမ်းမှာမိုးတိမ်ကို နောက်တကြိမ်ပျံသန်း
ခိုင်းလိုက်ပြီးသူကိုယ်တိုင်လည်း သစ်ပင်ခြုံနွယ်များ
ကိုအကာအကွယ်ပြု၍တောင်ပေါ်တက်လာခဲ့တော့
သည် ။
မိုးတိမ်မှာတောင်းခါးပန်းအလယ်မှသစ်ပင်ကြီးတစ်ပင်အကိုင်းတွင်နား၍ အသံစူးစူးဖြင့်အော်ဟစ်အချက်ပြနေသောကြောင့်ထိုနေရာသို့သွားရောက်လိုက်
သည် ။
အတန်ကြာမျ ကြိုးစားပမ်းစားဖြင့် တောင်ခါးပန်း
မှမိုးတိမ်နားနေသော သစ်ပင်ကြီးအနားသို့ရောက်
သွားတော့သည် ။
ပရမ်ကွမ်းမှာ တောင်ခါးပန်းသို့ကြည့်လိုက်ရာ
ဆယ်နှစ်သားခလေးတစ်ယောက်လမ်းလျှောက်
သွားနိူင်သော အပေါက်တပေါက်ကိုနွယ်ပင်များ
ဖြင့်ဖုံးကာနေကြောင်းတွေ့လိုက်ရသည် ။
အပေါ်ဖက်မှကျနေသော နွယ်ကြိုးများက
ဂူအပေါက်ကိုဖြတ်၍အောက်သို့ကျသွားသော
ကြောင့်အပေါက်နေရာကိုကွယ်ထားသလိုဖြစ်နေ
ခြင်းပင် ။
ပရမ်ကွမ်းမှာလေးဖက်ထောက်တွားသွားပြီး
ဂူပေါက်အတွင်းသို့ဝင်သွားလိုက်ရာ
အထဲတွင် စိုစွတ်မဲမှောင်လျှက်ရှိနေပါသည် ။
အနည်းငယ်မျအတွင်းသို့ဝင်ပြီးသောအခါ
ခနမျရပ်လိုက်ပြီး နားစွင့်ကြည့်လိုက်ရာ စကားပြော
သံလိုလိုအသံများကြားရသောကြောင့်ရှေ့ဆက်ပြီး
ဆက်တိုးလာခဲ့တော့၏ ။
ရှေ့တိုးလာလေလေ စကားသံများကိုအနီးကပ်ပိုကြားလာရလေဖြစ်သည် ။
လိူဏ်ဂူအတွင်းဖြစ်သောကြောင့်အသံများကိုပဲ့တင်
ထပ်ကြားနေရခြင်းပင်။
အလင်းရောင်များကိုလည်းတစွန်းတစတွေ့
နေရသောကြောင့် ပရမ်ကွမ်းလည်းအလင်းရောင်မြင်နေရာသို့တွားလာခဲ့သည် ။
ထောင့်ချိုးတခုလွန်မြောက်၍ အလင်းရောင်ထွက်
နေသော နေရာမှမြင်ကွင်းများကို မြင်လိုက်ရသော
ပရမ်ကွမ်းတယောက် အံ့သြမှင်သက်သွားရပါတော့
သည် ။
သူတွေ့လိုက်ရသောမြင်ကွင်းမှာ
မီးရောင်ထိန်ထိန်ထွန်းထားသော ခန်းမကျယ်ကြီးတွင် မိန်းခလေးများကိုတအုပ်တမကြီးတွေ့လိုက်ရခြင်း
ဖြစ်သည် ။
အသက်ဆယ့်ရှစ်ဆယ့်ကိုးအရွယ်
မိန်းခလေးပေါင်းအယောက်တစ်ရာခန့်ရှိမည်ဟု
ခန့်မှန်းတွက်ဆရပြီး မိန်းခလေးများဝတ်စားဆင်ယင်ပုံများကိုကြည့်ရာတွင် အိန္ဒိယနဲ့မြန်မာ နိူင်ငံနှစ်ခုမှ
မိန်းခလေးများပင်ဖြစ်ကြ၏ ။
မိန်းခလေးများမှာ ဆေးတမျိုးမျိုးတိုက်ကျွေးခံထား
ရဟန်ဖြင့် ကြောင်စီစီမျက်ဝန်းများဖြင့် ငြိမ်သက်စွာလဲလျှောင်းသူကလဲလျှောင်းထိုင်သူကထိုင်ရှိနေသည်။
ထိုမျှများပြားသော မိန်းခလေးပေါင်းများစွာကို
နှစ်ချီ၍ဖမ်းဆီးထားဟန်ရှိနေသည် ။