နတ်ရဲတောင်လျို့ဝှက်ချက်.. ၃
================
တောသည်နက်သထက်ဖြင့်ပို၍နက်လာ
နေ၏ ။
တောနေသတ္တဝါများ၏အော်မြည်သံများဖြင့်
တစ်တောလုံးမှာဆူညံ့လျက်ဖြင့်ရှိနေပါသည်။
လူသူအရောက်အပေါက်နည်းသော လူတစ်စုမှာတောအုပ်ကြီးအတွင်းလူတစ်စုမှာ
ဟိမဝန္တာတောအုပ်ကြီးအတွင်းတရွေ့ရွေ့ဖြင့်သွားလာနေကြ၏ ။
ရန်မတီးဦးဆောင်သောပျောက်ဆုံးနေသော
မိန်းမပျိုလေးများကိုရှာဖွေရန်ထွက်လာသောအဖွဲ့
ဖြစ်၏ ။
ရန်မတီးမှာ စစချင်းဆောက်နဲ့ထွင်းကြုံထားရ
သောအဖြစ်ကြောင့် အားလုံးသတိဝရိယထားကြရန်သူ့လူများကိုမှာကြားလျက်ဘေးဘီဝဲယာသို့မျက်ခြည်မပြတ်တမ်း
ကြည့်လျက်ဖြင့်ကြည့်လျက်သတိဖြင့်ရှေ့တိုးလာ
လျက်ရှိနေကြ၏ ။
ပရမ်ကွမ်းမှာသူ့သိမ်းငှက်ကြီးမိုးတိမ်ကိုခရီးလမ်း
တစ်လျောက်တွင်လွတ်လပ်စွာနေခွင့်ရစေရန်လွတ်ထားပေးခဲ့သောကြောင့် မိုးတိမ်မှာ ပရမ်ကွမ်းတို့လူစုနောက်သို့ကောင်းကင်ပေါ်မှပျံ
ဝဲ၍လိုက်ပါနေ၏ ။
တစ်ခါတရံသူ့သိမ်းငှက်ကြီးကိုမတွေ့ရချိန်မျိုး
တွင်ပရမ်ကွမ်းမှာ လက်ခုတ်မူသံပြုလိုက်ရာသူ့အသံကြားချိန်တွင်
သိမ်းငှက်ကြီးမှာရောက်ရာအရပ်မှပရမ်းကွမ်းထံ
ုပြန်လာတတ်၏ ။
သိမ်းငှက်ကြီးကိုလွတ်ထားခြင်းကြောင့်
အစာကိစ္စပူစရာမလိုအပ်ပေ။
သိမ်းငှက်ကြီးမှာသူ့ဝမ်းဖြည့်ရန် မြွေ၊ငှက်၊ကြွက်များကိုရှာဖွေစားသောက်သောကြောင့်
ပရမ်ကွမ်းမှာငှက်စာမရှာရသည့်အပြင်တစ်ခါ
တရံ ချေ၊ဆတ်ကဲ့သို့အကောင်မျိုးတွေ့လျင်အချက်
ပြအော်မြည်သံပြုတတ်သောကြောင့် သူတို့လူစု
မှာရိက္ခာအတွက်ပူစရာမလိုအပ်ပေ။
ထိုသို့ဖြင့်
ရန်မတီးဦးဆောင်သောအဖွဲ့မှာတောင်ဖက်အရပ်
သို့မှန်းဆလျောက်နေကြရင်းမှ မီးခိုးတလူလူထွက်
နေသောတောင်ပေါ်ရွာငယ်လေးတစ်ရွာသို့ရောက်.ရှိခဲ့ကြတော့၏ ။
ရွာအတွင်းဝင်၍မိန်းကလေးများသတင်းရလိုရငြား
သတင်းယူရန်သူတို့အဖွဲ့ရွာအတွင်းဝင်လာချိန်
ရွာသားများမှာရန်မတီးတို့လူစုကိုအထူးအဆန်း
အဖြစ်ဝိုင်းကြည့်နေကြတော့၏ ။
အိမ်ခြေသုံးဆယ်ခန့်မျရှိသောရွာငယ်လေး
ဖြစ်ပြီး ရွာသို့လူစိမ်းများရောက်လာလေ့ရှိဟန်မတူပဲ
ယခုလိုလူစိမ်းတအုပ်တမကြီးရောက်လာခြင်းအတွက်အံ့အြသင့်နေကြဟန်တူ၏ ။
ခနအကြာတွင် တုတ်၊ဓား၊လေးမြှားကိုယ်စီ
ကိုင်ဆောင်ထားသူလူတစ်စုက ရန်မတီးတို့အနီး
ရောက်လာကြပြီးလျင် ရန်မတီးတို့လူစုကိုဝိုင်းရံ
လိုက်ကြတော့၏ ။
”...ကျုပ်တို့က ခင်များတို့ရန်ပြုမယ့်သူတွေ
မဟုတ်ပါဘူး ကျုပ်တို့ရွာက မိန်းကလေးတွေ
ပျောက်သွားလို့ လိုက်ရှာရင်းဒီကိုမတော်တဆ
ရောက်လာကြသူတွေပါ..... ”
”....နင်ပြောတာ အမှန်တွေလား.....”
” အမှန်တွေပါ ကျုပ်တို့က ဒူပွန်ရွာသားတွေပါ.
ခင်များတို့ကို အန္တရယ်ပြုမယ့်လူတွေမဟုတ်ပါဘူး..”
”...ဒူပွန်ရွာက ဆိုတော့ နင်တို့ရွာလူကြီးနာမည်
ပြောပြ...”
” ကျုပ်တို့ရွာလူကြီးနာမည်က ဇောင်ပရမ်းပါ...”
”..အော်..ဇောင်ပရမ်းလူတွေကိုး လာကြ..လာကြ....ခုအခြေအနေက ဘယ်သူ့ကို
မှမယုံရတဲ့အခြေအနေမို့နင်တို့ကိုခုလို ပြုမူမိတာ
အားလုံးကိုယ်စားငါတောင်းပန်ပါတယ်...
ငါကဒီရွာသူကြီး တာမုန်းလွေပဲ နင်တို့ရွာလူကြီး
နဲ့ငါက ငယ်သူငယ်ချင်းတွေ ..လာကြ..လာကြ..
ငါ့အိမ်လိုက်ခဲ့ကြ....”
လက်နက်များဖြင့်ဝိုင်းထားသောရွာသားများ
ကြားမှအသက်ငါးဆယ်အရွယ်အရပ်ပုပုလူတစ်ယောက်မှရန်မတီးအဖွဲ့ကိုမေးမြန်းခြင်းကို ရန်မတီး
မှပြန်ဖြေကြားခြင်းဖြစ်ပြီး နှစ်ယောက်သားအပြန်
အလှန်စကားပြောဆိုရင်းထိုလူမှာယခုရွာလူကြီး
ဖြစ်မှန်းသိရသလို သူတို့ရွာသူကြီးဇောင်ပရမ်းနဲ့
ငယ်သူငယ်ချင်းတွေဖြစ်ကြောင်းပြောပြ၍အိမ်သို့
ဖိတ်ခေါ်လာခြင်းဖြစ်၏ ။
ရွာထိပ်မှသစ်ပင်ကြီးများအုံဆိုင်းနေသော
အိမ်တစ်လုံးရှေ့ရောက်သောအခါ သူတို့လူအုပ်
တက်လိုက်လျင်အိမ်ပြိုသွားနိူင်သောကြောင့်
အရိပ်ကောင်းကောင်းရသောအပင်ကြီးများ
အောက်တွင် သစ်ပင်ကြီးများကိုတစ်တောင်ခန့်
ဖြတ်တောက်၍ လူထိုင်ရန်ပြုလုပ်ထားသောသစ်
ပိုင်းများတွင်ဝင်ထိုင်လိုက်ကြ၏ ။
ရွာသားတစ်ယောက်မှာမြေဖြင့်ပြုလုပ်ထား
သောရေအိုးတစ်လုံးယူကာ သူတို့လူစုရှေ့ချပေးရာ
မောပန်း၍ရေဆာလာကြခြင်းကြောင့်ဝါးခွက်ဖြင့်
ရေကိုတစ်ယောက်တလှည့်သောက်လိုက်ကြတော့၏။
ပရမ်ကွမ်းမှာလည်းအစာရှာဖွေစားသောက်ပြီး.သူ့
အနီးရောက်နေပြီဖြစ်သောမိုးတိမ်ကိုရေတိုက်ရင်း
အပင်ပေါ်တင်ထားပေးလိုက်သည်။
ရွာလူကြီးမှာသူ့လူများကိုဧည့်သည်များ
စားသောက်ရန်ချက်ပြုတ်ခိုင်းနေပြီး ရန်မတီးနဲ့မျက်
နှာခြင်းဆိုင်သစ်ပိုင်းပေါ်တွင်ဝင်ထိုင်လိုက်တော့၏ ။
”...နင်တို့ရွာကမိန်းခလေးတွေပျောက်သွား
တာကြာပြီလား..ဒီအရပ်မှာရှိတယ်လို့ ဘာလို့ထင်
တာလဲ...”
”…တပတ်တော့ကျော်ပြီရွာလူကြီး
ကျုပ်တို့ရွာလူကြီးနဲ့ရွာနတ်ဆရာက ဒီအရပ်ကိုညွန်
လို့လာရောက်ရှာဖွေရတာပါ...”
”…နတ်အဟောနဲ့ဒီရောက်လာကြတာကိုး...
နင်တို့အနေနဲ့ လှည့်ပြန်ရင်အချိန်မှီသေးတယ်...”
”...ဟင်..ဘယ်လို.. သူကြီး....လှည့်ပြန်ရမယ်
ဟုတ်လား....ဘာအတွက်ကြောင့်များ ကျုပ်တို့က
လှည့်ပြန်ရမှာတုန်း..”
”..နင်တို့ဟာ ငါနဲ့တချိန်က ခင်ဖူးတဲ့ငါ့သူငယ်ချင်း
ဇောင်ပရမ်းရွာသားတွေမို့ ငါစေတနာနဲ့တားနေတာ
မိန်းခလေးတွေကို ဒီအတိုင်းထားပြီးပြန်ကြပါတော့
နင်တို့အတွက်အန္တရယ်ရှိလို့တားနေရတာ....”
”....သူကြီးက ပျောက်ဆုံးနေတဲ့ မိန်းခလေးတွေ
အကြောင်းနဲ့ပတ်သက်ပြီးတစ်ခုခုသိပုံရနေတယ်
ကျုပ်တို့ဟာ ဘယ်လိုအခက်အခဲတွေ့တွေ့နောက်ဆုတ်မယ့်လူ
တွေမဟုတ်တာမို့ သူကြီးသိသမျ ကျုပ်တို့ကို
ပြောပြပေးစေချင်တယ်...”
”....တယ်ခက်ကြပါလား နင်ကအခုအဖွဲ့ခေါင်းဆောင်နော် နင်စကားကို
နင်တာဝန်ယူရမှာ...”
”...ကျုပ်အဖွဲ့ဟာ ကျုပ်တို့ရွာသားတွေချည်းမို့
ခုခရီးစထွက်လာကတည်းက စိတ်သဘောအတူတူတွေပဲမို့ သူကြီးပြောစရာ
ရှိတာပြောနိူင်ပါတယ်.... ”
သူကြီးမှာ ပျောက်ဆုံးနေသောမိန်းခလေးများ
နဲ့ပတ်သက်၍တစ်ခုခုသိဟန်သဲလွန်စ စကားဆို
လာခြင်းကြောင့်ရန်မတီးမှာမျော်လင့်အားတက်စွာ
စကားဆိုနေသော်လည်း သူကြီးပုံစံကတခုခုကိုစဉ်းစားချိန်ဆနေဟန်ဖြင့်တားမြစ်စကားဆိုနေလျက်ရှိနေ၏ ။
ရန်မတီးမှသူ့အဖွဲ့စိတ်ဆန္ဒသဘောထားကိုထုတ်ဖော်ပြောပြ၍နောက်မဆုတ်မည့်အကြောင်းအခိုင်
အမာစကားဆိုသောအခါမှ တစ်စုံတရာကိုစဉ်းစား
နေဟန်ငြိမ်သက်လျက်ရှိနေရာမှ သက်ပြင်းချလိုက်ရင်းသူ့စကားကိုဆက်လာတော့
၏ ။
”… ဒီအရပ်နဲ့ခပ်ဝေးဝေးအရပ်မှာ ကြီးမားတဲ့တောင်ကြီးတစ်တောင်ရှိတယ်...။
အဲဒီတောင်ကိုနတ်ရဲတောင်လို့ ရှေးကတည်း
ကခေါ်ကြပြီး နတ်ဆိုးစောင့်တယ်အယူအဆနဲ့
ဘယ်သူမှအဲဒီကိုမသွားဖို့ကျုပ်ငယ်စဉ်ကတည်း
ကလူကြီးတွေဆီက ကြားရတယ်..။
သူတို့ပြောပုံအရအဲဒီနယ်မြေဟာနတ်ဆိုးပိုင်
နက်နယ်မြေဖြစ်ပြီး အဲဒီကိုသွားမိရင်ပြန်လမ်း
မရှိဘူးလို့ပြောကြပြန်တယ် ။
တချို့လူကြီးတွေပြောစကားတွေကတော့
အဲဒီနယ်မြေမှာ နတ်ဆိုးကိုးကွယ်တဲ့လူမျိုးစု
တစ်စုနေထိုင်ပြီးသူတို့ဟာ အကြောင်းတစ်ခုခု
ကြောင့်ပျောက်ကွယ်နေတဲ့ နတ်ဆိုးရဲ့ဝိညဉ်ကို
ပြန်ခေါ်ဖို့အချိန်အခါစောင့်နေတယ်လို့ပြောကြ
ပြန်တယ်...။
တချို့ကျတော့အဲဒီမှာနေထိုင်တဲ့လူတွေဟာ
ယဉ်ကျေးမူမသိတဲ့သားစားလူရိုင်းတွေမို့ သူတို့
နယ်ကိုကျုးကျော်လာသူတွေကို သတ်လိုက်ကြ
တယ်ဆိုပြန်တယ်...။
တစ်ယောက်တစ်မျိုးပြောပုံကွဲလွဲကြပေမယ့်
နတ်ရဲတောင်ဟာ သေမင်းခံတွင်းဝလိုနေရာ
မျိုးတစ်ခုပဲ...။
ပျောက်ဆုံးနေတဲ့မိန်းခလေးတွေနဲ့ပတ်သက်ပြီး
ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့
ကျုပ်တို့ရွာက မိန်းခလေးတွေ တောထဲဟင်းသီး
ဟင်းရွက်ခူးနေကြချိန်။
ခေါင်းအစခြေအဆုံးတစ်ကိုယ်လုံးအဝတ်နက်
တွေအုပ်ထားတဲ့ လူတစ်စုဟာ မိန်းခလေးတွေကို
ရုတ်တရက်ဝင်ရောက်ဖမ်းဆီးပြီး နတ်ရဲတောင်
ဖက်ခေါ်သွားကြတယ်လို့ လွတ်မြောက်လာတဲ့
မိန်းခလေးတစ်ယောက်ကပြောပြလာတယ်....”
”…ဘယ်လို သူကြီး...ဖမ်းဆီးသူတွေလက်က
လွတ်မြောက်လာတဲ့မိန်းခလေးရှိတယ်...ဟုတ်လား....”
သူတို့လာရာလမ်းတစ်လျောက်ရွာများတွင်
မည်သူမည်ဝါဖမ်းဆီးသည်ဟူသော သတင်းအစ
အနတစ်စုံတရာကိုမှမရခဲ့ရာမှယခုတကြိမ်တွင်
လွတ်မြောက်လာသူရှိနေသည်ဆိုသောစကား
ကြောင့် အားလုံးလူပ်လူပ်ရွရွဖြစ်သွားတော့၏ ။
”...ငါတို့ရွာသားတွေဟာ ဖမ်းခံရတဲ့မိန်းခလေး
တွေနောက် လိုက်သွားကြသေးတယ် သူတို့ဟာ
လောလောလတ်လတ် လူပ်ရှားမူကြောင့်ပျက်ယွင်း
နေတဲ့သစ်ပင်၊ခြုံပင်တွေကိုခြေရာခံပြီးလိုက်သွား
ကြတာ ဒါပေမယ့်သူတို့ပြန်လှည့်လာခဲ့ရပါတယ်
ဘာလို့လဲဆိုတော့ ခြေရာခံလိုက်ရင်းက တဖြည်း
ဖြည်းနဲ့ နတ်ရဲတောင်ဖက်ကိုရောက်သွားလို့လေ
အတော်ခက်တယ် တသက်လုံး ဘာကိုကြောက်လို့ကြောက်မှန်းမသိ၊သူတို့စိတ်ထဲ
လူကြီးသူမတွေကနတ်ရဲတောင်ပတ်ဝန်းကျင်တဝိုက်ကိုကြောက်စရာအဖြစ်ဖန်တီးထားတော့
ကြောက်လန့်တာမဆန်းပါဘူး....”
”… ဒီလောက်အထိသိရရင်တောင်အတော်ကြီး
အထောက်အကူဖြစ်ရပါပြီ သူကြီးရယ်....
ကျုပ်တို့လာတဲ့ လမ်းတလျောက်ဘာသဲလွန်စမှ
မရခဲ့ဘူး စမ်းတဝါးဝါးလာခဲ့ရတာ...
ဒါနဲ့ ရွာစဉ်ရွာတိုင်းက အမျိုးသမီးတွေကိုပဲ
ရွေးဖမ်းတာတော့ ဘာအကြောင်းများရှိလို့လဲ
မသိဘူး....”
”…ဒါတော့ ငါလည်းမပြောတတ်ဘူး နောက်ထပ်
ထူးဆန်းတာတစ်ခု နင့်ကိုပြောပြရမယ်....
ငါတို့ရွာကမိန်းကလေးတစ်ယောက်လွတ်
မြောက်လာတဲ့အကြောင်းကပိုပြီးထူးဆန်းတယ်
မထင်ဘူးလား.... သူလွတ်မြောက်လာတဲ့
အကြောင်းကသူ့ကို ကယ်တဲ့လူရှိလို့ပဲ.....”
”...ဘယ်လို သူ့ကို ကယ်ပေးတဲ့လူရှိတယ်
ဟုတ်လား....”
”...ဟုတ်တယ် သူ့ကြောင့်သာမဟုတ်ရင်
လွတ်မြောက်နိူင်မှာ မဟုတ်ဘူးလေ...”
”...သူကဘယ်လိုပုံစံမျိုးလဲ သူကြီး...
သူနဲ့တွေ့လိုက်ရလား သူ့ကိုတွေ့လိုက်ရရင်
ပျောက်သွားတဲ့မိန်းခလေးတွေအကြောင်း၊
နတ်ရဲတောင်အကြောင်းတခုခုထူးဆန်းတာ
သိရနိူင်တယ်... ”
”....သူ့ကိုတွေ့လိုက်ရရုံတင် ဘယ်ကပါ့
ပါ့မလဲ သူကခုငါတို့ရွာမှာရှိနေတယ်လေ....”
”...ဟာ....ခုဒီမှာရှိနေတယ်....”
ရွာသူကြီးစကားကြောင့် ရန်မတီး စိတ်လူပ်ရှား
စွာအသံကျယ်လောင်သွားတော့၏ ။
သူသိလိုသောနတ်ရဲတောင်အကြောင်းများ
ကိုမိန်းခလေးကိုကယ်တင်သူသိနိူင်သည်ဟု
တွေးနေမိ၍တွေ့ချင်နေမိရာ ယခုရွာတွင်ရှိနေသည်
ဆိုခြင်းကြောင့်အံ့သြစိတ်ဖြင့်အသံကျယ်မိသွား
ရခြင်းဖြစ်သည်။
”…ရှိတယ် မိန်းခလေးကိုကယ်ရင်းနဲ့ လက်မောင်း ဒဏ်ရာရလာလို့ ဆေးကုနေရင်း
ရွာရောက်နေတာ သုံးရက်လောက်ရှိပြီ.....”
”...သူကြီး ကျုပ်သူနဲ့စကားပြောချင်တယ်
ခွင့်ပြုပေးနိူင်မလား
မိန်းခလေးတွေပျောက်တာနဲ့ပတ်သက်ပြီး
သူ့ဆီကတစ်ခုခုသဲလွန်စရနိူင်လို့ စကားပြောကြည့်
ချင်လို့ပါ...”
”...ငါ့အနေနဲ့ စကားပြောခွင့်မပေးစရာအကြောင်း
မရှိပါဘူး..
.ဒါပေမယ့်.
.....သူစကားကိုငါတို့နားမလည်သလို၊ငါတို့စကား
ကိုလည်းသူတခွန်းမှနားမလည်လို့ အခက်တွေ့
နေရတာပေါ့.... ”
”....ဟင်...သူကဘာလူမျိုးမို့လို့လဲ ကျုပ်တို့
မျိုးနွယ်စုလူမျိုးတွေက စကားပြောကွဲလွဲပေမယ့်
မူရင်းဘာသာသီးသန့်စကားသုံးရင်အားလုံးနား
လည်နိူင်တာပဲလေ...”
မိန်းခလေးအားကယ်သောကယ်တင်ရှင်မှာ
သူတို့စကားကိုနားမလည်ဟုဆိုခြင်းကြောင့်
ရန်မတီးအံ့သြသင့်မိရ၏ ။
သူတို့ဒေသတွင် လူမျိုးစုပေါင်းများစွာ နေထိုင်ကြပြီး တစ်နေရာနဲ့တစ်နေရာစကားပြော
မတူညီကြသည်များရှိသော်လည်း အားလုံးနားလည်သောသီးသန့်ဘာသာစကားတမျိုးရှိ၏ ။
ထို့ကြောင့်
သူတို့တောင်တန်းသားများမှာမိခင်ဘာသာစကားကိုမဖြစ်မနေသင်ယူထားရ၏ ။
ယခုသူတို့မိခင်ဘာသာစကားကိုပင်နားမလည်
ဆိုခြင်းကြောင့်အံ့သြသင့်ရပြန်သည်။
” ကဲ...ထမင်းဟင်းကျက်ပြီဆာလာကြရောပေါ့
စားကြရအောင်...”
ရန်မတီးမှာသူသိလိုသောအကြောင်းများ
ဆက်မေးရန်ပြုနေစဉ်မှာပင်ရွာသားတစ်ယောက်
ကထမင်းကျက်ကြောင်းလာပြောသောကြောင့်
စကားရပ်လိုက်ရ၏ ။
ထမင်းဟုခေါ်တွင်သော်လည်းတကယ်တမ်းတွင်
လူး၊ပြောင်း၊ဆန်ကိုရောကျိုထားသည့်အထဲတွင်
ကြပ်တိုက်ထားသောနွားနောက်သားများကိုအတုံး
ငယ်များလှီးဖြတ်၍ထည့်ထားခြင်းဖြစ်သည်။
အားလုံးမှာခရီးကြမ်းနှင်၍ဆာလောင်နေပြီ
ဖြစ်သောကြောင့် ခေါင်းမဖော်တမ်းစားသောက်လျက်ရှိနေကြတော့
၏ ။
စားသောက်ပြီးသော် ဝါးခေါက်ဖြင့်ယက်ထား
သောဖျာကြမ်းတစ်ယောက်ကို သစ်ပင်အောက်တွင်ခင်း၍ လူငယ်ဆယ်ယောက်
မှာဖျာပေါ်အညောင်းပြေလှဲလျောင်းနေချိန်တွင်
ရန်မတီးမှာအနားမယူနိူင်သေးပဲရွာသူမိန်းခလေးကို
တွေ့လိုကြောင်း သူကြီးထံခွင့်တောင်းရာ သူကြီးမှာ
ရွာတွင်းမှအိမ်တစ်လုံးဆီလျောက်လာရင်းအိမ်ရှေ့မှလှမ်းခေါ်လိုက်ရာမိန်းခလေးတစ်ယောက်ထွက်
ကြည့်ပြီးအပေါ်တက်လာရန်ပြောသောကြောင့်
နှစ်ယောက်သားအိမ်ပေါ်တက်ခဲ့ကြတော့သည်။
”...ဒီက ဧည့်သည်ကငါ့သူငယ်ချင်းရွာကလာတာ
နင့်ကိုကယ်လာသူကိုတွေ့ချင်တယ်ပြောလို့
ခေါ်လာတာ အထဲမှာရှိရင်အပြင်ခနလွတ်လိုက်ပါ
အုံး....”
သူကြီးနဲ့ရန်မတီးမှာအိမ်ပေါ်တွင်ထိုင်၍သူကြီး
မှရွာသူမိန်းခလေးကိုကယ်တင်ရှင်အားအခေါ်လွတ်ခိုင်းနေ၏ ။
ခနအကြာရွာသူမိန်းခလေးနဲ့အတူထွက်လာ
သောကယ်တင်ရှင်ကိုကြည့်၍ရန်မတီး ပါးစပ်အဟောင်းသားဖြစ်သွားရမိသည်။
အစပထမသူ့စိတ်အတွင်းရွာသူမိန်းခလေးကို
ကယ်တင်သူမှာ သန်မာသော ယောက်ကျားသား
တစ်ယောက်ဟုစိတ်တွင်းထင်မှတ်ခဲ့မိ၏ ။
သို့ရာတွင်
လက်တွေ့မြင်တွေ့လိုက်ရချိန် ထိုသူမှာနုငယ်သော
မိန်းမပျိုလေးတစ်ယောက်ဖြစ်ကြောင်း သိရတော့
၏ ။
နိူ့နှစ်ရောင်အာသားအရေ၊မဲနက်၍အုံကောင်း
သောဆံပင်ရှည်ကို ကျစ်ဆံမြီးနှစ်ခွစည်းထားသော
မိန်းခလေးမှာ မျက်လုံးမျက်ခုံးအလွန်လှသောမိန်း
မချောလေးတစ်ယောက်ဖြစ်၏ ။
ပို၍ထူးခြားချက်မှာထိုမိန်းခလေးမှာသူတို့နယ်
သူရုပ်မျိုးမဟုတ်ပဲ အိန္ဒိယအမျိုးသမီးတစ်ယောက်
ရုပ်သွင်မျိုးရှိနေခြင်းကို ရန်မတီးတွေ့လိုက်ရ၏။
ရန်မတီးတအံ့တသြဖြင့်တွေးနေချိန် မိန်းမချော
လေးမှာပါးချိုင့်ခွက်များပေါ်အောင်ပြုံးပြလိုက်ရင်း
လက်အုပ်ချီ၍
အိန္ဒိယဘာသာစကားဖြင့်နူတ်ဆက်လာ၏။
ထိုမိန်းမချောလေးနူတ်ဆက်စကားကိုအိန္ဒိယဘာသာစကားဟုသိခြင်းမှာ သူလူငယ်အရွယ်က
အိန္ဒိယလူမျိုးဆေးမြစ်လာရှာသောတိုင်းရင်း
ဆေးဆရာကြီးတစ်ဦးနဲ့ရင်းနှီး၍သူ့အိမ်တွင်တည်း
ခိုစေပြီး ဆေးမြစ်ကူရှာပေးရင်းသုံးလေးလခန့်
အတူနေဖူးရာထိုဆေးဆရာထံမှ အိန္ဒိယဘာသာ
စကားအတန်အသင့်တတ်မြောက်ထားခြင်း
ဖြစ်သောကြောင့် မိန်းမချောလေးပြောစကားကို
နားလည်ခြင်းဖြစ်ပါတော့၏ ။
==========================
၄ ဆက်ရန်
-------------
မြူခိုးအလင်္ကာ