book

Index 10

အပိုင်း(၁၀) ဇတ်သိမ်းပိုင်း

နတ်ရဲတောင်လျို့ဝှက်ချက် -၁၀..ဇာတ်သိမ်း

========================


     ရန်မတီးမှာ စိတ်လွှတ်၊လက်လွှတ်အိပ်နေခြင်း

မဟုတ်ပဲသတိဖြင့်အိပ်စက်နေသူဖြစ်သည်။


  လူငယ်များမြေပေါ်ပြုတ်ကျသောအသံကိုကြား

လိုက်ရသောအခါ ရန်မတီးမှာဆတ်ခနဲမျက်လုံးဖွင့်

လိုက်၍အဖွဲ့သားများကိုကြည့်လိုက်သောအခါ။

အိပ်မောကျနေကြောင်းတွေ့ရ၏ ။


   ကင်းသမားလူငယ်နှစ်ယောက်ကိုလှမ်းကြည့်လိုက်

သောအခါ  အဆောက်အဦးရှိရာသို့ အမူးသမား

အလားယိုင်ထိုးစွာလာနေသော ကင်းသမားလူငယ်

နှစ်ယောက်ကိုတွေ့လိုက်ရသည်။


   ..ဟေ့ကောင်တွေ  ဘာတွေဖြစ်နေကြတာလဲ...


 ဟိုးရှေ့နားက ပန်းပင်အောက်မှာ မိန်းခလေးတွေ

ကိုတွေ့လို့ ရပ်ကြည့်နေကြရင်း လူကသတိမေ့သလို

ဖြစ်သွားတာ ။ 


  အဲတာ မြေပေါ်အရှိန်နဲ့ဘယ်လိုပြုတ်ကျသွားမှန်း

မသိဘူး.... 


 ...နာလိုက်တာဗျာ မြေကြီးပေါ်အရှိန်နဲ့ ဘယ်လို

ပစ်ကျတာလဲမသိဘူး ၊ မိန်းခလေးတွေလည်းဘယ်

ရောက်သွားပြီမဆိုနိူင်ဘူး..


  ..ဟေ့ကောင်တွေ.. သွား..သွားအိပ်ကြတော့၊..


 လူငယ်များမှာသူတို့မည်သို့ဖြစ်သွားသည်ကိုနားမလည်နိူင်စွာဖြင့် ရန်မတီးကိုပြောပြလာကြသောအခါ ။

     လူငယ်များ ဘာဖြစ်လာမှန်းမသိသော်လည်း

ပုံမှန်မဟုတ်သော အခြေအနေမို့ လူငယ်နှစ်ယောက်ကို အိပ်ခိုင်း၍ကင်းတာဝန်ကို သူယူလိုက်၏ ။


    ရန်မတီးမှာလူငယ်များပြောပြသောပန်းပွင့်ရာအပင်

ဆီသို့လျှောက်လာခဲ့ရာ ပုတ်အက်အက်ရနံ့ဆိုးများရ

နေသောကြောင့် နှာခေါင်းပိတ်၍အပင်ပေါ်မော့ကြည့်

လိုက်ရာ ရန်မတီးတစ်ယောက်အံ့သြရတော့သည်။ 

   

 ပန်းပွင့်သောသစ်ပင်မှ   ပန်းပွင့်များမှာပုတ်ပွနေပြီး လောက်ကောင်များကတဖွားဖွားဖြင့်အောက်သို့ပြုတ်ကျ

လျှက်ရှိနေပါသည် ။


  လရောင်အလင်းဖြင့်ပွင့်တတ်ပြီး နာရီပိုင်းအတွင်း

ပန်းပွင့်များပုတ်ပွတတ်သော ပန်းတစ်မျိုးအကြောင်း

ကို ရန်မတီး သတိရသွားမိသောကြောင့် ကျောချမ်း

သွားမိသောကြောင့်နတ်ကွန်းရှိရာသို့ပြန်လှည့်ရန်

ပြုလိုက်စဉ် သူရှိရာသို့လျှောက်လာသော ပရမ်ကွမ်း

ကိုတွေ့လိုက်ရသည် ။


    တရေးနိူးလာတော့ အဘတယောက်တည်း 

      ဒီဖက်ထွက်သွားတာတွေ့တော့ လိုက်လာကြည့်တာ.. ..အနံ့ဆိုးတယ် အောက်မေ့နေတာ..  

 အပင်ပေါ်ကလောက်တွေပြုတ်ကျနေပါလား.... 


   ..ပရမ်ကွမ်း လာ အဆောင်ထဲပြန်ကြရအောင်

ဒီမှာနေလို့မကောင်းဘူး.... 


    ရန်မတီးမှာ ပရမ်ကွမ်းကိုခေါ်ဆောင်၍နတ်ကွမ်း

သို့ပြန်ရောက်လာခဲ့သည်...။ 


   အပင်တပင်လုံးအပုတ်နံ့ထွက်၍ လောက်များကျ

နေခြင်းကို နားမလည်နိူင်စွာရှိနေ၏ ။


   နှစ်ယောက်သား အိပ်နေသူများနဲ့ ခပ်လှမ်းလှမ်းတွင်ထိုင်လိုက်ကြပြီးနောက်။ 

  ပရမ်ကွမ်းမှာ သိချင်စိတ်ကို မမြိုသိပ်နိူင်စွာဖြင့်


 အဘ..ဟိုအပင်က အပုတ်နံ့တွေ ထွက်နေတယ်။

နောက်ပြီးလောက်ကောင်တွေရော ပြုတ်ကျနေတာ

အတော်ပဲ ထူးဆန်းတယ်...


   ..အဲဒီအပင်ကို ငရဲသစ်ပင်လို့ခေါ်ကြတယ် ။ အဲဒီအပင်ကပွင့်တဲ့ပန်းကိုတော့ ငရဲပန်းတဲ့... 


 ..ဘယ်လိုကြီးတုန်း နာမည်ကြီးက အဆန်းကြီး...


 ဆန်းဆို အဲဒီသစ်ပင်ပင်မှာပွင့်တဲ့ပန်းဟာ၊ လရောင်

ထိတွေ့ချိန်ပွင့်ပြီး ၊ နာရီပိုင်းအတွင်း အစောနက တွေ့

လိုက်သလို ပုတ်ပွသွားတာကြောင့်ပဲ ။...


...ဗျာ.. ထူးဆန်းလိုက်တာ အဘရယ်...မျက်မြင်မို့

လို့သာ မဟုတ်ရင် အဲဒီလိုအပင်မျိုးရှိတယ်ဆိုတာ။

ပြောလာရင် ယုံဖို့ခက်မယ်....


 ...ဟုတ်တယ်.. အဘလည်း လူကြီးသူမ

အပြောကိုကြားဖူးတာ ခုမှ လက်တွေ့မြင်ဖူးတာပဲ ။


အဲဒီအပင်မျိုး ပန်းပွင့်ချိန်တွေမှာ ငရဲနဲ့ လူပြည်ကို

ဆက်စပ်တဲ့တခါးပွင့်ပြီး မကောင်းဆိုးဝါးတွေလူ့ပြည်

ကိုရောက်လာနိူင်တယ်လို့အဆိုရှိတယ် ။


 မကောင်းဆိုးဝါးတွေဟာ ပန်းပွင့်ချိန်ကာလ လူ့ပြည်

ရောက်လာပြီး၊ ပန်းတွေမပုတ်ခင် ငရဲကိုပြန်ကြရတယ်တဲ့ ။

 ငရဲတခါးဟာ သစ်ပင်အနားမှာ ပန်းပွင့်ချိန် တခါးပွင့်

နေတတ်တာမို့ လူသားတွေအနေနဲ့ အဲဒီသစ်ပင်နား

ရောက်နေရင် ငရဲကိုခေါ်သွားခံရတယ်လို့ ကြားဖူး

တယ်။ 

 ဟုတ်မဟုတ်မသိနိူင်ပေမယ့် အပင်က ကျက်သရေ

မရှိတာမို့ အဲဒီအပင်နား မနေတာအကောင်းဆုံးပါပဲ..


  ....ငရဲနဲ့လူ့ပြည်ကိုဆက်စပ်နေတဲ့အပင်မျိုးလည်း

ရှိနေတာပဲနော် ၊ ...အဘပြောလို့ ငရဲသစ်ပင်အကြောင်းသိပြီး ကြက်သီးတွေတောင် ထလာပြီ...


  ...ပန်းတွေလည်းပုတ်နေပါပြီ၊စိုးရိမ်စရာတော့

မရှိလောက်တော့ပါဘူး။ 

 ဒါနဲ့ လူလေးမအိပ်တော့ဘူးလား ၊ နတ်ရဲတောင်က

နီးလာပြီနော် ၊ အားမွေးထားရမယ် ။..


  ..အိပ်ရေးဝနေပါပြီ အဘရယ် ၊ မကြာခင်လည်း

မိုးလင်းတော့မယ် ၊မအိပ်တော့ပါဘူး...


 ရန်မတီးမှာသူကြားဖူးသော ငရဲ သစ်ပင်အကြောင်း

ပရမ်ကွမ်းကိုတဆင့်ပြန်ပြောပြနေခြင်းဖြစ်သည် ။


 ငရဲပြည်နဲ့လူလောက ဆက်သွယ်ရာတခါးပေါက်က

ပန်းပွင့်ချိန်တွင်ပွင့်လာပြီး ၊ပန်းများက သက်ရှိများ

သေသလို အပုတ်နံ့ထွက်၍ လောက်ကောင်များကျ

ပြီး ငရဲတခါးပိတ်သွားသော ထူးဆန်း၍မယုံနိူင်ဖွယ်၊

ငရဲသစ်ပင်အကြောင်းသိရသော ပရမ်ကွမ်းမှာ ပါးစပ်

အဟောင်းသားရှိနေပါတော့သည် ။


 လင်းကြက်တွန်သံကြားလိုက်ရသောကြောင့် 

  မကြာမှီမိုးလင်းတော့မည်မို့ ပရမ်ကွမ်းမှာမအိပ်

လိုကြောင်းပြော၍ မျက်နှာသစ်၍ မနက်စာချက်ပြုတ်

နေပါတော့သည် ။


     မနက်စာစားသောက်ပြီးသောအခါ

နတ်ကွန်းကိုဖယ်ခွာ၍ ခရီးဆက်လက်ထွက်ခွာလာ

ခဲ့ကြ၏ ။


ရာသီဥတုမှာ နေထွက်ချိန်ရောက်သော်လည်း

 ထူထဲသောမိုးတိမ်များကာဆီးထားသောကြောင့်

အုံဆိုင်းမူန်မိူင်းနေသည်။


      မိုးတိမ်ရေ... လူတွေရှိတဲ့ နေရာကိုရှာပြီး

အသိပေးစမ်းကွာ....


    ပရမ်ကွမ်းမှာသူ့လက်ပေါ်တင်ထားသောမိုးတိမ်

ကျောကိုတခြားလက်တဖက်ဖြင့် ဖွဖွသပ်ရင်း လူတ

ယောက်ကိုခိုင်းသလို၊ အမှာစကားပြော၍ လက်ကို

အပေါ်သို့ပင့်မြောက်လိုက်သည် ။


     သိန်းငှက်ကြီးမိုးတိမ်မှာ ဂီး ဟုသံရှည်ဆွဲအော်၍

လေပေါ်ပျံတက်သွားတော့၏ ။


       နတ်ရဲတောင်သို့ဖြတ်သွားရမည့်တောအုပ်သို့

ဝင်ရောက်လာကြသောအခါ တောအုပ်တစ်ခုလုံး

မြူများရစ်သိုင်းလျှက် သူတို့လူစုအနားမှ လူများဖြတ်

ပြေးနေသလို အရိပ်များ လှစ်ခနဲ၊လှစ်ခနဲဖြတ်ပြေး

နေကြသည် ။


..လူစုမကွဲစေကြနဲ့ ဘာအကြောင်းကြောင့်ဖြစ်ဖြစ်

လူစုခွဲမသွားကြနဲ့ အားလုံးသတိထားကြ၊နတ်ရဲတောင်

နဲ့နီးလာပြီ...


  ရန်မတီးက လူငယ်များကိုသတိပေးစကားဆိုရင်း

ပတ်ဝန်းကျင်အရပ်လေးမျက်နှာသို့ မျက်လုံးရှင်ရှင်

ထား၍ကြည့်နေ၏ ။


   ကြည့်သမျမြင်ကွင်းတိုင်းမြူခိုးများကာဆီးနေရာ

အဝေးသို့မမြင်နိူင်ပဲရှိနေပါသည်။


  ထိုအချိန်မှာပင် ရန်မတီးတို့လူစုရှေ့မလှမ်းတွင်

လူပ်ရှားမူများတွေ့လိုက်ရသောကြောင့် ရှေ့မှသွား

နေသောရန်မတီးမှာ ရပ်လိုက်ရင်း လက်တချောင်းမြှောက်၍ သူ့လူများရပ်တန့်ရန်အချက်ပြလိုက်ရာ အားလုံးရပ်လိုက်ကြည် ။


   ရန်မတီးတို့ရပ်နေကြရာနေရာရှေ့သို့ လူတစု

လာနေကြသည်ကိုအတန်ငယ်နီးသောအခါတွေ့

လိုက်ရသည် ။


   ယောက်ကျားမိန်းမ၊အရွယ်စုံလူတစုကိုတောအုပ်အတွင်းတွေ့လိုက်ရချိန်တွင်အားလုံးအံ့သြသင့်ကုန်ကြ၏။


   တောအုပ်အတွင်းလူစု၊လူဝေးကြီးကိုရုတ်တရက်

တွေ့လိုက်ရသောကြောင့်ကြောင်ငေးနေကြစဉ်။

  ပုံမှန်မဟုတ်အခြေအနေကို ရန်မတီးက ချက်ခြင်း

သတိပြုလိုက်မိသည် ။


   ယောက်ကျားမိန်းမဆယ်ယောက်ခန့်ရှိသောလူအုပ်မှာ ခံစားချက်မရှိသော မျက်လုံးသေကြီးများဖြင့်

တောင့်တောင့်ကြီးလမ်းလျှောက်နေကြခြင်းဖြစ်ပြီး

လူသေကောင်လိုဖြစ်နေခြင်းကိုသတိပြုလိုက်မိသော

 ရန်မတီးမှာ ကြောက်လန့်စိုးရိမ်စိတ်များဝင်သွားတော့

သည် ။


...မီး....မီး...အမြန်ထွန်းကြ...အမြန်လုပ်........


   တခြားသူများကိုအော်ဟစ်သတိပေးခြင်းနဲ့အတူ။

ရန်မတီးကိုယ်တိုင်လည်း အသင့်ယူလာသော 

   မီးတုတ်ကို မီးထွန်းကာ မီးတုတ်ကို ရှေ့သို့ 

ဝှေ့ယမ်းလိုက်သည် ။


   လူငယ်များမှာသူတို့ရှေ့မှ လူအုပ်၏ ထူးခြားမူကို

သတိပြုမိသူရှိသလို ၊သတိမပြုမိသူလည်းရှိ၏ ။


 ရုတ်တရက်ထွက်ပေါ်လာသော ရန်မတီးအသံကြား

ရသောအခါ မထွန်းရသေးသောမီးတုတ်ကိုင်လာသူ

များက မီးတုတ်များကို အလျှင်အမြန်ထွန်းညှိလိုက်

ကြပါတော့သည်။


    မီးတုတ်ထွန်းညှိလိုက်ချိန်တွင်ရှေ့တိုးလာကြသူ

များမှာ ရပ်တန့်သွားကြသည် ။


   မီးရောင်ကြောင့်ရှေ့တိုးမလာကြဟန်တူသည်။

ရပ်တန့်ရင်း မျက်လုံးသေကြီးများဖြင့်စိုက်ကြည့်

လျှက်ရှိနေကြ၏ ။ 


  ..အနားအကပ်မခံကြနဲ့ မီးတုတ်တွေကို ဝှေ့ပြီး

ရှေ့ဆက်လျှောက်လာခဲ့ကြ...


  ရန်မတီးမှာ လူငယ်များကိုသတိပေး၍သူရှေ့မှ

လူအုပ်နဲ့ဝေးရာ တခြားတဖက်သို့ ရှောင်သွားနေရင်း

ရှိနေသည် ။


   မီးတုတ်ကိုင်လူငယ်များမှာလည်း ပုံမှန်မဟုတ်သောလူအုပ်စုအခြေအနေကိုရိပ်စားမိနေပြီမို့ရှေ့တက်

လာပြီးလူအုပ်ရှေ့သို့ မီးတုတ်ကိုဝှေ့ယမ်းလျှက်ရှိ

နေကြ၏ ။


   ရှေ့သို့တရွေ့ရွေ့တိုးလာကြသော လူအုပ်ကြီးမှာ

မီးတုတ်များဝှေ့ယမ်းလိုက်သောအခါ၊ရပ်သွားကြပြီး

ရှေ့ဆက်တိုးမလာကြတော့ပဲ မျက်လုံးသေကြီးများ

ဖြင့်ကြည့်နေကြသည် ။


    ရန်မတီးတို့လူစုသွားရာနောက်သို့ ထိုလူစုက

မနီးမဝေးမှလိုက်လာသောကြောင့် အားလုံးရင်ထိတ်

လျှက်ရှိနေကြပါသည် ။


  ထိုသူများမှာ လူသားထက်မကောင်းဆိုးဝါးများသာ

ဖြစ်နိူင်ကြောင်း အားလုံးသိနေကြသည် ။


    ...ရှေ့.. ရှေ့မှာ လူတွေ...


..ဟာ..ဒီဖက်မှာလည်း လူတွေ...


..ဒီဖက်ကလည်း လာနေတယ်...


 နောက်မှလူစုကိုသတိထားနေစဉ်မှာပင်တောတွင်း

သစ်ပင်များကြားအရပ်လေး

မျက်နှာ ပတ်ချာလည်မှလာနေသူများကိုတွေ့လိုက်ရ

ပြန်သည် ။


 ထိုသူများမှာလည်း ပထမလူများနည်းတူ၊ မျက်လုံး

သေကြီးများဖြင့်ရှိနေကာ ရန်မတီးတို့လူစုကိုအလယ်

တည်ပြီး တရွေ့ရွေ့ဖြင့်စက်ဝိုင်းပုံပတ်ချာလည်လာနေ

ကြခြင်းဖြစ်၏ ။


   ရန်မတီးမှာ များပြားသောလူအုပ်ကြီးကိုကြည့်၍

ဘာလုပ်ရမှန်း မညွန်ပြတတ်ပဲ စိုးရိမ်စိတ်ဖြင့်ထိုလူ

များ အနီးမကပ်လာစေရန်၊ မီးတုတ်ကိုသါဝှေ့ယမ်းနေတော့သည်။


...မီးတုတ်ကိုမီးမငြိမ်းစေကြနဲ့ ဒီကောင်တွေမီးကို


ကြောက်တယ် ၊ မီးတုတ်သမားတွေ ပတ်ချာလည်


နေရာယူထားကြ...၊တခြားသူတွေက မီးတုတ်အ


တွက်ဆီတွေ အဆင်သင့်လုပ်ပေးထားကြ....


 ရန်မတီးမှာ သူတို့ပတ်ချာလည်မှလူအုပ်ကြီးကို

ဖောက်ထွက်ရန်မတတ်နိူင်သောကြောင့်မီးအနား

မကပ်ရဲသော ထိုလူအုပ်အနီးသို့မကပ်နိူင်စေရန်

သာအစီအစဉ်ဆွဲနေရသည် ။


 သို့ရာတွင် ၊ 


 မီးတုတ်များကအချိန်တခုအတိုင်းအတာသာ အသုံး

ပြု၍ရမည်ဖြစ်၏ ။ အုပ်စုလိုက်မီးတုတ်အသုံးပြုနေ

သောကြောင့် မီးတုတ်ထွန်းရန်ဆီက

အများဆုံးတစ်နာရီ နှစ်နာရီလောက်အတွင်းကုန်

သွားနိူင်သည် ။


 မီးတုတ်ထွန်းရန်ဆီမကုန်မည် ဒီလူအုပ်အတွင်းမှ

သူတို့လူစုလွတ်မြောက်ရန် ကြံစည်ရမည်ဖြစ်၏ ။


 ရန်မတီးအပါအဝင်တခြားသူများမှာ ဆီမီးတုတ်များ

မရှိချိန်လွှတ်မြောက်ရန်အတွေးစဉ်းစားမရသောကြောင့် အကြံအိုက်ကာ ဇောချွေးများပျံနေကြပါတော့သည်။


......တုံ...တုံ....တုံ....တုံ.....တုံ.......


...ဝူး...ဝူး....ချန်း.....ချန်း....ချန်း.....


 ထိုအချိန်မှာပင်ဆနွင်းကိုမီးရိူ့ရာမှထွက်လာသော

ရနံ့များလေနဲ့အတူရလိုက်ကြပြီး၊ ဗုံသံများ၊လင်ကွင်း

သံများကြားလိုက်ကြရသည် ။


   ဆနွင်းမီးရိူ့ရာမှထွက်လာသောအဝါရောင်

ရောင်မီးခိုးလုံးကြီးများမှာလည်း 

မြူခိုးများကြားရောနှော၍ရောက်လာရာ မကြာမှီအချိန်

အတွင်း ပတ်ဝန်းကျင်တစ်ခုလုံး ဆနွင်းနံ့ ၊ အဝါရောင်

မီးခိုးကြီးများဖုံးလွမ်းသွားသလို ဗုံသံများ၊လင်ကွင်း

သံ၊ ပုလွေသံများနဲ့ လူသံများကိုကြားနေကြရပါတော့သည်။


ရန်မတီးတို့လူစုမှာ ဆနွင်းနံ့ မီးခိုးမိူင်းများကြောင့်

မျက်လုံးများကျိန်းစပ်ကာ ၊ချောင်းတဟွပ်ဟွပ်ဆိုး၍

နှာမွန်နေကြသော်လည်း ဝမ်းသာအားတက်စရာမှာ

သူတို့ဘေးတွင်ဝိုင်းပတ်ထားသော မကောင်းဆိုးဝါး

လူအုပ်ကြီးမှာ သူတို့အနားမှ ဖယ်ခွာ၍ ပြန်ဆုတ်

ခွာသွားခြင်းကိုတွေ့မြင်လိုက်ကြရသည် ။ 


     ကြားနေရသော အသံများမှာ သူတို့လူစုနဲ့ 

ခပ်လှမ်းလှမ်းအရပ်မှကြားနေရခြင်းဖြစ်သည် ။


    ..အစောနက ဟိုမကောင်းဆိုးဝါးတွေထွက်သွား

တာခုကြားနေရတဲ့အသံတွေနဲ့ဆိုင်မယ်ထင်တယ်...


...ဟုတ်လောက်တယ် ၊ အဲဒီအသံတွေကြားပြီးမီးခိုး

လုံးတွေရောက်လာတော့ မကောင်းဆိုးဝါးတွေ

ရှောင်သွားကြတာ....


....ဒီအသံတွေကို တီးမူတ်နေသူတွေက မိတ်ဆွေလား၊ရန်သူလားမဆိုနိူင်ဘူး...


လူငယ်များမှာယခုမှ သက်ပြင်းမောကြီးများချရင်း

ဖြင့် ကြားနေရသောအသံများကို စိတ်အတွင်းတွေး

ဆချက်များပြောဆိုနေကြချိန်တွင်၊ရန်မတီးမှာတိတ်

ဆိတ်စွာရှိနေသည် ။


   ယခုအသံများမှာ မိတ်ဆွေလားရန်သူလားဟု

တွေးနေမိခြင်းပင် ။


လေအဝှေ့တွင် အိန္ဒိယစကားသံများလည်း

ပျံ့လွင့်လာရာနားစွင့်နေသော ရူဘီနာမှာ ဝမ်းသာသွားဟန်မျက်နှာဖြင့်.... ။


  ...ဦးလေး..ဒါ.. သမီးတို့လူမျိုးအသံတွေပဲ

အဲဒီကို သွားကြည့်ကြရအောင်....


  ....အခုကြားနေရတဲ့ အသံတွေက အိန္ဒိယလူမျိုးတွေပဲ ။ ရူဘီနာလည်းပါနေတော့ အဲဒီကိုသွားကြည့်

ရအောင် အခြေအနေတခုခုထူးလာနိူင်တယ်.... 


 ရန်မတီးမှာ ရူဘီနာစကားကိုလက်ခံလိုက်ပြီး၊ လူငယ်များကို အသံကြားရာဆီသွားရန်ပြောပြလိုက်သည်။


ရန်မတီးတို့လူစုမှာ အသံကြားရာနေရာသို့လျှောက်

လာကြရင်း

  အသံများတဖြည်းဖြည်းနီးကပ်လာသောအခါ 

  ကိုယ်ဗလာကျင်းထားသော လူလေးယောက်

မှာ မီးပုံကြီးတစ်ခုကို ပတ်ချာလှည့်၍ တီးမူတ်နေ

သော တီးလုံးအလိုက် ယိမ်းထိုးကခုန်နေကြသည်

ကိုတွေ့လိုက်ရ၏ ။


    ကခုန်နေသူ ၊ တီးမူတ်နေသူဆိုပါက စုစုပေါင်း

လူဆယ်ယောက်ရှိသည် ။


    ကခုန်နေသူများမှာ အိန္ဒိယသားများဝတ်လေ့ရှိ

သော ပုဆိုးအဖြူကို ဒူးအထိခပ်တိုတိုဝတ်ထားပြီး

အပေါ်ပိုင်းဗလာကျင်းထားကာ ဒန်း၊ဆနွင်းများ

မျက်နှာနဲ့ ကိုယ်လုံးတွင်သုတ်လိမ်းထားသည် ။


   ကခုန်နေရင်းမှ ပါးစပ်အတွင်း အိန္ဒိယဘာသာ

ဖြင့် မန်းမူတ်ရွတ်ဖတ်၍ လက်အတွင်းကိုင်ထားသော

ဒန်ခွက်ထဲမှဆနွင်းများကို မီးပုံအတွင်းပစ်ချနေရာ

မီးခိုးငွေ့များနဲ့ ညှော်နံ့များက ပတ်ဝန်းကျင်တဝိုက်

ဖုံးလွမ်းနေ၏ ။


    ရန်မတီးတို့လူစုရောက်လာချိန်တွင် တီးမူတ်နေသူ

များကရန်မတီးတို့အဖွဲ့ကို မြင်သွားပြီး တီးမူတ်ခြင်းကို

ရပ်လိုက်ပြီး ခါးကြားမှ ဓားကိုဆွဲထုတ်လိုက်ကြသည်။


   ထိုအချိန်မှာပင်ရူဘီနာက လူအုပ်နှစ်ခုကြားအလယ်ရှေ့ထွက်လာရာ အိန္ဒိယလူမျိုးများမှာ မြန်မာများ

ကြားမှ သူတို့လူမျိုး တယောက်တွေ့လိုက်ရသော

ကြောင့်အံ့သြသောမျက်နှာများဖြစ်ကုန်ကြတော့၏ ။


   ရူဘီနာမှ အိန္ဒိယဘာသာစကားဖြင့် သူမလူမျိုး

များကိုနူတ်ဆက်စကားပြောရင်း အပြန်အလှန်ပြော

ဆိုနေကြချိန်တွင် ရန်မတီးတို့လူစုမှာ အခြေအနေကို

စောင့်ကြည့်လျှက်ရှိနေကြပါတော့သည် ။


     ရူဘီနာမှာ သူမကြုံတွေ့ခဲ့ရသောအခြေအနေနဲ့

ရန်မတီးတို့နဲ့တွေ့ဆုံပုံ။ ရန်မတီးတို့အဖွဲ့မှာလည်း

ရွာသူမိန်းခလေးများပျောက်သွားသောကြောင့်နတ်ရဲတောင်သို့ သွားမည့်သူများဖြစ်သောကြောင့် ရည်ရွယ်

ချက်တူညီသူများမို့ အတူပူးပေါင်း၍ လိုက်လာကြောင်းပြောပြ၏ ။


 တဖန်ထိုလူများအကြောင်းမေးမြန်းကြည့်ပြန်သည်။

အိန္ဒိယသားများပြောပြချက်အရ ၊သူတို့လူစုမှာလည်း

ရွာသူမိန်းခလေးများပျောက်ဆုံးသွားသောကြောင့်၊

 လိုက်ရှာနေသူများဖြစ်ကြောင်းပြောပြလာသည် ။

ဟိုရွာတယောက်၊ဒီရွာတယောက်စုထားသောအဖွဲ့

ပင်။


   အိန္ဒိလူမျိုးများမှာရူဘီနာကြားဝင်၍ ရှင်းပြသော

ကြောင့်အဆင်ပြေသွားကြသည် ။


    အားလုံးတဖက်နဲ့တဖက်ပြုံးပြလိုက်ကြရင်း

ရန်မတီးမှ ယခုကဲ့သို့ တီးမူတ်ကခုန်နေခြင်းမှာ

မည်သည့်အတွက်ပြုလုပ်ကြောင်းနားမလည်နိူင်စွာ

မေးမြန်းမိသည် ။


   လူပျောက်ရှာသောအဖွဲ့မှ တီးမူတ်ကခုန်နေသော

ကြောင့် ရန်မတီးမှနားမလည်နိူင်စွာမေးမြန်းမိခြင်း

လည်းဖြစ်သည် ။


သူတို့အဖွဲ့ယခုလုပ်နေသောအရာမှာ ကခုန်နေခြင်း

မဟုတ်ပဲ၊ ရိုးရာဓလေ့အရမကောင်းဆိုးဝါးများကို

နှင်သောပွဲဖြစ်ကြောင်း၊မကောင်းဆိုးဝါးများမှာ ရွတ်ဖတ်ပူဇော်မူများကြောင့် အနားသို့ရောက်မလာနိူင်ပဲ

အဝေးသို့ပြေးရသောကြောင့် ယခုတောအုပ်ကိုမရှာမှီ

မကောင်းဆိုးဝါးများကိုအရင်နှင်ထားကြောင်း


      အဖွဲ့ခေါင်းဆောင်ဖြစ်ဟန်တူသော 

ကခုန်နေသော အသက်ခပ်ကြီးကြီးလူတယောက်မှရန်မတီးအမေးကိုပြောပြလာ၏ ။


ရန်မတီးတယောက် ခုမှနားလည်သဘောပေါက်သွား

ရတော့သည် ။


 သူတို့အဖွဲ့ကြုံလိုက်ရသော မကောင်းဆိုးဝါးများရောက်လာချိန်နဲ့ ပွဲလုပ်ချိန်တိုက်ဆိုင်သွားသောကြောင့်

ဘေးတွေ့မည့်အရေး လွတ်သွားကြောင်းနားလည်

လိုက်၏ ။


 လူငယ်များကိုလည်း မကောင်းဆိုးဝါးများသူတို့အနား

မှဖယ်ရှောင်သွားသောအကြောင်းကိုလည်းရန်မတီးမှ ရှင်းပြလိုက်သည် ။


   လူမျိုးမတူသော်လည်း နတ်ရဲတောင်သို့သွားရင်း

ပျောက်ဆုံးနေသောမိန်းခလေးများကိုရှာဖွေမည့်အရေးကိစ္စတူညီနေသောကြောင့် လက်တွဲရန်ဆုံးဖြတ်လိုက်ကြသည် ။ 


  ....   ဂီး...ဂီး.....ဂီး......


   နှစ်ဖွဲ့ပူးပေါင်းသွားကြပြီး ရှေ့ဆက်၍နတ်ရဲတောင်

သို့အတူပူးပေါင်း၍သွားကြပြီး မိန်းခလေးများကိုရှာမည့်အရေး အတွက်တိုင်ပင်နေကြစဉ် ကောင်းကင်ထက်မှစူးရှသော အော်မြည်သံနဲ့အတူ သိမ်းငှက်ကြီးမိုး

တိမ်မှာကောင်းကင်မှဝဲပျံဆင်းလာပါတော့၏ ။


    အောက်သို့ပျံဝဲဆင်းလာသော မိုးတိမ်မှာ 

ပရမ်ကွမ်း ပခုံးပေါ်တွင်နားလိုက်သည် ။  


 ...ဒီမှာ...အဘ.. ဒါကျွန်တော်တို့ရွာရဲ့ ချည်ထည်

လက်ရာမဟုတ်ဘူးလား...


 ..ဟာ..ဟုတ်တယ်ဟေ့.. ကြည့်ရတာ မိုးတိမ်က

တို့ရွာသူတွေနဲ့တွေ့ခဲ့ပြီထင်တယ်... 


 ..မိုးတိမ်ကိုတွေ့တော့ သူတို့ကိုကယ်ဖို့လာနေတာ

သိပြီး သူတို့ရှိမှန်းသိအောင် လက်ကိုင်ပုဝါလေး

မိုးတိမ်နဲ့ထည့်ပေးလိုက်တာပဲ.... 


   ..ဘယ်လိုလုပ်ကြမလဲ မိန်းခလေးတွေခုထိအသက်ရှိသေးတယ်ဆိုတော့ အမြန်သွားဖို့တော့လိုလာပြီ..


   မိုးတိမ်ခြေထောက်တွင် ပုဝါစလေးတစ်ခုချည်နှောင်၍ပါလာသည် ။


  အဝတ်အစားများကို ကိုယ်တိုင်ယက်လုပ်ကြလေ့ရှိ

သောကြောင့် လက်ရာကိုမြင်ရုံဖြင့် ရွာဖြစ်လက်ရာမှန်း

သိကြသလို၊ သိမ်းငှက်ကြီးမိုးတိမ်ခြေထောက်တွင်

ပုဝါချည်နှောင်ပေးနိူင်သည်မှာ ရွာသားများမှလွဲ၍

တခြားမဖြစ်နိူင်ကြောင်းတွေးလိုက်ကြသောကြောင့်

လူငယ်များနဲ့ ရန်မတီးတို့မှာစိတ်လူပ်ရှားသွားကြ၏ ။


  လူငယ်များမှာ ပျောက်ဆုံးနေသော ရွာသူမိန်းခလေးများမသေနိူင်ကြောင်းသိသွားပြီးနောက်တွင် စိတ်လူပ်ရှားစွာပြောဆိုနေကြပါတော့သည် ။


     အိန္ဒိယသားများမှာသိမ်းငှက်ကြီးတကောင်ကိုကြည့်၍ ဆူညံ့စွာရှိနေကြသော ရန်မတီးတို့လူစုဆီနား

မလည်ဟန်ဖြင့်ကြည့်ရင်းရှိနေကြ၏ ။


 ရူဘီနာကို ရန်မတီးမှ မိုးတိမ်ခြေထောက်မှပုဝါမှာ

သူတို့ရွာသူများပုဝါစဖြစ်ကြောင်း မိုးတိမ်မှာမိန်းခလေးများရှိရာနေရာကိုရှာတွေ့ထားပြီဖြစ်ကြောင်းပြောပြ

လာသည် ။


ထိုအခါကျမှ အိန္ဒိယသားများမှာ အံ့သြစိတ်လူပ်ရှား

ကြကုန်တော့သည်။


 တခြားမိန်းခလေးများကိုတွေ့ပြီဆိုပါ သူတို့ရွာသူများ

ကိုတွေ့ရန်လည်းမျှော်လင့်နိူင်သောကြောင့်ဖြစ်၏ ။


 ..သမီး...ဦးလေးတို့ နောက်ကျမသွားခင်

အခုပဲရွာက မိန်းခလေးတွေကိုကယ်ဖို့ မိုးတိမ်လမ်းပြ

ခေါ်တဲ့နောက်လိုက်တော့မယ် ၊ သမီးတို့ လူတွေက

ဘယ်လိုလုပ်ချင်လဲ မေးကြည့်ပါလား...


   ...ဟုတ်ကဲ့.. ဦးလေး.. သမီးမေးကြည့်လိုက်

ပါမယ်...


 ရူဘီနာမှာသူမတို့လူမျိုးများကို ရန်မတီးတို့ရှေ့ဆက်

လုပ်မည့်အစီအစဉ်ကိုပြောပြရင်း တဆက်တည်း၊

ရှေ့ဆက်၍မည်သို့လုပ်ရန်တွေးထားကြောင်းကို

မေးမြန်းနေရာ အိန္ဒိယသားတစုမှာ ခနကြာမှတယောက်တပေါက်ပြောဆိုရင်းအချင်းချင်းတိုင်ပင်ဆွေးနွေး

နေကြသည် ။


ခနကြာပြီးနောက် အဖွဲ့ကိုခေါင်းဆောင်လာဟန်ရှိသော အိန္ဒိယသားကြီးမှာ ရန်မတီးအနီးသို့လျှောက်

လာသည် ။


 ....မိန်းကလေးတွေရှိတဲ့နေရာကို ရှာတွေ့ထားပြီ

ဆိုတော့ ၊ ငါတို့လည်းမင်းတို့အဖွဲ့နဲ့အတူပူးပေါင်းပြီး

မိန်းခလေးတွေကိုကယ်ဖို့လုပ်ကြမယ်..။ 


  ငါ့လူတစ်ယောက်ကို ငါတို့ရွာတွေဖက်လွှတ်ပြီးတော့ 

မိန်းခလေးတွေကိုတွေ့ထားတဲ့အကြောင်းကိုအသိပေး

ခိုင်းပြီး လူစုပြီးလိုက်လာခိုင်းလိုက်မယ်... 


 ..ကောင်းပြီ.. ပရမ်ကွမ်းရေ မိုးတိမ်ကိုလမ်းပြခိုင်း

လိုက်တော့ ...


 မိုးတိမ်ရေ.. မင်းတွေ့လာတဲ့ မိန်းခလေးတွေရှိတဲ့

နေရာကိုငါတို့ကိုလမ်းပြပေးစမ်းကွာ....


ရန်မတီးက မိုးတိမ်အားလမ်းပြခိုင်းလိုက်သောအခါ၊

 ပရမ်ကွမ်းမှာ မိုးတိမ်ကျောကိုလက်ဝါးဖြင့်ပွတ်၍

မိုးတိမ်အားဂုဏ်ယူဝင့်ကြွားသောမျက်လုံးများဖြင့်ကြည့်ရင်း လူသားတစ်ယောက်ကိုမှာသလိုမှာကြားပြီး

လက်ကိုအပေါ်သို့ ပင့်မြှောက်လိုက်ရာ မိုးတိမ်မှာ

ပြောစကားကိုနားလည်သည်အလား ၊အသံရှည်တချက်အော်လိုက်ပြီး အပေါ်သို့ပျံတက်ရင်းမှ သူတို့ရောက်နေရာအရပ်မှမြောက်စူးစူးအရပ်သို့ဦးတည်ပျံသန်း

သွားပါသည် ။


   မိုးတိမ်လူစကားနားလည်ခြင်းကို အိန္ဒိယသားများ

အထူးတလည်အံ့အားသင့်နေကြသလို ချီးကျုးပြော

ဆိုနေကြသံများကို ရန်မတီးကြားလိုက်ရ၏ ။


    သိမ်းငှက်ကြီးမိုးတိမ်မှာ အမြင့်ဝေဟင်မှပျံနေခြင်း

ဖြစ်သောကြောင့်အောက်မှလိုက်နေရသောလူများမှာ

သိမ်းငှက်ဦးတည်သွားရာလမ်းကြောင်းသို့လမ်းဟူ၍

မယ်မယ်ရရမရှိပဲသွားလာနေရသဖြင့် ခရီးမတွင်လှပေ။


 တောတောင်များအတွင်း တောင်အတက်အဆင်းများ

သွားလာရခြင်း။

ခြုံနွယ်ပိတ်ပေါင်းများကိုဖြတ်ကျော်သွားရခြင်းနဲ့အတူ။

သားရဲတိရိစ္ဆာန်များ အန္တာရယ်အပြင်၊ စောင့်ကြည့်နေသောရန်သူများရှိမရှိသတိထား၍သွားလာနေရသော

ကြောင့်ခရီးမတွင်နိူင်ပဲရှိနေသည် ။


     သိမ်းငှက်ကြီးမိုးတိမ်မှာ သူ့နောက်မှလူစုလိုက်မှီ

စေရန်သစ်ပင်မြင့်ကြီးပေါ်တွင်နား၍ စောင့်ဆိုင်းနေ

တတ်ပြီး ၊ သူနဲ့နီးလာသောအခါမှနောက်တကြိမ်ဆက်၍ပျံသန်းသွားသည် ။


   ထိုသို့ဖြင့် မနားတမ်းခရီးနှင်လာကြရင်းမှ သုံးနာရီကျော်ခန့်ကြာသော အချိန်တွင် သိမ်းငှက်ကြီးမိုးတိမ်မှာ 

မြင့်မားသောတောင်ကြီးတတောင်ဘေးတောင်ကမ်း

ပါးယံတွင်ဝဲပျံလျှက်မြည်သံပြုနေပါသည် ။


     ထိုတောင်ကမ်းပါးယံအစွန်းသစ်ပင်ကြီးတွင်နားလိုက်အော်မြည်သံပြုလိုက်ဖြင့်ရှေ့ဆက်မပျံပဲရှိနေပါ

၏ ။


 သိမ်းငှက်ကြီးမိုးတိမ်နောက်လိုက်လာကြသော

ရန်မတီးတို့လူစုမှာ တောင်ခြေတွင်ရပ်ရင်းသိမ်းငှက်ကြီးအခြေအနေကိုစောင့်ကြည့်နေကြရာ မကြာမှီသိမ်းငှက်ကြီးမှာ အောက်သို့ပျံဆင်းလာပါတော့သည် ။


...အဘ.. မိုးတိမ်ပြတဲ့နေရာမှာ တခုခုရှိလောက်တယ်... 


   ...ဒီမှာ ခနနားကြမယ် ပြီးမှတောင်ကမ်းပါးယံကို

တက်ဖို့လမ်းရှာကြမယ်ဟေ့....


   ရန်မတီးမှ အိန္ဒိယသားများအား သိမ်းငှက်ကြီးမှာ

ယခုတောင်ကမ်းပါးယံကိုလမ်းညွန်ကြောင်းပြော

ပြလိုက်သည် ။


    ထိုအခါ တချိန်လုံးငြိမ်သက်နေသောရူဘီနာမှ


...ဦးလေး..ဒီတောင်က သမီးတို့နယ်ဖက်မှာ

ရှေးတုန်းက ဆန်ဂျေးလ်ကူပါရ် မိန်းခလေးတွေကို

ယစ်ပူဇော်မူပြုလုပ်ခဲ့တယ်ဆိုတဲ့တောင်ကြီးပဲ....


 ..ဟုတ်လား ဒီလိုဆိုရင်တော့ ဒီတောင်က

ပျောက်နေတဲ့မိန်းခလေးတွေနဲ့ ဆက်စပ်နေတယ်

ဆိုတာသေချာသွားပြီ ဒီတော့ ရှေ့ဆက်ဘာလုပ်

ကြမလဲတိုင်ပင်ကြတာပေါ့.. ...


    ရန်မတီးမှာ အိန္ဒိယအဖွဲ့မှခေါင်းဆောင်များနဲ့

တိုင်ပင်၍ ဘာဆက်လုပ်မလဲတိုင်ပင်ရင်းရှိနေကြ

သည်။


 ရှေးဦးစွာ လူအုပ်စုကို သစ်ပင်၊ကျောက်တုံးများ

နောက်တွင် ပုန်းအောင်းစေ၍ စကားကျယ်ကျယ်

မပြောရန်၊ လူပ်ရှားသံမထွက်စေရန်လူယောင်ဖျောက်

ခိုင်းထားလိုက်ကြသည် ။ 


   ပြီးနောက် ပရမ်ကွမ်းကိုတောင်ခါးပန်းအလယ်

သို့တက်၍ ထူးခြားချက်ရှိမရှိတက်ကြည့်ခိုင်းလိုက်၏။


    ပရမ်ကွမ်းမှာမိုးတိမ်ကို နောက်တကြိမ်ပျံသန်း

ခိုင်းလိုက်ပြီးသူကိုယ်တိုင်လည်း သစ်ပင်ခြုံနွယ်များ

ကိုအကာအကွယ်ပြု၍တောင်ပေါ်တက်လာခဲ့တော့

သည် ။


   မိုးတိမ်မှာတောင်းခါးပန်းအလယ်မှသစ်ပင်ကြီးတစ်ပင်အကိုင်းတွင်နား၍ အသံစူးစူးဖြင့်အော်ဟစ်အချက်ပြနေသောကြောင့်ထိုနေရာသို့သွားရောက်လိုက်

သည် ။ 


    အတန်ကြာမျ ကြိုးစားပမ်းစားဖြင့် တောင်ခါးပန်း

မှမိုးတိမ်နားနေသော သစ်ပင်ကြီးအနားသို့ရောက်

သွားတော့သည် ။


  ပရမ်ကွမ်းမှာ တောင်ခါးပန်းသို့ကြည့်လိုက်ရာ

 ဆယ်နှစ်သားခလေးတစ်ယောက်လမ်းလျှောက်

သွားနိူင်သော အပေါက်တပေါက်ကိုနွယ်ပင်များ

ဖြင့်ဖုံးကာနေကြောင်းတွေ့လိုက်ရသည် ။


   အပေါ်ဖက်မှကျနေသော နွယ်ကြိုးများက 

 ဂူအပေါက်ကိုဖြတ်၍အောက်သို့ကျသွားသော

ကြောင့်အပေါက်နေရာကိုကွယ်ထားသလိုဖြစ်နေ

ခြင်းပင် ။


  ပရမ်ကွမ်းမှာလေးဖက်ထောက်တွားသွားပြီး

 ဂူပေါက်အတွင်းသို့ဝင်သွားလိုက်ရာ

အထဲတွင် စိုစွတ်မဲမှောင်လျှက်ရှိနေပါသည် ။


       အနည်းငယ်မျအတွင်းသို့ဝင်ပြီးသောအခါ

ခနမျရပ်လိုက်ပြီး နားစွင့်ကြည့်လိုက်ရာ စကားပြော

သံလိုလိုအသံများကြားရသောကြောင့်ရှေ့ဆက်ပြီး

ဆက်တိုးလာခဲ့တော့၏ ။


     ရှေ့တိုးလာလေလေ စကားသံများကိုအနီးကပ်ပိုကြားလာရလေဖြစ်သည် ။


   လိူဏ်ဂူအတွင်းဖြစ်သောကြောင့်အသံများကိုပဲ့တင်

ထပ်ကြားနေရခြင်းပင်။ 


          အလင်းရောင်များကိုလည်းတစွန်းတစတွေ့

နေရသောကြောင့် ပရမ်ကွမ်းလည်းအလင်းရောင်မြင်နေရာသို့တွားလာခဲ့သည် ။


    ထောင့်ချိုးတခုလွန်မြောက်၍ အလင်းရောင်ထွက်

နေသော နေရာမှမြင်ကွင်းများကို မြင်လိုက်ရသော

ပရမ်ကွမ်းတယောက် အံ့သြမှင်သက်သွားရပါတော့

သည် ။


  သူတွေ့လိုက်ရသောမြင်ကွင်းမှာ


 မီးရောင်ထိန်ထိန်ထွန်းထားသော ခန်းမကျယ်ကြီးတွင် မိန်းခလေးများကိုတအုပ်တမကြီးတွေ့လိုက်ရခြင်း

ဖြစ်သည် ။


အသက်ဆယ့်ရှစ်ဆယ့်ကိုးအရွယ်   

မိန်းခလေးပေါင်းအယောက်တစ်ရာခန့်ရှိမည်ဟု

ခန့်မှန်းတွက်ဆရပြီး မိန်းခလေးများဝတ်စားဆင်ယင်ပုံများကိုကြည့်ရာတွင် အိန္ဒိယနဲ့မြန်မာ နိူင်ငံနှစ်ခုမှ

မိန်းခလေးများပင်ဖြစ်ကြ၏ ။


 မိန်းခလေးများမှာ ဆေးတမျိုးမျိုးတိုက်ကျွေးခံထား

ရဟန်ဖြင့် ကြောင်စီစီမျက်ဝန်းများဖြင့် ငြိမ်သက်စွာလဲလျှောင်းသူကလဲလျှောင်းထိုင်သူကထိုင်ရှိနေသည်။


  ထိုမျများပြားသော မိန်းခလေးပေါင်းများစွာကို

နှစ်ချီ၍ဖမ်းဆီးထားဟန်ရှိနေသည် ။


   တောင်ထဲမှဂူမှာကျယ်ဝန်းလှသောကြောင့် မိန်းခလေးတစ်ရာခန့်ရှိနေသော်လည်း ကြပ်တည်းမနေပေ။


     မိန်းခလေးများပတ်ချာလည်ထားသော 

နေရာအလယ်တွင် ဆယ်ပေပတ်လည်ကျယ်ဝန်းမည့်

ကန်ငယ်တစ်ခုရှိနေပြီးရေကထူးခြားစွာနိူ့နှစ်ရောင်

သန်းနေကြောင်း ပရမ်ကွမ်းတွေ့လိုက်ရ၏ ။


    ပရမ်ကွမ်းမှာ အခြေအနေကို သေချာအကဲခတ်

ကြည့်နေစဉ်၊ အမဲရောင်ဝတ်ရုံရှည်ကိုခေါင်းအုပ်ပြီး

ဆောင်းထားသော လူလေးငါးယောက်မှာ အတွင်း

သို့ဝင်လာသောကြောင့် ခန္ဓာကိုယ်အားဝပ်ချလိုက်

သည်။


 သူရောက်နေသောနေရာမှာ အပေါ်ပိုင်းအမြင့်နေရာ

ဖြစ်ပြီးအောက်မှမြင်ကွင်းများကိုအသေးစိတ်စီးမိုး

မြင်နေရခြင်းဖြစ်သည် ။


  ဝတ်ရုံနက်များမှာ အချင်းချင်းသူတို့ရိုးရာဘာသာစကားများဖြင့်စကားပြောဆိုကြပြီး မိန်းခလေးများကို

ကြားလှည့်ပတ်စစ်ဆေးကြည့်နေပါသည် ။


    တကြိမ်တွင်ဝတ်ရုံနက်တစ်ယောက်မှာ 

ပရမ်ကွမ်းရှိနေရာနေရာသို့မော့ကြည့်လာသောကြောင့်ပရမ်ကွမ်းမှာရင်ထိတ်သွားပြီး ကြမ်းပြင်ပေါ်သို့

ပြားပြားမှောက်၍ဝပ်ချလိုက်တော့သည် ။


   ဝတ်ရုံနက်မှာခနမျှသာကြည့်ခြင်းဖြစ်သောကြောင့်

ပရပ်ကွမ်းရှိနေမှန်းမသိလိုက်သောကြောင့် ပရမ်ကွမ်း

လည်းသက်ပြင်းကိုသာကြိတ်၍ချလိုက်မိတော့သည် ။


 ဝတ်ရုံနက်များထွက်သွားသောအခါ ပရမ်ကွမ်းမှာ

အေညက်သို့ဆင်းမည့်လမ်းကြောင်းကိုရှာဖွေကြည့်

ရာ ဘေးဖက်တောင်နံရံတွင် အောက်သို့အဆင်း

အတက်ပြုလုပ်နိူင်သည့် နေရာတစ်ခုတွေ့သော

ကြောင့်နေရာကိုစိတ်အတွင်းပန်းချီကားတချပ်လို

မှတ်သားထားလိုက်ပြီး လာရာလမ်းအတိုင်း

လှည့်ပြန်လာခဲ့တော့၏ ။


     ဂူပေါက်ဝမှထွက်လာချိန်တွင် သိမ်းငှက်ကြီးမိုး

တိမ်မှာ သခင်ဖြစ်သောပရမ်ကွမ်း ကိုတွေ့လိုက်ရ

သောကြောင့် အော်သံတချက်ပြုလိုက်သည်။


 ပရမ်ကွမ်းအောက်သို့ရောက်လာသောအခါ ပရမ်

ကွမ်းအခြေအနေကို စိတ်လူပ်ရှားစွာစောင့်နေသူများ

ကအခြေအနေကို တီးတိုးမေးမြန်းကြရာ ပရမ်ကွမ်း

လည်းတောင်လိူဏ်ဂူအတွင်း သူမြင်တွေ့ခဲ့ရသော

အကြောင်းများကိုပြောပြလိုက်၏ ။


   ရန်မတီးမှာလည်းပရမ်ကွမ်းပြောသမျကိုရူဘီနာနဲ့

အိန္ဒိယသားများနားလည်စေရန်ဘာသာပြန်ပေးနေသည်။


  ပရမ်ကွမ်းစကားအဆုံးမှာတော့အားလုံးလူပ်လူပ်ရှား

ရှားဖြစ်ကုန်ကြပါတော့၏ ။


  သူတို့လိုက်ရှာနေသော မိန်းမပျိုလေးများကို

နတ်ရဲတောင်အတွင်း ရှိနေသည်ကိုသိလိုက်ရသော

ကြောင့် စိတ်လူပ်ရှားကုန်ကြပါတော့သည် ။


    ရန်မတီးမှာ ပျောက်ဆုံးနေသော မိန်းခလေးများ

အားလုံးကိုလိူဏ်ဂူအတွင်းတစုတစည်းရှိနေသည်

ဆိုခြင်းကြောင့် မည်သို့မည်ပုံဆက်လုပ်ရမည်ကို

အိန္ဒိယသားများနဲ့ တိုးတိုးတိတ်တိတ်အစီအစဉ်

တစ်ခုညှိနိူင်းစီစဉ်ကြတော့၏ ။


    များပြားလွန်းလှသောမိန်းခလေးများကို

ကယ်တင်ရန် ရန်သူများကို မဖြစ်မနေထိပ်တိုက်

ရင်ဆိုင်ရမည်ဖြစ်ရာ ။ 


  ရန်သူအင်အားအခြေအနေကိုမသိသောကြောင့်

အခက်တွေ့နေရသည် ။


နတ်ရဲတောင်သို့လာရာလမ်းတွင်အမှတ်အသား

ချန်ရစ်၍

  အိန္ဒိယရွာသားများကနောက်ထပ်လူအကူအညီ

ခေါ်ရန်လူလွှတ်ထားသော်လည်း ။ 


မိန်းခလေးများယစ်ပူဇော်မည့်နေ့ရက်အချိန်ကို

မသိသောကြောင့်မိန်းခလေးများအသက်အန္တရယ်

 စိုးရိမ်ရသောအခြေအနေရှိနေရာ အချိန်ဆွဲမနေတော့

ပဲယခုညမှာပင် ရန်သူ့စခန်းသို့တိတ်တဆိတ်ဝင်တိုက်

ရန်ဆုံးဖြတ်ချက်ချလိုက်ကြပါတော့သည် ။


ရန်မတီးတို့လူစုမှာတိတ်ဆိတ်ငြိမ်သက်စွာဖြင့်

ညရောက်သည်အထိစောင့်ဆိုင်းနေကြသည် ။


  အိန္ဒိယသားများမှာ နတ်ရဲတောင်ပတ်လည်တဝိုက်

တွင်ရွာမှပျောက်သွားသောမိန်းခလေးများကိုသုံးလေး

ရက်ခန့်တောနင်းရှာမည့်သူများဖြစ်သောကြောင့်ရိက္ခာ

အဖြစ်မုန့်အချိုခြောက်များပါလာရာ ရန်မတီးတို့အဖွဲ့ကိုပါ မျဝေကျွေးလာသည် ။


   ရန်မတီးလည်း လူငယ်များကိုခေါ်၍ ယခုညတိုက်ပွဲ

တွင်အစစအရာရာသတိထားရန်မှာစရာရှိသည်တို့ကို

ပြောဆိုမှာကြားလျှက်ရှိနေ၏ ။


    သိမ်းငှက်ကြီးမိုးတိမ်ကြောင့်သာလျှင်နတ်ရဲတောင်

မှလျို့ဝှက်ဂူအတွင်းဖမ်းဆီးခံထားရသောမိန်းခလေးများကို အလွယ်တကူတွေ့ရသောကြောင့် မိုးတိမ်ကို

အားလုံးဝိုင်းဝန်းချီးကြူးနေကြရာ ငှက်ပိုင်ရှင် ပရမ်ကွမ်းတယောက်ပျော်တပြုံးပြုံးရှိနေပါသည်။


    ပရမ်ကွမ်းတွေးတော?ပရမ်ကွမ်းတွေးတော၍မရသည်မှာကား ငှက်ခြေသည်းဖြင့်ကုတ်ချီလာသော ပုဝါစက ဂူထဲတွင်ဖမ်းခံထားရသောမိန်းခလေးများမည်သို့ပေးလိုက်သည်

ကိုတွေးမရနိူင်အောင်ရှိနေပါသည် ။


   မိုးတိမ်မှာ ပုန်းအောင်းစခန်းချနေကြသောနေရာ

အနီးတဝိုက်မှသစ်ပင်များတွင်ကူးလူးပျံသန်းလျှက်

ရှိနေပါသည် ။


     ညနေစောင်းအချိန်ရောက်သောအခါ 

ပုန်းအောင်းနေကြသူများမှာ ကုန်ခဲလှသောအချိန်ကို

သည်းခံစောင့်ရင်း ပျင်းရိငြီးငွေ့စွာရှိနေကြချိန်တွင်

ရန်သူ့နယ်မြေမို့ သတိမပြတ်ကပ်ကာ နေသော

ရန်မတီးနားအတွင်း ခြုံနွယ်များကိုတိုးဝှေ့လာနေသံ

တခုကြားလိုက်ရတော့သည် ။


 ...ရူး..အသံမထွက်ကြနဲ့ လူပ်ရှားသံကြားတယ်၊

လူလား တောကောင်လားမသိဘူး ဒီဖက်ကိုလာ

နေတယ် သတိထားကြ...


    ရန်မတီးသတိပေးသံကြောင့် လူငယ်များမှာ

လေးမြှားကိုအသင့်ပြင်၍ ရန်မတီးမျက်နှာမူရာအရပ်သို့ ချိန်ထားကြသလို၊  အိန္ဒိများမှာလည်းရန်မတီး

တို့လက်နက်များအသင့်ပြင်၍အရေးတကြီးဟန်များ

မြင်ရသောအခါ ဓားကောက်ကြီးများကိုင်၍ အသင့်ပြင်

ထားကြသည် ။


  ခြုံနွယ်များကိုတိုးဝှေ့၍လာသောအသံမှာ တဖြည်း

ဖြည်းဖြင့်ရန်မတီးတို့လူစုရှိရာသို့နီးကပ်လာသော

ကြောင့်အားလုံးစိတ်လူပ်ရှားစွာဖြင့် လူလား၊တိရိစ္ဆာန်

လားမကွဲပြားနိူင်သောအသံရှင်ကိုကြည့်လိုက်မိကြ၏။


    ခြုံနွယ်များကြားကိုတိုးဝှေ့၍လူပ်ရှားလာနေသော

အသံမှာရန်မတီးတို့ရပ်စောင့်နေရာရှေ့ရောက်လာပြီး

ရုတ်တရက်ခြုံပုတ်များကြားမှထွက်လာတော့သည်။


  အားလုံးစိတ်အတွင်းအံ့သြမူနဲ့မယုံကြည်နိူင်မူများ

ဖြစ်ပေါ်ကုန်ရတော့သည် ။


 သူတို့မြင်တွေ့လိုက်ရသည်မှာကား ခြုံပုတ်များကြား

မှတိုးထွက်လာသူမှာ တောတိရိစ္ဆာန်တကောင်မဟုတ်

ပဲမိန်းခလေးတစ်ယောက်ဖြစ်နေ၏ ။


     အနက်ရောင်ဝတ်ရုံရှည်ကိုထက်အောက်ဆင်

တူဝတ်ထားသောဆယ့်ရှစ်နှစ်အရွယ် မိန်းခလေးတစ်ယောက်ဖြစ်နေသောကြောင့်ဖြစ်ပါသည် ။


    ရန်မတီးတို့လူစုမှာ မိန်းခလေးကိုပတ်ချာလည်

ဝိုင်း၍ ပုန်းကွယ်နေရာမှထွက်လိုက်ကြ၏ ။


   အနက်ရောင်ဝတ်မိန်းခလေးမှာ လက်နက်အပြည့်

အစုံနဲ့ ယောက်ကျားသားများဝိုင်းထားခြင်းခံရသော်

လည်းကြောက်လန့်သောအမူအယာမရှိ။သူမပုံက

ယခုအခြေအနေမျိုးကိုကြိုတင်တွက်ဆထားဟန်ဖြင့်

ရှိနေပြီး။မျက်လုံးများက သိမ်းငှက်ကြီးမိုးတိမ်ကိုစိုက်

ကြည့်လျှက်ရှိနေသည် ။


” 

   ”..ငါ..နင်တို့ရန်သူမဟုတ်ဘူး.. ဟိုသိမ်းငှက်ကြီးကို

ငါသိတယ်၊ သူ့နာမည် မိုးတိမ်....”


    တခါမှမမြင်မတွေ့ဖူးသော မိန်းခလေးတယောက်က မိုးတိမ်ကိုလက်ညိူးညွန်ပြ၍ သိသည်ဆိုခြင်း

ကြောင့်သိမ်းငှက်ပိုင်ရှင် ပရမ်ကွမ်းအပါအဝင် ရန်မတီးနဲ့ရွာမှလူငယ်များအံ့သြသင့်သွားကြသည် ။


” မင်းဘယ်သူလဲ.. သိမ်းငှက်နာမည်ကိုသိရုံနဲ့

ငါတို့ရန်သူမဟုတ်ဘူးဆိုတာ ဘယ်လိုယုံရမှာလဲ..”


 ” ငါအခုလာတာ နင်တို့ကိုကူညီချင်လို့လာတာပဲ

နင်တို့ရွာကမိန်းခလေးတွေနဲ့ တခြားမိန်းခလေးတွေ

ကယ်ဖို့လာတာမဟုတ်လား ငါပြောတာနားထောင်ပါ...”


 မိန်းခလေးပြောနေသောစကားမှာသူတို့ဒေသသုံး

စကားဖြစ်နေသည့်အပြင် သိမ်းငှက်မိုးတိမ်နာမည်ကို

သိပြီးကူညီရန်လာသည်ဆိုသောကြောင့် ရန်မတီးမှာ 

အိန္ဒိသားများကိုအကျိုးအကြောင်းရှင်းပြလိုက်သည် ။


ရန်မတီးမှာသူ့လူများကိုလက်နက်ချစေ၍ မိန်းခလေး

နဲ့စကားအပြန်အလှန်ပြောဆိုလိုက်သည် ။


”   နင်တို့ရွာသူတစ်ယောက်နဲ့ငါနဲ့ အပြင်ထွက်လာချိန်

သူက သိမ်းငှက်ကြီးကိုတွေ့တော့ မိုးတိမ်ဆိုပြီးလှမ်း

ခေါ်လိုက်တာပဲ ၊ 

 သူ့နာမည်ခေါ်သံကြားတော့ သိမ်းငှက်ကြီးက 

ငါတို့အနားက သစ်ပင်ပေါ်နားပြီး သူ့နာမည်ခေါ်တိုင်း

အော်သံပြန်ပေးနေတယ် ။


  ဒီတော့နင်တို့ရွာသူမိန်းခလေးက ဝမ်းသာသွားတယ်။ 

 ဒီသိမ်းငှက်ကသူတို့ရွာကတဲ့ သူ့ကိုကယ်ဖို့လိုက်လာ

ကြတာတဲ့ ၊ ဒီတော့ ဟိုးအနားတောင်ဘေးလျို့ဝှက်

ဂူပေါက်လမ်းရှေ့မှာ ငှက်ကလေးတကောင်ကို

ကြိုးချည်ပြီး အနားမှာ ပုဝါစကိုချခိုင်းလိုက်တယ် ။


ငါ့ရည်ရွယ်ချက်က ပုဝါစကိုမိုးတိမ်ယူသွားရင်

နင်တို့လည်း မိုးတိမ်နောက်ခြေရာခံလိုက်လာပြီး

ဂူပေါက်ကိုတွေ့မယ်စိတ်ကူးထားလို့လေ။


မိုးတိမ်က ပုဝါစကိုယူသွားတော့ နင်တို့ရောက်

လာကြတော့ ငါမှန်းထားသလိုဖြစ်သွားတာပေါ့ ။...”


” မိန်းခလေး မင်းကဘယ်သူလဲ ဒီတောင်နားမှာ

စိတ်အေးလက်အေးသွားလာနေနိူင်တာကိုထောက်

ရင်မင်းက မိန်းခလေးတွေကိုဖမ်းထားသူနဲ့ တနည်း

တဖုံပတ်သက်နေရမယ်... ”


  ” ငါပြောလိုက်ရင် နင်တို့သိပ်လန့်မသွားနဲ့နော်..၊

ငါ့နာမည် ဒါဂျာရာဝီ ခုမိန်းခလေးတွေကိုဖမ်းထား

တဲ့အဖွဲ့ခေါင်းဆောင်ရဲ့သမီးပဲ.... ”


....ဟင်....


  ဂျာဒါရာဝီဆိုသောမိန်းခလေးအပြောကြောင့်

ရန်မတီးနည်းတူ ဂျာဒါရာဝီအပြောကိုနားထောင်

နေသောမိန်းခလေးများကပါ အံ့သြစိတ်များတား

ဆီးမရဖြစ်ကုန်ကြတော့သည် ။


 ရန်သူခေါင်းဆောင်တစ်ယောက်၏ သမီးက 

သူတို့နဲ့လာတွေ့နေသည်ကနားမလည်နိူင်စရာ

ဖြစ်နေပါသည် ။


  ” ရန်သူသမီးဆိုပြီးအတွေးများနေကြပြီလား

 ငါသာနင်တို့ကို ဒုက္ခပေးချင်တယ်ဆိုရင်နင်တို့ဒုက္ခရောက်နေတာ

ကြာပြီ မိုးတိမ်ကို လှမ်းမြင်ကတည်းက နင်တို့

ဒီကိုရောက်နေတယ်ဆိုတာ ငါသိလိုက်တယ် ။


  စိတ်မပူပါနဲ့ ငါနင်တို့ကိုကူညီဖို့ရောက်လာတာပါ။

ငါကိုယ်တိုင်ငါ့အဖေရဲ့လုပ်ရပ်ကိုသဘောမကျပါဘူး။

မိန်းခလေးတွေရဲ့လည်ချောင်းသွေးနဲ့ ယစ်ပူဇော်ပြီး

မကောင်းဆိုးဝါးကိုနိူးမယ့်ကိစ္စလက်မခံနိူင်တာ

ကြောင့် နင်တို့ကိုကူညီဖို့ဆုံးဖြတ်လိုက်တာ...”


   ” အဲဒါလည်း ဟုတ်တာပါပဲ ဒါနဲ့ ငါတို့ရွာကမိန်း

ခလေးနဲ့မိုးတိမ်ကိုတွေ့ကြတာဆို ခုသူကရော...”


 ” ..ဂူထဲကမိန်းခလေးတွေကိုဆေးခတ်ထားတယ်။

သူတို့ကအမြဲမိန်းမောနေတာ ၊ ဆေးခတ်ခံထားရရင်

ခိုင်းသမျအတိုင်းလုပ်ကြတာ ၊ ငါအပြင်ထွက်လာတော့ ဆေးခတ်ခံထားရတဲ့ကောင်မလေးတယောက်

အဖော်ခေါ်လာတာ ။ 

ငါကသူ့ကိုသနားတာနဲ့ ဖြေဆေးတိုက်လိုက်တာ

ပြေးခိုင်းဖို့နေရာ ၊အရပ်ဒေသမသိတာနဲ့ ဒီအတိုင်း

ပြန်နေခိုင်းပြီးကယ်မယ့်သူစောင့်ခိုင်းရတာပေါ့...။”


”..သူတို့အကြံအစည်က မိန်းခလေးတွေကိုခုချိန်ထိ

မသတ်ဖမ်းထားတာ ဘာအကြံအစည်ရှိလို့လဲ ...”


” အဲတာအရေးကြီးလို့ ငါအခုရောက်လာရတာပဲ၊

မကောင်းဆိုးဝါးကို မိန်းခလေးတွေလည်ချောင်း

သွေးနဲ့ယစ်ပူဇော်ပွဲစတော့မယ် ။....

  အဲတာ ဒီညအချိန်မဆိုင်းပဲ မိန်းခလေးတွေကို

အမြန်ကယ်ဖို့လာပြောရတာပဲ....”


” နင်ကိုယုံလို့ရပါ့မလား မိန်းခလေး မင်းက

ငါတို့အခုလိုမိန်းခလေးတွေကိုကယ်ဖို့တကူးတက

လာပြောတာ  အကြောင်းရှိရမယ်....”


”..နင်ပြောတာမှန်တယ်..တကယ်လို့မိန်းခလေး

တွေကိုနင်တို့ကယ်ရင်ငါတို့လူတွေကိုမထိခိုက်စေ

ချင်ဘူး...”


  ” ဒါတော့ ဖြစ်နိူင်မယ်မထင်ဘူး မိန်းခလေး

သူတို့က ဖမ်းထားတဲ့မိန်းခလေးတွေကိုအလွယ်တကူ

လွှတ်ပေးမှာမဟုတ်ဘူး၊ အန္တရယ်ပြုလာနိူင်တယ်။

 ဒီတော့ သူ့အသက်၊ကိုယ့်အသက်လုတဲ့ပွဲမှာ 

တယောက်ယောက်တော့ထိခိုက်ကြမှာပဲ....”


  ” ဖြစ်နိူင်ရင် ဘယ်သူ့ကိုမှမထိခိုက်ပဲ အေးဆေး

ပြီးသွားမယ့်နည်းလမ်းမရှိဘူးလား ငါကတော့နှစ်ဖက်

လုံးမထိခိုက်သေချင်ဘူး... ”


   ဂျာဒါရာဝီစကားကြောင့် ရန်မတီးမှာ အနည်းငယ်စဉ်းစားရကြပ်စွာခနငြိမ်၍စဉ်းစားခန်းဝင်နေမိသည် ။


နားထောင်နေကြသောရွာသားလူငယ်များမှာလည်း

အကြံမပေးတတ်စွာရှိနေချိန်။


ပရမ်ကွမ်းမှာရှေ့တိုးလိုက်ရင်း 


 ” အဘ..ကျွန်တော်တို့မေ့ဆေးသုံးရင်မကောင်းဘူးလား ..”


 ” အေး..ဟုတ်သား...ငါမေ့နေတာ ..မေ့ဆေးရှိနေတာပဲ.. ”


   ” မေ့ဆေးရှိရင်မဆိုးပါဘူး ဘယ်လိုသုံးရမလဲ

ပြောပြလေ...”


 ” ရော့..ဒီမေ့ဆေးမူန့်ကိုညစာ ဟင်းချက်ချိန်ခပ်

ထည့်ထားလိုက်စားမိရင် ဆင်အော်ရင်တောင်မနိူးတော့ဘူး။...”


 ” ကောင်းပြီ ညစာချက်တဲ့အချိန် ဟင်းအိုးထဲကို

ရအောင်ထည့်ထားလိုက်မယ်... ”


 ” မိန်းခလေး မင်းလူတွေအိပ်ဆေးမိနေတာ 

ငါတို့ဘယ်လိုသိမလဲ၊ ဘယ်အချိန်ဝင်လာရမလဲ..”


”..နင်တို့ဂူထဲဝင်မယ့်အချိန်ကျရင်ငါ ..ဟိုလျို့ဝှက်ဂူ

ပေါက်ကမီးရောင် အချက်ပြလိုက်

ပါ့မယ် ငါထွက်လာတာကြာပြီ သွားတော့မယ် ...”


ဂျာဒါရာဝီဟုခေါ်သောမိန်းခလေးမှာသူပြောလိုရာ

ပြောပြီး ရန်မတီးပေးသော အသီးတမျိုးကိုအမူန့်ထောင်း၍ပြုလုပ်ထားသော မေ့ဆေးထုတ်ကိုယူ၍ထွက်ခွာ

သွားပါတော့သည် ။


     ရန်မတီးမှာလည်း ဂျာဒါရာဝီနဲ့ သူပြောဆိုသမျကို

အိန္ဒိဘာသာဖြင့် တဆင့်ပြန်လည်ရှင်းပြလိုက်၏ ။


  ရန်မတီးစကားအဆုံးတွင်အိန္ဒိယသားများမှာ

ဂျာဒါရာဝီစကားကို ယုံသူရှိသလို၊တချို့ကလည်း

ရန်သူဖက်က သူတို့ကိုထောင်ချောက်ဆင်နေသည်

လားဟူသောအတွေးများ ပြောလာကြသည်။


  ရန်မတီးမှယခုကိစ္စမှာထောင်ချောက်မဖြစ်နိူင်ကြောင်း ဂျာဒါရာဝီမှာသူတို့အဖွဲ့ရောက်နေသည်ကိုကြိုသိနေ

ကြောင်း သူမဆန္ဒအလျှောက် နှစ်ဦးနှစ်ဖက်အထိအခိုက်မရှိပဲ ယဇ်ပူဇော်ပွဲအဆုံးသတ်လိုသောဆန္ဒကြောင့်

သာရောက်လာခြင်းဖြစ်ကြောင်းပြောပြရာနောက်ဆုံး

ဂျာဒါရာဝီစကားကိုလက်ခံလိုက်ကြသည် ။


  အချိန်မှာတရွေ့ရွေ့ဖြင့်နေ့တာကုန်၍ညတာသို့

ရောက်ရှိလာခဲ့၏ ။


  စောင့်နေကြသူများမှာ ရင်ခုန်စိတ်မောစွာဖြင့်

ရှိနေကြသည် ။


   ဂျာဒါရာဝီပြမည့် အချက်မီးရောင်ကိုစောင့်မျှော်ရင်း

တဖြည်းဖြည်းဖြင့်ညနက်လာပါတော့သည် ။


   ကောင်းကင်ပေါ်မှလမင်းကြီးမှာလည်း ကမ္ဘာမြေ

သို့ခြုံလွမ်း၍ထွန်းလင်းနေပါ၏ ။


  ...ဟိုမှာ အချက်ပြမီးရောင်ပဲဟေ့..အားလုံးအသင့်

ပြင်ထားကြ ၊ ဂူထဲဝင်ဖို့လုပ်ကြမယ်...


     လျို့ဝှက်ဂူပေါက်ဆီမှ မီးရောင်တွေ့ရသော

ကြောင့် ရန်မတီးမှာ လူငယ်များကိုသတိပေးစကား

ပြောရင်း လျို့ဝှက်ဂူပေါက်ဝဆီသို့ ဝင်ရောက်ခဲ့ကြ

ပါတော့သည် ။


        ဂျာဒါရာဝီမှာလျို့ဝှက်ဂူပေါက်ဝတွင်မီးတုတ်

တချောင်းကိုကိုင်၍ ရန်မတီးတို့လူစုကိုစောင့်ဆိုင်း

နေ၏ ။


    ရန်မတီးဦးဆောင်သောအဖွဲ့နဲ့ အိန္ဒိယသားတို့မှာ

ဂျာဒါရာဝီ ဝင်သွားသော လိူဏ်ခေါင်းအတွင်းသို့စီတန်း

၍ဝင်သွားကြပါတော့သည်..။


     လျို့ဝှက်လမ်းကြောင်းတွင် ဂျာဒါရာဝီ မီးရောင်ကို

သာအားကိုးနေရသော်လည်း မိန်းခလေးများ ဖမ်းထားရာ ဂူခန်းမသို့ရောက်သောအခါ ဆီမီးတုတ်များ

အခန်းပတ်လည်ထွန်းညှိထားရာ အလင်းရောင်မှာ

နေ့ဖက်နဲ့မခြားရှိနေပါ၏ ။


     မိန်းမောနေသောမိန်းမပျိုများနဲ့အတူ၊ အနက်ရောင်ဝတ်ရုံရှည်ဝတ်ထားသော အစောင့်များမှာ တခူးခူး

တခေါခေါဟောက်၍အိပ်မောကျလျှက်ရှိနေကြပါသည်။ 


      ရန်မတီးအဖွဲ့မှလူငယ်များမှာ ရွာသူမိန်းမပျို

လေးများကိုရှာဖွေ၍ ခေါ်နေကြသော်လည်း ကြောင်စီစီမျက်ဝန်းများဖြင့်သာရှိနေပါတော့သည် ။


        ” ရော့..ဒီဆေးတွေကို မိန်းခလေးတွေကို

တိုက်လိုက် ဒါဖြေဆေးတွေပဲ.... ”


    ဂျာရာဒါဝီမှ ဆေးထုတ်တထုတ်ရန်မတီးလက်

သို့ထည့်ပေးရင်း ဆေးမူန့်တချို့ကိုလက်ဝါးတွင်ထည့်

၍မိန်းမောနေသော မိန်းခလေးများနှာခေါင်းဝတွင်

တေ့ပေးလိုက်သောအခါ မိန်းခလေးမှာသတိပြန်လည်

လာသည်ကိုတွေ့ရသောကြောင့် ၊ ရန်မတီးမှဆေးမူန့်

များကို တခြားလူများကို ခွဲဝေပေးလိုက်ပါတော့သည်။


    မိန်းခလေးများမှာ ရုတ်တရက်သတိရလာပြီး

အစပထမကြောင်တောင်ဖြစ်နေပြီး နောက်မှသူမ

တို့ကိုကယ်မည့်သူများရောက်နေကြသည့်အဖြစ်ကိုတွေ့၍ ဝမ်းသာဝမ်းနည်းငိုကြွေးနေကြပါတော့သည်။


   ရန်မတီးမှာလည်း သူရှာဖွေရမည့်ရွာသူမိန်းခလေး

များကို ဘေးမသီရန်မခပြန်တွေ့သလို အိန္ဒိယသား

များမှာလည်းသူတို့ရွာသူလေးများကိုပြန်တွေ့ကြ၏ ။


   ရူဘီနာမှာကား ညီမဖြစ်သူ ကဘီနာကိုတွေ့ရချိန်

တွင် ညီအစ်မနှစ်ယောက်တယောက်ကိုတယောက်

ဖက်ရင်း ငိုကြွေးမိကြတော့သည် ။


    ...အားလုံးဒီကထွက်ဖို့လုပ်ကြ အချိန်မရှိတော့ဘူး၊

ဟိုမှာတွေ့လား ယဇ်ပူဇော်ရမယ့်အချိန်နီးလာလို့

ရေအရောင်ပြောင်းသွားတာ..


   ရန်မတီးမှာ ဂျာရာဒါဝီပြသောနေရာဂူအခန်းအလယ်မှနွားနိူ့ရောင်သန်းနေသောရေပြင်သို့ တောင်အပေါ်ဖက်အပေါက်တပေါက်ကိုဖြတ်သန်း၍

 လရောင်ထိုးကျနေရာ ရေကသွေးနီရောင်သန်းလာပြီး သွေးကြောများယှက်သန်းသလိုအကြောစိမ်း

လေးများဖြတ်ပြေးလျှက်ရှိနေကြပါတော့သည် ။


     အားလုံး ဂူပေါက်ဝဆီသို့ထွက်သွားကြချိန်တွင်

ရန်မတီးမှာနောက်ချန်၍ ကျန်နေရစ်ခဲ့ခြင်းဖြစ်၏ ။


   ဂျာဒါရာဝီနဲ့ပတ်သက်၍ သူ့တွင်မေးစရာစကားများ

ကျေးဇူးတင်စကားများ ကျန်နေသေးသောကြောင့်

ဖြစ်သည် ။


  ”  အခုလိုအသက်တွေအများကြီးကို ကယ်ပေးတဲ့

အတွက်ကျေးဇူးတင်ပါတယ် ။

   မိန်းခလေးအကူအညီသာမပါခဲ့ဘူးဆိုရင် 

ကျွန်ပ်တို့အနေနဲ့ ဒီနတ်ရဲတောင်မှာ မိန်းခလေးတွေ

ကိုအလွယ်တကူရှာတွေ့ဖို့ဆိုတာ အလွယ်တကူ

မဖြစ်နိူင်ပါဘူး ။

မိန်းခလေးအသက်ကိုခုလိုအချိန်မှီကယ်လိုက်နိူင်တာ

ကျေးဇူးတင်ပါတယ် ။

 ဒါနဲ့ ဒီတောင်ထဲမှာ ခုဂူအခန်းအပြင်တခြားသော

အခန်းတွေ တခြားလူတွေရှိနေသေးတယ်မလား။

နောက်ပြီး အခုကျွန်ပ်တို့ဝင်လာတဲ့အပေါက်ဟာ

မိန်းခလေးတို့အသုံးပြုနေတဲ့ဝင်ပေါက်၊ထွက်ပေါက်မဟုတ်ဘူးမဟုတ်လား... ”


” မှန်ပါတယ်....ညနေစာထဲမှာမေ့ဆေးခတ်ထားလို့

တခြားလူတွေတခြားအခန်းတွေမှာဆေးအရှိန်တွေနဲ့

အိပ်ပျော်နေကြတာပါ ။

      နင်တို့ဝင်လာတဲ့အပေါက်ဟာ လျို့ဝှက်ဝင်ပေါက်

တခုပါပဲ ခေါင်းဆောင်ပိုင်းတွေသာသိတဲ့ဝင်ပေါက်ပါ။

 မကြာခင်မှာ အဲဒီအပေါက်က ဖမ်းထားတဲ့မိန်းခလေး

တွေလွတ်သွားမှန်းသိရင် အဲဒီအပေါက်ကိုပိတ်လိုက်ကြမှာသေချာပါတယ်... ၊

   ငါတို့လူမျိုးတွေအသုံးပြုတဲ့ဝင်ပေါက်ကသီးသန့်

ဝင်ပေါက်တခုရှိနေပါသေးတယ် ၊... ”


  ” တကယ်လို့ ယစ်ပူဇော်မဲ့ မိန်းခလေးတွေလွတ်သွားတာ ဂျာရာဒါဝီကြောင့်မှန်းသိသွားရင်

အန္တရယ်ရှိလာနိူင်တယ်မလား ကျွန်ပ်တို့နဲ့တခါတည်း

လိုက္ခဲ့ပါလား...”


 ” ..ငါ့အတွက်စိတ်မပူပါနဲ့ တကယ်လို့ မိန်းခလေးတွေလွတ်သွားတာ ငါ့ကြောင့်လို့သိသွားရင်ပေးလာတဲ့

အပြစ်ကိုခံသွားရုံပါပဲ၊နောက်ဆုံးသေဒဏ်ပေးလာရင်လည်း တစ်ရာနဲ့တသက်တန်ပါတယ်လေ.. ပြန်ပါ

စိတ်ဖြောင့်ဖြောင့်နဲ့သာပြန်ပါ...”


” သွားပါအုံးမယ်.. ကျေးဇူးတရားကိုတသက်လုံး

အမှတ်ရနေပါ့မယ် ဂျာရာဒါဝီ..

နောက်များကြုံကြိုက်ရင်ပြန်ဆုံချင်ပါတယ် ၊

ကျွန်ပ်အမည်ကိုလည်းမှတ်သားထားပေးပါ

ရန်မတီးလို့ခေါ်ပါတယ်.... ”


” ကောင်းပြီရန်မတီး တခုတော့မှာချင်တယ်၊

နတ်ဆိုးကိုးကွယ်သူတွေဟာ ဒီတကြိမ်၊ဒီတနေရာမှ

ပြီးသွားမှာမဟုတ်ပဲ နောက်ထပ်မိစ္ဆာနတ်က္ခတ်ကြုံ

လာချိန်မျိုးတွေမှာထပ်ပြီးပြန်ပေါ်လာကြအုံးမှာပဲ

ဆန်ဂျေးကူပါရ်ဟာ လူ့လောကထဲဝင်ရောက်ဖို့

ကြိုးစားနေအုံးမှာပဲ....”


 ရန်မတီးမှာ ဂျာရာဒါဝီ ကိုနူတ်ဆက်၍ အပေါ်ဖက်လျို့ဝှက်ပေါက်ဆီလျှောက်လာရင်း နောက်သို့

တချင်ပြန်ကြည့်လိုက်ရာ သွေးနီရောင်သန်းနေသော

ရေကန်ငယ်ကိုငေးကြည့်ရင်းရှိနေသော ဂျာရာဒါဝီ

ကိုတွေ့ရသည် ။


   အပြင်ဖက်တောင်အောက်တွင်အားလုံးရောက်

နေကြပြီဖြစ်၏ ။


   ရန်မတီးရောက်လာသောအခါ အချိန်မဆိုင်းကြ

တော့ပဲနတ်ရဲတောင်နဲ့ဝေးရာဆီသို့ခရီးဆက်ကြ

တော့သည် ။


       တညလုံးမနားဝံ့ပဲနတ်ရဲတောင်နဲ့ဝေးရာဆီသို့

ခရီးဆက်ကြရင်း မနက်မိုးသောက်အလင်းရောက်သောအခါ အိန္ဒိယဖက်အခြမ်းသို့သွားမည့်လမ်းနဲ့

မြန်မာဖက်သို့သွားမည့်လမ်းခွဲနေရာသို့ရောက်ရှိ

လာခဲ့တော့သည် ။


   ရူဘီနာမှာရန်မတီးအပါအဝင်အားလုံးကိုနူတ်ဆက်

စကားဆိုရှာသည် ။


  သိမ်းငှက်ကြီးမိုးတိမ်ကျောကိုပွတ်သပ်ရင်းနူတ်ဆက်နေသော ရူဘီနာ မျက်လုံးများက မျက်ရည်များ

ဖြင့်ရစ်ဝဲလျှက်ရှိနေပါ၏ ။


   အိန္ဒိယသားများနဲ့ အပြန်အလှန်နူတ်ဆက်ကြပြီး

သောအခါ လမ်းခွဲလိုက်ကြတော့သည်။


 အိန္ဒိယရွာများမှဖမ်းဆီးခံထားရသောမိန်းမပျိုများမှာ

လည်းလိုက်ပါသွားကြသောကြောင့် မြန်မာပြည်ဖက်

ခြမ်းရွာများမှမိန်းမပျိုလေးများကရန်မတီးအဖွဲ့တွင်

ကျန်နေရစ်ခဲ့ကြသည် ။


  ရန်မတီးမှာသူတို့ရွာကိုပြန်ရင်းလမ်းတွင်တခြားရွာ

ခလေးများကိုဝင်ပို့ပေးခဲ့မည်ဖြစ်သည်။


  ရန်မတီးတယောက်အဝေးဆီမှ မိူင်းပျပျမြင်နေရသောနတ်ရဲတောင်ကိုငေးနေမိသည် ။


  နတ်ရဲတောင်မှာလျို့ဝှက်ချက်များဖြင့် ပြည့်နေသော

တောင်တလုံးဖြစ်၏ ။


   မကောင်းဆိုးဝါးကိုးကွယ်သော လူမျိုးစုတစု

နတ်ရဲတောင်အတွင်းနေထိုင်ကြသလို။

အချိန်ကာလကြုံကြိုက်လျှင်လူ့လောကအတွင်း

ဝင်ရောက်လာမည့်မကောင်းဆိုးဝါးဆန်ဂျေးကူးပါရ်

၏ ဝိညဉ်လည်းရှိနေပြန်သည်။


    နတ်ဆိုးကိုးကွယ်သူများနဲ့ဆန့်ကျင်ပြီး 

ရန်မတီးတို့ကိုကယ်တင်လိုက်သော ဂျာရာဒါဝီ ဆိုသော နတ်ဆိုးကိုးကွယ်သူတို့ရဲ့ခေါင်းဆောင်သမီး

ကလည်းရှိနေပြန်၏ ။


   ဆန်ဂျေးကူပါရ်ရဲ့ ဝိညဉ်ကိုယစ်ပူဇော်မည့်

အချိန်ဟာ ဘယ်နှစ်မှာရောက်လာမလဲဆိုတာမသိ

နိူင်တာကြောင့် ။

  နောက်တကြိမ်မိစ္ဆာနတ်က္ခတ်ကြုံချိန်တွေမှာ

ယခုလိုအဖြစ်အပျက်မျိုးတွေထပ်မံပေါ်ပေါက်

လာမှာသေချာနေသည် ။


  နတ်ရဲတောင်တန်းကြီးကတော့ အပြင်လူတွေ

မသိနိူင်တဲ့ လျို့ဝှက်ချက်တွေကို သိမ်းဆည်းပြီး

ဆက်ရှိနေဦးမည်မှာသေချာနေပါသည် ။


===========================


 ပြီးပါပြီ


 မြူခိုးအလင်္ကာ


rate now: