အချစ်ပန်းတွေဝေခဲ့သည်
အသုဘအိမ်ဖြစ်တာကြောင့် လူတွေစည်ကားနေသည်။ ဒေါ်နန်းမာနက အသိများသူဖြစ်တာကြောင့် စိတ်မကောင်းကြောင်း စကားလာပြောသူတွေနဲ့ စံအိမ်က အုံအုံကြွနေရော့ပါ။ လရိပ် တို့မီးဖို့ဆောင်က လူတွေလည်း လုံးဝ မနားရဘဲ ဒိုင်ခံချက်ပြုတ်နေရ၏။
"အစိမ်းကြော်ရပြီးလား"
"ရပြီးရော့ ယူသွားတော့ ဒီဟင်းတွေအားလုံးကလည်း မြင်သာမြင် မကြင်ရတဲ့ ဘဝပါလား "
"အရေးထဲ ငတ်ကြီးကကျနေသေးတယ် "
"မိချမ်းရဲ့ ငါကစားချင်လို့ပြောတာပေါ့ ကိုယ်ချက်ထားတဲ့ဟင်းတောင် ကိုယ်ပြန်မစားရတဲ့ဘဝပါလား ဒီစံအိမ်ကလူတွေက အူပုတ်ကြတယ် သူ့တို့မကုန်တဲ့ ဟင်းတွေကို တောင် ငါတို့ကိုမစားခိုင်းဘူး ခွေးကျွေးပစ်တယ် "
"အမှန်ပဲ ငါတို့ကို ခွေးလောက်တောင်တန်ဖိုးမထားဘူး"
"မိချမ်းနဲ့ မြ လေပေါနေတာရပ်လိုက်တော့ အလုပ်တွေကအများကြီး စကားပြောဖို့အချိန်မရှိဘူး လရိပ်ရေ အနောက်ဖေးခြံထဲမှာ ငရုတ်သီးနဲ့နံနံပင်သွားခေါ်ပေးအုံး"
.
"ဟုတ်ကဲ့ မမခင်"
လရိပ် ဇကာယူ၍ အိမ်နောက်ဖေးက စိုက်ခင်းဆီသို့လာခဲ့သည်။ စံအိမ်က အကျယ်ကြီးဖြစ်တာကြောင့် ဟင်းသီးဟင်းရွက်တော့ စိုက်စားကြသည်။
လရိပ် စိုက်ခင်းဆီလာနေရင် အော်သံတစ်သံကြားရတာကြောင့် ခြေလှမ်းတွေ ခဏရပ်သွားမိသည်။
"ဘယ်သူအော်တာလဲ အရမ်းနာကျင်လို့အော်တဲ့ အသံပဲ ဟိုအဆောင်ကလားမသိဘူး "လို တီတိုးရေရွတ်ရင် ထိုနေရာသို့ဖြေးဖြေးချင်းလာခဲ့သည်။ လမ်းတစ်ဝက်အရောက်မှာ ဒီနေရာကို ဘယ်သူမှမလာရဘူးလို တားမြစ်ထားတာကို သတိရတာကြောင့် စိုက်ခင်းဘက်သို့ပြန်လှည့် ရန်ခြေလှမ်းပြင်သော်လည်း အော်သံက ထပ်ကြားရတာကြောင့် လရိပ် တွေးဝေနေမိသည်။
ဘယ်လိုလုပ်ရမလဲ အဲဒီနေရာကိုလည်း ဘယ်သူမှသွားခွင့်မရှိဘူး ခက်တာက တစ်စုံတစ်ယောက်က နာကျင်စွာအော်နေတာ အကူညီလိုတယ် ထင်တယ် ဘာပဲဖြစ်ဖြစ် ငါသွားကူညီရမယ်"
လရိပ် ခိုင်မာသော ဆုံးဖြတ်ချက်နဲ့ထိုအဆောင်သို့ ဖြေးဖြေးချင်လာခဲ့သည်။ အဆောင်နဲ့နီးလာလေ အော်သံကပိုကျယ်လာသည်။ သေနတ်ကိုင်ထားတဲ့ လူနှစ်ယောက်ကိုမြင်တာနဲ့ လရိပ် အနီးအနားက ချုံပုတ်သို့ ဝင်ပုန်းသည်။ လူနှစ်ယောက် တစ်ဘက်ကိထြွက်သွားမှ လရိပ် အဆောင်၏အနောက်ဘက်သို့လာခဲ့၏။ ကံကောင်းစွာဖြစ် ဘယ်သူကမှ လရိပ်ကို မတွေ့ကြပါ။
လရိပ် အဆောင်ရဲ့ အုတ်နံရံမှာ အပေါက်သေးသေးကို မြင်တာကြောင့် ထိုအပေါက်ကနေ ချောင်းကြည့်သည်။
"မင်း ဘာကြောင့် ငါတို့ကို ကျေးဇူးကန်းရတာလဲ ခှေးကောငျ"
"ကျွန်တော်မှားပါတယ် သခင်ကြီးရယ် တောင်ပန်းပါတယ် အသက်ကို ချမ်းသာပေးပါ"
"ဘယ်လို ချမ်းသာပေးမလို့လား "
"ချမ်းသာပေးရာလား ဒီကောင်ကြောင့် ငါတို့အများကြီးဆုံးရှုံနစ်နာသွားတာလေ "
"ဒါဆိုရင် သူ့ကို သတ်ရမှာပေါ့ "
"သမီးပန်းက ကသတ်ချင်လို့လား "
"အဟီး သိပ် ဟုတ်တာပေါ့ လူမသတ်ရတာကြာပြီး ငရဲမင်းဂိုဏ်းချုပ်ရဲ့ကတော်တစ်ယောက်အနေနဲ့ ကျေးဇူးကန်းတဲ့ခွေးဝဲစားကို ဒီလိုလုပ်ပေးရမှာ စွပ်.စွပ်.စွပ်.စွပ်"
မြပန်း တစ်ယောက် ကြိုးတုပ်ပြီးဖမ်းထားတဲ့လူကိုအကြိမ်ပေါင်းများစွာ နှလုံးတည့်တည့် ဓားနဲ့ထိုးသည်။ တကယ်သွေးအေးပြီး ရက်စက်လွန်လှပါသည်။ ဘေးနားမှာရှိနသေူကတော့ ဉီးမင်းရက်စက်၊ ဒေါ်ပန်းမဏိ၊ နတ်ဆိုး၊ မိုးဒေဝါနဲ့ ဂိုဏ်းတိုင်းရဲ့ဂိုဏ်းချုပ်တွေအားလုံးရှိသည်။
မြပန်း ဓားနဲ့ထိုးပြီးလျှင် အားလုံးက လက်အုပ်တီးက ဂုဏ်ပြုကြသည်။ ကြိုးနဲ့တုပ်ခံထားရတဲ့ လူလည်း မျက်လုံးပြူးပြီး အသက်ထွက်သွားတော့သည်။
ထိုမြင်ကွင်းကို အစအဆုံးမြင်လိုက်ရတဲ့ လရိပ် ကလည်း ချောင်းကြည့်နေတဲ့ အပေါက်ကနေဖယ်ပြီး အုတ်နံရံကိုမှီကာ လက်နှစ်ဖက်နဲ့ပါးစပ်ကိုပိတ်ပြီး ငိုနေမိသည်။စိတ်ထဲမှာလည်း
ဘုရားရေ အရမ်းရက်စက်လွန်ပါလား ဒီစံအိမ်က မရဏဆိုတဲ့ အတိုင်း တကယ်သေလမ်းပါလား ငါ..ငါ.ဒီစံအိမ်ကနေ အမြန်ဆုံးထွက်ပြေးရမယ် အရင်ဆုံး ဒီနေရာကနေထွက်ခွာရမယ် တွေးကာ ခြေလှမ်းဖို့ပြင်သော်လည်း ဒူးတွေတုန်ကာ လှမ်းမရဖြစ်နေ၏။ထိုအချိန် အော်သံတစ်ခုကြားလိုက်ရ၏။
"အဆောင်ထဲကို ခိုးလာတဲ့သူရှိတယ် အမြန်ဖမ်းကြ!!"
လရိပ်မှာ ခေါင်းကြီးသွားကာ ဘာမှမစဉ်းစားတော့ဘဲ ဇွတ်ပြေးဖို့ပြင်လျှင် တစ်စုံတစ်ဉီးက လရိပ်၏ ကိုယ်ကိုပွေ့ချီသွားသည်။ လရိပ်ရဲ့ ပါးစပ်ကိုလည်းပိတ်ထားတာကြောင့် လရိပ်မှာ အော်မရပဲ ရုန်းကန်နေမိသည်။ လရိပ် အကြောက်ကြီးကြောက်ကာ သတိမေ့သွားရသည်။
@@@@
လရိပ် သတိပြန်ရလာချိန်မှာ အိစက်သောမွေ့ယာထက်သို့ရောက်နေသည်။ လရိပ်မှာ ကမန်းကတမ်းထ ထိုင်ပြီး တံခါးဆီသို့ပြေးလာ၏။ တံခါးကို ဖွင့်ကြည့်သော်လည်း မရတာကြောင့် ငိုချင်သွားသည်။ အချိန်ကို ကြည့်လိုက်တော့ ညနေ၆နာရီဖြစ်နေတာကြောင့် ဘာလုပ်လိုဘာကိုင်ရမှန်းမသိပါ။
ငါ ဘယ်ရောက်နေတာလဲ ဒီနေရာက ဘယ်သူအခန်းလဲ ငါကိုလည်း ဟိုလူကြီးလို့ ဓားနဲ့အခါခါက ထိုးပြီးသတ်တော့မှာလား အရှင်မြတ်စွာဘုရား လူဆိုတာတစ်နေ့သေရမှာသိပေမဲ့ ဒီလိုနာကျင်ပြီးခံစားရတဲ့ ဝေဒနါနဲ့ မသေပါရစေနဲ့ ဘုရား "
လရိပ် မြတ်စွာဘုရားရှင်ကို တိုင်တယ်ကာ ဆုတောင်းမိသည်။ လည်ချောင်းကလည်း ခြောက်ကပ်လာတာကြောင့် ရေသောကျရနျ မျက်လုံးဝေ့ကြည့်တော့ ရေသန့်ဘူးကိုမြင်တာကြောင့် သွားယူပြီး အငမ်းမရသောက်မိသည်။
ခုတင်ထက်မှာ ထိုင်ကာဘုရားစာရွတ်နေတုန်း တံခါးဖွင့်သံကြားရတာကြောင့် မျက်လုံးက တံခါးဆီသိုအကြည့်ရောက်သွားလျှင် ဉီးဉီးသခင်လေးဖြစ်နေတာကြောင့် လရိပ် အံ့ဪနေမိသည်။
" baby စပ်စုတာတော်ရုံတန်ရုံပဲကောင်းတာပေါ့ ကံကောင်းလို့ အပိုင်းပိုင်းမခုတ်ခံရတာ ပြောစမ်းပါအုံး တားမြစ်ထားတဲ့ နေရာကို ဘာကြောင့်လာရတာလဲ"
"လရိပ်..လရိပ် အော်သံကြားလို့..လာတာပါ. လရိပ်ကို မသတ်ပါနဲ့ ဉီးဉီးသခင်လေး အီးဟီးး လရိပ်ကြောက်တယ် အီးးဟီးး"
"Ok မသတ်ဘူး ငိုမနေနဲ့ babyက ဉီးဆိုးတို့ လျို့ဝှက်ချက်ကို သိသွားပြီးဆိုတော့..
"ဉီးဉီးသခင်လေး ပြောတော့ လရိပ်ကိုမသတ်ဘူးဆို "
"စကားကို ဆုံးအောင်နားထောင်ပါအုံးလား"
"ဟုတ်ကဲ့ "
"baby ဉီးဆိုးဆီကနေ ဘယ်မှထွက်သွားလို့မရတော့ဘူး ဘာကြောင့်လဲဆိုတော့ baby ကို ဘေးကင်းအောင်လိုပါ။ ဒယ်ဒီနဲ့ တစ်ခြားဂိုဏ်းချုပ်ကလူတွေက baby ကို လိုက်ရှာနေကြပြီး "
"လိုက်ရှာပြီး လရိပ်ကို ဟိုလူကြီးလို့ ဓားနဲ့အကြိမ်ကြိမ်ထိုးသတ်မို့လား"
"အမှန်ပဲ အဲဒီလို babyလည်းမဖြစ်ချင်သလို ဉီးဆိုး လည်း babyကို ဖြစ်ခွင့်မပေးနိုင်ဘူး ဉီးဆိုး ခွင့်ပြုချက်မပါဘဲ babyရဲ့ ဆံချည်တစ်မျှင်ကိုတောင် ဘယ်သူမှမထိစေရဘူး"
"ဉီးဉီးသခင်လေး အမားမှာ လရိပ်က ဘယ်အချိန်ထိနေရမှာလား "
"တစ်သက်လုံးပဲ"
"ရှင်! !အဲဒါက.. အဲဒါက"
"မနေနိုင်လို့လား ဒါဆိုရင်လည်း babyကို ဒယ်ဒီဆီပို့ခိုင်းလိုက်မယ်"
"မလုပ်ပါနဲ့!!လရိပ် နေပါမယ်"
"လိမ်မာတယ် ဗိုက်ဆာနေရော့ပေါ ထမင်းစားမယ် ဆိုကာ နံရံပေါ်က ခလုတ်တစ်ဉီးကို နိပ်လိုက်လျှင် ကောင်လေးသုံးဉီး အစားအသောက်တွေ ယူလိုက်ကြသည်။
"စားပွဲပေါ်မှာ တင်ထားလိုက် လိုအပ်ရင် ခေါ်လိုက်မယ်"
"ဟုတ်ကဲ့ သခင်လေး"
"ဒီနေရာက ဘယ်သူနေရာလဲဟင်"
"ဒါက ဉီးဆိုး ရဲ့စံအိမ် မင်းနေရတာလွတ်လပ်မှာပါ အေးအေးဆေးဆေးနေ"
"ဟုတ်ကဲ "
"ဗိုက်ဆာနေပြီးမဟုတ်လား စားလေး ဉီးဆိုးလည်းစားမှာ"
လရိပ်နဲ့ ဆိုး မျက်နှာချင်းဆိုင်ထိုင်၍ ထမင်းစားကြသည်။ လရိပ်က အစားနည်းတာကြောင့် ဆိုး မှာ သေချာကရုစိုက်ပြီး ကြှေးရသညျ။
သူမလေး အပေါက်သေးသေးလေးက နေချောင်းကြည့်နေတာကို ဆိုး မထင်မှတ်ပဲတွေ့လိုက်ရသည်။ ထိုအချိန် ဒယ်ဒီရဲ့ လူတွေကလည်း သူမ ကိုတွေ့တာကြောင့် လာဖမ်းဖို့လုပ်နေတုန်း ဆိုးရဲ့ တပည့်တွေက တားနေတုန်း မျက်ရည်စီးကြောင်းနဲ့ ပြေးဖို့လုပ်နေတဲ့ လရိပ်ကို သူ့ပြေးပွေ့ပြီး လွတ်ရာကိုခေါ်လာခဲ့ရသည်။
သူမလေး သတိလစ်သွားကြောင့် ဆရာဝန်ကို ခေါ်ပြီး လာကြည့်ခိုင်းရသေးတယ်။သူမလေး အရမ်းကြောက်နေမှန်းလည်း သိတာကြောင့်လဲ သနားမိရသည်။
@@@@
"မောင် ဘာကြောင့် စံအိမ်ကိုပြန်သွားရတာလဲ"
"အရေးကြီးတဲ့ အလုပ်ရှိလို့ပါ ပန်း တို့ရှာနေတဲ့ လူရော့တွေ့ရဲ့လား "
"မတွေ့ဘူး ကောင်မလေးက အခိုင်းအစေထင်တယ် "
"ဘာကိုကြည့်ပြီး ခန့်မှန်းချက်ချတာလဲ "
"အသီးအရွက်ထဲတဲ့ ဇကာကိုတွေ့လို့ပါ ခက်တာက ကောင်မလေးက ဒီစံအိမ်မှာမရှိတော့ဘူး ဘယ်ပျောက်သွားလဲမသိဘူး သူသာ အပြင်ရောက်ပြီး ရဲကို သွားတိုင်ရင်တော့ ပန်းတို့ အဖမ်းခံရမှာပဲ"
"ဘာတွေပူနေတာလဲ ရဲက ပန်းတို့ လက်အောက်မှမဟုတ်ဘူးလား"
"အများအားဖြစ်ကတော့ ဟုတ်တယ် အသစ်ရောက်လာတဲ့ ရဲမှူးချုပ်ကတော့ ပန်းတို့ ဂိုဏ်းနဲ့ရန်ငြိုးရှိတဲ့လူဖြစ်နေတယ် ပြီးတော့ အင်အားကလည်း ကြီးတယ် "
"ဒါတွေတွေးမနေနဲ့ ပန်းကို ကိုယ်အမေနဲ့ မိတ်ဆက်ပေးမယ် "
"ဟမ် မောင် အမေက အသက်ရှိသေးလိုလား မယ်တော်ကြီးပြောတော့ သေသွားပြီးဆို"
မယ်တော်ကြီး ပြောတာမှားတယ် ကိုယ်အမေက အသက်ရှိတယ် မယ်တော်ကြီးက ကိုယ်အမေကို မုန်းနေတာ"
"ဘာလိုလဲ"
"ကိုယ်အမေက အိမ်ဖော် ဖြစ်နေလိုပဲ"
"အိမ်.ဖော် ..လိုတစ်လုံးချင်ရေရွတ်ပြီး မြပန်းရဲ့ မျက်နှာလေး ဒေါသရောင်လွှမ်းမိုးလာသည်။ ဆိုး ကလည်း မြပန်း ဒေါသထွက်မယ်ဆိုတာသိရက်နဲ့ ပြောခြင်းဖြစ်သည်။ အရမ်းအဆင့်အတန်းခွဲလွန်တဲ့ မြပန်းက မျိုးရိုးနိမ့်မှာ အကြောက်ဆုံးပါ။
"ဘာဖြစ်လိုလဲ မြပန်း ကိုယ် မေမေကို လိုက်တွေ့မလား"
"စိတ်ကူးယဉ်မနေနဲ့ ကျွန်မနဲ့ရှင်ရဲ့ စေ့သပ်ပွဲကို ဖျက်သိမ်းတဲ့"
"အဟက် ဖျက်သိမ်းတဲ့လိုမပြောစမ်းပါနဲ့ စေ့စပ်ပွဲက လုပ်တောင်မလုပ်ရသေးဘူး "
"မလုပ်ရသေးတော့ ပိုကောင်းတာပဲ တော်ကြာ ပန်းက အိမ်ဖော်မရဲ့ချွေးမဖြစ်နေအုံး မယ်တော်ကြီးကလည်း ကလိမ်ကကျစ်မပဲ "
"တော်တော့ မြပန်း သေသွားတဲ့ ငါမယ်တော်ကြီးကို မပုတ်ခနဲ့ မင်းဆက်ပြောရင် မင်းရဲ့လျာကိုဖြတ်ရလိမ့်မယ်"
"တောက် "
မြပန်း တောက်ခေါက်က ချာကနဲ့လှည့်ထွက်ခ်ဲသည်။ ဆိုး ကတော့ ပျော်ရွှင်သောမျက်နှာဖြစ်ကျန်ခဲ့၏။ မြပန်းကို အခုလိုပြောလိုက်လို့ ဘာတွေဆက်ဖြစ်လာမလာဆိုတာ ဆိုး ခန့်မှန်းမိပါသည်။ သေချာတာကတော့ မိုးဒေဝါနဲ့ မင်းဒေဝါတို့ပျော်နေမယ်ဆိုတာပါ။
နောက်နေ့ဆက်ရန်
စာရေးသူ သွေးမိန့်