ချစ်တဲ့စာဖတ်ဝါသနာရှင်လေးများမဂ်လာပါနော်ထိတစ်ခါမှာတော့စာရေးဆရာသွေးမိန့်ရဲ့ချစ်ပန်းကလေးတွေဝေခဲ့တယ်ဆိုတဲ့စာအုပ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်နော်ထိဇာတ်လမ်းလေးထဲမှာတော့အလွန်ဆင်းရဲတဲ့လရိပ်ဆိုတဲ့ကောင်မလေးတစ်ယောက် မိသားစုတာဝန်ကိုထမ်းဆောင်နေရတယ် လရိပ်တို့မိသားစုကအလွန်ဆင်းရဲတာကြောင့်အကြွေးတွေလဲပတ်နေခဲ့တယ် လရိပ်ကမရဏစံအိမ်မှာအိမ်ဖော်သွားလုပ်ခဲ့တယ် မရဏစံအိမ်ဆိုတာသွားလမ်းဘဲရှိပြီးပြန်လမ်းမရှိတဲ့နေရာတစ်ခုဖြစ်ခဲ့တယ် ဦးမင်းရက်စက်ဆိုတဲ့လူကနာမည်နဲ့လိုက်အောင်ရက်စက်တက်တဲ့လူဖြစ်တယ် ဦးမင်းရက်စက်မှာမိန်းမသုံးယောက်ရှိတယ် ဒေါ်မြပုလဲ ဒေါ်ပန်းမဏီ ဒေါ်စံဆုမွန်တို့ဖြစ်တယ် ဒေါ်မြပုလဲကမိုးဒေဝါကိုမွေးခဲ့တယ် ပန်းမဏီကတော့မင်းဒေဝါကိုမွေးခဲ့တယ်ဒေါ်စံဆုမွန်ကတော့နတ်ဆိုးကိုမွေးခဲ့တယ် ဦးမင်းရက်စက်ကတော့မိန်းမတွေထဲမှာစံဆုမွန်ကိုအချစ်ဆုံးဖြစ်ခဲ့တယ် ဦးမင်းရက်စက်ရဲ့မိခင်ကတော့ဆုမွန်ကိုအမုန်းကြီးမုန်းခဲ့တယ် ဘာလိုမုန်းလဲဆိုတော့ဆုမွန်ကသူအိမ်ကအိမ်ဖော်ဖြစ်နေလိုဆိုပြီးအနိုင်ကျင့်နှိပ်စက်ခံခဲ့ရတယ် သခင်မကြီးကဒေါ်ဆုမွန်ကိုမုန်းပေမဲ့သူသားနတ်ဆိုးကိုတော့မြေးတွေထဲမှာအချစ်ဆုံးဖြစ်ခဲ့တယ် နတ်ဆိုးကဖခင်နဲ့ရုပ်ချင်းတူရုံမဟုတ်ဘူး ရက်စက်တက်ပံုလဲတူတယ် နတ်ဆိုးကမိခင်နဲ့အတူမနေခဲ့ရဘူးနတ်ဆိုးကငရဲမင်းစံအိမ်မှာနေခဲ့ရတယ် နတ်ဆိုးသခင်မကြီးမွေးနေ့ကိုလာတဲ့နေမှာဘဲ လရိပ်ဆိုတဲ့အိမ်ဖော်မလေးကိုမြင်းပြီးသဘောကျသွားခဲ့တယ် အဲ့နေ့မှာဘဲခင်မကြီးကနတ်ဆိုးကိုမြပန်းဆိုတဲ့ကောင်မလေးနဲ့စေ့စပ်ပေးဖို့ကိုကြော်ငြာခဲ့တယ် ထိစေ့စပ်ပေးမူကိုဦးမင်းရက်စက်ရဲ့မိန်းမနှစ်ယောက်ကသဘောမကျကြဘူးလေနတ်ဆိုးကမြပန်းနဲ့လက်ထက်လိုက်ရင်နတ်ဆိုးကဂိုဏ်းချုပ်တစ်ယောက်ဖြစ်လာမှာကိုမိုးဒေဝါနဲ့မင်းဒေဝါအပြင်သူတို့ရဲ့မိခင်တွေကလဲသဘောမတူကြဘူး အဲ့ဒါကြောင့်ပွဲစိီစဥ်တဲ့သခင်မကြီးကိုလုပ်ကြံပြီးသတ်လိုက်ကြတယ် သခင်မကြီးလဲမရှိတော့ရော နတ်ဆိုးတို့ရဲ့စေ့စပ်ပွဲကပျက်သွားခဲ့တယ်လေ မြပန်းဆိုတဲ့မိန်းကလေးရုပ်လှပေမဲ့ ဂိုဏ်းတွေထဲကမိသားစုဝင်တစ်ယောက်ဆိုတော့လူလဲသတ်တက်တာပေါ့ တနေ့မြပန်းလူသတ်နေတာကိုလရိပ်ကချောင်းကြည့်နေတာကိုတွေ့သွားခဲ့တယ် ကံကောင်းစွာနဲ့ဘဲနတ်ဆိုးကလရိပ်လေးကိုကယ်တင်ခဲ့ပြီးသူရဲ့ရဲမင်းစံအိမ်ကိုခေါ်သွားခဲ့တယ် နတ်ဆိုးခေါ်သွားရတဲ့အကြောင်းနဂိုထဲကနတ်ဆိုးကလရိပ်ကိုချစ်ကြိုက်နေတာကြောင့်ဖြစ်တယ် ရက်အနည်းငယ်ကြာတော့လရိပ်ကိုနတ်ဆိုးကလက်ထပ်လိုက်ကြတယ် နတ်ဆိုးကလရိပ်ကိုချစ်လွန်းတာကြောင့်လုပ်နေတဲ့ မှောင်ခိုအလုပ်တွေကိုတောင်မလုပ်တော့ဘဲ လိမ်မာနေတော့တယ် နတ်ဆိုးတို့ဘဝသာယာပေမဲ့မိုးဒေဝါနဲ့မင်းဒေဝါတို့ရောမြပန်းကပါနတ်ဆိုးနဲ့လရိပ်ကိုဘယ်လိုတွေဒုက္ခပေးကြမလဲဆိုတာကိုမင်မင်တို့ရဲ့B👀K Cubicleမှာဆက်လက်ဖတ်ရူနိုင်ပါPနော်