book

Index 7

အပိုင်း(၇)

  • Author : Thwe Mate
  • Genres : Romance, Comedy, Drama, Fantasy

အချစ်ပန်းတွေဝေခဲ့သည်


"ထမင်းဝင်စားပါလား သမီး"


"မစားတော့ပါဘူး ဒေါ်ဒေါ် လရိပ် သောက်ဖို့ ရေထဲပေးပါမယ်"


"မထည့်ပေးပါနဲ့ ဒေါ်ဒေါ် ဘာသာထဲပါမယ် သမီး ဗိုက်ဆာနေရော့ပေါ့ လာစားပါ"


"မစားပါရစေနဲ့ သမီးလိုစေခံတွေက သခင်၊သခင်မတွေနဲ့အတူ တစ်ဝိုင်းထဲမစားသင့်ပါဘူး သမီးတို့အချိန်ရောက်ရင်  သမီးတို့ဘာသာ မီးဖိုချောင်မှာစားပါမယ်"


."သမီး ဗိုက်ဆာနေမှာ ဒေါ်ဒေါ်သိတယ် ဒေါ်ဒေါ်လည်း အရင်ကအိမ်ဖော်ပါပဲ  သမီးတို့ဘယ်လိုနေရလဲသိတာပေါ့ ကဲ့လာစားပါ"


ဒေါ်ဒေါ်က သူ့ကိုယ်တိုင်ပန်းကန်တစ်ချပ်ယူ၍ထမင်းထည့်ပေးပြီး လရိပ် လက်ကိုလာဆွဲခေါ်ကာ အတင်းဝင်စားခိုင်းသည်။ လရိပ်မှာမလွဲသာပဲ ဝင်စားရသည်။ ဆိုး ကတော့ မျက်နှာခပ်တည်တည်နဲ့ သူ့မေမေကို ဟင်းထဲပေးပြီးသည့်နှင့် လရိပ် ပန်းကန်ထဲကိုလည်း ဟင်းတွေအများကြီးထည့်ပေးသည်။


"စား များများစားမှာ မင်းအလုပ်လုပ်နိုင်မှာ"


"းဟုတ်တယ် သမီးရဲ့ အန်တီတုန်းကလည်းအဲလိုပဲ မနက်ဆိုရင်၄နာရီထ တစ်နေ့ကုန်တောက်လျှောက်အလုပ်လုပ် ဪစားရတော့ ငါးပိရည်နဲ့အတိုစရာ အိပ်ချိန်ကျတော့လည်း ည၁၀နါရီမှာ ဒါတောင်သူတို့တစ်ခုခုစားချင်ရင်လုပ်ပေးရသေးတယ်"


"အဲလောက်ထိတောင်ပင်ပန်းတာပဲလား မေမေ တအားပင်ပန်းခဲ့မှာပေါ့"


"သားရဲ့ ဒီလိုပါပဲ ပိုက်ဆံမရှိတော့ သူများအိမ်မှာကျွန်ခံရမှာပဲ"


လရိပ်မှာ သားမနှစ်ယောက်ရဲ့ စကားဝိုင်းထဲ ဝင်မပြောဘဲ ထမင်းကိုသာ ဖြေးဖြေးချင်းစားနေမိသည်။ ဆိုးကလည်း လရိပ်ကို သနားကြင်နာသောမျက်လုံးဖြစ်လှမ်းကြည့်ကာ ပုစွန်ထုပ်အကြီးကြီးသုံးကောင်ထည့်ပေးသည်။


"ဟာ များနေပြီး ဉီးဉီးသခင်လေး"


"မများဘူး မင်းဒီလောက်ပိန်နေတာ များမြားစား   အိမ်တော်ထိန်း ဒေါ်သရဖီကိုလည်း မှာထားရမယ် ဘယ်နဲ့ တစ်နေကုန်အလုပ်လုပ်ပြီး ပင်ပန်းတဲ့ လူတွေကို ငါးပိရည်အတိုစရာနဲ့ စားခိုင်းစရာလား မဖြစ်ပါဘူး နည်းနည်းလောက်သွားဆူရမယ်"


"သားရယ် သခင်မကြီးရဲ့ အစီအမံပါ သရဖီကို ပြသာနာသွားမရှာပါနဲ့ "


"မယ်တော်ကြီးကို သားသွားပြောရလိမ့်မယ်"


"မလုပ်ပါနဲ့ သားရယ် မယ်တော်ကြီးက အိမ်ဖော်တွေကိုအရမ်းမုန်းတာ တော်ကြာ ငါးပိရည်အတိုစရာကနေ ဆားနဲ့စားနေရအုံးမယ် ဒီအတိုင်းပဲထားလိုက်ပါ"


"တောက် ဒါကိုယ်ချင်းမစာနာတာပဲ ဒီလောက်ပင်ပန်းတဲ့အိမ်ကို မင်းကဘာလိုလာလုပ်ရတာလဲ!!"


ဆိုး ဒေါသတွေထွက်ပြီး လရိပ်ကို ငေါက်လျှင် လရိပ် ကိုယ်လေးတုန်ကာ လန့်သွားပြီး မျက်ရည်ကျလာသည်။ဒေါ်ဒေါ်ကတော့ ဆိုး လှမ်းဆူသည်။


သားနော် သမီးလေးလည်း ဘယ်လုပ်ချင်မလဲ မလွဲသာလို့လုပ်ရတာကို့ ကဲထမင်းစားစရာရှိတာစား ဒီမှာ သမီးငိုနေပြီး"


ထိုအခါမှ ဆိုး ဒေါသလျော့ကာ ထမင်းစားသည်။ ဒေါ်စံဆုမွန် ကတော့ လရိပ်ကို ချော့၏။


သမီးရယ်  သားက စေတနာဒေါသပါနော် သမီးကိုဆူတာမဟုတ်ပါဘူး  ထမင်းစားရအောင်"


"ကောင်းလိုက်တာ မင်းလက်ယာအရမ်းကောင်းတယ် ငါစံအိမ်မှာလိုက်နေမလား "


"ရှင် ဟိုလေး လရိပ်က ဒီစံအိမ်မှာစာချုပ်ပြည့်ရင် မိဘတွေဆီပြန်နေတော့မှာ အခုကလည်း ဖေဖေ ပိုးထိသွားလို့ ဆေးကုစရာပိုက်ဆံမရှိလို့ လာလုပ်တာပါ"


"သားရယ် သမီးအေးဆေးထမင်းစားပါစေတော့ "


မေမေစကားကြောင့် ဇွတ်အတင်းမခေါ်တော့ပဲ ဆိုး ထမင်းကိုသာ အေးဆေးစား၏။လက်ယာက ကောင်းလွန်တာကြောင့် အစားမမက်တဲ့ ဆိုး တောင် နှစ်ပန်းကန်အသာလေးကုန်၏။ လရိပ်က တိုခနဲ့ဆိတ်ခနဲ့ စားနေတာကို အားမရတဲ့ ဆိုးမှာ ထမင်း ဟင်းတွေအများကြီးထည့်ပေးကာ ကျွေးသည်။ မကုန်ရင် ဒီအဆောင်ကနေမထွက်ရဘူးပြောတာကြောင့် လရိပ်မှာ မကုန်မချင်ညစ်စားနေရသညျ။ နောက်ဆုံး "ဒေါ်ဒေါ်က သမီးရယ် မကုန်ရင်ဟင်းတွေပဲရွှေးစားလိုက်"ပြောမှာ လရိပ် ပျော်သွားရသည်။


@@@@@


"သားကို ဘယ်သူခေါင်းရိုက်ခွဲတာလဲ"


"မသိဘူး မာမီရဲ့ ဒီမှာခေါင်းရိုက်ခံရလိုနာနေတာကို့"


"သားရယ် မာမီက ရိုက်တဲ့လူကိုအပြစ်ပေးရအောင်လို့ပါ ဒါနဲ့ သားက မြေအောက်ခန်းကို ဘာသွားလုပ်တာလဲ"


မင်းဒေဝါ အမှန်တိုင်းပြောလို့မဖြစ်ပါ ခင်လေးကို အတင်းခေါ်ပြီး မြေအောက်ခန်းသွားတဲ့လို့ပြောရင် မာမီ သူ့ကိုပွားမယ်လေးဒါကြောင့် မသိဘူးလို့ပြော၏။


မသိဘူး မာမီရ ခေါင်းကိုက်က်ပါတယ်ဆို"


"အေး.အေး မမေးတော့ဘူး ဘာစားမလဲ"


"မစားချင်ဘူး အိပ်အုံးမယ်"


ပန်းမဏိ သား အခန်းကနေထွက်ခဲ့သည်။သားကို ဘယ်သူရိုက်လဲဆိုတာ စုံစမ်းခိုင်းသည်။ သားဖြစ်သူကို ချစ်လွန်တာကြောင့် သူမကိုအရမ်းချစ်တယ် မယ်တော်ကြီးကိုတောင်နေ့တိုင်းအဆိပ်နေခဲ့သည်။ အဆိပ်မှန်းမသိလောက်အောင် ဘာအမူအရာမှမပြပေမဲ့ မယ်တော်ကြီးကိုယ်ထဲမှတော့ ဖြေးဖြေးချင်းခံစားလာရ၏။


@@@@


"အဟွတ် အဟွတ် "


"မယ်တော်ကြီး သက်သာရဲ့လား"


"မသက်သာဘူး အခုတလော ချောင်းဆိုရတာ အရမ်းပင်ပန်းတာပဲ သမီးလေး ပန်းမဏိကိုခေါ်ပေးပါ"


"ဟုတ်ကဲ့ မယ်တော်ကြီး"


မကြာခင် ပန်းမဏိရောက်လျှင် အခိုင်းစေမလေး ထွက်သွားသည်။ 


သမီးမဏိ မြေးနတ်ဆိုးနဲ့ မြပန်းတို့ စေ့စပ်ပွဲကို အမြန်ဆုံးကျင်းပပေးပါ"


"သခင်မကြီးက ဘာလိုအလောတကြီးလုပ်တာလဲ"


"ငါရောဂါကအခြေနေဆိုးနေပြီး အသက်ရှုလို့လုံးဝမဝဘူး "


"ဟုတ်လား ဒါဆိုရင် မကြာခင်သေတောဘမှာပေါ့"


"သမီး ဘယ်လိုပြောလိုက်တာလဲ "


"ကြားတဲ့အတိုင်းပဲ ရှင်ဘာကြောင့်အခုလို့ခံစားနေရလဲသိလား "


"ဘာကြောင့်လဲ "


"အဟက် ကျွန်မရှင်ကို အဆိပ်ခတ်ထားလို့ပဲ "


"သမီး.သမီးဘာကြောင့်လုပ်ရက်ရတာလဲ"


"ဘာကြောင့်လဲ ဟုတ်လား ရှင်ကကျွန်မသားကို နေရာမပေးဘဲ အိမ်ဖော်မသားကို နေရာအမြဲတမ်းပေးတာကို့ မြပန်းနဲ့နတ်ဆိုးတို့ စြ့စပျပှဲဘယျတော့မှဖွစျမလာစရေဘူး ဘာလိုလဲသိလား ကျွန်မ ရအောင်ပွဲဖျက်မှာမိုလို့ပဲ ပြီးတော့ ရှင်သက်တမ်းလည်းကုန်ပြီး ဆိုကာ ခေါင်းအုံနဲ့ဖိသတ်ပစ်သည်။ 


ဒေါ်နန်းမာန တစ်ယောက် အတင်းရုန်းကန်သည်။သို့သော် အသက်၈၀အဘွားအိုတစ်ယောက်ရဲ့ အားအင်က အသက်၄၀ပန်းမဏိရဲ့ အားအင်ကိုမကျော်လွန်နိုင်ပါ။၁၅မိနစ်ကြာတော့ ဒေါ်နန်းမာန ငြိမ်သက်ကာ အသက်ထွက်သွားသည်။ ပန်းမဏိကတော့ ဟန်မပျက်အခန်းထဲကနေထွက်ခဲ့သည်။ အစေခံမလေးကိုလည်း မယ်တော်ကြီးအိပ်နေကြောင်းသွားမနိုးဖို့ပြောသည်။


ညနေထမင်းစားချိန်ရောက်မှာ ဒေါ်နန်းမာန သေဆုံးကြောင်း အိမ်သားတွေအကုန်သိရသည်။ပန်းမဏိကတော့ အော်ဟစ်ကာ ငိုယိုသည်။ 


"သခင်မကြီး..သမီးကိုထားခဲ့ပြီးလား အီးးဟီးး ညနေကတောင်လာတွေ့တော့အကောင်းကြီးကို အခုဘယ်လိုဖြစ်ရတာလဲ "


"စိတ်ထိန်းပါ သခင်မဏိ "


"ဘယ်လိုစိတ်ထိန်းနိုင်မှာလဲ အီးးဟီးး"


"မယ်တော်ကြီးက သေပြီးပဲ အားလုံးပြင်ဆင်စရာရှိတာ ပြင်ဆင်ကြပါ  အကောင်းကြီးကနေဘယ်လိုလုပ်သေသွားတာလဲဆိုတာ သိရဖို့ ရင်ခွဲရုံကို ပို့မှရမယ်"


"ဆိုး မင်းသဘောနဲ့မင်းလျှောက်မလုပ်နဲ့ သခင်မကြီးက အသက်ရှင်ခဲ့ကတည်း သူအသားကိုဓားရှမှာ အရမ်းကြောက်တာ အခုလည်းသေနေတဲ့ သခင်မကြီးကိုယ်ကို အလှပဆုံးဖြစ်အောင်ပြင်ဆင်ပေးပြီး မနက်ဖြန်ဂူသွင်းကြတာပေါ့ သခင်မကြီး ရေ သမီးကိုထားခဲ့ပြီးပေါ့ အီးးဟီးး"


ပန်းမဏိရဲ့ အော်ဟစ်ငိုယိုသံကြောင့် ဆိုး ရင်ခွဲရုံကိုပို့ဖို့လက်လျော့လိုက်ရသည်။


@@@@


"အိမ်သာ သွားတက်မလို့လိုက်အုံးမလား"


"ငါအိပ်ချင်ပြီး နင်ဘာသာသွား"


"ငါ မယ်တော်ကြီးကိုကြောက်လို့မသွားရဲဘူး မယ်တော်ကြီးက အစိမ်းသေလေး"


"ဟာနင်နော် ငါလည်းကြောက်တယ် လရိပ်ကိုခေါ်သွား"


မိချမ်း အိပ်ပျော်နေတဲ့ လရိပ်ကို တိုးတိုးလေးသွားနိုး၏။ 


"လရိပ် လရိပ်ျ"


"ဘာတုန်း မမချမ်း"


"ငါအပေါ့သွားချင်လို့ လိုက်ပေးအုံး"


"ဟုတ်ကဲ့ မမ"


လရိပ်နဲ့ မိချမ်း အိပ်သာသို့ဖြေးဖြေးချင်လာခဲ့၏။ မိချမ်း ဘယ်လောက်တောင်ကြောက်လဲမသိဘူး အိမ်သာ ထဲဝင်တာတောင် လရိပ်ကိုအဖော်ခေါ်၏။


"လရိပ် အိမ်သာထဲလိုက်ဝင်ပါလား"


"မမကလည်း အဲဒီလောက်ထိကြောက်မနေပါနဲ့ "


"ကြောက်တယ်ဟာ လရိပ်ရယ် ကူညီပါ"


"အိမ်သာထဲထိတော့ မလိုက်ပါရစေနဲ့ အိမ်သာတံခါးကိုတော့ ဖွင့်ထားလိုက်ပါ လရိပ်တစ်ဖက်လှည့်နေလိုက်မယ်"


"အေးအေး ကျေးဇူးပါ လရိပ်"


@@@@


"သား "


"ဗျာ မေမေ"


"မအိပ်သေဘူးလား"


"ဟုတ်ကဲ့ မယ်တော်ကြီး အကြောင်းစဉ်းစားနေလို့ပါ"


"အင်းး အချိန်တန်ရင်တော့ တစ်နေ့ဒီလမ်းသွားရမှာပဲလေး "


"မေမေ မယ်တော်ကြီးကို မမုန်းဘူးလား"


"မမုန်းပါဘူး သားရယ် အမုန်းက လူကိုပူလောင်တယ်လေ "


"မယ်တော်ကြီး မေမေအပေါ်အရမ်းရက်စက်ခဲ့တာကို့"


"သားကိုတော့ အရမ်းချစ်ခဲ့တယ်မဟုတ်လား မေမေ မှာအငြိုးတွေမရှိပါဘူး သူဌေးသားက အိမ်ဖော်မကိုကြိုက်တာ ဘယ်မိဘက သဘောတူမှလဲ"


"မေမေကရော့ သဘောတူလား သားအိမ်ဖော်မနဲ့ယူရင်"


"ဟင်းးဟင်း မေမေသားက မြပန်းကိုယူရမှမဟုတ်လား"


"မယူပါဘူး သားမှမချစ်တာ တကယ်လို သားလည်း အိမ်ဖော်မကို ယူရင် မေမေသဘောတူမလား"


ဒေါ်စံဆုမွန် ဘေးနားကအိပ်နေတဲ့ သားကို လှည့်ကြည့်ကာ ပြုံး၏။ ထိုနောက် သားရဲ့ဆံပင်ကိုသပ်ပေးပြီး


"သားဒယ်ဒီလို အတင်းမသိမ်းပိုက်ရင် မေမေ သဘောတူပြီးသာပါ သားက ချစ်မယ်မိန်းကလေးရှိလို့လား"


"မသိသေးဘူး မေမေ "


"ဟုတ်ပါပြီး လရိပ်လေးက ချစ်စရာလေးနော် သားရော့ဘယ်လိုထင်လဲ"


"မသိဘူး မာမီရာ သားအိပ်ပြီး "


"ဟင်းးဟင်းး ဟုတ်ပါပြီး အိပ်တော့ မနက်ဖြန်အလုပ်များမှာ မေမေသားလေး ကောင်းသောညပါရှင့်"


သားမိနှစ်ယောက် မျက်လုံးမှိတ်ပြီး အိပ်ယာဝင်ခဲ့သည်။ လမင်းကြီး ထိန်လင်းသာယာနေလျက်ပါ။ ကြယ်ကလေးတွေကလည်း အစုံအလင့်ဖြစ်လှပနေသည်။


နောက်နေ့ဆက်ရန်


စာရေးသူ သွေးမိန့်


rate now: