အချစ်ပန်းတွေဝေခဲ့သည်
"မြွေ သေပွီးလား"
"ဟိုမှာကြည့်လေး "
"မကြည့်ရဲဘူး ကြောက်တယ် "
"ဟာ တကယ်အသဲနုတာပဲ အဟီးး ခဏ ကိုယ်မြွေကို ဖယ်လိုက်အုံးမယ်"
ဆိုး မှာ လရိပ်ကို ပွေ့ချီထားလျက် သေနေတဲ့ မြွေကို လရိပ် မတွေ့နိုင်တဲ့ ဘက်သို့ပစ်လိုက်၏။လရိပ်ကလည်း မျက်လုံးမှိတ်ထားသည်။
"ကဲ့ဖယ်ပြီးပြီး"
"ဟူး တော်သေးတယ် ဉီးဉီးသခင်လေး မြင်လိုက်လို့ မဟုတ်ရင် လရိပ် တော့မလွယ်ဘူး"
"baby ကိုယ်အပေါ်က ဘယ်တော့ဆင်းမှလဲ ဒါမှမဟုတ် ကိုယ် စံအိမ်ကို ပွေ့ချီပြီး ခေါ်သွားရမှာလား"
"အယ် တောင်ပန်းတယ် လရိပ် လန့်သွားလို့ပါ "
ကမန်ကတမ်း အောက်ကိုဆင်းပြီး ဆိုးကို အသဲအတန်တောင်ပန်းနေတဲ့ သူမလေး ကိုကြည့်ပြီး ပြုံးမိသည်။ ဆိုး ဘဝမှာ အခက်အခဲဆုံး အလုပ်ဆိုရင် ပြုံးဖို့ပဲဖြစ်ပါသည်။ လရိပ်ကို မြင်ရင်တော့ ပြုံးရတာ သူအတွက်အလွယ်ဆုံးဖြစ်နေ၏။
ရပါတယ် အဲဒီလောက်တောင်ပန်း မနေပါနဲ့ ဒီပန်းတွေကို ကိုယ်သယ်ပေးမယ်"
"ရပါတယ် လရိပ် ဘာသာ သယ်ပါမယ် "
"ကိုယ်သယ်မယ် ဒါနဲ့ babyအသက်ဘယ်လောက်လဲ"
"၁၇ပါ "
"ငယ်သေးတာပဲ ကိုယ်ကဆယ်နှစ်တောင်ကြီးတော့ baby က ဉီးဉီးသခင်လေးလို့ ခေါ်တာပေါ့ "
"ဟုတ်တယ်လေး"
"အရမ်းရှည်မနေဘူးလား"
"ဒါဆိုရင် ဘယ်လို့ခေါ်ရမလဲ "
"ဉီးဆိုး လို့ခေါ်ပေါ့ မေမေတောင် ဒယ်ဒီကို ဉီးမင်း လို့ခေါ်တာပဲ"
"ဉီးဆိုး"
"ဗျာ...."
လရိပ်က သူ့ဘာသာ ခေါ်ကြည့်တာကို ဆိုးက သူ့ကိုခေါ်တယ်ထင်ပြီး ဗျာ လိုအရှည်ကြီးထူးသည်။ဒါကို လရိပ်က တအံ့တဪကြည့်လျှင် ဆိုးက
"ဘာလဲ baby"
"လရိပ်က ဉီးဉီးသခင်ကို ခေါ်တာမဟုတ်ပါဘူး ကိုယ်ဘာသာ ခေါ်ကြည့်တာကို့ ထူးနေသေးတဲ့"
"အဟီးး ဟုတ်လား မသိပါဘူး ကဲ့ပြန်ကြမယ်"
ဆိုးက နှင်းဆီးပန်းကို သယ်ကာအရှေ့က လျှောက်၏။ လရိပ်ကတော့ အနောက်ကနေဖြည်းဖြည်းချင်လိုက်ခဲ့သည်။
ဉီးဆိုး က မမခင်ပြောသလို့ ကြောက်စရာမကောင်းပါဘူး လရိပ်နဲ့တွေ့တိုင်းအမြဲတမ်းပြုံးနေတာကို့ ဉီးဆိုး ပြုံးရင်အရမ်းကြည့်ကောင်းတာပဲ လို့တွေးမိရသည်။
*****
မြေအောက်ခန်းလေးက မှောင်မဲနေ၏။ လူတစ်ယောက်ကတော့ ချွန်မြတဲ့ ဓားကို ကိုင်ကာ ဆော့ကစားနေသည်။ ထို့လူရဲ့အရှေ့မှာ ကြောက်လန့်တုန်လှုပ်နေတဲ့ မိန်းမပျိုတစ်ဉီးက သနားစဖွယ်ရှိနေသည်။
"ခင်လေး ဘာတွေကြောက်နေတာလဲ"
"ဒီမြေအောက်ခန်းက အရမ်း မှောင်တယ်လေး"
"အဟက် ကိုကိုရှိတာပဲ ဘာကြောက်စရာရှိလို့လဲ ခင်လေးရဲ့"
"သခင်လေးမင်းဒေဝါ ခင်လေးကို ဘာလုပ်ဖို့ဒီကိုခေါ်လာတာလဲ"
."မင်းနဲ့ဆော့ဖိုပေါ့"
"ခင်လေးတို့က ကလေးတွေမှမဟုတ်တာ တောင်ပန်းပါတယ် ခင်လေး ပြန်ပါရစေ"
"အဟက် ပြန်စရာလား မင်းကိုငါအတွက်အသုံးချရအုံးမယ်"
"တောင်ပန်းပါတယ် ခင်လေး က မိကောင်းဖခင်သားသမီးပါ သခင်မပန်းမဏိသိရင် ခင်လေးကိုသတ်လိမ့်မယ် ချမ်းသာပေးပါနော်"
"ဟားး ဟားး "
မင်းဒေဝါရဲ့ ရယ်သံက မြေအောက်ခန်းထဲမှာ ခြောက်ခြားစဖွယ် ကောင်းလိုက်၏။ ခင်လေးက လည်းသနားဖို့ကောင်းသော သိုးငယ်မလေးပမာပါ။ မင်းဒေဝါဟာ ခင်လေး ကိုအမြဲတမ်း ကျားချောင်းသလို့ ချောင်းနေတဲ့သူပါ။ အခုလည်း ခင်လေးကို ခြိမ်းခြောက်ပြီး ဒီကိုလာခိုင်းတာပါ။
"ခင်လေး ဒီဓားနဲ့ ထိုးလို့ရမလား"
"မလုပ်ပါနဲ့ ခင်...ခင်..လေး.တောင်ပန်းပါတယ်အင့်ဟင်ံ"
"မျက်ရည်တွေကလည်း ချက်ချင်းကျလာပါလား ဟားး မင်းမျက်ရည်တွေက ငါကိုပျော်စေတဲ့ မင်းကို ငါစားသုံးခွင့်ရမလား"
"ချမ်းသာပေးပါ သခင်လေးမင်းဒေဝါ"
"ဟာ ကျစ် ဒီစကားပဲပြောနေပါလားမင်းရဲ့ပခုံးသား ဝင်းဝင်းလေးကို ငါအရမ်းကိုက်ချင်တယ်"ပြောကာ ခင်လေးရဲ့ ပခုံးနားအဝတ်ကို ဆွဲဖြဲသည်။ခင်လေးက အတင်းရုန်းလျှင် မင်းဒေဝါက ခင်လေးရဲ့ပါးပြင်ရိုက်ပစ်သည်။
တစ်ကိုယ်လုံးတုန်လှုပ်ပြီး ကြောက်နေတဲ့ ခင်လေးကို မင်းဒေဝါက ကြွက်ကိုကြောင်ကြီးက ဆော့ကစားသလို့ ဆော့နေသည်။ ခင်လေးကတော့ ကြောက်လွန်လို့ အသက်ပါထွက်နိုင်သည်။ပါးပြင်က လက်ဝါးငါးချောင်းယာကလည်း ထင်နေသည်။
"မင်းကို ငါစားသုံးတော့မယ်နော် ရုန်းရင် ဒီထက်နာမယ်"
ခြိမ်းခြောက်စကားပြောပြီး ခင်လေးကို အတင်းသိမ်းပိုက်ဖို့ကြံသည်။ထိုအချိန် မင်းဒေဝါ ခေါင်းကို တစ်စုံတစ်ယောက်က သံချောင်းနဲ့ အားရပါးရရိုက်ပစ်၏။
""ဒုတ် !!!!
"အားး.."
မြေအောက်ခန်းထဲမှာ မင်းဒေဝါ ငယ်သံပါအောင်အော်ကာလှဲကျသွားသည်။ခင်လေး ကတော့ ဗြဲနေတဲ့ အဝတ်အစားလုံအောင်ဖုံးကာ
ငိုသံဖြစ် သံတုတ်ကိုင်ထားသည့်လူကို ကျေးဇူးတင်စကားပြောကာ မြေအောက်ခန်းကနေပြေးထွက်ခဲ့သည်။
******
"ငါပိုက်ဆံတွေ ပြန်ပေးပါ မိုးဒေဝါ!!"
"ပေးစရာလား လိုချင်လိုယူထားတာကို့"
"အဲဒါက မင်းပိုက်ဆံမှမဟုတ်တာ ငါပိုက်ဆံပြန်ပေးကွာ အေးအေးဆေးဆေး တောင်းနေတုန်းပေးရင်ကောင်းမယ် နောက်မှာ ငါအဆိုးမဆိုနဲ့"
"ဟားးဟားး ကြောက်စရာချည်းပါလား "
မိုးဒေဝါက မထီမဲ့မြင်လောင်ရယ်မောသည်။ ဆိုး ကတော့ အံ့ကိုကြိတ်ကာ လက်သီးကိုလည်းစုပ်ထားသည်။ ထိုနောက် ဘယ်လိုမှသည်းခံနိုင်စွမ်းမရှိတာကြောင့် မိုးဒေဝါရဲ့ မျက်နှာကို လက်သီးနဲ့ထိုးပစ်သည်။
ခွေးကောင် ..ငါပိုက်ဆံပြန်မပေးရင် မင်းအသက်ကိုနုတ်ယူပစ်မယ် ခွပ်.ခွပ်. ခွပ်"
မိုးဒေဝါကလည်း မခံပါလွတ်တာနဲ့ ဆိုးကို ပြန်ချသည်။ ဆိုးနဲ့ မင်းဒေဝါ အပြင်းအထန်တိုက်ခိုက်နေတုန်း လရိပ်က သခင်မပုလဲ ခိုင်းတာကြောင့် မိုးဒေဝါ အခန်းသို့လာသည်။အခန်းနားရောက်ခါနီး ရန်ဖြစ်သံတွေကြားတာကြောင့် အလျှင်အမြန်သွားကြည့်လျှင် ဆိုးက ချွန်မြသောဓားနဲ့ မိုးဒေဝါကို ထိုးဖို့လုပ်နေသည်။လရိပ်က မျက်လုံးလေးပြူးကာ အသံကုန်အော်၏။
"မလုပ်နဲ့ !!!!
ဆိုး လည်း လရိပ်၏အော်သံကြောင့် ဓားနဲ့ မိုးဒေဝါကို မထိအောင်ထိုးပစ်လိုက်သည်။ထို့နောက် မိုးဒေဝါကို ကြိမ်မောင်းပြီး အခန်းထဲကနေထွက်ခဲ့သည်။လရိပ်က ဆိုးကို ကြောက်လန့်သော မကောင်းဆိုးဝါးတစ်ကောင်လို့ အနားရောက်တာနဲ့ ချက်ချင်းပြန်လှည့်ပြေး၏။
ဆိုးရဲ့ ဘယ်ဘက်ရင်အုံက နာကျင်မှုကိုခံစားလိုက်ရသည်။
@@@@@
"မင်းဒေဝါ ဘယ်လိုနေလဲ "
"ခေါငျးကို ၉ချက်ချုပ်လိုက်ရတဲ့ မမခင် "
"မသေလို့တော်သေးတာပေါ့ "
"ဘာလိုတော်ရမှာ အဲဒီလူ သေသငျ့တာကို အရမ်းဆိုးတဲ့လူး မိန်းမ မြင်တိုင်းငမ်းငမ်းတက်နေတာ လရိပ်လည်း သတိထားနေ"
"မြအေးကလည်း ကိုယ်အလုပ်ရှင်ကို အဲဒီလိုမပြောသင့်ပါဘူး ပြီးတော့တိုးတိုးပြော တော်ကြာငါတို့ပြောတာကြားရင် သခင်မဏိ ကြာပွတ်နဲ့ရိုက်နေအုံးမယ်"
"ခင်လေးရယ် နင်ကိုအမြဲစိတ်ဆင်းရဲအောင်လုပ်တဲ့ ဒီသားမိကို နင်စေတနာထားနေသေးတယ် ဒါနဲ့ မင်းဒေဝါက မြေအောက်ခန်းမှာနေတုန်း ဘယ်သူကများဆော်ထဲသွားလည်းမသိဘူး သေချာ သက်ရဲခံကိုမြေလှန်ပြီးရှာမှာ"
မြအေး အပြောကြောင့် ခင်လေး တစ်စုံတစ်ခုကို စိုးထိတ်သွားသည်။ လရိပ်ကတော့ မျက်လုံးလည်းကလဲကလဲနဲ့ နားထောင်နေ၏။
လရိပ် ဒီစံအိမ်ကနေ အပြီးထွက်သွားပြီး မိဘတွေရင်ခွင်မှာ ခိုလှုံချင်တော့တယ် အကြွေးတွေအမြန်ကြေပါစေလို ဆုတောင်းမိသည်။
@@@@
"သား.. သား "
မေမေခေါ်တာကို လှည့်မကြည့်ဘဲ ချွန်မြတဲ့ ဓားနဲ့ ပန်းသီးကိုလျှောက်ခြစ်နေသည်။မိခင်ဖြစ်သူကလည်း မထူးမချင် ခေါ်နေ၏။
"သား..သား..သား"
"ကျုပ်ကြားတယ် ဘာပြောမလို့လဲ"
"ကြည့်စမ်း ခွေးကောင်လေး အမေကို ကျုပ်လိုသုံးစရာလား ဆိုကာ စံ သားရဲ့နားရွက်နီနီလေးကို လိမ်ဆွဲသည်။ ဆိုး ကတော့ မျက်နှာခပ်တည်တည်ဖြစ် စံကိုပြန်ကြည့်သည်။
"သား မေမေကို စိတ်စိုးမပြေသေးဘူးလား"
"ပြေစေချင်ရင် သားနဲ့အတူလာနေပေါ့"
"မေမေ..မ.."
"တော်ပြီး မေမဆေီက ဒီလိုစကားပဲကြားနေရမယ်ဆိုရင် ဆက်မပြောနဲ့ ဒီစံအိမ်မှာ မေမေအတွက်ကောင်းတာဘာများရှိလိုလဲ ဘာကြောင့် မရဏစံအိမ်ကို ခင်တွယ်နေတာလဲ "
သားဖြစ်သူ အမေးကိုမဖြေနိုင်ဘဲ စိတ်မကောင်းစွာ မျက်ရည်ဝဲမိရသည်။
မေမလေညျး သားနဲ့အတူနေခြင်းတာပေါ့ မနက်ဆိုရင် သားစားဖို့ ထမင်းဟင်းတွေချက်ပြုတ်ထားချင်တာပေါ့ ဒါပေမဲ့ မေမေကြောင့် သားကို အနှောက်အယှက်မဖြစ်စေချင်ဘူး သားမှာရန်သူတွေအများကြီးပဲလေ မေမေကိုအသုံးချပြီး သားကိုတိုက်ခိုက်မှာ မေမေ..အကြောက်ဆုံးပါပဲ သားရယ်....တွေးနေတုန်း ဆိုးက စကားတွေတောက်လျောက်ပြောပြီး စံကို ဖက်ထားသည်။
"ကြည့် မျက်ရည်ကဝဲလာပြန်ပြီး သားဘဝမှာ လူနှစ်ယောက်မျက်ရည်ဝဲရင် ဒီဘက်ရင်အုံကနာတယ် နောက်မရည်မဝဲနဲ့ မေမေသားနဲ့ မနေချင်လည်း မတောင်းဆိုတော့ပါဘူး မေမေရယ်"
"ပြောစမ်း နောက်တစ်ယောက်ကဘယ်သူလဲ"
"ဘာကိုလဲ "
"မျက်ရည်ဝဲရင် သားရဲ့နှလုံးသားကနာကျင်တဲ့ဆို မေမေအပြင် နောက်တစ်ယောက်က ဘယ်သူလဲ"
"အဲဒါက..မေမေမသိပါဘူး.."
"မသိလို မေးနေတာပေါ့ "
မေမေကလည်း မသိချင်နဲ့ သားမပြောချင်ဘူး"
"ဟုတ်ပါပြီး ရှင် ကဲ့ မေမေနဲ့ထမင်းတော့စားသွားပါအုံး ဟိုမှာ ထမင်းလာပို့နေပြီး"
မေမေ စကားကြောင့် လှမ်းကြည့်လိုက်လျှင် ဟင်းခွက်တွေထည့် ထားတဲ ဗန်းကိုကိုင်ကာ အရှေ့ဆုံးကနေ လျှောက်လာသူကတော့ သူရဲ့ရင်ခုန်သံကိုအခုန်မြန်စေတဲ့ babyလေးပါ။ သနပ်ခါးကို မှုံနေအောင်လူးထားပြီး ဆံပင်ခါးထိရှည်တာကို တစ်ချောင်းထဲကျစ်စံမြီကျစ်ထား၏။အရပ် ၅ပေ၃လက်မရှိမယ်လို ခန့်မှန်းမိသည်။ အသားရည်က တွေ့ကစကလို မညိုတော့ဘဲ ဖြူဝင်းနေလျက်ပါ။ အစေခံတွေဝတ်တဲ့ယူနီဖောင်း အပြာရောင်ဝင်းဆက်နဲ့ သူမလေးက မျက်စိအေးအောင်လှပနေသည်။သူမ ရဲ့အလှကို ငေးနေတုန်း သူကိုမြင်တာနဲ့ သူမ မျက်နှာလေးကြောက်သွားတာ တွေ့လိုက်ရတာကြောင့် ဒေါသကအလိုလိုထွက်လာရသည်။ ရင်ထဲမှာလည်း နာကျင်မှုကို တစ်ပြိုင်တည်းခံစားလိုက်ရသည်။
"သခင်မစံ နေကောင်းရဲ့လားရှင့်"
်"ကောငျးပါတယျ မြအေးရယ် ဘာဟင်းတွေချက်လဲ"
သခင်မစံ အကြိုက်ကို လရိပ်က ရှယ်ချက်ထားပါတဲ့ လရိပ် ပြောပြလိုက်လေး"
"သခင်မစံအကြိုက် လယ်ငါးခူးကို အကြွပ်ကြော်ပြီး ငရုတ်သီးစပ်စပ်နဲ့ပြန်ချက်ထားပါတယ်၊ပုစွန်ချဉ်စပ်၊ ကြက်ခြေထောက်ဟင်းရည်၊အစိမ်းကြော် ၊ငါးပိရည်နဲ့အတို့မျိုးစုံ ဆိတ်သားကို အခြောက်ကြော်ထားတဲ့ ပြီးတော့..
"ရပြီး အဲလောက်ထိပြောနေစရာမလို့ဘူး မင်းမောလိမ့်မယ် မေမေ သားတို့ စားကြမယ်"
ဆိုး စကားကြောင့် လရိပ် ခေါင်းငုန်ကာ ငြိမ်နေလိုက်သည်။ ထမင်းစားဖို့ ပြင်ဆင်ပေးပြီးသည်နှင့် မမမြနဲ့အတူ အဆောင်ကနေထွက်ဖို့ပြင်လျှင်
"လရိပ် နေခဲ့ မြအေး ကိုယ်လုပ်စရာရှိတာ ကိုယ်ပြန်လုပ်ပါ"
"ဟုတ်ကဲ့ပါ သခင်လေးဆိုး"
လရိပ်မှာ ဘာလုပ်လို ဘာကိုင်ရမှန်းမသိဘဲ ရပ်နေမိသည်။ ဒေါ်ဒေါ်ကတော့ ချိုသာစွာပြုံးကာ လရိပ်ကို ထမင်းဝင်စားခိုင်းသည်။
နောက်နေ့ဆက်ရန်
စာရေးသူ သွေးမိန့်