အချစ်ပန်းတွေဝေခဲ့သည်
"မြေးနဲ့ မြေးမလေးတို့ စေ့စပ်ပွဲလည်း လာရောက်ပေးဖို့ ကျွန်မ ဒီကနေတစ်ခါတည်းဖိတ်ကြားလိုက်ပါတယ်"
"လာရမှာပေါ့ တကယ်လိုက်ဖက်တဲ့ ဇနီးမောင်နှံအတွဲပါပဲ တကယ်ဝမ်းသာတယ်ဗျာ "
"မနန်းတို့ကတော့ ရှေးတတျပါဗြာ "
"ဒါကတော့ ကျွန်မတို့ကို ဘုရားက ပေးလိုက်တဲ့ ဆုတစ်ခုပါပဲ "
စင်ပေါ်မှာ မြပန်းက အလိုက်သင့်ပြုံးသည်။ ဆိုး ကတော့ ရုပ်တည်တည်ပါပဲ ။သူ့အဘွား ဘယ်အကွက်ရွှေ့နေလဲဆိုတာ သူသိပါသည်။ထို့နေ့ညက မိခင်နဲ့ အတူသွားအိပ်မယ် ဆိုး က အလုပ်အကြောင်းပေါ်လာတာကြောင့် သွားမအိပ်ဖြစ်ပါ။
"စံကို သားနဲ့လိုက်နေခွင့်ပြုပါ"
"မင်းဘယ်မှမသွားရဘူး ဒီစံအိမ်မှာပဲနေရမယ် "
"အင်ဟင်း စံ မနေနိုင်ဘူး ဒီစံအိမ်က စံအတွက် ငရဲခန်းပဲ စံကို လွှတ်မြောက်ခွင့်ပေးပါတော့ ဉီးမင်း"
"မပေးနိုင်ဘူး စံ ဘာကြောင့် မင်းက ငါနဲ့အဝေးထွက်သွားချင်တာလဲ ဘယ်သူကမင်းကို ဘာလုပ်လို့လဲ "
"ဘယ်သူမှ ဘာမှမလုပ်ပါဘူး စံ သားနဲ့အတူနေချင်လို့ပါ စံ မှာ ငယ်ငယ်ကတည်းက သားနဲ့ဝေးနေရတာပါ အခုတော့ သားနဲ့ပေးနေပါ ဉီးမင်း အင့်ဟင့် အင့်ဟင့်"
"မင်းမျက်ရည် အရမ်းလွယ်တာပဲ မင်းက မင်းသားအတွက် အနှောက်အယှက်ပဲ သူရန်သူတွေက မင်းကို အသုံးချပြီး ဆိုးကို ဘေးဖြစ်စေမယ် မင်းသေချာစဉ်းစားပါ ဆိုး ဟာအခုအချိန်မှာ ငါနေရာကို ဆက်ခံရမဲ့ လူတစ်ဉီးဖြစ်တော့မယ် မင်းကသူ့အတွက် ဆူးခလုတ်ဖြစ်အောင်မလုပ်ပါနဲ့ မရဏစံအိမ်မှာပဲ အေးဆေးနေပါ"
စံ တွေဝေသွားရသည်။ စံ ကြောင့် သားကို မထိခိုက်စေချင်ပါ။ စံကရော့ ဒီအထီးကျန်မှုက နေ တစ်သက်လုံးပိတ်လှောင်နေရမလား တွေးနေမိသည်။ထိုစဉ် ဉီးမင်းရက်စက်က စံ ကိုအနောက်ကနေသိုင်းဖက်ပြီး ပါးပြင်နမ်းသည်။
စံ အသဲအတန်ရုန်း၏။
"ဉီးမင်းနော် စံ ကိုအဲဒီလိုမလုပ်နဲ့ မကြိုက်ဘူး"
"ဘာဖြစ်တာလဲ ညားလိုဖြစ် ကလေးတစ်ယောက်ရနေပြီး ရှက်နေတုန်းလား မင်းဒီစံအိမ်မှာ မနေချင်ရင် ကိုယ်စံအိမ်မှာလိုက်နေလေ"
"ဉီးမင်းနဲ့လည်း လိုက်မနေနိုင်ဘူး စံ ဘာသာ ဒီအဆောင်မှာပဲနေမယ်"
"ရတယ် ကိုယ်လည်း မင်းနဲ့အတူနေမယ်"
ဉီးမင်းနော် မမပုလဲနဲ့သွားနေပါ စံ နေမကောင်းဘူး"
"နေမကောင်းရင် ကိုယ် ပြုစုမှာပေါ့ ပြောစမ်းကိုယ်အသဲလေး ဘယ်နေရာနေမကောင်းတာလဲ"
ဉီးမင်းရက်စက် စံရဲ့ နဖူးကို သူ့လက်ဖဝါးကြမ်းကြမ်းကြီးနဲ့ ဖျားမဖျားစမ်းသည်။ စံကတော့ ဉီးမင်းရက်စက်ကို နှင်ထုတ်လို့မရဘူးဆိုတာ သိတာကြောင့် မျက်နှာကစူပုတ်နေ၏။
ဉီးမင်းရက်စက် က မိန်းမသုံးယောက်ထဲမှာ စံ ကိုအချစ်ဆုံးပါ။ ဟိုနှစ်ယောက်ကို သူအပျော်သဘောဖြစ်ယူခဲ့ခြင်းဖြစ်သည်။စံကိုတော့ သူတကယ်နှစ်သက်စွဲလမ်းခဲ့ခြင်းဖြစ်သည်။
@@@@@@@
"မယ်တော်ကြီး အခုလိုမျက်နှာလိုက်လွန်တာ မကောင်းဘူး ငါ စိတ်တွေပေါက်ကွဲချင်တာ ကို သည်းခံထားရတာ အဲဒီအိမ်ဖော်မရဲ့သားကို မတန်မရာနဲ့ ပေးစားမယ်ပေါ့ ငါသား မိုးဒေဝါနဲ့ မင်းဒေဝါကို ဂိုဏ်းချုပ်နေရာမပေးချင်ဘူးဆို အရမ်းသိသာတာပဲ နင်ရော့ ဘာဆက်လုပ်မလဲ ပန်းမဏိ"
"ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားပြီးသာပါ ဒီစေ့စပ်ပွဲကို ရအောင်ဖျက်ရမှာပေါ့"
"ဟုတ်တယ် ငါတို့ ဒီစေ့စပ်ပွဲကို ရအောင်ဖျက်ရမယ် မဖျက်နိုင်ရင် နင်သားနဲ့ငါသား ဘာမှမရပဲနေလိမ့်မယ်"
"နေစမ်းပါအုံး နင်လည်း နင်သားကို ဂိုဏ်ချုပ်နေရာရစေချင်တာမဟုတ်လား ဒါဆိုရင် နင်နဲ့ငါက ရန်သူပဲလေး"
"ပန်းမဏိ ကလည်း ငါသားသားပဲရရ နင်သားပဲရရ ငါဝမ်းသာပါတယ် အရေးကြီးဆုံးက အိမ်ဖော်မသား ဂိုဏ်းချုပ်မဖြစ်ဖို့ပဲ သူ့သာ ဂိုဏ်းချုပ်နေရာရသွားရင် ငါတို့အတွက်မလွယ်ကူတော့ဘူး"
"
"ကောင်းပြီးလေ ငါတို့ သခင်မကြီးကို သတ်ဖို့ကြံစည်ထားတဲ့"
"ဘယ်လို နင်..နင် တကယ်ကြံစည်ထားတာလား"
ဒေါ်ပုလဲ မျက်လုံးပြူးသွားရ၏။ အဘယ်ကြောင့်ဆိုသော် ချွေးမ သုံးယောက်ထဲမှာ ပန်းမဏိကို သခင်မကြီးက အရမ်းချစ်လို့ပါ။ ဒေါ်နန်းမာနကို ပုလဲတို့ သုံးယောက်က သခင်မကြီးခေါ်ရသည်။တစ်ခြားသူတွေကတော့ မယ်တော်ကြီးလို့ခေါ်ရသည်။
"ဟုတ်တယ် အဲဒီဘွားတော်ကြီးမရှိရင် ငါတို့ဒီစံအိမ်မှာ လုပ်ချင်သလို လုပ်လိုရပြီးလေး "
သခင်မကြီးက နင်ကိုအရမ်းချစ်တာလေး နင်လုပ်ရက်ရဲ့လား"
"အဟွန် သူငါကိုချစ်တော့ရော ငါဘာခံစားခွင့်များရှိလိုလဲ ငါသားကိုရော့ သူကရုစိုက်ပေးလိုလား တစ်ဖက်စောင်းနေတဲ့ အဲဒီဘွားတော်ကြီးကို သတ်ပစ်ဖို့ပဲကောင်းတာ"
"အဲဒါတော့ အမှန်ပဲ ငါတို့ အစီစဉ်ဆွဲပြီး အပြတ်ရှင်းတာပေါ့ ဘယ်နေ့စမှာလဲ"
"မလောပါနဲ့ ငါတို့ဘာမှလုပ်စရာမလိုဘူး အချိန်တန်ရင်ဖြစ်လာလိမ့်မယ်"
"သခင်မဏိ မယ်တော်ကြီးကို ဆေးတိုက်ဖို့အချိန်ရောက်ပါပြီးပဲ"
အခိုင်းစေမလေး တစ်ဉီးရဲ စကားကြောင့် ပန်းမဏိ ယူနေကြဆေးဘူးလေးကိုယူပြီး ဒေါ်နန်းမာနဆီသို့သွားသည်။ ပုလဲကတော့ တစ်စုံတစ်ခုကို ရိပ်မိပြီး သဘောကျစွာ ရယ်မောသည်။
်@@@@
"မမခင် လရိပ်ကို ဉီးဉီးသခင်လေး အကြောင်းပြောပြပါလား"
"လရိပ်က သိချင်တာလား"
"ဟုတ်ကဲ့ "
"သခင်လေးဆိုး က အရမ်းဆိုးတာ သခင်မစံက သူ့အမေလေး သခင်ကြီးကမိန်းမ သုံးယောက်ယူထားတာ "
"ဟမ် သုံးယောက်ကြီးတောင်"
"အံ့ဪသွားတာလား အဲဒါတွေမကဘူး သခင်ကြီးက အပြင်မှာလည်း ပွေတယ် ဒါပေမဲ့ သခင်မစံကို အချစ်ဆုံးပဲ သခင်မစံ ကိုသခင်ကြီး သိမ်းပိုက်ပြီး သခင်လေးနတ်ဆိုးမွေးခဲ့တာ
မွေးမွေးချင် မယ်တော်ကြီး သခင်မစံနဲ့ ခွဲထားတာ"
"ဘာလိုလဲ မမခင်"
"မယ်တော်ကြီးက သခင်မစံကို အရမ်းမုန်းလို့ပေါ့ သခင်မစံကလည်း သူ့သားကို နည်းအမျိုးမျိုးနဲ့ သွားတွေ့တယ် သခင်လေး အသက်၅နှစ်ပြည့်တော့ မယ်တော်ကြီးက ဘယ်ကနေဘယ်လိုသိသွားလဲမသိဘူး လုံးဝကိုမပေးတွေ့တော့တာ သခင်လေးဆိုးက ၆နှစ်အရွယ် လူတစ်ယောက်ရဲ့ ခေါင်းကို သေနတ်နဲ့ပစ်တာတဲ့"
"အမယ်လေး ကြောက်စရာကြီးပါလား"
"ဒါတင်မကသေးဘူး သခင်လေးက အရမ်းရက်စက်တာ သွေးအေးအေးနဲ့ လူသတ်ရတာဝါသနာပါတယ်"
"ဘုရားရေ ရဲတွေမဖမ်းဘူးလားဟင်"
"ဲရဲတွေနဲ့ ဉပဒေက သူတို့လက်အောက်မလေး မမခင်တို့က ဒီစံအိမ်ကဘယ်တော့မှထွက်လို့မရတောဘူး ဒီစံအိမ်က မရဏဆိုတဲ့အတိုင်း အသွားပဲရှိတယ် အပြန်မရှိကြတော့ဘူး "
"လရိပ် လည်း မိဘတွေနဲ့ တှေ့ခှငျ့မရှိတော့ဘူးလားဟငျ"
"အရမ်းလည်း မလန့်သွားပါနဲ့ လရိပ်က သူတို့ရဲ့လျို့ဝှက်ချက်တွေကို သိတာမှမဟုတ်တာ ဒါကြောင့် ပြန်ထွက်လို့ရတယ် မမခင်ကတော့ ဒီအိမ်မှာနေလာတာ ၁၀နှစ်ရှိပြီးလေး ဒါကြောင့် သူတို့က ထွက်ခွင့်ပေးမှမဟုတ်တော့ဘူး "
"စိတ်မကောင်းလိုက်တာ မမခင် ရယ်"
"လရိပ်ရယ် မမထိုက်နဲ့မမကံပါပဲ ငွေမက်တော့လည်း အခုလို ချုပ်နှောင်းခြင်းခံရတာပေါ့ လရိပ်လည်း သခင်လေးဆိုး လာရင် ကောက်းကောင်းဆက်ဆံနော် "
"လရိပ် သူ့ကိုကြောက်တယ် "
"လရိပ်ကလည်း မကြောက်ပါနဲ့ သခင်လေးဆိုး မမခင်တို့ကို နိမ့်ချပြီးနဆက်ဆံပါဘူး ဒီအိမ်မှာ ကြောက်စရာအကောင်းဆုံးက သခင်မတွေနဲ့ သခင်မိုးဒေဝါနဲ့ သခင်လေးမင်းဒေဝါပါပဲ သခင်လေးဆိုးက ဒီစံအိမ်ကို တစ်နှစ်နေမှတစ်ခါပဲလာတာ"
"တော်သေးတာပေါ့ "
."အခုတောင်ကြည့်လေး စံအိမ်ကို မလာတာ၁လရှိပွီး"
မမခင်ပြောမှ သတိထားမိသည်။ဉီးဉီးသခင်လေး မလာတာတစ်လတောင်ကျော်ပြီးလေး။ဘာပဲဖြစ်ဖြစ် ဉီးဉီးသခင်လေးကို လရိပ် ကြောက်ပါသည်။ဒါကြောင့်လည်း သူ့လာရင် ရှောင်နေတော့မယ်လို့ ဆုံးဖြတ်လိုက်၏။
@@@@@
အေးစက်တဲ့ အင်ယားကွန်းအခန်းထဲ ကွန်ပျူတာတစ်ခုနဲ့ ဘယ်လက်နက်ကောင်းလဲလို ဆိုး ကြည့်နေသည်။
"သခင်လေး !!!!"
."အလောတကြီးနဲ့ ဘာဖြစ်လာတာလဲ "
"သခင်မိုးဒေဝါနဲ့ သခင်မင်းဒေဝါ ကျွန်တော်အလုပ်ကို လိုက်ဖျက်စီးနေတယ်"
"ဘာကွာ ဟုတ်တယ် သခင်လေး ဒီနေ့အကြွေးရစရာရှိတဲ့ ဉီးကျောက်စိမ်းဆီသွားတော့ သခင်မိုးဒေဝါနဲ့...."
စကားမဆုံးခင် ကျွတ်သပ်မိတာကြောင့် ပြောနေတဲ့ ဝဏ သခင်လေးကို လန့်မိသည်။မထင်ရင်မထင်သလို့ အပြစ်ပေးတတ်တာကြောင့်လည်း အနေအထိုင်ဆင်ခြင်ရပါသည်။
သခင်လို ထဲမခေါ်နဲ့ မိုးဒေဝါနဲ့ မင်းဒေဝါလိုပြော "
.ဟုတ်ကဲ့ သခင်လေး မိုးဒေဝါနဲ့မင်းဒေဝါ ကျွန်တော်ရစရာရှိတဲ့ပိုက်ဆံတွေကို ယူသွားတယ်"
"တောက် ဒီနှစ်ကောင် တရားလွန်လာပြီး ကားအဆင့်သင်ပြင်ထား မရဏစံအိမ်ကိုသွားမယ် ခွေးနှစ်ကောင်အဲဒီမှာရှိလောက်တယ်"
"ဟုတ်ကဲ့ပါ သခင်လေး"
ဆိုး တကယ်လည်း မရဏစံအိမ်ကိုသွားချင်သည်။ မသွားပဲနေနိုင်အောင် စိတ်ထိန်းနေတာပါ။ လရိပ် ဆိုသည့်အတိုင်းအေးချမ်းတဲ့ သူမ မျက်နှာလေးကို မြင်ချင်လှပါပြီး ။သူနဲ့အတူနေဖို့ မေမေကိုခေါ်ပေမဲ့ မေမေက ငြင်းတာကြောင့် စိတ်စိုးကာ မရဏစံအိမ်ကိုမသွားဘဲနေခဲ့တာပါ။အမှန်တကယ်လည်း သူစံအိမ်ကို လုံးဝမသွားချင်ပါ။ တစ်နှစ်နေမှာ တစ်ခေါက်သွားဖို့အကြောင်းက မေမေရှိလို့ပါပဲ။
@@@@@@@
"လရိပ် နှင်းဆီပန်းသေချာခူးနော် အရိုးတံရှည်ရှည်လေး"
"ဟုတ်ကဲ့ လရိပ် သေချာခူးပေးပါမယ် ဒေါ်ကြီး"
"အေးကွယ် အပွင့်၁၀၀ခူးခိုင်းတာဆိုတော့ နည်းနည်းပင်ပန်းမယ်"
"အဟီး လရိပ်ကတော့ ပျော်တယ် အခုလို နှင်းဆီခင်းနီနီလေးထဲမှာ ပန်းခူးရတာ ဘယ်လောက်ပျော်ဖို့ကောင်းလဲ"
"လရိပ် ပျော်ရင်လည်း ပြီးတာပဲ အေးဆေးခူးနော်"
"ဟုတ်ကဲ့ "
လရိပ် တစ်ယောက်ထဲ ကပ်ကြီးလေးကိုင် နှင်းဆီပန်းကို ခူးနေ၏။ စံအိမ်ကအကျယ်ကြီးဖြစ်တာကြောင့် နှင်းဆီးခင်းလည်းရှိပါသည်။ တစ်ခြားပန်းခင်းတွေလည်းရှိသည်။
"ဟေ့ "
"အေမ့!!!"
."လန့်သွားလား"
."ဉီးဉီးသခင်လေး"
"ဗျာ ...တစ်ယောက်ထဲပန်းခူးနေတာလား"
"ဟုတ်ကဲ့ ဟို လရိပ် သွားတော့မယ် "
"နေပါအုံး ပန်းခူးတာပြီးပြီးမို့လို့"
"ဟုတ်ကဲ့..လရိပ် သွားတော့မယ်"
"ကိုယ်ကို ပန်းပေး babyကို ဆူးကုန်မယ်"
"ရှင်!!."
ဘာဖြစ်နေတာလဲ baby လန့်ပဲလန့်နေတာ"
"ဘာမှမဖြစ်ပါဘူး ဉီးဉီးသခင်လေး လရိပ်ကို babyလိုမခေါ်ပါနဲ့ လရိပ် ကလေးမဟုတ်တော့ပါဘူး "
"အဟက် ကိုယ်အတွက်ကတော့ မင်းကလေးပဲ ဟိုမှာ..မြွေ"
"အေမ့"
ဆိုး မြက်လျော့မြွေကို တွေ့တာကြောင့် လှမ်းသတိပေးသော်လည်း မြွေဆိုရင် အသေကြောက်သော လရိပ်က ပန်းတွေကိုပစ်ချပြီး ဆိုး အပေါ်ခုန်တက်သည်။ဆိုးကလည်း ကလေးတစ်ယောက်လို လရိပ်ကို ပွေ့ချီထားလျက်ပါ။မြွေကိုလည်း ဓားမြှောင် ချက်ကောင်းကို ထိအောင်ပစ်သတ်လိုက်သည်။
ဆက်ရန်
စာရေးသူ သွေးမိန့်