အချစ်ပန်းတွေဝေခဲ့သည်
မွေးနေ့ပွဲက လူများစွာနဲ့ စည်ကားလျက်ပါ။ လရိပ် က ခြေထောက်လမ်းလျောက်မရလို အခန်းထဲမှာ အေးဆေးနေခိုင်းပေမဲ့ မနေနိုင်ပါ။ကိုယ်နဲ့ဘဝတူတွေက ပျာယာခတ်စွာ လုပ်နေတဲ့ အချိန်မှာ ကိုယ်ကဇိမ်နဲ့နေနေရတာကို စိတ်ထဲတစ်မျိုးကြီးဖြစ်တာကြောင့် ဂျမ်းပုံအကူအညီနဲ့ ပန်းကန်ဆေးရမယ်မဲ့နေရာမှာ ထိုင်ပြီး ပန်ကန်ဆေးနေ၏။
"ဒီမှာ ငါနင်ကို ဘယ်နှစ်ခါပြောရမလဲ ငါမွေးနေ့ပွဲကို နင်ပါဝင်ဆင်နွှဲစရာမလိုဘူး မိစံဆုမွန် နင်အဆင့်ကဒီနေရာမှာ ပန်ကန်ဆေးဖို့လောက်ပဲ ရော့ ပန်ကန်းဆေးနေ နင်သား မမြင်အောင်လည်း နင်နေရမယ် ဟိုကောင်မလေး သူ့ဝိုင်းကူလိမ့်မယ်"
ဒေါ်နန်းမာန အသံမာကျောစွာပြောပြီး ထွက်သွားသည်။ လရိပ် မှာ မျက်နှာကို လက်အုပ်ပြီး ငိုနေတဲ့ အဒေါ်ကြီးကြောင့် ဘာလုပ်ရမှန်းမသိပါ။ အဒေါ်ကြီး ရဲ့ အဆင်အယင်ကိုကြည့်ပြီး နိမ့်ချမယ်သူမဟုတ်တာတော့ လရိပ်ခန့်မှန်းမိပါသည်။ အဒေါ်ကြီးရဲ့ လည်ပင်းကဆွဲထားတဲ့ ကျောက်စိမ်းကိုကြည့်ခြင်းဖြစ် ဒီစံအိမ်ရဲ့ သခင်မ တစ်ယောက်ဖြစ်မယ်လို့ ထင်မိသည်။
ဒေါ်ဒေါ် မငိုပါနဲ့ ပြီးတော့ လရိပ်ကို ဝိုင်းကူစရာမလိုပါဘူး အဲဒီထိုင်ခုံမှာ ထိုင်နေပါ စားပွဲမှာ ရေသန့်ဘူးရှိတယ် ရေငဲ့ပြီးသောက်လိုက်ပါနော် လရိပ်ကိုယ်တိုင် ငဲ့ပြီးတိုက်ချင်ပေမဲ့ လရိပ် ခြေထောက်မကောင်းလို့ပါ"
"ရပါတယ်ကွယ် ဒေါ်ဒေါ်ဘာသာ သောက်လိုက်ပါမယ် အင့်ဟင် ဒေါ်ဒေါ် ဘဝက ကံဆိုးလွန်ပါတယ် သားဖြစ်သူနဲ့လည်း အတူတူနေခွင့်မရတဲ့ ဘဝ အင့်ဟင့် လူရာမဝင်ဘဲ အမြဲတမ်းချောင်ထဲထိုးခံနေရတဲ့ ဘဝပဲ"
"ဒေါ်ဒေါ်ရယ်အဲဒီလိုမတွေးပါနဲ့ တစ်လောကလုံးက ကိုယ်ကိုမလိုအပ်ရင်တောင် ကိုယ်ဘက်မှာ ကိုယ်ရှိနေရမှာပေါ့ ဒေါ်ဒေါ်ဘာမှအားမငယ်ပါနဲ့ မသိမ်ငယ်ပါနဲ့ လောကမှကိုယ်ထက်ဆိုးတဲ့လူတွေလည်းရှိပါသေးတယ် ကိုယ်ဘဝကို ကိုယ်ပျော်ရွှင်အောင်နေပါ"
"သမီးပြောတာ မှန်တယ် ဒေါ်ဒေါ် ကိုယ်ကို ပျော်အောင်နေရမယ် ဒေါ်ဒေါ်သားအတွက် ဒေါ်ဒေါ် အကောင်းဆုံးဖြစ်အောင် ရှင်သန်ရမယ်"
"ဒါပေါ့ ဒေါ်ဒေါ်က အရမ်းချောတယ်နော်"
ဒေါ်စံဆုမွန် ငိုနေတဲ့ကြားက ကောင်မလေး စကားကြောင့်ပြုံးမိသည်။ဘယ်သူမှဆို ကိုယ်ကိုချောတယ်ပြောရင် ကျေနပ်ကြတယ်မဟုတ်လား။
"သမီးလည်း ချစ်စရာလေးပါကွယ် ဒါနဲ့ အသက်ဘယ်လောက်လဲ "
"အသက်က၁၇နှစ်ပါ ဒေါ်ဒေါ်"
"ငယ်သေးတာပဲ ဘာကြောင့် ဒီလိုဆိုးဝါးတဲ့ စံအိမ်မှာ အလုပ်လာလုပ်ရတာလဲ"
"ရှင် ဆိုးဝါးတဲ့စံအိမ် ဒေါ်ဒေါ် ဘာကိုဆိုလိုတာလဲဟမ်"
"ဪ နင်ကဒီမှာကို ့"
လရိပ်နဲ့ ဒေါ်စံဆုမွန် စကားကောင်းနေတုန်း ရုတ်တရက် ချောမောလှပဲ အန်တီတစ်ယောက် ရောက်လာကာ ဒေါ်ဒေါ်ကို ဒေါသတကြီးပြောသည်။
"မမပုလဲ စံ ဘာလုပ်ပေးရမလဲဟင်"
"ဘာလုပ်ပေးရမယ် ဟုတ်လား နင်ဒီစံအိမ်က ထွက်သွားရင် အကောင်းဆုံး ပေါ့ အိမ်ဖော်မ နင်သားမျိုးမစစ်ကလေး ငါသား ရဲ့ မျက်နှာကိုထိုးပစ်တာ ငါလုံးဝမကျေနပ်ဘူး အဲဒါကြောင့် နင်ကို အပြစ်လာပေး ဖြန်း ဖြန်း"
ဒေါ်ဒေါ် ပါးကိုရိုက်လိုက်တာက အားပြင်းတဲ့ပုံပါ လရိပ်မှာ ဘာလုပ်ရမှန်းမသိအောင်ဖြစ်မိရသည်။ ဒေါ်ဒေါ်ကလည်း ထို့မိန်းမကို ကြောက်ရွံနေပုံပါ။
"မမပုလဲ..စံ သား အစား တောင်ပန်းပါတယ် "
"တောင်ပန်းလိုရမလား နင်သားကလေး မယ်တော်ကြီး အားကိုးနဲ့ဂျိုကြွနေတာ မယ်တော်ကြီး ကလည်း အိမ်ဖော်မ သားကို အရေးပေးနေသေးတယ် ဒီမှာ စံဆုမွန် နင်ငါလင်ကို ခိုးတာမဝလို ငါသားပိုင်ဆိုင်ရမယ် ငရဲမင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာကို လုဖို့မစဉ်းစားနဲ့နော် ငါအသက်နဲ့လှဲပြီး ကာကွယ်မှာ "
"မမပုလဲ ရယ် စံ တကယ်တောင်ပန်းပါတယ် အင့်ဟင့် "
"နင်လည်း အမြဲ အငိုမင်းသမီးပဲ အေး မျက်ရည်တွေကျပြီး သနားဖို့ကောင်းအောင်လုပ်ပြမနေနဲ့ အိမ်ဖော်မရဲ့ ကျက်သရေတုံးတဲ့ နင်သားကို နင်ကြည့်ထိန်းပါ နောက်မှာ ငါအဆိုမဆိုးနဲ့! !!
"ထိန်းပါမယ် မမပုလဲ"
ဒေါ်မြပုလဲ က ထိုင်နေတဲ့ စံဆုမွန်ကို ခြေထောက်နဲ့ကန်ပစ်သည်။လရိပ် လည်း ဒေါ်ဒေါ်ကို ကန်လို့ လှဲကျတာကို ခြေထောက်နာနေရက်နဲ့ ပြေးထူမိရသည်။
"အန်တီရယ် လူအချင်းချင်း ဒီလောက်အထိ လုပ်ဖို့မကောင်းပါဘူး "
"နေစမ်းပါအုံး ညည်းနဲ့ ဘာဆိုင်လို့ ဝင်ပြောနေတာလဲ အစေခံမ ကိုယ်နေရာကိုယ်နေ "
လရိပ်မှာ ဆက်ပြောချင်သော်လည်းမိသားစုရယ် မျက်နှာကိုမြင်ယောင်ပြီး စကားလုံးတွေကို မြိုသိပ်လိုရပါသည်။ လရိပ် ဒီစံအိမ်ကနေထွက်ရင် လစာ၁၀ဆ လျော်ရမှာမဟုတ်လား ဒါကြောင့် စိတ်ကိုအတက်နိုင်ဆုံးလျော့ပြီး ဒေါ်ဒေါ်ကို ဖက်ထားမိပါသည်။ဒေါ်ဒေါ်ကလည်း အရမ်းကြောက်ကာ လရိပ်ကိုဖက်ထားသည်။
"ဟွန့် အစေခံမကို အစေခံမ ကူညီတာ မဆန်းပါဘူး နင်သားလည်း နင်လိုအစေခံမမိန်းကလေးနဲ့ ရရင်ကောင်းမယ် ဒါဆိုရင် အစေခံမျိုးရိုးကနေနဲ့ ဘယ်တော့မှ လူရာဝင်မှာမဟုတ်တော့ဘူး ကျပ်ကျပ်သတိထားနေ ဟိုအစေခံမရော့ သတိထားနေ"
ကြိမ်မောင်းပြီးထွက်သွားတဲ့ အန်တီရဲ့ မျက်နှာက ကြောက်စရာကောင်းလာပါသည်။ လရိပ် ရင်ခွင်ထဲက ဒေါ်ဒေါ်ကိုလည်း နှစ်သိမ့်သလို့ ကျောကလေး ပွတ်ပေးမိသည်။ ခြေထောက်ကလည်း ပိုနာလှသည်။ အစောနာကတော့ ဒေါ်ဒေါ်ကို စိုးရိမ်းစိတ်တစ်ခုဖြစ် ထလာတာကြောင့် နာမှန်းမသိတော့ပါ။
@@@@@
"မယ်တော်ကြီး သားမေမေကို ဘယ်မှာထားလဲ"
"ဘာတွေလာမေးနေတာလဲ မြေးရဲ့ မင်းအမေက သူ့စံအိမ်မှာရှိမှာပေါ့ "
"မရှိဘူး မယ်တော်ကြီး မေမေကို ဘယ်မှာထားလဲ"
"မြေးရဲ့ ဟိုမှာ လုပ်ငန်းရှင်တွေလာနေပြီး သွားဧည်ခံအုံး မိစံဆုမွန် ကတော့လေး ဘယ်တွေအလေသွားလိုက်နေလဲမသိဘူး မယ်တော်ကြီး လည်း လိုက်ဧည်ခံလိုက်အုံးမယ် ရတနာ ငါကိုလာတွဲ"
ဒေါ်နန်းမာန ရှောင်ထွက်သွားလျှင် ဆိုးမှာ လုပ်ငန်းရှင်တွေကို ဧည်ခံဖို့ သွားလိုက်ရသည်။မွေးနေ့ပွဲကိတ်ခွဲပြီးလျှင် ဒေါ်နန်းမာနက ကျေးဇူးစကားနဲ့အတူ ဆိုးကို သူ့သဘောတူတဲ့လမိန်းကလေးနဲ့ စေ့စပ်ပေးဖို့ကြောငြာသည်။
ကဲ့ ကြွရောက်လာတဲ့ ဧည်သည့်တောျမြားနဲ့ သူငယ်ချင်းဆွေမျိုးများရှင် ကျွန်မရဲ့ မွေးနေ့ကို လာရောက်ဂုဏ်ပြုပေးလို့ကျေးဇူးတင်ပါတယ်ရှင် ကျွန်မရဲ့မွေးနေ့ပွဲလေးမှာ ထူးထူးခြားခြားအနေဖြစ် ကျွန်မရဲ့မြေးတစ်ဉီးရဲ့ စေ့စပ်ပွဲကိုပါ ကြေညာပေးမှာဖြစ်ပါတယ်"
ကြွရောက်လာ လူအားလုံးက အံ့ဪကြသည်။ မိုးဒေဝါ၊မင်းဒေဝါနဲ့ ဆိုးတို့က လည်း တစ်ယောက်နဲ့ တစ်ယောက် ကြည့်ကာ မေးကြသည်။
"ဟေ့ကောင် မင်းစေ့စပ်မှာလား"
"ငါကို မယ်တော်ကြီး ဘာမှမပြောဘူး ဆိုး မင်းလား"
"မင်းတို့နှစ်ယောက်မဟုတ်တာသေခြာရငျ ငါပဲဖြစ်မှာပေါ့ "
"ဘယ်သူနဲ့ လဲ"
"ဒါတော့ ငါလည်း ဘာမှမသိဘူး မယ်တော်ကြီးပြောတာနားထောင်ပေါ့"
ဆိုး ကမျက်ခုံးပင့်ပြပြီး ပြောလျှင် မိုးဒေဝါနဲ့ မင်းဒေဝါ မယ်တော်ကြီး စကားပြောတာကို အာရုံစိုက်ပြီး နားထောင်ကြသည်။
ကျွန်မရဲ့ မြေး နတ်ဆိုးနဲ့ သမီးလေး မြသီရိတို့ စေ့စပ်မှာပါရှင်
"ဟမ် ဟာ "
လူအများက ဒေါ်နန်းမာနရဲ့ စကားကိုကြားပြီလျှင်ပို၍ အံ့ဪကြသည်။ မိုးဒေဝါနဲ့ မင်းဒေဝါတို့ကတော့ ဒေါသတွေထွက်သွားရသည်။ ဂိုဏ်းလောကမှ မြင့်မိုရ်ဂိုဏ်းကလည်း အာဏာအရှိဆုံးဂိုဏ်းပါ။ တကယ်လို့သာ နတ်ဆိုးနဲ့ မြပန်း ယူဖြစ်ရင် ငရဲမင်းဂိုဏ်းချုပ်နေရာကို နတ်ဆိုးက ယှဉ်ပြိုင်မှုမရှိဘဲ ရရှိမှာဖြစ်၏။
"ဒါဆိုရင်တော့ နတ်ဆိုးတော့ တကယ် အာဏာအဆုံးရှိလူရဲ့ သမက်ဖြစ်ပြီးပဲ "
"ဟုတ်တယ် ြမပန်းကို ရရင်တော့ ဂိုဏ်းလောကရဲ့ အရှင်သခင်ဖြစ်ပြီးပဲ"
"အမှန်ပဲ မိုးဒေဝါနဲ့ မင်းဒေဝါကတော့ စိတ်တွေတိုနေလောက်ပြီး ပွဲကတော့ ကြည့်ကောင်းပြီး"
ကိုယ်အချင်းချင်း တီးတိုးစွာ ပြောဆိုနေကြသည်။နတ်ဆိုးကတော့ ဘာကိုမှကရုမစိုက်တဲ့ ဒီဇိုင်းဖြစ် နေသည်။
."မြေးလေးနဲ့ မြေးမလေး စင်ပေါ်ကို ကြွခဲ့ပေးပါအုံး"
အနောက်တိုင်း ဝတ်စုံနဲ့ ခန့်ညားတဲ့ နတ်ဆိုးက မတ်တပ်ရပ်ပြီး မြပန်းကို သွားခေါ်သည်။ လက်ခုပ်သံတွေကလည်း ဆူညံသွား၏။
မြင်သူငေးရတဲ့ မြပန်းကလည်း ဒေါင်းမလေးသဖွယ်လှပနေသည်။ မော်ဒယ်ဝတ်တဲ့ ဂါဝန်အနီရောင်လေးနဲ့ သူမက လိုက်ဖက်လွန်ပါသည်။ အနောက်ကဝင်းဝါနေတဲ့ ကျောပြင်လှလှလေးက ယောကျာ်းသားတွေရဲ့ နှလုံးသားကိုအခုန်မြန်စေသည်။ချွန်မြသော ဒေါက်ဖိနပ်နီနီလေးနဲ့ သူမနဲ့ လိုက်ဖက်ပါသည်။
ဆိုး မြပန်းရဲ့ ခါးကိုဖက်ပြီး စင်မြင့်ပေါ်သို့တင်ခဲ့သည်။ နှစ်ယောက်လုံးက အပြစ်ပြောစရာမရှိအောင်ချောမောနေတာကြောင့် လိုက်ဖက်တဲ့အတွဲလို့ လူတိုင်းက အသိအမှတ်ပြုကြသည်။
ဆက်ရန်ဗျာ
စာရေးသူ သွေးမိန့်