book

Index 3

အပိုင်း(၃)

  • Author : Thwe Mate
  • Genres : Romance, Comedy, Drama, Fantasy

"အချစ်ပန်းတွေဝေခဲ့သည်"


"ခြံထဲက ကောင်လေးတွေမအားဘူး အလုပ်ရှုပ်နေတယ် နင်ပဲခူးပေး"


"ဟုတ် မမလေး"


"ငါအမြင့်ဆုံးကပန်းကိုပဲလိုချင်တာနော် နိမ့်နိမ့်လေးက ပန်းကို မလိုချင်ဘူး"


လရိပ် မှာ ခေါင်းလေးငြိမ့်ပြရုံကလွဲပြီး ဘာမှပြန်မပြောတော့ပါ။ တစ်ပင်ထဲ ပွင့်တဲ့ ပန်းတောင် တန်ဖိုးချင်းကွာတယ်လို့ ထင်နေတယ်လူတွေရှိတာကို လရိပ် အံ့ဪမိရသည်။


လရိပ် မှာ မမှီသဖြင့် ခုံပေါ်တက်ပြီး တံချူနဲ့ခူးသည်။ သို့သော်ပန်းက အရမ်းဝေးနေတာကြောင့်မမှီပါ။လရိပ် တံချူတံကို ကိုင်ထားရလို့ လက်တွေလည်းညောင်းလှပါပြီး ။ ထိုအချိန် ကလေးတစ်ယောက်က ပြေးလွှာ ဆော့ကစားရင် လရိပ် မတ်တပ်ရပ်နေတဲ့ ထိုင်ခုံကို ဟုန်း ခနဲ့ဆိုရင် ဝင်တိုက်ပစ်သည်။ လရိပ်လည်း ရုတ်တရက်ဆိုတော့ ဘာလုပ်ရမှန်းမသိဘဲ တံချူတံ ကိုလွှတ်ချပစ်သည်။ မြေပေါ်ပြုတ်ကျပြီး အသိနဲ့ မျက်လုံးကို မှိတ်ထားသည်။


"ဝုန်း "


"အားနာလိုက်တာ "


"ဟဲ့ နင်ရရဲ့လား"


"မရဘူး အရမ်းနာတယ် မထနိုင်တော့ဘူး ခြေထောက်ခေါက်သွားပြီးထင်တယ်"


်"မင်းမြတ် နင်က တကယ်မျောက်ပဲ ဟိုမှာ ပန်းခူးနေတာ မမြင်ဘူးလား တောက်"


"အီးးဟီးး မေမေရေ သားကို ဆူနေတယ် အီးးဟီးး"


မင်းမြတ်ရဲ့ အော်ငိုသံကြောင့် မင်းမြတ် အမေ အသဲအတန်ပြေးလာပြီး သူ့ သားကိုချီက မမလေးကိုရန်တွေ့သည်။


"ဒီမှာ မြတ်ဖူးငုံ နင်ငါသားကို ဘာလို့အော်ရတာလဲ"


"ဒီမှာ မတွေ့ဘူးလား မမကြီးသား မြောကျလို့ ဆော့လို ဒဏ်ရာရသွားပြီး"


"နင်ရတာမှမဟုတ်တာ အစေခံမ ရတာပဲ ဘာကိုကြားထဲကနာနေတာလဲ ဧကန်နာ နင်အမျိုးထင်လို့လား"


"မဆိုင်တာမပြောနဲ့ ကိုယ်ကလေးကို ကိုယ်ဆုံးမထားအုံး မိမနိုင်ဖမနိုင်ဖြစ်နေမယ်"


"ဘာ အေးနင်သာ မိမနိုင်ဖမနိုင် မိမဆုံးမ ဖမဆုံးမ "


"မြတ်တို့ကတော့ မိလည်းဆုံးမတဲ့ ဖလည်းဆုံးမတဲ့ မမကြီးတို့လို့မဟုတ်ဘူး"


လရိပ်မှာ နာတာတစ်မျိုး ရန်ဖြစ်နေတဲ သူတို့နှစ်ဉီးကြောင့် စိတ်ပါညစ်ရသည်။ ထကြည့်တော့လည်း လုံးဝထလို့မရပါ ။ထိုအချိန် လူတစ်ဉီးက လရိပ်ကို အနောက်ကနေပွေ့ချီလိုက်တာကြောင့် လန့်သွားရသည်။ 


"အေမ့"


"မင်းမထနိုင်ဘူးမဟုတ်လား ကျုပ်ခေါ်သွားပေးမယ်"


"ဆိုး သူလိုအစေခံမ ကို နင်ချီပွေ့စရာမလိုပါဘူး ခြံထဲက ကောငျလေးတှကေို ပွေ့ခိုင်းလို့ရတယ်"


"အဲဒါ ငါအရေး နင်အရေးမဟုတ်ဘူး မြတ်ဖူးငုံ နင်ဒီလောက်ပန်းလိုချင်ရင် ငါတပည့်တွေခူးပေးလိမ့်မယ် တစ်ပင်ထဲမှာအတူတူပွင့်တဲ့ပန်းတောင် အမြင့်ဆုံးက ပန်းက ပိုမွှေးတယ်ထင်မနေနဲ့ ပြီးတော့ ဒါက စံအိမ်နော် ငါးစိမ်းတန် မဟုတ်ဘူးနော် မယ်တော်ကြီးရဲ့ မွေးနေ့မှာ အေးဆေးနေကြ"ဆိုကာ ဆိုး ခြေလှမ်းကျယ်လမ်းကာ မီးဖိုဆောင်သို့လာခဲ့သည်။


လရိပ်ကတော့ အပျိုစင်လေးပြီးပြီး ယောကျာ်းတစ်ယောက်ရဲ့ ရင်ခွင်ထဲရောက်နေတာကြောင့် ရှက်သွေးဖြာရသည်။မျက်နှာတွေလည်းပူမိရသည်။ကျယ်ပြန့်တဲ့ သူရင်အုပ်ကလည်း မာလိုက်တာလိုတွေးမိရသည်။


မီးဖိုဆောင်သို့ ဆိုး ဝင်လာလျှင် အစေခံမိန်းကလေးတွေအားလုံး အရိုအသေပြုကြသည်။ဆိုး ရင်ခွင်ထဲက လရိပ်ကိုလည်း အံ့ဪစွာ ကြည့်နေကြသည်။


"သခင်လေး ဘာအလိုရှိလိုပါလဲ ရှင့်"


"ဘာအလိုမှမရှိဘူး ဒေါ်သရီဖီ"


"ရှင့် သခင်လေး "


"သူကို ဆရာဝန်ခေါ်ပြီး ခြေထောက်ဘာဖြစ်လဲကြည့်ခိုင်းပါ ပြီးတော့  ဘာအလုပ်မှမလုပ်စေနဲ့"


"ဟုတ်ကဲ့ပါ သခင်လေး"


လရိပ်ကို ထိုင်ခုံတစ်ခုမှာတင်ပေးပြီး မီးဖိုချောင်ကနေ ဆိုး ထွက်ဖို့ပြင်တဲ့အချိန် ချိုသာတဲ့ အသံကလေးက ထွက်လာသည်။


"ဉီးဉီးသခင်လေး"


ဆိုး ခေါ်သံကြောင့်လှည့်ကြည့် လျှင် လရိပ်က ခေါင်းငုတ်၍ မျက်လွှာချကာ 


"ကျေးဇူးတင်ပါတယ်ရှင်"


"အဟက် အဲဒီကျေးဇူးအကြွေးကို နောက်ကျရင်လာပြန်ယူမယ်"


"ဟုတ်ကဲ့ပါ"


"Ok မင်းနာမည် ဘယ်လိုခေါ်လဲ"


"လရိပ် ပါ"


"လရိပ်..အဟက် ဆန်ကျင့်ဘက်ပဲ


"ရှင်!!"


ဪ မင်းနာမည်က လရိပ် ကျုပ်နာမည်ကနတ်ဆိုးဆိုတော့ မင်းနဲ့ကျုပ်က ဆန့်ကျင်ဘက်ပဲလို လရိပ်ဆိုတာက အေးမြချင်ကိုဆောင်တယ် နတ်ဆိုးကတော့ ပူလောင်မှုကိုသယ်ယူတယ် အဲဒါကို တွေးမိလို့ပါ ကိုယ်ခြေထောက်ကို ကိုယ်ကရုစိုက်ပါ"


ဆိုး စကားပြောပြီးသည့်နှင် ခြေလှမ်းကျယ်ကြီးဖြစ် မီးဖိုဆောင်ကနေထွက်ခဲ့သည်။ လရိပ်ကို သူခြံထဲဝင်ထဲက သတိထားမိတာပါ။ ခြံထဲအပြင်အဆင်တွေကို မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ငေးကြည့်နေပုံက ဖြူစင်လှသည်။ သူ့ငေးနေတုန်း မြတ်ဖူးငုံ ရောက်လာကာ ကံကော်ပန်းခူးခိုင်းတာတွေ့သည်။ အမြင့်ဆုံးက ပန်းကို ခူးခိုင်းနေတာလည်း သူ့တွေ့သည်။မင်းမြတ် ခုံကို ဝင်တိုက်တော့ သူ့ပြေးဖမ်းဖိုလုပ်သေးသည်။ဒါပေမဲ့ မယ်တော်ကြီးက သူကို့ ဝရံတာကနေ လှမ်းကြည့်နေကြောင့် မပြေးဖမ်းမိတော့ပါ။ 


လရိပ်ကို မြင်တဲ့အချိန်မှာ သူရဲ့ဘယ်ဘက်ရင်အုံကနွေးလာပြီး အခုန်မြန်နေတာကို သတိထားမိသည်။သူမလေးရဲ့ ဉီးဉီးသခင်လို့ ခေါ်လိုက်တဲ့အသံလေးကလည်း သူ့နှလုံးခုန်နှုန်းကို ပိုအခုန်မြန်စေခဲ့သည်ကို သူကိုယ်သူအသိဆုံးပါ။


@@@@


"သခင်မ စံ ဆေးသောက်ရအောင်"


"ငါ ဒီဆေးတွေမသောက်ချင်တော့ဘူး ဒီနေ့ သခင်မကြီး မွေးနေ့ဆို ငါကို ဘာလို ဒီအဆောင်ကနေမထွက်ခိုင်းရတာလဲ"


"သခင်မစံက ကျန်းမာရေးမကောင်းလို့ပါ အပြင်မှာ လေစိမ်းတွေတိုက်နေတယ်လေး"


"ငါ ကရုမစိုက်ဘူး ငါဒီည ခြံထဲဆင်းမယ်"


"သခင်မစံ မယ်တော်ကြီးက ဒီအဆောင်ကနေ ဘယ်မှပြေးမသွားရဘူးလို့ အမိန့်ရှိပါတယ်"


"ငါဘဝက တစ်သက်လုံး ဒီလိုပဲနေရမှာလား"


"ဒီလိုမနေချင်ရင် သားနဲ့လိုက်ခဲ့ပါ မေမေ"


"သား ေမေမသား ေမေမဆီလာတယ်နော် "


ဒေါ်စံဆုမွန် သားကိုပြေးသည်။ သားဖြစ်သူကလည်း မိခင်ဖြစ်သူကို ပြန်လှည်ပွေ့ဖက်ထားသည်။ အစေခံမလေးကိုလည်း သားဖြစ်သူက ထွက်သွားဖို့ မျက်ရိပ်ပြတာကြောင့် ထွက်သွားသည်။


မေမေ ဝမ်းသာလိုက်တာ ဒီညမေမေနဲ့အတူဒီအဆောင်မှာ အိပ်ရမယ်နော်"


"ဟုတ်ကဲ့ပါ မေမေ နေကောင်းရဲ့လား ပိန်တောင်ပိန်သွားတယ် သားမှာထားတဲ့လေ ထမင်းများများစားပြီး ကျန်းမာရေးကောင်းအောင်နေလို့"


"မေမေ နေကောင်းပါတယ် ထမင်းက သိပ်မစားချင်ဘူး မေမေ တစ်ယောက်ထဲ စားရတာ အထီးကျန်ဆန်ပါတယ်"


မိခင်ဖြစ်သူရဲ့ စကားကြောင့် ဆိုး တသိယောက် စိတ်မကောင်းဖြစ်သွားရ၏။ မိခင်ဖြစ်သူနဲ့ မွေးကတည်းက ခွဲနေရပေမဲ့ အချစ်ကတော့ ပိုတိုးလျက်ပါ။ မိခင်ဖြစ်သူကို မယ်တော်ကြီးက သီးသန့်နေခိုင်းတာကြောင့် အထီးကျန်ဆန်တာပေါ့။


"မေမေ နောက်ဘယ်တော့မှ အထီးမကျန်စေရဘူး သားရဲ့ စံအိမ်ကို ခေါ်သွားမယ် သားနဲ့အတူနေရမယ်နော်"


"သခင်မကြီးက မေမေကိုလွှတ်ပေးပါမလား ပြီးတော့ ဉီးမင်း ကရော့ သဘောတူပါမလား မေမေ ကြောက်တယ်"


"မေမေအခုကစပြီး ဘာကိုမှမကြောက်နဲ့နော် သားရှိတယ်"


"ဟုတ်ပါပြီး မေမေ သားကထွားလာလိုက်တာ အရပ်ကလည်းအရှည်ကြီးပဲ ခန့်ချောကြီးဖြစ်လာတယ်"


"မေမေသားပဲ မေမေလိုချောမှာပေါ့ ထမင့းစားပြီးပြီးလား"


"စားပြီးပြီး ဆိုရင် ဆေးသောက်ရမယ် သားတိုက်မယ်"


ဆိုး ဆေးကိုဖောကျပွီး မိခင်ဖြစ်သူကို တိုက်သည်။ ဒေါ်စံဆုမွန်ကတော့ ပြုံးပျော်နေလျက်ပါ။ဆိုး ကလည်း မိခင်ဖြစ်သူအနားမှာ ကလေးငယ်သဖွယ်လိုနေထိုင်သည်။


@@@@


"တောက် ဒီကလေး ငါဆီအရင်မလာပဲ သူ့အမေဆီအရင်သွား ငါကို စော်ကားတာပဲ အခုချက်ချင်း ငါဆီလာဖို့ သွားပြော"


"ဟုတ်ကဲ့ပါ သခင်မကြီး"


ဒေါ်နန်းမာန ဟာအသက်ကြီးပေမဲ့ အခုချိန်ထိ မာနကြီးတုန်းပါ။ သားကြီးဖြစ်သူ မင်းရက်စက် မိန်းမ သုံးယောက်ယူတာတောင် ချစ်လွန်လို့ ဘာမှမပြောခဲ့ပါ။ ဒါပေမဲ့ နတ်ဆိုးရဲ့ အမေကိုတော့ သူမ အမုန်းဆုံးပါ။ အိမ်ဖော်မဖြစ်ပြီး သူ့သားကိုအပိုင်ကြံတဲ့ဆိုတဲ့စိတ်ဖြင့် အခုအချိန်အထိမုန်းတီးတုန်းပါ။ မြေးတွေအထဲမှာတော့ သား မင်းရက်စက်နဲ့ရုပ်အလွန်တူသော နတ်ဆိုးကို သူမ အချစ်ပိုခဲ့သည်။


အချစ်ပိုခဲ့လို့လည်း သားမင်းရက်စက်လို့ ဂိုဏ်းချုပ်တစ်ဉီးဖြစ်အောင်ပံ့ပိုးနေ၏။စံဆုမွန်နဲ့ လည်း ငယ်ငယ်ကတည်းက အတူမနေရအောင် ရက်ရက်စက်စက်ခွဲထားသည်။ ဒါတောင် မြေးဖြစ်သူ နတ်ဆိုးကတော့ သူ့အမေဆီသို့ အဆူခံအရိုက်ခံပြီးသွားသည်။ ဒေါ်နန်းမာန ရဲ့အတွေးတွေ မဆုံးခင်


"သခင်မကြီး သခင်လေး ရောက်လာပါပြီး"


"ဝင်ခဲ့ခိုင်းလိုက်"


"မယိတော်ကြီး ကျန်းမရဲ့လား"


"လူကတော့ ကျန်းမာတယ် စိတ်ကတော့မကျန်းမာဘူး ပြောစမ်းပါအုံး မယ်တော်ကြီး ဆီဘာလိုအရင်မလာရတာလဲ"


"မေမေနဲ့သွားတွေ့နေလို့ပါ "


"ဘာ!! မင်းကို ငါဘာပြောထားလဲ မရဏစံအိမ်ရောက်ရင် ငါကို အရင်လာတွေ့ရမယ်လို့ပြီးတော့ ဟိုအစေခံမကို ဘာလို ပွေ့ခေါ်သွားရတာလဲ"


"မေမေကို အရင်သွားတွေ့ရတာက အရမ်းလွမ်းလို့ပါ။ ဟိုကောင်မလေးကို ပွေ့ခေါ်သွားရတာက ကူညီတာပါ မယ်တော်ကြီး အရမ်း မနာလိုမှုတွေများပါလား ပြီးတော့ မယ်တော်ကြီးက အသက်အရမ်းကြီးနေပါပြီး ကိုယ်ကျန်းမာရေးပဲ ကိုယ်ကရုစိုက်ပါ မြေး ကအရွယ်ပြီးဖြစ်တဲ့ လူတစ်ယောက်ပါ ဟို ကလေးဘဝထဲကလို မယ်တော်ကြီး ဘောင်ခတ်ပြီးဆေးခြယ်မှာလှမဲ့ ပန်းချီးကားတစ်ချပ်မဟုတ်တော့ပါဘူး ဒါကြောင့် မွေးကို ချုပ်ချယ်ဖို့မကြိုးစားပါနဲ့ မယ်တော်ကြီး မွေးနေ့မှပျော်ရွှင်ပါစေ မြေး လုပ်စရာရှိသေးလို့သွားခွင့်ပြုပါအုံး "


ဆိုး အခန်းအပြင်သို့ ထွက်လျှင် 


"နတ်ဆိုး မင်းလုပ်ရက်တွေက ငါအပေါ်အရမ်းရိုင်းလွန်တယ် "


"ဘာကို ကြည့်ပြီးပြောတာလဲ မယ်တော်ကြီး မွေးရိုငျးတဲ့စကားလုံးတစျခုမှမပါပါဘူး မြေးက မြေးကိုလွတ်လပ်ခွင့်ပေးဖို့ တောင်းတာပါ။


"ငါ ချုပ်ချယ်မှုက မင်းကောင်းစားဖို့ပဲ မင်းအဖေလို့ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်စေချင်လို့ပဲ မင်းငါစေတနာတွေကို နားမလည်ဘူးပဲ"


"စေတနာတွေ မယ်တော်ကြီး စေတနာတွေက မြေးအတွက်ခါးလွန်တဲ့ စေတနာလိုခံယူထားပြီး လူတစ်ယောက်ရဲ့ ဘဝ မယ်တော်ကြီးက ချုပ်နှောင်းတာပဲ မွေးခါစ ကလေးဟာ မိခင်တစ်ယောက်ရဲ့ ရင်ခွင်မှာပဲ ကြီးပြင်းလာသင့်ပါတယ် ဘွားအေတစ်ယောက်ရင်ခွင်မှာ ကြီးပြင်းရအောင် မိခင်ဖြစ်သူက သေသှားတာမှမဟုတျတာ ပြီးတော့ မြေးအဓိကပြောစရာစကားရှိတယ် အဲဒါက သားရဲ့စံအိမ်ကို မေမေကိုခေါ်သွားဖို့ပဲ"


"ဘာ ငါလုံးဝလက်မခံနိုင်ဘူး ခွင့်မပြုနိုင်ဘူး "


"ဘာကြောင့်လဲ မယ်တော်ကြီး လူတစ်ယောက်ရဲ့လွတ်လပ်ခွင့်တွေပိတ်လှောင်ထားတာ မနေပျေနိုငျသေးဘူးလား အပြစ်မရှိတဲ့ မြေးရဲ့မေမေကို တစ်သက်လုံး ဒီမရဏ စံအိမ်မှာအထီးကျန်စွာ အကျဉ်းချထားမလို့လား မယ်တော်ကြီးရဲ့အမုန်းတွေက ကြီးလွန်ပါတယ် မြေး ကတော့ မေမေကိုရအောင်ခေါ်သွားမယ်လို့ ဆုံးဖြတ်ထားတဲ့ မယ်တော်ကြီး တားနိုင်ရင်တားပါ "


ဆိုး မယ်တော်ကြီးကို စိန်ခေါ်ပြီး အခန်းအပြင်သို့ထွက်ခဲ့သည်။ဒေါ်နန်းမာနကတော့ ဒေါသမီးတွေတောက်လောင်စွာကျန်ခဲ့သည်။


နောက်နေ့ ဆက်ရန်


စာရေးသူ သွေးမိန့်


rate now: