book

Index 2

အပိုင်း (၂)

  • Author : Thwe Mate
  • Genres : Romance, Comedy, Drama, Fantasy

အချစ်ပန်းတွေဝေခဲ့သည်



ပူစူးမ နဲ့စကားပြောပြီး အိမ်ကိုပြန်လာတဲ့ လမ်းတစ်လျောက်မှာ နားထဲမှာ ပိုက်ဆံ ၅သိန်းကိုပဲကြားယောင်နေသည်။ သို့သော် အလိမ်အညာဖြစ်မှာလည်း စိုးရိမ်မိသည်။ အိမ်ထဲမဝင်ခဲ့ကြားလိုက်ရတဲ့ စကားက အမောမပြေဘဲ ပူလောင်၏။


"မမကြီး.. အီးးဟီးး ဖေဖေ ကို ပိုးထိသွားလို့ လုပ်ပါအုံး"


"ဟမ် ဘယ်လိုဖြစ်တာလဲ ဆေးရုံးပို့ဖို့အမြန်လုပ်လေး မေမေရော့"


မေမေက ဖေဖေကို စာအုပ်ထဲက အရေးပေါ်ပြုစုနည်းအတိုင်းပြုစုနေတယ်"


လရိပ် အိပ်ခန်းထဲကို အလျှင်အမြန် ပြေးဝင်သွားသည်။ မေမေက ဖေဖေကို လျှင်မြန်ဖျတ်လပ်စွာ ရှေးဉီးသူနာပြုအတိုင်းပြုစုထားသည်။ မြွေကိုက်ခံထားရတဲ့ ခြေထောကျတစျဖကျကို မလှုပ်ရှားမိအောင် ဝါးခြမ်းတွေနဲ့ စည်းထားပေးသည်။


မေမေ ဆေးရုံပို့ဖို လုပ်တော့လေး"


"သမီးရယ် ဆေးရုံးပို့ဖို့ ပိုက်ဆံမရှိဘူးလေး"


"အဲဒါနဲ့ပဲ ဖေဖေကိုဆုံးရှုံးခံရမှာလား မေမေ "


"သမီးသိတဲ့အတိုင်းပဲ မတုတ်ကလည်း ပိုက်ဆံချေးမှာမှမဟုတ်တာ သူအကြွေးတွေတောင်မကျေသေးဘူး"


မိခင်ဖြစ်သူ အားငယ်စိတ်ဖြစ်ပြောနေတာကို ကြည့်ပြီး လရိပ် သနားမိရသည်။မိဘတွေပြီးရင် ဒီမိသားစုမှာ လရိပ်က တာဝန်အရှိဆုံးလေ။


."မေမကေလညျး အမြန်ဆုံးဆေးရုံပို့ဖို့လုပ်ပါ ပိုက်ဆံအတွက်မပူနဲ့ သမီးရှိတယ် သမီး မဖြစ်ဖြစ်တဲ့နည်းနဲ့ရှာပေးမယ်"


""အေးကွယ် မေမေမှာလည်း သမီးကိုပဲအားကိုးနေရတာ"


"ရွာထဲကလူတွေခေါ်ပြီး ဆေးရုံပို့ပါ မေမေ"


ဒေါ်ချိုသွေး အလောတကြီး ပြင်ဆင်ရသည်။ ယောကျာ်းဖြစ်သူကို စိုးရိမ်လွန်လို့မျက်ရည်ပါကျရသည်။ လရိပ်ကတော့ ပူစူးမ အိမ်သို့ အပြေးလေးသွားရသည်။ လမ်းမှာလည်း ဖေဖေ ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းရင် ဘုရားစာရွတ်နေမိသည်။


@@@@@@


"ခွမ်း"


ပန်းအိုး ကွဲကျတဲ့အသံက မတော်တဆထိခိုက်လို့ ပြုတ်ကျသံမဟုတ်ဘဲ တစ်စုံတစ်ဉီးက ဒေါသထွက်ပြီး ရိုက်ခွဲလိုက်တာပါ။


"ဒယ်ဒီ သားတို့မှားပါတယ်"


"ဟုတ်တယ် မင်းတို့နှစ်ယောက်$ သုံးမကျတာ တောက် ရာဇဝင်ရိုင်းလိုက်လေခြင်း ပြောစမ်းပါအုံး မိန်းကလေး အယောက်၅၀ကို မကာကွယ်နိုင်ပဲ သူများလက်ထဲပါသွားရတဲ့ဆိုတော့ မင်းတို့ရဲ့ အရည်အချင်းက ညံလှချည်းလား "


"သားတို့ တာဝန်ပေါ့ဆမိပါတယ် ဒယ်ဒီ"


"တောက် မင်းတို့အပြစ်မင်းတို့သိရင် အပြစ်ကိုခံယူကြပါ ဒီလိုအရည်အချင်းနဲ့ ငါနေရာကို ရယူဖို့ အိပ်မက်တောင်မမက်နဲ့ သွား မင်းတို့ပြစ်ဒဏ်မင်းတို့ခံယူကြ!!!"


ဉီးမင်းရက်စက် ဆိုသည့်အတိုင်း ရက်စက်သည့်နေရာမှာ ဘုရင်တစ်ဆူပါ။ ဘယ်လောက်ရက်စက်လဲဆိုရင် ကိုယ်သွေးသားရင်းကိုတောင် မညာမတာ အပြစ်ပေးတတ်သူပါ။ အခုလည်း မိုးဒေဝါနဲ့ မင်းဒေဝါ တို့နှစ်ယောက် အလွန်ပူလောင်တဲ့ မီးသွေးခဲတွေပေါ် လမ်းဖြတ်လျှောက်ရပါသည်။ဒါအပြင် မိုးဒေဝါတို့နှစ်ယောက်ကို ချွန်မြတဲ့ ဆူးတုတ်နဲ့အချက်၁၀၀ရိုက်ခိုင်း၏။ 

ဉီးမင်းရက်စက်က စိတ်မထင်ရင်မထင်သလို အနီးအနားက လူတွေကိုပါ ခေါင်းဖြတ်သတ်ပစ်တတ်ပါ၏။

တရားဉပဒေက သူ့လက်ထဲမှာပဲရှိပါသည်။ လူကုန်ကူး၊မူးယစ်ဆေးဝါး၊လက်နက်နဲ့ အခြားတရားမဝင်တဲ့ လုပ်ငန်းတွေကိုပါလုပ်ကိုင်၏။


@@@@


ဆိုး တစ်ယောက် ငရဲမင်း စံအိမ်ကိုလာခဲ့သည်။ ငရဲမင်းဂိုဏ်းကို အစှဲပွုပွီး ငရဲမင်း စံအိမ်လိုပေးထားခြင်းဖြစ်ပါသည်။ကားအမဲရောင်ရပ်လိုက်သည်နှင့် နောက်လိုက်၇ယောက်က အနောက်တိုင်းဝတ်ဆုံတွေနဲ့ ဆိုး ကို တံခါးလာဖွင်းပေးသည်။ အာလုံးက ဉီးညွတ်ကြသည် ဆိုး ကလည်း အမဲရောင်မျက်မှန်ကိုတပ်ပြီး နောက်လိုက်တွေကို အမိန့်ပေးသည်။


"မင်းတို့တွေအပြင်မှာပဲ စောင့်နေကြ "


"ဖြစ်ပါမလား သခင်လေးကို လုပ်ကြံမယ်သူတွေက ဝိုင်းနေတာလေ"


"ဒါက ငါအဖေ ဖြစ်သူရဲ့အိမ်ပဲ ငါကိုလုပ်ကြံရင်တော့ ဒီလူက ရူးလို့ပဲနေမယ်"


@@


"ဒယ်ဒီ ဒေါသတွေထွက်လှချည်း ဘာအကြောင်းကြောင့်ပါလဲ"


"မင်းအကြောင်းအရာ မဟုတ်ဘူး နတ်ဆိုး ငါစံအိမ်ကို ဘာလာလုပ်တာလဲ"


"အဟက် ဖခင်တစ်ယောက်က သူအိမ်လာတဲ့ သားကို အခုလိုကြိုဆိုမယ်မထင်ဘူး"


"လျာမရှည်နဲ့ ပြီးတော့ စံအိမ်ကို လာရင် မင်းရဲ့နောက်လိုက်ခွေးတွေကို ချန်ခဲ့ပါလား"


"အဟက် ဒယ်ဒီတောင် နောက်လိုက်ခွေးတွေမပါဘဲ ခြံပြင်ထွက်ကြည့်ပါလား ဒါဆိုရင် ဘာလို့ ကျုပ်နောက်လိုက်ခွေးတွေခေါ်လာလည်းဆိုတာ သိရအောင်ပေါ့ ဪဒါနဲ့ ဒယ်ဒီရဲ့အရောင်းအဝယ် ရှုံးသွားတယ်လို့ကြားတယ် ဘာလိုဖြစ်တာတုန်း ငရဲမင်းဂိုဏ်းက ဂိုဏ်းလောကမှ ဘုရင်တစ်ဆူပါ အခုလို မဖြစ်သင့်ဘူးထင်တယ်"


"နတ်ဆိုး ငါအရောင်းအဝယ်ရှုံးတာ သိလို လာခနဲ့နေတာလား"


"ဟားး ဟားး မဟုတ်ရပါဘူး မရဏစံအိမ်မှာ မယ်တော်ကြီးက သူ့မွေးနေ့ကျင်းပ မှာမိုလို့ဒယ်ဒီကို လာပြောခိုင်းလို့လာပြောတာ "


"မယ်တော်ကြီးတောင်အသက်၈၀ပြည့်ပြီးပဲ ဒါနဲ့ မင်းလုပ်ကြံခံရတဲ့ဆို"


"အမှန်ပဲ ဒါပေမဲ့ နတ်ဆိုး အကြောင်းသိတယ်မဟုတ်လား နတ်ဆိုးခွင့်မပြုဘဲနဲ့ နတ်ဆိုးအသားကို ခြင်တောင် လာမကိုက်ရဲဘူး" 


"မင်းကိုလုပ်ကြံတယ် သူကိုသိရပြီးလား"


"အဟက် သိနေသလိုပဲ ဒါကဒက်ဒီအတွက်အရေးမပါတဲ့အကြောင်းအရာပဲ ဒယ်ဒီ ဂိုဏ်းချုပ်နေရာကို ဘယ်သူကိုပေးဖို့ စီစဉ်ထားလဲ"


"ဒါကတော့ မင်းသုံးယောက်အပေါ်မှာ မူတည်တာပဲ ငါလိုအရည်းအချင်းရော့ အရည်အသွေးရော့ရှိရင် ဂိုဏ်းချုပ်နေရာကို မည်သူမဆို ဆက်ခံနိုင်တာပဲ"


"ဒယ်ဒီရဲ့ အဲဒီလိုစိတ်ဓာတ်ကို ကျုပ်ကြိုက်တယ် 

ဒါနဲ့ အခုဖြစ်သွားတဲ့ အရောင်းအဝယ်ကိုတာဝန်ယူတဲ့ မိုးဒေဝါနဲ့မင်းဒေဝါကတော့ ငရဲမင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာကိုတော့ ရသင့်တယ်မထင်ဘူး"


"ဘာကွ နတ်ဆိုး မင်းကအမှားတစ်ခုကိုမြင်ပြီး အမှန်၁၀ခုကို ချန်ထားတဲ့သူပဲ ငါတို့ အောင်မြင်ခဲ့တဲ့ လုပ်ငန်းတွေကအများကြီးပဲ အဲဒါကို မင်းသိသင့်တယ် အိမ်ဖော်မသားရဲ့"


"မိုးဒေဝါ!!!!ငါအမေက အိမ်ဖော်မ ဆိုပေမဲ့ မင်းအမေလို့ ပြည့်တန်ဆာမ မဟုတ်တော့ ပိုဂုဏ်ရှိတယ်"


နတ်ဆိုးရဲ့ စကားက မိုးဒေဝါ ရင်ထဲကို မီးစနဲ့ထိုးသလိုဖြစ်သွားသည်။ စကားဖြောင့်ကြားရခက်သာဆိုတာ ဒါမျိုးကိုဖြစ်မယ်ထင်၏။


မိုဒေးဝါ နတ်ဆိုးကို လှမ်ထိုးသည်။ နတ်ဆိုးက အေးအေးဆေးပဲ ကိုယ်တစ်ဖက်လှည့်ပြီး ရှောင်တိမ်းကာ မိုးဒေဝါရဲ့ လက်ကို လက်ချိုးသည်။ မိုးဒေဝါကလည်း ဂိုဏ်းသမားပီပီ ပြန်တိုက်ခိုက်သည်။

သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲကို ဉီးမင်းရက်စက် နဲ့ မင်းဒေဝါက ငြိမ်ကြည့်နေကြသည်။


နတ်ဆိုးက အိမ်ဖော်မနဲ့ဉီးမင်းရက်စက်တို့ရဲ့ကလေးဖြစ်သလို့ မိုးဒေဝါကတော့ ဉီးမင်းရက်စက်နဲ့ ဒေါ်မြပုလဲနဲ့မွေးတာပါ။ မင်းဒေဝါကတော့ ဉီးမင်းရက်စက်နဲ့ ဒေါ်ပန်းမဏိကမွေးတဲ့သားပါ။


ဉီးမင်းရက်စက်က မိန်းမသုံးယောက်ယူထားသူပါ။


နတ်ဆိုးနဲ့ မိုးဒေဝါရဲ့ တိုက်ပွဲကပြင်းထန်လှသည်။ သူ့ပြန်ကိုယ်တစ်ပြန်တိုက်ခိုက်နေတုန်း ဉီးမင်းရက်စက်က သေနတ်တစ်ချက်ဖောက်ပြီး ရပ်ခိုင်းသည်။


"ဖောက်"


"တော်ကြာတော့ အချင်းမများကြနဲ့ နတ်ဆိုး မင်းလည်းပြန်တော့ မိုးဒေဝါ လည်းတော်တော့ မင်းတို့တွေက ငါသားတွေပဲ  မင်းရဲ့အမေတွေအကုန်လုံးက ငါမိန်းမတွေပဲ မစော်ကားကြနဲ့ တောက် အရောင်းအဝယ်မအောင်မြင်လို့ စိတ်ညစ်နေပါတဲ့ဆို မင်းတို့နှစ်ယောက်ကတမောက် "


ဉီးမင်းရက်စက်  ဒေါသတကြီးပြောလျှင် နတ်ဆိုးက အဝတ်အစားကိုသပ်ရပ်အုံးလုပ်ပြီး မိုးဒေဝါကို သတိထားဆိုတဲ့ ပုံစံလုပ်ပြ၏။ မိုးဒေဝါကလည်း နတ်ဆိုးအတိုင်း ပြန်လုပ်ပြသည်။


@@@@@


"လရိပ် ဒီစားပွဲ ဒီနားရွေ့ "


"ဟုတ်ကဲ့ မမခင်လေး"


လရိပ် ခမျှာ မရဏစံအိမ်ရောက်ကတည်းက အကျဉ်းချခံထားရသလို့ အိမ်ထဲကနေ  ခြံပြင်ထွက်ဖို့နေနေသာသာ မီးဖိုချောင်းကနေဘယ်မှမသွားရပါ။ ပူစူးမရဲ့ ကျေးဇူးကြောင့် ဖေဖေလည်း အသက်ဘေးမှကင်းလွှတ်ရသလို့ လရိပ် လည်း မရဏ စံအိမ်မှာ အလုပ်ရနေပါသည်။


လရိပ် သေချာပြင်ဆင်နော် မယ်တော်ကြီးရဲ့ မွေးနေ့က အရမ်းအရေးကြီးတယ် ဧည်သည်တွေရာနဲ့ချီလာမှာ ဟင်းအမျိုးစုံချက်ပြီးလိုတော့်သေးတယ် မြအေး အသီးခွဲတာရပြီးလား "


"အသီးကအရမ်းများတော့ တစ်ယောက်ထဲနဲ့မပြီးဘူးဖြစ်နေတဲ့ "


"ဟုတ်တာပေါ့ ပန်းသီးကပဲ အလုံး၂၀၀ သစ်တော်သီးက အလုံး၂၀၀ဆိုတော့ ဘယ်နိုင်မလဲ ခက်တာက လူအင်အားမရှိတာပဲ  ဟိုမိန်းကလေး ၅ယောက်က ခြံထဲ ကိုအေးတို့အဖွဲ့နဲ့ ပြင်ဆင်နေရတာ ကလေးထိန်းတွေကလည်း ငါတို့ကို ကူဖို့စိတ်ကူးမရှိဘူးလားမသိဘူး"


"မရှိဘူး မခင်လေးရေ သူတို့က သခင်မတွေရဲ့ အားကိုးနဲ့ စားဖိုဆောင်ကလူတွေကို အနိုင်ကျင့်နေတာ  စံအိမ်မှာ မိန်းကလေး အလုပ်သမား ၂၀ရှိပါတယျ  ကလေးထိန်း ၈ယောက်က ဝိုင်းမကူတော့ ငါတို့စားဖိုဆောင်ကလူတွေမောရတာပေါ့ ဒီအကြောင်း ဒေါ်သရဖီကို တင်ပြရမယ်"


"မြအေးရယ် စိတ်လျော့ပါ ဒေါ်သရီဖီ ကို ခေါင်းရှုပ်အောင်သွားမလုပ်ပါနဲ့ ကလေးထိန်းတွေလည်း သက်သာတယ်ထင်မနေနဲ့  သူ့တို့လည်း ကလေးတွေရဲ့ တွေ့သမျှပစ်စီးနဲ့ပေါက်လို့ခေါင်းကွဲရ၊ အကိုက်ခံရနဲ့ လွယ်တာမဟုတ်ပါဘူး ဟူးး ငါတို့ဘဝတွေက ဒီလိုပါပဲ "


မမခင်နဲ့ မမမြအေး စကားတွေကြောင့် လရိပ် မှာ အိမ်ကိုသာ ပြန်ပြေးချင်စိတ်ပေါက်ရသည်။ ဒါပေမဲ့လည်း မဖြစ်နိုင်ပါဘူး ၆လစာ ကြိုတင်ထုတ်ပေးထားတာကို့ ပြီးတော့ စာချုပ်စာတမ်းနဲ့ လုပ်ထားတာလေ ၆လမပြည့်ဘဲ ပြန်ပြေးရင် ၁၀ဆ လျှော်ရမှာလေး ဪ ဘဝ ဘဝ မပြည့်စုံတဲ့ ဘဝက အဲလို့ပါလား သူ့ဆန်စားမှာတော့ ရဲရတော့မှာပေါ့လို တွေးမိရသည်။


@@@@@@@


"လရိပ် "


ရှင် မမမွန် ဘာဖြစ်လိုလဲ အလောတကြီး"


"ငါ ဗိုက်အရမ်းနာနေတယ်"


"ဟုတ်လား အစားမှားတာလား"


"မဟုတ်ဘူး အိမ်သာတက်ချင်တာ ဟာ နင်ငါရဲ့ မင်းမြတ် ကို သွားကြည့်ပေးပါလား"


."ဟိုလေး လရိပ်တို့က ခြံထဲဆင်းခွင့်မရှိဘူး""


"လရိပ် ရယ် ခဏလေးပါပဲဟာ ငါမအောင့်နိုင်တော့ဘူး သွားပြီးး"


မွန်မွန် တစ်ယောက် ဖင်ကိုပိတ်ပြီး အိမ်သာထဲသို့ပြေးဝင်၏။ လရိပ်မှာ မင်းမြတ်ဆိုတဲ့ ကလေးရှိရာသို့လာခဲ့သည်။ ခြံထဲကအကျယ်ကြီးဖြစ်တာကြောင့် အံ့ဪငေးမောမိရပြန်သည်။ ခြံထဲမှာ အလှဆင်ထားတာက တကယ်ငေးမဝနိုင်စရာပါ။ အရောင်စုံလင့်လှသော မီးသီးတွေကို ချိတ်ထားပုံက သီတင်းကျွတ်ညကို ကျင်းပမယ်အတိုင်းပါပဲ။


"ဟဲ့ အခိုင်းအစေ ငါကိုဟိုပန်းခူးပေး"


အမိန့် အာဏာနဲ့ လာပြောတဲ့ လူကိုကြည့်လိုက်တော့ ချောချောလှလှ မိန်းကလေးဖြစ်နေသည်။ လရိပ်ထက် အသက်ပိုကြီးမယ်ထင်သည်။


"ဟဲ့ ဘာကြည့်နေတာလဲ ငါကို ဟိုအပေါ်က ကံကော်ပန်းခူးပေးလို့ "


"ဟုတ်ကဲ့ပါ သခင်မလေး "


လရိပ် ခေါင်းလေးငုတ်ကာဖြေမိ၏။ ထိုနောက် ပန်းခူးရန် ခုံကိုယူလိုက်၏။ တံချူဝါးလုံးရှည်ကိုယူပြီး ဝေဆာနေတဲ့ ကံကော်ပန်းကိုခူးဖို့ပြင်လိုက်၏။


"ငါက အမြင့်ဆုံးကပန်းကိုလိုချင်တာနော်"


"အဲဒါတော့ လရိပ်အရပ်နဲ့မမှီဘူး ခြံထဲက အကိုတစ်ယောက်ကို ခေါ်ပြီး ခူးခိုင်းမှဖြစ်မယ်ထင်တယ်လိုပြောမိ၏။


rate now: