book

Index 12

အပိုင်း(၁၂)

  • Author : Thwe Mate
  • Genres : Romance, Comedy, Drama, Fantasy

အချစ်ပန်းတွေဝေခဲ့သည်


နေရောင်ကြောင့် ဆိုး နိုးလာခဲ့သည်။ ချစ်ရသူလေးကို ရင်ခွင်ထဲမှာ ထည့်ပြီး အိပ်ရတာကြောင့်  အကြာကြီး မအိပ်ဖူးတဲ့ ဆိုး တစ်ယောက် ဒီနေ့တော့ အိပ်ခဲ့သည်။ 


"ကြည့်အုံး အိပ်နေတာလေးက ချစ်ဖို့ကို ကောင်းနေတာ  အဟီး babyရေ ဉီးဆိုး မင်းကိုသိပ်ချစ်တယ်"


အိပ်မောကျနေတဲ့ လရိပ်ရဲ့နားနား ကပ်ပြီး ပြောသော်လည်း အိပ်ပုတ်ကြီးတဲ့ သူမလေးကတော့ ကြားမယ်မထင်ပါ။ ဆိုး လည်းအသဲယားလှသဖြင့် လရိပ်၏ ပါးပြင်နှစ်ဖက်ကို နမ်းရှိုက်သည်။ 

ထိုနောက် အလုပ်ရှိသေးတာကြောင့် ရေချိုးခန်းထဲဝင်ပြီး ကိုယ်လက်သန်ရှင်းရေးလုပ်သည်။


@@@@


"ဝါးးး အိပ်လိုကောင်းလိုက်တာ ဟမ် ငါဘယ်လိုလုပ်ပြီး ကုတင်ပေါ်ရောက်နေတာလဲ ဘုရားရေ ဝုန်း..."


လရိပ် တစ်ယောက် အလန့်တကြား ခုတင်ပေါ်ကနေ ခုန်ဆင်း၏။ ဆိုး ကလည်း အသံကြောင့် ရေချိုးခန်းကနေ ထွက်လာသည်။


"ဘာဖြစ်တာလဲ baby"


"ဘာမှမဖြစ်ပါဘူး ဉီးဆိုး ရေချိုးပြီးပြီးလား"


"အင်"


"ဒါဆိုရင် လရိပ် အဝတ်စားထုတ်ပေးမယ် ညက လရိပ်ကို ဉီးဆိုး ဘာမှမလုပ်ပါဘူးနော်"


်"baby မမှတ်မိဘူးလား "


"ဘာကိုလဲ လရိပ်နဲ့ ဉီးဆိုး ဘာမှမဖြစ်ခဲ့ဘူးမဟုတ်လား"


"အေးပေါ့လေး baby က အိပ်မောကျနေတော့ ဘာဖြစ်ခဲ့လဲဆိုတာ ဘယ်သိပါမလဲ"


ဆိုး စကားကြောင့် လရိပ် ခေါင်းကြီးသွား၏။ လရိပ်ညက အဖြစ်အပျက်ကို လုံးဝ မမှတ်မိပါ ။


"ဉီးဆိုး လရိပ် ကို ဘာလုပ်လိုက်တာလဲ အကျင့်ပုတ်ကြီး အခွင့်ရေးသမားကြီး"


"ဘာလုပ်လိုက်လဲဆိုတော့ အဟင်း ပြောပြလို့မရဘူးကွာ ရင်ခုန်သံမြန်လာလို့ ကဲ့ပါ baby ရ အဝတ်စားထုတ်ပေးတော့ အအေးပတ်တော့မယ်"


"အအေးပတ်ပတ် မထုတ်ပေးဘူး လရိပ် မေးတာကိုဖြေ"


"Ok ပါးစပ်နဲ့ ဖြေရတာအာညောင်းတယ် ညကဘာဖြစ်ခဲ့လဲဆိုတာ ပြမယ်ဆို၍ လရိပ် ခုတင်ပေါ်တွန်းလှဲပြီး ဆိုးက အပေါ်ကနေအုပ်မိုးသည်။ ဆိုး ကိုယ်က ရေစက်တွေက လရိပ် မျက်နှာလေးပေါ်ကျသည်။


ဆိုးရဲ့ မျက်နှာက လရိပ် မျက်နှာနား တိုးကပ်သွားလျှင် အလန့်တကြား သူမ ဆိုး၏ ရင်ဘက်ကို လက်ဖြစ်တွန်းထားသည်။

.

"ဉီးဆိုး ဖယ်ပေး"


"ညက ဘာဖြစ်ခဲ့လဲ သိချင်တယ်ဆို"


"အင်ဟင်း မသိချင်တော့ဘူး ဖယ်ပေးပါ လရိပ် ရှုးအရမ်းပေါက်ချင်နေပြီး"


"ဉာဏ်များပြန်ပြီးလား ညကလည်း ဗိုက်နာလို့ဆိုပြီး ရေခြိုးခနျးထဲဝငျသှားတာ ပြန်ကိုထွက်မလာတော့ဘူး ဒီကလူက စိုးရိမ်ပြီး တံခါးကို ပါဖျက်လိုက်ရတယ် baby ကတော့ ရေချိုး ဇလုံမှာ အိပ်ပျော်နေတယ်လေး "


"အဲဒါက လရိပ် ဉီးဆိုးကိုကြောက်လို့ပါ "


"ကြောက်ပြန်ပြီးလား babyနဲ့ တစ်သက်လုံး ပေါင်းရမယ် ယောကျာ်းကို ကြောက်နေရင်တော့မဟုတ်သေးဘူးနော်"


"လရိပ် မကြောက်အောင်နေပါမယ် နော် အခုတော့ အပေါ်ကနေဖယ်ပေးပါ"


"Ok ဒါပေမဲ့ တစ်ခုခုတော့ ပြန်ယူသင့်တယ်မထင်ဘူးလား"


"မယူနဲ့! ! ဉီးဆိုး အအေးပတ်မယ် ဖယ်ပေး ဉီးဆိုး အတွက် အဝတ်စားထုတ်ပေးမယ် အလုပ်ရှိတယ်မဟုတ်လား"


လရိပ် ဆိုးကို တွန်းဖယ်ပြီး အဝတ်စားအမြန်ထုတ်ကာ ဆိုးကို ဖာသည့်သဘောဖြစ်ဝတ်ပေးသည်။ ဆိုးမှာ လရိပ်ရဲ့ ကရုစိုက်မှုကြောင့် ပြုံးပျော်နေသည်။ 


@@@


"baby"


"ရှင်"


"ဉီးဆိုး အလုပ်ရှိလို့ အပြင်သွားမှာ လိုက်မှာလား "


"လိုက်ခဲ့မယ် အိမ်မှာနေရတာ အရမ်းပျင်းတယ်"


"Ok မနက်စားကောင်းရဲ့လား"


"ထမင်းကြော်က နည်းနည်းပေါ့သလားလို့"


"ဒီထမင်းကြော်ကို ကြော်တဲ့လူ လာခဲ့စမ်း!!"


"အေမ့!!"


"baby လန့်သွားတာလား sorry ကွာ ဟိုကောင်လေး မင်းကိုအလုပ်ထုတ်လိုက်ပြီး"


"ဟမ် ဉီးဆိုး ဘာလို အလုပ်ထုတ်တာလဲ "


"သူ့ ထမင်းကြော်က baby စားမကောင်းလို့ "


"အဲဒါနဲ့ ပဲ အလုပ်ထုတ်ရလား နေစမ်းပါအုံး ဉီးဆိုးကရော့ ထမင်းကြော်တတ်လို့လား လုံးဝအလုပ်မထုတ်ရဘူး ဘာလဲ ကလေးမဟုတ်ကလားမဟုတ်နဲ့ထမင်းကြော်က နည်းနည်းလေးပေါ့တာပဲ ဆားထည့်စားရင်ရတယ် သူရဲ့မိဘတွေကို ထောက်ပံ့နေတဲ့ ပိုက်ဆံက ရှာရခက်တယ် ဉီးဆိုးတော့ တကယ်ကို့ ကိုယ်ချင်းစာစိတ်မရှိဘူး ကိုကျော်ကျော်လည်း ကိုယ်အလုပ်ပြန်လုပ်ပါ နောက်ဆိုရင်ထမင်းကြော်ရင် အရင်ကထက် ဆားကိုနည်းနည်းပိုထည့်ပေး"


""ဟုတ်ကဲ့ပါ သခင်မလေး""


ကျြောကျြောက လရိပ်ကို ကျေးဇူးတင်သလို့ကြည့်ပြီး မီးဖိုထဲပြန်ဝင်သွားသည်။ ဉီးဆိုး ကတော့ လရိပ်ကို ထမင်းကြော်မစားဘဲကြည့်နေသည်။ ဒါကို လရိပ် မြင်လျှင် မျက်မှောင်လေးကြုံ့ပြီး


ဘာကြည့်နေတာလဲ စားစရာရှိတာစား နောက်နေ့ကျရင် ဉီးဆိုးကို ထမင်းကြော်ကြော်ခိုင်းမယ် အဲဒါမှာ ထမင်းကြော်ရတာဘယ်လိုလဲဆိုတာသိမှာ ဟွန့် လရိပ် အဝတ်စားသွားလှဲလိုက်အုံးမယ် ဉီးဆိုး အမြန်စားထား ပြီးရင်သွားမယ်"


လရိပ် ခပ်တည်တည်နဲ့ ဆိုး ကို အမိန့်ပေးသွားသည်။ ဆိုး ကတော့ သဘောကျစွာ ကျန်ခဲ့သည်။မီးဖိုချောင်က ကောင်လေးတွေကတော့ သခင်လေးကို နိုင်မဲ့ သူပေါ်လာလို့ပျော်နေသည်။


မကြာခင် ဂါဝန်ပန်းရောင်လေး ဝတ်ကာ လရိပ် ဆင်းလာသည်။ခါးလယ်ထိရဲ့ရှည်တဲ့ ဆံပင်ကို နှစ်ခွာစီးထားသည်။သနပ်ခါးမှုံနေအောင်လူးထားတာကြောင့် လရိပ် မျက်နှာလေးက ချစ်ဖို့ကောင်းနေသည်။


"ဉီးဆိုး ပြီးရင်သွားမယ် စားတာကလည်း ကလေးကျနေတာပဲ ပါးစပ်ကပေလို့ "


"ဟုတ်လား ဉီးဆိုးကို သုတ်ပေး"


လရိပ် မျက်စောင်းထိုးပြီး တစ်ရှုးယူကာ ဆိုးရဲ့ပါးစပ်ကို သုတ်ပေးသည်။ ထိုနောက် ဉီးဆိုးနဲ့အတူ အပြင်ကိုလိုက်ခဲ့သည်။


@@@


baby ဒီမှာတစ်ခုခုစားပြီးစောင့်နေနော် ဉီးဆိုး အလုပ်အကြောင်းပြောလိုက်အုံးမယ်"


"ဟုတ်ကဲ့ "


ဆိုး လရိပ်ကို မှာပြီးသည်နှင့် အခန်းထဲဝင်သွားသည်။ လရိပ်ကို အစောင့်သုံးယောက်နဲ့ထားခဲ့သည်။ သူ့ဒီကိုလာတာ ဂိုဏ်းချုပ်နေရာနဲ့ပတ်သက်ပြီး ပျော်စရာရှိလို့ပါ။


"နတ်ဆိုး ရောက်ပြီးပဲ"


"ဒါနဲ့ ကျုပ် ဂိုဏ်းချုပ်နေရာကို ရနိုင်ဖို့ ဘာလုပ်ရမလဲ"


"မင်းအတွက် အခွင့်အရေးပေးသာပဲ မင်းမှမဖမ်းဆုပ်နိုင်တာ "


"မြပန်းကို လက်မထပ်လို့လား"


"ဟုတ်တယ် မြပန်းကို လက်ထပ်လိုက်ရင် မင်းအခုဆိုရင် ဂိုဏ်းချုပ်နေရာထိုင်နေလောက်ပြီး အခုအိမ်ဖော်.."


ဂြောကျ ကျုပ်မိန်းမကို အိမ်ဖော်ဆိုတာ ထပ်ပြောကြည့် ခင်ဗျား ခေါင်းထဲကျည်ဆံအတောင့်လိုက်ဝင်သွားမယ် "


"အေးပါ နတ်ဆိုးရာ ငါမှားပါတယ် ချမ်းသာပေးပါ"


"ဒီတစ်ခါ ခွင့်လွတ်လိုက်မယ် နောက်ဆိုရင် အသက်ထွက်ဖို့ပြင်ထား ဂိုဏ်းချုပ်နေရာအမြန်ရဖို့ ဘာလုပ်သင့်လဲ"


"မူးယစ်ဆေးဝါးတွေကို မိုးဒေဝါနဲ့ မင်းဒေဝါတို့ထက် ပိုပြီးဖြန့်ဖြူးမှု များအောင်လုပ်ရပါမယ် တစ်ဖက်နိုင်ငံကိုလည်း မိန်းကလေးတွေအယောက်၁၀၀လောက်ပို့နိုင်ရင်တော့ ငွေတွေအများးကြီးရပြီး ဉီးမင်းရက်စက် နေရာဖယ်ပေးရပါလိမ့်မယ်"


ဆိုး ဂိုဏ်းချုပ်နေရာရရေး ပြောဆို ဆွေးနွေးနေတဲ့ လရိပ်ကတော့ အပြင်မှာ အအေးသောက်ကာ နေသည်။


"နင် လရိပ် မဟုတ်လား"


လရိပ် ဆီ စုတ်ပြတ်သပ်နေတဲ့ လူငယ်တစ်ယောက်အနားတိုးလာပြီး စကားပြောလျှင် အစောင့် သုံးယောက်က ထိုလူကို ဖမ်းချုပ်သည်။


"ရပ်လိုက် ဘာမှမလုပ်ကြနဲ့ လရိပ် သူငယ်ချင်း"


လရိပ် အမိန့်ကြောင့် အစောင့်သုံးယောက် ပုံမှန်နေရာမှပြန်နေကြသည်။


"နင်ဘယ်သူလဲဟင်"


"ငါ ကောင်းကောင်း ပါ"


"ကောင်းကောင်း နင်ဘယ်လိုဖြစ်တာလဲ စုတ်ပြတ်သပ်နေရော့"


"နင်ဆီမှာ ပိုက်ဆံပါရင် ချေးပါဟာ ငါအရေးတကြီးလိုနေလို့"


ကောင်းကောင်း ပုံက တစ်ခုခုကို လိုအပ်လို့ တစ်ကိုယ်လုံးကို ကုတ်နေသည်။နှုတ်ခမ်းတွေလည်းဖြူနေ၏။ 


"ငါမှပိုက်ဆံမပါဘူး နင်ကဘာကြောင့် ပိုက်ဆံလိုတာလဲ ချမ်းသာနေတာကို့"


"အိမ်က ငါကိုနှင်ချလိုက်ပြီး "


"နင်က ဘာလုပ်လို့လဲ "


ကောငျးကောငျးက လရိပ် အမေးကိုမဖြေဘဲ အစောင့်သုံးယောက်ကိုကြည့်လျှင် လရိပ်မှာ အစောင့်သုံးယောက်ကို ဝေးဝေးမှာ သွားနေဖို့ပြောလိုက်ရသည်။


"ကဲ့ပြော နင်ဘာလုပ်လို့ အိမ်ပေါ်က နှင်ချတာလဲ အရင်က ခြောမှေ့သနျ့ပွနျတဲ့ နင်က ဘယ်လိုဖြစ်ရတာလဲ စုတ်ပြတ်သပ်နေရော့"


"ငါ ငါ.မူးယစ်ဆေးရဲ့ သားကောင်ဖြစ်နေပြီး"


"ဟမ် နင်မိုက်လှချည်းလာ ကောင်းကောင်းရာ မူးယစ်ဆေးဆိုတာ လူကို အညွန်တုံးစေတဲ့ဟာ"


"ငါလည်း မကောင်းမှန်းသိပေမဲ့ ဖြတ်လို့မရတော့ဘူး အိမ်က မာမီရဲ့ လက်ဝတ်လက်စားတွေကို ခိုးရောင်းလို့ အိမ်ပေါ်ကနေနင်ချလိုက်တာ ငါသွေးက မူးယစ်ဆေးဝါးကို အချိန်တန်မရရင် တအားဝေဒနါ ခံစားရတာ ဒါကြောင့်နင်မှာ ပိုက်ဆံရှိရင် ငါကိုပေးပါ လရိပ်ရာ"


လရိပ် သူငယ်ချင်းအတွက်ယူကျူးမရဖြစ်ရသည်။ အရမ်းလည်း စိတ်မကောင်းဖြစ်ရသည်။ သူငယ်ချင်းရဲ့ အပြုအမှုတွေက တစ်ခြားသူတွေအတွက် အရမ်းကြောက်ဖို့ကောင်းနေသည်။


"နင် မူးယစ်ဆေးကို ဖြတ်လိုက်ပါလားဟာ"


"ငါဖြတ်ချင်တယ် ဒါပေမဲ့.. ဒါပေမဲ့..ငါ ဖြတ်လို့မရဘူး နင်ပိုက်ဆံရှိရင်ပေးပါဟာ တစ်သောင်းလည်းရပါတယ်..လုပ်ပါ သူငယ်ချင်း ငါကို ဒီတစ်ခါတော့ချေးပါ"


"အဟင့် အဟင့် နင်အရမ်းမိုက်တယ်ဟာ ဒီဆိုးဝါးတဲ့အရာကို မှာ သွားပတ်သက်ရတယ်လို့ အီးဟီးး"


"လရိပ်ရာ မငိုပါနဲ့ ငါကို ပိုက်ဆံချေးပေးပါဟာ "


"အင်ဟင်း ငါလုံးဝမပေးနိုင်ဘူး ငါအဆိပ်ပင်ကို ရေမလောင်းနိုင်ဘူး"


ကောင်းကောင်း ယောကျာ်းတန်မဲ့ လရိပ် ရဲ့ ခြေသလုံးကိုဖက်ပြီး တောင်ပန်းသညိ။ နောက်ဆုံး လရိပ်မှာ ဉီးဆိုးရဲ့ ပိုက်ဆံအိတ်ထဲကနေ ပိုက်ဆံ၅သောင်းပေးလိုက်ရသည်။ ကောင်းကောင်းလည်း ပျော်ရွှင်စွာ ယူ၍ လရိပ်ကို ကျေးဇူးတင်စကားပြောကာပြန်သွားသည်။ 

အစောင့်သုံးယောက်က လရိပ်တို့ အဖြစ်အပျက်ကို နားမလည်နိုင်ဖြစ်နေသည်။


@@


ဆိုး စကားပြောပြီး ထွက်လာလျှင်ဘမျက်ရည်ကျနေတဲ့ baby ကိုတွေ့ရတာကြောင့် စိုးရိမ်သွားသည်။


baby ဘာလိုခေါ်တာလဲ ဟိုသုံးကောင် ငါbabyကို ဘာလုပ်လိုက်လဲ"


"သူတို့ ဘာမှမလုပ်ပါဘူး လရိပ် ဘာသာ ပျင်းလို့ ငိုနေတာ ဉီးဆိုးက အကြာကြီး လရိပ်ကို ပစ်ထားတာကို့"


"sorryကွာ နောက်မဖြစ်စေရဘူးနျော မငိုနဲ့ တိတ်တိတ် ကဲ့ ချော့တဲ့အနေနဲ့ babyနဲ့ ရှော့ပင်းထွက်မယ် "


"တကယ်နော် ဒါဆိုရင် သွားကြမယ်"


လရိပ် ကလေးတစ်ယောက်သလို့ပျော်ရွှင်သွားသည်။ ဆိုးရဲ့ လက်တစ်ဖက်ကို ဆွဲပြီး ကားဆီသို့ခေါ်ခဲ့သည်။ကားပေါ်မှာလည်း ဆိုးနဲ့ လရိပ် စကားတွေဖောင်ဖွဲ့နေကြသည်။အစောင့် သုံးယောက်က ကားတစ်စီးနဲ့ အနောက်ကနေလိုက်သည်။


"baby အမုန်းဆုံးအရာက ဘာလဲ"


"အမုန်းဆုံး အရာက မူးယစ်ဆေးဝါးရောင်းတဲ့လူတွေပဲ လောကမှာ အမုန်းဆုံးပဲ လူငယ်တွေရဲ့ ဘဝနဲ့ အနာဂတ်ကို သတ်တဲ့လူတွေပဲ လရိပ်သာ အစွမ်းရှိရင် အဲဒီမူးယစ်ဆေးဝါးရောင်းတဲ့ လူအကုန်လုံးကို လောကမှမရှိအောင် ရှင်းလင်းပစ်ချင်တယ်"


လရိပ် အဖြေကြောင့် ဆိုးမှာ ရင်ကိုထိတ်သွားရသည်။အာခေါင်ကလည်း အလိုလို ခြောက်လာတာကြောင့် ရေငတ်သလို့ဖြစ်လာသည်။


ေနာက်နေ့ဆက်ရန်


စာရေးသူ သွေးမိန့်


rate now: