အချစ်ပန်းတွေဝေခဲ့သည်
ဆိုးနဲ့ လရိပ် လက်ထပ်စာချုပ်မှာ လက်မှတ်ရေးထိုးသည်။ ဆိုးရဲ့ ဖေဖေကတော့ သားဖြစ်သူကို မကျေနပ်သလို့ကြည့်သည်။ ဆိုးရဲ့ မေမေကတော့ အပြုံးတွေနဲ့ပြည့်နေသည်။
"လရိပ် လက်မှတ်ထိုးလေး ဘာလုပ်နေတာလဲ"
"ထိုးမှာပါ လရိပ် လက်တုန်နေလို့"
"စိတ်ငြိမ်ငြိမ်ထားလေး အဲလောက်ထိတောင် ရင်ခုန်ရလား ညတောင်မရောက်သေးဘူး"
"ဉီးဆိုးနော် "
"အဟင်း စိတ်ကိုအေးအေးထား လက်တစ်ဖက်ကို ဉီးဆိုး ကိုင်ထားပေးမယ်"
ဆိုးက သူမရဲ့ ဘယ်လက်လေးကို ကိုင်ထားပေးသည်။လရိပ်က အသက်မပြည့်ပေမဲ့လည်း ဉီးဆိုးက ရှေနေ့ကြီးကို ဘယ်လိုပြောပြီး လက်ထပ်စာချုပ်လုပ်လည်းမသိပါ။
နှစ်ဉီးသဘောတူ လက်မှတ်ပြီးလျှင် လူကြီးတွေက အသိသက်သေအဖြစ် လက်မှတ်ထိုးကြသည်။ ထိုနောက် လရိပ်ရဲ့ ဘယ်ဘက်လက်တစ်ကြွယ်ကို စိန်လက်စွပ်ဝတ်ပေးသည်။ လရိပ် ကလည်း သူရဲ့ ဘယ်ဘက် လရ်တစ်ကြွယ်ကို ပြန်ဝတ်ပေးရသည်။
နှစ်ဖက်မိဘများကို ကန့်တော့ကြသည်။ မေမေနဲ့ ဖေဖေက ဝမ်းသာပီတိမျက်ရည်ကျသည်။ လရိပ်ကို လိမ်လိမ်မာမာနေဖို့ ကိုယ်ယောကျာ်းအပေါ် ကျေးဇူးရှင် တစ်ယောက်လို ဆက်ဆံဖို့ပြောသည်။ မေမေကိုယ်ပေါ်မှာ ဝတ်ထားတဲ့ ရွှေဆွဲကြိုးကြီးကို ကြည့်ပြီး လရိပ် ဉီးဆိုးကို အရမ်းအားနာမိသည်။ လရိပ် မီးဖိုချောင်ထဲမှာ ရေသောက်နေတုန်း မေမေရောက်လာသည်။
"သမီးရယ် မေမေအရမ်းပျော်တာပဲ အခုဆိုရင် ရွာမှာ မေမတေို့ သုံးထပ်တိုက်တောင်ဆောက်နေပြီး သားက ကားတစ်စီးပေးတဲ့ သမီး အဖေကမမောင်းတတ်တော့ မယူပါဘူး ဆိုင်ကယ်ပဲ ဝယ်ခိုင်းတယ်"
"မေမေရယ် ဘာလို ဉီးဆိုး ပေးသမျှယူတုန်း အားနာစရာကြီး"
"မေမေလည်း ငြင်းပါတယ် သားက အတင်းပေးတာ "
"ဟုတ် မေမေတို့ အဆင်ပြေနေတော့ သမီးပျော်ပါတယ် ကျန်းမာရေးကရုစိုက်ကြပါ"
"အေးပါ သမီးရယ် မေမေသမီးအခုလို သူဌေးသားနဲ့လက်ထပ်ရတာ မေမေတို့အတွက် တကယ်ရတနာသိုက်ပဲ လိမ်လိမ်မာမာနေနော် သမီးကြီး"
.""ဟုတ်ကဲ့ပါ မေမေ"
မိဘတွေ ပျော်နေတာတွေ့တော့ လရိပ်လည်း ပျော်မိရသည်။ ဉီးဆိုးကို လက်ထပ်လို့ အခုလို မိဘတွေအဆင်ပြေနေတော့ လရိပ် ဉီးဆိုး အပေါ် ဇနီးကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေထိုင်ပါမယ်လို့ ဆုံးဖြတ်ချက်ချလိုက်သည်။
@@@
"အား ပင်ပန်းလိုက်တာ "
ဉီးဆိုးရဲ့ ငြီးသံကြောင့် လက်ဝတ်လက်စားတွေချွတ်နေရင် လရိပ် လှမ်းပြောသည်။
"လရိပ် နိပ်ပေးရမလား ဉီးဆိုး"
"အင်ဟင်မနိပ်နဲ့ ပင်ပန်းတာတွေပျောက်သွားအောင် အနမ်းပေး"
"ဉီးဆိုးနော် "
"ဟုတ်တယ်လေး လင်းမယားပဲဖြစ်နေပြီးကို့ အနမ်းလေးတော့ပေးသင့်ပါရဲ့ ကပ်စေးနည်းမနေနဲ့ ညကျရင် ဉီးဆိုး ကြမ်းပစ်မှာနော်"
"ဉီးဆိုးကလည်း "
"လည်းမနေနဲ့ ပါးပြင်ကို တစ်ချက်နမ်းရင် ပြီးနေတာကို့ "
လရိပ်မှာ ဆူပုတ်ပုတ်နဲ့ ဉီးဆိုး အနားကိုကပ်လာရသည်။လရိပ်ရဲ့ လက်ကို ဉီးဆိုး ရင်ဘက်မှာထားပြီး ခြေဖွထောက်ကာ ချောမွေ့တဲ့ ဉီးဆိုး ပါးပြင်တစ်ချက်ကို နှုတ်ခေါင်းနဲ့ ထိရုံပဲ နမ်းပြီး ပြေးထွက်ဖို့ပြင်လျှင် အကြံဆိုးနဲ့ ဉီးဆိုးက လရိပ် ခါးကျဉ်းကျဉ်းကို ပွေ့ဖက်ပြီး လရိပ်ရဲ့ နဖူးကို ဖွဖွနမ်းသည်။ ထိုနောက် အနမ်းတွေက ပါးပြင်နှစ်ဖက် ဆီသို့ကျရောက်သည်။ နောက်ဆုံးဉီးတည်ရာ ဖြစ်တဲ့ နှုတ်ခမ်းအိအိလေးကို နမ်းဖို့ပြင်လျှင် ကျားမလေးတစ်ကောင်လို့ ရန်စွာပြီး အတင်းတွန်းထုတ်သည်။
"ဉီးဆိုး အကျင့်ပုတ်ကြီး သိပ်သိပ်အနိုင်ကျင့်တာ"
"ချစ်လို့ပါကွာ ဉီးဆိုးရဲ့အသက်စက်စက်ဇနီးလောင်းကို ချစ်မဝလို့ပါကွာ ကဲ့ရေအတူတူချိုးမယ်"
"ဟမ် ဉီးဆိုး! !
"နာအူးတာပဲ ဘာလို တအားအော်ရတာလဲ babyရာ အပေးအယူလေး မနက်က ဘာပြောလဲ"
"မမှတ်မိတော့ဘူး မေ့သွားပြီး"
"အဟီး ဉီးဆိုးကတော့ မှတ်မိတယ် baby ရူးချင်ယောင်ဆောင်ရင် ပိုဆိုးမယ် ဆိုကာ လရိပ်ကို ပွေ့ချီပြီး ရေချိုးခန်းသို့ခေါ်သွားသည်။ လရိပ် ဉီးဆိုးကို ထုရိုက်ပြီး ပါသွားရသည်။ရေချိုး ဇလုံထဲမှာ နှင်းဆီးပန်းပွင့်တွေ ခြွေပြီး အသဲပုံစံလုပ်ထားပေးသည်။
လရိပ်မှာ ခဏအံ့ဪရသည်။ ဉီးဆိုးက လရိပ်ကို ပွေ့ထားရင် ရေချိုးဇလုံထဲကို ဝင်သည်။
"ဉီးဆိုးတို့ အတူတူရေချိုးကြမယ်နော် လှလား ဉီးဆိုး စီရင်ခိုင်းထားတာ"
"လှတယ် ဖယောင်းတိုင်ကလည်း ထွန်းထားသေးတယ် ဒါပေမဲ့ လရိပ် အတူတူရေမချိုးဘူးနော် ဉီးဆိုးပြီးမှ လရိပ်ဘာသာ ချိုးမယ်"
"babyနော် အပေးအယူလေးကွာ မရဘူးဟေ့ အတူတူချိုးမယ် ဆိုကာ လရိပ်ကို ရေနဲ့ပက်ကာ ဆော့ကစားသည်။ လရိပ်လည်း ပြန်ပက်သည်။ ထိုနောက် လရိပ် ခေါင်းကို ဉီးဆိုး ခေါင်းလျော်ရည် မွှေးမွှေးလေးနဲ့ သေချာလျော်ပေးသည်။
ဆိုး အဝတ်အစားချွတ်လျှင် လရိပ် မျက်လုံးမှိတ်ထားသည်။ဆိုးက လရိပ်အဖြစ်ကို ကြည့်ပြီး ပြုံး၏။
"အဟင်း ရှက်နေတာလား အမြဲပဲရှက်နေတာပဲကွာ တကယ်အသဲယားလာပြီး ကဲ့ ရှက်မနေနဲ့ တော့ ဉီးဆိုးရဲ့ ကျောကိုဂျေးတွန်းပေး ငြင်းရင် အပြစ်ပေးမှာနော်"
လရိပ် အခက်တွေ့ကာ စိတ်ညစ်ရသည်။ ဉီးဆိုး
ခိုင်းတာ မလုပ်ရင်လည်း အပြစ်ပေးခံရမှာကြောင့် မျက်စိဖွင့်ပြီး ဆိုး၏ ကျောပြင် မြန်မြန်ဂျေးတွန်းပေးသည်။
"ဟာ လူလား စက်လား မြန်လိုက်တာ"
"မြန်ရင် မြန်တယ် မှတ် ကဲ့ တွန်းလို့ပြီးပြီး လရိပ် လည်း အဝတ်စားလှဲတော့မယ် အပြင်ထွက်ပေး"
"အဟက် လင်းမယားပဲ ဘာရှက်စရာရှိလဲ အေးဆေးလှဲ ဉီးဆိုး ရေချိုးရက်စောင့်နေမယ်"
"ဉီးဆိုး!!!လရိပ် ငိုမှာနော် အခုတောင်ရှက်လွန်လို့ သေချင်နေတာကို့ မြန်မြန်ချိုးပြီး အပြင်ထွက်! !
"ငိုတော့ မငိုလိုက်ပါနဲ့ babyရာ ဉီးဆိုး အမြန်ချိုးပြီး ထွက်မယ်နော်"
ဆိုး ထွက်သွားမှ လရိပ် အမြန်အဝတ်စားလျော်ပြီး ရေချိုး၍ ရေချိုး သပတ်အင်ကျီဝတ်ပြီးကာ အပြင်ထွက်လာလျှင် လေမှုတ်စက်နဲ့ စောင့်နေတဲ့ ဉီးဆိုးကို တွေ့လိုက်ရသည်။
baby ဒီမှာထိုင် ဆံပင်ခြေညက်အောင်လုပ်ပေးမယ် အရင်ဆုံး သပတ်နဲ့ သုတ်ရမယ် ပြီးရင် လေမှုတ်စက်နဲ့မှုတ်မယ် "
လရိပ်ကို ဆွဲခေါ်ထိုင်စေပြီး ဆံပင်ကို သေချာခြောက်အောင် သုတ်ပေးသည်။ တကယ် စိတ်ရှည်လက်ရှည်နဲ့ သေချာခြောက်အောင်သုတ်ပေးသည်။
baby ဆံပင်လေးက ပျော့ပျောင်းနေတာပဲ မှေးကလညျးမှေးနရော့ အဟီး ဉီးဆိုးရဲ့ babyလေးက ဘာကြောင့် ဒီလောက်ချစ်ဖို့ကောင်းနေတာလဲမသိဘူး ကဲ့ ဉီးဆိုး အလိုက်သတိနဲ့အပြင်ထွက်ပေးမယ် အဝတ်စားသေချာလှဲနော် ဪ ဟိုဘက် ဗီရိုမှာ ညအိပ်ဝတ်စုံရှိတယ် "ပြောကာ အခန်းပြင်ကို ထွက်သွားသည်။
@@@
"ဉီးဆိုး တော့ ဘာတွေဝယ်ပေးထားလဲမသိဘူး ကြည့်ပါအုံး ညအိပ်ဂါဝန်တဲ့ ပါးလိုက်တာ ရင်ပေါ်ဘာပေါ်နဲ့ အမယ်လေး ဝတ်ဖိုတောင်ကြက်သိန်းထားတဲ့ တော်ပြီး လုံးဝမဝတ်ဘူး ဟိုဘက်ဗီရိုကအဝတ်စားပဲဝတ်တော့မယ် "
လရိပ် အဝတ်စား ဝတ်ပြီးလျှင် ဆိုး ကော်ဖီခွက် နှစ်ခွက်ကိုင်ပြီး အခန်းထဲဝင်လာသည်။ လရိပ် ကိုမြင်လျှင် စိတ်ညစ်ပြီး ကော်ဖီခွက် ဘေးခုံပေါ်တင်ပြီး
"baby အရမ်းအေးလို့လား ဟိုအဝတ်အစားတွေမဝတ်ဘူးလား"
"ဟိုအဝတ်စားတွေကို ဝတ်ဖို့နေနေသာသာ ကြည့်တောင်မကြည့်ချင်ဘူး မနက်ဖြန် တစ်ခြားသူကိုပေးလိုက်"
"ဟာ ပေးစရာလား ဒီအဝတ်အစားတွေကိုဘယ်လောက်ပေးဝယ်ထားတဲ့ထင်လဲ အားလုံးပေါင်း သိန်း၅၀ကျတဲ့"
"ဘုရားရေ ဒီအဝတ်စားတွေအကုန်လုံး သိန်း၅၀ ဟုတ်လား ဉီးဆိုးရှုးနေလား ပိုက်ဆံအများကြီးသုံးပစ်ရလား လုံခြုံမှုမရှိတဲ့ ဒီအဝတ်အစားတွေကို စျေးကြီးပေးပြီးဝယ်ရအောင် ဉီးနှောက်ချောင်သွားပြီးထင်တယ် မနက်ဖြန် ဆိုင်ကိုပြန်သွင်းရမယ် ဘယ်ဆိုင်ကဝယ်တာလဲ"
"ဟာ မသွင်းပါဘူး baby ဝတ်ဖို့ကို့ ကဲဒါတွေခဏထားအုံး baby က ဘယ်လိုဝတ်ထားတာလဲ အပေါ်အင်ကျီကသုံးထပ်နဲ့ အောက်ကဘောင်းဘီရော့ ထမိန်ရော့ဝတ်ထားပါလား"
အမှန်ပါပဲ လရိပ် အင်ကျီဝတ်ထားတာသုံးထည်ပဲ အောက်ကလည်း ဘောင်းဘီအရှည်ကြီးဝတ်ထားတဲ့အပြင် ထိမိန်ကိုပါဝတ်ထားသည်။ ဒါကလည်း ဉီးဆိုး ရန်ကိုကြိုသိနေလို့ပါ။
"လရိပ် ချမ်းလို့ ဒါနဲ့ ဉီးဆိုး သူငယ်ချင်းတွေနဲ့ချိန်းထားတဲ့ဆို မသွားသေးဘူးလား."
"အင်ဟင်း baby နဲ့အတူမနက်ဖြန်ညနေမှာ ညစာ လိုက်ကျွေးမှာ"
"အဲလို့လား ဒါဆိုရင်လည်း လရိပ် အိပ်ပြီး အရမ်းအိပ်ချင်နေပြီး ဉီးဆိုးလည်း ဟို ဆိုဖာမှာ အိပ်လိုက်တော့"
"အိပ်စရာလား မိန်းမယူပါတယ်ဆို မိန်းမကို ဖက်အိပ်ချင်လို့ပေါ့ လာအိပ်မယ်ဆိုလည်း အတူတူအိပ်ကြတာပေါ့ မပူဘူးလား baby "
"မပူဘူး ချမ်းလွန်လို့ သေတော့မယ်"
"ဒါဆိုရင် ဉီးဆိုး ကိုယ်ငွေ့ပေးမှာရမယ်ဆိုကာ အပေါ် အဝတ်စားတွေချွတ်ပြီး လရိပ်ကို ဖက်ပြီး မွေ့ယာပေါ် လှဲချထားသည်။ လရိပ်ကိုလည်း အသက်ရှုကျပ်မတက်ဖက်ထားပြီး အိပ်၏။လရိပ်မှာ သာ ပူလွန်လို့သေတော့ပါမယ်
ဆိုးကလည်း အကျင့်ပုတ်စွာ အင်ယားကွန်းကိုပါပိတ်လိုက်သဖြင့် လရိပ် မှာ ချွေးဖြိုက်ဖြိုက် ကျရသည်။ နောက်ဆုံး မနေနိုင်တယ်အဆုံးမှာ ဆိုး ကို အတင်းရုန်းကန်ပြီး အဝတ်စားတွေကိုချွတ်ပစ်ရသည်။
"ဖယ်စမ်းပါ ဉီးဆိုးရာ လရိပ် ပူလွန်လို့သေတော့မယ် ဖယ်!!ဖယ်လို့ "
"မဖယ်ပါဘူးကွာ အရမ်းချမ်းတယ်ဆို ဒါကြောင့် ဖက်ထားပေးမယ်"
"ဉီးဆိုးနော် ဖယ် ဖယ် ပူလိုက်တာ..ပူလိုက်တာ "
"ဟားးး ဟားး ပြောတော့ အရမ်းချမ်းတယ်ဆို အခုတော့ baby လိမ်တာ မိပြီး အပြစ်ပေးရမှာပေါ့"
"မလုပ်နဲ့ မလုပ်နဲ့ လရိပ် ဗိုက်နာတယ် အားး နာတယ်"
ဆိုး အတင်းနမ်းဖို့လုပ်လျှင် ရုန်းကန်ပြီး ဗိုက်နာတယ်လို ဆိုကာ အိမ်သာထဲဝင်ပြေးသည်။
"ဟူးး တော်သေးတယ် ဒီညရေချိုးခန်းမှာပဲအိပ်တော့မယ် အပြင်လုံးဝမထွက်ဘူးလို့ တီတိုး ရေရွတ်ပြီး ရေချိုးဇလုံထဲမှာ ဝင်အိပ်သည်။
နာရီအတော်ကြာတဲ့ အထိ ရေချိုးခန်းက ထွက်မလာတဲ့ လရိပ် ကြောင့် ဆိုးမှာ ရေချိုးခန်းတံခါးခေါက်သည်။ အထဲက ဘာသံမှမကြားရတာကြောင့် စိတ်ပူပြီး ရေချိုးခန်းတံခါးသော့ကို မရှာတော့ဘဲ ရိုက်ဖွင့်ဝင်လိုက်ရသည်။
ရေချိုးခန်းထဲရောက်လျှင် သိုးနေစွာ အိပ်နေတဲ့ လရိပ်ကို မြင်ရတာကြောင့် ပွေ့ချီပြီး မွေ့ယာပေါ် ခေါ်လာရသည်။ လရိပ်က အရမ်းအိပ်မောကျနေတာကြောင့် လုံးဝမနိုးဘဲ ဘေးနားကဖက်ပြီး အိပ်နေတဲ့ ဆိုး ရင်ခွင်ထဲမှာ မျက်နှာအပ်ပြီး အိပ်နေတာ တကယ်ကလေးလေးအတိုင်းပါပဲ။
အရမ်းနောက်ကျသွားလို့ တောင်ပန်းပါတယ်ဗျာ ဒီနေ့အပြင်သွားတာ မိုးချုပ်မှာပြန်ရောက်လို့ပါ စာရေးဖို့အချိန်မရလည်း စာဖတ်သူလေးတွေမျှော်နေမှာဆိုးပြီး အမြန်တင်ပေးလိုက်ရခြင်းပါဗျာ။
နောက်နေ့ဆက်ရန်
စာရေးသူ သွေးမိန့်