အချစ်ပန်းတွေဝေခဲ့သည်
"မင်းတို့အလုပ်ပြီးရင် သွားလို့ရပြီး ငါလိုရင်ခေါ်မယ်
"ဟုတ်ကဲ့ သခင်လေး"
ချက်ပြုတ်တဲ့ ကောငျလေးနှစျယောကျထှကျသှားလြှငျ လရိပ် မျက်နှာလေးသနားစဖွယ်ဖြစ်သွားသည်။ ကောင်လေးနှစ်ယောက်ရှိရင် ဆိုးက ဘာမှသိပ်မလုပ်ဘူးလို့ထင်မိသည်။
"baby ဘာဖြစ်တာလဲ သူတို့နှစ်ယောက်ထွက်သွားလို့လား အဟက် အားကိုးလို့ရမယ်ထင်နေလား သူတို့တွေက ဉီးဆိုးရဲ့ တပည့်တွေနော် အားကိုးချင်ရင် ဉီးဆိုးကိုပဲ အားကိုး တစ်ခြားသူကို အားမကိုးနဲ့ မကြိုက်ဘူး ရော့ ဉီးဆိုးကို ခွံကျွေး"
"ဉီးဉီးသခင်လေးက ကလေးလား ပြီးတော့ လက်ပါတာပဲ ကိုယ်ဘာသာစား"
"ဒါကငြင်းဆန်တဲ့ သဘောလား"
"မဟုတ်ဘူး လုံးဝမဟုတ်ဘူး လရိပ် ဗိုက်အရမ်းဆာနေလို့ ဉီးဉီးသခင်လေး ဘာသာစားလိုက်နော် လိမ်မာတယ် အင် ဒီဟင်းကစားလို့ကောင်းတယ် ရော့ ဉီးဉီးသခင်လေး အများကြီးစား"
လရိပ်မှာ ဆိုး အပြစ်ပေးမှာကြောင့် ပျာပျာသဲသဲ
ဆိုးရဲ့ ပန်းကန်ထဲကို ဟင်းထည့်ပေးသည်။ ဆိုး ကလည်း သဘောကျသွားတာကြောင့် သူ့ဘာသာပဲ ထမင်းစားတော့သည်။
ဗိုက်ဆာတယ်ဆို တဲ့ လရိပ်က ထမင်းကို တို့ခနဲ့ဆိတ်ခနဲ့စားသည်။ ဆိုး ကတော့ ချစ်ရသူလေးနဲ့အတူတူစားတာကြောင့် နှစ်ပန်းကန်အသာလေးကုန်၏။
"baby ဗိုက်ဆာတဲ့ဆို ထမင်းက တစ်ဝက်တောင်မကျိုးပါလား"
"အစာမကြေမှာစိုးလို့ ဖြေးဖြေးချင်ဝါးနေတာ ဟင်းဟင်း"
"Ok ဉီးဆိုး baby ကို စောင့်ရင် ထမင်းထပ်ထည့်ပြီးစားမယ် ဉီးဆိုးပြီးလို့ baby မပြီးရင် ဉီးဆိုး အဆိုးမဆိုနဲ့ "
ဆိုးရဲ့ စကားဆုံးသည်နှင့် လရိပ် ထမင်းကိုအမြန်ဆုံးစားသည်။ ထမင်းကို အလောတကြီးစားတာကြောင့် သီးသွား၏။
"အဟွတ် အဟွတ်"
"baby ရာ တကယ်ပဲ ရော့ ရေသောက် ကြည့်အုံး မျက်ရည်တောင်ဝဲနေပြီး ဉီးဆိုး ဘာမှမပြောတော့ဘူးနော် အေးဆေးစားကွာ သနားပါတယ် ဉီးဆိုး ကြောင့်သီးတာ ဖြေးဖြေးစား ဉီးဆိုး စောင့်ပေးပါမယ်"
ဆိုး စိတ်မကောင်းဖြစ်၍ ပြောလျှင် လရိပ်မှာ အံ့ဪရပါသည်။
"ဉီးဉီးသခင်လေး "
"ဉီးဆိုးလို့ခေါ်ကွာ ဉီးဉီးသလင်လေး မခေါ်နဲ့ မကြိုက်ဘူး"
"ဟုတ္ကဲ့ ဉီးဆိုး"
"ဗျာ "
"မနက်ဖြန် တကယ် မဂ်လာဆောင်မှာလား "
"တကယ်ပေါ့ကွာ "
"ဟုတ်"
လရိပ် စိတ်မကောင်းဖြစ်ရသည်။မိန်းကလေးတွေ တစ်သက်မှာတစ်ခါပဲ မဂ်လာဆောင်တဲ့ပွဲမှာ မိဘတွေမပါဘူးဆိုတော့ လရိပ် ဘယ်ပျော်နိုင်ပါမလား။ဉီးဆိုး ကို လရိပ် ကြောက်တော့ကြောက်တယ် ဒါပေမဲ့ ဉီးဆိုးက လရိပ် အပေါ် ကရုစိုက်ကြင်နာတတ်မှန်း သိပါတယ် ။ငါ ဉီးဆိုးကို လက်ထပ်လိုက်ရမှာက ကံကောင်းမှာလား ကံဆိုးမှာလား မသိဘူး။
"ရော့ baby "
"ဟမ်"
လရိပ် အတွေးများနေတုန်း ဉီးဆိုးက ထမင်းခွံတာကြောင့် အတွေးတွေရပ်၍ကြောင်သွားရသည်။
စားလေး ဘာတွေတွေးနေတာတုန်း ဒီထမင်းလေး နည်းနည်း တော်တော့ကြာအောင်စားရတယ်ဆိုတော့ ဉီးဆိုးပဲ အမြဲတမ်း ခွံကျွေးတော့မယ်"
"အဲဒီလိုမလုပ်ပါနဲ့ လရိပ် ဘာသာစားပါမယ်"
"မရဘူး baby ကဲ့စား မစားရင် အပြစ်ဒဏ်သိတယ်နော်"
"ဟုတ် ဉီးဆိုး အကျင်ပုတ်ကြီး ပြောကာ မျက်နှာစူပုတ်ပုတ်နဲ့ လရိပ် စားသည်။ဆိုး ကတော့ သူ့ခွံတာ စားလို့ပျော်နေသည်။
@@@@
"ပြင်လို့ပြီးပြီး ချောလိုက်တာဟယ် လရိပ် ဒီလောက်လှမယ်လို့ ထင်တောင်မထင်ထားဘူး"
"အဟီး မမခင် ကလည်း လရိပ် ရှက်တယ်"
"ဟင်းဟင်း လရိပ်ကို သခင်လေးဆိုးက လက်ထပ်တာ တကယ်ကံကောင်းတာပဲ မမခင်လေးဆိုရင် စသိတုန်းက ယုံတောင်မယုံနိုင်ဘူး လရိပ် စံအိမ်က ပျောက်သွားတုန်းက အရမ်းလန့်သွားတာပဲ နောက်မှာ သခင်လေးဆိုး က သူ့ချစ်လို့ခိုးသွားမှန်းလာပြောတာ လရိပ် လိမ်လိမ်မာမာနေနော် သခင်လေးဆိုးက လရိပ်ကို ချစ်လွန်လို့ သူနဲ့စေ့စပ်ဖို့ပြင်ထားတဲ့ မမမြပန်းကို ခါထုတ်ပြီး လရိပ်ကို လက်ထပ်တာ"
"ဟုတ်ကဲ့ပါ မမခင်လေး"
ဒီအတိုင်း ငြိမ်ငြိမ်လေး ထိုင်နေနော် မမခင် သခင်လေးဆိုးကို သွားခေါ်ပြီး သတို့သမီးဘယ်လောက်ချောလဲကြည့်ခိုင်းအုံးမယ် "
"သွားမခေါ်ပါနဲ့ မမခင် လရိပ် ရှက်တယ် "
"ဟင်းဟင်း အရမ်းအရှက်ကြီးမနေပါနဲ့ ငြိမ်ငြိမ်လေးထိုင်နေနော်"
မမခင် လရိပ်ကို မှာပြီး အောက်ကိုပြေးဆင်းသွားသည်။ လရိပ်မှာ ဝတ်ထားတဲ့ လက်ဝတ်လက်စားတွေကြောင့် နေရထိုင်ရခက်ရပါသည်။ကြည့်ပါအုံး လရိပ်ကို ဆင်ပေးထားတဲ့ လက်ဝတ်လက်စားတွေက မနည်းမနော်ပါ။မသိရင် ရတနာကြော်ငြာဖို့ မော်ဒယ်တွေကို ဝတ်ဆင်ခိုင်းထားသည့်အတိုင်းပါပဲ။
"မမလရိပ်က ကံအရမ်းကောင်းတာပဲနော် အားကျလိုက်တာ"
"အားမကျပါနဲ့ သဲသဲရယ် မမဒီလိုဘဝကြီးကို မပျော်ပါဘူး"
"မမလရိပ် ကလည်း ဘာမပျော်စရာရှိလိုလဲ သခင်လေးဆိုးရဲ့ဇနီးဖြစ်ပြီးဆိုတော့ ဘယ်သူမှနိမ်လိုမရဘူးလေး အဟီး"
အသက်၁၃နှစ်ပဲရှိတယ် သဲသဲက ဘာမှမသိဘဲ လရိပ်အတွက်ပျော်ပေးနေရှာသည်။သူ့ပြောချင်တာပြောပြီး အခန်းထဲကနေထွက်သွားသည်။ မကြာခင် ဉီးဆိုးရောက်မယ်ထင်သော်လည်း ပူစူးမကဝင်လာတာကြောင့် လရိပ် ပျော်သွားသည်။
"ပူစူးမ နင်ဘယ်လိုလုပ်ရောက်လာတာလဲ "
"ငါအစ်မ ချေါလို့ နင်ကလှလိုက်တာ အရမ်းကနဲ့မတူဘူး လရိပ်ရာ အခုလည်း သူဌေးကတော်ဖြစ်တော့မယ် "
"နင်ကလည်းဟာ ငါဒီဘဝကြီးကို မပျော်ပါဘူးဟာ ဘဝမှာ ငွေကြေးတွေထက် ချစ်ခြင်းကပိုအရေးကြီးပါတယ်။ဒါပေမဲ့ ငါတို့က ဆင်းရဲတော့ ချစ်ခြင်းထက် ငွေကြေးကိုပဲ ပိုဉီးစားပေးရတယ်လေ လောကမှာလိုချင်တိုင်းလည်းမရနိုင်သလို့ ၊မလိုချင်တိုင်းလည်း ရလာကြတာပဲ ဒါကလူ့သဘာဝတစ်ခုပါပဲဟာ"
နင်မပျော်ဘူး သူဌေးနဲ့လက်ထပ်ရမှာကို့"
"အင် ငါသူကို ကြောက်တယ် "
"နင်ကလည်းဟာ နင်ယူမယ်သူဌေးက ကြောက်ဖို့မကောင်းပါဘူး အရမ်းခန့်ချောတာပဲ ငါတွေ့ခဲ့တယ် ကဲ့ကဲ့ နင်ပြင်စရာရှိတာပြင် ငါအောက်ဆင်းပြီးကူအုံးမယ်"
လရိပ်မှာ မိဘတွေအကြောင်းတောင်မမေးရသေးခင် ပူစူးမက အောက်ကိုပြန်ဆင်းသွားသည်။ ပူစူးမ နောက်လိုက်သွားချင်သော်လည်း ဉီးဆိုး ကို စောင့်ရအုံးမှာကြောင့် မမခင်လေး မှာထားတဲ့အတိုင်း ငြိမ်ငြိမ်လေး ထိုင်စောင့်နေရ၏။
@@@
"baby က ငါကိုမချစ်ဘဲ လက်ထပ်မှာကို့ ဘာလဲ လောကမှလိုချင်တိုင်းလည်းမရသလို့ မလိုချင်တိုင်းလည်းရလာကြတာပဲတဲ့ babyရယ် မင်းကိုယ်ကိုအရမ်းကြောက်တယ်တဲ့လား"
"သား ဘာလုပ်နေတာလဲ သမီးလေးကို သွားခေါ်လေး တကယ်ပဲ တက်သွားတာကြာပြီး ဆင်းမလားလို့ လာကြည့် လူကြီးတွေစုံနေပြီး သွားခေါ်တော့ "
"ဟုတ်ကဲ့ မေမေ"
"သားအသံကလည်း အားမရှိလိုက်တာ အခုနာကတော့ ပျော်ရွှင်နေတာကို အခုဘာလိုဖြစ်တာလဲ နေမကောင်းလို့လား "
"ကောင်းပါတယ် မေမေ"
"ပြီးရော့ မေမေ အောက်မှာစောင့်နေမယ် သမီးကို ခေါ်လာတော့"
"ဟုတ်ကဲ့"
မေမေ အောက်ဆင်းသွားလျှင် ဆိုးလည်း လရိပ်ရှိရာ အခန်းသို့ လာခဲ့သည်။ တံခါး ဖွင့်လိုက်လျှင် ငြိမ်သက်စွာ ထိုင်နေတဲ့ သူရဲ့ချစ်babyလေးကို တွေ့လိုက်ရသည်။ သူ့ကိုမြင်တာနဲ့ ရန်တွေ့သည်။
"ကြာလိုက်တာ ဉီးဆိုးရာ လရိပ်မှာစောင့်နေရတာ ကျောက်ရုပ်ဖြစ်တော့မယ် ဘာတွေပြင်နေလို့ကြာနေတာလဲ"
အခုကနာ စိတ်မကောင်းဖြစ်တာတွေက သူမလေးရဲ့ ရန်တွေ့စကားကြောင့် ပြောကျသှားရသညျ။ ရန်တွေ့တာတောင် ချစ်ဖို့ကောင်းနေတာကြောင့် စကားကိုအများကြီးပြောနေတဲ့ နှုတ်ခမ်းအိအိလေးကို သူ့ရဲ့ပါးပြင်ကြီးနဲ့ကပ်လိုက်သည်။
"အင့်"
"အရမ်းစကားများလွန်တဲ့ ငြိမ်သွားအောင် ဉီးဆိုးရဲ့ပါးပြင်နဲ့ပိတ်လိုက်တာ သာလိကမလေးလား လူကိုတွေ့တာနဲ့ ရန်တွေ့ဖို့ပဲ ဒါနဲ့ baby အရမ်းလှတယ်ကွာ ဉီးဆိုး စိတ်မထိန်းနိုင်တော့ဘူး ပြောကာ လရိပ် နှုတ်ခမ်းကို နမ်းဖို့ပြင်လျှင် လရိမှာ လက်သေးသေးလေးနဲ့ သူရင်ဘက်ကြီးကို တွန်းကာ
"ဉီးဆိုး အောက်မှာ ဧည်သည့်တွေစောင့်နေလောက်ပြီး သွားရအောင်နော်. နော်လို"
"အဟီး ခဏလေးနမ်းရုံနဲ့အချိန်မကြာလောက်ပါဘူးကွာ "
"လရိပ် အလှပြင်ထားတဲ့ ပျက်ကုန်မယ် ပြီးတော့ ဉီးဆိုး ပါးပြင်မှာ လရိပ်နှုတ်ခမ်းနီရာ သုတ်လိုက်အုံး"
"မသုတ်ပါဘူး ဒီအတိုင်းထားမယ် ဒါမှ သတို့သမီးက သတို့သားကို မဂ်လာဉီးညတောင်မစောင့်နိုင်ဘဲ နမ်းတယ်လို့ ထင်မှာပေါ့"
"ဟာ ဉီးဆိုးနော် အကျင့်မကောင်းဘူး နှုတ်ခမ်းနီရာ အမြန်ဖျက်ပေး ဖျက်ပေးလို့ "
လရိပ်မှာ ဉီးဆိုးပါးပြင်က နှုတ်ခမ်းနီရာကို လက်ဖျက်၏။ ဆိုး အရပ်ကမြင့်နေတာကြောင့် ဖျက်မရသဖြင့် ဆိုးကို ဖျက်ပေးဖို့တောင်းဆို၏။
"ဉီးဆိုး မဖျက်ပေးရင် လရိပ်ငိုမှာနော်"
"ခြိမ်းခြောက်တာက ဉီးဆိုး အမြဲလုပ်တဲ့အလုပ်နော် babyနဲ့မလိုက်ဖက်ဘူး ဖျက်စေချင်ရင် အပေးအယူလုပ်မယ်"
"ဘာအပေးအယူလည်း "
"ညကျရင် ဉီးဆိုး သူငယ်ချင်းတွေအရှေ့မှာ နမ်းရမယ် တစ်ခါပဲ"
"အင်ဟင်း လရိပ် ရှက်တယ် ပြီးတော့ သူများတွေအရှေ့မှာ လရိပ် မနမ်းရဲဘူး တစ်ခြားအပေးအယူလုပ်ပါ"
"Ok အခုနာက အပေးအယူမဟုတ်ဘဲ တစ်ခြားအပေးအယူဆိုရင် လက်ခံမှာလား"
"အင်"
"ေသချာတယ်နော် "
"သေချာပါတယ်ဆို လာဖျက်ပေးမယ် တကယ်ပဲ အကြီးဖြစ်ပြီး သက်သက်အနိုင်ကျင့်တာ ဟွန့် စိတ်ပုတ်ကြီး "
လရိပ် ပွစိပွစိပြောကာ ဆိုးရဲ့ မျက်နှာချောချောကြီးက နှုတ်ခမ်းနီရာကို တစ်ရှုးလေးနဲ့ ဖျက်ပေးသည်။ ဆိုး ကတော နှုတ်ခမ်းဆူပုတ်နေတဲ့ ချစ်စရာမျက်နှာလေးကို အပြုံးတွေနဲ့ငေးကြည့်မိသည်။ ထိုနောက် လရိပ်ရဲ့ လက်ကလေးကို သူ့လက်မောင်းမှာချိတ်စေပြီး အောက်ထပ်သို့ဆင်းခဲ့သည်။
@@@
သတို့သားနဲ့ သတို့သမီး ဆင်းလာတာကို့ အားလုံးက ဝိုင်းကြည့်ရ၏။ လရိပ် ကတော့ ခေါငျးငုတျထားတာ ဇက်ကျိုးမတက်ဘဲ ဒါကို ဆိုးက မြင်လျှင်
baby အရမ်းမငုတ်ထားနဲ့ ဇာက်နာမယ် ဟိုကိုကြည့်"
"ဘာကိုကြည့်ရမှာလဲ လရိပ် ရှက်တယ်လို့"
"ဟိုမှာလေး လရိပ်အတွက် ဉီးဆိုးရဲ့ မဂ်လာဉီး လက်ဆောင် ကြည့်ကြည့်လိုက် လရိပ်ပျော်သွားမှာ"
အသံတိုးတိုးနဲ့ ပြောနေတဲ့ ဉီးဆိုး စကားကြောင့် ခေါင်းလေးမော့ပြီး ကြည့်လိုက်လျှင် လရိပ် ဟန်မဆောင်နိုင်စွာ ပျော်ရွှင်လွန်လို့ မျက်ရည်ကျမိရသည်။ဒီတစ်ခါတော့ ဉီးဆိုး အရမ်းကျေးဇူးတင်မိသည်။
"ဖေဖနေဲ့ မေမေ"
"သမီးကြီး "
လရိပ် ဝတ်ကောင်းစားလှနေတဲ့ ပျော်ရွှင်နေတဲ့ မိဘတွေဆီကို အပြေးလေးသွားကာ ဖက်ထားသည်။ မိဘတွေကလည်း ဝမ်းသာမျက်ရည်ကျကာ လရိပ်ကို ပြန်ဖက်ထားသည်။ ထိုမြင်ကွင်းကိုကြည့်ပြီး ပျော်နေသူကတော့ ဆိုးပါပဲ။
နောက်နေ့ဆက်ရန်
စာရေးသူ သွေးမိန့်