book

Index 1

အပိုင်း'(၁)

  • Author : Thwe Mate
  • Genres : Romance, Comedy, Drama, Fantasy

အချစ်ပန်းတွေဝေခဲ့သည်


"အားး"


"ကျုပ်ကို သတ်ဖို့ ဘယ်သူစေခိုင်းတာလဲ"


"ဘယ်သူမှမဟုတ်ဘူး မင်းလိုလူယုတ်မာကို သေစေချင်လို့ သတ်တာ"


"ကောင်းကောင်းမေးတာ မဖြေဘူးပဲ ဗလ သူကို့  ပညာပေးတာ နည်းနေတယ်ထင်တယ်"


ထိုလူရဲ့ စကားဆုံးသည်နှင့် အချုပ်အနှောင်းခံထားရတဲ့ လူရဲ့ လက်တစ်ဖတ်ကပြတ်သွားသည်။ သွေးက အများအပြားထွက်သည်။ မြေအောက်ခန်းလေးက တကယ် ငရဲခန်းသဖွယ် အော်ဟစ်သံက ကြားရသူကိုထိတ်လန့်စေသည်။


ကဲ့ မင်းလက်တစ်ထက်တော့ ပြတ်သွားပြီး ကျုပ်မေးနေတာ ကောင်းကောင်းဖြေ ဒါနောက်ဆုံး အခွင့်အရေးပဲ ကျုပ်ကိုသတ်ဖို့ ဘယ်သူခိုင်းတာလဲ"


" ငါကို သတ်ချင်သတ်ပစ်လိုက်  မဖြေဘူး"


"ok လေး သူဖြစ်ချင်တာကိုဖြစ်အောင်လုပ်ပေးလိုက်"


ဟုတ်ကဲ့ပါ သခင်လေး "


စီးကလိပ်ဖွာပြီး ထိုင်ခုံကာနေ ထပ်ရပ်သည် ထိုလူရဲ့အရပ်က ခြောက်ပေကျော်ပါ။ ရင်အုံကာကာ ပခုံးကျယ်ကျယ်ပြန့်ပြန့်နဲ့ သူ့ပုံစံ မိန်းကလေးတိုင်း နှစ်သက်စွဲလမ်းစရာပါ။ဆံပင်တိုတိုက မကောက်ကွေ့ပဲ ဖွောငျ့စငျးနသေညျ။ သူ့ရဲ့မျက်နှာကိုမြင်ရင် မိန်းကလေးတိုင်းနှစ်သက်မှာ အသေအချာပါပဲ။


"သခင်လေး သူ့ကိုသတ်လိုက်ရင် သခင်လေးကို ဘယ်သူလုပ်ကြံလဲဆိုတာ မသိရဘဲဖြစ်တော့မယ်"


"ဘယ်သူလုပ်ကြံလဲဆိုတာ ငါသိပြီးသာပါ အဲဒီကောင်ကိုမလိုအပ်တော့ဘူး ရှင်းပစ်လိုက်တော့"


"ဟုတ်ကဲ့ပါ သခင်လေး"


အနောက်တိုင်း ဝတ်ဆုံကို သေသပ်စွာ ဝတ်ဆင်ထားသော ထိုလူက ရက်စက်မယ်အသွင်မပေါ်ဘူးထင်ရပေမဲ့ တကယ်သွေးအေးပြီး ရက်စက်တဲ့ လူတစ်ယောက်ပါ။ သူနာမည်ကလည်း ကြားတာနဲ့ကြောက်စရာကောင်းပါ၏။ ဘယ်သူကမှ ပေးဖူးမှမဟုတ်တဲ့ နာမည်ကို လောကမှ သူ့ပိုင်ဆိုင်ထားသည်။ ထိုလူရဲ့ နာမည်က နတ်ဆိုးပါ။ 


******


"ဟဲ့အိမ်မှာ လူမရှိကြဘူးလား ငါအကြွေးပေးရမှာစိုလို့မဟုတ်လား ညည်းတို့ က အကြွေးယူတုန်းက တစ်မျိုးပါလား လာတောင်းတော့ ရှောင်ပြေးနဲ့  ဒေါ်တုတ်မ ကို အဲဒီအချိုးချိုးလို့မရဘူးနော် အိမ်ထဲမှာ ဘယ်သူရှိလဲ!!!


နှုတ်ကြမ်းလျာကြမ်းနဲ့ ခုနစ်ကြားရှစ်အိမ်ကြားအော်နေတဲ့ အသံတွေကြောင့် ဖျားနေတဲ့ကြားက လရိပ် အိမ်ရှေ့ထွက်ခဲ့သည်။ ဟိုဘဝက ဒါနနည်းခဲ့လို့ အခုဘဝမှာ ဆင်းရဲနေတာဖြစ်မည်။  လရိပ်တို့ ဘဝကကြမ်းပါတယ်။တစ်နေ့လုပ်မှာတစ်နေ့စားရတဲ့ဘဝ လူတစ်ကာရဲ့နှိမ်ချဆက်ဆံခြင်းကိုခံရတဲ့ ဘဝပါ။


ဒေါ်ကြီးတုတ် အရမ်းဒေါ်သတကြီးအော်မနေပါနဲ့ အိမ်ထဲဝင်ခဲ့"


"ငါကလည်း အော်ချင်တိုင်းအော်နေတာ မဟုတ်ဘူးနော် ဘယ်မှာလဲ ညည်းအမေ"


"အမေ တောထဲသွားတယ် ဒေါ်ကြီးတုတ်အကြွေးကို ဆပ်မှာပါ"


"ညည်းတို့ပြောရင် ဆပ်မယ်ဆပ်မယ်ဆိုတာပဲ နောက်ကျရင် ဟိုနေ့လေးစောင့်ပေးပါအုံး ဟိုရက်လေးရွှေ့ပေးပါအုံးနဲ့  ငါမပြောချင်ဘူး ပြော ငါပိုက်ဆံ ၁သိန်းဘယ်တော့ရမလဲ "


"ဟိုလေး ခဏတော့ထပ်စောင့်ပေးပါအုံး လရိပ်လည်း အခုဖျားနေတော့ အလုပ်မလုပ်နိုင်သေးဘူး ဒျေါကွီးတုတျအကွှေးကို ဆပ်မှာပါ "


"ညည်းတို့ပြောရင် ဒီအတိုင်းပဲ  အေး ငါ ၁ရက်ထပ်စောင့်ပေးမယ် အတိုးကတော့ထပ်တိုးမှာနော် ဟွန့် လူတွေများ ယူတုန်းယူပြီး အကြွေးလည်းတောင်းရော့ ရုပ်ကသနားကမာရုပ်တွေနဲ့ အကုသိုလ်ကိုများတယ်"


ဒေါ်ကြီး ဘေးပတ်ဝန်းကျင်ကြားအောင်ပြောပြီး  လရိပ်ကို မျက်စောင်းထိုးကာ ထွက်သွား၏။လရိပ်လည်း အဖျားတွေ ဘယ်ရောက်သွားမှန်းမသိရအောင် စိတ်ညစ်ရ၏။ အဖေနဲ့အမေကလည်း တောထဲသွားပြီးအလုပ်လုပ်ပေမဲ့ ထိုင်စားနေတဲ့ လူက၅ယောက်တောင်ရှိတာ ပိုက်ဆံဘယ်လောက်မှာလဲ လရိပ်လည်း ရွာက ကောက်စိုက်၊စပါးရိတ် လုပ်တာပဲ ဒါပေမဲ့ စားဝတ်နေရေးကမပြေလည်ပါ။ဒေါ်ကြီးတုတ်လို့ အတိုးချေးစားသူကလည်း မညာမတာ အတိုးတွေတိုးတောင် ချေးတဲ့ပိုက်ဆံက ငါးသောင်း နေ့ပြန်တိုးကတစ်နေ့၁၀၀၀ တစ်လဆိုရင်တောင်အတိုးရော့ အရင်းရော့မနည်းမနော် လူတွေက မရှိလို့ ချေးစားပါတဲ့ဆိုမှာ ငဲညာခြင်းမရှိတဲ့ အတိုးပေးစားသူတွေကြောင့် သူတောင်းစားဖြစ်တော့မယ် တှေးရငျ အဖျားပြန်တက်ချင်သလို့ဖြစ်လာရသည်။လရိပ် အခန်းထဲပြန်ဝင်ကာ စောင်နဲ့ကွေးနေသည်။


*******


"ဝှီး... "


"အောင်မာလေး!!!"


"လန့်တာကလည်း ယောကျာ်းမဟုတ်တဲ့ အတိုင်းပဲ ဟားးး"


"ရုတ်တရက်ဆိုတော့ လန့်သွားတာပေါ့ မင်းဘာလာလုပ်တာလဲ လာရင်လည်း အေးဆေးလာ ဓားပစ်ပေါက်ပြီးမှ မလာနဲ့ "


"အကျင့်ဖြစ်နေပြီးကွာ မင်းကိုဓားနဲ့မပစ်ပေါက်ပဲမနေနိုင်ဘူး"


"မင်းနော် ငါက မင်းဓားပစ်ပေါက်နေကျ သစ်ပင်မဟုတ်ဘူး ပိတ်ထိုးလိုက်ရ"


"လုပ်ရဲလို့လားကွာ "


"ခွေးကောင် ပြောငါဆီဘာလာလုပ်တာလဲ"


"မင်းကို အကူညီတောင်းစရာရှိလို့"


"ဘာအကူညီလဲ"


"ကူညီမယ်ကတိပေးရင် ပြောပြမယ်"


အကူညီတောင်းပုံက ပေးချင်စရာပါ။အထက်စီးကနေပြီး လာပြောနေတဲ့ နတ်ဆိုးကို ဇေယျ မကြည့်သလို့ကြည့်ပြီး


"ရတယ် မပြောပြနဲ့ ငါမကူညီဘူး"


"အဲလိုတော့ မလုပ်နဲ့လေးကွာ အဟီး ပြောပြပါမယ် ငါဒယ်ဒီ အရောင်းအဝယ် တစ်ခုရှိတယ် "


"အင်"


"အဲဒီအရောင်းဝယ်ကို မင်းက နှောက်ယှက်ပေးရမယ်"


"ဟမ် ဟေ့ကောင် ငါကို ကျားမြီးဆွဲခိုင်းတာလားမင်းဒယ်ဒီက မာဖီယားဘုရငလေး ငါလို့ ဖွတ်က သွားရန်စလို့ကောင်းမလား ငါကိုသေတွင်းပိုနေတာလား နတ်ဆိုး"


"သူငယ်ချင်းက သွားခိုင်းရင်သွားရတယ်ကွာ"


"မင်းပဲ သွား "


"ဒါနဲ့ ငါတောင် လုပ်ကြံခံရတာ "


"ဟားး မင်းလို့ လူကိုလုပ်ကြံဖိုနေနေသာသာ မောတောင်မကြည့်ဝံတဲ့ လူတွေပဲကို့ ဟာသတွေလာပြောနေတယ်"


"တကယ်ပြောတာကွာ လုပ်ကြံ တဲ့လူကိုလည်း ငါသိတယ်"


"ဆိုစမ်းပါအုံး ဂိုဏ်းလောကမှာ မင်းဒယ်ဒီ မင်းရက်စက် ပြီးရင် ကြောက်စရာအကောင်းဆုံးလူက မင်းပဲကို့"


"မင်းမယုံလည်း ငါမပြောတော့ဘူး ငါအကူညီတောင်းတာလက်ခံပေးပါ"


"မဖြစ်နိုင်တာကွာ ငါဘာသာအေးဆေးနေပါရစေ"


"မင်းအေးဆေးနေရင် တစ်ဖက်နိုင်ငံကို မြန်မာ မိန်းကလေးတွေ ရောင်းစားခံရတော့မှာပဲ"


"ဘာ! !!!"


"ဟုတ်တယ် အခု ကလူကုန်ကူးမှာ အယောက်၅၀ ဒယ်ဒီက ငါကို သူ့လောကထဲပေးမဝင်သေးဘူး အဲဒါကြောင့် ငါဘာမှလှုပ်ရှားလို့မရဘူး"


"နေစမ်းပါအုံး မင်းက ဘာလိုလူကောင်းလုပ်ချင်ရတာလဲ"


"အဟက် ငါကလူကောင်းလုပ်ချင်တယ် ဘယ်တော့မှဖြစ်လာမှမဟုတ်ဘူး အခုဟာက ငါဒယ်ဒီလုပ်ငန်းပျက်ရင် မင်းဒေဝါ၊အာဏာဝါနဲ့ မင်းရင့်ဝါ တို့ကို ဒယ်ဒီ အမျက်တော်ရှမယ်လေး ပြီးတော့ မင်းလည်း မိန်းကလေးတွေကို ကယ်တင်ခြင်းမယ်ထင်လို့ အကူညီတောင်းတာ"


"ဟူးး ပြော ငါနဲ့အတူ ဘယ်သူတွေပါမှာလဲ "


"ငါ သီးသန့်ဖွဲ့ထားတဲ့ အဖွဲ့နဲ့ မင်းသွားရမယ် "


"လူအင်အားများလား"


"၁၂ ယောက်ထဲ"


"ဟေ့ကောင် မင်းဉီးနှောက်ချောင်နေပြီး ငါကိုမင်းလိုကိုယ်ခံပညာ ကျွမ်းကျင်သူများထင်နေလား"


"မင်းကိုယ်ခံပညာက အေရိုးဗစ်လောက်ပဲရှိတာ ငါသိပါတယ်"


ဆိုး စကားကြောင့် ဇေယျ အမြင်ကပ်သလို့ ဆိုး ကိုစိုက်ကြည့်သည်။ ဆိုး ကတော့ ငယ်သူငယ်ချင်းဖြစ်သူကို ကြည့်ကာ ရယ်ရသည်။ ဇေယနြဲ့ ဆိုးက သူငယ်ချင်းသာဖြစ်နေတာ အရာရာက ဆန့်ကျင်ဘက်ပါ။ ဇေယျက အေးဆေးသမား ဆိုးကတော့ ပူလောင်တဲ့သူပါ။ ရုပ်ရည်ကလည်း ကွဲပြား၏။ဆိုးက ခန့်ညားချောမောသလောက် ဇေယျက ရုပ်ဆိုးပါသည်။


ဟေ့ကောင် အဲဒီလောက်အမြင်ကပ်စွာ ငါကိုကြည့်မနေနဲ့ မင်းအပြေးမြန်တာ ငါသိတာပဲ ပြီးတော့ ငါလူတွေက ငါလောက်မတော်ပေမဲ့ မညံ့ပါဘူး မင်းဘာမှမဖြစ်စေရဘူး စိတ်ချ ငါအာမခံတယ် ကဲ့ ဗိုက်ဆာတယ်ကွာ ထမင်းသွားစားရအောင် မင်းငါအကူညီတောင်းတာ လက်ခံပြီးလို့ ယူဆလိုက်ပြီး ပြောကာ ထမင်းစားခန်းဘက်သို့ ဆိုး ဝင်သည်။ ဇေယျကတော့ အီးမှန်ထားတဲ့မျက်နှာနဲ့ ဆိုး နောက်ကိုလိုက်သွားသည်။


******



"အား သခင်မကြီး တောင်ပန်းပါတယ် ခင်လေး မှားပါတယ် အင့်ဟင်"


"ဟုတ်တယ် နင်အရမ်းမှားတယ် ကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့ မိန်းမ ကျေးဇူးရှင်ကို စော်ကားတာ ပြောစမ်း ငါသားကိုမြူစွဲ အုံးမလား"


"ခင်လေး မမြူစွဲပါဘူး သခင်မင်းဒေဝါကသာ ခင်လေးကို နှောက်ယှက်တာပါ"


"ဘာ!!! သူကိုရိုက်ပြီး ၂ရက်လုံးလုံးဘာမှမကျွေးရဘူး  ငါသားကများ နင်လို အိမ်ဖော်မ ကိုကြိုက်ရအုံးမယ် စဉ်းစားလေး ချီးတဲ့ ဉီးနှောက်နဲ့ငါသားကို စိတ်ကူးယဉ်မနေနဲ့ ငါစိတ်ရှိလက်ရှိလုပ်ရင် နင်သေမယ်"


"မမကြီး စိတ်လျော့ပါ သူများအမြင်မှာ မမကြီးလူကြမ်းမကြီးဖြစ်နေပါမယ် လာအထဲဝင်ရအောင်"


မိန်းမကြီးနှစ်ဉီး အထဲပြန်ဝင်သွားလျှင် ခင်လေးကို ကြာပွတ်နဲ့ ဆက်ရိုက်ကြသည်။ ခင်လေးမှာ သွေးတွေအလိမ်လိမ့်ထွက်ကာ နာကျင်ရသည်။ထိုမြင်ကွင်းကိုကြည့်ပြီး စိတ်မကောင်းဖြစ်သူကတော့ အိမ်ဖော်တွေရဲ့ခေါင်းဆောင် ဒေါ်မိုးသူ ပဲဖြစ်ပါတယ်။ သူမ ဟာ ဒီမရဏ စံအိမ်ကြီးထဲမှာ ငယ်ငယ်လေးကတည်းကနေလာရသူပါ။ အဖေနဲ့အမေက ဒီအိမ်ကြီးရဲ့ အစေအပါးတွေပါ။သူမ လည်း ဒီမှာမွေးပြီး အခုလိုအိမ်ဖော်ခေါင်းဆောင်ဖြစ်နေရတာပါ။ခင်လေး အနိပ်စက်ခံရတာ မကြည့်ရက်စွာဖြစ် မီးဖိုဆောင်သို့ဝင်ခဲ့သည်။


**********


လရိပ် နင်အလုပ်ရှာနေတယ်ဆို"


."ဟုတ်တယ်ဟာ ငါအခုလုပ်နေတံအလုပ်တွေကလည်း သိပ်အဆင်မပြေဘူး ပြီးတော့ တောဆိုတော့ သိတဲ့အတိုင်းပဲလေ"


"အေးပါ ငါလည်းတောသူပါနော် နင်အလုပ်လိုချင်ရင် ငါအမလုပ်တဲ့ အိမ်ကလူလိုတယ်တဲ့"


"နင် အစ်မက ရန်ကုန်မှာမဟုတ်လား "


"ဟုတ်တယ်လေး သူလုပ်တဲ့အိမ်က အရမ်းပိုက်ဆံရတာ ငါကိုပဲကြည့် ရွှေတွဲလွှဲ ငွေတွဲလွဲနဲ့ အရင်တုန်းက ဒေါ်ကြီးတုတ်နဲ့ ငါတို့လည်း အကြွေးမကင်းပါဘူး အခုတော့အဲဒီ ဒေါ်ကြီးတုတ် တန်းတူထားပြီး ဆက်ဆံနိုင်ပြီး"


"အေးဟယ် ဟုတ်ပ ငါသူငယ်ချင်းက ရွှေတွေငွေတွေနဲ့ အားကျလိုက်တာဟာ "


"အားကျရင် ငါအစ်မ လုပ်နေတဲ့အိမ်မှာအလုပ်လုပ်မလား"


"ဟာ အိမ်ဖော်ချည်းလား"


"အေးပေါ့ ငါတို့လို ပညာမတက်သူတွေက ဒီလိုပဲ သူများအိမ်မှာ အလုပ်လုပ်ရမှာပဲလေ"


"ငါမလုပ်ချင်ပါဘူးဟာ "


"နင် အလုပ်ရွှေးနေရင် ဘာတိုးတက်မှာလဲ ဒါနဲ့ ငါအစ်မတောင် ဘွဲ့ရတာပဲ အိမ်ဖော်အလုပ်လုပ်တာပဲ"


"အေးနော် နင်အစ်မက ဘွဲ့ရပြီး ဘာလို ဒီအလုပ်လုပ်ရတာလဲ"


"အကြောင်းရင်းကတော့ ပိုက်ဆံအများကြီးရလို့ပဲ "


"ဘယ်လောက်တောင်ရတာလဲ ပူစူးမ"


ပူစူးမက လက်ကလေးငါချောင်းထားပြသည်။ လရိပ်က စိတ်ပျက်သလို့ မျက်နှာဖြစ်ကြည့်လျှင် ပူးစူးမ က 


"၅သောင်းမဟုတ်ဘူးနော် ၅သိန်း"


"ဟမ် ငါး...ငါး..သိန်းကြီးများတောင် ဟုတ်ကိုဟုတ်ရဲ့လားဟာ ပညာတက်တွေရဲ့ဝင်ငွေကတောင် အဲဒီလောက်မရဘူး မမသင်ဇင်ထွန်းတောင် ဘဏ်ဝန်ထမ်းလုပ်တာ ၃သိန်းပဲရတာကို့"


."ဪ နင်ကလည်း ငါအစ်မ ပြောတာ သူဌေးတွေက အရမ်းချမ်းသာတယ်တဲ့ ပြီးတော့ အိမ်ဖော်အများစုက ဘွဲ့ရပညာတက်တွေများတယ်တဲ့ နင်ကိုတောင် ငါက ငါအစ်မကို သေချာ ပြောခိုင်းရမှာ သူငယ်ချင်းအနေနဲ့"


"အေးပါဟာ နင်စေတနာကို နားလည်ပါတဲ့ ငါ မိဘတွေနဲ့တိုင်ပင်အုံးမယ်နော်"


"


rate now: