နှစ်မိနစ်.... နှစ်မိနစ် ဆိုတဲ့အချိန်လေးမှာကမ္ဘာပျက်သွားသလို ခံစားရဘူးလား............
ကမ္ဘာပေါ်မှာရှိနေတဲ့ အရာအားလုံးလိုလို အဆောက်အဦးတွေ လှပမှုတွေ ကောင်းမွန်တဲ့ နေ့ရက်လေးတွေ အဖြစ်အပျက်အမှတ်တရလေးတွေ အားလုံးဟာ မုန်တိုင်းတစ်ခုကြောင့် ပျက်စီးပျောက်ဆုံးသွားသလိုမျိုး...........
ကိုယ်မှတ်မိနေတဲ့ အမှတ်တရတွေ အချစ်တွေဟာ အချိန်ခနလေးအတွင်းမှာပဲ ထာဝရမှုန်ဝါးသွားတော့မဲ့ အဖြစ်အပျက်တွေ ဖြစ်လို့သွားချိန်မှာ.......
ငါ့ဘဝကြီးတစ်ခုလုံး ခြေထောက်အောက်မှာ ကျိုးပဲ့ပျက်စီးသွားသလို ငါအခု သမုဒ္ဒရာအောက်ခြေကို တဖြည်းဖြည်းချင်း နစ်မြုပ်သွားသလို ခံစားနေရတယ်။
ဒီ......ဒီခံစားချက်ကြီးက....တကယ်ကို...ထူးဆန်းလွန်းနေတယ်။
မဖြစ်နိုင်ပေမဲ့လို့.......ဒါကြီးကို ငါ့ရဲ့နောက်ထပ် ငါနိုးလာတာနဲ့ပျောက်ပျက်သွားမဲ့ ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ အိပ်မက်ဆိုးတစ်ခုပဲ ဖြစ်စေချင်တယ်....
ငါ့ 'crush' ရဲ့ အငြင်းခံရလို့ ရှက်တာကို ခနထားဦး...... သူ....သူက ငါ့ရဲ့ အနမ်းဦးကိုယူဖို့ ဒေါ်လာငါးရာလောင်းပြီး....တစ်ကျောင်းလုံးလိုလိုရဲ့ ရှေ့မှာ ငါ့ကိုနမ်းသွားတယ်။ ငါဒီနှစ်တွေမှာ ငါရဲ့ ဒီဝနေတဲ့ ခန္ဓာကိုယ်ကြောင့် ငါ့ကို သက်တူရွယ်တူတွေတောင်မကဘဲ ငါ့ရဲ့ အစ်ကိုအရင်းကတောင် ငါ့ကို အနိုင်ကျင့်ကြတယ်ဆိုတာလည်း မေ့ထားလို့ရတယ်....
ဒါကြောင့်များဖြစ်နိုင်မလား....
ကျောင်းကနေ projectအပြီး ပြန်လာတဲ့အချိန်မှာ ငါ့အမေက သူမရဲ့ နှုတ်ခမ်းနဲ့ လူစိမ်းတစ်ယောက်ရဲ့ နှုတ်ခမ်းတွေကို ပိတ်ထားတာကို တွေ့လိုက်ရလို့လား...
ငါ့အဖေက သူတို့ကိုကြည့်ပြီး လက်သီးတင်းတင်းစုတ်ရင်း ငါ့အမေသူ့ကို သတိထားမိသွားတာကို ကြည့်ရင်း မျက်ရည်ကျနေတာကို မြင်မိသွားလို့လား.....
ငါ့ဘဝကြီးက ပြီးဆုံးသွားခဲ့ပြီ..
ငါ့ဘဝတစ်လျောက်လုံးရဲ့ စံပြပုဂ္ဂိုလ်က သူမရဲ့ နှုတ်ခမ်းတစ်စုံနဲ့ပဲ ငါတို့ကို သစ္စာဖောက်သွားခဲ့ပြီ။ ငါ့အဖေ လက်သီးနဲ့မထိုးလိုက်ခင်အထိ အမေတက်ထိုင်နေတဲ့ လူချမ်းသာကြီးက အမူအယာမဲ့စွာနဲ့ ငါတို့တွေကို ကြည့်နေခဲ့တယ်။
အဲ့ဒီနောက်မှာတော့ ငါ့ရဲ့ အနာဂတ်ကြီးကတော့ ငါ့မျက်စိရှေ့မှာတင်ပဲ........
အထက်တန်းကျောင်းတည်းက ချစ်သူတွေ...အိမ်နီးချင်းတွေ မဟုတ်သေးဘူး...တစ်မြို့လုံးရဲ့ အမြင်မှာ ဒီလောက်တောင် ချစ်ကြတဲ့ စုံတွဲလင်မယား၊ ဘယ်တော့မှ ကွဲကွာဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ ချစ်သူစုံတွဲ.....ဟဟ..
အခုတော့ အဲ့တာတွေအကုန်မှားနေတာပဲ...မရှိတော့ဘူး.....
အဖေ့ရဲ့ နာကျင်စွာ အော်ဟစ်ပြောဆိုနေတဲ့ အသံရယ် အမေ့ရဲ့ အားနာနေတဲ့ အသံရယ်က ငါသြစတေးလျ ကို သွားနေတဲ့ လေယာဉ်ပေါ်မရောက်ခင် နောက်ဆုံးကြားခဲ့ရတာပဲ....
ငါ့ရဲ့ အမွှာ ၊ ငါ့ရဲ့ ကိုယ်အလေးချိန်ကြောင့် ရှက်ရွံ့ပြီး ငါ့ကို ဖယ်ကျဥ်ထားတဲ့သူဟာ ငါထွက်သွားတဲ့အချိန်မှာ ငါ့အခန်းရဲ့ ပြတင်းပေါက်ကနေ ကြည့်နေခဲ့တယ်။
ဥပေက္ခာပြုထားသလို မျက်နှာထားနဲ့ပေမဲ့ သူမမြင်စေချင် ဖုန်းကွယ်ဖို့ လုပ်နေတဲ့ သူ့မျက်နှာပေါ်က မျက်ရည်တစ်စက်ကိုတော့ ငါမြင်ဖြစ်အောင်မြင်လိုက်ရတယ်။
ငါ ငါ့သူငယ်ချင်း အမ်မလီ နဲ့ ကာတာ အကြောင်းတွေးမိလိုက်ပေမဲ့ ဆက်မတွေးတော့ဘဲ ဘေးဖယ်ထားလိုက်တယ်။ သူတို့မှာ တစ်ယောက်နဲ့ တစ်ယောက်တွေ့နေ အဆင်ပြေနေကြမှာပဲလေ။ ငါ့ရဲ့ ရှင်သန်ခြင်းက အပြစ်လို ဖြစ်နေတယ်လို့ထင်လာမိတယ်။
ငါ ကေလဘ် နဲ့ အဖေ့ အကြောင်းကို တွေးမိပြန်တယ် ချက်ချင်းဆိုသလိုပဲ ငါမျက်ရည်လည်လာမိတယ်။ ငါ့အစ်ကိုဟာ ဘယ်လိုဘဲ ဆိုးဝါးတယ်ဆိုဆို သူငါ့ကို ဂရုစိုက်တယ်ဆိုတာ သိတယ်။ ဖက်တီးမလေးရဲ့ အသည်းကိုခွဲခဲ့တဲ့နေ့က တိုင်လာရဲ့ မျက်နှာပေါ်က ဒဏ်ရာတွေက သက်သေပဲ။
ငါ့ရဲ့ မေးနှစ်ထပ်နဲ့ ဗိုက်ခေါက်ကြောင့်များဖြစ်နေမလား......?
ဒါမှမဟုတ် ငါက ပုံမှန်လူတွေထက်ကို ပိုပြီး ဆတ်ဆတ်ထိမခံ ဖြစ်နေတာများလား? နေ့တိုင်း ငါ့ကို ဆဲရေးပြောဆိုနေတာတွေကို တနုံ့နုံ့ခံစားပြီး တွေးနေလို့များလား....?
ငါက ဝ တယ်.......
ဆိုတော့ တိုင်လာကို 'crush' နေတာမှာ ဘာအကူအညီမှ မဖြစ်ဘူး... သူတို့ဒါကို အခွင့်ကောင်းယူကြတယ်.....ငါ့ရဲ့ ခံစားချက်တွေကို...မမှီတဲ့အရာကို လက်လှမ်းရဲတယ်ဆိုပြီး လှောင်ရယ်ကြတယ်....ဖက်တီးမရဲ့ နှလုံးသားကို ခိုးယူတယ်ပေါ့....ဟားဟား.....
ငါကိုယ့်ကိုယ်ကို လှောင်လိုက်မိတယ်.. ဒါက အလုပ်ဖြစ်တာပဲလေ....သူတို့အတွက်လည်း စိတ်ပျက်စရာတော့ ဖြစ်မလာတော့ဘူးလေ...သူတို့တွေက မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်တွေနဲ့ ကစားချင်ခဲ့တာ...မဟုတ်ဘူး... ကစားခဲ့တာ.... ငါက သူတို့အတွက်တော့ ကစားစရာ တစ်ခုသာသာပဲ.
// ( သူဒီလိုထွက်သွားရတာ စိတ်ပျက်စရာဖြစ်မလာတော့တာကို ပြောချင်တာ ဖြစ်မယ်)
ငါ့ရဲ့ လက်မှတ်နဲ့ လက်ဆွဲအိတ်ကို ယူပြီး လေယာဉ် နံပါတ် ၃၃၇က ခေါ်သံကြားတာနဲ့ အမြန် ဝင်သွားလိုက်တယ်
ငါ လေယာဉ်ပေါ်ရောက်တော့ ငါ့ရဲ့အိတ်ကို အပေါ်က အံဆွဲမှာထည့်ပြီး ပြတင်းပေါက်နဲ့ နီးတဲ့ ငါ့ရဲ ခုံမှာ ဝင်ထိုင်လိုက်တယ်... ပြတင်းပေါက်ကနေကြည့်လိုက်မိတော့ ထွက်မသွားလိုမှုနဲ့တူ မျက်ရည်တို့ လျှံလာခဲ့ပြန်တယ်.....
ငါ့ရဲ့ သစ္စာဖောက် မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီး အညိုရောင် ဆံပင်ကောက်ကောက်တွေကို သပ်လိုက်တယ်
ငါ့ရဲ့ နှုတ်ခမ်းတွေကို ကိုက်ပြီး အောက်ကိုပဲကြည့်နေလိုက်တယ်။ ငါ့ရဲ့ဘေးကို ကြည့်လိုက်တဲ့အခါမှာ ငါ့နှုတ်ခမ်းတွေကနေ ရှိုက်သံတွေ ထွက်ကျလာခဲ့တော့တယ်.....
"အမေတောင်းပန်ပါတယ် သမီးရယ်"
ငါ့အမေက ငါဘယ်တော့မှ ခွင့်လွတ်မှာ မဟုတ်တဲ့အရာအတွက် ငါ့ကိုတောင်းပန်တိုးလျှိုးတဲ့ အကြည့်တွေနဲ့ကြည့်နေတယ်။ သူမ မျက်ဝန်းတွေမှာ ကရုဏာတရားရယ် အခုလေးတင် ငါကြုံတွေ့ခဲ့ရတဲ့ နာကျင်မှု ဆိုတာရယ်ကြောင့် ငွေ့ရည်ဖွဲ့နေတယ်။
သူမဟာ သူမရဲ့ ခပ်ဝဝသမီးငယ်ဆီမှ သူမမျက်ရည် ကျလုနီးနီးဖြစ်လာတဲ့ အချိန်မှာ အကြည့်လွှဲလိုက်တယ် ....ငါ့အမေက ကျလုဆဲဆဲမျက်ရည်တို့ကို လွယ်ကူစွာပင် သုတ်လိုက်နိုင်တယ်...ငါ့အတွက်ကတော့ မျက်ရည်တွေကို သုတ်ပစ်နိုင်ဖို့ မလွယ်ကူပေမဲ့လို့ပေါ့.....ငါဒီလို အားပျော့တဲ့ ဖက်တီးမ မဖြစ်ချင်တော့ဘူး...ဒီလို ယုံလွယ်ပြီး တုံးအတဲ့ သူတစ်ယောက်အတွက် နာကျင်မှုကို ဘာနဲ့မှ မကာကွယ် မကုစားနိုင်ဘူး.....
ငါအခုတော့ သိပြီ.... ဒီလိုခံစားချက်တွေကို ကြံ့ကြံ့ခံနိုင်ဖို့ဆိုတာ......ဖြစ်လာသမျှအရာတွေကို ကြိုဆိုလိုက်ဖို့ပဲ....အဲ့ဒီအရာတွေက လက်ခံကျော်လွှားဖို့ ကြီးမားလွန်းတယ်ဆိုရင်တောင်မှပဲ ကြံ့ကြံ့ခံနေရမယ်
//(ဖြစ်သမျှအကြောင်းအရာတွေကို လက်ခံလိုက်မယ်လို့ပြောချင်တာ)
"မေမေတို့ အဲ့ဒီကို ရောက်ရင် အဆင်ပြေသွားမှာပါ..သမီးရယ် မေမေတို့ အဲ့ဒီမှာ ပိုပြီး အဆင်ပြေပြေနေနိုင်လာပါလိမ့်မယ်"
သူမရဲ့ဖျော့တော့တော့ အပြုံးတွေနဲ့ပြောလာတယ်။ ကြည့်ရတာ သူမကိုသူမ လက်ခံယုံကြည်လာအောင်ပြောနေသလိုပဲ။ ငါ့ကိုပြောနေတာမဟုတ်ဘဲနဲ့.....
"အမေ့ကိုယ်အမေ ပြန်ရှင်းပြတာ ပိုကောင်းမယ်"
ငါခြောက်ကပ်ကပ်ရယ်ရင်းပြောလိုက်မိတယ်။ သူမငါ့ကို ဘယ်လိုထင်လိမ့်မလဲ ဂရုမစိုက်တော့ဘူး...
သူမက ငါ့စကားတွေကြောင့် ဆွံ့အသွားပြီး ကြည့်နေတယ် ငါတို့နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် တင်းမာစွာ ကြည့်နေတာ သူမ သက်ပြင်းချလိုက်ပြီး အကြည့်မလွှဲသွားခင်အထိပဲ။
"အမေလုပ်မှာပါ"
သူမက ခေါင်းညိတ်လိုက်ပြီး မျက်ရည်တို့ကို သုတ်လိုက်တယ် ပြီးနောက်..
"အမေတို့ သြစတေးလျကို ရောက်တာနဲ့ အားလုံးရှင်းပြပါ့မယ်"
###################################