book

Index 17

Chapter 17

  • Author : Yueyue
  • Genres : Mystery, Action
  • Original Author : 耳根 (er gen)

ဒီလိုနဲ့တစ်နေ့ပြီးတစ်နေ့မုန့်ဟောက်ဆီဘယ်သူမှလာမဝယ်ကြတော့ဘူး.. လုဟုန်းကအဆင့်နိမ့်လူသတ်နယ်မြေထဲမှာပထမဆုံးလူဆိုတော့သူ့ကိုကြောက်ကြပြီးသူ့ဆီကဝယ်ကြတယ်, ဒါပေမဲ့လုဟုန်းဒီလောက်နဲ့မကျေနပ်ဘူးသူမုန့်ဟောက်ကိုသတ်ချင်စိတ်တွေကတစ်နေ့ပြီးတစ်နေ့ထက်သန်လာတယ်....


"မုန့်ဟောက်,နောက်နေ့ဒီနယ်မြေမှာမင်းအလံစုတ်နဲ့မင်းကိုထပ်တွေ့ရင်ငါ့အဆိုးမဆိုနဲ့!!" လုဟုန်းအကျယ်ကြီးအော်ပြောလိုက်တာမုန့်ဟောက်တင်မကဘူး ဂုန်းပေါ်ကလူတွေအကုန်ကြားတယ်...


မုန့်ဟောက်လည်းဂူထဲပြန်ရောက်တော့

"နင်ကဘဲငါ့စီးပွားရေးလာလုပြီးငါ့ကိုသတ်ချင်သေးတယ်ပေါ့..." သူလည်းအငြိမ်မခံတောဘူး..

သူနဲ့လုဟုန်းနှစ်ယောက်လုံးကအဆင့်တူတော့သူလုဟုန်းထက်အဆင့်မြင့်မှဖြစ်မယ်....ဒီရက်ပိုင်းရလာတဲ့စွမ်းအားကျောက်တုံးတွေ​စွမ်းအားဆေးလုံးတွေထုတ်ပြီးကြေးမှန်နဲ့စွမ်းအားဆေးလုံးများအောင်သူလုပ်တော့တာဘဲ... စွမ်းအားဆေးလုံးကသူတို့လိုအဆင့်လူတွေအတွက်သိပ်မထူးပေမဲ့တစ်ခါထဲအများကြီးဆိုရင်တော့အသုံးဝင်တယ်..

စွမ်းအားဆေးလုံးကိုမျိုချပြီးလေ့ကျင့်တော့တစ်ခါထဲနဲ့သိပ်မထူးဘူး,ဒါပေမဲ့မုန့်ဟောက်အလွယ်တကူနဲ့မစွန့်လွှတ်ဘူးတစ်ခါမရလည်းနှစ်ခါ.....သုံးခါ....လေးခါ.... နောက်ဆုံးအကြိမ်စမ်းတော့​မုန့်ဟောက်အသိတွေ တွေဝေသွားပြီးခန္ဓာကိုယ်ကနေအညစ်အကြေးတွေထွက်တော့တာဘဲ,တစ်ခါထွက်တိုင်းသူ့အသိကကြည်လင်လေဖြစ်တယ်...ဒီလိုနဲ့နေ့တစ်ဝက်လောက်ကြာတော့မုန့်ဟောက်အခြေအနေငြိမ်ကျသွားသည်..

"​စွမ်းအားအဆင့်၄!" 

"ငါပင်ကိုကလူတွေကိုရန်လည်းမတွေ့ချင်ဘူး,လူလည်းမသတ်ချင်ဘူးဒါပေမဲ့နင်ကငါ့ကိုအလွှတ်မပေးတော့ငါဘယ်တတ်နိုင်မလဲ..."

​မုန့်ဟောက်အသက်ဝဝရှုလိုက်တယ်,မျက်လုံးမှိတ်ပြီးမနက်မိုးလင်းတာကိုစောင့်နေလိုက်တယ်..

နောက်နေ့မနက်ရောက်တာနဲ့ချက်ချင်းခန္ဓာကိုယ်ကအညစ်ကြေးတွေသန့်စင်ပြီးနယ်မြေထဲတန်းသွားလိုက်တယ်​...


မုန့်ဟောက်အရင်လိုမဟုတ်တော့ဘဲဂုန်းအပြင်ဘက်မှာမျက်လုံးမှိတ်တမင်ခွေထိုင်နေသည်..

ကျန်တဲ့လူတွေကသူလုဟုန်းကိုကြောက်လို့မဝင်ရဲတာလားဆိုပြီးတီးတီးတိုးတိုးပြောနေကြတယ် , မုန့်ဟောက်ကလည်းသူကိုယ်တိုင်အထဲမဝင်ချင််တာမဟုတ်ဘူး, သူအခုဆင့်၄ရောက်သွားပြီဆိုတော့အဆင့်နိမ့်လူသတ်နယ်မြေထဲဝင်လို့မရဘူး..


ထိုအချိန်မှာဂုန်းထဲကနေလုဟုန်းထွက်လာသည်.. သူထွက်လာတာနဲ့တစ်ပြိုင်ထဲမုန့်ဟောက်ချက်ချင်းမျက်လုံးဖွင့်,ပစ္စည်းထည့်အိတ်ကိုရိုက်, အိတ်ထဲမှအဖြူရောင်ဓား၃ချောင်းလုဟုန်းဆီပျံတက်လာသည်, လုဟုန်းလည်းသူ့အိတ်ထဲမှခရမ်းရောင်ဓားတစ်ချောင်းချက်ချင်းထုတ်ပြီး,ထိုဓားကခရမ်းရောင် ရောင်ခြယ်များနှင့်မုန့်ဟောက်ဆီပျံသွားသည်.. 

"ခွမ်း!!" ​မုန့်ဟောက်ဓား၃ချောင်းမြေကြီးပေါ်သို့ပြုတ်ကြသွားသည်, ပြုတ်ကြသွားတာနဲ့တစ်ပြိုင်နက်မုန့်ဟောက်ချက်ချင်းလက်နှစ်ချောင်းကိုထောင်စုပြီးဂါထာရွတ်လိုက်သောအခါ မီးတောက်အရောင်တွေမုန့်ဟောက်ကိုယ်လုံးဘေးမှာထွက်ပေါ်လာပြီးလက်မောင်းတစ်ချောင်းစာလာက်ရှိတဲ့မီးမြွေကြီး "ဟောင်း!!!" လုဟုန်းဆီရောက်သွားသည်,ဒါတွင်မကဆက်လက်ပြီးနောက်ထပ်ဓား၃ချောင်းလည်းမီးမြွေနှင့်အတူလေပေါ်သို့ပျံတက်သောအခါလုဟုန်းသူ့ရှေ့ရောက်လာတော့မဲ့မီးမြွေနဲ့ဓားတွေကိုကြည့်ပြီး

"အဆင့်၄!!! "


 လုဟုန်းခုနကဓားကိုထပ်ထုတ်လိုက်တယ်,သူလည်းမုန့်ဟောက်လိုလက်နှစ်ချောင်းထောင်ဂါထာရွတ်လိုက်တဲ့အခါသူ့ရှေ့မှာရေလုံးကြီးတစ်လုံးပေါ်လာသည်, ခုနကလိုဘဲမုန့်ဟောက်ဓားတွေအောက်ပြုတ်ကျသွားသည်တာမကမီးမြွေလည်းလုဟုန်းရဲ့ရေလုံးကြီးနှင့်အတူ လေပေါ်မှာထိထိခြင်းဘဲပျောက်ဆုံးသွားသည်..... ဒါပေမဲ့လုဟုန်းဓားရဲ့ခရမ်းရောင်ရောင်ခြည်ဟာတစ်ဝက်လောက်လျော့ကျသွားတယ်...


"​ဟားဟားဟား...မင်းအဆင့်၄ရောက်လည်းဘာဖြစ်လဲ,မီးမြွေအတတ်ရှိလဲအဆင့်၅မရောက်သေးတဲ့မင်းကဘယ်နှခါမှသုံးလို့ရမှာမဟုတ်ဘူး,ငါ့ဓားကိုမင်းနိုင်မှာလည်းမဟုတ်ဘူး!!" 


"ဟုတ်လား,.,ငါ့မှာဓားဖြူတွေ​အများကြီးရှိတယ်ဆိုရင်ကော...." မုန့်ဟောက်ပြောပြီးတာနဲ့ချက်ချင်းခုနကလိုဘဲဓားဖြူ၃ချောင်း,မီးမြွေတွေလုဟုန်းဆီပျံတက်သွားတယ်.. 

တစ်ဖြည်းဖြည်းနဲ့နောက်ဆုံးလည်းရောက်တော့လုဟုန်း "ဖြွတ်.." သွေးတွေအန်ကျလာပြီးသူ့ရဲ့ ဓားလည်းလုံးဝအရောင်မှိန်ကြသွားပြီး"ခွမ်းခလန်း...." အပိုင်းပိုင်းအောက်သို့ကျသွားတယ်....​


"ငါ့ဓား....... မုန့်ဟောက်!!!!!!!!" 

လည်ပင်းကကျောက်စိမ်းဘူးသီးကိုဖြုတ်လိုက်ပြီး "ဒါအကိုဝမ်ထိန်ဖိန်းပေးတဲ့စွမ်းအားအဆင့်၅ရောက်ရင်သုံးရတဲ့လက်နက်,ဒီနေ့တော့ငါ့စွမ်းအားအကုန်ကုန်သွားရင်တောင်မင်းကိုသတ်ပစ်မယ်!!!" 

               --------------

​​Ps:ratingပေးတဲ့အခါကြယ်ပွင့်လေး၅ပွင့်ကိုနှိပ်ပေးပါရန်တောင်းဆိုအပ်ပါတယ်..💓 ဖတ်ရှုလို့ကြိုက်နှစ်သက်တယ်ဆိုရင် buy a cup of coffee for authorကိုနှိပ်ခြင်းဖြင့် donationပြုလုပ်နိုင်ပါတယ်နော်...💖💕


rate now:

1 Reviews
  • reader Wai lin ko 22.10.2019, 14:46 5

    wow read loe ayan kg 💓💓

    reply