ဒါတင်မကဘူးမုန့်ဟောက်ကကျန်တဲ့ဆေးလုံးတွေအကုန်လုံးကိုလည်းချောင်ရမ်ကိုဝယ်ခိုင်းတယ်.. ကိုယ့်ပစ္စည်းထည့်အိတ်ထဲကနေစွမ်းအားဆေးလုံးတစ်လုံးပြီးတစ်လုံးထွက်သွားတာကိုကြည့်ပြီးချောင်ရမ်တော်တော်ကိုငိုချင်နေပြီ…….
"အော်မေ့လို့ကျွန်တော်မှာဘယ်လောက်ကြီးမားတဲ့ဒဏ်ရာဖြစ်စေအချိန်တိုတိုအတွင်းမှာပျောက်ကင်းသက်သာစေတဲ့ဆေးလုံး၅လုံးရှိတယ်,အကို့ကိုကြည့်ရတာဒဏ်ရာတော်တော်ရနေပုံ....အဲ့တော့ဒီ၅လုံးကိုလည်းဝယ်လိုက်နော်…. အကိုကဒီလောက်အားပေးနေတယ်ဆိုတော့လည်းကျွန်တော်လျော့ပေးပါမယ်နော်"
သူ့ရဲ့စွမ်းအားကျောက်တုံးအကုန်လုံးကိုဘတ်သွားပြီးပြုံးစိစိနဲ့ထပ်ဝယ်ဖို့ပြောနေတဲ့မုန့်ဟောက်ကိုကြည့်ပြီးသူတကယ်ကိုငိုချင်နေပီ…..
"ငါ့....ငါ့မှာလည်းစွမ်းအားကျောက်တုံးတစ်တုံးမှမရှိတော့ဘူး….. "
မုန့်ဟောက်မယုံမှာစိုးလို့အိတ်ထဲရှိသမျှကိုအကုန်ထုတ်ပြလိုက်တယ်,အိတ်ထဲမှာစွမ်းအားလက်နက်တွေဘဲရှိတော့တယ်.။ "ရတာပေါ့စွမ်းအားလက်နက်နဲ့လည်းရောင်းပေးတယ်နော်……"
ပြောပြီးတာနဲ့ချောင်ရမ်ရဲ့အိတ်ကိုပါတစ်ခါထဲဆွဲယူပလိုက်တယ်…..
ဒီကိစ္စပြီးတာနဲ့မုန့်ဟောက်တစ်ယောက်ဟာတော်တော်ကိုနာမည်ကြီးသွားသည်။
တစ်နေ့မနက်မှာချောင်ရမ်ကသူ့အကိုဝမ်းကွဲလုဟုန်းနေတဲ့အဆောင်ကိုသွားလိုက်တယ်... တံခါးအပြင်ကနေ
"အကိုလုကျွန်တော်ချောင်ရမ်ပါကိစ္စတစ်ခုပြောချင်လို့ပါ…"
"ဘာကိစ္စလဲ?"
"ကျွန်တော်ဟိုးတစ်နေ့ကလု….လုတာ,ခံလိုက်ရတယ်။"
အခန်းထဲမှခဏကြာတော့အသံထွက်လာတယ်,,
"ဘယ်သူလုတာခံလိုက်ရတာလဲ?"
" မုန့်ဟောက်ဆိုတဲ့လူတစ်ယောက်ပါ…."
"မုန့်ဟောက်? " လုဟုန်းဦးနှောက်ထဲမှာအရင်တစ်ခေါက်ကရွှီအမကိုဟက်လင်ဆေးလုံးပေးတဲ့လူရဲ့ပုံရိပ်ပေါ်လာတယ်။
"ဟုတ်တယ်,အဲ့ဒီတစ်ကောင်ဘဲ…လူသတ်နယ်မြေမှာဆေးလုံးအရောင်းဆိုင်ခွဲဆိုတဲ့အလံနဲ့ဆေးလုံးတွေလိုက်ရောင်းပြီးဂိုဏ်းသားအချင်းချင်းတွေကိုအတင်းဝယ်ခိုင်းနေတယ်…..တော်တော်ကိုလွန်နေပြီမို့အကိုလုဝင်ရောက်ဖြေရှင်းပေးပါဦး…"
"ငါဒီလောက်စွမ်းအားအဆင့်မြင့်ရောက်နေပြီးအဆင့်နိမ့်ဂိုဏ်းသားတွေရဲ့စွမ်းအားကျောက်တုံးတွေကိုလိုက်လုနေတာအဆင်တော့မပြေဘူး,ဆေးလုံးရောင်းပြီးစွမ်းအားကျောက်တုံးရယူတာ…….ငါခေါက်စမ်းဂိုဏ်းမှာနေလာတာကြာပြီဘာလို့ဒီနည်းလမ်းကောင်းကိုသွားမစဥ်းစားမိတာလဲ....." လုဟန်းအခုမှစဥ်းစားမိပြီးပေါင်ကိုနောင်တရစွာနဲ့ပုတ်ခနဲရိုက်လိုက်တယ်….
အပြင်ကရပ်နေတဲ့ချောင်ရမ်လည်းအထဲက"ပုတ်ခနဲ" ရိုက်သံကိုကြားတော့ထူးဆန်းနေချိန်မှာဘဲဘာမှမပြောဘဲမောင်းထုတ်ခြင်းခံလိုက်ရတယ်...
မုန့်ဟောက်ကတော့ခါတိုင်းလိုဘဲအလံကြီးကိုင်ပြီးဆေးလုံးလိုက်ရောင်းနေဆဲပါ....လူသတ်နယ်မြေထဲကလူတွေမုန့်ဟောက်ကိုတွေ့တာနဲ့တော်တော်ကြောက်နေကြပြီ..ဒါပေမဲ့တစ်ခုကောင်းတာကတော့မုန့်ဟောက်ဒီလိုလိုက်ရောင်းနေတော့အသေကြေတွေတော်တော်နည်းလာခဲ့သည်။
မုန့်ဟောက်လည်းခါတိုင်းလိုဘဲပစ်မှတ်လိုက်ရှာနေချိန်မှာသူနဲ့ခပ်ဝေးဝေးလေးမှာအသက်၃၀ကျော်လူတစ်ယောက်သူ့လိုဘဲအလံတိုင်လေးကိုဘေးမှာစိုက်ထားတယ်,အလံပေါ်ကပိတ်စကမုန့်ဟောက်ပိတ်စထက်အများကြီးသာတယ်,အလံပေါ်မှာ ဆေးလုံးရောင်းဆိုင်ခွဲ၂.., ဒီလူကတော့လုဟုန်း, သူကမုန့်ဟောက်နဲ့စွမ်းအားတူတူဘဲဖြစ်တယ်။
သူတို့နှစ်ယောက်ကိုတွေ့တော့ကျန်တဲ့လူတွေကလည်းအကုန်ကြောင်ကုန်ကြတယ်..... ဒါပေမဲ့လူတဖြည်းဖြည်းများလာတာနဲ့အမျှသတ်ဖြတ်မှုတွေကလည်းများလာရော....
အဲ့အချိန်မှာတိုက်ခိုက်နေကြတဲ့လူနှစ်ယောက်ဆီကိုမုန့်ဟောက်မြန်မြန်ပြေးသွားလိုက်သည်.. , တစ်ပြိုင်ထဲမှာဘဲလုဟုန်းလည်းရောက်လာပြီးမုန့်ဟောက်လိုသတ်ဖြတ်နေကြတဲ့လူနှစ်ဘေးမှာအလံစိုက်ပြီးရပ်နေလိုက်တယ်...
ဟိုနှစ်ယောက်ကလည်းတိုက်ခိုက်တာရပ်ပြီးမုန့်ဟောက်တို့နှစ်ယောက်ကိုကြောင်ကြည့်နေကြတယ်, မုန့်ဟောက်တို့နှစ်ယောက်လုံးကသူတို့ထက်စွမ်းအားသာတဲ့လူတွေဆိုတော့တစ်ယောက်ဟာကိုဝယ်ပြီးနောက်တစ်ယောက်ဟာကိုမဝယ်လို့မကောင်း.... အဲ့တော့နှစ်ယောက်သားတစ်ယောက်တစ်လုံးဆီမုန့်ဟောက်နဲ့လုဟုန်းဆီကဝယ်ပြီးမြန်မြန်ပြေးတော့တာဘဲ.. ဒီနေ့တော့မုန်ဟောက်ရဲ့စီးပွားရေးကလုဟုန်းသိပ်မအောင်မြင်ရှာဘူး... နေ့လည်လောက်ရောက်တာနဲ့မုန့်ဟောက်နဲ့လုဟုန်းကိုကြောက်ပြီးလူတွေရှိတောင်မရှိကုန်ကြတော့ဘူး...
--------------
Ps:ratingပေးတဲ့အခါကြယ်ပွင့်လေး၅ပွင့်ကိုနှိပ်ပေးပါရန်တောင်းဆိုအပ်ပါတယ်..💓 ဖတ်ရှုလို့ကြိုက်နှစ်သက်တယ်ဆိုရင် buy a cup of coffee for authorကိုနှိပ်ခြင်းဖြင့် donationပြုလုပ်နိုင်ပါတယ်နော်...💖💕