book

Index 17

Mind Game

  • Author : Mira June
  • Genres : Adventure, Science
  • Original Author : Orson Scott Card

ညနေခင်း လေ့ကျင့်ချိန်လည်းရောက်ရော လူနည်းနေတယ်။ တစ်ဝက်တောင် မရှိဘူး။


"ဘားနတ်ဘယ်မှာလဲ" အန်ဒါကမေးလိုက်တယ်။

"မင်းမကြားဘူးလား? မင်းနဲ့လေ့ကျင့်တဲ့ ဘယ်သူမဆိုကို ဘယ်တပ်ဖွဲ့ကမှ လက်မခံတော့ဘူးတဲ့။ အဲ့ဒါကြောင့် လူတွေမရှိတော့တာ"


အန်ဒါလည်း ကြောင်အမ်းအမ်းနဲ့ ကြည့်နေလိုက်တယ်။

သူတကယ်မသိတာ။


ကောင်လေးတစ်ယောက်က ပြောလိုက်တယ်။

"လျှောက်ပြောနေကြတာပါကွာ။ ငါတို့သာတကယ်တော်ရင် သူတို့မခေါ်ပဲ မနေနိုင်ပါဘူး။ ဟုတ်တယ်မလား?"


အဲ့လိုနဲ့ပဲ သူတို့‌တွေ ဆက်လေ့ကျင့်ကြတယ်။

ခေါင်းထဲအဲ့လောက် မထည့်မိဘူး။

သူတို့မှာအဲ့လောက်ထိ လိုက်တွေးနေဖို့ အချိန်မရှိဘူးလေ။


ဒါပေမယ့် နောက်နေ့ညနေခင်းကျတော့ လူကပိုနည်းသွားတယ်။

သူနဲ့လာလေ့ကျင့်တဲ့ ကောင်လေးတွေကို အကြီးတန်းတွေက ရေချိုးခန်းထဲမှာ နှိပ်စက်တာတွေ ရိုက်နှက်တာတွေ သူတို့ရေးဆွဲထားတဲ့ ကွန်ပျူတာပရိုဂရမ်တွေကို ဖျက်ဆီးပစ်တာ‌တွေ systemတွေထဲ ထိုးဖောက်ဝင်ရောက်တာတွေ လုပ်နေမှန်းကိုလည်း အန်ဒါသိလာရတယ်။


"ဒီည မလေ့ကျင့်ကြရအောင်" အန်ဒါက စိုးရိမ်ပူပန်နေတဲ့ လေသံနဲ့ ဆိုလိုက်တယ်။


"ဘာကိစ္စနဲ့လဲ?" အလိုင်က နားမလည်တော့ဟန်နဲ့ ပြောတယ်။


"ဘာတွေဖြစ်နေလဲဆိုတာ ငါကြားတယ်။ ငါအဲ့လိုတွေ ဖြစ်စေချင်ဘူး။ ငါ့ကြောင့် ဘယ်သူ့ကိုမှ မထိခိုက်စေခိင်ဘူး။ ခဏလောက် နားကြရအောင်"


"သူတို့ကမင်းကိုပါ လာခြိမ်းခြောက်နေလို့လား?"


"မဟုတ်ဘူး"


"ဒီမှာအန်ဒါ!" ရှန်ကလည်း ဝင်ပြောတယ်။

"ငါတို့တွေ ကြောက်လည်းမကြောက်သလို ဂရုလည်း မစိုက်ဘူး! ဒါကြောင့် ဘယ်သူမှ မရှိတော့ရင်တောင် ငါတို့ဆက်လေ့ကျင့်ကြမယ်။ မင်းလေ့ကျင့်မှုကို လိုအပ်သလို ငါတို့လည်း လိုအပ်တယ်။အဲ့ဒါကြောင့် ဆက်လုပ်ကြရအောင်"


အလိုင်ကလည်း

"မင်းကငါ့ရဲ့ သူငယ်ချင်း မဟုတ်လား"


"ဟုတ်တယ်လေ"


"အဲ့ဒါကြောင့် ဘာတွေပဲဖြစ်နေပါစေ ငါမင်းဘက်က ရှိနေမယ်။ ငါတို့တွေဆက်လေ့ကျင့်ကြရအောင်"


.................................................................


အိပ်ခန်းဆီပြန်ရောက်တော့ မဆော့တာအနည်းငယ် ကြာသွားပြီဖြစ်တဲ့ သူ့ဂိမ်းလေးကို ဖွင့်လိုက်တယ်။

သူဆော့လတ်စ နေရာကိုပဲ တန်းပွင့်သွားတယ်။

ဝံပုလွေကလေးတွေကိုသတ်ပြီး ရေ‌တွင်းအောက်က ပိုက်ခေါင်းတွေကနေ သွားနေတဲ့နေရာ‌ကိုပေါ့။


နောက်ဆုံးတစ်ခေါက်ဆော့တုံးက အကောင်တစ်ကောင်ကို လှမ်းမြင်လိုက်ရတယ်လေ။

အဲ့ဒါက မြွေဖြစ်နေတယ်။

သူရပ်ပြီးကြည့်နေစဉ်မှာပဲ တိမ်တွေက ဆင်းသက်လာပြီး မြွေရှိနေတဲ့ လှပတဲ့ရဲတိုက်လေးရဲ့ မြေအောက်ခန်းဆီ ခေါ်ဆောင်သွားပါတယ်။


မြွေကသူ့ကို ရစ်ပတ်ဖို့ ကြိုးစားတယ်။

အန်ဒါကြိုးစားပြီး ရှောင်ရင်းနဲ့ မှန်တစ်ချပ်ရှေ့ကို ရောက်သွားတယ်။

ဘာပါလိမ့်?

မှန်ထဲမှာ ပီတာ့ကို မြင်ယောင်‌နေပါလား...

ဟင်!!

မြွေကပီတာ့ကို တင်းကျပ်စွာ ရစ်ပတ်ထားပြီး ပီတာ့ရဲ့ မေးစေ့ကနေ သွေးတွေ ကျနေပါလား!!

မြွေရဲ့အမြှီးကလည်း ပီတာ့ပါးစပ်ဘေးထောင့်ကနေ ထွက်နေတယ်!!!


အား!!!!!

အန်ဒါ အလန့်တကြားအော်မိလိုက်တယ်...

‌အခန်းထဲကလူတစ်ချို့တောင် လန့်ဖြတ်ပြီးနိုးကုန်တယ်..

ဘာများဖြစ်တာလဲပေါ့။

အန်ဒါလည်း အော်မိတဲ့အတွက် တောင်းပန်ရင်း ဘာမှမဟုတ်ကြောင်း ရှင်းပြလိုက်တယ်။

အရေးမပါလိုက်တာလို့ တွေးကြပြီး ကိုယ့်ဟာကိုယ် ပြန်အိပ်သွားကြတယ်။


အန်ဒါရုတ်ချည်း စားပွဲကို ပြန်ကြည့်လိုက်တယ်။

ပီတာ့ပုံရိပ်က အဲ့မှာရှိနေတုံးပဲ!

ဘေးနားမှာ တစ်ခုခုကို ရှာနေတယ်။

အဲ့မှန်ကို ရိုက်ခွဲဖို့အတွက်ပေါ့...

ဒါပေမယ့် မရဘူး။ ဘယ်လိုလုပ်လုပ် နံရံမှာပဲ ကပ်နေတယ်။ ကွဲလည်းမကွဲဘူး။


သူစိတ်မရှည်တော့ဘူး။

နောက်ဆုံးတော့ မြွေကို ပစ်ပေါက်လိုက်တယ်။

ချက်ချင်းဆိုသလို မှန်ကကွဲသွားပြီး မှန်ရဲ့နေရာမှာ အပေါက်ကြီးတစ်ပေါက် ဖြစ်လာပါတော့တယ်။


အဲ့ဒီအပေါက်ထဲကနေ မြွေသေးသေးလေးတွေ အကောင်ပေါင်းများစွာ ထွက်‌လာတယ်။

ထို့နောက် အန်ဒါ့ရဲ့ပုံရိပ်ကို သတ်ပစ်လိုက်ကြတယ်။

Screen ဟာလုံးဝအမှောင်ကျသွားတယ်။

ထို့နောက် စာတန်းတစ်ခုဟာ

"ထပ်ဆော့ဦးမလား" ဆိုပြီး ပေါ်လာတယ်


အန်ဒါလည်း လန့်ဖြတ်ပြီး ဂိမ်းထဲကနေ sign off လုပ်လိုက်ပြီး စားပွဲကိုလည်း အဝေးမှာထားလိုက်တယ်။


သူရက်အတော်ကြာအောင် မဆော့ဘူး။

ဒါပေမယ့် သူ့ရဲ့အိမ်မက်ထဲမှာတော့ ဆက်ဆော့မိနေတယ်။

ပြီးတော့ တစ်ချို့အရာတွေကို အသေအချာမှတ်မိနေမိတယ်။

မြွေကို သတ်ပစ်ခဲ့တာတွေ၊ ဝံပုလွေကလေးတွေနဲ့ တိုက်ခိုက်ခဲ့တာတွေ၊ စတယ်လ်စန်ကို သူလုပ်ခဲ့တာတွေ၊ ဘားနတ်ရဲ့လက်မောင်းကို ချိုးခဲ့တာတွေ....။

ဒီဂိမ်းက သူ့စိတ်ကို သိနေတယ်လို့ ခံစားမိတယ်။

ဒါပေမယ့် ငါကပီတာမဟုတ်ဘူး။

ငါ့မှာ ပီတာ့လို ရက်စက်တတ်တဲ့ နှလုံးသားမရှိဘူး။


.................................................................


"ငါမင်းနဲ့ စိမ်ပြေတပြေစကားပြောဖို့ ခေါ်လိုက်တာ မဟုတ်ဘူး။ ဘယ်လိုဖြစ်ရတာလဲ။ ကွန်ပျူတာက ဘာတွေလုပ်နေတာလဲ!"


"ကျွန်မလည်း မသိဘူး"


"အန်ဒါ့အစ်ကိုရဲ့ ပုံကို ဘယ်ကနေဘယ်လိုယူပြီး fairylandရဲ့ graphics ထဲကို ထည့်လိုက်တာလဲ"


"ဒီမှာ ဗိုလ်မှူးကြီး ဂရပ်ဖ်! အဲ့ပရိုဂရမ်ကို ရေးဆွဲတုံးက ကျွန်မရှိမနေခဲ့ဘူး။ ကျွန်မသိတာက ကွန်ပျူတာဟာ ဘယ်တုံးကမှ ဘယ်သူ့ကိုမှ အဲ့နေရာတွေဆီကို ခေါ်မသွားခဲ့ဘူးဆိုတာပဲ။ Fairyland ကနဂိုကတည်းကိုက ထူးဆန်း‌တဲ့နေရာ။ အခုက fairylandမဟုတ်ဘူး။ ကြည့်ရတာ the End of the Worldလိုပဲ"


"ငါနာမည်တွေအကုန်ကို သိတယ်။ သူတို့ဘာကို ဆိုလိုချင်လဲဆိုတာကိုပဲ မသိတာ"


"Fairyland ကနဂိုကတည်းက ပရိုဂရမ်ဆွဲပြီးသား။ ဒါပေမယ့် the End of the World အကြောင်းကို တစ်ခါမှ မကြုံဖူးဘူးမဟုတ်လား"


"ကျွန်မကတော့ ကွန်ပျုတာ အန်ဒါ့စိတ်ကို ဒီလိုနည်းနဲ့ ထိန်းချုပ်နေတာ မကြိုက်ဘူး။ ပီတာဆိုတာက အန်ဒါ့ဘဝမှာ ကြောက်ရတဲ့လူလည်းဖြစ်တယ် မုန်းရတဲ့လူလည်းဖြစ်တာကို ဘာလို့များ ပုံဖော်လဲမသိဘူး"


"Mind gameက ကလေးတွေရဲ့ စိတ်ကို ပိုကောင်းလာအောင် လေ့ကျင့်ပုံဖော်ပေးတာ။ ပြီးတော့ သူတို့အတွက် နေရတာ စိတ်ပျော်စေမယ့် ကမ္ဘာကို ဖန်တီးပေးတာ။ ဒါပေမယ့် အခုတော့ ဘာတွေဖြစ်နေလဲ မသိတော့ဘူး"


"အဲ့ဒါကအန်ဒါ့အတွက် သီးသန့်အဓိပ္ပာယ် ရှိနေမယ်ထင်တယ်"


"ဟုတ်မယ်။ ဘာလို့ထင်လဲ?"


"ဘယ်သိမှာလဲ။ သူ့မေးကြည့်ပေါ့။ Mind gameဆိုတာက ကလေးနဲ့ ကွန်ပျူတာကြားထဲက ဆက်သွယ်မှုတစ်ခုပဲ။ သူတို့တွေအတူတူ ပုံပြင်တွေကို ဖန်တီးလို့ရတယ်။ ဖြစ်ချင်တာတွေကို ဂိမ်းထဲမှာ လုပ်လို့ရတယ်။ ဒါပေမယ့် အဲ့ဒါတွေက ကလေးရဲ့ စိတ်နေစိတ်ထားတွေကို ပြန်ထင်ဟပ်နေတယ်။ လက်တွေ့ဘဝမှာ အကျိုးသက်ရောက်မှုရှိတယ်။ ကျွန်မသိတာ ဒါအကုန်ပဲ"


"သေချာတာကတစ်ခုတော့ရှိတယ်။ ပီတာဝတ်ဂင်ရဲ့ ဓာတ်ပုံကို ငါတို့ရဲ့ fileတွေထဲကနေ ယူထားတာမဟုတ်ဘူး။ ငါတို့မှာ သူနဲ့ပတ်သတ်တာတစ်ခုမှ မရှိဘူးလေ"


"အန်ဒါဒီကိုရောက်တာ တစ်နှစ်ခွဲရှိနေပြီ။ သူဘယ်လောက်တောင် ပြောင်းလဲသွားပြီလဲ မသိဘူး"


.................................................................


ဗယ်လ်က အန်ဒါ့ရဲ့မွေးနေ့ပွဲကို အိမ်အသစ်လေးရဲ့ ခြံဝန်းထဲမှာ တစ်ယောက်တည်း ကျင်းပနေတယ်။

မြေကြီးပေါ်မှာ ကိတ်မုန့်ပုံလေးဆွဲ၊ သစ်ရွက်ကလေးတွေကို အလှဆင်ရင်း မီးခြစ်ဆံလေးနဲ့ မီးအနည်းငယ်ရှို့လိုက်တယ်။ 

ထွက်လာတဲ့ အငွေ့လေးတွေကို Battle Schoolဆ‌ီရောက်ပါစေလို့ ဆုတောင်းရင်းနဲ့ပေါ့....


အန်ဒါအိမ်ကထွက်သွားကတည်းက အခုချိန်ထိ စာတစ်စောင်မှ ရောက်မလာခဲ့ဘူး။

သူစသွားတုံးကဆိုရင် အမေနဲ့အဖေက နေ့တိုင်းလိုလိုစာရေးဖြစ်ကြသေးတယ်။

ဒါပေမယ့် ဗယ်လ်သိတယ်။

သူတို့စာတွေလည်း သူ့ဆီမရောက်ဘူး။

သူ့ဆီက စာတစ်စောင်လေးကို တစ်လတစ်ခါ‌တောင် မရဘူး။

အန်ဒါ အဆင်ပြေနေရဲ့လား...‌

နေကောင်းရဲ့လား...

သိချင်လိုက်တာ...

အန်ဒါထွက်သွားတာ ၂နှစ်ရှိနေပြီ။

အိမ်ကလူတွေလည်း သူ့ကိုမေ့နေပြီ။

သူ့မွေးနေ့ကိုလည်း ဘယ်သူမှ မမှတ်မိကြတော့ဘူး။

အိမ်ကလူတွေအတွက်တော့ အန်ဒါက သေသွားပြီ။

ဒါပေမယ့် ဗယ်လ်ကတော့ ဘယ်တော့မှ မ‌မေ့ခဲ့ဘူး...


အမေနဲ့အဖေက မြောက်ကယ်ရိုလီနာကို အိမ်ပြောင်းခဲ့တယ်လေ။

သူတို့တွေ အန်ဒါ့ကို တစ်သက်လုံးပြန်မတွေ့ချင်တော့တဲ့ ဆုံးဖြတ်ချက်နဲ့များ ပြောင်းလိုက်‌လေသလား...

အန်ဒါပြန်လာရင် သူတို့ကို ရှာတွေ့ပါ့မလား...

အန်ဒါသိတဲ့ တစ်‌ခုတည်းသောနေရာကို စွန့်ခွာခဲ့ကြတယ်လေ...

ထူထဲနေတဲ့ သစ်ပင်တွေ...မြင့်မားပြီးလှပနေတဲ့ ကောင်းကင်နဲ့...သဘာဝတရားတွေနဲ့ ပြည့်‌နှက်နေတဲ့ ဒီနေရာကို ပြောင်းလာခဲ့ကြတယ်...

အန်ဒါသိနိုင်ပါ့မလား...

ဒီနေရာကို ပြောင်းလာတဲ့ နောက်ထပ် အကြောင်းအရင်းလည်း ရှိသေးတယ်။

ပီတာကြောင့်ပဲ....


.................................................................


Ratingအတွက် starsလေးတွေနဲ့ opinionလေးရေးပေးသွားပါဦး‌နော်❣️

Author တစ်ယောက်အတွက် rating ကအရေးကြီးလို့ပါ🙄

Subscribeလုပ်ထားဖို့လည်း မမေ့ကြပါနဲ့လို့🙄

Notify me for New Chapterဆိုတဲ့ buttonကိုနှိပ်ပေးရတာပါ။ အဲ့ဒါဆို အပိုင်းသစ်တင်တိုင်း noti တက်လာပါလိမ့်မယ်နော်🤗

You can also buy a cup of coffee for me🙄

If you want to donate me, you can use AYA Bank or KBZ pay.

If you enjoy reading, please share my novel on Facebook 🙄❣️

Thank you for your attention 😘



rate now:

9 Reviews
  • reader Khine Zin Wint 11.11.2019, 17:03 4.9

    good

    reply

  • reader Wai lin ko 09.11.2019, 01:40 5

    well~

    reply

  • reader Michaelharis 04.11.2019, 13:09 5

    Not bad

    reply

  • reader Aye Lay 04.11.2019, 12:54 5

    good

    reply

  • reader Bao Bao 04.11.2019, 11:01 5

    Mikeeeee

    reply

  • reader Khin Mg Htwe 04.11.2019, 08:25 5

    Good

    reply

  • reader Ur boyfri Swam 🙂 01.11.2019, 13:24 5

    Kg dl waiting for new

    reply

  • reader HsuHsu 01.11.2019, 07:39 5

    .

    reply

  • reader Yoon Yoon 01.11.2019, 07:10 5

    Waiting for new chp

    reply