book

Index 7

စာစဉ် ၆ (အပိုင်း ၈၅မှ ၉၈ထိ)

  • Author : Oo Zaw
  • Genres : Romance, Adventure, Drama, Action
  • Original Author : Er Gen

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၈၅) အခြေခံခိုးယူခြင်း ()

ထန်းလီ၏မျက်လုံးက ရုတ်တရက် ပွင့်လာသည်။ သူ၏မျက်လုံးသည် ယခင်ကဲ့သို့ တောက်ပမှု မရှိတော့ဘဲ နီရဲနေ၏။ သူ၏နှုတ်ခမ်းများက တုန်ယင်နေပြီး မေးရိုးများကလည်း တင်းနေအောင် စေ့ထား၏။

ဝမ်လင်းက ညာလက်ဖြင့် ရှုပ်ထွေးသောသင်္ကေတ တစ်ခုကို လေထဲတွင် ဆွဲလိုက်သည်။ ထို့နောက် လက်ချောင်းတစ်ချောင်းကို ကိုက်လိုက်ပြီး သွေးစက်တစ်စက်ကို ထန်းလီ၏ဦးခေါင်းပေါ်သို့ ဆတ်ခနဲ တောက်ထုတ်လိုက်၏။

ထန်းလီထံမှ ညည်းသံတစ်ချက် ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်က ဆန့်တငင်ငင် လှုပ်ရှားလာသည်။ သူ၏အရေပြားအောက်မှ အရာအားလုံးက လှုပ်ရှားလာပြီး ရင်ဘတ်ဆီသို့ စုဝေးလာ၏။

အချိန်တိုလေးအတွင်းမှာပင် ထန်းလီ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများ၊အကြောများ အားလုံးသည် သူ၏ရင်ဘတ်နေရာတွင် အသားလုံးတစ်ခုအဖြစ် စုစည်းသွားသည်။

ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာပြီး ညာလက်ကို ဝေ့ရမ်းကာ နောက်ထပ်နည်းစနစ်တစ်ခုကို အသုံးပြုလိုက်သည်။ ထိုအခါ အသားလုံးကြီးက ထန်းလီ၏ကိုယ်မှ ခွဲထွက်လာ၏။ ယခုအချိန်တွင် ထန်းလီ၏ခန္ဓာကိုယ်သည် အရိုးများထည့်ထားသော အိတ်တစ်ခုနှင့် တူနေ၏။

ဝမ်လင်းက စိတ်စွမ်းအင်များကို ပါးစပ်အပြည့် ထွေးထုတ်လိုက်ပြီး အသားလုံးထဲသို့ ဝင်သွားစေလိုက်သည်။ ထိုအခါ အသားလုံးကြီးက တဖြည်းဖြည်း ကျုံ့လာပြီး သွေးလုံးနှင့် အရွယ်အစားတူသောအခါ ကျုံ့နေခြင်းမှ ရပ်တန့်သွား၏။

ဝမ်လင်းလည်း ပင်ပန်းလာသဖြင့် ဘူးသီးခြောက်ကို ထုတ်ယူပြီး စိတ်ဝိညာဉ်ရေများကို သောက်သုံးကာ အားဖြည့်လိုက်သည်။ ထို့နောက် ထန်းလီ၏ခန္ဓာကိုယ်ကို လက်က ညွှန်လိုက်သည်။

ရုတ်တရက် ကွဲကြေသွားသည့်အသံများ ထွက်ပေါ်လာသည်။ ထန်းလီ၏ခန္ဓာကိုယ်ထဲမှ အရိုးများအားလုံး တစ်စစီဖြစ်ကာ အမှုန့်ဖြစ်သွားပြီး အရိုးမှုန့်အလုံးကြီးအဖြစ် စုစည်းသွား၏။

သွေးလုံး၊အသားလုံး၊အရိုးလုံး ၃လုံးသည် ဝမ်လင်း၏ရှေ့တွင် တန်းစီနေသည်။ ထိုအလုံး၃လုံးမှ မိစ္ဆာဆန်သောအော်ရာများ ထွက်ပေါ်နေသည်။

အလုံး၃လုံးကို လုပ်ပြီးနောက် ဝမ်လင်းက သက်ပြင်းချပြီး ရေရွတ်လိုက်သည်… “အခြေခံခိုးယူခြင်းနည်းစနစ်မှာ သွေး၊အသား၊အရိုး၊ဝိညာဉ်၊စိတ်ဝိညာဉ်အရင်းအမြစ် ၅ခုစလုံးကို ထုတ်ဖို့လိုတယ်ပြီးတော့ သွေး၊အသား၊အရိုးတွေကို ထုတ်ယူနေချိန်မှာ အထုတ်ခံရတဲ့သူက မသေနိုင်သေးဘူးဒီနည်းစနစ်က အရမ်းကို ရက်စက်လွန်းတယ်… “

စစ်ထူနန်က ဖြည်းညှင်းစွာ ပြောလိုက်သည်… “ဒါက ဘာမှမဟုတ်သေးဘူးငါနေခဲ့တဲ့ တိုင်းပြည်မှာဆိုရင် အမြုတေခိုးတဲ့ မိစ္ဆာဂိုဏ်းတွေတောင် အများကြီး ရှိတယ်ဒါကမှ ရက်စက်တယ်လို့ ခေါ်တယ်အမြုတေ ထုတ်ယူခံလိုက်ရတဲ့လူကလည်း ဝေဒနာခံစားရရုံတင် မဟုတ်ဘူးထုတ်ယူတဲ့လူကလည်း ဝေဒနာခံစားရတယ်ပြီးတော့ အောင်မြင်နှုန်းက ၁ရာခိုင်းနှုန်းတောင် မရှိဘူး… “

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် လက်ရှိလုပ်နေသည့်အလုပ်အပေါ် အာရုံစိုက်လိုက်သည်။ သူ့လက်ကို ထန်းလီကို ညွှန်လိုက်ပြီး လင်္ကာကို ရွတ်ဆိုလိုက်သည်။ ဝမ်လင်းရွတ်နေသည့်လင်္ကာက တဖြည်းဖြည်း မြန်လာသည့်အချိန်တွင် ထန်းလီ၏ကိုယ်ထဲမှ ထုတ်ထားသော အသားလုံးထဲမှ အဖြူရောင်အငွေ့များ ထွက်လာ၏။

အချိန်ကြာလာသည်နှင့်အမျှ အဖြူရောင်အငွေ့များက အလွန်သိပ်သည်းလာပြီး ခပ်သေးသေးလူပုံစံ ဖြစ်ပေါ်လာသည်။ ထိုလူသေးသေးလေးကို သေချာ နီးနီးကပ်ကပ် ကြည့်လိုက်မယ်ဆိုလျှင် ထန်းလီနှင့် တူနေသည်ကို တွေ့ရပေမည်။ ထိုအရာက ထန်းလီ၏ဝိညာဉ်ဖြစ်သည်။

ထန်းလီဝိညာဉ်၏မျက်လုံးတွင် စိတ်ရှုပ်ထွေးသည့် အရိပ်အယောင်များ ပေါ်နေပြီးနောက် သူ၏ခန္ဓာကိုယ်က တုန်ခါသွား၏။ သူ့မျက်လုံးမှ စိတ်ရှုပ်ထွေးသည့်အရိပ်အယောင်များက ပျောက်ကွယ်သွားပြီး ဝမ်လင်းကို ဒေါသတကြီး ကြည့်ကာ အော်ပြောလိုက်သည်။ ထန်းလီဝိညာဉ်၏ အော်ဟစ်ပြောဆိုသံများက အလွန်ကို တိုးညှင်းလှ၏။

ဝမ်လင်းက မျက်တောင်ပင် မခတ်ဘဲ သူ့အလုပ်ကို ဆက်လုပ်နေသည်။ သူ့လက်ကို ဝေ့ရမ်းလိုက်ပြီးနောက် အနီရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ ထိုထန်းလီ၏ဝိညာဉ်က အနီရောင်အလင်းတန်းကို ကြောက်နေသည့်ဟန် ရှိပြီး အနီရောင်အလင်းတန်းနှင့် မထိတွေ့စေရန် ထွက်ပြေးလိုက်၏။ သို့သော်လည်းပဲ ထန်းလီ၏ခန္ဓာကိုယ်နှင့် ၃မီတာပတ်လည် အကွာအဝေးက လှောင်အိမ်တစ်ခုကဲ့သို့ ဖြစ်နေပြီး ထန်းလီ၏ဝိညာဉ်က ဘယ်လိုပင် ထွက်ပြေးရန် ကြိုးစားပါစေ ၃မီတာထက်ပိုပြီး ကျော်လွန်၍ သွားလို့ မရချေ။

နောက်ဆုံးတွင် ထန်းလီ၏ဝိညာဉ်က မလွတ်မြောက်နိုင်တော့သည်ကို သိလိုက်ပြီး ကြောက်စရာကောင်းသည့် အကြည့်ဖြင့် အနီရောင်အလင်းတန်းဆီသို့ ပြေးဝင်သွားလိုက်၏။

ဝမ်လင်းက မျက်နှာသေကြီးဖြင့် သူ့လက်ကို ဝေ့ရမ်းလိုက်ပြီး အနီရောင်အလင်းကို ထန်းလီဝိညာဉ်အား အနည်းငယ် လှည်ပတ်စေပြီးနောက် ထန်းလီဝိညာဉ်ကို အပြင်သို့ ဖြည်းဖြည်းခြင်း ဆွဲထုတ်လာသည်။

ဝိညာဉ်ထုတ်ယူခြင်းအဆင့်က အလွန်အရေးကြီးသည်ကို ဝမ်လင်း သိ၏။ ဝိညာဉ်ကို ခန္ဓာကိုယ်နှင့် ၃မီတာအတွင်းမှ မပျက်မစီးဘဲ ဆွဲထုတ်ရမည် ဖြစ်သည်။ ပျက်စီးသွားသည့်ဝိညာဉ်က အခြေခံခိုးယူခြင်းနည်းစနစ်ကို မထိခိုက်စေသော်လည်း သူ၏ကိုယ်ပိုင်စွမ်းရည်ကို မြှင့်တင်ရန်အတွက် ထန်းလီ၏စိတ်ဝိညာဉ်အရင်းအမြစ်ကို အသုံးပြု၍ မရတော့ပါချေ။

အနီရောင်အလင်းတန်းက သူ့ကို ဆွဲထုတ်နေသည့်အချိန်တွင် ထန်းလီဝိညာဉ်၏မျက်နှာ၌ နာကျင်မှုဖြင့် ပြည့်နေ၏။ တဖြည်းဖြည်းနှင့် ၃မီတာပတ်လည်အတွင်းမှ ထန်းလီဝိညာဉ်၏ခန္ဓာကိုယ်တစ်ဝက်ကျော် ထွက်လာပြီ ဖြစ်သည်။

ထိုအချိန်တွင် ထန်းလီ၏ဝိညာဉ်ခန္ဓာကိုယ်မှ အဝါရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး အနီရောင်အလင်းတန်းကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် ထန်းလီ၏ဝိညာဉ်ကလည်း ၃မီတာပတ်လည် အတွင်းသို့ လျင်မြန်စွာ ဆုတ်သွား၏။ အဝါရောင်အလင်း၏တောက်ပမှုကြောင့် ထန်းလီ၏ဝိညာဉ်ကလည်း ပိုမိုသိပ်သည်း မာကျောလာသည်။

ဝမ်လင်း၏မျက်နှာက မည်းမှောင်သွားပြီး ထန်းလီ၏ဝိညာဉ်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် လက်ဖြင့် နည်းစနစ်တစ်ခုကို အသက်သွင်းလိုက်ပြန်သည်။ ထိုအချင်းအရာကို မြင်ပြီး ထန်းလီ၏ဝိညာဉ်သည် ထိတ်လန့်ကြောက်ရွံ့သည့်အမူအရာများ ပေါ်လာ၏။

မင်း ငါ့ကို သတ်ရင်ငါ့အဘိုးကလည်း မင်းကို အလွတ်ပေးမှာ မဟုတ်ဘူးငါ့အဘိုးက စဦးစိတ်ဝိညာဉ်အဆင့်ပဲဒါ့ကြောင့် မင်း ငါ့ကို သတ်ရင်မင်းလည်း ကျိန်းသေ သေရလိမ့်မယ်… “

ထိုစကားကို ကြားပြီး ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်သောအလင်းရောင်တစ်ချက် လက်သွားပြီး စိတ်စွမ်းအင်းများကို ထွေးထုတ်လိုက်၏။ ထို့နောက် နည်းစနစ်တစ်ခုကို သုံးပြီး စိတ်စွမ်းအင်များကို ကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲသွားစေလိုက်သည်။

ထန်းလီ၏ဝိညာဉ်သည် ကြောက်လန့်လာပြီးပြောလိုက်သည်… “ငါ့ရဲ့အဘိုးက ငါ ဒုက္ခရောက်နေတာကို သိပြီးပြီဒါ့ကြောင့် သူက ဒီနေရာကို အချိန်မရွေးရောက်လာလိမ့်တယ်မင်း… “

သူ ပြောလို့မပြီးခင်မှာတင် ဝမ်လင်းက လက်ကို ဝေ့ရမ်းလိုက်၏။ ကြိုးက ထန်းလီ၏ဝိညာဉ်ကို ချည်နှောင်လိုက်ပြီး ၃မီတာပတ်လည်အတွင်းမှ ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။

ထန်းလီ၏ဝိညာဉ်ကလည်း အပြင်းအထန် ရုန်းကန်နေရင်း စူးစူးဝါးဝါးအော်လေတော့၏… “အဘိုးငါ့ကို ကယ်ပါ… “ အဝါရောင်အလင်းကလည်း ပိုမိုလင်းလာပြီး ဝမ်လင်းကို ခုခံ၏။

ဝမ်လင်းလည်း နည်းနည်း အခက်ကြုံနေတာကို မြင်ပြီး သိုလှောင်အိတ်ကို လက်ဖြင့် ပုတ်လိုက်ကာ ဘူးသီးခြောက်ကို ထုတ်ယူလိုက်၏။ သူက စိတ်ဝိညာဉ်ရေကို ပါးစပ်အပြည့် မော့သောက်လိုက်ပြီး ထန်းလီ၏ဝိညာဉ်ကို ဆွဲထုတ်နေသည့် ကြိုးပေါ်သို့ စိတ်စွမ်းအင်ရေများ လောင်းချလိုက်ရာ ကြိုးက ပိုပြီးထူလာကာ ထန်းလီ၏ဝိညာဉ်ကို ထပ်ဆွဲထုတ်ပြန်သည်။

ဒီတစ်ကြိမ်တွင်တော့ ထန်းလီ၏ဝိညာဉ်မှ အဝါရောင်အလင်းသည် မည်မျှပင် တောက်ပပြီး မာကျောပါစေ ဝမ်လင်းကို ခုခံရန် မဖြစ်နိုင်တော့ချေ။ နောက်ဆုံးတွင် ထန်းလီ၏ဝိညာဉ်ကို ၃မီတာပတ်လည်အတွင်းမှ အောင်မြင်စွာ ထုတ်ယူနိုင်လိုက်၏။ ထန်းလီ၏ဝိညာဉ် အပြင်ကို ထုတ်ခံလိုက်ရသည်နှင့် အဝါရောင်အလင်းက အဝါရောင်အငွေ့ထုကြီး ဖြစ်သွားကာ အထဲတွင် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုပုံရိပ်က မကြည်မလင် ဖြစ်နေပြီး အသံတစ်ခု ထွက်ပေါ်လာ၏… “ကျင့်ကြံသူလေးကျေးဇူးပြုပြီး ရပ်ပေးလို့ ရမလားငါတို့ ဒီအကြောင်းကို ဆွေးနွေးရအောင်… “

ဝမ်လင်းက အလန့်တကြားဖြစ်သွား၏။ သို့သော်လည်း စစ်ထူနန်က လျင်မြန်စွာ ပြောလိုက်သည်… “မစိုးရိမ်နဲ့ဒါက စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူရဲ့ ပုံရိပ်ယောာင်ကိုယ်ပွားတစ်ခုပဲဒါက ရိုးရိုးကိုယ်ပွားနဲ့ မတူဘူးဒီပုံရိပ်ယောင်ကိုယ်ပွားက တိုက်ခိုက်လို့ မရဘူးမင်းကို မမြင်နိုင်ဘူးပြီးတော့ မင်းရှိတဲ့ နေရာကိုတောင် မသိနိုင်ဘူးပုံရိပ်ယောင်ကိုယ်ပွားက လုပ်နိုင်တာ တစ်ခုပဲ ရှိတယ်အဲ့တာက သူပြောတဲ့စကားကို မင်း ကြားအောာင် လုပ်ပေးနိုင်တာပဲပြီးတော့ ဒီပုံရိပ်ယောင်ကိုယ်ပွားရဲ့ ပုံစံကို ကြည့်ပြီး ပြောရရင် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူက ဒီနေရာနဲ့ အဝေးကြီးမှာ ရှိနေတယ်ဒါ့ကြောင့်လည်း ပုံက ဝါးနေတာဘာပဲဖြစ်ဖြစ် သူက ထန်းလီကိုတော့ တော်တော်ချစ်တာပဲဒါ့ကြောင့် သူ့ရဲ့နတ်ဘုရားစိတ်အာရုံအပိုင်းအစလေးကို ထန်းလီနဲ့ ထည့်ပေးထားတာ… “

စစ်ထူနန်၏ စကားကို ကြားပြီးသည်နှင့်တွေဝေနေခြင်း မရှိဘဲ ထန်းလီ၏ဝိညာဉ်ကို လက်ဖြင့် ညွှန်လိုက်၏။ ထန်းလီ၏ဝိညာဉ်က ချက်ချင်း ရပ်တန့်သွားပြီး အပြင်းအထန် ရုန်းကန်နေသည်။ ထန်းလီ၏ဝိညာဉ်က တဖြည်းဖြည်း ကျုံ့သွားပြီး နောက်ဆုံးတွင် ခရမ်းရောင်တောက်ပနေသည် အလုံးတစ်လုံး အဖြစ်သို့ ရောက်သွား၏။

ပုံရိပ်ယောင်ကိုယ်ပွားက ထန်းလီ၏ဝိညာဉ် သန့်စင်ခံလိုက်ရသည်ကို သတိပြုမိသွားပြီး အော်ပြောလိုက်သည်… “ထန်းမိသားစုဝင်တစ်ယောက်ကို မင်းက သတ်ရဲတယ်ပေါ့မင်း ပြန်ပေးဆပ်ရမယ်ငါ မင်းကို ရှာတွေ့တဲ့တစ်နေ့ငါ မင်းကို သတ်မယ်… “

…………………………………………………….

ဝမ်လင်းရှိနေသည့်နေရာမှ မိုင်တစ်သောင်းမက ဝေးသောတောင်ထိပ်တစ်ခုပေါ်တွင် အနက်ရောင်ဝတ်ရုံကို ခြုံထားသော အဘိုးကြီးတစ်ယောက် သုန်မှုန်နေသော မျက်နှာထားဖြင့် မတ်တပ်ရပ်နေသည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ရေရွတ်လိုက်၏… “လီအာမြေးအတွက် အဘိုးပြန်လက်စားချေပေးပါ့မယ်… “

ထို့နောက် သူက ညာလက်ဖြင့် ရင်ဘတ်ကို ရိုက်ကာ သွေးမည်းများ အန်ထုတ်လိုက်သည်။ သူ၏ညာလက်ကပဲ လျင်မြန်စွာ သွေးမည်းများဖြင့် လေထဲတွင် သင်္ကေတများ ရေးဆွဲလိုက်၏။ ရေးဆွဲပြီးသွားသောအခါ ထူးဆန်သောသင်္ကေတများက လေထဲတွင် ရပ်တန့်နေသည်။

ထို့နောက် ခရမ်းရောင်လူသေးသေးလေးတစ်ယောက်က လေထဲတွင် ထိုင်လျက် ပေါ်လာသည်။

လူသေးသေးလေးက အော်လိုက်သည်… “ကျိန်စာဖြစ်ပေါ်စမ်း… “

သူ၏လက်များက အစီအရင်တစ်ခုကို ရေးဆွဲလိုက်ပြီး သူ၏နတ်ဘုရားစိတ်အာရုံကို ခွဲထုတ်ကာ သင်္ကေတများအားလုံးနှင့် ပေါင်းစပ်ရောနှောသွား၏။

ကျိန်စာပြီးဆုံးခြင်း… “

အဘိုးကြီး၏ဝိညာဉ်က သိသိသာသာကို ကျုံ့သွား၏။ သူ့ပုံစံက သူ၏စွမ်းအားများ ဆုံးရှုံးသွားသည်ကို ဂရုမစိုက်သည့်ပုံစံမျိုး ဖြစ်သည်။ သင်္ကေတများက နတ်ဘုရားစိတ်အာရုံနှင့် ပေါင်းစပ်သွားပြီးနောက် မိစ္ဆာဆန်ဆန်အလင်းရောင်များ တောက်ပလာပြီး ကောင်းကင်ပေါ်တွင် ရပ်တန့်နေ၏။ ထိုသင်္ကေတများက ကောင်းကင်တစ်ဝက်လောက်ထိ ဖုံးလွှမ်းသွားပြီး အစီအရင်တစ်ခု ဖြစ်ပေါ်လာသည်။ အစီအရင်ကြောင့် မိုးချိန်းသံများကလည်း ထွက်ပေါ်လာသည်။

ကျိန်စာလှည့်လိုက်စမ်း… “

အစီအရင်က တစ်ဖြည်းဖြည်း လည်လာ၏။ အစီအရင်က လည်ရင်းလည်ရင်း ကောင်းကင်ပေါ်တွင် သွေးရောင်တောက်ပနေသော လျှပ်စီးများ ပေါ်လာပြီး ထူးဆန်းသော စိန်ပုံသဏ္ဍာန်ကို ဖြစ်ပေါ်စေသည်။

ကျိန်စာပိတ်လိုက်စမ်း… “ လူသေးသေးလေးက အော်လိုက်သည်။ သူ၏ဝိညာဉ်စွမ်းအားများကိုလည်း အစီအရင်ထဲသို့ ထပ်ပေါင်းထည့်လိုက်သဖြင့် အစီအရင်က ပိုပြီး မြန်ဆန်စွာ လည်လာသည်။ သွေးရောင်လျှပ်စီးကလည်း ပိုပိုပြီး မာကြောလာသည်။ မကြာမီ အစီအရင်က ကျုံ့သွားပြီး သွေးရောင်လျှပ်စီးများအားလုံးကို စိန်ပုံသဏ္ဍာန်ပေါ်တွင် တံဆိပ်ခပ်နှိပ်လိုက်၏။

ထို့နောက် စိန်ပုံသဏ္ဍာန်အစီအရင်က ကောင်းကင်ပေါ်မှ ကျလာပြီး လူသေးသေးလေး၏နဖူးပေါ်သို့ ဖိချကာ နဖူးပေါ်တွင် စိန်ပုံသဏ္ဍာန်ကို ပေါ်လာစေသည်။

ထိုလူသေးသေးလေးက သုန်မှုန်နေသောအပြုံးဖြင့် ပြောလိုက်သည်… “မင်းက ထန်းမိသားစုဝင်ကို သတ်ရဲမှတော့ငါကလည်း မင်းကို ကျိန်စာမိစေရမှာပေါ့… “

………………………………………………..

သစ်ခေါင်းထဲတွင် ဝမ်လင်း၏ရှေ့ရှိ လေထဲတွင် အလုံး၄လုံးက ရပ်တန့်နေသည်။ သူက ထန်းလီ၏ခန္ဓာကိုယ်မှ ကျန်ရှိနေသော အစိတ်အပိုင်းအားလုံးကို လက်ဖြင့် ညွှန်လိုက်ရာ ထိုအစိတ်အပိုင်းများမှ ရွှေရောင်အမှုန်များ အများအပြား ထွက်လာသည်။

ထိုအမှုန်များက အလွန်များပြားပြီး ၃ပုံ၁ပုံက ပတ်ဝန်းကျင်သို့ ပျံ့နှံ့ကာ ပျောက်ကွယ်သွား၏။

ဝမ်လင်းက အသက်ဝအောင် ရှူလိုက်သည်။ ထိုရွှေရောင်အမှုန်များက စိတ်ဝိညာဉ်အရင်းအမြစ်များ ဖြစ်သည်ကို သူ သိနေသည်။ ထို့ကြောင့် သူက စိတ်စွမ်းအင်များကို ပါးစပ်ထဲမှ ထုတ်ပြီး စိတ်ဝိညာဉ်အရင်းအမြစ်များကို ဝါးမြိုလိုက်သည်။ စိတ်ဝိညာဉ်အရင်းအမြစ်က ဝမ်လင်း၏ဝါးမြိုမှုကို ငြင်းဆန်သည့်အတွက် နောက်ထပ် ၃ပုံ၁ပုံလည်း ပျောက်ကွယ်သွားရပြန်သည်။ ဝမ်လင်းက ထန်းလီ၏စိတ်ဝိညာဉ်အရင်းအမြစ်ကို ၃ပုံ၁ပုံသာ ဝါးမြိုလိုက်နိုင်၏။

ထိုအချိန်တွင် ဝမ်လင်း၏နဖူးပေါ်က တောက်ပလာပြီး နဖူးပေါ်တွင် ခရမ်းရောင်စိန်ပုံသဏ္ဍာန်တစ်ခု ပေါ်လာသည်။

ဝမ်လင်းက သူ့နဖူးတွင် တစ်ခုခု ဖြစ်သွားသည်ကို သတိပြုမိပြီး နဖူးကို လက်ဖြင့် စမ်းကြည့်လိုက်ရာ သူ့မျက်နှာက ချက်ချင်း ပျက်ယွင်းသွား၏။

စစ်ထူနန်က အံ့အားသင့်စွာ ပြောလိုက်သည်… “ဒီလူကတော့ တစ်ကယ်ပါပဲဝမ်လင်းမင်းတော့ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူရဲ့ ကျိန်စာ ခတ်ခံလိုက်ရပြီဒီကျိန်စာနဲ့ဆိုရင် မင်းနဲ့သူက သတ်မှတ်ထားတဲ့အကွာအဝေးတစ်ခု အတွင်းမှာ ရှိနေမယ်ဆိုရင် ချက်ချင်း တည်နေရာပြောင်းရွေ့ခြင်းနဲ့ သူက မင်းနားကို ရောက်လာလို့ရတယ်ဒီကျိန်စာကို လုပ်ဖို့ သူ့ရဲ့ဘဝသက်တမ်းကို အဆုံးရှုံးခံလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး… “

ဝမ်လင်းက ရုတ်တရက် မတ်တပ် ထရပ်လိုက်သည်။ သူ့မျက်နှာက သုန်မှုန်နေပြီး မေးလိုက်သည်… “ဒီကျိန်စာကို ဖျက်ဆီးဖို့ နည်းလမ်းရှိလား… “

စစ်ထူနန်က အနည်းငယ် စဉ်းစားပြီး ဂုဏ်ယူဝင်ကြွားစွာ ရယ်မောလိုက်သည်… “ဒီကျိန်စာကို မစိုးရိမ်ပါနဲ့ဒီလိုကျိန်စာမျိုးက လူကို ဘာမှ ထိခိုက်အောင် မလုပ်နိုင်ဘူးဒါက မင်းဘေးနားကို တည်နေရာပြောင်းရွေ့ခြင်းနည်း အသုံးပြုပြီး လာလို့ရအောင် လုပ်ပေးတာပဲ ရှိတယ်ဒီလိုကျိန်စာမျိုးတွေကို အရင်က အချိန်ပေးပြီး လေ့လာခဲ့ဖူးတယ်ကျိန်စာကို ဖျက်ဖို့အတွက်က အခုချိန်မှာ ငါ မလုပ်ပေးနိုင်သေးဘူးဘာလို့လဲဆိုတော့ ငါ့မှာခန္ဓာကိုယ် မရှိသေးလို့ပဲဒါပေမဲ့ ဒါကို ဖုံးကွယ်ပေးထားဖို့တော့ ကူညီနိုင်ပါသေးတယ်… “

ငါရဲ့ အကူအညီနဲ့ မင်းရဲ့ အော်ရာကို ဖုံးကွယ်ထားပေးမယ်မင်းက သူနဲ့ အရမ်းမနီးကပ်ဖူးဆိုရင် သူ မင်းကို ရှာမတွေ့နိုင်ဘူးဟီးဟီးဝမ်လင်း ဒီကျိန်စာက အသုံးဝင်တာ တစ်ခုရှိတယ်ငါ သိထားတဲ့ ရှေးဟောင်းနည်းစနစ်တစ်ခုက ကျိန်စာခတ်တဲ့သူကို ပြန်ပြီး အကျိုးသက်ရောက်စေနိုင်တယ်ဒါပေမဲ့ မင်းက အမြုတေအဆင့်ကို ရောက်မှ ဒါကို သုံးနိုင်လိမ့်မယ်ဆေးတစ်ချို့ရယ် ငါ့ရဲ့နည်းစနစ်ကို ပေါင်းပြီး အသုံးပြုလိုက်မယ်ဆိုရင် သူ့ရဲ့ကျင့်စဉ်တစ်ဝက်ကို ယူလိုက်လို့ရတယ်ဝမ်လင်းမင်းရဲ့ကံက တစ်ကယ်ကို ကောင်းတာပဲ… “

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၈၆) သစ်တောထဲမှ အပျက်အစီးများ

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး ထန်းလီ၏ ဝိညာဉ်ကို စုပ်ယူရန် ပြင်ဆင်လိုက်သောအခါ ထန်းလီ၏ဝိညာဉ်အလုံးက ဖောင်းပွလာ၏။

သွေးလုံးကလည်း ဝိညာဉ်လုံးထဲသို့ ရောက်သွားပြီး ရောနှောသွား၏။ တဖြည်းဖြည်းနှင့် ဝိညာဉ်အလုံးက ပြန်ကျုံ့သွား၏။ ထို့နောက် အသားလုံးနှင့်အရိုးလုံးသည်လည်း ဝိညာဉ်အလုံးထဲသို့ ပေါင်းစပ်သွားသည်။

အားလုံးပေါင်းစပ်ပြီးနောက် ဝိညာဉ်အလုံးက အကြီးအကျယ် ပြောင်းလဲသွား၏။

ယခုအချိန်တွင် ဝမ်လင်း၏ရှေ့ရှိ လေထဲတွင် လင်းလက်နေသော လက်စွပ်အရွယ်အစားရှိသော ကွင်းတစ်ခုသာ ရှိ၏။

နောက်ဆုံးအဆင့်ကို ရောက်နေပြီ ဖြစ်၍ ဝမ်လင်းက အသက်ကို ဝအောင် ရှူလိုက်သည်။ ထို့နောက် ကွင်းလေးထဲသို့ သူ၏ဝိညာဉ်ကို ဂရုတစိုက်ဖြင့် ထည့်လိုက်၏။

အချိန်တော်တော်ကြာပြီးနောက်တွင် ရုတ်တရက် ကွင်းလေးက လွန်စွာ တောက်ပလာ၏။ ထိုအချင်းအရာကို မြင်ပြီး ဝမ်လင်း၏မျက်လုံးမှ အရောင်တောက်သွား၏။ တစ်ချိန်တည်းမှာပင် လျှာကို ကိုက်လိုက်ပြီး သွေးများကို ထွေးထုတ်လိုက်သည်။ သွေးများက ကွင်းလေးနှင့် ထိသွားပြီး တရှဲရှဲမြည်သံများ ထွက်ပေါ်လာကာ သွေးများအားလုံးက ချက်ချင်း ပျောက်ကွယ်သွား၏။

ကွင်းလေးက ဝမ်လင်း၏သွေးများနှင့် ပေါင်းစပ်သွားပြီးနောက် တုန်ခါလာသည်။ ကွင်းလေးမှ အလွန်အားကောင်းကို ဖိအားတစ်ခုကို ထုတ်လွှတ်လေသည်။ ထိုဖိအားက ၁ကီလိုမီတာအတွင်းရှိ သက်ရှိများအားလုံးအပေါ် သက်ရောက်၏။ ဝမ်လင်းလည်း ချက်ချင်း ပြောင်းလဲမှုကို သတိပြုမိလိုက်သည်။

များစွာသော စွမ်းအားကောင်းသည့်အော်ရာများလည်း ထွက်ပေါ်လာပြီး ဝမ်လင်းဆီသို့ ပြေးဝင်သွားကြ၏။

ဝမ်လင်းက လက်ကို ဝေ့ရမ်းလိုက်ပြီး ကွင်းကို သူ့ရင်ဘတ်နှင့် ပေါင်းစပ်စေသည်။ ကွင်းက သူ၏ရင်ဘတ်အတွင်းသို့ ဝင်သွားပြီးသည်နှင့် စိတ်စွမ်းအင်များက တဟုန်ထိုး တိုးပွားလာပြီး သူ့တစ်ကိုယ်လုံးကို စီးဆင်းသွား၏။ ထို့အတူ သူ့မျက်နှာကလည်း နီရဲလာသည်။

ဝမ်လင်းက အသက်ကို ပြင်းပြင်းရှိုက်လိုက်ပြီး သစ်ခေါင်းထဲမှ ထွက်ကာ သစ်တောထဲသို့ ပြေးဝင်ပျောက်ကွယ်သွား၏။

သူထွက်သွားပြီး သိပ်မကြာခင် ကြီးမားသောစပါးအုံးမြွေကြီးတစ်ကောင် ရောက်လာပြီး နေရာတစ်ခုလုံးကို အနံ့လိုက်ခံကြည့်သည်။ ထို့နောက် စိတ်ရှုပ်ထွေးသည့်အမူအရာဖြင့် ခေါင်းကို ခါပြီး ထိုနေရာမှာ ထွက်ခွာသွား၏။

မြွေကြီးထွက်သွားပြီးနောက် မျောက်ဝံကြီးတစ်ကောင်က လျှပ်စီးကဲ့သို့ ရောက်လာပြီး သစ်ခေါင်းထဲသို့ ဝင်သွား၏။ အချိန်အနည်းငယ်ကြာအောင် ရှာပြီးနောက် စိတ်ရှုပ်ထွေးသည့်အမူအရာဖြင့် ပြန်ထွက်လာပြီး ထိုနေရာမှ ထွက်ခွာသွား၏။

စွမ်းအားကြီးသော သားရဲတချို့လည်း ရောက်လာပြီး စိတ်ရှုပ်ထွေးသည့်အမူအရာများနှင့် ပြန်ထွက်သွားကြသည်။

ဝမ်လင်းက တောအုပ်ထဲတွင် ပြေးလွှားနေသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် စိတ်စွမ်းအင်များဖြင့် ပြည့်နေသည့်အပြင် ပြေးသည့်အခါ ခြေလှမ်းတိုင်းတွင် သူ၏ခန္ဓာကိုယ်ရှိ မွှေးညှင်းပေါက်များအားလုံးမှ အမဲရောင်အရည်များ စိမ့်ထွက်နေ၏။

ဝမ်လင်းသည် သူ့တစ်ကိုယ်လုံး နာကျင်စုတ်ပြဲနေသကဲ့သို့ ခံစားနေရသည်။ ထို့ကြောင့် နောက်ဆုံးတွင် ပြေးလွှားနေခြင်းမှ ရပ်တန့်ကာ အနီးအနားကို လျှောက်ပတ်ပြီး ကြည့်လိုက်သည်။ ရုတ်တရက် သူ့မျက်လုံးက အရောင်တောက်သွားပြီး ဆွဲငင်အားပညာရပ်ဖြင့် လက်ကြီးနှစ်ဖက်ကို ဖန်တီးကာ မြေပြင်ကို စတင်ပြီး တူးလိုက်သည်။ သူ၏ကိုယ်ထဲတွင် စိတ်စွမ်းအင်များက လွန်စွာပြည့်ဝများပြားနေသဖြင့် တူးရတာ မမောပန်းဘဲ မြန်ဆန်နေသည်။

မကြာမီ အလွန်နက်ရှိင်းလှသော ချိုင့်တွင်းကြီးတစ်ခု ဖြစ်သွား၏။

ဝမ်လင်းက ချိုင့်တွင်းထဲသို့ ခုန်ချလိုက်ပြီး မြေကြီးများကို ချိုင့်တွင်းထဲသို့ ပြန်ဖို့လိုက်၏။ ထိုအခါ အရာအားလုံးက ဘာမှမဖြစ်ခဲ့သည့်အတိုင်း ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။

မြေအောက်ထဲတွင် ဝမ်လင်းက သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များအပေါ် အာရုံစိုက်ထားလိုက်သည်။ စိတ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ကို ဆက်တိုက် သန့်စင်ပေးနေ၏။

မြေအောက်ထဲတွင် ဝမ်လင်းက ဘာအနှောင့်အယှက်မှ မရှိဘဲ ၃ကြိမ်မြောက် တံခါးပိတ်ကျင့်ကြံခြင်းကို စတင်လိုက်သည်။

အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာပြီး ၂နှစ်ဆိုသည့်အချိန်ကို ကျော်ဖြတ်လာ၏။

ဝမ်လင်းကျင့်ကြံနေသည့်နေရာ၏အပေါ် မြေပြင်ထက်၌ ပုပ်သိုးဆွေးမြေ့နေသော သစ်ရွက်များဖြင့် ပြည့်နေပြီး အဆိပ်ရှိသောပိုးမွှားများကလည်း သစ်ရွက်များကြား သွားနေကြသည်။

တစ်ရက်တွင် မြေပြင်က ရုတ်တရက် တုန်ခါလာသည့်အတွက် အဆိပ်ရှိသောပိုးကောင်များအားလုံး သစ်ရွက်များကြားမှ အလုအယက် ထွက်ပြေးကြ၏။ ထို့နောက် သစ်ရွက်ဆွေးများက အထက်သို့ လွင့်ပျံသွားပြီး မြေအောက်မှ ပုံရိပ်တစ်ခု ထိုးထွက်လာသည်။

ပုံရိပ်ပေါ်ထွက်လာသည်နှင့် ပိုးကောင်များအားလုံးက ကြောက်လန့်တကြားအော်ဟစ်ပြီး ထိုနေရာမှ ထွက်ပြေးကြ၏။

ဒီအခြေခံခိုးယူခြင်းနည်းစနစ်က တစ်ကယ်ကို ထူးခြားဆန်းကျယ်တာပဲနောက်ဆုံးတော့ ငါလည်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်သွားပြီ… “ မြေအောက်မှ ထွက်လာသော ပုံရိပ်ကား ဝမ်လင်း ဖြစ်၏။

ဝမ်လင်း၏အကြည့်က လျှပ်စစ်နှင့် တူနေပြီး တစ်ကိုယ်လုံးတွင်လည်း အားကောင်းသော စိတ်စွမ်းအင်များဖြင့် ပြည့်နေသည်။ သူက ပါးစပ်ကို ဟလိုက်ပြီး အစိမ်းရောင်အလင်းကို ထုတ်လိုက်၏။ ထို့နောက် အစိမ်းရောင်အလင်းက အစိမ်းရောင်ဓားတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

ဝမ်လင်းက လက်ကို မြောက်လိုက်ရာ ဓားအိမ်ပေါ်လာပြီး သူ့ဘာသာ ရေရွတ်လိုက်သည်… “ဒီဓားအိမ်ကို ၂နှစ်ကြာအောင် သန့်စင်တာတောင်မှ အကုန်အစင် မသန့်စင်နိုင်ပေမဲ့လည်း ငါ့ဟာ ဖြစ်နေပြီလို့ ပြောလို့ရတယ်ဒါကိုသာ ဓားနဲ့ တွဲပြီး အသုံးပြုလိုက်ရင် ဓားရဲ့အစွမ်းက အရမ်းကြောက်ဖို့ ကောင်းသွားမှာပဲ… “

ဝမ်လင်းက ဓားနှင့်ဓားအိမ်ကို သိမ်းလိုက်ပြီးနောက် အနည်းငယ် စဉ်းစားလိုက်သည်။ ထို့နောက် ရင်ဘတ်မှ ပုတီးစေ့ကို စမ်းပြီး တွေးလိုက်သည်… “စစ်ထူနန်က ငါ့ကို ထန်းလီလက်က ကယ်ဖို့ စဦးစိတ်ဝိညာဉ်အဆီအနှစ်အများကြီး သုံးခဲ့ရတယ်ထန်းဟွယွမ်ရဲ့ကျိန်စာကနေလည်း ကာကွယ်ပေးထားသေးတယ်အခု သူအိပ်ပျော်နေတာ ၁နှစ်ကျော်ပြီသူ ဘယ်အချိန်မှ ပြန်နိုးလာမလဲ ငါလဲ မသိဘူးတစ္ဆေလောကပျံတက်ခြင်းနည်းစနစ်ကို မှတ်မိနေလို့ ကံကောင်းသွားတယ်အခု ယင်စွမ်းအင်များတဲ့နေရာရှာပြီး လေ့ကျင့်ရမယ်… “

ထို့နောက် အသက်ကို ဝအောင်ရှူပြီး နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ကာ မြောက်အရပ်သို့ ထွက်ခွာသွား၏။ မကြာမီ မြစ်ချောင်းတစ်ခုကို တွေ့ပြီး မြစ်ချောင်းထဲတွင် သူ့ကိုယ်မှ အညစ်အကြေးများအားလုံးကို ဆေးကြောလိုက်၏။ သူ၏တစ်ကိုယ်လုံးသန့်စင်သွားပြီးနောက် ဝမ်လင်းက လန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

မြစ်ချောင်းအနီးရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ပြီး သေခြင်းတရားနှင့် နီးကပ်ခဲ့ရသည့် အကြောင်းများအား တွေးမိကာ အများကြီး နောင်တရမိသည်။ ကျန်းဟူ အသက်ရှင်သေးလား သို့မဟုတ် သေသွားပြီးလားဆိုတာကို သူမသိချေ။ ကျန်းဟူ အသက်ရှင်ပြီး လွတ်မြောက်သွားပါစေဟုသာ ဆုတောင်းလိုက်တော့သည်။

ထို့နောက် သက်ပြင်းချလိုက်ပြီး အတွေးများကို သိမ်းဆည်းလိုက်၏။ ဝမ်လင်းက ညာဘက်လက်ဖြင့် အစီအရင် တစ်ခုကို ဖန်တီးပြီး အဖြူရောင်အလင်းတန်းတစ်ခုကို ထုတ်ဖော်လိုက်သည်။ အဖြူရောင်အလင်းက ထွက်ပေါ်လာသည်နှင့် ချက်ချင်း အရောင်ပြောင်းသွား၏။ အဖြူမှ မီးခိုးရောင်သို့ ပြောင်းသွားပြီး တဖြည်းဖြည်း နက်မှောင်လာကာ အနောက်အရပ်သို့ ပျံသန်းသွားသည်။

ဝမ်လင်းလည်း မှင်သက်သွား၏။ ဤနည်းစနစ်သည် ယင်စွမ်းအင်ရှိသောနေရာကို ရှာရန်အတွက် စစ်ထူနန်က သင်ပေးထားသည့် နည်းစနစ် ဖြစ်သည်။ အဖြူရောင်အလင်းက အနက်ရောင်ဘက်သို့ ပိုပြီးပြောင်းသွားလေလေ ယင်စွမ်းအင်များ ရှိသောနေရာနှင့် နီးလေလေ ဖြစ်သည်။ အဖြူရောင်အလင်းက အနက်ရောင်လုံးလုံး ဖြစ်သွားသည်နှင့် ယင်စွမ်းအားများ ရှိသည့်နေရာကို ရောက်သည်ဟု ဆိုလိုခြင်း ဖြစ်၏။

ချက်ချင်းပင် ဝမ်လင်းက မီးခိုးရောင်သို့ ပြောင်းပြီးနေသည်ဖြစ်သည့် အလင်းနောက်သို့ လိုက်သွား၏။ အလင်းက တဖြည်းဖြည်း နက်မှောင်လာသည်။ အနက်ရောင်သို့ လုံးဝပြောင်းသွားသည့်အချိန်တွင် အလင်းက ချက်ချင်း ပျောက်ကွယ်သွား၏။

ဝမ်လင်းကလည်း အလင်းပျောက်ကွယ်သွားသည်ကို မြင်ပြီး ချက်ချင်း ရပ်တန့်လိုက်သည်။ သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး ဆွံ့အနေသည်။

သူ့ရှေ့တွင် အဆုံးမရှိသော အပျက်အစီးများဖြင့် ပြည့်နေသည်။ အဆောက်အဦးများ၊သစ်ပင်များအားလုံး မျက်စိတစ်ဆုံးမြင်ရသည်အထိ ပြိုလဲ၊ပျက်စီးနေ၏။

အပျက်အစီးများကို သဘာဝပေါက်ပင်များက ဖုံးအုပ်ထားပြီး တိရစ္ဆာန်ငယ်လေးများက ဖြတ်ပြေးနေကြသည်။ တစ်ခါတစ်ရံတွင်လည်း အော်သံများ ထွက်ပေါ်လာတတ်၏။

ဝမ်လင်းသည် သူ့ရှေ့မှ အပျက်အစီများကို ကြည့်ပြီး မှင်သက်နေပြီးနောက် လေကို ပြင်းပြင်းရှူလိုက်သည်။

ထိုအချိန်တွင် အပျက်အစီးများကြားထဲရှိ မျှော်စင်တစ်ခုအတွင်းမှ အဖြူရောင်အလင်းတိုင်လုံးတစ်ခု ထွက်ပေါ်လာသည်။

ဝမ်လင်း အလန့်တကြား ဖြစ်သွားကာ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ခေါင်းက တောအုပ်အတွင်းသို့ လှည့်ကြည့်လိုက်၏။ တောအုပ်အတွင်းမှ သွေးများဖြင့် သားရဲငယ်တစ်ကောင်က အလင်းတိုင်လုံး ရှိသည့်နေရာသို့ ဖြည်းဖြည်းခြင်း သွားနေသည်။ သူ၏ညာဘက်ခြေထောက်တွင် ဒဏ်ရာက အရိုးများပင် ပေါ်နေ၏။ သူ လျှောက်လာခဲ့သည့် လမ်းတစ်လျှောက်တွင် သူ့ညာဘက်ခြေထောက်မှ စီးကျနေသည့် သွေးစီးကြောင်းတစ်ခုက ကျန်ရစ်နေခဲ့သည်။

အချိန်တော်တော်ကြာပြီးနောက်တွင် ထိုသားရဲက အဖြူရောင်အလင်းတိုင်လုံးဆီသို့ ရောက်သွားပြီး ပျော်ရွှင်မှုကြောင့် အော်ဟစ်လိုက်၏။ စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင် သူ့ခြေထောက်မှ ဒဏ်ရာက အပြည့်အဝ ပြန်ကောင်းသွားသည်။

ထို့နောက် သားရဲက ပျော်ရွှင်စွာ တောအုပ်ထဲသို့ ပြန်သွား၏။

သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး ဝမ်လင်း အံ့အားသင့်နေသည်။

ထိုအချိန်တွင် အလင်းတိုင်က ငွေရောင်အမှုန်အမွှားလေးများအဖြစ် ပြောင်းလဲသွားကာ လေထဲတွင် ပျောက်ကွယ်သွား၏။ ဝမ်လင်းကတော့ ထိုနေရာကို သေချာစောင့်ကြည့်နေသည်။ နာရီဝက်ခန့်ကြာသောအခါ အလင်းတိုင်းက ပြန်ပေါ်လာသည်။

အလင်းတိုင် ပေါ်လိုက်၊ပျောက်လိုက်ဖြစ်နေခြင်းကို ဝမ်လင်းက တစ်နေ့လုံး စောင့်ကြည့်နေခဲ့၏။ ထို့နောက် ဝမ်လင်းက တချို့အရာများကို သိလာခဲ့သည်။

ဝမ်လင်း၏ ထင်မြင်ချက်အရာ အလင်းတိုင်သည် နေရောင်ခြည်နှင့် တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်နေရမည်။ ဤနေရာတစ်ခုလုံးသည် ပျက်စီးနေပြီ ဖြစ်သော်လည်း နေရောင်ခြည်ကို စုပ်ယူပြီး အလုပ်လုပ်ဆဲ ဖြစ်နေသည့် အရာများလည်း ရှိနေသေး၏။ ထို့အတူ အလင်းတိုင်ကလည်း နေရောင်ခြင်းကို လုံလောက်အောင် စုပ်ယူပြီးမှ သူ၏စွမ်းရည်ကို ထုတ်ပြခြင်း ဖြစ်ရမည်။

သားရဲတော်တော်များများက အလင်းတိုင်၏စွမ်းအားကို သိနေကြဟန် ရှိသည်။ တစ်နေ့လုံးတွင် သားရဲအကောင်၂၀မက အလင်းတိုင်ဆီသို့ လာပြီး ဒဏ်ရာကုကြသည်ကို ဝမ်လင်း တွေ့ခဲ့ရ၏။

မှောင်လာသောအခါ ဝမ်လင်းက အလင်းတိုင်းနောက်ဆုံး ပျောက်ကွယ်မည့်အချိန်ကို တွက်ချက်ပြီး တုန့်ဆိုင်းခြင်းမရှိ ရှေ့သို့ ပြေးထွက်သွားပြီး အလင်းတိုင်ကို လက်ဖြင့် ထိလိုက်၏။ အလင်းထဲတွင် သူ့လက်က အလွန်နွေးထွေးသည့်ကို ခံစားမိလိုက်သည်။ ဒီအရာက စိတ်စွမ်းအင်များ မဟုတ်ပေ။ သို့သော်လည်း ဒီလိုအရာကို ဝမ်လင်းတစ်ခါမှ မခံစားဖူးပေ။

အလင်းတိုင်မှ နွေးထွေးမှုကို ခံစားရင် ဝမ်လင်း၏မျက်လုံးက အရောင်တောက်သွား၏။ ဝမ်လင်က ချက်ချင်း သူ့လက်ကို လှီးလိုက်ပြီး လက်ကို အလင်းတိုင်းအတွင်းသို့ ထည့်လိုက်၏။ မျက်တောင်တစ်ခတ်အတွင်းမှာတင် သူ့လက်မှ ဒဏ်ရာက ချက်ချင်း ပြန်ကောင်းသွားသည်။

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး အပျက်အစီးများကြားထဲမှာ အကြီးဆုံးမျှော်စင်ဆီသို့ ပြေးသွားလိုက်၏။

မျှော်စင်၏တချို့နေရာများက ပြိုကျပျက်စီးနေပြီ ဖြစ်သော်လည်း မျှော်စင်ကို ကြည့်ပြီး တစ်ချိန်က အလွန်ကြီးကျယ်ခမ်းနားခဲ့သည်ကို သိနိုင်သည်။ ထို့အပြင် ဘေး၌ မီတာ၃၀ခန့်မြင့်သော မျှော်စင်ပေါ်တွင် ဓားကိုင်ပြီး ရပ်နေသော ကြီးမားသောရုပ်ထုကြီး နှစ်ခုလည်း ရှိ၏။

ဝမ်လင်းက အပျက်အစီးများကို ကြည့်ပြီး တွေးကြည့်မိလိုက်သည်။ တစ်ချိန်က ကြီးကျယ်ခမ်းနားခဲ့သော်လည်း ယခုအချိန်တွင် အကြီးဆုံးမျှော်စင်က ထက်ပိုင်းကျိုးနေပြီး တချို့အပိုင်းအစများက ရုပ်ထုနှစ်ခုပေါ်ကို ပြိုလဲကျနေ၏။

အလင်းတိုင်သည် မျှော်စင်ထိပ်မှ ၂မီတာ အချင်းရှိသော ကျောက်တုံးကြီးမှ ထွက်လာခြင်း ဖြစ်သည်။

ဝမ်လင်းက ကျောက်တုံးကြီးဘေးတွင် ရပ်လိုက်ပြီး တုန့်ဆိုင်းနေသည်။ ကျောက်တုံးကြီးက အလွန်ကြီးပြီး ရွေ့နိုင်ရန် မလွယ်ကူလှပေ။ ကျောက်တုံးကြီးက ဘယ်လိုအကြောင်းများကြောင့် ဒဏ်ရာများကို ပြန်လည်ကောင်းမွန်အောင် လုပ်နိုင်သလဲဆိုတာကို သူမသိပေ။ သူသာ ရွေ့လိုက်လျှင် ပြန်လည်ကောင်းမွန်နိုင်သည့်အစွမ်းများ မရှိတော့မှာကို အလွန်စိုးရိမ်နေသည်။

ထိုအကြောင်းကို စဉ်းစားမိပြီး နောက်ဆုံးတွင် အလျင်စလို မလုပ်ရန် ဆုံးဖြတ်လိုက်ကာ တခြားနေရာများကို လေ့လာရန် စတင်လိုက်၏။

ကောင်းကင်ကြီးက ပိုပိုပြီး မှောင်လာသည့်အတွက် ဝမ်လင်းက အပျက်အစီများကြားထဲမှ လျင်မြန်စွာ ထွက်လာခဲ့သည်။ ကောင်းကင်ကြီးက လုံးဝမှောင်သွားသည့်အချိန်တွင် ဝမ်လင်းက တောအုပ်အတွင်းသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ သူက အပျက်အစီးနေရာကြီးကို တောက်ပသောမျက်လုံးများဖြင့် စိုက်ကြည့်နေ၏။

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၈၇) အေးခဲအမြုတေ

ဝမ်လင်း၏စိတ်ထဲတွင် လျှောက်တွေးကြည့်လိုက်သည်။ တစ်ရက်တွင် မိသားစုတစ်ခုက ညစာစားနေတဲ့အချိန်မှာ ဘေးဒုက္ခတစ်ခုက ရုတ်တရက် တိုက်ခိုက်လာမည်။ မြို့ထဲကလူတွေအားလုံး တုန့်ပြန်ချိန် မရလိုက်ဘဲ အားလုံးပျက်စီးဆုံးရှုံးသွားကြမည်။

ထိုအချိန်တွင် အပျက်အစီးများထဲမှ အအေးဓာတ်စွမ်းအင်များက ထွက်ပေါ်လာသည်။ တဖြည်းဖြည်းနှင့် အအေးဓာတ်စွမ်းအင်များက ပိုပြီး သိပ်သည်းသည်ထက် ပိုမို သိသည်းလာသည်။

ဒီအပျက်အစီးအရွယ်အစားကို ကြည့်ပြီး ဒီမြို့မှာနေထိုင်တဲ့ လူဦးရေက အနည်းဆုံး သန်း၁၀လောက် ရှိလိမ့်မယ်ဒီလူဦးရေသန်း၁၀ကျော် သေဆုံးသွားတဲ့ ဒီနေရာက တစ္ဆေလောကပျံတက်ခြင်းနည်းစနစ်ကို လေ့ကျင့်ဖို့ အကောင်းဆုံးနေရာတစ်ခုပဲ… “

ဝမ်လင်း တံခါးပိတ်လေ့ကျင့်နေစဉ်တုန်းက စစ်ထူနန်က ယင်ဒြပ်စင်များသိပ်သည်းသောနေရာများအကြောင်းကို ရှင်းပြထား၏။ ယင်သိပ်သည်းသောနေရာ၄မျိုး ရှိသည်။ ၎င်းတို့မှာ ကောင်းကင်ယင်၊ မြေကြီးယင်၊ လျှို့ဝှက်ဆန်းကြယ်ယင်၊ တစ္ဆေယင် တို့ ဖြစ်ကြ၏။

တစ္ဆေယင်သည် ရှာဖွေရ အလွယ်ကူဆုံး ဖြစ်သည်။ နေရာတစ်ခုတွင် လူသေများများ ရှိလေ ယင်ဓာတ်များ သိပ်သည်းများပြားလေ ဖြစ်သည်။

လျှို့ဝှက်ဆန်းကြယ်ယင်က ရှာတွေ့ရန် အနည်းငယ် ခက်ခဲသည်။ လျှို့ဝှက်ဆန်းကြယ်ယင်ကို အလွန်အေးသောနေရာများတွင်သာ ရှာတွင်နိုင်သည်။

မြေကြီးယင်က ရှာတွေ့ရန် အလွန်ခက်ခဲပြီး ကံကောင်းရန်လည်း လိုအပ်သည်။ မြေကြီးယင်က ကမ္ဘာမြေကြီး၏အလွန်နက်သော နေရာတွင်သာ ရှိ၏။

ကောင်းကင်ယင်ကတော့ ရှာတွေ့ဖို့ မဖြစ်နိုင်သည့်အရာတစ်ခု ဖြစ်သည်။ ကောင်းကင်ယင်ဖြစ်လာရန်အတွက် နေရာတစ်ခုတွင် တစ္ဆေယင်၊ လျှို့ဝှက်ဆန်းကြယ်ယင်၊ မြေကြီးယင် သုံးခုစလုံး တစ်ချိန်တည်းတွင် ဖြစ်ပေါ်လာရန် လိုအပ်သည်။ ယင်၃မျိုး အတူဖြစ်ပေါ်လာသည့်အချိန်တွင် ထိုယင်၃မျိုးက ကောင်းကင်ယင်အဖြစ်သို့ ပြောင်းလဲသွား၏။

ယင်ဒြပ်စင်၏အရည်အသွေးကောင်းလေလေ ကျင့်ကြံသူများအတွက် ပိုပြီး အကျိုးရှိလေ ဖြစ်သည်။

ဝမ်လင်းက ချက်ချင်း ညာလက်ဖြင့် အစီအရင်တစ်ခုကို ဖန်တီးပြီး လင်္ကာတစ်ခုကို ရွတ်လိုက်သည်။ ရုတ်တရက် အနီရောင်အလင်းမှုန်လေးတစ်ခု သူ့ရှေ့တွင် ပေါ်လာပြီး တဖြည်းဖြည်းနှင့် အနီရောင်အလင်းလုံးတစ်ခု ဖြစ်သွား၏။

ဤနည်းစနစ်က ယင်ဒြပ်စင်အရည်အသွေးကို စမ်းသပ်ရန် ဖြစ်သည်။ အလင်းရောင်၏အရောင်ပေါ် မူတည်ပြီး ယင်အမျိုးအစားကို ခွဲခြားနိုင်သည်။ အလင်းလုံးသည် ခရမ်းရောင်၊ အနက်ရောင်၊ ငွေရောင်၊ အနီရောင်သို့ ပြောင်းသွားလျှင် ကောင်းကင်ယင်၊ မြေကြီးယင်၊ လျှို့ဝှက်ဆန်းကြယ်ယင်၊ တစ္ဆေယင်ဟု အသီးသီး သတ်မှတ်နိုင်သည်။

ယင်အမျိုးအစားတစ်ခုတည်းတွင် ယင်အရည်အသွေးကို သာမန်ယင်၊ ကောင်းမွန်ယင်၊ သိပ်သည်းယင်၊ ပြင်းထန်ယင်ဟု ၄မျိုးခွဲခြားထား၏။

ယင်အရည်အသွေးတစ်ခုချင်းစီတွင်လည်း အဆင့်၁၀ဆင့် ရှိ၏။

သာမန်အားဖြင့် သာမန်အဆင့်၃ယင်ဒြပ်စင်က တစ္ဆေလောကပျံတက်ခြင်းနည်းစနစ်ကို လေ့ကျင့်ရန် လုံလောက်သည်။ သာမန်အဆင့်၈ ယင်ဒြပ်စင်ဆိုလျှင်တော့ ကျင့်စဉ်တိုးတက်နှုန်းကို မြန်စေရန်အတွက် လုံလောက်၏။

အနီရောင်အလင်းလုံးက တဖြည်းဖြည်းတောက်ပလာပြီး နောက်ဆုံးတွင် ၅ကြိမ်တောက်ပပြီး ရပ်တန့်သွား၏။

ဝမ်လင်းက မေးစေ့ကို ပွတ်ပြီး စဉ်းစားလိုက်သည်။ ၅ကြိမ်တောက်ပခြင်းက သာမန်အဆင့်၅ယင်ဒြပ်စင်ရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

အနည်းငယ်စဉ်းစားပြီးနောက် သူက အပျက်အစီးများ၏အလယ်သို့ လျှောက်သွားလိုက်သည်။ ပတ်ဝန်းကျင်မှ ယင်စွမ်းအင်များကလည်း အလယ်နှင့်နီးလာသည်နှင့် ပိုမိုသိပ်သည်းလာ၏။ ယင်စွမ်းအင်များကြားတွင် လမ်းလျှော်ရခြင်းက ဝမ်လင်းကို ရေအောက်တွင် လမ်းလျှောက်နေရသကဲ့သို့ ခံစားရစေသည်။ ခြေလှမ်းရာကျော်လှမ်းပြီးသည့်နောက်တွင် အသက်ရှူမဝတော့သကဲ့သို့ ခံစားလာရ၏။

ထိုအချိန်တွင် အလင်းလုံးကလည်း ၈ကြိမ်တောက်ပပြီး ဖြစ်သည်။

ဝမ်လင်းက မရပ်ဘဲ နောက်ထပ်ဆက်သွားပြီး အလင်းတိုင်ထုတ်လွှတ်သောကျောက်တုံးကြီး၏ရှေ့ရောက်မှ ရပ်လိုက်၏။ ရှေ့ဆက်ပြီးလည်း သွားလို့မရတော့ပေ။ အဘယ်ကြောင့်ဆိုသော် ယင်စွမ်းအင်များက သူ့ကိုယ်ထဲသို့ ဝင်ရောက်လာသည့်အတွက် သွေးကြောများက နာကျင်လာပြီး ကိုယ်ထဲမှ စိတ်စွမ်းအင်များကိုပါ မထိန်းချုပ်လာနိုင်တော့၍ ဖြစ်သည်။

အနီရောင်အလင်းလုံးကလည်း တစ်ခုမှ နှစ်ခုအဖြစ်သို့ ကွဲထွက်သွားသည်။ ထိုအရာကို မြင်ပြီး ဝမ်လင်းလည်း ပျော်ရွင်သွား၏။ ဤနေရာသည်ကောင်းမွန်အဆင့်၁ ယင်ဒြပ်စင်ရှိသည့်နေရာ ဖြစ်သည်။

ဒီနေရာက တစ္ဆေလောကပျံတက်ခြင်းနည်းစနစ်ကို လေ့ကျင့်ဖို့အတွက် အကောင်းဆုံးပဲ… “

ထို့နောက် ဝမ်လင်းက သာမန်အဆင့်၅ ယင်ဒြပ်စင်ရှိသည့်နေရာထိ နောက်သို့ ပြန်ဆုတ်သွား၏။

သည်နေရာက သူ့ခန္ဓာကိုယ်နှင့် ကျင့်ကြံရန်အတွက် အသင့်တော်ဆုံးနေရာတစ်ခု ဖြစ်သည်။ တစ္ဆေလောကပျံတက်ခြင်းနည်းစနစ်အတွက် ယင်သိပ်သည်းမှုက တဖြည်းဖြည်းများလာရမည်ဟု စစ်ထူနန်က အိပ်ပျော်မသွားခင် သူ့ကို ပြောခဲ့၏။

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ထိုင်ချကာ မျက်လုံးကို မှိတ်ပြီး စတင်ကျင့်ကြံလိုက်သည်။ သူ့စိတ်ထဲတွင် စစ်ထူနန်၏သင်ကြားပိုချများက ပဲ့တင်ထပ်နေသည်။

တစ္ဆေလောကပျံတက်ခြင်းနည်းလမ်းကို အလွှာ၉လွှာ ခွဲခြားထားသည်။ အလွှာ၃လွှာတိုင်းမှာ အေးခဲအမြုတေတစ်ခုကို ဖြစ်ပေါ်စေသည်။ အလွှာ၉ခုစလုံး ပြီးဆုံးအောင်မြင်သွားတဲ့အခါ အေးခဲအမြုတေ၃ခုက ပေါင်းစပ်သွားပြီး အမြုတေဖွဲ့တည်းခြင်အဆင့်ကို ချက်ချင်ရောက်သွားစေနိုင်သည့် သေချာသည့်အခွင့်အရေးတစ်ခု ဖြစ်လာသည်။

ထိုအချက်သည် ဝမ်လင်း တစ္ဆေလောကပျံတက်ခြင်းကျင့်စဉ်ကို ကျင့်ရခြင်း၏အဓိကရည်ရွယ်ချက် ဖြစ်သည်။ စစ်ထူနန်ကလည်း ဒီကျင့်စဉ်ကို ဝမ်လင်းအား သင်ပေးရခြင်းမှာ အဆင့်တက်ရန် အလွန်လျင်မြန်သောကြောင့် ဖြစ်၏။

တစ်ကယ်တော့ တစ္ဆေလောကပျံတက်ခြင်းကျင့်စဉ်ထက် ပိုမြန်သော အမြုတေခိုးယူခြင်းကဲ့သို့ ကျင့်စဉ်များလည်း ရှိသည်။ သို့သော်လည်း ဝမ်လင်း၏ကျင့်စဉ်အဆင့်ဖြင့် အမြုတေဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဖမ်းဆီးရန် မဖြစ်နိုင်ပါချေ။

အေးခဲအမြုတေသည် ချီသွေးကြောများ နိုးထလာမှုပေါ် မူတည်သည်။ ချီသွေးကြောများနိုးထခြင်းသော့ချက် ၃ခု ရှိသည်။ ၎င်းတို့မှာ တန်းထျန်း၊ချီပင်လယ်၊ဘိုးဘေးချီသွေးကြောတို့ ဖြစ်သည်။

၃မျိုးထဲမှ တစ်မျိုးနိုးထလာသည်နှင့် အေးခဲအမြုတေတစ်ခု ဖြစ်ပေါ်လာလိမ့်ပေလိမ့်မည်။ အေးခဲအမြုတေဖြစ်ပေါ်လာသည်နှင့် ခန္ဓာကိုယ်ထဲရှိ စိတ်စွမ်းအင်များကလည်း အေးစက်လာလိမ့်မည်။

ချီသွေးကြောများ နိုးထရန် အောင်မြင်နှုန်းက လေ့ကျင့်သည့် ယင်အရည်အသွေးနှင့် သက်ဆိုင်နေသည်။

အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးလာ၏။ ဝမ်လင်းမျက်လုံးကို ဖွင့်ကြည့်လိုက်ရာ အလင်းရောင်က စတင်ထွက်ပေါ်လာနေပြီး ယင်စွမ်းအင်များက လျင်မြန်စွာ ပျောက်ကွယ်နေသည်ကို တွေ့လိုက်ရသည်။ နေထွက်လာသည်နှင့်တစ်ပြိုင်နက် ယင်စွမ်းအင်အားလုံကလည်း ပျောက်ကွယ်သွား၏။

ဝမ်လင်းသည် မတ်တပ်ထရပ်လိုက်ပြီး ဤနေရာတွင် လေ့ကျင့်ရန် ဆုံးဖြတ်ချက် ချလိုက်၏။ ထို့ကြောင့် နေစရာတစ်ခုတော့ ရှာရပေမည်။ ဘေးပတ်ပတ်လည်ကို လိုက်ကြည့်ပြီးနောက် ပြိုကျနေသောအိမ်တစ်လုံးကို သဘောကျသွားသည်။

ဝမ်လင်း၏လက်တစ်ဖက် ဝေ့ရမ်းလိုက်သည်နှင့် အုတ်ကျိုး၊အုတ်ပဲ့၊ တခြားပစ္စည်းအစအနများက ဘေးဘက်သို့ ရောက်သွားပြီး အနီးအနားတစ်ဝှိုက် ရှင်းလင်းသွား၏။

အကုန်လုံးရှင်းလင်းပြီးနောက် ဝမ်လင်းက ရှင်းလင်းထားသည့်နေရာ၏အလယ်တွင် ထိုင်လိုက်ပြီး ထန်းမိသားစုမြို့က ဝယ်လာသည့်စာအုပ်ကို ထုတ်ပြီး ဂရုတစိုက် ဖတ်ကြည့်လိုက်သည်။

စာအုပ်ထဲတွင် ဝင်္ကပါအစီအရင်များအကြောင်း၊ ဝင်္ကပါအစီအရင် ပြုလုပ်နည်းများ၊ ဝင်္ကပါအစီအရင် ထိန်းချုပ်နည်းများအကြောင်းကို ရှင်းလင်းစွာဖော်ပြထား၏။

စာအုပ်ထဲမှ အကြောင်းအရာများကို မှတ်သားလိုက်ပြီးနောက် အနည်းငယ် စဉ်းစားလိုက်သည်။ လက်ကလည်း ဆက်တိုက်ဆိုသလိုပင် လေထဲတွင် တစ်ခုခုကို ဆွဲနေသကဲ့သို့ လှုပ်ရှားနေသည်။

နေ့အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး နေဝင်ဆည်းဆာအချိန်ကို ရောက်ရှိလာမှ ဝမ်လင်း၏မျက်လုံးပွင့်လာပြီး သက်ပြင်းချလိုက်၏။ သူ ရေရွတ်လိုက်သည်… “ဝင်္ကပါအစီအရင်တွေက အရမ်းနက်နဲပြီး ရှုပ်ထွေးတာပဲဒီစာအုပ်ကို တစ်နေ့လုံးလေ့လာတာတောင် နည်းနည်းပဲ နားလည်သေးတယ်ဒါတောင် ဒီစာအုပ်က အခြေခံတွေပဲ ရေးထားတာမို့လို့ပေါ့စာအုပ်ထဲက ပုံရိပ်ယောင်ဝင်္ကပါအစီအရင်က အရမ်းကို ရှုပ်ထွေးလွန်းတယ်ဒီဝင်္ကပါအစီအရင်က ခန့်မှန်းခြင်းအပေါ် မူတည်းတယ်များများ ခန့်မှန်းနိုင်လေ ဝင်္ကပါက ပိုပြီး အစွမ်းထက်လေပဲ… “

ဝမ်လင်းက အတွေးများကို ရပ်တန့်ပစ်လိုက်ပြီး ချက်ချင်း ကြိုးစားလိုက်သည်။ သူက အခန်းအပြင်ဘက်တွင် ဆွဲငင်အားနည်းစနစ်ဖြင့် ကျောက်တုံးများကို ရွေ့ထားလိုက်၏။

စာအုပ်ထဲမှအတိုင်း ဂရုတစိုက်ဖြင့် လိုက်လုပ်ပြီး အရိုးရှင်းဆုံး ဝင်္ကပါအစီအရင်ဖြစ်သည့် စိတ်ထွေပြားဝင်္ကပါအသေးကို ပြုလုပ်လိုက်သည်။

ဤဝင်္ကပါအစီအရင်က ဝင်္ကပါအစီအရင်အလံများကို မလိုအပ်သည်အထိ အရမ်းကို ရိုးရှင်းလွန်း၏။ ဝမ်လင်းက ခါးသက်စွာ ပြုံးလိုက်ပြီး ကျောက်တုံးများကို ကြည့်ကာ စာအုပ်ကို ပြန်ကြည့်လိုက်သည်။ ထို့နောက် ဝမ်လင်းက အနည်းငယ် ပြင်ဆင်လိုက်ပြီးမှ စာအုပ်ထဲမှ ဝင်္ကပါနဲ့ တူသွား၏။

သူက အသက်ကို ဝအောင် ရှူပြီး အမိန့်ပေးအစီအရင်ကို လက်ဖြင့် ဖန်တီးလိုက်သည်။ ထို့နောက် မြူများ ပေါ်ထွက်လာပြီး နေရာတစ်ခုလုံးကို ဖုံးအုပ်သွား၏။

ဝမ်လင်းက မြူများကို ကြည့်ပြီး ခါးသက်စွာ ပြုံးလိုက်သည်။ ဒီဝင်္ကပါအစီအရင်က သာမန်သေမျိုးများကိုသာ အရူးလုပ်၍ ရနိုင်သော်လည်း ကျင့်ကြံသူများကိုတော့ လုပ်၍ မရနိုင်ပေ။ ထို့ကြောင် ဤဝင်္ကပါက သူ လေ့ကျင့်နေစဉ် ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ရေရွတ်လိုက်သည်… “တစ်ခုနဲ့ မလုံလောက်ရင် နှစ်ခုထားမယ်အဲ့တာမှ မလုံလောက်ရင် စာအုပ်ထဲက ဝင်္ကပါအစီအရင်တွေအကုန် ချထားလိုက်မယ်ဒါဆိုရင်တော့ အကျိုးသက်ရောက်မှုတစ်ခုခုတော့ ရှိလိမ့်မယ်… “

ထိုသို့ တွေးပြီး ဝမ်လင်းက နောက်ထပ်ကျောက်တုံးများကို ရွေ့လာပြီး ဝင်္ကပါအနည်းငယ်ကို ထပ်ချလိုက်သည်။ သည်လိုနှင့် ညအချိန်ကို ရောက်ရှိလာသည်။

ဝမ်လင်းက မြေပြင်ပေါ်တွင် ခြေချိတ်ထိုင်လိုက်ပြီး မကြာမီ ယင်စွမ်းအင်များ ထွက်ပေါ်လာ၏။ ဝမ်လင်းက အသက်ကို ဝအောင်ရှုလိုက်ပြီး လက်ကို ဒူးခေါင်းပေါ်သို့ တင်လိုက်ကာ စတင်ကျင့်ကြံလေသည်။ သူလေ့ကျင့်နေသည့်အသက်ရှူနည်းစနစ်က ငါးဆင့်ရှိုက် အသက်ရှူနည်းစနစ်ဖြစ်သည်။

ထိုအသက်ရှူနည်းသည် လေကို ပြန်ထုတ်သည့်အခါ ကြာချိန်သည် လေကိုရှူသွင်းလိုက်ချိန်၏ ၅ပုံ၁ပုံခန့်သာ ကြာမြင်၏။ ထို့ကြောင့် ဤနည်းစနစ်သည် ယင်စွမ်းအင်များကို စုပ်ယူရန် အမြန်ဆုံးနည်းစနစ်ဖြစ်သည်။

ယခုအခါတွင် ဝမ်လင်းသည် အပြင်ဘက်မှ စွမ်းအင်များကို ပထမဆုံးအကြိမ် စုပ်ယူပြီး ကျင့်ကြံခြင်း ဖြစ်သည်။ လွန်ခဲ့သည့်၂နှစ်လုံးလုံး ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အထဲတွင် စိတ်ဝိညာဉ်ရေများကို အသုံးပြုပြီး ကျင့်ကြံနေခဲ့၏။

ယင်စွမ်းအင်သည် အခြေခံအားဖြင့် စိတ်စွမ်းအင်နှင့် တူညီသည်။ ဝမ်လင်းသည် ကျင့်ကြံခြင်းလမ်းပေါ်ရောက်ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။ ထို့ကြောင့် ယင်စွမ်းအင်များကို စုပ်ယူလိုက်သည်နှင့် ကွာခြားမှုကို ချက်ချင်း သတိပြုမိ၏။ စိတ်စွမ်းအင်များကို စုပ်ယူသည့်အခါ စိတ်စွမ်းအင်းများကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူနိုင်ခြင်းမှ ကာကွယ်ထားသည့်အလွှာပါးတစ်ခုက အမြဲတမ်းရှိနေသည်။ ထို့ကြောင့် သူ စုပ်ယူခဲ့သော စိတ်စွမ်းအင်ပမာဏ အများအပြားသည် ပျောက်ကွယ်သွားရ၏။

သို့သော်လည်း ယခုတစ်ကြိမ်တွင် ယင်စွမ်းအင်များကို စုပ်ယူခြင်းမှ တားဆီးပေးသည့် အလွှာပါး မရှိသည့်အတွက် သူ့ကိုယ်ထဲသို့ ယင်စွမ်းအင်များက အလွန်မြန်ဆန်သည့်နှုန်းဖြင့် ဝင်ရောက်နေသည်။ သူ့ကိုယ်ထဲသို့ ဝင်ရောက်လာသော ယင်စွမ်းအင်များကိုလည်း ယခင်ကနှင့် မတူစွာ အပြည့်အဝ စုပ်ယူနိုင်၏။

ဝမ်လင်းက ထိုအကြောင်းကို အနည်းငယ် စဉ်းစားပြီးနောက် အဖြေ၃ခု ရလာသည်။ ပထမတစ်ခုက ယင်စွမ်းအင်သည် စိတ်စွမ်းအင်များနှင့် ကွာခြားပြီး သူ့အတွက် ကျင့်ကြံရန် ပိုသင့်တော်ခြင်း ဖြစ်နိုင်သည်။ ဒုတိယတစ်ခုက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူက ချီစုစည်းခြင်းအဆင့်မှ ကျင့်ကြံသူထက် စုပ်ယူနိုင်စွမ်း မြင့်မားခြင်းကြောင့် ဖြစ်နိုင်သည်။ တတိယတစ်ခုက သူစုပ်ယူခဲ့သော ထန်းလီ၏စိတ်ဝိညာဉ်အရင်းအမြစ်ကြောင့် သူ၏ပင်ကိုယ်စွမ်းရည်လည်း တိုးတက်လာခြင်း ဖြစ်နိုင်သည်။

အဖြေက ဘယ်ဟာမှန်မှန် ဝမ်လင်းက နောက်ထပ်စဉ်းစားမနေဘဲ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားလိုက်၏။

အစပိုင်းတွင် ယင်စွမ်းအင်များ၏ အေးစက်သောသဘာဝကြောင့် ဝမ်လင်းက သက်တောင့်သက်သာ မဖြစ်ပေ။ ယင်စွမ်းအင်များကို စုပ်ယူပြီးနောက် ယင်စွမ်းအင်များက သူ၏ခန္ဓာကိုယ်အင်္ဂါများဆီသို့ ဖြတ်စီးဆင်းသွား၏။ သူ့ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော အအေးဓာတ်များက သူ့ကို ခိုက်ခိုက်တုန်သွားစေသည်။ ထိုအချက်က စိတ်စွမ်းအင်များကို စုပ်ယူသည့်အခါနှင့် လုံးဝမတူသည့်အခြေအနေတစ်ခု ဖြစ်သည်။ တစ်ခုက သူ့ခန္ဓာကိုယ်ကို နွေးထွေးပြီး သက်တောင့်သက်သာဖြစ်စေသည်။ တစ်ခုကတော့ သူ့ခန္ဓာကိုယ်ကို အေးခဲမတတ် ခံစားရစေသည်။

ဝမ်လင်းက ယင်စွမ်းအင်များကို ဆက်လက် စုပ်ယူနေသည်။ သူ့ခြေလက်များက အေးစက်လာပြီး သူ၏သွေးများက ပြစ်ခဲလာကာ နှလုံးခုန်နှုန်းတောင်မှ နှေးကွေးလာ၏။

သူ၏မျက်ခုံး၊ဆံပင်နှင့် တစ်ကိုယ်လုံးမှ မွေးညှင်းပေါက်အားလုံးတွင် ဆီးနှင်းများ စတင် ဖြစ်ပေါ်လာသည်။ ခန္ဓာကိုယ်တွင်မှ အအေးဓာတ်မြင့်တက်လာမှုက ပတ်ဝန်းကျင်ကိုပါ ကူးစက်သွား၏။

အချိန်ကလည်း တဖြည်းဖြည်း ကုန်ဆုံးလာကာ ယင်စွမ်းအင်များကလည်း ပျောက်ကွယ်သွားသည်။ ထိုအခါ ဝမ်လင်း၏မျက်ခွံများက လှုပ်လာပြီး မျက်လုံးကို ဖွင့်လိုက်၏။ တစ်ညလုံး လေ့ကျင့်ပြီးနောက် သူ၏တန်းထျန်းထဲတွင် သေးငယ်သောယင်စွမ်းအင်အစုအဝေးလေးတစ်ခုလည်း ပေါ်လာသည်။ ယင်စွမ်းအင်အစုအဝေးလေးက နှေးကွေးစွာ လည်ပတ်လျက် ရှိနေပြီး ယင်စွမ်းအင်များကို ထုတ်လွှတ်နေ၏။

သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက ယင်စွမ်းအင်များကို ဆန့်ကျင်ခြင်း မပြုဘဲ တစ်ဖက်နှင့်တစ်ဖက် လျစ်လျူရှူထားသကဲ့သို့ ဖြစ်နေသည်။

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၈၈) ထူးဆန်းသော အပြာရောင်အသားအရေနှင့်လူ

ဝမ်လင်းက ဝမ်းဗိုက်ကို စမ်းကြည့်ပြီး ရေရွတ်လိုက်သည်… “ဘာကြောင့် တစ္ဆေလောပျံတက်ခြင်းလို့ခေါ်လဲဆိုတာက ငါသိပြီ… “

တစ္ဆေလောကပျံတက်ခြင်းကျင့်စဉ်က ကျင့်ကြံနေချိန်တွင် လူကို သေခြင်းနှင့် နီးကပ်နေစေသည်။ ထိုအခြေအနေတွင် ခန္ဓာကိုယ်က ယင်စွမ်းအင်များကို အလွယ်တကူ စုပ်ယူနိုင်သော်လည်း အမှားတစ်စုံတစ်ရာ လုပ်မိပါက တစ်ခါတည်း တစ္ဆေလောကကို ရောက်သွားပေလိမ့်မည်။

အမှန်တစ်ကယ်တွင် အဆင့်၆နိုင်ငံအတွင်း၌ တစ္ဆေလောကပျံတက်ခြင်းကျင့်စဉ်ကို လေ့ကျင့်ရဲသည့်လူ အများကြီး မရှိပေ။ စစ်ထူနန်က ထိုကျင့်စဉ်ကို အောင်မြင်ခဲ့သောလူအနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သည်။ အဆင့်၆နိုင်ငံများမှ မိစ္ဆာဂိုဏ်းသားများအားလုံးကြားထဲတွင် တစ္ဆေလောကပျံတက်ခြင်းကျင့်စဉ်သည် ထူးဆန်းသောကျင့်စဉ်တစ်ခုအဖြစ် တည်ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် ပြောင်းလဲမှုက အလွန်အမင်း ကွာခြားသောကြောင့် ဖြစ်သည်။ တချို့က ကျင့်ကြံခြင်းတွင် အကျိုးဖြစ်ထွန်းသွားကြသော်လည်း တချို့ကတော့ သေဆုံးသွားကြရသည်။

ဝမ်လင်းက ပျက်စီးနေသာ မြို့ပျက်ကြီးထဲတွင် နေထိုင်ခဲ့၏။ ညတိုင်း ယင်စွမ်းအင်ကို စုပ်ယူပြီး ကျင့်ကြံလာသည်မျာ တစ်လ ကုန်ဆုံးသွားပြီး ဖြစ်သည်။

တစ်လအတွင်းတွင် တစ္ဆေလောကပျံတက်ခြင်းကျင့်စဉ်ကို လေ့ကျင့်ခြင်းအပြင် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ ပြောင်းလဲမှုများကို တွေ့ရှိလိုက်ရ၏။ ပုတီးစေ့မှ ထုတ်ပေးလိုက်သော စိတ်ဝိညာဉ်ရေများတွင် စိတ်စွမ်းအင်များ ပါမလာတော့ဘဲ ယင်စွမ်းအင်များ ပါဝင်လာခြင်း ဖြစ်သည်။

ထိုအကြောင်းကို သိသွားသည့်အချိန်မှစ၍ ယင်စိတ်ဝိညာဉ်ရေများကို စတင်စုဆောင်းတော့သည်။ ယင်စိတ်ဝိညာဉ်ရေများကို ညသန်းခေါင်အချိန်တွင် ထုတ်ပေး၏။

ယင်စိတ်ဝိညာဉ်ရေက စိတ်စွမ်းအင်ပါသည့် သာမန်စိတ်ဝိညာဉ်ရေနှင့် ယှဉ်လိုက်လျှင် ယင်စွမ်းအင်ပမာဏအများကြီး ပါဝင်နေသည်။

တစ္ဆေလောကပျံတက်ခြင်းကျင့်စဉ်သည် လူတစ်ယောက်၏ ယင်စွမ်းအင်စုပ်ယူနှုန်းနှင့် အများကြီး သက်ဆိုင်နေသည်။ များများစုပ်ယူနိုင်ပါက ပိုပြီးစွမ်းအားကြီးလာမည် ဖြစ်သည်။ နောက်ဆုံးတွင် ဝမ်လင်းက ညအချိန်တွင် အပြင်ဘက်၌ လေ့ကျင့်ပြီး နေ့အချိန်တွင် အိမ်မက်နယ်မြေထဲသို့ ဝင်ရောက်ပြီး ယင်စိတ်ဝိညာဉ်ရေများကို အသုံးပြု၍ လေ့ကျင့်၏။

အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာသည်နှင့်အမျှ ဝမ်လင်းက ယင်စွမ်းအင်များကို ပိုမို စုပ်ယူလာနိုင်သည်။ ယခုဆိုလျှင် လေ့ကျင့်နေသည့်အချိန်တိုင်းတွင် သူ့ကိုယ်ထဲမှ ယင်စွမ်းအင်များက ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်လာပြီး အသက်ရှူနှုန်းကလည်း မခုန်တော့သည်ဟု ထင်ရလောက်အောင်အထိ နှေးကွေးသွား၏။

မနက်ခင်းတစ်ခုတွင် ဝမ်လင်းက မျက်လုံးဖွင့်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်… “ယင်စွမ်းအင်အများကြီးကို ငါ စုပ်ယူပြီးနေပြီဒီအချိန်ဆို ပထမအဆင့်ကို ချိုးဖြတ်သင့်နေပြီ… “

ရုတ်တရက် ဝမ်လင်းက စိတ်ထွေပြားဝင်္ကပါအစီအရင်ကို ဝေခွဲမရသောအကြည့်ဖြင့် ကြည့်လိုက်သည်။ အင်္ကျီလက်အိုးကို လွှဲရမ်းလိုက်ရာ မြူထဲတွင် လျှောက်လမ်းတစ်ခု ပေါ်လာ၏။

ဝမ်လင်းသည် အပြင်ဘက်သို့ ရောက်လာသောအခါ အပျက်အစီးများကြားထဲတွင် မဲမဲအရိပ်များကို တွေ့လိုက်ရသည်။ ထိုအရိပ်များသည် ဒဏ်ရာရထားပြီး အလင်းတိုင်ထွက်ပေါ်လာသည်ကို စောင့်နေကြသည့် သားရဲများ ဖြစ်၏။ သို့သော်လည်း ယခုအချိန်တွင်မူ အားလုံးက သေဆုံးနေလေပြီ။ သူတို့သေဆုံးသွားပုံက တစ်ယောက်ယောက်က အလင်းတိုင်ထွက်ပေါ်သည့်နေရာမှ အပျက်အစီးများကြားထဲသို့ ဆွဲခေါ်သွားခြင်း ခံထားရသည့်ပုံစံမျိုး ဖြစ်သည်။

ဒီနေရာမှာ လူတွေ ရှိနေသေးတာလား… “ ဝမ်လင်း၏စိတ်ထဲတွင် အတွေးတစ်ခု ဝင်ရောက်လာသည်။

ဝမ်လင်းက ချက်ချင်း သူ့အခန်းပတ်လည်ကို စစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း သူ၏ဝင်္ကပါအစီအရင်ကို တိုက်ခိုက်ထားသည့်လက္ခဏာတစ်ခုမှ ရှိမနေချေ။

သူက မေးစေ့ကို ပွတ်သပ်လိုက်ပြီး တောအုပ်ထဲသို့ ပြေးဝင်သွားကာ သားရဲအသေကောင်၂ကောင်ကို ကိုင်ပြီး တောအုပ်ထဲမှ ပြန်ထွက်လာ၏။ သားရဲအသေကောင်၂ကောင်ကို ဘေးတွင် ပစ်ချလိုက်ပြီး ဝင်္ကပါအစီအရင်ထဲသို့ ပြန်ဝင်နေလိုက်သည်။ ထို့နောက် ဝင်္ကပါအစီအရင်အားလုံးကို အသက်သွင်းလိုက်ရာ မြူများက ပိုပြီး ထူထပ်လာ၏။

ထို့နောက် ဝမ်လင်းက တည်ငြိမ်စွာဖြင့် ထိုင်ချလိုက်ပြီး နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ထားလိုက်သည်။ ယင်စိတ်ဝိညာဉ်ရေများကို သောက်လိုက်ပြီး သတိဝီရိယရှိရှိဖြင့် ပတ်ဝန်းကျင်ကို စောင့်ကြည့်ပြီး ကျင့်စဉ်ကျင့်နေလိုက်၏။

ညအချိန်သို့ ပြန်ရောက်လာ၏။ ဒီညတွင်တော့ ဝမ်လင်းက ယင်စွမ်းအင်များကို မစုပ်ယူတော့ဘဲ ပတ်ဝန်းကျင်ကိုသာ အာရုံစိုက်ထားလိုက်တော့သည်။ နတ်ဘုရားစိတ်အာရုံကိုလည်း အဝေးဆုံးရောက်နိုင်တဲ့နေရာအထိ ဖြန့်ကျက်ထား၏။

သားရဲအသေကောင်၂ကောင်ကိုလည်း အာရုံစိုက်ထားသေး၏။ ဒီလိုအပျက်အစီးတွေပဲ ရှိတဲ့နေရာတစ်ခုမှာ ဘယ်လိုသက်ရှိမျိုး နေထိုင်ပြီး ညအချိန်မှ ထွက်လာရသလဲ သူ အလွန်သိချင်နေသည်။

တဖြည်းဖြည်းနှင့် ညသန်းခေါင်ယံအချိန်သို့ပင် ရောက်တော့မည် ဖြစ်ပြီး ယင်စွမ်းအင်များကလည်း အလွန်သိပ်သည်းနေသည့်အချိန် ဖြစ်သည်။

သူ့၏နတ်ဘုရားစိတ်အာရုံဖြန့်ကျက်ထားသည့် အကွာအဝေးတစ်ဝှိုက်တွင် အားလုံးက တိတ်ဆိတ်ငြိမ်သက်နေ၏။ အပျက်အစီးများအပြင်ဘက်ရှိ တောအုပ်တစ်ခုလုံးကလည်း ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေ၏။

အရင်ရက်များကလည်း နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ဖူးသည်။ သို့သော်လည်း ယခင်ရက်များက တောအုပ်အတွင်းမှ သားရဲအော်သံများကို တစ်ခါတစ်ရံ ကြားရသေး၏။ ယခုမူ ဘာကိုမှမကြားရဘဲ တိတ်ဆိတ်နေခြင်းက ပထမဆုံးအကြိမ်ဖြစ်သည်။

ရုတ်တရက် ဝမ်လင်း၏အမူအရာက ပြောင်းလဲသွားပြီး အပျက်အစီးများကြားထဲသို့ စိုက်ကြည့်လိုက်၏။

ယင်စွမ်းအင်များပြည့်နေသော အပျက်အစီးများကြားထဲတွင် ပုံရိပ်တစ်ခုက လျင်မြန်စွာ ပေါ်ထွက်လာသည်။ ထိုပုံရိပ်၏အလျင်က မြန်ဆန်လွန်းလှ၏။ ဝမ်လင်းက နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ထားတာတောင်မှ သူ့ရှေ့မှ သားရဲအသေနှစ်ကောင် ပျောက်ကွယ်သွားသည်ကို အရိပ်သာ မြင်လိုက်ရ၏။

ဝမ်လင်း တုန်လှုပ်နေသည်။ ထိုပုံရိပ် ထွက်ပေါ်ချိန်တုန်းက ဝမ်လင်းက မည်သည့်ပုံသဏ္ဍာန်ဖြစ်သည်ကို မြင်လိုက်ရသည်။ အပြာရောင်အသားအရေနှင့်လူပုံစံ သက်ရှိတစ်ကောင် ဖြစ်သည်။

ထိုလူ၏အရေပြားကို ထူးဆန်းသောသင်္ကေတများဖြင့်လည်း ဖုံးအုပ်ထား၏။ ထို့အပြင် လက်မဝက်အရွယ်အစားရှိသော အဝါရောင်စက္ကူ၉ရွက်ကလည်း ခန္ဓာကိုယ်၏အစိတ်အပိုင်းများတွင် ရှိနေ၏။

ထိုထူးဆန်းသောလူက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။ သူက ဝမ်လင်း၏ဝင်္ကပါအစီအရင်အပြင်ဘက်တွင် တစ်ခုခုကို တွေးနေဟန်ဖြင့် မတ်တပ်ရပ်နေ၏။

ထူးဆန်းသောလူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး မြူများကို စိုက်ကြည့်လိုက်၏။ သူက အနည်းငယ် တုန့်ဆိုင်းနေပြီးနောက် မြူများကို တစ်ပတ် ပတ်ကြည့်လိုက်သည်။

ဝမ်လင်းက သူ၏စိတ်ကို ထူးဆန်သောလူထံ၌သာ အာရုံစိုက်ထားလိုက်၏။ ထိုထူးဆန်းသောလူက မည်သို့လုပ်မည်ကို သူ သိချင်နေသည်။

ထူးဆန်းသောလူက ဝင်္ကပါအစီအရင်ကို လှည့်ပတ်ကြည့်ပြီးနောက် သိချင်စိတ်ပြင်းပြလာသည့်ဟန်ဖြင့် ဝင်္ကပါအစီအရင်အတွင်းသို့ ပြေးဝင်လိုက်၏။

ဝင်္ကပါထဲသို့ ဝင်လာသည်နှင့် ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်လာသည်။ သူ့ညာလက်ကလည်း အစီအရင်တစ်ခုကို ပြုလုပ်ပြီး အဖြူရောင်အလင်းတစ်ခုကို ဝင်္ကပါအစီအရင်ထဲသို့ ပစ်လိုက်၏။ ထိုအခါ မြူများက ဆူပွက်လာသကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလာ၏။

မကြာမီ ကျောက်တုံးများ ကွဲကြေသံများ ထွက်ပေါ်လာပြီး ဝင်္ကပါများ တစ်ခုပြီးတစ်ခု ပျက်စီးလာသည်။ မြူများ၏သိပ်သည်းမှုကလည်း လျော့ကျလာ၏။

ဝမ်လင်းက ပါးစပ်ကို ဟပြီး အစိမ်းရောင်ဓားကို ထုတ်ကာ ထူးဆန်းသောလူဆီသို့ ပစ်လိုက်၏။ဘုန်းဆိုသောအသံနှင့်အတူ ဓားက ထူးဆန်းသောလူကို ထိသွားပြီး ဒေါသတကြီးအော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ပြင်းထန်သောအားတစ်ခု ထွက်ပေါ်လာပြီး တောက်ပနေသောကျောက်တုံးများက လေထဲသို့ မြောက်တက်သွားပြီး အမှုန့်ဖြစ်သွား၏။

မြူများပျောက်ကွယ်သွားသည်နှင့် သူက ဝမ်လင်းကို ကြည့်လိုက်ပြီး ဝမ်လင်းထံသို့ နီရဲနေသော မျက်လုံးများ ဖြင့် လျှောက်လာ၏။

ဝမ်လင်း၏အမူအရာက တည်ငြိမ်နေပြီး လေထဲသို့ လက်ကို ဝေ့ရမ်းလိုက်ရာ ထူးဆန်းသောလူ၏နောက်တွင် အစိမ်းရောင်ဓားက ပေါ်လာသည်။ ထို့နောက် အစိမ်းရောင်ဓားက ထူးဆန်းသောလူ၏ရင်ဘတ်ကို ဖောက်ထွင်းသွားပြီး အပြာရောင်သွေးများ ဖြာထွက်သွား၏။

သွေးများ ထွက်ပေါ်လာသည်နှင့် သွေးများက ခဲသွားပြီး မြေပြင်ပေါ်သို့ ကျသွားသည်။

ထူးဆန်းသောလူက နာကျင်စွာ အော်ဟစ်လိုက်ပြီး နောက်သို့ ချက်ချင်း ဆုတ်သွား၏။ သူ့မျက်နှာတွင် ကြောက်လန့်နေသည့်အရိပ်ယောင်များ ပေါ်နေသည်။

ဝမ်လင်း မှင်သက်သွားသည်။ ထူးဆန်းသောလူက ဓားနဲ့တိုက်ခိုက်ခံလိုက်ရတာတောင်မှ လှုပ်ရှားနိုင်နေသေး၏။ သူက ချက်ချင်း ဓားအိမ်ကို ထုတ်လိုက်ပြီး လက်ထဲတွင် ကိုင်ထားလိုက်သည်။ ထို့နောက် အစိမ်းရောင်ဓားကို လျင်မြန်စွာဖြင့် ဓားအိမ်ထဲသို့ ဝင်သွားစေလိုက်သည်။ ၅ပုံ၁ပုံခန့်သို့ ရောက်သောအခါ ဓား၏အရောင်က အပြာရောင်သို့ ပြောင်းသွားပြီး အနက်ရောင်သို့ ထပ်ပြောင်းသွားသည်။

ဝမ်လင်းက ဓားကို ဆွဲထုတ်ပြီး ချက်ချင်း ထူးဆန်းသောလူထံသို့ ပစ်လိုက်သည်။

ထူးဆန်းသောလူက အနက်ရောင်ဓားကို ကြည့်ပြီး ကြောက်လန့်နေဟန်ဖြင့် နောက်သို့ ခပ်ဝေးဝေးကို ဆုတ်သွား၏။ သို့သော်လည်း ဓားက သူ၏ရင်ဘတ်ကို ထိုးစိုက်သွားပြီး ပေါက်ကွဲသံများ ဆက်တိုက်ထွက်လာသည်။ ထူးဆန်းသောလူကလည်း အနောက်သို့ ကြိုးပျက်သွားသော စွန်ကဲ့သို့ လွှင့်ထွက်သွား၏။

ဓားပေါ်တွင် ထူးဆန်းသောလူ၏သွေးများ စွန်းထင်သွားပြီး သူ့ခန္ဓာကိုယ်ထဲတွင် ဓားက ညပ်သွား၏။ ဝမ်လင်းက မည်မျှပင် အားစိုက်ထုတ်ပြီး ထွက်လာအောင် စေခိုင်းပါစေ။ ဓားက လှုပ်ပင် မလှုပ်တော့ချေ။ ထို့အပြင် ဓား၏တည်နေရာပြောင်းရွေ့ခြင်းကိုလည်း အသုံးပြု၍ မရတော့ချေ။

ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်များက ပိုမို ပြင်းထန်လာသည်။

ဝမ်လင်းက သိုလှောင်အိတ်ထဲမှ ကျန်းဟူပေးခဲ့သော အဝါရောင်အဆောင်ကို ထုတ်ယူလိုက်၏။ ထိုအချိန်တွင် မြေပေါ်သို့ လဲကျသွားသော ထူးဆန်းသောလူ၏ ရင်ဘတ်ဒဏ်ရာမှ အပြာရောင်သွေးများ စီးကျနေသည်။

ထို့အတူ သူ့ခန္ဓာကိုယ်မှ သင်္ကေတများက ရှုပ်ထွေးသွားကာ တောက်ပလာပြီး သူ၏ဒဏ်ရာသည်လည်း လျင်မြန်စွာ ပြန်ကောင်းလာ၏။

ဝမ်လင်းကလည်း စိတ်စွမ်းအင်များကို အဝါရောင်အဆောင်စာရွက်ပေါ်သို့ ထွေးထုတ်လိုက်ရာ အဝါရောင်စာရွက်က ပူပြင်းသော အနက်ရောင်မီးတောက်တစ်ခု ဖြစ်သွားပြီး ထူးဆန်းသောလူ၏ဒဏ်ရာကို ထပ်မံ ထိမှန်သွားသည်။

ထူးဆန်းသောလူ၏ခန္ဓာကိုယ်က နောက်တစ်ကြိမ် ပေါက်ထွက်သွားသဖြင့် နာကျင်စွာ အော်ဟစ်လိုက်၏။

မသေသေးဘူးလား… “ ဝမ်လင်း အလွန်ကို အံ့အားသင့်နေသည်။ အဆောင်စာရွက်၏တိုက်ခိုက်မှုကြောင့် ဓားက လွတ်လပ်သွားသည့်အတွက် သူ့ဘေးသို့ ပြန်ခေါ်လိုက်သည်။

ထူးဆန်းသောလူက နာကျင်စွာ ခံစားနေရဟန်ဖြင့် ကြိုးစားပြီး သူ့ကိုယ်မှ အဝါရောင်စာရွက်တစ်ခုကို ဆုတ်ဖြဲလိုက်သည်။ စာရွက်ပြဲသွားသည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်အနှံ့မှ အစိမ်းရောင်အငွေ့များ ထွက်လာပြီး သူ၏တစ်ကိုယ်လုံးကို ဖုံးအုပ်သွား၏။

ဝမ်လင်း၏မျက်နှာက ထူးဆန်းသကဲ့သို့ ဖြစ်နေပြီး တုန့်ဆိုင်းခြင်းမရှိ ဓားကို ဓားအိမ်ထဲသို့ ၅ပုံ၃ပုံအထိ ထိုးသွင်းလိုက်၏။ ဓား၏အရောင်ကလည်း အနက်ရောင်မှ အနီရောင်သို့ ပြောင်းသွား၏။

၅ပုံ၃ပုံသည် ဓားအိမ်ထဲသို့ ထိုးသွင်းနိုင်သော ဝမ်လင်း၏အမြင့်ဆုံးကန့်သတ်ချက်ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ဖြင့် ဓားအိမ်ထဲသို့ ၅ပုံ၃ပုံသာ ထည့်နိုင်သေး၏။ သို့သော်လည်း ထိုဓားဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်းအလယ်အဆင့်ကျင့်ကြံသူများကို ယှဉ်တိုက်နိုင်သည်။

ထိုအချိန်တွင် ထူးဆန်းသောလူကလည်း ထွက်လာသော အစိမ်းရောင်အငွေ့များအားလုံးကို သူ့ကိုယ်မှ ပြန်စုပ်ယူလိုက်၏။ ထို့နောက် သူက ဝမ်လင်း၏ရှေ့သို့ ရောက်လာသည်။ ယခုအချိန်တွင် သူ့ခန္ဓာကိုယ်တွင် မည်သည့်ဒဏ်ရာမှ ရှိမနေတော့ဘဲ အကောင်းအတိုင်း ဖြစ်နေ၏။

သူက ဝမ်လင်းကို အလွန်မုန်းတီးသောအကြည့်ဖြင့် ကြည်နေသည်။ သို့သော်လည်း ဝမ်လင်းကိုတော့ ကြောက်လန့်နေဟန် ရှိသည်။

မင်း ဘယ်သူလဲ… “ ဝမ်လင်းက မေးလိုက်သည်။ သူက ထူးဆန်းသောလူကို မတိုက်ခိုက်ချင်ပေ။ ထိုလူထံ၌ အဆောင်စာရွက်က ၉ခုတောင် ရှိနေသည်။ တစ်ရွက်ကို တစ်သက်နှင့် တွက်လျှင် အသက်၉သက် ရှိသည်နှင့်တူနေသည်။ တိုက်မယ်ဆိုလျှင်တောင်မှ နိုင်ဖို့အတွက် ဝမ်လင်း အတော်ကြိုးစားအားထုတ်ရမည် ဖြစ်သည်။

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၈၉) ပုံရိပ်ယောင်မှော်ရတနာ

ဝမ်လင်းက အေးစက်စွာ ပြောလိုက်သည်… “ငါက ဒီမှာ လေ့ကျင့်နေတာဒါ့ကြောင့် မလိုအပ်ပဲ ပြဿနာတွေ မဖန်တီးချင်းဘူးမင်းလည်း ပြန်သွားလိုက်ပါငါ့ကို နောက်တစ်ခါ လာမနှောင့်ယှက်ပါနဲ့ဒီကိစ္စကို ဒီမှာပဲ မေ့လိုက်ရအောင်… “

ထူးဆန်းသောလူက ပဟေဠိဖြစ်နေသောအမူအရာဖြင့် ဝမ်လင်းနားမလည်သောစကားများကို ပြောလိုက်သည်။ သူတို့၏နှစ်ယောက်ဖြစ်နေပုံက ဝမ်လင်းကလည်း သူ့စကားနားမလည်သကဲ့သို့ သူကလည်း ဝမ်လင်း၏စကားကို နားမလည်ပေ။

ဝမ်လင်းက အနည်းငယ်စဉ်းစားပြီး ကျိုးပဲ့နေသောနံရံတစ်ခုဆီသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားလိုက်၏။ ဝမ်လင်း လှုပ်ရှားလာသည်ကို မြင်ပြီး ထူးဆန်းသောလူက သတိထားသည့်အနေအထား ဖြစ်သွားသည်။

ဝမ်လင်းက ညာလက်ကို ဝေ့ရမ်းပြီး နံနံပေါ်တွင် တစ်စုံတစ်ခုကို ရေးဆွဲလိုက်သည်။ ထူးဆန်းသောလူက ဝမ်လင်း၏လက်ချောင်းလေးများကို စိုက်ကြည့်နေပြီး သူ့မျက်နှာက နားလည်သည့်အမူအရာနှင့် ဖြစ်၏။

ဝမ်လင်းက အလျင်အမြန် ယခုရောက်နေသည့် နေရာကို ပုံကြမ်းဆွဲလိုက်ပြီး ပျက်စီးနေသည့်နေရာတစ်ခုလုံး၏ အလယ်တွင် စည်းတားလိုက်သည်။

ထို့နောက် ဝမ်လင်းက ထူးဆန်းသောလူကို လက်ညှိုးထိုးပြပြီး ပုံ၏ညာဘက်ခြမ်းကိုလည်း ထိုးပြလိုက်သည်။ ထို့နောက် သူ့ကိုယ်သူ လက်ညှိုးထိုးပြီး ဘယ်ဘက်ခြမ်းကိုလည်း ထိုးပြလိုက်သည်။ ထို့နောက် တားထားသည့်စည်းကို ညွှန်ပြပြီး တင်းမာခက်ထန်စွာ ပြောလိုက်သည်။

မင်း ငါ့ဘက်ကို ကျော်လာရင်ငါ့ရဲ့စိတ်စွမ်းအင်ကို အကုန်သုံးပြီး မင်းကို ရအောင် သတ်မယ်… “

ထူးဆန်းသောလူက အံ့အားသင့်နေပြီး သူ့ရင်ဘတ်ကို ပွတ်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင်လည်း ကြောက်လန့်သောအရိပ်အယောင်များ ပေါ်လာ၏။ ထို့နောက် သူက ဓားကို ကြည့်လိုက်ပြီး ထူးဆန်းသောအသံဖြင့် ပြောလိုက်သည်။

ဝမ်လင်း မျက်မှောင်ကျုံ့သွား၏။ ထူးဆန်းသောလူက သူပြောသည့်စကားကို ချူးယန်နားမလည်သည်ကို မြင်သွားပြီး ဗျာများနေသည့် အမူအရာဖြင့် လက်ကို ခါရမ်းပြလိုက်သည်။ သူက ရုတ်တရက် သူ့ခေါင်းကို ရိုက်လိုက်ပြီး ဘေးနားရှိနံရံတစ်ခုကို လက်သီးနှင့် ထိုးလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ့ကိုယ်မှ သင်္ကေတများက လင်းလက်လာပြီး နံရံက ပြိုကျသွား၏။

သူက နံရံမှ ပြိုကျသွားသော ကျောက်တုံးကျောက်ခဲများကို ကောက်ယူလိုက်ပြီး အနည်းငယ် စဉ်းစားလိုက်သည်။ ထို့နောက် သူက ကျောက်တုံးများကို မြေပြင်ပေါ်တွင် ချကာ ဝမ်လင်းကို ကြည့်ပြီး ထူးဆန်းသောစကားများ ပြောလိုက်ပြန်သည်။

ဝမ်လင်း၏မျက်နှာက အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူက လေထဲတွင် လှမ်းဆွဲလိုက်သည့်ပုံစံလုပ်လိုက်ရာ ချက်ချင်း ထူးဆန်းသောလူနားမှ ကျောက်တုံးအားလုံးက ဘေးတွင် အစီအစဉ်တကျ စီထားသကဲ့သို့ ဖြစ်သွား၏။ ထို့နောက် ညာဘက်လက်ဖြင့် အစီအရင်တစ်ခုကို ဖန်ဆီပြီး အလင်းရောင်တစ်ခုကို ပစ်လွှတ်လိုက်သည်။ မကြာမီ ကျောက်တုံးများတဝှိုက်တွင် မြူများက ပြန်လည်ဖွဲ့စည်းလာ၏။

ဝမ်လင်းက ထူးဆန်းသောလူကို စိုက်ကြည့်ပြီး တည်ငြိမ်စွာ မေးလိုက်သည်… “မင်းပြောချင်တာ ဒီစိတ်ထွေပြားဝင်္ကပါအစီအရင်လား… “

ထူးဆန်းသောလူ၏မျက်နှာတွင် စိတ်လှုပ်ရှားသည့်အမူအရာများ ပေါ်လာပြီး လက်ကို ဝေ့ရမ်းလိုက်ကာ သူ့ရင်ဘတ်ကို ပြန်ရိုက်လိုက်သည်။ ရုတ်တရက် သူ့ကိုယ်က တောက်ပလာ၏။ မြေပြင်ကလည်း တုန်ခါလာပြီး ဝင်္ကပါအစီအရင်ချထားသော ကျောက်တုန်းများရှိရာမြေပြင်သည် လေထဲသို့ မြောက်တက်လာ၏။ မြေပြင်တွင်လည်း ကျောက်တုံးများ ရှိရာနေရာတွင် မြေပြင်ပေါ်တွင် ကြီးမားသောအပေါက်ကြီး ဖြစ်ကျန်ခဲ့သည်။

စိတ်ထွေပြားဝင်္ကပါအစီအရင်အသေးက တောင်အသေးတစ်လုံးကဲ့သို့ ထူးဆန်းသောလူ၏ဦးခေါင်းထက်တွင် လွင့်မျောနေသည်။ သူက ဝမ်လင်းကို ခေါင်းညိတ်ပြပြီး အလျင်အမြန် ထွက်သွား၏။ တော်တော်ဝေးဝေးသို့ ရောက်သောအခါ သူက ရပ်လိုက်ပြီး ဝမ်လင်းကို လှည့်ကြည့်ကာ စကားတစ်ချို့ အော်ပြောလိုက်သည်။ ထို့အပြင် အမူအရာတစ်ချို့ ကိုပါ လုပ်ပြပြီး အဝေးသို့ ပျောက်ကွယ်သွား၏။

ဝမ်လင်းက ပျောက်ကွယ်သွားသော ထူးဆန်းသောလူကို စိုက်ကြည့်နေမိသည်။ ထူးဆန်းသောလူ၏ အဆောင်စာရွက်များက အလွန်အစွမ်းထက်လွန်းသည်။ ဖြစ်နိုင်လျှင် ထူးဆန်းသေလူနှင့် သေသေကြေကြေ မတိုက်ခိုက်ချင်ပေ။

ထိုအကြောင်းကို တွေးနေစဉ်မှာပင် သူ၏အမူအရာက ပြောင်းလဲသွား၏။ သူ့ဘေးမှ ဓားကိုလည်း အသင့်ပြင်ထားလိုက်သည်။ သူ၏မျက်လုံးများကလည်း သတ်ဖြတ်ချင်စိတ် အပြည့်နှင့် ဖြစ်သည်။ ထူးဆန်းသောလူက ပြန်လာနေသည်။

ဝမ်လင်းက ထူးဆန်းသောလူကို ကြည့်ပြီး ခက်ထန်စွာ ပြောလိုက်သည်… “မင်းက သေချင်နေပြီလား… “

ထူးဆန်းသောလူက ရပ်တန့်လိုက်၏။ သူ့လက်ထဲတွင် လုံးဝန်းသောအရာတစ်ခုကို ကိုင်ထား၏။ သူက လက်ကို ရမ်းပြပြီး ရှင်းပြရန် ကြိုးစားလိုက်သည်။ ဝမ်လင်း၏ သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နေသောမျက်လုံးကို မြင်ပြီး သူက လုံးဝန်းသောအရာဝတ္ထုကို ဝမ်လင်းဆီသို့ ပစ်ပေးလိုက်သည်။

ဝမ်လင်းက နောက်သို့ အနည်းငယ် ဆုတ်လိုက်၏။ ထူးဆန်သောလူက အားအနည်းငယ်ပင် ထည့်ပြီး မပစ်လိုက်သည်အတွက် မြေပြင်ပေါ်သို့ကျပြီး အနည်းငယ်လိမ့်သွားကာ ဝမ်လင်း၏ရှေ့တွင် ရပ်တန့်သွားသည်။

ထို့နောက် ထူးဆန်းသောလူက ဝမ်လင်းကို ပြုံးပြပြီး ထွက်သွား၏။

ဝမ်လင်းက ပျောက်ကွယ်သွားသော ထူးဆန်းသောလူကို ကြည့်လိုက်ပြီး လုံးဝန်းသောအရာလေးကို အောက်သို့ ငုံ့ကြည့်လိုက်သည်။

အချိန်သည် နေရောင်ပင် ထွက်လာနေပြီ ဖြစ်သည်။ လုံးဝန်းသောအရာဝတ္ထုလေးသည် လက်သီးဆုပ်၏ ၁၀ပုံ၁ပုံခန့်သာရှိသော ကျောက်တုံးလေးဖြစ်သည်။ ကျောက်တုံးပေါ်တွင် ဖုန်မှုန်များကပ်နေပြီး အက်ကွဲရာတစ်ချို့လည်း ရှိ၏။ ကျောက်တုံးကို ကြည့်ပြီး ဝမ်လင်းက အနည်းငယ် အံ့အားသင့်သွား၏။ သူက မြေပြင်ပေါ်မှ ကျောက်တုံးကို ကောက်ယူပြီး နေရောင်နှင့် သေချာလှည့်ပတ်ပြီး ကြည့်လိုက်သည်။

ကျောက်တုံးမှ သေးငယ်သောစိတ်စွမ်းအင်ငွေရောင်လေးက ယိုစိမ့်ပြီး ထွက်နေသည်။

ဒါက ရတနာတစ်ခုလား… “ သူက မှင်သက်သွားပြီး နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီး စိတ်စွမ်းအင်အနည်းငယ်ကို ကျောက်တုံးထဲ ပို့လွှတ်ကြည့်လိုက်၏။

ရုတ်တရက် ကျောက်တုံးမှ အဖြူရောင်မီးခိုးများ ထွက်လာပြီး အဘိုးကြီးတစ်ယောက်၏ပုံစံ ပေါ်လာသည်။ ထိုလူကြီးထံမှ အန္တရာယ်ရှိသောအော်ရာကို ဝမ်လင်း ခံစားမိသည်။ အဘိုးကြီးက ဝမ်လင်းကို စိုက်ကြည့်ပြီး သရော်ပြုံးဖြင့် ပြုံးလိုက်သည်… “မင်းက ဒီအဘိုးကြီးကို တိုက်ခိုက်ရဲတယ်ပေါ့… “

ဝမ်လင်းလည်း အံ့ဩသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ အဘိုးကြီးကို သေသေချာချာ ကြည့်လိုက်ပြီးနောက် အဘိုးကြီးသည် ချီစုစည်းခြင်းအဆင့် အလွှာ၁၅ကိုသာ ရောက်သေးကြောင်း သိလိုက်ရသည်။ သူက နှာခေါင်းကို ပွတ်လိုက်ပြီး ကျောက်တုံးထဲသို့ စိတ်စွမ်းအင်များ ပိုမိုထည့်လိုက်၏။

စိတ်စွမ်းအင်များ ကျောက်တုံးထဲကို ထည့်လိုက်သည်နှင့် အဘိုးကြီး၏စိတ်စွမ်းအင်များကလည်း မြင့်တက်သွားပြီး ခန္ဓာကိုယ်သန့်စင်ခြင်းအလယ်အဆင့်သို့ ရောက်သွား၏။ အဘိုးကြီးက လေထဲတွင် မျောနေရင်း ပြောလိုက်သည်… “မင်းက ဒီအဘိုးကို တိုက်ရဲတာလား… “

ဝမ်လင်း အလွန်ကို အံ့အားသင့်သွားသည်။ ကျောက်တုံးကို ဘယ်လိုအသုံးပြုရမလဲ သူမသိချေ။ ထို့ကြောင့် စိတ်စွမ်းအင်များ ကျောက်တုံးထဲသို့ ပိုမိုထည့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အဘိုးကြီး၏မျက်လုံးများက တောက်ပလာပြီး သူ၏အော်ရာကလည်း လျင်မြန်စွာ မြင့်တက်လာသည်။ ထို့နောက်တွင်မူ အဘိုးကြီး မည်သည့်အဆင့်သို့ ရောက်သွားသဲ ဝမ်လင်းတောင်မှ မသိနိုင်တော့ပေ။ သို့သော်လည်း အဘိုးကြီး၏အကြည့်တစ်ချက်နှင့်တင် ဝမ်လင်း ကြောက်လန့်စိတ်များ ဖြစ်ပေါ်လာသည်။ အဘိုးကြီးက အသက်ရှူထုတ်လိုက်ပြီး ပြိုင်ဘက်ကင်းအော်ရာကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် အဘိုးကြီးက လက်ကို နောက်ပစ်ပြီး ပြောလိုက်သည်… “အမြုတေဖွဲ့တည်ခြင်းအဆင့်အောက်က လူတွေက ငါ့ကို ထိခိုက်အောင် မတိုက်နိုင်ဘူးမမြင်ချင်ဘူးထွက်သွားစမ်း… “

ဝမ်လင်းက စိတ်စွမ်းအင်များ ပို့လွှတ်မှုကို ရပ်ဆိုင်းလိုက်ပြီးနောက် အဘိုးကြီးကလည်း လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အငွေ့များက ကျောက်တုံးထဲသို့ ပြန်လည်ဝင်ရောက်သွား၏။ မီးခိုးငွေ့များ ပြန်လည်ပျောက်ကွယ်သွားသည်နှင့် ကျောက်တုံးပေါ်တွင် အက်ရာတစ်ခု ထပ်ပေါ်လာသည်။

ဝမ်လင်းက ကျောက်တုံးကို စိုက်ကြည့်ပြီး အံ့အားသင့်နေသည်။ ဝမ်လင်းက ကျောက်တုံးက မည်သည့်ရတနာပစ္စည်းဖြစ်သည်ကို မှန်းဆနိုင်သွားပြီ ဖြစ်သည်။ ကျောက်တုံးက ပုံရိပ်ယောင်မှော်ရတနာတစ်ခုဖြစ်ပြီး ပုံရိပ်ယောင်သည် အစစ်နီးပါး တူညီနေသည်။ အဘိုးကြီးပြောသည့်စကားများကို ထည့်မတွက်လျှင်တောင် အဘိုးကြီးထံမှ ထွက်လာသသောအော်ရာများနှင့်တင် ပြည့်စုံတဲ့ပုံရိပ်ယောင်တစ်ခု ဖြစ်နေလေပြီ။ ထို့အပြင် နောက်ဆုံးပြောလိုက်သော စကားလုံးများသည် လွန်စွာ ပီပြင်လှသည်။

ဝမ်လင်းသာ ကျောက်တုံးကို မရရှိခဲ့ပါက အဘိုးကြီး၏အော်ရာနှင့်ဟန်ပန်ကို ကြည့်ပြီး အတုဟု ပြောနိုင်မည်မဟုတ်ပေ။ အဘိုးကြီး၏အော်ရာသည် တစ်ကယ့်ကို ဘိုးဘေးကျင့်ကြံသူတစ်ယောက်၏ပုံစံအတိုင်းပင် ဖြစ်သည်။

သူ၏ကျင့်စဉ် မြင့်လာသည်နှင့် ကျောက်တုံးထဲသို့ စိတ်စွမ်းအင်များ ပိုမို ထည့်သွင်းလာနိုင်မည်ဖြစ်ပြီး အဘိုးကြီး၏စွမ်းအားကလည်း မြင့်တက်လာမည် ဖြစ်သည်။ သည်ကျောက်တုံးက တခြားလူများကို ခြောက်လှန့်ရန်အတွက် အကောင်းဆုံးရတနာပစ္စည်းတစ်ခု ဖြစ်သည်။

ဝမ်လင်းက ရတနာကို သိမ်းပြီး ရေရွတ်လိုက်သည်… “ဒီထူးဆန်းတဲ့လူက တစ်ကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲသူက ငါ့ရဲ့ စိတ်ထွေပြားဝင်္ကပါကို ဖျက်ဆီးမိပြီး မကောင်းတတ်လို့ ဒီရတနာကို ပြန်ပေးခဲ့တာ ဖြစ်ရမယ်… “

ဒီလဲလှယ်မှုအရ ဝမ်လင်းက ထိုထူးဆန်းသောလူသည် မှော်ရတနာများကို အသုံးပြုနိုင်စွမ်း မရှိသည်ကို နားလည်လိုက်၏။ ထို့အပြင် ပျက်စီးနေသောမြို့ထဲတွင် ရတနာများ ရှိနေနိုင်သေးသည်ဟု ကောက်ချက် ချလိုက်သည်။

ယခု အချိန်တွင် ပျက်စီးနေသည့်မြို့ကြီးက ဝမ်လင်း၏မျက်လုံးထဲတွင် ပိုင်ရှင်မရှိသောရတနာတစ်ခုအဖြစ် မြင်လာသည်။

ဒီနေရာမှာ ထူးဆန်းတဲ့အလင်းတိုင်၊ ပုံရိပ်ယောင်မှော်ရတနာနဲ့ ထူးဆန်းတဲ့အပြာရောင်လူနောက်ထပ်ရော ဒီနေရာမှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေဦးမလဲ… “ ဝမ်လင်းက မေးစေ့ကို ပွတ်ပြီး စဉ်းစားလိုက်သည်။ ယခုက နေ့အချိန်ဖြစ်နေသောကြောင့် ဝမ်လင်းက ဝင်္ကပါကို ပြန်ချလိုက်ပြီး အလယ်တွင် ထိုင်ကာ ယင်စိတ်ဝိညာဉ်ရေကို သောက်ပြီးနောက် စတင်ကျင့်ကြံတော့၏။

သည်လိုနှင့် ၂လကုန်ဆုံးသွား၏။

တစ်ရက်တွင် ဝမ်လင်းက အခန်းထဲတွင် ထိုင်ပြီး ကျင့်ကြံနေသည်။ လွန်ခဲ့သည့် ၂လလုံးလုံး ယင်စွမ်းအင်များကို စုပ်ယူပြီး လေ့ကျင့်နေသည့်အတွက် ပထမချိုးဖြတ်မှုကို စတင်ရန်အတွက် ယင်စွမ်းအင်များကို လုံလုံလောက်လောက် စုဆောင်ထားပြီး ဖြစ်၏။

တစ္ဆေလောကပျံတက်ခြင်းကျင့်စဉ်တစ်ခုလုံးကို ဝမ်လင်း လေ့လာပြီး ဖြစ်၏။ ချိုးဖြတ်မှုကြီး၃ခုက ဘယ်လိုလဲဆိုတာကို ကောင်းကောင်းနားလည်နေပြီ ဖြစ်သည်။

ချိုးဖြတ်မှုအတွက် အဓိကအချက်၃ချက်မှာ ဝမ်းဗိုက်ရှိ တန်းထျန်း၊ ရင်ဘတ်ရှိ ချီပင်လယ်နှင့် ဘိုးဘေးချီသွေးကြောတို့ ဖြစ်ကြ၏။

ထိုနေရာ၃ခုလုံးသည် အေးခဲအမြုတေ ဖြစ်လာရန် တစ်နေရာကို ၃ကြိမ်စီ ချိုးဖြတ်ရမည် ဖြစ်သည်။ အဆင့်၁အတွက် တန်းထျန်းကို ဖွင့်ရမည်ဖြစ်ပြီး အဆင့်၂ကို ရောက်သည့်အခါ တန်းထျန်း၌ ပွင့်နေသည်ကို ဖျက်ဆီးပစ်ပြီး ပြန်ဖွင့်ရမည်ဖြစ်သည်။

တစ္ဆေလောကပျံတက်ခြင်းကျင့်စဉ်၏ စည်းမျဉ်းက အရင်ဖျက်ဆီးပြီးမှ ပြန်တည်ဆောက်ကာ အစွမ်းပိုထက်စေခြင်း ဖြစ်သည်။

ဝမ်လင်းက အနည်းငယ်စဉ်းစားလိုက်ပြီး ပထမချိုးဖြတ်မှုအတွက် တန်းထျန်းထဲရှိ ယင်စွမ်းအင်များကို ကျင့်စဉ်ထဲကအတိုင်း ရွေ့လျားစေလိုက်သည်။

သူ၏ထိန်းချုပ်မှုအောက်တွင် ယင်စွမ်းအင်များ ပိုပြီး မြန်မြန် လည်ပတ်လာသကဲ့သို့ သူ၏ဝမ်းဗိုက်မှလည်း နာကျင်မှုကို ခံစားလာရသည်။ နာကျင်မှုက ပိုပြင်းထန်လာလေ ချိုးဖြတ်ရန် နီးကပ်လာလေဖြစ်ကြောင်း ဝမ်လင်း သိထားသည်။

ထိုနာကျင်မှုမျိုးက သာမန်လူများ တောင့်ခံနိုင်သည့်နာကျင်မှုမျိုး မဟုတ်ပေ။ ဗိုက်ကို ဓားနှင့်ထိုးပြီး အထဲကို မွှေလိုက်သကဲ့သို့ နာကျင်မှုကို ခံစားရခြင်း ဖြစ်သည်။ အသက်အနည်းငယ်ရှုချိန်ခန့်ကြာပြီးနောက်တွင် ဝမ်လင်း၏တစ်ကိုယ်လုံး ချွေများဖြင့် စိုရွှဲနေပြီ ဖြစ်သည်။

ယင်စွမ်းအင်များက လျင်မြန်စွာ လည်ပတ်ရင်း ဝဲကတော့ပုံစံတစ်ခုအဖြစ်သို့ ပြောင်းသွားပြီး ပိုပိုပြီး ကြီးမားလာသည်။ အပြင်ဘက်မှသာ ဝမ်လင်းကို ကြည့်လိုက်လျှင် သူ၏ဝမ်းဗိုက်က အစိမ်းရောင်ပြောင်းနေပြီး တစ်ကိုယ်လုံးတွင်လည်း ပါးလွှာသောနှင်းခဲလေးများ ကပ်နေသည်ကို တွေ့နိုင်ပေလိမ့်မည်။

နာကျင်မှုက ပိုပိုပြီး ဆိုးလာသဖြင့် ဝမ်လင်းက အံတင်းတင်းကြိတ်ပြီး တောင့်ခံထားရ၏။ ရုတ်တရက် ယင်စွမ်းအင်များက သူ၏တစ်ကိုယ်လုံးကို ဖြတ်သွား၏။

ထိုအချိန်တွင် ယင်စွမ်းအင်များ လှည့်ပတ်မှုနှင့်အတူ လေပွေကဲ့သို့ စုပ်ဝဲတွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။ ထိုစုပ်ဝဲကြီးအတွင်းသို့ ယင်စွမ်းအင်များက ရေထဲကို ခဲလုံးကျသကဲ့သို့ တစ်ဟုန်ထိုး စီးဝင်နေ၏။

မကြာမီ သူ၏ခန္ဓာကိုယ်ထဲမှ စိတ်စွမ်းအင်များကိုလည်း စုပ်ဝဲကြီးက စတင်စုပ်ယူလာ၏။

စုပ်ဝဲကြီးအတွင်းတွင်လည်း ပြောင်းလဲမှုများ ဖြစ်နေသည်။ တစ်ဖက်နှင့်တစ်ဖက် အမြဲလျစ်လျူရှုနေတတ်သည့်စွမ်းအင်၂မျိုးက ယခုအချိန်တွင် ထိန်းချုပ်နိုင်ရန်အတွက် တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြ၏။

တဖြည်းဖြည်းနှင့် စိတ်စွမ်းအင်များက စတင်ဝါးမြိုခံရပြီး ယင်စွမ်းအင်များနှင့် ပေါင်းစပ်သွားကာ စုပ်ဝဲကြီးထဲတွင် နှေးကွေးစွာ လည်ပတ်နေသော စွမ်းအင်သစ်တစ်မျိုး ဖြစ်ပေါ်လာသည်။

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၉၀) ချိုးဖြတ်နိုင်ခြင်း

တစ္ဆေလောပျံတက်ခြင်းကျင့်စဉ်၏ပထမအလွှာကို အောင်မြင်သွား၏။

တန်းထျန်းထဲမှ ချီသွေးကြောသည်လည်း ပွင့်သွားပြီ ဖြစ်သည်။

ဝမ်လင်းက သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားပြီး တန်းထျန်းအပြင်ဘက်မှ ယင်စွမ်းအင်၃ပုံ၁ပုံကို တန်းထျန်းထဲသို့ ပို့လိုက်သည်။

ယင်စွမ်းအင်များက သူ၏တန်းထျန်းထဲသို့ မဝင်သော်လည်း တန်းထျန်းကို ဝန်းရံနေပြီး အနက်ရောင်စုပ်ဝဲအတွင်းသို့ တဟုန်ထိုး ဝင်ရောက်သွား၏။

တဟုန်ထိုးပြေးဝင်သွားမှုက ယင်စွမ်းအင်အနည်းငယ်ကို ဆုံးရှုံးသွားစေသော်လည်း ယင်စွမ်းအင်များက ပိုပိုပြီး ပြင်းထန်လာကာ တန်းထျန်းထဲတွင် စစ်ပွဲဖြစ်နေသကဲ့သို့ ဖြစ်နေလေသည်။

အချိန်တော်တော်ကြာပြီးနောက် အနက်ရောင်စုပ်ဝဲကြီးက ကွဲကြေသွား၏။ ထိုအခိုက်အတန့်တွင် ဝမ်လင်းက ယင်စွမ်းအင် နောက်ထပ် ၃ပုံ၁ပုံကို လျင်မြန်စွာ လွဲပြောင်းပေးလိုက်သည်။ တစ်ချက်တည်းနှင့် တန်းထျန်းမှ ချီသွေးကြောကို ဖွင့်လိုက်၏။

ချက်ချင်း နာကျင်မှုကိုလည်း ဝမ်လင်း ခံစားလိုက်ရသည်။ အနက်ရောင်စုပ်ဝဲကြီး ပျက်စီးသွားသည့်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ထဲသို့ ထူးဆန်းသောစွမ်းအားများက ဝင်ရောက်လာသည်။ ထို့နောက် ဝမ်လင်းက တန်းထျန်းကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။

ဒီတစ်ကြိမ်သည် ယခင်ကထက် အလွန်ကြာနေသည်။ အဘယ်ကြောင့်ဆိုသော် ယင်စွမ်းအင်များက မလုံလောက်သောကြောင့် ဖြစ်၏။ ဝမ်လင်းက ကျန်နေသေးသော ယင်စွမ်းအင် ၃ပုံ၁ပုံကို ယင်စွမ်းအင်စီးကြောင်းအတွင်းသို့ ပေါင်းထည့်လိုက်သည်။ ယင်စွမ်းအင်စီးကြောင်းက လေပွေကဲ့သို့ စုပ်ဝဲလေးတစ်ခုဖြစ်လာပြီး တဖြည်းဖြည်း ကြီးမားလာသည်။

စုပ်ဝဲ၏လည်နှုန်းက မြန်ပြီးရင် မြန်လာပြီး ချိုးဖြတ်ရန်အချိန်ကလည်း နီးကပ်လာသည်။

စုပ်ဝဲက အလွန်လျင်မြန်စွာ လည်ပတ်လာပြီး နီဘူလတစ်ခုနှင့်ပင် တူလာသည်။ စုပ်ဝဲက အပြင်ဘက်တွင် နှေးကွေးသော်လည်း အတွင်းထဲတွင်မူ အလွန်လျင်မြန်လွန်းလှသဖြင့် မျက်လုံးနှင့် မြင်ရန်ပင် ခက်ခဲလှ၏။

ညသန်းခေါင်းအချိန်သည် ယင်စွမ်းအင်များ အသိပ်သည်းဆုံးအချိန်ဖြစ်သည်။ ယခုအချိန်တွင် ဝမ်လင်း၏ခန္ဓာကိုယ်က အာကာသတွင်းနက်ကြီးတစ်ခုနှင့်ပင် တူနေပြီး သူ့ခန္ဓာကိုယ်ပတ်လည်တွင် ပေ၂၀ပတ်လည်စုပ်ဝဲက အပြင်ဘက်မှ စွမ်းအင်များကို စုပ်ယူနေ၏။

ဝမ်လင်းနှင့် ပေ၁၀ပတ်လည်သည် ယင်စွမ်းအင်များအတွက် ကြိတ်ဆုံတစ်ခုနှင့်တူနေပြီး ဝမ်လင်းက ယင်စွမ်းအင်များအားလုံးကို အရူးအမူး စုပ်ယူနေသည်။

ဝမ်လင်းက စုပ်ယူလိုက်သောစွမ်းအင်များအားလုံးကို သူ့ကိုယ်ထဲမှ စုပ်ဝဲအတွင်းသို့ ချက်ချင်း ပို့လိုက်၏။ စုပ်ဝဲကလည်း တဖြည်းဖြည်းနှင့် သူကိုယ်တိုင် ထိန်းချုပ်မှုလွတ်ကင်းလုနီးပါး ကြီးလာသည်။ ထိုအချိန်တွင် ဝမ်လင်းက ရပ်တန့်ချင်သော်လည်း ရပ်တန့်၍ မရတော့သဖြင့် မှင်သက်သွား၏။ ထို့အတူ စုပ်ဝဲကိုလည်း ထိန်းချုပ်၍ မရတော့ဘဲ ဆက်လက်ကြီးထွားလာသည်။ ထိုအချက်ကြောင့် ဝမ်လင်းသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။ သူ ဖြစ်နေသော အခြေအနေသည် တစ္ဆေလောကပျံတက်ခြင်းကျင့်စဉ်တွင် ဖော်ပြထားခြင်း မရှိချေ။

တစ္ဆေလောကပျံတက်ခြင်းကျင့်စဉ်ကို မိစ္ဆာကျင့်စဉ်ဟု ခေါ်ရခြင်းမှာ ပြောင်းလဲမှု အလွန်များသောကြောင့် ဖြစ်သည်။ တချို့က အကျိုးများစွာ ဖြစ်ထွန်းသွားကြသော်လည်း တခြားသူများကတော့ သေဆုံးသွားကြရသည်။

ယခုအချိန်တွင် စစ်ထူနန်က အိပ်ပျော်နေသည့်အတွက် ဝမ်လင်းက ဤပြဿနာကို ကိုယ့်ဘာသာ ဖြေရှင်းရပေမည်။

စုပ်ဝဲကလည်း ကြီးမာလာပြီး စုပ်ယူအားကလည်း အလွန်အားကောင်းလာသည်။ အကွာအဝေးကလည်း ပိုပြီး ကျယ်လာလေ ယင်စွမ်းအင်များကိုလည်း ပိုစုပ်ယူနိုင်လေဖြစ်သည်။ စုပ်ယူလိုက်သော ယင်စွမ်းအင်များက ပိုပြီး များလာလေ စုပ်ဝဲကလည်း ပိုပြီး ကြီးလာလေဖြစ်နေသည်။

ပေ၂၀၊ ပေ၃၀၊ ပေ၅၀၊ ပေ၇၀၊ ပေ၁၀၀

ပေ၁၀၀အချင်းဝက် အတွင်းရှိ ယင်စွမ်းအင်များကို ဝမ်လင်း၏ခန္ဓာကိုယ်က အရူးအမူး စုပ်ယူနေသည်။ ယင်စွမ်းအင်လှုပ်ရှားမှုကြီးက ပေ၁၀၀၀အတွင်းရှိ ယင်စွမ်းအင်များကိုပါ အကျိုးသက်ရောက်သွားစေသည်။

ဝမ်လင်းသည် စုပ်ဝဲကို လုံးဝ မထိန်းချုပ်နိုင်တော့ပေ။ အချိန်တစ်ခု ကြာပြီးနောက် သူ၏တန်းထျန်းက ကွဲကြေသွား၏။

တန်းထျန်းပျက်စီးသွားတာ နှစ်ကြိမ်ရှိနေပြီ ဖြစ်သည်။ ပထမအကြိမ်ကဲ့သို့ပင် တန်းထျန်းအတွင်း၌ အနက်ရောင်စုပ်ဝဲကြီး ဖြစ်ပေါ်လာသည်။

အနက်ရောင်စုပ်ဝဲကြီးက ပေ၁၀၀အတွင်းမှ ယင်စွမ်းအင်များအားလုံးကို ချက်ချင်း စုပ်ယူဝါးမြိုလိုက်သည်။ မကြာမီ စုပ်ဝဲက ပေ၁၀၀မှ ပေ၁၀၀၀အထိ ကြီးမားလာ၏။

မြို့ပျက်ကြီးထဲမှ အနက်ရှိုင်းဆုံးတစ်နေရာတွင် ထူးဆန်းသောလူက သားရဲတစ်ကောင်၏ခန္ဓာကိုယ်ကို လက်ထဲတွင် ကိုင်ထားသည်။ အသားကို ကိုက်လိုက်ပြီး ဝါးစားရန် ပြင်လိုက်စဉ်တွင် သူက ရုတ်တရက် ဝမ်လင်းရှိရာဘက်သို့ အံ့အားသင့်နေသော အမူအရာဖြင့် လှည့်ကြည့်လိုက်၏။ သူ၏အစာကို လွှင့်ပစ်လိုက်ပြီး ဝမ်လင်းရှိရာဘက်သို့ ချက်ချင်း ပြေးထွက်သွားလိုက်၏။

သူက အနည်းငယ် သွားလိုက်သည်နှင့် ယင်စွမ်းအင်များက ဝမ်လင်းဆီသို့ ဦးတည်၍ ရွေ့လျားနေသည်ကို သတိပြုမိလိုက်သည်။ သူက အနည်းငယ်တုန့်သွားပြီး ဝမ်လင်းဆီသို့ ဆက်ပြေးသွား၏။ သူက ဝမ်လင်းနှင့် ပေ၃၀၀၀အကွာတွင် ရပ်တန့်လိုက်သည်။ ဝမ်လင်းကို ကြည့်ပြီး ပိုပြီးတော့တောင် အံ့အားသင့်သွား၏။

ဝမ်လင်းက ချိုးဖြတ်မှုကို လုပ်နေသည့်အချိန်ဖြစ်သည်။ စိတ်စွမ်းအင်များအားလုံးကလည်း လျင်မြန်စွာ တန်းထျန်းအတွင်းရှိ အနက်ရောင်စုပ်ဝဲအတွင်းသို့ စုစည်းသွားပြီး အတူတူ ပေါင်းစပ်သွား၏။

စွမ်းအင်များအားလုံး အတူတူ ပေါင်းစပ်သွားပြီးနောက် ဝမ်လင်းက စုပ်ဝဲကို အနည်းငယ် ပြန်ပြီး ထိန်းချုပ်လာနိုင်သည်။ သို့သော်လည်း စုပ်ဝဲကို ရပ်တန့်ရန်အတွက်မူ မဖြစ်နိုင်သေးပေ။

ဝမ်လင်းက အံကြိတ်ပြီး စုပ်ဝဲကို ရပ်တန့်ရန် မကြိုးစားတော့ဘဲ တတိယအကြိမ်ကြိုးစားမှုကို စတင်လိုက်သည်။

သူ၏ထိန်းချုပ်မှုအောက်တွင် ယင်စွမ်းအင်ထုကြီးက သူ၏တန်းထျန်းကို ရိုက်ခွဲလိုက်သည်။ တန်းထျန်းက အပြာရောင်အမှုန့်များအဖြစ် ကွဲကြေသွား၏။ ထိုအပြာရောင်အမှုန်များကြားတွင် နက်ပြာရောင်သလင်းကျောက်တစ်ခု ရှိနေသည်။ နက်ပြာရောင်သလင်းကျောက်အတွင်းသို့ ယင်စွမ်းအင်များက ဝင်ရောက်လာပြီး သလင်းကျောက်၏အရောင်က တဖြည်းဖြည်း ပြောင်းသွားပြီး အစိမ်းရောင်အဖြစ်သို့ ပြောင်းသွားသည်။

ချိုးဖြတ်မှု၃ခု ပြီးသွားပြီးနောက် ဝမ်လင်း၏တန်းထျန်းတွင် အေးခဲအမြုတေတစ်ခု ဖြစ်ပေါ်လာသည်။

ဝမ်လင်း၏ကိုယ်တွင် ယခုအချိန်အထိ ယင်စွမ်းအင်များ ဝန်းရံထားတုန်းပင် ဖြစ်သည်။ နောက်ထပ် ယင်စွမ်းအင်များကို စုပ်ယူလျှင် သူ့ခန္ဓာကိုယ်က ပေါက်ကွဲတော့မည်ဟုတောင် ခံစားလာရသည်။

ဝမ်လင်းက အံကို ကြိတ်ပြီး ဘာပဲဖြစ်ဖြစ်ကွာဆိုသည့် ဆုံးဖြတ်ချက်ဖြင့် ၄ကြိမ်မြောက်ချိုးဖြတ်ရန်အတွက် ယင်စွမ်းအင်များကို စုပ်ယူလိုက်သည်။

အလွှာ၁၊ ၄နှင့် ၇တို့သည် ချိုးဖြတ်ရန် အခက်ခဲဆုံးများ ဖြစ်ကြောင် စစ်ထူနန်က သူ့ကို ပြောဖူး၏။ ထိုအလွှာများက တန်းထျန်း၊ချီပင်လယ်၊ဘိုးဘေးချီသွေးကြောထဲတွင် ပထမဆုံးအကြိမ် ချိုးဖြတ်မှုများ ဖြစ်သည်။

သာမန်ဆိုလျှင် ၃ကြိမ်မြောက်ချိုးဖြတ်မှု ပြီးသည်နှင့် ရပ်တန့်ရမည်ဖြစ်သော်လည်း ဝမ်လင်း၏ခန္ဓာကိုယ်က ယင်စွမ်းအင်အမြောက်အများနှင့် ပေါင်းစပ်ထားသည့်အတွက် သူ့ကိုယ်ထဲမှ ယင်စွမ်းအင်များကို လျော့ကျသွားစေရန် သုံးပစ်ရမည်ဖြစ်သည်။ ထို့ကြောင့် ဝမ်လင်းမှာ ၄ကြိမ်မြောက် ချိုးဖြတ်မှုကို ကြိုးစားရန်သာ ရှိတော့၏။

ရင်ဘတ်ရှိ ချီပင်လယ်ကို ဖွင့်ရန် ကြိုးစားလိုက်သည်။

ယင်စုပ်ဝဲက နှေးကွေးစွာ မြင့်တက်လာပြီး ချီပင်လယ်ဆီသို့ ရောက်လာပြီး လည်ပတ်နှုန်းက နောက်တစ်ကြိမ် မြန်ဆန်လာသည်။

တဖြည်းဖြည်းဖြင့် ပေ၁၀၀၀အတွင်းရှိ ယင်စွမ်းအင်များအားလုံး ပျောက်ကွယ်သွား၏။

ရင်ဘတ်ရှိ ချီပင်လယ်က အခုထိ မပွင့်သေးချေ။ ချီပင်လယ်ကို အကြိမ်၁၀၀မက ကြိုးစားပြီး ဖွင့်သော်လည်း ပွင့်မလာချေ။ သို့သော်လည်း သူ့ကိုယ်ထဲမှ ယင်စွမ်းအင်များကတော့ လျော့ကျသွား၏။

အပြင်ဘက်မှ ယင်စွမ်းအင်များကလည်း ချိုးဖြတ်ရန်အတွက် အလွန်အမင်း စုပ်ယူလိုက်သဖြင့် ယင်စွမ်းအင်အားလုံးနီးပါးက ပျောက်ကွယ်သွား၏။ ကျန်ရှိနေသော ယင်စွမ်းအင်အနည်းငယ်ကိုတော့ ဝမ်လင်း၏အေးခဲအမြုတေက စုပ်ယူလိုက်၏။

နေကလည်း ထွက်လာလေပြီ။ ဝမ်လင်းက တစ်ညလုံး ယင်စွမ်းအင်ပမာဏအများကြီးကို စုပ်ယူလိုက်သဖြင့် သူ၏ခန္ဓာကိုယ်မှ စိတ်စွမ်းအင်များအားလုံးသည် ယင်စိတ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွား၏။

သူ့ကိုယ်ထဲတွင် ရှိနေသော ယင်စိတ်စွမ်းအင်များသည် ယခင်က ရှိခဲ့သော စိတ်စွမ်းအင်များထက် နှစ်ဆခန့် ပိုမိုများပြား၏။ အဘယ်ကြောင့်ဆိုသော် ဝမ်လင်းက ခန္ဓာကိုယ်သန့်စင်ခြင်းအစောပိုင်းအဆင့်၏ အထွတ်အထိပ်ကို ရောက်သွားပြီ ဖြစ်သောကြောင့် ဖြစ်သည်။

ဝမ်လင်းက မျက်လုံးဖွင့်ပြီး ညတုန်းက အကြောင်းများကို ပြန်စဉ်းစားလိုက်သည်။ ညတုန်းက အဖြစ်အပျက်ကြောင့် ဤကျင့်စဉ်ကို ဆက်ကျင့်ရပါ့မလားဟုတောင် ဝေခွဲမရဖြစ်သွားသည်။

ညတုန်းက အဖြစ်အပျက်က ဝမ်လင်းကို အတွေးတစ်ခု ဝင်သွားစေသည်။ အကျိုးရလဒ်ကတော့ ကျေနပ်စရာကောင်းသော်လည်း အသက်အန္တရာယ်နှင့် နီးကပ်လွန်းလှသည်။ တစ်ခု ကောင်းတာက ညတုန်းက အဖြစ်အပျက်ကို အတွေ့အကြုံယူပြီး နောက်ထပ်အဆင့်များကို အန္တရာယ်နှင့် တွေ့ခြင်းမှ လျော့ချနိုင်သည်။

ဝမ်လင်းက ရေရွတ်လိုက်သည်… “ကြည့်ရတာ ငါ နောက်ထပ်တစ်နေရာ ရှာရတော့မယ်ယင်စွမ်းအင်ပမာဏအများကြီး စုပ်ယူလိုက်တာတောင် ယင်စွမ်းအင်အရည်အသွေးက နောက်ထပ်အဆင့်တစ်ခုကို ချိုးဖြတ်ဖို့ အဆင့်မမီဘူး ဖြစ်နေတယ်… “

ဝမ်လင်းသည် ယခုအချိန်တွင် နောက်ထပ်အဆင့်များကို ချိုးဖြတ်လိုပါက သူယခုနေသောနေရာမှ ယင်စွမ်းအင်အရည်အသွေးဖြင့် မဖြစ်နိုင်ပေ။ နောက်ထပ် အရည်အသွေးမြင့်သော ယင်စွမ်းအင်များကို ရှာရပေမည်။ ဒါမှသာ နောက်အဆင့်ကို ချိုးဖြတ်ရန် ရာခိုင်နှုန်းများသွားပေလိမ့်မည်။

ယခင်စမ်းသက်ချက်အရ အလင်းတိုင်ထုတ်လွှတ်ပေးသော ကျောက်တုံးနားတွင် ယင်စွမ်းအင်အရည်အသွေးက ကောင်းမွန်ယင်အဆင့်၁ ရှိသည်။ ထို့ကြောင့် သူက ဆုံးဖြတ်ချက် ချလိုက်သည်။

ထိုအချိန်တွင် သစ်တော၏အပြင်ဘက်ရှိ ကောင်းကင်ပေါ်တွင် အဘိုးအိုတစ်ယောက် ရပ်နေသည်။ အဘိုးအို၏မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နေပြီး သူ့ကိုယ်မှ ပြင်းထန်းသောအော်ရာတစ်ခု ထွက်ပေါ်နေသည်။

လီအာမင်းအတွက် လက်စားချေဖို့ အဘိုးဒီနေရာကို ရောက်နေပြီ… “

ထိုအဘိုးအိုသည် ထန်းမိသားစုမှ ဘိုးဘေးထန်းဟွယွမ် ဖြစ်သည်။ သူက ဒီနေရာကို လာနေစဉ်တွင် ကျိန်စာကို အသက်သွင်းပြီး ကြည့်သော်လည်း သူ့မြေးကို သတ်သည့်လူ၏တည်နေရာကို ရှာမရချေ။ ထို့အပြင် သစ်တောကို ဖုံးအုပ်ထားသည့်မြူများကလည်း သူကို့ ကြည့်လို့မရအောင် ထားဆီးထား၏။ သူက နေရာအတိအကျမရှာနိုင်သော်လည်း ဤသစ်တောထဲတွင် ရှိနေသည်ကို သူသိနေသည်။

ဤသစ်တောသည် သူ မလာချင်သော နေရာတစ်ခုဖြစ်သည်။ သို့သော်လည်း သူထံတွင် ရွေးချယ်စရာ မရှိချေ။ သစ်တောကို အပြင်ဘက်မှ တစ်ချက် စစ်ဆေးကြည့်ရုံဖြင့် မည်မျှ အန္တရာယ်ရှိသည်ကို ခန့်မှန်းနိုင်သည်။

သို့သော်လည်း သူ့မြေးအတွက် လက်စားချေရန် သစ်တောထဲသို့ ဝင်ရပေမည်။

အနည်းငယ် စဉ်းစားပြီးသည်နှင့် အံကြိတ်ကာ သစ်တောထဲသို့ ဝင်သွားလိုက်၏။

တောအုပ်ထဲမှ အနက်ရှိုင်းဆုံးတစ်နေရာတွင် ပိတ်ထားသော ခေါင်းတလားတစ်ခုမှ အဖုံးက အသံမထွက်ပဲ ပွင့်သွား၏။ ခေါင်းတလားအတွင်းမှ ခရမ်းရောင်အလင်းများ ပေါ်ထွက်လာပြီး ပိန်ကပ်နေသော အနက်ရောင်လက်တစ်ဖက် ထွက်လာသည်။ လက်ထဲတွင်လည်း အန္တရာယ်ရှိသောအော်ရာကို ထုတ်လွှတ်နေသော ခရမ်းရောင်တောက်ပနေသည့် အလင်းလုံးတစ်လုံး ရှိနေသည်။

နှစ်၁၀၀ပြည့်သွားပြီဆရာအရင်က ဆရာရဲ့ခန္ဓာကိုယ်ကို အဆုံးရှုံးခံပြီး အဝေးကို ထွက်ပြေးသွားခဲ့တယ်ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ထွက်ပြေးလို့ရမှာ မဟုတ်ဘူး… “

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၉၁) ပြင်းထန်ယင်စိတ်စွမ်းအင်

ထန်းဟွယွမ်သည် တောအုပ်ထဲတွင် နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ကာ ဂရုတစိုက်ဖြင့် ရှေ့ဆက်သွားနေသည်။ ရုတ်တရက် ဝမ်လင်းကို အာရုံခံမိပြီး တည်နေရာရွေ့ပြောင်းခြင်းသုံးရန် ပြင်လိုက်စဉ်တွင် ခက်ထန်သောအသံတစ်ခု ထွက်ပေါ်လာပြီး သူ့နောက်မှ ကြောက်မက်ဖွယ်လေပြင်းတစ်ခုက ကပ်ပါလာသည်။

ဒီနေရာကနေ ထွက်သွားစမ်း… “

ထန်းဟွယွမ်၏အမူအရာက ချက်ချင်း ပျက်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ ဘေးဘီကို ကြည့်လိုက်သည်။

သူက အဝေးမှ ပျံသန်းပြီးလာနေသော အနက်ရောင်အငွေ့အစုတစ်ခု မြင်လိုက်ရသည်။ ပျံသန်းလာနေသောအနက်ရောင်အငွေ့စုထဲမှ ပိန်ခြောက်နေသောလက်တစ်ဖက် ထွက်လာပြီး ထန်းဟွယွမ်ကို ကုတ်ဆွဲလိုက်သည်။

ထန်းဟွယွမ်က အနက်ရောင်အငွေ့ထဲသို့ နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ အနက်ရောင်အငွေ့ထဲတွင် ရှိနေသောလူသည် စဦးစိတ်ဝိညာဉ်အလယ်အဆင့်သို့ ရောက်နေသော ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင် သိလိုက်ရပြီး မျက်နှာတွင် ထိတ်လန့်သောအရိပ်အယောင်များ ပေါ်လာကာ နောက်သို့ အနည်းငယ် ထပ်ဆုတ်မိသွား၏။

အနက်ရောင်အငွေ့ထဲမှ ပိန်ခြောက်နေသောလက်ကြီး ပေါ်ထွက်လာသည့်အခါ ထန်းဟွယွမ်က ရှုံမဲ့ပြီး တုန့်ဆိုင်းခြင်းမရှိ နောက်သို့ ဆုတ်ပြေးလိုက်၏။ ဤနေရာတွင် အစွမ်းထက်သောကျင့်ကြံသူများ ရှိမည်ကို ခန့်မှန်းမိသော်လည်း စဦးစိတ်ဝိညာဉ်အလယ်အဆင့်တစ်ယောက် ရှိနေလိမ့်မည်ဟု မထင်ထားမိခဲ့ချေ။

ထန်းဟွမ်ယွမ်က ရုတ်တရက် တည်နေရာရွေ့ပြောင်းခြင်းနည်းစနစ်ကို သုံးလိုက်ရာ ပြေးနေရာမှ ရုတ်တရက် ပျောက်ကွယ်သွား၏။ ထိုအခါ အနက်ရောင်အငွေ့ထဲမှ အေးစက်စွာ နှာခေါင်းရှုံ့သံ ထွက်ပေါ်လာပြီး ပိန်ခြောက်နေသော လက်ကြီးကလည်း ရုတ်တရက် ပျောက်ကွယ်သွားသည်။

ထန်းဟွယွမ်က သစ်တောအပြင်ဘက်ရှိ ကောင်းကင်ပေါ်တွင် ပေါ်လာ၏။ ပေါ်ပေါ်လာခြင်း သူ့မျက်နှာက ပျက်ယွင်းသွား၏။ ပိန်ခြောက်နေသောလက်ကြီးက သူ့နောက်တွင် ပေါ်လာကာ သူ့ကို ရက်ရက်စက်စက် ကုတ်ဆွဲလိုက်သည်။

ထန်းဟွယွမ်းက ချက်ချင်း သားရဲအရေခွံတစ်ခုကို ထုတ်လိုက်ပြီး သူ့ဘေးပတ်ပတ်လည်းကို လွှမ်းခြုံလိုက်ပြီး သူကတော့ အဝေးကို ထွက်ပြေးလိုက်၏။ လက်ကြီးက သားရဲအရေခွံကိုသာ ဖမ်းဆုပ်မိသွားပြီး ထန်းဟွယွမ်ကို သီသီလေး လွတ်သွား၏။

သို့သော်လည်း လက်ဖျားလေးနှင့် ထိသွားသည့်အတွက် သွေးအန်လိုက်ရပြီး မျက်နှာကလည်း ဖြူရော်သွား၏။ သို့သော်လည်း သူက နောက်ကို လုံးဝလှည့်မကြည့်ဘဲ ထွက်ပြေးသွားတော့သည်။

ထိုနေရာတွင် အနက်ရောင်အငွေ့အစုက ပေါ်လာပြီး အငွေ့များက တဖြည်းဖြည်း ကျုံ့သွားကာ လူတစ်ယောက်ပုံ ပေါ်လာသည်။ ထိုလူ၏ခန္ဓာကိုယ်သည် အရိုးပေါ်၊အရေတင်နေ၏။ သူက ထန်းဟွယွမ်းထွက်ပြေးသွားသည့်ဘက်ကို ကြည့်သာ ကြည့်လိုက်ပြီး မလိုက်သွားတော့ဘဲ သစ်တောထဲသို့ ပြန်ဝင်သွား၏။

သူက တောအုပ်ထြသို့ ပြန်ဝင်လာပြီးနောက် တစ်စုံတစ်ခုကို ရှာဖွေနေဟန်ဖြင့် တောအုပ်ထဲတွင် လှည့်ပတ် ပျံသန်းနေသည်။ မကြာမီ သူက မြေပြန့်တစ်ခုပေါ်တွင် ရပ်လိုက်ပြီး လက်ဖြင့် မြေကြီးပေါ်သို့ ရိုက်ချလိုက်သည်။

ထိုအခါ မြေပြင်ပေါ်တွင် အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်သွား၏။ ထို့အတူ အော်သံတစ်ခုကလည်း မြေကြီးထဲမှ ထွက်ပေါ်လာပြီး အနက်ရောင်ပုံရိပ်တစ်ခုက ပျံသန်းကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ အရိုးပေါ်အရေတင်နေသောလူကြီးကလည်း ပတ်ဝန်းကျင်တစ်ခုလုံးကို လှောင်အိမ်တစ်ခုဖြင့် ပတ်လှောင်လိုက်သည်။ အနက်ရောင်ပုံရိပ်က လှောင်အိမ်နှင့် တိုက်မိသွားပြီး နောက်သို့ ပြန်ကန်ထွက်လာသည်။ သူဘယ်လောက်ပဲ ကြိုးစားပါစေ နောက်ဆုံးတွင် ဒူးထောက်ပြီး အရှုံးပေးလိုက်ရသည်။

ထိုလူကြီးက ပြောလိုက်သည်… “နှစ်၁၀၀လောက် မမြင်လိုက်ရတာနဲ့ ဆရာရဲ့ခန္ဓာကိုယ်က အလောင်းကောင်အဖြစ်ပြောင်းသွားပြီး ကိုယ်ပိုင်ဝိညာဉ်တောာင် ဖြစ်ပေါ်နေပြီပဲပြောရမယ်ဆိုရင် မင်းက ငါ့ရဲ့မျိုးဆက်လို့ ပြောလို့ရတယ်ဒါ့ကြောင့် ငါ မင်းကို အသက်ရှင်ခွင့်ပေးလိုက်မယ်ဒါပေမဲ့ မင်းနဲ့ဆရာရဲ့ဆက်သွယ်မှုကို အသုံးပြုပြီး ဆရာ့ကို ရှာပေးရမယ်… “

အလောင်းကောင်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ထိုလူကြီးကို ကြောက်လန့်နေသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

ထိုလူကြီးက လက်ကို ဝေ့ရမ်းလိုက်ရာ လှောင်အိမ်က ပျောက်ကွယ်သွားသည်။ သူက အလောင်းကောင်ကို ကြည့်ပြီး ပြောလိုက်သည်… “ဆရာကို သွားရှာမင်း ငါ့ကို ကူညီပြီး ဆရာ့ကို ရှာပေးမယ်ဆိုရင်မင်းကို ငါက နတ်ဆိုးတစ်ကောင်ဖြစ်သွားအောင် ကူညီပေးမယ်… “

အလောင်းကောင်၏မျက်နှာတွင် ပျော်ရွှင်သည့်အရိပ်အယောင်များ ပေါ်လာပြီး လျင်မြန်စွာ ခေါင်းညိတ်ကာ တောအုပ်ထဲသို့ ပြေးဝင်သွား၏။

ထိုလူကြီးကလည်း အလောင်းကောင်နောက်မှ လိုက်သွားသည်။

………………………………………….

အပျက်အစီးများကြားထဲရှိ နေရောင်မကျရောက်သော တစ်နေရာတွင် အပြာရောင်အရေပြားနှင့် ထူးဆန်းသောလူသည် ဝမ်လင်းရှိရာဘက်သို့ စူးစူစိုက်စိုက် ကြည့်နေလေသည်။

ဝမ်လင်းက ယင်စွမ်းအင်များကို အရူးအမူ စုပ်ယူခဲ့သည်။ သူ စုပ်ယူခဲ့သောယင်အရည်အသွေးသည် သာမန်ယင်အဆင့်၈ ရှိ၏။ သို့သော်လည်း သူ ယင်စွမ်းအင်များကို မည်မျှပင် စုပ်ယူသော်လည်း နောက်ထပ်အဆင့်ချိုးဖြတ်ရန်အတွက် မလုံလောက်ဘဲ ဖြစ်နေ၏။ ထို့ကြောင့် ဝမ်လင်းက အပျက်အစီးများ၏အလယ်သို့ ကြည့်လိုက်မိသည်။ သူ၏ပစ်မှတ်က ထိုနေရာတွင်တစ်ဝှိုက်တွင် ရှိသည်။

ဒီထက်ပိုပြီး အရည်အသွေးမြင့်သော ယင်စွမ်းအင်ရှိသည့်နေရာကို ရှာရန် ဝမ်လင်း ဆုံးဖြတ်ချက် ချလိုက်၏။

ညသန်းခေါင်အချိန်သို့ ရောက်သောအခါ ဝမ်လင်းက ယင်စွမ်းအင်ရှာဖွေသောနည်းစနစ်ကို အသုံးပြုပြီး အပျက်အစီးများကြားထဲတွင် လျှောက်သွားနေသည်။

အချိန်တော်တော်ကြာအောင် လျှောက်သွားပြီးနောက် အနီရောင်အလင်းလုံးက နှစ်ခုအဖြစ် ကွဲထွက်သွား၏။

အလင်းလုံးက နှစ်ခုဖြစ်သွားသည်ကို မြင်ပြီး ဝမ်လင်း၏မျက်နှာတွင် အပျော်များ စွန်းထင်းလာသည်။ အလင်းလုံးဖြစ်သွားရသည့်အကြောင်းရင်းမှာ ဤနေရာရှိ ယင်စွမ်းအင်များသည် ကောင်းမွန်ယင်အဆင့်ရှိသောကြောင့် ဖြစ်၏။

ရှေ့ဆက်လျှောက်သွားနေရင်း အနီရောင်အလင်းလုံးမှ တောက်ပလာသည်။

ကောင်းမွန်ယင်အဆင့်၁၊ အဆင့်၂၊ အဆင့်၃၊ အဆင့်၄ကို ကျော်ဖြတ်ပြီး အဆင့်၅သို့ ရောက်သောအခါ ရပ်တန့်လိုက်သည်။ သူ့ရှေ့တွင် ပျက်စီးနေသောလမ်းမကြီးတစ်ခု ရှိနေ၏။ ယခင်က ယခုနေရာသည့် အင်မတန်လူစည်မည့်နေရာတစ်ခု ဖြစ်ကြောင်းသိနိုင်သည်။

ဝမ်လင်းက အကွာအဝေးကို အနည်းငယ် တွက်ကြည့်လိုက်သောအခါ သူယခုရောက်နေသည့် မြို့ပျက်ကြီး၏အချင်းဝက် အပုံ ၁၀၀၀ပုံ၁ပုံတောင် မရောက်သေးကြောင်း သိသွား၏။ ထို့ကြောင့် ရှေ့သို့ အလျင်အမြန် ဆက်လျှောက်သွားလိုက်သည်။

ဝမ်လင်းက ရှေ့ဆက်လျှောက်ရင်း နတ်ဘုရားစိတ်အာရုံးကို ဖြန့်ကျက်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်နေသည်။

ယင်စွမ်းအင်အရည်အသွေးက တဖြည်းဖြည်းတိုးတက်လာသည်။ ကောင်းမွန်ယင် အဆင့် ၆၊ ၇၊

သည်လိုနှင့် ရှေ့ဆက်လျှောက်ရင်း ၄ရက်မြောက်နေ့တွင် မြို့ပျက်ကြီး၏အတွင်းကျကျနေရာတစ်ခုသို့ ဝမ်လင်း ရောက်နေသည်။ သူ၏ခန့်မှန်းချက်အရ ဤနေရာသည် မြို့၏အလယ်ဖြစ်နိုင်သည်။ အလယ်မဟုတ်လျှင်တောင်မှ အလယ်နှင့် ဤနေရာသည် အများကြီး ဝေးမည် မဟုတ်ချေ။

ဤနေရာတွင် နက်သောချိုင့်တွင်းများ ရှိနေပြီး မိုးရေများဖြင့် ပြည့်နေသသည်။ ထို့အပြင် ထူးဆန်းသောမြွေများလည်း ရှိနေသည်။

ဤနေရာမှ အပျက်အစီးများက ပိုပြီးတော့ပင် ပျက်စီးနေ၏။ ပေ၁၀အထက်ကျော်သော အဆောက်အဦးပျက် တစ်ခုပင် ရှိမနေချေ။ ဘေးတွင်တော့ မြက်ပင်များ ဖုံးလွှမ်းနေသော ရွှံ့ညွှန်တစ်ခု ရှိနေသည်။

ဝမ်လင်းက အလယ်နားထိရောက်နေသော်လည်း ယင်စွမ်းအင်အရည်အသွေးက သိပ်သည်းယင်အဆင့်သို့ပင် မရောက်သေးပေ။

၅ရက်မြောက်ညတွင် သူက ရွှံ့ညွှန်းမှ ဖြတ်ပြီး အဆောက်အဦးကြီးများ ရှေ့တွင် ရောက်နေသည်။ အဆောက်အဦးများက ပျက်ဆီးပြိုလဲနေသော်လည်း ယခင်က မည်မျှ ခမ်းနားခဲ့သလဲဆိုတာကို အလွယ်တကူ သိမြင်နိုင်သည်။

သူ့မျက်လုံးကို ဖမ်းစားနိုင်သည့်အရာကတော့ မီတာ၁၀၀၀ခန့်ကျယ်ပြီး မီတာ၁၀၀ခန့်နက်သော တွင်းကြီး တစ်ခုကို ဖြစ်သည်။

ထိုကြီးမားသောတွင်းကြီးသည် အလွန်ထူးဆန်း၏။ သာမန်ဆိုလျှင် တွင်းကြီးထဲတွင် မိုးရေများဖြင့် ပြည့်နေသင့်သည်။ သို့သော်လည်း တွင်းကြီးထဲတွင် ရေတစ်စက်မှ ရှိမနေချေ။

ဝမ်လင်းက အနီးကပ်ကြည့်လိုက်သောအခါ ညအချိန်ဆိုသော်လည်း အောက်ခြေတွင် ပျားအုံကဲ့သို့ အပေါက်များ ရှိနေသည်ကို မြင်လိုက်ရ၏။

ဝမ်လင်းက တွင်းဘေးတွင် ရောက်သောအခါ အလင်းလုံး၂လုံးကလည်း တစ်လုံးတည်းအဖြစ် ပေါင်းစပ်သွားပြီး ၃လုံးအဖြစ် ပြန်ကွဲသွား၏။ အလင်းလုံး၃လုံး၏အဓိပ္ပါယ်မှာ သိပ်သည်းယင်အဆင့်သို့ ရောက်သွားပြီးဖြစ်ကြောင်း အမှတ်အသား ဖြစ်သည်။

ဝမ်လင်း၏မျက်လုံးက အရောင်တောက်သွားပြီး နောက်ကို အနည်းငယ်ဆုတ်လိုက်ရာ အလင်းလုံး၃ခုက ပြန်ပေါင်းစပ်သွားပြီး နှစ်ခုအဖြစ် ပြန်ကွဲထွက်သွား၏။

တွင်းကြီးထဲတွင် သိပ်သည်းယင်စွမ်းအင်ရှိနေပြီး အပြင်ဘက်မှ ယင်စွမ်းအင်များက သိပ်သည်းယင်အဆင့်သို့ မရောက်သေးကြောင်း နားလည်လိုက်သည်။

ဝမ်လင်းက တွင်းထဲသို့ ဆင်းမသွားသေးဘဲ ဘေးတွင် ထိုင်ချကာ စဉ်းစားလိုက်ပြီး မနက်ခင်းအထိ စောင့်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။

သိပ်မကြာမီ နေက ထွက်လာသည်။ ယင်စွမ်းအင်များကလည်း ပျောက်ကွယ်သွား၏။ ထိုအခါ ဝမ်လင်းက တွင်းကြီးထဲသို့ ခုန်ချလိုက်သည်။ ခြေထောက်က အောက်ခြေသို့ ကျသည်နှင့် ဓားစိမ်းလေးကို ထုတ်လိုက်၏။

ဝမ်လင်းက တွင်းအောက်ခြေရှိ အပေါက်များကို ကြည့်လိုက်သည်။

ထိုအပေါက်များက မည်မျှနက်သည်ကို မသိသော်လည်း ကျလာခဲ့သည့်မိုးရေအားလုံးသည် ထိုအပေါက်များထဲသို့ ရောက်သွားခြင်း ဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။ ဝမ်လင်းက အပေါက်နားကို သွားပြီး စမ်းကြည့်လိုက်ရာ ထိုအပေါက်များသည် စိုထိုင်းထိုင်း ဖြစ်နေသည်ကို တွေ့လိုက်ရပြီး သူ၏ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်၏။

သူ၏အနီးအနားတစ်ဝှိုက်ကို စစ်ဆေးကြည့်ရာ အန္တရာယ်တစ်ခုကိုမှ မတွေ့ရချေ။ ထို့ကြောင့် သူက ခြေချိတ်ထိုင်ပြီး ညအချိန်ကို စောင့်နေလိုက်သည်။

ညအချိန်သို့ ရောက်လာသောအခါ ယင်စွမ်းအင်များကလည်း ထွက်ပေါ်လာသည်။

ဝမ်လင်း ဖန်တီးလိုက်သော အလင်းလုံးသည်လည်း တစ်ခုမှ နှစ်ခု၊ နှစ်ခုမှ သုံးခုထိ ရောက်သွား၏။

အချိန်က ညသန်းခေါင်ကို မရောက်သေးသော်လည်း ယင်စွမ်းအင်အရည်အသွေးက သိပ်သည်းယင်အဆင့်၁သို့ ရောက်နေလေပြီ။

ဝမ်လင်း၏မျက်နှာတွင် ပျော်ရွှင်သောအမူအရာများ ပေါ်လာပြီး ပတ်ဝန်းကျင်ကို နတ်ဘုရားစိတ်အာရုံဖြင့် ကြည့်ရှူစစ်ဆေးလိုက်ရာ အပေါက်များထဲမှ ယင်စွမ်းအင်များက ပတ်ဝန်းကျင်ရှိ ယင်စွမ်းအင်များ၏ပေါင်းစပ်သွားသည်ကို တွေ့လိုက်ရသည်။

အချိန်များက ကုန်ဆုံးလာပြိး ယင်စွမ်းအင်အရည်အသွေးကလည်း သိပ်သည်းယင်အဆင့်၂ထိ ရောက်သွား၏။ ညသန်းခေါင်အချိန်သို့ ရောက်သောအခါ သိပ်သည်းယင်အဆင့်၅ထိ ရောက်သွား၏။

ဝမ်လင်းက နောက်ထပ်စောင့်ကြည့်မနေတော့ဘဲ ကျင့်ကြံမှုကို စတင်လိုက်သည်။

ယင်စွမ်းအင်များက ရင်ဘတ်ဆီသို့ စုပ်ယူလိုက်ပြီးနောက် ယခင်ကနှင့် ကွဲပြားသွားသော တစ်ချက်ကို သတိပြုမိလိုက်သည်။ ယင်စွမ်းအင်များ၏သန့်စင်မှုက ယခင်ကထက် ၁၀မက သန့်စင်လာခြင်း ဖြစ်သည်။

အရည်အသွေးပြောင်းလဲမှုက အရည်အတွက်ကိုလည်း ပြောင်းလဲသွားစေသည်။ ယခု ၁မိနစ် စုပ်ယူခြင်းသည် ယခင် ၁၀မိနစ် စုပ်ယူခြင်းထက် ပိုကောင်းနေသည်။

မကြာမီ ရင်ဘတ်တွင် ယင်စွမ်းအင်စုပ်ဝဲဖြစ်ပေါ်လာပြီး လျင်မြန်စွာ လှည့်ပတ်လာသည်။ စုပ်ဝဲက မြန်ပြီးရင် မြန်လာကာ တဖြည်းဖြည်းကြီးထားလာသည်။

တဖြည်းဖြည်းနှင့် ပေ၁၀၀ပတ်လည်အတွင်းရှိ ယင်စွမ်းအင်များက ဝမ်လင်းဆီသို့ အရူးအမူးတိုးဝင်လာကြ၏။ မကြာမီ ယင်စွမ်းအင်စုပ်ဝဲက ပေ၁၀၀၀ အချင်းဝက်ထိ ရှိလာ၏။

စုပ်ဝဲက ကြီးလာရင်းဖြင့် ပေ၁၅၀၀ အချင်းဝက်ထိ ရောက်သွားသည်။ နောက်ထပ်ကြီးလာရင်း ၁၀ကီလိုမီတာ အချင်းဝက်ထိရောက်သွားပြီး ဆက်လက်ကြီးမားလာရာ ဝမ်လင်းက စုပ်ဝဲသည် နောက်ထပ် ဆက်ကြီးမားလာပါက ထိန်းချုပ်နိုင်တော့မည်မဟုတ်ကြောင်း ခံစားမိသဖြင့် ချီပင်လယ်၌ ပထမချိုးဖြတ်မှုကို စတင်ကြိုးစားလိုက်သည်။

ယင်စုပ်ဝဲက လည်နေသောဓားသွားကဲ့သို့ ချီပင်လယ်ကို ပွင့်သွားစေရန် အပြင်းအထန် ရိုက်ခတ်နေသည်။ တဖြည်းဖြည်းဖြင့် ချီပင်လယ်က ပွင့်တော့မည့်လက္ခဏာ ပြလာသည်။

တစ်နာရီခန့်ကြာပြီးနောက် ချီပင်လယ်က ဆက်လက်ပြီး တောင့်မခံနိုင်တော့ဘဲ ပွင့်သွား၏။

ချီပင်လယ်ထဲမှ လူသားစွမ်းရည်များက မီးတောင်ကဲ့သို့ ပွင့်ထွက်လာပြီး ယင်စွမ်းအင်များနှင့် ရောနှောသွားကာ အနက်ရောင်စုပ်ဝဲတစ်ခု ဖြစ်ပေါ်သည်။

တန်းထျန်းထဲမှ စိတ်စွမ်းအင်များသည် လှုပ်လှုပ်ရှားရှား ဖြစ်လာကာ အနက်ရောင်စုပ်ဝဲဆီသို့ ရွေ့လျားသွားပြီး စိတ်စွမ်းအင်များကို ယင်အားက ဝါးမြိုလိုက်၏။

အနက်ရောင်စုပ်ဝဲဖြစ်ပေါ်လာသည့်အချိန်တိုင်း ဝမ်လင်း၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်အားလုံးသည် အနက်ရောင်စုပ်ဝဲ၏ဝါးမြိုခြင်းကို ခံရပြီး သူ၏စွမ်းအင်များသည် အားကောင်းသည်ထက် အားကောင်းလာသည်။

ထိုအချိန်တွင် ဝမ်လင်း၏ချီပင်လယ်ထဲတွင် နီဘူလကဲ့သို့ နေရာတစ်ခုပေါ်လာပြီး အပြာရောင်စိတ်စွမ်းအင်လှိုင်းများကို ထုတ်လွှတ်လိုက်သည်။

ဝမ်လင်းက သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များသည် အလွန်ထူးဆန်းနေသကဲ့သို့ ခံစားလိုက်ရပြီး ဘေးနားရှိ ကျောက်တုံးကို လက်ဖြင့် ကိုင်ကြည့်လိုက်၏။

အပြာရောင်အလင်းတစ်ခုက ဖြတ်ခနဲလက်သွားပြီး ကျောက်တုံးတစ်ခုလုံး ခဲသွား၏။

ဝမ်လင်းက အသက်ဝအောင် ရှူလိုက်ပြီး ကျောက်တုံးကို ကန်လိုက်သည်။ ထိုအခါကျောက်တုံးက ကွဲကြေသွား၏။ ထိုကျောက်တုံးအပိုင်းအစများကို သေသေချာချာ စစ်ဆေးကြည့်လိုက်သောအခါ ကျောက်တုံး၏ဖွဲ့စည်းပုံက ပြောင်းလဲနေသည်ကို တွေ့လိုက်ရသည်။ ကျောက်တုံးနှင့် မတူတော့ဘဲ ရေခဲတုံးနှင့် ပိုတူနေသည်။

သူ၏စိတ်စွမ်းအင်နှင့်ဆိုလျှင် ကျောက်တုံးကို ခဲအောင် မလုပ်နိုင်ချေ။ သို့သော်လည်း လက်နှင့် ထိလိုက်သည်နှင့် ကျောက်တုံးက ခဲသွား၏။

သူက ယင်စွမ်းအင်များကို စုပ်ယူပြီးနောက်တွင် သူ၏စိတ်စွမ်းအင်များက ကြီးကြီးမားမား ပြောင်းလဲသွားသည်ကို သူမသိချေ။

ရှေးခေတ်က ကျင့်ကြံခြင်းလောကထဲ၌ အဆင့်တူကျင့်ကြံသူများထဲတွင် အဆင့်များ ခွဲခြားထားသေး၏။ စိတ်စွမ်းအင်အဆင့်များအတွက် ဂျိ၊တောက်၊ရှီ ဆိုသည့် နယ်ပယ်၃မျိုး ရှိ၏။

ထိုနယ်ပယ်၃မျိုးသည် အစဉ်လိုက်ပုံစံမျိုး စီထားခြင်း မဟုတ်ပေ။ နယ်ပယ်တစ်ခုခုထဲကို ဝင်သွားသည်နှင့် နောက်နယ်ပယ်တစ်ခုကို ပြောင်းလို့ မရတော့ချေ။

နယ်ပယ်၃ခုကို ဝင်ရောက်နိုင်ရန် မခက်ခဲသော်လည်း လွယ်လည်း မလွယ်ကူပေ။

ရှေးခေတ်က ကျင့်ကြံသူများသည် ဂျိနယ်ပယ်ကို မရွေးချယ်ချင်ကြပေ။ ဂျိနယ်ပယ်သည် တိုက်စစ်တွင် စွမ်းအားကောင်းသလောက် အားနည်းချက် အလွန်များသည်။ ဂျိနယ်ပယ်ကို ရွေးချယ်လိုက်သည့် ကျင့်ကြံသူသည် စဦးစိတ်ဝိညာဉ်အဆင့်မှ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိရန် အင်မတန်ခက်ခဲလှသည်။

စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သည် ကမ္ဘာကြီးနှင့် တသားတည်းကျရန် လိုအပ်သည်။

ထို့သို့ အားနည်းချက် အကြီးကြီး ရှိနေသော်လည်း အကျိုးကလည်း အလွန်ကောင်းမွန်သည်။ ဂျိနယ်ပယ်ကို ရွေးချယ်ထားသော ကျင့်ကြံသူများကို တခြားအဆင့်တူကျင့်ကြံသူများက မယှဉ်နိုင်ကြချေ။

ဂျိနယ်ပယ်ကို ရွေးချယ်ထားသော ကျင့်ကြံသူများသည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိရန် အခွင့်အရေး မရှိသော်လည်း စဦးစိတ်ဝိညာဉ်အဆင့် အထွတ်ထိပ်ကို ရောက်သည်နှင့် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်အောက်တွင် ပြိုင်ဘက်ကင်း ဖြစ်ပြီဟု ပြော၍ရသည်။

ထို့အပြင် ကျင့်စဉ်အဆင့် မြင်လာသည်နှင့် ဂျိနယ်ပယ်ကျင့်ကြံသူများသည် မှော်ရတနာများကို မလိုအပ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ဂျိနယ်ပယ်စိတ်စွမ်းအင်များသည် စိတ်စွမ်းအင်အမျိုးအစားများတွင် စွမ်းအားအပြင်းဆုံးစိတ်စွမ်းအင်များ ဖြစ်သောကြောင့် ဖြစ်၏။

တောက်နယ်ပယ်ကတော့ ကျင့်ကြံသူအားလုံး၏အိမ်မက်တစ်ခု ဖြစ်သည်။ သူတို့၏စိတ်စွမ်းအင်များက တောက်နယ်ပယ်အတွင်းသို့ ဝင်သွားသည်နှင့် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိရန် အလွန်လွယ်ကူသွားသောကြောင့် ဖြစ်၏။

ထို့ကြောင့် တောက်နယ်ပယ်သည် ကျင့်ကြံသူများ အလိုချင်ဆုံးနယ်ပယ်ဖြစ်သည်။

ရှီနယ်ပယ်ကတော့ ဂျိနယ်ပယ်က သေဆုံးသွားလျှင် ရှီနယ်ပယ်က အသက်ရှင်သွားလိမ့်မည်။ ရှီနယ်ပယ်သည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်အောက် ကျင့်ကြံသူများ နားလည်သဘောပေါက်နိုင်သည့်နယ်ပယ်တစ်ခု မဟုတ်ပေ။ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူများတောင်မှ ရှီနယ်ပယ်ကို ရရှိရန် ဆုတောင်းနေတတ်ကြသည်။

စိတ်စွမ်းအင်နယ်ပယ်၃ခုသည် ရရှိရန် ခက်ခဲသည့်အတွက် တဖြည်းဖြည်း အချိန်တွေကြာလာသည်နှင့်အမျှ စိတ်စွမ်းအင်နယ်ပယ်၃ခုအကြောင်းကို ကျင့်ကြံသူများ မေ့ပျောက်သွားကြ၏။

ယခုခေတ် ကျင့်ကြံသူများသည် စိတ်စွမ်းအင်ကို အဓိကထည့်မတွက်တော့ဘဲ ကျင့်ကြံခြင်းအဆင့်ကိုသာ စိတ်ထဲထည့်ထားကြသည်။

ယင်စွမ်းအင်များကို အများအပြား စုပ်ယူခဲ့ခြင်းကြောင့် သူ၏စိတ်စွမ်းအင်များက ဂျိနယ်ပယ်ထဲသို့ ဝင်ရောက်သွားကြောင်း သူ မသိချေ။

ထိုသို့ ဖြစ်ရခြင်းမှာ တစ္ဆေလောကပျံတက်ခြင်းကျင့်စဉ်သည် ဂျိနယ်ပယ်ကို ဝင်ရောက်စေနိုင်သည့် ကျင့်စဉ်အနည်းငယ်ထဲမှ တစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။

သို့သော်လည်းပဲ စစ်ထူနန်ပေးခဲ့သော ကျင့်စဉ်သည် ရှေးခေတ်က မူရင်ကျင့်စဉ်မဟုတ်ပေ။ အချိန်တွေကြာလာသည်နှင့်အမျှ တချို့ကျင့်စဉ်အစိတ်အပိုင်းများက ပျောက်ဆုံးကုန်သည့်အတွက် ကျင့်စဉ်ကို အောင်မြင်ခဲ့သူများက ပြန်လည်ဖြည့်စွက်ထားသည့် ကျင့်စဉ်သာ ဖြစ်သည်။

ဝမ်လင်းအတွက်ကတော့ သူ၏စိတ်စွမ်းအင်များ ဂျိနယ်ပယ်သို့ ဝင်ရောက်သွားရခြင်း၏ အဓိက အကြောင်းရင်းမှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ဖြစ်၏။

ဝမ်လင်းက လက်ချောင်းလေးများကို ကြည့်ပြီး မျက်လုံးက အရောင်တောက်သွား၏။ ထို့အချိန်တွင် သူက ခေါင်းကို မော့ကြည့်လိုက်ပြီး တွင်းပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို မျက်လုံးကစားလိုက်ရာ သူ့ဆီသို့ လျင်မြန်စွာ ပြေးလာနေသော အပြာရောင်အသားရေနှင့် ထူးဆန်းသောလူကို တွေလိုက်သည်။

(မှတ်ချက်။ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီးသွားတဲ့ စွမ်းအင်တွေအားလုံးကို စိတ်စွမ်းအင်လို့ ရေးထားပါတယ်ခန္ဓာကိုယ်နဲ့ မပေါင်းစပ်ရသေးတဲ့ စွမ်းအင်တွေကိုတော့ အမျိုးအစားခွဲပြီး ရေးပါတယ်ဥပမာ= ယင်စွမ်းအင်လိုမျိုးပေါ့အပြင်မှာတော့ ယင်စွမ်းအင်လို့ ရေးထားပေမဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ပြီးသွားရင် အဲ့ဒီလူရဲ့စိတ်စွမ်းအင် ဖြစ်သွားပါတယ်.. အဲ့လိုပုံစံမျိုးပါတချို့လူတွေ လည်နေမှာ စိုးလို့ ပြောထားတာပါမူရင်းမှာလည်း အဲ့လိုပဲ ရေးထားတာပါ… )

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၉၂) အလောင်းကောင်ယင်ဂိုဏ်း ()

ဝမ်လင်းက ထူးဆန်းသောလူကို ကြည့်ပြီး တခစ်ခစ် ရယ်လိုက်သည်။ ထိုလူအပေါ်တွင် ဝမ်လင်းသည် ရန်လိုစိတ် မရှိပါချေ။ ဝမ်လင်းက အကြောဆန့်လိုက်ပြီး ထူးဆန်းသောလူဆီသို့ ပြေးသွားလိုက်သည်။

သူတို့နှစ်ယောက်၏ကြားမှ အကွာအဝေးသည် တဖြည်းဖြည်း နီးကပ်လာသည်။ ထူးဆန်းသောလူသည် ဝမ်လင်းက သူ့ဆီသို့ ပြေးလာနေသည်ကို မြင်သောအခါ ဝမ်လင်းကို စိုက်ကြည့်ပြီး တိုက်ခိုက်နိုင်ရန်အတွက် အသင့်ပြင်ထားလိုက်သည်။ သို့သော်လည်း ဝမ်လင်းက အစိမ်းရောင်ဓား မထုတ်ထားသည်ကို သတိပြုမိပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူက ဒီနေရာသို့ လာရသည့်အကြောင်းရင်းကို မေ့သွားပြီး ဝမ်လင်းနှင့် တိုက်ခိုက်ရန်အတွက် ပြင်ဆင်လိုက်သည်။ သူက တုန့်ဆိုင်းခြင်းမရှိ ကိုယ်ပေါ်မှ အဆောင်စာရွက်တစ်ခုကို ဆုတ်ဖြုဲလိုက်ရာ အပြာရောင်အငွေ့များ ထွက်လာ၏။ ထိုအပြာရောင်အငွေ့များကို သူ့ခန္ဓာကိုယ်က စုပ်ယူလိုက်ရာ သူ၏အော်ရာသည် ချက်ချင်း အားကောင်းလာသည်။

သူက ဝမ်လင်းကို တစ်ခုခုပြောသည့်ဟန်ဖြင့် ထူးဆန်းသော စကားများကို ပြောလိုက်သည်။

ထူးဆန်းသောလူ၏ အဆောင်စာရွက်သည် အလွန်ထူးဆန်းသည်ကို ဝမ်လင်းလည်း သိသည်။

ယခု ထူးဆန်းသောလူက နောက်ထပ်အဆောင်စာရွက်တစ်ခုကို ဆုတ်ဖြဲလိုက်ရာ သူ၏စွမ်းအားများသည် ချက်ချင်း နှစ်ဆတိုးမြင့်သွားသည်။

ဝမ်လင်းကလည်း ချက်ချင်း လက်ကို ဝေ့ရမ်းလိုက်ရာ သူ၏စိတ်စွမ်းအင်များသည် သူ့ကိုယ်ကို လှည့်ပတ်သွားပြီး သူ၏အော်ရာကလည်း ပြောင်းလဲသွား၏။

သူ၏ခန္ဓာကိုယ်တွင် အေးစက်သောအော်ရာများ ထွက်ပေါ်နေပြီး သူ၏မျက်နှာကလည်း အေးစက်နေသည်။

ထူးဆန်းသောလူ၏မျက်လုံးက တောက်ပသွားပြီး ပါးစပ်ကို ဟလိုက်ရာ ဝမ်လင်း နားလည်သောအသံတစ်ခု ထွက်လာသည်… “စွမ်းအား… “

ပြောပြီးသည်နှင့် လက်သီးဆုပ်လိုက်၏။ သူ၏လက်မောင်းက တောက်ပပြီး ကြီးမားလာသည်။ ထိုလက်သီးဖြင့် ဝမ်လင်းကို ထိုးလိုက်သည်။

ဝမ်လင်း၏မျက်လုံးထဲတွင် အလင်းရောင်လက်သွားပြီး သူ၏ကိုယ်ထဲမှ စိတ်စွမ်းအင်များကို ထုတ်ယူပြီး လက်သီးအဖြစ် ပုံဖော်က ထူးဆန်းသောလူ၏လက်သီးကို ပြန်ထိုးလိုက်သည်။ လက်သီးခြင်း ယှဉ်မိချိန်တွင် ထူးဆန်းသောလူက အနည်းငယ်သာ ယိုင်သွားပြီး ဝမ်လင်းကတော့ နောက်သို့ ၃လှမ်းဆုတ်လိုက်ရ၏။ ဝမ်လင်းက အံ့ဩသွားပြီး ထူးဆန်းသောလူကို စိုက်ကြည့်လိုက်သည်။

ထူးဆန်းသောလူ၏စိတ်ထဲတွင် ဝမ်လင်းထက်ပင် ပို၍ အံ့ဩနေသည်။ ဝမ်လင်း၏လက်သီးမှ စိတ်စွမ်းအင်များသည် သူ၏ကိုယ်ထဲသို့ ဝင်ရောက်သွာပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွား၏။ သူ့ကိုယ်မှ ထူးဆန်းသောသင်္ကေတများကြောင့်သာ မဟုတ်ပါက သူ၏ခန္ဓာကိုယ်သည် အခုချိန်တွင် ခဲနေလောက်လေပြီ။

ထူးဆန်းသောလူက ခဲနေသာ သူ့ညာလက်ကို ကြည့်လိုက်ပြီး အလွန့်ထိတ်လန့်သွား၏။ ညာဘက်လက်မှ ကြွက်သား၊အရိုးအားလုံးသည် ခဲနေ၏။ သူက ဝမ်လင်းကို ဖြူရော်နေသောမျက်နှာဖြင့် ကြည့်ပြီး ဝမ်လင်းနားလည်သောစကားဖြင့် မေးလိုက်သည်… “ဂျိလား… “

ဝမ်လင်းက ဂျိဆိုသည့်အဓိပ္ပါယ်ကို မသိသည့်အတွက် ဘာပြောရမှန်းမသိ ဖြစ်သွားပြီး ခေါင်းခါပြလိုက်သည်။

ထူးဆန်းသောလူက မှင်သက်သွားပြီး နောက်ထပ်အဆောင်စာရွက်တစ်ခုကို ဆုတ်ဖြဲလိုက်၏။ အဖြူရောင်နှင့်အစိမ်းရောင်အငွေ့များ ထွက်လာပြီး ခဲနေသော သူ့လက်ကို ပြန်ကောင်းသွားစေသည်။ သို့သော်လည်း သူ့လက်က တုန်နေသေးသည်ကို ဝမ်လင်း မြင်လိုက်ရ၏။

ထို့နောက် ထူးဆန်းသောလူက ဝမ်လင်းကို ကြည့်ပြီး နှာခေါင်းရှုံ့ကာ ထွက်သွား၏။ ဝမ်လင်းလည်း အောက်တွင် ထိုင်ချလိုက်ပြီး စောစောက တိုက်ပွဲကို ပြန်စဉ်းစားလိုက်သည်။

ထူးဆန်းသောလူ၏လက်သီးမှ စွမ်းအင်သည အလွန်ထူးဆန်းသည်။ ထိုစွမ်းအင်က စိတ်စွမ်းအင်မဟုတ်ဘဲ တခြားစွမ်းအင်တစ်မျိုး ဖြစ်၏။

စွမ်းအားလား… “ ထိုစကားလုံးကို ထူးဆန်းသောလူက လက်သီးနှင့် မထိုးခင် အော်ပြောလိုက်သည်ကို မှတ်မိလိုက်၏။

ဝမ်လင်းက ထူးဆန်းသောလူ၏စွမ်းအားအကြောင်းကို မေ့လိုက်ပြီး သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်၏စွမ်းအားကို တွေးကာ အားရကျေနပ်နေသည်။ ဝမ်လင်းက သူ၏စိတ်စွမ်းအင်ကိုဂျိယင်စိတ်စွမ်းအင်ဟု နာမည်တပ်လိုက်သည်။

ဂျိထိုစကားလုံးသည် သူ၏စွမ်းအားကို ထူးဆန်းသောလူက မြင်ပြီး မေးခဲ့သည့်စကားလုံး ဖြစ်၏။

တစ္ဆေလောကပျံတက်ခြင်းကျင့်စဉ် အဆင့်၅ကို ရောက်ရင် ဒီနေရာကနေ ထွက်သွားပြီး ပိုပြီး ပြင်းထန်တဲ့ မြေကြီးယင်ကို ငါ ရှာရမယ်… “

နောက်ထပ်အဆင့်များကို ချိုးဖြတ်ရန်အတွက် ပိုပြီး ပြင်းထန်သိပ်သည်းသောယင်စွမ်းအင်များ လိုသည်ကို ဝမ်လင်း သိသည်။ ထို့ကြောင့် အရည်အသွေးပိုမြင့်သောယင်စွမ်းအင်များ ရှိမည့်နေရာကို ရှာရန် လိုပေသည်။

ဤမြို့ပျက်ကြီးထဲတွင် ယင်စွမ်းအင်များက သိပ်သည်းသော်လည်း သိပ်သည်းယင်အဆင့်၁၀ ဝန်းကျင်သာ ရှိကြောင်း ဝမ်လင်း သိထား၏။ အလွန်ဆုံးရှိ ပြင်းထန်းယင်အဆင့်၁ထိသာ ရှိနိုင်ပေမည်။

ကောင်းကင်ယင်၊ မြေကြီးယင်၊ လျှို့ဝှက်ဆန်းကြယ်ယင်၊ တစ္ဆေယင်ဟု လေးမျိုးရှိသော်လည်း လျှို့ဝှက်ဆန်းကြယ်ယင်နှင့်တစ္ဆေယင်ကြားရှိ ကွာခြားချက်သည် သိပ်မကြီးမားလှချေ။ သို့သော်လည်း မြေကြီးယင်နှင့်ကောင်းကင်ယင်ကြားရှိ ကွာခြားချက်သည် အလွန်ကွာခြားလှ၏။ ကောင်းမွန်ယင်အဆင့်၁ရှိသော မြေကြီးယင်သည် ပြင်းထန်ယင်အဆင့်၁ ရှိသော လျှို့ဝှက်ဆန်းကြယ်ယင် သို့မဟုတ် တစ္ဆေယင်နှင့် ညီမျှသည်။

ကောင်းကင်ယင်ကတော့ မတူတော့ချေ။ သာမန်ယင်အဆင့်၁ ကောင်းကင်ယင်သည် ပြင်းထန်ယင်အဆင့်၁ရှိသော လျှို့ဝှက်ဆန်းကြယ်ယင် သို့မဟုတ် တစ္ဆေယင်ထက် ပိုပြီး ကောင်းပေသည်။

ဝမ်လင်းက ထိုအကြောင်းကို စဉ်းစားနေစဉ်မှာပင် ခေါင်းကို မော့ကြည့်လိုက်ရာ ထူးဆန်းသောလူ ပြန်လာနေသည်ကို မြင်လိုက်ရသည်။ သူက ဝမ်လင်းကို လက်ဟန်ခြေဟန်ဖြင့် တစ်ခုခု လုပ်ပြပြီး ပတ်ဝန်းကျင်ကို လက်ညှိုးထိုးပြကာ လေကို ပြင်းပြင်းရှူသွင်းပြီး ခေါင်းခါ ပြလိုက်သည်။

ထို့နောက် သူက ဝမ်လင်းကို လက်ညှိုးပြီး သူ့ကိုယ်သူ ပြန်ထိုးပြကာ လက်ဟန်ခြေဟန်ဖြင့် တစ်ခုခု လုပ်ပြသည်။ တဖြည်းဖြည်း ဝမ်လင်းက ထူးဆန်းသောလူ၏ဆိုလိုရင်းကို နားလည်လာသည်။ ထူးဆန်းသောလူက ဝမ်လင်းကို သူ့နောက်သို့ လိုက်လာစေချင်နေသည်။ ဝမ်လင်းက သိချင်စိတ် ပြင်းပြကာ ခေါင်းညိတ်လိုက်သည်။

ထူးဆန်းသောလူ၏လှုပ်ရှားမှုများက အလွန်လျင်မြန်လှသည်။ သူက အန္တရာယ်ရှိသောနေရာများကို ရှောင်ပြီး ရှေ့မှ သွားနေ၏။

ထူးဆန်းသောလူက မြေပေါ်မှ အက်ကြောင်းတစ်ခုထဲသို့ ဝင်သွားလိုက်ပြီး မြေအောက်ရှိ ဥမင်လှိုင်းခေါင်းထဲသို့ ဆက်ဝင်သွား၏။ ဝမ်လင်းကလည်း နောက်မှ အံ့အားသင့်စွာဖြင့် လိုက်ပါလာသည်။

၂ရက်ကြာပြီးနောက် သူတို့နှစ်ယောက်သည် မြို့ပျက်ကြီး၏ထောင့်တစ်နေရာသို့ ရောက်လာသည်။ နှစ်ရက်လုံးလုံး သူတို့သည် လမ်းတွင် အနည်းငယ်မျှပင် အနားမယူခဲ့ကြချေ။

ထိုနေရာတွင် မပျက်စီးသေးသည့်မျှော်စင်တစ်ခု ရှိနေပြီး မျှော်စင်ထပ်တွင် ၂မီတာကျယ်သော ကျောက်တုံးတစ်တုံး ရှိနေ၏။

ဝမ်လင်း၏မျက်လုံးက အရောင်တောက်သွား၏။ ထိုကျောက်တုံးသည် သူယခင်တစ်ခါ တွေ့ခဲ့သောကျောက်တုံးနှင့် တစ်ပုံစံတည်း ဖြစ်သောကြောင့် ဖြစ်သည်။

ထူးဆန်းသောလူက မျှော်စင်ပေါ်သို့ တက်သွားပြီး အစီအရင် တစ်ခုကို ထုတ်ဖော်ပြီး ကျောက်တုံးကို ထိလိုက်သည်။ ထိုအခါ ကျောက်တုံးမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မြို့ပျက်ကြီး၏အလယ်သို့ ထိုးလိုက်၏.

ထို့နောက် ထူးဆန်းသောလူက မျှော်စင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ဝမ်လင်းကို လက်ဝေ့ရမ်းပြလိုက်ပြီး နှစ်ယောက်သား ထိုနေရာမှ ထွက်ခွာသွား၏။

ထူးဆန်းသောလူက မျှော်စင်တွေဆီ တစ်ခုပြီး တစ်ခု ကူးပြောင်းနေ၏။ မျှော်စင်အားလုံးနီးပါးသည် ပျက်စီးနေသော်ငြားလည်း ကျောက်တုံးများကမူ အကောင်းအတိုင်း ရှိနေသေးသည်။

သူတို့သည် ကျောက်တုံးများဆီသို့ တစ်ခုပြီး တစ်ခု ကူးပြောင်းနေပြီး အလင်းတန်းများကလည်း မြို့ပျက်ကြီး၏အလယ်ဆီသို့သာ ဦးတည်နေ၏။

နောက်ဆုံးကျောက်တုံးသည် ဝမ်လင်း ပထမဆုံးမြင်ခဲ့သောကျောက်တုံးဖြစ်ပြီး ထိုကျောက်တုံးက အလင်းတန်းထွက်ပေါ်လာသည်နှင့် မြို့ပျက်ကြီးတစ်ခုလုံး၏မြင်ကွင်းကလည်း ပြောင်းလဲသွား၏။

တစ်လမ်းလုံး ကျောက်တုံးများကို မှတ်သားလာသဖြင့် ကျောက်တုံးအားလုံးပေါင်း ၈ခု ရှိသည်ကို ဝမ်လင်းက သိနေသည်။

ထူးဆန်းသောလူက ကောင်းကင်ကို မော့ကြည့်ပြီး သူ့မျက်နှာတွင် စိုးရိပ်ကြောင့်ကြနေသောအရိပ်အယောင်များ ပေါ်လာသည်။ သူတို့နှစ်ယောက်က မြို့ပျက်ကြီး၏အလယ်ခေါင်သို့ ပြေးသွားလိုက်သည်။ ၄ရက်မြောက်နေ့ နေဝင်ချိန်တွင် မြို့လယ်၏အပြင်ဘက်သို့ သူတို့၂ယောက် ရောက်လာသည်။

အလင်းတန်း၈ခုက ဤနေရာတွင် စုစည်းနေ၏။ ထူးဆန်းသောလူက ရပ်လိုက်ပြီး ဦးညွတ်ကာ အရိုအသေပေးလိုက်သည်။ သူ၏မျက်လုံးထဲတွင် ရိုသေအလေးထားမှုများဖြင့် ပြည့်နေသည်။

ထို့နောက် သူက စကားလုံးတစ်ချို့ကို ရွတ်လိုက်သည်။ သူ၏အသံက တဖြည်းဖြည်း စူးရှလာကာ မြေကြီးကလည်း တုန်လာပြီး မီတာ၁၀၀ခန့် မြင့်သော ရုပ်ထုကြီးတစ်ခု မြေအောက်မှ ထိုးထွက်လာသည်။ ရုပ်ထုက တစ်ဝက်ကျော်မြင့်တက်လာပြီးနောက် ရပ်တန့်သွား၏။

ရုပ်ထုသည် ဆံပင်ရှည်နှင့် လူကြီးတစ်ယောက်၏ပုံ ဖြစ်သည်။ နဂါးတစ်ကောင်က သူ့ကိုယ်ကို ပတ်ခွေထားပြီး ပါးစပ်ကို ဟထားသည်။ ပတ်ခွေနေသောနဂါးက လက်ရာမြောက်စွာ ထုလုပ်ထားသဖြင့် အစစ်နီးပါး တူနေသည်။

အလင်းတန်း၈ခုက ရုပ်ထုပေါ် ကျရောက်နေသဖြင့် ရုပ်ထု၏မျက်လုံးများက ပိုပိုပြီးတောက်ပလာသည်။ ထိုအချိန်တွင် ဝမ်လင်းက ရုပ်ထုကို ကြည့်လိုက်ရာ အလင်းရောင်များဖြင့် ရုပ်ထုက လွန်စွာ အသက်ဝင်လှ၏။

ရုပ်ထုထွက်ပေါ်လာသည်နှင့် ထူးဆန်းသောလူ၏မျက်လုံးများထဲမှ ရိုသေလေးစားသော အရိပ်အယောင်များက ပိုပိုပြီး တိုးပွားလာသည်။ သူက ဝမ်လင်းကို လက်ဝေ့ရမ်းပြလိုက်ပြီး အဆောတလျင် နဂါးပါးစပ်ကို လက်ညှိုးထိုးပြလိုက်၏။

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် နဂါးဦးခေါင်းဆီသို့ ရောက်ရန် တစ်ဆင့်ပြီးတစ်ဆင့် ခုန်တက်လိုက်သည်။ သူက နဂါးခေါင်းပေါ်သို့ ရောက်သောအခါ အားကောင်းသောယင်စွမ်းအင်သည် သူ၏ခြေထောက်မှ ထွက်လာနေသည်ကို ခံစားမိလိုက်၏။

ဝမ်လင်းက ချက်ချင်း ထိုင်ချလိုက်ပြီး ယင်စွမ်းအင်အရည်အသွေးကို တိုင်းတာနိုင်သော နည်းစနစ်ကို အသုံးပြုလိုက်ရာ အနီရောင်အလင်းလုံးတစ်လုံး ထွက်ပေါ်လာ၏။ အလင်းလုံးက ချက်ချင်း ၄လုံးအဖြစ် ကွဲထွက်သွားသည်။ ဝမ်လင်းက အလွန်အံ့ဩသွားပြီး ဤနေရာသည် ပြင်းထန်ယင်အဆင့်ရှိသော ယင်စွမ်းအင်များရှိသည့်နေရာတစ်ခုဖြစ်ကြောင်း သိလိုက်သည်။

သူက အချိန်ဆွဲမနေတော့ဘဲ ချက်ချင်း ယင်စွမ်းအင်ကို စုပ်ယူပြီး ကျင့်ကြံလိုက်သည်။ သို့သော်လည်း သည်တစ်ကြိမ်တွင် စုပ်ယူနိုင်သည့်အကွာအဝေးသည် ယခင်ကလောက် မကြီးမားတော့ဘဲ သူ၏ပတ်လည် မီတာအနည်းငယ်လောက်သာ ရှိ၏။ ယခုချိန် အဝေးမှ လှမ်းကြည့်လျှင် နဂါးဦးခေါင်းထက်၌ အနီရောင်အလင်းလုံးကြီး ပေါ်နေသည်ကို မြင်ရပေမည်။

ဝမ်လင်းက ၅ရက်တိတိ ထိုနေရာ၌ လေ့ကျင့်ခဲ့သည်။

၅ရက်လုံးလုံး ထူးဆန်းသောလူက ဝမ်လင်းက စောင့်နေပြီး သူ့မျက်နှာထက်မှ စိုးရိမ်ပူပန်မှုကလည်း ပိုပိုပြီး တိုးလာသည်။ သူက ကောင်းကင်ကို ခဏခဏ ကြည့်နေတတ်ပြီး သူ့ကိုယ်မှ အဆောင်စာရွက်၉ခုကိုလည်း အချိန်မရွေးအသုံးပြုနိုင်ရန် ပြင်ဆင်ထား၏။

၅ရက်မြောက်နေ့ မနက်ခင်း၌ ဝမ်လင်း၏ချီပင်လယ်ကို ၃ကြိမ်မြောက် ဖွင့်နိုင်လိုက်ပြီး တစ္ဆေလောကပျံတက်ခြင်းကျင့်စဉ်၏ အလွှာ၅ကို အောင်မြင်သွား၏။

နောက်တစ်ဆင့်ကို အောင်မြင်လျှင် နောက်ထပ် အေးခဲအမြုတေတစ်ခု ဖြစ်ပေါ်ပေမည်။ အေးခဲအမြုတေ၂ခု ရှိနေပြီဆိုလျှင် ခန္ဓာကိုယ်သန့်စင်ခြင်းနှောင်းပိုင်းအဆင့်များကို ကြောက်လန့်နေစရာ မလိုတော့ပေ။ ယခုတော့ ခန္ဓာကိုယ်သန့်စင်ခြင်းအလယ်အဆင့်များကိုသာ ယှဉ်နိုင်သေး၏။

ဝမ်လင်းက သူ၏စိတ်စွမ်းအင်အရည်အသွေးကို တိုးတက်စေရန် ပြင်းထန်ယင်စွမ်းအင်များကို စုပ်ယူပြီး သူ၏စိတ်စွမ်းအင်နှင့် ပေါင်းစပ်စေသည်။

သူက ပေါင်းစပ်မှုကို ထိန်းချုပ်နေရင် သူ၏စိတ်စွမ်းအင်များကိုလည်း လေ့လာနေသည်။ သူ၏စိတ်စွမ်းအင်အနက်ရောင်များက ပိုပိုမဲနက်လာပြီး အပြာရောင်သို့ ပြောင်းကာ နောက်ဆုံးတွင် နက်ပြာရောင်သို့ ပြောင်းသွား၏။

သူ၏စိတ်စွမ်းအင်များက ဂျိနယ်ပယ်ကို လုံးလုံးလျားလျား ဝင်ရောက်ရန် နီးကပ်လာသည်ကို သူ မသိချေ။

ထိုအချိန်တွင် ကောင်းကင်ကြီးက ရုတ်တရက် မှောင်သွားပြီး တိမ်များကလည်း တစ်စုံတစ်ယောက်က တွန်းထုတ်လိုက်သကဲ့သို့ ရွှေ့လျားသွား၏။ အနက်ရောင်မြူများက စုစည်းလာပြီး ခေါင်းတလားတစ်ခုပုံစံ ဖြစ်သွား၏။

ခေါင်းတလားထိပ်တွင် ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာပြီး ပုံရိပ်ယောင်က တစ်ကယ့် ခန္ဓာကိုယ်အစစ်သို့ တဖြည်းဖြည်းနှင့် ကူးပြောင်းလာသည်။

ကောင်းကင်မှ အက်ကွဲသောအသံကြီး ထွက်ပေါ်လာသည်။

ဆရာရဲ့ စဦးစိတ်ဝိညာဉ်က ဒီရုပ်ထုထဲမှာ ရှိတယ်လို့ ဆိုလိုတာပေါ့… “

ထိုအဖြစ်အပျက်ကို မြင်နေသည့် ထူးဆန်းသောလူ၏အမူအရာများက အကြီးအကျယ် ပျက်ယွင်းသွား၏။

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၉၃) အလောင်းကောင်ယင်ဂိုဏ်း ()

ထူးဆန်းသောလူက မျက်နှာပျက်သွားပြီး သူ့ကိုယ်မှ အဆောင်၉ခုစလုံးကို ဖယ်ရှားလိုက်၏။ ထို့နောက် ဝမ်လင်းရှိရာသို့ ခုန်ဝင်သွားပြီး အနီရောင်အလင်းလုံးကို ဆုတ်ဖြဲကာ ဝမ်လင်းကို ဆွဲထုတ်လိုက်သည်။

ဝမ်လင်းကလည်း ထိုလူရောက်လာကတည်းက နိုးနေပြီ ဖြစ်သည်။ သူက ထူးဆန်းသောလူ၏မျက်နှာပေါ်မှ ထိတ်ထိတ်ပျာပျာဖြစ်နေသော အမူအရာကို သတိပြုမိကာ ထူးဆန်းသောလူ၏ဆွဲခေါ်ခြင်းကို ခံယူလိုက်ပြီး ရုပ်ထုပေါ်မှ အတူတူ ခုန်ချလိုက်ကြသည်။

သူတို့နှစ်ယောက် မြေပေါ်ကျသည်နှင့် ထူးဆန်းသောလူက အစီအရင်တစ်ခုကို အသက်သွင်းပြီး သူ့လက်ကို ရုပ်ထုနှင့် ထိလိုက်၏။ ထိလိုက်သည့်နေရာတွင် အနက်ရောင်တံခါးပေါက်တစ်ခု ပေါ်လာပြီး ထူးဆန်းသောလူက ဝမ်လင်းကို ဆွဲခေါ်၍ အတွင်းသို့ ဝင်လိုက်ကြ၏။

တစ်ချိန်တည်းမှာပင် အလင်းတိုင်၈ခုကလည်း ပျောက်ကွယ်သွားပြီး ရုပ်ထုကလည်း မြေအောက်ထဲသို့ ပြန်ဝင်သွား၏။

ထိုအချိန်တွင် ပုံရိပ်ယောင်သည်လည်း တစ်ကယ့်ခန္ဓာကိုယ်အစစ်သို့ ကူးပြောင်းပြီးသွား၏။ သူ၏မျက်နှာက မံမီအလောင်းကောင်မျက်နှာနှင့် တူပြီး အသက်က လူငယ်တစ်ယောက်ရုပ်ရည်မျိုး ဖြစ်သည်။ သူ့ဘေးတွင် အလောင်းကောင်က အင်မတန်ဆိုးဝါးသော အနံ့အသက်တစ်မျိုးကို ထုတ်လွှတ်ပြီး ရပ်နေသည်။

ထိုလူငယ်က မြေကြီးထဲသို့ ဖြည်းညှင်းစွာ ပြန်ဝင်နေသောရုပ်ထုကို ကြည့်လိုက်ပြီး နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်၏။ ထို့နောက် သူ၏အကြည့်က ရုပ်ထုဆီသို့ ပြန်ရောက်သွားသည်။

ဝမ်လင်းကတော့ ထူးဆန်းသောလူကြီး၏ဆွဲခေါ်မှုကြောင့် ရုပ်ထုအတွင်းသို့ ရောက်နေသည်။ သူက နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ကြည့်ရာ ချက်ချင်း သူ့မျက်နှာတွင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။

ရုပ်ထုအတွင်းရှိ နေရာသည် အရမ်းမကျယ်ပေ။ အဖြူရောင်သလင်းကျောက်များက လေထဲတွင် မြောနေပြီး အလယ်၌ လေထဲတွင် ထိုင်နေသည့်ပုံစံရှိသော အနက်ရောင်ကျောက်လူတစ်ယောက် ရှိ၏။

ကျောက်လူ၏အသွင်အပြင်သည် အပြင်ဘက်မှ ရုပ်ထုကြီး၏အသွင်အပြင်နှင့် တစ်ထပ်တည်း တူညီနေသည်။ ကျောက်လူနှင့် အပြင်ဘက်မှ ရုပ်ထုကြီးကို ဆက်သွယ်ထားသော အပြာရောင်ကြိုးများလည်း ရှိ၏။

မကြာမီ အပြာရောင်ကန့်လန့်ကာတစ်ခု ပေါ်လာ၏။ ထိုကန့်လန့်ကာသည် အပြင်ဘက်မှ မြင်ကွင်းကို ဖော်ပြနေသည်။

အပြာရောင်ကန့်လန့်ကာကို ကြည့်ပြီး ဝမ်လင်းက အပြင်ဘက်မှ မြင်ကွင်းများကို မြင်နေရသည်။ အပြင်ဘက်မှ မြင်ကွင်းကို ကြည့်ပြီး ထူးဆန်းသောလူကို ပြန်ကြည့်လိုက်ရာ ထူးဆန်းသောလူ၏မျက်လုံးထဲတွင် ပြင်းထန်သောအမုန်းများကို မြင်လိုက်ရသည်။

လူငယ်က အပြင်၌ ရပ်နေရင်း ရုပ်ထုကို စိုက်ကြည့်ကာ ပြောလိုက်သည်… “ဆရာနှစ်၁၀၀က ဒီလိုပဲ မြန်မြန်နဲ့ ကုန်သွားပြီဒီတစ်ကြိမ်မှာတော့ ဆရာ ထွက်ပြေးလို့ မရတော့ပါဘူး… “

ဝမ်လင်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ထူးဆန်းသောလူကို ကြည့်ကာ မေးလိုက်သည်… “မင်းက သူ့ရဲ့ဆရာလား… “

ထူးဆန်းသောလူက ဝမ်လင်းကို ဗလာအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ထိုအခါ ဝမ်လင်း၏မျက်လုံးက တောက်ပသွားပြီး အစိမ်းရောင်ဓားကို ပါးစပ်ထဲမှ ထုတ်လိုက်သည်။ ဓားက ချက်ချင်း လေထဲတွင် ထိုင်နေသောကျောက်လူကို ဆတ်ခနဲ ပြေးထွက်သွား၏။

ဓားကို တားဆီးရန် ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသော်လည်း ဓားက တည်နေရာပြောင်းရွေ့ခြင်းဖြင့် နေရာရွေ့ပြီး ခရမ်းရောင်အလင်းတန်းကို ဖြတ်ကျော်သွားကာ ကျောက်လူဆီသို့ ဓားက ထိုးစိုက်သွားသည်။

ကျယ်လောင်သောအော်ညည်းသံတစ်ခု ထွက်ပေါ်လာပြီး ကျောက်လူဆီမှ အလင်းလုံးတစ်လုံး ထွက်လာသည်။ ဝမ်လင်းက လက်ကို ဝေ့ရမ်းလိုက်ရာ ဓားက လှည့်လိုက်ပြီး အလင်းလုံးဆီသို့ ပြေးဝင်သွား၏။

ဝမ်လင်း၏လုပ်ရပ်ကို မြင်သွားသော ထူးဆန်းသောလူ၏မျက်ဝန်းထဲတွင် စိုးရိပ်ပူပန်မှုများ ပေါ်လာကာ ဝမ်လင်းကို စိုက်ကြည့်ကာ ဓားကို လက်ညှိုးထိုးပြီး ဝမ်လင်းနည်းမလည်သော စကားကို အကြိမ်ကြိမ် အော်ပြောနေသည်။

ဝမ်လင်းကလည်း ထူးဆန်းသောလူကို ကြည့်ပြီး အံ့အားသင့်သွား၏။ ထိုအချိန်တွင် အလင်းလုံးဆီမှ အက်ကွဲကွဲအသံတစ်ခု ပေါ်ထွက်လာသည်။

ကောင်လေးစိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ငါက မင်းကို ဒုက္ခမပေးပါဘူးငါက အပြင်ဘက်ကလူရဲ့ဆရာပါ… “

တစ်ချိန်တည်းမှာပင် အလင်းတန်းများစွာက အလင်းလုံးဆီတွင် လာစုပြီး ၁ပေအရွယ်သာ ရှိသည့် လူတစ်ယောက်ပုံစံ ဖြစ်ပေါ်လာသည်။

ထိုလူသေးလေးက အားနည်းနေဟန်ရှိပြီး မျက်နှာက ဖြူရော်နေကာ ကလေးတစ်ယောက်နှင့် တူနေသည်။

ဝမ်လင်းက နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး လက်ကို ဝေ့ရမ်းလိုက်ရာ ဓားက သူ့ဘေးနားသို့ ပြန်ရောက်လာသည်။ ဓားက သူ့ကိုယ်ကို တစ်ပတ် ပတ်လိုက်ပြီး ဓားဦးက လူသေးလေးကို ချိန်ထား၏။

ထူးဆန်းသောလူက လူသေးလေးဆီသို့ သွားလိုက်ပြီး ဝမ်လင်းကို ဒေါသတကြီးဖြင့် အကြိမ်ရေ အနည်းငယ်ခန့် အော်လိုက်သည်။ သူ၏မျက်လုံးထဲတွင်လည်း စိတ်ပျက်မှုများ ပြည့်နေသည်။

လူသေးလေးက ခါးသက်စွာ ရယ်မောပြီး သူ့ကိုယ်က လေထဲတွင် မျောလာကာ ထူးဆန်းသောလူ၏ပခုံးထက်သို့ ခြေချလိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်… “အားသိုင်ငါတို့ရဲ့ဧည့်သည်ကို မရိုင်းနဲ့… “

ထူးဆန်းသောလူ၏မျက်နှာထားက ပြေလျော့လာသော်လည်း သတိထားနေသည့်အကြည့်ဖြင့် ကြည့်နေတုန်းပင် ဖြစ်သည်။

လူသေးလေးက သက်ပြင်းချပြီး ဝမ်လင်းကို ကြည့်ကာ နွေးထွေးစွာ ပြောလိုက်သည်… “ကောင်လေးမဆင်မခြင် မလုပ်ပါနဲ့ငါက… “

သူပြောလို့ မပြီးခင်မှာတင် အပြင်ဘက်မှ လူငယ်က ထူးဆန်းသောစကားများကို ပြောလိုက်သည်။ ထိုစကားများ ထွက်လာသည်နှင့် ရုပ်ထုကြီးတစ်ခုလုံး လှုပ်ရမ်းလာပြီး မြေကြီးထဲသို့ ဝင်နေရာမှ ရပ်တန့်သွား၏။

လူသေးလေး၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး အစီအရင်တစ်ခုကို ဖန်တီးလိုက်ပြီး ခရမ်းရောင်အငွေ့များကို ပါးစပ်မှ ထုတ်လိုက်သည်။ ခရမ်းရောင်အငွေ့များက ထွက်လာသည်နှင့် တစ်ခါတည်း ရုပ်ထုကြီးထဲသို့ ဝင်သွား၏။

ရုပ်ထုကြီး၏မျက်လုံးက ခရမ်းရောင်အလင်းများ တောက်ပလာပြီး အောက်သို့ ဆက်ဆင်းသွားသည်။

လူငယ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်ကို လေထဲသို့ ဆွဲယူလိုက်သည်ဟန် ပြုလုပ်လိုက်သောအခါ ရုပ်ထုက လှုပ်ခါလာပြီး မြေကြီးထဲသို့ ဆင်းသွားသည့်နှုန်းကို နှေးသွားစေသည်။ တစ်ချိန်တည်းမှာပဲ သူက အစီအရင်အများကြီးကို ထုတ်သုံးပြီး ရုပ်ထုကြီး ပိုပြီး လှုပ်ခါလာစေသည်။ သို့သော်လည်း ရုပ်ထုက အကောင်းအတိုင်း ရပ်လျက်ပင် ရှိနေသေး၏။

လူသေးလေးက အနည်းငယ်စိတ်သက်သာရာ ရသွားဟန်ဖြင့် ဝမ်လင်းကို ပြောလိုက်သည်… “ဒီရုပ်ထုက အပြင်ဘက်ကလူရဲ့တိုက်ခိုက်မှုကို အနည်းဆုံး နာရီဝက်တော့ ခံနိုင်သေးတယ်နာရီဝက်ဆိုတဲ့အချိန်က ဒီကိစ္စတွေရဲ့ နောက်ကွယ်က အကြောင်းတွေကို ပြောပြဖို့အတွက်ဆို ပိုတောင် ပိုနေပါသေးတယ်… “

ဝမ်လင်းကတော့ ဘာမှမပြောဘဲ လူသေးလေးကိုသာ စိုက်ကြည့်နေသည်။

လူသေးလေးက သက်ပြင်းချပြီး ပြောလိုက်သည်… “ငါနာမည်က ဝူယုကောင်လေးမင်း အလောင်းကောင်ဂိုဏ်းကို ကြားဖူးလား… “

ဝမ်လင်းက ဓားကို သူဘေးတွင် အသင့်အနေအထား ပြင်ထားပြီး တည်ငြိမ်နေသောမျက်နှာထားနှင့်ပင် ခေါင်းခါပြလိုက်၏။

ဝူယုက ခါးသက်စွာ ပြုံးပြီး ပြောလိုက်သည်… “ကောင်လေးအလန့်တကြားဖြစ်နေစရာ မလိုပါဘူးငါက ခန္ဓာကိုယ်မရှိတဲ့ စဦးစိတ်ဝိညာဉ်တစ်ခုပဲလေဖြတ်သန်းလာတဲ့နှစ်တွေထဲမှာ စဦးစိတ်ဝိညာဉ်စွမ်းအင်တွေကို အကြိမ်ရေအများကြီး အသုံးပြုခဲ့ပြီးပြီဒါ့ကြောင့် ငါ့မှာ မင်းကို တိုက်ခိုက်ဖို့ စွမ်းအင်မကျန်တော့ဘူးစောနကတောင် မင်းရဲ့ဓားက ငါ့ကို သတ်မလို ဖြစ်သွားသေးတာပဲ… “

ဝမ်လင်း၏မျက်လုံးက အရောင်တောက်သွားပြီး အနည်းငယ် စဉ်းစားကာ မေးလိုက်သည်… “အပြင်ဘက်မှ ရှိနေတာ ဘယ်သူလဲခင်ဗျားက သူ့ဆရာလား… “

ဝူယု၏မျက်လုံးထဲတွင် အကူအညီမဲ့သည့်အမူအရာများ ပေါ်လာပြီးဖြေလိုက်သည်… “သူက ငါ့ရဲ့ အလောင်းရုပ်သေးတစ်ခုပဲပြီးတော့ ငါက အလောင်းကောင်ဂိုဏ်းရဲ့ ဘိုးဘေးတစ်ယောက်လည်း ဖြစ်တယ်အလောင်းကောင်ဂိုဏ်းမှာ စည်းမျဉ်းတစ်ခု ရှိတယ်အလောင်းကောင်ဂိုဏ်းသားဖြစ်ပြီဆိုတာနဲ့ ဂိုဏ်းသားတိုင်းက ကိုယ်ပိုင်အလောင်းရုပ်သေးတစ်ခု ရှိနေရမယ်… “

မင်းရဲ့ကျင့်စဉ်က မြင့်လာတာနဲ့ အလောင်းရုပ်သေးကလည်း မြင့်လာလိမ့်မယ်… “

ဝမ်လင်းက မျက်မှောင်ကျုံ့ပြီး မေးလိုက်သည်… “မင်းရဲ့အလောင်းရုပ်သေးက မင်းကို ဆန့်ကျင်သွားတာလား… “

ဝူယုက မဲ့ပြုံးဖြင့် ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏… “ဟုတ်တယ်ပုံမှန်ဆိုရင် အလောင်းကောင်ရုပ်သေးတွေက မဆန့်ကျင်နိုင်ပါဘူးကံဆိုးစွာနဲ့ပဲ ဒီနေရာကို စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့်ကို ချိုးဖြတ်ဖို့အတွက် လွန်ခဲ့တဲ့နှစ်၃၀၀က ရောက်လာခဲ့တယ်ငါ ကျရှုံးခဲ့ရုံတင် မဟုတ်ဘူးငါ့ရဲ့အလောင်းရုပ်သေးကလည်း ငါ ဒဏ်ရာပြင်းပြင်းထန်ထန် ရတာကို အခွင့်ကောင်းယူပြီး ငါ့ရဲ့ထိန်းချုပ်မှုက လွှတ်မြောက်သွားနိုင်ခဲ့တယ်… “

ထိုအချိန်တွင် ရုပ်ထုက တဖြည်းဖြည်းပိုပြီး လှုပ်ခါလာသည်။ ဝူယု၏မျက်နှာတွင် စိုးရိပ်ကြောင့်ကြသောအမူအရာများ ပေါ်လာပြီး လျှင်မြန်စွာ ဆက်ပြောလိုက်သည်… “ငါက ဒဏ်ရာတွေ ပြန်ကုရဦးမှာ ဖြစ်တဲ့အတွက် သူ့နောက်ကို မလိုက်နိုင်ခဲ့ဘူးနှစ်၁၀၀ကျော်လာတဲ့အချိန်မှာ ငါ့ရဲ့ဒဏ်ရာတွေကလည်း ပြန်ကောင်းသွားတယ်အဲ့အချိန်မှာ အလောင်းရုပ်သေးက သူ့ရဲ့ကိုယ်ပိုင်အသိဉာဏ်ကို ပြန်ရနေရုံတင် မဟုတ်ဘူး ကြီးကြီးမားမား ကံကောင်းမှုတစ်ခုကိုတောင် ကြုံတွေ့သွားပြီး ငါ့ရှေ့မှာတင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်သွားခဲ့တယ်… “

ငါ့မှာ နိုင်ဖို့ အခွင့်အရေး မရှိတာမို့ ငါ့ခန္ဓာကိုယ်ကို စွန့်ပစ်ပြီးတော့ ငါ့ရဲ့စဦးစိတ်ဝိညာဉ်နဲ့ ထွက်ပြေးခဲ့ရတယ်ငါ့ရဲ့ စိတ်ဝိညာဉ်ကလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပြီး ရုပ်ထုထဲမှာပဲ ပုန်းနေခဲ့ရတယ်အပြင်ဘက်မှာရှိတဲ့ အလောင်းကောင်က ငါ့ရဲ့ခန္ဓာကိုယ်ပဲကြည့်ရတာ သူလည်း ဒီနေရာမှာ နှစ်၁၀၀ လောက် နေခဲ့တာဆိုတော့ ကိုယ်ပိုင်အသိဉာဏ် ရသွားပုံပဲ… “

ဝမ်လင်းက အေးစက်စွာ ပြုံးပြီး ပြောလိုက်သည်… “ဘယ်လောက်တောင် အဓိပ္ပါယ် မရှိတဲ့ စကားတွေလဲအလောင်းကောင်ရုပ်သေးကသာ မင်းပြောတဲ့အတိုင်းဆို မင်းကို ဆက်ရှာမယ့်အစား ထွက်သွားမှာပေါ့ဘာလို့မင်းကို ဆက်ရှာနေမှာလဲ… “

ဝူယုက မဲ့ပြုံး ပြုံးပြီး ပြောလိုက်သည်… “ငါ ပြောဖို့ မေ့နေတာငါ့တို့ အလောင်းကောင်ဂိုဏ်းမှာ လျှို့ဝှက်ချက် တစ်ခု ရှိတယ်အလောင်းကောင်ရုပ်သေးတစ်ကောင်ကသာ ထိန်းချုပ်မှု လွတ်သွားခဲ့ရင် အလောင်းကောင်က ငါနဲ့ ကီလိုမီတာ၁၀၀အဝေးထက် ပိုဝေးလို့ မရဘူးပိုဝေးသွားပြီဆိုတာနဲ့ သူ သေရလိမ့်မယ်… “

ဒီပြဿနာကို ဖြေရှင်းဖို့က ငါ့ရဲ့စဦးစိတ်ဝိညာဉ်ကို ဝါးမြိုပြီး သူ့ကိုယ်ထဲမှာ ပိတ်လှောင်ထားရလိမ့်မယ်ဒါမှပဲ သူက ငါ့ရဲ့ထိန်းချုပ်မှုအောက်ကနေ အမှန်တကယ် လွတ်မြောက်နိုင်လိမ့်မယ်… “

ဝမ်လင်းက ဆက်မေးလိုက်သည်… “သူက ခင်ဗျားကို ဒီနှစ်၁၀၀ကျော်အတွင်း တစ်ခုမှာ မရှာဘူးလား… “

ဝူယုက ရုပ်ထုကြီး၏အတွင်းမျက်နှာပြင်ကို ထိကိုင်ကာ ဖြေလိုက်၏… “ငါ ထွက်ပြေးလာတဲ့အချိန်မျာ ဒီရုပ်ထုကို မတော်တဆ တွေ့ခဲ့ရတယ်ဒီရုပ်ထုက ငါ့ရဲ့အော်ရာတွေကို ဖျောက်ပေးနိုင်တယ်ဒီရုပ်ထုရဲ့အကူအညီနဲ့ငါ ငါက အသက်ရှင်နိုင်ခဲ့တာ… “

ပြီးတော့ အလောင်းကောင်ရုပ်သေးက စဦးစိတ်ဝိညာဉ်အလယ်အဆင့်ကို ရောက်သွားပြီးနောက် တစ်ခါ အပြင်ထွက်လာတိုင်း တစ်ခါ ပြန်အနားယူဖို့လိုလိမ့်မယ်တစ်ခါ အနားယူရင် နှစ်၁၀၀ကြာတယ်ဒါက ငါ အခုချိန်ထိ သူ့လက်က လွှတ်မြောက်နရခြင်းရဲ့ တခြားအကြောင်းပြချက် တစ်ခုပဲ… “

ဝမ်လင်းက တည်ငြိမ်စွာဖြင့် မေးလိုက်သည်… “အိုး ဟုတ်လားသူအိမ်နေတဲ့နှစ်၁၀၀အတောအတွင်း ခင်ဗျားက ဘာလို့ ထွက်မပြေးတာလဲ… “

ငါ အကြိမ်ပေါင်းများစွာ ထွက်ပြေးဖို့ ကြိုးစားပြီးပြီဒါပေမဲ့ ဒီတောအုပ်က မြူတွေအများကြီးနဲ့ ဝန်းရံထားတယ်ဒီမြူတွေက စဦးစိတ်ဝိညာဉ်တွေအတွက် အလွန်အန္တရာယ်ရှိတယ်မြူတွေကို နည်းနည်းလေးလောက်တောင် ငါ ထိလို့ မရဘူး…. အလောင်းကောင်ရုပ်သေးက ငါ့ကို မရှာနိုင်ပေမဲ့လည်း ငါ့ရဲ့ခန္ဓာကိုယ်က ကိုယ်ပိုင်အသိစိတ် ရသွားလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူးငါနဲ့ငါ့ရဲ့ခန္ဓာကိုယ်ကြား ဆက်သွယ်မှုကို အသုံးပြုပြီး ငါ့ကို ရှာလို့ရတယ်… “

ပြီးတော့ အားသိုင်က မင်းအတွက် ရုပ်ထုကို ပေါ်အောင် လုပ်ပေးလိုက်တာက သူတို့ကို ပိုပြီး အာရုံခံနိုင်သွားစေတယ်ဘာပဲဖြစ်ဖြစ်ပါလေဒါတွေအားလုံးက ငါ့အမှားတွေပါတခြားဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး… “

ဝူယုက ခါးသက်စွာ ပြုံးပြီး ဆက်ပြောလိုက်သည်… “ ကောင်လေးအားသိုင်က မင်းနဲ့သူနဲ့ကြား ဖြစ်ခဲ့တဲ့ကိစ္စတွေကို ငါ့ ပြောပြပြီးပြီလွန်ခဲ့တဲ့ နှစ်၃၀၀လောက်က ဆိုရင်တော့ မင်းရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ ကြိုးစားမိလိမ့်မယ်ဒါပေမဲ့ အားသိုင်ရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ ငါ့ရဲ့ စွမ်းအားတွေကို ဖြုန်းမိလိုက်ပြီးပြီအခု ငါက စဦးစိတ်ဝိညာဉ်အလယ်အဆင့်ကို မရောက်ပဲနဲ့ ငါ့မှာ တစ်ခြားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို လုယူဖို့ မဖြစ်နိုင်တော့ဘူး… “

ဝမ်လင်းက ဝူယုပြောသည့်စကားများကို မယုံပေ။ သို့သော်လည်း သူ၏မျက်နှာက မပြောင်းလဲဘဲ ဝူယုကို ကြည့်ကာ မေးလိုက်သည်… “သူရဲ့နာမည်က အားသိုင်လား… “

ဝူယုက ခေါင်းညိတ်ပြီး ပြောလိုက်သည်… “ကောင်လေးငါက အားသိုင်ကို ဒီရုပ်ထုထဲက တွေ့ခဲ့တာဒီရုပ်ထုထဲကို ဝင်လာတဲ့အချိန်တုန်းက အားသိုင်က အိပ်ပျော်နေတာငါက သူ့ရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ သူ့ရဲ့ကိုယ်ထဲမှာ အလွန်အားကောင်းတဲ့ စွမ်းအားတွေ ရှိနေတယ်ငါရဲ့စွမ်းအင်အများစုကို သူ့ရဲ့ခန္ဓာကိုယ်ထဲကို ထည့်လိုက်မှ ငါလည်း သူ့ကိုယ်ထဲက လွတ်မြောက်နိုင်ခဲ့တာငါက အားသိုင်ရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ ရှုံးနိမ့်ခဲ့ရပေမယ့်သူ့ကို နိုးသွားစေခဲ့တယ်ပြီးတော့ ငါတို့နှစ်ယောက်မှာလည်း ဆက်သွယ်မှုတစ်ခု ရှိသွားတယ်… “

အဲ့အချိန်ကစပြီး မင်းအကြောင်းကို အားသိုင် မပြောပြခင် အချိန်အထိ ငါ့မှာ လွတ်မြောက်ဖို့ အခွင့်အရေး မရှိတော့ဘူးဆိုတာကို သေချာသလောက် ဖြစ်နေခဲ့တယ်… “

ထိုစကားကို ပြောလိုက်သည့်အချိန်တွင် ဝူယု၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်။

ဝမ်လင်းက ဘာမှမပြောဘဲ ဝူယုကိုသာ စိုက်ကြည့်ပြီး နောက်ထပ်ပြောလာမည့်စကားများကို စောင့်ဆိုင်းနေလိုက်သည်။

ဝူယုက အသနားခံသည့်အမူအရာဖြင့်ပြောလိုက်သည်… “ကောင်လေးငါ တောင်းပန်ပါတယ်ငါ့ကို ကူညီပေးပါ… “

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၉၄) အလောင်းကောင်ယင်ဂိုဏ်း ()

ဝူယုက အသနားခံသည့်အမူအရာဖြင့် လျင်မြန်စွာ ပြောလိုက်သည်… “ငါက ဒီနေရာကနေ သွားလို့မရဘူးဒါပေမဲ့ မင်းက အလောင်းကောင်ဂိုဏ်းကို သွားပြီး ငါ့ရဲ့ဂိုဏ်းတူအစ်ကိုရီဇီကို ဒီလာပြီး ငါ့ကို ကယ်ပေးဖို့ သွားပြောပေးပါလား… “

ဝမ်လင်းကတော့ မတုန်မလှုပ်ပင် ရှိနေပြီး ဝူယုကို မေးလိုက်သည်… “အပြင်က ခင်ဗျားရဲ့အလောင်းရုပ်သေး သတိမပြုမိဘဲ ငါ့ကို အပြင်ရောက်သွားစေနိုင်တဲ့နည်းလမ်း ခင်ဗျားမှာ ရှိလို့လား… “

ဝူယုက အလျင်အမြန် ခေါင်းညိတ်ပြပြီး ဖြေလိုက်သည်… “ငါ့ရဲ့လက်ကျန်စွမ်းအင်နဲ့ ရွေ့ပြောင်းအလင်းတန်းကို ဖွင့်ပေးပြီးတော့ မင်းကို အလောင်းကောင်ဂိုဏ်း တန်းရောက်အောင် ပို့ပေးနိုင်တယ်… “

ဝမ်လင်းက ဝူယုကို စိုက်ကြည့်လိုက်ပြီး မသိမသာပြုံးကာ ပြောလိုက်သည်… “ငါ့ကို ရွေ့ပြောင်းအလင်းတန်းနဲ့ ပို့နိုင်ရင်ခင်ဗျားက အဲ့တာသုံးပြီး ဘာလို့ ဂိုဏ်းကို မပြန်တာလဲ… “

ဝူယုက သက်ပြင်းချပြီး ပြောလိုက်သည်… “အလောင်းကောင်ရုပ်သေးက ငါနဲ့ ၁၀၀ကီလိုမီတာထက်ပိုပြီး ဝေးဝေးသွားလို့ မရသလိုငါကလည်း သူနဲ့ ၁၀၀ကီလိုမီတာထက် ပိုပြီး ဝေးသွားလို့ မရဘူးအကယ်၍ ဝေးသွားရင် အလောင်းကောင်ရုပ်သေးက ချက်ချင်း သေသွားမယ်ငါကလည်း ခန္ဓာကိုယ် ရှိသေးရင်တော့ ငါ့ရဲ့စိတ်ဝိညာဉ်က ဒဏ်ရာအပြင်းအထန် ရရုံလောက်ပဲဒါပေမဲ့ အခု ငါက စဦးစိတ်ဝိညာဉ်တစ်ကောင်ပဲအလောင်းကောင်ရုပ်သေးနဲ့အတူ မသေချင်သေးဘူး… “

တဖြည်းဖြည်းနှင့် ရုပ်ထုကြီးက ပိုပိုလှုပ်လာသည်။ ဝူယုက ဝမ်လင်း၏မျက်နှာက မပြောင်းလဲသေးသည်ကို တွေ့လျှင် အံကြိတ်ပြီး ပြောလိုက်သည်… “ငါဝူယု မင်းအပေါ် မထိခိုက်စေပါဘူးလို့ ငါ့ရဲ့စဦးစိတ်ဝိညာဉ်ပေါ် ကျိန်ဆိုပါတယ်ကျေးဇူးပြုပြီး ငါ့ကို ကူညီပါကောင်လေးငါ မင်းကို အားသိုင်ကိုတောင်မှ လက်ဆောင်အဖြစ် ပေးနိုင်တယ်သူ့ကိုယ်မှ အဆောင်စာရွက်၉ခုကလည်း အလွန်အစွမ်းထက်တယ်… “

ပြီးတော့ မင်းရဲ့ခန္ဓာကိုယ်ထဲက စိတ်စွမ်းအင်တွေထဲမှာ ယင်ဂုဏ်သတ္တိတွေကို ငါ ခံစားမိသည်။ ငါ ထင်တာ မမှားဘူးဆိုရင် မင်းရဲ့ကျင့်ကြံခြင်းအတွက် ယင်စွမ်းအင်တွေကို စုပ်ယူဖို့ ဒီနေရာကို လာခဲ့တာမလားဒီနေရာမှာရှိတဲ့ ယင်စွမ်းအင်တွေက တစ္ဆေယင်အမျိုးအစားပဲမင်းသာ အလောင်းကောင်ဂိုဏ်းကို သွားမယ်ဆိုရင် အဲ့နေရာမှာ မြေကြီးယင်အမျိုးအစား ကျင့်ကြံတဲ့နေရာတွေ ရှိတယ်… “

ဝမ်လင်းက မျက်မှောင်ကျုံ့ပြီး ပြောလိုက်သည်… “အလောင်းကောင်ဂိုဏ်းက မြေကြီးယင်အမျိုးအစားရှိတဲ့နေရာမှာ ရှိရင် ခင်ဗျားက ဘာလို့ ဒီနေရာကို အဆင့်ချိုးဖြတ်ဖို့အတွက် လာမှာလဲ… “

ဝူယုက ဝမ်လင်းကို သေချာကြည့်လိုက်သည်။ သူ့စိတ်ထဲတွင်လည်း ဒီကောင်လေးက အလွန်စေ့စေ့စပ်စပ် ရှိသည်ဟု တွေးနေသည်။ သူ မည်သို့ပင် ကြိုးစားပါစေ ဝမ်လင်း၏အမူအရာက လုံးဝမပြောင်းလဲပေ။

သူက ဝမ်လင်း၏မေးခွန်းကို ခါးသက်စွာ ပြုံးပြီး ဖြေလိုက်သည်… “ကောင်လေးစောနက ငါ့ရဲ့စဦးစိတ်ဝိညာဉ်အပေါ်မှာ ကျိန်ဆိုထားပြီးပါပြီဒီအလောင်းရုပ်သေးက လူတွေနဲ့မတူဘူးအလောင်းရုပ်သေးက အဆင့်တက်ဖို့အတွက် တစ္ဆေယင်ကို စုပ်ယူဖို့ လိုတယ်ဒါ့ကြောင့် အလောင်းရုပ်သေးကို ဒီနေရာယူလာတာပဲ… “

ထိုအချိန်တွင် ရုပ်ထုကြီးက ပြင်းထန်စွာ လှုပ်လာပြီး ရုပ်ထုကြီး၏ကိုယ်ပေါ်တွင် အက်ရာများ ပေါ်လာ၏။ အက်ကွဲသည့်အသံများကလည်း ဆက်တိုက် ထွက်ပေါ်လာသည်။

ဝူယုက အလွန်စိုးရိမ်နေသည့်အမူအရာဖြင့် ပြောလိုက်သည်… “ကောင်လေးအလောင်းကောင်ဂိုဏ်းမှ မင်း လေ့ကျင့်ချင်တယ်ဆိုလည်း ငါ့တပည့်ဆိုပြီး ဟန်ဆောင်နိုင်ပါတယ်ငါ မင်းကို ဂိုဏ်းကို ရောက်အောင် ပို့ပေးမှာကို သံသယ မရှိပါနဲ့ကောင်လေး ဆုံးဖြတ်ရမှာက မင်းပဲ… “

သူ ပြောလို့ပြီးသည့်အချိန်မှာပင် ရုပ်ထုကြီးက ရုတ်တရက် ပြင်းထန်းစွာ လှုပ်ခတ်သွာပြီး အက်ရာများဖြစ်နေသည့် ရုပ်ထုကြီးက စတင်ပြီး အစိတ်အပိုင်းများ ပြိုကျလာသည်။

ဝမ်လင်း၏စိတ်ထဲတွင်လည်း စိုးရိမ်မှုများနှင့် ပြည့်နေသည်။ သူသာ အခုချိန် မထွက်နိုင်လျှင် အလောင်းရုပ်သေးကြောင့် သူသေရလိမ့်မည်။

ထိုအကြောင်းကို တွေးမိပြီး ဝမ်လင်းက ဝူယုကို ခေါင်းညိတ်ပြလိုက်သည်။

ဝူယုက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လက်နှစ်ဖက်စလုံးကို လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး အစီအရင်များကို ဖန်တီးလိုက်ရာ သူ့ရှေ့တွင် ပဉ္စဂံပုံ ကွင်းတစ်ခု ပေါ်လာသည်။

ပဉ္စဂံပုံ ကွင်းက သက်တန့်ရောင်တောက်ပနေပြီး ထိုအရာမှ စုပ်အားတစ်ခု ထွက်ပေါ်နေသည်ကို ခံစားမိနိုင်သည်။

ထိုအချိန်တွင်ဝုန်းဆိုသောအသံထွက်လာပြီး ရုပ်ထုက တော်တော်များများ ကွဲကြေသွားပြီး အေးစက်သောအသံတစ်ခု ထွက်ပေါ်လာသည်… “ဆရာဆရာ ဘယ်လိုထွက်ပြေးနိုင်ဦးမလဲ မြင်ချင်သေးတယ်… “

ဝူယုက ရွေ့ပြောင်းအလင်းတန်း အပြည့်အဝ ပွင့်သည်အထိ စောင့်မနေတော့ဘဲ အော်ပြောလိုက်သည်… “ကောင်လေးမြန်မြန်သွားတော့ငါ့ရဲ့အသက်ရှင်မှုက မင်း လက်ထဲမှာ… “

ပြောပြီးသည်နှင့် သူက လေထဲတွင် ထိုင်နေသောကျောက်တုံးလူဆီသို့ ပျံသန်းသွား၏။

တစ်ချိန်တည်းမှာပင် ဝမ်လင်းက ရွေ့ပြောင်းအလင်းတန်းဆီသို့ ခုန်ဝင်လိုက်သည်။ ထူးဆန်းသောလူကလည်း အနည်းငယ် တုန့်ဆိုင်းနေပြီးနောက် ရွေ့ပြောင်းအလင်းတန်းဆီသို့ ဝမ်လင်း၏နောက်မှ လိုက်ဝင်သွား၏။

ထိုအခိုက်အတန့်တွင် ရုပ်ထုက လုံးဝကွဲကြေပြီး ပြိုလဲကျသွား၏။ သရော်ပြုံးနှင့် လူငယ်တစ်ယောက်က ဝင်လာသည်။ သို့သော်လည်း ရွေ့ပြောင်းအလင်းတန်းကို မြင်သည်နှင့် သူ၏မျက်နှာက အကြီးအကျယ် ပြောင်းလဲသွား၏။

ဝမ်လင်းကတော့ ရွေ့ပြောင်းအလင်းတန်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် လှိုင်ခေါင်းတစ်ခုအတွင်းသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူ့အပေါ်တွင်လည်း အလင်းရောင်အမှုန်များက ကြယ်များကဲ့သို့ ရှိနေလေသည်။

ဝမ်လင်းက နောက်ကို လှည့်ကြည့်လိုက်ရာ ဘယ်ဘက်ကို ကြည့်လိုက် ညာလက်ကို ကြည့်လိုက် ဖြစ်နေသော အားသိုင်ကို တွေ့လိုက်ရသည်။ အားသိုင်သည် ဝမ်လင်းက သူ့ကို ကြည့်နေသည်ကို သတိပြုမိလိုက်ပြီး ထူးဆန်းသောစကားများကို ဝမ်လင်းကို ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် ရှုပ်ထွေးမှုများနှင့် ပြည့်နေသည်။

အချိန်ကာလတစ်ခု ကြာပြီးနောက် လှိုင်ခေါင်း၏အဆုံးတွင် အလင်းတစ်ခု ပေါ်လာ၏။ ထိုအလင်းသည် တဖြည်းဖြည်း ကြီးလာပြီး လှိုင်ခေါင်းတစ်ခုလုံးကို အပြည့်ဖုံးအုပ်သွားသည်။ ထိုအလင်းထဲမှ စုပ်အားတစ်ခု ထွက်လာပြီး ဝမ်လင်းနှင့်အားသိုင်ကို စုပ်ယူသွား၏။

…………………………………………………

ကျောင်းနိုင်ငံအတွင်းတွင် အလောင်းကောင်ဂိုဏ်းသည် မိစ္ဆာဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ သို့သော်လည်း နံပါတ်၁ ကောင်းကင်နတ်ဆိုးဂိုဏ်းထက် အားနည်းသော်လည်း အလောင်းကောင်ဂိုဏ်းသည် လျှို့ဝှက်ဆန်းကြယ်မှုများ ပြည့်နေသောဂိုဏ်းတစ်ခု ဖြစ်သည်။

ဂိုဏ်းအတွင်း၌ တပည့် ဦးရေ၊ ဂိုဏ်း၏တည်နေရာ၊ ဂိုဏ်းရှိ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ အရေအတွက်။ ထိုအရာများကို အပြင်မှ လူများ တစ်ယောက်မှ မသိကြချေ။

လျှို့ဝှက်လွန်း၍ တစ်ဂိုဏ်းလုံးသုတ်သင်ခံလိုက်ရပြီဟုတောင် ကောလာဟလများ ထွက်လာသေးသည်။

ထိုသို့သောဂိုဏ်းတစ်ခုကို အမှန်ဆိုလျှင် အချိန်များ ကြာလာသည်နှင့်အမျှ ကျင့်ကြံသူတိုင်း မေ့သွားသင့်သည် ဆိုသော်လည်း ကျင့်ကြံသူတိုင်းက အလောင်းကောင်ဂိုဏ်းကို မမေ့ကြချေ။

အကြောင်းရင်းကတော့ အလောင်းကောင်ဂိုဏ်း၏ကျင့်စဉ်နည်းလမ်းကြောင့် ဖြစ်သည်။

အလောင်းကောင်ဂိုဏ်းမှ တပည့်တိုင်းသည် အလောင်းကောင်တစ်ကောင်ကိုသာ သန့်စင်ရန် တစ်ခါ အခွင့်အရေး ရှိ၏။ အလောင်းကောင်တစ်ကောင် သန့်စင်ပြီးလျှင် နောက်တစ်ခု သန့်စင်၍ မရတော့ချေ။

အလောင်းကောင်ဂိုဏ်းမှ တပည့်များအတွက် သူတို့၏ကျင့်စဉ်အဆင့်အပြင် သူတို့၏အလောင်းကောင်ရုပ်သေးများ၏ ကျင့်စဉ်အဆင့်ကလည်း အရေးပါသည်။ သူတို့လေ့ကျင့်နေသည့် ကျင့်စဉ်သည် အံ့ဩဖို့ကောင်းသည့်ကျင့်စဉ်ဖြစ်နေရခြင်းမှာ လွန်ခဲ့သောနှစ်၅၀၀က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် တပည့်တစ်ယောက်သည် စဦးစိတ်ဝိညာဉ်အဆင့် အလောင်းရုပ်သေးတစ်ခုကို ပိုင်ဆိုင်ခဲ့သောကြောင့် ဖြစ်၏။

ထိုတပည့်သည် ထူးဆန်းစွာ ပျောက်ဆုံးသွားသော်လည်း သူ၏ထွက်ပေါ်လာခဲ့မှုက ကျောင်းနိုင်ငံထဲတွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့သည်။ ထို့ကြောင့် ကျင့်ကြံခြင်းအဆင့်နိမ့်သောတပည့်များသည် အလောင်းကောင်ဂိုဏ်းကို ဝင်နိုင်ရန် ယခုအချိန်အထိ အိမ်မက်မက်နေကြဆဲ ဖြစ်၏။

သို့သော်လည်း မည်သူကမှ အလောင်းကောင်ဂိုဏ်း၏နေရာကို ရှာတွေ့နိုင်ခြင်း မရှိကြချေ။

ကျောင်းနိုင်ငံ၏အနောက်ဘက် အလွန်ဝေးကွာသောနေရာတစ်ခုတွင် တစ်နှစ်ပတ်လုံး ယင်စွမ်းအင်များဖြင့် ပြည့်နေသောနေရာတစ်ခု ရှိသည်။ ထိုနေရာကို ကျင့်ကြံသူများက မလာချင်ကြပေ။

အဘယ်ကြောင့်ဆိုသော် ထိုနေရာတစ်ခုလုံးတွင် ယင်စွမ်းအင်များ သိပ်သည်းစွာ ရှိနေပြီး စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများပင် မထိချင်သော မြေကိုးမျိုးစွမ်းအင်ပါ ရှိ၏။ စဦးစိတ်ဝိညာဉ်အဆင့်အောက် မည်သည့်ကျင့်ကြံသူမဆို မြေကိုးမျိုးစွမ်းအင်ကို ထိလိုက်သည်နှင့် ဒဏ်ရာရမည် ဖြစ်သည်။

ထိုနေရာသည် လျှို့ဝှက်ဆန်းကြယ်ပြီး တားမြစ်စည်းများလည်းရှိသည့်အတွက် ရတနာပစ္စည်းကောင်းများ ရှိနိုင်သည်ဟုထင်ပြီး မိစ္ဆာဂိုဏ်းအနည်းငယ်က စုပေါင်းကာ ထိုနေရာကို ဝင်ရောက်ရှာဖွေခဲ့ကြဖူးသည်။

သို့သော်လည်း ထိုနေရာတစ်ခုလုံးတွင် မည်သည့်ရတနာမှ ရှိမနေချေ။ တချို့ဆိုလျှင် မြေအောက်အထဲထိ ရှာကြည့်သော်လည်း ဘာကိုမှ မတွေရချေ။

ထို့ကြောင့် သူတို့အားလုံးသည် တခြားဂိုဏ်းများ၏လှောင်ပြောင်းခြင်းကို ခံခဲ့ကြရ၏။

မည်သည့်ရတနာပစ္စည်းများ ရှိမနေသည့်အတွက် တဖြည်းဖြည်းနှင့် ထိုနေရာကို လူအားလုံးက မေ့သွားကြသည်။

ထိုနေရာ၏အလယ်တွင် မြူများ ဖုံးအုပ်ထားသော နေရာတစ်ခု ရှိသည်။

မြူထဲတွင် ရွှံ့တောကြီးက နေရာတစ်ခုလုံးကို နေရာယူထား၏။ ထိုရွှံတော၏အောက်တွင် ကြီးမားသောဥမင်လှိုင်ခေါင်းတစ်ခု ရှိနေသည်။ ထိုထဲတွင် များစွာသောဥမင်လှိုင်ခေါင်းအသေးများ ရှိပြီး တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။

ထိုနေရာသည် ကျောင်းနိုင်ငံ၏အလျှို့ဝှက်ဆုံးဂိုဏ်းဖြစ်သည့် အလောင်းဂိုဏ်းတည်ရှိရာနေရာ ဖြစ်သည်။

ဥမင်လှိုင်ခေါင်းကြီး၏အလယ်နေရာသည် ဟုန်ယွီဂိုဏ်း၏အဓိကခန်းမထက် အဆပေါင်းများစွာ ကျယ်ဝန်း၏။ အထဲတွင် ဝင်္ကပါပြုလုပ်ထားသော ခရမ်းရောင်သစ်သားတိုင်လုံး၈တိုင် ရှိပြီး ခရမ်းရောင်သစ်သားတိုင်လုံးများမှ ခရမ်းရောင်စွမ်းအင်များက အဆုံးမရှိ ထုတ်လွှတ်နေ၏။

သစ်သားတိုင်လုံးများပေါ်တွင် သင်္ကေတများစွာ ထွင်းထုထားကာ အလင်းကြိုးများက သင်္ကေတတစ်ခုနှင့်တစ်ခုကို ဆက်သွယ်ပေးထားသည်။ အပေါ်မှသာ ကြည့်လိုက်လျှင် ထိုအလင်းကြိုးများက အလင်းကွင်း၄၉ကွင်း ဖြစ်ပေါ်နေသည်ကို မြင်နေပေလိမ့်မည်။

တိုင်လုံး၈လုံးပေါ်တွင် လူငယ်၈ယောက်က ထိုင်နေပြီး သူတို့နောက်တွင် အခေါင်း၈ခုက လေထဲမျောနေ၏။

ရုတ်တရက် အလင်းကွင်း၅ခုက တောက်ပလာပြီး အပြာရောင်ဝတ်ဆင်ထားသော လူငယ်တစ်ယောက်နှင့်ခေါင်းတလားတစ်ခု ပေါ်လာသည်။

တိုင်၈လုံးပေါ်ရှိ လူငယ်၈ယောက်ထဲမှ တစ်ယောက်သည် မျက်လုံးကို ဖွင့်လိုက်ပြီး ရောက်ရှိလာသောလူငယ်ကို ကြည့်ကာ ပြောလိုက်သည်… “မင်း ဘယ်က လာခဲ့တာလဲ… “

အပြာရောင်ဝတ်ဆင်ထားသောလူငယ်က အရိုအသေပေးပြီး ပြောလိုက်သည်… “အဆင့်၂နိုင်ငံ အလောင်းကောင်ဂိုဏ်းခွဲမှ လင်းရီပါအဆင့်တိုးစာမေးပွဲအတွက် လာခဲ့ခြင်း ဖြစ်ပါတယ်… “

တိုင်လုံးပေါ်မှ လူငယ်က အေးစက်စွာ ဝေ့ကြည့်ပြီး ပြောလိုက်သည်… “ညာဘက်က ဂူနံပါတ်၁၈ဝင်သွားလိုက်… “

အပြာရောင်ဝတ်လူငယ်က ရိုသေစွာ လက်နှစ်ဖက်ကို ဆုပ်ပြီး နှုတ်ဆက်ကာ အစီအရင်ထဲမှ ထွက်သွားကာ ဂူနံပါတ်၁၈ထဲသို့ ဝင်သွား၏။

ကျောက်တိုင်ပေါ်ရှိလူငယ်က မသိမသာ ခေါင်းကို ညိတ်ပြီး မျက်လုံးကို ပိတ်လိုက်သည်။

နောက်ထပ်နာရီပေါင်းများစွာအတွင်း ရွေ့ပြောင်းအလင်းတန်းမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့ကြသည်။ ထိုအထဲမှ အသန်မာဆုံးတစ်ယောက်သည် အလင်းကွင်းကို ၁၃ကွင်းထိသာ လင်းစေခဲ့၏။ အလင်းကွင်း၁၃ခု လင်းလာသည်နှင့် ကျောက်တိုင်ပေါ်မှ လူငယ်၂ယောက်က မျက်လုံးဖွင့်ကြည့်လိုက်သည်။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာပြီးနောက် အလင်းကွင်းက နောက်တစ်ကြိမ် လင်းလက်လာ၏။ သည်တစ်ကြိမ်တွင် အလင်းကွင်း၆ကွင်းသာ လင်းလက်သွားသည်။ ထိုအခါ ကျောက်တိုင်ပေါ်မှ လူငယ်တစ်ယောက်က မျက်လုံးကို ဖွင့်ကြည့်လိုက်၏။ ထိုအခိုက်အတန့်တွင် ရုတ်တရက် အလင်းကွင်းများက တစ်ခုပြီးတစ်ခု လင်းလာသည်။

ဒါက ဘာဖြစ်တာလဲ… “

နောက်ထပ်လူငယ်တစ်ယောက်ကလည်း မျက်လုံးဖွင့်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ ဝင်္ကပါအစီအရင်ဆီသို့ ဂရုတစိုက်ဖြင့် ပြန်ကြည့်လိုက်၏။

မကြာမီအလင်းကွင်းများက ၂၈ခုထိ လင်းလာသည်။

ကြည့်ရတာ စီနီယာတစ်ယောက် ဒီကို လာနေတာ ထင်တယ်… “

နောက်ထပ်လူငယ်နှစ်ယောက် မျက်လုံးပွင့်လာပြီး ဝင်္ကပါအစီအရင်ကို ကြည့်လိုက်သည်။ သူတို့လေးယောက်လုံး၏မျက်လုံးထဲတွင် လေးစားမှုအရိပ်အယောင်များ ရှိနေ၏။

ထိုအချိန်မှာပင် အလင်းကွင်းများက ထပ်မံလင်းလက်လာပြီး အလင်းကွင်း ၂၈ခုမှ ၄၀ထိရောက်သွား၏။

ကျန်ရှိနေသောလူငယ်၄ယောက်လည်း မျက်လုံးဖွင့်လိုက်ကြပြီး ၈ယောက်လုံး မတ်တပ်ရပ်လိုက်ကြသည်။ ထို့နောက် အားလုံးက ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်ကြသည်… “စီနီယာကို ကြိုဆိုပါတယ်… “

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၉၅) ဂိုဏ်းထဲသို့ ဝင်ရောက်ခြင်း

သူတို့ပါးစပ်မှစီနီယာဟု ထွက်သွားချိန်တွင် နောက်ထပ် အလင်းကွင်း၃ခုက လင်းလက်သွား၏။

ထိုအခါ လူငယ်၃ယောက်၏မျက်နှာများသည် နောက်တစ်ကြိမ် ပြောင်းလဲသွားပြီး အံ့ဩနေသည့်အရိပ်အယောင်များဖြင့် ပြည့်နေ၏။ သူတို့က ဒူးတစ်ဖက်တည်း ထောက်ထားရာမှ နောက်ဖက်တစ်ဖက်ပါ ချလိုက်ပြီး ဒူးနှစ်ဖက်စလုံးထောက်ကာ ပိုပြီး ရိုသေလေးစားသည့်အပြုအမူကို ပြလိုက်ကြသည်။ အလင်းကွင်း၄၀ထိ လင်းလက်လျှင် ယခုရောက်လာမည့်လူက အလောင်းကောင်းဂိုဏ်း၏ အရေးပါသည့်လူတစ်ယောက် ဖြစ်ပြီး အလင်းကွင်း၄၀ကျော်လျှင် စဦးစိတ်ဝိညာဉ်အဆင့် ဘိုးဘေးတစ်ယောက် ဖြစ်၏။

ဝင်္ကပါအစီအရင်ထဲတွင် ပုံရိပ်နှစ်ခု ပေါ်လာပြီး တဖြည်းဖြည်းနှင့် အစစ်ဖြစ်လာသည်။ နှစ်ယောက်ထဲမှ တစ်ယောက်က အသက်၂၀ခန့်ရှိပြီး ရုပ်ရည်က တည်ကြည်ခန့်ညားပြီး အေးစက်နေသည်။ သူက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့နောက်တွင် အပြာရောင်အသားအရေနှင့်လူတစ်ယောက် ပါလာသည်။ ထိုလူ၏ကိုယ်တွင် သင်္ကေတများစွာ ရှိပြီး အဆောင်စာရွက်၉ခုကိုလည်း ကပ်ထားသေး၏။

ထိုလူနှစ်ယောက် ထွက်ပေါ်လာသည်နှင့် အေးစက်သောလေထုက ပြန့်နှံ့လာသည်။

သူတို့၂ယောက်အားမြင်ပြီး လူငယ်၈ယောက်မှ တစ်ယောက်က အာမေဋိတ်သံ ထွက်သွားပြီး အားလုံးကလည်း အံ့ဩနေ၏။

ဝတ်စုံနက်နှင့်လူငယ်သည် ဝမ်လင်း ဖြစ်ပြီး သူက ရောက်သည်နှင့် ချက်ချင်း ပါးစပ်ထဲမှ အစိမ်းရောင်ဓားကို ထုတ်လိုက်သည်။ ဓားက အေးစက်သောအော်ရာများ ထုတ်လွှတ်ပြီး သူ့ခန္ဓာကိုယ်ဘေးတွင် ပတ်ပျံနေပြီး ဓားဦးက လူငယ်၈ယောက်ကို တစ်လှည့်စီချိန်နေလေသည်။

ဝမ်လင်းသည် နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်မှ စိတ်သက်သာရာ ရသွား၏။ လူငယ်၈ယောက်လုံးသည် ချီစုစည်းခြင်းအဆင့် အလွှာ၁၅သာ ရောက်သေးကြသည်။ သူတို့ကို သူသာ သတ်ချင်လျှင် တစ်ချက်တည်းနှင့် သတ်နိုင်ပေသည်။

သူ့နောက်မှ အားသိုင်ကတော့ တိုင်လုံး၈ခုပေါ်မှ သင်္ကေတများကို ကြည့်ပြီး တစ်ခုခုကို လေးလေးနက်နက် တွေးနေပုံပင်။

တိုင်လုံးပေါ်မှ လူငယ်၈ယောက်လုံးက မတ်တပ်ထလိုက်ပြီး သူတို့ထဲမှ တစ်ယောက်က မေးလိုက်သည်… “စီနီယာက ဘယ်သူလဲ ပြောပြပေးနိုင်မလား… “

ဝမ်လင်းက အေးစက်စွာဖြင့် ပြောလိုက်သည်… “ငါ့နာမည် ဝမ်လင်းငါ့ဆီမှာ အရေးကြီးပြောပြစရာ တစ်ခု ရှိတယ်လို့ ဆရာဦးလေးရီဇီကျိုင်းကို ပြောပေးပါ… “

လူငယ်က အထိတ်တလန့် ဖြစ်သွားပြီး တခြားလူငယ်များအား ပြန်ကြည့်လိုက်ကာ ပြောသည်… “စီနီယာငါက ဒီလိုတော့ ကူညီပေးလို့ မရဘူးဒါပေမဲ့ အကြီးအကဲဆီကိုတော့ ခေါ်သွားပေးနိုင်တယ်… “

ဝမ်လင်းက ခေါင်းညိတ်လိုက်ပြီး ဝင်္ကပါအစီအရင်ဘက်သို့ ထွက်လာ၏။ အားသိုင်ကလည်း သူ့နောက်မှ လိုက်လာသည်။

လူငယ်ကလည်း ကျောက်တိုင်ပေါ်မှ ခုန်ဆင်းလိုက်၏။ သူ့နောက်မှ ခေါင်းတလားကလည်း သူ့နောက်မှ ကပ်ပါလာသည်။

စီနီယာဒီလမ်းပါ… “ ပြောပြီးသည်နှင့် လူငယ်က လှိုင်ခေါင်းတစ်ခုထဲသို့ ပျံသန်းဝင်ရောက်သွား၏။

ဝမ်လင်းကလည်း စကားတစ်ခွန်းမှ မဆိုဘဲ သူ့နောက်သို့ လိုက်သွားသည်။

လမ်းတစ်လျှောက် လူငယ်က စစ်ဆေးသလိုဖြင့် မသိမသာ အကဲခတ်နေသည်။ သူ ပိုပြီးကြည့်လေ ဝမ်လင်းကို ပိုပြီး လေးစားမိလာသည်။ ကျင့်ကြံခြင်းလောကတွင် စွမ်းအားကသာ အခရာ ဖြစ်သည်။ ဝမ်လင်း၏ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်နှင့်ဆိုလျှင် ထိုလူငယ်လေးက လေးစားသည်မှာ သာမန်သာ ဖြစ်သည်။

ဝမ်လင်းနောက်မှ အားသိုင်သည်လည်း လူငယ်လေး၏စိတ်ကို ဆွဲဆောင်ထားနိုင်၏။

အလားတူစွာ ဝမ်လင်းကလည်း လူငယ်လေးကို အကဲခတ်လိုက်သည်။ အထူးသဖြင့် သူ့နောက်မှ ခေါင်းတလားကို ဖြစ်သည်။ ခေါင်းတလားမှ အအေးဓာတ်စွမ်းအင်များက သိသိသာသာ ထွက်နေပြီး အထဲကို ကြည့်လို့မရစေရန် နတ်ဘုရားစိတ်အာရုံကို တားမြစ်ထားသည့်စည်းတစ်ခုလည်း ရှိသည်။ သို့သော်လည်း ဝမ်လင်းသည် ခန္ဓာကိုယ်သန့်စင်ခြင်းအလယ်အဆင့်ကို ရောက်နေသည့်အတွက် အနည်းငယ် အားစိုက်လိုက်ရုံမျှဖြင့် အထဲကို မြင်နိုင်ပေသည်။

အထဲတွင် အလောင်းတစ်လောင်း ရှိပြီး ခန္ဓာကိုယ်က ခြောက်သွေ့ပြီး အိပ်ပျော်နေသည်။ ဝမ်လင်းက အလောင်းကို မြင်လိုက်သည်နှင့် အလောင်းက မျက်လုံးပွင့်လာ၏။ အလောင်းမျက်လုံးထဲတွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

လူငယ်က သတိပြုမိသွားပြီး ခေါင်းတလားကို လက်ဝါးဖြင့် ရိုက်လိုက်ရာ အလောင်းက မျက်လုံးပြန်မှိတ်သွား၏။ ထို့နောက် လူငယ်က ပြုံးပြီး ပြောလိုက်သည်… “စီနီယာဒီအလောင်းရုပ်သေးက ကျွန်တော့်ရဲ့ဆရာက ကျွန်တော့်ကို ပေးခဲ့တာပါဆရာက ဒါကို အပြင်က တိုက်ပွဲတွေဆီကနေ ရလာခဲ့တာအဲ့တာကြောင့် ဒီအလောင်းရုပ်သေးက နတ်ဘုရားစိတ်အာရုံကို အာရုံခံနိုင်တဲ့စွမ်းအား အရမ်းကောင်းပြီး သတ်ဖြတ်ချင်စိတ်တွေ ပြည့်နေတာပါဒါကို သန့်စင်နိုင်ဖို့ အချိန်တော်တော် ယူလိုက်ရတယ်… “

ဝမ်လင်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်… “မင်းရဲ့အလောင်းရုပ်သေးက ခန္ဓာကိုယ်သန့်စင်ခြင်းအစာပိုင်းအဆင့်ပဲမဆိုးဘူး… “

ဝမ်လင်း၏စကားကို လူငယ်က ကြားလိုက်သည်နှင့် ပိုပြီး အံ့အားသင့်သွား၏။ ခေါင်းတလားတွင် နတ်ဘုရားစိတ်အာရုံကို တားဆီးပေးနိုင်သည့် ဂုဏ်သတ္တိရှိသည်။ သို့သော်လည်း ဝမ်လင်းက ခေါင်းတလားကို ဖောက်ပြီး မြင်နိုင်ပုံရသည်။ ထိုသို့ ဝမ်လင်းက ခန္ဓာကိုယ်သန့်စင်ခြင်းနှောင်းပိုင်းအဆင့်၌ပင် ရှိနိုင်သည်ဟု လူငယ်၏စိတ်ထဲတွင် တွေးမိလိုက်၏။

ထိုသို့ တွေးမိသည်နှင့် ဝမ်လင်းကို ပိုမိုလေးစားသွားပြီး မေးလိုက်သည်… “စီနီယာဒါက စီနီယာရဲ့ အလောင်းရုပ်သေးလား… “

ဝမ်လင်းက ခေါင်းညိတ်ပြုလိုက်သည်။

လူငယ်က အားသိုင်ကို ကြည့်ပြီး ပြောလိုက်သည်… “စီနီယာရဲ့ အလောင်းရုပ်သေးက အသိစိတ်ရနေပြီလားဒီမှာတော့ ဘိုးဘေးဇီရဲ့ လျိုရှပဲ အသိစိတ်ရသေးတယ်… “

ဝမ်လင်းက လူငယ်ကို ကြည့်လိုက်ပြီး ဘာမှမဖြေလိုက်ပေ။

လူငယ်၏အကြည့်များက အားသိုင်ကို ဒေါသထွက်လာစေပြီး အားသိုင်က အော်လိုက်သည်။

အားသိုင်၏စကားကို ကြားပြီး လူငယ်က အလန့်တကြား ဖြစ်သွားကာ မေးလိုက်သည်… “စီနီယာရဲ့အလောင်းရုပ်သေးက စကားပြောလို့ ရတာလား… “

ဝမ်လင်းက မဖြေဘဲ မျက်မှောင်ကျုံ့ပြီး စိုက်ကြည့်လိုက်သည်။ စိတ်ထဲတွင်လည်းဒီကောင် အရမ်းစကားများတာပဲဟု တွေးနေလေသည်။

ချူးယန် ပြန်ဖြေသည်ဖြစ်စေ၊ မဖြေသည်ဖြစ်စေ လူငယ်ကတော့ တစ်လမ်းလုံး ဆက်တိုက် ပြောလာ၏။

လူငယ်သည် အားသိုင်မှစ၍ ပြောလိုက်သည်မှာ သူ၏နောက်လိုက်တပည့်၊ဆရာ၊ ဂိုဏ်းမှ ဘိုးဘေးများ အစရှိသဖြင့် ပြောပြခဲ့ရာ ဝမ်လင်းသည်လည်း အလောင်းကောင်ဂိုဏ်းအကြောင်းကို တော်တော်များများ သိသွား၏။

ကျောင်းနိုင်ငံရဲ့အလောင်းကောင်ဂိုဏ်းက အဆင့်၁၊၂ နိုင်ငံက အဆင့်တိုးစာမေးပွဲတွေ အားလုံးကို ချုပ်ကိုင်ထားတယ်… “

လှိုင်ခေါင်းကလည်း တဖြည်းဖြည်း ကျယ်လာသည်။ လူငယ်ကတော့ ဆက်ပြောနေတုန်းပင်။

လူငယ်က လှိုင်ခေါင်းအဆုံးကို မြင်သည်နှင့် အရှိန်တင်ပြီး ပျံသန်းသွား၏။

လှိုင်ခေါင်းအဆုံးမှ ထွက်လိုက်သည်နှင့် ကြီးမားသောဂူကြီးထဲသို့ ရောက်သွား၏။ ဂူကြီးထဲတွင် ကျောက်တိုင်လုံးကြီး၅တိုင် ရှိပြီး တိုင်ထိပ်တစ်ခုစီတွင် ကြီးမားသော အပြာရောင်မီးတောက်လုံးများ ရှိနေသည်။

အလယ်ရှိတိုင်လုံးပေါ်တွင် အဘိုးအိုတစ်ယောက် ထိုင်နေပြီး သူ့မျက်နှာက နီကြန့်ကြန့် ရှိပြီး သူ၏ဆံပင်များက လေမတိုက်ဘဲ လွင့်နေ၏။ ထိုအဘိုးအိုသည် ကျင့်ကြံနေပြီး မီးလုံးများက သူ၏ကိုယ်ထဲသို့ ဝင်ရောက်ပြီး ပြန်ထွက်လာကာ ကျောက်တိုင်လုံးအတွင်းသို့ ဝင်ရောက်သွားသည်။

ဂူထဲသို့ ဝမ်လင်းတို့ ရောက်သည်နှင့် အဘိုးအိုက မျက်လုံးဖွင့်ပြီး ဝမ်လင်းကို အေးစက်စက်အကြည့်ဖြင့် စစ်ဆေးသကဲ့သို့ ကြည့်လိုက်သည်။

ဝမ်လင်းက နတ်ဘုရားစိတ်အာရုံဖြင့် ပြန်ပြီး စစ်ဆေးကြည့်ရာ ထိုအဘိုးအိုသည် ခန္ဓာကိုယ်သန့်စင်ခြင်းအလယ်အဆင့်သို့သာ ရောက်သေးကြောင်း တွေ့လိုက်ရသည်။

လူငယ်က လျင်မြန်စွာဖြင့် အဘိုးအိုကို အရိုအသေပေးပြီး ပြောလိုက်သည်… “အကြီးအကဲဒီစီနီယာက အလင်းကွင်း၄၃ခုနဲ့ ရောက်လာတာပါသူက ဘိုးဘေးရီကို တွေ့ချင်တယ်လို့လည်း ပြောပါတယ်… “

ထိုစကားကို ကြားလိုက်သည်နှင့် အဘိုးအို၏မျက်နှာက ပြောင်းလဲသွားပြီး ထူးဆန်းသည့်အကြည့်ဖြင့် ဝမ်လင်းကို ကြည့်လိုက်သည်… “ကျင့်ကြံသူရောင်းရင်းကို ဘယ်သူကများ ရွှေ့ပြောင်းအလင်းတန်းကို ဖွင့်ပေးခဲ့တာပါလဲ… “

ဝမ်လင်းက တည်ငြိမ်စွာဖြင့် ဖြေလိုက်သည်… “ဝူယု… “

ထိုနာမည်ကို ကြားပြီး အဘိုးအို၏မျက်နှာထားက ချက်ချင်းပြောင်းလဲသွားပြီး မတ်တပ်ထရပ်ကာ ပြောလိုက်သည်… “လွန်ခဲ့တဲ့ နှစ်၃၀၀ကျော်က ပျောက်သွားတဲ့ ဘိုးဘေးဝူယုလားဘိုးဘေးနဲ့ မင်းနဲ့က ဘယ်လိုပတ်သက်လဲ… “

အဘိုးအိုကို ကြည့်ပြီး ဝမ်လင်းက ပြောလိုက်သည်… “တပည့်… “

အဘိုးအိုက လေကို ရှူသွင်းလိုက်သည်။ ဝူယု၏အဆင့်အတန်းသည် အလောင်းကောင်းဂိုဏ်း၌ အလွန်မြင့်မားလှသည်။ သူ့စိတ်ထဲတွင် တွေးလိုက်သည်

ဒီကောင်လေးပြောတာသာ အမှန်ဆိုလျှင် သူ့ကို ငါတားလို့ မဖြစ်ဘူး… ‘

သူက အတွေးဆုံးသည်နှင့် ဝမ်လင်းကို ပြုံးပြပြီး ပြောလိုက်သည်… “ဒါဆို ဆရာဦးလေးက ပြန်လာပြီလားဒီဂျူနီယာရဲ့နာမည်က မုရုံပါစီနီယာရဲ့နာမည်ကို ပြောပြနိုင်မလား… “

ဝမ်လင်းက မသိမသာ ပြုံးပြီး ပြန်ပြောလိုက်သည်… “ငါ့နာမည်က ဝမ်လင်းပါဆရာဦးလေးဆီကို ခေါ်သွားပေးနိုင်မလားစီနီယာလို့ခေါ်ခံဖို့ ငါက မထိုက်တန်ပါဘူး… “

မုရုံက တစ်ချက်ရယ်လိုက်ပြီး လူငယ်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်… “မင်း အခု ပြန်နိုင်ပြီဆရာဦးလေးရဲ့တပည့်ဝမ်ကို ငါပဲ လိုက်ပို့ပေးလိုက်မယ်… “

လူငယ်က လျင်မြန်စွာ သဘောတူလိုက်ပြီး နောက်လှည့်ကာ ထွက်သွား၏။

လူငယ်ထွက်သွားသည်နှင့် မုရုံက ဝမ်လင်းကို ကျောက်တိုင်လုံးပေါ်သို့ ဖိတ်ခေါ်ပြီး မေးလိုက်သည်… “ညီငယ်ဝမ်ဘိုးဘေးဝမ်က ညီလေးနဲ့အတူ ပါမလာဘူးလား… “

ဝမ်လင်းက မုရုံကို ကြည့်ပြီး ပြန်ပြောလိုက်သည်… “ငါ့ဆရာရဲ့အလောင်းရုပ်သေးမှာ ပြဿနာတစ်ခု ရှိနေတယ်ဒါကြောင့် သူက အဲ့တာကို ဂရုစိုက်ဖို့ နေခဲ့တယ်… “

မုရုံက ခေါင်းညိတ်ပြီး ပြောလိုက်သည်… “ဘိုးဘေးဝူယုရဲ့အလောင်းရုပ်သေးက ဘိုးဘေးရီရဲ့အလောင်းရုပ်သေးနီးပါး အစွမ်းထက်တယ်အလောင်းရုပ်သေးက စွမ်းအားကြီးလေ ထိန်းချုပ်ရခက်လေပဲဒါပေမဲ့လည်း ဘိုးဘေးဝူယုရဲ့စွမ်းအားနဲ့ဆိုရင် ပြဿနာကြီးကြီးမားမားတော့ ရှိမှာ မဟုတ်ဘူး… “

သူက ဝမ်လင်းကိုကြည့်ပြီး ဝမ်လင်းဆီမှ အချက်အလက်များ နှိုက်ထုတ်ဖို့ ကြိုးစားလိုက်သည်။

ကံဆိုးစွာနှင့်ပင် ဝမ်လင်း၏အမူအရာက လုံးဝမပြောင်းလဲသွားချေ။ မုရုံက အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်… “ဒီမှာ ခဏလောက် စောင့်ပါဦးငါ ဘိုးဘေးရီကို အကြောင်းကြားလိုက်ဦးမယ်… “

ပြောပြီးသည်နှင့် သူက သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ သူက ကျောက်စိမ်းပြားကို အရေးကြီးသည့် အမူအရာဖြင့် ကိုင်ထားပြီး ဂူပေါက်တစ်ခုအတွင်းသို့ ပစ်လိုက်၏။

ကျောက်စိမ်းပြားက မုရုံ၏လက်ထဲမှ ထွက်သွားပြီး ဂူတစ်ခုအတွင်းသို့ ပျံသန်းဝင်ရောက်သွား၏။

ကျောက်စိမ်းပြားကို ပစ်လိုက်ပြီးနောက် ဝမ်လင်းနောက်မှ အားသိုင်ကို ကြည့်လိုက်သည်။ သူက တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ကျောက်တိုင်လုံးကြီးများပေါ်မှ အပြာရောင်မီးတောက်များကို သေချာကြည့်နေသည့် ဝမ်လင်း၏ စကားကြောင့် မပြောဖြစ်လိုက်ပေ။

အစ်ကိုမုဒီယင်မီးတောက်တွေထဲမှာ ယင်စွမ်းအင်တွေ ပါနေတယ်အဲ့ဒီယင်စွမ်းအင်တွေက သာမန်မဟုတ်သလိုပဲ… “

မုရုံက တစ်ချက်ရယ်ပြီး ဖြေလိုက်သည်… “ညီငယ်ဝမ်လွန်ခဲ့တဲ့နှစ် ရာပေါင်းများစွာက ရှေးဂိုဏ်းတွေက အမြုတေအဆင့်ကျင့်ကြံသူတွေရဲ့ အမြုတေကို အရည်ဖျော်ပြီးတော့ ဒီအပြာရောင်မီးတောက်တွေကို ဖန်တီးထားတာပဲဘိုးဘေးရီက ထပ်ပြီးတော့ မီးတောက်တွေကို သန့်စင်လိုက်တဲ့အခါမှာ ဒီမီးတောက်တွေက အလောင်းကောင်ဂိုဏ်းရဲ့ ရတနာ ဖြစ်လာတယ်ဒီမီးတောက်တွေက ငါတို့ရဲ့ ကျင့်ကြံခြင်းကို အရမ်း အထောက်အကူပြုတယ်အထူးသဖြင့် ငါတို့ရဲ့အလောင်းရုပ်သေးတွေကို ပိုပြီး အကျိုးဖြစ်စေတယ်… “

ဝမ်လင်းက အပြာရောင်မီးတောက်တွေကို ကြည့်ပြီး လက်ကို ဝေ့ရမ်းလိုက်ရာ အပြာရောင်မီးတောက်တစ်ခုက သူ့ဆီကို မျောလွင့်လာ၏။ သူက မီးတောက်ကို သေချာကြည့်ပြီးနောက် မီးတောက်ထဲသို့ သူ၏ယင်စွမ်းအင်များ ထည့်ကြည့်လိုက်သည်။ မီးတောက်မှ တကျီကျီမြည်သံများ ထွက်ပေါ်လာပြီး မီးတောက်က သူ့လက်ပေါ်တွင် အပြာရောင်အလုံးလေး ဖြစ်သွား၏။

မုရုံ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး ပြုံးလိုက်သည်… “ညီငယ်ဝမ်ဒီမီးတောက်အငွေ့တစ်ခုကို အစိုင်အခဲဖြစ်သွားအောင် လုပ်ဖို့ဆိုတာ တစ်ကယ်မလွယ်ဘူးကြည့်ရတာ ဘိုးဘေးဝူယုက ညီလေးကို တော်တော်ချစ်တယ် ထင်တယ်… “

ဝမ်လင်း၏ယင်စွမ်းအင်ကြောင့် ဝမ်လင်းအပေါ် ရှိနေသည့် မုရုံ၏သံသယလက်ကျန်လေးက ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ထိုအချိန်တွင် အပြောရောင်မီးတော့်များသည် ရုတ်တရက် စုစည်းလာပြီး မီးတောက်ထဲတွင် လူတစ်ယောက်၏ပုံစံ ပေါ်လာသည်။ ထိုပုံရိပ်ဆီမှ အားကောင်းသောဖိအားတစ်ခုလည်း ထွက်ပေါ်နေသည်။

ထိုပုံရိပ်ဆီမှလာသော ဖိအားအောက်တွင် ဝမ်လင်းက မျက်မှောင်ကျုံ့သွားပြီး ထိတ်လန့်သွား၏။ ထို့နောက် သူက မုရုံကို ကြည့်လိုက်ရာ ဒူးထောက်နေသည်ကို တွေ့လိုက်ရသည်။

ထိုပုံရိပ်ဆီမှ အက်ကွဲကွဲအသံတစ်ခု ထွက်ပေါ်လာသည်… “မင်းက ဂိုဏ်းတူညီလေးဝူယုရဲ့ တပည့်လား… “

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၉၆) ခန္ဓာပိုင်ရှင်

အသံထွက်ပေါ်လာသည်နှင့် ထိုအသံက ပြင်းထန်းသောလေတစ်ခု အဖြစ်ပြောင်းသွားကာ ဂူအတွင်းရှိ မီးတောက်များအားလုံးကို မှိန်သွားစေသည်။ ထို့အပြင် အသံလည်း ဂူထဲတွင် ပဲ့တင်ထပ်နေပြီး ကောင်းကင်မှ အပြစ်ပေးသံအလား ထင်မှတ်စေသည်။

ဝမ်လင်းက လေကို ပြင်းပြင်းရှူလိုက်ပြီး လက်နှစ်ဖက်ဆုပ်ပြီး အရိုအသေပေးကာ ပြောလိုက်သည်… “စီနီယာရီကို နှုတ်ဆက်ပါတယ်… “

မီးတောက်ထဲက ပုံရိပ်က ပိုမို ပီပြင်လာပြီး အသက်၄၀အရွယ်လူကြီးတစ်ယောက်အဖြစ် ပေါ်လာသည်။ သူက ဝမ်လင်းကို ကြည့်ပြီး မျက်နှာသေဖြင့် ပြောလိုက်သည်… “မုရုံမင်း သွားနိုင်ပြီ… “

မုရုံက မြေပေါ်တွင် ဒူးထောက်နေရာမှ ချက်ချင်း ထပြီး ဂူတစ်ခုအတွင်းသို့ တစ်ဟုန်ထိုး ပျံသန်းကာ ပျောက်ကွယ်သွား၏။

ရီဇီက သက်ပြင်းချပြီး လွှမ်းဆွတ်နေသည့်အသံဖြင့် ပြောလိုက်သည်… “ဝမ်လင်းက မင်းက အလောင်းကောင်ဂိုဏ်းက တပည့်တစ်ယောက် မဟုတ်ဘူးပြီးမှာ မင်းနဲ့ငါပဲ ရှိတာညာနေစရာလည်း မလိုဘူးငါ့ရဲ့ဂိုဏ်းတူညီလေးမှာ ပြဿနာတစ်ခုခု ရှိနေရမယ်ငါ့ကို ပြောပြပါ… “

ဝမ်လင်းက ခါးကို ဆန့်လိုက်သည်။ ယခု တခြားသူများလည်း မရှိသည့်အပြင် စဦးစိတ်ဝိညာဉ်အဆင့်ကို လိမ်ညာရန်ကလည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် အမှန်အတိုင်းပြောရန် ဆုံးဖြတ်လိုက်သည်။

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် မြို့ပျက်ကြီးထဲတွင် ဖြစ်ပျက်ခဲ့သမျှအား ပြောပြလိုက်၏။

ရီဇီက ဝမ်လင်းပြောသည့်စကားများကို အဆုံးထိ နားထောင်ပြီးနောက် မျက်လုံးမှိတ်ကာ တွေးလိုက်သည်… “ဝမ်လင်းပြောတာ အမှန်တွေ ဖြစ်နိုင်တယ်ဝူယု ထွက်သွားတဲ့အချိန်တုန်းက သူ့ရဲ့အလောင်းရုပ်သေးကို တိုးတက်အောင် လုပ်ဖို့ဆိုပြီး ပြောသွားတယ်အခု အလောင်းရုပ်သေးက သူ့ကို ပြန်ပြီး ဆန့်ကျင်သွားတဲ့အပြင် စဦးစိတ်ဝိညာဉ်အလယ်အဆင့်ကိုလည်း ရောက်သွားသေးတယ်ညီလေးဝူယုက သူ့ရဲ့အလောင်းရုပ်သေးကို နိုင်ဖို့ မဖြစ်နိုင်ဘူးငါသွားရင်တောင်မှ သူ့ကို မကူညီနိုင်လောက်ဘူး… “

ဝမ်လင်းမင်းက ဒီစကားကို လာပြောတာဆိုတော့ မင်းမှာ တစ်ခြားကိစ္စတစ်ခုခု ရှိရမယ်… “

ရီဇီက ပြောပြီးသည်နှင့် ဝမ်လင်းကို နတ်ဘုရားစိတ်အာရုံနှင့် စစ်ဆေးကြည့်ရာ ဝမ်လင်း၏ကျင့်စဉ်နည်းလမ်းက အလောင်းကောင်ဂိုဏ်း၏ကျင့်စဉ်နှင့် အလွန်နီးစပ်နေသည်ကို တွေ့လိုက်ရပြီး အံ့ဩသွား၏။ ရီဇီက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ဝူယု၏ရည်ရွယ်ချက်ကို နားလည်လိုက်သည်။

သူက ဝမ်လင်းကို ကြည့်ပြီးနောက် အားသိုင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ခဏလောက် စဉ်းစားပြီး ဝူယု၏ရည်ရွယ်ချက်ကို အပြည့်အဝ နားလည်သွားသည်။ အားသိုင်၏ခန္ဓာကိုယ်ကို အလောင်းကောင်ဂိုဏ်း၏ကျင့်စဉ်နည်းလမ်းအတွက် တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။

ရီဇီက သူ၏အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ပြီး ဝမ်လင်းကို မေးလိုက်သည်… “သူက ငါ့ရဲ့ဂိုဏ်းတူညီလေးနဲ့ ဒီနှစ်တွေမှာ အဖော်ပြုပေးခဲ့တဲ့ အားသိုင်လား… “

ဝမ်လင်းက ခေါင်းညိတ်ပြလိုက်သည်။

ဝမ်လင်းငါ မင်းရဲ့စိတ်စွမ်းအင်ကို စစ်ဆေးကြည့်ပြီးပြီမင်းရဲ့စိတ်စွမ်းအင်ထဲမှာ ယင်စွမ်းအင်တွေ ပါနေတယ်မင်းသာ ဒီမှာ လေ့ကျင့်ရင် မင်း အချိန်ကုန်တာ အများကြီး သက်သာလိမ့်မယ်ဝမ်လင်းအလောင်းကောင်ဂိုဏ်းရဲ့တပည့်တစ်ယောက် ဖြစ်ချင်လား… “

ဝမ်လင်းသည် ဤနေရာတွင် ဖြစ်လာနိုင်သည့် အရာအားလုံကို ခန့်မှန်းထားပြီး ဖြစ်သည်။ ရီဇီ၏ကမ်းလှမ်းမှုကလည်း သူ လိုချင်နေသည့်အရာ ဖြစ်သည်။ ထို့ကြောင့် သူက လေးစားစွာဖြင့် ပြောလိုက်သည်… “တပည့် ဆန္ဒရှိပါတယ်… “

ရီဇီက ခေါင်းညိတ်ပြီး ပြောလိုက်သည်… “ကောင်းပြီမင်းက ဂိုဏ်းတူညီလေးဝူယုနဲ့တွေ့ခဲ့တာဆိုတော့ သူ့ရဲ့တပည့်အစစ်တစ်ယောက် ဖြစ်သွားပြီအခုကစပြီး မင်းက အလောင်းကောင်ဂိုဏ်းရဲ့ ဒုတိယမျိုးတပည့်တစ်ယောက်ပဲ… “

ထို့နောက် သူက အားသိုင်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်… “အားသိုင်ကို ငါ ယူသွားမယ်မစိုးရိမ်ပါနဲ့သူက ငါ့ရဲ့ဂိုဏ်းတူညီလေးနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးရှိတယ်ဒါ့ကြောင့် ငါ သူ့ကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူးသူ့ကို ငါ့ရဲ့တပည့်တစ်ယောက်လို ဆက်ဆံမှာပါ… “

ပြောပြီးသည်နှင့် သူက နက်ပြာရောင်ကျောက်စိမ်းပြားတစ်ခုကို ပစ်ပေးလိုက်သည်။ ထို့နောက် အားသိုင်ကို ဆွဲခေါ်သွားလိုက်၏။ အားသိုင်၏အော်လိုက်သော်လည်း ရီဇီက မလွတ်ပေးဘဲ လှိုင်ခေါင်းတစ်ခုအတွင်းသို့ အားသိုင်ကို ခေါ်သွားပြီး ပျောက်ကွယ်သွား၏။

ဝမ်လင်းက လက်ထဲမှ ကျောက်စိမ်းပြားကို နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ သူ၏အမူအရာက ထူးဆန်းသွားသည်။

ကျောက်စိမ်းပြားထဲတွင် ရိုးရှင်းသောနည်းစနစ်တချို့သာ ပါပြီး အလောင်းကောင်ဂိုဏ်း၏ကျင့်စဉ်တစ်ခုမှ မပါချေ။ ဝမ်လင်း၏စိတ်ထဲတွင် ထို့သို့ ဖြစ်ရခြင်းမှာ ရီဇီက စိုးရိမ်နေခြင်းကြောင့် ဖြစ်ရမည်ဟု တွေးလိုက်ပြီး စိတ်ထဲမထားချေ။

ဝမ်လင်းက ကျောက်စိမ်းပြားကို စစ်ဆေးကြည့်နေစဉ်မှာပင် မုရုံက လှိုင်ခေါင်းတစ်ခုအတွင်းမှ ထွက်လာ၏။ သူက ရီဇီထွက်သွားသည်နှင့် ဝမ်လင်းကို ဆီကို ပျံသန်းလာခြင်း ဖြစ်သည်။ သို့သော်လည်း ဝမ်လင်းလက်ထဲမှ ကျောက်စိမ်းပြားကို သတိပြုမိသွားပြီး ထိတ်လန့်တုန်လှုပ်သွားကာ လျင်မြန်စွာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီး ပြောလိုက်သည်… “တပည့်မုရုံက ဘိုးဘေးကို နှုတ်ဆက်ပါတယ်… “

ဝမ်လင်းကလည်း မုရုံကိုတစ်လှည့် ကျောက်စိမ်းပြားကိုတစ်လှည့်ကြည့်ပြီး ပြောလိုက်သည်… “အစ်ကိုမုရုံဒီလိုတွေ လုပ်ဖို့ မလိုပါဘူးဒီကျောက်စိမ်းမှာ အဓိပ္ပါယ်ရှိတယ်မလား… “

မုရုံက ဝမ်လင်း၏လက်ထဲမှ ကျောက်စိမ်းပြားကို ကြည့်ပြီးနောက် အားကျသည့်အပြုံးဖြင့် ပြုံးပြလိုက်ကာ ဖြူပြာရောင်ကျောက်စိမ်းပြားကို ထုတ်ပြပြီး ပြောလိုက်သည်… “ဘိုးဘေးအရင်က ဘိုးဘေးမှာ ကျောက်စိမ်းပြားမရှိတော့ အဆင့်အတန်းတူဆိုပြီး ပြောလို့ရတယ်ဒါပေမဲ့ အခု ဘိုးဘေးမှာ ကျောက်စိမ်းပြားရှိနေပြီအလောင်းကောင်ဂိုဏ်းမှာ တင်းကြပ်တဲ့ စည်းမျဉ်းတွေ ရှိတယ်ဒါ့ကြောင့် ဘယ်လိုလုပ်ပြီး အရင်လို ညီငယ်ဝမ်လို့ ခေါ်ရဲမှာလဲ… “

ငါ့ရဲ့ကျောက်စိမ်းပြားအရောင်ကို ကြည့်လိုက်ဒီကျောက်စိမ်းပြားက အလောင်းကောင်ဂိုဏ်းမှာ အဆင့်အတန်းတစ်ခုကို ဖော်ပြတယ်ပထမဘိုးဘေးရဲ့ကျောက်စိမ်းပြားက အစိမ်းရောင်၊ တခြားဘိုးဘေးအဆင့်တွေက နက်ပြာရောင်၊ အကြီးအကဲတွေက ဖြူပြာရောင်၊ တပည့်တွေအားလုံးကတော့ အဖြူရောင်ကျောက်စိမ်းပြားကို ကိုင်ရတယ်… “

ဝမ်လင်းက ကျောက်စိမ်းပြားကို သိမ်းလိုက်ပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ်တွင် ကျောက်တိုင်လုံးပေါ်မှ မီးတောက်များက ရုတ်တရက် ပိုတောက်လောင်လာပြီး အစိမ်းရောင်အငွေ့များကို ထုတ်လွှတ်လိုက်သည်။

မုရုံ၏မျက်နှာထားက အနည်းငယ်ပြောင်းလဲသွားပြီး အစီအရင်တစ်ခုကို ဖန်တီးကာ အော်လိုက်သည်… “စုစည်းစမ်း… “

အစိမ်းရောင်အငွေ့များက မုရုံဆီသို့ အလျင်အမြန် စုစည်းသွားပြီး မုရုံ၏နဖူးအတွင်းသို့ ဝင်သွား၏။

မုရုံက မျက်လုံးကို အတန်ကြာအောင် ပိတ်ထားပြီးနောက် ပြန်ဖွင့်လာပြီး ပြောလိုက်သည်… “ဘိုးဘေးပထမဘိုးဘေးရီက ဘိုးဘေးအတွက် အခန်းတစ်ခု စီစဉ်ပေးထားတယ်အဲ့နေရာကို ခေါ်သွားပေးပါ့မယ်… “

ဝမ်လင်းက အလောင်းကောင်ဂိုဏ်း၏ အငွေ့ဖြင့် စကားဆက်သွယ်နည်းကို သဘောကျသွားပြီး မေးစေ့ကို လက်ဖြင့်ပွတ်ကာ ခေါင်းညိတ်လိုက်သည်။

မုရုံက လှိုင်းခေါင်းတစ်ခုအတွင်းသို့ ပျံသန်းသွားရာ ဝမ်လင်းကလည်း ကျောက်တိုင်လုံးပေါ်မှတဆင့် သူ့နောက်သို့ လိုက်သွား၏။

သူတို့နှစ်ယောက်သည် လျင်မြန်စွာဖြင့် လှိုင်ခေါင်းများကို ဖြတ်ကျော်လာသည့်အချိန်တွင် ဝမ်လင်းကို မုရုံက အလောင်းကောင်ဂိုဏ်းအကြောင်း ရှင်းပြပေး၏။ သူ၏ရှင်းပြပေးမှုကြောင့် ဝမ်လင်းက အလောင်းကောင်ဂိုဏ်းအကြောင်းကို ပိုမိုသိသွား၏။

အလောင်းကောင်ဂိုဏ်းသည် ကျောင်းနိုင်ငံ၏မိစ္ဆာဂိုဏ်း၄ဂိုဏ်းမှ တစ်ဂိုဏ်းဖြစ်သည်။ တပည့်က တစ်ထောင်ကျော်ရှိပြီး မြေအောက်ထဲတွင်သာ နေထိုင်ကြသည်။ သူတို့တစ်ယောက်ချင်းစီအတွက် ကိုယ်ပိုင်ကျင့်ကြံခြင်းအခန်းများ ပေးထားပြီး အပြင်ကို ရောက်နေသည့်တပည့်များမှ လွဲ၍ အားလုံက အခန်းထဲတွင် ကျင့်ကြံနေကြ၏။

တပည့်တိုင်း အရူးအမူး လေ့ကျင့်ကြသည်။ အဘယ်ကြောင့်ဆိုသော် အလောင်းကောင်းဂိုဏ်းတွင် စည်းမျဉ်းတစ်ခု ရှိသည်။ ၁၀နှစ်အတွင်း ချီစုစည်းခြင်းအလွှာ၁၀၊ နှစ်၃၀အတွင်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၊ နှစ်၁၀၀အတွင်း အမြုတေဖွဲ့တည်ခြင်းအဆင့်ကို မရောက်ပါက သူတို့သည် အလောင်းရုပ်သေးများအဖြစ် သန့်စင်ခံရမည် ဖြစ်သည်။

ထိုရက်စက်သောစည်းမျဉ်းက အလောင်းကောင်ဂိုဏ်းမှ တပည့်များကို အရူးကဲ့သို့ ကျင့်ကြံခြင်းကို အားထုတ်စေသည်။

နှစ်တိုင်း တပည့်များစွာ အလောင်းရုပ်သေးများအဖြစ်သန့်စင်ခံရသကဲ့သို့ တခြားတပည့်များကလည်း အလောင်းရုပ်သေးလုပ်သည့် ဖြစ်စဉ်ကို ကြည့်ရသည်။

အလားတူစွာ ဆုံးရှုံးသွားသည့်တပည့်များအတွက် နှစ်တိုင်း သင့်တော်သောတပည့်တချို့ကို အပြင်ထွက်ပြီး ရှာကြရသေး၏။

တပည့်များက ဂိုဏ်းကို မဆန့်ကျင်နိုင်စေရန် တပည့်အားလုံး၏ဝိညာဉ်ကို ကျောက်စိမ်းပြားအတွင်းသို့ ချိတ်ပိတ်ထားခံရသည်။ ထိုကျောက်စိမ်းပြားတွင် အဆင့်၄မျိုး ရှိသေး၏။ ပထမဘိုးဘေး၏အစိမ်းရောင်ကျောက်စိမ်းပြားသည် ဂိုဏ်းမှ ကျင့်ကြံသူအားလုံးကို ထိန်းချုပ်နိုင်ပြီး ဘိုးဘေးအဆင့် နက်ပြာရောင်ကျောက်စိမ်းပြားသည် ဂိုဏ်းမှ တပည့်အားလုံးနှင့် အကြီးအကဲများကို ထိန်းချုပ်ထားနိုင်သည်။ အကြီးအကဲများအဆင့် ဖြူပြာရောင်ကျောက်စိမ်းကတော့ ဂိုဏ်းမှ တပည့်များကိုသာ ထိန်းချုပ်နိုင်၏။

ထိန်းချုပ်မှု အဆင့်ဆင့်အောက်တွင် မည်သူကမှ ဂိုဏ်းကို မဆန့်ကျင့်ရဲကြချေ။ ကျောင်းနိုင်ငံ၏အလောင်းကောင်ဂိုဏ်းသည် အစစ်အမှန်အလောင်းကောင်ဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုသာ ဖြစ်ကြောင်း အဆင့်၅နိုင်မှ အလောင်းကောင်ဂိုဏ်း၏တမန်တော်သည် အနည်းဆုံး စဦးစိတ်ဝိညာဉ်အဆင့်ရှိကြောင်း ပြောခဲ့သည်။

ဝမ်လင်း၏စိတ်ထဲတွင် အံ့ဩပြီး တစ်ခု ထူးဆန်းနေသည်။ အဘယ်ကြောင့်ဆိုသော် ရီဇီက ကျောက်စိမ်းပြားထဲတွင် သူ၏ဝိညာဉ်ကို မပိတ်လှောင်ခဲ့သောကြောင့် ဖြစ်၏။

…………………………………………

အလားတူစွာပင် ရီဇီက သူ၏ကိုယ်ပိုင်ဂူအတွင်းသို့ ပြန်ရောက်သောအခါ ရီဇီ၏ခန္ဓာကိုယ်အတွင်းမှ မေးသံတစ်ခု ထွက်လာသည်။

သူ့ရဲ့ဝိညာဉ်ကို ဘာလို့ ကျောက်စိမ်းပြာထဲ ပိတ်မလှောင်လိုက်တာလဲ… “

ရီဇီက အားသိုင်၏နဖူးပေါ်သို့ လက်ဝါးဖြင့် ပုတ်ပြီး သူ၏အသိစိတ်ကို ချုပ်နှောင်ထားလိုက်သည်။ ထို့နောက် အနက်ရောင်အိပ်ယာပေါ်သို့ သွားကာ ခြေချိတ်ထိုင်ပြီး ကိုယ်နဖူးကို လက်ညှိုးဖြင့် ထိုးလိုက်ရာ သူ၏ခန္ဓာကိုယ်က တုန်သွားပြီး ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။

ထိုပုံရိပ်က အလွန်ဝါးနေပြီး မည်သူမှန်း သေချာမသိနိုင်ချေ။ သူက အားသိုင်နားတွင် မျောနေပြီး အားသိုင်ကို သေချာလေ့လာနေပြီးနောက် အားသိုင်၏ခေါင်းကို လက်ဝါးဖြင့် ရိုက်လိုက်သည်။

ရီဇီက မျက်မှောင်ကျုံ့သွားပြီး ညာလက်ကို ဝေ့ရမ်းပြီး အပြာရောင်ယင်မီးတောက်ကို ပါးစပ်ထဲမှ ထုတ်လိုက်၏။ အပြာရောင်ယင်မီးက ချက်ချင်း နံရံတစ်ခုကဲ့သို့ ဖြစ်သွားပြီး ပုံရိပ်ယောင်၏လက်ကို တားဆီးထားလိုက်သည်။

ထို့နောက် ရီဇီက အေးစက်စွာ ပြောလိုက်သည်… “လျိုရှဒီကောင်လေးက ငါ့ရဲ့ဂိုဏ်းတူညီလေးရဲ့ တပည့်ပဲမင်း သူ့ကို နာကျင့်အောင် လုပ်လို့ မရဘူး… “

ပုံရိပ်ယောင်က တစ်ချက် ရယ်ပြီး လက်ပိုက်ကာ ပြောလိုက်သည်… “ရီဇီကျိုင်းမင်းနဲ့ မင်းရဲ့ဂိုဏ်းတူညီက ငါ့တို့အတွက် ခန္ဓာပိုင်ရှင်အဆင့်ပဲ ရှိတယ်မင်းရဲ့ညီကလည်း အစောကြီးကတည်းက ထွက်သွားတယ်သခင်ဇီကလည်း နိုးလာတယ်အခု မင်းရဲ့ညီက မင်းကို အကူအညီ လှမ်းတောင်းတယ်သူက သူ့ကိုယ်သူ ပိုက်ကွန်ထဲ တိုးဝင်သွားတာပဲရီဇီကျိုင်းမင်းရဲ့ညီရဲ့နေရာကို မင်းသိနေတာပဲသခင်ဇီက ဝူယုကို ဝါးမြိုဖို့အတွက် ကူညီဖို့ ဘာလို့ မသွားတာလဲ… “

ရီဇီကျိုင်း၏မျက်နှာက ညှိုးငယ်သွားပြီး ပုံရိပ်ယောင်ကို ကြည့်ကာ လှောင်ပြောင်လိုက်သည်… “မင်း ငါ့ကို အပြည့်အဝ မဝါးမြိုနိုင်သရွေ့ မင်းဆီက ဘာအမိန့်ကိုမှ နားထောင်မှာ မဟုတ်ဘူးအဲ့နေရာကို သွားပြီး သခင်ဇီကိုလည်း မကူညီသလို ငါ့ရဲ့ညီကိုလည်း ကူညီမှာ မဟုတ်ဘူးသူက ငါ့ရဲ့ညီကို ဝါးမြိုနိုင်ဖို့အတွက် သူ့ဘာသာလုပ်… “

ပုံရိပ်ယောင်က ကျောချမ်းဖွယ်ကောင်းလောက်အောင် ရယ်မောလိုက်ပြီးနောက် ရီဇီကျိုင်းကို ပြောလိုက်သည်… “မင်း မသွားချင်ရင်လည်း ငါ မင်းကို အတင်း မတိုက်တွန်းပါဘူးဒါပေမဲ့ နောက်ထပ်အလောင်းတွေကို အဆင့်၅နိုင်ငံ ပြင်ဆင်ထားတယ်ဒီတစ်ကြိမ်မှာ ၁၀အလောင်း၁၀လောင်း ပါလာလိမ့်မယ်မင်းရဲ့ခန္ဓာပိုင်ရှင်ကို သေချာရွေးချယ်ရလိမ့်မယ်မှတ်ထားပါ မင်းက အလောင်းကောင်ဂိုဏ်းရဲ အပြင်စည်းတပည့်တစ်ယောက်ပဲပြီးတော့ မင်းက ဒီကောင်စုတ်အားသိုင်နဲ့ ဘာလုပ်မလို့လဲ… “

ရီဇီကျိုင်းက ဟိုးအရင်က အကြောင်းများကို ပြန်သတိရသွားသည်။ လွန်ခဲ့သောနှစ်၄၀၀ကျော်က အလောင်းကောင်ဂိုဏ်းကို သူဝင်ရောက်ခဲ့၏။ သူ၏ပင်ကိုယ်စွမ်းရည်ကြောင့် နှစ်၄၀၀အတွင်း စဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်ခဲ့သည်။ သို့သော်လည်း ထိုအချိန်တွင် သူ၏အလောင်းရုပ်သေးက ကိုယ်ပိုင်အသိစိတ်ရလာပြီး သူ၏အသိစိတ်ကို ဝါးမြိုရန် ကြိုးစားလာသည်။ ထိုဖြစ်စဉ်က အလွန်နှေးကွေးသောကြောင့် သူက အလောင်းကောင်ဂိုဏ်း၏လျှို့ဝှက်ချက်တချို့ကို သိလာရ၏။

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၉၇) ကြီးမားသောပြောင်းလဲမှု

အလောင်းကောင်ဂိုဏ်း၏အဓိကဂိုဏ်းသည် အဆင့်၅နိုင်ငံတွင် ရှိပြီး နိုင်ငံငယ်များတွင် အလောင်းကောင်ဂိုဏ်းခွဲများ အများအပြား ရှိ၏။

ဂိုဏ်းခွဲများအားလုံးတွင် တပည့်များကို ကြိုးစားပန်းစား လေ့ကျင့်ခိုင်းကြ၏။ ထိုသို့ လေ့ကျင့်ခိုင်းရသည့် နောက်ကွယ်မှ အကြောင်းများကို ရီဇီက သိသွားပြီးနောက် သူတို့၏တိရစ္ဆာန်များကဲ့သို့ ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။

အလောင်းကောင်ဂိုဏ်းသည် အဆင့်၅နိုင်ငံမှ ဂိုဏ်းများအတွက် ခန္ဓာကိုယ်ထောက်ပံ့ပေးသော အကြီးမားဆုံးဂိုဏ်းကြီးတစ်ခု ဖြစ်သည်။ အဆင့်၄နှင့် ၄အထက် တိုင်းပြည်များသည် နှစ်တိုင်း စစ်ပွဲများ ဆင်နွှဲကြသည်။ စစ်မြေပြင်တွင် စဦးစိတ်ဝိညာဉ်အဆင့်နှင့် ထို့ထက်မြင့်သောကျင့်ကြံသူများသည် ခန္ဓာကိုယ်ကို စွန့်ခွာပြီး ထွက်ပြေးနိုင်စွမ်း ရှိ၏။

ထို့သို့သော ခန္ဓာကိုယ်ဆုံးရှုံးလာသော စိတ်ဝိညာဉ်များသည် ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်နိုင်ရန် အလောင်းကောင်ဂိုဏ်းသို့ လာကြရသည်။ သူတို့အတွက် လိုအပ်သော ခန္ဓာကိုယ်များကို အလောင်းကောင်ဂိုဏ်းမှ ထောက်ပံ့ပေးခြင်း ဖြစ်သည်။

အလောင်းကောင်ဂိုဏ်းမှ ထောက်ပံ့ပေးလိုက်သော ခန္ဓာကိုယ်များသည် ကျင့်ကြံခြင်းတွင် ပါရမီရှိသည့်ခန္ဓာကိုယ်များ ဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက အလောင်းကောင်ဂိုဏ်းမှ သူတို့လေ့ကျင့်ရမည့် ကျင့်စဉ်များကို လေ့ကျင့်ပေးထားကြ၏။ အလောင်းကောင်ဂိုဏ်းခွဲတိုင်းတွင် တပည့်များကို ကျင့်ကြံရန်ပေးထားသော ကျင့်စဉ်များသည် မတူညီကြချေ။

ကျောင်းနိုင်ငံ၏အလောင်းကောင်ဂိုဏ်းသည် အဆင့်၅နိုင်ငံမှ မိစ္ဆာဂိုဏ်းတစ်ခု၏ ဂိုဏ်းခွဲတစ်ခု ဖြစ်သည်။ ဂိုဏ်းတွင် ကျင့်ကြံသောကျင့်စဉ်သည် တစ္ဆေလောကကျင့်စဉ် ဖြစ်၏။

ရီဇီက အလောင်းကောင်းဂိုဏ်းအကြောင်းကို တဖြည်းဖြည်း ပိုပြီး သိလာခဲ့သည်။ သူကိုယ်တိုင်လည်း အလောင်းရုပ်သေးမှ သူ့ကို ဆန့်ကျင့်မှုကို မတားဆီးနိုင်ခဲ့ပေ။ သူ၏ကျင့်စဉ်အဆင့်က အလောင်းကောင်ရုပ်သေး၏ကျင့်စဉ်ထက် အများကြီး မြင့်နေမှသာ အလောင်းကောင်၏ဆန့်ကျင့်မှုကို ရပ်တန့်နိုင်မည် ဖြစ်သည်။

အလောင်းကောင်းဂိုဏ်းတွင် စည်းမျဉ်းတစ်ခု ရှိသေး၏။ တပည့်တစ်ယောက်က စဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်လျှင် သူ့ခန္ဓာကိုယ်ကို အလောင်းရုပ်သေးမှ စိတ်ဝိညာဉ်က ဝါးမြိုခဲ့လျှင်တောင်မှ သူ့အတွက် နောက်ထပ်ခန္ဓာကိုယ်တစ်ခုကို အစားထိုး ပြန်ရနိုင်သည့် အခွင့်တစ်ခု ရှိ၏။

ရီဇီကျိုင်းသည် ဥပမာ ဖြစ်သည်။ သူ့ကို လျိုရှက အပြည့်အဝ ဝါးမြိုသွားလျှင် သူ၏စိတ်ဝိညာဉ်ကို သူရွေးချယ်ထားသည့်အလောင်းရုပ်သေးအတွင်း၌ ပြန်ထည့်ပေးမည် ဖြစ်သည်။ သူ၏စိတ်ဝိညာဉ်ထည့်ထားသော အလောင်းကောင်အား ပိုင်ဆိုင်သူ၏ခန္ဓာကိုယ်ကို သူက တဖန် ပြန်လည်ပိုင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း သူ့ထံတွင် အခွင့်အရေးတစ်ခုသာ ရှိသည်။ သူသာ စဦးစိတ်ဝိညာဉ်အဆင့်သို့ မရောက်လျှင် သူ့ကို စစ်ပွဲတွင် အသေခံအဖြစ် ပို့ခံရမည် ဖြစ်၏။

တစ်ယောက်ယောက်က စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ ရောက်လျှင် သူသည် အဆင့်၄နိုင်ငံမှ ဂိုဏ်းခွဲတစ်ခုတွင် အကြီးအကဲအဖြစ် ရာထူးတိုးပေးခြင်း ခံရမည် ဖြစ်သည်။ သို့သော်လည်း သူသည် နှစ်၁၀၀၀အတွင်း စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ မရောက်လျှင် အဆုံးသတ်ကတော့ အတူတူပဲ ဖြစ်၏။

ရီဇီကျိုင်းက အေးစက်စွာဖြင့် လျိုရှ၏မေးခွန်းကို ပြန်ဖြေလိုက်သည်… “အားသိုင်က အမြုတေဖွဲ့တည်ခြင်းအဆင့်တောင် မရောက်သေးဘူးအဲ့တာကို ငါက သူနဲ့ ဘာလုပ်ရမှာလဲပြီးတော့ သူ့က ငါ့ရဲ့ဂိုဏ်းတူညီလေးရဲတပည့်ပဲဒါ့ကြောင့် ငါ ရှိနေသေးသ၍ သူကို ကာကွယ်ပေးရလိမ့်မယ်… “

သူက ထိုစကားကို ပြောလိုက်ချိန်တွင် လျိုရှဆီမှ ထွက်လာသောဖိအားကို ခံစားလိုက်ရသည်။ သို့သော်လည်း ရီဇီကျိုင်းကတော့ ဆက်ပြောလိုက်၏… “သူ့ကို ဘယ်သူကမှ ထိခိုက်အောင် လုပ်ခွင့်ပြုမှာ မဟုတ်ဘူး… “

လျိုရှက ရယ်လိုက်ပြီး သူ၏မျက်လုံးများက အရောင်တောက်သွားကာ ပြောလိုက်သည်… “အားသိုင်ရဲ့ခန္ဓာကိုယ်က အရမ်းကောင်းတယ်သူရဲ့ခန္ဓာကိုယ်က မင်းအတွက် တော်တော်သင့်တော်တယ်… “

ရီဇီကျိုင်းက နှာခေါင်းရှုံ့လိုက်၏။ သူ့စိတ်ထဲတွင် ထိုစိတ်ကူးက အမှန်ပင် ရှိနေသည်။ သူက အားသိုင်ကို မြင်မြင်ချင်း သူ့အတွက် အားသိုင်၏ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ရန် ကြိုးစားမည်ဟု ဆုံးဖြတ်ချက်ထားခြင်း ဖြစ်သည်။

လျိုရှက မသိမသာ ပြုံးပြီး ပြောလိုက်သည်… “ဒီကောင်လေးဝမ်လင်းက ထူးဆန်းတဲ့နည်းစနစ်တစ်ခုကို ကျင့်ကြံထားတယ်သူ့ခန္ဓာကိုယ်ကနေ တစ္ဆေလောကကျင့်စဉ်ရဲ့ အရိပ်အယောင်တွေ ခံစားနေရတယ်သူက ဘယ်လိုပဲ လေ့ကျင့်လေ့ကျင့်ခဲ့နောက်ဆုံးမှာ ငါတို့အတွက် ကောင်းမွန်တဲ့ခန္ဓာပိုင်ရှင်တစ်ယောက် ဖြစ်လာရမှာပဲရီဇီကျိုင်းငါ မေးတဲ့မေးခွန်း မင်း မဖြေရသေးဘူးဘာလို့ သူ့ရဲ့ဝိညာဉ်ကို မပိတ်လှောင်လိုက်ရတာလဲ… “

ရီဇီကျိုင်းက မျက်လုံးကို မှိတ်ကာ ဖြေလိုက်သည်… “ငါ့ရဲ့ဆုံးဖြတ်ချက်က အားသိုင်တစ်ယောက်တည်းတင် မဟုတ်ဘူးဝမ်လင်းပါ ပါတယ်ပြီးတော့ ဘယ်သူ့ကို ခန္ဓာပိုင်ရှင်၊ ဘယ်သူ့ကို အလောင်းရုပ်သေးလုပ်ရမလဲ အခုထိ မဆုံးဖြတ်ရသေးဘူးသူ့ကို အမြုတေဖွဲ့တည်ခြင်းအဆင့်ကို မရောက်ဘဲ သူ့ရဲ့ဝိညာဉ်ကို ပိတ်လှောင်မှာ မဟုတ်ဘူးငါသာ သူ့ဝိညာဉ်ကို ပိတ်လှောင်လိုက်ရင် အလောင်းကောင်ဂိုဏ်းထဲမှာ သူ့နာမည်ပါသွားလိမ့်မယ်တစ်ယောက်ကသာ သူ့ခန္ဓာကိုယ်ကို ရွေးသွားရင် ငါ လုပ်သမျှ အလကား ဖြစ်မသွားပေဘူးလား… “

သူ၏အကြံကို လျိုရှသိသွားလျှင်တောင်မှ ရီဇီကျိုင်းက စိတ်မပူချေ။ သူ့အတွက် သူလုပ်နေခြင်း ဖြစ်၏။ တခြားတစ်ဖက်မှ ကြည့်လျှင် လျိုရှကို အရှုံးပေးပြီး သူ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရင် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း လျိုရှကို အသိပေးလိုက်ခြင်း ဖြစ်သည်။

သူက မျက်လုံးကို ပြန်ဖွင့်ပြီး ဆက်ပြောလိုက်သည်… “တိုက်ပွဲမြေပြင်ရှင်းလင်းပွဲ စတော့မယ်… “

လျိုရှက အက်ကွဲကွဲအသံဖြင့် ရယ်လိုက်ပြီး… “ဒီတစ်ကြိမ်မှာတော့ တမန်တော်က ပြင်ပတိုက်ပွဲမြေပြင်ဆီကို သွားမည့် ပေါ်တယ်ကို ဖွင့်ပေးလိမ့်မယ်အဲ့အချိန်မှာ မင်းရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ စိတ်စွမ်းအင်အသက်ရှူခြင်း၃ရှိုက်စာပဲ လိုလိမ့်မယ်အလောင်းကောင်ဂိုဏ်းနဲ့ ငါ့နဲ့ သဘောတူညီမှုအရ မင်းကို ပိုင်ဆိုင်ပြီးသွားရင် မင်းရဲ့အသိစိတ်ကို ငါက သိမ်းပေးထားရမယ်မင်းက ခန္ဓာပိုင်ရှင်တစ်ယောက်ကို ရွေးလိုက်ပြီဆိုတာနဲ့ အဲ့ခန္ဓာကိုယ်ပိုင်ရှင်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် အမြုတေဖွဲ့တည်ခြင်းအဆင့်ရောက်အောင် လုပ်ပေးပြီး သူ့ကို ပိုင်ဆိုင်ရအောင် ငါက ပြန်ပြီး ကူညီပေးရမယ်… “

ပြင်ပတိုက်မြေပြင်ရှင်းလင်းပွဲသည် နှစ်၁၀၀တွင် တစ်ခါ လုပ်မြဲဖြစ်သည်။ လျိုရှ၏စကားကို နားထောင်ပြီးနောက် ရီဇီက ဘာမှမပြောတော့ဘဲ မျက်လုံးကို မှိတ်လိုက်တော့၏။

………………………………………………………………

ဝမ်လင်းကတော့ မုရုံနှင့်အတူ လှိုင်ခေါင်းများကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်လာကြသည်။ သူတို့သည် ပိုနက်သည့်မြေအောက်ထဲသို့ သွားနေကြောင်း ဝမ်လင်း သတိထားမိသည်။ ပိုပြီးသွားလေ အောက်မှ ယင်စွမ်းအင်များကို ပိုမိုခံစားမိလေဖြစ်သည်။

အချိန်တော်တော်ကြာပြီးနောက် မုရုံက ဂူတစ်ခု ရှေ့တွင် ရပ်လိုက်ပြီး ဝမ်လင်းကို အားကျသည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်… “ဘိုးဘေးဒီဂူက ဘိုးဘေးအတွက် ပြင်ပေးထားတဲ့ဂူပါအလောင်းကောင်ဂိုဏ်းရဲ့ အကောင်းဆုံးကျင့်ကြံခြင်းနေရာတစ်ခုဆိုလည်း ဟုတ်တယ်… “

မုရုံ ထွက်သွားသည်နှင့် ဝမ်လင်းက ဂူထဲသို့ ဝင်လိုက်၏။ သူ၏ဂူက မုရုံနေထိုင်သောဂူ၏ ၅ပုံ၁ပုံခန့်သာ ရှိပြီး မြေပြင်ပေါ်တွင် ထူထဲသောရေခဲလွှာတစ်ချပ်ရှိနေသည်။

နံရံပေါ်တွင် အပေါက်သေးသေးလေးများ ရှိနေပြီး ထိုအပေါက်များမှ ယင်စွမ်းအင်များ ထွက်နေသည်။ ဂူထဲတွင် ဘာပစ္စည်းမှလည်း ရှိမနေချေ။

ဝမ်လင်းက ဆောင့်ကြောင့်ထိုင်ပြီး မြေပြင်ကို စမ်းကြည့်လိုက်သည်။ ယင်စွမ်းအင်များက သူ့ကိုယ်ထဲတွင် ဝင်လာပြီး အငွေ့အဖြစ်သို့ ပြောင်းကာ ခန္ဓာကိုယ်ထဲတွင် ပျောက်ကွယ်သွား၏။

ဝမ်လင်းက မြေပြင်ပေါ်တွင် ခြေချိတ်ထိုင်လိုက်ပြီး ကျောက်စိမ်းပြားထဲမှ အစီအရင်များကို ပြုလုပ်လိုက်၏။ ချက်ချင်း နံရံပေါ်မှ အပေါက်များက ပိတ်သွား၏။

ဂူတစ်ခုလုံးသည် ယခုအချိန်တွင် အလုံပိတ်ဖြစ်သွားသည်။

ဝမ်လင်းက ဘေးဘီကို ဝေ့ကြည့်ရင်း အနည်းငယ် စဉ်းစားလိုက်သည်။ သူက မြို့ပျက်ကြီးမှ အဖြစ်အပျက်များကြောင့် အလောင်းကောင်ဂိုဏ်းထဲသို့ ဝင်ခဲ့ရသည်။ သူသာ ရွှေ့ပြောင်းအလင်းတန်းထဲသို့ မဝင်ရောက်ခဲ့ပါက အလောင်းရုပ်သေးနှင့် ဝူယု၏တိုက်ပွဲကြားသို့ ရောက်သွားမည် ဖြစ်သည်။

ကြည့်ရတာ ဝူယုက မညာဘူးဘဲဒီနေရာက တစ္ဆေလောကပျံတက်ခြင်းကျင့်စဉ်ကို လေ့ကျင့်ဖို့အတွက် အကောင်းဆုံးနေရာတစ်ခုပဲဒါပေမဲ့ ဒီနေရာမှ အန္တရာယ်တစ်ခုကို ခံစားမိနေတယ်အထူးသဖြင့် ရီဇီကျိုင်းဆီကပဲ… ‘

ရီဇီကျိုင်း၏အမူအရာများသည် သဘောကောင်းကြင်နာတတ်ပုံရသော်လည်း ဝမ်လင်း၏စိတ်ထဲတွင် သူက အဆိပ်ရှိသည့်မြွေတစ်ကောင်ဟု ခံစားမိနေသည်။ သို့သော်လည်း ရီဇီကျိုင်းက အားသိုင်ကို မြင်သောအခါ ထိုခံစားချက်သည် သူ့အပေါ်မှ အားသိုင်ဆီသို့ ပြောင်းသွားကြောင်း သတိထားမိလိုက်သည်။

မည်သို့ပင် ဖြစ်စေကာမူ ဝမ်လင်းကတော့ ယခင်ကထက်ပိုပြီး သတိထားရန် ဆုံးဖြတ်လိုက်၏။

ဒီရီဇီကျိုင်းရဲ့ စိတ်ထဲမှာ အကြံဆိုးတွေ ရှိရမယ်

ဝမ်လင်းက တစ်ခုခုကို သတိထားမိပြီး ရေရွတ်လိုက်သည်… “စစ်ထူနန် အိပ်ပျော်နေတာ ကံဆိုးတာပဲသူ့ရဲ့အတွေ့အကြံနဲ့ဆို ရီဇီကျိုင်းရဲ့စိတ်ကို မြင်နိုင်မှာပဲငါ ဒီကနေ လွတ်မြောက်ဖို့ အခွင့်အရေးရှာရမယ်ဒီမှာရှိနေတုန်း သူတို့ပေးထားတဲ့အခွင့်အရေးကို ယူပြီး ကျင့်ကြံနေရမယ်… “

ထို့နောက် သူ၏မျက်လုံးက တောက်ပသွားပြီး အစီအရင်များစွာ ဖန်တီးအသက်သွင်းလိုက်ရာ အပေါက်များက ပြန်ပွင့်သွား၏။ ထို့နောက် တဝုန်းဝုန်း အသံများ ထွက်ပေါ်လာပြီး အဖြူရောင်အငွေ့များ ထွက်လာကာ တစ်ခန်းလုံး ပြည့်သွား၏။

ဝမ်လင်းက ပါးစပ်ကို ဟလိုက်ပြီး အငွေ့များအားလုံးကို ချက်ချင်း စုပ်ယူလိုက်သည်။ သို့သော်လည်း အပေါက်များမှ ထွက်လာသောအငွေ့များက ပို၍ပင် များများပြားပြား ထွက်လာသည်။

သူ၏ခန္ဓာကိုယ်အတွင်းသို့ အငွေ့များ ဝင်သွားသည်နှင့် ထိုအငွေ့များကို သူ၏စိတ်စွမ်းအင်က စုပ်ယူလိုက်သည်။

ထိုအခါ ဝမ်လင်း၏မျက်နှာက အနည်းငယ် ထူးဆန်းသွားပြီး လက်နှစ်ဖက်ဖြင့် အစီအရင်တစ်ခုကို ပြုလုပ်ကာ အလင်းတန်းတစ်ခု တစ်ခုကို ပစ်လွတ်လိုက်သည်။ ထိုအလင်းတန်းက လျင်မြန်စွာ ကျုံ့သွားပြီး အလင်းလုံးတစ်လုံး ဖြစ်သွား၏။

အလင်းလုံးက အပြာရောင်တောက်ပလာပြီး တစ်ချက် လင်းလက်သွားသည်။ ဝမ်လင်းက အလင်းလုံးကို ကြည့်ပြီး ရေရွတ်လိုက်သည်… “မြေကြီးယင်သာမန်ယင်အဆင့်၁… “

ထိုအချိန်တွင် သူ့ကိုယ်ထဲသို့ ဘက်ပေါင်းစုံမှ စွမ်းအင်များ ဝင်လာပြီး သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များကို ထိန်းချုပ်နိုင်မှုက လျော့ကျလာသည်။

ဝမ်လင်းက ထိုအဖြစ်အပျက်ကြောင့် သူ၏မျက်လုံးကို ချက်ချင်း ပိတ်လိုက်ပြီး ကျင့်ကြံလိုက်သည်။

……………………………………………

ထိုအချိန်တွင် အလွန်ကြီးမားသော သက်တန့်ရောင်တိမ်တိုက်ကြီးတစ်ခုက ကျောင်းနိုင်ငံပေါ်တွင် ပေါ်လာသည်။ ထိုတိမ်တိုက်ကြီးသည် ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးကွယ်ထားနိုင်သည်ဟုပင် ပြော၍ရ၏။

တိမ်တိုက်ကြီးပေါ်လာသည်နှင့် ကျောင်းနိုင်ငံရှိ စဦးစိတ်ဝိညာဉ်အဆင့်အောက် ကျင့်ကြံသူအားလုံး၏ မျက်နှာအမူအရာများက အကြီးအကျယ် ပျက်ယွင်းသွားကြသည်။

ကြီးမားလှသော ဖိအားအောက်တွင် ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများအားလုံးသည် သူတို့၏ခန္ဓာကိုယ်အတွင်းရှိ စိတ်စွမ်းအင်များကို မထိန်းချုပ်နိုင်ကြတော့ပေ။

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်နှင့်အမြုတေအဆင့် ကျင့်ကြံသူအားလုံးသည် ချက်ချင်း ထိုင်ချလိုက်ကြပြီး သူတို့ကိုယ်ထဲမှ စိတ်စွမ်းအင်များကို ထိန်းသိမ်းရန် ကျင့်ကြံလိုက်ရသည်။ စဦးစိတ်ဝိညာဉ်အဆင့်များက ဖိအားကို တောင့်ခံနိုင်သော်လည်း သူတို့၏မျက်နှာများကတော့ အကြီးအကျယ် ပြောင်းလဲသွား၏။

ရွမ်တောက်ဂိုဏ်း၏တောင်အနောက်ဘက်တွင် ဖုနန်ဇီသည် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်သည်။ သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာပြီး ထိုနေရာမှ ပျောက်သွားသာ ကီလိုမီတာ၁၀၀အကွာရှိ နေရာတစ်ခုတွင် ပြန်ပေါ်လာသည်။

ကျောင်းနိုင်ငံအတွင်းတွင် အလင်းတန်းများ ထွက်ပေါ်လာပြီး အလင်းတန်းအားလုံးက ကျောင်းနိုင်ငံ အလယ်ရှိ ကောင်းကင်မျှော်စင်သို့ ဦးတည်နေကြသည်။

ကျင့်ကြံသူများပင် ဖိအားကို ထိုမျှခံစားရလျှင် သေမျိုးများသည် ပို၍ပင် ခံစားကြရ၏။ အားလုံးကို မြေပြင်တွင် ကောင်းကင်မျှော်စင်ဘက်ကို ဒူးထောက်နေကြသည်။ ဒဏ္ဍာရီထဲတွင် ထိုသက်တန့်ရောင်တိမ်တိုက်ကြီးသည် နှစ်၁၀၀တွင် တစ်ခါ ပေါ်လာတတ်ကြောင်း သူ့တို့သိထားကြ၏။ ယခု ထိုသက်တန့်ရောင်တိမ်တိုက်ကြီး ရောက်လာလေပြီ။

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၉၈) ပြင်ပတိုက်ပွဲမြေပြင်

ကျောင်းနိုင်ငံ၏စဦးစိတ်ဝိညာဉ်အဆင့်အားလုံးသည် ကောင်းကင်မျှော်စင်ဆီသို့ သွားနေကြသည်။

အလောင်းကောင်ဂိုဏ်း၏ တစ်နေရာတွင် ရီဇီကျိုင်း၏မျက်လုံးများက အရောင်လက်သွားပြီး အခန်းထဲမှ ပျောက်ကွယ်သွားကာ ကောင်းကင်မျှော်စင်သို့ ထွက်ခွာသွား၏။ သူမသွားခင် အစိမ်းရောင်ကျောက်စိမ်းဖြင့် အလောင်းကောင်ဂိုဏ်းသားအားလုံးကို အမိန့်တစ်ခု ပေးထားခဲ့သည်။

ငါ ရက်အနည်းငယ်လောက် သွားစရာရှိတယ်ခုခံမှုဝင်္ကပါအစီအရင်အားလုံးကို ဖွင့်ထားပြီးတော့ ဂိုဏ်းကနေ ထွက်သွားရဲတဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်… “

ထန်းမိသားစု၏ ဘိုးဘေးထန်းဟွယွမ်သည် ထန်းမိသားစု၏ဘိုးဘေးအိမ်ရာတွင် ကျင့်ကြံနေခိုက် သက်တန့်ရောင်တိမ်တိုက်ကြီးပေါ်လာသဖြင့် သူ့မျက်လုံးက အရောင်လက်သွားပြီး အသံပိုလွှတ်မှုတစ်ခုကို ကျောက်စိမ်းတစ်ခုကို ချန်ထားခဲ့ကာ ကောင်းကင်မျှော်စင်ဆီသို့ ထွက်ခွာသွား၏။

ထိုကဲ့သို့ အဖြစ်အပျက်များ ကျောင်းနိုင်ငံတစ်ဝှမ်းရှိ ဂိုဏ်းကြီးများတွင် ဖြစ်ပျက်နေ၏။

ကောင်းကင်မျှော်စင်သည် ကျင့်ကြံခြင်းအဖွဲ့၏အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ နိုင်ငံတစ်ခုက ပူးပေါင်းခဲ့လျှင် မျှော်စင်ကို တည်ဆောက်ရန် အဖွဲ့က တစ်ယောက်ယောက်ကို စေလွှတ်၏။ မျှော်စင်အတွင်းတွင် တမန်တော် နေထိုင်ပြီး နိုင်ငံတွင်းကိစ္စများကို မဝင်စွတ်ဖက်ပေ။ ကိစ္စအကြီးကြီးတစ်ခုခု ဖြစ်မှသာ ထွက်ပေါ်လာတတ်သည်။

ဖုနန်ဇီသည် ကောင်းကင်မျှော်စင်ဆီသို့ အရင်ဆုံးရောက်လာသည်။ သူက ယခုအချိန်တွင် စဦးစိတ်ဝိညာဉ်အလယ်အဆင့်သို့ ရောက်နေပြီး နှောင်းပိုင်းအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းစာလောက်သာ လိုတော့၏။

ပြင်ပတိုက်ပွဲမြေပြင်မှ ပြန်လာသော သူ၏အတွေ့အကြုံများကြောင့် ကျောင်းနိုင်ငံထဲတွင် သူက စွမ်းအားအကောင်းဆုံးတစ်ယောက် ဖြစ်နေလေပြီ။

သူက အညိုရောင်ဝတ်စုံကို ဝတ်ထားပြီး ကောင်းကင်မျှော်စင်၏အောက်ခြေတွင် ပေါ်လာ၏။ သူက ကောင်းကင်မျှော်စင်ကို ပူပန်မှုများနှင့်ပြည့်နေသော မျက်လုံးဖြင့် တစိုက်မတ်မတ် ကြည့်နေလေသည်။ သူက ဒီနေရာသို့ ဒုတိယအကြိမ်ရောက်ခြင်း ဖြစ်သည်။ ပထမအကြိမ်သည် လွန်ခဲ့သောနှစ်၅၀၀က ဖြစ်သည်။ ထိုအချိန်က ကျောင်းနိုင်ငံက စဦးစိတ်ဝိညာဉ်အဆင့်၂၃ယောက်လုံးကို အဆင့်၄နိုင်ငံက တိုက်ပွဲတွင် ပါဝင်ရန် ဖိအားပေးခဲ့သည်။

နှစ်၅၀၀ကြာပြီးနောက်တွင် သူတစ်ယောက်သာ ပြန်လာနိုင်ခဲ့၏။

ကုန်လွန်ခဲ့သည့်နှစ်၅၀၀လုံးတွင် နေ့တိုင်းတိုက်ပွဲများ ဆင်နွှဲရပြီး သေခြင်းနဲ့ရှင်ခြင်းလမ်းကျဉ်းလေးပေါ်တွင် လျှောက်လှမ်းခဲ့ရသည်။

ထိုနှစ်၅၀၀လုံးတွင် သူ့ကို လက်ချောင်းလေးတစ်ချောင်း လှုပ်လိုက်ရုံဖြင့် သတ်နိုင်သည့် အစွမ်းထက်သော ကျင့်ကြံသူများကိုလည်း တွေ့ဖူးခဲ့၏။

သူ့ထက် အစွမ်းထက်သောကျင့်ကြံသူများကို ပိုပြီး မြင်ရလေ၊ ပိုပြီး ကြောက်လန့်လာရပြီး စဦးစိတ်ဝိညာဉ်အဆင့်ကနေ နောက်ထပ်အဆင့်များကို ချိုးဖြတ်ချင်လာသည်။ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်၏နောက်တွင် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ရှိသေးကြောင်းလဲ သိခဲ့ရသည်။

သူက ရှုပ်ထွေးနေသာ ခံစားချက်များကို ရင်ထဲတွင် သိမ်းဆည်းလိုက်ပြီး ကောင်းကင်မျှော်စင်ကို ဦးညွတ်ကာ ပြောလိုက်သည်… “တမန်တော်ရွှမ်တောက်ဂိုဏ်းက ဖုနန်ဇီ ရောက်လာပါပြီ… “

ဖုနန်ဇီမင်းနဲ့ငါက အသိအကျွမ်းဟောင်းတွေပဲပုံစံတွေအတိုင်း လိုက်လုပ်ဖို့ မလိုပါဘူး… “ မျှော်စင်ပေါ်မှ အသံတစ်ခုနှင့်အတူ အဘိုးအိုတစ်ဦး ထွက်လာ၏။ ထိုအဘိုးအိုသည် ရုပ်ဆိုးပြီး သူ၏လုံးဝန်းသောဗိုက်သားများကို ပေါ်လွင်စေသည့် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူ့ကို ကြည့်လိုက်လျှင် ရယ်စရာကောင်းနေပေသည်။

သို့သော်လည်း ဖုနန်ဇီက မလေးစားသည့်အမူအရာ မပြရဲပေ။ သူက သိုလှောင်အိတ်တစ်ခုကို ထုတ်လိုက်ပြီး အဘိုးအိုကို ကမ်းပေးကာ ပြောလိုက်သည်… “အရှင်တမန်တော်ဒါက ငါပြန်ရောက်တော့ စုဆောင်းထားတဲ့ ပစ္စည်းလေးတွေပါဒီထဲက ပစ္စည်းတချို့က တမန်တော်မေးထားတဲ့ ပစ္စည်းတွေပါ… “

ထိုခပ်ဝဝအဘိုးအို၏မျက်လုံးက ကျဉ်းမြောင်းသွားပြီး တစ်ချက်ရယ်လိုက်သည်။ သူက သိုလှောင်အိတ်ကို တစ်ချက်ပင် မကြည့်ဘဲ လက်ခံလိုက်သည်။ သိုလှောင်အိတ်ကို သိမ်းလိုက်ပြီးနောက် တမန်တော်က ပြောလိုက်သည်… “ဖုနန်ဇီကျောင်းနိုင်ငံက စဦးစိတ်ဝိညာဉ်အဆင့်တွေထဲမှာ မင်းတစ်ယောက်ပဲ ပြန်လာနိုင်ခဲ့တယ်မင်းရဲ့အကြောင်းကို ငါရဲ့ဂိုဏ်းကို သတင်းပို့ထားပြီးပြီမင်းသာ နှစ်၁၀၀အတွင်း စဦးစိတ်ဝိညာဉ်နှောင်းပိုင်းအဆင့်ကို ရောက်နိုင်မယ်ဆိုရင် ဂိုဏ်းက မင်းကို ပြင်ပတပည့်အဖြစ် လက်ခံမယ်တဲ့… “

ဖုနန်ဇီ၏မျက်နှာတွင် ပီတိများ ဖြာဝေလာပြီး ခေါင်းညိတ်လိုက်သည်။

သူတို့စကားပြောနေစဉ်မှာပင် အလင်းတန်းနှစ်ခုရောက်လာ၏။ လူကြီးတစ်ယောက်နှင့် အမျိုးသမီးကြီးတစ်ယောက် ဖြစ်သည်။ လူကြီးက အသက်၃၀ခန့်ရှိ၏။ သူက ခပ်ဝဝအဘိုးအိုကို မြင်လိုက်သည်နှင့် အလျင်အမြန် ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်… “ဟဲဟွမ်းဂိုဏ်းက ချန်းဟွမ်က အရှင်တမန်တော်ကို နှုတ်ဆက်ပါတယ်… “

အမျိုးသမီးသည်သည် အလွန်ချောမောလှပသည်။ သူမက တမန်တော်ကို ကြည့်ပြီး ရိုသေလေးစားစွာ ပြောလိုက်သည်… “ဟဲဟွမ်ဂိုဏ်းက ချန်းယန်က အရှင်တမန်တော်ကို နှုတ်ဆက်ပါတယ်… “

တမန်တော်က ခေါင်းကို ညိတ်လိုက်ပြီး ဖုနန်ဇီနှင့် စကားဆက်ပြောနေလိုက်သည်။ သူ၏စိတ်ထဲတွင် ဖုနန်ဇီတစ်ယောက်သာ သူနှင့် စကားပြောဖို့ ထိုက်တန်သည်ဟု ထင်နေသည်။

မကြာမီ ၁၀ယောက်ကျော် ထပ်ရောက်လာ၏။ နောက်ဆုံးမှ ရောက်လာသူကာ ရီဇီကျိုင်း ဖြစ်သည်။ ရီဇီကျိုင်း မျှော်စင်ထဲသို့ ဝင်လာသည်နှင့် တမန်တော်က အသက်ကို ရှူထုတ်လိုက်၏။ သူက ဖုနန်ဇီကို ကြည့်ကာ မသိမသာ ပြုံးလိုက်သည်။

စဦးစိတ်ဝိညာဉ်အဆင့်အားလုံးရောက်သည့်အချိန်တွင် သက်တန့်ရောင်တိမ်တိုက်ကြီးက ပိုမိုသိပ်သည်းလာသည်။ တမန်တော်၏မျက်နှာအမူအရာက လေးနက်လာပြီး အစီအရင်တစ်ခု ဖန်တီးကာ ကောင်းကင်ပေါ်သို့ ပစ်လိုက်၏။

မကြာမီ တိမ်တာကြီးက လည်လာပြီး အနီရောင်အလင်းတန်းတစ်ခုက ကောင်းကင်ပေါ်မှ မျှော်စင်ပေါ်သို့ ကျလာ၏။ သူ့နောက်မှ နောက်ထပ် သက်တန့်ရောင်အလင်းတန်း၆ခုကလည်း မျှော်စင်ပေါ်သို့ ကျဆင်းလာသည်။

မျှော်စင်က အလင်းတန်းခြောက်ခုကို စုပ်ယူပြီးနောက် တုန်ခါသွားပြီး မျော်စင်ထိပ်မှ ၁၂မီတာခန့် အချင်းရှိသော အလင်းကွင်းတစ်ခုက ကောင်းကင်ပေါ်သို့ ထိုးတက်သွားကာ အနက်ရောင်တွင်းနက်ကြီးတစ်ခုကို ဖြစ်ပေါ်လာစေသည်။ လျှပ်စီးကွင်းများကလည်း အနက်ရောင်တွင်းနက်ကြီးဘေးတွင် ဝန်းရံနေသည်။

အနက်ရောင်တွင်းနက်ကြီး၏အလယ်တွင် အလင်းတိုင်များ ရှိနေပြီး စွမ်းအင်လှိုင်းများ ထုတ်လွှတ်နေ၏။ တိမ်တိုက်များကလည်း ရေပူကဲ့သို့ နှင်းများပေါ်သို့ အရည်ပျော်ပြီး ကျလာ၏။

အလင်းတိုင်များမှ လေပြင်းများကလည်း ထွက်ပေါ်နေပြီး ထိုလေပြင်းများကြောင့် စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့် အများစုမှာ နောက်သို့ ဆုတ်လိုက်ရ၏။ ကျင့်ကြံသူ၄ယောက်သာ နောက်မဆုတ်ဘဲ နေနိုင်ခဲ့သည်။

ထို၄ယောကက်မှာ ဖုနန်ဇီ၊ ရီဇီကျိုင်း၊ ဖျောင်မြောင်ဂိုဏ်းမှ ဆံပင်ဖြူနှင့်ကျင့်ကြံသူ ထျန်းတောက်ဂိုဏ်းမှ ပိန်ကပ်ကပ်အဘိုးအိုတို့ ဖြစ်သည်။

တမန်တော်က အလေးအနက်ထားသည့် အမူအရာဖြင့် လေပေါ်သို့ ပျံတက်သွားပြီး ရိုသေလေးစားစွာ အော်ပြောလိုက်သည်… “အဆင့်၃နိုင်ငံရဲ့ ကြီးကြပ်သူ ရှီလင်းရီက ကျင့်ကြံခြင်းအဖွဲ့မှ တမန်တော်ကို ကြိုဆိုပါတယ်… “

အနက်ရောင်တွင်းနက်ကြီးထဲမှ ကြီးမာသော ခေါင်းကြီးတစ်လုံး ထွက်ပေါ်လာပြီး လူတိုင်းကို အေးစက်စွာ ကြည့်လိုက်သည်။

စဦးစိတ်ဝိညာဉ်အဆင့်အားလုံးသည် ထိုအကြည့်အောက်တွင် သူတို့၏စိတ်ဝိညာဉ်များက ပြိုလဲမတတ်ခံစားရသည်။ အနက်ရောင်တွင်းနက်ကြီးထဲမှ လူကသာ သူတို့ကို ကြာကြာကြည့်ပါက သူတို့၏စိတ်ဝိညာဉ်များသည် မခံနိုင်တော့သည့်အဆုံး ပေါက်ကွဲသွားရမှာ အမှန်ဖြစ်သည်။

ပထမဆုံးသတိဝင်လာသူကာ ဖုနန်ဇီဖြစ်သည်။ သူ၏မျက်နှာက ဖြူရော်နေပြီး အနက်ရောင်တွင်းနက်ကြီးထဲမှ လူသည် ဘီလူးနတ်ဆိုးမိသားစုမှ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ဆိုတာကို သူ သိလိုက်၏။ ထိုမိသားစုမျ ကျင့်ကြံသူများသည် တခြားကျင့်ကြံသူများကို ဝါးမြိုပြီး ကျင့်ကြံကြသည်။ ဟုန်ယွီဂိုဏ်းမှ ဘိုးဘေးတစ်ယောက်ပင် ဘီလူးနတ်ဆိုးမိသားစုမှ ကျင့်ကြံသူတစ်ယောက်၏ စားသောက်ခြင်းကို ခံလိုက်ရ၏။

ကြီးမားသောဦးခေါင်းကြီးက လင်းရီကို ကြည့်လိုက်ရာ သူ၏အမူအရာက အနည်းငယ် ပြေလျော့သွားသော်လည်း စိတ်မရှည်သည့်ဟန်ဖြင့် ပြောလိုက်သည်… “ဒီနေရာမှာ စိတ်စွမ်းအင်ကလည်း ဟုတ်တိပတ်တိ မရှိဘူးသဘောတူစာချုပ်သာ မရှိဘူးဆိုရင် ဒီနေရာက စိတ်စွမ်းအင်တွေကို တစ်ချက်တည်းနဲ့ အကုန်စုပ်ယူပစ်လိုက်တယ်မင်းတို့အားလုံး နားထောင်ပြင်ပတိုက်ပွဲမြေပြင်က နောက်၅လအတွင်းမှာ ပွင့်လိမ့်မယ်မင်းတို့ကျောင်းနိုင်ငံရဲ့ ဝင်ပေါက်ကနေ မြောက်ဘက်ကို ၅၈ဒီဂရီ ၁သိန်း စတုရန်းကီလိုမီတာ ထိ တာဝန်ယူရမယ်ဒီမှာတိုကင်၇ခု ရှိတယ်စည်းမျဉ်းကတော့ သာမန်ပဲ၇ခုတည်းက ၄ခုက ပျက်စီးရမယ်အများဆုံးဂိုဏ်း၃ခုပဲ ဝင်ခွင့်ပြုနိုင်မယ်၅လကျော်ပြီးတော့မှ တိုကင်က ၃ခုထက်ပိုနေရင် ကျောင်းနိုင်ငံက ဘယ်ဂိုဏ်းကိုမှ ဝင်ခွင့်မပေးဘူး… “

ပြောပြီးသည်နှင့် သူ၏ပါးစပ်ထဲမှ အလင်းတန်း၇ခုက အပြင်သို့ ပျံသန်းထွက်လာပြီး မြေပြင်ပေါ်သို့ ကျသွား၏။ ထို့နောက် ကြီးမားသောဦးခေါင်းကြီးက အနက်ရောင်တွင်းနက်ကြီးထဲသို့ ပြန်ဝင်သွားပြီးမှ ပြန်ထွက်လာကာ အော်ပြောလိုက်သည်… “ပြင်ပတိုက်ပွဲမြေပြင်မှာ ဒီလိုကျောက်တုံးကို ရှာတွေ့ရင် အဲ့တာကို ချက်ချင်း အပ်ရမယ်အဲ့တာကို အပ်နိုင်တဲ့ ဘယ်သူမဆို စိတ်ဝိညာဉ်အသွင်းပြောင်းခြင်းအဆင့်မှော်ရတနာတစ်ခု ရမယ်သူတို့ရဲ့ဂိုဏ်းကလည်း စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့် အလောင်းကောင်၁၀ကောင် ရမယ်ပြီးတော့ သူတို့ရဲ့နိုင်ငံကိုလည်း အဆင့်တစ်ဆင့် မြှင့်ပေးမယ်… “

ဒါပေမဲ့ တစ်ယောက်ယောက်ကသာ အဲ့တာကို သိမ်းထားရဲရင် သူတို့ရဲ့တိုင်းပြည်တစ်ခုလုံး သုတ်သင်ရှင်းလင်းခံရမယ်လင်းရီဒီစကားကို ဆုဇခုကနေ အထက်ကို ပို့လိုက်မင်းဆီကို နောက်ရက်အနည်းငယ်အတွင်း အကြောင်းကြားစာတစ်ခု ရောက်လာလိမ့်မယ်… “

ပြောပြီးသည်နှင့် သူ၏မျက်လုံးက အရောင်တောက်သွားပြီး ကောင်းကင်ပေါ်မှ တိမ်များကို ပုံစံတစ်ခုအဖြစ် ပုံဖော်လိုက်သည်။ ပုံစံသည် သက်တန့်တိမ်ပုံစံများပါသော ကျောက်တုံးတစ်ခု ဖြစ်သည်။

ဝမ်လင်းက ထိုပုံကို မြင်လိုက်ပါက သူ့ရင်ဘတ်တွင် ရှိသော ကောင်းကင်ဘုံဆန့်ကျင့်သောပုတီးစေ့ကို ပြောတာဖြစ်ကြောင်း သိနိုင်သည်။

ထို့နောက် ဘီလူးနတ်ဆိုးမိသားစုဝင်က အနည်းငယ် ရေရွတ်လိုက်ပြီးနောက် တွင်းနက်ထဲမှ လက်ကြီးတစ်ဖက် ထွက်လာကာ ကောင်းကင်မျှော်စင်ထိပ်မှ အလင်းတိုင်များကို ဆွဲယူလိုက်၏။ သူက ခေါင်းကို ခါရမ်းပြီး ပြောလိုက်သည်… “လင်းရီငါ ဒီမှော်ရတနာ၇မျိုးကို ယူသွားတယ်ငါ ဒီကို လာတာ အလကားတော့ မလာပေးနိုင်ဘူး… “

မိုးခြိမ်းသံကဲ့သို့ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာပြီး တွင်းနက်ကြီးက ပျောက်ကွယ်သွား၏။ ထို့နောက် သက်တန့်ရောင်တိမ်တိုက်ကြီးကလည်း ကွဲထွက်သွားပြီး ကျောင်းနိုင်ငံအပေါ် ကျရောက်နေသောဖိအားကလည်း ပျောက်ကွယ်သွားသည်။

တမန်တော်၏မျက်နှာက သုန်မှုန်သွားပြီး အင်္ကျီလက်အိုးကို ဝေ့ရမ်းကာ မျှော်စင်အတွင်းသို့ ဝင်ရောက်သွား၏။ ထို့နောက် မျှော်စင်အတွင်းက အသံတစ်ခု ထွက်ပေါ်လာသည်။

အရင်စည်းမျဉ်းတွေအတိုင်းပဲအမြုတေဖွဲ့တည်ခြင်းအဆင့်နဲ့ စဦးစိတ်ဝိညာဉ်အဆင့်တွေကို ပါဝင်ယှဉ်ပြိုင်ခွင့် မပြုဘူးမင်းတို့ရဲ့ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေကိုပဲ ခေါ်လာခဲ့ပါမင်းတို့က ယှဉ်ပြိုင်တိုက်ခိုက် ရမယ်ပြန်ကြတော့ အခုနောက်၃ရက်နေရင် ပြိုင်ပွဲစမယ်… “

ဂိုဏ်း၇ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းများက သူတို့၏တိုကင်များကို ကောက်ယူလိုက်ကြပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့ကြောင့် ဂိုဏ်းကြီး၃ဂိုဏ်းမှ စဦးစိတ်ဝိညာဉ်အဆင့်၃ယောက်သည် တူညီသောအရပ်မျက်နှာတစ်ခုတည်းသို့ ထွက်ခွာသွား၏။

ထိုအခါ ထျန်းတောက်ဂိုဏ်းမှ ပိန်ကပ်နေသောအဘိုးအိုက ထွက်ခွာသွားသောလူယောက်ကို ကြည့်ကာ ပြောလိုက်သည်… “ရောင်းရင်းတို့ငါ့ရဲ့နေရာကို ခဏလောက် မလာချင်ကြဘူးလား… “


rate now: