book

Index 6

စာစဉ် ၅ (အပိုင်း ၇၁မှ ၈၄ထိ)

  • Author : Oo Zaw
  • Genres : Romance, Adventure, Drama, Action
  • Original Author : Er Gen

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၇၁) လေးနှစ်

ဝမ်လင်း၏ယခုလက်ရှိအဆင့်နှင့်ဆိုလျှင် အိပ်ရန်မလိုတော့ပေ။ အိပ်ယာပေါ်တွင် ခဏလောက်လှဲနေလိုက်ပြီးနောက် မတ်တပ်ထကာ ပြတင်းပေါက်မှတဆင့် လကို ကြည့်လိုက်သည်။ ဝမ်လင်းက ဘူးသီးခြောက်တစ်ဘူးကို ထုတ်ယူလိုက်ပြီး သောက်လိုက်၏။

ထို့နောက် ဝမ်လင်းက တီးတိုးရေရွတ်လိုက်သည်… “ချီစုစည်းခြင်းအဆင့်ကနေ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ချိုးဖြတ်ဖို့အတွက် လိုအပ်တဲ့စိတ်စွမ်းအင်ပမာဏာက အလွန်ကို များပြားလွန်းတယ်အခုကစပြီး ရေငွေ့ရည်တွေကို စုဆောင်းရမယ်… “

စစ်ထူနန်က မေးလိုက်သည်… “ဒါမှန်တယ်... ကောင်လေးကောင်းကင်ဘုံဆန့်ကျင်သောပုတီးစေ့အတွက် သစ်သားဒြပ်စင်ကို စုဆောင်းဖို့ အစီအစဉ် ဘယ်အချိန် စမှာလဲ… “

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်… “အရင်ဆုံး အနီးအနားတစ်ဝှိုက်မှာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ချိုးဖြတ်ဖို့အတွက် နေရာတစ်ခု ရှာရမယ်ပြီးတော့ ကျိုးဖန်းဘယ်လိုဆက်ဖြစ်မလဲ ငါ စောင့်ကြည့်ဖို့ လိုတယ်ဘာကိစ္စမှ မဖြစ်ရင် ဒီနေရာကနေ ထွက်သွားမယ်… “

ညက ကုန်ဆုံးသွား၏။ နောက်ထပ်ရက်အနည်းငယ်အထိ ဝမ်လင်းက မိဘများနှင့်သာ သူ့အချိန်များကို ကုန်ဆုံးစေခဲ့သည်။ လဝက်ကြာပြီးနောက်တွင် ဝမ်လင်းက အိမ်မှ ထွက်လာခဲ့၏။ သူက မိဘများကို မခွဲခွာချင်သည့်အမူအရာဖြင့် နှုတ်ဆက်စကားဆိုပြီး သူ့အိမ်မှ ပျံသန်းထွက်လာခဲ့သည်။ သူ့နောက်တွင် သက်တန့်ရောင်အလင်းတန်းကြီး ကျန်ရစ်နေခဲ့၏။

ဝမ်လင်း အိမ်မှ ထွက်လာသည့်အချိန်တွင် အလွန်ဝမ်းနည်းရသည်။ အိမ်ကို နောက်ဘယ်အချိန်မှ ပြန်ရောက်မည်ကို သူမသိပေ။ နောက်နှစ်အနည်းငယ်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် ဘယ်တော့မှ ပြန်မလာနိုင်တော့သည်လည်း ဖြစ်သွားနိုင်၏။

မူလက တောင်အနောက်ဘက်မှ ဂူပေါက်များထဲတွင် ကျင့်ကြံရန် စီစဉ်ထားသော်လည်း ယခုအချိန်တွင် ထိုအကြံကို ပယ်ဖျက်လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ဟုန်ယွီတောင်နှင့် အလွန်နီးကပ်နေသဖြင့် သူ့အတွက် အလွန်အန္တရာယ်ရှိသောကြောင့် ဖြစ်၏။

အနီးအနားပတ်ဝန်းကျင်တွင် လှည့်ပတ်ရှာဖွေပြီးနောက် ဘာမှမရှိသည့်တောင်တစ်တောင်၏ တောင်ထိပ်နားတွင် ဂူတစ်လုံးကို တွေ့လိုက်ရသည်။ ထိုဂူထဲတွင် မြေအောက်မှ စိမ့်ထွက်နေသည့်ရေအိုင်လေးတစ်အိုင် ရှိပြီး တိရစ္ဆာန်ချေးများလည်း ရှိနေသည်။ ဂူထဲသို့ တိရစ္ဆာန်များက မကြာမဏ လာဟန်တူသည်။ ဝမ်လင်းက ဂူတစ်ခုလုံးကို သေသေချာချာ စစ်ဆေးကြည့်ရှူရာ ဂူက ဝင်ပေါက် တစ်ပေါက်တည်းသာ ရှိပြီး တခြားထွက်ပေါက် ရှိမနေချေ။ ဝမ်လင်းက ဆွဲငင်အားနည်းစနစ်ကို အသုံးပြုပြီး ဝင်ပေါက်ကို ကျောက်တုံးကြီးများဖြင့် ပိတ်လိုက်သည်။

ဝင်ပေါက်ကို ပိတ်ဆို့ပြီးနောက် ဝမ်လင်းက သူ၏ဒုတိယတံခါးပိတ်ကျင့်ကြံခြင်းကို စတင်လိုက်၏။

သူက တံခါးပိတ်ကျင့်ကြံခြင်းကို စတင်ပြီးနောက် အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာသည်။ ၁နှစ်၊ ၂နှစ်၊ ၃နှစ်၊ ၄နှစ်။

ဝမ်လင်း တံခါးပိတ်ကျင့်ကြံနေသည်မှာ ၄နှစ်ကုန်ဆုံးသွားလေပြီ။

ဟုန်ယွီဂိုဏ်းမှ ကျန်ရှိနေသောတပည့်များက ဝမ်လင်းအကြောင်းကို တဖြည်းဖြည်း မေ့လျော့သွားကြ၏။ သူတို့အားလုံးက ဝမ်လင်း သေသွားပြီဟု တွေးလိုက်ကြသည်။ လျိုဝမ်ကျူးနှင့် အဘွားအိုဝမ်ကတော့ ဝမ်လင်းကို အပြင်ထွက်ခိုင်းလိုက်သည့်အတွက် နောင်တရခဲ့ကြ၏။

အပျော်ဆုံးလူသားကတော့ လုစုန့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဝမ်လင်းမရှိလျှင် သူက အကြီးဆုံးတပည့်ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။

ဟွမ်လုံနှင့်တခြားသူများကတော့ ဝမ်လင်းကို ပြိုင်ပွဲရောက်မှသာ သိကြသည့်အတွက် ၄နှစ်ကုန်လွန်လာပြီးနောက် သူတို့သည် ဝမ်လင်းအကြောင်းကို လုံးလုံးလျားလျား မေ့လျော့သွားကြသည်။

ဝမ်လင်းက တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း ပထမနှစ်တွင် ကျိုးဖန်းနှင့် အဆက်အသွယ်များ ရှိပြီး ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်များနှင့် အကြီးအကဲအားလုံးက တံခါးပိတ် ကျင့်ကြံနေကြသည့်အတွက် ဘယ်သူမှ ကျိုးဖန်းကို သတိမပြုမိကြချေ။ ထို့အပြင် ကျိုးဖန်း၏အဆင့်အတန်းကြောင့် မည်သူမှ သူ့ကို လာမရှုပ်ရဲကြချေ။ ဝမ်လင်းက သတင်းများကို ကျိုးဖန်းထံမှ တဆင့်ရပြီး သူ့ကို ဒုက္ခပေးချင်သည့်လူအားလုံးကို ကျိုးဖန်းအား တိတ်တဆိတ် ဂရုစိုက်ခိုင်းလိုက်လေသည်။ တဖြည်းဖြည်းနှင့် ဝမ်လင်းက လူတိုင်း၏မှတ်ဉာဏ်ထဲမှ ပျောက်ကွယ်သွား၏။

ဝမ်လင်း တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်းတွင် ဂူဝင်ပေါက်က တဖြည်းဖြည်း သဘာဝပေါက်ပင်များနှင့် ဖုံးအုပ်လာသည့်အတွက် ဂူရှိသည်ကိုပင် အပြင်ဘက်မှ သတိပြုမိရန် မဖြစ်နိုင်တော့ချေ။

၄နှစ်အတွင်းတွင် ဂူဝင်ပေါက်သည် တိရစ္ဆာန်အများအပြား လာရောက်စုစည်းရာ နေရာတစ်ခု ဖြစ်လာသည်။ တချို့ဆိုလျှင် ဂူပေါက်အပြင်ဘက်တွင် ထိုင်ပြီး ကျင့်ကြံတတ်ကြ၏။

တစ်ရက်တွင် သက်တန့်ရောင်အလင်းတန်း၂ခုက ဝမ်လင်းကျင့်ကြံနေသည့်ဂူရှိရာအရပ်သို့ ပျံသန်းလာသည်။ အလင်းရောင်ထဲမှ အမျိုးသား၂ယောက်နှင့် အမျိုးသမီးတစ်ယောက် ပေါ်ထွက်လာပြီး ဂူပေါက်အနီးတွင် ရပ်တန့်လိုက်ကြ၏။ ရှေ့ဆုံးမှ သက်လတ်ပိုင်းအရွယ်အမျိုးသားက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်က လေထဲတွင် ရပ်တန့်နေသည်။ သူ့ခြေထောက်အောက်တွင် အေးစက်သောအော်ရာများ ထုတ်လွှတ်နေသော အစိမ်းရောင်ဓားတစ်ချောင်း ရှိနေ၏။

သက်လတ်ပိုင်းလူကြီးဘေးတွင် ငယ်ရွယ်သောမိန်းကလေးတစ်ယောက်က မတ်တပ်ရပ်နေသည်။ ထိုမိန်းကလေးသည် အလွန်ဆွဲဆောင်မှုရှိပြီး သူမ၏အသံကလည်း ကြည်လင်ပြတ်သားလှသည်… “တတိယစီနီယာအစ်ကိုကျွန်မကို သလင်းကျောက်စိတ်ဝိညာဉ်သားရဲ ကူရှာပေးရမယ်နော်တောင်အနောက်ဘက်မှာ လေ့ကျင့်ဖို့အတွက် ပြိုင်ပွဲက မကြာခင်လာတော့မယ်သစ်သားသလင်းကျောက်စိတ်ဝိညာဉ်သားရဲကို သန့်စင်ပြီး ဓားစိတ်ဝိညာဉ်ထဲ ထည့်နိုင်ရင် ပြိုင်ပွဲမှာ နိုင်ဖို့သေချာပြီ… “

ဝမ်လင်းကသာ ထိုမိန်းကလေးကို မြင်လိုက်ပါက သူမကို သိပေလိမ့်မည်။ သူမက ဝမ်ကျောက်ကို တဖက်သတ်ချစ်နေသာ မိန်းကလေးရှု ဖြစ်သည်။ သူမက ယခုအချိန်တွင် လှသွေးကြွယ်နေသာ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက် ဖြစ်နေလေပြီ။

သူမ၏အသံကြောင့် သက်လတ်ပိုင်းလူက မိန်းမောသွားပြီး ခဏကြာပြီးမှ သတိပြန်ဝင်လာကာ ပြောလိုက်သည်… “ဂျူနီယာညီမလေးတောင်အနောက်ဘက်ကို ဝင်ရောက်နိုင်ဖို့ ကြိုးစားပါငါ မင်းကို ကူညီပြီး သလင်းကျောက်စိတ်ဝိညာဉ်သားရဲကို ဖမ်းပေးပြီးတာနဲ့ ငါလည်း တံခါးပိတ်ကျင့်ကြံတော့မယ်… “

မိန်းကလေးဘေးတွင် သူမကို ဖက်တွယ်ပြီး ရပ်နေသော အလွန်ငယ်သေးသော ဆယ်ကျော်သက်အရွယ်ကောင်လေးက ပြောလိုက်သည်… “စီနီယာအစ်ကိုနဲ့အစ်မတို့ ပျံသန်းတာ အရမ်းမြန်တာပဲကျွန်တော် မျက်လုံးတောင် မဖွင့်နိုင်ဘူးကျွန်တော်တို့ရောက်ပြီဆို အောက်ဆင်းရအောင်… “

မိန်းကလေးရှုက ပြောလိုက်သည်… “ဂျူနီယာမောင်လေးလိုက်ချင်တယ်ပြောတာ မင်း ပြောခဲ့တာမလားငါ မင်းကို ပြောခဲ့သားပဲ မင်းရဲ့ကျင့်ကြံမှုက နိမ့်သေးတယ်ငါတို့ရဲ့အမြန်နှုန်းကို မင်းခံနိုင်မှာ မဟုတ်ဘူးလို့… “

သက်လတ်ပိုင်းလူက လှည့်ပြီး သူတို့နှစ်ယောက်ကို ကြည့်ကာ ပြောလိုက်၏… “ဂျူနီယာညီလေးမင်းရဲ့ ပင်ကိုယ်စွမ်းရည်က ကောင်းတယ်ဒါပေမဲ့ ဒီလောက်ပင်ပန်းတာလေးကိုတောင် တောင့်မခံနိုင်ရင် အနာဂါတ်မှာ မင်း ဘယ်လိုလေ့ကျင့်မလဲ… “

ကောင်လေးက သက်လတ်ပိုင်းလူကို ကြောက်ရွံ့စွာနှင့် ပြန်ပြောလိုက်သည်… “တတိယဂိုဏ်းတူအစ်ကိုကြီးကျွန်တော် မှားသွားပါတယ်… “

မိန်းကလေးရှုက ကောင်လေး၏ခေါင်းကို ခေါက်ပြီး ပြောလိုက်သည်… “ဂျူနီယာမောင်လေးနည်းနည်းလောက် စောင့်လိုက်ဦးသလင်းကျောက်သားရဲကို ဖမ်းပြီးတာနဲ့ ဂိုဏ်းကို ပြန်ကြမယ်… “

ကောင်လေးက လျင်မြန်စွာ ခေါင်းညိတ်ပြီး တိုးတိုးလေး ပြောလိုက်သည်… “စီနီယာအစ်မက ရွှမ်တောက်ဂိုဏ်းရဲ့ ပါရမီရှင်တစ်ယောက်ပဲစီနီယာအစ်မက အလွှာ၄ကနေ အလွှာ၇ကို ၄နှစ်တည်းနဲ့ ရောက်အောင် ကျင့်ကြံနိုင်တယ်ဒီတစ်ကြိမ် သလင်းကျောက်သားရဲကို ဖမ်းပြီး သန်စင်ပြီး ဓားစိတ်ဝိညာဉ်ထဲကို ထည့်ပြီးတာနဲ့ စီနီယာအစ်မက ရွှမ်တောက်ဂိုဏ်းရဲ့ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာမှာပဲလီရှန်းက ကျွန်တော့်ကို အနိုင်ကျင့်တဲ့အခါ ကူညီပေးရမယ်နော်… “

မိန်းကလေးရှုက ခေါင်းကို ခါပြီး မဲ့ပြုံးလေးဖြင့် ပြောလိုက်သည်… “ပါရမီရှင်ဆိုတာ ဂိုဏ်းတူအစ်ကိုကြီးလျိုဖန်းလို လူမျိုးကို ပြောတာသူက အခုဆို အလွှာ၁၃ကို ချိုးဖြတ်ဖို့ ကြိုးစားနေပြီပြီးတော့ ဂိုဏ်းတူအစ်မကြီးလျိုမိန်လည်း ရှိသေးတယ်.. သူမကလည်း အလွှာ၁၂ကို ရောက်ပြီးနေပြီသူတို့အားလုံးက မူလရွှမ်တောက်ဂိုဏ်းသားတွေပဲဒါ့ကြောင့် သူတို့က တောင်အနောက်ဘက်ကို ဝင်ခွင့်ရကြတယ်အရင်က ငါက ဟုန်ယွီဂိုဏ်းကဒါ့ကြောင့် တောင်အနောက်ဘက်က ကျန်နေသေးတဲ့နေရာတွေထဲက တစ်နေရာစာအတွက် တိုက်ခိုက်ရမယ်ဒီတစ်ကြိမ် ငါနိုင်ဖို့ မျှော်လင့်ရတာပဲ… “

သက်လတ်ပိုင်းလူက နှာခေါင်းရှုံ့လိုက်ပြီး မကျေမနပ်ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်… “ဒီကောင်လျိုဖန်းက တောင်အနောက်ဘက်ကို ဝင်လို့ရလို့ ဒီလောက်မြန်မြန် တိုးတက်လာတာဒါကလည်း ဘိုးဘေးက ဟုန်ယွီဂိုဏ်းရဲ့တောင်အနောက်ဘက်နေရာကို ရအောင် လုယူလိုက်လို့ပါဘိုးဘေးကြောင့် မဟုတ်ရင် ဘယ်လိုလုပ်ပြီး သူက ဒီလောက်မြန်မြန် တိုးတက်ပါ့မလဲသူက ပင်ကိုယ်ပါရမီ အရမ်းကောင်းရင်တောင် များပြားတဲ့ စိတ်စွမ်းအင်ပမာဏ မရှိရင် ဒီအဆင့်ထိ ရောက်လာမှာ မဟုတ်ဘူး… “

မိန်းကလေးရှုက ပြုံးလိုက်ပြီး အကြောင်းအရာ ပြောင်းလိုက်သည်… “တတိယအစ်ကိုဒီနေရာကို ကြည့်စမ်းပါဦးဒီနေရာကို အရင်က ရောက်ဖူးတယ်အရင်ကနဲ့ တော်တော်ကွာခြားနေတယ်တိရစ္ဆာန်ရိုင်းအများကြီးက ဘာလို့ ဒီနေရာမှာ စုပြီး ကျင့်ကြံနေတာလဲ… “

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၇၂) အခြေခံခိုးယူခြင်း

သက်လတ်ပိုင်းလူက အနီးအနားပတ်ဝန်းကျင်ကို အနည်းငယ် ပတ်ကြည့်ပြီး ရေရွတ်လိုက်သည်… “ဒီနေရာက တစ်ကယ်ကို ထူးဆန်းတယ်လွန်ခဲ့တဲ့၂နှစ်က ဒီနေရာမှာ ရုတ်တရက် စိတ်စွမ်းအင်းလှိုင်းတွေ ပေါက်ကွဲထွက်လာတယ်စိတ်စွမ်းအင်လှိုင်းတွေက နေရာအနှံ့ကို ပျံ့သွားပြီး သားရဲတွေကို ဆွဲဆောင်လိုက်နိုင်တယ်ဘာအရာကများ သားရဲတွေကို ဆွဲဆောင်နိုင်တာလဲ… “

ကောင်လေး၏မျက်လုံးများက အရောင်လက်သွားပြီး ပြောလိုက်သည်… “ဂိုဏ်းတူအစ်ကိုကြီး ဒီနေရာမှာ ရတနာတစ်ခုခုများ ရှိနေတာလား… “

သက်လတ်ပိုင်းလူက ရယ်ပြီး ပြောလိုက်သည်… “အကြီးအကဲတစ်ချို့လည်း အဲ့လို တွေးခဲ့ကြတာပဲဒါပေမဲ့ အချိန်တော်တော်ကြာအောင် ရှာပြီးတဲ့နောက်မှာ စိတ်စွမ်းအင်လှိုင်းတွေ ထွက်ပေါ်လာတာ သဘာဝဖြစ်ရပ်တစ်ခုဆိုပြီး သတ်မှတ်ခဲ့ကြတယ်… “

ကောင်လေးက သက်ပြင်းချပြီး စိတ်ပျက်သွားဟန်ဖြင့် ပြောလိုက်သည်… “ဒါက ကံဆိုးတာပဲဒီနေရာမှာ ရတနာတစ်ကယ်သာ ရှိရင်… “

သက်လတ်ပိုင်းလူက ပြောလိုက်သည်… “နောက်ကျနေပြီအားကောင်းတဲ့ သလင်းကျောက်စိတ်ဝိညာဉ်သားရဲတစ်ကောင် ဖမ်းပြီးရင် ပြန်ကြမယ်… “

ပြောပြီးသည်နှင့် သူက နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ကြည့်ရာ သလင်းကျောက်စိတ်ဝိညာဉ်သားရဲ ၇ကောင်၊၈ကောင်ခန့်ကို တွေ့လိုက်ရပြီး အကဲခတ်နေလိုက်သည်။

ထိုအချိန်တွင် တစ်စုံတစ်ခုက ကျင့်ကြံနေသော သားရဲအားလုံးကို ထိတ်လန့်တကြားဖြစ်စေလိုက်သကဲ့သို့ သားရဲအားလုံးက ရုတ်တရက် လှုပ်ရှားလာသည်။ တချို့ဆိုလျှင် စတင်ပြီး ဟိန်းဟောက်ကြသည်။

တဖြည်းဖြည်းနှင့် ဟိန်းဟောက်သည့် အကောင်အရေအတွက်က ပိုမို များပြားလာကာ နောက်ဆုံးတွင် သားရဲများအားလုံးက သစ်ပင်၊နွယ်ပင်များ ပြည့်နေသော ချောက်ကမ်းပါးနံရံကြီးကို ဦးတည်ပြီး ဟိန်းဟောက်နေကြသည်။

သက်လတ်ပိုင်းလူက မှင်သက်သွား၏။ သူက နောက်လိုက်တပည့်၂ယောက်ကို ခေါ်ပြီး အလျင်အမြန် ထွက်သွားရန် ပြင်လိုက်ချိန်တွင် အားကောင်းသောနတ်ဘုရားစိတ်အာရုံတစ်ခုက သူတို့ကို ရိုက်ခတ်သွား၏။ သက်လတ်ပိုင်းလူလည်း မျက်နှာ အကြီးအကျယ် ပျက်သွားသည်။ သူသည် အလွှာ၁၂ကို ရောက်ရှိနေတာတောင်မှ ထိုနတ်ဘုရားစိတ်အာရုံအောက်တွင် စွမ်းအားများ ကင်းမဲ့သွားသကဲ့သို့ ခံစားလိုက်ရ၏။

မိန်းကလေးရှု၏မျက်နှာလည်း ဖြူရော်သွားပြီး သူ့ခြေထောက်အောက်မှ ဓားသည်လည်း လက်ခနဲ ဖြစ်သွားပြီး မြေပြင်ပေါ်သို့ ကျသွားသည်။ မိန်းကလေးရှုနှင့်အတူ သူမကို ဖက်တွယ်ထားသောကောင်လေးသည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

သက်လတ်ပိုင်းလူ၏အောက်မှ ဓားသည်လည်း တုန်သွားသဖြင့် သူ၏စွမ်းအင်အားလုံးကို ဆက်လက်ပျံသန်းနိုင်ရန် အသုံးပြုလိုက်ရသည်။ သူက ပြုတ်ကျနေသော လူ၂ယောက်ကိုလည်း ရှေ့သို့အနည်းငယ်တိုးပြီး မြေပေါ်သို့မကျခင် ဖမ်းဆွဲလိုက်နိုင်၏။ ထိုလှုပ်ရှားမှုက အလွန်ရိုးရှင်းလှသော်လည်း သူ့ကို ချွေးများ စိုရွှဲသွားစေသည်။

သူက မြေပေါ်သို့ ဆင်းလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကာ လေးလေးစားစားဖြင့် ပြောလိုက်သည်… “ရွှမ်တောက်ဂိုဏ်းက ဂျူနီယာတပည့်လီဟိုင်က ဒီနေရာမှာ စီနီယာကျင့်ကြံနေတာကို မသိလိုက်လို့ပါကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ… “

မိန်းကလေးရှုကလည်း ထိုနတ်ဘုရားစိတ်အာရုံကို သတိပြုမိလိုက်သည်။ ထိုနတ်ဘုရားစိတ်အာရုံကြောင့်သာ သူမ၏ဓားပျံက ထိန်းချုပ်မှု ကင်းမဲ့သွားခြင်း ဖြစ်သည်။ သူမကလည်း လေးလေးစားစားဖြင့် ပြောလိုက်သည်… “ဂျူနီယာက ရွှမ်တောက်ဂိုဏ်းက တပည့်ရှုဖေးပါ… “

ကောင်လေးကတော့ ကြောက်လန့်နေပြီး မျက်နှာတွင် သွေးရောင်ပင် မရှိတော့ချေ။ သူက ဘာစကားတစ်ခွန်းမှ မပြောရဲဘဲ နေရာမှာပင် ရှုဖေး၏အင်္ကျီကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။

သားရဲများအားလုံးကလည်း နတ်ဘုရားစိတ်အာရုံက သူတို့ကို ဖြတ်သွားချိန်တွင် အလွန်ကြောက်လန့်သွားကြပြီး သူတို့အားလုံးက မြေပြင်တွင် လဲလျောင်းလိုက်ကြပြီး နည်းနည်းမှပင် မလှုပ်ရှားရဲကြတော့ချေ။

ရွှမ်တောက်ဂိုဏ်း… “ အဘိုးကြီးတစ်ယောက်၏အသံတစ်ခုက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်ပြီး ထွက်ပေါ်လာသည်။ ထိုအသံသည် ပျော်နေလား၊ဒေါသထွက်နေလား ခွဲခြားမရပေ။

သက်လတ်ပိုင်းလူက စိတ်ထဲမှ ညည်းညူလိုက်သည်။ သူသာ တစ်ခုခုမှားနေတာကို မြင်သည့်အချိန်က ထွက်ပြေးခဲ့လျှင် လွတ်မြောက်နိုင်၏။ သို့သော်လည်း ဂိုဏ်းတူညီမလေးနှင့်ညီလေးက ဒီမှာရှိနေသည်။ သူ ပြေးလို့လွတ်သွားလျှင်တောင်မှ သူတို့၏ဆရာများက သူ့ကို တာဝန်ခံခိုင်းပေလိမ့်မည်။ ယခုအချိန်တွင် သူ မျှော်လင့်ထားနိုင်တာက ဤနေရာသည် ရွှမ်တောက်ဂိုဏ်းနှင့် နီးနေခြင်းနှင့် သူတို့က ဒီနေရာမှ စီနီယာကို စိတ်အနှောင့်အယှက်ဖြစ်အောင် ဘာကိုမှ မလုပ်ခဲ့ပေ။ ထို့ကြောင့် စီနီယာက သူတို့ကို ဘာမှမလုပ်ပါစေနဲ့ဟုသာ ဆုတောင်းနိုင်တော့၏။

စီနီယာထံမှရွှမ်တောက်ဂိုဏ်းဆိုသည့်စကားလုံး ထွက်လာချိန်တွင် သူက အံကြိတ်ပြီး သူ့အသက်ကသာ အရေးကြီးဆုံးဖြစ်သည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ စီနီယာကသာ သူတို့ကို သတ်ရန်ကြိုးစားလာပါက သူ့အသက်ကို အရင်ဆုံးကယ်ရပေမည်။

ရှုဖေး၏နဖူးတွင် ချွေးများ စိုရွှဲနေပြီး ကြောက်လန့်နေသည်။ အမြဲတမ်းတည်ငြိမ်နေတတ်သည့် တတိယဂိုဏ်းတူအစ်ကိုကြီးသည်လည်း ကြောက်ရွံ့နေသည်ကို မြင်လိုက်ရသောအခါ သူမက ပိုမို ထိတ်လန့်ကြောက်ရွံ့သွား၏။ သူမက တုန့်ဆိုင်းနေပြီး ပြောလိုက်သည်… “စီနီယာဂျူနီယာတို့က စီနီယာကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ခဲ့ပါဘူးစီနီယာ… “

သူမ ပြောလို့မပြီးခင်မှာတင် အဘိုးကြီး၏အသံက ထပ်မံထွက်ပေါ်လာသည်… “မင်းပြောခဲ့တာမင်းနာမည်က ရှုလား… “

မိန်းကလေးရှုက အံ့အားသင့်သွားပြီး လေးလေးစားစား ပြန်ဖြေလိုက်သည်… “တပည့်ရဲ့နာမည်က ရှု ဖြစ်ပါတယ်… “

အသံပိုင်ရှင်ဘက်က အချိန်တော်တော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်… “မင်းတို့ သွားနိုင်ပြီ… “

ပြောပြီးသည်နှင့် ကောင်းကင်ကြီးက ရုတ်တရက် ပြောင်းလဲသွား၏။ ကောင်းကင်ပေါ်ရှိတိမ်များမှာ တစ်ခုခုဖြင့် ဖယ်ရှားခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။ ရှုဖေးတို့၃ယောက်ကိုလည်း အဝေးသို့ မမြင်ရသည့်လေများဖြင့် တွန်းထုတ်ခံလိုက်ရသည်။

သက်လက်ပိုင်းလူသည် ပိုပြီးတော့တောင် ထိတ်လန့်ကြောက်ရွံ့သွား၏။ ထိုအချိန်တွင် သူ့တစ်ကိုယ်လုံး လှုပ်ရှား၍ပင် မရချေ။ ထိုစီနီယာကသာ သူ့ကို သတ်ချင်ပါက သူက လှုပ်ရှားဖို့ပင် အချိန်ရလိုက်မည် မဟုတ်ပေ။

သူက ချက်ချင်းပဲ ဂိုဏ်းတူညီမလေးနှင့်ဂိုဏ်းတူညီလေးကို ဆွဲယူပြီး အမြန်ဆုံးနှုန်းဖြင့် ပြေးထွက်သွားလိုက်၏။ စီနီယာက စိတ်ပြောင်းသွားမည်ကို သူ အလွန်ကြောက်ရွံ့သည်။ ထို့ကြောင့် သူ၏စွမ်းအင်အားလုံးကို အသုံးပြုပြီး ပြေးထွက်လာခြင်း ဖြစ်၏။

နောက်၃ရက် ကြာပြီးနောက် ချောက်ကမ်းပါးနံရံတွင် ပေါက်နေသော သဘာဝပေါက်ပင်များက လှုပ်ရမ်းလာပြီး သဘာဝပေါက်ပင်အားလုံး အောက်သို့ ပြုတ်ကျသွားကာ မှောင်မဲနေသောဂူတစ်ခု ပေါ်လာသည်။

ခါးထိရှည်သောဆံပင်နှင့် လူငယ်တစ်ယောက် ဂူထဲမှ တဖြည်းဖြည်း လမ်းလျှောက်ထွက်လာ၏။ သူ၏မျက်နှာက ဖြူဖွေးနေပြီး သူ၏မျက်လုံးများက တလက်လက် တောက်ပနေသည်။ သူ ဂူထဲမှ ထွက်လာသည့်အချိန်တွင် သားရဲများအားလုံးက ညည်းညူလိုက်ကြပြီး သူတို့၏မျက်လုံးများတွင် သနားရန် တောင်းပန်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နေ၏။

ဆံပင်ရှည်နှင့်လူငယ်လေးက အသက်နှစ်၂၀ခန့် ရှိပြီး သူက သားရဲများအားလုံးကို အေးစက်စွာ ကြည့်လိုက်သည်။ ထို့နောက် သူက ဟုန်ယွီတောင်ကို စိတ်မကောင်းဖြစ်နေသည့်ဟန်ဖြင့် ကြည့်လိုက်သည်။

ထိုလူငယ်ကား လွန်ခဲ့သော၄နှစ်က တံခါးပိတ် ကျင့်ကြံခဲ့သော ဝမ်လင်း ဖြစ်သည်။

ဝမ်လင်းက ရေရွတ်လိုက်သည်… “ငါ ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်ကို ရောက်နေတာ အချိန်တော်တော်ကြာပြီဒါပေမဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်ဖို့က အလွန်ပဲ ခက်ခဲပြီး ငါ ဘယ်လိုပဲ ကြိုးစားကြိုးစား မရောက်နိုင်ဘူး ဖြစ်နေတယ်စစ်ထူနန်မင်းပြောတဲ့နည်းလမ်းက ငါ့ကို တစ်ကယ်ပဲ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို မြန်မြန်ရောက်အောင် ကူညီနိုင်မှာလား… “

ဟုတ်တယ်ငါ့နည်းလမ်းကို အသုံးပြုဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီလား… “ စစ်ထူနန်က ဂုဏ်ယူစွာ ပြုံးလိုက်သည်… “ငါ မင်းကို အရင်ကတည်းက ပြောပါတယ်ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်ဖို့က ခက်ခဲပါတယ်လို့မင်းသာ ငါ့နည်းလမ်းကို အသုံးပြုရင် ကျိန်းသေ အောင်မြင်လိမ့်မယ်… “

ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်သောအလင်းရောင် တစ်ချက်လက်သွားပြီး ပြောလိုက်သည်… “ဒါပေမဲ့ ငါက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကိုတောင် မချနိုင်သေးတာအသက်ရှင်နေတဲ့တစ်ယောက်ကို ဘယ်လိုဖမ်းနိုင်မှာလဲ… “

စစ်ထူနန်က တစ်ချက် ရယ်မောပြီး ပြောလိုက်၏… “ဒီကိစ္စကို စိတ်ချလက်ချနေလိုက်စမ်းပါမင်းမှာ ငါရှိတယ်လေဒီတစ်ကြိမ်ကတော့ မင်းကို ကူညီပေးလို့ အဆင်ပြေတယ်နောက်တစ်ကြိမ်ဆိုရင် ငါက စွန့်စားရတော့မယ်မင်းငါ့ကို အခွင့်အရေးတွေ ရှာပေးနေတဲ့ကာလတစ်လျှောက်လုံး ငါကလည်း မင်းကို လူတွေဖမ်းတဲ့နေရာမှာ ကူညီပေးမယ်ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်နေတဲ့လူတစ်ယောက်ကို ရှာတာက ပိုကောင်းတယ်ဒါဆို ငါလည်း ငါ့ရဲ့စွမ်းအင်အဆီအနှစ်တွေ အများကြီး မကုန်တော့ဘူး… “

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးသက်ပြင်းချလိုက်သည်… “စစ်ထူနန်ဒီအခြေခံခိုးယူခြင်းက အရမ်းကို ရက်စက်လွန်းတယ်ငါ ခိုးယူတာခံလိုက်ရတဲ့ ဘယ်သူမဆို ကျိန်းသေ သေသွားရမှာဒါ့ကြောင့် အရင်ဆုံး စောင့်ကြည့်ရအောင်… “

စစ်ထူနန်က အားမရသကဲ့သို့ ပြောလိုက်သည်… “မင်းကတော့ငါ မင်းကို အကြိမ်ကြိမ် ပြောပြီးပြီကျင့်ကြံခြင်းလောကမှာ ခွန်အားကြီးတဲ့သူက ငယ်တဲ့သူကို နိုင်စားတာပဲမင်းအကျိုးအတွက် တခြားသူကို သတ်တာက သာမန်ပါပဲမင်းရဲ့လက်ရှိသနားတတ်တဲ့စိတ်နဲ့ဆိုရင် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကို ရောက်ဖို့ ဘယ်လောက်တောင် ကြာဦးမှာလဲမင်း ငါ့နည်းလမ်းကို မသုံးချင်ဘူးဆိုရင် သစ်သားဒြပ်စင်ကို သွားရှာသင့်တယ်ကောင်းကင်ဘုံဆန့်ကျင်သောပုတီးစေ့ထဲကို သစ်သားဒြပ်စင် လုံလုံလောက်လောက် ဖြည့်ပေးနိုင်ရင် မင်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်ဖို့အတွက် လိုအပ်တဲ့ စိတ်စွမ်းအင်ပမာကို လုံလုံလောက်လောက် ထုတ်ပေးနိုင်လောက်တယ်နှစ်ခုစလုံး မလုပ်ဘူးဆိုရင်တော့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တွေးတောင် မတွေးနဲ့တော့… “

ဝမ်လင်းက ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်… “တခြားသူတွေ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ဘယ်လိုရောက်သွားကြလဲ ငါ သိချင်မိတယ်… “

စစ်ထူနန်က ပြောလိုက်သည်… “ဒါက ရိုးရိုးလေးပါဂိုဏ်းတစ်ဂိုဏ်းမှာဆိုရင် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူက သူတို့ရဲ့ ကိုယ်ပိုင်ကျင့်ကြံမှုကို သုံးပြီး တပည့်တွေ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်အောင် ကူညီပေးကြတာလေငါ့မှာသာ ခန္ဓာကိုယ်ရှိရင် မင်းကိုလည်း အဲ့လို ကူညီပေးလို့ရတယ်ငါ့နိုင်ငံမှာဆိုရင် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူရဲ့ အဆင့်အတန်းက ဒီမှာဆိုရင် အမြုတေဖွဲ့တည်ခြင်းအဆင့်တစ်ယောက်ရဲ့ အဆင့်အတန်းလောက်ပဲ ရှိတယ်သူတို့က အများကြီး မရှိရင်တောင်မှာ တပည့်တွေကို ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်အောင် ကူညီပေးဖို့ လုံလောက်တယ်… “

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၇၃) ထျန်းရွှေမြို့

ဝမ်လင်းက လေကို တစ်ဝကြီး ရှူသွင်းလိုက်သည်။ ချီစုစည်းခြင်းအဆင့်၏အထွတ်အထွပ်ကို လွန်ခဲ့သော၂နှစ်ကတည်းက ရောက်နေခဲ့ပြီး ကျန်သည့်၂နှစ်လုံးလုံး ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။

သို့သော် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို မရောက်သေးသော်လည်း သူ၏ခန္ဓာကိုယ်မှ ကျင့်ကြံခြင်းအဆင့်ကွာဟမှုသည် တော်တော်လေး လျော့နည်းသွား၏။ ယခင်က အလွှာ၃ဟု မြင်ရသော်လည်း ယခုအချိန်တွင် အလွှာ၈ဟု မြင်နေရပြီ ဖြစ်သည်။

ဝမ်လင်းက ရေရွတ်လိုက်သည်… “ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်… “ ထို့နောက် ဆုံးဖြတ်ချက် ချလိုက်သကဲ့သို့ ရုတ်တရက် သူ့မျက်လုံးက တောက်ပသွား၏။ ဝမ်လင်းက သိုလှောင်အိတ်ကို လက်ဖြင့်ပုတ်လိုက်ရာ ခမ်းခမ်းနားနားတောက်ပနေသောဓားတစ်ချောင်း ထွက်လာကာ သူ့ကို လှည့်ပတ်နေပြီး နောက်ဆုံးတွင် သူ့ရှေ့ ရပ်တန့်သွား၏။

ဝမ်လင်းက ဓားပေါ်တွင် ရပ်လိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပျောက်ကွယ်သွား၏။

ထိုအခါမှ မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် သားရဲအားလုံး စိတ်သက်သာရာ ရသွားပြီး လျင်မြန်စွာ အုပ်စု ခွဲပြီး ထွက်သွားကြသည်။

ဝမ်လင်းသည် တောင်များ၊မြေပြန့်များ၊သစ်တောများ၊ရွာများ တစ်ခုပြီး တစ်ပြီး ဖြတ်ကျော်လာပြီး မျက်စိတစ်မှိတ်အတွင်း၌ပင် သူ့မွေးရပ်မြေရွာလေးက သူ၏မြင်ကွင်းထဲ ဝင်ရောက်လာသည်။ သူက အနည်းငယ် စဉ်းစားလိုက်ပြီး တုန့်ဆိုင်းခြင်း ကင်းမဲ့စွာဖြင့် ရွာကို ကြည့်ပင် မကြည့်ဘဲ ဖြတ်ကျော်သွားလိုက်၏။

ဟုန်ယွီတောင်သည် ကျောင်းနိုင်ငံ၏မြောက်ပိုင်းနယ်နိမိတ်တွင် ရှိပြီး အလွန်ချောင်ကျကာ အနီးအနားတွင် သေးငယ်သောရွာများသာ ရှိ၏။ ဝမ်လင်းသွားမည့်နေရာက ဟုန်ယွီတောင်နှင့် ကီလိုမီတာတစ်သောင်းအကွာခန့်တွင် ရှိသော ထျန်းရွှေမြို့ဖြစ်သည်။ ထျန်းရွှေမြို့သည် ကျောင်းနိုင်ငံမြောက်ပိုင်းတွင် အကြီးမားဆုံးမြို့ ဖြစ်၏။

ဝမ်လင်းက ထျန်းရွှေမြို့အကြောင်း ကြားသာ ကြားဖူးသည်။ သူ့ဆရာ၏ပြောပြချက်အရ ထျန်းရွှေမြို့တွင် စစ်သည်၁သိန်းခန့် အခြေစိုက်တည်ရှိသည်။ ဝမ်လင်းက ကလေးဘဝကတည်းက ထိုမြို့ကို သွားရောက်ချင်ခဲ့၏။

ကျင့်ကြံခြင်းလောကထဲ မဝင်ခင်က သူ၏အကြီးမားဆုံးအိမ်မက်သည် ပြည်နယ်စာမေးပွဲတွင် သူ့နာမည်ကို ရေးထိုးနိုင်စေရန် ဖြစ်ပြီး မြို့တော်တွင် အဆင့်အတန်းမြင့်သည့်အရာရှိအာဏာပိုင်တစ်ယောက် ဖြစ်လာရန် ဖြစ်သည်။ သူ့မိဘတွေကလည်း ထိုသို့ လုပ်စေချင်ခဲ့သည်။

သူ၏စိတ်ထဲတွင် ငယ်ဘဝက ဖြစ်ချင်ခဲ့သည်များကို အမှတ်ရသွားပြီး ပြုံးမိလိုက်ကာ ထျန်းရွှေမြို့ဆီသို့ ဦးတည် ပျံသန်းလိုက်၏။

၁၀ရက် ကြာပြီးနောက် လေထဲတွင် ပျံသန်းရင်း စစ်ထူနန်၏လှောင်ပြောင်ရယ်မောသံများကြောင့် စိတ်ရှုပ်ထွေးလာရသည်။

မင်း ရက်အများကြီး ပျံသန်းနေတာကို ငါ မြင်နေရတယ်မင်း လမ်းသိတယ်လို့ ငါ ထင်နေခဲ့တာဒါပေမဲ့ မင်းက မသိဘူးပဲ… “

ဝမ်လင်းက နှာခေါင်းရှုံ့ပြီး ပြန်ပြောလိုက်သည်… “အဲ့ဒီသစ်တောတွေထဲ ငါ့ကို သွားဖို့ မပြောခဲ့ရင် အခုချိန် သေချာပေါက် ငါ မြို့ကို မြင်နေရလောက်ပြီ… “

စစ်ထူနန်က ရယ်မောလိုက်၏… “လမ်းမှာ သစ်တောတွေ အများကြီးပဲဒါကြောင့် ပုတီးစေ့က သစ်သားဒြပ်စင်တချို့ကို စုပ်ယူနိုင်ဖို့ အခွင့်အရေး ရှိတယ်ငါက မင်းကောင်းဖို့ လုပ်တာပါ… “

ဝမ်လင်းက ထပ်ပြောရန် ပြင်လိုက်သော်လည်း ရပ်တန့်လိုက်၏။ အောက်တွင် လေးဘီးလှည်းတန်းကြီးကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

………………..

လျိုစန်းသည် ထျန်းရွှေမြို့ထဲတွင် ဧရာမအစောင့်အရှောက်အဖွဲ့မှ ခေါင်းဆောင် ဖြစ်၏။ သူ့ခန္ဓာကိုယ်က အလွန် မတုတ်ခိုင်သော်လည်း တောင်ခွဲလက်ဝါးသိုင်းကို အဆင့်အတန်းမြင့်မြင့် တတ်ကျွမ်းထားသော လူတစ်ယောက်ဖြစ်သည်။ ထျန်းရွှေမြို့ထဲတွင် သူ့ကို ထိပ်သီးကျွမ်းကျင်သူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။ ပုံမှန်ဆိုလျှင် အလုပ်လုပ်သည့်အခါ သူကိုယ်တိုင် လိုက်ပါလေ့ မရှိပေ။

သည်တစ်ကြိမ်စောင့်ရှောက်ပို့ဆောင်ပေးရသည့်ပစ္စည်းက အလွန်အရေးကြီးပြီး လူအများကို ဆွဲဆောင်နိုင်သည်။ ထို့ကြောင့်ပင် မြောက်ပိုင်းမိသားစုက သူကိုယ်တိုင် လိုက်ပို့ခိုင်းလိုက်ခြင်း ဖြစ်၏။

လျိုစန်းသည် အလွယ်တကူ ခင်မင်တတ်သော လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့်ပင် အစောင့်အရှောက်လုပ်ငန်းအဖွဲ့ရှိ လူတိုင်းက သူ့ကို မျက်နှာသာ ပေးတတ်ကြသည်။ ယခုအချိန်တွင် သူက မြင်းပေါ်တွင် ဂုဏ်ယူဝင့်ကြွားသည့်ဟန်ဖြင့် အေးဆေးသက်သာစွာ စီးနင်း လိုက်ပါလာသည်။ သည်တစ်ကြိမ်ပို့ပေးရသည့်ပစ္စည်းကြောင့် လမ်းတွင် သူခိုး၊ဓားပြများစွာနှင့် ကြုံတွေ့ရ၏။ သူတို့အားလုံး၏ရင်ထဲတွင် ထိတ်လန့်နေသော်လည်း အသက်အန္တရာယ်မရှိသလိုပင် ဟန်ဆောင်ထားကြသည်။ သူတို့အတွက် အန္တရာယ်အများဆုံးအချိန်က သစ်စိမ်းဓားပြများ လာရောက်တိုက်ခိုက်သည့်အချိန် ဖြစ်၏။ သို့သော်လည်း သူတို့က လျိုစန်းကို မြင်သည့်အခါ လျိုစန်းကို မျက်နှာသာပေးလိုက်သည့်သဘောဖြင့် မတိုက်ခိုက်တော့ပေ။ ထိုအချက်က လျိုစန်းကို သူ့ကိုယ်သူ ဂုဏ်ယူသွားစေသည်။

သူက မျက်လုံးကို မှိတ်ပြီး အပန်းဖြေကာ လိုက်ပါလာသည်။ ထျန်းရွှေမြို့က ရှေ့တွင် ရောက်တော့မည် ဖြစ်သည့်အတွက် မြောက်ပိုင်းမိသားစုက လုပ်ခိုင်းထားသောလုပ်ငန်းတာဝန်က ပြီးတော့မည်ဟု သတ်မှတ်နိုင်သည်။

လျိုစန်း၏ညာဘက်မြင်းပေါ်တွင် သန်မာထွားကျိုင်းပြီး ငယ်ရွယ်သောလူငယ်တစ်ယောက်က စီးနင်းလိုက်ပါလာ၏။ ထိုလူငယ်က ရယ်မောပြီး မေးလိုက်သည်… “ခေါင်းဆောင်ဒီတစ်ခါပို့ဆောင်ပေးရတဲ့အလုပ်ပြီးသွားပြီဆိုရင် မြောက်ပိုင်းမိသားစုက ကျွန်တော်တို့ကို ဘယ်လောက်ပေးမယ်လို့ထင်လဲ… “

မျက်နှာမဲနှင့်လူကြီးတစ်ယောက်ကလည်း ပြောလိုက်သည်.. “ခေါင်းဆောင်ဒီတစ်ခါ ပစ္စည်းက အရေးကြီးတော့ သင့်တင့်လျောက်ပတ်တဲ့အခကြေးငွေတော့ ရသင့်တယ်မလား… “

လျိုစန်းက သူတို့ကို စိုက်ကြည့်ပြီး ပြောလိုက်သည်… “မြောက်ပိုင်းမိသားစုက ဘယ်တုန်းက လိမ်ညာဖူးလို့လဲစောင့်ကြည့်လိုက်ပါဒီကိစ္စကို စိုးရိမ်မနေကြနဲ့… “

လူငယ်က မြင်းကို ပုတ်ပြီး ပြောလိုက်သည်… “ခေါင်းဆောင်ရဲ့စကားကြားရတာ တစ်ကယ်ပဲ စိတ်သက်သာရာ ရတယ်… “

မျက်နှာမဲနှင့်လူကြီးကလည်း ရယ်မောလိုက်၏။ ရုတ်တရက် သူက မေးလိုက်သည်… “‌ခေါင်းဆောင်ဟိုမှာ လူတစ်ယောက် ရပ်နေတာကို မြင်လား… “

လျိုစန်းကလည်း အာရုံစိုက်ပြီး ကြည့်လိုက်ရာ လမ်းပေါ်တွင် ရပ်နေသောပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။ သူ့မျက်နှာက အနည်းငယ် ပျက်သွားပြီး ပြောလိုက်သည်… “ယန်စန်းသူဘာလုပ်နေတာလဲ သူကို့ သွားမေးစမ်းသူက အကူအညီလိုနေရင်လည်း ငွေတချို့ပေးလိုက်လူတိုင်းမှာ အခက်အခဲတွေတော့ ရှိကြတာပဲ… “

ယန်စန်းက ခေါင်းကို မော့လိုက်ပြီး မြင်းကို ထိုလူဆီသို့ လမ်းကြောင်းတည်ပေးလိုက်သည်။ သူက ထိုလူအနားသို့ ရောက်သောအခါ အရှိန်ကို နှေးလိုက်ရမည့်အစား မြန်တောင် မြန်လိုက်၏။

ထိုအချင်းအရာကို လျိုစန်း မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွား၏။ ယန်စန်းက အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်လေ့ရှိသော်လည်း သူ တစ်ခုခုလုပ်လိုက်လျှင် တခြားသူများကို ကျဉ်းထဲကျပ်ထဲ ရောက်သွားစေတတ်သည်။

မျက်နှာမဲနှင့်လူကြီးက ရယ်မောပြီး ပြောလိုက်သည်… “ဒီကောင်လေးကတော့ ဘာကိုမှ မကြောက်တတ်တာပဲဒါပေမဲ့ သူက မြင်းစီးတာကိုတော့ ကောင်းကောင်းကျွမ်းကျင်သား… “

လမ်းပေါ်တွင် ရပ်နေသည့်လူက ဝမ်လင်း ဖြစ်၏။ သူက လှည်းတန်းကြီးမှ တစ်စုံတစ်ယောက် ထွက်လာသည်ကို မြင်လိုက်သည်။ ထိုလူက လျင်မြန်စွာပင် သူ့ရှေ့သို့ ရောက်လာ၏။

ယန်စန်းက ရပ်နေသည့်လူအနီးသို့ ရောက်၍ မြင်းကို ရပ်တန့်လိုက်သောအခါ သူ့မျက်နှာတွင် အံ့ဩသည့်အမူအရာ ပေါ်လာသည်။ ထိုလူက အလွန်ငယ်ရွယ်သေးသော်လည်း အလွန်တည်ငြိမ်နေ၏။ သူ၏အရှိန်ကို မကြောက်လန့်သည့် လူငယ်လေးကို သဘောကျသွားသည်။ သူက မြင်းကို လှည့်လိုက်ပြီး ဝမ်လင်း၏ဘေးတွင် မြက်စားခိုင်းလိုက်သည်။

သူက ဝမ်လင်းကို လက်နှစ်ဖက်ဆုပ်ပြီး ပြောလိုက်သည်… “ထျန်းရွှေမြို့ ဧရာမအစောင့်အရှောက်အဖွဲ့က ယန်စန်းပါမိတ်ဆွေက အကူအညီတစ်ခုခုများ လိုလို့လား… “

ဝမ်လင်း၏အကြည့်က ယန်စန်းကို စစ်ဆေးကြည့်သကဲ့သို့ ကြည့်လိုက်သည်။ သူက လက်နှစ်ဖက်ကို ဆုပ်ပြီး ပြန်ပြောလိုက်၏… “ကျွန်တော်က ထျန်းရွှေမြို့ကို သွားတဲ့လမ်းကို ရှာနေတာပါမိတ်ဆွေတို့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ရင် တောင်းပန်ပါတယ်… “

ယန်စန်းက မှင်သက်သွားသည်။ ဝမ်လင်းကို အကြိမ်ရေ အနည်းငယ်ခန့် ထပ်ကြည့်လိုက်၏။ အထူးသဖြင့် ဝမ်လင်း၏လက်နှင့်ခေါင်းကို ဖြစ်သည်။ ထို့နောက် သူက ပြုံးပြီး ပြောလိုက်သည်… “ကိစ္စမရှိပါဘူးထျန်းရွှေမြို့က သိပ်မဝေးတော့ဘူးမိတ်ဆွေက ထျန်းရွှေမြို့ကို ဘာအတွက် သွားမှာလဲ… “

ယန်စန်းက ဝမ်လင်းကို နောက်ထပ် အနည်းငယ် ထပ်ကြည့်လိုက်၏။ ထိုအချိန်တွင် လှည်းတန်းက မှီလာပြီး အသံတစ်ခုက အော်ပြောလိုက်သည်… “ယန်စန်းဘာလုပ်နေတာလဲ… “

ယန်စန်းက မြင်းကို လှည့်ပြီး ပြန်အော်ပြောလိုက်၏… “သိုင်းပညာကိုတောင် မသိတဲ့လူငယ်လေးတစ်ယောက်က ထျန်းရွှေမြို့ကို သွားတဲ့လမ်း မေးနေလို့… “

လျိုစန်းက မြင်းဇက်ကြိုးကို ကိုင်ပြီး လျင်မြန်စွာ ရောက်လာသည်။ သူက ဝမ်လင်းကို ကြည့်ပြီး ပြောလိုက်သည်… “မိတ်ဆွေရဲ့ နာမည်က ဘယ်သူများလဲ… “

ဝမ်လင်းက လက်နှစ်ဖက်ကို ဆုပ်ပြီး ပြောလိုက်သည်… “အစောင့်အရှောက်ခေါင်းဆောင်ကျွန်တော့်နာမည်က ဝမ်လင်းပါဒီတစ်ကြိမ်က အိမ်ကနေ ပထမဆုံး ထွက်ဖူးတာပါဒါကြောင့် ခေါင်းဆောင်က ကျွန်တော့်ကို ထျန်းရွှေမြို့ကို သွားတဲ့လမ်းကို ညွှန်ပေးဖို့ မျှော်လင့်ပါတယ်… “

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၇၄) သွေးရောင်လွှမ်းတဲ့အန္တရာယ်

လျိုစန်းက ဝမ်လင်းကို သေသေချာချာ ကြည့်ရှူစစ်ဆေးပြီးနောက် ရုတ်တရက် မေးလိုက်သည်… “မင်းက စာမေးပွဲဖြေဖို့ သွားနေတဲ့ ကျောင်းတော်သားလား… “

ဝမ်လင်းက တည်ငြိမ်စွာဖြင့်ပင် ခေါင်းခါပြီး ပြောလိုက်သည်… “ကျွန်တော်က စာမေးပွဲအတွက် သွားမှာ မဟုတ်ပါဘူးကျွန်တော်က လက်မှုပညာအနည်းငယ်တော့ တတ်ကျွမ်းပါတယ်အဲ့ပညာလေးနဲ့ ထျန်းရွှေမြို့မှာ အသက်မွေးဝမ်းကျောင်း ပြုမလို့ပါ… “

လျိုစန်း အနည်းငယ် စိတ်သက်သာရာ ရသွား၏။ သူ၏မေးခွန်းတွင် နက်ရှိုင်းသောအဓိပ္ပါယ်များ ပါနေသည်။ ယခုကာလသည် ပြည်နယ်စာမေးပွဲအတွက် ကျောင်းတော်သားများ ထျန်းရွှေမြို့သို့ သွားနေကြသည့်အချိန် ဖြစ်၏။ ကျောင်းတော်သားများတွင် စာရေးကိရိယာများထည့်ထားသော သေတ္တာများ ပါတတ်ကြသော်လည်း ဝမ်လင်းက ဘာကိုမှ သယ်ဆောင်မထားချေ။ ဝမ်လင်းကသာ စာမေးပွဲဖြေရန်လာသည့် ကျောင်းတော်သားဟု ဝန်ခံလိုက်ပါက ဝမ်လင်းသည် သတိထားရမည့်လူတစ်ယောက် ဖြစ်ပေလိမ့်မည်။

လျိုစန်းက ထိုကိစ္စကို ခေါင်းထဲက ထုတ်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်… “ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲငါတို့ကလည်း ထျန်းရွှေမြို့ကို သွားမှာပဲမိတ်ဆွေငါတို့နဲ့ အတူခရီးသွားရင် ဘယ်လိုလဲ… “

ဝမ်လင်းက အလွန်ကျေးဇူးတင်သည့် အမူအရာဖြင့် ပြောလိုက်သည်… “ကျေးဇူးတင်ပါတယ်ခေါင်းဆောင်… “

မျက်နှာမဲနှင့်လူကြီးကလည်း ဝမ်လင်းကို ကြည့်ပြီး ရယ်မောလိုက်၏… “ကောင်လေးမင်း မြင်းစီးနိုင်လား… “

ဝမ်လင်းက မဲ့ပြုံး ပြုံးလိုက်ပြီး ခေါင်းခါ ပြလိုက်၏။

လျိုစန်းက နောက်မှ မြင်းလှည်းတစ်စီးကို ညွှန်ပြပြီး ပြောလိုက်သည်… “အဲ့မြင်းလှည်းထဲမှာ ဝင်စီးလိုက်ပါဘာအတွက်မှ ငါ့ကို ကျေးဇူးတင်မနေပါနဲ့လူတိုင်းမှာ ခက်ခဲတဲ့ အချိန်တွေ ရှိတယ်ကောင်လေး နောက်၄ရက်လောက်ဆို ငါတို့ ထျန်းရွှေမြို့ကို ရောက်ပြီ… “

ဝမ်လင်းက လက်နှစ်ဖက်ကို ဆုပ်ပြီး အရိုအသေ ပေးလိုက်၏။ သူက စကားတစ်ခွန်းမှ ထပ်မပြောဘဲ မြင်းလှည်းထဲသို့ ဝင်လိုက်သည်။ နောက်ကို ကြည့်လိုက်ရာ မြင်းလှည်းအများအပြားကို မြင်လိုက်ရ၏။ နတ်ဘုရားစိတ်အာရုံဖြင့် မြင်းလှည်းများကို စစ်ဆေးကြည့်လိုက်ရာ မြင်းလှည်းအားလုံးတွင် ဘာမှ ရှိမနေချေ။ သူက နောက်ထပ် စိတ်အနှောင့်အယှက် ဖြစ်မနေတော့ဘဲ ခြေချိတ်ပြီး ထိုင်လိုက်၏။

ယန်စန်းက မြင်းဇက်ကြိုးကို ထိန်းပြီး ဝမ်လင်းအနားသို့ ရောက်လာကာ မေးလိုက်သည်… “မိတ်ဆွေခရီးထွက်လာတာ အထုပ်အပိုးတွေ တစ်ခုမှ ပါမလာဘူးလား… “

ဝမ်လင်းက သက်ပြင်းချပြီး ခေါင်းခါလိုက်၏… “လမ်းမှာ ငါ ဓားပြတိုက်ခံ ခဲ့ရလို့ပါ… “

ယန်စန်း မှင်သက်သွား၏။ သူက ဝမ်လင်းကို ခဏလောက် ကြည့်ပြီး ပြောလိုက်သည်… “အသက်က ပိုအရေးကြီးပါတယ်ဒီနေရာတစ်ဝှိုက်က အခုတလော စိတ်ချရတာ မဟုတ်ဘူး… “

သူတို့စကားပြောနေစဉ်တွင် ဝမ်လင်း၏အမူအရာက ပြောင်းလဲသွား၏။ သူက ခေါင်းကို မော့လိုက်ပြီး သူ့ရှေ့မှ သစ်တောထဲကို ကြည့်လိုက်သည်။ သူ၏နတ်ဘုရားစိတ်အာရုံဖြင့် သစ်တောထဲတွင် ပုန်းအောင်းပြီး လှည်းတန်းကို ကြည့်နေသည့် လူ၂ယောက်ကို တွေ့လိုက်ရ၏။

လှည်းတန်း ဖြတ်ကျော်သွားတာတောင်မှ ထို၂ယောက်က မလှုပ်ရှားကြသေးပေ။ ထို့ကြောင့် ဝမ်လင်းလည်း ဘာမှ ပြောမနေတော့ဘဲ သူတို့နှစ်ယောက်ကို လျစ်လျူရှုလိုက်သည်။

တစ်ရက် ခရီးဆက်ပြီးနောက် နေကလည်း ပြန်ထွက်လာပြီး တဖြည်းဖြည်း ညအချိန်သို့ ရောက်လာ၏။ လျိုစန်းက ရှေ့မှနေပြီး အော်ပြောလိုက်သည်… “ကောင်လေးတို့မနက်ဖြန်ဆိုရင် ငါတို့ ထျန်းရွှေမြို့ဧရိယာထဲကို ရောက်လိမ့်မယ်မြောက်ပိုင်းမိသားစုက ငါတို့ကို ကြိုဖို့ တစ်စုံတစ်ယောက်ကို လွှတ်လိုက်လိမ့်မယ်ဒီနေ့တော့ ငါတို့ဒီမှာပဲ ယာယီစခန်းချ နားကြတာပေါ့မနက်ဖြန် မနက်စောစောမှာ ခရီးစထွက်မယ်ငါတို့ မြို့ကိုရောက်ရင် ကောင်လေးတွေကို ရေခဲနီနန်းတော်ကို ခေါ်သွားပေမယ်အဲ့မှာ မိန်းကလေးလှလေးတွေနဲ့ ကစားကြတာပေါ့… “

ထိုစကားကို ကြားပြီး လူငယ်များအားလုံးက ရယ်မောလိုက်ကြပြီး သူတို့၏မြင်းများကို အနားပေးလိုက်ကြ၏။ မြင်းလှည်းများကို စက်ဝိုင်းပုံစံ ဝိုင်းလိုက်ပြီး လှည်းများတွင် မြင်းများကို ချည်နှောင်ထားလိုက်ကြသည်။ ထို့နောက် သူတို့က ရွက်ဖျင်တဲများထိုးလိုက်ကြ၏။ တချို့က အိပ်သွားကြသော်လည်း တခြားသူများက ဝိုင်းဖွဲ့ကာ သောက်နေကြသည်။ တဖြည်းဖြည်း လေထုက သက်ဝင်လှုပ်ရှားလာသည်။

၃ယောက်ကနေ ၅ယောက်အထိပါသော လူတစ်စုက စကားပြောရင်း ပတ်ဝန်းကျင်တွင် ကင်းလှည့်နေကြ၏။

ဝမ်လင်းက မြင်းလှည်းထဲမှ ထွက်လာသည့်အချိန်တွင် ယန်စန်းက သူ့ကို မီးပုံဘေးသို့ ဆွဲခေါ်လာသည်။ ခရီးဆက်လာသည့်ရက်များတွင် ယန်စန်းက ဝမ်လင်းနှင့် စကားပြောဆိုနေတတ်ပြီး သူ့စကားများအရ ယန်စန်းက ဝမ်လင်းကို အမှန်တစ်ကယ် သဘောကျနေပြီး သူ၏လုပ်ဆောင်ချက်များကိုလည်း ဝမ်လင်းကို ကြွားဝါပြောဆိုတတ်၏။

မီးပုံဘေးတွင် လူ၃ယောက် ထိုင်နေ၏။ မီးပုံဘေးတွင် အစောင့်အရှောက်ခေါင်းဆောင်၊ မျက်နှာမဲနှင့်လူကြီးအပြင် ကျောင်းတော်သားပုံစံနှင့် သက်လတ်ပိုင်းလူကြီးတစ်ယောက်လည်း ရှိနေသည်။ သူက အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏အသားအရေက ဖြူရော်နေကာ ကျယ်ပြန့်သောနဖူးလည်း ရှိ၏။ သူ၏မျက်လုံးများကတော့ အသိဉာဏ်အလင်းများကို ထုတ်ဖော်ပြသနေသည်။

ဝမ်လင်းရောက်လာသည်ကို မြင်တော့ လျိုစန်းက ရယ်မောလိုက်၏… “ဆရာဒီကောင်လေးက ကျွန်တော်ပြောတဲ့ကောင်လေးပဲသူက ထျန်းရွှေမြို့မှာ အသက်မွေးချင်လို့တဲ့… “

သူက ဝမ်လင်းဘက်ကို လှည့်ပြီး ဆက်ပြောလိုက်သည်… “ကောင်လေးဒါက ငါတို့ဧရာမအစောင့်အရှောက်ရဲ့ ဆရာဝမ်ပဲမင်းနာမည်ကလည်း ဝမ်မလားဒါ့ကြောင့် မင်းတို့ကောင်တွေမှာ ဆက်သွယ်မှုအချို့တော့ ရှိရမယ်မင်းတို့တွေ စကားပြောကြည့်သင့်တယ်ဆရာဝမ်က ဗဟုသုတ အလွန်ကြွယ်ဝတဲ့သူပဲ… “

ကျောင်းတော်သားဟန်နှင့် သက်လတ်ပိုင်းလူကြီးက နူးညံ့စွာ ပြောလိုက်သည်… “လောင်လျိုငါ့အတွက် ကြွားလုံးထုတ်နေဖို့ မလိုပါဘူးငါ သိထားတာတွေကလည်း များတယ်လို့ သတ်မှတ်လို့ မရသေးပါဘူး… “

လျိုစန်းက မျက်လုံးထောင့်ကပ်ပြီး ပြောလိုက်သည်… “ဘယ်သူပြောလဲမင်းကသာ အဲ့လိုလူဆိုရင် ငါက ဘာကောင်မှ ဟုတ်တော့မှာ မဟုတ်ဘူးကောင်လေးဆရာဝမ်က အင်မော်တယ်တစ်ယောက်ပဲသူက မိုးအောက်မြေပြင် အားလုံးကို သိတယ်သူ့ရဲ့ရှေ့ဖြစ်ဟောတဲ့ စွမ်းရည်က အရမ်းပဲ အံ့ဩဖို့ကောင်းတယ်… “

ဝမ်လင်းက သက်လတ်ပိုင်းလူကြီးကို သေချာကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်… “ဆရာက စွမ်းအင်တွေပြည့်နေပြီး မျက်လုံးကလည်း တောက်ပနေတယ်ဆရာက ကျိန်းသေပေါက် ဗဟုသုတကြွယ်ဝပြီး ဉာဏ်ကောင်းတဲ့လူတစ်ယောက် ဖြစ်မှာပဲ… “

သက်လတ်ပိုင်းလူကြီးက အံ့ဩသည့်အကြည့်ဖြင့် ဝမ်လင်းကို ပြန်ကြည့်ပြီး ပြောလိုက်၏… “ကြည့်ရတာ ညီငယ်လေးကလည်း ငါနဲ့တူတာပဲညီငယ်လေးက ကျောင်းတော်သားတစ်ယောက်နဲ့ တူတယ်လို့ မြင်နေရပေမဲ့ အထဲမှာ နဂါးတစ်ကောင် ရှိတာပဲမင်းရဲ့ အနာဂါတ်က သာမန် မဟုတ်ဘူး… “

ဝမ်လင်းက ပြုံးပြပြီး ပြောလိုက်သည်… “ရွာက ကျွန်တော့်ရဲ့ဆရာကလည်း ရှေ့ဖြစ်ဟောတဲ့အကြောင်းကို ပြောပြဖူးတယ်ခဏလောက် နားထောင်ပြီးတဲ့အချိန်မှာ ကျွန်တော်လည်း နည်းနည်းလောက် သင်ယူခဲ့တယ်… “

သက်လတ်ပိုင်းလူကြီးက အားပါးတရ ရယ်မောလိုက်သည်။ မျက်နှာမဲနှင့်လူကြီးက လျင်မြန်စွာ ပေးလိုက်သည်… “ဆရာဝမ်ငါ့ကိုလည်း စစ်ကြည့်ပေးပါဦးငါက အိုနေပါပြီငါ့မှာ လက်ထပ်ဖို့ ကံလေးများ မရှိဘူးလား… “

လျိုစန်းက ရယ်မောလိုက်သည်… “ဒီခရီးမှာ မင်း ဒါကိုပဲ မေးနေတာ ဘယ်နှစ်ကြိမ် ရှိပြီလဲအချိန်တိုင်း ဆရာဝမ်က တစ်ယောက်ယောက်ကို စစ်ပေးနေရတာဒါက စွမ်းအင်တွေ ကုန်တယ်ဒါ့ကြောင့် ဒီအကြောင်းကို မေ့လိုက်ပါ… “

မျက်နှာမဲနှင့်လူကြီးက လျိုစန်း၏စကားကို လျစ်လျူရှုပြီး သက်လတ်ပိုင်းလူကြီးကိုသာ စိုက်ကြည့်နေလိုက်၏။

သက်လက်ပိုင်းလူကြီးက အနည်းငယ် စဉ်းစားလိုက်ပြီး ဖြေလိုက်သည်… “ကောင်းပြီငါ မင်းကို စစ်ကြည့်ပေးမယ်ယန်စန်းရော မမေးတော့ဘူးလားမင်းတို့နှစ်ယောက်လုံးကို စစ်ကြည့်ပေးမယ်… “

ပြောပြီးသည်နှင့် သူက မျက်လုံးကို မှိတ်လိုက်သည်။ သူ မျက်လုံးကို ပြန်ဖွင့်လိုက်ချိန်တွင် မျက်လုံးများက ရွှေရောင်တောက်ပနေ၏။ ဝမ်လင်း၏အမူအရာက တည်ငြိမ်နေသော်လည်း နှလုံးကမူ တော်တော်လေးခုန်သွား၏။ သူက နတ်ဘုရားစိတ်အာရုံဖြင့် ဖြန်ကျက်ကြည့်ရာ သက်လတ်ပိုင်းလူကြီး၏ကိုယ်ထဲတွင် ငွေရောင်စိတ်စွမ်းအင်များက လှည့်ပတ်နေသည်ကို တွေ့လိုက်ရသည်။ စိတ်စွမ်းအင်များက သက်လတ်ပိုင်းလူကြီး၏ကိုယ်ထဲတွင် ထူးဆန်းသည့်လမ်းကြောင်းဖြင့် လှည့်ပတ်ပြီး မျက်လုံးဆီသို့ ရောက်လာ၏။

သက်လတ်ပိုင်းလူကြီးက မျက်နှာမဲနှင့်လူကြီးကို စူးစိုက်ကြည့်ပြီး တစ်ခုခုကို တွက်ချက်သကဲ့သို့ စကားလုံးတစ်ချို့ကို ရေရွတ်လိုက်သည်။ လက်ကလည်း လက်သင်္ကေတများဖြင့် အစီအရင်တစ်ခုကို ဖန်တီးလိုက်၏။ သူ့မျက်နှာတစ်ခုလုံးက နီရဲနေပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်… “လျိုလောင်ဝူမင်းရဲ့အနာဂါတ်မှာ သွေးရောင်လွှမ်းတဲ့ဘေးအန္တရာယ်တစ်ခု ရှိတယ်မင်း အဲ့ဒါကို ကျော်ဖြတ်နိုင်ရင်ကျော်ဖြတ်ပြီး နောက်၃လအတွင်းမှာ လက်ထပ်ပွဲကျင်းပနိုင်လိမ့်မယ်… “

မျက်နှာမဲနှင့်လူကြီးက မှင်သက်သွားသည်… “ဘေးအန္တရာယ်တစ်ခုလားပြဿနာ မရှိပါဘူးငါတို့ရဲ့ အစောင့်အရှောက်အလုပ်က အန္တရာယ်ထဲမှာ လုပ်နေရတာပဲသွေးထွက်တဲ့တိုက်ပွဲဆိုတာ ငါတို့အတွက် သာမန်ပါပဲ… “

သက်လတ်ပိုင်းလူကြီးက သူ့အကြည့်ကို ယန်စန်းထံသို့ ရွေ့လိုက်သည်။ ရုတ်တရက် သူ၏အမူအရာကလည်း ပြောင်းလဲသွား၏… “ထူးဆန်းတယ်ဘာလို့ မင်းမှာလည်း သွေးရောင်လွှမ်းတဲ့အန္တရာယ် ရှိနေရတာလဲ… “ ပြောပြီးသည်နှင့် သူက လျိုစန်းထံသို့ ကြည့်လိုက်ရာ သူ့အမူအရာက မဲမှောင်သွားပြီး ပြောလိုက်သည်… “တစ်ခုခုတော့ မှားနေပြီဒီနည်းစနစ်က ငါ့မိသားစု အစဉ်အဆက် ဆက်ခံလာတာ ဘယ်တုန်းကမှ မမှားဖူးဘူးလောင်လျိုမင်းမှာလည်း သွေးရောင်လွှမ်းတဲ့အန္တရာယ်တစ်ခု ရှိနေတယ်… “

ထို့နောက် သူက ထရပ်လိုက်ပြီး အလေးအနက်ထားသည့်အမူအရာဖြင့် ပတ်ဝန်းကျင်ရှိ လူအားလုံးကို ကြည့်လိုက်သည်။ သူ၏မျက်နှာအမူအရာက ပိုပြီး ပျက်ယွင်းလာသည်… “လောင်လျိုတစ်ခုခုတော့ မှားနေပြီ ထင်တယ်လူတိုင်းမှာ သွေးရောင်လွှမ်းနေတဲ့အန္တရာယ်အလင်းတန်းတွေ ထွက်ပေါ်နေတယ်ဒါဟာ တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ဘူး… “

လျိုစန်း၏မျက်လုံးများက ကျဉ်းမြောင်းသွားကာ ပတ်ဝန်းကျင်ကို ကြည့်ပြီး မေးလိုက်သည်… “ဆရာဝမ် ဆိုလိုချင်တာက ငါတို့အားလုံး သွေးရောင်လွှမ်းနေတဲ့အန္တရာယ်တစ်ခုနဲ့ ကြုံရနိုင်တာလား… “

သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးများက ဝမ်လင်းအပေါ်သို့ ရောက်သွားချိန်တွင် သူ မှင်သက်သွား၏။ သူက ဝမ်လင်းကို သေချာထပ်ကြည့်လိုက်ပြီး သူ့အမူအရာက ပြောင်းလဲသွားသည်။ သူ့မျက်နှာက နီလာပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ရ၏။ သူ့မျက်နှာတွင် ကြောက်လန့်နေသည့်အမူအရာများ ပေါ်လာပြီး ဝမ်လင်းကို လက်ညှိုးထိုးကာ အလန့်တကြား အော်ပြောလိုက်သည်… “မင်း… “

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၇၅) ရန်သူနှင့်ကြုံတွေ့ရခြင်း

လျိုစန်းနှင့် သူ့အဖွဲ့ကလည်း အံ့ဩနေကြသည်။ သက်လတ်ပိုင်းလူကြီး၏ ထိုကဲ့သို့သောအမူအရာမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ လျိုစန်းက ဝမ်လင်းနှင့် ဝေးရာသို့ ခြေလှမ်းအနည်းငယ် မသိမသာ ဆုတ်လိုက်ပြီး ဆရာဝမ်ကို မေးလိုက်သည်… “ဆရာဒီညီငယ်လေးနဲ့ ပက်သက်ပြီး ဘာတွေ့လို့လဲငါတို့ကြောင့် သူလည်း သွေးရောင်လှမ်းတဲ့အန္တရာယ်နဲ့ ကြုံတွေ့ရမှာလား… “

ဝမ်လင်းကတော့ တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။ သူက စစ်ထူနန်၏ပျင်းရိပျင်းတွဲစကားသံကို ကြားလိုက်ရသဖြင့် သက်လတ်ပိုင်းလူကြီးကို ကြည့်ရုံသာကြည့်လိုက်ပြီး ဘာစကားမှ မပြောချေ။

ဒီကောင်လေးက စိတ်ဝင်စားဖို့ကောင်းတယ်သူ့ရဲ့အနာဂါတ်ဟောတဲ့ပညာက တစ်ကယ်ပဲ ကောင်းတယ်အဲ့ပညာက သာမန်လူတွေကို ကြည့်တဲ့အချိန်ပဲ သူတို့ရဲ့ အနာဂါတ်ကို မြင်ရတာငါ့တို့လို ကျင့်ကြံသူတွေကို လာကြည့်ရင်တော့ ရေပေါ်မှာ အရုပ်ဆွဲသလို ဖြစ်နေမှာပဲဂိုဏ်းတစ်ခုလုံးကို သုတ်သင်နေတဲ့ ငါ့ရဲ့မှတ်ဉာဏ်တစ်ချို့ကိုပဲ သူ့ကို ပြလိုက်တာပါသူက အဲ့တာကို ခံနိုင်ရည် မရှိဘူး… “

အသက်တစ်ခါရှူလိုက်တိုင်း သက်လက်ပိုင်းလူကြီးထံမှ ချွေးများက ပိုမိုထွက်လာပြီး ဝမ်လင်းကို ကြည့်နေသည့် သူ့အကြည့်များက တည်ငြိမ်မနေနိုင်တော့ချေ။ သူ့အကြည့်များတွင် ကြောက်လန့်ခြင်းများ ပြည့်နေပြီး လျိုစန်း၏စကားကို ကြားလိုက်ရသောအခါ သူက ချက်ချင်း ပြောလိုက်သည်… “ဒီညီလေးနဲ့ ဘာမှမဆိုင်ပါဘူးငါ့ရဲ့ပညာက နိမ့်သေးတော့ မြင်အောင် မကြည့်နိုင်ခဲ့ဘူးငါ မြင်အောင် မကြည့်နိုင်ခဲ့ဘူး… “ သူက ခါးသက်သက်အမူအရာဖြင့် စကားကို ထပ်ကာထပ်ကာ ပြောလိုက်သည်။

မြင်လိုက်ရသော မြင်ကွင်းကြောင့် သူအလွန်ထိတ်လန့်မှင်သက်သွားရသည်။ မြင်လိုက်ရသည်က သာမန်မြင်ကွင်းမျိုး မဟုတ်ပေ။ သွေးများဖြင့် နေရာအနှံ့ ဖုံးလွှမ်းနေပြီထိုနေရာတွင် ရှိနေသည့်လူများကလည်း သာမန်သေမျိုးလူသားများ မဟုတ်ကြချေ။ သူတို့က လေပေါ်တွင် ပျံဝဲနေကြပြီး တောင်များကိုလည်း ဖျက်ဆီးနေကြ၏။ ရှေ့ဖြစ်ဟောပညာရပ်ကို သင်ယူခဲ့သည့်အချိန်ကတည်းက သက်လတ်ပိုင်းလူကြီးသည် ဤကမ္ဘာပေါ်တွင် အင်မော်တယ်များ ရှိသည်ကို သိထား၏။ ထို့ကြောင့် အင်မော်တယ်များကြားတွင် သူ ပါဝင်မပက်သတ်လိုပေ။ မဟုတ်လျှင် သူ သေဆုံးသွားရပေလိမ့်မည်။

လျိုစန်းက မျက်မှောင်ကျုံ့ပြီး တစ်ခုခုပြောရန် ပြင်လိုက်သည့်အချိန်တွင် စူးစူးဝါးဝါးအော်ဟစ်သံကြီးကို ကြားလိုက်ရ၏။ ဦးခေါင်းပြတ်တစ်လုံးက လေထဲသို့ ပျံဝဲလာပြီး မြေပြင်ပေါ်သို့ကျကာ လိမ့်သွားပြီး မီးပုံဘေးတွင် ရပ်တန့်သွားသည်။

လျိုစန်း၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားကာ ချက်ချင်း ထရပ်လိုက်၏။ သူက ထိုဦးခေါင်းပိုင်ရှင်သည် ကင်းလှည့်နေသည့်လူစုထဲမှ တစ်ယောက်ဖြစ်သည်ကို သူ မှတ်မိ၏။

ယန်စန်းက ဦးခေါင်းကို ဆွဲယူလိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်… “အားကုံးငါ မင်းအတွက် လက်စားချေပေးပါ့မယ်… “

အစောင့်များအားလုံးက သူတို့၏လက်နက်များကို ထုတ်ယူလိုက်ကြ၏။

မျက်နှာမဲနှင့်လူကြီးက လျိုစန်းဘေးတွင် လာရပ်ပြီး မေးလိုက်သည်… “မင်း ဘယ်သူလဲကြည့်ရတာ မင်းတို့ကောင်တွေက စည်းမျဉ်းတွေကို နားမလည်ဘူးထင်တယ်… “

အဝေးမှ လှောင်ပြောင်ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။ တရှဲရှဲမြည်သံများ ထွက်ပေါ်လာပြီး အနက်ရောင်ဝတ်လူဒါဇင်များစွာ မြေကြီးထဲမှ ထွက်ပေါ်လာသည်။ သူတို့က လူတိုင်းကို စိုက်ကြည့်ပြီး သူတို့၏အင်္ကျီများကို ဖုန်ခါလိုက်ကြ၏။

တောင်ခွဲလက်ဝါးလျိုစန်းပစ္စည်းကို ငါတို့လက်ထဲ အပ်လိုက်ပါဒါဆို ငါတို့ ချက်ချင်း ထွက်သွားပေးမယ်မပေးဘူးဆိုရင်တော့ ဒီမှာရှိတဲ့လူအားလုံး သေရလိမ့်မယ်… “ ဝတ်စုံနက်အုပ်စုထဲမှ ပိန်ကပ်ကပ်အဖိုးအိုတစ်ယောက်က ချိန်းခြောက်စကားဆိုရင်း ရှေ့သို့ ထွက်လာသည်။

လျိုစန်း၏မျက်နှာက ရေကဲ့သို့ တည်ငြိမ်နေပြီး ပြောလိုက်သည်… “ဘယ်သူများလဲ မှတ်တယ်လင်းတအစောင့်အရှောက်အဖွဲ့ကပဲ… “

ထိုအဖိုးအိုက ရယ်မောလိုက်သည်… “ရောင်းရင်းလျိုအရေးမပါတာတွေ ပြောမနေပါနဲ့မင်းရဲ့ ဧရာမအစောင့်အရှောက်အဖွဲ့က နှစ်၆၀၀ဂျင်ဆင်းကို လျှို့ဝှက်ပြီး သယ်လာတာ ငါ သိပြီးပြီဂျင်ဆင်းကို လက်ထဲအပ်ရင် မင်းတို့ အသက်ရှင်ရမယ်မင်းရဲ့အသက်ကို အန္တရာယ်အဖြစ်မခံပါနဲ့ကွာ… “

လျိုစန်း မျက်မှောင်ကြုတ်သွား၏။ သူက ဘေးပတ်ပတ်လည်မှ လူများကို ကြည့်ပြီး တွေးလိုက်သည်… ‘လင်းတအဖွဲ့က ငါ ဂျင်းဆင်းသယ်လာတာကို ဘယ်လိုသိသွားတာလဲကြည့်ရတာအဖွဲ့ထဲမှာ လောဘကြီးတဲ့နှလုံးသားနဲ့လူတွေ ရှိနေတယ် ထင်တယ်… ‘

ထို့သို့ တွေးပြီးနောက် သူ့အကြည့်က ဝမ်လင်းထံသို့ ရောက်သွားပြီး သရော်ပြုံး ပြုံးလိုက်၏။

သူက မျက်နှာမဲနှင့်လူကြီးကို ဝေ့ကြည့်လိုက်ပြီး လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး တစ်လုံးချင်း ပြောလိုက်သည်… “ငါ့မှာ ဂျင်ဆင်း ရှိတာပဲ ဖြစ်ဖြစ် မရှိတာပဲဖြစ်ဖြစ် မင်းရဲ့နိမ့်ကျတဲ့သိုင်းပညာလောက်နဲ့ ငါ့ဆီက လုနိုင်မယ် ထင်နေတာလား… “

မျက်နှာမဲနှင့်လူကြီးက လျိုစန်းထံမှ အချက်ပြမှုကို ရပြီး တိတ်တဆိတ် ဝမ်လင်း၏နောက်သို့ ရောက်သွား၏။

ထိုအချင်းအရာကို သိလိုက်သည့် ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။ သက်လက်ပိုင်းလူကြီးက မျက်နှာမဲနှင့်လူကြီးကို အလျင်အမြန် တားဆီးလိုက်သည်… “မင်း ဘာလုပ်နေတာလဲဒီညီငယ်လေးက ရန်သူ မဟုတ်ဘူး… “

မျက်နှာမဲနှင့်လူကြီးက မှင်သက်သွားပြီး ဘာမှ ပြန်မပြောနိုင်တော့ချေ။

ထိုအချိန်တွင် ဝတ်စုံနက်အဖိုးအိုက အားရပါးရ ရယ်မောလိုက်သည်… “ရောင်းရင်လျိုငါက မင်းကို မနိုင်ပါဘူးဒါပေမဲ့ ငါ့ရဲ့သခင်က သူ့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စလေး သွားလုပ်နေလို့ပါငါ့ရဲ့သခင်နဲ့ဆို မင်းက သေလူတစ်ယောက်ပဲ… “

ထို့နောက် သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ပြောလိုက်သည်… “သခင့်ကို ကြိုဆိုပါတယ်… “ ပြောပြီးသည်နှင့် ချက်ချင်း ဦးညွတ်၍ အရိုအသေပေးလိုက်သည်။

ဝတ်စုံနက်အားလုံးသည် အလွန်စိတ်လှုပ်ရှားလာကြ၏။ သူတို့ကလည်း အဖိုးအိုလုပ်သလို လိုက်လုပ်ပြီး အော်လိုက်ကြသည်… “သခင့်ကို ကြိုဆိုပါတယ်… “

ရုတ်တရက် အရပ်မျက်နှာအားလုံးမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်… “ဂျင်ဆင်းကို ထုတ်ပေးလိုက်မဟုတ်ရင် မင်း သေရမယ်… “ အသံနှင့်အတူ လက်သီးအရွယ် မီးလုံးတစ်လုံးက မြင်းလှည်းများ ပတ်ပတ်လည်ဝိုင်းထားသည့်အထဲသို့ ပစ်လွှင့်လာ၏။ ထိုမီးလုံးက အစောင့်အရှောက်အဖွဲ့ဝင်တစ်ယောက်ကို ထိသွားသည်။ မီးလုံးက အလွန်အမင်း ပူပြင်းသည့်အတွက် အော်တောင် မအော်လိုက်နိုင်ခင်မှာပင် ထိမှန်ခံလိုက်ရသည့်အဖွဲ့ဝင်က သေဆုံးသွား၏။

ထိုနေရာတွင် ရှိသည့် အစောင့်အရှောက်အဖွဲ့ဝင်တိုင်းက မှင်သက်သွားသည်။ တချို့ဆိုလျှင် အံ့ဩလွန်း၍ ကိုင်ထားသည့်လက်နက်များပါ မြေပြင်ပေါ်သို့ လွတ်ကျသွား၏။

ယန်စန်းက ကြောက်လန့်သောအမူအရာဖြင့် ပြောလိုက်သည်… “ဒါဒါက ဘယ်လိုလက်နက်မျိုးလဲ… “

မီးလောင်နေသည့်နေရာအနီးတဝှိုက်တွင် အပူရှိန်က ချက်ချင်း မြင့်တက်လာသဖြင့် မီးအပူက မည်မျှ ပြင်းသည်ကို လူတိုင်းက နားလည်မိသွား၏။

လျိုစန်း၏မျက်နှာက အံ့ဩမှုအပြည့်နှင့် ဖြစ်သည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး မီးလောင်နေသောခန္ဓာကိုယ်ကို ကြည့်လိုက်၏။

မျက်နှာမဲနှင့်လူကြီးကလည်း အလွန်ကြောက်လန့်နေဟန် ရပြီး တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်… “အင်မော်တယ်အင်မော်တယ် နည်းစနစ်လား… “ မျက်နှာမဲနှင့်လူကြီးသည် ကလေးဘဝက အင်မော်တယ်ဂိုဏ်းဝင်ခွင့်စမ်းသပ်မှုကို ဝင်ဖြေဖူး၏။ ဝင်ခွင့်တွင် ကျရှုံးပြီးနောက်မှ သူက သိုင်းလောကထဲသို့ ဝင်ရောက်လာြခင်း ဖြစ်သည်။ ဝင်ခွင့်စမ်းသပ်မှုကို သူ့စိတ်ထဲတွင် အရိုးစွဲအောင် မှတ်မိနေသည်။ ထို့ကြောင့် မီးလုံးများကို မြင်လိုက်ရသောအခါ သူက ချက်ချင်း မှတ်မိလိုက်ခြင်း ဖြစ်၏။

အဖိုးအိုက ဝင့်ကြွားသောအမူအရာဖြင့် ပြောလိုက်သည်… “တစ်ကယ်တော့ငါ့တို့ရဲ့သခင်က အင်မော်တယ်တစ်ယောက်ပဲမင်းလက်ထဲက ဂျင်ဆင်းကို ငါတို့လက်ထဲ ဘာလို့မပေးသေးတာလဲ… “

အဖွဲ့သားအားလုံးက သူတို့၏ခေါင်းဆောင်လျိုစန်းကို ကြည့်လိုက်ကြသည်။ သူတို့၏မျက်လုံးများထဲတွင် အကူအညီတောင်းခံနေသည့်အရိပ်အယောင်များဖြင့် ပြည့်နေ၏။ တစ်ဖက်လူများသည် သာမန်လူများသာ ဖြစ်ပါက သတ္တိရှိရှိ တိုက်ခိုက်ရဲသော်လည်း တစ်ဖက်မှ ခေါင်းဆောင်သည် အင်မော်တယ်တစ်ယောက် ဖြစ်နေသည်။ ထို့ကြောင့် အဖွဲ့သားအားလုံးက တိုက်ခိုက်ရန် မဝံ့ရဲကြတော့ချေ။

လျိုစန်း၏မျက်နှာတွင် ခါးသည်းမှုများဖြင့် ပြည့်လာသည်။ သူက တစ်ခုခုပြောရန် ပြင်လိုက်ချိန်တွင် မီးလုံး၃လုံးက လေထဲတွင် ပေါ်လာ၏။

ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာပြီး စိတ်ဝင်စားလာသည်။ မီးလုံးများကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူသည် ချီစုစည်းခြင်းအဆင့် အလွှာ၃ထက်မြင့်မည် မဟုတ်သည်ကို ခန့်မှန်းမိလိုက်၏။ သူက မေးစေ့ကို ပွတ်လိုက်ပြီး နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ သိပ်မဝေးသည့်နေရာမှ သစ်ပေါ်ကြီးတစ်ပင်ပေါ်တွင် ရှိနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ဘာလဲဟ… “ ဝမ်လင်း ရေရွတ်လိုက်၏။ ထိုလူသည် အသက်၂၀ခန့်ရှိပြီး အလွှာ၂ အထွတ်အထိပ်တွင် ရှိနေကာ အလွှာ၃ထဲသို့ ဝင်ရောက်လုနီးပါး ရှိနေလေပြီ။ ထိုလူငယ်လေး၏မျက်နှာက ညှိုးငယ်နေပြီး အမာရွတ်များဖြင့် ဖုံအုပ်ထား၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ကြမ်းကြုတ်ဟန် ရှိသော်လည်း ထိုမျက်နှာကို ဝမ်လင်း အလွန်ရင်းနှီးနေသည်။

ကျောင်းတော်သားပုံစံ သက်လတ်ပိုင်းလူကြီးက သက်ပြင်းချပြီး ပြောလိုက်သည်… “လောင်လျိုပစ္စည်းကို သူတို့ဆီ ပေးလိုက်ပါဒီအကြောင်းကို မြောက်ပိုင်းမိသားစုက သိသွားရင်တောင်မှ ငါတို့ကို အပြစ်တင်မှာ မဟုတ်ဘူးရန်သူ့ခေါင်းဆောင်က အင်မော်တယ်တစ်ယောက် ဖြစ်နေတယ်အင်မော်တယ်တစ်ယောက်ကို ငါတို့ ဘယ်လိုအံတုနိုင်မှာလဲ… “

လျိုစန်းက အနည်းငယ် တုန့်ဆိုင်းနေပြီးနောက် အကူညီမဲ့သည့်ဟန်ဖြင့် သေးငယ်သောသေတ္တာလေးတစ်လုံးကို ထုတ်ယူပြီး မြေပြင်ပေါ်တွင် ချပေးလိုက်၏။

သေတ္တာလေးက မြေပြင်ပေါ်သို့ ရောက်သည်နှင့် သေတ္တာလေးက လေထဲသို့ မြောက်တက်လာပြီး ဝမ်လင်း၏လက်ထဲသို့ ပျံသန်းရောက်ရှိသွားသည်။

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၇၆) ထူးဆန်းသောဓားပျံ

လျိုစန်းကခေါင်းကို ဆတ်ခနဲ နောက်လှည့်ပြီး အံကြိတ်ကာ ပြောလိုက်သည်… “မင်းက တစ်ကယ်ကို သူလျှိုတစ်ယောက်ပဲ… “

ယန်စန်းကလည်း ဒေါသပုန်ထနေသော မျက်နှာဖြင့် ဝမ်လင်းကို ကြည့်လိုက်သည်။ မျက်နှာမဲနှင့်လူကြီး၏မျက်လုံးများက ကျဉ်းမြောင်းသွား၏။ ဝမ်လင်း သေတ္တာကို ဆွဲယူလိုက်သည့်နည်းလမ်းသည် သာမန်သေမျိုးများ လုပ်နိုင်သည့်အရာတစ်ခု မဟုတ်သည်ကို သူသိနေသည်။

ကျောင်းတော်သားပုံစံ သက်လတ်ပိုင်းလူကြီးသည်လည်း အံ့ဩမှင်သက်သွား၏။ သူက ဝမ်လင်းကို စိတ်ရှုပ်ထွေးနေသော အကြည့်ဖြင့် ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

ဆောင်ရှင်းက အော်ပြောလိုက်သည်… “မင်းက လုပ်ရဲတယ်ပေါ့… “ သူက လျင်မြင်စွာ ရှေ့သို့ ခုန်လိုက်ပြီး ဝမ်လင်း၏ခေါင်းကို ကုတ်ဆွဲလိုက်သည်။

ဆောင်ရှင်း၏လှုပ်ရှားမှုက လျိုစန်းတို့လူစုကို စိတ်ရှုပ်ထွေးသွားစေ၏။ သို့သော်လည်း လျိုစန်းက ဆောင်ရှင်းကို မတားဆီးခဲ့ပေ။ လူတိုင်းက ဝမ်လင်းဆီသို့ လမ်းကြောင်းပင် ဖွင့်ပေးလိုက်ကြသည်။

ဝမ်လင်းကတော့ ခေါင်းပင် မော့မကြည့်ဘဲ သေတ္တာကို အေးအေးလူလူ ဖွင့်ကြည့်လိုက်ရာ ရှုံ့တွနေသောဂျင်ဆင်းကို တွေ့လိုက်ရ၏။ ဂျင်ဆင်းက သေးငယ်သော်လည်း အမြစ်များစွာ ရှိသည်။ ဂျင်ဆင်းပေါ်တွင်လည်း အဝါရောင် အဆောင်စာရွက်များ ကပ်ထားပြီး အထဲတွင် စိတ်စွမ်းအင်များဖြင့် ဖုံးအုပ်ထား၏။

ဆောင်ရှင်းက ဝမ်လင်းနှင့် နီးကပ်လာသောအခါ ဝမ်လင်း၏ခေါင်းကို ခွဲရန် အသင့်ဖြစ်နေသကဲ့သို့ သူက ပြုံးလိုက်သည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားပြီး မမြင်နိုင်သောအားတစ်ခုက သူ့ကို တားဆီးထားလိုက်၏။ ထို့နောက် ဆောင်ရှင်းက ဘေးဘက်သို့ လွှင့်ထွက်သွားပြီး ပြန်မထနိုင်တော့ပေ။

သူတို့ရှေ့တွင် ဖြစ်ပျက်နေသော ထူးဆန်းသည့်ဖြစ်ရပ်ကြောင့် တခြားလူများ အားလုံးက ကြက်သေသေသွားကြ၏။ ဝမ်လင်းက ဂျင်ဆင်းပေါ်မှ အဆောင်စာရွက်များကို မခွာဘဲ ဂျင်ဆင်းကို အချိန်တော်တော်ကြာအောင် ကြည့်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်… “မင်းက ငယ်သူငယ်ချင်းကို တွေ့တာတောင် လာနှုတ်မဆက်တော့ဘူးလား… “

လေတိုးသံများ ဆက်တိုက်ထွက်ထားပြီး သစ်တောထဲမှ အေးစက်သောမျက်နှာထားနှင့် လူငယ်တစ်ယောက် ထွက်လာသည်။ မမြင်နိုင်သည့်အားမျာက သူ့ကိုယ်ဘေးတွင် လှည့်ပတ်နေပြီး သူသွားသည့် ဦးတည်ရာတစ်လျှောက်ကို ဝတ်စုံနက်များက လမ်းဖွင့်ပေးလိုက်ကြ၏။ လေထဲတွင် မျောနေသော မီးလုံး၃လုံးက သူရောက်လာသည်နှင့် သူ့ခန္ဓာကိုယ်ကို လှည့်ပတ်နေကြသည်။

ဝတ်စုံနက်များက လူငယ်ကို လေးစားစွာ နှုတ်ဆက်လိုက်ကြသည်… “သခင့်ကို ကြိုဆိုပါတယ်… “

လူငယ်က သွေးအန်နေသော ဆောင်ရှင်းကို ကြည့်တောင် မကြည့်ဘဲ ဝမ်လင်းကို ကြည့်ပြီး ပြောလိုက်သည်… “ငါ သိတဲ့လူက ၁၀နှစ်အတွင်းမှာ ဒီလောက် မပြောင်းလဲနိုင်ဘူးမင်း ဘယ်သူလဲ… “

ဝမ်လင်းက လူငယ်ကို ကြည့်ကာ စကားတစ်ခွန်းမှ မပြောဘဲ သိုလှောင်အိတ်ထဲမှ အဝါရောင်စာရွက်လေးတစ်ရွက်ကို ထုတ်ပြလိုက်၏။

လူငယ်က အဝါရောင်စာရွက်ကို မြင်သောအခါ ခဏတာ မှင်သက်သွားပြီး ဝမ်လင်းကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်… “မိတ်ဆွေအဲ့ပစ္စည်းက ဘာလဲကျေးဇူးပြုပြီး ဂျင်ဆင်းလေး ငါ့ကို ပေးလို့ရမလားဂျင်ဆင်းက ငါ့အတွက် အရမ်း အရေးကြီးနေလို့ပါ… “

ဝမ်လင်းက သူ့ရှေ့မှ လူငယ်ကို ကြည့်ပြီး အနည်းငယ် အံ့ဩသွားပြီး သူ့နှလုံးသားထဲတွင်လည်း သံသယများ ပေါ်လာသည်။ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ကြည့်ရာ ကောင်းကင်ထက်တွင် တစ်ခုခု မူမမှန်တာကို တွေ့ရှိသွားပြီး စိတ်ထဲတွင် အေးစက်စွာ ပြုံးကာ ဂျင်ဆင်းကို ပစ်ပေးလိုက်သည်… “ဒီကိစ္စကို မေ့လိုက်ပါငါ လူမှားသွားလို့ပါ… “

လူငယ်၏မျက်ဝန်းထဲတွင် စိတ်ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ လူငယ်က ဂျင်ဆင်းကို ဖမ်းပြီး ပြောလိုက်သည်… “မိတ်ဆွေကို ကျေးဇူးတင်ပါတယ်ခွင့်ပြုပါဦး… “

နှုတ်ဆက်ပြီးသည်နှင့် ထွက်သွားရန် ပြင်လိုက်စဉ်တွင် ကောင်းကင်ထက်တွင် အနက်ရောင်တိမ်တိုက်တစ်ခု ပေါ်လာ၏။ အနက်ရောင်တိမ်တိုက်ပေါ်လာသည့်အချိန်တွင် လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး အစောင့်အရှောက်အဖွဲ့မှ လူတိုင်းကို နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားစေသည်။

အနက်ရောင်တိမ်တိုက်က လျင်မြန်စွာ အောက်သို့ ကျဆင်လာသည်။ အနက်ရောင်တိမ်တိုက် နိမ့်ဆင်းလာသည့်အချိန်တွင် ထူးဆန်းသောလေပြင်းက ပေါ်လာပြီး ပိုပြီး ပိုပြီး ပြင်းထန်လာ၏။ အနက်ရောင်တိမ်တိုက်သည် နီးကပ်လာမှ အဖြူရောင်ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူကြီးတစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူက လေပြင်းများကြားထဲတွင် တည်ငြိမ်စွာ ဖြင့် အောက်သို့ ဆင်းသက်လာသည်။

သူ ထွက်ပေါ်လာသည်နှင့် အစောင့်တစ်ယောက်၏ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး သွေးမြူတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက် တခြားသောအစောင့်များစွာ၏ခန္ဓာကိုယ်များလည်း ပေါက်ကွဲသွားပြီး သွေးမြူများအဖြစ်သို့ ပြောင်းသွားသည်။

သွေးမြူများက လေထဲတွင် အတူတကွ စုစည်းလာပြီး နောက်ဆုံးတွင် တောက်ပနေသောသွေးစက်တစ်စက် ဖြစ်သွား၏။

အဖြူရောင်ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူကြီးက ပါးစပ်ဟပြီး ထိုသွေးစက်ကို စုပ်ယူလိုက်သည်။ သွေးစက်က သူ့ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် သူ၏မျက်နှာက နီမြန်းသွား၏။ သူက ပြောလိုက်သည်… “ကျန်းဟူမင်းသိတဲ့လူ တစ်ယောက်ယောက် ပါတယ်မလားဒါကို ဝန်ခံဖို့ ဘာလို့ကြောက်နေတာလဲ… “

ကျန်းဟူက အလျင်အမြန် လေးစားစွာဖြင့် ပြောလိုက်သည်… “ဆရာတပည့် ဒီလူကို မသိပါဘူး… “

ဝမ်လင်းက တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။ သူက နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျတ်ကြည့်ရာ ထိုလူကြီးက အလွှာ၁၅ အထွတ်အထိပ်ကို ရောက်နေပြီးဖြစ်ကြောင်း သိလိုက်ရပြီး မှင်သက်သွား၏။

ထိုလူကြီးက ပြုံးပြီး ဝမ်လင်းကို မေးလိုက်သည်… “ကျင့်ကြံသူလေးမင်း ငါ့တပည့်ကို သိလား… “

ဝမ်လင်းက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်… “သိတာပဲဖြစ်ဖြစ်၊ မသိတာပဲဖြစ်ဖြစ် ဘာဖြစ်သွားမှာမို့လဲ… “

ဝမ်လင်း၏အဖြေကို ကြားပြီး အဖြူရောင်ဝတ်လူကြီးက အနည်းငယ်အံ့ဩသွားကာ ရုတ်တရက် ပြုံးပြီး ပြောလိုက်သည်… “ဘာမှတော့ မဖြစ်ပါဘူးမင်းက အလွှာ၈ကိုတောင် ရောက်နေပြီဆိုတော့ မင်းရဲ့သွေးကိုသာ သောက်လိုက်ရရင် ငါ့ရဲ့ကျင့်စဉ်က နည်းနည်းလေးတော့ တိုးတက်သွားမှာပဲ… “

ကျန်းဟူ မျက်နှာပျက်သွားပြီး အဖြူရောင်ဝတ်လူကြီးရှေ့သို့ လျင်မြန်စွာ သွားကာ ပြောလိုက်သည်… “ဆရာသူက ကျွန်တော့်ငယ်သူငယ်ချင်းပါကျေးဇူးပြုပြီး သူ့ကို လွှတ်ပေးပါ… “

အဖြူရောင်ဝတ်လူကြီး၏မျက်ဝန်းတွင် အေးစက်စက်အလင်းရောင် လက်သွားပြီး ပြောလိုက်၏… “ထွက်သွားသာမန်သေမျိုးတွေရဲ့သွေးတွေအားလုံး ငါ့အတွက် သွားပြီး ယူလာခဲ့ဒီမှာ မင်းကိစ္စ မရှိတော့ဘူး… “

ကျန်းဟူက တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ်တွင် သက်လတ်ပိုင်းလူကြီးက တစ်ခုခုပြောလိုက်သကဲ့သို့ လှောင်ပြုံးပြုံးလိုက်သည်။ ကျန်းဟူ၏မျက်နှာလည်း ရုတ်တရက် ဖြူရော်သွားပြီး သူ၏ဒွါရအပေါက်များမှ သွေးများ စတင်စီးကျလာပြီး နဖူးမှလည်း ချွေးများ ဆက်တိုက် စီးကျလာသည်။

ဝမ်လင်းက မျက်ခုံးပင့်သွားပြီး ဆွဲငင်အားနည်းစနစ်ဖြင့် လက်တစ်ခု ဖန်တီးပြီး သက်လတ်ပိုင်းလူကြီးကို ဖမ်းချုပ်လိုက်၏။ သက်လက်ပိုင်းလူကြီး၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး နှာခေါင်းရှုံ့ကာ ပါးစပ်ကို ဟလိုက်သည်။ ပါးစပ်ထဲမှ အစိမ်းရောင်အလင်းတစ်ခု ထွက်လာ၏။ အစိမ်းရောင်အလင်းက ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး ဝမ်လင်း၏ဆွဲငင်အားနည်းစနစ်ဖြင့် ဖန်တီးထားသောလက်ကြီးကို ခုတ်ပိုင်းလိုက်သည်။

ဝမ်လင်း၏ဆွဲငင်အားနည်းစနစ်က စိတ်ကူးလို့မရနိုင်နိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိနေသော်လည်း သူ ဖန်တီးထားသောလက်ကြီးသည် ဓားကြောင့် နှစ်ပိုင်းဖြစ်သွား၏။ နောက်ထပ်လက်နှစ်ဖက်ကို ဖန်တီးပြီး တစ်လက်က ကျန်းဟူကို လှမ်းဆွဲလိုက်ကာ နောက်လက်တစ်ခုက လေထဲမှ ဓားကို ဖမ်းချုပ်ထားလိုက်သည်။

အစိမ်းရောင်ဓားသေးလေးက တုန်ခါလာပြီး အလင်းရောင်များ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေ၏။ သက်လတ်ပိုင်းလူကြီး၏မျက်နှာအမူအရာက ပြောင်းလဲသွားပြီး သိုလှောင်အိတ်ထဲမှ အနက်ရောင်ဓားအိမ်တစ်ခုကို ထုတ်ယူလိုက်သည်။ သက်လတ်ပိုင်းလူကြီး၏လက်ထဲမှ ဓားအိမ်က ဓားမရှိတာတောင်မှ အနီရောင်အလင်းများ တောက်ပစွာ ထုတ်လွှတ်ပေးနေ၏။

ဓားအိမ်ထွက်ပေါ်လာသည်နှင့် ဆွဲငင်အားနည်းစနစ်ဖြင့် ဖမ်းချုပ်ထားခြင်းခံရသော အစိမ်းရောင်ဓားလေးက နေရာမှ ပျောက်ကွယ်သွားပြီး ဓားအိမ်ဘေးတွင် ပေါ်လာ၏။

ဝမ်လင်း၏ အပြင်ပိုင်းမျက်နှာက တည်ငြိမ်နေဟန် ရှိသော်လည်း နှလုံးသားထဲတွင်မူ ထိတ်လန့်နေလေသည်။ သူ၏ဆွဲငင်အားပညာရပ်က ပထမဆုံးအကြိမ် ရှုံးနိမ့်သွားခြင်း ဖြစ်၏။ အေးစက်စက်အလင်းရောင်တစ်ခုက ဝမ်လင်း၏မျက်လုံးထဲတွင် ဖြတ်ပြေးသွားပြီး သိုလှောင်အိတ်ကို လက်ဖြင့် ပုတ်လိုက်ရာ သစ်သားနက်အပိုင်းအစများ ထွက်ပေါ်လာသည်။ သစ်သားနက်များက ကြာပွတ်တစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားပြီး လျှင်မြန်စွာ အဖြူရောင်ဝတ်သက်လတ်ပိုင်းလူကြီးထံသို့ ပစ်လွှင့်သွား၏။

ထိုအချိန်တွင် စစ်ထူနန်၏အသံကို ဝမ်လင်းကြားလိုက်ရသည်… “ဝမ်လင်းဓားက တစ်ခုခုတော့ တစ်ခုခုပဲထူးဆန်းနေတယ်… “

တစ်ချိန်တည်းမှာပင် ဓားက ဓားအိမ်ထဲသို့ ဝင်သွား၏။ သို့သော်လည်း တစ်ခုခုက တားဆီးထားသကဲ့သို့ တဝီဝီအသံများ ထွက်ပေါ်လာသည်။ ဓားက ဓားအိမ်ထဲသို့ ၅ပုံတစ်ပုံခန့်သာ ဝင်လို့ရပြီး နောက်ထပ် မတိုးဝင်နိုင်တော့ပေ။ သို့သော်လည်း ဓားက အစိမ်းရောင်တောက်ပနေရာမှ အပြာရောင်သို့ ပြောင်းလဲသွားပြီး ဓားက ဓားအိမ်ထဲမှ ထွက်လာကာ တိုးဝင်လာသည့်ကြာပွတ်ကို ခုတ်ပိုင်းလိုက်၏။

ကြာပွတ်သည် ကျန်းခွမ်းထံမှ ရရှိထားသည့်ပစ္စည်းဖြစ်သည်။ တံခါးပိတ်လေ့ကျင့်စဉ်ကာလတွင် စစ်ထူနန်၏အကြံပေးချက်အရ ကြာပွတ်ကို ကိုယ်ပိုင်ပစ္စည်းတစ်ခုအဖြစ် သန့်စင်ခဲ့၏။

ဝမ်လင်းက ကြာပွတ်ကို ထိန်းချုပ်ပြီး ဓားကို မထိစေဘဲ ရှောင်သွားစေကာ သက်လတ်ပိုင်းလူကြီးထံသို့ တိုးဝင်သွားစေသည်။

သက်လတ်ပိုင်းလူကြီးက သရော်ပြုံး ပြုံးလိုက်ပြီး ကြာပွတ်ကို လျစ်လျူရှုကာ ဓားကို လက်ညှိုးထိုးပြီး စကားတစ်ချို့ ရွတ်လိုက်၏။ ပျံသန်းနေသောဓားက တုန်ခါလာပြီး ရုတ်တရက် ပျောက်ကွယ်သွားကာ သက်လတ်ပိုင်းလူကြီးရှေ့တွင် ပေါ်လာပြီး အပေါ်မှ အောက်သို့ ခုတ်ပိုင်းလိုက်သည်။

သက်လတ်ပိုင်းလူကြီးက ရွှေရောင်သွေးစက်တစ်စက်ကို ထွေးထုတ်လိုက်၏။ ရွှေရောင်သွေးစက်က ပါးလွှာသောအမျှင်များအဖြစ်သို့ ပြောင်းလဲသွားပြီး ဓားထဲသို့ ဝင်ရောက်သွား၏။

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၇၇) အဘိုးကြီးကျိမို

ဝမ်လင်းက မျက်မှောင်ကျုံ့သွားပြီး ကြာပွတ်ကို ဆွဲယူရန် လုပ်လိုက်သော်လည်း အပြာရောင်တောက်နေသောဓားထဲမှ သေးငယ်သောအနီရောင်ဓားလေးတစ်ချောင်း ထွက်လာပြီး မူလဓားထက် အဆပေါင်းများစွာ လျင်မြန်သောနှုန်းဖြင့် ကြာပွတ်ကို ခုတ်ပိုင်းလိုက်၏။

ကြာပွတ်က ချက်ချင်း နှစ်ပိုင်း ပိုင်းသွားပြီး သစ်သားနက်များအဖြစ် ပြောင်းလဲသွားကာ လေထဲမှ ပြုတ်ကျလာသည်။

သက်လတ်ပိုင်းလူကြီးက လူယုတ်မာအပြုံး ပြုံးလိုက်ပြီး ညာဘက်လက်ကို ဝေ့ရမ်းလိုက်ရာ ဓားက ဝမ်လင်းဆီသို့ ပြေးဝင်သွား၏။

ဝမ်လင်းက ကျန်းဟူကို နောက်သို့ ပစ်လိုက်ပြီး ကိုယ်တိုင်လည်း နောက်သို့ အလျင်အမြန် ဆုတ်လိုက်သည်။

ဓားက ဝမ်လင်း အရှိန်ပြင်းစွာဖြင့် ဝင်လာနေ၏။ ရုတ်တရက် ဓားထိပ်တွင် လျှပ်စီးကဲ့သို့ လင်းလက်လာပြီး ဓားက ဝမ်လင်း၏ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။

ဝမ်လင်း မျက်နှာပျက်သွားပြီး ညာဘက်လက်ကို ဝေ့ရမ်းလိုက်ရာ ကျောက်စိမ်းပြားတစ်ခု ပေါ်လာသည်။ ကျောက်စိမ်းပြားက တောက်ပလာပြီး အပြာရောင်အလင်းမျက်နှာပြင်တစ်ခု ထွက်ပေါ်လာကာ ဓားကို ပိတ်ဆို့လိုက်၏။ ဓားက အပေါ်မှ အောက်သို့ ခုတ်ပိုင်းလိုက်ရာ အပြာရောင်အလင်းမျက်နှာပြင်က အက်ကွဲလာပြီး ဓားကို ကြာကြာဆက်ထိန်းထားရန် မဖြစ်နိုင်တော့ချေ။

ဝမ်လင်းက လေကို တဝကြီး ရှူသွင်းလိုက်ပြီး ပါးစပ်မှ စိတ်စွမ်းအင်များကို အပြာရောင်အလင်းမျက်နှာပြင်ဆီသို့ အန်ထုတ်လိုက်၏။ အပြာရောင်အလင်းမျက်နှာပြင်က အစိမ်းရောင်အလင်းမျက်နှာပြင် အဖြစ်သို့ ပြောင်းလဲသွားပြီး အလင်းမျက်နှာပြင်က ပိုမို ခိုင်မာသွားသည်။

အလင်းမျက်နှာပြင်က ပိုမိုခိုင်မာသွားပြီး ဓား၏တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်နိုင်သော်လည်း ကျောက်စိမ်းပေါ်တွင် အက်ရာသေးသေးတစ်ခု ပေါ်လာ၏။

သက်လတ်ပိုင်းလူကြီးက မျက်မှောင်ကျုံ့သွားပြီး ဝမ်လင်းကို ကြည့်ကာ ပြောလိုက်သည်… “ကြည့်ရတာ မင်းက အလွှာ၈ထက် မကဘူးထင်တယ်ဒါပေမဲ့လည်း မင်းက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်နေရင်တောင်မှ ငါ့ရဲ့ဓားကနေ အသက်ရှင်လျှက် လွှတ်မြောက်နိုင်မှာ မဟုတ်ဘူး… “

ပြောပြီးသည်နှင့် သက်လတ်ပိုင်းလူကြီးက ဓားကို လက်ချောင်းဖြင့် ညွှန်လိုက်ပြီး လက်ကို ဝေ့ရမ်းလိုက်ရာ ဓားက သူ့ထံသို့ ပြန်လာပြီး ဓားအိမ်ထဲသို့ ပြန်ဝင်သွား၏။ ဒီတစ်ကြိမ်တွင် ဓားက ဓားအိမ်ထဲသို့ တစ်ဝက်အထိ ဝင်သွားပြီး ဓားက အပြာရောင်မှ အနက်ရောင်သို့ ပြောင်းသွားမှသာ ဓားအိမ်ထဲမှ ပြန်ထုတ်လိုက်သည်။

ဝမ်လင်း၏မျက်ဝန်းထဲသို့ သတ်ဖြတ်ချင်သော အရိပ်အယောင်များ ဖျက်ခနဲ ဖြတ်သန်းသွား၏။ သည်တစ်ကြိမ် ဝမ်လင်း ရင်ဆိုင်နေရသော ရန်သူသည် သူနှင့်အဆင့်တူသော်လည်း အလွန်ကောင်းမွန်သည့်မှော်ရတနာတစ်ခုကို ပိုင်ဆိုင်ထားသည်။

ရန်သူ၏ဓားက ကျိုးဖန်းဆီမှ ရခဲ့သောကျောက်စိမ်းပြားထက် အများကြီး ပိုအစွမ်းထက်မှန်း သိသွားပြီးနောက် တုန်ဆိုင်းမနေဘဲ သိုလှောင်အိတ်ကို လက်ဖြင့် ပုတ်လိုက်ပြီး ရှေးဟောင်းကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်၏။ ရှေးဟောင်းကျောက်စိမ်းပြားပေါ်ထွက်လာသည်နှင့် ထိုရှေးဟောင်းကျောက်စိမ်းပြားက ကြီးကျယ်ခမ်းနားသောအော်ရာများ ထုတ်လွှတ်လေသည်။

ထိုရှေးဟောင်းကျောက်စိမ်းပြားက သူ့ကို လျိုဝမ်ကျူးမှ ပေးခဲ့သော အသက်ကယ်ရတနာ ဖြစ်၏။

ဝမ်လင်းက မျက်တောင်တစ်ချက်ပင် မခတ်ဘဲ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များကို ပါးစပ်မှတဆင့် ရှေးဟောင်းကျောက်စိမ်းပြားဆီသို့ ပို့လွှတ်လိုက်သည်။ ချက်ချင်းပင် ရှေးဟောင်းကျောက်စိမ်းပြားမှ ရွှေရောင်သင်္ကေတများ ထွက်ပေါ်လာ၏။

ဝမ်လင်းက သက်လတ်ပိုင်းလူကြီးကို စိုက်ကြည့်လိုက်၏။ သူ၏မျက်ဝန်းထဲတွင် သတ်ဖြတ်ချင်စိတ်များအပြည့်နှင့် ဖြစ်သည်။

သက်လတ်ပိုင်း လူကြီးက မျက်မှောင်ကျုံ့သွားပြီး အနည်းငယ်တုန့်ဆိုင်းသွားပြီးနောက် အံကြိတ်ကာ ရွှေရောင်အလုံး၂လုံးကို ထုတ်ယူကာ ဓားဆီသို့ ပျံသန်းသွားစေလိုက်၏။

ဓားအနက်ရောင်ပေါ်တွင် ရွှေရောင်အစက်များ ဖုံးလွှမ်းသွားကာ ဓားက တစ်ပတ်လှည့်လိုက်ပြီး ဝမ်လင်းဆီသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။

ဝမ်လင်း၏မျက်လုံးထဲမှ သတ်ဖြတ်ချင်စိတ်များက ပိုမိုပြင်းထန်လာကာ ဝမ်လင်းက သူ့ထံ ဝင်လာသောဓားကို ဂရုမစိုက်ဘဲ ရှေးဟောင်းကျောက်စိမ်းပြားကို လက်ဖြင့် ညွှန်လိုက်သည်။ရှေးဟောင်းကျောက်စိမ်းပြားမှ ရွှေရောင်သင်္ကေတများက ရုတ်တရက် တောက်ပလာပြီး စီတန်းလိုက်သည်။ ရွှေရောင်သင်္ကေတပေါင်း ၉ခု ရှိ၏။

ဝမ်လင်းက လက်ဖြင့် အစီအရင်တစ်ခုကို အသက်သွင်းလိုက်ရာ ရွှေရောင်သင်္ကေတ၃လုံးက ပိုမိုတောက်ပလာပြီး သူ့ထံသို့ တိုးဝင်လာသောဓားအနီးတွင် ရုတ်တရက် ပေါ်လာ၏။ သင်္ကေတ၃လုံးကို လျှပ်စီးများဖြင့် ဆက်သွယ်ထားပြီး မလွတ်မြောက်နိုင်သည့် လှောင်အိမ်တစ်ခုကဲ့သို့ ဖြစ်သွားကာ ဓားကို ပိတ်နှောင်ထားလိုက်သည်။

ဓားက ထောင်ချောက်မိနေသောသားရဲတစ်ကောင်ကဲ့သို့ပင် အပြင်းအထန် ရုန်းကန်နေသည်။ ဓားက လှောင်အိမ်ကို အပြင်းအထန် တိုက်ခိုက်သည့်အကြိမ်တိုင်း ရွှေရောင်သင်္ကေတ၃လုံးက လင်းလက်သွား၏။

သက်လတ်ပိုင်းလူကြီး၏အမူအရာက ပြောင်းလဲသွားပြီး မေးလိုက်သည်… “ဒါဒါက အမြုတေအဆင့်ရတနာလား… “

ဝမ်လင်းက စစ်ထူနန်ထံမှ ရတနာများအကြောင်းကို သိထား၏။ အမြုတေဖွဲ့တည်ခြင်းအဆင့်က ရိုးရှင်းစွာပြုလုပ်လိုက်သော ရတနာတစ်ခုသည် အမြုတေအဆင့်ရတနာ ဖြစ်သည်။ စဦးစိတ်ဝိညာဉ်အဆင့်က ပြုလုပ်လိုက်သောရတနာကို စဦးစိတ်ဝိညာဉ်အဆင့်ရတနာဟု ခေါ်၏။

သက်လတ်ပိုင်းလူကြီး၏မျက်နှာတွင် ကြောက်လန့်သောအမူအရာတချို့ ပေါ်လာသည်။ သူက လက်ကို ဝေ့ရမ်းလိုက်ပြီး ဓားအိမ်ကို ဆွဲယူလိုက်သည်။

ဝမ်လင်းက အေးစက်စွာ ပြုံးလိုက်ပြီး သူ့လက်မှ အစီအရင်ကို ပြောင်းလဲလိုက်၏။ ကျန်ရှိနေသောသင်္ကေတ၆လုံးက ချက်ချင်း တောက်ပလာပြီး သက်လတ်ပိုင်းလူကြီးထံသို့ တဟုန်ထိုး ပြေးဝင်သွားသည်။

သက်လတ်ပိုင်းလူကြီး၏မျက်နှာက ပိုမိုပျက်ယွင်းလာပြီး အသက်ရှင်ရန် အခွင့်အရေးက များလာမလားဆိုသည့် မျှော်လင့်ချက်လေးဖြင့် ကျောက်စိမ်းပြား အများအပြားကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။

ကျောက်စိမ်းပြားများ အသက်မသွင်းရသေးခင်မှာတင် ရွှေရောင်သင်္ကေတများ၏အော်ရာကြောင့် ပေါက်ကွဲသွားကုန်၏။ ကျောက်စိမ်းပြားများက ရွှေရောင်သင်္ကေတများကို အနည်းငယ်မျှပင် မတားလိုက်နိုင်ပေ။

သက်လတ်ပိုင်းလူကြီး၏မျက်နှာတွင် မျှော်လင့်ချက်ကင်းမဲ့သွားသည့် အရိပ်အယောင်များ ပေါ်လာပြီး အော်ပြောလိုက်သည်… “ကျင့်ကြံသူလေးငါက အဘိုးကြီးကျိမိုရဲ့တပည့်တစ်ယောက်ပဲ… “

ပြောပြီးပြီးချင်းမှာပင် ရွှေရောင်သင်္ကေတတစ်လုံးက သူ့ရှေ့တွင်ပေါ်လာပြီး သူ့ရင်ဘတ်ကို အရှိန်ဖြင့် ဆောင့်ချလိုက်သည်။ သူ၏ရင်ဘတ်က ချက်ချင်း ချိုင့်ဝင်သွားပြီး သွေးများ အန်ထုတ်လိုက်ရ၏။

ဒုတိယသင်္ကေတကလည်း ပထမသင်္ကေတ အတိုင်း သက်လတ်ပိုင်းလူကြီး၏ရင်ဘတ်ကို ဝင်ဆောင့်လိုက်ရာ သက်လတ်ပိုင်းလူကြီး၏ဒွါရအပေါက်များမှ သွေးများ စတင်စီးကျလာပြီး ရင်ဘတ်က ထုတ်ချင်းပေါက်ထွက်သွားသည်။

တတိယသင်္ကေတသည်လည်း သက်လတ်ပိုင်းလူကြီး၏ခန္ဓာကိုယ်ကို ဝင်ဆောင့်သဖြင့် သက်လတ်ပိုင်းလူကြီး၏ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၏။ သက်လတ်ပိုင်းလူကြီးကိုင်ထားသော ဓားအိမ်ကလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

ဝမ်လင်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ရှေးဟောင်းကျောက်စိမ်းပြားကို လက်ညှိုးညွှန်လိုက်ရာ ကျန်ရှိနေသော သင်္ကေတ၃လုံးက ရှေးဟောင်းကျောက်စိမ်းပြားထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။

သက်လတ်ပိုင်းလူကြီး သေသွားသည်နှင့် ရုန်းကန်လှုပ်ရှားနေသော ဓားသည်လည်း လုံးဝမလှုပ်ရှားတော့ဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

ဝမ်လင်းက လက်ကို ဝေ့ရမ်းလိုက်ရာ ဓားကို ပိတ်လှောင်ထားသော သင်္ကေတ၃ခုက တုန်ခါသွားပြီး ၂ခုက ပျက်စီးသွားကာ တစ်ခုက ရှေးဟောင်းကျောက်စိမ်းပြားအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ဝမ်လင်းက ရှေးဟောင်းကျောက်စိမ်းပြားကို ဂရုတစိုက် သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်၏။ ရှေးဟောင်းကျောက်စိမ်းပြားသည် မူလက သင်္ကေတတစ်ခုတည်းသာ ရှိသော်လည်း စစ်ထူနန်၏ကူညီမှုကြောင့် သင်္ကေတ၉ခုအထိ တိုးပွားခဲ့သည်။ ယခင်က သင်္ကေတ၁လုံးတည်းထက် သင်္ကေတများ၏စွမ်းအားက လျော့နည်းသွားသော်လည်း အကြိမ်များစွာ အသုံးပြုလို့လည်း ရသွား၏။

အားလုံးပြီးဆုံးသွားပြီးနောက်မှသာ ဝမ်လင်းက အသက်ကို ဝဝလင်လင် ရှူရှိုက်ရတော့၏။ သူ၏နဖူးတွင် ချွေးများလည်း စိုရွှဲနေသည်။ ဒီတိုက်ပွဲက ဝမ်လင်း၏ဘဝတွင် အခက်ခဲဆုံးတိုက်ပွဲတစ်ခု ဖြစ်၏။ သူက သက်လတ်ပိုင်းလူကြီး၏ဓားနှင့်ဓားအိမ်ကို ဆွဲငင်အားနည်းစနစ်ဖြင့် ဆွဲယူလိုက်ပြီး စစ်ဆေးကြည့်လိုက်သည်။

ဝမ်လင်းငါ မင်းကို စောနက ဘာလို့ မကူညီပေးလဲဆိုတော့ငါ့ရဲ့စွမ်းအားတွေက အကန့်အသတ်ရှိတယ်ဒါ့ကြောင့်မို့ ဂရုမစိုက်ဘဲ အသုံးပြုဖို့ အဆင်မပြေဘူးပြီးတော့ မင်းကိုလည်း ဒီလိုတိုက်ပွဲမျိုးကနေ အတွေ့အကြုံရစေချင်တာလည်း ပါတယ်ဒါမှ အနာဂါတ်မှာ အသက်ရှင်ဖို့ အခွင့်အရေးများမှာ… “ သည်တစ်ကြိမ်တွင်တော့ စစ်ထူနန်၏အသံက အလွန်လေးနက်နေသည်။

ဝမ်လင်းက ဘာမှပြန်မပြောဘဲ ခေါင်းညိတ်လိုက်သည်။ ထို့နောက် လက်ထဲတွင်ရှိသော ဓားနှင့်ဓားအိမ်ကို သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။

ဒီဓားက တစ်ကယ်ပဲ ထူးဆန်းတယ်ဟိုကောင်လေးတောင်မှ ဒီရတနာရဲ့ စွမ်းအားကို အပြည့်အဝ မထုတ်သုံးနိုင်ဘူးဒါပေမဲ့ တစ်ကယ့်ရတနာအစစ်က ဓားမဟုတ်ဘဲ ဓားအိမ်ဖြစ်နေတာပဲ… “

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၇၈) ထန်းမိသားစုမြို့

ဝမ်လင်းက ဓားကို စစ်ဆေးကြည့်နေချိန်တွင် သူ့နောက်မှ တိုးညှင်းသောအသံတစ်ခုကို ကြားလိုက်ရပြီး နောက်သို့ လှည့်လိုက်သည်။

ကျန်းဟူက မျက်လုံးကို ဖွင့်လိုက်သောအခါ ဝမ်လင်းကို မြင်လိုက်ရပြီး အလန့်တကြား ဖြစ်သွားကာ ဘေးပတ်ဝန်းကျင်ကို တစ်ခုခုကို ရှာဖွေနေသကဲ့သို့ ကြည့်လိုက်၏။ ထိုအခါ ဝမ်လင်းလက်ထဲမှ ဓားနှင့်ဓားအိမ်ကို မြင်ပြီး ကျန်းဟူ၏မျက်နှာတွင် ပျော်ရွှင်သောအမူအရာများ ပေါ်လာကာ မေးလိုက်သည်… “သူသူ သေသွားပြီလား… “

ဝမ်လင်းက ရယ်ပြီး ခေါင်းညိတ်ပြလိုက်သည်… “ဟုတ်တယ်ကျန်းဟူသူ သေသွားပြီမင်း ငါနဲ့မသိဘူးလို့ပြောတာ သူ့ကြောင့်လား… “

ကျန်းဟူက အလျင်အမြန် သူ့ရင်ဘတ်ကို ထိကြည့်လိုက်သည်။ ထို့နောက် အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်… “သူ တကယ် သေသွားပြီပဲဝမ်လင်း ဒီနေရာက စကားပြောလို့ကောင်းတဲ့နေရာ မဟုတ်ဘူးငါ ဒီလူတွေအားလုံးကို ရှင်းပြီးရင် ဒီကနေ မြန်မြန် သွားကြမယ်… “

ပြောပြီးသည်နှင့် သူက လက်ကို မြှောက်လိုက်ရာ မီးလုံး၃လုံး ထွက်ပေါ်လာ၏။

ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိလူအားလုံးက မှင်သက်နေသည်။ သူတို့မြင်လိုက်ရသည့်မြင်ကွင်းက သူတို့တစ်သက်သာတွင် မြင်ရလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးကြချေ။ ရုတ်တရက် ကျန်းဟူလက်ထဲမှ မီးလုံး၃လုံးကို မြင်လိုက်ရချိန်တွင် သူတို့၏မျက်နှာတွင် ကြောက်လန့်သော အမူအရာများ ပေါ်လာသည်။

ဝတ်စုံနက်ဝတ်လူများကလည်း ကြောက်လန့်နေသောမျက်လုံးများဖြင့် ကျန်းဟူကို ကြည့်နေကြ၏။

ဝမ်လင်း မျက်မှောင်ကျုံ့သွားပြီး တစ်ခုခုပြောရန် ပြင်လိုက်ချိန်တွင် ကျန်းဟူက မီးလုံးများကို ဝတ်စုံနက်ဝတ်လူများဆီသို့ ပစ်လွှတ်လိုက်သည်။

တန်ဖိုးအရပြောရလျှင် အင်မော်တယ်များအတွက် သာမန်သေမျိုးများ၏အသက်သည် ပုရွတ်ဆိတ်သဖွယ်သာ ဖြစ်၏။ ပြန်တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိဘဲ ဆောင်ရှင်းအပါအဝင် ဝတ်စုံနက်များကို မီးလုံးများက တိုက်သွားကာ သူတို့ကို မီးစွဲသွားစေသည်။ သို့သော်လည်း ထူးဆန်းသည်က သူတို့ကို ပြာအဖြစ်လောင်ကျွမ်းမသွားဘဲ ထူးဆန်းသောရွှေရောင်သွေးစက်များ ဖြစ်သွားစေ၏။ ထိုရွှေရောင်သွေးစက်များကို ကျန်းဟူက မြိုချလိုက်သည်။

မီးအရှိန်နှင့်တင် လျိုစန်းတို့လူစုအတွက် အလွန်ပူနေလေပြီ။ သူတို့၏ဆံပင်များသည် အပူရှိကြောင့် တွန့်လိမ်နေပြီး သူတို့၏အရေပြားတွင်လည်း အက်ကွဲကြောင်းများ ပေါ်နေ၏။ သို့သော်လည်း မည်သူ တစ်ဦးတစ်ယောက်မျှ မလှုပ်ရှားရဲကြချေ။

ကျန်းဟူ နောက်ထပ်မီးလုံး၃လုံး ထုတ်လိုက်သည်ကို မြင်လိုက်ရသောအခါ ဝမ်လင်းက ကျန်းဟူကို တားဆီးလိုက်သည်… “ကျန်းဟူနောက်ထပ်မသတ်ပါနဲ့တော့… “

ကျန်းဟူက ဝမ်လင်းကို လှည့်ကြည့်ပြီး ပြန်ပြောလိုက်သည်… “သူတို့ကို မသတ်ရင် သူတို့ပြန်ရောက်တဲ့အခါ အားလုံးကို လျှောက်ဖွကြလိမ့်မယ်မင်းသတ်လိုက်တဲ့ ငါ့ဆရာက အဘိုးကြီးကျိမိုရဲ့ ၆ယောက်မြောက်တပည့်ပဲသူကသာ ဒါကို သိသွားရင် ငါတို့အတွက် အသက်ရှင်ဖို့ ခက်ခဲသွားလိမ့်မယ်… “

ကျောင်းတော်သားပုံစံ သက်လတ်ပိုင်းလူကြီးက အလျင်အမြန် ပြောလိုက်သည်… “အင်မော်တယ်သခင်လေးတို့ကျွန်တော်တို့ မပြောပါဘူးလို့ ကတိပေး… “

သူ ပြောလို့ မပြီးခင်မှာတင် ကျန်းဟူက မျက်မှောင်ကျုံ့ပြီး ဖြတ်ပြောလိုက်သည်… “မပြောဖို့ ကတိပေးမှာလားဟိုက မင်းလို မဟုတ်ဘူးမင်းတို့ရဲ့ဝိညာဉ်ကို သန့်စင်လိုက်တာနဲ့ မင်းတို့က အားလုံးကို ပြောပြကြလိမ့်မယ်… “ ကျန်းဟူက ကျောင်းတော်သားပုံစံရှိသော သက်လတ်ပိုင်းလူကြီးကို ပြောနေသော်လည်း သူ၏မျက်လုံးများက ဝမ်လင်းထံသို့သာ ရောက်နေ၏။

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး လက်ကို ဝေ့ရမ်းလိုက်ရာ ကျန်ရှိနေသော လူ၇ယောက်ခန့်က ဝမ်လင်း၏ရှေ့သို့ ဆွဲယူခြင်း ခံလိုက်ရသည်။

ကျန်းဟူကလည်း သူ၏မီးလုံးကို သိမ်းလိုက်ပြီး ဘေးတွင် ငြိမ်သက်စွာ ရပ်နေလိုက်၏။

ဝမ်လင်းက သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းပြားသည် လဲလှယ်ပွဲတွင် ကျန်းခွမ်းဆီမှ ရရှိခဲ့သော ကျောက်စိမ်းပြား ဖြစ်၏။

ကျောက်စိမ်းပြားထဲတွင် မှတ်ဉာဏ်များကို ဖျက်ပေးသောနည်းစနစ်တစ်ခု ပါသည်ကို မှတ်မိသည့်အတွက် ဝမ်လင်းက ကျောက်စိမ်းပြားကို ထုတ်ယူလိုက်ခြင်း ဖြစ်သည်။

ဝမ်လင်းသည် ကျောက်စိမ်းပြားထဲမှ နည်းစနစ်ကို တစ်ခါမှ ဖတ်ကြည့်ပြီးနောက် ကျောက်စိမ်းပြားကို ပြန်သိမ်းလိုက်ပြီး သူ့ရှေ့မှ လူစုကို စိုက်ကြည့်လိုက်သည်။ တဖြည်းဖြည်းနှင့် သူ၏မျက်လုံးက အပြာရောင်တောက်လာသည်။ ထိုအပြာရောင်အလင်းက သူတို့၏မျက်လုံးထဲသို့ ဝင်ရောက်သွားပြီး သူတို့၏မျက်လုံးများလည်း အပြာရောင်တောက်လာကာ နောက်ဆုံးတွင် သူတို့က သတိလစ်ပြီး မြေပြင်ပေါ်သို့ လဲကျသွား၏။

ထိုအခြင်းအရာကို ကြည့်ပြီး ကျန်းဟူက သက်ပြင်းချလိုက်သည်။ သူက တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် မပြောဖြစ်တော့ချေ။

ဝမ်လင်းက သူတို့၏မှတ်ဉာဏ်များကို ဖျက်ပစ်ပြီးနောက် ကျန်းဟူကို ကြည့်ပြီး အဝေးသို့ ပျံသန်းထွက်ခွာသွား၏။ ကျန်းဟူကလည်း ရွှေရောင်အလုံးတစ်လုံးကို ထွေးထုတ်ပြီး ရွှေရောင်အလုံးပေါ်သို့ တက်ကာ ဝမ်လင်းနောက်သို့ ပျံသန်းလိုက်ပါသွားသည်။

အချိန်တော်တော်ကြာအောင် ပျံသန်းပြီးနောက် ကျန်းဟူက စတင်မောလာသည့်အတွက် တောင်တစ်တောင်ပေါ်တွင် နားလိုက်ရသည်။

ကျန်းဟူက အသက်ကို ဖြည်းဖြည်းချင်းရှူရင်း ထိုင်စရာနေရာတစ်ခုကို ရှာပြီး ထိုင်လိုက်၏။ ထို့နောက် သူက အာလူးနှစ်လုံးကို ထုတ်ယူလိုက်ပြီး တစ်လုံး ဝမ်လင်းဆီသို့ ပစ်ပေးကာ ပြောလိုက်သည်… “ဒါတွေကို ငါ ဖုတ်ထားတာအရသာဘယ်လိုလဲ ခံစားကြည့်လိုက်… “

ဝမ်လင်းက အာလူးကို ဖမ်းယူလိုက်သည်။ အာလူးကို မြင်ပြီး လွန်ခဲ့သော၁၀နှစ်ခန့်က သူတို့နှစ်ယောက် စတွေ့သော အချိန်ကို အမှတ်ရသွား၏။

ငါ ဟုန်ယွီဂိုဏ်းက ထွက်လာတော့အိမ်ကို ပြန်မသွားဘဲ လျှောက်သွားပြီး တခြားဂိုဏ်းတွေမှာ ဝင်လို့ရမလား လိုက်စုံစမ်းခဲ့တယ်ငါက ကံကောင်းပြီး ဆေးပင်တချို့ကို လျှောက်သွားရင်း ရရှိခဲ့တယ်အဲ့ဆေးပင်တွေနဲ့ ငါက ပထမအလွှာကို ရောက်ခဲ့တယ်ဒီကိစ္စအတွက် ဖျံကောင်ဆီက ရခဲ့တဲ့စာအုပ်ကို ကျေးဇူးတင်ရမယ်ဘိုင်ကျန်းနဲ့ တွေ့ပြီး သူက ငါ ချီစုစည်းခြင်းအဆင့် အလွှာ၁ကို ရောက်နေတာမြင်တော့ ငါ့ကို မသတ်တော့ဘဲ သူ့တပည့်လုပ်ခိုင်းတယ်ပြီးတော့ ငါ့ကို သာမန်လူတွေရဲ့သွေးတွေကို စုခိုင်းတယ်ငါ့ကို ထိန်းချုပ်ဖို့အတွက် သူက ငါ့ကိုယ်ထဲမှာ အဆိပ်တစ်မျိုး ထည့်ထားတယ်… “

မင်းကို ငါနဲ့မသိဘူးလို့ပြောတာက သူအနားမှာ ရှိနေလို့ပဲဒါပေမဲ့ ကျေးဇူးတင်စရာကောင်းတာက မင်းကိုပဲမင်းက သူ့ကို သတ်လိုက်တယ်ဒါ့ကြောင့်ပဲ ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အဆိပ်က ပျက်ပြယ်သွားရတယ်အခုတော့ ငါ လွတ်လပ်သွားပြီ… “ ကျန်းဟူက အားလူးကို ကိုက်လိုက်ပြီး လွန်ခဲ့သော၁၀နှစ်ခန့်စပြီး ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ဝမ်လင်းအား အကျဉ်းချုံး ပြောပြလိုက်၏။

ကျန်းဟူ၏အကြောင်းများကို ကြားရပြီး ဝမ်လင်း ဝမ်းနည်းရသည်။ ကျန်းဟူ၏ပြောသော အကြောင်းအရာများက ရိုးရှင်းပြီး တိုတောင်းလှသော်လည်း ကျန်းဟူ၏ဘဝ မည်မျှခက်ခဲကြောင်း ခန့်မှန်းနိုင်သည်။ ထို၁၀နှစ်က သူ့အတွက် အလွန်ခက်ခဲမှာ သေချာလှသည်။

ကျန်းဟူက မနာလိုသည့်အမူအရာဖြင့် ကြည့်ပြီး ပြောလိုက်သည်… “ဝမ်လင်းငါတို့မတွေ့တာ ၁၀နှစ်ပဲ ရှိသေးတယ်မင်းက ငါ့ဆရာကိုတောင် သတ်နိုင်နေပြီမင်းက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်နေပြီ ထင်တယ်ငါ့ဆရာရဲ့ဓားက အရမ်းစွမ်းအားကြီးတယ်သူပြောတာ သူတောင် ဓားရဲ့စွမ်းအားကို ၄၀ရာခိုင်နှုန်းပဲ ထုတ်သုံးနိုင်သေးတယ်တဲ့ဒါပေမဲ့ အဲ့၄၀ရာခိုင်နှုန်းနဲ့တင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်အောက်က ကျင့်ကြံသူတွေ တစ်ယောက်မှ သူ့ကို မယှဉ်နိုင်ဘူးတဲ့… “

ဝမ်လင်းက ခေါင်းခါပြီး ပြောလိုက်သည်… “ငါက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို မရောက်သေးပါဘူးမင်းရဲ့ဆရာက ဒီဓားကို ဘယ်နေရာက ရခဲ့တာလဲ သိလား… “

ကျန်းဟူက ဝမ်လင်းကို အံ့ဩသည့်အမူအရာဖြင့် ကြည့်လိုက်သော်လည်း ဘာမှမေးမနေတော့ဘဲ ထိုအကြောင်းကို ခဏလောက် ပြန်စဉ်းစားပြီးမှ ပြောလိုက်သည်… “သူ တစ်ခါပြောဖူးတယ်လို့တော့ ထင်တာပဲသူက ဓားကို ဂူတစ်ခုတည်းက ရတာလို့ ပြောခဲ့တယ်ထင်တယ်သူက အမြဲတမ်း ဓားကို အလွန်အဖိုးတန်တဲ့ရတနာတစ်ခုလို ကြည့်နေတတ်တယ်ပြီးတော့ ဓားအိမ်ကလည်း ရတနာတစ်ခုပဲဆရာက ဓားအိမ်ကို ဓားထက်တောင် အဆပေါင်းများစွာ တန်ဖိုးထားတယ်ငါ သူ့ဘေးမှာနေရင်း ကြားခဲ့တာ တစ်ခုရှိသေးတယ်အမြုတေဖွဲ့တည်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ အကူအညီ မပါပဲနဲ့ ဓားကို မသန့်စင်နိုင်ဘူးတဲ့… “

ဝမ်လင်းကလည်း ကျောက်တုံးတစ်တုံးပေါ်ကို ထိုင်ချလိုက်ပြီး အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်… “ငါ့ကို အဘိုးကြီးကျိမိုအကြောင်း ပြောပြပါလားအနည်းဆုံးတော့ အကာအကွယ်နည်းနည်းလောက် လုပ်နိုင်တာပေါ့… “

ကျန်းဟူက ပါးစပ်ထဲမှ အာလူးကို မျိုချကာ အဘိုးကြီးကျိမိုအကြောင်း ပြောပြလိုက်၏… “အဘိုးကြီးကျိမိုက တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ပဲသူက အမြုတေဖွဲ့တည်ခြင်းအဆင့်ကို ရောက်နေပြီလို့တော့ ကြားထားတယ်သူက သူ့ရဲ့ဂုဏ်သတင်းကို အရမ်းဂရုစိုက်တာဒါ့ကြောင့် ဘိုင်ကျန်းကို ငါတို့သတ်သွားတာ သူ ကျိန်းသေသိမှာပဲမင်းလည်း ဟုန်ယွီဂိုဏ်းကို ပြန်သင့်တယ်ငါ့ကတော့ ထန်းမိသားစုမြို့ထဲမှာ ပုန်းနေလိုက်မယ်အဘိုးကြီးကျိမိုက အဲ့နေရာမှာတော့ ဂုဏ်မမောက်ရဲဘူးထန်းမိသားစုမြို့ထဲမှာ ငါ နေသရွေ့ ငါ ဘေးကင်းနေလိမ့်မယ်… “

ဝမ်လင်းက မဲ့ပြုံးလေးဖြင့် ပြန်ပြောလိုက်သည်… “ဟုန်ယွီဂိုဏ်းက အခုအချိန်မှာ နာမည်ပဲ ကျန်တော့တယ်… “

ကျန်းဟူကလည်း ပြောလိုက်သည်… “ငါ ဒီအကြောင်းတွေကို ကြားလိုက်တယ်ရွှမ်တောက်ဂိုဏ်းက ဟုန်ယွီတောင်ကို လုသွားတယ်တဲ့ဒါပေမဲ့ ဟုန်ယွီဂိုဏ်းက တပည့်တွေကလည်း ရွှမ်တောက်ဂိုဏ်းထဲ ဝင်သွားတယ် ကြားတယ်မင်း အဲ့အထဲ မပါဘူးလား… “

ဝမ်လင်းက ဒီကိစ္စကို ထပ်မပြောချင်တော့သဖြင့် တခြားဟာတစ်ခုကို မေးလိုက်သည်… “ထန်းမိသားစုမြို့က ဘယ်လိုနေရာမျိုးလဲ… “

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၇၉) ဓားကို သန့်စင်ခြင်း

ကျန်းဟူက လက်ထဲကျန်နေသော အာလူးကို ပါးစပ်ထဲ သိပ်ထည့်လိုက်၏။ ပါးစပ်ထဲမှ အာလူးကို ကုန်အောင် စားပြီးနောက်မှ ဝမ်လင်းကို ကြည့်ပြီး ပြောလိုက်သည်… “ထန်းမိသားစုမြို့က ကျောင်းနိုင်ငံမြောက်ပိုင်းက ကျင့်ကြံခြင်းမိသားစုကြီးတစ်ခုပဲပြောကြတာတော့ သူတို့မိသားစုမှာ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ ရှိတယ်တဲ့ကျင့်ကြံသူတစ်ယောက်က မြို့ထဲကို ဝင်တဲ့အခါ အဆင့်နိမ့်စိတ်ဝိညာည်ကျောက်တုံးတစ်တုံး ပေးရတယ်အဲ့မြို့မှာနေချင်ရင် တစ်လကို အလယ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးပေးဆောင်ရတယ်ငါ စုဆောင်းထားတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ဆိုရင် မြို့ထဲမှာ ၆လလောက်တော့ နေနိုင်လိမ့်မယ်… “

ဝမ်လင်းက မေးစေ့ကို ပွတ်ပြီး မေးလိုက်သည်… “ကျန်းဟူထန်းမိသားစုမြို့မှာ ဈေးပွဲတော်တွေ ရှိလား… “

ကျန်းဟူက ခေါင်းညိတ်လိုက်သည်… “လတိုင်းမှာ ဈေးပွဲတော် အကြီးကြီးရှိတယ်အဲ့နားပတ်ဝန်းကျင်က ကျင့်ကြံသူတွေ အကုန်လုံး ဈေးပွဲတော်ကို လာကြတယ်မင်းတစ်ခုခု ဝယ်ချင်လို့လား… “

ဝမ်လင်းက ခေါင်ညိတ်ပြီး ပြုံးပြလိုက်၏… “ဘာလဲမင်းနောက်လိုက်လာမှာကို မကြိုက်ဘူးလားငါ့မှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး မရှိဘူးဒါ့ကြောင့် မင်းကိုပဲ အားကိုးရမှာ… “

…………………………….

ထန်းမိသားစုသည် ကျောင်းနိုင်ငံမြောက်ပိုင်းတွင် အလွန်ကျော်ကြားသော မိသားစုကြီး ဖြစ်သည်။ မိသားစုခေါင်းဆောင် ထန်းရှင်းစန်းသည် စဦးစိတ်ဝိညာဉ်အဆင့်ကို လွန်ခဲ့သော နှစ်၅၀၀အတွင်းက ရောက်ရှိခဲ့သောကြောင့် အဆင့်၄နိုင်ငံစစ်ပွဲတွင် ပါမသွားခဲ့ပေ။

ထန်းရှင်းစန်းက ဝူဖုန်တောင်ကြား၏အကြီးအကဲတစ်ယောက် ဖြစ်သဖြင့် သူ့အဆင့်အတန်းက အလွန်မြင့်မားသည်။

ထန်းမိသားစု၏ဘိုးဘေးတစ်ယောက်လည်း ဖြစ်နေသောကြောင့် မည်သူကမှ သူ့ကို လာမရှုပ်ရဲကြပေ။ ဂိုဏ်းကြီးမှ ကျင့်ကြံသူများတောင်မှ သူနှင့် ပြဿနာမတက်ချင်ကြချေ။

ထျန်းမိသားစု၏ဈေးပွဲတော်က ကျင့်ကြံသူများအတွက် စီစဉ်ပေးထားခြင်း ဖြစ်သည်။ ထို့ကြောင့် လတစ်လ၏အစတိုင်းတွင် ထန်းမိသားစုမြို့သည် အလွန်အလုပ်များ၏။

ဈေးပွဲတော်ရှိသောကြောင့် လူတွေလည်း အဝင်အထွက်များသကဲ့သို့ သူတို့ကြားတွင်လည်း သဘောထားကွဲလွဲမှုများရှိကာ တစ်ခါတစ်ရံ တိုက်ခိုက်သည်အထိ ဖြစ်ကြသည်။ ထို့ကြောင့် ထန်းမိသားစု၏ဘိုးဘေးထန်းရှင်းစန်းက မြို့ထဲတွင် မတိုက်ခိုက်ရ အမိန့်ထုတ်လိုက်၏။

ထိုစည်းမျဉ်းကို မြို့ထဲရှိလူအားလုံးက လိုက်နာရသည်။

ထိုစည်းမျဉ်းထွက်လာပြီးနောက် ရန်ပွဲတစ်ခုမှ အမြုတေအဆင့်ကျင့်ကြံသူတချို့ကို ထန်းရှင်းစန်း သတ်ပစ်လိုက်ပြီးနောက် မြို့ထဲရှိလူအားလုံးက ထိုစည်းမျဉ်းကို အပြည့်အဝ လိုက်နာသွားကြခြင်း ဖြစ်၏။

တစ်ရက်တွင် လူနှစ်ယောက်က ကောင်းကင်ယံတွင် ပျံသန်းကာ ထန်းမိသားစုမြို့စု ဦးတည်ပြီး လာနေသည်။ ထိုနှစ်ယောက်ထဲမှ တစ်ယောက်က ပြောလိုက်သည်… “ဝမ်လင်းမြို့ထဲမှာက ပျံသန်းခြင်းကို တားမြစ်ထားတယ်ဒါ့ကြောင့် ဒီနေရာကနေ ငါတို့ လမ်းလျှောက်ကြရမယ်… “

ထိုလူနှစ်ယောက်ကာ ဝမ်လင်းနှင့်ကျန်းဟူ ဖြစ်၏။

ဝမ်လင်း၏အကြည့်က သူ့ရှေ့မှ ထန်းမိသားစုမြို့သို့ ရောက်သွား၏။ မြို့က အရမ်းကြီး မကြီးချေ။ အမှန်အတိုင်းသာ ဆိုရလျှင် မြို့ငယ်လေးတစ်ခုနှင့်ပင် ပို၍ တူသည်။

မြို့အပြင်ဘက်တွင် ထန်းမိသားစုမှ တပည့်နှစ်ယောက်က မြို့ထဲသို့ဝင်လာသူများကို အပြုံးနှင့်ကြိုဆိုပြီး တိုကင်ပြားများ ပေးဝေနေသည်။

ဝမ်လင်းက နတ်ဘုရားစိတ်အာရုံဖြင့် ကြည့်လိုက်ရာ ထိုအစောင့်တပည့်နှစ်ယောက်က အလွှာ၃၌သာ ရှိသေး၏။

ဝမ်လင်းက သူ့ရှေ့မှ မြို့ထဲသို့ တန်းစီပြီး ဝင်နေရသာ လူအတန်းကြီးကို အလျှင်စလို ဖြစ်မနေဘဲ လူတိုင်းကို နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးကြည့်နေသည်။ အားလုံးထဲတွင် အသန်မာဆုံးသည် အလွှာ၁၃သာ ရောက်သေး၏။

အချိန်တော်တော်ကြာပြီးနောက် ဝမ်လင်းနှင့်ကျန်းဟူတို့သည် ဂိတ်တံခါးရှေ့သို့ ရောက်လာသည်။ ထိုအချိန်တွင် ရုတ်တရက် အဝေးမှ ပုံရိပ်တစ်ခု ပေါ်လာ၏။ ထိုပုံရိပ်မှ အလွန်အားကောင်းသောအော်ရာကို ထုတ်လွှတ်လျက် ရှိသည်။ ဝမ်လင်းက နတ်ဘုရားစိတ်အာရုံဖြင့် ကြည့်လိုက်ရာ မှင်သက်သွား၏။ ထိုလူက အသက်၃၀ပင် ခန့်သာ ရှိသေးသော်လည်း သူ၏ကျင့်ကြံမှုက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်ရှိပြီး ဖြစ်နေသည်။

ထိုလူက ဂိတ်တံခါးရှေ့သို့ လျင်မြန်စွာ ရောက်လာပြီး သူ့လက်ကို ဝေ့ရမ်းကာ လေပြင်းတစ်ခုကို ဖန်းတီးပြီး လူတိုင်းကို အဝေးသို့ လွှင့်စင်သွားစေသည်။ ကျင့်ကြံမှုနိမ့်သော ကျင့်ကြံသူတချို့ဆိုလျှင် မြေပြင်ပေါ်သို့ လိမ့်သွား၏။

ဝမ်လင်းသာ ကျန်းဟူကို မဖမ်းထားပါက ကျန်းဟူလည်း မြေပြင်တွင် လိမ့်သွားမှာ အသေအချာပင်။

ဝမ်လင်းကိုယ်တိုင်လည်း ခြေလှမ်းအနည်းငယ်နောက်သို့ ဆုတ်လိုက်ရ၏။ သူက တည်ငြိမ်စွာ ဖြင့်ပင် ထိုလူကို အေးစက်စွာ ကြည့်လိုက်သည်။

ထိုလူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဂိတ်တံခါးဆီသို့ လျှောက်သွားလိုက်၏။ သူက တိုကင်တစ်ခုကို ပစ်ပေးလိုက်ရာ အစောင့်နှစ်ယောက်က အလွန်လေးစားသော အမူအရာဖြင့် ကြိုဆိုလိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က မြို့အတွင်းထဲထိပင် လိုက်ပို့ပေး၏။

ကျန်းဟူက မနာလိုသည့်အမူအရာဖြင့် မေးလိုက်သည်… “သူ့ရဲ့အဆင့်က ဘယ်လောက်တောင် မြင့်နေလို့ လက်တစ်ချက်ဝေ့ရမ်းလိုက်ရုံနဲ့ ဒီလောက်တောင် စွမ်းအားပြင်းနေရတာလဲ… “

ဝမ်လင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏… “ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်… “

မြို့ထဲသို့ သူတို့နှစ်ယောက် ဝင်ရမည့်အလှည့်သို့ ရောက်သောအခါ ကျန်းဟူက အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးနှစ်တုံးကို ပေးပြီး မြို့ထဲသို့ နှစ်ယောက်သား ဝင်သွားကြသည်။

ကျန်းဟူက ဒီကို ခဏခဏရောက်ဖူးသဖြင့် ဝမ်လင်းကို သူက ဦးဆောင်ခေါ်သွားလေသည်။ မြို့ထဲသို့ ဝင်လာပြီးနောက် အလယ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး၂တုံးကို ပေးဆောင်ပြီး နေဖို့ အခန်း၂ခန်း ငှားလိုက်၏။

ကျန်းဟူက ပြုံးပြီး ပြောလိုက်သည်… “ငါတို့မှာ ငွေအများကြီး မကျန်တော့ဘူးဒီနှစ်၅၀၀ဂျင်ဆင်းက ဈေးကောင်းကောင်းနဲ့ ရောင်းထွက်ပါစေလို့ပဲ ဆုဆောင်းရမှာပဲအကျိုးအမြတ်ကိုတော့ အညီအမျှ ခွဲယူမယ်… “

နှစ်ယောက်သား အနည်းငယ် လမ်းလျှောက်ပြီးနောက် သူတို့၏အခန်းဆီသို့ ပြန်လာခဲ့ကြ၏။

ဝမ်လင်းက အခန်းထဲသို့ ပြန်ရောက်ပြီးနောက် ခြေချိတ်ထိုင်ကာ ကျန်းဟူ၏ဆရာထံမှ ရရှိခဲ့သောဓားနှင့်ဓားအိမ်ကို ထုတ်ယူလိုက်သည်။ အချိန်တော်တော်ကြာအောင် ကြည့်ရှူလေ့လာပြီးနောက် သူ၏မျက်လုံးများက အရောင်တောက်လာပြီး ဓားကို လေထဲသို့ ပစ်လိုက်သည်။ လက်ကလည်း အစီအရင်တစ်ခုကို အသက်သွင်းပြီး ဓားဆီသို့ ညွှန်လိုက်၏။ ရုတ်တရက် ဓားမှ ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး ဓားက အဝေးသို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

ဓားက အခန်းတစ်ဝက်ခန့် သွားပြီးနောက် မမြင်နိုင်သောနံရံတစ်ခုနှင့် တိုက်မိသွား၏။ ထို့နောက် ဓားက ဘက်ပြောင်းပြီး နောက်တစ်ကြိမ် ထွက်ပြေးပြန်သည်။ သို့သော်လည်း နောက်တစ်ကြိမ် ရပ်တန့်သွားရပြန်၏။ ဦးတည်ရာအရပ် အနည်းငယ်မျှ ပြောင်းလဲပြီးနောက် ဓားက ရပ်တန့်သွားသည်။ ထို့နောက် ဓားမှ တဝီဝီအသံများ ထွက်ပေါ်လာပြီး ဝမ်လင်းထံသို့ အရှိန်ဖြင့် တိုးဝင်တိုက်ခိုက်လိုက်၏။

ဝမ်လင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ရှေးဟောင်းကျောက်စိမ်းပြားကို ထုတ်ယူပြီး ရွှေရောင်သင်္ကေတများကို ဖော်ထုတ်လိုက်သည်။ ဓားက ထိုရွှေရောင်သင်္ကေတများကို ကြောက်ရွံ့ဟန်ဖြင့် ဓားက အနောက်သို့ ပြန်ပြေးသွား၏။

ဝမ်လင်းက ညာဘက်လက်ကို ဝေ့ရမ်းပြီး ရွှေရောင်သင်္ကေတများကို သူ့ခန္ဓာကိုယ်အား လှည့်ပတ်စေလိုက်သည်။ ထိုအခါ ဓားက ဝမ်လင်းကို နောက်တစ်ကြိမ် မတိုက်ခိုက်ရဲတော့ဘဲ မမြင်ရသည့်နံရံကြီးအား တစ်ကြိမ်ပြီးတစ်ကြိမ် ပြင်းထန်စွာ ဝင်တိုက်နေတော့သည်။

ဝမ်လင်းက မျက်တောင်ပင် မခတ်ချေ။ သူက စိတ်စွမ်းအင်များကို ပါးစပ်ထဲမှတဆင့် ထုတ်လိုက်ပြီး ဓားကို ဝန်းရံစေလိုက်သည်။ လေထဲတွင် ပျံသန်းနေသောဓားက ရုတ်တရက် ပျောက်ကွယ်သွားပြီး တံခါးရှေ့တွင် ပေါ်လာ၏။

ထိုအချိန်တွင် ဓားက အနက်ရောင်မှ အပြာရောင်သို့ ပြောင်းလဲသွားပြီး တဝီဝီသံများ ထွက်ပေါ်လာကာ ဓားက အားနည်သည်ထက် အားနည်းလာသည်။

ဝမ်လင်းက ညာလက်ကို ဓားဆီသို့ ညွှန်လိုက်ရာ ရွှေရောင်သင်္ကေတများက ဓားဆီသို့ ပျံသန်းသွား၏။

ဓားက ကြောက်လန့်မှုအရိပ်အယောင်များ ပေါ်လာသကဲ့သို့ တဝီဝီအသံများ ပေါ်ထွက်လာသည်။ ရွှေရောင်သင်္ကေတများက ဓားနှင့်နီးကပ်လာသောအခါ ဓားက ရုတ်တရက် ပျောက်ကွယ်သွားပြီး ပြတင်းပေါက်နားတွင် ပြန်ပေါ်လာသည်။

ဓား၏အရောင်ကလည်း ရုတ်တရက် အပြာရောင်မှ အစိမ်းရောင်အဖြစ်သို့ ပြောင်းလဲသွား၏။ ယခုမှသာ ဓားက ဓားအိမ်ထဲသို့ မဝင်ခင်က အတိုင်း ဖြစ်သွားသည်။

ဝမ်လင်းက အခန်းကို ဖျတ်ခနဲ ကြည်လိုက်ပြီး ဓား၏တည်နေရာရွေ့ပြောင်းခြင်းစွမ်းရည်မှာ ဓား၏အရောင်နှင့် ပက်သတ်နေရမည်ဟု သတိပြုမိလိုက်သည်။ ဓားမှ တည်နေရာပြောင်းရွေ့ခြင်းက စိတ်စွမ်းအင်များ အမြောက်အများ ကုန်ဆုံးဟန် ရှိ၏။

စစ်ထူနန်က ဖြည်းဖြည်းချင်း ပြောလိုက်သည်… “ဒီဓားမှာ ရှိတဲ့ အသိဉာဏ်က တခြားရတနာပစ္စည်းတွေရဲ့ အသိဉာဏ်ထက် အများကြီး ပိုသာတယ်ပိုပြီးတော့လည်း သန့်စင်ရခက်ခဲလိမ့်မယ်သန့်စင်တဲ့လူကိုတောင် သတ်ပစ်နိုင်တယ်ဒါ့ကြောင့်ပဲ မင်းလက်ထဲက ဓားက တခြားပစ္စည်းတွေထက် အများကြီး ပိုအစွမ်းထက်နေတာပဲ… “

ဝမ်လင်းက မျက်မှောင်ကျုံ့သွား၏။ သူသည် ဓားတွင် အသိဉာဏ်နှင့်တည်နေရာရွှေ့ပြောင်းပညာရပ် ရှိသည်ကို သိနေပြီး ဖြစ်သည်။ ပိုပြီးတော့ သန့်စင်ရခက်ခဲလေ ဝမ်လင်းကလည်း ပိုလိုချင်လေ ဖြစ်နေသည်။

ဓားက လွတ်မြောက်ရန် ကြိုးစားနေသည်ကို ကြည့်ပြီး ဝမ်လင်းက ရွှေရောင်သင်္ကေတ၂ခုကို ဓားဆီသို့ ပျံသန်းသွားစေသည်။ ရွှေရောင်သင်္ကေတ၂ခုက ဓား၏လမ်းကြောင်းကို ပိတ်လိုက်သည်။ ဓားက နောက်တစ်ကြိမ် တည်နေရာပြောင်းရွှေ့လျှင်တောင်မှ အဝေးသို့ ပြေးနိုင်တော့မည် မဟုတ်ချေ။

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၈၀) သွေးသန့်စင်ခြင်း နည်းစနစ်

၃ကြိမ်တည်နေရာ ပြောင်းပြီးနောက် ဓား၏အရောင်က အစိမ်းရောင်ဖြစ်သွား၏။ ဓားမှ ထွက်ပေါ်နေသောအသံနှင့်အလင်းက ဓားသည် အလွန်အားနည်းနေပြီဖြစ်ကြောင်းကို သိသာစွာ ဖော်ပြနေသည်။

အချိန်ခဏလောက် ကြာပြီးနောက် ဓားက တည်နေရာ မပြောင်းနိုင်တော့ဘဲ ရွှေရောင်သင်္ကေတ၂ခုကြောင့် ထောင်တစ်ခုတွင် ကပ်နေလိုက်ရ၏။ ဝမ်လင်းက နောက်ထပ်စိတ်စွမ်းအင်များကို ပါးစပ်အပြည့် ထွေးထုတ်ပြီး ဓားကို ဝန်းရံစေလိုက်သည်။ စိတ်စွမ်းအင်များကြောင့် ဓားက ချုပ်နှောင်ခံထားရသလို ဖြစ်နေပြီး ရွှေရောင်သင်္ကေတ၂ခုကလည်း ဓားကို ရွှေရောင်နဂါးနှစ်ကောင်ကဲ့သို့ လှည့်ပတ်နေသည်။ ဓားက လွတ်မြောက်ရန် ကြိုးစားသည့်အခါတိုင်း ရွှေရောင်သင်္ကေတများက ဓားကို ဖိအားပေးပြီး ဘယ်မှထွက်မသွားနိုင်အောင် တားဆီးထား၏။

အချိန်ကြာလာသော်လည်း ဓား၏ရုန်းကန်မှုက မလျော့လာသည့်အပြင် ပို၍ပင် ပြင်းထန်လာသည်။ ဓားကို ဝန်းရံထားသည့်စိတ်စွမ်းအင်များကလည်း တဖြည်းဖြည်းလျော့နည်းလာ၏။ ဝမ်လင်းက အံကြိတ်လိုက်ပြီးနောက်ထပ် စွမ်းအင်များကို ပါးစပ်အပြည့်ထုတ်လိုက်ပြီး သန့်စင်ခြင်းကို ဆက်လက်လုပ်ဆောင်လိုက်သည်။

တစ်ညလုံး သန့်စင်တာတောင်မှ ဓား၏ရုန်းကန်မှုက အနည်းငယ်သာ လျော့ကျသွား၏။ ယခုအချိန်တွင် စိတ်စွမ်းအင်များ ထုတ်ရလွန်း၍ ဝမ်လင်း၏မျက်နှာက သွေးမရှိတော့ဘဲ ဖြူရော်နေသည်။

သူ၏အလွှာ၁၅ကျင့်ကြံမှုနှင့်စိတ်ဝိညာဉ်ရေများ၏အကူအညီနှင့်တောင်မှ ဓားကို ထိန်းထားနိုင်ရုံထက် အနည်းငယ်သာ သာ၏။

မနက်ခင်းအလင်းရောင်က အခန်းထဲသို့ ဖြာကျနေပြီ ဖြစ်သော်လည်း ဝမ်လင်းကို ဓားကို ဆက်လက်သန့်စင်နေသည်။ ဓားက ရုန်းကန်ခြင်း မရှိတော့ဘဲ လေထဲတွင် ရပ်တန့်နေကာ ဝမ်လင်း၏စိတ်စွမ်းအင်များက ဓားထဲသို့ နည်းနည်းချင်း ဝင်နေ၏။

ထိုအချိန်တွင် ကျန်းဟူ၏အသံကို ကြားလိုက်ရသဖြင့် ဝမ်လင်း၏အမူအရာက ပြောင်းလဲသွားသည်။

ဝမ်လင်းမင်း ငါနဲ့အတူ လက်နက်အရောင်းဆိုင်ကို သွားချင်လား… “

ဝမ်လင်းက အသက်ကို ဝဝရှူပြီး ပြောလိုက်သည်… “ကျန်းဟူငါ ဓားကို သန့်စင်နေတာ အရေးကြီးတဲ့အချိန်ကို ရောက်နေပြီး ဒါ့ကြောင့် ငါမင်းနဲ့ လိုက်လို့ မရဘူး… “

ကျန်းဟူက မှင်သက်သွားပြီး အနည်းငယ် စဉ်းစားကာ ဘာစကားမှ ထပ်မပြောတော့ဘဲဝမ်လင်း၏အခန်းတံခါးရှေ့တွင် ထိုင်ချလိုက်၏။

ဝမ်လင်းက ကျန်းဟူကို ဂရုစိုက်မနေတော့ဘဲ ဓားကို ဆက်ပြီးတော့ သန့်စင်လိုက်သည်။ အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာကာ ညအချိန်ကို ရောက်လာသည်။ စိတ်ဝိညာဉ်ရေအပြည့် ဘူးသီးခြောက်၃ဘူး ကုန်အောင် သောက်လိုက်ရသော်လည်း သန့်စင်ခြင်းက မပြီးဆုံးသေးပေ။

နောက်ဆုံးတွင် ကြံရာမရဖြစ်ပြီး စစ်ထူနန်ကို အကြံဉာဏ် တောင်းလိုက်၏။

စစ်ထူနန်က ပြန်ဖြေလိုက်သည်… “ကောင်လေးမင်း နောက်ဆုံးတော့ ငါ့ဆီလာရပြီ မဟုတ်လားမင်း ၁၀နှစ်လောက် တံခါးပိတ်ကျင့်ကြံပြီး စိတ်ဝိညာဉ်ရေတွေ အများကြီး သုံးမယ်ဆိုရင်တော့ သန့်စင်တာ အောင်မြင်ဖို့ အခွင့်အလမ်းရှိတယ်ငါ ပြောတာ တစ်ကယ့်အပြင်ဘက်မှာနော်ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ရဲ့ အိမ်မက်နယ်မြေထဲမှာ မဟုတ်ဘူး… “

ဝမ်လင်းက မျက်မှောင်ကျုံ့ပြီး မေးလိုက်သည်… “အဲ့လောက်တောင် ကြာမှာလား… “

စစ်ထူနန်က ပြောလိုက်သည်… “ဒါက အမြုတေအဆင့် ရတနာတစ်ခုပဲပြီးတော့ အမြုတေအဆင့် ရတနာတွေထဲမှာမှ အမြင့်ဆုံးကို ရောက်နေတဲ့ ရတနာတစ်ခုဆိုလည်း ဟုတ်တယ်အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်က စဦးစိတ်ဝိညာဉ်အဆင့်ကို အောင်အောင်မြင်မြင် ရောက်ရှိနိုင်မယ့် အခွင့်အရေးကို ရင်းပြီး ဒီဓားကို လုပ်ခဲ့တာ ဖြစ်ရမယ်အဲ့ဒီကျင့်ကြံသူက တစ်ကယ်ကို အရူးစစ်စစ်ပဲငါလည်း ဒီလိုလုပ်ဖို့ တွေးဖူးတယ်အချိန်တော်တော်ကြာအောင် စဉ်းစားပြီးတော့မှ မလုပ်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာစဦးစိတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်နိုင်မယ့်အခွင့်အရေး ဆုံးရှုံးရတာက အရမ်းကြီး မဆိုးရွားပေမဲ့ စဦးစိတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်တာက အရမ်းကို အန္တရာယ်များတဲ့ အချိန်ပဲတစ်ချက်မှားတာနဲ့ မင်းရဲ့ဝိညာဉ်က လုံးဝ ပျောက်ကွယ်သွားရလိမ့်မယ်… “

ဘိုင်ကျန်းက ဒီဓားကိုလုပ်တဲ့လူဆီက အကူအညီကို ရပြီး သူ့ရဲ့ကိုယ်ပိုင်လက်နက်အဖြစ် သန့်စင်နိုင်ခဲ့တာ ဖြစ်ရမယ်ငါ့မှာ ခန္ဓာကိုယ် ရှိသေးရင် မင်းကို ကူညီပြီး သန့်စင်ပေးဖို့က လွယ်တယ်အခုက ငါလည်း မကူညီပေးနိုင်ဘူးဒါပေမဲ့… “

စစ်ထူနန်သည် တခြားလူများအား ဆွဲဆောင်ရသည်ကို ကြိုက်နှစ်သက်သည့်လူတစ်ယောက်ဖြစ်ပြီး စစ်ထူနန်၏စိတ်ကို ဝမ်လင်းက နားလည်နေသဖြင့် ဝမ်လင်းက ဘာမှမစိုးရိမ်ဘဲ စောင့်ဆိုင်းနေလိုက်သည်။

ခဏကြာပြီးနောက် စစ်ထူနန်က သက်ပြင်းချပြီး ရေရွတ်လိုက်သည်… “မေ့လိုက်ပါတော့ငါ မင်းကို ပြောပြပါ့မယ်မင်းက သာမန်နည်းလမ်းကို သုံးမယ်ဆိုရင် အချိန်တွေ အများကြီးလိုလိမ့်မယ်မင်းကို သွေးသန့်စင်ခြင်းနည်းစနစ်ခေါ်တဲ့ နည်းစနစ်တစ်ခုကို သင်ပေးမယ်အကျိုးကျေးဇူးကတော့ ချက်ချင်း ဓားကို မင်းရဲ့လက်နက်အဖြစ် သန့်စင်နိုင်လိမ့်မယ်ဒါပေမဲ့ အားနည်းချက်ကဓား တစ်ခုခုဖြစ်သွားရင် မင်းလည်း ဒဏ်ရာရလိမ့်မယ်ပုံမှန်နည်းလမ်းတွေနဲ့ သန့်စင်ထားတဲ့လက်နက်ပျက်စီးလို့ ဒဏ်ရာရတာထက်ကို အဆပေါင်းများစွာ ပိုပြင်းထန်လိမ့်မယ်ဒါပေမဲ့ သန့်စင်ဖို့ လိုအပ်တဲ့အချိန်နဲ့ တွက်ကြည့်ရင် တန်ပါတယ်… “

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်… “ငါ့ကို သွေးသန့်စင်ခြင်းနည်းစနစ် သင်ပေးပါ… “

စစ်ထူနန်က ဝမ်လင်းကို စိတ်ထင့်အောင် လုပ်ချင်သေးသော်လည်း ဝမ်လင်းက သူ့စကားများကို လျစ်လျူရှုတတ်ကြောင်း သိနေသဖြင့် ဘာမှဆက်မပြောတော့ဘဲ နည်းစနစ်ကို သင်ပေးရန် ဆုံးဖြတ်လိုက်ကာ အခြေအနေတစ်ခုကို တောင်းဆိုလိုက်သည်။

ငါ မိန်းမတွေကို မထိတွေ့ရတာ နှစ်တွေအများကြီး ရှိနေပြီဘာပဲဖြစ်ဖြစ် ငါ့ကို ကျေနပ်အောင် လုပ်ပေးရမယ်ကြည့်နေရလည်း အဆင်ပြေတယ်… “

ဝမ်လင်းက မရေရာသည့် အဖြေတစ်ခုကို ပေးလိုက်ပြီး စစ်ထူနန် သင်ပေးသည့်နည်းစနစ်အတိုင်း လိုက်လုပ်တော့သည်။ ဝမ်လင်းက လက်သင်္ကေတဖြင့် ထူးဆန်းသောအစီအရင်တစ်ခုကို ဖန်တီးပြီး လျှာကို ကိုက်ကာ စိတ်စွမ်းအင်များ ပြည့်နေသောသွေးများကို ပါးစပ်အပြည့် ထွေးထုတ်လိုက်၏။ ထို့နောက် လက်ကို ဝေ့ရမ်းလိုက်ရာ လေထဲတွင် ထူးဆန်သောသင်္ကေတတစ်ခု ပေါ်လာသည်။

သင်္ကေတပေါ်လာသည်နှင့် ထွေးထုတ်ထားသည့်သွေးများက သင်္ကေတအတွင်းသို့ ဝင်သွား၏။ မကြာမီ သင်္ကေတက သွေးများကို စုပ်ယူပြီးနောက် သွေးရောင်သင်္ကေတတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။ ဝမ်လင်းက နောက်ထပ် လက်ကို ဝေ့ရမ်းလိုက်ရာ သင်္ကေတက ဓားပေါ်သို့ ကျရောက်သွား၏။

ထို့နောက် ဓားက တုန်ခါလာပြီး အဖြူရောင်အငွေ့အမျှင်များကို ထုတ်လွှတ်တော့သည်။

ဝမ်လင်းက နောက်ထပ် ပါးစပ်အပြည့်သွေးများကို ချက်ချင်း အန်ထုတ်လိုက်သည်။ ဝမ်လင်း၏အသွင်အပြင်က အားနည်းနေကြောင်းသိသာနေသော်လည်း သူ၏မျက်လုံးထဲတွင် ခိုင်မာသောစိတ်ဆုံးဖြတ်မှုများဖြင့် ပြည့်နေ၏။ သူက နောက်ထပ်သွေးသင်္ကေတတစ်ခုကို ဖန်တီးပြီး ဓားဆီသို့ ပျံသန်းသွားစေလိုက်သည်။

သန့်စင်ခြင်းလုပ်ငန်းစဉ်က နာရီပေါင်းများစွာ ကြာသွား၏။ မနက်ခင်းတွင် ထက်ရှသောဓားတစ်လက်၏တဝီဝီမြည်သံများ ဝမ်လင်း၏အခန်းတွင်းမှ ထွက်ပေါ်လာသည်။ ထိုအသံများကြောင့် တစ်ချိန်လုံး ဝမ်လင်း၏အခန်းတံခါးအပြင်ဘက်တွင် ထိုင်နေသော ကျန်းဟူက ရုတ်တရက် ထရပ်လိုက်သည်။

တံခါးက တိတ်ဆိတ်စွာ ပွင့်လာပြီးနောက် ဝမ်လင်း၏မျက်နှာ ပေါ်လာ၏။ သူ့မျက်နှာတွင် တောက်ပသောအပြုံးတစ်ခုကို ဆင်မြန်ထားသည်။ ယခုအချိန်တွင် သူ၏စိတ်ခံစားမှုက အရမ်းကောင်းနေသည်။ သူက ကျန်းဟူကို ကြည့်ပြီး ပြောလိုက်သည်… “ကျေးဇူးပါကျန်းဟူ… “

ကျန်းဟူက ဝမ်လင်းကို ထူးဆန်သည့်အကြည့်ဖြင့် ကြည့်ပြီး မေးလိုက်သည်… “စောနက မင်းအခန်းထဲကနေ ဓားလေတိုးသံတွေ ကြားရတယ်မင်း ဘာလုပ်နေတာလဲ… “

ဝမ်လင်းက ပါးစပ်ကို ဟပြလိုက်ရာ ပါးစပ်ထဲမှ သေးငယ်သော အစိမ်းရောင်ဓားတစ်ချောင်း ပျံသန်းထွက်ပေါ်လာသည်။ ဓားထွက်လာသည်နှင့် သွေးနံ့တစ်မျိုးက နေရာတစ်ဝှိုက် ပျံနှံ့သွား၏။

ကျန်းဟူက အံ့အားသင့်သွာကာ မေးလိုက်သည်… “ဒါဒါက ငါ့ဆရာရဲ့ ဓားမလားမင်း ဒါကို သန့်စင်နိုင်သွားပြီလားပြီးတော့ ဘာလို့ သွေးနံ့တွေ ထွက်နေရတာလဲ… “

ဝမ်လင်းက ခေါင်းညိတ်ပြီး လက်ကို ဝေ့ရမ်းလိုက်ရာ ဓားက သူ့ဘေးသို့ ပြန်ရောက်လာပြီး ပါးစပ်ထဲသို့ ပြန်ဝင်သွား၏။ သွေးနံ့အတွက်မူကား စစ်ထူနန်ကို ဝမ်လင်း ဒေါသတော်တော် ထွက်သည်။ သွေးသန့်စင်ခြင်းနည်းစနစ်ကို သုံးပြီး သန့်စင်လိုက်သည့်ရတနာများဖြင့် လူသတ်ပါက သွေးနံ့က ပိုပြင်းထန်လာပေလိမ့်မည်။ ထိုအကြောင်းကို ဝမ်လင်းအား စစ်ထူနန်က သန့်စင်ပြီးမှ ပြောပြခဲ့၏။

ကျန်းဟူက လေကို ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်… “ဝမ်လင်းငါ မင်းကို တစ်ကယ် အားကျတယ်ဒီဓားနဲ့ဆိုရင် မင်းနဲ့အဆင့်တူတွေထဲက တစ်ယောက်မှ မင်းရဲ့ပြိုင်ဘက်ဖြစ်လာမှာ မဟုတ်တော့ဘူးဒီဓားရဲ့အထူးစွမ်းရည်က နေရာရွေ့တာပဲအကွာအဝေးကတော့ အသုံးပြုတဲ့သူရဲ့ စိတ်စွမ်းအားပေါ် မူတည်တယ်တိုက်ခိုက်တဲ့အချိန်ကျရင် ဒါက အရမ်းကောင်းတဲ့ဝှက်ဖဲတစ်ခု ဖြစ်လာမှာပဲ… “

နှစ်ယောက်သား စကားအနည်းငယ် ပြောပြီးနောက် ကျန်းဟူက မထွက်သွားခင် ဈေးပွဲတော်က နောက်၃ရက်ဆိုလျှင် စပြီဖြစ်ကြောင်း ဝမ်လင်းအား သတိပေးသွား၏။

ကျန်းဟူ ထွက်သွားပြီးနောက် ဝမ်လင်းက ဓားအိမ်ကို ထုတ်လိုက်သည်။ စစ်ထူနန်က ဓားအိမ်ကို ခဏခဏ ချီးမွမ်းသော်လည်း ဓားအိမ်က မည်သည့်အဆင့်ရတနာဖြစ်ကြောင်း မသိချေ။

ဓားနှင့်ဓားအိမ်က အစုံလိုက်ဖြစ်ရမည်ဟု ဝမ်လင်းက ရိုးရိုးလေးသာ တွေးထား၏။ သို့သော်လည်း ဓားကို သန့်စင်ပြီးနောက် ဓားနှင့်ဓားအိမ်ကြားမှ ကွာခြားမှုများကို ဝမ်လင်း သတိပြုမိလိုက်သည်။

ဝမ်လင်းသည် ဓားအိမ်ကို စစ်ဆေးကြည့်ရာ ဓားအိမ်က အလွန်ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်၏။ ဝမ်လင်း ပိုပြီး နီးနီကပ်ကပ် ကြည့်လေ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပိုမိုပြင်းထန်လာလေဖြစ်သည်။ နောက်ဆုံးတွင် သူ၏စိတ်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားပြီး ဓားပုံရိပ်ယောင်လေးတစ်ခုသာ မြင်ရတော့၏။

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၈၁) အခြေခံခိုးယူခြင်း ()

ဘိုင်ကျန်းထံမှ ရရှိခဲ့သောဓားသည် အလွန်ရှေးကျသော ဓားတစ်လက်ဖြစ်ပြီး မိစ္ဆာအော်ရာများကို ထုတ်လွှတ်နိုင်သည်။ ထိုအချက်သည် လူတစ်ယောက်ကို ဓားအား မကြည့်ဘဲ မနေနိုင်အောင် ဖြစ်စေသည်။ အချိန်တော်တော်ကြာပြီးနောက်မှ ဝမ်လင်း သတိပြန်ဝင်လာ၏။ သတိပြန်ဝင်ဝင်လာချင်း သူက တချို့အရာများကို နားလည်သဘောပေါက်သွားဟန်ဖြင့် မျက်လုံးများက အရောင်လက်သွား၏။

၃ရက်ကြာပြီးနောက်တွင် ထန်းမိသားစုမြို့တစ်ခုလုံးရှိ လမ်းများပေါ်၌ ကျင့်ကြံသူထောင်ပေါင်းများစွာ သွားလာနေကြသည်။ ကျန်းဟူနှင့်ဝမ်လင်းသည်လည်း မနက်ကတည်းက အခန်းမှ ထွက်လာပြီး ဟိုဟိုဒီဒီ လျှောက်သွားနေကြ၏။

ကျန်းဟူက ဂျင်ဆင်းကို ရောင်းရန် လိုအပ်သဖြင့် ဝမ်လင်းနှင့် စကားအနည်းငယ်ပြောပြီး သူက တခြားနေရာသို့ ထွက်ခွာသွား၏။

ဝမ်လင်းက မြို့ထဲတွင် ဖြည်းဖြည်းသာ လှည့်ပတ်ပြီး တစ်ပိုင်တစ်နိုင်ရောင်းချနေသော ဆိုင်များအားလုံးကို လိုက်ကြည့်နေသည်။ အချို့ပစ္စည်းများသည် သူ့အား တစ်ကယ်ကို ဆွဲဆောင်နိုင်ပေသည်။ သို့သော်လည်း ဈေးနှုန်းများက အလွန်တရာ မြင့်မားနေသဖြင့် နောက်ကြောင်းပြန်လှည့်ရသည်ချည်းသာ။

ဝမ်လင်းက လျှောက်ကြည့်နေရင်းက ရုတ်တရက် ရပ်တန့်လိုက်သည်။ သူ့ရှေ့တွင် ကျင့်ကြံသူတစ်ယောက်က အမျိုးမျိုးသောဓားများ၊ ကျောက်စိမ်းပြားများနှင့် စာအုပ်များကို ရောင်းချနေသည်။

ထိုထဲမှ စာအုပ်တစ်အုပ်ပေါ်တွင်အခြေခံဝင်္ကပါအစီအရင်ကျမ်းဟု ရေးသားထား၏။

ဝင်္ကပါပညာရပ်လား… ‘ ဝမ်လင်းက မေးစေ့ကို ပွတ်ပြီး စာအုပ်ကို ကောက်ယူကြည့်လိုက်သည်။ စာအုပ်သည် အနည်းငယ်ထူပြီး စာမျက်နှာ ၅၀၊ ၆၀ခန့် ပါ၏။

ရောင်းသူသည် အသက်၃၀ခန့်ရှိသည်။ သူက ခေါင်းကို မော့ကြည့်ပြီး ပြောလိုက်သည်… “စာအုပ်အတွက် အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး၁၀တုံးကျတယ်မဝယ်နိုင်ရင် စာအုပ်ကို လက်လွတ်စပယ် မကိုင်ကြည့်ပါနဲ့… “

ယခုအချိန်တွင် ဝမ်လင်းထံ၌ အလယ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး၁၀တုံးသာ ရှိ၏။ ဝမ်လင်းက အချိန်အနည်းငယ်ကြာအောင် စာအုပ်ကို လှန်လှောကြည့်ပြီးနောက် ရောင်းသူသည် သူ့အား သည်းမခံနိုင်သောအကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ဝမ်လင်းက အလယ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးများကို ချပေးလိုက်ပြီး ထိုနေရာမှ ထွက်ခွာလာခဲ့၏။

နောက်ထပ် လမ်းများတွင် လိုက်လံကြည့်ရှုရာ သစ်သားဒြပ်စင်တချို့ကို တွေရသော်လည်း အလွန်ဈေးကြီးလှသည်။ သံမဏိသစ်သားအပိုင်းတစ်ခုတောင်မှ ဈေးက အလွန်မြင့်မားလွန်းနေ၏။

တစ်နေ့လုံး ကြည့်ရှုပြီးနောက် ဝမ်လင်းက အခန်းဆီသို့ တည်းခိုခန်းဆီသို့ ပြန်လာခဲ့သည်။ တည်းခိုခန်းထဲသို့ ဝင်ရန် ခြေလှမ်းလှမ်းလိုက်ချိန်တွင် သူ့မျက်ခုံးက အပေါ်သို့ မြင့်တက်သွားပြီး သူ့ခြေလှမ်းကို ရပ်တန့်လိုက်၏။

ပုံမှန်အားဖြင့် တည်းခိုခန်းက အသံများဖြင့် သက်ဝင်လှုပ်ရှားနေလေ့ ရှိသည်။ သို့သော်လည်း ယခုတွင်မူ တိတ်ဆိတ်နေသည်။

ဝမ်လင်းက နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ပြီး စစ်ဆေးကြည့်ရာ သူ့မျက်နှာက ပြောင်းလဲသွား၏။ တည်းခိုခန်းပတ်ဝန်းကျင်တွင် သူ၏စိတ်အာရုံကို အထဲသို့ မဝင်ရောက်နိုင်စေရန် ထူးဆန်းသောအားတစ်ခုက တားဆီးထားသည်။

ဝမ်လင်းက ချက်ချင်း နောက်သို့ ဆုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ဆွဲငင်အားနည်းစနစ်ဖြင့် လေထဲသို့ ပျံတက်ကာ ထိုနေရာမှ အလျင်အမြန် ထွက်ပြေးလိုက်၏။

ဘယ်လိုတောင်လားမင်းရဲ့တုန့်ပြန်မှုက မြန်လှချည်လား… “ အံ့အားသင့်နေသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာကာ တည်းခိုခန်းထဲမှ လူတစ်ယောက် ထွက်လာသည်။ ထိုလူက အသက်၂၅ သို့မဟုတ် ၂၆နှစ်ခန့် ရှိပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အင်္ကျီလက်တွင် အနက်ရောင်အခက်အလက်ပုံများကို ပန်းထိုးထား၏။

သူက နောက်သို့ လျင်မြန်စွာ ဆုတ်သွားသော ဝမ်လင်းကို ကြည့်ပြီး သရော်ပြုံးဖြင့် ပြောလိုက်သည်… “ထန်းကျားနဲ့ထန်းယီမင်းတို့နှစ်ယောက် ကျန်းဟူကို စောင့်နေလိုက်ကြသူ့ရဲ့ကျင့်ကြံမှုကို ဖျက်ဆီးပြီး ထောင်ထဲပို့လိုက်ငါ ဒီဉာဏ်ကောင်းတဲ့ကောင်လေးကို လိုက်ဖမ်းလိုက်ဦးမယ်… “

သူပြောပြီးသည်နှင့် သူ့ဘေးတွင် လူနှစ်ယောက် ပေါ်လာသည်။ နှစ်ယောက်စလုံးသည် အသက်အရွယ်ကြီးရင့်နေပြီးဖြစ်သည့် အဘိုးကြီးနှစ်ယောက် ဖြစ်၏။ နှစ်ယောက်ထဲမှ တစ်ယောက်က ပြောလိုက်သည်… “သခင်လေးသူတို့၂ယောက်က ထန်းမိသားစုမြို့ထဲမှာလေသူတို့ကို ဖမ်းလိုက်မယ်ဆိုရင် စည်းမျဉ်းနဲ့ ဆန့်ကျင်နေလိမ့်မယ်ခေါင်းဆောင်က မေးရင်… “

ဝတ်စုံဖြူဝတ်လူက မျက်မှောင်ကျုံ့ပြီး ဝမ်လင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်… “ငါ့အဘိုးက မေးရင်အမှန်အတိုင်းသာ ပြောလိုက်ကျန်းဟူက အပြင်အကူအညီယူပြီး သူ့ဆရာကို ပြန်သတ်ခဲ့တယ်ဒီလိုလူမျိုးတွေကို ငါက ဘယ်လိုလုပ်ပြီး လွှတ်ပေးလို့ ရမလဲ… “

ထို့နောက် သူ့ကိုယ်က လေထဲသို့ ပျံတက်သွားပြီး ဝမ်လင်းနောက်သို့ လိုက်သွား၏။

ကျန်နေခဲ့သောအဘိုးကြီးနှစ်ယောက်သည် ထွက်ခွာသွားသော ဝတ်စုံဖြူဝတ်လူငယ်ကို ကြည့်ပြီး သူတို့လည်း ထိုနေရာက ပျောက်ကွယ်သွား၏။

ဝမ်လင်းသည် သူ၏စွမ်းအားအကုန်သုံးပြီး အလျင်အမြန် ပျံသန်းနေသည်။ သူက မြို့တံတိုင်းကို မြင်လိုက်ချိန်တွင် လူအနည်းငယ်က ရုတ်တရက် ပေါ်လာပြီး အော်ပြောလိုက်၏… “ထန်းမိသားစုမြို့ထဲမှာ ပျံသန်းခြင်းကို တားမြစ်ထားတယ်ကျင့်ကြံသူလေးကျေးဇူးပြုပြီး ရပ်လိုက်ပါ… “

စကားတစ်ခွန်းမှ ပြန်မပြောဘဲ ဘူးသီးခြောက်ကို ထုတ်ယူကာ များများစားစား သောက်လိုက်သည်။ စိတ်ဝိညာဉ်ရေ၏လျှို့ဝှက်ချက်ကို စိုးရိမ်နေရန် သူ့အတွက် အချိန်မရှိချေ။ သူ့ကိုယ်ထဲတွင် စိတ်စွမ်းအင်များ ပြန်လည်ပြည့်လာပြီး သူ၏အမြန်နှုန်းကလည်း ပိုမြန်လာကာ ရှေ့သို့ အလင်းတန်းတစ်ခုကဲ့သို့ ပြေးထွက်သွား၏။

ဝမ်လင်း၏လမ်းကို ပိတ်ထားသော ထန်းမိသားစုတပည့်များ၏မျက်နှာက မဲမှောင်သွားသည်။ ဝမ်လင်းက ဆွဲငင်အားနည်းစနစ်ကို သုံးပြီး လမ်းတွင်ပိတ်နေသည့်တပည့်များကို ဘေးသို့ လွှင့်ပစ်လိုက်ပြီး ရှေ့ဆက်ပျံသန်းသွား၏။

တားဆီးလို့မရသည့်အင်အားတစ်ခုကဲ့သို့ ဝမ်လင်းက သူတို့ကို ဖြတ်ကျော်ကာ ထွက်ပြေးသွား၏။ သူ၏လုပ်ရပ်ကြောင့် ထန်းမိသားစုတပည့်၁၀၀ကျော်က ရတနာမျိုးစုံကို စီးနင်းပြီး ဝမ်လင်းနောက်သို့ လိုက်ကြသည်။

ဝမ်လင်းသည် သူ့နှလုံးသားထဲမှ ခါးသည်းမှုကို ခံစားမိသည်။ ဘာဖြစ်နေသလဲဆိုတာကို သူ တစ်ကယ် မသိချေ။ တည်းခိုခန်းတွင် သူ့အား ဖမ်းဆီးရန် စောင့်ဆိုင်းနေသူများ ရှိနေပြီး သူသာ တစ်လှမ်းလောက် နောက်ကျသွားပါက အခုအချိန်တွင် ဖမ်းခံနေရလောက်ပြီ ဖြစ်သည်။

ကျန်းဟူအတွက်ကတော့ သူ့ဘာသာ အန္တရာယ်ကို ရှောင်နိုင်ပါစေဟုသာ ဆုတောင်းရပေတော့မည်။

ထန်းမိသားစုမြို့မှ ထွက်လာပြီးနောက် ဝမ်လင်းက တောင်ဘက်အရပ်ဆီသို့ ဆက်လက်ပျံသန်းလိုက်၏။ ထန်းမိသားစုတပည့်၁၀၀ကျော်ကလည်း နောက်မှ ပါလာသည်။ ထိုအချိန်တွင် ထန်းမိသားစုမြို့မှ အရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရိပ်ဆီမှ အလင်းတန်းတစ်ခု ထွက်လာပြီး ထန်းမိသားစုတပည့်များအားလုံးကို ဖြတ်ကျော်သွားကာ ဝမ်လင်းထံသို့ တိုးဝင်သွား၏။

ထိုအလင်းတန်းသည် ကြီးမားသော ပုံရိပ်ယောင်အလင်းဓားကြီးတစ်လက် ဖြစ်သည်။ ထိုဓားက ဝမ်လင်းကို ခုတ်ပိုင်းလိုက်သည်။ ထိုအချိန်တွင် လျှပ်စီးများက စုစည်းသွားပြီး မရေမတွက်နိုင်တဲ့ လျှပ်စီးလုံးများ ဖြစ်သွားကာ ဓားနှင့်ပေါင်းစပ်သွား၏။

ဝမ်လင်းက တစ်ကိုယ်လုံး ထုံထိုင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအချိန်တွင် စစ်ထူနန်က အော်ပြောလိုက်သည်… “ဒါက စဦးစိတ်ဝိညာဉ်အဆင့် ရတနာပဲဝမ်လင်းမင်းရဲ့ နတ်ဘုရားစိတ်အာရုံကို ရုပ်သိမ်းလိုက်မင်းကို တည်နေရာ ပြောင်းပေးမယ်… “

ဝမ်လင်း၏လက်ထဲမှ အပြာရောင်သလင်းကျောက်များ ထွက်လာပြီး လျင်မြန်စွာ ပျံ့နှံ့သွားပြီး တစ်ကိုယ်လုံးကို ဖုံးအုပ်သွား၏။ ထိုအချိန်တွင် ကြီးမားသောဓားကြီးကလည်း ဝမ်လင်းပေါ်သို့ ကျလာသည်။ မြေပြင်အက်ကွဲသံများလည်း ထွက်ပေါ်လာပြီး လျှပ်စီးလုံးများကလည်း လျှပ်စစ်လုံးများကို ဖြစ်ပေါ်လာစေသည်။

ဝမ်လင်း၏ခန္ဓာကိုယ်က ပျံသန်းနေရာမှ ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ဓားကြီးကလည်း ထိုနေရာသို့ ကျရောက်သွား၏။ ဝမ်လင်း၏ခန္ဓာကိုယ်က မီတာ၃၀၀အကွာတွင် ပြန်ပေါ်လာပြီး ချက်ချင်း အဝေးသို့ ထွက်ပြေးသွား၏။

စစ်ထူနန်က အားနည်းနေသည့်အသံဖြင့် ဝမ်လင်းကို ပြောလိုက်သည်… “ဒီကောင်စုတ်လေးက အသက်ငယ်ငယ်နဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်နေပြီမင်းသာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ဆိုရင် ငါ မင်းရဲ့ခန္ဓာကိုယ်ကို ငှားပြီး နည်းစနစ်တချို့ကို သုံးလို့ရတယ်အခုတော့ မင်းရဲ့ချီစုစည်းခြင်းအဆင့်ကျင့်ကြံမှုနဲ့ကျတော့ ငါ ဘယ်လောက်ပဲ ကူညီကူညီခန္ဓာကိုယ်သန့်စင်ခြင်းအလယ်အဆင့်က ကျင့်ကြံသူကိုပဲ ရှင်းလင်းနိုင်လိမ့်မယ်… “

ထန်းလီက မျက်မှောင်ကျုံ့ပြီး ချက်ချင်း ပြုံးလိုက်သည်… “အမြုတေဖွဲ့တည်ခြင်းအဆင့်အောက်က ကျင့်ကြံသူတွေတောင် ငါ့ တိုက်ခိုက်မှုကနေ မလွတ်မြောက်နိုင်ဘူးမင်းကတော့ ပထမဆုံး လွတ်မြောက်သွားတဲ့လူပေါ့အစ်ကိုကျိမိုကသာ မတောင်းဆိုထားရင် မင်းကို ငါ သတ်မှာ မဟုတ်ဘူး… “

ဝမ်လင်းကတော့ နောက်ကိုတောင် လှည့်မကြည့်ဘဲ လျင်မြန်စွာ ထွက်ပြေးနေသည်။ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်ကုန်ဆုံးမှုက အလွန်ကြီးမားလှသည်။ သူက တုန့်ဆိုင်းခြင်းမရှိ ပျံသန်းနေရင်းဖြင့် ဘူးသီးခြောက်ကို ထုတ်ယူပြီး အနည်းငယ်သောက်ကာ သူ၏အမြန်နှုန်းကို ထပ်မံတိုးမြှင့်လိုက်၏။

ထန်းလီ၏မျက်လုံးများက အေးစက်သွားပြီး ပြောလိုက်သည်… “မင်း ဘယ်လောက်တောင် နေရာထပ်ပြောင်းနိုင်ဦးမလဲငါ သိချင်တယ်…. “

ပြောပြီးသည်နှင့် သူက ဝမ်လင်းကို လက်ချောင်းလေးဖြင့် ညွှန်လိုက်ရာ ကောင်းကင်ကြီးက မှောင်သွားပြီး ကြီးမားသောဓားကြီးက တစ်ဖန် ပြန်ပေါ်လာပြန်သည်။

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၈၂) အခြေခံခိုးယူခြင်း ()

လျှပ်စီးလုံးများက ဓားတစ်ချောင်းအလား အောက်သို့ ခုတ်ပိုင်းလာသည်။

စစ်ထူနန်က ဝမ်လင်းကိုပင် ပြောမနေတော့ဘဲ ချက်ချင်း နေရာပြောင်းပေးလိုက်၏။

ထန်းလီက မျက်မှောင်ကျုံ့သွားပြီး နှာခေါင်းတစ်ချက်ရှုံ့ကာ ညာဘက်လက်ကို ဝေ့ရမ်းလိုက်သည်။ ဓားက သူ့လက် လှုပ်ရှားသည့်အတိုင်း ဝမ်လင်း၏နောက်သို့ လိုက်သွား၏။

သက်တံ့ရောင်အလင်းတန်းနှစ်က ရှေ့နှင့်နောက် ကောင်းကင်ကို ဖြတ်ပြီး ပျံသန်းနေကြသည်။ ထန်းမိသားစုစံအိမ်မှ တပည့်များကတော့ ခဏလောက်သာ လိုက်နိုင်ပြီး ဆက်မလိုက်နိုင်တော့သဖြင့် လက်လျော့သွားကြ၏။

ထန်းလီသည် ဝမ်လင်းနောက်ကို လိုက်ရင် တဖြည်းဖြည်း အံ့အားသင့်လာသည်။ သူ၏ခန္ဓာကိုယ်သန့်စင်ခြင်းနှောင်းပိုင်းအဆင့်နှင့်တောင်မှ ဝမ်လင်းကို ဖမ်းရန် ကြိုးစားလိုက်သည့်အခါတိုင်း ဝမ်လင်းက တည်နေရာပြောင်းရွေ့ခြင်းဖြင့် အဝေးသို့ ပြောင်းရွေ့သွား၏။

ဝမ်လင်း၏တုန့်ပြန်မှုများကို ကြည့်ပြီး ထန်းလီ အလွန်စိတ်ဝင်စားလာသည်။ တည်နေရာပြောင်းရွေ့ခြင်းသည် စဦးစိတ်ဝိညာဉ်အဆင့်နည်းစနစ်တစ်ခု ဖြစ်၏။ ဝမ်လင်းက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တောင် မရောက်သေးသော်လည်း တည်နေရာပြောင်းရွှေ့ခြင်းကို အသုံးပြုနိုင်နေသည်။ ထို့ကြောင့် ထန်းလီက ဝမ်လင်းထံတွင် တည်နေရာပြောင်းရွေ့နိုင်သည့်ရတနာတစ်ခု ရှိနေသည်ဟု ကောက်ချက်ချလိုက်၏။

ထိုအကြောင်းကို တွေးပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ ရတနာအတွက် ဝမ်လင်းအပေါ် သတ်ဖြတ်ချင်စိတ်များက ပြင်းထန်လာ၏။

ထန်းလီသည် အဘိုးကြီးကျိမို၏ အကြီးဆုံးတပည့်ချန်ကျုံးနှင့် မိတ်ဆွေကောင်းများ ဖြစ်ကြသည်။ လွန်ခဲ့သောရက်အနည်းငယ်ခန့်က ချန်ကျုံးထံမှ လူနှစ်ယောက်ကို သတ်ပေးရန် အသံထုတ်လွှင့်ခြင်းကျောက်စိမ်းပြားမှ အသံကို လက်ခံရရှိလိုက်၏။ တစ်ယောက်ကတော့ ကျန်းဟူဖြစ်သည်။

ကျန်းဟူက အပြင်အကူအညီယူပြီး သူ့ဆရာကို သတ်ခဲ့ပြီး အဘိုးကြီးကျိမို၏တပည့် သေဆုံးခဲ့ရသည်။ ဒီအကြောင်းကို အဘိုးကြီးကျိမိုက သိသွား၏။ ကျန်းဟူက သူ့ကို ထိန်းချုပ်ထားသည်မှာ အဆိပ်တစ်ခုတည်းဟုသာ ထင်နေပြီး တပည့်များကို ထိန်းချုပ်ရန်အတွက် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုထားသည်ကို ကျန်းဟူ မသိခဲ့ချေ။ ထိုနည်းစနည်းကို သုံးပြီး ဖြစ်ပျက်သမျှကို အဘိုးကြီးကျိမိုက မြင်တွေ့သွား၏။ ထိုနည်းစနစ်ဖြင့် ကျန်းဟူ၏တည်နေရာအား ခန့်မှန်းနိုင်သွားပြီး သူ့အကြီးဆုံးတပည့်ချန်ကျုံးကို သူတို့နှစ်ယောက်အား ဖမ်းဆီးခိုင်းလိုက်လေသည်။

ချန်ကျုံးက ထိုနေရာနှင့် အလွန်ဝေးနေသဖြင့် ထန်းလီထံသို့ ထိုကိစ္စအား ကူညီပေးရန် အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။

ထန်းလီက ထန်းမိသားစုမြို့ထဲတွင် ရှာဖွေလိုက်ရာ ကျန်းဟူနှင့် သူ့အဖော်ကို ရှာတွေ့သွား၏။

ယခင်က ထန်းလီသည် ကူညီပြီး ဖမ်းပေးရုံသာ တွေးထားသော်လည်း ယခုမူ ဝမ်လင်းကို သတ်ပြီး ဝမ်လင်း၏ရတနာများကို ယူရန် ဆုံးဖြတ်လိုက်သည်။

ထိုအကြောင်းကို တွေးပြီး ဝမ်လင်းနောက်ကို လိုက်နေသည့် သူ၏အရှိန်ကို မြှင့်လိုက်၏။

ဝမ်လင်းက စိတ်ဝိညာဉ်ရေများကို သောက်ပြီး ပါးစပ်ဟလိုက်သည်။ သူ့ပါးစပ်ထဲမှ အစိမ်းရောင်အလင်းတန်းတစ်ခုက ထွက်လာ၏။ ထိုအစိမ်းရောင်အလင်းတန်းပေါ်လာသည်နှင့် လေထဲတွင် သွေးနံ့များ ပျံ့နှံ့သွား၏။

ဝမ်လင်းက အစိမ်းရောင်အလင်းတန်းကို နောက်သို့ ပစ်လိုက်ပြီး သူကိုယ်တိုင်ကမူ ရှေ့သို့ ဆက်ပြေးသည်။

ထန်းလီက ဝမ်လင်းလုပ်နေသည်များကို နောက်မှ မြင်နေရ၏။ သူက အစိမ်းရောင်အလင်းကို ဂရုမစိုက်ဘဲ နှာခေါင်းရှုံ့လိုက်သည်။ အစိမ်းရောင်အလင်းတန်းကို လက်ချောင်းလေးဖြင့် ညွှန်လိုက်ရာ လျှပ်စီးလုံတစ်လုံး ပေါ်လာပြီး အစိမ်းရောင်အလင်းတန်းဆီသို့ တိုးဝင်သွား၏။

ဝုန်း… “

လျှပ်စီးလုံးနှင့်အစိမ်းရောင် အလင်းတန်းတို့ တိုက်မိပြီး ပေါက်ကွဲမှုကြီး ဖြစ်သွားသည်။

ထန်းလီက အထင်သေးသည့်အကြည့်ဖြင့် ပေါက်ကွဲမှုကို ကြည့်လိုက်စဉ်မှာပင် အစိမ်းရောင်အလင်းတန်းက ပေါက်ကွဲမှုထဲမှ ထိုးထွက်လာကာ သူ့ရှေ့ထိရောက်လာပြီး သူ့ခန္ဓာကိုယ်ကို ထိမှန်သွား၏။ သူ၏အဝတ်အစားများက ချက်ချင်း စုတ်ပြဲကုန်သော်လည်း အဝတ်အစားအောက်မှ တလက်လက်တောက်ပနေသည့် ကိုယ်ကြပ်အင်္ကျီက ပေါ်လာသည်။

အစိမ်းရောင်အလင်းတန်းကလည်း ကိုယ်ကြပ်အင်္ကျီကြောင့် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ရပ်တန့်သွားပြီး အစိမ်းရောင်အလင်းတန်းက ချက်ချင်း အစအနပင်မကျန်ဘဲ ပျောက်ကွယ်သွား၏။

ဝမ်လင်းက ပျံသန်းရင်းဖြင့် သူ့လက်ထဲက အစိမ်းရောင်ဓားလေးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

ထန်းလီ၏နဖူးတွင် ချွေးများ စို့သွားသည်။ အစောပိုင်းတုန်းက အခြေအနေသည် သူ့အတွက် အလွန်အန္တရာယ်ရှိ၏။ သူ၏ခန္ဓာကိုယ်သန့်စင်ခြင်းနှောင်းပိုင်းအဆင့်နှင့်တောင်မှ ဓားက သူ့ကို ထိသွားပါက ဒဏ်ရာအပြင်းအထန် ရသွားပေလိမ့်မည်။ ထိုဓားကလည်း ရိုးရှင်းသည့်လက်နက်တစ်ခု မဟုတ်နိုင်ဟု ခန့်မှန်းမိလိုက်၏။ ထိုဓားနှင့်သာ တစ်ကြိမ်ပြီးတစ်ကြိမ် ထိမိပါက သူလည်း သေသွားနိုင်သည်။

ထန်းလီက သူ့အဘိုးပေးထားသည့် ကိုယ်ကျပ်အင်္ကျီကို ထိကြည့်လိုက်ပြီး အလွန်ကံကောင်းသည်ဟု ခံစားလိုက်ရ၏။ ထို့နောက် သူ့စိတ်ထဲတွင် ဝမ်လင်းကို သတ်ချင်စိတ်များက ပိုမို ကြီးထွားလာသည်။ သူက ရေရွတ်လိုက်သည်… “တည်နေရာပြောင်းပေးနိုင်တဲ့ ရတနာရှိတဲ့အပြင် ဓားလည်း ရှိတာလားကောင်လေးမင်းရဲ့ရတနာတွေအားလုံးက ငါ့ဟာ ဖြစ်ရမယ်… “

၃ရက်ကြာအောင် ထွက်ပြေးပြီးနောက် ဝမ်လင်းက ဘူးသီးခြောက်ထဲမှ စိတ်ဝိညာဉ်ရေများကို သောက်သုံးလိုက်ပြီး ရေရွတ်လိုက်သည်… “စိတ်ဝိညာဉ်ရေက နည်းနည်းပဲ ကျန်တော့တယ်စိတ်ဝိညာဉ်ရေကို ပြန်ဖြန်ဖို့ နည်းလမ်းတစ်ခု မြန်မြန် ရှာရမယ်… “

ထိုအချိန်တွင် စစ်ထူနန်က အားနည်းနေသည့်အသံဖြင့် ပြောလိုက်သည်… “ကောင်လေးငါလည်း ဒီထက်ပိုပြီး ကူညီပေးဖို့ သိပ်မဖြစ်နိုင်တော့ဘူးဒီ၃ရက်အတွင်းမှာ မင်းကို ကူညီဖို့ ငါ့ရဲ့ စွမ်းအားတွေ တော်တော်များများ သုံးလိုက်ရတယ်အခု ငါ့မှာ စွမ်းအားနည်းနည်းပဲ ကျန်တော့တယ်… “

ဝမ်လင်းက နောက်ကို လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် စိတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နေပြီး အေးစက်စွာ ပြောလိုက်သည်… “သူ မှီလာပြန်ပြီလား… “ ထို့နောက် သူက အစိမ်းရောင်ဓားကို ထုတ်လိုက်ပြီး လက်ထဲတွင် ကိုင်ထားလိုက်၏။

ဓား၏အရောင်ကလည်း မှိန်နေပြီး ဓားကိုယ်ထည်ပေါ်တွင် ပွန်းရာ၊ခြစ်ရာများပင် ပေါ်နေလေပြီ။ ၃ရက်အတွင်းတွင် ဝမ်လင်းက ဓားဖြင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်။ ထန်းလီက အစဉ်မပြတ် သတိထားနေသောကြောင့် ထိမှန်အောင် တိုက်ခိုက်ရန် ခက်ခဲလှသည်။ ထို့အပြင် ဝမ်လင်း၏ဓားက ထန်းလီ၏ကိုယ်ကျပ်အင်္ကျီကို တစ်လက်မပင် မထိုးဖောက်နိုင်ပေ။

ဝမ်လင်းက ပျံသန်းနေရင်း နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ထားသဖြင့် သူ၏ညာဘက်တွင် သစ်တောတစ်ခုကို တွေ့လိုက်ရသည်။ သစ်တောတစ်ခုလုံးကို မြူအလွှာတစ်ခုက ဖုံးအုပ်ထား၏။

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး သစ်တောဆီသို့ ဦးတည်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သစ်တောရှေ့သို့ ရောက်သွားပြီး မြေပြင်ပေါ်သို့ ဆင်းသက်ကာ သစ်တောထဲသို့ ဝင်သွားလိုက်၏။

ဝမ်လင်းက သူ့ထံတွင် စိတ်ဝိညာဉ်ရေများကလည်း ကုန်နေပြီး စစ်ထူနန်ကလည်း ဒီထက်ပိုပြီး မကူညီနိုင်တော့ကြောင်း သိနေသည်။ ထို့ကြောင့် လေထဲတွင် ဆက်လက်ပျံသန်းနေပါက ကျိန်းသေဖမ်းမိသွားပေလိမ့်မည်။

ပျံသန်းခြင်းထက် သစ်တောထဲ ခြေထောက်ဖြင့် ပြေးခြင်းက သူ့အတွက် ပိုကောင်း၏။ သစ်တောကို မည်သည့်အတွက်ကြောင့် မြူအလွှာတစ်ခုက ဖုံးအုပ်ထားမှန်း မသိသောကြောင့် နတ်ဘုရားစိတ်အာရုံကို ဖြန်ကျက်ပြီး အထဲသို့ စစ်ဆေးကြည့်လိုက်ရာ သူ၏နတ်ဘုရားစိတ်အာရုံက သူ၏ပတ်ပတ်လည် မီတာအနည်းငယ်သာ မြင်နိုင်ကြောင်း သိလိုက်ရသည်။

ဝမ်လင်း သစ်တောထဲသို့ ဝင်သွားပြီး သိပ်မကြာမီတွင် သစ်တော၏အပြင်ဘက်အစွန်းနားသို့ လူငယ်တစ်ယောက် ရောက်လာသည်။ သူက သစ်တောကို လေပေါ်မှ အနည်းငယ် လှည့်ပတ်ကြည့်ပြီး သစ်တော၏ရှေ့တွင် ရပ်လိုက်၏။ ၃ရက်အတွင်းတွင် ဝမ်လင်းနောက်ကို လိုက်ရသည့်အတွက် စိတ်စွမ်းအင်အများကို အသုံးပြုပြီး ဖြစ်သည်။ စွမ်းအင်ဖြည့်တင်းရေးဆေးလုံးများသာ သူနှင့် မပါလာပါက ဝမ်လင်းကို သည်အထိ လိုက်ဖမ်းနိုင်လိမ့်မည် မဟုတ်ပေ။

ဝမ်လင်းပိုင်ဆိုင်ထားသောရတနာက သူ့ကို တမ်းတမ်းစွဲဖြစ်အောင် ဆွဲဆောင်ထားနိုင်သည်။ သူက ဝမ်လင်းကို သတ်နိုင်ပြီး ရတနာကို ယူချင်နေသော်လည်း ဝမ်လင်းက လှုပ်ရှားမှုများက အလွန်လျင်မြန်နေသည်။ သူတွေးထားသည်က ဝမ်လင်းသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို မရောက်သေးသဖြင့် ဝမ်လင်းက ကြာကြာပြေးနိုင်မည်ဟု မထင်မိချေ။

ထို့ကြောင့် သူက ဝမ်လင်းနောက်မှ လိုက်ပြီး ဝမ်လင်း၏ကိုယ်ထဲမှ စိတ်စွမ်းအင်များအားလုံး ကုန်ခမ်းသွားမည့်အချိန်အထိ စောင့်ကာ တစ်ချက်တည်းနှင့် သတ်ပစ်ရန် စီစဉ်ထား၏။

သို့သော်လည်း ဒုတိယမြောက်နေ့တွင် ဝမ်လင်းက နှေးလာရမည့်အစား ပို၍ပင် မြန်လာသည်။ ၃ရက်ကြာအောင် လိုက်ပြီးနောက် ထန်းလီက လုံးဝကို အံ့အားသင့်သွား၏။

ဝမ်လင်းက မကြာမကြာ ဘူးသီးခြောက်ဘူးကို ထုတ်ကာ သောက်ပြီးနောက် သူ၏အမြန်နှုန်းက ပိုပြီး မြန်လာသည်ကို ထန်းလီ သတိပြုမိသည်။ ထိုကဲ့သို့ မြင်ကွင်းမျိုးကို ၃ရက်အတွင်းတွင် အကြိမ်ပေါင်းများစွာ မြင်ခဲ့ရသည်။

အချိန်ကြာလာလေ ဝမ်လင်းကို ပိုသတ်ချင်လေ ဖြစ်ရသည်။

ထန်းလီက သစ်တော အပြင်ဘက်တွင် ရပ်နေ၏။ သူ၏မျက်လုံးများက အေးစက်နေသော်လည်း သစ်တောအကြောင်းကို စဉ်းစားမိပြီး အနည်းငယ် ထိတ်လန့်နေသည်… “ဒီသစ်တောက အရမ်းကို ထူးဆန်တယ်သစ်တောတစ်ခုလုံးကို မြူအလွှာတစ်ခုကလည်း အုပ်ထားသေးတယ်ငါ့အဘိုးကတောင် ဒီသစ်တောကို ဝေးဝေးရှောင်ဖို့ ငါ့ကို ပြောထားတယ်အခု ငါ သူ့ကို ဆက်လိုက်သင့်လား… “

အနည်းငယ်စဉ်းစားပြီးနောက် ထန်းလီက ဆုံးဖြတ်ချက် ချလိုက်၏။ ဝမ်လင်းပိုင်ဆိုင်သော ရတနာများက သူ့ကို အလွန်ဆွဲဆောင်နေသဖြင့် ဆက်လိုက်ရန် ဆုံးဖြတ်လိုက်သည်။

…………………………………….

သစ်တောထဲတွင် အလွန်မြင့်ပြီး ကြီးမားသော သစ်ပင်ကြီးများ အများအပြား ရှိနေပြီး ထိုနေရာတစ်ဝှိုက်တွင် ကောင်းကင်ပေါ်ကို မော့ကြည့်ပါက သစ်ရွက်များဖြင့် ပြည့်နေပြီး နေပြောက်ပင် မထိုးချေ။ မြေပြင်တွင်လည်း ကြွေကျနေသောသစ်ရွက်များက မီတာဝက်ခန့် ထူ၏။ အဆိပ်ရှိသော ပိုးကောင်များက မြေပြင်ပေါ်တွင် လျှောက်သွားနေပြီး မြွေများကလည်း သစ်ရွက်များကြား လျှောက်သွားနေကြသည်။

နှစ်တစ်ထောင်ကျော်နေပြီဖြစ်သည့်သစ်ပင်များကို နေရာအနှံ့တွင် တွေ့နိုင်ပေသည်။ ပန်းပွင့်များ ပြည့်နေသည့် မြေပြင်များနှင့် သားရဲများနေထိုင်ကြသည့် အသိုက်နေရာများလည်း မရေမတွက်နိုင်အောင် ရှိ၏။ တချို့နေရာများတွင် သစ်ရွက်ဆွေးများနှင့်သားရဲ့အညစ်အကြေးများမှ ဖြစ်လာသည့်အနံ့အသက်က ဆိုးရွာလွန်းလှ၍ လူကိုပင် သေစေနိုင်သည်။

သစ်တောတစ်ခုလုံးကို တစ်နှစ်လုံး မြူများက ဖုံးအုပ်ထား၏။ သစ်တောထဲတွင် ထူးဆန်းသော သစ်ပင်များကလည်း အလွန့်အလွန့်ကို မြင့်မားကြပြီး စဦးစိတ်ဝိညာဉ်အဆင့်ကဲ့သို့ အားကောင်းသော သားရဲကြီးများလည်း ရှိနေသည်။ ဒီနေရာတွင် ဂရုမစိုက်ပါက ချက်ချင်း သေဆုံးသွားနိုင်သည်။

ဝမ်လင်းက နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ပြီး သစ်တောထဲသို့ မြန်မြန် ဝင်သွား၏။ ထိုအချိန်တွင် စစ်ထူနန်က လျင်မြန်စွာ အော်ပြောလိုက်သည်… “ရပ်မြန်မြန် ရပ်… “

စစ်ထူနန်၏အသံကို ကြားသည်နှင့် ဝမ်လင်းကလည်း ချက်ချင်း ရပ်တန့်လိုက်၏။

စစ်ထူနန်က ပြောလိုက်သည်… “ဒီနေရာက ဘယ်နေရာမျိုးလဲ မသိဘူးအပြာလိုင်းနွယ်ပင်တွေ ရှိနေသေးတာလားဒီအပြာလိုင်းနွယ်ပင်တွေက တစ်ကယ်ကို ကပ်ဆိုးပဲအရင်က အဆင့်၂နိုင်ငံတစ်ခုလုံး အပြာလိုင်းနွယ်ပင်တွေကြောင့် သေဆုံးသွားရဖူးတယ်… “

အပြာလိုင်းနွယ်ပင်ဟုတ်လား… “ ဝမ်လင်း အလန့်တကြား ဖြစ်သွား၏။

စစ်ထူနန်က အလေးအနက်ထားကာ ပြောလိုက်သည်… “မင်းရှေ့က နွယ်ပင်က အပြာလိုင်းနွယ်ပင်ပဲနွယ်ပင်ပေါ်မှာ အပြာရောင်မျဉ်းကြောင်းလေးတွေ ရှိတယ် တွေ့လားဘာလဲဟခဏနေဦးဒါက အပြာလိုင်းနွယ်ပင် မဟုတ်ဘူးထူးဆန်းတယ်ဒါက အပြာလိုင်းနွယ်ပင်ပေါက်လေးတွေ ဖြစ်နိုင်တယ်ဘာပဲဖြစ်ဖြစ် ရှောင်သွားတာ အကောင်းဆုံးပဲဘာလို့လဲဆိုတော့ အရွယ်ရောက်နေပြီဖြစ်တဲ့ အပြာလိုင်းနွယ်ပင်တွေက အမြုတေအဆင့်အောက်က ကျင့်ကြံသူတွေအတွက် အိမ်မက်ဆိုးပဲဒီနွယ်ပင်တွေက သွေးကို အာရုံခံနိုင်စွမ်း အရမ်းမြင့်ပြီးတော့တစ်ယောက်ယောက်ကို ဝါးမြိုစားသောက်ပြီးတာနဲ့ ဆင့်ကဲပြောင်းလဲသွားကြတယ်လူလိုဆိုရင်တော့ အဆင့်တက်သွားတာပေါ့အလယ်အလတ်အဆင့်ကို ရောက်သွားတဲ့ အပြာလိုင်းနွယ်ပင်တွေကို စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတွေတောင် မခုခံနိုင်ဘူးသူတို့က စိတ်စွမ်းအင်လှုပ်ရှားမှုတွေကို အာရုံခံတဲ့နေရာမှာလည်း အရမ်းအားကောင်းတာမို့လို့ အပြာလိုင်းနွယ်ပင်ကို တိုက်ခိုက်မယ်ဆိုရင် ဘာနည်းစနစ်ကိုမှ မသုံးပါနဲ့… “

ဝမ်လင်း ဘေးပတ်ပတ်လည်ကို စိုးရိမ်နေသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး သူ့အရှေ့ခပ်လှမ်းလှမ်းမှ နွယ်ပင်ကို သူ့အကြည့်က ရောက်သွား၏။

နွယ်ပင်၏ပုံစံက သာမန်နွယ်ပင်နှင့် တူပြီး နွယ်ပင်တွင် ပါးလွှာသောအပြာရောင်မျဉ်းကြောင်းတစ်ခု ရှိနေသည်။

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး စစ်ထူနန်၏သတိပေးစကားကို နားမထောင်ချေ။ သို့သော်လည်း စိတ်စွမ်းအင်များကို အနည်းငယ်မျှပင် မထုတ်ဘဲ ရှေ့ဆက်လျှောက်သွားလိုက်၏။ သူက ဂရုတစိုက်ဖြင့် နွယ်ပင်ကို လက်ညှိုး၊လက်မဖြင့် ကိုင်ပြီး နောက်သို့ ဖြည်းညှင်းစွာ ဆွဲယူလိုက်သည်။ ၃မီတာခန့် နွယ်ပင်ကို ဆွဲထုတ်လာပြီးနောက် နောက်သို့ဆုတ်ကာ လက်ညှိုးကို အနည်းငယ်ကိုက်ပြီး နွယ်ပင်ပေါ်သို့သွေးတစ်စက် ချလိုက်သည်။

နွယ်ပင်က သွေးစက်နှင့်ထိသွားသည်နှင့်တစ်ပြိုင်နက် လှုပ်ရမ်းလာပြီး နောက်ထပ်နွယ်ပင်အနည်းငယ်ကလည်း အမြစ်ထဲမှ ထိုးထွက်လာပြီး ဝမ်လင်းဆွဲထုတ်လာသည့်နွယ်ပင်နှင့် အတူစုစည်းသွားကာ ဘေးပတ်ဝန်းကျင်ကို အတန်ကြာအောင် လှုပ်ရမ်းနေပြီးနောက် နောက်ဆုံးတွင် ပြန်လည်ငြိမ်သက်သွား၏။

သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး နဖူးတွင် ချွေးများ စို့သွား၏။ ဝမ်လင်းက အနည်းငယ်ပြုံးလိုက်ပြီးနောက် ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားသည်။

သူထွက်သွားပြီး မကြာမီ ထန်းလီသည် ထိုနေရာသို့ ရောက်လာ၏။ ထန်းလီက ဝမ်လင်းကို အမြန်ဆုံးဖမ်းနိုင်ရန်အတွက် နည်းစနစ်ကို အသုံးပြုထားပြီး လိုက်နေခြင်း ဖြစ်သည်။ ထန်းလီက မြေပြင်ပေါ်ရှိ နွယ်ပင်များကို မြင်သော်လည်း သာမန်နွယ်ပင်များဟု ထင်ပြီး စိတ်ထဲတွင် အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်း မရှိပါချေ။

သူ၏နတ်ဘုရားစိတ်အာရုံက ကန့်သတ်ထားခြင်း ခံထားရသော်လည်း ဝမ်လင်းသည် သူနှင့် အလွန်နီးကပ်နေသည်ကို ရှင်းလင်းပြတ်သားစွာ ခံစားမိနေသည်။ သူက အလျင်မြန်ဆုံးနှုန်းဖြင့် ထွက်ခွာသွားလိုက်သော်လည်း သူဖြတ်ကျော်လိုက်သည့် သာမန်နွယ်ပင်များဟု ထင်ထားသော နွယ်ပင်များက ရုတ်တရက် ပြောင်းလဲမှုလေးတစ်ခု ဖြစ်သွား၏။

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၈၃) အခြေခံခိုးယူခြင်း

၂ရက်ကြာပြီးနောက် ဝမ်လင်းသည် ချောင်းငယ်လေးတစ်ခု ဘေးတွင် ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ဘူးသီးခြောက်ကို ရေဖြည့်နေသည်။

ရုတ်တရက် သူ၏မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ညီးညူလိုက်၏… “ဒါက ဘယ်တော့မှ ပြီးဆုံးတော့မှာလဲ… “

ထို့နောက် ဘူးသီးခြောက်ကို သိမ်းလိုက်ပြီး ဓားကိုထုတ်ကာ ချောင်းငယ်လေးကို ဖြတ်ကာ သစ်တောထဲသို့ ပြေးဝင်သွား၏။

မကြာမီ ချောင်းငယ်လေးနားသို့ ထန်းလီရောက်လာသည်။ သူက ယခု အချိန်တွင် စိတ်စွမ်းအင်များကို အနည်းငယ်မျှပင် ထုတ်မသုံးရဲတော့ချေ။ သူ၏ပုံစံကလည်း အလွန်သနားချင်စဖွယ် ကောင်းလှသည်။ သူ၏အဝတ်အစားများက စုတ်ပြဲနေပြီး ကိုယ်ကြပ်အင်္ကျီကလည်း တောက်တောက်ပြောင်ပြောင် မရှိတော့ပေ။

သူ၏ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး မျက်နှာကလည်း ဖြူရော်နေသော်လည်း မျက်လုံးထဲတွင်မူ ဒေါသများဖြင့် ပြည့်နေသည်။ ဝမ်လင်းအပေါ် သူ၏မုန်းတီးမှုသည် မခန့်မှန်းနိုင်တော့သည့်အဆင့်တစ်ခုထိ ရောက်ရှိနေလေပြီ။ သူက အမြဲတမ်း ပါရမီရှင်တစ်ယောက်အဖြစ် ဆက်ဆံခံခဲ့ရသည်။ ယခုကဲ့သို့ သနားစဖွယ်အခြေအနေမျိုးသို့ ဘယ်တုန်းကမှ မရောက်ခဲ့ရဘူးပေ။

ယခုဖြစ်နေသည့်အကြောင်းရင်းအားလုံးသည် ဝမ်လင်းကြောင့် ဖြစ်၏။

လွန်ခဲ့သောနှစ်ရက်ခန့်က နွယ်ပင်များကြောင့် သေလုနီးပါး ဖြစ်ခဲ့ရသည်။ ထိုနွယ်ပင်သေးသေးလေးများက သူ့ကို သေစေနိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးဖူးပေ။ သူက နွယ်ပင်များကို ဓားဖြင့် ခုတ်သော်လည်း နွယ်ပင်များက မသေဘဲ ပို၍ပင် ပွားလာသေး၏။

ဓားမှ ထုတ်ပေးသည့် လျှပ်စီးလုံးများနှင့်တောင်မှ နွယ်ပင်များကို မရပ်တန့်နိုင်ပေ။

ထို့အပြင် ဝမ်လင်း၏ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် သူ၏ညာဘက်လက်မောင်းက ထူးဆန်းသောဓားကြောင့် ဒဏ်ရာ ရခဲ့ရသည်။

နောက်ဆုံးတွင် ထန်းလီက သူ၏အဘိုးပေးထားသော အသက်ကယ်ရတနာကို အသုံးပြုလိုက်ရတော့၏။ ထိုရတနာက အလွန်အစွမ်းထက်သော်လည်း တစ်ခါသာ သုံးလို့ရသည်။ ထိုရတနာကို လက်ခံလိုက်သည့်အချိန်ကတည်းက တစ်ခါမှ သုံးရသည့်အခြေအနေမျိုးကို မကြုံခဲ့ရချေ။ ယခုမူ မသုံးလျှင် သူ၏အသက်ကို ကယ်နိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် အသုံးပြုလိုက်ရ၏။

ရတနာ၏စွမ်းအားက နွယ်ပင်အများစုကို ဖျက်ဆီးပစ်လိုက်သဖြင့် ကျန်နေသော နွယ်ပင်များကလည်း မြေအောက်ထဲသို့ ပြန်ထွက်ပြေးသွားသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ထိုနေရာမှ လွတ်မြောက်လာ၏။

ထိုအကြောင်းကို တွေးမိပြီး ဝမ်လင်းကို ပိုပြီး မုန်းတီးမိသည်။

အထူးသဖြင့် ဝမ်လင်းက သူ့ကို ဘယ်တုန်းကမှ ထိပ်တိုင်ရင်မဆိုင်ခဲ့ချေ။ အမြဲတမ်း ချောင်းမြောင်းပြီးတော့သာ တိုက်ခိုက်၏။ ထို့အပြင် ဝမ်လင်းက ထူးဆန်းသောဓားကို ပိုင်ဆိုင်ထားသဖြင့် သူ၏ဓားကို သူ့ဘေးတွင် အမြဲပျံဝဲခိုင်းထားရသည်။

သူက ချောင်းငယ်လေးကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်ပြီး အနည်းငယ်တုန့်ဆိုင်းနေပြီးနောက် ချောင်းငယ်ထဲမှ ရေအနည်းငယ်ကို သောက်လိုက်၏။

လွန်ခဲ့သည့်၅ရက်ကျော် ၆ရက်အတွင်း ဝမ်လင်းကိုသာ လိုက်ဖမ်းနေရသဖြင့် သူ့ကိုယ်က ညစ်ပတ်နေသည်။ ထို့ကြောင့် ရေကို သောက်လိုက်သောအခါ လန်းဆန်းသွားပြီး ရေက ချိုနေသလိုပင် ခံစားလိုက်ရ၏။ နောက်ထပ်သောက်ရန် ပြင်လိုက်စဉ်တွင် ရုတ်တရက် သူ့နှလုံးက အပြင်းအထန် ခုန်သွားသည်။ အစိမ်းရောင်ဓားသေးတစ်ချောင်းက သူ့ရှေ့တွင်ပေါ်လာပြီး သူ့ခေါင်းကို ခုတ်ဖြတ်လိုက်သည်။

ထန်းလီက တုန့်ဆိုင်းခြင်းမရှိ နောက်သို့ ဆုတ်လိုက်ပြီး သူ့ကိုယ် ကာကွယ်ရန် သူ၏ဓားကို ခေါ်လိုက်သည်။ ဓားနှစ်ချောင်းက ပြင်းထန်စွာ ရင်ဆိုင်မိကြပြီး အစိမ်းရောင်ဓားတွင် အက်ရာအနည်းငယ် ထင်သွား၏။ ထို့နောက် အစိမ်းရောင်ဓားလေးက ရုတ်တရက် အလင်းရောင်များ တောက်ပလာပြီး နေရာမှ ပျောက်ကွယ်သွားသည်။

ထန်းလီက အစိမ်းရောင်ဓားကြောင့် ပြတ်သွားသည့်ဆံပင်များကို ကြည့်ပြီး အော်ဟစ်လိုက်သည်… “ကောင်စုတ်လေး…. ငါ မင်းကို ဖမ်းမိလို့ကတော့ တစ်ကမ္ဘာလုံးက နှိပ်စက်နည်းတွေနဲ့ နှိပ်စက်ပြီး မင်းရဲ့ဝိညာဉ်ကို သန့်စင်ပစ်မယ်… “

ဝမ်လင်းက တောအုပ်ထဲတွင် ပြေးနေရင်း ရုတ်တရက် သူ့မျက်နှာက ဖြူရော်သွားပြီး ပါးစပ်ထဲသို့ ပျို့တက်လာသည့် သွေးများကို ပြန်မျိုချလိုက်ရသည်။ သူ့ဘေးနားတွင်ပေါ်လာသည့် အစိမ်းရောင်ဓားလေးမှ အက်ရာများကို မြင်သွားပြီး သူ့နှလုံးသားထဲမှ နာကျင်သွား၏။

၅ရက်ကြာပြီးနောက် ညအချိန်တွင် ဝမ်လင်းနှင့်ထန်လီက တောအုပ်ထဲတွင် ပြေးလွှာနေကြသည်။ သူတို့က တဖြည်းဖြည်း တောနက်ထဲသို့ ဝင်လာကြသည်။

ထိုအချိန်တွင် ရုတ်တရက် ဝမ်လင်းက ရပ်တန့်လိုက်၏။

စစ်ထူနန်က အလျင်အမြန် ပြောလိုက်သည်… “ကောင်လေးမင်းလည်း သတိပြုမိတာလားဒီနေရာရဲ့အနောက်မြောက်အရပ်မှာ အရမ်းအားကောင်းတဲ့ စိတ်စွမ်းအင်လှိုင်းတွေကို အာရုံခံမိတယ်အဲ့နေရာကို သွားပြီး စစ်ဆေးကြည့်လိုက်… “

လွန်ခဲ့သောရက်အနည်းငယ်ကတည်းက စစ်ထူနန်က သူ၏ဗဟုသုတများကို အသုံးပြုပြီး ဝမ်လင်းကို အန္တရာယ်များ တိမ်းရှောင်နိုင်အောင် ကူညီပေးနေခြင်းဖြစ်၍ ဝမ်လင်းက သူ့စကားအတိုင်း အနောက်မြောက်အရပ်ကို ပြေးသွားလိုက်၏။ တိုတောင်းလှသောအချိန်အတွင်း သူက စွမ်းအင်းလှိုင်းများ ထွက်ပေါ်လာရာနေရာသို့ ရောက်သွားသည်။

သူ့ရှေ့မှ မြင်ကွင်းက သူ့ကို မျက်မှောင်ကျုံ့သွားစေသည်။

သူ့ရှေ့တွင် မြေပြင်ပေါ်၌ လဲလျောင်းနေသော လူသေတစ်ယောက်၏ခန္ဓာကိုယ်တစ်ခုမှ လွဲပြီး ဘာမှ ရှိမနေချေ။

လူသေ၏ဦးခေါင်းပေါ်တွင် အစိမ်းရောင်အလုံးတစ်လုံး ရှိနေပြီး လေထဲတွင် ရပ်တန့်နေကာ ပတ်ဝန်းကျင်မှ စိတ်စွမ်းအင်များကို စုပ်ယူပြီး များပြားလှသော စုပ်ဝဲများ ဖြစ်ပေါ်နေစေသည်။

စစ်ထူနန်က အံ့ဩသွားသည့်အသံဖြင့် ပြောလိုက်သည်… “အစိမ်းရောင်အမြုတေတစ်ခုပါလားအဆင့်၄နိုင်ငံတစ်ခုက အစိမ်းရောင်အမြုတေတစ်ခုက ဒီမှာ ရှိနေလိမ့်မယ်လို့ ထင်မထားဘူး… “

ဝမ်လင်းက မေးလိုက်သည်… “အစိမ်းရောင်အမြုတေဆိုတာ ဘာလဲ… “

ဒါက အဆင့်၄နိုင်ငံရဲ့ မိစ္ဆာဂိုဏ်းက အထူးနည်းစနစ်တစ်ခုပဲအစိမ်းရောင်အမြုတေ ဒါမှမဟုတ် အယောင်ဆောင်အမြုတေ လို့ခေါ်တယ်မင်းမှာသာ အစိမ်းရောင်အမြုတေ အများကြီးရှိရင် မင်း ဆန္ဒရှိတာ အကုန်ဖြစ်ပြီပဲငါ မှတ်မိသလောက် ပြောပြရရင် အရင်က အဆင့်၄နိုင်ငံတစ်ခုမှာ အစိမ်းရောင်အမြုတေ သောင်းကျော်ရှိတဲ့ ကျင့်ကြံသူတစ်ယောက် ရှိခဲ့ဖူးတယ်အဆင့်၅နိုင်ငံက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတွေတောင် သူ့ကို သွားမရှုပ်ရဲကြဘူးပြောကြတာကတော့ အစိမ်းရောင်အမြုတေက မင်းရဲကျင့်စဉ်ကို မြန်စေတဲ့အပြင် ဖောက်ခွဲပစ်လို့လဲ ရတယ်အမြုတေတစ်ခုတည်းကတောင် ပေါက်ကွဲအားအရမ်းပြင်းရင် အမြုတေ တစ်သောင်းလုံးသာ ပေါက်ကွဲသွားလို့ကတော့ တွေးကြည့်ပေါ့… “

ဝမ်လင်း၏မျက်လုံးက အရောင်တောက်သွားပြီး ရုတ်တရက် မေးလိုက်သည်… “ငါတို့ရှေ့က ဒီလူ့ဆီမှာရော ဘယ်နှစ်လုံးလောက် ရှိမလဲမင်းပြောနိုင်လား… “

သူလားတစ်ခုဆိုရင်ကို သူ့အတွက် တော်တော်များနေပြီပြီးတော့ အဲ့လူက အသက်ရှင်နေတဲ့လူတစ်ယောက် မဟုတ်တော့ဘူးအသိဉာဏ်ရှိတဲ့ အလောင်းကောင် တစ်ကောင်ပဲသူက အဆင့်၄နိုင်ငံက မိစ္ဆာလမ်းကျင့်စဉ်တစ်ယောက် ဖြစ်နိုင်တယ်သူက မသေခင် သူ့ကိုယ်ကို နည်းစနစ်တစ်ခု သုံးပြီး အလောင်းကောင်အဖြစ် ပြောင်းလဲလိုက်တာပဲ… “

အလောင်းကောင်သည်လည်း ဝမ်လင်းကို မြင်သည်။ သို့သော်လည်း သူက မလှုပ်ရှားဘဲ လက်ချောင်းလေးကိုသာ ဆတ်ခနဲ လှုပ်ရှားလိုက်၏။ အစိမ်းရောင်အလင်းတန်းတစ်ခုက ဝမ်လင်း၏နဖူးဆီသို့ ပြေးဝင်သွား၏။

ဝမ်လင်းက နောက်ကို ဆုတ်လိုက်ပြီး အစိမ်းရောင်အလင်းတန်းကို ရှောင်လိုက်သည်။

အစိမ်းရောင်အလင်းက ဝမ်လင်းနောက်သို့ ဆက်မလိုက်ဘဲ စက်ဝိုင်းပုံလှည့်ပတ်ပြီး ရပ်တန့်သွား၏။ အစိမ်းရောင်အလင်းတန်းဆီမှ မှုန်ဝါးဝါးပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး မပီမပြင် စကားသံတစ်ခုကို ပြောလိုက်သည်။

ဒီနေရာကနေထွက်သွားမင်းသေလိမ့်မယ်… “ ပြောပြီးသည်နှင့် မှုန်ဝါးဝါးပုံရိပ်သည်လည်း ပျောက်ကွယ်သွား၏။

ဝမ်လင်းက နောက်ကို ဂရုတစိုက် ဆုတ်သွားပြီးနောက် အနည်းငယ် စဉ်းစားလိုက်သည်။ ထို့နောက် ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်သောအလင်းရောင်တစ်ခု လက်သွားပြီး သူက နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ထားလိုက်ကာ သူ့ကိုဖမ်းရန်လာနေသည့် ထန်းလီကို စောင့်နေလိုက်၏။

ထန်းလီက သူ့ဓားကို ခန္ဓာကိုယ်ကို လှည့်ပတ်ပြီး ရောက်လာသည်။ သူက တစ်ခုခုကို သတိပြုမိသွားပြီး သူ့ဓားကို အသင့်ပြင်ထားလိုက်၏။

သူက ဝမ်လင်းကို မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားသွားပြီး ဘေးပတ်ဝန်းကျင်ကို သတိဖြင့် ကြည့်လိုက်သည်။ ဝမ်လင်း၏အပြုအမူတွေက သံသယဖြစ်စရာ ကောင်းလှ၏။ ပတ်ဝန်းကျင်တွင် ဘာမှ မရှိသည်ကို မြင်ပြီး သရော်ပြုံးလေးဖြင့် ပြောလိုက်သည်… “မင်း မပြေးတော့ဘူးလား… “

ဝမ်လင်းက သူ၏ဓားကို ထုတ်ပြီး ထန်းလီဆီသို့ ပစ်လိုက်ပြီး ရှေးဟောင်းကျောက်စိမ်းပြားကို ထုတ်ကာ စိတ်စွမ်းအင်များကို ကျောက်စိမ်းပြားထဲသို့ ပို့လွှတ်လိုက်သည်။

ကျောက်စိမ်းပြားမှ ရွှေရောင်သင်္ကေတ၄ခုက ပေါ်ထွက်လာသည်။

ထန်းလီကလည်း လက်ကို ကိုက်လိုက်ပြီး သွေးစက်တစ်စက်ကို သူ့ဓားပေါ်သို့ ချလိုက်သည်။ ရုတ်တရက် ထန်းလီ၏ဓားက တုန်ခါလာပြီး မိစ္ဆာဆန်သောအလင်းရောင်များ ထုတ်လွှတ်ကာ တဖြည်းဖြည်း ကြီးမားလာပြီး ကြီးမားသောဓားကြီးတစ်လက် ဖြစ်သွား၏။ မရေမတွက်နိုင်သောလျှပ်စီးလုံးများကလည်း ဖြစ်ပေါ်လာသည်။

ကြီးမားသောဓားကြီးက အေးစက်သောအလင်းရောင်များ ထုတ်လွှတ်လျှက်ရှိပြီး ထန်းလီက ဓားကို လွှဲခုတ်လိုက်သည်။

ဝမ်လင်း၏ဓားလေးကလည်း တည်နေရာပြောင်းရွေ့ပြီး ထန်းလီ၏ရှေ့ကို ရောက်သွား၏။ ထန်းလီက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ခေါင်းလောင်းတစ်ခု ထွက်ပေါ်လာပြီး သူ့ကိုယ်ကို ကာကွယ်လိုက်၏။

အစိမ်းရောင်ဓားလေးက ခေါင်းလောင်ကို ထိသွားပြီး ခေါင်းလောင်ပေါ်တွင် လှိုင်းတွန့်များ ဖြစ်ပေါ်သွား၏။

ဝမ်လင်းသည် သူ့ထံသို့ ကျဆင်းလာသို့ ဓားကြီးကို ကြည့်ပြီး ဓားဆီသို့ လက်ကို ညွှန်လိုက်ရာ ရွှေရောင်သင်္ကေတ၄ခုက ဓားဆီသို့ ပြေးဝင်သွားသည်။ ထို့နောက် ဝမ်လင်းက နောက်သို့ အလောင်းကောင်းရှိသည့်နေရာထိတိုင်အောင် ဆုတ်လိုက်၏။

သင်္ကေတ၄ခုစလုံးသည် ဓားနဲ့ထိပ်တိုက်ရင်ဆိုင်မိပြီး ပေါက်ကွဲသွားပြီး ဓားကို ရပ်တန့်သွားစေသည်။ သို့သော်လည်း ဓားက ခဏတာသာ ရပ်တန့်ပြီး အောက်သို့ ဆက်လက်ကျဆင်းလာ၏။

ဓား၏ဖိအားအောက်တွင် မြေကြီးများက စတင် အက်ကွဲလာသည်။ အနီးအနားတစ်ဝှိုက်ရှိ သစ်ပင်ကြီးများအားလုံး ပြိုလဲကုန်၏။ ဓားက ဝမ်လင်းနှင့် ထိတော့မည့်အချိန်တွင် ဝမ်လင်း၏ခန္ဓာကိုယ်ကို အပြာရောင်အလင်းများ ဖုံးအုပ်သွားပြီး ၁၀၀မီတာအကွာတွင် ပြန်ပေါ်လာသည်။ သို့သော်လည်း ဓား၏ဖိအားကြောင့် နဖူးမှ သွေးစီးကြောင်းတစ်ခုက စီးကျလာသည်။

ဓားက မြေပြင်ပေါ်သို့ကျသွားပြီး အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်း စူးစူးဝါးဝါးအော်သံကြီးတစ်ခု ပေါ်ထွက်လာပြီး တစ္ဆေလိုလိုပုံရိပ်တစ်ခုက ထန်းလီဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွား၏။

ထန်းလီ၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ဝမ်လင်းကို သံသယရှိနေသော်လည်း ဒီနေရာတွင် သက်ရှိတစ်ကောင်ရှိနေမည်ဟု ထင်မထားမိချေ။ ချက်ချင်း လက်ကို ရှေ့သို့ ညွှန်လိုက်ရာ လျှပ်စီးလုံးများက အလောင်းကောင်ဆီသို့ အရှိန်ပြင်းစွာ ပြေးဝင်သွားသည်။

လျှပ်စီးလုံးများက အလွန်စွမ်းအားကောင်းပြီး မသေမျိုးများအားလုံး၏အားနည်းချက်တစ်ခုလည်း ဖြစ်သည်။ လျှပ်စီးလုံးများက အလောင်းကောင်နှင့် ထိသွားသောအခါ သူတို့က ပေါက်ကွဲသွား၏။ အလောင်းကောင်သည် ကျယ်လောင်စွာ အော်လိုက်၏။ သူ့ခန္ဓာကိုယ်ကလည်း လွှင့်ထွက်သွားပြီး အရိုးမည်းများ ပေါ်လာသည်။

ထန်းလီက သရော်ပြုံး ပြုံးလိုက်ပြီး သူ့ဘယ်လက်ကို ဝေ့ရမ်းလိုက်သည်။ ရုတ်တရက် ထန်းလီ၏ဓားဘေးတွင် လျှပ်စီးလုံးများ ၁၀ထက်မက ပေါ်လာပြီး အလောင်းကောင်ဆီသို့ ပြေးဝင်သွား၏။ ဓားကလည်း သူတို့နောက်မှ လိုက်သွား၏။

မကောင်းတော့ဘူး… “ အလောင်းကောင်က ဤမျှအထိ အားနည်းလိမ့်မည်ဟု ဝမ်လင်း ထင်မထားမိချေ။ ထို့ကြောင့် ထွက်ပြေးရန် ပြင်လိုက်သည်။

သေခြင်းနှင့်ရှင်ခြင်းအခြေအနေတွင် ရောက်နေသော အလောင်းကောင်ကလည်း တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိပြီး စူးစူးဝါးဝါးအော်ကာ ပါးစပ်ထဲမှ အစိမ်းရောင်အမြုတေကို ထုတ်လိုက်သည်။ အစိမ်းရောင်အမြုတေက အပြင်ကို ရောက်လာသည်နှင့် ချက်ချင်း ပေါက်ကွဲသွား၏။

ပေါက်ကွဲမှုမှ စွမ်းအင်လှိုင်းများက အလောင်းကောင်ကို ဗဟိုပြုပြီး အပြင်သို့ ပျံနှံ့သွား၏။ အနီးအနားရှိ သစ်ပင်များအားလုံး ချက်ချင်း အမှုန့်များ ဖြစ်သွားသည်။ ထန်းလီသည် အလောင်းကောင်းနှင့် အလွန်နီးကပ်နေ၏။ သူက လျှာကို ကိုက်ပြီး သူ့ကိုယ်ကို ကာကွယ်ပေးထားသော ခေါင်းလောင်းပေါ်သို့ သွေးများ ထွေးထုတ်လိုက်သည်။

ခေါင်းလောင်းပေါ်သို့ သွေးများ ကျသွားသည်နှင့် ခေါင်းလောင်းက ပိုပြီး မာကျောသွား၏။ ထို့အပြင် ရှေးဟောင်းသင်္ကေများစွာကလည်း ခေါင်းလောင်းပေါ်တွင် ပေါ်လာသည်။

ထန်းလီဆီသို့ စွမ်းအင်လှိုင်းများ ရောက်လာသောအခါ ခေါင်းလောင်းက ပြင်းပြင်းထန်ထန် လှုပ်ခါသွားပြီး ၃စက္ကန့်ခန့်အကြာတွင် ကွဲကြေသွား၏။

ခေါင်းလောင်းက သူ့အတွက် အချိန်ဆွဲပေးနေချိန်တွင် ထန်းလီက နောက်ထပ် ရတနာတစ်ခုကို ထုတ်ယူလိုက်ပြီး အသုံးပြုလိုက်သည်။ ခေါင်းလောင်းကွဲကြေသွားသည့်နှင့် သူ့ရှေ့တွင် အကွာအကွယ်အလွှာများ တစ်ခုပြီး တစ်ခု ပေါ်လာသည်။

နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်

ဘာသာပြန် ... Oo Zaw

အပိုင်း (၈၄) အခြေခံခိုးယူခြင်း ()

စက္ကူကို ဓားဖြင့် ခွဲလိုက်သကဲ့သို့ အကွာအကွယ်အလွှာများက တစ်လွှာပြီးတစ်လွှာ လျင်မြန်စွာ ပျက်စီးနေသည်။

ဝမ်လင်းကတော့ အလောင်းကောင်နှင့် အလွန်ဝေးကွာနေပြီး အလောင်းကောင်ကလည်း ထန်းလီကိုသာ ပစ်မှတ်ထားသဖြင့် စွမ်းအင်လှိုင်းများက သူ့အပေါ် အများကြီး မသက်ရောက်ပေ။ စွမ်းအင်လှိုင်းများ ဝမ်လင်းထံသို့ ရောက်လာချိန်တွင် ဝမ်လင်းက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ပြီး ရှေ့သို့ ပစ်လိုက်သည်။ ကျောက်စိမ်းပြားက ချက်ချင်း ကွဲကြေသွားပြီး အဝါရောင်အငွေ့များ ထွက်ပေါ်လာကာ ဝမ်လင်းကို ဝန်းရံပြီး ကာကွယ်ထားလိုက်၏။

ဝမ်လင်းက အဝါရောင်အငွေ့များထဲမှ နေပြီး ထန်းလီကို ကြည့်နေသည်။

ပေါက်ကွဲမှုကြောင့် ဖြစ်လာသော စွမ်းအင်လှိုင်းများက ထန်းလီ၏အကာအကွယ်အားလုံးကို ဖျက်စီးပစ်နေ၏။ နောက်ဆုံးအကာအကွယ် ပျက်စီးသွားချိန်တွင် ထန်းလီက သူ့လက်ကို အလောင်းကောင်ထံသို့ ညွှန်လိုက်ပြီး ဓားကို အလောင်းကောင်အား တိုက်ခိုက်နေခြင်းမှ ရပ်တန့်ရန် အမိန့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ထန်းလီက နောက်သို့ မီတာ၅၀ခန့် ဆုတ်လိုက်သည်။

အလောင်းကောင်ကို သူ တော်တော်လေး ကြောက်ရွံ့သွားသည်။ သူ့ထံ၌ ရတနာပစ္စည်းများစွာ မရှိပါက သေဆုံးပြီး ဖြစ်နေလိမ့်မည်။

သူက ခန္ဓာကိုယ်သန့်စင်ခြင်းနှောင်းပိုင်းအဆင့်သို့ ရောက်နေပြီး ရတနာများထုတ်သုံးတာတောင်မှ ပေါက်ကွဲမှုလှိုင်းများကို ခုခံနိုင်ရုံသာ ရှိသည်။

သူ့စိတ်ထဲတွင်လည်း အလွန်ထိတ်လန့်နေပြီး အလောင်းကောင်က နောက်ထပ် အစိမ်းရောင်အမြုတေတစ်ခု ဖောက်ခွဲလိုက်မည်ကို အလွန်စိုးရိမ်နေသည်။ ယခုအချိန် သူ့စိတ်ထဲတွင် ဝမ်လင်းကို သတ်ဖြတ်ချင်စိတ်များလည်း ပျောက်ဆုံးကုန်ပြီး ဤနေရာမှ လွတ်မြောက်ချင်စိတ်ကသာ ကြီးစိုးနေသည်။

ဝမ်လင်းက ထန်းလီကို ကြည့်နေပြီး မသိမသာ ပြုံးလိုက်၏။ သူက ညာလက်ကို မြှောက်လိုက်ပြီး လက်ချောင်းနှစ်ချောင်းကို ပူးကာ ညင်သာစွာဖြင့် ရှေ့ကို ထိုးလိုက်သည်။

ထန်းလီသည် ရုတ်တရက် နောက်ကျောမှ နာကျင်မှုကို ခံစားရသဖြင့် လှည့်ကြည့်လိုက်ရာ အစိမ်းရောင်ဓားက သူ့နောက်ကျောကို တိုက်ခိုက်လိုက်သည်ကို တွေ့လိုက်ရသည်။ ထန်းလီ၏စိတ်ထဲတွင် ကြောက်စိတ်များ ကြီးစိုးနေသဖြင့် နောက်ကိုပင် လှည့်မကြည့်တော့ဘဲ ထွက်ပြေးတော့၏။

ဝမ်လင်းက မျက်မှောင်ကျုံ့သွားသည်။ ထန်းလီ၏ကိုယ်ကြပ်အင်္ကျီက ပျက်စီးလုနီးပါးဖြစ်နေတာတောင်မှ ဓားကို ဖောက်မဝင်နိုင်အောင် တားဆီးနိုင်လိုက်၏။ ဝမ်လင်းက လျှာကို ကိုက်ပြီး သွေးများကို ထွေးထုတ်လိုက်သည်။ အစိမ်းရောင်ဓားလေးက သွေးထဲတွင် ရုတ်တရက်ပေါ်လာပြီး တုန်ခါလာသည်။ ထို့နောက် ဓားက လျင်မြန်စွာဖြင့် ထန်းလီဆီသို့ ပြေးထွက်သွား၏။

ဝမ်လင်းက ဓားကို တည်နေရာပြောင်းရွေ့ခြင်းဖြင့် ထန်းလီ၏နောက်ကျောသို့ ရွေ့လိုက်ပြီး ကျောကို ဓားဖြင့် ထိုးစိုက်လိုက်သည်။ ထန်းလီက နောက်သို့ လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးက နီရဲနေပြီးကြောက်စရာ အလွန်ကောင်းနေ၏။ ထန်းလီ၏သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားများ ထွက်လာပြီး သူ့ခန္ဓာကိုယ်တွင် အကာအကွယ်များ ဖြစ်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် သူ့လက်ကို မြောက်ပြီး ဝမ်လင်းကို ညွှန်လိုက်၏။ သူ၏ခန္ဓာကိုယ်မှဓားက ရုတ်တရက် ရပ်တန့်သွားကာ ဝမ်လင်းဆီကို အပေါ်မှအောက်သို့ တန်းတန်းမတ်မတ် ပိုင်းချလိုက်ပြီး အလောင်းကောင်ဆီကိုလည်း လျှပ်စီးလုံးများ ပစ်လွှတ်လိုက်သည်။

ဝမ်လင်း၏ဓားကပဲ သူ့ကို အရင်ထိုးမိမလား သို့မဟုတ် သူ့ဓားကပဲ ဝမ်လင်းကို နှစ်ပိုင်း ပိုင်းမလား ဆိုပြီး ထန်းလီက ဝမ်လင်းနှင့် အလောင်းအစား လုပ်လိုက်ခြင်းသာ ဖြစ်သည်။ ဝမ်လင်းကသာ တည်နေရာပိုင်းရွေ့ခြင်းကို သုံးလျှင် ဓားကို ထိန်းချုပ်နိုင်မှု လျော့ကျသွားပြီး သူ့ကို ထွက်ပြေးရန် အချိန်ပေးလိုက်သကဲ့သို့ ဖြစ်သွားမည်။ သူ၏စိတ်စွမ်းအင်များက ကုန်ဆုံးလုနီးပါး ဖြစ်နေသဖြင့် ဒီနေရာ၌သာ ဆက်နေပါက ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နေပေလိမ့်မည်။

ထိုအချင်းအရာကို မြင်ပြီး စစ်ထူနန်က အော်လိုက်သည်… “အရူးမင်းက အရူးပဲ… “

ဝမ်လင်း၏ဆုံးဖြတ်ချက်ကိုပင် စောင့်မနေတော့ဘဲ စစ်ထူနန်က သူကို့ တည်နေရာပြောင်းပေးရန် ဆုံးဖြတ်ချက် ချလိုက်၏။ အပြာရောင်အလင်းများ ထွက်ပေါ်လာသည်နှင့် ဝမ်လင်းက အော်ပြောလိုက်သည်… “မလုပ်နဲ့နေရာပြောင်းဖို့ အချိန်မတန်သေးဘူးရပ်လိုက်… “

အပေါ်မှ ကျလာသည့်ဓားကို ဝမ်လင်းက လုံးဝမကြည့်ဘဲ သူ၏ဓားကိုသာ ထိန်းချုပ်လိုက်သည်။ ဓားက ထန်းလီ၏အတားအဆီးအလွှာများကို ရှောင်ပြီး ထန်းလီ၏ရှေ့တွင် ပေါ်လာသည်။

သူ့ရှေ့ပေါ်လာသောဓားကို ကြည့်ပြီး ထန်းလီ၏စိတ်ထဲတွင် ကြောက်စိတ်များ ထိန်းမနိုင်၊သိမ်းမရ ဖြစ်လာသည်။ သူ့ဓားက ဝမ်လင်း၏ဦးခေါင်းထက် မီတာဝက်တွင်သာ ရောက်သေး၏။ သို့သော်လည်း ဓား၏စွမ်းအားကြောင့် ဝမ်လင်း၏နဖူးမှ သွေးများ စီးကျလာသည်။ ဝမ်လင်းကလည်း မျက်တောင်ပင် မခတ်ဘဲ ကြိတ်မှိတ်ပြီး အော်လိုက်သည်… “သေစမ်း… “

အစိမ်းရောင်ဓားက ထန်းလီ၏ကိုယ်ကျပ်အင်္ကျီနှင့်ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားပြီး သူ့နောက်တွင် သွေးများက ဖြာထွက်သွား၏။

တစ်ချိန်တည်းမှာပင် စစ်ထူနန်က ဝမ်လင်းကို နေရာပြောင်းလိုက်သည်။ ထန်းလီ၏ဓားအောက်မှ အပြာရောင်အလင်းများနှင့် ဝမ်လင်း၏ခန္ဓာကိုယ်က ဖျက်ခနဲပျောက်သွားပြီး ထန်းလီ၏ခန္ဓာကိုယ်ရှေ့တွင် ပေါ်လာ၏။

ကြီးမားသောဓားကြီးက မြေပြင်ပေါ်သို့ ဆက်လက်ကျဆင်းသွားပြီး မြေပြင်ပေါ်တွင် အက်ကွဲကြောင်းကြီး ဖြစ်သွားစေသည်။

ဝမ်လင်းက နဖူးမှ သွေးများကို လျစ်လျူရှုပြီး ဒူးထောက်ကာ လက်ကို ထန်းလီ၏ကိုယ်ပေါ်တွင် တင်လိုက်သည်။ ဝမ်လင်း ဘာလုပ်ချင်နေသည်ကို စစ်ထူနန် သိသွား၏။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က ရုတ်တရက် တောက်ပလာပြီး စွမ်းအင်စီးကြောင်းတစ်ခု ထွက်လာကာ ထန်းလီ၏ကိုယ်ထဲသို့ စီးဝင်သွား၏။ ထန်းလီ၏ခန္ဓာကိုယ်က အေးခဲသွားပြီး ကြောက်လန့်တကြားဖြစ်နေသော အမူအရာနှင့် ရေခဲရုပ်ထု ဖြစ်သွားသည်။

အားလုံးက အချိန်တိုလေးအတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ အဖြစ်အပျက် မြန်လွန်းလှ၍ အလောင်းကောင်သည် ဘာဖြစ်သွားမှန်းကိုပင် နားမလည်လိုက်ချေ။ ထန်းလီအေးခဲသွားသည်ကို မြင်ပြီး သူက သတိထားနေသည့် အမူအရာဖြင့် ဝမ်လင်းကို ကြည့်လိုက်၏။

ယခုအချိန်၌ အလောင်းကောင်ဆီသို့ ပစ်လွှတ်ထားသည့် လျှပ်စီးလုံးများကလည်း ပျောက်ကွယ်သွားပြီး ဖြစ်သကဲ့သို့ ကြီးမားသောဓားကြီးကလည်း မြေပြင်ပေါ်တွင် သေးငယ်သောငွေရောင်ဓားလေးတစ်ချောင်း အဖြစ်သို့ ပြောင်းပြီး အက်ကွဲကြောင်းထဲသို့ ပြုတ်ကျပြီး ဖြစ်၏။

ဝမ်လင်းက ရေခဲရုပ်ထုက ဆွဲယူပြီး နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ရင်း ဓားကို အလောင်းကောင်အား ချိန်ထားစေလိုက်သည်။

အလောင်းကောင်က ဝမ်လင်းကို စိုက်ကြည့်ပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ သူက ဝမ်လင်းဆီသို့ တစ်ဟုန်ထိုး ပြေးသွားမလို့ လုပ်သော်လည်း မြေပြင်ပေါ်မှ အက်ကွဲကြောင်းကြီးကို ကြည့်ပြီး တုန့်ဆိုင်းသွား၏။ အလောင်းကောင် တုန့်ဆိုင်းသွားသည်ကို မြင်ပြီး ဝမ်လင်းကလည်း ရသည့်အချိန်လေးကို အသုံးချကာ နောက်သို့ မီတာ၃၀၀ခန့်ထိ ဆုတ်ပြေးကာ တည်နေရာပြောင်းရွေ့ခြင်းကို အသုံးပြု၍ ပျောက်ကွယ်သွားသည်။

အလောင်းကောင်က ဝမ်လင်းထွက်ပြေးသွားသည်ကို မြင်ပြီး အားမလို၊အားမရဖြစ်သည့် အမူအရာဖြင့် အော်ဟစ်လိုက်သည်။ သူက အက်ကွဲကြောင်းထဲသို့ ခုန်ချသွားပြီး ထန်းလီ၏ဓားကို စိတ်လှုပ်ရှားသည့်အမူအရာဖြင့်ကောက်ယူလိုက်ပြီး မြိုချလိုက်၏။

……………………………………………..

ဝမ်လင်းက ရေခဲရုပ်ထုကို ကိုင်ထားပြီး သစ်တောထဲတွင် ပြေးနေသည်။ သူ၏မျက်နှာကလည်း ဖြူရော်နေ၏။ အလောင်းကောင် သူ့နောက် လိုက်မလာသည်ကို မြင်မှ စိတ်သက်သာရာရသွား၏။ ဘူးသီးခြောက်ကို ထုတ်ယူလိုက်ပြီး စိတ်ဝိညာဉ်ရေများကို တဂွတ်ဂွတ်မြည်အောင် သောက်ပြီး ခြေချိတ်ထိုင်ကာ ကျင့်ကြံလိုက်သည်။

တောအုပ်တစ်ခုလုံး တိတ်ဆိတ်နေသည်။ အချိန်တော်တော်ကြာပြီးနောက်တွင် စစ်ထူနန်၏ မကျေမနပ်ဖြစ်နေသော အသံကြောင့် မျက်လုံးကို ဖွင့်လိုက်၏။

ကောင်စုတ်လေးမင်း ရူးသွားပြီလားငါသာ နည်းနည်းလေး နောက်ကျသွားကြည့်မင်းတော့ သေပြီပဲ… “

ဝမ်လင်းကလည်း လေးလေးနက်နက် ပြန်ပြောလိုက်သည်… “ထန်းလီကို သတ်ဖို့ ဒါက အကောင်းဆုံး အခွင့်အရေးပဲသူရဲ့စိတ်စွမ်းအင်တွေ ပြန်ပြည့်သွားရင် ဒီလိုအခွင့်အရေးမျိုး နောက်တစ်ကြိမ် ရမှာ မဟုတ်ဘူးသူ ငါ့နောက်ကို လိုက်နေတာရက်တော်တော်ကြာပြီငါသာ သူ့ကို အသက်ရှင်ခွင့် ပေးလိုက်ရင်နောင်တစ်ချိန် ငါ့ကို ပြန်သတ်ဖို့ ကြိုးစားဦးမှာပဲဒါကြောင့်ပဲ ငါ စွန့်စားလိုက်တာသူ့ရဲ့ဓားရဲ့အမြန်နှုန်းက သူ့မှာကျန်တဲ့ စိတ်စွမ်းအင်ပမာဏနဲ့ သက်ဆိုင်တယ်သူ့ကိုယ်ထဲမှာ စိတ်စွမ်းအင် ဘယ်လောက်ကျန်မှာ မို့လို့လဲသူက အားပြတ်နေအချိန်ဒါ့ကြောင့် ငါ့ရဲ့ဓားထက် ဘယ်လိုလုပ် ပိုမြန်နိုင်မှာလဲ… “

ဝမ်လင်း၏စကားကို ကြားပြီး စစ်ထူနန် တိတ်သွားသည်။ ယခုမှသာ အစစ်အမှန်ဝမ်လင်းကို သိလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ အချိန်တော်တော်ကြာအောင် တိတ်ဆိတ်နေပြီးမှ သူက ပြောလိုက်သည်… “မင်းရဲ့ ဉာဏ်ရည်နဲ့ဆိုရင် ကျင့်ကြံခြင်းလောကမှာ ဂိုဏ်းတစ်ခုထူထောင်ဖို့ အရည်အချင်း ပြည့်မီတယ်… “

စစ်ထူနန်၏အသံတွင် ယခင်ကဲ့သို့ မောက်မာမှုများ မပါဘဲ လေးစားသည့်အရိပ်အယောင်များ အနည်းငယ်ပင် ပါနေသည်။ သူသာဆိုလျှင် ဝမ်လင်းကဲ့သို့ လုပ်ရဲမည် မဟုတ်ချေ။

ဝမ်လင်း ရေခဲများနှင့်ပိတ်မိနေသော ထန်းလီကို စိုက်ကြည့်ပြီး မေးလိုက်သည်… “သူ့ရဲ့အခြေခံကို ယူဖိုအတွက် အဆင်ပြေတယ်မလား… “

ဝမ်လင်း၏မေးခွန်းကို ကြားပြီး စစ်ထူနန်က တုန့်ပြန်လိုက်သည်… “ဒါက လုံးဝကို အဆင်ပြေတာပေါ့သူက ခန္ဓာကိုယ်သန့်စင်ခြင်းနှောင်းပိုင်းအဆင့်တစ်ယောက်မို့ သူ့ကို အသုံးပြုပြီး ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ချိုးဖြတ်တဲ့အခါ မင်းရဲ့ကျင့်စဉ်အဆင့်ကလည်း သာမန်ထက်ကို အလျင်အမြန် တိုးတက်လာလိမ့်မယ်ပြီးတော့ သူရဲ့ပင်ကိုယ်စွမ်းရည်နည်းနည်းလောက်ကိုလည်း မင်းရလိမ့်မယ်ဒါဆို မင်းရဲ့ပင်ကိုယ်စွမ်းရည်လည်း တိုးတက်သွားလိမ့်မယ်ဒီကောင်လေးက အသက်ငယ်ငယ်နဲ့ တစ်ကယ်ကို အစွမ်းထက်တဲ့ကောင်ပြီးတော့ သူ့ရဲ့ပင်ကိုယ်စွမ်းရည်ကလည်း အံ့အားသင့်ဖို့ ကောင်းတယ်ဟဟဒီတစ်ခါတော့ မင်းရဲ့အရဲစွန့်မှုကြောင့် မင်းက ကောင်းတာလေးတွေ ရသွားတာပဲ… “

စစ်ထူနန်က အခြေခံခိုးယူခြင်းတွင် အသုံးပြုရမည့် လင်္ကာများကို ဝမ်လင်းအား ရှင်းပြလိုက်သည်။ နေဝင်မှသာ ဝမ်လင်းအား ရှင်းပြ၍ ပြီးသွား၏။ ဝမ်လင်းက ပါးစပ်ထဲမှ ဓားကို ထုတ်လိုက်ပြီး အနီးတွင်ရှိသော သစ်ပင်ကြီးတစ်ပင်ကို ထိုးစိုက်လိုက်သည်။

သစ်ပင်ထဲတွင် အခေါင်းလုပ်ပြီးနောက် ဝမ်လင်းက ထန်းလီကို ဆွဲကိုင်ပြီး သစ်ခေါင်းထဲသို့ ခုန်ဝင်သွားလိုက်၏။

သူ ဓားကို သိမ်းမထားသဖြင့် ဓားက သူ့ဘေးတွင် မျောနေသည်။

သစ်ခေါင်းက သိပ်တော့ မကြီးသော်လည်း စိုစွတ်နေ၏။ သို့သော်လည်း ဝမ်လင်းက ဂရုစိုက် မစိုက်ပါသူက နဖူးမှ ဒဏ်ရာကို စိတ်ဝိညာဉ်ရေဖြင့် ဆေးပြီး စတင်ကျင့်ကြုံလိုက်သည်။

နောက်တစ်ရက် မနက်တွင် ဝမ်လင်းက စိတ်စွမ်းအင်များကို ပါးစပ်အပြည့် အန်ထုတ်ပြီး မြူများအဖြစ်ပြောင်းလဲသွားစေသည်။ လက်ကလည်း အငြိမ်မနေဘဲ အစီအရင်များကို ဖန်တီးနေပြီ အပြာရောင်အလင်းကို ပစ်လွှတ်လိုက်၏။

အပြာရောင်အလင်းက စိတ်စွမ်းအင်မြူထဲသို့ ဝင်သွားပြီးသည်နှင့် စိတ်စွမ်းအင်မြူများက ကျုံလိုက်၊ပွလိုက် ဖြစ်နေလေသည်။

ဝမ်လင်း၏ အမူအရာက တည်ငြိမ်နေပြီး လက်ကလည်း လှုပ်ရှားနေကာ အပြာရောင်အလင်းများကို စိတ်စွမ်းအင်မြူထဲသို့ တစ်ခုပြီး တစ်ခု ဝင်ရောက်သွားစေ၏။ အပြာရောင်အလင်းတန်းများ တဖြည်းဖြည်း ဝင်လာတာ များလာလေ စိတ်စွမ်းအင်မြူများ၏ ကျုံ့ခြင်း၊ပွခြင်းကလည်း မြန်လာလေ ဖြစ်နေသည်။

ထို့နောက် ဝမ်လင်းက ထန်းလီ၏ခန္ဓာကိုယ်ကို ဆွဲယူလိုက်၏။ စစ်ထူနန်က အလိုက်တသိပင် ရေခဲကို အရည်ပျော်အောင် လုပ်ပေးလိုက်သည်။

ထန်းလီကို ဝန်းရံနေသော ရေခဲများက လျှပ်တစ်ပြက်ဆိုသလိုပင် ပျောက်ကွယ်သွား၏။

ဝမ်လင်း၏မျက်လုံးကလည်း အရောင်လက်လာပြီး စိတ်စွမ်းအင်မြူများကို လက်ဖြင့် ညွှန်လိုက်ရာ မြူများက ထန်းလီ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။ ထန်းလီ၏ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွားပြီး မျက်နှာတွင် နာကျင်သည့်အမူအရာများ ပေါ်လာသည်။ သို့သော်လည်း သူ၏မျက်လုံးများက ပိတ်နေတုန်းပင် ဖြစ်သည်။ မကြာမီတွင် မြူများအားလုံး ထန်းလီ၏ခန္ဓာကိုယ်ထဲသို့ ဝင်သွား၏။

ဝမ်လင်းက အသက်ကို ဝအောင် ရှူလိုက်ပြီး လေးနက်သည့်အမူအရာများ မျက်နှာတွင်ပေါ်လာသည်။ လျှာထိပ်ဖျားလေးကို ကိုက်လိုက်ပြီး ထူးဆန်းသော သွေးသင်္ကေတ တစ်ခုကို လက်ဖြင့် ရေးဆွဲလိုက်၏။

ဝမ်လင်းက လက်ကို ဝေ့ရမ်းလိုက်ရာ သွေးသင်္ကေတသည် ထန်းလီ၏ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။

ချက်ချင်း ထန်းလီ၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်းထန် လှုပ်ခါလာပြီး သွေးများက ဒွါရအပေါက်များမှ စီးကျလာသည်။ သို့သော်လည်း သွေးများက အောက်သို့ ကျသွားခြင်းမျိုး မဟုတ်ဘဲ အတူတစ်ကွ ပေါင်းစည်းသွား၏။

မကြာမီ ထန်းလီ၏ခန္ဓာကိုယ်ထဲမှ ကျိုးကြေသည့်အသံများ ထွက်လာပြီး သူ့မျက်နှာကလည်း နီရဲလာ၏။ သွေးစက်များကလည်း အရေပြားမှ စိမ့်ထွက်လာသည်။

ဝမ်လင်း၏အမူအရာက အရေးကြီးသည့်အမူအရာမျိုး ဖြစ်လာသည်။ မျက်တောင်တစ်ချက်ပင် မခတ်ဘဲ နောက်ထပ် သွေးသင်္ကေတ တစ်ခုကို ရေးဆွဲပြီး ထန်းလီ၏ရင်ဘတ်ဆီသို့ ပစ်လိုက်၏။

ရုတ်တရက် ထန်းလီက ပါးစပ်ကို ပွင့်သွားပြီး စိတ်မသက်မသာြဖစ်စေသည့် ညည်းညူသံတချို့ ထွက်ပေါ်လာသည်။ သူ၏ကိုယ်ထဲမှ သွေးကြောများအားလုံးကလည်း ပျက်စီးသွားကာ တစ်ကိုယ်လုံးရှိသွေးများကလည်း အပြင်သို့ စိမ့်ထွက်ပြီး လေထဲတွင် ပေါင်းစည်းနေ၏။

မကြာမီ ဝမ်လင်း၏ရှေ့ရှိ ထန်းလီ၏ကိုယ်ပေါ်တွင် သွေးလုံးကြီး တစ်လုံး ရှိနေသည်။ ထန်းလီ၏ခန္ဓာကိုယ်ကတော့ သွေးမရှိတော့သဖြင့် တစ်ကိုယ်လုံး ဖြူရော်နေသည်။

ဝမ်လင်း၏နဖူးတွင်လည်း ချွေးများ စို့နေလေပြီ။ သူက သွေးလုံးကြီးကို ကြည့်ပြီး လက်ဖြင့် အစီအရင်တစ်ခုကို အလျင်အမြန် ဖန်တီးလိုက်ပြီး သွေးလုံးကြီးဆီသို့ ပို့လွှတ်လိုက်၏။ မကြာမီသွေးလုံးကြီးက ကျုံ့သွားပြီး လက်သီးဆုပ်အရွယ်ခန့်သာ ရှိတော့၏။ လက်သီးဆုပ်အရွယ်သွေးလုံးမှ သွေးနီရောင်အလင်းကို ထုတ်လွှတ်လျက်ရှိသည်။

ဝမ်လင်းက အသက်ဝဝ ရှူလိုက်၏။ ယခုအချိန်တွင် သူ၏တစ်ကိုယ်လုံးသည် ချွေးများဖြင့် ရွှဲနေပြီ ဖြစ်သည်။ လုံးဝ မနားဘဲ စိတ်စွမ်းအင်များကို အန်ထုတ်ကာ မြူအဖြစ်ပြောင်းပြီး အပြာရောင်အလင်းများ ပစ်ထည့်လိုက်၏။ ထို့နောက် ဝမ်လင်း၏လက်က လှုပ်ရှားသွားပြီး စိတ်စွမ်းအင်မြူများက ထန်းလီ၏ကိုယ်ထဲသို့ ဝင်သွားပြန်သည်။


rate now: