နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၅၇) ဝင်ရောက်ဝင်ပြိုင်ခြင်း (၇)
ရွှမ်တောက်ဂိုဏ်းမှ တပည့်အားလုံး ဒေါသ အကြီးအကျယ် ထွက်သွားကြသည်။ စိတ်ထဲမှလည်း ဝမ်လင်းကို အရမ်းမောက်မာသည်ဟု ကောက်ချက်ချလိုက်၏။ သို့သော်လည်း မည်သူမှ တက်မသွားရဲကြချေ။ အကြီးအကဲအိုးယန်နှင့်တခြားအကြီးအကဲနှစ်ယောက်ကလည်း ဝမ်လင်းကို စူးစူးဝါးဝါး ကြည့်နေကြသည်။
ဝမ်လင်းသည် ခေါင်းကို မော့ပြီး ရယ်မောလိုက်၏။ သူ၏လက်ရှိဖြစ်နေသည့်အခြေအနေက ကျိုးဖန်းလုပ်ခဲ့သည့်အခြေအနေနှင့် တစ်ပုံစံတည်း ဖြစ်နေလေသည်။ သူက သရော်ပြီး မေးလိုက်သည်… “ရွှမ်တောက်ဂိုဏ်းက တပည့်တွေက တစ်ပြိုင်တည်း အကုန်တက်လာရမှာကိုတောင် ကြောက်နေကြတာလား… “
ဟုန်ယွီဂိုဏ်းသားအားလုံးက ဝမ်လင်းကို ကျယ်လောင်စွာ အော်ဟစ်ပြီး ဩဘာပေးလိုက်ကြ၏။
“ရွှမ်တောက်ဂိုဏ်းက အကုန်လုံးက အသုံးမကျတဲ့ကောင်တွေလား… တစ်ပြိုင်တည်း အတူတက်လာရမှာကိုတောင် ကြောက်နေကြတယ်… အရင်က မာန်မာနတွေ ဘယ်ရောက်ကုန်ပြီလဲ… ထွက်ခဲ့ကြစမ်းပါ… “
“ဂိုဏ်းတူအစ်ကိုဝမ်က ပြိုင်ဘက်ကင်းပဲ… ရွှမ်တောက်ဂိုဏ်းကကောင်တွေကို ကောင်းကောင်းဆုံးမပစ်လိုက်စမ်းပါ… “
“မင်းတို့ရဲ့ဂိုဏ်းတူအစ်ကိုကြီးက လုံလောက်အောင် သန်မာမှု မရှိသေးဘူး… ဒုတိယဂိုဏ်းတူအစ်ကိုကြီးကလည်း အတူတူပဲ… တတိယဂိုဏ်းတူအစ်ကိုကြီးရော ရှိသေးလား… မင်းတို့အကုန်လုံးသာ တက်သွားလိုက်ပါကွာ… “
“လျိုဖန်း… ထွက်လာပြီး အရိုက်ခံကြည့်စမ်းပါ… “
ဟုန်ယွီဂိုဏ်းသားများက ပိုပြီး ဗရုတ်ကျလာသကဲ့သို့ ဟွမ်လုံ၏အပြုံးလည်း ပိုမို ပီပြင်လာပြီး ပါးစပ်က နားရွက်ပင် ချိတ်မိတော့မည် ဖြစ်၏။
နောက်ဆုံးတွင် ရွှမ်တောက်ဂိုဏ်း၏တပည့်တစ်ယောက်က မနေနိုင်တော့ပဲ ပြန်အော်ပြောလိုက်သည်။
“ဝမ်လင်း… မင်းက မောက်မာလွန်းတယ်… မင်းက ငါတို့အားလုံးကို အတူတက်လာခိုင်းတယ်ပေါ့… ညီအစ်ကိုတို့ ငါတို့အားလုံးတက်ပြီး သူ့ကို ဆုံးမကြမယ်… “
“မှန်တယ်… ဒါက သူတောင်းဆိုတာပဲ… စည်းမျဉ်းကို ချိုးဖောက်တာ မဟုတ်ဘူး… အကြီးအကဲ ကျွန်တော်တို့ကို သွားခွင့်ပြုပါ… “
“အကြီးအကဲ… ဝမ်လင်းက မောက်မာလွန်းတယ်… ကျွန်တော်တို့အားလုံးကို သွားခွင့်ပြုပါ… “
ရွှမ်တောက်ဂိုဏ်း၏တပည့်များက တစ်ယောက်ပြီး တစ်ယောက်မေးလာကြသောအခါ အကြီးအကဲအိုးယန်က အံကို တင်းတင်းကြိတ်ပြီး ပြောလိုက်သည်… “ဟုန်ယွီဂိုဏ်းက တောင်းဆိုလာတာဆိုတော့ မင်းတို့အားလုံး စင်မြင့်ပေါ်ကို တက်ချင်တဲ့သူ တက်သွားလို့ရတယ်… “
သူပြောပြီးသည်နှင့် တပည့်၃ယောက်က စင်မြင့်ပေါ်သို့ ချက်ချင်း ခုန်တက်လိုက်ကြ၏။ တစ်စက္ကန့်ပင် မရှိသေးသည့်အချိန်အတွင် စင်မြင့်ထက်သို့ တပည့်၈ယောက်အထက် ရောက်လာကြသည်။ သူတို့ကြားထဲတွင် မိန်းကလေးတပည့်တချို့ပင် ပါ၏။ တစ်ယောက်က အော်လိုက်သည်နှင့် သူတို့က သူတို့၏တိုက်ပွဲဝင်မှော်ရတနာများကို ထုတ်ယူပြီး ဝမ်လင်းကို တိုက်ခိုက်လိုက်ကြသည်။
ဝမ်လင်းက သူတို့ကို ဂရုမစိုက်ဘဲ ဆွဲငင်အားပညာရပ်ဖြင့် လက်ကြီးများကို ဖန်တီးပြီး သူတို့ကို နောက်တွင်ရှိသည့် လူအုပ်ထဲသို့ ရိုက်ထုတ်လိုက်၏။ သူတို့လွှင့်ထွက်သွားသည်နှင့်တစ်ပြိုင်နက် ချက်ချင်း စင်မြင့်ထက်သို့ တပည့်များ ပျံသန်းပြီး ရောက်လာကြသည်။ ဝမ်လင်းက နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး ကြီးမားသောလက်ဖြင့် ပျံသန်းနေသည့်သူတို့ကို ဖမ်းဆွဲထားပြီး အဝေးသို့ လွှင့်ပစ်လိုက်၏။
လူအုပ်ထဲမှ အော်ဟစ်သံများက ထွက်ပေါ်လာသည်။ ရွှမ်တောက်ဂိုဏ်းမှ တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် စင်မြင့်ထက်မှ လွှင့်စင်ကျလာ၏။ သူတို့က မြေပြင်သို့ ကျပြီးသည်နှင့် ပြန်မထနိုင်ကြတော့ပေ။
ဝမ်လင်းကတော့ ပိုပြီးတိုက်ခိုက်လေ ဆွဲငင်အားကျင့်စဉ်ပညာရပ်ကို ပိုပြီး သုံးတတ်လာလေ ဖြစ်နေသည်။ အချိန်ခဏလေးအတွင်းတွင် ရွှမ်တောက်ဂိုဏ်းဘက်မှ ၃ယောက်သာ ကျန်တော့၏။ ထို၃ယောက်ထဲတွင် လျိုဖန်းသည် တစ်ယောက်အပါအဝင် ဖြစ်သည်။
ဝမ်လင်းက လူ၃ယောက်ကို ကြည့်ပြီး ရယ်မောကာ နောက်ဆုံးကျန်သောအနံ့ဆိုးဗုံးကို ထုတ်ယူလိုက်၏။
အနံ့ဆိုးဗုံးကို မြင်ပြီး လျိုဖန်း၏မျက်နှာက အကြီးအကျယ်ပျက်သွားသည်။ သူက တခြားနှစ်ယောက်ကိုပင် ဂရုမစိုက်တော့ဘဲ အော်ပြောလိုက်သည်… “အစ်ကိုဝမ်... ခွင့်လွှတ်ပေးပါ… ကျွန်တော်အရှုံးပါတယ်… “
သူက ပြောပြီးသည်နှင့် နောက်ဆုတ်ပြီး စင်မြင့်ပေါ်မှ လျင်မြန်စွာ ပြေးဆင်းသွား၏။ ကျိုးဖန်းနှင့်ယန်ရီ၏အဖြစ်အပျက်ကို သူမြင်ပြီးဖြစ်သည်။ သူလည်း ထိုအဖြစ်မျိုး မကြုံချင်ပေ။
နောက်ဆုံးကျန်သည့်တပည့်နှစ်ယောက်က ရှုမူနှင့်လီရှန်ဖြစ်သည်။
ရှုမူကလည်း ချက်ချင်း အရှုံးပေးပြီး စင်မြင့်ပေါ်မှ ကိုးရိုးကားရားဖြင့် ပြေးဆင်းသွား၏။
လီရှန်၏မျက်နှာက သောကများနှင့် ပြည့်နေသည်။ သူက ဝမ်လင်းကို အားထည့်ပြီး အော်ပြောလိုက်သည်… “ဝမ်လင်း… လာခဲ့စမ်းပါ… မင်းရဲ့နောက်ဆုံး အနံ့ဆိုးဗုံးကို ငါ့အပေါ်ပစ်လိုက်စမ်းပါ… “ သူ၏သန်မာမှုနှင့်ဆိုလျှင် သူက နောက်ဆုံးကျန်မည့်သူ ဖြစ်မလာနိုင်ပေ။ သို့သော်လည်း သူက စင်ပေါ်ရောက်သည်နှင့် လှဲချပြီး သေသလိုဟန်ဆောင်လိုက်သည်။ သူ့အပေါ် လူတချို့က တက်နင်းသွားကြသော်လည်း သူ့အနာဂါတ်အတွက်ဆိုရင် တန်သည်ဟု ဆိုလို့ရသည်။
လီရှန်၏အကြံက သူကိုယ်တိုင်လည်း အနံ့ဆိုးဗုံးထိသွားလျှင် သူ၏စီနီယာအစ်ကိုနှစ်ယောက်က အနည်းငယ်သနားပြီး ရိုက်နှက်ဆုံးမလျှင်တောင်မှ အရမ်းကြီးဆိုးလိမ့်မည် မဟုတ်တော့ပေ။
ဝမ်လင်းက လီရှန်ကို ကြည့်ပြီး မသိမသာလေး ပြုံးလိုက်၏။ သူက အနံ့ဆိုးဗုံးကို သိမ်းဆည်းလိုက်ပြီး ပြောသည်… “ဒီပစ္စည်းက ရတနာပစ္စည်းတစ်ခုပဲ… ဒါ့ကြောင့် လက်လွတ်စပယ် မသုံးသင့်ဘူး… မင်း အောက်ကို ပြန်ဆင်းသွားလိုက်တော့… “
သူ၏ဆွဲငင်အားပညာရပ်ဖြင့် လီရှန်ကို ကြက်ကလေးတစ်ကောင်ကဲ့သို့ ဆွဲယူပြီး စင်အောက်သို့ လွှင့်ပစ်လိုက်သည်။
အကြီးအကဲအိုးယန်နှင့်တခြားအကြီးအကဲနှစ်ယောက်လည်း အလွန်ဒေါသထွက်နေကြသည်။ ယခုအချိန်၌ သူတို့စိတ်ထဲတွင် ဤနေရာမှ တွင်းတူး၍သာ ထွက်သွားချင်နေတော့၏။
အလွန်ပျော်ရွှင်နေပုံရသည့်ဟွမ်လုံက မေးလိုက်သည်… “သူငယ်ချင်းအိုးယန်… ငါတို့ဂိုဏ်းနှစ်ခုကြားက ပြိုင်ပွဲမှာ ဘယ်ဂိုဏ်းနိုင်လဲ… “
အကြီးအကဲအိုးယန်က ခနဲ့သည့်လေသံဖြင့် ပြောလိုက်သည်… “ဟုန်ယွီဂိုဏ်းက ဒီလိုတပည့်မျိုးရထားလို့ ကံကောင်းသွားတာပါ… ဒီပြိုင်ပွဲမှာ မင်းတို့နိုင်တယ်… ငါ အရင်က ပြောခဲ့တဲ့စကားတွေက အမှန်ပဲ… မင်းတို့ဟုန်ယွီဂိုဏ်းက စဦးစိတ်ဝိညာဉ်အဆင့်တွေအားလုံး သေသွားပြီ… ဒီအိတ်ထဲမှာ မင်းတို့လိုချင်တဲ့ပစ္စည်းတွေအားလုံး ရှိတယ်… သွားပြီ… “
သူက အင်္ကျီလက်ကို ဝေ့ရမ်းလိုက်သည်နှင့် သိုလှောင်အိတ်တစ်ခုက ပျံသန်းသွား၏။ ဟွမ်လုံက သူ့ဆီသို့ လာနေသော သိုလှောင်အိတ်ကို ဖမ်းယူလိုက်သည်။
အကြီးအကဲအိုးယန်က အော်သံတစ်ချက်ပေးလိုက်ရာ အမဲရောင်တိမ်တိုက်တစ်ခုက သူရှိရာနေရာသို့ ပျံသန်းလာ၏။
နီးကပ်လာသောအခါ ထိုတိမ်တိုက်က ခြေတစ်ထောင်ကင်းခြေများကြီးဖြစ်နေသည်ကို ဝမ်လင်း မြင်လိုက်ရသည်။
အကြီးအကဲအိုးယန်က ချက်ချင်း ကင်းခြေများကြီးပေါ်သို့ ခုန်တက်လိုက်၏။ ရွှမ်တောက်ဂိုဏ်းမှ တပည့်အားလုံးကလည်း စိတ်ခံစားမှုမျိုးစုံနှင့် ကင်းခြေများကြီးပေါ်သို့ ပျံသန်းသွားကြသည်။
သူတို့အားလုံးထွက်သွားတော့မည့်အချိန်တွင် ဝမ်လင်း၏မျက်လုံက အရောင်လက်သွားပြီး ဆုံးဖြတ်ချက် ချပြီး အော်ပြောလိုက်သည်… “ရွှမ်တောက်ဂိုဏ်းသူဂိုဏ်းသားများနှင့်အကြီးအကဲများခင်ဗျာ… ကျွန်တော့်မှာ မလျော်ကန်တဲ့တောင်းဆိုချက်တစ်ခုရှိတယ်… “
ထို့နောက် သူက ဆွဲငင်အားပညာကို သုံးပြီး လေထဲသို့ ပျံတက်သွားကာ ကင်းခြေများကြီးကို ရပ်တန့်ထားလိုက်သည်။
အကြီးအကဲအိုးယန်၏မျက်နှာက သုန်မှုန်သွား၏။ ဟုန်ယွီဂိုဏ်းမှ တခြားတပည့်တစ်ယောက်ဖြစ်ပါက ဂရုစိုက်စရာပင် မလိုချေ။ သို့သော်လည်း ဝမ်လင်းက အစွမ်းထက်လွန်းလှသည်။ ထို့ကြောင့် သူ့နှလုံးသားထဲမှ မကျေနပ်သည်များကို မြိုသိပ်ထားပြီး ပြောလိုက်သည်… “ပြောကြည့်… “
ဝမ်လင်းက ခြေတစ်ထောင်ကင်းခြေများကြီးကို ကြည့်ပြီး ရိုးသားစွာ ပြောလိုက်သည်… “ကင်းခြေများကြီးဆီကနေ အဆိပ်နည်းနည်းလောက် ယူချင်ပါတယ်… အကြီးအကဲအိုးယန် ခွင့်ပြုမယ်လို့ ထင်ပါတယ်… “
အကြီးအကဲအိုးယန် ဘာမှမပြောရသေးခင် ရွှမ်တောက်ဂိုဏ်းသားများက ဒေါသထွက်ကာ တပည့်တစ်ယောက်က အော်ပြောလိုက်၏… “ဝမ်လင်း အရမ်းလွန်မလာနဲ့… “
“ဝမ်လင်း… ဒီကင်းခြေများကြီးက ငါတို့ဂိုဏ်းရဲ့ အစောင့်အရှောက်စိတ်ဝိညာဉ်သားရဲကြီးလေ… သူ့ရဲ့အဆိပ်ကို မင်းကို ဘယ်လိုပေးနိုင်မှာလဲ… “
“ဝမ်လင်း… မင်းက မောက်မာလွန်းတယ်… အကြီးအကဲ… သူက ကျွန်တော်တို့ဂိုဏ်းကို လေးစားမှု လုံးဝမရှိဘူး… သူကို့ သင်ခန်းစာပေးလိုက်ဖို့ တောင်းဆိုပါတယ်… “
အကြီးအကဲအိုးယန်က ဝမ်လင်းကို ကြောက်မက်ဖွယ်အကြည့်နှင့် ကြည့်ပြီး ပြောလိုက်သည်… “ဂျူနီယာ… ငါ မင်းအတွက်နဲ့ စိတ်အနှောင့်အယှက် အဖြစ်မခံနိုင်ဘူး… “
ဟွမ်လုံနှင့်ဟုန်ယွီဂိုဏ်းမှ အကြီးအကဲမျာက သူတို့၏ဓားပျံများကို စီးပြီး လေထဲသို့ တက်လာကြပြီး ဝမ်လင်း၏ဘေးတွင် ရပ်လိုက်ကြ၏။ ဟွမ်လုံက ပြတ်သားသောအသံဖြင့် ပြောလိုက်သည်… “သူငယ်ချင်းဟွမ်လုံ… မင်းတို့ဂိုဏ်းက ကပ်စေနဲ မနေသင့်ဘူး… ဒါက ကင်းခြေများရဲ့ အဆိပ်လေးပဲလေ… သူ့ရဲ့အသက်ကို ယူမယ်လို့ ပြောနေတာမှ မဟုတ်တာ… “
အကြီးအကဲအိုးယန်၏မျက်နှာက မဲမှောင်လာပြီး ဟွမ်လုံကို ဒေါသမျက်လုံးဖြင့် ကြည့်ပြီး ပြောလိုက်၏… “သူငယ်ချင်းဟွမ်လုံ… ကင်းခြေများအဆိပ်ကို နည်းနည်းလောက်ယူတာက ကိစ္စကြီးကြီးမားမာ မဟုတ်ပါဘူး… ဒါပေမဲ့ မင်းတို့ဂိုဏ်းက ဂျူနီယာက ငါတို့ဂိုဏ်းအပေါ် မောက်မာပြီး လေးစားမှု မရှိဘူး… “
ဟွမ်လုံက ခဏလောက် တုန့်ဆိုင်းသွားသည်။ သူက ရွှမ်တောက်ဂိုဏ်းကို အလွန် အခက်တွေ့အောင် မလုပ်ချင်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ယူလာသည့်သတင်းဆိုးကြောင့်ဖြစ်၏။ ထိုသတင်းသာ အမှန်ဖြစ်ပါက ကျောင်းနိုင်ငံရှိ ကျင့်ကြံခြင်းလောက၏မျှခြေသည် ပြောင်းလဲသွားပေလိမ့်မည်။
ဝမ်လင်းလည်း တိတ်ဆိတ်သွား၏။ ကင်းခြေများအဆိပ်ကို သူ ရအောင် ယူရပေလိမ့်မည်။ အကြီးအကဲအိုးယန်ကို ကြည့်ပြီး ဝမ်လင်းက ပြောလိုက်သည်… “အကြီးအကဲအိုးယန်… ကျွန်တော်က အဆိပ်နည်းနည်းပဲ လိုချင်တာပါ… သူ့ကို မနာကျင်စေရဘူးလို့ ကတိပေးပါတယ်… အကြီးအကဲသာ သဘောတူရင် အဆိပ်ကို တစ်ခုခုနဲ့ လဲချင်ပါတယ်… “
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၅၈) ပြီးဆုံးခြင်း
အကြီးအကဲအိုးယန်က ဝမ်လင်းကို အထင်သေးသည့်အကြည့်ဖြင့် ကြည့်ပြီး ပြောလိုက်၏… “မင်းက အခုမှ ဂျူနီယာလေးပဲ ရှိသေးတယ်… ငါနဲ့လဲဖို့ ဘာရှိမှာ မို့လို့လဲ… ဒါပေမဲ့ မင်းက ဟုန်ယွီဂိုဏ်းတည်ထောင်သူရဲ့ ရတနာပစ္စည်းကို ထုတ်ပြလာရင်တော့ ကင်းခြေများအဆိပ်တစ်စက်နဲ့ လဲကောင်းလဲလှယ်နိုင်မယ်… “
ဝမ်လင်းက မျက်မှောင်ကြုတ်ပြီး စိတ်ထဲမှ ကြိတ်လှောင်ပြောင်လိုက်၏။ ထို့နောက် သူ့က ဆွဲငင်အားပညာကို အားကုန်ထုတ်သုံးပြီး ဆွဲယူလိုက်သည်။
ချက်ချင်း အကြီးအကဲအိုးယန်၏အမူအရာက ပြောင်းလဲသွားသည်… “ဝမ်လင်း … မင်းလုပ်ရဲတယ်ပေါ့… “
အကြီးအကဲအိုးယန်သည်လည်း ပြောပြီးသည်နှင့် အင်္ကျီလက်ကို ဝေ့ရမ်းလိုက်ရာ ဟောင်းနေဟန်ရှိသည့်ဓားတစ်လက်ထွက်လာ၏။ ဓားထွက်ပေါ်လာသည်နှင့် ဓားပတ်လည်တွင် လေထုက စုစည်းလာပြီး ကြီးမားသောဓားတစ်လက်ပုံစံ ဖြစ်ပေါ်လာပြီး အောက်သို့ ခုတ်ပိုင်းချလိုက်သည်။
ဓားထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အကြီးအကဲအိုးယန်၏မျက်ဝန်းထဲတွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒအရိပ်အယောင်များ ပေါ်လာ၏။ ဝမ်လင်းက သန်မာလွန်းသည့်အတွက် နောင်တစ်ချိန်တွင် ရွှမ်တောက်ဂိုဏ်းကို ခြိမ်းခြောက်နိုင်မည့်လူတစ်ယောက် ဖြစ်လာနိုင်သည်။ ထို့ကြောင့် သည်အခွင့်အရေးကို အရယူပြီး ဝမ်လင်း၏ကျင့်ကြံမှုကို ဖျက်စီးရန် ကြိုးစားလိုက်ခြင်းဖြစ်၏။
ဟွမ်လုံ မျက်နှာပျက်သွားသည်။ အကြီးအကဲအိုးယန်၏ရည်ရွယ်ချက်ကို သူနားလည်လိုက်သည်နှင့် သူ၏ဓားကို ထုတ်ယူလိုက်သည်။ ဝမ်လင်းကတော့ ရယ်မောလိုက်၏။ သူ၏ဆွဲငင်အားပညာရပ်သည် ဆွဲငင်အားပညာရပ်၏အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ရုတ်တရက် ဝမ်လင်းက သူဖန်တီးထားသည့် မမြင်နိုင်သောလက်ကြီးကို မြင်နိုင်အောင် ပြုလုပ်လိုက်၏။
ကြီးမာသောလက်ကြီးနှစ်ဖက်သည် အဖြူရောင်အလင်းများ ထွက်ပေါ်နေပြီး ထိုအဖြူရောင်အလင်းများက လက်ကို လျင်မြန်စွာ လှည့်ပတ်နေသည်။ ပတ်ဝန်းကျင်မှ တိမ်များအားလုံးကလည်း ထိုလှည့်ပတ်မှုကြောင့် ကွဲသွားကုန်၏။
လက်ကြီးတစ်ဖက်က ကင်းခြေများ၏လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး နောက်လက်တစ်ဖက်က အပေါ်သို့မြှောက်ကာ ကျလာသည့်ဓားကို ဖမ်းဆုပ်ထားလိုက်သည်။
ကျလာသည့်ဓားက တဖြည်းဖြည်း အရှိန်လျော့ကျလာပြီး နောက်ဆုံးတွင် လေထဲ၌ ရပ်တန့်သွား၏။ အကြီးအကဲအိုးယန်၏မျက်နှာကလည်း နီရဲသွားပြီး ကြောက်ရွံ့သည့်အမူအရာများ ပေါ်လာသည်။
တခြားအကြီးအကဲနှစ်ယောက်သည်လည်း အံကြိတ်ပြီး သူတို့၏အဆင့်အတန်းကို လျစ်လျူရှုကာ တစ်ယောက်က သက်တန့်ရောင်အလင်းကို ထုတ်လိုက်သည်။ ထိုအလင်းက သက်တန့်ရောင်ဖဲကြိုးအဖြစ်ပြောင်းကာ ဝမ်လင်းဆီသို့ တိုးဝင်သွား၏။
ထိုအချိန်တွင် ကျန်အကြီးအကဲတစ်ယောက်ဆီမှလည်း ကျောက်စိမ်းလေးတစ်ခု ပစ်လွှတ်လိုက်သည်။ ထိုကျောက်စိမ်းမှ တစ္ဆေလိုလိုပုံနှင့် မီးလုံး၈လုံး ထွက်ပေါ်လာပြီး ဝမ်လင်းဆီသို့ ပြေးဝင်သွား၏။
ပြင်းထန်သောအပူလှိုင်းများက ဝမ်လင်းဆီသို့ အရင်ရောက်လာသော်လည်း ဝမ်လင်း၏အမူအရာက လုံးဝမပြောင်းလဲချေ။ သူက ဆွဲငင်အားပညာဖြင့် နောက်လက်တစ်ခုကို ဖန်တီးလိုက်သည်။ ထိုလက်က ဝမ်လင်း၏ပတ်လည်တွင် လေပွေတစ်ခု ဖန်တီးပြီး တစ္ဆေမီးလုံးများကို တဖြည်းဖြည်း ပျောက်ကွယ်သွားစေသည်။
အရာအားလုံးက အချိန်ခဏလေးအတွင်း အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခြင်း ဖြစ်၏။ ဟွမ်လုံက ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်ဖြင့် အစီအရင်တစ်ခုကို ဖန်တီးလိုက်သည်။ သူ၏ခရမ်းရောင်လဓားပျံက လျှပ်တစ်ပြတ် သက်တန့်ရောင်ဖဲကြိုးဆီသို့ ပျံသန်းသွား၏။
ဝမ်လင်းက အချိန်ကို အလဟဿ အဖြစ်မခံဘဲ ခြေတစ်ထောင်ကင်းခြေများအနီးသို့ ရွေ့သွား၏။ သူ၏ဆွဲငင်အားပညာဖြင့် ချုပ်နှောင်ထားသဖြင့် ကင်းခြေများကြီး အပြင်းအထန် ရုန်းကန်သော်လည်း မလွတ်မြောက်နိုင်ပေ။ ဝမ်လင်းက သူ့ညာလက်ကို ကင်းခြေများ၏ဦးခေါင်းပေါ်တင်ပြီး သူ၏စိတ်စွမ်းအင်များကို နှိုးဆွလိုက်သည်။ ကင်းခြေများဆီမှ နာကျင်သည့်အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး ကင်းခြေများကြီးက အနက်ရောင်အမှုန်အမွှားများ အန်ထုတ်လိုက်၏။
စက္ကန့်အနည်းငယ်အချိန်အတွင်းမှာပင် အားလုံးဖြစ်ပြီးသွားသည်။ မည်သူမှ တုန့်ပြန်ရန် အချိန်မရှိလိုက်ပေ။ နှစ်ဖက်စလုံးမှ အကြီးအကဲများက ကင်းခြေများ၏ဘေးနှစ်ဖက်တွင် တိုက်ခိုက်ရန်အတွက် အသင့်ဖြစ်နေကြ၏။ ကင်းခြေများကြီးကအဆိပ်ကို အန်လိုက်သည်ကို တောက်ရှုက မြင်လိုက်သောအခါ ဝမ်လင်းထံတွင် အဆိပ်ထည့်စရာ ပစ္စည်းမရှိမှာ စိုးရိမ်သွားပြီး အဖြူရောင်ပုလင်းသေးတစ်လုံးကို ပစ်ပေးလိုက်သည်… “တပည့်ဝမ်လင်း… အဆိပ်ထည့်ဖို့ ဒီပုလင်းကို သုံးလိုက်… “
ပစ်ပေးပြီးသည်နှင့် ဓားပျံကို ထုတ်ယူလိုက်ပြီး တစ္ဆေမီးလုံးများပစ်လွှတ်ခဲ့သည့် ရွှမ်တောက်ဂိုဏ်း၏အကြီးအကဲကို တိုက်ခိုက်လိုက်သည်။
ရွှမ်တောက်ဂိုဏ်းမှ အကြီးအကဲ၃ယောက်သည် ဟုန်ယွီဂိုဏ်းမှ အကြီးအကဲများက သူတို့ကို တားဆီးထားသည့်အတွက် ဒေါသတကြီး ဖြစ်နေကြ၏။ ဝမ်လင်းကိုလည်း မတားဆီးနိုင်တော့ပေ။
ကင်းခြေများကြီး အဆိပ်များ အန်ထုတ်သည်ကို မြင်လိုက်သောအခါ ဝမ်လင်းက လျင်မြန်စွာ နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။ သူက ပုလင်းကို ဖမ်းယူလိုက်ပြီး သူ၏စိတ်စွမ်းအင်များကို သုံးကာ အဆိပ်များကို ပုလင်းထဲသို့ ဝင်သွားအောင် လုပ်လိုက်၏။
အကြီးအကဲအိုးယန်က ဒေါသတကြီး အော်ပြောလိုက်သည်… “ဟုန်ယွီဂိုဏ်းက တော်တော်လွန်နေပြီနော်… “
ဟွမ်လုံက မသိမသာ သက်ပြင်းချလိုက်ပြီး သူ့ဓားကို သိမ်းကာ နောက်ကို ဆုတ်လိုက်သည်။ တခြားအကြီးအကဲများလည်း ထို့နည်းတူစွာပင် နောက်ဆုတ်သွားကြ၏။
ဝမ်လင်း၏မျက်နှာတွင် နောင်တရသည့်အရိပ်အယောင် တစ်စွန်းတစ်စ ပေါ်ထွက်လာသည်။ ခြေတစ်ထောင်ကင်းခြေများ၏အဆိပ်က သူ့အဖေခံစားနေရသည့် အအေးဓါတ်ရောဂါကို ကုသကောင်း ကုသနိုင်ပေလိမ့်မည်။ ထို့ကြောင့် မည်သို့ပင်ဖြစ်နေပါစေ အဆိပ်ကို ရအောင် ယူရပေမည်။ သူက အကြီးအကဲအိုးယန်ကို လက်နှစ်ဖက်ဆုပ်ပြီး အရိုအသေပေးကာ ပြောလိုက်သည်… “အကြီးအကဲအိုးယန်… ဒီကင်းခြေများအဆိပ်က ကျွန်တော့်အတွက် အလွန်အရေးပါနေလို့ပါ… ဒီပစ္စည်းလေးနဲ့ဆို အဆိပ်နဲ့ လဲလှယ်နိုင်မယ်လို့ ထင်ပါတယ်… “
ဝမ်လင်းက ပြောပြီးသည်နှင့်တစ်ပြိုင်နက် သာမန်ကျောက်စိမ်းပုလင်းတစ်လုံးကို ပစ်ပေးလိုက်သည်။ ကျောက်စိမ်းပုလင်းထဲတွင် တောင်အနောက်ဘက်မှ စမ်းရေများ အပြည့် ထည့်ထား၏။ ဝမ်လင်း တောင်အနောက်ဘက်မှ ထွက်မလာခင် သူ သိုလှောင်ထားသည့်ဘူးသီးခြောက်များထဲမှ ကျန်နေသေးသည့်စမ်းရေများ ဖြစ်၏။
အကြီးအကဲအိုးယန်၏မျက်နှာက သုန်မှုန်နေသည်။ သူက ကျောက်စိမ်းပုလင်းကို ဂရုတစိုက် စစ်ဆေးကြည့်ရာ မျက်မှောင်ကျုံ့သွားပြီး ပြောလိုက်သည်… “လွန်ခဲ့တဲ့နှစ်၅၀၀က ဟုန်ယွီဂိုဏ်းရဲ့ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ အမြောက်အများက စိတ်စွမ်းအင်များ သာမန်ထက် အဆပေါင်းများစွာ သိပ်သည်းသည့်ကျင့်ကြံရာနေရာတစ်ခုကို ဖန်တီးထားတယ်လို့ ကြားဖူးတယ်… ငါ့အထင် ဒီပုလင်းထဲကရေက အဲ့နေရာက ရေမလား… “
သူက ပုလင်းအဖုံးကို ဖွင့်လိုက်သောအခါ ပြင်းထန်သောစိတ်စွမ်းအားအရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ဟွမ်လုံက ကျောက်စိမ်းပုလင်းကို ကြည့်ပြီး မုတ်ဆိတ်ကို ပွတ်သပ်ကာ ပြောလိုက်၏… “ဒီကောင်လေးကတော့ တောင်အနောက်ဘက်စမ်းရေကိုတောင် ယူလာတယ်… “
အကြီးအကဲအိုးယန်က ပုလင်းကို လက်ထဲတွင် ကိုင်ထားရင်း အလေးချိန်ကို ခန့်မှန်းကြည့်လိုက်ပြီးနောက် ပြောလိုက်သည်… “သူငယ်ချင်းဟွမ်လုံ… မင်းမှာ တစ်ကယ်တော်တဲ့ တပည့်တစ်ယောက် ရှိတာပဲ… နှုတ်ဆက်ပါတယ်… “
ထို့နောက် သူက ဝမ်လင်းကို ကြည့်ပြီး ခဏလောက်တွေးကာ အသံထုတ်လွှင့်ခြင်းဖြင့် စကားတစ်ချို့ လှမ်းပို့လိုက်သည်… “ဝမ်လင်း… အဆိပ်ထုတ်ယူတဲ့ကိစ္စကို ခွင့်ပြုပေးနိုင်တယ်… ဒါပေမဲ့ ဟုန်ယွီဂိုဏ်းမှာ စဦးစိတ်ဝိညာဉ်အဆင့်တစ်ယောက်မှ မရှိတော့ဘူး… ဒါ့ကြောင့် ဒီမှာ နေမှာ မင်းအတွက် အန္တရာယ်များတယ်… “
ထို့နောက် သူက ခြေတစ်ထောင်ကင်းခြေများကြီးကို ထွက်ခွာရန် အချက်ပေးလိုက်သည်။ ကင်းခြေများကြီးက ဝမ်လင်းကို တစ်ချက်ကြည့်ပြီး မြောက်အရပ်သို့ ပျံသန်းသွား၏။
ထိုအချိန်တွင် ဝမ်လင်းသည် ကင်းခြေများကြီးပေါ်မှ သူ့ကို ကြည့်နေသော လှပသည့်မျက်ဝန်းတစ်စုံကို သတိပြုမိသွား၏။
ဝမ်လင်း မှင်သက်နေသည်။ သူ့စိတ်ထဲတွင် အကြီးအကဲအိုးယန်ပြောသည့်စကားလုံးများ ပဲ့တင်ထပ်နေ၏။ ဆွဲဆောင်မှုအပြည့်နှင့်မျက်ဝန်းပိုင်ရှင်ကတော့ တစ်ခါကြည့်မိသွားကတည်းက ရင်ထဲ မထိတော့ချေ။
ရွှမ်တောက်ဂိုဏ်းထွက်ခွာသွားပြီးနောက် ထင်းရှူးတောင်ထိပ်တစ်ခုလုံး တိတ်ဆိတ်သွား၏။ ဟွမ်လုံက တပည့်များဘက်လှည့်ပြီး ပြောလိုက်သည်… “ဒီနေ့ပြိုင်ပွဲမှာ ငါတို့ဂိုဏ်းက အနိုင်ရခဲ့ပြီ… ပင်မတပည့်အားလုံးကို ဆုပေးမယ်… မင်းတို့အားလုံး ဆေးဝါးအဆောင်ကို သွားပြီး တစ်ယောက်ကို စိတ်စွမ်းအင်စုစည်းဆေးလုံးတစ်ပုလင်းစီ သွားယူနိုင်တယ်… မင်းတို့အားလုံး ဝမ်လင်းကို အတုယူပြီး ကြိုးစားကြပါ… “
ပင်မတပည့်အားလုံး ပျော်ရွှင်သွားကြ၏။ ယခုအချိန်မှစပြီး ဝမ်လင်းကို မည်သူမှ အသုံးမကျသည့်ကောင်ဟု ခေါ်ရဲတော့မည် မဟုတ်ပေ။
ဝမ်ကျောက်၏စိတ်ကတော့ မတည်ငြိမ်နိုင်တော့ချေ။ သူက ရွှမ်တောက်ကို ပြောလိုက်သည်… “ဆရာ… တပည့် ရှင်ခြင်းသေခြင်းလမ်းကို သွားချင်တယ်… ဒါဆို တပည့် တခြားကိစ္စတွေနဲ့ ပက်သက်ပြီး ကိုယ်ကိုယ်ကို စိတ်ပူတော့မှာ မဟုတ်ဘူး… “
တောက်ရှုက သက်ပြင်းချလိုက်သည်။ ဝမ်ကျောက်က သူ၏အချစ်ဆုံးတပည့်ဖြစ်၏။ ထို့ကြောင့် ဝမ်လင်းနှင့်သူ့တပည့်ကြား ကိစ္စများကို သိရှိနေသည်။ သူက ခဏလောက် စဉ်းစားပြီး ခေါင်းညိတ်လိုက်၏… “ကောင်းပြီ… မင်းကို ဝမ်လင်းနဲ့ မတွေ့စေဖို့အတွက် ခွင့်ပြုပေးပါ့မယ်… “
ဝမ်ကျောက်က ခါးသက်စွာ ပြုံးလိုက်သော်လည်း စကားတစ်ခွန်းမှ ထပ်မပြောတောချေ။
ထိုအချိန်တွင် ဟွမ်လုံက ထပ်ပြောလိုက်သည်… “မင်းတို့အားလုံး ပြန်နိုင်ပြီ… ဝမ်လင်း ငါနဲ့လိုက်ခဲ့… “
ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။ သူက လူအုပ်ကြီးကို ကြည့်လိုက်ပြီး သူ့အကြည့်က လုယွင်ကျဲထံသို့ ရောက်သွားပြီး ပြောလိုက်သည်… “ဂိုဏ်းတူအစ်ကိုတတိယခေါင်းဆာင်လု… ခဏစောင့်ပါဦး… “
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၅၉) စစ်ဆေးမေးမြန်းခြင်း
လုယွင်ကျဲ၏ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်သွား၏။ သူက ဝမ်လင်းကို အားတင်း၍ ပြုံးပြပြီး ပြောလိုက်သည်… “ဝမ်…အစ်ကိုဝမ်လင်း တစ်ခုခုများ လိုအပ်လို့လား… စွမ်းအင်စုစည်းဆေးတချို့ လိုချင်ရင် ငါ့မှာ တော်တော်များများကျန်သးတယ်… အဲ့တာတွေကို ငါ မင်းကို ပေးနိုင်ပါတယ်… “
“ဂိုဏ်းတူအစ်ကိုလုဆီကနေ ကျွန်တော်လိုချင်တဲ့ဟာက ဆေးအကူဝမ်ဟိုပဲ… “ ဝမ်လင်းက လုယွင်ကျဲကို စိုက်ကြည့်ပြီး ပြောလိုက်၏။ ယခင်က သူသည် လုယွင်ကျဲကို ဆန့်ကျင်ရန်အတွက် ယုံကြည်ချက် မရှိပေ။ သို့သော်လည်း ယခုအချိန်တွင်မူ သူ၏အစွမ်းကို ကောင်းကောင်းနားလည်နေပြီ ဖြစ်၏။
လုယွင်ကျဲ၏အမူအရာက ပျက်ယွင်းလာပြီး စိတ်ထဲတွင်လည်း ခါးသီးစွာ ရယ်မောလိုက်သည်။ လုယွင်ကျဲက အံကြိတ်ပြီး ပြောလိုက်သည်… “ဝမ်လင်း… ဝမ်ဟိုက ငါ့ရဲ့ဆေးအကူတစ်ယောက်ပဲ… သူ့က ငါ့ရဲ့ဆေးဖန်တီးခြင်းမှာ အရမ်းအရေးပါတယ်… ဒါ့ကြောင့် ငါ သဘောမတူနိုင်ဘူး… “
ဘေးတွင်ရပ်နေသည့် ဟွမ်လုံက ပဟေဠိဖြစ်သွားကာ အော်ပြောလိုက်သည်… “လုယွင်ကျဲ… အဲ့ဒါ ဆေးအကူတစ်ယောက်ပဲ မဟုတ်လား… ဘယ်လိုလုပ် အရေးပါသွားရတာလဲ… “
လုယွင်ကျဲ၏မျက်နှာက ပိုပျက်လာပြီး ပြောလိုက်၏… “ဂိုဏ်းခေါင်းဆောင်… ကျွန်တော် စည်းကမ်းတွေကို မလိုက်နာခဲ့မိပါဘူး… ဝမ်ဟိုက ပြီး… “
ဝမ်လင်း၏မျက်နှာအမူအရာက အကြီးအကျယ်ပြောင်းလဲသွားပြီး ဟုန်ယွီတောင်ထိပ်ဆီသို့ ပြေးထွက်သွား၏။
ဟွမ်လုံနှင့် တခြားအကြီးအကဲများကလည်း စိတ်ရှုပ်ထွေးနေသည့်ဟန်ဖြင့် သူ့နောက်မှ လိုက်သွားကြ၏။ တောက်ရှုက လုယွင်ကျဲကို ဖမ်းခေါ်လာပြီး ဝမ်လင်းနောက်သို့ လိုက်သွား၏။
မကြာမီ ပင်မဝန်းထဲမှ ဆေးဝါးအဆောင်သို့ ဝမ်လင်း ရောက်သွား၏။ သူက နတ်ဘုရားစိတ်အာရုံဖြင့် နေရာတစ်ခုလုံးကို စစ်ဆေးကြည့်လိုက်ရာ လျှို့ဝှက်ခန်းတစ်ခုထဲတွင် အားနည်းနေသောဝမ်ဟိုကို တွေ့လိုက်ရသည်။ အခန်းထဲသို့ ဝမ်လင်း ရောက်သွားချိန်တွင် သူ့ဒေါသက အမြင့်ဆုံးထိ ရောက်သွား၏။
ဝမ်ဟိုက ကြီးမာသောဆေးမီးဖိုကြီးထဲတွင် ခြေချိတ်ထိုင်နေသည်။ သူ၏အသက်စွမ်းအားများကလည်း နည်းသထက် နည်းလာနေသည်။
ဝမ်လင်းက ချက်ချင်း သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ဆွဲငင်အားပညာရပ်ဖြင့် ဝမ်ဟိုကို ဆွဲထုတ်လိုက်သည်။ ဆွဲငင်အားပညာရပ်ဖြင့် ဖန်တီးထားသည့်လက်ကြီးက ဆေးမီးဖိုနှင့် နီးကပ်လာသောအခါ ဆေးမီးဖိုထဲမှ သက်တန့်ရောင်အလင်းများ ထွက်ပေါ်လာပြီး ဝမ်လင်းဖန်တီးထားသည့်လက်ကြီးကို တားဆီးလိုက်သည်။
ဝမ်လင်းကလည်း ဆွဲငင်အားပညာရပ်ကို အမြင့်ဆုံးထိထုတ်သုံးလိုက်ရာ သက်တန့်ရောင်အလင်းကို ဖြိုခွဲလိုက်နိုင်သွား၏။ ဝမ်လင်းက ဝမ်ဟိုကို ညင်သာစွာ ထုတ်ယူလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ချထားလိုက်သည်။
ဝမ်လင်းက သူ၏ညာလက်ကို ဝမ်ဟို၏နဖူးပေါ်သို့ တင်ပြီး မျက်လုံးကိုမှိတ်ကာ ငြိမ်သက်သွား၏။
ထိုအချိန်တွင် ဟွမ်လုံနှင့်တခြားအကြီးအကဲများ ရောက်ရှိလာသည်။ မျက်နှာနီနီနှင့်အကြီးအကဲက ဆေးမီးဖိုကိုတစ်လှည့်၊ ဝမ်ဟိုကိုတစ်လှည့် ကြည့်ပြီး သူ၏မျက်နှာက အကြီးအကျယ်ပြောင်းလဲသွားပြီး အော်လိုက်မိသည်… “မီးပြင်းဖိုစမ်းသပ်ခြင်း… “
တောက်ရှုက သူ့လက်ထဲမှ လုယွင်ကျဲကို သေချာကြည့်ပြီး မြေပြင်ပေါ်သို့ ပစ်ချကာ ပြောလိုက်သည်… “လုယွင်ကျဲ… မင်းက အရမ်းတွေ သတ္တိကောင်းနေပါလား… မင်းကို သတိပေးထားတယ်… ဒီကျင့်စဉ်ကို ဂိုဏ်းထဲက လူတွေအပေါ်မှာ မသုံးခိုင်းထားတာ မေ့နေပြီလား… “
လုယွင်ကျဲ၏မျက်နှာက ဖြူရော်သွားပြီး မြေပေါ်သို့ ဒူးထောက်ကာ ပြောလိုက်သည်… “ကျွန်တော် ဂိုဏ်းကို အသက်၁၅နှစ်မှာ ဝင်လာတယ်… အခု ၂၅နှစ်ကျော်လေ့ကျင့်တာတောင် ကျွန်တော်က အလွှာ၆ကိုပဲ ရောက်သေးတယ်… ကျွန်တော် အရှုံးမပေးချင်ဘူး… မီးပြင်းဖိုစမ်းသပ်ခြင်းကျင့်စဉ်သာ အောင်မြင်သွားရင် ရလာတဲ့ဆေးလုံးက ကျွန့်တော်ရဲ့အသက်ကို ဆွဲဆန့်ပေးနိုင်လိမ့်မယ်… ဒါကြောင်မို့ လုပ်ခဲ့မိတာပါ… ဝမ်ဟိုက ကျွန်တော့်ရဲ့ ဆေးအကူတစ်ယောက်ပဲလေ… ဂိုဏ်းရဲ့စည်းမျဉ်းတွေအရဆို သူ့က ဂိုဏ်းရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်တဲ့အတွက် ကျွန်တော် လုပ်ချင်သလို လုပ်လို့ရတယ်… “
ဝမ်လင်းက သူ့မျက်လုံးကို ဖွင့်လိုက်သည်။ အစောပိုင်းတုန်းက ဝမ်ဟို၏အသက် အရေးကြီးသည့်အခြေအနေကို ရောက်ရှိနေပြီး ဝမ်ဟို၏ကိုယ်ထဲသို့ သူ၏စိတ်စွမ်းအင်များ သွင်းပေးလိုက်သောကြောင့် ဝမ်ဟို၏အသက်ကို ကယ်လိုက်နိုင်သည်။ သူက လုယွင်ကျဲ၏စကားကို ကြားပြီးနောက် နှာခေါင်းရှုံ့လိုက်၏။
ဟွမ်လုံ ဝေခွဲရခက်နေသည်။ တစ်ဖက်က ပါရမီရှင်ဝမ်လင်း၊ တစ်ဖက် ၂၅နှစ်လုံးလုံး သစ္စာရှိလာသည့်လုယွင်ကျဲ။ နောက်ဆုံးတွင် သူက ခက်ခဲသည့်ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ သူက ဆုံးဖြတ်ချက် ချပြီးသည်နှင့် တောက်ရှုကို မေးလိုက်၏… “ဂိုဏ်းတူညီတောက်ရှု… မင်းက စည်းကမ်းထိန်းသိမ်းရေးမှူးပဲ … လုယွင်ကျဲကိစ္စကို ဘယ်လိုဖြေရှင်းမလဲ… “
ထိုစကားကိုကြားပြီး တောက်ရှုက ဂိုဏ်းခေါင်းဆောင်၏ဆုံးဖြတ်ချက်ကို နားလည်သွားပြီး ချက်ချင်း ပြောလိုက်သည်… “သီးခြားနေရာမှာ နှစ်၂၀ သွားနေရမယ်… “
ဟွမ်လုံက ခေါင်းညိတ်ပြီး ဝမ်လင်းဘက်ကို လှည့်ကာ ပြောလိုက်သည်… “ဝမ်လင်း… အခုကစပြီး ဝမ်ဟိုက ပင်မတပည့်တစ်ယောက် ဖြစ်သွားပြီ… ဒါက သူ့အတွက် နစ်နာခဲ့တာအတွက် ပြန်လုပ်ပေးတာပဲ… မင်းလည်း လုယွင်ကျဲဆီသွားပြီး ပြဿနာမရှာရဘူး… အားလုံးက ဂိုဏ်းသားအချင်းချင်းတွေချည်းပဲ… နည်းနည်း သည်းခံပေးပါ… “
ဝမ်လင်းက လုယွင်ကျဲကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်… “တပည့်လိုက်နာပါ့မယ်… “
ဟွမ်လုံက အင်္ကျီလက်အိုးကို ဝေ့ရမ်းပြီး ပြောလိုက်သည်… “ဒီကိစ္စကို ဖြေရှင်းပြီးသွားပြီ… တောက်ရှု…မင်းက ဒီနေရာမှာ ဝမ်ဟိုကို ကုသပေးဖို့ စီစဉ်လိုက်ပါဦး… ဝမ်လင်း ငါ့နောက်လိုက်ခဲ့… “ ထို့အခန်းထဲမှ ထွက်ကာ လေထဲသို့ ပျံတက်သွားပြီး ဝမ်လင်းကို စောင့်နေ၏။
တောက်ရှုက ဝမ်လင်းကို ကြည့်ပြီး ပြုံးပြလိုက်သည်… “တူတပည့်တမ်လင်း… စိတ်ပူမနေပါနဲ့… ဝမ်ဟိုကို ငါ့လက်ထဲမှာ စိတ်ချလက်ချ ထားခဲ့ပါ… “ သူက အသက်ရှင်နေသေးမှတော့ ပြန်ကောင်းလာဖို့ နည်းလမ်း ငါ ရှာနိုင်မှာပါ… “
ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။ အနည်းငယ်သက်သာလာသည့် ဝမ်ဟို၏မျက်နှာကို ကြည့်လိုက်ပြီး သူက ဆေးဝါးအဆောင်မှ ထွက်ကာ ဟွမ်လုံနောက်သို့ နောက်သွား၏။
ဝမ်လင်းက တစ်ချိန်လုံး တွေးတောနေသည်။ သူနှင့် နှစ်ယောက်တည်း စကားပြောချင်သည့် ဂိုဏ်းခေါင်းဆောင်ဟွမ်လုံ၏ရည်ရွယ်ချက်ကို ဝမ်လင်း နားလည်ပေသည်။ ဟွမ်လုံက ဝမ်လင်းကို အဓိကခန်းမထဲသို့ ခေါ်လာပြီးသည်နှင့် ရုတ်တရက် အော်ပြောလိုက်၏… “ဝမ်လင်း… မင်းက တော်တော် သတ္တိရှိနေတာပဲ… “
ဝမ်လင်း၏အမူအရာက ပြောင်းလဲမသွားဘဲ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်… “ဂိုဏ်းခေါင်းဆောင်… ပြောစရာရှိရင် ပြောပါ… “
ဟွမ်လုံက ပြောလိုက်သည်… “ပြိုင်ပွဲမှာတုန်းက မင်း ဘာကျင့်စဉ်ကို သုံးခဲ့တာလဲ… “
ဝမ်လင်းက ရယ်ပြီး ပြန်ဖြေလိုက်၏… “ဆွဲငင်အားကျင့်စဉ်ပါ… ဂိုဏ်းခေါင်းဆောင် မယုံရင် သေသေချာချာကြည့်ထားပါ… “
ပြောပြီးသည်နှင့် ဝမ်လင်းက ဆွဲငင်အားပညာရပ်ကို အသုံးပြုပြီး ခန်းမထဲရှိ စားပွဲနှင့်ထိုင်ခုံများကို ဆွဲယူပြီး စက်ဝိုင်းသဏ္ဍာန် လှည့်ပြလိုက်သည်။ ထို့နောက် စားပွဲနှင့်ထိုင်ခုံများကို အရင်နေရာတွင် ပြန်ထားလိုက်၏။
ဟွမ်လုံးက သေသေချာချာကြည့်ပြီးနောက် အနည်းငယ်စဉ်းစားကြည့်ပြီးနောက် ရုတ်တရက် မေးလိုက်သည်… “မင်းက အခုမှ တတိယအလွှာကိုပဲ ရောက်သေးတာလေ… ဘာလို့ဒီလောက်တောင် စွမ်းအားပြင်းနေရတာလဲ… မင်းရဲ့ အစစ်အမှန်အဆင့်က ဘယ်လောက်လဲ… ဝမ်လင်း ငါ့ကို အမှန်ပြောပါ… “
ဝမ်လင်း၏မျက်နှာတွင် ခါးသက်သည့်အမူအရာတစ်ခုပေါ်လာပြီး ပြန်ဖြေလိုက်သည်… “တပည့် ဒါကို သေသေချာချာ မသိပါဘူး… ဒီလိုပဲ လေ့ကျင့်ရင်းနဲ့ ဒီလိုဖြစ်လာတာပဲ… ကျွန်တော်ရောက်နေတဲ့အဆင့်နဲ့ ပက်သက်လို့ တစ်ကယ် မသိပါဘူး… “
ဟွမ်လုံက ဝမ်လင်းကို စိုက်ကြည့်ပြီး ပြောလိုက်၏… “ဝမ်လင်း… မင်း ငါ့ကို မပြောပြချင်လို့လား… “
ဝမ်လင်း၏မျက်နှာက ရှုံ့မဲ့သွားပြီး ဖြေလိုက်သည်… “တပည့် တစ်ကယ် မသိတာပါ… “
ဟွမ်လုံက မသိမသာ သက်ပြင်းချလိုက်သည်။ ဝမ်လင်းကို ဖိအားမပေးချင်ပေ။ မည်သို့ပင် ဖြစ်စေကာမူ ဝမ်လင်း၏ ဟုန်ယွီဂိုဏ်းသားတစ်ယောက် ဖြစ်ပြီး သူက ဂိုဏ်းအတွက် ဂုဏ်ဆောင်ပေးထားသည့်တပည့်တစ်ယောက်လည်း ဖြစ်၏။ သူက ပင်မတပည့်ကြားထဲမှ ကြည့်ပွင့်တစ်ပွင့် ဖြစ်သည်။ ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် ဟွမ်လုံက ဝမ်လင်းကို ဖော်ရွေစွာ ပြုံးပြပြီး ပြောသည်… “ရွှမ်တောက်ဂိုဏ်းကို ပေးလိုက်တဲ့ ပုလင်းထဲမှာ ဘာပါလဲ… “
ဝမ်လင်းက တခစ်ခစ်ရယ်လိုက်သည်။ သူက လက်ကို ဝေ့ရမ်းလိုက်ရာ ပုလင်းသေးနှစ်ခု ထွက်ပေါ်လာသည်။ သူက ပုလင်းနှစ်လုံးကို ဟွမ်လုံးအား ပေးပြီး ပြောလိုက်၏… “ဂိုဏ်းခေါင်းဆောင် ဒါကို ပြောနေတာထင်တယ်… ဒါဆို ကျွန်တော့်ထက်တောင် ပိုသိရဦးမယ်… ဒါက တောင်အနောက်ဘက်က စမ်းရေတွေလေ… “
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၆၀) အကြီးအကဲ
ဟွမ်လုံက ပုလင်းနှစ်လုံးကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်… “တောင်အနောက်ဘက်က စမ်းရေကို အပြင်ကို ယူဆောင်သွားခွင့် မရှိတဲ့အတွက်ကြောင့် ဒီပုလင်းနှစ်လုံးကို ငါယူသွားမယ်… မင်းကတော့ ပြန်နားလို့ရပြီ… မှတ်ထားဦး မနက်ဖြန် ငါ့ကို လာတွေ့ပါ… မင်းအတွက် သင့်တော်မယ့် ကျင့်စဉ်နည်းစနစ်တစ်ခုကို ကျမ်းဆောင်ကနေ ယူပေးမယ်… “
ထိုစကားကို ကြားပြီး ဝမ်လင်း အလွန်စိတ်လှုပ်ရှားသွား၏။ သူက လေးစားစွာ နှုတ်ဆက်ပြီး ပြန်လာခဲ့သည်။ သူ၏ကျင့်စဉ်အဆင့်က မြင့်သော်လည်း ကျင့်စဉ်နည်းစနစ်ကတော့ ဆွဲငင်အားကျင့်စဉ်နည်းစနစ်တစ်ခုသာ ရှိလေသည်။
ဝမ်လင်း ထွက်သွားပြီးတောက် ဟွမ်လုံက လှည့်ပြီး ခါးကို ကိုင်းကာ ရိုသေစွာဖြင့် မေးလိုက်၏… “အကြီးအကဲရှန့်ကွမ်းရော ဝမ်လင်းပြောသွားတာတွေ အမှန်လို့ ထင်ပါသလား… သူနဲ့ပက်သက်လို့ ဘယ်လိုကိုင်တွယ်သင့်ပါသလဲ… “
အပြာရောင်ဝတ်ရုံဝတ်ဆင်ထားသော ပိန်ခြောက်ခြောက်အဘိုးအိုတစ်ယောက်က ခန်းမထဲသို့ လမ်းလျှောက်ဝင်လာသည်။ သူက ပြောလိုက်သည်… “ဟွမ်လုံ… ကောင်လေးက တစ်လုံးမှ အမှန်တွေမပြောသွားဘူးလို့ မပြောနိုင်ဘူးလား… “
ဟွမ်လုံ၏မျက်နှာတွင် ရှက်ရွံ့သောအရိပ်အယောင်များ ပေါ်လာသည်။
ဟုန်ယွီဂိုဏ်း၏စည်းမျဉ်းအရ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ရောက်လျှင် အကြီးအကဲဖြစ်လာပြီး အမြုတေဖွဲ့တည်ခြင်းအဆင့်သို့ရောက်လျှင် ပင်မအကြီးအကဲဖြစ်လာသည်။ စဦးစိတ်ဝိညာဉ်အဆင့်သို့ရောက်လျှင် ဟုန်ယွီဂိုဏ်း၏ဘိုးဘေးဟု သတ်မှတ်ကြသည်။ (ရှေ့မှာရေးတဲ့အကြီးအကဲဆိုတာ စွန်းတဇူးတို့မျိုးဆက်တွေကို တပည့်တွေက ခေါ်တာနော်၊ အခုရေးတဲ့အကြီးအကဲနဲ့ အဆင့်ခြင်းမတူပါဘူး)
ပုံမှန်အားဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၁၀ယောက်သည် တံခါးပိတ်ကျင့်ကြံနေလေ့ရှိသော်လည်း ရွှမ်တောက်ဂိုဏ်းမှ တုန်လှုပ်ဖွယ်သတင်းကို ကြားပြီးနောက် အမြုတေဖွဲ့တည်ခြင်းအဆင့် ပင်မအကြီးအကဲနှစ်ယောက်ကို ထိုကိစ္စအား ပြောပြရန် ဟွမ်လုံက အကြီးအကဲ၁၀ယောက်ကို အလျင်အမြန် သွားတွေ့ခဲ့သည်။
ဝမ်လင်း၏လုပ်ဆောင်ချက်များကိုလည်း ဟွမ်လုံက မမျော်လင့်ထားသည့်အတွက် ဝမ်လင်းကို ဤနေရာသို့ ခေါ်လာပီး မေးမြန်းခဲ့ခြင်း ဖြစ်၏။
အကြီးအကဲရှန့်ကွမ်းက ဟွမ်လုံ၏လက်ထဲမှ ပုလင်းကို သူ၏နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးပြီး ပြောလိုက်သည်… “ကောင်လေးပြောသွားတဲ့အထဲမှာ မှန်တာတစ်ခုတော့ ပါတယ်… အဲ့တာက တောင်အနောက်ဘက်ကရေတွေပဲ… ဒါကိုသာ နေ့စဉ်သောက်သုံးရင် ကျင့်ကြံခြင်းမှာ အထောက်အကူပြုလိမ့်မယ်… “
ဟွမ်လုံက ခဏလောက် တုန့်ဆိုင်းနေပြီးနောက် မေးလိုက်သည်… “အကြီးအကဲရှန့်ကွမ်း… ဝမ်လင်းအသုံးပြုသွားတာ တစ်ကယ်ပဲ ဆွဲငင်အားကျင့်စဉ်လား… “
အကြီးအကဲရှန့်ကွမ်းက ဟွမ်လုံကို ကြည့်ပြီး ဖြေပေးလိုက်သည်… “သူ့ပြိုင်ပွဲတွေကို ကြည့်ရသလောက်တော့ သေချာတယ်… သူသုံးတာ ဆွဲငင်အားကျင့်စဉ်ပဲ… “
ဟွမ်လုံက ဆက်မေးလိုက်သည်… “တစ်ကယ်ပဲ ဆွဲငင်အားကျင့်စဉ်လား… ဒါပေမဲ့ ဘာလို့ မှော်ရတနာတွေရဲ့အစွမ်းနဲ့တောင် ယှဉ်နိုင်ရလောက်တဲ့အထိ အစွမ်းထက်နေရတာလဲ… “
အကြီးအကဲရှန့်ကွမ်းက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်… “ဘယ်ကျင့်စဉ်မဆို… အချိန်ကြာကြာလေ့ကျင့်ပြီးသွားရင် သာမန်ထက်ပိုပြီး အစွမ်းထက်လာလိမ့်မယ်… ဒါပေမဲ့လည်း အဲ့တာက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကျင့်ကြံတွေအပေါ်မှာတော့ သုံးလို့ရမှာ မဟုတ်ဘူး… ဘယ်လိုပဲဖြစ်ဖြစ် ဒါက အခြေခံကျင့်စဉ်တစ်ခုပဲလေ… “
“ကောင်လေးရဲ့ကျင့်စဉ်က တစ်ကယ် အလွှာ၃မှာပဲ ရှိသေးတယ်… ဒါပေမဲ့ သူ့ကိုယ်ထဲမှာ စိတ်စွမ်းအင်တွေအများကြီး ရှိတယ်… ဒါ့ကြောင့် ငါလည်း သူ့ကို အားလုံး မစစ်ဆေးနိုင်လိုက်ဘူး… ငါ ခန့်မှန်းရသလောက်ဆိုရင် သူက ချီစုစည်းမှုအဆင့် အလွှာ၁၄လောက် ရှိလိမ့်မယ်… ဒါ့ကြောင့် သူက မကြာခင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင်ကို ရောက်သွားလိမ့်မယ်… ငါတို့ဂိုဏ်းက အန္တရာယ်ထဲရောက်နေတာကြောင့် ဒီလိုတပည့်တစ်ယောက်အတွက် လျှို့ဝှက်ချက်ရှိတာ အဆင်ပြေပါတယ်… ဟမ့် ရွှမ်တောက်ဂိုဏ်းက တစ်ကယ်ကို ဂိုဏ်းသေးသေးလေးပဲ… ချီစုစည်းခြင်းအဆင့်ဂျူနီယာလေးတွေကို အကြီးအကဲအဖြစ် ပို့လိုက်ပြီး ဝမ်လင်းကိုတောင် ငါတို့ရှေ့မှာ အသံထုတ်လွှင့်ခြင်းကိုသုံးပြီး စည်းရုံးရဲတယ်… “
ဟွမ်လုံ မှင်သက်သွား၏။ သူက အသံထုတ်လွှင့်ခြင်းအကြောင်းမမေးသော်လည်း တခြားအကြောင်းအရာတစ်ခုကို မေးလိုက်သည်… “ဟွမ်လုံ လုပ်လိုက်ပါ့မယ်… အကြီးအကဲရှန့်ကွမ်း… ဘိုးလေးတွေအကြောင်းကရော… “
အကြီးအကဲရှန့်ကွမ်းက သက်ပြင်းချလိုက်၏။ သူက ခေါင်းကို ခါရမ်းပြီး ပြောလိုက်သည်… “ဘိုးဘေးတွေက ငါတို့ကို အကြောင်းမပြန်တာ နှစ်၃၀ရှိပြီ… ရွှမ်တောက်ဂိုဏ်းက ဟုန်ယွီတောင်ထိပ်ကို လိုချင်နေတယ်… ဒီကိစ္စမှာ ငါတို့ ဘာမှလုပ်နိုင်တာ မရှိဘူး… ပင်မအကြီးအကဲနှစ်ယောက် စဦးစိတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်သွားမှ အရှက်ခွဲခဲ့တဲ့သူအားလုံးကို ပြန်ပေးဆပ်ခိုင်းမယ်… “
ဟွမ်လုံ၏မျက်နှာတွင် ခါးသီးမှုများ ပြည့်နေပြီး ခေါင်းညိတ်လိုက်သည်။
ဝမ်လင်းကတော့ ခန်းမထဲမှ ထွက်လာသည်နှင့် ပင်မတပည့်အားလုံးက သူ့ကို လေးစားမှုအပြည့်ဖြင့် လမ်းဖယ်ပေးကြသည်။ သည်အဖြစ်က မနေ့ကနှင့် လုံးဝ ဆန့်ကျင့်ဘက်ပင် ဖြစ်၏။
‘ခွန်အား… ကျင့်ကြံခြင်းလောကမှာ ခွန်အားက အဓိကပဲ… ‘
စွန်းတဇူး၏ဥယျာဉ်သို့ ပြန်လာစဉ် ဝမ်လင်း၏စိတ်ထဲတွင် တစ်ခုခုကို ခံစားလိုက်ရသည်။
သူ ဥယျာဉ်ထဲသို့ ဝင်လိုက်သည်နှင့် စွန်းတဇူးက သူ့ဆီသို့ လျှောက်လာသည်ကို ချက်ချင်း မြင်လိုက်ရ၏။
စွန်းတဇူး၏မျက်နှာတွင် အပြုံးပန်းတစ်ပွင့်ဆင်မြန်းထားပြီး ဝမ်လင်းကို ပြောလိုက်သည်… “တပည့် တော်တယ်… ဆရာက မင်းက စောင့်နေတာ ကြာပြီ… ဒီမှာ ဆရာကိုယ်တိုင်လုပ်ထားတဲ့ ထိပ်တန်းအဆင့်ပြန်လည်အားပြည့်လက်ဖက်ရည်… မင်း ဒါကို သောက်လိုက်တာနဲ့ ဆေးဘယ်လောက်စွမ်းလဲ သိသွားလိမ့်မယ်… “
ပြောပြီးသည်နှင့် သူက ကျောက်စားပွဲပေါ်မှ ခွက်ကို ယူလိုက်ပြီး ဝမ်လင်းကို ကမ်းပေးလိုက်၏။
ဝမ်လင်း၏စိတ်ထဲတွင် ထူးဆန်းနေ၏။ စွန်းတဇူး၏အပြုအမူများက ပြောင်းလဲနေသည့်အတွက် သူ့ကို ခဏတာ မှင်သက်သွားစေသည်။
စွန်းတဇူးကလည်း ဝမ်လင်း၏အမူအရာကို မြင်သည်နှင့် ပြုံးပြကာ ရိုးသားမှုအပြည့်ပါသောမျက်လုံးဖြင့် ကြည့်ပြီး ပြောလိုက်သည်… “ဝမ်လင်း… မင်းရဲဆရာက မင်းအပေါ် မကောင်းခဲ့ဘူး…ပြီးတော့ ငါတို့ကြားမှာ နားလည်မှုလွဲတာလေးတွေ ရှိခဲ့တယ်… “
ဝမ်လင်းက ခွက်ကို မယူပေ။ သူက လက်ဖက်ရည်ခွက်ကို နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ စိတ်စွမ်းအင်လှိုင်းများကို တွေ့လိုက်ရသည့်အတွက် လက်ဖက်ရည်သောက်ရန် ငြင်းပယ်လိုက်၏… “တပည့် အရမ်းပင်ပန်းနေတာမို့… လက်ဖက်ရည် မသောက်တော့ပါဘူး… “
စွန်းတဇူးက လျင်မြန်စွာ ပြောလိုက်သည်… “ပင်ပန်းနေတာလား… အနားယူရမှာပေါ့… ဒီအခန်းက မင်းအနားယူဖို့အတွက် ကျဉ်းလွန်းတယ်… ဒီနေ့ကစပြီး ငါ့အခန်းမှာ လာနေနိုင်တယ်… “
ဝမ်လင်း၏အသွင်အပြင်က အပြင်ဘက်တွင် တည်ငြိမ်နေသော်ငြားလည်း သူ့စိတ်ထဲတွင် အချက်ပေးသံများ ဆူညံနေ၏။ ပြောရလျှင် စွန်းတဇူးတစ်ယောက်သာ သူ့အတွက် သံသယဖြစ်ဖွယ်အကောင်းဆုံး ဖြစ်နေသည်။ ထို့ကြောင့် ဝမ်လင်းက ခေါင်းကို ခါပြီး ပြောလိုက်သည်… “ဒီအခန်းက အဆင်ပြေပါတယ်… ပြီးတော့ ဒီမှာ အကြာကြီးနေမှာလည်း မဟုတ်ဘူးလေ… ကျွန်တော်က နောက်ရက်အနည်းငယ်လောက် တောင်အနောက်ဘက်ကို သွားပြီး တံခါးပိတ်ကျင့်ကြံရဦးမှာ… “
စွန်းတဇူးက တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း ဝမ်လင်းက လျင်မြန်စွာ နှုတ်ဆက်ပြီး ထွက်သွား၏။ စွန်းတဇူးက လက်ထဲမှ လက်ဖက်ရည်ခွက်ကို ကြည့်ပြီး မျက်လုံးထဲတွင် ရက်စက်သည့်အရိပ်အယောင်များ ပေါ်လာသည်။
ရုတ်တရက် ဝမ်လင်းက နောက်သို့ လှည့်လိုက်ပြီး စွန်းတဇူးကို ကြည့်လိုက်သည်။
စွန်းတဇူး၏မျက်နှာက ချက်ချင်း လူသေကောင်မျက်နှာကဲ့သို့ ဖြစ်သွားပြီး ပြောလိုက်သည်… “တပည့်… တခြားကိစ္စရှိသေးလို့လား... “
ဝမ်လင်းက ခနဲ့ချင်သည့်အမူအရာနှင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းပြီး ပြောလိုက်၏… “ဆရာကို ကြည့်ရတာ တစ်ခုခုကို အရမ်း ထိတ်လန့်နေသလိုပဲနော်… “
စွန်းတဇူး၏နှလုံးခုန်သံက မြန်လာပြီး နောက်သို့ ခြေလှမ်းဆုတ်လိုက်သည်။ ထိုအခါမှ အနည်းငယ် တည်ငြိမ်သွား၏။
“ဆရာ တစ်ကယ်ကို ထိတ်လန့်နေတာ… တပည့်က ဆရာ့ထက်တောင် သန်မာနေတယ်… ဆရာက အခုမှ အလွှာ၅ကိုပဲ ရောက်သေးတာလေ… “ စွန်းတဇူးက ပြောလိုက်သည်။
ဝမ်လင်းက လက်ဖက်ရည်ခွက်ကို ကြည့်ပြီး ပြောလိုက်၏… “ဆရာ… တပည့်အတွက် ဖျော်ထားတဲ့လက်ဖက်ရည်ကို ဆရာသောက်လိုက်ပါလား… “
စွန်းတဇူးသည် အမူအရာပျက်သွားပြီး အားတင်းကာ ပြုံးပြလိုက်သည်… “မင်း မသောက်ချင်ရင်လည်း လွှင့်ပစ်လိုက်လို့ရတာပဲ… “
ထိုသို့ ပြောပြီး ချက်ချင်း လက်ဖက်ရည်ခွက်ကို မြေပြင်ပေါ်သို့ ပစ်လိုက်ပြီး သူ့ခြေထောက်က ဥယျာဉ်ဂိတ်ထိတိုင်အောင် နောက်သို့ ဆုတ်သွား၏။
“ဆရာ သောက်လိုက်ပါ… “ ဝမ်လင်း၏အမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက မြေပြင်သို့ ကျတော့မည့်ခွက်ကို ဆွဲငင်အားပညာရပ်ဖြင့် ဖမ်းယူပြီး စွန်းတဇူး၏ရှေ့သို့ ပို့ပေးလိုက်၏။ လက်ဖက်ရည်ခွက်က စွန်းတဇူး၏ရှေ့ လေထဲတွင် ရှိနေသည်။ ဝမ်လင်းက သက်ပြင်ချလိုက်၏။ စွန်းတဇူးသည် သူ့အပေါ်တွင် ရန်သူကဲ့သို့ သဘောထားသည်ကို သူသိသည်။ ထို့ကြောင့် လက်ဖက်ရည်နှင့်ပက်သက်ပြီး တစ်ခုခုမှားနေသည်ကို ခန့်မှန်းမိခြင်းဖြစ်၏။
စွန်းတဇူးသည် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ချေ။ သူက အချိန်တော်တော်ကြာအောင် စဉ်းစားပြီးနောက် ပြောလိုက်သည်… “ဝမ်လင်း… မင်းက ဆရာ့ကို နားလည်မှုလွဲနေတယ် ထင်တယ်.. လက်ဖက်ရည်နဲ့ပက်သက်ပြီး ဘာမှမှားနေတာမရှိဘူးဆိုတာ ယုံပါ… မင်းယုံအောင် ငါသောက်ပြမယ်… “
စွန်းတဇူးက လက်ဖက်ရည်ခွက်ကို ယူပြီး သောက်လိုက်သည်။ ထို့နောက် ခွက်ကို မြေပြင်ပေါ်သို့ ပစ်ချပြီး ပြောလိုက်၏… “ဒါဆို အဆင်ပြေပြီလား… ဂိုဏ်းခေါင်းဆောင်က စကားပြောဖို့ ခေါ်ထားသေးတယ်… နောက်ကျရင် မကောင်းဘူး… ဒါ့ကြောင့် တခြားကိစ္စမရှိတော့ရင် နောက်မှ ပြောကြတာပေါ့… “
စွန်းတဇူးသည် ထိုသို့ ပြောပြီးသည်နှင့် နောက်လှည့်ပြီး ထွက်သွား၏။
ဝမ်လင်း၏မျက်လုံးက အရောင်လက်သွားပြီး သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားသည်။ စွန်းတဇူးသည် ဝမ်လင်းလှုပ်ရှားလာသည်ကို မြင်လိုက်သည်နှင့် နောက်သို့ လျှင်မြန်စွာ ဆုတ်သွားသည်။ သို့သော်လည်း ချီစုစည်းမှုအလွှာ၅တစ်ယောက်က ဝမ်လင်းကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။
ဝမ်လင်းသည် စွန်းတဇူး၏ဘေးနားသို့ ရောက်သည်နှင့်တစ်ပြိုင်နက် စွန်းတဇူး၏ရင်ဘတ်ကို ရိုက်လိုက်သည်။ စွန်းတဇူး လက်ဖက်ရည်ကို သောက်ခဲ့စဉ်က စွန်းတဇူးသည် လက်ဖက်ရည်ကို အမှန်တစ်ကယ် သောက်ခဲ့ခြင်း မဟုတ်ဘဲ စိတ်စွမ်းအင်ဖြင့် ထိန်းထားခြင်း ဖြစ်၏။
တစ်ချက်ရိုက်လိုက်ရုံမျှဖြင့် စွန်းတဇူး၏စိတ်စွမ်းအင်များက ပြန့်ကျဲသွားပြီး လက်ဖက်ရည်ကလည်း စွန်းတဇူး၏ကိုယ်ထဲသို့ လျင်မြန်စွာ ပျော်ဝင်သွား၏။
စွန်းတဇူး၏အမူအရာက ပျက်ယွင်းသွားကာ ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာသည်။ စွန်းတဇူးက ချက်ချင်းပဲ ပြောလိုက်သည်… “ဝမ်လင်း… မင်း ဘာလုပ်နေတာလဲ… မင်းရဲ့ဆရာကို သတ်နေတာလား… မင်း ငါ့ကိုသတ်ရင် ဟုန်ယွီဂိုဏ်းကလည်း မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး… “
ဝမ်လင်းက ငြိမ်သက်သွားသည်။ ထို့နောက် သူက နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ လက်ဖက်ရည်က စွန်းတဇူး၏ကိုယ်ထဲတွင် အပြည့်အဝ ပျော်ဝင်သွားသည်ကို တွေ့လိုက်ရ၏။ လက်ဖက်ရည်မှ ဖြစ်လာသည့် ငွေရောင်ကြိုးလေးများက စွန်းတဇူး၏ဦးခေါင်းဆီသို့ သွားနေသည်ကိုလည်း သတိပြုမိလိုက်သည်။
စွန်းတဇူးလည်း တစ်ခုခုမှားနေသည်ကိ ခံစားမိလိုက်သည်။ ထိုအချိန်တွင် ငွေရောင်ကြိုးလေးများက စွန်းတဇူး၏ဦးခေါင်းထဲသို့ ရောက်ရှိသွားပြီ စွန်းတဇူး၏ခက်ထန်နေသောမျက်နှာထားက ချက်ချင်း ပြေလျော့သွား၏။
စွန်းတဇူး၏မျက်နှာကို ကြည့်ပြီး တစ်ခုခုဖြစ်သွားသည်ကို ဝမ်လင်း နားလည်လိုက်သည်။ စွန်းတဇူးအမူအရာက ယခုအချိန်တွင် လေးလံထိုင်းမှိုင်းသကဲ့သို့ ဖြစ်နေလေသည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး မေးလိုက်သည်… “ဆရာ… တပည့်က ဆရာ့ကို သတ်ဖို့ ကြိုးစားတာ မဟုတ်ပါဘူး… ဒါပေမဲ့ ဆရာကသာ လက်ဖက်ရည်ကို တစ်ကယ်သောက်ခဲ့ရင် တပည့် ဒီလိုလုပ်စရာမလိုဘူး… “
စွန်းတဇူးက လေးလံထိုင်းမှိုင်းနေသော အမူအရာဖြင့် ပြောလိုက်သည်… “လက်ဖက်ရည်က မသောက်သင့်ဘူး… “
ဝမ်လင်း အံ့ဩသွားပြီး စွန်းတဇူးကို သေသေချာချာ ကြည့်လိုက်ပြီး ထပ်မေးလိုက်သည်… “ဘာကြောင့် မသောက်သင့်တာလဲ… “
“လက်ဖက်ရည်ထဲမှာ ငွေကြိုး၃ခုမြက်ပါတယ်… “
ဝမ်လင်း၏မျက်လုံးက အရောင်လက်သွားသည်။
“ငွေကြိုး၃ခုမြက်မှာ ဘာအာနိသင်ရှိလဲ… “ ဝမ်လင်းက မေးလိုက်၏။
“ငွေကြိုး၃ခုမြက် သောက်သုံးလိုက်တဲ့လူကို အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်စွမ်း ရှိသွားလိမ့်မယ်… ငွေကြိုး၃ခုမြက်က ရုပ်သေးလုပ်ဖို့အတွက် အဓိက ပါဝင်ပစ္စည်းပဲ… “
အဖြေကို ကြားပြီး ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်ချင်သည့်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
“ဘာ့ကြောင့် ငါ့အပေါ် ဒီလိုလုပ်ချင်တာလဲ… “
“ငါ မင်းရဲ့ဘူးသီးခြောက်ကို တွေ့တဲ့အချိန်က မင်းအပေါ် သံသယရှိခဲ့တယ်… ဒါ့ကြောင့် မင်းကို တပည့်အဖြစ် ခေါ်ယူခဲ့တာပဲ… အစက မင်းကို ပထမအလွှာရောက်အောင် လုပ်ပေးပြီး စိတ်ဝိညာဉ်ရှာဖွေခြင်းနည်းလမ်းကို အသုံးပြုချင်ခဲ့တယ်… ဒါပေမဲ့ မင်းကို ချီပြိုကွဲခြင်းမြက်ကို တိုက်ကျွေးပြီးသားဖြစ်နေတယ်… ဒါ့ကြောင့် ငါတွေးလိုက်တယ်… မင်း ပထမအလွှာကို ရောက်ဖို့ဆိုရင် ၁၀နှစ်ကျော်အောင် ကြာလိမ့်မယ်ဆိုတာ ငါ တွေးမိလိုက်တယ်… ဒါ့ကြောင့်ပဲ ငါ့အကြံကို လက်လျော့ခဲ့တာ… ပြိုင်ပွဲမှာ မင်းရဲ့အစွမ်းတွေကို တွေ့လိုက်ရတော့ မင်းမှာ ဘူးသီးခြောက်တစ်ခုထက် ပိုရှိဦးမယ်ဆိုတာကို ငါ တွေးမိလိုက်တယ်… ဘူးသီးခြောက်တွေအပြင် တခြားလျှို့ဝှက်ချက်တွေလည်း ရှိလည်း ရှိနိုင်သေးတယ်လို့ တွေးခဲ့တယ်… ငါလည်း ငါ့ရဲ့ကျင့်စဉ်ကို တိုးတက်ချင်တယ်… ဒါ့ကြောင့် ဒီလက်ဖက်ရည်လုပ်ပြီး မင်းကို တိုက်ဖို့ စိတ်ကူးခဲ့တာပဲ… “
ဝမ်လင်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ဆက်မေးသည်… “ချီပြိုကွဲခြင်းမြက်ဆိုတာ ဘာလဲ… ငါ့အကြောင်းကိုရော တခြားသူတွေကို ပြောသေးလား… ပြီးတော့ အရင်ကတည်းက ငွေကြိုး၃ခုမြက်ကို မသုံးခဲ့တာလဲ… “
“ချီပြိုကွဲခြင်းမြက်က မင်းကျင့်စဉ်ကျင့်နေစဉ်အတွင်း မင်းကိုယ်တွင်းမှာ ချီမဖွဲ့စည်းလာအောင် တားဆီးပေးတယ်… ဒီကိစ္စကို ငါ ဘယ်သူ့ကိုမှ မပြောခဲ့ဘူး… မင်းဆီက ဘူးသီးခြောက်တွေကို ဘယ်သူမှ မရစေချင်ဘူး… ငွေကြိုး၃ခုမြက်ကျတော့ အရင်က ငါ့မှာ မရှိဘူး… အရင်နှစ်က ဂိုဏ်းကနေထွက်သွားတော့ အပြင်က ကျင့်ကြံသူတစ်ယောက်ဆီက ရလာခဲ့တာ… အဲ့ဒီကျင့်ကြံသူပြောတာတော့ ငွေကြိုး၃ခုမြက်ကို ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်အောက်က လူတွေကိုပဲ သုံးမယ်ဆိုရင် အောင်မြင်နှုန်းက ၉၀ရာခိုင်နှုန်းရှိတယ်လို့ ပြောခဲ့တယ်… ငါက ဒီဟာကို လုယွင်ကျဲအပေါ်မှာ သုံးဖို့ စဉ်းစားထားခဲ့တာ… ဒါမှ သူ့ဆီက ဆေးလုံးတချို့ ငါရနိုင်လိမ့်မယ်… “
ဝမ်လင်းက စွန်းတဇူးစကားကို ကြားပြီး အလွန်ဒေါသထွက်နေပြီ ဖြစ်သည်။ ဝမ်လင်းက လှောင်ပြောင်ခနဲ့သလို့ ထပ်မေးလိုက်သည်… “ငါ သိသွားမှာ မကြောက်ဘူးလား… “
“မင်းရဲ့လျှို့ဝှက်ချက်ကို ရှာတဲ့ကိစ္စမှာ ငါ အများကြီး မတွေးထားဘူး… ငါက အိုနေပြီ… ငါသာ အခုချိန် တိုးတက်လာအောင် မလုပ်နိုင်ရင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်တော့ဘူး… အမှန်ပြောရရင် မင်း ဒီနေ့ပြန်လာမယ်လို့ ငါ သေချာမသိဘူး… မင်းသာ ပြန်လာခဲ့ရင်ဆိုပြီး စွန့်စားပြီးတော့ လက်ဖက်ရည်ကို ပြင်ဆင်ခဲ့တာပဲ… မင်းသာ ပြန်လာခဲ့ရင် မင်းကို လက်ဖက်ရည်သောက်ဖို့ ပြောမယ်… မင်းမလာခဲ့ရင် မင်းက ဂိုဏ်းခေါင်းဆောင်နဲ့ တောင်အနောက်ဘက်မှာ အချိန်အများစု ရှိနေတော့မယ်.. ဒါဆို ငါ့အတွက် နောက်ထပ်အခွင့်အရေးရှိမှာ မဟုတ်တော့ဘူးလို့ ငါ ယူဆခဲ့တယ်… “
အေးစက်စက်အလင်းရောင်တစ်ခုက ဝမ်လင်း၏မျက်လုံးထဲတွင် ထွက်ပေါ်လာပြီး ခက်ထန်စွာ မေးလိုက်သည်… “စောနက မင်းပြောတဲ့ ဂိုဏ်းခေါင်းဆောင်က မင်းကို ရှာနေတယ်ဆိုတာ အမှန်လား… “
“မဟုတ်ဘူး… “
စွန်းတဇူး၏ပါးစပ်မှ ‘မဟုတ်ဘူး’ဆိုသည့်အဖြေကို ဖြေပြီးသည်နှင့်တစ်ပြိုင်နက် ဝမ်လင်းက သူ့လက်ဖြင့် စွန်းတဇူး၏ဦးခေါင်းပေါ်သို့ အရှိန်ပြင်းပြင်း ရိုက်ချလိုက်၏။ သွေးများက စွန်းတဇူး၏ဒွါရအပေါက်များမှ စီးကျလာပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
ဝမ်လင်းက စွန်းတဇူး၏အလောင်းကို စူးစိုက်ကြည့်လိုက်၏။ ထိုအချိန်တွင် ဝမ်လင်းသည် ဖော်မပြနိုင်သောခံစားမှုတစ်ခုကိုလည်း ခံစားလိုက်ရသည်။ သူ့အတွက် ဒါဟာ ပထမဆုံးလူသတ်ဖူးခြင်းဖြစ်သည့်အပြင် သူသတ်လိုက်သည့်လူကလည်း သူ့ဆရာဖြစ်နေသည်။
အချိန်တော်တော်ကြာအောင် စဉ်းစားနေပြီးနောက် ဝမ်လင်းက စွန်းတဇူး၏ခန္ဓာကိုယ်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူ ဟုန်ယွီဂိုဏ်းမှ လေးလံထိုင်းမှိုင်းသော အမူအရာဖြင့် ထွက်လာပြီး တောင်ပေါ်သို့ တက်သွားကာ အလောင်းကို ပစ်ချလိုက်သည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၆၁) ဘိုးဘေး
အခန်းသို့ ပြန်လာပြီးနောက် ဝမ်လင်းက အိပ်ယာထက်တွင် ခြေချိတ်ထိုင်လိုက်ပြီး တစ်ယောက်ယောက်က စိတ်စွမ်းအင်ဖြင့် သူ့အားစောင့်ကြည့်နေသူ ရှိမရှိသေချာစေရန် အခန်းပတ်ပတ်လည်ကို နတ်ဘုရာစိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။
စစ်ဆေးကြည့်ပြီးသည်နှင့် ကောင်းကင်ဘုံဆန့်ကျင်သောပုတီးစေ့ကို ထုတ်ယူကာ စဉ်းစားလိုက်သည်။ လွန်ခဲ့သော၃ရက်ခန့်က ကောင်းကင်ပေါ်ဆန့်ကျင်သောပုတီးစေ့ပေါ်မှသက်တန့်တိမ်ပုံရိပ်တွေက ပျောက်ကွယ်သွားပြီး သစ်ရွက်တစ်ရွက်၏ပုံရိပ်ပေါ်လာ၏။
စစ်ထူနန်၏လေ့လာထားချက်အရ ကောင်းကင်ဘုံဆန့်ကျင့်သောပုတီးစေ့သည် ရေဒြပ်စင်ကို လုံလောက်အောင် စုပ်ယူပြီးပြီ ဖြစ်သည့်အတွက် ယခုအချိန်တွင် သစ်သားဒြပ်စင်ကို လိုအပ်နေပြီဖြစ်သည်။ ကောင်းကင်ဘုံဆန့်ကျင်သောပုတီးစေ့အတွက် သစ်သားဒြပ်စင်ကို ရယူရန်အတွက် ဟုန်ယွီဂိုဏ်းမှ ထွက်ခွာရန် အကြိမ်ပေါင်းများစွာ စဉ်းစားနေမိ၏။
ဝမ်လင်းသည် ယခုအချိန်တွင် အလွှာ၁၄ကျင့်ကြံသူ ဖြစ်နေလေပြီ။ သို့သော်လည်း ရှေ့အဆင့်များတွင် လင်္ကာမလိုခဲ့ရသည့်အကြောင်းရင်းကို ဝမ်လင်း သိချင်နေသည်။ ထိုသို့ဖြစ်ရခြင်းမှာ စစ်ထူနန်နှင့်ဆက်စပ်နေရမည်ဟု သံသယရှိ၏။
ထို့နောက် ပုတီးစေ့ကို ကိုင်ပြီး အိမ်မက်နယ်မြေထဲသို့ ဝင်သွားလိုက်သည်။ အိမ်မက်နယ်မြေထဲသို့ဝင်ခါနီးတွင် သူက ကောင်းကင်ဘုံဆန့်ကျင်သောပုတီးစေ့ကို လျင်မြန်စွာ သိမ်းလိုက်၏။
အိမ်မက်နယ်မြေသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် စစ်ထူနန်က မကျေနပ်သည့်လေသံဖြင့် ပြောလိုက်သည်… “ပြိုင်ပွဲမှာ ဟိုကောင်တွေကို ဘာလို့မသတ်ပစ်တာလဲ… ငါသာဆိုရင် ယောက်ျားရော၊မိန်းမရော အကုန်သတ်ပစ်ပြီး ကင်းခြေများကိုလည်း ဝိုင်လုပ်ပစ်မယ်… အဲ့တာက အရသာတော်တော်ရှိလိမ့်မယ်… စွန်းတဇူးကို သတ်လိုက်တာကတော့ မင်းက ငါနဲ့တူသွားပြီ…မဆိုးဘူး… ဒါပေမဲ့ ဝမ်လင်း ကျင့်ကြံခြင်းလောကဆိုတာ ရက်စက်တယ်… အားကြီးသူက အားနည်းသူကို ဝါးမြိုမှာပဲ… မင်းရဲ့အတွေးကို ရိုးရိုးလေးပဲ တွေးနေရင်တော့ မင်း အသက်ရှည်ရှည် မနေရမှာ စိုးရိမ်တယ်… “
ဝမ်လင်းက အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် ပြောလိုက်သည်… “စီနီယာ… ကျွန်တော် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်အတွက် ပြင်ဆင်သင့်ပြီလား… ကျွန်တော် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ဝင်ရောက်ဖို့ ဘယ်လင်္ကာကိုမှ မသိဘူး… “
“လင်္ကာကို ငါ သိပါတယ်… ဒါပေမဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ဝင်ရောက်ခြင်းက ကျင့်ကြံခြင်းလောကထဲကို စဝင်တဲ့ အစစ်အမှန်ခြေလှမ်းပဲ… ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ချိုးဖြတ်နိုင်ဖို့က အလွန်လည်း ခက်တယ်… တိတ်ဆိတ်ချောင်ကျတဲ့နေရာတစ်ခုကို အရင်ရှာပြီး တံခါးပိတ်လေ့ကျင့်သင့်တယ်… ဒါမှ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ဝင်ရောက်နိုင်ဖို့ အခွင့်အရေးပိုများလာလိမ့်မယ်… ပြီးတော့ စိတ်စွမ်းအင်ပါတဲ့စမ်းရေနဲ့နှင်းရေကလည်း လုံလောက်မှာ မဟုတ်တော့ဘူး… မင်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ဝင်ရောက်ဖို့ ကြိုးစားတဲ့အခါ စိတ်စွမ်းအင်တွေ အများအပြားလိုလိမ့်မယ်… ဒါ့ကြောင့် ရေငွေ့ရည်တွေကို ပိုပြီး စုဆောင်းထားင့်တယ်… “ စစ်ထူနန်က ပြောလိုက်၏။
ဝမ်လင်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်… “ရေငွေ့ရည်က ရဖို့ အလွန်ခက်တယ်… ရေငွေ့ရည်စုဆောင်းဖို့ဆိုရင် အချိန်တွေအများကြီး လိုလိမ့်မယ်… “
စစ်ထူနန်က သက်ပြင်းချပြီး ပြောလိုက်သည်… “စိတ်ဝိညာဉ်လှုပ်ရှားမှုအဆင့်က ကောင်းကင်နဲ့မြေကြီးက စိတ်စွမ်းအင်တွေကို သုံးပြီး ခန္ဓာကိုယ်ကို သန့်စင်ရတာပဲ… ခန္ဓာကိုယ်သန့်စင်ခြင်းအတွက် အခြေခံအုတ်ဖြစ်ချနေတာလို့ ပြောလို့ရတယ်… အခုချိန်မင်းက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ချိုးဖြတ်လို့ရတယ်… ဒါပေမဲ့ ငါ အကြံပေးချင်တာက အလွှာ၁၅ထိရောက်အောင် စောင့်စေချင်တယ်… မင်းရဲ့ပင်ကိုယ်စွမ်းရည်က ကောင်းတဲ့ထဲ မပါဘူး… ပြီးတော့ နှစ်၂၀ကျော် ငါ့ရဲ့ စွမ်းအားနဲ့မင်းကို ကူညီပေးထားတာတောင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်ဖို့က အလွန်ခက်တယ်… ငါ့မှာ ခန္ဓာကိုယ်ရှိသေးရင်တောင် မင်းကို ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ရောက်အောင်ပဲ လုပ်ပေးနိုင်မှာ… မင်းကို အများကြီး ကူညီပေးနိုင်မှာ မဟုတ်ဘူး… “
“ပြီးတော့ မင်းမှာ တိုက်ခိုက်ရေးနည်းစနစ်က အရမ်းရိုးရှင်းပြီး တစ်ခုတည်း ရှိတယ်… ကံဆိုးစွာနဲ့ ငါ့မှာရှိတဲ့ နည်းစနစ်တွေကလည်း အနည်းဆုံး ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်မှ အသုံးပြုလို့ရမယ်… မင်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို မြန်မြန်ရောက်အောင် ကြိုးစားပါ… ဒါဆို ငါ မင်းကို တစ္ဆေလောကပျံတက်ခြင်းနည်းစနစ်ကို သင်ပေးနိုင်တယ်… “
ဝမ်လင်းက မှင်သက်သွားပြီး ပြန်မေးလိုက်သည်… “တစ္ဆေလောကပျံတက်ခြင်းနည်းစနစ် … ဟုတ်လား… “
စစ်ထူနန်က ဂုဏ်ယူဟန်ဖြင့် ပြောလိုက်သည်… “ဟုတ်တယ်… ငါရဲ့အဆင့်၆နိုင်ငံမှာ ဒီနည်းစနစ်က အမြင့်ဆုံးနည်းစနစ်တစ်ခုပဲ… တစ်ခုမကောင်းတာက ဒါကို လေ့ကျင့်ဖို့အတွက် ယင်ဒြပ်စင်များများ ရှိတဲ့နေရာတစ်ခုလိုတယ်… မဟုတ်ရင် ကျင့်စဉ်တိုးတက်မှုက နှေးကွေးနေလိမ့်မယ်… ဒါပေမဲ့ အေးခဲစိတ်စွမ်းအင်တွေက အရမ်း စွမ်းအားကောင်းတယ်… ဒီနည်းစနစ်မှာ မင်း အထွတ်အထိပ်ကို ရောက်သွားရင် အဆင့်၇နိုင်ငံက ကျင့်ကြံသူတွေကိုတောင် ယှဉ်တိုက်နိုင်လိမ့်မယ်… မနက်ဖြန် ကျမ်းဆောင်ကို သွားပြီး အဲ့မှာ ဘာတွေရှိလဲ ကြည့်ခဲ့ပေါ့ ဒါပေမဲ့ မင်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်သွားရင်တော့ တစ္ဆေလောကပျံတက်ခြင်းနည်းစနစ်ကို လေ့ကျင့်ရမယ်… “
ဝမ်လင်းက အနည်းငယ်စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
“ပြီးတော့… အကောင်းဆုံးက ကောင်းကင်ဘုံဆန့်ကျင်သောပုတီးစေ့ကို သိုလှောင်အိတ်ထဲ ထည့်မထားနဲ့… ဖြစ်နိုင်ရင် မင်းရဲ့ရင်ဘတ်နဲ့ အနီးဆုံးမှာထား… ဒါဆို မင်း အိမ်မက်နယ်မြေထဲမရှိလည်း ငါ မင်းကို ဆက်သွယ်နိုင်လိမ့်မယ်… ပြီးတော့ မင်းလည်း ငါ့ကို ဖြတ်ပြီး အိမ်မက်နယ်မြေထဲ ဝင်ရောက်နိုင်လိမ့်မယ်… “
စစ်ထူနန်နှင့်စကားပြောရင်း အချိန်များက ကုန်ဆုံးလာ၏။ အိမ်မက်နယ်မြေထဲတွင် ၂ရက်နေပြီးနောက် ဝမ်လင်း နိုးလာသည်။
ဝမ်လင်းက ခြေချိတ်ထိုင်ပြီး ပုတီးစေ့ကို ရင်ဘတ်နှင့်ကပ်ထားလိုက်သည်။ ထို့နောက် စိတ်စွမ်းအင်အရည်များကို သောက်ပြီး တစ်ညလုံး ကျင့်စဉ်ကျင့်နေတော့၏။
နောက်တစ်နေ့ နံနက်ခင်းတွင် ဝမ်လင်းက တံခါးကို ဖွင့်လိုက်သည်။ သူက လေထဲသို့ ပျံတက်သွားပြီး အဓိကခန်းမရှိရာ အရပ်သို့ ပျံသန်းသွား၏။
အဓိကခန်းမဆီသို့ ဝမ်လင်း ရောက်ရောက်ချင်း ဟွမ်လုံက လမ်းလျှောက်ပြီး ထွက်လာသည်။ သူက ဝမ်လင်းကို ဖော်ရွေစွာ ပြုံးပြပြီး ပြောလိုက်၏… “ဝမ်လင်း… ငါနဲ့လိုက်ခဲ့… “
ဟွမ်လုံကလည်း လေထဲသို့ ပျံတက်သွားပြီး ဝမ်လင်းကလည်း သူ့နောက်မှ လိုက်သွား၏။ အချိန်အနည်းငယ်ကြာပြီးနောက် သူတို့သည် ဟုန်ယွီတောင်၏တောင်ထိပ်အခွဲတစ်ခုဖြစ်သည့် ထင်ရှူးတောင်ထိပ်သို့ ရောက်ရှိသွားသည်။
သူတို့သည် မနေ့က ပြိုင်ပွဲကွင်းပြင်းကို ဖြတ်ကျော်လာပြီး ရှေ့ဆက်သွားနေကာ ထူးဆန်းသောကျောက်တုံးတချို့ရှေ့တွင် ရပ်လိုက်၏။
ဟွမ်လုံက ပြောလိုက်သည်… “ဝမ်လင်း ဒီနေရာက ဟုန်ယွီဂိုဏ်းရဲ့ တားမြစ်နေရာတစ်ခုပဲ… ဒီနေရာက ပင်မအကြီးအကဲနှစ်ယောက်နဲ့ အကြီးအကဲဆယ်ယောက် လေ့ကျင့်တဲ့နေရာပဲ… ဒါ့ကြောင့် မင်းရဲ့နတ်ဘုရားစိတ်အာရုံကို အရမ်းကားရော မထုတ်လိုက်နဲ့… သူတို့ကို စိတ်အနှောင့်အယှက် ပေးသလို ဖြစ်သွားလိမ့်မယ်… “
ဝမ်လင်းက ချက်ချင်း သဘောတူလိုက်သည်။
ဟွမ်လုံက လေးကို ပြင်းပြင်းရှူလိုက်ပြီး ခရမ်းရောင်ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ လေထဲသို့ ပစ်လိုက်ကာ အစီအရင်တစ်ခုကို လက်ဖြင့် ပုံဖော်လိုက်သည်။ ထို့နောက် လေထဲသို့ လက်ကို အားဖြင့် လွှဲရမ်းလိုက်ပြီး ပါးစပ်မှလည်း တိုးတိုးလေးရွတ်လိုက်သည်… “ပွင့်စမ်း… “
ခရမ်းရောင်ကျောက်စိမ်းပြားက လျင်မြန်စွာ တောက်ပလာပြီး ခရမ်းရောင်ကျောက်စိမ်းပြားမှ စက်ဝန်းတစ်ခုက တဖြည်းဖြည်း ကျယ်ပြန့်လာသည်။ ထိုစက်ဝိုင်းက လူတစ်ယောက် ဖြတ်သွားနိုင်လောက်သည်အထိ ကြီးသွား၏။
ဟွမ်လုံက ဘာစကားမှ ထပ်မပြောဘဲ အထဲသို့ ဝင်သွားသည်။ ဝမ်လင်းက အနည်းငယ်တုန့်ဆိုင်းသွားပြီး သူ့နောက်မှ လိုက်ဝင်သွား၏။
သူ ဝင်လိုက်သည်နှင့် သူ့မျက်လုံးများ မှုန်ဝါးသွားသည်။ သူ့မျက်လုံးများ ပြန်ကြည်လင်လာသောအခါ အိုဟောင်းပြီး ရှည်သော အဆောက်အဦးများကို မြင်လိုက်ရ၏။ အဆောက်အဦးများမှ ထွက်လာသောအရှိန်အဝါက သူ့ကို အသက်ရှူမဝသလိုပင် ခံစားရစေသည်။
ထိုအချိန်တွင် သူ့ကို နတ်ဘုရားစိတ်အာရုံ၇ခု၊၈ခုက စစ်ဆေးလာသည်။ ထို့နောက် အသံတစ်ခုထွက်လာသည်… “မင်းက ဝမ်လင်းလား… မဆိုးဘူး… “
ဝမ်လင်း၏စိတ်ထဲတွင် အချက်ပေးသံများ ဆူညံသွားပြီး လေးစားစွာ ပြန်ပြောလိုက်သည်… “တပည့်ဝမ်လင်းက အကြီးအကဲများကို လာရောက်တွေ့ဆုံပါတယ်… “
ဝမ်လင်းပြောလိုက်သည့်အချိန်မှာပင် စစ်ထူနန်၏အသံလည်း သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်… “ဒီနေရာက ဂိုဏ်းအသေးတစ်ခုနဲ့တောင် တူသေး… အမြုတေဖွဲ့တည်ခြင်းအဆင့်၂ယောက်နဲ့ ခန္ဓာကိုယ်သန့်စင်ခြင်အဆင့်၁၀ယောက်… မဆိုးပါဘူး… “
ဟွမ်လုံ၏မျက်နှာက အကြီးအကျယ်ပြောင်းလဲသွားပြီး ဝမ်လင်းကို ကြိမ်းမောင်းလိုက်သည်… “ဘာအကြီးအကဲလဲ… ဒါက ဘိုးဘေး… “
ဝမ်လင်း မှင်သက်သွားသည့်အချိန်တွင် အသံက ထွက်ပေါ်လာပြန်သည်… “ဒါက အဆင်ပြေပါတယ်… ဒီနေရာမှာ အဲ့ဒါတွေက အရေးမကြီးဘူး… ဝမ်လင်း…မင်းက ဒီတစ်ကြိမ်မှာ ဂိုဏ်းအတွက် အကြီးကြီး အကျိုးဆောင်ခဲ့တာပဲ… ဒါကြောင့် ကျမ်းဆောင်ထဲက ဘယ်နည်းစနစ်ကိုမဆို မင်းရွေးချယ်နိုင်တယ်… ဒီကျမ်းဆောင်ကို ပင်မဝန်းထဲက ကျမ်းဆောင်နဲ့ မယှဉ်နဲ့… ဒီကျမ်းဆောင်ကမှ ဟုန်ယွီဂိုဏ်းရဲ့ အစစ်အမှန် ကျမ်းဆောင်ပဲ… ဒီကျမ်းဆောင်ထဲမှာ နည်းစနစ်ပေါင်း ၁၀၀၀၀ကျော်ရှိတယ်… မင်း ဒီကျမ်းဆောင်နဲ့ ကျောင်းနိုင်ငံထဲက ဘယ်ဂိုဏ်းက ကျမ်းဆောင်နဲ့မဆို နှိုင်းယှဉ်ကြည့်နိုင်တယ်… ဒီလောက်များတဲ့ကျင့်စဉ်တွေ ဘယ်ဂိုဏ်းမှာ မရှိဘူး… မင်း လောဘမကြီးဘဲ မင်းနဲ့သင့်တော်တဲ့ နည်းစနစ်ကိုပဲ ရွေးပါ... ဟွမ်လုံ... သူ့ကို အထဲခေါ်သွားလိုက်… “
ဝမ်လင်း၏စိတ်ထဲတွင် စစ်ထူနန်က အထင်သေးအမြင်သေးဖြင့် ပြောလိုက်သည်… “အမြုတေဖွဲ့တည်းခြင်းအဆင့်က ဘိုးဘေးလား… ငါ ငယ်ငယ်တုန်းက အမြုတေဖွဲ့တည်ခြင်းအဆင့်အားလုံးက ငါ့ကို ဖားရတာ… တချို့အမြုတေဖွဲ့တည်ခြင်းအဆင့်မိန်းကလေးတွေဆို ငါနဲ့အိပ်ရဖို့ သူတို့ရဲ့အောက်ခံဘောင်းဘီတွေကိုတောင် ချွတ်ပြီး လာရတာ… “
စစ်ထူနန်၏စကားကို မကြားသကဲ့သို့သာ ဝမ်လင်းက နေလိုက်တော့သည်။
ဟွမ်လုံက အလျင်အမြန် ပြန်ဖြေလိုက်ပြီး ဝမ်လင်းကို အဆောက်အဦးတစ်ခုဆီသို့ ခေါ်သွား၏။ ထိုအဆောက်အဦးက အလွန်ရှေးကျသောအငွေ့အသက်များ ထွက်ပေါ်နေပြီး စာကြည့်တိုက်အဟောင်းတစ်ခုနှင့်ပင် တူနေ၏။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၆၂) ကပ်ဘေး
အဆောက်အဦး၏အပြင်ဘက်တွင် ဟွမ်လုံက ရပ်လိုက်ပြီး ဝမ်လင်းကို လေသံနှင့် ပြောသည်… “ဒါက ကျမ်းဆောင်ပဲ… မင်း အထဲကို ဝင်သွားလိုက်ပါ… ပထမထပ်မှာ ချီစုစည်းခြင်းအဆင့်အတွက် ကျင့်စဉ်တွေရှိတယ်… အဲ့မှာ မင်း ရှာဖွေနိုင်တယ်… ဒုတိယထပ်ကတော့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်အတွက် ကျင့်စဉ်တွေရှိတယ်… ငါ မင်းကို အပြင်ဘက်ကပဲ စောင့်နေမယ်… “
ဝမ်လင်း အနည်းငယ်တော့ ရင်ဖိုသွားကာ အသက်ဝဝရှူပြီး အထဲသို့ ဝင်သွားလိုက်၏။ အဆောက်အဦးက အထပ်၄ထပ်ရှိပြီး ပထမထပ်တွင် များစွာသောအစိမ်းရောင်ကျောက်စိမ်းအပိုင်းအစလေးများ ရှိနေသည်။ စင်များပေါ်၌ ကျောက်စိမ်းအပိုင်းအစများက လေထဲတွင် ရပ်တန့်နေပြီး အစိမ်းရောင်အလင်းများ တောက်ပနေ၏။
စစ်ထူနန်က သရော်လိုက်သည်… “ထပ်ကြည့်ဖို့ မလိုတော့ဘူး… ဒီမှာ ရှိနေတဲ့ကျင့်စဉ်တွေအားလုံးက အရည်အသွေးနိမ့်တဲ့နည်းစနစ်တွေချည်းပဲ… “
ဝမ်လင်းက ကျောက်စိမ်းအပိုင်းအစတစ်ခုဆီသို့ လျှောက်သွားပြီး အထဲမှ နည်းစနစ်ကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူ့လက်ဖြင့် အစီအရင်တစ်ခုဖန်တီးကာ စမ်းသပ်ကြည့်လိုက်၏။
ဝမ်လင်းက နောက်ထပ်ကျောက်စိမ်းအပိုင်းအစတစ်ခုကို ယူလိုက်ပြီး အနီးကပ်ကြည့်လိုကသည်။
“အဆင့်မြင့်နည်းစနစ် - မီးနဂါး… “
စစ်ထူနန်က ချက်ချင်း ပြောလိုက်သည်… “သောက်တလွဲ အဆင့်မြင့်နည်းစနစ်… အဲ့တာက အဆင့်နိမ့်နည်းစနစ်တစ်ခုပဲ… ငါ့ရဲ့စိတ်ဝိညာဉ်မီးနည်းစနစ်ကမှ တစ်ကယ့်အဆင့်မြင့်နည်းစနစ်… “
ဝမ်လင်းက မှင်သက်သွားပြီး လက်ထဲမှ ကျောက်စိမ်းအပိုင်းအစကို ပြန်ထားပြီး နောက်တစ်ခုကို ယူကြည့်လိုက်သည်။
“အဆင့်မြင့်နည်းစနစ် - မြေလွတ်မြောက်ခြင်း… “
“အမှိုက်တွေ… တစ်ကယ်ကို အမှိုက်တွေချည်းပဲ… ငါ့တိုင်းပြည်မှာဆို ဒါတွေကို ဘယ်နေရာမှာ ဖြစ်ဖြစ်ရနိုင်တယ်… သူတို့မို့လို့ ဒါကို အဆင့်မြင့်နည်းစနစ်အဖြစ် သတ်မှတ်တယ်… ငါ့ရဲ့ ဒြပ်စင်၅ခုလွတ်မြောက်ခြင်းနည်းစနစ်ကမှ အဆင့်မြင့်နည်းစနစ်အစစ်… “
“အဆင့်မြင့်နည်းစနစ်… လေဓားသွား… “
“ဒါလည်းအမှိုက်ပဲ… ငါကတော့ ပြင်းထန်မုန်တိုင်းပဲ သိတယ်… အခုဟာထက် အဆ၁၀၀လောက် အစွမ်းထက်တယ်… “
“ကိုးရက်မိုးခြိမ်းသံဖွဲ့စည်းခြင်း… “
“ဘာတွေလဲကွာ အစုတ်ပလုတ်တွေချည်းပဲ… ဒါက ဆိုးရွားတဲ့မိုးခြိမ်းသံနည်းစနစ်တစ်ခုပဲ… ဘာလို့ဒီလိုနာမည် စွမ်းအားပြင်းတဲ့နာမည်တွေ ပေးကြတာလဲ… “
“အင်မော်တယ်အသွင်ပြောင်းခြင်း… “
“ဒီလိုအမျိုးအစားက စိတ်ဝင်စားဖို့ကောင်းပေမဲ့… အမှိုက်တစ်ခု ဖြစ်နေတုန်းပဲ… သူ့ထက်အဆ၁၀၀လောက် ကောင်းတဲ့ဟာ ငါသိတယ်… “
စစ်ထူနန်က တစ်ခုပြီးတစ်ခု လှောင်ပြောင်နေတော့သည်။ ထို့ကြောင့် ဝမ်လင်းလည်း ဒီထက်ပိုပြီး မနေနိုင်တော့ပဲ ဒုတိယထပ်သို့ တက်လိုက်၏။
ဒုတိယထပ်တွင်တော့ ကျောက်စိမ်းအပိုင်းအစ အများအပြား မရှိပေ။ လေထဲတွင် ကျောက်စိမ်းဒါဇင်အနည်းငယ်ခန့်သာ လေထဲတွင် ရပ်တန့်နေသည်။
စစ်ထူနန်က ပျင်းရိစွာပင် ပြောလိုက်သည်… “အားလုံးက အဆင့်နိမ့်တွေချည်းပဲ… ကြည့်နေဖို့တောင် မလိုဘူး… “
ဝမ်လင်းက မဲ့ပြုံးလေးဖြင့် စိတ်ထဲတွင် တွေးလိုက်သည်… “မင်းက အဆင့်၆နိုင်ငံက စီနီယာတစ်ယောက်လေ… ဒီမှာရှိတဲ့ဟာတွေက ဘယ်လိုလုပ် မင်းအတွက် ကောင်းတဲ့ဟာ ရှိပါ့မလဲ… “
စစ်ထူနန်က တိုက်တွန်းလိုက်သည်…”ဝမ်လင်း ဒါတွေကို ဆက်ကြည့်မနေနဲ့တော့… နေရာတစ်ခုရှာပြီး မြန်မြန် လေ့ကျင့်လိုက်တော့… ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်တာနဲ့ ဒီလိုဂိုဏ်းသေးသေးလေးကနေ မင်း ထွက်သွားလို့ရပြီ… “
ယခင်က ဝမ်လင်းမျှော်မှန်းထားခဲ့သော မျှော်မှန်းချက်များက စစ်ထူနန်ကြောင့် ပျက်စီးသွာသဖြင့် မျက်မှောင်ကြီးကျုံ့ပြီး အပြင်သို့ ပြန်ထွက်လာ၏။
ဝမ်လင်း ထွက်လာသည်ကို မြင်သောအခါ ဟွမ်လုံက အံ့အားသင့်သွားကာ မေးလိုက်သည်… “မင်း ဒီလောက်မြန်မြန် ရွေးပြီးသွားတာလား… မင်း သေသေချာချာ ရွေးသင့်တယ်… ဒီကျမ်းဆောင်ထဲမှ နည်းစနစ်တွေက ကျောင်းနိုင်ငံထဲက အကောင်းဆုံးနည်းစနစ်တွေပဲ… တခြားသူတွေက ဝင်ဖို့တောင် အခွင့်အရေး မရှိဘူး… မင်း ဒါကို မဖြုန်းတီးပစ်သင့်ဘူး… “
ဟွမ်လုံ၏စကားကို ကြားပြီး ဝမ်လင်း၏အမူအရာက အနည်းငယ်ထူးဆန်းသွား၏။ စစ်ထူနန်၏လှောင်ပြောင်မှုများနှင့် ဟွမ်လုံ၏ချီးမွမ်းမှုများက ဝမ်လင်း၏စိတ်ထဲတွင် လွန်ဆွဲနေသည်။ ဝမ်လင်းက ဖြေလိုက်သည်… “တပည့် ရွေးပြီးသွားပါပြီ… “
ဟွမ်လုံက ဝမ်လင်းရွေးလာသည့်ကျင့်စဉ်ကို မေးရန် ပြင်လိုက်စဉ် ထင်းရှူးတောင်ထိပ်တစ်ခုလုံး လှုပ်ခါသွား၏။
“ငါက ရွှမ်တောက်ဂိုဏ်းက ဖုနန်ဇီပါ… ဟုန်ယွီဂိုဏ်းရဲ့ ဂျူနီယာများ ထွက်လာတွေပါ… “
ဟွမ်လုံ၏အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး ထိုအချိန်တွင် အရိပ်၁၀ခုက ဘေးပတ်ဝန်းကျင် အဆောက်အဦးများမှ အမြန်ထွက်လာ၏။ ဝမ်လင်းတို့ရှေ့တွင် လူနှစ်ယောက်ရှိနေလေသည်။ တစ်ယောက်သည် အနီရောင်အသားအရည်နှင့်ဖြစ်ပြီး သူ့မျက်လုံးများက ကြည်လင်စူးရှနေသည်။
သူ့ဘေးရှိ အဘွားအို၏မျက်နှာတွင် ပါးရေ၊နားရေ အတွန့်ကြောင်းများရှိနေပြီး မျက်နှာအမူအရာက ထိုင်းမှိုင်းနေသကဲ့သို့ ရှိသည်။ သူမက ဟွမ်လုံနှင့်ဝမ်လင်းကို ကြည့်လိုက်ပြီး ကောင်းကင်သို့ ကြည့်လိုက်သည်။
သူတို့နှစ်ယောက်နောက်တွင် ခံပြင်းနေသည့်အမူအရာများနှင့် အကြီးအကဲ၁၀ယောက် ရှိနေ၏။
သည်တစ်ကြိမ်တွင် စစ်ထူနန်က အလေးအနက်ထားကာ ပြောလိုက်သည်… “အပြင်ဘက်မှာ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ ရှိနေတယ်… ဟုန်ယွီဂိုဏ်းတော့ ဒုက္ခအကြီးအကျယ်ရောက်ပြီပဲ… မင်း လွတ်မြောက်ဖို့ အခွင့်အရေး ရှာသင့်တယ်… ငါ ဒီမှာရှိနေတာမို့ မင်းကို ခဏလောက် အာရုံခံမရအောင် လုပ်ပေးနိုင်တယ်… ငါ့မှာသာ ခန္ဓာကိုယ်ရှိလို့ကတော့ စဦးစိတ်ဝိညာဉ်အဆင့်လောက်ကို ကြောက်နေရမှာ မဟုတ်ဘူး… “
ဝမ်လင်းက အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ၏စိတ်က တည်ငြိမ်မှု မရှိတော့ချေ။
အနီရောင်အသားအရေနှင့် အဘိုးကြီးက အော်ပြောလိုက်သည်… “စီနီယာဖုနန်… ဟုန်ယွီဂိုဏ်းကို ဘာအကြောင့်ကိစ္စနဲ့ လာတာလဲ မသိဘူး… “
လေထဲတွင် အရပ်ရှည်ရှည်ပုံရိပ်တစ်ခု ပေါ်လာသည်။ လေထဲမှလူက ပြောလိုက်သည်… “လွန်ခဲ့တဲ့နှစ်၅၀၀ကဆိုရင် ဟုန်ယွီဂိုဏ်းရဲ့ အကာအကွယ်ဝင်္ကဘာက ငါ့ကို ခြိမ်းခြောက်နိုင်လိမ့်မယ်… ဒါပေမဲ့ အခုအချိန်မှာတော့ မဖြစ်နိုင်တော့ဘူး… အကာအကွယ်ကို ချိုးဖောက်ပြီးမှ မင်းကို ပြောပြမယ်… “
ထို့နောက် သူက လက်ကို ဝေ့ရမ်းလိုက်ရာ သေးငယ်ပြီး အနက်ရောင်တောင်ကုန်းတစ်ခု ပေါ်လာသည်။ ထိုသေးငယ်သောတောင်ကုန်က ရွေ့လျားလာပြီး လေများကို ဖန်တီးနေရာ တဖြည်းဖြည်း ကြီးမားသောလေဆင်နှာမောင်းတစ်ခု ဖြစ်လာ၏။ သူ၏လက်နှစ်ဖက်ကလည်း အစီအရင်တစ်ခုကို ပုံဖော်ပြီး သူ့ပါးစပ်ကလည်း စကားတချို့လည်း ရွတ်လိုက်သေး၏။
တောင်ကုန်းက အောက်သို့ ကျလာသည်နှင့် ဟုန်ယွီတောင်ထိပ်နှင့်ထင်းရှူးတောင်ထိပ်ကြားတွင် အလင်းလွှာတစ်ခု ထွက်ပေါ်လာသည်။ အဖြူရောင်အလင်းလွှာက ဟုန်ယွီဂိုဏ်းကို စက်ဝိုင်းခြမ်းပုံသဏ္ဍာန် ကာကွယ်ထား၏။
“လွန်ခဲ့တဲ့နှစ်၅၀၀ကနဲ့ မတူတော့ပါလား… အကာအကွယ်က နည်းနည်းလောက် အဆင့်မြင့်လာသလိုပဲ… ငါသာ စဦးစိတ်ဝိညာဉ်အဆင့်ကိုမရောက်သေးဘူးဆိုရင် ဒီအလင်းလွှာကို ချိုးဖောက်နိုင်မှာ မဟုတ်ဘူး… “ ဖုနန်ဇီက အေးစက်စွာ ပြုံးပြကာ သူ့လက်က လျင်မြန်စွာ လှုပ်ရှားသွားပြီး လေဆင်နှာမောင်းကြီးနောက်တစ်ခုကို ဖန်တီးလိုက်သည်။
အနီရောင်အသားအရေနှင့်အဘိုးကြီး၏အမူအရာက ဖြူရော်သွားပြီး သူ့ရှေ့မှ လေထဲသို့ လက်ဖြင့် လွှဲရမ်းကာ ကြားကွက်လပ်တစ်ခုကို ဖန်တီးလိုက်၏။ သူက လျင်မြန်စွာ ကြားကွက်လပ်ထဲသို့ ဝင်သွားပြီး သူ့နောက်မှ လူများကလည်း လိုက်ဝင်သွားကြသည်။
ဟွမ်လုံက တိုးတိုးလေးပြောလိုက်သည်… “ဝမ်လင်း… နောက်ကနေ ကပ်ပြီး လိုက်ခဲ့… “
ပြောပြီးသည်နှင့် သူက ကြားကွက်လပ်ထဲသို့ မြားတစ်ချောင်းကဲ့သို့ ပြေးဝင်သွား၏။
ဝမ်လင်းကလည်း သူ့နောက်မှ ခြေတစ်လှမ်းစာလောက် ကွာပြီး လိုက်လာသည်။
ထိုအချိန်တွင် လေဆင်နှာမောင်းကြီးက အောက်သို့ပြင်းထန်စွာ ကျဆင်းလာပြန်သည်။ လေဆင်နှာမောင်းက အလင်းလွှာပေါ်သို့ ကျသွားပြီး မိုးချုန်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာ၏။ အလင်းလွှာပေါ်မှ သက်တန့်ရောင်များကလည်း တောက်ပလာသည်။
ဝမ်လင်းက ကြားကွက်လပ်ထဲသို့ ဝင်ပြီး အပြင်ဘက်သို့ ထွက်လာရာ သူက ထင်းရှူးတောင်ထိပ်ပေါ်သို့ ပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်။ ယခုအချိန်တွင် အမြုတေအဆင့်ကျင့်ကြံသူနှစ်ယောက်က အဖြူရောင်ကျောက်သားတိုင်လုံးကြီးပေါ်တွင် ထိုင်နေကြပြီး သူတို့၏လက်များက များပြားလှသောလက်ပုံစံအမျိုးမျိုးကို ပြုလုပ်နေကြသည်။
ကျန်သောကျောက်သားတိုင်းလုံး၆လုံးပေါ်တွင်လည်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၆ယောက်ထိုင်နေသည်။ သူတို့၏မျက်နှာများတွင် ခံပြင်းမှုများနှင့်တုန်လှုပ်မှုများ အထင်းသား မြင်နေရသည်။
အဘွားအိုက ပြောလိုက်သည်… “ဟွမ်လုံ… ပင်မတပည့်တွေအားလုံးကို ဒီနေရာကို မြန်မြန်ခေါ်လာခဲ့… ငါတို့ဂိုဏ်းအတွက် ကပ်ဆိုးကြီးက ရောက်လာပြီ… “ ထိုနောက် သူမက ပါးစပ်အပြည့် သွေးများ အဖြူရောင်ကျောက်သားတိုင်လုံးပေါ်သို့ အန်ထုတ်လိုက်ရ၏။
ဟွမ်လုံ၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ထို့နောက် ချက်ချင်း ဟုန်ယွီတောင်ထိပ်နှင့်ဆက်သွယ်ထားသော တံတားဆီသို့ အမြန်ဆုံးနှုန်းဖြင့် ထွက်သွား၏။
“ဟမ့်… ဒုတိယအချက်ကို ခံနိုင်သေးတာလား… တတိယအချက်ကိုရော ခံနိုင်မလား ကြည့်လိုက်မယ်… “ဖုနန်ဇီက နှာခေါင်းရှုံ့လိုက်သည်။ သူက တောင်ကုန်းလေးပေါ်သို့ စဦးစိတ်ဝိညာဉ်စွမ်းအင်များကို ပါးစပ်အပြည့် ထွေးထုတ်လိုက်ရာ အနက်ရောင်တောင်ကုန်းလေးက ၁၀ဆလောက် ကြီးလာပြီး တောင်ထိပ်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
“ဝုန်း” ဆိုသောအသံနှင့်အတူ အဖြူရောင်ကျောက်သားတိုင်လုံးတစ်ခုက ပေါက်ကွဲသွားသည်။ ထိုကျောက်သားတိုင်လုံးပေါ်တွင် ထိုင်နေသော အကြီးအကဲလည်း ဒွါရအပေါက်များမှ သွေးများ ထွက်လာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၆၃) စွမ်းအား
“ပျက်စီးစမ်း… ပျက်စီးစမ်း… “ ဖုနန်ဇီအမူအရာက အလွန်ကို အပြင်းအထန် ဖြစ်နေသည်။ သူလက်ကလည်း အောက်သို့ လွှဲရမ်းလိုက်ရာ ကြီးမားသောလေဆင်နှာမောင်းကြီးက နောက်တစ်ကြိမ်ကျဆင်းလာပြန်သည်။
ဟုန်ယွီဂိုဏ်း၏ဘေးပတ်ဝန်းကျင်ရှိ မြိုရွာများမှ လူများက အလွန်ကြောက်လန့်နေကြပြီး အိမ်ထဲ၌သာ ပုန်းနေကြသည်။ ရဲရဲင့်သောလူအနည်းငယ်ကတော့ ပြတင်းပေါ်များမှ ကြည့်ရာ ကြီးမားသောတောင်တစ်တောင်တစ်လုံးက လေထဲမျောနေပြီး လေဆင်နှာမောင်းကြီးက ရုတ်တရက် အောက်သို့ အရှိန်နှင့် ပြုတ်ကျလာသည်ကို မြင်လိုက်ရ၏။
နောက်ထပ်အဖြူရောင်ကျောက်သားတိုင်လုံးတစ်ခု ပျက်စီးသွားပြီး တိုင်လုံးပေါ်မှ အကြီးအကဲသည် သွေးအန်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ဖုနန်ဇီက ခရမ်းရောင်ဘူးသီးခြောက်တစ်ခုကို ထုတ်ယူပြီး သူ့လက်များက လှုပ်ရှားသွားကာ ပါးစပ်မှလည်း လင်္ကာတစ်ချို့ကို ရွတ်လိုက်၏။ ဘူးသီးခြောက်က လှုပ်လာပြီး အနီရောင်အရည်များ ထွက်လာသည်။ ထိုအရည်များက မီးအဖြစ်ပြောင်းလဲသွားပြီး လေဆင်နှာမောင်းကြီးကို ဝန်းရံလိုက်၏။
“ပျက်စီးစမ်း… “ဖုနန်ဇီက အော်ဟစ်လိုက်ပြီး လေဆင်နှာမောင်းကို နောက်တစ်ကြိမ် အောက်သို့ ချလိုက်ပြန်သည်။
သည်တစ်ကြိမ်တွင် အလင်းလွှာပေါ်၌ အက်ရာများ ထင်လာသည်။
အဖြူရောင်ကျောက်သားတိုင်လုံးနှစ်ခုကလည်း ပျက်စီးသွားပြီး အကြီးအကဲနှစ်ယောက်လည်း ပြုတ်ကျသွား၏။
ကျောက်သားတိုင်လုံး၈ခုတွင် ၄ခုသာ ကျန်တော့်သည်။ အမြုတေဖွဲ့တည်ခြင်းအဆင့်နှစ်ယောက်မှလွဲ၍ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် အကြီးအကဲနှစ်ဦးမှာ မျက်နှာများက ဖြူရော်နေပြီး ခန္ဓာကိုယ်များကလည်း တုန်ယင်နေသည်။ သူတို့၏စွမ်းဆောင်နိုင်စွမ်းက အကန့်အသတ်ကို ရောက်နေလေပြီ။
ဟွမ်လုံက ပင်မတပည့်အားလုံးကို ထင်းရှူးတောင်ထိပ်သို့ ခေါ်လာ၏။ သူတို့အားလုံး၏မျက်နှာများတွင် ထိတ်လန့်ကြောက်ရွံ့မှုများကို တွေ့မြင်နိုင်သည်။ ဝမ်ဟိုလည်း ပါလာသည်။ သူ့မျက်နှာက ဖြူရော်နေဆဲဖြစ်ပြီး ယခင်ကထက် အခြေအနေပိုကောင်းလာသလိုပင်။ သူက ဝမ်လင်းကို မြင်လိုက်ရသောအခါ ဝမ်လင်းဆီသို့ လျှောက်သွားလိုက်ပြီး ကောင်းကင်ကြီးကို အံ့ဩစွာ ကြည့်လိုက်သည်။
ဖုနန်ဇီက လေထဲတွင် ရပ်နေပြီး မျက်နှာက သုန်မှုန်နေ၏။ အကာအကွယ်သည် ယခင်က သူရင်ဆိုင်ခဲ့သည့်အချိန်ကထက် ပိုမိုအားကောင်းနေသည်။ ဝင်္ကပါ၏အစွမ်းက အကုန်မဟုတ်သေးသည်ကို သူသိသည်။ စဦးစိတ်ဝိညာဉ်အဆင်တစ်ယောက်ကသာ ထိန်းချုပ်မောင်းနှင်ပါက ဒီထက်အများကြီး ပိုအားကောင်းပေလိမ့်မည်။
ယခုတော့ အမြုတေဖွဲ့တည်ခြင်းအဆင့်နှစ်ယောက်က ထိန်းချုပ်နေသည့်အတွက် ဝင်္ကပါက ကာကွယ်ခြင်းအပြင် တခြားဘာကိုမှ မလုပ်နိုင်ပေ။ သို့သော်လည်း စဦးစိတ်ဝိညာဉ်အဆင့်တစ်ယောက်သာရှိလျှင် စွမ်းအားက အလွန်ကြောက်စရာကောင်းသွားပေလိမ့်မည်။
အနီရောင်အသားအရေနှင့် အဘိုးကြီးက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ဂျူနီယာများကို ကြည့်ပြီး သူ့နှလုံးသားထဲ နာကျင်သွားသည်။ သူက ဖုနန်ဇီကို ကြည့်ပြီး အော်ပြောလိုက်သည်… “စီနီယာဖုနန်ဇီ… မင်းတို့ရွှမ်တောက်ဂိုဏ်းနဲ့ငါတို့ဂိုဏ်းက ခင်မင်မှုရှိရဲ့သားနဲ့ ငါတို့အားလုံးကို သတ်တော့မလို့လား… “
ဖုနန်ဇီက နှာခေါင်းရှုံ့ပြီး ပြောလိုက်၏… “လျိုဝမ်ကျူး… လွန်ခဲ့တဲ့နှစ်၅၀၀တုန်းက မင်းက လက်ရွေးစင်တပည့်တစ်ယောက်ပဲ ရှိသေးတာ အခု အမြုတေဖွဲ့တည်ခြင်းအဆင့်ကိုတောင် ရောက်နေပြီ… ဒီဝင်္ကပါကို မင်းတို့ဘာသာ ဖွင့်ပေးရင် မင်းတို့အားလုံးအတွက် လွယ်ကူလိမ့်မယ်… “
လျိုဝမ်ကျူးက အနည်းငယ်တုန့်ဆိုင်းသွားပြီး ရုတ်တရက် ဒေါသဖြင့် အော်ပြောလိုက်သည်… “စီနီယာဖုနန်ဇီ… ငါ မလိုက်နာနိုင်ဘူး… “
ဖုနန်ဇီက အရူးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်သည်။
“ကောင်းပြီ… ဒီဝင်္ကပါကို ငါပဲ ဖျက်ဆီးပေးရမှာပေါ့… “
ပြောပြီးသည်နှင့် သူက လက်ကို ဝေ့ရမ်းလိုက်ရာ လေဆင်နှာမောင်းကြီးက အပေါ်သို့ မြင့်တက်သွား၏။ သူ၏မျက်နှာကလည်း နီရဲလာပြီး စဦးစိတ်ဝိညာဉ်စွမ်းအင်များကို ပိုပြီး ထုတ်ပေးလိုက်ရာ လေဆင်နှာမောင်းကြီးက ပိုပြီး ကြီးမားလာသည်။
“ကျစမ်း… “ ဖုနန်ဇီ၏လက်က လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် လေဆင်နှာမောင်းကြီးက အောက်သို့ အရှိန်ပြင်းထန်စွာ ကျဆင်းသွား၏။
အက်ကွဲသံနှင့်အတူ အလင်းလွှာမှ အက်ရာများက ပိုမို များပြားလာသည်။ နောက်ထပ်တိုင်လုံးတစ်ခုလည်း ပေါက်ကွဲသွာပြီး ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်အကြီးအကဲတစ်ယောက်လည်း ပြုတ်ကျသွး၏။
လေဆင်နှာမောင်းက နောက်ထပ်တစ်လက်မခန့် အထဲသို့ တိုးဝင်သွားရာ နောက်ဆုံးကျန်သောအကြီးအကဲလည်း သွေးအန်ပြီး ပြုတ်ကျသွားသည်။
“ပျက်စီးစမ်း… “ဖုနန်ဇီ၏အော်သံနှင်အတူ လေဆင်နှာမောင်းကြီးက နောက်ထပ်သုံးလက်မခန့် တိုးဝင်လာသည်။ ထင်းရှူးတောင်ထိပ်တစ်ခုလုံးလည်း လှုပ်ခါသွားသည်။ မိုးချုန်းသံကဲ့သို့ ကျယ်လောင်သောအသံကြီးနှင့်အတူ တောင်တစ်ခုလုံးက မီတာဒါဇင်ပေါင်းများစွာ မြေကြီးထဲသို့ နစ်ဝင်သွား၏။
တောင်ထိပ်နှစ်ခုကို ဆက်သွယ်ပေးထားသော ကျောက်တံတားကလည်း ထက်ပိုင်းကျိုးသွားပြီး အောက်ထဲသို့ ပြုတ်ကျသွားသည်။
ထိုအချိန်တွင် ဟုန်ယွီဂိုဏ်း၏ဝင်္ကပါအစီအရင်ကလည်း ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ အစိတ်စိတ်အမြွာမြွာ ပျက်စီးပျောက်ကွယ်သွား၏။
နောက်ဆုံးကျန်ရှိသောအဖြူရောင်ကျောက်သားတိုင်လုံးနှစ်ခုလည်း ပျက်စီးသွားရပြီး လျိုဝမ်ကျူးနှင့်အဘွားအိုတို့လည်း မြေပေါ်သို့ ပြုတ်ကျသွားရသည်။ သူတို့နှစ်ယောက်လုံး၏မျက်နှာတွင် နာကြည်းမုန်းတီးများနှင့် ပြည့်နေသော်လည်း စကားတစ်ခွန်းမျှ မပြောကြချေ။
ဖုနန်ဇီက လေထဲမှ မြေပြင်ပေါ်သို့ တဖြည်းဖြည်း ဆင်းလာသည်။ လေဆင်နှာမောင်းကြီးကတော့ လေထဲတွင် ဆက်လက်ရှိနေပြီး အားကောင်းသောဖိအားတစ်ခုကို ထုတ်လွှတ်နေ၏။
ဖုနန်ဇီက မြေပြင်ပေါ်သို့ ခြေချသည်နှင့် အေးစက်စွာ ပြောလိုက်သည်… “ဝမ်လင်းက ဘယ်သူလဲ… “
ထိုစကားကို ကြားပြီး ဝမ်လင်းက ပင်မတပည့်များကြားထဲသို့ ဆုတ်သွား၏။ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူက ပထမဦးဆုံး သူ့ကို ရှာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဘေးပတ်ပတ်လည်မှ ပင်မတပည့်အားလုံး၏အကြည့်က သူ့ဆီ ရောက်လာသည်။ ဖုနန်ဇီကလည်း လူအုပ်ထဲသို့ စစ်ဆေးကြည့်ရာ သူ့အကြည့်က ဝမ်လင်းထံ၌ ရပ်တန့်သွား၏။ ဖုနန်ဇီ၏မျက်ခုံးက အပေါ်သို့ တက်သွားပြီး စိတ်ထဲမှလည်း ထိုပင်မတပည့်လေးက ဝမ်လင်း ဖြစ်ရမည်ဟု တွေးလိုက်သည်။ သူ၏ဂျူနီယာအိုးယန်ထံမှ ဝမ်လင်းကြောင့် သူတို့တစ်ဂိုဏ်းလုံး ရှုံးနိမ့်ခဲ့ရသည်ကို အကြိမ်ပေါင်းများစွာ ကြားသိခဲ့ရသည်။ ထို့ကြောင့် သူက ဝမ်လင်းကို ရွှမ်တောက်ဂိုဏ်းထဲသို့ ထည့်ချင်နေသည်။
ဖုနန်ဇီက ဟုန်ယွီဂိုဏ်း၏မြေနေရာကို အမြဲတမ်းလိုချင်နေခဲ့သည်။ ကျိုးဖန်းသာ နိုင်ခဲ့ရင် အင်အားသုံးပြီး ဟုန်ယွီဂိုဏ်း၏မြေနေရာကို ယူစရာလိုမည်မဟုတ်ဟု သူက တွေးထားခဲ့၏။
သို့သော်လည်း ဝမ်လင်း၏ထွက်ပေါ်လာမှုက သူ၏အစီအစဉ်ကို ကျရှုံးစေခဲ့ပြီး ယခုကဲ့သို့ အတင်းအကျပ် လုယူရအောင် ဖြစ်စေခဲ့သည်။
ဖုနန်ဇီက အေးစက်စွာ မေးလိုက်သည်… “မင်းက ဝမ်လင်းလား… “
ဝမ်လင်းက အသက်ဝဝရှူလိုက်ပြီး လက်နှစ်ဖက်ဆုပ်၍ အရိုသေပေးကာ ပြောလိုက်သည်… “တပည့်ဝမ်လင်းက စီနီယာဖုနန်ဇီကို တွေ့ဆုံပါတယ်… “
ဖုနန်ဇီက ခေါင်းကို ညိတ်လိုက်ပြီး လျိုဝမ်ကျူးနှင့်အဘွားအိုဘက်သို့ လှည့်လိုက်သည်။
“ဟုန်ယွီဂိုဏ်းရဲ့ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေအားလုံး တခြားနိုင်ငံနဲ့တိုက်ခိုက်တဲ့ တိုက်ပွဲတွေမှာ အားလုံး သေဆုံးကုန်ပြီ… မင်းတို့အားလုံးများ ဟုန်ယွီတောင်ကို ထိန်းသိမ်းဖို့အတွက် စွမ်းရည်မရှိတော့ဘူး… တခြားဂိုဏ်းတွေကလည်း လုယူချင်ကြမှာပဲ … အဲ့တော့ ငါတို့ကရော ဘာလို့ လုယူခွင့် မရှိရမှာလဲ… “
လျိုဝမ်ကျူးက ခါးသက်သည့်အကြည့်နှင့် အဘွားအိုကို ကြည့်လိုက်ပြီး ဖုနန်ဇီကို ပြောလိုက်သည်… “စီနီယာ… ကျေးဇူးပြုပြီး ဂိုဏ်းနှစ်ခုရဲ့ဆက်ဆံရေးကို ကြည့်ပြီး ညှာတာပေးပါဦး ဒါမှမဟုတ်လည်း …. “
လျိုဝမ်ကျူး၏စကားကို ဆုံးအောင်ပင် မစောင့်ဘဲ ဖုနန်ဇီက ဖြတ်ပြောလိုက်သည်… “ထွက်သွား… သာမန်လူတွေကလွဲပြီး အကုန်ထွက်သွား… မင်း ငါ့ကို စိတ်ရှုပ်အောင် ထပ်လုပ်ရင် မင်းတို့တစ်ဂိုဏ်းလုံးကို သုတ်သင်ပစ်ဖို့ ဝန်မလေးဘူး… “
အဘွားအိုသည် စိတ်ထဲအလွန်တုန်လှုပ်သွားပြီး အသက်ဝဝရှူကာ လေးစားစွာဖြင့် ပြောလိုက်သည်… “ဂျူနီယာ လိုက်နာပါ့မယ်… ဒါပေမဲ့ ဒီနေရာကို လက်ဆောင်အဖြစ် မပေးနိုင်ပေမယ့် ဂျူနီယာတို့ဘက်က ငှားပေးနိုင်ပါတယ်… အနာဂတ်မှာ… “
ဖုနန်ဇီက ဖြတ်ပြီး လှောင်ပြောင်လိုက်သည်… “ငှားမှာလား… ကောင်းပြီလေ… ဟုန်ယွီတောင်ကို နှစ်တစ်သိန်းငှားပါ… “
ပင်မတပည့်အားလုံးသည် ဒေါသထွက်နေသော်လည်း တစ်ယောက်မှ ဒေါသကို မဖော်ပြရဲကြချေ။ သူတို့အားလုံး ငြိမ်ငြိမ်လေးသာ နေကြသည်။ တချို့တပည့်များဆိုလျှင် ကိုယ်အကြောင်းကို ဘာဖြစ်မလဲ စတင်တွေးနေကြလေပြီ။
ဖုနန်ဇီမျက်နှာက နေရာတစ်ခုလုံးကို ကြည့်လိုက်ပြီး ဟွမ်လုံပေါ် မျက်စိက ရောက်သွား၏။ သူက ပြောလိုက်သည်… “မင်း… မင်းနောက်ကျောက ခရမ်းလဓားကို ထားခဲ့ပြီးမှ သွား… ငါ့ရဲ့ဂျူနီယာအိုးယန်က သဘောကျနေတယ်… “
ဟွမ်လုံက ဤကဲ့သို့ အရှက်ခွဲခံရသည်ကို ကြံ့ကြံ့ခံပြီး လက်သီးကို ကျစ်ကျစ်ပါအောင် လျိုဝမ်ကျူးနှင့်အဘွားအိုကို ကြည့်လိုက်ရာ သူတို့က သူ့အားစောင့်နေသည်ကို တွေ့လိုက်သည်။ ထို့နောက် သူက သက်ပြင်းချပြီး ဓားကို မြေပြင်ပေါ်သို့ ပစ်ချပေးလိုက်၏။
ဖုနန်ဇီက သူ့ညာလက်ကို ဆန့်လိုက်ရာ ခရမ်းလဓားက သူ့လက်ထဲသို့ ပျံသန်းလာသည်။ ဓားက သူ့လက်ထဲသို့ ရောက်သွားသည်နှင့် ခရမ်းရောင်အငွေ့များ ထွက်လာပြီး ကြီးမားသောနဂါးတစ်ကောင် ဖြစ်သွား၏။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၆၄) ဂိုဏ်းပြိုကွဲခြင်း
နဂါးက ဖုနန်းဇီကို ဟိန်းဟောက်ပြီး တိုက်ခိုက်လိုက်သည်။
ဖုနန်းဇီက ဓားကို လက်ဖြင့် တောက်ကာ ပြောလိုက်သည်… “တိရစ္ဆာန်ကောင်… ငြိမ်ငြိမ်နေစမ်း… “
နဂါး၏ခန္ဓာကိုယ်က တုန်ခါသွားပြီး ချက်ချင်း နဂါးက စိတ်စွမ်းအားများ ဆုံးရှုံးသွားသည်။ နောက်ဆုံးတွင် ဓားထဲသို့ မဝင်ချင်သော်လည်း ပြန်ဝင်လိုက်ရသည်။
လျိုဝမ်ကျူးနှင့်အဘွားအိုက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး သက်ပြင်းချလိုက်သည်။
“ကောင်းပြီ… ဟုန်ယွီဂိုဏ်းသားအားလုံးပဲ… ငါ့အမိန့်ကို နာခံ… တောင်ကနေ ခွာပြီး ငါ့နောက်လိုက်ခဲ့ကြ… “ အဘွားအိုက ပြောပြီးသည်နှင့် ဘေးပတ်ပတ်လည်ကို ပြန်ကြည့်ပြီး နောက်တစ်ကြိမ် သက်ပြင်းချကာ လေထဲသို့ ပျံတက်သွား၏။
ဖုနန်းဇီ၏မျက်လုံးက ကျဉ်းမြောင်းသွားပြီး ပြောလိုက်သည်… “ငါ့ရဲ့ရွှမ်တောက်ဂိုဏ်းက တပည့်သစ်တွေကို စုဆောင်းနေတယ်… တစ်ယောက်ယောက်ကများ ငါ့ရဲ့ဂိုဏ်းကို ဝင်ရောက်ချင်ပါက နေခဲ့နိုင်တယ်… “
အကြီးအကဲဆယ်ယောက်၏မျက်နှာက ထူးဆန်းသွားပြီး အဘွားအိုနားမှ နှစ်ယောက်ကလွဲ၍ တခြား၈ယောက်က သူမနောက် မလိုက်ကြချေ။
လျိုဝမ်ကျူး၏အမူအရာကလည်း ပြောင်းလဲသွားသည်။ သူက တစ်ခုခုပြောချင်သော်လည်း မပြောဘဲ တိတ်တိတ်သာ နေလိုက်တော့၏။ သူက ခေါင်းကို ခါရမ်းလိုက်ပြီး အဘွာအိုဘေးတွင် သွားရပ်လိုက်သည်။
အဘွားအိုက ဒေါသများကို ရင်ထဲတွင် မြိုသိပ်ကာ အော်ပြောလိုက်သည်… “လူတိုင်းမှာ ကိုယ်ပိုင်လမ်းကြောင်းရှိတယ်… ငါ့တို့နောက် မလိုက်ချင်တဲ့သူကို ငါတို့ကလည်း တွန်းအားမပေးပါဘူး… “
ဟွမ်လုံ၏မျိုးဆက်များထဲတွင် အကြီးအကဲအားလုံးက တုန့်ဆိုင်းနေပြီး ဟွမ်လုံ၊တောက်ရှုနှင့်မျက်နှာနီနီနှင့်လူကြီးတို့ ၃ယောက်သာ အဘွားအိုဘေးတွင် သွားရပ်၏။ တခြားသူများကတော့ လှုပ်ပင်မလှုပ်ချေ။
ပင်မတပည့်များထဲတွင်လည်း ၁၀ယောက်ခန့်သာ အဘွားအိုဘက်တွင် သွားရပ်၏။ ဝမ်ကျောက်သည် အချိန်တော်တော်ကြာအောင် တုန့်ဆိုင်းနေပြီး တောက်ရှုကို မျက်လုံးချင်း ရင်မဆိုင်ရဲဟန်ဖြင့် မြောက်ထားသည့်ခြေထောက်ကို ပြန်ချလိုက်သည်။ နောက်ဆုံးတွင် သူလည်း လိုက်မသွားချေ။
မိန်းကလေးကျိုးသည် တုန့်ဆိုင်းနေသော်လည်း အဘွားအိုနောက်သို့ မလိုက်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ မိန်းကလေးရှုကတော့ ဝမ်ကျောက် မရွေ့သည်ကို မြင်လိုက်သည်နှင့် သူမလည်း ရှေ့သို့ လှမ်းနေသည့်ခြေထောက်ကို ပြန်ဆုတ်လိုက်၏။
ဝမ်ဟိုက မဲ့ပြုံးလေးဖြင့် ဝမ်လင်းကို ပြောလိုက်သည်… “အစ်ကိုထေ့ကျူး… ငါကတော့ ဘယ်ဘက်ကိုမှ မရွေးတော့ဘူး… ငါ အိမ်ကိုပဲ ပြန်ပြီး အဖေ့ကို ကူညီတော့မယ်… မစိုးရိမ်ပါနဲ့ အစ်ကိုထေ့ကျူးရဲ့မိသားစုကို ငါ စောင့်ရှောက်ပေးပါ့မယ်… “
ဝမ်လင်း တုန့်ဆိုင်းနေသည်။ သူ့ထံ၌ လျှို့ဝှက်ချက်များ ရှိ၏။ သူသာ ရွှမ်တောက်ဂိုဏ်းသို့ ပူးပေါင်းလိုက်ပါက အန္တရာယ်အများကြီးကို ကြုံတွေ့ရနိုင်သည်။ ထို့ကြောင့်း အချိန်တော်တော်ကြာအောင် စဉ်းစားပြီးနောက်တွင် အဘွားအိုတို့ဘက်သို လျှောက်သွားလိုက်သည်။
ထိုအချိန်တွင် ဖုနန်ဇီ၏မျက်လုံးများက အရောင်တောက်သွားပြီး ဝမ်လင်းကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်… “ဝမ်လင်း… မင်း နေခဲ့… “
ဝမ်လင်းက မှင်သက်သွားပြီး ရိုသေလေးစားစွာ ပြောလိုက်သည… “စီနီယာဖုနန်ဇီ… ဒီဂျူနီယာကို ဘာကြောင့် နေစေချင်တာပါလဲ… “
ဖုနန်ဇီက သူ့ခေါင်းကို မော့ပြီး ပြောလိုက်သည်… “ငါ နေခိုင်းရင် နေလိုက်ပေါ့… ဘာတွေ ပြန်မေးနေတာလဲ… “
လျိုဝမ်ကျူးက အနည်းငယ် စဉ်းစားလိုက်ပြီး ရုတ်တရက် ပြောလိုက်သည်… “စီနီယာဖုနန်ဇီ… ဝမ်လင်းက ဟုန်ယွီဂိုဏ်းခေါင်းဆောင်ရဲ့တပည့်တစ်ယောက်မို့ သူ့ကို အရမ်းကြီးခက်ခဲအောင် မလုပ်ဖို့ တောင်းဆိုပါတယ်… “
သူက ဝမ်လင်းအကြောင်း အနည်းငယ်ကြားသိထားသဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်နီးပါး အစွမ်းထက်သည့် ဝမ်လင်းလို တပည့်မျိုးကို မဆုံးရှုံးချင်ပေ။
ဖုနန်ဇီက ဝမ်လင်းကို ပြောလိုက်သည်… “ဟုန်ယွီဂိုဏ်းဆိုတာ နာမည်ပဲ ကျန်တော့တာ… မင်းက သူတို့နဲ့အတူ လေနှင်ရာမျောတော့မှာလား… ငါ့ရဲ့ရွမ်တောက်ဂိုဏ်းကိုသာ ပူးပေါင်းလိုက်ရင် မင်းရဲ့အနာဂါတ်က တောက်ပနေမှာ… မင်းဘာလိုချင်လဲ မင်းဘာသာမင်း ဆုံးဖြတ်ပါ… အပြောခံရမှာတွေ ကြောက်နေတာလား… ပြောလဲ မင်းကို မပြောဘူး… ရွှမ်တောက်ဂိုဏ်းက ဟုန်ယွီဂိုဏ်းနဲ့နေရာကို လုယူရုံတင် မဟုတ်ဘူး… တပည့်ပါ လုယူတယ်လို့ပဲ ပြောကြလိမ့်မယ်… “
ဖုနန်ဇီ၏စိတ်ထဲတွင် ဝမ်လင်းက သူ မတားလည်း ဟုန်ယွီဂိုဏ်းနောက်သို့ လိုက်မသွားဘူးဟု အခိုင်အမာ ယုံကြည်နေသည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး စကားမပြောပဲ လက်နှစ်ဖက်ဆုပ်ပြီး အရိုအသေပေးကာ ဟွမ်လုံ၏ဘေးနားသို့ သွားရပ်နေလိုက်သည်။
ထိုအချင်းအရာကို မြင်ပြီး ပြောလိုက်သည်… “အသိဉာဏ်မရှိတဲ့ကောင်… “
လျိုဝမ်ကျူးနှင့်အဘွားအိုက ဝမ်လင်းကို စဉ်းစားနေဟန်ရသည့်အကြည့်နှင့် ပြိုင်တူကြည့်လိုက်ကြသည်။ သူတို့သည် အချိန်တော်တော်ကြာအောင် စောင့်သော်လည်း ဟုန်ယွီဂိုဏ်းမှ တပည့်အားလုံးက သူတို့၏ခေါင်းများကို အောက်သို့ ငုံ့ထားကြ၏။ အဘွားအိုက သက်ပြင်းချပြီး ပြောလိုက်သည်… “ကောင်းပြီ… သွားကြတာပေါ့… “
ပြောပြီးသည်နှင့် သူမက အဝေးသို့ ပျံသန်းသွား၏။ လူ၁၀ယောက်ကျော်က သူမနောက်မှ လိုက်သွားကြသည်။
အမြုတေအဆင့်၂ယောက်နှင့် သူတို့နှစ်ယောက်နောက်မှ လိုက်သွားကြသော ဟုန်ယွီဂိုဏ်းဂိုဏ်းသားများက လေလွင့်ခွေးများကဲ့သို ဟုန်ယွီဂိုဏ်းမှ ထွက်ခွာသွားကြ၏။
လမ်းတစ်လျှောက်လုံး မည်သူမှ စကားမပြောကြချေ။ သူတို့၏ရင်ထဲတွင် ဒေါသများနှင့်ကြေကွဲခံစားချက်များ ပြည့်နေသည်။
အချိန်တော်တော်ကြာအောင့် ပျံသန်းသွားပြီးနောက် ကောင်းကင်ကြီးက မှောင်လာသည်။ လျိုဝမ်ကျူးနှင့်အဘွားအိုက အနည်းငယ်စကားပြောဆိုပြီး တောင်တစ်တောင်၏ဘေးတစ်ဖက်တွင် ခြေချလိုက်ကြ၏။
အဘွားအိုက သက်ပြင်းချလိုက်ပြီး သူမဘေးမှ လူများကို ကြည့်လိုက်သည်။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်အကြီးအကဲနှစ်ယောက်မှလွဲ၍ အားလုံးက ချီစုစည်းခြင်းအဆင့်၌သာ ရှိသေး၏။ ဟွမ်လုံတို့မျိုးဆက်မှ ၄ယောက်နှင့် ဝမ်လင်းတို့မျိုးဆက် ၁၂ယောက် ပါလာသည်။ သူမက ခါးသက်စွာ ပြောလိုက်သည်… “ဟုန်ယွီဂိုဏ်းက ကပ်ဘေးနဲ့ကြုံကြိုက်ရတဲ့ပေမဲ့လည်း မင်းတို့အားလုံး အားမလျော့ရဘူး… ကျင့်ကြံခြင်းလောကမှာ အားလုံးက ပြောင်းလဲနေတယ်… ဒီနေ့ ငါ့တို့ရဲ့နေရာကို လုယူခံလိုက်ရတယ်… ဒါပေမဲ့ ငါနဲ့လျိုဝမ်ကျူး စဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်တာနဲ့ ပြန်ယူနိုင်လိမ့်မယ်… “
အကြီးအကဲရှန့်ကွမ်းက ချောင်းခြောက်ဆိုးပြီး ပြောလိုက်သည်… “ဘိုးဘေးဝမ်ပြောတာ မှန်တယ်… ဒီနေ့မှာ ငါတို့ စိတ်တိုစရာကောင်းလောက်အောင် အရမ်းခံစားခဲ့ရတယ်… ငါတို့အဆင့်တွေ မြင့်လာအောင် ကြိုးစားရမယ်… ဒါကို ငါတို့ရဲ့နှလုံးသားထဲမှာ မှတ်ထားပြီး အနာဂါတ်မှာ ပြန်ယူရမယ်… “
တခြားခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် အကြီးအကဲကလည်း တပည့်များကို ကြည့်ပြီး ပြောလိုက်သည်… “ငါတို့တွေ ဒုက္ခရောက်နေချိန်မှာ အားလုံးက ဟိုဘက်ကို ပြောင်းသွားကြတယ်… အဆုံးမှာတော့ မင်းတို့လေးတွေပဲ ငါတို့နောက်ကို လိုက်ဖို့ ရွေးချယ်ခဲ့တယ်… “
လိုက်လာသည့်တပည့်များထဲတွင် ဂိုဏ်းတူအစ်ကိုလုစုန့်နှင့်အစ်ကိုကျန်းမှလွဲ၍ တခြားသူများ၏နာမည်ကို ဝမ်လင်း မသိချေ။ သို့သော်လည်း သူတို့၏မျက်နှာများကို ရင်းနှီးနေသည်။
ဥပမာ ဓားစံအိမ်က တပည့်ဝတုတ်လေးဖြစ်သည်။
လျိုဝမ်ကျူးက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်… “အရင်ကအကြောင်းတွေ တွေးမနေကြနဲ့တော့… အခု အရေးကြီးဆုံးက ငါတို့ဂိုဏ်းအတွက် နေရာတစ်ခု ရှာဖို့ပဲ… လွန်ခဲ့တဲ့နှစ်များစွာက ဒီနေရာကနေ မိုင်ပေါင်းများစွာဝေးတဲ့ မြွေနဲ့တောင်တစ်ခုမှာ အိမ်တစ်လုံး ဆောက်ခဲ့တယ်… အခု အဲ့နေရာမှာ သွားနေရအောင်… “
အဘွားအိုကလည်း အနည်းငယ် စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်… “ဒါကောင်းတယ်… ငါတို့အဲ့နေရာရောက်ရင် တံခါးပိတ်လေ့ကျင့်ပြီး နှစ်၁၀၀အတွင်းမှာ စဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်အောင် လုပ်ရမယ်… “
လျိုဝမ်ကျူး၏အကြည့်က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်အကြီးအကဲနှစ်ယောက်ထံသို့ ရောက်သွားပြီး ပြောလိုက်၏… “ရှန့်ကွမ်းနဲ့ဆောင်ယု… ငါနဲ့ဘိုးဘေးဝမ် ဝင်္ကပါကို ထိန်းချုပ်တုန်းက ကုန်သွားတဲ့စွမ်းအင်တွေ ပြန်ဖြည့်လိုက်ဦးမယ်… မင်းတို့နှစ်ယောက်က ကာကွယ်ထားပေးပါ… ငါတို့စွမ်းအားတွေ ပြန်ပြည့်သွားရင် မင်းတို့အားလုံးကို သယ်ပြီး မြန်မြန်သွားလို့ရတယ်… “
ရှန့်ကွမ်းနှင့်ဆောင်ယုက လျင်မြန်စွာ ခေါင်းညိတ်ပြီး ပြောတဲ့အတိုင်း လုပ်ကြ၏။
လျိူဝမ်ကျူးက အစိမ်းရောင်ကျောက်စိမ်းအပိုင်းအစအများကြီးကို ထုတ်ယူလိုက်သည်။ ကျောက်စိမ်းအားလုံးကို လေထဲသို့ မြှောက်လိုက်ရာ ကျောက်စိမ်းများက အစိမ်းရောင်တောက်ပလာသည်။ သူက အစီအရင်တစ်ခုကို ပုံဖော်လိုက်သည်နှင့် ကျောက်စိမ်းအားလုံးက ရုတ်တရက် တုန်ခါလာကြပြီး ၂၀မီတာပတ်လည်ကို အစိမ်းရောင်အလင်းများ ဖုံးလွှမ်းသွား၏။
ထို့နောက် သူက ထိုင်ချလိုက်ပြီး စိတ်ဝိညာဉ်ကျောက်တုံးကို လက်မှာကိုင်ကာ စတင်ကျင့်ကြံလေသည်။ အဘွားအိုလည်း ထိုအတိုင်းပင် ပြုလုပ်ပြီး စိတ်စွမ်းအင်များ ပြန်လည် ပြည့်လာအောင့် ကျင့်ကြံလိုက်တော့၏။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၆၅) ဂိုဏ်းအတွက်ကြေကွဲခြင်း
ဟွမ်လုံက သူ၏သိုလှောင်အိတ်ကို ကိုင်လိုက်ပြီး ဟုန်ယွီဂိုဏ်းရှိရာဆီသို့ ရှုပ်ထွေးနေသောအမူအရာနှင့် ကြည့်လိုက်၏။ သူ့ဘေးတွင် ရပ်နေသည့်တောက်ရှုက ပြောလိုက်သည်… “ဂိုဏ်းခေါင်းဆောင်… ငါတို့ ဟုန်ယွီတောင်ကို ပြန်ယူနိုင်ဖို့က အချိန်ပဲ လိုတယ်… “
ဟွမ်လုံက ခါးသက်စွာ ပြုံးလိုက်သည်။
“ခရမ်းလဓားက ငါ ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့အချိန်တုန်းက ငါ့ကို ဘိုးဘေးလျို ပေးထားခဲ့တာ... အဲ့အချိန်က ငါ သူ့ကို ပြောခဲ့တယ်… ငါ ရှိနေသမျှပတ်လုံး ဓားလည်းရှိနေပါ့မယ်လို့ … ဒါပေမဲ့ အခု ငါတော့ ရှိတယ်… ဓားကတော့… “
မျက်နှာနီနီနှင့်အကြီးအကဲက သုန်မှုန်နေသည့်မျက်နှာထားနှင့် ပြောလိုက်သည်… “ဂိုဏ်းခေါင်းဆောင်… ရွှမ်တောက်ဂိုဏ်းမှာက စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ ရှိတယ်… သူတို့မတိုက်ခိုက်နိုင်ဘဲနဲ့ ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး… ဒီလိုကိစ္စတွေအတွက် ခံစားမနေပါနဲ့… ကျင့်ကြံခြင်းလောကမှာ ဒါတွေက ဖြစ်နေကြပဲ… ဟုန်ယွီဂိုဏ်းအင်အားကြီးမားစဉ်ကလည်း ငါတို့ ဒီလိုလုပ်ခဲ့ကြတာပဲ… “
ဟွမ်လုံက မသိမသာလေးသာ သက်ပြင်းချလိုက်တော့၏။
ဝမ်လင်းက ထောင့်တစ်ခု၌ ဟုန်ယွီတောင်ကို ထိုင်ပြီး ကြည့်နေသည်။ အားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားသဖြင့် သူကိုယ်တိုင် တုန်လှုပ်နေဆဲ ဖြစ်၏။ သို့သော်လည်း သူက မိဘများအတွက်သာ စိုးရိမ်နေသည်။
ဝမ်လင်းသည် ရွှမ်တောက်ဂိုဏ်းသားများက သူ့မိဘများကို သွားရှာပြီး လက်စားချေမည်ကို စိုးရိမ်နေသည်။ ထိုအကြောင်းကို တွေးလိုက်ပြီး သူ့မျက်လုံးထဲတွင် အေးစက်သောအရောင်တစ်ချက် လက်သွား၏။ သူက ပုံမှန်အားဖြင့် လူမသတ်ချင်သော်လည်း သူ့မိဘများကို နာကျင်အောင် လုပ်သည့်မည်သူကိုမဆို တုန့်ဆိုင်းချင်းမရှိ သတ်ပစ်မည်ဖြစ်သည်။
စစ်ထူနန်က ဂုဏ်ယူစွာဖြင့် ကိုယ်ရည်သွေးလိုက်သည်… “ဒါကမှ မှန်ကန်တဲ့လမ်းပဲ… ဝမ်လင်း…မင်း အစောကြီးကတည်းက ဒီလိုဖြစ်သင့်တာ… လူသတ်တာက ကြီးကျယ်တဲ့ကိစ္စမှ မဟုတ်တာ… ငါ့မှာ လူတွေက သတ်ပစ်ပါတော့လို့ ပြောရလောက်အောင် လုပ်နိုင်တဲ့ နည်းလမ်းပေါင်း တစ်သောင်းမက ရှိတယ်… “
ဝမ်လင်းက စစ်ထူနန်ကို မျက်မှောင်ကျုံ့ပြီး ပြန်ပြောလိုက်သည်… “လူသတ်တာက ပြဿနာရဲ့အဖြေ မဟုတ်ဘူး… ရွှမ်တောက်ဂိုဏ်းသားအားလုံးကို ငါ မသတ်နိုင်ရင်… ငါ တစ်ယောက်သတ်လိုက်လည်း နောက်တစ်ယောက် ထပ်ပေါ်လာဦးမှာပဲ… “
စစ်ထူနန်က ပြန်ပြောလိုက်သည်… “ဘာခက်တာမှတ်လို့… ငါ မင်းကို ရုပ်သေးနည်းစနစ်ဆိုတဲ့ နည်းစနစ်တစ်ခု သင်ပေးမယ်… အဲ့ကျင့်စဉ်က လူတစ်ယောက်ယောက်ကို ဖမ်းဆီးပြီးတော့ သစ္စာရှိရုပ်သေးလုပ်လိုက်လို့ရတယ်… ဘယ်လိုလဲ… ဒါနဲ့ဆို မင်း ဘဝက သာယာသွားပြီ… စိုးရမ်စရာတွေ ရှိတော့မှာ မဟုတ်ဘူး… “
စစ်ထူနန် စကားဆုံးသည့်အချိန်တွင် ဓားစံအိမ်မှ တပည့်ဝတုတ်လေးက ဝမ်လင်းဆီကို လျှောက်လာပြီး ဘေးနား၌ ထိုင်ချလိုက်သည်။ သူက မဲ့ပြုံးလေးနှင့် ပြောသည်… “ဂိုဏ်းတူအစ်ကို… ငါ့နာမည်က ဟွမ်တရှန်ပါ… အနာဂါတ်မှာ ငါ့ကို ကူညီစောင့်ရှောက်ပေးပါဦး… “
ဝမ်လင်းက ဟွမ်တရှန်က တစ်ချက်ကြည့်လိုက်ပြီး ဘာမှပြန်မပြောခင်မှာပင် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော အစ်ကိုကျန်းက ရောက်လာပြီး ပြောလိုက်သည်… “ဟွမ်တရှန်… မင်းမှာ အချိန်ရှိရင် တစ်ယောက်ယောက်ကို ဂရုစိုက်ခိုင်းမယ့်အစား ကျင့်ကြံနေသင့်တယ်… “
ဟွမ်တရှန်က ရှုံ့မဲ့သွားပြီး ပြောလိုက်သည်… “ဂိုဏ်းက ပြိုကွဲသွားပြီ… ပင်မတပည့်တွေကြားထဲမှာ အစ်ကိုဝမ်က အကြမ်းဆုံးပဲ… ငါ ဘယ်လိုပဲ လေ့ကျင့်ပါစေ… သူ့ကို မှီမှာ မဟုတ်ဘူး… ဒါ့ကြောင့် ငါက သူ့ရဲ့လက်အောက်ခံတစ်ယောက် ဖြစ်နိုင်တယ်… “
အစ်ကိုကျန်းက ဝမ်လင်းကို ကြည့်လိုက်သည်။ သူက သက်ပြင်းချပြီး ဝမ်လင်းကို ပြောလိုက်သည်… “ဝမ်လင်း… မင်းက တစ်ကယ်ကို အံ့ဩစရာကောင်းတယ်… ငါ မင်းကို အလွန်ကို လေးစားအားကျတယ်… “
ဝမ်လင်းက ဘာမှမပြောဘဲ မဲ့ပြုံး ပြုံးလိုက်သည်။ သူသည်လည်း အစ်ကိုကျန်းကို အများကြီးလေးစားပေသည်။ အစ်ကိုကျန်းက သူ့ကို မလှောင်ပြောင်ဘဲ အားပေးခဲ့သည့်လူတစ်ယောက် ဖြစ်၏။
ထိုအချိန်တွင် လုစုန့်က သူတို့ဆီသို့ လျှောက်လာပြီး ပြောလိုက်သည်… “ကျန်းတီခွမ်း… ငါတို့မတွေ့တာ တော်တော်ကြာနေပြီ… မင်းလည်း အလွှာ၆ကို ရောက်နေပြီ… လွန်ခဲ့တဲ့၁၀နှစ်က ကတိကို မှတ်မိလား… “
အစ်ကိုကျန်း၏မျက်လုံးများက အရောင်လက်သွားပြီး လုစုန့်ကို ကြည့်ကာ ပြန်ပြောလိုက်သည်… “ဒါပေါ့ ငါ မှတ်မိတယ်… “
လုစုန့်က ဝမ်လင်း၏ဘေးတွင် ဝင်ထိုင်ပြီး ဝမ်လင်း၏ပုခုံးကို ပုတ်ကာ ပြောလိုက်၏… “ဝမ်လင်း… ဟုန်ယွီဂိုဏ်းက နာမည်ပဲ ကျန်တော့တယ်… မင်း ဘာလို့မနေခဲ့တာလဲ… မင်း ရွှမ်တောက်ဂိုဏ်းမှာ နေခဲ့ရင် မင်းရဲ့အနာဂါတ်က ငါတို့နဲ့နေတာထက် ပိုပြီးကောင်းမှာ… “
ထို့နောက် သူက အစ်ကိုကျန်းဘက် လှည့်ပြီး ဆက်ပြောလိုက်သည်… “ကျန်းတီခွမ်း… မင်းရဲ့ခေါင်းမာတဲ့စိတ်က အရင်အတိုင်းပဲ… “
ဝမ်လင်းက လုစုန့်ကို ကြည့်ပြီး မေးလိုက်သည်… “ဂိုဏ်းတူအစ်ကိုကြီးလုစုန့်ရော ဘာလို့ မနေခဲ့တာလဲ… “
“ငါ့ကို အစ်ကိုကြီးလို့ မခေါ်ပါနဲ့… စည်းမျဉ်းအရဆို ငါက မင်းကို ဂိုဏ်းတူအစ်ကိုကြီးလို့ခေါ်ရမှာ … ငါ နေခဲ့လည်း ငါ့မှာ အနာဂါတ်ရှိမှာ ရှိမှာ မဟုတ်ဘူး… ဘာလို့လဲဆိုတော့ ရွှမ်တောက်ဂိုဏ်းရဲ့ လူတော်တော်များများကို ငါက အပြစ်လုပ်ထားလို့ပဲ… “
ကျန်းတီခွမ်းက အေးစက်စွာ ပြောလိုက်သည်… “မင်းက ရွှမ်တောက်ဂိုဏ်းက လူတွေကိုတင် အပြစ်လုပ်ထားတာ မဟုတ်ပါဘူး… ဟုန်ယွီဂိုဏ်းက လူတွေကိုလည်း လုပ်ထားပါတယ်… “
လုစုန့်က ခေါင်းကို မော့လိုက်သည်။ သူက ကျန်းတခွမ်းကို ကြည့်ကာ ပြော၏… “ဂိုဏ်းတူညီလေးကျန်း… ငါ လက်ရွေးစင်တပည့်် မဖြစ်ခင်တုန်းက ငါက လူတွေကို အလွန်မုန်းတယ်… ဒါပေမဲ့ ဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ… ငါလည်း လက်ရွေးစင်တပည့်ဖြစ်ပြီး တစ်နှစ်အတွင်းမှာ အားလုံးပြောင်းလဲသွားပြီး မင်းကို တောင်းပန်တာ လက်ခံဖို့ ကမ်းလှမ်းခဲ့ပါတယ်… “
ကျန်းတီခွမ်း၏မျက်နှာက ယခင်အတိုင်း အေးစက်နေပြီး စကားတစ်ခွန်းမှ မပြောချေ။ ထိုနှစ်က လက်ရွေးစင်တပည့်ရွေးပွဲတွင် သူက လုစုန့်၏အမျိုးတစ်ယောက်နှင့် တိုက်ခိုက်ရမှာ ဖြစ်သည်။ မတိုက်ခင်မှာ လုစုန့်က သူ့ကို ဒဏ်ရာရအောင်လုပ်ပြီး သူ့ကို ရှုံးနိမ့်စေခဲ့သည်။
လုစုန့်က သူ့ကို ၁၀နှစ်ကြာလည်း နိုင်မည်ဟု မယုံကြည့်သည့်အတွက် နောက်တစ်ကြိမ် တိုက်နိုင်သည်ဟု ကျန်းတီခွမ်းကို ပြောခဲ့သည်။
လုစုန့်က ရိုးသားစွာ ပြောလိုက်သည်… “ညီလေးကျန်း… လွန်ခဲ့တဲ့၁၀နှစ်ကတည်းက ငါ့ကိုယ်ငါ ပြင်ခဲ့တယ်… အခုချိန်မှာ ဂိုဏ်းကလည်း အခက်အခဲနဲ့ ကြုံနေတယ်… ဒါ့ကြောင့် ငါတို့ပင်မတပည့်တွေ စည်းလုံးနေသင့်တယ်… အလွှာ၅အောက်က တပည့်တွေကို မေ့ထားလိုက်… ငါတို့ထဲမှာတင် ဟွမ်တရှန်က အလွှာ၅၊ မင်းက အလွှာ၆၊ ငါက အလွှာ၈၊ ဝမ်လင်း…မင်းကရော… “
ဝမ်လင်းက အားလုံးကို ကြည့်လိုက်ပြီး ရိုးသားစွာ ဖြေလိုက်သည်… “ချီစုစည်းခြင်းအဆင့် အလွှာ၁၄… “
ထိုစကားပြောလိုက်သည့်အချိန်တွင် သူတို့ဘေးနားတွင်ရှိသည့် အေးစက်သည့်လေထုက ခမ်းခြောက်သွားသည်ဟု ခံစားလိုက်ရသည်။ ဝမ်လင်း သန်မာသည်ကို သိကြသော်လည်း ဤမျှ သန်မာလိမ့်မည်ဟု ထင်မထားမိချေ။
လုစုန့်သည် အာခေါင်ခြောက်သကဲ့သို့ ခံစားလိုက်ရပြီး မဲ့ပြုံးလေးဖြင့် ပြောလိုက်သည်… “ဂုဏ်ပြုပါတယ်… အစ်ကိုဝမ်… မကြာခင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်တော့မယ်… အဲ့အချိန်ဆို အကြီးအကဲလို့ ခေါ်ရတော့မယ်… “
ကျန်းတီခွမ်းက ဝမ်လင်းကို ကြည့်ပြီး အသက်ဝဝရူကာ သက်ပြင်းချလိုက်သည်။ ဟွမ်းတရှန်ကတော့ မျက်လုံးများ အရောင်လက်နေသည်။
သူတို့နားတွင် ရှိသည့် ပင်မတပည့်များသည်လည်း ဝမ်လင်းပြောလိုက်သည့်စကားကို သူတို့၏ပါးလှသည့်နားက ကြားသွားပြီး ဝမ်လင်းကို ယခင်ကထက် ပိုမိုလေးစားသွား၏။
လုစုန့်က ဝမ်လင်းကို ပြောလိုက်သည်… “အစ်ကိုဝမ်… အခုကစပြီး ငါတို့က ဟုန်ယွီဂိုဏ်းရဲ့ ထိပ်ဆုံးတပည့်တွေပဲ… မင်းက အကြီးဆုံးတပည့်ဖြစ်မယ်… ငါကတော့ ဒုတိယတပည့်ကြီးပေါ့… ကျန်းတခွမ်းက တတိယတပည့်ကြီးပေါ့… ဟွမ်တရှန်က တပည့်၄ပေါ့… ငါတို့ အခုကစပြီး ငါတို့ရဲ့အတွေ့အကြုံတွေကို ဖလှယ်ရမယ်… မင်းရော ဘယ်လိုထင်လဲ… “
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ သူ မပြောခင် ဟွမ်တရှန်က အလျင်အမြန် ဝင်ပြောလိုက်သည်… “ဒုတိယအစ်ကိုကြီးပြောတာ မှန်တယ်… ဒီလိုပဲ ဖြစ်သင့်တယ်… “
ကျန်းတီခွမ်းက အနည်းငယ် တုန့်ဆိုင်းသွားပြီး ခေါင်းညိတ်လိုက်သည်… “ပင်မတပည့်တွေထဲမှာ ဒီလိုတပည့်ခေါင်းဆောင်တွေ ထားသင့်ပါတယ်… ဒါမှလည်း အကြီးအကဲတွေကို စိတ်ပူပန်တာတွေ လျော့အောင် လုပ်ပေးနိုင်လိမ့်မယ်… “
တခြားသူနှစ်ယောက်က သဘောတူမှတော့ ဝမ်လင်းလည်း သဘောတူလိုက်တော့သည်။ သူက ဒီကိစ္စကို စိတ်ထဲမထည့်ပေ။ သူ့တွင် တခြားအစီအစဉ်ရှိ၏။
ထိုအချိန်တွင် လျိုဝမ်ကျူးနှင့်အဘွားအိုတို့၏မျက်လုံးများ ပွင့်လာသည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၆၆)
လုဝမ်ကျူးက ထရပ်ပြီး ကျောက်စိမ်းပြားတစ်ပြားတစ်ခုကို ထုတ်ယူပြီး လေထဲသို့ ပစ်လိုက်ကာ လက်ဖြင့် အစီအရင်များစွာကို ပုံဖော်လိုက်သည်။ သူ၏အမြုတေဖွဲ့စည်းခြင်းအဆင့်စွမ်းအင်များကို ပါးစပ်အပြည့် ထွေးထုတ်လိုက်၏။ ကျောက်စိမ်းပြားကလည်း လေထဲတွင် စတင်လည်လာသည်။
အဘွားအိုဝမ်ကလည်း ကျောက်စိမ်းပြားတစ်ခုကို လေထဲသို့ မြှောက်ပစ်လိုက်သည်။ ကျောက်စိမ်းပြားက ပထမကျောက်စိမ်းပြားနှင့် ရောသွားပြီ ဆက်လက်လည်ပတ်ကာ သက်တန့်ရောင်အလင်းများ ထွတ်ပေါ်လာသည်။ သက်တန့်ရောင်အလင်းတန်းများက ၁၀မီတာပတ်လည်အတွင်းကို ဖုံးအုပ်သွားကာ အလင်းပြားမျက်နှာပြင်တစ်ခု ဖြစ်ပေါ်လာသည်။
လျိုဝမ်ကျူးက ဝမ်လင်းတို့အုပ်စုကို ကြည့်ပြီး ပြောလိုက်သည်… “မင်းတို့၄ယောက်မှာ ဝမ်လင်းကလွဲလို့ ကျန်တဲ့၃ယောက်က တခြားတပည့်တွေကို ဂရုစိုက်ပေး… စွမ်းအင်လှိုင်းတွေကို ပြင်းထန်တယ်… ပြုတ်မကျစေနဲ့… ဟွမ်လုံနဲ့မင်းတို့၃ယောက်က တစ်ယောက်ကို တပည့်၂ယောက်စီ တာဝန်ယူပါ… ရှန်ကွမ်း…မင်းတို့နှစ်ယောက်နဲ့ ဝမ်လင်းက ဘေးဘက်တွေမှာ ဘက်ညီအောင် လုပ်ဖို့ တာဝန်ယူပါ… “
ပြောပြီးသည်နှင့် သူက အလင်းပြားမျက်နှာပြင်ပေါ် ခြေလှမ်း လှမ်းလိုက်၏။ သူ့နောက်မှ အဘွားအိုက လိုက်တက်သည်။
တခြားသူများကလည်း လျိုဝမ်ကျူးနောက်၏ အမိန့်အတိုင်း လုပ်ဆောင်ကြသည်။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်နှစ်ယောက်နှင့်ဝမ်လင်းက အလင်းပြားမျက်နှာပြင် တြိဂံပုံစံ ထောင့်၃ထောင့်တွင် ရပ်လိုက်ကြသည်။
လျိုဝမ်ကျူးက လေကို ပြင်းပြင်းရှူလိုက်ပြီး သူ့လိုက်က အစီအရင်တစ်ခုကို ပုံဖော်ကာ အော်လိုက်သည်… “မြင့်တက်စမ်း… “
ပတ်ဝန်းကျင်က စတင် တုန်ခါလာသည်။ အလင်းပြားကလည်း စတင် မြင့်တက်လာပြီး အဝေးသို့ အလွန်လျင်မြန်စွာ ပျံသန်းသွား၏။
အမြန်နှုန်းက ဓားပျံစီးတာထက် အဆပေါင်းများစွာ ပိုမို မြန်ဆန်သည်။ စပြီး ပျံသန်းသည်နှင့် ပင်မတပည့်များသည် တောင့်မခံနိုင်ကြချေ။ သူတို့ကို တစ်ယောက်ယောက်ကသာ ကူညီမပေးထားဘူးဆိုလျှင် အစောကတည်းက ပြုတ်ကျပြီး ဖြစ်နေလိမ့်မည်။
ပင်မတပည့်အားလုံးဆီသို့ရောက်လာသော ဖိအားများက ထူးဆန်းသောနည်းလမ်းဖြင့် ရှန့်ကွမ်း၊ဆောင်ယုနှင့်ဝမ်လင်းတို့ဆီသို့ ရောက်သွား၏။
ဝမ်လင်းက သူ့ခန္ဓာကိုယ်ကို အလွန်ကြီးမားသောအားတစ်ခုက တွန်းထားသကဲ့သို့ ခံစားနေရသည်။ သူက ပြုတ်ကျလုနီးပါ ဖြစ်နေသော်လည်း ဆွဲငင်အားနည်းစနစ်ဖြင့် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားရ၏။ နည်းနည်းလောက် သူ့ကိုယ်က တုန်သွားလျှင်တောင်မှ ပြုတ်ကျသွားပြီးလားဟုတောင် ထင်မှတ်ရသည်။
ဝမ်လင်းက ရှန့်ကွမ်းနှင့်ဆောင်ယုကို ကြည့်လိုက်ရာ သူတို့က သက်တောင့်သက်သာဖြစ်နေသည်။ သူတို့ကို ကြည့်ရတာ နည်းနည်းမျှပင် အားစိုက်ထားသည့်ပုံ မပေါ်ချေ။ ဝမ်လင်းက တိတ်တဆိတ် သက်ပြင်းချပြီး တွေးလိုက်သည်… ‘ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ဆိုတဲ့အတိုင်း တစ်ကယ် အစွမ်းထက်တာပဲ… ငါ ယှဉ်လို့ မရသေးဘူး… “
စစ်ထူနန်က အရေးမထားသကဲ့သို့ ပြောလိုက်သည်… “ဒါက ထူးခြားတာမှ မဟုတ်တာ… ရိုးရှင်းတဲ့ လေခရီးသွားနည်းစနစ်တစ်ခုပဲ… ငါသာ လေခရီးသွားနည်းစနစ်ကို သုံးလိုက်ရင် လူတစ်သောင်းလောက်လည်း အေးအေးဆေးဆေး သယ်နိုင်တယ်… မျှခြေဖြစ်အောင်လည်း ထိန်းပေးစရာ လူမလိုဘူး… “
ဝမ်လင်းသည် ငိုရမလား၊ရယ်ရမလားပင် မသိတော့ချေ။
“အချိန်တိုင်း စီနီယာနဲ့ နှိုင်းယှဉ်နိုင်စရာ မလိုပါဘူး… စီနီယာ အစွမ်းထက်မှန်း ကျွန်တော် သိပါတယ်… “
စစ်ထူနန်က နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်… “ငါ ခန္ဓာကိုယ် ရှိစဉ်တုန်းကဆိုရင် မင်းလို ဂျူနီယာတစ်ယောက်နဲ့ ကပ်ပြီး စိတ်အနှောင့်အယှက် အဖြစ်ခံမှာတောင် မဟုတ်ဘူး… ငါ ပြောတဲ့စကား မင်းတစ်ယောက်ပဲ ကြားလို့ မင်းနဲ့ပြောနေတာ… မဟုတ်ရင် မင်းနဲ့စကားတောင် ပြောမှာ မဟုတ်ဘူး… “
အချိန်အနည်းငယ်ကြားပြီးနောက် အလင်းပြားက တဖြည်းဖြည်း မြန်လာသည်။ ဝမ်လင်းလည်း သူ့ကိုယ်သူ ထိန်းထားနိုင်ရုံသာ ရှိတော့၏။
ထိုအချိန်တွင် ရုတ်တရက် သူတို့ရှေ့တွင် အနက်ရောင်တိမ်တိုက်တစ်ခု ပေါ်လာသည်။
အနက်ရောင်တိမ်တိုက်ထဲတွင် အလင်းရောင်များ ရှိနေပြီး အမြန်နှုန်းကလည်း အလွန်မြန်လှသည်။ သူတို့သာ ဒီအတိုင်းဆက်သွားပါက အနက်ရောင်တိမ်တိုက်နှင့် တိုက်မိပေတော့မည်။ လျိုဝမ်ကျူးက မျက်နှာပျက်သွားပြီး ပြောလိုက်သည်… “ရှန့်ကွမ်း… ဆောင်ယု… ဝမ်လင်း… မင်းတို့၃ယောက် မင်းတို့ကိုယ်မင်းတို့ ပြုတ်မကျအောင် သေချာထိန်းထား… “
ပြောပြီးသည်နှင့်တစ်ပြိုင်နက် သူက အသက်ပြင်းပြင်းရှူလိုက်ပြီး အစီအရင်တစ်ခုကို ပုံဖော်လိုက်သည်။ အလင်းပြားက ခတ္တရပ်သွားပြီး အလွန်မြန်သောနှုန်းဖြင့် အနက်ရောင်တိမ်တိုက်ကို စက်ဝိုင်းခြမ်းသဏ္ဍာန် ကွေ့ပတ်ပြီး ဆက်သွား၏။
ရုတ်တရက် ရပ်ပြီး စက်ဝိုင်းခြမ်းသဏ္ဍာန် ဆက်ပြီးသွားခြင်းက အလင်းပြားပေါ်ရှိ လူအားလုံးအပေါ် အလွန်ပြင်းထန်သောဖိအားတစ်ခု သက်ရောက်စေသည်။ လူတိုင်းလည်း ပြုတ်ကျလုနီးပါး ဖြစ်သွား၏။ ပင်မတပည့်တချို့ဆိုလျှင် လေထဲသို့ပင် မြောက်သွားပြီး တစ်ယောက်က ဝမ်လင်းထဲသို့ လွှင့်သွားသည်။
ဝမ်လင်းသည် အစောကတည်းက ကိုယ့်ကိုယ်ကို ထိန်းထားနိုင်ရုံသာ ရှိ၏။ ရုတ်တရက် ရပ်ပြီး ဆက်သွားခြင်းက သူ့ကိုယ်ကို လှုပ်ရှားစေပြီး နောက်သို့ ဆုတ်သွားစေသည်။
ထိုအချိန်တွင် ရုတ်တရက် ထူးဆန်းသောပုတီးစေ့လေးမှ အေးစက်နေသောစွမ်းအင်တစ်ခုက သူ့ကိုယ်ထဲသို့ ဝင်ရောက်လာသည်။ ထိုစွမ်းအင်က သူ့ကိုယ်ထဲတွင် လှည့်ပတ်သွားပြီး သူ့ကိုယ်သူ အလင်းပြားပေါ်တွင် တည်ငြိမ်သွားအောင် ထိန်းထားပေးနိုင်စေရန် ကူညီပေးလိုက်၏။
ပင်မတပည့်က သူ့ဆီသို့ လွှင့်ပျံလာသည့်အခိုက်အတန့်တွင် ဝမ်လင်းက ထိုတပည့်၏မျက်ဝန်းထဲမှာ ကြောက်ရွံ့နေသောအကြည့်ကို မြင်လိုက်ရသည်။ ဝမ်လင်းက ထိုတပည့်၏လက်ကို ဆွဲဖမ်းလိုက်ပြီး တစ်ပတ်လှည့်ကာ အလင်းပြားအလယ်သို့ ပြန်ပစ်ထည့်လိုက်၏။
ပစ်ထည့်ပေးပြီးနောက် ဝမ်လင်းက လေကို တဝကြီး ရှိုက်လိုက်သည်။ အေးစက်နေသောစွမ်းအင်သည် စစ်ထူနန်ထံမှ လာသည်ကို ဝမ်လင်း သိသည်။ သူက စစ်ထူနန်ကို ကျေးဇူးတင်စကားပြောမည်အလုပ်တွင် အနက်ရောင်တိမ်တိုက်ထဲမှ အသံတစ်ခုကို ကြားလိုက်ရသည်။
“ဟုန်ယွီဂိုဏ်းက ကျင့်ကြံသူများ… ငါ့ရဲ့ရွှမ်တောက်ဂိုဏ်းရဲဘိုးဘေးဖန်းနန်ဇီကို တွေ့ခဲ့ကြလား… “
ဝမ်လင်းက ခေါင်းကို လှည့်ကြည့်လိုက်သည်။ အနက်ရောင်တိမ်တိုက်ထဲမှ ကြီးမားသော ကင်းခြေများကြီးကို မြင်လိုက်ရသည်။ ကင်းခြေများပေါ်တွင် အကြီးအကဲအိုးယန်နှင့် သူ့နောက်တွင် လူ၇ယောက်၊၈ယောက်ခန့် ရှိသည်။ သူတို့အားလုံးက ဝမ်လင်းတို့ကို လှောင်ပြုံးဖြင့် ကြည့်နေကြ၏။
သူတို့ထဲမှ ၃ယောက်က ပြင်းထန်သောအော်ရာများ ထုတ်လွှတ်လျှက်ရှိပြီး လျိုဝမ်ကျူးနှင့်အဘွားအိုဝမ်ကို အေးစက်စွာ ကြည့်နေလေသည်။
သူတို့ကို စကားပြောလိုက်သည့်သူက ထိုလူ၃ယောက်ထဲမှ အနက်ရောင်ကို ဝတ်ဆင်ထားသည့်တစ်ယောက် ဖြစ်သည်။
လျိုဝမ်ကျူး၏မျက်နှာက အလွန်ခက်ထန်လာပြီး စကားတစ်ခွန်းမှ မပြောဘဲ အလင်းပြားကိုသာ ပိုမြန်အောင် ထိန်းချုပ်လိုက်၏။ မကြာမီ အနက်ရောင်တိမ်တိုက်သည် သူတို့နောက်တွင် အစက်ကလေးတစ်စက်သာသာ ရှိတော့သည်။
အချိန်တော်တော်ကြာပြီးနောက် မြေပြင်ပေါ်က ရှူခင်းများက ပြောင်းလဲလာသည်။ သဲကန္တာရကဲ့သို့အကွက်များက စတင်ဖြစ်ပေါ်လာ၏။ နေရာပြောင်းလဲမှုကြောင့် ရောင်ပြန်ဟပ်ခြင်း ဖြစ်သည်။ အလင်းပြားက ထိုနေရာတွင် တစ်ခုခုကို ရှာနေသည့်အလား အနည်းငယ်လှည့်ပတ်နေပြီးနောက် ရုတ်တရက် မြောက်အရပ်သို့ ပျံသန်းသွား၏။ သူတို့က တောင်ထိပ်တစ်ခုဆီသို့ ရောက်မှ ဖြည်းညှင်းစွာ အောက်သို့ ဆင်းသက်လိုက်၏။
အလင်းပြားက မြေပြင်နှင့် ထိသည်နှင့်တစ်ပြိုင်နက် ပင်မတပည့်အားလုံး မြေပြင်ပေါ်သို့ လဲကျသွားပြီး စတင်ပျို့အန်ကြသည်။
ဝမ်လင်းလည်း မူးဝေနေပြီး ရင်ဘတ်တစ်ခုလုံး တင်းကြပ်နေသကဲ့သို့ ခံစားနေရ၏။
လျိုဝမ်ကျူးက အစီအရင်တစ်ခုကို ဖန်တီးပြီး နည်းစနစ်တစ်ခုကို ထုတ်သုံးလိုက်သည်။ တောင်တစ်ခုလုံးက တုန်ခါသွားပြီး တောင်ပေါ်တွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ လျိုဝမ်ကျူးက ချက်ချင်း အက်ကြောင်းထဲသို့ ခုန်ဝင်သွား၏။
အဘွားအိုဝမ်က ဘေးပတ်ပတ်လည်ကို ကြည့်ပြီး သူ့နောက်မှ လိုက်သွား၏။
ကျန်သည့်လူအားလုံးလည်း အကြီးအကဲများ၏ အကူအညီဖြင့် အက်ကြောင်းထဲသို့ လိုက်ဝင်သွားကြသည်။ သူတို့ဝင်သွားပြီးနောက် အက်ကြောင်းကြီးက ဖြည်းဖြည်းချင်း ပြန်ပိတ်သွား၏။
ဝမ်လင်းက အထဲသို့ ဝင်လိုက်သည်နှင့် ဂူတစ်ခုလုံးကို သူ၏နတ်ဘုရားစိတ်အာရုံနှင့် စစ်ဆေးကြည့်လိုက်သည်။ ဂူတစ်ခုလုံးတွင် ကျောက်တုံးအခန်းအနည်းငယ်မှအပ ဘာမှမရှိပေ။
လျိုဝမ်ကျူးက အားလုံးဝင်လာပြီးသည်အထိစောင့်ပြီး လေးနက်သည့်အမူအရာဖြင့် ပြောလိုက်သည်… “မင်းတို့အများစုက ကျင့်ကြံခြင်းမှာ အဆင့်တစ်ခုကို ရောက်နေပြီဖြစ်လို့ စားသောက်ဖို့ မလိုတော့ဘူး… မင်းတို့တွေအတွက်တော့ လိုသေးတယ်… ကျောက်တုံးအခန်းထဲမှာ စားစရာတွေရှိတယ်… အဲ့စားစရာတွေကုန်ဖို့ မင်းတို့ နှစ်ပေါင်းများစွာ စားရလိမ့်မယ်… ငါနဲ့ဘိုးဘေးဝမ်က တံခါးပိတ်လေ့ကျင့်တော့မယ်… တခြားကိစ္စတွေနဲ့ ပက်သတ်လို့ ငါတို့ကို စိတ်အနှောင့်အယှက် မပေးပါနဲ့… အကြီးအကဲတွေရဲ့ စီစဉ်မှုကို နာခံပါ… “
အဘွားအိုဝမ်ကို ပြောလိုက်သည်… “ငါတို့ဟုန်ယွီဂိုဏ်းက နှစ်၁၀၀တံခါးပိတ် ကျင့်ကြံရမယ်… ပြီးရင်တော့ ငါတို့အရှက်ရခဲ့တာတွေကို ပြန်ပေးဆပ်ခိုင်းရမယ်… အခုကစပြီး ဘယ်တပည့်မဆို အဆင့်တက်ဖို့အတွက် လင်္ကာတွေလိုတာနဲ့ အကြီးအကဲတွေဆီမှာ သွားတောင်းပါ… နောက်ထပ်နှစ်၁၀၀အထိ ကိစ္စကြီးကြီးမားမား မရှိရင် ဘယ်တပည့်ကိုမှ အပြင်ထွက်ခွင့် မပေးဘူး… ဟွမ်လုံတို့၃ယောက်က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တတ်နိုင်သလောက် မြန်မြန်ရောက်အောင် ကြိုးစားပါ… “
ဟွမ်လုံတို့၃ယောက်က ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။
လျိုဝမ်ကျူး၏အကြည့်က ပင်မတပည့်များဆီသို့ ရောက်သွားပြီး ပြောလိုက်သည်… “လုစုန့်…မင်းက ပင်မတပည့်အားလုံးရဲ့ ခေါင်းဆောင်လုပ်ပါ… ဝမ်လင်း…မင်းက ငါ့နောက်လိုက်ခဲ့… မင်းအတွက် အထူးနေရာတစ်ခု စီစဉ်ပေးမယ်… “
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၆၇)
အဘွားအိုဝမ်က ခေါင်းညိတ်ပြီး ပြောလိုက်သည်… “ဝမ်လင်း… မင်းမှာ မေးစရာမေးခွန်းရှိရင် ဘယ်အချိန်မဆို ငါတို့ဆီလာပြီး မေးနိုင်တယ်… “
ဝမ်လင်းက ခဏလောက်စဉ်းစားပြီး ပြန်ပြောလိုက်သည်… “ဘိုးဘေးဆီက တပည့်ခွင့်တောင်းစရာ ကိစ္စတစ်ခု ရှိပါတယ်… “
အဘွားအိုဝမ်က မျက်မှောင်ကြုတ်သွား၏။
“ဘာလဲ… “
ဝမ်လင်းက ပြန်ဖြေလိုက်သည်… “တပည့် အပြင်ကို တစ်ခေါက်လောက် ထွက်ချင်ပါတယ်… “
အဘွားအိုဝမ်က အလျင်အမြန်ပင် ငြင်းဆန်လိုက်သည်… “မင်း အရင်ဆုံး ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို အရင်ရောက်အောင် ကျင့်ကြံရမယ်… မင်း အပြင်ထွက်လို့မရဘူး… “
“တစ်ခုခုလုပ်ဖို တပည့် အပြင်ကို ထွက်မှ ရပါမယ်… လုပ်ပြီးရင်တော့ ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်ပါ့မယ်… “
အဘွားအိုဝမ်က ဝမ်လင်းကို စူးစူးရဲရဲ စိုက်ကြည့်ပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ်တွင် လျိုဝမ်ကျူးက သူမကို ဆွဲလိုက်ပြီး နွေးထွေးစွာ ပြောလိုက်သည်… “မင်းရဲ့ဘိုးဘေးဝမ်က အပြင်မှာ မင်းအတွက် စိုးရိမ်လို့ပါ… အပြင်ကို ဘာလို့ထွက်ချင်တာလဲ ပြောပြနိုင်မလား… “
ဝမ်လင်းက ရိုးရိုးသားသားပင် ပြန်ဖြေလိုက်၏… “တပည့်ရဲ့မိဘတွေကို မမြင်ရတာ နှစ်တော်တော်ကြာပြီ… ပြီးတော့ ဒီတံခါးပိတ်ကျင့်ကြံမှုက နှစ်တွေ အရမ်းကြာလိမ့်မယ်… ဒါကြောင့် အိမ်ပြန်ပြီး မိဘတွေကို သွားတွေ့ချင်တယ်… “
လျိုဝမ်ကျူးက အနည်းငယ် စဉ်းစားလိုက်ပြီး အဘွားအိုဝမ်နှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်… “ကောင်းပြီ… မြန်မြန်သွားပြီး မြန်မြန် ပြန်လာခဲ့… ဒီကျောက်စိမ်းပြားက အမြုတေဖွဲ့တည်ခြင်းအဆင့်ကျင့်ကြံသူရဲ့ အင်အားပြည့်တိုက်ချက်တစ်ခုကို ခုခံပေးနိုင်စွမ်းရှိတယ်… ဒါကို မင်း အသက်အန္တရာယ်ကျရောက်မှသာ အသုံးပြုပါ… “
ဝမ်လင်း အံ့ဩသွား၏။ ချက်ချင်း ကျောက်စိမ်းပြားကို လက်ခံလိုက်ပြီး သိုလှောင်အိတ်ထဲ သိမ်းဆည်းထားလိုက်သည်။ သူ့တွင်ရှိသည့် ရတနာများက အရည်အတွက်အားဖြင့် အလွန်နည်းပါးလှ၏။ ကျန်းဟူပေးခဲ့သည့်အဆောင်နှင့် အခု လျိုဝမ်ကျူးပေးသည့်ကျောက်စိမ်းပြားသာ ရှိသည်။
“ဒါကတော့ ဒီမှာရှိတဲ့ ဝင်္ကပါအစီအရီကို ဖွင့်တဲ့နည်းစနစ်ပဲ… ကောင်းကောင်း မှတ်သားထားပါ… “ လျိုဝမ်ကျူးက နောက်ထပ်ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပေးလိုက်၏။ ထို့နောက် တံခါးပိတ်လေ့ကျင့်ရန် အဘွားအိုဝမ်နှင့်အတူ အခန်းတစ်ခုအတွင်းသို့ ဝင်သွား၏။
ဝမ်လင်းလည်း အားလုံးကို နှုတ်ဆက်စကားဆိုပြီးနောက် ဝင်္ကပါအစီအရင်ကို ဖွင့်သည့် နည်းစနစ်ကို အသုံးပြုပြီး ဂူထဲမှ ခုန်ထွက်လိုက်သည်။
ဂူထဲမှ ခုန်ထွက်ပြီးသည်နှင့် တစ်ဆက်တည်း လေထဲသို့ ထပ်ခုန်လိုက်ပြီး ဆွဲငင်အားနည်းစနစ်ကို သုံးကာ လေပေါ်သို့ ပျံတက်သွား၏။
စစ်ထူနန်က ဝမ်လင်းကို ပြောလိုက်သည်… “မင်း နောက်ဆုံးတော့ ထွက်လာနိုင်ပြီပဲ… မင်းမှာ အစီအစဉ်တွေ ရှိလား… “
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး ပြန်ဖြေလိုက်၏… “နောက်ဆိုရင် ငါ ကြိုက်တဲ့အချိန် ပြန်လို့ရမှာ မဟုတ်တော့ဘူး… အိမ်က ကိစ္စတွေ စီစဉ်ပြီးရင်တော့ ငါ့မှာ အစီအစဉ် ရှိပါတယ်… “
စစ်ထူနန်က ပြောလိုက်သည်… “ငါ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ကောင်းကင်ဘုံဆန့်ကျင့်သောပုတီးစေ့ကို မင်း သစ်သားဒြပ်စင် ပြည့်အောင် ဖြည့်လိုက်တာနဲ့ သူ့ရဲ့အချိန်စွမ်းရည်ကလည်း တိုးတက်လာလိမ့်မယ်… အခု၁၀ဆသာတယ်… သစ်သားဒြပ်စင်ဖြည့်ပြီးရင် အဆ၁၀၀လောက် သာကောင်း သာသွားလိမ့်မယ်… ဒါဆို မင်းရဲ့ကျင့်ကြံခြင်းကလည်း အများကြီး တိုးတက်လာမှာပဲ… “
စကားပြောရင်းဖြင့် ဝမ်လင်းက လျင်မြန်စွာ ပျံသန်းလာခဲ့သည်။
တစ်ရက်ကုန်လွန်ပြီးနောက် ဟုန်ယွီဂိုဏ်း၏တောင်ဘက်နယ်နိမိတ်ထဲသို့ ဝင်ရောက်လာသည်။ သူက လူအများကို ဆွဲဆောင်နိုင်မှာ စိုးရိမ်သည့်အတွက် အရှိန်ကို အများကြီး လျော့ချလိုက်၏။ ဒုတိယမြောက်နေ့တွင် သူ့ရွာသို့ ရောက်လာသည်။
ရွာကို အဝေးမှ လှမ်းကြည့်ရာ ယခင်အတိုင်း ပြောလဲမှု မရှိပေ။ သူ့အိမ်ဘေးတွင်လည်း အများကြီး ပြောင်းလဲမှု မရှိသေးချေ။
မနက်ခင်းတွင် လူတိုင်းအိပ်ယာထကာ မနက်စာချက်ရာမှ ထွက်လာသော မီးခိုးငွေ့များက ရွာထဲ၌ လွင့်မျောနေ၏။
ဝမ်လင်းသည် ရွာဝင်ဝတွင် ရပ်ပြီး သူ၏အိမ်ကို လှမ်းကြည့်နေသည်။ အချိန်က ၅နှစ်ကုန်သွားပြီ ဆိုသော်လည်း သူ့စိတ်ထဲတွင် သူ့မိဘများ၏ မျှော်လင့်ချက်အကြည့်များကို မှတ်မိနေဆဲပင် ဖြစ်၏။
သူက ရွာဝင်ဝတွင် ရပ်နေသော်လည်း အိမ်ထဲသို့ မဝင်ခဲ့ပေ။ သူက ရွာကို လှည့်ပတ်ကြည့်လိုက်ရာ သူ့ကိုယ်ကို ကောင်းကောင်းကွယ်ထားနိုင်ပြီး ထိုင်၍ကျင့်စဉ်ကျင့်လို့လည်းရသည့် သစ်ပင်တစ်ပင်ကို တွေ့လိုက်ရသည်။
ရွှမ်တောက်ဂိုဏ်းမှ တပည့်များက သူ့ကို လက်စားချေရန်အတွက် သူ့မိဘများကို သတ်ပစ်ရန် လာ၊မလာကို သူလည်း မသေချာပေ။ ထို့ကြောင့် သည်ကိစ္စကို မဖြေရှင်းရသေးခင် အိမ်ထဲကို မသွားချင်သေးပေ။ သူ့မိဘများ စိတ်ပူမည်ကို မလိုလားချေ။
အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာသည်။ ဝမ်လင်း ရွာအပြင်ဘက်တွင် နေထိုင်သည်မှာ တစ်လပြည့်ခဲလေပြီ။
ကုန်ဆုံးခဲ့သည့်တစ်လလုံး ဝမ်လင်းက အချိန်တိုင်း နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ထားခဲ့၏။
တစ်ရက်တွင် ဝမ်လင်း၏မျက်လုံး ပွင့်လာပြီး ပြောလိုက်သည်… “သူတို့လာပြီပေါ့… “
ဓားအလင်းနှစ်ခုက ရွာဆီသို့ လျင်မြန်စွာ ပျံသန်းလာနေသည်။ သူတို့မြေပေါ်သို့ ဆင်းလိုက်သည်နှင့် သူတို့၏ရုပ်သွင်များ ပေါ်လာ၏။ တစ်ယောက်က တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဘယ်သူလဲ မသိနိုင်ပေ။ သို့သော်လည်း သူ့ကိုယ်မှ အော်ဂလီဆန်စရာကောင်းသည့်အပုပ်နံ့များက ထွက်နေ၏။
အနက်ရောင်ဝတ်ရုံနှင့်လူထံမှ အလွန်မုန်းတီးမှုများ ပြည့်နေသော အသံတစ်ခု ထွက်ပေါ်လာသည်… “ကျန်းခွမ်း… ဝမ်လင်းရဲ့မိဘတွေက ဒီမှာနေတာလား… “
အနက်ရောင်ဝတ်ရုံနှင့်လူ၏ဘေးတွင် အလွန်ကြည့်ကောင်းသောလူငယ်တစ်ဦး ရှိနေသည်။ ထိုလူငယ်က တိုးတိုးလေး ပြောလိုက်သည်… “စီနီယာအစ်ကို… ဝမ်ကျောက်က တစ်ကယ်ကို စက်ဆုပ်ဖွယ်ကောင်းတဲ့ကောင်ပဲ… ငါ ထင်တာက… သူ ဝမ်လင်းကို မကျေနပ်ကြောင်းတွေ အများကြီး ပြောပြီး ဝမ်လင်းမိဘတွေ ရှိမဲ့နေရာကို ပြောလိမ့်မယ် ထင်ထားက သူက စကားတစ်ခွန်းတောင် မဟခဲ့ဘူး…. ဒါပေမဲ့ ကျွန်တော်က ဉာဏ်ကောင်းတဲ့ကောင်ပါ… ကျောင်းသားဝင်ခွင့်ဌာနကို သွားပြီး စစ်ဆေးလိုက်တာနဲ့ ဝမ်လင်းက ဒီရွာမှာ နေတာကို တွေ့လိုက်ရတယ်… ဒါပေမဲ့ ဘယ်အိမ်မှန်းတော့ မသိဘူး… “
ထို့သို့ ပြောပြီးသည်နှင့် သူ့စိတ်ထဲတွင်လည်း တွေးလိုက်သည်… ‘ဝမ်လင်း… အရင်က ငါတို့က တစ်ဂိုဏ်းတည်းပဲ… ဒါ့ကြောင့် မင်းကို စိတ်ပူနေရသေးတယ်… ဒါပေမဲ့ အခု ငါက ရွှမ်တောက်ဂိုဏ်းက တပည့်တစ်ယောက် ဖြစ်နေပြီ… ဘာကိစ္စပဲရှိရှိ ငါက မင်းပိုင်ဆိုင်တဲ့ရတနာကို လုယူရလိမ့်မယ်… ‘
တစ်ကိုယ်လုံး အနက်ရောင်ဝတ်ရုံကြီး လွှမ်းခြုံထားသည့်လူက ရွှမ်တောက်ဂိုဏ်းခေါင်းဆောင်၏တပည့်ကျိုးဖန်း ဖြစ်၏။ ဝမ်လင်းအပေါ်ရှိသည့် သူ၏အမုန်းတရားက အမြင့်ဆုံးသို့ ရောက်ရှိနေ၏။ သူ၏ဂုဏ်သတင်းက ဝမ်လင်းကြောင့် ပျက်စီးသွားရသဖြင့် ဝမ်လင်းကို သွေးစိမ်းရှင်ရှင် ထွက်အောင် ရိုက်နှက်ချင်နေပြီး ဝမ်လင်း၏လည်ချောင်းသွေးကို သောက်ရဖို့ ဆုတောင်းနေလေသည်။ ထို့အပြင် သူ့ကိုယ်ပေါ်မှ အပုပ်နံ့က ဖျောက်ဖျက်မရနိုင်သည့်အတွက် တစ်ခြားသူများက သူ့ကို မမြင်နိုင်စေရန်အတွက် အနက်ရောင်ဝတ်ရုံကြီး လွှမ်းခြုံထားရ၏။ သည်အရာအားလုံးက ဝမ်လင်းကြောင့်ပင် ဖြစ်လာရသည်။
အနက်ရောင်အညစ်အကြေးများက အဝတ်ဖြင့် ဖုံးလွှမ်း၍ ရသော်လည်း အနံ့ကတော့ ရှိနေဆဲပင် ဖြစ်သည်။ တခြားသူများ မဆိုထားနှင့် ထိုအနံ့ကို သူ့ကိုယ်သူ ပြန်ရှူမိတိုင်း ပျို့အန်ချင်သလိုပင် ခံစားရ၏။
သူက အေးစက်စွာ ပြောလိုက်သည်… “ကျန်းခွမ်း… မင်းပြောတာ ဝမ်လင်းက အသုံးမကျတဲ့ကောင် အဖြစ်ကနေ ပါရမီရှင်တစ်ယောက်လို အစွမ်းထက်လာတာ အဲ့အရည်ကြောင့်လို့ ပြောခဲ့တယ်နော်… “
ကျန်းခွမ်းသည်လည်း အနံ့ကို တောင့်ခံနေရသည်။ အဘယ်ကြောင့်ဆိုသော် ကျိုးဖန်းနှင့်သူက အလွန်နီးကပ်နေသဖြင့် အနံ့ကို ရှူမိပြီး အစာအိမ်ထဲမှ အစာများ အန်ထွက်ချင်သလိုပင် ခံစားနေရ၏။ သို့သော်လည်း ကျိုးဖန်းရှေ့တွင် ထိုကဲ့သို့သောအမူအရာ အနည်းငယ်မျှပင် မပြရဲချေ။ သူက ချက်ချင်း ပြန်ဖြေလိုက်သည်… “စီနီယာအစ်ကို… ငါက ဘယ်လိုလုပ် စီနီယာအစ်ကိုကို အရူးလုပ်ရဲပါ့မလဲ… အဲ့ဒီအရည်ကိုလည်း စီနီယာအစ်ကိုကို ပြထားပြီးပြီပဲ… အဲ့အရည်က ဝမ်လင်း ငါ့ဆီက ချီစုစည်းခြင်းအဆင့် လင်္ကာတွေအတွက် လဲသွားခဲ့တဲ့အရည်တွေပဲ… ငါ သစ္စာဆိုပြမယ်… ငါသာ စီနီယာအစ်ကိုကို လိမ်ညာခဲ့ပါက ဘယ်တော့မှ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို မရောက်ပါစေနဲ့… “
ကျိုးဖန်းက ခေါင်းမှအစွပ်ကို ဖယ်ရှားလိုက်ပြီး ပြောသည်… “ကောင်းတယ်… ကျန်းခွမ်း… မင်း ပြောတာတွေသာ အမှန်ဖြစ်မယ်ဆိုရင် အနာဂါတ်မှာ ငါ့အနားရှိနေတဲ့ကာလတစ်လျှောက်လုံး မင်းကို ဘယ်သူမှ လာမရှုပ်ရဲစေရဘူး… “
ကျန်းခွမ်းက စိတ်လှုပ်ရှားသည့်အမူအရာဖြင့် ခေါင်းကို ငုံ့လိုက်သည်။ သို့သော် သူ့စိတ်ထဲတွင် တွေးနေသည်က… ‘ဟမ့်… ငါ…ကျန်းခွမ်းက တစ်ယောက်ယောက်ရဲ့နောက်က အရိပ်ဖို့လိုက်ဖို့ လိုတဲ့လူတစ်ယောက် မဟုတ်ဘူး…. ငါက ရွှမ်တောက်ဂိုဏ်းကို ခြေကုပ်ယူနေတာပဲ ရှိတယ်… နှစ်ဒါဇင်အနည်းငယ်အတွင်းမှာ ငါက ခန္ဓာကိုယ်သန့်စင်အဆင့်ကို ရောက်လိမ့်မယ်… ‘
ကျန်းခွမ်းက ခေါင်းငုံသွားသည့်အချိန်တွင်လည်း ကျိုးဖန်း၏မျက်နှာတွင် လှောင်ပြောင်သည့်အမူအရာများ ပေါ်လာ၏။ ကျိုးဖန်းက မေးလိုက်သည်… “အဲ့ဒီအရည်အကြောင်းကို တစ်ခြားတစ်ယောက်ယောက်ကို ပြောပြထားသေးလား… “
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၆၈)
ကျန်းခွမ်းက ခေါင်းခါပြီး ဖြေလိုက်သည်… “စီနီယာအစ်ကို… ရွှမ်တောက်ဂိုဏ်းတစ်ခုလုံးမှာ ဒီအကြောင်းကို သိတာ ကျွန်တော်တို့၂ယောက်ပဲ ရှိတယ်… တခြားဘယ်သူ့ကိုမှ မပြောပြခဲ့ပါဘူး… “
ကျိုးဖန်း၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ကျန်းခွမ်း၏လည်ပင်ကော်လာကို ဆွဲကိုင်ကာ အော်ပြောလိုက်သည်… “ကျန်းခွမ်း… မင်းက လိမ်နေတာပဲ… “
ကျန်းခွမ်းက အနည်းငယ်မျှပင် ပြန်မလုပ်ရဲပေ။ ကျိုးဖန်း၏မျက်ဝန်းထဲမှ သတ်ဖြတ်ချင်သည့်အရိပ်အယောင်များကို မြင်လိုက်ရသော်အခါ ကျန်းခွမ်း၏မျက်နှာက နီရဲသွား၏။ သူက အံကြိတ်ပြီး ပြောလိုက်သည်… “စီနီယာအစ်ကို မယုံရင် ကျွန်တော်အပေါ် စိတ်ဝိညာဉ်ရှာဖွေခြင်းနည်းစနစ်ကို အသုံးပြုနိုင်ပါတယ်… ကျွန်တော်ပြောတာ ၁၀၀ရာခိုင်နှုန်း အမှန်ပါ… တခြားဘယ်သူကိုမှ မပြောပြခဲ့ပါဘူး… “
ကျိုးဖန်း၏မျက်လုံးက အရောင်တောက်သွားပြီး ပြောလိုက်သည်… “အခုတော့ ငါ မင်းကို ယုံလိုက်မယ်… ဝမ်လင်းရဲ့မိဘတွေကို သွားဖမ်းပြီး သတ်ကြမယ်… သူတို့ရဲ့ဝိညာဉ်တွေကို စိတ်ဝိညာဉ်အလံထဲထည့်ပြီး သန့်စင်ပစ်မယ်… ပြီးရင် အဲ့တာက ဝမ်လင်းကို ရှာဖို့အတွက် သုံးလို့ရတယ်… သူ့မိဘတွေရဲ့ဝိညာဉ်ကို သုံးပြီး သူ့ကို တိုက်ခိုက်ရမယ်… သူက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို မရောက်သေးရင် သူ့ရဲ့ဝိညာဉ်ကလည်း အားနည်းနေဦးမှာပဲ… “
ကျန်းခွမ်း၏ခန္ဓာကိုယ်က တုန်ယင်သွား၏။ ဤမျှရက်စက်သောနည်းစနစ်ကို အရင်က သူ တစ်ခါမှ မကြားဖူးခဲ့ပေ။
ကျိုးဖန်းက မျက်မှောင်ကျုံ့သွားပြီး အော်လိုက်သည်… “သွား… “
ကျန်းခွမ်းက အံကြိတ်ပြီး ရွာဆီသို့ ပြေးထွက်သွား၏။
ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဓများ ပြည့်နှက်လာသည်။ တစ်စုံတစ်ယောက်ကို သတ်ချင်တာ ပထမဆုံးအကြိမ် ဖြစ်၏။
စစ်ထူနန်က ချက်ချင်းပင် အော်ပြောလိုက်သည်… “မှန်တယ်… သတ်…သတ်…သတ်… သူတို့အားလုံးကို သတ်ပစ်… မင်းက အခု အားနည်းနေတယ်… ဒါပေမဲ့ မင်း သန်မာလာတဲ့တစ်နေ့ ရွှမ်တောက်ဂိုဏ်း တစ်ဂိုဏ်းလုံးကို သတ်လိုက်သင့်တယ်… ငါလည်း အဲ့လိုမျိုးလုပ်တာ ကြိုက်တယ်… “
သည်တစ်ကြိမ်တွင်တော့ စစ်ထူနန်၏အကြံကို ဝမ်လင်း ငြင်းဆန်ခြင်း မပြုခဲ့ပေ။ ဝမ်လင်းက ချက်ချင်းပဲ ကျန်းခွမ်းကို လိုက်ဖမ်းရန် သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။
ကျန်းခွမ်းက ရွာဆီသို့ ပြေးလွှားနေစဉ်တွင် ရုတ်တရက် သူ၏အမူအရာက ပြောင်းလဲသွား၏။ ခေါင်းကို လှည့်ကြည့်လိုက်ရာ လေထဲမှ သူ့နောက် လိုက်လာသော ဝမ်လင်းကို တွေ့လိုက်ရသည်။
ကျန်းခွမ်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ အားတင်းပြီး ပြောလိုက်သည်… “စီနီယာအစ်ကို… မင်း…မင်း… “
ဝမ်လင်းက ဘာမှမပြောသော်လည်း သူ့မျက်နှာထားက အေးစက်နေသည်။
“စီနီယာအစ်ကို… ငါ… “ ဝမ်လင်း၏မျက်နှာထားကို မြင်ပြီး သူ့နှလုံးက ပြင်းထန်စွာ ခုန်လာပြီး နောက်သို့ အနည်းငယ်ထပ်ဆုတ်ကာ လက်ကို သိုလှောင်အိတ်ပေါ် တင်ထားလိုက်သည်။
“ကျန်းခွမ်း… ငါ့ရဲ့အိမ်ကို ရှာနေတာလား… ဟိုမှာလေ… “ ဝမ်လင်းက သူ့အိမ်ကို လက်ညှိုးထိုးပြီး ညွှန်ပြလိုက်၏။
ကျန်းခွမ်း၏နှလုံးက အပြင်းအထန်ခုန်လာပြီး သူက မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ သူ့မျက်နှာတွင်လည်း နောင်တရနေဟန်ဖြင့် အော်ပြောလိုက်၏… “စီနီယာအစ်ကို… ငါ မှားပါတယ်… ဒါ ကျိုးဖန်းကြောင့်ပါ… သူက ငါ့ကို ဒီနေရာ လာဖို့ အတင်းဖိအားပေးခဲ့တာပါ… ငါ… “ ပြောနေစဉ်မှာပဲ သူက ရုတ်တရက် ကျောက်စိမ်းပြားတစ်ခုကို လေထဲသို့ ပစ်လွှတ်လိုက်၏။
ကျောက်စိမ်းပြားက ချက်ချင်း ဓားပျံတစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး ဝမ်လင်းဆိသို့ ပြေးဝင်သွား၏။ ကျန်းခွမ်းက သစ်သားနက်အပိုင်းအစများ ထုတ်ယူလိုက်ပြီး ဂါထာများ ရွတ်ဆိုလိုက်သည်။ သစ်သားနက်အပိုင်းအစများက ကျာပွတ်တစ်ချောင်းအဖြစ် ပေါင်းစပ်သွား၏။
ကျာပွတ်ဖြစ်ပေါ်လာသည်နှင့် ကျာပွတ်မှ အန္တရာယ်ရှိသောအော်ရာများ ထွက်ပေါ်လာသည်။ ကျန်းခွမ်းက ကျာပွတ်ကို ဝမ်လင်းဆီသို့ ပစ်လိုက်ပြီး ချက်ချင်း နောက်လှည့်ပြီး ထွက်ပြေးလိုက်၏။
ဝမ်လင်း၏မျက်နှာတွင် လှောင်ပြောင်သည့်အမူအရာတစ်ခု ပေါ်လာသည်။ သူက ဆွဲငင်အားနည်းစနစ်ကို သုံးပြီး သူ့ကိုယ်ကို ဘေးသို့ ရွှေ့ကာ မမြင်နိုင်သောလက်ကြီးနှစ်ခုကို ထုတ်ဖော်လိုက်သည်။ လက်တစ်ဖက်က ဓားကို ဖမ်းလိုက်ပြီး နောက်တစ်ဖက်က ကျန်းခွမ်းဆီသို့ တိုးဝင်သွား၏။
ကျန်းခွမ်းသည် ရုတ်တရက် သူ့လည်ပင်းမှ နာကျင်မှုကို ခံစားလိုက်ရပြီး သူ့မျက်နှာက ချက်ချင်း ခရမ်းရောင်ပြောင်းသွားသည်။ သူကလည်း နည်းစနစ်တစ်ခုကို ချက်ချင်း လက်သင်္ကေတဖြင့် အသက်သွင်းပြီး လည်ပင်းဆီသို့ လက်လှမ်းလိုက်၏။
ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်လျံလာပြီး ဆွဲငင်အားနည်းစနစ်ကို အားနည်းနည်း ပိုထည့်လိုက်ရာ တစ်ခုခု ကျိုးကြေသွားသည့် အသံတစ်ခု ထွက်ပေါ်လာကာ ကျန်းခွမ်း၏လည်ပင်းက ကွေးကျသွား၏။ သူ့မျက်လုံးသည်လည်း မျှော်လင့်ချက်မဲ့သည့်အရိပ်အယောင်များနှင့် ဖြစ်သည်။ သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်လာပြီးနောက်တွင် ဝမ်လင်းက သူ့ကို လွှတ်ပေးလိုက်၏။ သူက မြေပြင်ပေါ်သို့ လဲကျသွားပြီး အနည်းငယ်တွန့်သွားကာ နောက်ဆုံးတွင် လုံးဝ မလှုပ်ရှားတော့ချေ။
ကျန်းခွမ်းသေသွားသည်နှင့် ဓားပျံက တုန်ခါလာပြီး ကျောက်စိမ်းပြားလေးအဖြစ်သို့ ပြန်ပြောင်းသွား၏။ ဝမ်လင်းက လေထဲမှ ကျောက်စိမ်းပြားလေးကို သိမ်းယူလိုက်သည်။
ကျာပွတ်ကလည်း ကျန်းခွမ်းမရှိတော့သည်နှင့် ချက်ချင်း သစ်သားနက်အပိုင်းအစများ အဖြစ် ပြောင်းလဲသွားရာ ဝမ်လင်းက အားလုံးကို သိမ်းဆည်းလိုက်၏။ ကျန်းခွမ်း၏သိုလှောင်အိတ်ကိုပါ ယူလိုက်ပြီးနောက် မီးဘောလုံနည်းစနစ်ဖြင့် ကျန်းခွမ်း၏ခန္ဓာကိုယ်ကို မီးရှို့ပြီး ကျိုးဖန်းရှိသည့်နေရာသို့ ပြေးထွက်သွားလိုက်၏။
ကျိုးဖန်း စောင့်နေသည်မှာ နေ့တစ်ဝက်ပင် ရှိနေလေပြီ။ စိတ်ထဲမှလည်း ကျန်းခွမ်းကို ဆဲရေးလိုက်သည်။ ရုတ်တရက် သူ၏အမူအရာက ပြောင်းလဲသွားပြီး ရွာထဲမှ စိတ်စွမ်းအင်လှိုင်းများကို အာရုံခံမိလိုက်၏။ သူက သွားပြီး စစ်ဆေးကြည့်ရန် ပြင်လိုက်စဉ်မှာပင် သူ့ဆီသို့ အားကောင်းသောသတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုက လျင်မြန်စွာ လာနေသည်ကို ခံစားမိလိုက်၏။
ကျိုးဖန်းက အံ့အားသင့်သွားပြီး စိတ်ထဲတွင် တွေးလိုက်သည်… ‘ကျန်းခွမ်းကို ဘယ်သူသတ်တာလဲ… သူ့ရဲ့တည်ရှိမှုက လုံးဝပျောက်ကွယ်သွားပြီ… ဒါသေသွားတာကို ဆိုလိုချင်တာလား… ‘ ကျိုးဖန်းက နောက်ထပ် ဆက်မတွေးတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏မြင်ကွင်းထဲသို့ ဝမ်လင်းရောက်လာသောကြောင့် ဖြစ်၏။
ကျိုးဖန်း အကြီးအကျယ် မျက်နှာ ပျက်သွားသည်။ စကားတစ်ခွန်းမှ မပြောဘဲ နောက်လည့်ပြီး ထွက်ပြေးတော့သည်။ စိတ်ထဲမှလည်း ကျိန်ဆဲလိုက်သည်… ‘ကျန်းခွမ်း… ကျန်းခွမ်း…မင်းက ငါ့ကိုပါ သေအောင် လုပ်ခဲ့တာလား… ဝမ်လင်းကရော ရုတ်တရက် ဘယ်လိုပေါ်လာတာလဲ… ‘
ဝမ်လင်း၏မျက်လုံးများက အေးစက်နေဆဲ ဖြစ်သည်။ ကျိုးဖန်းကို သတ်ပစ်ရန် ဆုံးဖြတ်ပြီးနေပြီ ဖြစ်၏။ ဆွဲငင်အားနည်းစနစ်ဖြင့် သူ့ကိုယ်ကို ထိန်းချုပ်ပြီး ကျိုးဖန်းနောက်သို့ လျင်မြန်စွာ လိုက်သွားလိုက်သည်။
သူက နောက်ကို တစ်ချက်မှ လှည့်မကြည့်ဘဲ ဓားပျံကို ထုတ်ကာ ဟုန်ယွီတောင်ထိပ်ဆီသို့ ဦးတည်ပျံသန်းနေ၏။
“မင်း ငါ့လက်ကလွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး… “ တစ္ဆေတစ်ကောင်က အနားနားကပ်ပြောသကဲ့သို့ ဝမ်လင်း၏စကားသံက ကျိုးဖန်း၏နားထဲသို့ ဝင်ရောက်သွား၏။ ဝမ်လင်းက သူနှင့် နီးကပ်လာသည်ကို မြင်ပြီး ကျိုးဖန်း၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက အော်ပြောလိုက်သည်… “ဝမ်လင်း…မင်းနဲ့ ငါ့ကြားမှာ ဘာရန်ကြွေးမှ မရှိပါဘူး… မင်း ဘာလုပ်မလို့လဲ… “
ဝမ်လင်းက အသက်မပါသည့်အပြုံးတစ်ခုကို ဖန်ဆင်းပြီး ပြောလိုက်သည်… “ငါတို့ကြားမှာ ဘာရန်ကြွေးမှ မရှိဘူး… ဟုတ်လား… ဒါကတော့ မင်း အသိဆုံး ဖြစ်မှာပါ… ကျိုးဖန်း…မင်း ဒီနေ့ သေရလိမ့်မယ်… “
ကျိုးဖန်းလည်း အလွန်ထိတ်လန့်သွားပြီး အံကို တင်းတင်းကြိတ်ကာ ဓားပျံကို အမြန်ဆုံးနှုန်းဖြင့် ပျံသန်းလိုက်၏။ စိတ်ထဲမှလည်း ကိုယ့်ကိုယ်ကို အားပေးလိုက်သည်… ‘ငါ ဂိုဏ်းကို ရောက်သွားရင် သူ ဘယ်လောက်အစွမ်းထက်ထက် သူ ငါ့ကို သတ်နိုင်မှာ မဟုတ်တော့ဘူး… ‘
ဝမ်လင်း၏မျက်လုံးက အရောင်လက်သွားပြီး ဆွဲငင်အားနည်းစနစ်ဖြင့် ကျိုးဖန်းကို ဖမ်းဆွဲလိုက်သည်။ ကျိုးဖန်းကလည်း တစ်ချိန်လုံး ဝမ်လင်း၏နဂါးဖမ်းလက်ကို ကာကွယ်ရန် အသင့်ပြင်ထားသည့်အတွက် ဝမ်လင်း၏ နဂါးဖမ်းလက်ရောက်လာသည်နှင့် မြေပြင်နှင့်နီးကပ်စွာ ပျံသန်းပြီး တိမ်းရှောင်လိုက်သည်။ သူ့ကိုယ်က အပြည့်အဝတိမ်းရှောင်နိုင်ခဲ့သော်လည်း ဓားပျံကိုမူ အဖျားခတ် ထိသွားပြီး အနည်းငယ် လည်ထွက်သွားပြီးမှ ကျိုးဖန်းက သူ့ကိုယ်သူ ပြန်ထိန်းနိုင်သွား၏။
ကျိုးဖန်း၏မျက်နှာက မဲမှောင်သွားသည်။ သူက ဓားပျံကို မရပ်ပဲ ဆက်လက်ပျံသန်းခိုင်းလိုက်၏။
ဝမ်လင်းလည်း စတင်ပြီး စိုးရိမ်ပူပန်လာသည်။ သူ၏ဆွဲငင်အားကျင့်စဉ်သည် အကွာအဝေးတစ်ခုအတွင်း၌သာ အစွမ်းထက်ပြီး သတ်မှတ်အကွာအဝေးထက် ဝေးသွားပါက စွမ်းအားက လျော့ကျသွား၏။ ကျိုးဖန်းသာ ဂိုဏ်းကို ပြန်ရောက်သွားပါက ကျိုးဖန်းကို ဘာမှလုပ်နိုင်တော့မည် မဟုတ်ပေ။ ကျိုးဖန်းသာ လွတ်သွားလျှင် သူသာမက သူ့မိဘများပါ အန္တရာယ်ကြားထဲသို့ ရောက်သွားပေလိမ့်မည်။
သူက ချက်ချင်း စစ်ထူနန်ကို ပြောလိုက်သည်… “စီနီယာစစ်ထူနန်… သူ့ကို ဖမ်းဖို့အတွက် နည်းလမ်းလေးများ ရှိမလား… “
စစ်ထူနန်က ပြန်ဖြေလိုက်သည်… “ရှိတော့ရှိတယ်… ဒါပေမဲ့… “
ဝမ်လင်းက မျက်မှောင်ကြုတ်ပြီး ချက်ချင်း ပြန်ပြောလိုက်သည်… “ကျိုးဖန်းသာ လွတ်သွားရင် ငါ့မိဘတွေကိုလည်း အဝေးကို ခေါ်သွားရလိမ့်မယ်… ငါရဲ့ကျင့်ကြံမှုကလည်း သေမျိုးတစ်ယောက်အနေနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်… “
စစ်ထူနန်က ချက်ချင်း ပြောလိုက်သည်… “မင်းက ဘာအတွက် လောနေတာလဲ… ငါ က ဖြည်းဖြည်းပြောနေတာ… အရင်ကသာဆို ဒီလိုလေးစားမှု မရှိတဲ့တပည့်ကို တစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်လိမ့်မယ်… “
“ဘာတပည့်လဲ… မင်း ရူးနေတာလား … မြန်မြန် ပြောစမ်းပါ… “ ဝမ်လင်းလည်း ပိုပိုပြီး စိုးရိမ်လာသည်။ ယခင်က လေးလေးစားစားပြောတတ်သည့် သူ၏ဟန်ပန်အသံပါ ပျောက်ဆုံးလာ၏။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၆၉)
ဝမ်လင်း အလွန်စိုးရိမ်နေသည်ကို တွေ့နေရသဖြင့် စစ်ထူနန်က နောက်ထပ် အချိန်ဆွဲမနေတော့ဘဲ ပြောလိုက်သည်… “ငါ့မှာ စိတ်ဝိညာဉ်အဆီအနှစ် နည်းနည်းကျန်သေးတော့ မင်းကို တစ်ကြိမ်တော့ တည်နေရာပြောင်းရွေ့ပေးနိုင်တယ်… တစ်ကြိမ်ပဲနော်… ဘာလို့လဲဆိုတော့ ငါ့ရဲ့စိတ်ဝိညာဉ်အဆီအနှစ်တွေ အများကြီး သုံးလိုက်ရင် မင်း စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် မရောက်ခင် ငါက ပျောက်ကွယ်သွားရလိမ့်မယ်… “
စစ်ထူနန်၏စကားဆုံးသည်နှင့် ဝမ်လင်းသည် သူ့ကိုယ်ထဲသို့ လေအေးများ ဝင်လာသည်ကို ခံစားလိုက်ရ၏။ ယခင်က အဖြူရောင်အလင်းဖြင့် တည်နေရာပြောင်းရွေ့ခြင်းထက် သည်တစ်ကြိမ်က ပိုပြီးအားကောင်း၏။
လေအေးများက သူ့ကိုယ်ထဲ လှည့်ပတ်ပြီး တစ်ကိုယ်လုံးကို ဖြတ်သွားကာ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို စတင် အေးခဲလာစေပြီး ဝမ်လင်းသည် ကိုယ့်ကိုယ်ကို ရေခဲရုပ်ထုတစ်ခုကဲ့သို့ ခံစားလိုက်ရသည်။ သူထိန်းချုပ်ထားသည့် ဆွဲငင်အားနည်းစနစ်ကလည်း ထိန်းချုပ်နိုင်မှု အားနည်းလာ၏။
ဝမ်လင်း၏ပြောင်းလဲမှုကို ကျိုးဖန်းက သတိပြုမိလိုက်သည်။ သို့သော်လည်း သူက နောက်သို့မလှည့်ကြည့်ရဲပေ။ သူက ပိုပြီးတော့တောင် မြန်မြန် ပျံသန်းလိုက်၏။
ဝမ်လင်း၏ခန္ဓာကိုယ်က လုံးဝအေးခဲသွားချိန်တွင် စစ်ထူနန်က အော်ပြောလိုက်သည်… “မင်းရဲ့စိတ်ကို တည်ငြိမ်အောင်ထား… ငါ မင်းကို တည်နေရာပြောင်းရွေ့ပေးတော့မယ်… “
ရုတ်တရက် အနက်ရောင်စွမ်းအင်များက ဝမ်လင်း၏ခန္ဓာကိုယ်ကို လှည့်ပတ်လာပြီး မျက်တောင်တစ်ခတ်အတွင်း၌ပင် သူ့ခန္ဓာကိုယ်က ပျောက်ကွယ်သွား၏။
ကျိုးဖန်းက ဝမ်လင်းကို သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ထောက်လှမ်းနေရာ ဝမ်လင်း ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်ပြီး မှင်သက်သွား၏။ ဝမ်လင်း ဘာဖြစ်သွားလဲ သူမသိချေ။ သူ ဘာမှနားမလည်ခင် သူ၏ရှေ့၅မီတာခန့်အကွာတွင် အနက်ရောင်အစက်တစ်စက် ပေါ်လာပြီး ထိုအနက်ရောင်အစက်လေးက နောက်ထပ် အနက်ရောင်အစက်များကို ထုတ်ပေးပြီး နောက်ဆုံးတွင် စက်ဝိုင်းကဲ့သို့ အနက်ရောင်အခွေတစ်ခု ဖြစ်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ထိုထဲမှ ဝမ်လင်း၏ခန္ဓာကိုယ်ကလည်း ထွက်ပေါ်လာသည်။ သူ့ကိုယ်မှ ရေခဲများက လျင်မြန်စွာ အရည်ပျော်သွားပြီး ပြောလိုက်သည်… “မင်း ထွက်ပြေးလို့ မရတော့ဘူး… “
ကျိုးဖန်းက အလွန်အံ့အားသင့်နေသည်။ သူ့မျက်နှာကလည်း ဖြူရော်သွားပြီး အံကို တင်းတင်းကြိတ်ထားလိုက်သည်။ သူက ပါးစပ်ထဲမှ အစိမ်းရောင်အလင်းများကို ထွေးထုတ်လိုက်၏။ ထိုအစိမ်းရောင်အလင်းများက ကြီးမားလာပြီး ကြီးမားသောစပါးအုံးမြွေကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ကျိုးဖန်းက လျှာကို ကိုက်ပြီး သွေးများကို ထွေးထုတ်လိုက်ရာ ထိုသွေးများက ခေါင်းလောင်းပုံစံ ဖြစ်ပေါ်လာ၏။ သူက ခေါင်းလောင်းကို တီးလိုက်ရာ စပါးအုံးမြွေကြီးက ပိုပိုပြီး ကြီးမားလာသည်။ ထို့နောက် မြွေကြီးက အမြီးဖြင့် ဝမ်လင်းကို တအား လွဲရိုက်လိုက်သည်။
စစ်ထူနန်က ပျင်းရိနေသောအသံဖြင့် ပြောလိုက်သည်… “ကောင်လေး… မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ငါ့ရဲ့စွမ်းအားတွေ နည်းနည်းလောက်တော့ ကျန်နေသေးတယ်… အဲ့တာတွေကို မသုံးဘူးဆိုရင် အလကားဖြစ်သွားလိမ့်မယ်… ငါ မင်းရဲ့ခန္ဓာကိုယ်ကို ငှားပြီး ငါ့ရဲ့ကျော်ကြားတဲ့ နည်းစနစ်တွေထဲက တစ်ခု မင်းကို ပြမယ်… “
ထိုစကားကို ပြောပြီးသည်နှင့် ဝမ်လင်း၏ကိုယ်မှ အပြာရောင်အလင်းများ ထွက်ပေါ်လာပြီး ဝမ်လင်း၏ရှေ့တွင် အပြာရောင်အလင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။
အလင်းလုံးကြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ကြီးတစ်ခုလုံး မှောင်ကျသွားပြီး အဖျက်စွမ်းအားများလည်း ပေါ်ထွက်လာသည်။ ပေါက်ကွဲသံကြီးနှင့်အတူ အလင်းလုံးကြီးက ပေါက်ကွဲသွားပြီး စွမ်းအားလှိုင်းများက အရပ်မျက်နှာတိုင်းသို့ ပျံ့နှံ့သွား၏။
လှိုင်းများက စပါးအုံးမြွေကြီး၏အမြီးကို ထိသွားရာ အမြီးမှစ၍ ခေါင်းအထိ တစ်ကိုယ်လုံး ခဲသွား၏။ စပါးအုံးမြွေကြီးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ခဲနေသည့် အစိုင်အခဲအပိုင်းအစလေးများ အဖြစ် ကွဲကြေသွားသည်။
စပါးအုံးမြွေကြီးနှင့် ဆက်သွယ်မှု ပြတ်တောက်သွားရသည့်အတွက် ကျိုးဖန်းက သွေးများ အန်ထုတ်လိုက်ရသည်။ သူအန်ထုတ်လိုက်သော သွေးများက လေထဲ၌ပင် ခဲသွားပြီး ကျိုးဖန်း၏ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း ခဲလာကာ နောက်ဆုံးတွင် ရေခဲရုပ်ထု ဖြစ်သွားလေသည်။
စစ်ထူနန်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်… “ဒီနားမှာ တခြားသူတွေ မရှိတာ ဝမ်းနည်းစရာပဲ… ဒီနည်းစနစ်က လူအများကြီးရှိရင် ပိုတောင် အစွမ်းထက်ဦးမှာ… ဟေး ကောင်လေး… ဒီဟာက တစ္ဆေလောကပျံတက်ခြင်းနည်းစနစ်ရဲ့ စွမ်းအားပဲ… ဒီနည်းစနစ်ရဲ့အအေးဓာတ်စွမ်းအင်က ဘယ်လောက်တောင် ပြင်းထန်လဲ မြင်လား… “
ဝမ်လင်းက သူ့ကို ဘာမှပြန်ပြောမနေဘဲ ကျိုးဖန်း၏ခဲနေသော ခန္ဓာကိုယ်ကို ဆွဲကိုင်ပြီး ဟုန်ယွီတောင်နှင့် ဝေးရာသို့ ပျံသန်းထွက်ခွာသွား၏။
ချောင်ကျကျနေရာတစ်ခုကို ရှာပြီး ကျိုးဖန်း၏ခန္ဓာကိုယ်ကို ဘေးတွင်ချထားကာ စစ်ထူနန်ကို မေးလိုက်သည်… “ကျိုးဖန်းက သေသွားပြီလား… “
စစ်ထူနန်က ပြန်ဖြေလိုက်သည်… “ဒီကောင်လေး မသေသေးပါဘူး… ဒါပေမဲ့ သေတော့မယ်… မင်း သူ့ကို မြန်မြန်သေစေချင်ရင် ရေခဲကို ခွဲလိုက်… ဒါဆို သူ ချက်ချင်း သေသွားလိမ့်မယ်… “
ဝမ်လင်း၏မျက်လုံးက အရောင်လက်သွားပြီး ခဏလောက် စဉ်းစားကာ ပြောလိုက်သည်… “အရင်က စီနီယာ ကျွန်တော့်ကို ပြောဖူးတယ်… ရုပ်သေးနည်းစနစ် သင်ပေးမယ်ဆို … အခု သင်ပေးနိုင်မလား… “
စစ်ထူနန်က အားရပါးရ ရယ်မောလိုက်သည်။ သူက ဝမ်လင်းကို ရုပ်သေးနည်းစနစ်က ဘယ်လိုမျိုးလဲဆိုတာကိုတောင် မပြောပြခဲ့ပေ။ အမှန်တစ်ကယ်တွင် ရုပ်သေးနည်းစနစ်က မကောင်းဆိုးဝါးနည်းစနစ်တစ်ခု ဖြစ်၏။ သူ ထင်ထားခဲ့သည်က ဝမ်လင်းတွင် သတ်ဖြတ်ချင်စိတ် မရှိပေ။ သူ၏စိတ်ဓာတ်နှင့်ဆိုလျှင် အသက်၁၀သက်ရှိလျှင်တောင် ကျင့်ကြံခြင်းလောကတွင် အသက်ရှင်နိုင်ရန် မလုံလောက်သေးပေ။ ထို့ကြောင့် ဝမ်လင်း၏ပုံစံကို ပြောင်းလဲရန် စစ်ထူနန် ကြိုးစားခဲ့သည်။ ယခုအချိန်တွင် သူ၏ကြိုးစားမှုက တစ်ချို့တစ်ဝက်အောင်မြင်သွားပြီဟု ဆိုရပေမည်။
စစ်ထူနန်က ပျော်ရွှင်စွာ ပြောလိုက်သည်… “ဒီရုပ်သေးနည်းစနစ်က မင်းကိုယ်တိုင် လုပ်မှရမယ်… ဘယ်လိုလုပ်ရမယ်ဆိုတာ ငါ မင်းကို ပြောပြမယ်… အရင်ဆုံး ချောင်ကျတဲ့ဂူတစ်ဂူကို ရှာလိုက်…. “
ဝမ်လင်းက ကျိုးဖန်းကို ဆွဲသွားပြီး အနီးအနားတွင် ဂူတစ်ဂူလိုက်ရှာပြီး အထဲသို့ ဝင်သွားလိုက်၏။
စစ်ထူနန်က တစ်လုံးချင်း ပြောလိုက်သည်… “ငါ အခု ရေခဲတွင် ဖယ်ပေးလိုက်မယ်… ကျိုးဖန်းက အခုဆိုရင် သေလုနီးပါး ဖြစ်နေပြီ… မင်းက သူ့ခန္ဓာကိုယ်ကို ခွဲ… အတွင်းအင်္ဂါတွေကို ထုတ်ပြီး သန့်စင်ရမယ်… “
ထိုစကားကို ကြားပြီး ဝမ်လင်း မှင်သက်နေသည်။ သူက အနည်းငယ် တုန့်ဆိုင်းသွားပြီး မေးလိုက်သည်… “အတွင်းအင်္ဂါတွေကို ထုတ်ပြီး သန့်စင်ရမယ် ဟုတ်လား… ဒါက… “
စစ်ထူနန်က ဝမ်လင်းမသိအောင် ရယ်မောပြီး ပြန်ဖြေပေးလိုက်သည်… “ဒါက ရုပ်သေးလုပ်ဖို့အတွက် လုပ်ကိုလုပ်ရမဲ့အလုပ်တစ်ခုပဲ… မင်း မလုပ်နိုင်ရင် ငါကလည်း မင်းကို ကူညီနိုင်မှာ မဟုတ်ဘူး… “ စိတ်ထဲမှလည်း တွေးလိုက်သည်… ‘ကောင်လေး…မင်းက သွေးကို မမြင်ဖူးဘူး… ဒါကြောင့် မင်းက သွေးဆာတဲ့ကျင့်ကြံသူတစ်ယောက် ဘယ်လိုလုပ် ဖြစ်လာမှာလဲ… ဒီရုပ်သေးနည်းစနစ်က အရမ်းကြီး မရှုပ်ထွေးဘူး… ဒါပေမဲ့ မင်းရဲ့မျက်လုံးတွေကို ဖွင့်ပေးဖို့ အခွင့်အရေးကြီးတစ်ရပ်ပဲ… မင်းက ကျိန်းသေ ငါ့ရဲ့နတ်ဆိုးဂိုဏ်း အဖွဲ့ဝင်တစ်ယောက် ဖြစ်လာရမယ်… ဒီအဖြစ်ကနေ မင်း ရှောင်ပြေးလို့ မရနိုင်ဘူး… ‘
ထိုသို့ တွေးပြီးသည်နှင့် စစ်ထူနန်က လျင်မြန်စွာ အော်ပြောလိုက်သည်… “ငါ ရေခဲတွေကို ဖယ်လိုက်တော့မယ်… မင်း နာရီဝက်ပဲ အချိန်ရမယ်… ဒါ့ကြောင့် အချိန်ကို မဖြုန်းတီးပစ်ပါနဲ့… မင်းမိဘတွေအတွက် ဘယ်လိုအစီအစဉ်လုပ်ပေးမယ်ဆိုတဲ့အကြောင်းပဲ စဉ်းစား… “
စကားဆုံးသည်နှင့်တစ်ပြိုင်နက် ကျိုးဖန်း၏ကိုယ်မှ ရေခဲများက စတင်အရည်ပျော်လာပြီး အပြာရောင်အလင်းအဖြစ်သို့ ပြောင်းလဲသွာကာ ကောင်းကင်ဘုံဆန့်ကျင့်သောပုတီးစေ့အတွင်းသို့ ဝင်ရောက်သွား၏။
ဝမ်လင်းက အနည်းငယ် တုန့်ဆိုင်းနေပြီးနောက် စိတ်ထဲတွင် ‘ဒီပြဿနာကို အခု မရှင်းနိုင်ရင် နောင်အနာဂတ်မှာ ဒီပြဿနာက ဒီထက်ကြီးပြီး ဒီထက်များတဲ့ ပြသနာတွေကို ယူလာနိုင်တယ်… ‘ ဝမ်လင်းက အံကြိတ်လိုက်ပြီး ကျိုးဖန်း၏ကိုယ်ပေါ်သို့ လက်ကို ဝေ့ရမ်းကာ ခန္ဓာကိုယ်ကို ခွဲလိုက်သည်။ ထူးဆန်းသည်က သွေးလုံးဝ ထွက်မလာချေ။
ပျို့အန်ချင်သည့် သူ့စိတ်ကို ဖိနှိပ်ပြီး စစ်ထူနန် ပြောကြားချက်အတိုင်း နောက်မှ လိုက်လုပ်လိုက်၏။ မတူညီသည့် လက်သင်္ကေတများစွာကို ပုံဖော်ပြီး သူ၏လုပ်ဆောင်ချက်များအပေါ် နတ်ဘုရားစိတ်အာရုံဖြင့် အာရုံစိုက်ထားလိုက်သည်။ နာရီဝက်က ဝမ်လင်းအတွက် တစ်နှစ်လောက် ကြာသွားသလိုပင်။ အားလုံးပြီးသွားသည့်အချိန်တွင် စစ်ထူနန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ ဝမ်လင်းကတော့ ချက်ချင်း ဂူအပြင်ကို ပြေးထွက်ပြီး အန်နေတော့၏။
စစ်ထူနန်က ရယ်မောလိုက်သည်… “ကောင်းတယ်… ပထမအဆင့်ကတော့ ပြီးသွားပြီ… အခုလုပ်ရမဲ့ ဒုတိယအဆင့်က ပိုအရေးကြီးတယ်… မင်းက သူ့ရဲ့ခန္ဓာကိုယ်ကို မင်းရဲ့နတ်ဘုရားစိတ်အာရုံနဲ့ ဝန်းရံပေးပြီး ၃ရက်နဲ့၃ည သန့်စင်ပေးရမယ်… ဒါပြီးရင်တော့ ရုပ်သေးလုပ်တာ ပြီးသွားပြီ… ဒီ၃ရက်အတွင်းမှာ မင်းက တချို့နည်းစနစ်လေးတွေကိုလည်း အသုံးပြုရမယ်… ငါ တစ်ခုချင်း ရှင်းပြမယ်… သေချာနားထောင်… “
ဝမ်လင်း၏မျက်နှာက ဖြူရော်နေပြီး ခါးသက်စွာဖြင့် ခေါင်းညိတ်လိုက်၏။ သူက လေကို တစ်ဝကြီး ရှူသွင်းပြီး ဂူထဲသို့ ပြန်ဝင်လိုက်သည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၇၀) အိမ်သို့ပြန်လာခြင်း
၃ရက်ကြာပြီးနောက်တွင် ဝမ်လင်းသည် တစ်ကိုယ်လုံးချွေးများဖြင့် စိုရွှဲကာ ဂူထဲမှ ထွက်လာ၏။ ကျိုးဖန်းသည် ရီဝေနေသော မျက်လုံးများဖြင့် သူ့နောက်မှ လိုက်လာသည်။
“ကျိုးဖန်း… ရွှမ်တောက်ဂိုဏ်းကို မင်း ပြန်သွားပါ… ငါ့ကို ဒုက္ခပေးချင်တဲ့လူအားလုံးကို သတ်ပစ်လိုက်ပါ… ပြီးတော့ ငါ့မိဘတွေကို ကာကွယ်ပေးပါ… “ ဝမ်လင်း၏အသံက အလွန်အေးစက်နေပြီး သွေးဆာမှုများနှင့် ပြည့်နေလေသည်။
ကျိုးဖန်းက လေးစားစွာ ခေါင်းညိတ်လိုက်ပြီး ရွှမ်တောက်ဂိုဏ်းရှိရာသို့ ထွက်ခွာသွား၏။
ဝမ်လင်းက ကျိုးဖန်းကို အချိန်တော်တော်ကြာအောင် ကြည့်ပြီးနောက် မေးလိုက်သည်… “စီနီယာစစ်ထူ… ဒီရုပ်သေးနည်းစနစ်က တစ်ကယ်တော့ ပထမအဆင့် မလိုဘူးမလား… “
စစ်ထူနန် မှင်သက်သွားပြီး လျင်မြန်စွာ ပြောလိုက်သည်… “ဘယ်သူပြောလဲ… ပထမအဆင့်က လိုကို လိုတယ်… ပထမအဆင့်မလုပ်ရင် ဒုတိယအဆင့်ကို လုပ်လို့မရဘူး… “
ဝမ်လင်းက ရုပ်သေးလုပ်ပြီးနောက် တစ်ခုခုမှားနေသည်ကို ခံစားမိလိုက်သည်။ သူက နောက်ထပ်ပြောချင်သော်လည်း မပြောတော့ဘဲ တခြားတစ်ခုကို မေးလိုက်၏… “ဖုနန်ဇီက ကျိုးဖန်းကို သတိပြုမိနိုင်လား… “
စစ်ထူနန်က အနည်းငယ် တုန့်ဆိုင်းသွားပြီး ပြန်ဖြေလိုက်သည်… “အမှန်ပြောရမယ်ဆိုရင်… မင်း ရုပ်သေးလုပ်တဲ့အချိန်မှာ ငါ့ရဲ့အဆီအနှစ်တွေကို ထည့်ပေးလိုက်တယ်… ဒါ့ကြောင့် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်က သေချာမကြည့်ဘူးဆိုရင် သတိပြုမိမှာ မဟုတ်ဘူး… ဖုနန်ဇီကလည်း တံခါးပိတ်ကျင့်ကြံနေဖို့ များတယ်… ဒါ့ကြောင့် သူ သတိပြုမိဖို့က အခွင့်အရေး အလွန်နည်းတယ်… “
ဝမ်လင်းက ခဏလောက် စဉ်းစားလိုက်ပြီး ရွာဆီသို့ ဦးတည်ပျံသန်းလိုက်၏။ အိမ်မရောက်ခင်အထိ လမ်းတွင် လုံးဝ မနားခဲ့ဘဲ တစ်ဆက်တည်း ပျံသန်းခဲ့သည်။
သူက ခြံဝန်းအတွင်း မဝင်ခင်မှာပင် အထဲမှ အလွန်ရင်းနှီးသောအသံတစ်သံကို ကြားလိုက်ရ၏။
“ကောင်စုတ်လေး… မင်းလောက် ဆိုးရွားတဲ့လက်သမား ရှိပါဦးမလား… ကြည့်စမ်းပါဦး… ငါ့သားလုပ်တာရဲ့တစ်ဝက်လောက်တောင် မကောင်းဘူး… “
“ဆရာ… ထေ့ကျူးက အခု အင်မော်တယ်တစ်ယောက် ဖြစ်နေပြီ… ဘာလို့ သူနဲ့ပဲ အမြဲတမ်း ယှဉ်နေရတာလဲ… ကျွန်တော်က သူ့တစ်ဝက်လောက် တော်ရင်တောင် ကျွန်တော်က ကျေနပ်လိမ့်မယ်… “
ထိုစကားကို ကြားတော့ ဝမ်လင်း မှင်သက်သွား၏။ သူက နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည်။ ထို့နောက် သူက ပြုံးလိုက်၏။ ထိုလူကို သူ မှတ်မိသွားလေပြီ။ သူ့အဖေထံတွင် မကြာခဏ လက်သမားပညာသင်ပေးရန် တောင်းဆိုတတ်သည့် သူ၏ကစားဖော် ဖြစ်၏။
ဝမ်လင်းက တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်ပြီး ခြံဝန်းထဲမှ သူ့အဖေကို ပြောလိုက်သည်… “အဖေ… ထေ့ကျူး ပြန်လာပြီ… “
ထေ့ကျူး၏အဖေက တုန်ယင်သွား၏။ သူ့လက်ထဲက ပစ္စည်းကို ချက်ချင်း လွှတ်ချလိုက်ပြီး ခေါင်းကို လှည့်ကြည့်လိုက်ရာ သူ့ကို ပြုံးပြီးကြည့်နေသော သူ့သားကို တွေ့လိုက်ရသည်။
“ထေ့ကျူးလား… “ ဝမ်လင်း၏အဖေက သူ့မျက်လုံးကို ပွတ်သပ်လိုက်သည်။ ချက်ချင်း သူ့မျက်လုံးမှ မျက်ရည်များ စီးကျလာ၏။
ဝမ်လင်းက သူ့အဖေရှေ့ သွားလိုက်ပြီး သူ့အဖေကို ပွေ့ဖက်လိုက်သည်။ သူက သူ့အဖေမျက်နှာမှ မျက်ရည်များကို သုတ်ပေးလိုက်ပြီး သူ့အဖေ၏မျက်နှာကို သေချာကြည့်နေလေသည်။ သူက နောက်သို့ အနည်းငယ် အနည်းငယ်ဆုတ်လိုက်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်၏။
“အဖေ… ထေ့ကျူးက မလိမ္မာတဲ့သားတစ်ယောက်ပါ… အိမ်ကို ၅နှစ်ကြာအောင် ပြန်မလာနိုင်ခဲ့ဘူး… “
“တစ်ကယ်ထေ့ကျူးပဲ… မိန်းမရေ ထွက်လာပါဦး… ငါတို့သား ပြန်လာပြီ… “ ထေ့ကျူး၏အဖေက ဝမ်လင်းကို ဆွဲထူလိုက်ပြီး ဝမ်လင်း၏မျက်နှာကို သေချာကြည့်ပြီး ပြုံးပျော်နေ၏။
ထေ့ကျူး၏အဖေက စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောလိုက်သည်… “ထေ့ကျူး… မင်း အရပ် ရှည်လာတယ်… အဖေ့ကိုတောင် မှီတော့မယ်… ခန္ဓာကိုယ်ကလည်း တောင့်တင်းနေတာပဲ… ကောင်းတယ်… ဒါမှ ငါ့သား… “
ထိုအချိန်တွင် အမျိုးသမီးကြီးတစ်ယောက်က အိမ်ထဲမှ ထွက်လာ၏။ သူမက ဝမ်လင်းကို ကြည့်ပြီး မျက်ဝန်းထဲမှာ မျက်ရည်များ စီးကျလာသည်။
ဝမ်လင်းက ထိုအမျိုးသမီးကြီးရှေ့သို့ သွားလိုက်ပြီး လွမ်းဆွတ်တမ်းတသည့်အမူအရာဖြင့် ဒူးထောက်ကာ ပြောလိုက်သည်… “အမေ… ထေ့ကျူးက အမေ့ကို တွေ့ဖို့ ပြန်လာပြီ… “
“မင်း… ဘယ်လိုလုပ်ပြီး ဒီလောက်တောင် နှလုံးသားမဲ့ရတာလဲ… လွန်ခဲ့တဲ့၅နှစ်လုံးလုံး မင်း ပြန်မလာခဲ့ဘူး… မင်းရဲ့ရင်ထဲမှာ ငါတို့ ရှိသေးရဲ့လား… လွန်ခဲ့တဲ့၅နှစ်လုံးလုံး မင်းအဖေနဲ့ငါက မင်းကို တစ်စက်ကလေးမှ မေ့မရခဲ့ဘူး … မင်းအကြောင်းကို နေ့တိုင်းတွေးမိတယ်… “ ပြောနေရင်းဖြင့် သူမက ထေ့ကျူးကို ပွေ့ဖက်ပြီး စတင်ငိုကြွေးလေသည်။
ထေ့ကျူး၏အဖေက သူ့မိန်းမကို ကြည့်ပြီး ပြောလိုက်သည်… “ငါတို့သားက အင်မော်တယ်တစ်ယောက် ဖြစ်နေပြီလေကွာ… ဒါကြောင့် သူ့မှာ အရေးကြီးတဲ့ကိစ္စတွေ ရှိနေမှာပေါ့… မင်းလုပ်နေတဲ့ပုံကိုလည်း ကြည့်ပါဦး… မြို့ထဲမှာ ရယ်စရာ ဖြစ်တော့မှာပဲ… ကောင်လေး၆…မင်း အခု အိမ်ပြန်နိုင်ပြီ… ရက်အနည်းငယ်လောက် လာစရာ မလိုဘူး… ထေ့ကျူးပြန်သွားမှ မင်းကို ခေါ်လိုက်မယ်… “
ကောင်လေး၆က ပြုံးလိုက်သည်။ သူက ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ဝမ်လင်းကို အားကျသည့်အကြည့်ဖြင့် ကြည့်ကာ ထွက်ခွာသွား၏။
ညခင်းတွင် ဝမ်လင်း၏အမေက အစားအစာများကို လိုသည်ထက် ပိုမို ချက်ခဲ့သည်။ ဟင်းပွဲအားလုံးက ဝမ်လင်း၏အကြိုက်များဖြစ်၏။ သူတို့က စားသောက်ပြီးနောက် ၅နှစ်အတွင်း ဖြစ်ပျက်ခဲ့သည်များကို အပြန်အလှန်ပြောပြကြသည်။ ဝမ်လင်းသည် ယခင်နှစ်များကတည်းက အစားအသောက်များ မစားတော့ချေ။ သို့သော်လည်း သူ့အမေလက်ရာ၏ဟင်းနံ့များက သူ့ကို တောင့်ခံနိုင်စွမ်း ကင်းမဲ့စေသည်။
ဝမ်လင်း၏မိဘများက ဟုန်ယွီတောင်ထိပ်ပေါ်တွင် ကြီးမားသောတောင်ကြီးပေါ်လာသည့်အကြောင်းကို မေးမြန်းရာ ဝမ်လင်းက အနည်းငယ်တုန့်ဆိုင်းသွားပြီး ဟုန်ယွီဂိုဏ်းက ရွေ့သွားပြီဟု လိမ်ညာလိုက်ရသည်။ ထို့ကြောင့် သူက မကြာခဏ လာလို့ရတော့မည် မဟုတ်ကြောင်းကိုလည်း ပြောပြခဲ့သည်။ သူ့မိဘများက ထိုကိစ္စကို ထပ်မမေးဘဲ ဝမ်လင်းကို ကိုယ့်ကိုယ်ကို ဂရုစိုက်ရန်သာ ပြောကြ၏။
လွန်ခဲ့သည့်၅နှစ်အတွင်းတွင် အများကြီး ပြောင်းလဲသွား၏။ ဆွေမျိုးများကလည်း မကြာခဏ လာလည်ကြပြီး ဦးလေး၄၏အကူအညီဖြင့် ဝမ်လင်း၏အဖေက ရသင့်သောအမွေများကိုလည်း ပြန်ရခဲ့သည်။
သူ့အဖေက ကိုယ်တိုင်ပန်းပု မထုတော့သော်လည်း အလုပ်သင်အနည်းငယ်ကို လက်ခံပြီး သူ၏စီးပွားရေးကို ဆက်လုပ်၏။
ကောင်လေး၆က အလုပ်သင်များထဲတွင် ဉာဏ်အကောင်းဆုံးလူငယ်ဖြစ်ပြီး သူက ဝမ်လင်းအဖေ၏ပညာများကို ၅၀ သို့မဟုတ် ၆၀ရာခိုင်နှုန်းခန့် တတ်မြောက်နေပြီ ဖြစ်သည်။
ထိုအကြောင်းများကို ဝမ်လင်း၏အဖေက ပြောပြပြီးနောက် ဝမ်လင်းက သူ့အဖေကို ပြုံးပြပြီး ပြောလိုက်သည်… “အဖေ… ကောင်လေး၆ ပန်းပုထုတာကောင်းပါတယ်… အဖေပြောသလောက်လဲ မဆိုးသေးပါဘူး… “
ဝမ်လင်း၏အဖေက နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်… “သူတို့က ညံ့လွန်းတယ်… ငါ မင်းကို သင်ပေးတဲ့အချိန်တုန်းက မင်း ၈နှစ်ပဲ ရှိသေးတယ်… မင်းလုပ်တာ သူ့ထက် အများကြီး ပိုကောင်းတယ်… “
ထေ့ကျူး၏အမေက သူမသားကို သေချာကြည့်နေပြီး ပြောလိုက်၏… “ဟုတ်တယ်… ငါတို့ရဲ့ထေ့ကျူးက သူတို့က အများကြီး ပိုတော်တယ်… ငါ ပြောစရာရှိတယ်… ထေ့ကျူး…မင်းလည်း မငယ်တော့ဘူး… ဒီ၅နှစ်အတွင်းမှာ မိသားစုအများကြီးက လက်ထပ်ပွဲအတွက် လာမေးကြတယ်… အမေကြားဖူးတာက အင်မော်တယ်တွေမှာ မိသားစုတွေ အများကြီး ထားလို့ရတယ်တဲ့… ဒါ့ကြောင့် မင်း ပြန်လာတုန်း… အမေနဲ့အတူ သူတို့ကို သွားကြည့်ရအောင်… ကြိုက်တဲ့သူရှိမယ်ဆိုရင် ငါတို့လည်း ဒီကိစ္စကို ဆုံးဖြတ်ပေးလို့ရတာပေါ့… “
ဝမ်လင်းက မှင်သက်သွားပြီး မဲ့ပြုံးဖြင့် ပြန်ပြောလိုက်သည်… “အမေ… ကျွန်တော့်အသက် ဘယ်လောက်ရှိပြီ ထင်လို့လဲ… ဒီကိစ္စအတွက် မစိုးရိမ်ပါနဲ့… “
ထေ့ကျူး၏အမေက မပျော်မရွှင် ဖြစ်သွားပြီး ဝမ်လင်းကို ပြောလိုက်သည်… “ကောင်ဆိုးလေး… ရွာထဲမှာ မင်းအရွယ်တွေအားလုံး ကလေးတွေ ရှိနေပြီ… “
ဝမ်လင်းက နှာခေါင်းကို ပွတ်ပြီး ပြောလိုက်သည်… “အမေ… မိသားစုတစ်ခုကို တည်ဆောက်တယ်ဆိုတာ ကိစ္စကြီးတစ်ခုပဲ… နှစ်အနည်းငယ်လောက် စောင့်ပေးပါဦး… အဲ့အချိန်ပြန်လာတဲ့အခါဆို ဘယ်လိုလဲ… “
ထေ့ကျူး၏အဖေက သူ့ဇနီးသည် ထိုအကြောင်း ထပ်ပြောချင်နေသည်ကို တွေ့လိုက်ရသောအခါ ချောင်းဟန့်ပြီး ပြောလိုက်သည်… “မိန်းမရယ်… ဘာလို့ဒီအကြောင်းကို စိတ်ပူနေရတာလဲ… ငါတို့သားက အင်မော်တယ်တစ်ယောက် ဖြစ်နေပြီ… မင်း အင်မော်တယ်တွေအကြောင်း နားလည်လား… အင်မော်တယ်တွေက အင်မော်တယ်တွေကိုပဲ လက်ထပ်တယ်… ထေ့ကျူးက အင်မော်တယ်ဇနီးတစ်ယောက်ကို အိမ်ခေါ်လာလိမ့်မယ်… မင်း နားလည်လား… “
ထေ့ကျူး၏အမေက ခဏလောက် ငြိမ်သက်သွားပြီး ရေရွတ်လိုက်သည်… “အင်မော်တယ်တွေက ဘာကောင်းလို့လဲ… အင်မော်တယ်တွေက အိမ်က ထွက်သွားနိုင်ပြီး အိမ်ကို ၅နှစ်လောက် ပြန်မလာဘူး… ငါ့မှာသာ အင်မော်တယ်ချွေးမ ရှိရင်… ငါ့သားက ၁၀နှစ်လောက်ကြာတာတောင် သူမကို အိမ်ခေါ်လာမှာ မဟုတ်ဘူး… “
ဝမ်လင်းက မဲ့ပြုံး ပြုံးလိုက်သည်။ သူက တစ်ခုခု ပြောရန် ပြင်လိုက်စဉ်တွင် သူ့အမေက သူ့ကို ကြည့်ပြီး ပြောလိုက်သည်… “ကောင်းပြီ… မင်းအဖေစကားအတိုင်း လုပ်ကြမယ်… မင်းရဲ့မျက်လုံးထဲမှာ ရွာထဲက အမျိုးသမီးတွေကို သဘောမကျမှတော့… မင်း ဘယ်လိုမိန်းကလေးမျိုး ခေါ်လာမလဲ အမေ စောင့်ကြည့်လိုက်ဦးမယ်… “
သူ့အမေ ဒေါသထွက်နေသည်ကို ဝမ်လင်း မြင်နေရသည်။ သူက ချက်ချင်း ပြောလိုက်သည်… “အမေ… မစိုးရိမ်ပါနဲ့… အမေ့ရဲ့သားက အိမ်ကို အမေ့အတွက် ချွေးမကောင်းလေးတစ်ယောက် ခေါ်ခဲ့ပါ့မယ်… “
ညစာစားပြီးနောက် ဝမ်လင်း၏မိဘများက ဝမ်လင်းကို မဆုံးနိုင်သည့်မေးခွန်းများ မေးခဲ့ကြပြီး ညဉ့်နက်မှ အိပ်ယာဝင်သွားကြ၏။