Chapter – 121
#ရနံ့မြို့တော်
ချန်ရှန် ပျော်ရွှင်မှုကြောင့် ထခုန်မိတယ်။ စိတ်လှုပ် ရှား မှုများ အပြည့်ဖြင့် ရယ်မောနေပါတယ်။ တချိန်တည်း မှာပဲ တစ်ခုခုကိုလည်း စိုးရိမ်သွားမိတယ်။ ခုချိန်သာ တစ် ယောက်ယောက် က လာရောက် စစ်ဆေးပါက ဒုက္ခတွေ့ မှာ ကြောင့်ပါ။
အမြန်ဆုံးပင် အသီး အလုံး ၂၀ အား ခူးလိုက်ပါတယ်။ ထိုအသီးများအား ချန်ရှန် သုံးမည် ဆိုပါက အချိန်ကြာမြင့် စွာ သုံးနိုင်မည်ဖြစ်ပြီး ထပ်မံပြီးလည်း သီးလာနိုင်ပါသေး တယ်။
“တကယ်လို့ ငါသာ သေစေနိုင်တဲ့ ချီဓာတ်တွေ ပေါ များတဲ့ နေရာသွားနိုင်ရင် ငရဲဝိဉာဉ်တော်မြက်ကိုပါ စိုက် နိုင်မယ် ထင်တယ်”
ချန်ရှန် သူ၏ အိပ်ယာမှာ လဲလျောင်းရင်း စဉ်းစားနေ တယ်။ စိတ်လည်း အတော် လှုပ်ရှားမိကာ စုမေးယိုကို မေးမိပါတယ်။
“ငါတော့ တခါမှ မကြိုးစားခဲ့ဘူးဘူး ၊ နောက်ပြီး ငရဲ ဝိဉာဉ်တော် မြက်ဟာ စိုက်ဖို့ အလွန်ခက်ပြီး အရမ်းလည်း ရှားပါးလှတယ်။ ဒါပေမဲ့ အခွင့်အရေး ရှိတဲ့အခါကျ ရင်တော့ မင်းစမ်းကြည့်ပေါ့”
စုမေးယို က ပြန်ဖြေတာပါ။
ငရဲဝိဉာဉ်တော်မြက်ကို အသုံးပြုပြီး ပြုလုပ်တဲ့ အား အင်ပြန်လည် ပြည့်ဖြိုးဆေးများမှာ အရမ်းကို အစွမ်း ထက်လှတယ်။ ၎င်းဆေးများအဆင့်ဟာ အလယ်အလတ် သိမ်မွေ့အဆင့်ပဲ ဖြစ်ကြပါတယ်။
တကယ်လို့ တစ်ယောက်ယောက်သာ ချန်ရှန် ရက် ၂၀ ဖြင့် မိုးပြာရောင် သိမ်မွေ့သစ်သီးအား အလုံး ၂၀ စိုက်နိုင် လိုက်တယ် ဆိုတာကို သိမယ် ဆိုပါက ရူးသွပ်သွားကြပေ လိ့မ်မည်။ ဒါကပဲ ချန်ရှန် ၏ မည်သူမျှ မသိသော လျို့ဝှက် ချက် တစ်ခု ဖြစ်နေပါတော့တယ်။
ဆေးဘုရင်ခြံဝန်းမှ ထွက်လာပြီးနောက် ချန်ရှန်ဟာ အမှတ် ၁၆ ခြံဝန်းသို့ ရောက်ရှိလာပါတယ်။ ရှောင်ဒို နဲ့ တခြား လူများကို မတွေ့ရသဖြင့် ပတ်ဝန်းကျင်တွင် စုံစမ်း ကြည့်ရာ ၎င်းတို့အား မည်သည့် မစ်ရှင်မျှ မပေးသေးသည့် အတွက် သူတို့ကိစ္စဖြင့် သူတို့ လည်ပတ်နေကြသည်ဟု သိသွားပါတယ်။
“ကျွန်တော် ဒန်ရှန် တောင်ယွမ် ကိုသွားပြီး အဆင့် ၃ ဆေးပညာ စစ်ဆေးမှုကို သွားဖြေလိုက်ဦးမယ်”
ချန်ရှန် စာ ချန်ခဲ့ပြီးနောက် ဒန်ရှန် တောင်ယွမ် သို့ သွား ရောက်ရန် ပြင်ဆင်ပါတယ်။ သူဟာ အဆင့် ၃ ဆေးပညာ ရှင် ဖြစ်ကြောင်း သက်သေခံခိုင်းဖို့ပါ။
အဆင့် ၃ ဆေးပညာရှင်ဟာ မတူညီတဲ့ အလယ်လတ် ဝိဉာဉ်တော် အဆင့် ဆေး ၂ မျိုးကို ပြုလုပ်နိုင်ရမှာပါ။ ဒီ လို ပြုလုပ်တဲ့အခါ ပေးထားတဲ့ အချိန်အတွင်း ကျရှုံး မှုကို ခွင့်ပြုတဲ့ အရေအတွက်ဟာ အလွန်တိကျလွန်း လှ တယ်။ ချန်ရှန် ဟာ ဒီ ဂုဏ်ထူးကို လိုချင်တာဖြစ်ပြီး ဒါကို ရပါက လူအများ၏ လေးစားမှု နဲ့ သူ့ကို ရန်ရှာမှုများမှ ကင်း ဝေးနိင်လိမ့်မည် ဖြစ်ပါတယ်။
ဒန်ရှောင်တောင်ယွမ် ဟာ တောင်ယွမ် စီရင်စု မှာ ရှိတာ ဖြစ်ပြီး ယခုဂိုဏ်းနဲ့ အလွန်ပဲ ဝေးလှပါတယ်။ လူတစ် ယောက် သာမန်လိုပဲ ရထားလုံးဖြင့် သွားမည်ဆိုပါက အနည်းဆုံး တစ်လလောက်တော့ ကြာပေလိမ့်မယ်။
ဒါပေမဲ့လည်း ချန်ရှန် မှာတော့ အနီရင့်ငှက်၏ တောင်ပံများ ရှိသည့်အတွက် ၁၀ ရက် လောက်နဲ့ပင် ရောက်ရှိနိုင်မှာပါ။
“ဒန်ရှန် တောင်ယွမ် မှာ မင်းကို စောင့်နေမဲ့ မှော် ဆရာမလေး ရှိတယ်”
စုမေးယို သူ့ကို နောက်လိုက်ပါတယ်။
ဟွာယုယန် . . . ၊ ချန်ရှန် ဟာ ဒီ ဆွဲဆောင်မှု ရှိလှတဲ့ မိန်းကလေးကို မေ့နိုင်မည် မဟုတ်ပေ။ သူမကို တွေးလိုက် ရုံဖြင့်ပင် သူ၏သွေးများ ဆူလာသယောင် ခံစားလိုက်ရပါ တယ်။
“မှော်ဆရာမလေး ရဲ့နာမည်ရင်းက ဟွာယုယန် မဟုတ် ဘူးဆို ၊ ဒါကြောင့် မင်းတော့ ရှာရခက်မှာပဲလို့ တွေး ပြီး စိတ်ပျက်နေပြီမလား”
စုမေးယို က ရယ်မောကာ ဆိုပါတယ်။
“သူမသာ တကယ် ဒန်ရှန်တောင်ယွမ် က ဆိုရင် သူမကို တွေ့ဖို့ သိပ်မခက်လောက်ဘူး ထင်တာပဲ”
ချန်ရှန် နှာခေါင်းကို ကုတ်ကာ ပြောလိုက်တယ်။ ရှီမန် မြို့ရဲ့အပြင်ဖက်ကို ရောက်တဲ့ အခါမှာတော့ သူဟာ တောင်ပံများကို ထုတ်ကာ တိမ်များအထက်မှ တောင်ယွမ် စီရင်စု ရှိရာသို့ ပျံသန်းသွားပါလေတော့တယ်။
ရနံ့မြို့တော် . . .
ဒါဟာ တောင်ယွမ်မရောက်ခင် အနီးဆုံး မြို့တော် ပါ။ တောင်ယွမ် စီရင်စု တစ်ခုလုံးမှ အကြီးဆုံး မြို့ကြီးများမှ တစ်ခုလို့ သတ်မှတ်လို့ ရပါတယ်။ မြို့ထဲကို လျှောက်ရုံဖြင့် အမျိုးမျိုးသော အနံ့အသက်များကို ရနိုင်ပါတယ်။ သူ လျှောက်နေတဲ့ နေရာတိုင်းမှာ များစွာသော အပင်များမှ ပန်းပွင့်များဟာ ပွင့်လန်းနေကြပြီး အလွန်ပင် လှပသည့် မြို့တော်ကြီးပါပင်။
ချန်ရှန် ဟာ ၁၀ ရက်လုံးလုံး ပျံသန်းခဲ့ပြီး ဖြစ်ပါတယ်။ ထူထဲနက်နဲသိပ်သည်းလှသည့် တောတောင်အလီလီကို ဖြတ်သန်းပြီးသည့်နောက်မှာမှ ယခုလို လှပလှသည့် မြို့တော်ကြီးသို့ ရောက်လာခြင်းဖြစ်ပါတယ်။ ထိုအချိန် မှာ သူဟာ မြစ်ကမ်းနံဘေး တစ်ခုမှာ ထိုင်နေပြီး လေပြေအေး များ သူ့ကို ဖြတ်တိုက်တာကို ခံစားနေပါတယ်။ သစ်ပင်များ မှာ ပန်းပွင့်များပွင့်နေပြီး ကမ်းစပ်မှာလည်း ခရမ်းရောင် အရွက်များကြွေလွင့်နေပုံကို ကြည့်ရင်း သူ၏ စိတ်ဝိဉာဉ်မှာ သန့်စင် လန်းဆန်းလို့ နေပါတော့တယ်။
မြို့ထဲမှာတော့ ဒန်ရှန် မျှော်စင် ရှိနေပါတယ်။ ဒန်ရှန် တောင်ယွမ်၏ ဝိသေသ တစ်ခုဆိုရင် လည်းမမှားပါဘူး။ ၎င်းဟာ အလွန်ပင်ကျယ်ဝန်းလှပြီး များစွာသော ဆေးပင် များကို ရောင်းချလျက်ရှိပါတယ်။ အမျိုးမျိုးသော အလယ် အလတ် တန်းစား ဆေးများ ၊ အဆင့်မြင့် ဝိဉာဉ်တော် ဆေး များ လည်း ရှိနေပြီး ၎င်းတို့အားလုံးဟာ လည်း အလွန် ပင် ဈေးကြီးမြင့်လှပါတယ်။
ပတ်ဝန်းကျင်ကို တစ်ချက်စုံစမ်းပြီးနောက်မှာတော့ နောက်ဆုံးချန်ရှန် ဒန်ရှန် မျှော်စင်သို့ ရောက်ရှိလာပါတယ် ၊ အထပ် ၂၀ ရှိသည့် ကြီးမားသော မျှော်စင်ကြီးပဲ ဖြစ်ပါ တယ်။ ခြံဝန်း ဧရိယာဟာလည်း အတော်ပင် ကျယ်ဝန်းပြီး ၎င်းဟာ မြို့လယ်ခေါင်မှာ တည်ရှိနေတာပါ။
မျှော်စင်ကြီးဟာ ရှေးဆန်လှပီး ကမ္ဘာဦးကတည်းက ရှိခဲ့သလိုပါပင်။ ထိပ်ဖျားမှာ နွယ်ပင်များဟာ ရစ်ပတ်လျက် ရှိပြီး အရောင်စုံလှတဲ့ ပန်းများဟာ ဖူးပွင့်နေကြတယ်။ အချိန်တိုင်းမှာ ဝိဉာဉ်တော်ငှက်များဟာ ထိပ်ဖျားမှာ လာ ရောက် နားခိုကြလေ့ရှိပြီး အလွန်ပင် လှပလှတဲ့ မြင် ကွင်းပါပဲ။
“နာမည်နဲ့တင် လိုက်ဖက်ပါပေတယ်။ နေရာတိုင်းမှာ မွှေးရနံ့တွေချည်းပဲ ၊ ဟွာယုယန် တစ်ကိုယ်လုံး မွှေးကြိုင် နေတာ မထူးဆန်းပေဘူး”
ချန်ရှန် ရေရွတ် မိပါတယ်။ ဟွာယုယန် ၏ ဆွဲမက် ဖွယ် ကိုယ်ဟန်နဲ့ အနံ့အသက် ကို သူမမေ့နိုင်ပါ။
ပထမထပ် ဒန်ရှန် မျှော်စင် ကို ဝင်လာပြီးနောက် ချန်ရှန် ဟာ ဖောက်ထွင်းမြင်ရတဲ့ နံရံကပ် စင်များကို တွေ့လိုက်ရတယ်။ အထဲမှာတော့ ကျောက်စိမ်းပုလင်း များ ၊ သေတ္တာများဟာ အပြည့်ပါပဲ။ တံဆိပ်များ ကပ်ထား ပြီး ဆေးအမည်များကိုလည်း ရေးထားပါသေးတယ်။
အထဲမှာတော့ လူများစွာ ရှိနေပြီး အများစုဟာ အဆင့် ၉ အဆင့် ၁၀ ပညာရှင်များပါ။ ဒါပေမဲ့လည်း ချန်ရှန် ဟာ အဆင့် ၁၀ ပညာရှင်များစွာ၏ အမျိုးမျိုးသော ချီဓာတ် များ ကို အာရုံခံမိနေတယ်။ ကြည့်ရတာတော့ ဒီမျှော်စင်တွင် ပုန်းကွယ်နေတဲ့ အစောင့်များစွာ ရှိနေမည့်ပုံပါ။
ချန်ရှန် ဟာ ဆိုင်မှ လှပသည့် ကောင်မလေးထံတွင် ဒီမျှော်စင် အကြောင်းအရာများကို စုံစမ်းသိရှိခဲ့ရပါတယ်။ ဒီအထပ် ၂၀ မှာ ပထမ ၅ ထပ်ဟာ ဆေးများ ရောင်းတာ ဖြစ်ပါတယ်။ ခြောက်ထပ်မှ ၉ ထပ်ကိုတော့ ဆေးပြုလုပ် ဖို့ အသုံးပြုတာဖြစ်ပြီး ဆယ်ထပ် မှာ ဆေးပညာရှင်များ လက် ခံတဲ့ နေရာကို ထားရှိပါတယ်။ အပေါ်ထပ် ၁၁ ထပ်မှ အထပ် ၂၀ ထိကိုတော့ ဆေးပင်များစိုက်ပျိုးခြင်းများ မျှော် စင်မှ ဝန်ထမ်းများ နားခိုရေးများ အတွက် အသုံးပြုပါတယ်။
“ကျွန်တော် ဆေးပင်ဆေးမြစ်တွေ ရောင်းချင်ရင် ဘယ် အထပ်ကို သွားရမလဲဗျ”
ချန်ရှန် လေသံ တီးတိုးဖြင့် မေးလိုက်ပါတယ်။ ချန်ရှန် ဟာ ဆေးပင်ရောင်းမည့်လူများအား ဒန်ရှန် မှ ကောင်းမွန် စွာ ဆက်ဆံလိ့မ်မည်ဟု ထင်ထားတာပါ။ ဟွာယုယန် အကြောင်းကိုလည်း စုံစမ်းဖို့ သူစဉ်းစားထားပါသေးတယ်။
“သခင်လေး ၊ ဘယ်လိုအဆင့်အမျိုးအစား ဆေးပင်မျိုး ကို ရောင်းမှာလဲရှင့်”
လှပလှသည့် ဝန်ထမ်းကောင်မလေး က မေးလိုက်ပါ တယ်။
“ကျွန်တော် ဆေးဖက်ဝင်သတ္တုသစ်သီး ကို ရောင်းချင် တာပါ”
ချန်ရှန် လေသံတီးတိုး ဖြင့် ပြောလိုက်တဲ့ အခါ ကောင်မလေး အံ့အားသင့်သွားပါတယ်။
သူမဟာ ချန်ရှန် နောက်နေတာ မဟုတ်ဘူးဆိုတာကို တော့ သိပါတယ်။ ဒါ့အပြင် ဒန်ရှန်မျှော်စင်ကို မည်သူမျှ လာရောက်လှောင်ပြောင်ရဲမည် မဟုတ်ချေ။
“သခင်လေး ၊ ကျွန်မနောက်က လိုက်ခဲ့ပါ”
ဆေးဖက်ဝင်သတ္တုသစ်သီးဟာဒန်ရှန် မှာတောင် တော်တော် ရှားပါးကာ အနည်းငယ်မျှသာ ရှိပါတယ်။ ယခု တော့ ရောင်းမည့်လူ ရှိလာပြီလေ ၊ မည်သူက မဝယ်ပဲ နေပါ မည်နည်း။ ဒါကြောင့်ပဲ ချန်ရှန်ဟာ အခုတော့ VIP အခန်းသို့ ရောက်ရှိခဲ့တာပါ။
အဆင့်မြင့် ဝိဉာဉ်တော် လက်ဖက်ရည်ကို သောက်ရင်း ချန်ရှန် သက်ပြင်းချမိတယ်။
“ အ . . . ၊ တော်တော် ကောင်းတဲ့ လက်ဖက်ရည်ပဲ ၊ ဒီလို လက်ဖက်ရည်မျိုးနဲ့ ဧည့်ခံနိုင်တဲ့ ဒန်ရှန် ရဲ့ ကြွယ် ၀ မှုကတော့ အံ့မခန်းပါပဲ”
ချန်ရှန် နဲ့ ဆွေးနွေးရန် ရောက်ရှိလာသူကတော့ သက် လတ်ပိုင်းအရွယ် မိန်းမတစ်ဦးပဲ ဖြစ်ပါတယ်။ တည်တည် ငြိမ်ငြိမ်ဖြင့် အန္ဒြေ အလွန် ရလှပါတယ်။
ချန်ရှန်လည်း အလျင်မြန်ပင် ထကာ ပြုံးပြီး အရိုအသေ ပေးလိုက်ပါတယ်။ ဒီမိန်းမဟာ သက်ကြီးဝါကြီး ဂိုဏ်းသား တစ်ယောက် ဖြစ်ရမယ်လို့လည်း ချန်ရှန် ထင်မိလိုက်ပါ တယ်။
အမျိုးသမီးဟာ အပြာရောင်ပြောင်ဝတ်စုံကို ဝတ်စင် ထားပြီး သူမ၏ ကိုယ်ဟန်မှာ နဲ့ အလွန် လိုက်ဖက်လှပါ တယ်။ ချန်ရှန် တုန်လှုပ်မိတဲ့ အချက်ကတော့ ဒီ အမျိုး သမးီ ၏ စွမ်းအားအစစ်မှန်ကို သူ မခန့်မှန်းနိုင်လို့ပါ။
“သိပ်ယဉ်ကျေးစရာမလိုပါဘူး ကျွန်မက အိမ်တော် ထိန်း မျှသာပါ။ သခင်လေး ဖြစ်ချင်တာပြောပါ”
အမျိုးသမီးက ခပ်ပါးပါး ပြုံးကာ ပြောလိုက်ပါတယ်။ အသံဟာလည်း သြဇာ ပြည့်၀ လှတယ်။
ချန်ရှန် ဟာ ဒီအမျိုးသမီးမှာ စစ်မှန်သော ပညာရှင် တစ်ယောက်ဖြစ်မယ် ဆိုတာကို သေချာသွားပါတယ်။ ဒန်ရှန်ကတော့ ဒီလို လူကိုတောင် အစောင့်အဖြစ်သာ ထား သည့်သဘောပါပဲ။
“ကျွန်မကို မစ္စ လီ လို့ ခေါ်နိုင်ပါတယ်။ သခင်လေး ရဲ့ သစ်သီးကို ကြည့်လို့ ရနိုင်မလား”
မစ္စလီ က ပြုံးကာ ပြောလိုက်တယ်။
သူမနာမည်ကို ကြားလိုက်တဲ့အခါ ချန်ရှန် နည်းနည်း အံ့သြသွားတယ်။
“ခင်ဗျားဟာ ရနံ့မြို့တော်ရဲ့ အုပ်ချုပ်ရေးမှူး လီရှို ရဲ့ ဇနီးများလားဗျ”
“အတိအကျပါပဲ ၊ သခင်လေးက ခုမှ ဒီကို ရောက်ဖူး တာနဲ့တူတယ်။ ကျွန်မ မနဲ့ ကျွန်မယောကျာ်းဟာ ဒန်ရှန် တောင်ယွမ် ရဲ့ စစ်မှန်သော နောက်လိုက်တွေပါ”
မစ္စလီ က ပြန်ဖြေပါတယ်။
ချန်ရှန်သူ၏ အသီးကို ထုတ်လိုက်တယ်။ အခုတော့ ဒီမြို့အကြောင်း သူနားလည် လာပါပြီ။ အုပ်ချုပ်ရေးမှူး တို့ လင်မယားဟာ တောင်ယွမ်ရဲ့ အတွင်းစည်းများ ဖြစ်ကြပြီး သူတို့ ၂ ယောက်လုံးဟာ စစ်မှန်သော ပညာရှင်များလည်း ဖြစ်ကြပါတယ်။
“ဒါကို ဘယ်လောက် ဘယ်လောက်နဲ့ ရောင်းဖို့ သခင်လေး မှန်းထားသလဲ”
မစ္စလီ အကြည့်တစ်ချက်နဲ့ပင်အသီးကို အစစ်ဖြစ် ကြောင်း အသိအမှတ် ပြုလိုက်ပါတယ်။ အသီးအပေါ်မှ ဝိဉာဉ်တော် ချီဓာတ်များပင် ထွက်နေပါသေးတယ်။
ဒီကို မလာခင်က ချန်ရှန် ဟာ ဈေးကို စုံစမ်းခဲ့ပြီးသား ပါ။ ဒီအသီး တန်ဖိုးဟာ အလယ်အလတ်အဆင့် သလင်း ကျောက် ၇ သောင်းခန့် တန်ပါတယ်။ ဒီအသီးကို မိုးပြာ သိမ်မွေ့သစ်သီး နဲ့ အဆင့်တူလို့ သက်မှတ်လို့ ရပေမဲ့ ဒါက သိမ်မွေ့သီးထက် ၁၀ ဆ လောက် သက်သာပါတယ် ၊ သိမ်မွေ့သီးက တော့ လေလံပွဲတွေမှာပါ ရောင်းချလေ့ ရှိ ကြတာဖြစ်ပြီး ဈေးမှာလည်း ပိုမို ကြီးမားသွားနိုင်ကြောင်း ကို ဖော်ပြစရာ လိုတော့မည် မထင်ချေ . . .။
Chapter – 122
#နဂါးရှာဖွေခြင်း
“ရှစ်သောင်း”
ချန်ရှန် အသင့်တော်ဆုံး ဈေးကို ပြောလိုက်တယ်။ မစ္စ လီလည်း ခေါင်းတစ်ချက်ညိမ့်ကာဖြင့် သူမ၏ လက်မှာ ရှိ သော ကွင်းလေးအား လှည့်ကာ ထူးဆန်းသော အိတ်လေး ကို ထုတ်ပြီး ချန်ရှန် ဆီ ပေးလိုက်ပါတယ်။
“ဒီ မှာ သလင်းကျောက်တုံး ၈၀၀၀၀ ပါ ၊ သခင်လေး စစ်ဆေးကြည့်နိုင်ပါတယ်”
မစ္စလီ ပြုံးလျက် ဆိုပါတယ်။
ချန်ရှန် သူ၏ နတ်အတွင်းအား အာရုံများ ကို အသုံးပြု ကာ စစ်ဆေးလိုက်တဲ့ အခါမှာတော့ သလင်းကျောက် ၈၀၀၀၀ ကို တွေ့လိုက်ရတယ်။ သူတို့လောကမှာ ဒီလို အရောင်းအဝယ် ကိစ္စကြီးများ ပြုလုပ်တဲ့အခါ ပညာရှင် တို့ဟာ ဒီလိုသာ စစ်ဆေးကြတာဖြစ်ပြီး အဆင့်နိမ့်ပညာရှင် များမှာတော့ ထိုကဲ့သို့ အစွမ်းမရှိပါချေ။
“မစ္စ ၊ ကျွန်တော် တစ်ခုလောက် မေးလို့ရမလားဗျ ၊ ဒီကနေပြီး အပြင်ကမ္ဘာက ဒန်ရှန် ဆေးဖက်ဝင် တိုင်းပြည် လို့ ခေါ်တဲ့နေရာကို စေလွှတ်တဲ့ မိန်းကလေး တစ် ယောက် အကြောင်းသိချင်လို့ပါ”
ချန်ရှန် မေးလိုက်ပါတယ်။
မစ္စလီလည်း ခေါင်းခါယမ်းကာဖြင့် -
“ကျွန်မ မသိပါဘူး ၊ ဒါတွေကို ဂိုဏ်းချုပ်ကသာ စီမံတာ ဖြစ်ပြီး သူမ သွားလား ပြန်လာလားဆိုတာတောင် မသိတာ ပါ။ နောက်ပြီး အဲလို စေလွှတ်သူတိုင်းကို ဟွာယုယန် ဆို တဲ့ နာမည်ပေးလေ့ရှိတယ်”
ချန်ရှန် သက်ပြင်းသာ ချမိပါတယ်။
“တကယ်လို့ ကျွန်မ ဂိုဏ်းချုပ်နဲ့ ဆုံတဲ့အခါကျ သခင် လေး အတွက် စုံစမ်းထားပေးပါ့မယ်။ သခင်လေးလည်း ဒီကို မကြာခဏလာလိမ့်မယ်လို့ မျှော် လင့်ပါတယ်”
မစ္စလီ ပြုံးလျက် ဆိုပါတယ်။
ချန်ရှန် လည်း အရိုအသေပေးကာ ထွက်လာပါတော့ တယ်။ သူ့မှာ ယခု သလင်းကျောက် တစ်သိန်း ရှိနေပြီ ဖြစ် ပြီး ဒါဟာ နည်းပါးတဲ့ ပမာဏ မဟုတ်ပါဘူး။ ဒါကြောင့် ပဲ သူဟာ မျှော်စင်မှ ဆင်းလာကာ ဆေးဖက်ဝင် အပင်တချို့ဝယ်ဖို့ ထွက်လာပါတယ်။
ဒန်ရှန်တောင်ယွမ် နဲ့ ရေခဲလေတောင်ကြား ဂိုဏ်းချုပ် တို့ဟာ အလွန်ပင် ပဟေဠိ ဆန်လှပါတယ်။ လူအများစု သူ တို့၏ မျက်နာများကို မမြင်ဘူးကြပါ။ ဒါပေမဲ့ ချန်ရှန် သေ ချာ သိတဲ့အချက်က တော့ ဒီဂိုဏ်းချုပ် ၂ ဦးလုံး ဟာ မိန်းမများ ဖြစ်တယ် ဆိုတာပါပဲ။ ဒန်ရှန် ဆေးတိုင်းပြည်နှင့် ဒန်ရှန် မျှော်စင်တို့၏ အိမ်တော်ထိန်း များကို မိန်းမများ ထားခြင်းအား ကြည့်ခြင်းဖြင့် ချန်ရှန် ဟာ ဒီလို ထင်ခြင်းဖြစ်ပါတယ်။
“ဒန်ရှန် တောင်ယွမ် ဂိုဏ်းချုပ်နဲ့ ဆေးဆရာမကြီးတို့ ဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်မှုများ ရှိနေ မလား မသိ”
ချန်ရှန် သံသယ ပင် ဝင်သွားမိပါတယ်။
ချန်ရှန်ဟာ ယခု အဆင့်နိမ့်နဲ့ အလယ်အလတ် အဆင့် ဆေးများ ပြုလုပ်ရန် ဆေးပင်များစွာ ဝယ်ပြီး ဖြစ်ပါ တယ်။
အခုတော့ သူဟာ မတူညီတဲ့ အဆင့်နိမ့် ဝိဉာဉ် တော်ဆေး ၂ မျိုးအား မည်ကဲ့သို့ ပြုလုပ်ရမည်ကိုသာ သင် ကြားရတောမှာ ဖြစ်ပါတယ်။ တစ်ခုကတော့ ဝိဉာဉ်တော် အမှုန့်စုဆေး ဖြစ်ပြီး ဒါဟာ အားနည်းတဲ့ ဝိဉာဉ်တော် အကြောရှိသူများ အတွက် အကြိုက်ပဲ ဖြစ်ပါတယ်။ ဒါကို သောက်လိုက်ပါက ၎င်းတို့၏ ဝိဉာဉ်တော်အကြောများ အရည်အသွေး တိုးတက်လာမည်ဖြစ်ပြီး ဝိဉာဉ်တော် ချီ ဓာတ်များကိုလည်း ကောင်းစွာ စုပ်ယူနိုင်သွားမှာ ဖြစ်ပါ တယ်။ ရောင်းရလွယ်တဲ့ အဆင့်နိမ့် ဝိဉာဉ်တော် ဆေး တစ်မျိုး ပင် ဖြစ်ပါတယ်။
နောက်ဆေးတစ်မျိုးကတော့ သိုင်းဒြပ်စင်ဆေးပါ။ ပြင်းထန်သော ချီဓာတ်တစ်မျိုး ပါဝင်တာဖြစ်ပြီး ဒါကို သောက်လိုက်ပါက သောက်သုံးသူအား ချီဓာတ်များ တိုး ပွားစေကာ အဆင့်တစ်ခုကို ရောက်ရှိစေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုး အနည်းငယ်တော့ ရှိပါတယ် ၊ အဆက်မပြတ် သောက်သုံးမယ်ဆိုပါက ခန္ဓာကိုယ် အတွက် အန္တရာယ်များစေပါတယ်။ ဒါပေမဲ့ အဆင့် ၁၀ ပညာရှင်များ အကြိုက်ဖြစ်ပြီး ဘာလို့လဲဆိုတော့ ပညာရှင် တို့ သားရဲများနဲ့ တိုက်ခိုက်တဲ့အခါ ၎င်းတို့၏ အားများကို တိုးတက်စေမှာ ဖြစ်ပြီး အလွယ်တကူ အနိုင်ရစေမှာမို့ပါ။ သေသေချာချာ အသုံးပြုပါက ဘေးထွက်ဆိုးကျိုးဆိုတာ မရှိနိုင်ပါဘူး။
ဒါတင်မက ချီပေါက်ကွဲဆေး နဲ့ အဆိပ်အရည်ပျော် ဆေး စသော အလယ်အလတ်အဆင့် ဆေးများကို ပါ ပြုလုပ်ရန် ရည်ရွယ်ချက်ရှိနေပြီး သူသာ အဆင့် နိမ့် ဝိဉာဉ် တော်ဆေးများကို အောင်မြင်စွာ ပြုလုပ်ပြီးပါက ထပ်မံပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ဝယ်ခဲ့ခြင်းဖြစ်ပါတယ်။
တကယ်တော့ သိုင်းဒြပ်စင် ဆေး နှင့် ဝိဉာဉ်တော် အမှုန့် စုဆေး တို့ဟာ ချီဓာတ်ဆေး ပြုလုပ်တာထက် များ စွာ လွယ်ကူပါတယ်။ ဒါ့အပြင် ဈေးလည်း သိပ်မကြီးမြင့် လှပါဘူး။
သိုင်းဒြပ်စင်ဆေးကို သလင်းကျောက် ၃၀၀ လောက်ဖြင့် ဝယ်နိုင်ပြီး ဝိဉာဉ်တော်အ မှုန့်စုဆေးအား ၄၀၀ ဖြင့် ဝယ်ယူနိုင်ပါတယ်။ ဆေးပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ဆေးပင်များဟာလည်း ထိုဈေးမျှလောက်ပါပဲ ၊ အဘယ်ကြောင့်ဆိုသော် ဆေးပင်တစ်စုံစာလျှင် အနည်း ဆုံး လေးလုံး ပြုလုပ်နိုင်မှာဖြစ်ပြီး ဒါကြောင့် ဆေးလုံးသည် ပင် ပိုမို သက်သာလောက်ပါတယ်။
ချန်ရှန် ဟာ ဆေးတစ်ခုချင်းစီအတွက် အစုံ ၂၀ စာ ဆေးပင်များကို ဝယ်ယူ ခဲ့ပါတယ်။ ထို့နောက်မှာတော့ ဒန်ရှန် မျှော်စင်မှ ခပ်မြန်မြန်ပင် ထွက်လာပါတော့တယ်။ အဘယ်ကြောင့်ဆိုသော် သားရဲဂိုဏ်းမှ သူ့ခေါင်းအား သလင်းကျောက် တစ်သိန်းဖြင့် အလိုရှိနေလို့ပါပဲ။ ချန်ဝူ စီရင်စု အားလုံးမှာ ထိုသတင်းဟာ ပြန့်နှံ့လို့ နေပါတော့ တယ်။
အဆိုပါ သလင်းကျောက် တစ်သိန်းဆိုတာ ချန်ရှန် အမြင်မှာ ဘာမှမဟုတ်လှပေမဲ့ တခြားလူအများအမြင် မှာတော့ တကယ်ကို များပြားလှတဲ့ ပမာဏပါ။ အဘယ် ကြောင့် ဆိုသော် ထိုပမာဏဖြင့် ချီဒြပ်စင်ဆေး သို့မဟုတ် ချီဓာတ်ဆေးများစွာကို ဝယ်ယုူနိုင်မှာပါ။ ဒီလိုသာရမယ် ဆိုပါက ၎င်းတို့၏ စွမ်းအားများလည်း တိုးလာမည် မဟုတ် ပါလော . . .။
ချန်ရှန် မျှော်စင်မှ ထွက်လာပြီးနောက် မြို့ပြင်ဖက်သို့ ထွက်လာခဲ့ပါတယ်။ နောက်ယောက်လိုက်သူများ ရှိပါက လည်း မြို့ပြင်မှာဆိုပါက လူများ မထိခိုက်နိုင်လို့ပါ။ ၎င်းတို့ သာ တစ်ခုခု ပြုလုပ်လာမည် ဆိုပါက ချန်ရှန် ဟာ ငြိမ်ခံ နေမည် မဟုတ်တာတော့ အသေအချာပါပင်။
ချန်ရှန် ဟာ ယခုထိတော့ စစ်မှန်သော ပညာရှင်များ ကို မတွေ့သေးပါ။ ဒါပေမဲ့လည်း ထိုသို့ပညာရှင်များစွာ နဲ့ တွေ့ခဲ့လျှင်တော့ . . .။
မြို့ထွက်ပေါက်နားရောက်တဲ့ အခါမှာတော့ နဂါး ဟိန်းဟောက်သံကြီးတစ်ခုကို ရုတ်တရက် ကြားလိုက်ရပါ တယ်။ ဒီလိုရုတ်တရက်ထွက်ပေါ်လာတဲ့ အသံကို တမြို့လုံးဟာ သဲကွဲစွာ ကြားလိုက်ကြရပါတယ်။ အသံ ကြီး ဟာ လူတိုင်း၏ နားစည်အား ဗုံဖြင့် အနီးကပ် တီးလိုက် သလိုပင် ပြင်းထန်လှပါတယ်။
ချန်ရှန် ခေါင်းမော့ ကြည့်လိုက်မိတယ်။ မနီးမဝေး ကောင်းကင်တွင် အနီရောင်တိမ်များ ရဲနေကာ နဂါးတစ် ကောင်ပုံစံသို့ ပြောင်းသွားတာကို မြင်လိုက်ရပါတယ်။ ဒါပေမဲ့လည်း တခဏတာပါပဲ ၊ ချက်ချင်းပင် ပြန်လည် ပျောက်သွားပါတော့တယ်။
နဂါးဟောက်သံကြီးကြောင့် သစ်ကိုင်းများမှ ငှက်များဟာလည်း လန့်ပြေးကြနေ သည်မှာလည်း အများအပြားပါ ပင်။ လူတိုင်းဟာ ကြောက်ရွ ံ့ထိတ်လန့်ပုံပေါ်နေကြပါ တော့ တယ်။
ချန်ရှန် လည်း ယခုအခြေအနေအား စုမေးယို နဲ့ ဘိုင် ယုယု တို့ကို မေးမြန်းလိုက်ပါတယ်။ ၎င်းတို့လည်း ထိုအသံ ကို ကြားလိုက်ကြရတာဖြစ်ပြီး ကြည့်လိုက်တဲ့အခါ အနီ ရောင် တိမ်များကို မြင်လိုက်ကြရတာ ဖြစ်ပါတယ်။
“နဂါး မွေးဖွားခြင်းပဲ”
စုမေးယို စိတ်လှုပ်ရှားမှုတဝက် ကြောက်ရွံံ့မှု တဝက် ဖြင့် ပြန်ပြောပါတယ်။ နဂါးကြီး မော်တယ်ကမ္ဘာမှာ ပေါ်လာ ခြင်းဟာ တကယ်ကို ကြောက်စရာကောင်းလှ ပါ တယ်။ ဒီနဂါးသာ အရွယ်ရောက်လာပါက လူသားလော က ခေါ် မော်တယ်ကမ္ဘ္ဘာအတွက် ကြီးစွာသော ပျက်စီးမှု များ ဖြစ်မည်မှာ အမှန်ပင် ဖြစ်ပါတယ်။
“နဂါးက ဘယ်လို မွေးလာတာလဲ”
ချန်ရှန် မြို့ပြင်ဖက်လျှောက်လာပါတယ်။ သူတွေ့နေ တာတောင်မှပဲ ယုံကြည်ဖို့ ခက်ခဲနေပါတယ်။
“သိပ်တော့ မသေချာဘူး ၊ ငါတို့ ဆရာ တစ်ခါပြော ဖူးတယ်။ နဂါးဟာ ၎င်းရဲ့ ဥအခွံကနေ ထွက်လာတဲ့ အခါ နဂါးတိမ်တိုက်တွေဟာ ကောင်းကင်မှာ ဖြစ်ပေါ်လာ တယ် တဲ့ ၊ တဆက်တည်း နဂါးရဲ့ဟိန်းဟောက်သံကိုလဲ ကြားရမယ်လို့ ဆိုတယ်။ နဂါးမွေးဖွားခြင်းဆိုတာ အဲဒါပဲ”
ဘိုင်ယုယု ဟာ တစ်ခုခုစိုးရိမ်နေပုံဖြင့် ရှင်းပြပါတယ်။
“ဒီနဂါးသာ မသမာသူရဲ့ ချုပ်ကိုင်မှုကို ခံရရင် မတွေး ရဲစရာပဲ”
စုမေးယို ရဲ့ မျက်ခုံးများ မြင့်တက်သွားတယ်။ သူမ ၏ ချစ်စဖွယ် မျက်နာမှာလည်း ဖြူဖတ်ဖြူလျော် ဖြစ်သွားကာ ဖြင့် -
“ချန်ရှန် ၊ မင်း မြန်မြန်သွားသင့်တယ် ၊ မင်းသာ နဂါးကို ရှာနိုင်ရင် မင်းဟာ နဂါးသိုင်းကျင့်စဉ်တွေကို လေ့ကျင့် ထား တဲ့အတွက် နဂါးကို ထိန်းသိမ်း သွန်သင်နိုင်ဖို့ လွယ်နေလိ့မ်မယ်”
နဂါးကို ထိန်းသိမ်းရမယ်တဲ့လား . . .
ချန်ရှန် သူ့ကို နောက်နေတာလားဟုပင် ထင်မိပါတယ်၊ သူဒီလို လုပ်နိုင်လိမ့်မယ်လို့ မယုံကြည်နိုင်ဖြစ်နေပါတယ်။ ဒါ့အပြင် ယခုအခါ လူများစွာဟာ ထိုနေရာသို့ ပြေးသွားနေ ကြပြီ ဖြစ်ပါတယ်။
“မင်း ဒီမှာ ဘာရပ်လုပ်နေတာလဲ ၊ မြန်မြန်သွားလေ”
ဘိုင်ယုယု ၏ အေးစက်စက် လေသံဟာ ကျယ်လောင် စွာ ထွက်ပေါ်လာပါတယ်။ ချန်ရှန်လည်း လူအုပ်နဲ့ ရောကာ ကဆုန်ပေါက် ပြေးသွားပါတော့တယ်။ သူဟာ အတောင်ပံ ကို အသုံးပြုချင်ပေမဲ့လည်း သားရဲဂိုဏ်းမှ စစ်မှန်သော ပညာရှင် တစ်ယောက်ယောက်မြင်သွားမည် ကို ကြောက် နေမိတာပါ။ ဒီလိုသာမြင်သွားပါက ဘာကောင်းကျိုးမျှ ရှိ တော့မည် မဟုတ်ပေ။
သူပြေးနေစဉ်မှာပဲ ချီဓာတ်များ အတက်အကျ ဖြစ်လာ တာကို ခံစားမိလိုက်ပြီး စစ်မှန်သော သိုင်းပညာနယ်ပယ်မှ ပညာရှင်အချို့ရောက်လာကြောင်း သိလိုက်ရပါတယ်။ ထိုသို့ ပညာရှင်များ များသထက် များလာကာ ၎င်းတို့ ရဲ့ အမြန်နှုန်းမှာလည်း မြန်ဆန်လွန်းလှပါတယ်။ တချို့မှာ လည်း ၎င်းတို့၏ ဝိဉာဉ်တော် လက်နက်များပေါ်တွင် မတ် တပ်ရပ်ကာဖြင့် ပျံသန်းသွားနေကြပါတယ်။
၎င်းတို့၏ ချီဓာတ်များအား ဝိဉာဉ်တော် လက်နက်များ ပေါ် ထည့်သွင်းကာ နတ်အတွင်းအားအာရုံများကို အသုံးပြု ထိန်းချုပ်ကာဖြင့် လက်နက်ပျံများ အဖြစ် ပြုလုပ်လိုက်ကြ ခြင်းပါ။ ဒါပေမဲ့ သိပ်အမြန်ကြီးပျံသန်းတာတော့ မဟုတ် ပေ ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ပြုတ်ကျနိုင်သလို မျိုး အခြေအနေတချို့ ရှိနေခြင်းကြောင် ဖြစ်ပါတယ်။ ဒီလို ပျံသန်းနိုင်ရန် လိုအပ်သည့် လက်နက်အဆင့်မှာ ဝိဉာဉ် တော် အဆင့် ၇ မှသာ ရနိုင်မှာ ဖြစ်ပါတယ်။
အချိန်တခဏအတွင်းပင် စစ်မှန်သော ပညာရှင် ၃၀ ကျော် လောက် ကို ချန်ရှန် တွေ့လိုက်ရတယ်။ များစွာ သော အဆင့်နိမ့်မြင့် ပညာရှင်များစွာကို ဒီနေရာမှ ဆွဲ ဆောင်လျက် ရှိနေပါတယ်။
လူအုပ်ကြီး ဟာ တိမ်အနီများ ဖြစ်ပေါ်တဲ့ နေရာကို သွားနေကြတာဖြစ်ပြီး လူအများစုဟာ ထိုနေရာတွင် ထူး ဆန်းသော ရတနာ တစ်ခုခု ဖြစ်ပေါ်နေလိမ့်မည်ဟု ထင် ကြ တာပါ။
တစ်နာရီလောက်ကြာပီးနောက် မှာတော့ ခုနက နဂါး ပုံပေါ်ရာ တိမ်နီများ နား ရောက်လာကြပါတယ်။ လူတိုင်း ဟာ တောင်ကြားတွင် သေချာစွာ လိုက်ရှာကြသော်လည်း မည်သည့် အရာမျှ မတွေ့ရှိကြပါချေ။
“ချန် ရှန်”
လူတစ်ယောက်ဟာ ရုတ်တရက် ထအော်လိုက်တယ်။ လူတိုင်းဟာလည်း ချက်ချင်းပင် အံ့သြသွားကြပါတယ်။ လူ တိုင်းဟာ ချန်ရှန် ၏ နာမည်ကို သိနေကြတာဖြစ်ပြီး သလင်းကျောက် တစ်သိန်း နဲ့ တွဲသိကြတာပဲ ဖြစ်ပါတယ်။
ချန်ရှန် ချက်ချင်း တုံ့ပြန်ပြီး မဖြေလိုက်ပါဘူး။ ဒါပေ မဲ့ လည်း သက်လတ်ပိုင်း အရွယ် အမည်းရောင် ဝတ်ရုံ ဝတ် ဆင်ထားသော လူတစ်ယောက်ဟာ စာရွက်ပြားတစ် ခု လက်တွင် ကိုင်လျက် ချန်ရှန်ဆီသို့ လျှောက်လှမ်းလာ နေ ပါတောတယ် . . .။
Chapter – 123
#အသက်ဝင်နတ်မိစ္ဆာဒူးလေး
“မင်းက ချန်ရှန်မလား”
သက်လတ်ပိုင်း အရွယ် လူကြီးက သူ၏ လက်ထဲရှိ စာရွက်အား ချန်ရှန်အား ပေးရင်း မေးလိုက်ပါတယ်။ ထို အပေါ်မှာတော့ ချန်ရှန်၏ သွင်ပြင်နဲ့ ဆင်တူလှသော ပုံရိပ် တစ်ခုရှိနေတယ်။ ချန်ရှန်ဟာ သာမန်လို ဝတ်ဆင်ထားပေ မဲ့လည်း သူ၏ မျက်လုံးများ ၊ မျက်နာ ၊ နှာခေါင်း နှင့် ပါး စပ် တို့မှာ ငြင်းမရအောင် တူနေပါတယ်။
အစောပိုင်းထဲက ချန်ရှန်ဟာ သူ့အား သားရဲဂိုဏ်းမှ သူ၏ ပုံဆွဲကာ နေရာတိုင်းတွင်ကပ်ပြီး ဆုငွေထုတ်ထား တာကြောင့် သူတော်တော် သွားလာရအဆင်မပြေပါ။ သူ ဟာ သားရဲဂိုဏ်း၏ နောက်လိုက်ကိုသတ်ပြီး သူ့ဘ၀ သူ ကယ်တင်ခဲ့ပေမဲ့ ခုတော့ သားရဲဂိုဏ်းဟာ သူ့အား ရန်သူ တစ်ယောက်လို အလိုရှိနေပါပြီ။ ဒီဂိုဏ်းနဲ့ကိစ္စ ပြတ် မှသာ သူသွားရလာရ လွယ်ကူတော့မှာဖြစ်ပါတယ်။
“အဲဒိတော့ ခင်ဗျားက ကျွန်တော့ကို သတ်ပြီး ဆုငွေ တစ်သိန်း လိုချင်တယ်ပေါ့”
ချန်ရှန် သူ၏ လက်သီးများကို စုပ်ကာ လေးလေးနက် နက်မေးလိုက်ပါတယ်။ ဒီလူဟာ သူ့ကို မြင်ဖူးတဲ့ လူ တစ်ဦးဦး က လွှတ်လိုက်တာ ဖြစ်မည်ဟု ချန်ရှန် ထင်မိပါ တယ်။
ယခုအခါ တောင်ကြားတွင် သိုင်းပညာရှင် ထောင် ဂဏန်းလောက် ရှိနေတာဖြစ်ပြီး အများစုမှာ မော်တယ် အဆင့် ပညာရှင်တို့သာ ဖြစ်ပါတယ်။ သူတို့ ဒီနေရာကို လာ တာ မည်သည့် ရတနာမျှ မတွေ့ပေမဲ့ သလင်း ကျောက် တစ်သိန်း က သူတို့ ရှေ့မှာ ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်သူမှ ဘာမျှ မလုပ်သေးပဲ အခြေအနေကို သာ စောင့်ကြည့်နေဟန်ပါ။ ဒါ့အပြင် ချန်ရှန် ဟာ ရင်ဆိုင် ဖို့ လွယ်ကူတဲ့လူ မဟုတ်တာကိုလည်း သူတို့ အသေအချာ သိနေတယ်လေ။
“သားရဲဂိုဏ်းက မင်းခေါင်းကို ဆုငွေ ၁ သိန်း ထုတ် ထားတယ်လေ ၊ ဒါပေမဲ့ မင်းမခုခံဘူး ဆိုရင်တော့ ခေါင်း မဖြတ်တော့ပါဘူး။ အလောင်းအတိုင်း ချန်ပေးမယ်”
ထိုလူက အေးစက်စက် ပြုံးကာ ပြောပါတယ်။
ထိုလူမှာ အမည်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ထူး ဆန်းလှသော ချီဓာတ်တစ်မျိုး သူ၏ ကိုယ်မှ ထွက်နေပါ တယ်။ ၎င်းဟာ သူ့ဝန်းကျင် ရှိ လူများနဲ့ များစွာ ခြားနား ပါ တယ်။ ဒါ့အပြင် ဒီလို ချီဓာတ် နဲ့ အသက်ရှူပုံဟာ တစ်ခုခု နဲ့ တူနေသလို သူခံစားလိုက်မိတယ်။
“ခင်ဗျားက အဆိပ်တစ်ရာ ဂိုဏ်းကလား”
ချန်ရှန် အေးစက်စက် မေးလိုက်ပါတယ်။
အဆိပ်တစ်ရာ ဂိုဏ်းဟာ အဓိကမိစ္ဆာဂိုဏ်း ၅ ခု ထဲ က တစ်ဂိုဏ်းဖြစ်ပြီး ချန်ဝူ စီရင်စု ၉ ခုလုံးမှာ ကြောက်စရာ အ ကောင်း ဆုံးဂိုဏ်းတွေထဲမှ တစ်ဂိုဏ်းလည်း ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် အဆိပ်တစ်ရာ ဂိုဏ်းဟာ အဆိပ် မှာ ကျွမ်းကျင်လှပြီး သူတို့ဟာ လူတစ်ယောက်ကို မမြင်ရ လောက်အောင် သတ်နိုင်ပါတယ်။ သေသွားတဲ့လူ မှာ လည်း သူဘယ်လိုသေသွားလဲ ဆိုတာတောင် သိလိုက်ရ မှာ မဟုတ်ပါပေ။
အဆိပ်တရာဂိုဏ်း ဆိုသည့် နာမည်ကို ကြားရုံဖြင့် လူ တိုင်းဟာ ရုတ်တရက် အမူအရာများ ပြောင်းကုန်ကြတယ်။ ချန်ရှန် တို့ အနီးမှ ရှောင်ဖယ်ကာ သွားကြပြီး ခပ်လှမ်းလှမ်း ကသာ ရပ်ကြည့်နေကြပါတယ်။ သူတို့ဟာ သေမှာကို ကြောက်လို့ ဖြစ်ပြီး အဆိပ်ရန်မှ ဝေးဝေးနေခြင်း ဖြစ်ပါ တယ်။
ထိုလူလည်း အံ့သြစွာပင် ခနဲ့တဲ့တဲ့ ဖြင့် -
“တကယ်ကို ပြောင်မြောက်လှတဲ့ မျိုးဆက်သစ် တစ်ယောက်ရဲ့ ခန့်မှန်း မှုပေပဲ။ မင်းဟာ အမြင်ကောင်း ကောင်း ရှိတယ်”
ချန်ရှန် ယခုမနီးမဝေးမှာ စစ်မှန်သော သိုင်းပညာရှင် များဟာလည်း ကြည့်နေကြကြောင်း သတိပြုမိလိုက်တယ်။ ဒါမတိုင်ခင်ကသာ အဆိပ်တစ်ရာဂိုဏ်းက လူ မဟုတ်ဘူး ဆိုပါက ၎င်းတို့ဟာ လာရောက်တိုက်ခိုက်ကြမှာဖြစ်ပြီး ယခု အခါမှာတော့ ကြည့်သာ ကြည့်နေကြပါတယ်။
အဘယ်ကြောင့်ဆိုသော် သူတို့ဟာ ချန်ရှန် ရှုံးတာကို သာ ကြည့်ပြီး ချန်ရှန် သေသည့် အခါမှသာ အလွယ်တကူ သလင်းကျောက် တစ်သိန်း အား သွားရောက်ထုတ်ယူ ရန် ကြံစည်နေကြလို့ပဲ ဖြစ်ပါတယ်။ သလင်းကျောက် တစ်သိန်း ဆိုသည့် ပမာဏမှာ ထိုကဲ့သို့ ပညာရှင်များ အတွက်ပင် များလှသည့် ပမာဏပါပေ။
“သလင်းကျောက် တစ်သိန်း က ငါ့အတွက်ပဲ”
ထိုလူက ခပ်လှောင်လှောင် ပြောပါတယ်။ ချက်ချင်း ပင် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည့် အခါမှာတော့ မရေ တွက်နိင်သော အပ်များဟာ ချန်ရှန် ဆီသို့ ပျံသန်းလာပါ တော့တယ်။ အားလုံးဟာ အရောင်မရှိ သော အဆိပ်ငွေ့ များ ပါဝင်နေကြလျက်ပါ။
ချန်ရှန်ဟာ အဆိပ်တစ်ရာ ဂိုဏ်းမှ ဆိုသည်ကို သိပြီး သည်နှင့် သတိထားနေတာဖြစ်တယ်။ အဘယ်ကြောင့် ဆို သော် ထိုဂိုဏ်းသည် လက်နက်ပုန်းများဖြင့် အလစ်တိုက် ခိုက်တတ်သောကြောင့်ပါ။ ဒီလို လက်နက်ပုန်းတွေ လာ တာကို မမြင်မိပါက သူသေမည်မှာ အသေအချာပါပင်။
ချန်ရှန် ၏ ကိုယ်မှာ အမည်းရောင်ချီဓာတ် တစ်ခု ရုတ် တရက် ကာရံလိုက်တယ်။ ထိုအမည်းရောင်ချီဓာတ်များ ဟာ မျက်စိတမှိတ်အတွင်းမှာပင် ရေများအဖြစ်သို့ ပြောင်း လဲသွားပြီး ချန်ရှန် ပတ်လည်တွင် ကာရံသွားကြပါတယ်။ အဆိပ်အပ်များဟာ ရေထဲသို့သာ တိုးဝင်ပျောက်ကွယ် သွားကြရပါတော့တယ်။
ချန်ရှန်ဟာ အမည်ရောင်လိပ်ရဲ့ အကာအကွယ် စွမ်း အင်ကို အသုံးချလိုက်တာဖြစ်ပြီး ထိုရေ၏ သိမ်မွေ့လှပုံ ဟာ မမြင်နိုင်လောက်အောင်ပါပဲ။ အဆိုပါ အကာကွယ် တွင် ပြင်းထန်လှသည့် စွမ်းအားများရှိနေတယ်။ အဆင့် ၁၀ ရှိသည့် မော်တယ် ပညာရှင်များမှ တချိန်တည်း တိုက် ခိုက်မည်ဆိုလျှင်တောင် ထိုအကာကွယ်ကို ဖျက်စီးလို့ ရနိုင်ရုံမျှသာ ရှိမှာပါပဲ။
အပ်များဟာ ရေထဲသို့ တိုးဝင်ပျောက်ကွယ်သွားတဲ့ နောက်မှာတော့ ၎င်းတို့၏ အရိပ်ပင် မမြင်ရတော့ပါချေ။ ဒီ အရာကို ကြည့်ရင်း အမည်းရောင်ဝတ် လူဟာ ဒေါသဖြစ် သွားတယ်။ သူကိုယ်တိုင်ဟာလည်း အဆင့် ၁၀ ပညာရှင်ဖြစ်ပြီး ခုနက အပ်များတွင် သူ၏ စွမ်းအားများကို အပြည့်အ၀ ထည့်ကာ လွှတ်လိုက်ခြင်းပါ။ ဒီလိုနည်းဖြင့် အဆင့် ၉ ၁၀ ရှိသူ ရာပေါင်းများစွာအား တိုက်ခိုက် အနိုင် ယူပြီးဖြစ်ပေမဲ့ ချန်ရှန်ကိုတော့ မရခဲ့ပါချေ။
အမည်းရောင်လိပ်နတ်ကျင့်စဉ်ဟာ အနည်းငယ်သာ သူတတ်သေးသော်လည်း တတ်ပြီးသော စွမ်းအားက ပင် ပုံမှန်တော့ မဟုတ်ပါချေ။ ဒါ့အပြင် ချီဓာတ်ဟာလည်း အနည်းငယ် မျှသာ ကုန်တာဖြစ်ပြီး ချန်ရှန်ဟာ ယခု စွမ်း ရည်အား အဆင့် ၁၀ ရောက်ပြီးမှသာ ကျင့်ကြံခဲ့တာ ဖြစ်ပါ တယ်။ ထိုသို့ အကာအကွယ် ယူပြီးနောက်မှာတော့ ချန်ရှန် ဟာ ခုန်တက်သွားကာ ထိုလူဆီသို့ ရောက်သွားပါ တော့တယ်။
အဆိပ်တစ်ရာ ဂိုဏ်းမှ နောက်လိုက်များဟာ သိပ် မသန်မာကြပါဘူး။ ဒါပေမဲ့ လည်း သူတို့၏ အဆိပ်နှင့် လက်နက်ပုန်းများကတော့ ကြောက်စရာပါ။ ချန်ရှန်၏ လျင်မြန်မှုကလည်း အံ့မခန်းပါပင်။ ထိုလူ နောက်ထပ် ဘာ မျှ ထပ်မလုပ်နိုင်ခင်မှာပဲ ဘေးသို့ ရောက်သွားတာကို လူ အားလုံးဟာ မြင်လိုက်ကြရတယ်။
ချန်ရှန် ပုံဆောင်ခဲတစ်ခုကို ထုတ်လိုက်တယ်။ မြေကြီး များ ပင် အက်ကွဲကာ တုန်လှုပ်သွားကြပါတယ်။ ချန်ရှန် ဟာ မြေကြီး အဆင့် စွမ်းရည်ဖြစ်တဲ့ ကောင်းကင်ဖြို ပုံ ဆောင်ခဲ အကွက်ကို သုံးလိုက်တာဖြစ်ပြီး သူ၏ ပုံဆောင်ခဲ မှာ ပြင်းထန်လှသော စွမ်းအားများကို သယ်ဆောင်သွားပြီး ထိုလူ ထံသို့ ထိသွားပါတော့တယ်။ သွေးများဟာလည်း ပန်း ခနဲ ပါးစပ်မှ ထွက်လာပါတယ်။
သက်လတ်ပိုင်းအရွယ် လူ ဟာ သူ၏ အရိုးများ ၊ ကိုယ် တွင်း အင်္ဂါများတော့ ထိခိုက်သွားပြီဆိုတာကို သိလိုက်ရ တယ်။ ချန်ရှန် တိုက်ခိုက်မှုဟာ ဒီလောက်ပြင်းထန်လိမ့် မယ်ဟု မထင်ထားမိပါဘူး။ သာမန် အဆင့် ၁၀ ပညာရှင် ဟာ ဒီလိုလုပ်နိုင်ဖို့ မဖြစ်နိုင်ပါပေ။
ချန်ရှန် နာကျင်နေသာ အဆိုပါလူအား အေးစက်စက် ဖြင့်ပင် ပြုံးပြီး ကြည့်နေတယ်။ ထိုသူကို သတ်မည်ဟု ကြံ ရွယ်နေစဉ်မှာပဲ ထိုလူဟာ အမည်းရောင် ဒူးလေး တစ်လက် ကို ဆွဲထုတ်လိုက်တာ မြင်လိုက်ရပါတယ်။ ထို ဒူးလေးမှ အမည်းရောင် မြားတစ်ချောင်း သူ၏ နှလုံးသား ဆီသို့ ပစ်လွှတ်လိုက်တာကိုလည်း သူမြင်လိုုက်ရပါတော့ တယ်။
အလွန်ပင် လျင်မြန်လှတယ်။ ချန်ရှန် သူ၏ အမည်း ရောင်လိပ် အကာအကွယ်ကို သုံးလိုက်ပြီး မြားဟာလည်း ချန်ရှန် ဆီသို့ လာနေပါတယ်။ ထိသွားတယ့် အခါမှာတော့ ကျယ်လောင်စွာ မြည်ဟည်းသွားပြီး ချန်ရှန် တစ်ကိုယ်လုံး လည်း တုန်သွားတယ်။ တဆက်တည်းမြားဟာလည်း ချန်ရှန် ရှေ့ရင်အုံနားမှာ ရပ်သွားပါတော့တယ်။
“နီးနီးလေးပဲ လိုတော့တယ် ၊ ငါ့ကို ထိုးမိမတတ်ပဲဟ”
ချန်ရှန် အလန့်တကြားပင် ခုန်ကာ မြေကြီးပေါ်မှ လူထံ သို့ ပုံဆောင်ခဲတစ်ခု ထပ်မံ ပစ်လွှတ်လိုက်တယ်။ မိုးပြာရောင် ချီဓာတ်များဟာလည်း ထွက်ပေါ်လာပြီး ထိုလူကို ပြင်းထန်စွာ ထိမှန်သွားကာ သွေးများ ဟာ နေရာအနှံ့ သို့ လွင့်ထွက်သွာပါတော့တယ်။
ချန်ရှန် သက်ပြင်း ရှည်တစ်ခုကို ချလိုက်မိတယ်။ ခုနက မြားဖြင့် တိုက်ခိုက်မှုကို စဉ်းစားရင်း သူနည်းနည်း တော့ လန့်သွားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ပစ်လွှတ် လိုက်သော ဒူးလေးသည် အလွန်ပင် ပြင်းထန်လှသော ချီဓာတ်များ ပါဝင်မှာကို သူသိလိုက်တယ်။ သူက အကာ အကွယ်ကိုတောင် ဖောက်လာနိုင်သည် မဟုတ်ပါလော။
ချန်ရှန် ပြုတ်ကျနေသည့် ဒူးလေးကို ကောက်ယူကာ ဆေးကြောလိုက်ပါတယ်။ ထို့နောက် သူ၏ ချီဓာတ်များ အား အထဲသို့ လောင်းထည့်လိုက်သောအခါ ဒူးလေးတွင် ရုတ်တရက် အမည်းရောင် မြားတစ်ချောင်း တပ်ပြီးလျက် သား ဖြစ်သွားတာကို တွေ့လိုက်ရပါတယ်။
“ဒါ အဆင့် ၇ ဝိဉာဉ်တော် လက်နက်ထဲက တတိယအဆင့် ဖြစ်တဲ့ အသက်ဝင် နတ်မိစ္ဆာ ဒူးလေး မဟုတ် လား”
ခပ်လှမ်းလှမ်း မှ ပြောနေသံကို ကြားလိုက်ရတယ်။ အားလုံးဟာ ဆူညံဆူညံ ဖြစ်သွားကြပါတယ်။ အဆင့် ၇ ဝိဉာဉ်တော် လက်နက်ဟာ တကယ်ကို ရှားပါးလှပြီး စစ် မှန်သော သိုင်းပညာရှင်တို့သာ ကိုင်တွယ်ကြတာ ဖြစ်ပါ တယ်။ ဒါတင်မက ထို အဆင့် ၇ ထဲကမှ ထိပ်သီးလက် နက် ၁၀ ခုဟာ ပိုမိုပင် အစွမ်းကြီးပါသေးတယ်။
ချန်ရှန် ဒီလက်နက်ဟာ အသုံးပြုရလွယ်ကူပြီး ကောင်း မွန် လှတာကို သိသွားတယ်။ သိုင်းပညာရှင်များ အတွက် အသုံးတည့်လှပြီး စွမ်းအားလည်း တကယ်ကို ကြီးမားပါ ပေတယ်။ သူဟာ ဒါကို သိမ်းမည်လုပ်စဉ်မှာပင် ကြောက် စရာ ကောင်းလှသော ချီဓာတ်လှိုင်းများဟာ ကောင်းကင် ပေါ် မှ သူ့ထံသို့ ကျလာပါတယ်။
ချီဓာတ်များဟာ တကယ်ကို ပြင်းထန်လှပြီး သူ၏ ကိုယ်ပေါ်အား တောင်ကြီး တစ်လုံးဖြင့် ဖိချလိုက်သလိုပါ ပင်။ ထိုအချိန်မှာ သူ၏ ကိုယ်ထဲရှိ အတွင်းပိုင်းအားလုံး ဖျစ်ညှစ်လိုက်သလို ခံစားလိုက်ရပြီး အက်ကွဲသလိုပင် ဖြစ် သွားရပါတယ်။ ပါးစပ်အပြည့် သွေးများ ထွက်ကာဖြင့် မြေ ကြီး ပေါ်သို့ လဲကျသွားပါတော့တယ်။
သူ့ကို တစ်စုံတစ်ယောက်က တိုက်ခိုက်လိုက်တာပါ။ စစ်မှန်သော သိုင်းပညာနယ်ပယ် မှ လူဆိုတာတော့ အသေ အချာ ပါပင်။ ကြည့်ရတာတော့ ယခု လက်နက် အား လိုချင်သည့်သူ တစ်ဦးဦး ဖြစ်နိုင်တယ်ဟု ချန်ရှန် တွေး လိုက် မိပါတော့တယ် . . .။
Chapter – 124
#လျိုရှိုယန်
အသက်ငယ်ငယ် ခပ်ချောချော လူတစ်ယောက်ဟာ လှပါတယ့် အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မိုးပေါ် မှ တဖြည်းဖြည်း ဆင်းလာတယ်။ ချန်ရှန် ၏ ရှေ့မှာ မတ် တပ်ရပ်ကာဖြင့် သူ၏ လက်အား ဒူးလေးဆီသို့ ဆန့်ထုတ် လိုက်ပါတယ်။ ဒူးလေးဟာ တဖြည်းဖြည်းချင်း မြင့်တက် သွားကာ ထိုလူ ၏ လက်ထဲသို့ ရောက်ရှိသွားပါတော့ တယ်။
ချန်ရှန် လည်း မီးဝင်းဝင်းတောက်သော မျက်လုံးများ နှင့် ထိုလူအား ကြည့်နေတယ်။ ထိုလူငယ်၏ ပုံရိပ်အား သူ၏ စိတ်ထဲမှာ စွဲထင်ကျန်နေအောင် မှတ်သားထားမိ တယ်။ သူသာ မသေခဲ့ပါက ထိုလူအားဆယ်ဆ ပြန်လည်ပေးဆပ်စေမည်ဖြစ်သည်၊ ဆယ်ဆမဟုတ် အဆတစ်ရာ ဟုပင် ပြန်လည် ကျိန်ဆိုမိနေတယ်။
ချန်ရှန် ၏ မီးတောက်နေသော မျက်လုံးများကို ကြည့်ရင်းထိုလူငယ်ဟာ ခပ်ပါးပါး ပြုံးကာ -
“ချန်ရှန် ၊ ဟ ဟ ၊ မော်တယ် သိုင်းလောကရဲ့ သလင်း ကျောက် တစ်သိန်း တန်သူလေး ပေါ့။ ဒီလိုကောင်လေးက ဒီလောက် တန်ဖိုးရှိမယ်လို့ ဘယ်သူထင်မလဲ။ ငါဒီလေး ကို ယူမယ် ၊ ဒါပေမဲ့ မင်းဆီက နေ ဓားမြ တိုက်တယ်လို့ တော့ မထင်စေချင်ဘူး ၊ ငါက ဒါကို ယူရုံပါပဲ ဘာလို့လဲဆို တော့ ဒီလို မိစ္ဘာလက်နက်ဟာ မင်းလိုလူလက်ထဲမှာထား ရင် သိုင်းလောက အသိုင်းအဝိုင်းတစ်ခုလုံးအတွက် အလွန် ပဲ အန္တရာယ် ရှိလှတယ်”
“အခြေခံ အကြောင်းရင်းက ဘာလဲ ၊ မင်းဟာ မှ မဟုတ်တာ မင်းတိုက်တာလည်း မဟုတ်ဘူးလေ ၊ ငါတို့ ပြင်းထန်သော သိုင်းပညာဂိုဏ်းက ခွင့်ပြုမှာ မဟုတ်ပေဘူး”
ချန်ရှန် အံကြိတ်လျက် ပြောလိုက်တယ်။
“အခုသေချာတာကတော့ မင်းကို ငါ အမှုန့်ကြိတ်ပစ် လို့ရတယ်ဆိုတာပဲ”
လူငယ်က ရက်စက်ဖွယ် ပြုံးကာ သူ၏ခြေထောက် အား ချန်ရှန် ခေါင်းကို နင်းချ လိုက်ပါတယ်။ အညစ်ကြေး များ အားလုံးဟာ ချန်ရှန် မျက်နာမှာ စွန်းထင်းလျက်။
ချန်ရှန် သူ့ နှလုံးသား တစ်ခုလုံး သွေးထွက်သွားသလို ခံစားလိုက်ရတယ်။ သူနဲ့လဲ အရင်က တွေ့ဆုံခဲ့ဖူးခြင်း မရှိ သို့သော် လည်း ယခု တဖက်ရန်သူမှာ သူ့ထက် အင်အား သာလွန်နေပြီး သူ၏ ဂုဏ်သိက္ခာအားလုံး နင်းခြေခံလိုက် ရ ပြီ ဖြစ်ပါတယ်။ မော်တယ် အဆင့် ဆိုတာ စစ်မှန်သော ပညာရှင်များ အဖို့ ပုရွတ်ဆိတ်လေးများ သာသာ ပါပဲ။
ဒီအချိန်မှာ ချန်ရှန် ဟာ ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရ ရှိထားပါပြီ။ သူ၏ လက်များမှ မြေကြီးများကို စုပ်ကိုင်ကာ ခေါင်းပြန်ထောင်ထဖို့ ကြိုးစားနေတယ်။ လူငယ်ကို ကြည့် ကာ အံကြိတ်ကာဖြင့် မေးလိုက်တယ်။
“မင်း နာမည် က ဘယ်သူလဲ”
“စစ်မှန်သော သိုင်းပညာ ဂိုဏ်း က လျိုရှိုယန် ပဲ ၊ မင်းက လက်စားချေချင်လို့လား ၊ ငါကတော့ မင်း ဒီအခွင့် အရေး ရသွားမှာကို ကြောက်မိပါရဲ့ ၊ မင်းကို သားရဲဂိုဏ်း လက်အပ်ပြီး ဆုငွေ ထုတ်ဦးမှပဲ”
လျိုရှိုယန် က လှောင်ရီကာဖြင့် ချန်ရှန် ခေါင်းအား ထပ် မံ နင်းချ လိုက်ပြန်ပါတယ်။
ထိုအချိန်မှာတော့ ချန်ရှန် ရင်ထဲမှာ အမုန်းမီးတောက် များဟာ အဆုံးမရှိတော့ပါဘူး။ သူ၏ သိက္ခာကို ပြန်လည် ထိန်းသိမ်းဖို့ လိုအပ်နေပါပြီ။ သူဟာ စစ်မှန်သော ပညာ ရှင် များ အဖို့ ပုရွတ်ဆိတ်လေး သာ ဖြစ်သော်လည်း အရှုံး မပေးချင်ပေ။ ဆေးဆရာမကြီး တုန်းကလည်း သူဟာ အနာခံ ပြီး တော်လှန်နိုင်ခဲ့သည် မဟုတ်ပါလော။
မင်းမှာသာ စွမ်းအား မရှိရင် ဂုဏ်သိက္ခာဆိုတာ ဘာ ကို ပြောမှာလဲ ၊ မင်းမှာသာ စွမ်းအား အလုံအလောက် ရှိရင် ဘယ်သူမှ မင်းသိက္ခာကို ကျအောင် မလုပ်နိုင်ဘူး။ မင်း အသက် သေ မှာကို တော့ ဘယ်တော့မှ မကြောက်နဲ့။
ချန်ရှန် သူ့ကို သူ့ပုံရိပ်မှ ပြန်ပြောနေသလို ခံစားလိုက် ရ တယ်။
“ငါ ပိုသန်မာဖို့ လိုအပ်တယ်”
ချန်ရှန် စိတ်တင်းလိုက်တယ်။ ဒါမှသာ သူ လက်စား ပြန် ချေ နိုင်မည် မဟုတ်ပါလော။
ချန်ရှန် စွမ်းအားများ စုစည်းကာ ခေါင်းထောင်လိုက်ပါ တယ်။ သူ၏ လက်ထဲရှိ မြေကြီးများမှာ သွေးကြောပြာ များ ပေါ်လာမှုကြောင့် အမုှန့်များ ဖြစ်သွားကြတယ်။ သူ၏ မျက်နာမှာလည်း တင်းမာနေလျက်ရှိပြီး -
“လျိုရှိုယန် ၊ ငါ ချန်ရှန် ၊ မင်း နဲ့ အမုန်းတရား မရှိခဲ့ဘူး ၊ ဒါပေမဲ့ မင်းက ငါ့ကို ဒီလို လုပ်ခဲ့တယ် ၊ ငါ ကျိန်ပြော တယ် ၊ ငါချန်ရှန် မသေခဲ့ရင် မင်း ငါ့ကို အဆ တစ်ရာ မဟုတ် သေးဘူး အဆတစ်ထောင်ကွာ ပြန်ပေးဆပ်ရလိမ့် မယ်။ ငါမင်းကို ဖျက်ဆီးရုံတင် မဟုတ်ဘူး ၊ မင်းနောက် မှာ ရှိနေတဲ့ စစ်မှန် တဲ့ သိုင်းပညာဂိုဏ်းကိုပါ တစ်စစီဖြိုခွဲ ပစ်မယ်”
စကားလုံး တိုင်းဟာ မိုးကြိုးပစ်သံလိုပင် ကျယ်လောင် ကာ တိကျ ပြတ်သားလှတယ်။ လူတိုင်းပင် ထိတ်လန့် သွားကြပါတယ်။
“ဟဟ ၊ မင်းမှာ ဒီလို လုပ်ဖို့ အခွင့် အရေး မရှိပါဘူး”
လူငယ်လည်း ပြောပြီးတာနဲ့ အမူအရာ ပြောင်းသွားပါ တယ်။ တချိန်တည်းမှာပင် ကြီးမားလှသော ရေများ ချန်ရှန် ရှေ့တွင် ပေါ်လာကာ ချန်ရှန် ၏ ကိုယ်ဟာလည်း ရေထဲသို့ ပျောက်ကွယ် သွားပါတော့တယ်။
လူတိုင်းပါးစပ် အဟောင်းသား ဖြစ်သွားကြတယ်။ အံ့ အားသင့်စရာပင် ချန်ရှန် ဟာ လွတ်မြောက်သွားလို့ပါ။ ချန်ရှန် ၏ စကားလုံးများ အရ ချန်ရှန် နဲ့ စစ်မှန်သော သိုင်း ပညာဂိုဏ်းတို့ဟာ ရန်ငြိုးရန်ဘက်များ ဖြစ်သွားလေပြီဟု လူတိုင်းက သတ်မှတ်လိုက်ကြပါတယ်။
ချန်ရှန် ဟာ ရေလွတ်မြောက်ခြင်း အကွက်ကို သုံးသွား တာ ဖြစ်ပြီး လျိုရှိုယန်ဟာ ပုံဆောင်ခဲများသုံးကာ မြေကြီး အား ဖြိုခွဲ မွှေနှောက် ရှာဖွေသော်လည်း ချန်ရှန်အား မတွေ့ ရတော့ချေ။
“သားရဲဂိုဏ်း ၊ စစ်မှန်သော သိုင်းပညာဂိုဏ်း ၊ ဘယ်လို ဖြစ်မလဲ ဆိုတာ သိချင်ရင် ငါ့ကို စောင့်နေကြ”
ချန်ရှန် လက်သီးများ စုပ်ကာ မြစ်ကမ်း နံဘေးတွင် လှဲ လျောင်း နေပါတယ်။
“ကောင်းပ ၊ မင်း သက်သာအောင်လုပ်”
စုမေးယို က ပြောလိုက်ပါတယ်။
“စစ်မှန်သော သိုင်းပညာနယ်ပယ်ကိုသာ မြန်မြန် ဝင် အောင် လုပ်စမ်းပါ။ အဲဒိအခါ ငါလည်း ငါ့ရဲ့ ပြင်းထန်လှတဲ့ မိစ္ဆာကျင့်စဉ်တွေကို ပြလို့ရမယ်။ မင်း တခြားလူတွေကို သေတာထက် ဆိုးအောင်ကို လုပ်နိုင်လိမ့်မယ်။ ကမ္ဘာ ဆုံး တဲ့ထိ နောင်တ ရနေစေရအောင် လုပ်ပစ်လိုက်လို့ရတယ်”
ဘိုင်ယုယု ဟာ ဒေါသတကြီး ပြောနေပါတော့တယ်။ ချန်ရှန် ခံလာရတာကို တော်တော် မခံချိ မခံသာ ဖြစ်နေပုံ ပါပဲ။ ချန်ရှန် စိတ်ထဲတောင် အနည်းငယ် နွေးသွားပါတော့ တယ်။
“နောက်တစ်ကြိမ် အမတော်တို့ကို စိတ်ပျက်စေမိပြန် ပြီ”
ချန်ရှန် အဖြူရောင်ကျောက်စိမ်းဆေးကို ထုတ်ကာ သောက်လိုက်ပြီး ကမ်းခြေပေါ် တက်သွားပါတယ်။ သူ၏ ဒဏ်ရာများမှာ ပြင်းထန်လှပြီး ပြန်လည်ကောင်းမွန်စေရန် အချိန် တချို့လိုအပ်မှာ ဖြစ်ပါတယ်။
“ဘာမှ မဖြစ်ပါဘူး။ ဒီလိုအခြေအနေကြုံတာတောင် မင်းက ထွက်မလာနိုင်လို့လား ၊ မင်းမသေသေးသမျှ အကုန်လုံးက အေးဆေးပဲ။ မင်းအပေါ်မှာ အဓိက က အချိန် ပဲ လိုတယ်။ ငါနဲ့ ညီမတော်တို့ မင်းကို ပြိုင်ဘက် ကင်း သိုင်းပညာရှင်တစ်ယောက်ဖြစ်အောင် လုပ်ပေးလို့ ရတယ်”
ဘိုင်ယုယု က ပြန်ပြောပါတယ်။ သူမအသံဟာ ချန်ရှန် ကို အားပေးနေသလိုပါပဲ။
“ဟူးးး”
ချန်ရှန် ထိုက်ကျိ နတ်နဂါး ကျင့်စဉ်ကို ကျင့်ကာဖြင့် သူ၏ ထိခိုက်မှုများအား ပြန်လည်ကုသပါတယ်။ ထို့ နောက် အဖြူရောင် ကျောက်စိမ်း ဆေးတစ်လုံးထပ်စား လိုက်တဲ့ အခါမှာတော့ ပိုမို ကောင်းလာပါပြီ။
“ဒီ လျိုရှိုယန် က တော်တော် စွမ်းအားကြီးတယ်။ သူဟာ နိဗ္ဗာန် အဆင့်နယ်ပယ် ကိုတောင် ရောက်လုနီးနီး ပဲ။ သမပိုင်း နယ်ပယ် ရဲ့ အလယ်အဆင့်တော့ ရှိမယ် ထင် တယ်”
စုမေးယို က ပြောပါတယ်။
စစ်မှန်သော သိုင်းပညာနယ်ပယ်မှာ အဆင့် ၉ ဆင့်ရှိ ပါတယ်။ ဒီ ၉ ဆင့်ပြီးရင်တော့ မြင့်မြတ်သောဘုံ ၃ ဆင့် ကို ရောက်ပါမယ်။
အဆိုပါ မြင့်မြတ်သော ဘုံသုံးဆင့် နယ်ပယ် တွေ က တော့ စိတ်စွမ်းအားသိုင်းပညာနယ်ပယ် ၊ ဝိဉာဉ်တော် သိုင်းပညာနယ်ပယ်နဲ့ သမပိုင်း နယ်ပယ်တို့ပဲ ဖြစ်ပါတယ်။ စိတ်စွမ်းအားသိုင်းပညာနယ်ပယ်မှာ နတ်အတွင်းအား အာရုံများဟာ ပြင်းထန်လှပါတယ်။ ဝိဉာဉ်တော် သိုင်းပညာနယ်ပယ် မှာတော့ ဒီလို ပြင်းထန်လှတဲ့ နတ် အတွင်းအားအာရုံ အဆင့်ကို အောင်မြင်ပြီးတဲ့ အခါ ထို လူ ဟာ စိတ်စွမ်းအားမှာ ထိပ်ဆုံးဖြစ်သွားမှာ ဖြစ်ပါတယ်။ နောက်ဆုံး သမပိုင်း နယ်ပယ်မှာတော့ ခန္ဓာကိုယ်ဟာ ပြင်း ထန်လှတဲ့ သတ်မှတ်မှုများကို ခံနိုင်မှာဖြစ်ပြီး အခက်ခဲ ဆုံး အဆင့်ပါပဲ။ အဘယ်ကြောင့်ဆိုသော် လေ့ကျင့်သူ၏ ကိုယ်ဟာ အလွန် မာကျော သန်မာနေဖို့ လိုအပ်ပါတယ်။ ထို အဆင့်ကို သာ အထွတ်အထိပ်ရောက်သွားပါက နိဗ္ဗာန် အဆင့်ရဲ့ ဆင်းရဲ ဒုက္ခဒဏ်ကို ခံစားရမှာပါ။ ဒီဒုက္ခများ အား ခံနိုင်ပြီ ဆိုပါက နိဗ္ဗာန် အဆင့်သို့ တက်လှမ်းနိုင်မည်ပဲ ဖြစ် ပါတော့တယ်။
ဒီအဆင့်ဟာ မော်တယ်ကမ္ဘာမှာ ထိပ်ဆုံးပါပဲ။
ချန်ရှန် ကြောက်နေမိတုန်းပါ။ ခုနတုန်းက ချန်ရှန် ဟာ လျိုရှိုယန်ရှေ့တွင် ဘာမျှကို မလုပ်နိုင်လိုက်ပါဘူး။ တကယ်လို့ သူသာ စစ်မှန်သော ပညာရှင်ဖြစ်နေရင်တော့ အနည်းငယ် ပိုမို ခံနိုင်မည်ဟု တွေးမိလိုက်ပါတယ်။
“မင်းရဲ့ ထာဝရမိစ္ဆာ ကိုယ် ကို သေချာ လေ့ကျင့် ပြီး ရင် မင်းလည်း သမပိုင်းနယ်ပယ် ကို အေးဆေး သွားနိုင် ပါ တယ်”
ဘိုင်ယုယု ကပြောပြပါတယ်။
ချန်ရှန် ဟာ ဂိုဏ်းမှ ထွက်လာပြီးနောက် သူဟာ အဖြူ ရောင် ကျောက်စိမ်းဆေး ၂ လုံးကိုသာ ယူခဲ့တာပါ။ ဒါဟာ မော်တယ် အဆင့် ပညာရှင် အတွက် အလွန်ကို အကျိုးရှိ တဲ့ အားအင်ပြည့်ဖြိုးစေသော အဆင့်မြင့် ဝိဉာဉ်တော် အဆင့် ဆေးပဲ ဖြစ်ပါတယ်။ ချန်ရှန် တနေ့လုံး နားနေပြီး နောက်မှာတော့ သူ၏ စွမ်းအား တဝက်လောက်ဟာ ပြန်ရ လာပါပြီ။
သူဟာ ယခု ကမ်းနဲ့ မနီးမဝေးက ဂူတစ်ခုထဲမှာ ရှိနေ တာပါ။ သူဟာ ယခု ဂူအား သူ၏ နူးညံ့သော အငွေ့လက် ချောင်းများကို အသုံးပြုကာ ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။
ဒီအချိန်မှာ ချန်ရှန် ဟာ သူ၏ ဒဏ်ရာများကို ကုစားရင်း အချိန်များလည်း ပိုနေတာပါ။ ဒီဂူထဲပုန်းနေ ရင်း မှ သူ၏ အဖေပေးထားသော မီးဖိုကို ထုတ်လိုက်ပါ တယ်။
ချန်ရှန် ဒန်ရှန် မျှော်စင်မှ ဝိဉာဉ်တော် အဆင့် ဆေး ပြုလုပ်ရန် ပါဝင်ပစ္စည်းများစွာအား ဝယ်ယူခဲ့တာပါ။ ဆေး တစ်ခုစီ အတွက် အနည်းဆုံး ဆယ်စုံ စာတော့ ရှိပေလိမ့် မယ်။ အဖြူရောင်ကျောက်စိမ်းဆေးအတွက် ကုန်ကျ တဲ့ ပမာဏမှာ ဆေးတစ်စုံစာအတွက် သလင်းကျောက် ၂၀၀၀ ခန့် ဖြစ်လေသည်။ သူဟာ ဆယ်စုံစာ ဝယ်ခဲ့တာ ဖြစ်ပြီး ချီဒြပ်စင်ဆေးအတွက် လိုအပ်သည့် ဆေးပင်တစ်စုံ စာဖိုးမှာလည်း ၁၅၀၀ ခန့် ကုန်ကျပါတယ်။ ဒါကိုလည်း ၁၀ စုံ ဝယ်ခဲ့တာပါ။ ဒီဆေးများဟာ အဆင့်မြင့် ဝိဉာဉ်တော် အဆင့် ဆေးတွေကြားမှာ အသုံးများတဲ့ ဆေးတွေပဲ ဖြစ် ပါတော့တယ်။
သိုင်းဒြပ်စင်ဆေး နှင့် ဝိဉာဉ်တော်အမှုန့် စုဆောင်း ရေး ဆေးတို့မှာ အဆင့်နိမ့် ဝိဉာဉ်တော် အဆင့်ဆေး များ ဖြစ် ကြပါတယ်။ အဆိပ်အရည်ပျော်ဆေး နှင့် ချီပေါက်ကွဲ ဆေး တို့ဟာ တော့ အလယ်အလတ် ဝိဉာဉ်တော် အဆင့် ဆေးများ ဖြစ်ကြပါတယ်။ ဒါတွေ အားလုံး အတွက်ကို တော့ ချန်ရှန် ဟာ အစုံ ၂၀ စီ ဝယ်ယူခဲ့တယ်။ သူဟာ ချီ ဓာတ်ဆေးအား ကောင်းမွန် ကျွမ်းကျင်စွာ ပြုလုပ်နိုင်တာ မို့ ဒီလို တခြားဝိဉာဉ်တော် အဆင့် ဆေးတွေကိုလည်း ကောင်းစွာ ပြုလိမ့်နိုင်လိမ့်မည်ဟု ကိုယ့်ကိုကိုယ် ယုံကြည် နေမိပါတယ်။
ဝိဉာဉ်တော် အမှုန့် စုဆောင်ခြင်း ဆိုတာ သလင်း ကျောက် ပုံဆောင်ခဲလေးများကို ရေမှာ ပြုလုပ်တာ ဖြစ်ပါ တယ်။ ဒါဟာ ချန်ရှန် အတွက် ဆေးဖက်ဝင် အမှုန့်အား ပထမဆုံး အကြိမ် ပြုလုပ်ခြင်းပါ။ ဒါပေမဲ့ ဆေးအခဲ ထက် စာလျှင် ပိုမိုလွယ်ကူပါတယ်။ အဘယ်ကြောင့် ဆို သော် ၎င်းတို့အား အခဲ ပြုလုပ်ရန် မလိုအပ်သောကြောင့် ပဲ ဖြစ်ပါတယ်။
၈ ကြိမ်လောက် ကျရှုံးပြီးတဲ့ နောက်မှာတော့ သူဟာ အောင်မြင်စွာပဲ ပြုလုပ် နိုင်ခဲ့ပါပြီ။ လေးရက်သာ ကြာမြင့် ခဲ့တာ ဖြစ်ပြီး ဒါတွေအားလုံးကို အဆင့်နိမ့် မီးဖို လေးမှာသာ ပြုလုပ်ခဲ့ခြင်းပါ။
နောက်တစ်ခါကတော့ သိုင်းဒြပ်စင်ဆေး အလှည့်ပါ။ ထိုအရာထဲမှာတော့ ပြင်းထန်လှော ဒြပ်စင်တွေပါဝင်ပြီး ပြု လုပ်ဖို့ တော်တော် ခက်ခဲပါတယ်။ တကယ်တော့ ချီဓာတ် ဆေးထက်ပင် ပြုလုပ်ရခက်ခဲပြီး ချန်ရှန် အနေဖြင့် ၁၀ ရက် လောက်ကို ကြာသွားပါတယ်။ ၁၅ ကြိမ်လောက် ကျရှုံးပြီး နောက်မှာတော့ အောင်မြင်သွားခဲ့ပါပြီ။ နဂါးမီးတောက် မီး ဖို နဲ့ ပြုလုပ်တဲ့ အခါ သူဟာ သုံးကြိမ်မှာ ၁ ကြိမ်သာ ကျရှုံးခဲ့ပြီး ၂ ကြိမ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။
အဆင့်နိမ့်ဝိဉာဉ်တော် အဆင့် ဆေးများဟာ ချန်ရှန် အရင်က ပြုလုပ်ခဲ့ဖူးသော ဆေးသုံးမျိုးထက် ပိုမို ခက်ခဲစွာ ပြုလုပ်ရတာပါ။ ဒါပေမဲ့လည်း ဒီလို အဆင့်နိမ့် ဝိဉာဉ် တော်ဆေးများကို ပြုလုပ်ရတဲ့ အတွေ့အကြုံကြောင့် သူဟာ တခြား ဆေးများကိုလည်း ကျွမ်းကျင်စွာ ပြုလုပ် နိုင် တော့မှာပါ။
ဥပမာ - အဆင့်နိမ့်ဆေးတစ်မျိုး ဖြစ်တဲ့ စိတ်ရှုပ် စေသော ဝိဉာဉ်တော် အမှုန့်ကို ချန်ရှန် ဟာ တစ်ခါတည်း ဖြင် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီဆေးဟာ ဖျန်း ခြင်း ခံလိုက်ရပါက တဖက်လူ၏ စိတ်များကို ရှုပ်ထွေးစေ ပြီး ငိုက်မျဉ်းသွားစေပါတယ်။ ဒါကို အများအားဖြင့် သားရဲ များဖြင့် ရင်ဆိုင်သောအခါမှာ အသုံးများလှကြတာပဲ ဖြစ် ပါတော့တယ် . . .။
Chapter – 125
#ပျောက်ဆုံးနေခြင်း
ချန်ရှန်ဟာ အသက် ၁၉ နှစ်ပြည့်ပြီးဖြစ်ကာ မတူညီ သော အဆင့်နိမ့် ဝိဉာဉ်တော် အမျိုးအစား ဆေး ၄ မျိုး အား ပြုလုပ်နိုင်နေပြီ ဖြစ်ပါတယ်။ သူသာ ဒန်ရှန် မျှော်စင် သို့သွားကာ ဆေးပညာအသိအမှတ်ပြု လက်မှတ်ယူမည် ဆိုပါက လူများ ထိတ်လန့်သွားကြပေလိမ့်မည်။
လဝက်လောက်ကြာတဲ့အခါ သူဟာ ပိုမို ကောင်းမွန် လာပါပြီ။ နောက်ပြီး သူ၏ အတွင်းပိုင်းကလီစာများဟာ ပြင်းထန်စွာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ယခုအခါ ပြန်လည် သက်သာ လာပြီ ပဲ ဖြစ်ပါတယ်။ အချိန်၏ ကုစားမှုကား အံ့ မခန်းပါပင်။
ချန်ရှန် ဟာ မူလက အလယ်အလတ်အဆင့် ဆေးများ ကို ပြုလုပ်ရန် ရည်ရွယ်ပြီး ဆေးပညာစစ်ဆေးမှု ခံယူမည် ဟု ဆုံးဖြတ်ထားတာပါ။ ဒါပေမဲ့ အခုအခါမှာတော့ သူဟာ အဆင့်မြင့် ဝိဉာဉ်တော် ဆေး ၂ မျိုးကို ပြုလုပ်ပြီး မှသာ အဆင့် ၄ လက်မှတ်ယူမည်ဟု စဉ်းစားလိုက်ပါတော့ တယ်။
သူ၏ တပည့် ဖြစ်ခဲ့ဖူးသော ယောင်ဟိုင်ရှန် း ပင် အဆင့် ၃ ပညာရှင်သာ ဖြစ်ပါတယ်။ အဆင့် ၃ နှင့် ၄ ဟူ သည်မှာ ကိန်းဂဏန်း အားဖြင့် တစ်ခုသာ ကွာခြားသော် လည်း အမှန်တကယ်တော့ ကောင်းကင် နှင့် မြေကြီး ကဲ့သို့ပင် ဖြစ်ပါတယ်။ အဆင့် ၄ ပညာရှင်ဟာ အဆင့်မြင့် ဝိဉာဉ်တော်ဆေး ၂ မျိုးကို ပြုလုပ်နိုင်ပြီး အလွန်တော်တဲ့ ပညာရှင်များ အဖြစ် သတ်မှတ်ထားကြပါတယ်။ ဒါဟာ ဘာလို့လဲ ဆိုတော့ လူတိုင်းဟာ ချန်ရှန် လိုမဟုတ်ပေ။ ချန်ရှန် ဟာ အများဆုံး ၁၀ ကြိမ် အကြိမ် ၂၀ လောက်ဖြင့် ဆေး ၏ လိုအပ်ချက်ကို သိမြင်သောကြောင့်ပါ။
ချန်ရှန် ဟာ ချီဒြပ်စင်ဆေးပြုလုပ်သူ ပညာရှင်တချို့ ဟာ အကြိမ် ရာပေါင်းများစွာ ကျရှုံးကြကြောင်း ကြားဖူး ထား ပါတယ်။ ဒါကြောင့်ပဲ တချို့ပညာရှင်များစွာ တို့ဟာ ဆက် မလုပ် ကြတော့ပဲ လက်လျော့လိုက်ကြတာ ဖြစ်ပါ တယ်။
မျက်စိတမှိတ် အတွင်းလောက်မှာပဲ ၂ လ ဆိုတဲ့ အချိန် ဟာလည်း ကုန်ဆုံး သွားခဲ့ပြန်ပါပြီ။ သူဟာ အလယ် အလတ် ဝိဉာဉ်တော် ဆေး ၂ မျိုးဖြစ်တဲ့ ချီပေါက်ကွဲ ဆေး နှင့် အဆိပ် အရည်ပျော် ဆေးတို့အား အောင်မြင်စွာ ပြု လုပ် နိုင်နေပြီ ဖြစ်ပါတယ်။
ချီပေါက်ကွဲဆေး တွင် ချီဓာတ်များဟာ ပြင်းစွာပါဝင် ကြပြီး သောက်သုံးမည် ဆိုပါက ချီဓာတ်များဟာ ချက်ချင်း ကို ထွက်လာကာ ထွက်လာသော ချီဓာတ်များဟာ အလွန် ပင် ပြင်းထန် လှပါတယ်။ ဒါဟာ သုံးစွဲသူ၏ ချီဓာတ်ကို ချက်ချင်း တိုးမြင့်ပေးတာဖြစ်ပြီး ချီဓာတ်လုံး၀ မကျန်တော့ သည့် သူသည် ယခုဆေးကို သောက်သုံးလိုက်ပါက ပြင်း ထန် သော တိုက်ကွက် တစ်ကွက်စာလောက်ကို တိုက်ရန် လုံလောက်သော ချီဓာတ် ပမာဏအား ရရှိသွားမည်ပဲ ဖြစ် ပါတယ်။
တိုက်ပွဲ ဆိုသည်မှာ အပိုဆောင်း တစ်ချက်နှင့်ပင် တ ဖက်ရန်သူ အား ပွဲသိမ်းစေနိုင်ကာ အနိုင်ရနိုင်ပါတယ်။
အဆိပ် အရည်ပျော်ဆေးကတော့ အဆိပ်ဖြေဆေး တစ်မျိုး ဖြစ်ပြီး အထူးစွမ်းဆောင် ရည် ရှိသော ချီဓာတ်များ ကို ထုတ်လွှတ်ပေးတာပါ။ ခန္ဓာကိုယ်ထဲရှိ အဆိပ်ဓာတ် ကို ဟန့်တားကာ အဆိပ်များအား ဆီး သို့ မဟုတ် ချွေးပေါက် များမှ ဖြတ်ကာ ပြေပျောက်စေလိုက်ခြင်းပဲ ဖြစ်ပါတယ်။ သိုင်း ပညာရှင်တို့ သားရဲများကို အမဲလိုက်သောအခါ တွင် ယခုဆေး ၂ လုံးလောက်သာ ယူသွားမည် ဆိုပါက စိတ် ချ စွာ အမဲလိုက်နိုင်မည် ဖြစ်ပါတော့တယ်။
အလယ်အလတ် ဝိဉာဉ်တော် အဆင့် ဆေး ၂ မျိုး အား ပြုလုပ်ပြိးနောက် သူဟာ ဆေးပညာတွင် တော်တော် နားလည်လာပြီ ဖြစ်ပြီး အဆင့်မြင့် ဝိဉာဉ်တော် ဆေးပြု လုပ်ရန် အခြေခံကောင်းများစွာလည်း ရှိနေပြီ ဖြစ်ပါတယ်။
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
ချန်ရှန်ဟာ ၂ လလောက် ပျောက်ကွယ်နေခဲ့တာ ဖြစ် ပါတယ်။ အခုထိကို သူ၏ ဂိုဏ်းသို့ မပြန်ရသေးပဲ ပုန်းခို နေကာ ဆေးများ ပြုလုပ်လေ့ကျင့်နေတာပါ။ ဂိုဏ်းချုပ် နှင့် ဆရာကြီး ဝု တို့ဟာ လူများစေလွှတ်ကာ သူတို့၏ ဦးရီး တော်လေးအား လျို့ဝှက်စွာ ရှာဖွေခဲ့ကြပါသေးတယ်။ ချန် ရှန် ဟာ ငတုံးမဟုတ်ဘူးဆိုတာကို ကောင်းကောင်း သိ ကြ ပြီး စီနီယာ အနေအထားမို့ သိပ်မလေးမစားလည်း မပြုရဲ သလိုပါပဲ။
“ဒီကောင်လေး သေလို့ မရဘူး ၊ တော်ကြာ ဆရာ ဒါ မှ မဟုတ် ဟိုလူအိုကြီး ထွက်လာပြီး လိုက်ရှာကုန်မှဖြင့် အကုန် လုံး ငရဲ သွားကုန်ရမယ်”
ဆရာကြီး ဝု စိုးရိမ်သော လေသံဖြင့် ပြောပါတယ်။
“ကျွန်တော်တို့ ရရှိတဲ့ သတင်းတွေ အရ သူဟာ လွတ် မြောက်သွားပြီး ဒီ ၂ လ အတွင်း သူ့အရိပ်တောင် မြင် ရခြင်း မရှိဘူး ၊ ကြည့်ရတာတော့ ပြန်လည်း ကုစားနေတုန်း ပဲ ထင်တယ်။ လျိုရှိုယန် ဒီ မျိုးမစစ်လေး က တကယ်ပဲ ဒီ လို အရာမျိုးကို လုပ်ရဲတယ်။ ခင်ဗျား မှတ်မိလားတော့ မသိ ဘူး။ လွန်ခဲ့တဲ့ နှစ် တစ်ရာတုန်းက ကျွန်တော့ကို တစ်ခါ ဆန့်ကျင်ဖူးတယ်။ ခင်ဗျားသာ မတားခဲ့ရင် သူ့ရဲ့ ပါးစပ်ကို ဖြတ်ရိုက်နှင့်ပြီးပြီ”
ဂိုဏ်းချုပ် ဒေါသတကြီး ဖြင့် ပြောဆိုပါတယ်။ သူ၏ အမူ အရာ ကို ကြည့်ခြင်းဖြင့် ထိုလူအား ချက်ချင်းပင် သတ် ပစ် ချင်နေတယ် ဆိုတာ သိသာပါတယ်။
ဆရာကြီး ဝု မှ ဆိုပါတယ် .
“ဂိုဏ်းချုပ် ၊ ဒီ လျိုရှိုယန် ဆိုတာ စစ်မှန်သော သိုင်းပ ညာ ဂိုဏ်းရဲ့ ရတနာ တစ်ပါးပဲ။ သုံးနှစ်ထဲနဲ့ သမပိုင်း နယ် ပယ် ကို ရောက်သွားတာနော်။ နိဗ္ဗာန် အဆင့်ကို ရောက် ဖို့ ဆိုတာက လည်း သိပ်မလိုလောက်ဘူး။ ဒီလို နိဗ္ဗာန် အဆင့်ကို ရောက်ရင် အားလုံးထဲမှာ သူဟာ အမြန်ဆုံး ဖြစ် လိမ့်မယ် ထင်တယ်”
“သောက်ရေး မပါတဲ့ အမြန်ဆုံးပါ။ သူ နိဗ္ဗာန် ရဲ့ ဒုက္ခ အဆင့်ကို မကျော်ဖြတ်နိုင်ရင် ဘာမှ လုပ်မရပါဘူး”
ဂိုဏ်းချုပ် အပြင်ဘက်သို့ ငေးကာ ပြောဆိုပါတယ်။ သူ၏ မျက်လုံး များဟာလည်း မှေးစင်းလို့ နေပါတယ်။
“ကျွန်တော် သားရဲဂိုဏ်းကို သွားဖို့လိုတယ်။ ချန်ရှန် အပေါ်မှာ ဆုငွေ ထုတ်ထားတာကို ရုပ်သိမ်းပေးဖို့ တွန်း အား ပေးရမှာပဲ ၊ ဒီကောင်လေး က နောက် ဒီထက်ပိုပြီး ဒုက္ခတွေ တွေ့ရတော့မှာ”
“ဒီ သားရဲ ဂိုဏ်းဟာ သူတို့ရဲ့ နိဗ္ဗာန်အဆင့် ရောက် ခါနီး ပညာရှင် သုံးယောက်ပေါ် မှီခိုပြီး ကျွန်တော်တို့ ဂိုဏ်း ကို မှီဖို့ ကြိုးစားနေကြတာဖြစ်တယ်။ ဒါဟာ တကယ်ကို မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တဲ့အပြင် ချန်ရှန် ကိုပါ ဆု ငွေ ထုတ်ရဲသေးတယ်”
ဆရာကြီးဝု က ဒေါသတကြီးဖြင့် ပြောဆိုပါတယ်။
“ကျွန်တော် တို့ သုံးယောက်ဟာ နိဗ္ဗာန် အဆင့် နဲ့ သိပ် မလို တော့ဘူးဆိုတာကို သူတို့ သိတယ်။ ဒီအချက်ကို သူ တို့ က အခွင့်ကောင်းယူပြီး ကျွန်တော်တို့က ဒီ နိဗ္ဗာန် ဒုက္ခ ကို ဖြတ်ကျော်နေတုန်းမှာ ချန်ဝူ နယ်မြေကြီး ရဲ့ အင်အား အကြီး ဆုံး ဆိုတဲ့ နေရာကို ယူမယ်ဆိုတဲ့သဘောပဲ။ အဲ ဒိ အချိန်မှာပဲ စစ်မှန်သော သိုင်းပညာဂိုဏ်းက ပြသနာ ရှာ တော့တာပဲ”
ဂုဒွန်ချန် အလောတကြီး ပြောပါတယ်။
နိဗ္ဗာန် အဆင့် ကို ရောက်ရန် ဒုက္ခ ကိုးခုကို ကို ကျော် ဖြတ် ရမည် ဖြစ်ပါတယ်။ သိုင်းပညာရှင်၏ စွမ်းအား ဟာ မြင့်မားပါက ထိုဒုက္ခမှ သေးသွားမည် ဖြစ်သည်။ ဒီ လို အခက် အခဲ တစ်ခု ကျော်ဖြတ်ပြီးတိုင်း မှာ အင်အား အဆ မတန် ကြီးလာ မည်ဖြစ်ပြီး နောက်ထပ် အခက်အခဲဒုက္ခ မှာ လည်း ပိုမို ကြောက်မက်ဖွယ် ကောင်းနေမှာ ဖြစ်ပါတယ်။ သမိုင်းမှာ တော့ ဒီလို ဒုက္ခတွင်း ၉ ခုကို များစွာသော ပညာ ရှင် များဟာ ကျရှုံးခဲ့ကြတယ်။ ဂိုဏ်းချုပ် နဲ့ ဆရာကြီး ဝု တို့ မှာလည်း ဒီအရာများကို အကြိမ်ကြိမ် ခံစားထားဖူးပြီးသား များ ဖြစ်ကြပါတော့တယ်။
“တတိယ ညီမတော် က လည်း ဘယ်ကို သွားပြီး တံခါး ပိတ် ကျင့်လဲ ဆိုတာ မသိဘူး။ လျို့ဝှက်ဆန်းကြယ် နယ် ပယ် ထဲမှာလည်း တစ်ခါမျှ မမြင်မိဘူး။။ အမြဲတမ်း သူမ ဆိုတာ လျို့ဝှက်နေတာ။ ကျွန်တော်တို့ ဂိုဏ်းဟာ သူမရဲ့ ဆေးပညာ စွမ်းရည်အပေါ်မှာ မှီခိုနေရပါတယ် ဆိုမှ”
ဂိုဏ်းချုပ် အကူအညီမဲ့သလို သက်ပြင်းချလိုက်ပါ တယ်။ ဂိုဏ်းမှာ သူမလို ပညာရှင်မျိုးဆိုတာ မရှိဘူး ဆို တာ သူ အသိပါပင်။
“ဟုတ်ပ ၊ သူမဟာ နဂိုက ဆေးဘုရင်မ တစ်ယောက် ဖြစ်နိုင်တဲ့ အခွင့်အရေး ရှိတယ်။ အခုတော့ ကြီးမား တဲ့ အခက်အခဲ ဒုက္ခကြီးကို ဖြတ်ကျော်နေတုန်း ပြင်းပြင်းထန် ထန် ဒဏ်ရာရသွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ သူမ ရဲ့ ခရမ်းရောင်လမီးဝိဉာဉ်တော် ဟာ လည်း အားနည်း သွား ရပြီ။ တော်တော် ဝမ်းနည်းစရာပါပဲ”
ဆရာကြီး ဝု သက်ပြင်းချ လျက်ပြောပါတယ်။
ချန်ရှန် ဟာ ဆေးဆရာမကြီးအား ဆေးဘုရင်မ တစ် ယောက် ဖြစ်မည်ဟု ထင်ခဲ့တာပါ။ သူမဟာလည်း စုမေး ယို ကဲ့သို့ပင် ဆေးဘိုးအေ တစ်ယောက် အဆင့်သာ ဖြစ် မယ် လို့ မထင်ခဲမိပါ။ ဒါပေမဲ့ ထိုအဆင့်ဆိုသည်မှာပင် ရောက်ရှိရန် ခက်ခဲလွန် လှတာပါ တယ်။
ဂူထဲတွင် ပုန်းအောင်းနေစဉ် ချန်ရှန် ဟာ သူ့ကို လူ သန်း ပေါင်းများစွာ ရှာနေလိမ့်မယ် လို့ မထင်တော့ပါ။ အဓိ က ရှာရခြင်းမှာ ဆုငွေ ကြောင့်ပါပဲ။ ၎င်းတို့အား လုံး ချန်ရှန် ဒဏ်ရာ အပြင်းအထန် ရသွားတယ်ဆိုတာကိုလည်း သိကြ ပါ တယ်။ ဒါကြောင့်မို့ ချန်ရှန် ကို အလွယ်တကူ သတ်ကာ ဆုငွေ ၂ သိန်းအား ရယူ ရန် အားခဲနေကြတာပါ။
သားရဲဂိုဏ်းဟာ ယခုအခါ ဆုငွေကို တိုးမြင့်လိုက်ပြီ ပဲ ဖြစ်ပါတယ်။ ဒါဟာ ဂုဒွန်ချန် သားရဲဂိုဏ်းကို သွားပြီး နောက် မှာ ဖြစ်သွားတာပါ။ ၎င်းတို့ ၏ ရည်ရွယ်ချက်မှာ သိ သာထင်ရှားပါတယ်။ ပြင်းထန်သော သိုင်းပညာဂိုဏ်းကို ဆွ ပေးခြင်း ဖြစ်ပြိး ဂိုဏ်းချုပ်မျက်နာကိုတောင် မထောက် ပဲ တမင် လုပ်ပစ်ခြင်းပါ။
သားရဲဂိုဏ်းနဲ့ ပြင်းထန်သော သိုင်းပညာဂိုဏ်းတို့ ကြားက အမုန်း တရားဟာ အလွန်ပဲ ကြီမားလှတယ်။ အ ဘယ်ကြောင့် ဆိုသော် ဟွမ်ဂျိရှန် ခေါ် ဂိုဏ်းချုပ်ဟောင်း ဟာ ၎င်းသားရဲဂိုဏ်းချုပ်ကို သတ်ပစ်ခဲ့ဖူးပါတယ်။ ဒါကြောင့်ပဲ ၎င်းတို့ကြားက အမုန်းတရားဟာ မည်သည့် နည်းနှင့်မျှ ကျေအေးမည် မထင်တော့ပေ။
ထို့အတူ ဂုဒွန်ချန် ဟာ လည်း ခပ်တည်တည်ပါပဲ။ ချန်ရှန် ထက် စွမ်းအား ကြီးသော မည်သူမဆို ချန်ရှန် အား သတ်ကာ ဆုငွေ ယူမည် ဆိုပါက ထိုလူဘယ်သူဖြစ်ဖြစ် ကိစ္စ မရှိပါချေ။ ထိုလူဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်း ၏ နံပါတ် ၁ ရန်သူ ဖြစ်လာမည် ဖြစ်ပါတယ်။ ထိုအချိန် မှာ ပြင်းထန်သော သိုင်းပညာဂိုဏ်း တစ်ခုလုံးမှ သက်ကြီး ပညာ ရှင် များစွာကို စေလွှတ်ကာဖြင့် လုပ်ကြံသူ ဖြစ်ဖြစ် သူမ ဖြစ်ဖြစ် အသက်နဲ့ကိုယ် အိုးစားကွဲသွားမည် ဖြစ်ပါ တယ်။
ပြင်းထန်သော သိုင်းပညာဂိုဏ်း၏ သက်ကြီးပညာရှင် များ အားလုံးဟာ အလွန်ပင် စွမ်းအားကြီးလှပြီး ၎င်းတို့ အား လုံး ဟာလည်း ဂိုဏ်းချုပ်၏ တချက်လွှတ် အမိန့်ပါပဲ။ ဂိုဏ်းချုပ်ဟာ သားရဲဂိုဏ်းနဲ့ ရန်ငြိုးများကြောင့် ပဋိပက္ခ ဖြစ် ခဲ့တာ ဖြစ်သော်လည်း ယခုအခါမှာတော့ သူ၏ ဦးရီးတော် လေး လုံခြုံရေးအတွက် ပြုလုပ်တယ်ဆိုတာကို အပြင်လူ များ သိနိုင်လိမ့်မည် မဟုတ်ချေ။
လွန်ခဲ့သော ၂ လ အတွင်း ချန်ရှန် ဟာ ဆေးပညာကို သေချာ သင်ယူခဲ့ရုံသာမက များစွာသော ချီဓာတ်ဆေးများ ကိုလည်း ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ အလုံး ၁၀၀၀ ထက်ပင် ပို နိုင် ပါသေးတယ်။ အကုန်လုံးကို သူဟာ ရောင်းပစ်ရန် ရည်ရွယ်ထားတာပါ။ ဒီမတိုင်ခင်ကလည်း ချီဓာတ်ဆေး များစွာအား ရရှိခဲ့တာဖြစ်ပြီး အားလုံးကို စားပစ်လိုက်ပြီး ဖြစ်ပါတယ်။ ယခုသူလိုအပ်နေသော အရာ မှာ အဆင့်မြင့် ဝိဉာဉ်တော်ဆေး ပြုလုပ်ရန် အတွက် လိုအပ်သော ဆေး ပင်များ ကို ဝယ်ယူဖို့ သလင်းကျောက်များပဲ ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် သူဟာ အဆင့်မြင့် ဝိဉာဉ်တော် ဆေးများကို ပြုလုပ်ခဲ့တုန်းက အကြိမ်အားလုံးမှာ ကျရှုံး ခဲ့ လို့ပဲ ဖြစ်ပါတော့တယ်။
“အခု မင်း အခြေခံတည်ဆောက်ရေး ဆေးကို စလုပ် သင့်ပြီ ၊ ခက်ခဲမှုကတော့ အဆင့်မြင့် ဝိဉာဉ်တော်ဆေး တွေ လိုပဲ။ မင်းမှာ အဆင့်မြင့် ဝိဉာဉ်တော်ဆေး လုပ်ဖို့ ဆေးပင် မရှိတော့တာကြောင့် ခုမင်း တည်ဆောက်ရေး ဆေး ဘယ်လို လုပ်ရမလဲဆိုတာ သင်သင့်ပြီ။ မင်းအောင် မြင်သွားရင် မကြာခင်မှာပဲ စစ်မှန်သော သိုင်းပညာနယ် ပယ်ကို ရောက်သွားလိမ့်မယ်”
စုမေးယို က ပြောပါတယ်။
ချန်ရှန် တော်တော် အူမြူးသွားမိတယ်။ တချိန်တည်း မှာလည်း သည်းမခံနိုင်သလို ဖြစ်သွားတယ်။ အခြေခံ တည် ဆောက် ရေး ဆေးအတွက် လိုအပ်သော ပစ္စည်း များ မှာ အလွန် ပင် ဈေးကြီး လှပါတယ်။ သူပြုလုပ်လို့ ကျရှုံးသွားသည့် အခါတိုင်း သူ့ရင်ထဲ သွေးထွက်သွားသလို ကို ခံစားရပါတယ်။
“မင်းက ဘာကို ကြောက်နေတာလဲ။ နှစ်တစ်ထောင် သားရဲဆေး က မင်းအတွက် မလိုအပ်လှပါဘူး။ ဒါကို အစားထိုးဖို့ မင်း သားရဲတွေကို အေးဆေး လိုက်ဖမ်းပြီး သူတို့ရဲ့ သားရဲဆေးတွေကို ယူလို့ ရနေတာပဲ။ ဆေးပင် တွေ အတွက်ဆိုရင်လည်း မင်းမှာ နဂါးတံတွေ း ကျင့်စဉ် ရှိနေတယ်လေ။ ဘာတွေ တွေးကြောက်နေတာလဲကွ”
စုမေးယို က ထပ်မံ ပြောကြား လိုက်ပါလေတော့ တယ်. . .။
. . . . . . . . . . . . . . . . . . . . . . . .
***စကားချပ်***
အရင် အခန်းမှာ တုန်းက လျိုရှိုယန် ဟာ ချန်ရှန် ထက် အင်အားကြီးပါလျက် အပြင်းအထန် တိုက်ခိုက်ရခြင်း ရည် ရွယ်ချက် မှာ ၂ မျိုးရှိပေသည်။ ပထမ ရည်ရွယ်ချက်မှာ လူတိုင်းဟာ အလကားရသော ငွေ (သလင်းကျောက်) များ ကို လိုချင်ကြတာချည်းဖြစ်ပါတယ်။ နောက်တစ်ချက်မှာ ယခု အခန်းတွင် ရှင်းပြခဲ့သည့် အတိုင်း ပြင်းထန်သော သိုင်းပညာဂိုဏ်းသည် လက်ရှိတွင် ဂိုဏ်းအားလုံးထဲတွင် နံပတ် ၁ နေရာ ရှိနေတာ ဖြစ်ပြီး တခြားဂိုဏ်းများမှာ ဒီ အချက်ကို သဘော မကျကျ ချေ။ ဒါကြောင့် ထိုဂိုဏ်းမှ လူ ဆိုသည်နှင့် ဂိုဏ်းကို အရှက်တကွဲ ဖြစ်စေရန် ဖိနှိပ်ကြခြင်း ဖြစ်ပါတယ်။ ဂိုဏ်းထိပ်သီးပိုင်းများမှလည်း သိုင်းပညာ ထိပ်တန်း အဆင့်ကြီးများ၏ အခက်အခဲများကို ဖြတ်ကျော် သည့် ကာလ ဖြစ်သောကြောင့် ဒီလို ကိစ္စလောက်ကို ဂရု မထားလောက်ဟု ယူဆ ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ် ၊ ယခုအခန်းမှသာ ဇာတ်ရည်လည်နိုင်သောကြောင့် ရှင်းပြ ရခြင်း ဖြစ်ပါတယ် ခင်ဗျာ . . .။
Chapter – 126
#မိန်းမတို့အသည်းနှလုံး
ချန်ရှန် ဆေးပြုလုပ်သင့် မလုပ်သင့် စဥ်းစားရင်း ရင် တွေ တဒိန်းဒိန်း ခုန်နေတယ်။ အကြောတစ်ထောင် သစ် သီး ၊ ဆေးဖက်ဝင်သတ္တုသစ်သီး နဲ့ မိုးပြာရောင် သိမ်မွေ့ သစ်သီး တို့ဟာ သူ့မှာ အလုံး ၂၀ ကျော်လောက်စီ ရှိပြီး သူ အခါ ၂၀ လောက်တော့ စမ်းသပ်နိုင်မှာပါ။ နှစ်တစ်ထောင် သားရဲ ဆေးအတွင်းမှာ ရှိတဲ့ ဒြပ်စင်များဟာလည်း သူ ၅ ကြိမ်လောက် ကြိုးစားလို့ ရနိုင်ပါသေးတယ်။ ဒါ့အပြင် ခရမ်းရောင်ဝိဉာဉ်တော်သစ်သီး ၊ နှစ်တစ်ထောင် ဂျင်စင်း မြက် ၊ ဂျင်စင်းမည်း ၊ သွေးဝိဉာဉ်တော်မြက် ၊ မြေကြီး ဝိဉာဉ်တော် မြက် နဲ့ တခြားဆေးဖက်ဝင် အပင်များစွာ က တော့ သူ့မှာ အလျှံပယ် ရှိနေပါတယ်။
ချန်ရှန် သူ့ကိုယ်သူ ကာကွယ်ရန် စစ်မှန်သော သိုင်း ပညာနယ်ပယ်သို့ ရောက်ရှိရန် လိုနေပြီဆိုတာကို သိနေ တယ်။ နောက်တစ်ခါ ဒီလို စစ်မှန်သော ပညာရှင်များနှင့် တွေ့ပါက လွတ်မြောက်နိုင်ချင်မှ လွတ်မြောက်နိုင်ပေလိမ့် မယ်။
စုမေးယို တခဏမျှ စဉ်းစားကာဖြင့် -
“ဆေးလုပ်တဲ့အခါ နဂါးမီးတောက် မီးဖိုကိုပဲ သုံး စမ်းပါ။ ဘာလို့လဲဆို အချိန်အများကြီး ကြာမှာမို့လို့ပဲ။ ၁ လ ၂ လ လောက်ကြာနိုင်တာဆို ၁၀ ရက်လောက်နဲ့ ပြီး သွားလိမ့်မယ်။ ဒီဆေးပင်တွေကို ဆေးဖက်ဝင်အမှုန်များ အဖြစ် ဖုတ်ဖို့ မင်းဟာ ပြင်းထန်လှတဲ့ အပူချိန်ကို လို အပ်လိမ့်မယ်”
ချန်ရှန် ခေါင်းညိမ့်ကာ တုံ့ပြန်လိုက်ပြီး အခြေခံ တည် ဆောက်ရေးဆေးလုပ်ဖို့ လိုအပ်တဲ့ ဆေးပင်များကို ထုတ်လိုက်တယ်။ သူဟာ လက်ရှိ တောင်အတွင်းမှာ ပုန်းနေတာ ဖြစ်ပြီး ပိုမိုစိတ်ချရစေရန် မြစ်ကမ်းမှ တောင်နံရံ ထိအောင် လိုဏ်ခေါင်းတူးထားပါသေးတယ်။ ဘယ်လိုမှ အလွယ်တကူ ရှာတွေ့နိုင်မည် မဟုတ်ပေ။
စုမေးယို နဲ့ ဘိုင်ယုယု တို့ ထွက်လာကြတယ်။ ဂူမှာ အလင်းရောင် ကောင်းစွာ ရရှိပြီး နေရထိုင်ရ မဆိုးလှပေ။ ဒါ့အပြင် ရေကန်လေး ဘေးမှာပါ တည်ရှိနေတာပါ။
“ဆေးပင်တစ်ခုချင်း စီ ကို ယူပြီး လေးပိုင်း အညီအမျှ ပိုင်းလိုက်”
စုမေးယိုဟာ ဆေးပင်များကို တစ်ချက်ကြည့်ရင်း အမိန့် ပေးလိုက်ပါတယ်။
“ဘယ်လို ၊ လေးပိုင်းပိုင်းရမှာလား”
ချန် ရှန် နားမလည် သလို မေးလိုက်တယ်။
“ဒါပေါ့ ၊ ဆေးဖက်ဝင်သတ္တု သစ်သီးကိုလည်း လေး ပိုင်း အညီအမျှပိုင်း ၊ နောက် မိုးပြာသစ်သီးကိုကောပဲ အခု နားလည်ပြီလား ၊ အခြေခံတည်ဆောက်ရေးဆေးရဲ့ တစ်စုံ ချင်း စီကို လေးပိုင်းပိုင်းပြီး တစ်ပိုင်းစီ သန့်စင်လိုက်။ မင်းရဲ့ ဆေးပင်အားလုံးမှာ လုံလောက်တဲ့ ဝိဉာဉ်တော် ချီ ဓာတ် တွေ ရှိတယ်။ ဒါကြောင့် တခါထဲတော့ အကုန်လုံး မပျက် စီး သွားနိုင်ဘူး။ တကယ်လို့ မင်းကျရှုံးခဲ့ရင်တောင် မှ သိပ် မဆုံးရှုံးနိုင်တော့ဘူးပေါ့”
စုမေးယို ဟာ ခပ်ဖျော့ဖျော့ ပြုံးကာ ပြောပါတယ်။ တစ်ချိန်တည်းမှာပင် စုမေးယိုဟာ ဓားတစ်လက်ဖြင့် သတ္တု သစ်သီးအား ခွဲနေပါတော့တယ်။
ချန်ရှန် အခုတော့ နားလည်သွားပါပြီ။ သူလည်း ဒီ လို လုပ်ဖို့တော့ ကြံပါသေးတယ်။ ဒါပေမဲ့ သူအသုံးပြုခဲ့ သော အသီးများမှာ အရည်အသွေး သိပ်မကောင်းလှပါ ချေ။
ဆေးပင်များမှ ဝိဉာဉ်တော် ချီဓာတ်များ ပြန့်ကွဲမှု ကို ကာကွယ်ရန် စုမေးယိုဟာ ချန်ရှန် ၏ နဂါးတံတွေးအား ရေ များ ရောကာ ဖြတ်တောက်ထားသော ဆေးပင်များအား စွတ်ဖြန်းပေးနေလျက် ရှိပါတယ်။ ဒီလိုနည်းဖြင့် ချီဓာတ် များ ကွဲဖြာထွက် ပြန့်ကွဲမှုကို ကာကွယ်ပေးရုံသာမက ပိုမို ပြီး အကျိုးဖြစ်ထွန်းစေပါတော့တယ်။
“အမတော် မေးယို ၊ အမတော်ဟာ လှပသလောက် ဉာဏ်လည်း ကောင်းလိမ့်မယ်လို့ မထင်မိခဲ့ဘူး။ ပါး ဖောင်း ရင် ဦးနှောက် မရှိဘူးလို့ ဘယ်သူပြောလဲ ၊ မဟုတ် တာတွေ နော့”
ချန်ရှန် ရယ်မောကာ ပြောလိုက်တယ်။ ဒါဟာ မျက်နာ ချိုသွေးရာတော့ မရောက်ပါချေ။
“ငါ့ ညီမတော်လေး သာ ဉာဏ်မကောင်းရင် ဒီလို စွမ်း အားကြီးမှာ မဟုတ်ဘူး။နောက်ပြီး အစွမ်းထက်လှတဲ့ ဆေးပညာရှင်လည်း ဖြစ်လာမှာ မဟုတ်ပေဘူး”
ဘိုင်ယုယု ကပြောပါတယ်။
စုမေးယို ဆူဆောင့်ကာဖြင့် -
“ကောင်းပြီ ကောင်လေး ၊ အရင်က မင်း ငါတို့ နှစ် ယောက် ကို ပါးသာဖောင်းပြီး ဉာဏ်မရှိဘူးလို့ သတ်မှတ် ခဲ့သလား မသတ်မှတ်ခဲ့ဖူးလား”
ချန်ရှန် ဘိုင်ယုယု သာမန် ထက် ပိုမို အေးစက်လာ တာကို မြင်လိုက်ရတယ်။ ထို့နောက်မှာတော့ ဘိုင်ယုယု ၏ ပါးမို့မို့ များကို ကြည့်ကာ အလျင် အမြန် ပင် -
“အမတော် မေးယို ၊ ဘာလို့ အမတော် ယုယု ကို ဆွဲ ထည့် လာတာလဲဗျ။ ကျွန်တော်က နောက်နေရုံတင်ကို”
ချန်ရှန် ဟာ ဒီ အလှအဂေး ၂ ယောက်ထံမှ အရာ အား လုံးကို မြင်ခဲ့ဖူးပါတယ်။ သူဘယ်တော့ မျှ မေ့နိုင်မည် မဟုတ်ပေ။ သူမတို့ ၂ ယောက်စလုံးဟာ အတူတူပါပဲ။ နောက်ပြီး ၎င်း တို့ ဟာ အမျိုးသမီး များ ဖြစ်တဲ့အတွက် ဒီ ကိစ္စဟာ သူမတို့ နှလုံးသားထဲ ပိုမို ပြင်းထန်စွာ သတိရ နေ ပါလိမ့်မယ်။ ဒါပေမဲ့လည်း ချန်ရှန် ဟာ အဲဒိအချိန်မှာ ကောင်းမွန်စွာ ဆက်ဆံခဲ့တာ သူမတို့အတွက် ဘုရားပေး တဲ့ ဆုပါပဲ။
ယခုအခါ သူမတို့ ၂ ယောက်ဟာ ၎င်းတို့အား ချန်ရှန် ပကတိအတိုင်း မြင်ခဲ့ဖူးတာကို သတိရသွားကြတဲ့ အတွက် မျက်နာများပင် ရဲသွားကြတယ်။ ဒါပေမဲ့လည်း ချန်ရှန် က တော့ ဆေးပင်များကို ညှပ်ရင်းမေ့မေ့ပျောက် ပျောက်ပင် ဖြစ်နေပုံပါ။ သူမတို့၏ မျက်နာအမူအရာကို မြင်သဖြင့် ရပ်တန့်သွားတာလည်း ဖြစ်နိုင်ပါတယ်။
ချန်ရှန် ဟာ တခြားလိုအပ်သော ဆေးပင်များကို မဖြတ်တောက်ခင် အဓိက ဆေးပင်များကို အရင် ဖြတ် တောက် ပစ်ပါတယ်။ သေချာကို ဂရုတစိုက် ပြုလုပ် ရတာ ပါ။ တခုခုမှားသွားပါက ဆေးပြုလုပ်ရာမှာ အကျိုးသက် ရောက်စေသွား မှာ ကြောင့်ပဲ ဖြစ်ပါတယ်။
“အမတော်တို့ ၊ ဘယ်လိုလူမျုးိကို ကြိုက်လဲဗျ။ အမ တော်တို့ ဟာ အထွတ်အထိပ် စွမ်းအား ပိုင်ရှင်များ ဖြစ် တဲ့ အတွက် ကြိုက်မဲ့ လူတွေတော့ များမှာပဲမလား”
ချန်ရှန် စပ်စပ် စုစု မေးလိုက်ပါတယ်။ ဒီ အမျိုးသမီး ၂ ယောက်ဟာ အချိန် အကြာကြီး တည်ရှိခဲ့ကြပုံပါ။ သူမတို့ ဆီ မှ ချန်ရှန် ဟာ များစွာသော သမိုင်းဝင်အကြောင်း အရာ များ ကို သိရှိခဲ့ရပြီး တခြားသူမတို့ အကြောင်းကိုတော့ ဘာ မျှ မသိခဲ့သေးပါချေ။ သူမတို့ဟာ ဆေးဆရာမကြီးကဲ့သို့ ပင် တခြားမော်တယ် ကမ္ဘာမှ လူများပင် ဖြစ်နိုင်သည်ဟု ချန်ရှန် သံသယ ဖြစ်မိပါတယ်။
“ငါဟာ စွမ်းအားကြီး လူများစွာနဲ့ ကြုံတွေ့ခဲ့ရသော် လည်း ငါဟာ သူတို့ကို တစ်ယောက်မှ မကြိုက်ဘူး။ ငါ့ ဘ၀ တစ်လျှောက်လုံးမှာ ဒီလို ခံစားချက်မျိုး တစ်ခါမျှ မဖြစ် ဘူးသေးဘူး။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ ငါကျင့်ခဲ့ တဲ့ အခြေခံ ကျင့်စဉ်တစ်မျိုးဖြစ်တဲ့ ရက်စက်မှု နတ် မိစ္ဆာ ကျင့်စဉ်ကြောင့် ပဲ။”
ဘိုင်ယုယု က အေးစက်စွာ ပြောပါတယ်။
“လူတစ်ချို့က လိုက်ကြိုက်တဲ့အခါမှာလည်း သူတို့ဟာ ငါ့ကို ရှုံးနိမ့်အောင် မလုပ်နိုင်တာကြောင့် ငါဟာ ငြင်းပယ် ခဲ့ တာပဲ ဖြစ်တယ်”
ဘိုင်ယုယု အမှန် အတိုင်း ပြောနေတာပါ။ ချန်ရှန် လဲ တော်တော် အံ့သြကာ နည်းနည်း လည်း သံသယ ဖြစ်မိ သွားပါတယ်။ စုမေးယို ကို တချက်ကြည့်လိုက်တဲ့ အခါ မှာတော့ သူမမျက်လုံးတွင် ဘိုင်ယုယု နဲ့ ပတ်သတ်ပြီး စိုးရိမ်ပုံ ပေါ်နေပါတယ်။
“အမတော် မေးယို ကကော ဗျ”
ချန်ရှန် မေးလိုက်တယ်။ သူတို့ဟာ အချိန်အကြာကြီး အတူတူ နေလာသောကြောင့် မိသားစု ဆန်ကြပါတယ်။ တခါတရံမှာလည်း သူဟာ တခြားကိစ္စကြီးများအား တိုင် ပင်လေ့ ရှိပါတယ်။
“ငါတကယ်ပဲ ယောကျာ်းကောင်းကောင်း ရှာချင်ပါ တယ်။ ငါ့ရဲ့ဆရာရဲ့ စွမ်းအားဟာ တကယ်ပဲ ကြီးလှတယ် ၊ ဒါပေမဲ့လည်း ငါတို့ကို အပြည့်အ၀ တော့ ကာကွယ် မ ပေး နိုင် ဘူး။ ငါတို့ဘာသာလည်း ရပ်တည်လို့က အဆင် မပြေ ပြန်ဘူးမလား”
စုမေးယို အသံ တီးတိုး ဖြင့် ပြောပါတယ်။ ထို့နောက် မှာ တော့ ရယ်မောကာဖြင့် -
“ငါ့ကို ဒီလို မကြည့်စမ်းပါနဲ့။ သာမန်လူက ငါ့ကို မလိုက်ဘူး ကွ ၊ ဘာလို့လဲ ဆိုတော့ ငါက ဆေးပညာရှင် တစ်ယောက်လေ။ လူတော်တော် များများ ဟာ ဒီလို ပြင်း ပြ တဲ့ ဆန္ဒ မရှိကြပေဘူး။နောက် ငါ့ရ ဲ့ ဂုဏ်သတင်း ဟာ ငါ့ အမထက်တောင် ရက်စက်တယ်ကွ”
ဒီလို လှပပြီး ဆွဲဆောင် မှုရှိလှတဲ့ မိန်းကလေးဟာ ဘယ်လိုများ ရက်စက်တဲ့ ဂုဏ်သတင်း ရှိတာပါလိ့မ်။ ချန်ရှန် မယုံကြည်နိုင်ဖြစ်နေပါတယ်။
ဒီ အမျိုးသမီး ၂ ယောက်ဟာ သူ့ကို ဖုံးကွယ်ထားသော အရာများ ၊ လိမ်ထားသော အရာများပင် ရှိလမ့်မည်ဟု ချန် ရှန် သံသယ ဖြစ်မိတယ်။ သူမတို့ဟာ မော်တယ် ကမ္ဘာ မှ မဟုတ်ပဲ ကောင်းကင် နယ်ပယ် မှ ဖြစ်မည်ဟုလည်း ထင်နေမိပါတယ်။
ဒါပေမဲ့ ကောင်းကင် နယ်ပယ်က လူများဟာ မော် တယ် ကမ္ဘာတွင် မည်ကဲ့သို့ ပေါ်ပေါက်လာပါမည်နည်း။ ဘုံ ၃ ခုရဲ့ ဆုံမှတ် ဖြစ်ပေါ်တဲ့ အချိန်မှသာ မော်တယ် ကမ္ဘာ ကို ဆင်းသက်နိုင်မည် မဟုတ်ပါလော။
“သူမတို့ဟာ လွန်ခဲ့တဲ့ နှစ် တစ်သိန်း ဘုံသုံးခု အကြား နောက်ဆုံး စစ်ပွဲ တုန်းက ဒီကို ရောက်လာတာ များ လား”
ချန်ရှန် သူ့ဟာသူ စဉ်းစားရင်း တုန်လှုပ်မိသွားတယ်။ ဒါပေမဲ့လည်း ဒီအတွေကို ချက်ချင်းပင် ဖယ်ထုတ်မိ လိုက် ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဘုံသုံးခု ပေါင်းမိ လျှင်တောင်မှ ကောင်းကင်နယ်ပယ် နှင့် မော်တယ်နယ် ပယ် တို့ဟာ ကွဲပြားနေဦးမှာ မို့လို့ပါပဲ။
“သိပ်လည်း စဉ်းစားမနေနဲ့ဦး ၊ မင်းကောင်းကောင်းနေ ပြီး မင်းရဲ့ ယန် ယန် နတ်အတွင်းအားတွေကို အား ကောင်း လာအောင် လုပ်။ အဲခါကျမှ ငါနဲ့ ငါ့အမလည်း သက်သာ လာ မှာ။ ငါလည်း မင်းကို ငါ့ကောင်လေး အဖြစ် စဉ်းစား မှာပေါ့”
စုမေးယို ပြုံးကာဖြင့် ကညုတုတု ပြောပါတယ်။ ချန်ရှန် စိတ်များ ပရမ်းပတာ ဖြစ်သွားရပါတော့တယ်။
“အဟွတ် ၊ အဟွတ် ၊ ကျွန်တော့မှာ ရှန်းရှန်းရှိတယ်”
ချန်ရှန် ပြန်ပြောလိုက်တယ်။
“အဲဒိတော့ ဘာဖြစ်လဲ။ ငါသာ မင်းမိန်းမ ဖြစ်ချင်စိတ် ရှိမယ် ဆိုရင် တခြားအရာတွေ စဉ်းစားနေလိမ့်မယ်လို့ မင်း ထင်လား”
စုမေးယို ခပ်လှောင်လှောင်ပြုံးကာ ချန်ရှန် မျက်နာ ကို ထိရင် ပြောလိုက်ပါတယ်။ ချန်ရှန်လည်း ရှက်ရွ ံ့နေသော မိန်းကလေး တစ်ယောက်ကဲ့သို့ ရှက်သွားကာ တဖက်သို့ လှည့်သွား ပါတော့တယ်။ သူ၏ ရင်များဟာလည်း တဒိန်း ဒိန်း ခုန်လျက်ပါပဲ။
ဆေးပင်များဟာ စနစ်ကျစွာ စီထားပြီး ဖြစ်ပါတယ်။ ချန်ရှန် အခြေခံတည်ဆောက်ရေး ဆေးအား စတင်ပြုလုပ် ပါပြီ။ ချန်ရှန် ဟာ သူ့ဟာသူ အရင်လုပ်တာဖြစ်ပြီး ကျရံှုး မှ သာ စုမေးယို အား သူကြုံရတဲ့ အခက်အခဲများကို ပြော ပြ ပါတယ်။
သူ့မှာ မူလက ဆေးပင် ၁၅ စုံ စာ သာ ရှိသော်လည်း ဖြတ်တောက် ပစ်လိုက်သည့် အတွက် ယခုအခါ အစုံ ၆၀ စာ ရှိနေပြီ ဖြစ်ပါတယ်။ သူဒီထက်ပိုပြီး ကျရှုံးမှာတော့ မဟုတ်ဟု ယုံကြည်နေမိပါတော့တယ်။
နဂါးမီးတောက် မီးဖိုအား အသုံးပြုပြီး တည်ဆောက် ရေးဆေး ပြုလုပ်ရန် ချန်ရှန်အဖို့ တစ်နာရီသာ ကြာပါတယ် ၊ ဒါပေမဲ့ ဒါဟာ ဆေးပင်များအား ဖြတ်တောက်ထားတာ မို့ပါ။ ဒါ့အပြင် သူဟာ ဆေးပြုလုပ်တဲ့ အလယ်လောက် မှာလည်း ကျရှုံးခဲ့ရပြန်ပါတော့တယ် . . .။
Chapter – 127
#တစ်စို့ခြင်း
ပထမ အကြိမ် တည်ဆောက်ရေး ပြုလုပ်တဲ့အခါ ချန်ရှန်ဟာ ကျရှုံးခဲ့ပါတယ်။ ဒီအခြေခံ တည်ဆောက်ရေး ဆေးဟာ အဆင့်မြင့် ဝိဉာဉ်တော်ဆေးများလိုပဲ ပြုလုပ်ရ တော်တော် ခက်ခဲတယ် ဆိုတာကို တွေ့လိုက်ရတယ်။ ဒါတင်မက ဒြပ်စင်ဆေး နဲ့ အဖြူရောင်ကျောက်စိမ်း ဆေး တို့ထက် ပင် ပြုလုပ်ရတာ ဆယ်ဆ ခက်ခဲတာပါ။ ဒီလို အဆင့်မြင့် ဝိဉာဉ်တော် ဆေးများပြုလုပ်ခြင်းမှာ ချန်ရှန် ဟာ ကျရှုံးခဲ့ပေမယ့်လည်း အတွေ့အကြုံများစွာ ရရှိခဲ့ပါ တယ်။
တကယ်လို့ တစ်ယောက်ယောက်ဟာ ဆေးပင် အလုံ အလောက ် မရှိပါက သူတို့ဟာ အဆင့်မြင့် ဝိဉာဉ်တော် ဆေးများကို ပြုလုပ်ရန် ကြိုးစားမည်မဟုတ်ပေ။ သူတို့ ဒီ လို တည်ဆောက်ရေးဆေး လုပ်မည်ဆိုလျှင်တောင်မှ အဆင့်နိမ့် သိမ်မွေ့ဆေးများကို အရင်လုပ်ကြမည် ဖြစ်ပါ တယ်။ ချန်ရှန် ယခုလို ဆေးပင်အဖိုးတန်များစွာ အသုံး ပြု ကာ တည်ဆောက်ရေးဆေးအား လုပ်နေသည်ကို ဆေးပညာရှင်ကြီးများ သိပါက သေအောင် ဆူပါလိ့မ်မယ်။
ဒီလို အရာတွေဟာ ချန်ရှန် အတွက် မရှားပါးလှပါ။ သူ့ကိုသာ အချိန်တချို့ပေးလိုက်ပါက လိုအပ်သလောက် ကို သူဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။ မျိုးစေ့ပေးတာနဲ့ သူ၏ နဂါးတံတွေးကို အသုံးပြုကာ မိုးပြာအသီးလို အသီးကိုပင် တစ်လ လောက်နဲ့ အလုံး ၂၀ လောက်ရရှိအောင် စွမ်း ဆောင် နိုင်တာပဲ ဖြစ်ပါတယ်။
အခြေခံတည်ဆောက်ရေးဆေး ပြုလုပ်ရန် ချန်ရှန်ဟာ နဂါးတံတွေးကိုလည်း ပြုလုပ်ထားပါတယ်။ အဘယ် ကြောင့်ဆိုသော် ယခုလက်ရှိ ဆေးပင်များ နှင့် ဆေးလုပ် ရာတွင် လောက်ငှမှု မရှိမှာ စိုးသောကြောင့် ဖြစ်ပါတယ်။
အချိန်တွေ ကုန် ဆုံးသွားတာ ရက် ၂၀ လောက်ကြာ တဲ့ အခါမှာတော့ ချန်ရှန် တည်ဆောက်ရေးဆေး ပြုလုပ် ရာမှာ အကြိမ် ၅၀ လောက်ကို ကျရှုံးခဲ့ပါတယ်။ သူ့မှာ ယခု ဆေးပင် ၈ စုံစာ သာ ရှိပါတော့တယ်။
“တည်ဆောက်ရေးဆေးက အဖြူရောင် ကျောက်စိမ်း ဆေး နဲ့ ဒြပ်စင် ဆေး ထက်ကို ခက်နေတာပဲ။ ငါအောင် မြင်တော့မယ်လို့တော့ ထင်နေတယ်”
ချန်ရှန် စိတ်လှုပ်ရှားနေမိတယ်။ အကြိမ်များစွာ ကျရှုံး ပြီးတဲ့နောက်မှာ သူူဟာ လိုအပ်ချက်များကို နားလည်လာ ပြီး သိမ်မွေ့တဲ့ ခံစားမှုမျိုးကို ခံစားမိနေပါတယ်။
စုမေးယို ဟာလည်း သူမ၏ အတွေ့အကြုံများအား ချန် ရှန်ကို ပြောပြခဲ့ပြီးဖြစ်တယ်။ လိုအပ်တဲ့ အရေးကြီး သော အချက်အလက်များအား ချန်ရှန် လမ်းလွဲမှုမရှိစေရန် အတွက် ပြသ ပေးလေ့ရှိပါတယ်။
ချန်ရှန် ဟာ အောင်မြင်စွာ ဆေးပြုလုပ်နိုင်မဲ့ အဆင့် ကို တဖြည်းဖြည်းချင်း နီးလာပါပြီ။ ယခုတော့ သူဟာ နောက်ဆုံး အဆင့်ဖြစ်တဲ့ ဆေးခဲခြင်းအဆင့်ကို ရောက် ရှိနေပြီ ဖြစ်ပါတယ်။ သူသာ ဒါကို အောင်မြင်စွာပြုလုပ် နိုင် သွားမည် ဆိုပါက ဒြပ်စင်ဆေး နှင့် အဖြူရောင်ကျောက် စိမ်း ဆေးတို့ ပြုလုပ်တဲ့ အခါမှာ ပိုမို လွယ်ကူလိမ့်မယ် ဟု ယုံကြည်နေပါတော့တယ်။
နဂါးမီးတောက် မီးဖိုမှာ အနီရောင် အလင်းတန်းဟာ ဖြာ ထွက် နေပါတယ်။ အချိန်တိုင်း ချီဓာတ်အပူတွေဟာ ထွက်နေကြပြီး ချန်ရှန် သူ၏ လက်ကို မီးဖိုပေါ်မှာ တင်ထား ကာ ချီဓာတ် များနှင့် နတ်အတွင်းအား အာရုံများကို ထည့် သွင်း လျက်ရှိပါတယ်။
ဒီအချိန်မှာ ချန်ရှန် ၏ စိတ်ဟာ မီးပင်လယ်ကြီးပါပင်။ များစွာသော ဆေးပင်တွေဟာ အမျိုးမျိုးသော အပူချိန် နှင့် ဖုတ်ခြင်း ခံနေရတာဖြစ်ပါတယ်။ သူ ဆေးပင်များကို အမှုန်များ အဖြစ်သို့ ဖြည်းညင်းစွာ ပြောင်းနေတယ်။ အရောင်အမျိုးမျိုးသော ချီဓာတ်များဟာလည်း မီးဖိုမှ ထွက် နေလျက် ရှိပြီး ချန်ရှန် ဟာ နတ်အတွင်းအား အာရုံများ သုံး ကာ ဝိဉာဉ်တော် ချီဓာတ်များအား ပေါင်းစည်းသွားကြစေ ရန် ဖိနှိပ် ဖျစ်ညှစ်လျက် ရှိပါတယ်။
ဒီလို ဆေးပင်များကို မီးပင်လယ်အတွင်း အမှုန်များ ဖြစ်သွားစေရန် ပေါင်းစပ်သောအခါ နည်းနည်းလေးမျှ မီးလောင်ကျွမ်းသွားလို့ မရပေ။ တကယ်တော့ ဒါဟာ ဆေး ပညာ ရှင်၏ နတ်အတွင်းအား အာရုံကို စမ်းသပ်မှု တစ်ခုဟုလည်း ပြောလို့ ရပါပေတယ်။
နဂါးမီးတောက် မီးဖို အတွင်း မီးတောက်များဟာ ၁၀ ရက် ၁၀ ည တိုင်တိုင် လောင်ကျွမ်းနေလျက် ရှိတယ်။ ဒါပေမဲ့ အပြင်က ကြာချိန်မှာတော့ နာရီဝက်သာ ရှိသေး ပေသည်။ ဒီလိုအချိန်မှာတောင် ဆေးပင်များဟာ ပြည့်၀ စွာ ပေါင်းစပ်ခြင်း မရှိကြသေးပေ။
အခုချိန်မှာ ချန်ရှန်ဟာ ချွေးများတော်တော် ထွက် နေ ပါပြီ။ သူ၏ ချီဓာတ်များဟာ အလွန် ပြင်းထန်သောကြောင့် ချီဓာတ်များ ကုန်ဆုံးသွားမည်ကို တော့ စိုးရိမ်စရာမလိုချေ ၊ ဒါပေမဲ့ နတ်အတွင်းအား အာရုံများကို တော့ တော် တော် အားစိုက်ထည့်နေရာဖြစ်ပြီး အဘယ်ကြောင့်ဆို သော် သူ၏ ထိုအာရုံများအား အမှုန့်များစွာပေါ်မှာ နစ်မြုပ် ထားကာ တချိန်တည်းမှာပင် ပြင်းထန်လှသော ဝိဉာဉ် တော်ချီဓာတ်များနှင့် ပေါင်းစပ်နေရသော ကြောင့် ဖြစ်ပါ တယ်။
ဒီလို အားကောင်းလှတဲ့ နတ်အတွင်းအား အာရုံများ ၏ လှုံ့ဆော်မှုများကြောင့် ချီဓာတ်များဟာ တဖြည်းဖြည်း ဖြင့် ပေါင်းစပ်လာကြတယ်။ အခု အရေးကြီးဆုံး အဆင့် ဖြစ်သော ချီဓာတ် များနှင့် အမုှန်များကို ပေါင်းစပ် အခဲပြု လုပ်ရန် ပဲ ကျန်တော့ပါတယ်။ ဒီဖြစ်စဉ်တွင် အမှားတစ်ခု ကို မျှ လက်မခံပါချေ။ ချီဓာတ် မလုံလောက်တာပဲ ဖြစ်စေ ၊ ဆေးအမှုန်များ အနည်းငယ် ပြန့်လွင့်ရင်ပဲ ဖြစ်စေ တစ်ခုခု ဖြစ်ပါက အရာအားလုံးဟာ အလကား ဖြစ်သွားပေ မည်။
ဒီအဆင့် မှာကိုပဲ ချန်ရှန်ဟာ အကြိမ်များစွာ ကျရှုံးပြီး ပြီ ဖြစ်ပါတယ်။
ချန်ရှန် သူ၏ နတ်အတွင်းအား အာရုံများကို အသုံးပြု ကာ ဆေးအမှုန်များမှ ဆေးအခဲအဖြစ် တဖြည်းဖြည်း ပြောင်းလဲနေတယ်။ ဒီအချိန်မှာ ချန်ရှန် နဂါးတံတွေးများ အား တစ်စက်ချင်းချနေပြီး ဆေးခဲရန် အဆင့်ကို ပြုလုပ် နေ ပါ တယ်။ ထိုအချိန်မှာပဲ မီးဖိုကြီးဟာ ပေါက်ကွဲသွား ပါ တော့တယ်။
နဂါးမီးတောက် မီးဖို ဟာ တော်တော်ကို တုန်သွားပါ တယ်။ ချန်ရှန် ၏ မျက်နှာမှ ချွေးများဟာ မိုးပေါက်များလို စီးကျ နေပြီး မျက်ခုံးများဟာလည်း ရှုံ့တွလျက် ရှိပါတယ်။ သူ၏ ပုံစံမှာ ဖြူဖတ်ဖြူလျော်ဖြင့် ယခုအခါမှာတော့ ဒီဆေး ကို အခဲ ပြုလုပ်ခြင်းဟာ နဂါးမီးတောက် မီးဖိုကို ပင် ပေါက် ကွဲစေတယ် ဆိုတာကို နားလည်သွားပါတယ်။
စုမေးယို သူမ၏ လှပသော လက်မှာ ပိုးသားပဝါ လေး ကို ကိုင်ထားတယ်။ စိုးရိမ်စွာဖြင့် ချန်ရှန်အား ကြည့်နေ လျက် ရှိပြီး ဘိုင်ယုယု ၏ မျက်လုံးများမှာလည်း ပြူးကျယ် လျက် ရှိပါတယ်။ ချန်ရှန်ကို အားပေးတဲ့အကြည့်များ ဖြင့် ကြည့်နေကြတယ်။
“ငါတစ်ကြိမ် ကျရှုံးပြန်ပြီ။ ဒီတစ်ခေါက်ကတော့ ၁၀ ဆ မက နာကျင် မိသလိုပါပဲ။ ဒါဟာ ငါ့ရဲ့ တကယ်ပဲ တစ် စို့ ခြင်း အခြေအနေကို ရောက်နေပြီလား။ ငါ့ရဲ့ နတ် အတွင်းအား အာရုံတွေဟာ မလုံလောက်သေးလို့ ဖြစ်လိမ့် မယ်။ငါဒါကို ကျော်ဖြတ်ဖို့လိုနေပြီ”
ချန်ရှန် စဉ်းစားနေမိတယ်။ ယခုအခါ သူ၏ နတ်အ တွင်းအား အာရုံများဟာလည်း ကုန်ခန်းသလောက် ဖြစ် ကာနေပေမဲ့ ဆက်လက်ပြုလုပ်ဖို့ လိုအပ်နေပါတယ်။
နတ်အတွင်းအား အာရုံဟာ အဓိက လိုအပ်တဲ့ စွမ်း ရည်တစ်ခု ဖြစ်ပြီး သိုင်းပညာရှင်တို့ဟာ မြင့်မားတဲ့ အာရုံ ကို လိုအပ်ပါတယ်။ နတ်အတွင်းအား အာရုံဟာ ခန္ဓာ ကိုယ် အပြင်က ချီဓာတ်များကို စုစည်းဖို့ လိုအပ်တာဖြစ်ပြီး ဒီလိုမဟုတ်ပါက ပြန့်ကွဲသွားနိုင်ပါတယ်။ ဒီလို ကိစ္စတွေ ဖြစ်တဲ့ ဆေးပညာရှင်တို့ ဆေးလုပ်ခြင်း ၊ လက်နက်ပ ညာရှင် တို့ ဝိဉာဉ်တော် လက်နက်များ ပြုလုပ်ခြင်း စသည့် အလုပ်များမှာ လုံလောက်သော နတ်အတွင်းအား အာရုံ မရှိပါက ကျရှုံးရန် သေချာသလောက်ပါပင်။
သိုင်းပညာရှင် တစ်ယောက်ဟာ ၎င်းတို့၏ နတ်အ တွင်းအား အာရုံများ ကုန်ဆုံးသွားပြီ ဆိုပါက သာမန်လူလို ပါပင်။ မည်သည့် ချီဓာတ်များမျှ မသုံးပဲ စွမ်းအားထုတ်နေ သည့် လူနှင့်ပင် တူသွားပါလိမ့်မယ်။
ချန်ရှန် ဟာ သူ၏ စွမ်းရည်များ ကျဆင်းလာသယောင် ခံစားမိတယ်။ ဒါကြောင့် ထိုက်ကျိနတ်နဂါး ကျင့်စဉ်ကို ခွဲခြမ်း စိတ်ဖြာကာ သူ၏ ပြင်းထန်လှသော ချီဓာတ်များကို ထိန်းချုပ်နေပါတော့တယ်။ ချီဓာတ်များအား နက်နဲစွာ တကိုယ်လုံး စီးဆင်းစေလျက် သူ၏ ကိုယ်ဟာ မည်သည့် နာကျင်မှု ကိုမျှ ခံစားရတော့မည် မဟုတ်ပေ။ တချိန်တည်း မှာပင် သူ၏ စစ်မှန်သော ချီဓာတ်များ နှင့် ဝိဉာဉ်တော် ဓာတ်များကို လျင်မြန်စွာ ပေါင်းစည်းပြီး နတ်အတွင်းအား အာရုံများကို ထုတ်ရန် ကြိုးစားနေပါတယ်။
ချန်ရှန် သူ၏ ကိုယ်အား သွေးများ လျှံကျသည်ထိကို လုပ်လျက်ရှိတယ်။ ချွေးများဟာလည်း အလျံပယ်ကို ထွက်ကာ ပင်ပန်းနွယ်နယ်လျက် ရှိပါတယ်။ စုမေးယို နဲ့ ဘိုင်ယုယု တို့ဟာ ချန်ရှန် ဒီလိုလုပ်နေတဲ့ ရည်ရွယ်ချက် ကို သိကြတယ်။
“မင်းကိုယ်မင်း သိပ်တွန်းအား ပေးမနေနဲ့ ၊ အရှုံးပေး လိုက်တော့”
စုမေးယို ညင်သာစွာ သက်ပြင်းချလျက် တီးတိုးပြော လိုက်တယ်။ ချန်ရှန် သူ့ကိုယ်သူ ဒီလို ညှင်းပန်းနှိပ်စက် နေတာကို ဆက်သည်းမခံနိုင်တော့လို့ပါ။
အရှုံးပေးရမယ် တဲ့လား . . .။
ချန်ရှန် ဒီတစ်ကြိမ်မှသာ သူမအောင်မြင်ပါက တည် ဆောက်ရေးဆေး ပြုလုပ်ခြင်းတွင် ကျရှုံးသွားမည်သာမက သူ၏ တစ်စို့နေသော အခြေအနေကိုလည်း ကျော်ဖြတ်နိုင် လိမ့်မည် မဟုတ်ပေ။
ဆေးဆရာမကြီး သူမ၏ စူပါပါဝါ များကို သုံးပြီး သူ့ကို ဆန့်ကျင်တဲ့အခါ သူ့မှာ ခုခံနိုင်ဖို့ အားမရှိခဲ့ခြင်းများ ၊ လျိုရှိုယန် သူ့ကို စော်ကားကာ ဂုဏ်သိက္ခာ ကျစေတုန်းက လည်း သူမတတ်နိုင်ခဲ့ခြင်းများ စသည်တို့ကို သတိရသွား တဲ့ အခါမှာတော့ သူ့ကိုယ်သူ ပြောမိတယ်။ ဘယ်ကိစ္စ မဆို အားအင်ကြီးမားမှသာ ခံနိုင်ရည် ရှိမည် ဖြစ်သည်။ သူဟာ တကယ်ကိုပဲ တည်ဆောက်ရေး ဆေးကို ပြုလုပ်ဖို့ လိုအပ်နေတာဖြစ်ပြီး ဒါကပဲ သူ့ကို စစ်မှန်သော သိုင်းပညာ နယ်ပယ် ရောက်ရန်ဖြစ်နိုင်မှာကြောင့်ပါပဲ။
ချန်ရှန် ဟာ ယခုအခါ ချွေးစေးများစွာ ထွက်နေရုံသာ မက သွေးများလည်း ထွက်လျက် ရှိပါတယ်။ သူ၏ ငုပ်လျိုး နေတဲ့ စွမ်းအားများကို နှိုးဆွရန် ဒီလို ကိုယ့်ကိုကိုယ် ညှင်းပန်းခြင်းကိုသာ ဆက်လက်ပြုလုပ်နေပါတယ်။
ချန်ရှန်ဟာ သတိမေ့မတတ်ဖြစ်နေပေမဲ့ နတ်အ တွင်းအား အာရုံများကို ဆက်လက် စူးစိုက်ထုတ်လွှတ်နေ ပြီး နဂါးမီးတောက် မီးဖိုထဲရှိ တည်ဆောက်ရေးဆေး လုပ်ငန်းစဉ်ကို ထိန်းချုပ်လျက် ရှိနေပါတယ်။
မမျှော်လင့်စွာပဲ ချန်ရှန် သူ့ကိုယ်ကို ဆုံးရှုံးလိုက်ရ သလို ခံစားလိုက်ရတယ်။ သူ့ကိုယ်သူ ဘယ်လို နှိပ်စက် နေပါစေ သူနာကျင်မှုများမခံစားရတော့ပါပေ။ ချန်ရှန် ရုတ်တရက် နိုးလာသလိုပါပဲ။ သူ့ကိုယ်သူ အဖြူရောင် အလင်းတန်းများ ပြည့်နေတဲ့ နေရာလွတ်ကြီးတစ်ခု မှာ တွေ့လိုက်ရတယ်။ တော်တော် လည်း အံ့သြသွားပြီး ထို နေရာလွတ်မှာပင် နို့စို့အရွယ် ကလေးသေးသေးလေး တစ် ယောက်ကို တွေ့လိုက်ရပါတယ်။ မွေးခါစလေးလိုပင် မျက်လုံးလေးများဟာ ပိတ်နေပြီး တော်တော် ချစ်စရာ ကောင်းပါတယ်။
ရုတ်တရက် ကလေးလေး ဟာ သူ၏ မျက်လုံးများ ပွင့် လာပါတယ်။ ချန်ရှန် သေချာကို စိုက်ကြည့်နေမိပြီး ကလေးလေး မှလည်း သူ့ကို ကြည့်နေပါတယ်။
ကလေးလေး က သူ့ကို ပြုံးပြပါတယ်။ထို့နောက် ချန်ရှန် လည်း ထိုနေရာမှ ထွက်ခွာသွားပြီး ဆေးပြုလုပ် နေ ရာ ဆီသို့ ပြန်လည် ရောက်ရှိလာပါတော့တယ်။ အံ့အား သင့်ဖွယ် ခံစားမိတာကတော့ သူ၏ နတ်အတွင်းအား အာရုံ များ အလျံပယ် အားကောင်းလွန်းနေတယ် ဆိုတာပါပဲ။ အရင်ကထက်ကိုပင် အဆများစွာ သာလွန်လျက် လုံး၀ သုံးစွဲရခြင်း မရှိသေးသလို ပြည့်၀ စွာ ရှိနေပါတယ်။
စုမေးယို နဲ့ ဘိုင်ယုယု တို့ဟာလည်း ထူးဆန်းတဲ့ ခံစားမှုမျိုး ခံစားလိုက်ရပြီး သူမတို့ ထင်တာကတော့ ချန်ရှန် လက်လျော့လိုက်ပြီလို့ပါ။ ဒါပေမဲ့ ချန်ရှန် ပါးစပ် လှုပ်ခတ်သွားကာ ယုံကြည်မှုရှိတဲ့ အပြုံးတစ်ခု လင်းလက် သွားတာကို မြင်လိုက်ကြရပါတော့တယ်။
တခဏကြာပြီး နောက် မှာတော့ ချန်ရှန် မျက်လုံးများ ပွင့်လာကာ ခေါင်းများလှုပ်ရမ်းကာဖြင့် ရယ်မောလိုက်ပါ တယ်။
“ဟားးး ဟားးး . . . ၊ ငါအခု အခြေခံ တည်ဆောက်ရေး ဆေး လုပ်နိုင်ပြီကွ”
ချန်ရှန် ဝမ်းသာ ကြည်နူးစွာဖြင့် ပြောလိုက်ပါလေ တော့တယ် . . .။
Chapter – 128
#ရက်စက်သောနတ်မိစ္ဆာစွမ်းအင်
ချန်ရှန် နဂါးမီးတောက် မီးဖိုကို မဖွင့်သေးပါဘူး။ ဒါပေ မဲ့ အထဲမှာ တည်ဆောက်ရေးဆေး ရှိနေတယ်လို့ သူသိ နေပါတယ်။ သူ၏ ရယ်သံ ၊ ထွက်နေသောချွေးများ ၊ စိုစွတ် နေသော မျက်လုံးများမှ သူယခုရလဒ်ကို အောင်မြင်စေရန် ဘယ်လောက်တောင် ခံစားခဲ့ရသလဲ ဆိုတာ ပြနေပါတယ်။
အသက်အားဖြင့် ၁၉ နှစ် ရှိတဲ့ လူငယ်တစ်ယောက် ဟာ အဆင့်မြင့် ဝိဉာဉ်တော် ဆေး ကိုတောင် မပြု လုပ်ရ သေးပါလျက် အခြေခံတည်ဆောက်ရေးဆေးကို တိုက် ရိုက်ပြု လုပ်ခဲ့ပါတယ်။ စုမေးယို ပင် တော်တော့ကို အံ့အား သင့်လျက် ရှိနေတယ်။ သူမထင်တာက ချန်ရှန် ဟာ သူယခု ပိုင်ဆိုင်ထားသော ဆေးပင်များ ကုန်စင်သည်ထိ မအောင်မြင်ပဲ သူအပင်များ ထပ်မံစိုက်ပျိုးကာ ပြန်လည် ဆေးပြုလုပ်ပေလိမ့်မည်ဟု ယုံကြည်ထားတာပါ။ ယခု တော့ ချန်ရှန် ဟာ တကယ်ကို အောင်မြင်သွားခဲ့ပါပြီ။ သူမ ဟာလည်း ဒီလို သိမ်မွေ့အဆင့် ဆေးကို ပြုလုပ်ခဲ့တာ ၃ နှစ် မှ ၅ နှစ်လောက်ထိ ကြာမြင့်ခဲ့သောကြောင့် ချန်ရှန် ကို လည်း ဒီလိုသာ ဖြစ်လိ့မ်မယ်လို့ ထင်ခဲ့တာပါ။
ချန်ရှန် လည်း ရယ်မောပြီးနောက်မှာပဲ အိပ်ပျော်သွား ပါလေတော့တယ်။ သူအားအင်များ မရှိတော့သလိုကို ပင် ပန်းနေပြီ ပဲ ဖြစ်ပါတယ်။
စုမေးယို နဲ့ ဘိုင်ယုယုတို့ မီးဖိုကို ဖွင့်ကြည့်လိုက်ကြ တယ်။ သူတို့ဟာ အထဲမှာတော့ ရွှေရောင် နှင့် မိုးပြာရောင် တို့ ရောယှက်လျက် လှပလှသော သလင်းကျောက်ဆေး လေး တစ်ခုကို တွေ့လိုက်ကြရတယ်။ ဒါဟာ အခြေခံ တည်ဆောက်ရေး ဆေးပါပဲ။ အရည်အသွေးကလည်း သူမတူပါဘူး။ ချန်ရှန် ပြုလုပ်ခဲ့သော ဆေးတိုင်းသည် အရည်အသွေး ကောင်းမွန်နေတာတော့ မထူးဆန်းတော့ ပါချေ။
“ဒီကောင်လေး ရဲ့ နတ်အတွင်းအား အာရုံက တကယ် ပဲ နဂိုထက်တောင် ကောင်းလာသလိုပဲ”
ဘိုင်ယုယု ချန်ရှန် ၏ နဖူးပေါ်သို့ သူမ၏ လှပလှသော လက်များဖြင့် ထိကာ အံ့သြတကြီး ပြောလိုက်တယ်။
ဒါဟာ ဘိုင်ယုယု မှ ချန်ရှန် ကို ပထမဆုံး အကြိမ် ထိ လိုက်ခြင်းပါ။ သူဟာ ပင်ပန်းလွန်းလို့ မျောနေသလိုသာ ဖြစ်ကာ အသိစိတ်တော့ ရှိနေပါသေးတယ်။ သူ ဘိုင်ယုယု ၏ အထိအတွေ့ကို သာယာစွာ ခံစားမိနေပါတယ်။
“ညီမတော်လေး ၊ မင်းသူ့ကို သန့်ရှင်းပေးဖို့ မကူညီ ချင် ဘူးလား။ မင်းက သူ့ကို ဆုချီးမြင့်တဲ့ အနေနဲ့ နည်း လမ်း ကောင်းလေးတွေ သုံးလေ့ရှိတာကို သတိရမိလို့ပါ”
ဘိုင်ယုယု ပြုံးလျက် ပြောလိုက်တယ်။
စုမေးယို လည်း ခပ်ဖျော့ဖျော့ ရယ်မောကာဖြင့် -
“အမတော် ၊ ဒီကောင်လေးက အမတော် အမတော် လုပ်ပေးတာ ပိုကြိုက်လိမ့်မယ်ထင်တယ်။ သူနဲ့ ကျွန်မ ဟာ ပိုမို ရင်းနီးကြပေမဲ့ အမတော်သာ သူ့ကို နူးနူးညံ့ညံ့ ဆက်ဆံပြီး လုပ်ပေးရင် သူသေမတတ်ကို ပျော်သွားလိမ့် မယ်လို့ ကျွန်မ ထင်တယ်။ အမတော် ရဲ့ သဘောကျမှုကို ပို လိုအပ်နေမှာပါ”
ဘိုင်ယုယု ပုံစံဟာ အေးစက်သွားတယ်။ သူမ၏ ရေခဲ လို ဖြူဖွေးသော မျက်နာလေးမှာလည်း ရဲလို့သွားပါတယ်။ ထို့နောက် အေးစက်စွာဖြင့်ပင် -
“မဟုတ်တာတွေ မပြောစမ်းပါနဲ့။ မင်းရဲ့ ခန္ဓာကိုယ်ကို သူ ဘယ်လိုကြည့်လဲ မသိဘူးလား။ မင်းအဝတ်တွေကို ဆွဲ ချွတ်ပစ်ဖို့လည်း သူက ဝန်လေးမှာ မဟုတ်ဘူး။ အရင်ထဲ က သူက မင်းကို ပိုနှစ်သက်တာပါ။ နောက်ပြီး ပြီးခဲ့တဲ့ အချိန်တုန်းကလည်း မင်းသူ့ကို နမ်းလိုက်သေးတယ် မလား။ အဲဒိထဲက ဒီကောင်လေး ဝက်လို ဖြစ်သွားတော့ တာပဲ”
စုမေးယို လည်း ရယ်မောကာဖြင့် ချန်ရှန် ၏ အဝတ် အစားများအား ချွတ်ပေးပါတယ်။ ချန်ရှန် ဟာ အခုတော့ အဝတ် အစား ကင်းမဲ့လို့ နေပါပြီ။ စုမေးယို မျက်နှာမှာ လည်း ရဲတွတ် လျက် ရှိပါတယ်။
“ဒီကောင်လေး ဟာ သူ့ကိုယ်သူ တော်တော် နှိပ်စက် ခဲ့တာပဲ။ ဘာပဲဖြစ်ဖြစ် အခု သူ့ကိုယ်ဟာ လက်စွပ်ထဲမှာ တုန်းက မြင်ရတာထက် အများကြီး ပိုကြည့်ကောင်းတယ်”
စုမေးယို ပြုံးကာဖြင့် ချန်ရှန် ကိုယ်အား ဆေးကြော ပေး ရင်း ပြောပါတယ်။
“အမတော် ၊ လာကူပါဦး ၊ ကျွန်မတို့ သူ့ကိုယ်ကို မြင်ဖူး ပြီးသားပဲမလား ၊ သူ့အတွက် အခု တခုခု မလုပ်ပေးချင် ဘူးလား”
စုမေးယို ရယ်မောကာ မေးလိုက်တယ်။
လက်ရှိမှာတော့ ချန်ရှန် ဟာ ပြင်းပြင်းထန်ထန် လေ့ ကျင့် ခဲ့မှု များကြောင့် မလှုပ်နိုင်ပါဘူး။ ဒါပေမဲ့ အမျိုးသမီး ၂ ဦး၏ အပြန်အလှန် ပြောနေသံများကိုတော့ ကြားနေရတယ်။ ထူးခြားတဲ့ ခံစားမှုတစ်မျိုးပင် ဖြစ်ပေါ် မိပါတယ်။
ဘိုင်ယုယု လည်း လာရောက်ကာ အေးစက်စက်ဖြင့် -
“သူ့ကိုယ်ကို ဘယ်နကြိမ် မြင်ဘူးလဲဆိုတာကို မမှတ် မိတော့ဘူး။ ဒါပေမဲ့ ငါဒေါသမပြေသေးဖူး ဖြစ်နေတယ်”
ဒီလိုပြောပေမဲ့လည်း ဘိုင်ယုယု သဘက်တစ်ထည် ဖြင့် ချန်ရှန် အား သုတ်ပေးပါတော့တယ်။
ချန်ရှန် ရှက်မိသွားတယ်။ ဒီအမျိုးသမီး ၂ ယောက် သူ့ ကို ကွင်းအတွင်းမှ တကယ်ကို ထပ်တလဲလဲ ချောင်းကြည့် ဖူးတာပဲ။ တချိန်တည်းမှာ ပျော်လည်း ပျော်သွားခဲ့တယ်။ ဒီလို ခံစားမှုမျိုးက စိတ်ကျေနပ်မှုများ ပေးသည် မဟုတ်ပါ လော။
“အမတော် ၊ တစ်နေ့မှာ အမတော် က ကျွန်မကို မလို အပ်တော့မှာကို စိုးရိမ်မိတယ်”
စုမေးယို က ပြောပါတယ်။ သူမမျက်နာမှာ စိုးရိမ်ပူပန် မှုများအား မြင်တွေ့နေရပြီး ဘိုင်ယုယု ကတော့ ချန်ရှန် အား သန့်စင်ပေးလျက် ရှိနေတယ်။
ဘိုင်ယုယု လည်း တခဏမျှ ငြိမ်သက်သွားကာ သက်ပြင်းချပြီး -
“ငါ့ရဲ့ အမုန်းတရားတွေ ပြေတဲ့အချိန်ကျ ငါ ရက်စက် တဲ့ နတ်မိစ္ဆာ စွမ်းရည်ကို မသုံးတော့ဘူး။ အဲဒိအခါ မင်းငါ့ ကို ငါကွယ်ရမယ်”
စုမေးယို ပြုံးကာဖြင့် -
“မစိုးရိမ်ပါနဲ့ ၊ အဲဒိအချိန် ဒီကောင်လေး အမတော် ကို ကာကွယ် ပါလိ့မ်မယ်”
ပြောနေရင်း ချန်ရှန် ရင်ဘတ်အား ပုတ်လိုက်တယ်။
ဘိုင်ယုယု ဘာမှထပ်မပြောတော့ပါ။ ချန်ရှန် ဟာ နောင် အနာဂတ်တွင် အရမ်းကို စွမ်းအားကြီးလာလိမ့်မယ် ဆိုတာကို သူမသိပါတယ်။ ဒါကြောင့် သူမကို ကာကွယ် ဖို့ ဆိုတာ ပြသနာ မရှိပါဘူး။ ဒါပေမဲ့ အဲဒိအချိန် သူမ မှာ စွမ်းအား မရှိတော့တဲ့ အခါ မည်သူမျှ ဂရု မစိုက်တော့မှာ ကို စိုးရိမ်နေမိတယ်။
“အမတော် ၊ ဆရာက ဒီ ရက်စက်တဲ့ နတ်မိစ္ဆာ ကျင့်စဉ် ကို ကျွန်မတို့အတွက် ကျင့်ခဲတယ်။ အမတော် ကို ဒီလို တော့ မလုပ်စေချင်ဘူး”
စုမေးယို ကပြောတယ်။
“ငါသိပါတယ်။ ငါ့အတွက် မစိုးရိမ်နဲ့ ၊ ငါ့မှာ အသိရှိပါ သေးတယ်”
ဘိုင်ယုယု ပုံစံမှာ အနည်းငယ် စိတ်ရှုပ်ထွေးဟန် ပေါ် နေ ပါတယ်။
ချန်ရှန် ဒီလို အလှပဂေး ညီအမ ၂ ယောက်တွင် ဒီလို မျိုး ဇာတ်လမ်းတွေ ရှိလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါ။ ဒါပေ မယ့် စုမေးယိုဟာ ဘိုင်ယုယု မှ တစ်စုံတစ်ခု ပုန်းကွယ် ထားတာ ရှိလိမ့်မည် ဟု အမြဲ ခံစားမိနေပါတယ်။
ချန်ရှန် စုမေးယို တို့၏ ပြုစုပေးမှု ကြောင့် တော်တော် သက်သာ လာပြီ ဖြစ်ပါတယ်။ ရုတ်တရက် ထလိုက်ကာ သူ၏ အဝတ်အစားများကို ယူပြီး ဝတ်လိုက်တယ်။
“ကျေးဇူးပါ အမတော်တို့”
စုမေးယို နဲ့ ဘိုင်ယုယု တို့ဟာ ချန်ရှန် ကိုယ်ကို အကြိမ် များစွာ ထိတွေ့ခဲ့တယ်။ သူတို့ဟာ ချန်ရှန် အား ဒီအဖြစ် အပျက် ကို မပြောလိုကြချေ။ ချန်ရှန် ယခု လို ရုတ်တရက် ထလိုက်သည့် အတွက် သူမတို့ ရှက်ရွံ့ ဒေါသထွက်သွား စေမိသွားပါတယ်။ သူမတို့ ဟာ ရှက်သွေးများ ဖြာလျက် အံကြိတ်ကာ ချန်ရှန် အား ကြည့်နေကြတယ်။
“မင်းနိုးနေတာလား”
ဘိုင်ယုယု အေးစက်စွာ မေးလိုက်တယ်။ ခုနက အပြု အမူ နှင့် အပြောအဆိုများဟာ တမျိုးရှက်ဖို့ကောင်းနေပါ တယ်။
ချန်ရှန် စပ်ဖြဲဖြဲ ဖြင့် -
“မဟုတ်ပါဘူး။ ကျွန်တော် နိုးခါစပဲ ရှိသေးတယ်။ အမ တော် တို့ ကျွန်တော့ ကို ဒီလို ဂရုတစိုက် လုပ်ပေးလိမ့်မယ် လို့ မတွေးမိခဲ့ဘူး”
“မင်း ငါ့ ကို အမှန်တိုင်းပြောစမ်း ၊ မင်းး ငါနဲ့ ငါ့ညီမ တို့ ပြောတာတွေ ကြားလား မကြားဘူးလား”
ဘိုင်ယုယု ၏ အသံ နဲ့ ပုံစံဟာ အေးစက်လျက် ရှိပြီး ချီဓာတ်များပင် ထွက်ပေါ်နေတာကြောင့် ချန်ရှန် တုန်လှုပ် သွားတယ်။
“ဟုတ်တယ်။ ဒါပေမဲ့ ကျွန်တော် အာရုံစိုက်လို့ မရ ပါဘူး။ ကျွန်တော့ ကိုယ်ရဲ့ အာရုံတွေဟာ မဲ့နေပြီး ဒါပေ မယ့် နတ်အတွင်းအား အာရုံကတော့ ကျန်သေးတာပေါ့”
ချန်ရှန် အမှန် တိုင်း ပြောလိုက်တယ်။ ဘိုင်ယုယု ၏ ပုံစံ ပိုမို ဒေါသထွက်လာတာကို ကြည့်ရင်း အလျင်အမြန် ပင် -
“အမတော် ယုယု ၊ အမတော် တို့ ချောင်းကြည့်တာကို ဘယ်သူ့ကို မှ မပြောပါဘူး။ ကျွန်တော် အမတော်ကို လည်း သေချာပေါက် ကာကွယ်ပေးမှာပါ။ ရက်စက်တဲ့ နတ်မိစ္ဆာ စွမ်းအင်ဟာ လူတွေကို ဘာလုပ်နိုင်တယ် ဆိုတာ မသိပေမဲ့ အမတော်အတွက် တော်တော်ပဲ စိုးရိမ် မိပါ တယ်”
“အဲဒါတွေ မေ့လိုက်တော့”
ဘိုင်ယုယု သူမ၏ မျက်လုံးများကို မှိတ်ကာသက်ပြင်း ရှည်ကြီး ချလိုက်တယ်။ ခုနက ပြောခဲ့တာတွေကို ပြန်ပြီး တွေး မိတဲ့အခါ သူမ တော်တော် အနေခက်နေပုံပါ။
ဘိုင်ယုယု က တော့ မေ့ပစ်ဖို့ ကြိုးစားနေပေမဲ့ စုမေး ယို ကတော့ ဒီလို မဟုတ်ချေ။ သူမဟာ ရှက်ရွံ့ပေမဲ့ ချန်ရှန်ဘေးလာကာ သူ၏ လက်မောင်းကို ဆွဲဆိတ်လိုက် ပါတယ်။ ဒါပေမဲ့ သူမ အားမသုံးလိုက်ပါ။ ချန်ရှန် ဖြစ်နေတာကြောင့် ပါပဲ။
“ငါ့စိတ်တွေကို မင်းအတွက် ဖြုန်းနေမိတာပဲ။ မင်းက အိပ်ချင်ယောင်ဆောင်ပြီး ငါနဲ့ ငါ့အမကို တမင်သက်သက် ကစားနေတာ”
စုမေးယို စိတ်တိုစွာ ပြောလိုက်တယ်။ ဒါဟာ သူမ၏ ဒေါသတကြီး အမူအယာအား ချန်ရှန် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပါ။ ဒီလိုပုံစံလေးကပင် တမျိုးလေး ချစ်စရာ ကောင်းသည်ဟု သူစိတ်ထဲ မှတ်ယူလိုက်တယ်။
“အမတော် မေးယို ၊ အမတော်က စိတ်တိုတဲ့အချိန် မှာတောင် တကယ်ကို ချစ်ဖို့ ကောင်းတာပဲ”
ချန်ရှန် ဘာတွေ မှားနေလဲ မသိပေမဲ့ စိတ်ထဲ ရှိတဲ့ အတိုင်း အမှန် ပြောလိုက်တယ်။ ဒါကပင် စုမေးယို အား ပိုမိုဒေါသထွက်သွားစေတယ်။
ချန်ရှန် ခေါင်းကုတ်လိုက်ပြီး ပြုံးကာ -
“အမတော်တို့ ၊ ကျွန်တော့ ကိုယ်ရဲ့ ဘယ်နေရာက ကြည့်ကောင်းလဲဗျ ၊ အမတော်တို့ ဘယ်နခါ ကြည့်ဖူးလဲ”
ဘိုင်ယုယု အဖြေမပေးပေ။ သူမ၏ မျက်လုံးများဟာ မှိတ်လျက်ပင် မကြားချင်ယောင် ဆောင်နေပါတယ်။ စုမေးယို ဟာလည်း ဆွံ့အလျက် ရှိနေပါတယ်။ သူမတို့ ဟာ အမှန် တိုင်း ပြောရန် ဝန်လေးလျက်ရှိပြီး သူတို့ဟာ တကယ်ပဲ ခိုးကြည့်ခဲ့ကြလို့ ဖြစ်ပါတယ်။
“နောက် ထပ် မပြောနဲ့တော့”
ဘိုင်ယုယု အေးစက်စွာ အမိန့်ပေးလိုက်တယ်။ သူမ ဟာ တကယ်ကို ဂရုမစိုက်ပေမဲ့ ချန်ရှန် ဒီအကြောင်း အရာများ ပြောတာကို ရပ်တန့်ရန် ဟောက်လိုက်ခြင်း ဖြစ် ပါတယ်။
စုမေးယို လည်း စိတ်လျော့ကာဖြင့် စကားလမ်းလွှဲ လိုက်ပါတယ်။
“မင်းရဲ့ ဆေးလုပ်တဲ့ အကြောင်းပြောပါဦး။ မင်းရဲ့ နတ်အတွင်းအား အာရုံတွေ ဘယ်လို ရသွားတာလဲ”
ဒါကို ပြောလိုက်တဲ့ အခါ ချန်ရှန် လည်း ပဟေဠိ ဖြစ် နေသဖြင့် သူကြုံခဲ့ရတာကို လျင်မြန်စွာ ပြောပြလိုက် ပါတယ်။
“မင်းတကယ်ပဲ ကလေးလေး တစ်ယောက်ကို တွေ့ခဲ့ တာလား”
ဘိုင်ယုယု အလျင်စလို မေးကာ ချန်ရှန် ဘေးနားသို့ ရောက်လာပါတယ်။
ချန်ရှန်လည်း ခေါင်းညိမ့်လိုက်တဲ့ အခါ စုမေးယို မှ ဘိုင်ယုယု ထံ တုန်လှုပ်ဟန် ဖြင့် ကြည့်လိုက်တယ်။
“အေးဆေးနေ ၊ မလှုပ်နဲ့။ မင်းရဲ့ အခြေအနေကို ကြည့်မလို့”
ဘိုင်ယုယု သူမ၏ လက်နှစ်ဖက်အား ထုတ်ကာ ချန် ရှန် ၏ ပါးအား ထိလိုက်တယ်။
ချန်ရှန် မျက်နှာတွင် အေးစက်ညင်သာသော လက် ၏ အထိအတွေ့ကို ခံစားလိုက်မိတဲ့ အတွက် အော်လိုက် မိတယ်။
“အေးနေတာပဲ ၊ အမတော်ယုယု ၊ အမတော် ကျွန်တော့ မျက်နာကို ထိတာ တော်တော် နေလို့ကောင်း တယ်”
“မဟုတ်တာတွေ ပြောမနေနဲ့”
ဘိုင်ယုယု အေးစက်သော လေသံဖြင့် တီးတိုးပြော လိုက်ပါတော့တယ် . . .။
Chapter – 129
#စစ်မှန်သောသိုင်းပညာနယ်ပယ်
အလှပဂေး ၂ ယောက်တို့ဟာ ချန်ရှန် သူမတို့၏ ကိုယ် သင်းရနံ့ များအား ခိုးရှူရှိုက်နေသည်ကို သိရှိကြတယ်။ ချန်ရှန် ဟာလည်း ဘိုင်ယုယု ၏ လှပသောလက်လေးများ မှ အေးစက်စက် အရသာကို ခံစားနေရတယ်။ ဒီလို ခံစား မှုမျိုး ကြာကြာ ခံစားရပါစေဟုပင် ချန်ရှန် ဆုတောင်းနေမိ ပါတယ်။
ခဏကြာတဲ့ အခါမှာတော့ ဘိုင်ယုယု ပါးစပ် အ ဟောင်းသား ဖြစ်ကာ လက်များကို ပြန်ရုပ်လိုက်တယ်။ စု မေးယို အား ခေါင်းညိမ့်ပြကာ -
“ဒါအမှန် ပဲ ၊ ငါ ကလေးလေး ကို မြင်ခဲ့တယ်”
စုမေးယို အံ့သြသော အပြုံးတစ်ခု ပြုံးသွားတာကို မြင် လိုက်ရတယ်။ ထို့နောက် သူမသည်လည်း ချန်ရှန် ၏ ပါး ကို ကိုင်ကာ သူမ၏ မျက်လုံးများကို မှိတ်လိုက်ပါတယ်။
ချန်ရှန် စုမေးယို၏ ချစ်စရာကောင်းလှသော မျက်နာ လေးအား ကြည့်နေမိတယ်။ ဒါတင်မက လှပသော ဖွံ့ဖြိုး လှသော လျိုမြောင်လေး ကို လည်း မြင်နေရတဲ့အခါ ချန် ရှန် ဖွဖွလေး ကိုက်ပစ်ချင်စိတ်ပင် ပေါက်လာပါတော့တယ်။
“အဲဒိတော့ ၊ အဲဒိကလေးက ဘာလဲ”
ချန်ရှန် မသေချာသလို မေးလိုက်တယ်။
စုမေးယို ပျော်ရွှင်ဟန်ဖြင့် ရယ်မောကာ -
“ဒါဟာ မင်း ပဲ ဒါပေမဲ့ ကလေးလေးပေါ့။ တချိန် တည်းမှာပင် ဒါဟာ မင်းရဲ့ နတ်အတွင်းအား အာရုံအခြေ အနေ ပဲ။ မင်းရဲ့ ဝိဉာဉ်လို့လည်း ပြောလို့ရတယ်။ ဒါကို စိတ်လို့ ပြောလို့ရပေမဲ့လည်း မင်းရဲ့ နတ်အတွင်းအား အာရုံ နဲ့ မင်းရဲ့ ဝိဉာဉ် ပေါင်းစပ်မှုပုံစံပါပဲ”
“အဲဒါက စွမ်းအားကြီးလား”
ချန်ရှန် စုမေးယို ပျော်ရွှင်စွာ ရယ်မောနေပုံကို ထောက် ရှုခြင်းဖြင့် သာမန်တော့ မဟုတ်ဘူးဟု ထင်မိတယ်။
“အလွန်ပဲ စွမ်းအားကြီးတာပေါ့။ မင်းဟာ ရှင်တို ရဲ့ ပထမ အဆင့်ကို ရောက်နေပြီလို့ ပြောလို့ရတယ်”
ဘိုင်ယုယု ခေါင်းညိမ့်ကာ ပြပါတယ်။
“မင်းငါ့ကို ကတိပေးခဲ့တာတွေ အလကား မဖြစ်ဘူးလို့ တော့ မျှော်လင့်ပါတယ်”
*******စကားချပ်******
ရှင်တို ဆိုသည်မှာ ဝိဉာဉ်တော် နည်းလမ်း ဟု အဓိပ္ပာယ် ရပါသည်။ စိတ်ဝိဉာဉ် ကို လေ့ကျင့်ခြင်း နည်း တစ်မျိုးပါပင်။ ဂျပန် လူမျိုးတို့ ရိုးရာ အသုံးဖြစ်ပြီး အကျယ် ကို Wikipedia မှာ လေ့လာကြည့်နိုင်ပါတယ်။
ရှင် တို တဲ့လား . . .။
ချန်ရှန် စိတ်ရှုပ်ထွေးသွားတယ်။ ဒါပေမဲ့ ဘိုင်ယုယု ၏ မျက်လုံးများ မှ နွေးထွေးသော အရိပ်အယောင် ကို မြင်ရ သည့် အတွက် သူမ၏ အသိအမှတ်ပြုမှုတော့ ရရှိလိုက်ပြီ ဖြစ်ကြောင်း ချန်ရှန် သိလိုက်ပါတယ်။ ဒီအချက်ဟာ ချန်ရှန် ကို တော်တော် စိတ်လှုပ်ရှားသွားစေမိတယ်။ စုမေးယို ပြောခဲ့သလိုပင် သူဟာ ဘိုင်ယုယု ကို အနည်း ငယ် ပိုမိုနှစ်သက်သလိုပါပဲ။ ဘာကြောင့်လဲဆိုတာတော့ မသိပေမဲ့ ဘိုင်ယုယု နဲ့ ပတ်သတ်ပြီး သူဒီလိုအမြဲ ခံစား နေရတယ်။ ဒီလှပတဲ့ ရေခဲ မိန်းမပျိုဟာ သူမကို ချစ်ခင် လာစေအောင်ပင် စွမ်းဆောင်နိုင်သည်လား မသိနိုင်ပါချေ။
“ရှင်တို ဆိုတာ စိတ်ဝိဉာဉ်တော်ကို တာအိုနယ်ပယ် ထဲ ဝင်တာပဲ။ မင်းရဲ့ နတ်အတွင်းအား အာရုံတွေကို လေ့ ကျင့် တာပေါ့။ ဒါဟာ သိုင်းပညာနဲ့ ကွဲပြားခြားနားတယ်။ သိုင်းပညာစွမ်းအင် ဆိုတာကတော့ မင်းကိုယ်ရဲ့ အားအင် ကို အဓိက ထုတ်လွှတ်တာပဲ။ ရှင်တိုကတော့ မင်းရဲ့ စိတ် ဝိဉာဉ်စွမ်းအားကို ထုတ်တာ။ မင်းလေ့ကျင့်တာ အဆင့် တစ်ခု ရောက်ရင် မင်းရဲ့ စိတ်ဝိဉာဉ် ( လိပ်ပြာ ) ဟာ မင်း ကိုယ်ကို စွန့်ပြီး တခြား ကမ္ဘာတွေကိုတောင် သွားနိုင်တယ် ၊ ၎င်းကို မမြင်နိုင်ဘူး ၊ ဒါပေမဲ့ ဒါဟာ သိုင်းပညာရှင်တိုင်း မက်တဲ့ အိပ်မက်ပဲ”
ဘိုင်ယုယု ခပ်ပါးပါး ပြုံးပြီး ပြောလိုက်တယ်။ ဒါဟာ အဘယ်ကြောင့်ဆိုသော် သူမလေ့ကျင့်သော ရက်စက်တဲ့ နတ်မိစ္ဆာ စွမ်းရည်ဟာ နောက်ပိုင်း မပျောက်ကွယ်ရင် သူမဟာ အလွန်ကို အစွမ်းထက်တဲ့ လူတစ်ယောက် ဖြစ် လာမှာကြောင့်ပါပဲ။
“မင်း စဉ်းစားကြည့်စမ်း ၊ မင်းက တော့ အိမ်မှာရှိနေ မယ်။ မင်းရဲ့ စိတ်ဝိဉာဉ်ကတော့ ကောင်းကင် နဲ့ မြေကြီး အကြား လျှောက်သွားပြီး မြေလျိုးမိုးပျံနေမယ်။ ထိုအရာ ကလည်း မင်းအားနဲ့ အတူတူပဲ။ ဘယ်လောက် စွမ်းတယ် ဆိုတာ တွေးမိရဲ့လား။ နောက်ပြီး ကမ္ဘာကြီးရဲ့ ဝိဉာဉ် တော် ချီဓာတ်တွေကို အသုံးပြုပြီး မင်းရဲ့ ပုံစံကိုတော့ ပုံဖော်လို့ လိုတယ်”
စုမေးယို ဟာ စိတ်လှှုပ်ရှားဟန် ဖြင့် ရှင်းပြပါတယ်။ သူမဟာ ဒီလို အခြေအနေကို အရမ်းတောင့်တာနေတာ လည်း ဖြစ်ပါတယ်။
“မသေနိုင် ပြီး ဖျက်ဆီးလို့ မရနိုင်မှာပဲ”
ချန်ရှန် တုန်လှုပ်လျက် တီးတိုး ရေရွတ်မိပါတယ်။
“မှန်တယ်။ ရှင်တို အဆင့်ကို ဝင်ရောက်ဖို့ မင်းဟာ အလွန် ရှားပါးပြီး သင့်တော်လှတဲ့ အခြေအနေကို လိုအပ်တယ်။ ဒီကလေးဟာ မင်းရဲ့ စိတ်ဝိဉာဉ်တော် အသစ် မွေးဖွားခြင်းပဲ။ ဒီကလေး အရွယ်ရောက်လာတာနဲ့ မင်းနဲ့ ပုံစံတူလာမှာပဲဖြစ်တယ်”
ဘိုင်ယုယု ပြောပြပါတယ်။
“အနာဂတ်မှာ မင်းဟာ နတ်အတွင်းအား အာရုံတွေကို လွယ်ကူစွာ ပြုလုပ်နိုင်မယ်။ ဘယ်လိုအထူးပြုလုပ်ရမယ် ဆိုတာတွေတော့ ငါတို့လည်း သိပ်မသိဘူး။ လူအများကြီး လည်း သိလောက်မယ် မထင်ဘူး။ ဘာလို့လဲဆိုတော့ အနည်းးငယ်မျှသော လူတွေသာ ဒါကို လုပ်နိုင်တာမို့ပဲ”
စုမေးယိုက တခုခု နောင်တရနေဟန်ဖြင့် ပြောပါတယ်
ချန်ရှန် ရဲ့ ပုံစံဟာ ပျော်နေပုံပါ။ တည်ဆောက်ရေး ဆေးအား အောင်မြင်သွားရုံမက သူ၏ နတ်အတွင်းအား အာရုံ၏ အဆင့်ဟာလည်း ခုန်တက်ခဲ့ပါပြီ။ ရှင်တို ဆိုတဲ့ အဆင့်ကိုပါ ဝင်ရောက်နိုင်ခဲ့တာပါ။ အထူးပျော်တဲ့ အချက်ကတော့ ရေခဲမိန်းမပျို ဘိုင်ယုယု ၏ မျက်နာသာ ပေးမှုကို ရလိုက်တာပါပဲ။
“ဒါတွေအားလုံးဟာ အမတော်တို့ရဲ့ အားပေးမှုတွေ ကြောင့်ပါ။ ပထမပိုင်း ကျွန်တော့ကို အရှုံးပေးလိုက်ဖို့ အတွက် ပြောပေမဲ့ အမတော်တို့ရင်ထဲမှာတော့ ကျွန်တော့ကို အောင်မြင်စေချင်ကြမယ် ဆိုတာ သိပါတယ် ၊ ကျွန်တော် ကလည်း အမတော်တို့ကို ထပ်မံ စိတ်မပျက် စေလိုတာကြောင့် ရှိသမျှ အစွမ်း အကုန်ထုတ်ရတာပဲ”
ချန်ရှန် ပြုံးနေတယ်။ ဒီအပြုံးဟာ လှောင်ပြုံးမဟုတ် တာတော့ သေချာပါတယ်။
“မင်းဆေးပညာအစွမ်းကို မြန်မြန် အသုံးချပြီး စစ်မှန် သော သိုင်းပညာနယ်ပယ်ကို ဝင်အောင်လုပ်”
ဘိုင်ယုယု လည်းပြန်ပြောလိုက်ပါတောတယ်။ စုမေး ယိုလည်း ဘိုင်ယုယု ဘေးသွားကာ ခါးကို ဖက်လိုက်တယ်။ သူမမျက်နှာတွင် စိုးရိမ်မှုများ ပေါ်နေသလိုပါပင်။
ချန်ရှန် မှာ ယခု ဆေးပင် ၇ စုံစာကျန်နေပါသေးတယ်။ သူလည်း ယခု သက်သာနေပြီ ဖြစ်တဲ့အတွက် ဆေး လုပ်ဖို့ ပြင်ဆင်ပါတယ်။ အချိန်တမိနစ်မျှတောင် မဖြုန်းချင် တော့ပေ။
၃ ရက်ကြာပြီးနောက် မှာတော့ ချန်ရှန် ဟာ တည် ဆောက်ရေးဆေး ၄ လုံး ပြုလုပ်နိုင်ခဲ့ပါတယ်။ သူဟာ သုံး ကြိမ် ကျရှုံးခဲ့ပေမဲ့ ဒီရလဒ်ကိုပဲ ကျေနပ်မိတယ်။
ချန်ရှန် တည်ဆောက်ရေးဆေး ၅ လုံးကိုကြည့်ရင်း သက်ပြင်း ချမိတယ်။ ဒီဆေးတစ်လုံးဟာ သလင်းကျောက် ၁၀၀၀၀ တန်ပါတယ်။ ဒါခန့်မှန်ခြေသာ ရှိပါသေးတယ်။ မူလက သူဟာ ဒီဆေးကို ရဖို့ ဆေးပညာရှင်တစ်ယောက် ကို အကူအညီ တောင်းဖို့ နည်းလမ်းသာ ရှိခဲ့တာပါ။
ချန်ရှန် ဆေးကို သောက်လိုက်ပြီး စတင်လေ့ကျင့်ပါ တယ်။ ချီဓာတ်များဟာ သူ၏ စွမ်းအင်သိုလှောင်ရာ အတွင်း မှာ ဒြပ်စင် အစေ့လေးများ အဖြစ် ဖိနှိပ်ခြင်း ခံ ကြရပါတယ်။
သူဒီမှာ ပုန်းခိုနေတာဟာ ၈ လ ရှိနေပြီ ဖြစ်ပြီး သူ ဒါကို သတိမထားမိခဲ့ပါ။ ဒါဟာ ရှောင်တိမ်းမှုအတွက် လုံလောက်ပြီ ဖြစ်ပြီး ဂိုဏ်းမှလည်း သူ၏ သတင်းကို မစုံ စမ်း နိုင်ခဲ့သေးပါ။
လူများစွာ ထင်ထားတာကတော့ ချန်ရှန် ဟာ ဒဏ်ရာ အပြင်းအထန် ရပြီး နောက် သူ့ကိုယ်သူ ပြန်လည် မကုစား နိုင်တော့ပဲ တောနက်ထဲ သေကာ သားရဲများ စားခြင်း ခံ လိုက်ရပြီ ဟု ထင်နေကြတာပါ။
ချန်ရှန် ဟာ တောင်အတွင်းမှာ ပုန်းအောင်းကာ ကျင့်ကြံနေခဲ့တာဖြစ်ပြီး သူ၏ ဆေး ၅ လုံးကိုလည်း စားပစ် လိုက်ပြီး ဖြစ်ပါတယ်။ တည်ဆောက်ရေးဆေးထဲတွင် ပါသည့် ချီဓာတ်များမှာ သူခန့်မှန်းထားသည်ထက် များစွာ ပိုပြီး အစွမ်းထက်လှပါတယ်။
ညအချိန် မှာတော့ နှင်းများဟာ ကျလျက်ရှိပြီး တောင် တစ်ခုလုံးဟာ နှင်းများဖြင့် ဖုံးလွှမ်းလျက် ရှိပါတယ်။ ငွေ ရောင် လမင်းကြီးဟာလည်း ကောင်းကင်ယံတွင် ထိန်ထိန် သာလျက် နှင်းစက်များ ပေါ် ပက်ဖြန်းလျက်ပါ။ လေအေး များကို ဖြတ်ပြီး အမည်ရောင် ကိုယ်ကျပ်ဝတ်စုံ ဝတ်ထား သော လူတစ်ယောက်ဟာ ထွက်ပေါ်လာတယ်။ သစ်ရွက် များ အပင်များကို ဖြတ်ကာ ဖြင့် ၎င်း ၏ အမြန်နှုန်းမှာ အံ့ မခန်းပါပင်။ နှင်းစက်များပေါ်တွင် ခြေရာတောင်ထင်ကျန် ခဲ့ခြင်း မရှိပါဘူး။
ဒီအချိန်မှာ ချန်ရှန်ဟာ ပျော်ရွှင်စွာ တရှိန်ထိုး ပြေးနေ တာ ဖြစ်ပြီး စိတ်လှုပ်ရှားမှုများဟာလည်း ဖော်မပြတတ် နိုင် လောက်အောင်ပင်။ သူဟာ တောင်ကြားထဲမှာ အကြာ ကြီး နေထိုင်ရင်း ပျောက်ကွယ်နေခဲ့တာဖြစ်တယ်။ အခု သူ ဟာ စစ်မှန်သော သိုင်းပညာ နယ်ပယ် ကို ရောက်ရှိသွား ပြီ ဖြစ်ကာ အသက်အငယ်ဆုံး သိုင်းပညာရှင်များထဲမှ တစ် ယောက်ပင်။ သူ၏ အော်ဟစ်သံများမှာ တစ်တောလုံးကို မြည်ဟည်းလျက် သစ်ရွက်များပင် ကြွေကျလာခဲ့ရပါတယ်။
ချန်ရှန် ၏ စွမ်းအင် သိုလှောင်ရာအတွင်းရှိ သားရဲ ၅ ကောင် အတွင်းတွင် ဒြပ်စင် အစေ့လေး ၇ စေ့ဟာ လင်းလက် တောက်ပနေပြီး မိုးပြာနဂါး ကတော့ အစေ့ ၃ စေ့ တောက်ပနေတာ ဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ အခြေခံ တည်ဆောက်ရေး ဆေးမှ များစွာသော ချီဓာတ် များကြောင့် ပင် ဖြစ်ပါတယ်။ စစ်မှန် သော သိုင်းပညာ နယ် ပယ် ဒုတိယ အဆင့် လို့ သူကိုယ်သူ ခန့်မှန်းမိသော်လည်း ပထမ အဆင့် လိုပါပင်။ သူ၏ အားဟာ အဆင့်တူများ ကြားတွင် အမြဲသာလျက် ရှိလို့ပါပဲ။
ချန်ရှန် လျင်မြန်စွာပင် ထွက်လာကာ ရနံ့ မြို့တော်သို့ ဦးတည်လိုက်တယ်။ အဖြူရောင် ကျောက်စိမ်းဆေး နှင့် ဒြပ်စင် ဆေးများ ပြုလုပ်ရန် ဆေးပင်များ ဝယ်ချင်သော ကြောင့်ပါ။ ဒါတွေကို ဘယ်လိုအောင်မြင်အောင် လုပ်ရ မည်ကို သိပြီးနောက် ဂိုဏ်းသို့ မပြန်ခင် အဆင့် ၄ လက်မှတ် ကို ရချင်သေးပါတယ်။
လမ်းတစ်လျှောက်တွင် ချန်ရှန် ဟာ ချီဓာတ်ဆေးများ အား လေထဲ မြောက်ကာ ပါးစပ်ဖြင့် ဖမ်းနေတယ်။ သူ့မျက် လုံး ထဲ မှာတော့ ဒီဆေးဟာ အပျင်းပြေ ဝါးနေရုံသာပင်။
“စစ်မှန်သော သိုင်းပညာနယ်ပယ် ရဲ့ စွမ်းအား ဟာ အဆင့်တွေ နဲ့ မတူဘူးပဲ ၊ ငါအခု တောင်တစ်လုံးလုံး ကို တောင် အမှုန့်ခြေပစ်နိုင်လိမ့်မယ် လို့ ထင်နေတယ်”
ချန်ရှန် စိတ်လှုပ်ရှား စွာ ပြောလိုက်တယ်။ သူ၏ ပါးစပ် ကို ဟ ကာ ချီဓာတ်ဆေးအား မြောက် ပစ်လိုက်ပါလေ တော့တယ်။
ရုတ်တရက်ပဲ အဖြူရောင် အလင်းတစ်ချက် လက်ကာ သွားပြီး လေထဲမှ ဆေး သူ့ဆီ မရောက် မီ ဖြတ်ယူသွားပါ တယ်။
“မျိုးမစစ် ၊ မင်းက တကယ်ပဲ ငါ့ဆီက နေ လုရဲတယ် ပေါ့”
ချန်ရှန် ဟာ လက်ရှိ သူ၏ အားကို မစမ်းသပ်ရသေးပါ ၊ တည်တည်ငြိမ်ငြိမ် ဖြင့် ပင် ရှိနေပြီး ယခု သူ့ကို လာရောက် စော်ကားသောကြောင့် စမ်းသပ်ဖို့ အခွင့်အ လမ်း ပေါ်ပြီပဲ ဖြစ်ပါတယ်။
ချန်ရှန် သူ၏ နတ်အတွင်းအား အာရုံများကို ထုတ်လိုက်ပြီး မကြာခင်မှာပဲ တစ်စုံတစ်ခုဟာ အရှေ့တည့် တည့် ပျံသန်းနေတယ် ဆိုတာ သိသွားတယ်။ လျင်မြန်စွာ ပဲ အတောင်ပံများကို ထုတ်ကာ လိုက်တဲ့ အခါ မှီလာ ပါ တော့တယ်။ သူသာ သာမန် လမ်းလျှောက်လိုက်မည် ဆို ပါက မမှီနိင်သောကြောင့် တောင်ပံသုံးခြင်းပါ။
“ဘာကောင်ကြီးလဲဟ ၊ မြန်လိုက်တာ”
ချန်ရှန် နည်းနည်း အံ့သြသွားတယ်။ သူဟာ ယခု စစ် မှန်သော ပညာရှင် တစ်ယောက် ဖြစ်နေပြီး ဒါတောင်မှ ယခု ထိုအရာဟာ သူ့ထက် မြန်နေပါတယ်။ ၎င်းကို ဖမ်းမိ ဖို့ရာ အလွန်ကို ခက်ခဲပါပေတယ်။
မကြာခင်မှာပဲ တောအောက်ခြေမှ ရှဉ့်အဖြူ တစ်ကောင် ဟာ သစ်ပင်ကို ခုန်ကူးတာ တွေ့လိုက်ရ ပါ တယ်။ အမြန်နှုန်းကတော့ ကြောက်မခန်း လိလိပါပင်။
ထိုအကောင်ဟာ လျင်မြန်လှသော သားရဲ ပါပင်။
“ဒါသာမန် သားရဲတော့ မဟုတ်ဘူး။ အရမ်းမြန်လွန်လှ တယ်”
စုမေးယို ရေရွတ် လိုက်ပါတော့တယ် . . .။
Chapter – 130
#အဖြူရောင်နဂါး
ချန်ရှန် လျင်မြန်စွာပင် ဆင်းလာပြီး သူ၏ နဂါးအငွေ့ များကို ထုတ်လိုက်ပါတယ်။ အဘယ်ကြောင့်ဆိုသော် သားရဲ အများစုဟာ နဂါးကို ကြောက်ကြသောကြောင့်ပါ။ သားရဲ ဖြစ်တဲ့ အဖြူရောင် ရှဉ့်ဟာ စိတ်ထွေပြားသွားပုံ ရကာ သစ်ပင်ကြီးတစ်ပင်အား ဝင်တိုက်သွားပါတော့တယ်
ချန်ရှန် လည်း ပုံဆောင်ခဲ တစ်ခုအား ပြုလုပ်ကာ ရှဉ့် အား ပစ်ရန် ရွယ်လိုက်တယ်။ ရုတ်တရက်ပဲ အဖြူရောင် အလင်းတန်းများ စုသွားတာ မြင်လိုက်ရတယ်။ ထို အလင်း များဟာ ခဏကြာမှာတော့ ပျောက်ကွယ်သွားပြီး အသားဖြူဖြူ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ကောင်မလေး အသွင် ပေါ်လာပါတယ်။ ချန်ရှန် တော်တော် အံ့သြသွားပါတယ်။ ကောင်မလေးဟာ သူ၏ ခေါင်းလေးကို ကိုင်ကာ ပါးစပ်ပိတ်လျက် မျက်လုံးများမှလဲ မျက်ရည်များ ကျနေတာကို သနားစဖွယ် မြင်တွေ့လိုက်ရ ပါတယ်။
ရှဉ့်လေးမှ ၇ နှစ် ၈ နှစ် အရွယ် မိန်းကလေး တစ်ဦး အသွင် ပြောင်းသွားတာကို ကြည့်ရင်း ချန်ရှန် ပြန်ဆုတ် လိုက်ပါတယ်။ သားရဲများဟာ ပုံစံပြောင်းနိုင်တယ်လို့ ကြား ဖူးသော်လည်း အရမ်းကြီးမားကာ စွမ်းအားရှိသောပုံများ သို့သာ ဖြစ်ပါတယ်။
“မင်းဘာလို့ ငါ့ဆေးကို ခိုးတာလဲ”
ချန်ရှန် အေးစက်စက် မေးလိုက်တယ်။ သူမကို မုန်းနေသော်လည်း အရမ်းချစ်စဖွယ် ကောင်းနေသဖြင့် ချန်ရှန် ဟာ အေးစက်စက်ဖြင့်သာ ကြည့်နေမိတယ်။
“ကျွန်မ ဗိုက်ဆာတယ် ၊ ခင်ဗျား က ကျွန်မစိတ်ကို ထွေပြား သွား အောင် လုပ်လိုက်တာကို ၊ ခုတော့ ခေါင်းနာသွားပြီ။ ခင်ဗျား ကို မုန်းတယ်”
ကောင်မလေးဟာ ပြောနေရင်း မျက်ရည်များကျလာ ပါတယ်။ နှုတ်ခမ်းများကို ကိုက်ကာ ချန်ရှန် ကို စိုက်ကြည့် နေပါတယ်။
ချန်ရှန် ရုတ်တရက်ပဲ ကောင်မလေး၏ ခေါင်းပေါ်မှ အရာသေးသေး လေး ၂ ခုကို ဖြတ်ခနဲ မြင်လိုက်တယ်။ ၎င်း ဟာ သမင်ချိုပုံစံမျိုးပါပဲ။
သမင်ချို . . . ၊ မဖြစ်နိုင်ဘူး ၊ နဂါးချိုများလား . . .
ချန်ရှန် ဒီအရာ ၂ ခုနဲ့ ပတ်သတ်ပြီး တခုခုကို လျင်မြန် စွာ သတိရသွားတယ်။ လွန်ခဲ့သော ၈ လ ခန့်က ဖြစ်ပေါ်ခဲ့ သော နဂါးမွေးတဲ့ကိစ္စပါ။ ဒီမိန်းကလေးဟာ နဂါးကနေ ပုံ ပြောင်းထားခြင်းပေလော . . .။
“နဂါး . . . ၊ ဒီကလေးဟာ တကယ်ပဲ နဂါးပဲ။ ဘယ်လို နည်းနဲ့ ဖြစ်ဖြစ် ငါတို့သူ့ကို ထိန်းသိမ်းရမယ်”
စုမေးယို စိတ်လှုပ်ရှားစွာဖြင့် လျင်မြန်စွာ ပြောလိုက်ပါ တယ်။
“သူက အားကြီးတယ်။ နဂါးပေါက်လေး ဖြစ်ပေမဲ့ အားနည်းဟန် လုံးဝမရှိဘူး”
ဘိုင်ယုယု က သတိပေးပါတယ်။
ရုတ်တရက်ပဲ ချန်ရှန် တွေသွားတယ်။ သူတကယ်ပဲ ဒီ လို နဂါးလေးနဲ့ ဆုံတွေ့ရလိ့မ်မယ်လို့ မမျှော်လင့်မိခဲ့ပေ။ စိတ်ကို လျော့ချကာ ဖြင့် ချီဓာတ်ဆေး အနည်းငယ်အား ထုတ်ပြီး ကောင်မလေးထံ ပေးလိုက်ပါတယ်။ ပြုံးကာဖြင့် ကောင်မလေးအား -
“ကောင်မလေး ၊ ငါတောင်းပန်တယ်။ မင်းဗိုက်ဆာ တယ်လို့ ပြောရင် မင်းကို ပေးမှာပေါ့။ ငါက မင်းကို သူခိုး ထင်လို့”
ကောင်မလေးလည်း ချန်ရှန် လက်ထဲ မှ ချီဓာတ်ဆေး ၅ လုံးကို ကြည့်နေတယ်။ သူမ၏ မျက်ရည်များဟာ ထပ်မ ကျတော့ပေ။ သူမ၏ လက်များကို ထုတ်ကာဖြင့် ချန်ရှန် ဆီ မှ ဆေးများကို လျင်မြန်စွာ ယူလိုက်ပါတယ်။ အမြန် နှုန်းကို ကြည့်ရင်း ချန်ရှန် မျက်လုံးပြူးသွားပါတယ်။
“ငါ့ကို အခု ခွင့်လွှတ် ပြီလား”
ချန်ရှန် ထိုင်ချကာ ချစ်စဖွယ် ကောင်မလေးကို ကြည့် ပြီး မေးလိုက်တယ်။
ကောင်မလေး ဆေးများကို စားပြီးတဲ့ အခါမှာတော့ ချန်ရှန် ကို ပြုံးကာဖြင့် -
“နောက်ဆယ်လုံးလောက်ပေးမယ် ဆိုရင်တော့ ခွင့် လွှတ်ပါ့မယ်လေ”
ချန်ရှန် ဒီလို ငယ်ငယ်လေးက ဒီလောက်သွက်လိမ့် မယ်လို့ မထင်မိပါ။ ဒါတောင် နဂါးမွေးကာစ အဆင့်ပဲ ရှိ ပါသေးတယ်။ အရွယ်သာ ရောက်လာပါက ဘယ်လိုများ တောင် ဉာဏ်ကြီးလိမ့်မလဲဟု မတွေးနိုင်တော့ပါ။
ချန်ရှန်မှာ ချီဓာတ်ဆေးဟာ များစွာ ရှိပါတယ်။ သူ အလုံး ၂၀ လောက်ထုတ်ပေးလိုက်တယ်။ ကောင်မလေး ဟာလည်း အကုန်စားပစ်လိုက်ပါတယ်။ ဒီအချိန် ကောင် မလေးဟာ ချန်ရှန် ကို မအောင့်နိုင်တော့တဲ့ ပုံစံဖြင့် ကြည့်နေပါသေးတယ်။ ချစ်စဖွယ် ကောင်းလှပြီး သနား စဖွယ် ပုံစံလေးကြောင့် စုမေးယို ထွက်ပြီး ဖက်ပစ်ချင်စိတ် ကို မနည်းအောင့်ထားရပါတယ်။
ချန်ရှန် ဟာ ယခုအခါ ကလေးလေးအား သကြားလုံး ကျွေးနေရသလိုပါပဲ။ ထို့နောက် နောက်ထပ် ၁၀ လုံးခန့် ထုတ်ကာ မေးလိုက်တယ်။
“ကောင်မလေး ၊ မင်းက ဘယ်လိုပုံပြောင်း . . .”
“ကျွန်မ နာမည် လောင် ၊ ကျွန်မကို ကောင်မလေး လို့ မခေါ်နဲ့”
(လောင် ဆိုသည်မှာ - နဂါး ဟု အဓိပ္ပာယ် ရပါတယ်)
“လောင် ၊ ဘာလို့ မင်း ရှဉ့်ပုံပြောင်းရတာလဲ”
ချန် ရှန် မေးလိုက်တယ်။
ကောင်မလေးက စပ်ဖြဲဖြဲဖြင့် -
“ခုနက ပဲ လောင် လို့ ခေါ်သေးတယ်။ ဒီ အကိုကြီး က တော် တော် တုံးတာပဲ။ ခင်ဗျား တုံးလှတာကြောင့် ကျွန်မ ကပဲ ပြောပြမယ်။ ကျွန်မ က နဂါးပဲ ဘယ်သားရဲကို မဆို မြင်တာနဲ့ လိုက်ပြောင်းနိုင်တယ် ၊ ဘယ်လိုလဲ စွမ်းတယ် မလား”
ချန်ရှန် ပါးစပ် အဟောင်းသား ဖြစ်သွားတယ်။ ကောင် မလေးဟာ နဂါး ဖြစ်ကြောင်း ရိပ်မိပေမဲ့ ဒီလို မြင့်မားတဲ့ အစွမ်းမျိုး မရှိနိုင်ဘူးလို့ ထင်ခဲ့တာပါ။ သူမကိုယ် သူမလည်း ဒီလို ထုတ်မပြောမိဘူး ထင်မိတာပါ။
“ဟူးးးး ၊ ခင်ဗျား ကို ကျွန်မ က နဂါးလို့ ပြောဝံ့လိမ့်မယ် လို့ မစဉ်းစားမိဘူးမလား”
ကောင်မလေး က ရယ်လျက် ပြောပါတယ်။
ချန်ရှန် အံ့သြသွားရပြန်ပါပြီ။ ခုနကပဲ သူဒီလို တွေးမိ သေးတယ် မဟုတ်ပါလော။
“အရူးပဲ။ ကျွန်မက တော်တော် ဉာဏ်ကောင်းတယ်။ ကျွန်မကို နဂါးဖြစ်ကြောင်း သိနေတယ် ဆိုတာကို ကျွန်မ သိပြီးသားပါ”
ကောင်မလေး နှင်းများကို လက်ဖြင့် ဆုပ်ကိုင်ကာ ဘောလုံးလို လုံးနေပါတယ်။ စပ်ဖြဲဖြဲ ရယ်မောကာ ချန်ရှန် အား နှင်းလုံး ဖြင့် ပစ်ပေါက်လိုက်တယ်။
နှင်းလုံးဟာ ချန်ရှန် ၏ မျက်နာကို ထိသွားပြီး ကောင် မလေး လည်း ပိုပျော်သွားပုံပါပဲ။
“ကျွန်မ နာမည် လောင်ဆုရီ ၊ အသစ်မွေးဖွားလာတဲ့ အဖြူရောင်နဂါး ပဲ”
လောင်ဆုရီ ရယ်မောကာ ပြောပါတယ်။
“ခုနတုန်းက တစ်ယောက်ယောက် ကျွန်မကို နဂါးဖြစ် ကြောင်း ကျွန်မကို ထိန်းသိမ်း သင့်ကြောင်းပြောသံကြား လိုက်တယ်။ ဟုတ်ရဲ့လား”
ချန်ရှန် တော်တော် ကြီး တုန်လှုပ်သွားတယ်။ ညီအမ ၂ ယောက်လည်းပဲ တုန်လှုပ်သွားကြပါတော့တယ်။ ဒီ နဂါးပေါက်စ ကောင်မလေးဟာ သူတို့စိတ်ထဲက ပြောနေ သံကိုပင် ကြားနိုင်နေပါရောလား။
လောင်ဆုရီ ချန်ရှန် ၏ လက်ကို စိုက်ကြည့်နေတယ်။ ကွင်းလေးဟာ မမြင်နိုင်ပေမဲ့ နဂါးလေးကတော့ မြင်နေ သလိုပါပဲ။ ချန်ရှန် သူ့ အကြောင်းကို ဒီကောင်မလေးတော့ အကုန် သိနေပြီ ဆိုတာကို သိလိုက်တယ်။
“ကောင်းပ ၊ တော်တော် အစွမ်းထက်တာပဲ။ ယင် နဲ့ ယန် နတ်အတွင်းအား သွေးကြော ၊ ရှင်တို ဝိဉာဉ်တော် နဲ့ ခင်ဗျားရဲ့ ကျင့်စဉ်တွေဟာလည်း ကျွန်မတို့ရဲ့ အစွမ်းထက် ဆုံးတွေ ဖြစ်တဲ့ နဂါးသိုင်းနဲ့ ထိုက်ကျိ နတ်နဂါးသိုင်းစွမ်း အင်တွေပဲ။ မိုးပြာနဂါးမိစ္ဆာ ဓားသွား ကိုလည်း ပိုင်ဆိုင် ထားသေးတာပဲ။ အဲဒါ ကျွန်မတို့ နဂါးမျိုးနွယ် ရဲ့ မိုးပြာ နဂါး အကူအညီ နဲ့ လုပ်ထားတာလေ”
လောင်ဆုရီ ၏ မျက်နာလေးဟာ အနည်းငယ် လန့်နေ ပုံပါ။ ဒီလို သာမန်လူတစ်ယောက်ဟာ ကောင်းကင်ဘုံ က ရတနာများကို ပိုင်ဆိုင်လိ့မ်မယ်လို့ မထင်မိပါ။
ချန်ရှန် ကြောင်နေတုန်းပါပဲ။ ကောင်မလေးကို တော် တော့ ကို အံ့သြမိနေပါပြီ။
“ခင်ဗျား က ချန်ရှန် ဆိုတာ ဖြစ်မယ်။ လူတွေ အကုန် လုံး ခင်ဗျားကို လိုက်ရှာနေကြတယ်။ တောထဲမှာ လူများ စွာ ခင်ဗျား နာမည်ကို ပြောပြောနေတာ ကြားနေရတယ်။ ခင်ဗျား ဟာ တော်တော် အစွမ်းထက်တဲ့ လူဆိုတာ သိ ပြီးသားပါ”
လောင်ဆုရီ နှုတ်ခမ်းများ ကိုက်ကာ ချန်ရှန် ကို ဗိုက် ထပ်ဆာ နေဟန်ဖြင့် ကြည့်နေပါတယ်။
ချန်ရှန် မှာတော့ အံ့သြလွန်းသဖြင့် သေနိုင်ပါတယ်။ ဒီ ကောင်မလေး မှာ သူ၏ ဖြစ်ကြောင်းကုန်စင် အား အလုံးစုံ သိမြင်နေသည် မဟုတ်ပါလော။
သက်ပြင်းတစ်ချက် ချကာဖြင့် ချီဓာတ်ဆေးများ ပါဝင် သော သေတ္တာတစ်လုံးအား ပေးလိုက်တယ်။
“ကောင်မလေး ၊ ငါဟာ လူကောင်းတစ်ယောက်တော့ မဟုတ်ပေမဲ့လည်း မင်းကို ဒီလို အရာမျိုးတွေ နေ့တိုင်း စားဖို့ ပေးနိုင်မဲ့လူကို မင်းသေချာပေါက် ရှာတွေ့မှာ မဟုတ်ဘူး”
ချန်ရှန် ပြုံးကာ ပြောလိုက်တယ်။
စိတ်ကို လျော့ချကာဖြင့် ဒီကောင်မလေး သူ့ကို ပူးပေါင်း လာလိမ့်မည် ကို စောင့်ကြည့်လျက် ရှိတယ်။
“တကယ်တော့ ကျွန်မသာ ကျွန်မရဲ့ နဂါး ပုံကို ပြောင်း လိုက် မယ် ဆိုရင် ကျွန်မအတွက် တော်တော် ဒုက္ခများ တယ်။ ခင်ဗျားမှာ ကောင်းတဲ့ အရာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျွန်မနဲ့ တိုက်ခိုက်ဖို့တော့ စိတ်ကူး မယဉ်သင့်ဘူး”
လောင်ဆုရီ သူမ၏ ခေါင်းကို တဆတ်ဆတ် ငြိမ့်ကာ ဖြင့် ချီဓာတ်ဆေးများအား ဆန်စေ့များ ဝါးစားသလို စား နေ ပါတယ်။ တော်တော် ဆာလောင် နေပုံပါပဲ။
“ငါ မင်းကို ဒါတွေ စားဖို့ ပေးနိုင်တယ်။ ငါ က မင်း နဲ့ ဘာလို့ တိုက်ရမှာလဲ။ အကူအညီ တစ်ချို့သာပေးပါ။ မင်း ဟာ ငယ်သေးပေမဲ့ ငတုံး မဟုတ်ဘူုးလို့တော့ ထင်တာ ပဲ”
ချန်ရှန် ပြောလိုက်တယ်။
လောင်ဆုရီ သူမပါးစပ်ထဲသို့ ဆေးများ ထိုးသိပ်ထည့် နေတယ်။ ဝါးစားနေရင်း ချန်ရှန် ကို ကြည့်နေပုံမှာ အသည်းယား စရာပင်။ သူမ၏ ပါးလေးများအား ထိချင် စိတ်အား မနည်းထိန်းထားရပါတယ်။
“ခင်ဗျား ဘယ်လို ရှင်တို ဝိဉာဉ်တော်ကို လေ့ကျင့်လဲ မသိပေမဲ့ နည်းလမ်းကို ရှင်သေချာမသိဘူး ဆိုတာတော့ သေချာတယ်။ ဒါပေမဲ့ ကျွန်မက သိတယ် ၊ ခင်ဗျား သိသင့်တာက ကျွန်မတို့ နဂါးတွေဟာ အစထဲက ဘာမှ မလေ့ကျင့်ခဲ့ဘူး။ ရှင်တိုဝိဉာဉ်တော် ကိုသာ လေ့ ကျင့်ပြီး ကျွန်မတို့ ကိုယ်တွေ ပေါ်လာတဲ့အထိပဲ။ နောက်ပြီး ကျမှ ကျွန်မတို့ ဥခွံတွေ ထဲ က ထွက်လာကြတာပေါ့”
လောင်ဆုရီ ချစ်စဖွယ် ပြောဆိုနေတာပဲ ဖြစ်ပါတော့ တယ် . . .။
Chapter – 131
#နဂါးမလေးအမှတ်အသား
လူတွေဟာ ရှင်တို ကို ဘယ်လိုလေ့ကျင့်ရမယ်ဆို တာ သေချာ မသိကြပေ။ စုမေးယို နဲ့ ဘိုင်ယုယု တို့ပင် သေချာ မသိကြပါ။ လမ်းညွှန်မှု မရှိပဲ ထင်သလို လေ့ကျင့်မည် ဆို ပါက အကျိုး မရှိ ဖွယ်ရာသာ ဖြစ်ပေလိ့မ်မည်။
လောင်ဆုရီ ဟာ ရှဉ့် အဖြစ် ပြောင်းလဲနိုင်တာကို သူမ အမှန် ပြောနိုင်တယ် လို့ ချန်ရှန် ယုံကြည်မိတယ်။ အဘယ် ကြောင့်ဆိုသော် ဒီလို အရာမျိုးကို မမြင်နိုင်သော စိတ်ဝိဉာဉ် ရှိမှသာ လေ့ကျင့်နိုင်မှာပါ။
“ကျွန်မ က ဒါကို ပုံစံ ၇၂ မျိုး ပြောင်းလဲခြင်းလို့ ခေါ် တယ်။ ဒါဟာ ရှင်တို ကို သုံးနိုင်တယ့်စိတ်ဝိဉာဉ်တော် ကို လေ့ကျင့်တာပဲ။။ ဒါကို ကျွန် မ ဟာ အခွံကနေ ထွက်တုန်း က သိခဲ့ရတာဖြစ်ပြီး ကျွန်မ မိဘတွေ အမွေ ပေးခဲ့ပုံပဲ။ သူတို့ဟာ ကျွန်မကို အများကြီး သင်ပေးတယ်။ အများစု ကတော့ ခေါင်းထဲမှာပေါ့”
လောင် စုရီ ချိုသာသော အသံလေးဖြင့် ပြောပါတယ်။
“မင်း နတ်နဂါး သိုင်းစွမ်းရည်ကို သိလား”
ချန်ရှန် မေးလိုက်တယ်။
“ဒါပေ့ါ ၊ ကျွန်မ လုပ်တတ်တယ်”
ကောင်မလေး က ပြန်ဖြေပါတယ်။
“ဒါဆို မင်း က ငါနဲ့ ပူးပေါင်းဖို့ သဘောတူလား”
“အန်းး ၊ ခင်ဗျားက လူကောင်းတော့ မဟုတ်ပေမဲ့ လူဆိုး တော့လည်း မဟုတ်ပါဘူး။ သဘောတူလိုက်ပါ့ မယ်လေ”
ကောင်မလေးက ပြန်ပြောတယ်။
“ကတိပြုကြတာပေါ့။ ကတိပြုပြီး သွားရင်တော့ ဖျက်လို့ မရဘူးနော်”
ဒီကလေးမလေး ဟာ ချန်ရှန် ကို နေရခက်အောင် လုပ် နေပြန်ပါပြီ။ ထို့နောက် မှာတော့ ချန်ရှန် ဟာ လက်ချင်း ချိတ်လျက် ကတိပြုလိုက်ပါတယ်။
“ကောင်းပြီ။ ကျွန်မတို့ နဂါးမျိုးနွယ်ဟာ လူသားနဲ့ ကတိထားကြပြီးပြီ။ ခင်ဗျား ကတိ ပျက်တာနဲ့ နာကျင်စွာ ခံစားရလိ့မ်မယ်။”
လောင်ဆုရီ ပြုံးကာဖြင့် ပြောလိုက်တယ်။ သူမ၏ သေးသွယ် လှပသော လက်များဟာ ချီဓာတ်ဆေးများအား ကစားနေပါတယ်။
လက်ရှိမှာတော့ ချန်ရှန် အတွက် ချီဓာတ်ဆေးဟာ ဂျယ်လီများ လိုပါပင်။ ယခုသူ့လိုပဲ သကြားလုံး စားသလို စားနေသော ကလေးမလေး တစ်ယောက် ရှိလာပြီ မဟုတ် ပါလော။
“ကောင်မလေး ၊ မင်း ငါ့ဘေးက ဒီလိုပဲ လိုက်နေမှာ လား ၊ ဒီလက်စွမ်ထဲ ဝင်မလား”
ချန်ရှန် မေးလိုက်ပါတယ်။ ဒီ ချစ်စဖွယ် ကောင်မလေး အား စုးမေယို တို့ဖြင့် ကွင်းအတွင်း ကစားစေချင်မိတယ်။
ကောင်မလေး လည်း သူမ၏ ခေါင်းများကို ခါယမ်းကာ ပင် -
“ဒါက အလုပ်လုပ်မှာ မဟုတ်ဘူး။ ကျွန်မဟာ ဒီလို ထူး ဆန်းတဲ့ ပစ္စည်းတွေထဲ မဝင်နိုင်ဘူး။ ဒါက အကျိုးသက် ရောက်ရှိမှာ မဟုတ်ဘူး ဘာလို့လဲဆိုတော့ ကျွန်မဟာ ရှင်တို ကျင့်စဉ်ကို ကျင့်နေလို့ပဲ”
ချန်ရှန် ဟာ ကောင်မလေးကို သူ့နောက်မှ ယခုလို အမြဲ လိုက်မနေစေချင်ပါ။ ဒါဟာ မသင့်တော်ရုံမျှမက သူမ ၏ လုံခြုံရေးအတွက်လည်း အလွန် အရေးကြီးပေတယ်။
“စိတ်မပူပါနဲ့ ၊ ကျွန်မမှာ ဒါကို ဖြေရှင်းဖို့ နည်းလမ်း ရှိ တယ်”
လောင်ဆုရီ ရယ်မောကာ ရုတ်တရက်ပဲ အဖြူရောင် အလင်းတန်း တစ်ခုဟာ ချန်ရှန် လက်ကို လာရောက်ထိ မှန်လာတယ်။ သူူ၏ လက်နွေးသွားတာကို ခံစားလိုက်ရပြီး ထိုလက်မှာလည်း အားများ ကောင်းလာသလို ခံစားလိုက် ရ ပါတော့တယ်။
သူတော်တော် တုန်လှုပ်သွားပါတယ်။ ဒီလို နွေးထွေး မှုဟာ လက်မှတဆင့် ရင်ဘတ် အထိပါ ရိုက်ခတ်သွားလို့ ပါ။ သူလျင်မြန်စွာ အဝတ်အစားများ ချွတ်လိုက်တဲ့ အခါ မှာတော့ နဂါး အစွယ်များ နှင့် လက်သည်းများ ကို မြင်လိုက်ရပြီး ဒီလို အဖြူရောင် အလင်းတန်းဟာ အရမ်းကို လှပါပါတယ်။
ချန်ရှန် ၏ ကျစ်လျစ်သော ကြွက်သားများဖြင့် ပေါ် မှ အဖြူရောင် တက်တူးပုံစံဟာ ချန်ရှန် ကို တမျိုးကြည့်ပျော် သွားပါစေတယ်။
ကောင်မလေး ၏ အားအင်ဟာလည်း ချန်ရှန် အတွက် တော်တော် အံ့သြဖွယ်ရာပင်။ သူ့ထက်များစွာ အားကြီး တယ်ဆိုတာကို ရှင်းလင်းစွာ မြင်နေရပါတယ်။
“ကျွန် မ က စွမ်းတယ်မလား။ ဒီလိုနည်းနဲ့ ကျွန်မဟာ ခင်ဗျားနောက်ကို လိုက်နိုင်တယ်”
လောင်ဆုရီ နူးညံ့သော အသံဖြင့် ပြောပါတယ်။ သူမ ဟာ သူမ ၏ အသံအား ရှင်းလင်းစွာ ထုတ်လွှတ်နိင်နေပြီ ဖြစ်ပေမဲ့ ဒါဟာ ချန်ရှန် ၏ တက်တူးမှ ပြောနေသလိုပါပဲ။
“ဘေးမှာ တခြားလူတွေ ရှိနေရင် စကားမပြောနဲ့”
ချန်ရှန် သက်ပြင်းချမိတယ်။ ဒီ အချိန်မှာ တစ်ခုခုကို စိုးရိမ်နေပါတယ်။ အဘယ်ကြောင့် ဆိုသော် ဒီနဂါးမလေး ဟာ ပြောင်စပ်စပ် ဖြင့် အရမ်းကို ချစ်စရာကောင်းနေလို့ပါ။
“ကျွန်မ သိပါတယ်။ ခင်ဗျားလိုမျိုး အကို ငတုံးတစ် ယောက် မဟုတ်ဘူး”
ကောင်မလေး ပြုံးကာ ပြန်ပြောပါတယ်။ ဒီအကြိမ်မှာ တော့ သူမဟာ နတ်အတွင်းအား အာရုံကို သုံးလိုက်တာ ဖြစ်ပါတယ်။ ထို့နောက် မှာတော့ ချန်ရှန်လည်း ရနံ့ မြို့ တော် သို့ ပြေးပါလေတော့တယ်။
သိပ်မကြာခင်မှာပဲ လောင်ဆုရီ နဲ့ ညီအမတ ၂ ယောက် အပြန်အလှန် ပြောနေတာကို ကြားလိုက်ရတယ်။ ဒါဟာ ၎င်းညီအမ ၂ ယောက် အပြင်လူဖြင့် ပထမဆုံး စ စကားပြောခြင်းပါပင်။ ယခုတော့ ချန်ရှန် နဲ့ အတူ ၃ ဦး ရှိ နေပြီ ပဲ ဖြစ်ပါတယ်။
ရနံ့မြို့တော်ကြီးဟာ အဖြူရောင် နှင်းများဖြင့် လွှမ်းခြုံ ထားသည့်တိုင်အောင် လှပနေတုန်းပါပဲ။ မြို့တစ်ခုလုံး မွှေး ကြိုင်စွာဖြင့် အလွန် စိတ်ကို လန်းဆန်းစေပါတယ်။
ချန်ရှန် နောက်ဆုံးတစ်ကြိမ်တုန်းက ရောင်းထားသော အသီး မှ သလင်းကျောက်ဟာ သိပ်မကျန်တော့ပါ။ တည် ဆောက်ရေးဆေး လုပ်ရန် မှာလည်း ဆေးပင်တစ်စုံစာသာ ကျန်ပါတော့တယ်။ ဒါဟာ သူမျိုးစေ့ချဖို့ စီမံထားတဲ့ တစ်စုံ စာပါပဲ။
ကံကောင်းစွာပင် သူ့မှာ ချီဓာတ်ဆေးများစွာ ရှိနေပါ တယ်။ ယခုတော့ သူ့မှာ ကောင်မလေးစားဖို့ ပေးအပြီး အလုံး ၂၀၀ လောက်ကျန်ပါသေးတယ်။
ချီဓာတ်ဆေး တစ်လုံးဟာ သလင်းကျောက် ၅၀၀ တန် ပါတယ်။ အလုံး ၂၀၀ ရှိသောကြောင့် ၁၀၀၀၀၀ ရရှိမှာပါ။ ဒါကြောင့် ၎င်းတို့အား ရောင်းရန် ဒန်ရှန်မျှော်စင်သို့ ထွက် ခွာလာခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ် မစ္စလီကတော့ သူ့ကို အကြည့် တစ်ချက် ဖြင့်ပင် မှတ်မိပါတယ်။ ဒါတင်မက သူ ဟာ အုပ်ချုပ်ရေးမှူး၏ အမျိုးသမီး ဖြစ်သည့်အတွက် သူ၏ သတင်းများလည်း ကြားဖူးနေမည် ဖြစ်ပါတယ်။
ချန်ရှန် ဟာ အချိန်အတော်ကြာ ရနံ့မြို့တော်မှ ပျောက် ဆုံးနေတာ ဖြစ်ပြီး ယခင်က ဒီကိစ္စ ဟာ အုပ်ချုပ်ရေးမှူး အတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့တယ်။ ၎င်းနှင့် ပြင်းထန် သော သိုင်းပညာဂိုဏ်း ဂိုဏ်းချုပ်တို့ဟာ ရင်းနှီးကြပြီး ဂိုဏ်း ချုပ်မှ ချန်ရှန် အား ရှာရန် အကူအညီတောင်းဖူးပါတယ်။
“မစ္စ လီ ၊ ကျွန်တော် ပြန်လာတယ်နော်။ အခုတစ်ခါ တော့ ချီဓာတ်ဆေး အလုံး ၂၀၀ ပါ”
ချန်ရှန် ပြုံးလျက်ပြောလိုက်တယ်။
“သခင်လေးက ချန်ရှန်လား”
မစ္စလီ မေးလိုက်ပါတယ်။ သူမတော်တော် အံ့သြနေပုံ ပါ။ ကောလဟာလများအရ ချန်ရှန် ဟာ အသတ်ခံရတယ် ဟု သတင်းထွက်နေတာ ဖြစ်ပြီး ယခုလို သူ့ရှေ့ပေါ်လာ ကာ ရုတ်တရက် ချီဓာတ်ဆေး ၂၀၀ အား လာရောင်းမည် ဟု မထင်မိပါချေ။
ချန်ရှန် ဟာ ဒီကိုရောက်ရောက်ချင်းပင် ဒန်ရှန် ကို လာခဲ့တာ ဖြစ်ပြီး သူူူူူ၏ ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး ဘာမျှ မစုံစမ်းခဲ့ပါဘူး။ သူ၏ တိုးတက်လာသော ခွန်အား များနှင့် နတ်အတွင်းအား အာရုံများ အရ မစ္စလီ၏ အဆင့် ကို ယခုအခါ မှန်းဆကြည့်နိုင်နေပြီ ဖြစ်ပါတယ်။ သူမဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် ဒုတိအဆင့်ပါပင်။
“မစ္စလီ ၊ ကျွန်တော့ကို မှတ်မိသေးရဲ့လား ၊ ကျွန်တော် တကယ်ပဲ မြောက်ခံရပါပြီ”
ချန်ရှန် အနည်းငယ် အံ့သြသွားတယ်။ ဒါပေမဲ့ ပြုံးနေဆဲပါပင်။
“သခင်လေးကို အခု အသိအမှတ် ပြုဖို့ ခက်ခဲတယ်၊ သားရဲဂိုဏ်းက သခင်လေး ဂိုဏ်းကို ဆုငွေ ၃၀၀၀၀၀ ထုတ်ထားတယ်။ သခင်လေးကို ရှာဖို့ မြို့တွင်း မြို့ပြင်မှာ လူတွေ အများကြီးပဲ”
ချန်ရှန် မျက်ခုံးများ မြင့်တက်သွားပါတယ်။
“ဟဟ ၊ သလင်းကျောက် ဆု အတွက် ကျွန်တော့ကို လိုချင်တဲ့ မည်သူမဆို လာ ကြိုးစားလှည့်ပါ။ သူတို့ ဘယ်လောက်များများ အရေးမကြီဘူး။ နောက်ဆုံးမှာ သူတို့ သေခြင်းနဲ့သာ အဆုံးသတ်သွားလိမ့်မယ်”
ချန်ရှန် ပြောနေရင် အမဲလိုက်ခြင်း နဲ့ ဆိုင်သော ချီဓာတ်များစွာ ထွက်ပေါ်လာပါတယ်။ မစ္စလီပင် ထိတ်လန့် ကာဖြင့် နောက်သို့ ဆုတ်သွားတယ်။ ဒီလိုလူငယ်လေးမှ အားကောင်းပြင်းထန်လှသော ချီဓာတ်များ ထွက်လာတာ ကြောင့် ပါ။ သာမန်လူသာ ဆိုပါက လိပ်ပြာပင် လွင့်သွား လောက်ပါတယ်။
ချန်ရှန် ၏ စွမ်းအားဟာ မစ္စလီကို သံသယ တခု ဝင်စေ ပါတယ်။ ချန်ရှန် ၏ အားကို ကောင်းစွာ မှန်းမရပေမဲ့ အရင်တစ်ခေါက်ကထက်တော့ ပိုမိုစွမ်းအားကြီးနေမယ် ဆိုတာ သေချာ သလောက်ပါပင်။
“ဒီမှာ သလင်းကျောက် ၁၀၀၀၀၀။ သခင်လေး အရင် တခေါက်က ပြောတဲ့လူအကြောင်း ဂိုဏ်းချုပ်ဆီက စုံစမ်း ထားပြီးပြီ။ သူမကို တွေ့ချင်ရင်တော့ ဒီမှာ ခဏစောင့်ပါ။ တကယ်တော့ ဒီမှာနေတာက သခင်လေး အတွက် ပို ကောင်းလိ့မ်မယ်လို့ ထင်တယ်။ ဒန်ရှန်တောင်ယွမ် နဲ့ ပြင်း ထန်သော သိုင်းပညာဂိုဏ်းတို့ဟာ ကောင်းမွန်တဲ့ ဆက်ဆံ ရေး ရှိကြတယ်။ သခင်လေး ရဲ့ ဂိုဏ်းချုပ်ကလည်း ပြော ထားတယ်။ သခင်လေး ဒီကို ပြန်လာရင် ဒီမှာ အကောင်း ဆုံး နေထိုင်နိုင်စေရပါမယ်”
မစ္စလီ ဖြေးဖြေးချင်း ပြောပြသွားပါတယ်။ သူဟာ ယခု ချန်ရှန် အကြောင်းကို နားလည်နေပြီး ပြင်းထန်သော သိုင်း ပညာဂိုဏ်းချုပ်ပင် ဒီကို အလည်လာရခြင်းမှာ သာမန် တော့ မဟုတ်ပါချေ။
ချန်ရှန် ခေါင်းညိမ့်ကာ ရယ်မောရင်း -
“ကျေးဇူးအများကြီး တင်ပါတယ် ဗျာ။ ကျွန်တော် ဆေး ပင် အချို့ ဝယ်လိုက်ဦးမယ်။ ဟို မိန်းကလေး ဟွာယု ယန် လာရင်သာ ကျွန်တော့ကို ခေါ်လိုက်”
အဖြူရောင် ကျောက်စိမ်း ဆေးလုပ်ရန် ဆေး အစုံ ၂၀ စာ အတွက် ကုန်ကျငွေမှာ သလင်းကျောက် ၄၀၀၀၀ ဖြစ်ပြီး ဒြပ်စင်ဆေး အစုံ ၂၀ စာအတွက်မှာ သလင်းကျောက် ၃၀၀၀၀ ဖြစ်ပါတယ်။ အချိန်တခဏ အတွင်းမှာပင် ချန်ရှန် ဟာ သူ့ငွေ အားလုံး ၏ တဝက်ကျော် အား သုံးစွဲလိုက်ပြီး ဖြစ်တယ်။ ဒါပေမဲ့လည်း သူဒီ အဆင့်မြင့် ဝိဉာဉ်တော်ဆေး ၂ မျိုးကို ချောမွေ့စွာ ပြုလုပ် နိုင်လိမ့်မည်ဟု ယုံကြည်နေမိတယ်။
ချန်ရှန်ကို အံ့သြသွားစေတာကတော့ သူ့ကို အထပ် ၂၀ မြောက်မှာ ထားလို့ပဲ ဖြစ်ပါတယ်။ ဒီအထပ်မှာ နားနေ သူများဟာ တကယ့်ထိပ်သီး သူဋ္ဌေးကြီးများ ပညာရှင်များ သာ ဖြစ်ကြတာပါ။ အားလုံးဟာ ဆေးပညာရှင်များ မဟုတ်ပေမဲ့လည်း အနည်းဆုံးတော့ မစ္စလီ နဲ့ အဆင့် တူတွေ ချည်းသာ ဖြစ်ပါတောတယ်။
ချန်ရှန် ယခုလို နေထိုင်ရခြင်းဟာ တကယ်ပဲ သူ့အ တွက် ကျေနပ်စရာပါ။ အနည်းဆုံးတော့ သူ့လုံခြုံရေး အတွက် စိတ်ပူစရာမလိုတော့ချေ . . .။
Chapter – 132
#ဟွာရှန်ယူ
ချန်ရှန် အခြေခံတည်ဆောက်ရေးဆေး အောင်မြင်စွာ ပြုလုပ်ပြီးနောက်မှာ အဆင့်နိမ့် သိမ်မွေ့ဆေးများ ဖြစ်တဲ့ အဖြူရောင်ကျောက်စိမ်းဆေး နှင့် ဒြပ်စင်ဆေးတို့ ပြုလုပ် ရာမှာ လွယ်ကူနေပါတော့တယ်။ အကြိမ်အနည်းငယ် ကျရှုံးပြီးနောက်မှာတော့ အောင်မြင်သွားပါတော့တယ်။
တကယ်ကို ၃ ရက်သာ ကြာခဲ့တယ်။
အဖြူရောင် ကျောက်စိမ်းဆေး ၁၅ ဒြပ်စင်ဆေး ၂၀ ဖြစ်ပြီး သူဒြပ်စင်ဆေး ပြုလုပ်သည့် အခါတိုင်း နဂါးမလေး ဟာ အမြဲတမ်း တဝက်ယူယူ စားသွားပါတယ်။ ဒါပေမဲ့ လည်း သူဟာ တစ်စုံစာကို လေးလုံး ပြုလုပ်နိုင်ခဲ့တာပါ။
ချန်ရှန် သူ၏ အခန်းထဲမှာ ချွေးများ ပြန်နေရပါပြီ။ ကောင်မလေး တစ်ယောက် သူ၏အိပ်ယာပေါ်မှာ လဲလျောင်းနေတာကို တွေ့လိုက်ရလို့ပါပဲ။
ပန်းရောင် အကာကွယ် တစ်ခုကို ဝတ်ဆင်ထားပြီး သူမ၏ ဖြူဖွေးသော အသားအရေ နှင့် ကိုယ် ကို ဖုံးကွယ် ထားတယ်။ ကြည့်လိုက်ရုံဖြင့်ပင် ကျက်သရေရှိ လှပတင့် တယ်ကာ ချစ်စဖွယ်လည်း ကောင်းနေပါတယ်။
ချန်ရှန် ဒီလို ညို့ဓာတ် ရှိပြီး ဖမ်းစားနိုင်လွန်းတဲ့ ပုံရိပ် ကို ဘယ်တော့မှ မေ့မည်မဟုတ်ပေ။ သူချက်ချင်းပဲ ဒီ ပုံရိပ် ဟာ လှပလှတဲ့ ဟွာယုယန် ဖြစ်မယ် ဆိုတာကို သိလိုက် တယ်။
“ဒါ ကျွန်တော့ အိပ်ယာလေ ၊ ထတော့”
ချန်ရှန် ဒီလို သူဘာလို့ ရုတ်တရက် ပြောလိုက်မိလဲ ဆို တာ သူ့ကိုယ်သူ သတိမထားမိလိုက်။
ကောင်မလေး က အပြုံးချိုချို လေးဖြင့် သူမ၏ မျက်လုံး များဟာလည်း ဝမ်းနည်းနေသလိုပါပဲ။ ငြင်သာ စွာ ရယ်မောကာဖြင့် -
“ရှင် ကျွန်မကို အစေခံ အဖြစ်လက်မခံ ခဲ့တာကို နောင် တ ရနေတယ်ဆိုတာ သိတယ်။ ရှင် ဝမ်းမနည်းဘူးလား”
ချန်ရှန် တကယ်တော့ သူ့ ရင်ထဲ နည်းနည်းနောင်တ ရမိတယ်။ ဒါပေမဲ့ သူ၏ မျက်နာမှာတော့ အရိပ်အ ယောင် မပြပေ။
“ကျွန်တော် အခု ခင်ဗျားကို တွေ့ပြီလေ။ နာမည်ပြော ပြတော့”
“ဟွာရှန်ယူ”
ကောင်မလေး လှပမွှေးကြိုင်လှသော ပိုးပဝါ တစ်ထည် အား ထုတ်ကာ ချန်ရှန် ၏ နဖူးမှ ချွေးများကို သုတ်ပေးနေ တယ်။ ထို့ နောက် ပြုံးကာဖြင့် -
“ကျွန်မ နာမည် ခေါ်လို့ ကောင်းရဲ့လား”
( ဟွာရှန်ယူ ဆိုသည်မှာ လမင်းကြီး၏ ပန်း ရနံ့ဟု အဓိပ္ပာယ် ရပါသည်)
“ခေါ်လို့ ကောင်းပါတယ်။ ခင်ဗျား က တော်တော် လည်း လှတယ်။ စွမ်းအားလည်း ကြီးတယ်။ အဲဒိတော့ ခင်ဗျား ဟာ ဘယ်သူလဲ”
ချန်ရှန် သူ၏ ခေါင်းကို ညိမ့်ကာဖြင့် မေးနေပါတယ်။
ဟွာရှန်ဂျီ ဟာ စားပွဲ အစွန်း မှာ ထိုင်နေပြီး လက်ဖက် ရည် အိုးအား ဖြေးညင်းစွာ ငှဲ့နေတယ်။ သူမ၏ လှုပ်ရှား မှု တိုင်းဟာ ချစ်စဖွယ် လှပနေတယ်။ မြင်ကွင်းဟာ သူ့အ တွက် တကယ်ကို မျက်စိပသာဒ ဖြစ်လှပါတယ်။
“ကျွန်မက အစေခံ သာသာ ပါပဲ။ ကျွန်မ ဆရာဟာ ဒန်ရှန် ဂိုဏ်းချုပ် ဖြစ်တယ် ဆိုရင်တောင် ဒန်ရှန် ကနေ ကြိုက်တဲ့ချိန် ထွက်ခွာ သွားနိုင်တယ်။ ဒါပေမဲ့ ကျွန်မ ဟာ မှီခိုစရာ မရှိသေးပါဘူး”
ဟွာရှန်ယူ ချန်ရှန် အား စိုက်ကြည့်လျက် ပြောပါတယ်။
ချန်ရှန် ဟာ ဒီမိန်းမနဲ့ ပတ်သတ်ပြီး သိပ်တော့ မသိလှ ပေမဲ့ အရင်တည်းက သူမဟာ သူ၏ အစေခံ ဖြစ်ချင်နေ တယ် ဆိုတာကို သိပါတယ်။ ဘာကြောင့်လဲဆိုတာတော့ မသိပေ။
ဟွာရှန်ဂျီ မတ်တပ်ရပ်လိုက်တယ်။ သူမ၏ နောက် ကျောမှ ပြတင်းပေါက်ကို မှီကာ ချန်ရှန် နှင့် မျက်နာချင်း ဆိုင်ပါ။ သူမ သက်ပြင်းချကာ -
“ချန်ရှန် ၊ ရှင်ဟာ တော်တော် အုတ်အုတ်ကျက်ကျက် ဖြစ်အောင် လုပ်ခဲ့တယ်နော်”
“တင်ပါးကြီးတွေက တကယ်မိုက်တယ်ဟ”
အသံတစ်ခု ရုတ်တရက် ကြားလိုက်ရတယ်။
ချန်ရှန် ဟွာရှန်ယူ ကို ကြောင်ကြည့်နေတယ်။ သူမ မျက်နာ တပြင်လုံးဟာ ရဲရဲနီလျက် ချန်ရှန် ကို မျက်လုံး အပြူးသားဖြင့် ကြည့်နေပါတယ်။
အသံဟာ တကယ်ကို ချန်ရှန် အသံနဲ့ တူပါတယ်။ ဒါပေမဲ့ သူပြောတာ မဟုတ်ပေ။ နဂါးမလေး လောင်ဆုရီ လက်ချက်သာ ဖြစ်ပါတယ်။ ချန်ရှန် သူ၏ ရင်ဘက်ကို ရိုက် လိုက်မိတယ်။ ကောင်မလေး ဒီလို လူတစ်ယောက် အသံ နဲ့ တထေရာတည်း တူအောင် လုပ်နိုင်သည့် စွမ်းရည်မျိုး ရှိ လိမ့်မယ်လို့ သူမထင်ခဲ့ပါ။
ချန်ရှန် ဘာပြောရမှန်း မသိဖြစ်နေတယ်။
“ရှင် တစ်ခုခု ပြောလိုက်တာလား”
ဟွာရှန်ယူ မျက်မှောင် ကြုတ်ကာ မေးလိုက်တယ်။ သူမ ကိုယ် သူမ နားကြားမလွဲနိုင်ဟုလည်း သေချာနေပါ တယ်။ ချန်ရှန် လည်း ဒီလိုတော့ မပြောလောက်ဖူးဟု တွေ ဝေနေပြီး သူမကြောင်အလျက် ချန်ရှန် ကို ကြည့်နေ တာပါ။
ချန်ရှန် ဟာ ခပ်မဲ့မဲ့ပြုံးနေတယ်။ သူမပြော ဘယ်သူ ပြောတယ်လို့ ပြောရပါ့မလဲ။ စိတ်လေလေဖြင့်ပင် -
“ကျွန်တော် က ခင်ဗျား ကိုယ်လုံးဟာ တော်တော် လှ တယ်လို့ ပြောလိုက်တာပါ”
ချန်ရှန် အလျင်အမြန်ပဲ ရှင်းပြလိုက်တယ်။
“ဟက် ဟက် ၊ ရှင့်ရဲ့ သတ္တိတွေ တိုးလာပြီပဲ။ ကျွန်မ ကို တောင် ပြောဝံ့နေပြီပေါ့”
ဟွာရှန်ယူ ခပ်လှောင်လှောင် ပြောပါတယ်။ သူမ စိတ် ထဲ မှာတော့ တော်တော် လှုပ်ရှားနေတယ်။
ချန်ရှန် သူ့အတွက်သူ လက်ဖက်ရည် ငှဲ့နေတယ်။ သူ သောက်နေတုန်းမှာပဲ နတ်အတွင်းအား အာရုံများကို အသုံး ပြုကာ စပ်ဖြဲဖြဲ နဂါးမလေးကို သတိပေးလိုက်ပါ တယ်။
“ကောင်မလေး ၊ မင်းတော့ သေမယ်။ အကြောင်းပြ ချက် တစ်စုံတစ်ခု မရှိပဲ ဒီလို မလုပ်စမ်းပါနဲ့။ ဒီလို စကား လုံးမျိုးဟာ ငါနှလုံးရောဂါ ရနိုင်တယ်ကွ”
“ကျွန် မ ခံစားရတာ အမှန် ကျွန်မပြောတာပဲ”
ကောင်မလေး က စပ်ဖြဲဖြဲ ဖြင့် ပြောပါတယ်။
“ဒီလို မိန်းမလှ နဲ့ တော့ စ သင့်တယ်”
“ချန်ရှန် ၊ ဆေးဆရာမကြီး နဲ့ အဆင်မပြေတာတောင် မှ အဲဒိဂိုဏ်းမှာပဲ နေတုန်းလား။ သူမက တော်တော် စွမ်း တယ်။ ရှင့်ရဲ့ အနာဂတ် စီမံချက် က ဘယ်လိုလဲ”
ဟွာရှန်ယူ ထူးဆန်းသော အကြည့်တစ်မျိုးဖြင့် ကြည့် ကာ မေးလိုက်တယ်။
“ကျွန်တော် လိုအပ်တဲ့ အစီအစဉ်က ဘယ်လိုလဲ ဟုတ်လား ၊ ဒီမိန်းမ က ကျွန်တော့ကို ထပ်မဆန့်ကျင်ရဲပါ ဘူး ဟဲဟဲ”
ချန်ရှန် ဆေးဆရာမကြီးမှ သိုင်းပညာဦးရီးတော် လို့ ခေါ်တော့မှာ ကို တွေးရင်း ကျေနပ်မိသလို ဖြစ်သွားတယ်။
ဟွာရှန်ယူ မျက်မှောင်ကြုတ်ကာ ချန်ရှန် ဘေးနား လျှောက်လာတယ်။
“ဘာလို့လဲ”
“ဒါ ကတော့ ကျွန်တော့ လျို့ဝှက်ချက်ပေါ့။ ခင်ဗျားကို မပြောပြနိုင်ဘူး”
ချန်ရှန် ပြန်ဖြေလိုက်တယ်။ သူ၏ မျက်နာမှာလည်း ကျေနပ်တဲ့ အပြုံးဖြင့် ပြုံးနေပါတယ်။
“အမတော်ဟွာ ရေ ၊ ခင်ဗျား ဒန်ရှန် တောင်ယွမ် မှာ စွမ်းအားကြီးပြီး မြင့်မားတဲ့ ဂုဏ်အဆင့်အတန်း မရှိဘူး လား”
ချန်ရှန် သူ၏ လျို့ဝှက်ချက်များ ပေါ်မည် ဆိုးသဖြင့် စကား လမ်းကြောင်းလွှဲလိုက်တယ်။
“ကျွန်မကို ရှန်ယူ လို့သာ ခေါ်ပါ။ ဒါမှ မဟုတ်ရင် ရှင် နဲ့ မပြောတော့ဘူး”
ဟွာရှန်ယူ သူမ၏ လက်များအား ချန်ရှန် ၏ နှုတ်ခမ်း ကို ပိတ်ကာ ပြောလိုက်တယ်။ ချန်ရှန် စိတ်တွေပင် ပျံ့လွင့် သွားသလို ပါပဲ။
“ရှန်ယူ ၊ အိုကေ”
ဟွာရှန်ယူ ဖြေးဖြေးလေး ရယ်လိုက်တယ်။
“ကောင်းတယ် ၊ ကျွန်မ ဒန်ရှန် တောင်ယွမ်မှာ ခေါင်း ကိုက်စရာ ကိစ္စတွေကို ရှင်းနေရတယ်။ အမြဲတမ်း ကျွန်မ ဟာ အလုပ်များနေတာပေါ့။ ရှင်နဲ့ တွေ့ဖို့ ကျွန်မ အတော် ကြိုးစားခဲ့တာပဲ”
“ရှန်ယူ ကျွန်တော့အပေါ် ဘာလို့ အရမ်းကောင်းနေရ တာလဲ”
ချန်ရှန် စပ်စုလိုက်တယ်။ ဒီမိန်းကလေးရဲ့ ပစားပေးမှု ဘာကြောင့် သူရနေသလဲဆိုတာ မသိဘူးဖြစ်နေတယ်။
“ရှင့်ရဲ့ တည်ကြည်ခန့်ညားမှု အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိဘူးလား”
ဟွာရှန်ယူ ဆွဲဆောင်မှု ရှိစွာ ချန်ရှန် အား ကြည့်နေပါ တယ်။ ချန်ရှန် ရင်ခုန်သံများ မြန်လျက်ပါ။
“ဒါပေါ့ ၊ ဒါပေမဲ့ ခင်ဗျားရှေ့ရောက်ရင်တော့ ယုံကြည်မှု မရှိတော့ဘူုး”
ချန်ရှန် ခေါင်းများ ခါယမ်းလိုက်တယ်။
ဟွာရှန်ယူ ဒီလို ပုံစံမျိုး ချန်ရှန် ဆီမှ တွေ့သည့်အ တွက် ခပ်ပြုံးပြုံး ဖြစ်သွားတယ်။ သူမလဲ ချန်ရှန် ကို စိတ် အနှောက်အယှက် ထပ်မပေးတော့ပဲ လွန်ခဲ့သော ရက်များ အတွင်း ချန်ရှန် ဂိုဏ်းမှာ ကြုံခဲ့သော အရာများကိုသာ နား ထောင်နေပါတော့တယ်။
သူတို့ ဟာ ညနက်တဲ့ထိ စကားပြောနေကြပြီး ချန် ရှန်ဟာလည်း တော်တော်ပင်ပန်းနေပြီး ဖြစ်တာကြောင့်ပဲ အနားယူ ချင်နေပါပြီ။
“နောက်လဲ ကျနေပြီ ဆိုတော့ ကျွန်မလဲ အခန်းပြန် တော့မယ်”
ဟွာရှန်ယူ ပြောလိုက်တယ်။ သူမ မတ်တပ်ရပ်လိုက် ပြီး လှည့်လိုက်တဲ့ အခါမှာပဲ ချန်ရှန် ၏ အသံကို ကြား လိုက် ရပါတယ်။
“ဒီမှာပဲ နေလေ ၊ အတူတူအိပ်မယ်”
ငရှုပ်မလေး လောင်ဆုရီ ချန်ရှန် အသံတုဖြင့် ပြော လိုက်ခြင်းပါ။
ချန်ရှန် ပါးစပ် အဟောင်းသား ဖြစ်သွားပြန်ပါတယ်။ ဒါ ဟာ သူပြောတာ မဟုတ်ပါဘူး။ လောင်ဆုရီ ၏ စနောက် ခြင်းကို ခံလိုက်ရတာပဲ ဖြစ်ပါတယ်။
ရုတ်တရက်ပဲ ဟွာရှန်ယူ ၏ ချစ်စဖွယ် မျက်နာမှာ ပန်း နု ရောင် သန်းသွားကာ ချန်ရှန် ဘက်ပြန်လှည့်လာပြီး ချန်ရှန် ကို ခေါက်ပစ်လိုက်တယ်။
“ရှင်ဟာလေး ဆိုးသထက် ဆိုးနေတာပဲ။ ရှင့်မှာ သတို့ သမီးလောင်းလည်း ရှိတယ်လေ”
လောင်ဆုရီ ၏ စနောက်မှုကြောင့် ချန်ရှန် ဟာ သူမ၏ တင်ပါးသေးသေးလေးအား နီရဲသွားအောင် ပိတ်ကန်ပစ် ချင်စိတ်တွေ ဖြစ်နေပါပြီ။ ဒါဟာ ဟွာရှန်ယူ ရှေ့မှာမို့သာ တော်တော့ပါတယ်။ ဆေးဆရာမကြီး ရှေ့မှာသာ သူ့ကို ဒီ လိုလုပ်ပါက သူ့ ဘ၀ မတွေးရဲစရာပါပင်။
ချန်ရှန် ဒီလို စဉ်းစားမိပြီးနောက် စိတ်တွေ ရှုပ်သွား တယ်။ ယခု ဒီကောင်မလေးကို သူနဲ့ လိုက်မလားဟု မေးခဲ့ မိခြင်းဟာ ဒုက္ခ များကို ဆွဲခေါ်လာသလို ဖြစ်လေပြီဟု စဉ်းစာမိနေတယ်။
“ကျွန်တော် ဆိုလိုတာက ခင်ဗျား ဒီမှာပဲ အိပ်လိုက် ၊ ကျွန်တော် ကတော့ လေ့ကျင့် လိုက်ဦးမယ်လို့ ပြောတာပါ”
ချန်ရှန် ခပ်မဲ့မဲ့ပင် ရှင်းပြနေတယ်။
“ဟက် ၊ မလိုဘူး”
ဟွာရှန်ယူ ခပ်လှောင်လှောင် ငြင်းလိုက်တယ်။ ဒါပေ မဲ့ သူမရင်ထဲမှာတော့ ပျော်နေပါတယ်။
ဒါဟာ အဘယ်ကြောင့်ဆိုသော် အရင်က သူမဟာ ချန် ရှန်ကို ဒန်ရှန်တောင်ယွမ် သို့ လိုက်ရန် မခေါ်နိုင်ခဲ့ပါဘူး ၊ သူမ ၏ ခန္ဓာကိုယ်အား ရင်းပြီး သူမ၏ အလှများ လှစ်ဖော် ပြသ တာတောင် မှ မအောင်မြင်ခဲ့ပေ။ အခုတော့ ချန်ရှန် ဟာ သူ့ဆုံးဖြတ်ချက်ကို နောင်တရနေပုံပေါ်ပြီး သူမ ကို လိုချင်ပုံပေါက်နေလို့ပါ။ ကြိတ်ပြီး ကျေနပ်လို့နေတယ်။
ချန်ရှန် ဟွာရှန်ယူ ၏ အတွေ းများကို မသိပေ။ ထို့ နောက် မှာတော့ တံခါးကို အမြန်ပင် ပိတ်ကာ သူ၏ အဝတ် များအား ချွတ်လိုက်ပြီး သူ၏ ရင်ဘတ်ပေါ်ရှိ နဂါးပုံ တက်တူးကို ထုရိုက်နေပါတော့တယ်။
“နာတယ် ၊ နာတယ်”
လောင်ဆုရီ ၏ ငိုသံလို ကို ချန်ရှန် ကြားတာတောင်မှ ဆက်လက် ထုရိုက်နေပါသေးတယ်။ ဒါပေမဲ့လည်း သိပ် မကြာခင်မှာပဲ စပ်ဖြဲဖြဲ အသံ တစ်ခုကို ကြားလိုက်ရတယ်။
“အရူး ၊ ခင်ဗျား ကျွန်မကို နာကျင်အောင် မလုပ်နိုင်ဘူး ၊ ခင်ဗျားကိုယ် ခင်ဗျား နာအောင်လုပ်နေတာပဲ။ တကယ့် အရူးလိုပါပဲလား ၊ ကိုယ့်ဟာကိုယ် ရိုက်နေတယ် ဟားး ဟားး ဟား”
“ကောင်မလေး ၊ ငါ့ကို စိန်မခေါ်နဲ့နော် ၊ မင်းကို ငါ ဘာ ဆေးမှ မကျွေးပဲ ထားလိုက်မယ်”
ချန်ရှန် ဒေါသတကြီး မဟုတ်ပဲ ခပ်တည်တည်သာ ပြောလိုက်တာပါ။ သူဒေါသထွက်လေလေ ကောင်မလေး ပျော်လေလေ ဖြစ်မယ် ဆိုတာ သိလို့ပါပဲ။
“မလုပ်ပါနဲ့ ၊ ကျွန်မက ရှင့်ကို စနောက်ရုံလေးတင်ပါ ၊ ကျွန်မ မှားသွားပါတယ်”
လောင်ဆုရီ လေသံတီးတိုး ဖြင့် ပြောလိုက်ပါလေ တော့တယ် . . .။
Chapter – 133
#ဆေးပညာစစ်ဆေးမှု
အခြေအနေ ဟာ သိပ်မဆိုးလှတာကြောင့် ချန်ရှန် သိပ် အာရုံမစိုက်တော့ပါ။ အရင်က စုမေးယို ဟာ သူ့ကို ပြော ဖူးပါတယ်။ တစ်ခုခု အခြေအနေ ဆိုးပါက ဒီနဂါးမလေး ဆီ က အားကိုသူငှားယူနိုင်ပြီး သူ့အားနဲ့ နဂါးမလေး အားတို့ ပေါင်းရင် တော်တော် ကြောက်စရာ ကောင်းမှာပါ။
ဒါတင်မက ချန်ရှန် ပိုလိုချင်တဲ့ အချက်ကတော့ လောင်ဆုရီ ဟာ သူ့ကို ရှင်တို နည်းလမ်းအား သင်ကြား ပေး နိုင်တာပဲ ဖြစ်ပါတယ်။ သူ၏ လက်ရှိ ဝိဉာဉ်တော် လေးမှာ အရမ်း ငယ်သေးသော်လည်း အနည်းဆုံးတော့ ၁ နှစ် ၂ နှစ် သားတော့ ရှိပေလိ့မ်မယ်။
ချန်ရှန် မှာ နဂါး တစ်ကောင် ရှိပြီး ဒီလိုသင်ကြားမယ် ဆိုတာကို ကောင်းကင်နယ်ပယ် မှ လူများ သိမယ်ဆိုပါက ဆူပူခြင်းကို ခံရမည် ဖြစ်ပါတယ်။ သူဟာ ဒီနဂါးနှင့် ပတ်သက်ပြီး အကျိုးအမြတ် များစွာ ရရှိခဲ့တာပဲ ဖြစ်ပါတော့ တယ်။
ချန်ရှန် ဟာ အဖြူရောင် ကျောက်စိမ်း ဆေး နှင့် ဒြပ်စင်ဆေး တို့ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ပါ တယ်။ ဒါကြောင့် သူဟာ မနက်ဖြန်မှာ ဆေးပညာ စစ်ဆေး မှု အဆင့် ၄ ကို ခံယူဖို့ စီစဉ်ထားတယ်။ ဒါပြီးရင်တော့ သူ အဆင့် ၄ ပညာရှင်ဖြစ်ပြီ ဖြစ်ပါတယ်။
နောက်နေ့မှာတော့ ချန်ရှန် ဟွာရှန်ယူ တစ်ယောက် ဒန်ရှန် မျှော်စင်မှ ထွက်သွားကြောင်း သိလိုက်ရတယ်။ သူ အရေးကြီးပြောစရာ တစ်ခုခု ရှိပါက မစ္စလီအား ပြောနိုင်တာပါ။
ချန်ရှန် ဟွာရှန်ယူ ဟာ သာမန်အစေခံတော့ မဟုတ်ပေ ဘူး ဟု ရုတ်တရက် ခံစားလိုက်ရပါတယ်။ မစ္စလီပင် သူမအား လေးစားရလို့ပါ။
ချန်ရှန် ဆေးပညာ စစ်ဆေးမှုလုပ်တဲ့ နေရာသို့ ယခု ရောက်ရှိလာပါတယ်။ သူရောက်တဲ့အခါ ဆေးပညာရှင် စစ်ဆေးမှု၏ တိုးလာမှုများကို တွေ့လိုက်ရတယ်။ ဒါတွေ ကတော့ အဆင့် ၃ ပညာရှင်ဟာ အလယ်လတ်ဝိဉာဉ် တော်အဆင့် ဆေး သုံးမျိုးကို ပြုလုပ်နိုင်ရမှာ ဖြစ်ပြီး အဆင့် ၄ ပညာရှင်မှာ အဆင့်မြင့် ဝိဉာဉ်တော်ဆေး သုံး မျိုးအား ပြုလုပ်နိုင်ရမှာ ဖြစ်ပါတယ်။ အရင်ထက် ဆေး တစ်မျိုး တိုးလိုက်တာပါပဲ။
ချန်ရှန် ဟာ အဆင့်မြင့် ဝိဉာဉ်တော်ဆေး ၂ မျိုးနှင့် အဆင့်နိမ့် သိမ်မွေ့ဆေးဖြစ်တဲ့ တည်ဆောက်ရေးကို သာ လုပ်နိုင်တာပါ။
ဒန်ရှန်တောင်ယွမ် ၏ စစ်ဆေးမှုဟာ တင်းကြပ်လှပါ တယ်။ ဆေးပင် တစ်စုံစာသာ ပေးမည် ဖြစ်ပြီး ကျရှုံးပါက တဝက်ခ ပေးချေ ရမှာပါ။ အောင်မြင်မယ်ဆိုရင်တော့ အဆိုပါဆေးအား ဒန်ရှန် ကို ပေးရပါမယ်။
ချန်ရှန် ဟာ မစ္စလီကို တွေ့လိုက်ရတယ်။ ချန်ရှန် နှင့် ဟွာရှန်ယူ တို့ ဆက်ဆံရေးဟာ ကောင်းမွန်လှတယ်ဆိုတာ ကို သိပြီးနောက် သူမဟာ ချန်ရှန် ကိုလေးလေးစားစား ပင် ဖြစ်လာပြီး ဒီလို ခံစားမှုများဟာ ချန်ရှန် အဖို့တော့ အသား ကျ နေပါပြီ။
“မစ္စလီ ၊ ကျွန်တော် အဆင့် ၄ စစ်ဆေးမှုမှာ ပြိုင်ချင်ပါ တယ်။ ဒါပေမဲ့ ကျွန်တော်က အဆင့်မြင့် ဝိဉာဉ်တော် ဆေး ၂ မျိုးနဲ့ အဆင့်နိမ့် သိမ်မွေ့ဆေးတစ်မျိုးသာ လုပ်တတ်တာ။ ကျွန်တော် ပါလို့ ရမရ မသိလို့ပါ”
ချန်ရှန် မေးလိုက်တယ်။
“ဘယ်လို”
မစ္စလီ သူ များ နားကြားမှားလားဟု ချန်ရှန် ကို မသင်္ကာသလို ကြည့်နေတယ်။ တော်တော် လည်း အံ့သြ နေကာ ဒီလို အသက် ၂၀ အရွယ်လေးက ဒီလိုအဆင့်ဆေး များ ပြုလုပ်နိုင်နေသည် မဟုတ်ပါလော။ ဒါဟာ ယုံကြည် ဖို့ တော်တော် ခက်ခဲပါတယ်။ သူမ၏ နှလုံးခုန်သံများပင် မြန်ဆန် လာခဲ့ရပါတယ်။ ချန်ရှန် ဟာ စစ်မှန်သော ပညာ ရှင် ဖြစ်ပြီး သူလုပ်တတ်သော ဆေးဟာလည်း အခြေခံ တည်ဆောက်ရေး ဆေးသာ ဖြစ်လိ့မ်မယ်လို့ သူမ တွေး လိုက် မိပါတယ်။
တည်ဆောက်ရေးဆေး နှင့် အဆင့်မြင့် ဝိဉာဉ်တော် အဆင့် ၏ ခက်ခဲမှုဟာ တူတူပါပဲ။ ဒါကို ဆေးပညာရှင် လို လို သိပြီး ဒါတင်မက ချန်ရှန် ဟာ တည်ဆောက်ရေးပင် များစွာကို ဝယ်ခဲ့တာလည်း သိပါတယ်။
“အဆင်ပြေရဲ့လား ၊ ကျွန်တော့ကို အဆင့်မြင့် ဝိဉာဉ် တော် ဆေးအစား အဆင့်နိမ့်သိမ်မွေ့ဆေး နဲ့ အစားထိုးဖို့ လေ။ ခုတော့ ကျွန်တော့မှာ အဆင့်မြင့် ဝိဉာဉ်တော်ဆေး လုပ်ဖို့ အချိန် မရှိတော့ဘူး။ ကျွန်တော့်ဂိုဏ်းပြန်ပြီး တော် ဝင် ပြိုင်ပွဲ သွားပြိုင်လိုက်မယ်”
ချန်ရှန် က ပြောလိုက်ပါတယ်။
အဆိုပါတော်ဝင် ပြိုင်ပွဲ အကြောင်းကို ချန်ရှန် ဟာ မနေ့ညက ဟွာရှန်ယူ ထံမှ ကြားသိခဲ့ရတာဖြစ်ပြီး ပွဲမစ ခင် ၁၀ ရက်လောက် လိုပါသေးတယ်။ ပြင်းထန်သော သိုင်းပ ညာဂိုဏ်း၏ တော်ဝင်ပြိုင်ပွဲဟာ သိုင်းပညာရော ဆေးပ ညာ ပါ ပြိုင်တဲ့ပွဲပါ။ ဒါကို ဆယ်စုနှစ် တစ်စု ကို တစ်ကြိမ် ကျင်းပတာ ဖြစ်ပြီး ဂိုဏ်း၏ နောက်လိုက်အားလုံးကို ကြီး မား သော စမ်းသပ်မှုကြီးပင် ဖြစ်ပါတယ်။
“ရပါတယ်။ ဒါပေမဲ့ ခု ငါတို့မှာ မိုးပြာရောင် သိမ်မွေ့ သီး ကုန်နေတာကလွဲလို့ ကျန်တာ အဆင်ပြေတယ်”
မစ္စ လီ ဟာ အံ့အားသင့်နေပေမဲ့ အပြင်ပန်းမှာတော့ ထုတ် မပြပါချေ။
“ကျွန်တော့မှာ မိုးပြာရောင် သိမ်မွေ့သီး ရှိတယ်”
ချန်ရှန် မှာလည်း တစ်လုံးသာ ရှိတာပါ။ ဒါကို မူလက အစေ့ အဖြစ် စိုက်ပျိုးရန် ရည်ရွယ်ထားပေမဲ့ သူ့ခြံဝန်း လေးထဲမှာ အပင်ကြီး ရှိနေတာကြောင့် သိပ်တော့ စိုးရိမ် စရာ မရှိချေ။
“ကောင်းတယ်။ ဖြစ်စဉ် တစ်ခုလုံးကို ကျွန်မနဲ့ ဒန်ရှန် ရဲ့ အဆင့် ၄ ပညာရှင် ၁၀ ဦးတို့ ကြီးကြပ်မှာ ၊ လက်ခံရဲ့ လား”
မစ္စလီ က မေးလိုက်တယ်။
ချန်ရှန် ချက်ချင်းပင် ခေါင်းညိ့မ်ကာ မစ္စလီနောက်သို့ လိုက်သွားပါတယ်။ ချန်ရှန် ၁၀ ထပ်မြောက်ကို ရောက်ရှိ လာခဲ့ပြီး ဒါဟာ စစ်ဆေးမှု လုပ်တဲ့နေရာပါ။
ချန်ရှန် အဆင့် ၄ ပညာရှင် ၄ ဦးကို မြင်လိုက်တယ်။ အားလုံးဟာ သက်ကြီးရွယ်အိုများဖြစ်ကာ ဆံပင်များဖြူပြီး ၎င်းတို့ဟာ တစ်ယောက်ကို တစ်ယောက် လေးစားကြပါ တယ်။ မစ္စလီ မှလည်း ထိုလူများအား အလွန် ပင်လေးစား လှတယ်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံးဟာ ဂုဏ်ပြုခံရဆုံးတွေ ဖြစ်လို့ပါပဲ။ ဒါ့အပြင် ၎င်းတို့ဟာ ဒန်ရှန် အတွက် ဆေးများစွာ ပြုလုပ်ပေးကြသူများလည်း ဖြစ်ပါ တယ်။ အားလုံး ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် အထက်တွေ ချည်းပါပင်။
ချန်ရှန် ၎င်းတို့ကို တွေ့လိုက်တယ့်အခါ လေးစားစွာ ဂါရ၀ ပြုလိုက်တယ်။ ၎င်းတို့ဟာ ဆေးများ ပြုလုပ်ခြင်းဖြင့် သာ အချိန်ကုန်နေကြလေ့ ရှိပြီး အပြင်ထွက်ခဲလှပါတယ်။ သူတို့အတွက်လည်း ထွက်စရာ ကိစ္စ မရှိပဲ ဒါပေမဲ့ ယခု အခါ ၎င်းတို့ရှေ့မှာ ရှိနေသော လူငယ်လေးမှ အဆင့် ၄ အတွက် စစ်ဆေးမှု ခံယူမယ် ဆိုတာ သိသွားကြတဲ့ အခါ တော်တော် အံ့သြကာ အထင်လည်း နည်းနည်း သေး သွားကြပုံပါ။ ဒါထက်ပိုအံ့အားသင့်သွားကြတာကတော့ ချန်ရှန် ဟာ တကယ်ပဲ အဆင့် မြင့် ဝိဉာဉ်တော်ဆေး ၂ ခု နဲ့ အဆင့်နိမ့် သိမ်မွေ့ဆေး ၁ မျိုး ပြုလုပ်နိုင်တယ်ဆိုတဲ့ အချက်ပါပဲ။
သူတို့ ၁၀ ယောက်လုံး ကိုယ်တိုင် တည်ဆောက်ရေး ဆေးအား ဘယ်တော့မှ အောင်မြင်အောင် မလုပ်နိုင်ခဲ့ကြ ပါ။ သူ့တို့မှာ ပစ္စည်းတွေ ရှိပေမဲ့ စုသားထားကြပါတယ်။
“ငါတို့အားလုံးတောင် မအောင်မြင်တာကို ဒီကောင် လေး က လုပ်မယ်တဲ့လား။ ဒီကောင်လေး ကောင်းကင် နဲ့ မြေကြီးရဲ့ ကြီးမားမှုကို မသိပေဘူး။ ဒါဟာ မိုးပြာသီးကို သက်သက် ဖြုန်းနေတာပဲ”
လူကြီးတစ်ယောက်ဟာ တခြားတစ်ယောက်ကို လေ သံ တီးတိုးဖြင့်ပြောနေတယ်။ သူ၏ အသံမှာ အထင်သေး မှုများ ပါနေသလိုပါပဲ။
ချန်ရှန် ဒါကို ကြားတဲ့ အခါ ရယ်သာနေလိုက်ပြီး ဘာမျှ မပြောတော့ချေ။ သူဟာ တည်ဆောက်ရေးဆေးကို အကြိမ်ကြိမ် အောင်မြင်ထားသည် မဟုတ်ပါလော။
မူလက ဒီလူကြီးတွေဟာ သူတို့အချိန် အကုန်ခံပြီး ချန် ရှန် စစ်ဆေးမှုကို ကြီးကြပ်ဖို့ တွန့်နေကြသော်လည်း မစ္စလီ ထံမှ ချန်ရှန် နဲ့ ဟွာရှန်ယူ တို့ဟာ မိတ်ဆွေတွေဆိုတာကို ကြားသိရသောကြောင့် ၎င်းတို့ဟာ ပျော်ပျော်ပဲ လာကြည့် ကြပါတယ်။ ဒါကပင် ချန်ရှန် ကို ဟွာရှန်ယူ နဲ့ ပတ်သတ် ပြီး သံသယ ပိုမိုကြီးထွားသွားတယ်။
ဟွာရှန်ယူ ဂိုဏ်းချုပ် ၏ အစေခံများစွာထဲမှ တစ်ဦး လို့ သာ ပြောခဲ့ပေမဲ့ သူမ၏ အစစ်မှန်ဟာ ဒီထက်မြင့်နေသ လိုပါပဲ။
ချန်ရှန် နဂါးမီးတောက် မီးဖိုကို ထုတ်လိုက်တယ်။ စိတ် မရှည်စွာ ကြည့်နေသော လူကြီးများထံ စစ်ဆေးဖို့ပေး လိုက်ပါတယ်။ မီးဖိုဟာ အလွန်လှပပြီး ဒါဟာ သာမန် မဟုတ်ဘူးဆိုတာ မြင်နိုင်ရန် ခက်ခဲလှပါတယ်။
ချန်ရှန် ဟာ စစ်ဆေးမှု စည်းမျဉ်းတွေကို သိရှိပြီး ဖြစ် ပါတယ်။ အဆင့် ၄ ပညာရှင် ၁၀ ယောက်၏ ကြီးကြပ်မှုကို ခံယူ ရမည် ပဲ ဖြစ်တယ်။
ချန်ရှန် ဟာ ဆေး စလုပ်ပါပြီ။ ဒြပ်စင်ဆေး အတွက် ဒန်ရှန် မှ ထောက်ပံ့သော ဆေးပင်များမှာ မဆိုးလှချေ။ ချန်ရှန် အကောင်းဆုံး ကြိုးစားခဲ့ပြီး နာရီဝက်ဖြင့်ပင် အောင်မြင် ခဲ့ပါတော့တယ်။
“ချီဒြပ်စင်ဆေးကို လုပ်ပြီးပြီဗျ”
ချန်ရှန် မျက်နာမှာ ပြန်နေသော ချွေးအနည်းငယ်အား သုတ်ရင်း ပြောလိုက်တယ်။
လူကြီး ၁၀ ယောက်လည်း တစ်ယောက်မျက်နာ တစ် ယောက် ကြည့်နေကြတယ်။ မယုံကြည်နိုင်စွာ ဖြင့် ရှိနေ ကြပြီး နာရီဝက်ဖြင့် လုပ်ခြင်းဟာ မည်သို့ ဖြစ်နိုင်ပါမည် နည်း ၊ သူတို့ပင် မလုပ်နိုင်ပါ။
ဒါပေမဲ့ မစ္စလီကတော့ ယုံကြည်နေတယ်။ သူချန်ရှန်၏ အပြုအမူတွေကို သိနေသည် မဟုတ်ပါလော ၊ ချန်ရှန် လုပ်သွားတွေ အားလုံးဟာ တုန်လှုပ်စရာတွေချည်း ပင်။ သူမကိုယ်တိုင်ပင် မီးဖို အဖုံးကို ဖွင့်ကာ ကြည့်လိုက် တဲ့ အခါမှာတော့ အဖြူရောင် ဆေးလေး ၅ လုံးကို တွေ့ ရ ပါတော့တယ်။
မစ္စလီ အံ့သြမှု နဲ့ အတူ သက်ပြင်းချမိတယ်။ သူမဟာ ဆေးပညာရှင် စစ်စစ် မဟုတ်သော်လည်း သာမန်အားဖြင့် ဆေးပင် တစ်စုံစာမှာ ၄ လုံးသာ ရတာကို သိနေတယ်။ ဒါတင်မက သူမမှာရှိနေသော ပညာရှင် ၁၀ ယောက် ထဲမှ အများစုဟာ ၃ လုံးသာ ထုတ်နိုင်ကြတာပါ။
လူကြီး ၁၀ ယောက်လည်း စုရုံးကာဖြင့် ဆေးငါးလုံး ကို ပဟေဠိ ဆန်သော မျက်လုံးများဖြင့် ကြည့်နေကြတယ်။ ချန်ရှန် ဟာ တစ်ခုခု မသမာ လုပ်တယ်လို့ပင် သံသယ ဝင် နေကြပါတယ်။ ဒါပေမဲ့ သူတို့ လက်ထဲမှာ ရှိသော ဆေး ငါးလုံးဟာ နွေးနေတုန်းပင် ရှိပါသေးတယ်။ဒါတင်မက ဆေး ပင်များမှ ထွက်သော ရနံ့ဟာလည်း လုပ်ပြီးခါစ အနံ့ လိုပါပဲ။
သူတို့ ၏ ပိန်ချုံးသော ကိုယ်လုံးများမှာ တုန်နေကြပါ တယ်။ ချန်ရှန် ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေကြပြီး မကောင်းဆိုးဝါး တစ်ကောင်ကို မြင်တွေ့ရသလိုပါပင်။ သူတို့ အတွက် အသက် ၂၀ လူငယ်လေးမှ အချိန်နာရီ ဝက် ဖြင့် ချီဒြပ်စင်ဆေး ၅လုံးအား ထုတ်နိုင်ခြင်းကို ယုံကြည်ရန် ခက်ခဲနေကြပါတော့တယ် . . .။
Chapter – 134
#စတုတ္ထအဆင့်ဆေးပညာရှင်
“မင်းရဲ့ ဆရာက ဘယ်သူလဲ”
လူကြီးတစ်ဦးက သက်ပြင်းချရင်း မေးလိုက်တယ်။
သူ၏ အသံမှာ လေးစားမှုများ ပါဝင်နေပြီး ချန်ရှန် ကို လေးစားစွာ ကြည့်နေတယ်။ ဒီအချိန်မှာ အားလုံးဟာ ချန် ရှန် ကို အထင်မသေးဝံ့တော့ချေ။ တချိန်တည်းမှာပင် သူ တို့၏ ခုနက အပြုအမူများအတွက် ရှက်ရွံ့သွားကြပါတယ်။
“ကျွန်တော ဟာ ပြင်းထန်သော ဆေးဘုရင်ခြံဝန်းက နောက်လိုက်တစ်ဦးသာ ဖြစ်ပါတယ်။ ကျွန်တော့မှာ ဆရာ တော့ မရှိဘူး။ ဒါပေမဲ့ ဆရာမကြီးကတော့ တခါတရံ လမ်းညွှန်ပေးတတ်တယ်”
ချန်ရှန် တည်ငြိမ်စွာ ပြန်ဖြေလိုက်တယ်။ ဖြေသံကို ကြားတဲ့အခါ အားလုံးဟာ သက်ပြင်းများ ချကာ ကြောက်ရွံ့သွားကြပါတယ်။
ပြင်းထန်သော ဆေးပညာခြံဝန်း တဲ့လား . . .
၎င်းတို့ဟာ မမြင်ဘူးပေမဲ့ နာမည်ကတော့ ကျော် ကြားနေပါတယ်။ အဘယ်ကြောင့်ဆိုသော် ဒါဟာ ပြင်းထန်သော ဆေးဘုရင်၏ ခြံဝန်းဖြစ်ပြီး ဆေးဆရာမ ကြီး ၏ ခွင့်ပြုချက်နဲ့ သာ ဝင်ရောက်နိုင်တာပါ။ ဆရာမကြီး ဟာ အလွန်လျို့ဝှက်ဆန်းကြယ် လှသော်လည်း သူမ၏ ဆေးပညာအစွမ်းကတော့ ချန်ဝူနယ်မြေကြီး တစ်ခုလုံးမှာ အတော် ထင်ရှားပါတယ်။
ဆေးပညာရှင်တိုင်း လိုလို ဟာ ဆေးဆရာမကြီး ဆေးဘုရင်ဖြစ်လာပြီလို့ ယုံကြည်ကြတယ်။ ဒါပေမဲ့ သူ မ ဟာ ဒီလိုတော့ မဖြစ်သေးပါချေ။ လမ်းကြောင်းပေါ်သာ ရောက်နေတာ ဖြစ်ပါတယ်။
ချန်ရှန် ဟာ ဆေးဘုရင် ခြံဝန်းကို ဝင်ရောက်နိုင်သော ခြွင်းချက် သာလျှင် ဖြစ်တယ်။ ယောင်ဟွာရှန်း လို အဆင့် ၃ ဆေးပညာရှင်ကိုပင် ၎င်း၏ တပည့်အဖြစ် လက်ခံခဲ့ခြင်း ကို မစ္စလီ ကြားပြီးသားပါ။
ချန်ဝူ နယ်မြေကြီး မှာ အကျော်ကြားဆုံး ဆေးပညာရှင် ၂ ယောက်သာ ရှိပါတယ်။ တစ်ဦးမှာ ဒန်ရှန်တောင်ယွမ် ၏ ဂိုဏ်းချုပ်ဖြစ်ပြီး နောက်တစ်ဦးမှာ ဆေးဆရာမကြီး ဖြစ် ပါတယ်။ နောက်ပြီး ၎င်းတို့ ၂ဦးစလုံးဟာလည်း အလွန် ပင် လျို့ဝှက်ကြပါတယ်။
ချန်ရှန် ဟာ ဆေးဆရာမကြီး၏ လမ်းညွှန်မှု ကို ရရှိတဲ့ အတွက် ချန်ရှန် ဟာ တခြားလူများထက် သာနေမယ် ဆို တာ ရှင်းနေပါပြီ။
ချန်ရှန် ဟာ အဖြူရောင် ကျောက်စိမ်းဆေးအား ပိုမို လျင်မြန်စွာပင် လုပ်နိုင်ပြီး များစွာ ပြုလုပ်ခဲ့ပါတယ်။ လူကြီး များ အားလုံး နှလုံး တစ်ကြိမ် ထပ်တုန်သွားရပြန်ပါပြီ။ သူတို့ ချန်ရှန် ကို အထင်သေးမိခဲ့ကြတဲ့ အတွက် ခေါင်း ပင် မဖော်ရဲကြလောက်အောင် ဖြစ်နေကြပါတယ်။
ချန်ရှန် ခဏလောက် နားနေပြီးတဲ့ အခါမှာတော့ အခြေခံ တည်ဆောက်ရေး ဆေးအား ပြုလုပ်ဖို့ စတင်ပါ တော့တယ်။
အဆင့် ၄ ဆေးပညာရှင် ၁၀ ယောက်တို့ မျက်တောင် ပင် မခပ်ကြချေ။ ချန်ရှန် ဆေးပင်များအား ကျွမ်းကျင်စွာ စီ မံ နေပုံကို ကြည့်ရင်း လျို့ဝှက်စွာပင် တုန်လှုပ်နေကြတယ်။ ချန်ရှန် အကြိမ်များစွာ ပြုလုပ်ခဲ့ပြီးတာကို ရိပ်စားမိကြပြီး အနည်းဆုံးတော့ သူတို့ထက်သာပေသည်။ သူတို့ပင် ဒီလို ကျွမ်းကျင်စွာ မခွဲခြား နိုင်ပါဘူး။
အခု ဆေးပညာရှင်တို့ ချန်ရှန် ကို ကြည့်နေပုံမှာ တော် ဝင် ဆေးဆရာကြီးတစ်ယောက်အား ကြည့်နေသလိုပါပင်။ ဒါ့အပြင် တည်ဆောက်ရေး ဆို ပြုလုပ်ခြင်းဆိုတာလည်း မတွေ့ရသလောက်ပင် ရှားပါးလှတဲ့ အတွက် သူတို့ အားလုံး စိတ်လှုပ်ရှားနေကြတယ်။
ချန်ရှန် မိုးပြာရောင် သိမ်မွေ့သီးကို ဘယ်လိုရခဲ့လဲ ဆိုတာကိုလည်း သိချင်နေကြပြီး တချို့ဆို သူတို့ကို နည်း နည်း ရောင်းလျှင် ကောင်းမည် ဟုပင် တွေးနေကြပါသေး တယ်။
ဆေးပင်များကို စီမံပြီးနောက်မှာတော့ ချန်ရှန် ဟာ လျင်မြန်သော နှုန်းဖြင့်ပင် မီးဖိုထဲသို့ ပစ်ထည့်နေပါတယ်။ ထို့နောက် မီးဖိုထဲတွင် အစဉ်လိုက်ပြန်လည် နေရာချထား ကာ အားလုံးသော လူများဟာ ချန်ရှန် ပြုလုပ်ပုံကို မှတ် သား နေကြပါတော့တယ်။
ချန်ရှန် သူ၏ မျက်လုံးများ ပိတ်လိုက်တယ်။ သူ၏ လက် ၂ ဖက်ကို မီးဖို ကို ကိုင်လျက် မီးတောက်များ အား လောင်းထည့်နေပါတယ်။ ထို့နောက် သူ၏ နတ်အတွင်း အား အာရုံများအား အသုံးပြုကာ မီးဖိုတွင်းရှိ ပြောင်းလဲမှု များအား လေ့လာမှတ်သားနေတယ်။ မီးတောက်များဟာ ဆေးပင်များအား တငွေ့ငွေ့ဖြင့် လောင်ကျွမ်းနေပါတော့ တယ်။
ဒီလိုနဲ့ ဆေးပညာရှင်များဟာ မီးဖိုကို စိုက်ကြည့်နေကြ ကာ ရှိပြီး အပူချိန် ပြောင်းလဲမှု အနည်းငယ်မှ လွဲလို့ တခြား ပြောင်းလဲမှုကို မတွေ့ကြပါချေ။ မီးဖိုထဲမှ အချိန်ရဲ့ ပြောင်း လဲမှုကိုပင် သိနိုင်စွမ်း မရှိကြပါချေ။
တစ်နာရီ ကြာပြီးနောက် ချန်ရှန် သူ၏ မျက်စိများကို ဖွင့် လိုက်တယ်။ ထို့နောက် ပြုံးကာဖြင့် -
“အောင်မြင်သွားပြီ”
ဘယ်လို ၊ အောင်မြင်သွားပြီတဲ့လား . . .
လူအားလုံးဟာ ချန်ရှန် ကျောက်ရုပ်တစ်ရုပ်လို တည် ငြိမ်စွာ ရပ်နေတာကို မြင်ရပေမဲ့လည်း ဒါဟာ နောက်စ ရာ မဟုတ်ဟု ထင်မိတယ်။ တကယ်ပဲ အောင်မြင်သွား ပေ တာလားဟု သံသယများ လည်း ဖြစ်သွားကြပါတယ်။ တစ်နာရီ သာသာ ဖြင့် တကယ်ပဲ လုပ်နိုင်ခဲ့တယ်။
မစ္စလီဟာ မျက်ခုံးများ ရှုံ့ကာ သံသယ ဖြင့် မီးဖိုအဖုံး အား မကြည့်လိုက်တယ်။ သူမ ရုတ်တရက်ပင် ထအော် မိ လိုက်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဆေး ၂ လုံး ကို တွေ့လိုက်ရလို့ပါပဲ။
“သူတကယ်ပဲ တည်ဆောက်ရေးဆေး ၂ လုံး လုပ်နိုင် တယ်”
မစ္စလီ အံ့အားသင့်စွာ ပြောပါတယ်။
ပုံမှန် တစ်လုံး ရလျှင်ကို တော်တော် အံ့သြစရာပါ။ ဒါ ပေမယ့် ချန်ရှန် ဟာ တကယ်ပဲ ၂ လုံး တောင် လုပ်နိုင်ခဲ့ပါ တယ်။ ဒါဟာ မစ္စလီ အတွက် အလွန်ပဲ ကြောက်မက်ဖွယ် ဖြစ်သွားစေပါတယ်။ တော်တော် ကို ထိတ်လန့်မိသွားတာ ပါ။
လူကြီး ၁၀ ယောက်ဟာလည်း ပိုမို ပင် လန့်သွားကြ ပါတယ်။ ပါးစပ်အဟောင်းသားဖြင့် ကြောင်ငေးကာ ကြည့် နေကြပါတယ်။
“ဒါ အခြေခံ တည်ဆောက်ရေး ဆေးလား”
လူကြီး တစ်ယောက် က ရေရွတ်ပြောဆိုပါတယ်။
“ဟုတ်ပါတယ်။ တည်ဆောက်ရေးဆေးပါ။ ဒါကို အကြောတစ်ထောင် အသီး ၊ ရွှေရောင် နဲ့ မိုးပြာရောင် သတ္တုသစ်သီး နဲ့ သိမ်မေ ွ့သီးနဲ့ အတူတူပါပဲ”
လူကြီးတစ်ဦးက ပြောပြပါတယ်။
သူတို့ ခံစားချက်ကို ပင် သူတို့ မဖော်ပြနိုင်တော့ပေ။ ချန်ရှန် ကိုပင် မနာလို ဖြစ်မိကာ အံ့သြတကြီး ကြည့်နေကြ တယ်။ ချန်ရှန် သာ သူတို့ ကို တပည့်အဖြစ် လက်ခံမည် ဆိုပါက ချက်ချင်း ဒူးထောက်ကြမည်ပင်။
ချန်ရှန် ဟာ အခု အဆင့် ၄ ပညာရှင် ဖြစ်သွားပါြ့ပီ။ သူတို့ထက်ပင် သာကာ တည်ဆောက်ရေးဆေးအား ပြု လုပ် နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီဆေးပြုလုပ်နိုင်ခြင်းဟာ နတ်အတွင်းအား အာရုံ အရမ်းကောင်းမွန်သော အဆင့် အား ရောက်ရှိနေပြီ ဆိုတာကို ပြသရုံမျှ မက ချီဓာတ်များဟာလည်း အဆင့် မြင့် မားလှနေပြီ ဆိုတာကို ပြသခြင်း လည်း ဖြစ်ပါတယ်။
မစ္စလီ အပါအဝင် လူကြီး ၁၀ ယောက်ဟာ ဘာမျှ မပြော နိုင်ကြတော့ပါချေ။ ချန်ရှန် ဟာ ယခု သူတို့ အတွက် ပုံမှန် လူသား မဟုတ်တော့ပါဘူး။
ချန်ရှန် ကျောက်စိမ်းပြား တစ်ခုကို လက်ခံရရှိခဲ့တယ်။ ရွှေရောင် အစင်းလေးခု ရှိနေပြီး ထိုအနောက်မှာတော့ အမှတ်အသား ၁၀ ခုအား သွေးနှင့် နတ်အတွင်းအားများ အသုံးပြုကာ သူ၏ နာမည်ကို ထွင်းထားပါတယ်။ ဒီ အမှတ်အသား ၁၀ ခု ကတော့ ချန်ရှန် ကို ကြီးကြပ်တဲ့ လူတွေ ရဲ့ အမှတ်အသားပဲ ဖြစ်ပါတော့တယ်။
ချန်ရှန် ဟာ တည်ဆောက်ရေး ဆေး ၂ ခုကို ပြုလုပ် ခဲ့ တာ ဖြစ်တယ်။ ချန်ရှန် ဟာ တစ်လုံးသာ ရယူတာကြောင့် မစ္စလီဟာ အားနာလျက် ရှိနေတယ်။ ဒါကြောင့် ချန်ရှန် အား သလင်းကျောက် ၁သိန်း အား ပေးလိုက်ပါတယ်။ ချန် ရှန် မှာသာ မိုးပြာသီး မရှိပါက သူတို့ ဒီဆေးကို ရမည် မဟုတ်ပေ။
“ချန်ရှန် ၊ မင်းကို စစ်မှန်သော သိုင်းပညာနယ်ပယ် က အစောင့် အနည်းငယ် ထည့်ပေးလိုက်ရမလား ၊ လမ်းမှာ အန္တရာယ် များလွန်းတယ်”
မစ္စလီ က ပြောပါတယ်။
“မစ္စလီ ၊ ခင်ဗျား ရဲ့ကြင်နာမှု အတွက် ကျေးဇူး အများ ကြီး တင်ပါတယ်။ ဒါပေမဲ့ မလိုပါဘူးဗျ”
ချန်ရှန် ခပ်ပြုံးပြုံး ပင် ပြောလိုက်ပါတယ်။ အဘယ် ကြောင့် ဆိုသော် ပြင်းထန်သော သိုင်းပညာဂိုဏ်းချုပ် ၏ စကားအရ ချန်ရှန် ကို သတ်ဖို့ ကြိုးစားသူဟာ ဂိုဏ်း ၏ နံပတ် ၁ ရန်သူ ဖြစ်လာမည် ဖြစ်ပြီး ဒီလို အရာကို မည်သူမျှ ခံစားချင်မည် မဟုတ်ပေ။ နိဗ္ဗာန် အဆင့်မှ ပညာရှင်များ ပင် စမ်းမကြည့်ရဲလောက်ပါဘူး။
ချန်ရှန် ရနံ့ မြို့တော်မှ ထွက်ခွာလာပြီး တောင်ပံများ အသုံးပြုကာ ပြင်းထန်သော သိုင်းပညာ စီရင်စု ဆီသို့ ပျံ သန်း သွားပါတော့တယ်။ ချန်ရှန် လုံခြုံမှု ရှိစေရန် မစ္စလီ နှင့် အဆင့် ၄ ပညာရှင် ၁၀ ယောက်ဟာ ချန်ရှန် အကြောင်း သတင်းမပြန့်စေကြပါဘူး။ ချန်ရှန် နဲ့ ပတ်သက်ပြီး လျို့ဝှက်ထားကြပါတော့တယ်။
ဒီအချိန်မှာ ပြင်းထန်သောာ သိုင်းပညာဂိုဏ်းမှ အကြောင်း အမျိုးမျိုးကြောင့် အဝေးရောက်နေသော နောက်လိုက်အားလုံးဟာ တော်ဝင်ပြိုင်ပွဲကြီးကို ပါဝင်ကြ ရန် ပြန်လာနေကြပြီ ဖြစ်တယ်။ ဒါဟာ ၁၀ နှစ်မှ တစ်ကြိမ် ကျင်းပတာကြောင့် ၎င်းတို့၏ စွမ်းအားများအား ဘယ်လို ကြီးလာတယ် ဆိုတာကို ပြသရန် အကောင်းဆုံး အခွင့် အရေးပါပင်။ ဒါတင်မက ဂိုဏ်း၏ အတော်ဆုံးမျိုးဆက် သစ်များ မွေးထုတ်ပေးရာလည်း ဖြစ်ပါတော့တယ်။
ချန်ရှန် ဟာ လေထဲ ပျံသန်းရာမှာ အေးဆေး သက်သာ စွာ ပါပဲ။ ဒါဟာ ချီ အတောင်ပံများ၏ စွမ်းအားကြောင့်ပါ။
“အကိုတော် ချန် ၊ ကျွန် မ ကို အဲဒိတည်ဆောက်ရေး ဆေး ပေးပါလား”
လောင်ဆုရီ ခပ်တိုးတိုး ဆိုပါတယ်။ ချန်ရှန် ရနံ့မြို့မှ ပြန်လာပြီးနောက် သူမ၏ ချစ်စဖွယ် ပုံစံအမျိုးမျိုးဖြင့် ချန်ရှန် ဆီမှ ဆေးအား တောင်းနေပါတော့တယ်။
“မပေးဘူး။ ငါလည်း တကယ် လိုနေလို့။ ဆေးပင်တွေ ရှာတွေ့တာစောင့်ဦး ၊ ငါမင်းအတွက် လုပ်ပေးပါ့မယ်”
ချန်ရှန် ပြန်ပြောလိုက်တယ်။
“နည်းနည်းလေးပဲ ပေးမြည်းပါ ၊ လျာနဲ့ပဲ လျက်မယ် လေ”
လောင်ဆုရီ ထပ်မံ တီတီတာတာ ပြောနေပါတယ်။ သူမ အသံလေးဟာ အလွန် သနားစရာကောင်းပေမဲ့ ချန်ရှန် ငြင်းခဲ့ပြန်ပါတယ်။ သူမ ပါးစပ်ထဲသာ ရသွားပါက အသားတုံး ရသွားသည့် ခွေးလိုပင် ပြန်ရတော့မည် မဟုတ် ချေ။
လောဘကြီးတဲ့ နဂါးမလေး ဟာ ထိန်းသိမ်းရတော့ လွယ်ကူပါတယ်။ သူမဟာ ဆေးများကို အလွန်ကြိုက်ပြီး အဆင့်မြင့် ဆေး ဖြစ်လေလေ သူမက ပိုစားချင်လေပါပဲ။ ဒါချန်ရှန် အဖို့ တော်တော် အမြင်ကတ်စရာပါ။
လေထဲမှာ ပျံသန်းရင်း အောက်မှ အသံတစ်ခုကို ချန်ရှန် ကြားလိုက်ရတယ်။ သူငုံ့ကြည်တဲ့ အခါမှာတော့ အဖြူရောင် ဝတ်ရုံဝတ် မိန်းကလေးအား လူတစ်စုမှ ဝိုင်း ထားတာကို မြင်လိုက်ရပါတယ်။ သူဟာ ယခု ဒန်ရှန် နဲ့ ပြင်းထန်သော သိုင်းပညာ စီရင်စု ၏ နယ်စပ်ကို ရောက်ရှိ နေတာ ဖြစ်ပြီး အခြေအနေက ပရမ်းပတာပါပဲ။
“ဝုကွမ်ချင် ၊ ဒီကို ဘယ်လို ရောက်နေတာပါလိ့မ်”
ချန်ရှန် ချက်ချင်းပင် ဆင်းလာပါတယ်။
ဝုကွမ်ချင်ဟာ မူလက မာနခပ်ကြီးကြီး မိန်းကလေး ဖြစ်ပေမဲ့ ချန်ရှန် နှင့် တိုက်ပြီးနောက် သူမအမှားကို သိ ကာ ချန်ရှန် အား အထင်ကြီးလေးစားလျက် မာန မရှိတော့ ပါ ချေ။
လူတစ်ယောက်ဟာ အမှား ပြုလုပ်တယ် ဆိုတာ သာမန်ပါပဲ။ ဒါပေမဲ့ ဒီ အမှားကို နားလည်အောင် မကြိုးစားရင်တော့ အဲဒိအမှားကပဲ အဲဒိလူကို ပြန်လည် ဒုက္ခပေးမှာ ဖြစ်ပါတော့တယ် . . .။
Chapter – 135
#အပြာရောင်ကြယ်မီးဝိဉာဉ်တော်
ဝုကွမ်ချင် ရဲ့ လက်မှာ သွေးတွေဖြင့် ပြည့်နေပြီး သူမ၏ ပါးမို့မို့ မှာလည်း ဓားရှရာ တစ်ချက် ရှိနေတယ်။ အဆင့် ၃ ဝိဉာဉ်တော် လက်နက်ဟာ သူမလက် မှ ၂ ပိုင်းကျိုး သွားပြီး လူ ၂၀ ကျော်လောက် သူမကို ဝိုင်းလျက်ရှိနေပါ တယ်။ ဒါပေမဲ့ သူမမျက်နာမှာ ပြတ်သားမှုများကို မြင် ရပြီး သူမဟာ နောက်ဆုတ်ဖို့ ရည်ရွယ်ချက် မရှိပုံပါပဲ။ သူ မ ဟာ အကူညီမဲ့ကာ သေခြင်းတရားနှင့် ရင်ဆိုင်ရမှာ ကို ပင် မမှုပဲ တည်ငြိမ်လျက် ရှိပါတယ်။
“ကောင်မလေး ၊ ငါတို့ကို ရတနာကိုပေး ၊ အသက်ကို ချမ်းသာပေးမယ်”
ခပ်ချောချော လူတစ်ဦးဟာ အေးစက်စွာ ပြောလိုက် တယ်။ ဝုကွမ်ချင် ဟာ ချောမောလှပလှသော်လည်း သူ ဟာ သူမလက်ထဲမှာ ကိုင်ထားသည့် အရာကိုသာ စိတ်ဝင် စားနေပုံပါ။
“သေရင်တောင်မှ ရလိမ့်မယ် မထင်နဲ့”
အပြာရောင် ပုတီးလုံး လိုတစ်ခုဟာ ဝုကွမ်ချင် ၏ လက်မှာ ပေါ်လာပြီး သူမဟာ ထိုအရာကို အလျင်အမြန်ပဲ မျိုချလိုက်ပါတယ်။
“မိန်းမယုတ်မ ၊ မင်းဒီရတာကို စားရဲတယ်ပေါ့”
ထိုလူကာ ဒေါသတကြီး ကြုံးဝါကာ ပြေးလာပါတယ်။
ဝုကွမ်ချင် မြိုချပြီးနောက် သူမတစ်ကိုယ်လုံး နာကျင်မှု ကို ခံစားလိုက်ရပြီး အံကြိတ်ကာဖြင့် နာကျင်မှုကို ခံယူနေ ပါတယ်။ ဒီလိုကြောင့်ပဲ သူမမှာ အားအင်များ မရှိတော့ပဲ လူကြီး ၏ ဓားဟာ သူမဆီသို့ စိုက်လာပါတော့မယ်။ မီးလုံး တစ်လုံး ကောင်းကင်ပေါ်မှ ကျလာတယ်။ ထိုလူ၏ ကိုယ် အား ထိမှန်သွားပြီးနောက်မှာတော့ သွေးထွက်သံယိုဖြင့် စူးစူးဝါးဝါး အော်ဟစ်သွားပါတော့တယ်။
ဝုကွမ်ချင် ဟာ သူမရှေ့မှာ အရပ်ရှည်ရှည် သဏ္ဍာန် တစ်ခု ပေါ်လာတာကို သာ တွေ့လိုက်ရတယ်။ ထိုအရာ ၏ နောက်မှာတော့ ကြီးမားသော တောင်ပံကြီးများဟာ မီး တောက်များ ထွက်လျက် ရှိနေပါတယ်။
ချန် ရှန် . . .
ဝုကွမ်ချင် ဟာ ကြီးမားသော မီးတောင်ပံကြီးများ ဖြင့် ချန်ရှန် ကို မှတ်မိသွားပါတယ်။ ဘယ်လို့ကြောင့်မှန်း မသိပေမဲ့ ချန်ရှန် ဒီလို သူမရှေ့မှာ ပေါ်လာခြင်းဟာ သူမ အတွက် လုံခြုံသွားသလို ခံစားလိုက်ရပါတယ်။ ယိုင်တိုင် တိုင်ဖြင့် နာကျင်မှုကို ခံစားရင်း သူမဟာ မသက်မသာ ပုံစံ ဖြင့် -
“ကျွန်မကို ကယ်တာ ကျေးဇူး တင်ပါတယ်”
ချန်ရှန် မီးတောင်ပံကြီးများ ဟာ ကျော်ကြားလှတယ်။ ဒီထက် အံ့သြစရာ ကောင်းတာက ဝုကွမ်ချင် ၏ ရန်သူများ ဟာလည်း သူ့ကို သိနေခြင်းပါ။
“ဟား ဟား ဟား ၊ အဲဒိတော့ သလင်းကျောက် ၃ သိန်း တန်တဲ့ ချန်ရှန်ပေါ့”
လူတစ်ယောက် က ရယ်မောပြီး ပြောပါတယ်။ ဒါပေ မဲ့ သူ့ရယ်သံဟာ လျင်မြန်စွာ ပျောက်ကွယ်သွားတယ်။ အဘယ်ကြောင့်ဆိုသော် ချန်ရှန် ဟာ ခုနက ချောမော သော လူ၏ ခေါင်းအား နင်းချကာ မြေမြုပ်ပစ်လိုက်ခြင်း ကြောင့်ပါပဲ။ ချန်ရှန် ဟာ ထိုလူအား သတ်လိုက်ပြီ ဖြစ်ပါ တယ်။
“သူတို့ဟာ စစ်မှန်သော သိုင်းပညာဂိုဏ်းက လူတွေ ၊ ကျွန်မဟာ မမျော်လင့်ပဲ အလုံးလေး တစ်လုံးကို တွေ့ခဲ့ တယ်။ သူတို့ မြင်တဲ့ အခါ ကျွန်မဆီက လုချင်ကြတော့ တာပဲ။ သူတို့ လွန်ခဲ့တဲ့ ၁၀ ရက်ကတည်းက ကျွန်မကို လိုက်ဖမ်းနေတာပါ”
ဝုကွမ်ချင် အံ့ကြိတ်ကာ ပြောဆိုတယ်။ ဒီအချိန်မှာ ပဲ သူမဟာ နာကျင်မှုကို တော်တော်ခံစားနေရတာ ဖြစ်ပါ တယ်။
ချန်ရှန် အေးစက်စက် ပင် လှောင်လိုက်တယ်။
“စစ်မှန်သော သိုင်းပညာဂိုဏ်းသားတွေလား ၊ မင်းတို့ က ကောင်းလှချည်လား ၊ ငါတို့ ပြင်းထန်သော သိုင်းပညာ ဂိုဏ်းဝင် ကို တောင် နှောက်ယှက်ရဲတယ်”
“ချန်ရှန် ၊ မင်းက ငါ့တို့ ဂိုဏ်းရဲ့ အလိုရှိတဲ့ စာရင်း မှာ ပါ ပါချင်လို့လား”
ထိုလူ က ခပ်ပြုံးပြုံး ဆိုပါတယ်။
“အားလုံးကို ငါ့ဆီ လာဖို့ ဖိတ်ခေါ်ပါတယ်”
ချန်ရှန် ကျယ်လောင်စွာ အော်ပြောလိုက်တယ်။ ထိုအ သံ နှင့်အတူ ချီဓာတ်များလည်း ပါသွားခဲ့ပြီး ထို လူရဲ့ ကိုယ် ကို ထိကာ သွေးများ အန်ထွက်သွားစေပါတော့တယ်။ ဒါ တင် မက အသံ၏ တုန်ခါအားကြောင့် ၎င်းကိုယ်ထဲရှိ အရိုး များအားလုံး ကျိုးသံများပါ ကြားလိုက်ရပြီး သေဆုံးသွားခဲ့ ပြီ ဖြစ်ပါတယ်။
၎င်း ဂိုဏ်းသားများဟာ ဆွံ့အသွားကြတယ်။ သူတို့ ၏ မျက်နာများမှာလည်း ထိတ်လန့်ပုံပေါ်နေကြပြီး စကား ဖြင့်ပင်ချန်ရှန် ဟာ သူတို့ထဲမှ တစ်ယောက်ကို သတ်လိုက် လို့ပါ။ ချန်ရှန် ၏ အားကုန်သာ ဆိုရင်တော့ . . .
“ပြန်ပြီး လျိုရှိုယန် ကို ပြောလိုက် ၊ ဒီကြားထဲ အသေမ ခံ နဲ့ဦးလို့ ၊ ငါလက်နဲ့ သတ်ချင်သေးလို့”
ချန်ရှန် ခပ်တည်တည် ပဲ ပြောလိုက်ပါတယ်။ ချန်ရှန် ၏ ပါးစပ်မှ မမြင်နိုင်သော ဖိအားဟာ ထိုလူအားလုံးကို လွှမ်းခြုံသွားကာ သွေးများအန်ထွက်လျက် ဒူးထောက် သွားပါလေတော့တယ်။ မျက်နာမှာတော့ နာကျင်မှုများကို တွေ့ရပြီး တချို့ဆို အော်ဟစ်လျက် ပင် ရှိနေကြပါတယ်။
“ဟက် ဟက်”
ချန်ရှန် အေးစက်စက် လှောင်လိုက်တယ်။ မကြာမီ မှာ ပင် ထိုလူများဟာ သွေးများ အဆက်မပြတ်ထွက်လာ သဖြင့် ဖိအားမှာလည်း ပျောက်ကွယ် သွားပါတော့တယ်။ တကယ်တော့ ချန်ရှန် ၎င်းတို့ကို မသတ်ချင်ပါ။
အခုတော့ ချန်ရှန် ဟာ စစ်မှန်သော သိုင်းပညာ နယ် ပယ် ပထမ အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူ့ရှေ့မှ မော်တယ် သိုင်းပညာရှင်တို့မှာ သူ့အတွက် ပုရွတ်ဆိတ် လေးများလိုပါပဲ။ သူသာ ဆန္ဒ ရှိပါက မျက်စိ တမှိတ် အတွင်း မှာပင် အငွေ့လုပ်လိုက်လို့ ရပါတယ်။
ဝုကွမ်ချင် ချန်ရှန် နောက်မှာ ရပ်နေရင်း ဖြစ်ပျက်သမျှ ကို ရှင်းလင်းစွာ မြင်နေရတယ်။ ချန်ရှန် ၏ အားကိုမြင်ပြီး သူမ တော်တော် အံ့အား သင့်နေပါတယ်။ သူပထမဆုံး ချန်ရှန် ကို စတွေ့တဲ့ အချိန် က ထက်ကို ပိုမို သာလွန်နေ တယ်လို့ တွေးမိပါတယ်။ ဒီလို ဘေးမသီရန်မခ ပြန်လာ တာကို ကြည့်ရင်း သူမ သက်ပြင်းချမိတယ်။ သူမဟာ ချန်ရှန် ကို စိုးရိမ်မိခဲ့လို့ပါပဲ။
ချန်ရှန် တစ်ဖက်လှည့်ကာ ဝုကွမ်ချင် ကို ဖက်လိုက် တယ်။ ထို့နောက် သူ၏ အတောင်ပံများကို ထုတ်ကာ မျက် စိ တမှိတ် အတွင်းမှာပဲ အဝေးသို့ ပျံသန်း သွားပါလေတော့ တယ်။ စစ်မှန်သော သိုင်းပညာဂိုဏ်းသား တို့ဟာလည်း သက်ပြင်း ကိုယ်စီ ချလျက် ရှိတယ်။ ခုနကပဲ သူတို့ဟာ သေမလို ခံစားလိုက်ရပြီး သူတို့ ချန်ရှန် ကို အလွန် မုန်းနေ ပေ မဲ့ စွမ်းအားကိုတော့ လေးစားမိသွားကြတယ်။ ချန် ရှန် ရှေ့မှ သူတို့ဟာ ပုရွတ်ဆိတ်လေးများ လိုပါပဲ။
ဝုကွမ်ချင် ၏ လှပသော ကိုယ်အား ကိုင်ထားရင်း သူမ ၏ ကိုယ်လေးဟာ တုန်နေတာကို ခံစားလိုက်ရပါတယ်။ သူမ ကိုယ်အပူချိန်ဟာ ပူခြစ်နေလျက်ရှိပြီး ဝုကွမ်ချင် တော်တော် နာကျင်စွာ ခံစားနေရတယ် ဆိုတာကို ချန်ရှန် သိသွားပါတယ်။
“မင်း ဘာ စားလိုက်တာလဲ”
ချန်ရှန် တောင်ထိပ်တစ်ခု မှာ ဆင်းလိုက်တယ်။ ဝုကွမ် ချင် ၏ ခါးအား ကိုင်ကာ သူမ ကိုယ်တွင်းကို အာရုံခံကြည့် မိတယ်။ သူမ၏ ကိုယ်ထဲမှာ အပြာရောင် မီးတောက်များ ထွက်နေတာကို တွေ့ရတာကြောင့် အံ့သြသွားမိတယ်။ ဒီ မီးတောက်တွေဟာ အပူချီလှိုင်းများ ထွက်လျက် ရှိပြီး ထို အရာများကို သန့်စင်ရန် ဝုကွမ်ချင် ၏ စစ်မှန်သော ချီဓာတ် များက ကြိုးစားနေလျက် ရှိပါတယ်။
“ကျွန်မလည်း မသိဘူး ၊ လွယ်လွယ်ပဲ သိမ်းလိုက်တာ ၊ ဒီ အလုံးမှာ တော်တော် များတဲ့ မီးဝိဉာဉ်တော် ချီဓာတ် တွေ ပါဝင်တယ်”
ဝုကွမ်ချင် သွားများ ကြိတ် လျက် ပြောပါတယ်။ သူမ ဟာ အလွန် နာကျင်စွာ ခံစားနေရသော်လည်း မျက်ရည် တစက် မကျပေ။ ဒီလိုလူရှေ့မှာ သူမ အားနည်းတယ်ဟု အထင်ခံရမှာ ဆိုးသောကြောင့်ပဲ ဖြစ်ပါတယ်။
ဝုကွမ်ချင်ဟာ တော်တော် နာကျင်လာပုံ ပေါက်နေ သဖြင့် ချန်ရှန် လည်း အကြံထုတ် လျက် ရှိပါတယ်။
“အပြာရောင်ကြယ်မီး ဝိဉာဉ်တော် ပဲ ၊ ကောင်းကင် ကနေ ကြယ် ၇၂ လုံးဟာ မော်တယ် ကမ္ဘာကို ကျလာတဲ့ အခါ အဲဒါတွေဟာ မီး ဝိဉာဉ်တော်တွေ ဖြစ်လာတာပဲ။ ဒါ က အဲဒိကြယ်မီးတွေ ထဲက တစ်ခုပဲ။ အပြာရောင် အနေနဲ့ တောက် လောင် တယ်”
လောင်ဆုရီ က ပြောပါတယ်။ သူမ အသံမှာလည်း အံ့သြမှုများ ပါဝင်နေတာကို ကြားလိုက်ရပါတယ်။
မီးဝိဉာဉ်တော် . . .
ဒါဟာ တကယ့်ကို မီးဝိဉာဉ်တော် ပါပဲ။ ဒဏ္ဍာရီလာ ပစ္စည်း လည်း ဖြစ်တယ်။ နာမည် နဲ့ တင် ဆွဲဆောင်မှု ရှိ လှပါတယ်။ ယခုတော့ ဝုကွမ်ချင် မှ ထိုအရာကို ပိုင်ဆိုင် နေပါပြီ။ စုမေးယို နဲ့ ဘိုင်ယုယု တို့ဟာလည်း အတော်ပင် အံ့သြနေကြတယ်။ ဆေးဆရာမကြီး မှ လွဲပြီး တခြားလူထံ မှာ ဒီလို မီးဝိဉာဉ်တော်မျိုး ပိုင်ဆိုင်တာကို သူတို့ မမြင်ဖူး ကြလို့ပါ။
ဆေးပညာရှင် တစ်ယောက် မှာသာ မီး ဝိဉာဉ်တော် ရှိ ပါက ဆေးများ ပြုလုပ်ရန် အလွန် အသုံးတည့်မှာပါ။ ဆေး ပညာရှင် အားလုံး၏ မျက်လုံးထဲမှာတော့ တကယ့်ကို ရှားပါး ပစ္စည်းပင်။
“တောင့်ထား ၊ မင်း ဒါနဲ့ ပူးပေါင်းနိုင်ရမယ်”
ချန်ရှန် ဝုကွမ်ချင် ၏ လက်များကို ကိုင်လျက် သူမကို ညင်သာစွာ အားပေးနေတယ်။
ဝုကွမ်ချင် လည်း ခေါင်းညိမ့်ကာ အကြံရပြီး သူမ၏ ကျင့်စဉ်များကို သာ ကျင့်ကြံနေတော့တယ်။ ဒါပေမဲ့ သူ မ ၏ စွမ်းအင် သိုလှောင်ရာအား ချီဓာတ်များမှ အဆတ်မ ပြတ် ဖိနှိပ်နေသလို ခံစားနေရပါတယ်။
နာကျင်မှုများကို မသက်မသာ ခံစားနေရပြီး သူမအ တွက်တော့ ယခုသေသည်ထက်ပင် ဆိုးသော ခံစားမှုမျိုး ဖြစ် ပေါ် နေပါတယ်။ ချန်ရှန် ၏ ရင်ဘတ်အား မှီထားပြီး သူမ ၏ လက်များကလည်း ချန်ရှန် ၏ ခါးအား ဖက်ထား လျက် ရှိပါတယ်။ သူမ၏ လက်သည်းများဖြင့် ချန်ရှန် နောက်ကျော အား ကုတ်ဖဲ့လျက် ရှိပြီး နာကျင်မှုကြောင့်ပါ။ ချန်ရှန် မှလည်း သူမ၏ ကျောအား ညင်သာစွာ ပွတ်ပေးနေ မိပါတော့တယ်။
“မဟုတ်သေးဘူး။ သူမရဲ့ အတွင်းအားဟာ အားနည်း လွန်းတယ်။ ဒီဝိဉာဉ်တော်ကို မပေါင်းစပ်နိုင်ဘူး ဖြစ်နေ တယ်။ အနီရင့်ငှက် ကျင့်စဉ်ကို မြန်မြန် သင်ပေးလိုက် ၊ သူ မရဲ့ နားလည် နိုင်မှု စွမ်းရည် က မဆိုးဘူး။ ဒီလို အတွင်း အား နိမ့်ပေမဲ့ သူမ အောင်မြင်သွားလိမ့်မယ်”
စုမေးယို က ပြောပါတယ်။ သူမသည်လည်း လူသားတစ်ဦး မီးဝိဉာဉ်တော် နှင့် ဘယ်လိုပေါင်းစပ်မည် ကို ကြည့်ချင်ပုံပါပဲ။
ချန်ရှန် ဖြည်းညင်းစွာဖြင့် တချို့သော လမ်းစဉ်များ အား ဖတ်ပြတယ်။ သူတစ်ပိုဒ် ဖတ်ပြီးတိုင်း အကြောင်း အရာ ကို ရှင်းပြပါတယ်။ ဝုကွမ်ချင်ဟာ နာကျင်နေပေမဲ့ ဂရုတစိုက်ပင် နားထောင်နေပြီး ချန်ရှန် ကိုလည်း နှလုံး သားထဲမှ ကျေးဇူး အရမ်းတင်နေမိပါတယ်။ ချန်ရှန် ဟာ သာမန် မဟုတ်တဲ့ ကျင့်စဉ်များစွာကို တတ်နေမယ် ဆိုတာ သူမ သိနေတယ်။ ချန်ရှန် ပြောပုံများ အရ သူမချီဓာတ်များ အား ပြုလုပ်တဲ့ အခါမှာတော့ နာကျင်မှုများဟာ တဖြည်းဖြည်း ပျောက်ကွယ် သွားပါတော့တယ်။
၃ ရက် ကြာပြီးနောက်မှာတော့ ဝုကွမ်ချင် ၏ မျက်လုံး များ ပွင့်လာပါတယ်။ သူမဟာ နွေးထွေးတဲ့ နေရာမှာ လှဲ နေတာကို သိသွားပြီး သူမမျက်နာ ဟာ ကြည်လျက် ရှိပါ တယ်။ ချန်ရှန် ဟာ သူမကို ပြုံးကာဖြင့် ကြည့်ရင်း -
“ဂုဏ်ယူပါတယ် ၊ မင်း စစ်မှန်သော သိုင်းပညာနယ် ပယ် က ပညာရှင် ဖြစ်သွားပြီ”
ဝုကွမ်ချင် တော်တော် ကြီး အံ့အား သင့်သွားပါတယ်။ ချန်ရှန် ပွေ့ထားရာမှ လျင်မြန်စွာ ထရပ်လိုက်တယ်။ ဒီ အချိန်မှာ သူမ၏ ချီဓာတ်များဟာ အလွန် များပြားနေတာ ကို ခံစားလိုက်ရပြီး အပြာရောင်များ ဖြစ်နေတာကိုလည်း တွေ့လိုက်ရပါတယ်။ ဒါ့အပြင် အနီရင့်ငှက် သားရဲ ပုံစံ ၂ ခု ကိုလည်း သူမ စွမ်းအင် သိုလှောင်ရာမှာ တွေ့လိုက်ရပါ တယ်။
“ကျေးဇူးတင်ပါတယ်”
ဝုကွမ်ချင် ပြောလိုက်ပါတယ်။ ဒီအချိန်မှာ ဒီနည်းသာ သူမ ပြုလုပ်နိုင်တာ ဖြစ်ပြီး ချန်ရှန် ကို သူမအား ကူညီခဲ့ သည့် အတွက် ဘယ်လိုပေးဆပ်ရမည် ကို မသိဖြစ်နေပါ တယ်။ ထို အချိန်မှာပဲ သူမ၏ လက်သည်းများမှာ သွေး များ ပေကျံနေတာကို တွေ့လိုက်ရပြီး ချက်ချင်းပင် သူမ ချန်ရှန် ကျော အား နာကျင်မှုကြောင့် ကုတ်ဖဲ့မိတာကို သတိ ရသွားပါတယ်။
“ရှင်ရော အဆင်ပြေရဲ့လား ၊ ကျွန်မ ကြည့်ပါရစေဦး”
ဝုကွမ်ချင် အလျင်အမြန်ပြောလိုက်ပါတယ်။ သူမ၏ မျက်နာမှာလည်း စိုးရိမ်မှုများပြည့်လျက် . . .။
Chapter – 136
#အပြန်လမ်း
ချန်ရှန်၏ နောက်ကျောမှ ကုတ်ရာခြစ်ရာများကို ကြည့် ပြီးနောက် ဝုကွမ်ချင် တော်တော် အားနာနေပုံပါ။
“ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ ကို ကူညီခွင့်ပြုပါ”
ချန်ရှန် က ခပ်ဖျော့ဖျော့ ပြုံးကာဖြင့် -
“ရပါတယ် ၊ ဒါက ဒဏ်ရာသေးသေးလေးပါ”
သူက ဒီလို ပြောသော်လည်း ဝုကွမ်ချင်က သူ့အား လဲလျောင်းစေကာ ရေအေးအေးများဖြင့် လောင်းပေးနေပါ တယ်။ ချန်ရှန် မှာ လှပသော လက်ချောင်းလေးများဖြင့် သူ၏ ကျောအား နှိပ်နယ်ပေးနေသဖြင့် သက်တောင့်သက် သာ ရှိလှပါတယ်။
“ဝုမိန်းကလေး ၊ မင်း ဘာနဲ့ ပေါင်းစပ်သွားတယ် ဆိုတာ မင်းသိလား”
ဝုကွမ်ချင်မျက်နာမှာ နီနေလျက် ရှိပါတယ်။ ဒါသူမ အ တွက် ပထမဆုံးအကြိမ် ယောကျာ်းတစ်ယောက် နှင့် အနီး ကပ် နေနေခြင်း ဖြစ်ပါတယ်။ သူမ ကိုယ်တိုင်ကလည်း ဒီ ယောကျာ်းအပေါ် သာယာမိနေတာကြောင့် ဆိုတာက တော့ အထူး ဖော်ပြစရာလိုတော့မည် မထင်ချေ။ သူမက ညင်သာစွာဖြင့် -
“ကျွန်မ မသိဘူး ၊ သခင်လေး ချန် က ကောင်းကောင်း သင်ကြားပေးလို့ပါ။ ခုက စပြီး ကျွန်မကို ကွမ်ချင် လို့ပဲ ခေါ် ပါနော်”
ချန်ရှန် လျို့ဝှက်စွာ ပြုံးပြီး -
“ငါ မှတ်မိသေးတယ် ၊ ငါတို့ ပထမဆုံးတွေ့တုန်းက မင်းပုံစံဟာ တော်တော် ပဲ ကောင်းတယ်။ ခုကျ မင်းက ကလေးမလေး လိုပါပဲလား ၊ ငါ့ကိုလဲ ချန်ရှန် လို့ပဲခေါ်ပါ ၊ ဘာလဲ သခင်လေး အရေးမပါတာတွေ”
ဝုကွမ်ချင် “အန်” ဟု သာ ပြောပြီး မျက်နာမှာ နီနေ လျက်ပါပဲ။
“ချန်ရှန် ၊ ကျွန်မဟာ ကိုယ့်အရေးပါမှုလေး ကို မသိတဲ့ ရေတွင်းထဲက ဖားလိုပါပဲ။ နောက်ပြီး ကျွန်မရဲ့ အလှနဲ့ ပါရမီ ကြောင့် ကျွန်မဟာ စိတ်ကြီး ဝင်ခဲ့တယ်။ ဒါပေမဲ့ ရှင်နဲ့ တိုက်ပြီးနောက် ကျွန်မ အမှားတွေကို ကျွန်မ သိသွား တယ်။ ဒီလိုမှ မဟုတ်ရင် ကျွန်မ အမှားတွေကို သိခဲ့မှာ မဟုတ်ဘူး။ ဒီထက်ပို မှားပြီးရင်းမှား နဲ့ ကျင့်စဉ်တွေပါ လမ်းမှား ရောက်သွားမှာပါ။ ရိုးသားစွာ ဝန်ခံရရင် ရှင်နဲ့ တိုက်ပြီး ကတည်းက ကျွန်မရဲ့ တစ်စို့နေတဲ့ အခြေ အနေဟာ ပွင့်သွားသလိုပါပဲ”
ချန်ရှန် ပြုံးကာဖြင့် -
“မင်းက အခုတော့ အရမ်းငယ်ရွယ်တဲ့ စစ်မှန်သော သိုင်းပညာရှင် ဖြစ်သွားပြီ။ ဒါနဲ့ မင်းအသက်ဘယ်လောက် ရှိပြီလဲ”
ဝုကွမ်ချင် တစ်ယောက် ချန်ရှန် ဟာ လိုက်လျောညီ ထွေ ရှိသူဆိုတာ သိသွားတယ်။ သူ့ကိုသာ လေးလေးစား စား ဆက်ဆံပါက သူကလည်း ဖော်ရွေစွာ ပြောဆိုဆက် ဆံမည်မှာ မလွဲပေ။
သူမက လျာကို ထုတ်ကာဖြင့် -
“မိန်းကလေး တစ်ယောက် အသက်ကိုမေးတာ ရိုင်း တယ်လို့ ရှင်မထင်ဘူးလား ၊ ဒါပေမဲ့ ကျွန်မပြောပြပါမယ် ၊ ဒီနှစ်မှာ ၂၈ နှစ်ပြည့်တာပဲ”
“အာ ၊ ဟားဟား ဒါဆို အမကြီးပဲ”
ချန်ရှန် ရယ်မောကာ ပြောလိုက်ပါတယ်။ ချန်ရှန် ဂိုဏ်း ရဲ့ အလှဆုံးကောင်မလေးနဲ့ အတူတူပူးပေါင်းမယ် ဆိုတာကို ငြင်းစရာမရှိပါဘူး။
ချန်ရှန် နဲ့ တိုက်ပြီးကတည်းက ဝုကွမ်ချင်ဟာ ယုံကြည် မှု မရှိတော့ပါဘူး။ ဒါပေမဲ့ ယခုတော့ သူမဟာ စစ်မှန် သော သိုင်းပညာနယ်ပယ်ကိုတောင် ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ် ကာ ကိုယ့်ကိုကိုယ် ယုံကြည်မှုများဟာလည်း အထွတ် အထိပ်သို့ ရောက်နေပါပြီ။ ဒါပေမဲ့လည်း သူမဟာ မာန ကြီးတော့မည် မဟုတ်ပေ။ ယခု သူမ ပိုမိုလှပလာပြီး ရင့် ကျက်လာသယောင်ပါပဲ။
“ချန်ရှန် ၊ ငါဘာနဲ့ ပေါင်းစပ်သွားတယ် ဆိုတာကို မင်း ကော သိလား”
ဝုကွမ်ချင် ပြုံးကာ ချန်ရှန် နောက်ကျောကို ဖိလျက် မေးပါတယ်။ ထိုကုတ်ခြစ်ရာများဟာ မကြာခင်မှာပဲ ပိုမို လင်းလာကြတယ်။
“အဲဒါကို အပြာရောင်ကြယ်မီးဝိဉာဉ်တော် လို့ ခေါ် တယ်။ အထူးကောင်းမွန်ပြီး ရှားပါးလှတဲ့ ဝိဉာဉ်တော် ပဲ။ တနည်းအားဖြင့် ခင်ဗျား ဒီအရာနဲ့ ထူးဆန်းတဲ့ မီး တောက် ကို ဖန်တီးထုတ်လွှတ်နိုင်လိ့မ်မယ်။ ဒီမီးတောက် ဟာ မီးမျို့စေ့ ကနေ လာတာ ၊ ဒါက ဆေးပညာအတွက် လည်း အရမ်းကို အကျိုးရှိတယ်”
ချန်ရှန် ပြန်ပြောတယ်။ မနာလိုတဲ့ အကြည့်နဲ့ ကြည့် ကာ ဆက်ပြောပြန်ပါတယ်။
“ဒီအရာက အရမ်းလဲ စွမ်းအားကြီးတယ်။ တကယ် တော့ ဆေးဆရာမကြီးဟာ သူမရဲ့ မီးဝိဉာဉ်တော်ကြောင့် သူမရဲ့ ဆေးပညာမှာ အောင်မြင်လာတာပဲ”
ဝုကွမ်ချင်ဟာ သိုင်းဝိဉာဉ်တော် တွေ အကြောင်း ကြားဖူးပေမဲ့ မီးဝိဉာဉ်တော် အကြောင်းကိုတော့ ခုမှ ပထမဆုံး ကြားဖူးခြင်းပါ။ သူမဟာ ဒီလို ရှားပါး အဖိုးတန် လှတဲ့ ရတနာကို ရခဲ့တာ သိသွားတဲ့ အခါ သူမ အရမ်း စိတ်လှုပ်ရှားသွားပါတယ်။ ချန်ရှန် သာ မရှိခဲ့ရင် ဒီ မီးဝိဉာဉ်တော်ရဲ့ ဖျက်ဆီးခြင်းကို ခံနေရပြီးပြီဆိုတာကို လည်း သိနေပါတယ်။
“ချန်ရှန် ၊ ငါကဆေးတွေလည်း လုပ်နိုင်တယ်။ ငါအခု ပဲ ရနံ့မြို့တော်ကို သွားပြီး တရားဝင် အဆင့် ၂ ဆေးပညာ ရှင် ဖြစ်နေပြီ။ မင်းငါ့ကို လမ်းပြနိုင်မယ်လို့ မျှော်လင့်ပါ တယ်”
ဝုကွမ်ချင် ချစ်စဖွယ်ပြုံးကာ ချန်ရှန်ကို ပြောလိုက်ပါ တယ်။
ချန်ရှန် ပြုံးပြီး ခေါင်းညိမ့်ကာဖြင့် -
“ကူညီပါ့မယ်။ ကျွန်တော်တို့ ပထမဆုံး အကြိမ်တွေ့ တုန်းကထက်တောင် ခင်ဗျားက လှလာသေးတယ်။ တခါ တရံ မှာ အလှစစ် ဆိုတာ လှပါတဲ့ မျက်နာ တစ်ခုအပေါ် မမှီခိုဘူး။ နှလုံးသား ဘယ်လောက် လှသလဲ ဆိုတဲ့အပေါ် ပဲ မှီခိုတယ်”
ဝုကွမ်ချင် သူမ ခေါင်းကို ငုံ့ကာဖြင့် -
“အ ၊ ကျေးဇူးပါ”
ချန်ရှန် နောက် မှ ကုတ်ခြစ်ရာများမှာ ပျောက်ကွယ် သွားပါပြီ။ ဒါဟာ ဝုကွမ်ချင်၏ ပြန်လည်ကုစားခြင်းဆိုတာ ချန်ရှန် သိတယ်။ သက်ရောက်မှုက တော်တော် ကောင်း ပါတယ်။
“ အ ၊ ဂိုဏ်းရဲ့ တော်ဝင်ပြိုင်ပွဲ ကျင်းပဖို့ ၈ ရက်ပဲ လို တော့တယ်။ ငါတို့မှာ အချိန် မရှိတော့ဘူး”
ဝုကွမ်ချင် ရုတ်တရက် ပြောလိုက်တယ်။
“ဒီလို အရာကို ဘာကြောင့် စိတ်ပူနေတာလဲဗျ”
ချန်ရှန် ရယ်မောသံ နဲ့အတူ တောင်ပံကြီး ၂ ခုဟာ သူ၏ နောက်ကျောမှ ထွက်လာပါတယ်။ ဝုကွမ်ချင် ခေါင်း နည်းနည်း ငုံ့သွားပြန်ပါတယ်။ သူမ ချန်ရှန် နဲ့ အနီးကပ် အချိန်တခဏကြာ နေရဦးမယ် ဆိုတာကို သိတယ်။ ဒါပေ မဲ့ သူမကိုယ်တိုင်လည်း ဒီလိုအရာမျိုး လျို့ဝှက်စွာ လို ချင်နေသည် မဟုတ်ပါလော။
ချန်ရှန် ဝုကွမ်ချင်ကို ပွေ့ကာ တောင်ပံများဖြန့်ပြီး တိမ် တိုက်များအကြား ပျံသန်းသွားပါတော့တယ်။ ဝုကွမ်ချင် ၏ မျက်နာမှာ ကြောက်ရွ ံ့မှုကြောင့် ဖြူလျော်လျော် ဖြစ်နေပါ တယ်။
“ကွမ်ချင် ၊ ခင်ဗျားကို နှစ်တစ်သန်းလောက်က ကျင့်စဉ် တစ်ခုကို ပေးခဲ့တယ်။ ဒါကို မပေါက်ကြားစေဖူးလို့ ယုံကြည်ပါတယ်”
ချန်ရှန် စိုးရိမ်ပုံ နဲ့ ပြောလိုက်တယ်။
“အ ၊ ငါ ကတိပေးပါတယ်။ ဘယ်သူ့ကိုမှ မပေါက်ကြား စေရပါဘူး”
ဝုကွမ်ချင် ခေါင်းညိမ့်ပြောပြီး သူမ၏ လက်နှစ်ဖက် ဖြင့် ချန်ရှန် ၏ ခါးအား ဖက်ထားပါတယ်။ ချန်ရှန် ကလည်း သူ၏ လက်လက်များဖြင့် လှပသော ခါးလေးအား ပွေ့ထား လျက် ၎င်းတို့ ၂ ယောက်ဟန်ပန် မှာ အလွန် ကဗျာဆန်လှ ပါတယ်။
ရှီမန် မြို့ကို ရောက်ဖို့ သူတို့ ၂ ယောက် ၃ ရက်သာ ကြာခဲ့တယ်။ မြို့ကြီးက သက်ဝင်လှုပ်ရှားလျက်ပါပဲ။ လွန် ခဲ့တဲ့ သုံးရက်က ချန်ရှန် နှင့် အချိန်တော်တော်ကြာ နီးကပ်စွာ ရှိနေမှုကို သတိရရင်း သူမနှလုံးသားဟာ နွေး ထွေးလျက်ရှိပါတယ်။
“ကွမ်ချင် ၊ ခင်ဗျားမှာ ဆရာ မရှိဘူးမလား ၊ ဆေးဆရာ မကြီး နဲ့ မိတ်ဆက်ပေးပါ့မယ်။ သူမမှာလည်း တပည့်မ မရှိ ဘူးလေ”
ချန်ရှန် ပြောလိုက်တယ်။ ဝုကွမ်ချင် ဒီစကားကြားတဲ့ အခါ တော်တော် အံ့ အားသင့်သွားပါတယ်။ အဘယ် ကြောင့် ဆိုသော် ကောလဟာလ များ အရ ဆေးဆရာမ ကြီးဟာ ချန်ရှန် ကို သတ်ချင်နေတာဖြစ်ပြီး ယခုတော့ ချန်ရှန် တို့ ဆက်ဆံရေးဟာ ကောင်းမွန်နေတယ်လို့ ထင်ရ လို့ပါ။
ကုန်လွန်ခဲ့တဲ့ ရက်တွေ အတွင်း ချန်ရှန် ဟာ ဝုကွမ်ချင် အကြောင်း များစွာ သိခဲ့တယ်။ ဝုကွမ်ချင်ဟာ လေဟာနယ် မော်တယ် မျိုးနွယ်မှ လာတဲ့လူဖြစ်တယ် လို့ မထင်မိခဲ့ပါဘူး။ ပါရမီ အလွန်ပါပြီး ပြိုင်ဘက်ကင်း သိုင်း ပညာဂိုဏ်း ၏ ခေါ်ယူခြင်းကို ခံခဲ့ရပါတယ်။ ထို့နောက် စွမ်း အားကြီးပြီး ချမ်းသာသော နောက်လိုက်များနှင့် ပေါင်းမိ ကာ သူမကိုယ်တိုင် ထိုအုပ်စု ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ် လာပါတော့တယ်။
“အ”
ဝုကွမ်ချင် ပျော်ရွှင်စွာ ခေါင်းညိမ့်မိပါတယ်။ သူမသာ ဆေးဆရာမကြီး၏ တပည့် ဖြစ်ပါက သူမအတွက် များစွာ အကျိုးရှိပေလိ့မ်မည် ဖြစ်ပါတယ်။ ဆေးဆရာမကြီးဟာ အလွန် နားလည်ရခက်ပြီး သူမ တခါးပိတ်ကျင့်ကြံနေတာ ဟာ သုံးနှစ်နီးပါး ရှိပြီ ဖြစ်ပါတယ်။
သူတို့ ဂိုဏ်းကို ရောက်တဲ့အခါ ချန်ရှန် နဲ့ ဝုကွမ်ချင် တို့ လမ်းလျှောက်လာနေကြပုံမှာ အလွန်ဆွဲဆောင်မှု ရှိလှ တဲ့ စုံတွဲ လိုပါပဲ။ လူများစွာ ဟာ သူမကို သိကြပြီး ဂိုဏ်း ရဲ့ အလှဆုံး စာရင်းမှာ နံပတ် ၁ အဖြစ် အသိအမှတ်ပြုထား ကြ တာ ဖြစ်ပါတယ်။ ချန်ရှန် ကတော့ လူများစွာရဲ့ အသိ အမှတ် ပြုခြင်း ခံထားရသူ ဖြစ်ပြီး ဒီဂိုဏ်းမှာသာမက ချန်ဝူ နယ်မြေကြီး တစ်ခုလုံးမှာ နာမည်ကျော်လျက် ရှိပါတယ်။ သလင်းကျောက် သုံးသိန်းတန် ပင် မဟုတ်ပါလား။
ချန်ရှန် နဲ့ ဝုကွမ်ချင်တို့ အမှတ် ၁၆ ခြံဝန်း ရှေ့ရောက် လာပါတယ်။ အရင်လိုပဲ တိတ်ဆိတ်ခြောက်သွေ့လျက်ပါ။ သူတို့ ၂ ယောက် ပညာဖလှယ်ခဲ့သော နေရာဖြစ်ပြီး အဲဒိ တုန်းကတော့ အမှတ် ၅၀၀ ပေါ့။ ဒီလိုအမှတ် ၅၀၀ မှ ရှေ့ဆုံး ရောက်သွားလိ့မ်မည်လို့ မည်သူထင်ပါမည်နည်း။
“ကွမ်ချင် ၊ ခင်ဗျား ဆရာကြီး ဝု ကိုသွားရှာပြီး ခင်ဗျား အတွက် စီစဉ် ခိုင်းလိုက်ပါ။ နောက်ပြီး ခင်ဗျားက စစ်မှန် သော သိုင်းပညာရှင် ဖြစ်နေပြီ။ ပထမဆုံး ခြံဝန်းဆိုတာ ခင်ဗျား မျက်လုံးထဲမှာ လွင့်မျောနေတဲ့ တိမ်လိုပါပဲ”
ချန်ရှန် ပြုံးလျက် ပြောလိုက်ပါတယ်။ ဝုကွမ်ချင် သူမ ကိုယ် သူမ ဂုဏ်ယူရမှာတောင် စနိုးစနောက် ဖြစ်နေတယ်။ အသက် ၃၀ ပင် မပြည့်သေးပဲ စစ်မှန်သော သိုင်းပညာရှင် တစ်ယောက် ဖြစ်နေပါပြီ။ ဒါ့အပြင် မီးဝိဉာဉ်တော်ပါ ရှိနေ ပါသေးတယ်။
ဒါပေမဲ့ သူမဟာ ချန်ရှန် နဲ့ ချခဲ့ပြီးကတည်းက များ စွာ ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် သိပ်အံ့သြဟန် မရှိတော့ပဲ -
“ငါ့အတွက် မင်းနဲ့ ခြံဝန်းအတူတူနေဖို့ ဆိုတာ ဖြစ်နိုင် ပ မလား ၊ ငါဟာ ပညာရှင် ဖြစ်လာပေမဲ့ မင်းဆီက အများ ကြီး သင်ယူ ရဦးမယ်။ အနည်းဆုံးတော့ မင်းကြောင့် ငါ အများကြီး ပြောင်းလဲသွားခဲ့ပြီ”
ချန်ရှန် တခဏ မျှ စဉ်းစားပြီးနောက် -
“ကျွန်တော့ ရဲ့ သတိုးသမီးလောင်းလေး မနာလိုမှာ လဲ စိုးရိမ်မိတယ်”
သူ ရှန်းရှန် းကို အရမ်း သတိရနေတယ်။ ဒီ ပြိုင်ပွဲကြီး ပြီးသွားရင်တော့ သူမကို သွားရှာမည်လို့ စဉ်းစားမိပါတယ်။
ဝုကွမ်ချင် တုန်လှုပ်သွားကာ နှုတ်ခမ်းကို ကိုက်လျက် ရှိနေတယ်။ နာကျင်မှုများကို မျက်လုံးမှာ ပေါ်ကာ -
“မင်းမှာ သတို့သမီးလောင်း ရှိတာလား ၊ သူမက ဒီဂိုဏ်း ကပဲလား”
ချန်ရှန် က ပြုံးကာဖြင့် -
“မဟုတ်ပါဘူး ၊ သူမနဲ့ ကျွန်တော် ဟာ အပြင်ကမ္ဘာ မှာ ကတည်းက သိကြတာ။ ရွှီရှန်းရှန်း လို့ ခေါ်တယ်။ ကောင်း ကင်ဘုံ နတ်လက်နက် အင်ပါယာ ကပါ”
ရွှီရှန်းရှန်း တဲ့လား . . .
ဝုကွမ်ချင် တုန်လှုပ်သွားတယ်။ ချန်ရှန် ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ မိန်းမလှလေးများကို ဘာကြောင့် စိတ် မဝင်စားသလဲဆိုတာ နားလည်သွားမိတယ်။ သတို့သမီး လောင်း ရှိနေပြီးမှတော့ တခြားမိန်းကလေးများကို စိတ်ဝင် စားရန် မလိုတော့ချေ။
ဝုကွမ်ချင် ခေါင်းငိုက်စိုက်ကျသွားတယ်။ သူမရင်ထဲ အလွန်ကို ဝမ်းနည်းနေမိပါတယ်။
“ခင်ဗျားရဲ့ ရင်ဘတ်က တော်တော် ကြီးတာပဲ ၊ ခင်ဗျား နဲ့ အလွန် လိုက်တယ်”
ဒီအချိန်မှာ လောင်ဆုရီ ချန်ရှန် ၏ အသံကို တုပြီး ပြော လိုက်တာပါ။ ချန်ရှန်ကော ဝုကွမ်ချင်ပါ ကြောင်အသွားကြ ပါ လေတော့တယ် . . .။
Chapter – 137
#ဆရာတူတူဝရီး
ဝုကွမ်ချင် မျက်နာ ရဲခနဲ ဖြစ်သွားကာ ချန်ရှန် သူမကို ဒီလိုကြီး ပြောလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ ဒါပေမဲ့လဲ သူမရင်ထဲ ကြိတ်ကျေနပ်သွားတယ်။ ချန်ရှန် ဟာသူ့ကို ချီးမွမ်းကာ စိတ်ဝင်စားလာပြီ မဟုတ်ပါလား။
ချန်ရှန် ဒေါသအိုးပေါက်ကွဲ ပစ်ချင်နေပါပြီ။ ထို့နောက် အိန္ဒြေဆယ်ကာ ဖြင့် -
“ကျွန်တော် ပြောချင်တာက ခင်ဗျားရဲ့ ကိုယ်လုံး က အရမ်းလှတယ်လို့ပါ”
“အန်းးး”
ဝုကွမ်ချင် ခေါင်းညိမ့်လျက် ထွက်ခွာသွားပါလေတော့ တယ်။
ချန်ရှန်လည်း ဝုကွမ်ချင် ထွက်သွားတာကို သေချာ အောင် ကြည့်ပြီနောက် သူ၏ ရင်ဘတ်အား ဒေါသတကြီး ဖြင့် -
“နဂါးလေး ၊ မင်းငါ့ရှေ့မပေါ်လာနဲ့ ၊ မင်းဖင်ကို စုတ်ပြတ် သွားအောင် ကန်ပစ်မယ်”
လောင်ဆုရီ က ခပ်လှောင်လှောင် ဖြင့် -
“ခင်ဗျားက ပထမတော့ သူမ နှလုံးသားကို ချုပ်ကိုင် တယ်။ နောက်ကျ ရက်ရက်စက်စက်ကို နင်းချေပစ်လိုက် တယ် ၊ ဒီက နဂါးလေးက အဲလိုတွေ မကြိုက်ဘူး”
“နောက်မှ ဆက်ပြောကြတာပေါ့”
ချန်ရှန် သက်ပြင်းချလိုက်တယ်။ ဝုကွမ်ချင် သူ့ကို စိတ် ဝင်စားနေတယ်ဆိုတာကို သူမြင်နေ၇ပါတယ်။
ချန်ရှန် ရှောင်ဒို နှင့် ဇုရွန် တို့အား အမှတ် ၁၆ ခြံဝန်း မှာ အမြဲတမ်း စောင့်နေကြပါ။ ဒါပေမဲ့ သူတို့ ၂ ယောက်ပေါ် မလာပဲ ဆရာကြီးဝု သာ ရောက်လာပါတယ်။
“ဟဲဟဲ ၊ တူကတုံးလေး ၊ ခင်ဗျားက တကယ်ကို ကောင်းတယ်။ ကျွန်တော် ပြန်လာတာ သိတာနဲ့ လာတွေ့ တော့တာပဲ”
ချန်ရှန် ပြုံးကာပြောလိုက်ပါတယ်။
“မျိုးမစစ် ဦးရီးတော်လေး ၊ မင်းမသေဘူးပေါ့ ၊ ငါတကယ်ကို မပျော်ရွှင်မိဘူး။ မင်းငါတို့ကို အချိန်အတော် ကြာ စိုးရိမ်အောင် လုပ်ခဲ့တာ သိလား”
ဆရာကြီး ဝု သက်ပြင်းချလိုက်တယ်။ သူချန်ရှန်ကို ဆူပစ်ချင်နေတာ ကြာပါပြီ။
“ဟို ငတုံးလေးကော”
ချန်ရှန် စပ်ဖြဲဖြဲ ပြုံးကာ မေးလိုက်ပါတယ်။
“ဂိုဏ်းချုပ်က ဝုကွမ်ချင် အတွက် စီစဉ်ပေးနေတယ် ၊ သူမ ခရီးတစ်ခုထွက်ပြီး သူမရဲ့တစ်စို့နေတဲ့ အခြေအနေ ကို ကျော်လွတ်ကာ စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ရောက်သွားလိမ့်မယ်လို့ မထင်မိဘူး ၊ ငါတို့ ဂိုဏ်းချုပ် နဲ့ ပြိုင်ဖက်ကင်း ဂိုဏ်းချုပ်တို့ သူမကို ဘယ်လို ဆုပေးရမလဲ ဆိုတာ တိုင်ပင်နေကြတယ်”
ဆရာကြီး ဝု ပြောပါတယ်။ ချန်ရှန် ဘေးမသီရန်မခ ပြန်လာ နိုင်တာကို မြင်ပြီး စိတ်ချမ်းသာသွားပုံပါ။ ချန်ရှန် ဟာ ဝုကွမ်ချင်ကို ကယ်ပြီး သူမကို ကူညီပေးခဲ့ခြင်းအား ကြားခဲ့ပြီ ဖြစ်ပါတယ်။
“မင်း ဖက်တီးလေးနဲ့ ဟိုကောင်လေး ကို စောင့်နေတာ လား။ မင်းစောင့်မနေနဲ့တော့။ သူတို့ ၂ ယောက် အခြေခံ တည်ဆောက်ရေး ရဖို့ ဘယ်မှာ ကြိုးစားခဲ့လဲ ဆိုတာ တော့ မသိဘူး။ ဒါပေမဲ့ တံခါးပိတ် ကျင့်ကြံနေတယ် ဆို တာကိုတော့ သိတယ်။ သူတို့ ပြိုင်ပွဲ စမှ ပေါ်လာမှာကို ပဲ ကြောက်မိတယ်”
ဆရာကြီးဝု က ပြောပြပါတယ်။
ဇုရွန် နှင့် ရှောင်ဒို တို့ဟာ တည်ဆောက်ရေးဆေး စား ပြီး ဖြစ်ပါတယ်။ သူတို့ဘယ်က ရလဲဆိုတာတော့ မသိနိုင် ပါချေ။
“ဘာဖြစ်ခဲ့တာလဲ”
ချန်ရှန် အံ့သြတကြီးမေးလိုက်တယ်။
“ရှောင်ဒို ပြောပုံအရ သူတို့ မြွေမျက်စိလို့ ခေါ်တဲ့ လူ ဆီက ရတာနဲ့ တူတယ်”
ဆရာကြီး ဝု က ပြောပြပါတယ်။
ချန်ရှန် ခေါင်းညိတ်ကာဖြင့် သူ၏ သူငယ်ချင်းများ အတွက် ပျော်သွားမိပါတယ်။
“ဆေးဆရာမကြီးကော ထွက်လာပြီလားဗျ”
ချန်ရှန် ထပ်မေးလိုက်ပြန်ပါတယ်။
“သူမ ထွက်လာပြီ ၊ အခု ဆေးဘုရင် ခြံဝန်းထဲမှာ ၊ ငါနဲ့ ဂိုဏ်းချုပ်တို့ သူမနဲ့တောင် သိပ်အထွေအထူး မပြောဖြစ် သေးဘူး ၊ အထူးသဖြင့် မင်းက ဦးရီးတော် ဆိုတယ့်အ ကြောင်းပေါ့ ၊ မင်းဟာမင်းသာ ရှင်းပြလိုက်ပါတော့”
ဆရာကြီးဝု ပြုံးလျက် ပြောပါတယ်။
ချန်ရှန် ဆေးဘုရင်ခြံဝန်း ၏ ဝင်ပေါက်မှာ ရပ်ကာ သူ၏ ကျောက်စိမ်းကဒ် အား အပေါက်ထဲ ထည့်လိုက်တယ်။ ဂိတ်တံခါးလည်း ပွင့်သွားပါတယ်။ ချန်ရှန် ဝင်ရုံပဲ ရှိသေး တယ် အမည်းရောင်ဝတ်ရုံဝတ်ကာ မျက်နှာဖုံး တပ်ထား သော လူတစ်ဦး သူ့ ရှေ့မှာ ပေါ်လာပါတယ်။ ရုတ်တရက် မို့ ချန်ရှန်လည်း ခုန်ရှောင်လိုက်ပါတယ်။
“ဆရာမကြီး ၊ ခင်ဗျား ကျွန်တော့ကို သေအောင်လို့ များ ခြောက်နေတာလား”
ချန်ရှန် လေများ ရှူထုတ်ကာ မေးလိုက်တယ်။
“မင်း မသေပါဘူး ၊ ဟိုသစ်ပင်ကို မင်းဘယ်က ရတာ လဲ”
ဆရာမကြီး မေးလိုက်တယ်။ ဆန္ဒစောလျက် ရှိတာ ကို သူမ အသံမှာ မြင်နိုင်ပါတယ်။
ချန်ရှန်ဟာ မိုးပြာရောင် သိမ်မွေ့သစ်သီးကို ခြံဝန်းထဲ စိုက်ထားတာ ဖြစ်ပါတယ်။ ဆရာမကြီး မမြင်နိုင်အောင် သူ မဖွက်နိုင်ခဲ့ပါပေ။
“ကျွန်တော် တောင်ပေါ်က တွေ့တာ ဘာလို့လဲ”
ချန်ရှန် ပြန်ပြောလိုက်တယ်။
“ဒါ မိုးပြာရောင် သိမ်မွေ့သစ်သီးပင်ပဲ ၊ နေ့တိုင်း များ စွာသော ချီဓာတ်တွေကို စုယူပြီး အသီးပြုလုပ်တဲ့ ဖြစ်စဉ် ကို ပြုလုပ်နေတယ်။ ဒါ့အပြင် အမြန်နှုန်းကလည်း တော် တော် ကို မြန်တယ်။ အခု ဆို ပန်းတွေ တောင် ပွင့်နေပြီ”
ဆေးဆရာမကြီး ၏ အသံမှာ စိတ်လှုပ်ရှားမှုများ အပြည့် ပါပင်။
ချန်ရှန် လည်း တော်တော် အံ့အားသင့်သွားပါတယ်။ သာမန် အခြေအနေမှာ အသီးတချို့သီးဖို့ နှစ် တစ်ထောင် နှစ်ထောင်လောက် လိုအပ်လိ့မ်မယ်လို့ သူထင်တာပါ။ ဒါ ပေမဲ့ သူယခု ၈ လလောက်ပဲ ကြာသေးတယ် အပွင့်တွေ ပွင့်နေပြီ ဖြစ်ပါတယ်။ ဒီလို နှုန်းနှင့်သာ ဆိုပါက သူတစ် နှစ် တစ်နှစ် အသီးများစွာ ရပေလိ့မ်မည်။ တကယ်ကို အကျိုး ဖြစ်ထွန်းပါပြီ။
“ကျွန်တော် သွားကြည့်လိုက်မယ်”
ချန်ရှန် လျင်မြန်စွာ ပြေးသွားတယ်။ အပင်ပေါ်မှာ ပန်း ပွင့် ၂၀ ကို တွေ့လိုက်ရတဲ့အခါ သူပျော်ရွှင်စွာပင် အော် ရယ်မိပါတယ်။
“ဟားဟား ၊ ငါအချမ်းသာဆုံး လူ ဖြစ်ပြီကွ”
ဆေးဆရာမကြီး ချန်ရှန် ခေါင်းအား ခေါက်ကာ အေး စက်စက် ပြောပါတယ်။
“သိပ်လည်း မာနကြီးမနေနဲ့ ၊ အသီးတောင် မသီးသေး ဘူး ၊ ဒါနဲ့ ဒီရက်တွေမှာ မင်းဘယ်ရောက်နေတာလဲ ၊ ငါမင်း ကို မုန်းပေမဲ့လည်း မင်းဟာ ဆေးဘုရင် ခြံဝန်းရဲ့ အဖွဲ့ ဝင် တစ်ယောက် ဖြစ်နေသေးတယ်မလား ၊ မင်းကို နည်း နည်းလေးတောင် ထိခိုက်ခံခွင့်မပြုနိုင်ဘူး။ မင်းငါ့ကို ဆရာ အဖြစ် လက်ခံတာ ပိုကောင်းတယ်။ ငါမင်းကို နတ်ကျင့် စဉ်တွေ သင်ပေးနိုင်တယ်။ နောက်ပြီး မင်း တစ်စို့တဲ့ အခြေ အနေကို ကျော်လွှားဖို့ တည်ဆောက်ရေးဆေးလည်း လုပ် ပေးနိုင်တယ်ကွ”
ချန်ရှန် သူ၏ နားကို ကုတ်လျက် ခပ်လှောင်လှောင် ပြောလိုက်ပါတယ်။
“နာမည် မရှိတဲ့ ကောင်မလေး ၊ ကျွန်တော်ဟာ သားရဲ ဂိုဏ်းက စစ်မှန်သော ပညာရှင်ကို သတ်လိုက်တယ် ဆိုတာကို နားလည် သဘောပေါက်သင့်တယ်။ နောက်ပြီး ကျွန်တော် ဟာ ကန့်သတ်နယ်မြေထဲမှာ ပိတ်လှောင်ခံခဲ့ ရတယ် ဆိုတာကိုကောပေါ့”
“သိတယ်လေ ၊ ဟို လူကြီးသာ ငါ့ကို အဲလို ခေါ်တာ အဲတော့ မင်းက . . .”
ဆေးဆရာမကြီးဟာ ငတုံးမဟုတ်ပါ ၊ သူစဉ်းစားလိုက် မိပြီးနောက်မှာတော့ သူမကိုယ်လုံး တုန်သွားတယ်။
ချန်ရှန် ကြည့်ပြီး သူ၏ သွေးသစ္စာအမှတ်အသားကို ထုတ်ပြကာ ကျယ်လောင်စွာ ရယ်လိုက်ပါတယ်။ သူ၏ ရယ်သံဟာ ဂိုဏ်းချုပ်ဟောင်းကြီး၏ ရယ်သံလိုပါပဲ။
“ဒါဟာ ကျွန်တော့ရဲ့ တပည့်ခံခဲ့တဲ့ သက်သေပဲ။ ဆရာကြီးဟာ အရူးကြီးလို ဆိုပေမဲ့ သူကတကယ်တော် တဲ့လူပါ ၊ ကျွန်တော့ကို အများကြီး သင်ပေးခဲ့တယ်။ ဒီလို မှ မဟုတ်ရင် ရနံ့မြို့တော် မှာ သေတာ ကြာပြီ”
ချန်ရှန် ဂုဏ်ယူစွာ ပြောလိုက်ပါတယ်။
ဆေးဆရာမကြီးလက်များဟာ တုန်ယင်နေတယ်။ သူမ ဆရာတပည့် သွေးသစ္စာ စာချုပ်ကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်နေတယ်။ ဟွမ်ဂျိရှန်၏ ချီဓာတ်များကိုပင် ခံစား မိနေသလိုပင်။
ဆေးဆရာမကြီး သက်ပြင်းရှည်ကြီးကို ချကာ ဖြေး ညှင်းစွာ ပြောပါတယ်။
“ဂိုဏ်းချုပ်နဲ့ ဆရာကြီးဝု ကော သိလား”
“ဒါပေါ့ သိတယ် ၊ သူတို့ ကျွန်တော့ကို ဦးရီးတော် လို့ ခေါ်တယ်။ ခင်ဗျားက ဒီလို မခေါ်ရင်လည်း ကိစ္စ မရှိပါဘူး။ ခင်ဗျား ကျွန်တော့ကို မုန်းနေတယ် ဆိုတာ သိပါတယ်။ ခင်ဗျား ကို ဖိအား မပေးတော့ပါဘူး”
ချန်ရှန် စာချုပ်ကို ပြန်ယူ ကာ သက်ပြင်းချလျက် ပြော လိုက်ပါတယ်။
ဆေးဆရာမကြီး ရပ်နေရင်း ဆွံ့အနေပါတယ်။ သူမ၏ ဆရာဟာ တကယ်တော်တာ ဖြစ်ပြီး ဟွမ်ဂျိရှန် ဟာလည်း ထို့ အတူ ပါပဲ။ ၎င်း လူ ၂ယောက်၏ စွမ်းအားများကြောင့် သာ မဟုတ်ရင် သူမ ဒီနေ့ထိ အသက်ရှင်နိုင်ခဲ့မှာ မဟုတ် ပါဘူး။ သူမဟာ အဆိုပါ လူ ၂ ယောက်အား အလွန်ပင် လေးစားးကာ ဦးထိပ်ထားလျက် ရှိတာဖြစ်ပါတယ်။ ဒါပေ မဲ့ ချန်ရှန် ကတော့ . . .
“ဦး . . . ဦးရီးတော်”
ဆေးဆရာမကြီးကလည်း သူ့ကို ဒီလိုခေါ်ပါတယ်။ ခပ် တောင့် တောင့် အနေအထားဖြင့် သူမအသံမှာ မုန်းတီးမှု များလည်း ပါဝင်နေသလိုပါပဲ။
“ဟဲဟဲ ၊ ကတုံးလေး နဲ့ငတုံးလေးက ကျွန်တော်ကို ဦးရီးတော်လေး လို့ခေါ်တာ ခင်ဗျားလည်း ဒီလိုခေါ်နိုင်ပါ တယ်”
ချန်ရှန် ရယ်မောလိုက်ပါတယ်။ သူက ပိုမို ဂုဏ်ယူ မိ တယ်။ သွားများပင် ဖြီးလို့ ရှိနေပါတယ်။
ဆေးဆရာမကြီး မကျေမနပ် ဖြစ်နေပါတယ်။ ချန်ရှန် ကို သူမ၏ ပညာသင်အဖြစ် ခေါ်ယူချင်စိတ်ဟာ အခုတော့ ဆုံးခန်း တိုင်သွားပါပြီ။ သူမ၏ ဦးရီးတော်အား တပည့်အ ဖြစ် ပြုလုပ်ခြင်းဟာ တကယ်ကို ရယ်စရာပင် မဟုတ်ပါ လား။
“လူအများရှေ့မှာတော့ သာမန်လိုပဲ ပြောဆို ဆက်ဆံ ကြတာပေါ့ ၊ ဒါပေမဲ့ ဘယ်သူမှ မရှိရင် ကျွန်တော့အပေါ် လေးစားမှုထားပါ”
ချန်ရှန် ပုံစံက အလျင်စလိုပါပဲ။
“ဒီကိစ္စ ကို လျို့ဝှက်ထားပေးပါ။ ဘယ်သူမှ မသိစေနဲ့ ဒီလိုမှ မဟုတ်ရင် ကျွန်တော် ဒုက္ခ ရောက်သွားလိမ့်မယ်”
“ငါ အရူး မဟုတ်ပါဘူး။ မင်းငါ့ကို ဒီအကြောင်း သင်ပေး နေစရာ မလိုဘူး။ နောက်ပြီး အခုမင်းဟာ အရမ်း စိတ် အနှောက်အယှက် ဖြစ်ဖွယ်ပဲ”
ဆေးဆရာမကြီး အေးစက်စွာ ပြောပါတယ်။
“ဆရာမကြီး ၊ ဝုကွမ်ချင်ဟာ မကြာခင်ကပဲ စစ်မှန် သော သိုင်းပညာနယ်ပယ်ကို ရောက်ရှိခဲ့တယ်။ ဒီလို မ ရောက်ရှိခင်မှာ သူမဟာ မီးဝိဉာဉ်တော်နဲ့ ပေါင်းစည်းသွား ခဲ့တာ။ ကျွန်တော်ရှေ့မှာပဲ ဒီလို ဖြစ်သွားတာ။ သူမဟာ မိန်းကလေး တစ်ယောက်ဖြစ်ပြီး သူမ ပါရမီဟာလည်း မဆိုးလှ ပါဘူး။ နောက်ပြီး သူမဟာ အဆင့် ၂ ဆေးပညာ ရှင် လည်း ဖြစ်တယ်။ ခင်ဗျားရဲ့ တပည့်အဖြစ်သာ လက်ခံ လိုက်ရင် တော်တော် ကောင်းမှာပဲ”
ချန်ရှန် ရယ်မောကာ ပြောလိုက်ပါတော့တယ် . . .။
Chapter – 138
#ကံကြမ္မာကိုငါးမျှားခြင်း
မီးဝိဉာဉ်တော် . . .
ဒီစကားကို ဆေးဆရာမကြီး ကြားတဲ့အခါ တွေ သွားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သူမတော်တော် တုန်လှုပ်သွားမယ် ဆိုတာ အသေအချာပါပဲ။
“မင်းပြောတာ အမှန်ပဲလား”
ဆေးဆရာမကြီး က ချန်ရှန် ပြောတာကို မယုံနိုင်သလို ပင် ဖြစ်နေဆဲပါ။
“ကျွန်တော်ပြောတာ မယုံရင် ခင်ဗျားသွားကြည့်ပေါ့”
ချန်ရှန် ခပ်ပြုံးပြုံးပင် ပြောလိုက်ပါတယ်။
“ငါ ဘယ်တပည့်မှ မွေးဖို့ စိတ်မပါဘူး။ ဒါပေမဲ့ သူမ ကိုတော့ ငါလမ်းညွှန်မှုပေးပြီး ငါ့တပည့်ကို စောင့်ရှောက် ပါ့မယ်။ ဒီချန်ဝူ နယ်မြေ တစ်ခုလုံးမှာ မီးဝိဉာဉ်တော် အသုံးပြုပုံကို သိတဲ့လူ သိပ်မရှိလှဘူး”
ဆေးဆရာမကြီးက ဂုဏ်ယူဟန်ဖြင့် ဆိုပါတယ်။ သူမ မှာ ခရမ်းရောင် လမီးဝိဉာဉ်တော် ပိုင်ဆိုင်ကြောင် ဟွမ်ဂျိ ရှန် မှ ချန်ရှန် အား ပြောပြီးလောက်ပြီဟု သူမ ခန့်မှန်းမိ တယ်လေ။
ချန်ရှန် ပြုံးစိစိဖြင့် -
“ဆေးဆရာမကြီး ၊ အခု ခင်ဗျားက ကျွန်တော့ ရဲ့ သိုင်း ပညာ တူမ ပေါ့။ တကယ်လို့ ခင်ဗျားကို နိုင်တဲ့အခါ ကျွန် တော့ မိန်းမ ဖြစ်လိ့မ်ဦးမယ်”
ဆေးဆရာမကြီး တခဏမျှ တွေသွားပြီး ခနဲ့တဲ့တဲ့ဖြင့် -
“ဒါပေါ့ ၊ အဲဒိကိစ္စ က ခုနဲ့ မဆိုင်ဘူးထင်တယ်”
တစ်ချိန်တည်းမှာပင် သူမကို ချန်ရှန် နိုင်သွားမည် စိုးရိမ် သွားမိတယ်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ် ဟောင်းကြီးဟာ ဘယ်တော့မှ တပည့် လက်ခံလေ့ မရှိတာ ကြောင့်ပါ။
“ခင်ဗျား ရုပ်မဆိုးပါစေနဲ့လို့ မျှော်လင့်တာပဲ”
ချန်ရှန် ခပ်ပြုံးပြုံး ပြောလိုက်ပါတယ်။
“ငါပြောပြီးပြီမလား ၊ ငါရွှီရှန်းရှန်း ထက်တော့ မလျော့ ပါဘူးလို့။ ငါ့သွင်ပြင် နဲ့ ပတ်သတ်ပြီး မင်းဘာမှ သံသယ ဖြစ်နေစရာ မလိုပါဘူး”
ဆေးဆရာမကြီးက စိတ်ဆိုးဆိုးနဲ့ ပြောပါတယ်။
“ဟဲဟဲ ၊ စကားမများစေချင်ရင် ခင်ဗျား မျက်နာဖုံး ချွတ် လိုက်လေ ၊ ကျွန်တော် ကြည့်ကြည့် မယ်”
ဆေးဆရာမကြီး ပြောစကားများကြောင့် ချန်ရှန်ဟာ ပို မို သိချင်လာပါတယ်။ အဘယ်ကြောင့်ဆိုသော် သူဟာ သူမ နှင့် အရမ်းရင်းနီးသလို ခံစားနေရတာကြောင့်ပါ။ ဒါ့ အပြင် သူမအသံနှင့်မျက်နာက မတူသလို ဖြစ်နေလို့ပါပဲ။
ဆေးဆရာမကြီးက အေးစက်စွာပင် လှောင်ပြုံးပြုံးကာ ထွက်သွားပါတော့တယ်။
“နဂါးလေး ၊ မင်းဒီမိန်းမကို မြင်နိုင်လား:”
ချန်ရှန် မေးလိုက်တယ်။ လောင်ဆုရီမှာ ဒီလို သာမန် မ ဟုတ်တဲ့ အစွမ်းတွေ ရှိတတ်သည် မဟုတ်ပါလော။
“မသေချာဘူး။ ဒီမိန်းမကြီးက တော်တော်ပဲ လျို့ဝှက် ဆန်းကြယ်လှတယ်။ သူမတစ်ကိုယ်လုံးကို ခရမ်းရောင် လ မီးချီဓာတ်တွေနဲ့ ဖုံးထားတယ်”
လောင်ဆုရီ က ပြောပါတယ်။
“နဂါးတံတွေးကို သာ မြန်မြန် လုပ် ၊ ကျွန်မ အသီး စား ချင်ပြီ”
“အီး ပဲ စားတော့ ၊ ဆေးပညာကို အလကား အသုံးချ နေ တယ်”
“ကျွန်မက ကြိုးစားကြည့်ချင်ရုံပါ”
လောင်ဆုရီ ရေရွတ် လိုက်ပါတယ်။
ချန်ရှန် သူ၏ အသီးများကို ကြည့်ရင်း ပြုံးနေမိတယ်။ ထို့နောက် ဆေးဘုရင်ခြံဝန်းမှ ထွက်ခွာသွားပါတယ်။ တော်ဝင်ပြိုင်ပွဲအတွက် စာရင်းပေးဖို့ပါပဲ။ ချန်ရှန် ဟာ ဆေး ပညာရော သိုင်းပညာရောသာမက အမြန်နှုန်း ပြိုင်ပွဲ မှာလည်း စာရင်းပေးခဲ့ပါတယ်။ သူအကုန်လုံး အနိုင်ရချင် နေ တာပါ။ ပြိုင်ပွဲ တစ်ပွဲ အနိုင်ရလျှင် ဒြပ်စင်ဆေး ၁၀၀ ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သလင်းကျောက် တစ်သိန်း လည်း ပါပါသေးတယ်။ သူသာ ပထမ အကုန်လုံး ရမယ် ဆိုပါက ချီဒြပ်စင်ဆေး အလုံး ၃၀၀ နှင့် သလင်းကျောက် သုံးသိန်း ရနိုင်မည် ဖြစ်ပါတယ်။
ချန်ရှန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိတယ်။ နဂါးလေးရဲ့အကူအညီကိုလည်း ယူရမှာ ဖြစ်ပြီး သူဆေးပင် များဝယ်ဖို့အတွက် သလင်းကျောက်တွေ လိုအပ်နေတာပါ။
ရှစ်လလုံးလုံး ပျောက်ဆုံးနေပြီးနောက် ချန်ရှန် ဟာ ဂိုဏ်းကို ပြန်ရောက်လာခြင်းက ဂိုဏ်းတစ်ခုလုံးအား အုတ် အုတ် ကျက်ကျက် ဖြစ်စေပါတယ်။ သူ့ခေါင်းကို လူတိုင်း လိုချင်နေတယ်ဆိုတာ ဖော်ပြနေစရာပင်မလိုချေ။ တ ကယ်တော့ သူ၏ ဂိုဏ်းအတွင်းမှ နောက်လိုက်များမှာ ပင် ချန်ရှန် ကို လုပ်ကြံဖို့ စိတ်ကူးမျိုး ရှိနေကြတယ်။ သလင်း ကျောက် သုံးသိန်းဆိုတာ ဒြပ်စင်ဆေးများစွာကို ဝယ်ယူလို့ ရနိုင်ပြီး ဒီလိုဆေးတွေ အများကြီး နှင့် သာ ဆိုပါက ၎င်းတို့ ၏ ကျင့်စဉ်များကို တိုးတက်လာနိုင်ပြီး အဆင့်မြင့် ပညာရှင် များ ဖြစ်သွားနိုင်မှာပါပဲ။
သို့သော်လည်း ပြင်းထန်သော သိုင်းပညာဂိုဏ်းဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ ရပ်တည်ချက် ရှိနေပါ တယ်။ ချန်ရှန်ကို ဆန့်ကျင်ဖို့ ကြိုးစားသူမှန်သမျှ ကွပ်မျက် ခြင်း ခံရမည် ဖြစ်တယ်။ လျို့ဝှက်စွာ စိတ်ကူးထားကြတာ ကတော့ အကယ်လို့ ချန်ရှန် နှင့်သာ ဆုံတွေ့ပြိုင်ဆိုင်ရ ပါက ရေကုန်ရေခန်း တိုက်ခိုက်မည်ဟု ဖြစ်ပါတော့တယ်။
ချန်ရှန် နှင့်အတူ တခြား ရိုက်ခတ်လာသော သတင်း တစ်ပုဒ်ကတော့ ဝုကွမ်ချင် စစ်မှန်သော သိုင်းပညာရှင် ဖြစ် သွားတဲ့ သတင်းပါပဲ။ ဒီသတင်းက များစွာသော ဂိုဏ်း သားများ၏ အသည်းအား ခွဲလိုက်သလိုပါပဲ။ သူမဟာ ယခု ဒီလို ပညာရှင်ဖြစ်သွားသည့်အတွက် သူတို့ကို လှည့်ပင် ကြည့်တော့မည် မဟုတ်ချေ။ ဒါ့အပြင် ဒီသတင်းကို ကြား ပြီး မိန်းကလေး ဂိုဏ်းသူများစွာဟာလည်း တော်တော် မနာလို ဖြစ်နေကြပါတော့တယ်။
ပြင်းထန်သော သိုင်းပညာဂိုဏ်းမှာ ငယ်ရွယ်ပြီး ထူးချွန် လှတဲ့ ပညာရှင် စာရင်းကို ထုတ်ပြန်မည် ဆိုပါက ဝုကွမ် ချင်ဟာ ပထမ ရပေလိမ့်မည် ဖြစ်ပါတယ်။ သို့သော်လည်း ချန်ရှန် ဟာ သူ စစ်မှန်သော သိုင်းပညာနယ်ပယ် အဆင့် ကို ရောက်ရှိနေခြင်းအား ဖုံးကွယ်ထားခြင်းကြောင့် ဖြစ်ပါ တယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ပြင်းထန်သော သိုင်းပညာဂိုဏ်း၏ တော်ဝင်ပြိုင်ပွဲမှာ သူက အလှည့် အ ပြောင်းလေး တစ်ခု လိုချင်လို့ ဖြစ်ပါတယ်။ သူ ဒီလို ပညာ ရှင် ဖြစ်နေတာကို သိသွားကြပါက ဂိုဏ်းချုပ်နှင့် ဆရာကြီး ဝု တို့မှ သူ့ကို ပါဝင်ခွင့် ပြုကြမည် မဟုတ်ပေ။
ချန်ရှန် လည်း မကြာခင် ဆေးဘုရင်ခြံဝန်းသို့ ပြန်ခဲ့ပါ တယ်။ ဝုကွမ်ချင် နဲ့ ဆေးဆရာမကြီးတို့ စကားပြောနေ ကြ သည်ကို ချန်ရှန် တွေ့လိုက်ရတယ်။
ဆေးဆရာမကြီး ယခုလို ခြွင်းချက် နောက်တစ်ခု ထပ် မံ ပြုလုပ်လိမ့်မယ်လို့ သူမထင်မိပါဘူး။ ဒီလို ဆေးဘုရင် ခြံဝန်း ထဲ သို့ ဘယ်သူမှ ဝင်ခွင့်ရှိသည် မဟုတ်ပေ။ ဝုကွမ် ချင် ချန်ရှန် ကို မြင်တဲ့အခါ ခေါင်းငုံ့သွားပါတယ်။ သူမ ပုံ မှာလည်း အသက်မဲ့သွားသလိုပါပဲ။
ဆေးဆရာမကြီး သူမ၏ အတွေ့အကြုံများအား ပြန် လည် ပြောပြနေပါတယ်။ တစ်ခုခုတော့ မှားနေတာကို သူမ သိသွားတယ်။
“ချန်ရှန် မင်း သူမကို ဘာလုပ်ထားလဲ”
ဆေးဆရာမကြီး အသံအေးစက်စက်ဖြင့် မေးလိုက်ပါ တယ်။ ချီဓာတ်များပင် အသံတွင် ပါဝင်နေပါတယ်။
ထိုအချိန်မှာ ချန်ရှန် ဝုကွမ်ချင်အား အဘယ်ကြောင့် ဒီ ဆေးဘုရင်ခန်းမကို ဝင်ခွင့်ပြုလိုက်လဲဆိုတာ နားလည်မိ သွားတယ်။ တစ်ယောက်ယောက် ရှိနေပါက သူ့ကို ဦးရီး တော်လေး ဟု ခေါ်စရာ မလိုတော့ပြီ မဟုတ်ပါလား။
“ဂျင်းအကြီးစား ကြီးက ဂျင်းအသေးလေးထက် လန်း တယ်ဟ”
ချန်ရှန် ရေရွတ်နေမိတယ်။
ဝုကွမ်ချင်က
“သူဘာမှ မလုပ်ပါဘူး။ ကျွန် . . .မ . . .”
“မင်းဘာလို့ မြန်မြန်မသွားသေးတာလဲ ၊ ငါဒီမှာ ဆေး ပညာ သင်ပေးနေတယ်”
ဆေးဆရာမကြီးက ဆူလိုက်ပါတယ်။ ချန်ရှန်လည်း ခပ် တိုး တိုး ကျိန်ဆဲကာ မြန်မြန် သွားလိုက်ပါတော့တယ်။
ချန်ရှန် မိုးပြာသီး ပင် ရှိရာ ခြံဝန်းထဲသို့ ရောက်ရှိလာ ပါ ပြီ။ လျို့ဝှက်စွာပင် နဂါးတံတွေးများအား လောင်းချလိုက် ပါတယ်။ သူ အသီး မြန်မြန် သီးစေချင်လှပါပြီ။ တည် ဆောက်ရေးဆေးတွေ အများကြီး လုပ်နိုင်မည် မဟုတ်ပါ လော။
တော်ဝင်ပြိုင်ပွဲကြီးကလည်း နီးကပ်လာပါပြီ။ ဒီရက် တွေမှာ ဆေးဆရာမကြီးဟာ ဝုကွမ်ချင်အပေါ် တော်တော် ဂရုစိုက်တာကို သူ တွေ့ရပါတယ်။ စိတ်ရှည်လက်ရှည် ပင် သင်ကြားပေးပြီး ဆေးပင်များစွာကိုလည်း ပေးပါသေး တယ်။
ချန်ရှန် ဟာ ဝုကွမ်ချင် တစ်ယောက် ဆေးပင်တွေ ဒီ လောက် ရှားပါးနေတာတောင် အဆင့် ၂ ပညာရှင် ဖြစ်လာ တာကြောင့် လေးစားမိပါတယ်။ သူမဟာ အနာဂတ်မှာ မီး ဝိဉာဉ်တော် ဖြင့် ထင်ရှားသော ဆေးပညာရှင် တစ်ဦး ဖြစ် လာမည်ဟု ယုံကြည်နေပါတယ်။
ချန်ရှန် လျို့ဝှက်ဆန်းကြယ် နယ်ပယ်ထဲမှ ထွက်လာ တဲ့အခါ သတင်းတစ်ခုကို ကြားလိုက်ရတယ်။ ရှောင်ဒို ၊ ဇုရွန် နှင့် ဆူဝဲလောင် တို့သုံးယောက် စစ်မှန်သော ပညာရှင်များ ဖြစ်သွားတယ် ဆိုတာပါပဲ။ လက်ရှိမှာ ဂိုဏ်း ချုပ် နှင့် တွေ့ဆုံနေကြပါတယ်။
“စစ်မှန်သော ငတုံးသုံးယောက် ၊ ကောင်းစားသွားပြီ ပေါ့”
ချန်ရှန် တီးတိုး ရေရွတ်မိတယ်။ ၎င်းတို့လက်ထဲ တည် ဆောက်ရေးဆေး များစွာ ရှိနေလိမ့်မယ်လို့ သူ သံသယ ဖြစ်မိပါတယ်။
တော်ဝင်ပြိုင်ပွဲမှာ မည်သည့် စစ်မှန်သော ပညာရှင် မျှ မပါဝင်တာကြောင့် ချန်ရှန် ဟာ သူသာ ပြိုင်ပွဲအားလုံးတွင် အနိုင်ရလိ့မ်မယ်ဟု ယုံကြည်နေမိတယ်။ သလင်းကျောက် သုံးသိန်း ဒြပ်စင်ဆေး ၃၀၀ ဟာ နည်းလှတဲ့ ပမာဏ မဟုတ်ချေ။ ချီဒြပ်ဆေးဟာ တစ်လုံးလျှင် ၅၀၀၀ တန်ပါ သည်။ ဒါကြောင့် အလုံးသုံးရာ ဆိုပါက တစ်သန်းခွဲ ရရှိ မှာ ဖြစ်ပါတယ်။
ချန်ရှန် စိတ်လှုပ်ရှားစွာဖြင့် အမှတ် ၁၆ ခြံဝန်းထဲသို့ ဝင် လာတယ်။ ဇုရွန် ၏ ရယ်သံဟာ ခြံဝန်းတစ်ခုလုံးအား ပြန့် နှံ့နေပြီး ဂိုဏ်းချုပ်ဟာ ထိုင်ခံမှာ လှဲလျောင်းနေလျက် ရှိပါ တယ်။ ဇုရွန် ဟာ စစ်မှန်သော ပညာရှင် ဖြစ်သွားပြီဆိုတာ ချန်ရှန် သိပါတယ်။ ဇုရွန် ဒီလို ဖြစ်လာာသည့်အတွက် အ ထူး ပျော်နေမည် ဆိုတာလည်း ပြောနေစရာလိုမည် မထင် ချေ။
“ညီတော်လေး ချန် ၊ မင်း မသေဘူးပေါ့”
ဇုရွန် ချန်ရှန် ဝင်လာတာကို ဆီးကြိုရင်း မေးပါတယ်။
ချန်ရှန် က ခနဲ့တဲ့တဲ့ ဖြင့် -
“လူတိုင်း ဘာလို့ ဒီမေးခွန်း ပဲ မေးနေကြလဲမသိဘူး ဗျာ ၊ သေသွားတာကမှ ကောင်းဦးမယ်”
ရှောင်ဒို ရယ်မောနေတယ်။
“အကိုတော် ချန် ၊ ကျွန်တော်တို့တော့ ကံကောင်းတာ ပဲ။ အကိုတော် ဇု က ကျွေးဖို့ ဖိတ်ထားတယ်။ သူ့ကို မွဲ သွားအောင် လုပ်စို့”
ဆူဝဲလောင် ကလည် းရယ်မောကာဖြင့် -
“ငါကတော့ ပြင်ဆင်ပြီးပြီ။ ချန်ရှန် ၊ မင်း ပြီးခဲ့တဲ့ အချိန် တွေမှာ အားလုံးကို တော်တော် စိုးရိမ်ရအောင် လုပ်တယ်။ မင်းပြန်လာတာ တကယ်ကောင်းတယ် ကွ။ ဒါပေမဲ့ ငါတို့ကတော့ မင်းနဲ့ အတူ တော်ဝင်ပြိုင်ပွဲမှာ မပါရတော့ ဘူး ပေါ့ကွာ”
ချန်ရှန် ကလည်း ရယ်မောကာဖြင့် -
“ကောင်းတာပေါ့ဗျာ ၊ ကျွန်တော်တော့ ပြိုင်ပွဲ သုံးခုလုံး ကို စာရင်းပေးပြီးပြီ။ အကုန်ပထမ ယူမယ်လေ ဟဲဟဲ”
ငွေကြေးကိစ္စ အကျိုးအမြတ် ကိစ္စ မှာတော့ ဇုရွန် ဟာ သူတို့အားလုံးထဲတွင် အတွက်ချက်တတ်ဆုံးပါ။ သူ့စိတ် ထဲ တန်ဖိုးကြီး တစ်ခုကို မြင်လိုက်ရသလိုဖြင့် -
“မင်း အကုန်လုံး နိုင်ရင် အများကြီး ရမှာ မဟုတ်လား”
ရှောင်ဒို နှင့် ဆူဝဲလောင် တို့ဟာလည်း ရုတ်တရက် သဘော ပေါက်သွားပြီး တုန်လှုပ်သွားကြပါတယ်။
“စစ်မှန်တဲ့ နောက်လိုက်တွေ ဖြစ်လာပြီးနောက် မှာ ငါတို့ဟာ ဒြပ်စင်ဆေး ၁၀၀ သလင်းကျောက် ၅ သောင်း နဲ့ အသုံး ပြုပြီးသား ဝိဉာဉ်တော် အဆင့် ၃ လက်နက် သာရ မယ်။ အနည်းဆုံးအနေနဲ့ အခု ငါတို့ ဒြပ်စင်ဆေး ၁၀၀ သလင်းကျောက် တစ်သိန်း နှစ်စဉ် ရမှာပေါ့။ ဒါပေမဲ့ တော်ဝင် ပြိုင်ပွဲတော့ မပြိုရတော့ဘူး”
ဇုရွန် က ဝမ်းနည်းစွာ ပြောပါတယ်။ ရုတ်တရက် သူ၏ စွမ်းအား များကို ပင် ဖုံးကွယ်ကာ ဝင်ပြိုင်ချင်စိတ်များ ဖြစ် ပေါ်လာပါတော့တယ် . . .
Chapter – 139
#ပြိုင်ပွဲ
“ကျွန်တော် တို့ဟာ အမှတ် ၁၅ ရဲ့ စစ်မှန်သော နောက် လိုက်တွေ ဖြစ်ကြတယ်။ အကိုတော် ချန်ထက်တော့ နှာ တစ်ဖျား သာသွားပြီပေါ့”
ရှောင်ဒို ကနောင်တရနေပုံ ပေါ်ပေမဲ့ တော်တော် ဂုဏ် ယူ နေပုံပါ။ ချန်ရှန် ထက် သာသွားပြီ မဟုတ်ပါလား။
“မင်းတို့ တည်ဆောက်ရေးဆေးတွေ အများကြီး ဘယ် က ရတာလဲ”
ချန်ရှန် သိချင်သဖြင့် မေးလိုက်ပါတယ်။
“ဇုရွန် က ငါ အရင် ဒြပ်စင်ဆေးတွေ တွေ့ခဲ့တဲ့ နေရာ ကို ခေါ်သွားတယ်။ ငါတို့ ၃ လလောက် ရှာခဲ့ကြတယ်။ နောက်ဆုံးမှာတော့ တည်ဆောက်ရေးဆေး သေတ္တာကို တွေ့ရှိခဲ့ကြတယ်။ အထဲမှာ ဆေး ရှစ်လုံး ပါတာကြောင့် ငါတို့ တစ်ယောက် ၂ လုံးစီ ယူလိုက်ကြတယ်။ မင်း အ တွက် တောင် ၂ လုံး ချန်ထားသေးတယ်”
ဆူဝဲလောင် က ပြောကြားပါတယ်။
၎င်းတို့ တကယ်ပဲ တွေ့ခဲ့ကြတာပါလား . . .
ချန်ရှန် စိတ်ထဲ ဝမ်းသာမိသွားပါတယ်။ ဆူဝဲလောင် ၏ ကံကား ကောင်းလွန်း လှပါတယ်။ ဒါပေမဲ့ ဇုရွန် ၏ တွန်း အား ကြောင့်သာ မဟုတ်လျှင် ၎င်းတို့ ဒီလိုနေရာကို ၃ လ ကြာကြာ တူးဆွ ကြလိ့မ်မည် မဟုတ်ပေ။
ဇုရွန် က ခပ်ပြုံးပြုံးဖြင့် -
“ငါက သစ္စာရှိပါတယ်။ ယူလိုက် ၊ သလင်းကျောက် ၆ သိန်းဟာ ဖြစ်နိုင်တဲ့ အနည်းဆုံး ဈေးပဲ”
“ဟက် ၊ ကျွန်တော် တော့ မွဲသွားတယ်။ သူ့ကို ၇ သိန်း တောင် ပေးလိုက်ရတယ်”
ရှောင်ဒို လေသံ တီးတိုးဖြင့်ပြောပါတယ်။
“မတတ်နိုင်ဘူး ၊ မင်းတို့ဒါကို ငါ့ကြောင့် အဓိက ရတာ ၊ မင်းတို့အားလုံး ဒီအချက် ကို သတိပြုမိသင့်တယ်”
ဇုရွန် သူ၏ ခေါင်းကို ခါယမ်းပြီး ပြုံးကာ ပြောပါတယ်။
ချန်ရှန် ပထမတော့ ဇုရွန် နဲ့ ဆူဝဲလောင် တို့အား သစ္စာ ရှိတယ်လို့ ထင်ခဲ့မိတယ်။ ငွေစကားပြောလိမ့်မယ်လို့ မမျှော်လင့် မိပါဘူး။ ခပ်လှောင်လှောင် လေသံဖြင့် -
“ကျွန်တော့မှာ တည်ဆောက်ရေး ဆေး အတွက် လို အပ်တဲ့ ပစ္စည်းတွေ အကုန် ရှိတယ်။ ဆေးဆရာမကြီး ကလည်း ဆေးလုပ်ဖို့ ကူညီမယ်လို့ ပြောထားတယ်”
“အကိုတော ဆူ ၊ ဒါတွေကို လေလံ ပစ်ကြစို့”
ဇုရွန် သူ၏ နှုတ်ခမ်းကို ကွေးကာဖြင့် လျင်မြန်စွာပင် ဆေးများအား ပြန်ယူသွားပါတယ်။
ချန်ရှန် လည်း ရယ်မောကာဖြင့် -
“ကျွန်တော် မယူဖူးလို့ ပြောမိလို့လား ၊ ဒါပေမဲ့ အခု တော့ ပေးစရာ မရှိသေးဘူး။ ကျွန်တော် ဆုရတာ စောင့် ပါဦး ၊ အဲကျ ပေးတာပေါ့”
သူတို့သာ လေလံတင်ရောင်းပါက ဈေးမြင့်မြင့် ရမှာပါ ၊ ချန်ရှန် ဟာ သူတို့ဆီမှ လည်း အကျိုးအမြတ် ရနိုင်ပါတယ် ၊ အဘယ်ကြောင့် ဆိုသော် သူဟာလည်း စစ်မှန်သော သိုင်း ပညာရှင် ဖြစ်နေတာကြောင့် ဒီဆေးကို မလိုတော့ပါ။
ဇုရွန် လည်း သူသာ လေလံတင်ပါက အကျိုးများမယ် ဆိုတာကို သိပါတယ်။ ဒါပေမဲ့လည်း ချန်ရှန် ဟာ သူ့သူ ငယ်ချင်း ဖြစ်နေတာကြောင့် ပြန်လာကာ ပေးပါတယ်။ ချန်ရှန်ကို စစ်မှန်သော သိုင်းပညာနယ်ပယ် မရောက်သေး ဟု ထင်နေကြတာပဲ ဖြစ်ပါတော့တယ်။
ဇုရွန် ဟာ ယခု ချမ်းသာနေပါတယ်။ သူ့မျက်နှာမှာ တော့ အောင်မြင်မှု အရိပ်အယောင်များကို မြင်တွေ့နိုင်ပြီး ချန်ရှန် တို့မှာလည်း တနေ့လုံး တညလုံး တန်ဖိုးကြီး အစား အစာများ စားသောက်ကာဖြင့် ဟိုတယ်တွင် ပင်ပန်းသွား သည်ထိ နေထိုင်ကြပါတယ်။
ဘေရှင်းချိန်ရောက်တဲ့အခါမှာတော့ ဇုရွန် မျက်နာ မှာ ဝမ်းနည်းမှုများအား မြင်တွေ့လိုက်ကြရတယ်။ ရှောင် ဒို နဲ့ တခြားလူများ သူ့ကို ဒီလောက်နွှာလိမ့်မည် ဟု မထင် မိခဲ့ပေ။
တော်ဝင် ပြိုင်ပွဲဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် အောက်ရှိ လူတိုင်းပြိုင်နိုင်သော ပြိုင်ပွဲတစ်ခုပါ။ ထိုသို့ သော ပညာရှင်များမှာ ပြိုင်ပွဲ၏ တခြား အလုပ်များကို သာ လုပ်ဆောင် ခွင့်ရကြတာ ဖြစ်ပါတယ်။ ၎င်းတို့မှာလည်း သီးသန့် ပြိုင်ပွဲ ရှိကြတယ်။ ဒါပေမဲ့ ထိုသို့သော ပြိုင်ပွဲ ဟာ ချန်ဝူ နယ်မြေကြီး ရဲ့ ဂိုဏ်းများအကြား ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။ ဒီလိုပွဲဆိုတာကတော့ ခမ်းနားကြီးကျယ်ကြ လှ ပါတယ်။
ဒီနေ့မှာတော့ ရှီမန် မြို့ထဲရှိ လမ်းများအားလုံးတွင် ရှင်း လင်းနေပါတယ်။ အဘယ်ကြောင့်ဆိုသော် ပြိုင်ပွဲ စတင် မှာ ဒီနေ့ကြောင့်ပါပဲ။
ပြင်းထန်သော သိုင်းပညာဂိုဏ်းမှာတော့ ဂုဒွန်ချန် ဟာ လေးထောင့်ကွင်း ရဲ့ စင်မြင့်ပေါ်မှာ မတ်တပ်ရပ်နေပါတယ် ၊ လက်ကို နောက်ပစ်လျက် ထောင်သောင်းချီသော တပည့် များကို ကြည့်နေတယ်။ ဒါဟာ သူတံခါးပိတ် ကျင့် ကြံရာမှ ထွက်လာပြီး ပထမဆုံး အကြိမ် အားလုံးနှင့် တွေ့ဆုံ ခြင်း ဖြစ်ပါတယ်။
ဂုဒွန်ချန် ဟာ ပထမပိုင်းမှာ ပြိုင်ဖက်ကင်း ဂိုဏ်း နှင့် ပေါင်းစည်းသည့် အကြောင်းများကို ပြောဆိုတယ်။ ထို့ နောက်မှာတော့ ရင်းနှီးဖွယ် စကားများကို ပြောဆိုပြီး တ ဆက်တည်းမှာပဲ မကြာသေးမီက စစ်မှန်သော သိုင်းပညာ နယ်ပယ်ကို ရောက်ရှိခဲ့သော နောက်လိုက်များအား ချီးမွမ်း ပါတယ်။ ဝုကွမ်ချင် ၊ ရှောင်ဒို ၊ ဇုရွန် နှင့် ဆူဝဲလောင် တို့ အား ဆုများ ချီးမြင့်သော အခါမှာတော့ အားလုံးဟာ မနာ လို ဖြစ်ရသည် အထိပါပဲ။ တချိန်တည်းမှာပဲ စိတ်လှုပ်ရှား မှု များလည်း ဖြစ်ပေါ်နေပါတော့တယ်။
ထို့နောက်မှာတော့ ဂုဒွန်ချန် ဟာ ချန်ရှန် ကို အပစ်ရှာ ပြောဆိုပါတယ်။ ချန်ရှန် ဟာ ပြီးခဲ့သော ပထမခြံဝန်းနေရာ ယှဉ်ပြိုင်တုန်းက များစွာ ပျက်စီးစေခဲ့ကြောင်း ၊ ဂိုဏ်း အတွက် တော်တော် ဆုံးရှုံးသွားကြောင်း ၊ နောက်လိုက် များစွာလည်း ဒဏ်ရာရသွားကြောင်း ပြောဆိုနေပါတော့ တယ်။
ချန်ရှန် သူ့ သိုင်းပညာ တူ လေး ကို တော်တော် အထင် သေးမိသွားတယ်။ လူအများရှေ့မှာ ရှုံ့ချနေခြင်းဖြစ်ပေ မဲ့ ချန်ရှန်ဟာ သိပ်တော့ ဂရုမစိုက်လှပါချေ။ သူ့ အ ကြောင်း ဘယ်လိုပင်ပြောပြော ထိုလူဟာ သူ့ကို ဦးရီးတော် လို့ ခေါ်နေရသည် မဟုတ်ပါလော။
အရေးမပါတာတွေ ပြောပြီးနောက်မှာတော့ ဂုဒွန်ချန် ဟာ ပြိုင်ပွဲ စတင်ကြောင်း ပြောဆိုပြီး ပထမဆုံးပွဲကို ကျင်း ပ ပါတယ်။
ပထမဆုံးပွဲဟာ အမြန်နှုန်း ပြိုင်ပွဲပါ။ ပွဲကို တနေ့လုံး ကျင်းပမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်များဟာ ဂိုဏ်း၏ လေး ထောင့် ကွင်းအလယ်မှ ထွက်ခွာကာ ရှီမန်မြို့အစွန်ရှိ တောင်ထိပ်မှ ဂိုဏ်းတိုကင်လေးကို ယူကာ ပြန်လာရမှာ ဖြစ်ပြီး ပထမဆုံးပြန်ရောက်သူဟာ အနိုင်ပါပဲ။
ပြီးခဲ့သော နှစ်တွေတိုင်း ဒီလို တပတ်ဟာ ၆ နာရီ မျှ ကြာပြီး ဒါတောင် အမြန်ဆုံး ပြိုင်ပွဲဝင်၏ စံချိန်ပါ။ ဒါကို ကြည့်ခြင်းဖြင့် တော်တော် ဝေးတယ်ဆိုတာ ထင်ရှားပါ တယ်။ ပြိုင်ပွဲတလျှောက် နားနေမိပါက တခြားလူက ကျော်တက် သွားမည် ဖြစ်ပါတယ်။ ဒါဟာ ခံနိုင်ရည် နှင့် ချီဓာတ် ဘယ်လောက်များလဲ ဆိုတာကို စမ်းသပ်တာပါ။
“ပြိုင်ပွဲမှာ ၊ ဘယ်လို ပဋိပက္ခ မျိုးကိုမျှ ခွင့်ပြုမှာ မဟုတ် ဘူး။ တွေ့ တာနဲ့ အပစ်ပေးခံရမယ် ၊ အဆင်သင့်ပဲလား”
ဆရာကြီး ဝု ကျယ်လောင်စွာ အော်ပြောပါတယ်။
များစွာသော ဂိုဏ်းသားများဟာ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ဖူးကြတာပါ။ အလွန်ပင်စိတ်လှုပ်ရှားလျက် သူတို့ ကိုယ်သူတို့ ပထမ ရလိမ့်မည်ဟု ထင်နေကြပါတယ်။
ပြိုင်ပွဲမှာ လူ ၃ သိန်းလောက် ပါဝင်ယှဉ်ပြိုင်ကြတာ ဖြစ် ပြီး ရှေ့မှာ တန်းစီခြင်း ခံရသူဟာ အခွင့်အရေးများလှပါ တယ်။ မူလက ချန်ရှန် ဟာ ရှေ့မှာ ရှိသော်လည်း ဂုဒွန်ချန် မှ နောက်ဆုံးသို့ ပို့လိ့မ်မည်ဟု မည်သူမျှ ထင်မည် မဟုတ် ချေ ၊ ဒါသက်သက်ဒုက္ခ ပေးခြင်းပါပဲ။
“ချန်ရှန် ၊ ရှင် သေချာပေါက် ပထမ ဖြစ်လိ့မ်မယ်”
ဝုကွမ်ချင် ဟာ ယခုတော့ အေးအေးဆေးဆေး ဖြစ်နေ ပုံပါပဲ။ သူမ ပြုံးကာဖြင့် ချန်ရှန် ကို ကြည့်နေပါတယ်။ သူမ ချန်ရှန် နှင့် ဆုံသည့် အခါတိုင်း ပျော်ရွှင် မိသလို ခံစားရပါ တယ်။
ဇုရွန် နှင့် ရှောင်ဒို တို့ဟာ ဝုကွမ်ချင်အား လျို့ဝှက်စွာ မျှော်လင့်မိကြသောလည်း ချန်ရှန် ဒီလို ထိပ်တန်း အလှ ပဂေး နှင့် အကြည်စိုက်နေမည်ဟု မမျှော်လင့်မိကြချေ။ ဒါ ကြောင့် ချန်ရှန် ပေါ်ပင် သိပ်မကျေနပ်ကြပါ။ ယခု သူမဟာ စစ်မှန်သော သိုင်းပညာရှင် ဖြစ်လာသောကြောင့် များစွာ သော ပညာရှင်များဟာ သူမကို စိတ်ဝင်စားလျက် ရှိပါ တယ်။ ဒါပေမဲ့လည်း သူမဟာ ဆေးဆရာမကြီး နှင့် ယှဉ်တွဲ လျှောက်လာတာကို မြင်တဲ့အခါ ဘယ်သူမှ သွား မစ ဝံ့ကြချေ။
“ကျွန်တော် က ပြိုင်ပွဲ ၃ ခုလုံးကို ပါဝင်မှာဗျ ဟဲဟဲ”
ချန်ရှန် ရယ်မော ပြောဆိုလိုက်တယ်။ ဒါကို ကြားပြီး နောက် ဂိုဏ်းချုပ် နှင့် ဆရာကြီး ဝုတို့ အမူအရာ ပြောင်းလဲ သွားပါတယ်။ ချန်ရှန်သာ အားလုံးမှာ ပထမရခဲ့ပါက ဆုတွေ အားလုံးကို သူပင်သိမ်းသွားမည် မဟုတ်ပါလော။
ဆရာကြီး ဝု ရှင်းလင်းပြတ်သားသော အသံဖြင့် -
“ တစ် . . . နှစ် . . . သုံး . . . စ”
ချန်ရှန် နဲ့ တခြားလူများဟာ ရှေ့မှ လူအုပ်ကြီး ရုတ် တရက် ဝုန်းကနဲ ထွက်သွားကြတာကို မြင်လိုက်ရတယ်။ ၎င်းတို့ အော်ဟစ် ပြေးလွှားသွားမှု များကြောင့် ရှီမန် တစ် မြို့လုံးပင် တုန်လျက် ရှိနေတယ်။ တောရိုင်းကောင်များ အား လွှတ်ပေးလိုက်သလိုပါပင်။
ဒီအချိန်မှာ ချန်ရှန် ဟာ ကလေး တစ်ယောက်လိုပင် ပြေးသွားတယ်။ ပျော်ပျော်ရွှင်ရွှင် ဖြင့် ဖြေးညင်းစွာပင် လေးထောင့် ကွင်း ထဲရှိ မီးခိုးလုံးများထဲသို့ သွားနေပါတယ်
ရုတ်တရက်ပဲ ချီဓာတ်အပူများ ပတ်ပတ်လည်မှာ ပြန့် ထွက်သွားပြီး ဂုဒွန်ချန် ၊ ရှောင်ဒို နှင့် တခြားလူများလည်း ခံ စား မိလိုက်ကြပါတယ်။ ရုတ်တရက်ကြောင့် ကြောင်အ သွား ပြီးနောက် -
“မျိုးမစစ်လေး ၊ ဒီကောင်လေးက တကယ်ကို ကြမ်းပ”
ဇုရွန် ချက်ချင်းပင် ကောင်းကင်ပေါ်မှ ချန်ရှန် အား ကြည့်ကာ အော်လိုက်ပါတယ်။ မီးတောင်ပံကြီးများ တဖြတ်ဖြတ် ခတ် ကာ အရှေ့သို့ ပျံသန်းသွားပါတော့ တယ်။
“ဒါညစ်တာပဲ ၊ မမျှတဘူး ၊ အမြန်ပြန်ဆင်းစမ်း”
တချို့သော စစ်မှန်သော ပညာရှင်များမှ အော်ပြော တယ်။ ၎င်းတို့ဟာ ပြိုင်ပွဲမှာ မပါဝင်သော်လည်း ၎င်းတို့၏ တပည့်များကတော့ ပါဝင်နေသည် မဟုတ်ပါလော။
“အကိုတော်ချန် ၊ ခင်ဗျား လုပ်တာ မမှန်သေးဘူး ၊ မြန် မြန် ပြန်ဆင်းလာ”
ရှောင်ဒို ကြိတ်မနာလိုနေတာပါ။ ဒီလို ချီဓာတ် တောင် ပံ များဖြင့်သာ ဆိုပါက အလွယ်တကူပင် ပထမ ရမှာပင် ဖြစ်ပါတယ်။
ချန်ရှန် လည်း ရယ်မောရင်းဖြင့်သာ ပြန် မပြောပါ။ စည်းမျဉ်းထဲမှာ မပျံသန်းရဖူးလို့ ပါဝင်ခြင်း မရှိတာ အားလုးံ အသိပင် မဟုတ်ပါလော။
ချန်ရှန် တဖြည်းဖြည်း ဖြင့် လူအုပ်ကြီး ရှေ့ ရောက်လာ ပါတယ်။ ၎င်းအောက်မှ ပြိုင်ပွဲဝင်များဟာ ချန်ရှန် ကို တွေ့ သွားကြပြီး ထို့နောက်မှာတော့ ဆဲဆို အော်ဟစ်သံများ ညံ လာပါတော့တယ်။ တချို့ဆိုလျှင် ဖိနပ်များကိုပင် ချွတ်ကာ တချို့ကလည်း ကျောက်ခဲများဖြင့် ပစ်ပေါက် နေကြပါ တယ်။
“မျိုးမစစ်လေး ၊ မြန်မြန် ပြန်ဆင်းလာစမ်း။ဒါက မမျှ ဘူး ၊ ငါတို့က ပြေးနေတာကွ”
လူကြီးတစ်ဦးက ဒေါသတကြီး အော်ပြောတယ်။
ချန်ရှန် အောက်ရှိ ဖိနပ်ပျံများ ၊ အုတ်ခဲပျံများ နှင့် တခြား အရာများကို ကြည့်ရင်း ရယ်မောနေတယ်။
“ဒုတိယ နဲ့ တတိယ ဆု ကျန်သေးတယ်။ အဲဒိအပေါ် မှာပဲ ခင်ဗျားတို့ အာရုံစိုက်သင့်တယ်။ ဒါမှမဟုတ်ရင် ဘာမှ ရမှာ မဟုတ်ဘူးနော်”
၎င်းတို့အား ရယ်မောပြီးနောက် ချန်ရှန် သူ၏ အနီရင့် ငှက် တောင်ပံများအား ခတ်ကာ မျက်စိတမှိတ်အတွင်း မှာ ပင် အဝေးကြီးသို့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ လူများ အားလုံးဟာ ကျိန်ဆဲသံများနှင့်အတူ ကျန်နေခဲ့ပါတော့ တယ်။ ဒါဟာ စည်းမျဉ်းမှာ အကြုံးဝင်နေဆဲ ဖြစ်တာ ကြောင့် ဘာမျှမတတ်နိုင်တော့ပဲ ချန်ရှန်ကို သာ စိတ်ထဲ ကျိန်ဆဲနေကြလျက် ရှိပါတော့တယ် . . .။
Chapter – 140
#ရှင်းမပြနိုင်သော
မကြာမီမှာပင် ချန်ရှန် သူ့ရှေ့မှ တောင်ကြီးတစ်ခုကို တွေ့လိုက်ရပါတယ်။ ထိပ်မှာတော့ ကျောက်စိမ်းတိုကင် ပြားများ ရှိနေတယ်။ သူအံ့သြသွားတာကတော့ တိုကင် များဟာ တောင်ထိပ်တစ်ခုလုံးကိုပင် ဖုံးလွှမ်းကာ အခု တစ် သောင်းလောက် ရှိနေတာ ဖြစ်ပါတယ်။
နာရီဝက်လောက်ဖြင့် ချန်ရှန် ဟာ တောင်ထိပ်ကို ရောက်ရှိခဲ့တာပဲ ဖြစ်တယ်။ ကျောက်စိမ်းပြား တစ်ခုကို ယူ လိုက်ပြီး လျင်မြန်စွာပင် ဂိုဏ်းသို့ ပြန်လာပါတော့တယ်။ ဒြပ်စင်ဆေး အလုံး ၁၀၀ နှင့် သလင်းကျောက် တစ်သိန်း တို့အား အလွယ်တကူပင် ရရှိပါတောမည်။
အပြန်လမ်းမှာလည်း ချန်ရှန် ဟာ ချွေးများထွက်ပြီး မော ပန်းကာ ပြေးလွှားနေသော လူအုပ်ကြီးကို မစတော့ ပါဘူး။ လူအုပ်ကြီးကတော့ သူ့ကို မြင်တဲ့အခါ ကျိန်ဆဲ နေကြပြီး ပစ္စည်းများစွာဖြင့် ပစ်ပေါက်ပါတယ်။ တစ်ခုမှ တော့ ထိမှန်ခြင်း မရှိပါပေ။
တစ်နာရီလောက်နဲ့ ချန်ရှန် ဟာ ဂိုဏ်းကို ပြန်ရောက် လာ ခဲ့ပြီး ကျောက်စိမ်းပြားအား ဆရာကြီး ဝု ကိုပေးလိုက် ပါတယ်။
စပ်ဖြဲဖြဲ ဖြင့် ပင် -
“ကျွန်တော် မဟုတ်တာ ဘာမှ မလုပ်ပါဘူးနော်”
“ကောင်လေး ၊ မင်းက တော်တော် ဉာဏ်နီဉာဏ် နက် များတာပဲ”
ဆရာကြီး ဝု ပြုံးလျက် ပြောဆိုပါတယ်။ ဒီအချိန်မှာ ဝုကွမ်ချင် ၊ရှောင်ဒို ၊ ဇုရွန် နှင့် ဆူဝဲလောင် တို့ဟာလည်း ချန်ရှန် ပြန်အလာကို စောင့်မျှော်နေကြတယ်။
ချန်ရှန် အနိုင်ရခဲ့ခြင်းဟာ ကျိန်ဆဲချင် စရာ ကောင်းပေ မယ့် မည်သည့် စည်းမျဉ်းကိုမျှ ချိုးဖောက်ခဲ့ခြင်း မရှိပေ။ တစ်ခုပဲ ပြောစရာရှိသည်မှာ ပြိုင်ပွဲစည်းမျဉ်း မပြည့်စုံခြင်း ပါ။ နောက်ပြီး ဂိုဏ်းမှ အဖိုးကြီးများဟာလည်း ဒီလို ရှားပါး လှပြီး စွမ်းအားကြီးလှတဲ့ စစ်မှန်သော ချီ တောင်ပံများ မော်တယ် သိုင်းပညာရှင် တစ်ယောက်မှာ မရှိလောက်ဖူး ဟု မျှော်လင့်ခဲ့ကြတာပါ။ သူတို့သာ မက တခြားလူအား လုံးလည်း ယခုလို ထင်ကြတာပဲ ဖြစ်ပါတယ်။
ဆရာကြီး ဝု ချန်ရှန် အား ချီဒြပ်ဆေးများ ပါသော သေတ္တာ လေး နှင့် သလင်းကျောက် တစ်သိန်းပါ အိတ် ကို ပေးလိုက်ပါတယ်။ ချန်ရှန် ဟာလည်း မယူပဲ ဇုရွန် ကို အကုန် ပေးတာပါ။ ချီဒြပ်စင်ဆေး အလုံး ၁၀၀ ဟာ ငါးသိန်းတန် တာ ဖြစ်ပြီး သလင်းကျောက် နှင့်ပေါင်းပါက ၆ သိန်းဖိုးပါ။ ဒီလိုဖြင့် သူဆပ်စရာ ရှိသော အကြွေးအား ပေး လိုက်ခြင်း ဖြစ်ပါတယ်။
“ညီတော်လေး ချန် ၊ ကျေနပ်တယ်မလား”
ဇုရွန် က ရယ်မော ပြောဆိုတယ်။
ချန်ရှန် ကလည်း သရော်ဟန်ဖြင့် -
“ဖက်တီးကြီး ၊ ဒီလိုပဲ ဖြစ်သင့်ပါတယ်။ ခုတော့ ကျွန် တော့ လက်ထဲက ဆုဟာ ခင်ဗျားလက်ထဲ ရောက်ပြီပေါ့”
ရှောင်ဒို တို့လည်း ချန်ရှန် ကို အထင်သေးသလို ကြည့် နေကြတယ်။ လမ်းပေါ်မှာ ပင်ပန်းကြီးစွာ ပြေးလွှားနေ သော သူများ နှင့် ယှဉ်ပြိုင်ရသည်မှာ ချန်ရှန် အတွက် တ ကယ်ကို လွယ်ကူလှပါတယ်။
ရှောင်ဒို တို့ အဖွဲ့ နှင့် စကားပြောဆိုပြီးတဲ့ အခါမှာ တော့ ချန်ရှန်လည်း ဆေးဘုရင် ခြံဝန်း ဆီသို့ ပြန်လာခဲ့ပါ တယ်။ ထို့နောက် အပင်ရှိရာသွားကြည့်ပြီးတဲ့အခါ ဆေး ဆရာမကြီး နှင့် ဝုကွမ်ချင် တို့ ရှိမနေတာကို သတိပြုမိသွား ပါတယ်။
ဒီရက်တွေ မှာ ချန်ရှန် ရေခဲလေ တောင်ကြား နှင့် နတ် လက်နက် အင်ပါယာမှ ရွှီရှန်းရှန်း နှင့် လန်ယုလန် တို့ လေ့ ကျင့်ရေးဆင်းနေဆဲ ဆိုတာကို ကြားခဲ့ရတဲ့အတွက် သူမ တို့နှင့် မဆက်သွယ်နိုင်သေးပါဘူး။
လွန်ခဲ့တဲ့ အချိန်ကာလ များစွာကတည်းက ရှန်းရှန်း ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့ တာ ဖြစ်ပြီး သူလည်း ဒီနယ်ပယ် ဝင်ရောက်ပါက သူမကို ရှာမည်ဟု ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့လည်း မရှာနိုင်သေး တာကြောင့် သူ စိတ်ညစ်လို့နေတယ်။
ပြိုင်ပွဲဟာ ပြီးဆုံးသွားပါပြီ။ ပြန်ရောက်လာတဲ့ လူ များစွာဟာ ကွင်းပြင်ထဲ လဲကျလျက် တချို့ကလည်း ချန်ရှန် ကို ကျိန်ဆဲနေကြပါတယ်။ ချန်ရှန် အလွယ်တကူပဲ ပထမ ရသွားခဲ့သည် မဟုတ်ပါလော။ ဘာမျှ အားစိုက်စရာ မလိုပဲ အချိန်တခဏဖြင့် ပထမရသွားခြင်းကို မနာလိုကျိန် ဆဲ ကြခြင်းဟာ အဆန်းတော့ မဟုတ်ပါပေ။
ချန်ရှန် ဟာ ယခု ဆေးဘုရင်ခြံဝန်းထဲတွင် နားနေပြီး ဆေးပညာပြိုင်ပွဲ အတွက် ပြင်ဆင်နေလျက်ရှိတယ်။ ဒီပွဲ ကိုတော့ လူအနည်းငယ်သာ ပါဝင်မှာ ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ပြင်းထန်သော သိုင်းပညာဂိုဏ်း မှာ ဆေးပညာရှင်ဟာ အနည်းငယ်သာ ရှိတာပါ။ ဒါ့အပြင် ဆေးပင် ရှားပါးမှုကြောင့် ပြိုင်မည့်လူဟာ ကိုယ်လုပ်မည့် ဆေးအတွက် ကိုယ့်ဟာကိုယ် အပင် ယူလာရမှာဖြစ်ပါ တယ်။ တချို့ ဆေးပညာရှင်များဟာ လည်း ပြိုင်ပွဲမှာ ဆေး လုပ်တာဟာ သူတို့နည်းတွေ ရသွားမှာ စိုးရိမ်သောကြောင့် ယှဉ်မပြိုင်ကြပေ။
ပြိုင်မည့် လူများဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် မှ မဖြစ်ရပါဘူး။ ဒါကြောင့် ဒီပွဲမှာ ဒီလိုပညာရှင်များ ပါမည် မဟုတ်ပေ။ ချန်ရှန် အတွက် လုံး၀ ဖိအားမရှိပါ။
“ဒေါက် ဒေါက် ဒေါက်”
ဝုကွမ်ချင် ဟာ ချန်ရှန် တံခါးကို ခေါက်ပြီး နှိုးလိုက်ပါ တယ်။ ချန်ရှန်ဟာ နားနေသော်လည်း သူ၏ အာရုံခံမှုများ မှာ နိုးကြားလျက်ရှိပြီး အလွန်ပင် အားကောင်းပါတယ်။
ချန်ရှန် သူ၏ နတ်အတွင်းအား အာရုံများကို ထုတ်ပြီး ချီဓာတ်များကို လေ့လာလိုက်သည့်အခါ ဝုကွမ်ချင် ဖြစ် ကြောင်း သိရှိသွားတယ်။ အချိန်ကား ညလယ်လောက် ဖြစ်နေပြီး ကောင်မလေး တစ်ယောက်က ကောင်လေး၏ တံခါးကို လာခေါက်ခြင်းပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ချန်ရှန် စိတ် လှုပ်ရှားမိ သွားပါတယ်။
အိပ်ယာမှ အလျင် အမြန်ပင် ထကာ တံခါးကို ဖွင့်ပေး လိုက်တယ်။
“ကွမ်ချင် ၊ ဘာကိစ္စ ရှိလို့လဲ”
ချန်ရှန် မေးလိုက်တယ်။ ဒါ့အပြင် ပြိုင်ပွဲ ပြီးနောက် သူမ နှင့် ဆေးဆရာမကြီးကို မတွေ့ရတော့သောကြောင့် ၎င်းတို့ အတူတူ ပျောက်နေတာ ပဟေဠိ လိုပါပင်။
“ငါတို့ စကားပြောလို့ ရမလား”
ဝုကွမ်ချင် ခပ်တိုးတိုး ပြောပါတယ်။ လှပပြီး ချစ်စဖွယ် ပြုံးလျက် ချန်ရှန် ကို ကြည့်နေတယ်။ ဒီအချိန်မှာ သူမဟာ ပိုမို ယုံကြည်မှု ရှိနေဟန် ရှိပြီး အရင်ကတွေ့ခဲ့သော ဝမ်း နည်းမှု အရိပ်အယောင်များအား မတွေ့ရတော့ပါ။ ဒါကို ကြည့်ခြင်းအားဖြင့် သူမ တည်ငြိမ်နေပြီ ဆိုတာကို သိနိုင်ပါ တယ်။
ချန်ရှန် လည်း ပျော်သွားပါတယ်။ ဖြစ်နိုင်လျှင် ဒီလို မိန်းကလေး အား ခံစားချက်ကြီးဖြင့် တစ်သက်လုံး ဝမ်းနည်းနေမှာ မလိုလားပါဘူး။
“ရတာပေါ့”
ချန်ရှန် ရယ်မော ပြောဆိုလိုက်တယ်။
ဝုကွမ်ချင် ဟာ သာမန် အဖြူရောင် စကပ်ကို ဝတ်ဆင် ထားပြီး ဆံပင်ကိုလည်း စည်းထားတယ်။ မိတ်ကပ်မပါပဲ သဘာ၀ အတိုင်း လှပါနေပါတယ်။ သူမ သွင်ပြင် နှင့် လှုပ် ရှားမှုတိုင်းဟာလည်း ရင်ခုန် စရာ ဖြစ်နေတာကြောင့် ချန်ရှန် ၏ ငယ်ရွယ်သော သွေးများဟာ ဆူနေလျက် ရှိပါ တယ်။
“ချန်ရှန် ၊ ငါ မနက်ဖန် ဂိုဏ်းချုပ်နဲ့ သွားရမယ် ၊ မင်းရဲ့ ပြိုင်ပွဲကို မကြည့်နိုင်တော့တာကြောင့် တောင်းပန်ပါတယ်။ ခွင့်လွှတ်နော်”
ဝုကွမ်ချင် အားနာဟန် ဖြင့် ပြောပါတယ်။
“ငါတကယ် မင်းရဲ့အစွမ်းကို ကြည့်ချင်တာပါ”
ချန်ရှန် ကလည်း ပြုံးကာဖြင့် -
“ရပါတယ် ၊ ဂိုဏ်းချုပ်က ခင်ဗျားကို ခေါ်သွားတယ် ဆို ကတည်းက အရေးကြီးလို့ ဖြစ်မယ်။ အခွင့်အရေးကို လက် လွှတ် မခံပါနဲ့။ နောက်ပိုင်း ကျွန်တော့ရဲ့ ယှဉ်ပြိုင်မှုတွေ ကို ကြည့်နိုင်တဲ့ အခွင့်အရေး အများကြီး ရှိပါတယ်။ ဂိုဏ်း ပေါင်းစုံ ပြိုင်ပွဲတွေမှာတောင် အတူတူပြိုင်ပြီး ဂိုဏ်းရဲ့ ဂုဏ် ကို မြှင့်တင်နိုင်ပါသေးတယ်”
ဂိုဏ်း အချင်းချင်း ယှဉ်ပြိုင်သော ပြိုင်ပွဲများဟာ များစွာ ရှိနေပါတယ်။
ဒီအချက်ကို စဉ်းစားမိပြီး သူမ မျက်နှာ အနည်းငယ် နီ သွား သလိုပါပဲ။ ဒီလိုပုံရိပ်များကို ပုံဖော်ရင်း ယခုပင် စိတ် လှုပ်ရှားမိနေတယ်။
“အင်း ၊ ချန်ရှန် ၊ ဆေးဆရာမကြီး ဆီက ငါကြားခဲ့တာ တော့ မနက်ဖြန် မင်း ပြိုင်ဖက်ကောင်းတစ်ယောက် နဲ့ ရင် ဆိုင်ရလိ့မ်မယ်။ ဒီလူဟာ စစ်မှန်သော သိုင်းပညာနယ် ပယ် ကို ရောက်ဖို့ ဆံချည် တမျှင်စာလောက်ပဲ လိုတော့ ပြီး အဆင့် ၃ ပညာရှင်လည်း ဖြစ်တယ်လို့ တောင် ကောလ ဟာလ တွေ ထွက်နေတယ်”
ဝုကွမ်ချင် က ပြောပါတယ်။
ချန်ရှန် သူ၏ ခေါင်းကို ငြိမ့်ကာဖြင့် -
“ကျွန်တော် ဂရု စိုက်မှာပါ။ ဒါနဲ့ ဂိုဏ်းချုပ်က ဘယ်သွားမှာလဲ”
ဝုကွမ်ချင် တခဏ မျှ စဉ်းစားပြီးနောက် -
“ငါတစ်ယောက်တည်း ကိုပဲ ခေါ်သွားမှာ မဟုတ်ဘူး ၊ ရှောင်ဒို ၊ ဇုရွန် နဲ့ ဆူဝဲလောင် တို့လည်းပါတယ်။ ဘာလို့ လဲ ဆိုတော့ ငါတို့ဟာ အငယ်ဆုံး စစ်မှန်သော သိုင်းပညာ ရှင်တွေလေ။ ကြည့်ရတာ တခြားဂိုဏ်းက ဒီလို ပညာရှင် တွေ နဲ့ တွေ့ဆုံပြီး တစ်ခုခု ဆွေးနွေးဖို့ ထင်တာပဲ”
“ဒါ ကိစ္စကြီးပဲ”
ချန်ရှန် လည်း သွားချင်မိတယ်။ ဒါပေမဲ့ သူဟာ ပြိုင် ပွဲ မှာ ယှဉ်ပြိုင်နေတုန်းပင် မဟုတ်ပါလော။
ဝုကွမ်ချင် ရုတ်တရက်ပဲ လေသံ တီးတိုးဖြင့် -
“ချန်ရှန် ၊ မင်း နဲ့ လန်ယုလန် ဟာ သွေးသောက် မောင် နှမတွေလို့ ငါကြားတယ်။ ငါ့ကို လည်း သွေးသောက် အမ အဖြစ် လက်ခံလို့ မရနိုင်ဘူးလား ၊ မင်းဘေးမှာ ရှိနေချင်လို့ ပါ”
ဝုကွမ်ချင် မျက်နှာ ရဲလျက် ရှိတယ်။ ချန်ရှန် ကို ကြည့် နေသော မျက်လုံးများတွင် မျှော်လင့်ချက်များ အပြည့်ပင် ၊ ရွှီရှန်းရှန်း ဟာလည်း သတို့သမီးလောင်း ဆိုတာ သိသည့် အတွက် သူ့မှာ အခွင့်အရေးမကြီးတော့ချေ။ ဒါပေမဲ့ ချန် ရှန် နှင့် အတူတူ ရှိနေချင်သေးတာကြောင့် ဒီလိုနည်းလမ်း ကို သုံးလိုက်ရတာပါ။
ချန်ရှန် သူမကို တွေတွေစိုက်ကြည့်လျက် သူ၏ လက်များကို ဆန့်ထုတ်ပြီး ဝုကွမ်ချင် ၏ လှပသော မျက် နှာလေးအား ကိုင်လိုက်ပါတယ်။ ဒီလိုအပြုအမူကြောင့် ဝုကွမ်ချင်ဟာ အရမ်းကို ကျေနပ်သွားပြီး ချန်ရှန် ကို ရွှန်း ရွှန်း စားစား ကြည့်နေလျက် အဖြေကို စောင့်နေတယ်။
ချန်ရှန် တစ်ခုခု ပြောဖို့ ကြံနေတုန်းမှာပဲ အရှုပ်ထုပ် နဂါးမလေးဟာ သူ၏ အသံကိုတုကာ အလျင်အမြန်ပင် ပြန် ပြောလိုက်ပါတယ်။
“ခင်ဗျားကို ကျွန်တော့ အမ မဖြစ်စေချင်ဘူး ၊ မိန်းမ ပဲ ဖြစ်စေချင်တာ”
သေပြီလေ . . .
ထိုကဲ့သို့ ချန်ရှန် စိတ်ထဲမှ ရေရွတ်လိုက်မိတယ်။ ချန်ရှန် ထိုနဂါးလေးကို သတ်ပစ်ချင်နေပါပြီ။ ဇာတ်ရှိန် အမြင့်ဆုံး အချိန်များမှာ အမြဲလို ဒုက္ခ ပေးတတ်လွန်းပါ တယ်။
ချန်ရှန် ပြောစကားကြောင့် ဝုကွမ်ချင် ကိုယ်လုံးပင် တုန် သွားပါတယ်။ ချန်ရှန် မျက်နှာကို အံ့သြဟန်ဖြင့် ကြည့်ကာ စိတ်လှုပ်ရှားမှုများကို လည်း မြင်နေရပါတယ်။ ဒါပေမဲ့ သူမစိတ်မှာလည်း ဒါမျိုး ချန်ရှန် မပြောလောက် ဟု ထင်နေမိတယ်။
“နောက်လဲ ကျနေပြီ။ ငါသွားတော့မယ်”
ဝုကွမ်ချင် ပြုံးကာ မတ်တပ် ရပ်လိုက်တယ်။ ထို့ နောက် မှာတော့ ထွက်ခွာသွားပါတော့တယ်။
ချန်ရှန် စိတ်ရှုပ်ထွေးလျက် သူ၏ အခန်းထဲတွင် ထိုင် နေတယ်။ သူ ဘယ်လိုရှင်းပြရပါ့ . . . ၊ သူလွယ်လွယ် ကူကူ ရှင်းပြလို့ ရတော့မည် မဟုတ်ပေ။
တစ်ကိုယ်လုံးပင် ပေါက်ကွဲ ထွက်သွားတော့မလို ခံစား နေရပါတော့တယ် . . .။