book

Index 6

ဒန်ဆေးနတ်ဘုရားချန်ရှန် စာစဉ် - 6 (အပိုင်း 101 to 120)

  • Author : Translator - #MC
  • Genres : Adventure, Action
  • Original Author : Solitary Little Thief

Chapter – 101

#ဒေါသ


ခပ်ဝေးဝေးပေမဲ့ ကောင်မလေးရဲ့ ပြောစကားကို ချန်ရှန် ကြားနိုင်နေတယ်။ သူစိတ်ထဲ ကြိတ်ရယ်မိလိုက် ပါတယ်။ လက်ရှိသူဟာ အဆင့် ၁၀ ပညာရှင်တစ်ဦးဖြစ်ပြီး ဒီအဆင့်ဟာ မော်တယ် သိုင်းပညာရဲ့ အမြင့်ဆုံးအဆင့် လည်း ဖြစ်ပါတယ်။ အဆင့် ၁၀ ချင်း တူတူ ၁၀ ယောက် ဆိုရင်တောင် မှပဲ သူ့ကို နိုင်ဖို့ဆိုတာ မလွယ်ကူလှပါ။ 

ကောင်မလေးဟာ လှတပတ ရှိတဲ့အတွက် ကောင် လေးများဟာ သူမပြောစကားကို နားထောင်ကြတယ်။ လူတိုင်းဟာ ကောင်မလေးရဲ့ အမြင်မှာ လူစွမ်းကောင်း သိပ် လုပ်ချင်နေကြပါတယ်။ ချန်ရှန် ဒဏ်ရာရနေတာကို သိသွားတဲ့အတွက် ပိုလို့ပင် သဘောကျနေကြတယ်။ ချက်ချင်းပင် သူတို့၏ လက်နက်များကို ဆွဲထုတ်ကာ ချန်ရှန်ဆီသို့ လျှောက်လာကြပါတော့တယ်။ 

ချန်ရှန် လည်း သူတို့ဆီကို လျှောက်လာတာ သူတို့ တွေ့ပါတယ်။ 

လူအုပ်ကြီးအလယ်မှ သားရဲဂိုဏ်းသားတို့ သူတို့၏ လက်နက်များအား ဆွဲထုတ်ကာ ကြောက်မက်ဖွယ် အပြု အမူဖြင့် ချန်ရှန်ဆီသို့ ပြေးသွားကြတာကို မြင်နိုင်ပါတယ်။ ဒီလူများဟာ ရတနာသိုက်ကို မရရှိနိုင်သောကြောင့် စိတ် ဓာတ်ကျနေကြတာဖြစ်ပြီး ယခုလို ကိုယ်စွမ်းကိုယ်စကို အများရှေ့မှာ ပြသရမည် ဖြစ်သောကြောင့် ချက်ချင်းပင် အော်ဟစ်ကာ ပြေးလာကြတာပါ။ ဒါဟာ သားရဲဂိုဏ်းသား များနှင့် လူတစ်ဦးတို့၏ ကြားက တိုက်ပွဲ ပဲ ဖြစ်ပါတော့ တယ်။ 

“ဒီကောင်လေးတော့ အသက်မရှင်ချင်ဘူးထင်တယ် ၊ သားရဲဂိုဏ်နဲ့ ရင်ဆိုင်မယ်ဆိုတာ တကယ်အန္တရာယ်များ တယ်။ နောက်ပြီး ဒီလူတွေက အတွင်းစည်းကလူတွေ ခု ဒီကောင်လေး ဘယ်လိုသေမလဲဆိုတာ ကြည့်စို့”

လူ တစ်ယောက်က ပြောတာပါ။ 

“မလိုဘူး ၊ ဒီကောင်လေး အနေအထားကို ကြည့်လိုက် ၊ သူလည်း သာမန်တော့ မဟုတ်လောက်ဘူး ၊ လူ ၁၀ ယောက် သူ့ဆီ ပြေးလာနေတာတောင် သူနည်းနည်းမှ တုန်လှုပ်ဟန် မပြဘူး။ အေးဆေးပဲ ဟိုလူတွေဆီကို သွား နေတယ်”

နောက်လူတစ်ယောက်က ပြောပါတယ်။ 

သားရဲဂိုဏ်းသား ၁၀ ယောက်ဟာ ချန်ရှန် ဆီ ပြေးလာ ကြပါတယ်။ ထိုအထဲမှ စွမ်းအားကြီးပုံရတဲ့ လူငယ်တစ် ယောက်ဟာ သူ၏ဓား ကို ဆွဲလျက် ချန်ရှန်ဆီသို့ ပြေးလာနေပါတယ်။ 

ချန်ရှန် ၎င်းတို့၏ စွမ်းအားအတိမ်အနက်ကို ရုတ်တ ရက်မြင်လိုက်ရတယ်။ ၎င်းတို့ဟာ သားရဲဂိုဏ်း၏ အတွင်း စည်းမှ ဖြစ်ကြသော်လည်း ပြင်းထန်သော သိုင်းပညာဂိုဏ်း မှ အတွင်းစည်းများ နှင့် ယှဉ်လျှင်တော့ များစွာ ကွာခြား လွန်းပေတယ်။ 

ဒါပေမဲ့လည်း ၎င်းတို့ဟာ အဆင့် ၁၀ တွေပဲ ဖြစ်ကြ ပါတယ်။ ဒါကြောင့်မို့လည်း ၎င်းတို့၏ လှုပ်ရှားမှုများဟာ အရမ်းကို မြန်ဆန်လှတယ်။ ဓားများဖြင့် ချန်ရှန်ဆီသို့ ထိုးလိုက်ပုံမှာ တော်တော် မြန်ဆန်လှပြီး ရှောင်တိမ်းဖို့ခက် ခဲ လွန်းပါတယ်။ ဒါပေမဲ့လည်း ချန်ရှန်မှ ဆတ်ခနဲ ငုံ့ကာ ရှောင်လိုက်သဖြင့် အားလုံးဟာ အံ့အားသင့်သွားကြတယ်။ 

မျက်စိတမှိတ်အတွင်းမှာပဲ လျှပ်စီးလို ဓားရှည်တလက် ဟာ ချန်ရှန် ရှေ့သို့ ရောက်လာပြီး ချန်ရှန်ဟာလည်း တစ် ပတ်လှည့်ကာဖြင့် ခုန်တက်လိုက်ပါတယ်။ ထိုသူ၏ ခေါင်း ပေါ် ရောက်သွားကာ ချန်ရှန်၏ မိုးပြာရောင်ချီဓာတ် တွေ စီးဆင်းနေတဲ့ ပုံဆောင်ခဲကြီးကို သာ မြင်နိုင်ပါ တော့ တယ်။ ထိုပုံဆောင်ခဲဖြင့် လူငယ်ပေါ်ဖိချနေပုံမှာ ယခင် အဆိုပါလူငယ် ထိုးလိုက်သောဓားထက် များစွာ မြန် ဆန်လှပါတယ်။ 

ဆက်လက်တွေ့မြင်လိုက်ရသော မြင်ကွင်းကြောင့် အားလုံးဟာ အသည်းတွေအူတွေ ပြောင်းပြန်လှန်လိုက် သလိုကို ခံစားလိုက်ကြရပါတယ်။ ချန်ရှန်၏ လက်ဟာ လူငယ်၏ ခေါင်းအား အားပြင်းစွာပင် ဖိချလိုက်ပါတယ်။ ချာပါတီ လုပ်နေသည်နဲ့တောင်တူနေပါသေးတယ်။ အရပ် ရှစ်ပေနီးပါး ရှိသော လူငယ်ဟာ ပြင်းထန်လှတဲ့ ဖိအားကြောင့် ပိုင်မုန့်တစ်ခုလိုပင် ဖြစ်သွားပါတော့တယ်။ 

လူတိုင်းဟာ မြေကြီးပေါ်မှာ အသားများ အဝတ်အစား များ ဆံပင်မွှေးများဟာ ရောထွေးလျက် သွေးသံရဲရဲဖြင့် ပြန့်ကျဲနေတာကို မြင်နေကြတယ်။ လူတိုင်း အန်ချင်သလို ကို ဖြစ်လာကြပြီး ပြင်းထန်လှတဲ့ ဖိအားကို အံ့အားသင့် နေ ကြပါတယ်။

သူဟာ စစ်မှန်သော သိုင်းပညာနယ်ပယ်မှ သိုင်းပညာ ရှင်များလား ၊ လူတိုင်းဟာ စိတ်ထဲမှ တွေးနေကြတာဖြစ် ပါ တယ်။ 

သားရဲဂိုဏ်းမှ တပည့်များဟာ မူလက ချန်ရှန်ဆီ ပြေး လာနေရာမှ ချက်ချင်းပင် သူတို့ရောက်တဲ့ နေရာမှာပဲ ရပ် သွားကြတယ်။ တော်တော်လည်း အံ့အားသင့်ကာ သူတို့၏ စီနီယာ အကိုတော် အသားတုံးတစ်ခုလို ဖြစ်သွားတာကို မြင်လိုက်ရတဲ့အတွက် ကြောက်လန့်နေကြပါ တယ်။ 


ဒီအချိန်မှာ ချန်ရှန်ဟာ ကောင်မလေးကို စိုက်ကြည့် နေတယ်။ ထိုကောင်မလေး၏ သွင်ပြင်မှာလည်း ကြောက် လန့်နေပုံပါပဲ။ ခုနက မြင်ကွင်းကို ကြည့်ရင်း ချန်ရှန်၏ စွမ်းအားကို လန့်နေကာ သူမထက် အများကြီးသာတယ် ဆိုတာကို သူ့မကိုယ် သူမ သိနေပါတယ်။ 

စက္ကန့်ပိုင်းအတွင်းမှာပင် ကောင်မလေးဟာ ကြောင် သွားတယ်။ အဘယ်ကြောင့်ဆိုသော် မျက်စိတမှိတ် အ တွင်းမှာပဲ ချန်ရှန်ဟာ သူမ၏ ရှေ့သို့ ရောက်ရှိသွားလို့ပဲ ဖြစ်ပါတယ်။ 

“ရှင် . . . ရှင် . . . အကိုတော်တို့ ကယ် . . .”

ကောင်မလေး အော်နေပြီး သူမ၏ ကိုယ်မှ မိုးပြာရောင် ချီဓာတ်များ ထွက်လာတယ်။ ချန်ရှန်ဟာ ပုံဆောင်ခဲတစ် ခုကို ထုတ်လွှတ်ကာ ပြင်းထန်လှသော သစ်သားချီဓာတ် များဟာ လည်း ပါဝင်လျက်ပါ။ ထိုချီဓာတ်များမှာ ချီငွေ့ များအဖြစ် ပြောင်းသွားကာ ကောင်မလေးဆီသို့ သွားထိ ပါ တော့တယ်။ မရေတွက်နိုင်တဲ့ ဓားတွေဖြင့် မွှန်းလိုက် သလိုကို ဖြစ်ကာ တစ်ချိန်တည်းမှာပင် ကောင်မလေး ဟာ အသားတုံးအဖြစ် ပြောင်းလဲသွားပါတော့တယ်။ 

လူတိုင်းဟာလည်း ကြောင် အ ကာဖြင့် အသက် တောင် မရှူ နိုင်သလို ဖြစ်နေကြတယ်။ အဆင့် ၁၀ ပညာ ရှင်ကို မျက်စိတမှိတ်အတွင်းမှာပင်သတ်လိုက်ပြီးရုံသာ မက ကောင်မလေးအားလည်း အကြည့်တချက်ဖြင့်ပင် ပုရွတ်ဆိတ်လေး တစ်ကောင်အလား သတ်ဖြတ်ကာ မည် သူ့ကိုမှလဲ ဂရုစိုက်ပုံ မပေါ်ပါချေ။ အမဲလိုက်ခြင်း ချီဓာတ် များဟာလည်း ချန်ရှန်၏ ကိုယ်မှ ထွက်ပေါ်နေပုံမှာ လူတိုင်း ကို ကြောက်ရွံ့နေစေပါတယ်။ 

ချန်ရှန်ဟာ အသက် ၁၇ - ၁၈ သာရှိပုံပေါ်ပြီး လူတိုင်း ဟာ ဒီလို အရွယ်နဲ့ ယခုလို အစွမ်းမျိုးရှိတာကို မမြင်ဖူးကြ ပါဘူး။ 

“မင်းတို့ ဒီကောင်မလေး အတွက် ကလဲ့စား ချေချင်ကြ လား”

ချန်ရှန် သားရဲဂိုဏ်းသားများအား စိုက်ကြည့်ကာ မေး လိုက်ပါတယ်။ ၎င်းတို့ဟာ စကားလုံးများ ပျောက်ဆုံးနေ ကြပါတယ် အဘယ်ကြောင့်ဆိုသော် သူတို့အပြင်မှာ ချန် ရှန် ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ်မှ ပညာရှင် တစ် ဦးကဲ့သို့ ကြောက်စရာကောင်းနေတာ ဖြစ်ပါတယ်။

၎င်းတို့ဟာ လျင်မြန်စွာပင် ခေါင်းခါယမ်းကြပြီး ချန်ရှန် ကို တော်တော်ပင် လန့်နေကြတာပဲ ဖြစ်ပါတယ်။ ဘယ်သူ မှ မသေချင်ကြဘူးလေ။ 

“ငါမင်းတို့ကို မေးခွန်းတစ်ခုမေးမယ် ၊ ငါ့ကို အမှန်အ တိုင်းဖြေကြ ၊ မဟုတ်လို့ကတော့ ဒီလို ဇာတ်သိမ်းသွား မယ်”

ချန်ရှန် ပြန့်ကျဲနေသော အသားစများကို ကြည့်ကာ ပြောလိုက်တယ်။ 

သားရဲဂိုဏ်းသားများလည်း ချက်ချင်းပင် ခေါင်းများကို ညိမ့်လိုက်ကြတယ်။ 

“မင်းတို့ ဂိုဏ်းကလူတွေဟာ အမြဲတမ်း ပြည့်သူတွေကို ဖမ်းပြီး အကောင်တွေကိုအစာကျွေးကြတာလား”

ချန်ရှန်မေးလိုက်တယ်။ သူ၏ အသံဟာ တော်တော် ကျယ်လောင်လှပါတယ်။ ဒီနေရာမှာရှိနေတဲ့ လူတိုင်း ဟာ ဒီအကြောင်းအရာကို သေချာကြားနိုင်ကြတယ်။ ဒီ မှာ ရှိနေတဲ့ ပညာရှင်အများစုဟာ ပြင်းထန်သော သိုင်းပ ညာစီရင်စုမှ လူများဖြစ်ကြတယ်။ ၎င်းတို့ဟာ ဒီ စကားကို ကြားတဲ့အခါ တုန်လှုပ်သွားကြတယ်။ အထူးသဖြင့် ဒီ စီရင်စု မှာ နှစ်ပေါင်းများစွာ နေထိုင်တဲ့ လူများပါဝင်တဲ့ အတွက်ကြောင့် ၎င်းတို့ဟာ လူတွေ ပျောက်ပျောက်နေ ရ တဲ့ အကြောင်းရင်းကို သတိရသွားကြတယ်။ တချိန် တည်းမှာပဲ ၎င်းတို့ဟာ ဒီအကြောင်းကို ဆွေးနွေးကြတော့ တယ်။ 

သားရဲတွေကိုကျွေးဖို့အတွက် ပြည်သူတွေကို အသုံး ပြုတဲ့ ကိစ္စဟာ တကယ်ကို ကြောက်မက်ဖွယ်ပါပဲ။ ဒီလို ကိစ္စကို လူတိုင်းဟာလည်း မကျေနပ်ကြပါဘူး။ 

သားရဲဂိုဏ်းသားတို့လည်း ဒီလို ကျယ်လောင်လှတဲ့ စကားကို ကြားလိုက်ရတဲ့အခါ ချွေးတွေပြန်သွားကြ တယ်။ ဒီအချိန်မှာ သူတို့ အဖြေ ကို ဟုတ်တယ် လည်း မဖြေသလို မဟုတ်ဘူးလဲ မဖြေကြပါ။ သူတို့လိမ်လည်း မလိမ်ဝံ့ကြပါ ၊ အဘယ်ကြောင့်ဆိုသော် ကြောက်မက် ဖွယ် ကောင်းလှတဲ့ မျက်လုံးများဖြင့် ကြည့်နေတဲ့ ချန်ရှန်လို ပညာရှင်၏ ရှေ့မှာမို့လို့ပါ။ 

“ငါ နံပါတ် စရေ ပြီနော် ၊ ၂ . . . ၊ ၁ . . .”

ချန်ရှန် ဒီလိုလေး ရေတွက်လိုက်ရုံနဲ့ပင် ၎င်းတို့ဟာ ခေါင်းများကို ညိမ့်လိုက်ကြတယ်။ ဒါပေမဲ့လည်း ခေါင်း ညိမ့်လိုက်တာနဲ့ တပြိုင်နက် ချန်ရှန်၏ လက်သီးများဟာ အငွေ့များ ထွက်ကာဖြင့် ထိုးလိုက်ပါတယ်။ အဆုံးမရှိတဲ့ ချီဓာတ်များဟာ ထွက်ပေါ်လာပြီး လူတိုင်းဟာ လန့်နေကြ တယ်။ 

“သေပေတော့”

ချန်ရှန် လက်သီးများဖြင့် ထိုးလိုက်ပြီး ရေတွက်မရနိုင် တဲ့ အဖြူရောင်ကျားခေါင်းများအဖြစ်ပြောင်းလဲသွားကာ များစွာသော အမဲလိုက်ခြင်း ချီဓာတ်များဟာလည်း စိမ့်ထွက်ကာဖြင့် သားရဲဂိုဏ်းသားများကို ထိုးချလိုက်ပါတော့ တယ်။ 

မျက်စိတမှိတ်အတွင်းမှာပဲ ၎င်းတို့ဟာ ပျောက်ကွယ် သွားကြပြီး လူတိုင်းဟာလည်း အံ့သြကြောက်ရွံ့လျက် ရှိ နေကြတယ်။ 

ဒီလို အဖြူရောင်ကျား နတ်လက်သီးကို အသုံးပြုပြီး ချိန်မှာတော့ ချန်ရှန်ဟာ လေထဲသို့ ခုန်တက်ကာ လူတိုင်း ကို ကျော်လွှားသွားပါတယ်။ ထို့နောက်မှာတော့ ချောက် ထဲသို့ ခုန်ဆင်းလိုက်တယ်။ 

ဒီလို ချန်ရှန် ချောက်ထဲ ဝင်သွားတာကို ကြည့်ရင်း လူ တိုင်းရင်ထဲတွင် ချန်ရှန်ဟာ စစ်မှန်သော သိုင်းပညာနယ် ပယ်မှ လူအဖြစ် မှတ်ယူလိုက်ကြတယ်။ ဒီလို စစ်မှန်သော သိုင်းပညာနယ်ပယ်မှ ပညာရှင်ဟာ ထွက်လာပြီး တိုက်ခိုက်သွားတာဟာ ၎င်းတို့ကို တော်တော် စိတ်လှုပ် ရှားသွားစေပါတယ်။ တစ်ချိန်တည်းမှာပင် သားရဲဂိုဏ်း ဟာ လူများကို ဖမ်းဆီးပြီး ၎င်းတို့၏ သားရဲများကို ကျွေးမွေး တဲ့ အတွက်ကြောင့်သာ ချန်ရှန် ခုလို လုပ်လိုက်တယ် ဆို တာကို နားလည်သွားကြပါတယ်။ 

ရှိနေတဲ့ ပညာရှင်များထဲမှ အများစုဟာ တော်တော် ကို ဒေါသ ထွက်နေကြပါတယ်။ သူတို့လည်း ယခုအပြု အမူကို မကျေနပ်ကြပေ။ 

ချန်ရှန် အနီရောင် အလင်းတန်းအလုံးနားကို ကပ်ကြည့်တယ်။ ဒါပေမဲ့ မည်သည့် စွမ်းအားမျိုးမှ မခံ စားမိကြပါ။ အနည်းငယ်တော့ နွေးသလိုဖြစ်နေကာ မယုံ ကြည်နိုင်သလို ခံစားမိနေတယ်။ 

ချန်ရှန်ဟာ လွယ်ကူစွာပင် အနီရောင် အလုံးထဲကို ဝင်သွားနိုင်ပြီး ခြေ ၁၀ လှမ်းစာလောက် လျှောက်သွားပြီးတဲ့ အခါမှာတော့ အနီရောင် အလင်းတွေဟာ ပျောက်သွားပါတယ်။ သဲပြင်ကြီးလို တစ်ခုကို တွေ့လိုက်ရပြီး ထိုအထဲ မှာတော့လူတစ်ရပ်နီးပါး ရှိသော ကျောက်တုံး အထိမ်းအမှတ် ကျောက်တိုင်လိုဟာမျိုးတစ်ခု ရှိနေပါတယ်။ ထို ကျောက်တိုင်မှာ လူတဝက်လောက်ရှိသော အနီရောင် ပန်းကြီး တစ်ပွင့် ဟာ အလွန်ပင် ဖမ်းစားနိုင်စွမ်းရှိလွန်းလှ ပါတယ်။

ထိုပန်းဘေးမှာတော့ လူ ၁၀ ယောက်လောက်ဟာ ဝိုင်း ရံ တည်ရှိနေပြီး ၎င်းတို့၏ ပုံဆောင်ခဲများဟာ တစ်ခုနဲ့ တစ် ခု ထိစပ်နေကြတယ်။ ၎င်းတို့၏ မျက်နာများဟာ စိုးရိမ် သလို ဖြစ်နေကြတယ်။ တချို့ဆိုလျှင် ပါးစပ်ထောင့်မှ သွေး များပင် ထွက်နေကြပါသေးတယ်။ 

အဆိုပါ စစ်မှန်သော သိုင်းပညာနယ်ပယ်မှ ပညာရှင် များ၏ ပုံဆောင်ခဲတွေဟာ တစ်ခုနဲ့တစ်ခု တိုက်နေကြပြီး ကြည့်ရပုံမှာ ပန်းပွင့်ကြီးအား ထိန်းချုပ်နေသလို ဖြစ်နေပါ တော့ တယ် . . .။













Chapter – 102

#မိုးပြာနဂါးမိစ္ဆာဓားသွား


ချန်ရှန် ဝင်ရောက်လာပြီး မကြာခင်မှာပဲ အေးစက်စက် အသံတစ်ခုကို အံ့အားသင့်ဖွယ် ကြားလိုက်ကြပါတယ်။ 

“သူဘယ်လို ဝင်လာတာလဲ”

ဒီအသံကလာရာကို ကြည့်လိုက်တဲ့ အခါမှာတော့ အမည်းရောင် ဝတ်ရုံဝတ် မိန်းမဟာ ကျောက်တိုင်ဘေးနား မှာ လဲနေတာကို တွေ့လိုက်ရတယ်။ ထိုမိန်းမဟာ အရင် သူ့ကို သတ်ရန် ကြံစည်သော မိန်းမနဲ့ အတော်ကို တူနေ ပါ တယ်။ ဒီအချိန်မှာပဲ ချန်ရှန်ဟာ ပန်းပွင့်ကြီးဘေးတွင် ခေါင်းပြတ်နေသော မြွေအား တွေ့လိုက်ရပါတယ်။ 

အဆိုပါ မိန်းမဟာ ဒဏ်ရာရနေတာဖြစ်ပြီး တော်တော် အခြေအနေ ဆုးိနေပုံပါပဲ။ ချန်ရှန် ရင်ထဲ အနည်းငယ် ကျေနပ်သွားပြီး ထိုမိန်းမဆီသို့ လျှောက်သွားပါတယ်။ မိန်းမကြီးဟာ ချန်ရှန်၏ အေးအေးဆေးဆေး ဖြစ်နေပုံကို မြင်တဲ့အခါ တော်တော် အံ့အားသင့်သွားတယ်။ အဘယ် ကြောင့် ဆိုသော် ချန်ရှန် ဘယ်လို ပြန်ကောင်းလာလဲဆို တာကို နားမလည်နိုင်အောင် ဖြစ်နေလို့ပါပဲ။ ဒါအပြင် စစ်မှန်သော သိုင်းပညာနယ်ပယ်မှ လူများသာ ဝင်နိုင်သော လျို့ဝှက်ဆန်းကြယ်နယ်ပယ်ကိုပါ ဝင်ရောက်နိုင်ခဲ့လို့ပါ။ 

ဝတ်ရုံနက်ဝတ်မိန်းမလည်း လျင်မြန်စွာပင် စစ်မှန် သော သိုင်းပညာနယ်ပယ်မှပညာရှင် ၁၂ ယောက်တို့၏ ဘေးသို့ သွားပါတယ်။ ထိုလူများကြားမှာတော့ သားရဲဂိုဏ်းမှ ပညာရှင်တွေ ရှိနေတယ်။ သူမဟာ ဒဏ်ရာ ရထားတဲ့အတွက် ချန်ရှန် ကို သိပ်မရင်ဆိုင်ရဲလို့ပါပဲ။ 

“အကိုတော် ၊ ကွင်လေး ရဲ့ အကောင်ကို သတ်တာ ဒီ လူပဲ”

ထိုမိန်းမဟာ ချန်ရှန်ကိုကြည့်လျက် ပြောလိုက်တယ်။

“ငါတို့ ဒီကောင်လေးကို အသက်ရှင်ခွင့် မပြုနိုင်ဘူး ၊ သူက ငါတို့ အစာကျွေးတဲ့အကြောင်း သိသွားပြီလေ”

ကတုံးပြောင်နဲ့ သက်လတ်ပိုင်းအရွယ် လူ က ချန်ရှန် အားကြည့်ကာ ရက်စက်တတ်သော အပြုံးဖြင့် ခေါင်းညိမ့် လိုက် ပါတော့တယ်။ 

ချန်ရှန်ဟာ အမျိုးသမီး ထသွားတာကို တွေ့ပေမဲ့ သူမနောက်ကို မလိုက်ပဲ ကျောက်တိုင်ဘေးသို့သာ လာခဲ့ ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဒီကျောက်တိုင်ကြီးကို သူဟာ ရင်းနီးနေသလို ခံစားရလို့ပါပဲ။ 

“နဂါးရတနာသိုက် ဆိုတာ ပန်းတစ်ပွင့်ပဲလား ၊ ဒီလို တော့ မဖြစ်သင့်ဘူး”

ချန်ရှန် ရေရွတ်မိတာပါ။ ထို့နောက် ကျောက်တိုင်အား လက်ဖြင့် ဖိလိုက်တယ်။ 

ဒီအချိန်မှာပဲ ပုံဆောင်ခဲများအား ထုတ်နေသော ပညာ ရှင်များဟာ ချန်ရှန်ကို ကြည့်လိုက်ကြတယ်။ ချန်ရှန်ထိ လိုက်တာနဲ့ သူ၏ကိုယ်မှ မိုးပြာနဂါး ချီဓာတ်များထွက်လာ ကာ ကျောက်တိုင်ကို ထိုးဖောက်ဝင်သွားကြတယ်။ မျက်စိ တမှိတ်အတွင်းမှာပင် ကျောက်တိုင်ကြီးဟာ မိုးပြာရောင် အလင်းတန်းတွေထွက်လာတယ်။ သိုင်းပညာရှင်တို့ဟာလည်း အရမ်းကို တုန်လှုပ်သွားကြတယ်။ ခုနကပဲ သူတို့ ဟာ ကျောက်တိုင်ကြီးအား အမျိုးမျိုး လုပ်ကြည့်ကြသော် လည်း ဒီလိုမျိုး မဖြစ်ပေ။ 

မိုးပြာရောင် အလင်းတန်းများ ပျောက်သွားတဲ့ အခါ မှာတော့ ကျောက်တိုင်၏ အပြင်ဖက် မျက်နာပြင်ဟာ ကွာ ကျလာကာ လူတိုင်းဟာ အံ့အားသင့်နေကြပါတယ်။ အထဲ မှာတော့ ဖောက်ထွင်းမြင်နိုင်တဲ့ သေတ္တာလေးတစ်ခု ရှိနေပြီး ထိုသေတ္တာထဲမှာ အမည်းရောင် ဓားတစ်လက် ရှိနေပါတယ်။ 

ထိုဓားဟာ တော်တော် ကို ညစ်ပတ်နေပုံ ရှိသော် လည်း ချန်ရှန်ဟာ ဓားရိုးပေါ်မှာ သက်ရှိနဂါးလေး တစ် ကောင်လို အပိုင်းလေးကို မြင်တွေ့လိုက်ရတဲ့အခါ ဒီဓားမှာ သာမန် မဟုတ်ဘူးဆိုတာတော့ သူသိလိုက်ပါတယ်။

“မိုးပြာရောင်နဂါးမိစ္ဆာဓားသွားပါလား ၊ ဒါ မိုးပြာနဂါး နတ်လက်နက် ဖြစ်ပြီး နတ်သားရဲ လေးကောင် ရဲ့ လက် နက် အစိတ်အပိုင်းတစ်ခုပဲ”

စုမေးယိုက အံ့သြလွန်းသဖြင့် အော်လိုက်တယ်။ ချန် ရှန် ဒီစကားကို ကြားတဲ့အခါ တော်တော် တုန်လှုပ်သွား မိပါတယ်။ သေတ္တာကို ရိုက်ဖွင့်လိုက်ပြီးနောက် ဓားရိုးကို ဆွဲကိုင်လိုက်ပါတော့တယ်။ 

ဒီဓားဟာ အတော့ကို လေးပါတယ်။ ချန်ရှန် သူ၏ လက်ထဲမှ မြေကြီးပေါ် လွတ်ကျသွားလိမ့်မယ်လို့ မမျှော်လင့် မိပါဘူး။

“မိုးပြာနဂါးမိစ္ဆာဓားသွား ရဲ့ အလေးချိန်က မှန်းဆမရ ဘူး ၊ ပိုင်ဆိုင်သူရဲ့ စွမ်းအားပေါ်မူတည်ပြီး အလေးချိန် ဟာ ပြောင်းလဲနိုင်တယ်။ မင်းသာလျှင် ဒီဓားကို ထိန်းချုပ်နိုင် လိမ့်မယ်”

စုမေးယို က ပြောတာပါ။ 

ချန်ရှန် ဒီဓားဟာ တန် ပေါင်း များစွာလေးမယ်လို့ ခန့် မှန်းမိလိုက်တယ်။ ဒီလိုအရာလေးမှ ဒီလောက်လေးတယ် ဆိုတာကိုက သူ့အတွက် စိတ်လှုပ်ရှားစရာပါပဲ။ ယခုအ ချိန်မှာတော့ သူဟာ တခြားဝိဉာဉ်တော် လက်နက်ကို ရှာ စရာ မလိုတော့ပါဘူး။ ယခုဓားဖြင့် သိုင်းလောကမှာ ကောင်းမွန်စွာ လှုပ်ရှားနိုင်တော့မှာ ဖြစ်ပါတယ်။

သေတ္တာလေးမှာ ဓားတစ်ခုထဲ ရှိနေတာ မဟုတ်ပါ ဘူး ၊ အဝါရောင်သားရေချပ် တစ်ခုနဲ့ သေတ္တာသေးသေးလေး တစ်ခု လည်း ရှိနေပါသေးတယ်။ 

သားရေချပ်ပေါ်မှာတော့ သိုင်းစွမ်းရည်တစ်ခု ရှိနေပြီး ၎င်းစွမ်းရည်ကတော့ နဂါးသိုင်းစွမ်းရည်တစ်ခုဖြစ်တဲ့ နတ် နဂါး ၇ ကောင် သတ်ဖြတ်ခြင်း ဆိုတဲ့ တိုက်ကွက်ပဲ ဖြစ်ပါ တယ်။ သေတ္တာလေးထဲမှာက အနီရောင်ဆေးလုံးတစ်လုံး ရှိနေတာပါ။ လုံးဝကို ထူးခြားပြီး သာမန် မဟုတ်တဲ့ ဝိဉာဉ် တော် ဆေးပင် ဖြစ်ပါလိ့မ်မယ်။ 

ထို့နောက်မှာတော့ ချန်ရှန်ဟာ ခပ်လှမ်းလှမ်းမှ လူများ ကို တစ်ချက်ကြည့်လိုက်တယ်။ သူဟာ ယောကျာ်းများစွာ အလယ်မှာ ရောက်နေတဲ့ ကိုယ်လုံးတီး မိန်းမပျိုလေးလို ပင် ဖြစ်နေပါတော့တယ်။ 

ချန်ရှန်လည်း လျင်မြန်စွာပင် အရာအားလုံးအား လက် စွပ်ထဲ ထည့်လိုက်ပြီး သိမ်းလိုက်တယ်။ 

“ကောင်လေး ၊ ဒီအရာတွေက မင်းယူဖို့ မဟုတ်ဘူး ၊ မင်းအသက်ချင်ရင် ခုချက်ချင်း အမြန်ပြန်ထုတ်”

ကတုံးပြောင်နဲ့ လူက ပြောလိုက်တယ်။ သူကတော့ ခုနက ဝတ်ရုံနက်မိန်းမရဲ့ စီနီယာ အကိုတော် ပဲ ဖြစ်တယ်။ 

ချန်ရှန် တစ်ချက်ပြုံးလိုက်ကာ ပြောလိုက်တယ်။ 

“ဘာလို့ကျွန်တော်က မယူရမှာတုန်း ၊ ကျွန်တော် တွေ့တာလေ။ နောက်ပြီး ဒီရတနာသိုက်ဆိုတာ ခင်ဗျား တို့ချည်းအတွက် ဖန်တီးပေးထားတာမို့လို့လား”

ဝတ်ရုံနက်မိန်းမ မျက်ခုံးများ မြင့်တက်သွားတယ်။ ဓား ကို ဆွဲထုတ်ကာ ချန်ရှန်ဆီသို့ ဖြည်းညင်းစွာ လာနေတယ်။ သူမဟာ ချန်ရှန်ကို တစ်ကြိမ် ဒဏ်ရာရအောင် လုပ်ထား တာ ဖြစ်ပြီး ချန်ရှန်၏ အစွမ်းကို သိနေတယ်။ ဒါပေမဲ့လဲ ချန်ရှန် ဒီကို ဘာကြောင့် လာတယ်ဆိုတာကို မသိပေမဲ့ သူဟာ စစ်မှန်သောသိုင်းပညာနယ်ပယ်မှ မဟုတ်လောက် ဖူး ဆိုတာကိုတော့ သေချာသိနေတယ်။ နောက်ပြီး ယခု ချန်ရှန် အနည်းနဲ့အများ ဒဏ်ရာ ရရှိနေမယ်လို့ ထင်နေတာ ပါ။ 

တကယ်လို့ သူမသာ ချန်ရှန်ကို သတ်နိုင်ပါက အရာ အားလုံးဟာ သူမအတွက်ပါပဲ။ 

“ဟား ဟား ၊ ဒီမှာ ရှိတဲ့ ရတနာ အားလုံးကို သားရဲ ဂိုဏ်းက ပိုင်ဆိုင်တယ်ကွ”

သက်လတ်ပိုင်းရွယ် လူ တစ်ယောက်က အရူးတစ် ယောက်လိုပင် ရယ်မောနေတယ်။ ကြည့်ရတာတော့ သားရဲဂိုဏ်းမှ စစ်မှန်သော သိုင်းပညာရှင်များစွာ ရှိနေပုံပါပဲ ၊ ဒီအချက်ဖြင့် ၎င်းတို့ဟာ တခြားဂိုဏ်းမှ ပညာရှင်များကို ပါ စကားအရ ပိတ်လိုက်တာပဲ ဖြစ်ပါတယ်။

မိန်းမကြီး၏ ဖြူဖတ်ဖြူလျော် ပုံစံကိုကြည့်ပြီး ချန်ရှန် စိတ်ထဲ ရယ်နေမိတယ်။ သူက ထိုအမျိုးသမီး သူ့နားလာ တာကို စောင့်နေတာပါပဲ။ လှောင်ပြုံးတစ်ခုပြုံးကာဖြင့် - 

“ခင်ဗျားကို ကိစ္စတစ်ခု ပြောပြမယ်။ ခင်ဗျားရဲ့ တပည့် မကို ကျွန်တော် သတ်လိုက်ပြီ ၊ အခု ခင်ဗျားကို သူမနဲ့ တွေ့ဖို့ လွှတ်လိုက်မယ်”

ပြောနေစဉ်မှာပဲ ချန်ရှန်၏ လက်တွင် ဓားတစ်ချောင်း ဟာ ပေါ်လာပါတော့တယ်။ 

ဒီဓားကတော့ မိုးပြာနဂါးမိစ္ဆာဓား ပဲ ဖြစ်ပါတယ်။ ဒါ ပေမဲ့ မတူတဲ့အချက်ကတော့ ယခုအခါ ဓားဟာ အလွန် လှပနေလို့ပါပဲ။ 

ဓားပေါ်မှာတော့ ဝိဉာဉ်တော်သွေးကြောများ ရောင်စုံ ရှိနေကြတယ်။ ၎င်းတို့ဟာ နဂါးအုပ်စုကြီးတစ်ခုမှ ကုတ် ခြစ် အော်နေသလို အငွေ့များ ထွက်လို့ နေတယ်။ ထက် လှတဲ့ ဓားသွား အစွန်းမှာတော့ လူတိုင်းရင်ထဲထိ ကြောက်ရွံ့သွားစေနိုင်သော အလင်းတန်းတစ်ခု ထွက်လို့ နေပါတယ်။ ဓားကြီးမှာ လောကကြီးရှိ မည်သည့် အရာကို မဆို ခုတ်ဖြတ်ပစ်နိုင်နေပုံပါပဲ။ 

ဓားရိုးပေါ်မှ အသက်ဝင်လှတဲ့ နဂါးပုံလေးဟာ ယခု အခါ ပိုမိုပြီး ကြောက်မက်ဖွယ် ကောင်းလာသလိုပါပဲ။ မျက်စိမကောင်းတဲ့လူ မဟုတ်ဘူးဆိုပါက ဒီဓားဟာ ပြိုင် ဘက်ကင်း ဓားတစ်လက် ဖြစ်တယ်ဆိုတာကို တွေ့နိုင်မှာ ပါ။ ချန်ရှန် သူ၏ လက်ထဲ ဓားကိုကိုင်ထားရခြင်းဟာ လော ကကြီးအား ခြယ်လှယ်နိုင်တော့မလိုပင် ခံစားမိနေပါတယ်။ 

မိုးပြာနဂါး ချီဓာတ်များအား စုမေးယို သင်ပြပေးသည့် အတိုင်း ဓားအတွင်း ထည့်လိုက်တဲ့အခါမှာတော့ ပိုမိုပြီး စွမ်းအား ကြီးမားလာသလို ဖြစ်လာတယ်။ 

ဒီအချိန်မှာချန်ရှန်ဟာ ဓားမှ ထွက်လာသော ချီဓာတ် များပြည့်နေသော လေထုကို တွေ့ရသည့်အခါ သူ့ကိုယ်သူ ပင် ကြောက်မိနေပါတယ်။ 

“ညီမတော် . . .”

ကတုံးနဲ့လူဟာ ကျယ်လောင်စွာ အော်လိုက်တယ် ၊ ဝတ်ရုံနက် အမျိုးသမီး အန္တရာယ်ကျရောက်တော့မှာကို မြင်နေသောကြောင့်ပဲ ဖြစ်ပါတယ်။ သူမဟာ ရှိသမျှ သူမ၏ လက်ကျန် ချီဓာတ်များအား လျင်မြန်စွာ ထုတ်ကာ ချီအကာအကွယ် တစ်ခုကို ဖန်တီးလိုက်ပါတယ်။ 

ချန်ရှန်လည်း မုန်းတီးနာကျည်းစိတ်ဖြင့် ၎င်း၏ ဓားအား သုံးကာ ဟက်တက်ခွဲချ လိုက်ပါတော့တယ်။ စက်ဝိုင်းပြတ် အကွေးပုံစံ ဖြစ်သွားပြီးနောက် အမျိုးသမီး၏ ခါးဆီသို့ ခုတ်ချလိုက်ပါတယ်။ ဓားသွားကြီးဟာ လမ်း ကြောင်းပေါ်ရှိ အရာအားလုံးအား ခွဲပစ်ကာ ချီအကာအ ကွယ်ကိုပါ ပေါက်ထွက်သွားစေပါတယ်။ 

ဝတ်ရုံနက် အမျိုးသမီးဟာ သူမ၏ ခါးကို ဓားဖြင့် ဖြတ် ခြင်း ခံလိုက်ရပြီး သွေးများစွာဟာ ထွက်လာပါတယ်။ ဒါပေ မဲ့ သူမဟာ မသေသေးပါ မြေကြီးပေါ်တွင် လူးလိမ့်ကာ ဖြင့် ကြောက်လန့်တကြား ငိုနေပါတော့တယ်။ 

“ခင်ဗျား ရဲ့ တပည့်မနဲ့ သွားတွေ့လိုက်ပါဦး”

ချန်ရှန် လှောင်လိုက်ကာ စကြာဝဠာ ချီဓာတ်များအား များစွာ စုဆောင်းပြီး ပုံဆောင်ခဲတစ်ခု ကို ဖိချလိုက်တယ်။ မမြင်နိုင်တဲ့ စကြာဝဠာ ချီဓာတ်များဟာ ကြီးမားလှတဲ့ ပုံ ဆောင်ခဲ အသွင်ပြောင်းကာ အမျိုးသမီးအား အသားစများ အဖြစ် ပြောင်းလဲပေးလိုက်ပါတော့တယ်။

“ငါမင်းနဲ့ တိုက်မယ်”

ကတုံးနဲ့လူ ကြုံးဝါးနေပါတယ်။ သူ၏ မျက်လုံး ၂ ဖက် ဟာ နီရဲလျက်ရှိနေပြီး ပုံဆောင်ခဲကြီးကို မရပ်တန့်နိုင်ခဲ့ပါ ၊ ကျန် သိုင်းပညာရှင်တို့ဟာလည်း ချန်ရှန်မှာ ဒီလို အားမျိုး ရှိနေတာကို မြင်တဲ့အခါမှာတော့ လန့်သွားကြတယ်။ 

ချန်ရှန်လည်း ခပ်ပြုံးပြုံး လှောင်လျက် ၎င်းတို့ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားတယ်။ ထို့နောက်မှာ တော့ သူ၏ ဓားကြီးဖြင့် လေထုထဲ ဝှေ့ယမ်းကာ နေပါတော့ တယ် . . .။



















Chapter – 103

#အနာဂတ်ကပ်ဆိုက်ခြင်း


ချန်ရှန်ဟာ လူ ၁၂ ယောက်ဆီ လျှောက်လာနေတယ် ၊ ၎င်းတို့ဟာ လည်း အထိတ်တလန့် ဖြစ်နေကြပါတယ်။ ခု နကပဲ ချန်ရှန်၏ သွေးအေးအေး ရက်စက်မှုကို မြင်ထားရ ကာ အမျိုးသမီးတစ်ယောက်ကိုပင် သနားညှာတာမှုမရှိ ပဲ ရက်စက်စွာ သတ်ဖြတ်ခြင်းက ၎င်းတို့အား သွေးပျက်စေပါ တယ်။ ချန်ရှန် ဘယ်လောက်တောင် အမုန်းတရားများ ကြီးကာ ဒေါသထွက်နေလဲဆိုတာကို မြင်နိုင်ပါတယ်။ 

၎င်းတို့အားလုံးဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် မှ ပညာရှင်များ ဖြစ်ကြပြီး ဒီလို အဆင့်ရောက်ဖို့ိဆိုတာ တ ကယ် မလွယ်ကူပါချေ။ ဒါကြောင့် သူတို့ မသေချင်သေးပါ ဘူး။ 

ချန်ရှန်ဟာ ၂ လှမ်းသာ လှမ်းရသေးရုံဖြင့် ၎င်းတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အတိုင်အပေါက်ညီညီဖြင့် လူ စုခွဲ နေရာယူလိုက်ကြတယ်။

ဒါကို ကြည့်ရင်း ချန်ရှန် သူ၏ ဓားကို ဆွဲကာမျက်စိ တ မှိတ်အတွင်းမှာပဲ အနီရင့်ငှက်၏ တောင်ပံများကို အသုံးပြု ကာ ကောင်းကင်ပေါ် ပျံသန်းသွားပါတော့တယ်။ သူဒီလို ထွက်သွားတာနဲ့ ခုနက သူရပ်နေတဲ့ နေရာကို များစွာ သော ချီလှိုင်းများက ရိုက်ခတ်သွားပါတယ်။ သူသာ ခြေ လှမ်းတဝက်လောက် နောက်ကျသွားပါက တစ်စစီဖြစ် သွားမှာ အသေအချာပါပဲ။ စစ်မှန်သော သိုင်းပညာရှင် များစွာ၏ ပြင်းထန်လှသော စွမ်းအားများကို မခံနိုင် လောက်ပါချေ။ 

ချန်ရှန် လျို့ဝှက်ဆန်းကြယ်နယ်ပယ်ထဲမှာ ပျံသန်းနေ ပါတယ်။ သူဟာ တန်ဖိုးကြီးမားလှသော အရာများကို ရရှိ ခဲ့တာကြောင့် ကျေနပ်နေမိတယ်။ ဒါ့အပြင် ဝတ်ရုံနက် အမျိုးသမီးကိုပါ သတ်နိုင်လိုက်တဲ့အတွက် သူ၏ အမုန်း တရားများလည်း ပြေပျောက်ကာ နေသာထိုင်သာ ရှိသွား ပါတော့တယ်။ 

ချန်ရှန် ဒီလို ကြီးမားလှတဲ့ တောင်ပံများဖြင့် အဝေး ကို ပျံသန်းသွားတာကို ကြည့်ရင်း စစ်မှန်သော သိုင်းပညာ ရှင်တို့ဟာ ကြိတ်မနိုင်ခဲမရ ဖြစ်နေကြတယ်။ သူတို့မှာ တောင် ဒီလို စွမ်းရည် မရှိသောကြောင့် မနာလိုဖြစ်ကာ အဆိုပါ စွမ်းရည်မျိုး လိုချင်နေကြပါတော့တယ်။ 

“မင်းတို့ သားရဲဂိုဏ်းတော့ ဒီသာမန်မဟုတ်တဲ့ နတ်ဆိုး လေးနဲ့ ရန်သူတွေ ဖြစ်သွားကြပြီ။ ဒီကောင်လေးသာ မသေရင် မင်းတို့ မကြာခင် ဒုက္ခရောက်နိုင်တယ်”

လူကြီးတစ်ယောက် က ပြောပါတယ်။ 

ကတုံးနဲ့ လူ သာမက တခြားလူအချို့ဟာ ဒေါသတွေ ထွက်လျက်ရှိနေတယ်။ အခုနေ သူတို့၏ အားကုန်စုသုံး မယ်ဆိုရင်တောင် ချန်ရှန်ကို ဖမ်းမိဖို့ဆိုတာ မဖြစ်နိုင်ပါချေ။

ချန်ရှန် ပျံသန်နေရင်း တော်တော် ပျော်နေမိတယ်။ ဒီလို ကြီးမားလှတဲ့ အကျိုးအမြတ်မျိုး ရရှိလိမ့်မယ် လို့ ဘယ်သောအခါမှ မမျှော်လင့်ခဲ့ဖူးပါချေ။ 

“ဒီနဂါးမိစ္ဆာဓားဟာ မင်းကို ပိုင်ရှင်အဖြစ် သတ်မှတ် လိုက်တာပဲ ၊ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ပျောက် နေတဲ့အတွက် နတ်လက်နက်လို့တော့ ခေါ်လို့မရ ဘူးပေါ့”

စုမေးယို သက်ပြင်းချလျက် ပြောပါတယ်။ 

“ဘာ ပျောက်နေတာလဲဗျ”

ချန်ရှန် ဒီဓား၏ ပြင်းထန်လှသော စွမ်းအားကို သိ နေ ပါတယ်။ သူ၏ ကိုယ်ပိုင်စွမ်းအင်များကိုပါ မြင့်တင်ပေးပြီး ၎င်းဓား၏ စွမ်းရည်ဟာ မခန့်မှန်းနိုင်လောက်အောင်ကို ကြီး မားလွန်းလှပါတယ်။ 

“နဂါး ဝိဉာဉ်ပျောက်နေတာပဲ။ အားလုံးသော သားရဲ လေးခု ရဲ့ နတ်လက်နက်တွေဟာ တဝက်ပဲ ပြီးသေးတယ် ၊ အကုန်လုံးမှာ စစ်မှန်တဲ့ ဝိဉာဉ်တွေ မပါဘူး။ ဒါကြောင့် နတ်လက်နက်လို့ မပြောနိုင်တာပဲ”

စုမေးယို သက်ပြင်းချလိုက်ပါတယ်။ 

“ငါ ဒီနေ့ ဒီဓားကို သေချာ ကြည့်မှ သိတဲ့ အရာပဲ”

“အဲလို ဝိဉာဉ်ပျောက်တော့ ဘာဖြစ်လဲဗျ”

ချန်ရှန် မေးလိုက်ပါတယ်။

သူထင်တာက ယခု လက်နက်ဟာ အရမ်းကို စွမ်းအား ကြီးနေတယ် ဆိုတာပါပဲ။ ခုနက သူ ဒီလက်နက်ကို အသုံး ပြုရတဲ့အချိန်မှာ အရမ်းပျော်ရွှင်မိတယ်။ လောကကြီး တစ်ခုလုံးကိုပင် ထီမထင်ဟန်ဖြင့် ကြည့်မိပါသေးတယ်။

“မင်းမသိပါဘူး ၊ မင်းအခုတော့ ဒါကို မြင်နိုင်မှာ မဟုတ် ဘူး။ ဘာလို့လဲဆိုတော့ အခုမင်းဟာ ဒီလက်နက်ရဲ့ သေး ငယ်လှတဲ့ စွမ်းအားကိုသာ အသုံးပြုနိုင်သေးတာ။ ဒီစွမ်း အားဟာလည်း မင်းရဲ့အားနဲ့ သိပ်မကွာလှဘူး”

စုမေးယိုက ပြောတာပါ။ 

“ဒီဓားဟာ မိစ္ဆာနယ်ပယ်က ဘယ်သူ့ကိုမဆို သေစေ နိုင်တယ် ၊ ငါဟာ နတ်မိစ္ဆာကျင့်စဉ်တွေကိုပဲ ကျင့်လာခဲ့တဲ့ အတွက် ခုနက ဒီဓားကို ထိလိုက်တဲ့အခါ တော်တော် နေရ ထိုင်ရ ခက်တယ်”

ဘိုင်ယုယု ကပြောတာပါ။ 

“မိစ္ဆာ ပိုင်နက် တဲ့လား ၊ ဒါဘာကို ပြောတာလဲ”

ချန်ရှန်ဟာ ဒီလို အရာကို ပထမဆုံး ကြားဖူးခြင်းပါ။ 

စုမေးယိုဟာ ဘာမှ မတုံ့ပြန်သလို ဘိုင်ယုယု ကလည်း ဘာမှ ထပ်မပြောတော့ပါ။ ခဏကြာနေပြီးမှ စုမေးယိုက - 

“မော်တယ်လောကရဲ့ အထက်မှာ အမတ ပိုင်နက် ၊ မိစ္ဆာပိုင်နက်နဲ့ သားရဲပိုင်နက်လို့ခေါ်တဲ့ ကောင်းကင်ဘုံ နယ်ပယ် ၃ ခု ရှိတယ်။ မော်တယ်လောကနဲ့ ယှဉ်ရင် ၎င်း တို့က ပိုမိုမြင့်တယ်။ ဒီ ပိုင်နက် ၃ ခုဟာ တစ်ခုနဲ့တစ်ခု မမှီ ခိုပဲ ကွဲပြားကြတယ်။ ဒါပေမဲ့ ၎င်းတို့ဟာ ဆုံမှတ်တစ်ခု ကို ပြုလုပ်ထားကြတယ်။ ခုကော နောင်ကော ဒီ နယ်ပယ် ၃ ခုရဲ့ဆုံမှတ် ပွင့်တာနဲ့ အဲဒိနေရာကလူတွေဟာ စုဆုံပြီး တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ကြလိမ့်မယ်”

ချန်ရှန် မျက်မှောင်ကြုတ်ကာ မေးလိုက်တယ်။ 

“ဒါဆို အမတမိစ္ဆာချောက်ကမ်းပါးက ဆုံမှတ်နေရာ များလား”

“ဒီဆုံမှတ်က ရွေ့လျားနိုင်တယ်။ တစ်ခါပွင့်ပြီးရင် ကောင်းကင်ဘုံနယ်ပယ်က လူသားတွေ ၊ မိစ္ဆာတွေ ၊ သားရဲတွေ သာမက မော်တယ်သိုင်းလောက ကလူတွေပါ အကုန် ဆုံတွေ့ကြလိမ့်မယ်”

စုမေးယိုက ပြောပြပါတယ်။ 

အရင်ကသာ ခု လို ကြားခဲ့ရပါက ချန်ရှန် ရယ်မိပေလိ့မ် မယ်။ ပထမအချက်က သူဒီအရာတွေကို မယုံကြည်ပါ ၊ နောက်ပြီး သူယုံကြည်တယ်ဆိုရင်တောင်မှ သူနဲ့မသတ် ဆိုင်တဲ့ နယ်ပယ်ဖြစ်နေပြီး သူဆိုတာ အစက်အပျောက် မျှသာမို့လို့ပါပဲ။ ခုတော့ အခြေအနေချင်းဟာ မတူညီတော့ ပါ။ သူ့မှာ ယင် နဲ့ ယန် နတ်အတွင်းအားသွေးကြောများ နှင့် နတ်သိုင်းကျင့်စဉ်တို့ ရှိနေရုံမျှမက အဆင့်မြင့် ဆေးပညာ ရှင် တစ်ယောက်လည်း ဖြစ်နေပါပြီ။ 

“မော်တယ် လောက အထက်က ကောင်းကင်ဘုံ နယ် ပယ် လေးခုဟာ တိုက်ခိုက်ကြမယ်ပေါ့။ အဲထက်အဆင့် နိမ့်တဲ့ လောကက လူတွေပါ အဲဒိနေရာမှာ ပေါ်လာပြီး တိုက်ကြဦးမှာပဲ။ ဒါပေမဲ့လည်း အဆိုပါ ကောင်းကင်ဘုံ မှ လူတွေဟာ မော်တယ်လောက ကို ဆင်းလာလိမ့်မှာမ ဟုတ်ဘူး ၊ တနည်းအားဖြင့် အကုန်ပျက်ဆီးမဲ့ သဘော ပဲ”

ချန်ရှန် ဒီစကားကို ကြားတဲ့အခါ စိုးရိမ်စိတ်ဝင်သွား တယ်။ 

“ဟုတ်ပြီ ၊ အနည်းဆုံးတော့ ဒီလိုဖြစ်ဖို့ တော်တော် ကြာဦးမှာပဲ ၊ ကျွန်တော် သိပ်စိုးရိမ်ဖို့ မလိုပါဘူး”

ချန်ရှန် နှုတ်ခမ်းကိုက်ကာ ပြောလိုက်တယ်။

“မဟုတ်ဘူး ၊ မင်း စိုးရိမ်ရမှာ ၊ နောက်ဆုံးအကြိမ် ဆုံ မှတ် ပွင့်ခဲ့တာ လွန်ခဲ့တဲ့ နှစ် တစ်သိန်း ကပဲ။ အမြဲတမ်း ဒီလို ဆုံမှတ်ဟာ နှစ်တစ်သိန်း ဝန်းကျင်မှာ ဖြစ်ပေါ်တတ် တယ်။ ငါထင်တာတော့ သိပ်မလိုတော့ဘူးထင်တာပဲ”

ဘိုင်ယုယု က ပြောတာပါ။ 

ချန်ရှန် စိတ်ဓာတ်ကျသွားတယ်။ ဒီလိုအရာကြီးဟာ သူမမွေးခင်မှာ ဘာလို့ မဖြစ်ပေါ်ခဲ့တာပါလိမ့် ၊ ကမ္ဘာကြီး တော့ ကပ်ဆိုက်ပေဦးတော့မှာပဲ ဖြစ်ပါတယ်။ 

ပြင်းထန်သော သိုင်းပညာဂိုဏ်းကို မြန်မြန် ရောက်စေ ရန်အတွက် ချန်ရှန် ပျံသန်းမှုကို မရပ်နားပဲ ၅ ရက်တိုင်တိုင် ဆက်တိုက ပျံသန်းခဲ့ပါတယ်။ ကောင်းကင်ဘုံနယ်ပယ် ၃ ခု စစ်ဖြစ်မှာကို သူသိပ်မစဉ်းစားတော့ပါ။ သူလည်း မည် သည့်အရာမျှ မလုပ်ပေးနိုင် ဘာမှ မတတ်နိုင်သဖြင့် သူ၏ စွမ်းအားများ မြင့်သထက်မြင့်အောင် လုပ်ဖို့သာ တွေးနေမိ ပါတော့တယ်။ 

ခရီးတစ်လျှောက် ချန်ရှန်ဟာ စုမေးယို ထံမှ နဂါး ရတနာသိုက်ထဲရှိ ပန်းပွင့်နီကြီးအကြောင်း သိခဲ့ရတယ်။ ထိုပန်းပွင့်ကြီးဟာ အဆင့်မြင့် သိမ်မွေ့အဆင့် မီးလျှံပန်း ကြီးပဲ ဖြစ်တယ်။ ၎င်းကိုသာ ဆေးလုပ်ကာ သောက်သုံး မည် ဆိုပါက မီးဓာတ်ရှိသော သိုင်းပညာရှင်နဲ့ ဆေးပညာ ရှင်တို့ဟာ အဆုံးမရှိလှတဲ့ ကောင်းကျိုးတွေကို ရရှိနိုင် မှာပဲ ဖြစ်ပါတယ်။ ၎င်းဟာ အလွန်ကို အဖိုးတန်ပြီး နှစ် ထောင်ပေါင်းများစွာမှာ တစ်ပွင့် ရရန်မလွယ်ကူသော ရှား ပါးလှသည့် ဝိဉာဉ်တော် ဆေးပင်ပဲ ဖြစ်ပါတော့တယ်။ 

ရှီမန်မြို့ကို ပြန်ရောက်ပြီးတဲ့အခါ မြို့ဟာ ပိုမိုအသက် ဝင်နေတာကို ချန်ရှန် တွေ့လိုက်ရတယ်။ လမ်းများဟာ လူများဖြင့် ပြည့်နေပြီး ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ လူများဟာလည်း စုဝေးလျက်ရှိနေကြတယ်။ နောက်လိုက် များ၏ လေ့ကျင့်နေသံများမှာလည်း ဆူညံနေလျက် သိုင်း ပညာခြံဝန်းတွေဟာ အသက်ဝင်နေကြပါတယ်။ 

ပြင်းထန်သော သိုင်းပညာဂိုဏ်းဟာ ပြိုင်ဘက်ကင်း ဂိုဏ်းနဲ့ ပူးပေါင်းပြီးတဲ့နောက်မှာ ပိုမို ကျယ်ပြန့်လာပြီး အင် အား တောင့်တင်လာပါတယ်။ ဒါ့အပြင် ဂိုဏ်းအတွင်းမှာ လျို့ဝှက်ဆန်းကြယ်နယ်ပယ် ရှိနေတယ်ဆိုတဲ့ သတင်း ဟာလည်း ပျံနှံ့လျက် ရှိပြီး ဒီသတင်းကြောင့်ပင် ချန်ဝူ နယ် မြေကြီး တစ်ခုလုံးရှိ သိုင်းပညာရှင်များအားလုံးစိတ်ထဲ ကို ပိုမို စွမ်းအားကြီးစွာ လွှမ်းမိုးထားလျက်ရှိပါတယ်။ 

ပြိုင်ဘက်ကင်း ဂိုဏ်းတွင် နောက်လိုက် တစ်သိန်း ဝန်း ကျင် ရှိပါတယ်။ စီရင်စုထဲမှာတော့ လူသန်းပေါင်းများစွာ ရှိ နေပြီး ဒီထဲမှ မိန်းကလေးများဟာ ပြင်းထန်သော သိုင်း ပညာဂိုဏ်းကို ဝင်ခွင့်မရသောကြောင့် ပြိုင်ဘက်ကင်း ဂိုဏ်းမှာသာ အမျိုးသမီး နောက်လိုက်များစွာ စုဆုံနေကြ တာ ဖြစ်ပါတယ်။ 

ဒါဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ ယောကျာ်း သား နောက်လိုက်တွေအတွက် မမျှော်လင့်တဲ့ ကံကောင်း မှုပဲ ဖြစ်ပါတယ်။ ချန်ရှန်ကို ဆွံအကာ အံအားသင့်စေတဲ့ အရာတစ်ခု ရှိပါတယ်။ သူမရှိတဲ့ ၁၀ ရက်အတွင်း ဂိုဏ်း ၂ ဂိုဏ်း ပူးပေါင်းပြီးချိန်မှာပဲ လူများဟာ ချောမောလှပသည့် မိန်းကလေး ၁၀ ယောက် ယောကျာ်းလေး ၁၀ ယောက် ၊ အတော်ဆုံး လူ ၁၀ ယောက် စသဖြင့် ရွေးချယ်နေကြပြီး ဖြစ်ပါတယ်။ 

ချန်ရှန် အထွေထွေကိစ္စနဲ့ ဆိုင်သော ခြံဝန်းထဲ ရောက် တဲ့အခါမှာတော့ စာရွက်အချို့ ကပ်ထားတာကို မြင်လိုက် ရတယ်။ စာရင်းမှာ သူ့နာမည်ဟာ ဘယ်နေရာမှာမှ မပါ တာကို တွေ့လိုက်ရပါတယ်။ 

“သောက်တလွဲ ၊ ငါက တကယ်ကို ဘယ်စာရင်းမှာမှ မပါဘူးဟ”

အထွေထွေကိစ္စနဲ့ ဆိုင်သော ခြံဝန်းဟာ အထူးတည် ဆောက်ထားတဲ့ နေရာဖြစ်ပြီး မစ်ရှင်များ ကြေညာချက် များ ဆုများ စသည်တို့ကို ဖော်ပြတဲ့ နေရာတစ်ခုလည်းဖြစ် ပါတယ်။ ၎င်းကို လူကြီးတချို့က ကွပ်ကဲတာပါ။ ဒီချိန်မှာ ပဲ ချန်ရှန်ဟာ သူလေးစားရတဲ့ လူကြီးကို မြင်လိုက်ရ တယ်။ 

“ဆရာကြီး ဝု ၊ ဒါကျွန်တော့်ရဲ့ နဂါးရတနာသိုက်နဲ့ ပတ် သက်ပြီး စုံစမ်းရသမျှ အသေးစိတ်ပါ”

ချန်ရှန် ဆရာကြီးဝုအား စာရွက်လိပ်ကို ပေးလိုက်ပါ တယ်။ 

ချန်ရှန် နဲ့ ဆရာကြီးဝုဟာ တစ်ယောက် နဲ့ တစ် ယောက် ရင်းနှီးမှု တော်တော် ရှိကြပြီး အလွန်ကျွံ အရိုအသေပေးတာမျိုး လုပ်ရန် မလိုအပ်ပါ။ 

ချန်ရှန် ခပ်မြန်မြန်ပင် ပြန်ခဲ့တာပါ။ ရတနာသိုက်နဲ့ ပတ်သက်သည့် သတင်းက ဒီနေရာကို မရောက်လောက် သေးပါဘူူး။ စာပို့သိမ်းငှက်များဟာ အရမ်းမမြန်လို့ ပဲ ဖြစ်ပါ တော့တယ် . . .။

















Chapter – 104

#နဂါးသွေးဆေး

ဆရာကြီးဝု စာရွက်ကို ဖွင့်ကြည့်လိုက်တယ်။ ထို့နောက် မျက်မှောင် ကြုတ်ကာဖြင့် -

“တကယ်ပဲ လျို့ဝှက်ဆန်းကြယ်နယ်ပယ်တစ်ခုလား”

“ဒါပေါ့ ၊ ကျွန်တော် တောင် ဝင်ကြည့်ခဲ့သေးတယ်”

ချန်ရှန်က ပြောလိုက်တာပါ။ သူဟာ ဝင်ကြည့်ရုံမက အကျိုးအမြတ်များစွာပါ ရရှိခဲ့ပြီး လူတစ်ယောက်ကိုပါ သတ်ခဲ့သေးတာပါ။ 

“ဟုတ်လား ၊ မင်းဘာရခဲ့လဲ”

ဆရာကြီးဝု က မေးလိုက်တယ်။

“အဲဒါက လုပ်ရမဲ့ တာဝန်ထဲမှာ မပါတဲ့အတွက် ကျွန် တော် ရှင်းပြစရာမလိုဘူး ထင်တာပဲ”

ချန်ရှန် ခေါင်းကုတ်ကာ ပြုံးပြီး ပြောလိုက်ပါတယ်။ 

“ဒီမှာ မင်းအတွက် ဆု လက်ခံပါ”

ဆရာကြီးဝု ချီဓာတ်ဆေး ၃ လုံးအား ထုတ်ပေးတယ်။ ချန်ရှန် တော်တော် စိတ်ပျက်မိသွားတယ်။ သူကတော့ ဝေးလံသောခရီးရှည်ကြီးအား နှင်ကာ တာဝန်ကို ကျေပွန် အောင် ထမ်းဆောင်ခဲ့ရပြီး ရတာကျ ချီဓာတ်ဆေး ၃ လုံး တဲ့လား။ 

ချန်ရှန် မျက်လုံးထဲမှာတော့ ထိုဆေးများဟာ တကယ် ကို ပဲစေ့လေးများသာသာ ပါပဲ။ ဒါပေမဲ့လည်း အပြင် စည်းမှ လူများအတွက် ဆိုရင်တော့ တော်တော် တန်ဖိုးကြီး အရာ ဖြစ်မှာပါပဲ။ 

ချန်ရှန်လည်း ဆေးများကို ယူကာ လေထဲသို့ မြောက် လိုက်ပြီး ပါးစပ်ဖြင့် ဖမ်းလိုက်တယ်။ ဆေးသုံးလုံးဟာ ပါးစပ်ထဲသို့ ဝင်သွားပါတော့တယ်။ ပဲစေ့များကိုဝါးသကဲ့ သို့စားနေပုံကို ကြည့်ပြီး ဆရာကြီးဝု ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။

“ဒီဆေးသုံးလုံးက မင်းတို့ ၃ ယောက်အတွက်လေ ၊ ဘာလို့ အကုန်စားပစ်တာလဲ”

ဆရာကြီး ဝု မေးလိုက်ပါတော့တယ်။ 

ချန်ရှန် ခြံဝန်းထဲမှ ထွက်လာတယ်။ ဆေးသုံးလုံးဟာ အာတောင် မစွတ်ပါဘူး။ ဒါ့အပြင် သူဟာ ဒီတာဝန်ကို သူ တစ်ယောက်တည်းသာ ဆောင်ရွက်ခဲ့တာကြောင့် ခွဲေ၀ ပေးစရာမလိုအပ်ပါချေ။ 

သိုင်းပညာခြံဝန်းထဲကို ပြန်ရောက်တဲ့အခါ ဖက်တီး တစ်ယောက် ခပ်ပြုံးပြုံးဖြင့် ပြေးလာကာ - 

“ညီတော်လေး ချန် ၊ ငါ့မှာ အရမ်းလှတဲ့ ညီမတော် တစ် ယောက်ရှိတယ်လို့ ပြောခဲ့ဖူးတယ်လေ ၊ သူမက ပြိုင်ဘက် ကင်းဂိုဏ်းကပဲ ၊ အခု ဂိုဏ်း ၂ ဂိုဏ်းဟာ ပေါင်းသွားပြီဆို တော့ သူမနဲ့ မင်းနဲ့ တွေ့ဖို့ လွယ်သွားပြီပေါ့”

“အကိုတော် ဇု ၊ ကျွန်တော့်မှာ ရွှီရှန်းရှန်း ရှိပါတယ်လို့ ပြောပြီးပြီလေ၊ ဒါတွေထားတော့ ရှောင်ဒိုလည်း မတွေ့ပါ လား”

ချန်ရှန် ပြောလိုက်တယ်။ 

“ဟိုကောင်လေး ယန် လား ၊ သူအခု ဒုက္ခရောက်နေ တယ်။ လွန်ခဲ့တဲ့ ၂ ရက်ကအမျိုးသမီး ဂိုဏ်းသူတွေ ရဲ့ ရေကူးကန်ထဲမှာ သူရေကူးနေတာ ခုတော့ အမျိုးသမီးတွေ ကို မျက်နာချင်းတောင် မဆိုင်ရဲတော့ဘူးလေ ၊ ဟဟ”

ဇုရွန် ရယ်မော ပြောဆိုပါတယ်။ 

“ဒီကောင်လေးကို ယန် မျိုးနွယ်က ဘာလို့ ပြန်ခေါ်လဲ ဆိုတာ သိလား”

ရှောင်ဒိုကို နောက်ဆုံးတွေ့ခဲ့တုန်းက သူ၏ ဆရာဟာ သူ့ကို ပြန်ခေါ်တာကို တွေ့ခဲ့ရပြီး အဲတုန်းကတည်းက ဘာ လို့ ပြန်ခေါ်လဲဆိုတာကို သိချင်နေတာပါ။ 

“ဘာလို့တဲ့လဲဗျ”

ချန်ရှန်ဟာ ရှောင်ဒိုအား ပြန်ခေါ်ရတဲ့ အကြောင်းရင်း ဟာ ကောင်းမယ်မဟုတ်ဘူးဆိုတာတော့ သိနေတယ်။ ဒါပေမဲ့ ဇုရွန်ကတော့ ပျော်ရွှင်စွာဖြင့်ပင် - 

“ကံဆိုမှုဆိုတာ တစ်ခုထဲ ဘယ်တော့မှ မလာဘူး ၊ ဒီ ကောင်လေး က အဲလိုပဲ။ သူ့ကို ယန်မျိုးနွယ်က ပြန်ခေါ် တယ်ဆိုတာ မိန်းမပေးစားဖို့ကွ ၊ ကောင်မလေးက တော် တော် ဆိုးတဲ့ပုံ။ နောက်ပြီး သူ အမျိုးသမီး ရေကူးကန်ကို မသွားခင် ၂ ရက်အလိုက ကောင်မလေး နဲ့ ရန်ဖြစ်သေး တယ်။ အညိုအမည်းတွေတောင် စွဲလို့ ကွာ ၊ ဒီအမျိုးသမီး က တော်တော် မလွယ်ဘူးဟေ့ မင်းလဲတွေ့ရင် သတိသာ ထား”

ဇုရွန် ရယ်မောကာ ပြောဆိုပါတယ်။ 

“ဟဲဟဲ ၊ ဒါပေမဲ့ မိန်းမရသွားမယ် ဆိုကတည်းက ကောင်းမှာပေါ့”

ချန်ရှန် ခပ်ပြုံးပြုံး ပြောပါတယ်။ 

“မှန်ပ ၊ ငါတို့ပဲ နောက်ကျ ဒီမှာ ကျန်နေတော့မှာ”

ချန်ရှန် ပြန်လာပြီးနောက်မှာတော့ သူနေထိုင်ခဲ့ရာတွင် တခြားမည်သူမျှ ရှိမနေသေးတာ ကို တွေ့ရတယ်။ 

“ဒီခြံဝန်းဟာ အတွင်းစည်းရဲ့ အောက်ဆုံးအဆင့်ပဲ ၊ ပြိုင်ဘက်ကင်းဂိုဏ်းရဲ့ ဂိုဏ်းသားတွေဟာ ပထမဆုံးလာ တဲ့အခါ အတွင်းစည်းရဲ့ နောက်လိုက်တွေကို စိန်ခေါ်ကြ တယ်။ ဒီလိုစိန်ခေါ်မှုကို လက်ခံရင် သူတို့ဟာ ခြံဝန်းထဲကို ဝင်နိုင်ကြမှာ။ ငါတို့ ခြံဝန်းဟာ ၃ ယောက်ပဲရှိတယ်။ နောက် ဟိုကောင်လေး ယန် ကိုလည်း ဘယ်တော့မှကို မမြင်ရဘူး။ မင်းတစ်ယောက်ပဲ အားကိုးရမှာ။ငါ ဆိုတာက လည်း လူတိုင်းရဲ့ အထင်သေးခြင်းကို ခံရပြီး ငါတို့တော့ အနှိမ်ခံရတော့မှာပဲ”

ဇုရွန် မျှော်လင့်ချက်မဲ့စွာ ပြောပါတယ်။ 

ချန်ရှန် လက်သီးဆုပ်ကာ လျို့ဝှက်စွာ ပြုံးလိုက်ပြီး - 

“အကိုတော် ကျွန်တော်က အခု အဆင့် ၁၀ ရောက် နေပြီ ၊ နောက်ပြီး ရှောင်ဒို ပြန်လာတဲ့အခါကျလည်း ကျွန် တော်တို့ တိုင်ပင်ကြတာပေါ့”

ဇုရွန် တော်တော် အံ့သြသွားတယ်။ ၁၀ ရက်လောက် အတွင်းမှာပဲ ချန်ရှန်ဟာ အဆင့် ၁၀ ကို ရောက်ရှိခဲ့ပြီးဖြစ် နေ ပါတယ်။ အဆင့် ၉ တုန်းကတောင်မှ တော်တော်ကြီး ကြောက်ဖို့ကောင်းနေတာ အခုဆို ဘယ်လိုတောင်ဖြစ် တော့မလဲဆိုတာ ဘယ်သူမှ မမှန်းဆနိုင်ပါ။ 

“ဇု အကိုတော် ၊ အချောမောဆုံးစာရင်းမှာဘယ်သူ တွေ ပါလဲဗျ”

ချန်ရှန်ဟာ စိတ်မဝင်စားလှသော်လည်း သိပ်မပျော်ရွှင် ပုံပါပဲ။ အဘယ်ကြောင့်ဆိုသော် စာရင်းမှာ နာမည်မပါ သော ကြောင့် ဖြစ်နိုင်ပါတယ်။ 

ဒီအချိန်မှာပဲ ရှောင်ဒို၏ မနာလိုသည့် အသံကို ကြား လိုက်ကြရတယ်။

“မိန်းမပျက်တွေက ဝိုင်းပြီး ထောက်ခံကြတာပါဗျာ ၊ ဘာမှ မချောဘူး ၊ ကြက်ပေါက်စလေးတွေ ကျနေတာပဲ ၊ ကျွန်တော့မှာသာ အခွင့်အရေးရှိရင် အဲကောင်တွေကို ဇုရွန်ထက် ရုပ်ဆိုးသွားအောင်ကို ရိုက်ပစ်ချင်တယ်”

“မျိုးမစစ်လေး ၊ မင်းက ငါ့ကို ရုပ်ဆိုးတယ် ပြောတယ် ပေါ့ ၊ ငါ့အဖေဟာ လူချမ်းသာတစ်ယောက် ဖြစ်ပြီး ငါ့ကို မြင်တဲ့ လူတိုင်းဟာ ချစ်ဖို့ကောင်းတယ် ပြောကြတယ် ၊ ငါ့ကိုငါလဲ အဲလိုထင်တာပဲ ဘယ်နားရုပ်ဆိုးရမှာတုန်း”

ဇုရွန် ခပ်မြန်မြန်ပဲ တုံ့ပြန် ပြောဆိုပါတယ်။ 

“ချစ်ဖို့ ကောင်းတယ် တဲ့ . . . ဟားးဟားး ၊ ဝက်စုတ် ကြီးက သူ့ကိုယ်သူ ချစ်ဖို့ကောင်းတဲ့တဲ့ ၊ ခင်ဗျား အဖေက ဘယ်လိုများ ပုံဖော်ခဲ့လဲ မသိဘူး ၊ ဟာသတွေ မပြောစမ်း ပါနဲ့ဗျာ ၊ ရယ်ရလို့ သေတော့မှာပဲ”

ရှောင်ဒို တကယ်ပဲ ဗိုက်နှိပ်ကာ ရယ်နေပါတော့တယ်။

ချန်ရှန် ပါ လိုက်ရယ်မော မိနေတယ်။ 

“မင်းဟာ ငါ့ကို တော်တော် မနာလိုတဲ့ကောင်ပဲ”

ဇုရွန် ဒေါသတကြီး ပြောဆိုပါတယ်။ 

ရှောင်ဒိုလည်း ချန်ရှန် ဖက်လှည့်ကာ ပြုံးပြီး - 

“အကိုတော် ချန် ၊ ခင်ဗျားကိုကျွန်တော့ အမတွေ ဆီ ခေါ်သွားမလို့ ၊ သူတို့ဟာ ပြိုင်ဘက်ကင်းဂိုဏ်းက လေ ၊ ခင်ဗျား အားရင်ပေါ့ ဟဲဟဲ”

“ချန်ရှန် ၊ မင်း မသွားသင့်ဘူး ၊ ဒီမိန်းမတွေဟာ လူတိုင်း သူတို့ အောက်မှာ အသက်ရှူတယ် ထင်နေကြ တာကွ”

“ရှောင်ဒို ၊ ငါပြန်လာပြီး တော်တော် ပင်ပန်းနေလို့ ၊ အရင် အနားယူလိုက်ဦးမယ်ကွာ”

ချန်ရှန် ဟာ ပြောပြီးတာနဲ့ ထွက်သွားပါတော့တယ်။ ရှောင်ဒိုတစ်ယောက် စိတ်ဓာတ်ကျသွားတယ်။ ဒါပေမဲ့ သူ့အမတွေနဲ့ ပတ်သက်ပြီးလည်း သိပ်တော့ ယုံကြည်မှု မရှိပါချေ။ 

“ကောင်လေး ယန် ၊ မင်းရဲ့ အမတစ်ယောက်ဟာ အလှဆုံးစာရင်းထဲမှာ ပါနေပေမဲ့ လည်း ချန်ရှန် မှာ ရှန်း ရှန်း ရှိနေတဲ့အတွက် ရှောင်သင့်တယ်”

ဇုရွန် ရယ်မော ပြောဆိုလိုက်ပါတယ်။ 

ရှောင်ဒိုလည်း နှာခေါင်းရှုံ့ကာဖြင့် ပြန်ထွက်သွားပါ တော့တယ်။ 

၎င်းတို့ဟာ ဒီခြံဝန်းထဲ အတူနေကြသော်လည်း သီးသန့်ဆီ နေကြတာပါ။ သူတို့ဟာ ခြံဝန်းရဲ့ အလယ်မှာ သာတစ်ခုခု ပြောစရာရှိရင် တွေ့ဆုံကြတာဖြစ်တယ်။ ချန်ရှန်ဟာ ယခုအခါ ဆေးဘုရင် ခြံဝန်းကို ပြန်သွားတာပဲ ဖြစ်ပါတော့တယ်။ 

ဆေးဘုရင်ခြံဝန်း၏ ဂိတ်ဟာ ပိတ်ထားတယ်။ ဒါပေ မဲ့ ကျောက်စိမ်းပြားအား အပေါက်ထဲ ထည့်လိုက်တဲ့ အခါမှာတော့ ဂိတ်ဟာ ပွင့်သွားပါတယ်။ အထဲရောက်တဲ့ အခါမှာတော့ ခင်းကျင်းထားတဲ့ အပြင်အဆင်များကို တွေ့ လိုက်ရပါတော့တယ်။

ဆေးဘုရင် ခြံဝန်းထဲ ဝင်ပြီးနောက်မှာတော့ ချန်ရှန် အသက်ပြင်းပြင်း ရှူမိတယ်။ အထဲမှာ လူသူတစ်ယောက် မဆိုထားနှင့် ဝိဉာဉ်တစ်ကောင်ပင် ရှိမနေပါချေ။ 

အဆောက်အဦးထဲ ဝင်သွားပြီးနောက်မှာတော့ ခမ်းနားစွာ ပြင်ဆင်ထားတဲ့ အတွင်းပိုင်းအပြင်အဆင်ကို တွေ့လိုက်ရတယ်။ ဒီအထဲမှာတော့ တစ်စုံတစ်ဦး လာ ရောက်နှောက်ယှက်မှာကို ကြောက်စရာ မလိုပါချေ။ ဒီလို လျို့ဝှက်ဆန်းကြယ်နယ်ပယ်ကို တခြားသူများ မတွေ့မြင် နိုင်ပါဘူး။ ချန်ရှန် လေ့ကျင့်တဲ့ အခန်းထဲ ဝင်လိုက်တယ်။ ထို့နောက်မှာတော့ သားရေချပ်ကို ထုတ်ကာ ကြည့်လိုက် ပါတယ်။ 

“နဂါး ၇ ကောင် သတ်ဖြတ်ခြင်း”

ဒါဟာ လှုပ်ရှားမှ ၇ ခု ပဲ။ မင်းလက်နက်ကို အသုံးပြု ပြီး ဒါကို လုပ်နိုင်တယ်။ ဒီ ၇ ချက်ဟာ တစ်ခုချင်းဆီမှာ မတူညီတဲ့ ပုံစံတွေရှိပြီး မတူညီတဲ့ စွမ်းအားတွေလည်း ရှိ ကြတယ်။ ဒါပေမဲ့လည်း ၎င်းဟာ များစွာသော ချီဓာတ် ကို လိုအပ်တယ်။ အဆင့် ၁၀ ပညာရှင်ဟာ ဒီလို ချီဓာတ် ကို အသုံးမပြုနိုင်သေးဘူး။ စစ်မှန်သော သိုင်းပညာနယ် ပယ်မှ စစ်မှန်တဲ့ ပညာရှင်သာ အသုံးပြုနိုင်မယ်”

စုမေးယိုက ပြောပါတယ်။ 

သူမနဲ့ ဘိုင်ယုယု တို့ဟာ လွန်ခဲ့သော ရက်အနည်းငယ် က ဒီနဂါး သိုင်းစွမ်းရည်အကြောင်းကို လေ့လာခဲ့ပြီး ဖြစ်ပါ တယ်။ 

“ဒီသိုင်းစွမ်းရည်ဟာ မင်းရဲ့နဂါး အငွေ့နဲ့သာ ပေါင်းစပ် အသုံးပြုနိုင်တယ်။ အခုမင်းရဲ့ နဂါးငွေ့အသုံးချမှုဟာ မြင့် မားတဲ့ အခြေအနေ တစ်ခုကို ရောက်နေပါပြီ။ မင်းသာ စစ် မှန်သော သိုင်းပညာနယ်ပယ် ရောက်ရင် ဒီ နတ်နဂါး သိုင်း စွမ်းရည်ကို ကောင်းကောင်းကြီး အသုံးချနိုင်လိမ့်မယ်”

ဘိုင်ယုယု က ပြောတာပါ။ 

ချန်ရှန် အနည်းငယ် စိတ်ပျက်သွားမိတယ်။ အဘယ် ကြောင့်ဆိုသော် ထိုကဲ့သို့ စစ်မှန်သော သိုင်းပညာနယ်ပယ် ကို ရောက်ဖို့ ဆိုတာ သူ့အတွက် အချိန်တော်တော် ကြာဦး မှာပဲ ဖြစ်တယ်။ ခု အသုံးမပြုနိုင်ခြင်းဟာ သူ့ရင်ထဲ နေရ ခက်စေပါတယ်။ သူ့ရှေ့မှာ ရှိနေတဲ့ ရတနာသိုက်ကို သူ မယူနိုင်သလို ဖြစ်နေတာပါပဲ။ 

“အနီ ရောင် ဆေးလေးက ဘာလဲ”

ချန်ရှန် သိချင်စိတ် ပြင်းပြစွာ မေးလိုက်တယ်။ ဒီလို ရတနာများနဲ့ တွဲလျက် တွေ့ခြင်းအားဖြင့် ၎င်းဆေးဟာ သာမန်တော့ မဟုတ်နိုင်ချေ။ 

“ဒါဟာ နဂါးသွေးဆေး ဖြစ်မယ် ၊ နဂါးရဲ့ သွေးဓာတ်ပါ ဝင်နေလို့ပဲ။ မင်းစားလိုက်တာနဲ့ ဒီဆေးဟာ နဂါးရဲ့ သွေး အဖြစ် အရည်ပျော်သွားပြီး မင်းကိုယ်ထဲ စိမ့်ဝင်သွားလိမ့် မယ်။ မင်းရဲ့ စွမ်းအင်သိုလှောင်ရာတွေ ၊ အရိုးတွေ နဲ့ ကြွက်သားတွေ အားလုံးဟာ နဂါးတစ်ကောင်လိုပဲ စွမ်းအားတွေ ပြည့်ဝသွားလိမ့်မယ်။ မင်းစားပြီးတာနဲ့ မင်းဟာ ထာဝရမိစ္ဆာ ခန္ဓာကိုယ် အဖြစ် အစပျိုးသွားနိုင်လိမ့် မယ်လို့ ငါထင်တယ်”

စုမေးယိုဟာ စိတ်လှုပ်ရှားစွာ ပြောလိုက်ခြင်း ဖြစ်ပါ တော့တယ် . . .။





Chapter – 105

#ပထမအဆင့်


ချန်ရှန် လေအပြည့်ရှူသွင်းလိုက်တယ်။ စိတ်လှုပ်ရှား စွာဖြင့် -

“ဒီဆေးက ဘယ်အဆင့်လဲ”

“ဒါကို တန်ဖိုးသတ်မှတ်ဖို့ တော်တော် ခက်ခဲတယ်။ လွယ်လွယ်ပြောရရင် အရမ်းကို ရှားပါးလှတဲ့ ဆေးပဲ။ မင်း သိထားရမှာကတော့ ဒီဆေးဟာ နဂါးသွေးကနေ သန့်စင် ထုတ်လုပ်ထားတာဖြစ်လို့ လွယ်လွယ်နဲ့ ရတဲ့အရာ မဟုတ် ဘူး ဆိုတာပဲ”

စုမေးယို က ပြောပါတယ်။ 

“ဒီလို အရာမျိုးကို ရတာ ဘ၀ မှာ ပထမဆုံးပဲ”

နဂါးရတနာသိုက်ဟာ အရမ်းကို မှော်ဆန်လှတဲ့ အကြောင်းကို ချန်ရှန်နဲ့ ညီအမ ၂ ယောက်တို့ အချိန် အတော်ကြာအောင် ဆွေးနွေးနေကြတယ်။ မိုးပြာနဂါး မိစ္ဆာဓားကို ဘယ်သူပြုလုပ်ခဲ့တာပါလဲ ၊ ရှေးဟောင် ဒဏ္ဍာရီ အရ နဂါးသိုင်းစွမ်းရည်ဟာ နဂါးတစ်ကောင်မှ တီထွင်ထား တာ ဖြစ်ပြီး နဂါးသွေးဆေးဟာလည်း နဂါးကြီးရဲ့ သွေးစစ် စစ်မှ ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။ 

“ဒီအကြောင်း သိပ်စဉ်းစားစရာမလိုပါဘူး။ နောက်မှ ပြောကြတာပေါ့”

စုမေးယို က ပြောလိုက်တယ်။ 

ချန်ရှန် နဂါးသွေးဆေးကို လက်ထဲကိုင်ထားတဲ့အခါ မဖော်ပြနိုင်သော လောင်ကျွမ်းတဲ့ ခံစားမှုမျိုး ခံစားလိုက် ရ တယ်။ သူတောင် အနည်းငယ် ကြောက်ရွံ့သွားမိပါတယ် ၊ သူသာ ဒီဆေးကို မျိုချလိုက်မယ် ဆိုပါက တော်တော် နာကျင်စွာ ခံစားရမယ်ဆိုတာ သိနေတယ်။ 

ချန်ရှန် ပါးစပ်ဟကာဖြင့် ဆေးကို သောက်ချလိုက်ပါ တယ်။ သူ၏ လည်ချောင်းထဲသို့ ဝင်သွားတဲ့အခါ နဂါး သွေးဆေးဟာ အရည်ပျော်သွားတဲ့အတွက် ရုတ်တရက် အပူဓာတ်ကို ခံစား လိုက်ရတယ်။ ချန်ရှန်ဟာ ချော်ရည် ပူ တွေကို မြိုချလိုက်ရသလိုကို ခံစားလိုက်ရကာ နဂါးသွေး ဆေး အရည်အဖြစ်ပြောင်းလဲသွားပြီး အစာအိမ်ထဲသို့ ရောက် သွားပါတော့တယ်။ ထို့နောက်မှာတော့ အစာအိမ် ထဲမှာ ကျယ်လောင်လှတဲ့ ပေါက်ကွဲမှုကြီး ဖြစ်သွားပြီး မီးတောင်ကြီး ပေါက်ကွဲသွားသလိုပါပဲ။ ထိုအချိန်မှာ အဆုံး မရှိလှတဲ့ နာကျင်မှုများ ကို ခံစားလိုက်ရပြီး ထို နာကျင်မှုများဟာ ခြေလက်အင်္ဂါ များ အရိုးများသာမက တစ်ကိုယ်လုံးမှာ ပါ ပြန့်နှံ့လို့နေပါတယ်။ 

စက္ကန့်အနည်းငယ်အတွင်းမှာ ချန်ရှန်၏ တစ်ကိုယ်လုံး သွေးတွေဖြင့် ဖုံးလွှမ်းသွားတယ်။ တစ်ကိုယ်လုံး ညစ်ပတ် ပေရေပြီး သူ၏ ကြွက်သားများဟာ ဖောင်းကြွနေပါတယ်။ အရိုးများဟာလည်း မီးဖိုထဲ ထည့်ဖုတ်သလိုကို ခံစားနေ ရ ပြီး ဒါ့အပြင် သူ၏ စွမ်းအင် သိုလှောင်ရာဟာလည်း ပေါက် ကွဲ ထွက်လုမတတ်ကို ဖြစ်နေပါတယ်။ 

“အာနိသင်က အရမ်းပြင်းတယ် ၊ တောင့်ထား”

စုမေးယိုက အံ့သြတကြီး အော်ပြောတယ်။ 

“မသေနဲ့နော်”

ဘိုင်ယုယု က သတိပေးနေတယ်။ သူမအသံဟာ အေး စက်စက် ဖြစ်နေသော်လည်း စိုးရိမ်မှု အပြည့်ပါပဲ။ 

ဒီလို ဖြစ်စဉ်ဟာ ၃ နာရီလောက်ကို ကြာပါတယ်။ ချန်ရှန်ဟာ သူ့တစ်ကိုယ်လုံးရှိ အရာအားလုံး မီးဖိုပေါ်တင် ပြီး တစ်ဖန်ပြန်လည် မွေးဖွားလိုက်သလိုကို ခံစားလိုက်ရ တယ်။ တစ်ကိုယ်လုံးရှိ မသန့်စင်မှု အညစ်အကြေးများ ဟာ သူ၏ ချွေးပေါက်များမှတဆင့် ထွက်ပေါ်သွားကြပါ တော့တယ်။ 

“ဟုတ်ပြီ ၊ နောက်ဆုံးတော့ သူ အမတမိစ္ဆာကိုယ် ရဲ့ ပထမ အဆင့်ကို ရောက်ပြီပေါ့”

စုမေးယို ပြုံးလျက်ပြောလိုက်ပါတယ်။ 

“ဒီအတားအဆီးကို ကျော်လွှားနိုင်တာဟာ သူ့အတွက် အနာဂတ်မှာ ကောင်းသွားပြီ”

ဒီအချိန်မှာ ချန်ရှန်ဟာ တော်တော်ကို ညစ်ပတ်နေပါ တယ်။ သူ၏ ကိုယ်အတွင်းမှ ချီဓာတ်များဟာ ပိုမို အား ကောင်းလာကာ ရေအဖြစ်ပြောင်းလဲသွားပြီး ကိုယ်ပေါ်မှ အညစ်အကြေးများကို သန့်စင်လိုက်ပါတော့တယ်။ 

“ပထမအဆင့် လား ၊ အဆင့်က ဘယ်နခု ရှိတာလဲ ၊ အဆင့်တက်ဖို့ ဘယ်လောက်ကြာလဲဗျ”

ချန်ရှန် သူ့ကိုယ်သူ သန့်ရှင်းနေရင်း မေးလိုက်တယ်။ 

“အမတော် မေးယို ၊ လာပြီး သန့်ရှင်းဖို့ မကူညီပေးချင် ဘူးလား ၊ ခုနက ကျွန်တော် သေမလို ဖြစ်သွားတာနော်”

“လူရှုပ်လေး ၊ တခြားနေရာမှာ ဆိုရင်တော့ ငါလုပ်ဖို့ စဉ်းစားမိဦးမှာပါ။ ဒါပေမဲ့ ခုက ပြင်းထန်သော သိုင်းပ ညာဂိုဏ်းထဲမှာ ဖြစ်နေတယ်။ ဒီမှာက ပညာရှင်တွေ အများကြီး ရှိနေတာ ငါ မထွက်ဝံ့ဘူး”

စုမေးယိုက ပြုံးကာ ပြောဆိုပါတယ်။ 

“ဟက် ၊ အရွယ်ရောက်ပြီးသား လူက ရေဆေးဖို့ကို တခြားလူရဲ့ အကူအညီကို လိုတယ်တဲ့ ၊ တော်တော် ကို အပို လုပ်တာပဲ”

ဘိုင်ယုယု အေးစက်စက်ဖြင့် လှောင်လိုက်တယ်။ 

“အမတ မိစ္ဆာကိုယ် ဟာ စွမ်းအင်ကွဲ ၉ ခုကိုမှ ၉ ဆင့် ရှိတယ်။ စုစုပေါင်း ၈၁ ဆင့်ပေါ့ ၊ ပထမအဆင့် အောက်မှာ မင်းဟာ မင်းအားရဲ့ ၃၀ ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်ဦးမှာ ဖြစ်တယ်။ မင်းသာ စွမ်းအင်ပြည့် အသုံး ချနိုင်ရင် သာမန် အဆင့် ၁၀ ဆိုတာ မင်းအတွက် အေး ဆေး နိုင်တယ်”

“ပြောစရာရှိတာက သိုင်းပညာရှင် အများစုဟာ သူတို့ ရဲ့ ချီဓာတ်တွေကို အသုံးပြုပြီး ကျင့်စဉ်တွေကို ကျင့်ကြတာ ၊ သာမန်အခြေအနေမှာ ၎င်းတို့ရဲ့ ချီဓာတ်များဟာ ၎င်းတို့ ရဲ့ ခန္ဓာကိုယ်ထက် များစွာ သာလွန်နေတယ်။ မင်းကတော့ မင်းရဲ့ ချီဓာတ် နဲ့ မင်းရဲ့ကိုယ်ဟာ အတူတူပဲ အတွင်းရော အပြင်ရောဟာ တူညီနေကြတယ်။ ဒါဟာ မင်းကို အရမ်းခိုင်မာတဲ့ အခြေခံကို ပိုင်ဆိုင်စေတာပဲ”

စုမေယို ဖြည်းညင်းစွာ ရှင်းပြပါတယ်။

“မော်တယ် သိုင်းလောက ရဲ့ ထိပ်ဆုံးက လူဟာ အများဆုံး အဆင့် ၂၀ မိစ္ဆာခန္ဓာကိုယ်ကိုသာ ရောက်ရှိ နေ မှာ ဖြစ်တယ်။ မင်းကတော့ ခုမှ ပထမ အဆင့်ပဲရှိသေး တယ်။”

ဘိုင်ယုယု က တော်တော် ကျေနပ်နေပါတယ်။ အနည်းဆုံးတော့ သူမတို့ ပေးထားတဲ့ ယင် နဲ့ ယန် နတ် အတွင်းအားတွေနဲ့ မျက်နာမပျက်ရတော့ဘူးပေါ့။ 

ချန်ရှန် အသက်ပြင်းပြင်း ရှူကာသူ့ကိုယ်သူ ကြည့်မိ တယ်။ ဒီအချိန်မှာ သူ၏ ကိုယ်မှ စွမ်းအားများကို ရှင်းလင်း စွာ ခံစားလိုက်ရတယ်။ 

“အမတော် တို့ ၊ အမတော် တို့ ကော ဘယ်အဆင့် ရောက်ခဲ့ကြလဲဗျ”

ချန်ရှန် စပ်စပ်စုစု မေးလိုက်တယ်။ 

“မင်းကို မပြောပြပါဘူး။”

စုမေးယို ခပ်ပြုံးပြုံးနဲ့ ပြောလိုက်တယ်။ သူမဟာ ချန်ရှန်ကို လျိ ု့ဝှက်ထားချင်နေပါတယ်။ ချန်ရှန်ကလည်း ဒီ အချက်ကို သိတယ်။ ဒီအလှပဂေး ၂ ယောက်ဟာ သူ ထင်တာထက်ကို ပိုမိုစွမ်းအားကြီးမယ်ဆိုတာ သေချာနေ ပါ တော့တယ်။ 

မူလက သိုင်းပညာခြံဝန်းဟာ ၃၀၀၀ ရှိပေမဲ့ ယခု အခါ ၅၀၀၀ သို့ တိုးလာပြီဖြစ်ပါတယ်။ ထို့အတူ အတွင်း စည်းခြံဝန်းဟာလည်း မူလ ၃၂၉ ခုမှ ၅၀၀ အထိ တိုးလာ ပါပြီ။ အရှေ့ပိုင်း စစ်မှန်သော နောက်လိုက်ဂိုဏ်းသား ၁၅ ခြံသာ မပြောင်းလဲပဲ ကျန်ခဲ့တာပါ။ ဒါဟာ ပြိုင်ဘက်ကင်း ဂိုဏ်းမှ လူများ တုးိလာသောကြောင့် ပါ။ စစ်မှန်သော သိုင်းပညာရှင်များဟာ သိပ်မများသောကြောင့် ရှေ့ပိုင်းခြံ ဝန်းများဟာ မတိုးလာခြင်း ဖြစ်ပါတယ်။ 

ဒါဟာ စစ်မှန်သော သိုင်းပညာနယ်ပယ်မှ ပညာရှင် ဟာ သိပ်မများလှဘူး ဆိုတာ ပြသနေတာပါပဲ။ ချန်ရှန် ခန့် မှန်း မိသလောက် ၂၀၀ ဝန်းကျင်လောက်သာ ရှိမယ် ထင် ပါတယ်။ 

ထာဝရမိစ္ဆာ ခန္ဓာကိုယ် ကို ပထမအဆင့် ရောက်ရှိ အောင် လေ့ကျင့်လိုက်ခြင်းဟာ ချန်ရှန်၏ စွမ်းအားများကို တော်တော် တိုးတက်လာစေပါတယ်။ တစ်ချိန်တည်းမှာ ပဲ သူဟာ ဒီထက် ရှေ့ကိုတိုးသည်ထက် တိုးအောင် တိုးတက် ချင်နေပါတော့တယ်။

“၅၀၀ ၊ နံပါတ်ကို ပြောင်းတာ မြန်လိုက်တာ”

ချန်ရှန် ခြံဝန်း အပေါက်ဝမှာ ရပ်နေရင်း ဆွံံ့အနေမိ တယ်။ ဆိုလိုတာက သူ ၏ နံပါတ်မှာ ပိုမိုနောက်ကျသွား လို့ပါပဲ။ 

ရှောင်ဒိုနဲ့ ဇုရွန်တို့ဟာလည်း ဒီနေရာမှာပါပဲ။ သူတို့ ဟာ ချန်ရှန် အဆင့် ၁၀ ရောက်ပြီဆိုတာကို သိကြပြီး အခု ချိန်ဟာ ရှေ့ကို ဆက်လက်ချီတက်ကြရမဲ့ အချိန်ဆိုတာ ကို နားလည်ကြတယ်။ 

ချန်ရှန် အေးဆေးလျှောက်လာနေသည်ကို ကြည့်ရင်း ရှောင်ဒိုဟာ မြားတစ်စင်းလိုခုန်တက်ကာ မီးနဲ့လျှပ်စီး ချီ ဓာတ်များ ပါဝင်သော လက်သီးဖြင့် ချန်ရှန်အား ထိုးချ လိုက်ပါတော့တယ်။ ကျယ်လာင်စွာ ပေါက်ကွဲမြည်ဟည်း ကာ ဖြင့် ချန်ရှန်ဆီ ဝင်သွားပါတော့တယ်။

ချန်ရှန် ခပ်မြန်မြန်ပဲ သူ၏ ပုံဆောင်ခဲကို ထုတ်လိုက် ပြီး လက်တစ်ဖက်ဖြင့် ရှောင်ဒို၏ လက်သီးကို ခုခံလိုက်ပါ တယ်။ ခပ်အေးအေး အမူအရာဖြင့်ပင် မတ်တပ်ရပ်ကာ ခု ခံလိုက်တာပါပဲ 

ထိုအချိန်မှာပဲ ရှောင်ဒို သူ၏ လက်သီး နက်ရှိုင်းစွာ နစ် ဝင်သွားတာကို ခံစားလိုက်ရပြီး တော်တော် တုန်လုှပ်သွား ပါတယ်။ ခုနက ချန်ရှန်ဟာ မည်သည့် ချီဓာတ်ကိုမျှ အသုံး မပြုခဲ့ပဲ ဒီတိုင်းခံလိုက်တာပါ။ 

“အကိုတော် ချန် ၊ ခင်ဗျား ဒီတိုင်းကြီး ခုခံလိုက်တာ လား”

ရှောင်ဒို တုန်လှုပ်စွာ မေးလိုက်တယ်။ 

“ဆိုပါတော့ ၊ ဒီလိုဖြစ်လာဖို့ ပေးဆပ်ခဲ့ရတာ မနည်း ဘူး”

ချန်ရှန် ရှောင်ဒို၏ လက်သီးကို ဖြေလျော့ကာ ပြုံးလိုက် ပါတယ်။ သူဟာ သာမန်ပြောလိုက်ပေမဲ့ ရှောင်ဒို နဲ့ ဇုရွန်တို့ ရင်ထဲမှာတော့ ထိုစကားလုံးများဟာ လှိုင်းလုံးကြီး များလို ဖြစ်သွားတယ်။

ရှောင်ဒိုဟာ နည်းနည်းပိန်သွားသလိုရှိပြီး ဇုရွန်က တော့ ၀ လာသလိုပါပဲ။ ၎င်းတို့ဟာ ချန်ရှန်လို ခန္ဓာကိုယ် မျိုး ရှိပုံ မပေါ်ကြပါဘူး။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ဟာ ချန်ရှန်လို ရချင်ရင် များစွာ ဆင်းရဲ ဒုက္ခခံကာ နေရ မည်ကို သိသောကြောင့် မကြိုးစားကြတာလဲ ပါပါတယ်။ 

ချန်ရှန် ဟာ ဒီလို မျိုးဖြစ်အောင် များစွာသော အင်အား တွေကို ခုခံခဲ့ရတာပါ။ သာမန်လူ ဒီလို ဖိအားကို ခံနိုင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါပေ။။ 

“ခု ရှေ့ဆက်လျှောက်လှမ်းကြစို့”

ရှောင်ဒို သက်ပြင်းတစ်ချက်ချကာ - 

“အကိုတော် ချန် ၊ ကျွန်တော်တို့ လက်ရှိ အားနဲ့ ခြံဝန်း တစ်ခုကို စိန်ခေါ်လို့ သင့်ပမလား”

သူတို့ အထက်အဆင့်ကို တက်ချင်ပါက သူတို့ထက် မြင့်တဲ့ ခြံဝန်းကို စိန်ခေါ်ရမှာဖြစ်ပြီး ဒါဟာ တစ်ဦးချင်း စိန် ခေါ်မှု မဟုတ်ပါဘူး။ ခြံဝန်းတစ်ခုလုံးနဲ့ တစ်ခု စိန်ခေါ်မှုပါ။ 

သူတို့ ခြံဝန်းနံပါတ်များကို ရှေ့ရောက်အောင် လုပ်နိုင် လေ အကျိုးကျေးဇူးများလေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဂိုဏ်း မှပြုလုပ်သည့် မစ်ရှင်များဟာလည်း ပိုမို အရေးကြီးကာ အန္တရာယ်များလွန်း လှပါတော့တယ် . . .။



















Chapter – 106

#အတွင်းစည်းပထမအဆင့်


အခြားသိုင်းပညာခြံဝန်းတစ်ခုကို စိန်ခေါ်ရန် စိန်ခေါ် မည့် ခြံဝန်းနဲ့ အတိုက်အခံ လုပ်ရပါမည်။ ၎င်းတို့က လက်ခံ မှသာ ရမှာပါ။ နောက်ပြီး ဒါဟာ အလောင်အစား တစ်ခု လည်း ဖြစ်ပါသေးတယ်။

ရှောင်ဒို သူ၏ ဗိုက်ကို ပွတ်ပြီး ဇုရွန်အား ကြည့်ကာ -

“အကိုတော် ဇု ၊ ခင်ဗျားသာဆို ဘယ်ခြံဝန်းကို စိန်ခေါ် ဖို့ သင့်တော်မယ် ထင်လဲဗျ”

ဇုရွန်ဟာ အတွင်းစည်းတစ်ယောက်ဖြစ်သော်လည်း သူဟာ စီးပွားရေးသမား ပိုဆန်ပါတယ်။ ရှောင်ဒိုဟာ ဇုရွန် ကိုမေးခြင်းဖြင့် ဘယ်ခြံဝန်းကို လွယ်ကူစွာ အနိုင်ရနိုင်မယ် ဆိုတာကို အသေချာ သိနေပါတယ်။ 

ဇုရွန်က ခပ်ပြုံးပြုးံဖြင့် -

“မင်း ခုတော့ ငါ့ရဲ့ အသုံးဝင်မှုကို သိပြီမလား ၊ ဟဲဟဲ ဒီလိုနေ့ကို စောင့်နေတာ တော်တော် ကြာပြီကွ။ အခု ငါ တို့ ၃ ယောက်အားကို သေချာကြည့်မိသလောက်တော့ အမှတ် ၄၀၀ လောက်ထိ မခက်ခဲဘူး။ ဒီထက်တိုးပြီးချ လို့ လည်း ရသေးတယ်။ ဥပမာ အမှတ် ၃၅၀ လောက်ပေါ့”

ရှောင်ဒို မျက်မှောင်ကြုတ်ကာဖြင့် -

“ဒါကလည်း ဝေးလွန်းတယ် ၊ ၂၀၀ အထက်ကို ခင်ဗျား က ဘာလို့ မစဉ်းစားတာလဲ”

ပြင်းထန်သော သိုင်းပညာဂိုဏ်းဟာ ပြိုင်ဘက်ကင်း ဂိုဏ်းနဲ့ မပေါင်းစပ်ခဲ့ဘူး ဆိုပါက အမှတ် ၃၂၉ သာ ရှိမှာပါ။ 

ဇုရွန်လည်း ချန်ရှန်ကို ကြည့်ကာ - 

“ချန်ရှန် ၊ ငါတို့ တဆင့်ချင်း သွားသင့်တယ် ၊ ငါတို့ စိန် ခေါ်လို့ ရှုံးသွားရင် ငါတို့ပဲ နစ်နာမှာ”

“ကျွန်တော် စိန်ခေါ်မှုအတွက် ဘယ်လိုပဲ အတိုက်အခံ လုပ်ရပါစေ ၊ ဂရုစိုက်မှာ မဟုတ်ဘူး။ ကြာတယ် ခုပဲ အမှတ် ၂၀၀ ကို သွား စိန်ခေါ်ကြစို့”

ရှောင်ဒိုဟာ သူ၏ ရင်ဘတ်ကို ပုတ်ကာ ပြောပါတယ်။

ချန်ရှန် ရုတ်တရက် ပြုံးလိုက်ကာဖြင့် -

“အမှတ် ၂၀၀ ခြံဝန်းလောက်ကို သွားပြီး အတိုက်အခံ လုပ်မယ်ပေါ့ ၊ ရှောင်ဒို မင်းက ငါ့ကို အထင်သေးတုန်း လား ၊ အမှတ် ၁၆ ဆိုရင်ကော ဘယ်လိုလဲ”

“ဘယ်လို ၊ အကိုတော်ချန် မနောက်ပါနဲ့”

ရှောင်ဒို သူ၏ ခေါင်းများကို ခါယမ်းကာ ပြောတယ်။

ဇုရွန်ကလည်း ချန်ရှန် နောက်နေသည် ထင်သဖြင့် -

“ချန်ရှန် ၊ အမှတ် ၁၆ ဆိုတာ အတွင်းစည်းရဲ့ ပထမ ဆုံး ခြံဝန်းလေ ၊ အထဲမှာ ရှိတဲ့ ပညာရှင်တွေဟာလည်း အတော်ဆုံးပဲ ၊ သူတို့ဟာ စုစုပေါင်း ၁၀ ယောက်ပဲ ရှိတယ်”

ချန်ရှန် ခပ်ဖျော့ဖျော့ ပြုံးကာ - 

“ဆယ် ယောက်လား ၊ ကျွန်တော် မှန်းထားတာထက် ပိုနေတာပေါ့။ ကျွန်တော်က ဆေးဖက်ဝင်သတ္တုသစ်သီး ၅ လုံးကြေး လောင်းမယ်ဆို သူတို့ လက်ခံလောက်လား”

ဒီအချိန်မှာ ရှောင်ဒိုနဲ့ ဇုရွန်တို့ဟာ ချန်ရှန် အတည်ပြော တာ ဖြစ်ကြောင်း သဘောပေါက်သွားကြတယ်။ 

ချန်ရှန် အဆင့် ၉ ကတည်းက သူ၏ အစွမ်းဟာ အဆင့် ၁၀ ရှိသူများနဲ့ ကောင်းကောင်း ယှဉ်နိုင်ပါတယ်။ ဒါဟာ ပထမအဆင့် ခြံဝန်းက အင်အားနဲ့ပင် တူနေပါသေးတယ်။ အခု ချန်ရှန်ဟာ အဆင့် ၁၀ ကို ရောက်ရှိနေပြီဖြစ်ပြီး ယခု သူ၏ အစွမ်းကို မည်သူမျှ ခံ့မှန်းနိုင်မည် မဟုတ်ပေ။ 

ရှောင်ဒို နဲ့ ဇုရွန် ဟာ ဒီအချက်ကို စဉ်းစားမိပြီးနောက် မှာတော့ တုန်လှုပ်မိသွားကြတယ်။ အဘယ်ကြောင့်ဆို သော် ကြောက်စရာ အစီအစဉ် ဖြစ်နေလို့ပါပဲ။ 

“မင်းတို့ ရင်ဆိုင်ရဲလား ရင်မဆိုင်ရဲဘူးလား ၊ မင်းတို့ ရင်မဆိုင်ရဲလည်း ရတယ် ၊ ငါ့ဟာငါ သွားမယ် ၊ ဒါပေမဲ့ ငါနိုင်ရင် မင်းတို့တော့ ဒီမှာပဲ နေခဲ့ကြပေါ့”

ချန်ရှန် ပြောလိုက်တယ်။ ဆယ်ယောက် တစ်ယောက် ရင်ဆိုင်မည် ဖြစ်သော်လည်း သူဟာ ယုံကြည်မှု ရှိနေတုန်း ပင် ဖြစ်ပါတယ်။

“ကျွန်တော့ ကို အထင်မသေးပါနဲ့ ၊ ကျွန်တော် လည်း အတွင်းစည်းကို ရောက်တာ မကြာသေးဘူးဆိုပေမဲ့ ကွျွန်တော် အကောင်းဆုံးကြိုးစားမှာပါ။ ခုရင်ဆိုင်မဲ့ လူတွေဆိုတာကလည်း အဆင့် ၁ ဆိုတာ နံပါတ်တစ်ခု သက်သက်ပါပဲဗျာ”

ရှောင်ဒို အံကြိတ်လျက် ပြောတယ်။ 

“ဒီလူတွေကို သွားချကြစို့”

ချန်ရှန် နဲ့ ရှောင်ဒိုတို့ဟာ ဇုရွန်ကို ကြည့်လိုက်ကြပါ တယ်။ ၎င်းတို့အမြင်မှာ ဇုရွန်ဟာ နှေးကွေးလှတဲ့ ဝတုတ်ကြီး ဖြစ်ကာ တိုက်ခိုက်ခြင်းစွမ်းရည် သိပ်ရှိမယ် မထင်ထားကြပါဘူး။ 

ဇုရွန်ဟာ ချန်ရှန် တို့ ၂ ယောက် သူ့အား အထင်သေး တဲ့ မျက်စိနဲ့ ကြည့်နေကြတာကို မြင်တဲ့အခါမှာ စိတ်ထဲ ပေါက်ကွဲသွားကာ ကျယ်လောင်စွာ ပြောလိုက်တယ်။ 

“မျိုးမစစ်လေး ၂ ကောင် ၊ မင်းတို့င့ါကို အထင်သေး တာလား ၊ မင်းတို့ ခုပဲ သွားပြောလိုက်စမ်းပါ။ ငါ့အစွမ်းကို မင်းတို့ မသိကြသေးလို့ ၊ ဒီက ကောင်ကြီးက အဲလို လုပ် ချင်နေတာ ကြာပြီကွ”

“ဟဟ ၊ ဒီ ဖက်တီးကြီး မျက်နာကို ကြည့်ရုံနဲ့တင် ဟိုလူတွေ သေးပါထွက်လောက်တယ်”

ရှောင်ဒို ရယ်မောကာ ပြောဆိုပါတယ်။ 

“အရေးမပါတာတွေ မပြောတော့ဘူး ၊ ခုသွားကြစို့”

ဇုရွန် ပြောလိုက်တာပါ။ 

ချန်ရှန်ဟာ ကျယ်လောင်စွာပင် ရယ်မောလိုက်ပါ တယ်။ ထို့နောက် သူကပင် ဦးဆောင်ကာ အမှတ် ၁၆ ခြံဝန်းသို့ လျှောက်သွားကြပါလေတော့တယ်။

ဂိုဏ်း၏လမ်းမပေါ်မှာတော့ လူသုံးယောက်ဟာ ချီ ဓာတ်များ ထွက်ပေါ်လျက် လျှောက်လာနေကြတယ်။ အလယ်မှာတော့ ငယ်ရွယ်ချောမောသော လူငယ်တစ် ယောက်ဖြစ်ပြီး ဘေးတစ်ဖက်တစ်ချက်မှာတော့ ပိန်ပိန်ပါး ပါး ဆယ်ကျော်သက်တစ်ဦးနဲ့ ခပ်၀၀လူငယ်တစ်ဦးတို့ ဖြစ် ပါတယ်။ ၎င်းတို့ဟာ အသက် ၂၀ အောက် လူငယ်များ ဖြစ် ကြပေမဲ့ ထွက်နေသော ချီဓာတ်များမှ အလွန်ပင် ကြောက် မက်ဖွယ်ကောင်းလှကာ မျက်လုံးများဟာလည်း ရန်လိုတဲ့ အသွင်ကို ဆောင်နေပါတယ်။ 

သူတို့ကိုကြည့်နေတဲ့ လူများဟာ အနည်းငယ်တော့ ထူးဆန်းလျက် ရှိပါတယ်။ 

“ဒီလူငယ်လေးက ချန်ရှန် ဖြစ်မယ်။ သူဟာ ဖန်လိယန် ကို တစ်ချက်ထဲနဲ့ အလဲထိုးခဲ့ပြီး အပြင်ကမ္ဘာမှ လာသူ လည်းဖြစ်တယ်။ စစ်မှန်သော သိုင်းပညာနယ်ပယ်က ဆေးပညာရှင်ရဲ့ တပည့်ဖြစ်ပြီး ဒီနှစ်ပြိုင်ပွဲမှာ ပထမ ရခဲ့ သူလည်း ဖြစ်တယ်။ ဒါ့အပြင် ဆေးဆရာမကြီးရဲ့ မျက်လုံး ထဲက ဆူးတစ်ချောင်းလဲဖြစ်ပေတယ်”

လူတစ်ယောက် ရဲ့ ပြောစကားပါ။ ချန်ရှန်ဟာ ၁၀ ရက် လောက် ပျောက်နေခဲ့တာဖြစ်ပြီး ယခုမှ လာပူးပေါင်းသော ပြိုင်ဘက်ကင်းဂိုဏ်းမှ လူများဟာ မသိကြသေးပါ။ ယခု ချန်ရှန် အကြောင်း သူတို့ ကြားတဲ့အခါမှာတော့ တော် တော် အံ့အားသင့်သွားကြပါတယ်။ 

“ဖက်တီး ၊ မင်းဘာလုပ်ဖို့ ကြံနေတာလဲ”

ဒီ အချိန်မှာ သက်လတ်ပိုင်းအရွယ် မုတ်ဆိတ်မွှေး ရှည် ဖြင့် လူတစ်ယောက် ရောက်လာပါတယ်။ ထိုလူကတော့ ဟို ဒွန် ဂျင် ပါပဲ။ ချန်ရှန် ရောက်ခါစက ကူညီခဲ့ဖူးသူပဲ ဖြစ် ပါတယ်။ 

“အကိုတော် ဂျူ ၊ ကျွန်တော်တို့ ပထမဆုံးအတွင်း စည်းခြံဝန်းကို သွားစိန်ခေါ်မလို့ ဗျ ၊ လိုက်ကြည့်ဦးမလား”

ဇုရွန် ဂုဏ်ယူစွာ ပြောလိုက်တယ်။ သူ၏ စကားကြောင့် အနီးနားရှိ လူများဟာ ကြောင်သွားကြပါ တယ်။ 

လူသုံးယောက်ဟာ အတွင်းစည်းရဲ့ ပထမဆုံး ခြံဝန်း ကို သွားစိတ်ခေါ်တာဟာ လူတိုင်းအမြင်မှာတော့ ချန်ရှန် နဲ့ အရူး ၂ ယောက်တို့ သေဖို့ ပြင်ဆင်နေတယ်လို့ ထင်နေကြ ပါတော့တယ်။ 

ဟိုဒွန်ဂျင် လည်း အတော်ပင် အံ့သြသွားပါတယ်။ ဒါပေမဲ့လည်း ချန်ရှန်၏ ပြတ်သားပုံကို တွေ့လိုက်တဲ့ အခါမှာတော့ - 

“ဖက်တီးလေး ၊ မင်းတော့ သူငယ်ချင်းကောင်းကို ရထားတာပဲ။ နောက်ဆုံးတော့ ဒီလိုလုပ်ပြီပေါ့။ ဒီလောက် ကောင်းတဲ့ပွဲကို ငါ ကူကြေငြာပေးမယ်။ ငါ တပည့် ကောင်လေးတွေဆီ သွားပြီး အတူ ကြည့်ဖို့ ပြော လိုက်မယ်။ လောင်းကြေးလေးတွေလည်း ထပ်ကြတာ ပေါ့”

ဟိုဒွန်ဂျင် ထွက်ခွာ သွားပါတယ်။ ဘေးပတ်လည်က လူ များ ဟာလည်း ထွက်ခွာသွားကြပါပြီ။ အဘယ်ကြောင့် ဆိုသော် အရူးလေး ၃ ယောက်မှ ပထမဆုံး ခြံဝန်းအား စိန်ခေါ်တာကို သူငယ်ချင်းမိတ်ဆွေများ နှင့် အတူတကွ ကြည့် ရှုချင်ကြတာပဲ ဖြစ်ပါတယ်။ 

ပထမဆုံးအတွင်းစည်းခြံဝန်းဆိုတာ အမှတ် ၁၆ ခြံဝန်း ဖြစ်ပြီး ၎င်းဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် နှင့် တစ်ဆင့်သာ ကွာပါတော့တယ်။ ဒါပေမဲ့ တော်တော် တော့ ကွာခြားလွန်းပါတယ်။ ယခုအခါမှာ ခြံဝန်း အမှတ် ၁ မှ ၁၅ ထိဟာ လျို့ဝှက်ဆန်းကြယ် နယ်ပယ်ထဲကို ရွှေ့ သွားကြပြီ ဖြစ်တယ်။ 

ထို လျို့ဝှက်ဆန်းကြယ် နယ်ပယ် အပြင်ဖက်မှာတော့ အမှတ် ၁၆ ခြံဝန်း ရှိနေတာပဲ ဖြစ်ပါတယ်။ 

အမှတ် ၁၆ ခြံဝန်းဟာ အတော်အသင့် ကြီးမားလှ ပြီး ၎င်းဟာမူလက ပထမဆုံး ခြံဝန်းကြီး ဖြစ်ပါတယ်။ ဒါကြောင့် အထိမ်းအမှတ်တစ်ခုနဲ့ပင်တူနေပြီး ထိုခြံဝန်းကြီး အလယ်မှာတော့ ကြီးမားလှတဲ့ ကွင်းပြင်ကြီး ရှိနေပါ တယ်။ ယခုအခါ ထိုကွင်းပြင်ကြီးတွင် လူများဖြင့် ပြည့်နေ ပြီး ဆူညံနေကြတယ်။ အတွင်းစည်း အပြင်စည်းမှ လူများ စွာဟာ ရောက်ရှိနေကြတာပဲ ဖြစ်ပါတယ်။ 

“လူတွေများကြီးပါလား အစောင့်တွေတောင် ရှိနေတာ လား”

ရှောင်ဒို တံခါးကြီးနားမှာ ရပ်ရင်း ပြောလိုက်တယ်။ အတွင်းမှ ထွက်လာသော အသံများကို နားထောင်ရင်း တုန်လှုပ်လျက် ရှိနေတယ်။ လေးထောင့်ကွင်းပြင် ကျယ် ကြီး ၏ အလယ်မှ လူထောင်ပေါင်းများစွာကို ကြည့်ရင်း သွေးပျက်သလိုပင် ဖြစ်နေပါတယ်။ 

၎င်းဟာ သိုင်းပညာခြံဝန်းတစ်ခုနဲ့ပင် မတူပါဘူး။ စစ် သားတွေကို လေ့ကျင့်ပေးနေတဲ့ မြို့ငယ်လေးနဲ့ပင် တူ နေပါသေးတယ်။ 

ဒီနေရာဟာ သင်တန်းသားတွေကို စည်းကမ်း အတင်း ကျပ်ဆုံး နေရာလည်းဖြစ်ပါတယ်။ ဂိုဏ်းရဲ့ သက်ကြီးဝါ ကြီးတွေဟာ သင်တန်းသားများကို ဒီလို စည်းကမ်းမတင်း ကျပ်ပါက ဂိုဏ်းတစ်ခုလို ဖြစ်သွားစေမှာမို့ပဲ ဖြစ်ပါတယ်။ 

“ဒီလို နာမည်ဘုတ်ပြားမျိုး ငါတို့ လိုချင်တာပဲ”

ဇုရွန် ဘုတ်ပြားတစ်ခုကို ညွှန်ပြပါတယ်။ အဝင်ဝဘေး မှာ ရှိနေသော ဘုတ်ပြားအား သူတို့သာ ပြိုင်ပွဲမှာ အနိုင်ရရှိ ပါက ချိတ်ဆွဲ နိုင်မည်ဖြစ်ပြီး အကျိုးလည်းတော်တော် ရှိ မှာပါ။ 

ချန်ရှန် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ကာဖြင့် - 

“အမှတ် ၅၀၀ ခြံဝန်းမှ ခင်ဗျားတို့ ခြံဝန်းကို စိန်ခေါ် တယ်။ လောင်းကြေးကတော့ ဆေးဖက်ဝင်သတ္တုသစ်သီး ၅ လုံးကြေးပဲ။ ခင်ဗျားတို့ လက်ခံရင် လာပြီးဆွေးနွေး လှည့်ပါ”

ဆူညံနေတဲ့ အမှတ် ၁၆ ခြံဝန်းကြီးဟာ ရုတ်တရက် တိတ်ဆိတ်သွားတယ်။ ချန်ရှန်ဟာသူ၏ ချီဓာတ်များအား အသံတွင်ထည့်ပြောလိုက်တာဖြစ်ပြီး ၎င်းအသံဟာ အရပ် မျက်နာအသီးသီးမှ လူများကို ရှင်းလင်းစွာ ကြားနိုင်နေပါ တော့တယ်။ 

သို့သော် ခြံဝန်းအတွင်းရှိ လူများဟာ သူတို့ နားကြား မှာသည်ဟုသာ ထင်ကြပါတယ်။ အဘယ်ကြောင့် ဆို သော် စိန်ခေါ်မှုဟာ အမှတ် ၅၀၀ ခြံဝန်းမှဖြစ်ပြီး ဒီကို လာ စိန်ခေါ်သူအများစု ဟာ အဆင့် ၅၀ အောက်တွေသာ ဖြစ် လို့ပါ။ 

ဒါပေမဲ့လည်း ဆေးဖက်ဝင် သတ္တု သစ်သီးဟာ တကယ်ကို ဆွဲဆောင်မုှ ရှိလှပါတော့တယ် . . .။














Chapter – 107

#စိန်ခေါ်မှုရွှေ့ဆိုင်းခြင်း


အမှတ် ၁၆ ခြံဝန်း အပြင်ဘက်မှာလည်း လူများစွာ ဟာ ရောက်ရှိနေပြီ ဖြစ်ပြီး ၎င်းတို့ဟာ သတင်းကြားတာနဲ့ ချက် ချင်းပင် ပွဲကြီးပွဲကောင်းအား ကြည့်ရန် လာကြခြင်းဖြစ်ပါ တယ်။ 

လူရည်သန့် တစ်ဦးထွက်လာတဲ့အချိန်မှာပဲ ၎င်း၏ ကြည့်ကောင်းလှသော ပုံစံကြောင့် ကောင်မလေးများ၏ အား ပေးသံများကို ချန်ရှန် ကြားလိုက်ရတယ်။ 

“အဲဒါ မိုယုဝမ်လေ ၊ အချောဆုံး စာရင်း ထိပ်ဆုံးကလူ ၊ ခုတော့ ငါသူနဲ့ ဆုံနိုင်ပြီပေါ့”

ကောင်မလေး တစ်ယောက် အော်နေတာပါ။ 

မိုယုဝမ်ဟာ တည်တည်ငြိမ်ငြိမ်ဖြင့် ဆွဲဆောင်မှု ရှိလှ ပါတယ်။ ကောင်မလေး အများစု၏ အားပေး နှစ်ခြိုက်ခြင်း ကို ခံရရုံမျှမက ထိပ်ဆုံးခြံဝန်း၏ နောက်လိုက်ဖြစ်နေသော် လည်း မာနကြီးပုံ မပေါ်ပါချေ။ 

ဒီအချိန်မှာပဲ မိုယုဝမ် နောက်မှ လူတစ်ယောက် ထွက် ပေါ်လာပါတယ်။ အဆိုပါလူ တခြားလူများကို ကြည့်သည့် အခါ ၎င်း ၏ မျက်လုံးများမှာ အငြိမ်မနေလှချေ။ စိတ်ကြီး ဝင်နေပုံလည်း ပေါ်လျက်ရှိပြီး သူ၏ မျက်နာမှာ ရိုက်ပစ် ချင် စရာ ကောင်းလှပါတယ်။ 

“မြွေမျက်စိဟ”

ရှောင်ဒို အလန့်တကြား အော်လိုက်ပါတယ်။ ဒီလို လူမျိုး အတွင်းစည်းရဲ့ ပထမအဆင့်မှာ ရှိနေမယ်လို့ မထင် ခဲ့မိလို့ပါပဲ။

“သေချာ နားထောင်ပါ။ ငါ့နာမည် ဇူဝိုင်လောင် ၊ ငါ့ကို ခုနကလို မခေါ်ပါနဲ့”

ထိုလူ က အော်ပြောပါတယ်။ မိုယုဝမ်က ခပ်ဖျော့ ဖျော့ ပြုံးကာ -

“ခင်ဗျားက ချန်ရှန် ထင်တယ် ၊ ကျွန်တော် ခင်ဗျား အကြောင်း တော်တော် များများ ကြားပါတယ်။ ကျွန်တော် က တော့ အနှေးနဲ့ အမြန် ပြေးရတော့မယ်လို့ တွေးနေတာ ၊ ခုလို မြန်မြန်ကြီး ဖြစ်လိမ့်မယ်လို့ မမျှော်လင့်မိဘူး။ ကျွန် တော်တို့ ခင်ဗျားရဲ့ စိန်ခေါ်မှုကို ပျော်ရွှင်စွာ လက်ခံပါ တယ် ၊ အချိန်ကို ရွေးကြတာပေါ့”

မိုယုဝမ် ဟာ လူတိုင်းအမြင်မှာ အတော်မိုက်တဲ့ ဟန်ပန် အမူအရာ ရှိတာပါ။ ချန်ရှန်လည်း ပြုံးကာဖြင့် -

“ဒီနေ့ က ကောင်းတယ်ဗျ”

ဇုရွန်က လည်း ဝင်ပြောတယ်။ 

“စည်းမျဉ်းတွေ ဆွေးနွေးကြစို့။ နောက် ငါတို့မှာက ၃ ယောက်ပဲ ရှိတယ်”

မိုယုဝမ်က ရယ်မောကာဖြင့် -

“ခင်ဗျားတို့ အတွက် ကောင်းကျိုးကမရှိနိုင်ဘူး ၊ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ခြံဝန်းက လူ ၁၀ ယောက် လုံးဟာ ယှဉ်ပြိုင်ကြမှာဖြစ်တယ်။ လာစိန်ခေါ်တဲ့ လူတိုင်းဟာ ဒီလိုပဲ တိုက်ကြရတယ်။ ခင်ဗျားတို့ ၃ ယောက်ဟာ ကျွန်တော်တို့ ၁၀ ယောက်ကို နိုင်အောင် တိုက်ရမယ်။ တစ်ယောက်ချင်းပေါ့ ၊ ရှုံးသူက ဆက်ပါဝင် စရာမလိုဘူး”

မိုယုဝမ် ရဲ့စကားအရ သူဟာ ရန်သူကို အထင်မသေး ပဲ အမြဲ အသင့်အနေအထားရှိနေပုံပါ။ 

လူများစွာဟာ တဖွဲဖွဲ ရောက်လာကြတယ်။ ခြံဝန်း၏ အတွင်းကော အပြင်ပါ လူတွေဟာ ပြည့်လို့နေပြီး ထောင် ပေါင်းများစွာသာ လူများဟာ ဆွေးနွေးနေတာကို နားစွင့် နေကြပါတယ်။ သူတို့အတွက် ဒါဟာ ပွဲကြီးပွဲကောင်းပါ။ အသစ်ရောက်လာတဲ့ ပြိုင်ဘက်ကင်းဂိုဏ်း အတွက် လည်း ယခုလို ပြင်းထန်သော သိုင်းပညာဂိုဏ်း၏ ထိပ်သီး အတွင်းစည်း နောက်လိုက်များ၏ စွမ်းရည်ကို မြင်ရမဲ့ အခွင့်အရေး တစ်ရပ်ပါပဲ။ 

စစ်မှန်သော သိုင်းပညာရှင် အချို့လည်း ရောက်လာ ကြပြီး ၎င်းတို့ဟာ ဟိုဒွန်ဂျင် ခေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ 

၃ ယောက် ၁၀ ယောက်တိုက်ပွဲဟာ တကယ်ကို ဆိုးကျိုး များစေမှာပါ။ လူများစွာဟာ မနိုင်နိုင်ဘူးဟုသာ တွေး နေမိကြတယ်။ နောက်ပြီး တိုက်ရမဲ့ လူများဟာ လည်း အတွင်းစည်းတွင် အတော်ဆုံးလူများ ဖြစ်နေကြပြီး ၎င်းတို့ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ဝင်ရောက် ရန် လမ်းတဝက်လောက် ရောက်နေသူများလည်း ဖြစ်ပါ တယ်။ ချန်ရှန်ဟာ အတွင်းစည်း စစ်ဆေးမှုမှာ မှတ်ကျောက်တင်နိုင်ခဲ့ပေမဲ့လည်း သူ့ကို သိပ်ယုံကြည့် တဲ့လူ မရှိပေ။ ရှောင်ဒိုဆိုသည်မှာလည်း ကလေး သာသာ ဖြစ်ပြီး ဇုရွန်ကတော့ ကျွဲကြီးနဲ့ပင် တူနေပါသေးတယ်။ 

“ကိစ္စ မရှိပါဘူး။ ကျွန်တော်တို့ အဆင်သင့်ပဲ”

ချန်ရှန် ပြောလိုက်တယ်။ သူတို့ စည်းမျဉ်းတွေကို အတည်ပြုလိုက်ကြပါပြီ။ 

“ကောင်းတယ်။ အခု စကြစို့”

မိုယုဝမ် စကားဆုံးတဲ့ အချိန်မှာပဲ ခပ်လှမ်းလှမ်းမှ အသံတစ်သံဟာ ထွက်လာတယ်။ 

“နေဦး ၊ ငါ ချန်ရှန် ကိုမေးစရာ ရှိသေးတယ်။ ဒါသာ အမှန် ဖြစ်မယ်ဆို ဒီပွဲကို လုပ်မှာ မဟုတ်သေးဘူး”

ဆရာကြီးဝု ရုတ်တရက် ချန်ရှန် တို့ ရှေ့မှာ ပေါ်လာပါ တယ်။ 

ခုနကသူ့အသံဟာ တစ်ခုခု ထူးခြားနေသလိုပါပဲ။ သူ့ အသံကို နားထောင်ပြီး လူတိုင်းဟာ ကိစ္စကြီးတစ်ခုခုတော့ ဖြစ်လိမ့်မယ်ဆိုတာကို သိနေကြတယ်။ 

“ချန်ရှန် ၊ မင်းသိပ်မကြာခင်တုန်းက နဂါးရတနာသိုက် ကို သွားစုံစမ်းရင်း သားရဲဂိုဏ်းက အတွင်းစည်း နောက် လိုက် ၁၀ ယောက်ကို သတ်လိုက်လား”

ချန်ရှန် အား စိုက်ကြည်ကာ ဆရာကြီး ဝု မေးလိုက်ပါ တယ်။ 

“ဟုတ် ပါ တယ်”

ချန်ရှန် အံ့သြမှုနဲ့ အတူ ဖြေလိုက်တယ်။ ဒီသတင်း ဟာ တကယ်ပဲ ပေါက်ကြားလာလိမ့်မယ်လို့ သူ မထင်ခဲ့ မိဘူး ၊ ဒါပေမဲ့ သိပ်တော့ စိုးရိမ်စရာ မဟုတ်ပေ သားရဲ ဂိုဏ်းဘက်မှ အမှားကြောင့်ပါပဲ။

ဆရာကြီး ဝု ရောက်လာကတည်းက လူအုပ်ကြီးဟာ တိတ်ဆိတ်နေတာဖြစ်ပြီး ယခု သတင်းကို ကြားလိုက်ရတဲ့ အခါမှာတော့ အကုန်လုံး အံ့အားသင့်သွားကြပါတယ်။ ချန် ရှန် ဟာ တခြားဂိုဏ်းရဲ့ အတွင်းစည်းနောက်လိုက် တွေ ကို သတ်လိုက်တယ် တဲ့။ ဒါတင် မက ၁၀ ယောက်တောင်ပါ။ တော်တော် စိုးရိမ်စရာပါပဲ။ 

ဆရာကြီးဝု ခေါင်းညိမ့်ကာဖြင့် ထပ်မေးတယ်။ 

“ဒါဆို လျို့ဝှက်ဆန်းကြယ် နယ်ပယ်ထဲမှာ သားရဲ ဂိုဏ်းက စစ်မှန်သော နောက်လိုက်ကို သတ်လိုက်တယ် ဆိုတာကရော မှန်လား”

ဒီစကားကြားတဲ့အခါမှာ လူတိုင်းရင်ထဲ အတော် တုန် လှုပ်သွားကြပါတယ်။ မျက်လုံးအပြူးသား ပါးစပ် အဟောင်းသားဖြင့် ချန်ရှန်ကို ကြည့်နေကြတယ်။ 

ချန်ရှန်ဟာ စစ်မှန်သော နောက်လိုက်ကို သတ်လိုက် ဆိုတာ စစ်မှန်သော သိုင်းပညာနယ်ပယ်က သိုင်းပညာရှင် ကို သတ်လိုက်တာပါပဲ။ ချန်ရှန်ရဲ့ ခွန်အားဟာ ဒီလို ပညာ ရှင်မျိုးနဲ့ ယှဉ်လို့ရနေပြီပါတကား ၊ အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့ လူငယ်တစ်ယောက် က ဘယ်လိုများ ဖြစ်နိုင် ပါမည်နည်း။

ချန်ရှန် တည်ငြိမ်စွာပင် ခေါင်းညိမ့်လျက် -

“ဟုတ်ပါတယ်။ သူမ ဒဏ်ရာ ရနေတာကို အခွင့် ကောင်းယူပြီး သတ်လိုက်တာပါ။ ဒီလိုမှ မဟုတ်ရင် သူမက ကျွန်တော့ကို သတ်မှာလေ။ ကျွန်တော် ဒီလို လုပ် တာ ဘာမှားလို့လဲ။ ပြင်းထန်သော သိုင်းပညာဂိုဏ်းက နောက်လိုက်တွေအားလုံးဟာ သားရဲဂိုဏ်က ဘာလုပ်လုပ် ခံရမှာ မို့လို့လား”

လူတိုင်း သက်ပြင်းရှည်ကြီး ချလိုက်ကြတယ်။ ချန်ရှန် ဟာ ရန်သူ ကို အခွင့်ကောင်းယူုပြီး သတ်ပစ်လိုက်တာ ဖြစ် လို့ပါ။ ဒီစကားအရ သူဟာ စစ်မှန်သော သိုင်းပညာနယ် ပယ်ကို မရောက်သေးဘူးဆိုတာကို ဖော်ပြလျက် ရှိပါ တယ်။ ဒါပေမဲ့လည်း တော်တော်တော့ တုန်လှုပ်နေကြ တယ်။ တခြားဂိုဏ်း၏ စစ်မှန်သော နောက်လိုက်ကို သတ်ခြင်းဟာ စိုးရိမ်စရာ ကိစ္စပါပဲ။

“ကျွန်တော်သာ ဆိုရင်လည်း ဓားတစ်ချောင်းနဲ့ အကုန် လုံးကိုတောင် သတ်မိမှာ”

ရှောင်ဒို က ဝင်ပြောပါတယ်။ သူ့စိတ်ထဲ ချန်ရှန် ကို ပင် အားမလို အားမရဖြစ်ကာ စိတ်ထဲမှ သရော်မိတယ်။ 

“အကုန်လုံးကို သတ်တာ ကောင်းတယ်။ ဒီ သားရဲ ဂိုဏ်းက ကောင်တွေဟာ စိတ်ကြီး ဝင်နေကြတာ ၊ ငါတို့ကို တောင် လိုက်တုချင်နေသေး”

ဟိုဒွန်ဂျင် နဲ့ တခြား စစ်မှန်သော ပညာရှင်များဟာ သရော်သလိုဖြင့် ထောက်ခံပေးကြတယ်။ အများစုဟာ တုန်လှုပ်နေကြတယ် အဘယ်ကြောင့်ဆိုသော် ဒီလို စစ်မှန် သော သိုင်းပညာနယ်ပယ်ဟာ စွမ်းအား ဘယ်လောက် ကြီး ကြောင်း သိကြလို့ပါပဲ။ အဓိက အံ့အားသင့်တာက တော့ ထိုကဲ့သို့သော ပညာရှင်မျိုးအား မော်တယ် သိုင်း ပညာနယ်ပယ် မှ ကောင်လေးက သတ်လိုက်လို့ပါပဲ။

“ချန်ရှန် ၊ မင်းလုပ်တာ ဘာကြောင့်လဲ ဆိုတာ ငါသိပါ တယ်။ မင်း မမှားဘူး ၊ ငါလည်း တော်တော် ဒေါသ ထွက် မိတယ်။ ဒါပေမဲ့ သားရဲဂိုဏ်းဟာ ငါတို့ကို သက်သေခံ ဖို့ တောင်းဆိုနေတယ်။ ကံဆိုးစွာပဲ ငါတို့မှာ အခု မင်းနဲ့ ပတ် သက်ပြီး ထောက်ခံဖို့ ဘာသက်သေမှ မရှိဘူး ဖြစ်နေတာ ပဲ”

ဆရာကြီး ဝု က ပြောပါတယ်။ သူဟာ ချန်ရှန် ၎င်းတို့ ကို သတ်ခြင်းဟာ ၎င်းတို့မှ ပြည်သူများအား သားရဲများ၏ အစာအဖြစ် ကျွေးနေလို့ဆိုတာကို သိပါတယ်။ သူ ဒါကို သိတုန်းကလည်း ဒေါသ တော်တော် ထွက်တာပါ။ ချက် ချင်းပင် တပည့်များစုပြီး သားရဲဂိုဏ်းကို မေးမြန်ပြီး ဖျက်စီး ပစ်ဖို့ထိ တွေးနေခဲ့ပါတယ်။ 

“ဂိုဏ်းချုပ်ကော ဆေးဆရာမကြီးကော ဟာ တံခါး ပိတ်ပြီး ကျင့်ကြံနေကြတယ်။ သူတို့ ထွက်လာတာကို ငါတို့ စောင့်ရမယ်။ သူတို့သာလျှင် ဒီလို အရေးကြီးတဲ့ ဆုံးဖြတ် ချက်ကို ချနိုင်ပေလိမ့်မယ်။ ငါအခြေအနေအားလုံးကို သုံး သပ်ပြီးတဲ့နောက် မင်းကို ထိန်းသိမ်းထားချင်တယ်”

ဆရာကြီး ဝု ကပြောတာပါ။ 

ချန်ရှန် ခေါင်းညိမ့်ကာ တုံ့ပြန်လိုက်တယ်။ သူ ဆရာကြီးဝု ဘာပြောချင်တယ် ဆိုတာကို ကောင်းကောင်း သိပါတယ်။ ဒီလို ထိန်းသိမ်းတာဟာ ဘာလို့လဲဆိုတော့ သားရဲဂိုဏ်းဟာ သူ့ကို လိုက်ရှာနေမှာဆိုးတာကြောင့် ဂိုဏ်းချုပ် သို့မဟုတ် ဆရာမကြီး ထွက်လာတဲ့အချိန်ထိ စောင့်မှာပဲ ဖြစ်ပါတယ်။ 

“မင်းနားလည်တာ ကောင်းတယ်။ ဒါပေမဲ့ မင်း ဟာ တော်တော် ရက်စက်ခဲ့တာ ၊ တစ်ယောက်ချင်းဆီကို တစစီ ဖြစ်အောင်လုပ်ပြီး စစ်မှန်သော သိုင်းပညာရှင်တွေကိုပါ သတ်ဖို့ ကြံနေသေးတယ်။ ကံကောင်းစွာပဲ မင်း မအောင် မြင်သွားခဲ့ဘူး။ ဒီလိုမှ မဟုတ်ရင် ဒီဂိုဏ်းတော့ အနည်းဆုံး တခြား ဂိုဏ်း ၂ ခုလောက်ရဲ့ ဖြိုခွဲတာကို ခံရနိုင်တယ်”

ဆရာကြီးဝု ခပ်ဆွေးဆွေး ပြောပါတယ်။ ချန်ရှန် ဒီ စကားကို ကြားချိန်မှာ သွေးတွေပင် ပြန်ဆူလာ သလိုပါပဲ ၊ သူ့ကိုသာ အချိန် အနည်းငယ်ပေးပါက ထိုလူတွေကို အသားတုံးတွေ အဖြစ် တစ်စစီ လုပ်မိခဲ့မှာပါ။ 

အဆိုပါ စကားလုံးများဟာ လူတိုင်းစိတ်ကို တုန်လှုပ် သွားစေပါတယ်။ ချန်ရှန်ဟာ တစ်ခါထွက်သွားရုံဖြင့် ဒီလို ကိစ္စကြီးကို လုပ်ခဲ့တာပါ။ 

ဒီအချိန်မှာပဲ လူတိုင်းဟာ ချန်ရှန် ဘာကြောင့် အတွင်း စည်းရဲ့ထိပ်သီး ခြံဝန်းကို စိန်ခေါ်ဝံ့လဲဆိုတာကို သဘော ပေါက်သွားကြတယ်။ သူဟာ စစ်မှန်သော သိုင်းပညာနယ် ပယ်မှ ပညာရှင်များကိုပင် ရင်ဆိုင်ခဲ့တာဖြစ်ပြီး ယခုလို ကိစ္စကို ရင်မဆိုင်နိုင်စရာ မရှိပေ။ ဒီလို အင်အား ဒီလိုသတ္တိ ဒီလို ပုံစံဟာ လူတိုင်းရဲ့ ရင်ထဲမှာ လေးစားစိတ် ကြောက် ရွံ့ရိုသေစိတ်များ ခံစားသွားမိစေပါတယ်။ 

“ရှောင်ဒို ၊ ဇုရွန် ၊ ငါပြန်လာတာကို စောင့်နေပါ”

ချန်ရှန်လည်း ထိုကဲ့သို့ ပြောပြီး ဆရာကြီး ဝု နဲ့ လိုက် သွားပါတော့တယ်။ 

ရှောင်ဒိုလည်း သက်ပြင်း ရှည်ကြီးကို ချကာ - 

“ဝက်ပုတ်ကြီးရေ ၊ သူပြန်လာတဲ့ အခါ သူကျွန်တော် တို့ကို စိတ်မပျက်အောင် လုပ်ရမယ်”

ဇုရွန်ကလည်း ရယ်မောကာ - 

“အရင်တည်းက ဒီကောင်လေးရဲ့ ပုံစံဟာ တော်တော် ကြောက်စရာကောင်းတယ်။ ငါတို့ သူ့ရှေ့မှာ အရှက်ကွဲ လို့တော့ မဖြစ်ဘူးကွ။”

ရှောင်ဒိုကလည်း ရယ်မောကာ - 

“ဖက်တီးစုတ်ကြီး ၊ ခင်ဗျား သတ္တိိတွေ ကောင်း သ ထက် ကောင်းလာပါရောလား ၊ သွားကြစို့”

ရှောင်ဒိုနဲ့ ဇုရွန်တို့လည်း လူအုပ်ကြားမှ ထွက်လာပါ တယ်။ လူအုပ်ကြီးဟာ စိတ်အပျက်ကြီး ပျက်သွားကြ ပါ တယ်။ ၎င်းတို့ ပွဲကြီးပွဲကောင်းကို မကြည့်လိုက်ရလို့ပါပဲ ၊ ဒါပေမဲ့ ချန်ရှန်ဆိုတဲ့ ဒဏ္ဍာရီ ဆန်ဆန် လူအကြောင်း အားရဖွယ် သိသွားကြပါတော့တယ် . . .။






Chapter – 108

#ဟွမ်ဂျိရှန်


မိုယုဝမ် နဲ့ စိတ်ကြီးဝင်နေတဲ့လူတို့ဟာ နည်းနည်း တော့ တမျိုးဖြစ်သွားတယ်။ ဒီမတိုင်ခင်က ချန်ရှန်အား သိပ် ဂရုမစိုက်လှသော်လည်း အခု အခါ ချန်ရှန်ရဲ့ သတင်း အား ကြားလိုက်တဲ့အခါမှာတော့ ချန်ရှန်ဟာ သာမန်လူ တစ်ယောက် မဟုတ်ဘူး ဆိုတာ သိလိုက်ပါတယ်။ စစ်မှန် သော သိုင်းပညာရှင် ဟာ ဒဏ်ရာရနေပေမယ့် အင်အား ဟာ အလွန် ကောင်းနေဆဲ ဖြစ်မှာပါ။ ဒါပေမဲ့ ချန်ရှန် ၏ တစ်စစီ လုပ်ခြင်း ခံခဲ့ရပါတယ်။ 

ဆရာကြီးဝု ချန်ရှန် အား လျို့ဝှက်ဆန်းကြယ်နယ်ပယ် ထဲသို့ ခေါ်သွားတယ်။ တောင်ကြီး တစ်ခုနားသို့ ရောက်တဲ့ အခါမှာ - 

“ဆရာကြီး ဝု ၊ ကျွန်တော်တို့ ဘယ်သွားနေတာလဲ”

ချန်ရှန် မေးလိုက်တယ်။

“ငါတို့ ပြင်းထန်သော သိုင်းပညာဂိုဏ်း၏ တားမြစ်နယ် မြေကို သွားနေတာ ၊ ပစ်မှုကျူးလွန်တဲ့ လူတွေကို ထိန်း သိမ်းတဲ့ နေရာပေါ့။ ဒီနေရာဟာ ချန်ဝူရဲ့ အဓိကဂိုဏ်းကြီး တွေ ကြားမှာကျော်ကြားတယ် ၊ ပြင်းထန်သော သိုင်းပညာ ဂိုဏ်းက လူတစ်ယောက်ဟာ ပစ်မှု ကျူးလွန်ရင် ဒီနေရာ ပို့ လိုက်တဲ့ အခါ တခြားဂိုဏ်းက လူတွေဟာ ကျေနပ်ကြ တယ်လေ”

ဆရာကြီး ဝု သက်ပြင်းချပြီး ပြောပါတယ်။ 

“ဒီနေရာမှာ ပို့ခံရတဲ့ လူတွေဟာ သေတာများတယ် ၊ မင်းကတော့ ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”

ချန်ရှန် နည်းနည်းအံ့သြသွားတယ်။ 

“ဘယ်လိုဖြစ်လို့ သေကုန်ကြတာလဲဗျ”

“အသက်ကြီးလို့ သေကုန်တာရယ် ၊ ဆင်းရဲဒုက္ခဒဏ်တွေကို မခံနိုင်တာရယ်ကြောင့်ပဲ”

ဆရာကြီး ဝု ကပြောပါတယ်။ 

“ဒါဆို ဘယ်သူမှ မလွတ်နိုင်ဘူးလား”

ချန်ရှန် အံသြစွာ မေးလိုက်တယ်။ 

“ဂိုဏ်းချုပ်ရဲ့ အမိန့်ပေါ်မှာ မူတည်တယ်။ ဒါကြောင့် မင်း ဂိုဏ်းချုပ်ပြန်လာတဲ့ချိန်ထိ အဲမှာ နေရမှာပဲ”

ဆရာကြီးဝု က ပြောလိုက်ပါတယ်။ 

“ဒီတားမြစ်နယ်မြေဟာ ဒီဂိုဏ်းကြီးရဲ့ တည်ထောင်သူ က ဖန်တီးခဲ့တာ ဖြစ်တယ်။ ၎င်းမှာ ထူးဆန်းတဲ့ စွမ်းအားတွေ ရှိတယ်။ မော်တယ်လောက က အစွမ်းထက် ဆုံးလူတောင် မလွတ်မြောက်နိုင်ဘူး ၊ အတောင်ပံတွေ ရှိရင်တောင်မှပေါ့။ သေဖို့ပဲများတယ်။ ဂိုဏ်းချုပ်မြန်မြန် ထွက်လာအောင်သာ ဆုတောင်း”

ချန်ရှန် ရင်ခုန်သံတွေ မြန်လာတယ်။ သူဒီလိုနေရာမှာ ချုပ်နောင်ခံရမယ်လို့ မထင်ခဲ့မိပါ။ 

နာရီဝက်လောက် ကြာပြီးနောက် မှာတော့ တွင်း နက် ကြီး တစ်ခုနား ရောက်လာပါတယ်။ အောက်မှာ ဘာရှိလဲ ဆိုတာကိုတောင် မမြင်နိုင်ပါဘူး။ 

“ဒီအောက်က မင်းသွားရမဲ့ နေရာပဲ”

ဆရာကြီးဝု က ပြောပါတယ်။ 

“ကျွန်တော် မသွားနိုင်ရင်ရော”

ချန်ရှန် ရင်ထဲ ထင့်နေတယ်။ အဘယ်ကြောင့် ဆိုသော် အောက်မှာ သေစေနိုင်တဲ့ ချီဓာတ်အေးတွေ ရှိနေ လို့ပါပဲ။ အောက်ခြေဟာ ဘယ်လောက်နက်ရှိုင်းလဲဆိုတာ ကို မမြင်နိုင်ပါဘူး။ 

ဆရာကြီး ဝု က ရယ်မောကာဖြင့် - 

“သွားပေတေ့ာ”

ပြောပြီးပြီးချင်းပင် လျှပ်စီးလို လျင်မြန်စွာဖြင့် ချန်ရှန် တင်ပါးအား ကန်လိုက်ပါတော့တယ်။

“ကတုံးကြီး ၊ သေလိုက်ပါတော့ . . .”

အောက်ခြေမှ ချန်ရှန် ၏ ကျိန်ဆဲ သံများ ထွက်လာပါ တယ်။ 

ချန်ရှန် ဟာ ဒီလို ကျသွားမယ်လို့ မမျှော်လင့်ပါဘူး။ မည်သည့် ချီဓာတ်မျှ မထုတ်နိုင်သလို သူ၏ တောင်ပံများ ကိုလည်း အသုံးမပြုနိုင်ပဲ ဖြစ်နေပါတယ်။ ဒီလိုသာ ဒီတိုင်း ကြီး ပြုတ်ကျသွားပါက တော်တော် ဒဏ်ရာရသွားနိုင်ပါ တယ်။ 

“ဒီကောင် လေး ကျိန်ဆဲတာက တော်တော် နားထောင် ရ ဆိုးတာပဲ ၊ ဒါပေမဲ့ လည်း အောက်ကျရင် တော့ ငြိမ်သွားမှာပါ။ ငါလဲ မလုပ်ချင်ပါဘူး၊ နောက် ဆင် ခြင် ဦးမှပါ”

ဆရာကြီး ဝု ခေါင်းခါယမ်းပြီး ထွက်ခွာ သွားပါတော့ တယ်။ 

ချန်ရှန် အလင်းရောင် တစ်ခုကို မြင်လိုက်ရတဲ့ အတွက် နည်းနည်း ဝမ်းသာသွားတယ်။ မီးတောက်တစ် ခု ဖြစ်ဖို့ များပါတယ်။ 

ချန်ရှန် ရုတ်တရက် ရေထဲ ကျသွားပါတယ်။ ထိုအချိန် မှာ သူဟာ ချီဓာတ်များ အသုံးပြုလို့ရတာကို သတိပြုမိ သ ဖြင့် လျင်မြန်စွာ ကူးခတ်ကာ မီးရောင်ရှိရာသို့ သွားပါတော့ တယ်။ 

ချန်ရှန်ကို အံ့အား သင့် စေတဲ့ အချက်ကတော့ မီးတောက်တွေရဲ့ဘေးမှာ အသက်ကြီးကြီး လူကြီး တစ်ဦး ရှိနေတာပါပဲ။ ဆံပင်ကြီးဟာ ခါးထိ ရှည်ပြီး ညစ်ပတ်ပေရေ လျက်ရှိတယ်။ သူ၏ မျက်နာမှာ တည်ငြိမ်လျက်ရှိပြီး အသက် အရွယ် နဲ့တောင် မလိုက်သလိုပါပဲ။ သူ၏ မုတ် ဆိတ်မွှေးများကတော့ သာမန်ပါပဲ။ အကယ်လို့ ၎င်းတို့အား ချည်ထားမည် ဆိုပါက ပညာရှိကြီးနဲ့တောင် တူနေမှာ ဖြစ်ပါတယ်။ 

“ကောင်လေး ၊ တစ်ခုခု ပြောပါဦး”

လူကြီးက စူးရှတဲ့ မျက်လုံးများဖြင့် ချန်ရှန် အား ကြည့် ကာ ပြောပါတယ်။ 

ဒီအချိန်မှာ ချန်ရှန် ပြန်လည် သတိဝင်လာပြီး ဒီလူကို မတိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ 

“ဟယ်လို ၊ မစ္စတာ”

ချန်ရှန် ပြောလိုက်တယ်။ ဒီမတိုင်ခင်ကတည်းက ဒီ နေရာဟာ တားမြစ်နယ်မြေ တစ်ခုဖြစ်ပြီး အန္တရာယ်ရှိတယ် ဆိုတာ သိနေပါတယ်။ 

လူကြီးက ရုတ်တရက် ထရယ်တယ်။ ထို့နောက် လျင် မြန်စွာပင် ချန်ရှန် ဘေး ရောက်လာကာ ချန်ရှန်၏ ခါးအား ချုပ်ကိုင်လိုက်တယ်။ စွမ်းအင်တမျိုး သူ့ကိုယ်ထဲ ဝင်တာ ကို ခံစားလိုက်ရပြီး သူလည်း လျင်မြန်စွာပင် ထိုက်ကျိကျင့် စဉ်အား ပြုလုပ်လိုက်ပါတယ်။ 

ဒီလို လုပ်တာတောင် မှ လူကြီးဟာ သူ၏ ခါးမှ တဆင့် စွမ်းအင် သိုလှောင်ရာအထိပါ ချုပ်ကိုင်ထားပြီး ချန်ရှန် ဟာ တော်တော်ကို အံ့အားသင့်လျက် ရှိပါတယ်။ 

“ယင် နဲ့ ယန် နတ် အတွင်းအားသွေးကြောတွေပါ လား ဟေ့ ၊ ရှာမှရှားတဲ့ ပညာရှင်လေးပဲ ၊ ဘုရားသခင် နောက် ဆုံးတော့ ဒီလို ပစ္စည်းကောင်းလေးအား ကျွန်တော့ပညာ အမွေ တွေ ပေးဖို့ စေလွှတ်လိုက်ပြီပေါ့ ၊ ဟဟ”

လူကြီးဟာ အရူး တစ်ယောက်ကဲ့သို့ ရယ်နေတယ်။ 

လူကြီးဟာ ထိုသို့ ရယ်နေရာမှ ရပ်လိုက်ပြီ း အလျင်စ လို ဖြင့် -

“ဒီနေက စပြီး ငါက မင်းဆရာပဲ ၊ ငါ့ကို မင်းဆရာအဖြစ် မြန်မြန် ခံယူစမ်း”

ချန်ရှန် ရင်ထဲ အံ့အားသင့်သွားတယ်။ အဘယ် ကြောင့် ဆိုသော် သူ့မှာ ယင်နဲ့ ယန် အတွင်းအားသွေး ကြော ရှိနေတာကို လူကြီးက သိသွားလို့ပါ။ စိတ်ထဲမှ ကြိတ်ပြီး လေးစား ချီးကျူးမိနေပါတယ်။ 

“ကျွန်တော် ခင်ဗျား နာမည်လဲ မသိဘူး။ ခင်ဗျားက ဆရာ အဖြစ် လေးစားခံချင်နေတယ်ပေါ့”

ချန်ရှန် နှုတ်ခမ်းများကိုက်ကာ မေးလိုက်တယ်။ ဒီလူ ကြီးဟာ တကယ်ကို အစွမ်းထက်မယ်ဆိုတာကိုတော့ သူ သိနေတယ်။ ခုနက သူ့ကိုချုပ်ကိုင်တုန်းက နည်းနည်းမှ တောင် သူမလှုပ်ရှားနိုင်ခဲ့လို့ပါပဲ။ 

လူကြီးဟာ ဆံပင်များကို သပ်ပြီး ပြုံးကာ - 

“မင်းလို စွမ်းအားကြီး လူငယ်တစ်ယောက် ရောက်လာ မယ်လို့ မထင်မိခဲ့ဘူး။ မင်းအပြင်မှာ ဘာလုပ်ခဲ့လို့ ရောက် လာတာလဲ”

လူကြီးက မေးမြန်းလိုက်ပါတယ်။ 

“ကျွန်တော် စစ်မှန်သော နောက်လိုက်တစ်ယောက် နဲ့ အတွင်းစည်း ၁၀ ယောက်ကို သတ်လိုက်လို့ပါ။ သူတို့ ဟာ သားရဲဂိုဏ်းကပဲ ဖြစ်တယ်”

ချန်ရှန် အမှန်အတိုင်းပြောလိုက်တယ်။ ထို့နောက် စကားပြန်မေးလိုက်ပါတယ်။ 

“ခင်ဗျား ကရော ၊ ခင်ဗျား ပုံစံကြည့်ရတာ ဒီမှာနေတာ တော်တော် ကြာပြီထင်တယ်”

ချန်ရှန်၏ စကားကို ကြားပြီးနောက် လူကြီးဟာ ရယ် မော ပြန်ပါတယ်။ မြေကြီးပေါ်တွင် ထိုင်ကာပင် ရယ်မော နေတာပါ။

“ကောင်းကင် အလိုတော် အရပဲ ၊ မင်းက သားရဲဂိုဏ်း က စစ်မှန်သော နောက်လိုက်ကို သတ်ခဲ့တယ် ငါကတော့ ဂိုဏ်းချုပ်ကို သတ်ခဲ့တာကွ။ မင်းငါ့ကို သေချာပေါက် ဆရာ တင်ရမယ်။ မင်းကို စွမ်းအားကြီးတဲ့ သိုင်းကျင့်စဉ် တွေ သင်ပေးမှာ”

ချန်ရှန် ခဏကြာ ဆွံ့အသွားတယ်။ ဒီလူကြီးဟာ သားရဲ ဂိုဏ်းချုပ်ကို သတ်ခဲ့လိမ့်မယ်လို့ မမျှော်လင့်ခဲ့မိပါ။ သိပ်လည်း မယုံကြည်မိသလို ဖြစ်နေပါတယ်။ 

“ကောင်လေး ငါ့စကားတွေကို သံသယ မဖြစ်နဲ့ ၊ ငါက ပြင်းထန်သော သိုင်းပညာဂိုဏ်းရဲ့ ၁၃ ဆက်မြောက် မျိုးဆက်ရဲ့ ဂိုဏ်းချုပ် ဟွမ်ဂျိရှန် ပဲ။ ဒါနဲ့ ခု ဘယ်မျိုးဆက် ကို ရောက်နေပြီးလဲ ဂိုဏ်းချုပ်က”

ဟွမ်ဂျိရှန် မေးလိုက်တယ်။ 

ချန်ရှန် ထပ်မံ အံ့အားသင့်သွားပြန်ပါတယ်။ သူဟာ ဒီ နာမည်ကို ကြားဖူးပါတယ်။ ၎င်းဟာ အရင် ဂိုဏ်းချုပ်မတိုင် မီက ဂိုဏ်းချုပ်ပါ။ လွန်ခဲ့တဲ့ နှစ်များစွာက ၎င်းဟာ ကိစ္စ ကြီး တစ်ခုကို ကျူးလွန်ခဲ့ပြီး သူ့ဘာသာပင် ဒီတားမြစ်နယ် မြေထဲကို ဆင်းခဲ့တာပါ။ ဒီမတိုင်ခင် ဂိုဏ်းရဲ့ စာအုပ်ထဲမှာ ချန်ရှန် ဖတ်ခဲ့ဖူးတာပါပဲ။ 

“ခုလက်ရှိ ဂိုဏ်းချုပ်က ဂုဒွန်ချန် ၊ ၁၅ ဆက်မြောက် မျိုးဆက်ပဲ”

ဒီအချိန်မှာပဲ သူ့ ရှေ့က လူကြီးကို တော်တော် လေး စား သွားမိပါတယ်။ ဒီလူကြီးဟာ ဂိုဏ်းချုပ် ဖြစ်ခဲ့ရုံမက သားရဲ ဂိုဏ်းချုပ်ကိုပါ သတ်ခဲ့တာဖြစ်ပါတယ်။ 

“ဟဲ ဟဲ ၊ ဒီငတုံးလေးက ငါ့ရဲ့ မြေးအဆင့် ပညာသင် လေးပါ ၊ နာမည် မရှိတဲ့ ကောင်မလေး က ဒုတိယ ပညာသင် သမီးလေး ၊ နောက် ဟို ကတုံးလေးကတော့ ငါ့ရဲ့ တတိယမြောက် ပညာသင် မြေးလေးပေါ့ ၊ သူတို့ အဆင်ပြေကြရဲ့လား”

လူကြီးက ရယ်မောကာ မေးမြန်းတယ်။ သူ၏ အပြုံး ဟာ ဖော်ရွေပုံပါပဲ။ 

ချန်ရှန် အတော်ကြီးကို အံ့သြနေတယ်။ ပြင်းထန် သော သိုင်းပညာဂိုဏ်း ၏ ထိပ်သီး ၃ ယောက်ဟာ ဒီလူကြီး ရဲ့ ပညာသင် တပည့်မြေးအဆင့်လေးတွေ ဖြစ်နေတယ် တဲ့ လား ၊ ဒီလူကြီးဟာ အားလုံးရဲ့ ဆရာကြီးပေါ့။ 

“နာမည်မရှိတဲ့ ကောင်မလေးဆိုတာ ဆေးဘုရင်ခြံဝန်း က ဆေးဆရာမကြီး ၊ ကတုံးလေး ဆိုတာက တော့ ဆရာကြီး ဝု ပေါ့။ ခုနကပဲ သူကျွန်တော့ကို ကန်ချ လိုက် တာ”

ချန်ရှန် ဒေါသတကြီး ပြောပါတယ်။ ခုထိတောင် သူ ၏ တင်ပါးမှာ နာကျင်နေသေးပါတယ်။ 

လူကြီးက ရယ်မောကာဖြင့် - 

“သူတို့ ဟာ တော်ကြပါတယ်။ မင်းငါ့ကို ဆရာအဖြစ် သတ်မှတ်ရင် မင်းနဲ့ သူတို့ဟာ ပညာသင်ဖော် တူလေး ဖြစ် သွားမှာပေါ့။ မင်းလို ပညာရှင် လေးဟာ စစ်မှန်တဲ့ ပညာ ရှင်ကို သတ်တယ်ဆိုတာ ဘာမှ မဟုတ်သေးဘူး။ မင်းမှာ ယင် နဲ့ ယန် နတ်သွေးကြောတွေ ရှိတယ်။ ဒါကြောင့် မင်း ငါ့ရဲ့ နတ်နဂါး သိုင်းကွက်တွေကို သင်ယူ နိုင်မှာပဲ”

ချန်ရှန် စိတ် လှုပ်ရှားနေမိတယ်။ ဆရာအဖြစ် လက်ခံသင့် မသင့်အား ကွင်းအတွင်း ရှိ အမတော် ၂ ယောက်အား မေးမိတယ်။ 

“ဆရာ အဖြစ် လက်ခံလိုက် ၊ မင်းက ဒီမှာ အတော်ကြာ နေရဦးမှာပဲ။ အဲအတောအတွင်း နတ်နဂါး ကျင့်စဉ်တွေကို လေ့လာ သင်ယူနိုင်တာပေါ့။ နောက်ပြီး ဒီ လိုလုပ်ရင် မင်း ပိုမို အင်အား ကြီးလာမှာပါ”

စုမေးယို က ပြောတာပါ။ 

လူကြီး က ဂုဏ်ယူဟန် ဖြင့် -

“ငါ ဟာ ၁၄ ဆက်မြောက် ဂိုဏ်းချုပ်ကို ပညာသင် အဖြစ် လက်ခံခဲ့ဖူးတယ်။ ခုသူဟာ ဆရာထက်တောင် ကျော်သွားပြီ လေ။ ကောင်ကင်းကမ္ဘာ အဆင့်မှာပေါ့။ အဲ ဒိ အဆင့်ဟာ မသေနိုင်တဲ့ အဆင့်လိုပဲ။ ငါကတော့ ပြစ်မှု ကျူးလွန် ခဲ့တော့ ဒီမှာပဲနေနေရတာပေါ့”

ချန်ရှန် အံ့အားသင့်စွာ ဖြင့် ဒူးထောက်ချကာ - 

“ဆရာ”

ချန်ရှန် အရိုအသေ ပေးတာကို ကြည့်ရင်း လူကြီးဟာ ပြုံးလိုက်တယ်။ 

ဒီဟွမ်ဂျိရှန် ဆိုတဲ့ လူကြီးဟာ ထက်မြက်ပုံရပြီး ချန်ရှန် ကို အံ့အားသင့်စေတာကတော့ သူ့ကို တပည့်အဖြစ် လက်ခံ လိုက်လို့ပါပဲ။ ဒီထက်အံ့သြတာကတော့ သွေး သစ္စာ စာချုပ်ချုပ်ရတာ ဖြစ်ပြီး ၎င်းတို့ဟာ စာရွက်ပေါ်တွင် သွေးများဖောက်ကာ အစက်ချရခြင်းပါ။ ၎င်းသွေးတို့ဟာ ချီဓာတ် ကိုယ်စီဖြင့် ပေါင်းစပ်သွားကြပါတော့တယ် . . .။




















Chapter – 109

#ထိုက်ကျိနတ်နဂါးကျင့်စဉ်


ဆရာတပည့်အဖြစ် သွေးသစ္စာဆိုပြီးနောက်မှာတော့ လူကြီးမှ - 

“ဟဲဟဲ ၊ တပည့်ကောင်းလေး ၊ နောက်ကျ ငါ့ရဲ့ အစွမ်း ထက်ဆုံး နတ်နဂါး ကျင့်စဉ် မင်းကို ပေးမယ်။ မင်းကြိုးစား ဖို့ တော့ လိုမယ်။ နောင်ကျ မင်းအတွက် ကောင်းကောင်း အသုံးဝင်လာမှာပါ”

လူကြီးက ရယ်မောကာဖြင့် သူ ၏ ရှုပ်ပွေလှသော ဆံ ပင်များအား စီးလိုက်ပါတယ်။

ချန်ရှန် လည်း နှစ်လိုဖွယ် ပြုံးကာဖြင့် - 

“ဆရာ ၊ ဆရာ့ရဲ့ နောက်ထပ်ရှိမဲ့ မျိုးဆက်သစ် တပည့်တွေက ကျွန်တော့ကို သိုင်းပညာဦးရီးတော်လို့ ခေါ် ကြမှာပေါ့နော်”

လူကြီးက စဉ်းစားပြီး ချန်ရှန် ခေါင်းးအား ပုတ်ကာ

“ကောင်လေး ၊ မင်းက တော်တယ်။ ငါ အဲလိုပဲ သတ် မှတ်ပေးမှာပါ။ ဒါနဲ့ မင်းဆရာ ငါဆိုတာ မသိသာစေနဲ့ ၊ ငါ့ကို လည်း အရူးတစ်ယောက်လို လာလာ မကြည့်နေနဲ့ ၊ ငါ့ကို မုန်းတဲ့လူတွေ အများကြီးရှိတာ ငါသိတယ်။ မင်းဟာ ငါ့တပည့်မှန်း သိသွားကြတဲ့အခါ မင်းဒုက္ခ ရောက်လိမ့် မယ်”

ချန်ရှန် တခဏမျှ ဆွံ့အသွားတယ်။ ထို့နောက် ပြုံးကာ -

“ဆရာ ၊ မူလကတည်းက ဒီနေရာ ကို မှီခိုနေခဲ့တာ လား”

“ဟ ဟ ၊ မင်းဆရာက စွမ်းအားတော်တော် ကြီးပါတယ် ကွ ၊ ဒီနေရာကို မှီခိုရမယ်ပေါ့ ၊ ငါက ဒီနေရာမှာ ဘဝသစ် ပြန် စနေတာ ၊ ငါက မသေနိုင်တဲ့ ကောင်းကင်အဆင့် နယ်ပယ်ကို သွားမှာကွ”

လူကြီးမှ ချန်ရှန် ၏ ခေါင်းကို ပုတ်ပြီး ထပ်မံကာ - 

“ကောင်လေး ၊ မင်း အပြင်ဘက် ပြန်ရောက်တဲ့အခါ မင်းဟာ ငါ့တပည့်ဆိုတာ လူတွေ မသိစေနဲ့ ၊ ဒါက ဂုဏ်ယူ စရာ အနေအထားဆိုပေမဲ့ အန္တရာယ်များမှာကွ”

ချန်ရှန် နှုတ်ခမ်းများကို ကိုက်ကာ - 

“ဘာလို့လဲဗျ ၊ ဆရာ့ရဲ့ တပည့် ဖြစ်ရတာလည်း ပုန်းနေ ရမဲ့ ကြွက်လေးကျနေတာပဲ”

“ကောင်လေး ၊ နားထောင်စမ်းပါ။ တကယ်တော့ မင်း ဆရာ ဒီနေရာမှာ နေနေရတဲ့ ရည်ရွယ်ချက်တစ်ခုက လွတ်မြောက်ချင်လို့ပဲ ၊ ဒါပေမဲ့ နောင်တလည်း ရတယ်။ ငါပုန်းနေတာက ငါ့ရဲ့နတ်နဂါး ကျင့်စဉ်ကို ခိုးယူ ခံရခြင်းကို ရှောင်နေတာပဲ။နတ်နဂါး ကျင့်စဉ်တွေဟာ များစွာ ရှိပေ မဲ့ ၎င်းတို့အားလုံးဟာ အဆင့် ၃ ၊ ၆ သို့မဟုတ် ၉ ပဲ ရှိ ကြတယ်။ ငါကတော့ အမြင့်ဆုံးပဲ။ အားလုံးသော အမတ နယ်ပယ်က လူတွေတောင် ဒါကို လိုချင်ကြတာ”

လူကြီးက ရှင်းပြပါတယ်။ 

ချန်ရှန် က နည်းနည်းသံသယ ဖြစ်ဟန်ဖြင့် - 

“ဆရာ ၊ ကျွန်တော့်မှာလည်း နဂါးကျင့်စဉ်ရှိတယ်”

ချန်ရှန် ဟာ နဂါးငွေ့တိုက်ကွက်ကို လူကြီအား ပြောပြ ချင်ပါတယ်။ လူကြီးက အထင်သေးဟန်ဖြင့် -

“နဂါးငွေ့အကွက်လား ၊ ဒီ အကွက်လောက်ကတော့ ငါ့မျက်လုံးထဲမှာ တော်တော် အဆင့်နိမ့်နေတယ်။ သာမန် နဂါးလေး တစ်ကောင် အစွမ်းလောက်ပဲ ရှိမယ်။ စစ်မှန်တဲ့ စွမ်းအားပြည့်ဝသော နဂါး ရဲ့ အားကို မင်းသိသွားရင် နား လည်သွားမှာပါ။”

ပြောနေတုန်းမှာပဲ လူကြီးဟာ သူ၏ ပုံဆောင်ခဲကို ထုတ်လိုက်ပြီး အဖြူရောင် အလုံးလေးတစ်ခုဟာ သူ၏ ပုံ ဆောင်ခဲ မှာ ပေါ်လာတယ်။ ဒီလိုအငွေ့တွေထွက်လာတာ နဲ့ တပြိုင်နက် ချန်ရှန်ဟာ ထောင်ပေါင်းများစွာသော တန် ချိန် ရှိတဲ့ ဖိအားများ သူ့အပေါ် ဖိလာတာကို ခံစားလိုက် ရပါတယ်။ သူဟာ သမုဒ္ဒရာကြီး အလယ်က လှေငယ်လေး လိုပါပဲ။ မျက်စိတမှိတ်အတွင်းမှာပဲ ဒီလို ကြီးမားလှတဲ့ စွမ်း အားကြောင့် လွင့်ထွက်သွားပါတော့တယ်။ 

ချန်ရှန် ကျောက်နံရံအား ဝင်တိုက်သွားတယ်။ သူ့ ကိုယ်ဟာ တော်တော် နာနေပါပြီ။ အဘယ်ကြောင့်ဆို သော် အမြင့်မှလည်း ပြုတ်ကျထားသောကြောင့်ပါ။ သူ နာကျင်စွာ ရေရွတ်ကာ တချိန်တည်းမှာပဲ လူကြီး၏ ပုံဆောင်ခဲကို မြင်တွေ့ လိုက်ရတယ်။ ဒါဟာ နေရာကို ပုံ ဖျက်ခြင်း သဘောပါပဲ။ 

လူကြီးဟာ ဂုဏ်ယူစွာ ပြုံးလိုက်ပြီး သူ၏ အလုံးလေး အား ထပ်မံ ရွေ့လျားစေလိုက်ပါတယ်။ ချန်ရှန်လည်း တော်တော် ဝေးဝေးမှ ရေကန်ထဲသို့ ပြုတ်ကျသွားပါတော့ တယ်။ ပြန်လည် ကူးခတ်လာပြီးနောက်မှာတော့ လူကြီးက - 

“မင်းအခု မင်းဆရာရဲ့ အစွမ်းထက်ပုံကို မြင်ပြီပေါ့”

လူကြီးဟာ မြေပေါ်လဲနေတဲ့ ချန်ရှန် အား ကြည့်ကာ ရယ်မောနေပါတယ်။ 

ချန်ရှန် တစ်ကိုယ်လုံးမှာ အားအင်တွေ မရှိတော့သလို ပါပဲ။ သူဟာ မြေပေါ်မှာ မောနေပါတော့တယ်။ ပြောစရာ စကားမရှိ ဆွံ့အလျက် သူ့ရင်ထဲကကို ကြောက်နေပါတော့ တယ်။ သူ့ဆရာ၏ စွမ်းအားကိုလည်း တုန်လှုပ်သွားမိပါ တယ်။ သူ့စိတ်ထဲမှာ သူ့ဆရာဟာ ဆေးဆရာမကြီးထက် များစွာ အားကြီးတယ်လို့ သတ်မှတ်မိတယ်။ 

ဒီလို ချီဓာတ်အလုံးလေးဟာ ပင် တော်တော် စွမ်းလှပါ တယ်။ သူ၏ စွမ်းအား အကုန်ကိုသာ အသုံးချပါက ချန်ရှန် ဆက်မတွေးရဲတော့ပါ။ 

“ဒီလူကြီး၏ အစွမ်းဟာ မော်တယ်လောက ရဲ့ ထိပ်ဆုံး အဆင့်မှာ ရှိနေတယ်။ မင်းရဲ့ ဆရာဟာ တော်ပါတယ်။ သူဟာ ဒီနေရာမှာ ပုန်းနေတာဟာ အကြောင်းတွေရှိတယ် ၊ သူသာ အပြင်မှာဆို တော်တော် မလွယ်ဘူး”

စုမေးယိုက အံ့အားသင့်စွာ ပြောပါတယ်။ 

ဘိုင်ယုယု ကလည်း အလောတကြီးဖြင့် - 

“သူက အမှန်တကယ်ကို ပြောနေတာ ၊ သူ့ရဲ့ နတ်နဂါး စွမ်းရည်ဟာ ကောင်းကင်ဘုံက လူတွေကိုတောင် မနာလို ဖြစ်စေတယ်။ သူဒီမှာနေနေတာ အဲဒါတွေကို ရှောင်ဖို့ပဲ ၊ သူသာ ကောင်းကင်ကမ္ဘာ သိုင်းလောကကို သွားရင် သူ့ အတွက် တော်တော် အန္တရာယ်များမှာပဲ”

ချန်ရှန်၏ တစ်ကိုယ်လုံးဟာ နာကျင်နေတယ်။ သူ့စိတ် ထဲမှာတော့ ကျေနပ်နေမိတယ်။ အဘယ်ကြောင့်ဆိုသော် သူဟာ အရမ်းကို အစွမ်းထက်လှတဲ့ ဆရာကို ရရှိထား လို့ပါပဲ။ 

“ကောင်လေး ၊ မင်းဆရာခုနက သုံးသွားတာ နဂါးအား အင်ပဲ။ နဂါးတစ်ကောင်က မွေးဖွားထားတဲ့ အားအင်မျိုး ပဲ ၊ အရမ်းကိုကြောက်စရာမကောင်းပေဘူးလား။ နဂါးကြီး တစ်ကောင် ဟာ ဒီမော်တယ်လောကမှာ ပေါ်လာရင် ပေါ်လာရင် ၎င်းအမြီးတစ်ချက်နဲ့တင် မျက်စိတမှိတ်အတွင်း အားလုံး ပျက်စီးသွားမှာ”

လူကြီးဟာ နဂါးအကြောင်းပြောရင်းနဲ့တောင် နည်း နည်း ကြောက်ရွံ့နေပုံ ပေါ်ပါတယ်။ 

လူကြီး ချန်ရှန်နား သွားကာ ချန်ရှန် ၏ ကိုယ်အား ရိုက် ချနေတယ်။ ချန်ရှန် ထူးဆန်းတဲ့ အေးစက်စက် စွမ်းအား မျိုး သူ၏ ကိုယ်မှာ စိမ့်ဝင်သွားသလိုခံစားလိုက်ရတယ်။ နာကျင်မှုများဟာ ချက်ချင်းကို ပျောက်သွားပါတော့တယ်”

“ငါ့မှာ ယ င် နဲ့ ယန် သိမ်မွေ့ကြောတွေ ရှိတယ်။ မင်းရဲ့ စီနီယာမှာတော့ ယင်နဲ့ယန် ကောင်းကင် ကြောတွေ ရှိ တယ်။ မင်းမှာကျ ယင် ယန် နတ်အကြောတွေရှိနေတာ ၊ အနာဂတ်မှာ မင်းဟာ ငါနဲ့ မင်းစီနီယာထက် သာနိုင်မယ်”

ဝိဉာဉ်တော်အကြော ၊ သိမ်မွေ့အကြော ၊ ကောင်း ကင် အကြောနဲ့ နတ်အကြောတွေဟာ တစ်ခု နဲ့တစ်ခု မတူ ကြပဲ အဆင့်တွေ ကွာခြားကြတယ်။ ယင် နဲ့ ယန် အကြော တွေကတော့ ပိုမိုပင် ရှားပါးလှတယ်။ ချန်ရှန် ဟာ သူ့ ဆရာ နဲ့ စီနီယာမှာ ဒီလို အကြောတွေ ရှိနေတာကြောင့် အံ အားသင့်သွားပါတယ်။ 

ပြင်းထန်သော သိုင်းပညာဂိုဏ်းမှာ အစွမ်းထက်တဲ့ နောက်လိုက်အချို့တွင် အများအားဖြင့် သိမ်မွေ့သို့မဟုတ် ကောင်းကင် အကြောတွေ ရှိနေတတ်ကြတယ်။ ဒါပေမဲ့ ၎င်းတို့ဟာ ထုတ်မပြတတ်ကြပါ။ ရှောင်ဒို နဲ့ ဇုရွန်တို့ဟာ ဒီ လိုအကြောတွေ ရှိနေတယ့် ပညာရှင်တွေ ဖြစ်မယ်လို့ ချန် ရှန် တွက်ဆမိတယ်။ 

“မင်းမှာ ထိုက်ကျိ ယင် နဲ့ ယန် ပုံသေချပ်လည်း ရှိနေတယ် ဟုတ်တယ်မလား ၊ ဟဲဟဲ ဒီလို ရှိတဲ့ လူတွေ အတွက် ထိုက်ကျိနတ်နဂါးကျင့်စဉ် ဟာ အသင့်တော် ဆုံး ပဲ”

လူကြီးက ရယ်မော ပြောဆိုပါတယ်။ 

စုမေးယို နဲ့ ဘိုင်ယုယုတို့ ဒီစကားကို ကြားတဲ့အခါ တော် တော် အံ့အားသင့်သွားကြတယ်။ 

“ဒီ လို စွမ်းရည်မျိုး ရှိမယ်လို့ ငါမထင်ခဲ့မိဘူး”

စုမေးယို က အံ့သြတကြီး ပြောတာပါ။ 

“ဒီ ကျင့်စဉ်ဟာ ထိုက်ကျိ ကျင့်စဉ်ကို အဆင့်မြင့်ထား တာ ဖြစ်မယ်။ ငါတို့ဟာ ပထမဆုံးတွေ့တာ ကျင့်စဉ် အကြွင်းအကျန်လောက်ကို ဖြစ်မယ်။ တော်တော်ကို ထူး ဆန်းပါပေတယ်”

ဘိုင်ယုယု က အံ့အားသင့်စွာ ပြောတာပါ။ 

လူကြီးဟာ ပြုံးကာ - 

“ကောင်လေး ၊ ငါ မင်းရဲ့ လျို့ဝှက်ချက်ကို မမေးပါ ဘူး။ မင်းတခြား ကျင့်စဉ်တွေ ကျင့်တယ်ဆိုတာ သိတယ်။ ၎င်းတို့ဟာ ကောင်းပေမဲ့ သိပ်မပြည့်စုံသေးဘူး။ ဒီ ထိုက် ကျိ နတ်နဂါးကျင့်စဉ်ရဲ့အကြွင်းအကျန် သာသာ လောက်ပဲ ရှိမယ်။ ဒါပေမဲ့ သိပ်မကြာခင် မင်းနားလည် သွားမှာပါ”

ချန်ရှန် ခေါင်းညိမ့်ကာဖြင့် သူ့ကို သင်ပေးရန် မေးမြန်း ကာ နေပါတော့တယ်။ 

လူကြီးတစ်ယောက် နဲ့ လူငယ် တစ်ယောက်ဟာ နက်နဲလှတဲ့ ချောက်ကမ်းပါးကြီးထဲမှာ ရှိနေကြတယ်။ လူကြီးဟာ ခက်ခဲလှတဲ့ သိုင်းကျင့်စဉ်များအား ကျားကုတ် ကျားခဲ သင်ကြားပေနေလျက် ရှိပါတယ်။ 

တစ်လလောက် ကြာပြီးနောက်မှာတော့ ချန်ရှန်ဟာ ထိုက်ကျိနတ်နဂါးကျင့်စဉ်ကို ဖန်တီးနိုင်ရန် ခေါင်းထဲမှာ သေချာ မှတ်မိနေပြီ ဖြစ်ပါတယ်။ ဒီကျင့်စဉ်ကို ပြုလုပ်ရန် အရေးကြီးဆုံး လိုအပ်ချက်ကတော့ ယင် နဲ့ ယန် သွေး ကြောများ ရှိရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကျင့်စဉ်ကို လူ များစွာဟာ လိုချင်နေကြတုန်းပါ။ သူတို့ဟာ ပြည့်ဝစွာ အသုံးပြုနိုင်မည်မဟုတ်ပေမဲ့ ဒါကို အသုံးပြုကာ တခြား သိုင်းစွမ်းရည်များအား ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ ထိုက်ကျိ ကျင့်စဉ်လို မျိုးပါ။ 

ကွင်းအတွင်းမှ စုမေးယို နဲ့ ဘိုင်ယုယုတို့ဟာလည်း ဒီ ကျင့်စဉ်ကို သိသွားကြပါတယ်။ ၎င်းတို့ဟာ မလေ့ကျင့်နိုင် ပေမဲ့လည်း ဒီကျင့်စဉ်အရ တခြားကျင့်စဉ်များကို ဖန်တီး နိုင်မှာ ဖြစ်ပါတယ်။ ဒီ ဖြစ်စဉ်ဟာ အရမ်းကို ခက်ခဲ လှသော်လည်း သူတို့ဟာ ကွင်းအတွင်း မှာ ဘာမှလုပ်စရာ မရှိသဖြင့် အချိန်တိုင်း လေ့ကျင့်နိုင်မှာပါ။ 

“မှတ်ထားပါ။ ခုကစပြီး မင်းရဲ့လေ့ကျင့်တဲ့ နည်းလမ်း ကို ငါ ပြင်ပေးမယ်။ ကံကောင်းစွာပဲ မင်းဟာ စစ်မှန်သော သိုင်းပညာနယ်ပယ်ကို မရောက်သေးဘူး။ မဟုတ်ရင် အစဉ်ပြေမှာ မဟုတ်ဘူး”

ဟွမ်ဂျိရှန် အရူးတစ်ယောက်လို ရယ်မောကာ ပြော လိုက်ပါတော့တယ် . . .။





Chapter – 110 

#ငရဲ


ချန်ရှန် သူ၏ ကျင့်နည်း ကို ပြင်ပေးမယ် ဆိုတဲ့အခါ စိုးရိမ်မိသွားတယ်။ သူ့စွမ်းအင်တွေ များလာတာနဲ့ အမျှ နာကျင်မှုက ပိုများမယ်ဆိုတာ သိနေလို့ပါပဲ။ 

ရူးသွပ်စွာ ရယ်နေတဲ့ လူကြီးဟာ ရုတ်တရက် ပဲ -

“အခု ငါမင်းကို သင်ပေးမယ် ၊ မင်း စစ်မှန်တဲ့ သိုင်းပညာ နယ်ပယ်ကို ရောက်ရင် မင်းရဲ့ ချီဓာတ်ကို လေ့ ကျင့်တဲ့ နည်းလမ်းဟာ တခြားလူနဲ့ ကွာခြားနေတာကို တွေ့ရလိမ့်မယ်”

“ထိုက်ကျိ နတ်နဂါး ကျင့်စဉ်ဟာ အရာအားလုံးက ို ဖုံးလွှမ်းထားတယ်။ မင်းကောင်းကောင်း လေ့ကျင့်ပြီးရင် လက်သီးထိုးပုံထိုးနည်း ၊ ခြေကန်နည်း ၊ ပုံဆောင်ခဲ ထုတ် နည်း ၊ ဓားတို သုံးနည်း ၊ ဓားရှည်သုံးနည်း စတဲ့ နည်း အမျိုးမျိုးကို လုပ်နိုင်သွားလိမ့်မယ်။ နောက်ပြီး အဲဒါတွေ ဟာ ကြမ်းမယ် ပျော့မယ် ၊ အေးမယ် ပူမယ်။ မြန်မယ် နှေး မယ်။ မင်းရ ဲ့ အတွင်းအပြင် အင်အားတွေ ဟာ ဒီလို နည်း နဲ့ နဂါးအားအင်ကို ပြောင်းလဲသွားမှာပဲ။ ဒီစွမ်းအားဟာ မင်း မြင်ခဲ့တဲ့ စွမ်းအားလိုပဲ ဖြစ်နေလိမ့်မယ်”

“ငါပထမဆုံး စစ်မှန်သော သိုင်းပညာနယ်ပယ် အကြောင်း ပြောချင်တယ်။ နောက် ဒီနယ်ပယ်က ကျင့်စဉ် တွေပေါ့။ မင်း ကမ္ဘာကြီးရဲ့ ဝိဉာဉ်တော် ချီဓာတ် တွေကို အဆက်မပြတ် စုပ်ရင် မင်း စစ်မှန်သော ချီဓာတ် အဖြစ် သန့်စင် နိုင်လိမ့်မယ်။ နောက် အဲဒါတွေကို စွမ်းအင် သိုလှောင်ရာမှာ ဖိနှိပ်မယ်။ အဲဒိအခါ ချီဓာတ်တွေဟာ ပုံသွင်းသလို ဖြစ်သွားပြီး အရည်အသွေး ကောင်းမွန်လာ မယ်။ ဒါကြောင့် ထုတ်လွှတ်တဲ့အခါလည်း ပိုမို စွမ်းအား ပြင်းထန်နေမှာပဲ။ စစ်မှန်သော နယ်ပယ်ကို အချိန်ကြာကြာ ဖြတ်သန်းပြီးသွားရင် အဆင့် ၈၁ ခုကို ဖြတ် သန်းနိုင်သွားလိမ့်မယ်။ ဒါပေမဲ့ ငါတို့ဟာ ချီဒြပ်စင် ၅ ခု ကို အသုံးပြုနိုင်တဲ့အတွက် ငါတို့သုံးတဲ့ ချီဓာတ်ပုံစံ ဟာ တခြားလူထက် ငါးဆ တောင် သာလွန်နေလိမ့်မယ်”

ချန်ရှန် ဒီ အကြောင်းကို သိပါတယ်။ စစ်မှန်တဲ့ နယ်ပယ်ကို ရောက်ရင် ကျင့်ကြံသူဟာ ချီဓာတ် ပုံစံ ၉ ခု ကို ပြုလုပ်နိုင်မှာဖြစ်ပြးီ ၎င်း ၉ ခု အား ၁ ခုတည်းအဖြစ် ပေါင်း စည်းနိုင်ပါတယ်။ ထိုချီဓာတ်ပုံစံ တစ်ခုမှ တခြား ပုံစံ ၈ ခု အား ထပ်မံပြောင်းလဲကာ ထို ၉ ခုဟာလည်း တစ်ခုထဲ ထပ် မံ ပေါင်းစည်းနိုင်ပါတယ်။ 

ချီဓာတ်ပုံစံတွေ ပေါင်းစပ်တိုင်း အဆင့်တစ်ခုတိုးမှာ ပဲ ဖြစ်တယ်။ စုစုပေါင်းဟာ ၉ ဆင့် ရှိတာဖြစ်ပြီး တဆင့်ထက် တဆင့် ပိုမိုခက်ခဲနေမှာပါ။ 

လူကြီးဟာ တခဏမျှ ရပ်နားကာ ဆက်ပြောတယ်။ 

“ဒါပေမဲ့ ငါတို့ လေ့ကျင့်နည်းက ကွဲပြားခြားနား တယ်။ ငါတို့ဟာ အဓိကအားဖြင့် ချီဓာတ်ပုံစံတွေကို မဖိနှိပ် ရဘူး။ ဒါပေမဲ့ ငါတို့ဟာ ချီဓာတ်ပုံစံ ၅ ခုကိုနည်းနည်း ချင်း ငါတို့ စွမ်းအင်သိုလှောင်ရာထဲမှာ လည်ပတ်စေက မှာ ဖြစ်တယ်။ အဲဒိ ချီဓာတ်ပုံစံ ၅ ခုရဲ့ ဒြပ်စင်အစေ့လေးတွေ ကို လုပ်ရမှာပေါ့”

“ဒါကြောင့် ပြောချင်တာက မင်း မှာ အခု အသက်ဝင် လှတဲ့ ချီဓာတ်ပုံစံ ၅ ခု ရှိနေတယ်။ မင်း နတ်နဂါး ကျင့် စဉ်ကို မှန်မှန်ကန်ကန် လုပ်မယ်ဆိုရင် စစ်မှန်တဲ့ သိုင်းပ ညာ နယ်ပယ်ကို ရောက်သွားလိမ့်မယ်။ ပုံစံ ၅ခုကို ရှင်းလင်းစွာ မြင်နိုင်လိမ့်မယ်။ အဲဒိအထဲမှာမရေတွက်နိုင် တဲ့ ဒြပ်စင်အစေ့လေးတွေ ပါဝင်တယ်။ အဲဒိ တစ်စေ့ ဟာ စစ်မှန်သော ချီဓာတ် ပုံစံ တစ်ခု နဲ့ ညီတယ်။ ဒီအချိန်မှာ မင်းဟာ ချီဓာတ်တွေ အဆက်မပြတ် စုပ်ယူနိုင်ပြီး ဒီ အစေ့ လေးတွေကို အလင်းရောင် ပေးနိုင်ရင် အောင်မြင်တဲ့ ပုံစံ တစ်ခု လုပ်ယူနိုင်မှာပဲ ဖြစ်တယ်”

ချန်ရှန် ခေါင်းညိမ့်ကာဖြင့် -

“ဒီ ချီဓာတ် ပုံစံ ၅ ခုထဲက ဒြပ်စင်အစေ့လေး ၉ ခုကို အလင်းရောင်ပေးနိုင်ရင် စစ်မှန်သော သိုင်းပညာနယ်ပယ် နဲ့ နီးနေပြီပေါ့”

မကြာခင်မှာပဲ ကြောက်စရာ အော်သံများဟာ တွင်းနက်ကြီးအတွင်း ထွက်လို့နေပါတယ်။ ဒီလိုအသံများ ထွက်နေတာ တစ်နှစ်လောက်ကို ကြာပြီ ဖြစ်တယ်။ 

ချန်ရှန်ဟာ သူ၏ ဆရာ၏ စွမ်းအားလိုမျိုး သူ့စွမ်းအင် သိုလှောင်ရာမှာ လည်ပတ်စေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါ ဘူး။ ကြိုးစားအားထုတ်ရင်း နောက်ဆုံးမှာတော့ ဒီလိုနည်း ကို ရှာဖွေနိုင်လိုက်ပါပြီ။ 

ချန်ရှန် သူဆရာ သူ့ကို ပြုပြင်ပေးမယ် မပြောခင်တုန်း က သူ့မှာ အရမ်းကောင်းတဲ့ နည်းလမ်း ရှိမယ်လို့ ထင်ခဲ့ တာပါ။ ဒါပေမဲ့ ခုတော့သူ့ဆရာကို ကောင်းကောင်း နားလည်သွားပါပြီ။ တကယ်ကို ကြိုးစားအားထုတ်ခဲ့ရတာ ဖြစ်ပြီး ဒီတစ်နှစ်တာ ကာလဟာ သူ့ အတွက် ငရဲ လိုပါပဲ။ 

ရယ်သံကြီး ထွက်ပေါ်လာပြီး ချန်ရှန်ဟာ သက်ပြင်း ချ လိုက်မိတယ်။ အဘယ်ကြောင့်ဆိုသော် သူ့ဆရာ၏ အား ထုတ်မှုဟာ အောင်မြင်သွားပါပြီ။ 

“ဆရာ ကျွန်တော့အပေါ် မစဉ်းစားပဲ ဘယ်လိုကြိုးစား ခဲ့တာလဲ ၊ အပုံ တစ်သန်း မှာ တစ်ပုံ ပဲ အောင်မြင်နိုင်တဲ့ အခွင့်အရေးရှိတာမလား”

ချန်ရှန် ပြုံးပြီးမေးလိုက်တယ်။ ဒီနှစ်ထဲ သူဟာ ပုံသွင်း ထားတဲ့ ရွံ့စေးလိုပါပဲ။ 

လူကြီးက ရယ်မောကာဖြင့် - 

“ငါဘယ်လို ကျရှံ ုးမလဲကွ ၊ ခု က မအောင်မြင်လို့လား”

ချန်ရှန် အံကြိတ်ကာ ပြန်ပြောလိုက်တယ်။ 

“ဆရာ က ဒီလို အခွင့်အလမ်းနည်းတာကို ကြိုးစားခဲ့ တာ အရေးမကြီးဘူး။ တကယ်လို့ မအောင်မြင်ခဲ့ရင် ကျွန် တော် ဘာဖြစ်သွားမယ်လို့ မတွေးဘူးမလား”

ချန်ရှန် ဒီကိစ္စကို သိပ်ဘဝင်မကျပါ။ အဘယ်ကြောင့် ဆိုသော် သူသာ ကျရှုံးပါက တစ်ခုခု ချို့ယွင်းသွားနိုင်တာ ကြောင့်ပါပဲ။ 

“အရူးပဲ ၊ ငါမှ မရှုံးနိုင်တာ ဘာလို့ ငါက စဉ်းစားနေရ ဦးမှာလဲ”

လူကြီးက မာန်မဲ လိုက်တယ်။ သူဒီလူကြီးကို အတိုက် အခံမလုပ်သင့်ေ ပ။ သူ့ဆရာဖြစ်သည့်အပြင် တစ်ခုခု အစွမ်း သုံးလိုက်ပါက ချန်ရှန် မတတ်နိုင်သောကြောင့်ပါပဲ။ 

ချန်ရှန် သူ၏ စွမ်းအင်သိုလှောင်ရာမှာ လင်းလက်နေ တဲ့ နတ်သားရဲ ငါးကောင်ကို ကြည့်နေရင် စိတ်ထဲ အံ့အားသင့်နေတယ်။ ၎င်းတို့ထဲမှာ သေးငယ်လှတဲ့ ဒြပ် စင်လေးတွေ ရှိနေကြတယ်။ ဒီအရာတွေဟာ အဆင့် ၁၀ ပညာရှင်၏ ဖိနှိပ်ထားမှုကြောင့်ဖြစ်ပြီး သူသာ လုံး၀ အလင်းပေးလိုက်ပါက သားရဲငါးကောင်ဟာ များစွာသော ချီ ဒြပ်စင်လေးများ ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူ မရေတွက်နိုင်လှတဲ့ စစ်မှန်သော ချီဒြပ်စင်လေးများ လိုအပ်နေတယ်။ ဒီအချက်ကြောင့် ရင်ထဲ အံ့သြသွားတာ ပါ .။ 

“ဆရာ ၊ ဆရာက အကုန်လုံးကို အလင်းရောင် ပေးပြီး ပြီလား”

ချန်ရှန် မေးလိုက်တယ်။ 

“ငါသာ အကုန်လုံးကို ပေးပြီး ရင် ဒီမှာမနေတော့ဘူး ၊ ငါ့သားရဲ ငါးကောင် ပုံစံတွေကို ထောင်ဂဏန်းလောက်ပဲ အလင်းပေးရသေးတယ်ကွ”

လူကြီးက ပြန်ပြောပါတယ်။ 

ထောင်ပေါင်းများစွာသော ချီဒြပ်စင်အစေ့များ တဲ့ ၊ ဘယ်လောက်တောင် ကျင့်ကြံခဲ့လည်း မသိနိုင်တော့ပါ။ ချန်ရှန် ခုကြာမြင့်စွာ ကျင့်ခဲ့တာတောင် အစေ့ ၅ စေ့ပဲ ရနိုင် ပါသေးတယ်။ 

“ဟုတ်ပြီ ၊ အခု မင်းရဲ့ ကျင့်နည်း က မှန် သွားပြီ။ နောင်မှာ မင်းရဲ့ ကျင့်စဉ်အတွက် ထိုက်ကျိနတ်နဂါးကျင့် စဉ် လမ်းညွှန်မှုကို လိုက်နာရမယ်။ အဲဒါက နဂါးကြီးရဲ့ အားကွ ၊ ဒါပေမဲ့ မင်း ဒါကို မသုံးသင့်သေးဘူး။ ယေဘူ ယျ အားဖြင့် မင်း ဟာ အဆင့်နိမ့်ချီငွေ့ကိုသာ သုံးပါ”

လူကြီးက ပြင်းပြင်းထန်ထန် တိုက်တွန်းပါတယ်။ 

ထိုက်ကျိ နတ်နဂါး ကျင့်စဉ်နည်းလမ်းနဲ့ ထိုက်ကျိ နတ် အတွင်းအားကျင့်စဉ် တို့ဟာ တူတူပါပဲ။ ဒါပေမဲ့ နတ်နဂါး ကျင့်စဉ်မှာ တခြား ကျင့်စဉ်တွေ များစွာပါဝင်ပြီး လှုပ်ရှားမှုတွေဟာလည်း သိမ်မွေ့လှပါတယ်။ 

၎င်းဟာ သူ၏ အရင်ကျင့်ကြံထားသော နတ်အတွင်း အားသင်္ကေတ ၄ ခုအပေါ် အကျိုးသက်ရောက်မှု မရှိပါချေ ၊ ဒါ့အပြင် ယခုသူ၏ ချီဓာတ်များဟာ တော်တော် အား ကောင်း နေပြီပဲ ဖြစ်ပါတယ်။ 

“တစ်နှစ် ကြာတော့ ငါအခု ၁၈ နှစ်ပြည့်ပြီပေါ့ ၊ တစ်နှစ် သာကြာပေမဲ့ ငါ့မှာ နှစ်တစ်ရာလောက် နေလိုက် ရသလိုပဲ”

ချန်ရှန် ရေရွတ်မိပါတယ်။ ဒီတစ်နှစ်အတွင်း သူဟာ ငရဲတမှ ျ ခံစားခဲ့ရတာပါ။ 

“မင်းထွက်သွားရင် ငါ့ရဲ့ ပညာသင် တပည့် ၃ ယောက် အပြင် ဘယ်သူ့ကိုမှ ငါ့တပည့် ဆိုတာ မပြောပါနဲ့”

လူကြီးက မှာကြားနေပါတယ်။ 

“မစိုးရိမ်ပါနဲ့ ဆရာ ၊ ကျွန်တော် မှတ်မိပါတယ်။”

ချန်ရှန် နုတ်ခမ်းများကို ကိုက်ကာ ပြောလိုက်ပြီး - 

“ဒါနဲ့ ၊ ကျွန်တော် အခုထွက်လို့ ရနိုင်မလား ၊ ဂိုဏ်းချုပ် က ဘယ်တော့ ထွက်လာမလဲ မသိသေးဘူး”

“ဒါနဲ့ ဆရာ ၊ ဆေးဆရာမကြီးရဲ့ နောက်ကြောင်းက ဘယ်လိုရှိလဲ။ သူမနာမည် မသိပေမဲ့ ဆေးပညာမှာ တော့ တော်တော် စွမ်းအားကြီးလှတယ်။”

ချန်ရှန် မေးလိုက်ပါတယ်။ ဒီတစ်နှစ်အတွင်း သူဟာ ဒီ စကားကို ခဏခဏ မေးခဲ့တယ်။ ဒါပေမဲ့ ဆရာဖြစ်သူမှ သူအောင်မြင်တဲ့အခါမှသာ ပြောမယ်ဆိုတာကြောင့်ပါ။ 

“သူမဟာ ခရမ်းရောင် လကမ္ဘာက လာတာပဲ ၊ သူ့ မှာ ခရမ်းရောင်လဝိဉာဉ်တော် ရှိနေတယ်။ သူမဟာ ဆေးပညာရှင် တစ်ယောက်လည်း ဖြစ်တယ်။ သူမကို ခရမ်းရောင်လကမ္ဘာက လူတစ်ယောက်က လိုက်လံ သတ် ဖြတ်နေတယ်။ ဒါကြောင့် သူမဟာ တခြားမသွားပဲ ဒီမှာ လာနေတာပဲ။ သူမကိုယ်သူမ ထုတ်ဖော်မပြသတတ်ဘူး ၊ ခုတော့ သူမနဲ့ မင်းဟာ ဆရာတူ တူဝရီးတွေပေါ့”

ဆရာဖြစ်သူ က ရှင်းပြပါတယ်။ သူ၏ ပုံစံမှာ ထိန်ချန် ထားသော အရာများလည်း ရှိသေးပုံပါပဲ။ 

ချန်ရှန် လျို့ဝှက်စွာ ပြုံးမိတယ်။ ပြင်းထန်သော သိုင်း ပညာဂိုဏ်း၏ ထိပ်သီး ၃ ယောက်နဲ့ သူဟာ ဆရာတူ တူဝရီး များ ဖြစ်နေကြပါပြီ။ သူ့ကိုယ်သူလည်း ကျေနပ်မိ တယ်။ လူကြီးမှ ခေါင်းခေါက်ကာဖြင့် - 

“ကျင့်စဉ်ကို အာရုံစူးစိုက်စမ်း ၊ မင်းရဲ့ သားရဲ ငါးကောင် ပုံကို ပိုမိုကြီးထွားလာအောင် လုပ်ရမယ်။ မင်း ၎င်းတို့ ကို ပြင်းပြင်းထန်ထန် အလင်းပေးနိုင်တာနဲ့ စစ်မှန်သော သိုင်း ပညာနယ်ပယ် ကို ရောက်ပြီ”

ချန်ရှန် လည်း သူ၏ စွမ်းအင် သိုလှောင်ရာရှိ သားရဲ ငါး ကောင်ကို ကြည့်လိုက်တဲ့အခါ ချီဒြပ်စင်အစေ့များစွာ လို အပ်နေတာကို တွေ့လိုက်ရတယ်။ ဒါကိုကြည့်ရင် စစ်မှန် သော သိုင်းပညာနယ်ပယ် နဲ့ နည်းနည်းဝေးသွားသလို ခံ စားလိုက်မိတယ်။ 

ဒီအောက်မှာတော့ ချန်ရှန်ဟာ ဆေးပညာနဲ့ ပတ်သက် ပြီး ဘာမှ မတွေးနိုင်ပါ။ ကံကောင်းစွာပဲ ဝိဉာဉ်တော် ချီ ဓာတ်များဟာ ကြွယ်ဝစွာ ရှိနေပြီး သူအေးဆေး စုပ်ယူ နိုင် ပါတယ်။ တနေကုန် ဘာမှကို မလုပ်နိုင်ပါဘူး။ အဘယ် ကြောင့် ဆိုသော သူ၏ ဆရာမှ အမြဲတစေ စောင့်ကြည့်နေ လို့ပါ။ နည်းနည်းလေး ပျင်းတဲ့ အရိပ်အယောင် ပြတာနဲ့ အရိုက်ခံရပါတော့တယ်။ 

တစ်နှစ်လောက် ထပ်ကြာတဲ့ အခါမှာတော့ ချန်ရှန် ဟာ မိုးပြာနဂါးနဲ့ အနီရင့်ငှက်တို့၏ စစ်မှန်သော ချီဒြပ်စင် များကို အလင်းပေးနိုင်သွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် သူ ဟာ အဖြူရောင်ကျားအတွက် ကျင့်ကြံပါတော့တယ်။ 

ဒီအချိန်မှာပဲ အသံတစ်ခု နားထဲကြားလိုက်တယ်။ 

“ချန်ရှန် ၊ မင်း ခု လာနိုင်ပြီ ၊ မင်းဟာမင်း နည်းလမ်းရှာပြီး တက်ခဲ့ပါ။ ဒီ တားမြစ်နယ်ရဲ့ ကန့်သတ်ချက်တွေကို မြင့်လိုက်ပီ”

ဒီအသံ၏ ပိုင်ရှင်ကတော့ ဆရာကြီး ဝု ပင် ဖြစ်ပါတော့ တယ် . . .။

















Chapter - 111

#ဆရာတူဦးလေး


ယခု တွင်းနက်ကြီးထဲကို ဝင်ပြီးနောက်မှာ စွမ်းအင်များ ဟာ ထိန်းချုပ်ခြင်း ခံထားရပြီး ပျံသန်းလို့လည်း မရပါဘူး။ ဂိုဏ်းချုပ်ဟောင် ဟွမ်ဂျိရှန် တောင် တကယ်ကို ဘာမှ မလုပ်နိုင်ပါ။ ယခုအခါ ကန့်သတ်နယ်မြေ၏ ထိန်းချုပ်မှု များဟာ ဂိုဏ်းချုပ်သစ်၏ စီမံမှုအောက်မှာ ရောက်နေတာ ပဲ ဖြစ်ပါတယ်။ 

ဆရာကြီး ဝု ၏ စကားကို ကြားတဲ့အခါ ချန်ရှန် တော် တော် ပျော်သွားပါတယ်။ သူ့ဘ၀ တစ်ခုလုံးကို ဒီ တွင်းကြီး ထဲမှာ အချိန်မကုန်ချင်ပါ။ 

“ဆရာ ၊ ကျွန် . . .”

စကားပင် မဆုံးလိုက်ပါ။ သူ၏ တင်ပါးမှာ နာကျင်မှု တစ်ခု ခံစားလိုက်ရပြီး သူ့ကိုယ်လည်း လွင့်ထွက်သွားပါ တယ်။ သူ့ကို လေထဲကန်လိုက်တာဟာ ဟွမ်းဂျိရှန် ဖြစ် တာကြောင့် သူတော်တော် အံ့သြသွားတယ်။ 

ချန်ရှန် ဟာ စကားလုံးတွေ အများကြီးတွေးထားတာပါ ၊ ဆရာကို ပြန်ခါနီး သေချာ ဂါရ၀ ပြုကာ နှုတ်ဆက်မယ်လို့ တွေးထားပေမဲ့ အခုတော့ သူ့အစီစဉ်တောင် မချလိုက် ရသေးခင်မှာပဲ သူ့ဆရာက တစ်ချက်ပြီး တစ်ချက် ကန်နေ တာကြောင့် သူပင် ဒေါသနည်းနည်း ထွက်သွားပါတော့ တယ်။ 

ဒီလိုနဲ့ ချန်ရှန်ဟာ အရှိန်ပြင်းစွာဖြင့် တက်လိုက်ကျ လိုက် ဖြစ်နေပြီး နောက်ဆုံးတစ်ချက် ကန်ခြင်းကို ခံလိုက် ရတဲ့ အခါမှာတော့ အပြင်ရောက်သွာပါပြီ။ သူလည်း တော်တော့ကို နာကျင်လျက် ရှိပါတော့တယ်။ 

ချန်ရှန် ကတုံး နဲ့ လူကြီးတစ်ယောက် ပျော်ရွှင်သော မျက်နာထားဖြင့် သူ့ဆီ လျှောက်လာတာကို တွေ့လိုက်ရပါ တယ်။ 

“ကောင်းတယ်ဟေ့ ၊ မင်း ထွက်လာမယ်လို့ မမျှော်လင့် မိခဲ့ဘူး”

ဆရာကြီး ဝု က ပြောတာပါ။ 

ဆရာကြီး ဝု နဲ့ အတူ လူတစ်ယောက်လည်း ပါပါတယ် ၊ ထိုလူဟာ အသက်ငယ်ငယ် သာ ရှိသေးကာ သာမန် ထက် ထူးခြားလို့နေတယ်။ ချောမောလှပပြီး မီးခိုးရောင် ဝတ်ရံုံကို ဝတ်ဆင်ထားကာအပြုံးတစ်ခု ကို သူ၏ မျက်နာ ပေါ်တွင် မြင်နေရပါတယ်။ ချန်ရှန် အကြည့်တစ်ချက်နဲ့ပင် ဒီလူ ဟာ ဂိုဏ်းချုပ် ဂုဒွန်ချန် ဆိုတာ သိလိုက်တယ်။ 

“ဟဲဟဲ ၊ ဂိုဏ်းချုပ်ကို အရိုအသေ မပေးသေးဘူးလား”

ဆရာကြီးဝု ရယ်မော ပြောဆိုလိုက်တယ်။ 

ဂိုဏ်းချုပ်ဟာ ဒီလို ငယ်ရွယ် ချောမောတဲ့ လူဖြစ် မယ်လို့ ချန်ရှန် မထင်မိခဲ့ပါ။ ချန်ရှန် ရုတ်တရက်ခံစား မိ လိုက်တာက ဂိုဏ်းရဲ့အချောဆုံးစာရင်းမှာဆိုပါက ဒီလူ ပထမရလောက်တယ် လို့ ပါပဲ။ 

ချန်ရှန် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တယ်။ ထို့ နောက် မတ်တပ်ရပ်ပြီး ဖုန်များကို ခါကာ အပြုံးဖြင့် - 

“အောက်မှာ ကျွန်တော် ဘယ်သူနဲ့တွေ့ခဲ့တယ် ထင် လဲ ဗျ”

“ခန့်မှန်း ခိုင်းနေသေးတုန်းပေါ့ ၊ ဟုတ်ပြီ ဟို လူအိုကြီး လား။မင်းကို တော့ မနှိပ်စက်ဘူးမလား”

ဂိုဏ်းချုပ် နည်းနည်း မျက်လုံးပြူးသွားတယ်။ အဘယ် ကြောင့်ဆိုသော် ချန်ရှန်ဟာ သူ့ကိုတောင် မနှုတ်ဆက်ပဲ ချန်ရှန် ပုံစံမှာ အရိုအသေပေးဖို့ စိတ်မဝင်စားပုံပင်။ 

ချန်ရှန်လည်း လျှို့ဝှက်စွာ ပြုံးပြီး - 

“အဲဒိ လူအိုကြီးက ကျွန်တော့ကို သူ့တပည့်အဖြစ် လက်ခံခဲ့တယ်။ စီနီယာ အနေနဲ့ စဉ်းစားမယ်ဆို ခင်ဗျား သာ ကျွန်တော့ကို ဦးလေးလို့ ခေါ်ပြီး အရိုအသေ ပေးသင့် တာ မဟုတ်ဘူးလား”

(ယခု နေရာဟာ အနည်းငယ် ရှုပ်သွားနိုင်ပါတယ်။ ယခု ဂိုဏ်းချုပ် ၊ ဆေးဆရာမကြီး နှင့် ဆရာကြီး ဝု တို့ဟာ ပညာသင်မြေးအဆင့်လို့ ဖော်ပြခဲ့ပါတယ်။ တကယ်တော့ ပညာသင် မြေးဆိုတာ ဟွမ်ဂျိရှန် ဆီမှာ တိုက်ရိုက် ပညာ သင်ခဲ့ကြရတာ မဟုတ်ပေ။ ၎င်းတို့၏ ဆရာ များသာ ထို ဂိုဏ်းချုပ်ဟောင်း၏ တပည့်များ ဖြစ်တာပါ။ အဲဒိ အတွက် ဂိုဏ်းချုပ် ဟောင်းနဲ့ ယခု ၃ ယောက်ဟာ မြေးအဆင့်လို့ ပြောတာပဲ ဖြစ်တယ်။ ချန်ရှန် ကတော့ ဂိုဏ်းချုပ်ဟောင်း ဆီမှ တိုက်ရိုက်သင်ကြားခဲ့ရခြင်းအတွက် ဦးလေး ဟု သတ် မှတ်လိုက်ခြင်း ဖြစ်ပါတယ် )

ဆရာကြီး ဝု နဲ့ ဂိုဏ်းချုပ်တို့ တုန်လှုပ်သွားကြတယ်။ သံသယ လည်း နည်းနည်း ဝင်သွားကြပါတယ်။ ဂုဒွန်ချန် က တစ်ခုခု ပြောရန်ပြင်သောအခါ ချန်ရှန် မှ သွေးသစ္စာ စာ ရွက်ကို ထုတ်ပြကာ -

“တွေ့တယ်နော် ၊ ကျွန်တော် ခင်ဗျားတို့ကို ညာနေတာ မဟုတ်ဘူး”

ချန်ရှန် ပြုံးဖြီးဖြီးဖြင့် ပြောလိုက်တယ်။ တဖက်မှ ဆရာ ကြီး ဝု နဲ့ ဂိုဏ်းချုပ်တို့ဟာ စာချုပ်ကို မြင်ပြီး နောက်မှာ စိတ် ထဲမှ ကျိန်ဆဲနေကြတယ်။ 

“အေးဆေးပေါ့ ၊ လူရှေ့မှာတော့ ကျွန်တော်က ခင်ဗျား တို့ကို ဂိုဏ်းချုပ် ၊ ဆရာကြီး ဆိုပြီး ခေါ်မယ်။ ၁ ယောက်ချင်း ဆုံတဲ့အခါကျရင်တော့ ကျွန်တော့ကို ဦးလေး လို့ ခေါ်ကြပေ့ါ”

ချန်ရှန် ကျယ်လောင်စွာ ရယ်မောလိုက်တယ်။ သူ၏ ရယ်သံမှာ ဂိုဏ်းချုပ်ဟောင်း၏ ရယ်သံနဲ့ပင် တူနေပါသေး တယ်။ 

ဆရာကြီး ဝု နဲ့ ဂိုဏ်းချုပ်တို့ ချန်ရှန်ကို သေအောင် ရိုက်ချင်နေတယ်။ ဒါပေမဲ့ သူ့ ချန်ရှန် နဲ့ ဂိုဏ်းချုပ် ဟောင်းကို ကျိန်ဆဲနေမိတယ်။ ဒါပေမဲ့ တချိန်တည်းမှာ ပဲ အံံ့လည်း အံ့သြနေကြတယ်။ ဟွမ်ဂျိရှန် ၏ တပည့် ဖြစ် ဖို့ လိုအပ်ချက်တွေကို သူတို့ သိလို့ပါပဲ။ ထိုလူ ၏ တပည့် တစ်ယောက်ဆို ဆရာထက်ပင် အစွမ်းထက်သွားကာ ကောင်းကင်နယ်ပယ်ကိုပါ ရောက်လျက် ရှိနေတယ်။ ထိုလူဟာ ချန်ဝူ နယ်မြေတစ်ခုလုံး၏ ဒဏ္ဍာရီ သူရဲကောင်း ပါပဲ။ 

သူတို့ စိတ်ထဲ ချန်ရှန်တော့ အဖိုးကြီးဆီမှ နတ်ကျင့်စဉ် ရလာပြီဆိုတာ သဘောပေါက်သွားကြတယ်။ ကံဆိုးစွာ ပင် ၎င်းတို့ဟာတော့ ဒီလို နတ်ကျင့်စဉ်အား မကျင့်နိုင်ပါပေ ၊ သူတို့ လေ့ကျင့်ခဲ့ဖူးပြီးလို့ပါပဲ။ 

ဂိုဏ်းချုပ်ဟောင်း၏ တပည့်များကိုတော့ သူတို့ ၂ ယောက် တကယ်ကို လေးစားကြပါတယ်။ ဒါပေမဲ့ ယခု အသက် ၂၀ တောင် မပြည့်သေးသည့် ချာတိတ်လေးအား ဦးလေးလို့ ခေါ်ရမည့်အရာဟာ သူတို့အတွက် တော်တော် ခက်ခဲနေတာပါ။ ဒါပေမဲ့လည်း စီနီယာ ဆိုတဲ့အသိကို တော့ ဝန်ခံရပါပေမည်။ 

ချန်ရှန် လက်ကိုနောက်ပစ်လျက် လူကြီးတစ်ယောက် ကဲ့သို့ ၎င်းတို့ ၂ ယောက်အား ကြည့်နေတယ်။ ချန်ရှန် နေရာ တစ်ယောက်ယောက် သာဆိုပါက အဲဒိနေရာတင် ပင် အမှုန့် ဖြစ်သွားလောက်ပါတယ်။ 

“ခင်ဗျားတို့ လက်မခံရင်လည်း မေ့လိုက်ပါတော့ ၊ တကယ်လို့ နောင်အနာဂတ်မှာ ကျွန်တော့ စီနီယာ အကိုတွေ နဲ့ တွေ့ရင်တော့ ကျွန်တော် လဲ ခင်ဗျားတို့လို နေမယ် ၊ သူတို့မေးမှသာ အကျိုးကြောင်းပြောရမှာပဲ”

ချန်ရှန် ခေါင်းခါကာ သက်ပြင်းချလိုက်တယ်။ 

ဆရာကြီး ၀ ုတို့ တော်တော် တင်းနေကြပါပြီ။ 

ဆရာကြီး ဝု က ဝန်ခံရပါမယ်။ သူဟာ အနာဂတ်မှာ ကောင်းကင်အဆင့်ကို သွားနိင်ကောင်း သွားနိုင်ခဲ့ပါက သူ့ ဆရာနဲ့ တွေ့ပါလိ့မ်မယ်။ အဲဒိအချိန်မှာ ချန်ရှန်သာ သူ၏ ဆရာကို တခုခု ပြောထားပါက သူ့အတွက် တော်တော် ခက်ခဲမှာပါ။ သူ၏ ဆရာဟာ အရမ်းစည်းကမ်းတင်းကြပ် လှလို့ပါပဲ။

“ဦးရီးတော်လေး ၊ မင်းအခုကျေနပ်ပြီလား”

ဆရာကြီးဝု က ပြောပြီး ပြုံးကာ ဂိုဏ်းချုပ်အား ကြည့် လိုက်ပါတယ်။ 

“ဒါကို သာ အစောထဲက သိရင် ငါတို့မင်းကို လွှတ် မှာ မဟုတ်ဘူး။ အဲအခါကျ အောက်က လူကြီးနဲ့လည်း မင်းတွေ့လိမ့်မှာ မဟုတ်ဘူး”

ဂိုဏ်းချုပ်က ခပ်လှောင် လှောင် ပြောလိုက်တယ်။ 

“ဦးရီးတော်လေး ၊ မင်းခု အေးဆေးပဲမလား ၊ ဆရာမ ထွက်လာတာကို စောင့်ကြမယ်။ သူမင်းနဲ့ ဘယ်လို ဆက် ဆံမလဲ ကြည့်ကြစို့”

ချန်ရှန် သူ၏ မျက်နာမှာ ခပ်ပြုံးပြုံး အပြုံးတစ်ခု ဖြစ်ပေါ် သွားတယ်။ ၎င်းတို့ သူ့ကို ဒီလိုခေါ်နေတာကို နားထောင် ရင်း ကျေနပ်နေမိတယ်။ 

“ဒါက နောက်ကိစ္စပါ။ အေးဆေးပေါ့ ၊ ဘာပဲ ဖြစ်ဖြစ် သူမ လက်ခံခံ မခံခံ နောက်ဆုံးတော့ ခင်ဗျားတို့အားလုံး ဟာ ကျွန်တော့ရဲ့ တူလေးတူမလေးတွေပါ”

ချန်ရှန် ကျယ်လောင်စွာ ရယ်မော ပြောဆိုပါတယ်။ 

“ဟားးးဟားးဟားး ၊ ကတုံးလေး ၊ ငတုံးကောင်လေး . . .”

ဆရာကြီး ဝု တော်တော် ဒေါသထွက်နေတယ်။ သူ့ကို ဒီလိုခေါ်ဝံ့တာဟာ သူ့ဆရာနဲ့ ဂိုဏ်းချုပ်ဟောင်းတို့သာ ရှိတာပါ။ ဂိုဏ်းချုပ်ကတော့ တိတ်တိတ်ပဲ ရှိနေတယ်။ ဒီလို အသက် ၂၀ ဝန်းကျင်ကောင်လေးက သူ့တို့ရှေ့မှာပင် ဒီလို ခေါ်နေတာကြောင့် ချန်ရှန် တင်ပါးအား ကန်ချင်နေကြပါပြီ။ 

ချန်ရှန်ကို ထပ်မခေါ်ချင်တော့တာကြောင့် ဆရာကြီး ဝု နဲ့ ဂိုဏ်းချုပ်တို့ဟာ ခပ်မြန်မြန်ပဲ လျှောက်လာကြတယ်။ စက္ကန့် အနည်းငယ်အတွင်းမှာပဲ ၎င်းတို့ဟာ လျို့ဝှက်ဆန်း ကြယ် နယ်ပယ်ထဲမှ ထွက်လာကြပြီး ချန်ရှန်ကတော့ နေခဲ့ ကာ ခဏနားနေပါတယ်။ ထို့နောက်မှာတော့ အမှတ် ၅၀၀ ခြံဝန်းဘက်သို့ ထွက်လာပါတော့တယ်။ 

နေရောင်ခြည်ကို မြင်ရတာ သူ့ကိုသူ တဖန်ပြန်မွေးဖွား လာသလို ခံစားမိပါတယ်။ သူ့ပုံစံဟာ ပျော်နေပြီး သူ ကန့်သတ်နယ်မြေမှာ နေပြီး ကတည်းက သူ၏ အားအင် များဟာ တိုးပွားလာသလိုပါပဲ။ 

သိုင်းပညာခြံဝန်းကြီးဟာ ၂ နှစ်လောက် လူသူကင်းမဲ့ နေတာကြောင့် တိတ်ဆိတ်လို့နေတယ်။ ရှောင်ဒို နဲ့ ဇုရွန် တို့ကို စောင့်ရင်း ခုံတန်းရှည်ပေါ်မှာ လှဲလျောင်လျက် နေပူ ဆာ လှုံလျက် ရှိနေတယ်။ 

ပြန်လာပြီးနောက် ဆရာကြီးဝု ဟာ အတွင်းစည်း ဒုတိယစစ်ဆေးမှု အတွက် အလုပ်များလျက်ရှိတယ်ဆို တာ သိခဲ့တယ်။ အတွင်းစည်းကို ဝင်တဲ့ လူများစွာ ရှိ ပေမဲ့ အမှတ် ၅၀၀ ကို ဝင်တဲ့လူက မရှိသလောက်ပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ဟာ ဒီထက်မြင့်တာများ ကိုသာ ရွေးခဲ့ကြလို့ပါပဲ။ 

“ဒီမှာ တစ်ယောက်ယောက် ရှိလား ၊ မြန်မြန် ထွက်ခဲ့”

မာနခပ်ကြီးကြီး အသံတစ်ခုကို ကြားလိုက်ရတယ်။ မိန်းကလေး အသံပါပဲ။

ချန်ရှန် ကြားပေမဲ့ အာရုံမစိုက်ပဲ အရိပ်ထဲရှိ ခုံတန်း မှာသာအိပ်လို့နေတယ်။ ကောင်မလေး ဘာလုပ်မလဲ သိချင်တာလဲ ပါပါတယ်။

မကြာခင်မှာပဲ တစ်ယောက်တည်း မဟုတ်တာကို သိလိုက်ရတယ်။ အုပ်စုလိုက်ကြီးပါ ၊ အားလုံးဟာ အလွန်ပဲ လှပကြပြီး ချန်ရှန်ဟာ မလှုပ်သေးပါဘူး။ 

“အမှိုက် ၃ ခုက ဒီလိုနေရာကြီးတစ်ခုကို အပိုင်စီးထား တယ်။ ဒီနေ့ ဒီမှာ ငါတို့နေကြမယ်။ ငါတို့ ညီမတော်တွေ ညီတော်တွေကို ရှင်းခိုင်းမယ်ဟေ့”

ခေါင်းဆောင်လာသူ မိန်းကလေးက ဆိုပါတယ်။ သူမ အသံဟာ စိတ်ကြီးဝင်ကာ မာနများဖြင့် ပြည့်နေသလိုပါပဲ။ 

“အမကြီး ၊ ဒီမှာ တစ်ယောက်ရှိနေတယ်”

ကောင်မလေး တစ်ယောက်ဟာ ချန်ရှန်ကို ညွှန်ပြကာ ပြောလိုက်တယ်။ 

ချန်ရှန်ကို တွေ့ပြီးနောက် သူတို့အားလုံးဟာ ချန်ရှန် နား ကို လျှောက်သွားကြတယ်။ တစ်စုံတစ်ယောက်သာ လူရာဂဏန်းလောက် ဝိုင်းပြီး လာနေတာကို မြင်ပါက ထိတ်လန့်သွားမှဖြစ်ပြီး ချန်ရှန် ကတော့ ဟောက်သံပင် စည်းချက် ကျကျ ထွက်နေပါသေးတယ်။ 

“ဟေးးးး ၊ ထစမ်း ၊ ဘယ်သူလာလဲ သိလား”

ကောင်မလေး တစ်ယောက် က ပြောပါတယ်။ 

ချန်ရှန် ဟာ မသိပါ။ ဒါပေမဲ့ထိုလူများထဲမှ အဝါ ရောင် ဝတ်ရုံဝတ် ကောင်မလေးဟာ လှပပြီး ခေါင်းဆောင် ဖြစ်ဟန် တူပါတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ သူမ အလှဟာ ရွှီရှန်းရှန်း နဲ့ ကွင်းထဲမှ ညီမ ၂ ယောက်ကိုတော့ မမှီသေးပေဟု ကောက်ချက်ချလိုက်မိတယ်။ 

ချန်ရှန် အိပ်ချင်မူးတူးနဲ့ အိပ်ချင်ယောင် ဆောင် နေ တာကို ကြည့်ရင်း ကောင်မလေး မှ ဒေါသတကြီးဖြင့် - 

“ဒီလိုနေရာမှာ နေနေရတာ အံ့သြစရာ မရှိဘူး ၊ သူတို့ ဟာ အိပ်ဖို့ပဲ သိကြတာကိုး”

ပြောပြီးနောက်မှာတော့ သူမဟာ ချန်ရှန် ၏ ရင်ဘတ် ကို ရိုက်လိုက်တယ်။ သူမ၏ အားဟာ ပျော့လှပါတယ်။ ဒါပေမဲ့ သူမရိုက်ပြီးတဲ့အခါ သူမကို ထူးဆန်းတဲ့ ဆွဲ ဆောင်မှုတစ်ခုမျိုး ချန်ရှန်ရင်ဘတ်မှ စုပ်ယူလိုက်သလို ခံ စားလိုက်ရတယ်။ 

“မင်း . . . မင်းးး ၊ နေ့ခင်းကြောင်တောင်မှာတောင် ယောကျာ်းလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက် လုပ်တယ်ပေါ့။ တော်တော်ဆိုးတဲ့ ကောင်မလေး ဘယ်က လာတာလဲ”

ထိုအချိန်မှာပဲ ချန်ရှန်ဟာ မျက်စိဖွင့်ကာ အော်ပြော လိုက်ခြင်း ဖြစ်ပါတော့တယ် . . .။




Chapter – 112

#ပထမအလှ


ကောင်မလေး လန့်သွားတယ်။ ဘယ်လိုဖြစ်သွားမှန်း သူမ မသိလိုက်ဘူးဖြစ်နေတယ်။ သူမ လက်ကို ချန်ရှန် ဆီ မှ ဖယ်တဲ့အခါ သိပ်လှုပ်မရသလိုကို ဖြစ်နေတာကြောင့် အံ့အားသင့်သွားပါတယ်။ ချန်ရှန် ကို နှိပ်ပေးမိသလိုကို သူမ လက်အား စုပ်ယူနေသယောင် ဖြစ်နေတာပါ။ 

“မင်းလက်ကို မဖယ်သေးဘူးလား ၊ ငါ့ကို ဘယ် လောက် ကြာကြာ ထိထားဦးမှာလဲ။ ငါ့ရင်ဘတ်က ဟာ က မင်းထက်ကြီးတယ်လို့ ခွဲခြားဖို့ ကြိုးစားနေတာလား”

ချန်ရှန် ရှက်ချင်ယောင်ဆောင်လိုက်တာကြောင့် ကောင် မလေး မျက်နာ ရဲခနဲ ဖြစ်သွားပါတော့တယ်။ 

ဘေးက ကောင်မလေးတွေလည်း အံ့သြသွားကြတယ် ၊ ဒီကောင်မလေး ဒီလို လုပ်လိမ့်မယ်လို့ မထင်မိဘူးလေ။ လူများစွာရှေ့မှာ သူမဟာ ချောမောလှပတဲ့ ကောင် လေး ၏ ရင်အုံအား ဆုပ်ကိုင်နေလို့ပါပဲ။ ဒါတင်မက နှိပ် ပေးသလို ဆုပ်နယ်နေတာပါ။ 

ချန်ရှန်လဲ အချိန်ကျ ပြီဆိုတာကို သိသောကြောင့် သူ၏ စွမ်းအားကို ပြန်သိမ်းလိုက်သဖြင့် ကောင်မလေး လက်ကို လှုပ်လို့ရသွားပါပြီ။ ကောင်မလေး သူ့ကို ဝိုင်း ကြည့်နေတယ့်လူများစွာ ကို တွေ့တဲ့အခါ တော်တော် ဝမ်း နည်းသွားမိတယ်။ ဘယ်လိုဖြစ်သွားလဲဆိုတာကို မရှင်းပြနိင်တော့ပဲ ငိုရုံသာတတ်နိုင်ပါတော့တယ်။ 

“ရှင် ဘယ်လိုနည်းလမ်း သုံးလိုက်တာလဲ ၊ ရှောင်ဒီ ခု တော့ ငိုရပြီ”

အဝါရောင် ဝတ်ရုံ ဝတ် ကောင်မလေးက ဒေါသကြီး စွာ မေးလိုက်တယ်။ နှစ်နှစ် အတွင်းမှာ ချန်ရှန် ၏ အမည် ဟာ လူတိုင်းမေ့လုနီးပါးဖြစ်နေပြီလေ။ နာမည်သာ ထုတ် ဖော် မပြောပါက ဘယ်သူမှန်း သိမည် မဟုတ်ပါဘူး။ 

“ဟဟ ၊ ဘာဖြစ်လို့လဲ ၊ ငါအိပ်တိုင်း ဒီလို ထူးဆန်းတဲ့ စွမ်းရည်ကို ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် သုံးလေ့ ရှိ တယ်။ သူမသာ ငါ့ကို ခပ်ကြမ်းကြမ်း မလုပ်ဖူး ဆိုရင် သူမ လက်ကို ဒီလို စုပ်ထားမှာ မဟုတ်ဘူး”

ချန်ရှန် ရယ်မော ပြောဆို လိုက်တယ်။ 

“ဟက် ၊ ရှင် လုပ်လိုက်တာကိုး”

ရှောင်ဒီလို့ ခေါ်တဲ့ ကောင်မလေး ဒေါသတကြီး အော် ပြော တယ်။ 

ချန်ရှန် သက်ပြင်းချကာ ဖြင့် - 

“ ဒီ နှစ်နှစ် အတွင် း အတွင်းစည်း နောက်လိုက်တွေ တော်တော် ဆိုးလာပါလားဟ”

“သူ မ ဘယ် သူလဲ ရှင်သိလား ၊ သူမက ဝုကွမ်ချင် ပဲ ၊ အလှဆုံး မိန်းကလေး ၁၀ ယောက်ထဲက စွမ်းအား အကြီး ဆုံး ဖြစ်ပြီး အတွင်းစည်း နံပတ် ၁ ပညာရှင် မိုယုဝမ် တောင် လေးစားရတယ့် လူပဲ။ ရှင် ရဲတင်းဝံ့သေးလား”

ရှောင်ဒီ အော်ပြောပါတယ်။ သူမ၏ မျက်နာဟာလည်း မာနအပြည့်ဖြင့်ပါ။ အဘယ်ကြောင့်ဆိုသော် သူသည် လည်း အလှဆုံး စာရင်းထဲမှာ ပါဝင်တာကြောင် ဖြစ်ပါ တယ်။ 

ချန်ရှန် က ရယ်မောကာ - 

“အိုဟိုးးး ၊ ဘယ်လိုမျိုး မြေကြီးပေါ်မှာ သူမကို လေးစား ရမှာပါလိ့မ် ၊ ငါက ဆီလိမ်းထားပြီး ပေါင်ဒါအဖွေးသားနဲ့ မျိုးမစစ်လေး မိုယုဝမ် မဟုတ်ဘူး ၊ ငါကငါပဲ”

“ဘယ်လို ၊ ရှင် က တကယ်ပဲ သခင်လေး မို ကို ဒီလို ပြောရဲတယ်ပေါ့ ၊ ပြသနာ ရှာချင်တာလား”

ကောင်မလေးတစ်ယောက်က အော်ပြောတယ်။ တစ်ချိန်တည်မှာပင် သူမဟာ လက်သီးတစ်ခု ပစ်သွင်းလာ ပါတယ်။ မမျှော်လင့်စွာပဲ ပြင်းထန်လှသာ ရေဓာတ်ချီ များ ဟာ လက်သီးမှာ သွားစုဆုံတယ်။ 

ချန်ရှန် လုံး၀ မရှောင်ပါ။ သူတမင်ကို အထိခံလိုက် တယ်။ ကောင်မလေး လက်သီး ချန်ရှန်ကို ထိတဲ့အခါ သူမဟာ ပင်လယ်ထဲသို့ ကျောက်တုံးပစ်ချခံလိုက်ရတဲ့ ခဲ တစ်လုံးလို ခံစားလိုက်ရတယ်။ 

ဒါဟာ ထိုက်ကျိ နတ်နဂါး ကျင့်စဉ်ကြောင့်ပါ။ ၎င်းဟာ ချီဓာတ်များအား ကိုယ်မျက်နာပြင်ပေါ်တွင် စီးမျော စေ လိုက်တာ ဖြစ်ပါတယ်။ ၎င်းချီဓာတ်များမှာ ပြင်းထန်လှပြီး စွမ်းအား အလွန်ကြီးမားလှပါတယ်။ ဒါကို သုံးပါက သက်ရောက်လာမဲ့ ပြင်းထန်မှုများကို နုူူးညံ့ညင်သာ စွာ ခုခံနိုင်မှာပါ။ 

“ငါ မိန်းကလေး တစ်ယောက်နဲ့ မတိုက်ချင်ဘူး။ ဒါပေမဲ့ ငါအိပ်နေတုန်း နောက်တစ်ခါ ဒီလိုထပ်လုပ် မယ် ဆိုရင်တော့ ငါမင်းတို့အားလုံးကို အပြင်ကို မောင်းထုတ်ပစ် ရလိမ့်မယ်”

ချန်ရှန် ၏ အပြုံးများ ပျောက်ကွယ်သွားပြီး သူ၏ အသံ ဟာ ရုတ်တရက် ခံစားချက်မဲ့တဲ့ အသံ ပေါက်သွားတယ်။

ဝုကွမ်ချင်၏ မျက်ခုံးများ မြင့်တက်သွားတယ်။ သူမ ဟာလည်း အတော်အသင့် စွမ်းအားရှိသူဖြစ်တာကြောင့် အကြည့်တစ်ချက်နဲ့ပင် ချန်ရှန်၏ ချီဓာတ်များဟာ ကြောက် စရာကောင်းမှန် း သိလိုက်ရတယ်။ 

“ရှင့် နာမည် ဘယ်လိုခေါ်လဲ”

ကောင်မလေးက အေးစက်စွာ မေးလိုက်တယ်။ 

“ချန်ရှန်”

ဒီစကားစု ၂ လုံး သူမနားထဲ ဝင်သွားတဲ့အခါ အံံသြ မှုကြီးစွာ ခံစားလိုက်ရပြီး ခြေလှမ်းအနည်းငယ်ပင် နောက် ဆုတ်လိုက်တယ်။ သူမပုံစံဟာလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတော့တယ်။ တခြားလူများဟာလည်း သူမနည်း တူပါပဲ ၊ လျင်မြန်စွာပင် နောက်ဆုတ်ပြီး ချန်ရှန်ကို ရှိန်သွား ကြတယ်။ 

“ရှင် လွတ်လာပြီလား”

ကောင်မလေးက အံကြိတ်ပြီး မေးလိုက်တယ်။ သူမ ဟာ ချန်ရှန် အကြောင်းကြားဖူးပေမဲ့ တခါမျှ မဆုံဘူးပေ။

“ငါ က လွတ်လာရုံပဲ ရှိပါသေးတယ်။ ဒါပေမဲ့ မင်းတို့ ဒီကို ဘာလာလုပ်တာလဲ ၊ မင်းတို့ မရှင်းပြချင်ဘူးဆိုရင် လည်း ထွက်သွားကြတော့ ငါအိပ်တော့မလို့”

ချန်ရှန် စိတ်မရှည်စွာ ဆိုပါတယ်။ 

“ကျွန်မတို့က ဒီ ခြံဝန်းကို ကျွန်မတို့ လူတွေ လေ့ကျင့် ဖို့ သုံးချင်လို့”

ကောင်မလေး က ပြန်ပြောတယ်။ သူမ၏ မျက်နာမှာ မာနတရားများတောင် မရှိတော့သလိုပင်။ ချန်ရှန် ဟာ စစ်မှန်သော သိုင်းပညာရှင်တစ်ယောက်ကို သတ်ခဲ့သူဖြစ် ရုံမက စစ်မှန်သော သိုင်းပညာနယ်ပယ်မှ ဆေးဆရာမကြီး ၏ ပညာသင်တပည့်တစ်ဦးလည်း ဖြစ်ပါတယ်။ ထိုကဲ့သို့ သူ၏ ရှေ့မှာ သူမ ဘယ်လို မာနကြီးနိုင်ပါမည်နည်း။ 

“စိတ်မကောင်းပါဘူး။ ဒီြံခံဝန်းက ငါ နဲ့ ငါ့ကောင်လေး တွေ အတွက် လုံလောက်ရုံပဲ ရှိတာ ၊ ကျေးဇူးပြုပြီး ထွက် သွားပါတော့”

ချန်ရှန် ခေါင်းခါယမ်းပြီး ပြောလိုက်တယ်။ ဒီခြံဝန်းဟာ သူတို့သာ လေ့ကျင့်ကြတာဖြစ်ပြီး လူများလာပါက အဆင် မပြေနိုင်လောက်ပါ။ 

လူအုပ်စုကြီးဟာ တော်တော် အံံံံ့သြနေကြတယ်။ အ ဘယ်ကြောင့်ဆိုသော် ချန်ရှန် ဟာ အလှပဆုံး ကောင်မ လေး ၏ တောင်းဆိုမှုကို ငြင်းဆန်လို့ပဲ ဖြစ်ပါတယ်။ ချန်ရှန် ကောင်မလေးနဲ့ စကားပြောချိန် သာမန် လူတစ် ယောက်လိုပဲ ကြည့်ကာ သူ၏ အမူအရာမှာ နည်းနည်း လေး တောင် ပြောင်းလဲမှု မရှိပါဘူး။ ချန်ရှန်၏ အမူအယာ မှာ ကောင်မလေးကို စိတ်ထဲတွင် တော်တော် ဒေါသထွက် စေတာပါ။ သူမစိတ်ထဲထင်မိတာက ချန်ရှန် ဟာ ယောက်ျားလေးများကိုသာ စိတ်ဝင်စားလားလို့ပါ။ 

“အသင့်တော်ဆုံး ဖြေရှင်းလို့ရမဲ့ နည်းလမ်းကို သုံး ကြစို့။ သိုင်းပညာဖလှယ် ကြမယ် ၊ ကျွန်မနိုင်ရင် ရှင်က ကျွန်မပြောတာကို လက်ခံပြီး ကျွန်မလူတွေကို ဒီမှာနေခွင့် ပြုရမယ်”

ကောင်မလေးက ပြောလိုက်တယ်။ ချန်ရှန် နဲ့ ပတ် သက်တဲံ့ ကောလဟာလများစွာ ဟာ တော်တော် ပြင်းထန် ပါတယ်။ ဒါပေမဲ့ သူမ မှာ ယုံကြည်ချက် ရှိတယ်လို့ ယုံ ကြည်နေတယ်။ သူမဟာလည်း အမှတ် ၁၈ ခြံဝန်းမှ မိန်း မပျို မို့လို့ပါပဲ။

“ငါ့ အတွက်ကကော ဘာရမှာလဲ ၊ မင်းငါ့ကို ဘာမှ မပေး ဘူးဆိုရင် ငါ မပါဘူး”

ချန်ရှန် ပြောလိုက်တယ်။ သူဟာ ဒီလို စိတ်မချမ့်မြေ့ ဖွယ်နေရာမှာ အချိန် အတော်ကြာနေထိုင်ခဲ့တာဖြစ်ပြီး ယခု သူနဲ့ မတိမ်းမယိမ်း ဟု ခန့်မှန်းရသော ကောင်မလေးမှ လာ ရောက် စိန်ခေါ်သောအခါ သူနည်းနည်း စိတ်ပါသလို ဖြစ် သွားပါတယ်။

“ချီဒြပ်စင်ဆေး”

ကောင်မလေး က ပြောလိုက်တယ်။ သူမ၏ နှုတ်ခမ်း များဟာလည်း တုန်နေလျက် ရှိတယ်။ 

“ကောင်းပြီ”

ချန်ရှန် ချက်ချင်း ပြန်ဖြေလိုက်တယ်။ ကောင်မလေး ၏ အမြင်မှာ ချီဒြပ်စင်ဆေးဟာ တော်တော် တန်ဖိုးကြီးတာ ပါ။ ဒါပေမဲ့ ချန်ရှန် အတွက်တော့ အဆိုပါဆေးဟာ ဂျယ်လီလေး တစ်ခုထက် မပိုပါဘူး။ 

လူတိုင်းဟာစက်ဝိုင်းပုံ ဝိုင်းပြီး နောက် ချန် ရှန် က - 

“ငါတို့ ရှုံးတယ်လို့ ဝန်ခံပါတယ် လို့ ပြောတဲ့ထိ တိုက် ကြမယ်။ လက်နက်ယူ ခွင့် မပြုဘူး ၊ မင်း လက်နက် ထုတ် တာနဲ့ မင်း ရှုံးပြီ”

ကောင်မလေး ချန်ရှန် ဒီလို ဘာကြောင့် ပြောလဲဆို တာ နားလည်ပါတယ်။ ကောလဟာလများအရ ချန်ရှန် ဟာ စစ်မှန်သော သိုင်းပညာရှင်တစ်ယောက် ကို သတ် လိုက်ပြီး နဂါးရတနာသိုက်မှ လက်နက်တစ်ခု ရလာတယ် လို့ သတင်း ထွက်နေတယ်။ ၎င်းဟာ အဆင့် ၉ ဝိဉာဉ် တော်လက်နက်နဲ့ပင် နှိုင်းယှဉ်လို့ ရ ပြီး သူသာ အခု ထို လက်နက်အား အသုံးပြုမည် ဆိုပါက သူမ သေချာပေါက် ရှုံးပေလိမ့်မယ်။ 

“စ”

အစွန်းက ကောင်မလေး တစ်ယောက်က အော်လိုက် ပါတယ်။ သူတို့ အားလုံးဟာ ဝုကွမ်ချင် ကို တော်တော် လေးစားနေကြတာ ဖြစ်ပြီး ၎င်းတို့ရဲ့ အမတော်ကြီးသာ ဒီ ပွဲမှာ နိုင်မယ်လို့ ယုံကြည်နေကြတယ်။ 

အတွေး ဟာ လှသလောက် ၊ လက်တွေ့မှာတော့ အကျဉ်းတန်လွန်း လှပါတယ်။ 

သူမ၏ ပထမဆုံး တိုက်ကွက် အနေနဲ့ ကောင်မလေး ဟာ မီးချီဓာတ်များကို အသုံးပြုကာ ကောင်းမွန်လှတဲ့ တိုက်ကွက်ဖြင့် တိုက်ခိုက်တယ်။ ဒီတိုက်ကွက် ဟာ မြေကြီးအဆင့်တော့ ရှိလိမ့်မယ်လို့ ချန်ရှန် ခန့်မှန်းမိပါ တယ်။ ၎င်းဟာ ထူးကဲလှတဲ့ ပုံဆောင်ခဲ တိုက်ကွက် ဖြစ်ပြီး သူမဟာ ပုံဆောင်ခဲကို လှပစွာ ထုတ်လိုက်တဲ့ အခါ မှာ သူမ၏ ပတ်ပတ်လည်တွင် မီးများဟာ ကခုန်နေ ကြပါတော့တယ်။ ပူပြင်းလှတဲ့ မီးတောက်များဟာ သူမ၏ ပုံဆောင်ခဲမှ အဆတ်မပြတ် ထွက်နေပြီး ကြည့်ရှု နေသူများဟာ ကျယ်လောင်စွာ အားပေးနေကြတယ်။ 

ချန်ရှန် သူ ၏ လက်နှစ်ဖက်ကို နောက်ပစ်လိုက်တယ်။ မြေကြီးပေါ် တည်ငြိမ်စွာ ရပ်နေပြီး စိုက်ကြည့်နေပါတယ်။ သူဝန်ခံရမှာတစ်ခုကတော့ ကောင်မလေး ၏ တိုက်ကွက် စွမ်းရည်ဟာ တကယ်ကို လှပလှတဲ့ လှုပ်ရှားမှု ဖြစ်တယ် ဆိုတာပါပဲ။ ဒါပေမဲ့ ယှဉ်ပြိုင်ခြင်းမှာ အားအင်သာ အဓိက ပါ ၊ လှုပ်ရှားမှု ကောင်းသည် ဆိုးသည်ဆိုတာက အရေးမကြီးပဲ ဘယ်လောက်ထိ ပြင်းပြင်းထန်ထန် တိုက် နိုင်သလဲဆိုတာသာ အရေးကြီးတာပါ။ ဒါကို သဘော ပေါက်ပါက ရန်သူကို လွယ်ကူစွာ ရင်ဆိုင်နိုင်ပါလိ့မ်မယ်။ 

ဝုကွမ်ချင် ဟာ လက်ရာမြောက်လှတဲ့ ပျံလွှားငှက် လေးနဲ့ တူပါတယ်။ သူမ၏ ပုံဆောင်ခဲများကို အဆက်မ ပြတ် လှုပ်ရှားလျက် အတိုင်းအဆမရှိတဲ့ မီးများကို ဖန်တီး ရင်း ချန်ရှန် ဆီ လာနေပါတယ်။ မျက်စိ တမှိတ် အတွင်းမှာ ပဲ ချီလှိုင်းများဟာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ချန်ရှန် အား တိုက်ခတ်သွားပါတော့တယ်။ 

လူတိုင်းဟာ ချန်ရှန်တော့ တော်တော် ထိသွားပြီ လို့ ထင်သွားကြတယ်။ ဒါပေမဲ့ မီးပုံဆောင်ခဲများ ချန်ရှန် ကို ထိပြီးနောက်မှာတော့ ၎င်းတို့အားလုံး သူတို့ အိပ်မက်မက် နေတယ်ဆိုတာ သိသွားကြပါတယ်။ 

မီးပုံဆောင်ခဲများဟာ ချန်ရှန်ကို ထိရိုက်သွားတယ်။ ဒါပေမဲ့ ချန်ရှန်ဟာ တည်တည်ငြိမ်ငြိမ် ရပ်နေတုန်းပါပဲ။ ယခု မီးပုံဆောင်ခဲဟာ တောင်ကြီးတစ်ခုကို တောင် ဖြို ဖျက်နိုင်စွမ်းရှိလောက်ပါတယ်။ ဒါပေမဲ့ ယခုတော့ ပျောက်ကွယ်သွားရပြီ ဖြစ်ကာ လူတိုင်းဟာ မီးပုံဆောင်ခဲ ဟာ ချန်ရှန်၏ အဝတ်ကိုတောင် မလောင်ကျွမ်းတာကို တွေ့လိုက်ကြရပါတယ်။ 

ကောင်မလေးလည်း တော်တော်ကို အံ့အားသင့်သွား ပါတယ်။ ဒါပေမဲ့ သူမ လျင်မြန်စွာပင် စိတ်ကိုထိန်းကာ နောက်တစ်ခါ ထပ်တိုက်ဖို့ ကြိုးစားပါတယ်။ လက်သီးများ ခြေကန်ချက်များဟာ အတူတကွ ကျရောက်လာပြီး တစ်ခု စီ တိုင်းတွင် ပြင်းထန်သောချီငွေ့များအား ထည့်သွင်းထား တာပဲ ဖြစ်တယ်။ ပွဲကြည့်ပရိသတ်အားလုံး နောက်ကို ဆုတ်သွားကြပြီး ဝုကွမ်ချင် ၏ တိုက်ကွက်များကြောင့် ချွေး များပင် ထွက်လို့နေကြပါတယ်။ 

ဒါပေမဲ့လည်း ခုနကလိုပါပဲ။ ၎င်းတိုက်ကွက်များ သည်လည်း ချန်ရှန်ကို နည်းနည်းလေးမျှ နှောက်ယှက် နိုင် ခြင်းမရှိပါတော့ချေ . . .။







Chapter – 113

#အတူတကွ


ချန်ရှန် သူ၏ ကိုယ်အား ထာဝရမိစ္ဆာ ခန္ဓာကိုယ် အဆင့် ၁ အဖြစ်သို့ ပြုလုပ်လိုက်တယ်။ အဆင့်တူတူချင်း ကြားထဲမှာ သက်ရောက်တဲ့အားသာ သိပ်မပြင်းထန်ပါက ချန်ရှန်ဟာ အေးအေးဆေးဆေးပင် ခံနိုင်ပါတယ်။ 

ဒီအချိန်မှာ ချန်ရှန်၏ အရိုးများ အသားအရေများဟာ သံများ ကြေးနီများလို ပင်ဖြစ်ကာ ဝုကွမ်ချင် တိုက်ကွက် များဟာ သူ့အတွက် အယားပင်မပြေချေ။ ကောင်မလေး ချွေးအတော်ပင် ပြန်နေပြီး တော်တော် ပင်ပန်းနေပုံလည်း ပေါက်နေပါပြီ။ သူမဟာ တိုက်ကွက် ရာပေါင်းများစွာကို အသုံးပြုခဲ့ပြီး တိုက်ကွက်တိုင်းမှာလည်း အားပြင်းလှတဲ့ ချီအငွေ့များကို ထည့်ထားတာ ဖြစ်ပေမယ့် ချန်ရှန်ကတော့ ဘာမှ မထူးခြားပါပေ။ 

ထိုအချိန်မှာ ကောင်မလေး တော်တော် မောနေပြီ ဖြစ်ပါ တယ်။ သူမဟာ ချီဓာတ်အမြောက်များကို အသုံးပြု လိုက်ရပြီးဖြစ်သဖြင့် ခြေလှမ်း အနည်းငယ် ဆုတ်ကာ မော ဟိုက်သော လေသံဖြင့် - 

“ရှင်က စစ်မှန်သော သိုင်းပညာရှင်လား”

ချန်ရှန် ခပ်ဖျော့ဖျော့ ပြုံးကာ-

“မဟုတ်ပါဘူး။ ဒါပေမဲ့ ငါက သေချာ လေ့ကျင့်ထား တာ ၊ ငါ့ချီဓာတ်တွေကို ငါ့ အဝတ်တွေ မီးမလောင်ဖို့နဲ့ မင်းတိုက်တာကို ခံနိုင်ဖို့ပဲ အသုံးပြုခဲ့တာကွ”

“အပြင်ပိုင်း သန်မာမှုပေါ့”

ကောင်မလေး တော်တော် လန့်သွားပါတယ်။ သူမ၏ ကိုယ်လည်း အနည်းငယ် တုန်လှုပ်သွားပြီး နားလည်သွား ပြီးတဲ့နောက်မှာတော့ သူမဆီမှာ မည်သည့် စိတ်ကြီးဝင်မှု မျှ မရှိတော့ပါချေ။ ချန်ရှန်ဟာ မည်သည့်တိုက်ခိုက်မှုမျိုး ကိုမှ မလုပ်ပါပဲနဲ့ သူမကို အနိုင်ယူခဲ့ပါပြီ။ သူမစိတ်ထဲတွင် အတွင်းစည်း အဆင့် ၁ တောင် ဒီလို သန်မာမှုမျိုးမရှိနိုင်ဖူး ဟု တွေးနေမိတယ်။ 

ခန္ဓာကိုယ် လေ့ကျင့်ခြင်းဟာ တော်တော် ခက်ခဲပါ တယ်။ ချန်ရှန် ဒီလိုအခြေအနေရဖို့ တော်တော် နာနာ ကျင်ကျင် ပေးဆပ်ခဲ့ရမယ် ဆိုတာ သူမ သိနေတယ်။ သူမ မျက်နာမှာ ချန်ရှန်ကို လေးစားစိတ်များ ပေါ်လာပါတယ်။ ဒီလို အရာမျိုးကို မလေးစားပဲ နေနိုင်မှာ မဟုတ်ပေ။ 

“ကျွန်မ ရှုံးပါတယ်”

ကောင်မလေး ခေါင်းငိုက်စိုက်ချကာ ညင်ညင်သာသာ ဆိုပါတယ်။ သူမ ချန်ရှန် ကို မကြည့်ရဲပေ။ အစက သူမကို ချန်ရှန် ဘာလို့ အဖြူထည်အကြည့်ဖြင့်ကြည့်လဲဆိုတာကို သူမ သဘောပေါက်သွားပါတယ်။ အဘယ်ကြောင့် ဆိုသော် သူမ ဘယ်လိုပင် လှနေပါစေ သူမ၏ အားဟာ ချန်ရှန် အမြင်မှာ ပုရွတ်ဆိတ်လေး တစ်ကောင်လို ဖြစ်နေ မှာ ဖြစ်လို့ပါပဲ။ 

“မင်း ဒြပ်စင်ဆေးကို ပြန်သိမ်းလိုက်ပါ။ ငါ့မှာက ပေါ ပါတယ်။ မင်းမျက်လုံးထဲမှာတော့ ငါက တော်တော် သန်မာ နေမှာပါ။ ဒါပေမဲ့ ဒီအထက် စစ်မှန်သော သိုင်း ပညာနယ်ပယ် ကသာ ပိုမို အင်အားကြီးတယ်။ ချန်ဝူ နယ်မြေ တစ်ခုလုံးမှာ အဓိက လူတွေဟာ အဲဒိလူတွေပဲ။ ငါတို့ဟာ အတွင်းစည်းတွေ ဖြစ်ပေမဲ့ သူတို့ မျက်စိတွေ ထဲမှာတော့ ပုရွတ်ဆိတ်လေးတွေ သာသာ ပဲ ၊ငါ အဲဒိ ပညာရှင် တစ်ယောက်ရဲ့ ရိုက်ချက်ကို တစ်ခါခံဖူးတယ်။ အဲဒိတချက်နဲ့ပင် ငါဟာ ရှုံးနိမ့်ခဲ့ရတယ်။ ငါသာ မြန်မြန် မပြေးနိုင်ရင် သေမှာပဲ”

ချန်ရှန် ပြောရင်းနဲ့ ဒေါသထွက်လာသဖြင့် လက်သီးကို ဆုပ်လျက် ရှိပါတယ်။ 

ဝုကွမ်ချင် ခန္ဓာကိုယ်လေး တုန်သွားပြန်ပါတယ်။ သူမ ခန့်မှန်းခဲ့သလိုပဲ ချန်ရှန်ကို ဒဏ်ရာရအောင် လုပ်သူဟာ စစ်မှန်သော သိုင်းပညာရှင်ဖြစ်ပြီး သူ၏ လက်ချက်နဲ့ပင် ထို ပညာရှင် သေခဲ့တယ်ဆိုတဲ့ သတင်းဟာ အမှန်ပါ။ အတွင်း စည်း ဆိုတာ တကယ်တော့ ၎င်းပညာရှင်များနဲ့ ယှဉ်လျှင် ဘာမျှ မဟုတ်ပါချေ။ 

“ရှင့် အကြံဉာဏ်အတွက် ကျေးဇူးပါ”

ကောင်မလေး နှုတ်ခမ်းကိုက်ကာ ထွက်သွားပါတော့ တယ်။ 

ချန်ရှန်လည်း အရူးတစ်ယောက်လိုရယ်မောကာ ပြန် လည် လှဲလျောင်းလိုက်ပြီး ဇုရွန် နဲ့ ရှောင်ဒို တို့အား စောင့် နေပါတော့တယ်။ 

သူတို့ ပြန်လာတာနဲ့ အတွင်းစည်း ပထမခြံကို သွားကာ တိုက်ခိုက် အနိုင်ယူမှာပါ။ 

သိပ်မစောင့်လိုက်ရခင်မှာပဲ ချန်ရှန် ၀၀ လူတစ်ဦး နဲ့ ဆယ်ကျော်သက်တစ်ဦး လျှောက်လာတာကို မြင်လိုက်ရ တယ်။ ၂ နှစ်ကြာပြီးတဲ့အခါ သူတို့တော်တေ်ာ ပြောင်းလဲ သွားသလိုပါပဲ။ ဇုရွန်ဟာ ပိုမို ဝလာပြီး ဖက်တီးလေးမှ ဖက်တီးကြီး ဖြစ်နေပြီ ဖြစ်ပါတယ်။ ကလေးသာသာ ရှောင် ဒို ကတော့ မျက်နှာမှာ အရောင်ဖျော့ဖျော့ ဖြစ်နေကာ ပိုမို ရင့်ကျက်သွားသလိုပါပဲ။ 

ချန်ရှန် ကိုယ်တိုင်လည်း ၁၉ နှစ်ရှိပြီ ဖြစ်ပြီး ၎င်းဆီမှ မရင့်ကျက်မှုများ ချစ်စရာကောင်းမှုများဟာ မှေးမှိန်သွား ပြီး ပိုမို ရင့်ကျက်တည်ငြိမ်တဲ့ အသွင် ဆောင်နေပါတော့ တယ်။ 

ချန်ရှန် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိတယ်။ အဘယ်ကြောင့်ဆိုသော် ရှောင်ဒို နဲ့ ဇုရွန် တို့ပုံစံဟာ သိပ် မကောင်းပုံပေါ်လို့ပါ။ သူတို့ဟာ ပြုံးနေပေမဲ့လည်း သူ တို့၏ မျက်လံထဲမှာတော့ ဒေါသများ ၊ အကူညီမဲ့ခြင်းများ ၊ နောင်တ ရခြင်းများ စတာတွေကို မြင်နေရလို့ပါပဲ။ 

“အကိုတော် ချန် ၊ လွတ်မြောက်လာတာ ဝမ်းသာပါ တယ်။ နေရာဟောင်းလေးမှာ သွားသောက်ကြတာပေါ့”

ရှောင်ဒို က ပြုံးလျက် ပြောပါတယ်။ 

“ဒါလည်း မျိုးမစစ်လေး ယန် ရဲ့ ဒကာခံမှုပဲပေါ့”

ဇုရွန် က ရယ်လျက် ပြောပါတယ်။ 

သူသာ အရင်လို ဆိုပါက ခပ်မြန်မြန်ပင် ပျော်ရွှင်စွာ သွား သောက်မိမှာဖြစ်ပါတယ်။ ဒါပေမဲ့ ခု သူဟာ သူ့သူ ငယ်ချင်းတို့ သူ့ကို တစ်ခုခုဖုံးကွယ်တာကို တွေ့နေမိပါ တယ်။ 

ချန်ရှန် သူ၏ လက် ၂ ဖက်ကို ဆန့်ထုတ်ကာ ရှောင် ဒို နဲ့ ဇုရွန်တို့၏ လက်ကောက်ဝတ် ကို ကိုင်လိုက်တယ်။သူ၏ နတ်အတွင်းအား အာရုံများကို ထည့်ကာ ၎င်းတို့၏ စွမ်းအင် သို လှောင်ရာနှင့် ခန္ဓာကိုယ် အခြေအနေတို့အား ကြည့်လိုက်ပါတော့တယ်။ 

ချန်ရှန် ပုံစံ ရုတ်တရက် ဝမ်းနည်းလာတယ်။ အဘယ် ကြောင့်ဆိုသော် ဇုရွန် နဲ့ ရှောင်ဒို တို့ဟာ ဒဏ်ရာရနေလို့ ပါပဲ။ ဒါတင်မက ဆိုးဆိုးရွားရွား ရခဲ့တာပါ။ သူတို့ဟာ ယခု တဖြည်းဖြည်း ပြန်လည် သက်သာနေတာဖြစ်ပါတယ်။ 

“၅၀ ရာခိုင်နှုန်းမကတဲ့ အခြေခံ ချီဓာတ်တွေဟာ ကျိုး ပျက်နေတယ်။ အရိုးတွေဟာလည်း အကုန်လုံးနီးပါး အက် ကွဲနေပြီး ကံကောင်းတာက စွမ်းအင် သိုလှောင်ရာကတော့ သိပ်ပြင်းပြင်းထန်ထန် ဒဏ်ရာမရထားဘူး။တနည်းအား ဖြင့် မင်းတို့ လေ့ကျင့်မှုအားလုံးကို ဆုံးရှုံးခဲ့ရတာပဲ”

ချန်ရှန် ၎င်းတို့ကို ပြန်လွှတ်ပြီး စိုးရိမ်စွာ ပြောလိုက်ပါ တယ်။ 

“ဒါငါ့ကြောင့် မင်းတို့ ဒီလို လုပ်ခဲ့တာလား”

ချန်ရှန် အသံဟာ တည်ငြိမ်နေတယ် ဒါပေမဲ့ ပြော နေချိန်မှာ သူ၏ ကိုယ်မှ ကြောက်စရာကောင်းလှတဲ့ အငွေ့တွေဟာ ထွက်နေပါတယ်။ ရှောင်ဒို နဲ့ ဇုရွန်တို့ ဒီ အငွေ့ကို မြင်နေရတဲ့ အတွက် ချန်ရှန် တော်တော် ဒေါသ ထွက်နေတယ်ဆိုတာ သိနေကြတယ်။ 

၎င်းတို့ဟာ နှုတ်ဆိတ်နေတုန်းပါပဲ။ ချန်ရှန်ကို ပြော လိုက်ပါက မည်ကဲ့သို့ ဖြစ်သွားမည် မသိသောကြောင့် ပြော သင့် မပြောသင့် ချင့်ချိန်နေကြပါတယ်။ 

“ရှောင်ဒို ၊ ဇုရွန် ငါဒီလို မဟုတ်ဘူးဆိုတာ သိတယ် နော်”

ချန်ရှန် မျက်ခုံးများမြင့်တက်သွားတယ်။ သူ၏ အသံ ဟာ အေးစက်လာပြီး၎င်းတို့ဟာ တုန်လှုပ်လာကြပါတယ်။ သူတို့ဟာ ချန်ရှန်များ စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ဝင်ရောက်သွားပြီလားဟု ထင်နေကြတယ်။ ချန်ရှန်ပုံစံဟာ တကယ်ကို ကြောက်ဖို့ကောင်းနေလို့ပါ။ သူဟာ တည်ငြိမ် နေတယ် ဒါပေမဲ့ သူ၏ ကိုယ်မှ ကြောက်စရာချီဓာတ်များ က ၎င်းတို့ကို အနေခက်စေပါတယ်။ 

“ငါမင်းတို့ကို ထပ်မမေးတော့ဘူး ၊ မင်းတို့မဖြေရင် ငရဲ ထိ မင်းတို့ ပါးစပ်တွေပွင့်ပြီး ရောက်သွားအောင် ရိုက်ပစ် မယ်”

ချန်ရှန် သူ၏ လက်သီးများကို ဆုပ်လိုက်ပြီး ရက်စက် တဲ့ အရိပ်ယောင်များကို ပါ မြင်လိုက်ရသလိုပါပဲ။ ဇုရွန် အလန့်တကြားခုန်လိုက်ပါတယ်။ 

သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်ပြီးနောက် ရယ်မော ကာဖြင့် -

“ငါတို့ပြောပြမှာပါ။ မင်းကတော်တော် ကြောက်စရာပဲ ၊ ငါတို့ မသေချင်သေးပါဘူးဟ”

ရှောင်ဒို က အလေးအနက်ဖြင့် - 

“အဲဒါပထမခြံဝန်းက ကောင်တွေ လက်ချက်ပေါ့။ သူတို့ ကျွန်တော်တို့ကို ဒဏ်ရာရအောင် လုပ်တာ။ ကျွန် ပဲ ၊ ငါတို့ မသေချင်သေးပါဘူးဟ”

ရှောင်ဒို က အလေးအနက်ဖြင့် - 

“အဲဒါပထမခြံဝန်းက ကောင်တွေ လက်ချက်ပေါ့။ သူတို့ ကျွန်တော်တို့ကို ဒဏ်ရာရအောင် လုပ်တာ။ ကျွန် တော်နဲ့ အကိုဇုတို့ မစ်ရှင်လုပ်ပြီး ပြန်လာတုန်း လမ်းမှာ သူတို့နဲ တွေ့တာပဲ။ ကျွန်တော်က စကားနည်းနည်းပဲ ပြောရသေးတယ် ဝိုင်းချကြတာပဲဗျာ”

ရှောင်ဒို မျက်နာ ဟာ ဒေါသများဖြင့် ပြည့်လာပြီး - 

“သူတို့ ငါးယောက် က သေချာပြင်ဆင်လာပုံပဲ။ တမင် သက်သက်ကို ရန်ရှာတာပါဗျာ”

ခြံဝန်းတစ်ခုလုံး တိတ်ဆိတ်နေတယ်။ ချီဓာတ်များစွာ ဟာ ကြောက်စရာကောင်းလောက်အောင် ဖုံးလွှမ်းလျက် ရှိ နေပြီး ချန်ရှန်ဟာ မျက်နာသေဖြင့် - 

“မိုယုဝမ်ကော အဲဒိကောင်တွေနဲ့ ပါသေးလား”

“အဲဒိခွေးကောင်က သူတို့ကို ဦးဆောင်တာပဲ။ ဒါပေ မဲ့ ဟို မြွေမျက်စိနဲ့ လူက ကျွန်တော်တို့ကို ကယ်လိုက်တာ ၊ ဒီလူက စိတ်မခြမ်းမြေ့စရာကောင်းပေ မဲ့ အကြိတ်အနယ် အခြေအနေမှာပဲ သူရောက်လာပြီး မိုယုဝမ်တို့ကို သတိပေးပြီး ခေါ်သွားတာ။ ဒီလိုမဟုတ်လို့ ကတော့ ကျွန်တော်တို့ ဒုက္ခိတ ဖြစ်နေလောက်ပြီ”

ရှောင်ဒို အံကြိတ်လျက် ပြောပါတယ်။ 

“ဒီလူတွေဟာ တော်တော် စွမ်းတယ်။ အထူးသဖြင့် မိုယုဝမ် နောက် ချန်းစင်ဂျီ ၊ ရင်လင်း ၊ လဲ့ချီ နဲ့ လုယုံမင်။ မိုယုဝမ် နဲ့ လဲ့ချီတို့ဟာ အဓိက မျိုးနွယ်ကြီး လေးခု ရဲ့ ကလေး တွေပဲ။ ထုံးစံအတိုင်း သူတို့ဟာ မိုမျိုးနွယ် နဲ့ လဲ မျိုးနွယ် က ဖြစ်တဲ့အတွက် ဒီလို လုပ်ရဲတာပဲ။ ရင်လင်း နဲ့ လုယုံမင်တို့ဟာလည်း တခြား မျိုးနွယ်ကြီးတွေက ဖြစ်ကြ တယ်”

ဇုရွန် က ပြောပြပါတယ်။ 

ချန်ရှန် သက်ပြင်းရှည်ကြီး တစ်ခုကို ချလိုက်တယ်။ သူ ၏ ချီဓာတ်များကို ပြန်သိမ်းကာ တစ်ချက်ကြည့်ပြီး မေး လိုက်တယ်။

“ဘယ်တုန်း က ဖြစ်ခဲ့တာလဲ”

“လွန်ခဲ့တဲ့ တစ်နှစ်က ပဲ။ နောက်ပိုင်း ငါတို့ကလည်း သူတို့ကို သွားမရှာဖြစ်ဘူး။ ငါတို့ရဲ့ဆရာက တားထားလို့ ၊ ငါတို့ မျိုးနွယ်တွေက လည်း ဒါကို အသေးအဖွဲကိစ္စ တစ်ခု လို သဘောထားကြတယ်။ မျိုးနွယ်စုကြီး လေးခု ကြားက ဆက်ဆံရေးနဲ့ အကျိုးအမြတ်တွေကို ဆက်လက် တည် ရှိ ချင်ကြလို့ပဲ။ ဒီလို ဆက်ဆံရေးသာ ပျက်သွားရင် မျိုးနွယ် လေးခုလုံး အကျိုးယုတ်သွားမှာကြောင့်ဖြစ်တယ်”

ဇုရွန်က သက်ပြင်းချပြီး ပြောပါတယ်။ 

“ဆရာကြီး ဝု ကကော ဘာမှ မလုပ်ဘူးလား”

ချန်ရှန် ၎င်းတို့၏ မျိုးနွယ်စု ခေါင်းဆောင်တွေကို စိတ် ပျက်သွားမိတယ်။ ဒါသာ ချန်မျိုးနွယ် ဖြစ်ပါက အကျိုးအ မြတ် ရှိရှိ မရှိရှိ စိတ်ဝင်စားမည် မဟုတ်ပေ။ မျိုးနွယ်စု ၏ ကလေးတွေကိုသာ ခုလို လုပ်ခံရပါက ပြုလုပ်သူကို ဆယ်ဆ ပြန်လည်ပေးဆပ်စေမှာပဲ ဖြစ်ပါတယ်။ 

“ငါတို့လည်း ပြောတာပဲ။ ဒါပေမဲ့ သူက မင်းထွက် လာတာကို စောင့်ဖို့ပြောတယ်။ မင်းသာ ငါ့တို့အစား ဖြေရှင်းပါစေတဲ့။ မင်းက ဒီအခြေအနေကို ကောင်းကောင်း ကိုင်တွယ် နိုင်လိမ့်မယ်လို့ သူကပြောတယ်”

ရှောင်ဒို အကူညီမဲ့နေပုံနဲ့ ပြောပါတယ်။ 

ချန်ရှန် မျက်နာမှာ အပြုံးတစ်ချို့ဖြစ်ပေါ်သွားတယ်။ 

“ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ငါမင်းတို့ အမုန်းတရားတွေ အတွက် ကူညီ ဖြေရှင်းပေးပါ့မယ်။ ခုတေ့ သွားသောက် ကြမယ်ဟေ့”

ချန်ရှန် အေးစက်စွာ ပြောလိုက်ပါတော့တယ် . . .။








Chapter – 114

#နောင်တကိုမိတ်ကပ်လိမ်းခြင်း


ရှောင်ဒို နဲ့ ဇုရွန် တို့ဟာ ချန်ရှန်ကို ခေါ်ပြီး သူတို့တည်းနေ ကျ ဟိုတယ်ကို ခေါ်သွားကြတယ်။ 

သူတို့ ဟိုတယ် တတိယ အဆင့်ကို ရောက်တဲ့ အခါ သူတို့ဟာ မြွေမျက်လုံး နဲ့ လူကို မြင်လိုက်ရတယ်။ ဆူဝဲလောင် ပဲ ဖြစ်ပါတယ်။ သူ၏ပုံစံမှာ မာနကြီးပုံပေါ် သော်လည်း ယန်ရှောင်ဒို နဲ့ ဇုရွန် တို့ဟာ သူ့ကို ကျေးဇူး တင်နေကြပါတယ်။ 

“မြွေမျက်လုံးရေ ၊ ကျွန်တော်တို့နဲ့ လာသောက်ပါလား”

ရှောင်ဒို က အော်ပြောလိုက်တယ်။ 

“မျိုးမစစ်လေး ၊ ငါမင်းကို ဒီလို မခေါ်ဖို့ ပြောခဲ့တယ်လေ ၊ မင်းဉာဏ်မကောင်းဘူးလား ၊ မင်းတော့ အရိုက်ခံရတော့ မယ်”

ဆူဝဲလောင် တချက်ကြည့်ပြီး ပြောပါတယ်။ ထို့နောက် ဆက်လက်ပြီး - 

“မင်းတို့ ကြတော့ ဘာလို့ မလာတာတုန်း”

ဇုရွန် က ရယ်မာပြီး - 

“ကျွန်တော် တို့လာရင် ခင်ဗျား ရှင်းရမယ် ၊ တကယ်လို့ ခင်ဗျား လာရင်တော့ ခင်ဗျား ဘယ်လောက်စားစား ဘယ် လောက်သောက်သောက် ဒီကောင်လေး ယန် ရှင်းလိမ့် မယ်”

ဆူဝဲလောင် ခပ်ဖျော့ဖျော့ ပြုံးကာ - 

“ဒီကောင်လေးကို ပေးရှင်းမယ်ဆိုတဲ့ အကြံက မဆိုးပေဘူး ဟဟ”

ထိုသူလည်း ချန်ရှန်တို့ ဆီသို့ ကူးလာပါတော့တယ်။ ထို့နောက်မှာတော့ ဈေးကြီးလှတဲ့ အစားအသောက် များ ဝိုင်များအား မှာယူလိုက်ပါတယ်။ 

“မြွေမျက်လုံးရေ ၊ ပြီးခဲ့တဲ့ တစ်ခေါက်တုံးက ကျေးဇူးပါဗျာ”

ရှောင်ဒို ရယ်မော ပြောဆိုလိုက်တယ်။ 

“ဟက် ဟက် ၊ မင်းင့ါကို ဒီလို ထပ်မခေါ်နဲ့တော့ ၊ မင်းငါ့ ကို တကယ်ကျေးဇူးတင်တယ် ဆိုရင်ပေါ့”

ဆူဝဲလောင် က အေးစက်စက် ပြောလိုက်ပါတယ်။ 

ချန်ရှန်ကလည်း ရယ်မောကာဖြင့် ပြောလိုက်တယ်။

“ဘယ်လိုပဲ ဖြစ်ဖြစ် ၊ မင်းတို့ မျိုးနွယ်ဟာ တကယ်ကို အသုံးမကျတာ ၊ မင်းတို့ရဲ့ ပုံရိပ်ဟာ မင်းတို့ မျိုးနွယ်မှာ ပုံမှန်လိုပဲ။ မင်းတို့ ရိုက်ခံရတာတောင် မင်းတို့မ ျိုးနွယ်က မဖြေရှင်းရဲကြဘူး။ အဲဒိနေရာ ငါ့မျိုးနွယ်သာဆိုလို့ကတော့ လက်ခံလို့ ရမဲ့ အကြောင်းပြချက်ပေးရင်ပေး၊ မဟုတ်လို့ ကတော့ တန်ပြန်ပေးဆပ်ရမှာ အမှန်ပဲကွ”

ဆူဝဲလောင် ချန်ရှန် ကို မြင်တဲ့အခါ အံ့အားသင့် သွားပါတယ်။ ချန်ရှန် ဒီလို မြန်မြန် လွတ်မြောက်လာမယ် လို့ မထင်ထားခဲ့ပါဘူး။ ဒီဂိုဏ်းက လူတိုင်းဟာ ကန့်သတ် နယ်မြေအကြောင်းကို ကောင်းကောင်း သိကြပါတယ်။ ထို နေရာဟာ အလွန် ကြောက်ဖို့ကောင်းတဲ့ နေရာဖြစ်ပြီး တစ်စုံတစ်ဦးဟာ ထိုနေရာမှာသာ နှစ်နှစ်လောက် နေပါက ရူးသွားနိုင်ပါတယ်။ 

“တစ်ဦးတည်းက စစ်မှန်သော နောက်လိုက်ကို ကိုယ် စားမပြုပါဘူး။ သူတို့ ပုံရိပ်ဟာ သူတို့ မျိုးနွယ်တွေမှာ တူတူ ပဲ ၊ မင်းက တကယ်ကို ပါရမီ ထူးနေရင် မင်းကို မိသားစု က ပစားပေးပြီး အကျိုးကျေးဇူးထူးတွေ ရရှိမှာပဲ။ ဒါပေမဲ့ မျိုးနွယ်စုကြီး တစ်ခုလုံးရဲ့ အကျိုးနဲ့ ယှဉ်ရင်တော့ သူတို့ ထိခိုက်ခံမှာ မဟုတ်ပေဘူး”

ဆူဝဲလောင် ခပ်လှောင်လှောင် ပြောပါတယ်။ 

ဇုရွန် နဲ့ ရှောင်ဒို တို့လည်း သက်ပြင်းသာ ချနိုင်ပါတယ် ၊ သူတို့နှစ်ယောက် ဒီကိစ္စကို ကောင်းကောင်း နားလည် တယ်လေ။ 

ဇုရွန် က - 

“အကိုတော် ဆူ ၊ ခင်ဗျားဟာ မဆိုးပါဘူး။ ခင်ဗျားရဲ့ သဘောထားကို တဖက်ကို ပြောင်းလိုက်ရင် တော်တော် ကို ကောင်းသွားမှာဗျ”

ရှောင်ဒို မှလည်း ခေါင်းညိမ့်ကာ - 

“ဟုတ်တယ်။ ခင်ဗျားက သူများကို ကြည့်ရင် ဘာလို့ ခင်ဗျား မျက်စိတွေက မြွေလို စွေ နေတာလဲဗျ။ အဲဒါက တဖက်လူကို တော်တော် အနှောက်အယှက် ဖြစ်တယ်”

“ဟဟ ၊ မင်းက ငါ့အကြောင်းပဲ စဉ်းစားနေတာလား ၊ အဲဒိအတွက် မွေးဖွားလာတာလားကွာ”

သူ၏ စကားကြောင့် ချန်ရှန်တို့ ငြိမ်သက်သွားကြပါ တယ်။ 

ချန်ရှန် ၊ ဇုရွန် နဲ့ ရှောင်ဒိုတို့ ရယ်သာရယ်နေကြတာ ထပ်မလှောင်ဝံ့သလိုပါပဲ။ ဒါကြောင့်ပင် ဆူဝဲလောင် မှ ဆက်လက်ပြီး - 

“ဟဟ ၊ ချန်ရှန် ၊ မင်းက ပထမဆုံး ခြံဝန်းကို နိုင်ချင် တယ်ပေါ့။ မင်းကို အမှန်တိုင်းပြောမယ်။ ဒီခြံဝန်းက ရတဲ့ အကျိုးကျေးဇူးဟာ တော်တော် ကြီးတယ်ကွ။ ဒီလို သူတို့ ရဲ့ နေရာကို ထိန်းသိမ်းထားဖို့ အတွက် သူတို့ တတ်နိုင်တာ မှန် သမျှ လုပ်ကြတယ်။ ဒါ့အပြင် သူတို့ ဒီနေရာကို တန်ဖိုး ထားကြတာဟာ သူတို့ မျိုးနွယ်တွေပါ ဂုဏ်တက်လို့ပဲ။ နောက် သူတို့ဟာ သူတို့ မျိုးနွယ်တွေရဲ့ နယ်ပယ် အချို့ကို ပါ အပိုင်စားရသေးတယ်လေ”

ပြင်းထန်သော သိုင်းပညာ စီရင်စုမှ အဓိက မျိုးနွယ် ကြီး များဟာ အလွန်ကြီးမားကြပြီး သူတို့ဟာ နယ်မြေများ စွာကို ပိုင်ဆိုင်ကြပါတယ်။ 

“ခင်ဗျားက ကြောက်လို့လား”

“ကြောက်စရာလား ၊ နောက် ၊ ငါကလည်း အဲဒိခြံက မဟုတ်တော့ဘူး။ နောက်ဆုံးတစ်ခေါက် ငါတားလိုက်တာ နဲ့ ငါ့ကို နှင်ထုတ်လိုက်ကြတယ်ဟေ့”

ဆူဝဲလောင် အသံမှာ ဒေါသတို့ စွက်ဖက်နေကြတယ်။ 

ဒီလူဟာ တကယ်တော့ ကောင်းပါတယ်။ ဒါပေမဲ့ သူ့ပုံစံမှာ နည်းနည်း စိတ်ကြီး ဝင်ပုံပေါက်နေလို့ပါ။ သူ၏ မွေးရာပါ ပုံစံကိုက ဒီလိုဖြစ်နေတော့လဲ သူ့ပုံစံဟာ တလောကလုံး သူရှာကျွေးထားသလို ပုံစံကို ဖြစ်နေတာပါ။

“အမှတ် ၅၀၀ ကို ဆင်းလာခဲ့လေ။ အဲကောင်တွေ ကြောင့် ခင်ဗျား ပထမဆုံးခြံဝန်းက နေ ဆင်းလာရတာ မလား ကျွန်တော် ပြန်ပို့ပေးပါ့မယ်”

ချန်ရှန် သူ၏ ခွက်ကို ကိုင်မြောက်ကကာ ပြောလိုက် တယ်။ 

ရှောင်ဒိုနဲ့ ဇုရွန်တို့လည်း သူတို့၏ ခွက်များကို ကိုင် မြောက်ကာ ကြိုဆိုပုံ ပြုလုပ်လိုက်ပါတယ်။ 

“ငါလာလို့ ရပါတယ်။ ဒါပေမဲ့ ဒီကောင်လေး ငါ့ကို နောက်တစ်ခါ ဟိုလို ထပ်မခေါ်ရင်ပေါ့”

ဆူဝဲလောင် ပြုံးကာပြောလိုက်ပါတယ်။

လေးယောက်သား ခွက်ကို ကိုင်မြောက်ကာဖြင့် ချီးယားစ် လုပ်လိုက်ကြတယ်။ ခုတော့ ချန်ရှန်တို့ အဖွဲ့မှာ စုစုပေါင်း လေးယောက် ဖြစ်သွားပြီ ဖြစ်ပါတယ်။ 

“နဂါးမျက်လုံး ၊ ခင်ဗျား နောက်ဆုံးအခေါက် ကျွန်တော် တို့နဲ့ လောင်းတဲ့ ချီဓာတ်ဆေး အလုံး ၁၀၀၀ ဘယ်က ရလာတာလဲဗျ ၊ ဒါဟာ နည်းတဲ့ပမာဏ မဟုတ်ပေဘူး”

ရှောင်ဒို ရယ်မော ကာ မေးလိုက်တယ်။ 

( တရုတ်လို ဆူဝဲလောင် ဆိုသည်မှာ နဂါး ဟု အဓိပ္ပာယ် ရပေသည်။ )

“ဟဟ ၊ မင်းမှာလည်း နေ့တိုင်း သူများကို နာမည် ပြောင်ပေးဖို့ စဉ်းစားနေပုံပဲ ၊ မင်းဒီလို ဆက်ခေါ်ချင်ရင် ငါနဲ့ ချမလား ၊ မင်းရိုက်ခံသွားရမယ်”

ဆူ ဝဲ လောင် ခပ်လှောင် လှောင် ပြောလိုက်တယ်။ 

ဇုရွန် နဲ့ ချန်ရှန် တို့လည်း ရယ်မောလိုက်ကြတယ်။ 

“ငါ ကောက်ရတာကွ။ ခု ငါ့မှာ တစ်ထောင်မကတဲ့ ချီဓာတ်ဆေးတွေ ရှိသေးတယ်”

ဆူဝဲလောင် စကားက ဇုရွန် ၏ မျက်လုံးများကို ပြူးကျယ် သွားစေပါတယ်။ 

“ဘယ်နေရာက ကောက်ရတာလဲ။ ဘယ်လောက်များ များတောင် ရှိနေတာလဲ”

ဇုရွန် ခပ်မြန်မြန် မေးလိုက်တယ်။ 

“ငါ မြို့ပြင်ဘက်က ကုလားအုတ် တောင်ထိပ်မှာ အလုံး ၃၀၀၀ တွေ့တာပဲ”

ဆူဝဲလောင် ဒီလိုပဲ ပြောရပါသေးတယ်။ ဇုရွန် ဟာ ဝုန်းခနဲ့ မတ်တပ်ရပ်လိုက်ပါတယ်။ သူ၏ ပုံစံမှာ ချက်ချင်း ပင် သွားရှာတော့မဲ့ ပုံပါ။

“သွားမနေနဲ့တော့။ ဒီနေရာကို ခဏခဏ သွားရှာပြီးပြီ၊ ဘာမှ မရှိတော့ဘူး။ ရေကန်လိုပဲ ကျန်တယ်”

ဆူဝဲလောင် ပြောလိုက်ပါတယ်။ 

ဇုရွန် ဟာ ပြန်ထိုင်ချပြီး သက်ပြင်းချကာ ဖြင့် - 

“ငါလဲ ဒီလို ကံကောင်းမှုမျိုး ဘယ်တော့မှ ရမှာပါလိမ့်”

“မနက်ဖြန် မနက် ၊ ကျွန်တော်ပထမဆုံး ခြံဝန်းနဲ့ တိုက် မှာပဲ”

ချန်ရှန် ပြောလိုက်တယ်။ 

“မင်း ငါ့အကူအညီ လိုသေးလား”

ဆူဝဲလောင် မေးလိုက်တယ်။ 

“မလိုပါဘူး ၊ ကျွန်တော် တစ်ယောက်တည်း သွားမှာ”

ချန်ရှန် ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်တယ်။ သူ၏ အဆိုပါ အပြုံးမှာတင် ယုံကြည်မှု များစွာ ပါနေသလိုပါပဲ။ ရှောင်ဒိုနဲ့တကွ အားလုံးဟာ တုန်လှုပ်နေကြတယ်။ 

ဆူဝဲလောင် မှ သက်ပြင်းချကာ - 

“မင်းသေချာဂရုစိုက်ဖို့တော့ လိုမယ်။ ၅ ယောက်သော သူတို့ဟာ အားက တူတူပဲ”

မိုယုဝမ်ဟာ အချောဆုံး စာရင်းမှာ ထိပ်ဆုံးနေရာကို ပိုင်ဆိုင်ထားပြီး အတော်ဆုံး သိုင်းပညာရှင် ၁၀ ယောက် စာရင်းမှာလည်း ပါဝင်ပါတယ်။ အတွင်းစည်းအတော်ဆုံး ပညာရှင်စာရင်းဆိုတာ အတွင်းစည်း ခြံဝန်းတွေထဲမှာ အတော်ဆုံးကိုပြောတာပါ။ ဆိုလိုတာကတော့ မိုယုဝမ် ဟာ အတွင်းစည်းမှာ အတော်ဆုံးအင်အားအကောင်းဆုံး လူ တစ်ယောက်ပဲ ဖြစ်ပါတော့တယ်။ 

ချန်ရှန် ပြတင်းပေါက် အပြင်ဘက်ကို ကြည့်ကာ - 

“ကောင်းကင်ကြီးက မည်းမှောင်နေတုန်းပဲ ၊ ပထမဆုံး ခြံဝန်းကို သွားကြရအောင်။ နောက်ပြီး သူတို့ အမှတ် ၁၆ ဆိုင်းဘုတ်ကို ယူပြီး ကျွန်တော်တို့ အဝင်၀ မှာ ချိတ်ကြတာ ပေါ့”

ဇုရွန် နဲ့ ရှောင်ဒို တို ရိုက်ခံရတာဟာ လွန်ခဲ့တဲ့၂ နှစ်က သူသွားစိန်ခေါ်လို့ ဖြစ်မယ်လို့ ယုံကြည်နေမိတယ်။ အဘယ်ကြောင့်ဆိုသော် အဲဒိအချိန်တည်းက မိုယုဝမ်ဟာ ကြောက်ရွံ့ပုံပေါ်နေပြီး နောင်မှာ ချန်ရှန် ကို မနိုင်နိုင်ဘူးဆို တာ သိနေပုံပါ။ ဒါကြောင့်ပဲ သူတို့ဟာ သူတို့၏ မျိုးနွယ်များ ကိုပါ အကျိုးအကြောင်းပြောကာ စည်းရုံးထား ပုံပါပဲ။ ရှောင်ဒိုတို့ကို ရိုက်ဖို့ စီစဉ်ခဲ့တာပဲဖြစ်ပါလိ့မ်မယ်။ ဒါပေမဲ့ ဒါကို သိတဲ့ ဆူဝဲလောင်ဟာ အလယ်မှ ဖြန်ဖြေ ကာဖြင့် ၎င်းတို့အား ပြန်ခေါ်သွားခြင်းပါ။ 

ချန်ရှန် သွားဖို့ ပြောပြီးနောက် သူပဲ ဦးဆောင် ထလိုက် ပါတယ်။ သူဟာ သူ၏ ဝိုင်ခွက်ကို အကုန်သောက်ပြီးပြီ ဖြစ်ကာ ဇုရွန် နဲ့ ရှောင်ဒို တို့ဟာလည်း စားလက်စများကို လက်စသတ် လိုက်ကြပါတယ်။

“ဟက် ၊ ငါမှာထားတာတွေ တောင်မရောက်သေးဘူး ကွ”

ရှောင်ဒိုဟာ စာပွဲထိုးအား ကျသင့်ငွေ ခေါ်ရှင်းလိုက်တဲ့ အတွက် ဆူဝဲလောင်က ပြောခြင်းပါ။ 

“နဂါးမျက်စိ ၊ အကိုတော် ချန် ပထမဆုံး ခြံဝန်းကို အနိုင် ရမဲ့ အချိန်ကိုစောင့်ပါဦး။ အဲအခါကျမှ ကျွန်တော် တို့ ဒီထက်ကြီးကြီးကျယ်ကျယ် စားသောက်ကြတာပေါ့။ သိပ်မလိုတော့ပါဘူးဗျ”

ယန်ရှောင်ဒို ရယ်မော ပြောဆိုပါတယ်။ ချန်ရှန် ပုံစံမှာ ယုံကြည်မှု အပြည့်ပါပဲ။ ဇုရွန်လည်း ထို့အတူ ဖြစ်ကာနေပါ တယ်။ အဘယ်ကြောင့်ဆိုသော် ချန်ရှန်ဟာ ၎င်းတို့ ထင်ထားသည်ထက်ပင် ပိုမိုစွာ အမြဲ လုပ်ပြတတ်လို့ပဲ ဖြစ်ပါတော့တယ်။

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

နေရောင်ခြည်ဟာ လင်းလက်လို့ လာခဲ့ပါပြီ။ ပြင်းထန်သော သိုင်းပညာဂိုဏ်းတစ်ခုလုံးဟာ အုတ်အုတ် ကျက်ကျက် ဖြစ်နေကြတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ကန့်သတ်နယ်မြေမှာ အပစ်ပေးခံထားရသော ချန်ရှန်ဟာ လွတ်မြောက်လာခဲ့လို့ပါ။ လွန်ခဲ့တဲ့ ၂ နှစ်တည်းက သူ ဟာ ပထမဆုံး ခြံဝန်းကို စိန်ခေါ်ခဲ့တာဖြစ်ပြီး ယခုတခေါက် စိန်ခေါ်မှုဟာ အားလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပါ တယ်။ ငရဲဝိဉာဉ်တော် မြက်နဲ့ လောင်းကြးထပ်လို့ပါပဲ။ 

ဒီအရာဟာ ချန်ဝူ စီရင်စု ၉ ခုလုံးမှာတောင် တော် တော်ရှားပါးလှတဲ့ အရာဖြစ်ပြီး အရမ်းလည်း ဈေးကြီး မြင့်လှပါတယ်။ ကံအလွန်ထူးသော သူသာလျှင် တွေ့နိုင် တာပါ။ 

ဒီလို ကြီးမားတဲ့ လောင်းကြေးဟာ ပထမဆုံးခြံဝန်း မှ မိုယုဝမ်အဖို့ အတော် အကြပ်ရိုက်စေပါတယ်။ ဒါ့အပြင် ချန်ရှန်ဟာ တစ်ယောက်တည်း တိုက်ခိုက်ဖို့လာတယ် ဆို တာကို သူသိနေပြီး ဒီလို လာတာတောင် သူတို့ ပထမဆုံး ခြံဝန်းမှ မတိုက်ဘူးလို့ ငြင်းဆန်ပါက လူအများအမြင်မှာ သိက္ခာကျ တော့မည် ဖြစ်ကာ အလွန် ကို ရှက်စရာကောင်းမှာပဲ ဖြစ်ပါတော့တယ် . . .။


Chapter – 115

#နံပတ်တစ်ခြံဝန်းအားစိန်ခေါ်ခြင်း


“အမတော်ကြီး ၊ချန်ရှန်လို့ ခေါ်တဲ့ ကောင်လေးက သခင်လေး မိုနဲ့ စိန်ခေါ်နေပြီတဲ့။ သွားမကြည့်ဘူးလား ၊ ဒီနေ့ချမှာနော်။ နေရာကတော့ အတွင်းစည်း နံပတ် ၁ ခြံဝန်း ထဲမှာ”

ဝုရှောင်ဒီ ဟာ လှပစွာ ဝတ်ဆင်လျက် အဝါရောင် ဝတ် ကောင်မလေးအား ပြောလိုက်ပါတယ်။ 

ဝုကွမ်ချင် လည်း နည်းနည်း အံ့သြသွားမိတယ်။ သူမ ဟာ ချန်ရှန် တော့ သေချာပေါက် ဒီလို စိန်ခေါ်မယ်ဆိုတာ သိပေမဲ့ ဒီလောက်မြန်မြန်ကြီး လုပ်လိမ့်မယ်လို့ မထင်မိ ခဲ့ပါ။ 

“ရှောင်ဒီ ၊ သွားကြစို့ ၊ ဒီ ချန်ရှန် ဆိုတဲ့လူ ဘယ်လို စွမ်းအားကြီးလဲဆိုတာ ကြည့်ချင်တယ်”

ရှောင်ဒို က ခပ်လှောင်လှောင် လေသံဖြင့် - 

“ဟက် ၊ ဒီစိတ်ပျက်စရာလူက သေချာပေါက် သခင်လေးမို လက်ချက်နဲ့ အညိုအမည်း ဆွဲတော့မှာ ၊ ဒီနေ့ ကျွန်မ ခံစားခဲ့ရတဲ့အရှက်ကွဲမှုကနေ လွတ်မြောက်နိုင် တော့မှာ”

ဝုကွမ်ချင် က လက်လျော့ဟန်ဖြင့် - 

“မင်း ခုပွဲကြည့်ရင် အကျိုးကျေးဇူးတွေ ရမှာပါ။ သွားစို့”

ရှောင်ဒို နှာခေါင်းရှုံ့ကာ ခြေဆောင့်ပြီး ညင်သာစွာပင် ရယ်နေတယ်။ သူမ ချန်ရှန် ရင်ဘတ်ကို ပွတ်သွတ်လိုက် တာကို ပြန်စဉ်းစားမိပြီး မျက်နာများ ရဲလာပြန်ပါတယ်။ 

သက်ကြီးခြံဝန်း၏ လျို့ဝှက် ဆန်းကြယ်နယ်ပယ်ထဲ မှာ တော့ ဆရာကြီးဝု နဲ့ ဂိုဏ်းချုပ်တို့ ရှိနေကြတယ်။ ဆရာကြီး ဝုက ပြုံးပြီး - 

“ဂိုဏ်းချုပ် ၊ ကျွန်တော်တို့ သွားကြည့်သင့်မသင့် ဆုံး ဖြတ်ပေးပါဦး။ ဒီ ဦးရီးတော်လေး ဘယ်လို ဖြစ်မလဲ လို့ သွားကြည့်ကြပါစို့။ သူတကယ်ပဲ အဆင့် ၁ ခြံဝန်းကို တစ် ကိုယ်တည်း စိန်ခေါ်လိုက်တာနော်”

ဂုဒွန်ချန် ခပ်ပြုံးပြုံးပင် - 

“ဒါပေါ့။ ကျွန်တော်တို့ သွားကြမယ်။ ကျွန်တော်က တော့ ဒီကောင်လေး ရှုံးဖို့ မျှော်လင့်မိတယ်။ အဲဒိအခါ ကျွန်တော်တို့ ရှေ့မှာ သူမာန ကြီးနိုင်ပါဦးမလားဆိုတာ ကြည့်ချင်တယ်”

ဂုဒွန်ချန် နဲ့ ဆရာကြီး ဝု တို့ လည်း လျို့ဝှက်ဆန်းကြယ် နယ်ပယ်မှ ထွက်လာကြပြီးနောက်မှာတော့ များစွာသော လူအုပ်ကြီးကို မြင်တွေ့လိုက်ကြရပါတယ်။ 

၂ နှစ်လောက် ပျောက်ကွယ်နေခဲ့ပြီးနောက် ချန်ရှန် ဟာ ပြန်ပေါ်လာခဲ့ပြီး ချက်ချင်းပင် ကမ္ဘာမြေကြီးတုန်လှုပ် သွားစေလောက်သည့် အခြေအနေကို ဖန်တီးလိုက်တာပါ ပဲ။ သူ့နာမည်ဟာ ဂိုဏ်းတစ်ခုလုံးအတွင်းမှာ ပြန်လည် လွှမ်းမိုးသွားပြန်ပါပြီ။ 

ချန်ရှန်ဟာ ဂိုဏ်းအတွင်းမှာ ကျော်ကြားသူတစ် ယောက် ဖြစ်ရုံသာမက စီရင်စုထဲမှာလည်း ဂုဏ်သတင်း မွှေးသူ တစ်ယောက် ဖြစ်ပါတယ်။ အဘယ်ကြောင့် ဆို သော် သူဟာ သားရဲဂိုဏ်းမှ စစ်မှန်သော နောက်လိုက် တစ် ယောက်အား သတ်လိုက်တာဖြစ်ပြီး ထိုဂိုဏ်းမှ ချန်ရှန်ခေါင်းအား ဖြတ်နိုင်ပါက သလင်းကျောက် တစ်သိန်း ပေးမည်ဟုပင် ကြော်ငြာထားတာပါ။ ဒါဟာ သိုင်းလောက မှာ တော်တော် များတဲ့ပမာဏပါပဲ။ ဒီလို ဆု ငွေကို ရဖို့အတွက် က လူများစွာဟာ ချန်ရှန် ရဲ့ဇစ်မြစ်အား စုံးစမ်း လျက်ရှိကြပါတယ်။ 

အတွင်းစည်းရဲ့ ပထမဆင့်ခြံဝန်းထဲမှာတော့ မိုယုဝမ် နဲ့ လူ ၉ ယောက်ဟာ ရပ်နေကြတယ်။ သူတို့ဟာ မြေကွက် လပ် အလယ်မှာ ရှိနေကြတာဖြစ်ပြီး ချန်ရှန်လည်း ထိုနေရာမှာ ရှိနေပါတယ်။ ထောင်ပေါင်းများစွာသော အတွင်းအပြင် စည်း မှ နောက်လိုက်များဟာ မိုယုဝမ် တို့ နောက်မှာ ရပ်နေကြတာဖြစ်ပြီး ဒီလူတွေဟာ သူတို့ရှေ့မှာ ရှိတဲ့ လူ ၁၀ ယောက်ရဲ့ လွှမ်းမိုးမှုကို ခံထားရတာလည်း ဖြစ်ပါတယ်။ ချန်ရှန်ဘက်မှာတော့ ယန်ရှောင်ဒို ၊ ဇုရွန် နဲ့ ဆူဝဲလောင် တို့ ၃ ယောက်သာ ရှိ နေ ကြပါတယ်။ 

မိုယုဝမ်ဟာ ခပ်တည်တည်ပါပဲ ၊ ထို့နောက်ပြုံးပြီး - 

“ဆူဝဲလောင် မင်း သူတို့နဲ့ ပေါင်းမိသွားမယ်လို့ မထင် မိခဲ့ဘူး။ ဒါပေမဲ့ အံ့သြစရာပဲ ဒီနေ့ သူက ငါတို့အားလုံး နဲ့ တစ်ယောက်တည်း တိုက်ဖို့ လာတယ်ပေါ့”

“မင်းလဲ ဒီလောက်လူအများကြီး လာလိမ့်မယ်လို့ မထင်မိဘူးမလား”

ချန်ရှန် ပြုံးကာ ပြန်ပြောလိုက်တယ်။ 

လေးထောင့်ကွင်းပြင်ကြီးထဲမှာ လူများစွာဟာ ကြည့်ရှု ရန် ရောက်နေကြတာပါ။ ဒီလူအုပ်ထဲမှာ ထင်ရှားသူတွေ လည်း ပါပါသေးတယ်။ အချောအလှဆုံး ယောကျာ်းလေး ၁၀ ယောက် မိန်းကလေး ၁၀ ယောက် သာမက စစ်မှန် သော သိုင်းပညာနယ်ပယ်မှ သိုင်းပညာရှင်များပါ ရှိနေကြ ပါတယ်။ 

ဒီအချိန်မှာ ဇုရွန်ဟာ ချန်ရှန်၏ ပခုံးကို ပုတ်ကာဖြင့် နား နားသို့ ကပ်ပြောပါတယ်။ 

“ညီတော်လေး ချန် ၊ ဟိုမှာ ချစ်စရာကောင်မလေး တစ် ယောက်ကို မြင်လား ၊ အဲဒါ င့ါညီမ ဇုရိုရူပဲ”

ချန်ရှန် တစ်ချက် လှည့်ကြည့်လိုက်တယ်။ ပန်းရောင် စကပ်လေးကို ဝတ်ဆင်ကာ လူအုပ်ကြားထဲ မတ်တပ်ရပ် နေတဲ့ ကောင်မလေးတစ်ယောကို တွေ့လိုက်ရပါတယ် ၊ သူမ ဘေးမှ ကောင်မလေးများမှာ အကုန်လှပ ကြသော် လည်း သူမ မှာ ပိုမိုထင်ပေါ်စွာ လှပလျက်ရှိတယ်။ လှပ ချို သာလှတဲ့ အပြုံးကို သူမ မျက်နာပေါ်မှာ မြင်ရပြီး သူမ တစ်ကိုယ်လုံးဟာ သွယ်လျ လှပါလှပါတယ်။

“မဆိုးပါဘူး ၊ ဒါပေမဲ့ ကျွန်တော် စိတ်မဝင် စားဘူး ဗျ”

ချန်ရှန် ခပ်တိုးတိုး ပြောလိုက်တယ်။ 

ဒီအချိန်မှာပဲ ရှောင်ဒိုမှလည်း ချန်ရှန် အင်္ကျီလက်ကို ဆွဲကာ အဖြူရောင်စကပ်အား ဝတ်ဆင်ထားသော ကောင် မလေးကို ပြပြီးနောက် - 

“သူမက ကျွန်တော့ အမလေ ၊ အလှဆုံး ၁၀ ယောက် မှာ ဒုတိယ နေရာရထားတဲ့ ယန်စုရီ ပဲ”

ချန်ရှန် တစ်ချက် ကြည့်လိုက်ပြန်ပါတယ်။ ကောင်မ လေးဟာ အရပ်ရှည်ရှည်ဖြင့် ရင့်ကျင့်ပုံပေါ်ပြီး လှပလှပါ တယ်။ ဇုရွန် ၏ ညီမနဲ့ တော်တော် ကွာခြားတာကတော့ ဇုရွန် ညီမဟာ ချစ်စရာကောင်းပြီး လှပ ကလေးဆန် လှကာ ရှောင်ဒို အမကတော့ ရင့်ကျက်ဟန် ရှိပြီး လှပါတာ ပါပဲ။ 

ဆူဝဲလောင် က ကျိန်ဆဲနေတယ်။ 

“မင်းတို့ ဒီကို လာတာ တိုက်ဖို့လား ငမ်းဖို့လားဟ ၊ မင်းတို့ မချတော့ဘူးဆိုလည်း ငါလစ်တော့မယ်”

မိုယုဝမ် နဲ့ သူ့အဖွဲ့ဟာ ဟန်လုပ်ကာနေရပြီး ချန်ရှန် ကို အနည်းငယ် ရှိနေကြပါတယ်။ ချန်ရှန် ၊ ဇုရွန် နဲ့ ရှောင်ဒို တို့ ကောင်မလေးတွေ အကြောင်းပြောနေမယ်လို့ မမျှော်လင့် မိကြပါ။ ဒီလိုလုပ်ခြင်းဟာ သူတို့ကိုဂရုမထားရာရောက် သဖြင့် သူတို့ သိပ်ပြီး မကျေနပ်ကြပါဘူး။ 

သူတို့ဟာ ရှောင် ဒို နဲ့ ဇုရွန် တို့မှ သူတို့၏ ညီအမ များ ကို ချန်ရှန် နဲ့ မိတ်ဆက်ပေးနေတာကို မသိကြပါ။ 

“အလွန်ပဲ လှပကြပါတယ်။ တကယ်ကို ဒီလို အလှဆုံး စာရင်းမှာပါဖို့ ထိုက်တန်လှတယ်။ မင်းတို့ သွားပြီး သူတို့ ကို ပြောလိုက်ပါ။ ငါ့မှာ မိန်းမ သုံးယောက်နဲ့ ကိုယ်လုပ် တော် ၄ ယောက် ရှိမှာကို ကျေနပ်မယ် ဆိုရင် အချိန်မရွေ း လာနိုင်ပါတယ် လို့။ ဒီက ဖေဖေကြီးက လူပျိုစစ်ပါလို့ ဟဲဟဲ”

ချန်ရှန် နောက်နေပါတော့တယ်။ 

မိုယုဝမ် ထပ်မစောင့်နိုင်တော့ပဲ အေးစက်စွာဖြင့် - 

“မင်းတို့ တိုက်မှာလား မတိုက်ဘူးလား”

“ဒါပေ့ါ ၊ ငါတို့ တိုက်မှာ ၊ ဒါပေမဲ့ စည်းမျဉ်းတွေ အရင် ပြောပါဦး”

ချန်ရှန် ချောင်း ၂ ချက်ခန့် ဆိုးကာ မေးလိုက်တယ်။ ဇုရွန် နဲ့ ရှောင် ဒိုတို့က ချန်ရှန် ကို စိုးရိမ်တဲ့ အကြည့်နဲ့ လှမ်း ကြည့်နေကြပါတယ်။ 

မိုယုဝမ် မှ - 

“ခုနက မင်းတိုက်ဖို့ ပြောလိုက်တယ်နော် ၊ ငါ့ဖက်မှာ များစွာသော နောက်လိုက်တွေ ရှိနေကြတယ်။ သူတို့အား လုံးဟာ ပထမဆင့် နောက်လိုက်တွေလို့ သတ်မှတ်လို့ ရတယ်”

ရှောင်ဒို ဒေါသတကြီဖြင့် ထအော်ပါတော့တယ်။ 

“သောက်ရူးလား ၊ ဒီလူတွေကြားမှာ တော်တော်များ များ က အတွင်းစည်း ဖြစ်ဖို့တောင် မတန်တဲ့လူတွေ ပါသေးတယ်”

အရင်တည်းက မိုယုဝမ်ဟာ ချန်ရှန်အား ရှုံးနိမ့်စေရန် အကွက်ချထားပြီး ဖြစ်သဖြင့် ဒီလို လုပ်လိုက်ခြင်းပါ။ 

“အတိအကျ ပဲ ၊ သူတို့ဟာ ပထမဆုံးခြံဝန်းက လူတွေ ဆိုရင် သူတို့ကို ပေးရတဲ့ ငါတို့ ဂိုဏ်းဟာ မွဲသွားဖို့ပဲ ရှိ တယ်။ အရူးလာမလုပ်စမ်းပါနဲ့ကွာ”

ဇုရွန် အေးစက်စက် ပြောလိုက်တယ်။ 

“ငါက ဒီ ပထမဆုံး ခြံဝန်းရဲ့ ခေါင်းဆောင် တစ်ဦးပဲ ၊ ငါ ပြောတာကို နာခံကြမှာ။ သူတို့ဟာ ဒီမှာအမြဲနေသူတွေ မဟုတ်ကြပေမဲ့ အများအားဖြင့် မကြာခဏ ဒီကို လာ ရောက်ကြသူတွေဖြစ်တယ်။ ဒါ့အပြင် ဂိုဏ်းက ပြုလုပ်တဲ့ မစ်ရှင်တွေကို လည်း အောင်မြင်ထားကြတာပဲ။ သူတို့ အား လုံး မစ်ရှင်တစ်ခုစီတော့ အနည်းဆုံး အောင်မြင်ပြီး သွားကြပြီလေ”

မိုယုဝမ် က ပြောပါတယ်။ 

ချန်ရှန် က ရယ်မောကာဖြင့် - 

“ဆိုလိုတာက သူတို့ အောင်မြင်ခဲ့တဲ့ အလုပ်တွေ အတွက် မင်းက ဆုထပ်ပေးသေးတယ်လား ၊ မင်းဒီလို လူ များစွာကို တပ်သားသစ် စုဆောင်းနေမယ်လို့ မထင်မိဘူး”

မိုယုဝမ်၏ ပုံစံပြောင်းသွားပြီးနောက် - 

“မင်း သဘောမတူရင် ထွက်သွားပါ”

ချန်ရှန် သာ သဘောတူပါက သူဟာ လူထောင်ပေါင်း များစွာ နဲ့ တိုက်ခိုက်ရမှာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ဒီလို လုပ်နိုင်ပါမည်လော ၊ လူတိုင်းဟာ ဒါသက်သက် ညစ် တာလို့ ခံစားလိုက်ကြရတယ်။ သူတို့သာ ချန်ရှန် နေရာမှာ ဆိုပါက သဘောတူမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ချန်ရှန် ကတော့ - 

“အိုကေ ၊ ငါ တိုက်မယ် ဒါပေမဲ့ တစ်ခုပြောချင်တာ က လူ ၉ ယောက်လုံး ရှုံးမှသာ သူတို့ ဝင်တိုက်ခွင့်ပြုမယ်”

“ဟုတ်ပြီ။ သူတို့ အားက နည်းနည်း ပျော့ပါတယ်။ သူတို့ မင်းဆီက စုပြီး ပညာယူပါစေ”

မိုယုဝမ် ပြောလိုက်တယ်။ 

ယခုတော့ ချန်ရှန် ဟာ မိုယုဝမ်၏ ကြောင်သူတော် မျက်နာကို ရှင်းလင်းစွာ မြင်လိုက်ရပါပြီ။ သေမလောက် ယဉ်ကျေးပြနေပေမဲ့ စိတ်ထဲမှာတော့ အညစ်အကြေး အပြည့်ဖြင့် လူမျိုးပဲ ဖြစ်ပါတော့တယ်။ 

လူတိုင်းအံ့အားသင့်သွားတာကတော့ ချန်ရှန် လက်ခံ လိုက်တာပါပဲ။ သူ အတွင်းစည်းမှ ၉ ယောက်ကို နိုင်မယ် ဆိုရင်တောင်မှပဲ ဒီလို ထောင်ပေါင်းများစွာသော နောက် လိုက်များကို နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ၎င်း တို့ အားလုံးဟာ အနည်းဆုံး အဆင့် ၉ ရှိသူများဖြစ်ပြီး ချန်ရှန် ဟာ ဆင်တစ်ကောင် ဖြစ်ရင်တောင်မှပဲ ပုရွတ်ဆိတ်များ ကိုက်တဲ့ ဒဏ်ကို ခံစားနိုင်မှာ မဟုတ်ပါဘူး။ 

“အရူး ၊ မင်း ရှုံးရင် ဘယ်လိုလုပ်မလဲ ၊ ဒါငရဲဝိဉာဉ် တော် မြက်ဟ”

ဇုရွန် ကျိန်ဆဲနေပါတယ်။ 

ရှောင်ဒို သူ့ကို ချသွားသည့် လူငါးယောက်ကို မျက်လုံး စိမ်းများဖြင့် ကြည့်ကာ အံကြိတ်ကာဖြင့် - 

“အကိုတော် ချန် ၊ ခင်ဗျား သူတို့ လုပ်ခဲ့တာအတွက် သေချာ ပြန်ပေးဆပ်ခိုင်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့် စွမ်းအား ကြီးလာတဲ့ နေ့ကို စောင့်ပါ ၊ အဲဒီနေ့ ကျရင် ဒီလူတွေ အားလုံးကို ကျွန် … ကျွန် တော် သတ် . . . .သတ် ပစ် မယ်”

ရှောင်ဒို ဒီလို ပြောပြီးနောက်မှာတော့ သူ၏ အမရှိရာ သို့ လျှောက်သွားပါတော့တယ်။ ဇုရွန်လည်း ထို့အတူပါပင် ၊ သူ၏ ညီမထံသို့ သွားနေပါတယ်။ 

“မင်း တကယ်ပဲ င့ါ အကူအညီ မလိုဘူးပေါ့”

ဆူဝဲလောင် မေးလိုက်တာပါ။ သူ ဟာ ချန်ရှန် ဘေးမှာ ရပ်နေဆဲပါပဲ။

“မလိုပါဘူးဗျာ ၊ ခင်ဗျား နောက်ဆုတ်ပြီးသာ ကြည့်နေ ၊ ခင်ဗျား အဆင့် ၁ ခြံဝန်းကို ရောက်ရမယ် ဟုတ်ပြီလား”

ချန်ရှန် တီးတိုး ပြောလိုက်တယ်။ ရက်စက်ဟန် ရှိတဲ့ အပြုံးတစ်ခုလည်း သူ၏ မျက်နာပေါ်မှာ ပေါ်သွားပါ တော့တယ်။ ဒီလို အပြုံးကြောင့်ပဲ ဆူဝဲလောင် ၏ ရင်ထဲ တွင် တော်တော် ကြီး တုန်လှုပ်သွားပါတော့တယ် . . .။




Chapter – 116

#အာရုံခံစွမ်းအား


ချန်ရှန် ဟာ ၂ နှစ်လောက် ကန့်သတ်နယ်မြေမှာ သွားနေရတဲ့အတွက် သူဟာ ၂ နှစ်စာလောက် မည် သည့် အကျိုးအမြတ်မျှ မရလိုက်ပါဘူး။ ဒါကြောင့် သူ ယခု ပထမ အဆင့် ခြံဝန်းကို လိုချင်တယ်ဆိုတာ ထို အတွက် သာ မက ဂိုဏ်းမှာလည်း သူ့ကို ပို သတိထားမိပြီး လေးစား ကြအောင်ပါ။ 

သူတို့ ဒီကို လာနေတုန်းမှာပဲ ဆူဝဲလောင် ဆီမှ ရရှိ သော သတင်းအရ ယခု ပထမအဆင့် ခြံဝန်းတွင် သတိထားစရာမှာ ငါးယောက်သာ ရှိပြီး ကျန်လေးယောက် မှာ သာမန်သာ ဖြစ်ပါတယ်။ ဒီ လေးယောက်ဟာ မိုယုဝမ် မှ သူ၏ အင်အားကြီးလာစေရန် အတွက် လက်ခံထား ခြင်း သာ ဖြစ်ပါတယ်။ 

ချန်ရှန် အကြည့်တစ်ချက်နဲ့ပင် ထိုလေးယောက်မှာ မည်သူများလဲ ဆိုတာ သိလိုက်တယ်။ ထိုသူများဟာ မိုယု ဝမ် ထားရာနေ စေရာသွားများ ဖြစ်တဲ့ အတွက် ယခု လည်း မိုယုဝမ် ၏ ရှေ့တွင် မားမားမတ်မတ် ရပ်နေကြ လျက် ရှိပါတယ်။ 

“တစ်ယောက်ချင်း ချမယ်။ ရှုံးသူက ဆက်ချခွင့် မရှိ ဘူး”

မို ယု ဝမ် ကပြောပါတယ်။ 

“ငါ ဒီလေးယောက် လုံး နဲ့ တစ်ခါထဲ ချလို ရနိုင်မလား”

ချန်ရှန် စကားတစ်လုံးမှ မပြောတဲ့ အဆိုပါ လေးဦး အား ညွှန်ပြကာ ပြောလိုက်တယ်။ 

“မင်း သဘောလေ”

မို ယု ဝမ် ချက်ချင်း ပြန်ပြောလိုက်တယ်။ 

“မင်းတို့ လေးယောက် သွားချ ၊ ဂရုစိုက်ကြ”

ချန်ရှန် ဟာ တစ်ချိန်တည်းမှာ လေးယောက် တစ်ယောက် ချဖို့ စိန်ခေါ်လိုက်တာပါ။ ဒီအချက်ဟာ အားလုံးကို အံ့အားသင့်သွားစေတယ်။ ယခုတော့ အားလုံး ဟာ အဆင့်မြင့်ဆုံး အတွင်းစည်းများရဲ့ စွမ်းရည်များကို ကြည့် ရှုကြရတော့မှာပဲ ဖြစ်တယ်။ 

ပြိုင်ပွဲက စတင်ပါပြီ။ 

လေးယောက်စလုံး၏ ကိုယ်များဟာ ပြင်းထွက်စွာ လှုပ်ရမ်းသွားပြီး သူတို့၏ ချီဓာတ်များကို ကိုယ်ထဲသို့ စီးဆင်းစေလိုက်ကြတယ်။ ချီလှိုင်းများဟာ အရပ်မျက်နာ မျိုးစုံမှ ထွက်လာပြီး လေပြင်းများဟာလည်း တိုက်ခတ် နေပါတယ်။ ကြည့်ရုံနဲ့ပင် ၎င်းချီဓာတ်များဟာ အလွန်ပင် သန့်စင်လှပြီး သိပ်သည်းဆများလှတာကို တွေ့နိုင်နေပါ တယ်။ 

“တကယ်ကို အစွမ်းထက်လှတဲ့ အတွင်းစည်း ပထမ အဆင့် ခြံဝန်းပဲ”

ဝုကွမ်ချင် မျက်လုံးလေးများ ပြူးကျယ်နေတယ်။ သူမ ယခုမှ သေချာကို ဒီလိုပွဲမျိုး မြင်ဖူးခြင်းပါ။ 

“ဒီ လူ တစ်ဦးချင်းဆီရဲ့ စွမ်းအားဟာ အမတော် ကြီး ထက်တောင် ပိုသာတယ်။ ဒီ ချန်ရှန် လို့ ခေါ်တဲ့ လူက တော့ သေမှပဲ”

ဝုရှောင်ဒီ သူမ၏ သွားများကို ကြိတ်ပြီး ပြောပါတယ်။ 

ရုတ်တရက်ပဲ လူလေးယောက်ဟာ ပျောက်ကွယ် သွား တယ်။ ၎င်းတို့၏ အမြန်နှုန်းဟာ မှန်းဆလို့ မရနိုင် လောက်အောင် ဖြစ်ပြီး ၎င်းတို့အား မည်သူမျှပင် မမြင်နိုင် တော့ပါချေ။ 

ချန်ရှန် မျက်လုံးများ လည်နေတယ်။ ထွက်ပေါ်နေတဲ့ အသံများကို သေချာစွာ နားထောင်ပြီးနောက် တချိန်တည်း မှာပင် သူ၏ နတ်အတွင်းအား အာရုံများကို ထုတ်လွှတ်ကာ သူ့ပတ်လည်မှာ ရှိနေတဲ့ လေထဲရှိ ချီဓာတ်အတက် အကျကို အာရုံခံနေတယ်။ ဒီလူလေးယောက်၏ အမြန် နှုန်း ဟာ လိုက်မမီလောက်ပါဘူး။ 

“နှစ်ယောက်က ငါ့နောက်မှာ ၊ တစ်ယောက်က ရှေ့မှာ ၊ တစ်ယောက်က လေထဲက ငါ့အပေါ်မှာ”

ချန်ရှန် သူတို့၏ လှုပ်ရှားမှုများကို သိလိုက်တယ်။ သူ ခပ်ဖျော့ဖျော့ပင် ပြုံးကာ သူ၏ ကိုယ်တွင် ထိုက်ကျိနတ် နဂါး ကျင့်စဉ်ကို လည်ပတ်စေလိုက်တယ်။ ချီဓာတ်များ ဟာ သူ၏ အရေပြားအပေါ်မှာ လည်ပတ်နေပြီး တချိန် တည်းမှာပင် အရာဝတ္ထုများဟာ စုပ်ယူနိုင်သော အားမျိုး အား ဖန်တီးလိုက်ပါတော့တယ်။ 

ကွင်းပြင်ထဲရှိ လူအားလုံးဟာ အသက်တောင် ပြင်းစွာ မရှူရဲပဲ ၎င်း လူလေးယောက်ပြန်ပေါ်လာမည် အချိန်ကို သာ စောင့်ကြည့်နေတယ်။ ကံကောင်းစွာပဲ ၎င်းတို့ သိပ် မစောင့်လိုက်ရပါဘူး ၊ အဘယ်ကြောင့်ဆိုသော် လူလေး ယောက်ဟာ ချန်ရှန် ၏ အရှေ့ အနောက် နဲ့ အပေါ်ဘက်တို့ မှ အသီးသီး တိုက်ခိုက်လိုက်ကြလို့ပါ။ 

အရှေ့မှာ လူ၏ လက်ဟာ လှံတစ်ချောင်းလိုပင် ချန်ရှန် ၏ ရင်ဘတ်ဆီသို့ ဝင်လာကာ အနောက်မှ လူ ၂ ယောက် မှာ ၎င်းတို့၏ လက်သီးများအား ပြင်းထန်လှသော ချီဓာတ် များ စီးဆင်းစေလျက် ချန်ရှန်ကို ထိုးချလိုက်တယ်။ ထို အချိန်မှာပဲ အပေါ်မှလူဟာလည်း ကောင်းကင်ပေးမှ လှံ တစ်ချောင်း ကျလာသလိုပင် သူ၏ ခြေထောက်အား ချန်ရှန်ခေါင်းပေါ်သို့ တဟုန်ထိုး ထိုးချလာပါတော့တယ်။ 

ဒီလို ရုတ်တရက် ပြင်းထန်သော တိုက်ခိုက်မှုမျိုးကို ကြည့်နေတယ့် ပရိသတ်များဟာ သူတို့သာ ဒီလို အလုပ်ခံ ရပါက သေချာပေါက်ကို အသက်ရှင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သိလိုက်ကြတယ်။ 

ချန်ရှန် ကတော့ တချက်လေးပင်း နောက်မဆုတ်ပဲ ထို နေရာမှာသာ မြဲမြံစွာ ရပ်နေလျက်ရှိတယ်။ ထိုအချိန်မှာ ပဲ ထူးဆန်းလှသော မြင်ကွင်းတစ်ခုဟာ ဖြစ်ပေါ်လာတယ်။ လူ လေးယောက်ဟာ လျှပ်စီးလိုပဲ လျင်မြန်စွာ ချန်ရှန် ကို တိုက်ခိုက်လိုက်ကြတယ်။ ဒါပေမဲ့ ၎င်းတို့ ချန်ရှန်ကို ထိ လိုက်ပြီးနောက်မှာတော့ ၎င်းတို့အားလုံး အေးခဲသွား သလို ခံစားလိုက်ကြရတယ်။ နတ်ဆိုးတစ်ကောင်၏ စွမ်း အားဖြင့် ပြုစားလိုက်သလိုပင် သူတို့ဟာ မလှုပ်နိုင်ဖြစ် သွား ကြပါတော့တယ်။ 

စစ်မှန်သော သိုင်းပညာနယ်ပယ် မရောက်ရှိသေး သည့် လူတိုင်းဟာ ဒီလို ပြင်းထန်တဲ့ တိုက်ခိုက်မှုမျိုးကို ခံ နိုင်ဖို့ဆို တာ လုံး၀ ကို မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့လည်း ချန်ရှန် ကတော့ သူ့ကို ထိသွားတာတောင် ဟန်မပျက်ပါ ချေ။ ချန်ရှန် ၏ ရင်ဘတ်မှာ တစ်ယောက် ၊ အနောက် မှာ ၂ ယောက် နှင့် အပေါ်မှ တစ်ယောက်တို့ဟာ ရပ်တန့်သွား ကြတယ်။ 

ချန်ရှန် ဟာ သူ့ကို ထိသွားတာ သိပေမဲ့ ဘာမှ မလုပ် သေးပါဘူး။ လူတိုင်းထင်တာက ချန်ရှန် တော့ ယခု လို တိုက်ခိုက်ခံရမုှကြောင့် အသားစများ ဖြစ်သွားမလား ၊ သွေးတွေအန်ပြီး လဲများ ကျသွားမလားဟု ထင်နေကြတာ ပါ။ ဒါပေမဲ့ ယခု အခါ ချန်ရှန် ဟာ သူ၏ မျက်တောင် ပင် မခတ်သွားပါချေ။ 

ချန်ရှန်ကို တိုက်သည့် လူလေးယောက်မှာလည်း အံ့သြ ကာ တခဏမျှ ကြောင်နေကြတယ်။ သူတို့၏ အား ကုန် ထည့်ပြီး တိုက်ခိုက်တာတောင် ချန်ရှန် ဘာမှ မဖြစ်ပုံ မှာ ရေကန်ထဲသို့ အားဖြင့် ထိုးလိုက်သော်လည်း လှိုင်းသေးသေးလေးပင် မဖြစ်ပေါ်သွားသလို အခြေအနေ ဖြစ်သွားတာပါ။ ဒီထက်ပို အံ့သြစရာကောင်းတာက သူတို့ ၏ လက်များ ခြေထောက်များဟာ ချန်ရှန်၏ ကိုယ်မှာ ကော် ဖြင့် ကပ်ထားသလိုကို လှုပ်မရ ဖြစ်နေတာပါပဲ။ ဒါ့ အပြင် သူတို့၏ ချီဓာတ်များကိုလည်း အသုံးပြုလို့မရတော့ ပါဘူး။ 

လူတိုင်းဟာ ကြောင်နေတုန်းမှာပဲ ချန်ရှန် လှုပ်ရှား မှုကို စတင်လိုက်တယ်။ သူ၏ လက်သီးအား အရှေ့ရှိ လူ အား ပြင်းထန်စွာ ထိုးချလိုက်တာပါ။ လက်သီးဟာ သာမန် လက်သီးထိုးချက်လိုပါပဲ ဒါပေမဲ့ ထိသွားတဲ့လူမှာ ပေ ၃၀၀ လောက်ထိကို လွင့်ထွက်သွားပြီး ဒီလို လွင့်ထွက်နေ တုန်းမှာပဲ သွေးများဟာ တစက်စက်ကျလျက် မြေကြီးပေါ် ကို ပစ်လဲသွားပါတော့တယ်။ 

“ဟုတ် ပြီ ၊ ဟုတ်ပြီ”

ချန်ရှန် လှောင်လိုက်တယ်။ သူပြောနေတုန်းမှာပဲ သူ၏ ဝတ်ရုံဟာ အမှုန်များ ဖြစ်သွားတာကို မြင်လိုက်ကြ ရပြီး ကျစ်လျစ်တောင့်တင်းလှတဲ့ ကြွက်သားများဟာ ပေါ်လာပါတော့တယ်။ တချိန်တည်းမှာပင် မီးကဲ့သို့ အနီ ရောင် အငွေ့များဟာ သူ၏ အသားအရေမှ ထွက်လာပြီး မမြင်နိုင်တဲ့ အပူချီဓာတ်များဟာ အရပ်မျက်နာ ပေါင်းစုံ ကို ထွက်သွားကြတယ်။ ထိုအပူဒဏ်ကို လူတိုင်းကို နေ မထိ ထိုင်မသာ ဖြစ်နေစေပါတယ်။ 

ထိုအချိန်မှာပဲ ၊ သူ့ခေါင်းပေါ်ကို ကန်တဲ့လူနဲ့ သူ့နောက် မှ ကန်တဲ့လူ ၂ ယောက်တို့ဟာလည်း စူးစူး ဝါးဝါး အော် ဟစ် ကာ သူတို့၏ ပါးစပ်များမှ သွေးများဟာ ထွက်ကျလာ ပါတော့တယ်။ မျက်နာများဟာလည်း နာကျင်မှု ကြောင့် ရှုံ့တွနေပြီး ချန်ရှန်ကိုယ်မှ ထွက်သော ချီဓာတ်ကို မခံစား နိုင်ကြပါဘူး။ 

“ဟဟ”

ချန်ရှန် ခပ်အေးအေးပင် လှောင်လိုက်ကာ သူ၏ ကိုယ် မှ ချီလှိုင်းကြီး တစ်ခုအား ထုတ်လွှတ်လိုက်တယ်။ ထွက် ပေါ်လာတဲ့ ချီလှိုင်းကြီးဟာ ထိုလူ လေးယောက်ကို ထိ မှန်သွားပြီးနောက်မှာတော့ ၎င်းတို့သည်လည်း သွေးများ ပါးစပ်မှ ထွက်ကာ အဝေးသို့ လွင့်ထွက် သွားကြပါတော့ တယ်။ 

ချန်ရှန်ဟာ ၎င်းတို့အား ဒဏ်ရာကြီးကြီးမားမား ရအောင် ပြုလုပ်ခြင်း မရှိပါဘူး။ အနည်းငယ်သော နာ ကျင် မှုကိုသာ ပေးတာဖြစ်ပြီး သူတို့ ရှုံးသွားပါက ဆက်မ တိုက်ရသဖြင့် ထိုကဲ့သို့ ဖြစ်အောင်သာ လုပ်ခြင်းပါ။ 

“မင်းတို့ အရှုံးပေးမလား ဆက်တိုက်မလား ၊ တိုက်ရင် တော့ ငါက လုံး၀ ညှာလိမ့်မယ် မထင်နဲ့။ မင်းတို့ဘာ ကောင်တွေဖြစ်ဖြစ် ငါဂရုမစိုက်ဘူး”

ချန်ရှန် က မျက်နာသေဖြင့် ပြောပါတယ်။ ဒေါသတကြီး လေသံကို အားလုံး ကြားလိုက်ကြရတယ်။ 

ယခုအချိန်ရှိ ချန်ရှန် ဟာ လုံးဝကို ဒေါသထွက်နေတာ ဖြစ်ပြီး တော်တော် လည်း ကြောက်စရာကောင်းနေပါ တယ်။ 

မျက်စိတမှိတ် အတွင်းမှာပဲ အတွင်းစည်း ပထမ အဆင့် ခြံဝန်း ၏ လူလေးယောက်အား အနိုင်ယူလိုက်တာ ပါ။ ဒီလို စွမ်းအားကြောင့် လူတိုင်းဟာ သူ့ကို တော်တော် ကို ပင် ကြောက်လန့်သွားကြတယ်။ 

ခပ်လှမ်းလှမ်း ရှိ ဆရာကြီး ဝု မှ တစ်ခုခုကို စိုးရိမ် ပူပန် ဟန်ဖြင့် - 

“ဂိုဏ်းချုပ်ရေ ၊ ကျွန်တော်တို့ ဒီကောင်လေးကို မတား သင့်ဘူးလား။ သူရက်ရက်စက်စက် တွေ လုပ်မှာဆိုး တယ် ၊ ပြိုင်ဖက်ကိုတောင် သတ်ပစ်ချင် သတ်ပစ်နိုင်သေးတယ်”

“မလို ပါဘူး ၊ ဒီကောင်လေးရဲ့ လှုပ်ရှားမှုတိုင်းဟာ တော်တော်ကို တွက်ချက်ပြီးမှလုပ်တာ။ အများဆုံး ဒီလူတွေကို ကျိုးကြေသွားစေရုံလောက်ပဲ။ ခင်ဗျားက ဘယ် သူ မရိုးမဖြောင့်လုပ်လဲဆိုတာပဲ စောင့်ကြည့်ပြီး အပစ်ပေးဖို့ လုပ်ပါ”

ဂုဒွန်ချန် ပြောလိုက်တယ်။ သူ၏ လက်များကို နောက် ပစ်ကာ ချန်ရှန်ကို ကြည့်နေပါတယ်။ 

“ဒီ ကောင်လေး ခုနက သုံးသွားတာ ထိုက်ကျိ နတ်နဂါး ကျင့်စဉ်ပဲ ၊ ကျွန်တော့် ဆရာက ဒီလိုအကွက်မျိုးကို တစ်ခါ ပြောဖူးတယ်။ ဒီစွမ်းအင်း အသုံးပြုသူ နဲ့ ၎င်းရဲ့ပြိုင်ဖက်ရဲ့ ချီဓာတ်ဟာ ကွာခြားမှုဟာ ကြီးမားရင် ပိုပြီး သက်ရောက်မှု ရှိတယ်”

“ဒါဆို သူ က တကယ်ပဲ ဟိုလူကြီးရဲ့ ပညာမွေကို ရလိုက်တာပေါ့ ၊ ဒါဆို သူ့မှာ ယင် နဲ့ ယန် . . .”

ဆရာကြီး ဝု အလန့်တကြားပြောလိုက်တယ်။ သူ့မျက် နာမှာလည်း သွေးမရှိတော့သလိုပင် ဖြစ်သွားပါတယ်။ 

ဂိုဏ်းချုပ်က ခေါင်းညိမ့်ကာဖြင့် - 

“ဖြစ်နိုင်ပါတယ်။ သူ ချီဓာတ် မျိုးစုံကို အသုံးပြုနိုင် တယ်လို့လည်း ကျွန်တော် ကြားထားတယ်”

မီးတောက်များဟာ ချန်ရှန် ၏ ကိုယ်မှ ထွက်နေကြ တယ်။ ဒီမီးတောက်များလိုပဲ သူ၏ ရင်ထဲရှိ ဒေါသများ ဟာ လည်း ပြင်းထန်လျက်ရှိတယ်။ သူ၏ ပုံစံမှာ ဒေါသထွက် နေ တဲ့ မီးဘုရင် တစ်ပါးလိုပါပဲ။ 

“ဘယ်သူ လာရဲသေးလဲ ၊ ခုလာခဲ့ကြ”

ချန်ရှန် မျက်လုံးများ မှေးစဉ်းနေတယ်။ တစ်ဖက်မှာ ရှိ နေတဲ့ ရုပ်သန့်သန့် လူ ၅ ဦးအား ကြည့်နေတာပါ။ ၎င်း တို့အားလုးံဟာ ပြင်းထန်သော သိုင်းပညာစီရင်စုမှ ထင်ရှား သောမျိုးနွယ်များ၏ မျိုးဆက်သစ် ကလေးများ ဖြစ်ပါတော့ တယ် . . .။














Chapter – 117

#သနားညှာတာခြင်းကင်းမဲ့စွာ


ခပ်ပြည့်ပြည့် လူတစ်ယောက် ရှေ့သို့လျှောက်လာ သည်။ ထိုလူဟာ လူအုပ်ရှေ့မှာ အိန္ဒြေရရပင် တည်ငြိမ် စွာ ရှိနေပါတယ်။ အဆိုပါ ဝတ်ကောင်းစားလှများ ဝတ်ဆင် ထားသူကတော့ ချန်းစင်ဂျီ ပါပဲ။ 

သူဟာ ပြင်းထန်သောသိုင်းပညာ စီရင်စု ၏ အဓိက မျိုးနွယ်စုကြီးတစ်ခုထဲမှ ဖြစ်ပြီး တော်တော် ချမ်းသာ ကြွယ် ၀ သူတစ်ယောက်ပါ။ သူ၏ မျိုးနွယ်ဟာ မျိုးနွယ် စု ငယ် များစွာကို ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ 

ချန်းစင်ဂျီ မိုးပြာရောင် ဝိဉာဉ်ကြောတွေ ရှိနေသော ဓားပြားတစ်လက်ကို ဆွဲထုတ်လိုက်ပါတယ်။ အဆိုပါ ဝိဉာဉ်တော် သွေးကြောများဟာ သေးငယ်သော်လည်း ၎င်း၏ ချီဓာတ်များကို လောင်းထည့်လိုက်သောအခါ အဆို ပါ အကြောများဟာ လင်းလက်သွာပြီး လှပလှပါတယ်။ ဒါဟာ အဆင့် ၄ ဝိဉာဉ်တော် လက်နက်တစ်ခုပဲ ဖြစ်ပါ တော့တယ်။ 

“လေလျှပ်စီး ဓားပဲ ၊ ဒါဟာ အဆင့် ၄ ဝိဉာဉ်တော် လက်နက်ထဲမှာတောင် မှ အဆင့်မြင့်ဆုံးလို့ ပြောလို့ရ ပါပေတယ်”

ဝုကွမ်ချင် ဟာ အံ့သြမှုနဲ့အတူ မနာလိုမှုပါ ရောပြွမ်း လျက် ပြောလိုက်ပါတယ်။ ကောင်မလေးတွေ ဟာ ဒီလို လှပတဲ့ ဓားလေးတွေကို သဘောကျကျတယ် မဟုတ်ပါ လော။ 

သူမဘေးမှ ဝုရှောင်ဒီ ကတော့ ပါးစပ်ကို ဖောင်းလျက် ရေ ရွတ်နေတယ်။

“အမတော်ကြီး ၊ ဒီ စိတ်ညစ်စရာကောင်းလှတဲ့ ချန်ရှန် ဘယ်လို ဇာတ်သိမ်းမလဲ ကြည့်ကြတာပေါ့။ အခု ထွက်လာတဲ့ လူကို ရင်မဆိုင်နိုင်လောက်ဘူး”

ဝုကွမ်ချင် ၏ မျက်နာမှာ နီသွားကာ ဒေါသတကြီးဖြင့် - 

“ကောင်မလေး ၊ စကားကို ကုန်အောင် မပြောနဲ့ ၊ ချန်ရှန် ပုံစံ ဟာ တော်တော် ကောင်းနေတုန်းပဲ။ ဒီမတိုင်ခင် ငါတို့ဟာ သူ့အပေါ် စိတ်ကြီးဝင်ပြီး မချေမငံ ဆက်ဆံမိခဲ့တယ်။ ငါတို့ဟာ တခြားကိုယ်နဲ့ မသိတဲ့လူ ကို ဘယ်လိုဆက်ဆံရမလဲ မသိသေးဘူး။ ကောင်းကင် နဲ့ မြေကြီး ရဲ့ သိပ်သည်းမှုကို မသိသေးဘူး။ သူနဲ့ တိုက်ခိုက် ပြီးမှ ငါဟာ အသိတရားတွေ ရလာခဲ့ရတယ်။ နောက်ပြီး သူက ငါ့ကို အနိုင်ရခဲ့တာတောင် ချီဒြပ်စင်ဆေးကို မယူ ခဲ့ဘူး”

ဝုရှောင်ဒီ သူမ လျာကို ထုတ်ကာဖြင့် ဘာမှဆက်မ ပြောတော့ပါချေ။ ချန်းစင်ဂျီ၏ လှပလှသော ဓားကိုသာ ငေး ကြည့်နေပါတော့တယ်။ 

ချန်ရှန် ဒီလက်နက်ဟာ အတော် တန်ဖိုးကြီးမှန် သိနေ တယ်။ သူတောင်မှ ဝယ်နိုင်ဖို့ သိပ်မသေချာလောက်ပါ။ သလင်းကျောက်တုံးကို သန်းနဲ့ချီပြီး ကုန်ကျသွားနိုင်ပါ တယ်။ 

ချန်းစင်ဂျီ ဟာ လူအားလုံး ထိုလက်နက်ကို မနာလိုစွာ ကြည့်နေကြတာကို မြင်နေရတယ်။ သူ၏ ရင်ထဲမှာလည်း ကျေနပ်မှုအပြည့်ဖြင့် ဂုဏ်ယူနေလျက်ရှိပါတယ်။ ချန်ရှန် ဆီသို့ ချိန်ရွယ်ကာ ခပ်လှောင်လှောင်ဖြင့် - 

“စည်းမျဉ်းတွေ သတ်မှတ်ထားပေမဲ့ ဝိဉာဉ်တော် လက်နက်ကို အသုံးမပြုရဘူး လို့မပါပေဘူး။ နောက်ပြီး ငါကြားထားတာက မင်း နဂါးရတနာသိုက်က လက်နက် ကောင်းကောင်း တစ်ခု ရလာတယ်ဆိုကွ”

ချန်ရှန် ချက်ချင်းပင် ပြန်ပြောလိုက်တယ်။ 

“အေးဆေးပေါ့ ၊ ငါဒါကို မင်းနဲ့ ချရင် သုံးမှာ မဟုတ်ပါ ဘူး။ မင်း မနှမြောရင်တော့ လည်း မင်းလက်နက်ကို သုံး ပေါ့ကွာ”

“သိပ်တော်တဲ့ ကောင်လေး ၊ မင်းကိုဒီနေ့သင်ခန်းစာ ကောင်းကောင်းပေးပြမယ်”

ချန်းစင်ဂျီ ပြောပြောဆိုဆိုနဲ့ပင် သူ၏ ဓားဖြင့် ချန်ရှန် အား ချိန်လိုက်ပါတယ်။ လေများနှင့် လျှပ်စီးများဟာ လင်းလက်သွားကာ ပြင်းစွာသော အဟုန်ဖြင့် ချန်ရှန် ဆီသို့ ထွက်သွားကြတယ်။ 

ချန်ရှန်ဟာ သစ်သားချီဓာတ် ရှိနေသူတစ်ယောက် ဖြစ် ပြီး သူဟာ လေနဲ့ လျှပ်စီး ဓာတ် ၂ မျိုးကို လည်း ထုတ်လွှတ် နိုင်ပါတယ်။ ၎င်းစွမ်းအင် ၂ ခုကိုသာ ပေါင်းစပ်အသုံးပြု ပါက ပိုမိုစွမ်းအား ကြီးမားလှတဲ့ သစ်သားချီဓာတ် ဟာ ဖြစ်ပေါ်မည် ဖြစ်ပြီး ချန်ရှန် ဟာ ဒီအရာကို ကောင်းကောင်း နားလည်ပါတယ်။ 

လှပလှတဲ့ လေနဲ့ လျှပ်စီး ဓာတ်တို့ ပါဝင်သော ဓား ဟာ ချန်ရှန် ၏ ဘယ်ဖက်ရင်အုံ ဆီသို့ ကျရောက်လာ တယ်။ ဒါပေမဲ့ ထူးဆန်းစွာပင် ချန်ရှန် ဟာ သူ၏ လက် နှစ်ချောင်းကို ထုတ်လိုက်ပြီး ဓားထိပ်ကို ဆုပ်ဖမ်းလိုက်ပါ တော့တယ်။ 

အလင်းရောင်များ ဖျက်ခနဲ ဖြာထွက်ကာ လူတိုင်းဟာ ထိုအခြေအနေကို ကြည့်ရင်း ကြောင်အနေကြတယ်။ ပြင်းပြင်းထန်ထန်ပင် ဓားနဲ့ ထိုးချလိုက်ခြင်း ဖြစ်သော်လဲ ချန်ရှန် ဟာ သာသာယာယာ ပင် ဖမ်းဆုပ်လိုက်တာ ဖြစ်ပါ တယ်။ 

လူတိုင်းဟာ ချန်ရှန် မျက်နှာတွင် အပြုံးတစ်ခု လင်း လက်သွားတာ တွေ့လိုက်ကြရတယ်။ တစ်ချိန်တည်းမှာ ပင် သူ၏ လက်နှစ်ချောင်းမှ နီရဲနေသောအခိုးများထွက် လာပြီး သူ၏ လက်ချောင်ထိပ်မှာ ကပ်ကြေးလို ဖြစ်သွား ပြီး ဓားထိပ်ကို ဖြတ် ချလိုက်ပါတော့တယ်။ 

ဒီမြင်ကွင်းကို ကြည့်နေတဲ့ ပရိသတ်များဟာ ဓားပြတ် သွားသလို သူတို့၏ နှလုံးသားများလဲ လည်ထွက် သွားသလိုပါပဲ။ ဒါဟာ အဆင့် ၄ ရှိတဲ့ ဝိဉာဉ်တော် လက်နက်ပါ။ ဒါပေမဲ့ ယခုတော့ စာရွက်လေးတစ်ရွက် အလား ချန်ရှန်ဟာ ဖြတ်ပစ်လိုက်ပြီး ဈေးကြီးလှပြီး အဖိုး ထိုက်တန်လှတဲ့ ဓားကြီးဟာ ဖျက်ဆီးခံလိုက်ရပါပြီ။ 

“ဒါပဲကွ ၊ နူးညံ့သော အငွေ့လက်ချောင်း တိုက်ကွက် ပဲ ၊ သူဒီလို အဆင့်နိမ့် မြေကြီးအဆင့် သိုင်းစွမ်းရည်ကို လေ့ ကျင့်ထားလိမ့်မယ်လို့ မထင်ထားဘူး”

လူကြီးတစ်ယောက်က အံ့သြတကြီး အော်ပြောပါ တယ်။ ဒီလို ခက်ခဲလှပြီး ကြောက်စရာကောင်းလှတဲ့ တိုက်ကွက်မျိုးကို လေ့ကျင့်သူဟာ မရှိသလောက် ရှားပါး ပြီး ချန်ရှန် ဟာ တတ်မြောက်နေတာကို တွေ့ကြရတဲ့ အတွက် အံ့အားသင့်နေကြခြင်းပါပဲ။ 

ချန်းစင်ဂျီ ဟာ ခုနက တော်တော်ကို မာနကြီးနေတာ ဟာ သူလေလျှပ်စီး ဓားကို ပိုင်ဆိုင်ထားခြင်းကြောင့်ပါ။ ယခုတော့ သူဖြစ်နေတဲ့ ပုံစံဟာ တော်တော် အရုပ်ဆိုး လှပါတယ်။ သူ၏ မျက်လုံးများဟာ ဝိုင်းဝိုင်းလည်နေပြီး ကျိုးနေတဲ့ ဓားသွားပေါ်က ဝိဉာဉ်တော် သွေးကြော များကို ကြည့်လို့နေပါတယ်။ 

ဒီဓားဟာ တကယ်ကို မာကျောလှတယ်။ ဝိဉာဉ် တော် အဆင့် ဖြစ်တာနဲ့အညီ ၎င်းကို ဖျက်ဆီးဖို့လည်း တော်တော် ခက်ခဲပါတယ်။ ချန်းစင်ဂျီ တစ်ယောက် ချန်ရှန် ယခုသိုင်းစွမ်းရည်ကို ကျင့်ထားလိမ့်မယ်လို့ လုံး၀ မမျှော် လင့်ထားပါ။ ယခုတော့ သူ၏ အဖိုးတန်လှသော လက်နက်ဟာ ညှပ်လိုက်ရုံဖြင့် ပျက်စီးသွားပါပြီ။ 

ထိုအချိန်မှာပဲ ချန်းစင်ဂျီဟာ သွေးများကို ပင် မသုတ် နိုင်တော့ပဲ ကျယ်လောင်စွာကြုံးဝါးကာဖြင့် ချန်ရှန်ဆီသို့ ပြေးဝင်လာပါတယ်။ သူ၏ လက်သီးများမှာ အဆုံးမရှိတဲ့ မိုးပြာရောင် ချီဓာတ်များ ထွက်နေလျက်ရှိပြီး တချိန်တည်း မှာပင် သူ၏ လက်သီးများပေါ်မှ အသက်ဝင်လှတဲ့ မိုးပြာ ရောင်မြွေခေါင်း ၂ ခုဟာ ချန်ရှန်ဆီသို့ ဦးတည်လာနေ ပါတယ်။ 

၎င်းလက်သီးများ ချန်ရှန် ဆီမရောက်မီ ၃ ပေ လောက် အလိုမှာတော ချန်ရှန် ဟာ ပုံဆောင်ခဲတစ်ခု ပြုလုပ်ကာ ချန်းစင်ဂျီ ထံသို့ ပစ်လွှတ်လိုက်ပါတယ်။ တချိန်တည်းမှာ ပင် မိုးပြာရောင် လေနဲ့လျှပ်စီး ချီငွေ့များဟာ သူ၏ ပုံဆောင်ခဲများပေါ်မှ ထွက်ပေါ်လာတယ်။ 

၎င်း၏ ပုံဆောင် ဟာ အလွန်ပင် လျင်မြန်လှတယ်။ ရုတ်တရက် အလွန် လျင်မြန်စွာ လာနေတာ ဖြစ်ပြီး ထိုပုံ ဆောင်ခဲထဲတွင် ၎င်း၏ မမြင်နိုင်သည့် ဖိအား များလည်း ပါဝင်နေပါတယ်။ ထိုကဲ့သို့ ဖြစ်ပေါ်လာသော ကြီးမားလှ သည့် ပုံဆောင်ခဲကြီးဟာ ချန်းစင်ဂျီအား ဖုံးလွှမ်းသွားပါ တော့တယ်။ 

ပြင်းထန်လှသည့် တုန်လှုပ်မှုကြီး ပထမမဆင့် ခြံဝန်း တစ်ခုလုံးတွင် ဖြစ်ပေါ်လျက် လူတိုင်းဟာ ချန်းစင်ဂျီ ရပ်နေ သော နေရာမှာ ချီလှိုင်းများ ဖြစ်ပေါ်နေတာကို တွေ့ လိုက်ကြရတယ်။ လှိုင်းများဖြတ်ထိသွားသော အုတ်များ ဟာ အမှုန် အဖြစ်ကို ပြောင်းသွားကြပြီး ၎င်း၏ ကိုယ်ထဲသို့ လည်း ချီဓာတ်များဟာ ပြင်းထန်စွာ ဝင်ရောက်သွားကြ ပါတယ်။ မျက်စိ တမှိတ်အတွင်းမှာပင် သူ၏ တကိုယ်လုံး ရှိ အရိုးများဟာ ကျိုးကြေအက်ကွဲသွားကြပြီး သူ၏ အစိတ် အပိုင်းများအားလုံးဟာလည်း ပျက်စီးသလောက်ကို ဖြစ် သွားခဲ့ပါပြီ။ 

“ကောင်းကင်ဖြို ပုံဆောင်ခဲ အကွက်ဟ။ မိုက်တယ် ကွာ”

ရှောင်ဒို အော်လိုက်တယ်။ သူသည်လည်း ဒီတိုက် ကွက် အကြောင်း ဖတ်ဖူးပါတယ်။ ဒါပေမဲ့ လေ့ကျင့် ရန် အလွန် ခက်ခဲတာကြောင့် ချက်ချင်းပင် စွန့်လွှတ်ခဲတာပါ။ အခုတော့ ဒီစွမ်းအား ဘယ်လောက်ကြီးတယ် ဆိုတာကို သူ မျက်မြင်ကိုယ်တွေ့တွေ့လိုက်ရပြီ ဖြစ်ပါတယ်။ 

နူးညံ့သော အငွေ့လက်ချောင်း နဲ့ ကောင်းကင်ဖြို ပုံ ဆောင်ခဲ တိုက်ကွက်တို့ဟာ လေ့ကျင့်သင်ယူရန် အလွန် ခက်ခဲသော သိုင်းစွမ်းရည်များဖြစ်ပြီး လေ့ကျင့်ရမည့် လူ၏ ခန္ဓာကိုယ် ကြံခိုင်မှုဟာလည်း အလွန် မြင့်မားရမှာ ဖြစ်ပါ တယ်။ ယခု ချန်ရှန်ဟာ ဒီအကွက်များအား သုံးပြလိုက် ခြင်းဟာ သူ ဒီစွမ်းအားပြင်းလှတဲ့ တိုက်ကွက်များကို ကောင်းစွာ နားလည်နေခြင်းကို ပြရုံသာမက သူ၏ ကိုယ် ဘယ်လောက်သန်မာတယ် ဆိုတာကို လည်း ပြလိုက်ခြင်း ဖြစ်ပါတယ်။ 

ချန်းစင်ဂျီ တစ်ယောက် မြေပေါ်မှာ လဲနေတယ်။ သွေး များဟာ အဆက်မပြတ်ထွက်ကာ ညည်းညူလျက်ပါပဲ။ ခုနလေးကပဲ ကြောက်စရာကောင်းပြီး ပြင်းထန်လှတဲ့ စွမ်းအားများဟာ သူ့ကိုယ်ကို ထိမှန်ခဲ့တာဖြစ်ပြီး သူ့တစ် ကိုယ်လုံး စုတ်ပြတ်သွားသလို ခံစားလိုက်ရတာပါ။ ယခု ချန်ရှန် သူ့ဆီကို လျှောက်လှမ်းလာတာကို မြင်တဲ့ အခါ သွေးပျက်လို့ နေပါပြီ။ 

ချန်ရှန် သူ့ဆီ ဘာသွားလုပ်တာပါလိ့မ် . . .။

လူတိုင်း မကြာမီမှာပင် အဖြေရသွားကြပါတယ်။ ချန်ရှန် ၏ ပြင်းထန်လှပြီး မြန်ဆန်လှတဲ့ အရိပ်သာမြင်ရ သော လက်သီးချက်များဟာ တစ်ခုပြီးတစ်ခု ချန်းစင်ဂျီ ပေါ်သို့ ကျရောက် လာပါတော့တယ်။ 

လက်သီး တစ်စုံလုံးဟာ ရွှေရောင် အလင်းတန်းများ လက်သွားပြီး ညှာတာမှုကင်းမဲ့စွာဖြင့် အမဲလိုက်ခြင်း နဲ့ ဆိုင်သော ချီဓာတ်များကို သယ်ဆောင် လျက်ရှိပါတယ်။ ကြည့်နေရတဲ့ လူများအဖို့ အန်ချင်သလိုပင် ဖြစ်နေကြပါ ပြီ။ မျက်စိတမှိတ် အတွင်းမှာပင် ရာပေါင်းများစွာသော လက်သီးချက်များဟာ ချန်းစင်ဂျီ ထံသို့ ကျရောက်သွားပါ တော့ တယ်။ စူးစူးဝါးဝါး အော်ဟစ် ငြီးငြူသံများကို ကြားရ ပြီးနောက်မှာတော့ ချန်းစင်ဂျီ၏ ဘ၀ ဟာ မတွေးရဲ စရာပါ ပဲ။ 

ချန်ရှန် ၏ လက်သီးများဟာ အလွန်ပဲ လျင်မြန်လှပါပေ တယ်။ သူထိုးနေတာကို ရပ်တန့်လို့ မရနိုင်ပဲ လူတိုင်းဟာ အသက်ရှူ ရပ်မတတ် ကြည့်နေကြတယ်။ ချန်းစင်ဂျီ ဟာ ချန်ရှန်ကြောင့် သေတာထက် ဆိုးရွားစွာပင် ခံစားလိုက် ရပြီး သဲများခဲများဖြင့် ရောထွေးလျက် မြေမှာ လဲကျလျက် ရှိနေပါတယ်။ ဒါပေမဲ့ သူမသေသေးပါ။ 

သွေးစွန်းမှုများ ၊ လူမဆန်မှုများ ၊ ကြောက်မက်ဖွယ် ကောင်းမှုများ ၊ ပြင်းထန်လှသော တိုက်ခိုက်မှုများဟာ လူတိုင်းရင်ထဲမှာ တစ်ချက်ချင်း တံဆိပ်ရိုက်နှိပ်လျက်ရှိ တယ်။ ၎င်းတို့ အားလုံးအမြင်မှာတော့ ချန်ရှန် ဟာ ရက်စက်လှပြီး သွေးအေးလှတဲ့ နတ်ဘုရားတစ်ပါးလို ပင် မြင်နေကြပါတယ်။ 

“ချန် ရှန် . . . မင်းးးး . . . . မင်းးးး”

မိုယုဝမ် ခဲများ သဲများဖြင့် ရောထွေးကာ လဲနေသော ချန်းစင်ဂျီကို ကြည့်ကာ တံတွေးမြိုချမိနေတယ်။ ကျန်လူ အားလုံးမှာလည်း အကြောက်တရားဟာ ၎င်းတို့ နှလုံးအိမ် ထဲထိ စိုးမိုးလို့ နေကြပါတယ်။ 

“နောက်တစ်ယောက်ဟေ့”

ချန်ရှန် အေးစက်စက် ပင် ပြောလိုက်တယ်။ လူတိုင်း ဟာ ၎င်းအသံကို ကြားလိုက်ကြသဖြင့် တွန့်သွားမိကြပါ တယ်။ ဘယ်သူကများ ယခု ချန်းစင်ဂျီ ကဲ့သို့ သေမလို အရိုက်ခံပြီး လာပါမည်နည်း . . .။


Chapter – 118

#အရူးတစ်ယောက်လို


ချန်ရှန် ဟာ အရူးတစ်ယောက်လိုပင် တိုက်ခိုက်ခဲ့ တာ ဖြစ်ပြီး သွေးအေးအေးဖြင့် စိုးရိမ်ပူပန်မှုမရှိတာကြောင့် သူ ၏ အားကို အပြည့်အ၀ ပြသကာ တိုက်ခိုက်နေတာပါ။ 

“ငါ ဘာ စည်းမျဉ်းမှ မချိုးဖောက်ဘူး။ မင်းတို့ သတ္တိ ရှိတဲ့ကောင် ထွက်ခဲ့ကြ”

ချန်ရှန် မျက်လုံးများမှ ဒေါသမာန် အပြည့်ဖြင့် မိုယုဝမ် တို့အား ကြည့်ပြီး ပြောနေတယ်။ 

ချန်းစင်ဂျီ ကတော့ မှောက်လို့ နေပါပြီ။ သူ၏ တစ် ကိုယ်လုံးမှာ သွေးများ ပြည့်နေပြီး မြေကြီးများ ခဲများဖြင့် ရောထွေးကာ လဲကျ ညည်းညူနေလျက် ရှိပါတယ်။ လူ တိုင်းဟာ ခုနက တော့ ချန်းစင်ဂျီ တစ်ယောက် စွမ်းအားရှင် တစ်ယောက်လို ပုံစံကို မြင်တွေ့ခဲ့ရပြီး ယခုအခါမှာတော့ ခွေးလေးတစ်ကောင်လို မှောက်နေတာကို တွေ့ကြရတဲ့ အတွက် ချန်ရှန် ကို တော်တော်ကြီး ကြောက်ရွံ့နေကြပါ တော့တယ်။ 

“နောက်တစ်ယောက် က ဘယ်သူလာမှာလဲ။ ငါက တော့ ညှာနေမှာ မဟုတ်ဘူး။ တစ်စစီ လုပ်ပစ်မှာပဲ”

ချန်ရှန် အသံအေးစက်စက် ကြီးက ကြားရတဲ့ လူ တိုင်းအဖို့ ငရဲပြည်မှ နတ်ဆိုးတစ်ကောင်၏ အသံနဲ့ ပင် တူ နေပါသေးတယ်။ 

ယခင်က မိုယုဝမ် တို့ဟာ ချန်ရှန် ကို ၎င်းတို့ စိတ် ထဲ ခပ်ပေါ့ပေါ့ သာ တွေးခဲ့ကြတာဖြစ်ပြီး ယခုအခါမှာတော့ သူ တို့ ထွက်တိုက်ဖို့တောင် ခပ်ရွံ့ရွံ့ ဖြစ်နေကြပါပြီ။ ၎င်းတို့ ဟာ ကိုယ့်စွမ်းအား အကြောင်းကိုယ်သိနေကြတာဖြစ်ပြီး သူတို့ ၏ အားဟာ ချန်ရှန် ကို မယှဉ်နိုင်လောက်ဘူးဆို တာကိုလည်း သိနေကြပါတယ်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အားဟာလည်း ချန်းစင်ဂျီ နဲ့ တူတူပဲဖြစ်လို့ပါ။ 

မိုယုဝမ် သေချာစဉ်းစားပြီးနောက်မှာတော့ မျက်လုံး မှိတ်ကာဖြင့် - 

“ငါ အရှုံးပေးတယ်”

မိုယုဝမ် တကယ်ပဲ လက်မြောက်လိုက်ပါတယ်။ ချန် ရှန် ပင် အနည်းငယ် အံံ့သြမိသွားပြီး လူအားလုံးမှာလည်း ထို့အတူ ခံစားလိုက်ကြရတယ်။ ကောင်မလေး အားလုံး ၏ မျက်လုံးထဲမှ ာ စိတ်ပျက်မှုများကို မြင်တွေ့လိုက်ရပြီး တကယ်တော့ သူတို့ဟာ ချန်ရှန် ၏ အင်အားကို မျက်မြင် ကိုယ်တွေ့ဖြစ်သော်လည်း မိုယုဝမ်တော့ ထိန်းသိမ်း နိုင် လိမ့်မယ်လို့ တွေးထင်ခဲ့ကြတာပါ။ 

ဒီအချိန်မှာ ရင်လင်း ၊ လဲ့ချီ နဲ့ လုဂွန်မင် တို့အားလုံး လည်း အရှုံးပေးလိုက်ကြတယ်။ သူတို့ တိုက်ရင်လည်း သူတို့သာ ခံစားရမှာကို သိတဲ့ အတွက်ကြောင့်ပါ။ သူတို့ ဟာ ပထမခြံဝန်း ဆိုတဲ့ နေရာအတွက် စိုးရိမ်ကြသော် လည်း သူတို့၏ ကိုယ်ပိုင် အသက်နဲ့ အနာဂတ်ထက်တော့ မည်သည့် အရာမျှ အရေးမကြီးလှချေ။ သူတို့ တခုခု ဖြစ် သွားပါက ဒုက္ခိတ ဘဝဖြင့် တစ်သက်လုံးအရိုးထုတ်နိုင်မှာ မဟုတ်ပါဘူး။ 

“ခု နက မင်းပြောခဲ့တယ်နော်။ ငါတို့ ရှုံးရင် နောက်က လူတွေကို တိုက်ခွင့် ပြုမယ်ဆိုတာလေ။ ဟုတ်တယ် မလား”

မိုယုဝမ် အေးစက်စက် ပြောလိုက်တယ်။ သူ၏ လက်ကို မြောက်လိုက်ချိန်မှ နောက်မှ လူအုပ်ကြီးဟာလဲ မိုးခြုန်းသံလို အသံများ မြည်ဟည်းကာဖြင့် ပြင်းထန်သော သိုင်းပညာဂိုဏ်းတစ်ခုလုံးကို ဖုးံလွှမ်းသွားပါတော့တယ်။ 

ဇုရွန် က လက်သီးကို ဆုပ်ကာဖြင့် - 

“ဒီလူ ဟာ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူး ပေ ပဲ”

ရှောင်ဒိုမှာလည်း ဇုရွန် ၏ ဘေးသို့ ရောက်ရှိနေပြီ ဖြစ် ပြီး တိုက်ပွဲတွင်း ဝင်ပါရန် ပြင်ဆင်လျက်ရှိနေတယ်။ 

“အတွင်းစည်း ပထမဆုံး ခြံဝန်းမှ နောက်လိုက်တို့ ၊ ဒီ နေ့ ငါတို့ ရှေ့မှာ ရှိနေတဲ့ လူကို အတူတကွ ရှုံးနိမ့် အောင် လုပ်ကြရမယ်”

မိုယုဝမ် ကျယ်လောင်စွာ အော်ပြောလိုက်တယ်။ ဒီ အပြုအမူဟာ လူတိုင်းအမြင်မှာ တော်တော် အရှက်မဲ့တာ ပါပဲ။ 

မိုယုဝမ် နဲ့ ကျန် လေးယောက်တို့ဟာ စိတ်ထဲ ကြိတ် ပြုံးမိလိုက်ကြတယ်။ သူတို့ စိတ်ထဲမှာတော့ ဒီလောက် ထောင်ပေါင်းများစွာသော လူတွေကို ချန်ရှန် အနေဖြင့် ဘယ်လိုမှ ရင်မဆိုင်နိုင်လောက်ဘူး ထင်ထားတာပါ။ 

ဒါပေမဲ့လည်း လူတိုင်းကို အံ့အားသင့်သွားစေတဲ့ အချက်ကတော့ ချန်ရှန် ဟာ တည်ငြိမ်စွာဖြင့်ပင် - 

“မိုယုဝမ် ၊ မင်းငါနဲ့ တစ်ယောက်ချင်း မချလိုက်ရတာ နောင်တ မရဘူးပေါ့။ အခု မင်းတို့ အားလုံးကို အတူတူ ချ ခွင့်ပေးမယ် လာခဲ့ကြ”

ချန်ရှန် ဟာ ရူးသွားပါပြီ လော . . .။ ဒါဟာ လူတိုင်း ပထမဆုံး စဉ်းစားမိတဲ့ အရာပါ။ မိုယုဝမ် နဲ့ ပညာရှင် လေးယောက်လုံးသာမက ထောင်ပေါင်းများစွာသော လူ တွေကို ပါ အတူတူချခွင့် ပေးလိုက်ခြင်းသည် သူ၏ ကံဆိုး မှုကို သူကိုယ်တိုင် ရွေးချယ်လိုက်ခြင်းပေလော . . .။

“ဟဟ ၊ မင်းက တော်တော် ကြင်နာတတ်တာပဲ။ မင်းရဲ့ ဆန္ဒကို မငြင်းတော့ပါဘူး”

မို ယု ဝမ် ရယ်မောပြောဆိုလိုက်တယ်။ 

“အားလုံး တက်ကြ”

မိုယုဝမ် ၏ စကားဆုံးဆုံးချင်းမှာပင် ချန်ရှန်၏ ကိုယ် ဟာ လေးမှ လွှတ်လိုက်သော မြားတစ်စင်းလိုပင် လျင်မြန် စွာ ပျံသွားသွား မိုယုဝမ်ရှေ့သို့ ချက်ချင်း ရောက်ရှိသွားပါ တယ်။ မိုယုဝမ်လည်း တော်တော် အံ့အားသင့်သွားကာ ချက်ချင်းပင် သူ၏ ချီဓာတ်များဟာ ထုတ်ပြီး ချီအကာ အကွယ်ကို ပြုလုပ်လိုက်တယ်။ တချိန်တည်းမှာပင် သူ၏ လက်မှာ ချီငွေ့များကို စီးဆင်းစေလျက် ချန်ရှန် ကို တိုက် ခိုက်ဖို့ ပြင်ဆင်လိုက်တယ်။ 

ထိုအချိန်မှာပဲ ချန်ရှန် ဟာ သူ၏ ပါးစပ်ကို လျင်မြန် စွာ ဟပြီး ပြင်းထန်လှတဲ့ မိုးပြာရောင် ချီငွေ့များအား ထုတ် လွှတ်ကာ မိုယုဝမ်အား ရက်ရက်စက်စက် တိုက်ခိုက်လိုက် ပါတော့တယ်။ ထိုသို့ တိုက်ခိုက်မှုကြောင့် သူ့နောက်ရှိ တိုက်ခိုက်ရန် ရောက်ရှိနေသော လူများဟာလည်း အထိတ်တလန့်ဖြင့် မြေကြီးပေါ်မှောက်သွားကြတယ်။ မိုး ပြာရောင် ချီငွေ့များဟာ ထိုလူများကိုပါ ထိမှန်သွားတဲ့ အခါ မှာတော့ သွေးပျက်ဖွယ ်အော်ဟစ်ညည်းတွားကြလျက် သွေးတွေ ထွက်ကုန် ကြပါတော့တယ်။ 

“အဖြူရောင် ကျား နတ်လက်သီး ၊ သေပေတော့”

တချိန်တည်းမှာပဲ ချန်ရှန် ဟာ အမဲလိုက်ခြင်း ချီဓာတ် များ ကို သူ၏ လက်သီးများမှာ စုဆုံစေလိုက်တဲ့အခါ အဖြူရောင်ကျားခေါင်းကြီး ၂ ခေါင်းဖြစ်သွားကာ မုန်တိုင်း တိုက်လိုက်သလိုပါပဲ။ လက်သီးတစ်ခုချင်းဆီဟာ ပြင်း ထန်လှတဲ့ မုန်တိုင်းများကို ဖန်တီးကာ လူတိုင်းအား လွင့်ထွက်သွားပါစေတော့တယ်။ 

ထို အဖြူရောင်ကျား နတ်လက်သီး ဟာ မိုယုဝမ် ၏ ကိုယ်ပေါ်သို့ မိုးစက်များလိုပင် ကျရောက်လာတယ်။ တစ် ချက်ချင်းစီဟာ မိုယုဝမ်၏ အသည်းနှလုံးတိုင်အောင် တုန် ခါသွားစေပြီး ချန်ရှန် ဟာ ဒါဇင် အနည်းငယ်လောက် ထိုး ရုံဖြင့်ပင် မိုယုဝမ်၏ ချီအကာကွယ်မှာ အက်ကွဲလာရပါ တော့တယ်။ မိုယုဝမ် စူးစူး ဝါးဝါး အော်ဟစ်ကာဖြင့် မျက်စိ တမှိတ် အတွင်းမှာပင် ချန်ရှန် ဟာ လက်သီး ရာပေါင်းများ စွာကို ထိုးပြီးဖြစ်ပါတယ်။ 

“နဂါးငွေ့လက်သီး”

ချန်ရှန် ၏ လက်သီးများဟာ ရုတ်တရက် ရွှေရောင် သန်းသွားပြီး ကြောက်မက်ဖွယ် ချီငွေ့များဟာ ထွက်ပေါ် လာပါတယ်။ 

“ဒီ လက်သီးက ဇုရွန် အတွက်ကွ”

ချန်ရှန် လက်သီး မိုယုဝမ် ၏ ပါးပေါ်သို့ ကျရောက်သွား ပါတယ်။ ကြီးမားတဲ့ ပေါက်ကွဲသံများ ကြားလိုက်ရပြီး မိုယုဝမ်၏ သွားများဟာလည်း လွင့်ထွက်သွားပါတော့ တယ်။ မျက်နာတခြမ်းမှာတော့ စုတ်ပြတ်လို့ သွားခဲ့ပါပြီ။ 

“ဒါက ရှောင်ဒို အတွက်ကွ”

မိုယုဝမ်ဟာ မှောက်သွားပြီ ဖြစ်သော်လည်း ချန်ရှန် ဟာ ထပ်မံထိုးလိုက်ပါသေးတယ်။ မိုယုဝမ်၏ ဒွါရ ကိုး ပေါက်တို့မှာ သွေးများ အတိလျှံကျကာဖြင့် လဲကျသွားပါ တော့တယ်။

“ငါပြောခဲ့သားပဲ ၊ ငါ ညှာတာမှုဆိုတာကို ပြမှာ မဟုတ် ဘူးလို့”

ချန်ရှန် နဂါးငွေ့များကို သူ၏ ခြေထောက်မှာ စု စည်း လိုက်တယ်။ ထို့နောက်မှာတော့ မိုယုဝမ်၏ ဗိုက်အား ကန်လိုက်သဖြင့် လွင့်ထွက်သွားကာဖြင့် နံရံကို ကပ်သွား ပါလေတော့တယ်။ 

ရင်လင်း ၊ လုယုံမင် ၊ လဲ့ချီ တို့ဟာ ချန်ရှန် ၏ ရက်စက် မှုများကို တွေ့နေရပြီး မိုယုဝမ် အတွက် မည်သူမျှ လက်စား မချေဝံ့ပါချေ။ ရပ်သာ ကြည့်နေနိုင်ကြတယ်။ 

မိုယုဝမ်ဟာ ရှုံးနိမ့်သွားခဲ့သော်လည်း သူ၏ နောက် ရှိ ထောင်ပေါင်းများစွာသော လူအုပ်ကြီးဟာ ချန်ရှန် ဆီ လာ နေတုန်းပါ။ ၎င်းတို့ လက်ထဲမှာလဲ ချွန်ထက်လှသော လက်နက်များကို ကိုင်ဆွဲထားလျက် ရှိနေပါတယ်။ 

“မင်းတို့ က ငါ့ကို ရက်စက်မှု နဲ့ အဆုံးသတ်စေချင် တာလား”

ချန်ရှန် နောက်မှ အနီရောင် အလင်းတန်းများ ထွက်ပေါ် လာပြီး ကြီးမားလှသည့် အနီရောင်တောင်ပံ တစ်စုံ ဟာ တဖြတ်ဖြတ် ခပ်ကာ ထွက်ပေါ်လာပါတယ်။ လေထဲသို့ ခုန်တက်သွားပြီး နောက် မှာတော့ သူဟာ အောက်ကို တချက်ကြည့်လိုက်ပါတယ်။ လူတိုင်းဟာ မိုး ပြာရောင်ချီဓာတ်များ နဲ့ အနီရောင် ငွေ့များ လွှမ်းခြုံထား တဲ့ ကိုယ်ကို မြင်တွေ့လိုက်ကြရတယ်။ 

“ကောင်းကင်ဖြို ပုံဆောင်ခဲ”

ချန်ရှန် ကြုံးဝါးလိုက်တယ်။ ထို့နောက် လက်ခုပ် တစ် ချက်တီးကာ လေထဲမှ လူအုပ်ကြီးဆီသို့ ပုံဆောင်ခဲ တစ်ခု ကို ထုတ်ပစ်လိုက်ပါတယ်။ မမြင်နိုင်သော ချီငွေ့များဟာ သူ၏ ပုံဆောင်ခဲမှ ထွက်နေပြီး ပြင်းထန်သော ဖိအားအ ဖြစ် ပြောင်းလဲသွားကာ လူတိုင်းအပေါ် လွှမ်းခြုံသွားပါ တော့ တယ်။ 

ချန်ရှန် သူ၏ မိုးပြာနဂါး နဲ့ အနီရင့် ငှက် ချီဓာတ်များကို စုဆုံစေလျက် ပြင်းထန်လှသည့် ကောင်းကင်ဖြို ပုံဆောင်ခဲ ကို သုံးလိုက်တာပဲ ဖြစ်ပါတယ်။ 

ထိုအချိန်မှာပဲ ခြံဝန်းအတွင်းရှိ ကြီးမားသည့် အရာအား လုံးလဲပြိုသွားပြီး အဆောက်အဦးများအားလုံးဟာလည်း ပြိုကျပျက်ဆီး သွားပါတော့တယ်။ မျက်စိတမှိတ်အတွင်း ဆူနာမီ လှိုင်းကြီး ရိုက်ခတ်လိုက်သလိုပါပဲ မြေကြီးပေါ် ရှိ လူအားလံးုဟာ သွေးများ အန်ထွက်ကာဖြင့် အလဲလဲ အပြို ပြို ဖြစ်သွားကြပါတော့တယ်။ 

“ကောင်းကင်ဖြို ပုံဆောင်ခဲ”

ချန်ရှန် ၏ မျက်လုံးများ အနီရောင်အဖြစ်ပြောင်းလဲ သွား ပြီး သူ၏ ခြေထောက်မှာတော အပြာရောင် အကြော များ ပေါ်လာကာ ဒေါသတကြီးဖြင့် ထပ်မံ ကြုံးဝါးလိုက်ပြန် ပါပြီ။ 

ရပ်ကြည့်နေတဲ့ လူအားလုံး ထိတ်ခနဲ ဖြစ်သွားကြ တယ်။ သူတို့ ကြောက်ရွ ံ့လို့ မဆုံးခင်မှာပဲ ချန်ရှန် ဟာ ထပ်မံပြီး တိုက်ကွက်သုံးမည် ဖြစ်သောကြောင့် အားလုံး တုန်လှုပ်နေကြပါတော့တယ်။ 

ယခုအချိန်မှာ ချန်ရှန်ဟာ မြေကြီးဓာတ် နတ်ဆင် ကို ကောင်းစွာ ထုတ်လွှတ် နိုင်ရုံသာမက သတ္တု အဖြူရောင် ကျားချီဓာတ်ကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒီစွမ်းအား ကြီး လှတဲ့ အရာ ၂ ခု ပေါင်းစုံကာ ပထမအဆင့် အတွင်း စည်း ခြံဝန်းကြီးထဲသို့ ကျ ရောက်သွားပါတော့တယ်။ 

“ဘုန်း .. . . . ဘုန်း . . . . . ဘုန်း . . . .”

အသံများ ကျယ်လောင်စွာ မြည်ဟည်းကာဖြင့် မြေကြီး တစ်ခုလုံး တုန်လှုပ်သွားပြီး အရာအားလုံး ကျိုးကြေ ပျက် ဆီး သွားရပါပြီ။ စူးစူး ဝါးဝါ း အသက်ငင်နေသံများမှာ လည်း ရောထွေးနေလျက် ကမ္ဘာ ပျက်သလိုပါပဲ။ 

ချန်ရှန် ဟာ သူ၏ အတောင်ပံများကို ပြန်သိမ်းလိုက် ပြီး မြေကြီးပေါ်သို့ ပြန်ဆင်းလာကာ အဝင်၀ မှာ ရပ်လိုက် ပါတယ်။ မြေကြီးများကို ဖယ်ရှားလိုက်တဲ့ အခါမှာတော့ ပျက်ဆီးနေသော အမှတ် ၁၆ ဟူသည့် ဆိုင်းဘုတ်ကို တွေ့ လိုက်ရတယ်။ အေးစက်စက်ပဲ လှောင်ရယ်လျက် လွှတ် ပစ်လိုက်ပါတော့တယ်။ 

လူတိုင်းရဲ့ နှုတ်ဖျားမှာတော့ - 

“မဖြစ်နိုင်ဘူး”

ဆိုသည့် စကားကိုသာ တွင်တွင်ပြောကာ သူတို့စိတ် ထဲမှာတော့ စစ်မှန်သော သိုင်းပညာရှင်သာ ဒီလိုလုပ်နိုင် မယ်လို့ ထင်နေကြပါတယ်။ ဒါပေမဲ့လည်း ချန်ရှန် ဟာ ထိုကဲ့သို့ စစ်မှန်သော သိုင်းပညာနယ်ပယ် မှ ပညာရှင် တစ် ယောက်တော့ မဟုတ်ပါချေ . . .။











Chapter – 119 

#အပင်စိုက်ခြင်း


ကြီးမားလှတဲ့ ပထမအဆင့် အတွင်းစည်းခြံဝန်း ကြီးဟာ တခဏအတွင်းမှာပဲ စိစိညက်ညက် ကြေသွား ရ ပါပြီ။ စိတ်ကြီးဝင်လျက်ရှိပြီး စဉ်းစားဆင်ခြင် ဉာဏ်မရှိ သော ထောင်းပေါင်းများစွာ ရှိသည့် ဂိုဏ်းသားများမှာ လည်း ငိုနေကြလျက်ပါ။ ခုနကပဲ ချန်ရှန် ဟာ သူ၏ ပြင်း ထန်လှသော ချီဓာတ်များကို ပြည့်၀ စွာ အသုံးချလိုက်ကာ ကောင်းကင်ဖြိုပုံဆောင်ခဲကို ပြုလုပ်လိုက်တာ ဖြစ်တယ်။ ၎င်း ၏ အားအင်ဟာ အလွန် ပင် ပြင်းထန်လှပြီး ကြောက် မက်ဖွယ် ကောင်းလှပါတယ်။ ထိုမျှမကသေး မည်သည့် ငယ်ရွယ်သော မျိုးဆက်သစ် နောက်လိုက်မျှ မပြုလုပ် နိုင် သည့် ချီငွေ့များကို အသုံးပြုကာ နောက်ထပ် ပုံဆောင်ခဲ အား ချပစ်လိုက်ပါသေးတယ်။ 

“ဒါ . . . ဒါ လူတစ်ယောက် လုပ်တာမှ ဟုတ်ရဲ့လား”

အတွင်းစည်း လူတစ်ယောက်ဟာ သူ၏ မျက်လုံးကို ပင် မယုံနိုင်ဟန်ဖြင့် ပြောလိုက်တယ်။ လူတိုင်းဟာ လည်း ထိုအတွေးမျိုး ပင် ဝင်ကာဖြင့် ကြောက်လန့်နေကြတယ်။ 

“ရိုရူ ဒီကောင်လေးက တော်တော် စွမ်းတယ်ကွ”

ဇုရွန် ချစ်စဖွယ် ကောင်မလေး တစ်ယောက်၏ ခေါင်း ကို ပုတ်ကာ ဂုဏ်ယူဟန် ဖြင့် ပြောလိုက်ပါတယ်။ 

“တော်တော့ ကို စွမ်းလွန်းတာပါ။ သူ့အဆင့် ဟာ စစ် မှန် သော ပညာရှင် နီးပါးပဲ”

ဇုရိုရူ သူမ၏ ကြည်လင်လှသော မျက်လုံးများဖြင့် ချန် ရှန် ကို ကြည့်နေပါတယ်။ ထို့နောက် ပြုံးကာဖြင့် - 

“အကိုတော် ၊ အကိုတော်ကတော့ ကြောက်စရာ သူ ငယ်ချင်းကို ရရှိထားတာပဲ”

“ဒါပေါ့ကွ”

ဇုရွန် ဝမ်းသာအားရဖြင့် ချန်ရှန် ဆီသို့ ပြေးသွားတယ်။ 

ရှောင်ဒို ကလည်း သူ၏ အမ အင်္ကျီစကို ဆွဲကာ - 

“အမတော် ၊ သူက အမတော် ထက် အများကြီး ငယ် ပေမဲ့ တစ်ခါလောက်တော့ သူနဲ့ ဆုံပေးဖို့ ကျွန်တော် စီ စဉ်ချင်တယ်”

ရင့်ကျက်ပုံပေါ်လှတဲ့ ယန်စုရီ ပါးစပ် အဟောင်းသား ပွင့်ကာ နေဆဲပါ။ ထို့နောက်မှာတော့ လေကို တ၀ ရှူရှိုက် ကာဖြင့် - 

“မေ့လိုက်ပါကွာ ၊ ဒီလို လူမျိုးက သိပ်ကြောက်စရာ ကောင်းတယ်။ သူနဲ့ ငါက ဘယ်လိုမှ မလိုက်ဖက်ပါဘူး”

ရှောင် ဒိ ု လည်း လျာထုတ်ကာဖြင့် ချန်ရှန် ဆီ ပြေး သွားပါတော့တယ်။ 

ယခုအခါ ဆူဝဲလောင်မှာလည်း ချန်ရှန် ၏ အင်အား ကို နက်ရှိုင်းစွာ သဘောပေါက်သွားပြီ ဖြစ်ပါတယ်။ ချန်ရှန် နား ရောက်တဲ့ အခါမှာတော့ - 

“တော် ပါ ပေ တယ် ကွာ”

ချန်ရှန် လည်း ရယ်မောကာ နေလိုက်တယ်။ ထိုအချိန် မှာ သူဟာ အတော် ကို ပင်ပန်းနေပြီ ဖြစ်ပါတယ်။ သူ၏ ချီဓာတ်များစွာမှာ ကုန်သလောက ်နီးပါးဖြစ်နေတာပါ။ 

ရှောင်ဒို လည်း လဲကျနေတဲ့ ရင်လင်း နဲ့ လဲ့ချီ တို့ အား ကန်လိုက်ပြီး ရယ်မောကာဖြင့် - 

“သွား သောက် ကြစို့ ဗျာ”

ချန်ရှန် ဟာ အလွန်ပင် ပင်ပန်း နွမ်းနယ် နေတာမို့ ချီဓာတ်ဆေး အနည်းငယ်အား ထုတ်သောက်ကာ ရှောင်ဒို တို့ နဲ့ အတူ ထွက်သွားပါလေတော့တယ်။ 

“ဂိုဏ်းချုပ် ၊ မြင်ပြီလား”

ဆရာကြီး ဝု ခပ်ပြုံးပြုံး နဲ့ ပြောလိုက်တယ်။ 

“ဒီကောင်လေး ဘယ်လိုလုပ်သွားလဲ တွေ့လား ၊ တကယ်ကို ကြောက်စရာပဲ ၊ သူဟာ အခု အတွင်းစည်း ပထမအဆင့် ခြံဝန်း တစ်ခုလုံးကို ဖျက်ဆီးသွားတယ်။ ကျွန်တော် တို့သာ ပြန်ဆောက်မယ်ဆိုရင် သလင်း ကျောက်တုံး တန်နဲ့ ချီ ကုန်တော့မှာ ၊ ဒါတင်မကသေးဘူး သူဟာ နောက်လိုက်များစွာကိုလည်း ဒဏ်ရာရအောင် လုပ်သွားသေးတယ်”

ဂုဒွန်ချန် လည်း ခပ်ဖျော့ဖျော့ ပင် ပြုံးကာ -

“ကျွန်တော် မူလက ဒီကောင်လေး ဘယ်လို ရှုံးနိမ့် သွားမလဲ ဆိုတာကို ကြည့်ချင်နေတာ ၊ ဒါပေမဲ့ သူ့ ခွန် အားဟာ ကျွန်တော်တို့ ခန့်မှန်းတာထက် အဆများစွာ ပို နေလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ ဒီ ပျက်စီးမှုတွေ အ တွက် ဒီ နောက်လိုက်တွေကို ပဲ ပေးလျော်ခိုင်းလိုက်ပါ ၊ သူ တို့ မျိုးနွယ် တွေ က ချမ်းသာတယ်လေ”

ဒါသာ ၎င်းတို့ရဲ့ ဦးရီးတော်လေး မဟုတ်ပါက သူတို့ ၂ယောက် ဒီလို ကြည့်နေစရာ အကြောင်း မရှိပေ။ ဂိုဏ်း သား များစွာ ၏ မျက်လုံးထဲတွင် ယခု တိုက်ပွဲဟာ အလွန် ကို ပြင်းထန်လှသော်လည်း စစ်မှန်သော သိုင်းပညာရှင် များ အဖို့မူ အပျင်းပြေရုံသာ ရှိပါတယ်။ ဒါကြောင့်ပဲ ဒီလို ပညာရှင်တွေ ၏ တိုက်ပွဲများကို မမြင်နိုင်တာပါ။ ၎င်းတို့ အချင်းချင်း တိုက်ခိုက်မည် ဆိုပါက တောနက်နက် တောင် များဆီ သွားကြတာဖြစ်ပြီး အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ကြောင့် လူများ ထိခိုက်မှာ ဆိုးသောကြောင့်ပဲ ဖြစ်ပါတယ်။ 

ချန်ရှန တို့ဟာ သွားသောက်ကြပြီးနောက် ပြန်လာ ကြတယ်။ ညဟာလည်း တော်တော် နက်လျက် ရှိနေပါပြီ။ ချန်ရှန် ဆေးဘုရင်ခြံဝန်းထဲသို့ ရောက်တဲ့အခါ နားနေ ပါတယ်။ ထို့နောက်မှာတော့ မြင်နေရတဲ့ မိုးပြာရောင် သိမ်မွေ့သစ်သီးကို ယူ ကာ သက်ပြင်းချလိုက်မိတယ်။ ဒါဟာ အလွန် ရှားပါးလှသည့် အသီးဖြစ်ပြီး အခြေခံ တည် ဆောက်ရေးဆေး ပြုလုပ်ရာမှာ ပါဝင်တယ့်အဓိက ပစ္စည်း ဖြစ်ပါတယ်။ ၎င်းကို စိုက်ပျိုးရန်မှာလည်း အလွန် ခက်ခဲ လှပြီး နှစ်ပေါင်းများစွာ ကြာမြင့်နိုင်မှာပါ။ 

“ဒီလို အသီးကို လူတစ်ယောက် က စိုက်ဖို့ ဆိုတာ ဖြစ် နိုင်ပါ့မလား”

ချန်ရှန် ရုတ်တရက် အကြံရသွားတယ်။ ထို့နောက်မှာ တော့ ပြတ်ပြတ်သားသား ပင် ထိုအသီးကို စိုက်ရန် ဆုံးဖြတ် လိုက်ပါတော့တယ်။ 

“အချို့သော ဆေးဖက်ဝင် အပင်တွေဟာ ရှင်သန်ဖို့ သီးခြား ပတ်ဝန်းကျင်တွေ လိုအပ်တယ်။ ဥပမာ - ငရဲ ဝိဉာဉ်တော်မြက်ကိုပဲ ကြည့် ၊ ၎င်းဟာ သိပ်သည်းလှတဲ့ သေစေနိုင်သော ချီဓာတ်တွေ ရှိတဲ့ နေရာမှာသာ ရှင်သန် ကြီးထွားကြတယ် ၊ ဒီအသီးကလည်း ရှေးဟောင်း သစ်ပင်လိုတွေမှာသာ ပေါက်ရောက်တယ်။ ဒါပေမဲ့ ၎င်း တို့ဟာ ပတ်ဝန်းကျင် အခြေအနေ သီးသန့် မလိုဘူး။ ဘာ လို့လဲဆိုတော့ ၎င်းရဲ့ဒြပ်စင်များဟာ ရှေးဟောင်း သစ်ပင် တွေကို ဖြတ်သန်းပြီးတဲ့နောက်မှာ တမူထူးခြားတဲ့ ဝိဉာဉ်တော် ချီဓာတ်များ အဖြစ် ပြောင်းလဲသွားလို့ပဲ”

စုမေးယို က ရှင်းပြပါတယ်။ 

ချန်ရှန် ဟာ အဆင့်မြင့် ဆေးပညာရှင် တစ်ယောက် ဖြစ်ချင်ပါတယ်။ ဒါပေမယ့် အဓိက လိုအပ်ချက်မှာ သူ့မှာ ဆေးပင် လုံလုံလောက်လောက် မရှိခြင်းပါ။ သူဟာ ဆေး ဘုရင် ခြံဝန်းထဲမှာ နေနေပေမဲ့လည်း များပြားလှတဲ့ ဝိဉာဉ်တော် ဆေးပင်တွေ များစွာ ရရှိဖို့က ခက်ခဲနေတုန်း ပါ။ 

သူ၏ စွမ်းအားများ တိုးလာတာနဲ့ အမျှ သူဟာ ဆေးပညာမှာ ကျင့်ဖို့ သိပ်မလိုအပ်တော့ပါ။ အဘယ် ကြောင့်ဆိုသော် နောင် အနာဂတ် ကာလတွင် သူဟာ ဆေးများအပေါ်ကို မှီခိုနေရမှာ ဖြစ်ပြီး သူ့အတွက် ဆေးကိစ္စ များစွာကိုသာ လုပ်တော့မှာမို့ ဖြစ်ပါတယ်။

ချန်ရှန် ဟာ နဂါးတံတွေး ကျင့်စဉ်ကို အသုံးချနိုင် တာ ဖြစ်ပြီး ယခု ကုန်လွန် ခဲ့သော နှစ်များတွင် သူဟာ နဂါး တံတွေး အချို့ကို စုမိနေပါပြီ။ သူ၏ စွမ်းအားတိုးတာလာနဲ့ သူ၏ နဂါးတံတွေ းထုတ်လုပ်နိုင်မှုမှာလည်း ပိုမို မြန်ဆန် လာ ပါတယ်။ သူ့မှာ နဂါးတံတွေ း ငါးပုလင်းခန့်ကို စု ဆောင်းထားမိပြီးပါပြီ။ ထို ၅ ပုလင်းလုံးအား မိုးပြာရောင် သိမ်မွေ့သစ်သီးကို စိုက်ပျိုးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ 

ချန်ရှန် တစ်ညလုံး နားနေပြီးနောက် သူ၏ အားများ ပြန် လည် ပြည့်ဖြိုးလာပါတယ်။ ထို့နောက်မှာတော့ ဆေး ဘုရင် ခြံဝန်းမှ ထွက်ခဲ့ကာ သူ၏ ပထမဆင့် ခြံဝန်းအသစ် ကို ထွက်ခွာခဲ့ပါတယ်။ 

ဒီ ခြံဝန်းဟာ မူလက အဆင့် ၅၀၀ ဖြစ်ပြိး ယခုအခါ မှာ တော့ အပေါက်၀ တွင် အမှတ် ၁၆ ဆိုသည့် ဆိုင်းဘုတ် ကို ချိတ်ဆွဲထားပါတယ်။ ဇုရွန် ဟာ အစောကြီး ကတည်းက ရောက်နေတာဖြစ်ပြီး စောင့်နေတာပါ။ ထို့နောက်မှာ တော့ လျင်မြင်စွာပင် ဂိုဏ်း၏ အကျိုးအမြတ်များ ရယူရန် ထွက်ခွာ သွားကြပါတော့တယ်။ 

အမှတ် ၁၆ ခြံဝန်းမှာ နေခြင်းဟာ တကယ်ကို အကျိုး များလှပါတယ်။ တစ်နှစ်လျှင် ချီဒြပ်စင်ဆေး ၅ လုံး တစ်လ လျှင် ချီဓာတ်ဆေး အလုံး ၁၀၀ ကို ရရှိပါတယ်။ ထို့အပြင် သလင်းကျောက်တုံး ၁၀၀၀၀ ကိုလည်း ရရှိနိုင်ပါသေး တယ်။ သူတို့ လုပ်ဆောင်ရမည့် မစ်ရှင်များဟာ ခက်ခဲ မည် ဆိုတာကို သိကြသော်လည်း ၎င်းတို့မှာ ချန်ရှန် ဆိုသည့် လူထူးဆန်း ကြီး ရှိနေသောကြောင့် စိုးရိမ်ပူပန်မှု နည်းနည်း မှ ျ ပင် မဖြစ်ကြပါချေ။ 

ဒီလို အကျိုးအမြတ်တွေ ရပြီးကတည်းက ဇုရွန် ၏ မျက်နာတွင် အပြုံးဟာ ဘယ်တော့မှ ပျောက်ကွယ် မသွား တော့ချေ။ သူအလွန်ပင် ပျော်ရွှင်နေတာပါ။ အဘယ် ကြောင့် ဆိုသော် သူဟာ လတိုင်း ချီဓာတ်ဆေး ၁၀၀ ကို ရရှိနေလို့ပါပဲ။ 

ဆူဝဲလောင် နဲ့ ရှောင်ဒိုတို့ဟာ တော်တော် သဘော ထား ပြည့်၀ ကြပါတယ်။ ဒါတွေ အားလုံးဟာ ချန်ရှန် ကျေး ဇူးလို့ သိကြတဲ့ အတွက် ၎င်းတို့ဟာ ချန်ရှန်အား ဒြပ်စင် ဆေး ၂ လုံးစီအား ချန်ရှန်ကို ပေးကြပါတယ်။ ဇုရွန်က တော့ တစ်လုံး သာ ပေးတာပါ။ 

“ညီတော် ချန် ၊ မင်းက တကယ်ကို ကြွယ်ဝခြင်း နတ် ဘုရားလို့တောင် ခေါ်လို့ရတယ်။ ငါမင်းကို ပိုပို ပြီး ယောက် ဖ လို့ ခေါ်ချင် လာလေ ပဲ။ ဟားဟာားး ၊ တစ်နေ့ တော့ ငါ လဲ သလင်းကျောက်တုံးတွေနဲ့ ဆောက်တဲ အိမ်ကြီးမှာ နေရမယ်တူတယ်ကွာ”

ဇုရွန် ရယ်မောကာဖြင့် ပြောလိုက်ပါတယ်။ 

“မစ်ရှင် တစ်ခုခု ရှိရင် လည်း မင်းပဲသွားလိုက်ပါကွာ ၊ မင်း တစ်ယောက်တည်း အေးဆေး လုပ်နိုင်မှာပါ”

“ဖက်တီးစုတ် ၊ ခင်ဗျား ကိုယ် ဟာ ၀ သည်ထက် ၀ လာ တယ်။ ခင်ဗျား ကိုယ်ကြောင့် ခင်ဗျားတော့ တနေ့ ဒုက္ခ နဲ့ တွေ့ရလိ့မ်မယ်”

ရှောင်ဒို မာန်မဲလိုက်တယ်။ 

ဇုရွန် ပုံစံက တော့ ဂရု မစိုက်တဲ့ ပုံစံပါပဲ။ ပြုံးကာဖြင့် ပင် - 

“မျိုးမစစ်လေး ယန် ၊ ငါ့ကိုယ်မှာ အသုံးမဝင်တဲ့ အသား မရှိဘူးကွ။ ငါ့ကို အကြိမ်ကြိမ် ကယ်ခဲ့တာ ၊ ငါ့ ချီဓာတ်တွေကို ငါ့ အသားမှာ စုပြီး တခြားလူက ငါ့ကို ရိုက် ရင် ငါဘယ်လို နာကျင်မှုမျိုးကို မျှ မခံစားရဘူး”

“အကိုတော် ချန် ၊ သူ့ကို လက်သီး ၂ ချက်လောက် ကျွေးလိုက်စမ်းပါ။ ဘယ်လို ဖြစ်မလဲကြည့်ချင်လို့”

ရှောင်ဒို စပ်ဖြဲဖြဲ ပြောပါတယ်။ 

ဇုရွန် ကတော့ ခပ်မြန်မြန်ပင် ခုန်လိုက်ကာဖြင့် - 

“အရူး ၊ ချန်ရှန် ကတော့ ခြွင်းချက်ဟေ့”

ချန်ရှန် လည်း ရယ်မောကာဖြင့် - 

“ကောင်လေးတို့ ၊ မင်းတို့ အမတွေ ညီမတွေ ဘာ ပြော ကြသေးလဲ။ ငါ့ကို ယူဖို့ စိတ်ကူးရှိကြတယ်တဲ့လား”

“မေ့လိုက်တော့ ၊ ငါ့ ညီမက မင်းမှာ သတို့သမီး ရှိတယ် ဆိုတာ သိသွားတာနဲ့ ငြင်းတာပဲဟေ့”

ဇုရွန် သက်ပြင်း ချလျက် ပြောပါတယ်။ 

ဒါကို ကြည့် ချင်းအားဖြင့် သူတို့ရိုးရာမှာ သာမန်လူတစ်ယောက်ဟာ မယားသုံးယောက် နဲ့ ကိုယ်လုပ်တော် လေးယောက် ထား နိုင်သော်လည်း ကိုယ့်ညီမကိုတော့ ဒီလို အဖြစ်မခံနိုင်တာ ကို တွေ့လိုက်ရတယ်။ 

“ကျွန်တော့် အမကတော့ ခင်ဗျားဟာ သူ့ထက် အရမ်း ငယ် တယ်။ ပြီးတော့ ခင်ဗျားက မကောင်းဆိုးဝါးလိုပဲ တဲ့ ၊ သူနဲ့ မလိုက်ဘူးတဲ့လေ”

ရှောင်ဒိုလည်း သက်ပြင်းချကာ ပြောဆိုပါတယ်။ 

ချန်ရှန် ကလည်း ပြုံးကာဖြင့် - 

“ကောင်းတာပေါ့။ မစ်ရှင် တစ်ခုခု ရှိရင် မင်းတို့ လုပ် နိုင်သလောက် လုပ်ထားကြ ၊ လုပ်လို့ အစဉ်မပြေတော့ ရင် ငါ့ကိုစောင့်ပါ ၊ ငါ ခဏလောက် တံခါးပိတ် ကျင့်ကြံစရာ ရှိ လို့”

ဆူဝဲလောင်မှလည်း - 

“ငါလည်း တံခါးပိတ် ကျင့်ရမှာရှိတယ်။ ငါ ထွက်လာ ရင် အကုန်လုပ်နိုင်မယ်လို့ သေချာ တယ် ကွာ”

ရှောင်ဒို မှာ နှုတ်ခမ်းများကို ကွေးကာဖြင့် -

“ကျွန်တော်နဲ့ အကိုဇုကလည်း ဒဏ်ရာရနေ ကြတယ်။ ကုစားဖို့ အချိန် အနည်းငယ် လိုသေးတယ်”

ဒီလိုနဲ့ အတွင်းစည်း ပထမအဆင့် က လူတိုင်းဟာ အရေးကြီး အလုပ်တွေ ကိုယ်စီ ရှိနေကြတော့တယ်။ အရင် က အမှတ် ၅၀၀ ခြံဝန်းမှာတုန်းကတော့ ဒီလိုတွေ မရှိ ခဲ့ပေ။ ဒါပေမဲ့ ဒီအချိန်မှာတော့ အားလုံးဟာ မရယ် မောကြတော့ပါပေ . . .။ 



















Chapter – 120 

#မိုးပြာရောင်သိမ်မွေ့ပင်


ချန်ရှန် ဆေးဘုရင် ခြံဝန်းသို့ ပြန်လာခဲ့တယ်။ ခြံဝန်း ငယ်လေးထဲ တွင်းလေးတစ်ခုတူးကာ မိုးပြာရောင် သိမ်မွေ့ သီးကို မြုပ်လိုက်တယ်။ ထို့နောက်မှာတော့ နဂါးတံတွေး အား အစက်ချကာ လောင်းလိုက်ပါတယ်။ 

နဂါးတံတွေး ပုလင်း ၅ ပုလင်းဟာ အပင် ကောင်းစွာ ရှင် သန် ဖွံ့ဖြိုးနိုင်ရန် လုံလောက်နိုင်မှာပါ။ အနည်းဆုံး တော့ အသီးမသီးတောင် အပင်တော့ ကောင်းကောင်း ဖြစ် မှာပါ။ တကယ်လို့ ဒီကိစ္စသာ မအောင်မြင်ပါက သူ ၂ နှစ် လုံးလုံး စုဆောင်းခဲ့ရသော နဂါးတံတွေး များအားလုံး အလ ကား ဖြစ်ပါပေလိမ့်မယ်။ 

ချန်ရှန် သူ၏ အခန်းသို့ ပြန်လာတယ်။ ချီဒြပ်စင်ဆေး ၁၀ လုံးကို ထုတ်ကာ ကြည့်လိုက်တယ်။ ယခု ချီဒြပ်စင် ဆေးဟာ အဆင့်မြင့် ဝိဉာဉ်တော် အမျိုးအစား ဆေး ဖြစ် ပါတယ်။ ဒါပေမဲ့လည်း ၎င်းဟာ ချန်ရှန် အပေါ် သိပ် တော့ အကျိုး သက်ရောက်မှု မရှိစေနိုင်ပါ။ အခု သူလိုအပ် နေသော အရာမှာ အခြေခံတည်ဆောက်ရေးဆေး သာ ဖြစ် ပါတယ်။ 

ဒါပေမယ့်လည်း သူဟာ ဒါကို မှီဝဲနေရတုန်းပါပဲ။ တစ်ခါ သောက်လျှင် သုံးလုံးဖြင့် ကျင့်စဉ်များကို ကျင့်ကြံ လျက်ရှိတယ်။ 

ချီဒြပ်စင်ဆေးဟာ ချီဓာတ်ဆေးထက် ဆယ်ဆမျှ ဈေး ကြီးပါတယ်။ ချီဓာတ်ဆေးကို သလင်းကျောက် ၅၀၀၀ ဖြင့် ဝယ်နိုင်တာဖြစ်ပြီး သာမန် အတွင်းစည်းတစ်ယောက်ဟာ သလင်းကျောက် ၃၀၀၀ သာ တစ်နှစ် မှာ ရရှိတာ ဖြစ်ပါ တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ချီဒြပ်စင်ဆေးဟာ ဘယ် လောက် တန်ဖိုး ကြီးမှန်း တွက်ဆနိုင်ပါတယ်။ ဒါ့အပြင် ဒီ ဆေးကို ဂိုဏ်းမှ လည်း လိုအပ်နေလျက်ရှိပြီး ၎င်း တို့ ရ ဲ့ ဂိုဏ်းသားများ လျင်မြန်စွာ တိုးတက်လာကြစေရန် ဖြစ်ပါ တယ်။ ဂိုဏ်းသားများအား မစ်ရှင်များ ပြီးပါက ဆု အဖြစ် လည်း ပေးတတ်ကြပါသေးတယ်။ 

မျက်တောင် တခတ် အချိန် မှာပဲ ၁၀ ရက် ခန့် အချိန် ကုန်ဆုံးသွား ပြ ီ ဖြစ်ပါတယ်။ ချန်ရှန် ဟာ ချီဒြပ်စင် ဆေး ၁၀ လုံးကို သောက်ကာ သူ၏ စစ်မှန်သော အဖြူရောင် ကျားပုံ သေချာစွာ ပေါ်စေရန် ဖိနှိပ်ခဲ့ပါတယ်။ ဒါပေမဲ့ လည်း အနည်းငယ်သာ တောက်ပအောင် လုပ်နိုင်ခဲ့ပြီး ဒါ ကို ကြည့်ခြင်းဖြင့် စစ်မှန်သော သိုင်းပညာနယ်ပယ်ရောက် ရန် ချီဓာတ် များစွာ လိုအပ်လှတယ် ဆိုတာကို တွေ့နိုင်ပါ တယ်။ ယခု လျို့ဝှက် ဆန်းကြယ်နယ်ပယ်တွင် ဝိဉာဉ် တော် ချီဓာတ်များစွာ ရှိပြီး ချန်ရှန် ဟာ ၂ နှစ်တာလောက် စုပ်ယူခဲ့ပါတယ်။ ဒါတောင်မှပဲ သူ့မှာ စစ်မှန်သော ချီဒြပ်စင် အစေ့ လေး ၂ စေ့ကိုသာ လင်းလက်စေနိုင်ခဲ့ပါတယ်။ ထိုမျှ မကသေး တွင်းနက်ကြီးထဲမှ ဂိုဏ်းချုပ်ဟောင်းကြီး ကြောင့်သာ ယခုလို လုပ်နိုင်ခြင်းဖြစ်ပြီး သူ့ဟာသူ အပြင်မှာ သာဆိုပါက အနည်းဆုံး ၁၀ နှစ်ခန့် ကြာမြင့် မှာ ပဲ ဖြစ်ပါတယ်။ 

သူ့မှာ ယင် နဲ့ ယန် နတ် အတွင်းအားများရှိပြီး ထိုက်ကျိ နတ်နဂါး ကျင့်စဉ်ကို လည်း အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် သူ၏ ဝိဉာဉ်တော် ချီဓာတ် စုပ်ယူမှုဟာ သာမန် လူထက် အဆများစွာ ပိုပါတယ်။ ဒီလိုဖြစ်တာတောင်မှ စစ်မှန် သော သိုင်းပညာနယ်ပယ်သို့ ရောက်ရန် အချိန်များ စွာ ကြာမြင့်ဦးမှာပါ။ မည်သည့် ဆေးအကူအညီ အထောက်အပံ့မျှ မပါပဲ လေ့ကျင့်မည်ဆိုပါက နှစ်တစ်ရာ ထက်ပင် ပိုမိုကြာမြင့်မှာပဲ ဖြစ်ပါတယ်။ 

ချန်ရှန် ဟာ အခုတော့ ကောင်းကောင်း နားလည် သွား ပါပြီ။ ဘာကြောင့် အဆင့် ၁၀ ဆိုသည့် ပညာရှင်များဟာ များစွာရှိပြီး စစ်မှန်သော ပညာရှင်ဆိုတာ အနည်းငယ်ပဲ ရှိ လဲ ဆိုတာကို ပါ။ အသက်ငယ်ငယ်လေးနဲ့ အဆင့် ၁၀ ရောက်ရှိသည် ဆိုသည့် လူငယ်လေးများ အကြောင်း ကို သူ အများကြီး ကြားဖူးခဲ့ပါတယ်။ ဒါပေမဲ့ ထိုလူများဟာ နောက်ဆုံးမှာ စစ်မှန်သော သိုင်းပညာနယ်ပယ်ကို မရောက် ရှိနိုင်ကြတောပါဘူး။ အဆင့် ၁၀ လူအိုကြီး များ အဖြစ်သာ သေဆုံး သွားကြရပါတယ်။ 

“ရှောင်ဒို နဲ့ ဇုရွန် တို့ ကို သူ့မိသာားစုက သည်းသည်း လှုပ် မဖြစ်တာလည်း အံ့သြစရာတော့ မဟုတ်ပေဘူး။ ဘာလို့လဲဆိုတော့ အဆင့် ၁၀ ရောက်တယ် ဆိုတာ တကယ် ကို လွယ်ကူ ရိုးရှင်းတာကို း။ အခုငါတောင်မှ ဒီ လို စစ်မှန်တဲ့ နယ်ပယ်ရောက်ဖို့ အနည်းဆုံး ၁၅ နှစ် လောက်တော့ ကြာပေဦးမှာ ၊ ရှန်းရှန်း ကတော့ လွန်ခဲ့တဲ့ ၂ နှစ်ထဲက နယ်ပယ်ထဲ ရောက်ပြီးသွားပြီ ၊ ဘယ်လိုတောင် စွမ်းတာပါလိ့မ်ကွာ”

ချန်ရှန် သူ့ကိုယ်သူ ပြန်ပြောနေမိတယ်။ 

“ငါထင်တယ် ၊ ရှန်းရှန်း မှာလည်း နတ်အတွင်းအား သွေးကြောတွေ ရှိမယ်။ ဒါကြောင့် နတ်ကျင့်စဉ်တွေ ကျင့် နိုင်တာပဲ။ သူမဟာ ကောင်းကင် နတ်လက်နက် အင်ပါ ယာ ဧကရီ ရဲ့ တပည့်တစ်ယောက်လည်း ဖြစ်တာကြောင့် သူမမှာ အခြေခံ တည်ဆောက်ရေးဆေးတွေ များစွာ ရှိလိမ့် မယ်။ ဒါကြောင့် ပဲ သူဟာ လျင်လျင် မြန်မြန် တိုးတက်သွား တာ”

စုမေးယို က ပြောပြပါတယ်။

ချန်ရှန် ဟာ လွန်ခဲ့တဲ့ ၂ နှစ်ထဲက သတင်းအချို့ ကြားခဲ့ပါတယ်။ ရှန်းရှန်း ဟာတံခါးပိတ် ကျင့်စဉ် ကျင့်နေ သလို လန်ယုလန်ဟာလည်း လျို့ဝှက်လှတဲ့ လမ်းညွှန် မှု အောက်မှာ ရောက်ရှိနေတယ် ဆိုတဲ့ သတင်းပါ။ ဒါကြောင့် ချန်ရှန် ဟာ ၎င်းတို့နဲ့ တွေ့ဖို့ တော်တော် ခက်ခဲ လှပါတယ်။ 

“ဟို မိန်းမရိုင်း ဆေးဆရာမကြီး ကလည်း ဘယ်တော့ မှ ထွက်လာမလဲ မသိသေးဘူး။ သူမကို တည်ဆောက်ရေးဆေးလေး နှစ်စုံစာလောက် အကူအညီ တောင်းမလို့ပါ ဆိုမှပဲ”

ချန်ရှန် ရုတ်တရက်ပဲ လျို့ဝှက်ဆန်းကြယ်လှတဲ့ မိန်းမ ကို သတိရသွားမိတယ်။ 

သိပ်မကြာသေးခင်အချိန်က ချန်ရှန်ဟာ သတင်း တစ် ခု ကြားခဲ့ပါတယ်။ ပြင်းထန်သော သိုင်းပညာဂိုဏ်းမှာ သိမ် မွေ့အဆင့် ဆေးတွေ ပြတ်နေပြီ ဆိုတာပါပဲ။ အဓိကက တော့ ဆေးပင်တွေ ရှားကုန်လို့ပါ။ ဒါ့အပြင် ဒီလို အဆင့်ဆေးဟာ လုပ်ရန် အရမ်းခက်ခဲပြီး အလွယ်တကူ ကျရှုံးစေ ပါတယ်။ တကယ်လို့ ဆေးပင် စုဆောင်းမိမယ် ဆိုရင်တောင် ဆေးလုပ်ရာတွင် မအောင်မြင်ပါက အချည်းနှီး ဖြစ် မည်သာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဂိုဏ်းများမှ ပညာရှင်များဟာ သလင်းကျောက်များကို စုဆောင်းကာ ဒန်ရှန် တောင်ယွမ် သို့ သွား ရန် ကြံစည်နေကြပါတယ်။ ထိုနေရာဟာ ဆေးပညာရှင်တို့ စုဝေးရာဖြစ်ပေမဲ့ သိမ်မွေ့အဆင့် ဆေးဟာ ဈေးကြီးမြင့် ဆဲပါပဲ။ ဒါပေမဲ့ များစွာတော့ ရှိပါတယ်။ ဆေးပညာ ရှင်ဘိုးအေကြီးများကြောင့် ကျရှုံးတဲ့ အရေအတွက် ဟာ နည်းလွန်းလှပါတယ်။ ဒါကြောင့်ပဲ ဒန်ရှန် တောင်ယွမ် ကို တခြားဂိုဏ်းများစွာက လေးစားကြခြင်းပါ။ 

ချန်ရှန် ခြံဝန်းငယ်လေးထဲသို့ ရောက်လာတယ်။ ရုတ်တရက်ပဲ မြေကြီး ပေါ်သို့ ဖုထွက်နေတဲ့ အရာတစ် ခု ကိုတွေ့တာကြောင့် ဝမ်းသာအားရဖြင့် - 

“ဟဟ ၊ အောင်ပြီကွ ၊ ငါတော့ အသီးတွေ အများကြီး ရတော့မယ်”

ချန်ရှန် ကျယ်လောင်စွာ အော်ရယ်လိုက်တယ်။ 

“တိုးတိုးနေဟ”

စုမေးယို ခပ်တိုးတိုး ဟန့်လိုက်တယ်။ ချန်ရှန်လည်း သူ၏ ပါးစပ်ကို အမြန်ပင် ပိတ်လိုက်ပါတယ်။ 

ချန်ရှန် ဟာ နဂါးတံတွေး ၁ ပုလင်းသာ အသုံးပြု ခဲ့ တာ ဖြစ်ပြီး ထိုမျှဖြင့်ပင် မိုးပြာရောင် သိမ်မွေ့အပင်ပေါက်လေး ဖြစ်လာတာပါ။ ယခု သူ့မှာ လေးပုလင်း ကျန်နေပါသေး တယ်။ 

ချန်ရှန် နောက် တစ်ပုလင်းကို ဆွဲထုတ်လိုက်ပြီး ထပ်မံ လောင်းချလိုက်ပြန်ပါတယ်။ တချိန်တည်းမှာပင် သူ၏ နတ် အတွင်းအားအာရုံများကို ဖြန့်ကျက်ကာ အပင်ပေါက် လေးအပေါ်သို့ အာရုံစိုက်ကြည့်နေမိတယ်။ ဒီအပင်ပေါက်လေးမှ နဂါးတံတွေးအား မည်ကဲ့သို့ လျင်မြန်စွာ စုပ်ယူမလဲ ဆိုတာကို တွေ့ချင်လို့ပါ။ 

သူထင်ထားသလိုပါပဲ အံ့သြစရာကောင်းစွာပင် စုပ်ယူ မှုနုှန်းက မြန်ဆန်လှပါတယ်။ နာရီဝက်လောက်ဖြင့်ပင် နဂါး တံတွေးအားလုံးကို စုပ်ယူသွားပြီး ဖြစ်နေပါတယ်။ ပုံမှန် အားဖြင့် ဆိုပါက ၁၀ ရက်လောက်ကြာမြင့်မှာပဲ ဖြစ် ပါတယ်။ 

နဂါးတံတွေး ရဲ့ အဓိက စွမ်းအားကတော့ ပေါများလှ တဲ့ ဝိဉာဉ်တော် ချီဓာတ်များကို စုပ်ယူခွင့် ပေးလိုက် တာဖြစ်ပြီး ရှင်သန်ကြီးထွားမှုကို မြန်ဆန်စေတာပါ။ နာရီ ဝက်ထပ်ကြာပြီးနောက်မှာတော့ အပင်ပေါက်လေးမှ ပင်ပျို အရွယ်သို့ ရောက်လာပြီ ဖြစ်ပါတယ်။ 

ဒီအချက်က ချန်ရှန် ကို တော်တော် စိတ်လှုပ်ရှားစေပါ တယ်။ သူသာ အသီးတွေ အများကြီးရပါက ရောင်းပြီး လို အပ်တဲ့ ဆေးပင်တွေ ဝယ်နိုင်မှာ ဖြစ်လို့ပါ။ 

စုမေးယို ပြောပုံအရ သူအခြေခံတည်ဆောက်ရေး ဆေး ကို ပြုလုပ်နိုင်ရန် သူဟာ အနည်းဆုံး အဆင့်မြင့် ဝိဉာဉ်တော် အဆင့် ဆေးကို ပြုလုပ်နိုင်ရမှာပါ။ တည် ဆောက်ရေး ဆေး လုပ်ဖို့က မခက်ပါဘူး ဒါပေမဲ့ ဆေးပင် လိုအပ်ချက် က အဓိကပါ။ ဒီလို မခက်လို့လဲ အဆင့် နိမ့် ဝိဉာဉ်တော် ဆေး အဆင့်သာ သတ်မှတ်ထား တာ ဖြစ်တယ်။ 

နာရီဝက် ထပ်ကြာပြီးနောက်မှာတော့ ချန်ရှန် တစ်ပု လင်း ထပ်ကုန်ခဲ့ပြန်ပါပြီ။ အခုတော့ ပင်လေးဟာ သူ့ခါး အထိ ပင် ကြီးထွား လာခဲ့ပြီ ဖြစ်ပါတယ်။ သစ်ပင်ထိပ်ဖျား မှာ အရွက်ဝိုင်းများဟာ ရှိနေပြီး အရွက်များမှာတော့ သွေး ကြောများကို ရှင်းလင်းစွာ မြင်နေရတယ်။ မိုးပြာ ရောင် ချီဓာတ်တွေဟာလည်း စီးဆင်းလို့နေပါတော့တယ်။

နေ့ခင်းမှာတော့ နဂါးတံတွေးများဟာ ကုန်ဆုံးသွား ပြီ ဖြစ်ပြီး အပင်မှာလည်း လူ ၂ ရပ်စာလောက် ဖြစ်နေပါပြီ။ ချန်ရှန် ဟာ အပင် ဒီလို ကြီးမားလာတာကို သဘော ကျ လျက် ရှိပါတယ်။ များသောအားဖြင့် ဝိဉာဉ်တော် အပင် အများစု ဟာ လူတစ်ရပ်စာလောက်သာ မြင့်ကြတာပါ။ 

“ဒါကို သာ ဆေးဆရာမကြီး မြင်သွားရင် ဒုက္ခပဲ”

ချန်ရှန် ခုတော့ စဉ်းစားရပါပြီ။ နောက်ပြီး အပင်ဟာ လည်း အလွန်ပင် အသက်ဝင်တောက်ပကာ တမူထူးလှတဲ့ ဝိဉာဉ်တော် ချီဓာတ်များဟာ လည်း ထွက်လျက် ရှိနေပါ တယ်။ 

မိုးပြာရောင် အပင်ဟာ အသီးတွေ မသီးသေးပါဘူး။ ခုတော့ ချန်ရှန် ဟာ နဂါးတံတွေများ စုဆောင်းရပါပေတော့ မည်။ အခုတော့ သူ၏ အားဟူသမျှအား နဂါးတံတွေး ပြု လုပ်ရန်အတွက်သာ အသုံးပြုတော့မှာ ဖြစ်ပါတယ်။ 

အရင်က သူ တွင်းနက်ကြီးထဲ ရှိနေစဉ် မှာ သူ့လေ့ကျင့် မှုများအား ဂိုဏ်းချုပ်ဟောင်းမှ စောင့်ကြည့်နေသဖြင့် ၂ နှစ် အတွင်းမှာ ၅ ပုလင်းသာ စုဆောင်းနိုင်ခဲ့ပါတယ်။ ဒါပေ မဲ့ အခုတော့ အခြေအနေက ကွာခြားလှပါတယ်။ သူဟာ တနေကုန် ဒီကျင့်စဉ်ကိုသာ ပြုလုပ်ကာ နဂါးတံ တွေးများအား ပြုလုပ်လျက်ရှိနေတယ်။ ဒါ့အပြင် သူဟာ ယခု အဆင့် ၁၀ ပညာရှင် ဖြစ်သောကြောင့် နဂါးတံတွေး များစွာကို လျင်မြန်စွာ ပြုလုပ်နိုင်နေပြီ ဖြစ်ပါတယ်။ ငါးရက် ဖြင့် တစ်ပုလင်းရရှိအောင်ပင် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ထိုပုလင်းကိုလည်း ခဏနဲ့ပင် အသုံးပြု ခဲ့ ပါတယ်။ 

ငါးရက်ထပ်မံကြာပြီးနောက် နောက်တစ်ပုလင်းကို လည်း ချန်ရှန် ဟာ လောင်းချခဲ့ပြန်ပါပြီ။ ယခုအခါ မှာ တော့ အပင်ဟာ ပန်းများ ပွင့်လန်းလာပြီ ဖြစ်ပါတယ်။ ကြီး မားလှသော မိုးပြာရောင် ပန်းကြီးများဟာ အလွန်ပင် လှပ လှပါတယ်။ အထူးသဖြင့် ညအချိန်တွင် ပိုမို လှပနေတာပါ။ 

ချန်ရှန် တော်တော်ကို စိတ်လှုပ်ရှားနေပါပြီ။ သူတော့ မကြာခင် အကျိုးများစွာ ခံစားရတော့မယ် ဆိုတာကို သိ နေတယ်။ ပန်းများဟာ အပွင့် ၂၀ သာ ရှိသော်လည်း ဒါက ပင် လုံလောက်နေပါပြီ။ 

ချန်ရှန် ဒီအပင်ကို ဒီအခြေအနေထိ သာမန် စိုက်ပျိုး မယ် ဆိုပါက နှစ်ပေါင်း ၃၀၀၀ လောက် ကြာနိုင်မယ်ဟု ခန့် မှန်းမိပါတယ်။ 

နောက်တစ်ခါ နဂါး တံတွေးကို အသုံးချတဲ့ အခါမှာ တော့ ပန်းကြီးများဟာ ပိုးအိမ်များသဖွယ် လုံးဝိုင်းလာပြီး အသီးဟု ယူဆရမည့် အရာမျိုးဖြစ်ပေါ်လာပါတယ်။ ချီဓာတ် များကို လည်း အပင်မှ ပိုမို စုပ်ယူလာပါတယ်။ 

ငါးရက်ကြာတဲ့အခါ ချန်ရှန် ဟာ နဂါးတံတွေး တစ်ပု လင်းအား ပြုလုပ်ပြီး ဖြစ်နေပါတယ်။ ယခု အသုံးချမည့် အချိန်မှာတော့ သူ့လက်များဟာ တုန်ခါနေလျက်ရှိပြီး သူ ဟာ လောင်းချပြီးတာနဲ့ စိုက်ကြည့်နေမိတယ်။ သူ့မျက်နာ မှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေပြီး ပန်းများဟာလည်း မိုးပြာရောင် မီးအိမ်များနှင့်ပင် တဖြည်းဖြည်း တူလာကြပါ တယ်။ 

အချိန် အနည်းငယ် ကြာတဲ့ အခါမှာတော့ ချန်ရှန် အကိုင်းများကို ကြည့်လိုက်တယ့်အခါ မိုးပြာရောင် သိမ် မွေ့သစ်သီးနဲ့ တူလှသော မိုးပြာရောင် ကျောက်တုံးကြီး ဟာ ညအခါမှာ ကြယ်တွေနဲ့ အပြိုင် လင်းလက်လျက် ရှိ နေတာကို တွေ့လိုက်ရပါတယ် . . .။



rate now: