Chapter – 41
#နဂါးမီးတောက်မီးဖို
မီးနဂါးသွေးကျောက် တဲ့လား ၊ ချန်ရှန် တုန်လှုပ်သွားတယ် ။ ထူးကဲလှတယ့် ယန် မီးဖိုဟာ ထူးခြားလှသော ယန် ကျောက်တုံးနဲ့ ပြုလုပ်ထားတာမဟုတ်ဘူးပေါ့ ။ ဒါပေမယ့် မီးနဂါးသွေး ကျောက် နဲ့ လုပ်ထားသတဲ့ ။ နာမည်အရတော့ မီးနဂါးသွေးကျောက်ဆိုတာ မီးနဂါးရဲ့ သွေး က ဖြစ်တဲ့ ကျောက်နဲ့ ဖြစ်မယ့်ပုံပါပဲ ။
ဒဏ္ဍာရီလာ ရှေးကျတဲ့ နတ်သားရဲနဂါးတွေဟာ ကောင်းကင်နဲ့ မြေကြီးကြားမှာ ရှိပြီး မည်သူ မျှ မြင်ဖူးခြင်း မရှိပါဘူး ။
“မီးနဂါးသွေးကျောက်ဟာ မီးနဂါးရဲ့သွေးကို ပုံပြောင်းထားတာပဲ ။ ၎င်းဟာ ဖျက်ဆီးလို့ မရ နိုင်တယ့်အပြင် မီးချီဓာတ်တွေ ထွက်နေသေးတယ် ။ ဒါဟာ ဆေးလုပ်ရာမှာ တော်တော် အထောက်အကူပေးလို့ပဲ ။ ဒီမီးဖိုက အလေးအမြတ်ထားစရာ နဂါးလက်နက် တစ်မျိုးပဲ ။”
ပြောပြပြီးနောက် စုမေးယိုလည်း သူမ၏ လှပသော ပါးမို့မို့လေးများမှာ နှင်းဆီရောင် သန်းလျက်ရှိသည် ။ စိတ်လှုပ်ရှားနေပုံပါပဲ ။ အေးစက်စက်နေလေ့ရှိသည့် ဘိုင်ယုယု တောင် မူလက သူမမျက်နာမှာ နှင်းလို ဖြူဖတ်ဖြူလျော် ဖြစ်သော်လည်း ယခုတော့ စိတ်လှုပ်ရှားမှု များကို အတိုင်းသား မြင်တွေ့နိုင်သည် ။
ချန်ရှန်လည်း ဒီမီးဖိုဟာ တော်တော် တန်ဖိုးကြီးမှန်း သိလိုက်ပါပြီ သို့သော် မရှင်းတာ တစ်ခု သူ၏ စိတ်ထဲတွင်ရှိနေတယ် ။
“ဘယ်လို တန်ဖိုးကြီးတာလဲ”
တီးတိုးရေရွတ်လိုက်မိပါတယ် ။ စုမေးယိုလည်း တချက်ပြုံးပြီး ပြောလိုက်ပါတယ် ။
“အရူးလေး ၊ မင်းကတော့ အကျိုးအမြတ် အများကြီး ရှိသွားပြီ ။ ဒီအပြင်လောကမှာ များစွာသော မှော်လက်နက်တွေကို ခုလိုခွဲခြားနိုင်တယ် ။ သာမန်လက်နက် ၊ ဝိဉာဉ်တော် လက်နက် ၊ တန်ဖိုးကြီးလက်နက် နဲ့ ၎င်း အထက်တို့ဖြစ်ပြီး အဲဒိအထက်မှာတော့ ကောင်း ကင်လက်နက် နဲ့ ူသူ့အထက်မှာ မဖျက်ဆီးနိုင်တယ့် လက်နက်နဲ့ အထွတ်အမြတ်ထားရာ လက်နက်ဆိုပြီးရှိတယ် ။ ဒီ အထွတ်အမြတ်ထားရာ လက်နက်ထဲမှာ ကြီးမြတ်တဲ့ နဂါးရဲ့ အစိတ်အပိုင်းတွေ ပါဝင်ကြတယ့် လက်နက်တွေဟာ အစွမ်းအကြီးဆုံးပဲ ။ လက်နက်လုပ်နေ တုန်း နဂါးရဲ့ အစိတ်အပိုင်းတွေကို ထည့်သွင်းပြုလုပ်ထားလို့ပဲ ။ ခုဒါက အဲဒိအမျိုးအစားပဲ”
ချန်ရှန် ပါးစပ်အဟောင်းသားဖြစ်သွားပါတယ် ။ သူ့အတွက်ကတော့ မယုံကြည်နိုင်စရာပါပဲ ။
“ဒီ အဂ္ဂိရတ် မီးဖို က ကောင်းကင်က လက်နက်လိုတဲ့လား”
“ဒါက သဘာဝပါပဲ ၊ ဒီ အပြင်လောကမှာသာ နဂါးတစ်ကောင်ပေါ်လာရင် အကုန်ပျက်ဆီး ကြေမွကုန်မှာပဲ ။ နဂါးက ထွက်တယ့် စွမ်းအင်တွေကို ခုခံနိုင်စွမ်းမရှိကြဘူးလေ”
ဘိုင်ယုယု က ဝင်ပြောပါတယ် ။
“တကယ်ပဲ နဂါးလား”
ချန်ရှန် တံတွေး မျိုချလျက် မေးလိုက်ပါတယ် ။ စုမေးယိုက သူမ၏ ကျောက်မျက်ရတနာများ စီခြယ်ထားသလို လက်လေးများနဲ့ နဖူးပေါ်ကျနေတယ့် ဆံပင်များကို သပ်တင်ရင်း ပြန်ပြော ပါတယ် ။
“ဒါပေါ့ ၊ မင်း ဒီ အပြင်လောကကနေ ထွက်ခွာနိုင်တဲ့ အခွင့်အရေးရှိပါတယ် ။ ပြီးရင် ဒီထက်မြင့်တယ့် လောက ကိုသွားပေ့ါ အဲဒိမှာ မင်း မင်းရဲ့အဆင့်ဟာ တော်တော် အရေးမပါ သေးမှန်း သိလိမ့်မယ်”
“ကျွန်တော် သွားမှာပါ ၊ ကျွန်တော် ဒီမီးဖိုကို ဘယ်လိုသုံးရမလဲ မသိဘူး ၊ အမတော် မေးယို ကျွန်တော့ကို အထွတ်အမြတ်ထားရာ နဂါးလက်နက်ကိုဘယ်လို သုံးရတယ်ဆိုတာ သင်ပေး ပါဦး”
စကားဆုံးလျှင်ပဲ ဘိုင်ယုယု လည်း ကွင်းထဲဝင်ရောက် ပျောက်ကွယ် သွားပါတယ် ။ စုမေးယိုကတော့ တည်ငြိမ်စွာ ရပ်နေလျက်ပါ ။ ပါးပါးလေးပြုံးလျက် အလွန် စွဲဆောင်မှု ရှိလှ တယ့် မျက်နာပေးဖြင့် ကြည့်လျက် ပြောပါတယ် ။
“မီးဖိုကို ထုတ်ပြီး သွေးစက်ချလိုက်”
ချန်ရှန် မီးဖိုကို ထုတ်လိုက်ပြီးနောက် သူ၏ လက်ချောင်းကို ဓားအသေးလေးတစ်ခုဖြင့် လှီးကာ သွေးစက်များအား မီးဖိုပေါ် ကျစေလိုက်ပါတယ် ။ သွေးစက်များ အနီရောင်မီးဖိုကို ထိလိုက်တာနဲ့ အနီရောင် အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်သွားပြီး ဒီအချိန်မှာပဲ သူ၏ စိတ်ထဲတွင် အချက်အလက်များစွာ ထွက်ပေါ်လာသလိုပါပဲ ။ ချန်ရှန် စိတ်လှုပ်ရှားစွာ ချက်ချင်း မတ်တပ်ရပ်လိုက်တယ် ။
“ဒီမီးဖိုကို နဂါးမီးတောက် မီးဖို လို့ ခေါ်တယ် ။ “ယန်လောင်ဇီ” လို့ခေါ်တယ့် လူက လုပ်ခဲ့တာပဲ”
ချန်ရှန် စိတ်လှုပ်ရှားစွာပြန်ပြောလိုက်တယ် ။
“ဒီမီးဖိုက ဆေးလုပ်ရင် အထဲက အပူချိန်ကို ကောင်းကောင်း လိုသလို ထိန်းချုပ်ပေးတယ် ။ ဒါတင်မကသေးဘူး မီးတောက်တွေ အရည်အသွေးကိုလည် း ကောင်းမွန်စေသေးတယ် ။ မီးတောက်ထဲမှာ နဂါးမီးတောက်ကျောက်ဟာ ဆေးပညာအတွက် အသုံးဝင်တယ့် မီးအဖြစ် ပြောင်းလဲပေးတာပဲ”
ချန်ရှန်လဲ ပိုမိုစိတ်လှုပ်ရှားကာ ပြန်ပြောပါတယ် ။
“အစွမ်းထက်ဆုံး အချက်ကတော့ ဒီမီးဖိုက ဆေးလုပ်တဲ့ ကြာချိန်ကို လျော့ချပေးတာပဲ ။ ယင်နဲ့ယန် သဘောအရ အထဲမှာရှိတယ့် အချိန်ရဲ့ ကြာချိန်ကို လိုသလို ထိန်းချုပ်နိုင်တာပေါ့”
စုမေးယိုလည်း ဆွဲဆောင်မှုရှိလှတယ့် ခန္ဓာကိုယ်ကို ကိုင်းညွတ်ပြီး အကြောဆန့်နေပုံမှာ အသည်းယားစရာပါပဲ ။ ထို့နောက် ပြည့်နေသော လမင်းကြီးကို ကြည့်ကာ တီးတိုးရေရွတ်ပါတယ် ။
“ငါနဲ့ငါ့အမ စွမ်းအားတွေ ပြန်ရဖို့ အကြာကြီး မစောင့်ချင်တော့ဘူး ၊ ယန်လောင်ဇီ ဆိုတာ ဒီလက်နက်လုပ်တယ့်လူဖြစ်ပြီး တော်တော်လည်း ထင်ရှားပေတယ် ။ ဒါပေမယ့် ငါတော့ သိပ်မသိလှဘူး”
စုမေးယို နှုတ်ခမ်းများကိုက်ပြီး စဉ်းစားနေပုံပါပဲ ။ ချန်ရှန်လည်း ရယ်မောကာ -
“အမတော် မေးယို ၊ ဘယ်သိပ်သိမလဲဗျ ၊ ဒီလူက ကောင်းကင်ဘုံက လူဖြစ်မှာပေ့ါ ၊အရင်က မှော်ကျောက်ဖရုံဆေးလုပ်တာ တစ်နာရီခွဲ ကြာခဲ့တယ် ခုတော့ နာရီဝက်နဲ့ ပြီးလောက်မယ် ထင်တယ်ဗျာ ၊ ဒါတောင်မှ နာရီဝက်ဆိုတာ တော်တော်ကြာသေးတယ်”
ချန်ရှန်မီးဖိုအား ကိုင်လျက် သူ၏မျက်နာမှာ စိတ်လှုပ်ရှားမှုများ ပြည့်နေပုံပါပဲ ။ စုမေးယိုလည်း ချန်ရှန်အား အပြုံးလေးဖြင့် ကြည့်လျက်ပါ ။ ချန်ရှန်လည်း စိတ်ထဲမှာ ရှင်းလျက် ချောင်း ၂ ချက်ဟန့်ကာ ပြောလိုက်ပါတယ် ။
“ကျွန်တော် အမတော်တို့ စွမ်းအားတွေ မြန်မြန် ပြန်ရအောင် ကူညီပါ့မယ် ။ ကျွန်တော်က တော့ အရမ်းပျော်နေပြီ ။ ကြိုးစားပေးပါ့မယ်ဗျာ”
စုမေးယို အနီးသို့ကပ်လာပြီး သူမ၏ လှပသွယ်လျသော လက်လေးများဖြင့် ချန်ရှန်၏ ပါးအား ကိုင်ကာ သစ်ခွပန်းရနဲ့များ လှိုင်လျက် လေသံတီးတိုးဖြင့် ပြောပါတယ် ။
“မင်းကတော်တော် ချစ်ဖို့ကောင်းတယ် ၊ ငါကိုက်မိတော့မယ်”
ချိုသာ စွဲမက်ဖွယ်ကောင်းတယ့်အသံလေးကို နားထောင်ရင်း ချန်ရှန်တစ်ယောက် ဆောက် တည်ရာမရဖြစ်နေပါပြီ ။ တံတွေးပင် မြိုချမိနေကာ အာရုံများစုစည်းပြီးနောက် ရယ်ကာ ပြန်ပြောလိုက်ပါတယ် ။
“အမတော် မေးယို ၊ ကျွန်တော် စလေ့ကျင့်တော့မယ် ၊ ခု ဒီမီးဖိုရဲ့ စွမ်းအားကို မသုံးရသေးဘူး ၊ ကျွန်တော် ဒီထက် သန်မာဖို့လိုအပ်သေးတယ်ဗျာ”
စုမေးယို ပြုံးလျက် ခေါင်းညိမ့်လိုက်ပါတယ် ။ ထို့နောက် ချန်ရှန်၏ ပါးအား အနမ်းတစ်ပွင့် ပေးကာ အလျင်အမြန်ပင် ကွင်းထဲ ပြန်ဝင်သွားပါတော့တယ် ။ ချန်ရှန်တစ်ယောက်သာ မိန်းမောလျက် ကျန်ခဲ့ပါတယ် ။
သူ၏ပါးကို ကိုင်ကြည့်ပြီး သူ၏ နှလုံးသားမှာလည်း ခုန်လျက်ရှိနေပါတယ် ။ ဒီမိန်းမလှလေး သူ့ကို နမ်းမယ်လို့ မမျှော်လင့်ခဲ့ပါဘူး ။ ဒီ ညီအမ ၂ ယောက်ကို သူစိတ်ကူးမယဉ်ရဲပါ ။ သူတို့ဟာ လုံးဝလှပပြီး စွမ်းအားကြီးလွန်းသောကြောင့် စိတ်မကူးဝံ့ပါဘူး ။ ခုတော့ လေထဲ တိုက်အိမ် အနည်းငယ်တော့ ဆောက်လို့ရပြီ ထင်ပါရဲ့ . . ။
ချန်ရှန် အရမ်းပျော်ရွှင်နေပါတယ် ။ ဒီလိုမိန်းမလှလေးနဲ့ ရင်းရင်းနီးနီး နေခွင့် ရတာ တော်တော် ပျော်စရာပါပဲ ။
ချန်ရှန် မူလက ညဘက်မှာ လေ့ကျင့်ဖို့ အစီအစဉ်ဆွဲထားသော်လည်း ဒီလို မီးဖိုကို ရလာတဲ့ အတွက် ချက်ချင်းပင် စမ်းသပ် ကြည့်ချင်နေပါပြီ ။ ချန်ရှန် ဆေးပင်အမြောက်အများသယ် လာခဲ့တယ် ။ မှော်ကျောက်ဖရုံဆေး လုပ်ဖို့ပါပဲ ။ ဆေးပင်တွေကို မီးဖိုထဲထည့်လိုက်တဲ့အခါ သူ၏ စိတ်ထဲ မီးဖိုထဲရှိပုံစံအား ရှင်းလင်းစွာ မြင်ရသလိုပါပဲ ။ဆေးပင်ရဲ့ အစက်အပျောက်များ ပါ ရှင်းလင်းပြတ်သားစွာ မြင်နေရပါတယ် ။
ဒီအချိန်မှာ ချန်ရှန် မီးဖိုထဲ မီးတောက်များ ထည့်လိုက်ပါတယ် ။ ထို့နောက် မီးတောက်များ အား ထိန်းချုပ်ပါတော့တယ် ။ နတ်အတွင်းအားအာရုံ နည်းနည်းလေး သုံးတာတောင် မီးဖိုထဲ ရှိမီးတောက်အား ကောင်းကောင်းထိန်းချုပ်နိုင်တာကို တွေ့ရပါတော့တယ် ။
ဒီအချိန်မှာပဲ ချန်ရှန်တစ်ယောက် သူမီးဖိုကောင်းကောင်း ရလိုက်ပြီ ဆိုတာကို သိသွားပါတယ် ။ ဆေးလုပ်ရာမှာ အား တဝက်သာ စိုက်ထုတ်စရာလိုပြီး ရလဒ်ကတော့ ၂ ဆ ဖြစ်စေတော့မှာပါ ။ ဒီလို နဂါးမီးတောက်မီးဖိုရဲ့ အစွမ်းကြောင့် အားစိုက်ထုတ်စရာမလို လောက်အောင်ကို သက်သာနေပါပြီ ။
နာရီဝက်လောက် ကြာပြီးချိန်မှာပဲ မှော်ကျောက်ဖရုံဆေးအား ၂ ကြိမ်ထုတ်နိုင်ခဲ့ပြီး တစ်ကြိမ်မှာ လေးလုံးစီ လုပ်နိုင်ခဲ့တာပါ ။ အရင်က တစ်ကြိမ်ကို ၃ လုံးပဲ ရနေကျပါ ။ ခုတော့ မီးဖိုအစွမ်းနဲ့ ဆေးပင်အားလုံးကို ဆေးအဖြစ် ကောင်းကောင်း လုပ်နိုင်တော့မှာပေါ့ ။ အချိန် ကုန်သက်သာစွာဖြင့် လုပ်လို့ရပါပြီ ။
မီးဖိုထဲရှိ အချက်အလက်များကို လေ့လာရန် ချီဓာတ်အများအပြား စုပ်ယူလိုက်ပါတယ် ။ ဒီအချိန်မှာပဲ -
“ကောင်လေး ၊ ခုမင်း ချီငွေ့ဆေး လုပ်သင့်နေပြီ ။ ဒီဆေးက မင်းသိုင်းပညာ အဆင့် ၇ ရောက်အောင် ကူညီပေးလိမ့်မယ် ၊ သာမန်လူတွေဟာ မင်းလို ချီဓာတ်အများကြီး ထုတ်ပြီး ချီငွေ့ဆေးကို မလုပ်နိုင်ဘူးဆိုတာ မင်းသိသင့်တယ်”
စုမေးယို၏ ချစ်စဖွယ် အသံဟာ စိတ်ထဲသို့ ပျံ့လွင့်လာပါတော့တယ် ။
ဆေးဆရာအများစုအမြင်မှာ ဒီချီငွေ့ဆေးဟာ လုပ်ရတော်တော် ခက်ပါတယ် ။ ဒါတင်မက ၎င်းဟာ အလယ်အလတ်တန်းစား ဖြစ်တယ့်အတွက် တော်ရုံလူလည်း မလုပ်နိုင်ပါ ။ ဒါပေမယ့် ချန်ရှန်အတွက်ကတော့ အရင်ကလုပ်နေကြဖြစ်ပြီး ယခုလည်း သူ့တွင် ဒီလို အစွမ်း ထက် နဂါးမီးတောက် မီးဖို ရှိနေပြီ ဖြစ်တယ့် ဘယ်လောက်ခက်ခဲပါစေ ကြောက်စရာမလို တော့ပဲ ပြုလုပ်နိုင်ပြီ ဖြစ်ပါတော့တယ် . . . ။
Chapter – 42
#သတ္တမအဆင့်ဆီသို့
ချန်ရှန် ဟာ ညထိ လေ့ကျင့်နေတုန်းပါပဲ ။ သူ မှော်ကျောက်ဖရုံဆေး ၄ လုံးကို ထုတ်ပြီး အကုန်မြိုချလိုက်ပါတယ် ။ ထိုက်ကျိကျင့်စဉ်ကို ကျင့်နေတယ့်အတွက် ပိုမို အစွမ်းထက်စေ ရန်ပါ ။ မနက်အာရုဏ်တက်ချိန်မှာတော့ ဒန်ရှန်သို့ နက္ခတ်တာယာဝိဉာဉ်တော်ဆေး ပြုလုပ် ရန် ဆေးပင်များ သွားဝယ်ပါတယ် ။
ချန်ရှန်ဟာ ဆေးပင်တွေ ဝယ်ပြီးနောက် သူ၏ ငွေစများကို စနစ်တကျ သိမ်းထားပါတယ် ။ ဆိုင်အတွက် သူ၏ ငွေစများကို များစွာ ရင်းနှီးမြုပ်နှံလိုက်တယ့်အတွက် သူ့မှာ ငွေစ အနည်း ငယ်သာ ရှိတော့တာပါ ။ ဒါပေမယ့် ဆေးဆိုင်ရဲ့ လုပ်ငန်းများ အထိုင်ကျသွားရင်တော့ ရင်းနီးထားတာတွေသာ မက အကျိုးအမြတ်များစွာပါ ရရှိမှာ ဖြစ်ပါတယ် ။
ဒီရက်တွေမှာ ချန်ရှန် သူ၏ အခန်းထဲတွင် ချီငွေ့ဆေးကို ပြုလုပ်လျက်ပါ ။ ဆေးလုပ်ရတာ အင်မတန် လွယ်ကူနေပြီး တခါလုပ်ရင် ၆ လုံးတောင် လုပ်နိုင်နေတာဖြစ်ပါတယ် ။ ဒါကိုလည်း နာရီဝက်အတွင်း ၂ စုံစာ ပြုလုပ်နိုင်ခြင်းဖြစ်သည့်အတွက် ငါးနာရီအတွင်းမှာပဲ ဆေးပင် အစုံ ၂၀ စာကို ပြုလုပ်နိုင်ခဲ့ပါတယ် ။ စုစုပေါင်းအားဖြင့် ဆေးလုံး ၁၂၀ ပါပဲ ။ ဈေးကွက်မှာ တစ်လုံးကို ငွေစ ၅၀၀၀ ရနိုင်တယ့်အတွက် ယခု သူသာပြန်ရောင်းပါက ၆၀၀,၀၀၀ တော့ ပြန်ရမှာ မလွဲပေ ။ သူဆေးပင်တွေဝယ်ဖို့ သုံးခဲ့တာက ၁၀၀,၀၀၀ ဖိုးသာသာ ပါပဲ ။ ဒါကြောင့် ဆေးရောင်းခြင်းလုပ်ငန်းဟာ ဘယ်လောက်အကျိုးအမြတ်များ လဲဆိုတာ အရူးတောင် သိနိုင်ပါတယ် ။
မန်ဘိုဟာ သူ၏မီးဖိုပေါ်သို့ သွေးစက်ချလျှင် မီးဖိုမှ ပိုင်ရှင်အဖြစ် လက်ခံတယ်ဆိုတဲ့အ ကြောင်း မသိသေးပါဘူး ။ ဒါကြောင့် သူဟာ မီးဖိုရဲ့ တကယ့် အစစ်အမှန် စွမ်းရည်ကို အသုံးမချနိုင်ခဲ့ပါဘူး ။ တကယ်လို့ မန်ဘိုသာသိခဲ့မည်ဆိုပါက . . ချန်ရှန် မျက်နာချင်းပင် မဆိုင်နိုင်အောင် အမ်းတန်းတန်း ဖြစ်နေပါတယ် ။ ဒါက သူ့ကို အနေခက်စေသောကြောင့် သူဟာ မန်ဘိုအား ဆေးဖက်ဝင်သတ္တုသစ်သီး တစ်လုံ း နှင့် ငရဲဝိဉာဉ်တော်မြက် အနည်းငယ်အား ပေးလိုက်ပါတယ် ။ အဲလိုမှသာ သူလည်း နေသာထိုင်သာရှိသွားပါတော့ တယ် ။
ညအချိန်မှာတော့ ၊ ချန်ရှန် ချီငွေ့ဆေး တချို့ယူကာ တောထဲထွက်ခဲ့ပါတယ် ။ တောထဲ ရောက်တယ့်အခါမှာတော့ ဆေး ၁၀ လုံးကို တပြိုင်ထဲ သောက်ချလိုက်ပုံဟာ သကြားလုံး စားနေသလိုပါပဲ ။ ဒါကိုသာ တစ်ယောက်ယောက် မြင်ပါက မေးရိုးများပင် မြေကြီးထိကာ အံ့သြသွားပါလိ့မ်မယ် ။ ချန်ရှန်လည်း ထိုက်ကျိကျင့်စဉ်ကို ကျင့်လျက် ချီဓာတ်များကို ခွဲခြမ်း စိတ်ဖြာနေပါတယ် ။ ဒီအချိန်မှာ ခုနက သောက်လိုက်သော ဆေးမှ ချီဓာတ်ငွေ့များထွက်လာသလို ခံစားလိုက်ရတယ် ။
ညတိုင်း ချန်ရှန်ဟာ ချီငွေ့ဆေး ၁၀ လုံးစားကာ သူ၏ ချီဓာတ်များကို လေ့ကျင့်ပြီး နေ့ဘက် မှာတော့ မိုးပြာနဂါးနှင့် ဇုချီဓာတ် နတ်အတွင်းအားသင်္ကေတလေးခုကို ကျင့်လျက် ရှိနေပါ တော့တယ် ။ အဖြူရောင်ကျားကျင့်စဉ် နှင့် အမည်းရောင်လိပ်ကျင့်စဉ်တွေကိုတော့ မကျင့်နိုင် သေးပါဘူး ။ အဖြူရောင်ကျားကျင့်စဉ်ဟာ ချီဓာတ် သိပ်သည်းစများတဲ့ ပတ်ဝန်းကျင်ကို လိုအပ်တာဖြစ်ပြီး အမည်းရောင်လိပ်ကျင့်စဉ် ကျင့်ရန်ကတော့ ရေအပြည့် ရှိတယ့် ပတ်ဝန်းကျင်ကို လိုအပ်တာ ဖြစ်ပါတယ် ။ နောက်ပြီး ဒီ ၂ ခုလုံးဟာ သူ၏ သိုင်းပညာ အဆင့် ၉ အထက်ဖြစ်ရန်လည်း လိုအပ်ပါသေးတယ် ။ ဒါကြောင့် သူလည်း ဒီကျင့်စဉ် ၂ ခုကို စိတ်ထဲမှာပဲ သိမ်းထားလိုက်ပါတော့တယ် ။
မျက်စိတမှိတ်အတွင်းမှာပဲ ဘုရင့်မြို့တော်ရဲ့ သိုင်းပြိုင်ပွဲဟာ ကျင်းပရန် ၃ ရက်သာ လိုပါတော့တယ် ။
ညအချိန်တွင် လမင်းကြီးဟာ တောက်ပစွာ လင်းလက်ကာ ကြယ်များစွာဟာလည်း မှိတ်တုတ် မှိတ်တုတ်ဖြင့် တောက်ပနေကြပါတယ် ။ ချန်ရှန်ကတော့ တောအုပ်ထဲတွင် ချီဓာတ်များ အများအပြား စုပ်ယူခြင်းနဲ့ အလုပ်များလျက်ပါ ။ တချိန်တည်းမှာပဲ ချီငွေ့ဆေး အများအပြားကို ယူလိုက်ပါတယ် ။ ဒီရက်တွေမှာ သူဟာ များစွာသော ချီငွေ့ဆေးများကို သုံးစွဲခဲ့ပါတယ် ။ ဒါကြောင့်ပဲ ချီသိပ်သည်းဆ နည်းသည့် ပတ်ဝန်းကျင်မှာတောင် သူ့ အတွက် ချီဓာတ်ဟာ လုံလောက်သလို ဖြစ်နေစေပါတယ် ။
ချန်ရှန် ခန္ဓာကိုယ် ပတ်လည်မှာ အဖြူရောင် မြူများ ဝိုင်းလျက် ထူးဆန်းသော စွမ်းအင်တစ် မျိုး ထွက်လျက်ရှိနေတယ် ။ သူ့နားမှာ ရှိတယ့် သစ်ရွက်များဟာ လည်း မြူများကို ထိတာနဲ့ သေးငယ်သော အမှုန်များ အဖြစ် ပြောင်းသွားပါတော့တယ် ။
ဒီမြူငွေ့များဟာ ချီငွေ့အပြင် ဘာများဖြစ်နိုင်ဦးမည်နည်း ၊ ခုတော့ သူ၏ စစ်မှန်သော ချီဓာတ် များကို အငွေ့အဖြစ် ပြောင်းရန် လိုအပ်ချက်ကို နားလည်သွားပါပြီ ။ ဒါပေမယ့် သူဟာ ချီဓာတ်အများကြီးကို အသုံးပြုနေရတာ ဖြစ်ပါတယ် ။တချို့လူများဟာ ဒီ ချီဓာတ်များကို အငွေ့အဖြစ် အဆက်မပြတ်ထုတ်ပြီး တိုက်ခိုက်နိုင်ကြတာပါ ။
မနက်စောစော တောအုပ်ထဲမှာတော့ ရင်ဘတ်ဗလာကျင်းထားသူ လူငယ်တစ်ယောက် သူ၏ လက်သီးဖြင့် ကျောက်တုံးကြီးအား အစိတ်စိတ်အမွှာမွှာ ခွဲလိုက်ပါတယ် ။ လက်သီး ထိုးလိုက်သည့်အခါ လေများပင်ခတ်လျက် သူ၏ လက်သီးဖြင့်ထိသည့် မည်သည့် ကျောက် တုံးကြီးမဆို တဘုန်းဘုန်းဖြင့် အသံများမြည်လျက် ကွဲကြေကုန်ကြပါတယ် ။ ကွဲစများမှာ လည်း သူ၏ ချီငွေ့များ တစိမ့်စိမ့် ထွက်လျက်ပါပဲ ။ ကြေမွသွားကြပုံမှာ အပေါ်မြင့်မြင့်မှ ရွှံ့ တုံးကြီးတစ်တုံးအား ပစ်ချလိုက်သလိုပါပဲ ။
“ဒါသတ္တမမြောက်အဆင့်ပဲ ။ ခုတော့ အတွေးတစ်ချက်နဲ့ ငါ့ရဲ့ စစ်မှန်တဲ့ချီဓာတ်တွေကို စစ်မှန်တဲ့ အငွေ့အဖြစ် ပြောင်းလဲနိုင်ပြီပေါ့။”
ချန်ရှန် လက်သီးများကို ပွတ်လျက် ခြေဆောင့်လိုက်သောအခါ ကျောက်တုံးကွဲစများဟာ မြောက်တက်လာကြပါတယ် ။ ထို့နောက် သူ၏ ကိုယ်မှ ချီငွေ့များ ကြောက်မက်ဖွယ်ထုတ် လွှတ်လျက် ၎င်းကျောက်တုံးစများအား အမှုန့်အဖြစ် ကွဲကြေသွားစေပါတော့တယ် ။
ချန်ရှန် သူ၏ ယခင် အဆင့် ၆ ထက် ယခုအဆင့် ၇ ဟာ များစွာ ကွာခြားတာကို စဉ်းစားမိ လိုက်ပါတယ် ။ ဒါပေမယ့်လည်း ဒီအဆင့်ဟာ ဂိုဏ်းကြီးတွေမှာ ဘာမှမဟုတ်သေးပါဘူး ။ အဆင့် ၉ ကျော်တယ့် ပညာရှင်မှသာ ဂိုဏ်းထဲမှာ ကောင်းကောင်း ရပ်တည်နေနိုင်မှာပဲ ဖြစ်ပါတယ် ။
မန်ဘိုလို တောင်ပိုင်းအင်ပါယာရဲ့ ဆေးဆရာကြီးဟာ ဆေးဘုရင်ခန်းမကို ရောက်လာသည့် အတွက် ဘုရင့်မြို့တော် တစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်နေပါတယ် ။ ဆေးဘုရင်ခန်းမ ရဲ့ ဂုဏ်သတင်းဟာလည်း ဆိုင်မဖွင့်ခင်မှာတင် ပြန့်နှံ့လျက်ပါပဲ ။ လူများစွာဟာလည်း နေ့ တိုင်းလာရောက်လျက် ဆိုင်ဖွင့်ပွဲရက်ကိုပဲ မေးနေလေ့ရှိကြပါတယ် ။ မန်ဘို ဝင်ရောက်လာ ခြင်းကြောင့် ယောင်မျိုးနွယ်ဟာလည်း ဖိအားများ ရင်ဆိုင်နေရလျက်ပါ ။ ဘာကြောင့်လဲဆို တော့ ချန်မျိုးနွယ်ရဲ့ ဆေးဘုရင်ခန်းမဟာ သူတို့ရဲ့ နေရာကိုကျော်လွန်ပြီး တောင်ပိုင်း အင်ပါယာမှာ ကျော်ကြားသွားမှာကို ကြောက်နေကြပါတယ် ။
ဒန်ရှန်ကတော့ ဆေးများရောင်းနေရသော်လည်း ဆေးပင်ရောင်းချရမှုမှာတော့ ကျဆင်းမှု ရှိမှာပါ ။ ဒါပေမယ့်လည်း သူတို့ဟာ တခြား အဆက်အသွယ်များနှင့် ဆိုင်များစွာ ရှိသောကြောင့် အရမ်ကြီး ထိခိုက်မှုတော့ မရှိလှပေ ။
ချန်ရှန် အဝတ်အစားများ လဲလှယ်ပြီးနော် မြို့ထဲ လမ်းလျှောက်ထွက်ခဲ့ပါတယ် ။ စိတ်ထဲတွင် လည်း ဆေးဘုရင်ခန်းမ ဖွင့်မယ့်အကြောင်း စဉ်းစားလျက်ပါ ။ လမ်းတစ်လျှောက်မှာ သူဟာ တစ်ခုခု လွဲမှားနေတာကို သတိပြုမိလိုက်ပါတယ် ။ တောအုပ်ထဲ တစ်ယောက်ယောက် ပုန်းနေလို ခံစားမိပါတယ် ။
“ထွက်ခဲ့ပါ ၊ အခု ပုန်းနေစရာမလိုပါဘူး”
ချန်ရှန်အသံဟာ အေးစက်လျက်ပါ ၊ သွေးဆာနေမှုများလည်း ပါဝင်နေသလိုပါပဲ ။ သူနဲ့ ယောင်မျိုးနွယ် ရန်သူတွေ စဖြစ်ကတည်းက သူဟာ အမြဲ သတိထားနေနေတာပါ ။ သူဟာ ယောင်မျိုးနွယ်မှ သူ့ကို ရှင်းပစ်ရန် အနှေးနဲ့အမြန် ဆိုသလို တစ်ယောက်ယောက်စေလွှတ် မှာကို သိနေခဲ့ပါတယ် ။
သူ့စကားဆုံးတာနဲ “ရွှီ” လို့မြည်သံနဲ့ အတူ သူ့ဆီ ဝင်လာတဲ့ မြားတံအား ချန်ရှန်ဟာ လျှပ်စီး လက်သလို မြန်ဆန်လှတယ့် လက်များ ဆန့်ထုတ်ပြီး ဖမ်းလိုက်ပါတယ် ။ ထို့နောက် လျင်မြန် စွာ လှုပ်ရှားပြီး တောအုပ်ထဲသို့ပြေးထွက်သွားပုံမှာ အလင်းတန်းတစ်ခုလိုပါပဲ ။
ချန်ရှန် သစ်ပင်အနီးတစ်ခုမှထွက်လာကာ ချီဓာတ်များစုပြီး ဘုန်းကနဲ မြည်အောင် သစ်ပင် ကြီးအား လက်သီးဖြင့် ထိုးလိုက်ပါတော့တယ် ။ သစ်ပင်ကြီးလည်း ကွဲကြေသွားကာ ချက်ချင်းပင် သစ်ပင်နောက်မှ အော်သံတစ်ခု ထွက်လာပါတယ် ။ ချန်ရှန်၏ ပြင်းထန်လှသော ခွန်အားမှ ပေါက်ကွဲထွက်လာမှုကြောင့် သေဆုံးသွားခဲ့ပါပြီ။
ချန်ရှန် မျက်ခုံးများ မြင့်တက်သွားပါတယ် ။ သူ၏ ပတ်ဝန်းကျင်မှ ဖြစ်ပျက်နေမှုများကို အာရုံခံနိုင်သော စွမ်းရည်သည် အထူးကောင်းမွန်နေတာ တွေ့လိုက်ရတယ် ။ အဆင့် ၇ ရောက်ပြီးကတည်းက သူ၏ နတ်အတွင်းအား အာရုံများမှာ ပိုမိုတိကျလာသလိုပါပင် ။ ဒီအချိန်မှာပဲ များစွာသော မြားတွေဟာ မိုးရွာသလို သူ့ဆီသို့ လာနေတာကို ခံစားလိုက်မိ ပါတယ် ။
ရုတ်တရက်ပဲ သူ၏ စွမ်းအင်သိုလှောင်ရာမှတဆင့် မိုးပြာရောင် ချီငွေ့များ ထွက်လာပြီး သူ့အရှေ့တွင် နံရံတစ်ခုကဲ့သို့ အငွေ့များကို ကာရံလိုက်ပါတယ် ။ မြှားမိုးများမှာ ဒီနံရံကြောင့် သူ့ဆီ လုံး၀ မရောက်နိုင်တော့ပါဘူး ။
“မြှားအစင်း ၃၀၀ ပဲ ၊ လူအယောက် ၃၀၀ ပေါ့ ၊ ငါ့ကိုသတ်ဖို့ မစောင့်နိုင်ကြတော့ဘူး ထင်တယ်”
ချန်ရှန်မျက်နာတစ်ခုလုံး အေးစက်သွားပါတယ် ။ သူ၏နှလုံးသားဟာလည်း ပြင်းထန်လှ သော တိုက်ခိုက်ချင်စိတ်မား ဖြစ်ပေါ်လာပါတော့တယ် ။
“မင်းတို့ သတ်ချင်သတ် ၊ ပြီးရင်တော့ နောင်တမရနဲ့”
ချန်ရှန် ကြုံးဝါးလိုက်ပြီး ပြင်းထန်လှသော ချီဓာတ် လှိုင်းတွေဟာ တောအုပ်တစ်ခုလုံးကို ပြင်းစွာ တိုက်ခတ်ပါတော့တယ် ။
အဖြူရောင်ကျားဟာ အမဲလိုက်ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ရာမှာ အကောင်းဆုံး ဖြစ်ပါတယ် ။ အဖြူရောင်ကျား ကျင့်စဉ်ကို လေ့ကျင့်ပြီးရင် လေ့ကျင့်သူဟာ ပြင်းထန်လှတဲ့ အမဲလိုက်ချီဓာတ်တွေကို ပိုင်ဆိုင်မှာဖြစ်ပြီး တဖက်ရန်သူများကို ဖရိုဖရဲ ဖြစ်စေနိုင်ပါတယ် ။ ချန်ရှန်ဟာ အဖြူရောင်ကျားကျင့်စဉ်ကို မကျွမ်းကျင်သော်လည်း အခြေအနေအရ အစုလိုက် အပြုံလိုက်ရန်သူများကြောင့် ဒီကျင့်စဉ်တွင် အရေးပါပြီး အဓိကအခြေခံကျတယ့် အဖြူရောင်ကျား ကျင့်စဉ်၏ “အမဲလိုက်ခြင်း နှလုံးသား” ဆိုသည့် တိုက်ကွက်ကို သုံးတာပါ ။ သူဟာ ၎င်းကျင့်စဉ်ကို ကောင်းကောင်းတော့ နားလည်ပါတယ် ။
ချန်ရှန် သူ၏နတ်အတွင်းအားအာရုံများကို ထုတ်လွှတ်ပြီး အလျင်အမြန်ပဲ သစ်ပင်ကြီး တစ်ပင် နားကို ရောက်သွားပါတယ် ။ များစွာသောလူများ ပုန်းအောင်းနေတာကိုလည်း အာရုံခံမိလိုက်ပါတော့တယ် ။ သူတို့ဟာ ကောင်းကောင်းပုန်းနေကြသော်လည်း ချန်ရှန် မမြင်အောင်တော့ မစွမ်းဆောင်နိုင်ကြပေ ။
“ဟက် ၊ ဒီအရည်အချင်းတွေနဲ့ ငါ့ကို သတ်ချင်တယ်ပေ့ါ”
ချန်ရှန် အေးစက်စွာ ပြောလိုက်တယ် ။ ထို့နောက် ပေါ့ပါးလျင်မြန်စွာဖြင့် ခုန်လိုက်ပါတယ် ။ သူ့အား ပုန်းနေသောသူများဟာ မမြင်ကြပါဘူး ။ သူတို့ ဘက်က တိုက်ရင်တောင်မှ အကာကွယ် နံရံက ခံနေမှာဖြစ်ပါတယ် ။ မိုးပြာရောင်ငွေ့များ ချန်ရှန်လက်သီးမှ ထွက်လာပြီး မိုးကြိုးလျှပ်စီးများ ၎င်းတို့အထက်မှာ တဖြတ်ဖြတ်လတ်သွားပါတယ် ။ ထို့နောက် ခုန်နေရမှ သစ်ပင်ကြီးအား ထိုးချလိုက်ပါတော့တယ် ။
“ဘုန်းးး….. ဘုန်းးးးး ……. ဘုန်းးးးးးးး”
မိုးပြာရောင် လျှပ်စီးဟာ သစ်ပင်တစ်ခုလုံးဆီ ရိုက်ခတ်သွားကာ အပိုင်းအစများစွာ ကွဲထွက် သွားပါတော့တယ် ။ မီးတောက်များနှင့် လျှပ်စီးများ အငွေ့များဟာ လောင်ကျွမ်းလျက် သစ်ပင်ထိပ်ဖျားဟာလည်း မည်းတူးလို့နေပါတယ် ။ မကြာခင်မှာပဲ မည်းတူးခြစ်နေတယ့် ခန္ဓာကိုယ် ၆ ခု အပေါ်မှ ပြုတ်ကျလာပါတော့တယ် . . . . ။
Chapter – 43
#နတ်မိစ္ဆာကျင့်စဉ်
ချန်ရှန် သူ၏ အိတ်အတွင်းမှ ဓားရှည်ကို ထုတ်ပြီး လေထဲသို့ လှပစွာ ခုန်တက်သွားပါတယ် ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သစ်ပင်များ၏ ထိပ်ဖျားကို ကျော်လွန်သွားပြီး ဓားရှည်ကြီးအား ဝှေ့ယမ်းလိုက်ပါတော့တယ် ။ ချီအငွေ့များဓားမှ အဆက်မပြတ်ထွက်ပေါ်လာပြီး ထိုအငွေ့ များမှ မိုးပြာရောင်ချီဓားအဖြစ်ပြောင်းလဲသွားပြီး သစ်ပင်များဆီသို့ ပစ်လွှတ်လိုက်ပါတယ် ။ ချက်ချင်းပဲ ရွှီခနဲအသံများမြည်လျက် သွေးထွက်နေသော အသားစများ သစ်ပင်ကိုင်းများမှ မိုးရွာသလို ကျလာလျက်ပါ ။
မျက်တောင်တခတ်အတွင်းမှာပင် လူများစွာ သေသွားပါပြီ ၊ ဒီလူတွေကို သတ်ပြီးနောက် မှာတော့ ချန်ရှန်လည်း နောက်သစ်ပင်တစ်ပင်ထိပ်သို့ ခုန်ကူးလိုက်ပါတယ် ။ သစ်ပင်တစ်ပင် နောက်မှာပုန်းကွယ်နေသော ရန်သူ ၅ ယောက်ကို ချန်ရှန်ဟာ မြင်နိုင်သောကြောင့် သူတို့ ဆီသို့ လှမ်းကြည့်လိုက်တယ် ။ ထိုလူများလည်း ချန်ရှန်၏ ကြောက်မက်ဖွယ်စွမ်းအားများ ကိုမြင်သောကြောင့် အထိတ်တလန့်ဖြင့်ထွက်ပြေးသွားပါတော့တယ် ။
ဒီလူတွေဟာ သိုင်းပညာ အဆင့် ၂ နဲ့ ၃ လောက်သာ ရှိကြသူတွေပါ ။ သူတို့ရဲ့အမြန်နှုန်းနဲ့ စွမ်းအားများဟာ ချန်ရှန်ကို ဘယ်လိုမှ မယှဉ်နိုင်ကြပါဘူး ။ လျပ်တပြတ်ပဲ သူတို့၏ ခေါင်းနဲ့ ကိုယ်လည်း တခြားစီ ဖြစ်သွားပါတော့တယ် ။
“အကုန်နောက်ဆုတ်ကြ ၊ ဒီလူက အဆင့် ၇ သိုင်းပညာရှင်”
အထိတ်တလန့်အသံတစ်ခု ထွက်ပေါ်လာပါတယ် ။ များစွာသော မျက်နာဖုံးအနက်ဝတ် လူများဟာ သစ်ပင်များပေါ်မှ ပြေးဆင်းကုန်ကြပြီး အရပ်မျက်နာ အသီးသီးသို့ ခြေဦးတည့်ရာ ထွက်ပြေးကုန်ကြပါတယ် ။
ဒီလူတွေဟာ သူတို့သတ်ဖို့ ကြိုးစားသူကို ဘယ်လိုလူမှန်းတောင် မသိရှာပါလား ။ ခေါင်းဆောင် ဖြစ်ဟန်တူသော လူသာ ချန်ရှန်၏ အဆင့်ကို သိပြီး ပြေးဖို့ ကြိုးစားတာပါ ။ ချန်ရှန်လည်း ထိုလူကို မှတ်သားလိုက်ပါတယ် ။
တောအုပ်ကြီးဟာ အရမ်းကို နက်ရှိုင်းသော်လည်း ချန်ရှန်၏ အမြန်နှုန်းကို ဘယ်လိုမှ မဟန့် တားနိုင်ပါ ။ သူ၏ စွမ်းအားများမှာ အထွတ်အထိပ်သို့ ရောက်နေတာဖြစ်ပြီး နည်းနည်းလေး ခုန်လိုက်ရုံဖြင့် သစ်ကိုင်းပေါ်မှ မိုးပေါ်သို့ ခုန်တက်သွားပြီး သစ်ပင်များစွာကို ဖြတ်လျက် ထိုလူကို မီသွားပါတော့တယ် ။ ချန်ရှန်လည်း သူ၏ ဓားအား ထိုလူ၏ ခန္ဓာကိုယ်သို့ ပစ်လိုက်ပါတယ် ။ သေအောင်သတ်ခြင်းမဟုတ်ပဲ ဒဏ်ရာသာ ရစေကာ ဘိုင်ယုယု သင်ပေး ထားသော နည်းအတိုင်း မေးမြန်းရန် အတွက်ပါ ။
“မင်းဘယ်သူလဲ ၊ ဘာကြောင့် င့ါကိုသတ်ဖို့ ကြိုးစားတာလဲ”
ထိုလူ၏ မျက်လုံးများ ရီဝေသွားကာ ပြန်ပြောပါတယ် ။
“ငါတို့ဟာ လေမည်းဂိုဏ်း က ဖြစ်တယ် ၊ ငါ့အဖေ က ဒီကိုလာပြီး မင်းကို သတ်ဖို့ အမိန့်ပေး လို့ပဲ”
“မင်းအဖေက ဘယ်သူလဲ”
“လေမည်းဂိုဏ်းခေါင်းဆောင် . . . .”
နားထောင်ပြီးနောက် ချန်ရှန် မျက်မှောင်ကြုတ်သွားတယ် ။ သူ၏ စွမ်းအင်တွေဟာ ထိုလူ၏ ဝိဉာဉ်တည်နေရာကို ဖိနိပ်ထားသည့်အတွက် သေသွားပါပြီ ။ ထိုလူသေသွားပြီးနောက် ထွက်ပြေးသွားသော မျက်နာဖုံးစွပ်လူများကို လိုက်ဖမ်းရန် လေလို လျင်မြန်သော အဟုန်နဲ့ ပြေးသွားပါတော့တယ် ။
တောအုပ်တစ်ခုလုံးဟာ ချန်ရှန်ကြောင့် မီးဟုန်းဟုန်းတောက်နေပါပြီ ။ သူ၏ နတ်အတွင်း အားအာရုံဖြင့် တစ်ယောက်ယောက်၏ တည်နေရာကို အာရုံခံလိုက်ပါတယ် ။ ထိုဦးတည်ရာ ဖက်သို့ လက်သီးဖြင့်ထိုးလိုက်သောအခါ မရေတွက်နိုင်သော ဇု ချီဓာတ်အငွေ့များဟာ ထွက် လာကြပြီး မီးမြားများအဖြစ် ပုံပြောင်းသွားကာ ထွက်ပြေးနေသော မျက်နာဖုံးဝတ် လူများဆီ သို့ ပျံသန်းသွားပါတော့တယ် ။
ဒီလူတွေဟာ အဆင့် ၃ သာသာ ရှိသူတွေဖြစ်ပြီး ချန်ရှန် မျက်လုံးထဲတွင် ထိုလူများဟာ ပုရွတ်ဆိတ်လေးလိုပါပဲ ။ အခိုးအငွေ့များဟာ တောအုပ်ထဲလွင့်လျက် သစ်ပင်များဟာ အချိန်တိုင်း အသံများမြည်ဟည်းလျက် လဲကျနေကြပါတယ် ။ တောအုပ်ကြီးဟာ ငရဲပြည်က ငရဲမီးတွေလိုပါပဲ ။ ချန်ရှန်ကတော့ ငရဲမင်းကြီးပေါ့ . . .
နာရီဝက်လောက်ကြာတယ့်အခါမှာတော့ တောအုပ်တွင်းက မီးဟာ ငြိမ်းလာပါတော့တယ် ။ လူ ၃၀၀ ထက်ပိုတဲ့ လူတွေဟာ တစ်ယောက်မှမရှိတော့ပါဘူး ။ လူတိုင်းဟာ သူ့လက်မှာ အသက်ပျောက်လျက် အဖြူရောင်ကျားကျင့်စဉ်ကို နားလည်အောင် ကူညီသွားကြပါတယ် ။
ထာဝရမိစ္ဆာရေကန်ထဲသို့ ဆင်းပြီးတည်းက သူ၏ ကိုယ်ဟာ နတ်မိစ္ဆာကိုယ်အဖြစ် ခိုင်မာစွာ တည်ရှိနေပါပြီ ။ အရမ်းကို ကြောက်စရာကောင်းလောက်အောင် သန်မာပြီး သူ၏ ခန္ဓာကိုယ် သန်မာလေလေ သူ၏ စစ်မှန်သောချီဓာတ်ရဲ့ ပြင်းအားကြီးလေလေပါပဲ ။
“လေမည်းဂိုဏ်းတဲ့လား ၊ သိုင်းပြိုင်ပွဲ ပြီးလို့ကတော့ မရရအောင်လိုက်ရှာပြီး ဘယ်သူဖြစ်ဖြစ် အပစ်ပေးရမှာပဲ”
ချန်ရှန် သွေးများစွာစွန်းနေသော ဓားကို လွှင့်ပစ်လိုက်ပြီးနောက် ထိုက်ကျိကျင့်စဉ်ကိုကျင့်ပြီး သူ၏ ချီဓာတ်များ ပြန်လည်စုဆောင်းထိန်းသိမ်းကာ ဘုရင့်မြို့တော်သို့ ပြန်လာခဲ့ပါတယ် ။
ချန်ရှန် ဆေးဘုရင်ခန်းမသို့ ညနေဖက် ပြန်ရောက်လာတယ့်အခါ သူ့အဖေ ချန်တျန်းဟူကို မတ်တပ်ရပ်လျက် တွေ့လိုက်ရသောကြောင့် အတော်လေး အံ့အားသင့်သွားပါတယ် ။
“အဖေ ၊ ဘယ်လိုရောက်လာတာလဲဗျ ၊ အဖေ့ကြည့်ရတာ ဖြူလျော်လျော်နဲ့ ဘာဖြစ်နေတာလဲ”
ချန်ရှန် ချန်တျန်းဟူထံသို့ အလျင်အမြန် ပြေးလာပြီး သူ၏ လက်ကောက်ဝတ်ကို ကိုင်ကာ နတ်အတွင်းအားအာရုံဖြင့် ကြည့်လိုက်ပါတယ် ။ ချန်တျန်းဟူရဲ့ စွမ်းအင်သိုလှောင်ရာ နေရာ ဟာ ပျက်ဆီးလျက်ရှိပြီး ဒဏ်ရာအနည်းငယ်ဟာ သက်သာနေဟန်ရှိကာ ဖြည်းဖြည်းချင်း ကုစားနေတာကို တွေ့လိုက်ရပါတယ် ။
ချန်ရှန်၏ မျက်နာမှာ မည်သည့် ခံစားမှုမျှ မတွေ့ရသော်လည်း သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေတယ့် အငွေ့တွေကို ချန်တျန်းဟူ ခံစားမိနေပါတယ် ။ မန်ဘိုနှင့် ချန်လုဇောင်လည်း ထွက်လာကြပြီး သူတို့ဟာ ချန်ရှန်ကိုယ်မှ ထွက်နေတဲ့ အမဲလိုက်ခြင်းနဲ့ ဆိုင်တဲ့ ချီဓာတ်တွေကို မြင်လိုက်ရတယ့်အတွက် အံ့သြသွားကြပါတယ် ။ ဒီလိုချီဓာတ်မျိုး ဟာ လူအစုလိုက်အပြုံလိုက်သတ်ပြီးတဲ့အခါ မြင်တွေ့ရတာပါ ။ နောက်ပြီး ချန်ရှန်လို လူငယ် တစ်ယောက်အနေနဲ့ ဒီလိုချီဓာတ်မျိုး ဘယ်လိုထွက်ပေါ်နေလဲဆိုတာ စဉ်းစားမရ ဖြစ်နေကြ ပါတယ် ။
“အဖေ ၊ ဘယ်သူလုပ်တာလဲ”
ချန်ရှန် လေးနက်တည်ကြည်စွာဖြင့် မေးလိုက်ပါတယ် ။ ချန်တျန်ုးဟူလည်း သူ့သားကို မတွေ့ ရတာ လများစွာကြာပြီဖြစ်ပြီး ခု ချန်ရှန်အားတွေ့လိုက်ရတယ့်အခါ များစွာ ပြောင်းလဲနေတာ ကို တွေ့ လိုက်ရပါတယ် ။ တော်တော်လည်း စွမ်းအားကြီးနေမယ်လို့ ခံစားမိလိုက်ပါတယ် ။ သက်ပြင်းချကာဖြင့် ပြန်ပြောပါတယ် ။
“ချန်ဖုယွန်”
ချန်မျိုးနွယ်ရဲ့ သက်ကြီးတစ်ဦးဖြစ်ပြီး သိုင်းပညာဂိုဏ်းမှ ဖြစ်ပြီး သူ၏နာမည်ကို ကြားလိုက်သည်နှင့် ဒီလိုလုပ်ရတယ့် ရည်ရွယ်ချက်ကို သဘောပေါက်လိုက်ပါတယ် ။
“ချန်ဖုယွန် က ဒီဆိုင်ကို ပိတ်ခိုင်းဖို့ လာပြောတယ် ။ ငါကလဲငြင်းလိုက်တာ ၊ အဲဒါနဲ့ ငါ့ကို တိုက်ခိုက်ပြီး ငါလဲဒဏ်ရာရသွားတာ ၊ သူ့အားနဲ့ ငါ့အားက . . . .”
ချန်တျန်းဟူ ဒေါသတကြီး ပြောဆိုပါတယ် ။ ချန်လုဇောင်ကလည်း ဒေါသတွေထွက်ကာ ပြန်ပြောပါတယ် ။
“ဒီကောင်ကတော့ တကယ့်ကို မလေးမစားလုပ်တဲ့လူပဲ ၊ သူ့ကို ဘယ်ချန်မျိုးနွယ်ဝင်ကမှ မကြိုဆိုဘူးဆိုပြီး တခြားမျိုးနွယ်တွေနဲ့ ပေါင်းတယ် ၊ သူလုပ်ချင်တာကိုပဲ သူလုပ်တယ် ။ တကယ့်ကို ဆန်ကုန်မြေလေးကောင်”
ချန်ဖုယွန်ဟာ သိုင်းပညာဂိုဏ်းကဖြစ်ပြီး သူ၏ စွမ်းအားဟာလည်း အဆင့် ၉ ထက် နည်းမည်မဟုတ်ပေ ။ ဒါကြောင့် ချန်ရှန်အနေနဲ့ သူနဲ့ ရင်ဆိုင်ရန် မဖြစ်နိုင်သေးပါ ။ ချန်ရှန် လည်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဒီလူတနေ့တော့ သူလုပ်တာကို ပြန်ပေးဆပ် ရမယ်လို့ ကျိန်ဆိုလိုက်ပါတော့တယ် ။
ချန်ရှန်၏ ဒေါသများဟာ သူ၏ မျက်နာပေါ်မှာ မမြင်နိုင်သော်လည်း သူ၏ကိုယ်မှ ထွက်ပေါ်နေတဲ့ ချီဓာတ်များကို ကြည့်ခြင်းဖြင့် ဘယ်လောက်တောင် ဒေါသထွက်နေတယ်ဆိုတာကို ချန်တျန်းဟူ ၊ ချန်လုဇောင် နဲ့ တကွ မန်ဘိုတို့ ကောင်းစွာ သိကြပါတယ် ။
“မင်းအဖေက ခု သက်သာနေပါပြီ ၊ သိပ်ပြီး မစိုးရိမ်ပါနဲ့တော့”
မန်ဘို က အားပေးပါတယ် ။ သူဟာ ချန်ရှန်ဆိုတာ သာမန်ထက်ကျော်လွန်တဲ့လူဆိုတာ သိပုံပါပဲ ။ ဒီလောကမှာမနေထိုင်ပဲ သိုင်းလောကဂိုဏ်းကြီးတွေရဲ့ အမှတ်အသား တစ်ခု ဖြစ် လာလိမ့်မယ် ဆိုတာ အသေအချာကို သိနေပါတော့တယ် ။
ချန်ရှန်လည်း ခေါင်းညိမ့်လျက် -
“ကျေးဇူးအများကြီးတင်ပါတယ် ဆရာကြီး မန်ဘို ၊ ကျွန်တော်တို့ လာမယ့် ရက်အနည်းငယ် အတွင်း ဆိုင်ကို ဖွင့်နိုင်အောင် ကြိုးစားရမယ် ။ သူတို့က ဆိုင်ကို ပိတ်ချင်လေလေ ကျွန်တော် ကတော့ ဖွင့်ချင်လေလေပဲ ဟားးဟားး”
ချန်ရှန်လည်း အထက်ပါအတိုင်း ပြောပြီးနောက် ဆိုင်မှထွက်ခွာလာပါတော့တယ် ။ ချန်တျန်းဟူနဲ့တခြားလူများလည်း သူဘယ်ကိုသွားတယ်ဆိုတာ မေးမြန်းဖို့ မကြိုးစားကြ တော့ပါဘူး ။
“ကောင်လေး ၊ မင်းဒေါသတွေ အရမ်းထွက်နေတာ ငါသိပါတယ် ။ ဒါပေမယ့် မင်းစိတ်ကို လျော့ချလိုက်ပြီး ငါပြောတာကို နားထောင်ပါ ။ မင်းစွမ်းအင်တွေ တိုးတက်လာပြီး အဆင့် ၈ ကို ရောက်စေမယ့် နည်းလမ်းတစ်ခု ငါ့မှာ ရှိတယ်”
ဘိုင်ယုယု ရဲ့ အေးစက်စက်လေသံ သူထွက်သွားတာနဲ့ ထွက်လာပါတယ် ။ သူမဟာ သူ၏ ဒေါသများကို လျော့ချပေးရန် ကြိုးစားနေတာပါ ။ ချန်ရှန် မျက်လုံးများ ပြူးသွားပြီး အလျင်အမြန်ပင် မေးလိုက်ပါတယ် ။
“အမတော် ယုယု ၊ ကျွန်တော်ဘယ်လိုလုပ်ရမှာလဲ”
သူဟာအခု အဆင့် ၇ ကိုရောက်နေပေမယ့်လည်း အဆင့် ၈ ကို အချိန်တိုတွင်းရောက်ချင် နေ ပါပြီ ။ ဒီလိုအချိန်တိုတွင်းရမယိုတာ မယုံနိုင်စရာပါပဲ ။ ဒါပေမယ့်လည်း ဒီရေခဲတုံး မိန်းမလှလေးမှာ သူ့အတွက် အကျိုးရှိမယ့် နည်းလမ်းတွေ ရှိပုံပါပဲ ။
“မင်းဟာ မသေနိုင်တဲ့ နတ်မိစ္ဆာ ခန္ဓာကိုယ် ကို မလေ့ကျင့်ရသေးပေမယ့် ငါမင်းကို ငါ့ရဲ့ နတ်မိစ္ဆာ ကျင့်စဉ်တွေကို လေ့လာသင်ကြားဖို့ ခွင့်ပြုမယ်”
နတ်မိစ္ဆာ စွမ်းအားတဲ့လား ၊ ချန်ရှန်ဟာ စုမေးယိုထံမှ ဘိုင်ယုယုရဲ့ နတ်မိစ္ဆာ စွမ်းအားဟာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး စွမ်းအားကြီးတာကို သိထားပါတယ် ။ သူဟာ အရမ်းကို လေ့ကျင့်ချင်ပေမယ့်လည်း သူသင့်တော်တယ့် အဆင့်တစ်ခုရောက်မှသာ ကျင့်လို့ ရမှာ ဖြစ်ပါတယ် ။
“ငါ့ရဲ့ နတ်မိစ္ဆာ စွမ်းအားတွေဟာ အရမ်းကြီးမားတဲ့ အစွမ်းတွေ ရှိပေမယ့်လည်း ဆိုးကျိုး အချို့တော့ရှိတယ် ။ ဒါပေမယ့်လည်း ဒီသက်ရောက်မှုတွေကို ရှင်းပစ်လို့ ရပါသေးတယ်”
ဘိုင်ယုယုက ချန်ရှန်ကို ရှင်းပြနေတာပါ ။
“ငါ့ရဲ့ နတ်မိစ္ဆာ စွမ်းအားတွေကို လွှမ်းမိုးနိုင်တယ့် နတ်မိစ္ဆာ စွမ်းအားလို့ ခေါ်တယ် ၊ နောက်ပြီး မင်းဟာ တခြားလူရဲ့ စစ်မှန်သော ချီဓာတ်တွေကို လွှမ်းမိုးနိုင်လိမ့်မယ် ။ ဒါဆို တခြားလူရဲ့ ချီဓာတ်တွေ ကို မင်းကိုယ်ထဲမှာ လက်ခံနိုင်ပြီး မင်းဟာ အဲဒိလူရဲ့ စွမ်းအား တစ်ခုလုံးကို ခိုးယူနိုင်သလို ဖြစ်သွားလိမ့်မယ်”
ဘိုင်ယုယု က သူ၏ စွမ်းအားများအကြောင်း ပြောပြနေပါတော့တယ် . . . ။
Chapter – 44
#အထူးလက်ဆောင်မွန်
လွှမ်းမိုးနိုင်တယ့် နတ်မိစ္ဆာ စွမ်းအားတဲ့လား ၊ ဒီလိုကြားတဲ့အခါ ချန်ရှန် ထိတ်လန့်သွား ပါတယ် ။ မတ်တပ်ကြီးရပ်ကာ ရုပ်တုကြီးတစ်ခုမလား မိန်းမောလျက် သူ၏မျက်စိမှာ စူးရှ နေပါတော့တယ် ။
“အံ့သြမနေနဲ့ ။ ဒီလိုမှ မစွမ်းရင်လည်း နတ်မိစ္ဆာစွမ်းအားလို့ ဘယ်ခေါ်နိုင်တော့မလဲ ၊ ဒီစွမ်း အားမှာ စည်းကမ်း ၃ ခုရှိတယ် ။ ပထမတစ်ခုက မင်းနဲ့လွှမ်းမိုးခံရမယ့်လူရဲ့ စွမ်းအားဟာ အရမ်းကွာဟနေရင် ဘယ်တော့မှ မသုံးနဲ့ ၊ ဒုတိယက မင်းက မကောင်းတဲ့စိတ်နဲ့ လူကောင်း တစ်ယောက်ကိုလည်း ဘယ်တော့မှ မသုံးနဲ့ ၊ တတိယကတော့ မင်းမှာ ဒီ စွမ်းအားရှိတာကို လည်း ဘယ်သူမှ မသိစေနဲ့”
ဘိုင်ယုယု ရဲ့ အေးစက်စက်ပြောစကားများကို နားထောင်ပြီးနောက် ချန်ရှန်ဟာ အံ့သြနေ ပါတယ် ။ ဒီစွမ်းအားဟာ တကယ်ပဲ စွမ်းအားကြီးပါတကား . . . ၊ တခြားလူရဲ့ စွမ်းအားကို ဖမ်းဆုပ်နိုင်တာပါပဲ ။ ဒီစွမ်းအားကိုသာ မကြာခဏသုံးပါက သူ၏ သိုင်းပညာအတွက် များစွာ အကျိုးဖြစ်ထွန်းတော့မယ် ဆိုတာ သိလိုက်ပါတယ် ။
“မင်းဒါကို တစ်ခါသုံးပြီးရင် မင်းယူထားတဲ့ ချီဓာတ်တွေကို ကုန်စင်အောင် သန့်စင်ရမယ် ။ ဒါတင်မက မင်းရဲ့ ချီဓာတ်တစ်ခုလုံးဟာလည်း လုံး၀ သန့်စင်နေကမယ် ။ ဒီလိုမှ မဟုတ်ရင် နောက်တစ်ကြိမ် လွှမ်းမိုးနိုင်တော့မှာမဟုတ်ဘူး”
ဘိုင်ယုယု က အလောတကြီးဖြင့် မှာကြားပါတယ် ။ ချန်ရှန် အသက်ကိုဝအောင်ရှူကာ နတ်မိစ္ဆာ စွမ်းအားထုတ်ရန်အတွက် သူ၏ စိတ်ကို သေချာအောင် ရှင်းလင်းပါတယ် ။
“ငါမင်းကို အခု သေချာပြောပြမယ် ။ မင်းစွမ်းအင်ကို သုံးနေတယ့်အချိန်မှာ တခြားလူမရှိ ရဘူး ၊ တကယ်လို့ တခြားလူသာရှိနေရင် အဲလူသေချာပေါက် သေသွားမှာပဲ”
ဘိုင်ယုယု မှာကြားရင်း သူ၏စိတ်ထဲမှ နတ်အတွင်းအား အာရုံများကို အသုံးပြုကာ အချက် အလက်များ ပြောပြနေပါတယ် ။ ဒီအချက်အလက်တွေကတော့ နတ်မိစ္ဆာ စွမ်းအားရဲ့ ပြုလုပ်နည်း လျို့ဝှက်ချက်များပဲ ဖြစ်ပါတော့တယ် ။
တကယ်ပဲ ဒီစွမ်းအင်ဖြင့် တခြားလူကို လွှမ်းမိုးနိုင်တာပါ ။ ဒီကျင့်စဉ်ဟာ အကျင့်ယုတ်ခြင်း တစ်မျိုးဖြစ်သော်လည်း တဖက်မှာတော့ အလွန် အကျိုးရှိတာပါပဲ ။ ဒါကြောင့် ချန်ရှန်ဟာ ဒီကျင့်စဉ်ရဲ့ လုပ်ပုံလုပ်နည်းများကို အရမ်းကို နားလည်ချင်နေပါတယ် ။ ဒီစွမ်းအားရဲ့ အသေးစိတ်အချက်အလက်အားလုံးကိုလည်း သိချင်နေပါတော့တယ် ။
“ဒီစွမ်းအားကို ပုံသေမမှတ်ယူနဲ့ ၊ ငါတောင် ဒီလိုမရဘူး ။ ဒီကျင့်စဉ်ကို တီထွင်သူဟာ ရှားပါး တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ကျင့်စဉ်တိုင်းဟာ ကောင်းမွန်လှသလို ကြောက်စရာလည်း ကောင်းလှတယ်”
လေးစားမှုများကို ဘိုင်ယုယု ၏ အသံတွင် ခံစားနိုင်ပါတယ် ။ ချန်ရှန်လည်း ဒီလူကို လေးစား မိပါတယ် ။ ချန်ရှန် ကျင့်စဉ်၏ အချက်အလက်များကို ရရှိပြီးနောက် လေမည်းဂိုဏ်းရှိရာသို့ ထွက်လာပါတော့တယ် ။ လေမည်းဂိုဏ်းဆိုတာ ဘုရင့်မြို့တော်ရှိ မြေအောက် ဂိုဏ်းတစ်ခု ဖြစ်ပြီး အပေါ်ယံမှာတော့ နာမည်ပျက်မရှိကြပါဘူး ။ ဒါပေမယ့် နောက်ကွယ်မှာ ဘုရင့်မြို့တော် ၏ အရိပ်မည်းအဖြစ် လျို့ဝှက်စွာ လှုပ်ရှားကြပါတယ် ။ သူတို့ဟာ ဘုရင့်မြို့တော်မှာ ရုံးချုပ်သဘောတောင် ထားရှိပါသေးတယ် ။ ဒီဂိုဏ်းကို မြို့ထဲမှ ထောက်ခံနေသူရှိလိမ့်မယ်လို့ ချန်ရှန် ထင်မိပါတယ် ။ သံသယဖြစ်ဖွယ်ကတော့ ယောင်မျိုးနွယ်ကလွဲလို့ တခြားသူမထင်မိပေ ။
ယောင်တျန်းဟွာ နဲ့ ယောင်လူကြီးမင်းတို့ ပျောက်ကတည်းက များစွာသော မြေအောက် အဖွဲ့အစည်းများဟာ ဖျက်ဆီးခြင်း ခံခဲ့ရပါတယ် ။ ဒါပေမယ့် လေမည်းဂိုဏ်းတော့ ကျန်ရှိနေ ပါသေးတယ် ။ မည်သူမဆို ဒီအကြောင်းအရာကို ဆက်စပ် စဉ်းစားနိုင်မယ် ထင်ပါတယ် ။
လေမည်းဂိုဏ်းဟာ သူ့ကို သတ်ဖို့ ကြိုးပမ်းခဲ့ပါတယ် ။ ချန်ရှန် ဒီလူတွေကို ခွင့်မလွှတ်တာ အသေချာပါပဲ ။ ချန်ရှန် ခပ်လှမ်းလှမ်းမှာ အိမ်တော်ကြီး တစ်ခုကို လှမ်းမြင်လိုက်ပါတယ် ။ ကျယ်လောင်သောအသံများဟာ လည်း အတွင်းမှ ထွက်နေလျက် ဒီအကွာအဝေးကပင် ကြားနိုင်ပါတယ် ။ ချန်ရှန်လည်း လွန်ခဲ့တယ့် ရက်နည်းငယ်က လေမည်းဂိုဏ်းသားတို့ သူတို့၏ ခေါင်းဆောင် အသက် ၇၀ ပြည့် မွေးနေ့အတွက် ပြင်ဆင်နေတာကို အမှတ်ရသွား မိပါတယ် ။ ခုကြားနေတာ မွေးနေ့ပွဲက အသံပင် ဖြစ်ပေလိမ့်မည် ။
ချန်ရှန် နှုတ်ခမ်းများ ကွေးလျက် အေးစက်စက် ပြုံးလိုက်မိတယ် ။ ဒီဂိုဏ်းဟာ သူ့ကို သတ်ရန် လူတွေ လွှတ်လိုက်ပြီး အကျိုးအမြတ်များစွာ ရကာ သူတို့ကိုယ်သူတို့လည်း အောင်မြင်တယ် ထင်နေကြပုံပါပဲ ။
ဘုရင့်မြို့တော်ထဲတွင် မည်သူမျှ မတိုက်ခိုက်ရန် စည်းကမ်းထုတ်ထားသော်လည်း ကိုယ်ရေးကိုယ်တာကိစ္စ အတွက်ကတော့ တိုက်ရပေလိ့မ်မယ် ။ ပြောနေစရာပင်မလိုတော့ ပါဘူး ၊ ၎င်းတို့ဟာ ချန်ရှန်ကို သတ်ဖို့ ကြိုးစားခဲ့ကြသူတွေပါ ။
ဒီအချိန်မှာပဲ အိမ်ကြီးမှ အရှေ့တံခါးမှာ ရုတ်တရက် ပွင့်လာပြီး များစွာသော အစောင့်များဟာ အထဲမှထွက်လာပါတယ် ။ သူတို့ဟာ ချန်ရှန်၏ စုတ်စုတ်ပြတ်ပြတ်ဖြင့် သားနားမှုမရှိတဲ့ ပုံစံကို မြင်တဲ့အခါ သောက်လက်စများကို ပစ်ပြီး မေးပါတယ် ။
“မင်းဘယ်သူလဲ”
ချန်ရှန်က ၎င်းတို့အား ဖျတ်ခနဲ ဘာမှမဟုတ်သလို ကြည့်လိုက်ပြီး အထင်သေးဟန်ဖြင့် ပြော လိုက်ပါတယ် ။
“ဆေးဘုရင်ခန်းမက ချန်ရှန်”
အစောင့်များစွာဟာ ရုတ်တရက် အံ့အားသင့်ကာ နေကြပါတယ် ။ ချန်ရှန်ဆိုတာ ကြားသာ ကြားဖူးနေပြီး မမြင်ဘူးတဲ့အတွက် ချန်ရှန် ဒီကိုလာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြပါဘူး ။ နောက် ဒီနေ့ကလည်း သူတို့ခေါင်းဆောင်မွေးနေ့ဖြစ်ပြီး ဒီလေမည်းဂိုဏ်းနဲ့ ယောင်မျိုးနွယ် ဟာ ရင်းရင်းနှီးနှီးရှိကြသည့်အတွက် ယခု သူဒီကို ရောက်နေရခြင်း၏ ရည်ရွယ်ချက်ကို လွယ် ကူစွာ ခန့်မှန်းနိုင်ပါတယ် ။
“ဒီကို ဘာလာလုပ်တာလဲ ၊ ငါတို့ရဲ့ ခေါင်းဆောင်က မင်းကို ဘယ်တော့မှ မဖိတ်ဘူး”
အစောင့်တစ်ယောက်က ပြောပါတယ် ။ သူ၏အသံဟာ ခပ်တိုးတိုးပါ ၊ ကြမ်းကြမ်းတမ်းတမ်း မရှိလှပါဘူး ။ သူဟာ ချန်ရှန်လို အဆင့် ၇ သိုင်းပညာရှိရုံမက အငယ်ဆုံးဆေးဆရာတစ် ယောက်ကို ရင်မဆိုင်ဝံ့ပုံပါပဲ ။ သူ၏ ပုံစံဟာ ချန်ရှန်နဲ့ နှိုင်းမရ အောင် ကွာလွန်းလှပါတယ် ။
အစောင့်တစ်ယောက်က အမြန်ပြေးကာ သတင်းပို့ပါတယ် ။ ဒီအစောင့်တွေနဲ့တော့ ချန်ရှန်ကို ဘယ်လိုမှ မထိန်းချုပ်နိုင်ပါဘူး ။ ချန်ရှန်ဟာ လှည့်စားတတ်ရုံသာမက ရင်ဆိုင်ရန် ခက်ခဲတယ့်လူပါ ။ သူကရိုးရှင်းစွာပဲ အပေါက်ဝမှာ ရပ်နေပါတယ် ။
ခဏအကြာမှာပဲ အထဲမှ အသံများ ထွက်လာပြီး သူ၏နတ်အတွင်းအားအာရုံမှတဆင့် အဆင့် ၅ မှ အဆင့် ၇ ရှိလူများ သူ့ဆီသို့ လာနေတာကို ခံစားမိလိုက်ရပါတယ် ။ ချန်ရှန်နည်းနည်း အံ့အားသင့်သွားပါတယ် ။ ဒီလေမည်းဂိုဏ်းခေါင်းဆောင်မှာ ဒီလိုအဆင့်နဲ့ လူတွေရှိမယ်လို့ မထင်ခဲ့ပါဘူး ။ မမျှော်လင့်စွာပဲ ဒီလူတွေဟာ သိုင်းကောင်းကောင်းတတ် တယ်ဆိုတာ သိလိုက်ရပါတော့တယ် ။
ချန်ရှန် လက် ၂ ဖက်ကို နောက်ပစ်လျက် ဝင်ပေါက်ရှေ့မှာ အေးဆေးစွာ ရပ်နေပါတယ် ။ တည်ကြည်သော အကြည့်ဖြင့် အဝတ်စားကောင်းများကို ဝတ်ကာထွက်လာသော လူအုပ်ကြီးကို ကြည့်လို့နေပါတယ် ။
ဒီလူတွေဟာ အများစုက သက်လတ်ပိုင်းတွေပါ ။ ချန်ရှန်ဟာ ဘုရင့်မြို့တော်မှာ နေထိုင်နေ တာ အတော်ကြာပြီဖြစ်သော်လည်း တခြားသိုင်းပညာမျိုးနွယ်များနှင့် ဆက်သွယ်မိခြင်း မရှိပေ ။ ဒါပေမယ့် ယခုလူတွေဟာ ကောင်းမွန်သော သိုင်းလောမျိုးနွယ်များမှ ဖြစ်နိုင်ပြီး တချို့မှာ မျိုးနွယ်ခေါင်းဆောင်များပင် ပါဝင်မယ်ဆိုတာကို သိနေပါတယ် ။
လူတိုင်းဟာ အကြောက်လန့်မရှိ ဝံ့ကြွားစွာ ရပ်နေတယ့် လူငယ်လေးကို ကြည့်နေကြပါတယ် ၊ သူ၏ မျက်နာဟာ ရေပြင်လို တည်ငြိမ်နေတာကို တွေ့ကြရပါတယ် ။ သူတို့အတွက် ချန်ရှန်ဟာ ၁၆ နှစ်လူငယ်နဲ့ မတူအောင်ကို ရင့်ကျက်နေပုံပေါ်နေပါတယ် ။ သူတို့မျိုးနွယ်က ကောင်လေးကောင်မလေးများဟာ ဒီအရွယ် ဆို ကလေးသာသာပုံပါ ။
“ချန်မျိုးနွယ်က သခင်လေး ၊ ဒီနေ့က င့ါမွေးနေ့ပါ ။ အရေးကြီးကိစ္စ မရှိရင် ဒီနေ့ကို ငါပျော်ပျော် နေချင်ပါတယ် ။ ဖြစ်နိုင်ရင် နောက်နေ့မှ ငါတို့ ဆွေးနွေးလို့ ရနိုင်မလား”
လေမည်းဂိုဏ်းခေါင်းဆောင်ဟာ စွမ်းအားရှိပုံရပြီး ကျန်းမာပုံရတယ့် သက်ကြီးပိုင်းတစ် ယောက်ပါ ။ အမည်းရောင်သားရေ ဝတ်စုံဟာ သူ့ကို ပိုပြီး ခန့်ညားနေစေသလိုပါပဲ ။ ဒါပေမယ့် ချန်ရှန်ကို မြင်တယ့်အခါ သူ၏ သိမ်းငှက်မျက်လုံးအစုံမှာ ထိတ်လန့်မှု အရိပ် အယောင်တစ်ခု ဖြတ်ပြေးသွားပါတယ် ။
ချန်ရှန်ဟာလည်း ထိုအရိပ်အယောင်ကို မြင်တွေ့လိုက်ပြီး ပြုံးကာ ပြောလိုက်ပါတယ် ။
“ခေါင်းဆောင် ဟိုင် ၊ ကျွန်တော်ဒီကိုလာတာ ခင်ဗျားကို တစ်ခု ပြောပြမလို့ပဲ ၊ ဒီနေ့ အပြင်ထွက်လာတုန်း လေမည်းဂိုဏ်းက မျက်နာဖုံးစွပ်လူတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သူတို့ကို သတ်လိုက်ပြီ”
ခေါင်းဆောင်ဖြစ်သူ၏ တပည့်က ချက်ချင်းပင် ထိတ်လန့်စွာဖြင့် မေးပါတယ် ။
“သူတို့ဟာ လေမည်းဂိုဏ်းဝင်တွေလို့ မင်းဘယ်လိုသိလဲ”
ချန်ရှန် နှုတ်ခမ်းများ ကွေးကာပြုံးပြီး ပြောလိုက်ပါတယ် ။
“သူတို့က လူ ၃၀၀ ကျော်ပေမယ့် ကျွန်တော်သတ်နိုင်တယ်ဗျ ၊ ကျွန်တော်ထင်တာက လေ မည်းဂိုဏ်းဟာ အာ့လောက် အားမနည်းဘူးလားလို့ပါ”
ဒီနေ့မနက်စောစောမှာ လေမည်းဂိုဏ်းခေါင်းဆောင် တောအုပ်တစ်ခုလုံး မီးလောင်နေတာ ကြားခဲ့ရပြီး သူ့လူ ၃၀၀ ဆီမှ ဘာမှ အကြောင်းပြန်ကြားခြင်းမရှိ ခဲ့ပါဘူး ။ အခုတော့ ချန်ရှန်ဟာ အန္တရာယ်ကင်းစွာနှင့် ပြန်ရောက်နေပြီ ဖြစ်ပြီး ဘာမှတောင် ထိခိုက်ခြင်းမရှိပါ ။ ခေါင်းဆောင်ဟာ တုန်လှုပ်ကာ စိတ်ပျက်သွားပါတော့တယ် ။
ချန်ရှန်စကားကြားပြီးနောက်မှာတော့ ခေါင်းဆောင်ရဲ့ မျက်နာကြောများဟာ တင်းလာပါ တော့တယ် ။ ဒီလူ ၃၀၀ ဟာ ဂိုဏ်းအတွက် အရေးကြီးတဲ့ အဖွဲ့သားတွေဖြစ်နေလို့ပါ ။ ဒါပေမယ့် ဒီလူတွေဟာ သူ့ဂိုဏ်းသားတွေလို့ တော့ ဝန်မခံနိုင်ပါဘူး ။
ဂိုဏ်းခေါင်းဆောင်၏ နောက်မှာရပ်နေသည့် လူများစွာဟာ တော်တော်အံ့သြနေကြပါတယ်။ ချန်ရှန်ဟာ ဒီလူတွေကို လေမည်းဂိုဏ်းကတဆင့် ယောင်မျိုးနွယ်မှ စေလွှတ်တာလို့ ခန့်မှန်း မိပါတယ် ။
“ကျွန်တော်ပြောတာမှန်လား ခေါင်းဆောင် ဟိုင် ၊ တခြားအင်အားစုတွေဟာ ခင်ဗျားရဲ့ ဂိုဏ်းသားအယောင်ဆောင်ကြပုံပဲ ။ ခင်ဗျားတို့ရဲ့ ဂုဏ်သတင်းကို ဖျက်ချင်လို့တူပါရဲ့”
ချန်ရှန်က ပြုံးပြီးဆက်ပြောပါတယ် ။
“ကျွန်တော်က ဒီသတင်းကို ကျွန်တော်ကိုယ်တိုင် လာပြောချင်လို့ပါ ။ ဒါကိုပဲ ကျွန်တော်က ပေးတယ့် လက်ဆောင်အဖြစ် သတ်မှတ်လိုက်ပါ”
လေမည်းဂိုဏ်းခေါင်းဆောင်လည်း မျက်လုံးများ လှုပ်နေပါတယ် ။ သူ၏ မျက်လုံးများမှာ ဒေါသနှင့် နှမြောတသ ဖြစ်ခြင်းများ ပြည့်လျက်ပါ ။ အဘယ်ကြောင့်ဆိုသော် ဒီလူ ၃၀၀ ကို သူ့သား ခေါင်းဆောင် လမ်းပြခဲ့တာဖြစ်ပြီး သူ့သားနှင့်တကွ ထိုလူများက ချန်ရှန် ခေါင်း အား မွေးနေ့လက်ဆောင်အဖြစ်ပေးမယ်ဆိုပြီး လုပ်ထားတာပါ ။ ယခုတော့ သူတို့အားလုံး ချန်ရှန်ကြောင့် သေရပြီ ။
“ချန် ရှန် . . . . .. ..”
လေမည်းဂိုဏ်းခေါင်းဆောင် စူးစူးဝါးဝါး အော်လိုက်ပါတယ် ။ ချန်ရှန်လည်း အော်သံကြောင့် ခြေလှမ်းများတုန့်သွားကာ ခေါင်းစောင်းလျက် အပြုံးလေးဖြင့် ပြန်မေးလိုက်တယ် ။
“ဘာဖြစ်လို့လဲ ၊ ခေါင်းဆောင် ဟိုင်”
ခေါင်းဆောင်၏ အသံမှာ တုန်နေပါတယ် ။ စိတ်မပါလက်မပါပုံစံဖြင့် သူ၏ပါးစပ်မှ ပြန်ပြောလိုက်ပါတယ် ။
“ကျေးဇူးအများကြီးတင်တယ်”
“ကိစ္စမရှိပါဘူး”
ချန်ရှန် ပြုံးကာဖြေလိုက်ရင်း ထွက်ခွာသွားပါတော့တယ် . . . ။
Chapter – 45
#မကြာခင်ဖွင့်ပါမည်
သိုင်းပြိုင်ပွဲ ကျင်းပရန် ၂ ရက်သာ လိုပါတော့တယ် ။ ဒါပေမယ့်လည်း ခုချိန်ထိ ယောင်မျိုးနွယ် ပါရမီရှင် ယောင်တျန်းဟွာနဲ့ပတ်သတ်ပြီး ဘာသဲလွန်စမှ မရသောကြောင့် ယောင်မျိုးနွယ် တို့ ပြာယာခတ်နေကြပါပြီ ။ ယောင်တျန်းဟွာဟာ ယောင်မျိုးနွယ်အတွက် မျိုးစေ့ကောင်း တစ်ခု ဖြစ်ပြီး အထင်ကြီးစရာစွမ်းရည်တွေ ပိုင်ဆိုင်သောသူပါ ။ယခုတော့ ယောင်တျန်းဟွာ တစ်ယောက် သေသလား ရှင်သလားတောင်မသိနိုင်သေးပဲ လမ်းစ ပျောက်လို့ နေကြပါပြီ ။
ချန်ရှန်လည်း လေမည်းဂိုဏ်းစံအိမ်ကြီးမှ ပြန်လာခဲ့ပါတယ် ။ သူဟာ ဆိုင်မှာ သူ့အဖေကို မတွေ့ရသောကြောင့် ချန်လုဇောင်ကို မေးလိုက်ပါတယ် ။
“အဖိုးလေး ၊ ကျွန်တော့အဖေကော”
“မင်းအဖေက အခု အဆင်ပြေနေပါပြီ ၊ သူ့ကို သိပ်မစိုးရိမ်နဲ့တော့ ၊ သူခု ချန်မျိုးနွယ်ဆီ ပြန် သွားပြီ ၊ သူက ချန်ဖုယွန်ကို ဆန့်ကျင်ဖို့ မျိုးနွယ်တစ်ခုချင်းဆီကို စုဝေးဖို့ ပြင်ဆင်နေတယ်”
ချန်လုဇောင်က ရယ်မောလျက် ပြန်ပြောပါတယ် ။
“မင်းအဖေက လွယ်လွယ် လက်မြှောက်မယ့်လူမဟုတ်ဘူး ၊ ချန်ဖုယွန်က ချန်မျိုးနွယ်ရဲ့ စည်းကမ်းတွေနဲ့ အမိန့်တွေကို ဖီဆန်ခဲ့တယ် ။ ချန်မျိုးနွယ်စု ခေါင်းဆောင်ကို နာကျင် ထိအောင်အောင် လုပ်ရုံမက ချန်မျိုးနွယ်အရေးကိစ္စတွေကိုလည်း ဝင်ရောက်နှောင့်ယှက်ခဲ့ တယ် ။ ဒါတင်မကသေးဘူး ချန်မျိုးနွယ်ရဲ့ အဓိက ရန်သူတော်တွေကိုလည်း ကူညီနေတယ်၊ ဒါတွေကြောင့် ချန်ဖုယွန်ကို ချန်မျိုးနွယ်က အပြစ်ဒဏ်ခတ်ရမယ်”
ချန်ဖုယွန်ဟာ သူ၏ တစ်ကိုယ်ကောင်းဆန်လှတဲ့ အကြောင်းပြချက်နဲ့ ယောင်မျိုးနွယ်ကို ကူညီကာ ချန်မျိုးနွယ်ကိ ဆန့်ကျင့်ခဲ့ပါတယ် ။ ချန်မျိုးနွယ်ဝင် တစ်ခုလုံး ဒီကိစ္စကြောင့် အလွန်စိတ်ဆိုးနေကြတယ် ။ ယခုတော့ ချန်တျန်းဟူဟာ ချန်ဖုယွန်အား ချန်မျိုးနွယ်၏ နံပါတ် ၁ ရန်သူတော်အဖြစ် သတ်မှတ်လိုက်ပါတော့တယ် ။ ဒီကိစ္စကို ရှင်းပြီးချိန်မှာတော့ ချန်ဖုယွန်ဟာ ချန်မျိုးနွယ်ဝင်များကို စုစုစည်းစည်းဖြင့် ဂုဏ်သတင်းမွှေးအောင် ပြုလုပ်ပေး မှာဖြစ်ပါတယ် ။
ချန်ရှန်ဟာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်မေးလိုက်ပါတယ် ။
“အဖိုးလေး ၊ ချန်ဖုယွန်ဟာ သိုင်းပညာဂိုဏ်းက နောက်လိုက်တစ်ယောက်ဖြစ်ပြီး ကျွန်တော် တို့ ချန်မျိုးနွယ်က ဒီလိုဂိုဏ်းနဲ့ရင်ဆိုင်ဖို့ ပြင်ဆင်မှာလား”
ချန်လုဇောင် ခေါင်းခါယမ်းလျက် ပြန်ပြောပါတယ် ။
“ဒီလို ဂိုဏ်းတွေမှာ စည်းမျဉ်းရှိတယ် ။ ဂိုဏ်းနောက်လိုက်တစ်ယောက်ဟာ ပြသနာတစ်ခုခု ရှာခဲ့ပြီး ဒီပြသနာကြောင့်ပဲ သေသွားရင် ဘယ်သူ့အမှားမှမဟုတ်ဘူး ၊ သူတို့ကလည် ဂရုပြု နေမှာ မဟုတ်ပေဘူး”
ဒီလိုဂိုဏ်းတွေမှာသာ ကန့်သတ်ချက်များမရှိပါက ဂိုဏ်းသားတွေဟာ အပြင်လောက ကို လာရောက်ဖျက်ဆီးနေနိုင်နေမှာဖြစ်ပါတယ် ။ ချန်ရှန်ဟာ ယခု ယုံကြည်မှုများ ရှိနေပါပြီ ။
“အဖိုးလေး ၊ ဆေးဘုရင်ခန်းမကို စီးပွားရေးစလုပ်ဖို့ မနက်ဖန် ဖွင့်မယ် ။ ဆရာကြီးမန်ဘို ကိုလည်း ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားဖို့ ပြောထားပါ ။ အဖိုးလေးလည်း တောင်ပိုင်း အင်ပါယာ တစ်ခုလုံးသိအောင် ကြေငြာပေးပါဦး”
ချန်ရှန်ဟာ စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်ပါတော့တယ် ။
ဆေးဘုရင်ခန်းမမှာ ဆေးများစွာ သီးသန့် ရှိနေပါပြီ ။ လိုချင်တယ့်ဆေးရအောင်လည်း ပြု လုပ်ပေးမှာပါ ၊ ဒါတင်မက ဆေးဆရာများစွာဟာ အဆက်မပြတ် ဆေးများပြုလုပ်နေလျက် ရှိကြပြီး မန်ဘိုဟာလည်း ဒီမှာပါ ။ ဒါကြောင့် ချန်ရှန်ဟာ အေးဆေးဖြစ်နေပါတော့တယ် ။
ချန်လုဇောင်လည်း တော်တော် စိတ်လှုပ်ရှားလျက်ပါ ။ သူ၏ မျက်နာမှာ အပျော်တွေ ပြည့် နေ ပါတယ် ။ သူဟာ သူ၏အမှတ်အသားအား ဘုရင့်မြို့မှာ ပြုလုပ်ချင်နေခဲ့တာပါ ။ ဒါပေမယ့် သူ့မှာ လုံလောက်တဲ့ စွမ်းရည်မရှိခဲ့ပါဘူး ။ဒါကြောင့် ဝိုဟူမှာသာ နေခဲ့ရခြင်းဖြစ်တယ် ။
ဘုရင့်မြို့တော်မှာ ဆေးဆိုင်ဖွင့်ရန်အတွက် အရမ်းကို အားကြီးသန်မာပြီး ဆေးအသိဉာဏ်ရှိတယ့် လူ လိုအပ်ပါတယ် ။ သတင်းဟာ မီးလိုပြန့်သွားပါတော့တယ် ။ အရင်တည်းက လူတိုင်းဟာ ဆေးဘုရင်ခန်းမနဲ့ပတ်သတ်ပြီး စိတ်ဝင်စားနေကြတာပါ ။ ဒီဆိုင်ကို ချန်မျိုးနွယ်က ပိုင်တာဖြစ်ပြီး ချန်နဲ့ယောင် မျိုးနွယ်တို့ဟာ ရန်သူတော်တွေဖြစ်ပြီး သူတို့ဟာ ဈေးကွက်လုကာ ဈေးတွေအပြိုင်အဆိုင်ဖြင့် ရောင်းချယှဉ်ပြိုင်တော့မှာပါ ။ ရလဒ် အနေနဲ့ သူတို့ဟာ ဆေးတွေကို ဈေးပေါပေါဖြင့်ဝယ်နိုင်ကြတော့မည်ကို တွေးပြီး စိတ်လှုပ်ရှားနေကြပါတယ် ။ ဒီလိုသာမန် သိုင်းပညာရှင်တွေအဖို့ ငွေကြေးကို များများစားစား မတတ်နိုင်ကြပါဘူး ။
ယောင်မျိုးနွယ်ဟာ နှစ်ပေါင်းများစွာ ဘုရင့်မြို့တော်မှာ တစ်ဦးတည်း ဆေးရောင်းလာတာပါ၊ ဒန်ရှန်ကတော့ အဓိကအားဖြင့် ဆေးပင်ရောင်းတာဖြစ်ပြီး ဒါကြောင့် လူတိုင်းဟာ ဆေးကို ယောင်မျိုးနွယ်ဆီကသာ ဝယ်ယူခဲ့ကြရတာပါ ။ ယခုတော့ သူတို့ငွေတွေ တော်တော် သက်သာ ပါတော့မယ် ။
ညအချိန်တွင် ချန်ရှန် ရေချိုးပြီးနောက် ကောင်းမွန်လှသော အဝတ်အစားများကို ဝတ်ဆင် ကာ ဒန်ရှန်သို့ ထွက်လာခဲ့ပါတယ် ။ ဒန်ရှန်သခင်၏ ချစ်စဖွယ်ပုံရိပ်များကို စဉ်းစားရင်း ချန်ရှန် အနည်းငယ် စိတ်လှုပ်ရှားနေပါတော့တယ် ။
ချန်ရှန်ရောက်တာနဲ့ ဟွာယုယန်၏ ရနံ့များ လွှမ်းခြုံနေသော အခန်းငယ်တစ်ခုထဲ ဝင်ခဲ့ပါတယ် ။ အံ့သြစရာကောင်းတာက ဟွာယုယန်ဟာ လည်း အဲဒိနေရာမှာ စောင့်နေတာ ဖြစ်ပြီး သူမကိုတွေ့လိုက်ချိန်မှာတော့ ချန်ရှန်မိန်းမောသွားမိပါတော့တယ် ။
ဟွာယုယန်ဟာ ခရမ်းရောင်ပိုးထည်ကိုဝတ်ဆင်ထားပါတယ် ။ သူမ၏ ပိုးထည်ဟာ အလွန်ပါးလွှာလှပြီး သူမဟာ အောက်ခံလည်း ဝတ်ထားခြင်းမရှိပါဘူး ။ ဝတ်စုံဟာ သူမ၏ ကောက်ကြောင်းအလှကို အထင်းသားပေါ်လွင်နေစေပါတယ် ။ ကြီးမားလှပလှတယ့် ရင်အုံ ၊ သေးသွယ်သောခါး ၊ သွယ်လျသော ခြေထောက်များ ၊ စသည့်စသည့် အရာများမှာ ယောကျာ်းတိုင်း၏ စိတ်အား လုံးဝဖမ်းစားနိုင်လှပါတယ် ။ မည်သူမျှ သူမ၏ အလှကွန်ယက် အတွင်းမှ လွတ်နိုင်မည်မထင်ပါဘူး ။ ချန်ရှန်ပင် အသက်ရှူဖို့တော်တော် ခက်ခဲနေပါတယ် ။ နားရွက်များပင်ရဲလာအောင် ရှက်လျက် ရှိနေပြီး ရင်မှာလည်း တဒိန်းဒိန်း ခုန်နေပါတော့ တယ် ။
“ချန်သခင်လေး ၊ ဒီကောင်မလေး လှရဲ့လား၊”
ဟွာယုယန် ရယ်မောလျက် စွဲမက်ဖွယ်အသံလေးဖြင့်မေးပါတယ် ။ သူမ၏ ခြေထောက်များ အား ခြေသုတ်ခုံတွင်သုတ်ပြီး ချန်ရှန်ဆီသို့ လျှောက်လာပါတယ် ။ ချန်ရှန်လည်း တံတွေး မြိုချလျက် ထိုင်လိုက်ပါတယ် ။ ထို့နောက် လက်ဖက်ရည်တစ်ခွက်ငှဲ့ကာ တကျိုက်ထဲ မော့ လိုက်ပါတော့တယ် ။ ရင်ခုန်မျှများ အနည်းငယ်ပြေပျောက်သွားကာ နောက်တစ်ခါ ဟွာယုယန် ကို စေ့စေ့မကြည့်ရဲတော့ပါဘူး ။
“ချန်သခင်လေး ရဲ့ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်စွမ်းကို တော်တော် သဘောကျမိတယ် ။ ဒီကောင်မလေးက တော့ လေးစားစိတ်တွေ ပြည့်လို့နေပြီ ၊ဖြစ်နိုင်ရင် ဒီက ချန်သခင်လေးရဲ့ တစ်ဘဝလုံးစာ အတွက် အစေခံအဖြစ်နဲ့ နေသွားချင်တာ”
ဟွာယုယန် ဟန်ဆောင်မှုမရှိပဲ တိုးညင်းစွာ ဆိုပါတယ် ။ သူမ သိက္ခာအကျခံပြီးတော့ ဒီလို လိမ်ညာနေမှာမဟုတ်ပါဘူး ။
သူမဟာ ကိုယ်လုံးတီးသာသာ အနေအထားဖြင့် ယောကျာ်းတစ်ယောက်ရှေ့မှာ ရှိနေသော် လည်း ချန်ရှန်ဟာ သူ့ကို တစ်ချက်တောင်မကြည့်တာကြောင့် ဒီအချက်ဟာ ချန်ရှန်အပေါ် ပိုပြီးလေးစားလာစေပါတယ် ။
“ယုယန် ၊ ခွင့်ပြုပါဦး ၊ ဟာသတွေ လုပ်မနေပါနဲ့တော့ ။ ယုယန်က အရမ်းလှပပြီး ဆွဲဆောင်မှု ရှိလှတယ် ဒါတောင် ဘာလို့ ကျွန်တော့ကို စိတ်အနှောက်ယှက်ဖြစ်အောင် လုပ်နေတာလဲဗျ”
ချန်ရှန် ရယ်မောကာ ပြောလိုက်ပါတယ် ။ ဒီရက်တွေမှာ ဒန်ရှန် သခင်မဟာ ဆေးဘုရင်ခန်းမ အား ဈေးသက်သာစွာဖြင့် ဆေးပင်များ ရောင်းချပေးခဲ့ပါတယ် ။ ဒါကြောင့် သူဟာ ကျေးဇူး တွေ တင်နေတာပါ ။ ဒီဒန်ရှန်သခင်မဟာ ဘာကြောင့်ဒီလို ကြင်နာနေလဲဆိုတာ သူမသိပါဘူး ။ နောက်ပြီး ဒီကောင်လေးအပေါ် ဘာလို့ မြူဆွယ်နေလဲဆိုတာလဲ မသိတော့ပါ။
ဟွာယုယန် နှုတ်ခမ်းအနည်းငယ် စူလျက် ပြန်ပြောပါတယ် ။
“ချန်သခင်လေး ၊ ကျွန်မတကယ်ပဲ သခင်လေးရဲ့ အစေခံဖြစ်ချင်မိတယ် ။ ကျွန်မ သခင်လေးရဲ့ ညှို့ဓာတ်ကို စိတ်ဝင်စားနေတာကြာပြီ ၊ ထပ်ပြီး . . . .”
ဘယ်လို ညို့ဓာတ်ပါလိမ့် ၊ ချန်ရှန် ဟွာယုယန် ပြောခဲ့သောစကားကို ကြားပြီး မယုံကြည်နိုင် ဖြစ် နေပါတယ် ။ ဒါဟာ ဟွာယုယန် လိုချင်တဲ့ ပန်းတိုင်ဆိုတာ သိလိုက်ပါတယ် ။ သူဟာ ဘာညို့ဓာတ်မှလည်း မလုပ်ခဲ့ပါဘူး ။ ဒါပေမယ့် သူ၏ ဆေးပညာ ပါရမီကိုတော့ သူမ သဘောကျလောက်ပါတယ် ။ နောက်ပြီး ဆေးပညာဂိုဏ်းဖြစ်တယ့် ဒန်ရှန် တောင်ယွမ် ကိုလည်း ဝင်စေချင်နေတာပါ ။
ချန်ရှန် ရယ်မောလျက် ပြန်ပြောလိုက်ပါတယ် ။
“သခင်မဟွာ ၊ ကျွန်တော့မှာ သတို့သမီးရှိတယ်လေ ။ ကျွန်တော်က အစေခံအဖြစ် လက်ခံလိုက်ရင် ဟိုကောင်မလေး သေချာပေါက် သဝန်တိုလိမ့်မယ်ဗျ”
“ကျွန်မ သိပါတယ် ။ ရှင်က ကျွန်မကို အထင်သေးနေတာပါ ။ “
ဟွယုယန် ယဲ့ယဲ့ ပြုံးလျက် -
“ဒီကို ရှင်ဘာလာလုပ်တာလဲ”
ချန်ရှန် ငရဲဝိဉာဉ်တော်မြက်အပိုင်းအစ သေးသေးလေးအား ထုတ်ယူကာ ဟွာယုယန်ကို ပေးလိုက်ပါတယ် ။ ထို့နောက် ခပ်လောလောပဲ ပြောလိုက်ပါတယ် ။
“ယုယန် ၊ ဒါ ကျွန်တော့ကို ကူညီပေးခဲ့တယ့်အတွက် လက်ဆောင်ပါ ။ ဒီလက်တွဲမှုဟာ အနာဂတ်မှာလည်း ဆက်လက်တည်မြဲမယ်လို့ မျှော်လင့်ပါတယ် ။ နောက်ပြီး ယောင်မျိုးနွယ် ကို ရောင်းတဲ့ ဆေးပင်ရဲ့ဈေးကို နည်းနည်း မြင့်စေချင်တယ်”
ဟွာယုယန် လက်မအရွယ် ငရဲဝိဉာဉ်တော်မြက် ကို ယူလိုက်ပါတယ် ။ ၎င်းဟာ သေးငယ် လှသော်ငြားလည်း အလွန် တန်ဖိုးရှိပါတယ် ။ အပြုံးများဖြင့်သူမက ပြန်ပြောပါတယ် ။
“ချန်သခင်လေး က သဘောထား ကြီးလှပါပေတယ် ။ ဒီကကောင်မလေးက ရှင်ပြောသမျှ အကုန်လုပ်မှာပါ ။ ဒီဒန်ရှန် ဆေးတိုင်းပြည်ဆိုတာ ကျွန်မပိုင်တာဖြစ်ပေမယ့် ရှင့်ကို ဆေးပင် တွေအကုန်လုံး အလကားပေးချင်တယ်”
ချန်ရှန် ခဏတာ ဆွံ့အသွားပါတယ် ။ ကောင်မလေးကို ကြည့်လျက် ကြောင်နေမိတယ် ။ သူမကို သူ၏ အစေခံလိုတောင် စိတ်ထဲ တွေးလိုက်မိပါတယ် ။ဒါပေမယ့် ဒီမိန်းမ မှာ လျို့ဝှက်တဲ့ အကြောင်းတရားတွေရှိမှာကို စိုးရိမ်နေပါတော့တယ် ။
“ဆေးဘုရင်ခန်းမ ကို မနက်ဖန် ဖွင့်မယ် ။ ဒါတွေအကုန်လုံးကို ကျွန်တော့ရဲ့ အဖိုးလေး စီစဉ် တာပါ ။ ကျွန်တော်ကတော့ သိုင်းပြိုင်ပွဲအတွက် ပြင်ဆင်သင့်တာ ပြင်ဆင်ရမှာမို့ ပွဲမှာ ရှိနေမှာမဟုတ်ဘူး ၊ တကယ်လို့ သခင်မ ဆန္ဒရှိရင် လာပြီး ကျွန်တော်တို့ကို ကြော်ငြာပေးပါ ဦး”
ချန်ရှန် ရယ်မောလျက် ပြောပါတယ် ။
“ကိစ္စ မရှိပါဘူး ။ ကျွန်မ အဆင်ပြေပါတယ်”
ဟွာယုယန်ဟာ တကယ့်ကို အစေခံတစ်ယောက် လိုပါပဲ ။ ချန်ရှန်လဲ ဒီထက်ကြာကြာမနေ တော့ပဲ လျင်မြန်စွာ ထွက်လာပါတော့တယ် ။
ချန်ရှန် ထွက်ခွာသွားတာကို ကြည့်ရင်း ဟွာယုယန် မျက်လုံးများမှေးကာ -
“တော်တော် တည်တံ့တဲ့ ကောင်လေးပဲ ၊ ငါ့ရဲ့ မာယာကို ရှောင်တိမ်းနိုင်သွားပြန်ပြီ ၊ သူပြေး လေလေ ငါကလည်း သူ့ကို လိုက်ချင်လေလေပဲ”
ချန်ရှန်ဟာ လေ့ကျင့်ရန် အပြင်အမြဲထွက်လေ့ရှိသူပါ ။ သူ၏ပန်းတိုင်ကတော့ ချန်မျိုးနွယ် ဒီဘုရင့်မြို့မှာ အခြေကျဖို့ဖြစ်ပြီး အဆင့်မြင့်တဲ့ အထက်တန်းလွှာ မျိုးနွယ်တစ်ခု ဖြစ်လာစေ ရန်ပါပဲ ။ထိုမှသာ သူလည်း စိတ်ချလက်ချ သိုင်းပညာဂိုဏ်းကြီးများထံ သွားရောက်နိုင်မှာ ဖြစ်ပါတယ် ။ ဆေးဘုရင်ခန်းမအတွက်ကတော့ စိတ်မပူပါ ။ အဘယ်ကြောင့်ဆိုသော် ၎င်းကို ဆေးဘုရင်မန်ဘိုနဲ့ ချန်လုဇောင်တို့က အနီးကပ် ကြည့်ရှုနေတာဖြစ်ပြီး ဟွာယုယန်၏ ထောက်ပံ့မှုကိုလည်း ရထားပါသေးတယ် ။ ဒါကြောင့် သူ၏ စွမ်းအားများ တိုးတက်ဖို့သာ အာရုံစိုက်ပါတော့တယ် . . . ။
Chapter – 46
#ရန်သူအသစ်နဲ့အကြွေးဟောင်း
ချန်ရှန် ဟာ အဆင့် ၇ ကို ဝင်ရောက်ခဲ့ပြီး ဖြစ်ကာ သူ၏ စွမ်းရည်သစ်များကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ဖို့ ကြိုးုစားနေပါတယ် ။ ဒီလိုမှသာ သူဟာ နောင်မှာ “လွှမ်းမိုးစေတယ့် နတ်မိစ္ဆာ စွမ်းရည်” ကို လွယ်လွယ်ကူကူ ရရှိစေနိုင်မှာပါ ။
နောက်တစ်နေ့ နေ့လည်မှာတော့ ချန်ရှန် တောအုပ်ထဲမှ မြို့ထဲသို့ ပြန်လာခဲ့တယ် ။ သူဟာ ဆေးဘုရင်ခန်းမ ဖွင့်တာ ဘယ်လိုနေလဲဆိုတာကို သိချင်နေပါပြီ ။ ချန်ရှန် လမ်းလျှောက်လာ ရင်း ခပ်လှမ်းလှမ်းမှာတော့ သူ၏ ဆိုင်ကို မြင်နေရပါပြီ ။ သူဟာ ဆိုင်မှာ ဒီလောက် အလုပ်ရှုပ်နေမယ်လို့ မထင်မိပါဘူး ။ စိတ်လှုပ်ရှားလျက် မြန်မြန် လျှောက်လာပါတော့တယ်။
ဝင်ပေါက်ကို ရောက်တယ့်အခါမှာ ဆိုင်တစ်ခုလုံး ရှုပ်ပွလျက်ရှိတာကို မြင်လိုက်ရတယ် ။ ချန်လုဇောင်ဟာလည်း ဒေါသတကြီးဖြင့် တခြားလူများကို ရှင်းလင်းခိုင်းနေပါတယ် ။ ဆေးဆိုင်ကတော့ တိုက်ခိုက်ခံလိုက်ရပြီဆိုတာ ချန်ရှန် အသေအချာ သိလိုက်ပါပြီ ။
“အဖိုးလေး ၊ ကျွန်တော်ပြန်လာပြီ”
ချန်ရှန် အလျင်မြန်ပဲ ဆိုင်ထဲဝင်ခဲ့ပါတယ် ။ ချန်လုဇောင်၏ ဖြူလျော်လျော် မျက်နာကို မြင်တဲ့ အခါ မျက်မှောင်ကြုတ်လျက် မေးလိုက်ပါတယ် ။
“အဖိုးလေး ၊ ဘယ်သူလုပ်တာလဲ”
ချန်ရှန်ဟာ တော်တော် ပေါက်ကွဲနေပါပြီ ။ ချန်လုဇောင် ပါးစပ်က နာမည်တစ်ခု ကြားတာနဲ့ ချက်ချင်းသွားပြီး ကလဲ့စားချေမယ်လို့ ဆုံးဖြတ်လိုက်ပါတယ် ။ သူတို့လုပ်ခဲ့တာအတွက် ကြီးမားတဲ့ပေးဆပ်မှု ပြန်လည် ပေးဆပ်ရမှာပါ ။
“ငါချန်ဖုယွန်ကြောင့် ဒဏ်ရာရခဲ့တယ် ။ နောက်ပြီး လေမည်းဂိုဏ်းသားတွေကလည်း ဆိုင်ကို ဖျက်ဆီးကြတယ် ။ ဒါတင်မက အလုပ်သမားတွေကိုလည်း ဒဏ်ရာရစေသေးတယ် ။ ကံကောင်းလို့ မန်ဘိုနဲ့ ဆေးဆရာတွေကတော့ ဆေးတွေလုပ်နေတယ့်အတွက် လွတ်သွား တယ်”
ပြောပြီးနောက် ချန်လုဇောင်ဟာ ချန်ရှန်အား ဆုပ်ကိုင်ပြီး မေးပါတယ် ။
“ဘယ်လိုလုပ်မယ် စဉ်းစားထားလဲ”
ချန်ရှန်ဟာ လေမည်းဂိုဏ်းသားတွေလက်ချက်မှန်း သိတယ့်အခါ ဒေါသတော်တော်ထွက် သွားပါတယ် ။ ဒီမတိုင်ခင် သူ့ကိုသတ်ဖို့ လူသတ်သမားတွေစေလွှတ်ပြီး သူ့အပေါ်ကြွေးဟောင်း တစ်ခု တင်စေရုံမက ခုတော့ ဆိုင်ကိုပါ ဖျက်ဆီးလေတယ် ။ ချန်ရှန် အေးစက်စွာပဲ ပြန်ပြောလိုက်ပါတယ် ။
“အဖိုးလေး ၊ သွားခွင့်ပြုပါဦး ၊ ကျွန်တော် ဒီလူတွေအကုန်လုံးနဲ့ စာရင်းရှင်းရမယ် ။ ကြွေးဟောင်းဆပ်ပြီး ကြွေးသစ်အတွက်ပါ ပေးဆပ်စေရမယ် ။ အဖိုးလေးက အဖေ့ဆီ သွား ပြီး ယောင်မျိုးနွယ်နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ရန် လိုအပ်တယ်ဆိုတာ သတင်းပေးလိုက်ပါ ။ ကျွန်တော်တို့ ချန်မျိုးနွယ် ဒီမြို့မှာ အခြေကျချင်ရင် ယောင်မျိုးနွယ် နဲ့ တခြာအင်အားစုအား လုံးကို ဥပမာပေးနိုင်အောင် လုပ်ရမယ်”
“မင်းတစ်ယောက်ထဲ သွားမလို့လား ၊ မလုပ်နဲ့ ငါပါလိုက်မယ်”
ချန်လုဇောင် ပြောပါတယ် ။
“ရတယ် မလိုဘူး ။အဖိုးလေးက မန်ဘိုကို ဆိုင်မကြာခင် ဆက်ဖွင့်မယ်ဆိုတယ့်အကြောင်း အမြန်သွားပြော ၊ ဒီချိန် တစ်ယောက်ယောက်က လာဖျက်ဆီးလဲ လုပ်တယ့်လူ ကို သနုားမှာ မဟုတ်ပေဘူုး”
ချန်ရှန် လည်း ထွက်လာပါတယ် ။ မန်ဘိုနဲ့ ချန်လုဇောင်ရဲ့ တစ်ဦးချင်းစွမ်းရည်များဟာ ချန်ဖုယွန်ကို မယှဉ်နိုင်သော်လည်း သူတို့ ၂ ယောက်ပေါင်းရင်တော့ ချန်ဖုယွန် အတွက် ရေကုန်ရေခမ်း ဖြစ်နိုင်စေမှာပါ ။
လမ်းတစ်လျှောက် ချန်ရှန်ဟာ သူ၏ ဆိုင်အကြောင်းများစွာ ကြားရပါတယ် ။ လူတော်တော် များများဟာလည်း စိတ်ပျက်နေကြတယ် ။ ဆေးဘုရင်ခန်းမ၏ ဈေးနှုန်းများဟာ ယောင်မျိုးနွယ် ဆိုင်များထက် များစွာသက်သာပြီး ဆေးသာစရောင်းပါက ယောင်မျိုးနွယ် အတွက် အနုတ်လက္ခဏာ ပြသွားမှာပါ ။ ဒါကြောင့်ပဲ ယောင်မျိုးနွယ်ဟာ ဒီဆိုင်ကို ပိတ်သွား အောင် တိုက်ခိုက်ခြင်းပဲ ဖြစ်ပါတယ် ။
ဒါဟာ လူကြီးလူကောင်းမဆန်ပဲ ယုတ်မာလှသော အကြံဖြစ်သော်လည်း မည်သူမျှ စောဒက မတက်ရဲပေ ။ ဘုရင့်မြို့မှာ ယောင်မျိုးနွယ်ဟာ အာဏာကြီးလှတယ့် မျိုးနွယ်ဖြစ်ပြီး ဘယ်သူမှ သုူတို့နဲ့ ရန်သူဖြစ်မှာကို မလိုလားလို့ပါပဲ ။
“ယောင်မျိုးနွယ် ၊ မင်းတို့ကို ငါဘယ်လို ဖျက်ဆီးပြမလဲဆိုတာ စောင့်နေကြ”
ချန်ရှန် ရဲ့ဒေါသတွေ တော်တော်ကို ပေါက်ကွဲထွက်နေပါပြီ ။ လေမည်းဂိုဏ်းရဲ့အိမ်တော် ဝင်ပေါက်မှာတော့ များစွာသောအစောင့်တွေဟာ ရှိနေကြပါတယ် ။ သူတို့ဟာ ချန်ရှန် သူတို့ဆီ ဦးတည်လာနေတာကို မြင်တယ့်အခါ သူတို့၏ လက်နက်များကို လျင်မြန်စွာ ဆွဲထုတ်လိုက်ကြပါတယ် ။
“မင်းတို့အားလုံး မသေချင်ရင် ၊ ခုတခါထဲ ထွက်သွားကြ”
ချန်ရှန်ဟာ ခံစားချက်မဲ့နေပုံမျိုးနဲ့ အပေါက်ဝမှာ မတ်တပ်ရပ်နေပါတယ် ။ လက်သီးကို ပွတ်လျက် ရုတ်တရက်ပဲ မိုးပြာရောင် အငွေ့တွေ ကာလိုက်ပါတော့တယ် ။ ဒီအငွေ့တွေကြား မှာ လျှပ်စီးကြောင်းများလတ်လျက် အသံများပင် မြည်နေပါတယ် ။ တကယ်ကို ကြောက်စ ရာကောင်းလှပါတယ် ။
လူတိုင်းဟာ မသေချင်ကြပဲ ချန်ရှန်၏ လက်သီးမှ ထွက်ပေါ်နေတယ့် ချီဓာတ်တွေကို ကြည့်ပြီး အကြောက်လွန်နေကြပါတယ် ။ သူတို့ကိုယ်သူတို့ ချန်ရှန် ရှေ့မှာ ပုရွတ်ဆိတ် တစ်ကောင်လို ရှိနေတယ့် အဖြစ်ကို သိသွားကြတယ့်အတွက် ချက်ချင်းပင် ထွက်ပြေးကြတော့တယ် ။
ဂိတ်ဟာ တင်းကျပ်စွာ ပိတ်ထားတာပါ ။လျှပ်စီးများလက်နေသော မျက်လုံးများဖြင့် ဂိတ်ရှေ့ မှာ ရပ်နေပါတယ် ။ ချန်ရှန်လည်း မိုးပြာရောင် လျှပ်စီး ချီဓာတ်များကို ထုတ်ကာ လက်သီးများဖြင့် တံခါးအား ထိုးချလိုက်ပါတော့တယ် ။ ၎င်းဟာ နဂါးကြီး ၂ ကောင် ဟာ ဂိတ်ကို ဝင်တိုးသွားသလိုပါပဲ ။
“ဘုန်းးးးး . … . ဘုန်းးးးး …. .. .. ဘုန်းးးးး”
ထူထဲလှတယ့် တံခါးကြီးဟာ အမှုန်များအဖြစ် ပြောင်းလဲသွားပါတော့တယ် ။ အငွေ့များ ကြားမှ အစောင့်များဟာလည်း ကြောင်အလျက်ပါ ။ သူတို့သာ တံခါးနေရာရှိနေပါက ဖုန်မှုန့် အဖြစ် ပြောင်းလဲသွားမယ်ဆိုတာ သဘောပေါက်နေကြပါတယ် ။
“ဒါ . . . ဒါ အဆင့် ၇ သိုင်းပညာပဲ ၊ ဒါဟာ ချီအငွေ့ တွေဆိုတာ ငါသေချာပေါက်ပြောရဲတယ်”
အစောင့်တစ်ယောက်ဟာ ချန်ရှန် အိမ်ထဲဝင်လာတာကို ကြည့်ရင်း ထအော်ပါတယ် ။ ချန်ရှန်ဟာ အဆင့် ၆ ဆိုပြီး ကောလဟာလတွေ အရ သိနေကြတာပါ ။ ယခုတော့ အဆင့် ၇ ဆိုတာ ရှင်းရှင်းလင်းလင်း သိသွားကြပါပြီ ။ အစောင့်အားလုံးဟာ သက်ပြင်းကိုယ်စီ ချမိကြ ပါတယ် ။ ချန်ရှန်ကို တားဖို့ ကြိုးစားပါက သေခြင်းတရားသာ ရရှိမယ်ဆိုတာ အသေအချာ သိသွားကြပါတော့တယ် ။
အိမ်တော်ကြီးသို့ ဝင်ရောက်ပြီးတယ့်အခါ ချန်ရှန်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာ မိစ္ဆာ ချီဓာတ်များ ကာရံလျက်ရှိပါတယ် ။ သူဟာ အမဲလိုက်ခြင်း နှလုံးသား တိုက်ကွက်ကို လုပ်တယ့်အတွက် သတ်ဖြတ်ချင်စိတ်တွေဟာ တားမရတော့ပါဘူး ။ ဒီလို ချီဓာတ်တွေထွက်လာတယ့် အတွက် လူအားလုံးဟာ ဒူးထောက်ရပါပြီ ။ ဘယ်လိုမှ မတားဆီးနိုင်တော့ပါဘူး ။
“ဒီကိုလာပြီး လေမည်းဂိုဏ်းကို ပြသနာရှာတာ ဘယ်သူလဲ”
ချန်ရှန် အသံကြားတယ့်အခါ ခြေလှမ်းများ ရပ်သွားပါတယ် ။
“ဆေးဘုရင်ခန်းမ က ချန်ရှန်ပဲ ၊ ယောင်မျိုးနွယ်ရဲ့ သစ္စာခံတွေ ဒီနေ့ လေမည်းဂိုဏ်းဆိုတာ ဘုရင့်မြို့တော်က ပျော်သွားအောင် ငါလုပ်မယ်”
ချန်ရှန်ဟာ ခိုင်မာပြတ်သားသော အသံဖြင့် အော်ပြောလိုက်ပါတယ် ။ ချန်ရှန်ဟာ ရှေ ့မှ ဓားသွားရောင် တစ်ခု လတ်သွားတာကို မြင်လိုက်ပါတယ် ။လူတစ်ယောက် ဓားရှည်ဖြင့် သူ့ ခေါင်းကို တိတ်တိတ်လေး ချိန်နေတာကို မြင်လိုက်ရပါတယ် ။
“ဟက်”
ချန်ရှန် အထင်သေးဟန် လှောင်လိုက်တယ် ။ လက်လေးအနည်းငယ်လှုပ်ရမ်းပြီးနောက် မိုးပြာရောင် လျှပ်စီးချီငွေ့များ ထွက်လာပြီး လျင်မြန်လှသော အရှိန်ဖြင့် အငွေ့များ ထိုလူဆီသို့ ထွက်သွားပါတော့တယ် ။ ပေါက်ကွဲသံတစ်ခုကြားလိုက်ရပြီး ထိုလူဟာ ငိုချိန် တောင်မရလိုက်ပဲ ခန္ဓာကိုယ်တစ်ခုလုံးဟာ သွေးမှုန်များအဖြစ်သာ ပေါက်ကွဲထွက်သွား ပါတော့တယ် ။
လျှပ်စီးအငွေ့ စွမ်းအားဟာ တော်တော် ကြောက်စရာကောင်းလှပါတယ် ။ များစွာသော ဂိုဏ်းသားများဟာ သွေးမှုန်များ လေထဲပြန့်ကုန်တာကို မြင်ပြီးနောက် သူတို့ဓားတွေတောင် မလှုပ်နိုင်ကြတော့ပါဘူး ။ သူတို့အတွက် ဒီလို ကြောက်စရာတိုက်ခိုက်မှုမျိုးကို ပထမဆုံး မြင် ဖူးခြင်းပါ ။ လှုပ်ရှားမှုလေးတစ်ချက်ဖြင့် လေမည်းဂိုဏ်းက ပညာရှင်တစ်ယောက်ကို သေ သွားစေရုံမက အစနပင် မကျန်ခဲ့ပါပေ ။
ချန်ရှန်ဟာ အဆင့် ၇ မှာ ရှိနေတာဖြစ်ပြီး သူ၏ အစွမ်းများဟာ သာမန်နဲ့မတူပါ ။ နတ်အတွင်းအားများကို အသုံးပြုခဲ့တာကိုတော့ ပြောပြနေစရာပင်မလိုတော့ချေ ။ ဒါတင်မကသေး သူ့တွင် ချီဒြပ်စင် ၅ ခုလည်း ရှိနေသေးပါတယ် ။
“မင်းက င့ါထောင်ချောက်ထဲ ဝင်လာတာပဲ ချန်ရှန် ၊ ဒီနေ့ မင်းကို ငါဒီကနေ ထွက်သွားခွင့် ပြု မှာမဟုတ်ဘူး ။ မင်းက ငါ့သားကို သတ်ခဲ့တယ် ။ ဒီအတွက် မင်းရဲ့ခေါင်းကို သူ့အတွက် လက်ဆောင်အဖြစ် ပြန်လည် ပေးဆပ်စေရမယ်”
အသံသြဇာပြည့်ဝလှသော အသံတစ်ခု ထွက်ပေါ်လာပါတယ် ။
ချန်ရှန်ဟာ ဥယျာဉ်ကျယ်ကြီးတစ်ခုထဲမှာ ရပ်နေတာဖြစ်ပါတယ် ။ ပတ်လည်မှာ အမည်းရောင် ဝတ်ရုံဝတ် လူများ ဝန်းရံလျက်ပါပဲ ။ ဒီအချိန်မှာပဲ ဂိုဏ်းခေါင်းဆောင်ဟာ ထွက်လာပါတယ် ။ သူ့ဘေးတဖက်တချက်မှာတော့ လူတချို့ဟာ ခန့်ညားစွာ ရပ်နေကြ ပါတယ် ။
ချန်ရှန် အနည်းငယ် အံ့အားသင့်သွားပါတယ် ။ ဘေးကလူများထဲ အုပ်ချုပ်ရေးမှူး ဟွာဂေါင်ယန် နဲ့ သူ၏ သားတို့ကို တွေ့နေလို့ပါပဲ ။ ချန်ရှန် လှောင်လိုက်ပါတယ် ။
“မင်းသားက ငါ့ကို သတ်ဖို့ ကြိုးစားတယ်လေ ၊ ဒါပေမယ့် ငါမရည်ရွယ်ပါဘူး ။ သူက လူ ၃၀၀ တောင် ခေါ်လာသေးတာ ။ သူတို့အားလုံးကို ပိုင်မုန့်တွေလို အပိုင်းပိုင်းဖြစ်အောင် လုပ်လိုက် တာပဲ ။ သူတို့သေခြင်းကို သူတို့ကိုယ်တိုင်တောင် ဘယ်လိုလဲဆိုတာ သိမသွားကြဘူး”
“ကောလဟာလတွေနဲ့ ပြည့်နေတယ့် ချန်အိမ်တော်က ချန်ရှန် ၊ မင်းမျိုးနွယ်ရဲ့ အခြေအနေ ကိုမင်းမသိသေးဘူးလား ။ မင်းအဖေကလည်း ဒဏ်ရာရနေပြီး မင်းတို့ဆိုင်လည်း ပျက်ဆီး သွားပြီ ။ဒါတောင် ခုဒီကိုလာပြီး ရင်ဆိုင်ရဲသေးတယ် ။ မင်းတကယ်ပဲ သေချင်နေတာလား”
သတ်လတ်ပိုင်းအရွယ် ရွှေရောင်အဝတ်အစားဝတ်ထားသူ တစ်ယောက်က လှောင်ပြီး ပြောပါတယ် ။
ချန်ရှန်ကိုယ်လှုပ်ခါသွားပြီး လျှပ်စီးငွေ့များ ထွက်လျက် မျက်လုံးများမှလည်း မုန်းတီးစိတ် များ အပြည့်ဖြင့် ထိုသက်လတ်ပိုင်းအရွယ် လူအား ကြည့်ကာ ပြောလိုက်ပါတယ် ။
“ငါ့အဖေ ဒဏ်ရာရနေတယ်လို့ မင်းကို ဘယ်သူပြောလဲ”
“အဲတော့ ဘာဖြစ်လို့လဲ ။ ဒီက မင်းဆရာနာမည်လဲ မှတ်ထားလိုက်ဦး ၊ ဝမ်ရိရှန် တဲ့ ဝမ်မျိုးနွယ်စု ခေါင်းဆောင်ပဲ”
ထိုလူက ဝင့်ကြွားဟန်ဖြင့် ပြန်ပြောပါတယ် ။
ဝမ်မျိုးနွယ်ဟာ ဘုရင့်မြို့တော်မှ သိုင်းပညာရှင်မျိုးနွယ် တစ်ခုဖြစ်ပြီး ချန်ရှန်ဟာ ၎င်းတို့ကို စိတ်မဝင်စားခဲ့ပါဘူး ။ ဒီမျိုးနွယ်ဟာလည်း မြို့ရဲ့ အစွန်အပြင်ဘက်မှာ နေနေတာဖြစ်ပြီး သိပ်လည်း မတွေ့မိပါ ။ ဒါကြောင့် သူတို့နဲ့ ပတ်သတ်ဆက်စပ်ခြင်းဆိုတာ မရှိခဲ့ပါဘူး ။
“ဟဟ ယောင်မျိုးနွယ် ဘောမ နေတယ့် ခွေးမျိုးနွယ်ပဲ ဖြစ်မယ် ။ မင်းတို့ကို ငါက စာရင်းထဲ တောင် မထည့်ဘူး”
ချန်ရှန် လှောင်လိုက်ပါတယ် ။ ဒီလို မျိုးနွယ်သေးသေးလေးများဟာ ယောင်မျိုးနွယ်ကို ကပ်ဖားရပ်ဖားလုပ်ခြင်းက ချန်ရှန်အဖို့ မအံ့သြတော့ပါ ။
“မိမစစ်ဖမစစ်ကောင်လေး ၊ ဝမ်မျိုးနွယ်ကို မခန့်လေးစားလုပ်ရဲတယ် ။ ငါမင်းကို လုံး၀ ခွင့်မလွှတ်နိုင်ဘူး”
ဝမ်ရိရှန် ဒေါသအမျက်ချောင်းချောင်း ထွက်နေပါပြီ ။ ချန်ရှန် ပြောပုံဟာ ရင့်သီးလှသော် လည်း အားလုံးဟာ အမှန်တွေချည်း ဖြစ်ပါတော့တယ် . . . ။
Chapter – 47
#အဆုံးသတ်ခြင်း
ဝမ်ရိရှန် ကြုံးဝါးလျက် သူ၏ကိုယ်ကို ရွှေရောင် အငွေ့များ ကာလိုက်ပါတယ် ။ ၎င်းမှ ခန္ဓာကိုယ်တစ်ခုလုံးကို မီးများဖြစ်သွားပါတော့တယ် ။ ဒါကတော့ ဝမ်မျိုးနွယ်၏ အတုမရှိ ချီဓာတ်များပါပဲ ။ ၎င်းတို့၏ စွမ်းအားဟာလည်း တော်တော်ပြင်းထန်လှပါတယ် ။ ဝမ်ရိရှန်ဟာ သူ၏ ရွှေရောင်လက်သီးအား ချန်ရှန်ဆီသို့ မထိုးခင် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပါတယ် ၊ ပြင်းထန်လှသော ချီဓာတ်များဟာ အော်သံနဲ့အတူ ထွက်လာကြပြီး မျက်စိတမှိတ်အတွင်း မှာပဲ ချီဓာတ်များဟာ ချန်ရှန်၏ မျက်နာဆီသို့ ချိန်ရွယ်နေလျက်ပါ ။
အငွေ့များဟာ ကြောက်မက်ဖွယ် ရှေ့ကို အရှိန်ဖြင့် သွားကာ လမ်းတစ်လျှောက်ပေါက်ကွဲ မှုများ ဖြစ်ပေါ်လျက်နေပါတယ် ။ ဘေးနားရှိ ကျောက်တုံးများ ကို ကွဲထွက်သွားပါစေ တော့ တယ် ။ အငွေ့များဟာ လမ်းတလျှောက် မြောင်းကြီးအသွင် မြေကြီးမှာ ဖြစ်ပေါ်စေလျက် ဒါကို မြင်တဲ့လူများဟာ ကြောက်ရွံ့တုန်လှုပ်သွားကြပါတော့တယ် ။ တစ်ယောက်ယောက်သာ ဒီလို အစွမ်းမျိုးကို ခံရမည် ဆိုပါက နုပ်နုပ်ဆင်းသလို ဖြစ်သွားစေမှာပါပဲ ။
“ဒီလိုအဆင့်နဲ့များ မျိုးနွယ်စုခေါင်းဆောင် လို့ ခံယူရဲသေးတယ် ။ ငါ့အဖေသာဆို မင်းလိုကောင်မျိုး လက်နောက်ပစ်ပြီး လက်တစ်ဖက်နဲ့တောင် အမှုန့်ချေလို့ရတယ်”
ချန်ရှန်ပြုံးပြီးလှောင်ကာ ချက်ချင်းပဲလက်မောင်းများကို ဝှေ့ယမ်းလိုက်ပြီး သူ့ဆီဝင်ရောက် လာတဲ့ ချီငွေ့များကို ရိုက်ခတ်ပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေပါတော့တယ် ။
လူတိုင်းဟာ ဒီမြင်ကွင်းကို မယုံနိုင်ကြပါဘူး ။ ချန်ရှန်ဟာ ခြင် ကို ယမ်းသလို လက်လေးယမ်း လိုက်တာ ဒီလိုကြောက်မက်ဖွယ် ချီဓာတ်တွေကို လွယ်လွယ်လေးနဲ့ ကြည့်နေသူတွေ ရှေ့မှောက်မှာ ဖယ်ရှားပြလိုက်တာပါ ။
ချန်ရှန်၏ ချီငွေ့များဟာ သူ၏လက်မှ လှိုင်းတစ်ခုလို ထွက်သွားပြီး နောက် ဝမ်ရိရှန်ရဲ့ တိုက်ခိုက်မှုကို လှပစွာ ဖယ်ထုတ်လိုက်တာပါပဲ ။ ဒါဟာ ချန်ရှန်၏ ချီငွေ့များဟာ ဝမ်ရိရှန်၏ ချီငွေ့များထက် အဆပေါင်းများစွာ စွမ်းအားကြီးတယ်ဆိုတာ သက်သေပဲ ဖြစ်ပါတယ် ။
ဝမ်ရိရှန်၏ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိမှု အထင်ကြီးမှုတွေဟာ ချန်ရှန် လက်၏ လှုပ်ရှား မှုလေးတစ်ခုအောက်မှာ ပျောက်ဆုံးသွားရပါပြီ ။ သူ့ကိုယ်သူ စွမ်းအားကြီးလှပြီ ထင်နေရာမှ ချန်ရှန်နဲ့ ယှဉ်ရင် ဘယ်လိုမှ နှိုင်းမရတာကို နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်ပါတယ် ။
လက်ရှိမှာတော့ ဝမ်ရိရှန် နဲ့တကွ အားလုံးဟာ ကြောင်ပြီး ရပ်နေကြပါတယ် ။ ချက်ချင်းပဲ ချန်ရှန်ဟာ ဝမ်ရိရှန်ရဲ့ရှေ့သို့ လျှပ်စီးလက်သလိုရောက်သွားချိန်မှာတော့ လူတိုင်းထပ်မံ အံ့အားသင့်လျက်ပါပဲ ။
ချန်ရိရှန် မှာတော့ အံ့သြမလို့ ရှိရုံမှာပဲ သူ၏ ဝမ်းဗိုက်နေရာမှ အလွန်နာကျင်သွားတာကို ခံစားလိုက်ရပြီး ချက်ချင်းပင်ခါးကုန်းသွားပါတော့တယ် ။ မိုးပြာရောင်ချီဓာတ်တွေကို မြင်တွေ့ လိုက်ရပြီး ၎င်းဟာသူ၏ အစာအိမ်ကို ထိုးဖောက်ဝင်ရောက်သွားသလိုပါပဲ ။
“အားးးးးးးးးးးးးးးးးးးး”
ဝမ်ရိရှန် နာကျင်လှစွာ အော်ဟစ်လိုက်ပါတယ် ။ ဒီအချိန်မှာ ချန်ရှန်ဟာ သူ၏လက်ကို မြောက်လျက် မိုးပြာနဂါးလက်သည်းများအဖြစ် ပုံပြောင်းလိုက်ပါတော့တယ် ။ ဒီလက်သည်း များဟာ အလွန်ချွန်ထက်ကာ ကျောက်တုံးကြီးများကိုတောင် ဖောက်ဝင်နိုင်ပါတယ် ။ လူ့ခန္ဓာကိုယ်သာဆိုပါက ထိရုံနဲ့တင် ပေါက်ထွက်သွားနိုင်မှာပါ ။
ချီဓာတ်များဟာ သူက လက်မှာ ရစ်ပတ်လျက် ဖြူဖတ်ဖြူလျော် ဖြစ်နေသော ဝမ်ရိရှန်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်ပါတယ် ။
“ငါ့ရှေ့က ထွက်သွားစမ်း ၊ ဒါက ငါနဲ့ လေမည်းဂိုဏ်းအကြားက ကိစ္စပဲ ။ မင်းဟာမင်း ငါတို့ ကြားထဲ ဝင်လာတာ ။ ခုမင်းကို အသက်ချမ်းသာပေးလိုက်မယ် ။ ငါတို့ရဲ့ချန်မျိုးနွယ် စွမ်းအား ဘယ်လောက်ကြီးတယ်ဆိုတာ စောင့်ကြည့်နေ”
ဝမ်ရိရှန်တစ်ယောက် ချန်ရှန်၏ စွမ်းအားကြောင့် ကြက်သေသေ လျက်ရှိနေပါတယ် ။ သူ့စိတ်ထဲ မခံချင်စိတ်များ များနေသော်လည်း လက်ရှိမှာတော့ ဘာမှ ပြန်မပြောနိုင် ဖြစ်နေ တာပါ ။ အဲဒိနောက်မှတော့ သူ့အား လူတချို့အကူအညီဖြင့် လေမည်းဂိုဏ်း စံအိမ်တော် တွင်းမှ သယ်ထုတ်သွားပါတော့တယ် ။
ချန်ရှန် သူ၏ မျက်လုံးများဖြင့် လေမည်းဂိုဏ်းခေါင်းဆောင်ထံသို့ ကြည့်လိုက်ပါတယ် ။ မိုးပြာရောင် လျှပ်စီးများ မျက်လုံးတွင် လတ်လျက် အမဲလိုက်ခြင်းနဲ့ဆိုင်သော ချီဓာတ်များ ဟာလည်း ခန္ဓာကိုယ်တစ်ခုလုံးမှ ထွက်နေပါတယ် ။ အားလုံးကို မျက်လုံးနဲ့ ဝေ့ကြည့်လိုက် ပြီးနောက် လေမည်းဂိုဏ်းခေါင်းဆောင်ဆီ အကြည့်ရောက်တယ့် အခါမှာတော့ အကြည့်ရပ်ပြီး အေးစက်စွာ ပြောလိုက်တယ် ။
“မင်းလုပ်ခဲ့တာတွေအတွက် င့ါကို အဆိုးမဆိုနဲ့ ။ မင်းနဲ့ငါ့ကြားမှာ ဘာ ရန်ငြိုးမှ မရှိဘူး ။ နောက်ပြီး ငါ့အားကုန်စေမယ့် မလိုအပ်တဲ့ အပြုအမူတွေကိုလည်း ငါမလုပ်ချင်ဘူး”
အုပ်ချုပ်ရေးမှူး ဟွာ မှာ အဆင့် ၈ ပညာရှင်ဖြစ်ပြီး သူ၏ အစွမ်းဟာ ဝမ်ရိရှန်ထက် အများကြီး ပိုပါတယ် ။ ဒါပေမယ့်လည်း ချန်ရှန်၏ တိုက်ကွက်အစွမ်းတွေကို မြင်တဲ့အခါ နည်းနည်း တုန်လှုပ်မိသွားပါတယ် ။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ချန်ရှန်ကို နိုင်ခဲ့ရင်တောင်မှ ဝေဖန်တိုက် ခိုက်မှုများ ခံရတာနဲ့တင် သေလောက်ပါတယ် ။
ဒါဟာ ဘယ်လိုဖြစ်ဖြစ် သူ့အတွက်အကျိုးမရှိဘူးဆိုတာကို ကြိုမြင်မိတယ် ။ နောက်ပြီး မြို့တော်၏ အုပ်ချုပ်ရေးမှူးအဖြစ် ဘယ်တော့မှ ပြန်ဖြစ်တော့မှာ မဟုတ်တော့ပါဘူး ။ လေမည်းဂိုဏ်းခေါင်းဆောင်ကလဲ ဆေးဆရာလေးတစ်ယောက်ကို အားအများကြီးသုံးပြီး ဆန့်ကျင်နေတာကို မြင်ရတယ့်အတွက် သူသာဝင်ပါ ပါက ပြသနာတွေပိုကြီးမှာ တွေးမိပါတယ် ။
အချိန်မဆွဲတော့ပဲ ဟွာဂေါင်ယန်လဲ သူ့သားကို ခေါ်ကာ ချက်ချင်း ထွက်သွားပါတော့တယ် ။ လေမည်းဂိုဏ်းခေါင်းဆောင်လည်း ဒီအခြေအနေကို ဘယ်လိုမှ မဟန်ု့တားနိုင်ပါဘူး ။ ဒီနေ့ပြီး ရင်တော့ လေမည်းဂိုဏ်းဆိုတာ ဘုရင့်မြို့တော်မှာ ရှိနေဖို့ မသေချာဖြစ်နေပါတယ် ။
သူဟာ သူဖိတ်ခေါ်ထားတဲ့လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားတာကို မြင်နေရတယ် ။ သူဟာ အရမ်းဒေါသထွက်နေသော်လည်း ၎င်းတို့ကို ဒီမှာနေဖို့ မပြောဝံ့တော့ ပါဘူး ။
“ဒီကောင့်ကို စုတိုက်ကြ ၊ သူက လူသားတစ်ယောက်ပဲ ဖြစ်တာပါ”
လေမည်းခေါင်းဆောင်လည်း အော်လျက် သူကိုယ်တိုင်လည်း လှံရှည်တစ်လက်ကို ဆွဲကိုင် ကာ ချန်ရှန်ဆီသို့ ပြေးလာပါတော့တယ် ။ ဒေါသထွက်နေတယ့် နဂါးကြီးလို ချန်ရှန်ဟာ ဟိန်းဟောက်လျက် ပြင်းထန်လှတယ့် ချီဓာတ်များဟာ ချန်ရှန်ဆီမှ ထွက်လာပါတယ် ။ ဒီလိုချီဓာတ်တွေဟာ သွားရာတစ်လျှောက်ဖျက်ဆီးသွားကြပြီး ဖုန်မှုန့်များအဖြစ် ဖြစ်သွားစေ ပါတော့တယ် ။ ဥယျာဉ်ထဲမှာရှိတယ့် ပန်းတွေနဲ့ သစ်ပင်များဟာလည်း ထောင်ပေါင်းများစွာ သော ဓားများဖြင့် ဖြတ်လိုက်သလို ပျက်သီးသွားကာ ဥယျာဉ်ထဲရှိ လူအားလုံးဟာ ခြေဦး တည့်ရာ ထွက်ပြေးပါတော့တယ် ။ ကိုယ်များမှလည်း သွေးများပန်းထွက်ကာ အနာများဖြင့် ပြည့်ကုန်ပါပြီ ။ ငရဲခန်းရောက်နေသလိုပါပဲ အားလုံးဟာ အော်ဟစ်ပြေးလွှားကြပြီးနောက် မြေကြီးပေါ် လဲကျသွားပါတော့တယ် ။
ဒီလိုချန်ရှန်၏ တိုက်ခိုက်မှုဟာ များစွာသော ချီဓာတ်များကို အသံထက်လျင်မြန်သော နှုန်းဖြင့် တိုက်ခတ်ပစ်တာ ဖြစ်ပါတယ် ။ စွမ်းအင် ကုန်ဆုံးမှုဟာ များပြားလှသော်လည်း အားလုံးသော ရန်သူတွေကို သေစေနိုင်တာက အလွန်အံ့သြဖွယ်ပါပဲ ။
ယခုတော့ လေမည်းဂိုဏ်းခေါင်းဆောင်တစ်ဦးတည်းသာ ထီးထီးကြီး ကျန်ခဲ့ပါပြီ ။ ထောင်ပေါင်းများစွာသော သူ၏ ဂိုဏ်းသားများမှာ မြေကြီးပေါ်တွင် အလဲလဲအပြိုပြို ဖြစ်လျက် သေဆုံးနေကြပါပြီ ။ ဒီလို ၁၆ နှစ်အရွယ်လူငယ်လေးဟာ ဒီလို စွမ်းအားကြီးပြီး ကြောက်မက်ဖွယ် ချီဓာတ်တွေကို ထုတ်လွှတ်နိုင်တာ မယုံနိုင်စရာပါပဲ ။
ခေါင်းဆောင်၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်လိုနေပါပြီ ။ သူရန်စတဲ့လူဟာ ဘယ်လိုလူဖြစ်တယ်ဆိုတာ သူ ယခုတော့ ကောင်းကောင်းသိပါပြီ ။
“ဟားး ဟားး ဟားး”
ဂိုဏ်းခေါင်းဆောင် အရူးတယောက်လို ထရယ်ပါတယ် ။
“ဘာရယ်စရာပါလို့လဲ”
ချန်ရှန်လည်း သူ့ထံသို့ တလှမ်းခြင်း လျှောက်သွားကာ မေးလိုက်ပါတယ် ။
“ဘာလို့ ရယ်လဲဆိုတော့ ယောင်မျိုုးနွယ်က မင်းတို့ ချန်မျိုးနွယ်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး ၊ မင်းတို့ချန်မျိုးနွယ် တစ်ခုလုံးပျက်ဆီးမှာမို့လို့ပဲ”
ကောက်ကျစ်သော အပြုံးနဲ့ အတူ ၎င်းက ပြန်ပြောပါတယ် ။ခဏအတွင်းမှာပဲ ချန်ရှန် ခေါင်းဆောင်ရှေ့ရောက်သွားကာ သူ၏ပြင်းထန်လှသာ လက်သီးဖြင့် ထိုးချလိုက်ပါတယ် ။ ထိုလူလည်း အရုပ်အစုတ်တစ်ခုလို ခပ်လှမ်းလှမ်းရှိ အိမ်တစ်အိမ်ပေါ်သို့ လွင့်ထွက်သွားပါ တော့တယ် ။
ချန်ရှန်ဟာ လျင်မြန်စွာပဲ သူ့ဆီသွားကာ အိမ်ထဲသို့ဝင်ပြီးနောက် ခေါင်းဆောင်၏ ခေါင်းကို ကိုင်ပြီးနော် စိတ်ထဲမှ ပြောလိုက်ပါတယ် ။
“လွှမ်းမိုးစေတယ့်နတ်မိစ္ဆာစွမ်းအား !!”
ဒီဂိုဏ်းခေါင်းဆောင်ဟာ အဆင့် ၇ ရှိသူဖြစ်ပြီး သူ၏ ချီဓာတ်ဟာလည်း မဆိုးလှပါဘူး ။ ဒါပေမယ့် သူရင်ဆိုင်နေရတာက ချန်ရှန်ဖြစ်ပါတယ် ။ ဒီလိုလူရှေ့မှာ တော့ အကူအညီမဲ့ လျက် အရှုံးပေးရပါပြီ ။
ချန်ရှန်ဟာ နတ်မိစ္ဆာ စွမ်းအားကို ပထမဆုံးအကြိမ်သုံးခြင်းပါ ။ သူဟာ များစွာသော ချီဓာတ် များ သူ၏လက်ကို ဝင်လာတာကိုခံစားမိလိုက်ပြီး နေရတာ မသက်မသာ ဖြစ်လာသလို ခံစားရပါတယ် ။ ဒါပေမယ့် ၎င်းဟာ မခံမရပ်နိုင်လောက်အောင်တော့ မဟုတ်ပါဘူး ။
ခေါင်းဆောင်လည်း အော်ဟစ်လျက် သူ၏ နှလုံးသားလည်း မခံရပ်နိုင်အောင် တုန်လှုပ် နေပါတော့တယ် ။ သူဟာ ချန်ရှန်မှ သူ ကိုယ်တွင်းရှိ ချီဓာတ်များအား ထုတ်ယူပြီး စုပ်ယူသွား မယ်ဆိုတာ အိပ်မက်ပင် မမက်ခဲ့ဖူးပါဘူး ။ ဒီစွမ်းရည်ဟာ တော်တော်ပဲ ကြောက်စရာ ကောင်းလှပါတယ် ။
ချန်ရှန်ဟာ သူ၏ကိုယ်အား ထာဝရမိစ္ဆာရေကန်ထဲတွင် သန့်စင်ပြီးဖြစ်ကာ သူ၏ အရိုးများ ၊ ကြွက်သားများ နှင့် တစ်ကိုယ်လုံးဟာ နှိုင်းမရအောင် တောင့်တင်း သန်မာလျက်ရှိနေပါတယ် ။ ဒါကြောင့် ဒီလို ချီဓာတ်များ စိမ့်ဝင်နေမှုအား ခုခံနိုင်သည့် စွမ်းရည် လုံလောက်စွာ ရှိနေတာပါ ။ ဒါဟာ သူ၏ ခန္ဓာကိုယ် ပေါက်ကွဲထွက်ခြင်းမှ ကာကွယ် ပေးပါတယ် ။
ဒီအချက်ကပဲ ဘိုင်ယုယုမှ ချန်ရှန်အား ဒီနတ်မိစ္ဆာကျင့်စဉ်ကို သင်ပေးဝံ့တာပါ ။ အဘယ် ကြောင့်ဆိုသော် ဒီနည်းတွေဟာ အရမ်းကို သန်မာ တောင့်တင်းတဲ့ ခန္ဓာကိုယ်လိုအပ်လို့ပါပဲ။
အချိန်ခဏလေးမှာပဲ လေမည်းဂိုဏ်းခေါင်းဆောင် လေ့ကျင့်ထားတဲ့ စစ်မှန်သော ချီဓာတ် များကို ချန်ရှန်ဟာ ပိတ်ပင်လိုက်ပါတော့တယ် ။ ဒီလိုကြောင့်ပဲ ထိုလူဟာ ခဏအကြာ သေသွားပါပြီ ။ ချန်ရှန်လည်းတော်တေ်ာ အခက်တွေ့ပါတယ် ။ ဒီလိုချီဓာတ်တွေကို ထိန်းချုပ် ရတာတော်တော် အန္တရာယ် များလှတာပါ ။
ဒီအချိန်မှာ ချန်ရှန် လေမည်းဂိုဏ်းအကြောင်းကို ဦးနှောက်ထဲမှ ထုတ်လိုက်ပါတော့တယ် ။ ဒါပေမယ့် ထွက်မသွားခင်မှာတော့ ခေါင်းဆောင်၏ အလောင်းကို မီးရှို့ဖျက်ဆီး ခဲ့ပါတယ် ။ ဒီအချိန် ယောင်မျိုးနွယ်က တစ်ယောက်ယောက်လာပါက သူတော်တော် ဒုက္ခရောက်မှာပါ ၊ဒါကြောင့် အလျင်မြန်ပဲ ချီဓာတ်တွေကို သန့်စင်ရပါတော့တယ် ။
ယခုသူ၏အဆင့်ဟာ အဆင့် ၈ ပညာရှင်ကိုတောင် ကောင်းစွာ ယှဉ်နိုင်နေပါပြီ ။ ဒီလို စွမ်းအားအဆင့်ဟာ တော်တော်ကို ကြောက်စရာပါပဲ ။ သိကြတယ့်အတိုင်းပါပဲ တောင်ပိုင်း အင်ပါယာမှာ အဆင့် ၈ ဆိုတာ တော်တော်ကို ရှားတာပါ ။
ဆေးဘုရင်ခန်းမနောက်ဖက်ကို ရောက်တဲ့အခါ ချန်ရှန် အလျင်အမြန်ပဲ သူ၏ အခန်းထဲ ဝင်သွားပါတော့တယ် ။ ချန်လုဇောင်ဟာ ချန်ရှန်ရဲ့ အလောတကြီးပုံကို မြင်သော်လည်း ဘာမျှ မမေးဝံ့ပါဘူး ။ တကယ်လို့ မန်ဘိုသာ ဆေးလုပ်တဲ့နေရာမှာ ရှိမနေဘူးဆိုရင် ဆိုင်ဟာ သူတို့ ၂ယောက်စွမ်းအားဖြင့် ခုလောက်ပျက်ဆီးမှာမဟုတ်ပါဘူး ။
“လေမည်းဂိုဏ်း ပြိုကွဲသွားပြီးဟေ့”
ဒီသတင်းဟာ တစ်မြို့လုံးသို့ ပျံ့သွားပါတော့တယ် ။ မနက်ပိုင်းမှာပဲ ဆေးဘုရင်ခန်းမကို မွှေ နှောက်ဖျက်ဆီးခြင်း ခံရပြီး နေ့လည်လည်းရောက်ရော ဂိုဏ်းတစ်ခုလုံး ပြိုကွဲသွားတယ် ။ ဒါကို ချန်ရှန် တစ်ဦးထဲမှ စွမ်းဆောင်ခဲ့တာဖြစ်ပြီး မြို့တွင်းနေထိုင်သူများဟာ ချန်ရှန်၏ စွမ်းအားကို တော်တော် အံ့အားသင့်နေကြပါတယ် ။ ချန်ရှန် ဘယ်လောက်တောင် စွမ်းအား ကြီးတယ်ဆိုတာကို သဘောပေါက်သွားကြပါတော့တယ် ။
လူများစွာ သေကြေပျက်စီးခဲ့သော်လည်း မည်သူမျှ ဒီကိစ္စအတွက် လာရောက်စုံစမ်းခြင်း မရှိကြပါဘူး ။ သက်ဆိုင်ရာအစိုးရများ ရှိသော်လည်း သူတို့ဟာ ဒီလို သိုင်းပညာရှင်များ ဘယ်လောက်စွမ်းအားကြီးတယ်ဆိုတာ သိကြတယ့်အတွက် အရေးမယူနိုင် ဖြစ်နေပါ တော့တယ် . . . ။
Chapter – 48
#စွမ်းအားကြီးအတွင်းအားနယ်ပယ်
လေမည်းဂိုဏ်းဟာ ပြိုကွဲသွားသော်လည်း ယောင်မျိုးနွယ်မှ မည်သည့် လှုပ်ရှာမှုမျှ မရှိသေး ပါဘူး ။ ဒီလေမည်းဂိုဏ်းဟာ ယောင်မျိုးနွယ်ရဲ့ လက်ပါးစေ ဆိုတာ လူတိုင်းသိကြပါတယ် ။ လူတိုင်းဟာ ယောင်မျိုးနွယ်တို့ လာမယ့် သိုင်းပြိုင်ပွဲအတွက်ပြင်ဆင်နေသလို ပျောက် ဆုံးနေတယ့် ယောင်လူကြီးမင်းနဲ့ ယောင်တျန်းဟွာတို့ကို ရှာဖွေရင်း အလုပ်ရှုပ်နေကြလိမ့် မယ်လို့ ခန်းမှန်းကြပါတယ် ။
ဆေးဘုရင်ခန်းမဟာလည်း သူတို့ရဲ့ ပျက်ဆီးမှုများကို ပြန်လည် ပြုပြင်ပြီး အသစ်တဖန် ဖွင့်လှစ်ရန်အတွက် အသင့်ဖြစ်နေပါပြီ ။ လေမည်းဂိုဏ်းပျက်ဆီးပြီးနောက် အားလုံးဟာ ဆေးဘုရင်ခန်းမရဲ့ အစွမ်းကို အံ့အားသင့်နေကြပါတယ် ။ လူတိုင်းဟာ ဆေးဘုရင်ခန်းမ သို့ တိုးဝင်ကြလျက် ဆေးများ အလုအယက် ဝယ်ပြီး သူတို့ဆေးများဟာလည်း ယောင်မျိုးနွယ် တို့ထက်များစွာ သက်သာသောကြောင့် မကြာခင် ဒီဆိုင်ဟာ တဟုန်ထိုး ရောင်းကောင်း တော့မှာပါ ။
အားပေးသူအများစုဟာ အရမ်းချမ်းသာပြီး နောက်ခံကောင်းကောင်း ရှိကြသူများ မဟုတ်တာ များပါတယ် ။ ဒီလိုလူများဟာ ဈေးသင့်တယ့် ဆိုင်မှ ဝယ်ပြီး သူတို့၏ စွမ်းအား များကို တိုးတက်အောင် လေ့ကျင့်လို့ ရတော့မှာ ဖြစ်ပါတယ် ။ နောက်ပြီး အားလုံးလေးစား အားကျရတယ့် မန်ဘို ရှိနေခြင်းကြောင့်လဲ သူတို့ဟာ ဝယ်ယူမှုနဲ့ ပတ်သတ်ပြီး ပိုမို ယုံကြည် ကြပါတယ် ။
အဓိကအားဖြင့်တော့ အဆင့်နိမ့်ဆေးတွေ ရောင်းရတာ များပါတယ် ။ အလယ်အလတ်တန်း စားဆေးကတော့ အနည်းငယ်ပဲ ရောင်းရတယ် ။ ၎င်းတို့ဟာ ဈေးလည်း အနည်းငယ် မြင့် သောကြောင့် ဖြစ်တယ် ။ အဆင့်မြင့်ဆေးကတော့ ရောင်းရအနည်းဆုံးပါပဲ ။ သာမန်လူအဖို့ ဒီဆေးကို သိပ်မတတ်နိုင်ကြပါ ။
ဒန်ရှန်မှလည်း ဆေးပင်များကို ဈေးသက်သက်သာသာ ဖြင့် ထောက်ပံ့ပေးနေသော ကြောင့် ဆေးဘုရင်ခန်းမဟာ ငွေကုန်သက်သာပါသေးတယ် ။ နောက်ပြီး ဒီဆိုင်မှ အကျိုးအမြတ်များစွာ ရတာတောင် ချန်ရှန်ဟာ မယူပဲ ထိုအမြတ်အားလုံးကို ဆိုင်အတွက်ပဲ အသုံးပြုရန် ချန်ထားပါတယ် ။
တနေကုန်ပြီးနောက် ချန်ရှန်ဟာ လေမည်းဂိုဏ်းခေါင်းဆောင်ထံမှ လွှမ်းမိုးထားတဲ့ ချီဓာတ်များကို သန့်စင်နေတုန်းပါ ။ ဒီ ချီဓာတ် များဟာ အရမ်းသိပ်သည်းပါတယ် ။ ဒီအရာ တွေကို အသန့်စင်ဆုံးဖြစ်စေရန် ချန်ရှန်ဟာ အညစ်အကြေးအားလုံးကို ဖယ်ရှားရမှာ ဖြစ်ပါ တယ် ။ ဒါဟာ အချိန်တော်တော်လည်း ကုန်ပါတယ် ။
ချန်ရှန်၏ စွမ်းအင် သိုလှောင်ရာနေရာဟာ ချီဓာတ်တွေ ပြည့်လို့နေပါတယ် ။ သူဟာ ယခု ၎င်းကို ချီဓာတ်များ သိပ်ထည့်ရင်း ပိုမိုသိုလှောင်နိုင်ရန် လုပ်နေပါတယ် ။ အဆင့် ၈ ကို တက်လှမ်းဖို့ ကြိုးစားနေခြင်းပါပဲ ။
ထိုက်ကျိကျင့်စဉ်ကို ခွဲခြမ်းစိတ်ဖြာရင်း ယင်နဲ့ယန် ပုံသေကားချပ်ဟာ ချန်ရှန်၏ စွမ်းအင် သိုလှောင်ရာမှာ လျင်မြန်စွာ လည်ပတ်နေပါတော့တယ် ။ စစ်မှန်သော ချီဓာတ်များဟာ လည်း ၎င်း ကားချပ်ကို ဖြတ်သွားလျက် ထို့နောက်မှာတော့ ဒြပ်စင် ၅ ခုအဖြစ် လျင်မြန်စွာ ကွဲသွားပါတော့တယ် ။
အဆင့် ၈ ကတော့ စွမ်းအားကြီးအတွင်းအား အဆင့်ပဲ ဖြစ်ပါတယ် ။ ဒီအဆင့်မှာ လူတစ်ယောက်ဟာ သူ၏ နတ်အတွင်းအားအာရုံ နဲ့ စစ်မှန်သော ချီဓာတ်တွေကို အတူတကွ ပေါင်းစပ်ပြီး ဒီချီဓာတ်တွေဟာ အနှိုင်းမဲ့ စွမ်းအင်တွေနဲ့ ပိုမို အစွမ်းထက်စေတာပဲ ဖြစ်ပါ တယ် ။ အငွေ့တွေဟာလည်းပဲ အဆင့် ၇ ကထက်ကို များစွာ စွမ်းအားကြီးမားပါတယ် ။ အဆင့် ၈ ကို ရောက်နိုင်ဖို့အတွက် စစ်မှန်သော ချီဓာတ်များ အားကောင်းစွာ ရှိရမည် ဖြစ်ပြီး နတ်အတွင်းအား အာရုံလည်း ကောင်းကောင်း ရှိရမှာပါ ။ ချန်ရှန်ဟာ လေမည်းခေါင်းဆောင် ၏ ချီဓာတ်အားလုံးကို စုပ်ယူခဲ့သောကြောင့် သူု၏ ချီဓာတ်များမှာ အားအလွန်ကောင်းလျက် ရှိနေပါတယ် ။ဒါတင်မက ထာဝရ မိစ္ဆာ ကန် ကျေးဇူးကြောင့် သူ၏ စိတ်ဝိဉာဉ်ဟာလဲ ပြောစရာမလိုအောင် သန်မာလျက်ပါပဲ ။
သူ၏ နတ်အတွင်းအားအာရုံများဟာလည်း အားနည်းတယ်လို့ မဆိုနိုင်ပါဘူး ၊ သူဟာ ဒီ နတ်အတွင်းအား အာရုံတွေနဲ့ စစ်မှန်သော ချီတွေကို အတူတကွ ပေါင်းစည်းနိုင်တယ့် လိုအပ် ချက်ကိုသာ သိရှိသွားရင် အဆင့် ၈ ကို တက်လှမ်းနိုင်တော့မှာ ဖြစ်ပါတယ် ။
ချန်ရှန်တို့လို မှော်သိုင်းပညာရှင်လောကမှာ မော်တယ်အဆင့် သိုင်းကျင့်စဉ်ကို ၁၀ ဆင့် ခွဲခြားထားပါတယ် ။ တစ်ဆင့်အောင်သွားတိုင်း ကြီးမားတဲ့ ဂိတ်တံခါးကြီး တစ်ခုပွင့်သလိုပါပဲ၊ ဒီလိုတဆင့်ဆီကိုလည်း အားကောင်းကောင်းရှိမှသာ ဖွင့်နိုင်မှာပါ ။ လုံလောက်တယ့် စွမ်းအားတင်မက တချို့သော လှည့်စားမှုများကိုလည်း နားလည်နေဖို့ လိုအပ်ပါသေးတယ် ။
ချန်ရှန်ဟာ ယခုအချိန်မှာ အားအလွန်ကောင်းနေပါပြီ ။ သူဟာ ဒီ အထက်ပါအရာ ၂ ခုကို ဘယ်လိုပေါင်းစပ်ရမလဲဆိုတာကို နားလည်ဖို့ပဲ လိုပါတော့တယ် ။ သူလုပ်နိုင်တာနဲ့ တပြိုင်နက် အဆင့်ရှစ် ဂိတ်တံခါးကြီးဖြစ်တယ့် စွမ်းအားကြီး အတွင်းအား အဆင့်ကို ဝင်ရောက်နိုင်တော့မှာပဲ ဖြစ်ပါတယ် ။
ထိုက်ကျိကျင့်စဉ်ကို ခွဲခြမ်းလေ့လာခြင်းဖြင့် သူဟာ ဒီနတ်အတွင်းအား ကျင့်စဉ်တွေရဲ့ လျို့ဝှက်နက်နဲမှုတွေကို တဖြည်းဖြည်း နားလည်လာပါတယ် ။ ချန်ရှန်ရဲ့ ချီဓာတ်များနဲ့ နတ်အတွင်းအား အာရုံများဟာ ဖြည်းဖြည်းချင်း ပေါင်းစပ်နေကြပါပြီ ။ မမြင်နိုင်တယ့် နတ်အတွင်းအား အာရုံတွေဟာ အရောင်စုံ ချီဓာတ်များဖြင့် စုဆုံလျက် ပါ ။ ဒီလို စွမ်းအားကြီး အား ၂ ခု အတူတကွ ပေါင်းစပ်တယ့်အခါ ချန်ရှန်ရဲ့ကိုယ်ဟာ ပေါက်ကွဲမလိုပါပဲ ။ အဆုံးမရှိ သော စွမ်းအားတွေဟာ တသွင်သွင်စီးနေတယ့် စမ်းချောင်းလို သူ၏ ကြွက်သားများ ၊ အရိုးများနဲ့ တစ်ကိုယ်လုံးမှာ စီးဆင်းလျက် ရှိနေပါတော့တယ် ။
“တက်”
ချန်ရှန်စိတ်ထဲ အသံလေးတစ်ခု မြည်သွားပါတယ် ။ ၎င်းဟာ ဂိတ်တံခါးကြီးတစ်ခုကို ဖွင့် လိုက်သလိုပါပဲ ။ အားကောင်းလှတယ့် စွမ်းအင်စီးကြောင်းကြီးဟာ သူ၏ ကိုယ်မှာ အဆုံးအစ မရှိ စီးဆင်းနေသလိုပါ ။ သူ၏အားများဟာလည်း အရင်ကထက် များစွာ ပိုမိုကောင်းမွန် နေ တာကို ခံစားလိုက်ပါတယ် ။
ချန်ရှန် မျက်စိဖွင့်လိုက်တယ့် အခါမှာ အဖြူရောင်အလင်းတန်းများဟာ ရွှေရောင်အခိုးအငွေ့ များ အဖြစ် သူ၏ ကိုယ်ပတ်လည်မှာ ထွက်နေတာကို မြင်လိုက်ရတယ် ။ သူ၏ အမြင်များဟာ လည်း ကြည်လင်လျက် မြေကြီးပေါ်မှ သဲမှုန်လေးများကိုပဲ ရှင်းလင်းစွာ မြင်နိုင်နေပါတယ် ။ အရပ်မျက်နာမျိုးစုံ ခပ်ဝေးဝေးမှ အသံများကိုလည်း ကြားနေရပါတယ် ။ ဒါပေမယ့် ဒါကို နားငြီးတယ်လို့ သူမယူဆပါဘူး ။ သူဟာ မည်သည့်အသံက မည်သူ ဘာအကြောင်းပြောနေ တယ်ဆိုတာကို တစ်ဦးချင်း အလိုက် ကြားနေရတာပါပဲ ။
ချန်ရှန်တစ်ယောက် အဆင့် ၈ သိုင်းပညာအဆင့် ဖြစ်တယ့် စွမ်းအားကြီး အတွင်းအား အဆင့်ကို ရောက်ရှိခဲ့ပါပြီ ။ ဒီအချိန်မှာ သူဟာလည်း ၁၇ နှစ်ပြည့်ရန် အနည်းငယ်ပဲ လိုပါတော့တယ် ။
ဘုရင့်မြို့တော်ရဲ့ သိုင်းပြိုင်ပွဲဟာ ဆယ်စုနှစ်တစ်စုကို တစ်ကြိမ် ကျင်းပတာ ဖြစ်ပါတယ် ။ အသက် ၂၀ နဲ့ အောက်ပဲ ပါဝင်ခွင့်ရတာဖြစ်ပြီး ဒီတစ်ကြိမ်ကျင်းပတာကိုတော့ ယောင်မျိုး နွယ်မှ စီစဉ်တာပဲ ဖြစ်ပါတယ် ။ အင်မော်တယ် တောင်ပေါ်မှ များစွာသော သိုင်းပညာရှင်များ ဟာ စာရင်းသွင်းထားကြပြီး အနိုင်ရရှိသူဟာ အဆင့်မြင့် ဝိဉာဉ်တော် ဆေးတစ်ခုကို ရရှိနိုင်ရုံသာမက ဂိုဏ်းကြီးတစ်ခုထဲသို့လည် ဝင်နိုင်မှာပါ ။ ဒါဟာ လူတိုင်းကို ဆွဲဆောင် နိုင်တယ့် ဆုပဲ ဖြစ် ပါတော့တယ် ။
ဒီအဆင့်မြင့် ဝိဉာဉ်တော်ဆေးဟာ အရမ်းကို ဈေးကြီးမြင့်ပါတယ် ။ တကယ်တော့ ဒါဟာ ရောင်းရန်မဟုတ်ပါဘူး ။ ၎င်းဆေးကို ပြုလုပ်ဖို့ ဆေးဆရာတစ်ယောက်ကို သေချာရှာရတာ ပါ ။ ဒီဆေးဟာ လုပ်ရတာ အရမ်းခက်ခဲပြီး ကျရှုံးနိုင်ခြေများသော်လည်း ဒါဟာ အဆင့်မြင့် ဝိဉာဉ်တော် ဆေး ဖြစ်နေပါတယ် ။
ဒီဆေးမှာ သန့်စင်တဲ့ စစ်မှန်သောချီဓာတ်အမြောက်အများပါဝင်ပါတယ် ။ သုံးစွဲပြီးပါက ကောင်းကင်နဲ့ မြေကြီးကြားက စစ်မှန်တဲ့ချီဓာတ်များကို ခက်ခဲစွာ စုပ်ယူရန်မလိုအပ်တော့ပဲ ဆေးအကူညီဖြင့် ချီဓာတ်များလွယ်ကူစွာ ရရှိစေနိုင်ပြီး ၎င်းဟာ သုံးစွဲသူရဲ့ စွမ်းအားကို တမဟုတ်ချင်း တိုးတက်စေပါတယ် ။
လူများစွာဟာ သိုင်းပြိုင်ပွဲကို လျှောက်ထားကြတာဖြစ်ပေမယ့် အနည်းငယ်သာ ဝင်ခွင့်ရခဲ့ ပါတယ် ။ စစ်ဆေးမှုများအပြီးမှာတော့ စုစုပေါင်း ဟာ ၄၀ ယောက် သာ ရှိပါတယ် ။ ဒါဟာ ဒီပြိုင်ပွဲဝင်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ သိသာနေပါတော့တယ် ။
စစ်ဆေးမှုအတွင်းမှာ ချန်ရှန်ဟာ လွယ်ကူစွာပဲ အမြင့်ဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ် ။ သူ၏ လက်သီးဟာ စွမ်းအားစစ်ဆေးသည့် ကျောက်တုံးကိုပင် ကွဲကြေသွားစေကာ ဒီလိုကျောက် တုံးပင် သူ၏ စွမ်းအားကို မတိုင်းတာနိုင်ခဲ့ပေ ။
ယောင်မျိုးနွယ်ရဲ့ ကွင်းပြင်ဟာ တောင်တွေ ပင်လယ်တွေနဲ့ ကိုလူတွေလုပ်ထားတာနဲ့ ခပ်ဆင်ဆင်ပါ ။ မြင့်မားကျယ်ပြောလှပြီး ခြောက်ပေမြင့်ပြီး ပေ ၂၀ ကျယ်တဲ့ စင်မြင့်ကို ပြုလုပ်ထားပါတယ် ။ စင်ပေါ်မှာတော့ ယောကျာ်းမိန်းမ စုစုပေါင်း ၃၉ ယောက်ဟာ မတ်တပ်ရပ်နေကြပြီး ချန်ရှန်ကိုတော့ မတွေ့ရသေးပါဘူး ။
“လွန်ခဲ့တယ့် ၂ ရက်က သူဟာ လေမည်းဂိုဏ်းကို ဖြိုခွဲခဲ့တယ်လို့ကြားတယ် ။ ဒဏ်ရာရပြီး မလာလောက်ဘူးလားမသိ”
လူအုပ်ထဲမှ အသံကို ကြားနိုင်ပါတယ် ။
“ဒီလေမည်းဂိုဏ်း ခေါင်းဆောင်က အဆင့် ၇လေ ၊ ချန်ရှန်ကလည်း အရမ်းငယ်သေးတာ ။ သူတို့တိုက်ပွဲတွေပြင်းထန်ပြီး ဒဏ်ရာရနိုင်တယ်”
နောက်လူတစ်ယောက်က ပြန်ပြောပါတယ် ။
“အ ၊ ဒီ ၂ ရက်အတွင်း ချန်ရှန်ကို ဆေးဆိုင်မှာလည်းမတွေ့ရဘူး ၊ တကယ်ပဲ မလာနိုင်တော့ ဘူးထင်တယ် ။ သနုားစရာပဲ”
လူတစ်ယောက်က သက်ပြင်းချလျက် ပြောပြန်ပါတယ် ။ လူတိုင်းဟာ ပြိုင်ပွဲသို့ ချန်ရှန်အလာကို စောင့်နေကြပါတယ် ။ ဒါပေမယ့် ပေါ်မလာသေးပေ ။ လူများစွာဟာ စိတ်ပျက် လက်ပျက် ဖြစ်နေကြပါတယ် ။ ဘာလို့လဲဆိုတော့ ပွဲကြည့် ပရိတ်သတ်တွေဟာ ချန်ရှန်ရောက်လာပြီး ပထမနေရာယူမယ်လို့ တွေးခဲ့ကြလို့ပါ ။
လူတိုင်းချန်ရှန်အကြောင်း ပြောနေကြစဉ်မှာပဲ အမည်းကြောင်ပုံရိပ်တစ်ခု ဝင်လာပါတယ် ။ ဓားသွားလို မျက်ခုံးမွှေးများနှင့် တောက်ပသော မျက်လုံးများဖြင့် စင်မြင့် လှေကားများပေါ်သို့ တည်ကြည်စွာ တက်သွားပါတယ် ။
တည်ငြိမ်ပြီး ကြည့်ကောင်းလှတယ့် ကောင်လေးတစ်ယောက် စင်မြင့်ပေါ်မှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတယ့်အခါ ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားပါတယ် ။ ဒီမတိုင်ခင်က လူတိုင်း ဟာ လက်များဝှေ့ယမ်းလျက် ဆူညံနေကြတာပါ ။ နောက်ဆုံးတော့ ချန်ရှန် ရောက်လာခဲ့ ပါပြီ ။
စင်ပေါ်မှာတော့ ယောကျာ်း မိန်းမ စုစုပေါင်း အယောက် ၄၀ ပါ ။ ချန်ရှန်ရဲ့ အရိပ်ဟာ ၎င်းတို့အား ဖုံးလွှမ်းလို့ နေပါတယ် ။ သူဝတ်ထားတဲ့ ဝတ်စုံကြောင့်ပါပဲ ။ မည်းနက်လှသော ဝတ်စုံဟာ တခြား ခမ်းနားစွာ ဝတ်ဆင်ထားသူများထက် ပိုမိုပေါ်လွင်နေပါတော့တယ် ။ ယှဉ်ပြိုင်သူ တွေဟာ မပြိုင်ခင်တည်း ချန်ရှန်အား အနည်းငယ် ကြောက်နေကြပုံပါပဲ ။
ချန်ရှန်ရဲ့ ပုံစံဟာ အလွန်တည်ငြိမ်ရင့်ကျက်နေပါတယ် ။ ဖျော့တော့တော့ အပြုံးတစ်ခုကို သူ၏ မျက်နာပေါ်မှာ တွေ့နိုင်ပါတယ် ။ စင်ပေါ်ရှိ ယောက်ျားမိန်းမ အားလုံးဟာ အစွမ်းအစ ရှိသူ တွေပါပဲ ။ ဒါကြောင့် မာနတွေ တခွဲသားဖြင့် ဂုဏ်မောက်လျက်နေကြပါတယ် ။ လူတိုင်းဟာ ထိုသူတွေနဲ့ ချန်ရှန်၏ အမူအရာကို ယှဉ်ကာ ချန်ရှန်အား ချီးမွမ်းလျက် ရှိကြပါ တော့တယ် . . . ။
Chapter – 49
#လန်ယုလန်
ချန်ရှန်ဟာ သိုင်းပညာအဆင့် ၈ ကို ဝင်ရောက်နိုင်ခဲ့ပြီးနောက် သူ၏ နတ်အတွင်းအားအာရုံ များမှာလည်း ပိုမို အားကောင်းလာပါတယ် ။ စင်ပေါ်တွင် အဆင့် ၇ သိုင်းပညာရှင် ၂ ယောက် သာရှိနေတယ်ဆိုတာ သူသိနေပါတယ် ။ တစ်ဦးကတော့ အသက် ၂၀ အရွယ် ရွှေရောင်အငွေ့တွေ တောက်ပနေတယ့် ဝတ်ရုံဝတ်ထားသူ လူငယ် တစ်ဦး ဖြစ်ပါတယ် ။
နောက်တစ်ယောက်ကတော့ နူးညံ့တယ့် ဆံပင်အဖြူရောင်များကို နောက်တွင် စုချည်ထား သည့် အလွန်လှပသည့် ကောင်မလေး တစ်ယောက်ပဲ ဖြစ်ပါတယ် ။ သွယ်လျလှပပြီး သူမဟာ ကောင်းကောင်း ရင့်ကျက်နေတယ့်ပုံပါပဲ ။ အေးစက်စက် ပုံရှိပြီး မာနလည်းကြီးပုံ ပါ။ နောက်ပြီး သူမဟာလည်း ချန်ရှန်လို အမည်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လှပတဲ့ ပုံရိပ်တစ်ခုအဖြစ် ရှိနေပါတော့တယ် ။
သူမဟာ သူမ၏ ထူးဆန်းတဲ့ အဖြူရောင်ဆံပင်ဖြင့် ဆွဲဆောင်မှုရှိလှပါတယ် ။ ရင့်ကျက်သည့် ဟန်ပန် ၊ ဆွဲဆောင်မှုရှိသည့် ပုံရိပ် ၊ လှပလွန်းပြီး အေးစက်စက်ဖြင့် မာနကြီးဟန် မျက်နှာပေးတို့ဟာ အားလုံးရဲ့စိတ်ဝင်စားမှုကို ဆွဲဆောင်နေပါတယ် ။ ချန်ရှန်ပင် သူမကို မကြာခဏ အကြည့်ရောက်မိနေပါတယ် ။
“စည်းကမ်းတွေကို ကြေငြာမယ် ။ ပထမအချီကို ဒီနေ့ ပြိုင်ရမယ် ။ လူလေးဆယ်ကို ၈ ယောက် ၅ အုပ်စု ခွဲမယ် ။ အနိုင်ရတယ့် အသင်းတစ်ခုချင်းဟာ ကွာတားဖိုင်နယ် တက်ရမယ်။”
အသက်ကြီးကြီးလူတစ်ယောက်က အော်ပါတယ် ။ ထိုသူကတော့ ယောင်မျိုးနွယ်မှ သက်ကြီး တစ်ယောက်ပါပဲ ။
“ငါးယောက်အုပ်စုက စင်ပေါ်မှာ တိုက်ရမယ် ၊ နောက်ဆုံးကျန်ခဲ့တဲ့လူက အနိုင်ပဲ”
စည်းကမ်းကတော်တော် ရိုးရှင်းပါတယ် ။ လူငါးယောက်ဟာ စင်ပေါ်မှာ စုတိုက်ကြရမယ် ။ နောက်ဆုံးချိန်ထိ ရပ်တည်နေနိုင်သူက အနိုင်ရသူပါပဲ ။ ယောင်မျိုးနွယ်က လူကြီးမင်းဟာ အဓိက စည်းမျဉ်းများကို ရှင်းပြနေပါတယ် ။ ဘယ်လိုလှည့်စားမှု နည်းဗျူဟာကိုမဆို သုံးနိုင်ပေမယ့် သတ်ခွင့်တော့ မရှိပါဘူး ။
ခဏအကြာမှာတော့ အုပ်စု ၈ ခု ခွဲသွားကြပြီး ချန်ရှန် အုပ်စုမှာတော့ အဆင့် ၇ တစ်ယောက်မှ မပါပဲ အဆင့် ၆ ရဲ့ အကျွမ်းကျင်ဆုံးများသာဖြစ်ကာ အသက် ၁၉ နဲ့ ၂၀ ဝန်းကျင် လူငယ် ၄ ယောက်ပါ ။ ၎င်းတို့ နောက်တဆင့်ကို ရအောင် တက်ကြမည့် ပုံစံပါပဲ ။ ယောင်မျိုးနွယ်ဟာ ချန်ရှန်ကို ပထမအချီတွင် အနိုင်ရဖို့ ဒီလို တမင်သက်သက် နေရာချထားပုံပါပဲ ။
ဒီအချိန်မှာ ချန်ရှန်ဟာ အဆင့် ၇ ပညာရှင်တွေရဲ့ အချက်အလက်များကို သိလိုက်ရပါတယ်။ ကောင်မလေးကတော့ လန်ယုလန်ဖြစ်ပြီး သူမဟာ ကြီးမြတ်သော စစ်သူကြီးလန်ရဲ့ သမီးပါ။ သူမဟန်ပန်က ရင့်ကျက်ပုံပေါ်သော်လည်း သူမဟာ အသက် ၁၄ နှစ်သာရှိသေးတာဖြစ်ပါတယ် ။ ဒီအချက်ဟာ ချန်ရှန်အတွက် တော်တော် အံ့သြစရာပါပဲ ။
နောက်လူငယ်ကတော့ ဆောင်နန်မင် လို့ခေါ်ပါတယ် ။ သူကတော့ တောင်ပိုင်းအင်ပါယာရဲ့ သရဖူဆောင်း မင်းသားတစ်ပါးဖြစ်ပါတယ် ။ ဒီနှစ်မှာ အသက် ၂၀ ပြည့် တာဖြစ်ပြီး အဆင့် ၇ ကျွမ်းကျင်သူတစ်ယောက်ပါပဲ ။ သူ့ရဲ့မွေးရာပါ ပါရမီက ကောင်းမွန်လှ ပေမယ့် ချန်ရှန်အမြင်ပြောရမယ်ဆိုရင်တော့ လန်ယုလန်လောက် ပါရမီမပါ ဟု ထင်မိပါတယ် ။ သူမက ၁၄ နှစ်ပဲ ရှိသေးတာကြောင့်ပါ ။
ချန်ရှန်ရဲ့အုပ်စုဟာ နောက်ဆုံးမှ တိုက်ရမှာပါ ။ နောက်ပြီး မညီမျှဆုံး အုပ်စုပါပဲ ။ ချန်ရှန်ဟာ ၁၆ နှစ်သာရှိပြီး ကျန်လူများဟာ ၁၉ ၂၀ တွေ ဖြစ်ကြပါတယ် ။ ဒါပေမယ့် ဒါဟာ ပြိုင်ပွဲပါ ။ တစ်ယောက်ချင်းလာလို့ကတော့ ချန်ရှန်ဟာ နိုင်မှာသေချာပေမယ့် စုတိုက်ရင်တော့ ရှုံးဖို့ များပါတယ် ။
ဒီမတိုင်ခင်က ချန်ရှန် ဟာ အဆင့် ၇ ရှိနေပြီး နည်းနည်း စိုးရိမ်စိတ် ဝင်ခဲ့မိပါတယ် ။ ဒါပေမယ့် ယခု သူဟာ အဆင့် ၈ ကို ရောက်နေပြီဖြစ်ပြီး စွမ်းအားတွေဟာ ပိုမို ကောင်းမွန်နေပါပြီ ။ သူ၏ ခြေတစ်ချက်ဆောင့်လိုက်ရုံဖြင့် ကွင်းတစ်ခုလုံးပင် တုန်သွားစေနိုင်မှာပါ ။ ဒါတင်မက သူ၏ နတ်အတွင်းအားများနဲ့ ချီဒြပ်စင် ၅ ခု ကြောင့် သူ၏စွမ်းအားဟာ အဆင့် ၉ သိုင်းပညာ ရှင် လက်သစ်များကိုတောင် ကောင်းကောင်း ယှဉ်နိုင်နေပါတော့တယ် ။
သူဟာ အဆင့် ၇ မှ အဆင့် ၈ သို့ ရက်အနည်းငယ်အတွင်းမှာပင် တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ နတ်မိစ္ဆာစွမ်းအားရဲ့ ကျေးဇူးကြောင့်ပါပဲ ။ အဓိကကတော့ ဘိုင်ယုယု ကြောင့်ပါ ။ ဒီ စွမ်းအားရဲ့ လှည့်ကွက်များကိုလည်း နားလည်နေပါပြီ ။
ချန်ရှန်ဟာ ပရိတ်သတ်များကြားတွင် မတ်တပ်ရပ်လျက် ပထမဆုံး ပြိုင်ပွဲဝင် ၅ ယောက်၏ စင်မြင့်ပေါ်မှ ယှဉ်ပြိုင်နေပုံကို ကြည့်နေပါတယ် ။ သူဟာ ၎င်းတို့အသီးသီး၏ တိုက်ခိုက်ပုံတွေ ကို လေ့လာနေပြီး သူတို့ စွမ်းအင်တွေ ထုတ်လွှတ်တဲ့အခါ ချန်ရှန်၏ မျက်လုံးများမှာ တောက် ပလို့နေပါတယ် ။ သူဟာ ၎င်းတို့၏ ချီဓာတ်များ ဘယ်လိုအလုပ်လုပ်လဲဆိုတာ သူ၏ နတ်အတွင်းအားအာရုံများမှ ရှင်းလင်းစွာ မြင်နိုင်နေပါတယ် ။ ဒါဟာ ချန်ရှန်၏ သူများနဲ့ မတူသော စွမ်းရည်ဖြစ်ပြီး ၎င်းတို့၏ တိုက်ခိုက်ပုံနည်းစနစ်များကို လွယ်ကူစွာ မှတ်သား နေနိုင်ပါတော့တယ် ။ နောင်တချိန်မှာ ဒီအကွက်များကို လွယ်ကူစွာ လိုက်လံ ပြုလုပ်နိုင် မှာ ဖြစ်ပါတယ် ။
လူ ၅ ယောက်လုံးဟာ စင်မြင့်အလယ်နားမှာ စုနေကြပါတယ် ။ မည်သူမျှ အစွန်တွင် ရပ်မနေကြပါ ။ စင်အောက်ကို ကျသွားပါက ရှုံးမှာ ဖြစ်သောကြောင့်ပဲ ဖြစ်တယ် ။ ဒီလိုတိုက်ပွဲဟာ အနိုင်ရရန် စွမ်းအင်လုံလောက်စွာ ရှိနေရမှာ ဖြစ်ပါတယ် ။ ဒါတင်မက နောက်ဆုံးအချိန်ထိ ခံနိုင်ရည်ရှိမှသာ အနိုင်ရမှာပါ ။ တစ်ယောက်ချင်းဆီမှာ ရန်သူ ၄ ယောက် ရှိနေတာဖြစ်ပြီး ဒါတင်မက တချိန်တည်းမှာ တိုက်ခိုက်ရမှာဖြစ်ပြီး ကာကွယ်နိုင်ဖို့ လည်း လိုအပ်ပါတယ် ။
ပရိတ်သတ်များဟာ ယှဉ်ပြိုင်သူတို့ စွမ်းအားတွေ ထုတ်တိုင်း လက်ခုပ်များတီးကာ ရင်သပ် ရှူမော ဖြစ်နေကြသော်လည်း ချန်ရှန်အတွက်ကတော့ ဘာမှမဟုတ်ပေ ။ ရှုပ်ယှက်ခပ်လျက် စွမ်းအင်ကုန်လွန်းသော အကွက်များသာ ဖြစ်သောကြောင့် ချန်ရှန် ဆက်လက် အတုမခိုးရန် ဆုံးဖြတ်လိုက်ပါတော့တယ် ။
ပထမပွဲကတော့ ပြီးဆုံးသွားပါပြီ ။ အနိုင်ရသူဟာ ချီဓာတ်စွမ်းအင်များ ကောင်းမွန်လှပြီး နောက်ဆုံးအချိန်ထိ ကျန်နေခဲ့ပါတယ် ။ တခြားလူတွေဟာ လုံးလုံး ရှုံးသွားတာ မဟုတ် ပေမယ့် ချီဓာတ်များကုန်ဆုံးကာ စင်ပေါ်မှ ပြုတ်ကျသွားကြခြင်း ဖြစ်ပါတယ် ။
ဒီလူတွေဟာ အဆင့် ၆ သာ ရှိတာဖြစ်ပြီး လူအများအမြင်မှာတော့ ၎င်းတို့ဟာ စွမ်းအားပြည့် ဝတယ့် ပါရမီ ရှင်များအဖြစ် အားပေးခြင်း ခံနေကြရပါတယ် ။ ချန်ရှန်ကတော့ အဆိုပါလူတွေ ရဲ့ အခြေခံဟာ မကောင်းလှပဲ ကောင်းမွန်တဲ့ တည်ဆောက်မှုမရှိဘူး ဆိုတာ သိနေပါတယ် ။ ၎င်းတို့ရဲ့ စစ်မှန်သောချီဓာတ်များဟာ ပြင်းထန်မှုမရှိပဲ သန့်စင်မှုလည်း လုံလုံလောက်လောက် မရှိပါဘူး ။ သိုင်းပညာမဆိုးလှသော်လည်း ၎င်းတို့၏ စွမ်းရည်အပြည့် အ၀ ကို ထုတ်မသုံးနိုင်ဖြစ်နေတာပါ ။
“ဟုတ်ပြီ ၊ ဒီလူတွေဟာ ပျော့လွန်းတယ် ။ သူတို့ဘဝမှာ မိသားစုရဲ့ ရတနာများလို အသိအမှတ် ပြုခံပြီး ဆက်ဆံခံခဲ့ရတယ့်အတွက် စစ်မှန်တယ့် လေ့ကျင့်ခြင်းရဲ့ ခါးသီးမှုကို မခံစားသေးဖူးပုံပဲ”
ချန်ရှန် စိတ်ထဲ တီးတိုးရေရွတ်မိတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့လို လေ့ကျင့်ခြင်းမရှိရင် လမင်း ကြီးပျောက်ကွယ်သွားတောင် တိုးတက်မှုရှိမှာ မဟုတ်ပါဘူး ။
နောက်တစ်လှည့်ကတော့ မင်းသား ဆောင်နန်မင် အလှည့်ပဲဖြစ်ပါတယ် ။ သူဟာ အဆင့် ၇ ပညာရှင်တစ်ယောက်ဖြစ်ပြီး တခြားလူတွေကတော့ အဆင့် ၆ ပဲရှိတာပါ ။ စစချင်းမှာပဲ ၂ ယောက်ဟာ ပေါက်ကွဲသံနဲ့အတူ စင်အောက်ပြုတ်ကျသွားပါတယ် ။ မင်းသား ဟာ သူ၏ အဆင့် ၇ ဟူကော စွမ်းအင်များ တရစပ်သုံးကာဖြင့် ထို ၂ ယောက်အား တိုက်ခိုက်လိုက်ခြင်း ဖြစ်ပါတယ် ။ ကျန်လူများပါ မယှဉ်နိုင်ပဲ သူသာ အနိုင်ရသွားသည့် အခါမှာတော့ လူအများဟာ လက်ခုပ်လက်ဝါးတီးလျက် အားပေးလျက် ပါ ။
နောက်အလှည့်ကတော့ ကောင်မလေး လန်ယုလန် အလှည့်ပါ ။ သူမစင်ပေါ်သို့ လျှောက် လာသည့်အခါ ပရိတ်သတ် ယောကျာ်းအများစုဟာ အသက်ရှူဖို့ပင်မေ့လျက် သူမ၏ အလှမှာ နစ်မြောနေကြပါတယ် ။ သူမဟာ အမည်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ သွယ်လျ လှပမှု ၊ ခြေတံလက်တံရှည်များ နဲ့ ဟန်ပန်အမူအရာမှာ သူမ၏ အသက်နှင့် လိုက်ဖက်ခြင်းလုံး၀ မရှိပေ ။ ရင့်ကျက်တည်ငြိမ်လှသော ဟန်ပန်နဲ့ မာနကြီးကာ အေးစက်စက် မျက်နှာတို့ဖြင့် တမူထူးခြားနေပါတော့တယ် ။ ဒီကောင်မလေးဟာ ၁၄ နှစ် သမီးလို့ မည်သူမျှ ထင်မှာမဟုတ်ပါဘူး ။
“ဒီကောင်မလေး ရဲ့ ချီဓာတ်က ထူးဆန်းလှချည်လား”
ချန်ရှန် မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်မိပါတယ် ။
“ဒီကောင်မလေးမှာ ရေခဲမီးအတွင်းအားရှိတယ် ။ ဘယ်အဆင့်လောက်လဲဆိုတာတော့ ငါလဲ မပြောနိုင်ဘူး ။ သူမဟာ ရေခဲနဲ့မီး ချီဓာတ်တွေကို လေ့ကျင့်ထားတာဖြစ်ပြီး ဒီ ဆန့်ကျင်မှု ၂ ခု ပေါင်းစပ်တယ့်အခါမှာ ဒီလိုထူးဆန်းပြီး ခန့်မှန်းရခက်တဲ့ စွမ်းအင်ကို ရရှိတာပဲ ။ မင်း သူမနဲ့ ရင်ဆိုင်ရင် ခဲသွားမှာ အမှန်ပဲ ။ ဒီကောင်မလေးဟာ သာမန်ထက်ထူးကဲပြီး အံ့သြစရာ ကောင်းလှတယ် ။ မင်းသူမနဲ့ မိတ်ဆွေ ဖြစ်ရင်တော့ အကောင်းဆုံးပဲ”
ချန်ရှန် လှပပြီး ကြောက်စရာကောင်းလှတယ့်စင်မြင့်ထက်မှ ပုံရိပ်ကို ကြည့်နေပြီး တုန်လှုပ် မိနေတယ် ။ စုမေးယိုရဲ့ အသိအမှတ်ပြုခြင်းကို ခံရတယ်ဆိုကတည်းက သာမန်မဟုတ်တာ တော့ သေချာနေပါပြီ ။
“စ”
အသံထွက်လာတာနဲ့ လန်ယုလန်ဟာ ချက်ချင်း စင်မြင့်ပေါ်မှာ တဟုန်ထိုး အရိပ်မည်းကြီး အလား ပြေးထွက်သွားပါတယ် ။ အမည်းရောင်မကောင်းဆိုးဝါးတစ်ကောင် အလားတောင် ထင်မိစေပြီး သူမ၏ အရှိန်ဟာ လျင်မြန်လွန်းသောကြောင့် ပရိတ်သတ်များဟာ ကြောင်အ လျက် ရှိနေတယ် ။ ၎င်းတို့သာမက စင်ပေါ်မှ လေးယောက်လည်း ရုတ်တရက်မို့ ကြောင်အမ်းအမ်းဖြစ်သွားကြပါတော့တယ် ။
ချန်ရှန် မျက်ခုံးများ မြင့်တက်သွားတယ် ။ လန်ယုလန်ဟာ လှပပြီး ကြောက်မက်ဖွယ် ကောင်း တာမှန်ပေမယ့်လည်း ဒီအပြုအမူဟာ သူ့လိုလူကိုတောင် တော်တော်အံ့သြသွားစေပါတယ် ။
“ဘုန်းးးးးးးးးးး”
အသံကျယ်ကြီးတစ်ခု ကြားလိုက်ရပြီး စင်ပေါ်မှတစ်ယောက်ဟာ လွင့်ထွက်သွားပါတော့ တယ် ။ လူအများဟာ ဒီလူ ဘယ်လိုတိုက်ခိုက်ခံရလို့ ပြုတ်ကျသွားတယ်ဆိုတာ မမြင်ပေမယ့် ဒါဟာ လန်ယုလန် လက်ချက်ဆိုတာ အားလုံး နားလည်ကြပါတယ် ။ တကယ်တော့ စင်ပေါ်မှာ သူမကို သဲသဲကွဲကွဲ မမြင်ရပဲ အရိပ်မည်းကြီးသာ မြင်နေကြရတာ ဖြစ်ပါတယ် ။
ဒါပေမယ့် ချန်ရှန်ကတော့ လန်ယုလန်ဟာ လူငယ်ကို ပြင်းထန်တဲ့ ခြေကန်ချက်တစ်ခု ကန် လိုက်တာ မြင်လိုက်ရပါတယ် ။ ဒီခြေကန်ချက်ဟာ တစ်ဦးတစ်ယောက်ချင်းအတွက် အဝေး ကိုလွင့်ထွက်သွားစေသော စွမ်းအား လုံလုံလောက်လောက်ကို ရှိတာပါ ။
လန်ယုလန်ဟာ ဒီလိုမျိုးနဲ့ပဲ သူ၏ ပြိုင်ဖက်များကို လျင်မြန်စွာ အဆုံးသတ်ခဲ့တာ ဖြစ်ပြီး သူမဟာ လှပတဲ့ ခြေကန်ချက်များကို အသုံးပြုခဲ့တာပါ ။ စင်ပေါ်မှ ပြိုင်ပွဲဝင်များဟာ တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်လာပြီး ပရိတ်သတ်များ၏ အားပေးသံများဟာ မဆုံး တော့ချေ ။
“လန်ယုလန်ဟာ ကွာတားဖိုင်နယ်ကို အောင်မြင်စွာ ဖြတ်ကျော်သွားပါပြီ ။ နောက်အလှည့် ကတော့ နောက်ဆုံး အုပ်စုပဲ ဖြစ်ပါတယ်”
ယောင်မျိုးနွယ်မှ လူကြီးက အော်ပြောပါတယ် ။
နောက်ဆုံးတော့ ချန်ရှန် အလှည့်သို့ ရောက်ပါပြီ ။ လူတိုင်းဟာ ချန်ရှန် အဆင့် ၆ ရှိသူများဖြင့် ယှဉ်ပြိုင်ရမှာကို သိရှိကြပြီး ထိုလူများဟာ အဆင့် ၆ မှာပင် နစ်ပေါင်းများစွာ ရပ်တန့်နေသူ များလည်း ဖြစ်ပါတယ် ။ ဒါကြောင့် တခြား အဆင့်တူ များထက် ပိုမို စွမ်းအားကြီးမားကာ ချန် ရှန်ကို လေးယောက်ပေါင်းလျှင် ဒုက္ခကောင်းကောင်းပေးနိုင်သူများပင် ဖြစ်ပါတော့တယ် . . .။
Chapter – 50
#လှည့်ကွက်
ချန်ရှန် စင်မြင့်ပေါ်သို့ တက်နေပါတယ် ။ သူ၏ပုံစံမှာ အေးအေးဆေးဆေးပါပဲ ။ လုံးဝကို စိုးရိမ် ကြောင့်ကြမှုမရှိတဲ့ပုံပါပဲ ။ ဒါဟာ သူ၏ စွမ်းအား ကြီးမားလှသော နတ်စွမ်းအား များကြောင့်ဆိုတာတော့ ပြောနေ စရာပင် မလိုတော့ချေ ။ ဒီလို တည်ငြိမ်စွာ ယုံကြည်မှု ရှိပုံကြောင့် တခြားသူများဟာ သူ့အား လေးစားနေကြပါတော့တယ် ။
ချန်ရှန်ဟာ စင်မြင့်ထက်တွင် တခြားလူ ၄ ဦးနှင့်အတူ ရပ်လျက်ပါ ။ ၎င်းတို့ဟာ အသက် ၂၀ ဝန်းကျင်တွေ ဖြစ်ကြပေမယ့် ၎င်းတို့၏ ပုံစံဟာ ချန်ရှန်လောက်ကို ကြံ့ခိုင်ပုံမရှိပေ ။ ချန်ရှန် ဟာ သူတို့နဲ့ ယှဉ်ပါက ပိုမိုကျန်းမာပြီး အားအင်ကြီးမားဟန် ရှိနေပါတယ် ။
လန်ယုလန် ဟာလည်း ပရိတ်သတ်များကြားမှ ရပ်နေကာ ချန်ရှန်အား စိတ်ဝင်တစား ကြည့်နေပါတယ် ။ သူမ၏ အေးစက်ပြီးလှပတဲ့ မျက်လုံးများဟာ ချန်ရျန်ကို မမှိတ်မသုန် အကဲခတ်လျက်ရှိနေတာပါ ။ ဒါပေမယ့်လည်း တိမ်ကိုတိမ်ကာထားသလိုပင် သူမဟာ ချန်ရှန် ၏ အသက်ရှူသံကိုပင် အာရုံခံနိုင်စွမ်းမရှိပါဘူး ။
“စ”
ပြိုင်ပွဲစကြောင်း ကြေငြာသည်နှင့်တပြိုင်နက် ပြိုင်ပွဲဝင် လေးယောက်လုံးဟာ ချန်ရှန်ဆီသို့ အရှိန်အဟုန်ပြင်းစွာ ပြေးလာကြပါတော့တယ် ။ တချိန်ထဲမှာပင် သူတို့ဟာ ပြင်းထန်လှသော ချီဓာတ်များကို ၎င်းတို့၏ လက်သီးတွင် ထုတ်လွှတ်လိုက်ကြတယ် ။ လူတိုင်းဟာ ၎င်းတို့၏ ပြင်းထန်လှသော လက်သီးများမှာ ချီဓာတ်များ ကြောက်မက်ဖွယ် ပါဝင်နေတာကို ရှင်းလင်းစွာ တွေ့ကြရပါတယ် ။ ဒီအင်အားဟာ ကြီးမားတဲ့တောင်ကြီးကိုပင် ကျောက်ခဲများ အဖြစ် ကွဲကြေသွားစေနိုင်မှာပါပဲ ။
ချန်ရှန်ဟာ လက် ၂ ဖက်အား နောက်ပစ်လျက် အေးဆေးစွာ ရပ်နေတုန်းပါပဲ ။ လက်သီး ၄ လုံးဟာ သူ၏ရင်ဘတ်ကို ထိမှန်သွားပြီး ချီဓာတ်များဟာ လှိုင်းများအဖြစ် တိုက်ခတ်သွားပါ တော့တယ် ။ စင်မြင့်တစ်ခုလုံးဟာ လှုပ်ခါသွားခဲ့ပြီး ဘေးနားရှိ ခုံတန်းများဟာလည်း ကျိုးပဲ့ ကုန်ပါတယ် ။ ဒီအချိန်မှာတော့ လူတိုင်းဟာ နှလုံးခုန် ရပ်မတတ်ပါပဲ ။ လက်သီး ၄ လုံးဟာ အလွန်ပြင်းထန်ပြီး ကြောက်မက်ဖွယ် ကောင်းလှပါတယ် ။ ဒါတင်မက ပစ်မှတ်တစ်ခုထဲသို့ စုဆုံကြတာလည်း ဖြစ်တယ် ။ ဒီလိုအားမျိုးဟာ သံတိုင်များကိုတောင် ကျိုးသွားစေမှာပါ ။
ဒါပေမယ့် ချန်ရှန်ဆိုတာ သာမန်လူမဟုတ်ပါဘူး ။ လက်သီး လေးလုံးဟာ သူ့ရင်ဘတ်ကို ထိတဲ့အခါ သူ၏အမူအရာဟာ နည်းနည်းမှတောင် မပြောင်းလဲသွားပါ ။ ပရိတ်သတ်အား လုံးဟာလည်း အသံတစ်သံမှ မထွက်နိုင်အောင် ကြောင်အလျက် အံ့အားသင့်မှုများကို တစ် ယောက်ချင်းဆီ၏ မျက်နာတွင် မြင်တွေ့နိုင်နေပါတယ် ။
လန်ယုလန် မျက်ခုံးများ မြင့်တက်သွားပါတယ် ။ သူမဟာ ချန်ရှန်ကို အသေအချာကို စောင့် ကြည့်နေတာပါ ။ သူမ၏ ရင့်ကျက် ၊ တည်ငြိမ်ပြီး အေးစက်စက်ဖြင့် မာနကြီးပုံရသော မျက်နာ မှာတော့ အံ့အားသင့်မှုများက နေရာယူထားလျက်ပါပဲ ။ သူမ၏ ရှိသမျှ အားလုံးသော ချီဓာတ်များ အသုံးပြုရင်တောင်မှပဲ ဒီလက်သီးလေးလုံးကို ခံနိုင်ရုံမျှသာ ရှိပါဦးမယ် ။ ဒါပေမယ့် ချန်ရှန်ကတော့ ချီဓာတ်များတောင် မသုံးသွားပဲ သူ့ကိုယ်သူတောင် ကာကွယ်ဖို့ မပြင်ဆင်သွားပါဘူး ။ ဒါဟာ ဒီလက်သီးလေးလုံးကို သူသာသာယာယာ ခံနိုင်ကြောင်း ပြသ လိုက်သလိုပါပဲ ။
ချန်ရှန်ဟာ စစ်မှန်သော ချီဓာတ်များကို လုံးဝမသုံးသွားပါ ။ အဘယ်ကြောင့်ဆိုသော် သူဟာ အဆင့် ၈ ကို ရောက်နေပြီ ဖြစ်သောကြောင့်ပါပဲ ။ ဒါတင်မက သူ၏ ခန္ဓာကိုယ်ကလည်း ထာဝရမိစ္ဆာရေကန်ထဲမှာ သန့်စင်ထားသောကြောင့် အရမ်းကို သန်မာနေတာပါ ။ သူ့အ တွက်ကတော့ အဆင့် ၆ ဆိုတာ စွမ်းအားအသင့်အတင့်ရှိရုံမျှသာပဲ သဘောထားပါတယ် ။
လူတိုင်းဟာ အံ့အားသင့်နေတာဖြစ်ပြီး ထိုအထဲတွင်မှ စင်ပေါ်က လေးယောက်ကတော့ အံ့သြမှု အဖြစ်ဆုံးပဲ ဖြစ်ပါတယ် ။ ၎င်းတို့၏ ကြောက်မယ်ဖွယ် တိုက်ခိုက်မှုဟာ ချန်ရှန် ကိုယ်ကို ထိမှန်သော်လည်း အကျိုးမရှိပဲ သူတို့သာ အားကုန်သွားသလိုပါ ။ ၎င်းတို့မှာ ရှိသမျှ သော အားအင်များစုစည်းကာ တိုက်ခိုက်ခဲ့သော်လည်း သဲထဲရေသွန်သလို ပျောက်ကွယ် သွားရပါတယ် ။
ထိုလေးယောက်လဲ နောက်ကို ဆုတ်သွားကြပါတယ် ။ ချန်ရှန်ဟာ သူတို့ တိုက်ခိုက်မှုကို တောင် မခုခံပဲ ကာကွယ်နိုင်မှတော့ ချန်ရှန် ဘယ်လောက်အစွမ်းရှိလဲဆိုတာ ခန့်မှန်းနိုင်ပါပြီ။ ချန်ရှန် မျက်လုံးများ ဖွင့်လိုက်ပါပြီ ၊ သူ၏ကိုယ်မှ အမဲလိုက်ခြင်းနဲ့ဆိုင်သော ချီဓာတ်များဟာ ထွက်နေပါတယ် ။ လေးယောက်သားဟာ တောင့်နေကာ ချန်ရှန်၏ ချီဓာတ်များကြား ငရဲကျ နေသလိုပါပဲ ။ ချန်ရှန်ကတော့ ငရဲမင်းကြီးပေါ့ ။ အခုတော့ ကျားရှေ့က ယုန်သူငယ်လေးများ လို တုန်လှုပ်လျက် ရှိနေကြပါတယ် ။
“မင်းတို့အားလုံး အရှုံးပေးမလား ဒါမှမဟုတ် ငါတိုက်ခိုက်တာကို ခံချင်လား”
ချန်ရှန် အသံဟာ သွေးဆာမှုများ ပြည့်နေသလိုပါပဲ ။ အဖြူရောင်ကျား ကျင့်စဉ် ရဲ့ အမဲလိုက်ခြင်း နှလုံးသား ကျင့်စဉ်ကို လေ့ကျင့်ထားသောကြောင့် အမဲလိုက်ခြင်းနဲ့ဆိုင်သော ချီဓာတ်များဟာ ကြောက်မက်ဖွယ်ထွက်လို့နေပါတယ် ။
ချန်ရှန်၏ အသံကြောင့် လေးယောက်လုံးဟာ ချက်ချင်းပဲ နောက်ဆုတ်သွားကြပါတယ် ။ ချန်ရှန်၏ နတ်အတွင်းအားအာရုံမှတဆင့် ထိုလူလေးယောက်လုံး၏ ချီဓာတ်များဟာ ခုနတည်းက ကုန်ဆုံးသွားပြီဆိုတာကို သိနေပါတယ် ။ သူ့ကို ဘယ်လိုမှထပ်ပြီး နာကျင်အောင် မလုပ်နိုင်တော့ပါဘူး ။
အစမှအဆုံး ချန်ရှန်ဟာ လှုပ်တောင် မလှုပ်လိုက်ပါဘူး ။ ထိုလူ လေးယောက်ကို ကြောက်ရွံ့ စေလျက်နဲ့ ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ပါတော့တယ် ။ တခြားသောသူများဟာ ခက်ခဲစွာ ရင်ဆိုင် တိုက်ခိုက်ပြီး အနိုင်ယူရတာပါ ။ ချန်ရှန်ကတော့ ဒီလိုအနိုင်ယူနိုင်လိုက် သောကြောင့် ခုနက ခက်ခဲစွာ အနိုင်ရသူများဟာ မနာလိုလျက် ရှိနေ ကြပါတယ် ။
နောက်တစ်ဆင့်ကတော့ လေးယောက် အုပ်စု တစ်စု ခွဲကာ တိုက်ခိုက်ရမည်ဖြစ်ပြီး ဒါကိုလည်း ယောင်မျိုးနွယ်ကပဲ စီစဉ်ခွဲပေးတာပါ ။ ဘယ်လိုစီစဉ်တယ်ဆိုတာကိုတော့ မကြေညာပါဘူး ။ ချန်ရှန်လည်း ဘာမှမပြောတော့ပါဘူး ။ သူ၏ မျက်လုံးထဲမှာတော့ ဘယ်သူနဲ့ တိုက်တိုက် အတူတူပါပဲ ။ ယောင်မျိုးနွယ်မှ မသမာမှု လုပ်ပါကလည်း သူတို့ သိက္ခာကို လူအများရှေ့ အလကားကျခံမယ်တော့ မထင်မိပါဘူ း ။
ချန်ရှန်ရဲ့ နောက်တဆင့် တိုက်ရမည့်လူဟာ ယောင်မျိုးနွယ်ဝင် တစ်ယောက်လို့ ကြေညာ လိုက်ပါပြီ ။ ယခုလူဟာ တကယ်တော့ ယောင်တျန်းဟွာနဲ့ ညီအကိုပါ ။ သူ၏ နာမည်ကတော့ ယောင်ချွန် ဖြစ်ပြီ အဆင့် ၆ သာ ရှိသူပဲ ဖြစ်ပါတယ် ။
ချန်ရှန် အနည်းငယ်တော့ အံ့သြသွားပါတယ် ။ ဘယ်လိုအကွက်တွေများပါလိမ့်ဟုပင် တွေးမိ နေပါတယ် ။ ယောင်မျိုးနွယ်၏မျိုးဆက်သစ်တပည့်များဟာ ဆေးပင်တွေစိုက်ပြီး ဆေးပညာ သင်နေသူများသာ များပါတယ် ။ သူတို့၏ အားများကို ဖုံးကွယ်ထားလေ့ရှိပြီး ယောင်တျန်းဟွာကတော့ ခြွင်းချက်ပါပဲ ။ သူဟာ ဆေးပညာကိုလဲလေ့လာရုံမက စွမ်းအား လည်း ကောင်းစွာ ရှိနေပါတယ် ။ သို့သော်လည်း ယခုတော့ ပျောက်နေဆဲပါ ။ ယောင်မျိုးနွယ်မှာ တပည့်ရင်းတွေဆိုတာ သူတို့အမျိုး မျိုးဆက်သစ်များသာ ဖြစ်ပါတယ် ။
ယောင်မျိုးနွယ်ဟာ ၎င်းတို့၏ ဆေးများကို တခြားမျိုးနွယ်များကို ဆွဲဆောင်ဖို့ အသုံးပြုကြတာ ဖြစ်ပြီး များစွာသော သိုင်းပညာရှင်များကို သူတို့အမိန့် အား နာခံစေတာ ဖြစ်ပါတယ် ။
ချန်ရှန်ဟာ နောက်တချီကို ပြိုင်ပွဲနေ့ရဲ့ ညနေပိုင်း မှာ ပြိုင်ရမှာပါ ။ မနက်ဖြန်မှစကာ တစ်နေ့မှာ ၂ ပွဲ တိုက်ခိုက်မှာဖြစ်ပြီး မနက်ပိုင်း ၁ ပွဲ ညနေပိုင်း ၁ ပွဲ ယှဉ်ပြိုင်ကြမှာပါ ။ ချန်ရှန်ဟာ ဘယ်သူ့ကိုမှ စိတ်မဝင်စားသောကြောင့် အစောပိုင်းပွဲတွေ သွားမကြည့်ပါဘူး ။ ဒီအချိန်ဟာ ဆေးပညာလေ့လာဖို့ အသုံးချရမယ့်အချိန်ပဲ ဖြစ်ပါတယ် ။
၂ ရက်ကြာပြီးတဲ့အခါမှာတော့ ချန်ရှန်တစ်ယောက် နေ့လည်စာ စားပြီးနောက် ယောင်မျိုး နွယ် တို့ ဘက် လျှောက်လာပါတယ် ။ သူဟာ ၃ ပွဲ မကြည့်ဖြစ်တာဖြစ်ပြီး မနေ့က ၂ ပွဲ ဒီနေ့မနက် ၁ ပွဲ ကို ပါ ။ မင်းသားနဲ့ လန်ယုလန်တို့ဟာ ၎င်းတို့၏ ပွဲအသီးသီးမှာ အနိုင်ရရှိပြီး မနက်ဖန်မနက်မှာ ယှဉ်ပြိုင်တိုက်ခိုက်ကြမှာပါ ။
“ဒီမင်းသားနဲ့ စစ်သူကြီးသမီးတို့ပွဲဟာ တော်တော် စိတ်ဝင်စားဖို့ ကောင်းမှာပဲ ၊ ငါမနက်ဖြန် သွားကြည့်ရမယ်”
ချန်ရှန် စင်မြင့်ပေါ်သို့ တက်သွားကာ ယောင်ချွန်အလာကို စောင့်နေပါတယ် ။ ဒီပွဲမှာတော့ လူတိုင်းဟာ ချန်ရှန် လွယ်လွယ်ကူကူနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ် ။ ဒါပေမယ့်လဲ ယောင်မျိုးနွယ်ဟာ ချန်ရှန်ကို ရင်ဆိုင်ဖို့ ယောင်ချွန်အား ဘာကြောင့် ခွင့်ပြုတာလဲဆိုတာ စဉ်းစားရခက်နေကြတယ် ။ တစ်ခုခုတော့ တစ်ခုခုပါပဲ ။
“ယောင်တျန်းဟွာကို အနိုင်ယူခဲ့တဲ့ မင်းရဲ့ အစွမ်းရှိသလောက်ကို ထုတ်ပြစမ်းပါ ။ မင်းက ညှာနေမှာ ဆိုးလို့”
ယောင်ချွန်ဟာ ချန်ရှန်အား ပြုံးလျက် ပြောလိုက်ပါတယ် ။
ယောင်ချွန်နဲ့ ယောင်တျန်းဟာတို့ဟာ ရုပ်ချင်းကော ပုံစံချင်းပါ ဆင်တူကြတယ် ။ ခပ်တင်းတင်း မာန ကို ၎င်းတို့ ၂ ယောက်စလုံး၏ မျက်နာမှာ မြင်တွေ့နိုင်ပါတယ် ။ ယောင်ချွန် ကတောင် ပိုသာနေသလိုပါပဲ ။
ချန်ရှန်ဟာ ယောင်မျိုးနွယ်ရဲ့ဂျူနီယာလောက်အား တကယ်ကို ဂရုမစိုက်ပါဘူး ။ ချန်ရှန်လဲ ပြုံးပြီးပြောလိုက်ပါတယ် ။
“ခုတော့ ငါတို့စွမ်းအားတွေကို ယှဉ်ကြတာပေါ့”
၎င်းတို့ ၂ ယောက်ဟာ တစ်ယောက်တစ်နေရာဆီ ခွဲလိုက်ကြပါတယ် ။
“စ”
အချက်ပေးသံစတာနဲ့ ချန်ရှန်ဟာ ရက်စက်ပြီး ဉာဏ်များဟန်ရှိတယ့် အရိပ်အယောင်များ ကို ယောင်ချွန်၏ မျက်လုံးများမှာ တွေ့လိုက်ပါတယ် ။ ချန်ရှန် နည်းနည်းအံ့သြသွားကာ လှည့်စားမှု နည်းနည်းတော့ ပါလေပြီဟု သိလိုက်ပါတယ် ။
ယောင်ချွန် ဟာ လက်ဦးမှုယူသည့်အနေဖြင့် ချန်ရှန်ဆီသို့ ခုန်လာပါတော့တယ် ။ ယောင်ချွန် ၏ လက်သီးများဟာလည်း ပြင်းထန်သော အပူဓာတ်ရှိသည့် ချီဓာတ်မီးလျံများအဖြစ် ဖြစ်ပေါ် လျက်ရှိပါတယ် ။
လက်သီးထိုးချက်ဟာ သူ့ဆီ လာနေတာကို ကြည့်ရင်း ချန်ရှန်ဟာ ချက်ချင်းပဲ အစွန်ကို ရွှေ့လိုက်ပါတယ် ။ ဒါပေမယ့် လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးဟာ တောင့်သလို ဖြစ်နေပြီး ရှေ့ကိုရွှေ့ဖို့တောင် မတတ်နိုင်ပါဘူး ။ သူ၏ ချီဓာတ်များပင် သူကို ခုန့်နိုင်ရန် မလုပ်နိုင်ဖူး ဖြစ်နေပါတယ် ။
ယောင်ချွန်မျက်နာဟာ ရုတ်တရက် ရက်စက်တတ်တယ့် အသွင်ပြောင်းကာ ကြီးမားသော အသံကြီးဖြင့် ပြောပါတယ် ။
“ချန်ရှန် ၊ မင်းတော့ဇာတ်သိမ်းပြီ”
သူ၏ မီးတောက်နေသော လက်သီးများဟာ ချန်ရှန်ကို ထိသွားပါတော့တယ် ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ချန်ရှန်၏ ရင်အုံနဲ့ခေါင်းဟာ ဒီပြင်းထန်လှသော လက်သီးများ ကြောင့် တော်တော် ကို နာကျင်သွားပါတယ် ။
“ဒီမျိုးမစစ်ကောင်က အဆင့် ၇ ပါလားဟ”
ချန်ရှန်ဟာ ယောင်ချွန်ဒီလိုသူ၏ စွမ်းအားများကို နက်နက်နဲနဲ သိုဝှက်ထားမယ်လို့ လုံး၀ မမျှော်လင့်ထားပါဘူး ။ ချန်ရှန်ဟာ ဒီလို စက်ဆုပ်ဖွယ် လှည့်ကွက်ကို တော်တော် ဒေါသထွက်သွားပါတယ် ။ ဒါကို ယောင်ချွန်မှ အခွင့်ကောင်းယူကာ ချန်ရှန်အား သူ၏ ချီဓာတ်များကို မသုံးနိုင်လောက်အောင် ပြုလုပ်ခဲ့တာပါ ။
ချန်ရှန် ခန္ဓာကိုယ်ဟာ ကျောက်တုံးထက်ပင် ပိုမိုခိုင်မာသောကြောင့် ဒီလို အဆင့် ၇ ပညာရှင် ၏ ထိုးနှက်မှုကို အကာအကွယ်မပါပဲ ခံလိုက်ရသော်လည်း ပြင်းပြင်းထန်ထန် ထိခိုက်ခြင်း မရှိပါဘူး ။
“မင်းငါ့ဆီ လျှောက်လာတုန်းက အရောင်အနံ့မရှိတယ့် ချီဓာတ်တွေကို မင်းပါးစပ်ကနေ ထုတ်လွှတ်ပြီး ငါ့ရဲ့ စွမ်းအင်သိုလှောင်ရာကို ထိခိုက်သွားစေတယ် ။ ဒါကြောင့် ငါက ချီဓာတ် တွေကို မထုတ်နိုင်ဘူး ၊ ငါပြောတာမှန်ရဲ့လား”
ချန်ရှန် တီးတိုးပြောလိုက်ပြီး သူ၏ရှင်းလင်းပြီးတည်ငြိမ်လှတယ့် မျက်လုံးများဖြင့် ယောင်ချွန် ဆီသို့ တည့်ကြည့်လိုက်ပါတယ် ။
ယောင်ချွန်ဟာ သူသုံးသည့်နည်းကို သူ့ပြိုင်ဖက်မှ ရှာဖွေ သိနေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ ပါဘူး ။ ဒါပေမယ့်လည်း ယောင်ချွန် ချန်ရှန်၏ အဆို မှန်သည် မှားသည် ပြန်မပြောတော့ပဲ ချန်ရှန်အား ပိုမို ပြင်းထန်လှသော တိုက်ကွက်များဖြင့် တိုက်ဖို့သာ ပြင်ဆင်နေပါ တော့တယ် . . . ။
Chapter – 51
#သွေးစွန်းသောနည်းလမ်း
ပြိုင်ပွဲစစချင်းပင် ချန်ရှန်ဟာ လေထဲမြောက်တက်သွားပါတယ် ။ လူတိုင်းဟာ ယောင်ချွန်၏ အဆင့် ၇ အားအင်ကို ရင်သပ်ရှုမောဖြစ်နေကြတယ် ။ ယခုတော့ ယောင်မျိုးနွယ်ဟာ ချန်ရှန် အား ယောင်ချွန်နှင့် အဘယ်ကြောင့် တွဲပေးရလဲဆိုတာကို နားလည်သွားကြပါပြီ ။
“ချန်ရှန် ၊ ရှင့်အားက ဒီလောက်ပဲလား ၊ စိတ်ပျက်စရာပဲ”
လန်ယုလန် အနီးနားမှာ သူမ၏ ရင်အုံများကို ထွေးပွေ့လျက် မတ်တပ်ရပ်နေပါတယ် ။ သူမ၏ အေးစက်စက်မျက်လုံးများမှာတော့ စိတ်ပျက်မှုများ ပြည့်လို့နေပါတယ် ။ ဒီအချိန်မှာ ချန်ရှန်ဟာ စင်မြင့်၏ အစွန်မှာ ရှိနေတာဖြစ်ပြီး ယောင်ချွန်မှ သူ့ကို နောက်တစ်ခါ ထပ်မံ တိုက်ခိုက်တော့မှာပါ ။
ယောင်မျိုးနွယ်ရဲ့ နည်းလမ်းဟာ တကယ်ကို ဉာဏ်များလှပြီး ချန်ရှန်ပင် အငိုက်မိသွားပါ တယ် ။ ယောင်မျိုးနွယ်ဟာ အရာရာကို ဟာကွက်မရှိ လှည့်စားနိုင်သော်လည်း ချန်ရှန်လက် မှ မမြင်ရတယ့် ကွင်းလေးအကြောင်းကိုတော့ မသိကြပါဘူး ။ ဒီထဲမှာ လှပပြီး ကြောက်မက် ဖွယ်စွမ်းအင်တွေကို ပိုင်ဆိုင်ကြတယ့် မိန်းမလှလေး ၂ ယောက်ရှိနေတာဖြစ်ပြီး တစ်ယောက်ဟာ ဆေးပညာမှာ အတုမရှိသူပါပဲ ။
“ဒါအရမ်းအားပြင်းတဲ့ အဆိပ်ငွေ့တစ်ခုပဲ ၊ စွမ်းအင်တွေကို ကပေါက်တိကပေါက်ချာ ဖြစ်အောင် လုပ်နိုင်တယ် ။ ဒါပေမယ့် မင်းကိုယ်ကို ထာဝရမိစ္ဆာ ရေကန်ထဲမှာ သန့်စင်ပြီး ကတည်းက မင်းရဲ့စွမ်းအင်သိုလှောင်ရာဟာ တော်တော် ခိုင်မာခဲ့တယ် ။ မင်း ထိုက်ကျိ ကျင့်စဉ်ကိုသာ ကျင့်ဖို့ လိုတယ် ။ ခု မင်းရဲ့စွမ်းအင်သိုလှောင်ရာမှာ ထိုက်ကျိပုံစံကားချပ် ကို လှည့်နေလိုက် ၊ ဒီအဆိပ် ကို သန့်စင်ပေးလိမ့်”
စုမေးယိုမှ ပြောတာပါ ။
ထိုက်ကျိကျင့်စဉ်ကို ကျင့်လိုက်တဲ့နောက်မှာတော့ ချန်ရှန်ကိုယ်ပတ်လည်မှ စိတ်ဝိဉာဉ် ချီဓာတ်တွေဟာ ၎င်း၏ ခန္ဓာကိုယ်ထံသို့ တိုးဝင်ကာ အဆိပ်ငွေ့များအား သန့်စင်ပေးပါ တော့ တယ် ။ ချီဒြပ်စင် ၅ ခုဟာလည်း သန့်စင်သွားပါတယ် ။
ယောင်ချွန်ဟာ မူလက ချန်ရှန်အား အပြင်းအထန် ထိခိုက်နာကျင်စေချင်ပြီး စင်ပေါ်မှ ပစ်ချ ဖို့ပါ ။ ဒါပေမယ့် သူထင်သလိုမဖြစ်လာပဲ ချန်ရှန်၏ မျက်လုံးများမှာတော့ သွေးဆာသော အရိပ်အယောင်များကို မြင်တွေ့ရပြီး လူသားဆန်မှုဆိုတာကို ရှာတွေ့နိုင်တော့မှာ မဟုတ် ပါဘူး ။
ချန်ရှန်ဟာ အခု လှုပ်နိုင်လာပါပြီ ။ ဒါကိုမသိတယ့်ပရိတ်သတ်များဟာ ယောင်ချွန်မှ ရေခဲငွေ့ များလွှမ်းခြုံထားတဲ့ ဓားတိုလေး ဆွဲထုတ်လိုက်တာပြီး ချန်ရှန်၏ ရင်ဘတ်အား ချိန်ရွယ်နေသည်ကို ကြည့်နေကြပါတယ် ။
“သေပေတော့”
ယောင်ချွန် အော်လိုက်ပါတယ် ။ လူတိုင်းဟာ အံ့သြလျက် အုန်းအုန်းကျက်ကျက် ဖြစ်သွား ကြကာ တစ်ယောက်တစ်ပေါက်အော်သံများ ကို အဆက်မပြတ် ကြားနိုင်ပါတယ် ။
ယောင်ချွန်၏ ဓားဟာ ချန်ရှန်၏ရင်ဘတ်ကို ဖောက်လုနီးပါးဖြစ်ပေမယ့်လည်း ချန်ရှန်ဟာ ခုထိ မလှုပ်သေးပါဘူး ။ ရုတ်တရက်ပဲ ချန်ရှန်ခန္ဓာကိုယ်၏ အရိုးတစ်ချောင်းစီတိုင်းဟာ အသံများမြည်လျက် သူဟာ သူ၏ဘယ်လက်အား ထုတ်ကာ လက်ချောင်း ၂ ချောင်းကြားတွင် ဓားတိုလေးအား ညှပ်လျက် ဖမ်းလိုက်ပါတယ် ။ ထို့နောက်မှာတော့ ပြင်း ထန်လှသောအားဖြင့် ထိုးလိုက်သော လက်နက်ငယ်လေးမှာ အပိုင်းငယ်လေးများအဖြစ် ကျိုးသွားပါလေတော့တယ် ။
“မျိုးမစစ်ကောင် ၊ ပထမ မင်းငါ့ကို အဆိပ်ငွေ့ထုတ်ပြီး လုပ်ကြံတယ် ။ ဟောအခုလဲ ငါ့ကို ပြင်းပြင်းထန်ထန်သတ်ဖို့ ကြိုးစားတယ် ။ မင်းတို့ရဲ့ သောက်ကျင့်မကောင်းတဲ့ ယောင်မျိုး နွယ်ဟာ တော်တော် လူမဆန်တာပဲ”
ချန်ရှန် ဒေါသတကြီးအော်လျက် ပြင်းထန်လှသော မိုးပြာရောင် ချီငွေ့တွေဟာ သူ၏ လက်များမှ ထွက်လာပါတယ် ။ လျှပ်စီးအငွေ့ချီဓာတ်များဟာ အလွန်ကို ကြောက်ဖို့ ကောင်း လှပါတယ် ။
“သေလိုက်တော့”
ချန်ရှန် ဒေါသကြီးစွာ အော်လိုက်ပြီး ူ၏ လက်သီးများကို အားအလွန်ကောင်းသော မုန်တိုင်း ၂ ခုအသွင် ယောင်ချွန်၏ ကိုယ်အား ထိုးချလိုက်ပါတော့တယ် ။ မျက်တောင်တခတ် အတွင်း မှာပဲ လျှပ်စီးချီဓာတ်များ ပါဝင်သော လက်သီးမိုးများဟာ ယောင်ချွန်၏ ကိုယ်ပေါ်သို့ အဆက် မပြတ် ထိုးနှက်နေပါတယ် ။
ယောင်ချွန်တစ်ယောက် နာကျင်မှုဖြင့် အသံနက်ကြီးများအော်လျက်ရှိပြီး ယောင်မျိုးနွယ်ဝင် များဟာလည်း စင်မြင့်ဆီလို့ လာနေကြပါတယ် ။ ဒါကိုမြင်တဲ့အခါ ချန်ရှန်၏ ချီဓာတ်များဟာ ရုတ်တရက် ကြီးမားသော မိုးပြာနဂါးလက်သည်းများ အဖြစ် ပြောင်းသွားတယ် ။ မိုးပြာရောင် စစ်မှန်သော ချီဓာတ်များဟာ နဂါးလက်သည်းမှ ထွက်နေပြီး ယောင်ချွန်၏ ကိုယ်အား ထိလိုက် ရုံဖြင့် သွေးများဟာ ဘယ်တော့မှ မရပ်တန့်တော့မယ့် ရေပန်းတစ်ခုလို ဖြန်းလျက် ကျနေပါတော့တယ် ။
ယောင်ချွန်ဟာ နဂါးလက်သည်းဖြင့် ထိရှကာ အပေါက် ၅ ပေါက်ဖြစ်သွားပြီး ချီဓာတ်များဟာ စိမ့်ဝင်နေပါတယ် ။ မြေကြီးပေါ်ကျသွားပြီဖြစ်ပြီး သေတော့မသေသေးပါဘူး ။
“ချန်ရှန် ရပ်တော့”
ယောင်လူကြီးဟာ လက်သီးဖြင့်ချိန်လျက် ချန်ရှန်ဆီ ပြေးလာနေတုန်းမှာပဲ ရုတ်တရက် ချီဓာတ်များ လတ်သွားပြီး ချန်ရှန်၏ ခြေထောက်များမှာ လျှပ်စီးချီငွေ့များကို မြင်လိုက်ရပါတယ် ။ အားပြင်းစွာ ခြေထောက်များ အပေါ်မြှောက်ပြီး ကြီးမားလှသော မိုးပြာ ရောင်လျှပ်စီးများ လက်နေတဲ့ ပုဆိန်ကြီးအသွင်ပြောင်းကာ ယောင်ချွန်၏ ခါးဆီသို့ ခုတ်ချ လိုက်ပါတော့တယ် ။
“ရပ် . . . .”
ယောင်လူကြီး ထပ်မံအော်လိုက်ပါတယ် ။ သို့သော် ယောင်ချွန်မှာတော့ ချန်ရှန်၏ ပြင်းထန် လှသော တိုက်ကွက်ကြောင့် ၂ ပိုင်းပြတ်လို့သွားပါပြီ ။ ယောင်ချွန်ဟာ သေဆုံးသွားခဲ့ပါ တယ် ။ မြင်ကွင်းကတော့ သွေးသံတရဲရဲဖြင့် ကြောက်လန့်ဖွယ်ရာပါ ။ လူတိုင်းဟာ နှလုံးခုန် ရပ်နေသလိုဖြင့် အံ့သြမင်သက် နေကြပါတယ် ။
ချန်ရှန် လုပ်ရပ်ဟာ အားလုံးသော လူတွေကို အံ့အားသင့်စေလျက်ပါ ။ ယောင်မျိုးနွယ် ဂိတ်ရှေ့မှာ ၊ ယောင်မျိုးနွယ်ရဲ့ လူကြီးရှေ့မှာ ၊ ယောင်မျိုးနွယ်ရဲ့ မျိုးဆက်သစ် ဂျူနီယာကို သတ်ပစ်လိုက်တာဟာ တော်တော်အံသြစရာကောင်းပြီး သွေးပျက်ဖွယ်ရာပါပဲ ။
“ကျွန်တော့ကို သတ်ဖို့ ကြိုးစားချိန်တုန်းကကျ ခင်ဗျားက ဘာလို့ မရပ်ခိုင်းလဲ ၊သူ ကျွန်တော့ ကိုသတ်ဖို့ ကြိုးစားရင် ကျွန်တော်က ပြန်မသတ်ဘူးလို့ ခင်ဗျား ထင်နေတာလား ၊ နောက် ပြီး ကျွန်တော် စ စည်းကမ်းဖောက်နေတာမဟုတ်ဘူး”
ချန်ရှန်ရဲ့အသံဟာ ဒေါသဖြင့် ပြည့်နေဆဲပါ ။ တကယ်လို့ သူသာ အဆိပ်ငွေ့များအား ဖယ်မ ထုတ်နိုင်ဘူး ဆိုပါက သေချာပေါက် သေပါလိမ့်မယ် ။ ခုနကပဲ ယောင်ချွန်ဟာ ဓားအတိုဖြင့် ချန်ရှန်ကို သတ်ဖို့ ကြိုးစားခဲ့တာပါ ။ လူတိုင်း ဒီ စည်းကမ်းချိုးဖောက်မှုကို ရှင်းလင်းစွာ မြင်ခဲ့ ပါတယ် ။ ဒါကြောင့် ချန်ရှန်ကို အပစ်ဆိုလို့ မရနိုင်ပါ ။
“ခင်ဗျားက ကျွန်တော့ကို တိုက်ချင်တာလား”
ချန်ရှန် အမဲလိုက်ခြင်းချီဓာတ်များ ခန္ဓာကိုယ်တစ်ခုလုံးမှ ထုတ်လျက် အေးစက်စွာ မေးလိုက် ပါတယ် ။
ယောင်လူကြီးဟာ သွေးသံရဲရဲဖြင့် ၂ ပိုင်းပြတ်သေဆုံးလျက်ရှိသော ကိုယ်အား မြင်ပြီး ဒေါသများ အထွတ်အထိပ်သို့ ရောက်နေပါတယ် ။ သူ၏ အကြည့်များမှာလည်း သွေးဆာတဲ့ ပုံရိပ်တွေ ပြည့်နေသလိုပါပဲ ။ ဒီအချိန်မှာပဲ တခြားယောင်မျိုးနွယ်ရဲ့ သက်ကြီးပိုင်းတွေလဲ ရောက်လာပါတော့တယ် ။
“ဟားး ဟားး ၊ တော်တော်ရယ်ရတယ် ၊ ယောင်မျိုးနွယ်က ကောင်လေးက စည်းကမ်းတွေကို ချိုးဖောက်ပြီး လူသတ်ဖို့ ကြိုးစားတယ် ။ ဒါပေမယ့် မလုပ်နိုင်လိုက်ဘူး ၊ ခုတော့ ယောင်မျိုး နွယ်ရဲ့ အကြီးတွေဟာ ကလဲ့စားချေဖို့ လာကြသတဲ့”
မတ်တပ်ရပ်လျက် ကျယ်လောင်စွာ ပျက်ရယ်ပြုခြင်းဟာ ယောင်မျိုးနွယ်ဝင်တို့ ခံနေကြရပါ ပြီ ၊ ပရိတ်သတ်အသံများပါ ထွက်လာသောကြောင့် ယောင်မျိုးနွယ်လူကြီးတို့ရဲ့ ဒေါသဟာ ငယ်ထိပ်ရောက်နေကြပါတယ် ။ သူတို့ဟာ ချန်ရှန်ကို အလွန် မုန်းတီးနေသောကြောင့် ယောင်ချွန်အား ချန်ရှန် နှင့် တိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်းပါ ။
သူတို့ဟာ ယောင်ချွန်ပါးစပ်ထဲသို့ အဆိပ်ငွေ့ မဖြည့်ခင် ဖြေဆေးကို ယူဆောင်ခွင့် ပေးခဲ့ပြီး ယောင်ချွန် ချန်ရှန်နှင့် စကားပြောနေစဉ်မှာ ချန်ရှန်အား အဆိပ်မိစေခဲ့တာပါ ။ ဒါပေမယ့် ယောင်မျိုးနွယ်တို့ဟာ ချန်ရှန်၏ အားအင်ကို မခန့်မှန်းနိုင်ခဲ့ပါဘူး ။ ယောင်ချွန်ဟာ လည်း ချန်ရှန်ကို ပြင်းပြင်းထန်ထန် ထိခိုက်အောင်မလုပ်နိုင်ပေမယ့် သူဟာ ဒီလို ရွှေရောင် အခွင့်အရေးကို လက်လွှတ်မခံပဲ ဓားတိုလေးထုတ်ကာ ချန်ရှန်အား သတ်ဖို့ ကြိုးစားခဲ့တာပါ။ ယောင်ချွန်ရဲ့စိတ်ထဲ ယောင်မျိုးနွယ်ဟာ တောင်ပိုင်းအင်ပါယာမှာ စွမ်းအားနဲ့အာဏာ တော်တော် ကြီးမားကာ ဒီအခြေအနေကို ကောင်းမွန်စွာ ထိန်းနိုင်မည်ဟုထင်နေပုံပါပဲ ။
“ချန်ရှန် ၊ ငါတို့ ယောင်မျိုးနွယ် မင်းကို သွားခွင့်ပေးမှာမဟုတ်ဘူး”
ယောင်လူကြီးတစ်ယောက်က အသံနက်ကြီးဖြင့် အော်ပြောပါတယ် ။ သူ့အသံဟာ ဒေါသတွေ အပြည့်ပါပဲ ။ ချန်ရှန်ကလည်း ထိုသူအား လှောင်ကာ ပြန်ပြောလိုက်ပါတယ် ။
“ဂုဏ်သရေ ရှိလှတယ့် ယောင်မျိုးနွယ်အပေါင်းတို့ စိတ်မပူပါနဲ့ ကျွန်တော်ကလည်း ခင်ဗျား တို့ကို သွားခွင့်ပေးမှာ မဟုတ်ပါဘူး”
ချန်ရှန် စင်မြင့်ပေါ်မှ ဆင်းလာခဲ့ပါတယ် ။ ယောင်မျိုးနွယ်လူကြီးတို့ဟာ အရမ်းရင်မဆိုင်ဝံ့ပါ ဘူး ။ အဘယ်ကြောင့်ဆိုသော် သူတို့တစ်ခုခု လုပ်ပါက ယောင်မျိုးနွယ်ဟာ တောင်ပိုင်း အင်ပါယာ တစ်ခုလုံးမှာ ရယ်စရာ ဖြစ်သွားပေလိမ့်မည် ။ ဒီဘုရင့်မြို့တော်၏ သိုင်းပြိုင်ပွဲအား ယောင်မျိုးနွယ်တို့ စီစဉ်ကျင်းပတာ ဖြစ်သော်လည်း စည်းကမ်းတွေကိုတော့ လိုက်နာရပါ တယ် ။ ယောင်ချွန်ဟာ စည်းကမ်းအရင်ဖောက်တာဖြစ်ပြီး ချန်ရှန်ဟာ ယောင်ချွန်ကို သတ်လိုက်တာဟာ အပစ်ဆိုဖွယ် မရှိသလိုပါပဲ ။
ယောင်မျိုးနွယ်ဟာ ချန်ရှန် ထွက်ခွာတာကို တားဆီးချင်ကြပါတယ် ။ ဒါပေမယ့်လည်း တွန့် ဆုတ်လျက်ရှိနေကြတယ် ။ ယောင်ချွန်၏ အားကို ကောင်းကောင်းသိတယ့် ယောင်မျိုးနွယ်ဟာ ချန်ရှန် ဒီလို လွယ်လွယ်ကူကူပဲ ယောင်ချွန်အား သတ်လိုက်တယ် ဆိုကတည်းက ချန်ရှန်ဟာ အနည်းဆုံး အဆင့် ၈ ပညာရှင်ဆိုတာ သဘောပေါက်သွားကြပါ တယ် ။
“ချန်ရှန် ၊ သိပ်ပြီးလည်း ဂုဏ်ယူမနေပါနဲ့ ။ ယောင်ချွန်ရဲ့ဆရာ မင်းနဲ့လာပြီး စာရင်းရှင်းလိမ့် မယ်”
ယောင်မျိုးနွယ် လူကြီးတစ်ယောက်က စင်မြင့်ကို ရှင်းလင်းခိုင်းနေရင်းနဲ့ ခနဲ့တဲ့တဲ့ လှမ်းပြော လိုက်ပါတယ် ။
ယောင်ချွန်ဟာ အဆင့် ၇ ပညာရှင်ဖြစ်သော်လည်း ချန်ရှန်ရှေ့မှာတော့ အရှုံးပေးသွားရပါပြီ။ ဒီမတိုင်ခင်က ယောင်ချွန်ဟာ အမျိုးမျိုး လှည့်ဖြားပြီး ချန်ရှန်ကို ကျရံှုးအောင်လုပ်ပေမယ့် ချန်ရှန်ဟာ ဘာမှမဖြစ်တယ့်အတွက် သူ၏ စွမ်းအင်ဟာ သာမန်တော့မဟုတ်ဘူးဆိုတာ လူတိုင်း သိသွားကြပါတယ် ။
လန်ယုလန်ရဲ့ လှပပြီး ကွေးနေတယ့် မျက်ခုံးများ မြင့်တက်နေပါတယ် ။ ချန်ရှန်အား နောက်မှ ကြည့်နေရင်း သူမ၏ နှင်းဆီရောင် နှုတ်ခမ်းများအား ဖိကိုက်လျက်ပါ ။ သူမဟာ အဆင့် ၇ ပညာရှင်တစ်ယောက်ဖြစ်သော်လည်း သူမ၏ စစ်မှန်သော ချီဓာတ်များဟာ ချန်ရှန်လောက် ခိုင်ခိုင်မာမာ အားပြင်းပြင်း မထုတ်နိုင်ပါဘူး ။ ချီဓာတ်များ ပေါက်ကွဲပြီး ချက်ချင်းပဲ ချီအငွေ့ ပြောင်းကာ တိုက်ခိုက်မှုမျိုးကို လုပ်ဖို့ဆိုတာ အရမ်းကို ခက်ခဲလှပြီး တော်ရုံလူ မလုပ်နိုင်ပါ ဘူး ။ သူမတောင် လုပ်နိုင်တယ် ဆိုရုံလေးပဲ ရှိသေးတာပါ ။
ချန်ရှန် နဲ့ ယောင်မျိုးနွယ်တို့ အကြားက အာဃာတ တွေ ဟာ ဆိုရင်တော့ဖြင့် နက်ရှိုင်းသ ထက် နက်ရှိုင်းလာပါပြီ ။ ဒါတင်မက ဒီတစ်ကြိမ်မှာတော့ များစွာသော အဓိက အင်အားစုကြီးတွေဟာလည်း ဒီအထဲမှာ ရှိနေပါတယ် ။ ၎င်းတို့နဲ့ ယောင်မျိုးနွယ်ဟာ ကောင်း မွန်သော ဆက်ဆံရေးတွေ ရှိကြပါတယ် ။ ယခု မျိုးနွယ် ၂ ခုကြားက အမုန်းမီးတောက်ဟာ မြင့်တက်နေပါပြီ ။ ဒါဟာ သူတို့ကို ခံစားမှု တစ်မျိုး ဖြစ်နေစေပါတယ် ။ အဘယ်ကြောင့် ဆိုသော် ဒီမျိုးနွယ် ၂ ခု ပြိုင်ပွဲမှာ ယောင်မျိုးနွယ် ရှုံုးပါက ချန်မျိုးနွယ်ဟာ အင်အားကြီးလာ မည်ဖြစ်ပြီး ၎င်းတို့ရဲ့ ဂုဏ်သတင်းဟာလည်း တရှိန်ထိုး ဖြစ်လာပါလိ့မ်မယ် ။ ဒါတင်မက ချန်မျိုးနွယ်ဟာ ခုချိန်မှာ အတောင့်တင်းဆုံး ဆေးပညာအဖွဲ့အစည်းတစ်ခုလည်း ဖြစ်နေပါ ပြီ ။ ဒီလိုအချိန်မှာ ယောင်မျိုနွယ်ကို ကူညီခဲ့သူတွေဟာ တစ်ခုခုဆုံးရှုံးသွားသလို ခံစားရမှာ အမှန်ပင် ဖြစ်ပါတော့တယ် . . . ။
Chapter – 52
#အလှသွေဖယ်ခြင်း
ချန်ရှန် ဆေးဘုရင်ခန်းမသို့ ပြန်လာပါတယ် ။ ရောက်လျှင်ပဲ သူ၏ လေ့ကျင့်ရာ သီးသန့် အခန်းထဲသို့ ဝင်လာခဲ့ပါတော့တယ် ။ ဒီအချိန်မှာပဲ စုမေးယိုဟာ အဆိပ်သင့်ရာမှ ကာကွယ် နိုင်သော နည်းလမ်းများအား ရှင်းပြနေတယ် ။ နောက်တစ်ခါ ဒီလိုခံရပါက ယခုလို ကံ ကောင်းနိုင်မည် မဟုတ်ပါဘူး ။
“ကောင်လေး ၊ မင်းက ဒီနေ့ ဒီလူတွေကို ဒေါသထွက်စေပြီး မင်းနဲ့ တိုက်ခိုက်လာအောင် ပြောတယ် ။ အခုကျတော့ သူတို့ကို ပြင်ဆင်ချိန်ပေးလိုက်ပြန်ပြီ ၊ မင်းလည်း အရူးပဲ”
ဘိုင်ယုယုဟာ အမည်းရောင်ဝတ်စုံဝတ်ဆင်ထားကာ နံရံမှာမှီလျက် ခါးထောက်ပြီး ပြောပါ တယ် ။ သူမ၏ အေးစက်စက်မျက်လုံးများမှာ သွေးဆာနေပုံပါပဲ ။ စုမေးယိုကတော့ ရယ် လျက် ပြောပါတယ် ။
“အမတော် ၊ အမတော် အရင်က တစ်ခါ ပြောဖူးတယ်လေ ၊ ဒီကောင်လေးက ဘယ်အရာကို မဆို ကောင်းကောင်း ထိန်းကျောင်းနိုင်တယ်လို့ ပြောတာ မှတ်မိပါတယ် ၊ ခုကျ ဘာလို့ ပြောင်းလဲသွားပြန်လဲ”
ဘိုင်ယုယု လှောင်လျက် -
“ဟဟ ၊ သူ့မှာ မုန်းတီးနာကျည်းစိတ် ကောင်းကောင်းမရှိရင် သတ်စရာရှိတာသတ် လုပ်စရာ ရှိတာလုပ်ဖို့ ပြတ်သားနိုင်မှာ မဟုတ်ဘူး”
“အမတော်ယုယု ၊ အမြဲတမ်း ဒီတူညီတဲ့ အဝတ်အစားတွေပဲတော့ မဝတ်ဘူးမလား ၊ ကျွန်တော် ဒီထက်လှတာတွေ ဝယ်ပေးပါ့မယ်ဗျာ”
ချန်ရှန် ရယ်လျက် ပြန်ပြောပါတယ် ။ ဒီအလှမယ် ၂ ယောက်အကြား ငြိမ်းချမ်းရေးရရှိရန် ချန်ရှန်ဟာ သူသိတယ့် အကောင်းဆုံးနည်းလမ်းကို ပြောလိုက်ပါတယ် ။ အဝတ်အစား အသစ်များဟာ မိန်းမတိုင်း သည်းခြေကြိုက်ပါပဲ ။ ဒီလိုပြောလိုက်ခြင်းအားဖြင့် မိန်းမလှ ၂ ယောက် အခြေအတင်ဖြစ်ခြင်းမှ ရပ်တန့်သွားမယ်ဆိုတာ သေချာသလောက်မို့ပါ ။
ဘိုင်ယုယုရဲ့ မျက်နာဟာ အနည်းငယ် ပျော့ပြောင်းသွားပြီး သူမအသံဟာ လည်း နုူးညံ့သွားသလို ပါပဲ ။
“အခုတော့ မလိုသေးပါဘူး”
စုမေးယို သူမပါးစပ်ကို အုပ်လျက် ရယ်နေပါတော့တယ် ။ နှုတ်ခမ်းများ စူလျက် ထပ်ပြော ပြန်ပါတယ် ။
“ကောင်လေး ၊ မင်းက အမတော်ရဲ့ ဘယ်အပိုင်းကို ဝယ်ပေးချင်တာလဲကွ ၊ သူကငါ့ ထက်တောင် အဝတ်အစားပိုများသေးတယ် ။ ငါ့မှာတော့ မင်းအပေါ်အမြဲတမ်း ကောင်းလိုက် ရတာ ၊ ဒါကတော့ မင်းမျက်နာလိုက်လွန်းသွားပြီ”
ချန်ရှန်လည်း လျာထုတ်ပြပြီး ၊ စုမေးယို၏ ကိုယ်သင်းရနံ့ လေးဟာ ခိုးရှူရှိုက်ရင် ပြန်ပြော လိုက်ပါတယ် ။
“အဲလိုမှ မပြောရင်လည်း အမတော် ဘိုင်ယုယု စိတ်ပြေအောင် ဘယ်လိုလုပ်ရမှန်း မသိလို့ဗျ”
“ဟဟ ၊ အဲလိုရရိုးလား”
ဘိုင်ယုယု လှောင်ပြီး ပြန်ပြောပါတယ် ။
“အမတော် ၊ အမတော် မလိုရင်လည်း ညီမတော်ကို ဘာလို့ အဲဒိအဝတ်တွေ မပေးလဲ”
စုမေးယိုမှ လည်း ပြောပြန်ပါတယ် ။
“ညီမတော်က ဒီဟာတွေကို ပေးဖို့ တကယ်ကို ပြောနေတာကိုး ၊ ငါတို့အမြဲတူတူ ဝတ်နေကျ ပဲလေ”
ဘိုင်ယုယု အထင်သေးဟန်ဖြင့် ကြည့်ပြီး ပြောပါတယ် ။
ချန်ရှန်ဟာ ဒီ ၂ ယောက်လုံးဟာ တနေကုန် ကွင်းလေးထဲမှာ နေပြီး ပျင်းနေကြမယ်ဆိုတာ သိပါတယ် ။ဒါကြောင့် သူဟာ မကြာခဏ အဝတ်အစားသစ်များဝယ်ပေးလေ့ ရှိတဲ့အတွက် သူတို့ ၂ ယောက် သိပ်တော့ စိတ်ဓာတ်မကျကြပါဘူး ။ ပျော်နေကြမယ် ထင်ပါတယ် ။ သူတို့ ၂ ယောက်လုံးဟာ လှပပြီး ကြောက်စရာ ပညာရှင်များ ဖြစ်သော်လည်း ခုချိန်မှာတော့ ၎င်းတို့ အားအင်များ ဆုံးရှုံးနေရသော ကြောင့် သာမန်မိန်းကလေးများပါပဲ ။
ဘိုင်ယုယုနဲ့ စုမေးယိုဟာ အရောင် အနံ့မရှိတယ့် အဆိပ်ငွေ့ကို ဘယ်လိုရင်ဆိုင်ရမလဲဆို တာ သိကြပါတယ် ။ သူတို့ဟာ သူတို့သိသမျှ အချက်အလက်တွေကို သင်ကြားပေးကြတယ် ။ အဓိကအားဖြင့် ချီဓာတ် သိုလှောင်ရာကို အနှောင့်အယှက်မဖြစ်အောင် ဘယ်လိုကာကွယ် ရမလဲ ဆိုတာကိုပါ ။ အခန်းမှထွက်လာပြီးနောက် ချန်ရှန်ဟာ အနောက်ဖက်ရှိ ပန်းခြံဘက်သို့ ထွက်လာခဲ့ပါတယ် ။ ထိုနေရာမှာတော့ ချန်လုဇောင် နှင့် မန်ဘို တို့ ဆေးပညာအကြောင်း အရာများ ဆွေးနွေးလျက် ရှိနေကြပါတယ် ။ ချန်ရှန်လည်း သူတို့ စကားဝိုင်းသို့ ဝင် ရောက်ကာ အတွေ့အကြုံများ ဖလှယ်ကြပါတော့တယ် ။ ဒါဟာ သူတို့အားလုံးအတွက် တကယ်ကို အကျိုးရှိတာပါ ။
“ကောင်လေး ၊ မင်းတော့ ဒီနေ့ ထပ်ပြီး မွှေခဲ့ပြန်ပြီ ။ ဒီလိုအသက်ငယ်ငယ်နဲ့ မင်းကိုတော့ နားမလည်နိုင်တော့ဘူး ။ ဒီလို ပြသနာကို ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်ဖို့ ဘယ်လိုများ တတ်လာသလဲကွ”
ချန်လုဇောင် ခေါင်းကို လှုပ်လျက် ရယ်ပြီး ပြောပါတယ် ။
မန်ဘိုကလည်း ရယ်ပြီး ပြောပြန်ပါတယ် ။
“ဒီကောင်လေးက သာမန်တော့ မဟုတ်ဘူးဟေ့ ၊ ငါတောင် ရှုံးခဲ့တာပဲကို ၊ မင်းတို့ ချန်မျိုးနွယ် နဲ့ ယောင်မျိုးနွယ်တို့ရဲ့ကြားက အမုန်းတရားကတော့ တော်တော်ကို ကြီးနေပီ”
ချန်ရှန် နှုတ်ခမ်းကို ကိုက်လျက် ပြန်ပြောလိုက်ပါတယ် ။
“ယောင်မျိုးနွယ်အတွက် ကျွန်တော်လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တယ်လို့ ထင်တာပဲ”
“သခင်လေးချန် ၊ ကြီးကြပ်သူ ကြီး ၊ ဆေးဘုရင်ကို တည်ထောင်သူ ကြီး ရှင်က အားလုံးသော ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်မယ်လို့ အရင်ကမတွေးမိခဲ့ဘူး”
နူးညံ့လှတယ့် အသံလေးဟာ ချန်ရှန် နှလုံးခုန်သံကို မြန်သွားစေပါတယ် ။ ဒါဟာ သေချာ ပေါက် ဟွာယုယန် အသံပါပဲ ။ ချန်ရှန်နဲ့ ဒီဟွာယုယန် ကြားက ကိစ္စဟာ တစ်ခုခုတော့ တစ်ခုခုပဲဆိုတာ ဘေးနားက ၂ ယောက်ဟာ တွေးနေကြပါတယ် ။ ဘာလို့ ဒန်ရှန်မှ သူတို့ရဲ့ အဖိုးတန်ဆေးပင်တွေကို ဆေးဘုရင်ခန်းမသို့ ဈေးပေါပေါဖြင့် ရောင်းချနေလဲဆိုတာ နားမ လည် နိုင်ကြဘူး ဖြစ်နေကြပါတယ် ။ လူကြီး ၂ ယောက်လည်း တိတ်ဆိတ်စွာ ထွက်ခွာ သွား ကြပါတယ် ။
ဟွာယုယန်ဟာ ဒီနေ့တော့ လုံခြုံလှပစွာ ဝတ်ဆင်ထားပါတယ် ။ သူမ၏ လှပလှသော ခန္ဓာ ကိုယ်အား အဖြူရောင် စကပ်ရှည်ကြီးကို ဝတ်ဆင်ထားပါတယ် ။ ကျက်သရေရှိမှုကတော့ လူတိုင်းရဲ့ နှလုံးသားကို သိမ်းယူသွားမတတ်ပါပဲ ။ သူမဟာ ပြိုင်ဘက်ကင်းအလှကို ပိုင်ဆိုင် ထားပြီး သူမကို ချန်ရှန်ဟာ ခဏခဏ ခိုးကြည့်မိရတယ့် အထိပါပဲ ။ အဲလိုကြည့်မိတိုင်းလည်း ချန်ရှန်ဟာ စိတ်မသက်မသာ ခံစားရပါတယ် ။
ချန်ရှန် စိတ်မသက်မသာပုံစံကို မြင်ပြီး ဟွာယုယန် စိတ်ဆိုးစွာ ပြောပါတယ် ။
“ရှင် က ကျွန်မကို မုန်းနေတယ်ဆိုတာ သိပါတယ်”
ချန်ရှန် အလျင်အမြန်ပဲ ပြန်ပြောလိုက်ပါတယ် ။
“မဟုတ်ပါဘူးဗျာ ၊ ခင်ဗျားဟာ လှလွန်းနေတယ့်အတွက် ရာဇဝတ်မှု ဖြစ်မှာကိုတောင် စိုးရိမ်မိလို့ပါ”
ဟွာယုယန် ပျော်သွားဟန်ရပြီး ရယ်မောလျက် ပြန်ပြောပါတယ် ။
“ရှင်က ကျွန်မအတွက် စိုးရိမ်တယ်ပေါ့ ၊ စိတ်မပူပါနဲ့ ရှင်သာ ဒန်ရှန်တောင်ယွမ်ကိုလာပြီး အောင်မြင်တဲ့ ဆေးပညာရှင်ဖြစ်လာရင် ကျွန်မဟာ ရှင့်အတွက်ပါပဲ”
ချန်ရှန် ခေါင်းခါရမ်းပြီး ပြောလိုက်ပါတယ် ။
“မဖြစ်နိုင်ပါဘူး ၊ ကျွန်တော် ပြောပြီးသားလေ ၊ ကျွန်တော် သိုင်းပညာဂိုဏ်ပဲ ဝင်မှာပါလို့”
ဟွာယုယန် တီးတိုး လှောင်ပြောကာ ခနဲ့တဲ့တဲ့ လေသံဖြင့် -
“ချစ်ရပါသော ဆေးဆရာလေး ၊ အခုတခြားလူတွေ ဘာစဉ်းစားနေလဲသိလား”
ချန်ရှန် ချက်ချင်းပဲ ပြန်ဖြေလိုက်ပါတယ် ။
“မသိပါဘူး ၊ ယုယန် ခင်ဗျားဟာ အရမ်းလှပါတယ် ။ ဒါပေမယ့် ခင်ဗျားသိတယ့်အတိုင်း ကျွန်တော်က ရွှီရှန်းရှန်း နဲ့ စေ့စပ်ထားတယ်လေ ။ ဒါကြောင့် ကျွန်တော် ရံရွှေတော် လိုမျိုး ထားရင်တောင် သူမခွင့်ပြုချက် လိုပါတယ်”
ဟွာယုယန် ညင်သာစွာ သက်ပြင်းချပြီး သူမ၏ လျာအား ချန်ရှန်ဖက် ထိုးကာ ပြောင်ပြလျက် ပြောပါတယ် ။
“ကျွန်မက ရှင့်ရဲ့ ရံရွှေတော် မဖြစ်ချင်ပါဘူး ။ ကျွန်မက အစေခံ ပဲဖြစ်ချင်တာ ၊ ခုပဲ ဒန်ရှန် တောင်ယွမ် ကို သွားကြမယ်လေ ၊ လိုက်မယ်မလား”
ယုယန် မျှော်လင့်ချက်အပြည့်နဲ့ မေးလိုက်ပါတယ် ။
ချန်ရှန်အံ့သြကာ ထပ်ပြောလိုက်တယ် ။
“ဒန်ရှန်တောင်ယွမ်ကို ဟုတ်လား ၊ ကျွန်တော် ပြောပြီပါပြီကော ၊ သိုင်းပညာဂိုဏ်းပဲ ဝင်ပါမယ် ဆိုမှ ၊ ခင်ဗျားရဲ့ ဖိတ်ခေါ်မှုကိုတော့ ကျေးဇူးတင်ပါတယ် ။ အားနာနာနဲ့ပဲ ကျွန်တော် ငြင်းပါရစေ”
“မအံ့သြပါနဲ့ ၊ ကျွန်မ ဒန်ရှန်မှာ ကြီးကြပ်လာတာ ၂ နှစ်ရှိပြီ ၊ ခုတော့ ပြန်ရတော့မယ် ။ နောက် ကျွန်မ နာမည်အရင်းဟာလည်း ဟွာယုယန် မဟုတ်ဘူး”
ဟွာယုယန် ပြောလိုက်တာပါ ။ သူမ၏ ပုံစံဟာ စိတ်ပျက်နေပုံရပြီး ချန်ရှန်၏ အဝေးကို လျှောက်သွားပါတော့တယ် ။
“တကယ်ကို တောင်းပန်ပါတယ် ။ အခွင့်ရှိရင်တော့ ကျွန်တော် ဒန်ရှန်တောင်ယွမ် ကိုလာပြီး ခင်ဗျားကို ရှာပါ့မယ်”
ချန်ရှန် သက်ပြင်းချလိုက်ပါတယ် ။ ဟွာယုယန်က အလှပဆုံး ပြုံးပြပြီး -
“ဆေးပင် တွေ ကိစ္စနဲ့ ပတ်သက်ပြီးလည်း စိတ်မပူပါနဲ့ ၊ ကျွန်မ မရှိတော့ရင်တောင်မှ ဒန်ရှန်နဲ့ ဆေးဘုရင်ခန်းမတို့ ဆက်ဆံရေးဟာ ဆက်လက်တည်မြဲနေမှာဖြစ်ပြီး ဈေးတွေလည်း တိုး လာမှာမဟုတ်ပါဘူး”
ချန်ရှန်ဟာ ဒီမိန်းမလှ ဘာကြောင့် သူ၏ အစေခံ ဖြစ်ချင်နေလဲဆိုတာနဲ့ ပတ်သက်ပြီး စိတ်များ ရှုပ်ထွေးလို့ နေပါတယ် ။ ဒါပေမယ့် သူမကိုတော့ အများကြီး ကျေးဇူးတင်လျက်ပါပဲ။
“ကျေးဇူးအများကြီးတင်ပါတယ် ၊ ခင်ဗျားကျွန်တော့ရဲ့ အစေခံ ဖြစ်စရာမလိုပါဘူး ၊ ကျွန်တော် တို့က မိတ်ဆွေသူငယ်ချင်းရင်းချာတွေပါပဲ ၊ နောင် ကျွန်တော် ဒန်ရှန်တောင်ယွမ် ကိုလာပြီး ခင်ဗျားကို သေချာပေါက် ရှာမှာပါဗျာ”
ဟွာယုယန် ရယ်မောပြီး ပြန်ပြောပါတယ် ။
“ရှင်ကျွန်မကို ရှင့်ကောင်မလေးအဖြစ် မလိုချင်တာကို နောက်မှ သေချာပေါက် နောင်တ ရလိမ့်မယ် ။ ရှင်ကျွန်မကို တောင်ရှန်တောင်ယွမ်လာပြီး ရှာရမယ်ဆိုတာ မှတ်ထားပါ ။ အခု ကျွန်မနာမည်ကို ရှင့်ကို မပြောပြတော့ဘူး ။ ကျွန်မကို လွယ်လွယ်တွေ့မှာကို မလိုလား လို့ပဲ”
သူမဟာ ပြောပြီးပြီးချင်းပဲ ချန်ရှန်ဆီလျင်မြန်စွာ လာပြီး အနမ်းပေးသွားပါတော့တယ် ။ ဒီနောက်မှာတော့ ရယ်မောကာ အဝေးသို့ ပြေးထွက်သွားပါတယ် ။ ချနှ်ရှန်မှာသာ ကျောက် ရုပ်ကြီးတစ်ခုလို ကျန်ခဲ့လျက် . . .။
“ဒီမိန်းမ က ဘယ်လိုပါလိ့်မ်ကွာ”
ချန်ရှန် ကောင်မလေးရဲ့အငွေ့အသက်များကျန်ခဲ့တဲ့ သူ၏ နှုတ်ခမ်းကို ကိုက်ကာ ကြောင်နေ ပါတော့တယ် ။ စုမေးယိုက ညင်သာစွာ ရယ်မောပြီး ပြောပါတယ် ။
“ဒီကောင်မလေးက မင်းကို ကြိုက်နေပုံပဲ ၊ မင်းဆိုသည်မှာလည်း ဘယ်လိုတောင် ကံကောင်း နေတာလဲဆိုတာ မပြောတတ်တော့ဘူး ။ ဒီမတိုင်ခင်က ရွှီရှန်းရှန်းကလည်း မင်းကို အသည်းစွဲ ၊ ခုဒီကောင်မလေးကလဲ . . .အင်း ပြောတော့ပါဘူး”
ချန်ရှန် ပြောင်ပြပြီး အသံတိုးတိုးဖြင့် ပြန်ပြောလိုက်ပါတယ် ။
“ဟဟ ၊ ဒါကျွန်တော့ရဲ့ ညို့နိုင်စွမ်းပဲလေ ၊ ဘာကြောင့်လဲဆိုတာ နောက်မှသိလိ့မ်မယ်”
ဒီရက်တွေမှာ ချန်ရှန်ဟာ ဆေးမလုပ်ဖြစ်သော်လည်း နဂါးတံတွေးကျင့်စဉ်ကိုတော့ လုပ် ဖြစ်နေပါတယ် ။ အဆင့်မြင့်ဆေးတွေကိုလည်း လုပ်နိုင်ဖို့ ပြင်ဆင်နေပါတော့တယ် ။
နောက်တစ်နေ့ မနက်မှာတော့ ချန်ရှန်ဟာ ယောင်မျိုးနွယ်ကွင်းထဲသို့ ရောက်လာခဲ့ပြီး ဒီနေ့ကတော့ လန်ယုလန် နဲ့ မင်းသား ဆောင်နန်မင်း တို့ရဲ့ ပြိုင်ပွဲနေ့ပါပဲ ။ တစ်ယောက်ကလဲ မင်းသားတစ်ပါး ဖြစ်သလို တစ်ယောက်ကလည်း စစ်သူကြီး သမီးပါ ။ ၂ ယောက်စလုံးရဲ့ သိုင်းစွမ်းရည်ဟာ အဆင့် ၇ ဖြစ်ကြပြီး အားလုံးသောပရိတ်သတ်များဟာ ဒီပွဲကိုအားပေးရန် စောင့်နေကြပါတော့တယ် . . . ။
Chapter – 53
#ကြောက်မက်ဖွယ်လက်နက်ပုန်း
စင်မြင့်ပေါ်မှာတော့ ရုပ်ရည်ချောမောလှသော လူငယ်တစ်ယောက်ဟာ ရွှေရောင်ဝတ်ရုံ ဝတ်လျက် မတ်တပ်ရပ်နေပါတယ် ။ တဖက်မှာတော့ ရင့်ကျက်ပုံရှိတယ့် မိန်းကလေး တစ်ယောက်ဟာ အမည်းရောင်ဝတ်ရုံကို ဝတ်ကာ သူမ၏ ချစ်စဖွယ်ပုံစံကို ထုတ်ဖော်ပြ သလျက် ရပ်နေပါတော့တယ် ။ သူမဟာ ငယ်ရွယ်သော ကောင်မလေးတစ်ယောက် ဖြစ်သော်လည်း လှပပြီး ကျက်သရေရှိလှပါတယ် ။ ဒါတင်မက သူမ၏ အဖြူရောင်ဆံပင်များ ဟာလည်း တမျိုးတမည် ဆွဲဆောင်မှု ရှိလှပါတော့တယ် ။
ချန်ရှန်ဟာ ကြည့်နေရင်း တစ်ခုခုခံစားလာရပါတယ် ။ မင်းသား၏ မျက်လုံးထဲမှာ တစ်ခုခု ဖုံးကွယ်ထားတာကို မြင်နေရပြီး ဒီလူ ၂ ယောက်ကြားမှာ တစ်ခုခု အမုန်းတရားတော့ ရှိနေ တယ်ဆိုတာ ချန်ရှန် သိလိုက်ပါတယ် ။
“မင်းကြားမိလား ၊ ဒီမင်းသားက တခါတုန်းက လန်ယုလန်ကို ကမ်းလှမ်းချက်လုပ်ခဲ့တယ် ။ ဒါပေမယ့် သူမက ငြင်းလိုက်တယ်လေ ။ ဒါတင်မက မင်းသားက ထိကပါးရိကပါးလုပ်တာကို သူမက ပါးရိုက်လိုက်တာ”
လူတစ်ယောက်က ပြောတာပါ ။
“ငါလည်း လန်ယုလန်က မင်းသား ပေါင်ကြားကို ကန်လိုက်တယ် ကြားတယ် ။ သူ မကြာခင်မှာ ဈေးကြီးတယ့် ဆေးတွေ ဝယ်ကုလိုက်ရလို့ ငွေစတော်တော်ကုန်သွားတယ် ကြားတယ်”
သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ရယ်မောလျက် ပြောဆိုပါတယ် ။
“ဟားးဟားးဟားး ၊ ဒါကတော့ တကယ်ကို ကြည့်ကောင်းတော့မှာဟေ့”
ချန်ရှန်ဟာ လန်ယုလန် ဒီမင်းသားကို ဒီလို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံနိုင်လောက်တယ့် သတ္တိ ရှိလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး ။ ပွဲစတာနဲ့ လန်ယုလန် လည်း အရိပ်မည်း အသွင် ပြောင်းကာ စင်ပေါ်မှာ လှည့်ပတ်လျက်ပါ ။ ဒီကောင်းမွန်လှတယ့် တိုက်ကွက်ဟာ သူမ၏ အကောင်းဆုံး အကွက်ပါပဲ ။ သူမဟာ အလွန်လျင်မြန်သော အရှိန်နဲ့ စင်ပေါ်မှာ ပတ်နေတာ ဖြစ်ပြီး ထိုသို့ပတ်နေရင်း အချိန်နှင့်အမျှ မင်းသားဆီသို့ ခြေကန်ချက်များ ကန်လျက်ပါ ။ ကန်ချက်တိုင်းမှာ သူဟာ အစွန်ကို ရောက်ရောက်သွားပြီး သူမ၏ တိုက်ခိုက်မှုများကို ပြန်လည် ခုခံတိုက်ခိုက်လျက်ရှိပါတယ် ။
မင်းသားရဲ့ စွမ်းအားဟာလည်း တော်တော်လေး ကောင်းမွန်ပါတယ် ။ ဒါပေမယ့်လည်း လန်ယုလန် နဲ့ ယှဉ်လျှင်တော့ နည်းနည်း နိမ့်ကျနေသလိုပါပဲ ။ နောက်ပြီး သူမမှာ မီးနဲ့ရေခဲ အတွင်းအား အစုံဟာလည်း ရှိနေပြီး ဒီ မီးနဲ့ရေခဲ ချီဓာတ်များပေါင်းစပ်ကာ ပြင်းထန်လှသော စွမ်းအားများကို ထုတ်လွှတ်နိုင်ပါသေးတယ် ။
မင်းသားဟာ သူမ၏ တိုက်ခိုက်မှုများကို ခုခံလျက် ပြန်လည် တိုက်ခိုက်နေသော်လည်း သူမ၏ ချီဓာတ်များကြောင့် ပူလိုက်အေးလိုက်ဖြင့် ခံစားနေရပါတယ် ။ နောက်ပြီး သူဟာ လန်ယုလန်ကို ထိအောင်တောင် မတိုက်နိုင်ရှာပါဘူး ။ ကောင်မလေးရဲ့ လှုပ်ရှားမှုများဟာ အလွန်ကို လျင်မြန်သောကြောင့်ပါပဲ ။
“လန်ယုလန် သာ ဒီလိုကောင်းမွန်တဲ့ သိုင်းစွမ်းရည် မရှိရင် သူမဟာ ဒီလို မြန်မြန်သွားနိုင်တာ ကလွဲပြီး ဘာမှမလုပ်နိုင်မှာ အသေအချာပဲ”
စုမေးယို ပြောနေတာပါ ။
“သူမရဲ့ မီးနဲ့ ရေခဲ ချီဓာတ်ကြောင့် တချို့သော သိုင်းကျင့်စဉ် အနည်းငယ်သာ သူမနဲ့ သင့် တော်မယ် ။ နောက် သူမ တိုက်ပွဲမှာ ဒီလိုလုပ်နေတယ့်အတွက် ဘယ်လိုထိခိုက်မှုမျိုးနဲ့ မှ သူမကို ထိဖို့ မဖြစ်နိုင်ဘူး ။ ဒါကြောင့် ကာကွယ်ပြီးသားလဲ ဖြစ်တယ် ။ တော်တော် ဉာဏ် ကောင်းတာပဲ”
ချန်ရှန်ဟာ များစွာသော စစ်မှန်တဲ့ချီဓာတ်နဲ့ ပတ်သတ်တဲ့ ကျင့်စဉ်များကို လေ့ကျင့်ခဲ့ပြီး ချီဓာတ်ကို တစ်ခုထဲသာမက များစွာပေါင်းစပ်ပြီး တချိန်ထဲသုံးနိုင်ပါတယ် ။ လန်ယုလန်ဟာ ဒီလိုမလုပ်နိုင်ပဲ မီးနဲ့ရေခဲ ပေါင်းစပ်တယ့် ချီဓာတ်ကိုသာ အသုံးပြုနိုင်တာပါ ။ သိုင်းကျင့်စဉ် အများစုကိုလည်း ကျင့်လို့မရသောကြောင့် ဒါဟာ လန်ယုလန်အတွက် စိတ်မကောင်းစရာ ပါပဲ ။ သူမ၏ ချီဓာတ်များမှာ အလွန်ကြောက်စရာကောင်းသော်လည်း အဓိက စစ်မှန်တဲ့ ကျင့်စဉ်များနဲ့ သူမ၏ ပကတိ စွမ်းအားကို မပြသနိုင်ပဲ ဖြစ်နေရပါတော့တယ် ။
မင်းသားဟာ လန်ယုလန်ကို မထိနိုင်သေးသောကြောင့် စိတ်ကသိကအောင့် ဖြစ်နေပုံပါပဲ ။ ဒီလိုသာ ဆက်သွားနေပါက သူရှုံ းတော့မယ်ဆိုတာ ရိပ်မိပုံပါပဲ ။
ဒီအချိန်မှာပဲ ဖျော့တော့တော့ အလင်းတန်းလေးတစ်ခု ရုတ်တရက် လှုပ်ရှားသွားတာကို ချန်ရှန် မြင်လိုက်ရပါတယ် ။ သူ၏ အမြင်အားဟာ အရမ်းကို ကောင်းမွန်သောကြောင့် စင်ပေါ် မှာ ပုရွတ်ဆိတ်လေး ဖြတ်ပြေးသွားတာတောင် မြင်နိုင်တာပါ ။ ချန်ရှန်မြင်လိုက်တယ့် အရာကတော့ မင်းသား၏ အင်္ကျ ီလက်ထဲမှ အပ်လေးများ ထိုးထောင်ထွက်နေတာကိုပါပဲ ။
“ရေခဲအပ်တွေပါလားးးးး”
ချန်ရှန် မင်းသားကို အသံတိတ် ကျိန်ဆဲလိုက်ပါတယ် ။ မကြာခင်မှာပဲ လန်ယုလန်ရဲ့ ကြောက်မက်ဖွယ် အော်သံကို ကြားလိုက်ရပါတယ် ။ ချန်ရှန်လည်း သူမ ဗိုက်ကိုဖိလျက် မင်းသားအား ဝါးစားမတတ် ဒေါသတကြီး စိုက်ကြည့်နေတာကို မြင်လိုက်ပါတယ် ။
မင်းသားကတော့ ပြုံးလျက် လန်ယုလန်ထံသို့ တလှမ်းချင်း လှမ်းသွားပါတယ် ။ ထို့နောက် လန်ယုလန်၏ ဝမ်းဗိုက်အား အားပြင်းစွာ ကန်လိုက်ပြီး ဒီပြင်းထန်လှသည့် ကန်ချက်ဟာ သူမ၏ ကိုယ်ကို ထိသွားပါတော့တယ် ။
လန်ယုလန်လည်း စူးစူးဝါးဝါးအော်လျက် စင်ပေါ်မှ လွင့်ထွက်သွားပြီး ပရိတ်သတ်များအံ့အား သင့်သွားစေတာကတော့ သူမဟာ လွင့်ကျသွားမှုကို သူမကိုယ်တိုင် ရပ်ပစ်လိုက်နိုင်တာကိုပါပဲ ။ သူမ၏ ဗိုက်ကိုတော့ လက်ဖြင့်အုပ်ထားပြီး သွေးတွေဟာ ထွက်ကျနေပါတော့တယ် ။
“ရှင်ဟာ တော်တော် အကျင့်မကောင်းတဲ့လူပဲ”
လန်ယုလန် သူမ၏ နှုတ်ခမ်းများ ပြတ်လုမတတ် ကိုက်ရင်းဒေါသများအပြည့်ဖြင့် စင်ပေါ်ရှိ မင်းသားအား အော်လိုက်ပါတယ် ။
“မင်းအဆင့်က ဒီလောက်ပါပဲ ။ ဒါတောင် ငါ့ကို အကျင့်မကောင်းဘူး ပြောဝံ့တယ်ပေါ့”
ဆောင်နန်မင်း လှောင်လိုက်ပါတယ် ။
လန်ယုလန် တစ်ယောက် မလှုပ်နိုင်သလိုဖြစ်နေပါပြီ ။ ဒါဟာ ရေခဲအပ်ကြောင့်ပါပဲ ။ ချန်ရှန် လည်း ကောင်မလေးဘေးရောက်သွားကာ ဆေးမှုန့်အချို့နဲ့ အဆိပ်ဖြေဆေးတစ်ခုကို ထုတ် ပြီး အလောတကြီးလေသံဖြင့် ပြောလိုက်ပါတယ် ။
“သတိထား ၊ ဒီရေခဲအပ်တွေဟာ အဆိပ်ပါတယ်”
လန်ယုလုန် ချန်ရှန်လက်ထဲကအရာများကို ကြည့်ပြီး အံ့အားသင့်နေပါတယ် ။ ထို့နောက် လေသံတီးတိုးဖြင့် -
“ကျေးဇူးပါပဲ”
“စိတ်မပူပါနဲ့ ၊ ငါသူလုပ်ခဲ့သလို ပြန်ပေးဆပ်ရအောင် လုပ်ပေးမှာပါ”
ချန်ရှန်ဟာ အနည်းငယ် ပြုံးပြပြီး သူမကို ပြောလိုက်ပါတယ် ။ လန်ယုလန်လည်း သက်ပြင်း ချပြီး -
“ကျွန်မရဲ့ သိုင်းပညာဂိုဏ်းထဲ ဝင်ချင်တယ့် မျှော်လင့်ချက်တော့ ရေစုန်မျောပါပြီ ။ ကျွန်မကို ဒီဆေးတွေပေးတဲ့အတွက် ချန်သခင်လေးကို ကျေးဇူးတင်ပါတယ်”
ချန်ရှန်ဟာ လန်ယုလန် ဂိုဏ်းထဲဝင်ပြီးပညာသင်ချင်တာကို နားလည်ပါတယ် ။ ခုတော့ သူမ၏ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးရပြီပေ့ါ ။
“ကောင်လေး ၊ သူမကို ဆေးဖက်ဝင်သတ္တုသစ်သီးပေးပြီး သိုင်းပညာဂိုဏ်းထဲ ဝင်ခွင့်ရအောင် လုပ်ပေးလိုက် ။ သူမမှာ ရှားပါးတဲ့ မီးနဲ့ရေခဲ အတွင်းအားတွေ ရှိတယ် ။ ဒီ ဂိုဏ်းတွေကလည်း သူမကို လက်ခံမှာပါ”
စုမေးယိုက ပြောပါတယ် ။ ချန်ရှန် ဟာ ဒေါသတွေပြည့်နေတယ့် လန်ယုလန် မျက်နာကို ကြည့်ရင်း ဒီလိုကြားလိုက်ရသောကြောင့် အံ့သြသွားပါတယ် ။
“တကယ်လို့ ဒီဂိုဏ်းတွေက သူမကို လက်မခံရင် ခုနက ဆေးဖက်ဝင်သတ္တုသစ်သီးကို ပေးပြီ စဉ်းစားပေးလို့ ပြောခိုင်းလိုက်ပါ။”
ဒါကတော့ ဘိုင်ယုယု ပြောခြင်းဖြစ်ပြီး လန်ယုလန်ဟာ အလားအလာကောင်းရှိသူ တစ် ယောက်ဆိုတာ သူတို့သိကြပါတယ် ။ သူမကို အနာဂတ်မှာ ကြီးမားတဲ့ အောင်မြင်မှုများ ရရှိ စေခြင်ကြတာပါ ။ ချန်ရှန်က လေသံတီးတိုးဖြင့် -
“မိန်းကလေး လန် ၊ ဒီအဆိပ်က ရေခဲအပ်ထဲက လာတာဖြစ်ပြီး အရမ်း စိုးရိမ်ရတယ် ။ ငါ့ရဲ့ ဆေးဘုရင်ခန်းမကို လိုက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုက်ခဲ့နိုင်မလား”
ဆောင်နန်မင်း ဟာ စင်မြင့်ပေါ်မှ ချန်ရှန်နဲ့ ကောင်မလေးတို့ စကားပြောနေတာကို မြင်ပြီး အံကြိတ်လျက် ရှိနေပါတယ် ။ ဆောင်နန်မင်းဟာ ချန်ရှန် ဘာပြောနေလဲဆိုတာ မကြားပါဘူး ဒါပေမယ့် သူတို့ ၂ ယောက် ဒီလို အပြန်အလှန် ပြောဆိုနေတာကို ကြည့်မရဖြစ်နေပါတော့ တယ် ။
ချန်ရှန် နဲ့ လန်ယုလန် တို့ အဆင်ပြေပြေစကားပြောဆိုနေကြဖြစ်ပြီး တစ်ယောက်ဟာ ပါရမီ ရှင် လူငယ် တစ်ယောက်ဖြစ်လျက် နောက်တစ်ယောက်ကတော့ အဆင့် ၇ သိုင်းပညာရှင် အလှပဂေးလေးပါ ။ လန်ယုလန် ခေါင်းညိမ့်လျက် ချန်ရှန်နဲ့ လိုက်လာပါတော့တယ် ။ သူမ ဟာ အပ်ထဲမှာ ပါဝင်တဲ့ အဆိပ်ကြောင့် သေနိုင်ပါတယ် ။ ဒါကြောင့် တော်တော် စိုးရိမ်နေတာပါ ။
ဆေးဘုရင်ခန်းမ၏ တတိယ အထပ်မှာတော့ မန်ဘို၏ မျက်နာဟာ ဒေါသများပြည့်လျက် ပြော ဆိုနေပါတယ် ။
“ကောင်းလိုက်တယ့် ကြောက်စရာ အဆိပ်ပဲ ၊ ဒါဟာ လူတစ်ယောက်ရဲ့ကိုယ်ထဲမှာ အချိန်အ ကြာကြီး ပျောက်နေနိုင်တယ် ။ ဒီအဆိပ်ရဲ့အဓိကအာနိသင်က ကိုယ်ထဲမှာ လပေါင်းများစွာ ကနေ နှစ်ချီပြီး ကျန်နေနိုင်တာပဲဖြစ်တယ်”
“ကောင်မလေး ၊ သိပ်လည်း မစိုးရိမ်ပါနဲ့ ၊ ဒီအဆိပ်ဟာ အစွမ်းထက်လှပေမယ့် ဒီအဆိပ် ကို တွေ့ရင် ဖယ်ရှားဖို့လည်း လွယ်သွားပါပြီ”
မန်ဘို ဆေးတစ်ခုအား ထုတ်လိုက်ပြီး -
“ဒါဟာ အဆင့်မြင့် အမျိုးအစား ဆေးပဲ ၊ ဗဟိုချက်သန့်စင်ခြင်း ဆိုတယ့် ဆေးပဲ ။ ဒီဆေးက ခုနက အဆိပ်ကို ဖြေပေးလိမ့်မယ်”
လန်ယုလန်ဟာ မင်းသားမှ ဒီလို ရက်စက်ယုတ်မာလှတယ့် နည်းလမ်းကို သုံးသွားတယ် ဆိုတာ သိတယ့်အခါမှာ သူမမျက်နာမှာ အမုန်းတရားများဖြင့် ပြည့်နေပါတော့တယ် ။ သူမ ဟာ မန်ဘိုလက်ထဲမှ ဆေးကိုကြည့်ပြီး လေသံတိုးတိုးလေးဖြင့် မေးလိုက်ပါတယ် ။
“ငွေစ ဘယ်လောက်လဲဟင်”
“သောက်လိုက်ပါ ။ ဘာမှပေးစရာ မလိုပါဘူး”
ချန်ရှန် လည်း ဆေးကိုယူပြီး သူမလက်ထဲသို့ ထည့်ပေးလိုက်ပါတယ် ။ မန်ဘိုလည်း အလိုက် တသိနဲ့ ထွက်ခဲ့ပါတော့တယ် ။ လန်ယုလန်၏ မျက်လုံးများထဲမှာ စိတ်ရှုပ်ထွေးမှုများ မြင်နေ ရပြီး သူမဟာ ချန်ရှန်ကို ကြည့်ကာ -
“ရှင်ဘာကြောင့် ကျွန်မကို ကူညီတာလဲ”
သူမဟာ ထိုသို့မေးလိုက်ပြီး ချန်ရှန် သူမ၏ အလှကြောင့် ကူညီနေတာဖြစ်မယ်လို့ ခန့်မှန်း လိုက်ပါတယ် ။ ဒါပေမယ့် ချန်ရှန်တွင် သတို့သမီလောင်း ရှိသည်လို့ သူမကြားဖူးပါတယ် ။ ထိုကောင်မလေးဟာ ယခုကဲ့သို့ သိုင်းပြိုင်ပွဲ ဝင်ရန် အဝေးရောက်နေပြီး သူမဟာ အလွန် ပါရမီရှိပြီး အရမ်းလှတယ်ဆိုတာကို ကြားဖူးနေပါတော့တ.ယ် ။ ချန်ရှန် ရယ်မောလျက် ပြန် ဖြေ လိုက်ပါတယ် ။
“ရည်ရွယ်ချက် ကြီးကြီးမားမားတော့ မရှိပါဘူး ။ ငါ ကမိတ်ဆွေတွေ ဖြစ်ချင်လို့ပါ ။”
လန်ယုလန်လည်း ဆေးကို သောက်လိုက်ပြီးနောက် ချန်ရှန်အား ပြုံးပြလိုက်ပါတယ် ။ ဒါဟာ ပန်းလေးတစ်ပွင့် ဖူးပွင့်လာသလိုပါပဲ ။ ချန်ရှန်လည်း စိုက်ကြည့်နေမိပါတယ် ။
“ကျွန်မ ဒီလို ပါရမီရှင် တစ်ယောက်နဲ့ မိတ်ဆွေဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့မိဘူး ။ ရှင်နဲ့ သူငယ်ချင်း ဖြစ်ခွင့်ရတာ ဝမ်းသာပါတယ်”
လန်ယုလန် ၏ အခြေအနေဟာ ကောင်းမွန်လာပုံပါပဲ ။ သူမကပင် ဆက်လက်ပြီး -
“ကျေးဇူးအများကြီး တင်ပါတယ် သခင်လေးချန်”
ချန်ရှန် ခေါင်းခါယမ်းကာ ပြန်ပြောလိုက်ပါတယ် ။
“မလိုပါဘူးဆိုမှ ၊ ဒါနဲ့ ဒီမှာ ဆေးဖက်ဝင်သတ္တုသစ်သီး ၊ ယူသွားပါဦး”
လန်ယုလန်ဟာ ဆေးပညာမှာ အကျွမ်းတဝင်မရှိပေမယ့်လည်း ဒီအသီးအကြောင်းကိုတော့ သူမ အမြဲတမ်း ကြားဖူးနေပါတယ် ။ နောက်ပြီး အဆိုပါအသီးဟာ ဒီဆေးဆိုင်မှ ဆေးဆရာ စုဆောင်းတုန်းက အဖိုးအခအဖြစ် ပေးဖို့ကြော်ငြာခဲ့တယ်ဆိုတာ သိထားပါတယ် ။ ဒါပေမယ့် ချန်ရှန်သူမအား ဒီလိုအသီးတစ်လုံးပေးမယ်လို့တော့ ဘယ်တော့မှ မတွေးခဲ့မိသောကြောင့် အံ့အားသင့်လျက် ရှိနေပါတော့တယ် . . . ။
Chapter – 54
#ညီမ
“ဘာလို့လဲ မမေးပါနဲ့တော့ ၊ ယူသွားပြီး သိုင်းပညာဂိုဏ်းတစ်ခုခုဆီသာ သွားပါ ။ တကယ်လို့ သူတို့က လက်မခံရင် ဒီအသီးကို ပေးပြီး ဆုံးဖြတ်ခိုင်းလိုက်ပါ ။ ဒီလိုနည်းနဲ့ မင်း ဒီဂိုဏ်းထဲ ဝင်နိုင်ပါလိမ့်မယ် ။ နောက်ပြီး သူတို့ စစ်ဆေးမယ့် စစ်ဆေးမှုတွေကိုလည်း မင်းအောင်မြင် နိုင်လိ့မ်မယ်လို့ ငါမျှော်လင့်ပါတယ်”
ချန်ရှန် လမ်းညွှန်လိုက်ပါတယ် ။ လန်ယုလန်တစ်ယောက် ရှော့ရလို့နေပါပြီ ။ သူမအတွက် တော့ ချန်ရှန် ဒီလိုနည်းလမ်းနဲ့ သူမကို ကူညီတယ်ဆိုတာ လုံး၀ မယုံနိုင်စရာပါပဲ ။
“ယုလန် ၊ မင်းအဖေ စစ်သူကြီး လန် ဟာ လွန်ခဲ့တယ့် နှစ်အနည်းငယ်က တိုက်ပွဲတစ်ခုမှာ အသက်ခံလိုက်ရတယ် ။ ဒီနှစ်တွေမှာ မင်းအတွက်ခက်ခဲခဲ့ပြီး ငါတို့ သွေးသောက် မောင်နှမ လုပ်ကြမယ်ဆို ဘယ်လိုလဲ ။ ငါလဲ သိုင်းပညာအစစ်အမှန် ဂိုဏ်းတစ်ခုထဲ ဝင်ပြီးရင် မင်းကို စောင့်ရှောက်မှာပါ”
ချန်ရှန် လန်ယုလန်၏ ဘ၀ ဖြတ်သန်းပုံကို သတိရပြီးနောက်မှာ စိတ်မကောင်းဖြစ်သွားပြီး သူမ၏ အကူအညီမဲ့နေပုံကြောင့် တော်တော် သနားမိနေပါတယ် ။လန်ယုလန် ဟာလည်း မျိုးစေ့ကောင်းတစ်ခုဖြစ်ပါတယ် ။ လန်ယုလန်တစ်ယောက် သူမ၏ နှုတ်ခမ်းများကို ကိုက်ကာ မျက်လုံးများမှာ စိုစွတ်လာပါတော့တယ် ။ ထို့နောက် ချန်ရှန်အား ပြုံးပြီးကြည့်ကာ
“ညီမတော်မှ အကိုတော်အား နှုတ်ခွန်းဆက်ပါတယ်”
ချန်ရှန် ရယ်မောကာ ဖြင့် -
“ယုလန် မင်းမှာ ရေခဲနဲ့မီး အတွင်းအားတွေ ရှိတယ် ။ မင်းဂိုဏ်းထဲ ဝင်ပြီးရင် မင်းရဲ့စွမ်းအား ဟာ သတ်မှတ်လို့တောင် ရမှာမဟုတ်ဘူး ။ ငါလည်းမင်းကို တတ်နိုင်သလောက် ကူညီမှာပါ”
ဒီမတိုင်ခင်က လန်ယုလန်ဟာ ချန်ရှန်နဲ့ ပတ်သက်ပြီး အနည်းငယ် စိုးရိမ်နေတာပါ ။ ခုတော့ သူမ၏ သံသယများဟာ မီးခိုးငွေ့များလို ပျောက်ကွယ်သွားရပါပြီ ။ သူမဟာ ယခုတော့ ချန်ရှန်၏ စိတ်သဘောထားကို သိသွားပါတယ် ။ ချန်ရှန်ဟာ သူသာ ဆန္ဒရှိပါက မည်သည့် မိန်းကလေးမဆို ရယူနိုင်မှာပါ ။ ဒါပေမယ့် သိက္ခာရှိသော ယောကျာ်းတစ်ယောက် ဖြစ်တယ် ဆိုတာကို လန်ယုလန်တစ်ယောက် ကောင်းကောင်း သဘောပေါက်သွားပါတယ် ။
ချန်ရှန်နဲ့ လန်ယုလန်ဟာ ခုမှ ဆုံတွေ့ကြတာဖြစ်ပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရရှိကာ အရင်ထဲက သိကျွမ်းကြတယ့် လူတွေလို တရင်းတနီး ရှိလှပါတယ် ။ လန်ယုလန်အတွက် ချန်ရှန်ဟာ သူမအဖေပြီးနောက် သူမအား ပထမဆုံး ဂရုတစိုက်ရှိတယ့် လူပါပဲ ။ ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာတင် သူမဟာ များစွာ အကူအညီရခဲ့ပါတယ် ။ ဒါကြောင့် ချန်ရှန်၏ ညီမဖြစ်ရတာကို ပျော်ရွှင်နေပါတော့တယ် ။ ဒီမတိုင်ခင်တည်းက ချန်ရှန်၏ စွမ်းရည်များကြောင့် လေးစားရင်းစွဲ ရှိခဲ့တာပါ ။
“အကိုတော် ၊ ဒီနေ့ အကိုတော်ရဲ့ ကြင်နာမှုကို ညီမတော် အမြဲတမ်း အမှတ်ရနေမှာပါ ။ ညီမတော် သွားတော့မယ် ။ ခုသက်သာနေပြီလည်း ဖြစ်တယ့်အတွက် အချိန်ထပ်မဆွဲချင် တော့ဘူး ။ ဒီလူမဆန်တဲ့ ဟိုမင်းသားကို တစ်သက်မမေ့နိုင်စရာ သင်ခန်းစာပေးရမယ် ဆိုတာ အကိုတော် မမေ့ပါနဲ့”
လန်ယုလန် ပြုံးပြီး ပြောလိုက်ပါတယ် ။
“ယုလန် ၊ ဆက်လုပ်ပါ ။ လမ်းတစ်လျှောက်လည်း ဂရုစိုက်ပါဦး”
ချန်ရှန်လည်း ထွက်သွားကာ သေးငယ်သော ကျောက်စိမ်းပုလင်းလေးတစ်ခုကို ထုတ်လိုက် ပါတယ် ။ အထဲမှာတော့ များစွာသော ဆေးကောင်းများရှိတာဖြစ်ပြီး လန်ယုလန်ကို ပေးမလို့ ပါ ။
လန်ယုလန်၏ အဖေဟာ လွန်ခဲ့သော ၃ နှစ်က စစ်ပွဲမှာ သေခဲ့တာဖြစ်ပြီး အဲနောက်ပိုင်းမှာ တော့ သူမဟာ တစ်ကိုယ်တည်း ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရတာပါ ။ တစ်ယောက်တည်း စွမ်းအားများ တိုးသထက်တိုးလာအောင်သာ လေ့ကျင့်ရင် စွမ်းအားပြည့် ဝတယ့် မိန်းကလေး တစ်ယောက် ဖြစ်လာပါတော့တယ် ။
လန်ယုလန်၏ မျက်လုံးများ ထပ်မံ စိုစွတ်လာပါတယ် ။ သူမဟာ ခေါင်းငုံ့လျက် ပြောပါတယ်။
“ယုလန်ရဲ့ အရိုအသေပေးမှုကို လက်ခံပေးပါအကိုတော်”
ချန်ရှန် ချက်ချင်းပဲ သူမကို ထွေးပွေ့ကာဖြင့် ရယ်မောရင်း ပြောလိုက်ပါတယ် ။
“ညီမတော် ၊ ဒီလိုမလုပ်ပါနဲ့ ၊ မင်းသိုင်းပညာဂိုဏ်းကို သွားတယ့် လမ်းတလျှောက်မှာသာ ဂရုစိုက်ပါ”
“ညီမတော် ပိုပြီး ဒီထက်ကြံ့ခိုင်လာမှာပါ ။ အကိုတော် ၊ ညီမတော်ကို လိုက်ရှာဖို့ မမေ့ပါနဲ့”
လန်ယုလန် မျက်ရည်များကိုသုတ်လျက် ရင်ထဲ ပြောမပြတတ်အောင် ခံစားနေရပါတယ် ။
“သေချာတာပေါ့ ။ ငါသေချာပေါက် လာမှာပါ”
ချန်ရှန် သူမ၏ ဆံပင်အဖြူရောင်များကို ကိုင်လျက် ပြောလိုက်ပါတယ် ။
“အကိုတော် ၊ ညီမတော် မသွားသေးပဲ နေရမလား ၊ အကိုတော်နဲ့ ယောင်မျိုးနွယ်တို့ကြားက ရန်ငြိုးကို သိပါတယ် ။ ညီမတော်ဟာ အကူအညီဖြစ်နိုင်တယ်လေ”
လန်ယုလန် သူမ၏ အေးစက်စက် ပုံစံ ပြန်ဖြစ်သွားပြီး ကြံ့ခိုင်မှုအပြည့်ပုံစံပါပဲ ။ ချန်ရှန်ကို ကြည့်နေပုံကတော့ နူးညံ့လျက်ပါပဲ ။ ချန်ရှန် ခေါင်းခါယမ်ပြီး ပြောလိုက်ပါတယ် ။
“မလိုပါဘူး ။ ငါတို့ ချန်မျိုးနွဝ် ဒါကို အေးဆေး ရင်ဆိုင်နိုင်တယ် ။ မင်းကျန်းမာရေးက ပိုအရေး ကြီးပါတယ်”
လန်ယုလန် သူမ၏ နှုတ်ခမ်းများကို ကိုက်ကာ ပြောပြန်ပါတယ် ။
“အကိုတော် နောင်ကျရင် ညီမတော် အကိုတော်ဘက်က မားမားမတ်မတ်ရပ်တည်ပြီး တိုက်ခိုက်မှာပါ”
ချန်ရှန် သူမ၏ အဖြေကြောင့် အရမ်းကျေနပ်သွားပြီး ခေါင်းညိ့်မ်လျက် ပြန်မေးလိုက်ပါတယ် ။
“မင်းမှာ နည်းလမ်းရှိလို့လား”
“ရှိတယ် ။ ညီမတော်အရင်က အားလုံးသော ဂိုဏ်းတွေရဲ့ အချက်အလက်တွေကို စုဆောင်းခဲ့ဖူးတယ် ။ လမ်းကြောင်းက အန္တရာယ်များပေမယ့် ညီမတော် ကောင်းကောင်း ထိန်းချုပ်နိုင်ပါတယ် ။ ဒီအတွက် မစိုးရိမ်ပါနဲ့”
လန်ယုလန် ပြန်ပြောတာပါ ။
ထို့နောက် ချန်ရှန်ဟာ လန်ယုလန် နဲ့အတူ မြို့ပြင်ကို ထွက်လာပါတယ် ။ ဒီနောက်မှာတော့ သူမ မြင်းတစ်ကောင်စီးကာ ထွက်သွားသည်ကို ထိုင်ကြည့်ရင်း . . .
နေ့လည်မှာတော့ ချန်ရှန် ပြန်ရောက်ရှိခဲ့ပါပြီ ။ ဒါပေမယ့် သူ ပြိုင်ပွဲကို ရောက်တဲ့အခါ သူ၏ ပြိုင်ဖက်ဟာ မရှိပဲ ရှောင်နေတာကို ကြုံလိုက်ရတယ် ။ နည်းနည်းတော့ ဆန်းကြယ်သလို ပါပဲ ။
ချန်ရှန်ရဲ့ စွမ်းအားကို ပြသပြီး ဒါတင်မက ယောင်ချွန်ကို သွေးသံရဲရဲဖြင့် သတ်လိုက်ခြင်းပြီး တယ့်နောက်မှာတော့လူတိုင်းဟာ ချန်ရှန်ရဲ့ စွမ်းအားကို ကြောက်ရွံ့ နေကြပါပြီ ။
ဗိုလ်လုပွဲ မှာတော့ ချန်ရှန်ဟာ သူရဖူဆောင်းမင်းသားဖြစ်တယ့် ဆောင်နန်မင်းနဲ့ ဆုံရမှာ ဖြစ်ပြီး ပရိတ်သတ်အားလုံးဟာ အရမ်းကို ကြည့်ချင်နေကြပါတော့တယ် ။ လူအများအမြင်မှာ မင်းသားရဲ့ စွမ်းအားဟာ ကြောက်မက်ဖွယ် ကောင်းနေပါတယ် ။ အဘယ်ကြောင့်ဆိုသော် လန်ယုလန်ကို အနိုင်ယူခဲ့သော အတွက်ကြောင့်ပါပဲ ။ ဒါတင်မက တောင်ပိုင်းအင်ပါယာ၏ မင်းသားတစ်ပါဖြစ်ပြီး များစွာသော အဆက်အသွယ်များရှိကာ စွမ်းအားကြီးမားတယ့် ကျင့်စဉ်များကို သင်ယူနိုင်နေလို့ပါပဲ ။
ဒါပေမယ့် ချန်ရှန်ဟာ ထိုမင်းသား၏ စွမ်းရည်ဟာ လန်ယုလန် ထက်ပင် နိမ့်တယ်ဆိုတာ သိနေပါတယ် ။ ဒါဟာ ညစ်ပတ်သည့် နည်းလမ်းကြောင့်သာ မင်းသား အနိုင်ရရှိသွားတာပါ ။ ချန်ရှန်ဟာ မင်းသား ဒီလို ရေခဲအပ်ဖြင့် ယုတ်မာသောနည်းလမ်းသုံးမည်ဆိုပါက သူလုံးဝမ ညှာဘူးလို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။
ဆေးဘုရင်ခန်းမဟာ ဖွင့်တာ ရက်အနည်းငယ် ကြာပါပြီ ။ အရမ်းအောင်မြင်ပြီး ယောင်မျိုး နွယ်ရဲ့ စီးပွားရေးဈေးကွက်ကို ခိုးယူလိုက်သလိုပါပဲ ။ ချန်ရှန်ဟာ ချန်မျိုးနွယ်ဟောင်းတစ်ဦး ဖြစ်တယ့် ချန်ဖုယွန်နဲ့ ပတ်သက်ပြီး အနည်းငယ် စိုးရိမ်နေပါတယ် ။ ထိုလူ ဘာလှုပ်ရှားမှုမှ မလုပ်သေးတာတောင် ချန်ရှန်ဟာ ယောင်မျိုးနွယ်ဝင် မျိုးဆက်သစ်တစ်ယောက်ကို မနေ့ကပဲ သတ်လိုက်တာပါ ။ ချန်ဖုယွန်၏ ပထမလုပ်ရပ်အရ သူဟာ ဆိုင်ကိုလာပြီး ဒုက္ခ ပေးဦးမည်လို့ ထင်နေပါတယ် ။ ချန်ရှန်၏ အဖေထံမှ များစွာသော ချန်မျိုးနွယ်ရဲ့ ပညာရှင်များ ဘုရင့်မြို့တော်သို့ လာနေတယ်ဆိုတာကို လျို့ဝှက်စာ ရရှိခဲ့ပါတယ် ။ နောက်ပြီး ဒီလိုလာနေ တာကို လျို့ဝှက်ထားတာပါ ။
ညကား နက်သထက်နက်နေပေမယ့် ချန်ရှန်ဟာ သူ၏ ကိုယ်ပိုင်အခန်းထဲတွင် လေ့ကျင့် လျက် ရှိနေပါတယ် ။ ဒီအချိန်မှာပဲ သူဟာ ရုတ်တရက် များစွာသော အဆင့် ၈ ပညာရှင်များ ဆေးဘုရင်ခန်းမနားမှာ ရှိနေတယ်လို့ အာရုံခံ အနံ့ရလိုက်ပါတယ် ။ သူလည်း လျင်မြန်စွာ အနံ့ခံမိရာဆီသို့ သွားလိုက်ပါတော့တယ် ။
“အဖေ”
ချန်ရှန် ဟာ လူအုပ်ကြီးကို ကြည့်လျက် အံ့အားသင့်နေပါတယ် ။ အုပ်စုထဲမှာတော့ သက်လတ်ပိုင်းအရွယ် ၂ ယောက်ပါပြီး ကျန် ၃ ယောက်ကတော့ အသက်ကြီးပုံပါပဲ ။
“ဦးလေး ရိဟန် ၊ ဦးလေး ဟွာဟိုင်း ၊ ပထမဦးရီးတော် ၊ ဒုတိယဦးရီးတော် နဲ့ တတိယ ဦးရီးတော် တို့ပါလား”
ချန်ရှန် အံ့အားသင့်နေပါပြီ ။ ချက်ချင်းပဲ အကြီးအကဲများကို အရိုအသေပေးလိုက်ပါတယ် ။ ချန်ဟွာဟိုင်း နှင့် ချန်ရိဟန် နဲ့ကျန် ၃ ယောက်ဟာ အဆင့် ၇ ပညာရှင်များဖြစ်ပြီး ယခုတော့ အဆင့် ၈ ကို ဝင်ရောက်နေကြပါပြီ။
“အနံ့ခံကောင်းတယ့် ကောင်လေး ၊ မင်းငါ့ရဲ့ နှစ်တစ်ထောင်မြက်ကို ကောင်းကောင်း အသုံး ချခဲ့ပုံပဲ”
ချန်ဟွာဟိုင်း ရယ်မောကာ ပြောဆိုပါတယ် ။ သူဟာ သူ့ရဲ့ တန်ဖိုးကြီး ဆေးပင်ကို ဆုံးရှုံး လိုက်ရတယ့်အတွက် နှမြောမိပေမယ့် ယခုတော့ ဒီလိုအရှိန်အဟုန်နဲ့ တိုးတက်နေတယ့် ဆေးဘုရင်ခန်းမကို မြင်တယ့်အခါ အံ့အားသင့် ကျေနပ်လို့နေပါတယ် ။
ချန်ရိဟန်မှလည်း ပြုံးကာ ပြောပြန်ပါတယ် ။
“မင်းဒီလို အချိန်တိုလေးအတွင်းမှာ ဆေးဆိုင်တစ်ခု တည်ထောင်နိုင်လိမ့်မယ်လို့ ငါမထင်မိ ခဲ့ဘူး ။ ဒါတင်မကဘူး ဒီ ဆေးဘုရင်ရဲ့ ပုံရိပ်ဟာ ငါတို့ ချန်မျိုးနွယ် တောင်ပိုင်း အင်ပါယာမှာ အားအကြီးဆုံး မျိုးနွယ်တစ်ခုအဖြစ် ရေးဆွဲပေးမှာပဲ”
ကျန် ၃ ယောက်ကလည်း သူ့အား အမျိုးမျိုး ချီးမွမ်းခန်း ဖွင့်ကြပါတယ် ။ ဆံပင်မရှိသော လူကြီးမှ -
“ယောင်မျိုးနွယ်ဟာ ငါတို့ ချန်မျိုးနွယ်ကို ဘုရင့်မြို့ မဝင်နိုင်အောင် ပိတ်ထားတယ် ။ ဒီအထဲ မှာ ချန်ဖုယွန် လဲ ပါတယ်”
“ပထမ ဦးရီးတော်ပြောတာမှန်တယ် ။ ကံကောင်းစွာပဲ ငါတို့ ချန်မျိုးနွယ် က ဘိုးဘေး တစ်ယောက်နဲ့ အဆက်အသွယ်ရခဲ့တယ် ။ သူက ငါတို့ကို အဆင့် ၈ ယောက်အောင် တန်ဖိုးကြီးဆေးတွေ ပေးပြီး ကူညီပေးခဲ့တယ် ။ သူကလည်း ရှုပ်ရှုပ်ယှက်ယှက်တွေ မလုပ်ချင်တော့ ငါတို့ကို အိမ်တော်ကထွက်ခွာပြီး ချန်ဖုယွန်ကို ရှင်းပစ်ဖို့ ခွင့်ပြုခဲ့တယ်”
ဒုတိယဦးရီးတော်မှ သွေးဆာတယ့် ပုံစံဖြင့် ပြောပါတယ် ။ ချန်ရှန် မျက်မှောင်ကြုတ်ပြီး မေး လိုက်ပါတယ် ။
“ချန်ဖုယွန်က ဘယ်လောက်တောင် စွမ်းလို့ ချန်မျိုးနွယ်ဝင် ဘယ်နယောက်တောင် လာတာလဲ”
ချန်တျန်းဟူက အဖြေပြန်ပေးပါတယ် ။
“ငါတို့ တပည့်ရင်း ၃၀၀ ခေါ်ခဲ့တယ် ။ အားလုံးဟာ အဆင့် ၄ တွေ ချည်းပဲ ။ ငါတို့ လူကြီးတစ်ချို့လည်း အကူအညီပေးဖို့ ရောက်လာတာပဲ”
ချန်တျန်းဟူ ဟာ လည်း အဆင့် ၈ သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ယခုတော့ ချန်မျိုးနွယ်မှာ အဆင့် ၈ သိုင်းပညာရှင် ၆ ဦး ရှိနေပါပြီ ။ ချန်ရှန်ကိုပါ ထည့်ရေတွက်မည်ဆိုပါက ၇ ဦးဖြစ် မှာ ဖြစ်ပါတော့တယ် ။ တောင်ပိုင်းအင်ပါယာ သိုင်းလောကမှာတော့ ဒီလို အားအင်မျိုးဟာ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာပါပဲ ။
“ချန်ဖုယွန်ဟာ ခန့်မှန်းချက်အရ အဆင့် ၉ ရှိမယ်လို့ ထင်တယ် ။ ဒါကြောင့် ငါတို့ ၆ ယောက် ပေါင်းတောင် သူ့အားနဲ့ ညီတယ်ဆိုရုံပဲ ရှိဦးမှာ”
ပထမဦးရီးတော်က စိုးရိမ်သောလေသံဖြင့် ပြောဆိုပါတယ် ။ ချန်ရှန်လည်း အနည်းငယ် ပြုံး ပြီး -
“တကယ်လို့ ကျွန်တော်တို့ ချန်မျိုးနွယ်နဲ့ ယောင်မျိုးနွယ် စစ်ဖြစ်ရင် ဦးလေးတို့ ယောင်မျိုး နွယ်က လူတွေကိုသာ နိုင်အောင်ထိန်းထားကြပါ ။ ချန်ဖုယွန်ကို ကျွန်တော့ တာဝန်ထား”
ချန်တျန်းဟူ ရုတ်တရက်ထရပ်လိုက်ပြီး ကျန် လူများဟာလည်း မေးရိုးများ မြေကြီး ထိမ တတ်ဖြစ်နေကြပါတယ် ။
“ငါ့သား ၊ မင်းအဆင့် ၉ ရောက်နေပြီလား”
ချန်တျန်းဟူ မေးလိုက်ပါတယ် ။ အံ့သြမှုများကို သူ၏ မျက်နာမှာ အထင်းသားမြင်နိုင်ပါ တယ်။ ချန်ရှန် သူ၏ နှုတ်ခမ်းများကိုစေ့လျက် -
“ကျွန်တော် အခု အဆင့် ၈ ပဲရှိပါသေးတယ် ။ ဒါပေမယ့် ကျွန်တော် ချန်ဖုယွန်ကို အချိန်တစ်ခု ကြာအောင် ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ပါတယ် ။ ခု အဖေတို့ ဦးရီးတော်တို့ စွမ်းအားတွေနဲ့ ဆို ယောင်မျိုးနွယ်ကို ကောင်းကောင်းကြီး ဆုံးမနိုင်မှာပါ”
ချန်တျန်းဟူ သက်ပြင်းရှည်ကြီး ချလိုက်မိတယ် ။ တကယ်လို့ ချန်ရှန်သာ အဆင့် ၉ ကို ဒီအရွယ်နဲ့ ရောက်သွားမည်ဆိုပါက သူသာမက ကျန်လူများပါ ရေထဲခုန်ချ သေသင့်နေပါပြီ ။ အဆင့် ၈ ပဲ ရောက်နေတာကို ကျေးဇူးတင်ရမလိုပါ ။ ဘာပဲဖြစ်ဖြစ် သူတို့အားလုံး အံ့သြသွား ကြပါတယ် ။ သူတို့အားလုံး ချန်ရှန်၏ စွမ်းအားဟာ ပုံသေတွက်ထားလို့ မရဘူးဆိုတာ သိသွား ကြပါတယ် ။ ဒါတင်မက ချန်ရှန် အဆင့် ၅ ရှိတုန်းကတောင် အဆင့် ၇ ရှိသော ချန်ရိဟန်ကို ရှုံးနိမ့်စေခဲ့သောကြောင့် ဒီအချက်ကို သတိရသွားတယ့်အခါမှာတော့ သူ့အဖေသာမက ချန်မျိုးနွယ် အကြီးအကဲတို့အားလုံးဟာ တုန်လှုပ်သွားကြပါတယ် ။
ချန်တျန်းဟူ နဲ့ တခြားလူများ မကြာမီထွက်သွားကြမှာဖြစ်ပြီး သူတို့ဟာ မနက်ဖြန်မှာ လျို့ဝှက်စွာ လူ ၃၀၀ ကို ယောင်မျိုးနွယ်တို့ ကွင်းထဲသို့ ခေါ်သွားမှာပါ ။ အဲဒိအချိန်အတွင်းမှာ ချန်ရှန်ဟာ သူ့ကိုယ်သူ အကောင်းဆုံးဖြစ်အောင် ထိန်းညှိနေရမှာ ဖြစ်ပြီး မနက်ဖြန်မှာ ဖြစ် လာနိုင်မည့် အခြေအနေများကို စီမံခန့်ခွဲရမှာ ဖြစ်ပါတော့တယ် . . . ။
Chapter – 55
#နဂါးသိုင်းစွမ်းရည်
မနက်ခင်းမှာတော့ နေသာလျက်ရှိပြီး ဘုရင့်မြို့တော်ကြီးဟာ သက်ဝင်လှုပ်ရှားလာပါပြီ ။ လူတိုင်းဟာ ဒီနေ့ကတော့ သိုင်းပြိုင်ပွဲရဲ့ နောက်ဆုံးနေ့ဆိုတာ သိနေကြပြီးသားပါ ။ ဒါပေ မယ့်လည်း ဒီပွဲပြီးသွားရင်တောင် တစ်ပွဲတော့ ကျန်နေဦးမှာပါ ။ ဂိုဏ်းနောက်လိုက်တစ်ယောက်နဲ့ ထပ်မံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ် ။ ဒါကို အောင်မြင်မှသာ လျှင် ဒီပြိုင်ပွဲတစ်ခုလုံးရဲ့ အောင်နိုင်သူအဖြစ် သတ်မှတ်ကြမှာပါ ။
ဒီအကြောင်းကို ကြာပြီး ချန်ရှန် စိတ်ထဲ ကျိန်ဆဲမိပါတယ် ။ ဒါဟာ ချန်ဖုယွန် လက်ချက် ဖြစ်မယ်လို့ သူခန့်မှန်းမိတယ် ။ ချန်ဖုယွန်ဟာ ဘုရင့်မြို့တော်မှ နောက်လိုက်သစ်စုဆောင်းဖို့ ဆိုပြီး ပျောက်နေတာပါ ။ ဒါကြောင့် ချန်ရှန်ဟာ ပြိုင်ပွဲရဲ့ အနိုင်ရသူ မည်သူဖြစ်မလဲဆိုတာ မသေချာသလို ဖြစ်နေပါတယ် ။
“အေးဆေးနေပါ ။ ဒီပွဲမှာပါမယ့်လူဟာ အတွင်းစည်းက တပည့်ရင်းတော့ မဖြစ်နိုင်ဘူး သူတို့ မှာလည်း ဒီလောက် အချိန်ပိုမနေဘူး ။ ငါမှန်းရသလောက် အပြင်စည်းကစွမ်းအားရှိ နောက် လိုက်တပည့် တစ်ယောက် ဖြစ်မှာပဲ ။ အဆင့် ၈ ပတ်ဝန်းကျင်လောက် ဖြစ်မှာပါ”
စုမေးယိုက ပြောတာပါ ။ သူမနဲ့ဘိုင်ယုယုတို့ဟာ ဂိုဏ်းတွေရဲ့ လုပ်ငန်းစဉ်တွေကို နားလည်ကြသူတွေပါပဲ ။
“ကောင်းတာပေါ့ ၊ စိတ်ပျက်စရာကောင်တွေ မဟုတ်ဘူးလို့တော့ မျှော်လင့်မိတာပဲ”
ယောင်မျိုးနွယ်ရဲ့ ဝင်ပေါက်ကြီးမှာတော့ လူသောင်းကျော်ဟာ စုဝေးလျက် ရှိနေပါတယ် ။ ဒီနေ့ဟာ ပြိုင်ပွဲနောက်ဆုံးနေ့ ဖြစ်ပြီး ဒါ့အပြင် လူငယ် ၂ ယောက်ရဲ့ပြိုင်ပွဲဖြစ်ပြီး အရမ်းကို စွမ်းအားကြီးမားလှတယ့် လူငယ်တွေမို့ပါပဲ ။
လူအုပ်ကြားထဲမှာ ချန်တျန်းဟူ ၊ ချန်ဟွာဟိုင်း ၊ ချန်ရိဟန် နဲ့ တခြားလူများဟာ ပုန်းကွယ် လျက် ရောက်ရှိနေကြပါတယ် ။ သူတို့ တစ်ဦးချင်းဆီဟာ ချန်မျိုးနွယ်ဝင် ၅၀ ဆီကို ညွှန်ကြား ကြတာဖြစ်တယ် ။ ကိစ္စတစ်ခုခု ပေါ်လာတာနဲ့ သူတို့ဟာ တုံ့ပြန်ဖို့ အဆင်သင့်ပါပဲ ။
ချန်ရှန် စင်မြင့်ပေါ်ရောက်သောအခါ များစွာသော လူစုလူဝေးကြီးဟာ အော်ဟစ်အားပေးကြ ပါတယ် ။
“အံ့သြစရာကောင်းတယ် ၊ သူ တကယ်ကို လာဝံ့တာပဲ ၊ ပြိုင်ပွဲမှာနိုင်ရင် ယောင်မျိုးနွယ်က တော့ သူ့ကို အရေခွံဆုတ်ပစ်မယ် ပြောသံကြားတယ်”
လူကြီးတစ်ယောက်က အံ့သြတကြီး ပြောပါတယ် ။
“ယောင်လူကြီးမင်းနဲ့ ယောင်တျန်းဟွာတို့ ပျောက်သွားတာ သူ့စနက် မကင်းဘူးလို့ ပြောနေ ကြတယ် ။ ယောင်မျိုးနွယ်က သူ့ကို သံသယရှိနေတာ ခုတော့ ဘာဆက်ဖြစ်ကြမလဲ မသိဘူး ဟေ့”
နောက် သက်လတ်ပိုင်းရွယ် လူတစ်ယောက်က ပြောပြန်ပါတယ် ။
“ဒီအသက်အရွယ်လေးနဲ့ တော်တော် သတ္တိရှိတယ်ဟေ့ ၊ လွန်ခဲ့တဲ့ ၂ ရက်က ယောင်ချွန်ကို သတ်ပြီး ယောင်လူကြီးမင်းတွေနဲ့ ရင်ဆိုင်ခဲ့သေးတယ် ။ ချန်ရှန်ရဲ့စွမ်းအားကတော့ အလွန် ကြီးမားပြီး သူဟာ ကျောထောက်နောက်ခံတွေ ဘာတွေ မကြောက်ပဲ အရာရာ ရင်ဆိုင်ရဲတယ့် တကယ့်ကောင်ပဲ”
လူငယ်တစ်ယောက်ဟာ အားပါးတရ ပြောပါသေးတယ် ။
“ဒါပေါ့ ၊ ဒီလောကမှာ အားအင်ဟာ အားလုံးကို ပြောင်းပြန်လုပ်နိုင်တယ် ။ မင်းမှာသာ စွမ်းအား ရှိကြည့် မင်းအားလုံးရနိုင်မယ်”
“ . . . . .”
ပရိတ်သတ်များထဲမှ အသံများကို နားထောင်ရင်း ချန်ရှန်ဟာ ယောင်မျိုးနွယ်တို့တော့ ချန်မျိုးနွယ်နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်နေပြီးမျိုးနွယ် ၂ ုခုအကြား စစ်ဖြစ်တော့မှာကို သိနေပါတော့ တယ် ။ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတာပါပဲ ။ တခြား အင်အားစုတွေ မျိုးနွယ်တွေကလည်း ဒီလို ကောလဟာလတွေ ဖြန့်လျက် သွေးထိုးလေ့ရှိတတ်ပါတယ် ။
စင်မြင့်နဲ့ မနီးမဝေးမှာတော့ မျှော်စင် တစ်ခု ရှိနေပါတယ် ။ ထိုထိပ်မှာတော့ ခမ်းနားလှသော အဝတ်အစားများဝတ်ဆင်ထားသော လူများစွာဟာ ရှိနေကြတယ် ။ များစွာသော အစေခံ များဟာလည်း ပတ်ပတ်လည်မှာ ရှိနေလျက်ပါ ။ ၎င်းတို့ဟာ သာမန်လူတွေ မဟုတ်ဘူးဆို တာ အသေအချာပါပဲ ။
“တောင်ပိုင်းအင်ပါယာရဲ့ ဧကရာဇ်လည်း ဖိုင်နယ်ပွဲကို ကြည့်နေတယ် ၊ သူဟာသူ့သားရဲ့ ပုံရိပ်ကို မြှင့်တင်ပေးဖို့နဲ့ တော်ဝင်နန်းတော်ရဲ့ ပညာရှင်တွေကိုဝယ်ဖို့ ရောက်နေတာလို့ ကြားတယ် ။ တကယ်တော့ အားလုံးသောကိုယ်လုပ်တော်တွေလည်း ဒီပွဲကိုကြည့်နေကြတာ ပဲ”
ချန်ရှန် ရဲ့ မြင်နိုင်စွမ်းဟာ ကြောက်စရာပါပဲ ၊ မျှော်စင်က လူတွေကြားထဲမှာ ထိုင်နေတယ့် နဂါးဝတ်ရုံဝတ်ဆင်ထားသော လူကို မြင်လိုက်ရပါတယ် ။ ထိုသူဟာ သာမန်ထက်ထူးကဲ သော လက္ခဏာများရှိကာ သက်လတ်ပိုင်းအရွယ် ဧကရာဇ်ပဲ ဖြစ်ပါတော့တယ် ။
ပြည်သူများအားလုံးအပေါ်မှာ အာဏာသက်ရောက်သူဖြစ်ပါတယ် ။ ဒါပေမယ့် စွမ်းအားကြီး မျိုးနွယ်စုတွေအမြင်မှာ ဒီဧကရာဇ်ဆိုတာ အင်ပါယာကြီးကို စီစဉ်လမ်းညွှန်ပေးပြီး တိုင်းပြည် တိုးတက်အောင် လုပ်သူတွေပါ ။
မင်းသားလည်း မျှော်စင်ပေါ်မှ ပျံသန်းပြီး ရောက်ရှိလာပါပြီ ။သူဟာ လှပတယ့် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မှာ ရှိတယ့် စွမ်းရည်များ ပြသလျက်ရှိနေပါတယ် ။ ညင်သာစွာ ပဲ စင်မြင့်ပေါ်သို့ ရောက်ရှိလာကာ သူရောက်တာနဲ့ များစွာသော မိန်းကလေးပရိတ်သတ်များ ဟာ စူးစူးဝါးဝါး အော်ကြပါတယ် ။
ချန်ရှန် နည်းနည်းတော့ စိတ်ထဲ သိမ်ငယ်သွားသလိုပါပဲ ။
“မင်းဟာ အပစ်ရှိတယ့် လူပဲ ၊ ခဏစောင့်ပါ ငါမင်းအဖေ ဧကရာဇ်တောင် မင်းကို မမှတ်မိနိုင် လောက်အောင် ရိုက်ပြတယ်”
ဆောင်နန်မင်း ချန်ရှန်ကို အထင်သေးဟန် ကြည့်နေပါတယ် ။ ထို့နောက် အေးဆေးသော အသံဖြင့် -
“မင်းကိုယ့်ကိုကိုယ် သနားရင် ပြန်ပြင်ဖို့ အချိန်ရှိသေးတယ်နော်”
မင်းသားဟာ ချန်ရှန်ရဲ့ စွမ်းအားဘယ်လောက်ကြီးတယ်ဆိုတာသိပါတယ် ။ ဒါပေမယ့်လည်း သူဟာ သူ့ကိုယ်သူ ယုံကြည်မှု ရှိလွန်းသောကြောင့် ပြောလိုက်တာပါပဲ ။
ချန်ရှန်ဟာ ဆောင်နန်မင်း၏ ဘဝင်လေဟပ်တယ့် မျက်နာကို ကြည့်ရင်း ၎င်း၏ အင်္ကျ ီလက်ထဲမှာ လှည့်စားမှုတစ်ခုခုတော့ ရှိနေလိမ့်မယ်ဆိုတာ ခန့်မှန်းမိနေပါတယ် ။ ဒီအချိန်မှာ ချန်ရှန်ဟာ သတိထားလျက် အသင့်ဖြစ်နေပါပြီ ။ နောက်သို့ တစ်လှမ်း ဆုတ်လိုက် ပါတော့တယ် ။
“အေးဆေးပေါ့ ၊ ငါ့မှာ တော်တော်ထူတဲ့ အရေပြားတွေ ရှိတယ်လေ ။ ဒါကြောင့် မင်းင့ါကို ထိတယ့်အခါ မင်းလက်တွေနာမှာတောင် စိုးရိမ်မိတယ်”
ချန်ရှန် ပြန်ပြောလိုက်တာပါ ။ ငေါ့တော့တော့ ပြောခြင်း ဖြစ်ပေမယ့်လည်း သူပြောတာ အမှန်ပဲ ဖြစ်ပါတယ် ။
“ဟဟ ၊ မင်းကောင်းကင်ဘုံရဲ့အားကြီးမှုကို မသိသေးဖူးပဲ”
မင်းသားဟာ အေးစက်သောလေသံနဲ့ ခနဲ့လိုက်ပါတယ် ။ အသံကိုမြှင့်ပြီး ပြောတဲ့အတွက် တကွင်းလုံး ကြားနေပါတော့တယ် ။
မင်းသား၏ အထက်တန်းလွှာ ဟန်ပန်ကိုကြည့်ရင် ချန်ရှန် စိတ်ထဲ ကြိတ်ပြုံးလိုက်ပါတယ် ။ စွမ်းအင်လုံလုံလောက်လောက် မရှိရင် ပြောခဲ့သမျှ လုပ်ခဲ့သမျှဟာ အလကား ဖြစ်မှာပါပဲ ။
“စ မယ် ၊ တစ်ယောက်ယောက် စည်းကမ်းဖောက်တာနဲ့ ထုတ်ပယ်ခြင်းခံရမယ်”
မီးခိုးရောင် ဝတ်ရုံ ဝတ်ဆင်ထားသော လူကြီးတစ်ယောက်မှ အော်ပြောပါတယ် ။ ထိုသူဟာ ယောင်မျိုးနွယ်မှ မဟုတ်ပါဘူး ။ ဒါပေမယ့် အသက်ကြီးဆုံး သိုင်းပညာရှင်များထဲမှ တစ်ယောက် ဖြစ်ပြီး ဒီသိုင်းပြိုင်ပွဲကို ကျင့်ပခဲ့သူရဲ့ သားစဉ်မြေးဆက် သဘောမျိုးပါ ။
ဆောင်နန်မင်း ဟာ ဒီမတိုင်ခင်ထဲက စည်းကမ်းချိုးဖောက်ပြီးဖြစ်နေတာပါ ။ ဒါပေမယ့် သက်သေမရှိပါဘူး ။ ဒါကြောင့် ချန်ရှန်ဟာ လက်ဆုပ်လက်ကိုင် ပြစရာ မရှိသောကြောင့် ဘာမှ ထုတ်မပြောနိုင်ခဲ့တာပါ ။
စစချင်းမှာ မင်းသားဟာ ပရိတ်သတ်ဘက်လှည့်ပြီး သူ၏ ဝတ်ရုံကြီးကို ချွတ်လိုက်ပါတယ် ။ အထဲမှာတော့ ရွှေရောင်ကိုယ်ကြပ် အင်္ကျ ီကို ဝတ်ဆင်ထားပြီး ရွှေရောင် လည်ရှည်ဖိနပ်ကို စီးထားပါတယ် ။ ကြွယ်ဝချမ်းသာလှတယ့် အထက်တန်းလွှာလူတစ်ယောက် ပုံရိပ်ဟာ စင်ပေါ်မှာ နေရာယူလျက်ပါ ။
“ဒီနေ့ ပရိတ်သတ်တွေကိုကျွန်တော်တို့ တောင်ပိုင်းသိုင်းလောကအင်ပါယာ တော်ဝင်မိသား စုရဲ့ စွမ်းရည်ကို ပြသမှာပါ ။ ကျွန်တော့ရဲ့ နဂါးသိုင်းစွမ်းရည်ကို ရှုစားပေးကြပါဦး”
မင်းသားရဲ့ အော်ပြောသံပါ ။ ပုံမှန်မဟုတ်သော အသက်ရှုမှုတစ်ခုဟာ သူ၏ ကိုယ်မှ ထွက်နေပြီး ဒါဟာ ချန်ရှန်၏ မိုးပြာနဂါးနဲ့ ဆင်တူသလိုပါပဲ ။ ဒါပေမယ့် မိုးပြာနဂါးရဲ့ ဒဏ္ဍာရီ ဆန်မှုနဲ့ မှော်စွမ်းအင်အငွေ့များတော့ မပါဝင်ပါဘူး ။
“နဂါးသိုင်းစွမ်းရည်တဲ့လား”
ဒါဟာလည်း ရှေးကျလှတယ့် ကျင့်စဉ်တစ်ခုပါပဲ ။ ဒီကျင့်စဉ်ကိုတော့ နတ်နဂါးအဖြစ် အသွင်း ပြောင်းသွားသူ တစ်ယောက်က တီထွင်ခဲ့တာပါ ။ ဒီတိုက်ကွက်ကို သုံးလိုက်ပါက သုံးသူဟာ တကယ့်နဂါးရဲ့ အပြုအမူများနဲ့ စွမ်းအားများကို ရရှိသွားမှာပဲ ဖြစ်ပါတယ် ။
ဒီလိုတကယ့်နဂါးအဖြစ်စွမ်းအားကြီးလားမကြီးလား ဆိုတာကတော့ ယုံရခက်ခက်ပါပဲ ။ မင်းသား၏ လက်သီးများမှာ အပြာရောင်သွေးကြောတွေမှာ ရွှေရောင်အငွေ့တွေဟာ စီးဆင်းနေသောကြောင့် ပရိတ်သတ်များဟာ ရင်သပ်ရှုမော ဖြစ်နေကြပါတယ် ။ သူတို့တ သက်မှာ ဒီလို နဂါးစွမ်းရည်မျိုး ကိုယ်တိုင်ကြုံတွေ့ရမယ်လို့ မထင်ခဲ့မိကြပါဘူး ။
ချန်ရှန် သူ၏မျက်လုံးများ မှေးလျက် မမြင်နိုင်တဲ့ နတ်အတွင်းအားအာရုံများကို ထုတ်လွှတ် နေပါတယ် ။ မင်းသား၏ တကိုယ်လုံးကို ခြုံငုံကြည့်ရှုနေပြီး ဆောင်နန်မင်း၏ အတွင်းအင်္ဂါ များနှင့် ချီဓာတ်များ ဘယ်လို အလုပ်လုပ်လဲဆိုတာ ရှင်းလင်းစွာ မြင်နိုင်နေပါတယ် ။ ချန်ရှန် ဟာ ထိုလုပ်ငန်းစဉ်များကို စိတ်ထဲ လျို့ဝှက်စွာ မှတ်သားထားလိုက်ပါတယ် ။
“ဒီနဂါးစွမ်းရည်တိုက်ကွက်ကို ဒီမှာ ပေါ်လာလိမ့်မယ်လို့ မထင်ထားဘူး ။ တိုက်ခိုက်မှုအားလုံး ကို သေချာ ဂရုစိုက်ပါ”
စုမေးယို ချန်ရှန်ကို ပြောလိုက်ခြင်း ဖြစ်ပါတယ် ။ ချန်ရှန်ကတော့ ဒီကျင့်စဉ်တစ်ခုလုံးရဲ့ သဘောတရားကို နားလည်သွားခဲ့ပြီး ဖြစ်ပါတယ် ။ ဒီအချိန်မှာတော့ ဆောင်နန်မင်းဟာ ဒီလို သူ၏ ချီဓာတ်များ လှည့်ပတ်နေခြင်းကြောင့် သူ၏ ရှိသမျှ ချီဓာတ်အားလုံးကို ပိုမိုပြင်းထန် တယ့် စွမ်းအားများအဖြစ် ထုတ်လွှတ်နိုင်နေပါပြီ ။
“နဂါးငွေ ့လက်သီး”
မင်းသားဟာ ကြောက်မက်ဖွယ် လေထဲ ခုန်တက်သွားပြီး ရွှေရောင် အငွေ့တစ်ခုကို ချန်ရှန် ဆီ ပစ်လွှတ်လိုက်ပါတယ် ။ မင်းသား၏ လက်သီးဟာ သိမ်းငှက်လက်သည်းများအသွင် ပုံပြောင်းပြီး အဆက်မပြတ် တစ်ချက်ပြီးတစ်ချက် ထိုးနှက်ပါတော့တယ် ။ ရွှေရောင်ချီဓာတ် များဟာလည်း ချန်ရှန်ဆီသို့ ပျံသန်းလာနေလျက်ပါပဲ ။ ၎င်းချီဓာတ်များ ဖြတ်သန်းရာ လေထဲ လှိုင်းများဖြစ်ကျန်စေပြီး အသံများကျယ်လောင်စွာ ဆက်တိုက်မြည်နေပါတော့တယ် ။ ၎င်းတို့ဟာ ချန်ရှန်၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားပါတယ် ။
ရွှေရောင်ချီငွေ့များ ချန်ရှန်၏ ရင်ဘတ်အား ထိမှန်ခဲ့ပြီးနောက် မင်းသားဟာ ချန်ရှန်ရှေ့ ရောက်လာကာ သူ၏လက်သီးများဖြင့် ပြိုင်တူထိုးလိုက်ပါတော့တယ် ။ ထိုးတဲ့ချိန်မှာပဲ ပေါက်ကွဲသံများ ဖြစ်ပေါ်နေပြီး ဒီလက်သီးချက်ဟာ ထောင်ပေါင်းများစွာသော လက်သီးချက် များနှင့် ညီမျှသလိုပါပဲ ။ မျက်စိတမှိတ်အချိန်အတွင်းမှာပဲ ရာပေါင်းများစွာသော ထိုးချက်များဟာ ထိမှန်သွားပြီး တစ်ချက်ချင်းဆီမှာ ချီဓာတ်များဟာ များစွာ ပေါက်ကွဲ ထွက် နေပါတော့တယ် ။
ဆောင်နန်မင်းဟာ ချီအငွေ့များပါသော လက်သီးချက်များဖြင့် ထိုးခြင်းဖြစ်ပြီး ဒီလိုတိုက်ခိုက် မှုကြောင့် စင်ကြီးတစ်ခုလုံးဟာ လှုပ်ရမ်းနေပါတယ် ။ ကျယ်လောင်လှသော ပေါက်ကွဲသံ များကြောင့် ပရိတ်သတ်အားလုံးဟာ ထိတ်လန့်လျက် ရှိနေပါတော့တယ် ။
ဒါပေမယ့် လူတိုင်းဟာ ဆောင်နန်မင်းရဲ့ တိုက်ကွက်ကို အံသြတာမဟုတ်ပါဘူး ။ မင်းသား ဒီလိုထိုးနေသည့်ကြားမှ ချန်ရှန်၏ လက်သီးများဟာ မင်းသား၏ ထိုးနက်မှုများကို ပြန်လည် တုံ့ပြန်နေလို့ပါပဲ ။ ဒါတင်မက ချန်ရှန်၏ လက်သီးချက်များဟာလည်း မင်းသား၏ ထိုးချက်များလိုပဲ အလွန် လျင်မြန်လျက်ရှိပါတယ် ။ ဒီလိုတုန့်ပြန်မှုများကို ချန်ရှန်ဟာ အေးဆေးစွာ လုပ်ဆောင်နေတယ်ဆိုတာ သူ၏ မျက်နှာမှ ဖော်ပြနေပါတော့တယ် . . . ။
Chapter – 56
#ရည်ရွယ်ချက်ရှိရှိအပြစ်ပေးခြင်း
ပရိတ်သတ်များဟာ မင်းသား၏ လျင်မြန်တဲ့ ထိုးချက်များကို ရှင်းလင်းစွာ မမြင်နိုင်ပါဘူး ။ သူတို့ပတ်လည်မှာ စွမ်းအားကြီးလှတယ့် ချီအငွေ့များဟာ ကာနေလို့ပါပဲ ။ ဒါပေမယ့် ချန်ရှန် ကတော့ သူ့ပြိုင်ဖက်၏ အမြန်နှုန်းကို သိနေပါတယ် ။ တကယ်တော့ လက်သီးတစ်ချက်ချင်း ဆီ၏ အဆုံးသတ်ကို တိကျစွာ ခန့်မှန်းနိုင်ပြီး သူ၏ လက်သီးများဖြင့် တုံ့ပြန်နိုင်နေတာပါ ။
ချန်ရှန်ဟာ မိုးပြာနဂါးချီဓာတ်ကို သုံးနေတာဖြစ်ပြီး လျှပ်စီးများဟာ ပုံရိပ် ၂ ခုကြားမှာ လင်းလတ်လျက် ရှိနေပါတယ် ။ တုံ့ပြန်မှု တစ်ချက်ဆီတိုင်းမှာ ဟိန်းဟောက်သံများကို ကြားနိုင်ပြီး တစ်ဦးချင်းဟာ သူတို့ရဲ့ ကိုယ်ပိုင် ချီအငွေ့မုန်တိုင်းများအား ထုတ်လွှတ်နေကြ တာပါ ။ ချန်ရှန်၏ မိုးပြာနဂါးကတော့ ပိုမို အစွမ်းထက်ပုံပါပဲ ။
စင်မြင့်ပေါ်မှာ ရှိနေတယ့် မြင်ကွင်းကတော့ မျက်စိကျိန်းစရာ ရင်သပ်ရှုမောဖွယ်ရာပါပဲ ။ လူ ၂ ယောက်ဟာ ကြီးမားပြင်းထန်တယ့် စစ်ပွဲတစ်ခုကို မီးစွမ်းအားများဖြင့် တိုက်ခိုက်နေကြ ပါတယ် ။ မရေတွက်နိုင်သော လက်သီး ၂ ခု ဆန့်ကျင်ထိခိုက်ရာမှ သေစေနိုင်လောက်သော ပေါက်ကွဲမှုများဟာ လည်း ဖြစ်ပေါ်နေလျက် ရှိပါတယ် ။
တိုက်ခိုက်မှုကို စတင်ခဲ့တဲ့ ဆောင်နန်မင်းဟာ အခုတော့ တဖြည်းဖြည်း နောက်ဆုတ် နေရပါပြီ ။ ဒါပေမယ့် သူဟာ တုန့်ပြန်တိုက်ခိုက်နေတုန်းပါပဲ ။ သူ၏ လက်သီး ၂ ဖက်လုံးဟာ ယခု ထုံကျင်ကျင် ဖြစ်နေပါပြီ ။ ချန်ရှန်၏ တန်ပြန်တိုက်ခိုက်မှုများမှ အားကောင်းလှသော ချီဓာတ်များကိုလည်း အာရုံခံစားမိနေပါတယ် ။ ဒီထက်အရေးကြီတာကတော့ ဆောင်နန်မင်း ဟာ ချန်ရှန်ကို နဂါးငွေ့လက်သီးသုံးပြီး မြန်မြန် အနိုင်ယူတော့မယ်လို့ တွေးလိုက်တယ် ။ ဒါကြောင့် သူဟာ များစွာသော ချီဓာတ်များကို တိုက်ကွက်အတွက်သုံးလိုက်ပြီး ဒီတိုက်ကွက် ကြောင့် ခန်ရှန် ခုခံနေမှုများ အဆုံးသတ်သွားမယ်လို့ ထင်နေပါတယ် ။
“ဒီပျောက်ဆုံးနေတယ့် တိုက်ကွက်ကို မင်းကောင်းကောင်းမသုံးနိုင်ပါဘူး ။ ဒီ နဂါးစွမ်းရည် တိုက်ကွက်က မင်းနဲ့လုံး၀ မတန်ဘူး”
ချန်ရှန် ရုတ်တရက် လှောင်ပြောင်လိုက်ပြီး သူ၏ တိုက်ခိုက်မှုများဟာ ပိုမို ပြင်းထန်လာပါ တော့တယ် ။ ရုတ်တရက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ရွှေရောင်ချီဓာတ် များဟာ သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှ ထွက်လာပါတယ် ။
သူ၏ လက်သီး ၂ ဖက်လုံးမှာ စစ်မှန်သော ရွှေရောင် ချီဓာတ်များဟာ စီးဆင်းနေပြီး ဆောင်နန်မင်း အသုံးပြုခဲ့တယ့် နဂါးစွမ်းရည် တိုက်ကွက်နဲ့ တူနေပါတော့တယ် ။ ဒါပေမယ့် ယခင်က မြင်ကွင်းနဲ့ နှိုင်းယှဉ်ပါက ယခုမြင်ကွင်းမှာ ပိုမို အံ့သြ တုန်လှုပ်စရာ ကောင်းနေပါ တယ် ။
ရွှေရောင်အငွေ့တွေဟာ ပြင်းထန်စွာထွက်နေပြီး ချန်ရှန်၏ မျက်လုံးထဲကိုပင် ဟပ်လို့ နေပါတယ် ။ သူ၏လက်များဟာ ရွှေရောင်အတုံးကြီးဖြင့် ကာထားသလိုပုံစံရှိပြီး ပုံရိပ်ယောင် များထင်နေကာ ၎င်းတို့ဟာ ကြောက်မက်ဖွယ် စွမ်းအားပြည့်ဝလှတယ့် သိမ်းငှက်လက်သည်း များအသွင် ပြောင်းသွားပါတော့တယ် ။ တကယ်တော့ ရွှေရောင် ပုံရိပ် များဟာ တစ်ယောက်ချင်းဆီမှာ ပေါ်နေပြီး ချီဓာတ်များ ပေါင်းစည်းသွားကြပုံမှာ ပရိတ်သတ် များ၏ စိတ်နှလုံးကို ကိုင်လှုပ်နေသလိုပါပင် ။
နဂါးစွမ်းရည် တိုက်ကွက်ဟာ သတ္တုချီဓာတ်အသုံးပြုသူ ပညာရှင်အတွက်သာ သင့်တော်တာ ဖြစ်ပြီးချန်ရှန်၏ အဖြူရောင်ကျား ဟာလည်း သတ္တုချီဓာတ်ပါ ။ ဒါကြောင့် သူ၏ ထိုချီဓာတ်ဟာ ပြင်းထန်နေတာဖြစ်ပြီး သူ ဒီ နဂါးစွမ်းရည် အကွက်ကို သုံးတဲ့အခါ သူ၏ ချီဓာတ်များဟာ ကြောက်မက်ဖွယ် ဖြစ်နေပြီး ပိုမိုအားကောင်းလာပါတော့တယ် ။ သူ၏ စွမ်းအင်သိုလှောင်ရာဟာလည်း ကြီးမားလာပြီး ချီဓာတ်များ ပိုမို ထုတ်လွှတ်ပေးကာ တလောက လုံးရဲ့ စွမ်းအင်များကို ရလိုက်သလိုပါပဲ ။
မနီးမဝေးရှိ မျှော်စင်မှာတော့ ဧကရာဇ်ဟာ ရာဇပလ္လင်ပေါ်မှ ထလိုက်ပါတယ် ။ သူ၏ မျက်လုံး များဟာ ကျယ်လျက်ရှိပြီး အံ့အားသင့်မှုများကိုလည်း အထင်းသား မြင်တွေ့နိုင်ပါတယ် ။
“မဖြစ်နိုင်ဘူး ၊ လုံးဝကို မဖြစ်နိုင်ဘူး ။ ဒီကျင့်စဉ်ဟာ ငါတို့ တော်ဝင်မျိုးနွယ်ပဲ ပိုင်ဆိုင်တာ ဒီကောင်လေးဟာ ဘယ်လိုများ တတ်မြောက်နေရတာလဲ”
ချန်ရှန်အားကြည့်ရင်း ဧကရာဇ်ဟာ တီးတိုးရေရွတ်နေပါတယ် ။ ရုတ်တရက် ပဲ အရိုင်းစိတ်များ ဝင်သွားဟန်မျက်နာဖြင့် -
“ဒီတောင်ပိုင်း အင်ပါယာ တစ်ခုလုံးမှာ ငါတို့ဟာ ဒီကျင့်စဉ်ကို တခြားလူ လုပ်နိုင်တာ ခွင့်မပြုဘူး ။ ငါတို့ တော်ဝင်မျိုးနွယ်သာ ဒီကျင့်စဉ်ကို သားစဉ်မြေးဆက် အသုံးပြုလာတာပဲ”
ချန်ရှန် ဒီကျင့်စဉ်ဟာ ဒီလောက် လေးနက်လှမယ်လို့ မထင်ခဲ့ပါဘူး ။ နောက်ပြီး သူဟာ ဆောင်နန်မင်း ပြုမူခဲ့တယ့်အတိုင်း သူ၏ ချီဓာတ်များကို အတိအကျ လည်ပတ်စေခဲ့တာဖြစ်ပြီး ဒါကိုရှင်းပြဖို့တော့ နည်းနည်း ခက်ခဲပါတယ် ။ ချန်ရှန်မှာ ပြင်းထန်လှတယ့် စွမ်းအားများနဲ့ နတ်အတွင်းအားများ ရှိနေသောကြောင့် သူဟာ လွယ်ကူစွာ လေ့လာမှတ်သားနိုင်ကာ သူ၏စိတ်ထဲ သိမ်းဆည်းနိုင်တာဖြစ်ပါတယ် ။ ခုတော့ မမျှော်လင့်ပဲ တိုက်ကွက်စွမ်းရည်တစ်ခုကို ရရှိခဲ့တာဖြစ်ပြီး အံ့သြစရာပြင်းထန်လှတယ့် ချီဓာတ်များဟာ သူ့ကိုယ်တစ်ခုလုံးမှ ထွက်နေပါတော့တယ် ။
“မင်းးးးးး . . . မင်းးးးးးးးးးး . . . ဘယ်လိုလုပ်နိုင်ရတာလဲ ၊ ကမ္ဘာကြီးရဲ့ ဘယ်နေရာကများ သင် လာတာလဲ ။ ငါတို့လို မွေးရာပါ နဂါးသွေး ရှိသူတွေသာ ဒီလိုသင်ယူနိုင်တာ ၊ မင်းလို အပြင်လူ တစ်ယောက်က . . .”
ချန်ရှန် ခြေလှမ်းမလှမ်းခင်မှာပင် မင်းသား၏ စကားမဆုံးလိုက်ပါဘူး ။ တကယ်တော့ ပြိုင်ပွဲ စင်တစ်ခုလုံး ခိုင်ခန့်လှသော သစ်သားများဖြင့် ပြုလုပ်ထားသော်လည်း ကျိုးသွားခဲ့ပါပြီ ။ ဒီလိုခြေလှမ်းလေးနဲ့ပင် လုံး၀ ကျိုးကြေပျက်ဆီးသွားတာပါ ။ မီးခိုးများ ဖုန်မှုန့်များဟာလည်း အရပ်မျက်နာ အဖက်ဖက်ကို လွင့်စင်လျက် ငရဲကျနေသလိုဖြစ်နေတာကို ပရိတ်သတ်များ မြင်တွေ့နေရပါတယ် ။
ဒီလိုစွမ်းအားပြင်းထန်လှသောအခြေနေများဟာ စင်အနားရှိလူတွေပါ နောက်ကို ကမန်းကတန်း ဆုတ်ခွာ သွားစေကြပါတယ် ။ သူတို့ အနီးမှာဆက်နေပါက သူတို့ အသက် အန္တရာယ်ကို ကို ထိခိုက်မှာကြောက်ကြသောကြောင့်ပါ ။
“ဟမ် ၊ ချီဓာတ်အများကြီး ကုန်ပေမယ့် စွမ်းအားကလည်း ပြောစရာမလိုဘူးပဲ ။ တကယ် တော့ ပျောက်ကွယ်နေတယ့် ဒီစွမ်းရည်ဟာ နာမည်နဲ့ တကယ်ကို လိုက်ပါပေတယ်”
ချန်ရှန်ဟာ သူယခုပိုင်ဆိုင်သွားတယ့် စွမ်းအားနဲ့ပတ်သတ်ပြီး အံ့သြနေပါတယ် ။ သူ့အတွက် တော့ တကယ်ကို ကြီးမားတယ့် အကျိုးရလဒ် ဖြစ်ပေါ်ခဲ့ပါပြီ ။
ဆောင်နန်မင်းဟာ တော်တော် အံ့သြနေပါတယ် ။ ချန်ရှန်သူ့ကို လိုက်လုပ်တာကို မုန်းတီး လျက် မနာလိုဖြစ်ကာနေပါတော့တယ် ။ သူနဲ့ချန်ရှန်ဟာ တိုက်ကွက်ခြင်း တူပေမယ့်လည်း အားခြင်းကတော့ ကွာနေတာပါ ။
“ချန်ရှန် ၊ ငါ့ကို အပြစ်မတင်နဲ့နော် ၊ မင်းရဲ့စွမ်းရည်တွေ ထုတ်မပြခြင်းအတွက် မင်းကိုမင်းပဲ အပြစ်တင်ပါ”
ဆောင်နန်မင်းမျက်လုံးများဟာ ရုတ်တရက် တောက်ပသွားပြီး အငွေ့များ ထွက်ပေါ် လာသလိုပါပဲ ။ သူဟာ လက်များကို လှုပ်ရှားလိုက်ပြီး အရမ်းသေးငယ်ကာ ကောင်းမွန်လှတဲ့ အပ် ၁၀ ချောင်းကို ဖုန်များ မီးခိုးများကို ဖြတ်လျက် ချန်ရှန်ဆီ ပစ်လိုက်ပါတော့တယ် ။
မီးခိုးငွေ့များဟာ နေရာတိုင်းပြန့်နှံ့နေသော်လည်း ချန်ရှန်၏ နတ်အတွင်းအား အာရုံများဟာ ကြောက်စရာကောင်းလောက်အောင် တိကျမှုရှိနေတယ် ။ သူဟာ သူ့ပတ်လည်မှာရှိတယ့် လှုပ်ရှားမှုမှန်သမျှကို ရှင်းလင်းစွာ တွေ့နေရပါတယ် ။ သူ့ဆီကို ပျံသန်းလာတယ့် ဒီအပ်လေး များ အပါအဝင်ပေါ့ ။
အပ်လေးများဟာ ချန်ရှန်ဆီ ပျံသန်းလာတာကြောင့် သူဟာ မီးနံရံတစ်ခုကို ရုတ်တရက် အော်ပြီး အရှေ့မှာ ကာရံစေလိုက်ပါတယ် ။ ဒါဟာ ဆေးပညာနဲ့ဆိုင်တယ့် စစ်မှန်သော မီး ချီဓာတ်ပါပဲ ။ ဒီအရာဟာ သံထက်မာတယ့် အရာတွေကိုတောင် အရည်ပျော်စေနိုင်တယ့် မီးတောက်တွေပါ ။ ဒီလို အပ်သေးသေးလေးတွေ လောက်ကတော့ စာဖွဲ့စရာ မလိုတော့ချေ။
အပ်များဟာ အရည်ပျော်လျက် မီးနံရံကို ထိမှန်သွားကြပါတယ် ။ မီးနံရံလည်း ပျောက်ကွယ် သွားကာ မီးခိုးများ ရှင်းလင်းသွားချိန်မှာတော့ စွမ်းအားပြင်းထန်လှတယ့် နဂါးချီအငွေ့တွေ ဟာ သူ၏ လက်သီးများမှာ ထွက်လို့နေတာကို မြင်နိုင်ပါတယ် ။ ချန်ရှန်ဟာ ဆောင်နန်မင်း ဆီသို့ တလှမ်းခြင်း လျှောက်သွားကာ -
“နဂါးငွေ့လက်သီး”
ချန်ရှန် အေးစက်စွာ အော်လိုက်ပါတယ် ။ သူ၏လက်သီးများဟာ သူ၏ ပြိုင်ဖက်ရှိရာသို့ တဟုန်ထိုး ဝင်ရောက်သွားပါတယ် ။ ၎င်းဟာ ထောင်ပေါင်းများစွာသော ရွှေရောင် ဥက္ကာခဲ များ မင်းသားပေါ်သို့ မိုးရွာချနေသလိုပါပဲ ။
ဆောင်နန်မင်းဟာ ချန်ရှန် ဒီလိုသေးငယ်လှတယ့် အပ်လေးများကို ရှောင်တိမ်းနိုင်တာ တွေ့ လိုက်၇သောကြောင့် မိန်းမောနေလျက်ရှိနေတာပါ ။ သူဟာ သူ့ဆီသို့ မိုးရွာသလို ကျလာမယ့် နဂါးငွေ့လက်သီးချက်များကို တောင် မြင်နိုင်စွမ်းမရှိတော့ပါဘူး ။ မျက်စိတမှိတ်အတွင်းမှာပဲ သူ၏ကိုယ်တစ်ခုလုံးဟာ ဒီလိုပြင်းထန်လှတယ့် ရွှေရောင်လက်သီးတွေ ရာပေါင်းများစွာ ထိုးနှက်ခြင်းကို ခံလိုက်ရပါပြီ ။ အရေပြားပေါ်ကို ထိမှန်ချက်များမှ အသံများဟာ ကောင်းကင် တိုင်အောင် ထွက်လျက် ပေါက်ကွဲမှုများဟာလည်း ဆက်တိုက်ဆိုသလိုပါပဲ ။
ဆောင်နန်မင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ ရစရာမရှိအောင် ထိုးခံထားရတာ ဖြစ်ပြီး သူ၏ အရေပြားများ ၊ အရိုးများနဲ့ စွမ်းအင်သိုလှောင်ရာနေရာများပါမကျန် အားလုံးပျက်ဆီးကုန်ပါ ပြီ ။ မြေကြီးပေါ်တွင်လဲလျက် အသားတုံးကြီးတစ်ခုလိုပါပဲ ။ ဒါပေမယ့် အသက်တော့ ရှင်နေ ပါသေးတယ် ။ စည်းမျဉ်းအရ သူဟာ မသေသောကြောင့် ဒီလိုတိုက်ခိုက်ခံတာဟာ စည်းကမ်းဖောက်ခြင်း မရှိခဲ့ပါဘူး ။
ဆောင်နန်မင်းဟာ ရှင်လျက်နဲ့ သေသလိုကို ဖြစ်ခဲ့တာပါ ။ လူဟု ခေါ်ဆိုရအောင် နေရာပင် မကျန်တော့ပေ ။ အချဉ်ရည်စမ်းထားသော အသားတုံးကြီးနဲ့သာ တူပါတော့တယ် ။
ကွင်းထဲရှိလူတိုင်းနီးပါး အန် ကုန်ကြပြီး ။ တချို့ကတော့ အန်နေရင်းပင် ကြောက်ရွံ့မှုကြောင့် တုန်နေလျက် ရှိကြပါတယ် ။
ချန်ရှန်ဟာ သူ့လုပ်ရပ်သူ မှန်တယ်လို့ ထင်မိနေတယ် ။ ဒီလို ဘဝင်လေဟပ်နေတယ့် မင်းသားကို သင်ခန်းစာကောင်းကောင်းပေးသင့်တာပါ ။ မူလက သူဟာ အနိုင်ယူရုံသာ တိုက်ခိုက်မယ်လို့ ဆုံးဖြတ်ထားသော်လည်း မင်းသားရဲ့ယုတ်မာသောပင်အပ် တိုက်ခိုက်မှု ကြောင့် ချန်ရှန်ဟာ ထိုမင်းသား သူ၏ စွမ်းအားများ ပြန်မရနိုင်တော့အောင်ကို နှိပ်ကွပ်ခဲ့တာ ဖြစ်ပါတယ် ။
“နန်မင်းးးးးးးးးးးးးး”
အော်သံတစ်ခု မနီးမဝေးမှ ထွက်ပေါ်လာပြီး ကွင်းထဲမှ လူများ၏ နားများပင် လှုပ်ခတ်သွား မယောင်ပါ ။ အရမ်းကို ဒေါသထွက်နေတယ့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက် နဂါးဝတ်ရုံကိုဝတ်လျက် မင်းသား၏ဘေးမှာ ရုတ်တရက် ပေါ်လာပါတယ် ။ ဆောင်နန်မင်းမှာ သူ့ကိုယ်သူ သေသလား ရှင်သလားတောင် ဆုံးဖြတ်ရခက်တဲ့ အခြေအနေပါပဲ ။
ဒါကတော့ တောင်ပိုင်းအင်ပါယာ ၏ ဧကရာဇ် ဆောင်ဝု ဖြစ်ပါတယ် ။
ကွင်းထဲရှိ လူတိုင်းဟာ ခုနက မြင်ကွင်းကြောင့် မိန်းမောလျက် ရှိနေပါတယ် ။ ချန်ရှန်ဟာ ဧကရာဇ်ရဲ့သားတော်ကို ဒုက္ခိတ ဖြစ်စေလိုက်ပါပြီ ။ ဒါ့အပြင် ဧကရာဇ်ဟာလည်း အားနည်းပုံ မပေါ်ပါဘူး ။ ကြီးမားတဲ့ တိုက်ပွဲတော့ မကြာခင် ဖြစ်ဦးမယ့်ပုံပါ ။
“မင်းသားကို နန်းတော် ခေါ်သွားကြ”
ဆောင်ဝု သူ့နောက်မှာရှိတယ့် လူ ၂ ယောက်ကို အော်လိုက်ပါတယ် ။ ၎င်းတို့ဟာ တော်ဝင်နန်းတော်မှ ပညာရှင်တွေ ဖြစ်ပြီး ဆောင်ဝု နောက်မှ ရောက်လာသူတွေပါ ။ အဆိုပါ လူ ၂ ယောက်ကို ပြိုင်ပွဲကို လာကြည့်တာဖြစ်ပြီး အရမ်းကို စွမ်းအားကြီးတယ့် လူတွေလည်း ဖြစ်ပါတယ် ။
ချန်ရှန်ဟာ မည်သည့်စည်းမျဉ်းကိုမျှ မချိုးဖောက်ခဲ့ပါဘူး ။ ဧကရာဇ်ဟာ သူ့သား လုပ်ရပ်ကို ကောင်းကောင်းသိနေတာဖြစ်ပြီး ချန်ရှန် ကာကွယ်နိုင်လိမ့်မယ်လို့လည်း ခန်မှန်းမိပါတယ် ။ ဒီအတွက် စိတ်အနှောက်အယှက် ဖြစ်သွားပြီး ဒီမှာရှိသည့်လူတိုင်း သူ့သား၏ လှည့်ကွက်ကို မရိပ်မိစေရန် မင်းသားအား မြန်မြန်ခေါ်သွားခိုင်းခြင်းဖြစ်ပါတယ် ။ မင်းသားကို ယောင်မျိုးနွယ် ထံတော့ ပို့မယ် မထင်ပါဘူး ။
ဧကရာဇ်ရဲ့ဂုဏ်သိက္ခာဟာ တခြားအရာအားလုံးထက် ပိုအရေးကြီးပါတယ် ။ လူတိုင်းသာ သရဖူဆောင်းမင်းသားမှ ဒီလို ယုတ်မာသောအကြံအစည်ဖြင့် တိုက်ခိုက်ခဲ့တာကို သိပါက တောင်ပိုင်းအင်ပါယာကို အုပ်ချုပ်ရတယ့်နေ့ဟာ နောက်ဆုံးဖြစ်မှာ အမှန်ပါပဲ ။ ဒါတင်မက ဒါကို ယောင်မျိုးနွယ်တို့သာ သိသွားပါက သူ့ကို ခြိမ်းခြောက်နိုင်သွားမှာဖြစ်ပြီး သူမလုပ်ချင်တဲ့ အရာများအား လုပ်အောင် တွန်းအားပေးမှာဖြစ်ပါတယ် ။
ချန်ရှန်ဟာ ဆောင်ဝု၏ ရည်ရွယ်ချက်အမှန်ကို သိရှိသွားပါတော့တယ် ။ ချန်ရှန် ခပ်ပြုံးပြုံး ဖြင့် -
“တကယ်တော့ ခင်ဗျားဟာ ဧကရာဇ် တစ်ပါးဖြစ်တယ် ။ ခင်ဗျားရဲ့သားကို ယောင်မျိုးနွယ် ဆီမပို့ပဲထားတာကတော့ တော်တော်ဉာဏ်ကောင်းပါပေတယ် ။ ဒီလို မှန်ကန်တဲ့ ဆုံးဖြတ် ချက်ကြောင့် ခင်ဗျားအတွက်အကျိုးကျေးဇူးတွေရပြီး အကျပ်အတည်းတွေကနေ လွတ်တော့မှာပေါ့”
ဆောင်ဝု အေးစက်စွာ ခနဲ့တဲ့တဲ ပြောပါတယ် ။
“ဒီလိုပြိုင်ပွဲမှာ ဒဏ်ရာရတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ ။ ဒါပေမယ့် မင်းလက်ဆ ကတော့ ပြင်းလွန်းတယ် ။ မင်းသားသာ ပြန်ကောင်းဖို့ မင်းဆုတောင်းနေပါ ။ မဟုတ်ရင်တော့ . . .”
ဒီလိုပြောပြီးနောက်မှာတော့ ဆောင်ဝုလည်း လျင်မြန်စွာ ထွက်သွားပါတယ် ။ ဧကရာဇ်ဟာ ချန်ရှန် ရဲ့ ဒီလုပ်ရပ်အတွက် ဘာမှ မတုံ့ပြန်သွားပါဘူး ။ လူတိုင်းဟာ သက်ပြင်းရှည်ကြီးများချကာ တချိန်တည်းမှာပင် ဧကရာဇ် ဆောင်ဝု အား လေးစားသွားကြ ပါတော့တယ် . . . ။
Chapter – 57
#ကောင်းကင်၏အလွန်မှကောင်းကင်
ချန်ရှန်ဟာ စင်ပေါ်မှာ ရှိနေသော လူကြီးထံသို့လျှောက်သွားကာ မေးလိုက်ပါတယ် ။
“ကျွန်တော်က ခုပွဲရဲ့ အနိုင်ရသူပဲ ၊ အခု ဆုယူလို့ရနိုင်ပြီလား”
လူကြီးရဲ့ မျက်နာမှာ အံ့သြနေတယ့်အရိပ်အယောင်များ အပြည့်ကို ရှင်းလင်းစွာ မြင်နိုင်ပါ တယ် ။ ထို့နောက် -
“ငါကပွဲကိုကြေညာပေးတယ့် သဘာပတိသာလျှင်ဖြစ်တယ် ။ ဆုကလည်း ငါပေးတာမဟုတ် ဘူး ၊ဒီဝိဉာဉ်တော်ဆေးက ဂိုဏ်းတွေမှ ပေးခြင်းဖြစ်တယ် ။ မင်းသူတို့ ဆုံးဖြတ်မှုကို အောင် မြင်ရင် ရမယ်”
အပြုံးတစ်ခု ချန်ရှန်မျက်နာတွင် တောက်ပသွားပါတယ် ။ ၎င်းဟာ အလွန်ဆွဲဆောင်မှုရှိလှတဲ့ အပြုံးဖြစ်ပေမယ့် လူကြီးကတော့ ထိတ်လန့်နေဟန်ပါ ။ ခုနက ချီဓာတ်တွေထွက်ပြီး ပြုမူခဲ့ပုံ များကြောင့် သူသေမလောက်နီးပါး သွေးပျက်နေတာပါပဲ ။ တကယ်တော့ ခုနက ချန်ရှန်ဟာ အလွန်ကို ဒေါသထွက်နေသောကြောင့် ကြောက်မက်ဖွယ် အမဲလိုက်ခြင်းနဲ့ဆိုင်သော ချီဓာတ်တွေကို အများအပြာ ထုတ်လွှတ်ခဲ့တာပါ ။ ယခုအချိန်မှာမှ သူ့လုပ်ရပ်ဟာ လူအများအား အတော်ထိန်လန့်သွားစေတယ်ဆိုတာ သိလိုက်ရပါတယ် ။ ပွဲမှာ အနိုင်ရရှိပြီး တာတောင် ဒီဆေးကို ရရှိရန် ဘယ်လောက်ခက်ခဲတယ်ဆိုတာ တွေ့နိုင်မှာပါ ။
ချန်ဖုယွန် ရောက်ရှိလို့လာပါပြီ ။ သူဟာ ချန်မျိုးနွယ်ဝင် ဖြစ်ပေမယ့်လည်း ယောင်မျိုးနွယ် ၏ အားပေးမှုကို ခံယူကာ ကိုယ့်မျိုးနွယ်ရဲ့ တိုးတက်မှုကို တားဆီးချင်နေသူပါ ။ မျိုးနွယ်စု ခေါင်းဆောင်ကိုတောင် တိုက်ခိုက်ကာ ရူူးသွပ်စွာ ဟန့်တားနေသူပဲ ဖြစ်ပါတယ် ။
ချန်တျန်းဟူကို ဒဏ်ရာရစေတုန်းကတည်းက ချန်မျိုးနွယ်တစ်ခုလုံးမှ ကြီးကြီးငယ်ငယ် မှန်သမျှတို့ ဟာ ချန်ဖုယွန်ကို သူတို့မျိုးနွယ်ဝင်တစ်ယောက်ဟု မသတ်မှတ်ကြတော့ပါဘူး၊ ချန်ဖုယွန်နဲ့အသားခပ်လတ်လတ် လိမ်မာပါးနပ်ဟန်ရှိသော လူတစ်ယောက် ပါလာပါတယ် ။ သူဟာ အလွန်တည်ငြိမ်ပြီး ၎င်း၏ကိုယ်မှ အရမ်းကို သန့်စင်လှသော ချီဓာတ်များဟာ ထွက်နေတယ် ။ အံ့အားသင့်စရာကောင်းလှအောင်ကို ၎င်း၏ ချီဓာတ်များဟာ သန့်စင်ကာ အားကောင်းနေတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ် ။
“ချန်ရှန် မင်း ဆေးဘုရင်ခန်းမကို အောင်အောင်မြင်မြင်နဲ့ ဖွင့်ခဲ့နိုင်မယ်လို့ မထင်ထားဘူး ၊ ဒါတင်မကဘူး မင်းငါ့ရဲ့ တပည့်ကိုလည်း သေအောင် . . . .”
ယောင်ချွန်၏ ဆရာမှာ ချန်ဖုယွန် ဖြစ်နေတာပါပဲ ။
“ပါးစပ်ပိတ်ထား ၊ ခင်ဗျားဟာ မျိုးမစစ်ပဲ ။ ခင်ဗျားဟာ ချန်မျိုးနွယ် က မဟုတ်ဘူး ။ ကျွန်တော့ စီးပွားရေး ကျွန်တော်လုပ်တာ ခင်ဗျား ကိစ္စလား ၊ ဆေးဆိုင်ဖွင့်တာများ ခင်ဗျားလို ခွေးအို ကြီးရဲ့ ခွင့်ပြုချက်တောင်းနေရမှာလား ၊ ခင်ဗျားကိုခင်ဗျား ဘာထင်နေတာလဲ ၊ ခင်ဗျားဟာ တခြားလူတွေရဲ့ဖိနပ်ကို လိုက်ဆွဲနေတယ့် ခွေးအိုကြီးပဲ”
ချန်ရှန် ကျယ်လောင်စွာ အော်လိုက်တာဖြစ်ပြီး သူ့အသံဟာ တကွင်းလုံး ဟိန်းသွားပါတော့ တယ် ။ ပုန်းကွယ်နေတယ့် ချန်မျိုးနွယ်ဝင် တစ်ယောက်ချင်းဆီပင် သဲသဲကွဲကွဲ ကြားရတာ ဖြစ်ပြီး သူတို့ဟာ ကျေနပ်နေကြပါတယ် ။
“မင်းးးးး . .. မင်းးးးး . . . .သူတောင်းစားလေး သေချင်နေတာပဲ”
ချန်ဖုယွန် ဒေါသကြောင့် မျက်နာများ နီရဲကာ ဘာကိုမှ ဂရုမစိုက်ပဲ ချန်ရှန်ဆီ လာတိုက်ခိုက် တော့မှာပါ ။ ဒါပေမယ့်လည်း သူဘာမှမလုပ်ခင် ဘေးမှလူရဲ့ ဟန့်တားခြင်းကို ခံလိုက်ရပါ တယ် ။
“ဒီတောင်ပိုင်းအင်ပါယာရဲ့ စွမ်းအားအကြီးဆုံး ကောင်လေးနဲ့ ကျွန်တော့ကို ရင်ဆိုင်ခွင့်ပြုပါ။ သူ ဒီဝိဉာဉ်တော်ဆေးကို ယူရလောက်အောင် ဘယ်လိုအစွမ်းတွေများရှိလဲဆိုတာ မြင်ချင် စမ်းပါဘိ”
ထိုလူက အေးစက်စက် ဖြင့် ပြောပါတယ် ။ သူ့ပုံစံက သူသာလျှင် လောကကြီးမှာ စွမ်းအား အကြီးဆုံး အထင်ရောက်နေပြီး အားလုံးအပေါ် အထင်သေးနေပုံပါပဲ ။ ချန်ရှန်လဲ လေသံ အေးအေးဖြင့် မချေမငံ ပြန်ပြောလိုက်ပါတယ် ။
“ခင်ဗျားတို့ ၂ ယောက်လုံးက ဂိုဏ်းကဖြစ်ပြီး ခင်ဗျားက ဒီကိစ္စမှာ ပါဝင်ရတယ့် လူပဲဖြစ်တယ် ၊ ခင်ဗျားဟာ ဂိုဏ်းရဲ့စည်းမျဉ်းစည်းကမ်းတွေကို စောင့်ထိန်းရမှာပဲ”
“မင်းနိုင်ရင် ဒီဆေးက မင်းအပိုင်ပဲ ၊ မင်းရှုံးရင်တော့ သေရမှာပဲ”
ထိုလူက အေးစက်စွာ ပြန်ပြောပါတယ် ။
“ကျွန်တော် ရှုံးတာနဲ့ ဘာကြောင့် သေရမှာလဲဗျ”
ချန်ရှန် ခနဲ့တဲ့တဲ့ ပြောလိုက်ပါတယ် ။
“ဘာလို့လဲဆိုတော့ သိုင်းပြိုင်ပွဲပြီးလို့ ငါနဲ့ ယှဉ်ပြိုင်ရတယ့်လူဟာ အသက်ရှင်ရိုးထုံးစံ မရှိလို့ ပဲ ၊ ငါ့နာမည် ဇန်လောင် ပဲ”
ဇန်လောင်မှ ဂုဏ်ယူဟန်ဖြင့် ပြောတာပါ ။
ချန်ရှန် ကမ္ဘာ့အရယ်ရဆုံး ဟာသပျက်လုံးတစ်ခု ကြားလိုက်ရသလို ရယ်ပါတော့တယ် ။
“ခင်ဗျားက အဆင့် ၈ တောင် မရှိဘူးမလား ၊ အတွင်းစည်းတပည့်ရင်းတွေရဲ့ မျက်လုံးထဲမှာ ခင်ဗျားဟာ ခွေးမစင် သာသာပါ ။ အပြင်ဂိုဏ်းက လူတစ်ယောက်က ကျွန်တော့ကို နိုင်မယ် မစဉ်းစားလေနဲ့ ၊ ခင်ဗျားရဲ့ အားအင်တွေကို ဒီမှာ လာမဖြုန်းသင့်ဘူး ။ ဒါပြီးရင် အများအမြင်မှာ ခင်ဗျားဟာ ကိုယ်မလုပ်နိုင်ပဲ လျှောက်ပြောနေသလို ဖြစ်နေမယ်”
ဇန်လောင် စိတ်ဆိုးသွားပုံရပြီး အအေးချီငွေ့တွေကို သူ့တစ်ကိုယ်လုံးမှ ထုတ်လိုက်ပါတယ် ။ သူ၏ မျက်လုံးများမှာလည်း ရက်စက်မှုတွေ ပြည့်နေသလိုပါပဲ ။
“ဒီနေ့ မင်း သေချာပေါက် သေရမယ်”
ချန်ရှန် ဟာ ချန်ဖုယွန် ဒီလိုလူမျိုး ဘယ်လိုရှာတွေ့လာလဲဆိုတာ မသိပါဘူး ။ သူ၏ မျက်လုံး ထဲမှာတော့ အတွင်းစည်းတပည့်မဟုတ်သူဟာ ပုရွတ်ဆိတ်သာသာ သဘောထားတာပါ ။
ဒီအချိန်မှာ လူစုဝေးကြီးဟာ နောက်ဆုတ်သွားပါတယ် ။အဆင့် ၈ ရှိသူတွေ ကြားက တိုက်ပွဲ ဟာ တော်တော့ကို ပြင်းထန်မှာပါ ။ တချိန်ထဲမှာပဲ စိတ်လှုပ်ရှားကြလျက် လည်း ရှိနေပါ တယ် ။ သူတို့ကြားတာအမှန်ဖြစ်နေပြီး ချန်ရှန်ဟာ ဂိုဏ်းအပြင်စည်းတပည့်ကို ရင်ဆိုင်ရမှာ မို့ပဲ ဖြစ်ပါတယ် ။ ၎င်းတို့ ၂ ယောက်ကြားတိုက်ပွဲဟာ မှန်းဆမရနိုင်တော့ပါဘူး ။ ဒီပွဲဟာ သူတို့အတွက် သိုင်းပညာအစစ်မှန်များကို မြင်တွေ့ခွင့်ရမှာဖြစ်ပြီး များစွာသောအကျိုးကျေး ဇူးများကို ရရှိမှာ ဖြစ်ပါတယ် ။
စင်ဟာ သစ်သားဖြင့် ပြုလုပ်ထားတာ ဖြစ်ပြီး ယဲ့ယဲ့ပဲ ကျန်ပါတော့တယ် ။ ချန်ရှန် ခုနက ခြေကန်ချက်ကြောင့် ပျက်ဆီးခဲ့တာ ဖြစ်ပါတယ် ။ ချန်ဖုယွန် နောက်ဆုတ်လိုက်ပြီး သူဟာ ဇန်လောင်အပေါ် တော်တော် ယုံကြည်ပုံပါပဲ ။ ချန်ရှန်တော့ ဒီတချီ အသေပဲဖြစ်မယ်လို့ ကျိန်းသေပေါက်ကို တွေးနေပါတယ် ။ ဒါတင်မက ချန်ရှန်သေပြီးရင် ချန်မျိုးနွယ်ဟာလည်း ယောင်မျိုးနွယ်ရဲ့ သိမ်းပိုက်ခြင်းကို ခံရမယ်လို့ ထင်နေတာပါ ။ ဒီလိုသာဖြစ်ပါက သူနဲ့ ဂိုဏ်းအတွင်းက ယောင်မျိုးနွယ်တို့ များစွာ ဆက်ဆံရေးကောင်းမွန်လာမှာ ဖြစ်ပါတယ် ။
“ခင်ဗျားက ကျွန်တော့ထက်တော့ အသက်ကြီးပုံပါပဲ ၊ ခင်ဗျားကျွန်တော်ကို အခုနိုင်ရင် တော်တော် ဂုဏ်တက်မယ်လို့ ထင်နေလား ၊ ကျွန်တော်က ၁၆ နှစ်ပဲ ရှိသေးတယ် ။”
ချန်ရှန် ပြုံးလျက် ပြောလိုက်ပါတယ် ။ ဒီလိုသာ မပြောခဲ့ရင် လူတိုင်းဟာ တကယ်ကို သူ့အသက်အား မေ့နေကြမှာပါ ။ ဒါကိုစဉ်းစားမိပြီးနောက်မှာ လူတိုင်း ချန်ရှန်ဟာ ဒီလိုအရွယ်နဲ့ ဒီလိုအောင်မြင်မှုတွေရတယ် ၊ အရမ်းကို စွမ်းအားကြီးတယ့် လူငယ်ပါတကား ဟု သတ်မှတ်မိကြပါတော့တယ် ။
“ကောင်းပြီ ၊ ငါမင်းကို တစ်ကွက် အလျော့ပေးမယ် ။ ဒီနေရာမှာ မလှုပ်ပဲ ရပ်နေမယ် ။ ဒါပြီးရင်တော့ ငါညှာမှာမဟုတ်တော့ဘူး”
ဇန်လောင်ဟာ ရှေ့ထွက်လာပါတယ် ။ ချန်ရှန်ဟာ အဆင့် ၇ သာရှိတယ်လို့ ဇန်လောင်အား ချန်ဖုယွန်မှ ပြောကြားထားခဲ့တာပါ ။ ဇန်လောင်ကတော့ အဆင့် ၈ ဖြစ်ပြီး တဖက်လူဟာ ဆေးပညာရှင်တစ်ယောက် ဖြစ်သောကြောင့် ဒီသိုင်းပညာမှာ အားနည်းလိမ့်မယ်ဟု ထင်ကာ အထင်သေးနေပုံပါပဲ ။
အပြင်ဘက် လောကမှာ အဆင့် ၈ ဆိုတာ ထိပ်သီးသိုင်းပညာရှင်လို့ သတ်မှတ်ထားကြတာ ပါ ။ ဒါပေမယ့် သိုင်းပညာဂိုဏ်းတွေမှ တပည့်ရင်းတွေကတော့ ချီဓာတ်များကို များစွာ စုပ်ယူ နိုင်ကြပြီး ဝိဉာဉ်တော်ဆေးတွေ အစားအစာတွေ စားနိုင်တဲ့အတွက် ၎င်းတို့ရဲ့ ချီဓာတ်များ ဟာ အရမ်းကောင်းမွန်ကြပါတယ် ။ ဒါကြောင့် ဒီလို အပြင်လောကက လူတွေဟာ အတွင်းစည်းက တပည့်ရင်းများကို ဘယ်လိုမှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပါပေ ။
“ခင်ဗျားက ကျွန်တော့ကို တစ်ကွက်အကျောပေးတယ် ဟုတ်လား”
ချန်ရှန် အသံဟာ ခံစားချက်မဲ့နေပုံပါ ၊ ဒါပေမယ့် သူစိတ်ထဲမှာတော့ အဆင့် ၈ သိုင်းပညာ ရှိတယ့် သူ၏လက်သီးကို အကာကွယ်မပါပဲ အထိုးခံရပါက ဇန်လောင် သာမက အဆင့် ၉ ရှိသူပင် တော်တော် ထိခိုက်နိုင်စေမှာ အမှန်ပါပဲ ။
ဇန်လောင် လှောင်ပြီး ပြောလိုက်ပါတယ် ။
“မင်း ဒီတစ်ချက်မှာ အားကုန်သာသုံးပြီးတိုက်ပေတော့ ၊ ဘာလို့လဲဆိုတော့ ဒါမင်းရဲ့ နောက်ဆုံး တစ်ချက်မို့ပဲ ။ ဒါပြီးရင်တော့ မင်းသေပြီလေ”
“ဟုတ်ပြီ ကျွန်တော် တိုက်မယ်”
ချန်ရှန် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပါတယ် ။သူ၏ စိတ်ထဲမှာတော့ ကြိတ်ပြီး ကျေနပ်နေတယ် ။ ဒီလိုအရူးမျိုး ဒီလောကမှာ ရှိမယ်လို့ မထင်ခဲ့မိဘူးလေ ။
ဇန်လောင် အထင်သေးစွာ ပြုံးလိုက်တယ် ။ သူ၏ ကိုယ်တစ်ခုလုံးအဖြူရောင်အခိုးများ ထွက်ပေါ်လာပြီး ထို့နောက်မှာတော့ ချီအငွေ့များ အဖြစ် ပြောင်းသွားပါတယ် ။ ဒါဟာ သူ့ကိုယ်တစ်ခုလုံးအား ချီအကာကွယ်ဖြင့် ဖုံးလိုက်တာပါပဲ ။ ကွင်းထဲရှိလူတိုင်းဟာ ၎င်း ချီ အကာကွယ် ရဲ့ ပြင်းထန်ပြီး ထူထဲခိုင်ခန့်မှုကို မြင်တွေ့နေကြရတယ် ။ အဘယ်ကြောင့်ဆိုသော် ထိုအကာအကွယ် ဖြစ်လာတဲ့အခါ ထိမိတယ့် သစ်သားအပိုင်းအစ များဟာ အမှုန့်အဖြစ် ပြောင်းသွားလို့ပါပဲ ။
“မင်းကိုယ်မင်း လုံလောက်တယ်ထင်နေတယ်ပေါ့ ။ ဒီအဆင့်နဲ့ သင့်ရုံလောက်ပဲ ရှိတယ် ၊ မင်းကို ငါအဆုံးသတ်မယ်”
ချန်ရှန် စိတ်ထဲမှ တွေးနေတာပါ ။ ထို့နောက် ထိုက်ကျိကျင့်စဉ်ကို ထုတ်ကာ ချီဒြပ်စင် ၅ ခုကို သူ၏ကိုယ်တွင် နေရာချထားနေပါတော့တယ် ။
အရင်က သူ အဆင့် ၅ ပဲရှိတုန်းကတောင်ချန်ရိဟန်အား တူညီသော ချီဒြပ်စင် ၅ ခုအား ပေါင်းစပ်ကာ အနှိုုင်းမဲ့စွမ်းအားဖြင့် ရှုံးနိမ့်စေခဲ့ပါတယ် ။ ကောင်းကင်နဲ့ မြေကြီးမှ ဖြစ်တည် လာသော စွမ်းအားဖြစ်ပြီး အဆုံးမရှိ စွမ်းအားကြီးမားလှပါတယ် ။ ဒါတင်မကသေးပါဘူး အရင်တခေါက် သူသုံးတုန်းက သူ့ကိုယ်တစ်ခုလုံး မခံမရပ်နိုင်လောက်အောင် နာကျင်အားကုန်သွားခဲ့တာ ဖြစ်ပြီး ခုတခေါက်ကတော့ မတူပါဘူး ။ သူဟာ ယခု အဆင့် ၈ ဖြစ်နေရုံမက သူ၏ ကိုယ်အားလည်း ထာဝရမိစ္ဆာ ရေကန်ထဲ သန့်စင်ထားသောကြောင့် ၎င်း ခန္ဓာကိုယ်ဟာ ထာဝရမိစ္ဆာ ကိုယ် ဖြစ်လို့နေပါပြီ ။ ဒါကြောင့် သူဟာ ခုနကလို အနှိုင်းမဲ့ စွမ်းအားဖြင့် ထိုးနှက်ခြင်းကိုတောင် ခံနိုင်ရည် ရှိနေမှာပါပဲ ။
သူဟာ တဖက်ရန်သူမှ ဒီလိုမိုက်ရူးရဲဆန်စွာ သေချင်နေတော့လည်း သူတို့ဆန္ဒပြည့်ဖို့အ တွက် မငြင်းဆန်တော့ပါဘူး ။ သူ့ပြိုင်ဖက် သေသွားပါက လူတိုင်းဟာ ကောင်းကင်ရဲ့ အလွန်မှာ ကောင်းကင်ရှိသေးတယ်ဆိုတာ သိသွားပါလိ့်မ်မယ် ။
(ဆိုလိုသည်မှာ သင်ဘယ်လိုပင် အကောင်းဆုံးဟုတွေးထင်ထားသော်လည်း ၎င်းထက် ပိုမို ကောင်းမွန်သောအရာဆိုတာ အမြဲ ရှိတယ်ဟု ဆိုလိုခြင်းပါ)
ချီဒြပ်စင် ငါးခုလည်း ချန်ရှန်ဆီ ပေါင်းဆုံလျက် အနှိုင်းမဲ့ စွမ်းအင်အဖြစ် ပြောင်းလဲသွားပါ တယ် ။ ၎င်းစွမ်းအင်ဟာ သူ၏ လက်မှ ထွက်ပေါ်နေပြီး ၎င်း၏ တည်ရှိမှုကို ထုတ်ဖော်မပြ သနိုင်လောက်အောင်ပါပဲ ။ ထို့နောက်မှာတော့ ချန်ရှန်ဟာ ခုန်လျက် ဇန်လောင် ဆီသို့ တဟုန်ထိုး လာလျက် ရှိနေပါတော့တယ် . . . ။
Chapter – 58
#တိုက်ပွဲကိုပြင်ဆင်ခြင်း
ချန်ရှန် သူ့ဆီလာနေတာကိုကြည့်ရင်း မည်သည့်အသက်ရှူမှုများပင် မပြုလုပ်ပဲ နှုတ်ခမ်းများကို တင်းတင်းစေ့လျက် လှောင်ပြုံးပြုံးနေပါတယ် ။ ချန်ရှန်၏ အရှိန်ဟာ မမြန်ပါ ဘူး ။ နောက်ပြီး သူ ဟာ ရပ်နေတယ့် ပစ်မှတ်ကို တိုက်ခိုက်မှာဖြစ်ပြီး ဒါပေမယ့် သူ၏ လက်သီးကတော့ ချီဒြပ်စင် ၅ ခု ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာတယ့် အနှိုင်းမဲ့စွမ်းအင်တွေ စီးဆင်နေပါတယ် ။
“ကောင်းကင်ကျားမုန်တိုင်းဖြိုလက်သီး”
ချန်ရှန် ဇန်လောင်၏ရှေ့ရောက်သွားပြီး လက်သီးများ ပစ်သွင်းလိုက်ပါတော့တယ် ။ ရုတ်တရက်ပဲ သူ၏လက်သီးများဟာ ကျားခေါင်းများအသွင်ပြောင်းသွားပြီး ကျားခေါင်းများ မှ ပါးစပ်ကြီးများဟကာ ဇန်လောင်၏ ချီအကာကွယ်ကို ထိုးဖောက်ဝင်ရောက်သွားကာ ရင်ဘတ်အား ထိမှန်သွားပါတော့တယ် ။
ချီ အကာအကွယ်ဟာ ချက်ချင်းကွဲထွက်သွားပြီး ချန်ဖုယွန်နဲ့ ဇန်လောင်တို့ ၂ ယောက်လုံး ဟာ ရင်ခုန်သံတွေမြန်သွားကြပါတယ် ။ ဒီလို အံ့သြနေတုန်းမှာပဲ ချန်ရှန်၏ လက်သီးများဟာ ဇန်လောင်ရှေ့သို့ ရောက်ရှိနေပါပြီ ။ များစွာသောချီဓာတ်များပါဝင်လျက် ဇန်လောင်၏ ရင်အုံ သို့ ထိသွားပါတော့တယ် ။
လက်သီးချက်ဟာ ဇန်လောင်ကို ထိသွားတယ် ဆိုရင်ပဲ အဆုံးမရှိတဲ့ စွမ်းအင်များ သူ၏ ကိုယ်ထဲသို့ ထိုးဖောက်သွားသလို ခံစားလိုက်ပြီး သူ့ကိုယ်တစ်ခုလုံးသို့ ချီဓာတ်များဟာ ပြန့်သွားပါတော့တယ် ။ ဒီအချိန်မှာ ဇန်လောင်ဟာ မျိုးစုံသော နာကျင်မှုများကို ခန္ဓာကိုယ် တစ်လျှောက် ခံစားလိုက်ရပြီး အသိစိတ်ပါ လွတ်ထွက်သွားပါတော့တယ် ။
လူအုပ်ကြီးဟာ ဒီအဖြစ်ပျက်ကို မိန်းမောမှင်သက်ပြီး ကြည့်နေကြပါတယ် ။ ချန်ရှန်၏ လက်သီးဟာ ချီအကာကွယ်ကို ဖြတ်သွားရုံမက ဇန်လောင်ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားခဲ့တာပါ ။ သွေးများဟာ အလိမ်းလိမ်းထွက်သွားပြီး ဇန်လောင်၏ ကိုယ်ဟာ ခရမ်းချဉ်သီးအား မြေပေါ်နင်းချေထားသကဲ့သို့ ရှိနေပါတော့တယ် ။
ဒီလိုလက်သီးတစ်ချက်နဲ့ ဇန်လောင်လို အဆင့် ၈ ပညာရှင်တောင် အသားတုံးတစ်တုံး ဖြစ်သွားတာပါပဲ ။ သွေးမှုန်များဟာ လေထဲမှာ ပင်ပြန့်ကုန်လျက် သွေးညှီနံ့များ လှိုင်ထွက် လာပါတယ် ။ လူတိုင်းရဲ့လည်ချောင်းမှ ပျို့တက်လာကြပြီး ၎င်းတို့ဟာ ဒီမြင်ကွင်းကို သူတို့ တစ်သက်မေ့နိုင်တော့မှာ မဟုတ်ပေ ။
“ဟဟ”
ချန်ရှန် လှောင်သံ တိုးတိုးလေး ထွက်ပေါ်လာကာ သူ၏လက်များကို လှုပ်ရမ်းကာ မီး ချီဓာတ် များကို ထုတ်လိုက်ပြီး မြေပေါ်က အသားတုံးကြီးကို လောင်ကျွမ်းသွားစေပါတော့တယ် ။ ထို့ နောက် ဇန်လောင်၏ အိတ်ကိုယူကာ -
“ကျွန်တော် နိုင်သွားပြီ ၊ ခု ဆေးကိုပေးတော့”
ချန်ရှန် ချန်ဖုယွန်အား အေးစက်စွာကြည့်လိုက်တယ် ။ သူဟာ ဇန်လောင်အား သတ်လိုက်သော်လည်း အပြစ်ပေးခံရမှာ မဟုတ်ကြောင်း သိပါတယ် ။ သူ့စိတ်ထဲ ဒီလို ဘဝင်လေဟပ်ကာ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းသော လူမျိုး သိုင်းပညာဂိုဏ်းမှာ မရှိသင့်ဘူးလို့ ထင်နေမိ တယ် ။
ချန်ဖုယွန်၏ အဖြူရောင် မျက်ခုံးများ မြင့်တက်သွားကာ မျက်လုံးများ နီရဲလျက် ကြည့်နေတယ် ။ သူ့ပုံစံဟာ တင်းမာပြီး ကြောက်စရာပါပဲ ။ သူဟာ ချန်ရှန် ဒီလောက်သန်မာ မယ် မထင်မိသောကြောင့် ဒေါသထွက်နေတယ် ။ လက်သီးတစ်ချက်တည်းဖြင့် ဇန်လောင် သေဆုံးခဲ့ရပြီ ။ ချန်ဖုယွန် အတွက်တောင် ဒီလိုလုပ်နိုင်မလုပ်နိုင်ဆိုတာ မသေချာပါဘူး ။
“ငါမင်းကို မပေးနိုင်ဘူး”
ချန်ဖုယွန် အော်လိုက်တယ် ။
“ဘာလို့လဲ”
ချန်ရှန် အေးဆေးပဲ ပြန်မေးလိုက်ပါတယ် ။
“ဘာလို့လဲဆိုတော့ မင်းက ယောင်တျန်းဟွာ နဲ့ ယောင်မိသားစုရဲ့ အကြီးတစ်ယောက်ကို သတ်လိုက်တယ် ။ ဒီလို သိုင်းပြိုင်ပွဲ စီစဉ်သူတွေရ ဲ့ မိသားစုဝင်တွေကို သတ်တာကြောင့် မင်းကို ဆုမပေးနိုင်ဘူး”
ချန်ဖုယွန် ကျယ်လောင်စွာ အော်ပြောလိုက်တယ် ။ ကွင်းတစ်ခုလုံး ဟိန်းထွက်သွားလျက် အရင်က သူတို့ဟာ ယောင်တျန်းဟွာကို ချန်ရှန်သတ်တယ်လို့ မသိခဲ့ကြဘူး ။ အခုတော့ ချန်ရှန်ရဲ့ စွမ်းအားကိုမြင်ကြပြီးနောက် မငြင်းနိုင်အောင် ဖြစ်သွားကြတယ် ။
“ခင်ဗျားမှာ သက်သေမရှိဘူး ၊ တာဝန်မဲ့တဲ့စကား မပြောပါနဲ့”
ချန်ရှန် ပြန်ပြောလိုက်တာပါ ။ အရင်က ယောင်မျိုးနွယ်နှင့် သူနဲ့ဟာ ပတ်သတ်မှု မရှိခဲ့ရင် တောင် ခုခြေနေအရ မျိုးနွယ် ၂ ခုကြားမှာ စစ်ပွဲဟာ ဖြစ်ကိုဖြစ်တော့မယ့် သဘောပါ ။
ချန်ဖုယွန်က ခနဲ့တဲ့တဲ့ဖြင့် -
“ရှေးဟောင်း လျို့ဝှက်နည်းလမ်းကိုသုံးပြီး ငါတို့ဟာ ယောင်တျန်းဟွာရဲ့ ဝိဉာဉ်ကို ဖမ်းနိင် ခဲ့တယ် ။ သူ ငါတို့ကို ပြောပြတာပဲ ၊ မင်းကြားချင်သလား”
ပြောပြီးနောက် ချန်ဖုယွန်ဟာ အဝါရောင် စက္ကူစပေါ်တွင် အင်းကွက်များ ရေးဆွဲထားတာကို ထုတ်လိုက်တယ် ။ အဲဒိအပေါ်ကို ကြည့်ရင်း ချန်ရှန် အရမ်းအံ့သြသွားပါတယ် ။ အဘယ်ကြောင့်ဆိုသော် ဒါဟာ ခါးလှည့်အဆောင် တစ်ခု ဖြစ်နေလို့ပါပဲ ။ ၎င်းဟာ အရမ်းရှား ပါးပြီး ဒဏ္ဍာရီဆန်ကာ ကြောက်စရာကောင်းလှပါတယ် ။ လူနည်းစုသာ ဒီလိုအရာ ဘယ်လို ပြုလုပ်သလဲဆိုတာ သိကြတာပါ ။
“ခါးလှည့်အဆောင် ပါရဂူ”
သူဒီအကြောင်းကို စုမေးယိုနဲ့ ဘိုင်ယုယု တို့ထံမှ မကြာခဏ ကြားဖူးနေကြပါ ။ သူတို့ အလှပဂေး ၂ ယောက်တောင် ဒီပညာကို လေ့လာဆဲပါ ။
ချန်ဖုယွန် အသံထွက်လျက် သူ၏ ချီဓာတ်များကို ထိုအဆောင်ထဲသို့ ထည့်နေပါတယ် ။ ထို့ နောက်မှာတော့ ထိုအဆောင်မှာ ရုတ်တရက် မြင့်တက်သွားပြီးနောက် အလွန်ကြောက်စရာ ကောင်းသော အသံများကို လူတိုင်းကြားရပါတော့တယ် ။
“ငါတို့ကို ချန်ရှန်သတ်တာ ၊ ငါတို့ကို ချန်ရှန် သတ်တာ”
ဒီအသံဟာ ငရဲပြည်မှ လာသောအသံများလိုပါပင် အရမ်းကိုကြက်သီးထစရာ ကောင်းလှပါ တယ် ။
“မင်းအခု ဘာပြောချင်သေးလဲ”
ချန်ဖုယွန် အေးစက်စွာ ပြောပါတယ် ။ ခုတော့ သူ့ ဝှက်ဖဲကို ထုတ်ပြပါလေပြီ ။ ဒီဝှက်ဖဲဟာ ချန်မျိုးနွယ်နဲ့ ယောင်မျိုးနွယ်အကြား အမုန်းတရားကို ပိုမိုပြင်းထန်လာစေတော့မှာပါ ။ သူဟာ ချန်မျိုးနွယ်ကို ရှင်းပစ်ဖို့ ယောင်မျိုးနွယ်ကို ကူညီတယ့်အတွက် ယောင်မျိုးနွယ်မှ သူ့ကို ကျေးဇူးတင်နေမှာပါ ။
လူတိုင်းဟာ အံ့အားသင့်လျက် မူလက လူအချို့သာ ထင်ကြေးပေးကြသော်လည်း ယခုတော့ တိတိကျကျကို သိလိုက်ကြရပါပြီ ။
“မှန်တယ် ၊ ကျွန်တော် ယောင်တျန်းဟွာနဲ့ ယောင်လူကြီးမင်းတို့ကို သတ်ခဲ့တယ်”
ချန်ရှန် တည်ငြိမ်စွာ ပြောလိုက်ပါတယ် ။ လူတိုင်းဟာ ဒီလိုအချိန်မှာတောင် ချန်ရှန်အနေနဲ့ တည်ငြိမ်စွာရှိနေတာကို လေးစားမိကြတယ် ။
“ငါ . . .ငါ . . . ငါတို့ ယောင်မျိုးနွယ်တွေ သူသေကိုယ်သေ တိုက်ကြမယ်ကွ”
သက်လတ်ပိုင်းအရွယ် ယောင်တျန်းဟွာနဲ့ ခပ်ဆင်ဆင် တူသော လူတစ်ယောက် အော်ပြီး ခုန်ဝင်လာပါတယ် ။ ဒါကတော့ ယောင်မျိုးနွယ်စု ခေါင်းဆောင် ယောင်ဟွန် ပါပဲ ။
“သူတို့က ကျွန်တော့ကို အရင်သတ်ဖို့ကြိုးစားတဲ့လူတွေပဲ ၊ သူတို့ဟာ လူသတ်သမားတွေ လွှတ်ခဲ့တယ် ။ အဲဒိတုန်းက ကျွန်တော်တို့ ချန်မျိုးနွယ်ဟာ စားသောက်ပွဲတစ်ခု ကို ပြုလုပ်ပြီး များစွာသော မျိုးနွယ်တွေကို ဖိတ်ကြားခဲ့တယ် ။ ခင်ဗျားတို့ ယောင်မျိုးနွယ်က တော်တော် မွှေတာပဲ ။ အမျိုးမျိုးသော လူသတ်သမားတွေ လွှတ်ပြီး တခြားမျိုးနွယ်က ကလေးတွေ လူငယ်တွေကို သတ်ခိုင်းတယ် ။ အဲလိုနည်းနဲ့ ခင်ဗျားတို့ဟာ တခြားမျိုးနွယ်တေက ကျွန်တော်တို့ အပေါ် အထင်လွဲအောင် လုပ်တာ”
ချန်ရှန် ပြောစကားများ ဖြစ်ပါတယ် ။ သူ့မှာ လက်ဆုပ်လက်ကိုင်ပြစရာ မရှိသော်ငြားလည်း သူပြောခဲ့တာတွေဟာ အမှန်တွေချည်းပါပဲ ။
“စွပ်စွဲချက်တွေပဲ ၊ ငါတို့ ယောင်မျိုးနွယ် ဟာ ဒီလိုအလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး”
ယောင်ဟွန် အော်လိုက်ပါတယ် ။ သူဟာ ချန်ရှန်မှာ သက်သေမရှိတာကို သိပါတယ် ။ ယောင်မျိုးနွယ်ရဲ့ လူသတ်သမားများဟာ အရမ်းပိရိပြီး သူတို့ရဲ့သဲလွန်စများကို ကာကွယ်မှာ သေချာလို့ပါပဲ ။
ချန်ရှန်အေးစက်စွာ ပြုံးလိုက်တယ် ။ ရုတ်တရက်ပဲ သူ့ကိုယ်ဟာ ရုတ်တရက် ပျောက်ကွယ် သွားပြီး လူကြီးတစ်ယောက်ရှေ့မှာ ချက်ချင်း ပြန်ပေါ်လာပါတယ် ။ ဒီလူကြီးကတော့ ယောင်မျိုးနွယ် ကပဲဖြစ်တယ် ။ ဒီယောင်လူကြီးဟာ သူ့ဆီကို တစ်ယောက်ယောက် နီးလာတာ ခံစားမိသော်လည်း ခန့်မှန်းချိန်တောင်မရလိုက်ပါဘူး ။ ချန်ရှန်ရဲ့ လှုပ်ရှားမှုဟာ အရမ်းကိုလျင်မြန်ကာ လှုပ်ရှားမှုတစ်ချက်မှာပဲ ယောင်လူကြီးမင်းအား ချုပ်ကိုင်နိုင်လိုက် ပါတယ် ။
“ငါ့အနား ဘယ်သူှမှ မကပ်ကြနဲ့ ၊ မဟုတ်ရင် ဒီလူကို သတ်လိုက်မယ်”
ချန်ရှန် ပြောလိုက်တာပါ ။ သူဟာ ယောင်လူကြီးရဲ့ခေါင်းကို ချုပ်ထားတာဖြစ်တယ် ။ ယောင်လူကြီးမင်းတွေဆိုတာ ယောင်မျိုးနွယ်ရဲ့ ရင်းမြစ်တွေပါပဲ ။ဒါကြောင့် ယောင်မျိုးနွယ် ဝင်တို့ဟာ ကြမ်းကြမ်းတမ်းတမ်း မလှုပ်ဝံ့ကြပါဘူး ။
“ချန်ရှန် ၊ မင်းတော့ ဒီနေ့ ကျိန်းသေ သေပြီပဲ ။ မင်းခုနေ အရှုံးပေးရင် မင်းရဲ့အလောင်း အကောင်းအတိုင်း ပြန်ရမယ်လို့ အာမခံတယ်”
ချန်ဖုယွန် ပြောလိုက်ပါတယ် ။ ဒါပေမယ့် ခုတော့ သူဘာမှ မလုပ် နိုင်ပါဘူး ။ ချန်ရှန်ဟာ ယောင်လူကြီးကို သတ်လိုက်နိုင်ပြီး သူသာ တစ်ခုခုလုပ်လို့ သေသွားပါက သူ့တာဝန် ဖြစ်ပေ လိမ့်မည် ။
အားလုံးဟာ ချန်ရှန်တော့ ယောင်လူကြီးကို ဓားစာခံ လုပ်ထားပြီဆိုတာ သဘောပေါက်ကြပါ တယ် ။ ဒါပေမယ့် ဒါဟာ အမှန်တရားတစ်ခုတော့ မဟုတ်ပါဘူး ။ သူဟာ ဘိုင်ယုယုရဲ့ ထူးဆန်းသော ကျင့်စဉ်ဖြင့် ယောင်လူကြီး သူ့ဘာသာ အမှန်တရားကို ပြောလာအောင် လုပ်မလို့ပါပဲ ။
ချန်ရှန် သူ၏ နတ်အတွင်းအားအာရုံတွေကို ယောင်လူကြီး၏ ခေါင်းအတွင်း ထည့်လိုက်ပြီး နေရာချထားလိုက်ပါတယ် ။ ယောင်လူကြီးဟာ လုံး၀ မလှုပ်နိုင်အောင်ပါပဲ ။
“ကျွန်တော် ခင်ဗျားကိုမေးမယ် ။ ခင်ဗျားတို့ ယောင်မျိုးနွယ် တခြားမျိုးနွယ်စုက ကလေးတွေကို သတ်ဖို့ လူသတ်သမားတွေ စေလွှတ်ခဲ့သလား”
ချန်ရှန် မေးလိုက်ပါတယ် ။
“ဟုတ်တယ်”
ယောင်လူကြီးကလည်း ပြန်ဖြေပါတယ် ။ ဒီအဖြေကို ကြားလိုက်ရပြီးတဲ့အချိန်မှာ ယောင်ဟွန်ဟာ မျက်နာပျက်သွားကာ လူစုကြီးမှလည်း မကျေနပ်သံများ ထွက်ပေါ်လာ ပါတယ် ။ ခုနက ချန်ရှန်ပြောပြတုန်းက သူတို့ဟာ မယုံခဲ့ကြပါဘူး ဒါပေမယ့် ယခု ယောင်မျိုးနွယ်ရဲ့ လူကြီးတစ်ယောက်၏ ဝန်ခံမှုဟာ အံ့အားသင့် မယုံနိုင်ဖွယ်ရာပါပဲ .။
“ဘာလို့လဲ”
ချန်ရှန် ဆက်မေးလိုက်တယ် ။
“ဘာလို့လဲဆိုတော့ ချန်မျိုးနွယ်ရဲ့ ဂုဏ်သတင်းဟာ မကြီးလှပေမယ့် တဖြည်းဖြည်း ကျော်ကြား လာတယ် ။ ချန်မျိုးနွယ်ဟာ ဆေးလုပ်ငန်းကိုတောင် ဝင်ရောက်လာပြီး ဒါဟာ ငါတို့ ယောင်မျိုးနွယ်ကို ထိခိုက်စေတယ် ။ ဒါကြောင့်ငါတို့ဟာ ချန်မျိုးနွယ် စားသောက်ပွဲမှာ ပါဝင်ကြတယ့် တခြားမျိုးနွယ်စုတွေရဲ့ ကလေးတွေကို သတ်ပြီး ချန်မျိုးနွယ်အပေါ် အထင်လွဲ အောင် လုပ်ခဲ့ကြတယ် ။ ဒါဟာ ငါတို့ ယောင်မျိုးနွယ်အတွက် များစွာ အကျိုးရှိမှာ မို့လို့ပဲ”
ယောင်လူကြီးက ပြန်ဖြေတာပါ ။
ချန်ရှန် လှောင်ပြီး ခနဲ့တဲ့တဲ့လေသံဖြင့် -
“ဂုဏ်သရေ ရှိ လူကြီးမင်း အပေါင်းတို့ ၊ယောင်မျိုးနွယ်ဟာ တော်တော် စက်ဆုပ်ဖွယ် အရာတွေကို လုပ်ခဲ့ကြပါတယ် ။ ကျွန်တော်တို့ ချန်မျိုးနွယ်ကတော့ လူတန်းစားမရွေးအတွက် ဈေးသက်သာစွာဖြင့် ဆေးတွေကို ရောင်းချပေးသော ဆေးဘုရင် ခန်းမကို တည်ထောင်ခဲ့တယ် ။ ယောင်မျိုးနွယ်က ကျွန်တော်တို့ကို ပိတ်ဖို့ ကြိုးစားခဲ့ပါတယ် ၊ သူတို့ရဲ့ ရည်ရွယ်ချက်တွေဟာ ရှင်းလင်းပြီး ရိုးစင်းလှပါတယ် ။ သူတို့ဟာ လူတိုင်း ခက်ခက်ခဲခဲဖြင့် ရှာထားတဲ့ ငွေစတွေကို လောဘတကြီးနဲ့ သူတို့ရဲ့ဆေးဆိုင်မှာပဲ ဝယ်အောင် ကျွန်တော်တို့ကို ပိတ်သိမ်းစေတာပါပဲ”
ချန်ရှန် အသံမှာ ဟိန်းလို့ နေပါတော့တယ် . . . ။
Chapter – 59
#နောက်ဆုံးတိုက်ပွဲ၏အစ
ယောင်ဟွန်တစ်ယောက် ဒေါသများ ထွက်လို့နေပါတယ် ။ ထို့နောက် အော်ပြောလိုက်တယ်။
“ချန်ရှန် ၊ မင်းနောက်ဆုံးအချိန်ထိ ငါတို့ ချန်မျိုးနွယ်အကြီးတစ်ယောက်ကို ဘယ်လိုထူးဆန်းတဲ့ နတ်ဆိုး နည်းလမ်းတွေ သုံးနေတာလဲ”
“ချန်ရှန် မင်းဟာ ငါတို့ရဲ့ ပြိုင်ဘက်ကင်းပါရမီရှင်လေးကို သတ်ခဲ့ပြီး ခုလဲ ငါတို့ကို စွပ်စွဲပြန်ပြီ ။ ငါတို့ ယောင်မျိုးနွယ် မင်းတို့ ချန်မျိုးနွယ်ကို အမြစ်ဖြတ်ပစ်မယ်”
ချန်ရှန် အေးစက်စွာ ရယ်မောကာ ပြန်ပြောလိုက်ပါတယ် ။
“ယောင်တျန်းဟွာက ပြိုင်ဘက်ကင်းပါရမီရှင်တဲ့လား ၊ ဒါဆို ကျွန်တော့ကို ဘာလို့ ရှုံးသွား တာလဲ ။ ပြီးတော့ ခင်ဗျားတို့ဘာလို့ ချန်မျိုးနွယ်ကို ဆေးမလုပ်စေချင်ကြတာလဲ ။ ကြည့်ရတာ တော့ ကျွန်တောတို့ ချန်မျိုးနွယ် က ယောင်မျိုးနွယ်ရဲ့ ဆေးဈေးကွက်ကို လုမှာ ဆိုးလို့ ထင်တယ်”
ဒီအချိန်မှာ ပရိတ်သတ်များဟာ ယောင်မျိုးနွယ်ကို ကျိန်ဆဲနေကြတယ် ။ ဆေးဘုရင်ခန်းမ ဖွင့်တဲ့အခါ သူတို့ဟာ သက်သာစွာ ဝယ်နိုင်ကြတယ် ။ လူများစွာဟာ ချနှ်ရှန်ပြောတာကို နားထောင်ရင်း ယောင်မျိုးနွယ်၏ ယုတ်မာပုံများကို သိရှိနေကြပါပြီ ။
“ချန်ရှန် သူ့ကို လွှတ်လိုက် ။မင်းဟာ သိုင်းပညာရှင် ပီပီ ငါတို့ မျှတစွာ တိုက်ခိုက်ကြတာပေါ့”
ချန်ဖုယွန် ချန်ရှန်၏ အားကို ခန့်မှန်းမိနေပါပြီ ။ ယောင်မျိုးနွယ်ရဲ့ လူကြီးတစ်ယောက်တောင် မှ ချန်ရှန်၏ လှုပ်ရှားမှုကို မကာကွယ်နိုင်တာဟာ တော်တော် စဉ်းစားစရာပါပဲ ။ ချန်ရှန်လည်း အေးစက်စွာ ပြန်ပြောလိုက်တယ် ။
“ချန်ဖုယွန် ၊ ခင်ဗျားဟာ ချန်မျိုးနွယ်ဝင်မဟုတ်ဘူး ။ ခင်ဗျားကို ကျွန်တော်တို့က နှင်ဒဏ် ပေးပြီးနှင့်ပီ ။ ခင်ဗျားဟာ ချန်မျိုးနွယ် သစ္စာဖောက်ပဲ ။ ကျွန်တော်တို့ ချန်မျိုးနွယ်ရဲ့ စည်းမျဉ်း ကို ဖောက်ဖျက်တဲ့ သစ္စာဖောက် မှန်သမျှ သေရမယ်”
ချန်ရှန် လည်း ပြောပြီးနောက် ယောင်လူကြီး၏ခေါင်းအား ရိုက်ထုတ်လိုက်ပါတော့တယ် ။ ဂေါက်သီး ရိုက်လိုက်သလိုပါပဲ အတော်ဝေးဝေးကို လွင့်စင်သွားပြီး ဦးနှောက်များပါ ထွက်ကျ လာပါတယ် ဒီမြင်ကွင်းကို ကြည့်ရင်း ပရိတ်သတ်များဟာ ကြောင်အလျက် ရှိနေကာ ဒီအပြုမူဟာ ချန်ရှန်မှ ယောင်မျိုးနွယ်အား စစ်ဖြစ်ရန် ကြေညာလိုက်သလိုပါပဲ ။
“ဟဟ ၊ ခုတော့ ငါ ယောင်မျိုးနွယ် ၂ ယောက်ကို သတ်လိုက်မိပြီ ။”
ချန်ရှန် တည်တည်ငြိမ်ငြိမ်ပါပဲ ။
ယောင်မျိုးနွယ်ဟာ အင်အားတောင့်တင်းလှပြီး ချန်ရှန်ဟာ ၎င်းတို့ရှေ့မှာ ယခု တစ်ကိုယ်တည်း ရပ်နေတာပါ ။ ချန်ရှန်ရဲ့ အပြုအမူဟာ သေမင်းကို စိန်ခေါ်နေသလိုပါပဲ ။
မျှော်လင့်ထားတယ့် အတိုင်းပါပဲ ။ ယောင်ဟွန် အော်ပါလေတော့တယ် ။
“သူ့ကို ဝိုင်းကျ ၊ ငါသူ့ကို အပိုင်းပိုင်းဖြစ်တာ မြင်ချင်တယ်”
ချန်ဖုယွန်ဟာ သစ္စာဖောက်အဖြစ် ကျူးလွန်မိပေမယ့် ကြောက်ရွံ့ခြင်းတော့ မရှိလှပါဘူး ။ ဒီအပြင်လောကမှာ ချန်မျိုးနွယ်မှ သူ့ကို ရင်ဆိုင်နိုင်မယ့်လူဟာ နည်းနည်းလေးပါ ။
ချန်ရှန်ဟာ ချက်ချင်းပဲ လူများစွာ ဝိုင်းထားတာ ခံနေရတယ် ။ ဒီလူတွေဟာ ယောင်မျိုးနွယ် လူကြီးများဖြစ်ပြီး ၎င်းတို့ထဲမှ ၂ ယောက်မှာ အဆင့် ၈ ဖြစ်ကြတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ချန်ရှန်ကတော့ ထိုနေရာမှာပင် တည်ငြိမ်စွာ ရပ်နေလျက်ပါပဲ ။
ကွင်းထဲမှ လူများစွာဟာ လျင်မြန်စွာ နောက်ဆုတ်သွားကြတယ် ။ ဒါပေမယ့် လူ ၃၀၀ လောက်ကတော့ မလှုပ်ကြပါဘူး ။ ယောင်ဟွန်ဟာ အဆိုပါ လူ ၃၀၀ ကို စူးစိုက်ကြည့်နေ တယ် ။ ထိုလူများမှ ထွက်နေတယ့် ချီဓာတ်များဟာ အားကောင်းနေပြီး တမျိုးတဖုံ ထူးဆန်း နေပါတယ် ။
“ချန်တျန်းဟူ”
ချန်ဖုယွန် ထိုအထဲမှ တစ်ယောက်ကို သတိထားမိသွားပြီး ထအော်ပါတယ် ။ သူဟာ များစွာသော အဆင့် ၈ သိုင်းပညာရှင်များကို မြင်တယ့်အခါမှာတော့ အရူးူတစ်ယောက်လို တောင် ဖြစ်သွားပါတယ် ။ ဒီမတိုင်ခင် သူချန်အိမ်တော် ဆီ သွားတုန်းက ဒီလိုလူတွေ မတွေ့ ခဲ့ရပါဘူး ။
“သစ္စာဖောက် ၊ ဒီနေ့က မင်းသေမယ့် နေ့ပဲ”
ချန်တျန်းဟူ ကျားခေါင်းပုံ ဓားပြားကြီးကို ဆွဲထုတ်ကာ ချန်ရှန်၏ တည်နေရာသို့ လျှောက် လာနေပါပြီ ။ ချန်မျိုးနွယ်ဟာ ယောင်မျိုးနွယ်၏ ဝင်ပေါက်ကို ရောက်နေကြပြီး လူတိုင်းဟာ ဒီလို လူ ၃၀၀ လောက် ရောက်နေမယ် မထင်သောကြောင့် အံ့သြနေကြပါတယ် ။
ဒါတင်မက ယောင်မျိုးနွယ်ရဲ့ လက်ရွေးစင်များဟာလည်း ဖိအားများစွာ ခံစားနေရပါတယ် ။ အဘယ်ကြောင့်ဆိုသော် တဖက်ပြိုင်ဖက်တွင် အဆင့် ၈ ခြောက်ယောက်အား တွေ့လိုက် ရ သောကြောင့်ဖြစ်ပြီး သူတို့မှာတော့ ၄ ယောက်သာရှိနေတာပါ ။
“ချန် လူကြီးမင်း ၊ ဒါ . . . ဒါ . . .”
ယောင်ဟွန် ချန်ဖုယွန်ကို ကြည့်လိုက်ပါတယ် ။ ချန်ဖုယွန်ဟာ အဆင့် ၉ ပညာရှင်ဖြစ်ကာ ယောင်မျိုးနွယ်အား ကာကွယ်ပေးမှာဖြစ်ပါတယ် ။ ဒါကြောင့်ပဲ သူတို့ဟာ ချန်မျိုနွယ်နဲ့ ရင်ဆိုင် တိုက်ခိုက်ကြတော့မှာပါ ။
“ငါ့ကို ထားခဲ့ပါ”
ချန်ဖုယွန် ပြောလိုက်ပြီးနောက် ချက်ချင်းပဲ ပျံဝဲသွားကာ ချန်တျန်းဟူ ဆီသို့ ရောက်သွားပါ တယ် ။ ဒီချိန်မှာပဲ ချန်ရှန်ဟာ သူ၏နေရာမှ ချက်ချင်းပျောက်သွားကာ လေထဲသို့ အရှိန်ပြင်း စွာ ခုန်တက်သွားပြီး ချန်ဖုယွန် ရှေ့သို့ ရောက်သွားပါတော့တယ် ။ ချန်ရှန် ဟိန်းဟောက်သံ ကြီးကို ပြုလုပ်လိုက်ပြီး များစွာသော လျှပ်စီး နဲ့ လေ များဟာ မိုးပြာရောင် ချီဓာတ်များ ပါဝင် လျက် သူ၏ပါးစပ်မှ ထွက်လာပါတော့တယ် ။ဒီလို ဒေါသထွက်နေသော နဂါးကြီးအသွင် ကြောက်စရာ ဟိန်းဟောက်မှုကြီးကြောင့် ချီငွေ့တွေဟာ ချန်ဖုယွန် ကို ဖုံးလွှမ်းသွားပါ တော့တယ် ။
“ချန်မျိုးနွယ် အားလုံးကိုသတ် ၊ တစ်ယောက်မှ အရှင်မထားနဲ့ ။”
ယောင်ဟွန် အော်လိုက်တာဖြစ်ပါတယ် ။ ဒီအချိန်မှာပဲ ကျားခေါင်းဓားကြီးကို ဆွဲကိုင်ထားသည့် ချန်တျန်းဟူ ဦးဆောင်သော ချန်မျိုးနွယ် ၅၀ တို့ဟာ ယောင်ဟွန်ဆီ ပြေး လာနေကြပါတယ် ။ လူတိုင်းရဲ့ ချီဓာတ်များဟာလည်း သူတို့၏ ကိုယ်မှာ အရှိအဟုန်ပြင်းစွာ ထွက်ပေါ်လျက်ပါပဲ ။
သူတို့၏ မျိုးနွယ်စုခေါင်းဆောင်၏ လှုပ်ရှားမှုကို ကြည့်ရင်း တခြားသော ချန်မျိုးနွယ်ဝင်တိုင်း ဟာ စိတ်ဓာတ်တက်ကြွလျက် အော်သံများပေးကာ သူတို့၏ ဓားများကိုထုတ်ပြီး ကောင်းကင်ကြီးကို ရင်ဆိုင်ရန် ထွက်လာကြပါပြီ ။ ယောင်မျိုးနွယ်ထောင်ပေါင်းများစွာ ရှေ့မှာချန်မျိုးနွယ်ဝင်တို့ဟာ မှန်မှန်ကြီး ချီတက်လာတာပါ ။
ချန်မျိုးနွယ်ဝင် ၃၀၀ ၏ အော်သံကြီးဟာ ဘုရင့်မြို့တော်ကြီး တစ်ခုလုံးကို ပင် မြည်ဟည်း သွားစေပါတယ် ။ ခြေလှမ်းတိုင်းမှာ ကွင်းဟာ ငလျင်လှုပ်သလို လှုပ်ခါနေပါတော့တယ် ။ သေခြင်းတရားကို ကြောက်ရွံ့ခြင်းမရှိတော့တဲ့ ချန်မျိုးနွယ်ဝင်တို့ဟာ ဘာကိုမှ ဂရုစိုက်နေမှာ မဟုတ်တော့ပါဘူး ။ သူတို့ဟာ ချန်မျိုးနွယ်နဲ့တကွ သူတို့မိသားစုများကို ကာကွယ်ရန် အထူး ရွေးချယ်ခြင်း ခံထားရသူတွေပါ ။
လူ ၃၀၀ က ထောင်ပေါင်းများစွာကို ရင်ဆိုင်မှာဖြစ်ပြီး ယောင်မျိုးနွယ်စုများဟာ အင်အား များပြားလှပါတယ် ။ တခြားကွင်းထဲရှိ ပရိတ်သတ်များဟာ မကူညီကြပေမယ့် ချန်မျိုးနွယ် ဘက်မှ အားပေးလျက်ပါပဲ ။
ချန်ရှန်နဲ့ ချန်ဖုယောင်တို့ တိုက်ခိုက်ချိန်မှာပဲ လူ ထောင်ပေါင်းများစွာနှင့် လူ ၃၀၀ တို့ဟာ စတင် တိုက်ခိုက်ကြပါတော့တယ် ။ တိုက်ခိုက်မှုမျာဟာ တချိန်တည်း ဖြစ်ပွားတာဖြစ်ပြီး အော်သံများဟာလည်း ရောထွေးလျက်ရှိကြတယ် ။ စတိုက်ခိုက်ပြီးနောက်မှာပဲ ကွင်းတစ်ခု လုံးဟာ ရောထွေးရှုပ်ယှက်ခတ်နေကာ ကွင်းပြင်ကို ကာရံထားတယ့် အုပ်များ တဝက်လောက် ဟာ ကျိုးကြေကုန်ပါပြီ ။
ချန်ဖုယွန်ကို သူရင်ဆိုင်နေတယ့်အတွက် ချန်ရှန်ဟာ သူ့အဖေနဲ့ တခြားလူတွေကို မစိုးရိမ် တော့ပါဘူး ။ သူတို့ဟာ အဆင့် ၈ ရှိသူတွေမို့ ကောင်းကောင်းရင်ဆိုင်နိုင်မယ်ဆိုတာ သူသိနေပါတယ် ။
ချန်ဖုယွန်ဟာ မိုးပြာနဂါးဟောက်သံကို ထိမှန်ခဲ့ပြီးနောက်မှာ သိပ်တော့ တုန်လှုပ်ပုံမရပါဘူး။ သူဟာ ချန်ရှန်ကို အဆင့် ၈ ရှိနေမယ်ဆိုတာ အသေအချာသိထားတယ့်အတွက်ကြောင့်ပါ ။ ချန်ရှန်ဟာ ဒီလိုအသက်အရွယ်နဲ့ ဒီလိုစွမ်းအားမျိုးကိုပိုင်ဆိုင်တာဟာ အပြင်လောကမှာ တကယ့်ကို ရှာမှရှားတဲ့ လူတစ်ယောက်ပါပဲ ။ ဒါ့အပြင် သူဟာ ဆေးပညာရှင်တစ်ယောက် ဖြစ်သေးတယ်ဆိုတာ ပြောစရာမလိုတော့ပါဘူး ။
“ချန်ရှန် ၊မင်းဟာ အရမ်းပါရမီကောင်းလှတယ်ဆိုတာကိုတော့ ငါဝန်ခံပါတယ် ။ ဒါပေမယ့် ဒါမင်းကိစ္စ နဲ့ ချန်မျိုးနွယ် ကိစ္စ ပဲ ငါ့ကိုတော့ ဘာမှ ဖြစ်စေမှာမဟုတ်ဘူး ။ ငါဟာ ခုကိစ္စတွေ ကိုလုပ်တာဟာ ဂိုဏ်းထဲမှာ ငါ့အတွက် အကျိုးရှိလို့ပဲ ။ ငါဒီမှာ ယောင်မျိုးနွယ်ကို ကူညီရင် ငါဟာ သိုင်းကညာဂိုဏ်းထဲမှာ အမျိုးမျိုးသော ကောင်းကျိုးတွေကို ရတယ် ။ ဒါကြောင့် ငါမင်းကို သတ်ရလိ့မ်မယ် ။ နောက်ပြီး ချန်မျိုးနွယ်နဲ့ပတ်သက်တဲ့ဘာခံစားချက်မှလည်း ငါ့မှာ မရှိဘူး ။ ချန်မျိုးနွယ်ကို ငါမုန်းတယ်”
ချန်ဖုယွန်ဟာ မဲ့ပြုံးပြုံးလျက် အော်လိုက်ပါတယ် ။
ချန်ရှန်ဟာ ဘာမှပြန်မပြောပဲ သူ၏ ချီ ဒြပ်စင် ၅ ခုအား ပေါင်းစပ်နေပါတယ် ။ သူဟာ ယခု အဆင့် ၉ ရှိသူနဲ့ရင်ဆိုင်ရမှာ ဖြစ်ပြီး ၎င်းဟာ သိုင်းပညာဂိုဏ်းကြီးတစ်ခုမှလဲ ဖြစ်နေပါတယ်။ ဒါကြောင့် သူဟာ သူ၏ အနှိုင်းမဲ့စွမ်းအားဖြင့်သာ ဒီပြိုင်ဖက်ကို ရင်ဆိုင်နိုင်မှာပါ ။
လူတိုင်းဟာ သိုင်းပညာဂိုဏ်းကလူများသည် ပြိုင်ပွဲအား လာရောက်ကြည့်ရှူကာ နောက်လိုက် အဖြစ် ရွေးချယ်ဖို့ဆိုတာ သိကြပါတယ် ။ ဒီလူတွေဟာ အနည်းဆုံး အဆင့် ၉ ရှိ သူများဖြစ်ကြပြီး ဒီလိုအားများဟာ တောင်ပိုင်းအင်ပါယာမှာ အလွန်အင်မတန်ကို ရှားပါးလွန်း ပြီး သူတို့ရဲ့စွမ်းအားဟာလည်း တကယ်ကြောက်စရာပါ ။
ဒီလိုလူငယ်လေးဖြစ်တယ့် ချန်ရှန်ဟာ အဆိုပါ ပညာရှင်မျိုးနဲ့ ရင်ဆိုင်တော့မှာ ဖြစ်ပါတယ် ။ လူများစွာဟာ ချန်ရှန်၏ စွမ်းအားသည်လည်း အရမ်းကိုကြီးမားလိမ့်မယ်ဆိုတာ ခန့်မှန်းမိကြ တယ် ။ ခုနကပဲ သူဟာ ဂိုဏ်းရဲ့အပြင်စည်းနောက်လိုက်တပည့်တစ်ယောက်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်လိုက်တာဖြစ်ပြီး အဆိုပါ သေသွားသူ၏ သိုင်းပညာဟာ လည်း အဆင့် ၈ ပါ ။
“ဟဟ ၊ ချန်မျိုးနွယ်ဝင်တွေ ဒီလောက် ရူးနေလိ့်မ်မယ်လို့ ငါမထင်ခဲ့ဘူး ။ မင်းတို့ အဆင့် ၈ ခြောက်ယောက် ရှိနေတယ့်အတွက် မင်းတော့လွတ်ကောင်းလွတ်နိုင်မယ် ။ ခုတော့ ငါ့ရှေ့ရောက်လာတဲ့အတွက် မင်းသာမက ဟိုလူတွေလဲသေပြီပဲ ၊ ချန်မျိုးနွယ် အဆုံးသတ်ပြီ”
ချန်ဖုယွန်ကိုယ်မှ အနီရောင် ချီဓာတ်များ ထွက်လာပြီးသူ၏ လက်များနဲ့ ခြေထောက်များပါ ဖုံးအုပ်လျက် မျက်လုံးများဟာလည်း နီရဲလာပါတယ် ။ ဒါကိုမြင်ပြီးနောက် ချန်ရှန်ဟာ နောက်သို့ အနည်းငယ် ဆုတ်လိုက်ပါတယ် ။ ပထမဆုံးအကြိမ် အဆင့် ၉ ရှိသူနဲ့ တိုက်ခိုက်ရ မှာဖြစ်ပါတယ် ။ ဒါဟာ သူကြုံခဲ့ဖူးသမျှထဲမှာ စွမ်းအားအကြီးဆုံးရန်သူပါပဲ ။ ချန်ရှန်လည်း သူ၏ ချီဓာတ်များကို အာရုံခံရင်း တည်ငြိမ်လာပါတော့တယ် . . . ။
Chapter – 60
#အဖြူရောင်ကျားနတ်လက်သီး
ယောင်မျိုးနွယ်တို့ဟာ လူအင်အားများစွာ သာလွန်နေပါတယ် ။ ဒါပေမယ့် ချန်မျိုးနွယ်ရဲ့ အဆင့် ၈ သိုင်းပညာရှင် ၆ ယောက်နဲ့ ၃၀၀ သော မျိုးဆက်သစ် လူငယ်ဂျူနီယာ များနဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့ဖြင့် သူတို့ဟာ လူသာများပြီး အားနည်းနေပါတယ် ။ ယောင်မျိုးနွယ်များဟာ တဖြည်းဖြည်းချင်း သူတို့၏ နယ်မြေများမှ ဆုတ်ခွာလာနေရပြီး သူတို့ရဲ့ ခြံထဲတောင် ရောက်တော့မှာပါ ။ ကြီးမားခိုင်ခံ့လှတယ့် ယောင်မျိုးနွယ်တို့ရဲ့ တံခါးကြီးဟာလည်း ချန်တျန်းဟူရဲ့ အားကြောင့်ပွင့်သွားခဲ့ပြီး ချန်မျိုးနွယ်တို့ အထဲသို့ ဝင်နိုင် သွားပါပြီ ။
ကွင်းပြင်ကျယ်ကြီးဟာ ချန်ရှန် နဲ့ ချန်ဖုယွနတို့ သီးသန့် တိုက်ခိုက်နိုင်စေရန် ရှင်းလင်းပေး လိုက်သလို ဖြစ်သွားပါတယ် ။
ချန်ဖုယွန်၏ လက်များနှင့် ခြေထောက်များမှ အနီရောင် စစ်မှန်သော ချီဓာတ်များ ထုတ်နေပြီး ဒါတင်မက အရိုင်းဆန်လှတယ့် အသက်ရှူပုံတွေဟာလည်း ၎င်းတို့ ၂ ဦးစလုံးဆီ မှ ထွက်နေကြပါတယ် ။ အနီရောင် ချီဓာတ်တွေဟာ ချန်ဖုယွန်၏ လက်များမှ ဖြည်းညင်းစွာ သားရဲတစ်ကောင်အသွင်သို့ စတင် ပြောင်းလဲလာပြီး ဒီသန်မာလှတယ့် လက် ၂ ဖက်ဟာ ချွန်ထက်သော လက်သည်းများ ဖြစ်သွားကြပါတယ် ။အရမ်းကို ကြောက်မက်ဖွယ်ရာပါပဲ ။
သူ၏ခြေထောက်များဟာလည်း ထို့အတူပါပဲ ။ ခြေချောင်းတွေမှာ အနီရောင်ချီငွေ့တွေ များစွာ ထွက်နေပြီးအံအားသင့်ဖွယ် သားရဲကြီး အသွင် ဖြစ်ပေါ်နေလျက် ရှိပါတယ် ။ အားပြင်း လှပြီး ကြောက်စရာကောင်းလှတယ့် ချီဓာတ်လှိုင်းများဟာ ချန်ရှန် ဆီသို့ လာနေပါပြီ ။
ချန်ရှန် မျက်မှောင်ကြုတ်ရင်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပါတယ် ။ သူဟာ ချန်ဖုယွန် ကို ကြည့်လိုက်တယ့် အခါ ၎င်း၏ မျက်လုံးများ အနီရောင်အဖြစ် ပြောင်းလဲသွား ကာ ကြောက်စရာ ဝံပုလွေတစ်ကောင်နဲ့ တူနေတာကို သတိပြုမိလိုက်ပါတယ် ။
“ဒါဟာ အဆင့် ၉ သိုင်းပညာဖြစ်တယ့် စစ်မှန်သော ပုံစံအဆင့် အမှန်ပဲပေ့ါ”
ချန်ရှန် စိတ်ထဲ ရေရွတ်မိပါတယ် ။ အဆင့် ၉ သိုင်းပညာဆိုတာ တနည်းအားဖြင့် စစ်မှန်သော ပုံစံအဆင့် လို့ ခေါ်ပါတယ် ။ တစ်ဦးချင်းစီရဲ့ ကျင့်စဉ်များကို အခြေခံပြီး ၎င်းတို့၏ စွမ်းအင် သိုလှောင်ရာမှ ချီဓာတ်များဟာ ပုံပြောင်းစေတာ ဖြစ်ပါတယ် ။ ပုံမှန်အားဖြင့် အမျိုးအစား ၂ မျိုး ခွဲခြားနိုင်ပါတယ ်။ တစ်ခုကတော့ ငှက် သို့မဟုတ် သားရဲကြီး အသွင်ဖြစ်ပြီးနောက်တစ်ခုကတော့ လက်နက် ပုံစံ ဖြစ်ပါတယ် ။ အခြားပုံစံများစွာလည်းရှိပါသေးတယ် ။ အဲဒါတွေကတော့ - ကြာပန်းပုံ ၊ ကြယ် သို့မဟုတ် လျှပ်စီးပုံ စတာတွေပဲ ဖြစ်ကြတယ် ။ ဒီလိုပုံစံ ၁ ခုချင်းဆီဟာ လေ့ကျင့်သူ ကျင့်ကြံခဲ့တယ့် ကျင့်စဉ်များအပေါ် မူတည်ပြောင်းလဲ တာပါ ။
ချီဓာတ်များဟာ ငှက် သို့မဟုတ် သားရဲပုံပြောင်းပါက ၎င်းအကောင်များ၏ အထူးစွမ်းအားများ ကို သုံးလို့ရမှာဖြစ်ပြီး လက်နက်ပုံပြောင်းရင်တော့ အရမ်းကို စွမ်းအင် ကြီးမား လှတယ့် ဆန်းကြယ်သော လက်နက်ရုပ်ပုံလွှာအဖြစ် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ် ။ ဒီအချိန်မှာ လက်နက်အဖြစ် အသုံးပြုလို့ ရရုံသာမက ထိုလက်နက်များ စုပေါင်းကာ ပိုမို စွမ်းအား ကြီးမားသော ပုံစံဖြင့်လည်း တိုက်ခိုက်လို့ ရပါသေးတယ် ။
ခုချန်ရှန် ရှေ့က ချန်ဖုယွန် ပုံကတော့ ဝံပုလွေ အမျိုးအစား ချီဓာတ်ပဲ ဖြစ်ပါတယ် ။
“ဝံပုလွေ ဒေါသလက်သီး”
ချန်ဖုယွန် လေထဲကို လက်သီး ထိုလွှတ်ပြီး ချက်ချင်းပဲ သူရပ်နေတယ့်နေရာဟာ အားကောင်းလှတယ့် ချီဓာတ်များ ရုတ်တရက် ထွက်လာမှုကြောင့် မတည်ငြိမ်တော့ ပါဘူး ။
သူ၏ခြေထောက်မှာ ချိုင့်ကြီး ၂ ခု ဖြစ်ပေါ်ပြီး အနီရောင်အလင်းတန်းတစ်ခုဟာ မျက်စိတမှိတ် အတွင်းမှာ မရေတွက်နိုင်သော ဝံပုလွေခေါင်းများ ပါးစပ်များဟလျက် နံရံတစ်ခုအသွင် ဖြစ်ပေါ်လျက် ချန်ရှန်ဆီသို့ နီးကပ်လာနေပါပြီ ။
ဒီဝံပုလွေခေါင်းများမှာ ကြောက်စရာစွမ်းအင်တွေနဲ့ ဖန်တီးထားတာပါ ။ ချန်ရှန်သာ တိုက်ရိုက် ထိမှန်ပါက မာလှပါချည်ရဲ့ဆိုသည့် သူ၏ကိုယ်ပင် တော်တော် ထိခိုက်သွားစေလောက်ပါတယ် ။ ချန်ရှန်လည်း လက်များကို တွန်းထုတ်ကာ စုဆုံလျက် သူ၏ စွမ်းအင်သို လှောင်ရာမှ အနှိုင်းမဲ့ စကြာဝဠာ ချီဓာတ်တွေကို အပြင်သို့ ထုတ်လိုက်ပါ တော့တယ် ။ ဒီချီငွေ့တွေဟာ သူ၏ ရှေ့တွင် နံရံတစ်ခုအလား ကာရံစေလိုက်ပါတယ် ။
ဒီအနှိုင်းမဲ့ ချီဓာတ်တွေကိုတော့ ချီဒြပ်စင် ၅ ခု ပေါင်းစပ်ခြင်းမှ ဖန်တီးထားတာဖြစ်ပြီး ၎င်းဟာ အရောင်မရှိသောကြောင့် မမြင်နိုင်ပါ ။ ဒါပေမယ့်လည်း လူတိုင်းဟာ ၎င်း၏ ပြင်းအားကို မြင် တွေ့နိုင်ကြပါလိ့မ်မည် ။
စစ်မှန်သော ချီဓာတ်များမှ ဖြစ်ပေါ်လာတဲ့ များစွာသော ဝံပုလွေခေါင်းများဟာ ချီငွေ့လှိုင်းများ ထုတ်လွှတ်ပြီး ချန်ရှန်ဆီသို့ ပျံသန်းလာနေကြပါတယ် ။ ဒီလိုလှိုင်းတွေနဲ့ ထိတွေ့တဲ့မြေပြင် ဟာ အပိုင်းအစများစွာ ဖြစ်လျက် ပေါက်ကွဲထွက်နေကြတယ် ။
ဒီများစွာသော ချီဓာတ်များမှ ဖန်တီးထားတဲ့ ဝံပုလွေခေါင်းများဟာ ချီအကာကွယ် နံရံကို ရိုက်ခတ် သွားပါတော့တယ် ။ ချီဓာတ် ၂ ခုလုံးရဲ့စွမ်းအားဟာ တူလုနီးပါး ဖြစ်နေပြီး မိုးကြိုး ပစ်ချသံထက်ပင် ပိုမိုကျယ်လောင်စွာ မြည်ဟည်းသွားတယ် ။ ဒီလိုတိုက်မိခြင်းကြောင့် ချီဓာတ်လှိုင်းတစ်ခု ဖြစ်ပေါ်သွားပြီး ပင်လယ်လှိုင်းတံပိုးကြီးအလား အရပ်မျက်နာ အားလုံးကို ပြန့်နှံ့သွားသလိုပါပဲ ။ ကွင်းကို ကာရံထားတယ့် အုတ်နံရံများဟာ လှိုင်းနဲ့အတူ ပါသွားပြီး အမှုန်များအဖြစ် ကွဲထွက်သွားကြပါတော့တယ် ။
မူလက ကွင်းကို အုတ်ခဲများဖြင့် အပြည့်ကာရံထားတာဖြစ်ပြီး ယခုအချိန်မှာတော့ အကာအရံ မရှိတယ့် ကွင်းပြင်ကြီး ဖြစ်နေပါပြီ ။ ချန်ရှန်အရှေ့မှာလည်း တွင်းနက်ကြီးတစ်ခု ဖြစ်နေလျက်ပါ ။
ချန်ဖုယွန်ဟာ သုူ၏ စစချင်းတိုက်ကွက် ဘာမှမထူးခြားတာကို မြင်တယ့်အခါ ချက်ချင်း ပဲ နောက်ဆုန်ခုန်ကျော်သွားပြီး သူသွားရာလမ်းတစ်လျှောက် ချိုင့်ကွက်များ ဖြစ်လို့ ကျန်နေခဲ့ ပါတယ် ။ ခြေတလှမ်း လှမ်းလိုက်တိုင်း မြေကြီးဟာ တုန်နေကာ အသံများလည်း မြည်လျက် ပါပဲ ။ ဒါဟာ စိတ်တိုနေတဲ့ ကြီးမားသော ဆင်ရိုင်းကြီး ကွင်းထဲ လျှောက်ပြေးနေသလိုပါ ။
ချန်ဖုယွန်ဟာ ချန်ရှန် ဒီလိုကြီးမားလှသော စွမ်းအင်ရှိသည့် ချီဓာတ်များကို ထုတ်လွှတ်တိုက် ခိုက်တာတောင် ခံနိုင်နေသောကြောင့် အံ့အားသင့်လို့ နေပါတယ် ။ ဒါပေမယ့် ဘယ်လိုပဲဖြစ် ဖြစ် ကိစ္စမရှိပါဘူး ။ ချန်ရှန်ဟာ အဆင့် ၈ သာ ဖြစ်သောကြောင့် အတွေ့အကြုံနုနယ်ကာ သူ၏ နောက်ထပ် တိုက်ကွက်များကို ယှဉ်နိုင်မည်မဟုတ်ဟု ထင်ကာ နိုင်မယ်လို့သာ ယုံကြည်နေပါတယ် ။
“စိတ်ကြီးဝင်နေတယ့် ကောင်လေး ၊ ဒီနေ့မင်းကိုငါ ငရဲ ပို့ပေးမယ်”
ချန်ဖုယွန် ကြောက်မက်ဖွယ် ကြုံးဝါးကာ ခုန်တက်သွားပါတယ် ။ သူ၏ ခြေ ၂ ဖက်လုံးဟာ ပူးကာ အနီရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး လျှပ်စီးလို အဟုန်ဖြင့် အမြင့်မှ ထောင့်ဖြတ်အနေအထား လာနေပါတယ် ။
“ခင်ဗျားဟာ ဝံပုလွေ တစ်ကောင်သာဖြစ်ပြီး ဝဲစားတစ်ကောင်ထက် မပိုပါဘူး ၊ ဒါကိုများ ဘာတွေ အထင်ကြီးနေတာလဲ”
ချန်ရှန် ခနဲ့တဲ့တဲ့ ပြောလိုက်တယ် ။ ချန်ဖုယွန် ကောင်းကင်ပေါ်မှ ကျလာတာ ကြည့်ရင်း အနှိုင်းမဲ့စွမ်းအားကို တဖန်ပြန်လည် စုစည်းကာ ချက်ချင်းပင် အမဲလိုက်ခြင်း ချီဓာတ်များ ထပ်ဖြည့်ပြီး ထိုးလိုက်ပါတော့တယ် ။
“အဖြူရောင် ကျားနတ် လက်သီး”
ချန်ရှန် ချန်ဖုယွန်၏ တောင်တစ်လုံးပြိုကျလာသလို လာနေသော တိုက်ခိုက်မှုကို ကြိုဆို လျက်ပါ ။ ဒီတိုက်ခိုက်မှုမှာတော့ ချန်ရှန် လက်သီးဟာ ချန်ဖုယွန်၏ ခြေဖဝါးအလယ်တည့်တည့်ကို ထိမှန်သွားပါတယ် ။ရုတ်တရက် ကျားဟိန်းသံကြီးတစ်ခု ကောင်းကင်ထက် လွင့်ပျံသွားပြီး ချီလှိုင်းတွေဟာလည်း အဖက်ဖက်ကို ပြန့်ထွက်သွားပါ တော့တယ် ။ သဲများလေနဲ့အတူ လွင့်ထွက်သွားပြီး မြေကြီးပေါ်မှ အက်ကွဲကြောင်း အချို့ကို လည်း မြင်နိုင်မှာပါ ။
ချန်ဖုယွန် ဒီတိုက်ခိုက်မှုဟာ ချန်ရှန်၏ အကာကွယ် အားလုံးကို ထိုးဖောက်ဖျက်ဆီးသွားပြီး ချန်ရှန်အား အဆုံးသတ်နိုင်လိ့မ်မည်ဟု ထင်တာပါ ။ မျက်စိတမှိတ်တွင်းမှာ ချန်ဖုယွန်၏ ခြေထောက်ဟာ ပြင်းထန်လှတယ့် ကြောက်မက်ဖွယ်အတွင်းအားများကြောင့် ကျိုးသွားကာ ပေါင် အထိတိုင် ထိခိုက်နာကျင်သွားလိမ့်မယ်ဆိုတာ ဘယ်သူထင်အံ့နည်း ။
သူ၏ခြေထောက်ဟာ ချန်ရှန်၏ အဖြူရောင် ကျားနတ် လက်သီးကြောင့် ကျိုးသွားပါပြီ ။ လူအုပ်ကြီး တစ်ခုလုံး လန့်သွားကြပြီး အံ့သြသွားကြပါတယ် ။ ချန်ဖုယွန် ၏ ခြေထောက်မှာ အရိုးများကို ယူပစ်လိုက်သလိုကို ဖြစ်သွားခြင်းပါ ။ ဒါဟာ အဖြူရောင်ကျားလက်သီးရဲ့ အစွမ်းပါပဲ ။ ချန်ရှန်ဟာ ဒီစွမ်းအင်ကို ယခုမှ ပထမဆုံး အကြိမ် စတင်သုံးတာဖြစ်ပြီး ဒီစွမ်းအင်သုံးပါက ပြင်းထန်လှသော စွမ်းအားများ ထွက်လာရုံ သာမက အဆုံးမရှိတယ့် အမဲလိုက်ခြင်း ချီဓာတ်များဟာလည်း ထွက်ပေါ်လာကာ တဖက် ရန် သူကို လွှမ်းမိုးသွားစေပါတယ် ။
“ဝဲစားကြီး ၊ ဒါဟာ ရန်သူကို အထင်သေးခြင်း အကျိုးဆက်ပဲ”
ချန်ရှန်ဟာ အေးစက်စွာ ပြောလိုက်ပြီး ရုတ်တရက်ပဲ ချန်ဖုယွန်ရှေ့သို့ ရောက်သွားတယ် ။ ချန်ဖုယွန်ဟာ ဒေါသမျာ ၊ အမုန်းတရားများ ၊ ရှက်ရွံ့ခြင်းများ ကို တချိန်ထဲ ခံစားနေရပြီး ချန်ရှန် သုံးသွားသည့် အကွက်ကို ခုထိ မသိသေးပါ .။ ဒီလိုအရာမျိုးအား ကြုံလည်းမကြုံ ၊ ကြားလည်းမကြားဖူးပါ ။ ဒါဟာ ရုပ်ပိုင်းဆိုင်ရာအားများနှင့် ဆင်တူသော အားမျိုးမသုံးပါပဲ တချိန်ထဲ ဘယ်လိုများ ဖြစ်ပေါ်လာတာပါလိမ့်ဟု တွေးနေမိပါတယ် ။
“သိပ်လည်း ကျေနပ်မနေနဲ့ ၊ ခု မင်းကို မီးလောင်တိုက်သွင်းမယ်”
ချန်ဖုယွန် လက်သီးများ ဆုပ်ကာ ချန်ရှန်အား ထိုးလိုက်ပါတယ် ။သူဟာ ခုနက ချန်ရှန် သုံးလိုက်သော စွမ်းအားများကြောင့် ချန်ရှန် တစ်ယောက် ချီဓာတ်များ ကုန်ခမ်းသွားလောက် ပြီ ဟု ထင်နေပါတယ် ။ ဒါတင်မက အဆင့် ၈ ပဲရှိသေးသူဟာ သူ့လောက် ချီဓာတ်စွမ်းအားများ မများပြား မပြင်းထန်လောက်ဘူးဟု တွေးနေပါသေးတယ် ။
ချန်ဖုယွန် ၏ အတွေး အမှားကြီး မှားသွားပါပြီ ။ သူ၏ လက်သီး ချန်ရှန်ဆီ ထိုးလိုက်တယ် ဆို ရင်ပဲ ချန်ရှန်ဟာ ခုနကလို အဖြူရောင်ကျားနတ်လက်သီးမျိုး နောက်တစ်လုံး ကို တန်ပြန် ထိုးလိုက်တာကို ကြုံလိုက်ရပါတယ် ။ ကျားဟိန်းသံတစ်ခု ထပ်မံ ဖြစ်ပေါ်လာပြီး ချန်ဖုယွန် ခမျာ လက်ပါကျိုးသွား ရ ရှာပါပြီ ။
“မင်းးးးးးးးး”
ပြင်းထန်လှသည့် အားကြောင့် ချန်ဖုယွန် လွင့်ထွက်သွားကာ သွေးများ အန်ထွက်လာပါတော့တယ် ။ သူဟာ ခြေတစ်ချောင် လက်တစ်ချောင်းတင်မက ချန်ရှန် ခုနက လက်သီးကြောင့် အတွင်းကလီစာများလည်း ရစရာ မရှိတော့ပါ ဘူး ။
ရပ်ကြည့်နေတယ့်လူစုဝေးကြီးဟာဆိုရင် ထိတ်လန့်တုန်လှုပ်လျက် ရှိနေကြတယ် ။ ချန်ရှန် ဆီမှ ထွက်ပေါ်လာတဲ့ ဒီလက်သီးဟာ ပြည့်စုံကောင်းမွန်လွန်းရုံသာမက ချီဓာတ်များဟာလည်း အားကောင်းလှပါတယ် ။ ဒီလို တိုက်ခိုက်မှုမျိုးအတွက် ချီဓာတ်များစွာ သုံးစွဲရမည် ဖြစ်ပြီး တစ်ကြိမ်သုံးရုံနဲ့တင် လုံလောက်ပါပေတယ် ဟု ယူဆနေကြပါတယ် ။ သို့သော် ချန်ရှန် ဒီလို မျိုး နောက်တစ်ကြိမ် သုံးနိုင်လိမ့်မယ်လို့ မထင်ကြပါဘူး ။
ချန်ရှန် ချန်ဖုယွန်ဆီ ဖြည်းညင်းစွာ လျှောက်သွားပါတယ် ။သူသွား ရာ လမ်းတလျှောက် သဲမုန်တိုင်းများပင်ဖြစ်ပေါ်လျက် ခံစားချက်မဲ့သော မျက်နာအား အဝေးမှပင် မြင်နိုင်ပါတယ် ။ သူ၏ ဒေါသများဟာလည်း ပြေပုံမရသေးပါဘူး ။
“ခင်ဗျား ကျွန်တော့ အဖေကို ထိခိုက်အောင်လုပ်တယ် ၊ ကျွန်တော်တို့ ဆေးဆိုင်ကို လူတွေလွှတ်ပြီး ဖျက်ဆီးခိုင်းတယ် ၊ ယောင်မျိုးနွယ်နဲ့ ပူးပေါင်းပြီး ချန်မျိုးနွယ်ကို ပျက်ဆီး အောင်လုပ်တယ် ။ ဒီလိုသစ္စာဖောက်ကို လွယ်လွယ်နဲ့တော့ သေခွင့်မပေးနိုင်ဘူး”
ချန်ရှန်ဟာ ဒေါသတကြီး ပြောလိုက်ပါတော့တယ် . . . ။