Chapter – 21
#ကောင်းကင်ဘုံမှနတ်လက်နက်များ
ရွှီရှန်းရှန်းဘေးတွင် သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက် ရှိနေပြီး သူမသည် ချန်ရှန်ဆီသို့ လျှောက်လာနေတယ် ။ ခြေလှမ်းတိုင်း ချန်ရှန်ဆီသို့ ကြည့်လျက် ၊ ချန်ရှန်ရင်တွေပင်ခုန်နေပါတယ် ။ သူမအလှကြောင့် တွေေ၀ မိနေသော်လည်း ဒီခံစားမှုလေးဟာ ချိုမြိန်လှတယ် ။ အသားတွေအေးလျက် ခြေလက် များပင် အားမရှိသလိုဖြစ်ကာ တစ်ကိုယ်လုံးတောင့်တောင့်ကြီးဖြစ်နေပါတယ် ။ မှင်သက် မိကာ လှုပ်မရနိုင်အောင်ပင် ဖြစ်နေပြီး ထိုအမျိုုးသမီး၏ ဖီးနစ်ငှက်ကဲ့သို့ မျက်လုံးများကို ရင်မဆိုင်ရဲပေ ။ ချန်ရှန်သူမအလှမှာ နစ်မြော ကျရှုံးမိကြောင်း ဝန်ခံရပါမည် ။ သူ့နှလုံးသား ၊သူ့ဆန္ဒ ၊ သူ့အတွေးအားလုံးကို သိမ်းပိုက်သွားသလိုပင် ။
ချန်ရှန် စိတ်လျော့ချလိုက်ပြီး ထိုက်ကျိကျင့်စဉ်ကို စိတ်ထဲမှ အားထုတ်ကာ သူ ၏ အာရုံ များကို စုစည်းလိုက်ပါတယ် ။ ကွင်းထဲမှ မိန်းမလှ ၂ ယောက် က သူ့ကို ပြောပြထားတာ ကိုမှတ်မိသောကြောင့်လည်း ဖြစ်ပါတယ် ။ တစ်စုံတစ်ယောက်က သူ့ကို ဖမ်းစားမည် ဆိုပါက ထိုက်ကျိကျင့်စဉ်ကို အားထုတ်ခြင်းဖြင့် ရှောင်လွှဲနိုင်မည် ဖြစ်သောကြောင့် ဖြစ်တယ် ။ ချန်ရှန် အနားရောက်သောအခါ အမျိုးသမီး၏ မျက်ခုံးများ တွန့်ကာ စူးရှသော အကြည့်ကို ချန်ရှန်တွေ့လိုက်ရတယ် ။ သူမကလည်း ချန်ရှန်တည်ငြိမ်စွာ ရှိနေသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ်အံ့သြလျက်ပါ ။ သူမဟာ သူမရဲ့ အလှ သူမရဲ့ အကြည့် များဖြင့် လူတိုင်းကို ဖမ်းစားလျက်ပါ ။ ဘယ်ပုရိသမှ သူမ၏ ညို့ငင်နိုင်တယ့် စွမ်းရည်ကို အံမတုနိုင်ပါဘူး ။ ဒါပေမယ့် ချနှ်ရှန်ကို တွေ့လိုက်ချိန်မှာတော့ သူမကိုယ်သူမ လှသေးရဲ့ လားဆိုတာကို တောင် မသေချာဘူးဖြစ်နေပါတော့တယ် ။
“ရှန်းရှန်း ၊ မင်းရဲ့ခင်ပွန်းလောင်းက တကယ်ကို တည်ငြိမ်တာပဲ ၊ ဟိုယောင်မျိုးနွယ်က ကောင်စုတ်လေးထက် သာပါပေတယ်”
အမျိုးသမီး၏ အသံက နုူးညံ့ လှပါပေတယ် ။ အသံသြဇာပြည့်လျက် လူတိုင်းကို သူမ၏ အမိန့်အား နာခံစေနိုင်လောက်သော အသံမျိုးပါပဲ ။ ချန်ရှန် အချိန်မဖြုန်းတော့ပဲ လက် ၂ ဖက်ဖြင့် အရိုအသေပေးကာ ပြောလိုက်ပါတယ် ။
“ကျွန်တော် ချန်ရှန်မှ အမတော် ___ ကို နှုတ်ဆက်ပါတယ် ။ ဒီက အမတော်က ရှန်းရှန်း ရဲ့ ဆရာများလားဗျ”
အမျိုးသမီးက ပြုံးပြလျက် ဖြေလိုက်ပါတယ် ။ ချန်ရှန် ဒီအပြုံးကို ဘယ်လိုမှ မဖော်ပြတတ် ပါဘူး ။ လူတိုင်းရဲ့ ဝိဉာဉ်ကိုပင် သိမ်းပိုက်နိုင်မည် ဆိုတာတော့ သေချာပါတယ် ။ ချန်ရှန် နည်းနည်းတော့ ပြာယာခတ်သွားတယ်ဆိုတာ ဝန်ခံရပါလိမ့်မယ် ။ ဒါပေမယ့်လည်း သူ့ကို သူပြန်ထိန်းကာနေလိုက်တယ် ။
“ဟုတ်တယ် ၊ မင်းသတို့ သမီးကို စိတ်ချပါ”
ခုနနဲ့ မတူတာက ခုနက အမိန့်ပေးတတ်တယ့်လေသံဟာ ပျောက်ကွယ်သွားပြီး ကြင်နာ သနားတတ်တယ့် အသံ ဖြစ်ပေါ်နေတာပါပဲ ။ ရှန်းရှန်း သက်ပြင်းချမိတယ် ။ သူမဟာ သူမ၏ ဆရာနဲ့ ခင်ပွန်းလောင်းတို့ကြား တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေပါ့မလား လို့ စိုးရိမ်မိနေတာပါ ။ သူမ နှုတ်ခမ်းလေးကိုကိုက်ကာ ဆေးပင်တွေကို ချန်ရှန်ဆီလှမ် း ပေးလိုက်ပါတယ် ။
“ကျွန်မ ဆရာနဲ့ အတူ သွားရတော့မယ် ။ အကိုတော် မြန်မြန်လိုက်လာပြီး ကျွန်မကို လိုက်ရှာပါ”
ရှန်းရှန်း ဝမ်းနည်းသံနဲ့ ပြောလိုက်ပါတယ် ။ ချန်ရှန် သူမနဲ့ ဒီလို ခဏလေးပဲ အတူရှိလိုက် မယ်လို့ မမျှော်လင့်ခဲ့ပါဘူး ။ သူ့နှလုံးသားလည်း ညှိုးငယ်သွားတော့တယ် ။ သူမရဲ့ မျက်နာလေးကိုကိုင်ကာ ပြောလိုက်တယ် ။
“ပျော်ပျော်နေပါ ။ ငါတို့ သေချာပေါက် အတူတူရှိကြရမှာပါ ။ ငါမင်းကို သေချာပေါက် လိုက်ရှာမှာနော်”
ရှန်းရှန်း ဆရာလည်း ခေါင်းညိမ့်ကာ -
“ကောင်လေး ၊ မင်းဒီဂိုဏ်းတွေကို လိုက်မရှာခင်မှာ မင်းသိုင်းပညာက အဆင့် ၉ အထက်ရောက်နေမှ ဖြစ်မှာနော် ၊ မင်း ကောင်မလေးကို ရှာချင်တယ်မလား ၊ ဒါဆို ငါ့ကို အရင်ရှာ ။ ငါ့အကြောင်း စုံစမ်းမိဖို့က သိပ်မခက်ပါဘူး ။ငါ့ကိုတွေ့တာနဲ့ မင်းသတို့သမီး လေးကိုလည်း တွေ့ပြီပေါ့”
ထို့နောက် ဆရာက ရှန်းရှန်းဘက်လှည့်ကာ -
“ကောင်မလေး ၊ သွားကြစို့ ၊ ဒီကောင်လေးက မင်းထင်တာထက်ကို ပိုပြီး ပြည့်စုံပါတယ်၊ သူ့အတွက် မစိုးရိမ်နဲ့ ၊ မင်းအားတွေ အလကားနေရင်းကုန်မယ်”
အမျိုးသမီး မထွက်ခွာခင် သူတို့ ၂ ယောက်လည်း ပွေ့ဖက် နှုတ်ဆက်ကြပါတယ် ။ ထို့နောက်မှာတော့ ဖီးနစ်ငှက်မျက်လုံး ပိုင်ရှင် အမျိုးသမီးလည်း ရွှီရှန်းရှန်းကို အဝေးသို့ ခေါ်ဆောင်သွားပါတော့တယ် ။ ချန်ရှန်လည်း သူတို့ ကို ကောင်းကင်တဆုံး မြင်ကွင်းမှ ပျောက်ကွယ်သွားသည့် တိုင်အောင် ကြည့်နေမိပါတယ် ။
သူတို့ ပျောက်ကွယ်သွားသောအခါ မှ ချန်ရှန် တီးတိုးရေရွတ်မိလေတယ် ။
“ဟက် ၊ မာနတွေကြီးနေလိုက်တာ ။ ငါ့ကျ သူနဲ့ပတ်သက်တဲ့အကြောင်း ဘာမှ မပြောသွားပဲ ဘယ်လိုရှာရမှာလဲ ။ အရူးကျနေတာပဲ ၊ နာမည်လောက်တော့ အနည်းဆုံး ပြောသွားသင့်တာပေါ့”
“ဒီမိန်းမက အရမ်းသန်မာတယ် ။ သူမဟာ ကောင်းကင်ဘုံ နတ်လက်နက် အင်ပါယာက ဧကရီ အဖြစ် ထင်ရှားကျော်ကြားတယ် ။ နောက်ပြီး သူမမှာ အနီရင့်ရောင်ငှက် (သားရဲနတ်လက်နက်တွင် တစ်ခုအပါအဝင်ဖြစ်သော) နတ်လက်နတ်လည်းရှိတယ် ။ မင်းသတို့သမီးကို ပညာသင်အဖြစ် သူမလက်ခံတာဟာ တော်တော်ကံကောင်းတယ့် အခွင့်အရေးပဲ”
စုမေးယို ကပြောပြခြင်း ဖြစ်ပါတယ် ။
ကောင်းကင်ဘုံနတ်လက်နတ်အင်ပါယာတဲ့လား ၊ ချန်ရှန် ဒီအကြောင်း မကြားဖူးသေးပေ ၊ သူလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ထပ်မေးမလို့ရှိစဉ်မှာပဲ ဘိုင်ယုယု က ဆက်ပြောပြတယ် ။
“ဒီမိန်းမကတော်တော် တော်တယ် ။ ငါတို့လိုပဲ ပိုင်ဆိုင်တယ့်စွမ်းရည်ချင်း ဆင်တူတယ် ။ နောက်ပြီး သူမဟာ အဓိကကျသော သစ္စာဂိုဏ်း ရှစ်ခု ရဲ့ ဆရာမကြီး တစ်ယောက်လည်း ဖြစ်တယ် ။ ဒီဂိုဏ်းကတော့ ချန်ဝူ ပြည်မှာ ရှိတယ် ထင်တာပဲ ။ ဒါပေမယ့် ငါမထင်ထားတာက ဒီထိအောင်လာပြီး ပညာသင်ကို လာခေါ်တယ် ဆိုတာကိုပဲ”
ချန်ရှန်ဟာ သူမတို့ ပြောတဲ့ ချန်ဝူပြည်အကြောင်း တွေးမိတယ် ။ ၎င်းဟာ များစွာ ကြီးမားသော နယ်ပယ်ကြီးဖြစ်ကာ သိုင်းလောကကြီး တစ်ခုလုံး ရှိနေသလိုပါပဲ ။ ချန်ဝူ မှာ သစ္စဂိုဏ်း ၈ ခု လည်း ရှိပါတယ် ။ သူတို့ အပိုင်စားရတယ့် နေရာမှာ ဆရာ တစ်ယောက် ဆီ ရှိကြတာလည်း ဖြစ်ပါတယ် ။ ဒီဂိုဏ်းတွေကတော့ စွမ်းအင် အထွတ်အထိပ်တွေကို ပိုင်ဆိုင်ကြပီး သိုင်းပညာတေလည်း မြင့်မားကြလှပါတယ် ။
“ကောင်းကင် နတ်လက်နက် အင်ပါယာဟာ မူလက တစ်ခုတည်းသော ဂိုဏ်းလေးပဲ ၊ နောက်ပိုင်းကျ ပြည်နယ်တွေ ဖွံ့ဖြိုးလာပြီး သူတို့ဟာ အံ့သြစရာ လက်နက်ဆန်းတွေ လုပ်တယ့် နေရာမှာ တကယ်ကို ကောင်းမွန်လာကြတယ် ။ ဒီမိန်းမက အခု သူတို့ ဧကရစ် တစ်ယောက်ပဲ”
စုမေးယိုက ရှင်းပြပါတယ် ။ ချန်ရှန်လည်း ရွှီရှန်းရှန်းရဲ့ဆရာက ဒီလို မျိုး ကြီးမြတ်ပြည့်စုံ လှတာကို သိလိုက်ရတယ့် အတွက် ပျော်ရွှင်သွားတယ် ။ ကောင်မလေး ထွက်ခွာ သွားလို့ ဝမ်းနည်းစွာ ခံစားရသော်လည်း သူမအတွက် အကောင်းဆုံး ဖြစ်မယ်ဆိုသည့် အတွေးကြောင့် ခံသာသွားပါတယ် ။ ခုတော့ မှော်ကျောက်ဖရုံဆေးလုပ်ဖို့ ဆေးပင် ၆ စုံ စာပေးသွားတယ့်အတွက် သူ ဆေးတွေ အများကြီး ဆက်လုပ်နိုင်တော့မှာပါ ။
သုံးရက်ကြာပြီးနောက်မှာတော့ - ချန်ရှန်ဟာ မှော်ကျောက်ဖရုံဆေးကို ၄ ကြိမ်လုပ်ရာ တွင် ၃ ကြိမ် အောင်မြင်ခဲ့ပြီး တစ်ကြိမ်သာ ကျရံှုးခဲ့ပါတယ် ။
ဒီနေ့ကတော့ ညစာစားပွဲနေ့ပဲ ဖြစ်ပါတယ် ။ မျိုးနွယ်စုတိုင်းကို ဖိတ်ကြားထားခြင်း ဖြစ်ပြီး တစ်မျိုးနွယ်စုမှ တစ်ယောက်စီ ကိုယ်စားပြုတက်ရောက်တာလည်း ဖြစ်ပါတယ် ။ လာတယ့်လူတိုင်းဟာ စားသောက်ပွဲထက် လူငယ် ၂ ယောက်ရဲ့ပြိုင်ပွဲကိုသာ စိတ်ဝင် စားလျက် ရှိနေကြတယ် ။ လူငယ်တိုင်းကလည်း သူတို့အစား ရင်တွေခုန်လျက် စိတ်လှုပ် ရှားနေကြပါတော့တယ် ။
စားပွဲကိုတော့ ညဖက်တွင် ကွင်းပြင်ကျယ်ကြီး ထဲ ပြုလုပ်တာဖြစ်ပါတယ် ။ လူများစွာ ပျားပန်းခတ်လှုပ်ရှားနေလျက် တချို့ကတော့ ဝိုင်တွေသောက်နေကာ တချို့ကလည်း စားသောက်စရာများ မှာနေကြပါတယ် ။ တကယ်ကို အလျံပယ်ကျွေးမွေးနေခြင်းပင် ဖြစ်ပါတယ် ။ မျိုးနွယ်စုများမှ ခေါင်းဆောင်တွေကိုယ်တိုင် လည်း ဒီပွဲကို လာကြပါတယ် ။ တချို့ကလည်း ရင်းနီးသော ဆက်ဆံမှုများ ရှိသောကြောင့် ဖြစ်ပြီး တချို့ကလည်း ပိုပြီးရင်းနီးမှု ရရှိစေရန် ဖြစ်ပါတယ် ။
ချန်အိမ်တော်ရဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာ များစွာသောတောင်ပိုင်းရဲ့ သိုင်းလောက မျိုးဆက်များဟာ စုရုံးရောက်ရှိနေကြတယ် ။ သူတို့အားလုံး တိုက်ပွဲများကို ကျင်လည် ဖူးခဲ့ကြသော်လည်း ချန်ရှန်နဲ့ ယောင်တျန်းဟွာတို့ကြားက ပွဲကိုတော့ စိတ်ဝင်စားနေကြပါတယ် ။
ချန်ရှန် ကိုယ်ငြိမ်းဆေးပင် ပြုလုပ်ခြင်းဟာ လူအများကြား ပြောစမှတ်ဖြစ်နေကြတယ် ။ ဒါတင်မက ဒီညမှာ ယောင်တျန်းဟွာနဲ့ ဆေးပညာပြိုင်ကြဖို့ ချိန်းထားကြတာပါ ။ ဒီပြိုင်ပွဲ ဝင် ၂ ယောက်ရဲ့ စွမ်းရည်တွေကို ကြည့်ရှုခြင်းဟာ ဒီထက်မြင့်တယ့် ဆရာကြီးတွေ ပြိုင် ပွဲထက် ပိုကြည့်ကောင်းမယ်လို့ တွေးနေကြတာပါ ။
စားသောက်ပွဲကို ညလယ်လောက်ထိ ပြုလုပ်ပြီးနောက်မှာတော့ တစ်ယောက်သော ဧည့်သည်ဟာ မအောင့်အည်းနိုင်ပဲ ထအော်ပါတယ် ။
“ချန်ခေါင်းဆောင်ကြီး ၊ ခင်ဗျားသားနဲ့ ယောင်မျိုးနွယ် ဆေးပညာပြိုင်ပွဲက ဘယ်တော့ လဲဗျ ကျွန်တော်တို့ အကြာကြီး စိတ်ရှည်ရှည်စောင့်နေတာ ၊ နေ့တစ်နေ့ရဲ့အဆုံးက ဒီလူငယ် ၂ ယောက်ရဲ့ ပြိုင်ပွဲဟာ အရမ်းကို စိတ်ဝင်စားစရာကောင်းမှာမို့လို့ပဲ”
“ပထမက ကျွန်တော် သိုင်းပြပွဲလေးတွေလုပ်ပြီး ပရိတ်သတ်စိတ်ကို ဖမ်းစားဖို့ အစီစဉ်ဆွဲ ထားတာ၊ ဒါပေမယ့် လူတိုင်း စိတ်ရှည်ရှည်နဲ့ စောင့်နေတာမြင်တော့လည်း ခုစဖို့ အချိန်ကြပြီပေ့ါဗျာ ၊ ကဲ လူငယ် ၂ ယောက်ပြိုင်ပွဲ စကြစို့ဟေ့”
ချန်တျန်းဟူရဲ့ အသံဟာ ကွင်းတစ်ခုလုံးပျံ့နှံ့ကာ အားလုံး တိတ်ဆိတ်သွားကြလေတယ်။ ကွင်းအလယ်မှာ စင်မြင့်တစ်ခုကို ဆောက်နေလျက်ပါ ။ ဆောက်လို့ ပြီးခါနီးအချိန်မှာပဲ ချန်ရှန် ရောက်လာခဲ့ပါတော့တယ် ။ သူဟာ အမည်းရောင် ဝတ်စုံ ကို ရိုးရှင်းစွာ ဝတ်ထားပါတယ် ။ ဒါပေမယ့် တဖက်က ယောင်တျန်းဟွာကတော့ အကောင်းစားဝတ်ရုံတော်ကြီး ဝတ်လျက် ခါးမှာလည်း ဓားပုံစံခါးပတ်ပတ်ထားကာ ရွှေရောင် အငွေ့များပင် ထွက်နေပါသေးသည် ။ ကျောက်စိမ်းစီခြယ်ထားတဲ့ ဓားကိုလည်း ချိတ်ထားလျက်ပါ ။သူ့ပုံစံက ကောင်းကင်ဘုံမှ နတ်ဘုရားများ၏ သားတော်နဲ့ပင် တူနေပါ သေးသည် ။ သူ့ကိုယ်ဟန် ၊ သူ့အဝတ်အစားနဲ့ အမူအရာအားလုံးဟာ အထင်ကြီးစရာပါပဲ ။ သူ့မျက်နာမှာတော့ တစ်ခုခုကို စိုးရိမ်ဟန်ရှိပြီး ပျော်ရွှင်နေပုံမရပါ။
“ယောင်တျန်းဟွာ ငါတို့ရဲ့စင်မြင့်ကို ကြိုက်ရဲ့လား ၊ ဒီလို ကြီးကျယ်လှတယ့် ပြိုင်ပွဲ အတွက် စင်မြင့်ကို ဆောက်ကိုဆောက်ရမှာပေါ့နော့”
ချန်ရှန် အေးစက်စက်ပဲ ပြောလိုက်တယ် ။
“မင်းလောင်းကြေးက ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး ။ ငါတို့ ယောင်မျိုးနွယ်က ဘာမဆို တတ်နိုင်ပြီးသားပါ ။”
ယောင်တျန်းဟွာ ပြန်ပြောခြင်းပါ ။ သူ့အသံကတော့ ခြောက်ကပ် အေးစက်လျက် ၊
“ဟားဟား ၊ ငါက ငါကိုယ်တိုင်လောင်းတာနော် ၊ ချန်မျိုးနွယ် တစ်ခုလုံးစာနဲ့ မပြောဘူး ၊ ဟက်ဟက် မင်းလိုငယ်ရွယ်ပြီး တော်တယ့် ဆေးပညာရှင်တစ်ယောက်က ဒီလို သူ့မိသားစု တစ်ခုလုံးကို မှီခိုပြီး ငါနဲ့လောင်းကြေးထပ်မယ်လို့ မထင်မိဘူးကွာ”
ချန်ရှန် ရယ်မောပြောဆိုလိုက်တယ် ။ ယောင်တျန်းဟွာ ပုံစံပျက်သွားတယ် ။ သူ့ကိုသူ သိနေတယ်လေ ။ သူ့မိသားစုရဲ့ အကူအညီမပါပဲ နှစ်တစ်ထောင် သွေးဝိဉာဉ်တော်မြက် ကို လောင်းဖို့ မတတ်နိုင်ဘူးဆိုတာပါပဲ။
“ချန်မျိုးနွယ်က ငယ်ရွယ်တဲ့ သခင်လေး ၊ ဒီလို စကားတွေ မပြောပါနဲ့ ၊ တျန်းဟွာက ဒီပွဲ မှာ ယောင်မျိုးနွယ်စု တစ်ခုလုံးကို ကိုယ်စားပြုတာပါ ။ ဒါကြောင့် သူဟာ သူတို့ရဲ့ အထောက်ပံ့နဲ့ မဆိုင်ပါဘူး ၊ မင်းလည်း မင်းဟာနဲ့မင်း ၊ သူလည်းသူ့ဟာနဲ့သူပါပဲ”
လူကြီးတစ်ယောက်က စိတ်မရှည်တယ့် လေသံနဲ့ ဝင်ပြောပါတယ် ။ သူကတော့ ယောင်မျိုးနွယ်ရဲ့ သက်ကြီးဝါကြီး တစ်ယောက်ဖြစ်ပြီး ယောင်တျန်းဟွာနဲ့ အတူတူ လိုက်လာသူပဲ ဖြစ်ပါတော့တယ် . . . . .။
Chapter – 22
#ကျေးဇူးပြုပြီးစစ်ဆေးကြည့်ပါ
ချန်ရှန် နှစ်တစ်ထောင် သွေးဝိဉာဉ်တော်မြက်ကို ထုတ်လိုက်တယ် ထို့နောက် -
“ဒါက နှစ်တစ်ထောင်သွေးဝိဉာဉ်တော်မြက် ပဲ”
လူတိုင်းက ချန်ရှန် ဒီမြက် ပိုင်ဆိုင်တယ်ဆိုတာကို ကြားဖူးကြ ပြီးသားပါ ။ သို့သော် လည်း ခု သူတို့ရှေ့ရောက်လာတယ့်အခါ သူတို့ အံ့အားတော့ သင့်နေကြပါတယ် ။ နောက်ပြီး ဒါက တကယ့်ကိုရှားပါးတယ့် ဆေးဖက်ဝင်မြက်လည်း ဖြစ်နေတယ် ။
“ဟုတ်ပြီ ၊ တကယ်လို့ ကျွန်တော်က ဒီတစ်ခုထဲ လောင်းကြေးထပ်မယ်ဆိုရင် ယောင်မျိုး နွယ်ဘက်ကကျွန်တော့ကို အထင်သေးကောင်းသေးနိုင်မယ် ။ ဒါကြောင့် ကျွန်တော်က ဒီ ငရဲဝိဉာဉ်တော်မြက် တဝက်ကိုပါ ထပ်တိုးလောင်းကြေးထပ်ပါရစေ”
ချန်ရှန်လက်ထဲမှာတော့ ငရဲဝိဉာဉ်တော်မြက်တဝက် ရှိနေပါတယ် ။ ကျန်တဝက်က စုမေးယိုနဲ့ ဘိုင်ယုယုတို့ ဒဏ်ရာတွေအတွက် စားလိုက်ပြီး ဖြစ်သော်လည်း တဝက်သူ့ဆီ ကျန်နေပါသေးတယ် ။ ဒီအချိန်မှာ တချို့သော် လူကြီးတွေဟာ စင်ပေါ်ပြေးတက်လာကြ ပါတယ် ။ ချန်တျန်းဟူ နဲ့ ချန်မျိုးနွယ် သက်ကြီးဝါကြီးများပါ တက်လာတာဖြစ်ပါတယ် ။ ငရဲဝိဉာဉ်တော် မြက် ဆိုတာကလည်း ဒဏ္ဍာရီလာ ဆေးဖက်ဝင် မြက်တစ်မျိုး ဖြစ်တယ်လေ ။
ရုတ်တရက်ပဲ ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်လျက်ပါ ။ လူတိုင်းက အမည်းရောင် ငရဲဝိဉာဉ်တော်မြက်ကို မြင်နေကြရပြီး ဒီမြက်အကြောင်းကို သိတယ့် လူကြီးတချို့က လည်း ကြည့်ချင်စစ်ဆေးချင်လှသဖြင့် စင်ပေါ်တက်လာကြတယ် ။ ယောင်မျိုးနွယ်ရဲ့ လူကြီးလည်း အပါအဝင်ပါပဲ ။
“ဟုတ်ပါတယ် ၊ ဒါ ငရဲဝိဉာဉ်တော်မြက်ပဲ”
ဆေးပင်ခန်းမက လူကြီးက ကျယ်လောင်စွာ အော်ပြောပါတယ် ။ သူ့အသံက မဖော်ပြ နိုင်လောက်တယ့် မနာလိုမှု များ ပါဝင်လျက်ပါ ။ လူအုပ်ကြီးဟာလည်း တစ်ယောက် တစ်ပေါက်ဖြင့် ချန်ရှန်ထုတ်ပြတယ့် နှစ်တစ်ထောင်မြက်နဲ့ ငရဲဝိဉာဉ်တော်မြက် ကိုပါ လောင်းတယ့် အကြောင်း ပြောဆိုလျက်ရှိနေကြတယ် ။ ဒီလောင်းကြေးက တကယ်ကို မြင့်သွားပါပြီ ၊ သာမန် မည်သည့် မျိုးနွယ်စုကမျှ မတတ်နိုင်သည့် လောင်းကြေးပါပဲ
“မင်းတို့ဘက်က ဘာလောင်းကြေးထပ်မှာလဲ”
ချန်ရှန် ယောင်တျန်းဟွာ နဲ့ ယောင်လူကြီးကို ကြည့်လျက် မေးလိုက်ပါတယ် ။ ယောင်တျန်းဟွာတို့ပုံစံ အခြေနေမဟန်ပါဘူး ။ ဆေးပညာကို နည်းနည်းပါးပါး တီးမိ ခေါက်မိတယ့် လူတိုင်းက ဒီငရဲဝိဉာဉ်တော်မြက်ဟာ ဘယ်လောက် အဆင့်မြင့်တယ့်ဆေးဖက်ဝင် အပင်ဆိုတာကို သိကြတယ် ။ အရမ်းကိုလည်း ရှားပါးပါ ပေတယ် ။
“နှစ်တစ်ထောင် သားရဲဆေးနဲ့ အတွင်းအားတိုးစေတယ့် အသီး ၁၀၀၀ ဆိုရင်ကော ဘယ်လိုလဲ”
ယောင်လူကြီးက ပြန်ပြောခြင်းပါ ။ နှစ်တစ်ထောင် အသက်ရှည်တယ့် သားရဲကြီးတစ်ကောင် သေပြီးနောက် ၎င်း၏ ယွမ်လို့ခေါ်တဲ့ အရသာအနှစ်လေးဟာ ခဲပြီး နောက်မှာတော့ ဆေးခဲတစ်ခုအဖြစ် ကျန်နေခဲ့ပါတယ် ။ ဒါကိုပဲ နှစ်တစ်ထောင် သားရဲ ဆေး လို့ ခေါ်ခြင်းဖြစ်တယ် ။ ဒီဆေးကို ကိုယ်ကို သန့်စင်ရာမှာ အသုံးပြုရင် အရမ်းကို အကျိုးပြုပါတယ် ။ အတွင်းအားတိုးစေတယ့် အသီး ၁၀၀၀ ကလည်း တကယ်ကို တန်ဖိုး ရှိပါတယ် ။ ၎င်းတို့ဟာလည်း အဆင့်မြင့်ဆေးဖက်ဝင်များဖြစ်ပြီး နှစ်တစ်ထောင်မှာ တစ်ကြိမ်သာ ထွက်ပေါ်ကြီးထွားကြတာပါ ။ ဒါတင်မက ၎င်းရဲ့အခွံမှာလည်း ထောင်ပေါင်း များစွာသော အကြောတွေပါလျက် အဆိုပါအကြောများဟာလည်း ဆေးပြုလုပ်တယ့် နေရာ မှာ ပါဝင်တယ့် သော့ချက်တစ်ခုလည်း ဖြစ်ပါတယ် ။
ယောင်မျိုးနွယ်ရဲ့ အခြေအနေကလည်း အံ့အားသင့်စရာပါပဲ ။ ဒီပွဲမှာ ဘယ်သူနိုင်နိုင် နိုင်သူဟာ များစွာသော အကျိုးကျေးဇူး အမြတ်ကို ရရှိမှာ အမှန်ပဲ ဖြစ်ပါတယ် ။
“ကောင်းတယ် ၊ လက်ခံတယ်ဗျာ”
ချန်ရှန်ပြောလိုက်တာပါ ။
“ကဲ ပြိုင်ပွဲမှာ စည်းမျဉ်းလေးတွေ သတ်မှတ်ကြတာပေါ့ ။ အမြန်ဆုံးနဲ့ အကောင်းဆုံးဆေး ကို လုပ်နိုင်တယ့်လူက အနိုင်ပဲ ။ ဆေးတွေရဲ့ အရည်အသွေးကိုတော့ ယခုရောက်ရှိ နေ တယ့် ပရိတ်ကြီးက ဆုံးဖြတ်ပေးလိမ့်မယ်”
ယောင်လူကြီးထံမှ ပြောစကားပါ ။ ချန်ရှန် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုမှ မနေပါဘူး ။ ချန်တျန်းဟူ သူ့သား ပခုံးကိုပုတ်ကာဖြင့် အားပေးလိုက်တယ် ။ ချန်ရှန်နဲ့ ယောင်တျန်းဟွာတို့ ၂ ယောက် သူတို့ရဲ့မီးဖိုများဆီကို အသက်ကြီးသူများကို စစ်ဆေး စေပါတယ် ။ ဒီပြိုင်ပွဲမှာ မသမာမှုဆိုတာ ဘယ်လိုမှ ရှိလို့မဖြစ်ပါဘူး ။
ကျေနပ်လောက်တယ့် စစ်ဆေးမှုတွေ ပြီးချိန်မှာတော့ စင်မြင့်မှထွက်ခွာကာ ပြိုင်ပွဲ စတင်မယ်ဖြစ်ကြောင်း ကြေညာပါတယ် ။ ချန်ရှန်လည်း လျင်မြန်စွာပဲ ဆေးပင်များကို ထုတ်ကာ မီးဖိုထဲသို့ နေရာချထားပါတယ် ။ယောင်တျန်းဟွာ မှ ချန်ရှန် ဘယ် ဆေးပင်တွေ ကို နေရာချနေလဲဆိုတာကိုတော့ မမြင်ရပေ ။ သူ့ရင်ထဲမှာလည်း ချန်ရှန်ဘာဆေး လုပ်နေမှန်းမသိသဖြင့် သိပ်မပျော်ရွှင်နေပါဘူး ။
မည်သို့ပင်ဆိုစေကာမူ ယောင်တျန်းဟွာ တစ်ယောက် ယုံကြည်မှုရှိနေလျက်ပါပဲ ။ သူဟာ ယောင်မျိုးနွယ်မှ အဆင့်မြင့် ဆေးပညာပါရမီရှင်တစ်ယောက်ဖြစ်ပြီး အဲဒိအတွေးက ပဲ သူနိုင်ဖို့ ယုံကြည်ချက်ရှိနေစေပါတယ် ။ သူ့စိတ်ထဲမှာတော့ အဆင့်တူ ဆေးတွေ ထုတ်နိုင်ပါစေဦး ၊ သူ့ဆေးအရည်အသွေးက အများရှေ့မှာ ပိုကောင်းနေလိမ့် မည်ဟုပဲ ယုံကြည်နေပါတယ် ။
ယောင်တျန်းဟွာရဲ့ မီးဖိုမှရွှေရောင် အလင်းတန်းများကိုကြည့်ပြီး ချန်ရှန်ရင်ထဲ မခံချိမခံသာ ဖြစ်လျက်နေပါတယ် ။ သူ့မီးဖိုဟာဆိုရင် အများကြီးုစုတ်ကာ လူအများအမြင်မှာလည်း မီးဖိုအစုတ်နဲ့ သူပဲ ရှုံးမယ်လို့ ယူဆကောင်းယူဆကြပါ လိမ့်မယ် ။
“ဒီလိုမီးဖိုနဲ့ ဆေးလုပ်နေတာ တကယ်ရယ်စရာပဲ ၊ ငါတို့မိသားစု စွပ်ပြုတ်ချက်တယ့် သုံးချောင်းထောက်မီးဖိုကမှ ဒီထက်ကောင်းဦးမယ်”
လူငယ်တစ်ယောက်ရဲ့ လှောင်သံပါ ။ ဒီစကားကြားတယ့် တချို့လူတွေလည်း ရယ်မောနေ ကြပါတယ် ။ တချို့သော ဆေးပညာအသိရှိတယ့် လူတွေသာ ဆေးပညာဆို တာ မီးဖိုပေါ်မှာ မဆုံးဖြတ်နိုင်ဘူး ဆိုတာသိကြတာပါ ။ နောက်ပြီး တကယ်ကို ထိပ်သီးအ ဆင့်ဆေးပညာရှင်ဟာ မီးဖိုမရှိပဲနဲ့တောင် အောင်မြင်တယ့် ဆေးတွေ လုပ်နိုင်တာကိုလည်း သိရှိကြပါတယ် ။
ချန်ရှန် မှော်ကျောက်ဖရုံဆေး ပြုလုပ်နေတုန်း ပဲ ယောင်တျန်းဟွာ သူ့ ဆေးပင်တွေ မီးဖိုထဲ ထည့်နေတာကို ကြည့်လိုက်တယ် ။ ဆေးပင်တွေကို ကြည့်ရသလောက်ယောင်တျန်းဟွာဟာ အဆင့်နိမ့်ဆေးဖြစ်တယ့် ဝိဉာဉ်တော်ယွမ် ဆေးကို ပြုလုပ်ဖို့ ကြိုးစားနေတာ ဖြစ်ကြောင်း ခန့်မှန်းမိလိုက်တယ် ။ ဒီဆေးက သိုင်းကျင့်တာကို လျင်မြန် တိုးတက်စေတယ့် ဂုဏ်သတ္တိရှိပါတယ် ။ ၎င်းဆေးဟာလည်း အနိမ့်စားဆေးထဲမှာ ဈေး တော်တော်ကြီးမြင့်တာပဲဖြစ်ပြီး ဆေးလုပ်ရတာဟာလည်း ခက်ခဲတယ် ။ ဒီဆေးဟာ ဆေးပညာဖလှယ်ပွဲ ပြိုင်ပွဲတွေမှာ အလုပ်များတယ့်ဆေးပါပဲ ။ ဒါတင်မက ဒီဆေးသည် ဆေးပညာအခြေခံ ဘယ်လောက်ကောင်းကောင်းရှိလဲဆိုတာကို ဆေးပညာရှင်တွေ စမ်းသပ်တယ့်ဆေးအဖြစ်လည်း ထင်ရှားပါတယ် ။
ချန်ရှန် ဒီဆေးကို လေ့ကျင့်တုန်းကလည်း တော်တော်ကြာပါတယ် ။ ဒါတင်မက ဆေးလုပ်ရတယ့် ကုန်ကျစရိတ်မှာလည်း မှော်ကျောက်ဖရုံဆေးထက်စာလျှင် အများကြီး သက်သာတယ့်အတွက် ချန်ရှန်ဟာ ဒီဆေးပြုလုပ်ဖို့ ဆန္ဒမရှိခဲ့တာလည်းဖြစ်တယ် ။
ဆေးလုပ်တာကို စောင့်ရချိန်တွေဟာ ငြီးငွေ့စရာပါ ။ လူတိုင်းဟာ လူငယ် ၂ ယောက် ယှဉ်ပြိုင်တာကို ကြည့်ရင်း စားလိုက် သောက်လိုက် စကားပြောလိုက်ဖြင့် ရှိနေကြပါတော့တယ် ။ မှော်ကျောက်ဖရုံဆေး အောင်မြင်ဖို့ ချန်ရှန် အလျင်မလိုပါဘူး ၊ အဲဒိအစား သေချာဂရုပြုပြီးသာ လုပ်နေပါတယ် ။
ချန်ရှန်အတွက် ဒီဆေးဖက်ဝင်အပင်များ မှ မီးဖိုထဲတွင် အရောင်စုံ ချီဓာတ်များထွက်ပေါ်ပြီးအောင်မြင်တယ့် ဆေးဖက်ဝင် အမှုန်များ ဖြစ်ပေါ်စေရန် အချိန် တစ်နာရီခွဲလောက် ကြာပါတယ် ။ အခုတော့သူဟာ အမျိုးစုံသော ဆေးဖက်ဝင် ချီဓာတ်များ ပေါင်းစပ်ပြီး ထိုချီဓာတ်များနှင့် ဆေးဖက်ဝင်အမှုန်များ ထပ်မံ ပေါင်းစပ်ရန် သာ ကျန်ပါတော့တယ် ။ ဒါက အရေးပါဆုံး ဖြစ်ပြီး နောက်ဆုံးအဆင့်ပါပဲ ။ အခန့်မသင့် ရင် မီးဖိုပါ ပေါက်ကွဲစေနိုင်ပါတယ် ။
၂ နာရီလောက်ကြာပြီးနောက်မှာတော့ ရုတ်တရက် ချန်ရှန်ရဲ့အမူအရာဟာ ပြောင်းသွား ပြီး ချွေးတွေလည်း ထွက်နေလျက်ပါ ။ တဖက်မှာတော့ ယောင်တျန်းဟွာဟာ အေးဆေးဖြစ်ပြီး ပျင်းတယ်ဆိုတယ့် ပုံတောင် ပြနေလျက်ပွ ။ သူ ချန်ရှန်ကို ကြည့်လိုက်တယ့် အချိန်မှာ ချန်ရှန် ရဲ့ ပုံစံကိုကြည့်ကာ ကျေနပ်သွားပါတယ် ။ သူသေချာပြောနိုင်တာကတော့ ချန်ရှန်ဟာ အရေးပါဆုံးသော နောက်ဆုံးသန့်စင်သော အဆင့်သို့ ရောက်နေတာဖြစ်ပြီး ချန်ရှန်အမှားတစ်ခုခု လုပ်လိုက်တယ်ဆိုတာကိုပါပဲ ။
“ပြီးပြီ ၊ ဒီမှာ ဝိဉာဉ်တော်ယွမ်ဆေး ငါးခုပါ”
ယောင်တျန်းဟွာရဲ့ အော်သံ ရုတ်တရက်ထွက်လာပါတယ် ။ ဒါဟာ လူတိုင်းကို ငြိမ်သက် သွားစေကာ သူတို့ဟာ ချန်ရှန်ကို ကြည့်လိုက်ပါတယ် ။ အလျင်စလိုဖြင့် ချွေးတွေပျံနေတာကို တွေ့ရသဖြင့် ချန်ရှန်တစ်ယောက် ဆေးပြုလုပ်ခြင်းမှာ ပြသနာတ ချို့တော့ရှိနေပြီလို့ ယူဆလိုက်ကြပါတယ် ။
“ယောင်မျိုးနွယ် ပါရမီရှင်ကတော့ တကယ်ကို သူ့ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ် ။ ဝိဉာဉ်တော်ယွမ်ဆေးငါးလုံးကို ၂ နာရီထဲနဲ့ လုပ်နိုင်ရုံသာမက ဒီဆေးဟာလည်း အနိမ့်စားဆေးတွေထဲမှာ အကောင်းဆုံးပါပဲ ၊ ကြည့်ရတာ ချန်မျိုးနွယ်တော့ ရှုံးမယ် ထင်ပါတယ်”
လူတစ်ယောက်ရဲ့ပြောစကားပါ ။
“ဒီဝိဉာဉ်တော်ယွမ်ဆေးက လုပ်ရတာမလွယ်ဘူးလို့ ငါကြားဖူးတယ် ။ ဒါနဲ့ ချန်မျိုးနွယ် ကကောင်လေးကလည်း ဆေးအတူတူလုပ်တာများလား ၊ ဒါဆို ခုထဲက ရှုံုးနေပြီပေါ့ အချိန်သတ်မှတ်ချက်အရလေ”
နောက်လူတစ်ယောက်က ထပ်ပြောတာပါ ။ လူတိုင်းဟာ ချန်ရှန်ရဲ့ရှုံးတော့မယ့် အခြေအနေအကြောင်းကို ပြောဆိုနေကြပါတယ် ။ ချန်ရှန်တစ်ယောက်တည်း စင်ပေါ်မှာ ထီးထီးကြီး ကျန်နေလျက်ပါ ။ ယောင်တျန်းဟွာလည်း ချန်ရှန်ပြီးတာကို စောင့်နေတယ် ။သူ့အတွေးထဲမှာတော့ ချန်ရှန်ရံှုးမှာဖြစ်ပြီး သူမကြာခင်အချိန်တွင်းမှာပဲ နှစ်တစ်ထောင် မြက် နဲ့ အတူ ငရဲဝိဉာဉ်တော်မြက်ပါ ရရှိတော့မယ်လို့ ထင်နေပါတယ် ။ ဒီအရာ ၂ ခုနဲ့ တင် သူဟာ တောင်ပိုင်းအင်ပါယာ တစ်ခုလုံးမှာ အတုမရှိ ကျော်ကြားတော့မှာပဲ ဖြစ်ပါတယ် ။
ချန်ရှန် သူတို့ကို အကြာကြီး မစောင့်ခိုင်းလိုက်ပါဘူး ။ သူလည်း အသက်ကို ဝအောင် ရှူလျက် ပြောလိုက်ပါတော့တယ် ။
“ကဲ နောက်ဆုံးတော့ ကျွန်တော်ပြီးပါပြီ”
ချန်ရှန်စကားကြားပြီးနောက်မှာတော့ လူစုလူဝေးကြီးဟာ တိတ်ဆိတ်သွားတယ် ။ ယောင်တျန်းဟူရဲ့ လှောင်သံကိုပါ တဆက်တည်းကြားလိုက်ရပါတယ် ။
“အဲလို ပြီးတော့ဘာဖြစ်တုန်း ၊ မင်းကရှုံးနေပြီလေ”
ချန်ရှန် မဲ့ပြုံးတစ်ချက်ပြုံးကာ နဖူးမှ ချွေးများကို သုတ်လိုက်ရင်း ပြောလိုက်တယ် ။
“ကျွန်တော်က မှော်ကျောက်ဖရံုံဆေး ၃ လုံးကို လုပ်ထားတာပါ ၊ ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါ”
မှော်ကျောက်ဖရုံဆေး သုံးလုံး !
ဒါကတော့ လူအုပ်တစ်ခုလုံးကို သစ်သားကြက်ရုပ်လေးများလိုပင် ဆွံ့ အသွားစေပါ တယ် ။ လုံး၀ မယုံကြည်နိုင်စရာပါပဲ ၊ သူတို့နားကိုပင် သူတို့ မယုံနိုင်တော့ပေ ။ ချန်ရှန်က အလယ်လတ်တန်းစား မှော်ကျောက်ဖရုံဆေး ကို လုပ်တယ်ဆိုပဲ ။ ဒါကတော့ ဝိဉာဉ်တော်ယွမ်ဆေးထက် အများကြီးကို ပိုမို ဈေးကြီးပါပေတယ် ။
“မဖြစ်နိုင်ဘူး ၊ သူက အသက် ၁၆ နှစ်ပဲရှိသေးတာလေ ဒီလိုဆေးကို လုပ်ဖို့ မဖြစ်နိုင်ဘူး”
ဆေးပင်ခန်းမက လူကြီးက မယုံကြည်နိုင်စွာပြောလျက် စင်ပေါ်တက်လာတယ် ။ တခြား လူများလည်း စင်ပေါ်တက်လာကာ ချန်တျန်းဟူ ကိုယ်တိုင်ပါ သူ၏ ဘေးသို့ ရောက်ရှိ လာပါတော့တယ် ။
“ချန်ရှန် ဒါနောက်နေရမယ့် အချိန်မဟုတ်ဘူးနော်”
ယောင်တျန်းဟွာ တစ်ယောက် ချန်ရှန် ဒီ မှော်ကျောက်ဖရုံဆေးပြုလုပ်နိုင်တာကို မယုံကြည်နိုင်ပဲ ဖြစ်နေပါတယ် ။ ဒီလိုဖြစ်တာ သူတစ်ယောက်တည်းတော့ မဟုတ်ပေ ။ လူတိုင်းလိုလိုပင် ဖြစ်ပါတယ် ။ ချန်ရှန်တစ်ယောက်ကတော့ ပြုံးပြုံးလေးဖြင့်ပင် ထပ် ပြောလိုက်ပါတော့တယ် . . . ။
“ကျေးဇူးပြုပြီးစစ်ဆေးကြည့်ပါ !!!!”
Chapter – 23
#ကောင်းကင်ကျားမုန်တိုင်းလက်သီး
ဆေးပညာရှင် ၂ ယောက်ရဲ့ မီးဖိုများကို ဖွင့်လိုက်ကြပါတယ် ။ ယောင်တျန်းဟွာ ရဲ့ မီးဖို ထဲမှာ မိုးပြာရောင်ဆေး ၅ လုံးရှိနေပြီး ချန်ရှန် မီးဖို ထဲမှာတော့ အမည်းရောင် ဆေး ၃ လုံး ရှိနေ ပါတော့တယ် ။
“ယောင်တျန်းဟွာ က ဝိဉာဉ်တော် ယွမ် ဆေး ကို ပြုလုပ်တယ့် အချိန်မှာပဲ ချန်ရှန်ကတော့ သူ.. … သူ မှော်ကျောက်ဖရုံဆေး ၃ လုံး လုပ်လိုက်တာ ဖြစ်ပါတယ်ခင်ဗျာ”
ချန်မျိုးနွယ်မှ သက်ကြီးဝါကြီးတစ်ယောက်ရဲ့ စိတ်လှုပ်ရှားမှု အပြည့်ဖြင့် အော်သံကြီးပါ ။ ချန်မျိုးနွယ်မှာ အလွန်တော်တယ့် ဆေးဆရာတစ်ယောက် ရှိနေပါပြီတကား ၊ အားလုံးသော ချန်မျိုးနွယ်မှ လူတွေလည်း ထိုသူလိုပင် အထူးစိတ်လှုပ်ရှားနေမည်ဆိုတာ ပြောနေစရာ ပင် မလိုတော့ချေ ။ ယောင်တျန်းဟွာ နဲ့ ယောင်မျိုးနွယ်လူကြီးတို့ ဆေးအမည်း သုံးလုံးကို တွေ့ လိုက်ရတယ် ။ အငွေ့တွေ လည်း ထွက်လျက်ရှိနေဆဲပါပဲ ။ ဒါဟာ တကယ်ပဲ မှော်ကျောက် ဖရုံဆေး ဆိုတာကို လက်ခံလိုက်ကြတယ် ။ ထို့နောက် ဆေးပင်ခန်းမ မှ လူကြီးက ဆေးကို ကောက်ယူကာ သေချာစွာ စစ်ဆေး ပြီး -
“ဒါဟာ တကယ်ပဲ မှော်ကျောက်ဖရုံ ဆေးပါ ။ အရမ်းလည်း အရည်အသွေး ကောင်းမွန်တယ်၊ ဒီလိုကောင်လေးက ဒီလိုဆေးလုပ်နိုင်ဖို့ တော်တော်ကို ခက်ခဲပါတယ် ကျွန်တော်တို့ ရိုးသား စွာ ဝန်ခံပါတယ်”
ထိုလူကြီးက ထပ်ခါတလဲလဲ ရှင်းပြနေလျက်ပါ ။ လူကြီး၏မျက်နာများကတော့ သုန်မှုန်လျက် သူ့ရဲ့ နှစ် ၇၀ ကျော် ၈၀ သက်တမ်းတစ်ခုလုံး အလကား ဖြုန်းတီးမိတာကို နောင်တရနေ သလို ခံစားနေရပုံပါပဲ ။ ကွင်းပြင်တစ်ခုလုံး ဆူညံလျက်အံအားသင့်နေကြပါတယ် ။ ချန်ရှန် မည်သို့မျှ လှည့်စားမှု မလုပ်ခဲ့တာ တစ်ကွင်းလုံး သက်သေပါပဲ ။ ချန်ရှန်မှာ မွေးရာပါ ပါရမီ မပါဘူးဆိုတာကို လူတိုင်းမေ့လျက် အခုချိန်မှာတော့ အားလုံး၏ ရင်ထဲတွင် စွမ်းအားကြီး ဆေးပါရမီ ရှင် တစ်ယောက် ဖြစ်နေပါတော့တယ် ။
ယောင်တျန်းဟွာရဲ့ အမူအရာက ငြိမ်းခါနီး မီးခဲလိုပါပဲ ။ ချောမောလှပသည့် မျက်နာတွင် ဒေါသများ ၊ မနာလိုမှုများ ၊ ကြိတ်မနိုင်ခဲမရမှု များ ပြည့်လျက် ရှိနေပါတော့တယ် ။ ဖြစ်နိုင် ရင် သူ ရံှုးသွားတယ့်အတွက် ချန်ရှန်အား အရမ်းကို သတ်ချင်စိတ်တွေ ဖြစ်ပေါ်နေပါတယ် ။
“မင်းရှုံးတာ လက်ခံပါတယ်နော် ။ အရှုံးကိုဝန်ခံတော့ ၊ ကဲ လောင်းကြေးလေးထုတ်ပေတော့”
ချန်ရှန် အနည်းငယ်လေးပြုံးလျက်ရှိပြီး ထိုပုံစံက ယောင်တျန်းဟွာ၏ မျက်လုံးထဲတွင်တော့ ပျက်ရယ်ပြုသလိုဖြစ်ပြီး ယောင်တျန်းဟွာရဲ့ ရင်ထဲ တော်တော်ကို မချိတင်ကဲ ဖြစ်နေပါတော့ တယ် ။ ယောင်မျိုးနွယ်လူကြီးလည်း ထို့အတူပါပဲ ။ သူတို့ဟာ သူတို့ မျိုးနွယ်ရဲ့ အဖိုးတန် ဆေးဖက်ဝင်ပစ္စည်းများဆုံးရှုံးရုံသာမက လူများအကြားတွင်ပါ သိက္ခာကျခြင်းတို့ကြောင့် တော်တော် ကို ခံရခက်နေကြပါတယ် ။ မွေးရာပါ ပါရမီမရှိတယ့် ချန်ရှန်က ယောင်မျိုးနွယ်က ပါရမီရှင်ကို နိုင်သွားတယ်ဆိုတာ မည်မျှအထိ ခံရခက်စေပါသနည်း။ နှစ်တစ်ထောင်သားရဲဆေးက မြစိမ်းရောင် ဥလေး နဲ့ တူပါတယ် ။ အထဲမှာတော့ နှစ်တစ်ထောင်သက်တမ်းရှိသော သားရဲ၏ ယွမ်အဆီ အနှစ်ရှိပါတယ် ။ ဆေးဖက်ဝင် အသီးမှာလည်း ပန်းသီးအရွယ်လောက်ရှိပြီး တော်တော်ကို လေးပါတယ် ။ ချန်ရှန်ဟာ အထဲမှာ စွမ်းအင်တွေ များစွာပါဝင်မယ်လို့ ခံစားမိလိုက်တယ် ။
ချန်ရှန် တော်တော် ပျော်နေပါတယ် ။ ဒီလိုရှားပါးတယ့် အရာတွေကို ရရှိလို့ဖြစ်တယ် ။ တကယ်လို့ သူသာ ဒါတွေကို ဆေးအဖြစ်လုပ်နိုင်မယ်ဆို သူ့စွမ်းအင်တွေ တမဟုတ်ချင်း တိုးတက်လာပါလိ့မ်မယ် ။
“ချန်ရှန် ၊ သိုင်းပညာပြိုင်ကြစို့”
ယောင်တျန်းဟွာ အစွန်းနှစ်ဖက်ပါတယ့် ဓားကို သူ့ခါးမှ ဆွဲထုတ်လိုက်ပြီး စိတ်အားထက် သန်စွာ ရှိနေတယ် ။ချန်ရှန်ဟာ သိုင်းပညာ အဆင့် ၇ ရှိသူကိုပင် အနိုင်ယူထားသူဖြစ်တယ် ။ ဒါကြောင့် ယောင်တျန်းဟွာ ဒီလိုစိန်ခေါ်တာ သူ့အတွက် အဓိပ္ပာယ်မရှိသလိုပင် ခံစားနေရ ပါတယ် ။ ချန်မျိုးနွယ်စုများမှာလည်း အေးဆေးဖြစ်လျက်ပါ ။ သူတို့ ချန်ရှန်အကြောင်း အသိဆုံးဖြစ်တာပေါ့ ။
ချန်တျန်းဟူ က သက်ပြင်းတစ်ချက်ချကာ -
“ကောင်လေး ၊ အထင်တော့မသေးနဲ့နော် ၊ ထိခိုက်ဒဏ်ရာရမယ် ဂရုစိုက်ဦး”
ချန်တျန်းဟူ အခု စိတ်တော်တော် လှုပ်ရှားနေပါတယ် ။ သူ့သားက မှော်ကျောက်ဖရုံဆေးကို လုပ်နိုင်ရုံမျှမက အရမ်းတန်ဖိုးရှိတယ့် ဆေးဖက်ဝင်ပစ္စည်းတွေကိုလည်း ရရှိခဲ့ပြီလေ ။
“မင်းတိုက်ချင်တယ်ဆိုလည်း တိုက်ကြတာပေါ့ကွာ ၊ ဒါပေမယ့် မင်းတစ်ခုခု ဒဏ်ရာရရင် ငါ့ကို အပစ်မတင်ပါနဲ့ ။ လက်သီးတွေ ခြေထောက်တွေမှာ မျက်စိမပါဘူးကွ”
ချန်ရှန် ပျင်းရိစွာ ပြောလိုက်ပါတယ် ။ အခုတော့ ချန်တျန်းဟူအပါအဝင် အားလုံး ဘေးသို့ ရှဲ ပေးလိုက်ကြပါတော့တယ် ။ သို့သော်လည်း ယောင်မျိုးနွယ်လူကြီး မှာ အနည်းငယ်စိုးရိမ်နေ ပုံပါပဲ ။ နှစ်ပေါင်းများစွာသော အတွေ့အကြုံတွေမှ ချန်ရှန်ဟာ သာမန်ထက် ထူးကြားပြီး ကောလဟာလတွေလို သိုင်းပညာပါရမီမရှိဘူးဆိုတာတွေကို မယုံချင်တော့ပါဘူး ။
“တျန်းဟွာ ၊ မင်းနိုင်ဖို့အတွက် ဘယ်လောက်ယုံကြည်ချက်ရှိလဲ”
ယောင်လူကြီးမှ လေးလေးနက်နက်ဖြင့် မေးလိုက်ပါတယ် ။
“ရာနှုန်းပြည့် ကျွန်တော် နိုင်မှာပါ ၊ ကျွန်တော်ဟာ အဆင့် ၅ ဖြစ်ပြီး သိုင်းပြိုင်ပွဲတွေမှာလည်း အတွေ့အကြုံ အများကြီး ရှိတယ်လေ”
ယောင်တျန်းဟာ မီးဟုန်းဟုန်းတောက်သော မျက်လုံးများဖြင့် ချန်ရှန်အားကြည့်နေပါတယ် ။ ချန်ရှန်ကို သတ်ဖို့ မစောင့်နိုင်တော့ပါဘူး ။
“ကောင်းပြီ ၊ မင်းသူ့ကိုမသတ်လိုက်နဲ့ ၊ မင်းရောက်နေတာ ချန်အိမ်တော်မှာဆိုတာ သတိထားပါ ။”
ယောင်လူကြီးက မှာကြားပြီးနောက် ဘေးသို့ ထွက်ပေးလိုက်ပါတော့တယ် ။
ချန်ရှန်ကတော့ ဒီအခြေအနေဟာ တမျိုးရယ်စရာကောင်းနေသလို ခံစားမိတယ် ။ ခုနကပဲ လူတိုင်းက သူမှော်ကျောက်ဖရုံဆေး မလုပ်နိုင်ဘူး ထင်ကြတယ် ။ ဟော ခုကျ လည်း သူ့ကို အစွမ်းမထက်ဘူး ထင်နေကြပြန်သေးတယ် ။
“ဒါမင်းစိန်ခေါ်တယ့်ပွဲနော် ၊ ငါတို့ လောင်းကြေးလေး နည်းနည်းထည့်ရင် ဘယ်လိုလဲကွ”
ချန်ရှန် ပြုံးကာဖြင့် မေးလိုက်ပါတယ် ။ ယောင်တျန်းဟူ ပြန်မဖြေသဖြင့် ချန်ရှန်ဟာ ယောင်မျိုးနွယ်တို့ သူနဲ့ နောက်ထပ် မလောင်းနိုင်ဘူးဆိုတာကို သိလိုက်ပါတယ် ။ ဒါကြောင့် ပြုံးကာပြန်ပြောလိုက်တယ် ။
“မင်းနိုင်ရင် ခုနက နှစ်တစ်ထောင်သားရဲဆေးနဲ့ အသီးတွေပြန်ရမယ် ။ ငါနိုင်ရင်တော့ ငါတို့ ချန်မျိုးနွယ်ကို ဆေးပင်ခန်းမက လူကြီးကို ပေးရမယ် ။ သူဟာ ငါတို့ ချန်မျိုးနွယ်ရဲ့ ဆေးပညာ ရှင်ဖြစ်လာမှာဖြစ်ပြီး ငါတို့ဟာဆေးပင်ခန်းမမှာရှိတယ့် ဆေးပင်တွေရဲ့ တဝက်ကို ယူမယ် ၊ ကဲဘယ်လိုလဲ”
ဆေးပင်ခန်းမဟာ လက်ရှိ ယောင်မျိုးနွယ်ပိုင်ပါ ။ နောက်ပြီး ဆေးပင်ခန်းမလူကြီး ဆိုသည် မှာလည်း ယောင်မျိုးနွယ်တို့ရဲ့ အဖွဲ့သားသစ် ဖြစ်ပါတယ် ။ ထိုသူဟာ ဆေးပညာ ဗဟုသုတ များတော်တော်ကြွယ်ဝသည်ကို မြင်သည့်အတွက် ထိုလူကြီးအား သူတို့ ချန်မျိုးနွယ်အတွက်
ခေါ်လိုခြင်းပင်ဖြစ်ပါတယ် ။
“အိုကေ ၊ ပြသနာမရှိပါဘူး ၊ ဒါပေမယ့် ဆေးပင်ခန်းမကတော့ ငါတို့ယောင်မျိုးနွယ် အပိုင်ပဲ နော်”
ယောင်မျိုးနွယ်မှတွေဝေမှု မရှိပဲ လက်ခံလိုက်တယ် ။ သူ့အထင်က ၎င်းက ဆေးဆရာ တစ်ယောက်နဲ့ တချို့သော ဈေးပေါတယ့် အပင်တွေပါပဲ ။ ယောင်မျိုးနွယ်အတွက် ဒါတွေ က မရှားပါဘူုး ၊ ဒါတင်မက သူ့ကိုယ်သူ ၁၀၀ ရာခိုင်နှုန်းနိုင်မယ်လို့ သေချာနေပါတော့တယ် ။
ဆေးပင်ခန်းမ လူကြီးမှ သက်ပြင်းကို ကျယ်လောင်စွာ ချလိုက်တယ် ။ သူ့ကို လောင်းကြေး ထပ်သည့်အပေါ် မပျော်ရွှင်ပါဘူး ။ ဒါပေမယ့်လည်း သူချန်မျိုးနွယ်ဖြင့် လက်တွဲရမှာတော့ အဓိက ပြသနာ မဟုတ်ပါ ။နောက်ပြီး နောင်မှာ ငရဲဝိဉာဉ်တော်မြက်အား ချန်ရှန်မှ တဆင့် လေ့လာပြီး အမြတ်အစွန်းအချို့ရဖို့ပင် အခွင့်အရေးတစ်ခု ဖြစ်နေပါသေးတယ် ။
“လာလေ ၊ မင်းလက်နက် ထုတ်တော့”
ယောင်တျန်းဟွာ သူ၏ အစွန်း ၂ ဖက် ပါသော ဓားကို စက်ဝိုင်းပုံစံလုပ်ကာ အခိုးအငွေ့ များ ပင် ထုတ်လွှတ်လျက် ပြောခြင်းဖြစ်ပါတယ် ။ ချန်ရှန်ခေါင်းခါလျက် အဖြေပြန် လိုက်တယ် ။
“ငါလက်နက်မသုံးဘူးကွ”
“ဟုတ်ပြီ ၊ ငါ့ရဲ့ မယဉ်ကျေးမှုကြောင့် မင်း အပစ်မတင်နဲ့နော်”
ယောင်တျန်းဟွာ သူ့လက်နက်အား ဆော့ကစားလျက် ခြေလှမ်းလာတယ် ။ စင်ပေါ်ကို ခုန်တက် လိုက်ပုံက တကယ်ကို ကြောက်စရာပါပဲ ။ ဒီပုံစံကို ကြည့်ခြင်းဖြင့် သူ့တိုက်ခိုက်မှု ဟာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းတော့မယ်ဆိုတာ လူတိုင်းသိလိုက်တယ် ။
ည ကား တော်တော်နက်နေပါပြီ ။ ဒါပေမယ့် လူတိုင်းအိပ်ဖို့ စိတ်ကူးမရှိကြပေ ။ ကွင်းပြင်ထဲ မှ လူများအားလုံး အားတွေတက်ကြွလျက် ၊ ဒီဆေးပညာရှင်လေး ၂ ယောက်ရဲ့ သိုင်းပြိုင်ပွဲ ဟာ တကယ်ကို စိတ်ဝင်စားစရာကောင်းမည်ကတော့ အမှန်ပင် ။
လူအများအထင်မှာတော့ သူတို့ဟာ ဆေးပညာရှင်များဖြစ်တယ့်အတွက် ခွန်အား သိပ်မရှိလောက်ဘူး ထင်ကြတာပါ ။ဒါပေမယ့် ဒီအထင်ဟာ တက်တက်စင်အောင် လွဲနေပါ တယ် ။ ဆေးဆရာဖြစ်ဖို့အတွက် ၊ ပထမဆုံးက ချီဓာတ်တွေကို အားကောင်းအောင်လုပ်ပြီး ထိန်းချုပ်နိုင်အောင်ကြိုးစားရမှာပါ ။ ထိုသို့သော လုံလောက်တယ့် အတွင်းအား ရရှိမှသာ ဆေးလုပ်နေစဉ် ဖြစ်နိုင်သည့် ပြောင်းလဲမှုများနှင့် အန္တရာယ် အခြေအနေများကို တုံ့ပြန်နိုင် မည်ဖြစ်ပါတယ် ။ ဒါတင်မက ဆေးပညာရှင်ဟာ ဆေးများစွာ ပြုလုပ်နိုင်ပြီး သောက်နိုင်တယ့် အတွက် သူတို့ရဲ့ခွန်အားဆိုသည်မှာလည်း အားနည်းဖို့မရှိပါဘူး ။ နောက်ပြီးဆေးဆရာများ ဟာ အရေးမကြုံလျှင် တိုက်ခိုက်လေ့မရှိပဲ တိုက်ပြီဟေ့ဆိုပါကလည်း အဆုံးမရှိသော စွမ်းအားများ ထုတ်လာတတ်ကြပါတယ် ။
သူ့ဆီသို့လာနေသည့် ချွန်ထက်သည့် ဓားကိုကြည့်ရင်း ရုတ်တရက် ချန်ရှန် ခြေတလှမ်းတိုး ကာ လက်သီးထိုးလိုက်တယ် ။ မိုးပြာရောင် ချီဓာတ်များ သူ့လက်မောင်းမှ ထွက်လာကာ ရုတ်တရက် ကျားခေါင်းကြီးအဖြစ် ပုံပြောင်းသွားပါတယ် ။
“ ကောင်းကင်ကျား မုန်တိုင်းလက်သီး !! ၊ ဒီကောင်လေး သိုင်းပညာ အဆင့် ၆ တောင် ရောက်နေပါပြီကော”
ချန်တျန်းဟူ အံ့သြပြီး ထအော်ပါတယ် ။ ဒီကောင်းကင်ကျား မုန်တိုင်းလက်သီးဟာ အဆင့်မြင့် သိုင်းပညာတစ်ခုဖြစ်ပြီး ၎င်းဟာ ရက်စက်သော ကျားကြီးတစ်ကောင် သားကောင် အမဲလိုက်ဒါကို ချီဓာတ်ပေါက်ကွဲခြင်းတွေ ထပ်ပေါင်းလိုက်ခြင်းနဲ့ တူပါတယ် ။ သူတို့အားလုံး မျက်ကန်းများမဟုတ်ကြတယ့်အတွက် လူတိုင်းဟာ ချန်ရှန် ဘယ်အဆင့် တွင် ရှိနေပြီဆိုတာကိုတော့ သိနေကြပါပြီ ။ သူဟာ ချီဓာတ်များကို ထိန်းချုပ်ကာ သူ၏ နတ်အတွင်းအားများကို အသုံးပြုပြီး အပြင် ဘက်တွင် ပုံပြောင်းနိုင်ပါတယ် ။ ကျားရဲ့ ဦးခေါင်းပုံစံ ပြောင်းခြင်းဟာ နတ်အတွင်းအား အာရုံရှိသူတွေသာ လုပ်နိုင်သော အရာလည်း ဖြစ်ပါတော့တယ် ။
၁၆ နှစ်ဖြင့် မှော်ကျောက်ဖရုံဆေးကို ပြုလုပ်နိုင်ပြီး သိုင်းပညာမှာလည်း အဆင့် ၆ ရောက်နေပြီ ဖြစ်ပါတယ် ။ ဒါဟာ တကယ်ကို ရှားပါးဖြစ်စဉ်တစ်ရပ်ဖြစ်ပြီး နှစ်တစ်ထောင်မှာ တစ်ယောက်မရှိနိုင်ပါ ။ ရွှီရှန်းရှန်းလို ရွှီမျိုးနွယ်မှ ကောင်မလေးသာလျှင် ယှဉ်နိုင်ဖို့ ရှိတော့မှာပါ ။ နောက်ပြီး ရွှီရှန်းရှန်းမှ ရွှီမိသားစုမှ အကြီးတစ်ယောက်နဲ့ တိုက်ခိုက်ခဲ့တယ် ဆိုတယ့် ကောလဟာလ တစ်ခုလည်း ရှိပါသေးတယ် ။ ထိုလူ၏သိုင်းပညာမှာ အဆင့် ၆ ထက်ကျော်ကာ ကောင်မလေးနဲ့ အကြိမ်ပေါင်းများစွာ တိုက်ခဲ့တာပါ ။ ရွှီရှန်းရှန်းဟာ ၁၄ နှစ် ပဲရှိသေးကာ ထိုလူနဲ့ တစ်ယောက်ချင်းတိုက်တာပါ ။ ဒီလိုမျိုး ပါရမီရှိမှသာ ချန်ရှန်ရဲ့ အစွမ်းကို ယှဉ်ကောင်း ယှဉ်နိုင်ပါလိ့မ်မယ် ။
ချန်ရှန်ရဲ့ လက်သီးဟာ သွေးဆာနေတယ့် ကျားရဲကြီးနဲ့ တူပါတယ် ။ နောက်ပြီး မိုးပြာရောင် ချီဓာတ်များဟာလည်း လေထဲ ပြန့်ကျဲလျက် အဆက်မပြတ်ပေါက်ကွဲမှုများ ဖြစ်ပေါ်ကာ အငွေ့များမှ ယောင်တျန်းဟွာရဲ့ ဓားရှည်များကို ဝါးမြိုသွားပါတော့တယ် . . . ။
Chapter – 24
#ပြင်းထန်သောတိုက်ပွဲကြီး
လက်သီးနဲ့ ဓားတို့၏ ထိတိုက်မှုကြီးကား ပြင်းထန်လျက် ချီဓာတ်အဟုန်များလည်း အရပ် မျက်နာ အဘက်ဘက်သို့ လွှမ်းခြုံသွားပါတယ် ။ မိုးပြာရောင်အငွေ့များ ပေါက်ကွဲမှု နဲ့ အတူ ချန်ရှန်ရဲ့ ပြင်းထန်လှတယ့် ချီဓာတ်များဟာ ယောင်တျန်းဟွာရဲ့ ဓားရှည်အား “ချွင်” လို့ပင်မြည်စေကာ ချိုးပစ်စေလိုက်ပါတော့တယ်
ချန်ရှန်၏ ကောင်းကင်ကျားမုန်တိုင်းလက်သီးဟာ မရပ်တန့် နိုင်တော့ပါဘူး ။ စွမ်းအား ကြီးလှတယ့် ချီဓာတ်တွေ လွှမ်းခြုံထားသော လက်သီးများဟာ ယောင်တျန်းဟွာ ဆီကို အဆက်မပြတ်ကျလျက် ယောင်တျန်းဟွာ တစ်ယောက် လှုပ်ဖို့ နေနေသာသာ အသက်ပင် မနည်းလုရှူနေရပါတယ် ။
“ရပ်လိုက်စမ်း”
ယောင်လူကြီး၏ အော်သံပါ ။ သို့သော် လည်း ချန်ရှန်လက်သီးများကတော့ ကောင်းကင် မှ မိုးကြိုးများ အဆက်မပြတ် ပစ်နေသလိုကို တိုက်ခိုက်နေပါတယ် ။ လူတိုင်းဟာ တော် တော်ကြီးကို ရှော့ရလျက် မျက်လုံးများသာမက ပါးစပ်များပါ ပွင့်လျက် ရှိနေကြတယ် ။ လေပြင်းတစ်ချက်နဲ့ အတူ ယောင်တျန်းဟွာ စတိတ်စင်ပေါ်မှ လွင့်ထွက်သွားပါတယ် ။ သွေးစတွေဆိုသည်မှာလည်း လေပေါ်မှ မြေကြီးပေါ်သို့ ဖြန်းလိုက်သလိုကို ထွက်နေတယ် ။ ယောင်လူကြီးနဲ့ ယောင်မျိုးနွယ် ကိုယ်ရံတော်တို့ လျင်မြန်စွာ လေပေါ်ပျံကာ ယောင်တျန်းဟွာ ဆီသို့ ပြေးသွားကြပါတယ် ။
“မင်း . . . . မင်း . သူ့ကို တော်တော် ဒဏ်ရာရအောင် တကယ်လုပ်တာပဲ”
ယောင်လူကြီး ဒေါသတကြီး အော်နေတယ် ။ ထို့နောက် ဆေးတစ်လုံးထုတ်ကာ ယောင် တျန်းဟွာ ပါးစပ်ထဲသို့ ထည့်လိုက်ပါတယ် ။ ယောင်တျန်းဟွာကို ပြုစုပြီးနောက်မှာတော့ ကိုယ်ရံတော်များလက်ပေါ်ထားခဲ့ကာ စင်မြင့်ပေါ်သို့ ခုန်တက်သွားတော့တယ် ။ ချန်ရှန်ရဲ့ လက်သီးများဟာ ယောင်တျန်းဟွာ ဓားကို ချိုးပစ်လိုက်ရုံမက ယောင်တျန်းဟွာကိုလည်း တော်တော်ဒဏ်ရာရသွားစေပါတယ် ။ ဒီလိုစွမ်းအင်ကတော့ တခြားသူများရဲ့ ခေါင်းများ ငိုက်စိုက်ကျသွားစေလောက်အောင် ရှက်ရွံ့ သွားစေပါတယ် ။ တခြားမျိုးနွယ်မှ လူများဟာ စိတ်လှုပ်ရှားလျက်ရှိကြတယ် ။ ချန်မျိုးနွယ်နဲ့ ယောင်မျိုးနွယ်တို့ အခုတော့ တကယ့်ကို ရန်သူတော်များ ဖြစ်သွားကြပြီမို့လို့ပါ ။ ဒါတင်မကသေး အခု ယောင်မျိုးနွယ်ရဲ့ အကြီးတစ်ယောင်ကလည်း ချန်ရှန်ကို တိုက်ဖို့ ပြင်နေပါသေးတယ် ။
ချန်မျိုးနွယ် အကြီးများနဲ့ ချန်မိသားစုဝင်များဟာ ရင်ဆိုင်ဖို့ အသင့် ရှိနေကြပါတယ် ။ ဒါပေမယ့် လည်း ချန်တျန်းဟူရဲ့ တားမြစ်မှုကြောင့် ရပ်မြဲရပ်နေကြပါတော့တယ် ။ အေးဆေး တည်ငြိမ်သောအသံဖြင့် -
“လူတိုင်းငြိမ်ငြိမ်နေကြပါ ၊ ငါတို့ ဒီလို ပွဲကြီးပွဲကောင်းကို ကြည့်ကြစို့”
ချန်ရိဟန်ကလည်း ပုံမှန်မဟုတ်သော လေသံဖြင့် -
“ဒီကောင်လေးက သိုင်းပညာ အဆင့် ၅ နဲ့တုန်းကတောင် ငါ့ကို ရှုံးနိမ့်စေခဲ့တာ အခုဆို သူက အဆင့်ခြောက်ကို ရောက်နေပြီ ။ ဒီယောင်လူကြီးဟာ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို လုံး၀ ထိခိုက် အောင် စွမ်းဆောင်နိုင်လိ့မ်မယ် မထင်ဘူး”
သိုင်းပညာ အဆင့် ၇ ရှိသော ယောင်လူကြီးဟာ တော်တော်စွမ်းအားကြီးနေပေမယ့်လည်း ချန်ရှန်လို နတ်အတွင်းအား ကျင့်စဉ်များကျင့်ပြီး ယင်ယန် နတ်အတွင်းအားတွေ ရှိနေသူ အတွက်ကတော့ ရင်ဆိုင်ဖို့ မခက်ခဲပါဘူး ။ မြင့်မားတယ့် စွမ်းရည်ရှိတဲ့ ပါရမီရှင်တစ်ယောက် ဟာ အနာဂတ်မှာ သူတို့ ခေါင်းဆောင် ဖြစ်နိုင်ပါတယ် ။ ချန်မျိုးနွယ်ဟာ တကယ်ကို စွမ်းအား ကြီးကြသော်လည်း သူတို့ကို ရန်ပြုချင်တယ့် တခြား စွမ်းအားကြီး မျိုးနွယ်တွေဟာလည်း အများကြီးကိုရှိတယ် ။ ယခုတော့ တခြားမျိုးနွယ်မှ မျိုးဆက်သစ် ပါရမီရှင်ဟာ ချန်ရှန်ကို ရုံုး သွားတာဟာ ဒီလိုရန်ပြုချင်တယ့် အတွေးတွေကို ဆန့်ကျင်ပေးလိုက်သလိုပါပဲ ။ တချို့ ပါးနပ်သော မျိုးနွယ်စုများကတော့ ချန်မိသားစုနဲ့ ကောင်းမွန်တယ့် ဆက်ဆံရေးရရန်သာ ကြိုစားကြပါတယ် ။
“ဘာမှားလို့လဲ ၊ မျိုးဆက်သစ်လူငယ်လေးက လူကြီးကို မချနိုင်ဘူးလား”
ချန်ရှန်က လှောင်လိုက်ပါတယ် ။ သူ့လက်သီး ၂ ဖက်လုံးမှာလည်း မိုးပြာရောင် အလင်းတန်း များထွက်နေလျက်ပါပဲ ။ အားလုံးသော ကွင်းထဲမှ လူများဟာ အံ့သြနေကြတယ် ။ ချန်ရှန်ဟာ သိုင်းပညာမီးလျံတွေ မထုတ်ပြနိုင်ဘူးတဲ့လား !!? ၊ ဒီလိုပြင်းထန်လှတယ့် ချီဓာတ် အလင်း တန်းတွေဟာ ဘယ်လိုထွက်လာတာပါလိမ့်!!?
ယောင်မျိုးနွယ်မှ လူကြီးဟာ ငတုံးတော့မဟုတ်ပေဘူး ။ ဒါဟာ ချန်ရှန်စွမ်းအား အကုန် မဟုတ်သေးဘူးဆိုတာကို ရိပ်မိပါတယ် ။ ဒီထက်သူအံ့သြတာက ချန်မျိုးနွယ် လက်ရွေးစင် များဟာ ချန်ရှန်ကို ကူညီဖို့ လုံးဝလှမ်းမလာတာကိုပါပဲ ။ ဒါဟာသူ့ကို ရှက်ရွံ့သွားစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ချန်လက်ရွေးစင်တွေဟာ ချန်ရှန်သူ့ကို နိုင်မယ်လို့ ယုံကြည်နေကြ တာပဲ ဖြစ်ပါမယ် ။ သူနဲ့ ရင်ဆိုင်ရမှာကို ခြေလှမ်းဖို့ပဲ မတန်သလိုလို အချိုးချိုးနေကြပုံပါပဲ ။
ချန်ရှန်ဟာ သူ့ရှေ့မှာ ရှိနေတယ့် ဒေါသများဖြင့်ပြည့်နေသော မျက်နာရှိသည့် လူကြီးအား ကြည့်ပြီး ပြောလိုက်ပါတယ် ။
“ယောင်မျိုးနွယ် လူကြီးမင်း ၊ ပြိုင်ပွဲပြီးပြီးလေ ဒီစင်ပေါ် ဘာလာလုပ်တာလဲ ၊ ကျွန်တော် နဲ့ သိုင်းပညာဖလှယ် ချင်လို့လား”
သိုင်းပညာဖလှယ်တယ့်!! ?
နှစ်ဒါဇင်ပေါင်းများစွာ နေထိုင်ခဲ့တယ့် လူကြီးတစ်ယောက်ဟာ ဆယ်ကျော်သက် ကောင်လေးနဲ့ သိုင်းပညာဖလှယ်မယ်ဆိုပဲ ။ ဒါဟာသူ့ အတွက် အတော်ရယ်စရာပါပဲ ။ သူရံှုးရှုံး နိုင်နိုင် သူ့ဂုဏ်သိက္ခာနဲ့ ပတ်သတ်ပြီး သိပ်ကိစ္စ ဖြစ်ဖွယ် မရှိသလိုပါပဲ ။
“မင်း … … မင်း .. .. တျန်းဟွာကို နာကျင်အောင်လုပ်တယ်”
ယောင်လူကြီး ဟာ တကယ်တော့ ပြောစရာစကားမရှိပါဘူး ။ ဒါပေမယ့်လည်း စင်ပေါ်ကို တက်လာမိတာဖြစ်တယ် ။ ချန်ရှန်က တည်ငြိမ်စွာနဲ့ ပြန်ပြောလိုက်ပါတယ် ။
“အဲဒိတော့ ?? ကျွန်တော် ပြန်မလုပ်ရင် သူ့ဓားက ကျွန်တော့ လည်မျိုကို ဖောက်သွားမှာ လေ ၊ ကျွန်တော်သူ့ကို မသတ်ဘူးနော် ၊ ဒါကျွန်တော့ရဲ့ သနားညှာတာမှုပဲ”
လူတိုင်း ယောင်တျန်းဟွာရဲ့ ဓားဟာ ဘယ်လိုအားပြင်းလဲဆိုတာ မျက်မြင်ပါပဲ ။ ဒါကြောင့် ခုလိုချန်ရှန်တုန့်ပြန်တာဟာ သဘာဝကျပါတယ် ။ နောက်ပြီး ဒါဟာပြိုင်ပွဲပါ ။ ဒဏ်ရာရတယ် ဆိုတာ ထည့်ပြောနေစရာမလိုပါဘူး ။ ယောင်လူကြီးတစ်ယောက်သာ သူ့လူခံရသောကြောင့် မတရားဘူး ထင်နေတာပါ ။ သူဟာ အထက်တန်းလွှာ ဆေးပညာရှင် မိသားစုတစ်စုကို ပိုင်ဆိုင်ထားတယ် ။ များစွာသောအင်အားကြီး မျိုးနွယ်များဟာလည်း ယောင်မျိုးနွယ်နှင့် ပနံသင့်ကာ အဆက်အသွယ်များစွာရှိနေတယ် ။ ဒါပေမယ့် ဒီနေ့မှာတော့ ယောင်မျိုးနွယ်ဟာ သူတို့ရဲ့ တန်ဖိုးကြီး ဆေးပင်တွေ ဆုံးရှုံးရရုံသာမက သူတို့ မျက်နာလည်း ထားစရာမရှိအောင်ကို သိက္ခာကျခဲ့ပြီ ။ ဒါတင်မကသေး ယောင်မျိုးနွယ်ရဲ့ နာမည်ကြီး ပါရမီ ရှင်လေးမှာဆိုတာလည်း ဒဏ်ရာအပြည့် ၊ ဒါတွေအားလုံးဟာ ချန်ရှန်ကြောင့်ပဲ ။
“ဟားဟား . .”
ယောင်လူကြီးက ကြည့်ပြီးရယ်နေတယ် ။
“ချန်မျိုးနွယ် သေးသေးလေးက သူတို့ရဲ့ လုပ်နိုင်စွမ်း နည်းနည်းလေးနဲ့ ငါတို့ ယောင်မျိုးနွယ် ကို ဆန့်ကျင်ဝံ့တယ် ။ ဒီနေ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ကြီးမားမှုကို မသိရှာသေးတယ့် ကောင်လေးကို သင်ခန်းစာ တစ်ခု သင်ပေးမယ်ဟေ့”
ယောင်လူကြီးက ရှူးရှူးရှားရှားဖြစ်နေပါတယ် ။ သူ့အထင်မှာ ချန်မျိုးနွယ်ဟာ သူချန်ရှန်ကို ဒီတစ်ကြိမ်မှာ သင်ခန်းစာ ကောင်းကောင်းပေးနိုင်လောက်တယ့် သာမန် မျိုးနွယ်သေးသေးလေး တစ်ခုဖြစ်ပြီး ချန်မိသားစုကလည်း ဘာမှမပြောရဲလောက်ဘူးလို့ ထင်နေ တာပါ ။ နောက်ပြီး တကယ်လို့ မျိုးနွယ်စု ၂ ခု ရန်ငြိုးတွေဖြစ်ကာ စစ်ပွဲဖြစ်ပါစေဦး တော့ သူတို့ ယောင်တွေ လုံး၀ မရှုံးနိုင်ဘူးလို့ပါပဲ ။
“ရှက်စရာပဲ လူကြီးမင်းရေ ။ ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးမားမှုကို မသိတာ လူကြီးမင်းတို့ ယောင်မျိုးနွယ်ပဲဗျ ။ ယောင်မျိုးနွယ်ရဲ့ ပြယုဂ်ဟာ ဒီနေ့ ခင်ဗျားကြောင့် ရေစုန်မျောရပြီ”
ချန်ရှန်ရဲ့ ကျယ်လောင်ပြတ်သားတယ့်အသံဟာ ကွင်းပြင်တစ်ခုလုံး ဟိန်းလျက်ပါ ။ သူတို့ ရင်ထဲမှာတော့ ယောင်မျိုးနွယ်ကို ကြိတ်ပြီး အထင်သေးလျက်ရှိနေပါတယ် ။သူတို့ဟာ အရှုံး ကို ဝန်မခံပဲ ၊ ခုတော့ အားကြီးသူက အားနွဲ့သူကို အနိုင်ကျင့်ဖို့ ကြိုစားနေပြန်ပါပြီ ။ သူတို့ဟာ သူတို့ရဲ့ အားအင်တွေ ၊ သိက္ခာတွေ ၊ စွမ်းရည်တွေနဲ့ ချန်ရှန်ကို တိုက်ခိုက်တော့မယ် ။ ဒါဟာ တကယ်တော့ တော်တော်ရယ်စရာပါပဲ ။
ယောင်လူကြီးဟာ ပိုစိတ်ဆိုးလာပါတယ် ။ ကြုံးဝါးသံကြီးတစ်ခုနဲ့အတူ သူ့တစ်ကိုယ်လုံး ရုတ်တရက် အနီရောင် မီးတောက် ချီဓာတ်တွေ ဖုံးသွားပါတယ် ။ မျက်လုံး ၂ ဖက်တွင်လည်း မီးတွေထွက်နေကာ ခြေတစ်လှမ်းထဲဖြင့် ချန်ရှန်ဆီသို့ ရောက်လာပါတယ် ။ ယောင်လူကြီး ရဲ့ မီးတောက်တွေဟာ ချန်ရှန်ဆီ ရိုက်ခတ်ပါတော့တယ် ။
မီးတောက်တွေဟာ ချန်ရှန်ကို မထိသေးပါဘူး ဒါပေမယ့်လည်း မမြင်ရတဲ့ အငွေ့တွေဟာ ချန်ရှန်ရဲ့ကိုယ်ကို ဖောက်ဝင်နေပါပြီ ။ ချန်ရှန် စိတ်လျော့ချကာ မီးတောက်တွေ နီးကပ်စွာ ကပ်နေတာတောင် မတ်တပ်ရပ်နေပုံက တောင်ကြီးတစ်လုံးနဲ့ပင် တူနေပါသေးသည် ။ သူ့လက်သီး ၂ ဖက်မှာ ချီဓာတ်တွေ စီးဆင်းနေလျက် မိုးပြာရောင်အလင်းတန်းတွေလည်း ထွက်နေပါတယ် ။ ဒီလက်သီး ၂ ဖက်ဟာ ရုတ်တရက်ပဲ ကျားဦးခေါင်းများ အသွင် ပြောင်းသွား ကာ ဒီတစ်ကြိမ်တိုက်ခိုက်မှုက ခုနက ယောင်တျန်းဟွာကို တိုက်ခိုက်စဉ်က ထက် အများကြီး ကြီးမားပြင်ထန်နေပါတော့တယ် ။
မီးတောက်တွေဟာ ယောင်လူကြီးရဲ့တစ်ကိုယ်လုံးမှ ထွက်နေကာ ရက်စက်သော မိစ္ဆာကြီး နဲ့ပင် တူနေပါသေးတယ် ။ ပြင်းထန်တယ့် ချီဓာတ်များဟာလည်း သူ၏ စွမ်းအင်တည်ရာမှာ စုနေလျက်ပါ ။
“လူကြီးမင်း ၊ ခင်ဗျားတကယ် ကျွန်တော့ကို ဒီလို အားတွေစုထားတယ့် လက်တွေနဲ့ ချရင် ကျွန်တော့ဘက်ကလည်း ဆက်ပြီးသည်းခံမှာမဟုတ်တော့ဘူးနော်”
ချန်ရှန် ရုတ်တရက် ဒေါသထွက်နေသော နဂါးကြီးတစ်ကောင်လို ဟိန်းဟောက်ကာ သူ၏ ပါးစပ်မှလည်း မိုးပြာရောင် ချီဓာတ်တွေ မှုတ်ထုတ်လိုက်ပါတော့တယ် ။ ရုတ်တရက်ပဲ မိုးပြာရောင် အငွေ့လေတွေ တိုက်ခတ်သွားပါတယ် ။ ဒီလေထဲမှာ ကြောက်စရာ မိုးပြာရောင် အလင်းတန်း လျှပ်စီးများဟာ ဟိုမှသည်မှ ဆက်တိုက်ကို ပေါ်လျက်ရှိတယ် ။ ဒီအချိန်မှာပဲ ချန်ရှန်ဟာ မိုးကြိုးပစ်ချသလိုမျိုး ယောင်လူကြီးဆီ သွားကာ ကျားခေါင်းလက်သီးများဟာ ချက်ချင်းပင် စွမ်းအင်ပြည့်ဝသော မိုးပြာရောင် နဂါးကြီးဦးခေါင်းများအဖြစ်သို့ ပြောင်းလဲ သွားပါတော့တယ် ။
မိုးပြာနဂါး ဟောက်သံ လည်း ထွက်ပေါ်လာလျက် ထိုအသံနဲ့ အတူ လေပြင်းများ မိုးကြိုးလျှပ်စီးများပါ ထုတ်လွှတ်လျက် တော်တော်ကို ကြောက်စရာကောင်းလျက်ပါပဲ ။ ဒါကိုမြင်တယ့်အခါ ယောင်လူကြီး တော်တော်အံ့အားသင့်နေပါတယ် ။ ဒီအချိန်မှာပဲ ကြီးမား သော နဂါးကြီး ၂ ကောင် သူ့ဆီသို့ ပြေးလာနေတာကို မြင်လိုက်တယ် ။
“မင်း .. မင်းး . .!”
ယောင်လူကြီး ချန်ရှန်ရဲ့ ပြင်းထန်လှတယ့် ချီဓာတ်များ သူ့ဆီ လာနေတာကိုကြည့်ရင်း ထိတ်လန့် နေပါတယ် ။ ချန်ရှန်ရဲ့ လက်သီးများနဲ့ ယောင်လူကြီးရဲ့ မီးစွမ်းအားတို့ ထိဆုံသွား ချိန်မှာတော့ . . . . .
“ဖုန်းးးးးးးး !”
ကျယ်လောင်လှတယ့် မိုးကြိုးပစ်သံကြီးနဲ့အတူ များစွာသော အလင်းတန်းများ ထွက်လျက် ချီဓာတ်လှိုင်းများဟာ ဟာရီကိန်းမုန်တိုင်းကြီးတစ်ခုလို အဟုန်ဖြင့် အရပ်မျက်နာများစွာကို ပြန့်ထွက်သွားပါတော့တယ် ။ စင်မြင့်ကြီးလဲ ပျက်စီးကာ အနီးရှိ စားပွဲများနဲ့ ပစ္စည်းများ လွင့်ထွက်သွားပါတယ် ။ လူတိုင်းဆွံ့အလျက်ပါပဲ ။ အသက် ၁၆ နှစ်ကောင်လေးက ယောင်လူကြီးနဲ့ တစ်ယောက်ချင်း တိုက်ခိုက်နေမယ်ဆိုတာကို ဘယ်တုန်းကမျှ မမျှော်လင့် ခဲ့ ဘူးပေ ။ ဒါတင်မကသူကပင် အပေါ်စီးဖြစ်နေပါသေးတယ် ။ လူတိုင်းဟာ ယောင်လူကြီးမင်း ၏ပါးစပ်ထောင့်တွင် သွေးများစီးကျလျက်ရှိတာကို ရှင်းလင်းစွာ မြင်နေရပါတယ် ။
ချန်ရှန်ဟာ ရှက်ရွံ့ ကြောက်လန့်တာမျိုးမရှိပဲ တောင်ကြီးတစ်လုံးလို မြဲမြံစွာ ရပ်နေလျက်ပါ ။ အသက်ကိုလည်းပုံမှန်ရှူကာ ယောင်လူကြီးမင်းလို အမောတကော ဖြစ်မနေပါဘူး ။ လူတိုင်းဟာ ယောင်လူကြီးဟာ ချန်ရှန်ဆီမှ ကြောက်မက်ဖွယ်တိုက်ခိုက်မှုများမှ ကာကွယ်ရန် များစွာသော ချီဓာတ်များကို သုံးစွဲနေပြီး ထိတ်လန့်လျက် ရှိတယ်ဆိုတာကို တွေ့နေရပါတော့တယ် . . . ။
Chapter – 25
#အဖိုးလေး
“နောက်ဆုံး မင်းဘယ်သိုင်းကွက် သုံးမှာလဲကွ”
ယောင်လူကြီးက စိတ်ဆိုးစွာမေးလိုက်ပါတယ် ။ တကယ်လို့ ချန်ရှန်သာနတ်အတွင်းအား ကျင့်စဉ်တွေ မလေ့ကျင့်ထားခဲ့ဘူးဆိုပါက ဒီလိုသာမန် အဆင့် ၆ ပညာအဆင့်ဖြင့် ဒီလူကြီး ကိုရင်ဆိုင်ဖို့ မလွယ်ကူပါချေ ။ ချန်ရှန်အဖြေမပေးပဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ် လျက်ရှိပါတယ် ။ ကျားခေါင်း ၂ ခု ပြန်ပေါ်လာကာ သူလည်း အားတွေကို စုလျက် မျက်စိ တမှိတ်အတွင်းမှာပဲ သူ ၏ လက်သီးများဟာ မမြင်နိုင်အောင် လျင်မြန်ကာဖြင့် ရက်စက်လှ သော ကျားများကဲ့သို့ ယောင်လူကြီးကို ထိုးလိုက်ပါတယ် ။ လက်သီးချက်တိုင်းမှာပြင်းစွာ သော ပေါက်ကွဲမှုများဖြစ်ကာ မြေကြီးများပင် တုန်လျက်ရှိပါတော့တယ် ။ ဆယ်ချက်ခန့် ယောင်လူကြီးအား ထိုးပြီးချိန်မှာတော့ ၎င်းကို လွှမ်းခြုံထားသည့် ချီဓာတ်များ ဟာ ကွဲသွားပါတယ် ။ ယခုတော့ ယောင်လူကြီးဟာ ချန်ရှန်လက်သီးများကို သူ့ပကတိ ကိုယ်ဖြင့်ပင် ကာကွယ်ရပါတော့မယ် ။
ချန်ရှန်လက်သီးများဟာ အလွန်ပြင်းထန်ရုံသာမက ကြောက်မက်ဖွယ်ကောင်းလှပါတယ် ။ ယောင်လူကြီး၏ ကိုယ်ကို ထိုးသည့် တစ်ချက်ဆီတိုင်းဟာ လူတိုင်းကို တုန်လှုပ်လျက် ရှိစေပါတယ် ။ သူတို့သာ ဒီလိုလက်သီးနဲ့ အထိုးခံရရင် ဘယ်လိုများနေမလဲလို့ တွေးနေကြပုံ ပါပဲ ။ အားလုံးဟာ ပါးစပ်အဟောင်းသားဖြင့် ၊ ချန်ရှန်ရဲ့ ဖိနှိပ်တိုက်ခိုက်မှုကိုကြည့်ရင်း သူတို့ကိုယ်တိုင်မြင်ရလို့သာပဲ ယုံကြည်နိုင်ကြတော့တယ် ။ ဒီလို ၁၆ နှစ်ကောင်လေးက ယောင်လူကြီးတစ်ယောက်ကို သဲအိတ်တစ်အိတ်အလား ထိုးနေသည်ဟုသာ ကြားပါက မည်သူမျှ ယုံကြည်မည် မဟုတ်ပေ ။
“ယောင်မျိုးနွယ်ဝင်တို့ မင်းတို့ ယှဉ်ပြိုင်ခြင်းဟာ အရှက်ကွဲဖို့ပဲရှိတယ် ။ အရေးနိမ့်တာကို ဝန်ခံ ၊ ဒီက ထွက်သွားကြစမ်း”
ချန်ရှန် ကြုံးဝါးလိုက်ပြီးနောက် လှပပြင်းထန်လှတယ့် လေပေါ်ခြေကန်ချက်တစ်ခုကို ယောင်လူကြီးထံသို့ ထိမှန်သွားပါစေတော့တယ် ။ လူကြီးလည်း လွင့်ထွက်လျက် ယောင် ကိုယ်ရံတော်များကိုပါ ထိမှန်သွားပါတော့တယ် ။ ယောင်လူကြီးဟာ နဂိုထဲက ချန်ရှန်ရဲ့ ကောင်းကင်ကျားမုန်တိုင်းလက်သီးကြောင့် များစွာသော သူ၏ အရိုးများဟာ ကျိုးကြေလျက် အထိနာနေလျက်ပါပဲ ။
ဒီအချိန်မှာပဲ လူအားလုံးဟာ ဒီအခြေအနေကို သံသယဝင်လျက်ရှိတယ် ။ ချန်ရှန်ဟာ ယောင်မျိုးနွယ် လူကြီးမင်းကို ဒဏ်ရာတွေ များစွာ ရစေလိုက်တယ် ! ၊ သူတို့အားလုံး ချန်ရှန်ဟာ ထူးခြားကောင်းမွန်လှတယ့် သိုင်းပညာစွမ်းရည်တွေကို လေ့ကျင့်ထားတယ်လို့ လက်ခံလိုက်ကြပါတော့တယ် ။ ဒီလိုသာမဟုတ်ပါက ဒီလိုအဖြစ်အပျက် မျိုး ဖြစ်လာမည် မဟုတ်ပေ ။
ယောင်တျန်းဟွာနဲ့ ယောင်လူကြီးမင်းတို့အား သယ်သွားကြပါတယ် ။ ဒီနေ့အဖြစ်အပျက်ဟာ လူအားလုံးအမြင်ပါပဲ ။ ဒါယောင်မျိုးနွယ်ဘက်က အရင်စတယ့် ဇာတ်လမ်းပါပဲ ။ ညနက်နက်တွင် ချန်မိသားစု ဖိတ်ခေါ်မှုကြောင့် စားပွဲ တက်လာတယ့်လူတိုင်းဟာ စိတ်လှုပ် ရှားမှု အပြည့်ရရှိခဲ့ကြပါတယ် ။ ဒီပွဲကိုလာရတာ တန်သွားပြီလေ ။
လူတိုင်းထွက်ခွာသွားကြသော်လည်း ၊ ချန်မျိုးနွယ်ကတော့ ကျန်နေခဲ့ပါသေးတယ် ။ ဒါက ချန်အိမ်တော် စားပွဲပေမဟုတ်ပါလား ။ စားပွဲကျိုးတွေ ခုံကျိုးတွေ နဲ့ ပြန့်ကျဲနေတယ့် အစားအသောက်များဟာ ခုတော့ နေရာတကျ ပြန်ဖြစ်နေပါပြီ ။ ထိုအရာများအစား အရသာ ရှိ အစားအသာက်များနှင့် ဝိုင်များက နေရာယူလျက်ရှိနေပါတယ် ။ ချန်မျိုးနွယ်ဟာ သူတို့ အကြီးအကဲသစ်အတွက် နဲ့ စွမ်းအားပြယုဂ်တစ်ခု ပေါ်ထွန်းလာခြင်းကြောင့် ကျင်းပနေကြ ခြင်းပဲ ဖြစ်ပါတယ် ။ ချန်ရှန် ဆိုသည့် ပုံရိပ်ကြောင့် သူတို့ ချန်မျိုးနွယ်ရဲ့ ပြယုဂ်ဟာ မြင့်တက် ခဲ့ရပါပြီ ။
မနက်ပိုင်းမှာတော့ နေရောင်ခြည်ဟာ ဖရိုဖရဲ ကွင်းပြင်ထဲသို့ ကျရောက်လျက်ရှိပါပြီ ။ ကွင်းတစ်ခုလုံး ချန်မျိုးနွယ်များစွာ မူးပြီး မှောက်လျက် ပါ ။ ဒါပေမယ့် ချန်တျန်းဟူနဲ့ သက်ကြီး ဝါကြီးတို့ကတော့ နဂါးများ ကျားများကဲ့သို့ပင် အားအင်တွေပြည့်လျက်ပါပဲ ။ သူတို့ဟာ ချန်မျိုးနွယ်ကို အချိန်တိုင်း ကာကွယ်ထိန်းသိမ်းဖို့ တာဝန်ရှိနေတယ် မဟုတ်ပါလား ။ ချန်ရှန်မှ -
“အဖေ ၊ ဝိုဟူမြို့ထဲမှာ ဆေးပင်ခန်းမတစ်ခုကပဲ ဆေးရောင်းတယ် ။ နောက်ပြီး ဈေးတွေ ကလည်း အဆမတန် ကြီးမြင့်လှတယ် ။ ကျွန်တော်တို့အတွက် တော်တော် အခက်တွေ့ရ တယ်”
ချန်တျန်းဟူက ပြန်ပြောပါတယ် ။
“အခုအေးဆေးနားလိုက်ပါဦးကွာ ၊ သူတို့ယောင်မျိုးနွယ်က ဆေးပညာမိသားစု ဆိုတာမှန်ပေမယ့် ငါတို့ချန်တွေကလည်း လယ်သမားတွေ မဟုတ်ကြပါဘူးကွ ။ ဒါပေမယ့် ဒီဆေးကိစ္စကတော့ ဖြေရှင်းဖို့တော်တော်ခက်တယ်”
ဒီအချိန်မှာပဲ အသံတစ်ခုထွက်လာပါတယ် ။
“တကယ်တော့ ဒါ ခက်ခဲတယ့် ပြသနာမဟုတ်ပါဘူး ။ ဆေးပင်ခန်းမကို ယောင်မျိုးနွယ် ပိုင်တာ မှန်ပေမယ့် တခြားမြို့ကဆေးပင်ခန်းမတွေကိုတော့ သူတို့ပိုင်လို့လား”
ဆေးပင်ခန်းမက လူကြီး အသံပါ ။ သူ့နာမည်ကို လူနည်းစုသာ သိကြပါတယ် ။ ချန်တျန်းဟူ တောင် သေချာမသိပါဘူး ။
“ခန်းမကလူကြီးမင်း ၊ ကျွန်တော် ယောင်တျန်းဟွာကို နိုင်သော်လည်း လူကြီးမင်းကတော့ လွတ်လပ်ပါတယ် ။ တခြားသွားချင်တယ့်နေရာ ရှိရင် သွားနိုင်ပါတယ်”
ခန်းမကလူကြီးက ပြန်ပြောပါတယ် ။
“င့ါကို ဆေးပင်ခန်းမ လူကြီးမင်းလို့ မခေါ်ပါနဲ့ ။ နာမည်အတည်တကျ ရှိပြီးသားပါကွ ။ ငါ့နာမည်က ချန်လုဇောင် လို့ခေါ်တယ်ကွ”
ဒီနာမည်ကြားတော့ ချန်ရှန်ကော ချန်တျန်းဟူပါ အံ့အားသင့်သွားပါတယ် ။ လူကြီးရဲ့ မျိုးရိုး နာမည်က သူတို့ ချန် မျိုးရိုးဖြစ်နေလို့ပါ ။ ချန်ရှန်ရဲ့ အဖိုးနာမည်က ချန်လုဟောင်လေ ။ ဒါကြောင့် ချန်တျန်းဟူ အတွက်တော့ အံ့အားသင့်သွားပါတော့တယ် ။
“ဟား ဟား ဟား . .၊ မင်းတို့အဖိုး နဲ့ ငါနဲ့ ဘာလို့ မုန်းနေကြလဲသိလား”
ချန်လုဇောင် ချန်ရှန်ကိုကြည့်ကာဖြင့် -
“ဘာလို့လဲဆိုတော့ သူက ငါ့အကိုကွ ။ ငါဟာ မျိုးနွယ်ခေါင်းဆောင် မဖြစ်နိုင်ခဲ့ဘူး ။ နောက် သူနဲ့လည်း သဘောထားကွဲလွဲခဲ့တယ် ။ အဲဒါနဲ့ပဲ ငါဟာ မျိုးနွယ်ကိုစွန့်ပြီးထွက်သွားလိုက် တယ် ။ နောက်တော့ ဆေးပညာတွေလေ့လာဆည်းပူးရင်း ဆေးပင်ခန်းမမှာ နေနိုင်ခဲ့တယ် ။ နောက် ဒီအချက်ကို သုံးပြီး မင်းတို့အဖိုးနဲ့ သဘောထားကွဲတာကို ပြင်ဖို့ လုပ်ခဲ့တယ် ။ သူချန်မိသားစုက ထွက်သွားကတည်းက ငါပြန်မလာတာပဲ ။ မင်းဒီလူကြီးကို လိုချင်ရင် ငါခုကြုံနေရတယ့် ဆေးပြသနာကို ရှင်းပေးမယ်”
ချန်လုဇောင် သူ့ခေါင်းကို ချိန်အိမ်တော် ဂိတ်ဝသို့ ကြည့်လျက် ပြောပါတယ် ။ သူ၏ မျက်လုံး ထဲမှာ တစ်ခုခုကို လွမ်းဆွေးနေသလိုပင် ။ ချန်ရှန်က ပြုံးပြီး -
“အဖိုးလေး ၊ နေနိုင်ရင်တော့ အရမ်းကောင်းမှာပေါ့ဗျာ ။ နောက်ပြီး ဒီဆေးကိစ္စကလည်း ကျွန်တော့ခေါင်းပေါ်ကျနေတယ့် တာဝန်ကြီးဖြစ်နေလို့ပါ”
ချန်တျန်းဟူကလည်း ဆက်လက်ပြီး -
“ဦးလေး ၊ ချန်မျိုးနွယ်မှ ပြန်လည်ကြိုဆိုပါတယ်ဗျာ”
ချန်လုဇောင် အနည်းငယ်ပြုံးပြီး သဘောတူပုံဖြင့် ချန်တျန်းဟူကို ကြည့်ကာ -
“ချန်မျိုးနွယ်က ငါထွက်သွားတုန်းက မင်းက ကလေးလေးပဲ ရှိသေးတယ် ။ ငါဟာလည်း ငယ်ငယ်လေးပါပဲ ။ ခုတော့ ငါလဲ တော်တော် အိုနေပါပြီ ။ မင်းတို့ လူငယ်တွေပဲ ချန်မျိုးနွယ် ကို စောင့်ရှောက်ကြပါ”
စားပွဲည ပြီးနောက်မှာတော့ ချန်ရှန်တစ်ယောက် နာမည်တဟုန်ထိုး ကြီးလျက်ရှိနေပါတယ် ။ ချန်မျိုးနွယ်ရဲ့ ပုံရိပ်ဟာလည်း မြင့်တက်လျက်ပါပဲ ။ ချန်မျိုးနွယ်တွင် ယခု ဆေးပညာရှင် ၂ ယောက်ရှိပြီး ဆေးအတွက် ပူစရာမလိုတော့ပေ ။ ပြသနာတစ်ခုကတော့ ဆေးပင် ရနိုင်ရေး ပြသနာပဲ ဖြစ်ပါတော့တယ် ။ အနိမ့်စားဆေးပင်တွေကတော့ ကိစ္စမရှိပေ ၊ သို့သော်လည်း ဆေးအမြင့်စားအပင်တွေကတော့ ဈေးကြီးမြင့်ပြီး ရှားပါးလှပါပေတယ် ။ ယောင်မျိုးနွယ်ဟာ ဒီလိုဆေးပင်တွေကို အဓိက ဆုပ်ကိုင်ထားခြင်းပဲဖြစ်ပါတယ် ။
သီးသန့်ခန်းတစ်ခုအတွင်းမှာတော့ ၊ ချန်ရှန် ၊ ဘိုင်ယုယုနဲ့ စုမေးယိုတို့ ဆွေးနွေးနေကြပါ တော့တယ် ။ သူသိုင်းပညာဂိုဏ်းကို မရောက်ခင်မှာ ချန်မိသားစု အရမ်းစွမ်းအားကြီးမားတာ ကို သူမျှော်လင့်နေပါတယ် ။
“ဒါကပြသနာမဟုတ်ပါဘူး ၊ ခု မင်းတို့ချန်မျိုးနွယ်က ဆေးပင်တွေ ရှားနေတာလေးပါပဲ ။ မင်းအနီးနားမြို့က ဆေးပင်တွေဝယ်ပြီး ပြန်လာနိုင်တာပဲ ၊နောက်ပြီး မင်းရဲ့ သွေးဝိဉာဉ် မြက်ကိုလည်း ပထမဆုံးရောင်းလိုက်ပေါ့”
စုမေးယို နှစ်တစ်ထောင်သားရဲဆေးကို ဆော့လျက် ပြန်ပြောပါတယ် ။ ချန်ရှန်က က စိုးရိမ်စွာဖြင့် -
“ဒါက နှစ်တစ်ထောင်သွေးဝိဉာဉ်တော်မြက် ၊ အရမ်းရှားတယ်နော်”
စုမေးယို သားရဲဆေးကို ချန်ရှန်ဆီပြန်ပေးလိုက်ရင်း ရယ်မောကာ -
“မင်းမှာ နဂါးတံတွေး ကျင့်စဉ်ရှိနေပြီမလား၊ အချိန်တွေလည်းအများကြီး ရှိနေတာ ၊ နှစ်တစ်သောင်းမြက်ဖြစ်နေပါစေဦးတော့ ဘာအရေးလဲ ၊ နောက် ဒီမြက်က အဆင့်နိမ့် ဆေးပင်အမျိုးအစားဖြစ်ပြီး သိပ်တော့လည်း အရေးမပါပါဘူး ။ အစွမ်းတော့ ထက်တာပေါ့လေ”
နဂါးတံတွေး ၊ ၎င်းက ဆေးပင်တွေကို လျင်မြန်စွာ ပေါက်ပွားစေတယ် ။ ချန်ရှန် ဒီအကြောင်း စဉ်းစားမိပြန်တော့လည်း စိတ်သက်သာရာရမိပါတယ် ။ သူကိုယ်တိုင် ဒီမြက်မျိုး စိုက်ကြည့် ချင်နေပါတယ် ။ စုမေးယိုဟာ သူ့စိတ်ကို ထွင်းဖောက်မြင်ဟန်ဖြင့် ပြောလိုက်ပါတော့တယ် ။
“နှစ်တစ်သောင်းမြက်တော့ စိုက်ဖို့ မကြိုးစားလေနဲ့ ၊အချိန်ဖြုန်းတာပဲ ဖြစ်မယ် ။ ဒီအစား တခြား အဆင့်မြင့်တွေ စိုက်စမ်းပါ ။ နဂါးတံတွေး ကျင့်စဉ်အကြောင်းလည်း သိသားနဲ့ ၊ မင်းရဲ့ မိုးပြာနဂါး ချီဓာတ်တွေကို သုံးပြီး နေနဲ့လရဲ့ အရသာကိုတောင် ခဲပေးနိုင်လောက်တယ်ကွ”
Chapter – 26
#ဇာတ်ခုံအစစ်
ချန်ရှန်ခေါင်းညိမ့်လျက် ပြန်ပြောလိုက်တယ် ။
“နားလည်ပါပြီ ၊ ဒါနဲ့ အမတော် ယုယု ကျွန်တော့ကို ဘယ်တော့ မိစ္ဆာသိုင်းတွေ သင်ပေးမှာ လဲ”
ဘိုင်ယုယု ချန်ရှန်အား မျက်လုံးထောင့်ကပ်ကြည့်ကာဖြင့် -
“မင်းခုထိ ငါ့ညီမရဲ့ နတ်အတွင်းအားသင်္ကေတလေးခု ကျင့်စဉ်တောင် မပြီးသေးပဲ ငါ့ရဲ့ မိစ္ဆာ သိုင်းတွေ ကျင့်ဖို့ မစဉ်းစားစမ်းပါနဲ့ ၊ မင်းခရီးအရှည်ကြီး ဆက်ရဦးမှာ”
ချန်ရှန်ဟာ လက်ရှိ မိုးပြာနဂါးကျင့်စဉ် နှင့် အနီရင့်ရောင် ငှက် ကျင့်စဉ်ကိုသာ သုံးနိုင် သေးတာဖြစ်ပြီး ကျန်သော အဖြူရောင်ကျားကျင့်စဉ် နှင့် အမည်းရောင်လိပ် ကျင့်စဉ် တို့ဟာ လေ့ကျင့်ဖို့ မပြီးသေးပါဘူး ။ ၎င်း ၂ ခုဟာ တော်တော်ကို ခက်ခဲတာဖြစ်ပြီး တချို့သော အရာလေးတွေ လိုအပ်နေသေးတာဖြစ်ပါတယ် ။
မိုးပြာနဂါး လက်သည်းနဲ့ နဂါးဟောက်သံ တို့ဟာ မိုးပြာနဂါး နတ်အတွင်းအား ကျင့်စဉ် မှဖြစ်ပြီး တကယ်တော့ သင်ကြားရတာ တကယ်လွယ်ပါတယ် ။ အနီရင့်ရောင် ငှက်ရဲ့ မီးလျှံ များနဲ့ တောင်ပံများဟာလည်း ထို့အတူပါပဲ ။နတ်အတွင်းအားကျင့်စဉ် သင်္ကေတ ၄ခုဟာ အရမ်းကို စွမ်းအားကြီးမားတယ့် ကျင့်စဉ်တွေ ဖြစ်သော်လည်း ၎င်းတို့ကို ကျင့်ဖို့ ခိုင်မာတယ့် စွမ်းအင်အချို့ လိုအပ်ပါတယ် ။ ဒါမှမဟုတ်ရင်တော့ ချီပြန့်ကွဲခြင်းများဖြစ်နိုင်ကာ သေဆုံးစေနိုင်ပါလိမ့်မယ် ။
ညကား နက်လို့ နေပါပြီ ။ သီးခန့်အခန်းလေးတစ်ခုအတွင်မှာတော့ “ ဗြန်း ၊ ဗြန်း” ဟူသော အသံဟာ ညံလို့နေပါတယ် ။ ဒါဟာ ချန်ရှန်ကျင့်စဉ် ကျင့်ခြင်းကြောင့် ထွက်ပေါ်လာခြင်းပါပဲ ။ အထက်ပိုင်းဗလာကျင်းလျက် သူ၏ သန်မာလှသော ကြွက်သားများမှာ အထင်းသားပေါ်လွင် ကာ ထိုအချိန်မှာပဲ ချီဓာတ် အပူတွေ ထွက်ပေါ်လာမှကြောင့် အနီရင့်ရောင်ပုံစံ ပြောင်းသွား တယ် ။ ထိုစဉ်ပဲ မြင်းတစ်ကောင် ကဆုန်ပေါက်သလို ယိမ်းနွဲ့ကာဖြင့် မလှမ်းမကမ်းရှိ သံမဏိ နံရံအား ထိုးလိုက်ပါတော့တယ် ။ ဒီအချိန်မှာပဲ ချီဓာတ်အပူတွေဟာ သူ့လက်သီးမှ ထွက်ကာ မမြင်နိုင်သော စွမ်းအားတွေပြည့်ဝနေသည့် လက်သီးများဖြင့် နံရံအား ထိလိုက်ခြင်းကြောင့် မြေကြီးများပင် တုန်ခါလျက်ရှိပါတော့တယ် ။
“မဆိုးပါဘူး ၊ တစ်နေ့ထဲနဲ့ အနီရင့်ရောင် ငှက်ကျင့်စဉ်ထဲမှာပါတယ့် “မီးဘုရင်လက်သီး” တိုက်ကွက်ကို လုပ်နိုင်ပြီပေါ့ ။ ဒါတော်တော်လည်း ခက်ပါပေတယ် ။ ကဲအခု အနားယူလိုက် ပါဦး”
စုမေးယိုက ထိုင်နေရာမှ ချန်ရှန်လေ့ကျင့်နေရာကို ကြည့်ရင်း ပျင်းရိစွာ ပြောလိုက်ပါတယ် ။ ချန်ရှန်ဟာ အရွယ်ရောက်ထွားကြိုင်းလှသော ရင်အုံများကို ကြည့်ကာ ပြုံးပြီးပြောလိုက်ပါ တယ် ။
“အမတော် မေးယို ၊ ကျွန်တော်ခု ရေချိုးမလို့ ၊ လိုက်ချိုးမလားဗျ”
စုမေးယိုလည်း သူမ၏ နူးညံ့လှသော အသံနဲ့ အတူ ဆွဲဆောင်မှု ရှိလှသော အကြည့်ဖြင့်ကာ ပြန်ပြောလိုက်ပါတယ် ။
“ငါ့အမပါ ခေါ်မှရမယ် ။ ဒီတစ်ခါတော့ မင်းမရိုးသားတော့မှာ ကြောက်မိတယ်ဟေ့”
ဘိုင်ယုယု ကို ပြောမည်ဆိုသဖြင့် ချန်ရှန် အေးစက်စက်ဖြစ်သွားပါတယ် ။
“ထားလိုက်ပါတော့ဗျာ”
စုမေးယိုလည်း ကျယ်လောင်စွာ ရယ်လျက် ချန်ရှန်၏ ကွင်းလေးထဲသို့ ဝင်ရောက် ပျောက် ကွယ်သွားပါတော့တယ် ။ သူမတို့ ၂ ယောက်ရဲ့ ဘဝပဲ အေးပါတယ် ။
နောက်နေ့မှာတော့ ချန်ရှန်နိုးတာနဲ့ နဂါးတံတွေးကျင့်စဉ်ကို ပြုလုပ်ကာ ပါးစပ်အတွင်းမှ ပုလင်းလေးတစ်လုံးထဲ ထည့်လိုက်ပါတယ် ။ ဒါကို နောင်အရေးကြုံရင် သုံးရန်အတွက်ပါ ။ ချန်ရှန်ဟာ ချန်လုဇောင် ကို ဆေးပညာနဲ့ ပတ်သက်ပြီး မေးမြန်းချင်သည့် အတွက် လိုက်ရှာ နေပါတယ် ။ ဒါပေမယ့်လည်း ဆေးပင်များဝယ်ရန် ထွက်ခွာသွားကြောင်းသာ သိလိုက်ရတယ် ။ ဒါ့အပြင် သူ့အတွက် ဆေးပင်များ လည်း ချန်ပေးခဲ့ပါသေးတယ် ။
အရွယ်ရောက်ပြီးသားဆေးပင်လေးတွေပါ ။ ချန်ရှန် တော်တော် ပျော်သွားပါတယ် ။ ဒါတွေ က သူ့ဆေးပညာအတွက် အတွေ့အကြုံတော်တော် ရစေမှာဖြစ်လို့ပါပဲ ။ တစ်ရက်မှာ နှစ်ရက် ၊ နှစ်ရက်မှ သုံးရက်ကြာသည့်အခါတွင်တော့ ချန်ရှန်ဟာ သူ့အဖိုးလေး ချန်ခဲ့သော ဆေးပင် များအားလုံးအား ဆေးအဖြစ်လုပ်ပြီး ဖြစ်နေပါပြီ ။ ဆေးပင်အများစုဟာ အနိမ့်စားတွေဖြစ် သောကြောင့် အချိန်သိပ်မယူလိုက်ရပါဘူး ။ ယခုတော့ ချန်မျိုုးနွယ်မှာ ဆေးအတွက် လုံလောက်တယ့် အနေထားသု့ိ ရောက်နေလျက်ပါ ။
ဒီနေ့တွေမှာ ချန်မျိုးနွယ် မျိုးဆက်သစ်များစွာ ဟာ ချန်ရှန်နား ဝိုင်းနေပါတယ် ။ ချန်ရှန်ဟာ မကြာခဏ သိုင်းလေ့ကျင့်ရာကွင်းပြင်တွင် ငယ်ရွယ်သူများအား သိုင်းပညာများ ဖလှယ်ပေးကာ လေ့ကျင့်ပေးလေ့ရှိကာ အကြံဉာဏ်များလည်း ပေးလေ့ရှိပါတယ် ။
“ချန်ရှန် ၊ မင်း ဘုရင့်မြို့တော်ရဲ့ သိုင်းပြိုင်ပွဲ ဝင်ပြိုင်ပါ့လား ၊ ပထမဆုက အဆင့်မြင့် ပထမ တန်းစား ဆေးရမှာနော်”
ချန်တျန်းဟူ ကွင်းပြင်သို့ရုတ်တရက် ရောက်လာပြီး ပြောပါတယ် ။ ချန်ရှန် ခဏမျှ စဉ်းစားပြီး နောက်မှာတော့ ပြန်ပြောလိုက်ပါတယ် ။
“ကျွန်တော် တခြားမြို့ကို ဆေးပင်တွေ ဝယ်ဖို့သွားချင်တယ် ။ ဒီလိုသွားလို့ လမ်းကြောင်း သင့်ရင် ကွျှန်တော် ပြိုင်မယ်လေ”
ဒီအချိန်မှာပဲ ချန်မျိုးနွယ် ကလေးတစ်ယောက်က -
“အကိုတော် ၊ ပြိုင်ပါဗျ ၊ ကျွန်တော်တို့အတွက်က မျှော်လင့်ချက်မရှိဘူး ၊ ဒီပြိုင်ပွဲက အရမ်းတော်တယ့် ပညာရှင်တွေလာပြိုင်လေ့ရှိကြတယ်လို့ ကျွန်တော်ကြားဖူးတယ်ဗျ ။ တချို့ အဆင့် ၇ပညာရှင်တွေတောင် ပါတယ်ဆိုပဲ”
ကောင်မလေးတစ်ယောက်ကလည်း ဝင်ပြောပြန်ပါတယ် ။
“သိုင်းပညာဂိုဏ်းတွေက ပြန်လာတယ့်လူတွေလည်း ပြိုင်လေ့ရှိတယ်ကြားတယ်”
ချန်ရှန် အချက်အလက်တွေကို နားထောင်ပြီးစဉ်းစားနေပါတယ် ။ ဒီပွဲဟာ ၁၀ နှစ်မှ တစ်ကြိမ် ကျင်းပတာပါ ။ ပြိုင်ပွဲဝင်တွေဟာ အသက် ၂၀ အောက်ဖြစ်ရမယ်ဖြစ်ပြီး တောင်ပိုင်း သိုင်းလောကရဲ့ အကြီးမားဆုံး အင်ပါယာဖြစ်တယ့် ဘုရင့်မြို့တော်မှာ ပြုလုပ်မှာလည်း ဖြစ်ပါတယ် ။ ဒီမြို့ဟာ မူလက ထိုနေရာတွင် မြို့လေးမြို့အဖြစ်ရှိခဲ့ပါတယ် ။ ဒါပေမယ့် ဒီမြို့တွေ ဖွံ့ ဖြိုးတိုးတက်လာပြီးနောက်တွင်တော့ လူတွေဟာ တစ်မြို့နဲ့တစ်မြို့စည်းလုံး ချစ်ခင်ကြကာ ကြီးမားတယ့် မြို့တော်ကြီး တစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ် ။ ဒါကတော့ ဘုရင့်မြို့တော်ပဲ ဖြစ်ပါတော့တယ် ။
ဘုရင့်မြို့တော်ဟာ တောင်ပိုင်းသိုင်းအင်ပါယာ၏ တော်ဝင်မြို့တော်တစ်ခုပါပဲ ။ ယောင်မျိုးနွယ်များနဲ့ အင်ပါယာရဲ့နန်းတော်များဟာ ထိုနေရာတွင် ရှိနေပါတယ် ။ တောင်ပိုင်းရဲ့ ထိပ်သီးဆိုသူများလည်း ထိုနေရာတွင် အပြည့်ပါပဲ ။ ချန်တျန်းဟူ လည်းခေါင်းညိမ့်လျက် ပြောပြန်ပါတယ် ။
“ဘုရင့်မြို့တော် သိုင်းပြိုင်ပွဲ ရည်ရွယ်ချက်တစ်ခုကြောင့် ကျင်းပတာဖြစ်တယ် ။ ဒါကတော့ ထူးချွန်တယ့် ပြိုင်ပွဲဝင်ကို သိုင်းပညာဂိုဏ်းထဲ ဝင်ဖို့ ရွေးချယ်တာပဲ ၊ တောင်ပိုင်းအင်ပါယာတစ်ခုလုံး ဒီဂိုဏ်းကိုဝင်ချင်တယ်ဆိုတာ မင်းသိသင့်တယ်”
သိုင်းလောကမိသားစုများဟာ နှစ်စဉ် အခွန်အခတွေကို နန်းတော်ကို ပေးကြရတယ် ။ အဲဒိ ကတဆင့် ဒီတောင်ပိုင်းအင်ပါယာက သိုင်းပညာဂိုဏ်းကို ထောက်ပံ့တယ် ။ ဒီဂိုဏ်းတွေဟာ ပြည်နယ်တစ်ခုလုံးရဲ့ မိသားစုအားလုံးအပေါ် လွှမ်းမိုးခြယ်လှယ်နိုင်ပါတယ် ။
“ဒီအခွန်တွေဟာ အလကားဖြစ်တယ်ထင်လား ၊ ငါတို့လုံခြုံရေးအတွက် ဒီဂိုဏ်းတွေဟာ လိုအပ်တယ် ။ နောက် ဒီဂိုဏ်းတွေဟာ သားရဲမိစ္ဆာတွေနဲ့ မလွဲမသွေ ကြုံရမှာဖြစ်ပြီး ၎င်းတို့ကို အေးဆေးအမဲလိုက်လို့တောင်ရတယ်”
ချန်တျန်းဟူ ကောင်းကင်ကြီးကို ကြည့်လျက် ရှင်းပြနေပါတယ် ။ ချန်မျိုးနွယ်ရဲ့ ဂျူနီယာ များဟာ တစ်ယောက်တပေါက် ထင်ရာတွေပြောလျက်ပါ ။ အရင်က သူတို့ ဒီကြီးမားသော ဂိုဏ်းများဟာ ဒဏ္ဍာရီလာတည်ရှိခဲ့တာလို့ ထင်ကြတယ် ၊ ခုတော့ဒီဂိုဏ်များရဲ့ ဖွဲ့စည်းပုံကို သိရှိကြတယ့်အတွက် အံ့သြနေကြပါတော့တယ် ။
တောင်ပိုင်းသိုင်းလောကဟာ အရမ်းကိုကြီးမားတယ့် လူဦးရေရှိပြီး ဒါဇင်သန်းပေါင်းများစွာ ကို ရှိနေပါတယ် ။ ဒါပေမယ့် တကယ်ကို စစ်မှန်တယ့် စွမ်အားမြင့် ပညာရှင်တော့ မရှိသေးပါဘူး ၊ ဆေးဆရာလည်း ထို့အတူပါပဲ ။ ၎င်းတို့ဟာ ဖီးနစ်ငှက်ရဲ့ အမွှေးတောင် များနဲ့ ယူနီကွန်းရဲ့ ချိုများလိုပင် ရှားပါးလှပါတယ် ။ ဒီလိုကြီးမားတယ့် လူဦးရေပေါက်ပွားမှု ကြောင့် ပညာရှင်အစစ်အနည်းငယ်တော့ ထွက်ပေါ်လာမယ်လို့ ယုံကြည်ကြတယ့် အတွက် ဒီသိုင်းပညာဂိုဏ်းတွေဟာ ဒီလိုလူတွေကို တပ်သားသစ် စုဆောင်းတာလည်း ဖြစ်ပါတယ် ။ အမြန်ဆုံးနဲ့ သက်ရောက်မှု အရှိဆုံးဖြစ်စေမယ့် နည်းကတော့ ဒီလိုတစ်နေရာထဲမှာ ပြိုင်ပွဲ လုပ်ကာ ငယ်ရွယ်သန်မာ အစွမ်းထက်လှတယ့် လူများကို စုဆုံစေခြင်းပဲ ဖြစ်ပါတယ် ။
ချန်ရှန် တစ်ယောက် ချန်တျန်းဟူနဲ့ အတူ စာကြည့်တိုက်ခန်းသို့ ရောက်လာပါတယ် ။ချန်တျန်းဟူ လည်း ချန်ရှန်ကို အရေးကြီးတာ တစ်ခုခု ပြောချင်နေပုံပါပဲ ။ ချန်တျန်ဟူပုံစံက အရမ်းကို အလောတကြီးနိုင်တယ့် အမူအရာဖြစ်နေလို့ပါပဲ ။ စာကြည့်ခန်းရောက်သောအခါ တွင်တော့ ချန်တျန်းဟူက ပြောပါတယ် ။
“ချန်ရှန် ၊ မင်းအဖိုးလေး ချန်လုဇောင်ကတော့ ဘုရင့်မြို့တော်ကိုရောက်နေပြီ ၊ လူအများ အမြင်မှာ ငါတို့ ချန်မျိုးနွယ်ဟာ သိုင်းပညာရှင်တွေ များစွာ ရှိတယ်လို့ထင်ကြတယ် ဒါပေမယ့် ငါတို့ဟာ ဘုရင့်မြို့တော်ကို မဝင်နိုင်သေးဘူး ။ ဒါကြောင့် ငါတို့မျိုးနွယ်ဟာ ကိုယ့်ကိုကိုယ် အားကြီးလှပြီလို့ မသတ်မှတ်နိုင်ပေဘူး ။ အဲဒါကြောင့် ငါတို့ရဲ့ နောက်ပစ်မှတ်ကတော့ ဘုရင့် မြို့တော်ပဲ”
ချန်ရှန်ဟာ အကြောင်းအရာများစွာကိုကြားပြီးပြီ ၊ယောင်မျိုးနွယ်ဟာ ဒီလို သိုင်းပညာဂိုဏ်း တွေနဲ့ များစွာ အဆက်အသွယ်ရှိပြီး သူတို့ဟာ နန်းတော်ကို အခွန်ပေးစရာလည်း မလိုပါ ။ သို့သော် ၎င်းတို့ဟာ ဒီဂိုဏ်းတွေကိုပါ တိုက်ရိုက်အမိန့်လိုမျိုး ပေးနိုင်ပါသေးတယ် ။
“ရွှီ မျိုးနွယ်လည်း ခု ဘုရင့်မြို့တော်ကို ပြောင်းသွားပြီကွ ၊ ရွှီရှန်းရှန်းကို အကြောင်းပြုပြီး သူတို့ မျိုးနွယ်ဟာ ခုဆို အင်အားကြီး ဂိုဏ်းတွေနဲ့ အဆက်အသွယ်တွေ ရှိနေကြပြီ ၊ ဒါပေမယ့် ငါတို့ ချန်မျိုးနွယ်ကတော့ လမ်းကြောင်းပေါ်မရောက်သေးဘူး ၊ ဒီလမ်းကြောင်းကို ဖွင့်ဖို့က မင်းနဲ့ မင်းရဲ့အဖိုးလေးတို့ ပေါ်မှာ မူတည်တယ်”
ချန်တျန်းဟူ ချန်ရှန်ပခုံးများအား ကိုင်လျက် အာရုံစိုက် ပြောဆိုပါတယ် ။ချန်ရှန်လည်း မျက်မှောင်ကြုတ်ကာ မေးလိုက်တယ် ။
“ကျွန်တော်ဘာလုပ်ရမှာလဲ ၊ ဂိုဏ်းတစ်ခုခုထဲ ဝင်ရမှာလား”
ချန်တျန်းဟူ ခေါင်းခါကာ ပြောပါတယ် ။
“မဟုတ်ဘူး ၊ မင်းဒီဂိုဏ်းတွေထဲ ရောက်ရင်တောင်မှာ ငါတို့ ချန်မျိုးနွယ်အနေနဲ့ ဒီကြီးမားတဲ့ ဂိုဏ်းတွေရဲ့အထောက်အပံ့ကို ကောင်းကောင်းရလိမ့်မှာ မဟုတ်ပေဘူး ၊ အခု ငါတို့ ချန်မျိုးနွယ်တွေ ကို သူတို့ဂိုဏ်းတွေ သတိပြုမိပြီး သူတို့ရဲ့ အစွမ်းအစတွေနဲ့ ကူညီပေးစေဖို့ အတွက် တစ်ခုတည်းသော နည်းလမ်းကတော့ မင်းရဲ့ဆေးပညာ ပါရမီကို ပြသရမှာပဲ ဖြစ်တယ်”
ချန်ရှန် မျက်လုံးများ အရောင်ပြောင်းသွားတယ် ။ အရောင်များ တဖြတ်ဖြတ်တောက်ပသော မျက်လုံးများဖြင့် ပြုံးလျက်ကြည့်ကာ ပြန်ပြောလိုက်ပါတယ် ။
“ကျွန်တော် ဘာလုပ်ရမလဲ သိပါပြီ ၊ ကျွန်တော်လိုအပ်တာတွေ ပြင်ဆင်ပြီး ဘုရင့်မြို့တော် ကို သွားပါမယ် ။ အဖိုးလေးနဲ့ဆုံလိုက်ပါ့မယ်”
ချန်တျန်းဟူ ချန်ရှန်ပခုံးကို ပုတ်လိုက်ပြီး သူ့မျက်နှာတွင်တော့ အပြုံးများ လက်လျက်ရှိနေပါတယ် ။
“ချန်ရှန် ၊ မင်းရဲ့ ဇာတ်ခုံအစစ်က ဒီမှာမဟုတ်ဘူးကွ ၊ တောအုပ်ထဲက သစ်ပင်တွေလို များစွာ ရှိနေတယ့် စွမ်းအားကြီး သိုင်းပညာရှင်တွေရှိတယ့် ဒီလို သိုင်းပညာဂိုဏ်းတွေကမှ မင်းရဲ့ ဇာတ်ခုံအစစ်ပဲ”
ချန်တျန်းဟူ လေးလေးနက်နက်ဖြင့်ကို ပြောလိုက်ပါတော့တယ် . . . ။
Chapter – 27
#လူသတ်သမား
ထုပ်ပိုးစရာရှိတာ အနည်းငယ် ထုတ်ပိုးပြီးနောက်မှာတော့ သူ့ပုံစံ အနည်းငယ် ပြောင်းသွား ပါတယ် ။ ချန်ရှန် သူ၏ တစ်ကိုယ်တော်ခရီးစဉ်အဖြစ် ဘုရင့်မြို့တော် သို့ ထွက်ခွာပါတော့ မည် ။ သူ့ခွန်အားနဲ့ အတူ သူ့ပြိုင်ဖက်ဟာ အဆင့် ၈ အောက်သာဆိုပါက ချန်ရှန်ကို ရင်ဆိုင်ဖို့ မလွယ်ပေ ။ တောင်ပိုင်းသိုင်းလောက တစ်ခုလုံးမှာ အဆင့် ၈ သိုင်းပညာရှင် ဆို တာ များများစားစား မရှိပေ ။ ဒါကြောင့်လဲ ချန်တျန်းဟူဟာ သူ့ကို စိတ်ချနေခြင်းပင် ဖြစ် ပါတယ် ။
ဝိုဟူနဲ့ ဘုရင့်မြို့တော် ဟာ ဝေးလှပါတယ် ။ ၅ ရက် သို့မဟုတ် ၆ ရက်လောက်ကို သွားရတယ် ။ သွားရာလမ်းတစ်လျှောက်တွင်လည်း မမျှော်လင့်ထားသော အန္တရာယ်များ သာမက သေခြင်းတရားကိုပါ ရှာဖွေတွေ့ရှိနိုင်သလို တောတောင်အတွင်း လှည့်လည် ကျက်စားလျက်ရှိသည့် သားရဲများကိုပါ တွေ့နိုင်ပါသေးသည် ။
“ကောင်လေး ၊ မင်းအခု ဒီဂိုဏ်းတွေကို ဝင်ဖို့ ကမူးရှူးထိုး လုပ်စရာမလိုသေးဘူး ။ ဒီဂိုဏ်းတွေကြားက ပြိုင်ပွဲတွေဟာ အလွန်ကို ကြီးမားတယ် ။ မင်းမှာ အတွင်းအား လုံလောက်စွာမရှိရင် မင်းပဲ အရှက်ကွဲရလိမ့်မယ်”
ဘိုင်ယုယု ရဲ့ ပြောစကားပါ ။
“နားလည်ပါပြီ အမတော် ယုယု”
ချန်ရှန် စိတ်ထဲ နည်းနည်း နွေးထွေးသွားတယ် ။ ဒီရေခဲအသံပိုင်ရှင် မိန်းမလှလေးက သူ့ကို ဂရုစိုက်တယ်ဆိုတာ မရှိသလောက် ရှားပေတာကိုး ။ ဒီအချိန်မှာ ချန်ရှန်ဟာ ဝိုဟူနဲ့ တော်တော် ကို ဝေးကွာနေပြီ ဖြစ်ပါတယ် ။ တောလည်းနက်နေပါပြီ ။ ဒါဟာ သူပထမဆုံး အကြိမ် ဝိုဟူမှ အဝေးကို သွားခြင်း ဖြစ်ပါတယ် ။ ဒီလိုသွားရတာကိုလည်း စိတ်လှုပ်ရှားမှု များ ဖြစ်လျက် ရှိနေပါတော့တယ် ။
ညနေခင်းမှာတော့ ကောင်းကင်တစ်ခုလုံး မှောင်လာပါပြီ ။ ချန်ရှန် သစ်တော တစ်ခု အနီးမှာ ရပ်လိုက်တယ် ။ ဖုန်ထူလမ်းအတိုင်း လျှောက်လာစဉ် ချန်ရှန်သူ့အနောက်မှ လှုပ်ရှားမှု တစ်ခုကို သတိထားလိုက်မိတယ် ။
“ဟူး းး”
ချန်ရှန် စိတ်ထဲက ကျိန်ဆဲလိုက်ပြီး ချီဓာတ်များအား ခြေထောက်တွင် စီးဆင်းစေလိုက်တယ်။ ပြေးတာဖြစ်ဖြစ် ၊ တိုက်ခိုက်တာဖြစ်ဖြစ် အသင့်ပါပဲ ။
“ခြေဦးတည့်ရာ မပြေးနဲ့ ၊ သူတို့ထွက်လာပါစေ ။ မင်းမနိုင်တော့မှသာ ပြေးတော့ ၊ မင်းမှာ အနီရင့်ရောင်ငှက်တောင်ပံတွေလည်း ရှိနေတာပဲ မင်းအေးဆေးလွတ်ပါတယ်”
စုမေးယိုက ချန်ရှန်ကို ပြောလိုက်တယ် ။ချန်ရှန် ကလည်း ပြန်ပြောလိုက်ပါတယ် ။
“ကျွန်တော်မပြေးပါဘူး ၊ သူတို့ကျွန်တော့နောက်က တောက်လျှောက်လိုက်လာတာလား ၊ ဝိုဟူကထွက်ကတည်းကကိုပဲလား”
“မင်းစထွက်လာတည်းကပဲကွ”
ဘိုင်ယုယု က ပမာမခန့်ပုံစံနဲ့ ပြောပါတယ် ။ ချန်ရှန်ထက်ပင် ပိုမို စိတ်တိုနေသလိုပါပဲ ။ ချန်ရှန် လှည့်ကြည့်ကာ အေးစက်စက်ပြောလိုက်တယ် ။
“င့ါနောက်က လိုက်လာကြတာ ဘယ်လောက်ကြာပြီလဲ ၊ မင်းတို့ ကောင်တွေအားလုံး ဒီနေရာက ထွက်သွားကြစမ်း”
သူအော်ပြီးနောက်မှာပဲ “ရွှက် ရွှက် ရွှက်” ဆိုပြီး အမည်းရောင်ဝတ် မျက်နာဖုံးစွပ် လူ ၅ ဦး သူ့ အရှေ့မှာ ထွက်လာပါတယ် ။ သူဟာ ရွှီမျိုးနွယ်က လူ ၂ ယောက်ကို ကယ်တင်တုန်းက ပုံရိပ် ကို အမှတ်ရမိသွားတယ် ။ ခုလည်း ဒီလိုအနေထားမျိုးပါပဲ ။ဒီလူ ၅ ယောက်ဟာ ဝိုဟူမှာ ကတည်းက ချန်ရှန် နောက်က လိုက်လာတာပါ ။ ချန်ရှန်ဟာ စေ့စပ်သေချာပြီး သတိကြီးတဲ့ အတွက် သူတို့ ချန်ရှန်ကို ချောင်းမြောင်းလုပ်ကြံဖို့ မလွယ်ကူခဲ့ပါ ။ ခုတော့ ချန်ရှန်သိသွား သောကြောင့် ဘယ်လိုမှ ပုန်းလို့ မရကြတော့ပါဘူး ။ ဒါကြောင့် ထွက်တိုက်ဖို့သာ ရွေးချယ် ခဲ့ကြခြင်း ဖြစ်ပါတယ် ။
လူ ၅ ဦး၏ မျက်လုံးများကိုသာမြင်နိုင်တာဖြစ်ပြီး သူတို့မျက်လုံးအမူအရာများဟာ ပျင်းစရာ ကောင်းပုံပါပဲ ။ ဒီလူတွေဟာ ဒီလိုအလုပ်မျိုးတွေမှာ အတွေ့ကြုံရှိပြီးသားလူတွေ ဆိုတာတော့ ငြင်းစရာမရှိပါဘူး ။ ချန်ရှန်ရှေ့ရောက်လာတာနဲ့ သူတို့ရဲ့ ဓားရှည်ကြီးများကို ထုတ်ကာ ချီဓာတ်များ လောင်းထည့်ပြီး ချနှ်ရှန်ဆီသို့ ခုန်ဝင်လာကြပါတော့တယ် ။
သူတို့ခုန်ဝင်လာချိန်မှာပဲ ချန်ရှန်မျက်လုံးများမှ ရုတ်တရက်မီးများတောက်လျက် ပူသော ချီဓာတ်များတစ်ကိုယ်လုံး လွှမ်းခြုံသွားပြီး သူ့လက်မောင်းဆီသို့ အနီရင့်ရောင်ငှက်၏ ချီဓာတ် များပို့လွှတ်လိုက်ပါတယ် ။ သူ့ညာလက်တွင် မီးလို အငွေ့များတောက်လျက် ရှည်လျားသော ကြာပွတ်ကြီးတစ်ခုအား အနီရင့်ငှက် ချီဓာတ်များသုံးကာ ပြုလုပ်လိုက်ပါတယ် ။ ထို့နောက် ကြာပွတ်ဖြင့် မျက်နာဖုံးစွပ်လူများထံ ပစ်လွှတ်လိုက်ပါတော့တယ် ။ ကြာပွတ်က လူ ၅ ဦး အား ထိသွားသည့် အခါတွင်တော့ သူတို့၏ ဝတ်ရုံများသည် မီးများ လောင်ကျွမ်းသွားကြ ပါတယ် ။ လူ ၅ ဦးလည်း ချန်ရှန်ကို မယှဉ်နိုင်ပဲ တစ်ဖက်ကို ပြန်ဆုတ်လျက်ရှိပါတယ် ။ ယခုထွက်နေသည့် မီးတောက်များမှာမူ ယခင်နှင့်နှိုင်းယှဉ်ပါက ပိုမိုပြင်းထန်ပါတယ် ။ ၎င်းတို့ လည်းမီးတောက်များအား တောင့်မခံနိုင်ပဲ တချို့ဆို ဝတ်ရုံများကိုပင် ချွတ်လျက်နေပါတယ်။
ချန်ရှန်မျက်နာမှာ လှောင်ရိပ်များသန်းလျက် ရှိနေပါတယ် ။ မီးကြာပွတ်ဟာ မျက်နာဖုံးဝတ် လူ၏ ခေါင်းဆီသို့ ပစ်လိုက်တယ် ။ ပေါက်ကွဲမှုကြီးတစ်ခု ကြာပွတ်ထိအပြီးမှာ ဖြစ်ပေါ်လာပြီး ထိုလူ၏ ခေါင်းမှ စတင်လောင်ကျွမ်းကာ ပြာအဖြစ် ပျောက်ကွယ်သွားပါတော့တယ် ။
အနီရင့်ရောင်ငှက်မီးလျံများဟာ သာမန်မီးလျှံတွေ မဟုတ်ကြပါဘူး ။ ၎င်းတို့ဟာ နတ်အတွင်း အားကျင့်စဉ်တွေမှ ဖြစ်ပြီး စွမ်းအားက တော့ ကြီးလွန်းပါတယ် ။ ဒီ လူ၅ ဦးရဲ့ အားဟာ အလွန်ဆုံး ရှိလှ အဆင့် ၅ ပါပဲ ။ ဒီလိုလူတွေက ချန်ရှန်လိုလူကို လုပ်ကြံမယ်ဆိုတာကတော့ ဆုတောင်းမှပဲရပါတော့မယ် ။ ချန်ရှန် ကြာပွတ်တစ်ချက်ကစားလိုက်ပြီး နောက်တစ်ကြိမ် တိုက်ဖို့ပြင်ပါတယ် ။ မျက်စိတမှိတ်အတွင်းမှာတွင် မျက်နာဖုံးဝတ်လူ ၃ ဦး သေသွားပါပြီ ။
ဒီမျက်နာဖုံးစွပ်တွေ မီးကြာပွတ်ရှေ့ ရှိနေပုံက ဓားပူပူ ရှေ့တွင်ရှိနေသော ထောပတ်များ နှင့် ပင် တူနေပါသေးသည် ။ ကြာပွတ်တစ်ချက် အရမ်းမှာပဲ သူတို့ကိုယ်တွေ ကို လွယ်ကူစွာ ၂ ပိုင်းပိုင်းနိုင်နေမှာပါ ။ နတ်အတွင်းအားစွမ်းရည်ရဲ့ အကူအညီနဲ့သာလျှင် ချီဓာတ်တွေကို ကောင်းမွန်တယ့် လက်နက်များအဖြစ် ပြောင်းလဲလို့ ရတာဖြစ်ပါတယ် ။
“အမတော် ယုယု ၊ ဒီကောင်စကားပြောနိုင်ဖို့ နည်းလမ်းလေးဘာလေး မရှိဘူးလား”
ချန်ရှန် မျက်နားဖုံးစွပ်လူတစ်ယောက်ကို ဖမ်းမိထားတာဖြစ်ပြီး ၎င်းအား မည်သို့မျှ မေးမရလို့ ပါ ။ ဘိုင်ယုယု အေးစက်စက်ဖြင့် ပြန်ပြောပါတယ် ။
“မင်းမေးတယ့်လူရွေးမှန်တယ် ။ ငါပြောတာသာလုပ် ။ ပထမဆုံး လက်တစ်ဖက်နဲ့ သူ့ခေါင်း ကို ကိုင်ပြီးဖိထား ၊ နောက်မင်းရဲ့ နတ်အတွင်းအားအာရုံတွေကို ထုတ်ပြီး ငါပြောတယ့် အတိုင်း တိတိကျကျ လိုက်လုပ် ။ ပထမဆုံး မင်းရဲ့ နတ်အတွင်းအားတွေကို ၆ ပိုင်း ပိုင်းခြား လိုက် ၊ တစ်ပိုင်းဆီကို သူ့ ခေါင်းရဲ့ နေရာ တစ်နေရာဆီ ခြောက်နေရာမှာ နေရာချလိုက် ။”
ချန်ရှန်လည်း ချက်ချင်းလိုက်နာခဲ့တယ် ။ ဒီနည်းလမ်းက နားလည်လွယ်ပြီး ရလာမယ့် အဖြေက လည်း အရမ်းကို တိကျပါတယ် ။ အမည်းရောင်လူ၏ မျက်လုံးများဟာ ကြောင် လျက် ခုနကလို လှုပ်ရှားရုန်ကန်မှုများလည်း မလုပ်နိုင်တော့ပါဘူး ။
“မင်းအခု သူ့ကို မေးနိုင်ပြီ”
ဘိုင်ယုယု က ပြောပါတယ် ။ ချန်ရှန် ဘိုင်ယုယုရဲ့ အံသြဖွယ်ရာ စွမ်းရည်ကို ချီးမွမ်း မိလိုက်တယ် ။ ထို့နောက် မျက်နာဖုံးစွပ်လူ အား မေးလိုက်ပါတယ် ။
“ငါ့ကိုသတ်ဖို့ ဘယ်သူလွှတ်တာလဲ”
“ယောင်မျိုးနွယ်ရဲ့ ခုနစ်ယောက်မြောက် လူကြီးမင်း”
ထိုလူ၏ အသံဟာ တောင့်တောင့်ကြီးဖြစ်ကာ မည်သည့်ခံစားချက်မျှ မရှိတဲ့ပုံစံပါပဲ ။ ချန်ရှန် မျက်လုံးထဲ ရက်စက်မှုရဲ့ အလင်းတန်းတွေ ဖြတ်ပြေးသွားတယ် ။ ဒီလူတွေကိုလွှတ်တာ ယောင်မျိုးနွယ်လို့ သူမထင်မိပါဘူး ။
“သူအခု ဘယ်မှာလဲ”
“ဘုရင့်မြို့တော်သွားတယ့် လမ်းမှာပါ”
အမည်းရောင်ဝတ်လူက ပြန်ပြောပါတယ် ။ ချန်ရှန် ထိုလူ၏ ဝတ်ရုံမှဆွဲမကာ မေးလိုက် ပါတယ် ။
“မင်းမျိုးနွယ် ဂျူနီယာတွေကို သတ်ဖို့ ကြိုးစားခဲ့ဘူးလား”
“ဟုတ်ပါတယ်”
ထိုလူက ပြန်ဖြေပါတယ် ။ ချန်ရှန် မျက်နာအမူရာမှာ အံ့သြမှုများ ဖြစ်ပေါ်သွားတယ် ။ ဒီကိစ္စတွေရဲ့ တရားခံက ယောင်မျိုးနွယ်ပေပဲ ။
“ဘာကြောင့် ယောင်မျိုးနွယ်က ဒီလိုမျိုးနွယ်တွေကို သတ်ဖို့ ကြိုးစားရတာလဲ”
ချန်ရှန် ထပ်မေးလိုက်ပါတယ် ။
“ငါမသိဘူး”
ထိုလူမှလည်း ပြန်ဖြေပါတယ် ။ နောက်ထပ်မေးခွန်းအနည်းငယ်လည်းမေးမြန်းခဲ့ပါတယ် ။ ဒါပေမယ့် အဖြေမရသည်ကား များပါတယ် ။ သူလည်း ထိုလူကို သတ်လိုက်ပြီး မြေမြုပ် ပစ်လိုက်ပါတော့တယ် ။
ကောင်းကင်ကြီးကား လုံးဝမှောင်မည်းနေပါပြီ ။ ကြယ်ရောင်စုံလည်းတောက်ပလျက် ရုတ်တရက် တောက်ပတယ့် အနီရောင်အလင်းတန်းကြီးတစ်ခုဟာ ကောင်းကင်ကို ဖြတ်လျက် လင်းလက်နေပါတော့တယ် ။ ၎င်းဟာ ဥက္ကာပျံ တစ်ခုနဲ့ပင် တူနေပါသေးသည် ။ ဒါပေမယ့် ဥက္ကာပျံဟာ ဒီလို မျဉ်းဖြောင့်ကဲ့သို့ မသွားလာပါဘူး ။
ဒီအလင်းရောင်ကတော့ ချန်ရှန်ပဲ ဖြစ်ပါတယ် ။ သူ၏ အနီရင့်ငှက်တောင်ပံများ ထုတ်လွှတ်ကာ ယောင်မျိုးနွယ် ၇ ယောက်မြောက်လူကြီးမင်းကို မှီရန် ညမှောင်မှောင်တွင် အပြင်းနှင်လျက် ပျံသန်းနေပါတယ် ။ ဒီ ၇ ယောက်မြောက် လူကြီးမင်းဟာ သူ့ကို တကယ်ကို လုပ်ကြံခဲ့တယ့် လူပါပဲ ။ ချီဓာတ်များထုတ်လုပ်ပြီး တောင်ပံများအဖြစ်ပုံပြောင်းခြင်းပါ ။ သူဟာ သူ၏နတ်အတွင်းများကို များစွာ အသုံးပြုနိုင်ရုံသာမက ချီဓာတ်များကိုလည်း ဆက်တိုက်အလျံပယ် သုံးနိုင်နေပါပြီ ။ ချန်ရှန်ဟာ ချီ ဒြပ်စင် ၅ ခုကိုလေ့ကျင့်ခဲ့တာဖြစ်ပြီး ယခု အသုံးပြုနေခြင်းသည် အနီရင့်ငှက်၏ ချီဓာတ်များကိုသာဖြစ်ပြီး မိုးပြာနဂါး၏ ချီဓာတ် များပင် ပိုလျံနေပါသေးသည် ။
ဒီလို ချီဓာတ်များအသုံးပြုကာ ငှက်တောင်ပံပုံ ပြောင်းနိုင်သော စွမ်းရည်ဟာ အများကြီး မရှိပါဘူး ။ ဒီလိုစွမ်းရည်မျိုးဟာ အရမ်းကို ရှားပါးပါတယ် ။ အဘယ်ကြောင့်ဆိုသော် ချီဓာတ်တွေကို သေချာထိန်းချုပ်ရန် နတ်အတွင်းအားကဲ့သို့ သော စွမ်းရည်ဟာ မရှိမဖြစ်ကို လိုအပ်ပါတယ် ။ ဒီလိုထိန်းချုပ်နိုင်မှသာ ယခုကဲ့သို့ ပုံပြောင်းနိုင်မှာ ဖြစ်ပါတယ် ။ ဒီလိုချီဓာတ် ထိန်းချုပ်ခြင်းအဆင့်ဟာ အလွန်အရေးပါလှပြီး အသက်ပါ သေစေနိုင်သည်အထိ အန္တရာယ် များလှပါတော့တယ် ။ သိုင်းပညာရှင်တွေဟာ ဒီလိုစွမ်းရည်ကို ရတနာ အဖြစ် သတ်မှတ် ထား ကြပါတယ် ။ ချန်ရှန်ဟာ ဘိုင်ယုယုနဲ့ စုမေးယိုတို့ ဆီမှ ဒီလိုရှားပါးလှတယ့် ရတနာကျင့်စဉ် များကို သင်ယူ တတ်မြောက်ထားခြင်းပဲ ဖြစ်ပါတယ် ။
ချန်ရှန် သတိကြီးစွာဖြင့် နောက်ယောင်ခံလိုက်နေပါတယ် ။ သူဟာ ယောင်လူကြီးမင်းကို အချိန်မဆိုင်း ဖမ်းမိချင်နေတာပါ ။ သူကို့ သတ်ဖို့ ကြိုးစားသူကို တူသောအကျိုးပဲ ပြန်ပေး ရမည် မဟုတ်ပါတကား . . . ။
Chapter – 28
#ဘုရင့်မြို့တော်
ချန်ရှန် သူ့ကိုသတ်ဖို့ ကြိုးစားသူများကို တစ်ယောက်မှအရှင်မထားခဲ့ပေ ။ ဒါတင်မက ဒါဟာ ယောင်မျိုးနွယ်ရဲ့ အားနည်းချက်ဖြစ်သွားသောကြောင့် သူ ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချနိုင်တော့မှာပါ ။
“အမှန်ပဲ ၊ သိုင်းပြိုင်ပွဲခရီးလမ်းမှာ တိတိကျကျ သတ်စရာရှိသတ်ရမယ် ။ ဒါမှမဟုတ်ရင် မကျေနပ်ချက်တွေဟာ ရင်ထဲခိုးလိုးခုလုဖြစ်နေတယ့်အတွက် ချီပြန့်ကွဲခြင်းကို ဖြစ်စေတယ် ။ ဒါကြောင့် မင်းအခု ဒီလူကို မှီအောင်လိုက်ပြီး ခေါင်းဖြတ်ကွပ်မျက်ရမယ်”
ဘိုင်ယုယု စကားလုံးများဟာ ဒေါသကြီးသော ချီဓာတ်များ ပြည့်နေပါတော့တယ် ။ ချန်ရှန် ပျံသန်းနေတုန်းပါပဲ ။ အားလုံးထဲမှာ ဒီနည်းကို သူ သဘောအကျဆုံး ဖြစ်ပါတယ် ။ ကလေး ဘဝကတည်းက ကောင်းကင်ပေါ် ပျံသန်းချင်နေခဲ့တာပါ ။ ခုတော့ သူဒီလိုလုပ်နိုင်ပြီလေ ။ ဒါတွေအားလုံးဟာ ကွင်းထဲက မမများ ကျေးဇူးပါပဲ ။
“အမတော် ယုယု ၊ အမတော်က အမတော်မေးယိုရဲ့ အမ ဘယ်လိုဖြစ်လာတာလဲ ၊ ဒီ အချက်က အမတော် ရဲ့ ဆရာဟာ ဘယ်သူဖြစ်လဲဆိုတာ ခန့်မှန်းရ တော်တော် ခက်ခဲတယ်”
(ဘိုင်ယုယုနဲ့ စုမေးယိုတို့မှာ ညီအမအရင်းများ မဟုတ်ကြပါ ။ ဆရာတူတပည့် ၂ ယောက်ဖြစ်ပြီး ဘိုင်ယုယုက ပညာအရင်သင်နေတာဖြစ်သောကြောင့် စီနီယာ အမ သာ ဖြစ်ခြင်းဖြစ်ပါတယ်)
ချန်ရှန် သက်ပြင်းချလိုက်ပါတယ် ။ ဒီလိုမိန်းမလှနှစ်ယောက်ဟာ ပညာသင် အဆင့်နဲ့တောင် ဒီလောက်စွမ်းရင် သူတို့ ဆရာဆိုသူမှာ ဘယ်လောက်တောင် အစွမ်းထက်လိုက်မည်နည်း ။
“ငါတို့ဆရာမှာ နာမည်မရှိဘူး ၊ သူ့အကြောင်းကို ငါတို့တောင် ဂဂဏဏ သေချာမသိ ၊ မင်းပညာတွေတိုးတက်လာတဲ့အခါမှာ တွေ့ကောင်းတွေ့နိုင်ပါလိ့မ်မယ်”
ဘိုင်ယုယု ပြန်ပြောတာပါ ။ ချန်ရှန်ဟာ ဒီမိန်းမလှ နှစ်ယောက်နဲ့ ပက်သတ်ပြီး အရမ်း သိချင်စိတ် ပြင်းပြနေပါတယ် ။ ဒါပေမယ့်လည်း သွေးသစ္စာကြောင့် ဘာမျှမတတ်နိုင် ဖြစ်နေ တာပါ ။ ချန်ရှန် တညလုံး ပျံသန်းနေပါတယ် ။ တရွေ့ရွေ့နှင့် အရိုင်းနယ်မြေ အစွန်ကို နီးကပ် နေပါပြီ ။ တတိယမြောက်ညမှာတော့ ရထားလုံးတစ်စီး လမ်းကြောင်းအတိုင်းဖြည်းညင်းစွာ မောင်းနှင်နေတာကို တွေ့လိုက်ရပါတယ် ။ ဒီလမ်းကြောင်းဟာ ဘုရင့်မြို့တော် ကို ပေါက်သောလမ်းလည်းဖြစ်ပါတယ် ။
ချန်ရှန်လမ်းကြောင်းပေါ်တက်လိုက်တယ် ။ သူဟာ ဘုရင့်မြို့တော်နဲ့ အလွန်နီးကပ်နေပြီ မြို့တော်မှ အိမ်တော်ပုံရိပ်များကိုပင် ဝိုးတဝါး လှမ်းမြင်နေရပါပြီ ။ တချို့သော ယောင်မျိုးနွယ် ဝင်တွေဟာ လမ်းလျှောက်လျက်ပါ ။ ချန်ရှန်သူ၏ လက်တုန့်ပြန်မှုအတွက် ဆက်သရုပ်မဆောင်နိုင်တော့ပါဘူး ။
ရထားလုံးမှာ မောင်းသူ ၂ ယောက်ရှိပြီး မြင်းပေါ်မှာတော့ ကိုယ်ရံတော် ၂ ယောက် စီးနှင်း လိုက်ပါနေပါတယ် ။ အားလုံးထဲတွင် အသန်မာဆုံးကတော့ ယောင်လူကြီးမင်းပါပဲ ။ သူ့နောက် မှာ တော့ ယောင်တျန်းဟူပေါ့ ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလူ ၂ ယောက်လုံးဟာ သူ့ကို ရှုံးနိမ့်ထားကြသူများဖြစ်ပြီး ကိုယ်ရံတော်နဲ့ ရထားလုံးသမားတို့ဟာလည်း အဆင့် ၅ သာရှိကြမှာပါ ။
“သူတို့ လာတုန်းကတော့ ရထားလုံးတွေအများကြီးပါ ၊ အခုကျ တစ်စီးထဲပါလားဟ”
ချန်ရှန် ရေရွတ်လျက် အရှေ့ကိုပျံသန်းသွားလိုက်တယ် ။
“အထဲမှာ ပုန်းနေတယ့် လူသတ်သမားတွေ ရှိလောက်တယ် ။ သူတို့ ဟာ လူတချို့ကိုပဲ ယောင်မျိုးနွယ်ဆီ သတင်းပို့အဖြစ် လွှတ်ပြီး တချို့က ဝိုဟူမှာ ကျန်နေသေးလောက်တယ် ။ ဆေးပင်ခန်းမကို ကြည့်ဖို့လည်းပါမှာပေါ့ ။”
ချန်ရှန် ခန့်မှန်းလိုက်တာပါ ။ သူဟာ လမ်းအဆုံးမှာ ရပ်လိုက်ပြီး ၎င်းဟာ တောအုပ်အနီး တစ်ခု မှာပါ ။ နည်းနည်းလောက်အနားယူပြီးချိန်မှာတော့ အမည်းရောင်ဝတ်ရုံနဲ့ ခေါင်းစွပ် ကိုထုတ်လိုက်တယ် ။ ထို့နောက်မှာတော့ သူဟာ ယောင်မျိုးနွယ်ရဲ့ အရေးကြီးပုဂ္ဂိုလ်အချို့ ကို သတ်ရန် သွားပါတော့တယ် ။ ၎င်းတို့သာ သူတို့ကို မည်သူသတ်လဲဆိုတာ သိလျှင် ယောင် နဲ့ ချန် မျိုးနွယ်ကြား စစ်ပွဲကြီးဟာ ကြီးမားစွာ ဖြစ်ပေါ်လာတော့မှာ ဖြစ်ပါတယ် ။
ညကား မှောင်နေသော်လည်း လရောင်မှိန်မှိန်လေးကတော့ ဖြန်းပက်လျက်ပါ ။ ဒီအဖြူရောင်ဖျော့ဖျော့လေးက လူတွေကို အမှောင်တောထဲမှ လမ်းပြနေပါတော့တယ် ။ ချန်ရှန်ဟာ လမ်းဘေးက သစ်ပင်တစ်ပင်နားမှာ ပုန်းနေတာဖြစ်ပြီး ရထားလုံးအလာကို စောင့်နေတာပါ ။ ရထားလုံးရဲ့ ချူသံများဟာ ညအမှောင်မှာ ပျံ့လွင့်နေလျက်ပါပဲ ။
ချန်ရှန်ရဲ့ နှလုံးသားဟာ တည်ငြိမ်နေတယ့် ရေပြင်ကြီးလိုပါပဲ အပြင်ဘက်မှာရှိတယ့် သူ၏ မျက်လုံးများမှတော့ သွေးဆာနေသောကျားကဲ့သို့ရှိပြီး ရထားလုံး သစ်ပင်အောက်လာတာ ကို စိုက်ကြည့်နေလျက်ပါ ။ ရထားလုံးရောက်ရှိလာပြီး ဖြတ်သွားတယ့်အခါမှာတော့ ချန်ရှန်ကိုယ်လုံးဟာ မြှားတစ်စင်း ပစ်လွှတ်လိုက်သလိုပဲ ခုန်ထွက်လိုက်ပါတယ် ။ ဒီအချိန် သူ့လက်ထဲမှာတော့ ရွှေရောင်အဆင်းရှိ ရှည်လျားလှသော ကြာပွတ်ကြီးတစ်ခုကို ပြုလုပ် ထားလျက်ပါ ။ ကြာပွတ်တွင် ချီဓာတ်များသည် ခရမ်းရောင်အငွေ့များအဖြစ် ရစ်ပတ်လျက်ပါပဲ ။
အဆိုပါကြာပွတ်အား ချီဓာတ်များဖြင့် ပုံပြောင်းထားခြင်းဖြစ်ကာ ၎င်းကတော့ အဖြူရောင်ကျား ကျင့်စဉ်မှ ဖြစ်ပါတယ် ။ ဒါဟာလည်း တကယ်ကိုပြင်းထန်လှသော အစွမ်းဖြစ်ပြီး ရက်စက်မှု အပြည့်ပါပဲ ။
ချန်ရှန် ရထားလုံးဆီ ခုန်လိုက်ပြီး ကြာပွတ်ဖြင့် ရထားလုံးအလယ်ပိုင်းအား ရက်စက်စွာ ရိုက်ခတ်လိုက်ပါတယ် ။ ဒါဟာ အစွန်း ၂ ဖက်ပါသော ဓားထက်ထက်ဖြင့် ခုတ်ပိုင်းလိုက်လိုပါပဲ ။ ဇိမ်ခံရထားလုံးလည်း မြည်သံကြီးနဲ့ အတူ ၂ ခြမ်းကွဲသွားပါတော့ တယ် ။ လူ ၂ ယောက် ချက်ခြင်းခုန်ထွက်သွားတယ် ။ တစ်ယောက်ကတော့ ယောင်လူကြီး မင်းဖြစ်ပြီး နောက်တစ်ယောက်ကတော့ ယောင်တျန်းဟွာပါပဲ ။
“ဘယ်ဂိုဏ်း က လူဆိုးလဲကွ ၊ ငါတို့ဟာ ယောင်မျိုးနွယ်ရဲ့ . . . . .”
ယောင်လူကြီးမင်း၏ စကားပင်မဆုံးလိုက် ၊ ချန်ရှန်၏ ကြာပွတ်ဟာမိုးကြိုးများပစ်လိုက်သလို ရထားလုံးသမား ၂ ယောက်ကိုထိကာ ဘလိတ်ဓားဖြင့် ဖြတ်လိုက်သလိုကို ဖြစ်သွားကြပြီး မြင်းများကတော့ ခုန်ထွက်သွားကြပါတယ် ။ ရှည်လျားလှတယ့် ရွှေရောင် ကြာပွတ်ဟာ ကိုယ်ရံတော်များကိုလည်း တို့ဟူးတုံး များအား ဓားဖြင့် ပါးပါးလှီးသလို လေးပိုင်း ပြတ်သွားစေလိုက်ပါတော့တယ် ။ ဒီလိုအကွက်ဟာ ယောင်လူကြီးနဲ့ ယောင်တျန်း ဟွာတို့ကို ခဏတာဆွံအစေသလို ချန်ရှန်ကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ် အံ့အားသင့်လျက် ပါပဲ ။
“မင်း . . . မင်း . . . ချန်ရှန်န်န်န်န် !!!!!”
ယောင်လူကြီးမင်းဟာ ချန်ရှန်ကို မြင်သွားပြီးနောက်မှာတော့ အလန့်တကြားထအော် ပါတယ် ။ သို့ပေမယ့်လည်း ချန်ရှန်ရဲ့ ရက်စက်ပြီး သွေးဆာနေတယ့်ကြာပွတ်ဟာ ယောင် လူကြီးမင်း၏ ကိုယ်ကို ရိုက်ခတ်သွားပါတော့တယ် ။ ယောင်လူကြီးမင်းဟာ အဆင့် ၇ ပညာရှင် ဖြစ်သော်လည်း ဒဏ်ရာရရှိသွားပါတယ် ။ ဒီလိုပြင်းပြင်းထန်ထန်ဒဏ်ရာရသွား သော် လည်း သူဟာ သူ၏ချီဓာတ်များကို စုဆောင်းလျက်ကြာပွတ်ကို ဖမ်းလိုက်ပါတယ် ။
“မင်းဟာ တကယ်ပဲ ချန်ရှန်ပဲ”
ယောင်လူကြီးမင်းက အသံမြင့်မြင့်ဖြင့် ပြောပါတယ် ။ သူ၏မျက်လုံးများထဲမှ သူ၏ ကြောက်ရွံ့ မှုများကို မဖုံးကွယ်နိုင် ။ သူဟာ ချန်ရှန်ဒီလို တကူးတကလိုက်လာကာ လိုက် သတ်လိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး ။ ချန်ရှန် စကားပြန်မပြောသေးပါ ။ သူ့ဘယ်ဘက် လက်တွင်တော့ မီးငွေ့များသန်းလျက် တခြား မီးကြာပွတ်ကို ပြုလုပ်နေပြီး ပါးစပ်ကို ဖွင့်ကာ သစ်သားချီဓာတ်များဖြင့် ဟိန်းဟောက်လိုက်ပါတော့တယ် ။
မိုးပြာနဂါး ဟောက်သံကြောင့် ဒီတစ်ကြိမ်တွင်တော့ ယောင်လူကြီးမင်း တော်တော် အထိနာခဲ့ပါပြီ ။ ချန်ရှန်၏ အနီရင့်ငှက် ချီဓာတ်များဟာ ကြွာပွတ်တွင် စိမ့်ထွက်နေပြီး ယောင်လူကြီး၏ လည်ပင်းအား ထိမှန်စေကာ ထိုသူ၏ ဦးခေါင်းလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်လို့ သွားပြီ ဖြစ်ပါတယ် ။
အနီးနားမှာရှိတယ့်ယောင်တျန်းဟွာတစ်ယောက် တော်တော် ကြောက်လန့်နေပါပြီ ။ ချန်ရှန်ဟာ အသန့်စင်ဆုံး ဆေးပညာမီးတောက်ကိုပြုလုပ်ခဲ့ပြီး လောင်ကျွမ်းစေသော ချီဓာတ်များကိုလည်း အသုံးပြုကာ တစ်ချိန်တည်းမှာပဲ သစ်သားချီဓာတ်များကိုပါ ထုတ်လွှတ် လိုက်သောကြောင့် ဒီအချိန်တစ်ခုထဲမှာပင် မတူညီတယ့် စွမ်းရည်သုံးမျိုးကို မြင် တွေ့လိုက်သောကြောင့် ရှော့ရပြီးကို သေလို့ရနေပါပြီ ။
ချန်ရှန် ယောင်တျန်းဟွာဆီသို့ လျှောက်သွားတယ် ။ မျက်လုံးများဟာ အရောင်တဖြတ်ဖြတ် လတ်လျက်ပါ ။ သူဟာ ရွှေကြာပွတ်ကိုကိုင်ထားပြီး ယောင်တျန်းဟွာ လည်ပင်းဆီသို့ ချန်ရွယ် လိုက်ပါတယ် ။ ဒီအချိန်မှာပဲ ယောင်တျန်းဟွာဟာ သနားစရာ ကြက်ကလေးတစ် ကောင်လို ငိုနေလျက် ကြောက်ရွံ့ လျက်ရှိပါတယ် ။ ချန်ရှန် လည်ပင်းဆီကို ဆတ်ခနဲ ပစ်လိုက်ပြီးနောက် ယောင်တျန်းဟွာဦးခေါင်းလည်း တိခနဲပါပဲ ။ သူ၏မျက်လုံးများတွင် ကြောက်ရွံ့ မှု မယုံကြည်မှုများပြည့်လျက် သေသွားခဲ့ရပါပြီ ။ ယောင်မျိုးနွယ်ရဲ့ ပါရမီရှင်ဟာ ဒီလိုနည်းနဲ့ သေရမယ်လို့ သူမမျှော်လင့်ခဲ့ဘူးပါဘူး ။ ချန်ရှန် အသက်ကို အဝကြီးရှူလိုက်ကာ လေသံတီးတိုးဖြင့် -
“တကယ်တော့ ၊ မင်းငါ့ကို ဓားနဲ့ ချိန်တယ့် အချိန်ထဲက ငါတကယ်ကို မင်းကို သတ်ချင်ခဲ့တာ ပဲ”
လူ ၂ ယောက်သတ်ပြီးနောက်မှာတော့ ချန်ရှန်ဟာ သူတို့ရဲ့ အိတ်တွေကိုဖယ်လိုက်ပါတယ် ။ သူတို့မှာ ငွေစအနည်းငယ်နဲ့ ဆေးပင်တချို့ ပါပါတယ် ။ဒါလည်းအမြတ်ပဲပေ့ါ ။ ဒီကိစ္စသာ တစ်ယောက်ယောက်သိသွား မလွယ်ပါ ။ ဒီလိုလူတွေသတ်တာဟာ သူ့မှာရက်စက်တယ့် နှလုံးသားရှိလို့မဟုတ်ပါဘူး ၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ၊ လက်တစ်ဖက်အတွက် လက်တစ်ဖက်ပေးရမည်မဟုတ်ပါလား ။ သူ့ကိုသတ်တဲ့လူကို ပြန်သတ်ခြင်းဟာ တရားတယ်လို့ ချန်ရှန်ယူဆမိပါတယ် ။
ချန်ရှန်လည်း လမ်းအတိုင်း ဘုရင့်မြို့ သို့ လျှောက် လာပါတယ် ။ မြို့တော်ဟာ ကျယ်ပြောပြီး ထူထည်းသည့် နံရံတွေဖြင့် ကာရံထားတာပါ ။ ချန်ရှန် အဆုံးမရှိသည့် နံရံမြို့ရိုးများကို ကြည့်လျက်ပါ တွေးနေမိပါတယ် ။ လူတွေ ဒီကပဲ ဝင်ပြီး ဒီကပဲထွက်ကြကာ တပ်သားများဟာလည်း နံရံပေါ် နှင့် ဂိတ်ဝများတွေ ရပ်နေကြပါတယ် ။ မြို့တွင်းလမ်းများဟာလည်း ချောမွေ့ကာ သန့်ရှင်းလှပါတယ် ။
ချန်ရှန် နောက်ဆုံးတွင်တော့ ဘုရင့်မြို့တော်သို့ ရောက်ရှိခဲ့ပါပြီ ။ သူလည်း စပ်စုလျက် လျှောက်ကြည့်နေပါတယ် ။ ဒီမတိုင်ခင်က ဝိုဟူဟာ ကြီးမားတိတ်ဆိတ်ပြီး နေချင်စရာကောင်းတယ်လို့ ထင်ခဲ့ဘူးတယ် ။ အခုတော့ သူ့အဖြစ်ဟာ နွားခြေရာခွက်ထဲက ဖားသူငယ်လို ဖြစ်နေပါပြီ ။ ဒီမြို့ကြီးဘယ်လောက်ကျယ်ပြောတယ်ဆိုတာ မသိပါဘူး ။ ဒါပေမယ့် ဝိုဟူထက်တော့ အများကြီးကျယ်တယ်ဆိုတာကို တွေ့လိုက်ရပါတော့တယ် . . .။
Chapter – 29
#ဒန်ရှန်ဆေးဖက်ဝင်တိုင်းပြည်ကြီး
မြို့သို့ဝင်ရောက်ပြီးနောက်မှာတော့ လူအများဟာ နံရံအရှည်ကြီး တစ်ခုရှေ့မှာ စုဝေးလျက် ရှိနေတာကို တွေ့လိုက်ရပါတယ် ။ သူလည်းတိုးဝှေ့ ကြည့်လိုက်သောအခါ နံရံတွင် များစွာ သော အချက်အလက်များကို တွေ့လိုက်ပါတယ် ။ ၎င်းတို့ဟာ တချို့က အရပ်မျက်နာများကို ရည်ညွှန်းကာ တချို့ကတော့ တခြားအချက်အလက်တွေ ဖြစ်ကြပါတယ် ။ ထိပ်ဆုံးတွင်တော့ မြို့တစ်ခုလုံးမြေပုံနဲ့ နားခိုဆောင်များကို ညွှန်ပြထားတာဖြစ်ပြီး ၊ ဈေးဆိုင်များ ၊ တော်ဝင်နန်း တော်များ၊ သိုင်းလောကထိပ်တန်းများ၏ လိပ်စာများကို ဖော်ပြထားပါတယ် ။
မြေပုံဟာတော်တော် အသေးစိတ်ပါတယ် ။ ချန်ရှန်ဟာ မြေပုံပေါ်မှာ ယောင်မျိုးနွယ်ရဲ့လိပ်စာ ကို တွေ့လိုက်တယ် ။ ၎င်းဟာ တော်ဝင်နန်းတော်နဲ့ မဝေးလှပါဘူး ။ ရွှီမျိုးနွယ်လိပ်စာကိုပါ တွေ့လိုက်ရသောကြောင့်ကျေနပ်သွားပါတယ် ။ ရွှီမျိုးနွယ်ဟာ ဒီမြို့မှာ နေထိုင်နေပြီ ဖြစ်ပါ တယ် ။
နောက်ထပ် ချန်ရှန်ကို ဖမ်းစားစေတယ့် အရာကတော့ ပစ္စည်းများရောင်းခြင်း ဝယ် ခြင်း ဖြစ်ဖြစ် ၊ လူပျောက် သို့မဟုတ် ပစ္စည်းပျောက် ရှာချင်ရင်ပဲ ဖြစ်ဖြစ် ၊ အလုပ် အမျိုးမျိုးအတွက် အလုပ်သမားသစ်ခေါ်ရင်ပဲ ဖြစ်ဖြစ် အထက်ပါအကြောင်းအရာများနဲ့ ပတ်သတ်တယ့် အချက်အလက်တွေကို ပေးတဲ့စာပါပဲ ။ ဒါဟာ ဘုရင့်မြို့တော်ကို ယခုမှ ရောက်လာသူတွေအတွက် အကူအညီပေးတာပဲ ဖြစ်ပါတယ် ။
ချန်ရှန် အချက်အလက်ကြောင့် ချွေးတော်တော်ပြန် သွားပါတယ် ။ ဒီပိုစတာကပ်သူက သူ့အဖိုးလေး ဖြစ်နေလို့ပါပဲ ။
“ဆေးပညာအဖွဲ့ လူခေါ်ခြင်း . .၊ တည်နေရာ . . . ၊ ပုံ . . . ချန်လုဇောင်”
ချန်ရှန် တည်နေရာကိုမှတ်သားပြီး မြေပုံမှာရှာကြည့်ပါတယ် ။
“အဖိုးလေး သွားတာ တော်တော်မြန်တာပဲ ၊ဒီမြို့ရောက်နေရုံမကပဲ ဆေးဆိုင်ပါတွေ့ထား ပြီကိုး”
ချန်ရှန် မြေပုံမှာတွေ့ပါပြီ ၊ နေရာလေးက တော်တော်ကောင်းပါတယ် ။ လမ်းလေးခွဆုံရာမှာ တည်ရှိပြီး ၃ ထပ်တိုက်ကြီးပင် ဖြစ်နေပါသေးတယ် ။ သူလည်း လမ်းကြောင်းကို မှတ်သားပြီး နောက် ချက်ချင်းထွက်ခွာခဲ့ပါတယ် ။ ချန်ရှန် မကြာခင် ဆိုင်ရောက်တယ့်အခါမှာ ဆိုင်ပိတ် ထားတာကိုတွေ့လိုက်ရပြီး တံခါးများကတော့ တော်တော်ပျက်ဆီးထိခိုက်ထားတာပါ တွေ့လိုက်ရပါတယ် ။ ကွဲအက်ရာများနဲ့တခြားအမှတ်အသားများပါ တွေ့လိုက်ရပါတယ် ။ ချန်ရှန်မျက်မှောင်ကြုတ်ကာ တံခါးခေါက်လိုက်တယ် ။
“ဘယ်သူလဲ”
တော်တော်ဒေါသထွက်နေတယ့် အသံတစ်သံကို အထဲမှ ကြားလိုက်ရပါတယ် ။
“အဖိုးလေး ၊ ကျွန်တော်ပါဗျ”
ချန်ရှန်က လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်တယ် ။ တံခါးပွင့်လာပြီးနောက် ချန်ရှန်ဟာ ချန်လုဇောင်ရဲ့ ဒေါသများ ပြည့်နေသည့် မျက်နာကို တွေ့လိုက်ရပါတယ် ။ ဒီအချိန်မှာပဲ ချန်ရှန်ဟာ ဆိုင်တစ်ခုလုံး ပြန့်ကျဲလျက် နေတာကို တွေ့တယ် ။ ခုံကျိုးတွေ ၊ နံရံတွေပေါ်က ဓားခုတ်ရာတွေ ၊ ဒါတွေကို မြင်ပြီးနောက်မှာတော့ ချန်ရှန် ရုတ်တရက် လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်လိုက်မိတယ် ။ သူ့မျက်လုံးမှာတော့ ဒေါသတွေ ပြည့်နေပါပြီ ။
“ဒါဘယ်သူလုပ်တာလဲ”
ချန်ရှန် လေးလေးနက်နက်မေးလိုက်တယ် ။ ချန်ရှန် စိတ်ထဲတွင်လည်း လုပ်တယ့်ကောင် ကတော့ ဒီဟာနဲ့ညီမျှတာရဲ့ ဆယ်ဆ ပြန်ပေးဆပ်စေရမယ်လို့ ကျိန်ဆိုလျက်ပါ ။
“အထဲလာ ငါတို့ စကားပြောကြတာပေါ့”
ချန်လုဇောင်က ခေါ်လိုက်ပါတယ် ။ ချန်ရှန် အထဲရောက်တဲ့ အခါမှာတော့ ၃ လွှာပေါ်တက်ကြ တယ် ။ သွားရာလမ်းတစ်လျှောက် ပျက်ဆီးမှုတော်တော် များများကို ထပ်မြင်ရပါသေးတယ်။ နံရံတွေ ၊ ကြမ်းပြင်တွေနဲ့ အမိုးတွေအားလုံး လုံးဝကို ပျက်ဆီးလျက်ပါ ။ စားပွဲနဲ့ကုလားထိုင် များအဖြစ်ကတော့ ဖော်ပြစရာပင် မလိုတော့ပါချေ ။ ချန်ရှန်ကြည့်လေလေ ဒေါသထွက်လေလေ ပါပဲ ။ ဒါပေမယ့် သူ့မျက်နာကတော့ တည်ငြိမ်လျက်ပါ ။ ဒီအချက်က ချန်လုဇောင်ကို တော်တော်အံ့အားသင့်စေပါတယ် ။
သုံးထပ်မြောက်မှာတော့ သူတို့ ၂ ယောက်သား ကြမ်းပြင်တွင် ထိုင်ချလိုက်ကြတယ် ။
“အနောက်ပိုင်းကတော့ ကောင်းသေးတယ် ၊ ငါလက်ထောက် ၂ ယောက်ခေါ်ထားသေး တယ် ။ ဒါပေမယ့် သူတို့လည်း ဒဏ်ရာရကုန်ပြီ ။ သူတို့ကို ငွေနဲ့ ဆေးတချို့ ပေးရတယ်”
ချန်လုဇောင် သက်ပြင်းချကာ ထပ်မံပြီး
“ဒီဆိုင်ကို ဝယ်တာကြာပြီ ၊ ဒီမနက်ငါရောက်တယ့်အခါ လူတချို့ ပြေးဝင်လာပြီး ခုတော့ မင်းမြင်တယ့်အတိုင်းပဲ”
“ဘယ်သူလုပ်တာလဲ ကျွန်တော့ လုပ်တဲ့လူကို ချက်ချင်းလျော်ခိုင်းမယ်”
ချန်ရှန်မှ သတ်ချင်စိတ်တွေ ပြည့်နေပါပြီ ၊ သိပ်မကြာခင်ကပဲ ယောင်မျိုးနွယ်လူကြီးနဲ့ ပါရမီရှင် တို့ကို သတ်ပြီးပြီ ၊ ဘယ်လိုလူဖြစ်ဖြစ် ရင်ဆိုင်ဖို့အသင့်ပဲလေ ။
“ငါလည်းဒီကောင်တွေကို သွားပြီး သင်ခန်းစာပေးချင်တာပေါ့ကွာ ၊ ဒါပေမယ့် သူတို့က ဆေးပညာအဖွဲ့အစည်းအင်အားစုထဲက ဆိုင်ပိုင်ရှင်တစ်ယောက်ရဲ့ လူတွေ ပဲ ။ ငါတို့ သွားလုပ်ရင် ဆေးရောင်းဖို့ ခက်ခဲသွားလိမ့်မယ်”
ချန်ရှန်က အေးစက်စက်ဖြင့် ပြောလိုက်တယ် ။
“အဖိုးလေး ၊ စိုးရိမ်စရာမလိုပါဘူး ၊ ကျွန်တော်တို့ ချန်မျိုးနွယ်ဟာ ဘုရင့်မြို့တော်ကို ဝင်ရောက် လာခဲ့ပြီ ၊ အနာဂတ်မှာ ကျွန်တော်တို့ ချန်မျိုးနွယ် ဒီမှာ အခြေတကျ မနေနိုင်ဘူးလား ။”
“ငါလည်းနားလည်ပါတယ် ။ ဘာပဲဖြစ်ဖြစ် ဒီဆိုင်ကို လိုချင်တယ့် ဆိုင်ပိုင်ရှင်ရဲ့ နောက်မှာ ဆေးပညာအဖွဲ့အင်အားစုဟာ ရှိနေတယ် ။ ဒါပေမယ့် ငါငြင်းလိုက်တယ် ။ အဲဒါပြီးတော့ အဖွဲ့ဝင်သစ် ကြေငြာစာ ကပ်လိုက်တယ် ။ သူကလည်း သူအစီစဉ်တိုင်းလုပ်တာပဲကွ ၊ သူက ငါ့ကို ဒီအခြေအနေကနေ နောက်ဆုတ်စေချင်နေတာ”
ချန်ရှန် သူ၏ နှုတ်ခမ်းများကွေးကာ ပြောလိုက်တယ် ။
“အဖိုးလေး ၊ အဖိုးလေးက ဆေးဆရာ လေ ၊ သာမန် ဆိုင်ပိုင်ရှင်တစ်ယောက်က ဖိနိပ်သွား တာ အံ့သြစရာပဲဗျာ”
ချန်လုဇောင် ပြုံးပြီးပြောလိုက်တယ် ။
“ငါက အခြေနေအားလုံးကို စဉ်းစားဆင်ခြင်လိုက်တာကွ ၊ နောက်ငါတို့ ချန်မျိုးနွယ်က ယောင်မျိုးနွယ်အပေါ် စိတ်မကျေမနပ်ဖြစ်စေခဲ့တယ်မဟုတ်လား”
ဘုရင့်မြို့တောင်ရဲ့ ဘေးဘက်အခြမ်းမှာတော့ ယောင်မျိုးနွယ်ရှိနေတာဖြစ်ပြီး ၎င်းတို့ဟာ လည်း ဆေးပညာအင်အားစုပါပဲ ။ ဒီအင်အားစုများကို ဒန်ရှန်ဆေးဖက်ဝင်တိုင်းပြည် လို့တင်စားခေါ်တွင်ပါ တယ် ။ ဘုရင့်မြို့တော် နှင့် တခြားမြို့အများအပြားမှာ ဆိုင်ခွဲများရှိပြီး အရင်က သိပ်မထင် ရှားပေမယ့် ယခုတွင်တော့ ပြောင်းလဲမှုတွေ စတင်နေပါပြီ ။
“ဒန်ရှန်ဆေးဖက်ဝင်တိုင်းပြည်ကြီး ဟုတ်လား ၊ ကျွန်တော် အဲဒိကိုသွားပြီး ပိုင်ရှင်ကိုရှာမယ် ။ ဒီမြို့မှာရှိတဲ့ ဒန်ရှန်ဆိုင်ခွဲငါးခုထဲက တစ်ခုက သူ့ဆိုင်လား”
ချန်ရှန် ပြောပြောဆိုနဲ့ ထလိုက်ပါတယ် ။ သူ့အောက်က ဖုန်များဟာ လည်း အရှိန်ကြောင့် လွင့်ထွက်ကုန်တယ် ။ သူ့မျက်နာအနေအထားကို ကြည့်ရတာတော့ အရှုံးပေးရန် အစီအစဉ် လုံး၀ မရှိဘူးဆိုတာကို မည်သူမဆို ခန့်မှန်းနိုင်ပါတယ် ။ ချန်လုဇောင်ဟာလည်း ဒီနေ့တော့ ဖြင့် ဒီအစီအစဉ်ကို ရပ်တန့်နိုင်မည့် တခြားနည်းလမ်းရှိတော့မည်မဟုတ်ဟု ရိပ်မိလိုက်ပါတယ် ။သူ့ရဲ့မြေးတဝမ်းကွဲကိုလည်း သိုင်းပညာရပ်နှင့် ပတ်သက်ပြီး ယုံကြည် မှု ရှိလျက်ပါ ။
“တောင်ပိုင်းမှာ ၊ ဘယ်သူမှ မသတ်ရဘူးဆိုတာ သတိရပါ ။ ဒီဘုရင့်မြို့တော်မှာ လူသတ်ခြင်း ဟာ စားကောင်းတယ့် အသီးမဟုတ်ဘူးကွ ၊ ငါပါမင်းနဲ့ရောလစ်သွားမယ်”
ချန်ရှန်ခေါင်းညိမ့်လျက် လက်ခံလိုက်ပါတယ် ။ ထို့နောက် ၂ ယောက်သား ဆိုင်မှ ထွက်လာ ကြတော့တယ် ။
“အဖိုးလေး ၊ အဖိုးလေးရဲ့ လက်ရှိအဆင့်က ဘယ်လောက်လဲဗျ”
ချန်လုဇောင်နဲ့ပတ်သတ်ပြီး ချန်ရှန်ဟာ မီးရဲ့ ချီဓာတ်ကိုတော့ အာရုံခံမိပါတယ် ။ သို့သော် အားကောင်းသည့် စစ်မှန်သောချီဓာတ် ကို မခံစားမိသောကြောင့်ဖြစ်ပါတယ် ။
“ဟိဟိ ငါက လူမသတ်တတ်တဲ့ သတ်သတ်လွတ်သမား မဟုတ်ပါဘူးကွ ၊ ဒါပေမယ့် မင်းအဖိုးရဲ့ အစွမ်းနဲ့တော့ မနှိုင်းနဲ့ပေ့ါကွာ”
ချန်လုဇောင် မရေရာသောအဖြေသာ ပေးပါတယ် ။
“ကောင်လေး ၊ ဒီမြို့မှာ ငုံ့နေတယ့် ကျားနဲ့ ပုန်းနေတယ့် နဂါးလိုလူတွေ ရှိတယ် ။ ဒါကြောင့် ငါထင်ရာတွေတော့ မလုပ်ရဲဘူးကွ”
ချန်ရှန်ခေါင်းညိမ့်လျက် ပြန်ပြောပါတယ် ။
“ကျွန်တော်နားလည်ပါတယ် ။ အဖိုးလေးပြောတာကို နားထောင်ရသလောက်တော့ အဖိုးလေး အများကြီး စွမ်းအားကြီးပုံပါပဲ ၊ မမျှော်လင့်စွာပဲ အဖိုးလေးဟာ အရှုံးကို ဝန်ခံနေ တယ် ။”
ချန်လုဇောင် ပြုံးရင် ပြန်ပြောတယ် ။
“မကြာခင်မှာ ရှုံ့တွနေတယ့် အသီးဟာ စားဖို့ ခက်ခဲတယ်ဆိုတာကို မင်းသိလာမှာပါ ။ အခုတော့ ဒီလူဆင်းရဲအိုကြီးရဲ့အားကို ဘယ်သူမှ မသိဘူး ။ ငါ့ကိုရန်စရင်ပေါ့လေ ဟားဟား”
ချန်လုဇောင် ရယ်သံဟာ တော်တော် ရက်စက်ပုံပေါက်နေပါတယ် ။ ချန်ရှန်တောင် ကျော ချမ်းမိတယ် ။ စွမ်းအင်တွေကို ဖုန်းကွယ်ထားတဲ့လူဟာ ရန်သူတွေအား အရမ်းကို ကျောချမ်း ဖွယ် အံ့သြမှုများ ပေးနိုင်ပါတယ် ။ ဒါဟာတကယ့်ကို ရက်စက်မှုပါပဲ ။
မကြာခင်မှာတော့ သူတို့ ၂ ယောက် နံရံတွေအမြင့်ကြီး ကာရံထားတဲ့ အိမ်တော်ကြီး တစ်ခုသို့ ရောက်လာတယ် ။ ဒါကတော့ တောင်ပိုင်းက ဒန်ရှန်ဆေးဖက်ဝင်တိုင်းပြည် ဟု တင်စားကြသည့် အိမ်တော်ကြီးပါပဲ ။ သူတို့ဟာ ကြီးမားလှတယ့် ၂ ထပ်အိမ်တော်ကြီးထဲ ဝင်သွားကြတယ် ။ အတွင်းကတော့ ဆေးတွေ အမြောက်အများရောင်းချတယ့် နေရာပါပဲ ။
“ကောင်လေး ၊ ဘယ်ဟာကိုဖြစ်ဖြစ် အဝေးကို မယူနဲ့နော်”
ချန်လုဇောင် မှာလိုက်ပါတယ် ။ ချန်ရှန်ခေါင်းညိမ့်ကာ အော်လိုက်ပါတယ် ။
“ဆိုင်ရှင် ရှိလား မြန်မြန် ထွက်ခဲ့ပါဦး”
ချန်ရှန် အားကောင်းတယ့်ချီဓာတ်များ သူ့အသံတွင် ထည့်အော်လိုက်တာပါ ။ အဆောက်အအုံတစ်ခုလုံးမှ ဟိန်းထွက်သွားပါတယ် ။ အထဲရှိလူများ ကြောင်လျက်ပါပဲ ။ တကယ်ကိုအံ့အားသင့်စေတာက ဒီနေရာလာပြီး ပြသနာရှာရဲသောကြောင့်ပါ ။ ဒါတင်မက ဆယ်ကျော်သက်လေးတစ်ယောက်လည်း ဖြစ်နေပြန်သေးတယ်လေ ။
ဒန်ရှန်ဆိုင်ရဲ့ စီးပွားရေးက တော်တော် ကောင်းပါတယ် ။ လူများအုံလျက်ပါပဲ ၊ သို့သော် ချန်ရှန်အော်သံကြောင့် လူတွေဟာ ချက်ချင်း ထွက်ခွာသွားကြပြီး အခြေအနေကို စောင့် ကြည့်နေကြပါတယ် ။ ချန်ရှန်အော်သံဟာ ဒန်ရှန်ရဲ့ အမှုထမ်းအားလုံးကို တော်တော် အနှောက်အယှက် ဖြစ်သွားစေတယ် ။ များစွာသော ကိုယ်ရံတော် အစောင့်များဟာ ချက်ချင်း ထွက်လာကြပြီး ချန်ရှန်ကို ဝိုင်းထားကြပါတယ် ။
ဒီလူတွေအားလုံးဟာ သိုင်းပညာ အဆင့် ၄ သို့မဟုတ် ၅ ပဲ ရှိမှာပါ ။ ချန်ရှန်ဟာ ၎င်းတို့ကိုယ် မှ ထွက်ပေါ်နေတယ့် ချီဓာတ် အနည်းကို မြင်တယ့်အတွက် ခန့်မှန်း မိခြင်းပါ ။ ချန်ရှန်လို အဆင့် ၆ ပညာရှင် နဲ့တော့ မတူနိုင်ပါဘူး ။ ဒါကြောင့် ချန်ရှန်ဟာ ဒီလူများထက် များစွာ သာလွန်နေပါတော့တယ် ။
ချန်ရှန် ပတ်ပတ်လည်ကို ကြည့်လိုက်တယ် ။ချန်လုဇောင်ကို မတွေ့ရတော့ပေ ၊ သိပ်မကြာခင် အချိန်ကပဲ ချန်လုဇောင်ဟာ လူစုထဲဝင်လျက် ရောနေကာ အပြင်မှာ ကျန်နေ ခဲ့ပါပြီ ၊ ချန်လုဇောင်တစ်ယောက် ဒီကိစ္စမှာ ဝင်ပါချင်ပုံမရပါဘူး ။
“ဒါကို ဘယ်နေရာလို့ ထင်နေတာလဲကွ ၊ မင်း ဒီနေရာကို လာပြီး ပြသနာရှာဝံ့တာ မှားသွားပြီ”
နောက်ဆုံးမှာတော့ အသက် ၃၀ ခန့်အရွယ် ကြည့်ကောင်းကောင်း လူတစ်ယောက် ရှေ့ ထွက်လာပါတယ် ။ သူဟာ အဖြူရောင် တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင်ထားကာ အထူးကောင်းမွန်လှတယ့် ကျောက်စိမ်း ခါးပတ်ကို ခါးမှာ ပတ်ထားပါတယ် ။ တစ်ချက်ကြည့် လိုက်ရုံဖြင့် ဒီလူရဲ့ အထက်တန်းလွှာပုံစံကို ခန့်မှန်းနိုင်ပါတော့တယ် . . . ။
Chapter - 30
#သင်ခန်းစာပေးခြင်း
ချန်ရှန်ပုံစံမှာ ရိုးရှင်းလှသော်လည်း အမေဆုံးသွားသည့် သား တစ်ယောက်ပုံပေါ်နေပါတယ် ။ ဒေါသတွေကတော့ ငယ်ထိပ် ရောက်လျက်ပါ ။ ချန်ရှန်အော်သံကို ကြားလိုက်တယ့် ကိုယ်ရံတော်များမှာတော့ ချန်ရှန်ရဲ့ အစွမ်းကို ရိပ်စားမိသဖြင့် ရှေ့မတိုးဝံ့ကြ ဖြစ်နေကြပါတယ် ။
"ခင်ဗျားက ဆိုင်ရှင်လား"
ချန်ရှန်မေးသံကို ကြားကြသောကြောင့် ကိုယ်ရံတော်များသာ မက အပြင်ဘက်ရှိလူများပါ ရယ်မောကြပါတယ် ။
"ဆိုင်ရှင်ဘယ်သူမှန်းတောင်မသိပဲ ၊ မင်းက ပြသနာလာရှာ သေးတယ်"
ကိုယ်ရံတော်တစ်ယောက်မှ ရယ်မောပြောဆိုပါတယ် ။
"မင်းက ဆိုင်ရှင် ဟွာကို မသိသေးဘူးနဲ့တူတယ် ၊ မင်းမြို့တော်ရဲ့ တတိယအသက်အငယ်ဆုံး သခင်လေးကို သိသင့်တယ် ။ အုပ်ချုပ်ရေးမှူးရဲ့ တတိယသားကို လာပြီးပြဿနာရှာဝံ့သေးတယ်"
နောက် ကိုယ်ရံတော်တစ်ယောက်မှ ခနဲ့တဲ့တဲ့ ပြောပါတယ် ။
တရုတ်ရိုးရာဝတ်စုံကို သားနားစွာ ဝတ်ဆင်ထားသော လူလည်း ရှေ့သို့ ထွက်လာပါတယ် ။ မာနာအနည်းငယ် ရှိပုံ ရပြီး ထိုလူက ပြောပါတယ် ။
"ငါကဆိုင်ပိုင်ရှင် ဟွာဆင်းပဲ ။ မင်းဘာလာလုပ်တာလဲ"
"ဟက်ဟက်"
ချန်ရှန် ရယ်မောပြီး ထပ်မံပြောဆိုတယ် ။
"သောက်အချိန်တွေမဖြုန်းတော့ဘူး ။ မင်းလူတွေ သတ်ပြီး တာတောင် ဒီမှာ ဆိုင်ရှင်လာလုပ်နိုင်သေးတယ် ၊ မင်းဆိုင်ရှင် လုပ်နေတာကတော့ မဟုတ်သေးဘူး ။ မိဘအတွက် တကယ့်ဆန်ကုန်မြေလေးပဲ"
လူအားလုံးဟာ အံ့သြသွားတယ် ။ ချန်ရှန်ဒီလိုမျက်နာချင်းဆိုင် ပြောဝံ့မယ် မထင်ထားကြပါဘူး ၊ ဟွာဆင်း မျက်စိမျက်နာများပျက်လျက် ဒေါသထွက်သွားတယ် ချန်ရှန်ပြောတာလည်း အမှန်ပါပင် ။ အုပ်ချုပ်ရေးမှူး တစ်ယောက်ရဲ့ သားလုပ်နေပြီး သူတစ်ပါးနယ်မြေကို ထင်သလို ချယ်လှယ်ကာ စီးပွားရေးပင် အေးဆေးပြန်လုပ်နေ ခြင်းဟာ တကယ်ကိုရုပ်ဆိုးလှပါတယ် ။
"နောက်တစ်ခေါက်ထပ်ပြောမယ် ။ မင်းနဲ့ မင်းလူတွေ ငါတို့ ဆိုင်ကို ဖျက်ဆီးတာလား"
ချန်ရှန်အေးစက် တည်ငြိမ်စွာ ထပ်မေးလိုက်တယ် ။
"အဲတော့ ဘာဖြစ်လဲ ငါတို့ ဟွာ လွှတ်လို့ သွားတာလေ"
ကိုယ်ရံတော် တစ်ယောက်က ဒေါသတကြီး ပြန်ပြောလိုက် ပါတယ် ။ ဟွာစင်းရဲ့ မျက်နာလည်း ခပ်တည်တည်ဖြင့် -
"အဲဒိတော့ မင်းက ဒီကိုလာပြီး ကလဲ့စားချေတယ်ပေါ့ ။ ငါလွှတ်တာပဲ မင်းတို့ဆိုင်ကို "
ဟွာစင်းဘေးက ကိုယ်ရံတော်များကလည်း သူတို့ ဘယ်လို ဖျက်ဆီးခဲ့ကြောင်း ဝိုင်းပြောကြပါတယ် ။
ချန်ရှန် အေးစက်စက်နဲ့ ပြန်ပြောလိုက်တယ် ။
"မင်းတို့က တကယ်ကို ခွေးအစုအဝေးပဲ ။ မင်းတို့ ဆရာက မင်းတို့လို မျက်ကန်းတွေကို ကျွန် လိုတောင် ရောင်းစားဖို့ ဝန်လေးမှာမဟုတ်ဘူး ။ ဘာလို့များ ပျော်ရွှင်နေကြပါလိမ့် ၊ ဆရာကောင်းရတယ်လို့များ ထင်နေကြတာလားကွ"
"ခွေးကောင် ၊ မင်းတော့ သေဖို့လာတာပဲ"
ပြောပြောဆိုဆိုဖြင့် ကိုယ်ရံတော်တစ်ယောက် ချန်ရှန်ဆီ ခုန်ဝင်လာပါတယ် ။ ထိုစဉ်မှာပဲ ချန်ရှန်၏ လက်မှာ ချီမီးလျှံ များ ရစ်ပတ်လာကြပါတယ် ။
" ဖတ် " ဆိုပြီးအသံတစ်ခုနောက်မှာတော့ စူးစူးဝါးဝါး အော်သံတစ်ခုကို ကြားလိုက်ကြရတယ် ။ ချန်ရှန်လက်မှာ ကြာပွတ်တစ်ခုကိုင်လျက် ချီဓာတ်များပျံ့လွင့်နေပါတယ် ။ ထိုကိုယ်ရံတော်လည်း ကြာပွတ်ဖြင့် ရိုက်ခတ်မှုကြောင့် လွင့်ထွက်သွားကာ လဲကျသွားပါတယ် ။ အမည်းရောင် ခြစ်ရာကြီးလည်း မျက်နာပေါ်မှာ ထင်းလျက်ပါပဲ ။
ကိုယ်ရံတော်များဟာ ဒီအခြင်းအရာကို မြင်ပြီး ဆွံ့အသွားကြ သော်လည်း ချန်ရှန်ဆီ ပြေးလာကြပါတယ် ။ ထို့နောက်မှာတော့ အားလုံးထဲတွင် ထီးထီးကြီး တစ်ယောက် သာကျန်ပါတော့တယ် ။ ချန်ရှန် အေးစက်စက်ဖြင့် ထပ်ပြော လိုက်ပါတယ် ။
"တကယ်လို့ မင်းတို့လုပ်ခဲ့တယ်လို့ ဝန်ခံခဲ့ရင်တောင် ငါမခွင့်လွှတ်ဘူးလို့ ဆုံးဖြတ်ပြီးသား"
ရုတ်တရက်ပဲ အပူချီဓာတ်များကို စုစည်းပြီးနောက် ချန်ရှန်လက်မှ ကြာပွတ်မှ လှိုင်းများပင် ထွက်နေပါတယ် ။ အဆက်မပြတ် ကြာပွတ်အား လှည့်လည်နေမှု ကြောင့် တခြားလူများ ချန်ရှန်ကြာပွတ်အားမမြင်ရတော့ပဲ အလင်းတန်းများသာ မြင်ရပါတော့တယ် ။ ကြာပွတ်အများကြီးအား လှည့်ပတ်နေသကဲ့သို့ပါပဲ ။
အဆုံးမရှိတယ့်မီးကြာပွတ်များဟာ အလွန်ကြောက်ဖွယ် ကောင်းလှပါတယ် ။ ထို့နောက် ကိုယ်ရံတော်များဆီသို့ ပစ်လွှတ်လိုက်ပါတော့တယ် ။ ဟွာဇင်းနှင့်တကွ သူ၏ အဖွဲ့လည်းရှောင်တိမ်းချိန်ပင် မရလိုက်ပါချေ ။ မျက်စိ တစ်မှိတ်အတွင်းမှာပင် ကြာပွတ်ဖြင့် အကြိမ်များစွာ အရိုက်ခံ ပြီးဖြစ်နေပါပြီ ။ ကြာပွတ်ကား အဆက်မပြတ် ရိုက်ခတ်လျက် ခန္ဓာကိုယ် အနှံ့သို့ ထိမှန်လျက်ပါပဲ ။ များစွာသော အမည်းရောင် ခြစ်ရာများ ဖြစ်ပေါ်လျက် လောင်ကျွမ်းကာ နာကြင်မှုကြောင့် အော်ဟစ်နေကြပါတော့တယ် ။ အချိန်ခဏ အတွင်းမှာပဲ တစ်ယောက်စီကို အနည်းဆုံး ၃ ချက်တော့ ကြာပွတ်စာ ကျွေးပြီး ဖြစ်နေပါပြီ ။
လူတိုင်းဟာ ချန်ရှန် သိုင်းပညာ အဆင့် ၆ ဆိုတာကို ကောင်းစွာ မြင်နိုင်ပါတယ် ။ ချန်ရှန်၏ ချီဓာတ်များဟာ အလွန်ကြောက်စရာကောင်းပြီး အားပြင်းလှပါတယ် ။ မမြင် နိုင်တယ့် စွမ်းအားကြီးမားသော လေကို အသက်ရှူသွင်းကာ ပြုမူနေသလိုမျိုးပါပဲ ။ အနီရင့်ရောင် နတ်အတွင်းအား ကျင့်စဉ်ဖြင့် ဒီမီးတောက်များ လည်ပတ်စေနေခြင်းပါပဲ ။ မည်သည့်လူမဆို ဒီအရာမျိုး ကြုံတွေ့ရပါက သွေးပျက်ကြောက်ရွံ့ မိမှာ အမှန်ပါပဲ ။
ဟွာစင်း ချန်ရှန်ဟာ သိုင်းပညာ အဆင့် ၆ ရှိသောလူဖြစ်သောကြောင့် စိတ်ရှုပ်မိတာတော့ အမှန်ပါပဲ ။ အရင်က သူသိတာဟာ သူဖျက်ဆီးခဲ့သောပိုင်ရှင်က အဘိုးကြီး ဖြစ်တယ်ဆိုတာပါ ။
"ဒန်ရှန် ဆေးတိုင်းပြည်အနေနဲ့ မင်းကို ဒီလိုလုပ်ခြင်းက ခွင့်လွှတ်မှာ မဟုတ်ပေဘူး ။ ငါတို့ ဆရာကြီးက အရမ်းစွမ်းအား ကြီးတာကွ"
ဟွာစင်း အော်ပြောလိုက်ပါတယ် ။ သူ့စကားအဆုံးမှာပဲ ရွှေကြာပွတ်ဖြင့် သူ၏ပါးစပ်ကို ရိုက်နှက်ခြင်း ခံလိုက်ရပါတယ် ။ ဟွာစင်းတစ်ယောက် ချန်ရှန်ရဲ့ စွမ်းအားအလွန်ကြီးတာကို ဝန်ခံရပါမယ် ။ အချိန်ခဏလေးအတွင်းမှာပင် သူတို့အားလုံး ခုခံချိန်မရလောက်အောင်မှောက်ခဲ့ပါပြီ ။ ဒါတင်မက ပြတ်ရှရာများ မှလည်း ချီဓာတ်များ တငွေ့ငွေ့ လောင်ကျွမ်းကာနေလျက်ပါ ။ ဒီအရာများကို အချိန်မီမဖယ်ရှားပါက နောင်အခါ သူတို့ သိုင်းလေ့ကျင့်ရာမှာ အဟန့်အတား ဖြစ်စေမှာပါ ။
"မင်းတို့ခေါင်းဆောင်ကို ပြောလိုက် ၊ ဖြစ်ခဲ့သမျှကို ပြန်ကလဲ့စား ချေချင်ရင် ဆိုင်လာတွေ့ခိုင်းလိုက်"
ချန်ရှန်ပြောပြီးတာနဲ့ လှည့်ထွက်လာခဲ့ပါတယ် ။ တချို့သော ဒဏ်ရာမရရှိတဲ့ ကိုယ်ရံတော်များ ကျန်သေးသော်လည်း မည်သူမျှ မတားဝံ့ပါချေ ။
ချန်ရှန်ထွက်သွားတာကို ကြည့်နေရင်း လူတိုင်းဟာ စိတ်လှှုပ်ရှား လျက်ပါ ။ သူတို့မြင်ခဲ့တာတွေနဲ့ ပတ်သတ်၍ ကောလဟာလများ ပြန့်ပွားရင်းပေါ့ ။
ဆိုင်အနောက်တွင်တော့ ချန်လုဇောင်တစ်ယောက် ရယ်မောနေ ပါတော့တယ် ။
"ကောင်လေး ၊ မင်းက ဒန်ရှန် ကိုသာမက အုပ်ချုပ်ရေးမှူးကိုပါ ကလန်ကဆန် လုပ်ခဲ့တာပဲ ၊ ငါသာမင်းနေရာဆို ပြေးပြီဟေ့"
ချန်ရှန် အထင်သေးတယ့် အကြည့်နဲ့ ကြည့်ပြီး ပြောလိုက်တယ် -
"အဖိုးလေး ဆိုင်ရှင်ဟာ အုပ်ချုပ်ရေးမှူးသားဆိုတာ သိပြီးသားလား ၊ မျက်စိတမှတ်အတွင်းမှာပဲ အဖိုးလေးလည်း ဘယ်ပျောက်သွားမှန်းမသိပါဘူး"
ချန်လုဇောင် ပြုံးလျက်ပြောပါတယ် ။
"ငါ့ရဲ့အရိုးအိုတွေက မင်းလိုမဟုတ်ဘူး ကောင်လေးရ ၊ ငါမိုက်ရူးရဲမဆန်နိုင်ဘူး ၊ ဒါကြောင့်ဒီပြသာကို ရှင်းဖို့က မင်းအတွက်ပဲ ၊ ငါကတော့ အားနေရုံပဲဟေ့ ၊ ဒါပါပဲ။"
ချန်ရှန်ဟာ ခရီးအရှည်ကြီးကို ရက်ပေါင်းများစွာ နှင်လာခဲ့ရသောကြောင့် တော်တော်ပင်ပန်းနေပါတယ် ။ ဒါကြောင့် ကောင်းကောင်းအနားယူဖို့ လိုအပ်တယ် ။ မကြာခင်မှာတော့ ဒန်ရှန်သခင်နဲ့ သာမက အုပ်ချုပ်ရေးမှူး ဖြင့်ပါ ရင်ဆိုရတော့မှာပါ ။
ချန်ရှန်၎င်းတို့နှင့် ရင်ဆိုင်ရန် အစီအစဉ်တွေ ရှိပြီးသားပါ ။ ဒါဟာ အုပ်ချုပ်ရေးမှူးသားကို ဘာကြောင့်ရင်ဆိုင်ဝံ့တာလဲ ဆိုတယ့် အဖြေပါပဲ ။ ဒါပြီးရင်တော့ ဒီကမ္ဘာမှာ ချမ်းသာခြင်းဟာ ခွန်အားကြီးတာ မှန်ပါတယ် ၊ ဒါပေမယ့် စစ်မှန်တယ့်ခွန်အားဟာ ချမ်းသာခြင်းစွမ်းအားထက် ပိုမို သာလွန်နေမှာပါ ။
"ချန်ရှန် ၊ ဒန်ရှန်က ဂိုဏ်းတစ်ခုရဲ့ အကိုင်းခွဲ တစ်ခု ဖြစ်နိုင်တယ်"
စုမေးယို ကွင်းအတွင်းမှ ထွက်လာပြီး ပြောပါတယ် ။ ချန်ရှန်ဟာ ဒီအချိန်မှာ ရေချိုးကန်ထဲတွင် စိမ်နေတာပါ ။ စုမေးယို ရုတ်တရက်ပေါ်လာသောကြောင့် လန့်သွားတယ် ။ ထို့နောက် ပြောလိုက်ပါတယ် ။
"အမတော် မေးယို ၊ ဘာလို့အရင်မပြောပဲလာတာလဲ"
စုမေးယိုဟာ ချန်ရှန်၏ သန်စွမ်းလှသော ကြွက်သားများကို ကြည့်နေရင်း ဆွဲဆောင်မှု ရှိစွာ ပြုံးပြီး -
"နားပါကွာ ၊ ဒန်ရှန်တောင်ယွမ် ဟာ ခင်မင်တယ့် ဂိုဏ်းဖြစ်တယ် ။ ဒါတင်မကသေး သူတို့ဟာ အမှန်နဲ့အမှားကြားမှာ တိကျတယ့် ဆုံးဖြတ်ချက်ကို ပြုလုပ်နေတာ ၊ ငါထင်တယ် ဒန်ရှန်ုသခင်ဟာ မင်းကိုဒုက္ခပေးဖို့ ရှာမှာမဟုတ်ဘူး"
ချန်ရှန် သက်ပြင်းချလျက် အသက်၀၀ ရှူလိုက်ပါတယ် ။ ထို့နောက် ရယ်ကျဲကျဲဖြင့် -
"အမတော်မေးယို ၊ ရေတွေက နွေးတုန်းပဲဗျ ၊ ကျွန်တော်နဲ့ လာချိုးပါလား"
"ငါ့အမကို မင်းနဲ့လိုက်ဖို့ ပြောလိုက်မယ် ၊ သူက အေးစက်စက်ပေမယ့် ရေနွေးနဲ့ချိုးရတာ ကြိုက်တယ်လေ"
စုမေးယိုက စကားကို လျောချပြီး ပြောလိုက်ပါတယ်
ချန်ရှန် ချောင်း ၂ ချက်ခန့် ဟန့်ကာ မေးလိုက်တယ် ။
"ဒန်ရှန်တောင်ယွမ် ဆိုတာ ဂိုဏ်းနာမည်လား"
ချန်ရှန် ဟာ ဒီလို ကြီးမားတဲ့ ဂိုဏ်းကြီးတွေကို အရမ်း ဝင်ချင်တာ ဖြစ်ပါတယ် ။
စုမေးယိုဟာ နောက် ရေချိုးကန်အတွင်းဝင်သွားပြီး ပြောပါတယ် ။
"အဓိက ဂိုဏ်းကြီး ၈ ဂိုဏ်းမှာ ဒန်ရှန်တောင်ယွမ်ဟာ ဆေးပညာနဲ့ပတ်သတ်ပြီး တခြား ဂိုဏ်းများကတောင် မနာလိုရတယ့် ဂိုဏ်းဖြစ်တယ်"
"ကျွန်တော့အတွက် ဝင်ဖို့ မသင့်ပေဘူးလား ၊ နောက်ပြီး ဆေးပညာနဲ့ ဆက်စပ်တဲ့ ဂိုဏ်းလည်း ဖြစ်နေတယ်လေ"
စုမေးယို ခေါင်းခါရမ်းလိုက်ပါတယ် ။
"ငါကတော့ မင်းကို ဒီလို မလုပ်စေချင်ဘူး ၊ ဆေးပညာအတွက် ငါသင်ပေးနိုင်တယ် ၊ မင်း စွမ်းအားကြီးတယ့် သိုင်းပညာဂိုဏ်းကို ဝင်သင့်တယ် ၊ ၎င်းဟာ သိုင်းပညာမှာ ခွန်အားကြီးလာရင် ဂိုဏ်း ၈ ဂိုဏ်းမှာ ထိပ်ဖြစ်လာမှာပဲ ။ နှစ်များစွာ အခြေတည်ပြီးရင်တော့ စွမ်းအားကြီးသိုင်းပညာဂိုဏ်းရဲ့ ပထမဆုံး အလင်းရောင်လေးဟာ ဒဏ္ဍာရီ ပုံရိပ်တစ်ခုဖြစ်လာပါလိမ့်မယ်"
ဒီလို သိုင်းဂိုဏ်းတွေ ဝင်နိုင်ဖို့က ချန်ရှန်ပိုပြီး လုံ့လစိုက်ထုတ်ရမှာပါ ။ ဘာကြောင့်လဲဆိုတော့ ဒီခရီးကို မစတင်ခင် သူဟာ အဆင့် ၉ ကိုရောက်နေရမှာ ဖြစ်တယ့်အတွက်ပဲ ဖြစ်ပါတော့တယ် . . . ။
Chapter – 31
#ဂိုဏ်းခေါင်းဆောင်နဲ့အုပ်ချုပ်ရေးမှူး
ချန်ရှန်ဟာ မှော်ကျောက်ဖရုံဆေးသုံးလုံးကို အောင်မြင်စွာ ပြုလုပ်ပြီး သူ့ပါးစပ်ထဲ ထည့်လိုက် ပါတယ် ။ ထို့နောက် ချက်ချင်းပဲ ထိုက်ကျိ ကျင့်စဉ်ကို ပြုလုပ်ပါတယ် ။ ဆေးတွေ အရသာကို အာရုံခဲလျက် သူဟာ ကောင်းကင်နဲ့ မြေကြီးကြားက ချီဒြပ်စင် ၅ ခုကို စုပ်ယူရန် လုပ်ဆောင်ပါတယ် ။ ဒါတင်မက နဂါးတံတွေး ကျင့်စဉ်ကိုလည်း စတင်ခဲ့ပါတယ် ။
နောက်နေ့ မနက်မှာတော့ နေမင်းကြီးဟာ ဘုရင့်မြို့တော် တစ်မြို့လုံးကို လွှမ်းခြုံလျက်ရှိ ပါတယ် ။ တမြို့လုံးဟာလည်း ဆူညံလျက်ပါပဲ ။ ဒန်ရှန်ဆေးတိုင်းပြည် ရဲ့သတင်းကတော့ တမြို့လုံးမွှေးလျက်ပါ ၊ ဒါဟာ ကိစ္စ သေးသေးလေးဖြစ်ခဲ့ပြီး ဘယ်သူမှလည်းမသေတဲ့ အတွက် အုပ်ရေးရေးမှူးအတွက်ကတော့ ရိုးရှင်းတဲ့ အရာတစ်ခုပါပဲ ။ ဒါပေမယ့် မနေ့က သူ့ သားအရိုက်ခံလိုက်ရတာပါ ။ သူသာ ကြားဝင် မဖြန်ဖြေလျှင် လူတိုင်းအမြင်မှာ ရယ်စရာ ဖြစ်သွားပေမှာပေ့ါ ။
ဒါကြောင့် ချန်လုဇောင်ရဲ့ ဆိုင်မှာတော့ ကိုယ်ရံတော် အစောင့်များဟာ ဝိုင်းလျက် ရှိနေကြတယ် ။ ဇိမ်ခံ ရထားလုံး ၂ စီး အဖိုးကြီးဆိုင်သို့ ဆိုက်ရောက်လာပါတော့တယ် ။ ရထားလုံး ၂ စီးဟာ ဆိုင်ပေါက်၀ မရောက်ခင် ရပ်သွားပါတယ် ။ ရထားလုံးဘေးမှာ အစောင့်အပြည့်ရပ်လျက်ပါ ။ တစ်စီးဟာ အုပ်ချုပ်ရေးမှူး၏ ရထားလုံးဖြစ်ပြီး နောက်တစ်စီး ကတော့ ဒန်ရှန် သခင်ကြီးရဲ့ ရထားလုံးပါပဲ ။ ၂ ဖက်စလုံးမှာ တူညီတယ့် ရည်ရွယ်ချက် တစ်ခုပဲ ရှိပါတယ် ။ချန်ရှန်ကို ရှာဖို့အတွက်သာ ဖြစ်ပါတော့တယ် ။
ချန်ရှန်ဟာ သူ့အခန်းထဲမှာ လေ့ကျင့်နေတာပါ သို့သော် သူ၏ အစွမ်းထက် အာရုံဖြင့် ဝင်ပေါက်က အုန်းအုန်းကြွကြွ ဖြစ်တာကို ကြားနိုင်ပါတယ် ။ သူဂရုတစိုက်ထပြီးနောက် အသံများကို နားစိုက်ထောင်ပါတယ် ။
“သခင်ကြီး ဟွာ ၊ ခင်ဗျား ကိုယ်တိုင် ကျွန်တော့သားကိစ္စ အတွက် ဒီကိုလာလိမ့်မယ်လို့ မထင်မိဘူး ၊ ကျွန်တော့သားဟာ ခင်ဗျားအတွက် ပြသနာာ တက်သွားတာပါ ။ ဒါကြောင့် သူ့ကို ခွင့်လွှတ်ပေးပါဦးနော်”
အမည်းရောင် ရထားလုံးမှ လူတစ်ယောက်ရဲ့ အသံဟာ အုပ်ချုပ်ရေးမှူးအသံဖြစ်ကြောင်း သိလိုက်ရတယ် ။ သူဟာ အလွန် တောင်ပိုင်း သိုင်းလောက အင်ပါယာတစ်ခုလုံးမှာ တော်တော် ပေါ်ပြူလာဖြစ်တယ့် အုပ်ချုပ်ရေးမှူး ဟွာ ဂေါင် ယန် ပါပဲ။
“ကောင်းပြီ ၊ ခင်ဗျားသားက ဒီတစ်ကြိမ်တော့ ဒန်ရှန်ဆေးတိုင်းပြည်အတွက် ပြသနာအကြီး ကြီး သယ်လာတာပဲ ၊ ကျွန်ုပ်က သူ့အတွက် ဒီကိုလာတာ မဟုတ်ပါဘူး ။ တစ်ယောက် ယောက်က ကျွန်ုပ် ဒန်ရှန်ကို ပြသနာလာရှာသွားတာ ဘာမှမလုပ်ပဲ ငြိမ်မထိုင်နေနိုင်ဘူး”
ဒေါသအနည်းငယ်ကို ဒီကောင်းမွန်တဲ့ အသံအတွင်းမှာ ခံစားလိုက်ရပါတယ် ။ ချန်ရှန် တော်တော်လည်း အံ့သြမိသွားတယ် ၊ ဒန်ရှန်ရဲ့ သခင်ကြီးဟာ မိန်းကလေး တစ်ယောက်ပဲ ။ သူ့စိတ်ကို ရှင်းလိုက်ပြီးနောက် ချန်ရှန် သူ၏ အခန်းထဲမှ အနောက်ဘက်ကိုဖြတ်ပြီး ဆိုင်ထဲ ဝင်လာခဲ့တယ် ။ ချန်လုဇောင်ကတော့ ထိုနေရာမှာရှိနေပါတယ် ။
“အဖိုးလေး ၊ ဒီတစ်ခါ ပုန်းမနေပဲ ဘာလို့လာတာလဲ”
ချန်ရှန် လေသံတီးတိုးဖြင့် မေးလိုက်တယ် ။ တံခါးလာခေါက်နေလို့ ဖြစ်ပါတယ် ။
“မပုန်းဘူး ၊ ငါမင်းကို စိုးရိမ်လို့ပဲ ၊ အုပ်ချုပ်ရေးမှူးနဲ့ ဒန်ရှန်သခင် တို့ဟာ မင်းသွားစလို့ ရတယ့် လူတွေမဟုတ်ဘူး”
တံခါးဖွင့်လိုက်ပြီးနောက်မှာတော့ ချန်ရှန်တို့ ၂ ယောက် စွမ်းအားပြည့် စစ်သားများ အပြင်မှာ ရပ်နေကြတာကို တွေ့လိုက်ပါတယ် ။ ရထားလုံးဘေးမှာလည်း အပြည့်ပါပဲ ။
“မင်းတို့ ဘာလိုချင်လို့လဲ”
ချန်လုဇောင် ရယ်မောရင်း မေးလိုက်ပါတယ် ။ရထားလုံး ၂ ခု အတွင်းမှ လူ ၂ ယောက် ဆင်း လာတယ် ။ အနေတော် ခန္ဓာကိုယ် ဖြင့် တစ်ယောက်ကတော့ အုပ်ချုပ်ရေးမှူး ဖြစ်ပါတယ် ။ သူ့မှာ အလွန်သေးငယ်လှတယ့် မုတ်ဆိတ်မွှေးလေး တစ်ခုရှိပါတယ် ။ ရွှေရောင် အဆင်တန်ဆာ များ ပါဝင်သော ရွှေရောင် ဝတ်ရုံကို ဝတ်ဆင်လျက်ပါ ။
နောက်တစ်ယောက်ကတော့ ဒန်ရှန်သခင်ကြီးလို့ခေါ်ကြတယ့် ကောင်မလေး တစ်ယောက်ပဲ ဖြစ်ပါတယ် ။ ကျက်သရေ ရှိတဲ့ အလှကို ပိုင်ဆိုင်ထားပြီး ညင်သာစွာ ပြုံးလျက်ပါ ။ အပြာရောင် စကပ်ကို ဝတ်ဆင်ပြီး မျက်နာတွင် အဖြူရောင် ပိတ်စလေး တစ်ခု ကာထားပါတယ် ။ ဒါပေမယ့်လည်း ငယ်ရွယ်နုပျိုလှပမယ့် မျက်လုံးတွေ ရှိမယ်ဆိုတာ သိသာနေပါတော့တယ် ။ သူမဟာ ချန်ရှန်နဲ့ ချန်လုဇောင်ကို မြင်တယ့်အခါ မျက်လုံးများမှ တောက်ပတယ့် အလင်းတစ်ခု တောက်ပသွားသလိုပါပဲ ။
“ငါ့သားကို ထိခိုက်အောင်လုပ်တာ မင်းလား”
ဟွာဂေါင်ယန် ချန်ရှန်ကို သေချာကြည့်ပြီးမေးလိုက်ပါတယ် ။
“ဟုတ်တယ်”
ချန်ရှန်မျက်နာမှာ ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ ။ သူဟာ ဘုရင့်မြို့ရဲ့ထိပ်သီး ၂ ယောက်ကို မျက်နာချင်းဆိုင်နေရသော်လည်း အရမ်းကို တည်ငြိမ်လျက်ပါပဲ ။ ဟွာဂေါင်ယန် ၏ သိုင်းပညာမှာ အဆင့် ၈ တွင်ရှိနေကြောင်း သူသိလိုက်ပါတယ် ။ သူဟာ ကြောက်ရွံ့ခြင်းသာ မရှိတာပါ ။ ဒါပေမယ့် ထိုသူနဲ့လည်း ယှဉ်ပြိုင်ချင်နေပါသေးတယ် ။ ဒီအချိန်မှာပဲ လူအုပ်အတွင်းမှ လူတစ်စုဟာ ပြေးထွက်ပြီး ချန်ရှန်ဆီသို့ ညွှန်ပြလျက်ပါ ။ သူတို့ရဲ့အဆင်အပြင်ကို ကြည့်ခြင်းအားဖြင့် သူတို့ဟာ ဒန်ရှန်မှာတုန်းက ချန်ရှန်ကို တိုက်ခိုက်ခဲ့တဲ့ အစောင့်များဖြစ်တယ်ဆိုတာ သိသာထင်ရှားပါတယ် ။
“သခင်ကြီး ၊ ဒီလူပါပဲ ကျွန်တော်တို့ ဒန်ရှန်ကိုလာပြီး ဆိုင်ရှင်နဲ့ ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့တာပါ”
အစောင့်တစ်ယောက်က မျက်နာမဲ့ကာ ပြောဆိုပါတယ် ။ ဟွာဂေါင်ယန် အေးစက်စက်ပြုံး လိုက်ပြီး ဒန်ရှန်သခင်ကိုပြောလိုက်ပါတယ် ။
“ခုတော့ သေချာသွားပြီ ၊ သခင်ဟွာ ဒီလူအပေါ်ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”
ဒန်ရှန်သခင်၏ နောက်ပြောလိုက်တယ့် စကားကြောင့် အားလုံး အံ့အားသင့်သွားပါတယ် ။
“ဒီဆိုင်ကို ပျက်စီးအောင်လုပ်တယ့်လူတွေ ကို ဒန်ရှန်က ထုတ်ပယ်လိုက်တယ် ။ ဒီလူဟာ ငါတို့ဒန်ရှန်ကို ပြသနာရှာပေမယ့် ငါတို့က အရင် ပြသနာလုပ်လို့ဖြစ်တယ် ၊ ဒါကြောင့် ငါတို့ မစစ်ဆေးတော့ဘုူး ၊ ဟွာယုယန် ဒီလူကို တောင်းပန်ဖို့ အခွင့်အရေးကို ယူပါတယ် ၊ နောက် ငါတို့ ဒနှ်ရှန်က ဒီလူရဲ့ ဆုံးရှုံးမှုတွေအတွက် လျော်ပေးပါ့မယ်”
ဒန်ရှန်သခင်က ဒီလူကို တောင်းပန်မယ်တဲ့လား ၊ ဟွာဂေါင်ယန် တစ်ယောက်သာ ဒီလို အံ့သြ သွားတာမဟုတ် ၊ ချန်ရှန်ရော ချန်လုဇောင်ပါ ပဟေဠိ ဖြစ်သွားကြပါတယ် ။ စုမေးယို စကားအရ ဒီဒန်ရှန်သခင်ဟာ အမှားနဲ့ အမှန် ကြား ရှင်းလင်းတဲ့ ဆုံးဖြတ်ချက် ချတတ်သော တကယ့်လူတစ်ယောက်ဆိုတာပါပဲ ။
“ဒန်ရှန်သခင်က မင်းကို ခွင့်လွှတ်ပေမယ့် ၊ ငါကတော့ အတူတူ လိုက်ခွင့်လွှတ်မှာ မဟုတ်ဘူး ၊ သူ့ကိုဖမ်းကြ ၊ ဒီလူဟာ ဘုရင့်မြို့တော်ကို ဆူပူစေရုံမက လူများစွာကို ထိခိုက်နာကြင်စေတယ် ။ ဒီရက်စက်မှု အတိုင်း သူပြန်ခံစားရမယ်”
ဟွာဂေါင်ယန်ဟာ နူးညံ့တယ့် အမျိုးသမီးလောက် မလွယ်ကူပါဘူး ။ဟွာယုယန် သက်ပြင်း အနည်းငယ်ချပြီး ပြောလိုက်ပါတယ် ။
“အုပ်ချုပ်ရေးမှူးဟွာ ၊ ဒီလူတွေဟာ ဆေးပညာရှင်တွေဖြစ်တယ် ။ ဆေးပညာရှင်တွေကို ရန်သူလို ဆက်ဆံမလို့လား?”
ဟွာဂေါင်ယန် တုန်လှုပ်သွားပါတယ် ။ ကိုယ်ရံတော်များနှင့် စစ်သားများလည်း ထို့အတူပါပဲ ။ ဒီလူငယ်လေးနဲ့ လူကြီးတို့ဟာ ဆေးဆရာတွေဖြစ်သတဲ့ ၊ ဒီတောင်ပိုင်းသိုင်လောကမှာ ဆေးပ ညာရှင်ဟာ အရမ်းကိုရှားပါးကြလို့ပါပဲ ။ အဓိကအားဖြင့် ဆေးဆရာအိုကြီးတွေဟာ ဂုဏ်အရှိန်အဝါ ကြီးမားလှပြီး လူအများလေးစားကြပါတယ် ။ ချန်ရှန်နဲ့ချန်လုဇောင်တို့ဟာ စကတည်းက မည်သည့်စကားမျှ မပြောပဲ ကြောက်ရွံ့ခြင်းကင်းစွာ ရပ်နေကြတာပါ ။ ချန်လုဇောင်က ဝင်ပြောလိုက်ပါတယ် ။
“အုပ်ချုပ်ရေးမှူးဟွာ ၊ ဒီလူအိုကြီးက ဒီဆိုင်ကို ဝယ်ထားတာကြာပါပြီ ၊ မင်းသားက ငါ့ဆိုင်က ဝယ်ချင်နေတာ ၊ ဒါပေမယ့် ငါက မရောင်းနိုင်ဘူး ၊ ခုတော့ သူက င့ါမရှိတုန်း ငါ့ဆိုင်ကိုဖျက်ဆီးသွားတယ် ၊ မင်းမယုံရင် ပြန်ပြီးမေးကြည့်လိုက်”
“ဦးလေး က ဝိုဟူက ဆေးပင်ခန်းမက လူကြီးဖြစ်ပြီး ၊ ဒီလူငယ်ကတော့ ကျော်ကြားတဲ့ ချန်မျိုးနွယ်က ပါရမီရှင် ခင်လေး ဖြစ်မယ်ထင်တယ်”
ချန်မျိုးနွယ် ပါရမီရှင်တဲ့ ၊ သူဟာ ယောင်မိသားစု ပါရမီရှင်နဲ့ နံပါတ် ၇ ယောင်လူကြီးမင်းတို့ကို အနိုင်ယူထားသူ မဟုတ်ပါလော ။ ချန်ရှန်ရဲ့ ကျော်ကြားမှုကတော့ တောင်ပိုင်းသိုင်းလောက အင်ပါယာ တစ်ခုလုံးပါပဲ ။ သူဟာ ဘုရင့်မြို့တော်ကို ရောက်လာခဲ့တယ် ။ ဆေးပင်ခန်းမ ရဲ့ လူကြီးနဲ့အတူ ရှိနေပါတယ် ။ လူတိုင်းဟာ ဆေးပင်ခန်းမလူကြီးနဲ့ ချန်မျိုးနွယ် မတည့်တာ သိကြပါတယ် ။
“အခု ငါက ဆေးပင်ခန်းမက လူ မဟုတ်တော့ဘူး ၊ ဒီကောင်လေးရဲ့အမှုထမ်းပဲဖြစ်တယ် ။”
ချန်လုဇောင် ရယ်မောလျက်ပါ ။ ဒါပေမယ့် သူစကားက လူတိုင်းကို ထိတ်လန့်သွားစေပါတယ် ။ ဆေးပင်ခန်းမလူကြီးလို့ ခေါ်ကြတယ့် ဒီလူကြီးဟာ တောင်ပိုင်း သိုင်းလောကမှာ ထင်ရှားတဲ့ပုံရိပ်တစ်ခုပါပဲ ။ အခုတော့ တစ်စုံတစ်ယောက်ရဲ့ အမှုထမ်းတဲ့လား ၊ ဒီစကားသာ သူ့ပါးစပ်ကထွက်တာကို မကြားပါက မည်သူမျှ ယုံကြည်ကြ မည်မဟုတ်ပေ ။ ဟွာဂေါင်ယန် ၏ မျက်ခုံးများ မြင့်လိုက်တက်လိုက် ဖြစ်နေပါတယ် ။ ဒီလူ ၂ ယောက်ဟာ ဆေးပညာရှင်များဖြစ်ပြီး သူ့သားဟာ ဒီလူတွေနဲ့ အငြင်းပွားစရာကိစ္စတွေ လုပ်နေတာ ဘယ်လိုတောင် ဉာဏ်နည်းတဲ့ သားပါလိမ့် ။ချန်ရှန် ဟွာဂေါင်ယန်ကို ကြည့်ကာ အေးစက်စက်ပြောလိုက်တယ် ။
“အုပ်ချုပ်ရေးမှူးဟွာ ၊ ခင်ဗျားရဲ့သားဟာ ကျွန်တောတို့ ချန်မျိုးနွယ်သိက္ခာကို ချဖို့ ကြိုးစားနေတယ် ။ သူ့နေရာ တခြားလူသာဆို ကျွန်တော် ကြိမ်းသေ ဒဏ်ခတ်တယ် ။ မျိုးနွယ် တစ်ခုရဲ့ ဂုဏ်သိက္ခာကို စော်ကားခြင်းဟာ အရမ်းကို ဆိုးဝါးတယ့် ပြသနာကိစ္စဆိုတာကို ခင်ဗျား သိသင့်တယ်”
ချန်ရှန်ရဲ့ စကားလုံးများဟာ ချီဓာတ်တွေပြည့်လျက်ပါ ။လူအများစိတ်ထဲအံ့အားသင့်နေကြ တယ် ။ ချန်မျိုးနွယ်ဟာ ဘုရင့်မြို့မှ ထိပ်သီး သိုင်းပညာရှင်မိသားစု မဟုတ်ပါဘူး ။ နှစ်များစွာ ကြာမှ ပြန်ပေါ်လာတာဖြစ်ပါတယ် ။ ဟွာဂေါင်ယန် သူ့မျက်ခုံးများ မြင့်တက်လျက် မျက်နာမှာ တော့ ဒေါသများ ပြည့်လျက်ပါ ။ သူတိုက်တော့ မတိုက်ခိုက်သေးပါဘူး ။ သူဒီလိုလုပ်ရင် ချန်မျိုးနွယ်ဆီက ပြစ်ဒဏ်ကို ခံစားရမှာပါ ။ သူနဲ့ ယောင်မျိုးနွယ်ရဲ့ ဆက်ဆံရေးဟာ ကောင်း မွန်လှသော်လည်း ၂ ဦး ၂ ဖက် အကျိုးရှိတယ့် ဆက်ဆံရေးသာ ဖြစ်နေပါတယ် ။
“သွားစို့”
ဟွာဂေါင်ယန် အေးစက်စွာ အော်လိုက်ပါတယ် ။ သူလည်း ရင်ထဲမှ ဒေါသများကို မြိုချကာ ပြန်ဖို့အတွက် ရထားလုံးပေါ် တက်သွားပါတော့တယ် . . . ။
( အုပ်ချုပ်ရေးမှူး နှင့် ဒန်ရှန် သခင်တို့အကြားတွင် မည်သို့မျှ ဆက်နွယ်မှု မရှိပေ ။ ၎င်းတို့၏ မျိုးရိုးနာမည် ဟွာ မှာ မတူညီကြပါ ။ ၂ ဦးလုံးဟာ မတူညီသော မျိုးနွယ် မှ ဖြစ်ကြပါတယ် ။ တရုတ်တွေဟာ “ဖိုနက်တစ်” လို့ ခေါ်တယ့် အသံထွက်ပြီး ခေါ်တဲ့အတွက် ဇာတ်ကောင်တစ်ခု ချင်းရဲ့ အမည်ဟာ အတူတူလို ရေးရချင်းပါ ။ အသံထွက်ရင်တော့ ကွဲပြားမှု ရှိပါတယ် ။
အုပ်ချုပ်ရေးမှူး ဟွာ ၏ တရုတ်လို အမည်မှာ - Hua Gao Yun
ဒန်ရှန်သခင် ၏ တရုတ်လို အမည်မှာ - Hua Yue Yun တို့ ဖြစ်ကြပါတယ်)
Chapter – 32
#ဂိုဏ်းနောက်လိုက်
ဟွာယုယန် လူတချို့ကို ဆိုင်ထဲတွင်ခိုင်းပြီး ပျက်ဆီးမှုများကို ခန့်မှန်းခိုင်းတယ် ။ ထို့နောက် ချန်ရှန်ကိုပြောပါတယ် ။
“မင်းတို့အားတဲ့အချိန် ဒန်ရှန်ဆေးတိုင်းပြည်ကို ဧည့်သည်အဖြစ် အချိန်မရွေး လာရောက် လည်ပတ်နိုင်ပါတယ် ။ မင်းတို့ကို ကြိုဆိုလျက်ပါ”
ဟွာယုယန် ထွက်ခွာသွားသောအခါ ချန်လုဇောင် ခါးထောက်လျက် ပြုံးပြီးပြောပါတယ် ။
“ဒီမိန်းကလေးဟာ စိတ်ဝင်စားစရာပဲလို့ မင်းထင်တယ်မလား”
ချန်ရှန် ထွက်ခွာသွားသော ရထားလုံးအား သူ၏စူးရှသောမျက်လုံးများဖြင့် မျှော်ကြည့်ပြီး
“ဒီမိန်းမက အကြံတော့ တော်တော်ကြီးပုံပဲ ၊ သူမက ကျွန်တော်တို့ကို အနိုင်လိုချင်နေတယ် လို့ ကျွန်တော့စိတ်ထဲ ထင်နေတယ်”
“မင်းက မိန်းကလေး တစ်ယောက်အပေါ်မှာ တော်တော် သံသယဝင်နေတာပဲ ၊ သူမဟာ ဆေးပညာအင်အားနဲ့ ချယ်လှယ်နိုင်တယ် ။ သူမဟာ အရိုးတွေ တစ်ခုမှ မကျန်တော့အောင် တစ်စစ လုပ်နိုင်တယ် ။ ဒါကိုများ ငါ့တို့အပေါ် ဘာကို အနိုင်ယူချင်ရမှာတုန်း”
ငါးရက်ကြာပြီးနောက်မှာတော့ အဖိုးလေးရဲ့ဆိုင်လည်း တပြားမှ ကုန်စရာမလိုပဲ အသစ်စက်စက် ဖြစ်သွားပါတော့တယ် ။ ဒန်ရှန်သခင်က လူတွေလွှတ်ကာ ပြင်ဆင်ခိုင်းတာ ဖြစ်ပြီး ဆေးတွေဆေးပညာရှင်တွေပါ ဖြည့်ပေးကာ မကြာမီမှာပဲ ဖွင့်လှစ်နိုင်တော့မည် ဖြစ်ပါတယ် ။
ချန်ရှန် ဟာ ဘုရင့်မြို့တော်ကို ရည်ရွယ်ချက် ၂ ခုကြောင့် လာခဲ့တာဖြစ်ပါတယ် ။ တစ်ခုက ဆေးဆိုင်ကို ဖွင့်လှစ်ဖို့ဖြစ်ပြီး နောက်ရည်ရွယ်ချက်တစ်ခုကတော့ သိုင်းပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ ပါ ။ ဘုရင့်မြို့တော်ရဲ့ သိုင်းပြိုင်ပွဲဟာ စာရင်းသွင်းခြင်းကို လက်ခံနေပြီး ဖြစ်ပါတယ် ။ ပြိုင်ပွဲ စတင်ဖို့ ၂ လ ခန့် လိုသေးသော်လည်း ချန်ရှန်ဟာ အစောထဲက စာရင်းပေးခဲ့တယ် ။ ချန်ရှန် ဟာ လမ်းတစ်လျှောက် အချက်အလက်တချို့ကိုလည်း ကြားခဲ့ပါသေးတယ် ။ ဂိုဏ်းနောက်လိုက်တွေဟာ ပြိုင်ပွဲမှာ ပေါ်ထွက်လာမှာဖြစ်တယ် ။ သို့သော် သူတို့ဟာ ဝင်မပြိုင်ပဲ လေ့လာစောင့်ကြည့်မယ် ဆိုတယ့်အကြောင်းပါ ။
ရက်တချို့ ကြာတယ့်အခါမှာတော့ ချန်ရှန်နဲ့ ချန်လုဇောင်တို့ ဆေးတွေလုပ်ရင်း အရမ်း အလုပ်များနေပါတော့တယ် ။ စီးပွားရေးကို ချောချောမွေ့မွေ့ ဖြစ်စေရန် သူတို့ဟာ ဆေးတွေ အများကြီးကို ပြုလုပ်ရတာပဲ ဖြစ်ပါတယ် ။
“အဖိုးလေး ၊ ကျွန်တော်တို့ ၂ ယောက် ခုလို ဆေးတွေ လုပ်နေရတာ သိပ်တော့ နည်းလမ်း မကျသေးဘူး ၊ အဲလိုမှ မဟုတ်ရင်လည်း ဘာလုပ်ရမှန်းမသိတော့ပါဘူး”
ချန်ရှန် မှော်ကျောက်ဖရုံဆေးကို ပြုလုပ်နေတယ် ။ လိုအပ်တယ့် ဆေးပင်တွေကို ဒန်ရှန်ကပဲ ဝယ်ယူရတာဖြစ်ပါတယ် ။
“ကောင်လေး ၊ ဆိုင်တစ်ဆိုင်ဖွင့်ဖို့ လွယ်တယ်များ မှတ်နေလား ၊ ငါတို့မှာ အနည်းဆုံး ဆေး ဆရာ ၅ ဦးမှ မရှိရင် တော်တော်ခက်ခဲမယ် ။ ဆိုင်ဖွင့်ပြီးရင်တောင် ငါတို့ဟာ ဝယ်သူတွေ လာဝယ်တာကို မစောင့်နိုင်ဘူး ။ ငါထင်တယ် ချောချောမွေ့မွေ့ဖြစ်ဖို့ကတော့ အနည်းဆုံး ၂ နှစ် ၃ နှစ်လောက်တော့ စောင့်ရမှာပဲ”
ချန်လုဇောင် ချန်ရှန်ဆန္ဒစောနေတာကို တုံ့ပြန်ပြောဆိုလိုက်ပါတယ် ။ ချန်ရှန်ဟာ အကြာကြီး မစောင့်ချင်တော့ပါဘူး ။ ဆေးပညာရှင်တွေကို ဆွဲဆောင်ဖို့ သူဟာ တချို့သော တန်ဖိုးကြီး ဆေးပင်တွေကို သုံးရမှာပါ ။ ချန်ရှန်ဟာ ဆေးပင်တချို့ကို အမှည့်ထားဖို့ စီစဉ်ထားပါတယ် ။ ဒါကြောင့် ဆေးအခန်းထဲမှ ထွက်လာလိုက်တယ် ။ ဆိုင်ထဲရောက်တယ့် အခါမှာတော့ လူအချို့ ရပ်နေတာကို တွေ့လိုက်ရပါတယ် ။
အသက်ကြီးကြီး လူတစ်ယောက်နဲ့ ဆယ်ကျော်သက် ၄ ယောက်တို့ပါ ။ သူတို့ အသက်ရှူပုံ ဟာ အရမ်းသန့်စင်ပြီး လူတချို့ကို ထူးဆန်းတယ့် ခံစားမှု မျိုး ပေးနိုင်နေသလိုပါပဲ ။ ဒီလိုသန့်စင်တယ့် ချီဓာတ်ကို သာမန်လောကမှာ ဘယ်သူမှ မထုတ်နိုင်လောက်ကြပါဘူး ။
“ဒီက မိတ်ဆွေတို့က . . .”
“အင်း ၊ မင်းကချန်ရှန်လား”
ဆံပင်ဖြူဖြူနဲ့ လူကြီးက မေးလိုက်ပါတယ် ။ သူ့မျက်နာမှာ ဒေါသတွေတွေ့လိုက်ရပြီး လူငယ်လေးဦးဟာလည်း ချန်ရှန်ကို စိမ်းစိမ်းကြည့်နေကြပါတယ် ။ချန်ရှန် မျက်မှောင်ကြုတ် လိုက်ပြီး လက်သီးစုပ်ကာ အေးစက်စက်ပြန်မေးလိုက်တယ် ။
“ဟုတ်တယ် ၊ ခင်ဗျားတို့က ဒီကို ပြသနာလာရှာတာလား”
ဒီအချိန်မှာ ချန်လုဇောင် ထွက်လာပါတယ် ။ ဒီလူတွေကို တွေ့လိုက်တယ့်အခါ နည်းနည်း တောင့်တင်းသွားသလိုပါပဲ ။ ဒီဆံပင်ဖြူ လူကြီးကို သိသိသာသာ ကြောက်နေသလိုပါပဲ ။
“မင်းး .. မင်းးး …”
ချန်လုဇောင် စွံ့အလျက် ပါ ။သူဒီလူကြီးကို ကောင်းကောင်းသိတာပေ့ါ ။
လူကြီးက ပြန်ပြောပါတယ် ။
“ဟုတ်တယ် ။ ငါက ချန်ဖုယွန် ပဲ ၊ လွန်ခဲ့တယ့် နှစ် ၅၀ က ချန်မျိုးနွယ်ကထွက်သွားပြီး သိုင်းလောကဂိုဏ်းထဲဝင်ခဲ့တယ် ။ ခုတော့ငါဟာ ဂိုဏ်းနောက်လိုက်တွေ စုဆောင်းဖို့ ပြန်လာ ခဲ့တာပဲ ။ ဒါပေမယ့် သတင်းဆိုးတွေကြားရတယ်”
ချန်ရှန် တော်တော် အံ့သြသွားတယ် ။ ဒီလူကြီးဟာ ဂိုဏ်းနောက်လိုက်တွေ စုဆောင်းဖို့ လာရုံသာမက မမျှော်လင့်စွာပဲ ချန်မျိုးနွယ်ရဲ့ သက်ကြီးဝါကြီးတစ်ယောက်ဖြစ်နေတယ် ။ ဒါပေမယ့် ဒီလူကြီးဟာ သူနဲ့ သိပ်မသက်ဆိုင်သလို ခံစားမိတယ် ။
“မင်းတို့က ယောင်မျိုးနွယ်နဲ့ ရန်သူလို ဖြစ်သွားကြတယ် ။ ငါသိုင်းလောကဂိုဏ်းထဲ ဝင်ကတည်းက ယောင်မျိုးနွယ်ဟာ ငါ့ကို အများကြီးကူညီပေးတယ်ဆိုတာ မင်းတို့ သိသင့်တယ် ။”
ချန်ဖုယွန် ချန်ရှန်အား စူးစူးရှရှ ကြည့်နေတယ် ။ တဆက်တည်းမှာပဲ သူဟာ စစ်မှန်သော ချီဓာတ်တွေကို ချန်ရှန်ဆီပစ်လွှတ်လိုက်ပြီး ချန်ရှန်ရုတ်တရက် သူ့ကိုယ်ကြီးဟာ တန် တစ်သောင်းလောက် လေးသွားသလိုကို ခံစားလိုက်ရပါတယ် ။
ချန်လုဇောင် မျက်နာ အရောင်ပြောင်းသွားလျက် အေးစက်စွာပြောလိုက်ပါတယ် ။
“သူဟာ ချန်မျိုးနွယ်မှာ နှစ်တစ်ထောင် တစ်ယောက်မပေါ်နိုင်တယ့် ထူးခြားကောင်းမွန်တဲ့ မျိုးစေ့လေးပဲ ၊ ဒါပေမယ့် မင်းရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အကြောင်းပြချက်နဲ့ သူ့အပေါ် ရှက်ရမ်းရမ်းနေတယ် ။ ဒီအကြောင်းပြချက်က ချန်မျိုးနွယ်ဝင်တစ်ယောက်ဖြစ်ဖို့ ဘယ်လိုမှ အရည်အချင်း မရှိတာ သိသာနေပါပြီ”
ချန်ဖုယွန် ဒီစကားကြားတယ့်အခါ သူ့ကိုယ်သူ ပြန်ထိန်းကာ ချန်လုဇောင်သို့ လှမ်းကြည့် ပါတယ် ။ ချန်လုဇောင်ရဲ့ စွမ်းအား အဆင့်ကို ကြည့်တဲ့အခါ ကြည့်မရတယ့်အတွက် စိတ်မရှည်စွာပဲ ပြန်ပြောပါတယ် ။
“ဘယ်လိုမျိုးစေ့ကောင်းများလဲ ၊ ဒီမိစ္ဆာကောင်လေးကလား ၊ ငါ့ဂိုဏ်းထဲက ကြိုက်တယ့်လူရွေးကြည့်လိုက် သူတို့ဟာ သူ့ထက် အများကြီး သာတယ် ။ ငါ့နောက်က ၄ယောက် တောင် သူ့ကို အေးဆေး နိုင်တယ်ကွ”
ချန်ဖုယွန်ရဲ့ နောက်ဆုံးစကားပြောပြီးချိန်မှာတော့ ချန်ရှန်ဟာ လျှပ်စီးလက်သလို လှုပ်ရှား လိုက်ပါတယ် ။ မိုးပြာရောင် အငွေ့တွေ သူ၏ လက်သီးမှာ ဖြစ်ပေါ်လျက် လျပ်စီးကြောင်းများလည်းလက်ကာ အားကောင်းပြင်းထန်လှတဲ့ မိုးကြိုးလျှပ်စီးစွမ်းအားဟာ အဆိုပါ လူငယ်များကို ရိုက်ခတ်သွားပါတော့တယ် ။ ဒီကြောက်မက်ဖွယ် တိုက်ခိုက်မှုကြီးက လူငယ်များအား ရှောင်တိမ်းချိန်ပင် မရလိုက်ပါပေ ။ ရင်ဘတ်တွေကို ချန်ရှန်၏ ပြင်းထန်လှ သော လက်သီးများထိကာ ပါးစပ်မှ သွေးများအန်လျက် နောက်ဆုတ်သွားပါတယ် ။
“ကဲကဲ ဒီတော့ ဒီတော့”
ချန်ရှန် လှောင်ပြုံးပြုံးလျက် ပြောလိုက်တယ် ။ သူဟာ ချန်ဖုယွန် ဖြစ်ပျက်သွားတာကို မြင် လိုက်တယ် ။ ချန်မျိုးနွယ်ရဲ့ အကြီးတစ်ယောက်ဟာ ချန်မျိုးနွယ်အပေါ် လေးစားမှု မရှိပဲ ယောင်မျိုးနွယ်နဲ့ မိတ်ဆွေရင်းချာဖြစ်လို့နေပါတယ် ။ တော်တော်အတ္တကြီးသည့် လူပါပဲ ။
ချန်ရှန်၏ ရုတ်တရက် ပြုမူမှုဟာ ချန်ဖုယွန် ကို အံ့အားသင့်ကာ ဒေါသထွက်သွားစေပါတယ်။ သူဟာ ချန်ရှန့်အကြောင်းတွေ ကြားဖူးတယ် သိပ်မယုံကြည်ခဲ့ ယခုတော့ တကယ်ကို အံ့အား သင့်စရာပါပဲ ၊ သိုင်းပညာဂိုဏ်းရဲ့ နောက်လိုက်တွေကိုတော် ဒဏ်ရာတွေ တော်တော်ရစေခဲ့ လို့ပါ ။
“ဒါလား သိုင်းပညာဂိုဏ်းနောက်လိုက်ရဲ့ စွမ်းရည်ဆိုတာ”
ချန်ရှန် လူငယ်လေးယောက်ကို ကြည့်ပြီး ပမာမခန့် ပြောလိုက်ပါတယ် ။ ဒါဟာ လူငယ် ၄ ဦး ကိုဒေါသတွေ တော်တော် ထွက်သွားစေပါတယ် ။
“မင်းသာ င့ါကို အလစ်မလုပ်ရင် ထိတောင် ထိခွင့်ရမှာ မဟုတ်ဘူး”
လူငယ်တစ်ယောက်က ပါးစပ်မှာ စီးကျနေတယ့် သွေးများအား သုတ်ရင်း ဒေါသတကြီး ပြောဆိုပါတယ် ။
“ဒီတော့ ငါတို့ ဘယ်လိုချကြမလဲကွ”
ချန်ရှန် သူ၏ လက်သီးများအား နှိပ်နယ်လျက် မေးလိုက်တယ် ၊ သူ၏မျက်နာမှာ တိုက်ခိုက်မယ့် အရိပ်အယောင်တွေ မြင်နေရပါတယ် ။
“တိုက်ကြတာပေါ့”
လူငယ်ဟာ ဒေါသတွေ ပြည့်နေလျက်ပါ ။ တိုက်ခိုက်ခြင်းကသာ သူ့ဒေါသတွေကို ပြေပျောက် နိုင်မှာဖြစ်ပြီး နေသာထိုင်သာရှိမှာပါပဲ ။ ချန်ဖုယွန်ဟာ သူတို့ကို ရပ်ဖို့ မကြိုးစားပါ ဘူး ။ နောက်တောင် ဆုတ်ပေးလိုက်ပါသေးတယ် ။ ဒီအချိန်မှာပဲ အဆိုပါလူငယ်ဟာ ချန်ရှန်ဆီ မျက်နာချင်းဆိုင် ပြေးလာပါတော့တယ် ။
လူငယ်ရဲ့ ခြေလှမ်းများဟာ အလွန်ပေါ့ပါးလှတယ် ။ ဒါဟာ ခြေချောင်းလေးများကို အသုံးပြု ခြင်းနဲ့ တူပါတယ် ။ သူဟာ လျင်မြန်ရုံသာမက ကြီးမားတယ့် အဟုန်ကိုပါ သယ်လာသလိုပါ ပဲ ။
“သိုင်းပညာ အဆင့် ၆”
ချန်ရှန် လူငယ်၏ အဆင့်ကို အကဲခတ် ပြောဆိုလိုက်ပါတယ် ။ လူငယ်ဟာ ချန်ရှန်၏ မလှုပ် မယှက်ပုံကို တွေ့လိုက်ရတယ် ။ သူ၏ စွမ်းအားများကို အားကုန်ဖွင့်လိုက်ပါတယ် ။ သူဟာ ချန်ရှန်သူ၏ ခြေလှမ်းများကို ကာကွယ်ဖို့ ကြိုးစားတာကို မြင်လိုက်ရတယ် ။ သူ့ကိုယ်သူ ဂုဏ်ယူနေမိပါတယ် ။ သူဟာ မိုးပေါ်ခုန်လိုက်ပြီး သူ၏ ခြေထောက်များဖြင့် အဆက်မပြတ် ခြေကန်ချက်များ ထုတ်လိုက်ပါတော့တယ် ။
ရုတ်တရက်ပဲ ပုံရိပ်တွေ ကောင်းကင်မှ ချန်ရှန်ဆီသို့ ကျလာတယ့်အခါ ပြင်းထန် လှတယ့် ချီဓာတ်များကို အသံများဆူညံလျက် လေထဲ ထုတ်လွှတ်လိုက်ပါတော့တယ် ။ ဒီလူငယ်ရဲ့ ခြေကန်ချက်များဟာ အထင်ကြီးလောက်စရာပါပဲ ။
ချန်ရှန် ဟာ ဒီအချိန်မှာ ဒီတိုက်ကွက်ကို ပုံမဖော်မိဘူး ဖြစ်နေပါတယ် ။ သူဟာ မရေတွက် နိုင်တယ့် ခြေကန်ချက်အရိပ်များအောက်မှ မလွတ်မြောက်နိုင်သလိုပါပဲ ။ သူဟာ လူငယ်ရဲ့ ခြေကန်ချက်သိုင်းကွက်ကို မစဉ်းစားနိုင်တော့ပါဘူး ။
“ဖုန်း ဖုန်း ဖုန်း”
ချန်ရှန် ခန္ဓာကိုယ်လဲ မျက်စိတစ်မှတ်အတွင်း များစွာသော ကန်ချက်များ ထိမှန်ခဲ့ပါပြီ ။ ဒီနောက်မှာတော့ သစ်သားစားပွဲပေါ်သို့ ပြုတ်ကျကာ စားပွဲလည်း တစ်စစီ ဖြစ်သွားပါတော့ တယ် ။
“ဟက် ဟက် ၊ မင်းဟာ ဘယ်လို ဘယ်လို”
လူငယ်က အထင်သေးဟန်ဖြင့် ပြောလိုက်ပါတယ် ။ သူပြောပြီးချင်းပဲ ချန်ရှန်ဟာ လေထဲ ခုန်တက်သွားကာ မတ်တပ်ပြန်ရပ်လိုက်ပါတယ် ။ သူ၏ အဝတ်အစားများကို စုတ်ဖြဲလျက် ဘာမှ မဖြစ်သလိုပါပဲ ။ လူငယ်များသာမက ချန်ဖုယွန်ပါ တော်တော်လေး အံ့အားသင့်သွား ကြပါတယ် ။
“မင်းး .. မင်းး …. ငါခုနကပဲမင်းကို အမှန်အကန် ကန် ခဲ့တာ ငါ့ရဲ့စွမ်းအားကြီး ချီဓာတ်တွေ ကနေ မင်းဘယ်လို တောင့်ခံနိုင်တာလဲ ။ ငါအနည်းဆုံး ၁၀ ချက်အထက်လောက် ကန်ခဲ့တာ ၊ တစ်ချက်စီတိုင်းမှာလည်း အရမ်းကို စွမ်းအားကြီးမားတယ့် ချီဓာတ်တွေ ထည့်ကန်တာလေ”
လူငယ်ဟာ အလောတကြီးဖြင့် ပြောဆိုပါတယ် ။ လက်ရည်တူထဲမှ သူ့ကန်ချက် ကို မိရင်တောင် တေ်ာတေ်ာ ဒဏ်ရာရသွားစေမှာ ဖြစ်နေလို့ပါ ။ ချန်ရှန် ပါးပါးလေးပြုံးကာ ပြောလိုက်ပါတယ် ။
“မင်းလှုပ်ရှားဟာ တကယ်ကို ကောင်းမွန်ပါတယ် ၊ ဒါပေမယ့် သာမန်ပဲရှိသေးတယ်ကွ”
ပြောနေတုန်းမှာပဲ ချန်ရှန်ဟာ လူငယ်ထံ သူ၏ လက်သီးများကို အရှိန်ဖြင့် ထိုးလိုက်ပါတယ်။ ကြီးမားသော ပုဆိန်ကြီးတစ်လက်ဖြင့် တောင်ကြီးကို ဖြိုချလိုက်သလိုပါပဲ ၊ အဆက်မပြတ်ကိုပါ ။ လက်သီးချက်တိုင်းမှာ ကြီးမားလှတယ့် မြစ်ကြီးစီးဆင်းသလို အဟုန် များ ပါဝင်လျက်ပါပဲ ။ ပေါက်ကွဲမှုတွေဟာလည်း တချိန်တည်း ကျရောက်လျက်ပါ ။ လက်သီးတစ်ချက်ချင်းဟာ ရက်စက်လှတယ့် ကျားခေါင်းများအသွင် ပြောင်းသွားကာ လေ ကို ဖြတ်သွားသံကတော့ ရက်စက်လှတယ့်ကျားကြီးတွေ ဒေါသထွက်ပြီး ဟိန်းဟောက်သံများနှင့်ပင် တူနေပါတော့တယ် ။
ခဏလေးအတွင်းမှာပဲ ချန်ရှန်၏ မရေတွက်နိုင်တယ့် လက်သီးများဟာ လူငယ်ဆီသို့ မုန်တိုင်း တိုက်သလိုပင် ကျရောက်လျက်ရှိနေပါတယ် ။ လူငယ်ရဲ့ တုံ့ပြန်မှုဟာလည်း အရမ်း ကိုမြန်ဆန်ပါပေတယ် ။ တောက်ပသော ရွှေရောင် အကာအကွယ်တစ်ခုကို လေများ သူ၏ ကိုယ်တွင် လှည့်ပတ်စေလျက် ပြုလုပ်လိုက်ပါတယ် ။ သတ္တုချီဓာတ်ဖြင့် ပြုလုပ်တာဖြစ်ပြီး ချန်ရှန်၏ မုန်တိုင်းလက်သီးများမှ သူ့ကိုယ်သူ ကာကွယ်ရန်ပဲ ဖြစ်ပါတော့တယ် . . . ။
Chapter - 33
#ဟွာယုယန်
လူငယ်ရဲ့ ချီဓာတ် အကာအကွယ်ဟာ တော်တော် စွမ်းပါတယ် ။ ချန်ရှန်ရဲ့ မုန်တိုင်းလို ပြင်းထန်လှတယ့် လက်သီးများဒဏ်ကို တော်တော် တောင့်ခံနိုင်ပါတယ် ။ ဒါပေမယ့် ချန်ရှန် ဂရုမစိုက်ပါဘူး ။ ချန်ရှန် သူ၏ မီးလို ချီဓာတ်တွေကို အစိမ်းရောင်ချီဓာတ်များဖြင့် ပေါင်းစပ်လိုက် ပါတယ် ။
ချန်ရှန်ဟာ ယခု သူ၏ မိုးပြာနဂါး သစ်သားချီဓာတ် သုံးနေရုံ မျှမက ဇု ချီဓာတ်လို့ခေါ်တယ့် မီးစွမ်းအား ချီဓာတ်ကိုပါ ပေါင်းစပ် အသုံးပြုနေတာပဲ ဖြစ်ပါတယ် ။ ချီဓာတ် ၂ ခု ပေါင်းစပ်ကာ အရမ်းစွမ်းအားကြီးမာသွားပြီး စွမ်းအင် ကို ၂ ဆ ဖြစ်သွားစေပါတော့တယ် ။
ချန်ဖုယွန်ရဲ့ တပည့်များဟာ ချီဓာတ် အရောင်ပြောင်းသွားပြီး တစ်ချိန်ထဲ ချီဓာတ် ၂ ခုသုံးနေတာကို မြင်တယ့်အတွက် အံ့အားသင့်လျက်ပါ ။ ချန်ရှန် မထိုးခင်မှာပဲ လူငယ်၏ ရွှေရောင် အကာအကွယ်ဟာ အနည်းငယ် လှုပ်ခွာသွားတာ ကို မြင်လိုက်ရတယ် ။
ချန်ရှန်ရဲ့လက်သီးဟာ ကြီးမားသော ပေါက်ကွဲသံတွေ အော်မြည်လျက် လျှပ်စီးများတဖြတ်ဖြတ်လက်သော မီးတောက်များ ထုတ်လွှတ်နေပါတယ် ။ အငွေ့တွေဟာလည်း ပတ်ပတ်လည်မှ ထွက်နေကြပြီး အားလုံးဟာ တုန်လှုပ်နေလျက်ပါပဲ ။
" ဖုန်းးး ဖုန်းးးး ဖုန်းးးး"
ချန်ရှန်၏လက်သီးများဟာ အမြဲတမ်း လျင်မြန်လျက်ပါပဲ ။ မျက်တောင်တစ်ခတ်အတွင်းမှာ ပဲ လက်သီး ၁၀ ချက်လောက်ဟာ လူငယ်၏ ရွှေရောင် အကာအကွယ်ကို အသံများစွာထွက်ပေါ်လျက် ထိမှန်ပါတော့တယ် ။ မြေကြီး တွေပါ ကျယ်လောင်စွာ မြည်ဟည်းပြီး အရပ်လေးမျက်နာသို့ ပြန့်လွင့်လျက်ပါ ။
ကျယ်လောင်သော အသံများနဲ့ ရူးသွပ်စွာ တိုက်ခိုက်နေမှုကို ချန်လုဇောင် ၊ ချန်ဖုယွန် နဲ့ ကျန်လူငယ်များ ကြည့်လျက်ပါ ။ တော်တော်ထိတ်လန့်နေကြပုံပါပဲ ။ ချန်ရှန် ဒီလို အရူးအမူး တိုက်ခိုက်နိုင်လောက်အောင် ချီဓာတ်စွမ်းအားမကြီးလောက် ဘူးလို့ ထင်မိခဲ့ကြတာပါ ။
လူငယ်ကို ကာရံထားတယ့် ရွှေရောင်အကာကွယ်ဟာ တဖြည်းဖြည်း မှိန်လာပါတယ် ။ သူ၏ကိုယ်လည်း တော်တော် နာကျင်နေပြီဖြစ်ကာ သူ၏ အကာကွယ်မှာလည်း ချန်ရှန်၏ ပြင်းထန်လှသော လက်သီးများကြောင့် လှုပ်ခါနေလျက် ရှိပါတယ် ။
"သေပေတော့"
ချန်ရှန် ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ခုန်လိုက်ကာ သူ၏ ချီဓာတ်များ စွမ်းအင်ပြည့်ဝစွာ ပါဝင်သော လက်သီးဟာ လူငယ်ကို ထိမှန်သွားပါတော့တယ် ။ လူငယ်လည်း ဥက္ကာခဲ တစ်ခုလို လွင့်ထွက်သွားပြီး သူ၏ ရွှေရောင် ချီ အကာအကွယ် မှာလည်း ကွဲထွက်လွင့်စင်သွားပါတော့တယ်။ ပါးစပ်ကလည်း သွေးများအန်လျက် အလွန်နာကျင်နေပုံပါပဲ ။
ချန်ရှန် ကျန်လူငယ်များဘက်သို့ လှည့်ကြည့်ပြီး အော်လိုက် ပါတယ် ။
"ကဲ ၊ ဘယ်သူလာချင်သေးလဲ"
ကျန်လူငယ် ၃ ယောက် မှာ မည်သည့်စကားမျှ မပြောနိုင် ကြပေ ။ ကြောက်ရွံ့မှုမှာ သူတို့မျက်နာများတွင် အထင်းသား။ ချန်ရှန်ရဲ့ ချီဓာတ် ထုတ်နိုင်မှုစွမ်းအားဟာ နှစ်ရှည်လများ ကျင့်ကြံထားသော စွမ်းအားပြည့် ဆရာကြီးတစ်ယောက်နဲ့ ပင် အလားသဏ္ဍာန် တူနေပါသေးတယ် ။
"သွားကြစို့"
ချန်ဖုယွန် ပြောစရာ စကားမရှိတော့ပေ ။ ချန်ရှန်ရဲ့ စွမ်းအား ဟာ သူ့ကို တော်တော် အံ့အားသင့်စေခဲ့ပါတယ် ။ အရမ်းလည်း ကြောက်ဖို့ကောင်းတာ သူသိခဲ့ပြီလေ ။
"နေဦး ၊ သူဟာ ကြီးမားဂိုဏ်းအဖွဲ့ဝင်တစ်ယောက် ဖြစ်တယ်၊ ကျွန်တော်တို့ဟာ သိုင်းစွမ်းအင်ချင်း ဖလှယ်ခဲ့ကြတယ့်အ တွက် ဂရုမစိုက်မှုတွေ အနာတရဖြစ်စေမှုတွေ ရှိခဲ့တယ် ။ ဒါကြောင့် ဂိုဏ်းရဲ့ သိက္ခာကျမှု နဲ့ အမုန်းတရားတွေကို ရှောင်ချင်တယ့်အတွက် ပြန်ကုသ ပေးပါ့မယ်"
ချန်ရှန်ဟာ ချက်ချင်းပဲ မီးဖိုကို ဆွဲထုတ်ကာ တင်ပလ္လင်ခွေ ထိုင်လျက် ဆေးပင်များကို ထည့်လိုက်ပါတယ် ။ ချန်ရှန်ဟာ တကယ်ကို ဆေးလုပ်တော့မှာပါ ။
"တကယ်ပဲ မင်းက သူ့ကို ကုသပေးနိုင်မှာလား ။"
ချန်ဖုယွန် စိတိမရှညိစွာမေးလိုက်ပါတယ် ။ ချန်ရှန်ကလည်း ခနဲ့တဲ့တဲ့လေသံဖြင့် -
"သာမန်ဆေးလေးက သူ့ကို ဘယ်လို ကုသပေးမလဲဆိုတာ ကြည့်ပါဦး ။ သူဟာ ကျွန်တော့ရဲ့ မီးနဲ့ လျှပ်စီး ချီဓာတ်ကြောင့် ဒဏ်ရာရ သွားတာဖြစ်တယ် ။ သင့်တော်သက်ဆိုင်တယ့် ဆေးမပေးဘူးဆိုရင် ကုသဖို့ အကြာကြီး ကြာလိမ့်မယ်"
ပြောပြီးမှာပဲ ချန်ရှန် မီးဖိုထဲ မီးတောက်များ ထည့်လိုက်တယ် ။ ချန်ဖုယွန်လည်း လူငယ်ကို သယ်လာပေးပါတယ် ။ လူငယ် ဟာ တော်တော် အထိနာသွားတယ် ဆိုတာ ဒဏ်ရာတွေကို ကြည့်ရင် သိနိုင်ပါတယ် ။ ချီဓာတ်ဟာ ဒဏ်ရာတွေထဲ စိမ့်ဝင်လျက်ပါ ။ ဒါဟာ သာမန် ချီဓာတ်တွေလည်း မဟုတ်ပါဘူး ။
နာရီဝက်လောက် ကြာသည်အထိ ချန်ဖုယွန်နဲ့ သူ့တပည့်များ ဟာ တိတ်ဆိတ်လျက် စိတ်ရှည်စွာ စောင့်နေကြတယ် ။ ချန်ရှန်ရဲ့ ဆေးပညာစွမ်းရည်ကိုလည်း ကြည့်ချင်တာ ပါတာပေါ့ ။
ချန်ရှန် မွှေးပျံ့နေသော ဆေးနံ့များ ထွက်နေသည့် မီးဖိုဟာ ဖွင့်လိုက်ပါတယ် ။ ပြန်လည်ကုသသည့် စွမ်းအင်ဖြည့်ဆေး ကို လုပ်တာ နာရီဝက်သာ ကြာသွားတယ် ။ တကယ်ကို မယုံ နိုင်စရာပါပဲ ။ ချန်ဖုယွန်နဲ့ တပည့်သုံးယောက်တို့ တော်တော် လန့်သွားပါတော့တယ် ။
"ဒါဟာ အလယ်လတ်တန်းစား ဆေးဖြစ်တယ့် စွမ်းအင်ဖြည့်ဆေးပဲ"
ချန်ရှန် ဆေးလုံးကို ချန်ဖုယွန် ဆီပေးလိုက်တယ် ။ ဒီလိုလုပ် ခြင်းဟာ ချန်မျိုးနွယ်၏ စီနီယာ သူ့အပေါ် အမုန်းမပွားစေရန်ဖြစ်ပြီး ချန်ဖုယွန်၏ သူ့အပေါ်အမြင်ကို ပြောင်းလဲပေးရန်ကြောင့် ဖြစ်ပါတယ် ။
အလယ်အလတ်စားဆေး ကို နာရီဝက်ဖြင့် ချန်ရှန်လုပ်ခဲ့ တာပါ ။ ဆေးလက်ခံရရှိချိန်မှာတော့ ချန်ဖုယွန်တစ်ယောက် ဒီလူငယ်ဟာ ပါရမီရှင်ဆိုတာကို လက်ခံသွားပါတော့တယ် ။
"မင်းတို့က ဆေးရောင်းပြီး စီးပွားရေး လုပ်မလို့လား ။ ဒီမှာက ဒန်ရှန် သာမက ယောင်မျိုးနွယ်လည်းပဲ ရှိနေကြတယ် ကွ ။ မင်းတို့ဆေးရောင်းစားလို့ကတော့ ငတ်သေကြမှာပဲ ။ ဒါတော်တော် နုံအတယ့် အကြံအစည်ပဲ ၊ ငါ ချန်မျိုးနွယ် က မင်းကို ပိုက်ဆံဖြုန်းနေတာ ရပ်အောင် လုပ်မယ် ။ ချန်ရှန် ၊ ငါမင်းကို အကြံပေးချင်တာက မင်းယောင်မျိုးနွယ်ကို သွားတောင်းပန်တာ အကောင်းဆုံး ဖြစ်မယ်"
ချန်ဖုယွန်လည်း ပြောပြီးတာနဲ့ တပည့်များဖြင့်အတူ ပြန်လည် ထွက်ခွာသွားကြပါတော့တယ် ။ ချန်ဖုယွန် ထွက်သွားပြီးနောက် ချန်လုဇောင်ဟာ ချန်ရှန်အားကြည့်ကာ သက်ပြင်းချ၍ -
"ဒီလူက တကယ့်ကို တစ်ကိုယ်ကောင်းဆန်တာ ၊ မျိုးနွယ်ကို စွန့်ခွာသွားတာကြာပြီ ။ ငါအံ့သြနေတာက ဒီလူ ယောင်မျိုးနွယ် ရဲ့ ချီးမြောက်မှုကို ရပြီး သူ့မူရင်းမျိုးနွယ်ကို ရင်ဆိုင်နေတာကိုပဲ ။ မင်းအဖိုးသာ ဒီမှာရှိရင် သူ့ကိုအပစ်ပေးမှာပဲ"
ချန်ရှန်လည်း ကြမ်းပြင်ကို လှည်းကျင်းနေပြီး မေးလိုက်တယ် ။
"အဖိုးလေး ၊ ဒီဂိုဏ်း နောက်လိုက်တိုင်း ဒီလိုပဲ စွမ်းအားကြီးကြ လား"
ချန်လုဇောင်က ခေါင်းခါယမ်း၍ -
"သူတို့ဟာ အပြင် ဂိုဏ်းနောက်လိုက်အဆင့်ပဲရှိသေးတာ။ တကယ်လို့ အတွင်းဂိုဏ်းနောက်လိုက် သို့မဟုတ် တပည့်အရင်းနဲ့သာတွေ့ရင်တော့ မင်သေချာပေါက်ကို ရှုံးမှာပဲ ။ ချန်ဖုယွန်ဟာ အပြင်ဂိုဏ်းနောက်လိုက်ထဲက အဆင့်မြင့် နေရာမှာ ရပ်တည်နေတဲ့ လူတစ်ယောက်ပဲ"
ချန်ရှန် တော်တော်တုန်လှုပ်သွားပါတယ် ။ ခန့်မှန်းရသလောက် ချန်ဖုယွန်ဟာ အနည်းဆုံး သိုင်းပညာ အဆင့် ၉ နေရာမှာ ရှိနေတယ့် သူပါ ။ ဒီလိုလူတောင် အပြင်ဘက်ဂိုဏ်းကလူဆိုတော့ အတွင်းသို့မဟုတ် တပည့်အရင်းသာဆို ဘယ်လိုအဆင့်မှာများ ရှိမှာပါလိမ့် ။
"ဆေးပညာရှင် သွားရှာပြီး ငှားလိုက်ဦးမယ်"
ချန်ရှန်ပြောလိုက်ပါတယ် ။ သူဘယ်လိုဆွေးနွေး မယ်ဆိုတာ အစီစဉ်ရှိပြီးသားပါ ။
"မြို့ထဲမှာရှိတယ့် ဆေးဆရာအများစုဟာ သူ့လူနဲ့သူ ရှိပြီးသားကွ ၊ အသစ်ရှာဖို့ကတော့ တော်တော်ခက်တယ်ဟေ့"
ချန်လုဇောင် သက်ပြင်းချလျက်ပြောပါတယ် ။ ဆေးပညာရှင်တွေ ဟာ တကယ်ကိုရှားပါးလှပါတယ် ။ ရှိတယ့်လူတွေကိုလည်း ဆိုင်ရာ လူတွေက ကူညီထောက်ပံ့ပြီးသားပါ ။ ချန်ရှန် မျက်လုံးများ ပုတ်ခတ်ကာဖြင့် -
"ကျွန်တော် ဒန်ရှန်ကို သွားမှာ ။ ဟိုအမျိုးသမီးနဲ့ စီးပွားရေးကိစ္စ လေးတွေ နည်းနည်းဆွေးနွေးမလို့"
တံမြက်သည်း အတန်ကြာလှည်းပြီးနောက်မှာတော့ ချန်ရှန် မြို့လယ် ခေါင်မှာရှိတယ့် ဒန်ရှန်ဆေးဖက်ဝင်တိုင်းပြည်ကြီး သို့ ထွက်လာခဲ့ပါတယ် ။ ဒီမြို့လယ်က ဒန်ရှန်ဟာ ဘုရင့်မြို့တော်မှာ ရှိတယ့် ဒန်ရှန်ဆိုင်ခွဲအားလုံးရဲ့ ပင်မရုံးချုပ်လည်း ဖြစ်တယ် ။
ယခု ဒန်ရှန်ဟာ တော်တော်ကြီးကို ကြီးမားပါပေတယ်။ ချန်ရှန် အထဲဝင်ကာ သူဘယ်သူဆိုတာကို ပြောလိုက်သောအခါ နွေးထွေး စွာ ကြိုဆိုကြလေတယ် ။ တာဝန်ခံတစ်ယောက်က သူ့အား အထဲခေါ်သွားတယ် ။ ဟောခန်းများ ကောင်တာများစွာကို ဖြတ်ပြီး နောက် အရောင်စုံပြီး လှပခမ်းနားလှတယ့် ဥယျာဉ်ကြီးကို တွေ့ လိုက်ရပါတယ် ။ ဥယျာဉ်ရဲ့ အလယ်မှာတော့ အိမ်ငယ်လေး တစ်ခု ရှိနေပါတယ် ။
ပန်းမွှေ့ယာမှ လေနဲ့အတူပါလာသော ရနံ့များဟာ ချန်ရှန်စိတ်ကို တမျိုးလန်းဆန်းစေပါတော့တယ် ။ ထို့နောက် အိမ်ထဲမှ နူးညံ့သာယာလှသော အသံလေးထွက်ပေါ်လာပါတယ် ။
"သခင်လေးချန် ၊ ဝင်ခဲ့ပါ ။ ကျွန်မ ရှင်လာမယ်ဆိုတာ သိနေတယ်"
ဆွဲဆောင်မှုရှိလှတယ့် ရယ်သံလေးနဲ့ အသံလေးကြောင့် ချန်ရှန် ခဏတာ ကြောင် နေမိတယ် ။ သူ့စိတ်ထဲမှာတော့ မြေခွေးမလေး ရဲ့ နူးညံ့တယ့် ကျိန်စာ သင့်ပြီလို့ပဲ ထင်မိလိုက်တယ် ။ ချန်ရှန်လည်း မွှေးပျံ့လျက်ရှိသော အခန်းထဲဝင်သွားပါတယ်။ တဲအတွင်းမှာတော့ ကျက်သရေရှိပြီး နှစ်သက်ကြည်နူးဖွယ်အဆင်း ရှိတယ့် မိန်းမလှ တစ်ယောက်ဟာ လှပသော ကိုယ်ဟန်ဖြင့် လက်ဖက်ရည် လုပ်နေတာကို မြင်လိုက်ရပါတယ် ။
အရင်တစ်ခေါက်က ဟွာယုယန် ဟာ မျက်နာမှာ ပိတ်စအုပ်ထား သောကြောင့် သူမမျက်နာကို မမြင်ရပေ ။ ယခုတော့ သူ မြင်ရနေပေပြီ ။ သူထင်ထားတာထက်ကို ပိုမိုလှပနေတာ တွေ့ရှိ လိုက်ရပါတယ် ။ သူမဟာ ဖောက်ထွင်းမြင်ရတယ့် ပိတ်ကျဲ စကပ် ကို ဝတ်ဆင်ထားလျက်ရှိတယ် ။ ကျောက်စိမ်းကြာပန်များနဲ့ တူသော လက်မောင်းများကိုလည်းကောင်း ၊ ကျစ်လျစ်သွယ်လျသော ခြေထောက်များကို လည်းကောင်း တစ်စိတ်တစ်ဒေသ တွေ့နိုင်ပါတယ် ။ သူမ၏ လှပသော ခါးမှာလည်း ပိတ်ပါးပါးအောက်မှ မြင်နိုင်သလို နွားနို့ရောင်ဖြူဖွေးပြီး ကြီးမားလှတယ့် ရင်နှစ်မွှာဟာလည်း နက်ရှိုင်းလှတယ့်လျိုမြောင်နှင့် အတူ မြင်နိုင်နေပါတယ် ။
ဒါဟာ ဝတ်လစ်စလစ်မာယာပါပဲ ။ တကယ်လို့ ချန်ရှန်သာ ခိုင်မာတဲ့ စိတ်ဓာတ်ရှိသူမဟုတ်လျှင် သူတို့၏ မာယာကျော့ကွင်းအတွင်း သက်ဆင်းရတော့မှာပါ ။ ဘာကြောင့် ဒီ ဆွံ့အနေတယ့် ပုံရိပ်ဟာ ဒီမှာ ရှိနေလဲဆိုတာတော့ ပဟေဠိ ဖြစ်လို့နေပါတော့တယ် . . . ။
Chapter – 34
#မာယာ
ဟွာယုယန် လက်ဖက်ရည်ကို စုပ်မသောက်ခင် နှုတ်ခမ်းနီနီများအား စူလိုက်ပါတယ် ။ ငေးမော ဆွံ့အသွားစေလျက် ချိုသာသော အပြုံးလေး သူမ၏မျက်နာမှာ ပေါ်သွားတယ် ။ ထို့နောက်ချန်ရှန်အား ပြောပါတယ် ။
“ကဲ လက်ဖက်ရည်သောက်ရင်း စီးပွားရေးအကြောင်း ပြောကြတာပေါ့”
ချန်ရှန် နှာခေါင်းကို ကိုင်ရင်း နည်းနည်း ရှက်ကိုးရှက်ကန်း ဖြစ်သွားပါတယ် ။ ခုနကပဲ တစ်စုံတစ်ယောက်နဲ့ ချထားတယ် ၊ ထို့နောက် ကမန်းကတန်း ဆေးလုပ်ခဲ့ရသေးတယ် ။ ဒါကြောင့် အနည်းနဲ့အများ ချွေးတွေထွက်လျက် အဝတ်အစားမှာလဲ ဖြစ်ကတတ်ဆန်း ဖြစ် လို့နေပါတယ် ။ သူလည်း ပြုံးပြီး ပြောလိုက်ပါတယ် ။
“သခင်မဟွာ ၊ အပြင်ပန်း အလှတွေထက်ကို သခင်မက ပိုလှပါပေတယ် ။ ကျွန်တော် နားမလည်တာက ဒန်ရှန် သခင်မက ဘာလို့ ကျွန်တော့အပေါ် အရမ်းနွေးထွေးနေလဲ ဆိုတာပါပဲ ။ ဒါခံစားချက်က ကျွန်တော့်ကို တော်တော် နေရခက်စေတယ် ဟဟ”
စကားပြောပြီးနောက် ချန်ရှန်ဟာ စိတ်ထဲမှ တော်တော် ညှို့ဓာတ်ပါတယ့် မိန်းကလေးပဲလို့ သတ်မှတ်လိုက်ပါတယ် ။ မျက်နာမှာတော့ တည်ငြိမ်နေပုံပေါ်သော်လည်း တကယ်တော့ သူရင်တွေ တဒိန်းဒိန်း ခုန်နေတာပါ ။ သူ ဘိုင်ယုယုနဲ့စုမေးယိုတို့ရဲ့ ကျောက်စိမ်းနဲ့တူတယ့် ခန္ဓာကိုယ်ကိုလည်းကောင်း ၊ နတ်သမီးလို လှပ နူးညံ့တယ့် ရွှီရှန်းရှန်း ကို လည်းကောင်း ၊ ဒါတင်မကသေး ကျက်သရေရှိ လှပတင့်တယ်လှတယ့် နတ်လက်နက်ကောင်းကင်ဘုံ ဧကရီ အားလည်းကောင်း မြင်တွေ့ခဲ့ပြီး ဖြစ်ပါတယ် ။ သူ့ရှေ့မှာ ရှိနေတယ့် မိန်းကလေးဟာ လီလီပန်းများ နှင်းဆီပန်းများလို ပဲဆိုတာကတော့ ဝန်ခံရပါပေမည် ။ သူမ၏ အလှဟာလည်း သူမြင်ဘူးခဲ့တယ့် အလှများစွာ နဲ့ ကောင်းကောင်း ကို နှိုင်းယှဉ်လို့ ရနေပါတယ် ။
“သခင်လေး မှာ ပါရမီထူးလှတယ့် ရွှီရှန်းရှန်း ရှိပြီးသားလေ ။ ဒီမိန်းကလေးကို ဘယ်လိုများ ရွေးချယ်လိုက်တာလဲ”
ဟွာယုယန် သူမကိုယ်သူမ နှိမ့်ချချင်ယောင်ဆောင်လိုက်ပေမယ့် သူမ မျက်နာမှာတော့ မနာလိုမှု တချို့ တွေ့နိုင်ပါတယ် ။ ချန်ရှန် ဒီမိန်းမလှကို အကြာကြီးမကြည့်တော့ပဲ လက်ဖက်ရည်သောက်လိုက်ကာ ပြောပါတယ် ။
“သခင်မဟွာ ၊ လိုရင်းကို ပြောကြတာပေါ့ ။ ကျွန်တော် နှစ်တစ်ထောင် သွေးဝိဉာဉ်တော် မြက်ကို ရောင်းချင်လို့ပါ ။ ဒန်ရှန်သခင်အနေနဲ့ ကျွန်တော့ကို ကျေနပ်လောက်တယ့်ဈေး ပေးနိုင်မယ်လို့ ထင်လို့လေ”
ဟွာယုယန် ဒါကို ကြားတယ့်အခါမှာ ဆွဲဆောင်မှုရှိတယ့် ပုံစံဖြင့် ဆက်လက် အနှောက် အယှက်မပေးတော့ချေ ။ ထိုင်ချလိုက်ပြီး ချန်ရှန်အား လက်ဖက်ရည်ငှဲ့ပေးကာ ပြောပါတယ်။
“ရှင်က ကျွန်မကို အံ့သြအောင် လုပ်တာပဲ ၊ ဒါက နှစ်တစ်ထောင်မြက် ဖြစ်ပြီး ရှင်လည်းဆေးပညာရှင်တစ်ယောက်ဆိုတော့ ဘယ်လောက်တန်ဖိုးရှိမလဲဆိုတာ ရှင်လည်း သိမှာပါ ။ ရှင် ငွေအမြန်လိုနေတယ်ဆိုလည်း ဒီက ကောင်မလေးက ရှင့်ကို တချို့တဝက် အရင် ချေးပေးလို့ရပါတယ်နော်”
ချန်ရှန် တော်တော် အံ့သြသွားပါတယ် ။ သူမရဲ့ နှစ်သက် သဘောကောင်း မှုကို ဘာကြောင့် သူရနေလည်းဆိုတာ မရှင်းမလင်း ဖြစ်နေပါတယ် ။ သူလည်း ဘာမှ မလုပ်ပါပဲ ဒီမိန်းမလှ က သူ့ကို ဒီလိုဆက်ဆံနေတယ် ။ ငွေပါချေးနေလေရဲ့ ။
“ဒီမိန်းမက အကြံအရမ်းကြီးတယ် ။ ငါဂရုစိုက်မှရမယ်”
ချန်ရှန် လုံးဝသဘောပေါက်မိပြီး နောက် သတိထားလိုက်ပါတယ် ။
“ရပါတယ် ။ ကျွန်တော် ဘယ်သူ့ကိုမှ အကြွေးတင်မခံချင်လို့ပါ ။ တကယ်လို့ သခင်မ ဟွာ ဆန္ဒမရှိရင် ကျွန်တော် တခြားသူရှာလိုက်ပါ့မယ်”
ချန်ရှန် မတ်တပ်ထရပ်လိုက်တယ် ။ ဒီမိန်းမလှရဲ့ အလှည့်စားကို ထပ်မခံနိုင်တော့ပါဘူး နောက်ပြီး ဒါဟာ သူ့အတွက်မကောင်းနိုင်ပါ ။ ဟွာယုယန် သက်ပြင်း အနည်းငယ် ချလိုက်တယ် ။ စိတ်ဓာတ်ကျတယ့်ပုံနဲ့ လေသံတီးတိုးဖြင့် ပြောပြန်ပါတယ် ။
“တခြားလူရဲ့ အမြင်မှာတော့ ကျွန်မဟာ ကြီးမြတ်တဲ့ ဒန်ရှန် သခင်ကြီးပေါ့ ။ ဒါပေမယ့် ကျွန်မ ရဲ့ အစစ်အမှန်ပုံစံကတော့ ဘာမှမဟုတ်ပါဘူး ။ ဒါပေမယ့်လည်း ဒန်ရှန်တောင်ယွမ်ရဲ့ မိန်းမ အစေခံပါ ။ ဘာကြောင့်လဲဆိုတော့ ကျွန်မဟာ လှပပြီး ဉာဏ်ကောင်းလို့ပါပဲ ။ ဒီကိုလွှတ်တာ ဒန်ရှန် ဆေးတိုင်းပြည်ကို တာဝန်ယူပေးဖို့ပါပဲ”
ဒီလို လှပတယ့် မိန်းမလှလေးဟာ မိန်းမအစေခံတဲ့လား ။ ချန်ရှန် မယုံကြည်နိုင်ပါ ။
“သခင်လေး ချန် ၊ ရှင်ဟာ အရမ်းရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပါ ။ ဆေးပညာမှာကော သိုင်းစွမ်းရည်မှာပါ တော်လှပါပေတယ် ။ သိုင်းပညာဂိုဏ်းတွေမှာတောင်မှ ရှင့်ကိုလူမျိုး လိုက်ရှာဖို့ ခက်ခဲလွန်းပါတယ် ။ ပွင့်ပွင့်လင်းလင်းပြောရရင် ရှင့်ကို ဒန်ရှန်တောင်ယွမ်ထဲ ဆွဲခေါ်ချင်တာ ။ ဒါဆို ကျွန်မလည်း ဒန်ရှန်တောင်ယွမ်က ဆုတော်တွေရမယ် ၊ ရှင်လည်း ဒီဆေးပင်တွေ နည်းပါးလှတယ့် နေရာကနေ ထွက်ခွာသွားနိုင်ပြီလေ”
ဟွာယုယန် သနားစရာကောင်းလောက်အောင် ငြီးတွားလျက် ချန်ရှန်ကို ကြည့်နေပါတော့တယ် ။ သိုင်းပညာဂိုဏ်းဟာ မျိုးဆက်သစ်ကောင်းကို စုဆောင်းလျက်ပါ ။ ဂိုဏ်းတစ်ခုအတွက် ဒါဟာ ကောင်းတယ့် အရာပါ ဒါပေမယ့် ချန်ရှန်အတွက်ကတော့ မသေချာပါဘူး ။
“ကျွန်တော့နာမည်ကို ဒန်ရှန်တောင်ယွမ် မှာ စာရင်းသွင်းရင် သခင်မအတွက် အကျိုးရှိမယ် ပေါ့ ။ သခင်မဟာ အစေခံမိန်းမနဲ့ မတူဘူး ။ အရှင်မကို ခန့်မှန်ရသလောက်တော့ အနည်းဆုံး သိုင်းပညာ အဆင့် ၈ ရှိမယ်ထင်တာပဲ”
ဟွာယုယန် အနည်းငယ် အာရုံပြန်ရပြီးနောက်
“သခင်လေးချန်မှာ မျက်စိအမြင် ကောင်းကောင်းရှိတာပဲ ၊ ရှင့်ကို အမှန်တရား ပြောပြဖို့အတွက် ဒန်ရှန်တောင်ယွမ်ကိုတော့ အရင် ဝင်ကလိမ့်မယ် ။ ဒါဆိုကျွန်မလည်း ဆုတော်တွေရရုံသာမကပဲ ရှင်လည်း တပည့်ရင်းဖြစ်လာလိ့မ်မယ် ။ ဘာကြောင့်လဲဆိုတော့ များစွာသော ပါရမီရှင်တွေဟာ စစ်မှန်တယ့် သိုင်းပညာလောကထဲ မဝင်နိုင်ဘူး ။ ဒီလိုပါရမီရှင်မျိုးတွေ အများကြီးကို ကျွန်မတွေ့ဖူးတယ်”
ချန်ရှန် ကလည် း ပြန်ပြောလိုက်ပါတယ် ။
“သခင်မဟာ လူအများရဲ့ အရူးလုပ်ခြင်းခံရတာပဲ”
ဟွာယုယန် သူမ၏ သေးငယ်သော နှုတ်ခမ်းလေးကို စူလျက် -
“ကျွန်မ လိမ်တာမဟုတ်ဘူး ၊ သူတို့ဟာ ဒန်ရှန်တောင်ယွမ်ကို စေတနာ့ဝန်ထမ်းလာလုပ်ဖူး ကြတယ် ။ သူတို့အတွက်လည်း အကျိုးမယုတ်ပါဘူး”
ချန်ရှန် သူ၏ ခေါင်းများကို ခါရမ်းကာ ပြောပါတယ် ။
“ကျွန်တော် ဒန်ရှန်တောင်ယွမ် ကို မဝင်ချင်ဘူး ။ သိုင်းပညာအစစ်အမှန်ဂိုဏ်း တစ်ခုထဲကိုပဲ ဝင်ချင်တာပါ”
ဟွာယုယန် အထင်သေးဟန်ဖြင့် ပြန်ပြောပါတယ် ။
“သိုင်းပညာအစစ်အမှန်ဂိုဏ်းတဲ့လား ၊ သခင်လေးချန် ဂိုဏ်းကြီး ၈ ဂိုဏ်းထဲမှာ သိုင်းပညာ အစစ်အမှန်ဂိုဏ်းကို ဝင်ဖို့က အခက်ခဲဆုံးပဲ ။ ဒီဂိုဏ်းဟာ ရှင့်ဟာရှင် ဘယ်လိုပဲ ပါရမီပါပါ သူတို့က ဂရုမစိုက်ဘူး ။ သူတို့ရဲ့ စမ်းသပ်ချက်တွေကို အောင်မြင်မှသာ ဝင်ခွင့်ပြုတာ ဖြစ် တယ် ။”
ချန်ရှန် အကြည့်တွေ စူးရှလာတယ် ။ ထို့နောက် ပြောလိုက်ပါတယ် ။
“ဒါဟာ စိန်ခေါ်မှုပဲ”
ဟွာယုယန် နှာခေါင်း ရှုံ့လျက် ဒေါသသံနဲ့ ပြန်ပြောပါတယ် ။
“အရူးပဲ ၊ ရှင့်ကို ကျွန်မက ဒန်ရှန်တောင်ယွမ်ကို ဦးဆောင်ခေါ်တယ် ။ ရှင်က မဝင်ချင်ဘူး ။ ဒီမဟုတ်တဲ့ သိုင်းဂိုဏ်းကျ ဝင်ချင်တယ် ။ နောက်ကျမှ ရှင်နောင်တ ရလိမ့်မယ်”
“နောင်တရခြင်းဟာ ကျွန်တော့ရဲ့ ကိစ္စပါ ။ လက်ခံစကားပြောပေးတာ ကျေးဇူးတင်ပါတယ် ဒန်ရှန် သခင်”
ချန်ရှန် သူမကို ပြုံးပြလျက် ပြောလိုက်ပါတယ် ။ ဟွာယုယန် သူမ၏ နှုတ်ခမ်းကို ကိုက်ပြီး ချန်ရှန်ကိုကြည့်ကာ တတွတ်တွတ်ပြောနေပါတယ် ။
“ကျွန်မကို ဒန်ရှန်သခင်လို့ ခေါ်မနေပါနဲ့ ။ ကျွန်မဟာ တကယ်တော့ မိန်းမအစေခံ ပါပဲ ။ ဒီဂုဏ်ပုဒ်ကို မခံယူနိုင်ပါဘူး ။ ရှင် ကျွန်မကို ဘယ်သူဆိုတာ သိကတည်းက မြောက်ပင့်ပီး ခေါ် စရာ မလိုတော့ပါဘူး ။ ယုယန် လို့ပဲခေါ်ပါ ဒီလိုမှမဟုတ်ရင်တော့ ကျွန်မ ရှင်တို့ ချန်မျိုးနွယ် ကို ဘာဆေးမှ ရောင်းမှာ မဟုတ်ဘူးနော် ။”
ခုနကပဲ သူမဟာ စိတ်ကြည်နူးမှုတွေ ကို သူမရဲ့ ချစ်စဖွယ်ကောင်းပုံလေးတွေဖြင့် ပေးစွမ်းပြီး အခုကျတော့ ဒေါသထွက်တယ့် မိန်းကလေးအသွင် ပြောင်းသွားပြန်ပါပြီ ။ ချန်ရှန် ရယ်မော မိပါပြီ ။
“ယုယန် အခု ကျွန်တော်တို့ နှစ်တစ်ထောင် မြက်အကြောင်း ပြောလို့ရမလား”
ဟွာယုယန် လက်ဖက်ရည် ၂ ခွက်ဆင့်မော့သောက်လိုက်ပါတယ် ။ သူမ၏ ဒေါသများကို ဖြေလျော့လိုက်ဟန်ဖြင့် ပြန်ပြောပါတယ် ။
“ချန်ရှန် ၊ ရှင်က တောင်းဆိုတာနော် ကျွန်မက တိုက်တွန်းတာ မဟုတ်ဘူး ။ ရှင်က တကယ့်ကို အရူးပဲ ။ ရှင်က ဆေးပင်ကိုကျ ရောင်းချင်တယ် ။ ကျွန်မရဲ့ကမ်းလှမ်းမှု ကိုကျ ငြင်းပယ်တယ် ။ ရွှီရှန်းရှန်း - ဒီလိုဖူးဖူးမှုတ်ခံထားရတယ့် ကောင်မလေးက ရှင့်လို အရူးကို ဘယ်လိုများရူးသွပ်ခဲ့ပါလိမ့်”
ဒီလိုပြောပြီးနောက် သူမ၏ လှပသော မျက်နာဟာ ဒေါသတွေ အပြည့်နဲ့ပါပဲ ။
“ရှင် ငွေချက်ချင်း အရေးတကြီးလိုနေရင် ၊ ကျွန်မချေးပေးနိုင်တယ် ။ ကျွန်မဟာ အစေခံ တစ်ဦးဖြစ်သော်လည်း ငွေအများကြီး ရှိပါတယ် ။ ဒန်ရှန်ရဲ့ ငွေတွေကို လှည့်ပတ် ကလားဖန် ထိုးလို့လည်း ရသေးတယ်”
“ဒီမှာ အမျိုးသမီး ၊ ခင်ဗျားက တော်တော် လေရှည်တာပဲ ။ ကျွန်တော် ခင်ဗျားဆီ အကြွေး မတင်ချင်ဘူးဗျ”
ချန်ရှန် သူ၏ နှုတ်ခမ်းများ ကိုက်လျက် ပြန်ပြောလိုက်ပါတယ် ။ ဟွာယုယန် ကလည်းပြန်ပြောလေတယ် ။
“ငွေစကြီး ၄၀၀၀၀၀”
ချန်ရှန် ဒီပမာဏကို ကျေနပ်ပါတယ် ။ ခေါင်းညိမ့်လျက် ပြန်ပြောလိုက်တယ် ။
“နောက်ပြီး ကျွန်တော် ဆေးပင်တချို့ ဝယ်ချင်သေးတယ်”
ချန်ရှန် စာရင်းတစ်ခုနဲ့ နှစ် ၁၀၀၀ မြက်ကို ထုတ်လိုက်တယ် ။ မြက်ကို ယူုပြီးနောက် ဟွာယုယန် သက်ပြင်းချလိုက်တယ် ။ ထို့နောက်
“ရှင်သာ ဒန်ရှန်တောင်ယွမ်ကို ဝင်ရင် တပည့်ရင်း ဖြစ်လာမယ် ။ ကျွန်မလည်း ရှင့်ရဲ့ အစေခံဖြစ်မှာပဲ ။ ဒီအချိန်မှာ ကျွန်မဟာ ရှင့်အတွက် အမြဲတမ်းအစေခံဖြစ်နေမှာ”
ချန်ရှန် မျက်ခုံးများ မြင့်တက်သွားတယ် ။ ဒါဟာ တကယ့် မာယာ တစ်ခုပေပဲ ဒါပေမယ့် သူငြင်းလိုက်ပါတယ် ။
“ရှန်းရှန်းလေး မနာလို ဖြစ်လိ့မ်မယ်ဗျ”
ဟွာယုယန် လျာထုတ်လျက် ပြောလိုက်ပါတယ် ။
“ဒီရူုးနေတယ့်လူကို ပြောရတာက သေနေတယ့်လူကို ပြောနေရသလိုပဲ ၊ ခဏစောင့် ကျွန်မ ပြန်လာခဲ့မယ်”
သွယ်လျ လှပလှတယ့် သူမ၏ ခါးလေးကို ကြည့်ရင်း ချန်ရှန် အသက်ပြင်းပြင်း ရှူလိုက်မိတယ် ။ ဒီအချိန် စုမေးယိုက ရယ်မောကာ ပြောပါတယ် ။
“ဒါကတော့ လေးစားစရာ ကောင်မလေးပဲ ။ သူမ သာ မင်းကို တပည့်ရင်းသာ လုပ်ပေးနိုင်ရင် တကယ်တော့ တော်တော် ကောင်းတဲ့ အရာပဲ ၊ ဒီဂိုဏ်းတွေထဲမှာတပည့်ရင်း ဆိုတယ့် ဂုဏ်ပုဒ်ဟာ တော်တော် မြင့်တယ်ဆိုတာ မင်းသိသင့်တယ်”
“ဘာကြောင့်လဲ”
“ရှင်းပါတယ် ၊ဘာလို့လဲဆိုတော့ ဂိုဏ်းရဲ့ တပည့်ရင်းဟာ သိုင်းလောကသားတွေရဲ့ အထက် မှာဖြစ်တယ် ။ သိုင်းပညာဂိုဏ်းတွေက အရမ်းကြီးသော်လည်း များစွာသော နောက်လိုက် တွေ ရှိကြတယ် ။ ဒါပေမယ့် တပည့်ရင်းကတော့ အများကြီး မရှိဘူး ။ နောက်တစ်ခု က တပည့်ရင်းတွေဟာ ဂိုဏ်းတစ်ခုလုံးရဲ့ အင်အားကို အခြေခံအားဖြင့် ကိုယ်စားပြု လို့ပဲ”
ဘိုင်ယုယုက အေးစက်စွာဖြင့် ဝင်ရောက် ရှင်းပြပါလေတော့တယ် . . . ။
Chapter – 35
#ဆေးဖက်ဝင်သတ္တုသစ်သီး
ဒီအချက်က ချန်ရှန် ဂိုဏ်းထဲဝင်ချင်စိတ်အား ပိုပြီး တွန်းအားပေးနေသလိုပါပင် ။ သို့သော် သိုင်းပညာ အဆင့် ၈ နဲ့ ၉ တို့တောင် အပြင်ဂိုဏ်းပဲ ဖြစ်နေပါသေးတယ် ။ ဒီအချက်က ဂိုဏ်း ထဲဝင်ရန် ဘယ်လောက် ခက်ခဲစေတယ်ဆိုတာကို ပေါ်လွင်စေနေပါတော့တယ် ။
“သိုင်းပညာအစစ်အမှန်ဂိုဏ်းက တကယ်ကိုဆိုးဆိုးဝါးဝါး အခြေအနေပဲ ။ ကျွန်တော် တပည့်ရင်း ဖြစ်နိုင်ပမလား”
ချန်ရှန် ညည်းလျက် ပြောလိုက်ပါတယ် ။
“ဒါပေါ့ ။ မင်းမှာ ယင် နဲ့ ယန် နတ်အတွင်းအားတွေ ရှိတယ် ။ ဒါတင်မက ငါတို့ညီအမ ၂ ယောက် ကလည်း မင်းကို အနီးကပ် သေချာသင်ပေးရုံမက မင်းကိုယ်တိုင်ကလည်း ကြိုးစားတယ် ။ နောင်အနာဂတ်မှာ မင်းဟာ စွမ်းအားတွေ ပြည့်စုံစွာနဲ့ နယ်ပယ်ကြီးတစ်ခုလုံး ကိုတောင် အုပ်ချုပ်နိုင်ဦးမယ်”
ဘိုင်ယုယု လေးလေးနက်နက်ဖြင့် ပြောလိုက်တာပါ ။ သူမ ချန်ရှန်ကို တော်တော် ယုံကြည်ချက် ရှိနေပုံပါပဲ ။ ချန်ရှန် ဟွာယုယန် ပြန်မလာခင် ခဏ စောင့်လိုက်ရတယ် ။ ဒီတစ်ကြိမ်မှာတော့ သူမဟာ ခရမ်းရောင် ဝတ်ရုံ နဲ့ စကပ်ကို တွဲဖက် ဝတ်ဆင်ထားပါတယ် ။ ခုနကလို မဟုတ်တော့ပါဘူး ။ အိန္ဒြေရရဖြစ်လျက် ချန်ရှန်ကိုတောင် စိတ်ပျက်စေမယ့် ပုံပါ ။
“ဒီမှာ ရှင်လိုနေတယ့် ငွေစနဲ့ ဆေးပင်တွေပဲ”
ဟွာယုယန် ငွေစများနှင့် ဆေးပင်အချို့ကို စာရွက်ဖြင့်ထုတ်လျက် စားပွဲပေါ်တင်လိုက်ပါ တယ် ။ ချန်ရှန် ဘာကိုမှ စစ်ဆေးခြင်းမရှိပဲ ပစ္စည်းများကို သူ၏ အိတ်အတွင်း ထည့်လိုက်ပါ တယ် ။ ဒါဟာ ဟွာယုယန်ကို ယုံကြည်ခြင်းကို ပြလိုက်တာဖြစ်ပြီး သူမကို ကျေနပ်စေလိုက် ပါတယ် ။
“ဘုရင့်မြို့တော်ရဲ့သိုင်းပြိုင်ပွဲမှာ ပြိုင်ဖို့ ရှင်စာရင်းသွားသွင်းပြီးပြီလား ၊ ဒီတောင်ပိုင်း သိုင်းလောကက စစ်မှန်သောသိုင်းဂိုဏ်းရဲ့ တရားစီရင်ပိုင်ခွင့် အောက်မှာ ရှိနေတာလေ”
ဟွာယုယန် မေးလိုက်ခြင်းဖြစ်ပါတယ် ။ သူ ချန်ရှန်အပေါ် စိတ်ဝင်စားနေပုံပါပဲ ။ ခဏမျှ စဉ်းစားပြီးနောက် ချန်ရှန် ပြန်ပြောလိုက်ပါတယ် ။
“ကျွန်တော် ပြိုင်မှာပါ ။ ဒါပေမယ့် ဂိုဏ်းကို သွားလိမ့်မှာမဟုတ်ဘူး ။ စစ်မှန်တဲ့ ဆေးလုပ်ဖို့ အတွက် ပြိုင်မှာ”
ချန်ရှန် ထွက်သွားတာကိုကြည့်ပြီး ဟွာယုယန် ခေါင်းခါကာ သက်ပြင်းအနည်းငယ် ချလိုက်ပါ တယ် ။ စိတ်မသာမယာ ဖြစ်မှုများ သူမ၏ လှပသော မျက်လုံးများမှာ ပေါ်လျက်ပါ ။ ခုနကပဲ အတွေ့အကြုံ နုနယ်သေးတယ့် ကောင်လေးတစ်ယောက်ကို သူမ၏စကားလုံးတချို့နဲ့ အချိုသတ်ခဲ့တယ် ။ ခုတော့ သူမအများကြီးပြောခဲ့ပေမယ့် သူမပြောနေတုန်းပဲ သူမသာ သွေးဆောင်ခြင်းခံလိုက်ရတယ် ။ နောက်ဆုံးတော့ သူမချန်ရှန်ကို အယုံမသွင်းနိုင်ခဲ့ပါဘူး ။
ချန်ရှန် နှစ်တစ်ထောင် သွေးဝိဉာဉ်တော်မြက်အား ငွေစကြီး ၄၀၀၀၀၀ ဖြင့် ရောင်းခဲ့ပြီး ၁၀၀၀၀၀ ငွေစသုံးပြီး ရှားပါး ဆေးပင်အမြောက်အများဝယ်ခဲ့တာပါ ။ ဒီအထဲမှ တန်ဖိုးအကြီး မားဆုံးတစ်ခုကတော့ ဆေးဖက်ဝင်သတ္တုသစ်သီးစေ့ ပဲ ဖြစ်ပါတယ် ။
ဆေးဖက်ဝင်သတ္တုသစ်သီးဟာ အဆင့်မြင့် ဆေးဖက်ဝင် အသီး အမျိုးအစားဖြစ်ပါတယ် ။ အကြောတစ်ထောင် သစ်သီးလောက်ကို တန်ဖိုးရှိပါပေတယ် ။ နှစ်တစ်ထောင်မှသာ တစ်လုံး သီးတာပါ ။ အခွံလည်း ပါရှိပါတယ် ။ ၎င်းကလည်း တော်တော်အသုံးဝင်တာပါ ။ အထူးသဖြင့် အဆင့်မြင့် ဆေးတွေပြုလုပ်ရာမှာ အသုံးဝင်ခြင်းပါပဲ ။ ဆေးပြုလုပ်နေတယ့် အချိန် ၎င်းကို သုံးရင် ဆေးရဲ့အရည်အသွေးဟာ သိသိသာသာ ကောင်းမွန်စေတာပါပဲ ။ ဆေးများနောက်ဆုံးအဆင့် အခဲပြုလုပ်ခြင်းမှာလည်း လွယ်ကူစေပါတယ် ။
ချန်ရှန်ဟာ ဆေးဖက်ဝင်သတ္တုသစ်သီးအစေ့ကိုဝယ်ယူခဲ့ပြီး ဆေးဖက်ဝင်သတ္တုပင် စိုက်ဖို့ပါ ။ အစေ့ကလည်း ဆေးပညာမှာ အသုံးဝင်ပါသေးတယ် ဒါပေမယ့် ၎င်းမှ သစ်ပင်စိုက်ဖို့ မည်သူ မျှ စဉ်းစားကြမည်မဟုတ်ပေ ။ အဘယ်ကြောင့်ဆိုသော် ပေါက်ရောက်ဖို့ တော်တော်ကြီးကို ကြာမှာမို့လို့ပါပဲ ။ တစုံတယောက်က စိုက်ပျိုးမည်ဆိုပါက ဒီအပင်မှ အသီးသီးဖို့ နှစ်တစ်ထောင် စောင့်ရမှာပဲ ဖြစ်ပါတယ် ။
သို့သော်လည်း ချန်ရှန်အတွက်တော့ ဒီလိုမဟုတ်ပေ ။ ဒီရက်တွေမှာ သူဟာ နဂါးတံတွေး အများအပြား ထုတ်လုပ်ထားပါတယ် ။ ဒီနဂါးတံတွေးဖြင့် အဆက်မပြတ် အစေ့အား တိုက် ကျွေးပါလေတယ် ။ သူဟာ ဒီ အသီးကို လျင်လျင်မြန်မြန်ပဲ ပြုလုပ်နိုင်ပါလိ့မ်မယ် ။
ချန်ရှန်ဟာ ခြံဝင်းလေးထဲမှာ ဖြစ်ပါတယ် ။ သူဟာ ကျောက်စိမ်းပုလင်းလေးထဲမှ နဂါးတံတွေး ကို မထုတ်ခင်မှာ အစေ့ကို စိုက်လိုက်တယ် ။ အခုတော့ သူ အစေ့ကို ပြုစုပျိုးထောင်ရန် လိုအပ်ပါပြီ ။ ဒါကြောင့် နဂါးတံတွေးကို ရေမရောပဲ မြေပေါ်က အစေ့ပေါ် လောင်းချလိုက်ပါတော့တယ် ။
သူအစက်ချ လောင်းပြီးချိန်မှာ များစွာသော ချီဓာတ်များ ထွက်လာကာ မြေကြီးထဲ စိမ့်ဝင် သွားပါတယ် ။ ချက်ချင်းပဲ အတက်လေးတစ်ခု ထွက်ပေါ်လာပါတော့တယ် ။ ဒါကိုကြည့်ခြင်းဖြင့် ဒါဟာ တော်တော် အလုပ်ဖြစ်ပုံပါပဲ ။ ချန်ရှန် နဂါးတံတွေးကို ဆက်လောင်း နေပါတော့တယ်။
တစ်စက်စီတိုင်းမှာ ချီဓာတ်များ ဖြာထွက်လျက် မြေကြီးထဲရှိ မျိုးစေ့ထဲသို့ စိမ့်ဝင်သွားလျက်ပါ။ နဂါးတံတွေးမှာကို များစွာသော အသက်ဓာတ်များ ပါဝင်ပါတယ် ။ ယခုတွင်တော့ အပင်ငယ်လေးအား များစွာသော ချီဓာတ်များ ကို အပင်လေး ရှင်သန်ကြီးထွားလာစေရန် ပေးလျက်ရှိပါတယ် ။
ယခုတော့ ချန်ရှန် နားလည်သွားပါပြီ ။ စုမေးယို နဂါးတံတွေး ကျင့်စဉ်ကောင်းကျိုးကို ထုတ်ဖော်မပြောပဲ လေ့ကျင့်ဖို့ပဲ ထပ်ခါတလဲလဲ တိုက်တွန်းခဲ့တယ် ဆိုတာကိုပါ ။ ဒါတင်မက နတ်အတွင်းအားကျင့်စဉ်ရဲ့ စွမ်းအားကိုလည်း နက်ရှိုင်းစွာ ခံစားတတ်ခဲ့ပါပြီ ။ သူ့ရင်တွေ တဒိတ်ဒိတ် ခုန်လျက်ပါ ။ အချိန်နည်းနည်းပေးပြီး နှစ်တစ်ထောင် ဆေးပင်ကို စိုက်နေရတာ လေပေါ် လမ်းလျှောက်ရသကဲ့သို့ပါပဲ ။
နဂါးတံတွေး တစ်ပုလင်းလုံးလောင်းပြီးချိန်မှာတော့ ဆေးဖက်ဝင်သတ္တုသစ်သီးစေ့ဟာ လူအရွယ်အစား အပင်ငယ်အဖြစ်သို့ ကြီးထွားလာခဲ့ပါပြီ ။ ဒါဟာ တကယ်ကို နေ့တဝက်ထဲ ကြာတာပါ ။
“အ ၊ အသီးတော့ မသီးသေးဘူးပဲ”
ချန်ရှန် စိတ်အလိုမကျဟန်ဖြင့် ညည်းညူလိုက်ပါတယ် ။
“ဟဟ ၊ မင်း ရောင့်ရဲသင့်တယ် ။ ပုံမှန်အခြေအနေမှာဆို ဒီအခြေအနေရောက်ဖို့ နှစ် ၅၀၀ လောက်ကြာမှာ ။ မင်းကတော့ အနည်းဆုံးတစ်လလောက်ပဲ နဂါးတံတွေးကို စုပြီး လောင်း ချလိုက်ရုံပဲ”
အသီး တစ်လုံးသီးတာနဲ့ ချန်ရှန်ဟာ များစွာသောအသီးများကို စိုက်နိုင်တော့မှာပါ ။ ဒီအချိန်မှာ သူလည်း “ဆေးဖက်ဝင်သတ္တုသစ်သီးကို ဆုအဖြစ် ဆေးပညာရှင်စုဆောင်းခြင်း” ဂုဏ်ပုဒ် ကိုရရှိမှာပါပဲ ။ ဒီလိုလွယ်ကူတဲ့နည်းလမ်းနဲ့ ဆေးပညာရှင်တွေကြားမှာ လွယ်လွယ် ဦးဆောင်နိုင်တော့မှာပါ ။
“ကောင်လေး ၊ မင်းအခု အခြေခံတည်ဆောက်ခြင်းဆေး လုပ်ဖို့အတွက် ဆေးပင်အချို့ စစုသင့်ပြီ ။ မင်းမှာ ယင်ယန် နတ်အတွင်းအားရှိပြီး နတ်အတွင်းအားကျင့်စဉ်တွေလည်း လေ့ကျင့်နိုင်တယ် ။ ဒါကြောင့် သိုင်းပညာအတွက်တော့ ဒါကပြသာနာမရှိဘူး ၊ ဒါပေမယ့် မင်းပိုပြီး မြန်မြန်နဲ့ တည်တည်ငြိမ်ငြိမ်စွမ်းအင်ကို လိုချင်ရင် ဒီဆေး လုပ်ကိုလုပ်ရမယ်”
ဘိုင်ယုယ ပြောလိုက်ပါတယ် ။
အခြေခံတည်ဆောက်ခြင်းဆေး ဆိုတာ အဆင့်နိမ့် ဆေးပါပဲ ။ အဓိကအားဖြင့် အခြေခံစွမ်းအင်ကို တည်ငြိမ်ဖို့ နဲ့ ကိုယ်စွမ်းအား တိုးမြင့်စေရန် သုံးပါတယ် ။ ချီဓာတ်သန့်စင် မှုကိုလည်း တိုးတက်လာစေပြီး သိုင်းပညာအဆင့်မတိုးခင် သုံးစွဲပါက ပိုမိုလွယ်ကူစေပါတယ် ။
ချန်ရှန် သူ၏ နှုတ်ခမ်းများကို ကွေးလျက် ပြောပါတယ် ။
“ကျွန်တောက အလယ်လတ်စားဆေးတွေ ပဲလုပ်နိုင်တယ် ဒါပေမယ့် တကယ်အရည်သွေးကောင်းတွေနော် ။ ကျွန်တော် သိုင်းပညာ ထိပ်ရောက်ရင်တောင်မှ ဒါကို လုပ်ဖို့ ကြောက်ရွံ့မိမှာ အမှန်ပဲ”
“ဉာဏ်နည်းနဲ့ ကောင်လေးပဲ ၊ မင်းက ခု အဆင့်မြင့် ဆေးကိုတောင်လုပ်နေတာလေ ၊ ဒီ အခြေခံ တည်ဆောက်ခြင်းဆေး ကို လုပ်နိုင်တာပေ့ါ ၊ ဒါပေမယ့် ဒီဆေးလုပ်မယ့် ဆေးပင်တွေက အရမ်းကို ရှားပါးတယ် ။ဒါပေမယ့် ဒီဆေးလုပ်တာကတော့ လွယ်ပါတယ် ကွာ ၊ ဟဟ”
ဘိုင်ယုယု က အေးစက်စက်ဖြင့် ပြောတယ် ။ ချနှ်န်ဟာ အခု အကြောတစ်ထောင်အသီး နဲ့ နှစ်တစ်ထောင်သားရဲ ဆေးတို့လည်း ရှိနေတယ် ။ ဒီလို ရှားပါးတယ့် ဆေးပင်သုံးမျိုးနဲ့ အခြေခံ တည်ဆောက်ခြင်း ဆေးကို လုပ်ဖို့ ဖြစ်နိုင်ပါတယ် ။ နဂါးတံတွေးကျင့်စဉ်ကို လေ့ကျင့် ခဲ့လို့ပဲ ဖြစ်ပါတယ် ။ သူမှာသာ မျိုးစေ့ရှိရင်ဆေးပင်တွေကို လျင်မြန်စွာ ပြုလုပ် နိုင်မှာပါ ။ ဒါဆို ဒီဆေးတွေ များစွာလုပ်နိုင်မယ် ။ အစေ့တွေဝယ်ခြင်းက ပြသနာမဟုတ်ပါဘူး ။ ဒီဆေးကို ပြန်ရောင်းရင်ကို ငွေများစွာ ရနိုင်မှာမို့လို့ပါပဲ ။
ဒီအချက်ကို စဉ်းစားပြီး ချန်ရှန် စိတ်လှုပ်ရှားလာပါတယ် ။ ဒါကြောင့် ခုလက်ရှိ သူ့စွမ်းအားကို မြင့်ဖို့ လေ့ကျင့်ရမယ် ။ ညရောက်သောအခါ ချန်ရှန် ရုပ်ဖျက်လျက် ဘုရင့်မြို့တော်မှ ထွက်လာပါတယ် ။ သူဟာ တောအုပ်ထဲကို ချီဓာတ်များအသုံးပြုပြီး သွားနေ ပါတယ် ။
ချန်ရှန် မျက်စိများ မှိတ်လိုက်ပါတယ် ။ သူ၏ ယင်ယန်နတ်အတွင်းအားများကို အသုံးပြုပြီး အာရုံခံလျက် ဝိဉာဉ်ချီဓာတ်များစွာကို သူ၏ ကိုယ်မှ ထုတ်လိုက်ပါတယ် ။ ထို့နောက် ချီဒြပ်စင် ၅ ခုကို ဖြည့်တင်းပြီး သူ၏ စွမ်းအင်သိုလှောင်ရာမှာ ၅ နေရာခွဲပြီး နေရာချထား လိုက်ပါတယ် ။
အရုဏ်မတက်ခင်တွင် ချန်ရှန် နိုးထလာတယ် ။ ချီဓာတ်များ ပေါများရာနေရာတွင် ကျင့်စဉ်များကျင့်လျက် ချီဓာတ်များကို စုဆောင်းနေပါတယ် ။ ဒါဟာ သူ့ကို နဂါးတံတွေး လုပ်ရာတွင် များစွာ အကူအညီပေးပါတယ် ။ ဒါဟာ သူ ဒီကို ထွက်လာရခြင်း အကြောင်း ပါပဲ။
ချန်ရှန်ဟာ ခွန်အားပြည့်ဝသော နဂါးကြီး နဲ့ ကြောက်မက်ဖွယ် စွမ်းအားကြီးမားသော ကျားကြီး လိုပါပဲ ။ ရုတ်တရက် တောအုပ်အလယ်တွင် ချန်ရှန် လက်သီးထိုးလိုက်ပါတယ် ။ အစိမ်းရောင် နဲ့ အနီရောင် အလင်းတန်းတွေ ဖြတ်သန်းလျက် တောက်ပသွားကြပါတယ် ။ ကျားခေါင်းများ အသွင် ပြောင်းလဲကာ လေဟာနယ်ထဲသို့ ပြန့်လွင့်လျက် ဟိန်းဟောက်သံများလည်း ထွက်လာကြပါတယ် ။ သူ၏ လက်သီးတစ်ချက်စီတိုင်းဟာ ကြောက်မက်ဖွယ်လေများ တိုက်စေလျက် မြေကြီးမှာလည်း ပင်လယ်လှိုင်းများလို တွန့်လိမ် လျက် ရှိပါတယ် ။ သစ်ပင်များကိုထိုးလိုက်သောအခါ အသံများစွာလည်းမြည်ဟည်းကာ လူနှစ်ယောက်စာပတ်လို့ရသော သစ်ပင်ကြီးမှာ အစိတ်စိတ်အမွှာမွှာကို ဖြစ်သွားပါတော့ တယ် ။
ဒါဟာ အဆင့်မြင့် သိုင်းပညာတစ်ခုဖြစ်တယ့် ကောင်းကင်ကျားမုန်တိုင်းဖြို လက်သီး ပဲ ဖြစ်ပါတယ် ။ ချနှ်ရှန်မှာ နတ်အတွင်းအား သင်္ကေတ ၄ ခုရှိတယ် ဒါပေမယ့် သူဟာ ယခု သိုင်းပညာရိုးရီုးကိုသာ လေ့လာပြီးတာဖြစ်ပြီး စွမ်းအားအဆင့်မှာ ကောင်းမွန်သော်လည်း မလုံလောက်သေးပါ ။
ချန်ရှန်ဟာ တိုက်ပွဲမှာ အမျိုးမျိုးသော စွမ်းအင်များဖြင့် တိုက်ခိုက်နိုင်ပါတယ် ။ များစွာသော အားကောင်းလှသည့် ချီဓာတ်များကို ထုတ်လွှတ်တိုက်ခိုက်နိုင်ရုံသာမက ပုံစံများ ပြောင်းကာ လည်း တိုက်ခိုက်နိုင်ပါသေးတယ် ။ ဒီလိုပုံစံများပြောင်းတယ့်အခါ သူ့ကိုသူ ပိုပြီး ယုံကြည်မှု တွေ ရှိလာသလိုပါပဲ ။
များစွာသော သစ်ပင်များ ကျိုးကြေလျက် မြေပေါ်မှာ တစ်စစီပါ ။ တစ်ပင်စီရဲ့ အစိတ်များဟာ တစ်စီပြန့်ကျဲလျက်ပါပဲ ။ ချန်ရှန် သက်ပြင်းချပြီး တွေးမိပါတယ် ။ သူဟာ ယခု သိုင်းပညာ အဆင့် ၆ နဲ့ ဒီလိုတွေ လုပ်နိုင်တယ် ။ သာမန်လူဆိုတာ သူ့ အတွက် ပုရွတ်ဆိတ်လေး တွေ လိုပါပဲ ။ အဆင့်တူသူ ဆိုလျှင်တောင် ၎င်းတို့ အတွက် သူ၏ ပြင်းထန်လှတယ့် ကောင်းကင် ကျားမုန်တိုင်းဖြိုလက်သီးဒဏ်ကို ခုခံနိုင်ဖို့ တော်တော် ခက်ခဲမှာပါ ။
“ငါသာ တကယ့် သိုင်းပညာအစစ်နယ်ပယ်ထဲဝင်ရင် ဘယ်လောက်တောင် စွမ်းလိုက်မလဲ”
ချန်ရှန် ဒီအကြောင်း စဉ်းစားပြီးနောက်မှာတော့ ကြီးစွာသော စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်လာ ပါတယ် ။ ဒီထက်မက စွမ်းအားများ ပိုပိုပြီးကြီးလာချင်တယ့် ဆန္ဒဟာ အရမ်းကို ပြင်းပြင်းပြပြ ဖြစ်ပေါ်နေပါတယ် ။ သူ၏စိတ်ဓာတ်မှာလည်း ခိုင်မာ ပြတ်သားလျက် ရှိနေပါ တော့တယ် ။
Chapter – 36
#ယောင်မျိုးနွယ်ရှေ့
ချန်ရှန်ဟာ အရုဏ်မတက်ခင် ပြန်လာခဲ့ပါတယ် ။ ဒီရက်မှာပဲ သူဟာ ဆေးတွေ ရူူးသွပ်စွာ ပြုလုပ်လျက်ပါ ။ ညသို့ရောက်သောအခါ သူဟာ မြို့ပြင်ထွက်ပြီး လေ့ကျင့်လျက်ရှိတယ် ။ ရက် ၂၀ လောက် ဒီလိုလုပ်ပြီးတဲ့အခါ သူ၏ စွမ်းအင်များ တိုးတက်ကောင်းမွန်လာရုံသာမက အလယ်လတ်တန်းစား ဆေး နှင့် ၎င်းအောက်ဆေးများပြုလုပ်ရာတွင်လည်း ဆရာတစ်ဆူဖြစ်ခဲ့ပါပြီ ။ တစ်ခါမှ မအောင်မြင်တယ်ဆိုတာတောင် မရှိတော့ပါဘူး ။ ဆေးများစွာကို အချိန်ခဏလေးနဲ့ လုပ်နိုင်တယ့်အချက်က ဆေးပညာရှင်ကြီး ချန်လုဇောင် ပင် သူ့ကိုယ်သူ ရှက်ကိုးရှက်ကန်း ဖြစ်မိသည် အထိပါပဲ ။
နှစ်တစ်ထောင်မြက် ရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်း မှ ၈၀ ရာခိုင်နှုန်းလောက်ထိကို သုံးစွဲပြီး ဖြစ်ပါတယ် ။ သူတို့ ၂ ယောက်သား အသုံးများတယ့် အနိမ့်စားဆေးများစွာ ပြုလုပ်ပြီး ဖြစ် ကြသော်လည်း လောက်ငှမှု မရှိသေးပေ ။
ချန်ရှန်စိုက်ထားသည့် ဆေးဖက်ဝင်သတ္တုအပင်မှာ သစ်သီးသီးလုနီးပါး ဖြစ်နေပါပြီ ။ ဒီရက် ၂၀ အတွင်း သူဟာ နဂါးတံတွေးအား အဆက်မပြတ် လောင်းပေးခဲ့တယ် ။ ဒါဟာ အပင်တစ် ခုထဲအား အချိန်အကြာကြီး ပထမဆုံး စိုက်ခြင်းပင် ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း အကျိုးကတော့ သိတယ့်အတိုင်းပါပင် ။
ဒီအသီးနဲ့ပတ်သတ်ပြီး ချန်ရှန်ဟာ လျို့ဝှက်ထားပါတယ် ။ ဒါကိုသူ၏ ကိုယ်ပိုင်ခြံဝင်းလေးထဲ မှာ စိုက်ထားတာဖြစ်ပြီး ချန်လုဇောင်တောင် အမှတ်မထင်ဖြတ်သွားတာမျိုးကို ခွင့်မပြုပါဘူး။
“ဆေးဗ ဆေးဆရာ လုံလုံလောက်လောက်ငှားပြီးတာနဲ့ ငါလည်း အနားယူဦးမယ် ။ အသက်လေး ဘာလေး ရှူပါရစေဦး”
ချန်လုဇောင် ရွှေရောင် အသီးလေးကို ပွတ်သတ်နေရင်း ပြောပါတယ် ။ ချန်ရှန်ဟာ ဆေးတွေ လုပ်ရောင်းနေဖို့ မတွေးပါဘူး ။ သူဟာ ဒီထက်ကြီးမားတယ့် အရာတွေကို လုပ်ချင် နေတာပါ ။ ရှားပါးဆေးပင်တွေ လိုက်ရှာတာ ၊ သားရဲတွေနဲ့ တိုက်ခိုက်တာ ၊ ရှားပါးကျင့်စဉ် တွေ လေ့ကျင့်တာနဲ့ ကမ္ဘာကြီးတစ်ခုလုံးတောင် ပေါက်ကွဲစေနိုင်တယ့် စွမ်းအားတွေကို လေ့လာတာတွေ လုပ်ချင်နေတာပါ ။
ဒီအချိန်ဟာ ဘုရင့်မြို့တော် သိုင်းပြိုင်ပွဲက တစ်လလောက်ပဲ လိုပါတော့တယ် ။ ဒါကြောင့် နောက်ဆုံးအဆင့် စာရင်းသွင်းဖို့ လိုပါတော့တယ် ။ သူ့ကို နည်းနည်း စိတ်ဓာတ်ကျစေတဲ့ အချက်ကတော့ ဒီပွဲကို ယောင်မျိုးနွယ်က ဦးစီးကျင်းပတာကြောင့်ပါပဲ ။ စာရင်းသွင်းရမယ့် နေရာကလည်း ယောင်မျိုးနွယ် ခြံဝန်းထဲမှာ ဖြစ်ပါတယ် ။
ချန်ရှန်ဟာ လူတွေပြောနေကြတယ့် အကြောင်းကိုလည်း ကြားနေရပါတယ် ။ ယောင်တျန်း ဟွာနဲ့ ယောင်လူကြီးမင်းတို့ ပျောက်နေတယ့် အကြောင်းပါ ။ ဒါပေမယ့် ချန်ရှန်အတွက် ကံ ကောင်းပါတယ် ။ ဘုရင့်မြို့တော် အပြင်ဘက်က ကြီးမားတဲ့ သိုင်းအဖွဲ့အစည်းကြီး ပြိုကွဲပြီး လူတွေအပေါ်လိုက်လံ လုယက်ဆိုးသွမ်းနေတယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေလို့ပါ ။ ၎င်းတို့ဟာ မျိုးရိုးကြီးများက ကလေးများထံမှ ပစ္စည်းများလုယက်ပြီး သတ်ဖြတ်နေတာဖြစ်ပါ တယ် ။ ဒါကြောင့် ချန်ရှန်အပေါ် သံသယမဝင်ကြပါ ။
ယောင်မျိုးနွယ်တစ်ခုလုံးဟာ သူတို့ရဲ့ ပါရမီရှင်လေးနဲ့ သက်ကြီး တစ်ယောက် ပျောက်နေ တာနဲ့ ပတ်သတ်ပြီး တော်တော်လေး ဂယက်ရိုက်နေပါတယ် ။ သူတို့ဟာ တော်ဝင်မိသားစု တွေ အကူအညီနဲ့ ဒီမိစ္ဆာ အင်အားစုများကို အပြင်းအထန် ရှုပ်ချကြပါတယ် ။ ဒီရက်ပိုင်းတွေ မှာပဲ များစွာသာ မိစ္ဆာအင်အားစုများဟာ အပြစ်ပေးခြင်းခံကြရပြီး ပြိုကွဲသွားကြပါတယ် ။ ဒါပေမယ့်လည်း ယောင်မျိုးနွယ်တို့ဟာ ယောင်တျန်းဟွာရဲ့ မည်သည့် သဲလွန်စမျှ မရရှိကြ သေးပါဘူး ။
တကယ်တော့ ယောင်တျန်းဟွာ နဲ့ ယောင်လူကြီးမင်းတို့ ဟာ ချန်ရှန် လက်ချက်မိသွားခြင်းပါ ၊ သူတို့ခန္ဓာကိုယ်ဟာလည်း ပြာအဖြစ် လွင့်စင်သွားကြပါပြီ ။ ဒီလို သဲလွန်စမကျန်သော ကြောင့်လည်း ချန်ရှန်စိုးရိမ်မှုများ အနည်းငယ် လျော့နည်းသွားပါတယ် ။
ချန်ရှန် ယောင်မျိုးနွယ် အိမ်တော်သို့ ရောက်ရှိနေပါပြီ ။ ချန်ရှန် ဟာ အနည်းငယ်တော့ ရင်ခုန် နေမိပါတယ် ။ပြိုင်ပွဲ စာရင်းပေးခြင်းဟာ ယောင်မျိုးနွယ်ဝင်ပေါက်ရှေ့က ကြီးမားသော ကွင်းပြင်ကြီးမှာ ပြုလုပ်တာဖြစ်ပါတယ် ။ စာရင်းပေးခြင်းက စလက်ခံနေတာ ကြာပြီ ဖြစ်ပေ မယ့် နေ့တိုင်း နေရာအရပ်ရပ်မှ လူများဟာ စာရင်းပေး လာရောက်နေကြတုန်းပါပဲ ။ များစွာ သော လူတန်းကြီးဟာ နဂါးတစ်ကောင်အလားပါပဲ ။
ချန်ရှန်လည်း တန်းစီနေတာကြာပါပြီ ။ ယခုတော့ လက်ခံစားပွဲရှေ့ ရောက်ခဲ့ပြီး ငယ်ရွယ်ပုံ ရတယ့် လူ ၂၀ လောက်ဟာ ထိုင်နေကြတာဖြစ်ပြီး တစ်ဦးမှာ သူ၏ ဘောပင်ကို ကိုင်လျက် ပျင်းရိသည့် ပုံစံဖြင့် မေးပါတယ် ။
“နာမည်”
“ချန်ရှန်”
လူငယ်ဟာ ပင်ပန်းနွယ်နယ်ပုံပေါ်နေပေမယ့် ထိုစကား ၂ လုံးကို ကြားတယ့်အခါ မျက်လုံး များပြူးကျယ်သွားလျက် ချန်ရှန်အား သေချာ ကြည့်ပါတယ် ။ ကျန်လူများဟာလည်း ချန်ရှန် အားကြည့်နေကြပြီး ဒီကျော်ကြားတယ့်လူဟာ ဒီမှာရောက်နေပါလားဆိုပြီး အံ့အားသင့် နေ ကြပါတယ် ။ မှော်ကျောက်ဖရုံဆေးကို လုပ်နိုင်ရုံမက သူ၏သိုင်းပညာစွမ်းမှာ အဆင့် ၇ ကိုတောင် ယှဉ်နိုင်နေသေးတာပါ ။ ယောင်လူကြီးမင်းကို ဒဏ်ရာရစေတယ့် ၊ အုပ်ချုပ်ရေးမှူး သားကို ရိုက်ခဲ့တယ် နောက်ပြီး လူအများက တမြို့ လုံးမှာ အလှဆုံးလို့ လက်ခံထားတယ့် ဒန်ရှန်သခင်ရဲ့ သဘောကျမှု ကိုလည်း ရရှိတယ် ။ ဒါတွေဟာ သတိပြုမိစေတယ့် အချက်တွေ ပါပဲ ။
ချန်ရှန်ဟာ ယောင်တျန်းဟွာကို ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ပါရမီရှင်တစ်ဦးပါပဲ ။ တစ်မြို့လုံးဟာ သူ့နာမည်ကို ကြားဖူးနေကြပါမယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ယောင်မျိုးနွယ်အတွက်သူဟာ ဆူး တစ်ခုပါပဲ ။ ယောင်မျိုးနွယ်ဝင်တိုင်းဟာ သူ့ကို မုန်းကြပါတယ် ။ သူတို့အတွက် ချန်ရှန်ဟာ ယောင်တျန်းဟွာ နဲ့ ယောင်လူကြီးမင်းတို့အား ဒဏ်ရာရစေခဲ့သောကြောင့် ၎င်းတို့ ပျောက် သွားခြင်းရဲ့ အဓိကအကြောင်းအရင်းအဖြစ် သတ်မှတ်ကြတာပါ ။ ယောင်လူကြီးမင်းသာ ဒဏ်ရာမရနေပါက ၎င်းတို့ကို ဘယ်လိုမှ ထိခိုက်အောင် လုပ်နိုင်ကြမည်မဟုတ်ဟု ယုံကြည် ထားကြတာပါ ။
“ဟိုကိုသွား စွမ်းအား စစ်ဆေးမှုလုပ် ။ မင်းအောင်မြင်ရင် ပြိုင်ပွဲ ဝင်ခွင့်ရမယ်”
ထိုလူငယ်က တခြားနေရာတစ်ခုကို ညွှန်ပြပါတယ် ။ ဒီကိုမလာခင် စာရင်းသွင်းရင် စမ်းသပ်မှု လုပ်ရတယ်ဆိုတာကို ကြားပြီးသားပါ ။ စစ်ဆေးမှု မအောင်မြင်ရင် ဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ လူငယ်က စာအိတ်တစ်ခုကို ချိတ်ပိတ်လိုက်ပါတယ် ။ ချန်ရှန်လည်း ထိုစာအိတ်ကိုယူကာ တခြားဖက်သို့ ထွက်လာလိုက်ပါတယ် ။
တခြားလူတွေဟာလည်း ချန်ရှန်ရောက်နေတာကို သိကြတယ့်အတွက် ကွက်ကြည့်ကွက် ကြည့် လုပ်နေကြပါတယ် ။ ဆေးပညာရှင်တစ်ယောက်ဖြစ်ရုံသာမက ချန်မျိုးနွယ်စု ခေါင်း ဆောင်ကြီးရဲ့ မြေးဖြစ်သူအတွက် အနာဂတ်ဆိုတာ မှန်းဆမရအောင်ပါပဲ ။ ဒါကြောင့် လူတိုင်းဟာ စိတ်ဝင်စားလို့နေပါတယ် ။
ဒီအချိန်တွေမှာ ချန်ရှန်ဟာ တခြားမျိုးနွယ် ဂျူနီယာများနဲပ စကားလက်ဆုံ ကျမိနေတယ့် အတွက် ပျော်ရွှင်နေပါတယ် ။ တချို့ လူငယ်တွေက ချန်ရှန်ကို အားကျပြီး အားပေးထောက်ခံကြလျက် တချို့ကတော့ ယောင်မျိုးနွယ် ညိုညင်မှာဆိုးသောကြောင့် ချန်မျိုးနွယ်နဲ့ ဆက်ဆံရမှာ ကြောက်နေကြပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် လူငယ်များစွာဟာ ချန်ရှန်ဆီသို့ နှုတ်ဆက်လျက်ပါ ။ ချန်မျိုးနွယ်မှာ ဆေးဆိုင်တစ်ဆိုင် ရှိသောကြောင့် ဆေးနဲ့ ပတ်သတ်ပြီး ယောင်မျိုးနွယ် ညိုညင်မှာ မစိုးရိမ်ကြပုံပါပဲ ။
အချိန်များ တရွေ့ရွေ့ ကုန်လွန်ပြီးနောက် ချန်ရှန် အလှည့်သို့ ရောက်လာပါပြီ ။ လူတစ် ယောက်၏ စွမ်းရည် ကို စမ်းသပ်နည်းက တကယ်ကို ရိုးရှင်းပါတယ် ။ ထူးဆန်းတယ့် ကျောက်တုံးကြီးတစ်ခုကို ရိုက်ရမှာပါ ။ မူလက ကျောက်တုံးရဲ့ အရောင်ဟာ အမည်းရောင်ပါ ၊ ဒါပေမယ့် စမ်းသပ်ခံလူ၏ စွမ်းရည်ဟာ လုံလောက်မှုရှိပါက အရောင်ပြောင်းသွားမှာပဲ ဖြစ် ပါတယ် ။
ချန်ရှန် ကျောက်တုံးကြီးရှေ့မှာ ရပ်နေပါတယ် ။ သူ့ထက်ပင် ကြီးမားသောကျောက်တုံးကြီးပါ ။ စစ်ဆေးသူက ကြေညာပါတယ် ။
“မင်းဒီကျောက်တုံးကို အဝါရောင်ပြောင်းလဲနိုင်ရင် ဒီစစ်ဆေးမှု အောင်မြင်မယ်”
သက်ရောက်သောအားအပေါ် မူတည်ပြီး ကျောက်တုံးကြီးဟာ အမည်းရောင်မှ အနီ ၊ လိမ္မော်၊ အဝါ ၊ အစိမ်း ၊ မိုးပြာ ၊ အပြာ ၊ သို့မဟုတ် ခရမ်းရောင်ကို ပြောင်းလဲတာပါ ။ ခရမ်းကတော့ အားအပြင်းဆုံးလို့ သတ်မှတ်ထားပါတယ် ။
ချန်ရှန် တန်းစီစဉ်ကတည်းက များစွာသောလူများဟာ အနီ တခါတရံ လိမ္မော် အဖြစ်သာ ပြောင်းလဲနိုင်ကြတာကို မြင်တွေ့ခဲ့ရပါတယ် ။ မည်သူမျှ အဝါရောင်အဖြစ် မပြောင်းနိုင်သေးပေ ။
“သရဖူ မင်းသားတုန်းက အပြာရောင်ပြောင်းတာ ငါမြင်ဘူးတယ် ၊ တော်တော်ကို အားကြီးတာဟေ့”
“ငါလည်း ယောင်မျိုးနွယ် ဂျူနီယာတစ်ယောက်က အပြာရောင်ပြောင်းအောင် လုပ်တာ မြင်ဖူးတယ် ။ စွမ်းပကွာ”
“ဒီလောက်ပဲလားကွ ၊ ကြီးမြတ်တဲ့ စစ်သူကြီး လန် ရဲ့သမီးဆို ခရမ်းရောင်တောင် ပြောင်း သေးတယ်ကွ ဟဟ”
“ . . . . . . . .”
ချန်ရှန် တစ်ယောက်တစ်ပေါက်ဖြင့် စွမ်းအားကြီးသူတို့ ယှဉ်ပြိုင်ခဲ့ပုံများအကြောင်း ပြောနေတာ ကြားလိုက်ရပါတယ် ။ ဒီအချိန်မှာ လူတိုင်းဟာ သူ့ကို စူးစိုက်နေကြမှာပါ ။ လူတိုင်းဟာ သူတို့ ကြားဖူးတဲ့ ချန်ရှန်အစွမ်း ဘယ်လောက်ရှိတယ်ဆိုတာကို သိချင်နေကြ ပါတယ် ။ ကောလဟာလ များစွာလည်း ပြန့်လျက်ပါပဲ ။ ဒီထဲက လူအများစုဟာ ချန်ရှန်စွမ်းအားကို သိသူ တစ်ယောက်မျှ မရှိပါချေ ။
ချန်ရှန် သူ၏ လက်သီးကို ပွတ်လျက် ကျောက်တုံးဆီ ရွယ်ပါတယ် ။ ချန်မျိုးနွယ်မှာလည်း ဒီလိုကျောက်တုံးမျိုးှရှိပါတယ် ။ ဒီထက်တော့ အနည်းငယ်သေးပြီး စွမ်းရည် စမ်းသပ်မှု ကိုတော့ ကောင်းကောင်းလုပ်လို့ရပါတယ် ။ ဒါကို ထိုးရိုက်ရတာ တကယ်နာပါတယ် ။ ချန်ရှန် အိမ်မှာတုန်းက ဒါကို ခဏခဏ စမ်းသပ်ဖူးပါတယ် ။ အဲတုန်းကတော့ သူအားကုန်ထိုးတာတောင် အနီရောင်ဖျော့ဖျော့ အဖြစ်ပဲ ပြောင်းခဲ့တာပါ ။ တော်တော် အားနည်းခဲ့တယ့် ချန်ရှန်ပါ ။
ဘယ်လိုပဲဖြစ်ဖြစ် ရာသီတွေပြောင်းလဲမှုနဲ့ အတူ ချန်ရှန်လဲ ယခုတော့ အဆင့် ၆ မှာ ရပ်တည် နေပါပြီ ။ ဒါကြောင့် သူ့ကိုယ်သူလည်း စမ်းသပ်ချင်နေတာပါ ။
ပြင်ဆင်မှုတချို့ပြုလုပ်ပြီးနောက် ၊ ချန်ရှန် အသက်နည်းနည်း ရှူသွင်းပြီး အနီရင့်ငှက် နဲ့ မိုးပြာ နဂါးတို့၏ ချီဓာတ်များကို သူ၏ စွမ်းအင်သိုလှောင်ရာမှာ ခွဲခြမ်စိတ်ပြာပြီး ၎င်းတို့အား ပေါင်း စပ်စေလိုက်ပါတယ် ။ ဒီလိုပေါင်းစပ်ပြီး ချီဓာတ်များ သူ၏ လက်မောင်းကို ပို့လိုက်တယ် ။ သူ၏ အင်္ကျ ီလက်များ ပြာအဖြစ် ပြောင်းသွားကာ လက်မောင်းမှ အပြာရောင်သွေးကြောများ ထွက်လာပါတော့တယ် ။
ဒီအချိန်မှာ စမ်းသပ်မှု လုပ်ရာနေရာရှိ လူများဟာ တိတ်ဆိတ်နေကြလျက် ချန်ရှန် အနီးမှာ ရှိတယ့် လူများတောင် ချီဓာတ်များကို ခံစားမိနေစေပါတယ် ။ ဒီလိုရုတ်တရက် လုပ်ဆောင်မှု များကြောင့် လူတိုင်းဟာ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေလျက်ပါ ။ အားလုံးဟာ ချန်ရှန်ဆီမှ ထွက်လာသော ချီဓာတ်များကို ကြောက်လန့်နေကြပါတယ် ။
အားအင်များစွာကို လက်သီးတွင်စုလျက်ပြင်းစွာသောအဟုတ်ဖြင့် မိုးကြိုး ပစ်ချ လိုက်သလို ထိုးလိုက်ပါတော့တယ် ။ သူ၏လက်သီးမှာ ကျောက်တုံးကြီးကို ထိသွားပါတယ် ။
“ဖုန်းးးးးးးးးးး”
ကျောက်တုံးကြီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေကာအပိုင်းအစများဟာ လွင့်ထွက်သွားကြ ပါတယ် ။ ချီဓာတ်များလည်း ကျောက်တုံးအစများမှာ စွဲကာ စိမ့်ထွက်နေကြပါတော့တယ် . . . ။
Chapter - 37
#သဘောထားကြီးသောအဖိုးအခ
လူတိုင်းကြောင်အနေလျက် ။ သူတို့ထင်မိတာက ခရမ်းရောင် တော့ ပြောင်းလိမ့်မယ်လို့ပါ ။ ဒါပေမယ့် ချန်ရှန်၏ ပြင်းထန်လှသော လက်သီးချက်ကို ကျောက်တုံးကြီးဟာ မခံနိုင်တော့ပဲ ကွဲကြေသွားရပါတော့တယ် ။
ဒီတိုင်ခင်က ကျောက်တုံးကြီးကို စစ်ဆေးသူတွေဟာ အပြာ သို့မဟုတ် ခရမ်းပြောင်းပါက လူငယ်ခေါင်းဆောင်များ ဟု သတ်မှတ်ထားကြပါတယ် ။ ယခုတွင်တော့ ချန်ရှန်ဟာ ကျောက်တုံးကြီးကို ခွဲလိုက်တယ့်အတွက် သူ၏အဆင့်ကို မည်သို့သတ်မှတ်ရမည် မသိတော့ပေ ။
ချန်ရှန် ကိုယ်တိုင်လည်း ဒီရလဒ်အပေါ် တော်တော် အံ့သြ နေမိပါတယ် ။ ဒါပေမယ့် ကျောက်တုံးကွဲချိန်ကစပြီး ယောင်မျိုးနွယ်များ သူ့ကို လျော်ကြေးတောင်းမလားဟု စိုးရိမ်ိသွားပါတယ် ။
" ကျွန်တော်. . ကျွန်တော် အောင်လားဟင် ၊ ကျွန်တော်က စစ်ဆေးပွဲအောင်ဖို့ အားပြင်းပြင်းသုံးလိုက်တာပါ ။ ဒီလို ကံကောင်းသွားလိမ့်မယ် မထင်မိဘူး ။ ခုတော့ ကွဲပြီ"
ချန်ရှန် ခေါင်းကုတ်ကာ ရယ်ကျဲကျဲဖြင့် ပြောပါတယ် ။
လူတိုင်းကလည်း ကြောင်နေလျက်ပါ ။ ဒီလိုကွဲသွားတာက ကံကောင်းလို့တဲ့ ။ အရူူးပဲ ယုံပါပေလိ့မ်မည် ။
"အောင်မြင်တယ်"
စစ်ဆေးသူလည်း ဒီလိုလူမှ အအောင်မပေးလျှင် လူတိုင်းအောင်မှာမဟုတ်တော့မှာကို စဉ်းစားမိသည့်အတွက် အောင်မြင်ပေးလိုက်ခြင်း ဖြစ်ပါတယ် ။
ချန်ရှန်၏ စာရွက်မှာ နောက်ထပ်တံဆိပ်တုံးတစ်ခု ထပ်မံ ခပ်နှိပ်ကာ ပြိုင်ပွဲဝင်ခွင့် ပေးလိုက်ပါတော့တယ် ။ ချန်ရှန်လည်း ယခုမှ သက်ပြင်းရှည်ကြီး ချနိုင်ပါတော့ တယ် ။ ကံအားလျော်စွာ ယောင်မျိုးနွယ်မှ ကျောက်တုံကြီးကို မလျော်ခိုင်း၍ တော်ပါသေးတယ် ။
ဒါဟာ ချန်ရှန်၏ အားအကုန်လုံး မဟုတ်သေးပါဘူး ။ သူဟာ မီးဓာတ်နှင့် သစ်သားဓာတ် ၂ မျိုးသာ အသုံးပြုခဲ့တာ ဖြစ်ပြီး ၃ ခု ကျန်နေပါသေးတယ် ။ အကယ်၍ သူသာ ချီဒြပ်စင် ၅ ခုလုံးအား ပေါင်းစပ်အသုံးပြုခဲ့မည် ဆိုပါက ဒီထက်အဆများစွာ စွမ်းအားကြီးဦးမှာပါ ။
သူဟာ နေ့ပေါင်းများစွာ မီးဓာတ် နဲ့ သစ်သား ချီဓာတ်များ ပေါင်းစပ်ခြင်းကို သေချာ လေ့ ကျင့်ခဲ့တာပါ ။ ဒီလိုပေါင်းစပ်ပြီး ပိုမိုကြီးမားတယ့် စွမ်းအင်တွေ ထုတ်နိုင်ရန်ပဲ ဖြစ်ပါတယ် ။ ဒီအချက်ဟာ ချန်ရှန် သူနဲ့ အဆင့်တူသူများနဲ့ ဆန့်ကျင်ဖက် ဖြစ်ပြီး အဓိက ကွာခြားတယ့် အရာပါပဲ ။
ချန်ရှန်လည်း စာရင်းသွင်းပြီး ပြန်လာတာနဲ့ ဆေးတွေ စလုပ်ပါတော့တယ် .။ ချန်လုဇောင် ကပင် ချန်ရှန်၏ဆေးဟာ တခြားဆေးဆရာအဖိုးကြီးတွေထက် များစွာ သာလွန်ပါပေသည် ဟု မကြာခဏ ချီးကျူးလေတယ် ။
လွန်ခဲ့တယ့် ရက်တွေမှာ ချန်ရှန် စုမေးယိုဆီမှ ဆေးပညာ အမြောက်အများကို သင်ယူခဲ့ပြီး ပါပြီ ။ ထို့နောက် ချန်လုဇောင်အား ပြန်လည် မျှေ၀ ပေးလျက်ပါ ။ ဒီအချက်ဟာ ချန်လုဇောင် အတွက် တော်တော်ကို အကျိုးရှိပါပေတယ် ။ ဒါပေမယ့် ချန်လုဇောင် အနေဖြင့် ဒီဆေးနည်း များဟာ ချန်ရှန်၏ ကိုယ်ပိုင် တီထွင်ချက်များ အဖြစ်သာ သိထားခြင်းဖြစ်ပါတယ် ။ သူလည်း ချန်ရှန်ကို လေးစားသထက် လေးစားနေပါတော့တယ် ။
၁၀ ရက်ခန့် ကြာပြီးနောက်မှာတော့ ၊ ချန်ရှန်၏ ကိုယ်ပိုင် ခြံလေးထဲတွင် လက်သီးဆုပ်အရွယ် ရွှေရောင်အသီးလေး ၆ လုံးသီးနေတာကို မြင်တွေ့ရမှာပါ ။ နေရောင်ခြည်ဟာ ၎င်းတို့အပေါ် ထိုးတယ့်အခါမှာ လှပလှတယ့် ရွှေရောင်အလင်းတန်းများ ဖြာထွက်လို့ နေပါတယ် ။ အနီး နားတွင်သာ တစ်ယောက်ယောက် ရှိပါက အလွန်များပြားလှတယ့် ချီဓာတ်များ အသီးမှ ထွက်ပေါ်နေတာကို ခံစားမိစေမှာပါ ။
“ဒါဟာ တကယ့်ကို အဆင့်မြင့် အသီးပဲ ၊ ဟဟ ဘယ်လိုအရသာတွေများ ရှိပါလိမ့်”
ချန်ရှန် ကိုယ့်တံတွေးကိုယ်ပင် မျိုချမိနေတယ် ။ သူ့အကြံကိုသာ ဆေးဆရာကြီးတွေ သိသွား ပါက မလွယ်ပေ ။ ချန်ရှန် အသီးများကို အလျင်အမြန်ခူးပြီး သူ၏ အိတ်ထဲသို့ ထည့်လိုက်ပါ တယ် ။ ထို့နောက် ဆိုင်မှ ထွက်ခွာလာပြီး ဒန်ရှန် အနီးရှိ နေရာတစ်ခုတွင် ဆေးဆရာ ရှာရန် လုပ်ငန်းစပါတော့တယ် ။ ဘယ်လိုကပ်ရမလဲဆိုတာ သူ စဉ်းစားထားပြီးသားပါ ။
“ချန်မျိုးနွယ် ဆေးဘုရင်ခန်းမမှ ဆေးဆရာ ၃ ဦး အလိုရှိသည် ။ အဆင့်မြင့် ဆေးများကို ပြုလုပ်နိုင်ရမည် ။ အခကြေးငွေ အဖြစ် ဆေးဖက်ဝင်သတ္တုသစ်သီးကို ပေး . . . . . . . . . .”
ဒီလိုရေးပြီးနောက် သူ၏ နာမည်နှင့် လိပ်စာပါတွဲရေးကာ ကပ်ထားလိုက်လေ၏ ။ သူ့တွင် အသီး ၆ လုံးရှိသည်ဖြစ်ပြီး ဒီအသီးတွေဟာလည်း ဆေးပညာ အခြေခံများ တည်ဆောက်ရန် အလွန်အရေးပါလှသဖြင့် သူသုံးရန် ချန်ရပါသေးတယ် ။
ချန်ရှန် ဆိုင်သို့ ပြန်လာပြီး စိတ်ရှည်ရှည် စောင့်နေပါတယ် ။ သူ၏ မက်လောက်စရာ အဖိုးအခ အတွက် များစွာသော ဆေးပညာရှင်များ ကို ဆွဲဆောင်နိုင်မှာပါ ။ အသီးကလည်း တကယ်ကို အဆင့်မြင့် အသီးအမျိုးအစားဖြစ်ကာ ဆေးဆရာတိုင်း၏ သည်းခြေကြိုက်ပါပဲ ။
ချန်ရှန် အကြာကြီး မစောင့်လိုက်ကပါဘူး ။ တစ်စုံတစ်ယောက်ဟာ လာပြီး သူ့ကို မေးပါတော့ တယ် ။ ဒါပေမယ့် အံ့သြစရာက သူဟာ ဆေးဆရာမဟုတ်ပဲ ဒန်ရှန်သခင်၏ မိတ်ဆွေ ဖြစ်လို့ နေ တာပါပဲ ။
ချန်လုဇောင်ကတော့ တိတ်ဆိတ်နေပါတော့တယ် ။ သူဟာ ချန်ရှန် အခကြေးငွေအဖြစ် အသီးကိုပေးကာ ဆေးဆရာငှားရမ်းခြင်းအဖြစ်ကို မသိသေးပါဘူး ။
ဟွာယုယန် ရထားလုံးပေါ်မှ ဆင်းလာပါတယ် ထို့နောက် ဆိုင်အတွင်းသို့ ချက်ချင်း ဝင်ရောက်လာတယ် ။ ဒီတစ်ကြိမ်မှာတော့ သူမမျက်နာမှာ ဘာဟန်ဆောင်မှုမှ မတွေ့ရပဲ လှပတယ့် အဖြူရောင် အဝတ်အစားကို ဝတ်ဆင်ထားပါတော့တယ် ။
ချန်ရှန်လည်း ခရီးဦးကြိုပြုကာ မေးလိုက်ပါတယ် ။
“သခင်မ ဘာများ ဖြစ်လို့ပါလဲ”
“ဟက်”
လှောင်သံလေးနဲ့ အစပြုပြီး အလျင်စလို မျက်နာပေးနဲ့ ပြန်ပြောတယ် ။
“ရှင်က ဆေးဆရာငှားဖို့ ဆေးဖက်ဝင်သတ္တုသစ်သီးကို အခကြေးအဖြစ်ပေးတယ် ဆိုတာ အမှန်ပဲလား”
ချန်လုဇောင် တော်တော် အံ့သြသွားပါတယ် ။ ထို့နောက် ချန်ရှန်မျက်နာကို အထိတ်တလန့် ဖြင့် လှမ်းကြည့်လိုက်ပါတယ် ။
“ဘာပြသနာ ရှိလို့လဲ ။ ခွင့်ပြုချက်တောင်းနေရဦးမှာလား”
ချန်ရှန် လက်ပိုက်လျက် ပြန်ပြောလိုက်တာပါ ။ ချန်လုဇောင် ကြောင်နေရာမှ အသိဝင်လာပြီး ထအော်ပါတော့တယ် ။
“မင်း ရူးနေပြီလား ၊ ဆေးဆရာငှားဖို့ အဲဒါသုံးစရာလိုလား”
တကယ်ကိုရှားပါး အဖိုးတန်လှသော အသီးကို သာမန်လူအဖို့ အိပ်မက်ပင် မက်ဖူးမည် မထင်ပေ ။ ဒီအသီးရှိသူဟာ ရောင်းရငွေနဲ့တင် ဆေးဆိုင်တစ်ဆိုင် ဖွင့်လို့ ရလောက်ပေ သည် ။
“ဒုတ် ဒုတ်”
ချန်ရှန် ရွှေရောင် အသီး ၂ လုံးကို စားပွဲပေါ်တင်လိုက်တယ် ။ ချီဓာတ်များ ထွက်ပေါ်နေသော ကြောင့် ချန်လုဇောင် နှင့် ဟွာယုယန်တို့ပင် လန့်လျက်ရှိပါတယ် ။ သူတို့ဟာ ချန်ရှန်မှာ အသီး ၂ လုံးရှိနေလိမ့်မယ်လို့ မထင်ပါဘူး ။
“မင်းးးးး …. မင်း ….. မင်းးးးးး ….”
ချန်လုဇောင် စကားလုံးများ ပျောက်ဆုံးနေပါပြီ ။ ဟွာယုယန်ကတော့ သက်ပြင်းချလိုက် တယ် ။ သူမဟာ ဂိုဏ်းကြီးတစ်ဂိုဏ်း မှ ဖြစ်ပြီး ကမ္ဘာကြီးကို များစွာ တွေ့ကြုံ ဖြတ်သန်းဖူးပါ တယ် ။ ဒါပေမယ့်လည်း ချန်ရှန်လို ငယ်ရွယ်သူတစ်ယောက်နဲ့ တန်ဖိုးကြီးတစ်ခုကို တွေ့လိုက်ရတယ့်အခါ အံ့အား တော်တော်သင့်မိနေပါတယ် ။
အကြောတစ်ထောင်အသီး ၊ ငရဲဝိဉာဉ်တော်မြက် ၊ နှစ်တစ်ထောင် သားရဲဆေး နှင့် ယခု ဆေးဖက်ဝင်သတ္တုသစ်သီး ၊ အားလုံးဟာ အရမ်းတန်ဖိုးရှိတယ့် အရာတွေပါပဲ ။
ဒီအချိန်မှာ ချန်ရှန် တခြား သတ္တုသစ်သီးတစ်ခုနဲ့ အတူ ထလာပါတယ် ။ ဟို ၂ ယောက်လည်း တုန်လှုပ်လျက်ပါပဲ ။ ချန်ရှန် မေးစေ့ကို ပွတ်ပြီး -
“အဖိုးလေး ၊ အဖိုးလေးက ထိန်းသိမ်းရတဲ့အလုပ်ကို သဘောကျတယ်မလား ၊ ဒါကြောင့် ဒီအသီး ၃ လုံးကို သေချာသိမ်းထားပေး ၊ တစ်လုံးကို အဖိုးလေးယူပြီး စိတ်ကြိုက်အသုံးပြု ။ ကျန် ၂ လုံးကို ဆေးဆရာငှားဖို့အတွက် ထားလိုက် ။ သူတို့လာရင် အဖိုးလေးပဲ အင်တာဗျူး လိုက်ပါ”
ဟွာယုယန် စားပွဲပေါ်ရှိ သစ်သီး ၃ လုံးကို ကြည့်နေပါတယ် ။ နှုတ်ခမ်းကို ကိုက်လျက် ခန့်မှန်း ရခက်တယ့် မျက်နာပေးမျိုးဖြင့်ပါ ။ သူမ စိတ်ထဲမှာတော့ ချန်ရှန်ဟာ တကယ်ကို ရှာမှရှားတဲ့ ဆေးပညာ မျိုးစေ့ကောင်းတစ်ခုပါ ၊ နောက် စစ်မှန်တဲ့သိုင်းပညာ ဂိုဏ်ကိုလည်း ဝင်နိုင်တဲ့ အလားအလာများစွာ ရှိသူပါ ။ သို့သော် သူမ၏ ဒန်ရှန်တောင်ယွမ်ကို တော့ ဝင်အောင် မစွမ်း နိုင်ခဲ့ပါဘူး ။
ချန်လုဇောင် လက်တွေတုန်လျက် အသီးများကို ဂရုတစိုက် သယ်ယူနေပါတယ် ။ ရင်ခုန် စိတ်လှုပ်ရှားနေမှုများကို လျော့ချလိုက်ပြီးနောက် ပြောလိုက်ပါတယ် ။
“ကောင်လေး ၊ ဒါတွေ ဘယ်ကရလာတာလဲ”
ချန်ရှန် ကြုံသလိုပဲ ဖြေလိုက်ပါတယ် ။
“မနေ့ညက တောင်တွေဘက်မှာ သွားလေ့ကျင့်တုန်း ထူးဆန်းတဲ့ နေရာတစ်ခုကို ဖြတ်ခဲ့ရ တယ် ။ အဲဒိက ခူးလာတာပဲ”
“ဒီအပင်မျိုးက ပုံမှန်အားဖြင့် ၅ လုံးလောက် သီးလေ့ရှိတယ် ။ ကြည့်ရတာ ရှင်တော်တော် ချမ်းသာနေပုံပဲ”
ဟွာယုယန် သူမ၏ တောက်ပလှသော မျက်လုံးတစ်ဖက်မှိတ်ကာ ချန်ရှန်အား ပြောလိုက်ပါ တယ် ။ ချနှ်ရှန်လည်း သူမ၏ အလှမှ ရှောင်တိမ်းရန် ပြန်မေးလိုက်တယ် ။
“သခင်မ ဘာအတွက် ဒီကို လာပါသလဲ”
“ဟက်”
“ရှင့်မှာ အသီးတစ်ကယ်ရှိမရှိ ကြည့်ချင်လို့ ။ ရှင်ကတော့ တော်တော်လေးကို နာမည်ကြီး နေပြီ ။ အရင်က ယောင်မျိုးနွယ်ဟာ ရှင်တို့ ဆိုင်ဖွင့်တာကို တစ်စက်မှ စိတ်မဝင်စား ဂရုမစိုက် ခဲ့ဘူး ၊ ခုကျ ရှင့်ရဲ့ ရက်ရောလှတယ့် အခကြေးငွေကြောင့် သူတို့ဟာ လှုပ်လှုပ်ရှားရှား ဖြစ်နေကြပြီ ။ ရှင့်ဆိုင်ကို ကောင်းကောင်းပေးဖွင့်မယ်မထင်ဘူး”
“ငါတို့ကို ဘယ်သူတားရဲလဲ ၊ အကုန်သတ်ပစ်မှာပေါ့”
ချန်လုဇောင် ကြောက်မက်ဖွယ် ကြုံးဝါးလိုက်ပါတယ် ။ သူ့မှာ အခု အသီးတစ်လုံး ပိုင်ဆိုင်နေပြီ ဖြစ်ပြီး သူဟာ မကြာခင် ဆေးတစ်ခု ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ် ။ ထိုဆေးဟာ သူ၏ လက်ရှိ ပိတ်ဆို့နေတယ့် အခက်အခဲကို လွယ်ကူစွာ ချေဖျက်နိုင်တော့မှာ ပဲ ဖြစ်ပါတော့တယ် . . . . ။
Chapter – 38
#ဆေးဘုရင်
“ချန်သခင်လေး ၊ ကျွန်မရဲ့ ဖိတ်ခေါ်ခဲ့မှုကို ပြန်လည် စဉ်းစားသင့်တယ် နော် ။ ဒါဟာ အခွင့်အရေးကောင်းတစ်ရပ်ပဲ ။ ဒါကြောင့် သေချာ ဂရုတစိုက် ပြန်စဉ်းစားပါဦးလား”
အသနားခံနေတယ့် ငွေရောင်မျက်လုံးတစ်စုံကို ဟွာယုယန်မှာ မြင်တွေ့ရပါတယ် ။ သူမထွက်ခွာသွားပြီးနောက် ချန်လုဇောင်ဟာ ချန်ရှန်ကိုကြည့်ပြီး အသံတိုးတိုးဖြင့် မေးပါတယ် ။
“ကောင်လေး ၊ ဒီမိန်းမဟာ ဒန်ရှန်ရဲ့ သခင်လုပ်နေပြီး မင်းရှေ့မှာကျ မာနတစ်စက် မှ မရှိပုံ ပါလား ။ ဒါနဲ့ သူမက မင်းကို ဘယ်ကို ခေါ်နေတာလဲ”
“သူမက ကျွန်တော့ကို ဒန်ရှန်တောင်ယွမ်ကို ဝင်ဖို့ ခေါ်နေတာ ။ ဒါပေမယ့် ကျွန်တော်က သိုင်းပညာအစစ်အမှန်ဂိုဏ်းကိုပဲ ဝင်ချင်တာဗျ ဒါကြောင့် ငြင်းနေတာပဲ”
“ဘာာာ”
ချန်လုဇောင် အလန့်တကြားထအော်ပါတယ် ။ ထို့နောက် ချန်ရှန် ခေါင်းအားခေါက်ပြီး -
“ဒန်ရှန် တောင်ယွမ်ဆိုတာ ဆေးပညာရှင်တိုင်းရဲ့ အထွတ်အမြတ်ထားရာပဲကွ ၊ အဲဒါကို မင်းကငြင်းလိုက်တယ်တဲ့”
ချန်ရှန် ခေါင်းပေါ်လက်တင် အကြောဆန့်ပြီး နှုတ်ခမ်းများကွေးကာ ပြောလိုက်ပါတယ် ။
“အဖိုးလေး ၊ ဒီမိန်းမက အစေခံတစ်ယောက်ပါပဲ ။ သူမဟာ ဒီဒန်ရှန်ဝင်တာနဲ့ ပတ်သတ်ပြီး အရူးလုပ်ခံနေရတာ ။ ထားလိုက်ပါ ၊ ကျွန်တော်ဒီလို ရူးကြောင်ကြောင် အလုပ်ကို လုပ်မှာ မဟုတ်ဘူး ။ ဂိုဏ်းတစ်ခုထဲ ဝင်ခြင်းဟာ အရမ်းအရေးကြီးတဲ့ ကိစ္စပဲ ။ ကျွန်တော် လေးစား အားကျ ရမယ့်ဂိုဏ်းကိုပဲ ကျွန်တော်ဝင်မှာပါ”
ဂိုဏ်းတစ်ခုရဲ့ နောက်လိုက်ဖြစ်မယ့်လူဟာ ပြန်ထွက်ဖို့ အင်မတန်မှ ခက်ခဲပါတယ် ။ ထုတ်ပယ်လိုက်ခြင်းကလည်း အတူတူပါပဲ ။ ဂိုဏ်းတစ်ခုမှ ထုတ်လိုက်သည် ဆိုပါက အဆိုပါ လူအား တခြားမည်သည့် ဂိုဏ်းကမျှ ခေါ်ယူတော့မည် မဟုတ်ပေ ။ ဒါကြောင့် ချန်ရှန် သူရွေးချယ်မယ့် ဂိုဏ်းကို သေချာစဉ်းစားနေခြင်းဖြစ်ပါတယ် ။
ချန်ရှန်အတွက် စုမေးယိုရှိနေသမျှ ဆေးပညာအတွက် ပူစရာမလိုပေ ။ နဂါးတံတွေး ကျင့်စဉ်က လည်း မည်သည့် ဆေးပင်မဆို ရှန်သန်မှုကို ထိန်းချုပ်နိုင်သည့်အတွက် ဒန်ရှန် တောင်ယွမ်သို့ ဝင်လိုစိတ်မရှိပေ ။ ဒါကြောင့် သမိုင်းကြောင်းစဉ်လာ ကြီးမားသည့် သိုင်းပညာဂိုဏ်းတစ်ခုသို့သာ ဝင်လိုခြင်းဖြစ်ပါတယ် ။
သိပ်မကြာလိုက်ပါဘူး လူနှစ်ယောက်ရောက်လာပါတယ် ။ ချန်လုဇောင် က အဓိက တာဝန်ယူကာ ကြီးကြပ်ပါတယ် ။ သူတို့ဟာ ဝင်ဝင်ခြင်းပဲ အသီးကို လေ့လာချင်ပေမယ့် ချန်လုဇောင်က ဦးအောင်ကောက်ယူထားသည့်အတွက် သူတို့ မနာလိုလျက်ရှိနေကြတယ် ။ ချန်လုဇောင်ကတော့ တော်တော် ပျော်နေပါတယ် ။
ချန်လုဇောင် ပထမ သူတို့ကို ဆေးတွေ လုပ်ခိုင်းပါတယ် ။ ပြီးနောက်မှာတော့ သူတို့ဟာ အလယ်အလတ်စားဆေးတွေကို ပြုလုပ်ပြီး ပြကြပါတယ် ။ ဆေးတွေအရည်အသွေးနဲ့ ကြာချိန်ကို ကြည့်ကာ ဆေးဆရာတွေရဲ့ အရည်အချင်းကို ချန်လုဇောင် သတ်မှတ်တယ် ။
ချန်လုဇောင် စိတ်ပျက်တဲ့အချက်ကတော့ တစ်နေကုန်တာတောင် လူ ၁၀ ယောက်လောက် လာလျှောက်ထားသော်လည်း ၂ ယောက် ၃ ယောက်လောက်ကိုသာ ဆေးဆရာ လို့ သတ်မှတ်လို့ရတာပဲ ဖြစ်ပါတယ် ။ လူများစွာဟာ စစ်ဆေးမှု ကိုတောင်မအောင်မြင်ကြပါ ။
ချန်ရှန် ကတော့ မစိုးရိမ်ပါဘူး ။ ယခုလာလျှောက်သော ဆေးဆရာများမှ တဆင့်စကားတဆင့်နားဖြင့် နောက်ရက်များတွင် ဘုရင့်မြို့က ဆေးဆရာများစွာ လာရောက် လျှောက်ထားလိမ့်မယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ် ။
ချန်ရှန်ဟာ ဆေးဆရာလေးယောက် ငှားဖို့ အစီအစဉ် ချထားပါတယ် ။ အသီး ၂ လုံးဟာ ထို လေးယောက် ဒီမှာ ခဏကြာ ငှားရမ်းဖို့ အတွက် ပိုပို လျံှလျှံ ရှိမှာပါ ။ ဒီအချိန်မှာ ဆိုင်လဲ ဘုရင့်မြို့မှာ နာမည်တစ်လုံး ရရှိပြီး ကျော်ကြားလာမှာပါ ။ နောက်ထပ် ဆေးဆရာထပ်ရှာ ဖို့လည်း ခက်ခဲတော့မည် မထင်ပါဘူး ။
ချန်ရှန်ဟာ အရင်လိုပဲ သူ့ပုံမှန်လုပ်ရိုးလုပ်စဉ်များ လုပ်လျက်ပါပဲ ။ ညဆို တောထဲ သွားလေ့ ကျင့်ကာ မနက်ပိုင်းတွင် ဆေးများပြုလုပ်ပါတယ် ။ ကြော်ငြာကပ်ပြီး ၃ ရက် မြောက်မှာတော့ မနက်စောစော လေ့ကျင့်ပြီး ပြန်အလာ ဆိုင်ပေါက်ဝတွင် ဆံပင်ဖြူဖြူ လူကြီးများ ရပ်နေတာကို မြင်လိုက်ရပါတယ် ။
နေမင်းကြီးဟာလည်း တဖြည်းဖြည်း ပေါ်ထွက်လာပါပြီ ။ ဆေးဘုရင်ခန်းမ ကတော့ ခုထိမဖွင့်သေးပါဘူး ။ ဒါကြောင့် ဒီလူတွေ စိတ်ရှည်ရှည်စောင့်နေတာ ဖြစ်မှာပါ ။ သာမန်ချိန် ဒီလူတွေဟာ ဘယ်သူ့မှ အဖတ်လုပ်လေ့မရှိကြပါဘူး ။ သူတို့ရှေ့ ငွေစတွေ ပုံပေးတောင် မျက်စိမပွင့်ပဲ နေရင် နေကြတာပါ ။ ဒါပေမယ့် အရမ်းရှားပါး အဖိုးတန်လှတယ့် ဆေးပစ္စည်းတွေကိုတော့ ရတနာအဖြစ်သတ်မှတ်ထားကြတယ် ။ ငွေစများများနဲ့ ဝယ်မရတာတွေပါ ။
ချန်ရှန်ဆိုတာ ဆေးဘုရင်ခန်းမနဲ့ တစ်ထပ်တည်း တွဲလျက်သိကြတာပါ ။ ဒါပေမယ့် လည်း ဆေးပညာကိစ္စကို ချန်လုဇောင်နဲ့ လွှဲထားတယ့်အတွက် ၎င်းတို့ဟာ ချန်လုဇောင်ရဲ့ စစ်ဆေးမှုကို ခံရဦးမှာပါ ။ ဒါကြောင့်တချို့သော ဆေးဆရာများဟာ ပျော်ရွှင်ပုံ မရကြပါဘူး ။
တံခါးဖွင့်တာနဲ့ ဆေးဆရာတွေဟာ တစ်ယောက်ပြီးတစ်ယောက် ဝင်ကြကာ ချန်လုဇောင်ကို ကတိုက်ကရိုက် နှုတ်ဆက်ကြပါတယ် ။ ချန်ရှန်ဟာ သူတို့ရဲ့ အသက် ရှူပုံ ချီဓာတ်ထွက်နေပုံကို ကြည့်ပြီး သူတို့၏ အဆင့်ကို အကြမ်းဖျဉ်း ခွဲခြားနိုင်ပါတယ်။ ၂ ယောက်ကလွဲပြီး ကျန်လူများရဲ့ ချီဓာတ်များဟာ မသန့်စင်ပါ ။ သူတို့ အနိမ့်စားဆေး လောက်ပဲ လုပ်နိုင်ကြမယ် ထင်ပါတယ် ။
လူများစွာဟာ ကံကောင်းပြီးများ ရမလား အတွေးတွေးကာ လာကြပုံပါပဲ ။ စစ်ဆေးမှု က အဆင့်မြင့်လိမ့်မယ်ဆိုတာလည်း သိထားကြမှာပါ ။ ထိုအချိန်မှာ မျက်ခုံး ရွှေရောင် ဖျော့ ဖျော့ ရှိသော လူကြီးတစ်ယောက် လျှောက်လာပြီး အော်ပါတော့တယ်။
“ဆိုင်ရှင် ရှိလား ထွက်လာခဲ့စမ်း”
လူကြီး၏ အော်တဲ့အခါ သန့်စင်သော မီးချီဓာတ်များ သူ၏ ကိုယ်မှ ထွက်ပေါ်လာပါတယ် ။ လူများစွာဟာ နည်းနည်း လန့်သွားတယ် ။ သူတို့ ဒီလို ချီဓာတ် ထွက်သူ၏ အဆင့်ကို ကောင်းကောင်းသိကြတယ်လေ ။ ဒီလူကြီးဟာ ဆေးပညာရှင်ကြီး ဖြစ်မယ်လို့ အားလုံး ရိပ်စားမိပါတယ် ။ ဒီလူကြီးကိုလည်း တချို့က ကောင်းကောင်းသိနေကြပါတော့တယ် ။
ချန်ရှန်လည်း မတ်တပ်ရပ်လျက် တုံံ့ပြန်မေးလိုက်ပါတယ် ။
“ကျွန်တော် ဒီမှာပါ ၊ ဘာကိစ္စ ရှိလို့လဲ”
လူတိုင်းဟာ ဆေးဘုရင် ခန်းမ ဆိုတာ ချန်မျိုးနွယ် ၏ ပုံရိပ်တစ်ခုဆိုတာ သိကြပါတယ် နောက် လောလောဆယ် ပိုင်ရှင်ကလည်း ချန်ရှန်ပါပဲ ။
လူကြီးက ချန်ရှန်ကို သေချာကြည့်ပြီး အထင်သေးမှု အပြည့်ဖြင့် ပြောပါတယ် ။
“ငါမင်းရဲ့ ဆိုင်နာမည်ကို ချက်ချင်း ပြောင်းစေချင်တယ် ။ ဒီလို ဆေးဘုရင် ခန်းမ ဆိုတဲ့ နာမည်ကို ခွင့်မပြုနိုင်ဘူး ၊ ဘာကြောင့်လဲဆိုတော့ မင်းက ဒါနဲ့ မထိုက်တန်လို့ပဲ”
ချန်ရှန် မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်တယ် ။
“ဘာလို့လဲ ၊ ကျွန်တော် ဒီနာမည်ပေးတာ ခင်ဗျားကို ဘာများ ဖြစ်စေလို့လဲ ၊ ဒီကို ပြသနာ လာရှာတာလား ၊ နောက်ပြီး ရိုင်းရိုင်းစိုင်းစိုင်းနဲ့ လည်း လာလှောင်နေသေး’
လူကြီးက ချန်ရှန်ကို အထင်သေးဟန်ဖြင့် ခနဲ့တဲ့တဲ့ ပြောပါတယ် ။
“ဒီလူအိုကြီးက ဆေးဘုရင်ပဲ ၊ ဒါကြောင့် ငါမင်းရဲ့ဆိုင်အတွက် ဒီ နာမည်ကို ခွင့်မပြု နိုင်ဘူး”
ဆေးဘုရင် တဲ့လား . . . .
သူတို့ ဒီစကား ကိုကြားတယ့်အခါ ချန်လုဇောင်နဲ့ တကွ ဆေးဆရာများစွာဟာ အံ့အား သင့်သွားကြပါတယ် ။ တောင်ပိုင်းအင်ပါယာမှာ အလွှာပေါင်းစုံသော လူဦးရေ သန်းပေါင်းများစွာ ရှိပါတယ် ။ ထိုထဲတွင်မှ အထူးချွန်အပြောင်မြောက်ဆုံးသော ဆေးဆရာ ကြီးဟာ ဆေးဘုရင်ပဲ ဖြစ်ပါတယ် ။နောက်ပြီး သူဟာ ယောင်မျိုးနွယ်နဲ့ လည်း အဆက်အသွယ် ရှိသူဖြစ်တယ် ။
ဒီအချက်တွေကြောင့် လူတိုင်းဟာ ဒီလူကြီးရဲ့ မာနကြီးပုံနဲ့ လိုက်ဖက်ပါတယ်လို့ ခံယူထားကြပါတယ် ။ သူကတော့ ဆေးဘုရင် မန်ဘို ပဲဖြစ်ပါတော့တယ် ။
ချန်ရှန် ဒီနာမည်နဲ့ သိပ်မစိမ်းပါဘူး ။ ကလေးဘဝတည်းက ဒီနာမည်ကို မကြာခဏ ကြားဖူးနေကျပါ ။ ခုတော့ မမျှော်လင့်ပဲ ဆုံတွေ့ရပါပြီ ။ နောက်ပြီး ဒီလူ ရောက်လာခြင်း ဟာ ယောင်မျိုးနွယ်ရဲ့ စနက်ဆိုတာကို သူကောင်းကောင်း ရိပ်မိလိုက်ပါတယ် ။
ချန်ရှန် မျက်မှောင်ကြုတ်လိုက်ပါတယ် ။ ဒါက သပ်သပ် ဒုက္ခ လာပေးတာပါပဲ ။ သူဟာ ဆိုင်နာမည်ကို ဆေးဘုရင်ခန်းမလို့ ပေးထားတာဟာ နာမည်နဲ့ ပတ်သတ်ပြီး တစ်ခုခု တင်စီးတယ့် သဘောနဲ့ပါ ။ တကယ့် ဆေးဘုရင် အစစ်က လာပြီး စွပ်စွဲစေရန် မမျှော်လင့်ခဲ့ပါဘူး ။
“ဟက် ၊ ဒီလူကများ ဆေးဘုရင်နဲ့ တန်လို့လား ။ ငါနှစ်ထောင်ပေါင်းများစွာ ဆေးပညာ လေ့လာ လိုက်စားနေတာတောင် ဆေးပညာတည်ထောင်သူ အဆင့်ကို ရရုံရှိသေး ၊ ဒီလူက သူ့ကိုယ်သူ ဆေးဘုရင်တဲ့လား”
စုမေးယို ၏ အထင်သေးဟန်ကို ချန်ရှန် စိတ်ထဲမှ ကြားလိုက်ပါတယ် ။ ချန်ရှန် နည်းနည်း အံ့သြသွားပါတယ် ။ ဒီနာမည်ဟာ တကယ်တန်းတော့ ဆေးပညာအဆင့် အတန်းကို သတ်မှတ်တာကို သိလိုက်ရပါတယ် ။ မျက်လုံးများမှေးလျက် ရယ်မောကာ ဖြင့် မန်ဘိုကို ပြောလိုက်ပါတယ် ။
“ဟက် ၊ ခင်ဗျားကများ ဆေးဘုရင် ဖြစ်ဝံ့သေးတယ် ။ ခင်ဗျားမှာ ကြီးမားတဲ့ ဂိုဏ်းတွေ ဝင်ဖို့ အရည်အချင်းကော ရှိလို့လား ပြစမ်းပါ ။ ခင်ဗျားကို တစ်ယောက်မှ မပြောရဲ ဘူး ထင်နေတာလား ။ ကောင်းကင်နဲ့ မြေကြီးရဲ့ အလွန်ကြီးမားမှုကို သိပုံလည်း မပေါ်ပါဘူး”
ဂိုဏ်းကြီးတွေ ထဲရှိ ဆေးပညာ ရှင်ကြီးများဟာ အတော်ကို အစွမ်းထက်ပါတယ် ။ ဒါကို လည်း လူတိုင်းသိကြပါတယ် ။ ဒီလိုလူတွေ ရှေ့ရောက်ရင်တော့ မန်ဘိုလည်း ဆေး ဘုရင်ဖြစ်တယ်လို့ ပြောဝံ့တော့မယ် မထင်ပါဘူး ။ သူဟာ ဒီ အပြင်ဘက် နယ်ပယ်မှာပဲ အစွမ်းရှိနိုင်တာဖြစ်ပါတယ် ။
မန်ဘို၏မျက်နာလည်း ဒေါသကြောင့် နီရဲလျက် နေပါတယ် ။ ချန်ရှန်လို လူငယ်လေး က သူ့ကို တခြားသူတွေ အများကြီးရှေ့မှာ ဒီလို မပြောဝံ့လောက်ဘူး ထင်တာပါ ။ ခုတော့ သူကိုယ်တိုင်တောင် ဘာပြောရမှန်းမသိ ဖြစ်နေပါတယ် ။ ဂိုဏ်းကြီးတွေမှ ဆေးပညာရှင်ကြီးများကို မယှဉ်နိုင်ဘူးဆိုတာကို သူ့ကိုယ်သူလည်း သိနေပါတယ် ။ သူသာ ဂိုဏ်းထဲဝင်ရင်လည်း အောက်ခြေနေရာသေးသေးလေး အဆင့်မှာသာ ရှိနေမှာပါ ။
ချန်ရှန်ဟာ မန်ဘို၏ မျက်နာ ဒေါသကြောင့် ရဲရဲနီနေတာကို တွေ့ပါတယ် ။ ဒါကြောင့် ပြောလိုက်တယ် ။
“ခင်ဗျား ကိုယ့်ရဲ့ပညာစွမ်းက သိပ်စွမ်းတယ်ထင်ရင် ဒီက လူငယ်လေးနဲ့ မယှဉ်ရဲဘူးလား ၊ ပြိုင်ပွဲ သေးသေးလေး လုပ်ရအောင် ။ ဒီကဆေးဆရာတွေ အကဲ ဖြတ်ကြပေါ့”
“ပြိုင်ပွဲ တစ်ခုဖြစ်တယ့်အတွက် ဆုကြေးလေး ထည့်ကြတာပေါ့ ။ ကျွန်တော်ရှုံးရင် ခင်ဗျားကို ဆေးဖက်ဝင်သတ္တုသစ်သီး ပေးမယ် ၊ တကယ်လို့ ခင်ဗျား ရှုံးခဲ့မယ် ဆိုရင်တော့ . . . . . . . .”
ချန်ရှန် ပြုံးလျက် ပြောလိုက်ပါတော့တယ် . . . . . . . ။
Chapter – 39
#လေးစားမှု
ချန်ရှန်နဲ့ တောင်ပိုင်းအင်ပါယာ ဆေးဘုရင်တို့ ဆေးပညာ ယှဉ်ပြိုင်ကြတော့မှာပါ ။ များစွာ သောလူများဟာလည်း သူတို့၏ မေးရိုးများပင် မြေကြီးထိတော့မယောင် အံ့အားသင့် ပါးစပ် အဟောင်းသားနဲ့ပါ ။ ချန်လုဇောင်တစ်ယောက် ချန်ရှန်၏ ပါရမီ ထူးကဲတာကို သိပေမယ့် လည်း ဆေးဘုရင်ကို စိန်ခေါ်တာကတော့ ရူးမိုက်ရာကျတယ်လို့ တွေးနေပါတော့တယ် ။
ဘာပဲဖြစ်ဖြစ် ချန်ရှန်စိန်ခေါ်တယ့် ဆုကြေးကလည်း အရမ်းမြင့်လွန်းပါတယ် ။ ဒီလိုသိုင်းလော ကမဟုတ်တဲ့ အပြင်လောကမှာ ချီဓာတ်တွေဟာ အလွန်နည်းပါးပါတယ် ။ ဒါကြောင့် ဆေးပင်များဟာလည်းရှားပါးကာ ဆေးဆရာတွေအဖို့ ဒီလို တန်ဖိုးရှိတယ့် အရာကို ရရှိဖို့က အိပ်မက်ပင် မမက်နိုင်ပါ ။
မန်ဘို တစ်ယောက် အပေါ်သို့မော့ကာ ရယ်မောပါတယ် ။
“ဟားဟား ၊ ဒီကိစ္စလောက်ကတော့ ငါအဖိုးကြီး မင်းကို လက်ခံပါတယ် ကွာ ။ ငါမင်းကိုရှုံးရင် ငါ့ရဲ့ ယန် အဂ္ဂိရတ် ဆေးမီးဖိုကို ပေးမယ်”
လေးနက်ထူးကဲလှတယ့် ယန် မီးဖို တဲ့ ၊ ဒါဟာ ထင်ရှားတဲ့ မီးဖိုတစ်ခုဖြစ်ပါတယ် ။ ၎င်းကို ထူးခြားလှသည့် ယန် ကျောက်တုံးမှ ပြုလုပ်ထားတာဖြစ်ပြီး မီးဖိုအတွင်းမှာ မမြင်နိုင်တယ့် မှော် စွမ်းအင်တွေ ကိန်းအောင်းနေတယ်လို့ ပြောကြပါတယ် ။ နောက် မန်ဘို ဒီလိုအောင်မြင်လာတာဟာလည်း ဒီအချက်လို့တောင် ပြောစမှတ်ပြုကြပါသေးတယ် ။
မန်ဘို မီးဖိုအနီလေးကို ထုတ်လိုက်တယ့်အခါ အားလုံးသော ဆေးဆရာများဟာ လိုချင်စိတ် အပြည့်ဖြင့် ကြည့်နေကြပါတယ် ။ မီးဖိုလေးဟာ သေးငယ်ပြီး ထူးခြားကောင်းမွန်လှပါတယ် ။ အနီရောင် ကျောက်မြက်ရတနာလေးတစ်ခုကို ခွဲခြမ်းထားသလိုပါပဲ ။ အပြင်ဖက်မှာလည်း ပုံစံများစွာ ဖော်ထားပါတယ် ။ နောက်ပြီး ဒီအရာတွေရဲ့ အဓိပ္ပာယ်ကိုတော့ ဒီအပြင်လောကမှ မည်သူမျှ မဖော်ထုတ်နိုင်ပါဘူး ။
“ကျွန်တော်တို့ ဆေးအဆင့်မှာ ပြိုင်ရင်တော့ ကျွန်တော်ကျိန်းသေရှုံးမှာပါပဲ ။ မျှတမှုရှိအောင် ကျွန်တော် တတ်ကျွမ်းတဲ့အထဲမှာ အမြင့်ဆုံးဖြစ်တယ့် “ချီငွေ့ဆေး” ကို ပြိုင်မယ်”
ဒါဟာ သူနိုင်နိုင်တယ့် တစ်ခုတည်းသော နည်းလမ်း ပါပဲ ။ လက်ရှိမှာ သူဟာ အဆင့်မြင့်ဆေး များကိုသာ ပြုလုပ်နေတာဖြစ်ပါတယ် ။ ဒါပေမယ့် ဒီဆေးဟာ ခက်လို့ပါပဲ ။
ချီငွေ့ဆေးဟာ အဆင့် ၆ ပညာရှင်များအတွက် အဓိက အထောက်ပံ့ပေးတယ့် ဆေးပါပဲ ။ အဆင့် ၇ ဟာ စစ်မှန်သော အငွေ့အဆင့် ဖြစ်ပြီး ဒီအဆင့်မှာ စစ်မှန်သော ချီဓာတ်ကို အငွေ့ အဖြစ် ပြောင်းလဲနိုင်တာဖြစ်ပါတယ် ။ ဒီဆေးကိုသုံးရင် ၎င်းဟာ အဆင့် ၆ ပညာရှင်များကို ချီအငွေ့များဖြင့် ရင်းနီးကွျှမ်းဝင်နေစေပြီး အဆင့်၇ သမားများ သုံးစွဲပါက ၎င်းတို့၏ ချီဓာတ်များ ပိုမို အားကြီးစေနိုင်ပါတယ် ။ ချီဓာတ်မှ အငွေ့အဖြစ် လျင်မြန်စွာ ပြောင်းလဲနိုင်ပြီး ပိုမို အားကောင်းစေနိုင်ပါတယ် ။
“ကိစ္စမရှိပါဘူး ။ ခုစကျမလား”
မန်ဘို အလျင်အမြန်ပဲ သဘောတူလိုက်ပါတယ် ။ သူ၏မျက်လုံးများမှာတော့ ချန်ရှန်၏ ဆေးပညာပါရမီ ဘယ်လောက်ရှိတယ်ဆိုတာကို ခန့်မှန်းရခက်နေပုံပါပဲ ။ နောက်ပြီး ချန်ရှန်ဆိုတာ တစ္ဆေငယ်လေးလို့ ကျော်ကြားပေတာကိုး ။
ချန်ရှန်အတွက်က သိပ်တော့အရှုံးမရှိလှပါဘူး ။ ရှုံးရင် ဆေးဘုရင်တစ်ယောက်ကို ရှုံးရတာဖြစ်ကာ အသီးက အချိန်မရွေးပြန်စိုက်လို့ရတယ့်အတွက် အေးဆေးပါ ။ နိုင်ရင်လည်း အဖိုးတန်မီးဖိုကို ရမှာဖြစ်ပြီး ဆေးဘုရင်ကိုပါ အနိုင်ရသည်ဟူသည့် ဂုဏ်ပုဒ်ပါ ရပါဦးမည် ။
“စကြမယ် ၊ ကိုယ်ပိုင်ဆေးပင်တွေနဲ့ စိုက်ရမှာဖြစ်တယ် ။ တကယ်လို့ အခုမပါရင် ကျွန်တော် စောင့်နေမယ် ။ နောက်တော့မကျနဲ့ပေါ့”
ချန်ရှန်ပြောလိုက်တာပါ ။ တစ်လကျော်လောက်ကြာအောင် ဒီဆေးကို လေ့ကျင့်ခဲ့ရပြီး စစချင်းမှာ မအောင်မြင်မှုတွေ ကြုံရပါတယ် ။ လိုအပ်ချက်များကို သေချာလေ့လာပြီးနောက် မှာတော့ သူဟာ ဘယ်လို အောင်မြင်အောင်လုပ်ရမယ်ဆိုတာ နားလည်လာခဲ့ပါတယ် ။
“ဒါပေါ့ ငါ့မှာ ဆေးပင်တွေ ရှိပါတယ် ။ ခုစကျစို့ ၊ ဒီမှာ အကဲဖြတ်ဖို့ ဆေးဆရာ အမြောက်အများလည်း ရှိတယ် ။ နောက်ဆုံးရလဒ်က အတည်သက်သေပဲ ဖြစ်မှာပါ”
မန်ဘို ပြောလိုက်တာပါ ။ ခုချိန်မှာ သူလည်း နည်းနည်းတော့ မမျှော်လင့်ပဲ စိတ်လှုပ်ရှားနေပါ တယ် ။ ချန်ရှန် ဆေးဖက်ဝင်သတ္တုသစ်သီး ပိုင်ဆိုင်တာကို မနာလိုဖြစ်နေတယ် ။ သူဟာ ယောင်မျိုးနွယ်ရဲ့ အရေးပေးမှု ခံရသူဖြစ်ပြီး ဒီကိုလာပြီး ပျက်ဆီးရာ ပျက်ဆီးကြောင်းလုပ်ဖို့ လက်ခံခဲ့တာပါ ။
မန်ဘိုကို အံ့အားသင့်စေတာကတော့ ချန်ရှန်ဟာ ငယ်ရွယ်သူတစ်ယောက်ဖြစ်ပြီး သူကတောင်မှ မန်ဘိုလိုလူကို လောင်းကြေးထပ်စိန်ခေါ်ရဲတာကိုပါပဲ ။ ဒီလို လွယ်လွယ်အခွင့် အရေးကို သူလက်လွတ်ခံမှာ မဟုတ်ပါဘူး ။
ချန်လုဇောင်အပါအဝင် တခြား ဆေးဆရာတွေဟာလည်း အရမ်းကို ရင် တွေ ခုန်နေကြပါပြီ။ ဘာလို့လဲဆိုတော့ ဆေးဘုရင်လို ထင်ရှားကျော်ကြားသူ၏ ဆေးလုပ်မယ့် မြင်ကွင်းကောင်း ကို ကြည့်နိုင်ဖို့က အရမ်းကို ရှားပါးတဲ့ အခွင့်အရေးပါ ။
ဆေးလုပ်ခြင်းနည်းတွေကတော့ ရိုးရှင်းပါတယ် ။ ဒါပေမယ့် ဆေးပင်တွေ စီထည့်ခြင်းဟာ မတူပဲ အရေးကြီးလှပါတယ် ။ ဒါတင်မက တချို့ဆေးပင်တွေဟာ အထူးကောင်းမွန်ပြီး တချို့ကတော့ စီထည့်ရာတွင် အန္တရာယ် များတယ် ။ တနည်းအားဖြင့် ကျရံှုးဖို့ များစေမှာ ဖြစ် ပြီး အခန့်မသင့်လျှင် မီးဖိုပင် ပေါက်ကွဲစေနိုင်ပါတယ် ။ အဆင့်နိမ့်ဆေးတွေ ပြုလုပ်ရာမှာတော့ သိပ်ကိစ္စ မရှိပေမယ့် အဆင့်မြင့်ဆေးများ ပြုလုပ်ရာတွင် မအောင်မြင်ရင် တော့ ဆေးဆရာများဟာ စိတ်ညစ်သွားကြလေ့ရှိပါတယ် ။ အပင်တွေကလည်း ဈေးကြီးကာ လုပ်ရတယ့် အချိန်တွေပါ အလကား ဖြစ်ကုန်လို့ပါပဲ ။
ချန်ရှန်တို့ ၂ ယောက် မီးတောက်များ ပြုလုပ်ကြပြီး မီးဖိုထဲသို့ ထည့်လိုက်ပါတယ် ။ လိုအပ်သလို မီးအပူချိန်ကို ထိန်းချုပ်ပြီးနောက် ဆေးပင်များကို မီးဖိုထဲ ထည့်လိုက်ပါတော့ တယ် ။ ချီငွေ့ဆေးအတွက် လိုအပ်တယ့် ဆေးပင်များဟာ နည်းနည်း ဈေးကြီးသော်လည်း ၎င်းကို ပြန်ရောင်းလျှင်လည်း မြိုးမြိုးမြက်မြက်လေး ရတတ်ပါတယ် ။ အဓိက လိုအပ်တာတွေ ကတော့ - ယွမ် ဝိဉာဉ်တော်ရွှံ့ ၊ မြေကြီးငွေ့ မြက်အမြစ် ၊ ထူးကဲတယ့် ဝိဉာဉ်တော ဂျင်စင်း ၊ ငရဲမီးမြက် တို့ဖြစ်ကြပြီး တခြား အရန် ဆေးပင်များစွာလည်း ပါဝင်ပါတယ် ။ အဓိကအား ဖြင့် နှစ် ၅၀ ကျော်သက်တမ်းရှိ ဂျင်စင်း ၊ ဝိဉာဉ်တော်မြက် ၊ ရှိုဝူပင် ၊ မြေကြီးဝိဉာဉ်တော် မြက် နဲ့ တခြားဆေးပင်များစွာလည်း ပါဝင်ပါတယ် ။
ဒီချီငွေ့ဆေးဟာ ယွမ်ဝိဉာဉ်တော်ရွှံ့ နဲ့ မြေကြီးငွေ့ မြက်အမြစ်တို့ ပြုလုပ်တဲ့ လုပ်ငန်းစဉ်မှာ ခက်ခဲမှု ရှိတာဖြစ်ပါတယ် ။ ယွမ် ဝိဉာဉ်တော်ရွှံ့ ဟာ ချီဓာတ်ပါဝင်တဲ့ ရွှံ့ ဖြစ်ပြီး ၎င်းမှာ ချီဓာတ်ကို စုပ်ယူနိုင်တယ့် ကိုယ်ပိုင် စွမ်းရည်ရှိပါတယ် ။ ဒီလိုစုပ်ယူပြီး ချီဓာတ်တွေဟာ အငွေ့နဲ့တူပါတယ် ။ ဒါကြောင့် ဒီလို ယွမ်ရွှံ့ကို ဆေးဖက်ဝင် အမှုန်နဲ့ ဆေးဖက်ဝင် ချီ အဖြစ် ဖုတ်ရာမှာ ပြင်းထန်လှတယ့် မီးတောက်အပူချိန် လိုအပ်လှပါတယ် ။
မြေကြီးအငွေ့မြက်အမြစ် ကတော့ ယွမ်ဝိဉာဉ်တော်ရွှံ့ထဲမှာ ပေါက်ရောက်သော ဆေးဖက် ဝင် ဆေးပင်ဖြစ်ပြီး ၎င်းရဲ့ အမြစ်များဟာ ရွှံ့ထဲမှာ နက်ရှိုင်းစွာ တည်ရှိနေတာ ဖြစ်ပါတယ် ။ မြေကြီးရဲ့ အငွေ့တွေကို ထုတ်လွှတ်ပေးနိုင်တယ့် သတ္တိရှိပြီး လွယ်ကူစွာ လောင်ကျွမ်းစေ နိုင်ပါတယ် ။ ဒီတစ်မူထူးသော ချီအငွေ့ ဟာ လောင်ကျွမ်းလွယ်စေတဲ့အတွက် မီးနည်းနည်း ပဲလိုအပ်ပါတယ် ။ ချန်ရှန်ဟာ နတ်အတွင်းအား အာရုံများသုံးပြီး သေချာစွာ ထိန်းညှိရတာပဲ ဖြစ်ပါတယ် ။
စစခြင်းမှာ ချန်ရှန် အမြဲတမ်း မအောင်မြင်ခဲ့ပါ ။ ဒီအထက်ပါ အခက်အခဲ ၂ ခုကြောင့်ပဲဖြစ်ပါတယ် ။ ဒါပေမယ့် ဒီနူးညံ့လှတယ့် ခွဲခြမ်းစိတ်ဖြာမှုကို သေချာစွာ လေ့လာ စမ်းသပ်ပြီးနောက်မှာတော့ သူ့အတွက် ဒီ ဆေးကို လွယ်လွယ်ပဲ လုပ်နိုင်သွားပါတော့တယ် ။ ဒီအချက်ကြောင့်ပဲ ချန်ရှန်မျက်နာဟာ စိတ်ဖိစီးမှု ကင်းဝေးလျက် ဆေးပင်များမှ ဆေးမှုန် များ ချီဓာတ်များ ရအောင် ဖုတ်နေပါတော့တယ် ။ ပြီးရင်တော့ လွယ်လွယ်ကူကူနဲ့ပဲ မသန့်စင် မှုများကို ဖယ်ထုတ်နိုင်တော့မှာပါ ။ ဆေးအရည်အသွေးနဲ့ ပတ်သတ်ပြီးလည်း ချန်ရှန်ဟာ တော်တော် အာရုံစိုက်လေ့ရှိပါတယ် ။ ဒါကြောင့် သူလုပ်တဲ့ ဆေးမှန်သမျှ အရည်အသွေးနဲ့ ပတ်သတ်လို့ကတော့ အပစ်ပြောစရာ တစက်မရှိပါဘူး ။
ပတ်လည်မှာရှိတယ့် အပူချိန်ဟာ အချိန်တိုင်းပြောင်းလဲနေလျက်ရှိပါတယ် ။ ချန်လုဇောင်နဲ့ ဆေးဆရာများဟာ အချိန်နဲ့အမျှ အမည်းရောင် ချီဓာတ်များ ထွက်လာနေပြီး ဆေးမီးဖိုမှ ဆေးပင်များကို သန့်စင်နေပုံကို အလွယ်တကူ မြင်နိုင်နေပါတယ် ။ အားလုံးဟာ ဆွံ့အလျက် လေးစားနေကြပါတော့တယ် ။ မန်ဘိုတစ်ယောက်ကတော့ ချွေးပြန်နေပုံပါပဲ ။ မျက်ခုံးများ ဟာ ထိလုမတတ်ကို ဖြစ်နေပါပြီ ။
ချန်ရှန်ကတော့ အေးအေးလူလူ ပါပဲ ။ ဒီမတိုင်ခင်က မန်ဘိုဟာ ဒီဆေးကို မလုပ်ဖြစ်ခဲ့တာ တော်တော်ကို ကြာပါပြီ ။ ဒါကြောင့် ဒီလို နူးညံ့တဲ့ ထိန်းချုပ်မှုမျိုးကို မေ့သလို ဖြစ်နေတာပါ ။ ဆေးပင်တစ်ခုချင်းဆီရဲ့ လိုအပ်တယ့် အပူချိန်ကွာခြားချက်ကို ခန့်မှန်းဖို့ တော်တော် ခက်ခဲ နေပါတော့တယ် ။
ရုတ်တရက်ပဲ အနီရောင် ပတ္တမြားလို မီးဖိုလေးဟာ နည်းနည်း ခါထွက်သွားပါတယ် ။ ချီဓာတ် ၅ ခု ၆ ခု လောက် အရောင်ပေါင်းစုံ ထွက်လာပါတော့တယ် ။ မန်ဘိုတော့ အမှားလုပ်မိလေပြီ၊ ဆေးဘုရင်တစ်ယောက်တော့ အလတ်တန်းစား ဆေးလုပ်တာကို ကျရံှုး တော့တယ် ။ ဆေးဆရာအားလုံးဟာ စိတ်ပျက်တဲ့အမူအရာဖြင့် တချို့ကလည်း အထင်သေးစွာ ကြည့်နေကြပါတယ် ။
“အဖိုးလေးရေ ၊ ဆေးလုပ်ဖို့ ဆေးပင်တွေ တစ်စုံစာ ပေးလိုက်ပါဦး ၊ သူ အသစ်ပြန်လုပ်လိမ့် မယ် ။ အချိန်တွေ ရှိပါသေးတယ်”
ချန်ရှန် မျက်လုံးများဖွင့်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်ပါတယ် ။ မန်ဘို ရုတ်တရက် ကြောင်သွား ပြီး ရှက်ရွံ့မှုများ ဖြစ်ပေါ်လာတာကို သူ၏ မျက်လုံးမှာ တွေ့ရတယ် ။ ချန်ရှန်က ပြုံးပြီး -
“ဆေးလုပ်နေတုန်း ဆေးပင်မလုံလောက်သွားပုံပဲ ၊ အဲတော့ ပြန်ကွဲမှုကို ခွဲခြမ်းစိတ်ဖြာဖို့ မအောင်မြင်တော့ဘူး ၊ ဒီပွဲမှာ ခင်ဗျားသေချာ မပြင်ဆင်လာလို့ပါ”
မန်ဘို ခေါင်းအနည်းငယ် ညိမ့်လျက် ချန်ရှန်ဟာ နည်းနည်းတော့ သူ့အပေါ် စိတ်ပြေလာသား ဟု တွေးနေမိတယ် ။ နောက်ပြီး သူဟာ ကျော်ကြားတဲ့ ဆေးဆရာဖြစ်ပြီး ဒီရလဒ်ဟာ အရမ်းအရေးကြီးနေပါတယ် ။ သူ၏ ဂုဏ်သတင်းမှေးမှိန်ရုံသာမက လူကြားထဲ မျက်နာ မပြရဲ လောက်အောင်ကို ဖြစ်နိုင်ပါသေးတယ် ။
ဒီအချက်ကြောင့်ပဲ ချန်ရှန်ဟာ ကောလဟာလများလို ဂုဏ်မောက်ခြင်းတော့ မရှိပေဘူး ဆိုတာ နားလည်လိုက်ပါတယ် ။ နောက်ပြီး သူအကြိမ်ပေါင်းများစွာ လမ်းညွှန် သင်ကြားပေး ဖူးတဲ့ ယောင်တျန်းဟွာထက် အများကြီး သာလွန်တယ် ဆိုတာကို လက်ခံမိသွားတယ် ။
ချန်လုဇောင် ဆေးပင်တွေယူလာပါပြီ ။ မန်ဘိုလည်း ဆေးကို တစ်ခါပြန် ပြုလုပ်ပါတယ် ။ ဒီတစ်ကြိမ်မှာတော့ စိတ်ကို လျော့ချလျက် ချန်ရှန်ကိုလည်း အထင်မသေးဝံ့တော့ပါဘူး ။ ချန်ရှန်ကို တကယ်ပဲ သူနဲ့ အဆင့်တူလို့သာ သတ်မှတ်ထားလိုက်ပါတယ် ။
အချိန်ခဏကြာတယ့်အခါ အားလုံးဟာ တိတ်ဆိတ်လျက် ရှိနေကြတယ် ။ ချန်လုဇောင်နဲ့ တကွ ဆေးဆရာအားလုံးဟာ လက်ရှိ ဆေးမီးဖိုထဲတွင်တော့ အရမ်းကို ရှုပ်ထွေးလှတယ့်ဖြစ်စဉ်များ ဖြစ်ပေါ်နေမည်ဆိုတာကို သိနေကြပါတယ် ။
နာရီဝက်လောက်ကြာသောအခါ ၊ နောက်ဆုံးမှာတော့ ဆေးအဖြစ် ခဲရန် အချိန်ရောက်လာပါ ပြီ ။ ချန်ရှန်ဟာ ဦးဆောင်နေပြီး ချန်ရှန်ဟာ အစိမ်းအရောင်အရည်အချို့ကို ယူပြီး မီးဖိုထဲ နည်းနည်း လောင်းချလိုက်ပါတော့တယ် ။ ဒီအရည်တွေဟာ နဂါးတံတွေးကို ရေရောထား တာ ဖြစ်ပြီး ၎င်းကို ဆေးခဲချိန်လောင်းထည့်ပေးပါက ဆေးရဲ့ အရည်သွေးကို ထူးခြားကောင်း မွန်စေတတ်လို့ပါ ။ ဒီအကြောင်းကိုတော့ သူ၏ ဆရာဖြစ်တယ့် စုမေးယိုကပြောပြထားခြင်း ဖြစ်ပါတယ် ။
ချန်ရှန် မျက်လုံးများ ဖွင့်လိုက်ပါတယ် ။ ချီဓာတ်များကို ပြန်သိမ်းလျက် ထိုအချိန်တွင်တော့ မန်ဘိုတစ်ယောက် သူ၏ နဖူးမှ ချွေးများကို သုတ်လျက် ရှိနေပါတယ် ။ သူလည်း ပြီးဆုံးသွားပြီ ဖြစ်ပါတော့တယ် . . . . . . ။
Chapter – 40
#မီးနဂါးသွေးကျောက်
မန်ဘိုဟာ မူလက အမှားရှာဖို့လာပေမယ့် ယခုတော့ ရှက်နေရပါပြီ ။ ခုနက ချန်ရှန် အပြုအမူ ကိုကျေးဇူးတင်သောကြောင့် သူသာ နိုင်မယ်ဆိုလည်း ချန်ရှန်၏ အသီးကို လက်မခံဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။
သာမန်အခြေအနေမှာ ၊ တစ်ကြိမ်လျှင် ချီငွေ့ဆေး ၃ လုံး ပြုလုပ်နိုင်ပါတယ် ။ တကယ်ကို ကျွမ်းကျင်လှတယ့် ဆေးဆရာဘိုးအေ ကြီးတွေသာ လေးလုံးပြုလုပ်နိုင်ပါတယ် ။ မန်ဘို မီးဖို ကိုဖွင့်လိုက်တဲ့အခါ အဝါရောင် လင်းလက်နေတယ့် ဆေးလုံး ၄ လုံးကို တွေ့လိုက်ရပါတယ်။
“ချီငွေ့ဆေး ၄ လုံး ၊ တကယ်တော်တယ့် ဆေးဘုရင်ပဲဟေ့”
အနီးနားက ဆေးဆရာတစ်ယောက်က အော်လျက် ချီးမွမ်းပါတယ် ။
“အရောင်နဲ့ အနံ့ ကိုလည်းကြည့်ပါဦး တကယ်ကို အရည်သွေး ကောင်းပါပေတယ် ။”
ဒီအချိန်မှာတော့ ချန်ရှန် အလှည့် ရောက်ပါပြီ ။ ချန်ရှန် သူ၏ မီးဖိုကို ဖွင့်လိုက်ပြီနောက် အခိုး များလွင့်သွားစေရန် ဖြည်းဖြည်းလေး မှုတ်လိုက်ပါတယ် ။ ဒီအချိန်မှာတော့ အားလုံးဟာ ထိန်လန့်သွားကြပါတယ် ။ အံ့အားသင့်မှုများဟာ သူတို့ မျက်နာမှာ အထင်းသား မြင်နိုင်ပါ တယ် ။
ကောင်းမွန်လှတယ့် အတုံးလေး ၅ တုံး ၊ အပစ်အနာအဆာ တစ်စက်မှ မရှိသော ဆေးလေး တွေ ကို မီးဖိုထဲမှာ မြင်နိုင်ပါတယ် ။ အဖြူရောင် အငွေ့လေးများ ထလျက်ပါ ။ ချီငွေ့ဆေးထဲ မသန့်စင်မှုဆိုတာ လုံး၀ ကို မတွေ့ရပဲ ဆေးနံ့ဟာ သူတို့ နှာခေါင်းထဲ ဝင်လာချိန်မှာတော့ သူတို့ကိုယ်သူတို့တောင် မယုံကြည်နိုင်ကြတော့ပါဘူး ။
ဆေးငါးလုံးရရုံမျှမက ကောင်းမွန်လှတယ့် အရည်အသွေးများကြောင့် မန်ဘိုထက် အပုံကြီး သာခဲ့ပါပြီ ။ မန်ဘိုလည်း ချနှ်ရှန်ကို အရမ်းကို အထင်ကြီးလေးစားမှု အပြည့်ပါသော မျက်လုံးများဖြင့် ကြည့်ကာ သက်ပြင်းချလိုက်ပါတယ် ။ ဒီမတိုင်ခင်က ချန်ရှန်ဆိုတာ ယောင်တျန်းဟူ လောက်ဟုသာ ထင်မိခဲ့တာပါ ။သို့သော်လည်း တော်တော်ကို ပါရမီ ရှိလွန်းပါပေတယ် ။ ခုတော့ ချီငွေ့ ဆေး ဟာ သူ့ထက်ကောင်းနေရုံမျှမက ၅ လုံးပင် ရနေသောကြောင့် တော်တော်ကို လက်ခံယုံကြည့်မိသွားပါတယ် ။
“ငါရှုံးပါတယ်”
မန်ဘို သက်ပြင်းချပြီး ပြောလိုက်ပါတယ် ။ ဆေးဘုရင်ဆိုပြီး မာနကြီးတဲ့ အရိပ်ယောင်တွေ တောင် မတွေ့တော့ပါဘူး ။ ဒါဟာ သူ့အတွက် တော်တော်ဆိုးတဲ့ ထိုးနှက်ခံရမှု ဖြစ်ပြီး ပိုပြီး တောင် အိုစာ သွားသလိုပါပဲ ။
“ဆရာကြီး မန်ဘို ၊ ဒီဆေးကို ခင်ဗျား လုပ်လေ့မရှိဘူးလို့ ထင်မိပါတယ် ။ အာ့လို အခြေအနေ နဲ့တောင် ဒီလိုအရည်အသွေးကောင်းတဲ့ ဆေးကို ထုတ်နိုင်ပါပေတယ် ။ ကျွန်တော့လို ဂျူနီယာ အနေနဲ့ တော်တော်သဘောကျမိပါတယ် ။ ဒါကြောင့် ဒီလိုဆုံးဖြတ်ကြစို့ ။ ကျွန်တော်လည်း မနိုင်သလို ဆရာကြီးလည်း မရှုံးပါဘူး”
ချန်ရှန် အပြုံးဖြင့် ပြောလိုက်ပါတယ် ။ မန်ဘိုလို တောင်ပိုင်းအင်ပါယာရဲ့ ကျွမ်းကျင်ပြီး သြဇာ ညောင်းလှသော လူနှင့် မိတ်ဆွေ ဖြစ်တာ ပိုကောင်းပါတယ် ။
မန်ဘို ခေါင်းခါလိုက်ပါတယ် ။ ထို့နောက် သူ၏ အနီရောင်မီးဖိုလေးအားထုတ်ပြီး ချန်ရှန်ကို ပေးလိုက်ပါတော့တယ် ။
“ရံှုးတာက ရှုံးတာပါပဲ ။ ဒီမီးဖိုက မင်းအပိုင်ဖြစ်သွားပြီ ၊ နှစ်ပေါင်းများစွာ ဒီမီးဖိုအပေါ် မှီခိုပြီး ဆေးတွေ လုပ်ခဲ့တယ် ။ ဒီမီးဖိုမှာ ငါ့ထက်တော်တယ့် ဆရာ ရှိသင့်ပါတယ်”
မန်ဘိုနှင့် ချန်ရှန်တို့၏ အပြုအမူများကို ဆေးဆရာအားလုံးဟာ လေးစားလျက်ပါ ။ ချန်ရှန်သူ၏ လက်များကို ခါပြီး -
“ဆရာကြီး မန်ဘို ၊ ခင်ဗျား ကျွန်တော်တို့ ဆေးဘုရင်ခန်းမကို လာသင့်တယ် ၊ နောက်ပြီး ဒီဆိုင်ရဲ့ ဆေးပညာရှင် ခေါင်းဆောင် ဖြစ်လာမှာ ၊ ဒီမီးဖိုကလည်း ဆရာကြီးဟာပါပဲ ။ နောက်ပြီး ဆရာကြီး ကျွန်တော့ရဲ့ ဆေးဖက်ဝင် သတ္တုသစ်သီးပါ ရနိုင်သေးတယ်”
လူတိုင်းအံ့အားသင့်သွားကြပါတယ် ။ ချန်ရှန်ဟာ တကယ်ပဲ မန်ဘိုအား ဆိုင်သို့ ခေါ်ချင်နေပုံ ပါပဲ ။ ချန်လုဇောင် မျက်လုံးပြူးသွားပြီး အလျင်အမြန်ပဲ ဝင်ပြောလိုက်ပါတယ် ။
“ဒီဆိုင်ဟာ မန်ဘိုဆရာကြီး ကြီးကြပ်မှုကို လိုအပ်နေတယ် ၊ ဒါဆို တကယ်သေချာပေါက် အောင်မြင်တဲ့ ဆေးဘုရင် ရဲ့ ဆေးဘုရင်ခန်းမ ဖြစ်ပြီပေါ့”
မန်ဘို ခဏကြာမျှ စဉ်းစားပြီးနောက် ပြန်ပြောပါတယ် ။
“ကောင်းပြီ ၊ ဒါပေမယ့် ဒီမီးဖိုကိုတော့ မင်းလက်ခံရမယ် ။ မင်းမှာ တော်တော် ကောင်းမွန်တဲ့ အခြေခံရှိပါပေတယ် ။ ဒီမီးဖိုနဲ့သာဆို မင်းအားတဝက်ပဲ စိုက်ထုတ်စရာလိုပြီး ရလဒ်ကတော့ ၂ ဆ ရမှာပဲ”
ထူးဆန်းစွာပဲ မန်ဘိုက လက်ခံခဲ့ပါတယ် ။ ဒါပေမယ့် မန်ဘိုပုံဟာ အနည်းငယ် ညှိုးငယ်နေ ဟန်ပါပဲ ။ ဒီအချိန်မှာပဲ အသက်ကြီးကြီး လူတစ်ယောက်က ဝင်ပြောပါတယ် ။
“လူလေး ၊ ဒီလူက ဒီမှာ ဆေးဆရာ လုပ်ချင်တာ မဟုတ်ဘူး ၊ အစောင့်လုပ်ချင်တာ နောက်ပြီး မင်းလည်း ဘာမှ ပေးစရာမလိုဘူး”
အခကြေးငွေ ပေးစရာမလိုပဲ ဆေးဘုရင်နဲ့သာမက ချန်ရှန်နဲ့ပါ အနီးကပ်နေပြီး ပညာများစွာ သင်ယူနိုင်တယ့်အတွက်ပဲ ဖြစ်ပါတယ် ။
“ကောင်းပြီ ၊ ဆရာကြီး ခင်ဗျား တာဝန်စယူနိုင်ပါပြီ”
ချန်ရှန် ခေါင်းကုတ်ကာ ရယ်ပြီး ပြောပါတယ် ။ မန်ဘိုလည်း လူများစွာကို ကြည့်ပြီး သူ၏ ခေါင်းကိုညိမ့်လျက် ပြောလိုက်တယ် ။
“မင်း ဒီကိုလာပါ”
နောက်ထပ် ချန်လုဇောင်နဲ့ မန်ဘိုတို့ဟာ တခြား တော်တယ့် ဆေးဆရာ ၂ ယောက်ကို ရွေး ထုတ်လိုက်ပါတယ် ။ အခကြေးငွေ အဖြစ်လည်း သစ်သီးဆုချလိုက်ကြပါတော့တယ် ။ မန်ဘို ရောက်လာပြီးနောက် ချန်ရှန် တော်တော်ဝန်ပေါ့ သွားသလို ခံစားရပါတယ် ။ အနည်းဆုံး တော့ သူဆေးလုပ်နေစရာမလိုတော့ဘူးပေါ့ ။ ဒါဟာ သူ့အတွက် အချိန်ကုန်ပြီး တော်တော် ပျင်းစရာကောင်းလှပါတယ် ။
“အဖိုးလေး က ကြီးကြပ်သူ ဖြစ်သွားပြီနော် ၊ အရင်ကလည်း ဆေးပင်ခန်းမမှာ အကြာကြီး လုပ်ထားတယ့် အတွေ့အကြုံလည်း ရှိနေတာပဲ ၊ ဆရာကြီး မန်ဘိုနဲ့ တခြား စီနီယာတွေ က ဆေးအတွက်သီးသန့် တာဝန်ယူကြပေ့ါ”
မန်ဘိုဟာ ဆေးဘုရင်တစ်ယောက် ဖြစ်ပြီး ဆေးပညာမှာ နှစ်ရှည်ကြာစွာ ကျွမ်းကျင် သော်လည်း စီမံခန့်ခွဲမှုပိုင်းတွင်တော့ အတွေ့အကြုံမရှိပေ ။ မန်ဘိုနှင့် တခြားဆေးဆရာများ မှာ အရမ်းရင်းရင်းနီးနီး မရှိကြပေ ။ ယခုတော့ ဆေးဘုရင်ခန်းမတွင် ထူးချွန်တဲ့ ဆေးဆရာ လေးယောက် ရှိနေပြီး သာမန်အဆင့် ဆေးဆရာ တစ်ဒါဇင်လောက် ရှိနေပါပြီ ။ ယောင်မျိုးနွယ်နဲ့ ဒန်ရှန် တို့နဲ့ ယှဉ်ရင်တော့ နည်းနည်းလိုပါသေးတယ် ။ ၎င်းတို့ဟာ တခြား အင်အားစုများထက် ဆေးဆရာ အင်အားများစွာ ရှိနေပါတယ် ။
ညသို့ရောက်သောအခါ ၊ ချန်ရှန် နှင့် ဆံပင်ဖြူတွေ ရှိကြသည့် လူကြီးများ အုပ်စုဖွဲ့ပြီး အတူ ထိုင်နေကြကာ ဆေးပညာများအကြောင်း ဆွေးနွေးနေကြပါတယ် ။ ချန်ရှန်ကို စုမေးယို သင်ပေးထားသည့်အတွက် ဆေးပညာအသိကတော့ တော်တော်ကို ကျွမ်းကျင့်အဆင့် ရောက်နေပါပြီ ။ သူ၏ အတွေ့အကြုံနဲ့ ပေါင်းစပ်တယ့် အခါမှာတော့ တော်တော်များများကို လမ်းညွှန်ပြသ နေနိုင်ပါတယ် ။ ဒီလို ဆေးပညာရှင်တွေ စုဝေးပြီး ဆွေးနွေးတာ တကယ်ကို အကျိုးရှိပါတယ် ။နောက်ပြီး သူတို့ဟာ ချန်ရှန်လို အသက်ငယ်ငယ်နဲ့ သူတို့ နားမလည်တဲ့ တချို့အပိုင်းတွေတောင် ရှင်းပြနိုင်သည့်အတွက် တော်တော်ကို လေးစားနေကြပါတယ် ။
“ချန်ရှန် ဒီမနက် စော်ကားမှုတစ်ခုအတွက် ငါ့ကို ခွင့်လွှတ်ပါ ။ ယောင်မျိုးနွယ်ဟာ ငါ့ကို ဆေးပင်တစ်ချို့ ပေးခဲ့ဖူးတယ် ။ ဒါကြောင့် ငါလည်း အကြွေးတင်နေတာပေါ့ ။ ဒါပေမယ့် ခုကစပြီး သူတို့နဲ့ ငါ့အကြား ကိစ္စပြတ်ပါပြီ”
မန်ဘို မျက်နာ ခပ်အမ်းအမ်း ဖြစ်နေပုံပါပဲ ။ ချန်ရျန် ပြုံးပြီး ပြန်ပြောလိုက်ပါတယ် ။
“အတိတ်က အတိတ်ပါပဲ ။ ယောင်မျိုးနွယ်ရဲ့ ကျွန်တော့အပေါ် အမုန်းက နက်နက်ရှိုင်းရှိုင်းပဲ အမြစ်တွယ်နေပြီ ။ နောက်ဆုံးမှာ သူတို့အားလုံး မျက်နာထားစရာမရှိအောင် ကျွန်တော် လုပ်မှာပါ”
သူ့မှာ ကောင်းမွန်လှတယ့် မီးဖိုနဲ့ အဆင့်မြင့် ဆေးပညာရှင်တစ်ယောက် ရှိနေပြီလေ ။ ဒါတွေ အားလုံးအတွက် ယောင်မျိုးနွယ်ကိုတောင် ကျေးဇူးတင်နေတာပါ ။
“ကျွန်တော်တို့ ကြိုးစားဖို့လိုတယ် ။ ဘာလို့လဲဆိုတော့ သိုင်းပြိုင်ပွဲက စတော့မယ် ။ ကျွန်တော် ကိုယ့်ကိုကိုယ် အများကြီး ပြင်ဆင်ရဦးမယ် ။”
ချန်ရှန်မျက်လုံးများမှာ ယုံကြည်မှုရှိသည့် အရိပ်အယောင်များ တောက်ပနေပါတယ် ။ ဒီအချိန်မှာ လူတိုင်းဟာ သူတို့စိတ်ထဲ ချန်ရှန်ကို ဆေးပညာနဲ့ ပတ်သတ်ပြီး လေးစားကြတာ ဖြစ်ကာ သူ၏ စွမ်းအားကိုတော့ မေ့နေကြပါတယ် ။ ယခုတော့ ချန်ရှန်ဟာ ငယ်ရွယ်သူ မျိုးဆက်သစ်များကြားမှာ စွမ်းအားအကြီးဆုံး သိုင်းပညာရှင်တစ်ယောက်ဆိုတာကို ပြန် လည် အမှတ်ရသွားကြပါတယ် ။
ချန်ရှန်ရဲ့ စွမ်းအားဟာလည်း အထူးပြောစရာမလိုပေ ။ အဆင့် ၇ ရှိတယ့် ယောင်လူကြီးမင်း ပင် ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီး ဒီလိုပါရမီမျိုးဟာ ကြောက်မခန်းလိလိ ပါပဲ ။
“ကျွန်တော် ထွက် လေ့ကျင့်လိုက်ဦးမယ် ။ လူတိုင်း အေးဆေး အနားယူ အလုပ်လုပ်ကြပါ”
ချန်ရှန် မှာခဲ့ပြီးနောက် ထွက်သွားပါတော့တယ် ။
ဘုရင့်မြို့တော်ရဲ့ အစွန်ဘက်က တောအုပ်ထဲတွင် ချန်ရှန် တစ်ယောက် ထူးကဲလှတယ့် အနီရောင် တဖိတ်ဖိတ် တောက်လျက်ရှိသော ယန်း မီးဖိုကို ကြည့်နေပါတော့တယ် ။ တစ်စုံ တစ်ခုက စိတ်လှုပ်ရှားစေနေသလိုပါပဲ ။ ဒီမီးဖိုကို ထိကြည့်တဲ့အခါ သာမန်ထက်လွန်ကဲတဲ့ ခံစားမှုမျိုး ခံစားလိုက်ရပါတယ် ။
ကွင်းထဲက မိန်းမလှ နှစ်ယောက်ဖြစ်တဲ့ စုမေးယို နဲ့ ဘိုင်ယုယုတို့လဲ ထွက်လာကာ ချန်ရှန် အနိုင်ရခဲ့တဲ့ မီးဖိုကို ကြည့်နေကြပါတော့တယ် ။
“မီးနဂါးသွေးကျောက်”
ဘိုင်ယုယု ခြေလှမ်းအနည်းငယ်ပင် နောက်ဆုတ်လိုက်ပြီး အော်လိုက်ပါတယ် ။ သာမန်အ ချိန်မှာ အေးစက်စက်ဖြင့် နေတတ်တယ့် ဒီလိုမိန်းကလေးဟာ ခုတော့ ဒီ်မီးဖိုကို ထိတ်လန့် နေပုံပါပဲ ။ စုမေးယိုရဲ့ မျက်လုံးများဟာလည်း မီးဖိုကို ကြည့်နေရင်း တောက်ပလို့ နေပါတယ်။ ထို့နောက် သူမ၏ လက်များကို ကွေးကာ ဖြည်းဖြည်းချင်း ပိုက်လိုက်ပါတယ် ။ ကလေးငယ်လေးကို ရင်ခွင်ထဲ ပိုက်နေသလိုပါပဲ ။
ဘိုင်ယုယုလည်း အနားတဖြည်းဖြည်း ပြန်ရောက်လာကာ ပြောရခက်တဲ့ အကြည့်မျိုးဖြင့် မီးဖိုအား စိုက်ကြည့်နေပါတယ် ။
“ဟုတ်တယ် ။ ဒါဟာ တကယ်ကို မီးနဂါးသွေးကျောက်ပဲ ၊ ငါက ဒါကို ထင်တောင်မထင်မိဘူး၊ကောင်လေးရေ မင်းတော့ တကယ့်ရတနာကို ရတာပဲ ။ ဆေးဘုရင်သာ သိသွားရင် နောင်တရလို့ ဆုံးမှာမဟုတ်ဘူး”
စုမေးယိုပြုံးလိုက်ပြီး သူမမျက်နာဟာ ပျော်ရွှင်မှုတွေ ပြည့်လို့နေပါတယ် ။ လှုပ်ရှားမှုများ ဟာလည်း အလွန်ချစ်စဖွယ်ကောင်းပြီး ဆွဲဆောင်မှု ရှိလှပါတယ် ။ ချန်ရှန် မီးဖိုကို ယူလိုက်ပြီး မီးနဂါးသွေးကျောက်ဆိုတာ ဘာလဲမသိသော်လည်း ဘိုင်ယုယု တုန်လှုပ်နေတဲ့ ပုံစံကို ကြည့်ခြင်းအားဖြင့် တစ်ခုခုပဲ ဆိုတာ ရိပ်စားမိပါတယ် ။
“အမတော် ယုယု ၊ စိတ်မရှိပါနဲ့နော် ၊ အမတော် ဒီအရာကို ဘာလို့ကြောက်သွားတာလဲဗျ”
ဘိုင်ယုယု တုန်လှုပ်မှုများ လျော့ကျလာပြီး လေသံတီးတိုးဖြင့် ပြောပါတယ် ။
“ရပါတယ် မင်းအမှားမဟုတ်ပါဘူး”
သူမ၏ အသံဟာ ညင်သာပြီး ချစ်စဖွယ်ကောင်းလှပါတယ် ။ စကားနည်းပြီး အေးစက်စက် နေလေ့ရှိတယ့် ဘိုင်ယုယုထံမှ ဒီလို အသံမျိုးထွက်လာတယ့် အတွက် ချန်ရှန်တောင် အံသြ သွားမိပြီး ရင်လည်း ခုန်မိသွားပါတယ် ။ ဘိုင်ယုယုလည်း ချန်ရှန်၏ အမူအရာနည်းနည်း ထူးဆန်းနေတာကို မြင်တဲ့အတွက် -
“ငါဟာ မိစ္ဆာသိုင်းကျင့်စဉ်တွေကို လေ့ကျင့်ပြီး ငါရဲ့ခန္ဓာကိုယ်ဟာ စွမ်းအားကြီး ယင် ခန္ဓာကိုယ် ဖြစ်နေတဲ့အတွက် ဒီ စွမ်းအားကြီး ယန် မီးဖိုနဲ့ ဓာတ်မတည့်သလို ဖြစ်သွားလို့ပါ”
ဘိုင်ယုယုက ရှင်းပြလိုက်ပါတော့တယ် . . . ။
I can read that one. Interesting novel. Thanks. keep it up.
Thank You. I will post at least 2 to 3 chapters per day.