book

Index 1

ဒန်ဆေးနတ်ဘုရားချန်ရှန် စာစဉ် - ၁ (အပိုင်း 1 to 20)

  • Author : Translator - #MC
  • Genres : Adventure, Action
  • Original Author : Solitary Little Thief

Chapter - 1
#ငရဲဝိဉာဉ်တော်မြက်
လျှပ်စီးများတဖြတ်ဖြတ်ဖြင့် ကောင်းကင်ကြီးမှာ တိမ်ညိုမဲများဖြင့် အုပ်ဆိုင်းလျက်ရှိသည် ။ မိုးကားအညိုးကြီးစွာဖြင့် သည်းသည်းမဲမဲကို ရွာလျက်ရှိပါသည် ။

ဝိုဟူမြို့လေးထဲတွင် ချန်ရှန်တစ်ယောက် ကောင်းကင်ကိုမော့ကြည့်ရင်း တကိုယ်တည်း တီးတိုးရေရွတ်နေသည် ။ 
“ ငါဒီထက်နောက်ကျလို့မဖြစ်တော့ဘူး ၊ နောက်တခါဒီလိုအခွင့်အရေးရဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး “
ချန်ရှန်ဟာ ဒီနှစ်မှ ၁၆ နှစ်ပြည့်တာဖြစ်ပြီး သူဟာ တခြားသက်တူတွေထက် ပိုမို တောင့်တင်းသန်မာပါတယ် ။ သူဟာ ငယ်ရွယ်ပျိုမြစ်ကာ ချောမောတဲ့ရုပ်ရည်ရူပကာ ရှိပေမယ့် သူ့မျက်လုံးတွေကတော့ အသက်ရွယ်နဲ့မလိုက်အောင်ကို စူးရှရင့်ကျက်လှပါသည် ။

သူ့အဖိုးဟာ ချန်မိသားစုရဲ့မျိုးနွယ်စု အကြီးအကဲဖြစ်ပေမယ့်လည်း ချန်ရှန်ဟာ သိုင်းကျင့်လို့မရတဲ့ မွေးရာပါအားနည်းချက်ရှိနေတယ့်အတွက် ဆေးပင်ဆေးမြစ်တွေကို သူကိုယ်တိုင်ပဲရှာဖွေရပါတယ် ။ အဲအားနည်းချက်ကြောင့်သူဟာ ငယ်ငယ်လေးထဲက ဇွဲလုံ့လကြီးမားစွာဖြင့် သူ့ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်မာအောင် တကိုယ်တော်လျို့ဝှက်စွာဖြင့် လေ့ကျင့်ခန်းတွေ လုပ်ဆောင်ခဲ့ပါတယ် ။ တခါတုန်းကသူဟာ ကျားရဲတစ်ကောင်နဲ့တောင်တိုက်ခိုက်ခဲ့ဖူးပါသေးတယ် ။ သူဟာငယ်ရွယ်သော်လည်း သူဖြတ်သန်းခဲ့ရတယ့် ဘဝနဲ့ကြမ်းတန်းတဲ့ အတွေ့အကြုံတွေကြောင့် ချန်ရှန် ဟာ သူ နဲ့ရွယ်တူတွေထက်ကို သူ့စိတ်အခြေနေက သာလွန်ရင့်ကျက်နေပါတော့တယ် ။

“ ချန်ရှန် အပြင်ဘာထွက်လုပ်နေတာလဲ ၊ မုန်တိုင်းတိုက်တော့မယ် မင်းဒီလိုရာသီဥတုနဲ့ အပြင်သွားမလို့လား ? “ 
အိမ်တော်ထိန်းအိုကြီးက ပြောပြောဆိုဆိုနဲ့ သူ့ဆီလျှောက်လာလေသည် ။ အိမ်တော်ထိန်းကြီးက သူ့အပေါ်တော့ သံယောဇဉ်ရှိသူတစ်ယောက်ပါ ။ သူ့မျက်လုံးများကတော့ ရီဝေနေသည် ။

ချန်ရှန်ဟာ နေ့တိုင်းကြိုးကြိုးစားစားနဲ့ ခြောက်နှစ်ကြာအောင် အပြင်းအထန်လေ့ကျင့်ခဲ့သော်လည်း သူ့သိုင်းပညာအဆင့်တန်းဟာ သာမန် အဆင့် ၃ ကနေတက်မလာခဲ့ပါဘူး။ တခြားချန်မိသားစုဝင် သူနဲ့သက်တူရွယ်တူတွေဆို အဆင့် ၄ ရောက်နေကြပါပြီ ။ တချို့ဆို အဆင့် ၅ တောင်ရောက်နေတာ တွေရှိပါတယ် ။

ဒါဟာ သူ့ရဲ့မွေးရာပါအားနည်းချက်ဖြစ်တဲ့ သိုင်းပညာပါရမီ မပါလာခြင်းကြောင့်ဖြစ်ပါတယ် ။ ဒါကြောင့်ပဲလားမသိ သူ့မိသားစုဝင်တွေဟာ သူ့ကိုသိပ်အရေးမပေးပါဘူး ၊ သူ့အားနည်းချက်ကြောင့် သူဟာဘယ်တော့မှစိတ်ဓာတ်မကျပဲ လေ့ကျင့်ခန်းတွေသာ မပြတ်လေ့ကျင့်ပါတယ် ။ ဒီလိုလေ့ကျင် တာကပဲသူ့ကိုယ်သူ ပြည့်စုံစေတဲ့ ခံစားချက်မျိုးဖြစ်ပေါ်နေလို့ပါ ။

“ ကျွန်တော်ဆေးပင်သွားရှာမလို့ပါ အိမ်တော်ထိန်းကြီး “ 
ချန်ရှန်ဟာရယ်မောပြောဆိုကာ အိမ်တော်ထိန်းကြီးဆီလျှောက်သွားပါတယ် ။ အိမ်တော်ထိန်းကြီးက သက်ပြင်းချကာ ခေါင်းတခါခါနဲ့ .
“ မင်းမှာ သိုင်းပညာပါရမီမပါတဲ့အတွက် ဆေးပင်ပဲနှုတ်နှုတ် သိုင်းပဲဘယ်လောက်လေ့ကျင့်ကျင့် အပို ပဲ ၊ မင်းဟာ ဒီထက်တိုးတက်တော့မှာ မဟုတ်ပေဘူး “
ချန်ရှန်ဟာ ဒီစကားတွေကို သူ့တဘဝလုံးဖန်တရာထပ်အောင်ကြားဖူးပေမယ့်လည်း ပြောချင်တာကြပါ စေ ၊ သူကတော့ အရံှုးပေးမှာမဟုတ်ဘူး ။

သတ်လတ်ပိုင်အရွယ်လူတစ်ယောက်ဟာ သူတို့ဆီလျှောက်လာပြီး
“ ရှန်လေး မင်းဒီလိုရာသီဥတုနဲ့အပြင်တကယ်သွားမလို့လား ? “ 
ချန်ရှန်ဟာပြုံးပြုံးလေးပဲ ပြန်ဖြေလိုက်တယ် ၊
“ မိုးရွာမုန်တိုင်းတိုက်တာ ကျွန်တော့အတွက် အခွင့်ကောင်းပေါ့အဖေရဲ့ အဲဒါမှ တစ်ယောက်ထဲ ဆေး ပင်ရှာလို့ရမှာလေ လုရှာစရာမလိုတော့ဘူးပေါ့ “ 
သတ်လတ်ပိုင်းအရွယ်အမျိုးသားဟာ ချန်ရှန်ရဲ့အဖေဖြစ်ပြီး သူ့နာမည်ကတော့ ချန်တျန်းဟူ ဖြစ်တယ်။ သူဟာ အလွန်ထူးချွန်ကာ ထင်ရှားကျော်ကြားတဲ့သိုင်းပညာရှင်ကြီးဖြစ်ကာ ချန်မိသားစုရဲ့ အကြီးအကဲနေရာဆက်ခံသူအတွက် အလားအလာရှိသူတစ်ယောက်လည်းဖြစ်ပါတယ် ။ သူ့သားမှာ မွေးရာပါအားနည်းချက်ရှိတာကို သိသော်လည်း သူဟာချန်ရှန်ကို အမြဲအားပေးပြီး ရှားပါးတဲ့ဆေးတွေ ချန်ရှန်ကိုအမြဲပေးလေ့ရှိပါတယ် ။ သို့သော်လည်း ထိုဆေးပြားများမှာ ချန်ရှန်အတွက် အကျိုးသက် ရောက်ဟန်မရှိပေ ။

“ ဒီမှာ” 
ချန်တျန်းဟူ သေတ္တာလေးတစ်လုံးကို ချန်ရှန်ဆီပြုံးပြီး ပေးလိုက်တယ် ၊ ချန်ရှန်ဟာ သေတ္တာကိုဖွင့် တောင်မကြည့်ပဲ ယူလိုက်ပါတယ် ။ အထဲမှာ ဆေးတစ်ခုခုပါမယ်ဆိုတာ သူသိနေတယ် ။ 
“ ကျေးဇူးပါ အဖေ ၊ ခုကျွန်တော် အိမ်တော်ထိန်းကြီးသူ့ကျန်းမာရေးအတွက် မွေးထားတဲ့ ကြက်တွေ ခိုးစရာမလိုတော့ဘူးပေါ့ “
ချန်ရှန်ဟာရယ်ပြီးပြောလိုက်ပါတယ် ။ 
ချန်ရှန့်စကားကြောင့် အိမ်တော်ထိန်းကြီး မျက်မှောင်ကြုတ်သွားတယ် ၊ ချန်ရှန်သူ့ကြက်တွေကို ပစ် မှတ်ထားနေမှန်း သူမသိခဲ့ဘူးလေ ။ 
ချန်ရှန်ထွက်သွားတာကို ကြည့်ရင်း ချန်တျန်းဟူ သက်ပြင်းချမိနေသည် ။ ချန်မျိုးနွယ်စုမှာ သူဟာ အလွန်မြင့်မားတဲ့ သိုင်းပညာမှာရှိသော်လည်း ဆေးတွေဟာရှားပါးကာ သိုင်းကျင့်တဲ့နေရာမှာ အသုံးပြု တာကြောင့် ချန်အကြီးအကဲတွေဟာ တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပါတယ် ။ ဒါကြောင့် သူ့သား အတွက်သူဟာ ဆေးအနည်းငယ်ကိုပဲ ချန်ထားနိုင်ပါတယ် ။ ချန်တျန်းဟူတစ်ယောက် သူပေးတဲ့ဆေး တွေနဲ့သူ့သားတစ်ယောက် သိုင်းကျင့်ရာမှာ အလုပ်ဖြစ်ပါစေလို့မျှော်လင့်ဆုတောင်းရုံမှတပါး အခြား မရှိတော့ချေ ။

“ အမတ မိစ္ဆာချောက်ကမ်းပါး ‘’
ထိုနေရာမှာ လုံးဝလူသူကင်းလျက်ခြောက်ကပ်လျက်ရှိသောနေရာဖြစ်ပြီး ထိုကမ်းပါးအား ရင်ဘတ်ဟောင်းလောင်းနဲ့လူငယ်လေးတစ်ယောက် တွယ်ဆင်းလျက်ရှိနေသည် ။ မိုးသည်းသည်းအောက်တွင် ချန်ရှန်တစ်ယောက် အမှန်တကယ်ကို ချောက်ကမ်းပါးအား တွယ်ဆင်းလျက်ရှိနေသည် ။ ဒါဟာတကယ်ကို အန္တရာယ် အလွန်များတဲ့ အလုပ်ပါ ၊ ဒီ “ အမတ ချောက်ကမ်းပါး ‘’ ဟာ အရမ်းကိုမြင့်မားမတ်စောက်ကာ အနက်ရောင် ချီ တွေနဲ့ပြည့်နေပါတယ် ၊ ချီဆိုတာ ထိမိရင်လူကိုသေစေနိုင်တဲ့ အငွေ့တမျိုးဖြစ်ပါတယ် ။ ဒါကြောင့်ဒီနေရာကို ဘယ်သူမှ မသွားရဲကြပါဘူး ။

ဒါပေမယ့်လည်း ချန်ရှန်ကတော့ ဆေးပင်တွေခူးဖို့အတွက်ချောက်ကမ်းပါးအောက်ခြေကို တဖြည်းဖြည်းနဲ့တွယ်ဆင်းနေပါတယ် ။ ဒီလိုအပြုမူကို တခြားလူတွေတွေ့ရင်အရူးတစ်ယောက်ဆိုပြီး လှောင်ရယ်နေကြမှာပါ ။ ဒီလို အနက်ရောင် ချီ အငွေ့တွေနဲ့ပြည့်နေပြီး ငှက်ချေးတောင် မရှိတဲ့နေရာ မှာ ဆေးမြစ်ရှာထွက်တယ်ဆိုတာ တော်တော်စိတ်ကူယဉ်ဆန်ချင်စရာပါ ။ 
ဒီ ချောက်ကမ်းပါးဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲကရှိနေပြီး အနက်ရောင် ချီ တွေပြည့်နေတယ်ဆို တာသူသိတာပေါ့ ။ ဒါပေမယ့်လည်း သူဟာ ထိုအနက်ရောင် ချီ တွေဟာ ဒဏ္ဍာရီလာ ဆေးမြစ်ပင် တွေကနေ ဖြစ်ပေါ်လာတယ်လို့ပဲ ယုံကြည်နေပါတယ် ။ 
“ ငရဲဝိဉာဉ်တော်မြက် ‘’
ဒီလိုမိုးသည်းတဲ့နေ့တွေမှာပဲ ချီ အငွေတွေဟာ မိုးရေကြောင့် ပျောက်ကွယ်သွားလေ့ရှိပြီး ချောက်ကမ်းပါးအောက်ကို သူကောင်းကောင်းမြင်နိုင်တာပါ ။ သူအောက်ကိုဆင်းလာတာဟာ ငရဲဝိဉာဉ်တော်မြက်ကို ရှာဖွေချင်လို့ပါ ။ ဒီမြက်ကိုရှာတာ သူသုံးဖို့အတွက် မဟုတ်ပါဘူး ၊ ဒီမြက်နဲ့ ရှားပါးဆေးပင်တွေနဲ့လဲလှယ်ကာ သူ့အကျပ်တည်းဖြစ်တဲ့ သိုင်းကျင့်မရတဲ့ ပြသနာကို ဖြေရှင်းချင် လို့ပဲဖြစ်ပါတယ် ။
မိုးစက်မိုးပေါက်တွေဟာ သူ့ပေါ်ဆက်တိုက်ကျဆင်းနေပါတယ် ။ မိုးရေတွေကြောင့် သူလည်းအတော် မသက်မသာဖြစ်နေပြီး ကျောက်ခဲတွေကလည်း ချော်နေတယ် ။ သူသေချာ ဂရုတစိုက်နဲ့ဆင်းနေလို့ သာ ပြုတ်မကျခြင်းဖြစ်ပါတယ် ။ ထိုချောက်ကမ်းပါးကြီးအောက်မာ ဘာရှိမှန်း ဘယ်သူမှမသိပါဘူး ။ မသိဆို ဆင်းသွားတဲ့လူမှန်သမျှလည်း တစ်ယောက်မှပြန်တက်နိုင်ခြင်းမရှိခဲ့ပေဘူး ၊ ဒါကြောင့် ချောက် ထဲဆင်းတယ်ဆိုတာ သေဖို့လမ်းကိုသွားသလိုပါပဲ ။
၂ နာရီလောက်ကြာတောင် ဆင်းပြီးသော်လည်း မိုးကတော့ ဆက်ရွာနေတုန်းပါပဲ ။ နှစ်ပေါင်းများစွာ လေ့ကျင့်ထားလို့ တောင်းတင်းသန်မာတဲ့ သူ့ခန္ဓာကိုယ်ကို အားကိုးပြီး ချောက်ထဲဆင်းလာတာဆိုရင် တော်တော်ကို ခရီးပေါက်နေပြီပဲဖြစ်ပါတယ် ။ ချန်ရှန် ပတ်ဝန်းကျင်ကို တချက်ဝေ့ပြီးကြည့်လိုက်တယ် ။ ကျောက်စွန်းတခုမှာ သူမြင်လိုက်ရတယ့် မြင်ကွင်းက သူ့နှလုံးခုန်သံတွေမြန်သွားစေပါတယ် ။ 
“ ငရဲဝိဉာဉ်တော်မြက် ‘’  
ချန်ရှန် စိတ်လှုပ်ရှားစွာ အော်လိုက်မိပါတယ် ။ ၎င်းဟာ အဖြူရောင် နှမ်းစေ့လေးတွေနဲ့တူပါတယ် ။ ထိုအပင်ဟာ ဒဏ္ဍာရီလာ ငရဲဝိဉာဉ်တော်မြက် ဖြစ်တယ်လို့ယုံကြည်နေပါတယ် ။ လျိုထဲမှာ အနက် ရောင်ချီတွေနဲ့ပြည့်နေတယ် ၊ မြက်ကလည်းထိုအပေါ်မှာမှ ဖြစ်နေတယ့်အတွက် သူ့အတွက် ခူးဖို့ ခက်ခဲနေပါတယ် ။ 
ချန်ရှန်ဟာ စိတ်လှုပ်ရှားနေတာကို ထိန်းလိုက်ရင်း အောက်ကိုဆက်ဆင်းလာပါတယ် ။ မြက်ကလဲ သူနဲ့သိပ်မဝေးတော့ပါဘူး ။ တံတွေးတချက်မြိုချရင်း ငရဲဝိဉာဉ်တော်မြက်ကို တချက်လှမ်းကြည့်လိုက် ပါတယ် ။ ၎င်းဟာ ဟင်းရည်ပန်းကန်လုံးအရွယ်ရှိပြီး မြက်ကနေ အရောင်အဝါတစ်မျိုးထွက်နေတယ် လို့ သူထင်မိနေတယ် ။ 
ချန်ရှန်လက်တစ်ဖက်နဲ့ ငရဲဝိဉာဉ်တော်မြက်ကို လှမ်းခူးလိုက်ပါတယ် ။ သူကြည့်ရသလောက် မြက် သက်တမ်းဟာ နှစ်တစ်ထောင်ထက်က ပိုလောက်ပါတယ် ။ ဒီမြက်ကိုသာ လေလံတင်လိုက်ရင်ဖြင့် တော်တော်များပြားတဲ့ ငွေပမာဏကို သူရပါလိမ့်မယ် ။ 
ချန်ရှန်မြက်ကို သူ့နောက်ကျောက လွယ်ထားတဲ့ ခြင်းထဲထည့်လိုက်ပါတယ် ။ ထို့နောက်မှာတော့ ပြုံးပြီး . . .
“ ဟားဟား ၊ ကျရံှုးမှုတွေကြားကနေ ပြန်ထဖို့အချိန်ရောက်ပြီ ‘’
ဒီငရဲဝိဉာဉ်တော်မြက်ကိုသာ ရောင်းလိုက်ရင် တန်ဖိုးရှိတဲ့ ဆေးကောင်းကောင်းတွေ အများကြီးဝယ်လို့ ရပါလိမ့် ။ ဒီဆေးကောင်းတွေနဲ့သာဆို သူ့အကျပ်အတည်းကလည်း လွတ်မြောက်ပြီပေ့ါ ။ မိုးကလည်း တဖြည်းဖြည်းစဲလာပြီး လိုချင်တာလဲရပြီဖြစ်တယ့်အတွက် ပြန်တက်ဖို့လုပ်တယ် ။ သူဟာအရမ်းကိုမောပန်းနေတယ့်အတွက် အတက်က အဆင်းထက်ပိုမိုခက်ခဲကာ အန္တရာယ်များနေ တယ် ။ 
တစ်နာရီခွဲလောက် အပေါ်ကိုတက်လာပြီးနောက်မှာတော့ ချောက်ကမ်းပါးကြီးဟာ ရုတ်တရက်လှုပ် လာတယ် ။ ချန်ရှန်လည်း ရင်ခုန်သွားကာ တစ်ခုခုတော့ ဖြစ်နေပြီဆိုတာ သိလိုက်ပါတယ် ။ သူအပေါ်ကို မော့ကြည့်လိုက်တဲ့အချိန်မှာပဲ ကျောက်တုံးသေးသေးလေးတွေ တောင်ပေါ်ကနေပြုတ်ကျ လာပါတယ် ။  ကျောက်တုံးလေးတွေကျသွားပြီး ကမ်းပါးကြီးကလည်း ပိုပိုလှုပ်လာပါတော့တယ် ။
“ ဟာကွာ ငါနောက်ဆုံး ငရဲဝိဉာဉ်တော်မြက်ရတယ့်အချိန်မှပဲ မိုးနတ်မင်းဟာ ငါ့အပေါ် မျက်နှာသာမ ပေးပါလား ‘’
ချောက်ကမ်းပါးကြီးဟာ ပိုပိုလှုပ်လာပြီး သူလဲ အောက်ကို တဖြည်းဖြည်း လျှောကျလာတယ် ။ အပေါ် ကနေကျောက်တုံး အကြီးကြီးတွေ ကျလာတာကို သူမြင်လိုက်တယ် ။ အဲဒိအချိန်မှာပဲ သူကိုင်ထားတဲ့ ကျောက်တုံးဟာလည်း အက်လာပါတော့တယ် ။
“ ဘုရားသခင် ၊ ငါခုမှ ငရဲဝိဉာဉ်တော်မြက် ရရုံရှိသေးတယ် ချောက်ထဲပြုတ်ကျတော့မှာပါလာ ‘’
ချန်ရှန်တီးတိုးရေရွတ်လိုက်တယ် ။ အဲချိန်မှာပဲ အနက်ရောင် ချီ ငွေ့တွေဟာ ထွက်လာပြီး သူကိုင်ထား တဲ့ ကျောက်တုံးဟာလည်း ကွဲသွားပါတော့တယ် ။
“ အားးးးးး ‘’
ချန်ရှန်တစ်ယောက် ချီ အငွေ့တွေပြည့်နေတယ့် ချောက်ကမ်းပါးထဲကို ထိုးကျသွားပါတယ် ။ အော်သံဟာလည်း တဖြည်းဖြည်း ဝေးကာ ပျောက်ကွယ်သွားပါတော့တယ် ။
သူမေ့မြောနေတာ ဘယ်လောက်တောင်ကြာပြီလဲဆိုတာမသိတော့ပါဘူး ။ ချန်ရှန်
မျက်လုံးကိုဖွင့်လိုက်ချိန်မှာတော့ အံသြစရာတခုကိုကြုံလိုက်ရပါတယ် ။ အမှောင်ထဲမှာ သူမြင်နိုင် နေတာဖြစ်ပြီး ရေထဲမှာကို သူဟာအသက်ရှုနေနိုင်နေတာကိုတွေ့ရပါတယ် ။ ချန်ရှန်ဟာ ရေမျက်နာပြင်ပေါ်မျောပါနေတာဖြစ်ပြီး ရေထဲကနေ အဖြူရောင် အငွေ့တွေ တောက်ပစွာထွက်နေတာ ကိုသူတွေ့လိုက်ပါတယ် ။

ပိုပြီးအံ့အားသင့်စရာကောင်းတာက သူနဲ့မနီးမဝေးမှာမှာ ဆံပင်အရှည်ကြီးနဲ့ အမျိုးသမီး ၂ ယောက် ထိုင်နေတာကို တွေ့လိုက်ရပါတယ် ။ ဒီထက်ပိုအံ့အားသင့်စေတာကတော့ သူတို့ ၂ ယောက်လုံးဟာ ကိုယ်လုံးတီးတွေဖြစ်နေတာပါပဲ ။ ဒီလိုချောမောလှပပြီး အပစ်ပြောစရာ လုံးဝမရှိတဲ့ အမျိုးသမီး ၂ ယောက်ဟာ သူ့ရှေ့မှာ ရှိနေပါတယ် ။  သူမတို့ရဲ့မျက်နာဟာ ဝင်းပကြည်လင်ချောမောကာ ကျောက်စိမ်းရုပ်တုလေးတွေလိုပါပဲ ။ ဖွံ့ထွားလှတဲ့ ရင်နှစ်မွှာနဲ့ ကျစ်လျစ်လှပသော ခါးများမှာ အလွန်ပနံသင့်လှသည် ။  ပြောရရင်တော့ အသက်ရှူမှားလောက်အောင် မိုးနတ်သူဇာအလား ထင်မှတ်မိစေပါသည် ။ ဒီလောက်လှတဲ့ အမျိုးသမီး ၂ ယောက်ကို သူ့ဘ၀ မှာ ယခုမှမြင်ဖူးခြင်း ဖြစ်ပါတော့တယ် ။ 

ထိုမြင်ကွင်းကိုကြည့်ရင်း ချန်ရှန်တစ်ယောက် မျက်နာတွေရဲလျက် အသက်ရှူတွေမှားနေသည် ။ ထိုအမျိုးသမီး ၂ ယောက်လည်း အချင်းချင်းကြည့်နေကြသည် ။ ခဏကြာတော့ သူတို့ချန်ရှန်ကို မြင်သွားလေတော့တယ် ။ သို့သော် သူ့ကိုမမြင်ချင်ယောင်ဆောင်နေတာကြောင့် သူအနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားတယ် ။
အချိန်တော်တော်ကြာစွံ့အနေပြီးမှ ချန်ရှန်ဟာ အက်ကွဲကြောင်းကြီးတစ်ခုကိုတွေ့လိုက်ပါတယ် ။
ထိုနေရာမှာ အက်ကြောင်းတွေ အများကြီးဖြစ်ပေါ်နေပြီး ကျောက်တုံးတွေလည်း မွစာကြဲလျက်ရှိသည် ။ ဒီနေရာမှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်ဆိုတာ သူသဘောပေါက်လိုက်တယ် ။ ဒီတိုက်ပွဲ ကြောင့်ပဲ ထိုအလှပဂေး ၂ ဦးရဲ့ဝတ်ရုံတွေဟာလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်တယ်ဆိုတာသူ နားလည်လိုက်ပါတယ် ။

ဒီအမျိုးသမီး ၂ ယောက်ဘာလို့တိုက်ခိုက်လဲဆိုတာတာ့ ချန်ရှန်မသိပါဘူး ။  သို့သော် တိုက်ခိုက်မှု ကြောင့် မြေကြီးတွေတုန် တောင်တွေပြိုတာကို ကြည့်ခြင်းဖြင့် စွမ်းအားတော်တော်ကြီးမယ်ဆိုတာ တော့တွေးမိပါတယ် ။ သူတွေးတာတွေဟာ သူနားလည်နိုင်တာထက်ကို ကျော်လွန်နေပါပြီ ။
“ ဒီနှစ်ယောက်ကြောင့် ချောက်ကမ်းပါးပြိုကျပီး ငါပြုတ်ကျတာဖြစ်မယ် ၊ ကံကောင်းလို့မသေတာပေ့ါ ‘’ ချန်ရှန်ဒေါသဖြစ်သလိုဖြစ်သွားပြီး ထိုအမျိုးသမီး ၂ ယောက်ဆီကို ဖြည်းဖြည်းချင်းလျှောက်သွားတယ် ။ ဒီ အမတ ချောက်ကမ်းပါးဟာ ငရဲချောက်ကမ်းပါးတစ်ခုဖြစ်သော်လည်း ချန်ရှန်အတွက်တော့ နိဗ္ဗာန်ဘုံ လိုဖြစ်နေခဲ့ပါပြီ ။ အဖြူရောင်အငွေ့တွေပြည့်နေတဲ့ ရေပြင်ကြီးနဲ့ ကိုယ်လုံးတီး မိန်းမပျို နှစ်ယောက် ၊ အဲဒိချိန်မှာပဲ အမျိုးသမီး ၂ ယောက်ဟာ သူတို့ကို မလှမ်းမကမ်ကနေ တစုံတယောက်က စူးစူးရဲရဲကြည့်နေတာကို ခံစားမိလိုက်တယ် ။ ချန်ရှန်ရဲ့အကြည့်ရိုင်းတွေကို သူတို့ ၂ ယောက် ဒေါသထွက်နေကြသလို ရှက်လဲ ရှက်နေကြပါတော့တယ် . . . .။















Chapter - 2
#ယင် နဲ့ ယန် နတ်အတွင်းအား

ထိုမိန်းမလှလေးနှစ်ယောက်ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ အကြည့်တွေနဲ့ကြည့်နေကြတယ် ။ ဒေါသကြောင့်မျက်လုံးတွေဟာ စူးရှတောက်ပလျက် ရှိနေတယ် ။ ဘာကြောင့်မှန်းတော့မသိ သူတို့ ခေါင်းတွေကို လှည့်လို့မရတဲ့ပုံပါပဲ ။ 
“ အမတော်တို့ မအေးဘူးလား ၊ ဘာလို့အဝတ်တွေချွတ်ထားကြတာလဲ ၊ ကျွန်တော်ဒီနားမှာ ရပ်နေ တာတောင် တော်တော်အေးတယ် ‘’ 
ချန်ရှန်လဲ ဘာပြောရမှန်းမသိတာနဲ့ မေးမိမေးရာမေးလိုက်မိတယ် ။ 
ထိုအချိန်မှာပဲ မိန်းမလှ ၂ ယောက်အနက် အေးစက်စက်မျက်နာထားနဲ့တစ်ယောက်က ၊
“ မင်းရှေ့တစ်လှမ်းတိုးတာနဲ့မင်းအရိုးတွေကျိုးတာဟာ ဘယ်လိုလဲသိအောင်လုပ်ပြမယ် ၊ သေခြင်းတရားဟာ ဘယ်လိုလဲသိသွားတာပေါ့ ‘’ 
ထိုမိန်းကလေးအသံက ပြတ်သားလှသော်လည်း တစ်ခုပြောစရာရှိသည်မှာ သူမစကားပြောပုံသည် အသက်မဲ့လှသည် ၊ သူမအသံနဲ့သူမပုံစံမှာ အေးစက်စက်ဖြစ်နေသည် ။ သူမကိုမြင်တဲ့ မည်သူမဆို အေးစက်သွားသလိုကို ခံစားမိစေပါတယ် ။  သူမမျက်လုံးများမှာ သူမကဲ့သို့ပင် အေးစက်စက် နိုင်လှ ပါသည် ။
“ ကောင်လေး ၊ မင်းရှေ့တိုးလာတာနဲ့မင်းမွေးလာတာ နောင်တရသွားစေအောင်ကို ဖြစ်သွား  စေရမယ် ‘’ 
နောက်မိန်းမပျိုလေးတစ်ယောက်က လေသံတိုးလေးဖြင့်ပြောလေ၏ ။ နားထဲကိုပျော်ဆင်းသွား အောင်ကို အသံလေးက ချိုသာလှပေတယ် ။ သူမရဲ့အလှကတော့ ကျွမ်းကျင်လှတယ့် ပန်းပုဆရာကြီး ထုလုပ်ထားတဲ့ အလွန်လက်ရာမြောက်လှတယ့် နတ်မိမယ်အရုပ်ကလေးအလား ထင်မှတ်မိပါတော့တယ် ။
မိန်းမလှလေး နှစ်ဦးဟာ သူ့ရှေ့မှာ မလှုပ်မယှက်ရှိနေလေတယ် ။ သူဟာ လူကောင်းတစ်ယောက် မဟုတ်ပေမယ့်လည်း ယုတ်မာတဲ့လူလည်းမဟုတ်ပါဘူး ။ ဒီလိုမလှုပ်ရှားနိုင်ဖြစ်နေတယ့်အပေါ် သူဟာ အခွင့်ကောင်းမယူခဲ့ပါဘူး ။ ချန်ရှန်ဟာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး လေသံတီးတိုးဖြင့် ယဉ်ကျေးစွာ ပြောဆိုပါတယ် ။
“  အမတော်တို့ ကျွန်တော်တကယ်မရည်ရွယ်ပါဘူး ၊ ကျွန်တော်ချောက်ကမ်းပါးထဲ ဆေးမြစ်ဆင်းခူးတာပါ နောက်တော့ တောင်ကြီးလှုပ်လာပြီး ကျွန်တော်ပြုတ်ချလာတာပါ ၊ ကံကောင်း လို့တောင် အသက်ရှင်တာပါ ‘’
ပြောပြောဆိုဆိုပဲ ချန်ရှန်ဟာ သူ့အိတ်ထဲက ဝတ်ရုံ ၂ ခုကိုထုတ်ပြီး မိန်းမလှလေး ၂ ယောက်ဆီကို လျှောက်သွားလိုက်တယ် ။ မိန်းကလေး ၂ ယောက် မလှုပ်ရှားနိုင်တာကို သူသိတဲ့အတွက် သူမတို့ ထက်ပြီးရှက်ရွံ့မနေစေရန် ဝတ်ရုံဝတ်ပေးဖို့သူဆုံးဖြတ်လိုက်တာဖြစ်ပါတယ် ။ 
ချန်ရှန်ဟာ မိန်းမလှလေးတွေနားကိုရောက်နေပါပြီ ။ သူ့မျက်လုံးတွေကတော့ အဝတ်မဲ့ ခန္ဓာကိုယ်တွေ ပေါ်မှာပေါ့ ။ အေးစက်စက်မိန်းမလှလေးဟာ ချန်ရှန်ကြည့်နေတာကို သိတယ့်အတွက် ရှက်လဲရှက် ဒေါသလဲထွက်နေတာမို့မျက်စိကို တင်းတင်းပိတ်ပစ်လိုက်ပါတော့တယ် ။ ဒေါသဘယ်လောက်ထွက် နေလဲဆိုတော့ သူမခန္ဓာကိုယ်ကနေ ချီ ဓာတ်တွေတောင် ထွက်နေတယ့်အတွက် ချန်ရှန်တောင် အေးစိမ့်စိမ့်ဖြစ်လာရတဲ့အထိပါပဲ ။ အဝတ်ပေးချိန်မာလည်း ချန်ရှန်ဟာ ကြောက်ရွံ့နေမိ ပြန်ပါသေးတယ် ။
“ အဟမ်း . . . ‘’
သူ့မူပျက်နေတယ့်ပုံစံကြောင့်ပဲလားမသိ ထိုမိန်းကလေးလည်း အနည်းငယ်ပျော့ပြောင်းသွားပုံပါပဲ ။ သူမကိုယ်ကနေ ဒေါသကြောင့်ဖြစ်ပေါ်တဲ့ ချီ အငွေ့တွေတောင် မတွေ့တော့ပါ ။
ဒီတစ်ခါအလှည့်ကတော့ အသံချိုချိုနဲ့ ဆွဲဆောင်မှုရှိတယ့် မိန်းမလှလေးအလှည့်ပါ ။ မိန်းမလှလေးဆီ က အပြုံးရိပ်လေးမြင်တော့ သူမျက်နှာတွေတောင် နီသွားမိတယ် ။ အသက်ပြင်းပြင်းရှူ စိတ်လျော့ပြီး ဝတ်ရုံကို အသာဝတ်ပေးလိုက်ပါတယ် ။ 
ချန်ရှန်လုပ်ရပ်ကြောင့် မိန်းမလှလေး ၂ ယောက်ဟာ ကျေးဇူးတင်သွားသလို ခုနကပြောဆိုမိတာတွေ အတွက်လဲ အားနာသွားကြပုံပါပဲ ။ ဒါတင်မကသေး ကမ်းပါးပြိုကျတာဟာလဲ သူတို့အပစ်မကင်းပဲ အခန့်မသင့်ရင် ချန်ရှန်တောင်သေသွားနိုင်ပါသေးတယ် ။ 
မိန်းမလှလေး ၂ ယောက်ဟာ စိတ်လျော့လိုက်ပုံရပါတယ် ။ ချန်ရှန်သူမတို့ရဲ့ကောက်ကြောင်းတွေကို မြင်သွားတာတောင် ဘာမှမယုတ်မာပဲ ဒီလိုကောင်းကောင်းမွန်မွန် ဆက်ဆံတာဟာ စိတ်ဓာတ်ခိုင်မာ ပြီး ယောကျာ်းကောင်းတစ်ယောက်လုပ်ရပ်ဆိုတာကို သူမတို့နားလည်သဘောပေါက်သွားကြပုံပါပဲ ။
“ အမတော်တို့ . . ဒီနေရာရောက်တာ ကြာပြီလားဗျ ၊ ကျွန်တော့်ကို ဘယ်လိုအိမ်ပြန်ရမလဲဆိုတာ ပြောပြနိုင်မလား ၊ ဒီလိုနေရာမှာ တစ်ဘဝလုံး နေမသွားနိုင်ဘူး ၊ ကျွန်တော့မှာ အရမ်းကို အရေးကြီးတဲ့ အလုပ်တစ်ခုကို လုပ်စရာရှိသေးလို့ပါ ‘’
ချန်ရှန်ဟာ စိတ်ဓာတ်ကျကျနဲ့မေးလိုက်ပါတယ် ။
ဆွဲဆောင်မှုရှိတယ့် မိန်းကလေးက ခပ်ပြုးပြုးနဲ့ညင်ညင်သာသာလေးပဲ ပြန်ပြောလိုက်တယ် ၊
“ မောင်တော်လေး. . . မင်းမှာ မွေးရာပါ သိုင်းကျင့်မရတဲ့ အားနည်းချက်ရှိမှန်း ငါသတိထားမိတယ် ၊ ဒါကြောင့်ပဲ မင်းဟာ ဘယ်တော့မှ ထိပ်တန်းသိုင်းပညာရှင်တစ်ယောက် ဖြစ်မလာနိုင်ဘူး ၊ ဒါပေမယ့် မင်းကို အလွန်ကိုအစွမ်းထက်တဲ့ ယင် နတ်သိုင်းပညာတွေသင်ပေးမယ် ဒါတင်မကသေးဘူး ဆေးပညာတွေ ပါသင်ပေးဦးမယ် ၊ ဒါဆို မင်းဆေးတွေဖော်နိုင်မယ် နောက် နာမည်ကျော် ထိန်းတန်း သိုင်းသမား တစ်ယောက်ဖြစ်လာဦးမယ် ။ ဒါပေမယ့် ငါ့ဘက်ကတော့ တောင်းဆိုမှုတစ်ခုရှိတယ် ။ ‘’
ဆွဲဆောင်မှုရှိတယ့် မိန်းကလေးက သူ့ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်တယ် ။ သူမစကားတွေကြောင့် ချန်ရှန်ဟာ နည်းနည်းတော့ မယုံသလိုခံစားနေရပါတယ် ။ ဒီမိန်းကလေး ၂ ယောက်လုံး အစွမ်းထက်တာကို တော့ သူသိတယ် ၊ သို့သေည် သူတို့ကခု ဒဏ်ရာရပြီး လှုပ်တောင်မလှုပ်နိုင်ပါ လျက်နဲ့ သူများကို ဘယ်လိုကူညီမှာပါလိမ့် ….။
 “ မောင်တော်လေး ငါကလည်း မင်းကို အလွန် အစွမ်းထက်တဲ့ ယန် နတ်သိုင်းပညာပေးရုံမကဘူး မိစ္ဆာသိုင်းကွက်တွေပါ သင်ပေးနိုင်တယ် ။ ငါ့ရဲ့ မိစ္ဆာသိုင်းကွက်တွေဟာ ငါ့ညီမရဲ့သိုင်းကွက်တွေနဲ့ ဆတူကို အစွမ်းထွက်တယ် ။ ‘’
အေးစက်စက်မိန်းကလေးကပါ သူ့မျက်လုံးတည့်တည့်ကြည့်ကာ ထပ်ပြောပြန်ပါတယ် ။.
“ ငါတို့ ၂ ယောက်လုံး မင်းကို လိမ်နေတာမဟုတ်ဘူး . . . ‘’
ချန်ရှန်တုန်လှုပ်နေပါတယ် ၊ ပါရမီရှင်သာလျှင် အဆင့်မြင့် သိုင်းပညာ အထုံပါရမီနဲ့မွေးဖွားလာကြတာဖြစ်တယ် ။ အဲအဆင့်မြင့်သိုင်းပညာအထက်မှာ တုနှိုင်းမဲ့အဆင့်ဆိုတာ ရှိတယ် ။ အဲဒိတုနှိုင်းမဲ့အဆင့်ပြီးရင်တော့ အတုမရှိတဲ့နတ်အတွင်းအားအဆင့်ကို ရောက်တာပါ ။ ထိုအဆင့်ရောက်ရင် ကောင်းကင်နဲ့တောင် စစ်ခင်းလို့ရပြီလို့တောင် ပြောနိုင်ပါတယ် ။
“ အမတော်တို့တောင်ပေါ်ကပြုတ်ကျပြီး ခေါင်းမှာ ဒဏ်ရာတွေဘာတွေ ရသွားတာလား ၊ ကျွန်တော့ကို လာမနောက်ပါနဲ့၊ ကျွန်တော်ဟာ သိုင်းပညာသိပ်မကျွမ်းပေမယ့် ငတုံးတစ်ယောက်တော့ မဟုတ်ပါ ဘူး ‘’
သူမတို့ရဲ့အစွမ်းက ချန်ရှန်ထက် အများကြီးမြင့်ပေမယ့်လည်း သူ့အနေနဲ့သူမတို့ကို မယုံပေ ။
“ မင်းဒီပညာတွေ တတ်သွားပြီးရင် ထူးချွန်တဲ့ ထိပ်တန်းသိုင်းပညာရှင်ကြီးတစ်ယောက် ဖြစ်သွားမှာ ၊ ဒါပေမယ့် နောက်ကျရင်တော့ မင်းက ငါတို့ရဲ့အစွမ်းတွေပြန်ရအောင် ကူညီပေးရမယ် ။ ‘’
ဆွဲဆောင်မှုရှိတယ့် မိန်းမလှလေးရဲ့ စကားဟာ သူ့ရဲ့အညှာတည့်တည့်ကို ထိသွားစေတယ် ။
အေးစက်စက်မိန်းကလေးကလည်း ဝင်ပြောပြန်ပါတယ် …
“ ငါတို့ဟာ ရန်သူရဲ့တိုက်ခိုက်မှုကိုခံရပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ကို ရသွားကြတာဖြစ်တယ် ၊ ခုငါတို့ မလှုပ်ရှားနိုင်ပဲ စွမ်းအင်တွေပါ ပျောက်ဆုံးကုန်ပြီ ၊ ဒါတင်မကသေးဘူး အလွန်ကြောက်စရာကောင်းပြီး စွမ်းအားကြီးတဲ့ မိစ္ဆာသားရဲကြီးစာ ဒီနားတဝိုက်မှာ ချောင်းမြောင်းနေ တယ် ၊ ဒီနေရာကနေ မြန်မြန် ထွက်ခွာမှဖြစ်မယ် ‘’
ထိုမိန်းမလှ ၂ ယောက်ရဲ့ အရိုးတွေ ၊ ချီစွမ်းအင်သိုလှောင်ရာနေရာတွေနဲ့ ကိုယ်တွင်းအစိတ်ပိုင်းတွေ ဟာ ပြင်းပြင်းထန်ထန်ကို ထိခိုက်ထားကြပါတယ် ။ အကုန်လုံးကို ရစရာမရှိတာ့ပါဘူး ။ ဒါတွေဟာ သူမတို့ရန်သူနဲ့တိုက်ခိုက်လို့ဖြစ်ခဲ့ကြတာဖြစ်ပြီး သူပါတောင်အောက်ပြုတ်ကျခဲ့တာဖြစ်ပါတယ် ။ ဒီနေရာကို သူရောက်လာခြင်းဟာ သူမတို့အတွက် ဒီနေရာက လွတ်မြောက်ဖို့ တကယ့်ကို အခွင့်အရေးတစ်ရပ်ဆိုတာ အသေအချာပါပဲ ။ ဒီလိုနေရာဟာ သားရဲကြီးတွေ အမဲလိုက်တဲ့နေရာ ဖြစ်ကြောင်းသူလဲသိပြီးသားပါ ၊ ခုအခြေနေရ သူမတို့ဟာသားရဲကြီးတွေရဲ့အစာ အချိန်အရွေး ဖြစ်သွားနိုင်ပါတယ် ။
“ မောင်တော်လေး မင်းငါတို့ကို ယုံမှဖြစ်မယ် ၊ ဒီလိုမဟုတ်ရင် မင်းဘယ်တော့မှ တောင်ပေါ်ပြန်တက် လို့ရနိုင်မှာမဟုတ်ဘူး ‘’ 
ဆွဲဆောင်မှုရှိတယ့် မိန်းမလှလေးက စိတ်မရှည်စွာ ပြန်ပြောလေတယ် ။
ချန်ရှန်အတွက် ခုချိန်ဟာ သူမတို့ပြောစကားတွေကို ယုံဖို့အခက်တွေ့နေပါတယ် ။ ယင် နဲ့ ယန် စွမ်းအား ၊ မိစ္ဆာ သိုင်းတွေနဲ့နတ်သိုင်းတွေလို တန်ဖိုးကြီး အစွမ်းထက်လှတဲ့ အရာတွေကို အလကားပေးမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား .. ၊  အရာအားလုံးသေချာစဉ်းစားပြီးချိန်မှာတော့ သူမတို့ ပြောစကားကိုသာ ယုံကြည်ဖို့ဆုံးဖြတ်လိုက်ပါတယ် ။
“ အမတော်တို့ ကျွန်တော့ကို နောက်ပြောင်ကျီစယ်နေတာမဟုတ်ဘူးလို့မျှော်လင့်မိပါတယ် ၊ ကျွန်တော်ကတော့ ချန်ရှန်ပါ ၊ အမတို့ကကော . . .? ‘’
ချန်ရှန်သက်ပြင်းခပ်လေးလေးချကာ ပြောလိုက်ပါတယ် ။
“ ဘိုင် ယုယု ‘’ 
အေးစက်စက်မိန်းကလေးရဲ့ပြန်ဖြေပါတယ် ။
နောက်မိန်းမလှလေးကလည်း ခပ်ပြုံးပြုံးဖြင့် ပြန်ဖြေပါတယ် ။
“ စုမေးယို… ‘’
“ သိပ်ကို လိုက်ဖက်တဲ့ နာမည်တွေပဲ ၊ ကဲခုဘာဆက်လုပ်ကြမလဲ … ? ‘’
ချန်ရှန်လဲခပ်ပြုံးပြုံးလေးပဲမေးလိုက်တယ် ။
စုမေးယိုက လဲပြန်ပြောပါတယ် ။
‘’ ငါတို့အချင်းချင်း သစ္စာမဖောက်ဖို့အတွက် အရင်ဆုံး သွေးသစ္စာဆိုကြရမယ် ၊ ဒါကိုလုပ်ရတာကလဲ မင်းနဲ့ငါတို့ဟာ အချိန်အကြာကြီးလက်တွဲမှာဖြစ်တဲ့အတွက် ဖြစ်တယ် ။ ငါတို့ရဲ့နတ်အတွင်းအား တွေကိုမင်းဆီပေးရတာ လွယ်လွယ်လေးပဲ ၊ငါတို့၂ ယောက်ဟာ အတွင်းအား ၂ စုံစီကြတယ် ၊ တစ်ခုကို ပေးလိုက်ရတာ ငါတို့အတွက် ဘာမှမဖြစ်ဘူး ‘’
နတ်အတွင်းအား နှစ်ခု ….
ဒါတင်မက ၂ ယောက်ဆီမှာကို ရှိနေကြတာ . . 
ချန်ရှန် ပါးစပ်တွေပါ တုန်လှုပ်နေပါပြီ ၊ ဒါကိုယုံကြည်ဖို့တော်တော်ကို ခက်ခဲပါတယ် ။ သို့သော်လည်း ဒီလို အစွမ်းအင်မတန်ကြီးတဲ့ မိန်းမလှလေး ၂ ယောက်ဟာ သူနဲ့အချိန်အကြာကြီး အတူတူ ရှိနေမှာ ဆိုတော့ သူ့ရင်တွေလေခုန်နေပါပြီ ။
ဘိုင်ယုယုက ထပ်ပြောပါတယ် ။
“ သူများတွေဘယ်လိုထင်ထင် မလိုလားအပ်တဲ့ အကျိုးဆက်တွေမဖြစ်အောင် ငါတို့သွေးသစ္စာတော့ ဆိုရမယ်’’
သွေးသစ္စာဆိုတာဘယ်လိုဆိုတာနဲ့လုပ်ဆောင်ပုံအဆင့်ဆင့်ကို စုမေးယို က အသေးစိတ် ရှင်းပြလေတယ် ။
သွေးသစ္စာဆိုဖို့အတွက်အရင်ဆုံး သားရေချပ်ပေါ်မှာ သူတို့ရဲ့သွေးတွေ ချရပါတယ် ။ ထိုသွေးတွေနဲ့ သားရေချပ်ပေါ် အင်းကွက်ဆွဲရပါတယ် ။ နောက်ပြီး ပါဝင်ရမယ့် အချက်တွေ ချရေးပြီးရင် ပြီးပါပြီ ။ သွေးသစ္စာဆိုတယ်ဆိုတာ စိတ်ဝိဉာဉ်ချင်း စာချုပ်ချုပ်ဆိုခြင်းပါပဲ ၊ ဒီလိုလုပ်တာက တစ်ယောက်စိတ်ထဲရှိတာကို တစ်ယောက်က သိနိုင်ပါတယ် .။
သွေးသစ္စာအကြောင်းသိလိုက်ချိန်မှာတော့ သူမတို့စကားတွေဟာ တကယ်ဆိုတာ သေချာသိလိုက်တယ့်အတွက် ချန်ရှန်တော်တော် တုန်လှုပ်သွားပါတယ် ။ အမှန်တော့ သူတော်တော်လည်း စိတ်လှုပ်ရှားပါတယ် ၊ ဒီနတ်သမီးလိုလှပတဲ့ မိန်းကလေးတွေနဲ့လဲ အတူတူ နေရမယ် ဆိုမှတော့ စိတ်မလှုပ်ရှားပဲဘယ်နေပါ့မလဲ ၊ နောက်တချက်အနေနဲ့အရာရာ အရံှုးပေးနေရတဲ့ သူ့ဘဝဟာလဲ ချက်ချင်းကိုပြောင်းလဲသွားတော့မှာပေါ့ ။
အဲဒိနောက်မှာတော့ သူတို့သွေးသစ္စာဆိုကြပါတော့တယ် ။
‘’ အမတော်တို့…  အမတော်တို့မလှုပ်ရှားနိုင်ဖြစ်နေတာဟာ အရိုးတွေကျိုးပြီး စွမ်းအင်သိုလှောင်တဲ့ နေရာတွေမှာ ဒဏ်ရာရကုန်တာကြောင့်ဖြစ်တာမလား ၊’’
ငရဲဝိဉာဉ်တော်မြက်ကို ကောက်ယူရင်း ချန်ရှန်က မေးလိုက်ပါတယ် ။ ထိုမြက်ဟာ ဘယ်လိုဒဏ်ရာ ရရ ချက်ချင်းကို ပြန်ကောင်းစေနိုင်တယ့် သတ္တိရှိတယ်လေ ။
ဘိုင်ယုယုက ခေါင်းညိမ့်ရင်း ပြန်ဖြေပါတယ် ။
‘’ ငါတို့ရဲ့ရန်သူဟာ အရမ်းစွမ်းအားကြီးတယ် ၊ ဒါပေမယ့် သူငါတို့ကို သွေးသစ္စာကြောင့် တိုက်ရိုက် သတ်လို့မရဘူး ၊ ဒါကြောင့်မို့သူမဟာ ငါတို့စွမ်းအင်တွေဖြစ်စီးပြီး ငါတို့ဘာသာ အေးခဲပြီးသေသွား တာကို စောင့်နေတာဖြစ်တယ် ။ ‘’
သူရောက်လာလို့သာ သူမတို့ ဆက်အသက်ရှင်နေနိုင်မည်ဆိုတာကတော့ ပြောစရာပင်မလိုပေ ။ ဒါကြောင့်ပဲ သူတို့အတွက် အသုံးမဝင်တော့မယ့် နတ်အတွင်းအားတွေကို ရက်ရက်ရောရော ပေးကြခြင်းသာဖြစ်ပေတယ် ။ချန်ရှန်ဟာ ကြောက်ရွံ့မှုနဲ့အတူ တုန်လှုပ်သွားလေတယ် ။ ဒီလောက် အစွမ်းထက်တဲ့ နတ်အတွင်းအား ၂ ခုစီရှိတယ့် သူမတို့ကိုတောင် ရံှုးသွားစေတယ့်ရန်သူဟာ ဘယ်လိုတောင် အင်အားကြီးတာပါလိမ့် … .။
“ ကျွန်တော် ဒီမြက်တွေကို ချောက်ကမ်းပါးကနေ နှုတ်လာတာပါ ၊ အမတော်တို့ဒဏ်ရာတွေကို ကုသပေးရမလား ‘’
ချန်ရှန်ဟာမေးလိုက်ပါတယ် ။ သူ့ကို ဒီလိုနတ်အတွင်းအားတွေ ပေးမယ်ဆိုမှတော့ ဒီမြက်ဟာ သူ့အတွက်အသုံးမဝင်တော့ ပေ ။
စုမေးယိုမျက်နာ ဝင်းလက်သွားကာ ပြန်ပြောလေတယ် ။
‘’ ဒါပေါ့ .. ဒီမြက်တွေနဲ့ဆို ငါတို့လှုပ်ရှာလို့ရမှာ ‘’
ချန်ရှန်မျက်နာပေါ်မှာ အပြုံးရိပ်ရိပ်လေးတစ်ခု ပေါ်လာတယ် ။ ထို့နောက် မြက်ကို သူမတို့၂ယောက်အား ကျွေးလိုက်ပါတယ် ။ ဒီငရဲဝိဉာဉ်တော်မြတ်ဟာ သူမတို့ဒဏ်ရာတွေ အကုန်ပြန်မကောင်းနိုင်သော်ငြားလည်း အရိုးတွေကို ပြန်ဆက်ပေးနိုင်တဲ့အတွက် လမ်းတော့ လျှောက်နိုင်သွားမှာပါ ။ သူမတို့မူလစွမ်းအင်တွေ အတိုင်းတော့ ပြန်မဖြစ်နိုင်သေးဘူးပေါ့ .. ။
“ အမတော်တို့.. အမတော်တို့အကြောင်းနဲ့အမတော်တို့ရဲ့ရန်သူတော်အကြောင်းကို ပြောပြပါလား ‘’
ချန်ရှန် အသိချင်ဆုံး အကြောင်းအရာကို မေးလိုက်မိပါတယ် ။
ဘိုင်ယုယုက အေးစက်စက်အကြည့်နဲ့လှမ်းကြည့်တယ် ။
“ သွေးသစ္စာထဲမှာ ငါတို့အကြောင်းမင်းကိုပြောပြမယ်လို့မပါဘူး ၊ ဒါကြောင့် မင်းမေးတာ ငါမဖြေနိုင်ဘူး ‘’
စုမေးယို ကဆံပင်ကို သပ်တင်ရင်း ….
‘’ အဲဒါတွေမေးမနေပါနဲ့စပ်စုတိုင်းမကောင်းဘူး မင်းက ငယ်ပါသေးတယ် ၊ အန္တရာယ်တွေ့တတ်တယ် ။ ငါတို့အတွက်လဲမကောင်းဘူးကွ ၊ ကဲပါ အခု မင်းကို ငါတို့နတ်အတွင်းအားတွေ ပေးမယ် .. ။"

















Chapter - 3
#ရွှီရှန်းရှန်း
နတ်အတွင်းအားကူးပြောင်းရန် ချန်ရှန်ဟာ မြေကြီးပေါ်ထိုင်ကတယ် ၊ နောက်သူ့လက်တွေကို မြောက်ကာ မျက်စိမှိတ်ပြီး အာရုံတွေကို စုစည်းလိုက်ပါတယ် ။ ဘိုင်ယုယုနဲ့စုမေးယို တို့က ချန်ရှန်ရဲ့ ဗိုက်ကိုကိုင်လိုက်ကြတယ် ။ သူမတို့ရဲ့နူးညံ့လှတဲ့ လက်တွေကနေ အမဲရောင် နဲ့အဖြူရောင် အငွေ့တွေ ထွက်လာကြပါတယ် ။  အမည်းရောင်က ဘိုင်ယုယု ရဲ့ အလွန်စွမ်းအားကြီးမားလှတဲ့ ယင် အတွင်းအားကြောင့်ဖြစ်ကာ အဖြူရောင်ကတော့ စုမေးယို ရဲ့အစွမ်းထက် ယန် အတွင်းအားတွေ ဖြစ် ပါတယ် ။
ထိုအတွင်းအားတွေတေကြောင့် ချန်ရှန်တစ်တကိုယ်လုံး အဖြူအမည်း စီးကြောင်းလိုတွေ စီးဆင်းသွားပြီး ကြွက်သားတွေကမှ ရိုးတွင်းခြင်ဆီတိုင်အောင် စိမ့်ဝင်းသွားကြပါတယ် ။ ဒီလိုအဖြူနဲ့ အမည်းစီးကြောင်းတွေဟာ လည်ပတ်စီးဆင်းနေပြီး တဖြည်းဖြည်းနှေးသွားကာ နောက်ဆုံးသူ့ခန္ဓာ ကိုယ်ပေါ် တချက်ရိုက်ကာ အဖြူနဲ့အမည်း ချီ စွမ်းအင်တွေဟာ သူ့ရဲ့ချီသိုလှောင်ရာနေရာမှာ စုဆုံ သွားကြပါတယ် ။ ဒါကတော့ ယင် နဲ့ယန် နတ်အတွင်းအားပဲဖြစ်ပါတယ် ။
စုမေးယို နဲ့ဘိုင်ယုယုတို့ဟာ ယင်ယန် သင်္ကေတ ချန်ရှန်ပေါ်မှာ ပေါင်းစပ်သွားကြတာမြင်တဲ့ အခါ အံအားသင့်နေကြပါတယ် ။ သူတို့ထင်ထားကြတာ ဒီလို ယင် ယန် ပေါင်းစပ်ခြင်းဟာ တော်တော် ခက်ခဲမယ်လို ့ပါ ။ နောက်ပြီး သူတို့အတွက်ကလဲ ပထမဆုံး အတွေ့ကြုံဖြစ်လို့ဘာဖြစ်မယ်မှန်း မသေချာကြပါဘူး ။ဒါပေမယ့် ခုလို အောင်မြင်သွားတာကိုပဲ သူတို့ဝမ်းသာသွားကြပါတယ် ။ သူမတို့ ၂ ယောက်လည်း လက်တွေကို ချန်ရှန်ပေါ်က ပြန်ဖယ်ကာ ချန်ရှန်ကိုယ်ပေါ်က ယင်ယန် အငွေ့တွေ ကိုကြည့်နေကြပါတယ် ။ စိတ်ရှုပ်ထွေးမှုနဲ့ အံ့အားသင့်မှုတွေကတော့ သူတို့မျက်နာ မှာ အထင်းသား ပေါ့ ။ သူမတို့၂ ယောက် အတွေ့အကြုံအရ ဒီလို ယင် ယန် စွမ်းအား ၂ ခုလုံး လူတစ်ယောက်ဆီမှာ ထိန်းသိမ်းနိုင်တာကို မမြင်ဖူးပေ ။ ဒီကောင်လေး ဒီလိုလုပ်နိုင်ပုံထောက်ရင် တစ်နေ့မှာ သူဟာ သိုင်း ပညာမှာ ပြိုင်ဘက်မရှိ တတ်ကျွမ်းသွားမယ်ဆိုတာ နားလည်သွားကြပါတယ် ။
ချန်ရှန်ဟာ သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်လိုက်ပါတယ် ။ သူ့ဘဝမှာခုလောက် ပေါ့ပါးသန်မာ နေတာမျိုး တစ်ခါမှမဖြစ်ဘူးပေ ။ 
“ ဒါကနတ်အတွင်းအားပေါ့ ၊ တော်တော်မိုက်တာပဲ ၊ ဒါဆိုနောက်တဆင့်ဆို သိုင်းပညာမှာ ပါရဂူ အဆင့်ရောက်ပြီပေါ့နော်’’
ချန်ရှန်ပုံကစိတ်လှုပ်ရှားနေပြီး သူ့မျက်နာပေါ်မှာ အပြုံးတစ်ခုဖြတ်ပြေးသွားတယ် ။ ခုနကလို ရိုးသားတဲ့ ပုံစံလေးတောင် ပျောက်သလိုလိုဖြစ်သွားတယ်လို့သူမတို့၂ ယောက် ထင်မိကြတယ် ။ နည်းနည်းလည်း စိုးရိမ်သွားကြတယ် ။
ချန်ရှန်တို့လို မှော်သိုင်းပညာရှင်လောကမှာ မော်တယ်အဆင့် သိုင်းကျင့်စဉ်ကို အဆင့် ၁၀ ဆင့် ခွဲခြား ထားပါတယ် ။ အဲဒါတွေကတော့ -
ချီ သန့်စင်သောအဆင့်
ကွမ်ခြင်ကိုယ်ထည်အဆင့်
သိုင်းကိုယ်ထည်အဆင့်
အတွင်းအားဖွင့်ခြင်းအဆင့်
စစ်မှန်သော ချီအဆင့်
အတွင်းအားအာရုံ အဆင့်
စစ်မှန်သော အငွေ့အဆင့်
စွမ်းအားကြီး အတွင်းအားအဆင့်
စစ်မှန်သော ပုံစံ အဆင့်
နောက်ဆုံးပြီးမြောက်ခြင်း အဆင့် ဆိုပြီး ခွဲခြားထားတာပါ ။
မော်တယ်သိုင်းအဆင့်ပြီးရင်တော့ စစ်မှန်သော သိုင်းထိပ်တန်းအဆင့်ဆိုတာရှိပါတယ် ။ ဒီအဆင့်ကိုတော့ သိုင်းပညာရှင်တိုင်း မက်ကြတယ့် အိပ်မက်ပါ ။ ဒီအဆင့်ရောက်ရင် တော့ သမ်တမ်းကိုပါဆွဲဆန့်ထားနိုင်ပြီး နှစ်ထောင်ချီအောင်ကို အသက်ရှည်နိုင်မှာဖြစ်ပါတယ် ။
ခုချန်ရှန်ဟာ သိုင်းကိုယ်ထည်အဆင့် ဆိုတယ့် တတိတယ အဆင့်ကိုပဲ ရောက်နေသေးတာပါ .။ စတုထ္ထအဆင့်ဖြစ်တယ့် အတွင်းအားဖွင့်ခြင်းအဆင့်ကို မရောက်နိုင်သေးတာကို တော်တော်ကြာပါပြီ ။ “ သိုင်းထိပ်တန်းအဆင့်. . ဟုတ်လား ၊ ဒီစကားကတော့ ငါတို့ရဲ ့နတ်အတွင်းအားတွေကို စော်ကား လိုက်သလိုပဲ ။ ‘’ 
ဘိုင်ယုယု က အထင်သေးဟန်နဲ့ပြောပါတယ် ။
စုမေးယိုက ချန်ရှန်ကိုကြည့်ကာ အလေးအနက်ပြောပါတယ် ။
“ မင်းမှာ ခု ယင်ယန် နတ်အတွင်းအားတွေ ရှိနေပြီလေ ၊ မင်း ဒီထက်မက ကျယ်ကျယ်ပြန့်ပြန့်တွေး သင့်တယ် ။ ဒီမှော်သိုင်းလောကမှာ သိုင်းစွမ်းအားတွေဟာ ဆုံးတယ်လို့ကိုမရှိဘူး ၊  မတူညီတဲ့နေရာတွေလည်းရှိသေးတယ် ။ ခုမင်းနေနေတဲ့ ချန်းဝူပြည်မကြီးဟာ မော်တယ်လောကရဲ့ သေးသေးလေးပဲရှိတယ် ။ ငါတို့ကို အစွမ်းတွေပြန်ရအောင် ကူညီပေးရမယ်ဆိုတဲ့ သွေးသစ္စာပါ အချက်ကို မမေ့ပါနဲ့ ၊ ဒါ ကလေးကစားကရာ မဟုတ်ဘူးနော် ‘’
ချန်ရှန်လဲခေါင်းတဆတ်ဆတ်ညိမ့်ကာ ပြန်ပြောလိုက်လေတယ် ။
‘’ ကျွန်တော်အသက်ရှင်နေမျှ သွေးသစ္စာပါ အချက်တွေကို လိုက်နာပြီး အမတော်တို့အစွမ်းတွေ ပြန်ရအောင် ကူညီပေးမှာပါ ။ ”
ဘိုင်ယုယုက ကျေနပ်ဟန်ဖြင့် . . .
“ ငါတို့ရဲ့စွမ်းအားတွေပြန်ရဖို့က ဒန် လို့ခေါ်တဲ့ ဆေးတမျိုးကိုသုံးရမှာ ၊ ဒန်တောင်မှ အတော်အဆင့်မြင့်ဖို့လိုသေးတယ် ။ အစွမ်းပြန်ရတာနဲ့သွေးသစ္စာလည်း ကိစ္စပြီးပြီပေါ့ ။ အဲတော့မှ ငါတို့ရဲ့ရန်သူတော်ကြီးကို ပြန်ကလဲ့စားချေရမယ် ။ ‘’
ချန်ရှန်အနည်းငယ် ဝမ်နည်းသွားတယ် ။ သူကမိန်းမလှလေး ၂ ယောက်နဲ့အတူတူနီးနီးကပ်ကပ် နေချင်တာကိုး ။ 
စုမေးယို က သူမရဲ ့ လှပနက်မှောင်လှတဲ့ ဆံပင်မှာ ဝတ်ထားတဲ့ ကွင်းလေးကို ချွတ်ကာ ချန်ရှန်ဆီပစ်ပေးရင် ပြောလေတယ် . . .
“ ဒီလက်စွပ်ပေါ် မင်းသွေးတစက်ချလိုက် ကွင်းလေးက မင်းကိုပိုင်ရှင်အဖြစ် အသိမှတ်ပြုလိမ့်မယ် ။ ဒီကွင်းလေးဟာ ပစ္စည်းတွေကို သိမ်းတယ့် နေရာမျိုးမှာသုံးတယ် ။ ငါနဲ့ငါ့ အမက အဲဒိထဲဝင်နေမှာ ပေါ့ ၊ မင်းကတောင်ပေါ်ပြန်တက် ၊ ကဲ အချိန်မဆွဲနဲ့တော့ ဒီနေရာမှာ ကြာကြာမနေသင့်တော့ဘူး သားရဲတွေ ရောက်လာလိမ့်မယ် ၊ သွားစို့ . . “
ချန်ရှန်လဲ သူ့သွေးတစက်ချကာ ကွင်းရဲ့ပိုင်ရှင်အဖြစ် ခံယူလိုက်ပါတယ် ။ ကွင်းလေးက တကယ်ကို သေးငယ်သော်လည်း အထဲမှာ ပင်လယ်ကြီးလောက်ကိုကျယ်တယ်ဆိုတဲ့ ဒဏ္ဍာရီလာကွင်းလေးတွေ အကြောင်း ချန်ရှန်ကြားဖူးပြီးသားပါ ။ 
ဒါပေမယ့် သူမတို့ ၂ ယောက်လက်စွပ်ထဲနေမယ့်ဆိုတာကတော့ အံ့အားသင့်စရာပါပဲ ၊ ဒီလိုပစ္စည်းလေးတွေဟာ အင်မော်တယ်ဂိုဏ်းတွေဆီမှာပဲ ရှိတတ်ပြီး အချင်းချင်းပေးတတ်ကြတာပါ ။ နောက်ပြီး အဲဂိုဏ်းတွေကဟာတွေကလည်း လူဝင်လို့မရပါဘူး ၊ စုမေးယို စကားအရ သူမတို့၂ ယောကိကို ကွင်းလေးထဲထည့်လိုက်ပါတယ် ။ လက်မှာဝတ်လိုက်တာနဲ့ လက်စွပ်ဟာ တဖြည်းဖြည်း မှိန်လာပြီး ပျောက်ကွယ်သွားပါတယ် ။ သူတော်တော်လေး သဘောကျသွားမိတယ် ။ ‘’
သူလဲသူ့အဖေပေးလိုက်တယ့် ဆေးတွေစားပြီး အားတွေပြန်ဖြည့်လိုက်ပါတယ် ။ နောက်ပြီးတာနဲ့တောင်ပေါ်စတက်ပါတော့တယ် ။ ဒီတောင်ပေါ်ပြန်တက်ကတာ ခက်ခဲတယ့် စိန်ခေါ်မှု ကြီးပါပဲ ။ ချီတွေပြည့်နေတော့အပေါ်ကို သူမမြင်ရပါဘူး ၊ တနေကုန်ခက်ခက်ခဲခဲ တက်ပြီးနောက်မှာ တော့ အပေါ်ရောက်ခဲ့လေတယ် ။ သူသိလိုက်တာက နတ်အတွင်းအားတွေရှိနေလို့သာ ခုလို တက်လို့ရတယ်ဆိုတာပါပဲ ၊ နတ်အတွင်းအားရဲ့စွမ်းအားနဲ့စာရင် ဒီတောင်တက်တာလောက်က စာမဖွဲ့လောက်ပါဘူး ။ ခုတော့သူဟာ ကျားတစ်ကောင်လို သန်မာပြီး နဂါးတစ်ကောင်လို ရဲရင့်တဲ့ ချန်ရှန်ဖြစ်နေပြီလေ .။
အဲနောက်မှာတော့ သူ့ရဲ့မြို့ဆီပြန်လာခဲ့ပါတော့တယ် ။ 
မိန်းမလှလေး ၂ ယောက်ကို မမြင်နိုင်သော်လည်း ဒီကွင်းလေးထဲမှာ သူမတို့ရှိနေတယ်ဆိုတဲ့ ခံစားချက် မျိုး သူ့မှာရှိနေပါတယ် ။
“ အမတော်တို့ .. ကျွန်တော့ကို သိုင်းပညာတွေ ဘယ်တော့ သင်ပေးမှာလဲ ‘’  
ချန်ရှန်ဟာ သိုင်းသင်ဖို့စိတ်စောနေတယ့်အတွက် စိတ်သိပ်မရှည်ပဲ မေးလိုက်မိတယ် ။
“ မင်းခုအားနည်းလွန်းနေတယ် ၊ ငါ့ရဲ့မိစ္ဆာ သိုင်းလေ့ကျင့်ခန်းတွေကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး ။ ‘’
ဘိုင်ယုယုရဲ့ခပ်အေးအေး လေသံကို သူစိတ်ထဲက ကြားလိုက်ရတယ် ။
စုမေးယိုရဲ့အသံကိုပါထပ်ကြားလိုက်ရပါတယ် ။
“ နတ်သိုင်းတွေက ဘယ်ချိန်သင်သင် ရပါတယ် ။ ခုတော့မင်းအိမ်ပြန်လိုက်ပါဦး ၊ ငါမင်းကို ဆေးဖော်နည်း တွေ သင်ပေးပါ့မယ် ။ ‘’
ချန်ရှန်လည်း ဝမ်းပန်းတသာနဲ့သူ့အိမ်တချိုးထဲပြေးလေတယ် ။
ဝိုဟူမြို့ဟာ လူဦးရေ တစ်သန်းလောက်ရှိကာ တောင်ဘက်သိုင်းလောကရဲ့တောင်ဘက်ပိုင်းမှာရှိကာ သာယာဝပြောတဲ့ မြို့ကြီးတစ်မြို့ဖြစ်ပါတယ် ။ ထိုမြိ ု့တွင်မှ သူတို့ချန်မျိုးနွယ်ဟာ အတော်ဆုံးသိုင်းသမားတွေမွေးထုတ်ပေးတဲ့ အကျော်ကြားဆုံး မျိုးနွယ်ကြီးပါပဲ ။ ချန်မျိုးနွယ်ဟာ ထောင်ချီတဲ့သမိုင်းကြောင်းတွေလည်းရှိခဲ့ပါတယ် ။ မြို့ရဲ့အချမ်းသာဆုံး မျက်နာဖုံးတွေဖြစ်ပြီး မြေတွေ ဥယျာဉ်တွေ ခြံတွေလည်း ထောင်ချီကိုရှိပါတယ် ။ အဲဒါတွေဟာ တောင်တွေပတ်လည်ဝိုင်းပြီး မြစ်တွေ ကာထားတာကြောင့် လူစိမ်းဝင်ဖို့ဆိုတာ မလွယ်ပါဘူး ။ ချန်တျန်းဟူ အိမ်ဆိုတာနဲ့လူတိုင်း ကလေးကအစ သိကြပါတယ် ။
“ အဖေရေ .. ကျွန်တော်ပြန်လာပြီ’’
ချန်ရှန်လဲ စာဖတ်ခန်းထဲပြေးဝင်ပြီးခေါ်လိုက်ပါတယ် ။ သူ့အဖေက အမြဲလိုလို စာဖတ်ခန်းထဲ ရှိတတ်တယ်လေ ။  ချန်တျန်းဟူ လည်း ရီမောကာ . . .
“ နံစော်နေတာပဲ ခုမှပြန်လာတော့တယ် ။ အိမ်မှာ မိန်းမလှလေးတစ်ယောက်စောင့်နေတာကွ ။ မင်းရဲ့ဇနီးလေးပေ့ါ “
ချန်ရှန် နည်းနည်းငိုင်ကာ စဉ်းစားမိသွားတယ် ။ သူ့စိတ်ထဲ သူ ၅ နှစ် ၆ နှစ်လောက်တုန်း ကစားခဲ့တဲ့ အသားဖြူဖြူ လှတပတ ကောင်မလေးတစ်ယောက်ပုံပေါ်လာတယ် ။ 
“ အဖေပြောတာ ရွှီရှန်းရှန်းလား .’’
ချန်ရှန်လဲပြန်မေးလိုက်တယ် ။ သူ့စိတ်ထဲ ရွှီအိမ်တော်က ကောင်မလေးလို့ပဲထင်တယ်လေ ။ သူတို့ငယ်ငယ် တုန်းက ကောင်မလေးဟာ ခဏခဏလာလည်ဘူးတယ် ။ အမြဲတမ်းတနေကုန်ကို ကစားနေကြလေ ။အဲနောက်မှာတော့ မျိုးနွယ်စု ၂ စုဟာ လက်ထပ်ပေးမယ်လို့သဘောတူခဲ့ ကြတာပေါ့ ။ 
“ ဟုတ်ပကွာ ၊ မင်းဆေးပင်ရှာသွားကတည်းက ရော်နေတာ မင်းကိုစောင့်နေလေရဲ့ ၊ ခုတော့ နားနေဆောင်ထဲမှာထင်တယ် ။ ‘’
သူ့အဖေက ခေါင်းညိမ့်လျက်ပြောလေတယ် ။
အဲနောက်ပြုံးပြီ ပြတင်ပေါက်အပြင်ကို ကြည့်လိုက်လေတယ် ။ သူ့အဖေကြည့်ရာလိုက်ကြည့်တော့ အသားအရေဝင်းပစွာဖြင့် ဆံပင်ရှည်ကြီးကိုချကာ အစိမ်းရောင်ဝတ်ရုံ ဝတ်ထားတဲ့ ရွှီရှန်းရှန်းကို သူတွေ့လိုက်ပါတယ် ။ သူမအလှမှာ ခဏတာ နစ်မြောမိသွားလေတယ် ။ ကောင်မလေးကလဲ ချန်ရှန်ကိုတွေ့တဲ့အခါ ပျော်ရွှင်ကြည်နူးတဲ့ မျက်နာလေးနဲ့လှမ်းအော်ခေါ်လေရဲ့ ။
“ အကိုတော် ချန်ရှန် ‘’
မိန်းမလှလေးရဲ့အသံဟာ ကြားရသူတိုင်းရဲ့စိတ်ကို ဆွဲဆောင်လွှမ်းမိုးနိုင်လောက်အောင်ကို ချိုသာလှတယ် ။ သူမရဲ့အသွင်ပြင်ဟာ လက်စွပ်ထဲက မိန်းမလှ ၂ ယောက်နဲ့ပုံစံတူပါပဲ ။ ငယ်သေးတော့ ကောင်းကောင်းမထွားသေးတာပဲကွာတာပါ ။
ချန်ရှန်လည်း တံတွေးမျိုချကာ ခြောက်ကပ်ကပ်လေသံဖြင့် . . .
“  ၁၈ နှစ်အတွင်း မိန်းကလေးတွေများ အရွယ်ရောက်တာမြန်လိုက်တာ ဒီလောက်အရွယ်ရှိမယ်လို့ မထင်မိဘူး “
ဒါကတော့ ရွှီမျိုးနွယ်ရဲ့ အချစ်တော် ရွှီရှန်းရှန်းပါပဲ ။
“ ဒါငါ့ရဲ့သတိုးသမီးပေါ့ . . ‘’
ချန်ရှန်ဟာ ရင်ခုန်စွာ ရေရွတ်မိတယ် ။အရင်လိုသာဆို ချန်ရှန်သိပ်ပျော်မိမှာမဟုတ် ။ သူဟာသိုင်းသိပ်မတတ်တဲ့အတွက်မို့ပါ ။ ခုတော့ သူ့မှာ ယင်ယန် အတွင်းအားတွေရှိနေပြီ  ။ ဒါတင်မက ထပ်သင်မယ့် ပညာရပ်တွေနဲ့သာဆို သူဟာ တကယ်ကို ထိပ်တန်းဖြစ်ပြီကိုး ။ သတို့သမီးလောင်းလေးပြုံးးလိုက်သောကြောင့် ပါးချိုင့်လေးပေါ်သွားတဲ့အခါ ချန်ရှန်တစ်ယောက် ဆွံ့အမိပြန်လေတယ် ။ အဖေဖြစ်သူကတော့ သူ့သားသူကြည့့်ရင်း ပခုံးပုတ်ကာပြောလိုက်တယ် ။
“ သွား တွေ့လေကွ ‘’ 
အဖေဖြစ်သူ ရယ်နေတုန်းပဲ စာဖတ်ခန်းကနေထွက်လာကာ ကောင်မလေးကိုသွားတွေ့တယ် ။ မိန်းမလှလေးရဲ့နူးညံ့တဲ့လက်လေးကိုကိုင်ကာ အပြင်ထွက်ခဲ့ပါတယ် ။ သူ့ကိုယ်ပိုင်အိမ်ကို ခေါ်သွားတဲ့ လမ်းတလျှောက်မှာ ချန်မျိုးနွယ်က ကလေးတွေက အားကျတဲ့ အကြည့်တွေနဲ့ကြည့်နေလေရဲ့ ။ 
“ရှန်းရှန်း ဒီမှာ ဘယ်လောက်နေမှာလဲ ‘’
ချန်ရှန်လဲ ရယ်ရင်းမေးလိုက်တယ် ။ သူ့အကြည့်တွေကတော့ လှပတဲ့ ပါးချိုင့်လေးတွေပေါ်မှာပေါ့ ။
“ အကိုတော် ကျွန်မတို့က ခဏလာလည်တာဆိုတော့ သိပ်တော့ မကြာလောက်ဘူးရှင့် ‘’
ကလေးဘဝတုန်းက ကောင်မလေးမှာ ထူးဆန်းတဲ့ရောဂါရှိလို့ ဝိုဟူမြို့ကို ဆေးကုဖို့လာခဲ့ဘူးပါတယ်၊ အဲတုန်းကသူမဟာ ပိန်ပိန်ပါးပါးလေးနဲ့ညှက်တော့ တခြားကလေးတွေက အနိုင်ကျင့်လှေ့ရှိတယ် ။ ချန်ရှန်ကပဲ သူမကို ကာကွယ်ကာ တူတူကစားပေးခဲ့တာပါ ။
သူ့ရဲ့အားပေးမှုတွေကြောင့်ပဲ သူမရောဂါပျောက်ကင်းသွားခဲ့ရတာပါ ။ အဲအချက်တွေကပဲ ချန်ရှန်အပေါ် သူမရဲ့စိတ်ကိုညွတ်ကျစေခဲ့တာဖြစ်ပြီး သိုင်းပညာပါရမီမပါလာတောင်သိရဲ့နဲ့ မေတ္တာမပျက်ပဲ လက်ထပ်ဖို့ခေါင်းညိမ့်ခဲ့တာပါ ။ 
ချန်ရှန့်ဘဝလဲ တူတူပါပဲ ။ သူ့မွေးရာပါအားနည်းချက်ကြောင့် မိသားစုက လူတွေဟာ နှိမ်ချကာ ကလေးချင်းလဲမကစားခဲ့ရပါဘူး ။ ဒါကြောင့်မို့သူတို့၂ ယောက်ဟာ ကံတူအကျိုးပေး ဖြစ်ခဲ့တာပါ ။
“အကိုတော် ကျွန်မအိမ်တော်က လက်ထပ်ဖို့ကိစ္စကို ပြန်စဉ်းစားခိုင်းနေတယ် ။ ဒါပေမယ့် ကျွန်မ သဘောမတူပါဘူး ။ ခုသူတို့က ကျွန်မကို ယောင်အိမ်တော်က ဆေးပါရဂူ ဆရာလေးနဲ့တွေ့ဖို့လွှတ် လိုက်တာပဲ ‘’
ကောင်မလေးလည်း ချန်ရှန်ရဲ့စိတ်ရှုပ်သွားတဲ့ အမူရာကိုမြင်တော့ ရယ်ရင်း . .
“ စိတ်ချပါ ။ ဒီကောင်နဲ့လက်ထပ်မယ့်အစား သေတာမှ ကောင်းသေးတယ် ။ အဲလူက မကောင်းတဲ့ လူလို့ ကျွန်မကြားထားတယ် ။ ‘’
တောင်ပိုင်းသိုင်းလောကမှာတော့ ရွှီရှန်းရှန်းကို ပါရမီရှင်တွေကြားက ပါရမီရှင်လို့ သတ်မှတ်ထားကြတယ် ။ သူမ အသက် ၁၄   နှစ်နဲ့ သိုင်းပညာ အဆင့် ၆ ကိုတောင် ရောက်ခဲ့တာ ဖြစ်ပါတယ် ။တဖက်ကလည်း ၁၆ နှစ်သာရှိသေးတယ့် ပါရမီရှင် ဆေးဆရာလေးဖြစ်တဲ့အတွက် လူတိုင်းက လိုက်ဖက်ညီကြတယ်လို့အသိမှတ်ပြုထားကြတာပါ ။
ချန်ရှန်ဟာ တည်တည်ငြိမ်ငြိမ်ပါပဲ ။ သူ့မှာ ယင် ယန် နတ်အတွင်းအားတေရှိနေပြီဖြစ်တဲ့အပြင် ဆရာမချောချောလေးတွေပါရှိနေမှတော့ ယောင်အိမ်တော်က ဆေးဆရာလောက်ဟာ ပမွှားပါ ။ ချန်ရှန်ပြုံးရင်း ပါးမို့မို့လေးတွေကို ကိုင်လိုက်တယ် ။

“  ရှန်းရှန်း ယောင်မျိုးနွယ်ဆီကိုသွားလိုက် နောက်ပြီး ကျွန်မမှာ ရည်ရွယ်ပြီးသားလူရှိပါတယ်လို့ပြော လိုက် ၊ ဒါတောင်လက်မခံသေးရင် အကိုတော်က စိန်ခေါ်ပါတယ်လို့ပြောလိုက် ‘’
ချန်ရှန်က ယုံကြည်မှုအပြည့်နဲ့ပြောတာကိုမြင်တော့ သူမတော်တော်ပျော်သွားတယ် ။ ခြေဖျားလေး ထောက်ကာ ချန်ရှန်ကို နမ်းလိုက်တယ် ၊ နောက်ပြီးတော့ ခေါင်းပြန်ငုံ့ကာ . . .
“ အကိုတော် ပိုပြီးတော်မှ ရမယ်နော် ၊ မဟုတ်ရင် ကျွန်မတို့မိသားစုက ကျွန်မတို့ကို ခွဲ ပစ်ကြမှာ ‘’
ရွှီရှန်းရှန်းလဲ ပြောပြီးတာနဲ့ပြေးထွက်သွားပါတယ် ။ ချန်ရှန်အဖို့တော့ အရူးတစ်ယောက်လို ကျန်ခဲ့ပြီး နမ်းသွားတဲ့ အနမ်းလေးကိုသာ တသသ ဖြစ်နေပါတယ် ။ သူ့နှုတ်ခမ်းတွေကွေးကာ ချန်ရှန်တစ်ယောက် ပြုံးလိုက်မိတယ် ၊ 
“ ဒီကောင်မလေး အရွယ်ရောက်လာတာ မြန်လိုက်တာ . . . ‘’ 






Chapter - 4
#နတ်အတွင်းအားကျင့်စဉ်သင်္ကေတလေးခု

“ ကောင်လေး ၊ မင်းနတ်သမီးလေးက လှတယ်ပေါ့ ၊ ငါတို့ကကော မလှဘူးလား .. ‘’
ချန်ရှန်စိတ်ထဲ စုမေးယိုက မေးသံလိုလိုကို ကြားနေမိတယ် ။ 
ချန်ရှန် ချောင်း ၂ ချက်လောက်ဟန့်ကာ ခြောက်ကပ်ကပ် ရယ်သံနဲ့ပြန်ပြောလိုက်တယ် ။
“ ဟားဟား . . . ကျွန်တော့မိန်းမကလှတယ် မှန်တာပေါ့ ၊ အမတော်တို့၂ ယောက်ကလဲ တကယ်ကို ချောမောလှပပါပေတယ် ။  အမတော် စုမေးယိုရေ ကျွန်တော့ကို သိုင်းပညာနဲ့ဆေးပညာတွေသာ မြန်မြန် သင်ပေးပါတော့ ‘’
“ မင်းက ဘယ်လိုဖြစ်ချင်နေတာလဲ “ 
စုမေးယိုက မကျေနပ်သံနဲ့ပြန်မေးတယ် ။
“ ဘာမှမဟုတ်ပါဘူးဗျာ “ 
ချန်ရှန်လဲ ပြုံးစိစိဖြင့် လှမ်းကြည့်ကာပြောလိုက်တယ် ။
ရွှီရှန်းရှန်း စိတ်မပျက်မှာဆိုးလို့ ချန်ရှန်ဟာ သူ့ကြိုးစားမှုတွေကို နေ့ညမပြတ် ၂ ဆတိုးကာ ကြိုးစားခဲ့ ပါတယ် ။ 
အဲချိန်မှာပဲ ချန်ရှန်လက်စွပ်ကွင်းလေးကနေ အဖြူရောင်ငွေ့လေးတွေ ထွက်လာကြပါတယ် ။ မိန်းမလှ လေး ၂ယောက် ခရမ်းရောင်ဝတ်ရုံတွေဝတ်လျက် သူ့ရှေ့ပေါ်လာပါတယ် ။ ဒီဝတ်ရုံတွေဟာ နဂိုထဲက ကွင်းလေးထဲမှာ ရှိမယ်လို့ချန်ရှန်တွေးလိုက်ပါတယ် ။
အချိန်ကတော့ နေ့လည်ခင်း နေအရမ်းပူနေတယ့် အချိန်လောက်ပါပဲ ။ မိန်းမလှလေး ၂ ယောက်ဟာ နေမင်းကြီးထက်ကို စိတ်အလိုမကျဖြစ်ကာ ရပ်နေကြပါတယ် ။
“ ချီဓာတ်တွေ ဒီနားမှာ နည်းနည်းပဲရှိတယ် ။  တကယ်လို့မင်း ဆေးမစားထားရင် စစ်မှန်တဲ့သိုင်းကျင့်စဉ်တွေကျင့်ဖို့ အရမ်းခက်ခဲလိမ့်မယ် ။ ‘’
စုမေးယုက နေမင်းကြီးကိုကြည့်ကာ တတွတ်တွတ်ပြောနေတယ် ။
ချန်ရှန်ဟာ တစ်ခုခုကို စိတ်ရှုပ်ပုံပေါ်နေတယ် ။ မိန်းမလှ ၂ ယောက် ကွင်းလေးထဲကနေ ဘယ်လို ဝင်ထွက်တာလဲဆိုတာပါပဲ ။ နောက်ပြီး သူမတို့အသံတွေကို လက်စွပ်ကတဆင့် ဘယ်လိုကြားနိုင်လဲ ဆိုတာကိုပါပဲ ။
ချန်ရှန်ဟာ သူမတို့နဲ့အတူ အိမ်တခုထဲဝင်လိုက်ပါတယ် ။ အထဲမှာအရမ်းမကျယ်ပါဘူး ၊ ဟောခန်း တစ်ခုနဲ့ အခန်းငယ် ၄ ခန်းပါပဲ ။ ချန်အိမ်တော်ကြီးနဲ့ယှဉ်လိုက်ရင် ဒါလေးဟာ တကယ့်သေးသေး လေးပါပဲ ။ ဟောခန်းငယ်လေးထဲမှာ ဘိုင်ယုယုနဲ့စုမေးယိုတို့၂ ယောက် ချန်ရှန်ပြင်ပေးထားတဲ့ ဝိဉာဉ်တော် လက်ဖက်ရည်သောက်နေကြပါတယ် ။ ဒါဟာ ချန်ရှန်ကိုယ်တိုင်ပြုလုပ်ချက်ဖြစ်ပြီး သူစိတ်မပါလက်မပါ အမြဲသောက်လေ့ရှိတာပါ ။ 
“ ချီ ဓာတ်တွေ ဒီနေရာမှာ တော်တော်နည်းယ် ။  မင်း မင်းရဲ့ကိုယ်ခံစွမ်းအားကို မြန်မြန် မြင့်မယ်ဆိုရင် ဆေးတွေကို မှီဝဲရမယ် ။ ဒါပေမယ့် ဒါမတိုင်ခင် ချီဓာတ်တွေကို မင်းစွန့်ထုတ်ကမယ် ။ မင်းမှာ ယင်ယန်စွမ်းအားရှိနေပြီပဲ ဒါကမခက်ခဲတော့ပါဘူး’’ 
စုမေးယိုကပြောလေတယ် ။
ချန်ရှန်စိတ်ထဲ မှတ်ထား လိုက်ပြီး ပြန်ပြောလိုက်တယ် ။
“ အမတော် စုမေးယို ကျွန်တော့ကို အကြံဉာဏ် ပေးပါ ‘’
“ လာလေ ၊ ငါမင်းကို ထိုက်ကျိ နတ်အတွင်းအားလေ့ကျင့်ခန်းကို သင်ပေးမယ် ၊ နောက်ပြီး အဲဒိမှာ သင်္ကေတ ၄ ခုရှိတယ် ။” 
စုမေးယိုက နှစ်လိုဖွယ် အသံလေးနဲ့ပြောလေတယ် ။ သူမဆံပင်လေးတွေကို သပ်ရင်းနဲ့ပေါ့ ။ ဒီအမူရာလေးဟာ တကယ်ပဲ ဆန့်ကျင်ဖက်လိင်တစ်ယောက်ကို ညှို့ယုူဖမ်းစားနိုင်လွန်းပါပေတယ် ။ ချန်ရှန်ရဲ့စိတ်ထဲမှာ စုမေးယိုဟာ သူ့ရဲ့စိတ်ဝင်စားမှုကို အပြည့်၀ လိုချင်ပုံပဲ ၊ နောက်ပြီး သူမဟာ သူ့ရဲ့တကယ့်ကို အပြင်းထန်ကူညီသင်ကြားပေးမယ့် လူတစ်ယောက်လို့ယုံကြည်လိုက်ပါတယ် ။
စုမေးယိုရဲ့နူးညံ့တဲ့လက်တွေဟာ ချန်ရှန် နဖူးကို ကိုင်လိုက်ပါတယ် ။ ချန်ရှန်စိတ်ထဲ များစွာသော စကားလုံးတွေ ခံစားချက်တွေဟာ ရင်ခုန်သံအဖြစ် မြည်ဟည်းလျက်ရှိနေပါတယ် ။ သူမတို့တစ်ယောက်ချင်းဆီဟာ နားလည်ဖို့ခက်ခဲသော်လည်း စုမေးယိုရဲ့အကူညီကြောင့် သူမတို့ကို ဆရာအဖြစ် အသိမှတ်ပြုတာဖြစ်ပါတယ် ။
စုမေးယိုက ထပ်ပြောလေတယ် ။
“ ငါအခု ငါ့ရဲ့အတွင်းအားကို မင်းကို သိုင်းကျင့်ပေးဖို့အသုံးပြုနေတာ ၊ မင်းတတ်ချင်တယ်ဆိုရင် အဆင့်တွေကို လိုက်နာမှဖြစ်မယ် ။ “
ချန်ရှန် အထိတ်တလန့်ဖြစ်သွားတယ် ။ သူမထင်မိတာက စုမေးယိုဟာ နတ်အတွင်းအားကို အသုံးလိမ့်မယ်လို့ပါ ၊ ဒီနတ်အတွင်းအား ကျင့်စဉ်ကိုကျင့်ဖို့ အနည်းဆုံးတစ်ယောက်ဆီမှာ သိုင်းပညာ အဆင့် ၆ ရှိနေရမှာပါ ။ စိတ်ဝိဉာဉ်စွမ်းအားတွေ အတွင်းအားတွေ ပေါင်းခြင်းကမှ အရမ်းကို အဆုံးမရှိတယ့် အားအင်ကိုရရှိမှာဖြစ်ပါတယ် ။
“ ငါတို့အကြောင်းနဲ့ပတ်သတ်ပြီး လုံးဝနှုတ်လုံရမယ် ။ ဘယ်သူမှမသိစေရဘူး ၊ မင်းရဲ့သတိုးသမီး လေးတောင် မသိစေချင်ဘူး “
ဘိုင်ယုယု ရဲ့အေးစက်စက်နဲ့ အလောတကြီးကို ပြောတာဖြစ်ပါတယ် ။
စုမေးယိုက ပါဆက်ပြောပြန်တယ် ။
“ အခုမင်းကို ငါပြောပြမယ် ၊ ငါနဲ့ငါ့အမမှာ များစွာသော ရန်သူတော်တွေရှိတယ် ။ မင်းကိုပါတစစီချေပြီး ခေါင်းပါဖြတ်ပစ်ကြလိမ့်မယ် ၊  ဒါကြောင့် မင်းငါတို့ရဲ့ လျို့ဝှက်ချက်ကို ထိန်းသိမ်း ထားရမယ် ။ ဒါကြောင့်ငါတို့ကလဲ မင်းသေရေးရှင်ရေးကိစ္စကလွဲလို့ကွင်းထဲက ထွက်လာမှာ မဟုတ်ဘူး ‘’
ချန်ရှန် ရင်တွေခုန်သွားတယ် ။ သူဒီလိုအန္တရာယ်ရှိတဲ့ လျို့ဝှက်မှုလုပ်ရမယ်လို့မမျှော်လင့်မိဘူးလေ ၊ သူလဲ မိန်းမလှ ၂ ယောက်ကွင်းထဲပြန်မဝင်ခင် အလျင်မြန်ပဲ ခေါင်းညိမ့်လိုက်ပါတယ် ။
ထိုက်ကျိနတ်အတွင်းအားလေ့ကျင့်ခန်း နဲ့သင်္ကေတလေးခု !!
တကယ်တော့ ဒါဟာ သိုင်းပညာကြီးတစ်ခုလုံးရဲ့သေးငယ်တဲ့ အစိတ်အပိုင်းလေးပါ ။ချန်ရှန်ဟာ တော်တော်လေး စိတ်လှုပ်ရှားနေပါတယ် ။ ဒါတွေကို သူ့ကို ဘယ်သူက ဘယ်လို လေ့ကျင့်ပေးမယ်ဆိုတာ မသိသေးပါဘူး ။ မှော်ပညာသိုင်းလောကမှာ စွမ်းရည်တွေကို အခြေခံကျကျ ခွဲခြားထားပါတယ် ။ 
မော်တယ် အဆင့်
စိတ်ဝိဉာဉ်အဆင့်
သိမ်မွေ့အဆင့်
မြေကြီးအဆင့်
အမတအဆင့်
အလေးနက်အဆင့် နဲ့
နောက်ဆုံး နတ်စွမ်းအင် အဆင့်ဆိုပြီးတော့ ဖြစ်ပါတယ် .
အဲတာတွေကိုမှ အပေါ်နဲ့အောက်အဆင့်ဆိုပြီး ထပ်ခွဲထားပါသေးတယ် ။ ဆေးပညာအဆင့်ကိုလဲ ဒီလိုပဲ ခွဲခြားထားပါတယ် ။ သို့သော် ဆေးပညာမှာ အလယ်အဆင့် ဆိုတာပါပါသေးတယ် ။
အမတ အဆင့်ပညာရှင်ဟာ တော်တော်ရှားပါတယ် ၊ နောက်ဆုံးအဆင့်ကတော့ ပြောမနေနဲ့တော့ ၊ဒီနောက်ဆုံး နတ်စွမ်းအင်အဆင့်ကို တကယ်ကို စွမ်းအားကြီးမားပါချည်ရဲ့ဆိုတဲ့ ဒဏ္ဍာရီလာ နတ်ဘုရားလို လူတွေသာ ကျင့်နိုင်တာပါ ။ သူတို့ဟာ မိုးကြီးတွေပါပစ်ချနိုင် ပြီး အာကာသကိုပါ အလွှာတွေ အဖြစ် ခွဲခြားစိတ်ဖြာ နိုင်ပါသေးတယ် ။ ယခု ထိုက်ကျိ လေ့ကျင့်ခန်းဟာ ဒီလေ့ကျင့်ခန်းရဲ့ အခြေခံဖြစ်ပါတယ် ။ နောက်ပြီး ချီ ဓာတ်ကိုအသုံးပြုပြီး ခန္ဓာကိုယ်ကို တည်ဆောက်တာပါ ။ အလွန်သိမ်မွေ့ပြီး စွမ်းအားကြီးမားတဲ့ ပညာရပ်ဖြစ်ပါတယ် ။
နတ်စွမ်းအင်သင်္ကေတကို လေးပိုင်းခွဲခြားထားပါတယ် ။ အဲဒိနာမည်တွေကတော့ . . မိုးပြာရောင် နဂါး ၊ အဖြူရောင်ကျား ၊ အနီရင့်ရောင် ငှက် နဲ့အမည်းရောင် လိပ် ဆိုပြီး ဖြစ်ကြပါတယ် ။ ဒီလေ့ကျင့်ခန်းတွေ ဟာ သဘာဝရဲ့အထောက်အကူတွေဖြစ်ပြီး တိုက်ခိုက်ခြင်းနဲ့ ရန်သူ၏ တိုက်ခိုက်ခြင်းမှ ကာကွယ်ခြင်း တို့ကို အဓိက ကူညီပေးပါတယ် ။ ဒါတွေကို လေ့ကျင့်တတ်မြောက် နားလည်သွားရင် သိုင်းပညာရဲ့ စွမ်းအားတွေကို သရုပ်ပြရာနေရာမှာလည်း သုံးလို့၇ပါတယ် ။
ချန်ရှန်ဟာ သူ့အိမ်နောက်ကို ရောက်နေပါတယ် ။ စိမ်းလန်းစိုပြေတဲ့ သစ်ပင်တွေကြားမှာ လတ်ဆတ် လှတဲ့ လေကို တဝကြီးရှူရှိုက်လျက်ရှိတယ် ။ သူဟာ ကောင်းကင်နဲ့မြေကြီးကြားမှာရှိတယ့် စိတ်ဝိဉာဉ် ချီဓာတ် ၅ ခုကို စိတ်ထဲမှာ ရှင်းထုတ်နေတာပါ ။ နတ်အတွင်းအားအများစုကို ခွဲခြားစိတ်ဖြာနိုင်ပါတယ် ။ ဒါပေမယ့် ချန်ရှန်ရဲ့ ယင် နဲ့ယန် အတွင်းအားကတော့ ကမ္ဘာကြီးရဲ့အခြေခံသဘောတရား ၅ ခု ကို ပါဝင် ကိုယ်စားပြုတာပါ ။ ဒါကြောင့် သူဟာ စစ်မှန်သော ချီ ဓာတ်ရဲ့အခြေခံသဘောတရား ၅ ခုလုံးကို လေ့ကျင့်နိုင်ပါတယ် ။
ထိုက်ကျိလေ့ကျင့်ခန်း !! 
တကယ်တော့အဲဒါဟာ နူးညံ့တဲ့ နှလုံးသား ဥပဒေသတ်မှတ်ချက် တစ်ခုပဲ ၊ စုမေးယိုက ၎င်းနားလည် သလိုရှင်းပြခဲ့တာပါ ။ ဒါကြောင့်ပဲ သူဆရာတင်ထားရတာပေ့ါ ။ သူဟာ ထိုက်ကျိ ကျင့်စဉ်နဲ့ ယင်ယန် ထိုက်ကျိ ပုံစံအကွက်တွေကို သူ့ရဲ့စွမ်းအင်သိုလှောင်ရာနေရာမှာ ခွဲခြမ်းစိတ်ဖြာကြည့်နေပါတယ် ။ ချက်ချင်းပဲ လျင်မြန်စွာ  စလည်ပတ်စေလိုက်ပါတယ် ။  ဒါဟာ စိတ်ဝိဉာဉ် ချီ ဓာတ်တွေကို သူ့ကိုယ် ပတ်လည်မှာ ခရမ်းရောင် စက်ဝိုင်းပုံဖြစ်သွားစေပါတယ် ။
အဆင့်မြင့်တဲ့ မည်သည့်စိတ်ဝိဉာဉ်အတွင်းအားကိုမဆို စုပ်ယူခြင်းက မြန်ဆန်ပါတယ် ။ ဒီလိုနတ်အတွင်းအားရှိနေသူအတွက်က ပိုပြီးတောင် မြန်ဆန်ပါတယ် ။  မြန်ဆန်ချက်ကတော့ မှန်းဆလို့မရနိုင်အောင်ပါပဲ ။  ဒီချိန်မှာ ချန်ရှန်ဟာ ဥမင်ဂူတစ်ခုရဲ့ဝင်ပေါက်နားမှား တင်ပလ္လင်ခွေ ထိုင်ကာ ထိုက်ကျိ ကျင့်စဉ်ကို ခွဲခြမ်းစိတ်ဖြာနေပါတယ် ။ စိတ်ဝိဉာဉ် ချီဓာတ်တွေဟာ သူ့ခန္ဓာကိုယ်က ထွက်လျက် ကိုယ်ကို သန့်စင်နေပါတယ် ။ အမည်းရောင်ချီ ဓာတ်တွေဟာ အဖြူရောင်ငွေ့အဖြစ် ပြောင်းလဲသွားကြပါတယ် ။ ဒီအငွေ့တွေဟာ သူ့အရိုးတွေ ကြွက်သားတွေ နဲ့တကိုယ်လုံးကတဆင့် အပြင်ထွက်ကာ ခန္ဓာကိုယ်ကြီးကို သန့်စင်ပြီး စွမ်းအားကြီးမားလာစေပါတယ် ။
ဒီလို ထိပ်သီးသိုင်းပညာရှင်ဖြစ်ဖို့က ပထမဆုံး ခန္ဓာကိုယ်ကို သန့်ရှင်းပေးရပါတယ် ။ အတွင်းကော အပြင်ကောပါ ။  ချန်ရှန်ဟာ ခု အတွင်းပိုင်းကို သန့်စင်နေတာဖြစ်ပါတယ် ။  အခုသူ့ရဲ့အတွင်းပိုင်းဟာ စွမ်းအားကြီးတဲ့ ချီ ဓာတ်တွပါဝင်လည်ပတ်နေပါပြီ ၊ စစ်မှန်သော ချီ အဆင့်ဆိုတာပဲ ဖြစ်ပါတော့တယ် ။
ချန်ရှန်ဟာ ချီဓာတ်တွေ သူ့ကိုယ်မှာ များပြားစွာ စီးဆင်းနေတဲ့အတွက် သတိလစ်သလိုတောင်ဖြစ်နေ ပါတယ် ။ တစုံတယောက်သာ သူ့ကို ခုလိုပုံစံမြင်လိုက်ရရင် သူတို့မျက်လုံးတောင်သူတို့ယုံနိုင်မှာ မဟုတ်ပါဘူး ။ 
မိုးပြာရောင်နဂါးကျင့်စဉ် နဲ့ အဖြူရောင်ကျား ကျင့်စဉ်တို့ဟာ တိုက်ခိုက်ခြင်းကို အထူးပြုတာဖြစ်ပါ တယ် ။ အနီရင့်ရောင်ငှက် ( အထူးသဖြင့် မီးစွမ်းအားကို အထူးပြု ) နဲ့အမည်းရောင် လိပ် ကျင့်စဉ်တို့ ဟာ ခုခံခြင်းပိုင်းကို ကိုယ်စားပြုပါတယ် ။
စစ်မှန်သော ချီအဆင့်ကို လေ့ကျင်းခြင်းဟာ စွမ်းအင်သိုလှောင်ရာနေရာကို ပိုမိုကောင်းမွန်စေပြီး ချန်ရှန်ဟာ ဒီအတွင်းအားကျင့်စဉ်လေးခုကို အပြင်းထန်ပဲ လေ့ကျင့်ပါတယ် ။ သူဟာ မကြာခင်မှာပဲ ခုနက မိုးပြာရောင်နဂါး ၊ အဖြူရောင်ကျား ၊ အနီရင့်ရောင် ငှက်နဲ့အမည်းရောင် လိပ် ကျင့်စဉ်တို့ကို အောင်မြင်နိုင်တော့မှာပါ ။ ဒါသာပြီးဆုံးသွားရင် ချန်ရှန်ဟာ လူလေးယောက်စာနဲ့ ညီမျှတဲ့ စွမ်းအင် ရရှိသွားမယ့် သဘောပါ .။ ဒါဟာ အချိန်အရမ်းကုန်သော်ငြားလည်း သူ့စွမ်းအင်ရရှိမှုဟာ အခြား အဆင့်တူတွေထက် အများကြီး အပေါ်ရောက်နေမှာ ဖြစ်ပါတယ် ။ 
ချန်ရှန် ထိုက်ကျိကျင့်စဉ် စကျင့်တယ့်အခါ စိတ်ဝိဉာဉ်ချီဓာတ်တွေဟာ စစ်မှန်သော ချီ ဓာတ်အဖြစ် ပြောင်းလဲသွားပါတယ် ။ ဒီလိုလေ့ကျင့်တာက သူ့ရဲ့ အတွင်းအားတွေကို ပိုပြီး ကြီးမားလာစေပါသေး တယ် ။
မနက်ခင်းသို့ရောက်ရှိလာပါပြီ ၊ နေရောင်ခြည်နွေးနွေးလေးဟာ ချန်ရှန် ကိုယ်ပေါ်သို့ကျရောက် လျက်ရှိနေပါတယ် ။ ချန်ရှန် မျက်လုံးကိုဖွင့်လိုက်ပါတယ် .။ အဲချိန်မှာပဲ လျပ်စီးကြောင်းနဲ့ထိလိုက် သလိုဖြစ်ကာ လေတချက်ဖြတ်ခနဲ တိုက်ခံလိုက်ရသလို သူ့ခန္ဓာကိုယ်မှာ ခံစားလိုက်ရပါတယ် ။  မနက်ခင်းမြူခိုးလေးတွေပါ ခွဲဖြာသွားကြတယ် ။ သူ့ကိုယ်မှာ အမည်းရောင် အလွှာတစ်ခု ကာထားသလို ပါပဲ ။ ဆိုလိုတာကတော့ သူဟာ သိုင်းပညာ အဆင့် ၄ ကိုရောက်ရှိသွားတာပဲ ဖြစ်ပါတယ် ။ 
အဆင့် ၄ ကနေ အဆင့် ၆ ကို အဆင့်တစ်ခု အသစ်စတယ်လို့သတ်မှတ်ထားကြပါတယ် ။  ခုတော့ချန်ရှန်ဟာ အဆင့် ၄ ကိုရောက်နေပါပြီ ။ ဒီမတိုင်ခင် အရင်က သူဟာ အဆင့် ၃ မှာပဲ ရှိနေသေးတာဖြစ်ပြီး ၄ ကို ဘယ်တော့မှကို မရောက်နိုင်ခဲ့တာပါ ။
ချန်ရှန် မျက်လုံးတွေ တဖန် ပြန်မှိတ်လိုက်ပါတယ် ။ သူ့စွမ်းအင်သိုလှောင်ရာကနေ ထိုက်ကျိ ယင်ယန် ပုံစံကို အလေးထားကြည့်နေမိပြန်ပါတယ် ။ သူဟာ စစ်မှန်သော ချီဓာတ်ရဲ့ရေဝဲကလေး ၅ ခုကို တွေ့လိုက်ရပါတယ် ။ တစ်ခုဆီကနေ ဦးတည်ရာလေးဖက်ဆီကို ဗဟိုချက်တစ်ခုစီနဲ့ဖြန့်ကွဲနေကြ တာပါ ။ သာမန်လူမှာ ဒီလိုရေဝဲ တစ်ခုပဲရှိကြတာပါ ။ ခုသူ့မှာတော့ ၅ ခုတောင်ပါ ။ သူ့ စစ်မှန်တဲ့ ချီဓာတ်က ဘယ်လိုပုံလဲဆိုတာ မည်သူမျှ ပုံဖော်နိုင်မယ်မထင်ပါဘူး ။
ဒီလို စစ်မှန်သော ချီအဆင့် မှာရှိတဲ့ သူ့ခွန်အားဟာ တချို့သော အဆင့် ၅ မှာ ရှိတယ့်လူတွေနဲ့တောင် နှိုင်းယှဉ်လို့ရနေပါတယ် ။
“ ခုတော့ ငါ အဆင့် ၄ ကိုရောက်ပြီပေါ . . ခုတော့အဖေလဲ ဟိုလူတွေဆီမှာ ဆေးမြစ်အတွက် အသနားခံ တောင်းပေးစရာမလိုတော့ဘူး”
ချန်ရှန် အကျေနပ်ကြီး ကျေနပ်နေပါတယ် ။
အသက် ၁၅ နှစ်ထဲနဲ့ အဆင့် ၆ ထိတိုင်အောင်ရောက်ခဲ့တဲ့ ရွှီရှန်းရှန်းအကြောင်းစဉ်းစားမိတယ့်အခါ ချန်ရှန်ဟာ ချက်ချင်းပဲ သတိဝင်ကာ စိတ်လျော့လိုက်ပါတယ် ။ တဆက်ထဲမှာပဲ သူနဲ့စေ့စပ်ထားတဲ့ မိန်းကလေးနဲ့ပေးစားမယ်ဆိုတဲ့  ယောင် မျိုးနွယ် က ဆေးပညာရှင်လေး အကြောင်းပါ စဉ်းစားမိသွား တယ့်အခါမှာတော့ ချန်ရှန်နှလုံးသားလည်း တချက်ခုန်သွားပါတယ် ။ အများပြောတဲ့ ဆေးပညာ ပါရမီရှင်လေးကို စိန်မခေါ်ခင် သူ့ကိုယ်သူ ပိုမို ကြံ့ခိုင်အောင် လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။
“မိုးပြာရောင် နဂါးကျင့်စဉ် စတင်ပါ” 
စုမေးယို ပြောတာဖြစ်ပါတယ် ။ သူမရဲ့အတွင်းအားတချို့ပြန်ရကတည်းက သူမဟာ နည်းနည်း ရွှင်လန်းနေပါပြီ ။ နတ်အတွင်းအားကျင့်စဉ် သင်္ကေတ လေးခု ကို နည်းစနစ်အားဖြင့် နတ်အတွင်းအား ကျင့်စဉ်လို့ပဲပြောလို့ရပါသေးတယ် ။ ဒါပေမယ့် လေ့ကျင့်တယ့် အခါမှာတော့ လက်သီးထိုးနည်းများ ၊ အပင်နဲ့ဆိုင်တဲ့ နည်းပညာများလေ့လာခြင်း ၊ ခြေကန်နည်းများ ၊ ချီဓာတ်ပညာများ နဲ့ တခြားသော ကျင့်စဉ်များပါ ပါဝင်သောကြောင့် အတော်ကို ကျယ်ပြန့်ပါတယ် ။ ဒီကျင့်စဉ်ပြီးရင်တော့ သူ့ရဲ့ကြီးမားတဲ့ စွမ်းအားတွေဟာ ကိုယ်ပိုင်စွမ်းအားတွေအဖြစ် ကိုယ်စားပြုသွားပါပြီ ။
မိုးပြာရောင်နဂါး ဟာ သစ်သားဓာတ် ၏  စစ်မှန်သောချီတွေ ဝိုင်းနေတာကို ဗဟိုပြုထားပါတယ် ။ ထိုစွမ်းရည်ထဲမှာ လေနဲ့လျှပ်စီး ပညာရပ်တွေပါဝင်ပါတယ် ။ ဒါကြောင့် လေနဲ့လျှပ်စီးကို ထိန်းချုပ်နိုင်တဲ့ စွမ်းအင်တွေ ရရှိမှာဖြစ်ပါတယ် ။
ချန်ရှန်ဟာ ရေချိုးပြီးတဲ့နောက်မှာတော့ ချန်ရှန် မနက်စာကို သွက်သွက်စားကာ မိုးပြာနဂါးကျင့်စဉ် ကျင့်ဖို့ နောက်ဖက်ကို ထွက်လာခဲ့ပါတယ် ။ ထိုက်ကျိကျင့်စဉ်တွေနဲ့ နတ်အတွင်းအားကျင့်စဉ် လေးခု ဟာ သူ့စိတ်ထဲမှာ အမြဲစွဲနေပါတော့တယ် ။ ဒီအကြောင်းရာတွေကို နားလည်ဖို့အမြဲလည်းကြိုးစား နေတာပါ ။ 
နေ့တဝက်လောက် ကုန်လွန်ပြီးနောက် ချန်ရှန်ဟာ မိုးပြာနဂါးကျင့်စဉ် အရ ခန္ဓာကိုယ် အတွင်းမှာ ရှိတယ့် ချီဓာတ်တွေကို ခွဲခြမ်းလေ့လာနေပါတယ် ။ မကြာခင်မှာ သူ့ကိုယ်ကနေ မိုးပြာရောင် အငွေ့လေးတွေ ထွက်ပေါ်လာတာကို သူတွေ့လိုက်ရပါတယ် ။ တခါတရံမှာ  လျှပ်စီးကြောင်းလေးတွေ ပါထိုအငွေ့တွေထဲ ဖြတ်ခနဲ ပေါ်ပေါ်လာတာ တွေ့ရပါတယ် ။ လေပြေတွေ တိုက်နေသလိုပါ ခံစားရပါတယ် ။ 
ချန်ရှန်ဟာ ခုတော့ လျှပ်စီးတွေနဲ့လေစွမ်းအင်တွေကို စစ်မှန်သော သစ်သားချီဓာတ်ကနေ ဘယ်လို ထုတ်လွှတ်ရမယ်ဆိုတာကို သဘောပေါက်သွားပါတယ် ။ သူ့အတွက် တော့ ခုခြေနေဟာ ဘယ်လိုပဲဖြစ်ဖြစ် မလုံလောက်သေးပါဘူ ။  သူက ဒီ စစ်မှန်သော သစ်သားချီဓာတ်ကနေ ကို ဒီမိုးပြာရောင်နဂါးကျင့်စဉ်က တခြားသော စွမ်းရည်တွေနဲ့တွဲကာ လေနဲ့လျှပ်စီးတွေကို အတိုင်းအဆမရှိ ဖန်တီးနိုင်ချင်တာပါ ။
ချန်ရှန်ဟာ စစ်မှန်သော သစ်သားချီဓာတ်တွေကို သူ့ခန္ဓာကိုယ်မှာ ပြုလုပ်ကာ သူ၏ စွမ်းအင်သိုလှောင်ရာ နေရာကို လှည့်ပတ်စီးဆင်းစေပါတယ် ။ သူ့ကိုယ်ကို တစ်ပတ်ပြီး တစ်ပတ် စီးဆင်းစေပါတယ် ။ တခါတရံ ပုံမှန်မရှိ တခါတရံ မြန်မြန် တခါတရံ နှေးနှေးလေးနဲ့ရွေ့လျားနေကြ ပါတယ် ။ ဥပမာပြောရရင် တခါတရံ မြစ်ကြီးတစ်ဆင်းနဲ့တူပြီး တခါတလေတော့ တောင်ငယ်လေးပေါ်က စမ်းချောင်းလေး စီးဆင်းပုံနဲ့တောင် တူနေပါတော့တယ် . . . . . .။











Chapter - 5
#စိန်ခေါ်ပွဲကြီး
တစ်လကြာပြီးနောက် . . . .  ၊
လရောင်ဟာ ကောင်းကင်ပေါ်မှာ တောက်ပနေသလို တောင်တခုဆီမှလည်း မိုးပြာရောင် အလင်းတန်း တွေ တဖြတ်ဖြတ်တောက်ပါနေပါတယ် ။ အဝေးကလှမ်းကြည့်မည်ဆိုပါက တောင်ထိပ်ပေါ်ကို ကြယ် ကြွေကျနေသွားသလိုပါ ။ ချန်ရှန်ဟာ သူ့အတွင်းအားတွေ ကို တိုးသထက်တိုးအောင် ကျင့်စဉ်တွေ ကျင့်ဖို့နဲ့ ဆေးမြစ်တွေ စုဆောင်းရှာဖွေဖို့အတွက် ဒီတောင်ပေါ်လာရခြင်းဖြစ်ပါတယ် ။
များပြားတဲ့ စိတ်ဝိဉာဉ်ချီဓာတ်တွေ ကို စုပ်ယူဖို့နဲ့ ကောင်းကင်နဲ့မြေကြီးကြားမှာ ရှိတယ့် လေနဲ့လျှပ်စီး အားတွေကို ရရှိရန်ပါ ဒီတောင်ပေါ်ရှိနေတာဖြစ်ပါတယ် ။ သူဟာ တိမ်မဲတွေကို ပေါ်လာတာကို မြင်ရသလို လေတွေခပ်ကြမ်းကြမ်းတိုက်တာကိုလည်း ခံစားရပါတယ် ။ ဒီလိုတိမ်မဲ တွေကြားထဲမှာမှ လျှပ်စီးတွေဟာ ပိုပိုလတ်တာကိုလည်း မြင်နေရပါတယ် ။ ရုတ်တရက်ပဲ မိုးကြိုးကြီးတစ်ခုဟာ တောင်ထိပ်တည့်တည့်ပေါ်ကို ပစ်ချလိုက်ပါတယ် ။ ဒီလို အံ့အားသင့်စရာ ဖြစ်ပျက်မှုဟာ တကယ်တော့ ချန်ရှန်ရဲ့မိုးပြာရောင် နဂါးကျင့်စဉ် ကြောင့်ပဲဖြစ်ပါတယ် ။ ဒီလို အလွန်အင်မတန် ကြီးမားတယ့် ပေါက်ကွဲသံတွေနဲ့မိုးကြိုးလျှပ်စီးတွေလက်နေတာဟာ သူ့ကျင့်စဉ် ကြောင့်ဆိုတာ ငြင်းစရာမရှိပါဘူး ။ သူ့ကိုယ်ကို မိုးကြိုးထိမှန်သွားတဲ့ အချိန်မှာ သူဟာ အတွင်းအား သုံးကာ ခန္ဓာကိုယ်သန့်စင်ခြင်းကို စတင်ပြီး ၎င်း မိုးကြိုးရဲ့စွမ်းအင်တွေကို သူ့ကိုယ်ထဲသို့စုပ်ယူ လိုက်ပါတယ် ။ 
ဒီလုပ်ရပ်ဟာ သူ့ကိုယ်သူ သတ်သေတာနဲ့တောင် တူနေပါသေးတယ် ။ မိုးကြိုးဟာ သဘာ၀ စွမ်းအင် တွေထဲမှာ အားအကြီးဆုံးဆိုတာ လူတိုင်းသိပါတယ် ။ တခြားသိုင်းပညာရှင်ကြီးတွေတောင် ဒီလို တည့်ထိမှန်တာကို ခံစားနိုင်လိမ့်မှာ မဟုတ်ပါဘူး ၊ ခုတော့ ချန်ရှန်ဟာ မိုးပြာနဂါးကျင့်စဉ် ကျေးဇူးနဲ့ ဒီလိုသဘာ၀ စွမ်းအင် လျှပ်စီးကို ခံနိုင်ရုံမက ၎င်း၏ စွမ်းရည်ကိုပါ သူ၏ သိုင်းပညာ တိုးတက်မှု အတွက် အသုံးချနေတာဖြစ်ပါတယ် ။
ဒီလိုနဲ့ ညသန်းခေါင်တိုင်အောင်ကို သူဟာ ကျင့်ကြံလျက်ရှိပါတယ် ။ ချန်ရှန်ရဲ့မျက်နာဟာ နာကြင်မှု တွေကြောင့် တွန့်လိမ်နေပါပြီ ။ ပုံမှန်အခြေအနေကို တဖြည်းဖြည်း ပြန်လည် ဖြစ်ပေါ်နေပါတယ် ။ သူ့အဝတ်တွေလဲ အပေါက်များစွာနဲ့ စုတ်ပြတ်နေကာ တကိုယ်လုံးမှာလည်း အမည်းရောင် အနာကွက်တွေ ဖြစ်ပေါ်နေပါတယ် ။ ဒီဒဏ်ရာတွေကနေ အငွေ့တွေလဲ ထွက်နေပါတယ် ။ ဒီလိုတွေ အနာဖြစ်နေတာတောင်မှ အနာတွေပေါ်မှ မိုးပြာရောင် အလင်းတန်း အငွေ့တွေကတော့ စူးစူးရှရှ ထွက်ပေါ် နေဆဲပါ ။ ဒီအငွေ့တွေဟာ ချန်ရှန် မိုးကြိုးထိလို့ဖြစ်ပေါ်တဲ့ အနာမှန်သမျှကို ပြန်လည် ကုစားသွားမှာ ဖြစ်ပါတယ် ။
“ငါ့အတွင်းအားတွေ များလာတာနဲ့အမျှ ဒီနာကျင်မှုဟာ မပြောပလောက်တော့ပါဘူး” 
ချန်ရှန် ကိုယ့်ကိုကိုယ် ပြန်ပြောမိနေပါတယ် ။ ဒါကတော့ နတ်အတွင်းအားကျင့်စဉ်တွေထဲက တစ်ခုပဲ ဖြစ်ပါတော့တယ် ။ ဒီလို ကိုယ့်ကိုကိုယ် မိုးကြိုးထိမှန်အောင် လုပ်ခြင်းကပဲ အတွင်းအားတွေကို ပိုမို ကြီးမားလာစေတာပဲဖြစ်ပါတယ် ။
နေ့ရက်တွေ တရွေ့ရွေ့ကုန်ဆုံးခဲ့ပြီ ။ ဒီအချိန်တွေတွင်းမှာ ချန်ရှန် တစ်ယောက် ကိုယ့်ကိုကိုယ် မိုးကြိုး တွေပစ်ကာ ကျင့်စဉ်ကျင့်နေသည်မှာ ထပ်ခါတလဲလဲကို ရှိနေပါပြီ ။ ခုတော့သူ့ခန္ဓာကိုယ်ဟာ အခြေခံကျကျကို မျှတခိုင်မာလျက်ရှိနေပါပြီ ။ ချန်ရှန်မျက်လုံးဖွင့်လိုက်တိုင်း လျှပ်စီးကြောင်း ၂ ခု တဖြတ်ဖြတ်လတ်တာကို မြင်နိုင်ပါတယ် ။ ဒါကြောင့် သူ့မျက်လုံးတွေဟာ တည်ကြည်စူးရှလျက်ရှိပါ တယ် ။ တကယ်ကိုအံအားသင့်စရာပါပဲ ။
“ဒါဟာတကယ်ကိုပဲ နတ်အတွင်းအားသိုင်းလို့ခေါ်ဆိုထိုက်ပါပေတယ် ။ မှော်သိုင်းပညာကျင့်စဉ်တောင် နတ်အတွင်းအားသိုင်းကို မနှိုင်းယှဉ်နိုင်ပေဘူး ၊ ခုတော့ငါ့အဆင့်ဟာ ဒီမှော်သိုင်းပညာအဆင့် ၅ ကို ရောက်ရှိခဲ့ပြီပေါ့” 
ဒီချိန်မှာပဲ ချန်ရှန်ဟာ စစ်မှန်သောချီဓာတ် ရေဝဲလေး ၅ ခု သူ့စွမ်းအင်သိုမှီးရာမှာ လည်ပတ်နေတာကို သတိထားလိုက်မိပါတယ် ။ စဖြစ်ပေါ်ကာစနဲ့တဖြည်းဖြည်းကြီးလာတာကို နှိုင်းယှဉ်ကြည့်မိတယ် ။ ချန်ရှန်ခုတော့ ဒီ စစ်မှန်သော ချီဓာတ်ကို သူလိုအပ်သလို ထိန်းချုပ်နိုင်ပီပေ့ါ ။ ဒါကတော့ အဆင့် ၅ ကျင့်စဉ်ဖြစ်တဲ့ စစ်မှန်သော ချီ အဆင့်ပဲ ဖြစ်ပါတော့တယ် ။
သူဟာ အသက် ၁၆ နှစ်ပြည့်ပြီးဖြစ်ကာ အဆင့် ၅ ကိုရောက်ရှိနေပါပြီ ၊ အချိန်တိုတိုအတွင်းမှာ ဒီအောင်မြင်မှုအတွက် လူအများဟာသူ့ကို ပါရမီရှင်လို့သတ်မှတ်ကြပါလိမ့်မယ် ။ ကြေးနီရောင် စစ်မှန်သောချီဓာတ်တစ်ခု ချန်ရှန်ရဲ့လက်ဝါးမှာ ဖြစ်ပေါ်နေပါတယ် ။ တဖက်မှာတော့ မိုးပြာရောင်ပေါ့ ။ မီးဓာတ်နဲ့သစ်သားဓာတ်ဟာ မိုးပြာရောင်နဂါးနဲ့အနီရင့်ရောင်ငှက်တို့ရဲ ့သင်္ကေတဖြစ်ကာ စစ်မှန်သော ချီဓာတ်တွေ ဖြစ်ပေါ်လျက်ရှိပါတယ် ။ ချန်ရှန်ဟာ သူ့အရေပြားကို ခွာချကာ အရေပြား အသစ်လဲနေသလိုကို ခံစားရပါတယ် ။ ခုတော့ သူ့ခန္ဓာကိုယ်နဲ့ ချီဓာတ်တွေဟာ အရင်နဲ့လုံးဝကို နှိုင်းယှဉ်မရတော့ပါဘူး ။ 
ချန်ရှန်နောက်ဆုံးတော့ ဒီနတ်အတွင်းအားကျင့်စဉ်တွေဟာ ဘယ်လိုတောင် အဖိုးတန်လဲဆိုတာကို နားလည်လိုက်ပါပြီ ။ အမှန်ပါပဲ ၊ ဒီကျင့်စဉ်တွေဟာ လူတစ်ယောက်အဖို့နတ်ဘုရားတစ်ပါးလို ကြီးမား တဲ့ စွမ်းအင်တွေကို ရရှိစေနိုင်ပါတယ် ။ 
“ဒီမှာရှိနေတယ့် စိတ်ဝိဉာဉ် ချီဓာတ်တွေဟာ နည်းသေးတယ် ၊ တကယ်လို့မင်းရဲ့ကျင့်စဉ်တွေကို တိုးတက်ချင်ရင် ဆေးမြစ်တွေကို မှီဝဲရမယ် ။  အာ့ဆို မင်း ချီ ဓာတ်တွေ ထုတ်လွှတ်နိုင်မယ် ။ ခုကစပြီး ဆေးပညာသင်ဖို့အချိန်ရောက်ပြီ” 
စုမေးယို ဟာ ချန်ရှန်ကို ပြောပြတာဖြစ်ပါတယ် ။
စုမေးယို နဲ့ဘိုင်ယုယုတို့ဟာ ချန်ရှန်ကို အစွမ်းထက်သထက် ထက်အောင် ပြုလုပ်နေကြတာပါ ။ သူမြန်မြန်တတ်မြောက်လေလေ သူတို့ရဲ့စွမ်းအားတွေ မြန်မြန်ပြန်ရလေလေ ဖြစ်ပါတယ် ။ သူတို့ညီအမ ၂ ယောက်ဟာ သူမတို့စွမ်းအားတွေ ဆုံးရှုံးပြီးကတည်းက ကြောက်ရွံ့ ကာ အကူညီမဲ့ နေသလို ခံစားနေကြရတာပါ ။
“ကောင်းပြီ ၊ ချန်မျိုးနွယ်ရဲ့ အငယ်ဆုံး ပညာရှင်မလား ..၊ ယောင်မျိုးနွယ်ရဲ့ပါရမီရှင်ဆေးဆရာက သခင်လေးကို စိန်ခေါ်နေတယ် ။ သူက ဆေးပညာရော သိုင်းပညာပါ ပြိုင်ချင်တယ်ပြောတယ်”
ချန်ရှန် ချန်မိသားစုအိမ်တော် အပေါက်ဝကို ဝင်နေတုန်း အထက်စီးဆန်ဆန်ဖြင့် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က သူ   ပြောခြင်းဖြစ်ပါတယ် ။
“ စိန်ခေါ်ပွဲတစ်ခု ဟုတ်လား. . ? ၊ ဘယ်တုန်းက ပြောတာလဲ” 
ချန်ရှန် နည်းနည်းစိတ်လှုပ်ရှားသွားတယ် ။ သူဒီရက်ပိုင်း အိမ်မှာသိပ်မရှိဖြစ်ဘူးလေ ။
ကောင်လေးက သူ့ကိုရယ်နေပါတယ် ၊ သူ့အသံကတော့ အထင်သေးဟန်အပြည့်ပါပဲ ။
“ဒီတော့ ခုထိ သခင်လေးက ဒီသတင်းမကြားသေးဖူးပေါ့ . .၊ ကျွန်တော်တို့အားလုံးက သခင်လေး ကြောက်ပြီး ပုန်းနေမယ်လို့ထင်နေကြတာ ၊ ဒီသတင်းက လွန်ခဲ့တယ့် ၁၀ ရက်တကည်းကပါ ၊ သခင်လေးရဲ့စေ့စပ်ထားတဲ့ မိန်းကလေးနဲ့ ယောင်မျိုးနွယ်ပါရမီရှင်လေးတို့ပြောကြတာပါ ၊ သခင်လေးတော့ တကယ့်ကို ဂြိုလ်ဆိုးဝင်တာပါပဲ”
ချန်ရှန်ဟာ အနည်းငယ် စိတ်စနိုးစနောင့် တော့ ဖြစ်သွားပါတယ် ။ ချန်ရှန် နားလည်ဟန်ဖြင့် အပြုံးတုတစ်ခု ပြုံးရင်း ပြန်ပြောလိုက်ပါတယ် ။
“ချန်ဇျန်းဟွာ ၊ မင်းငါတို့ငယ်ငယ်တုန်းက အချိန်ကို မှတ်မိလား . .၊ ငါမင်းမျက်နာကို အညစ်ကြေးတွေ ပေအောင်လုပ်တာလေ ၊ အခုငါနဲ့စကားပြောချင်သေးရဲ့လား . .?”
ဒါကတော့ ချန်ဇျန်းဟွာ ပဲ ဖြစ်ပါတယ် ။ သူ့အဖေဟာလည်းချန်မျိုးနွယ်ရဲ့အကြီးအကဲတစ်ယောက် ဖြစ်ပါတယ် ။ တောင်ပိုင်းသိုင်းပညာနယ်ပယ်ကြီးမှာ ချန်မျိုးနွယ်ဝင်တွေ အမြောက်အမြားရှိပါတယ် ။ ခုနပြောတဲ့ အကြီးအကဲတွေဟာ စွမ်းအားကြီးမားကြကာ အရေးကြီးကိစ္စ တစ်စုံတရာရှိမှသာ ချန်အိမ်တော်ရဲ့ ခန်းမမှာ လာရောက် စုဝေးကြတာဖြစ်ပါတယ် ။ 
ချန်ဇျန်းဟွာ အမူအရာဟာ ဒေါသဘက်ကို ကူးပြောင်းသွားပုံပါ ။ ဒါပေမယ့် သူသည်းခံလိုက်ပါတယ် ။ သူ့အသံမှာ အမုန်းတရားတွေ ပါနေသလိုပါပဲ ။ 
“ဒါပေါ့ ၊ ခဗျားရှုံးသွားတာကို ကြည့်ချင်ပါသေးတယ် ၊ ခဗျားသတို့သမီးကို ဆုံးရှုံးရမယ့် အချိန်မှာ ဖြစ်လာမယ့် မျက်နာကြီးကို ကြည့်ချင်နေပြီ ၊ စောင့်တောင်မစောင့်ချင်တော့ဘူးဗျ”
ချန်ဇျန်းဟွာလည်း ရယ်မောရင် ထွက်ခွာသွားပါတယ် ။
ချန်ရှန်လည်း သူ့အဖေကို မရှာခင် သက်ပြင်းတချက် ချမိလိုက်ပါတယ် ။ ဒီကိစ္စဟာ ချန်မျိုးနွယ်ကြီး တခုလုံးရဲ့ကိစ္စဖြစ်ပြီး သူ့ခေါင်းပေါ် မူတည်နေပါတယ် ။ မျိုးနွယ်အကြီးအကဲ အားလုံးကို ဆင့်ခေါ်လိမ့် မယ်ထင်မိနေပါတယ် ။ 
တျန်းဟူပန်းခြံ ၊ စာကြည့်ခန်းအတွင်းမှာ . . .
ချန်ရှန်သူ့အဖေဆီ ပြေးသွားကာမေးလိုက်ပါတယ် ။
“ အဖေ ၊ အဖိုးက သူ့ရဲ့ခေါင်းဆောင်နေရာကို စွန့်လွှတ်လိုက်တယ် ဆိုတာ တကယ်ပဲလား”
ချန်တျန်းဟူ အိန္ဒြေရရပဲ ခေါင်းညိမ့်လျက်ဖြေပါတယ် ။
“အမှန်ပဲ ၊ မင်းအဖိုးဟာ ခုအနားယူပြီး ကျင့်စဉ်ကျင့်တော့မယ် ၊ ခုချန်မျိုးနွယ်ရဲ့အကြီးအကဲအားလုံး သူ့နေရာဆက်ခံဖို့အတွက် ဒီရောက်နေကြပြီ”
ချန်မျိုးနွယ်စုအတွက် ခေါင်းဆောင်သစ်တင်မြောက်ရန် ရွေးကောက်ပွဲလုပ်ကြတော့မှာ ဖြစ်ပါတယ် ။ ဒီအချိန်ဟာ အကြောင်းတရားများစွာဖြစ်နိုင်နေပါတယ် ။ ဘာကြောင့်လဲဆိုတော့ ပြိုင်ဆိုင်မှုများ ၊ တိုက်ခိုက်ရေးပွဲများဖြစ်ရုံသာမက ဒဏ်ရာတွေရကြမယ်ဆိုတာကတော့ ပြောနေစရာမလိုတော့ပါဘူး ။
ဒီလိုသိုင်းပညာရှင်တွေရဲ့မျိုးနွယ်စုခေါင်းဆောင်ဖြစ်ဖို့ အတွက် လိုအပ်ချက်တွေများစွာရှိပါတယ် ။ အဓိကကတော့ သြဇာအာဏာ နဲ ့ ငွေကြေးကြွယ်ရရမှာဖြစ်ပါတယ် ဘာလို့လဲဆိုတော့ လူအများဟာ ဒီရာထူးကို အရမ်းလိုချင်ကြကာ ဘဝတစ်ခုလုံးရင်းပြီး စွန့်စားမယ့်လူတွေတောင် ပါပါသေးတယ် ။
ချန်ရှန်အဖေလဲ ဒီရာထူးကို ဝင်ယှဉ်ပြိုင်မှာပါ ။ ‘ဒါတင်မက ချန်ရှန်ကိုယ်တိုင်ပါ မလွဲမသွေ ပါဝင်လာမှာပါ ။ သူ့မှာသာ လုံလောက်တယ့် စွမ်းရည်မရှိရင်  သူ့အတွက် ရက်စက်ကြမ်းကြုတ်မှု တွေဟာ မတွေးရဲစရာပါပဲ ။ ဒီရာထူးဟာ အမွေဆက်ခံပိုင်ခွင့်မရှိပါဘူး ။ ရွေးကောက်ပွဲဝင် ယှဉ်ပြိုင်ရ တာပါ ။ ဒါကြောင့် ဒီရာထူးဟာ စွမ်းရည်ပေါ်မူတည်ပါတယ် ။
ချန်ရှန်ဟာ သူ့အဖေအရမ်းကို အိန္ဒြေရနေတာကို တွေ့လိုက်ရပါတယ် ။ ဒါကြောင့် ဂရုတစိုက်နဲ့မေးလိုက်တယ် ။
“အဖေ ၊ ဒါကြီးက အဖေ့အတွက် အရမ်းခက်ခဲနေလား . .”
ချန်တျန်းဟူ တချက်ကြည့်ကာပြန်ပြောပါတယ် ။ 
“ဒါဟာ တကယ်တော့ တကယ်ကို ခက်ခဲလွန်းပါတယ် ၊ ဒီရာထူးအတွက် ငါနဲ့ယှဉ်ပြိုင်မယ့်လူတွေ များစွာရှိတယ် ၊ အထူးသဖြင့် ငါနဲ့ကတိထားခဲ့ကြတယ့် ညီနောင် ၂ ယောက်အပါအဝင်ပေါ့ ။ ဒါတွေ ပြောမနေတော့ပါဘူး ၊ နောက်ပြီး ယောင်မျိုးနွယ် ပါရမီရှင်လေးက မင်းကို စိန်ခေါ်ထားတယ်နော် ၊ ငြင်းလိုက်တာ အကောင်းဆုံးပါပဲ”
“ငြင်းလိုက်မယ် .  .”
ပညာတွေသင်ကြာပြီးမှ စိန်ခေါ်တာပဲ ၊ ချန်ရှန် မငြင်းပါ ။ ခုသူဟာ သိုင်းပညာကျင့်စဉ် အဆင့်  ၅ကိုတောင်ရောက်နေပြီလေ ။ နောက်ပြီး နတ်အတွင်းအား တွေလဲရှိနေတာပဲ ၊ ချန်တျန်းဟူက သူ့သား ကျင့်စဉ်တွေအောင်မြင်သွားတာကို မသိဘူးဖြစ်နေတာပါ ။
“အဖေ . .၊ ကျွန်တော် ရွှီမျိုးနွယ်နဲ့ ယောက်မျိုးနွယ်တို့ရဲ့အထင်သေးတာကို ခံမှာမဟုတ်ဘူး ၊ ဒီစိန်ခေါ်မှုကို လက်ခံရမယ်”
ချန်ရှန်အကြည့်တွေဟာ စူးရှနေပါတယ် ။ သူ့မျက်လုံးတွေဟာလည်း စစ်ပွဲရဲ့အရိပ်ယောင်တွေ ပြည့်နေပါတယ် ။ သူ့ကိုယ်ကလဲ ကြီးမားတယ့် ချီဓာတ်တွေ ထွက်နေတယ် ။ သူ့အဖေရဲ့တပည့်ဆို တကယ်ကို ရင်တုန်အံ့အားသင့်နေတာပါ ၊ ခုတော့ သူ့သားဟာ မယုံကြည်နိုင်လောက်တဲ့ နုှန်းနဲ့ သိုင်းပညာအဆင့်တစ်ခုကို ရောက်နေပြီဆိုတာ တွေ့လိုက်ရပါပြီ ။
ချန်တျန်းဟူဟာ သူ့သား အပြင်မှာ မတော်တဆမှု တစ်ခုခုကြောင့်လို့ပဲ တွေးမိလိုက်ပါတယ် ။ သို့သော် သူထပ်မမေးဖြစ်တော့ပါ ၊ သူ့သားခုလောက်သန်မာနေတာကိုမြင်ရတာပဲ သူ့အတွက် လုံလောက်နေပါပြီ ။ ချန်တျန်းဟူ သူ့သားပခုံးကို ပုတ်ကာ ရယ်မောပြီး ပြန်ပြောပါတယ် ။
“မင်းအဖေမင်းဘက်မှာ အမြဲရှိတယ် ၊ မင်း ယောင်မျိုးနွယ်စုကို ကောင်းကင်ကြီးရဲ့တဖက်မှာ ဘာရှိလဲ ဆိုတာ ပြလိုက်စမ်းပါကွာ”
ချန်ရှန် အားပါးတရ ရယ်မောပြီး ပြန်ပြောလိုက်ပါတယ် ။
“အဖေ ၊ ကျွန်တော့ကို ငွေနည်းနည်း ကူညီနိုင်မလား. .”
ချန်ရှန်အဖေဟာ လူကုန်ထံဘဝနဲ့နေသော်လည်း ၊ သူ ကတော့ အတော်ကို မွဲနေတာပါ ။ သူ့အဖေက သူ့ကို လူအပေတေတစ်ယောက်ဖြစ်မှာကို စိုးရိမ်နေခြင်းဖြစ်ပါတယ် ။ ဒါကြောင့်သူ့ကို သာမန်လိုပဲ နေထိုင်စေခဲ့ပါတယ် ။ တခြားအသက်ရွယ်တူ ချန်မိသားစုတွေကြားမှာ ဂုဏ်သရေရှိရှိ ထင်ပေါ်စေချင် ခဲ့တာပါ ။ 
ချန်တျန်းဟူဟာ ငွေကြေးကို စနစ်ကျကျ သုံးစွဲတဲ့သူ တစ်ယောက်ဖြစ်ပါတယ် ။ ဒါပေမယ့် သူ့စွမ်းအားတွေ မြှင့်တင်ဖို့နဲ့ ချန်ရှန့်ကို ကူညီဖို့အတွက်တော့ အများအပြားကို သုံးစွဲပါတယ် ။ ဒါကြောင့်လဲ ချန်ရှန်ကို ငွေကို လက်လွတ်စပယ် သုံးစွဲတာမျိုး လုံး၀ ခွင့်မပြုပါဘူး ။
“ဘာအတွက်လိုတာလဲ”
“ကျွန်တော် ဆေးပင်အချို့ဝယ်ချင်လို့ပါ”
ချန်ရှန်လေသံတီးတိုးဖြင့် သူ့မျက်လုံးတွေကို ဟိုကြည့်ဒီကြည့် ကြည့်ကာ ပြန်ပြောပါတယ် ။
ဆေးပင်တွေ စိုက်ပျိုးခြင်းဟာ အတွေ့ကြုံရခြင်းသာမက စိတ်တည်ငြိမ်မှုပါ ရစေပါတယ် ၊ ဒီလိုအလုပ် ဟာ ဆေးဆရာတွေပဲလုပ်ကြတာ များပါတယ် ။ ပုံစံအားဖြင့် အသက်ကြီးကြီး ဆံပင် ဖြူဖြူ ဆေးဆရာ အဖိုးကြီးတွေပေ့ါ ။  ဆယ်ကျော်သက်တစ်ယောက်ဟာ အတွေ့ကြုံမရှိပဲ ဆေးပင်စိုက်မယ်ဆိုတာ အနည်းငယ်တော့ ထူးဆန်းနေပါတယ် ။ အဓိကက စိတ်အရမ်းရှည်ရတာပါ ၊ ကောင်းမွန်တဲ့ ဆေးပင်တစ်ပင်ရဖို့နှစ်ပေါင်းများစွာကို လိုအပ်ပါတယ် ။
ချန်တျန်းဟူအတွက် ဆယ်ကျော်သက်တစ်ယောက်က ဆေးပင်စိုက်မယ်ဆိုတာကို သူ့ဘဝမှာ ပထမဆုံးကြားဖူးတာပါ ။ သို့သော်လည်း ချန်ရှန်မျက်လုံးထဲမှာ ယုံကြည်မှုတွေ အပြည့်ရှိနေပုံကို မြင်ရတယ့်အခါ သူဟာ အိတ်အသေးလေးတစ်ခုကို ဆွဲထုတ်လိုက်ပါတယ် ။
“တကယ်လို့မင်းငါ့ကို လိမ်ရင်  မင်းလနဲ့ချီ အိပ်မက်ဆိုးတွေမက်အောင်ကို မင်းကို ဖင်ပိတ်ကန်ပစ် မယ် ၊ နားလည်လား. .” 
ချန်တျန်းဟူဟာ ပြုံးပြီး ချန်ရှန်ကြောက်အောင် ပြောလိုက်ပါတယ် ။
“ဒီမှာ ငွေစ ၃၀၀၀ ၊ မင်းမှာ ဒီငွေစကို ၂ ဆပွားဖို့ ယုံကြည်ချက်မရှိရင် နောက်တခါ ငါ့ဆီက ငွေ ဘယ်တော့မှ ထပ်မတောင်းနဲ့” 
ချန်တျန်းဟူ သေချာကို သတိပေးစကားပြောကြားလိုက်ပါတယ် ။
ချန်ရှန်လဲ ငွေစတွေကို ယူကာ ပြုံးပြီးပြန်ပြောတယ် ။
“သေချာတာပေါ့ ၊ ကျွန်တော်ဟာ ချန်မျိုးနွယ်စုရဲ့အငယ်ဆုံး ဆေးဆရာ ဖြစ်လာတော့မှာပါ”
ချန်တျန်းဟူ တုန်လှုပ်သွားတယ် ။ ချန်ရှန်မှာ အားနည်းချက်ရှိတယ်ဆိုတာ သူသိတယ် ။ ဒါကြောင့် ဆေးပညာဆိုတာ သူ့အတွက်လုံး၀ မဖြစ်နိုင်ဘူး၊ သို့သော်  သူ့နှလုံးသားထဲမှာတော့ ကြိတ်ပျော် နေပါတယ် ။ သူပြောတာသာ အမှန်ဖြစ်လာရင် ချန်မျိုးနွယ်စုကြီး ဒီထက်မက ကျော်ကြားလာမှာ အမှန်ပဲ။ ချန်မျိုးနွယ်စုမှာ ဆေးပညာရှင် မရှိခဲ့တာ နှစ်ပေါင်းများစွာကြာပြီဆိုတာ သူသိတယ်လေ ။ ချန်တျန်းဟူရယ်မောလိုက်တယ် ။
“မြန်မြန်ထွက်သွားတော့ ၊ ငါ့ကို လှည့်စားတာတွေ ငါမရိပ်မိခင် သွား ၊ မဟုတ်ရင်တော့ မင်းရိုက် ခံရတော့မှာနော် ၊ ငါလည်း ယောင်မျိုးနွယ်ကို မင်းလက်ခံတာ သွားအကြောင်းကြားလိုက်မယ်”
ချန်ရှန်လဲ ငွေစ ၃၀၀၀ ကို ယူကာ အလျင်မြန်ပဲ ထွက်ခွာလာခဲ့ပါတော့တယ် ။





















Chapter - 6
#စစ်မှန်သောချီမီးလျှံ
ချန်ရှန်ဟာ သစ်သားဓာတ်ဖြစ်သော မိုးပြာနဂါးကျင့်စဉ်ကို လေ့ကျင့်လျက်ရှိပါတယ် ။ ဒီကျင့်စဉ်မှာ ထုထည်ကြီးမားလှသော အတွင်းအားကို ဖြစ်စေတဲ့ ချီဓာတ်တွေပါဝင်ပါတယ် ။  ဒါဟာ စိတ်ဝိဉာဉ်ဆေးပင်တွေ စိုက်ပျိုးရာမှာ တော်တော်လေး အထောက်အကူ ပြုပါတယ် ။ 
ဒီကျင့်စဉ်ကို နဂါးတံတွေးကျင့်စဉ်လို့ တောင်ခေါ်လို့ ရပါသေးတယ် ။ အဓိကကတော့ အပင်တွေရှင်သန် ကြီးထွား စေနိုင်လို့ ပါ။ 
သူရဲ့ကျင့်စဉ်ကနေ မိုးပြာရောင်အငွေတွေက နဂါးတံတွေးလို မှော်ဆန်တဲ့ အရည်တွေကို ဖန်တီးပေးနိုင်တာပါ ။ 
အနီရင့်ရောင်ငှက်ကျင့်စဉ်ကို ကျင့်ခြင်းတော့ ၎င်းဟာ မီးလျံတွေကို ဖန်တီးပေးနိုင်ပါတယ် ။ အဲဒိမီးလျံတွေဟာ ဆေးပညာမှာ တော်တော်ကို အသုံးဝင်တာပါ ။ ဒီနတ်အတွင်းအား သင်္ကေတလေးခု လေ့ကျင့်ခန်းဟာ ကိစ္စတော်တော်များများ မှာ အသုံးဝင်ပါတယ် ။ ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်ခန်းတွေလည်း အများကြီး ပါဝင်ပါတယ် ။ ချန်ရှန်အတွင်းအားဟာ ခုလောက်နဲ့ မပြည့်စုံ သေးပါဘူး ။ ကျင့်စဉ်အများစုကို သူ မလေ့ရသေးလို့ဖြစ်ပါတယ် ။ 
ခုချန်ရှန်မှာ သူ့အဖေပေးလိုက်တဲ့ ဝိဉာဉ်တော်ငွေစကြီး ၃၀၀၀ ရှိပါတယ် ။ ၎င်းဟာ ငွေစအသေး ၃၀၀,၀၀၀ နဲ့ညီမျှပါတယ် ။ ဒါပေမယ့် ၎င်းပမာဏဟာ အလယ်လတ်တန်းစား ဆေးပင်ဖြစ်တဲ့ မှော်ကျောက်ဖရုံဆေးပင်ကိုတောင် မဝယ်နိုင်လောက်ပါဘူး ။ ဒိလိုဆေးပင်တွေ ဈေးနှုန်းအဆမတန်ကြီးမြင့်တာကြောင့် သာမန်ပညာရှင်တွေ အဖို့ ဈေးနှုန်းအသက်သာဆုံးဆေးပင်ဆိုတာကိုတောင် ဝယ်ဖို့မလွယ်ကူလှပါဘူး ။ 
ဝိုဟူတစ်မြို့လုံးမှာ ဒီလိုဆေးပင်များစွာ ရရှိနိုင်တာတစ်နေရာပဲရှိပါတယ် ။ အဲဒါကတော့ မှော်ဆေးပင် ခန်းမပဲဖြစ်ပါတယ် ။ ၎င်းဟာ ၄ ထပ်ဖြစ်သော်လည်း သိပ်တော့ မကျယ်ဝန်းလှပါ ။ အထဲမှာရောင်းတယ့် အရာတွေကတော့ အရမ်းကို ဈေးကြီးလှပါတယ် ။ ထိုမျှမကသေးပါဘူး ၊ အဲဒိခန်းမကြီးနောက်မှာရှိတယ့် ၁၆ ဧကခွဲလောက်ရှိတယ့် မြေပေါ်မှာ သူတို့ရဲ့ အဖိုးတန်ဆေးမြစ်ပင်တွေ စိုက်ပျိုးထားကြတာဖြစ်ပါတယ် ။  
ဒီဆေးပင်ခန်းမဟာ မည်သည့်မျိုးနွယ်စုနဲ့မှ သက်ဆိုင်ဆက်ခြင်း မရှိပေမယ့် သူတို့ထဲတွင်လည်း ပညာရှင်များစွားရှိပါတယ် ။ ဒီခန်းမထဲမှာ သူတို့အလုပ်ကိုအရမ်းအလေးထားတဲ့ ဆေးပညာရှင်တွေ အများပြားရှိနေတာပါ ။ ဆေးပင်တွေ ဆေးမြစ်တွေဆိုတာဟာလဲ အရမ်းကိုအဖိုးတန် ရှားပါးတဲ့အရာတွေဖြစ်ကာ ကျင့်စဉ်တွေလေ့ကျင့်ရာမှ အတွင်းအား တွေကို တိုးလာစေနိုင်တယ့် ဂုဏ်သတ္တိတွေ ရှိပါတယ်။ 
ချန်ရှန်ခန်းမထဲ ဝင်သွားချိန်မှာတော့ ဆေးပင်ရနဲ့တွေဟာ လေထဲမှာ မွှေးပြန့်နေပါတယ် ။  ခန်းမထဲကလူတွေအားလုံးအပေါ် အနံ့အာရုံဟာ ဖမ်းစားနေပါတော့တယ် ။ ဒီနေရာမလာခင်က စုမေးယိုဟာ သူ့ကိုဆေးပင် အနိမ့်စားလေးတွေကို စမ်းသပ် လေ့လာဖို့အကြံပေးခဲ့ပါတယ် ။ ဒါကြောင့် အခု သူဟာ အနိမ့်စား ဆေးပင်ဖြစ်တဲ့ "ကိုယ်ငြိမ်းဆေးပင်" ကို လိုက်ရှာနေတာပါ ။ ၎င်းက ဈေးလဲနိမ့်ကာ ရောင်းရလဲလွယ်ပါတယ် ။ ဆေးမြစ်တစ်ခုကို ဝိဉာဉ်ငွေစ ၇၀၀ ဝန်းကျင်နဲ့ ပြန်ရောင်းနိုင်မှာပါ ။ သိုင်းပညာ အဆင့် ၄ အောက်ရှိသူတွေအတွက် သူတို့ရဲ့အားတွေဖြည့်ဖို့အတွက် သည်းခြေကြိုက်ဆေးတစ်မျိုးပါပဲ ။ 
" သခင်လေး ၊ ဒီမှာ ဆေးတွေ အမြောက်အများ ရှိပါတယ် ။ ဒီကောင်တာမှတော့ အထူးသဖြင့် ဆေးပင်တွေ ရောင်းတာပါ ။ "
ပြောတဲ့လူကတော့ ကောင်တာနောက်မှာ ရပ်နေတယ့် လှပတယ့် ကောင်မလေးတစ်ယောက်ဖြစ်ပါတယ် ။ ခန်းမထဲမှာတော့ လူတွေအများကြီးပါ ။ ချန်ရှန်ကတော့ စုတ်ပြတ်နေတယ့် အဝတ်ကို ဝတ်ထားတဲ့အတွက်ပိုမိုပေါ်လွင်နေပါတယ် ။ ဒီလိုစုတ်နေတာတောင် ရောင်းတယ့် ကောင်မလေးဟာ သူ့က်ု အထင်မသေးရဲပါဘူး ။ တခါတရံ လျို့ဝှက်တတ်တဲ့ ပညာရှင်မျိုးတွေဟာ ဒီလိုပဲ လာဝယ်လေ့ရှိကြတာမို့လို့ပါ ။ 
" ဟုတ်တယ်ဗျ ၊ ကျွန်တော်က ကိုယ်ငြိမ်းဆေးပင်ပေါက်လေးတွေ ဝယ်ချင်လို့ပါ ။ ဒီမှာရှိလားခဗျ" 
ချန်ရှန်လဲ ကောင်မလေးဆီ လျှောက်သွားရင်း မေးလိုက်ပါတယ် ။
 လူအနည်းငယ်လောက်ဟာပဲ ဆေးပင်ပေါက်လေးတွေ ဝယ်ဖို့လာတာဖြစ်ပါတယ် ။ သိတယ့်အတိုင်း ဆေးပင်ကောင်းဖြစ်ဖို့ နှစ်များစွာကြာတယ့်အတွက်မစောင့်ချင်ကြပါဘူး ။ အရွယ်ရောက်ပြီး သားဆေးပင်တွေသာ အဝယ်များကြတာပါ ။
ကောင်မလေး နည်းနည်းတော့ အံ့အားသင့်သွားပါတယ် ၊ ဒါပေမယ့် အပြုံးလေးနဲ့ပင် ပြန်ပြောတယ် ။
"ရှိတာပေါ့ ၊ ဒီကိုယ်ငြိမ်းဆေးပင်အတွက် လေးပင် ဝယ်ဖို့လိုပါတယ် ။ တစ်ပင်ချင်းစီရဲ့ဈေးနှုန်းကလဲ အတူတူပါပဲ ၊ ဈေးလဲသင့်ပါတယ် ၊ တစ်ပင်ကို ငွေစအကြီး ၁၀၀ ထဲပါ "
ဆေးဖက်ဝင် ကိုယ်ငြိမ်းဆေးဖြစ်ဖို့လိုအပ်တဲ့အရာတွေကတော့ - မိုးပြာရောင်ဝိဉာဉ်တော်မြက် ၊ သွေးသန့်စင်ပန်း ၊ သိမ်မွေ့ပန်း နဲ့ ဝိဉာဉ်တော်သစ်ရွက်မြက် တို့ပဲဖြစ်ပါတယ် ။ ချန်ရှန်လဲ ခဏတာ စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်တယ် ။
"တစ်မျိုးစီကို ငါးပင်စီပေးပါ"
သူ့အဖေက ငွေစအကြီး ၃၀၀၀ ပေးတယ့်အတွက် သူအခု ဝယ်တာ ၂၀၀၀ ဖိုးပါ ။ ဒီလိုဈေးအပေါဆုံးဖြစ်တယ့်ဆေးပင်တောင် ဒီလောက်ဈေးကြီးတဲ့အတွက် သာမန်သိုင်းသမားအတွက်တော့ ဝယ်နိုင်ဖို့မလွယ်ပါဘူး ။ 
ကောင်မလေးအံ့သြသွားပါတယ် ။ ချန်ရှန်လိုအရွယ်ဟာ ဆေးပညာကိုလိုက်စားပြီး ဆေးပင်စိုက်မယ်ဆိုတော့ တော်တော်အံ့အားသင့်စရာပါ ။ 
" ကျွန်မသွားယူပေးပါ့မယ် ၊ ဒီမှာ ခဏစောင့်နေပါနော် "
ချန်ရှန်လဲ စောင့်နေလိုက်ပါတယ် ။ အဲဒိအချိန်မှပဲ . 
" ဟေ့ ၊ ဒီမှာ ငါတို့ရနိုင်တာ ဘာရှိလဲ ."
ဈေးကြီးကာ တန်ဖိုးရှိလှတဲ့ အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ကာ ယပ်တောင်တစ်လက်ကိုင်ထားတဲ့ ဆယ်ကျော်သက် တစ်ယောက်ဟာ လှေကားပေါ်က ဆင်းလာရင်း ချန်ရှန့်ကို အထင်သေးစွာ ကြည့်နေပါတယ် ။
ဆေးပင်ခန်းမရဲ့ အပေါ်ထပ်တွေဟာ ဈေးကြီးပြီး တန်ဖိုးရှိ ရှားပါးလှတယ့် ဆေးပင်တွေပဲထားတာဖြစ်ကာ အဲဒိအပေါ်ကို အထူးဧည့်သည်တော်တွေလောက်ပဲ တက်ကြတာပါ ။ 
" မင်းမျက်လုံးကန်းးနေလား ! .၊ မင်းပါးစပ်ကိုပိတ်ထားလိုက်စမ်း !.၊ မင်းပါးစပ်ဟလိုက်တိုင်း သောက်အရေးမပါတာတွေပဲ ထွက်ထွက်လာတယ်"
ချန်ရှန် နှုတ်လမ်းတွေတွန့်လိမ်လျက် ပြန်ပြောလိုက်ပါတယ် ။
ဒါကတော့ သူနဲ့ရွယ်တူလောက်ရှိတဲ့ ချန်ဇျန်းဟွာ ပဲဖြစ်ပါတယ် ။သူလည်းပါရမီရှင်တစ်ယောက်ပါပဲ ။ အသက်ငယ်ငယ်နဲ့ အဆင့် ၄  ထိတက်ရောက်နိုင်ခဲ့သူဖြစ်ကာ ခုဆို အဆင့် ၅ ရောက်ဖို့ သိပ်မလိုတော့ပါဘူး ။  
ချန်ဇျန်းဟွာ မျက်နာ အစိမ်းရောင်သန်းသွားကာ -
" ချန်ရှန် ၊  မင်းဟာ ငါတို့ကလေးဘဝထဲက လူတော်တစ်ယောက် ပါ။ ဒါပေမယ့် မင်းမှာ မွေးရာပါအားနည်းချက်ပါတယ် ။ ခုတော့ မင်းကို ငါလက်တစ်ဖက်ကို နောက်မှာချည်ပြီးတော့တောင် တိုက် ခိုက်နိုင်တယ်နော်"
ချန်ရှန်လို အဆင့် ၅ ရောက်နေပြီဖြစ်တယ့် လူတစ်ယောက်အတွက် တော့ ဒီစကားလုံးတွေဟာ အလွန်ရယ်စရာပါ ။ အဆင့် ၄ က လူက ဘယ်လိုပဲစွမ်းစွမ်း ၅ ကိုမှီမည်မဟုတ်ပေ ။ 
"အော် ချန်ရှန်ဆိုတာသူလား ၊ လက်ရှိ ချန်မျိုးနွယ်စု ခေါင်းဆောင်ကြီးရဲ့ မြေးပေါ့ ၊ သူ့မှာသိုင်းပညာအထုံပါရမီမပါလာဘူး ၊ သူ့သိုင်းပညာဟာ အဆင့် ၃ မှာပဲ ရပ်နေတာလို့ကြားဖူးတယ် " 
ခုနကမိန်းမလှလေးလည်း ချန်ဇျန်းဟွာနောက်ကနေ ထွက်လာကာ ချန်ရှန်ကို အထင်သေးသလိုကြည့်ကာ ပြောခြင်းဖြစ်တယ် ။
ထိုမိန်းမလှလေးဟာ ဝိုဟူပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ သမီးဆိုတာကို ချန်ရှန်သဘောပေါက်သွားပါတယ် ။
"ပုလင်းတူ ဗူးစို့ ဆိုသလိုပါပဲ ၊ ပြည်နယ်မှူးရဲ့သမီးက ဒီလို အပေါ်ယံဟန်ဆောင်ပြုံးတွေ ရှိလိမ့်လို့မထင်မိဘူး" 
ချန်ရှန်လဲ အာ့လိုပြောပြီးတာနဲ့ သူတို့ ၂ ယောက်ကို ဂရုမစိုက်သလို နေလိုက်ပါတယ် ။ သူတို့ ၂ ယောက်ကြောင့် စိတ်အနှောက်ယှက် ဖြစ်သွားတာမှန်သော်လည်း ခုသူဟာ သူ့ရှေ့မှာရှိနေသူ ၂ ယောက်ထက် အများကြီး အင်အားကြီးတဲ့လူဖြစ်နေပြီလေ ။ ဒီလိုဖြစ်အောင်လည်း အပြင်းအထန် လေ့ကျင့်ထားခဲ့ရတာပါ ။
ချန်ရှန်က ဂရုမစိုက်သလိုနေတော့ သူတို့ ၂ ယောက် ဒေါသထွက်လာကြပါတယ် ။ ချန်ဇျန်းဟွာက ကောင်မလေးရှေ့မှာ သူ့အစွမ်းထုတ်ပြချင်နေတာပါ ။ ဒါကြောင့် ချန်ရှန်ဆီ လျှောကိလာပါတယ် ။ 
"ကဲ သခင်လေး ၊ ဒီမှာ ရှင်မှာထားတယ့် ဆေးပင်တွေရပြီ "
ကောင်မလေးလည်း သူမှာထားတဲ့ ဆေးပင်တွေကို အိတ်တစ်အိတ်နဲ့ လာပေးတယ် ။
ချန်ဇျန်းဟွာ တော်တော် အံ့သြသွားပါတယ် ။ ချန်ရှန်ဒီကို ဆေးပင် လာဝယ်တယ်ဆိုတာ သူ့အတွက်တော်တော်အံ့အားသင့်စရာပါ ။ ဒါပေမယ့်လည်း လှောင်ပြုံးပြုံးကာ -
"ချန်ရှန် ၊ မင်းမှာသိုင်းပါရမီ မရှိတာတောင်မှ ဆေးပင်စိုက်ဖို့ စဉ်းစားရဲသေးတယ် ၊ မင်းဆေးပညာရှင်တစ်ယောက် ဖြစ်ချင်တာလို့ ငါ့ကိုမပြောနဲ့နော် ၊ တော်တော်ကြီးရယ်စရာကောင်းတာပဲဟေ့ "
ထိုအချိန် ခန်းမထဲတွင် လူအများကြီးမရှိသောကြောင့် အနည်းငယ် တိတ်ဆိတ်လျက်ရှိပါတယ် ။ ဒီလိုချိန်မှာ အသံကျယ်ကျယ်ဖြင့် သိုင်းပါရမီမပါတဲ့လူတစ်ယောက်ဟာ ဆေးပညာရှင်ဖြစ်ချင်တယ် ဆိုတယ့် အသံကို လူတိုင်းကြားပါတယ် ။ ကူတော့မကူညီကြပါဘူး သို့သော် ရပ်တော့ကြည့်နေကြတာပါ ။
ချန်ရှန်ဟာ ဒီဝိုဟူမှာ သူ့အဖိုးက အထင်ကရပုဂ္ဂိုလ်ကြီး ဖြစ်တယ့်အတွက် လူသိများပါတယ် ။ သူ့မှာပါရမီမပါဘူးဆိုတာကတော့ သိတယ့်လူလည်း သိကြပါတယ် ။
ချန်ရှန် ကျသင့်ငွေပေးကာ ဆေးပင်းတွေယူပြီးအားလုံးရဲ့ အကြည့်တွေကို လျစ်လျူရှုလိုက်ပါတယ် ။ ပြန်ထွက်ခွာဖို့ပြင်နေတုန်းမှာပဲ ချန်ဇျန်းဟွာ ကခနဲ့တဲ့တဲ့လေသံနဲ့
"တန်ဖိုးမရှိတဲ့လူကြောင့် တန်ဖိုးရှိတဲ့ ဆေးပင်တွေ ဆုံးရှုံးဦးတော့ မှာပဲ "
ချန်ရှန်မျက်ခုံး၂ဖက်မြင့်တက်သွားတယ် ။ ချန်ဇျန်းဟွာက သူ့မှာပါရမီမရှိဘူးပြောလိုက်တယ့်အချိန်မှာ သူလျစ်လျူရှုလိုက်ပါတယ် ။ 
အရင်လိုသာဆို သူ့ကို တန်ဖိုးမရှိတဲ့လူလို့ပြောတာကို သူသည်းခံနိုင်မှာ မဟုတ်ပါဘူး ။
လူတိုင်းဟာ ချန်မျိုးနွယ်က လူအချင်းချင်း တိုက်ခိုက်တာကို မြင်တယ့်အခါ ကြိတ်ပျော်နေကြမှာပါ ။ ဒါဟာ စိတ်ဝင်စားစရာ ကစားပွဲဆိုတာ လူတိုင်းသိကြတယ်လေ ။ ချန်ရှန် တချက်လှည့်ကာ ချန်ဇျန်းဟွာကို အထက်ဆီးဆန်ဆန် ကြည့်လိုက်ပါတယ် ။ ရုတ်တရက်ပဲ သူ့ကိုယ်ကနေ ထန်းပင်ပုံစံ မီးတောက်တွေ ထွက်လာပါတယ် ။ လူတွေကို ရေနွေးကန်ထဲရောက်သွားသလို ခံစားရစေမယ့် မီးတောက်တွေပါ ။
ဆေးပင်ခန်းမဆောင်ထဲမှာ လူများစွာဖြစ်နေပါပြီ ။ သူတို့အားလုံးဒီမီးလျံတွေဟာ သာမန်မဟုတ်ပဲ ဆေးပညာရှင်ရဲ့မီးလျံဆိုတာကို သဘောပေါက်ကြပါတယ် ။ 
"ချန်ဇျန်းဟွာ . ၊ မင်းပြောတဲ့ တန်ဖိုးမရှိတဲ့ကောင်က လုပ်တဲ့ ဒီစစ်မှန်သောချီ မီးလျံတွေကို မင်းရင်ဆိုင်ရဲလားကွ" 
ချန်ရှန် ဟာ အလေးနက်နဲ့ တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ် ။
ဒီလို ရှားပါးကျင့်စဉ်နဲ့ အထူးစွမ်းအားကပဲ စစ်မှန်သော ချီမီးလျှံကို ထုတ်လွှတ်နိုင်တာပါ။ 
ချန်ဇျန်းဟွာဟာ ချန်ရှန်နဲ့ အတော်နီးကပ်စွာ ရှိနေတယ့်အတွက် တကိုယ်လုံး ချွေးစေးတွေ ပြန်နေပါတော့တယ် ။ သူ့နောက်မှာရှိတယ့် မိန်းမလှလေးဟာလည်း ထို့အတူပါပဲ ။ သူမရဲ့အဝတ်ပါးပါးလေးမှာ ချွေးတွေ စိမ့်ဝင်မှှုကြောင့် သူမရဲ့ အလှတရားတွေပါ ထိုးဖောက်မြင်ရမလို ဖြစ်နေပါတယ် ။ 
ချန်ရှန်ရဲ့ ကြမ်းတမ်းတယ့် မီးလျှံတွေဟာ ခန်းမထဲရှိ လူအားလုံးကို ရပ်ပြီး ဆွံအ စေပါတယ် ။ အားလုံးဟာ အံ့သြ မှင်သက်လျက် ရှိနေပါတော့တယ် . . .။




Chapter - 7
#နဂါးတံတွေးကျင့်စဉ်

" ဟာာ. .  ဒါဘာလဲ ရပ်ကြစမ်း ၊ ငါ့ဆေးပင်ခန်းမကို ပြာကျအောင်လုပ်မလို့လား " 
လူကြီးတစ်ယောက်က စပြီး အော်ပြောလိုက်ပါတယ် ။ချန်ရှန်ဆီက မီးတောက်တွေ စငြိမ်းစပြုလာတယ် ။ ခန်းမထဲက လူတွေလဲ ခုမှ သတိပြန်ဝင်လာကြပါတယ် ။ ချန်ရှန်လုပ်လိုက်တယ့် မီးလျှံတွေကြောင့် ဒေါသလည်း နည်းနည်းထွက်နေကြပုံပါပဲ ။ 
" ဒီမှာ ချန်ဇျန်းဟွာ၊ တန်ဖိုးမရှိတဲ့လူတစ်ယောက်က လုပ်တယ့် မီးတောက်ကို ကြောက်တယ်လို့ မပြောနဲ့နော် ၊ ကဲခုကောဘယ်လိုလဲ ပိုတန်ဖိုးမရှိတဲ့လူဖြစ်သွားပြီပေါ့ ဟုတ်တယ်မလား " 
ချန်ရှန်ခနဲ့တဲ့တဲ့နဲ့ ပြန်ပြောလိုက်တယ် ။
ချန်ဇျန်ူဟွာ ဖြစ်ပျက်နေတယ့်ပုံစံက တော်တော်ကို ရုပ်ဆိုးပါတယ် ။ ဒီလိုမီးတောက်ကို ထုတ်နိုင်တဲ့လူ ဒီမှာ မရှိပါဘူး ၊ ပြည်နယ်မှူးသမီးလည်း အံ့အားသင့်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်လျက်ပါ ။ ချန်ရှန်ကိုလည်း ငေးကြည့်လျက်ပေါ့ ၊ မီးလျှံတွေရဲ့စွမ်းအားကို မျက်ဝါးထင်ထင်တွေ့လိုက်ရတာကိုး ၊ ခေါင်းလည်းငုံ့နေလျက်ပါ ခုနက ချန်ရှန်ကို လမ်းဘေးခွေး တစ်ကောင်လို ဆက်ဆံခဲ့တာကြောင့်ပေါ့ ။ ချန်ရှန်ဟာ သူ့စွမ်းအင်တွေကို ထုတ်ပြမယ့်အစား လျို့ဝှက်ထားဖို့ ဆုံးဖြတ်ထားမယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ ၊သူ့အရွယ် ဘယ်သူမှလဲ ဒီလိုမလုပ်တတ်ဘူးလေ ၊ ဆိုလိုတာက ရှိနေတောင် ထုတ်မပြလောက်ဘူးထင်မိကြတာပေါ့ ။
"ခန်းမသခင်ကြီး . ၊ ဒီလူငယ်လေးလုပ်တာပါ"
အသက်ခပ်လတ်လတ်အရွယ် အဖြူရောင်ဝတ်ရုံအတိုကို 
ဝတ်ဆင်ထားတယ့် လူတစ်ယောက် ချန်ရှန်အနောက်က ထွက်လာပါတယ် ။ လူကြီးက ချန်ရှန်ကို စိုက်ကြည့်နေပါတယ် ။ သူ့မျက်နာမှာတော့ မယုံကြည်နိုင်မှု ၊ အံ့အားသင့်မှု ၊ စိတ်ကျေနပ်မှု တွေ ရောထွေးလျက်ပါ ။ 
ဒီလူကြီးကတော့ ဒီခန်းမရဲ့ပိုင်ရှင် သခင်ကြီးပဲဖြစ်ပါတယ် ။ သူဟာအလွန်တော်တယ့် ဆေးပညာရှင်တစ်ယောက်ပါ ။ သူ့အဘိုးနဲ့လဲ ဇာတ်လမ်းလေးတွေ ရှိခဲ့တယ့် လူတစ်ယောက်ပေါ့ ။
"လူကလေး ၊ မင်းငါ့ရဲ့ အလုပ်သင်အဖြစ် သင်ယူလိုသလား"
လူကြီးရဲ့အမေးစကားကြောင့် ခန်းမထဲရှိလူအားလုံး အံ့အားသင့်သွားပါတယ် ။ ချမ်းသာပြီးအာဏာရှိတယ့် မျိုးနွယ်စုတွေဟာ သူတို့ရဲ့ကလေးတွေကို ဒီလူကြီးဆီမှာ ပညာသင်အဖြစ် ထားချင်ကြတာ လူတိုင်းအသိပါ  ။ သူနဲ့တချို့ရင်းနီးတဲ့လူတချို့ သူ့ဆီလာပြောကြတာတောင် သူဟာ ငြင်းလွှတ်တတ်စမြဲပါ ။ 
အားလုံးမှင်သက်နေကြပုံပါပဲ ။ ချန်ရှန်လည်း တခြားသူများနည်းတူပါ ။သိုင်းပညာပါရမီမရှိဘူး ၊ စစ်မှန်တဲ့ ချီမီးလျှံတွေကိုထုတ်လွှတ်နိုင်တယ် ၊ စတယ့်အချက်တွေကြော်င့ ခန်းမသခင်ကြီး ဟာ ဒီကောင်လေးက တကယ်တော်မယ့် မျိုးစေ့လေးပဲ ဆိုတာ သိလိုက်ပါတယ် ။ 
ချန်ရှန်လည်းခေါင်းကုတ်လျက်ပြန်ပြောလိုက်ပါတယ် ။
" အကယ်၍ ကျွန်တော်က သင်ချင်စိတ်ရှိတောင် ဆရာနဲ့ ကျွန်တော့အဖိုးဟာ ရန်သူတွေဖြစ်နေပါတယ် ။ ဒါကြောင့် ဝမ်းနည်းစွာပဲ ငြင်းဆိုပါရစေ " ချန်ရှန်လည်း အေးဆေးစွာ နောင်တရမှု ဝမ်းနည်းမှုမရှိပဲ ပြန်လှည့်ထွက်ခဲ့ပါတယ် ။ ချန်ရှန်ဒီလိုငြင်းလိမ့်မယ်လို့ ဘယ်သူမှ မယုံကြည်နိုင်ကြပါဘူး ။ သူတို့ဟာ ခန်းမသခင်ကြီးပြောတာကို ချန်ရှန်နားလည်မှုလွဲနေတာလို့ထင်နေကြပါတယ် ။ သခင်ကြီးညည်းတွားသံကြားပြီး မှသာ လူတွေဟာ သခင်ကြီးရဲ့ ပညာသင်အဖြစ် ငြင်းတာကို ယုံကြည်သွားကြပါတယ် ။
အားလုံး ချန်ရှန်ကို အရူးလို့ထင်သွားကြတယ် ။ ချန်ရှန်အဘိုးနဲ့ ခန်းမသခင်ကြီးတို့ကြားက အမုန်းတရားကြောင့် သူဟာ ဒီအခွင့်အရေးကို လွှတ်ချခဲ့တာပဲဖြစ်ပါတယ် ။ 
ချန်ဇျန်းဟွာကတော့ မနာလိုမှုတွေနဲ့ ပြည့်လျက်ပါ ။ ခုနက ချန်ရှန်ကြောင့်သူ တော်တော်အရှက်တကွဲဖစ်ခဲ့ရတာပါ ။ အစက အားလုံးရဲ့အကြည့်တွေဟာ ချန်ရှန်ကို အထင်သေးဟန်နဲ့ ကြည့်ကြတာလေ ၊ ခုတော့ အထင်ကြီးလေးစားမှုတွေကို မြင်နေရပါတယ် ။ သူတို့ရဲ့မျက်လုံးထဲမှာ ပါရမီရှင် ဆေးဆရာဟာ တခြား ပါရမီရှင်တွေထက် ပိုတော်ပိုတတ်တယ် ဆိုတာကို ဖော်ပြနေသလိုပါပဲ ။
ချန်ရှန်ဟာ မွေးရာပါအားနည်းချက်ပါသော်လည်း ကြောက်စရာကောင်းတယ့် တိုက်ခိုက်ရေးပညာရှင်တစ်ယောက် ဖြစ်နိုင်ပါတယ် ။ ချန်ရှန်ဟာ နတ်အတွင်ွှအားတွေ ရှိရုံမက ဆေးဆရာတပိုင်းတောင်ဖြစ်နေပါပြီ ။ ခုတော့သူဟာ ဆေးမြစ်တွေစိုက်နိုင်နေပြီး ချီဓာတ်တွေပါ ထုတ်နိုင်နေပြီလေ။ ဆေးဆရာတစ်ယောက်ဟာ ဒီထက်မက အတွေ့အကြုံတွေနဲ့ အသိပညာတွေလိုအပ်သော်လည်း သူကတော့ မကြာခင် ဆေးတွေဖော်နိုင်တော့မှာပါ။
သူ့အဘိုးနဲ့ ခန်းမသခင်တို့ဟာ ပြိုင်တွေဖြစ်ခဲ့တာ ချန်ရှန်သိပြီးသားပါ ။ ဒါတင်မကသေး သူ့အဖိုးဟာချန်ရှန်အပေါ် အတော်ကောင်းခဲ့ပါတယ် ၊ အချိန်တွေအကြာကြီး သူ့ကိုဆေးတွေပေးခဲ့ပါတယ် ။ သူ့သိုင်းပညာအဆင့် ၃ ကတက်စေဖို့ပါ ။ 
ချန်ရှန်အိမ်ပြန်ရောက်တယ့်အခါမှာတော့ သူ့အဖေကို ဆေးပင်ခန်းမဆောင်မှာ ဘယ်လိုတွေဖြစ်ပျက်ခဲ့လဲဆိုတာ ပြန်ပြောပြပါတော့တယ် ။ 
"ကောင်းတယ် ချန်ရှန် ၊ အဲခန်းမသခင်ဆိုတယ့်လူဟာ ငါတို့ချန်မျိူးနွယ်ကို ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့တာပဲ ၊ ဆေးမြစ်တွေကို မတန်တဆဈေးတွေ တင်ရောင်းခဲ့တယ် ။ မင်းမှာ ဒီလိုချီမီးလျှံတွေ ရှိနေပြီဆိုမှတော့ ဆေးပညာရှင်ဖြစ်ဖို့ မခက်ခဲတော့ပါဘူး ၊ ငါမင်းကို အပြည့်အဝ ကူညီမယ် "
ချန်တျန်းဟူ အတော်စိတ်လှုပ်ရှားနေပါတယ် ။ သူ့သားဟာ ချီ ဓာတ်တွေ ထုတ်နိုင်နေပြီလေ ။ ဒါဟာ တခြားမွေးရာပါ သိုင်းပညာပါရမီပါလာတယ့်လူတွေထက်ကို ပိုကောင်းတယ့်အနာဂတ်ရှိတယ်ဆိုတာ ပြနေသလိုပါပဲ ။
ချန်ရှန်လည်းအနောက်ဖက်က သူ့နားနေဆောင်မှာခဏနားပြီး ဆေးပင်တွေစိုက်ဖို့ပြင်ပါတယ် ။ နေ့လည်ခင်းအချိန် သူ၏ကုတင်ပေါ်တင်ပလ္လင်ခွေထိုင်ကာ ကောင်းကင်နဲ့မြေကြီးရှိ ဝိဉာဉ်ချီဓာတ်တွေကို အာရုံပြုနေပါတယ် ။ ထိုက်ကျိကျင့်စဉ်မှာပါတဲ့ နဂါးတံတွေးကျင့်စဉ်ကိုစကျင့်ကာ ချီဓာတ်တွေ အလျင်မြန်ပဲ ပြုလုပ်နေပါတော့တယ် ။ 
ဒီနဂါးတံတွေးကျင့်စဉ်ကျင့်ပီးတဲ့အခါမှာ သူလျာပေါ်မှာ အရသာတခုခုကျန်နေမှာပါ ။ အဲဒိအရာသာကျန်တဲ့အရာကိုထွေးကာ ရေနဲ့လျော၍ ဆေးမြစ်ကို စိုက်မှာဖြစ်ပါတယ် ။ အချိန်တိုတိုတွင်း ဆေးမြစ်ဟာရှင်သန်ကြီးထွားလာပါလိမ့်မည် ။ 
မနက်ခင်းရောက်တဲ့အခါ ချန်ရှန် သူ့လျာကိုထုတ်လိုက်ပါတယ် ။ မိုးပြာရောင် နှင်းပေါက်ပုံစံလေးရှိနေတာပါ ။ ၎င်းကိုပင် နဂါးတံတွေးလို့ခေါ်ခြင်းဖြစ်ပါတယ် ။ 
၎င်းကိုမြင်သောအခါ ချန်ရှန်အရမ်းကိုဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ် ။ သူ့ပထမဆုံးလေ့ကျင့်တယ့်အခေါက်မှာပဲ ဒီလိုအောင်မြင်လိမ့်မယ်လို့ မထင်မိဘူးလေ ။ ချက်ချင်းပဲ နဂါးတံတွေးကို ရေအပြည့်ရှိတယ့်ပုံးထဲ ချလိုက်ပါတယ် ။ ပုံးတစ်ခုလုံး မိုးပြာရောင်တောက်သွားပါတော့တယ် ။ 
ချန်ရှန်လည်း ရေပုံးကိုဂရုတစိုက်ကိုင်ကာ ဆေးမြစ်များပေါ် လောင်းပေးနေပါတယ် ။ မိုးပြာရောင်ဝိဉာဉ်တော်မြက် ၊ သွေးသန့်စင်ပန်း ၊ သိမ်မွေ့ပန်း နဲ့ ဝိဉာဉ်တော်သစ်ရွက်မြက် တို့ဟာ အနည်းငဟ်အဆင့်နိမ့်တယ့် ဆေးပင်များဖြစ်ပြီး အများအားဖြင့် ရှင်သန်ကြီးထွားရန် ၃ နှစ်ခန့်အချိန်လိုအပ်ပါတယ် ။ ဒါပေမယ့်လည်း ချန်ရှန်ရဲ့ နဂါးတံတွေးကြောင့် ၁ လနဲ့ကို ကောင်းကောင်းကြီးထွားသွားတော့မှာပါ ။ 
မိုးပြာရောင်မြက်အဆင်းရှိတယ့် မြက်ဟာ ချီဓာတ်ထုတ်လွှတ်နိုင်တယ့် "မိုးပြာရောင်ဝိဉာဉ်တော်မြက် " ပဲဖြစ်ပါတယ် ။ သွေးလိုနီပြီးလက်သီးဆုပ်အရွယ်ရှိတာကတော့ "သွေးသန့်စင်ပန်း" ပါ ။ နှင်းလိုစွတ်စွတ်ဖြူပြီး အခိုးတွေထွက်နေတာကတော့ သိမ်မွေ့ပန်းဖြစ်ပြီး သစ်ရွက်ကို လှီးဖြတ်ထားသလိုပုံစံရှိတာကတော့ "ဝိဉာဉ်တော်သစ်ရွက်မြက်" ဖြစ်ပါတော့တယ် ။
ချန်တျန်းဟူတစ်ယောက် လမ်းလျှောက်ရင် ချန်ရှန် အဆောင်ဘက် ရောက်တယ့်အခါ အံ့သြသွားပါတယ် ။ လွန်ခဲ့တဲ့တစ်လက သူတွေ့ခဲ့တာ ပျိုးပင်ပေါက်လေးတွေပါ ၊ သူကောင်းကောင်းမှတ်မိတာပေါ့ ။
" ချန်ရှန် ၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့စွမ်းအင်တွေကို တခြားသူတွေကို ပြတာ ရှောင်ကြဉ်ရမယ် ။ ဒီအကြောင်းကို မင်းနဲ့ငါပဲသိတာ ၊ ရတနာတွေရှိတယ့်လူဟာ သူ့ပစ္စည်းတွေကို ထုတ်ဖော်မပြသသလို မင်းလည်းစွမ်းရည်တွေ မပြနဲ့နော်" 
ချန်တျန်ူးဟူ အသည်းသန်မှာနေပါတယ် ။ သူ့သားဘယ်လိုစွမ်းရည်တွေရလည်းဆိုတာတော့ မေးမြန်းခြင်းမရှိပါဘူး ။ 
ချန်ရှန်ခေါင်းတညိမ့်ညိမ့်နဲ့ပါ ။ ဒီသူ့အိမ်ဟာ ချန်တျန်းဟူ ပိုင်နက်ထဲရှိနေတာမို့ တစ်စုံတစ်ယောက်လာမယ်ဆို သူ့အဖေခွင့်ပြုချက်ယူရပါတယ် ။ ဒါကြောင့်ပဲသူဟာ စိတ်ချလက်ချနဲ့ ဆေးပင်တွေ စိုက်နေတာပါ ။ 
"ဆေးပညာအရည်အချင်းတွေ ရှိနေရင်တောင်မှ ဆေးပညာရှင်ဖြစ်ဖို့ အာ့လောက်မရိုးရှင်းဘူး ။ ဆေးပညာနဲ့ပက်သတ်ပြီး ကိုယ့်ဟာကိုယ်လေ့လာဖို့ဆိုတာကတော့ ခက်ခဲလွန်းတယ်။ ဒါကြောင့် အခြေခံကျကျ ပိုင်နိုင်အောင် လုပ်ရမယ် ။ တကယ်လို့မင်းအဆင့်တွေမှားရင်တောင် ငါတို့ လိုအပ်တယ့် ဆေးဆရာတစ်ယောက်ရှာပြီး ပြန်ပြင်ရမှာပေါ့ " 
ချန်တျန်းဟူးလည်း မှာကြားပြီး သူ့အိတ်ထဲက အဂ္ဂိရတ် မီးဖိုးတစ်ခုကို ထုတ်လိုက်ပါတယ် ။ 
ချန်တျန်းဟူက ဆက်လက်၍ 
" ဒီမီးဖိုးလေးကသိပ်အကောင်းကြီးတော့မဟုတ်ပါဘူး ၊ ဒါပေမယ့် ငါတတ်နိုင်တယ့် အကောင်းဆုံး လက်ဆောင်ပါ ၊ အကြီးအကဲတွေနဲ့ ပိုက်ဆံကိစ္စစကားပြောတာစောင့်ဦးနော် ၊ ဒီထက်ကောင်းတာဝယ်ပေးပါ့မယ် "
ဆေးပညာရှင်တစ်ယောက်အတွက် မရှိမဖြစ်အရေးကြီးဆုံးအရာကတော့ ဒီလိုမီးဖိုးပါ ။ ဒုတိယအနေနဲ့က ဆေးပင်ဆေးမြစ်တွေပါ ။ ချန်ရှန်လည်း သဘောကျဟာ ရယ်မောလျက် သူ့အဖေကို ပြန်ပြောပါတယ် ။
" ကျေးဇူးပါအဖေ ၊ အဖေက ကျွန်တော်ပထမဆုံးလုပ်မယ့် ဆေးကို စားမယ့်လူပဲ ဖြစ်တယ် "
ချန်တျန်းဟူ လည်း ရယ်မောလျက် ထွက်ခွာသွားလေသည် ။
ဒီလအတောအတွင်းမှာတော့ ချန်ရှန်ဟာ ဆေးပင်စိုက်တယ့်အချိန်ကလွဲလို့ ကျန်အချိန်များမှာ စုမေးယိုအား ဆေးပညာရဲ့လျို့ဝှက်ချက်များ မေးမြန်းခြင်း ဖြင့်သာ ကုန်ဆုံးစေခဲ့ပါတယ် ။ အဆိုပါမိန်းမလှလေးကလည်း ချန်ရှန်သေချာနားလည်အောင်ကို သေချာရှင်းပြပေးပါတယ် ။
ချန်ရှန်ဆေးပညာသင်နေတုန်းမှာပဲ တခြားအခက်ခဲများလည်း ကြုံရပါသေးတယ် ။ ဥပမာအားဖြင့် - မီးလျှံများထိန်းချုပ်ခြင်း ၊ ချီဓာတ်တွေ အဆက်မပြန် လွင့်ထွက်ခြင်း ၊ ဆေးအဖြစ်ခဲရာမှာ တိကျမှုများလိုနေခြင်း နဲ့ စိတ်ဝိဉာဉ်စွမ်းအားဆိုင်ရာပြသနာတွေကြုံတွေ့ရတာပါ ။ 
" အမတော် စုမေးယို ၊ ဆေးပင်တွေကို ဆေးဖြစ်အောင် ဘယ်ချိန်မှာ စပြင်ဆင်သင့်လဲ " 
ချန်ရှန် စိတိစွမ်းအားနဲ့ ကွင်းလေးထဲမှာရှိတယ့် စုမေးယိုကို ဆေးပင်နှုတ်ရင်း မေးလိုက်ပါတယ် ။ ဒီလိုတွေထဲက တချို့ကပဲ ဆေးအဖြစ် အသုံးပြုလို့ရတာပါ ။ ဒီလိုအဆင့်များစွာ ရှိပေမယ့် ချန်ရှန်ဟာ အေးဆေးပါ ။ စုမေးယို သူ့ကို အကုန်သင်ပေးပြီးဖြစ်နေပြီလေ ။ 
စုမေးယိုက ချိုသာတယ့်အသံလေးဖြင့် . .
" သိပ်မကြာခင် တစ်နှစ်ခွဲလောက်ဆို ရပြီ "
" ဘယ်လို ! ၊ ကျွန်တော် ယောင်မျိုးနွယ်နဲ့ပြိုင်ဖို့ နောက်တစ်လလောက်ပဲ အချိန်ရတော့တယ်ဗျ " 
ချန်ရှန် ထိတ်လန့်စွာ ပြန်ပြောလိုက်ပါတယ် ။ 
ဘိုင်ယုယုက အေးစက်စွာဖြင့် . .
" ဘယ်လိုတောင် အသုံးမကျရတာလဲ ၊ မင်းဘာလို့ ဆေးပညာမှာ သွားပြိုင်မှာတုန်း ၊ မင်းအားနဲ့ဆို သူ့ကို အမဲဖျက်သလိုလိုက်လို့ရတယ်လေ "
ချန်ရှန် ပါးစပ်အဟောင်းသားဖြစ်သွားတယ် ။ သူသာ ဟိုဆေးဆရာကို အမဲဖျက်လိုက်ရင် ယောင်မျိုးနွယ်နဲ့ ချန်မျိုးနွယ်ကြားမှာ စစ်ပွဲကြီးလိုဖြစ်တော့မှာ ၊ သူ့အဖေတွေ အကြီးအကဲတွေပါ ပါဝင်လာတော့မယ့်အရေးပါ ။ အရမ်းကို စိတ်အနှောက်အယှက်ပေးလွန်းရာ ကျသွားမှာပါ ။
သူဆေးပင်တွေကို မီးဖိုထဲစထည့်ပါတယ် ။ အဆင့်တိုင်းအဆင့်တိုင်းကို အရမ်းတိကျစွာ ပြုလုပ်ရမှာဖြစ်ပါတယ် ။ 
ဆေးပညာရဲ့ အဓိက အဆင့်တွေမှာ - စစ်မှန်သော ချီဓာတ်များ မီးဖိုအတွင်း ထည့်ခြင်း ၊ ဆေးပင်တွေကို ဖုတ်ခြင်း ၊ မီးဖိုကနေ ချီဓာတ်တွေ ထွက်လာတာကိုစောင့်ခြင်း ၊ ဒီလိုထွက်လာတယ့်အမျိုးမျိုးသော ချီဓာတ်တွေကို ဆေးပင်အခြောက်များဖြင့် ရောနှောခြင်း ၊ တစ်နေရာထဲတွင် တပေါင်းထဲထားခြင်း နှင့် ဆေးအဖြစ် ပြစ်ခဲသွားအောင်လုပ်ခြင်း တို့ပါဝင်ပါတယ် ။ 
ချန်ရှန်ဟာ သူ့လက်တွေနဲ့ မီးဖိုရဲ့ တစ်ဖက်စီကို ကိုင်ပါတယ် ။ သူ့ရဲ့စိတ်စွမ်းအားနဲ့ မီးဖိုရဲ့အတွင်းပိုင်းမှာရှိတယ့် အခြေအနေကို စစ်ဆေးရင်း သူ့ကိုယ်က မီးတောက်မီးလျှံတွေကို မီးဖိုထဲ ထည့်လိုက်ပါတော့တယ် . . . ။

Chapter - 8
#အောင်မြင်သွားသောဆေးအဖြစ်သို့

မီးတောက်တွေကို မီးဖိုထဲ ထည့်လိုက်ပါတယ် ။ ဆေးမြစ်တွေကို ဖုတ်တယ် နောက်ပြီး အခြောက်ခံပါတယ် ။ ခြောက်နေတယ့်ဆေးပင်တွေမှာ ချီဓာတ်တွေ ကျန်ရှိနေပါသေးတယ် ။ သူ့ပထမဆုံးကြိုးစားမှုကတော့ အရာမထင်ခဲ့ပါဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် သူစိတ်ဓာတ်မကျပါဘူး ။ သူသင်ထားတာနည်းနည်းလေး ရှိသေးတာကိုး ။ မီးတောက်တွေ ဘယ်လိုထုတ်နိုင်လဲဆိုတာပဲ သေချာသင်ကသေးတာဖြစ်ပီး ထိန်းချုပ်မှုမှာတော့ အနည်းငယ် လိုပါသေးတယ် ။ 
ချန်ရှန်နောက်ထပ်ဆေးပင်တွေယူလိုက်ပါတယ် ။ ဒီတစ်ခါမှာတော့ သေချာကိုအာရုံစုစည်းမှ ဖြစ်ပါတော့မယ် ။ မီးတောက်တွေသေချာထိန်းချုပ်ရတော့မှာပါ ။ ဆေးပင်တွေ ကိုမီးဖိုးထဲထပ်ထည့်ပါတယ် ။ ကံဆိုးစွာပဲ ထပ်မံကျရှုံးခဲ့ပါတယ် ။ သုံးကြိမ်လောက် မအောင်မြင်ဖြစ်ခဲ့ တဲ့အခါမှာတော့ သူနည်းနည်းပြောင်းလဲမှရမယ်ဆိုတာ သိလိုက်တယ် ။ သူ့အသိတွေဟာ ခုနထက်တော့နည်းနည်းပိုရင့်ကျက်လာ ပါပြီ ။ 
လေးကြိမ်မြောက် လုပ်တယ့်အခါမှာတော့ အောင်မြင်စွာနဲ့ပဲ ချီဓာတ်အကုန်စင်အောင် လုပ်နိုင်ခဲ့ပါတယ် ။ နောက်တဆင့်ကို ဆက်သွားပါတော့မယ် ။ သူ့ရဲ့စိတ်ဝိဉာဉ် စွမ်းအားတွေကို မီးဖိုထဲထည့်တယ့်အချိန်မှာ ချန်ရှန် မီးဖိုထဲကို ကြည့်လိုက်ပါတယ် ။ မီးဖိုးထဲကဆေးပင်တွေမှာ အမျိုးမျိုးသော ချီဓာတ်တွေ ထွက်နေတာကို တွေ့လိုက်ရပါတယ် ။ ချန်ရှန်ဟာ ဒီချီဓာတ်တွေကို သက်တန့်ပုံစံ ရေဝဲကလေးတစ်ခုဖြစ်အောင် စတင်ပြုလုပ်ပါတယ် ။ ဒီပြိုကွဲလာတဲ့ ဆေးပင်တွေဟာ မီးခိုးရောင်ပြာအဖြစ် တဖြည်းဖြည်း ပြောင်းလာကြပါတယ် ။
အကုန်လုံးပြောင်းသွားကြတယ့်အခါ ချန်ရှန်ဟာ ဓာတ်ကစားပြီး " ဆေးဖက်ဝင်စွမ်းအား" အဖြစ် ပေါင်းစပ်စေပါတယ် ။ ချန်ရှန်ဟာ အဆင့် ၅ ပညာရှင် ဖြစ်တာနဲ့အညီ သူ့စွမ်းအားတွေဟာ သတ်မှတ်နှုန်းထား မရောက်သေးတာတောင်ပင် အတော်လုံလုံလောက်လောက် ကို ရှိနေပါပြီ ။ သက်တန့်ပုံစံရေဝဲကို ဆေးဖက်ဝင်ချီဓာတ်ရေဝဲ ၅ ခုအဖြစ် ပုံပြောင်းလိုက်ပါတယ် ။ တချိန်တည်းမှာပဲ ထိုရေဝဲတွေကို ဆေးဖက်ဝင်စွမ်းအားအဖြစ်ပြောင်းလဲပါတယ် ။ သူဟာ ဆေး ၅ ခုတချိန်တည်းလုပ်နေတာပါ ။ 
ရေဝဲ ၅ ခုဖြစ်အောင် လုပ်နေချိန်မှာပဲ ချန်ရှန်နဖူးများတွန့်နေပါတယ် ။ နဖူးမှာလည်း ချွေးတွေထွက်လျက်ပါ ။ သူဟာ မီးတောက်ထုတ်ဖို့ ချီဓာတ်တွေသာမက ဆေးပင်တွေခဲအောင်ပြုလုပ်ဖို့ မီးတောက်တွေကိုထိန်းချုပ်ရန်ပါ လိုအပ်နေတာပါ ။ ဆေးဖက်ဝင်စွမ်းအားတွေကိုလည်း အများကြီးသုံးနေရတာပါ ။ 
"အောင်မြင်ခဲ့ပီပေါ့" 
ချန်ရှန်နှလုံးသားထဲကကို ပျော်သွားတာပါ ။ ဆေးဖက်ဝင်ချီဓာတ် ရေဝဲလေးတွေဟာ မြန်မြန်လည်နေကြတယ် ။ ခုတော့ တိကျမှန်ကန်တဲ့ ရေပမာဏလောင်းပြီး အခဲပြုလုပ်ဖို့ပဲကျန်တော့ တာပါ ။ ချန်ရှန်ပုံဟာ ချွေးတွေထွက်နေပြီး အရမ်းကိုပင်ပန်းနေပုံပါ။  ဒါပေမယ့်လည်ူ ချီမီးလျှံတွေ ဆက်ထုတ်လွှတ်နေပါတယ် ။ သူ့မှာ ရှိတဲ့ ချီဓာတ်တွေကို အကုန်သုံးနေရတာပါ ။ 
" နောက်ဆုံးတော့ ငါအောင်မြင်ခဲ့ပြီ ၊ နောက်ရက်တွေကို ဒီဆေး ၅ ခုဖြစ်အောင်လုပ်ရင်းနဲ့ အချိန်ကုန်ဆုံးတော့မှာ ၊ ဆေးပညာဟာ တကယ်ကို အချိန်လိုတာပဲ " 
ချန်ရှန်သက်ပြင်းချ၍ ညည်းတွားလိုက်ပါတယ် ။ ချန်ရှန် မီးဖိုကို ဖွင့်ကာ ကာအဖြူရောင် ဆေးလုံးတွေကို အငွေ့တွေကြားက ကြည့်လိုက်ပါတယ် ။ ထို့နောက် ပြုံးစိစိ ဖြစ်လျက်ပါ ။ သူ ဒီကိုယ်ငြိမ်းဆေးတွေကိုမစားခင် ဆေးတွေဟာ အပြီးမသတ်သေးပါဘူး ။ 
ဆေးဆရာအိုကြီးတွေသာ သူ့ဆီရောက်လို့ သူ့ဆေးတွေတွေ့ခဲ့ရင် သူတို့ကိုယ်သူတို့ ရှက်ပီးသေသွားလောက်ပါတယ် ။ ဆေးပညာရှင်တွေဟာ ဒီလိုဆေးရဖို့ သုံးနှစ်ကနေ ငါးနှစ်လောက် ကြာပါတယ် ။ တကယ်ကိုပါရမီရှင် ဆေးဆရာတောင် တစ်နှစ်ခွဲကျော်ကျော်လောက်ကြာပါသေးတယ် ။ ဒါတောင်တစ်ကြိမ်မှာ တစ်လုံးပဲ လုပ်နိုင်မှာပါ ။ ချန်ရှန်ကတော့ ပထမဆုံးအကြိမ်မှာတင် ၅ လုံးတပြိုင်ထဲလုပ်နိုင်တာမို့ ဆေးဆရာအိုကြီးတွေ ထိတ်လန့်ရှက်ရွံ့သေသွားလောက်တယ်လို့ပြောတာပါ ။ 
" အမတော် စုမေးယို ၊ အမတော်ပြောတော့ ဆေးကောင်းတစ်ခုရဖို့ တစ်နှစ်ခွဲလောက်ကြာတယ်ဆို ။ ခုတော့ကျွန်တော် တစ်ရက်ထဲနဲ့ ၅ လုံးတောင်လုပ်နိုင်တယ် ၊ ဆုချပေတော့ဗျို့ "
ချန်ရှန် ဂုဏ်ယူဝင့်ကြွားစွာ ရီမောပြောဆိုလိုက်ပါတယ် ။ စုမေးယိုလည်း အရမ်းပျော်နေပုံပါပဲ ၊ ထို့နောက် ဆွဲဆောင်မှုရှိသောအသံလေးနဲ့ ပြန်ပြောပါတယ် ။
" ကဲပါ ငါတို့ညီအမမင်းကို ဘယ်လိုဆုချရမလဲပြော "
ချန်ရှန်လည်းရီမောကာ လက်ပိုက်၍ -
" ပါးပေါ် အနမ်းတစ်ပွင့်လောက်ဆိုရင်ရောဗျ ၊ ဟီးးဟီးး "
" ဆုတောင်းလေ "
ဘိုင်ယုယုက အေးစက်စက်ပြောပြီး ကွင်းထဲ ပြန်ဝင်သွားပါတယ် ။ စုမေးယိုကတော့ ရီမောရင်း ချန်ရှန် အနီး လာကာ သူမရဲ့ လှပတယ့် နှုတ်ခမ်းလေးနဲ့ပါးကို အနမ်းပေးလိုက်ပါတယ် ။
" ချန်ရှန် ၊ ခု ဒီလိုအလုပ်အောင်မြင်တာကို သိပ်ဂုဏ်ယူမနေနဲ့ဦးနော် ကြားလား "
ချန်ရှန်ဟာ စလိုက်ခြင်းသာဖြစ်ပြီး ဒီလိုအနမ်းတကယ်ပေးမယ်လို့ မထင်မိပါဘူး ။ စုမေးယိုလည်းပဲ လက်ဖြင့်ပါးစပ်ကိုအုပ်ကာ ရယ်ရင်း ကွင်းထဲပြန်ဝင်သွားပါတော့တယ် ။ 
ချန်ရှန်ဟာ သူထွက်သွားတယ့်အနားကနေ သင်းပျံ့တယ့်အနံ့လေးကို နက်ရှိုင်းစွာ ခံစားမိပါတယ် ။ ချန်ရှန်လည်း ရင်ခုန်မှုကို လျော့ချကာ တီးတိုးရေရွတိမိပါတယ် ။
"သူမဟာ တကယ်ကို ကြောက်စရာပဲ ၊ သူမရဲ့ ဆွဲဆောင်မှုရှိလှတယ့် အလှတရားတွေမှာ ငါနစ်မြောသွားတာပဲ "
ချန်ရှန် မမြင်ရတယ့်ကွင်းလေးကို ချစ်သူရဲ့ မျက်နာကို ကြင်နာစွာ ပွတ်သလို ထိလိုက်ပါတယ် ။ ဒီနတ်သမီးလေးတွေဟာ လက်စွပ်ထဲမှာ သူတို့စွမ်းအားတွေ ပြန်စုဆောင်းနေတာပါ ။ ချန်ရှန် သူ့ကိုယ်သူအားပေးလိုက်ပါတယ် ။ 
ကိုယ်ငြိမ်းဆေးတစ်ခုကို ငွေစ ၇၀၀ ရပါတယ် ခုသူလုပ်တာ ၅ ခုဆိုတော့ ၃၅၀၀ ရမှာပေါ့ ။ သူ့မှာ ဆေးပင်တွေ ကျန်နေပါသေးတယ် ။ ဆေးတွေလုပ်ပြီး နောက်ထပ် ငွေတွေအများကြီး ထပ်ရနိုင်ပါသေးတယ် ။
ချန်ရှန်စာအုပိတစ်ခုထဲဖတ်ဖူးပါတယ် ။ တကယ်လို့လူတစ်ယောက်ဟာ ဆေးပင်နဲ့တစ်ကြိမ်ထဲ ၅ ခုလုပ်လျှင် နောက်တစ်ကြိမ်လည်း ၅ ခုပဲရမှာပါ ။ ဒါပေမယ့် သူမသိတာက ဆေးပင်တွေဟာ သူတို့ရဲ့ အမြင့်ဆုံးစွမ်းဆောငိရည် ရှိချိန်မှာသာ ဖြစ်နိုင်ပါတယ် ။ အရမ်းကိုတော်တယ့်ဆေးဆရာသာ ဒီလိုလုပ်နိုင်တာပါ ။ အရေးကြီးဆုံးကတော့ တိုင်မင်ကိုက်ဖို့ပါ ။ 
စိတ်စွမ်းမားမီးတောက်တွေကို အသေးငယ်ဆုံး ဖြစ်အောင်ထိန်းချုပ်ပီးမီးဖိုးထဲထည့်ဖို့လိုပါတယ် ။ နောက်မို့ဆို အကုန်လောင်ကျွမ်းသွားမှာပါ ။ ကိုယ်ငြိမ်းဆေးပင်ဟာ အဆင့် ၃ နဲ့ ၃ အောက်ရှိသူတွေအတွက် တကယ်ကောင်းတယ့်ဆေးပါ ။ အဓိကကတော့ ကိုယ်ကိုသန့်စင်ပေးတာပါ ။ ချန်ရှန်ဟာ အဆင့် ၅ ဖြစ်တယ့်အတွက် သူ့အတွက် အကျိုးသက်ရောက်မှုတော့သိပ်မရှိလှပါဘူး ။ သို့သော် ချီဓာတ်ပြန်လည်စုဆောင်းရာမှာ တော့ မြန်ဆန်စေပါတယ် ။ ချန်ရှန်ဆေးတစ်လုံးစားလိုက်ပါတယ် ။ သူ့ကိုယ်မှာရှိရမယ့် ချီဓာတ်တဝက်ကျော်လောက်ကို ပြည့်သွားပါတယ် ။ ကျန်လေးလုံးကိုတော့ သူ့အဖေကို အမြည်းပေးဖို့ဆုံးဖြတ်လိုက်တယ် ။ 
"ဆေးကတော့ကောင်းတယ် ။ ဒါပေမယ့် ခုတော့ ငွေစ ၇၀၀ ကိုစားလိုက်ရသလိုပဲ "
ချန်ရှန်သူ့အဖေစာကြည့်ခန်းဆီ ဝမ်းပန်းတနည်းနဲ့ ထွက်လာပါတယ် ။ အချိန်ကတော့ ညနက်နေသော်လည်း ချန်တျန်းဟူတစ်ယောက် မအိပ်သေးပေ ။ သိုင်းပညာနဲ့ ပတ်သတ်သည်များ ဖတ်လျက်ပါ ။ ဒါကသူ့အကျင့်ပါပဲ ။ 
" သားချန်ရှန် ၊ ဘယ်လိုပြသနာမျိုးဖြစ်လို့ ဒီလိုချိန်ကြီးတောင် လာရတာလဲ "
ချန်တျန်းဟူ ချန်ရှန့်ကိုယ်ပေါ်က ဆေးအနံ့ရတယ့်အတွက် မျက်မှောင်ကြုံ့သွားပါတယ် ။ 
" အဖေ့ကို သားရဲ့ ပထမဆုံးဆေး အမြည်းကျွေးမလို့ပါ "
ချန်ရှန် စပ်ဖြဲဖြဲနဲ့ ပြန်ဖြေလိုက်ပါတယ် ။
" ဘယ်လို !! "
ချန်တျန်းဟူ မျက်လုံးကြီးပြူလျက် မယုံကြည်နိုင်ပဲ ဝုန်းခနဲကို မတ်တပ်ရပ်သွားပါတယ် ။ တကယ်တော့သူဟာ ချန်ရှန် ၈နှစ်ကနေ ၁၀ နှစ်လောက်ဆေးပင်စိုက်တာကြာမယ်လို့တွက်ထားတာပါ ။ တစ်ရက်ထဲနဲ့ ပီးမယ်ဘယ်လိုမှမထင်ထားဘူးလေ ။ တစ်ကယ့်ကို တစ်ရက်ထဲနဲ့ပါပဲ။ ချန်ရှန် သူ့အဖေကို နှင်းခဲလိုဖြူနေတယ့် ကိုယ်ငြိမ်းဆေးလေးလုံး ပေးလိုက်ပါတယ် ။ သူ့အဖေလည်း ချန်ရှန်ပေးတဲ့ဆေးတွေကို မျက်လုံးကြီးပြူးလျက် မယုံကြည်နိုင်သော မျက်နာနဲ့ အံ့သြနေဆဲပါ ။ 
" ပူနေတုန်းပါပဲလား "
သူ့စိတ်တွေ အံ့သြရာကနေ တညိငြိမ်သွားပါတယ် ။ သူ့သားဟာ ဆေးပညာကိုတစ်ရက်ထဲနဲ့အောင်မြင်သွားတာ လူထောင်ပေါင်းများစွာမှာမှ တစ်ယောက်မရှိတဲ့ ပါရမီရှင်ပါပေပဲ ။
ဒီလိုပါရမီရှင်မျိုးတွေမှာ အမျိုးမျိုးသော စွမ်းအားတွေ ရှိကြပါတယ် ။ အထင်ကြီးအားကျစရာတွေချည်းပါပဲ ၊ မနာလိုသူများသောကြောင့် လုပ်ကြံသတ်ဖြတ်ချင်သူတွေလည်း ရှိတတ်ကြပါတယ် ။ 
ချန်တျန်းဟူ စိတ်လှုပ်ရှားမှုကိုလျော့ချကာ ဆေးတွေကိုယူ၍  -
" တကယ်ကိုကောင်းတာပဲ ၊ ခန်းမကရောင်းတဲ့ဆေးတွေထက်ကို ပိုကောင်းတယ် ။ ရောင်းရင် အနည်းဆုံး ၈၀၀ လောက်ရနိုင်တယ် ။ ငါ  ဒါတွေယူပြီးရောင်းပီး မယ် ပြီးကျ ဆေးပင်တွေပြန်ဝယ်ပေးမယ် သား "
ဆေးပင်တွေကို မြန်မြန်ကြီးထားအောင် လုပ်ပြီး ဆေးအဖြသ် ရက်ပိုင်းအတွင်း လုပ်နိုင်တယ့် ချန်ရှန်ဟာ အနာဂတ်မှာ ထိပ်သီးဆေးဆရာဖြစ်လာလိမ့်မယ်ဆိုတာကို သူ့အဖေ သဘောပေါက်လိုက်ပါတယ် ။ 
" မင်းသိပ်အလောတကြီးမလုပ်ပါနဲ့ ၊ ခုလိုဆေးပင်အနိမ့်စားလေးတွေ အရင်လုပ်ပါ ။ ပိုပိုအောင်မြင်လာမှ မြင့်တဲ့ဆေးပင်တွေဘက် လှည့်တာပေါ့ "
ချန်ရှန် ခေါင်းညိ့မ်လိုက်ပါတယ် ။ ထို့နောက် သူ့အိမ်ပြန်လာကာ စွမ်းအင်တွေပြန်ဖြည့်ဖို့စောင့်နေပါတော့တယ် ။ ပြီးတာနဲ့ လက်ကျန်ဆေးပင်တွေနဲ့ ဆေးလုံးတွေ ထပ်လုပ်ဦးမှာပါ ။ 
နောက်တစ်နေ့မနက်မှာတော့ ချန်ရှန်စောစောနိုးကာ ကိုယ်ငြိမ်းဆေးပင်အကြောင်း စဉ်းစားနေပါတယ် ။ တစိကြိမ်ထဲနဲ့ အောင်မြင်သွားတယ့်အတွက် နည်းနည်းတော့ စိတ်လှုပ်ရှားမိနေတယ်။ ခုနောက်တစ်ကြိမ်လဲ ရှေးနည်းအတိုင်း အတိကျလုပ်သည့်အတွက် နောက်ဆုံးအဆင့်ပင်ရောက်ရှိနေပါပြီ ။ မီးဖိုထဲတွင် ဆေးဖက်ဝင်ချီ ဓာတ်တွေ ပေါင်းစပ်နေကြလျက်ရှိပါတယ် ။ ချန်ရှန်လည်း ပထမတစ်ခေါက်နဲ့မတူ အေးအေးဆေးဆေးပင်ဖြစ်လျက်ပါ ။ သူ့ရဲ့ ချီဓာတ်စွမ်းအင်တွေကိုလည်း သုံးနေလျက်ပေါ့ ။
" အောင်မြင်ပြီ " 
ချန်ရှန် ရေရွတ်လျက် မီးဖိုးအဖုံးဖွင့်ချိန်မှာတော့ ကိုယ်ငြိမ်းဆေး ၅ ခုကိုတွေ့ရပါတော့တယ် ။ ဒီတစ်ကြိ်မ်မှာတော့ ၂ နာရီပဲကြာလိုက်တာပါ ။
ဒီရက်ပိုင်းတွေမှာတော့ ချန်ရှန်တစ်ယောက်ဆေးပင်တွေဝယ်ကာ ဆေးတွေပြုလုပ်လျက် ကုန်ဆုံးနေပါတယ်။ ကိုယ်ငြိမ်းဆေးသာမက တခြားအနိမ့်စားဆေးပင်တွေကိုပါ အလေ့ကျင့်ရအောင် ပြုလုပ်နေတာပါ ။ ၄ င်းတို့ကတော့ - "ပြည့်ဖြိုးဆေး" ၊ "ရွှေအရသာအားဖြည့်ဆေး" ၊ "အဆိပ်ဖြေဆေး" ၊ "တည်ငြိမ်ဆေး" နဲ့ အခြားဆေးပေါင်းများစွာပါ ။
အစပိုင်းမှာ မအောင်မြင်သော်လည်း ကြာလာသည်နှင့်အမျှ စွမ်းအင်ထိန်းချုပ်မှုတွေ ကျွမ်းကျင်လာကာ ဆေးတွေကို သဘာဝကျကျ ပိုထုတ်လာနိုင်ပါတယ် ။ 
ဆွဲတောင်မှုရှိတဲ့ စုမေးယိုရဲ့ ဆေးနည်းတွေဟာ တကယ်ကို ထိမိလှပါတယ် ။ သူမကိုဆေးပညာတတ်မယ်လို့ သူမထင်မိပါဘူး ၊ ဆေးပညာကို ဆံပင်ဖြူဖြူ ဆေးဆရာကြီးတွေပဲ တတ်ကျွမ်းမယ်လို့ယူဆထားတာပါ ။
ချန်ရှန်ဟာ ဒီရက်ပိုင်းတွေမှာ မပင်ပန်းတော့ပါ ။ ဆေးပင်တွေ စိုက်နေရလို့လည်း သူ့ရဲ့လေ့ကျင့်ခန်းတွေကို မပျက်ကွက်ခဲ့ပေ ။ နေ့လည်ခင်းတိုင်း နဂါးတံတွေးကျင့်စဉ်ကို ကျင့်နေရတုန်းပါ ။ ဆေးပင်တွေကြီးထွားဖို့ ၄ င်းအရာက မရှိမဖြစ်ပဲလေ ။ တစ်လကြာပြီးနောက်မှာတော့ ချန်ရှန်ဟာ အနိမ့်စားဆေးဖော်တယ့်နေရာမှာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာပါတော့တယ် . . . ။



Chapter - 9
#မျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ခြင်းအစည်းအဝေး

ဒီနေ့မှာတော့ ချန်ရှန်ဟာ ဆေးပင်စိုက်ခြင်း မပြုလုပ်ပါဘူး ။ အဲဒိအစား ချန်မိသားစုအိမ်တော်ကြီးရဲ့ အလယ်မှာရှိတယ့် ကွင်းပြင်ကို ထွက်လာခဲ့ပါတယ် ။ ဒီနေ့ကခေါင်းဆောင်အပြီး သတ်ရွေးမှာပါ ။ ချန်မျိုးနွယ်မှာ အုပ်ချုပ်သူမရှိပဲ ဖရိုဖရဲဖြစ် နေတာ သုံးလရှိပါပြီ ။ ကွင်းပြင်ကို အုတ်တွေနဲ့ကာရံထားပြီး ချန်မိသားစုရဲ့ ကလေးတွေဟာ မတ်တပ်ရပ်နေကြပါတယ် ။ လက်ရွေးစင်အငယ်တန်းကလေး ၃၀၀ လောက်ကို ရှိနေကြ တာပါ ။ 
၎င်းတို့ဟာ စက်ဝိုင်းပုံရပ်နေကြတာဖြစ် ပြီး အလယ်မှာကွက်လပ်အဖြစ် ကျန်နေပါတယ် ။ အဲကွက်လပ်မှာ သက်လတ်ပိုင်းအရွယ် လူကြီး ၅ ဦး ရပ်နေကြပါတယ် ။ ထိုထဲကတစ်ယောက်ကတော့ ချန်တျန်းဟူ ပါ ။ ချန်ရှန်လည်းထိုလူစုလူဝေးထဲအပါအဝင်ပါ ၊ အားလုံးဟာ ခုန်ပြီး သူတို့အဖေ ခေါင်းဆောင်ဖြစ်အောင် အားပေးနေကြပါတယ် ။ 
သက်လတ်ပိုင်းအရွယ် မျက်ခုံးထူထူ မျက်လုံးပြူးပြူး နဲ့ ဆံပင်အညိုရောင်ရှိတယ့် လူကြီးဟာ ချန်တျန်းဟူ ကိုပြောပါတယ် ။
"  ချန်တျန်းဟူ ၊ ငါတို့မှာ မျိုးနွယ်စု ခေါင်းဆောင်နေရာအတွက် အရမ်းရေးကြီးတယ့် ကိစ္စရှိတဟ်ဆိုတာ သိတယ်မလား "
ထိုလူကြီးကတော့ ချန်မျိုးနွယ် ခေါင်းဆောင်တစ်ဦးဖြစ်တယ့် ချန်ဟွာဟိုင်း ပဲဖြစ်ပါတယ် ။ ချန်တျန်းဟူထက်နည်းနည်းအသက်ကြီးကာ သိုင်းပညာအဆင့် ၇ ကို ပိုင်ဆိုင်ထားသူပါ ။ သူခေါင်းဆောင်တယ့်အပိုင်းဟာ တကယ်ကိုတောင့်တင်းပါတယ် ။ ဒါကြောင့် သူဟာ ခေါင်းဆောင်နေရာကို ရမယ်လို့တွေးထားတာပါ ။ အမျိုးစပ်မယ်ဆိုရင် ချန်ရှန်ဦးလေးပဲ ဖြစ်ပါတယ် ။ 
ချန်တျန်းဟူရဲ့မျက်လုံးတွေမှာ ဒေါသတွေပြည့်လျက်ပါ ။ ထို့နောက်အေးစက်စက်နဲ့ပြန်ပြောလိုက်ပါတယ် ။ 
" ဒါပေါ့ ငါသိပါတယ် ၊ ဆက်ခံသူတွေမှာ ကောင်းမွန်တဲ့ စွမ်းရည်ကိုယ်စီ ရှိကြပါတယ် ။ သူများအပစ်ပြောစရာ မဖြစ်အောင် မသင့်လျော်တဲ့ ပုံစံတွေကို ရှောင်ကြရမှာပေါ့ " 
ချန်ရှန်အမေဟာ သူလူမှန်းမသိတတ်ခင်တည်းက ဆုံးပါးခဲ့တာပါ ။ ဒါကြောင့်ချန်ရှန့်အဖေဟာ မျိုးဆက်ပြတ်နေသလိုဖြစ်နေပါတယ် ။  
" ဟားဟား ၊ မင်းသားမှာ သိုင်းပါရမီမပါဘူးနော် ၊ မင်းသာခေါင်းဆောင်ဖြစ်ရင်တော့ မင်းသားအတွက်ဆေးတွေ ပေးနေရတာနဲ့တင် အချိန်ကုန်ငွေကုန်ဖြစ်နေမှာပဲ ။ ဒီနှစ်တွေမှာ မင်းသူ့အတွက်ဆေးတွေ တော်တော်ဖြုန်းခဲ့တာ လူတိုင်းသိတယ် ၊ မင်းသားကို ထပ်မကူညီတော့ဘူးမလား "
ချန်ဟွာဟိုင်း လှောင်ရီရီကာ ပြောဆိုပါတယ် ။
"တိုးတက်လာမှာမဟုတ်တဲ့လူအတွက် ဖြုန်းတီးနေတာ လူတိုင်းသိတယ် "
ချန်ရှန်ဟာ သူနဲ့အဆင့်တူတွေကြားမှာ ပါရမီရှင်ဆိုတာ သူသိပါတယ် ။ သို့သော် ချန်ရှန်အစွမ်းကို လျို့ဝှက်ထားချင်တာပါ ၊ တနည်းအားဖြင့် အန္တရာယ်ရှိမှာဆိုးလို့ဖြစ်တယ် ။ 
"ငါ့သားဟာ ချီမီးတောက်တွေ ထုတ်နိုင်တယ့် ပါရမီရှင် ဆေးဆရာဖြစ်နေပြီ ။ အသုံးမဝင်ဘူးလို့ ဘယ်သူပြောလဲ ၊ မျိုးနွဟ်အကြီးတွေ အထင်မှားနေကြတာပါလေ "
ချန်တျန်းဟူ တီးတိုးပြောကာ ပြုံးလိုက်ပါတယ် ။ဒီချိန်မှာပဲ လူတိုင်းဟာ ချန်ရှန်အကြောင်းပြောဆိုနေကြတယ်။ ချန်ရှန်ဟာ ဆေးပင်ခန်းမသခင်ကြီးရဲ့ ပညာသင်အဖြစ် ငြင်းဆိုလိုက်တယ့်သတင်းဟာ ဝိုဟူတစ်မြို့လုံး ပြန့်နေပါတယ် ။ သူ့မှာပါရမီမရှိသောလည်း ချီဓာတ်မီးလျှံတွေ ထုတ်နိုင်တယ့်အတွက် သူဟာ ဆေးဆရာကောင်းတစ်ယောက်ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ် ။ 
ချန်ဟွာဟိုင်း လက်ခေါက်မှုတ်ကာ တည်ငြိမ်စွာပြောပါတယ် ။ 
" သူပညာသင်အဖြစ်ငြင်းလည်း သူ့မှာပါရမီမှ မရှိတာ ၊ နောက်သင်ပေးမယ့်ဆရာမရှိတယ့်အတွက် ဆေးဆရာဖြစ်ဖို့ ခက်ခဲမှာပဲ "
ဒီအချက်ကြောင်ပဲ ချန်ရှန်ဟာ စိတ်လျော့ဟာ လေသံတည်တည်ဖြင့် အားလုံးကြားအောင် ပြောလိုက်တယ် ။
" ကျွန်တော်အခု အနိမ့်စားအဆင့် ကိုယ်ငြိမ်းဆေးတွေ လုပ်နိုင်နေပြီ "
ချန်ရှန်စကားကြောင့် အားလုံးတိတ်ဆိတ်သွားတယ် ။ ချန်ရှန်က ရယ်မောနေလျက်ပါ ။
" ဒီမှာ ချန်ရှန် ၊ မင်းက ၁၆ နှစ်နဲ့ ဆေးလုပ်နိုင်တယ်တယ့်လား ? ၊ မင်းဒီလိုလိမ်ညာပြောဆိုတာဟာ မင်းအဖေ ခေါင်းဆောင်ဖြစ်ဖို့ ဘာမှ အကူညီမဖြစ်ဘူးနော် ၊ လိမ်ညာလို့ အပစ်ပေးခံရမှာပဲ ရှိမယ် "
" မင်းကိုမင်း ယောင်မျိုးနွယ်က ပါရမီရှင်များမှတ်နေလား ၊ ယောင်မျိုးနွယ်ကလူတိုင်းဟာ ဆေးလုပ်နိုင်တယ့်ပါရမီ ရှိကြတယ့် အထက်တန်းလွှာတွေဖြစ်တယ် ။ သူတို့ဟာ အမွေအနှစ်ကောင်းတွေ ရရှိကြလို့သာဖြစ်တယ် "
ချန်ရှန် လူအုပ်ထဲမှ ထွက်လာပါတယ် ။ ထို့နောက် ချန်ဟွာဟိုင်းကိုကြည့်ကာ တည်ငြိမ်သောလေသံဖြင့် 
"ကျွန်တော်နဲ့ အလောင်အစားပြုလုပ်ရဲလား ၊ ကျွန်တော်တစ်ကြိမ်ထဲနဲ့ ကိုယ်ငြိမ်းဆေးရအောင်လုပ်ပြမယ် ။ အဲဒါအောင်မြင်ရင် ခုလူတွေအရှေ့မှာ ဘယ်လိုတောင်းပန်မလဲပြောပါ "
ချန်ဟွာဟိုင်း ပက်ပက်စက်စက်ရယ်ပါသည် ။ လူအားလုံးဟာကြောင်တေလျက် ချန်ရှန် လူအများရှေ့မှာ အကြီးအကဲတစ်ယောက်ကို ဒီလိုရဲတင်းလိမ့်မယ် မထင်မိဘူးပေါ့ ။ 
ချန်ဟွာဟိုင်းဒေါသလည်း ထွက်လာပါတယ် ။ သူ့ထက်အများကြီးငယ်တဲ့ တူတစ်ယောက်က လူအများရှေ့မှာ ဖီဆန်တဲ့အပြုအမူကြောင့်ပါ ။ချန်တျန်းဟူ ကတော့ အကျေနပ်ကြီးကျေနပ်နေပါတယ် ။ သူ့သားလုပ်ရပ်ကြောင့် ဂုဏ်ယူလျက်ရှိပါတော့တယ် ။ 
ချန်ဟွာဟိုင်းမျက်နာ ဒေါသတွေအပြည့်ဖြင့် အော်ပြောပါတယ် ။
" မင်းဘာစကားပြောတာလဲ "
အဲဒိလိုပြောချိန်ပဲ ချန်ရှန်ဆီကို ချီဓာတ်တွေ ထွက်လာပါတယ် ။ ချန်တျန်ူဟူးဆီမှ ထွက်ခြင်းပါ ။ ချန်ရှန် ချန်ဟွာဟိုင်းအားကြည့်၍ ထပ်အော်ပြောလ်ုက်ပါတယ် ။
" ကျွန်တော်နဲ့အလောင်းအစား ပြုမလား ၊ ခုတစ်ကြိမ်ထဲနဲ့ ကိုယ်ငြိမ်းဆေးရရင် ခုလူအများရှေ့မှာ ကျွန်တော့်ကို တောင်းပန်နိုင်မလား "
ချန်ရှန်ဟာ လူအမျာအား သူရယ်စရာပြောနေတာမဟုတ်ကြောင်းသက်သေပြရန် လေသံမြင့်၍ ထပ်ပြောလိုက်ပါတယ် ။ သူ့ပုံစံက ယုံကြည်မှု အပြည့်ပါပဲ ။ တခြား ချန်မိသားစုက လူတွေ အကြီးတစ်ယောက်ကို ဘယ်တော့မှ အာ့လိုပြောရဲမှာ မဟုတ်ပါဘူး ။
ချန်ဟွာဟိုင်း ဒေါသလည်းထွက် စိတ်လည်းရှုပ်နေပါတယ် ။ ချန်ရှန်ကတော့ တည်တည်ငြိမ်ငြိမ်မို့ သူသိပ်မလောင်းဝံ့ပါဘူး ။ လူအများကလည်းသူ့အဖြေကို စောင့်လျက်ပါ ။ချန်ရှန်လည်း သူ့ကိုကြည့်၍ ဆက်ပြောပါတယ် ။
" ကျွန်တော့ကို လူပုံအလယ်မှာ အသုံးမဝင်တယ့် အမှိုက်တစ်စလို နှိမ့်ချ မကြေငြာပါနဲ့ ၊ ကျွန်တော့်ကိုတောင်းပန်မယ်ဆို လက်တွေ့ကိုပြမယ် ။ မျိုးနွယ် အကြီးတစ်ယောက်အနေနဲ့ စိန်ခေါ်မှုကို လက်မခံရဲဘူးလား "
ချန်ဟွာဟိုင်း ဒီကောင်လေးကို ချေးပါထွက်အောင် ရိုက်ပစ်ချင်နေပါပြီ ။ ဒါပေမယ့်သူမလုပ်ရဲပါဘူး ။ ချန်မိသားစုဝင်ကိုသတ်တာ အကြီးလေးဆုံးအပစ်ပါပဲ ။
လူကြီးတစ်ယောက်ကဝင်ပြောပါတယ် ။
" ချန်ဟွာဟိုင်း ၊ မင်းသူနဲ့ လောင်းပါ ၊ တောင်းပန်တာကိုတော့ထားလိုက်တော့ ၊ ဒါပေမယ့် သူအောင်မြင်ရင် မင်းသင့်တော်တဲ့ ပေးလျော်မှုတစ်ခုတော့ လုပ်ရမယ် "
ချန်တျန်းဟူလည်း သူ့သားဘက်လှည့်ကာခေါင်းညိမ့်၍
" သဘောတူတယ် ။ သူရှုံးရင် ဒီရွေးကောက်ပွဲကပါ ကျွန်တော်ထွက်မယ်ဗျာ "
ချန်တျန်းဟူစကားက အတော်လေးတာသွားပါတယ် ။ လူအများ အုတ်အုတ်ကျတ်ကျတ် ဖြစ်လျက်ပါ ။
ချန်ဟွာဟိုင်းက ခနဲ့တဲ့တဲ့ဖြင့် -
" ကောင်းပြီ ငါလက်ခံတယ် ၊ ငါရှုံးရင် မင်းကို ငါ့ရဲ့ "နှစ်တစ်ထောင် သွေးဝိဉာဉ် မြက် " ကို ပေးမယ် "
" နှစ်တစ်ထောင်သွေးဝိဉာဉ်မြက်!! "
လူတွေအားလုံးတအံ့တသြ ရေရွတ်ကြပါတယ် ။ အံ့သြဆို ၎င်းဟာ အရမ်းရှားပါပြီး နှစ် ၁၀၀၀ စိုက်ရတယ့် အဆင့်နိမ့် ဆေးပင်တစ်မျိုးမို့ပါ ။ 
" ချန်ရှန် မင်းအခု စလုပ်မယ်ဆို ဘယ်လောက်ကြာနိုင်မလဲပြောပါ "
လူကြီးကမေးလိုက်ခြင်းဖြစ်ပါတယ် ။ ထိုသူဟာလည်း ချန်မျိုးနွယ်က သက်ကြီးဝါကြီးတစ်ယောက်ဖြစ်ကာ သြဇာအာဏာသက်ရောက်သူတစ်ယောက်လည်း ဖြစ်ပါတယ် ။ လူတိုင်းရဲ့အတွေးမှာတော့ ဆေးလုပ်ရင် အနည်းဆုံးနေ့တဝက်ကြာကာ ကျွမ်းကျင်တယ့်ပညာရှင်ပင် ၂ နာရီ ၃ နာရီလောက်ကြာပါတယ် ။ ခုက ၁၆ နှစ်အရွယ် ဆယ်ကျော်သက်လေး ဖြစ်နေပါတယ် ။
" မြန်မြန်လုပ်နော် ငါတို့အချိန်အများကြီး အကုန်မခံနိုင်ဘူး"
ပြောနေတုန်းမှာပဲ ချန်ရှန် တင်ပလ္လင်ခွေ ထိုင်လိုက်ပါတယ် ။ထို့နောက်မီးဖိုးကို ထုတ်လိုက်၏ ၊ လူကြီးနဲ့ ချန်ဟွာဟိုင်းက မီးဖိုကို စစ်ဆေးကြည့်ပါတယ် ။ ချန်ရှန် လိမ်လည်လှည့်ဖြားမှာ ဆိုးလို့ပါ ။ 
" ချန်တျန်းဟူရဲ့ အဂ္ဂိရတ်မီးဖို အစုတ်လေးပဲ ၊ ဘယ်လိုတောင်ဆင်းရဲတာလဲကွာ " 
ချန်ဟွာဟိုင် လှောင်လိုက်ပါတယ် ။ လူတိုင်းကတော့ ချန်တျန်းဟူ သူ့သားဆေးဖိုးနဲ့မွဲတယ်ထင်ကြတာပေါ့ ။ ချန်ရှန်အိတ်ထဲက ဆေးပင်တချို့ထည့်ကာ မီးဖိုထဲ ထည့်လိုက်ပါတယ် ။ ထို့နောက်ချီဓာတ်မီးလျှံထုတ်ကာ မီးဖိုထဲထည့်နေပါတယ် ။ သူ့အပြုအမူအားလုံးဟာ အနုစိတ် လှပါတယ် ။
ချီမီးလျှံ ထုတ်လွှတ်တဲ့အခါ လူတွေအံ့အားသင့်လျက်ပါ ။ လူအများစုဟာ တိုက်ခိုက်ခြင်းအတွက်ပဲ မီးလျှံတွေ ထုတ်လွှတ်နိုင်တာပါ ။ တနည်းအားဖြင့် ချန်ရှန်လို မီးတောက်ကို မထိန်းချုပ်နိုင်ပါဘူး ။ မီးထိန်းချုပ်ခြင်းကျင့်စဉ်ကျင့်ထားမှသာလျှင် ရမှာပါ ဒီကျင့်စဉ်တတ်သူဟာလည်း အရမ်းရှားကာ ခက်ခဲတယ့် ကျင့်စဉ်တစ်မျိုးဖြစ်ပါတယ် ။ 
ချန်ရှန်မီးဖိုထဲ အဆက်မပြတ် ချီဓာတ်တွေ ထည့်နေပါတယ် ။ တစ်ချိန်မှာတော့ ဆေးနံ့တွေထွက်လာပါတော့တယ် ။ တစ်နာရီကြာပြီးနောက်မှာတော့ ချန်ရှန်မျက်ခုံးတွေ ရှုံ့လာတာ ကိုမြင်ကြရပါတယ် ။ ကြည့်ရှုသူတွေဟာ ချန်ရှန် အရေးပါတယ့်အချိန်ကို ရောက်နေပြီဆိုတာသိကြပါတယ် ။ ချန်ဟွာဟိုင်းလည်း သူရှုံးရင် ပေးရမယ့် ဆေးပင်ကြောင့် ချွေးပြန်နေပါပြီ ။ မီးဖိုမှ အငွေ့များထွက်လာပါပြီ ။ ချန်ရှန် ပျော်ရွှင်စွာဖြင့် မီးဖိုထဲကြည့်ကာပြောလိုက်ပါတယ် ။
" မီးဖိုထဲ စစ်ဆေးကြည့်လိုက်ကြပါဦး "
" ဘာာာ "
" တစ်နာရီ ထဲနဲ့ ဘယ်လိုပါလိမ့် "
လူအများရဲ့ မယုံကြည်နိုင်မှုနဲ့ အသံတွေပါ ။ လူကြီးလည်း စတင်စစ်ဆေးဖို့ မီးဖိုဆီလာပါတယ် ။ သူဟာဆေးဆရာမဟုတ်သော်လည်း ဆေးပညာအကြောင်းတော့ သိသင့်သလောက်သိပါတယ် ။ ဒါကြောင့်ချန်ရှန်ဟာ အခြေခံကောင်းတွေပိုင်ဆိုင်ထားတယ်ဆိုတာ သိလိုက်တယ် ။ မီးဖိုထဲ အငွေ့တွေကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရသေးသော်လည်း သူဟာ အနုစိတ်လှတယ့် ပြောင်းလဲမှုတွေကို ခံစားမိနေပါတယ် ။
အဖုံးဖွင့်လိုက်ချိန်မှာတော့ မွှေးပျံ့လှတယ့် ဆေးရနံ့ဟာထွက်ပေါ်လာပါတယ် ။ ဒီရနံ့ဟာ လူတိုင်းနဲ့ ရင်းနီးနေပြီးသားပါ ။ ဆေးပြုလုပ်ပုံဟာ သူတို့မျက်မြင်ပါပဲ ။ လူကြီးရဲ့လက်ထဲမှာ အဖြူရောင် ဆေးလုံးလေး ၅ လုံးရောက်ရှိနေပါပြီ ။ အားလုံးဟာ ရူးမတတ် အံ့အားသင့်လျက် ဖြစ်နေပါတော့တယ် . . . ။






Chapter - 10
#ကျွန်တော်တိုက်ခိုက်မှာပါ

" ငါပဲမျက်စိမှားနေတာလား ? ၊ ဒီကောင်လေးဟာ ၁၆ နှစ်ပဲရှိသေးတယ် ဆေး ၅ လုံးလုပ်နိုင်လောက်အောင်တော်တာ ဘဟ်လိုပါရမီရှင်မျိုးပါလိမ့် " 
လူကြီးတစ်ယောက် အံ့သြစွာ ထအော်ပါတယ် ။ 
"ဒီဆေးက ငါတို့သုံးနေကျဆေးတွေထက် အများကြီး ကို သာပါပေတယ် ။ ချန်ရှန်ဒီလောက် လျို့ဝှက်လိမ့်မယ်လို့ မထင်မိဘူး ၊ သူအမြဲသူ့စွမ်းအားတွေကို လျို့ဝှက်ထားပေတာပဲ ။ ဒီလိုစွမ်းအားတွေကြောင့် သူဟာ တခြား သိုင်းပညာမှာ မြင့်မားတယ့် ပါရမီပါသော လူတွေထက်ကို ပိုပြီး အသုံးကျပါပေတယ် 
နောက်တစ်ယောက်ရဲ့ ထောက်ခံအားပေးသံပါ ။ ချန်မျိုးနွယ်စုအားလုံး အဆိုပါကွင်းပြင်ထဲ စုရုံးရောက်ရှိနေပြီး မနာလိုမှုတွေကိုယ်စီဖြင့် သက်ပြင်းချလျက်ရှိပါတယ် ။ ချန်ဟွာဟိုင်းကတော့ ဝမ်းနည်းမှုနဲ့ အတူဒေါသထွက်နေပါတယ် ။ ဒေါသကြောင့် သူ့အသားအရည်တွေပင် အရောင်ပြောင်းလျက်ပါ ။ အသိသာဆုံးဒေါသထွက်စေတာကတော့ သူ့ရဲ့ နှစ်တစ်ထောင်ဆေးပင်ကို ဆုံးရှုံးရတော့မယ်လေ ၊ သူဟာ ဆေးပင်ကို လေလံပွဲတစ်ခုကရရှိခဲ့တာဖြစ်ပြီး အရမ်းကိုဈေးကြီးပါတယ် ။
ချန်မိသားစုဝင်တွေဟာ လက်တွေကို လှုပ်ရမ်းနေပါတယ် ။ သူတို့မျက်လုံးတွေဟာလည်း ဆေးလုံးကိုမြင်ကတည်းက အပြူးသားဖြစ်လျက်ပါ ။
"နောက်ဆုံးတော့ ချန်မျိုးနွယ်မှာ ဆေးဆရာတစ်ယောက် ပေါ်ထွန်းပြီလေ "
ချန်မျိုးနွယ်မှာ ဆေးပညာရှင်ရှိပြီဆိုတယ့်စကားဟာ ချန်မျိုးနွယ်တစ်ခုလုံးရဲ့သွေးတွေကို ဆူပွက်လာစေပါတယ် ။ သူတို့မှာ ဆေးပညာရှင် မရှိတယ့်အတွက် သူတို့ဟာ သူများလုပ်တယ့်ဆေးတွေကို ဈေးကြီးပေးပြီး ဝယ်သုံးနေရတာပါ ။ ဒီအချက်ဟာ တခြားမျိုးနွယ်တေမှ သူတို့ကို ရယ်စရာအချက် ဖြစ်နေပါတယ် ။ အခုတော့ သူတို့မှာ ဆေးပညာရှင်တစ်ယောက် ရှိနေပြီလေ ။ အထူးဖော်ပြစရာမလိုပါဘူး ၊ ၁၆ နှစ်အရွယ်ဆယ်ကျော်သက်လေးပဲ ဖြစ်ပါတယ် ။ သူဟာမကြာခင် ထိပ်တန်း ဆေးဆရာတစ်ယောက် ဖြစ်လာတော့မှာပါ ။
" ချန်ဟွာဟိုင်း ၊ မင်းငါ့သားနဲ့လောင်းထားတာ အရှုံးကို ဝန်ခံပါတော့ "
ချန်တျန်းဟူ ရယ်ရယ်မောမောနဲ့ ပြောလိုက်တယ် ။
" ဟက် " 
ချန်ဟွာဟိုင်း နှစ်တစ်ထောင်ဆေးပင်ကို ချန်ရှန်ဆီသို့ ပေးလိုက်ပါတယ် ။ သူ့မျက်နာမှာတော့ ဒေါသနဲ့ နှမြောမှုတွေ အထင်းသားပါ ။ ခုတော့ချန်မျိုးနွယ်မှ မည်သူမျှ ချန်ရှန်ကို အထင်မသေးဝံ့တော့ပေ ။ ဒါတွေပြီးရင်တော့ ဒီ ၁၆ နှစ်သာရှိတယ့်ကောင်လေးကို ချန်မျိုးနွယ် အသီးသီးမှ သမီးပျိုများက လာရောက် ပတ်သတ်ကြတော့မှာ မလွဲပေ ။ များစွာသော ချန်မိသားစုက လူငယ်များသည် ချန်ရှန်အား မီးလိုစူးရှတယ့် မျက်လုံးများဖြင့်ကြည့်နေကြပါတယ် ။ မနာလိုမှုတွေကတော့ သေလောက်ပါတယ် ။ ဒီမတိုင်ခင်မှာ ထိုလူများက ရှန်ရှန်အပေါ် လှောင်ပြောင်ခဲ့ကြတာကို သတိရသဖြင့် ချန်ရှန်လည်း ခပ်တည်တည်နဲ့ ဂရုမစိုက်ပဲနေလျက်ပါ ။ 
" မင်း သား ကဆေးဆရာတစ်ယောက်ဖြစ်နေတောင်မှ ဒီရွေးကောက်ပွဲကို မင်းပြိုင်ကမှာပဲ "
ချန်ဟွာဟိုင်း က သတိပေးလိုက်ပါတယ်။ သတ်လတ်ပိုင်း အရွယ် လူကြီး ၂ ဦးကတော့ ချန်တျန်းဟူး နဲ့ အကြီးအကဲနေရာ ယှဉ်ပြိုင်မှုကို ရုတ်သိမ်းသွားပါတယ် ။ ချန်ရှန်ဟာ ၁၆ နှစ်နဲ့ ဆေးပြုလုပ်နိုင်တာကို မြင်တဲ့အခါ ဒီလူငယ်ရဲ့အနာဂတ်ဟာ ဘယ်လိုမှ တိုင်းတာလို့မရနိုင်တော့ဘူးဆိုတာ သဘောပေါက်သွားကြပုံပါ ။ ကလန်ကဆန်မပြုလုပ်ခြင်းဟာ အကောင်းဆုံး ချဉ်းကပ်ခြင်း ဆိုတာ သူတို့သိကြတယ်လေ ။ ခုတော့ ကွက်လပ်မှာ ချန်ဟွာဟိုင်း ၊ ချန်တျန်းဟူ နဲ့ နောက်လူတစ်ယောက်ပဲ ကျန်ပါတော့တယ် ။ ချန်ဟွာဟိုင်းက ခုလိုပြောပါတယ် ။
" ကဲ ချန်တျန်းဟူ ၊ ခုငါတို့ညီအကိုနှစ်ယောက်နဲ့ မင်းပဲကျန်တယ် ။ ငါတို့ကိုနိုင်ရင် ခေါင်းဆောင်နေရာက မင်းအတွက်ပဲ "
ချန်တျန်းဟူ မျက်လုံးများမှေးလျက် ပြန်ပြောပါတယ် ။
" မင်းကဘာပြောချင်တာလဲ ၊ ကဲကောင်းပြီ ၊ မင်းတို့ ၂ ယောက် တူတူလာမလား တစ်ယောက်ချင်းလာမလားပြော "
၂ ယောက် တစ်ယောက်ဖြစ်သော်လည်း ချန်တျန်းဟူ လေသံတွင် ကြောက်ရွံ့မှု တစ်စက်မပါဝင်ပေ ။ အဲဒိအစား သူ့ရဲ့ ခွန်အားတွေလိုသာ ပြန်ပြောလိုက်တာပါ။ 
" ဒါပေါ့ ၊ တစ်ယောက်ချင်းပဲ ယှဉ်မှာပါ ၊ ငါတ်ု့ဟာ အများနဲ့ တစ်ယောက် အနိုင်ကျင့်တယ့်လူတွေ မဟုတ်ဘူး ၊ ဟုတ်တယ်မလား "
ချန်ဟွာဟိုင်းအသံကြားပြီးနောက် လူစုလူဝေးဟာ အနောက်ကို အနည်းငယ် ဆုတ်ခွာကြပါတယ် ။ သူတို့ ၃ ယောက်အတွက် နေရာကျယ်ကျယ်ရသွားပါတယ် ။ သိုင်းပညာအဆင့် ၇ ရှိတယ့် လူနှစ်ဦးရဲ့ အပြင်းအထန်တိုက်ခိုက်မှုတွေမှ လှိုင်းများဟာ ထွက်ပေါ်လျက်ရှိပါတယ် ။ ချန်တျန်းဟူ နဲ့ ချန်ဟွာဟိုင်းတို့ ရေကုန်ရေခန်းတိုက်ခိုက်မှုကြောင့် ကွင်းပြင်အစပ်ကလူတွေဟာ နောက်ကိုတဖြည်းဖြည်းဆုတ်ခွာကြပါတယ် ။ ချန်ဟွာဟိုင်းရဲ့ကိုယ်မှာ အလွန်ပူလောင်လှတယ့် ချီဓာတ်တွေ နဲ့ ကာရံထားပါတယ် ။ ချန်တျန်းဟူ တိုက်ခိုက်မှုတွေက ထိုကာရံထားမှုကြောင့်သိပ်မထလှပါဘူး ။ သူ့ကိုယ်ကတော့ ကြောက်မက်ဖွယ် အပြာရောင် အတွင်းအားတွေ ပြည့်နေတယ့် ချီဓာတ်တွေ ထွက်လျက်ပါ ။ 
နှစ်ယောက်စလုံးဟာ နီးကပ်စွာဖြင့် ရေကုန်ရေခန်း ယှဉ်ပြိုင်လျက်ပါ ။ ရုတ်တရက်ပဲ ကွင်းပြင်ကြီးတစ်ခုလုံး တုန်လှုပ်ကာ မြည်ဟည်းသွားပါတယ် ။ မြေကြီးလည်း အက်ကွဲလာကာ လေလှိုင်းများကြောင့် ဖုန်တွေ သဲတွေဟာလည်း အရပ်မျက်နာအဖက်ဖက်သို့ ပြန့်ထွက်လျက်ပါ ။ ချန်တျန်းဟူ ရဲ့ ကြောက်မက်ဖွယ် ကြုံးဝါးသံကို ကြားလိုက်ချိန်မှာ မြေကြီးတွေ လှုပ်တာ ရပ်သွားပြီး လေပြင်းတွေလည်း မတိုက်တော့ပါဘူး ။  ချန်တျန်းဟူ နောက်အနည်းငယ်ဆုတ်လိုက်ပါတယ် ။ ချန်ဟွာဟိုင်းကတော့ သွေးတွေထွက်လျက် နောက်သို့လန်နေလျက်လဲကျသွားပါတယ် ။ 
ချန်ဟွာဟိုင်း လဲနေရာမှ ပြန်ထဖို့ကြိုးစားနေတယ် ။ သူရှုံးလုလုဖြစ်နေမှန်း သိပါတယ် ၊ သို့သော် သူ့မျက်နာမှာ မာနကြီးတဲ့ အပြုံးတစ်ချို့ ရှိနေလျက်ပါ ။ ချန်တျန်းဟူ ဒီတစ်ချီမှာ အနိုင်ရခဲ့ပါပြီ ။ သို့သော်လည်းပဲ သူလည်း ဖြူလျော်လျက် ရှိပါတယ် ။ 
ချန်ဟွာဟိုင်းက ရယ်မောလျက် -
" မင်းခုနက နိုင်ပေမယ့် ခုတော့ ရှုံးတော့မှာပါ ၊ ခုမင်းအဆင့်ဟာ အဆင့် ၆ လောက်ပဲရှိတော့မယ် ၊ ခဏလေးနဲ့ကို ရှုံးမှာပါပဲ "
ရယ်မောပြောဆိုနေတုန်းမှာပဲသွေးတွေ အန်လျက်ရှိနေတယ် ။ အတွင်းဒဏ်ရာ တာ်တော်ရသွားပုံပါပဲ ။  
" မင်းကကော အဆင့် ၈ ပညာရှင်ပဲလား "
ချန်တျန်းဟူ သူ့ဗိုက်ကို လက်တစ်ဖက်ဖြင့် အုပ်လျက် မေးလိုက်ပါတယ် ။ ချန်ဟွာဟိုင်းဟာ အဆင့် ၈ ကို မရောက်သေးဖူးဆိုတာကို မထင်မိပါဘူး ။ 
" မင်းနဲ့မတူဘူးလား " 
ချန်ဟွာဟိုင်း လှောင်ပြောင်လျက် ပြောဆိုပါတယ် ။ တကယ်တော့ သူတို့ ၂ ယောက်လုံးဟာ အဆင့် ၈ ပညာရှင်တွေပါ ။ ဒါဟာ လူတိုင်းကို အံ့အားသင့်စေပါတယ် ။ ချန်တျန်းဟူကြောင့် ချန်ဟွာဟိုင်း ဒဏ်ရာရသွားတာ အားလုံးအတွေ့ပါပဲ ။ ချန်တျန်းဟူ မှာ နောက်တစ်ပွဲ ချဖို့ ကျန်နေပါသေးတယ် ။ ချန်ဟွာဟိုင်းရဲ့ ညီ နဲ့ပဲ ဖြစ်တယ် ။ ချန်ရှန် သူ့အဖေနားသွားကာ မေးလိုက်ပါတယ် ။
" အဖေ ဘယ်လိုနေသေးလဲ "
မေးနေတုန်းမှာပဲ သူ့အဖေဗိုက်ကို ကိုင်ကာ စစ်မှန်သော သစ်သားချီဓာတ်တွေ ပေးနေတာပါ ။ အားကောင်းလှတယ့် သစ်သားချီဓာတ်တွေ စီးဆင်းမှုကြောင့် ချန်တျန်းဟူ တုန်သွားပါတယ် ။ ချန်ရှန်ကို စိတ်လှုပ်ရှားစွာကြည့်ကာ စိတ်ကို ပြန်စုစည်းလိုက်ပါတယ် ။ 
" ချန်ဟွာဟိုင်းကြောင့် အတွင်းပိုင်း နည်းနည်းပဲ ထိခိုက်မှု ဖြစ်တာပါ ။ မင်းရဲ့ ချီဓာတ်တွေကို မဖြုန်းနဲ့တော့ "
ချန်တျန်းဟူ သူ့သားကြောင့် အံ့သြနေပါတယ် ။ သူ့သားရဲ့ ချီဓာတ်တွေဟာ အလွန်အားကောင်းလှပြီး သူထင်တာထက်ကို ပိုမိုအားကောင်းလွန်းနေတာကြောင့်ပါ ။ သူ့အဖေစကားကြောင့် ချန်ရှန် တော်တော်ကြီး စိုးရိမ်သွားပါတယ် ။ ခုပွဲသာ သူ့အဖေရှုံးရင် သူတို့ မျှော်လင့်ချက်တွေ မဲ့ပါတော့မယ် ။ 
" ဒုတိယပွဲ စမယ်ဟေ့ ၊ အချိန်တွေ အကျိုးမရှိပဲ ဖြုန်းမနေကြနဲ့ " 
ချန်ဟွာဟိုင်း ဖျော့တော့သောအသားအရည် နှင့် လေသံတိုးတိုးပြောပါတယ် ။ သူ့စိတ်ထဲမှာတော့ လှုပ်ရှားလျက်ပါ ။ သူ့ညီ ရှုံးသွားမှာလည်း ဆိုးနေပါတယ် ။
ချန်ရှန် လည်း ချန်ဟွာဟိုင်းကို အငွေ့ထွက်မတတ်စူးစူးရဲရဲကြည့်ကာဖြင့် -
" ကျွန်တော် တိုက်ခိုက်မယ် "
ချန်ရှန်မမျှော်လင့်ပဲ သူ့အဖေအတွက် တိုက်ခိုက်တော့မှာပါ ။ လူအားလုံးကို အံ့အားသင့်သွားစေပါတယ် ။ သူတို့ဟာ ချန်ရှန်မှာ မွေးရာပါ သိုင်းပါရမီ မပါတာ သိတယ့်အတွက် အားမရှိဘူး ထင်ကြတာပါ ။ ဘယ်လိုပဲဖြစ်ဖြစ် ချန်ရှန်ဟာ ချီဓာတ် ထုတ်လွှတ်နိုင်ပြီး တခြားသူများထက် ပိုမိုသိမ်မွေ့နက်နဲတဲ့ ပညာအဆင့်အတန်းရှိသူတစ်ယောက်ပါ ။ သို့သော်လည်း သူ့ရဲ့ ကုန်ဆုံးနေတယ့် ချီဓာတ်တွေကို ဒီချိန်အတွင်း ပြန်ဖြည့်ဖို့တော့ မဖြစ်နိုင်ပါဘူး ။
နောက်ပြီး သူ့ပြိုင်ဖက်ဟာ လည်း သာမန်လူမဟုတ် ၊ အဆင့် ၇ နေရာရှိတယ့် သိုင်းပညာရှင်တစ်ဦးပါ ။ အားလုံးဟာ ချန်ရှန် သူ့အဖေကို ခေါင်းဆောင်နေရာ ရဖို့ ရူးကြောင်ကြောင် ဆုံးဖြတ်ချက်ချတယ်ပဲ ထင်ကြပါတယ် ။
ချန်ဟွာဟိုင်း တော်တော်အံ့သြနေပါတယ် ။ သို့သော် ချန်ရှန် မျက်လုံးထဲ  ယုံကြည်မှုအပြည့်တွေ့ရသဖြင့် သူလည်း အံ့သြရာမှ ပြန်လည်တည်ငြိမ်လာပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ခုသူဟာ အတော်ဒဏ်ရာပြင်းထန် ရနေတာပါ ။ ဒီခြေနေနဲ့သာ ချရင် ရှုံးဖို့များမှာဖြစ်ပါတယ် ။ 
ဆယ်ကျော်သက်လူငယ်တစ်ယောက် ရှေ့သို့ ခွက်လာကာ ရယ်မောကာဖြင့်
" မင်းမှာ သိုင်းပညာ ပါရမီတောင်မရှိပဲ မင်းက ခေါင်းဆောင်ရွေးပွဲကို အငြင်းပွားဖွယ် ဖြစ်အောင်လုပ်နေတာလား ၊ ဆေးလေးမဖြစ်စလောက် လုပ်နိုင်တာနဲ့ပဲ မင်းကိုယ်မင်း စွမ်းလှပြီ ထင်နေလား ၊ ငါလိုသိုင်းပညာ အဆင့် ၅ ရောက်စရှိတယ့် လူတောင် မင်းကို တောက်ချလိုက်လို့ရတယ် "
ထိုလူငယ်ကတော့ ချန်ဇျန်းဟွာ ပဲ ဖြစ်ပါတယ် ။ ဆေးပင်ခန်းမ မှာ ရန်စရှိခဲ့သူပေါ့ ။ နောက်ပြီးသူဟာ ချန်ဟွာဟိုင်းရဲ့ သားလည်းဖြစ်ပါတယ် ။ ဒီအရွယ်နဲ့ အဆင့် ၅ ရောက်တယ်ဆိုတာလည်း ရှားပါးတဲ့ ပါရမီရှင်မျိုး ဖြစ်သဖြင့် သူ့ကိုယ်သူ အတော် ဘဝင်လေဟပ်နေပုံပါပဲ ။ 
" ချန်ဇျန်းဟွာရေ မင်းကိုငါ ထပ်နိုင်ရင် ဘာဆက်ဖြစ် မှာလဲကွ "
ချန်ရှန် ပျင်းတွဲတွဲ လေသံနဲ့ပဲ မေးလိုက်ပါတယ် ။  သူ့ပုံစံက အရမ်းကို တည်ငြိ်မ်နေပြီး လုံးဝ အေးအေးဆေးဆေးကို ဖြစ်နေပါတော့တယ် . . . ။















Chapter - 11
#နတ်အတွင်းအားကျင့်စဉ်ရဲ့စွမ်းအားကိုထုတ်ပြခြင်း

ချန်တျန်းဟူဟာ ချန်ရှန်ရဲ့ ချီဓာတ်တွေဟာ ပုံမှန်ထက် ထူးခြားသန်မာနေတယ်လို့ ခံစားမိနေပါတယ် ။ သူလည်းပဲ အသက်ကို ပုံမှန်ဖြစ်အောင်ကို ရှူလျက်ပါ ။ ထို့နောက် ဆုံဖြတ်ချက်တစ်ခုကို အခိုင်အမာချလိုက်ဟန်ဖြင့် -
" ငါ့သားဟာ ငါ့ကိုကိုယ်စားပြုတယ် ။ သူရှုံးတာနဲ့ ငါထွက်မယ် ။ ဒါတင်မကသေးဖူး နှစ်တစ်ထောင်ဆေးပင်ပါ ပြန်ပေးပါမယ် "
ချန်တျန်းဟူ အကြံက သူ့သားနိုင်မယ်လို့ထင်နေတာပါ ။ ထင်လောက်အောင်လည်း ချန်ရှန်အမူအရာက တည်ငြိမ်မှုအပြည့်ပါ ။ ချန်ရှန် သူ့အဖေဖက် လှည့်လိုက်ပါတယ် ။ သူ့အဖေမျက်နာမှာ နွေးထွေးမှုတွေကို သူတွေ့ရတယ် ။ 
" ကောင်းပြီ ။ ကျွန်တော့ကို လာခွင့်ပြုပါ ။ ဒီလက်နှစ်ဖက်နဲ့ ပဲ စာရင်းရှင်းပါရစေ "
ချန်ဇျန်းဟွာ ကွင်းပြင်ထဲ ထွက်လာပါတယ် ။ သူ့မျက်နာနဲ့ မျက်လုံးများမှာတော့ အထင်သေးမှုအပြည့်နဲ့ပေါ့ ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အဆင့် ၅ ရောက်နေတယ့် သူဟာ ချန်ရှန် ဆေးပညာမှာ လုပ်ပြခဲ့တာကို ဂရုမစိုက်တယ့်ပုံပါပဲ ။ ချန်မိသားစုရဲ့ အကြီးတွေလည်း သူတို့လက်တွေမြောက်လျက်ပေါ့ ။ သူတို့ဟာ ဆေးပညာရှင်တစ်ယောက်မှ သူမတူတဲ့ စွမ်းရည်ရှိတတ်တယ် ဆိုတာ သိကြပါတယ် ။
ဒဏ်ရာရနေတယ့် ချန်ဟွာဟိုင်းက ခနဲ့တဲ့တဲ့ဝင်ပြောပါတယ် ။
" လူငယ်တွေဆိုတော့ သွေးကြွနေကြတာပေါ့ ၊ တကယ်လို့သာ တစ်ယောက်ယောက်သေသွားရင် ဘယ်လိုလုပ်မလဲ ၊ ချန်မျိုးနွယ်ရဲ့ ပါရမီရှိတယ့် ဆေးဆရာလေးကို သတ်လိုက်မိရင် ငါကတော့ အားပေးတဲ့လူတွေကိုပါ ဆူရမှာပဲ "
ချန်တျန်းဟူကတော့ မည်သည့်စကားမျှ ဝင်ပြောခြင်းမရှိပေ ။ သူအပြင်းအထန်ကို ချင့်ချိန်စဉ်းစားနေပုံ ပါပဲ ။ 
" တကယ်လို့ မင်းရဲ့ဆေးဆရာ သားကို တိုက်ခွင့်ပြုပြီး ဒဏ်ရာရမယ်ဆိုရင်တော့ လူတိုင်းဟာ အတွေ့ကြုံမရှိတဲ့ လူရဲ့ အကွက်တွေကို မြင်ကြရမှာပေါ့ "
" သေချာတာပေါ့ ၊ ကျွန်တော် အသတ်ခံရတာ ဖြစ်ဖြစ် ဒဏ်ရာရတာဖြစ်ဖြစ် ဒါကျွန်တော့ ဆုံးဖြတ်ချက်ပါပဲ ကျွန်တော် တာဝန်ယူပါတယ် "
ချန်ရှန်ပြန်ပြောလိုက်ပါတယ် ။ သူဟာ ဆေးပညာရှင်တစ်ယောက် ဖြစ်နေတာတောင် သူ့အဖေ ခေါင်းဆောင်နေရာ မရခဲ့လျှင် ချန်ဟွာဟိုင်းရဲ့ အသေဖိနှိပ်မှုကို ခံရတော့မှာ ဖြစ်ပါတယ် ။ ချန်ဟွာဟိုင်း မျက်လုံးထဲမှာ ခြိမ်းခြောက်မှုတွေကိုတောင် ကြိုတွေ့နေရသလိုပါပဲ ။
" အားလုံးသူဘာပြောလဲဆိုတာ ကြားကြတယ်နော် ၊ ခုငါ့သားနဲ့ ပြိုင်ရမယ် ၊ တကယ်လို့ ငါ့သားရှုံးရင်တောင်မှ ငါ့ညီနဲ့ဆက်ပြိုင်ကမှာ ဖြစ်တယ် "
ချန်ဟွာဟိုင်းမျက်နာ အပျော်တွေနဲ့ ပြည့်နေပါတယ် ။ ချန်ရှန်အာ့လောက်မစွမ်းဘူးဆိုတာသူသိတယ်လေ ။ သူ့သားရှုံးပါစေဦးတော့ နောက်တစ်ပွဲမှာ သူ့ညီလို အဆင့် ၇ ပညာရှင်ကို နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး၊ သူခေါင်းဆောင်နေရာ ရနိုင်ယုံမျှမက သူ့ဆေးပင်ပါ ပြန်ရတော့မယ့် အခွင့်အရေးပါပဲ ။ 
သူ့အဖေရဲ့ခွင့်ပြုချက်ရတာကြောင့် ချန်ဇျန်းဟွာ ကွင်းပြင်ထဲ ဝင်လာပါတယ် ။ ထို့နောက် မာနထောင်လွှားစွာဖြင့် ပြောပါတယ် ။ 
" ငါ့နမော်နမဲ့နိုင်မှုကြောင့် မင်းဒဏ်ရာရသွားရင် စိတ်မဆိုးနဲ့နော် ၊ နောက်ပြီး မင်းဝါးနိုင်တာထက် ပိုကိုက်ရမယ်လို့ ဘယ်သူများမင်းကိုပြောပြလိုက်လဲကွာ "
ချန်ရှန်က ခံစားချက်မယ့်တဲ့ မျက်နာမျိုးနဲ့ ချန်ဟွာဟိုင်းဘက်လှည့်၍
" တကယ်လို့ကျွန်တော် နိုင်ရင် အဖေ့အစား တိုက်ခိုက်ခွင့်ပြုမှာလား "
" ဟားဟားး . . . ၊ မင်းနိုင်အောင်ပဲ အရင်လုပ်ပါဦးကွာ " 
ချန်ဟွာဟိုင်း ရယ်မောလျက် ပြောဆိုပါတယ် ။ ချန်ဟွာဟိုင်းကိုထောက်ခံတယ့်လူများကလည်း ရယ်လျက်ပါ ။ ချန်ဇျန်းဟွာ က ကွန်ဖူးလက်သီးကွက်ထုတ်ဟန်ပြုလုပ်၍ ပြောဆိုပါတယ်။ 
"ငါညှာမှာ မဟုတ်ဘူးနော် "
" စ "
ချန်ဟွာဟိုင်း အမိန့်ပေးသံနဲ့ အော်လိုက်ပါတယ် ။ ချန်ဟွာဟိုင်း စကားဆုံးတာနဲ့ ချန်ဇျန်းဟွာ ချန်ရှန်ပြေးခုန်အပ်တယ် ။ သူ့လှုပ်ရှားမှုဟာ လှပသေသပ်ပါတယ် လက်တွေကတော့ မိုးပေါ်မြောက်လျက်ပေါ့ ။ အဲအချိန်မှာပဲ ပြင်းထန်တယ့် လေပြင်းတစ်ခု ဟာ ရှေ့ကိုတိုက်ခိုက်ပြီး ရွှေရောင်အခိုးအငွေ့တွေသူ့လက်မှာ  လှည့်ပတ်လျက် ကြီးမားတယ့် ရွှေရောင် ပုဆိန်ကြီး အဖြစ်ပြောင်းလဲသွားပါတယ် ။
ချန်မျိုးနွယ်ရဲ့မြင့်မားတဲ့သိုင်းပညာတစ်ခုပါ ။ ၎င်းဟာ လူတစ်ယောက်ရဲ့ ချီဓာတ်ကို လက်နက် အဖြစ် ပြောင်းလဲပေးနိုင်ပြီါ် အရမ်းကို စွမ်းအား ကြီးမားပါပေတယ် ။ ဒီလို သိုင်းကျင့်စဉ်ဟာလည်း သင်ဖို့ အရမ်းကိုခက်ခဲပြီး စွမ်းအားကလည်း ကြီးမားလှပါပေတယ် ။
ချန်ရှန်ဟာ အဲဒိနေရာမှာ မတုန်မလှုပ်ရပ်နေဆဲပါ ။ သူ့ဆီဝင်လာတယ့် ပုဆိန်ကို စိုက်ကြည့်နေပါတယ် ။လူတိုင်းက သူဟာ ချီဓာတ်ရဲ့ စွမ်းအားတွေကို ကြောက်ရွံ့နေမယ် ထင်နေတာဖြစ်ပြီး ပုဆိန်နဲ့ ခေါင်းကို အခွဲခံရတော့မယ်လို့တွေးနေကြတာပါ ။ ချန်ရှန်ဆီမှ ချီဓာတ်တွေ အမြောက်များထွက်လာပြီး သူ့ပါးစပ်ကိုဟကာ မိုးချုန်းသံလို ကြောက်မက် ဖွယ် ဟိန်းသံကြီး ထွက်ပေါ်လာပါတယ် ။ 
နဂါးတစ်ကောင်လိုပါပဲ ၊ ၎င်းအသံဟာ လူတိုင်းရဲ့နားကို တဆစ်ဆစ်ဖြစ်သွားစေပါတယ် ။ နောက်ထပ်ပိုပြီး အံ့အားသင့်စရာကတော့ ချန်ရှန်ပါးစပ်မှ များစွာသော မိုးပြာရောင် ချီ အငွေ့တွေဟာ ချန်ဇျန်းဟွာ ပေါ်သို့လွှမ်းမိုးသွားစေတာပဲ ဖြစ်ပါတယ် ။
မိုးပြာရောင်ချီ ဓာတ်တွေဟာ မိုးပြာရောင် နဂါးအဖြစ်သို့ ပြောင်းလဲသွားပါတယ် ။ ရှေးကျတဲ့ ပုံစံရှိတယ့် နဂါးကြီးဟာ လူတိုင်းကို ရှော့ဖြစ်သွားစေပါတယ် ။ အရမ်းကို စွမ်းအားကြီးမားလှတယ့် ချီဓာတ်တွေဖြစ်ပြီး သာမန်လူအဖို့ဘယ်လိုမှလေ့ကျင့်လို့မရနိုင် တာပါ ။
ချန်ရှန်ဟာ နဂါးရဲ့ဟိန်းသံကို ပြုလုပ်လိုက်တယ့် အချိန်မှာ ကွင်းပြင်တဝိုက်က လူတွေ အားလုံး အထိတ်တလန့်ဖြစ်သွားပါတယ် ။သူတို့အားလုံး ချန်ရှန်ကို အံ့အားသင့်တယ့် မျက်နာတွေနဲ့ကြည့်နေကြတာပါ ။ ချန်ရှန်ဒီလိုလုပ်တာ အားလုံးအတွေ့ပါပဲ သူတို့ကိုယ် သူတို့မယုံကြည်နိုင်ဖြစ်နေကြပါတယ် ။
ချန်တျန်းဟူတစ်ယောက် သူ့သားက ဘယ်လိုတောင် ထူးခြားအံ့အားသင့်ဖွယ် ကောင်းလည်းဆိုတာကို တွေ့နေရပါတယ် ။ ဒါဟာ သူ့အတွက် အရမ်းကို ဂုဏ်ယူစရာ ကောင်းလွန်းပါတယ် ။ ချန်ဟွာဟိုင်းနဲ့ သူ့အပေါင်းအပါ အပေါင်းတို့ဟာ ပုံပျက်ပန်းပျက် ဖြစ်နေကြပါတယ် ။ စစ်မှန်သော ချီ ဓာတ်ဆိုတာ ဘယ်လိုတောင်ကြောက် ဖို့ ကောင်းတယ်ဆိုတာ ကို သဘောပေါက်သွားကြပါတယ် ။
ချန်ဟွာရဲ့ မိုးပြာနဂါး ဟောက်သံဟာ ချန်ဇျန်းဟွာရဲ့ ပုဆိန်ကို ထိုးခွဲလိုက်ပါတယ် ။ သူ့ပါးစပ်ကထွက်တဲ့ ချီဓာတ်တွေဟာ အရမ်းကို ကြောက်စရာကောင်းပြီး အကုန်လုံးကို ဖျက်ဆီးပစ်နိုင်တယ့် စွမ်းအားတွေ ရှိပါတယ် ။ ချန်ဇျန်းဟွာရဲ့ ခန္ဓာကိုယ်ဟာ သွေးထွက်ရာ အပြည့်ဖြစ်သွားပါတော့တယ် ။
ဒီ မိုးပြာနဂါးဟောက်သံ ဟာ မိုးပြာနဂါးနတ်အတွင်းအားကျင့်စဉ်မှာ ပါဝင်တာ ဖြစ်ပါတယ် ။ ချန်ရှန်လုပ်လိုက်တယ့် နဂါးဟောက်သံဟာ တကယ်နဂါးဟိန်းဟောက်သံနဲ့အတူတူပါပဲ ။  ဒီအသံဟာ နားထောင်သူရဲ့ နှလုံးသားနဲ့ ဝိဉာဉ်ကိုပါ မွှေနှောက် ဖျက်ဆီးပစ်လိုက်သလိုပါပဲ ။ တချိန်ထဲမှာပဲ သူ့ပါးစပ်ကနေ လျှပ်စီးတွေနဲ့ သဲမုန်တိုင်းတွေဟာ အရှေ့ကို ပေါက်ထွက်နေပါတယ် ၊ ဒီလေရဲ့စွမ်းအားဟာ ရန်သူကို ဓားတစ်ချောင်းနဲ့ တိုက်ခိုက်နေသလိုပါပဲ ။ တကယ်ကို အထိနာစေပါတယ် ။
ဘယ်သူမှအနားမကပ်ရဲကြပါဘူး ၊ ချန်ရှန်ကို ကြောက်ရွံ့မှုကြောင့် ပါ ။ ချန်ရှန် ဟိန်းဟောက်ပြီးတဲ့နောက်မှာတော့ သူ့ကိုယ်ဟာ နဂါးတစ်ကောင်လို ပျံသန်းသွားပါတယ် ။ ချန်ဇျန်းဟွာဆီကို မူးမိုက်ပြီး အထိတ်တလန့်ဖြစ်သွားစေအောင်ကို ရိုက်ချလိုက်ပါတယ် ။
ချန်ရှန်လက်ချောင်းတွေမှာ မိုးပြာရောင်အငွေ့တွေ တောက်လျက် လက်မောင်းတွေမှလည်း အငွေ့တွေထွက်ကာ နဂါးတစ်ကောင်ရဲ့ လက်သည်းတွေလို ပုံစံ ဖြစ်သွားပါတယ် ။ ကြီးမား အစွမ်းထက်ကာ ပြင်းထန်တဲ့ ချီဓာတ်တွေ  ထုတ်လွှတ်နေပါတော့တယ် ။ သိန်းငှက်ကြီးတစ်ကောင်ဟာ ယုန်လေးကို လျှပ်စီးလို လျင်မြန်စွာ ထိုးသုတ် လိုက်သလို ချန်ဇျန်းဟွာရဲ့ခေါင်းကို ဖမ်းချုပ်လိုက်ပါတော့တယ် ။ လက်သည်းတွေ အရှည်ကြီးပေါ်လာကာ ၎င်းတို့ဟာ ဓားသွားများလို ချွန်ထက်နေကြပြီး ရှင်းလင်းစွာ မြင်နိုင်ပါတယ် ။ 
မိုးပြာရောင်နဂါးလက်သည်းတွေဟာ ချန်ဇျန်းဟွာရဲ့ခေါင်းကို ဖုံးအုပ်သွားပါတယ် ။ ချွန်ထက်လှတယ့် ချီဓာတ်တွေဟာ အရှေ့ကိုပေါက်ထွက်သွားပါတယ် ။ လူတိုင်းဟာခေါင်းခါကာ ဖြင့် မြင်ကွင်းကိုကြည့်နေကြတယ် ။ သူတို့တွေ့လိုက်တာ ကတော့ချန်ဇျန်းဟွာရဲ့ ခေါင်းဟာ နဂါးလက်သည်းတွေနဲ့ ဖုံးအုပ်နေပြီး သနားစရာ အော်ဟစ်သံကို ကြားလိုက်ကြရပါတယ် ။ သွေးတွေထွက်လာတာကိုပါမြင်လိုက်ကြရတယ် 
ဒါကတော့ မိုးပြာနဂါး လက်သည်းပဲဖြစ်ပါတယ် ။ ၎င်းဟာလည်း မိုးပြာနဂါး နတ်အတွင်းအား ကျင့်စဉ်ထဲကပါပဲ ။ လူတိုင်းဟာ ချန်ဇျန်းဟွာရဲ့ သွေးထွက်နေတယ့် ခန္ဓာကိုယ်နဲ့ ကြောက် ရွံ့နေတယ့် မျက်နာကို အထင်းသားမြင်ကြတယ် ။ ဘာတွေဖြစ်ပျက်သွားလည်းဆိုတာ သူတို့ကိုယ်သူကတို့ မယုံနိုင်ကြဘူးဖြစ်နေကြပါတယ် ။ ချန်ရှန်ဟာ ချန်ဇျန်းဟွာ ကို မြန်မြန်ဆန်ဆန် နဲ့ လှလှပပ အနိုင်ယူလိုက်တာပဲဖြစ်ပါတော့တယ် ။
“ဝုန်း”
ချန်ဇျန်းဟွာ တစ်ယောက် လဲကျသွားပါတယ် ။ လူတိုင်းအံ့အားသင့်လျက်ဖြစ်ကာ သူတို့ရဲ့ ကျောရိုးတွေ အေးခနဲကို ဖြစ်သွားပါတယ် ။ ဘာဖြစ်သွား လည်းဆိုတာပြန်လည်သတိဝင်သွားကြတာလည်း ဖြစ်ပါတယ် ။
ချန်ဟွာဟိုင်းသူ့သား ဒဏ်ရာတွေရနေတာကိုကြည့်ပြီး မကူညီနိုင်ပါဘူး ၊ ချန်ဇျန်းဟွာ အသက်ရှူနေသေးတာကို တွေ့ရပြီး သူ့ရဲ့ချီ ဓာတ်တွေ စုစည်းနေတာကို တွေ့လိုက်ပါတယ် ။ ချန်ဇျန်းဟွာ ဟာ ဒဏ်ရာအပြည့်ဖြစ်နေသော်လည်း အသည်းသန်ဒဏ်ရာ ရပုံတော့ မပေါ်ပါဘူး ၊ ချန်ရှန်နောက်ဆုတ်သွားပါတယ် ။
ချန်းတျန်းဟူဟာ ချန်ဟွာဟိုင်းကို ပြုံးပြလိုက်တဲ့အခါမှာတော့ ချန်ဟွာဟိုင်းဟာ ချန်တျန်းဟူကို ကျေးဇူးတင်တယ့် အကြည့်နဲ့ကြည့်လိုက်ပါတယ် ။ 
“ဒါဟာ ကျွန်တော့ နည်းနည်းလေးပဲ တိုက်လိုက်တာပါ ။ ဒဏ်ရာအများကြီးရသွားတယ့် အတွက် ဝမ်းနည်းပါတယ် ။”
ချန်ရှန်က လေသံအေးဖြင့်ပြောလိုက်ပါတယ် ။ သူ့မျက်လုံးများနှင့် ပုံစံဟာ အလွန်အေးဆေးနေပါတယ် ။ တည်ငြိမ်စွာဖြင့် ထပ်ပြောလိုက်ပါတယ် ။
“ အခု ကျွန်တော့အဖေအစား ကျွန်တော် တိုက်ခိုက်ပါမယ်”



















Chapter – 12
#သိုင်းပညာခြားနားမှုပြိုင်ပွဲ

ချန်ရှန်ဟာ ငယ်ရွယ်တဲ့ ဆေးပညာရှင်လေးတစ်ယောက်ဖြစ်ရုံမျှမက သူဟာသိုင်းပညာ အဆင့် ၅ ကိုရောက်ရှိနေပြီဖြစ်ပါတယ် ။ သူဟာ ဒီလိုအောင်မြင်ခဲ့သော်ငြားလည်း စိတ်ကြီး ဝင်ခြင်း မာနထောင်လွှားခြင်း မဖြစ်ပါဘူး ။ သူဒီလိုသိမ်သိမ်မွေ့မွေ့ပြုမူတာဟာ ချန်မိသားစု အကြီးတွေနဲ့ အကြီးအကဲတွေကို သဘောကျစေပါတယ် ။ ချန်ရှန်ဟာ ချန်ဟွာဟိုင်း ဘေး မှာရပ်နေတယ့် သက်လတ်ပိုင်းအရွယ် လူကြီးကို ကြည့်လိုက်တယ် ။ သူကတော့ ချန်ဟွာဟိုင်းရဲ့ညီ ချန်ရိဟန် ပဲဖြစ်ပါတယ် ။ အဆင့် ၇ ရှိတယ့် ပညာရှင်တစ်ယောက်ပါ ။ သူဟာမုတ်ဆိတ်မွှေးများနှင့် လူရည်သန့်တစ်ဦးလည်းဖြစ်ပါတယ် ။ သူဟာ ချန်ရှန်ဆီသို့ ပွဲစကတည်းက စကားတလုံးမှမပြောပဲ လျှောက်လာပါတယ် ။
ချန်ရှန်ဟာ အဆိုပါသူနဲ့ တိုက်ခိုက်ရမှာပါ ။သူ့မှာကတော့ သိုင်းပညာ အဆင့် ၅ ပဲရှိနေတယ် ။ ချန်မိသားစုဝင်တွေဟာ လုံးဝကို ထထွက်သွားတယ့်လူမဟုတ်ပါဘူး ၊ ဒီရလဒ် ဘယ်လိုဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားနေကြပါတယ် ။ ချန်ရိဟန်ဟာ သူ့တူ ရံှုးသွား တာကို မြင်ခဲ့တယ်  ။ သို့သော်လည်း ဒေါသထွက်တယ့် အမူအရာမပြခဲ့ဘူး ၊ လျို့ဝှက်တဲ့ အပြုံးမျိုးပြုံးကာဖြင့် - 
“မင်းဟာမင်း ပါရမီ ဘယ်လောက်ရှိရှိ အရေးမကြီးပါဘူး ၊ မင်းကအခု အဆင့် ၇ သိုင်းပညာရဲ့ အောက်မှာ ရှုံးနိမ့်တော့မှာပါ”
ချန်ရိဟန် တစ်ခုတော့ ဝန်ခံရပါမယ် ။ တကယ်လို့ချန်ရှန်ကိုသာ နှစ်အနည်းငယ်လောက် သိုင်းလေ့လာခွင့်ပေးခဲ့ရင် သူသေချာပေါက်ကို ရှုံးနိုင်တယ်ဆိုတာကိုပါ ။ ဒါပေမယ့်လည်း အဲဒါ အနာဂတ်ကိစ္စပါ ။ ခုလက်ရှိတော့ သူနိုင်မှာ ၁၀၀ ရာခိုင်နှှုန်းကို သေချာပါတယ် ။ ချန်ရိဟန်ဟာ ချန်မျိုးနွယ်မှာ ရေခဲ ချီဓာတ်ကို လေ့ကျင့်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ် ။ဒီလိုအမျိုး အစား လေ့ကျင့်နိုင်သူဟာ တကယ့်ကို အထူးကျွမ်းကျင်သူပါပဲ ။
ချန်မျိုးနွယ်ရဲ့ လက်သစ်မျိုးဆက်ထဲမှ မည်သူမျှ ကိုယ့်ထက်အကြီး သိုင်းပညာအဆင့် ၇ ရှိသူကို စိန်မခေါ်ရဲပါဘူး ။ ဒီပွဲမတိုင်ခင်ကသာ အဲလိုလုပ်မယ်ဆိုတာ သိရင် အရူးလို့သာ သတ်မှတ်လိုက်ကြမှာ ဖြစ်ပါတယ် ။ ဘယ်သူမှမယုံကြည်နိုင်ကြပါဘူး ၊ သို့သော်လည်း သူတို့ဟာ ချန်ရှန်ရဲ့ အားကျဖွယ် ဖြုံရလောက်တယ့် အကွက်တွေကို မြင်ခဲ့ပြီမို့ သူတို့လည်း သေချာတော့ မပြောနိုင်ကြတော့ပါဘူး ။
ဒါပေမယ့်လည်း အများစုကတော့ ချန်ရှန်ရှုံးမယ်ထင်နေကြတယ် ။ အသက်ရွယ်ကွာခြားမှု ရှိရုံသာမက အားချင်းလည်းကွာပေတာကိုး ၊ ချန်ရိဟန် ဆိုတာကလည်း နှစ်ပေါင်းများစွာ အဆင့်မြင့်သိုင်းပညာတွေကို လေ့လာထားတယ့် လူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ချီဓာတ်စွမ်း အားဟာ ပိုမို အားကောင်းပါတယ် ။ 
သိုင်းပညာကွာခြားမှုပြိုင်ပွဲကြီး ( စွမ်းအားခြားနားမှုကြီးမားလှတယ့်ပြိုင်ပွဲကြီး) ကတော့ စတင်ပါတော့မယ် ။ လူတိုင်းဟာ မျက်တောင်မခတ်တမ်း ကြည့်နေကြပါတယ် ။ ဒီရလဒ်ဟာ မျိုးနွယ်စုခေါင်းဆောင်နေရာအတွက် အဆုံးအဖြတ်ပါပဲ ။ 
ချန်ရှန်ဟာ မိုးပြာနဂါးကျင့်စဉ်ကို ၂ လမျှလေ့ကျင့်ခဲ့တာဖြစ်ပြီး သူ့မှာ ယင် နဲ့ယန် နတ်အတွင်းအားတော့ ရှိနေပါတယ် ။ သူဟာ အချိန်အကြာကြီး ကောင်းကင်နဲ့မြေကြီးကြားမှာ ရှိနေတယ့် စစ်မှန်တဲ့ ချီဓာတ်တွေကို သူ့ကိုယ်ထဲ စုပ်ယူခဲ့ ပါတယ် ။ ဒါတင်မကသေး သူဟာ စစ်မှန်သောချီဓာတ် ရေဝဲ ၅ ခုကို မတူညီတယ့် အမျိုးအစားများအဖြစ် ပြုလုပ်နိုင်ပြီး  ၎င်းဟာ သူ့ရဲ့ချီဓာတ်တွေကို ပိုမိုအားကောင်းလာစေ ခဲ့ပါတယ် ။ 
သိုင်းပညာ အဆင့် ၅ နဲ့ ၇ ကြားမှာတော့ အဆင့်  ၆ ရှိပါတယ် ။ နတ်အတွင်းအားအသိဟာလေ့ကျင့်သူရဲ့ စိတ်ဝိဉာဉ်ကို တည်ငြိမ်စေပြီး ချီဓာတ်ကိုထိန်း ချုပ်ပေးနိုင်တယ့် စိတ်စွမ်းအားတစ်ခုပဲဖြစ်ပါတယ် ။ ဒါဟာ စစ်မှန်သော ချီဓာတ်တွေကို ထိန်းချုပ်ရာမှာ အဓိက အထောက်အကူပြုပြီး လေ့ကျင့်သူရဲ့ ချီဓာတ်စွမ်းအင်ကို ခိုင်မာစေ ပါတယ် ။ ဒီလိုလေ့ကျင့်ပြီးသူဟာ ချီဓာတ်ရဲ့ မိုးပြာရောင် အတွင်းအားတွေကို ရရှိမှာဖြစ် ပါတယ် ။
ချန်ရိဟန်ဟာ အဆင့် ၇ စစ်မှန်တယ့် ပညာရှင်တစ်ယောက်ဖြစ်ပြီး သူဟာ ကြီးမားတဲ့ ချီဓာတ် အခိုးအငွေ့တွေကို ထုတ်လွှတ်နိုင်ပါတယ် ။ ဒါကြောင့် သူ ချန်ရှန်ကို ရံှုးအောင် ပြုလုပ်နိုင်မယ်လို့ တထစ်ချ ယုံကြည်ပါတယ် ။ ချန်ရှန်ရဲ့ ကြောက်မက်ဖွယ် သိုင်းအစွမ်းက လူတိုင်းကို ဟန့်တားစေနိုင်ပါတယ် ၊ သို့သော် ချန်ရှန်ရဲ့ စစ်မှန်သော ချီဓာတ်ဟာ ချီအငွေ့ စွမ်းအင်နဲ့ မနှိုင်းယှဉ်နိုင်ပါဘူး ။ ဘာပဲဖြစ်ဖြစ်ပါ တခြား level တူတွေထက် အများကြီး စွမ်းအားကြီးပါတယ် ။
ချန်ရိဟန်ဟာ ချန်ရှန်ဆီသို့  တဖြည်းဖြည်း တိုးလာပါတယ် ။ တစ်လှမ်းချင်းတိုးလာတာနဲ့ အမျှ သူ့အပူချိန်ကို ချက်ချင်းချပစ်နေပါတယ် ။ အေးစက်လှတယ့် လေတွေဟာ ပတ်ပတ်လည်ကို တိုက်ခတ်နေပါတယ် ။ လူများစုဟာ ချန်ရိဟန် ရဲ့ ရေခဲချီဓာတ်ဟာ အရမ်းကို ပြင်းထန်နေတာကို တွေ့နေကြရပါတယ် ။ ချန်ရှန်ဟာ ချန်ရိဟန်နဲ့ သိပ်မဝေးတော့ ပါဘူး ၊ အေးမြလှတယ့် ရေငွေ့တွေကိုလည်း ခံစားမိနေတယ် ။ ဒီအချိန်မှာပဲ ချန်ရိဟန်ဟာ အဆင့် ၇ သိုင်းပညာရှင်တွေသာ အောင်မြင်နိုင်တဲ့ ချီငွေ့တွေကို ခဲစေလိုက်ပါတယ် ။
ချန်ရှန်ဟာ အနီရင့်ရောင်ငှက်ချီဓာတ်ကနေ သူ့ကိုယ်မှတဆင့် မီးတွေကို ထုတ်လွှတ်လိုက် ပါတယ် ။ ရေခဲချီဓာတ်တွေကို သက်ရောက်စေတယ့်အတွက် ချန်ရှန် စိတ်ဓာတ်တက်ကြွ လာပါတယ် ။အနီရင့်ငှက်ချီဓာတ်ဟာ သူ့စွမ်းအင်သိုလှောင်ရာကနေတဆင့် သူရဲ့များစွာ သောအရိုးတွေ ၊ ခြေလက်အင်္ဂါတွေစီကနေ ထွက်လာကြပါတယ် ။ အနီရင့်ငှက်ရဲ့ နွေးထွေးတဲ့ ချီဓာတ်တွေကို ခံစားမိပြီးနောက်မှာတော့ သူ့ကိုယ်ဟာ အေးစက်စက် တောင့် နေတယ့်အခြေအနေကနေ ပြန်လည် နွေးထွေးသွားပါတော့တယ် ။
“ဟီး ဟီး ဟီး”
ချန်ရိဟန်ရဲ့ ရက်စက်ပုံပေါက်တယ့် ရီသံဟာ ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားပါတယ် ။ ရုတ် တရက်ပဲ  သူ့ကိုယ်မှ အဖြူရောင် ရေခဲချီတွေဟာ စ တင် လည်ပတ်စီးဆင်းပါတယ် ။ ကြောက်စရာကောင်းလှတယ့် ရေခဲ ချီအငွေ့တွေဟာ ချန်ရှန်ခေါင်းဆီသို့ ပြေးထွက်သွား တာကို ရှင်းလင်းစွာ မြင်လိုက်ကြရပါတယ် ။
ချန်ရှန်ဟာ သူ့ပြိုင်ဖက်ရဲ့ လှုပ်ရှားမှုကို မြင်လိုက်ရတယ့်အတွက် ရှေ့ကို လိမ်ကောက်ကာမြွေတစ်ကောင်လိုမျိုး ရှောင်လိုက်တယ် ။  ချန်ရိဟန်ရဲ့တိုက်ကွက်ကို ရှောင်ဖို့ကြိုးစားစဉ် မှာပဲ မမျှော်လင့်ပဲ တိုက်ခိုက်လိုက်ပါတယ် ။ချန်ရန်ရဲ့လှုပ်ရှားမှုဟာ ခန့်မှန်းရခက်ပြီး လျို့ဝှက် လှပါတယ်  ။ အဲဒိအချိန်မှာပဲ သူ့လက် ၂ ဖက်က နဂါးလက်သည်းပုံစံပြောင်းလိုက်ပါတယ် ။ ညှို့ယူဖမ်းစားပုံရှိတယ့် မိုးပြာရောင်နဂါး ချီဓတာ်တွေဟာ သူ့လက် ၂ ဖက်မှာ စီးဆင်းနေကြတယ် ။ ဒီပုံဟာခုနက ချန်ဇျန်းဟွာကို အနိုင်ယူခဲ့တုန်းကလုပ်ခဲ့တယ့် ပုံစံပါပဲ ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူဟာ လူတိုင်းရဲ့ အသက်ရှူသံတွေကို ရပ်သွားစေမယ့် လက်သည်းထုတ်ခြင်းမျိုးပါ ။ 
“ဟက်”
ချန်ရိဟန်ရဲ့ အေးစက်စက်လှောင်သံထွက်လာပါတယ် ။ ပြီးနောက် အေးစက်လှတယ့် ရေခဲ ချီဓာတ်တွေဟာ သူ့ကိုယ်က ထွက်သွားပြီး ချန်ရှန်ရဲ့ နဂါးလက်သည်းဆီ ဦးတည်နေပါတယ်။ ၂ ခု ဆုံထိတဲ့အခါမှာတော့ ချန်ရိဟန်ရဲ့ ရေခဲဓာတ်လဲ ပြိုကွဲကာ ချန်ရှန် ရဲ့ လက်သည်း ၂ ဖက်လည်း ပြန့်ကျဲသွားပါတော့တယ် ။ ချန်ရှန်ရဲ့လက်မောင်းတွေဟာ ထူထည်းတဲ့ ရေခဲချီဓာတ်တွေနဲ့ စိမ့်ဝင်ကာ တောင့်နေပါတယ် ။
ချန်ရိဟန် အေးစက်စွာ ပြုးလိုက်ပြီးတော့ သူ့ခြေထောက်တွေကို ခဲစေပြီး အနည်းငယ် ခုန်လိုက်ပါတယ် ။ ထို့နောက် ချန်ရှန် ရဲ့မျက်နာကို အားကုန်ကန်လိုက်ပြီး ချန်ရှန်ကို ၁၀ ပေ အကွာသို့ လွင့်ထွက်သွားပါတော့တယ် ။ 
ချန်ရှန်ဟာ မြေကြီးပေါ် လဲနေပါတယ် ။ သူ့မျက်နာလဲချွန်ထက်လှတဲ့ ရေခဲကန်ချက်ကြောင့် ကွဲနေလျက်ပါ ။ သူ့လက်မောင်းတွေမှာရှိတယ့် ရေခဲတွေပါ ကွဲကုန်ပါတော့တယ် ။ သို့သော်လည်း လက်တွေတောင့်နေသလို ဖြစ်နေတုန်းပါ ။ နတ်အတွင်းအားကျင့်စဉ်မှ ထိုက်ကျိရုပ်ပုံလွှာဟာ သူ့ကိုယ်မှာစီးဆင်းနေတယ့် အအေးဓာတ်တွေကို စုတ်ယူဖို့စတင် လည်ပတ်ပါတော့တယ် ။ အနီရင့်ငှက် ချီဓာတ်ဟာ လည်းအအေးဓာတ်များအား လက်တွေဆီမှ ပထုတ်နေလျက်ပါ ။ 
ချန်ရှန်ဟာ သူ့မှာ နတ်အတွင်းအားတွေ ရှိနေတာတောင် သူတို့၂ ယောက်ရဲ့ ကွာခြားမှုဟာ အရမ်းကိုခြားနားလှတယ်ဆိုတာကို နားလည်လိုက်ပါတယ် ။ ဒါပေမယ့် သူနိုင်ဖို့လိုနေသေးတယ် ။ 
“ဟား ဟား ဟား ၊ ချန်မျိုးနွယ်မှာ ရှိသမျှ ပါရမီရှင်တွေထဲမှာတော့ မင်းဟာ အတော်ဆုံးဆိုတာ ငါလက်ခံပါတယ် ၊ ဒါပေမယ့် မင်းနဲ့ မင်းအဖေဟာ သိပ်ပြီး စိတ်ကြီးဝင် လွန်းတယ်”
ချန်ရိဟန် တစ္ဆေတစ်ကောင်လို ပြုံးလိုက်ပါတယ် ၊ ထို့နောက် ချန်ရှန်ဆီသို့တစ်လှမ်းခြင်း လှမ်းလာနေပါတယ် ။ သူ ချန်ရှန်ကို မြန်မြန်သတ်စရာမလိုတော့ပါဘူး ၊ သူဟာ ချန်မျိုးနွယ်တွေအားလုံးရှေ့မှာ ချန်ရှန်ကို အပိုင်းပိုင်းဖြစ်အောင်လုပ်ပြီး သူ့စွမ်းအားကိုပြရန်နဲ့ လူတွေက သူ့ကိုတားတာကို လိုချင်တာဖြစ်ပါတယ်။ 
ရုတ်တရက်ပဲ ချန်ရှန်ဟာ ဖြတ်ခနဲ လဲနေရာမှ ထလိုက်ပါတယ် ။ အားလုံးဟာ ခုနက ကန်ချက်ကြောင့် ချန်ရှန် တော်တော် ထိသွားပြီ ထင်နေကြပါတယ် ။ ဒါပေမယ့် သူ့ပုံစံကြည့် ရတာ သိပ်တောင်မထိသွားတယ့် ပုံပါပဲ ။ ချန်ရိဟန်အပါအဝင် လူတိုင်း အံ့အားသင့် သွားကြပါတယ် ။ ဘေးမှာရှိနေတယ့် ချန်တျန်းဟူလည်း စောင့်ကြည့်နေလျက်ပါ ။ သူဟာ သူ့ကိုယ်သူ ချီဓာတ်တွေ စုဆောင်းရင်းမှ ပြန်လည်သက်သာနေပြီဖြစ်ပါတယ် ။
ချန်ရှန်သိပြီး ထိခိုက်တာမရှိတာကို မြင်တယ့်အခါ ချန်ရိဟန် ရှေ့ကိုခုန်လိုက်တယ် ။ ရွေ့လျားမှုဟာ သိမ်မွေ့သပ်ရပ်လှပကာ လူတိုင်းရဲ့အမြင်မှာ တော်တော်ကို ရသမြောက်စွာ ခံစားလိုက်ကြရပါတယ် ။
ချန်ရိဟန် ချဉ်းကပ်လာပုံမှာ ရေခဲနဲ့နှင်းဓာတ်တွေ သူ့ဆီမှာ များစွာပါဝင်လိမ့်မယ်လို့ ချန်ရှန် ခံစားမိလိုက်ပါတယ် ။ ချန်ရိဟန် ခြေထောက်အောက်မှာလည်း ရေခဲထုကြီး ကာရံလျက်ပါ ။
ချန်ရိဟန် ခုန်ပြီး အေးခဲနေတယ့် မိုးကောင်းကင်ကိုပါ ခွဲနိုင်လောက်တယ့် လက်သီးကြီးနဲ့ အတူ ချန်ရှန်ရဲ့ ရင်ဘတ်ကို ထိုးလိုက်ပါတယ် ။ ထိုးခံရတယ့် နေရာမှ သွေးတွေ ကျလာကာ ချက်ချင်းပင် ခဲသွားစေမှာပါ ။
“ဒါဟာ နူးညံ့တဲ့ ရေခဲငွေ့ စွမ်းအားပဲ ၊ အရမ်းကို အဆင့်မြင့်တယ့် ပညာဖြစ်ပြီး သတ္တုတွေကျောက်ခဲတွေကိုတောင် ကွဲကြေသွားစေနိုင်တယ်”        
ချန်တျန်းဟူ တည်ငြိမ်တယ့် လေသံနဲ့ ပြောလိုက်ပါတယ် ။ ထိုးပြီးနောက်မှာတော့ ချန်ရှန်ဟာ လွတ်ရုံလေးရှောင်လိုက်သောကြောင့် ချန်ရိဟန်ရဲ့ လက်သီးဟာ မြေကြီးကို ထိမှန်ကာ ကြီးစွာသော အက်ကွဲမှုကြီးဖြစ်လျက် မြေကြီးတွေ ကျောက်ခဲတွေ လွင့်ထွက်ကုန်ကာ ခဲသွားပါတော့တယ် ။
“ချီငွေ့ကို ပုံသွင်းခြင်းမှာ အားနည်းချက် ၂ ခု ရှိတယ် ၊ ၎င်းက စစ်မှန်သော ချီဓာတ်နဲ့ အတွင်းအားကို လျင်မြန်စွာ ကုန်ဆုံးစေတယ် ၊ ဒါပေမယ့် သူ ဒီချီဓာတ်ငွေ့ကို မသုံးဘူးဆိုရင် မင်းဒဏ်ရာရမှာမဟုတ်ဘူး”
ချန်တျန်းဟူ ပြောခဲ့တာပါ ။ ချန်ရှန် တိုက်ပွဲစတည်းက သိနေတာဖြစ်ပါတော့တယ် . . . ။




















Chapter – 13
#ဒြပ်စင်ငါးခုပေါင်းစပ်ခြင်း

“ကောင်းပြီ ၊ အဲဒါအသုံးမဝင်ဘူးကွ ၊ ငါ့မှာ ချီဓာတ် အမြောက်အများ ရှိတယ်လေ ။ တစ်ခါလေးလွဲသွားတာနဲ့ ငါ့ကို အချိန်ဆွဲဖို့ မကြိုးစားလေနဲ့”
ချန်ရိဟန်က ရီမောပြောဆိုလိုက်တယ် ။ သူကချန်ရှန်ကို ပိုပြီး ပြင်းပြင်းထန်ထန် ဆက် တိုက်ပါတော့တယ် ။ မရေတွက်နိုင်တယ့် စွမ်းအားပစ်ချက်တွေနဲ့ တရစပ်ကို တိုက်ခိုက်တာ ပါ ။ ဒီလိုမတိုက်ခိုက်ခင်တည်းက ချန်ရှန်မှာ အနည်းငယ် ဒဏ်ရာရှိနေပြီဖြစ်ပါတယ် ။ ချန်ရိဟန်ကတော့ သူ့လက်ချက်နဲ့ချန်ရှန်သေမယ်လို့ ယုံကြည်နေတယ့် အတွက် အဆက် မပြတ်ကို တိုက်ခိုက်နေပါတော့တယ် ။
ချန်ရိဟန်ဟာ ခြေကို ဆောင့်ကာ သူ့ရဲ့ ရေခဲငွေ့စွမ်းအင်တွေနဲ့ တောက်လျှောက်တိုက်ခိုက် နေတာပါ ။ နောက်ပြီး အဝေးကနေ ချန်ရှန် မခံစားနိုင်အောင်ကို တိုက်ခိုက်နေလျက်ရှိပါတယ် ။
“ဟား ဟား ဟား ၊ ခုနလေးကပဲ မင်းပြောခဲ့တယ်မလား မင်းတိုက်နိုင်တာရဲ့ တဝက်ပဲ ရှိသေးတယ်ဆို ၊ ခုတော့ကြည့်ပါဦး . . ခုခံနိုင်တယ့် အားတောင် မရှိရှာတော့ဘူး”
ချန်ရိဟန် စူးစူးဝါးဝါးကို ရယ်မောနေပါတယ် .။ ချန်ရှန်ခန္ဓာကိုယ်တစ်ခုလုံးမှာတော့ ရေခဲငွေ့ စွမ်းအားကြောင့် ဒဏ်ရာများစွာဖြင့် သွေးများ ထွက်နေပါတော့တယ် ။ ချန်ရှန်ဟာ အသက်ကို ခပ်ပြင်းပြင်းရှူကာ ထိုက်ကျိ ယင်ယန် ပုံကြမ်းကို သူ့ကိုယ်အတွင်း လှည့်စေလျက် ရှိပါတယ် ။ သူ့ရဲ့စိတ်စွမ်းအား အကူအညီနဲ့ သူဟာ စစ်မှန်သော ချီဓာတ် ရဲ့ ဒြပ်စင် ၅ ခုကို သူ့ကိုယ်ထဲမှာ ထိန်းချုပ်ကာ ၎င်းတို့အား ပေါင်းစပ်အောင် ပြုလုပ်နေတာပါ ။
ဒြပ်စင် ၅ ခုဟာ ပေါင်းစပ်လာကြပါပြီ ၊ ခုတော့ ချန်ရှန်အတွက် နိုင်ဖို့အခွင့်အရေးဟာ ဒီချီ ဒြပ်စင် ၅ ခုကို ပေါင်းစပ် အသုံးပြုရုံကလွဲပြီး တခြားမရှိတော့ပါဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် ခု ဒြပ်စင် ၅ ခု ပေါင်းစပ်ကာ သူဟာ ရဲရင့်ကြမ်းတမ်းလာပါပြီ ၊ ဒီလို ချီ ဒြပ်စင် ၅ ခု ပေါင်းစပ်ခြင်း ကို အရင်က ဘယ်သူမှ မလုပ်ဘူးပါဘူး ၊ အဓိကကတော့ ဘယ်သူမှာမျှ အဆိုပါ အခွင့်အရေး မရှိကြလို့ပဲဖြစ်ပါတယ် ။ ချန်ရှန်သာလျှင် “စစ်မှန်တယ့် ရူးသွပ်ခြင်း” လို့ခေါ်တယ့် အလွန် လျို့ဝှက်လှတယ့် ကျင့်စဉ်ကြီးကို ပထမဆုံး စတင်တယ့် သူဖြစ်ပါတော့တယ် ။ သူသာ ချီဓာတ် ကို မထိန်းချုပ်နိုင်ရင် ချီဓာတ် ဖောက်ပြန်သွေဖယ်ခြင်း ကြောင့် သူ့အသက်ပါ ဆုံးရှုံးစေနိုင်ပါတယ် ။
ဘယ်လိုဖြစ်ဖြစ် သူ အောင်မြင်ခဲ့တာပါ ။ သူ့ရဲ့ကြောက်မက်ဖွယ် ချီ ခွာဖြာခြင်းကြောင့် သူ့စွမ်းအင် သိုလှောင်ရာမှာ ချီ ဒြပ်စင် ၅ ခုကို အောင်မြင်စွာ ပေါင်းစပ်လိုက်နိုင်ပါတယ် ။ သို့သော်လည်း ထိန်းချုပ်ဖို့က ပိုမိုခက်ခဲသွားတာပါ ။ နောက်ပြီး သူ့စွမ်းအင်သိုလှောင်ရာမှ ချီဓာတ်အမြောက်အမြားကို ဆုံးရံှုးလိုက်ရတာပဲဖြစ်တယ် ။ ချီဓာတ်တွေ မကုန်ဆုံးခင် ချန်ရှန် ဟာမြန်မြန် အဆုံးသတ်ရမယ်ဆို တာ သိလိုက်ပါတယ် ။ ဒီကြောက်မက်ဖွယ် စွမ်းအားနဲ့ ပဲ ချန်ရိဟန်ကို ရှုံးနိမ့်သွားစေဖို့လိုအပ်ပါတယ် ။
ခရမ်းရောင် အခိုးငွေ့တွေ ရုတ်တရက် ချန်ရှန် ဆီမှ ပေါက်ကွဲ ထွက်လာပါတယ် ။ ချန်ရိဟန် ရဲ့ တုန်လှုပ်မှုကို ဘယ်သူမှ မကူညီနိုင်ပါဘူး ၊ ရုတ်တရက်ပဲ စစ်မှန်သော ချီဓာတ်တွေဟာ သူ့လမ်းကြောင်းမှာရှိတယ့် ဘယ်အရာကိုမဆို ဖျက်ဆီးမယ့်ဟန်ဖြင့် အသံများစွာ မြည်ဟည်းလျက် ထ့ွက်ပေါ်လာပါတော့တယ် ။
“ အ”
ချန်ရှန်ရဲ့ကိုယ်ဟာ ခရမ်းရောင် ချီ ဓာတ်များ ထုတ်လွှတ်မှုကြောင့် နာကျင်နေပါတယ် ။ ရုတ်တရက် မြင်သာတဲ့ ချီ ဓာတ်လှိုင်းတွေဟာ ထွက်ကျလာပါတော့တယ် ။ အော်သံကြီးက ပတ်ဝန်းကျင်တစ်ခုလုံးကို ပင်လယ်ကြီးလို လွှမ်းမိုးသွားပါတော့တယ် ။ ကွင်းပြင်တစ်ခုလုံး ရှော့ရသွားစေပါတယ် ။  ချန်ရှန်နားက ကျောက်တုံးတွေ စကွဲလာပါတယ် ။ လောကကြီးတစ်ခုလုံး ဟာ ဒြပ်စင် ၅ ခုနဲ့ ညီမျှပါတယ် ။၎င်းတို့ကိုပေါင်းစပ်ခြင်းကတော့ဖြင့် နိဗ္ဗာန်နဲ့ ငရဲသာမက လောကဓာတ်တစ်ခုလုံးစာကို ပါဝင်စေမှာပါ ။ အဲဒိအချိန်တွင် ချန်ရှန်ဟာ ဒြပ်စင် ၅ ခု အားနဲ့ စကြာဝဠာအတွင်းအားကိုဖြစ်ပေါ်စေလျက် “စကြာဝဠာ ချီဓာတ်” ကို ဖြစ်ပေါ်စေလိုက်ပါတယ် ။
“ လဲကျပြီ” 
ချန်ရိဟန်ရဲ့ကိုယ်မှာ ရေခဲချီဓာတ်တွေ ရှေ့ကိုပေါက်ထွက်လျက်ရှိနေတယ် ။ သူဟာ ချန်ရှန်ကို ပိုကြောက်လာပါပြီ ။ သူက တိုက်ပွဲမြန်မြန် အဆုံးသတ်ကာ ချန်ရှန်ကို ရှုံးနိမ့်စေ ချင်တာဖြစ်ကာ အခုတော့ ကြောက်လာရပါပြီ ။
ချန်ရှန် မျက်လုံးမှာ လျှပ်စီးတွေ တဖြတ်ဖြတ်တောက်လျက် ခြေလှမ်းကျဲကြီးဖြင့် ချန်ရိဟန် ဆီသို့ သွားလိုက်ပါတယ် ။ သူ့ခြေဖဝါးတွေမှာ သဘာဝကိုတောင် ဖျက်ဆီးနိုင်တယ့် စွမ်းအင် တွေ ပါဝင်တယ့် စကြာဝဠာ အတွင်းအားတွေ အပြည့် ပါဝင်လျက်ပါ ။ ခြေတလှမ်း ချင်းဆီလှမ်းတိုင်း မြေကြီးတွေပါ အက်ကွဲ လျက်ပါ ။ သူ့လှုပ်ရှားမှု အဟုန်ဟာ နှစ်တစ်သောင်းသက်တမ်းရှိ စွမ်းအားရှင်မြင်းကြီးများလို ကို ဖြစ်နေပါတော့တယ် ။ 
“နူးညံ့တယ့် ရေခဲငွေ့စွမ်းအား” 
ချန်ရိဟန် မျက်ခုံး ၂ ဖက်မြင့်တက်ကာ ချန်ရှန်ကို ကြည့်လိုက်ပါတယ် ။ သူ့လက် ၂ဖက် ကို အတူလှုပ်ရှားလိုက်ပြီး အေးခဲတယ့် ရေခဲငွေ့စွမ်းအားတွေကို ဖြန့်ခွဲလျက် ချန်ရှန်ဆီ ပစ်လိုက်ပါတယ် ။ ဒီအချိန်တွင်ပဲ ချန်ရှန် စိတ်အခြေအနေဟာ မူမမှန်လိုဖြစ်လျက်ပါ ။ သူ့စိတ်ထဲမှာ အတွေးတစ်ခုပဲရှိပါတယ် ။ ချန်ရိဟန်ကို အနိုင်ရစေရန်ပေါ့ ။ 
ဒီရေခဲငွေ့ ၂ ခုဟာ ကျောက်တုံးတွေတောင် ကွဲနိုင်တာဖြစ်ပါတယ် ။ ချန်ရှန် တစ်ချက်ကြုံးဝါး ကာ သူ့လက် ၂ ဖက်ဖြင့် ကြောက်မက်ဖွယ် အငွေ့အတွင်းအားတွေကို ဖမ်းလိုက်ပါတယ် ။ သူ့လက်မှာ ရေခဲတွေ ခဏတာ ကပ်ညိသွားတယ် ။ထို့နောက် ကွဲထွက်သွားပါတော့တယ် ။
ဒီအချိန်လေးတွင်းမှာပဲ ချန်ရှန်ဟာ ချန်ရိဟန်ရဲ့ အရှေ့ ကိုရောက်နေပါပြီ ။ သူ့လက်သီး ၂ ဖက်ဟာ ချီဓာတ်တွေ ထုတ်လွှတ်လျက် ရှေ့ကို ထိုးချလိုက်ပါတယ် ။ ဒါဟာ အရမ်းအဆင့်မြင့်တယ့် “မုန်တိုင်းဖြို လက်သီး” ပဲဖြစ်ပါတော့တယ် ။ လက်သီးတစ်ချက်ဆီမှာ ချီ ဓာတ်တွေ ပေါက်ကွဲထွက်လျက် ထုတ်လွှတ်နေတာပါ ။၎င်းဟာ သေစေနိုင်လောက်ပြီး ချီဓာတ်အမြောက်အမြားကို အသုံးပြုနေရတာပါ ။
လေထဲကို လက်သီးထိုးချိန်မှာကိုပဲ ကြောက်စရာ ချီအငွေ့လှိုင်းတွေဟာ ထွက်ပေါ်နေကြပါတယ် ။ လက်သီးချက်တွေကလည်း လျှပ်စီးလို မြန်ဆန်လှပါပေတယ် ။  တစ်ချက်ပြီးတစ်ချက် လှိုင်းတွေဟာမှ မရပ်မနားဖြစ်နေတယ့်အခါ ချီဓာတ် ဟာ မကုန်တော့ပါဘူး ။  
ချန်ရှန်ဟာ မုန်တိုင်းဖြိုလက်သီးကို စကြာဝဠာ ချီဓာတ်နဲ့ထိုးနေတာဖြစ်ပါတယ် ။ ဒီကြောက်စရာကောင်းတယ့် အကွက်ဟာ လူတိုင်းရဲ့ နှလုံးသားကို တုန်လှုပ်သွားစေပါ တယ် ။ 
ချန်ရိဟန်လည်းပဲ ချန်ရှန်ရဲ့မိုးစက်မိုးပေါက်များလို သူ့ဆီသို့ကျလာ   တယ့်   လက်သီးချက်တွေကို ကာကွယ်ရန် ရေခဲချီငွေ့တွေ သုံးနေရတာပါ ။ တစ်ချက်တစ်ချက်ကို ကာကွယ်လိုက်တိုင်း သူ့နှလုံးသားဟာ တုန်လှုပ်နေပါတယ် ။ ခရမ်းရောင် ချီဓာတ် ပေါက်ကွဲ မှုဟာ သူ့ကို ထိတ်လန့်စေပါတယ် ။ တစ်ချက်လောက် ထိခဲ့ရင်ကို သူတော်တော်ကြီး အထိနာသွားစေမှာဖြစ်ပါတော့တယ် ။
ခဏကြာကြာအတွင်းမှာပဲ ချန်ရှန် ဟာ ဒါဇင်ပေါင်းများစွာသော မုန်တိုးဖြိုလက်သီး များကို အဆက်မပြတ် ထိုးနေခဲ့တာပါ ။ ချန်တျန်းဟူရဲ့မျက်လုံးများ အတော်ပြူးကျယ်နေပါပြီ ။ သူ့သားဒီလောက် တကယ်ကို ရဲစွမ်းသတ္တိရှိတာကိုမြင်နေရတယ် ၊ သို့သော် သူလည်းမကူ ညီနိုင်ပါဘူး ။ သူ့အခြေနေကလည်း အကောင်းကြီး မဟုတ်သေးတာကြောင့်ပါ ။
“ခွေးကောင်”
ချန်ရိဟန်ရေရွတ်ရင်း အဆက်မပြတ် လက်သီးတွေကို ကာကွယ်နေရပါတယ် ။ သူ့အတွက် ပါးစပ်ဖြင့် ဆဲရေးနေခြင်းပဲ တတ်နိုင်ပါတော့တယ် ။ လူတိုင်းအတွက်ဒီလိုထူးကဲတယ့် ပညာမျိုးဖြစ်တယ့် မုန်တိုင်းဖြိုလက်သီး တိုက်ကွက်ကို သူတို့ဘဝမှာ ပထမဆုံးမြင်ဖူးခြင်းပင် ဖြစ်ပါတယ် ။ နောက်ပြီး ဒီလိုတိုက်ကွက်ကို ဘယ်လောက်ကြောက်စရာ ကောင်းလည်းဆိုတာကို နားလည်သွားကြပါတယ် ။
စကြာဝဠာချီဓာတ်တွေကို ချန်ရှန်သုံးနေတာဖြစ်ပါတယ် ။ လက်သီးကြောင့်ချီဓာတ်မကုန် သော်ငြားလည်း တိုက်ခိုက်ရတယ့် အချိန်နဲ့ သူသုံးခဲ့တာတွေကြောင့် သိပ်မကျန်ချင်တော့ပါဘူး ။ ချန်ရိဟန်လည်း သိပ်မခုခံနိုင်တော့ပုံပေါ်နေပါပြီ ။ ဒါကြောင်ချန်ရှန် မျက်လုံးများမှိတ်ကာ သူ့ပါးစပ်မှ ကြီးမားတဲ့ ဟိန်းသံကြီးကိုပြုလိုက်ပါတယ် ။  နဂါးဟောက်သံဟာ ဝန်းကျင်တစ်ခုလုံးမြည်းဟည်းလျက်ပါ ။  ထို့နောက် သူ၏ ပါးစပ်မှ ခရမ်းရောင် စစ်မှန်သောချီဓာတ်တွေကို ထုတ်လှုပ်ကာ ချန်ရိဟန်ကို တစ်ချက် ဟောက်သံပေးလိုက်ပါတယ် ။
ဒါဟာ မိုးပြာနဂါး ဟောက်သံပါ ။ ဒီတစ်ကြိမ်မှာတော့ အရောင်မရှိတယ့် စကြာဝဠာ ချီဓာတ်တွေပါ ထုတ်လွှတ်လိုက်တာပါ ။ ဟိန်းဟောက်သံကြီးထွက်တာနဲ့  လျပ်စီးများ ၊ မီးတောက်များ ၊ ရေခဲများ ၊ ရေများနဲ့ တခြားစွမ်းအားကြီး အရာများ ပါဝင်ပါတော့တယ် ။ 
ချန်ရိဟန်ဟာ ချန်ရှန် ဒီလို ကြီးမားတဲ့ အကွက်ကြီး ထုတ်မယ်လို့မမျှော်လင့်ထားပါဘူး ။ သူဟာ လျင်လျင်မြန်မြန်ပဲ သူ့ချီဓာတ်တွေ ထုတ်နေရင်းနဲ့ဆုတ်ခွာနေပါတယ် ။ သူဟာ သူ့ရေခဲ ဓာတ်ဖြင့် ဒိုင်းကာသဘောမျိုးလုပ်ကာ ခရမ်းရောင်ချီဓာတ်တွေမှ ကာကွယ်ရန် ပြုလုပ်ပါတယ် ။
ရုတ်တရက်ပဲ ချန်ရှန်လက်မှာ အရောင်ဖျော့ဖျော့နဲ့ဓားပြားကြီးတစ်လက်ပေါ်လာပါတယ် ။ ချန်ရှန်တစ်ကိုယ်လုံးလည်း ခရမ်းရောင် ချီဓာတ်တွေ ထုတ်နေလျက်ပါ ။သူဟာ ဓားကိုဆွဲလျက် စူးစူးဝါးဝါးအော်ကာ သူ့ရဲ့ကျန်ရှိနေတယ့် ချီဓာတ်တွေအားလုံးကို ဓားဆီသို့ထည့်နေပါတယ် ။ မြင်ကွင်းက ကြည့်ှရှုသူများရဲ့ နှလုံးသားကို ဆွဲဆောင်နေပါတော့တယ် ။ 
ချန်ရှန် မိုးပေါ်ခုန်တက်လိုက်ကာ သူရဲ့ ဓားမှာလည်းမိုးပြာရောင်အလင်းတန်းတွေ ကို မြင်နေရပါတယ် ။ လေကို အဆုံးမရှိတယ့် အားဖြင့် အလွှာလွှာခွဲကာ ချန်ရိဟန်ရဲ ့ ခေါင်းဆီ ချိန်လျက်ရှိနေပါတယ် ။ 
“မလုပ်နဲ့” 
တစ်နေရာမှ အသံတွေထွက်လာပါတယ် ။ ချန်ရှန်ဓား ကိုလမ်းတစ်ဝက်မှာပဲ အားစိုက်လိုက်ပါတယ် ၊ သို့သော် ချန်ရိဟန်ရဲ လည်ပင်းကို ချိန်လျက် ရပ်သွားပါတော့တယ် ။ ဒီလို မြန်ဆန်ပြင်းထန်လှတယ့် တိုက်မှုကို ချန်ရှန်ဆီမှာ ရရှိခြင်းက ခရမ်းရောင် ချီဓာတ်တွေ အရပ်လေးမျက်နာကို ပျံ့ထွက်နေပါတော့တယ် ။
လူတိုင်းဟာ ချန်ရှန်ရဲ့ရူးသွပ်စွာ တိုက်ခိုက်မှုတွေမှ ရှော့ရနေပါတော့တယ် ။ ဒီလိုလူငယ်က မွေးရာပါ ပါရမီမပါတယ့် လူတစ်ယောက်တဲ့လား ၊ အလွန်ကြောက်စရာ နတ်ဆိုးတစ်ပါးပါပဲ ။ အဆင့် ၇ ပညာရှင်တောင် ရှုံးနိမ့်ရတယ့် အသက် ၁၆ နှစ်မပြည့်တပြည့် လူငယ်လေးတစ်ယောက် !  ၊ တကယ်ကို မှော်ဆန်ပါပေတယ် ။ ဒါတင်မကပါဘူး ဆေးပညာ ရှင်တစ်ယောက်လည်းပဲ ဖြစ်နေပါတယ် ။
ဒီလိုပါရမီရှင်မျိုးကို သူတို့ချန်မျိုးနွယ်အတွက် လက်ဆောင်ပေးခြင်းခံရတာဟာ များစွာသော ချန်မိသားစုရဲ့ နှလုံးသားကို လှုပ်ရှားသွားစေပါတယ် ။
“ချန်ရှန်  . . . . ချန်ရှန် . . . . ချန်ရှန်!” 
များစွာသောလူတွေဟာ ချန်ရှန် နာမည်ကို အော်ဟစ်အားပေးနေကြပါတယ် ။ သူတို့နှလုံး သားထဲမှာ သူတို့ခံစားချက်များဟာ လေးနက်စွာ ဂုဏ်ယူနေမိကြပါတယ် ။ ဒီမတိုင်ခင်မှာ လည်း ချန်ရှန်ဟာ ယောင်မျိုးနွယ်ရဲ့ ဆေးဆရာနဲ့ပြိုင်မယ်ဆိုတုန်းကလည်း ရူးသွပ်တဲ့ စိန်ခေါ်မှုလို့ပဲ ထင်ခဲ့ကြတာပါ ။သို့သော် ခုမြင်လိုက်ရတယ့် အခြေအနေများကြောင့် ချနှ်ရှန် ဟာ 100% ကို နိုင်မယ်လို့ယုံကြည်သွားကြပါတော့တယ် . . . ။



















Chapter – 14
#ထာဝရမိစ္ဆာရေကန်
ကွင်းပြင်ထဲမှာတော့ ချန်တျန်းဟူတစ်ယောက် ဒဏ်ရာရနေတယ့် ချန်ဟွာဟိုင်း နဲ့ ချန်ရိဟန် တို့ရဲ့ဘေးသို့ရောက်နေပါတယ် ။ သူတို့ကိုမျက်နာချင်းဆိုင်ကာ ပြောလိုက်ပါတယ် ။
“မင်းတို့နဲ့ ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်မှုအားလုံး ပြီးပြီပေါ့ ။ ငါဒီလို အဆုံးသတ် မယ်လို့ မမျှော်လင့် ပါဘူး ၊ ငါတို့ဟာ ချန်မိသားစု ဝင်တွေဖြစ်တယ် ။ ဒါကြောင့် ငါတို့ စည်းလုံးသင့်တယ် ။ မင်း ငါ့ကို ခေါင်းဆောင်နေရာအဖြစ်ကနေ လက်မခံနိုင်ရင် မင်းနဲ့ မင်း အပေါင်းအပါတွေ ချန်မျိုးနွယ်ကနေ ထွက်သွားလို့ရပါတယ် ။”
ချန်ဟွာဟိုင်းနဲ့ ချန်ရိဟန်တို့ဟာ ချန်ရှန်ဆီသို့မကြည့်ခင်  တစ်ယောက်ကို တစ်ယောက် ကြည့်ကာ လေးလံတယ့် သက်ပြင်းတွေ ကိုယ်စီ ချလိုက်ကြပါတယ် ။ 
ချန်ဟွာဟိုင်း ချန်တျန်းဟူ လက်မောင်းကိုဆုပ်ကိုင်ကာ လေးနက်သောလေသံဖြင့် - 
“မင်းမျိုးနွယ်ခေါင်းဆောင်နေရာကို ကောင်းကောင်း ဦးဆောင်နိုင်လိမ့်မယ် လို့မျှော်လင့်ပါတယ် ၊ ငါချန်ဟွာဟိုင်း သေသွားရင်တောင်မှ ချန်မျိုးနွယ်မှာ တစ္ဆေ တစ်ကောင် အဖြစ် ရှိနေမှာပါ ။ ခေါင်းဆောင်အသစ်ကို ခြွင်းချက်မရှိ ထောက်ခံပါတယ် ။”
ချန်ဟွာဟိုင်းနဲ့ ချန်ရိဟန်တို့ဟာ အရူးတွေမဟုတ်ကြပါဘူး ၊ ချန်ရှန်ရဲ့ စွမ်းအား ဘယ်လောက်ကြီးမားတယ်ဆိုတာကို စိတ်ထဲမှာ သိနေကြပါပြီ ၊ သူ့ကိုသာ ကောင်းမွန်စွာ                              လေ့ကျင့်လိုက်ရင် သူဟာမကြာခင် သိပ်ကိုတော်တယ့် ထိပ်တန်း ပညာရှင်တစ်ယောက်  ဖြစ်လာမှာ မလွဲပါပဲ ။ မြင့်မားတယ့် အဆင့်ရှိတယ့် ဆေးပညာကော သိုင်းပညာကော တတ်တယ့် လူတစ်ယောက်ကို အမှားမပြုလုပ်ချင်ကြတော့ပါဘူး ။ ခုတော့ ချန်တျန်းဟူဟာ အတိတ်ကဖြစ်ခဲ့တယ့် အာဃာတတွေ အားလုံးကို ခဝါချလိုက်ပါတော့တယ် ။ ဒါဟာ သူတို့ အားလုံးအတွက် အကောင်းဆုံး ဖြစ်မှာပါ ။
“ဦးလေးတို့၊ ပြီးခဲ့တယ့် ကိစ္စ တွေအတွက် ကျွန်တော့ကို ခွင့်လွှတ်ပေးကြပါ ။ ကျွန်တော် တို့ချန်မျိုးနွယ်တွေ ဒီမြေမှာ နှစ်များစွာ ရှင်သန်နေထိုင်နိုင်ဖို့ လိုအပ်တယ်လေ ၊ မျိုးနွယ်စု တွင်းမှာပဲ အမုန်းတရားတွေ ချေဖျက်ကြပါစို့”
ချန်ရှန် ဟာ ချန်ဟွာဟိုင်းနဲ့ ချန်ရိဟန် တို့ ၂ ယောက်ရှေ့ရောက်တယ့် အခါမှာ တောင်း ပန်လိုက်ပါတယ် ။ ချန်ရှန်အပြုအမူနဲ့ အပြောအဆိုကြောင့် များစွာသော ချန်မိသားစု ဝင်တွေနဲ့ အသက်ကြီးသူများအားလုံးဟာ လျို့ဝှက်စွာ အသိမှတ် ပြုသွားကြပါတော့တယ် ။ သူဟာ ငယ်ရွယ်သူ တစ်ယောက် ဖြစ်ကာ အကြီးအကဲတစ်ယောက်ကို ရှုံးနိမ့်သွားစေသော် လည်း မာနကြီးပုံမရှိပါ ၊ ဒီလိုနူးညံ့သိမ်မွေ့မှုဟာ ချန်မိသားစုရဲ့ မျိုးဆက်သစ် လူငယ်တွေ ကြားမှာ မရှိသလောက်ကို ရှားတာပါ ။ ချန်မိသားစုရဲ့ လူငယ်အချို့လည်း တစ်ခုခုကို ရှက်နေ ကြပုံပါ ။
“င့ါတူ ၊ ခုအရင်ဆုံး မြန်မြန် အားဖြည့်လိုက်ပါဦး ၊ သွေးတွေ အကြာကြီးထွက်ခြင်းက ရှေ့လျှောက် သိုင်းပညာလေ့ကျင့်ရာမှာ ထိခိုက်နစ်နာမှုတွေဖြစ်နေတယ်”
ချန်ရိဟန်ဟာ သူ့ရဲ့ အားပြည့်ဆေးတွေကို ဖြည်းညင်းစွာ ထုတ်ရင်း ပြောပါတယ် ။ သက်ကြီးပိုင်းတွေကလည်း ကျေနပ်နေကြတာပါ ။ သက်ကြီးပိုင်းတစ်ယောက်က ရှင်းလင်း ပြတ်သားသောလေသံဖြင့် -
“လူကြီးမင်းတို့ ၊ ဆယ်ရက်ကြာရင် စားသောက်ပွဲ ကြီး ကျင်းပကြမယ် ။ သို့သော် ကျွန်တော် တစ်ခုလူတိုင်းကို တောင်းဆိုချင်တာက အဲဒိ စားသောက်ပွဲပြီးတဲ့အထိနေကြဖို့ပါပဲ ၊ အဲအချိန်မှာပဲ တခြားမျိုးနွယ်တေကို လည်း ဖိတ်ကြားမှာပါ ။ ဒီအချက်က တခြား မျိုးနွယ်တွေ နဲ့ ပိုပြီးရင်းနီးမှု ရစေမယ့် အခွင့်အရေးပါပဲ”
ချန်ရှန် သူ့အခန်းကို ပြန်လာခဲ့ပါတယ် ။ သူ့ဒဏ်ရာရနေတယ့် ခန္ဓာကိုယ်ကို ကြည့်မိတဲ့အခါ သူဘာမှမလုပ်နိုင်ပါဘူး သက်ပြင်းတွေသာ ချနေမိပါတော့တယ် ။ ဒါမတိုင်ခင်က သူဟာ ချန်ရိဟန်နဲ့ အန္တရာယ်များတယ့် တိုက်ပွဲကို တိုက်ခဲ့ရတာပါ ။ ခုချိန်ထိကို ချန်ရှန် စိတ်လှုပ်ရှား နေပါတယ် ။ သူ့လို အဆင့် ၅ပညာရှင်လေးက အဆင့် ၇ ကို ရှုံးနိမ့်သွားစေတာကြောင့်ပါ ။ 
ခုနက တိုက်ခိုက်မှုပြီးတယ့်အခါ သူ့ရဲ့စွမ်းအားအဆင့်ဟာ တစ်ခုခုထူးခြားတိုးတက်သွား သလို ခံစားလိုက်ရပါတယ် ။ သူဟာ ချီဓာတ်အသုံးချခြင်းမှာ တော်တော်လေးအတွေ့အကြုံ           တွေရလိုက်တယ် ။ စွမ်းအားတွေနဲ့ ပြည့်စုံမယ့်လူူတစ်ယောက်ဟာ တိုက်ပွဲများစွာ တိုက်ဖူးရန် လိုအပ်တာပေါ့ ။ 
ချန်ရှန် အားပြည့်ဆေးစားတော့မယ့်အချိန်မှာ သူ့မျက်လုံးတွေရှေ့သို့ အငွေ့၂ ခု ရောက်လာ ပါတယ် ။ မျက်တောင်ခပ်ကြည့်တယ့်အခါမှာတော့ ဘိုင်ယုယု နဲ့ စုမေးယိုတို့ မတ်တပ်ရပ် လျက် သူ့ရှေ့ရောက်လာပါတော့တယ် ။
“ကောင်လေး ၊ ခုနတုန်းက မင်းတော်တော် မစဉ်းစားမဆင်ခြင် ပြုလုပ်လိုက်တာပဲ ၊ မင်းသာသေရင် ငါတို့က ဘယ်လိုလုပ်မလဲ ၊ ငါတို့မင်းကိုယ်ထဲကို အားတွေ တော်တော် ထည့်ပေးလိုက်ရတာ”
ဘိုင်ယုယု က အေးစက်စွာဖြင့် ပြောပါတယ် ။ ချန်ရှန်ကျောရိုးထိကို အေးစက်စက် ခံစား လိုက်ရပါတယ် ။ 
စုမေးယိုကတော့ လျာ ထုတ်လျက် ပြောပါတော့တယ် ။
“အခြေအနေတွေကိုစဉ်းစားပြီးသွားပြီလား ၊ ကောင်လေး ဘယ်လိုတောင် သတ္တိတွေ ရှိနေ တာလဲ ၊ ဒီတစ်ကြိမ်တော့ မင်းကို ခွင်လွှတ်လိုက်မယ် ၊ နောက်တစ်ခါဆို မလွယ်ဘူးနော် ၊ ကဲ အခု မင်းအဝတ်တွေ ချွတ် ၊ ငါဆေးလိမ်းပေးမယ်”
ချန်ရှန်နဲ့ ချန်ရိဟန်တို့တိုက်ပွဲမှာ သူ့တစ်ကိုယ်လုံး များစွာသော ရှရာပြတ်ရာတွေ ဖုံးအုပ်လျက်ပါ ။ ဒါဟာ  ရေခဲငွေ့ချီဓာတ်ကြောင့်ပဲ ဖြစ်ပါတယ် ။ သွေးထွက်ရာတွေ အပြည့်ပါ ပဲ ၊ တကယ်လို့သေချာသာ မကုသရင် အားပြန်ဖြည့်ဖို့ခက်ခဲသွားမှာ ဖြစ်ပါတယ် ။
ချန်ရှန်ဟာ အခု သူ့အိပ်ယာပေါ် လှဲနေပါတယ် ။ နူးညံ့လှတယ့် လက်ကလေးတွေနဲ့   ဆေး                           လိမ်းပေးတာခံရင်းပေါ့ ၊ အရမ်းကို သက်တောင့်သက်သာဖြစ်နေပါတော့တယ် ။
ချန်မျိုးနွယ်ရဲ့ ခေါင်းဆောင်သစ် ကြိုဆိုပွဲသို့ တခြားမျိုးနွယ်တွေ ဖိတ်ကြားမှာ ဖြစ်ပါတယ် ။ တခြားမျိုးနွယ်စုတွေ ဒီရောက်ရန်  တချို့သော ဝေးလံသည့်အရပ်မှ လာသူများအဖို့ အချိန် တစ်ခု ကြာနိုင်ပါတယ် ။ ဒါကြောင့် ၁၀ရက်ခန့် ခွာ ချိန်းရခြင်း ဖြစ်ပါတယ် ။ 
သို့သော်လည်း ဒီ စားသောက်ပွဲမှာ လူတိုင်းရဲ့ စိတ်ဝင်စားမှကတော့ ချန်ရှန်နဲ့ ယောင် မျိုးနွယ်မှ ပါရမီရှင်ကောင်လေးတို့အပေါ်မှာပဲ ဖြစ်ဖို့များနေပါတယ် ။လူတိုင်းက                         ဖြစ်လာတော့မယ့် ဆေးပညာပြိုင်ပွဲအကြောင်းပဲပြောဆိုနေကြတယ် ။ ဒါကြောင့် လူတော် တော်များများဟာ ဒီစားသောက်ပွဲကို လာကြလိမ့်မှာ ဖြစ်ပါတယ် ။ လူအများဟာ ချန်မျိုးနွယ် ရဲ့ အရှက်ရတာကို ကြည့်ဖို့လာချင်ကြတာပဲဖြစ်ပါတယ် ။ ချန်မျိုးနွယ်ရဲ့ လျို့ဝှက်ချက်ဖြစ် တယ့် ချန်ရှန်ရဲ့ သိပ်မကြာသေးခင်အချိန်က အောင်မြင်မှု အကြောင်းကို မသိကြသေးပါဘူး။
မနက်ပိုင်းမှာတော့ မိုးပြာရောင် အဆင်းရှိတယ့် အစက်ကလေးဟာ ချန်ရှန်ဆီမှ ထွက်လာ ပါတယ်။ ဒီ အစက်ပြောက်လေးကိုတော့ သူ့လေ့ကျင့်ခန်းဖြစ်တဲ့ “နဂါးတံတွေး” လေ့ကျင့် ခန်းမှ ပြုလုပ်လိုက်တာပဲဖြစ်ပါတယ် ။သူဟာ လာမယ့် ၁၀ ရက်အတွင်း ဆေးပညာကို ပိုပြီး တတ်ကျွမ်းနေချင်ပါတယ် ။ အလယ်အလတ်အဆင့်ရှိတယ့် ဆေးကို ပြုလုပ်ချင်နေတာပါ ။
သူ့အရွယ်နဲ့ကိုယ်ငြိမ်းဆေး လုပ်နိုင်တာဟာပဲ တခြား ပါရမီရှင်တွေနဲ့ ယှဉ်ဖို့လုံလောက် နေပါပြီ ။
“မင်းက အချိန်တိုလေး တစ်ခုအတွင်းမှာ အလယ်လတ်ဆင့် ဆေး လုပ်ချင်တယ် ဟုတ်လား ၊ ဒါကတော့ တကယ်ခက်ခဲတာပဲ ၊ ဒါပေမယ့် စုမေးယိုကလဲ ဒီလို စိန်ခေါ်မှုတွေကိုပဲသ ဘောကျတာ"
စုမေးယိုရဲ့နူးညံ့တယ့် အသံက ချန်ရှန် နားထဲ စွဲနေပါတယ် ။ ချန်ရှန်က ရယ်ပြီးပြောပါတယ် ။ 
“အမတော် စုမေးယို ၊ ကျွန်တော့ကို မြန်မြန်သာ သင်ပေးပါတော့"
စုမေးယို နုူးညံ့စွာ ပြုံးပြီး - 
“ပျော်ပြီး စပ်ဖြဲဖြဲလုပ်မနေပါနဲ့ ၊ ငါ့ကို တန်ကြေးတစ်ခုပေးရမယ် ။ မင်းမှာ အနိမ့်စားဆေးပင် တွေ ပြုလုပ်နိုင်နေတယ့် စွမ်းရည်တွေရှိပြီး အလယ်တန်းစားဆေးတွေ လုပ်ဖို့ အနည်းငယ် အတွေ့ကြုံရှိနေပြီဖြစ်သော်လည်း မင်းရဲ့ စိတ်စွမ်းအားဟာ မလုံလောက်သေးဘူး ၊ သိုင်းပညာအဆင့် ၇ ရောက်ဖို့လိုအပ်သေးတယ် ၊ နောက်ပြီး နတ်အတွင်းအားတွေဟာ မင်းကို မီးတောက်တွေကို ထုတ်လုပ်နိုင်ပြီး ဆေးတွေ လုပ်ဖို့ လုံလောက်တယ့် ထိန်းချုပ်မုှတွေ ပေးလိမ့်မယ် ။
ချန်ရှန်ခေါင်းညိမ့်လျက် ပြောပြန်ပါတယ် ။
“ကောင်းပါပြီ ၊ ကျွန်တော် ကျင့်စဉ်တွေကို ကျင့်ပြီး တိုးတက်အောင်လုပ်ပါ့မယ် ၊ ဆေးပညာ ပြိုင်ပွဲ မတိုင်ခင် မှီဖို့လိုတယ် ။ 
စုမေးယိုက ဆက်ပြောပါတယ် ။
“နတ်အတွင်းအားလေ့ကျင့်ခန်းတွေ လေ့ကျင့်ဖို့ မင်းမှာ လုံလောက်တယ့် ချီဓာတ်တွေ အများကြီး ရှိဖို့လိုတယ် ။ နောက်ပြီး စိတ်စွမ်းအားတွေကို နတ်အတွင်းအားအဖြစ်  ပေါင်းစပ်ဖို့လိုတယ် ။ ဒါကနည်းနည်းခက်ခဲပါတယ် ။ ဒါပေမယ့် မင်းဟာ ထိုက်ကျိကျင့်စဉ်ကို လေ့ကျင့်ထားတယ့်အတွက် မြန်မှာပါ ၊ ၁၀ ရက်အတွင်း မှီ ဖို့ကတော့ မသေချာဘူးနော်"
ချန်ရှန် သက်ပြင်းအနည်းငယ် ချမိတယ် ။ သူ စိတ်မရှည်တော့ပါဘူး ၊ နောက်ပြီး ဒါဟာ ကြီးမားတယ့် ရည်ရွယ်ချက်ကြီးဖြစ်နေတယ် ။
“ကောင်းပါပြီ ၊မင်းရဲ့စွမ်းအင်တွေ အမြန် တိုးတက်ဖို့ နည်းလမ်း တစ်ခုတော့ရှိတယ်”
စုမေးယိုက အပြုံးလေးနဲ့ပြောပါတယ် ။
“ဘယ်လိုလဲ”
ချန်ရှန် အမြန်မေးလိုက်တယ် ။ ရုတ်တရက်ပဲ ဘိုင်ယုယုက ရေခဲတမျှ အေးစက်လှတယ့် အသံဖြင့် ဝင်ပြောလိုက်ပါတယ် ။
“ထာဝရမိစ္ဆာရေကန်” 
ဒီအချိန်မှာပဲ ချန်ရှန် သတိရသွားပါတယ် ။ 
‘ထာဝရတစ္ဆေ ချောက်ကမ်းပါး'
၎င်းဟာ ထူးဆန်းတယ့် ရေကန်တစ်ခုဖြစ်ပါတယ် ။ သူရေထဲကျသွားတုန်းက ရေထဲ အသက်ရှုနေနိုင်ခဲ့တာဖြစ်တယ် ။ ဒါတင်မကသေးဘူး ရေကန်က တောက်ပလျက် လည်းရှိနေတယ် ။ ဒါပေမယ့် ဒီထက်ထူးဆန်းတယ့် အရာတော့ သူမတွေ့ခဲ့မိဘူး ။
“အဲဒိချောက်ကမ်းပါး အောက်ခြေက ရေကန်က ထူးဆန်းတယ်လား”
ချန်ရှန်မသေချာသလို ပြန်မေးလိုက်ပါတယ် ။
“ဒါပေါ့ ၊ မင်းမမှတ်မိဘူးလား ၊ ငါတို့ရဲ့ရန်သူနဲ့ တိုက်ခိုက်ခဲ့တယ့်နေရာလေ"
စုမေးယိုရဲ့ အမေးက ချန်ရှန် ကို သိချင်စိတ်ပြင်းပြလာစေပါတယ် ။ ဒီပြိုင်ဘက်ကင်း မိန်းမလှလေး ၂ ယောက် ပြုတ်ကျခဲ့တာကို မှတ်မိနေပါတယ် ။
“အဆုံးမှာ ဘယ်လိုမျိုး လျို့ဝှက်နက်နဲတာလဲ”
ချန်ရှန်စဉ်းစားလေလေ ပိုပြီး သိချင်လေလေ ဖြစ်လာပါတယ် ။ အမတမိစ္ဆာ ချောက်ကမ်းပါး ဟာလည်း သေစေနိုင်တယ့် ချီဓာတ်တွေနဲ့ ပြည့်နေတာလေ ။ ရေကန် အနီးမှာတော့ ၎င်း ချီဓာတ်တွေ မတွေ့ရပါဘူး ။ ထာဝရ ရေကန်ဟာ ပုံမှန်မဟုတ်တာ တော့ သေချာပါတယ် ။ သူချက်ချင်းပဲ နဂါးတံတွေးပြုလုပ်ကာ  ဆေး ဖက်ဝင်အပင်တွေနဲ့ ပန်းတွေပေါ် လောင်းချလိုက်ပါတယ် ။ ပြီးနောက်မှာတော့ သူ့အဖေကို နှုတ်ဆက်ကာ ချန်မိသားစုအိမ်တော်မှ တိတ်တဆိတ် ထွက်လာပါတယ် ။ သူ့ဦးတည်ရာကတော့ အမတမိစ္ဆာ ချောက်ကမ်းပါးဆီသို့ပဲ ဖြစ်ပါတော့တယ် ။
လမ်းမှာ သူဟာ စုမေးယိုရဲ့ ဒီ အမတ ချောက်ကမ်းပါး အကြောင်း ပြောပြမှု တွေကို နားထောင်လာခဲ့ပါတယ် ။
“ဒီနေရာကိုတော့ အမတ မိစ္ဆာ ချောက်ကမ်းပါးလို့ခေါ်တယ် ၊ ဘာလို့လဲဆိုတော့ ဒီနေရာ ဟာ ထာဝရ ရှင်သန်နိုင်တယ့် မိစ္ဆာတွေ ရဲ့ နေရာလည်းဖြစ်တယ် ။ ဒီရေကန်က အထူးစွမ်းအားတွေ ဖြစ်ပေါ်နေတယ်   အထူးစွမ်းအားတွေဟာ သူတို့ရဲ့ စုဆုံရာ ကနေ ထွက်ပေါ်လာတာဖြစ်တယ် ။တစ်စုံတစ်ယောက်က ဒီရေကန်ကို ဖန်တီးခဲ့တာဖြစ်ပြီး ၎င်း ပတ်ဝန်းကျင်မှာ သေစေနိုင်တယ့် ချီဓာတ်တွေ ရှိနေခြင်းဟာလည်း ခုနက ထာဝရ မိစ္ဆာ ရေကန် ရဲ့ ဆုံမှတ်ကနေ အလွန်ကွံျ ရေစီးလို့ဖြစ်တယ်”
စုမေးယို ပြောပြခဲ့တာပဲဖြစ်ပါတယ် ။ 
ချန်ရှန်ဟာ တုန်လှုပ်နေပါတယ် ။ ထာဝရမိစ္ဆာ ကန် ဟာ ဒဏ္ဍာရီလာ တစ်ခုဖြစ်ပြီး သူမတို့လိမ်ပြောတာလည်း မဖြစ်နိုင်ပါဘူး ။ သူတော်တော်ကို စိတ်လှုပ်ရှားနေတာပါ ။ ဒီရေကန်က တစ်ကယ်ပဲ စစ်မှန်တဲ့ စွမ်းအားတွေ ရှိနေပြီး သူသာ ၎င်းစွမ်းအားတွေ ရ ရှိခဲ့မယ် ဆိုရင်တော့ဖြင့် .  .  .  .  . ။


Chapter – 15
#အနီရင့်ရောင်ငှက်၏မီးလျှံတောင်ပံများ

ချန်ရှန် အမတ ချောက်ကမ်းပါးသို့ရောက်ရှိတယ့်အခါ သေစေနိုင်သော အနက်ရောင် ချီဓာတ်တွေကို ကြည့်ကာ တီးတိုး ရေရွတ်မိလေတယ် ။
“ဒီနေရာက တကယ်ပဲ ထာဝရ နဲ့ မိစ္ဆာတို့ ဒွန်တွဲရာလား”
စုမေးယိုက တိုးတိတ်တယ့် အသံလေးဖြင့် ၊
“ဒါပေါ့ ၊ သိုင်းပညာလေ့ကျင့်သူ အတွက် စစ်မှန်တယ့် သိုင်းပညာဆိုတာ ခွန်အား ဖြစ်တယ်လို့ မတွေးမိဘူးလား ၊ စစ်မှန်တယ့်အဆင့်အပေါ်မှာ ခက်ခဲတယ့် သုံးဆင့်ပဲ ရှိ တော့တယ်  ၊ ပြီးတော့ ဒါပြီးရင် နိဗ္ဗာန်အဆင့်ရောက်မယ် ။  နိဗ္ဗာန်အဆင့်ပါ အောင်မြင် သွားရင်တော့ နောက်ဆုံးကမ္ဘာလို့ခေါ်တယ့် စကြာဝဠာကိုပါ သွားနိုင်မယ့် အဆင့်ကို                                  ရောက်မှာဖြစ်တယ်”
“ဒီထူးခြားတဲ့အကြောင်းအရာတွေကို မစဉ်းစားမိဘူးလား ၊ ခုငါတို့နေတယ့် ကမ္ဘာကို သေဆုံးနိုင်တယ့်ကမ္ဘာလို့ခေါ်တယ် ၊ ၎င်းဟာလည်း ကျယ်ပြောလှပါတယ် ။ ဒီမှာတော့ ဝိဉာဉ်ချီဓာတ်တွေဟာ ပါးလွှာလွန်းတယ် ။ ဒါကြောင့် မကောင်းဆိုးဝါးတွေ အနည်းငယ် သာရှိလေတယ် ။ စစ်မှန်တယ့် စွမ်းအားကြီးသိုင်းပညာလေ့ကျင့်သူဟာ ချီဓာတ်တွေ များစွာရှိတယ့် နေရာကို သွားရမယ် ။ ဒီလိုပညာရှင်တွေဟာလည်း ကောင်းကင်က တိမ် တိုက်တွေလိုပဲ အများအပြားရှိပြီး မကောင်းဆိုးဝါးတွေဟာ လည်း အများကြီးပါ ။ ဒီလို နေရာမှာ လုံလောက်တယ့် စွမ်းအားမရှိတယ့်လူကတော့ သေမှာ မုချပဲ”
ဒါဟာ သိုင်းလောကအကြောင်း ချန်ရှန် ပထမဆုံး ကြားဖူးခြင်းပဲဖြစ်ပါတယ် ။ သူ့ကို လည်းတော်တော် အံ့အားသင့်သွားစေပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ၎င်းက သူဘယ်လောက် အရေးမပါသေးတာလဲဆိုတာကို နားလည်အောင် ပြလိုက်သလိုပါပဲ ။ သူထင်တာက စစ်မှန်သော သိုင်းပညာက အရမ်းစွမ်းအားရှိတယ် ဆိုတာပါ ၊ အဲဒိအထက် မှာ အဆင့်အများကြီးကျန်တယ်ဆိုတာ တွေးတောင် မတွေးမိခဲ့လေဘူး ။
“ ကောင်လေး ၊ သိုင်းလောက က အများကြီး ကျယ်ပြန့်တယ် ၊ ဒီဘေးမှာကို နယ်မြေတွေ အများကြီးရှိသေးတယ် ။ မရေတွက်နိုင်တယ့် သိုင်းပညာရှင်တွေ များစွာနဲ့  လျို့ဝှက်တယ့် ပညာရပ်များစွာ ဒီ ကမ္ဘာကြီးပေါ်မှာ ရှိကြတယ် ။ လျို့ဝှက်တယ့် နယ်ပယ်တွေမှာ မင်း  အဖိုးတန် ပညာရတနာများစွာ ရှာဖွေ နိုင်တယ် ။ မင်း စွမ်းအားကြီးလေ အန္တရာယ် များလေပဲ ၊ ဒီအဆုံးမရှိတယ့် သိုင်းလောကကြီးမှာ မင်း အတွေ့အကြုံတွေ အများကြီး ရမှာပါ ။ ခုလောလောဆယ်တော့ မင်းကိုယ့်ကိုကိုယ် ဘယ်လောက် အားနည်းပြီး မပြည့် စုံသေးလဲဆိုတာ နားလည်နိုင်အောင်ကြိုစားလိုက်ပါဦး”
ဘိုင်ယုယုရဲ့  ပြောစကားတွေ ဖြစ်ပါတယ် ။ ချန်ရှန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ် မိတယ် ။ ဒီအချိန်မှာ သူဟာ လောကကြီးကို ချုံ့ကြည့်မိတယ် ။ သူ့စွမ်းအားတွေကို သန်မာမှရမယ်ဆိုတာကို သဘောပေါက်သွားစေပါတယ် ။ သိုင်းလောကကြီးဟာ သစ်တော ထဲက သစ်ပင်တွေလိုပဲ စုစည်းခိုင်မာနေတာကို လည်း သုံးသပ်မိသွားပါတယ်။
ချန်ရှန် ချောက်ထဲ ခုန်ချလိုက်ပါတော့တယ် ။ သူဟာ အဆင့် ၅ ပညာရှင်ဖြစ်ကာ သူ့အောက်မှာတော့ ရေကန်ကြီးရှိနေပါတယ် ။ သူ့လိုအားနဲ့ တောင်အောက်ကို ဖြည်းညင်းစွာဆင်းဖို့ အချိန်ကုန်မခံနိုင်တော့တာပဲ ဖြစ်တယ် ။ 
“ဗြန်း”
ချန်ရှန် အဖြူရောင်အလင်းတွေ ထွက်နေတယ့် ရေကန်ထဲသို့ နောက်တစ်ကြိမ် ရောက် လာပြန်ပါပြီ ။ ချောက်ကမ်းပါး မိစ္ဆာတွေဟာ ရေကန်တစ်ဖက်မှာ ပေါ်လာကြတယ် ။ သို့သော် ဒီအတွက် ချန်ရှန် မစိုးရိမ်ပါ ။ ဒီလိုကောင်တွေနဲ့ တိုက်ဖို့ ချန်ရှန်ရဲ့ စွမ်းအားက အများကြီး သာနေပါသေးတယ် ။
“အမတော် မေးယို ၊ ကျွန်တော် ဒီရေကန်နဲ့ ဘယ်လို ဆက်လုပ်ကမလဲ”
ချန်ရှန်  ရေကို လက်နဲ့ မွှေနေရင်း မေးလိုက်ပါတယ် ၊ အရောင်တောက် နေတာကလွဲလို့ တခြားထူးခြားမှု တစ်စုံတရာ မတွေ့လို့ပဲ ဖြစ်ပါတယ် ။ စုမေးယိုက ပြန်ပြောလိုက်တယ် -
“ဒီရေကန်မှာ နေပြီးရင် ကြီးမားတယ့် စွမ်းအင်တွေ သူတို့ရဲ့ ဆုံမှတ်ကနေ ထွက်လာကြလိမ့် မယ် ။ ဒါပေမယ့် မင်း ဒါတွေကို စုပ်ယူနိုင်မှာမဟုတ်ဘူး ၊ ဒီစွမ်းအင်ကို မင်းကိုယ်ရဲ့ ချီဓာတ် တွေ သန့်စင်ဖို့ နဲ့ ဆေးဖက်ဝင်ဖို့အတွက်ပဲ သုံးနိုင်တာဖြစ်တယ် ။ နောက်ပြီး ဒါက တကယ်ကို နာကျင့်မယ့် ဖြစ်စဉ်နော်”
ချန်ရှန် မျက်ခုံး မြင့်တက်သွားတယ် ။ 
“ရေထဲဘယ်လောက်ကြာကြာ နေရမလဲဗျ”
စုမေးယို က -
“ငါလည်းမသိဘူး ၊ ငါမင်းကို နာကျင်မှုတွေ မတိုင်ခင်ထိပဲ ကူညီပေးနိုင်မယ်၊ မင်း ရေထဲ ခုန် ချပြီး  မင်းကိုယ်ထဲကို စွမ်းအင်တွေ ထောက်ပံ့ဖို့ထိုက်ကျိ နတ်အတွင်းအားလေ့ကျင့်ခန်း သာ လုပ်နေပါ ။ 
ချန်ရှန် လည်း အချိန်မဆွဲတော့ပဲ သူ့အဝတ်တွေချွတ်ကာ ကန်ထဲ ခုန်ချလိုက်ပါတော့တယ် ။ ရေထဲကို နစ်မြုပ်လျက်ရှိနေပြီး ရေအောက်မှာ အသက်ရှူ နေနိုင်တာကိုပါ တွေ့လိုက်ရပါ တယ် ။ ဒါကြောင့် စိုးရိမ်စရာတော့ မရှိသေးပါဘူး ၊ ဒါတင်မက ခုလိုနေတာက သူ့ကို သားရဲ မိစ္ဆာတွေ ရန်ကလည်း ကာကွယ်ပြီးသားဖြစ်နေပါတယ် ။
သူ့ကိုယ်သူ နစ်မြုပ်အောင်လုပ်ပြီးနောက်မှာတော့ ချန်ရှန် ထိုက်ကျိ ကျင့်စဉ်ကို စတင်ပါ တော့တယ် ။ ရုတ်တရက်ပဲ သူ့ကိုယ်ဟာ အရပ်မျက်နာစုံက စွမ်းအားတစ်ခုခုက ဖျစ်ညစ် သလို ခံစားလိုက်မိတယ် ။ တစ်ချိန်ထဲမှာပင် စွမ်းအင်တစ်ခုခုက ဖြစ်ညှစ်မှုက သူ့ကိုယ်ကို                ပြင်းထန်စွာ ခံစားမိလိုက်စေပါတယ် ။ ဒါက သူ့ကိုယ်ကို အမြောက်နဲ့ ဆက်တိုက် ပစ်နေသလိုကို ခံစားမိနေတယ် ။ ခန္ဓာကိုယ်ကြီးတစ်ခုလုံး ပေါက်ထွက်တော့မတတ် ခံစားနေရပါတယ် ။  အရိုးတွေတိုင်းဟာ ခုနေ ပိုမွှားကောင်လေး ကိုက်ရင်တောင် သေတာ ထက်ဆိုးတယ့် ခံစားမှုမျိုး ဖြစ်ပေါ်စေနိုင်ပါတယ် ။
အနာမှ အရည်များဟာ ရေကန်ထဲသို့ထွက်ကျနေပါတယ် ။  ရေကလည်း အဆက်မပြတ်  လည်နေကာ ဒါဟာ ချန်ရှန် ကန်ထဲမှာ ရုန်ကန်နေလို့ဖြစ်ပါတော့တယ် ။ အချိန်မည်မျှ ကြာသွားသည်မသိ ၊ ချန်ရှန်ကိုယ်ကြီးဟာ အောက်ခြေမှ ကန်ပေါ်သို့ ပေါ်လာပါတယ် ။ ချန်ရှန် ကန်အစပ်တွင် လဲလျောင်းလျက် ရေရွတ်လိုက်မိတယ် ။
“ဘယ်လိုလဲ ကျွန်တော် အဆင့် ၆ မရောက်သေးဘူးလား”
“မင်းက မြန်မြန် ထလိုက်မိတယ်လို့ မထင်မိဘူးလား ၊ ခုက ခန္ဓာကိုယ်ကို သန့်စင်တာပဲရှိ သေးတယ် ။ ဒါကြောင့် မင်းကိုယ်တစ်ခုလုံးဟာ ပိုမို အစွမ်းထက်လာပြီး သိုင်းတွေ ပိုကျင့်နိုင် မှာပါ”
စုမေးယို အသံကို စိတ်ထဲက ကြားနေရတယ် ၊ ချန်ရှန် မတ်တပ်ရပ်လိုက်ပြီး လက်သီး ၂ ဖက် ဆုပ်ကာ သူ့ရဲ့ သန်မာနေတယ့် ခန္ဓာကိုယ်ကို သတိထားလိုက်မိတယ် ။ သူဟာ အဆင့် ၆ မရောက်သေးသော်လည်း ခိုင်မာတယ့် အောက်ခြေထုထည်တော့ ရှိနေပြီလေ ။
“ဘယ် နရက်လောက် အောက်မှာ နေရမလဲ”
ချန်ရှန် မေးလိုက်ပါတယ် ။ သူဟာ ဘယ်လောက်ပဲ နာကျင်နေပါစေ ဂရုမစိုက်တော့တယ့် ပုံပါပဲ ၊ 
“ငါးရက်ပါပဲ ၊ ဒီရေကန်ဟာ နည်းနည်း အသုံးပြုရင်တောင် သက်ရောက်မှု ရှိစေတာ ၅ ရက်ဆို ထာဝရမိစ္ဆာ ခန္ဓာကိုယ် အဖြစ် ဖြစ်ပေါ်စေနိုင်လိမ့်မယ်”
စုမေးယိုက ပြန်ပြောတာပါ ။ ချန်ရှန် လျို့ဝှက်စွာ တုန်လှုပ်သွားတယ် ။ ထာဝရမိစ္ဆာခန္ဓာကိုယ် ၊ နာမည်ကြားတာနဲ့ကို တော်တော် ကြောက်မက်ဖွယ် ကောင်းနေပါပြီ ။ အမတမိစ္ဆာ ချောက် ကမ်းပါးအောက်မှာတော့ အော်ဟစ်သံတစ်ခု ထွက်ပေါ်လျက် ထူးဆန်းသော စစ်မှန်သည့် ချီ ဓာတ်များလည်း ထွက်ပေါ်လျက်ရှိပါတယ် ။ ဒီချီဓာတ်တွေမှာ ရှင်းပြလို့ မရနိုင်သည့် ဖိအား များမှ ထွက်ပေါ်လာသည့် ထူးဆန်းရှေးကျသော လေထုရဲ့ သက်ရောက်မှုတွေ ရှိပါတယ် ။  ဒီ ချီဓာတ်တွေကတော့ ချန်ရှန် သူ၏ မိုးပြာနဂါး နတ်အတွင်းအား ကျင့်စဉ်မှ ထုတ်လွှတ်နေခြင်း ဖြစ်ပါတော့တယ် ။ 
ချန်ရှန်ဟာ အမတ ချောက်ကမ်းပါးမှ မထွက်ခွာပဲ လေ့ကျင့်နေလျက်ပါ ။ သူ၏ မိုးပြာရောင် သံလက်သီးမှ ချီဓာတ်တွေဟာ ထင်ရှားစွာ ထွက်ပေါ်နေကြပြီး ကမ်းပါးတစ်ခုလုံးကို အဆက် မပြတ် ရိုက်ခတ်နေပါတယ် ။ ကျောက်တုံးတွေလည်း အစိတ်စိတ်အမွှာမွှာ ကွဲလျက်ပါ ။ တစ်ကိုယ်လုံးတွင် ချီဓာတ်များပြည့်လျက် ကမ်းပါးရှိ ကျောက်တုံးများကို များစွာရိုက်ခတ် စေနေပါတော့တယ် ။ သူ့ရဲ့ အသက်ရှူ သံကတော့ ပုံမှန်ပါပဲ ။ဒါဟာ သူ၏ စွမ်းအားတွေ များစွာ ကြီးမားလာတယ် ဆိုတာကို ပြသနေခြင်းပင် ။
လက်သီးချက်တိုင်းမှာ ချီဓာတ်တွေ ဟာ လက်မောင်းမှ ခေါင်းထိတိုင် ရစ်ပတ်လျက် ၊ ရုတ်တရက်ပဲ သူ ၏ ဦးနှောက်တွင် စိတ်ဝိဉာဉ်စွမ်းအားတစ်ခု ပေါ်လာပါတော့တယ် ။  ဒါဟာ လည်း နတ်အတွင်းအား လေ့ကျင့်ခန်းထဲမှ တစ်ခုဖြစ်ပါတယ် ။ ချန်ရှန် အောက်မှာ                                လေ့ကျင့်နေချိန် ပတ်ဝန်းကျင်တစ်ခုလုံး တုန်လှုပ်နေပါတော့တယ် ။ အသံများလည်း များစွာ မြည်ဟည်းလျက်ပါပဲ ။
၂ ရက်ကြာပြီးနောက် ချန်ရှန် သူ၏ ချီဓာတ်တွေ ပြည့်နေပြီ လို့ ခံစားလိုက်မိပါတယ် ။ သူ၏ စိတ်ဝိဉာဉ်စွမ်းအားတွေဟာလည်း  ပိုမို အားကောင်းနေခဲ့ပါပြီ ၊ သူ့ရဲ့ စိတ်စွမ်းအားကို ဖွင့် လိုက်တာနဲ့ အမျှ သူဟာ နတ်အတွင်းအားစွမ်းရည်နဲ့ အတူ သိုင်းပညာ အဆင့်  ၆  သို့ တိုး တက်လာတော့မှာပဲ ဖြစ်ပါတယ် ။ ဒီလိုဖြစ်အောင်လည်း သူ့စိတ်စွမ်းအားတွေဟာ တိုးတက် လာပြီလေ ။ 
၂ ရက်ကြာပြီးနောက်မှာတော့ သူ့ကိုယ်မှာ စွမ်းအင်တွေ ပြည့်သည်ထက်ပြည့်နေသည်ကို ခံစားမိနေပြီး ဒါဟာ ရေကန်ရဲ့  သန့်စင်ပေးမှု စွမ်းအားကြောင့်ပါ ။ ချန်ရှန် မြေပေါ် တင်ပလ္လင် ခွေ ထိုင်ကာ သူ့မျက်လုံးတွေကို မှိတ်လိုက်တယ် ။ သူ့ကိုယ်တွင်း ရှိ ချီဓာတ်တွေကို အာရုံစိုက်လျက် ခွဲခြမ်းစိတ်ဖြာနေပါတယ် ။  ဒီလိုလုပ်နေချိန် သူဟာ ရောနှောမုှ ၂ ခု လုပ်လိုက်တယ် ။ သူ့စိတ်စွမ်းအင်ကို အသုံးပြုလျက် ဝိဉာဉ်ဂိတ်များနဲ့ ချီဓာတ်တွေသုံးကာ ဖွင့်ထွက်စေတာပါ ။ သူ့စိတ်ဝိဉာဉ်တွင်းမှာရှိတယ့် ပုန်းကွယ်နေသော ဝိဉာဉ်ဂိတ်များကို ရှာဖွေရန် စိတ်စွမ်းအင်သုံးကာဖြင့်  ချန်ရှန်ဟာ ထိုက်ကျိကျင့်စဉ်ကို ပြုလုပ်နေတာပဲ ဖြစ်တယ် ။ မကြာမှီမှာပဲ ချန်ရှန် သူ့မျက်စိရှေ့မှာ ရွှေရောင် တံခါးတစ်ခု ပေါ်လာတာကို မြင် လိုက်ရပါတယ် ။
တံခါးကို မြင်တယ်ဆိုတာ နတ်အတွင်းအား စွမ်းအင်တွေ သူ့ရှေ့ရောက်လာတာကို ဆိုလို ခြင်းပဲဖြစ်ပါတယ် ။ မိုးပြာရောင် ချီဓာတ်တွေဟာ ရုတ်တရက် လက်သည်းတစ်ခုအဖြစ်                                     ပြောင်းလဲသွားကြတယ် ။ ထို့နောက် နဂါးတစ်ကောင်အသွင်ပြောင်းကာ ကြီးမားလှတယ့် ဟိန်းဟောက်သံကြီးက ရွှေတံခါးကို ထိသွားပါတော့တယ် ။ တံခါးကို ထိသွားတယ့် အခါ “ဒိန်း” ဟုပင် မြည်ဟည်းသွားပါတယ် ။ ချန်ရှန် စူးရှတောက်ပတယ့် ရွှေရောင် အငွေ့တွေ ကို မြင်လိုက်ရပါတယ် ။ တစ်ချိန်တည်းမှာပင် သူ့မျက်လုံးတွေဖွင့်ကာ  ခိုင်မာတယ့် ချီဓာတ်များ သူ့ကိုယ်အနှံ့မှ စီးဆင်းနေပါတော့တယ် ။ သူကိုယ်တိုင်ပင် အံ့သြနေမိတယ် ။ ချီ ဒြပ်စင် ၅ ခုလည်း ပြင်းထန်စွာဖြင့် ကိုယ်ထဲမှ ထွက်နေကာ လေပြင်းတွေဟာ အရပ် လေးမျက်နာကို တိုက်နေပါတော့တယ် ။
“ဒါဟာ သိုင်းပညာ အဆင့် ၆ ပေလား”
ချန်ရှန် သူ့ကိုယ်တွင် အတွင်းအားများ နှင့် ချီဓာတ်များ အားကောင်းစွာ ဖြစ်ပေါ်နေသည်ကို မျက်လုံးများ မှိတ်နေလျက် ခံစားမိလိုက်ပါတယ် ။ နတ်အတွင်းအားအာရုံများမှ ချီဓာတ်များ မှာလည်း ပတ်ဝန်းကျင်တစ်ခုလုံးကို ဖရိုဖရဲ ဖြစ်နေစေပါတော့တယ် ။ ချန်ရှန်မျက်လုံးတွေ ပြန်ဖွင့် လျက် ပြုးံကာဖြင့် -
“ ဒီလှည့်စားမှုကို သုံးနိုင်တယ့် အချိန်ရောက်ပြီပေါ့”
သူ့နောက်မှာတော့ မီးလိုရဲရဲတောက်နေမယ့် အငွေ့တွေကို မြင်နိုင်ပါတယ် ။ ဒီမီးတောက်                       တွေဟာ သူ့နောက်ကျောတွင် အလွန်ကြီးမားသော တောင်ပံ တစ်စုံ အဖြစ် ပြောင်းလဲ သွားပါတယ် ။ ရဲရဲနီသော အငွေ့တွေဟာ နှင်းဆီလှိုင်းတွေလို ထွက်ပေါ်နေပုံမှာ  ဖီးနစ် ငှက် ၏ တောင်ပံများနှင့်ပင် တူနေပါတော့တယ် ။ 
“ အနီရင့်ရောင် ငှက်မီးလျှံ တောင်ပံတွေ ပျံသန်းကြစေ”
သူ့ရဲ့ မီးတောင်ပံတွေ အထက်ကို ရိုက်ခတ်ပြီး အနည်းငယ်မြင့်တက်သွား ချိန်မှာတော့ ချန်ရှန် ရယ်မောသံတွေ ထွက်ပေါ်လာပါတော့တယ် ။ သူဟာ သေစေနိုင်သော ချီဓာတ်တွေ ကို ချန်လျက် ပျံတက်ခဲ့ပါတော့တယ် ။ 
ဒါဟာ သိုင်းပညာ အဆင့် ၆ ရောက်ခြင်းကို ပြသတယ့် စွမ်းရည်ပါပဲ ။ အတွင်းပိုင်းမှာ ရှိတယ့် ချီဓာတ်တွေအား စွမ်းအားပြည့်ဝတယ့် နတ်အတွင်းအား အာရုံများဖြင့် ထိန်းချုပ်ခြင်းဟာ စွမ်းအားကြီးမားလှပြီး ချန်ရှန်၏ အတွင်းပိုင်း ချီဓာတ်တွေကို အပြင်ကို ထွက်ပေါ်လာပြီး                                       တောင်ပံကြီးများအသွင် ပြောင်းလဲသွားစေကာ ကောင်းကင်ပေါ် ပျံတက်သွားစေ နိုင်ပါတော့တယ် .  .  .  .။




Chapter – 16
#ယောင်မျိုးနွယ်စု

ချန်ရှန် အမတ ချောက်ကမ်းပါးရဲ့ အစပ်မှာ မတ်တပ်ရပ်လျက် သူ၏ အတောင်ပံများကို ပြန်သိမ်းလိုက်ပါတယ် ။ ဒီလို ချီဓာတ်များအား အသုံးချကာ အတောင်ပံအဖြစ် ပြုလုပ်ခြင်းက အရမ်းကို မြင့်မားတယ့် နည်းစနစ်ဖြစ်ပါတယ် ။ သူဟာ ဒီလိုအမျိုးစာများ ပါဝင်တယ့်အရာများကို လုပ်နိုင်တာဟာ ထိုက်ကျိ နတ်အတွင်းအား ကျင့်စဉ်တွေကို လေ့ကျင့်ခဲ့လို့ပဲဖြစ်တယ် ။ သူ ရပ်နေတုန်းမှာပဲ အောက်ခြေမှ တိုက်ခိုက်သံများကို ကြား  လိုက်ပါတယ် ။ အသံက တော်တော်ဝေးဝေးမှ လာတာဖြစ်သောလည်း သူ၏ နတ်အတွင်းအား စွမ်းရည်ကြောင့် ရှင်းလင်းစွာ ကြားနိုင်နေခြင်းဖြစ်တယ် ။ ချန်ရှန် ချက်ချင်းပဲ ထိုနေရာသို့ ပျံသန်းသွားလိုက်ပါတယ် ။ တကယ်လို့သာမန်တိုက်ပွဲပဲဆိုရင် သူစိတ်ဝင်တစားရှိတော့မည် မဟုတ်ပဲ  တစ်စုံတစ်ခုထူးခြားတယ်ဆိုရင်တော့ . . . ။ ချန်ရှန်ဟာ ဒါသာမန်တိုက်ပွဲ တစ်ခုမဟုတ်ဘူးဆိုတာကို ကောက်ချက်ချလိုက်ပါတယ် ။
ချန်ရှန်ဟာ တောစပ်ထိ တိတ်တဆိတ်ပဲ ပျံသန်းသွားပါတယ် ။ ထိုနေရာတွင်တော့ ရုပ်ရည်ကြည့်ကောင်းသော ဆယ်ကျော်သက် ၂ ယောက်ဟာ အမည်းရောင် ဝတ်ရုံဝတ် လူငါးယောက်အား ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာကို မြင်လိုက်ရပါတော့တယ် ။
၂ ယောက်ဖက်မှ အနည်းငယ် အထိနာနေပုံပါပဲ ။ ဒါပေမယ့် သူတို့၂ ယောက်ရဲ့စွမ်းအား ကလည်း စိတ်ကျေနပ်ဖွယ်ပါပဲ ။ လူ ၅ ယောက်မှ ဓားများဖြင့် ခုတ်လျက်ရှိပြီး သူတို့ ချီဓာတ်ဟာလည်း လုံလောက်မှု မရှိကြပါဘူး ။ ခဏကြာရင် ထို ၅ ယောက်ကြောင့် သူတို့၂ယောက် ဇာတ်သိမ်းဖို့ပဲ ရှိပါတော့တယ် ။
“ဒါ ရွှီမျိုးနွယ်ရဲ့ ပုံရိပ်ယောင် ဓားတိုက်ကွက်ပဲ ၊ ဒီတိုက်ကွက်မှာ ဓားတွေကနေ အငွေ့တွေ ထွက်ကာ ပုံရိပ်ယောင်တွေဖန်တီးပြီး ခုခံရ ခက်အောင်လုပ်တာ”
ချန်ရှန်ဟာ သူ့တဘဝလုံး သိုင်းပညာရပ်စာအုပ်တွေ ဖတ်လာတာပါ ။ ဒါကြောင့် ဘာအကွက် သုံးတာနဲ့ ဘာသိုင်းဆိုတာကို အကြည့်တစ်ချက်နဲ့ တင် သူသိပါတယ် ။ ထိုသူတွေဟာ ရွှီမျိုးနွယ်ကဆိုတာကို သိပြီးနောက်မှာတော့ ချန်ရှန်ဒီတိုင်းမနေတော့ ပါဘူး ။ နောက်ပြီး ရွှီရှန်းရှန်း ဆိုတာကလည်း သူ့သတို့သမီးလာင်းဖြစ်ပြီး ချန်မျိုးနွယ်နဲ့ ရွှီမျိုးနွယ်ဟာ ရင်းနီးတယ့် ဆက်ဆံရေးရှိကြတယ်မဟုတ်လား ။ 
“ဂရုစိုက်ကြဟေ့”
ချန်ရှန် လှမ်းအော်လိုက်ပါတယ် ။  သူပျံသန်းသွားတော့ သူ့ကိုယ်ဟာ မိုးပြောရောင် သက်တန့်တစ်ခုနဲ့ ပင်တူနေပါသေးတယ် ။ သူ့လက်တွေ နဂါးလက်သည်းအဖြစ် ပြောင်း                     လဲသွားကာ အမည်းရောင်ဝတ်လူဆီသို့ ဦးတည်လိုက်ပါတယ် ။ အာ့လိုအချိန်မှာပင် ကျယ်လောင်သည့် ဟိန်းသံကြီးပြုလုပ်ကာဖြင့် သူ့ပါးစပ်ဆီမှလည်း မိုးပြာရောင် ချီဓာတ်တွေ လွှတ်ထုတ်လိုက်ပါတော့တယ် ။ နဂါး ဟိန်းသံ ထွက်လာတာနဲ့ အတူ နဂါး လက်သည်းများဖြင့် အမည်းရောင်ဝတ်လူ၏ ခေါင်းအား ဆုပ်ကိုင်လိုက်ပါတော့တယ် ။ ထိုသူ၏ဦးခေါင်းခွံလည်း ကွဲကာ အရိုးစတွေအဖြစ် ပျံ့ကျဲသွားပါတယ် ။
ဒီလို ရုတ်တရက် ကြီးမားတယ့် အတွင်းအား သက်ရောက်မှုကြောင့် ကျန် အမည်းရောင် ဝတ် လူ ၄ ဦးသာမက ဟို ၂ ယောက်ပါ ကြောင်သွားကာ ငေးနေကြပါတော့တယ် ။  မိုးပြာရောင် နဂါးရဲ့ ကြောက်မက်ဖွယ် ပုံစံများကြောင့် ထိုသူတို့ နှလုံးကို ရှော့ရသွားပါ စေတော့တယ် ။ ဒီလို ပညာမျိုးသူတို့ဘဝမှာ တစ်ခါမျှ မမြင်ဘူးတယ့်အတွက် အရမ်းကို အံ့အားသင့်လျက်ရှိနေကြတာပါ ။ 
ချန်ရှန် အမည်းဝတ်လူ၏ ခေါင်းကို ခွဲပီးတယ့်အခါ နဂါးလက်သည်းများဟာ ချက်ချင်း                                ပြန်ဝင်သွားကြပြီး လက်သီးများအဖြစ် အသွင်ပြောင်းကာဖြင့် နောက်လူတစ်ယောက်ကို ထိုးလိုက် ပါတော့တယ် ။ ဒါဇင်ပေါင်းများစွာ ထိုးလိုက်သောကြောင့် လေတွေပင်ဟပ်လျက် ရှိနေပါတယ် ။ ထိုးခံလိုက်ရသူမှ နောက်လူကိုထိကာ ဆက်တိုက် ပေါက်ကွဲမှုများ ဖြစ်ပေါ်                  လျက်ပါ ။ ဒါဟာ မုန်တိုင်းဖြိုလက်သီး ပဲဖြစ်ပါတယ် ။
ချန်ရှန်မှာ အခုတော့ ချီဓာတ်များစွာ ရှိနေပြီဖြစ်တယ် ။ ဒါကြောင့် ဒ်ီလက်သီးထိုးချက်ဟာ မကုန်သလောက်ကို လွယ်ကူရိုးရှင်းပါတယ် ။ ချီတွေကုန်ဆုံးမှာနဲ့ ပတ်သတ်ပြီး မစိုးရိမ်တော့ ပါဘူး ။ လက်သီးတစ်ချက်စီတိုင်းရဲ့ပေါက်ကွဲမှုဟာ အတော်ကို ပြင်းထန်ပါတယ် ။ ခုခံနိုင်ဖို့    တော်တော် မလွယ်ကူတာပါ ။ သူဟာ ဒီအကွက်ကို အကြိမ်များစွာ အသုံးပြုခဲ့ပြီးကြောင်း                           ကိုတော့ ပြောနေစရာပင် မလိုတော့ပါဘူး ။
ခဏလေးအတွင်းမှာပဲ ချန်ရှန် ဝတ်ရုံအနက်လူ ၃ ဦးကို အနိုင်ယူလိုက်ပါတယ် ။ ကျန် ၂ ယောက်မှာတော့ ထွက်ပြေးသွားကြပါတော့တယ် ။ ဒါပြီးနောက် မှတော့ ရွှီမျိုးနွယ်မှ လူငယ် ၂ ယောက်ဟာ သူတို့ရဲ့ ဓားတွေနဲ့ အရိုသေပေးဟန်ပြုကြ              ပါတယ် ။ ချန်ရှန် တိုက်ပွဲကို ဝင်မပါခဲ့ရင် သူတို့၂ ယောက် တော်တော် အထိနာကြမှာ ဖြစ်ပြီး အသက်ပါပါနိုင်ပါတယ် ။
“ကျေးဇူးအများကြီးတင်ပါတယ် ၊ အကိုတော်”
အရပ်ရှည်ရှည်နဲ့ လူငယ်တစ်ယောက်က ပြောခြင်းဖြစ်တယ် ။ 
“သူကတော့ ရွှီမင်ပါ ၊ ကျွန်တော်ကတော့ ရွှီဇိလန် ပါ ။ ကျွန်တော်တို့ကို လာပြီးကယ် တယ့်အတွက် ကျေးဇူးအများကြီးတင်ပါတယ် ကြီးမြတ်လှတယ့် အကိုတော်”
ချန်ရှန်ဟာ ၁၆ နှစ်သာ ရှိသေးသော်လည်း သူ ဟာ ထွားကြိုင်းကာ ရှည်လျားသော အရပ် အမောင်ရှိနေပါတယ် ။ သူ့ပုံစံက ရင့်ကျက်တဲ့ ပုံလည်း ပေါက်နေတာကြောင့်ပါ ။
“အရမ်းယဉ်ကျေးမနေကြနဲ့ဗျာ ၊ ကျွန်တော်ကတော့ ချန်ရှန်ပါ ၊ ကျွန်တော်တို့ ချန်မျိုးနွယ် နဲ့ ရွှီမျိုးနွယ်ဟာ မျိုးရိုးစဉ်ဆက် မိတ်ဆွေတွေပါပဲ”
ချန်ရှန် ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်တာပါ ။ ထို ၂ ယောက်လည်း  မျက်နာအမူရာ ပြောင်း သွားပါတယ် ။ သူတို့ကို ကယ်တင်တယ့်လူဟာ ချန်ရှန်လို့မမျှော်လင့် မိကြပါဘူး ။ ချန်ရှန်ကတော့ ရွှီမိသားစုမှာ နာမည်ကြီးပါ ။ သူတို့ရဲ့ အသည်းကျော်ဖြစ်တယ့် ရွှီရှန်းရှန်း နဲ့ မေတ္တာ သက်ဝင်မှုနဲ့ ပတ်သက်ပြီး သိနေကြပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ရွှီမိသားစုရဲ့ မျိုးဆက်သစ်အများစုဟာ ချန်ရှန်ကို သိပ်သဘောမတွေ့ကြပါဘူး ။ ဘာကြောင့်လဲဆိုရင် ချန်ရှန်မှာ ပါရမီမပါ ဘူး ဆိုတာကို သိနေကြလို့ပါ ။ ခုတော့သူတို့ချန်ရှန် ရဲ့ စွမ်းအားတွေ                 မြင်ပြီး အံ့အားသင့်ကြရပါပြီ ။ 
“မင်းက တကယ်ပဲ ချန်ရှန်ပေါ့”
ရွှီမင် မယုံကြည်နိုင်ပဲ မေးလိုက်ပါတယ် ။ ချန်ရှန်လည်း ပြုံးပြုံးလေးပင် ခေါင်းညိမ့်လျက် - 
“ဒါပေါ့ ၊ ခင်ဗျားတို့ ၂ယောက် ကျွန်တော်တို့ချန်မိသားစုရဲ့ စားသောက်ပွဲကို တက်ကြမယ် မဟုတ်လားဗျ”
ရွှီမင် နဲ့ ရွှီဇိလန် သူတို့ ခေါင်းတွေကို ညိမ့်ကြပါတယ် ။ တက်မတက်မသေချာသော်လည်း ချန်ရှန်ကို ဘာမှ ထပ်မပြောနိုင်ကြပါဘူး ၊ ဒါတင်မက ချန်ရှန်က သူတို့ကိုကယ်တင် ထားသော ကြောင့် ငြင်းလျှင် ရိုင်းရာကျမှာ ဆိုးလို့ပါ ။
“ခုနလူတွေက ဘယ်သူတွေလဲဗျ ၊ ဘာလို့ခင်ဗျားတို့ကို သတ်ဖို့ကြိုးစားနေကြတာလဲ”
ချန်ရှန် မြေပေါ်မှာ ဒဏ်ရာရလဲကျနေတယ့် လူ ၃ ယောက်ကို ကြည့်လျက်မေးလိုက်ပါတယ် ။ 
ရွှီမင်က ပြန်ပြောပြတယ် ။ 
“သူတို့က အမည်မသိ အဖွဲ့စည်းတစ်ခုက လူသတ်သမားတွေပါ ။ ကျွန်တော်တို့တိုက်ခိုက် တုန်းက သူတို့ဟာ အဆင့် ၅ တွေဖြစ်တယ်ဆိုတာ သိလိုက်ရတယ် ။”
ထိုလူငယ် ၂ ယောက်လည်း လူဆိုး ၃ ယောက်အား ခေါင်းတွေ ဖြတ်လိုက်ကြပါတယ် ။  ထိုသူတို့၏ ပါတယ့် ပစ္စည်းတွေကိုလည်း စိတ်ဝင်စားခြင်းမရှိကြပါဘူး ။ ဒီလူသတ်သမား တွေဟာ ကောင်းကောင်းလေ့ကျင့်ထားကြတာပါ ။ ခုတော့ သူတို့ရဲ့ ပါးစပ်တောင် မဟ နိုင်ပဲ ကို သေသွားကြရပါပြီ ။
“ချန် ၊ ခင်ဗျားဟာ သိုင်းပညာ အဆင့် ၆ ကို ရောက်ရှိနေပြီ ဖြစ်ပါတယ် ။ အာ့လိုမှ မဟုတ်ရင် ဒီလူသတ်သမားတွေကို လွယ်လွယ် အနိုင်ယူ နိုင်မှာ မဟုတ်ပေဘူး”
 သူတို့ ၂ ယောက်ဟာ ချန်ရှန်ထက် အသက်ကြီးကြသော်လည်း သူတို့ထက် စွမ်းအားကြီး တယ့် ချန်ရှန်ကို လေးစားနေကြပါတယ် ။ချန်ရှန် ပြုံးကာဖြင့် - 
“ဟုတ်ပါတယ်”
ချန်ရှန် ချီဓာတ်တွေထုတ်ပြီး မီးတောက်တွေ ထုတ်တာဟာ သူတို့၂ ယောက်ကို အရမ်း အံ့အားသင့်သွားစေပါတယ် ။ စစ်မှန်သောချီဓာတ်မီးလျံဟာ   ဆေးပညာရဲ့ မီးလျှံ ဖြစ်တယ်၊ တချိန်ထဲမှာပင် ချန်ရှန်ဟာ ယောင်မျိုးနွယ်ရဲ့ ပါရမီရှင်နဲ့ ဘာကြောင့် ယှဉ်ပြိုင်ရဲတယ် ဆိုတာ ကို နားလည်သွားကြပါတော့တယ် ။
ရွှီဇိလန်က ရှက်ရှက်နဲ့ ထပ်ပြောပါတယ် ။
“ချန် ၊ မင်းကို စွမ်းအားတွေ တချိန်လုံး လျို့ဝှက်ထားမယ်လို့ မထင်ခဲ့မိဘူး ၊ ဒါမတိုင်ခင်က မင်းကို အမြဲ အထင်သေးခဲ့ဘူးတယ် ။ ခွင့်လွှတ်ပါကွာ”
ချန်ရှန်ခေါင်းညိမ့်လျက် အပြုံးလေးနဲ့ပင် - 
“ကိစ္စ မရှိပါဘူးဗျာ ၊ ဒါနဲ့ ရှန်းရှန်းကော စားပွဲ တက်မှာလားဗျ”
ရွှီမင် ပြုံးကာဖြင့် ပြန်ဖြေလိုက်တယ် ။
“သူမက မင်းနဲ့ ယောက်မျိုးနွယ်ကဆေးဆရာရဲ့ စိန်ခေါ်ပွဲ ရဲ့ အဓိက အကြောင်းရင်းပဲလေ ၊ မလာပဲ နေနိုင်ပါ့မလား ၊ ဒီကောင်မလေး ရဲ့ နှလုံးသားမှာ ညီတော် ချန်လို အလွန်တော်တယ့် လူရှိတာ ဘယ်လောက် ဝမ်းသာစရာကောင်းလဲ ၊ သူမရဲ့ ယုံကြည်မှု ရွေးချယ်မှု တကယ်မှန် ပါပေတယ်”
ချန်ရှန် စကားဆက်မပြောတော့ပါဘူး ၊ ရွှီရှန်းရှန်း သူတို့ပြိုင်ပွဲကို ဒီလို မြန်မြန် စစေလိမ့် မယ်လို့မထင်မိပါဘူး ။ 
“ညီတော် ချန် ၊ ဒီယောင် ဆေးဆရာလေးက ဉာဏ်နီဉာဏ်နက် တော်တော်များတယ် ။ မင်းက စွမ်းအားကြီးတာ မှန်သော်လည်း သူ နဲ့ ယှဉ်ပြိုင်တာက ပြသနာတစ်ခုပဲနော် ။ သူဟာ ဆေးပညာမှာ လုံးဝကို သေချာ ယှဉ်ပြိုင်လိမ့်မယ် ။ သူ့အစွမ်းကိုလည်း ပေါ့သေးသေး မထင် လေနဲ့ ၊ မထင်မှတ်ထားတယ့် အရာတွေဆိုတာ နေရာတိုင်းမှာ ဖြစ်တတ်တယ်”
ရွှီမင်က သတိပေးတာပါ ။ ရွှီဇိလန်ကလည်း ခေါင်းညိမ့် ထောက်ခံကာ ထပ်ပြောပြပါတယ် ။
“ငါအာ့ကောင်လေးကို တွေ့ဖူးတယ် ။ ဒီကောင် တော်တော် စိတ်ကြီးဝင်တယ့် ကောင်ကွ ၊ ငါတို့ရွီှမျိုးနွယ် ကနေ သူ့ကို အရင်က ဖိတ်ဖူးတယ် ။ သူ က ညီမတော် ရွီှရှန်းရှန်းကို ကြည့်နေတာ ၊ တခြားလူတွေကို ဂရုစိုက်ခြင်းလည်း မရှိဘူး ၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဆေးပညာကတော့ မသေးဘူးနော် ၊ နောက်ပြီး ခေါင်းဆောင်တွေနဲ့ သက်ကြီးဝါကြီးတွေ ကလည်း သူ့ကို သဘောကျနေကြတယ် ။ဒါကြောင့် သူတို့ဟာ ရွှီရှန်းရှန်း နဲ့ သဘောတူပြီး အိမ်ထောင်ချပေးချင်နေကြတာ”
ချန်ရှန် ဒီ ယောက်မျိုးနွယ် အကြောင်း ကြားထားပြီးပါပြီ ၊ ဟိုဆေးဆရာ အကြောင်းကိုကော ပါပဲ ။ ထိုဆေးဆရာလေးဟာ အရမ်းမာနကြီးပြီး စိတ်ကြီးဝင်နေတာလို့ကျော်ကြားပါတယ် ။ လူတွေကလည်း အသက်ငယ်ငယ်လေးနဲ့ ဒီလောက်တော်တယ့် ဆေးပညာရှင်ဖြစ်နေတာ မာနကြီးမယ်ဆိုလည်း ကြီးလောက်ပါတယ် လို့လက်ခံထားကြတာပါ ။
သွားနေရင်းမှ ဝိုဟူမြို့နားအရောက်တွင်  ခပ်လှမ်းလှမ်းဆီမှ မြင်းခွာသံများ ဆူညံစွာ  ဖြတ်သွားသည်ကို ချန်ရှန် နဲ့ ရွှီမင်တို့သတိပြုမိလိုက်ကြပါတယ် ။ လှမ်းမြင်လိုက်ရတာတော့ ရထားလုံးများနဲ့ မြင်းများဟာ ဝိုဟူမြို့ဆီသို့ဦးတည်နေတာကို တွေ့လိုက်ကြရပါတယ် ။ အလွန်ကောင်းတယ့်မြင်းများနဲ့ ခမ်းနားလှတယ့် ရထားလုံးများပဲ ဖြစ်ပါတယ် ။ အရေအတွက် အားဖြင့်တော့ ရထားလုံး ၅ ခုဖြစ်ကာ တစ်ခုသော ရထားလုံးရဲ့ မြင်းပေါ်မှာတော့ လူကြီးတစ်ယောက်ဟာ တက်စီးကာဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေတာကို တွေ့လိုက် ကြရပါတယ် ။ ထိုသူ၏ မျက်နာတစ်ခုလုံးတွင်လည်း ချီဓာတ်များ ကို မြင်လိုက်ရတယ် ။ အထူးပြောစရာမလိုလောက်ပါဘူး ၊ ထိုသူကတော့ ကိုယ်ရံတော်ကြီးပင် ဖြစ်ပေလိမ့်မည် ။
“ဟုတ်တာပေါ့ ၊ ယောင်မိသားစုဝင်တွေဟာ တကယ်ပဲ သာမန်ထက်လွန်ကဲကြတယ်”
ချန်ရှန်ဟာ ရထားလုံးပေါ်က ယောင် သင်္ကေတကို မြင်လိုက်သောကြောင့် ပြောလိုက်ခြင်း ဖြစ်ပါတယ် ။ ထိုကိုယ်ရံတော်ကြီး ၏ ခမ်းနားတယ့် အင်္ကျ ီတွင်လည်း   ယောင် သင်္ကေတ ကို ထွင်းထားလျက်ပါပဲ ။ ယောင်မျိုးနွယ်ရဲ့ ပုံစံတွေကတော့ ဒီလိုကြီးကြီးကျယ်ကျယ်တွေပဲ ဖြစ်ပါတယ် ။ 
“မင်းတို့သုံးယောက် နာမည်တွေမြန်မြန်ပြောပြစမ်း ၊နောက်ပြီး မင်းတို့ဟာ လူသတ်သမားတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ထင်တယ်”
ရုတ်တရက်ပဲ ကြောက်မက်ဖွယ် ကြိမ်းမောင်းသံကြီးဟာ ရထားလုံးတွေ ဆီမှ ထွက်ပေါ်လာ                     ခြင်းပါတယ် ။ 
ချန်ရှန်နဲ့ ရွှီမင် တို့၂ ယောက် စိတ်မသက်မသာ ဖြစ်သွားပါတယ် ။ သူတို့ဆီမှ ပြန်လည် ဖြေ               ကြားမှာကိုတောင် မစောင့်ပဲ ရှည်လျားသည့် အစွန်း ၂ ဖက်ရှိသော ဓားကို မြားတစ်စင်းလို ပစ်လိုက်ပါတယ် ။ ဓားထိပ်မှာတော့ အားကောင်းလှသည့် ချီဓာတ်များကို အထင်းသားမြင် နိုင်ပြီး ၎င်းဟာ ချန်ရှန်ဆီသို့တည့်တည့်ပင် လာနေပါတော့သည် . . . . . ။

Chapter – 17
#သိုင်းပညာဖလှယ်ပွဲ

ချန်ရှန် လျင်မြန်စွာပဲ ခြေလှမ်းလိုက်ပါတယ် ။ သူ့လက်တွေကလည်း နဂါးလက်သည်း တွေ ထွက်လျက်ပါ ။ ၎င်းလက်သည်းများဟာ လျှပ်စီးလိုလျင်မြန်တယ့် ဓားကို မြဲမြံစွာ ဖမ်းဆုပ်ကာ ရုတ်တရက် ချီဓာတ်တွေ ထွက်လာပါတော့တယ် ။ ဒီလိုအရာတွေကို ချန်ရှန်ဟာ လက်မောင်း လေးကို အနည်းငယ် လှုပ်ရှားလိုက်ရုံပဲ လုပ်လိုက်ခြင်း ဖြစ်ပါတယ် ။ ထို့နောက် တောင်တစ်လုံးကဲ့သို့မတ်တပ်ရပ်ကာဖြင့် အေးစက်စွာ မေးလိုက်ပါတယ် ။ 
“ငါကချန်ရှန်ပဲ ၊ ချန်မျိုးနွယ်စုက ဖြစ်တယ် ။ မင်းတို့က ဘယ်သူတွေလဲ ၊ မြန်မြန်ပြောနော် မဟုတ်ရင် မင်းကို လူသတ်သမားလို့ သတ်မှတ်လိုက်မယ်”
ဒီလိုပြောဆိုပြုမူချက်ဟာ ဘေးက လူငယ် ၂ ယောက် ရင်ထဲ တုန်လှုပ်သွားပါတော့တယ် ။ ချန်ရှန်ဟာ ယောင်မိသားစုရဲ့ ရထားလုံးဆီကို အိန္ဒြေ ရရပဲ လှမ်းသွားလိုက်ပါတယ် ။ ယောင်မိသားစုဟာ သူတို့ရဲ့ မိသားစုဝင်တွေကို ကာကွယ်ဖို့ကျွမ်းကျင်သူတွေကို အများကြီး စေလွှတ်ထားတာပါ ။ ဒီဓားပျံဟာ သူတို့ရဲ့ အစွမ်းကို ပြသဖို့အတွက် လုံလောက်နေပါပြီ ။ ချန်ရှန်သာ မရှောင်တိမ်းဖြစ်ခဲ့ရင် သေချာပေါက်ကို ရှောင်လွှဲနိုင်မှာ မဟုတ်ပါဘူး ။ 
“အကိုတော် ရှန်”
သူတို့ကြားက တိတ်ဆိတ်မှုကို ချိုသာ ယဉ်ကျေးတယ့် အော်ခေါ်သံ တစ်ခုက ရထားလုံးထဲ မှ ထွက်လာပါတယ် ။ ရုတ်တရက် ပိန်ပိန်ပါးပါး တစ်ယောက်ဟာ ခုန်ထွက်လာပါတယ် ။ လူကဲသေချာမခတ်တတ်တယ့် လူအဖို့ ဒီလူရဲ့ သွင်ပြင်ကို ဖမ်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး.။
ဘယ်လိုပဲဖြစ်ဖြစ်ပါ ၊ ချန်ရှန်ခုတော့ သေချာ ပြောနိုင်ပါပြီ ။ ရွှီရှန်းရှန်း ဖြစ်ပါတော့တယ် ။ သူမရဲ့ ကွင်ဂွန် လို့ခေါ်တယ့် တရုတ်သိုင်းစွမ်းရည်ဟာ လည်း မြင့်မားတယ့် စွမ်းရည်ကို                       ရောက်ရှိနေပါပြီ ၊ ရွှီရှန်းရှန်းရဲ့ လှုပ်ရှားမှုဟာ မြေကြီးနဲ့ မထိသလိုတောင် ဖြစ်နေပါသေး တယ် ။ အသက်ရှူသံ တစ်ချက်အတွင်းမှာပဲ ခြေလှမ်း တစ်ရာလောက်အကွာအဝေးမှာ ရှိတယ့်  ချန်ရှန်တို့ဆီ ရောက်လာပါတော့တယ် ။ ထို့နောက် ချိုသာသော အသံလေးနဲ့  -
“ရှောင်ကွီနဲ့ ရှောင်ဘ တို့ လည်းပါတာကိုး”
ရွှီမင် နဲ့ ရွှီဇိလန်တို့ ၂ ယောက် နည်းနည်းတင်းသွားကြပါတယ် ။ ထို့နောက် ရွှီမင်က - 
“ညီမလေး ၊ မင်းသူစိမ်းလူတွေရှေ့မှာ ဒီလိုမခေါ်သင့်ဘူးနော် ၊ ခုတော့ ငါတို့မျက်နာကို ဘယ်လိုထားရမလဲ”
ရွှီရှန်းရှန်းဟာ လျာထုတ်ကာဖြင့် ရယ်မောပါတယ် ။ ပါးချိုင့်လေး ၂ ဖက်လည်း ပါးပေါ်တွင် ချစ်စဖွယ် ပေါ်နေလျက်ရှိပါတယ် ။ တကယ်ကို နှလုံးရပ်သွားစေမယ့် အမူအရာလေး ပါပဲ ။  ချန်ရှန်လည်း ပြန်လည်ရယ်မောကာဖြင့် -
“မင်းရဲ့ ခင်ပွန်းလောင်း ရန်သူတွေနဲ့ ဘယ်လို တူတူပါလာတာလဲကွ ၊ ခုငါ ဒီလူအုပ်ကို သတ်မိတော့မလိုတောင် ဖြစ်နေတာ”
 ရွှီရှန်းရှန်း ပါးချိုင့်လေး ပေါ်ရုံ ဖြည်းညင်းစွာ ရယ်ကာဖြင့် -
“အကိုတော်ရှန်ဟာ သိုင်းစွမ်းအင်တွေ ပြည့်ဝနေမယ်ဆို သိသားပဲ ၊ ခုနက ဓားက ယောင် မျိုးနွယ်က လူကြီးတစ်ယောက်ကပစ်လိုက်တာလေ”
ချန်ရှန်ရဲ့ ခုနက ထုတ်လွှတ်လိုက်တယ့် ချီ ဓာတ်ပေါက်ကွဲမှုဟာ တကယ်ကို ကြောက်စရာပါ ၊ ၎င်းစွမ်းအားဟာ အနည်းဆုံး အဆင့် ၇ ပညာရှင်လောက်သာ ပြုလုပ်နိုင်တာပဲဖြစ်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ ချီဒြပ်စင် ၅ ခုကို ပိုင်နိုင်စွာ လေ့ကျင့်ခဲ့တယ့် အတွက် သူ့အတွက် ကတော့ လွယ်လွယ်ပါပဲ ။
ယောင်မျိုးနွယ် ရထားလုံးတွေ ရပ်သွားကာ လူအချို့ ရထားလုံးပေါ်မှ ဆင်းလိုက်ကြပါတယ် ။ ကြည့်ရတာ ချန်ရှန် ထွက်သွားတာကို စောင့်နေကြပုံပါပဲ ။ 
“အကိုတော်ရှန် ၊ ကျွန်မတို့သွားရတော့မယ်”
ရွှီရှန်းရှန်း ညင်သာစွာ ပြောဆိုလိုက်တယ် ။ 
“မလိုအပ်တော့ပါဘူး”
ချန်ရှန် ရထားလုံးတွေကို ကြည့်ကာ အေးစက်စွာဖြင့် ပြောလိုက်တာပါ ။ ခုနက ဓားကြောင့် သူတော်တော် စိတ်ဆိုးနေတယ် ။ ဒါဟာဘာလို့လဲဆိုတော့ သာမန်လူတစ်ယောက်သာဆို                 သေသွားနိုင်ပါတယ် ။ 
“ချန်မျိုးဆက်သစ်လေး ၊ ယောင်မျိုးနွယ်ရဲ့ အကြီးတွေကို လာပြီး အရိုသေပေးပါဦး”
ရထားလုံးမှာ စောင့်နေတယ့် လူကြီးတစ်ဦးကအော်လိုက်တာပါ ။ 
“ကျွန်တော့ကို သတ်ဖို့ကြိုးစားတယ့်လူတွေကို အရိုသေမပေးနိုင်ဘူး ၊ နောက်ပြီး ချန်မျိုးနွယ် ကလူတစ်ယောက်က ယောင်မျိုးနွယ်က အကြီးတွေကို အရိုသေပေးရတယ်ဆိုတဲ့ စည်းမျဉ်း မရှိဘူး”
ချန်ရှန် အေးစက်စွာ ပြောလိုက်ပါတယ် ။ ရွှီ်မင်နဲ့ရွှီဇိလန်တို့ ၂ ယောက် ချန်ရှန်ကို လေးစား သွားကြပါတယ် ။ ယောင်မျိုးနွယ်ရဲ့ အကြီးတစ်ယောက်ကို ပြန်ပြောရဲလို့ပါ  ။ 
“ဟက် ၊ စိတ်ကြီးဝင်တယ်ဆိုတာ ကောင်းတယ့်အရာမဟုတ်ဘူး ၊ ငါတို့ခရီးဆက်ရတော့မယ်” 
အသံစွမ်းအားပြည့်ဝစွာ ပြောသံကို ကြားလိုက်ရတယ် ။ သူတို့နဲ့ချန်ရှန်အကြား ပေ ၁၀၀ လောက်ဝေးပေမယ့် အသံကို ကောင်းစွာ ကြားလိုက်ရပါတယ် ။ ဒါဟာ ထိုသူမှာ စွမ်းအား               ကောင်းကောင်းရှိနေတာကို ပြသနေခြင်းပင် ဖြစ်တယ် ။ ရွှီရှန်းရှန်း မျက်ခုံးများ မြင့်တက်                   သွားတယ် ။ ထို့နောက် ချန်ရှန်လက်မောင်းကို ကိုင်ကာဖြင့် -
“သူ့ကို ဂရုမစိုက်နေပါနဲ့”
ချန်ရှန် လှောင်ပြောင်မိတယ် ။ သူဟာ ခုနက ပစ်လွှတ်လိုက်ပြီးသူဖမ်းခဲ့တယ့် ဓားထဲသို့ ချီဓာတ်များ ထည့်လိုက်ပြီး မြဲမြံစွာ ကိုင်ထားပါတယ် ။ ထို့နောက်ရထားလုံးများဆီ ပစ်လွှတ်လိုက်ပါတော့တယ် ။ မိုးပြာရောင်ချီဓာတ်များ ထွက်ပေါ်လျက် ဓားဟာ အလယ်က ရထားလုံးကိုထိမှန်ကာရထားဘီးတစ်ခုလုံး ပေါက်ကွဲထွက်သွားပါတော့တယ်  ၊ သို့သော် ဇိမ်ခံရထားလုံး ဖြစ်ပြီး ဘီးလေးလုံး ပါသောကြောင့် မလဲသေးပါဘူး ။ 
ရွှီရှန်းရှန်း အပါအဝင် ဟို ၂ ယောက်လည်း ဆွံ့အသွားလျက်ရှိနေကြတယ် ။ ချန်ရှန် ဒီလို ယောင် မျိုးနွယ်ကို ရန်စလိမ့်မယ်လို့ မမျှော်လင့်ထားကြဘူးပေါ့ ။ သူတို့ဟာ ချန်ရှန်ဆီက ထွက်သွားတယ့် ဓားကိုလည်း တော်တော်လေး လန့်သွားကြပါတယ် ။ ကြောက်မက်ဖွယ် အတွင်းအားဟာ ယောင်မျိုးနွယ်မှ ခုနက ပစ်လွှတ်လိုက်တယ့် ဓားရဲ့အားနဲ့ ကောင်းကောင်း ကြီးယှဉ်လို့ရပါတယ် ။ 
“ဆောရီးပါ ။ ငါကဓားကို ပြန်ပေးတာပါ ၊ ဖမ်းမယ့်လူမရှိဘူးဖြစ်သွားတယ်”
ချန်ရှန် မဲ့ပြုံးပြုံးကာ ပြောလိုက်ပါတယ် ။ သာမန်လိုပြောလိုက်ပေမယ့် သူ့အသံက အရပ် မျက်နာ အားလုံးကို ပြန့်ထွက်သွားပါတယ် ။ 
“မင်းတော့ သေပြီပဲ”
ယောင်တျန်းဟွာ စိတ်ဆိုးမာန်ဆိုးနဲ့ အော်လိုက်တာပါ ။ သူ့ဝတ်ရုံတောင် မဝတ်ရသေးပါဘူး  ။ ဒါက ဘာမဆို ဖြစ်သွားနိုင်ပါတယ် ။ 
“ကျွန်မအဖေ အထဲမှာပဲရှိသေးတယ် ၊ သူနဲ့ အတူတူ ကျွန်မ လိုက်လာတာ  ၊ ခုတော့ အနာဂတ်မှာ အဖေနဲ့ အတူတူနေဖို့အခွင့်ရေးတောင် ရှိပဦးမလား”
ရွှီရှန်းရှန်း စိတ်ပူတယ့် လေသံနဲ့ ပြောပါတယ် ။ သူ့မျက်နာ လှလှလေးတွင် စိုးရိမ်မှုများ အထင်းသားမြင်နေရပါတယ် ။ ချန်ရှန် သူမ၏ ဆံနွယ်များအား ညင်သာစွာ ထိတွေ့ကာ ပြော လိုက်ပါတယ် ။ 
“သွားတော့”
ရွှီရှန်းရှန်း ပြေးထွက်သွားတယ် ။ ရထားလုံးများလည်း ထွက်ခွာသွားပါတော့တယ် ။ ချန်ရှန် သူမပြေးထွက်သွားသည်ကို ကြည့်ကာ စဉ်းစားပြီး              မေးလိုက်ပါတယ် ။
“ဘာလို့သူမအဖေနဲ့ အနာဂတ်မှာ အတူနေဖို့ အခွင့်အရေး မရှိရတာလဲ”
ရွှီမင် ကမျက်ခုံးများမြင့်တက်ကာဖြင့် - 
“ချန် ၊ မင်း အင်မော်တယ် တောင်က သိုင်းပညာ ဖလှယ်ပွဲ အကြောင်း မကြားဘူးလား ၊ ဒီကောင်မလေး က ပြိုင်ဖို့စာရင်သွင်းထားတယ်လေ ၊ နောက်ပြီး မင်းပစ်လိုက်တာ သူ့အဖေ များထိသွားလားလို့စိုးရိမ်နေတာဖြစ်မှာပေါ့”
များစွာသော စွမ်းရည်ပြည့်ဝသည့် ပညာရှင်များဟာ ကောင်းကင်က တိမ်တိုက်များလို များစွာ ရှိကြတယ် ။ ဒီလိုပညာရှင်တွေဟာ သူတို့ဘဝတစ်ခုလုံးမှာ အဲဒိနေရာကို အရမ်းကို သွားချင်ကြတယ် ။ အကောင်းဆုံး သွားဖို့အသင့်တော်ဆုံးကတော့ ငယ်ရွယ်တယ့် ကာလမှာ ပဲဖြစ်ပါတယ် ။
“မင်းဒီပွဲကို ဝင်ချင်ရင် သိုင်းပညာ အဆင့် ၉ ကိုရောက်ပြီးမှသာ အကောင်းဆုံး ဖြစ်လိမ့်မယ်၊ ဆိုလိုတာက မင်းသူနောက်ကို လိုက်ဖို့က မဖြစ်နိုင်ဘူး”
စုမေးယို က ရုတ်တရက်ပြောလိုက်တာပါ ။ ချန်ရှန်ဟာ ဒီပွဲကို အရမ်းကို ဝင်ချင်စိတ်တွေ                     ဖြစ်ပေါ်နေပါတယ် ။ နောက်ပြီး သူရောက်သွားရင် များစွာသော ပညာရှင်တွေရဲ့စွမ်းအားကို                တွေ့ရမယ် ၊ချီဓာတ်တွေလည်း များပြားသောကြောင့် သူ၏ ယင်နဲ့ယန်နတ်အတွင်းအားတွေ ကို ပိုမို အားကောင်းစေပါလိမ့်မယ် ။ ချန်ရှန်နဲ့ ဟို ၂ ယောက်လည်း ဝိုဟူ မြို့ထဲသို့ ဝင်ရောက် လာကြပါတယ် ။ ရွှီမိသားစုတွေ ရဲ့ဆိုင်ခန်းတွေလည်းရှိပါတယ် ။သူတို့ဟာ ချန်ရှန်ရဲ့ ဖိတ်ကြားမှုကြောင့် သူ၏ ချန်အိမ်တော်သို့လာကြတာဖြစ်ပါတယ် ။ 
ချန်အိမ်တော်ကြီးဟာ အထဲမှာ တော်တော် ကျယ်ပါတယ် ။ စားသောက်ပွဲ စတင်ဖို့၃ ရက်ပဲ လိုပါတော့တယ် ။ ချန်ရှန် သူ့အိမ်မပြန်ခင် သူ့အဖေကို အမြန် သွားနှုတ်ဆက်ပါတယ် ။
“ကျွန်တော့် သိုင်းပညာဟာ ယခု အဆင့် ၆ ရောက်ပြီ ၊ ခုကျွန်တော် အလယ်လတ်တန်းစား                ဆေးပင်တွေ စစိုက်နိုင်ပြီပေါ့”
ချန်ရှန် လက်ဖက်ရည်သောက်နေတယ့် မိန်းမလှ ၂ ယောက်ကို ကြည့်ကာ ပြောလိုက်တယ်။ ဘိုင်ယုယုက ပြန်ပြောပါတယ် ။ 
“ငါဟာဆေးပညာရှင်တစ်ယောက် မဟုတ်သော်လည်း အလတ်တန်းစား ဆေးပင်တွေ အရမ်းဈေးကြီးတယ်ဆိုတာကိုတော့သိတယ် ။ မင်းလုပ်ချင်တယ် ဆိုရင်တော့ ငွေစအကြီး တွေ တော်တော် လိုမယ်နော်”
စုမေးယိုက လက်ဖက်ရည်သောက်ရင်း ပြုံးကာ ပြောပါတယ် ။
“ဒါပြသနာ မဟုတ်ပါဘူး ၊မင်းမှာ ငရဲဝိဉာဉ်တော် မြက်နဲ့ နှစ်တစ်ထောင် သွေးဝိဉာဉ် မြက် ရှိတယ်မဟုတ်လား ၊ အဲ ၂ ခုကို ရောင်းလိုက်လေ ဒါဆို ကုန်ကျစရိတ်အတွက် ကာမိသွားပြီ”
ချန်ရှန်ဟာ သူ့မှာ ဒီ တန်ဖိုးရှိလှတယ့် ဆေးပင် ၂ ခု ရှိနေတာကို လုံးလုံး မေ့နေတာပါ ။ သူပြုးပြီး ပြန်ပြောလိုက်ပါတယ် ။
“အမတော်တို့ ၊ အမတော်တို့မှာ ဘာရတနာလက်နက် မှ မရှိဘူးလား ၊ ကျွန်တော့မှာတော့ ဘာလက်နက် မှ မရှိသေးဘူး”
စုမေးယိုက သက်ပြင်းချကာဖြင့် - 
“ငါ့ရဲ့ မှော် လက်နက်အိတ် ကို ရန်သူက ယူသွားတယ် ။ ကံကောင်းစွာပဲ ထူးဆန်းတယ့် ကွင်းလေး တော့ကျန်သေးတယ် ၊ ဒါပေမယ့်  အဲဒိထဲမှာလည်း အဝတ်အချို့ကလွဲလို့ဘာမှ မရှိဘူး”
ဒီအကြောင်းရာ ပြောနေတုန်းမှာပဲ ဘိုင်ယုယုရဲ့ လှပချောမောတယ့် မျက်နာ ဟာ ဒေါသတွေ ဖြစ်လာတာကို မြင်လိုက်ရပြီး ရုတ်တရက် လက်ဖက်ရည် ပန်းကန်ကို ခွဲ လိုက် ပါတယ် ။ချန်ရှန် နားလည်လိုက်ပါပြီ ၊ ဒီ မှော်လက်နက်အိတ်ထဲမှာ အတော်ကောင်းတယ့် အရာတွေပါမယ်ဆိုတာကိုပါ ။ ဒါကြောင့် ဘိုင်ယုယု စဉ်းစားရင်း ဒေါသဖြစ်လာတာ ဖြစ်ပါတယ်။ 
“မင်း နတ်အတွင်းအား သင်္ကေတ ၄ ခုကို လေ့ကျင့်ခဲ့တာပဲ ။ အကောင်းဆုံးနဲ့ အသင့်တော်ဆုံးကတော့ သားရဲလေးကောင်ရဲ့ နတ်လက်နက် တွေပဲ ၊ ဒါပေမယ့် အဲဒါတွေက ရှာဖို့တော်တော်ခက်တယ် ၊ ဘာကြောင့်လဲဆိုတော့ တစ်ခုချင်းဆီဟာ နတ် လက်နက်တွေ ဖြစ်နေလို့ပဲ”
စုမေးယိုရဲ့ စကားများကြောင့် ချန်ရှန် စိတ်တွေ လှုပ်ရှားသွားပါတော့တယ်  .  .  .  .  . ။







Chapter – 18
#ပထမဆုံးထိပ်တိုက်ရင်ဆိုင်မှု

နတ်လက်နက်တွေ တဲ့လား ၊ နတ်ဘုရားတွေ သုံးတယ့် လက်နက်တွေပေါ့ ။ အရမ်းကို စွမ်းအားကြီးမားမှာပဲ ၊ ဒါတင်မကသေး လေးခုတောင်ရှိမှာ ၊ ပြောခဲ့တယ့် အကြောင်းအရာ တွေကို ကြားရတာတော့  ဒီ နတ်လက်နက် လေးခုဟာ တော်တော်ကြီး အတိုင်းမဆမရှိတယ့် စွမ်းအင်တွေ ရှိမယ့်ပုံပါပဲ ။ ဘိုင်ယုယုက ဝင်ပြောပါတယ် ။
“ဒီလက်နက်လေးခုဟာ နတ်အတွင်းအား သင်္ကေတ ၄ ခုနဲ့ အတူ မွေးဖွားလာတာပဲ                            ဖြစ်တယ် ။ ငါတို့ရဲ့ ဆရာက ဒီနတ်လက်နက်တွေ ပျောက်ဆုံးသွားတာဖြစ်တယ် ။ နောက် ပြီး နတ်အတွင်းအား သင်္ကေတ လေးခုကို လေ့ကျင့်တယ့် သူသာလျှင် ဒီ သားရဲနတ်လက်နတ် တွေကို ပိုင်ဆိုင်နိုင်ဖို့မျှော်လင့်နိုင်မှာဖြစ်တယ်”
စုမေးယိုက သူမလက်တွေကို သုတ်လိုက်ရင်း ထပ်ပြောတယ် ။
“ငါ ဒီနတ်အတွင်းအားသင်္ကေတလေးခု ကျင့်စဉ်ကို လေ့ကျင့်ခဲ့ပေမယ့်  ဒီလက်နတ်တွေ ရှာချင်တယ့် ရည်ရွယ်ချက်မရှိဘူး ၊ ငါစိတ်မဝင်စားလို့လဲ ဖြစ်တယ် ။”
ချန်ရှန်နဲ့ မိန်းမလှ ၂ ယောက် အချိန်တစ်ခုထိ စကားလက်ဆုံကျ နေကြပါတယ် ။ ဒီဆွေးနွေးမှုကြောင့် သူဟာ သိုင်းလောကအကြောင်း ပိုမိုသိရှိလာရတယ် ။ ချန်ရှန် သူ့အဖေဆီက ငွေစကြီး  ၁၀၀၀၀ ယူကာ ဆေးပင်ခန်းမကို လျင်မြန်စွာ ထွက်လာခဲ့တယ်။ သူဟာ အလယ်လတ်တန်းစား ဆေးပင်ကို စ စိုက်ချင်နေပြီလေ ။ ဒါဟာ ယောင်မျိုးနွယ် ပါရမီရှင်ကို ရှုံးနိမ့်စေရုံသာမက သူ့ခွန်အားတွေကိုလည်း လျင်မြန်စွာ တိုးစေဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ် ။ 
“ဘယ်လို ၊ ဈေးတွေ သုံးဆ တက်သွားတယ် ဟုတ်လား”
ချန်ရှန် မျက်ခုံးများ မြင့်တက်သွားကာ ဆေးပင်ခန်းမရဲ့ လူကြီးကို ကြည့်လိုက်ပါတယ် ။  ဆေးပင်ခန်းမသခင်က မုတ်ဆိတ်မွှေးများကို ငြင်သာစွာ ပွတ်ကာဖြင့် ပြန်ပြောပါတယ် -
“ဒါပုံမှန်ဈေးပဲ ၊ မင်းတစ်ခုခုမကျေနပ်လို့ မေးမယ်ဆို ပိုင်ရှင်ကို သွားပြောလေ”
ဆေးပင်ခန်းမ ပိုင်ရှင်! အရင်က သူနဲ့ ဆုံခဲ့ဘူုးတယ် မဟုတ်လား ၊ 
“ဒီနေ့ကစပြီး ချန်မျိုးနွယ်က မည်သူမဆို ဘာဆေးလာဝယ်ဝယ် တန်ဖိုးရဲ့ ငါးဆပဲ”
မာနကြီးပုံရတယ့် အသံတစ်ခု ကြားလိုက်ရပါတယ် ။ ချန်ရှန်သိလိုက်ပါတယ် ၊ ဒီအသံဟာ ယောင်တျန်းဟွာ အသံပါပဲ ။ ဆေးပင်ခန်းမပိုင်ရှင်ဟာ မမျှော်လင့်ပဲ ယောင်မျိုးနွယ် ပိုင် ဖြစ်သွားပါပြီ ၊ ဝယ်လိုက်ကြတာပါပဲ ။
ဆေးပင်ခန်းမကြီးတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်လာတယ် ၊ လူတိုင်းက လှေကားမှ ဆင်းလာတယ့် ဆက်ကျော်သက် လူငယ်ကို ကြည့်နေကြတယ် ။ သူဟာ တော်တော် ချောမောကာ ကြည့်ကောင်းလှပါတယ် ။ တော်တော်ကောင်းတယ့် ရွှေရောင် ပိုးဖဲဝတ်စုံကို ဝတ်ဆင်ထားကာ သူ့နောက်မှာလည်း အသက်ကြီးကြီး လူ ၂ ယောက် စူုးရှ တယ့်အကြည့်တွေနဲ့ ရပ်နေကြပါတယ် ။ သူ၏မျက်လုံးများတွင် မာနကြီးမှုများ အပြည့် ၊ လူတိုင်းကို ကြည့်ပြီး နောက် ချနှ်ရှန်ဆီ ရောက်တယ့်အခါ ရပ်သွားပါတော့တယ် ။ 
ဒါကတော့ ယောင်မျိုးနွယ်ရဲ့ ပါရမီရှင် ယောင်တျန်းဟွာ ပဲဖြစ်ပါတယ် ။ ဝိုဟူမြို့ထဲမှာ ဆေးပင်ရောင်းတာ ဒီခန်းမ တစ်ခုပဲရှိပါတယ် ။ သူတို့ဈေးကိုတော့ ပြောပြီးသွားကြပြီ ၊ ဝယ်မဝယ်ပဲ ရှိပါတော့တယ် ။ ခုတော့ ဒီဆေးပင်ခန်းမ တစ်ခုလုံးကို ယောင်မျိုးနွယ်က ထိန်းချုပ်ထားပါပြီ ။ မနာလိုမှုတွေပြည့်နေတယ့်ပုံစံနဲ့ ယောင်တျန်းဟွာ ချန်ရှန်ဆီ လာနေ ပါတယ် ။ 
“မင်း မှော်ကျောက်ဖရုံဆေး လုပ်ဖို့ ဆေးပင်လာဝယ်တာလား ၊ နောက်ပြီး ဒီအပင်တွေကို မင်းက ဆေးလုပ်မယ်ပေါ့”
ယောင်တျန်းဟွာ အထင်သေးပုံနဲ့ ပြောနေတာပါ ။ 
“အဲတော့ ဘာဖြစ်လို့တုန်း ၊ ဒီကမ္ဘာမှာ မင်းတစ်ယောက်ပဲ ဆေးပညာရှင် ဖြစ်တယ်လို့ ထင်နေတာလား”
ချန်ရှန် လှောင်ပြောလေးပြောလိုက်ပါတယ် ။
“မင်းက ချီမီးလျံ ထုတ်တာ မဆိုးဘူး ကြားတယ် ။ ဒါပေမယ့် ဒါကို မင်းဆေးပင်တွက် အသုံးပြုလို့ရမယ်မထင်ဘူး ၊ ဆေးပညာအတွက်က မီးတောက်ဟာ အန္တရာယ်ကြီးတယ်။  နောက်မင်းလို ကြမ်းကြုတ်တဲ့လူမျိုးက ဆေးလုပ်ရင် ကမ္ဘာကြီးမှာ ဆေးပညာရှင်ဆိုတာ တောင် ရှိဦးပ မလားပဲ”
 ယောင်တျန်းဟွာ ခနဲ့တဲ့တဲ့ ပြန်ပြောပါတယ် ။
ချန်ရှန်စိတ်ထဲ အတွေးတစ်ခုဝင်သွားတယ် ။ အကြံတစ်ခု ဖြတ်ခနဲ ရသွားပါတယ် ။ ထို့နောက် ရယ်ကာဖြင့် -
“ယောင်ပါရမီရှင်ရေ ၊ ဒီလူက တစ်ကယ့်ကို ကြမ်းကြုတ်တာပါ ၊ဒါပေမယ့် ဆေးပညာတော့ နားလည်တယ်နော် ၊ ငါတို့လောင်းမလား၊ မင်းငါနဲ့ လောင်းဖို့ ကြောက်ပြီး ရှက်နေတာလား”
ယောင်တျန်းဟွာ ရယ်ကာဖြင့် - 
“မင်းက ဆေးပညာကို နားလည်တယ် ဟုတ်လား ၊ မင်းဒီလိုတော့ မကြွားသင့်ဘူး ၊ ကောင်းပြီ ကောင်းပြီ ၊ မင်းဘာဖြစ်ချင်လဲ ၊ ငါမင်းနဲ့ အဆုံးထိ လိုက်မှာ”
ငါးစာ သာ မြင်ပြီး ငါးမျှားချိတ်မမြင်တယ့် ငါးလေးကို ကြည့်ကာ သူ့စိတ်ထဲ ပျော်ရွှင် သွား ပါတယ် ။ ထို့နောက် အနီရောင် သွေးဝိဉာဉ်မြက်ကို ကောက်ယူလိုက်တယ် ။ ဒီမြက်က ပန်ကန်ပြားအရွယ်ရှိကာ ထူးခြားတယ့် အနံ့ ကို ထွက်စေပါတယ် ။ နှစ်တစ်ထောင် သွေးဝိဉာဉ်မြက်ဖြစ်ကာ ချန်ဟွာဟိုင်းဆီမှ အနိုင်ရရှိထားတာလည်း ဖြစ်ပါတယ် ။ မြက်ကို ရှေ့ ချလိုက်ပြီးနောက် မှာတော့ ခန်းမရှိလူတွေဟာ အမူအရာတွေ ပြောင်းလည်း သွားကြတယ် ။ ယောင်တျန်းဟွာ ပင်အံ့သြသွားပါတယ် ။ သူဟာ ယောင်မျိုးနွယ်မှ ပါရမီရှင်ဖြစ်ပြီး ဆေးပင်ကို ကြည့်လိုက်တာဖြင့် ပင် အနည်းဆုံး နှစ်တစ်ထောင် သက်တမ်းရှိမှန်း သိလိုက်ပါတယ် ။ အရမ်းကို ဈေးကြီးတယ့်မြက်ပါပဲ ၊ ဆေးဆိုင်မှာကို ဝယ်လို့မရနိုင်ပဲ လေလံပွဲတွေမှာလိုသာ တွေ့နိုင်တာပါ ။
“ငါဒီ နှစ် ၁၀၀၀ မြက်နဲ့ လောင်းမယ် ။ ပါရမီရှင်လေးက ကော လောင်းမလား”
ချန်ရှန် ဟန်ဆောင်ပြုံးကာ ပြောလိုက်ပါတယ် ။
“တကယ်လို့ ငါဆေးလုပ်နိုင်ရင် ငါနိုင်တယ် ၊ နောက် ငါမလုပ်နိုင်ရင်တော့ ငါရံှုးမယ် ၊ ရှင်းရှင်းလေးပါ ။ ဘယ်လိုလဲ လောင်းရဲလား”
ချန်ရှန်အမူအရာ ကြည့်ရပုံမှာ ခပ်တည်တည်ပါပဲ ၊ ယောင်တျန်းဟွာ အရမ်းကြီးကျယ် စိတ်ကြီးဝင်တယ့် ပင်ကိုစိတ်ရှိသူပါ ။ ဘယ်ကိစ္စမဆို လောင်းဖို့ ငြင်းပယ်လေ့မရှိ သို့သော် ဒီတစ်ကြိမ်လောင်းကြေးကတော့ အရမ်းမြင့်နေပါတယ် ။ သူ့မှာ ယောင်မျိုးနွယ်ရဲ့ ပါရရှင် ဖြစ်တယ့်အတွက် ငွေများစွာ ရှိသော်လည်း ဒီဆေးပင်နဲ့ နှိုင်းယှဉ်နိုင်သည့် ပမာဏတော့ မရှိပေ ။ 
ချန်ရှန် ဒီမြက်ကို သယ်လာတော့ လူတွေက အထင်တကြီးနဲ့ ဖြစ်နေကြတယ် ။ ဘယ်သူမှ လည်းမလုယက်ရဲပါဘူး ၊ ဝိုဟူမြို့မှာ ချန်မျိုးနွယ်ကို လူတိုင်း လေးစားကြတယ်လေ ။ ခုလက်ရှိမှာလည်း ချန်ရှန့်အဖေဟာ ခေါင်းဆောင်နေရာမှာလေ ။ 
ချန်ရှန် ယောင်တျန်းဟွာ ရဲ့ ဖြစ်ပေါ်နေတယ့် အခြေနေကိုကြည့်ကာ ကျေနပ်နေတယ် ။ သူဟာ နှစ်တစ်ထောင် မြက်ကို ညွှန်ပြရင်း - 
“ယောင်ဆေးဆရာရေ ၊ ခုမှ ဝိုဟူမြို့ကို ပထမဆုံး အကြိမ်ရောက်ဖူးတော့ စနေတာကို မသိဘူးထင်တယ် ။ ဒီ အလောင်းအစား သေးသေးလေးကို လောင်းကြစို့ ၊ ငါနိုင်ရင် မင်း                    မှော်ကျောက်ဖရုံ ဆေး ပြုလုပ်ဖို့ လိုအပ်တယ့် အရွယ်ရောက်ပြီးသား ဆေးပင် သုံးစုံ ပေး                               ရမယ် ။” လက်သည်းခွံလောက် အရွယ်အစား ရှိတယ့် ဒီ သွေးမြက် တောင် ခုနက ဆေးပင် သုံးစုံထက် ပိုတန်ဖိုးရှိပါတယ် ။ ယောင်တျန်းဟွာ လည်း သက်ပြင်းရှည်ကြီး ချကာ -
“ကောင်းပြီ ၊ စကြစို့”
ချန်ရှန်လည်း ဆေးပင်နည်းနည်းယူ ကာ ချက်ချင်းပဲ မီးဖိုလေးကို ထုတ်လိုက်တယ် ။ ခုနက ဆေးပင်ခန်းမက လူကြီးကို သေချာအောင် စစ်ဆေးခိုင်းလိုက်ပါတယ် ။ ဘာလှည့်စားမှု မှ မရှိတာကို ပြပြီးနောက် ဆေးစလုပ်ပါတော့တယ် ။ 
ဒီချိန်မှာ လူတိုင်းက ချန်ရှန်ကို ကြည့်နေပါတယ် ။ ဒီဆေးပင်ခန်းမကို လာတယ့် လူတိုင်းက ဆေးပညာရှင် ဖြစ်ချင်တယ့် လူတွေကြီးပဲလေ ၊ နောက် ဒီဆေးပြုလုပ်မှု ကနေ သူတို့ဘာရမလဲလို့ စိတ်ဝင်စားနေကြတာပါ ။ ထိုထဲမှာမှ ပိုပြီး စိတ်ဝင်အစားဆုံး လူကတော့ မည်သူဆိုတာကို ပြောပြစရာလိုတော့မည် မထင်ပေ ။ 
ချန်ရှန် လှုပ်ရှားပုံတွေကို စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရင်း ယောင်တျန်းဟွာ သွားကြိတ်မိတယ် ။ ချန်ရှန်ဟာ ဆေးပညာအသိ မှာ တော်တော်လေး နားလည်နေပြီ ဆိုတာကို သူ တွေ့လိုက်ရပါတယ် ။ ဒါတင်မက သူ့ထက်မတော်တောင် သူ့ထက်တော့ မညံ့ဘူးဆိုတာကို ပါ တွေ့လိုက်တယ် ။
ချန်ရှန်ဟာ ကိုယ်ငြိမ်းဆေးကို ကျွမ်းကျင်စွာ ပြုလုပ်နေတယ် ။ ဒီဆေးဟာ သူ့အတွက်                           ပြုလုပ်လို့ လွယ်ကူရုံသာမက ဆေးပင် အနည်းငယ်သာ လိုအပ်ပါတယ် ။ မီးတောက်ကို ထုတ်လွှတ်တာ ကျွမ်းကျင်ရင် ကျွမ်းကျင်သလို ဆေးတွေအများကြီး ကို တစ်ကြိမ်ထဲဖြင့် ပြုလုပ်နိုင်ပါတယ် ။
လူစုလူဝေးဟာ  ချန်ရှန် မျက်နာတွင် စိုးရိမ်မှုမရှိပဲ အေးဆေးစွာ ဖြစ်နေသည်ကို မြင်တယ့် အခါ အံ့အားသင့်နေကြတယ် ။ လူတစ်ယောက် ဆေးလုပ်တာ ခုလောက် အေးဆေး ဖြစ်တာကို အရင်က မမြင်ခဲ့ဘူးပေ ။ တစ်နာရီလောက်ကြာပြီးနောက် ချန်ရှန်ရဲ့ အမူအရာ နည်းနည်းလှုပ်ရှားလာတာကို မြင်တယ့်အခါ လူတိုင်းက သူ အောင်မြင်စွာ ပြီးသွားပြီ ဆိုတာကို သိလိုက်ကြပါတယ် ။
“ပြီးပြီ”
ချန်ရှန် မီးဖို အဖုံးလေးကို ဖွင့်လိုက်တယ် ။ သင့်ပျံ့တယ့် ဆေးရနဲ့ က ခန်းမတစ်ခုလုံး ခြုံ                            လွှမ်းသွားပါတယ် ။ လူတိုင်း မီးဖိုနားကို တိုးကြည့်နေကြပါတယ် ။ သူတို့အားလုံး ဖြူဖွေး တယ့် ဆေးလုံးလေး ၅ လုံးကို မြင်တွေ့လိုက်ရပါတော့တယ် ။
ဆေးပင်ခန်းမက လူကြီး မျက်နာ သွေးမရှိတော့ပေ ၊ သူ့ရှေ့မှာ ရှိနေတယ့် ဆေး ၅ လုံးကို ကြည့်ကာ မယုံကြည်နိုင် ဖြစ်နေပါတယ် ။ သူသည်လည်း ဆေးပညာရှင် တစ်ယောက်                            ဖြစ်သောကြောင့် ဒီကိုယ်ငြိမ်းဆေးတွေ၏ အရောင်နဲ့ အနံ့တွေကို တွေ့တာနဲ့ကို ဆေးရဲ့ အရည်အသွေးကို မှန်းဆနိုင်နေပါတယ်။ ဟုတ်ပါတယ် ၎င်းတို့မှာ မြင့်မားတယ့် အရည်အသွေးတွေ ရှိနေကြပြီး ခဏလေး အတွင်းမှာ လုပ်နိုင်လိုက်တာပဲ ဖြစ်ပါတယ် ။ ဒါတင်မကသေး မီးဖိုအစုတ်လေးမှ ၁၆ နှစ်ကြာအောင် ဆေးတွေ လုပ်ယူခဲ့တာကို လူတွေဟာ မယုံကြည်နိုင်ကြဘူး ဖြစ်နေပါတော့တယ်  .  .  .  .  . ။






















Chapter – 19
#မှော်ကျောက်ဖရုံဆေး

ယောင်တျန်းဟွာရဲ့ အံ့သြထိတ်လန့်မှုများ သူ၏ မျက်နာတွင်အထင်းသားပင် ။ ချန်ရှန်ရဲ့ ဆေးပြုလုပ်ခြင်း နည်းပညာကြောင့် တုန်လှုပ်လျက်ရှိတယ် ။ ဒီကမ္ဘာမှာ သူ့လို ငယ်ရွယ် ပြီး အလွန်တော်တယ့် ဆေးဆရာမျိုး နောက်ထပ်ရှိမယ်လို့ မတွေးမိခဲ့ဘူး ။ ချန်ရှန် ကိုယ်ငြိမ်းဆေး ၅ လုံးကို ထုတ်လိုက်တယ် ၊ ထို့နောက် သကြားလုံးစားသလို သူ့ပါးစပ် အတွင်းသို့ထည့်ဝါးလိုက်ကာ ယောင်တျန်းဟွာ အား ပြုံးလျက်ကြည့်ကာ - 
“ကဲ ခု ငါ့ကို မှော်ကျောက်ဖရုံဆေးအတွက် လိုအပ်တာတွေ ပေးတော့နော်”
ကောင်းမွန်လှတယ့် ဆေးတွေကို အေးဆေးစွာ ဝါးနေသည့် ချန်ရှန်ကိုကြည့်ရင် လူတိုင်း ပါးစပ် အဟောင်းသားဖြင့် ချန်ရှန်၏ အစွမ်းကို အံ့သြနေကြပါတယ် ။ ဆေးကို သာမန် အကြော်တစ်ခုကြော်သလို လွယ်ကူစွာ ပြုလုပ်ချက်က သူတို့ကို ကြီးစွာ တုန်လှုပ်မှု ဖြစ်စေပါတယ် ။ 
ဆေးပင်ခန်းမက လူကြီးဟာ လက် ၂ ဖက်မြောက်ကာဖြင့် ဆေးပင်သုံးစုံကို ချန်ရှန် ဆီ ပေးလိုက်ပါတယ် ။ထို့နောက် အံ့အားသင့်စွာဖြင့် မေးလိုက်ပါတယ် - 
“မင်းက မှော်ကျောက်ဖရုံဆေး လုပ်မလို့လား”
“အရာအားလုံးအတွက် ပထမဆုံး အကြိမ်ဆိုတာဟာ အမြဲဆိုးသွမ်းတယ့် အရာတော့ မဟုတ်ဘူး ၊ ခင်ဗျားရဲ့ဆေးပင်ခန်းမဟာ ဒီလို ဆေးတွေရဲ့ ဈေးတွေ ကြီးမြင့်နေလွန်း တယ် ။ ကျွန်တော်အခု ကိုယ်ပိုင်ဆေးတွေ လုပ်တော့မယ်”
ချန်ရှန် ဆေးပင်တွေယူကာ ပြန်လှည့်လာပါတော့တယ် ။ တံခါးဝသို့ရောက်တယ့်အခါ သမင်လည်ပြန်ကြည့်ကာ ယောင်တျန်းဟွာ ကို ပြောလိုက်ပါတယ် ။
“ယောင်ဆေးဆရာရေ ၊ ရက်အနည်းငယ်ကြာရင် ငါတို့ဆေးပညာပြိုင်ပွဲ စမယ်နော် ၊  အဲဒိအချိန်ကျရင်တော့ ဒီထက်လောင်ကြေးမြင့်မယ်လို့ မျှော်လင့်တယ် ။  ဒါဟာ ပြိုင်ပွဲ တစ်ခု ဖြစ်တယ့်အတွက် ဒီထက်ပို ကျယ်ပြန့်ပြီး ပျော်စရာကောင်းသင့်တယ် ။  ငါ့ဘက်က လည်း လောင်းကြေးမြှင့်ပေးမှာပါ ။ မင်း မတတ်နိုင်ရင်တော့ ၊ ငါနဲ့ လာမပြိုင်နဲ့တော့”
ချန်ရှန် ဒီလို မခံချိမခံသာဖြစ်အောင်ပြောပြီး ခန်းမထဲမှ ထွက်လာပါတယ် ။ ခန်းမထဲရှိ လူများကတော့ သူ့အကြောင်းကိုသာ ပြောဆိုနေကြပါတော့တယ် ။ ဒီလို နှစ်တစ်ထောင် မြက်နဲ့ လောင်းကြေးထပ်တာဟာပဲ တော်တော်ကို ကြီးမားတယ့် အလောင်းအစားတစ်ခုဖြစ်ပြီး ဒါတောင်မှ နောက်တစ်ခါထပ်မြင့်မယ်ဆိုရင်တော့ . . .၊ ယောင်တျန်းဟွာ လှေကားပေါ် ပြန်မတက်ခင်ထိကို တော်တော် ဒေါသတွေ ထွက်နေခဲ့ပါ တော့တယ် ။ 
ခန်းမထဲတွင် အသံများ တစ်ယောက်တစ်ပေါက်ထွက်ပေါ်နေလျက်ပါ ။ 
“သူ့အသက်က ၁၆ နှစ်ပဲရှိသေးတယ် ၊ မှော်ကျောက်ဖရုံဆေးလုပ်ဖို့ မဖြစ်နိုင်ဘူး .  .  . .”
ချန်ရှန်ရဲ့ သရုပ်ဆောင်ချက်နဲ့ အကြံဉာဏ်ဟာ တော်တော်ကို ကောင်းပါပေတယ် ။ ခုတော့ ဆေးအတွက် လိုအပ်တယ့် ဆေးပင် သုံးစုံကို အလကားရခဲ့ပြီ ။ သိပ်မကြာခင်မှာ သူ မှော်ကျောက်ဖရုံဆေး လုပ်တော့မှာ ဖြစ်ပါတော့တယ် ။ 
“ကောင်ဆိုးလေး ၊ သေချာလည်းပြန်ဦး”
စုမေးယိုရဲ့ ပြောစကားပါ။ 
“တခြားအရာတွေနဲ့ယှဉ်ရင် ဆေးပညာက တကယ်ပျင်းဖို့ကောင်းတယ် ၊ မင်းစဉ်းစားဦးနော်”
ဘိုင်ယုယုရဲ့ ခနဲ့တဲ့တဲ့ အသံ ထွက်ပေါ်လာပါတယ် ။ ဒီလိုကြားရတယ့်အခါ ချန်ရှန် နည်းနည်း တုန်လုှပ်သွားတယ် ။ ဘိုင်ယုယုက ပြိုင်ဘက်ကင်းတယ့် မိစ္ဆာနတ်အတွင်းအား ကို လေ့ကျင့်ထားတယ့် လူတစ်ယောက်ဖြစ်တယ်ဆိုတာကို သူ သိတယ်လေ ။ ရုတ်တရက်ပဲ သူမရဲ့ မိစ္ဆာသိုင်းတွေကို ထပ်တောင် မလေ့ကျင့် ချင် တော့ပါဘူး ။ 
ချန်ရှန် ချန်မိသားစု ရဲ့ အိမ်တော်ကို ပြန်လာခဲ့ပါတယ် ။ သူ့အဖေကို နှုတ်ဆက်ပြီးနောက် ရွှီရှန်းရှန်းတို့ သားအဖ မြို့တော်ခန်းမ တည်းခိုဆောင်မှာ တည်းနေတာကို သိခဲ့ပါတယ် ။ ဒါတင်မကသေး ဝိုဟူမြို့က မျိုးနွယ်တော်တော်များများကလည်း သူတို့ကိုမကြာခဏ တည်းခိုင်းနေပါသေးတယ် ။ ဒါကြောင့်  ရွှီရှန်းရှန်း အဖေမှာ အဆက်အသွယ် များစွာရှိတာပဲ ဖြစ်ပါတယ် ။ 
ချန်ရှန် ဟာ လျို့ဝှက်တယ့် မြေအောက် ကျောက်တုံး ခန်းကို လာခဲ့တယ် ။ မှော်ကျောက် ဖရုံဆေးကို လုပ်ဖို့ သူပထမဆုံး အရမ်းအာရုံစိုက်ဖို့လိုပါတယ် ။ စိတ်အနှောက်အယှက် ဖြစ်လို့မရပါဘူး ။ အိတ်ကိုဖွင့်လိုက်တယ့်အခါ စုမေးယိုဟာ သူမ၏ လှပနူးညံ့သော လက်များဖြင့် ဆေးပင်များအား ထိကာ ကျေနပ်ဟန်ဖြင့် - 
“နှစ်ငါးဆယ် သွေးဂျင်စင်း ၊ နှစ်ငါးဆယ် ဝိဉာဉ်တော် သစ်ရွက်မြက် ၊ နူးညံ့တယ့် သဘာ၀ အသီး နဲ့ ယန်ဓာတ် မီးပန်း ၊၊ ဒီလေးခုရဲ့ အရည်သွေးတွေ ကောင်းမွန်တယ် ။ 
ချန်ရှန် အဖြူရောင် အသီးတစ်ခုကို ကောက်ယူလိုက်ပြီး ၎င်းက သစ်ကြားသီး အရွယ် ရှိပါတယ် ။ ထို့နောက် နေကြာပန်းလို ပန်းလေးတစ်ပွင့်ကို ကောက်ယူလိုက်တယ် ။ဒါတွေကတော့ နူးညံ့တယ့် သဘာ၀ အသီးနဲ့ ယန်ဓာတ် မီးပန်း တို့ပဲဖြစ်ပါတယ် ။ ၎င်းတို့ဟာ ဈေးအလွန်ကြီးပြီး နှစ် ဒါဇင်ပေါင်းများစွာ ကြီးထွားဖို့စိုက်ပျိုးကြရတာပါ ။ 
စုမေးယိုနဲ့ ဘိုင်ယုယု တို့ဟာ နေ့တိုင်း ကွင်းလေးထဲမှာ မနေချင်ကြပါဘူး ။ ဒါကြောင့် သူတို့ထွက်လာနိုင်လို့ရတယ့် အခွင့်အရေး ရှိချိန်မှာ ထွက်လာကြပါတော့တယ် ။ အဲ လိုအချိန်တွေမှာ သူတို့ဟာ သူတို့ရဲ့ ပျင်းရိမှုတွေကို ချန်ရှန်ကို စကားတွေ ပြောခြင်းဖြင့် ဖြေဖျောက်ကြပါတော့တယ် ။ 
ချန်ရှန်ကလည်း အဲလို အချိန်တွေကို သဘောကျပါတယ် ။ ဒီလို လှပတယ့် မိန်းမလှ ၂ ယောက်နဲ့ အတူရှိပြီး စကားလက်စုံကျမယ့် မည်သူမဆို ပျော်ရွှင်ကျေနပ်စရာကောင်းနေ မှာပါ ။ ဒီလို မိန်းမလှလေး ၂ ယောက်နဲ့ အတူရှိနေခြင်းဟာ တကယ်ကို ထူးခြားတယ့် အခွင့်အရေးကြီးပါပဲ ။ 
“အမတော် မေးယို ၊ ကျွန်တော် နဂါးတံတွေး ကျင့်စဉ်ကို လုပ်ပြီး  ဒီကျောက်ဖရုံပင်ကိုစိုက်မယ်ဆို ဘယ်လောက်လောက်ကြာမယ်လို့ထင်လဲဗျ”
ချန်ရှန် မေးလိုက်ပါတယ် ။ ဒီမှော်ကျောက်ဖရုံပင်ဟာ ရှင်သန်ကြီးထွားဖို့ နှစ် ဒါဇင်ပေါင်းများစွာ လိုအပ်မယ်ဆိုတာကို သူသိပါတယ် ။ 
စုမေးယို မျက်လုံးလေးများဝိုင်းလျက် ပြန်ဖြေပါတယ် ။
“ခန့်မှန်ခြေ ၁၀ ရက်လောက်တော့ကြာလိမ့်မယ် ။ မင်းကအခု အဆင့် ၆ ပညာရှင် ဆိုတော့ အရင်ကထက် ပိုပြီး နဂါးတံတွေးရဲ့ စွမ်းအားတွေကို ရရှိမှာပါ ။”
နှစ်ပေါင်းများစွာ စိုက်ရမယ့် ဆေးပင်ကို ၁၀ ရက်ထဲနဲ့ပေါ့ ၊ ဒါဟာ ချန်ရှန်ကို တော်တော် အံ့သြသွားစေပါတယ် ။ စုမေးယိုက ဆက်လက်ကာ -
“ခုစလုပ်တော့ ၊ ဒီဆေးပင်ပြုလုပ်နေတုန်း မင်း အချက် ၂ ချက်အပေါ် ဂရုပြုဖို့လို တယ် ။ ပထမတစ်ခုက - ဆေးပြုလုပ်ဖို့ဆေးပင်တွေ အများကြီးလိုမယ် နောက်ပြီး ဆေးပင် တစ်ခုချင်းဆီက  မီးလျံကို ခံနိုင်တယ့် စွမ်းအားတွေမတူညီဘူး ၊ မင်းရဲ့ မီးလျှံတွေကို သေချာစနစ်တကျ ထိန်းချုပ်ပြီး တစ်ခုကို လုပ်နေချိန် တခြားအပင်တွေကို မလောင်အောင် ဂရုပြုရမယ် ။ နောက် ဒုတိယ အချက်ကတော့ - ဆေးကို ခဲမယ့် အချိန် ရောက်ရင် အဲဒိအချိန်မှာ မင်းဟာ ဆေးရဲ့ အနစ်သာရ ကို နားလည်ရမယ်”
ချန်ရှန် စကားလုံးတစ်ခုချင်းဆီကို သေချာမှတ်ထားပါတော့တယ် ။ ထို့နောက် သူ မလှမ်းမကမ်းမှာရှိနေတယ့်မိန်းမလှဘက်လှည့်ကာ မေးလိုက်တယ် ၊
“အမတော် ယုယု ၊ အမတော် ကွင်းထဲကို ကျေးဇူးပြုပြီး ပြန်သွားနိုင်မလား ၊ အေးစက်တဲ့ ချီဓာတ်တွေ အမတော်ကိုယ်က ထွက်နေတယ့်အတွက် ကျွန်တော့ မီးတောက် ထိန်းချုပ် ရတာ ခက်ခဲလို့ပါ”
ဘိုင်ယုယုရဲ့ ပုံစံက ချက်ချင်းပဲ ပိုမို အေးစက်သွားသလိုပါပဲ  ၊ ဒါကြောင့် ချန်ရှန်လည်း ခပ်မြန်မြန်ပင် ထပ်ပြောပါတယ် ။
“အမတော် ယုယု ၊ အမတော်ကတကယ်ကို လှပပါတယ် ။ အဲဒါကြောင့် ကျွန်တော် မှင်သက်နေမှာဆိုးလို့ အမတော်ကို ပြန်ဝင်ခိုင်းတာပါဗျ”
စုမေးယိုလည်း ဒီစကားတွေကြောင့် ဆက်တိုက်ကို ရယ်မောနေပါတော့တယ် ။ 
“လှပတယ့် င့ါအမရေ ၊ ဒီကောင်လေးကို ဗွေမယူနဲ့တော့ ၊ သူဆေးတွေ ကောင်းကောင်း လုပ်ပါစေတော့”
ကွင်းလေးထဲမဝင်ခင် ဘိုင်ယု က ချောင်းတစ်ချက် ဟန့်သွားပါသေးတယ် ။ ချန်ရှန်ဟာ မှော်ကျောက်ဖရုံဆေးကို စလုပ်ပါတော့တယ် ။ ၎င်းဆေးတစ်လုံးကိုရောင်းလျှင်ပင် ငွေစ ၅၀၀၀ လောက်ရရှိနိုင်မှာ ဖြစ်ပါတယ် ။ ဆေးပင်ခန်းမရဲ့ဈေးနှုန်းကြီးမြင့်ပုံမျိုးဖြင့် ဆိုလျှင်တော့ သူတို့ငွေစ ၁၀၀၀၀ လောက်ကို ရောင်းမှာဖြစ်ပါတယ် ။ ဒါဟာတကယ်တော့ ငွေစအသေး တစ်သန်းလောက်နဲ့ကို ညီမျှနေပါပြီ ။ 
ဆေးပင်တွေကို မီးဖိုထဲထည့်ပြီးတယ့် အခါမှာတော့ ချန်ရှန် သူ၏ မီးတောက်များကို စထုတ် လွှတ်ပါတော့တယ် ။  တဆက်တည်းမှာပင် မီးတောက်တွေကို ထိန်းချုပ်ကာ ဖြင့် မီးဖိုထဲထည့်ပါတယ် ။ တစ်နေရာဆီမှ အပူချန်ဟာလည်း ကောင်းမွန်သည့် မီးတောက် များကြောင့် အမျိုးမျိုး ပြောင်းလဲလျက်ရှိနေပါတယ် ။ မှော်ကျောက်ဖရုံဆေးအတွက် လိုအပ်တယ့် ဆေးပင်တွေကို အသုံးပြုရန် မလွယ်ကူပါ ။ ဆေးပင်တစ်ခုချင်းဆီရဲ့ သွင်ပြင်ကို ဆုပ်ဖမ်းနိုင်ပြီး သူတို့ရဲ့ မီးတောက်ခံနိုင်ရည်စွမ်းအင်ကို အသိအမှတ်ပြုဖို့ တစ်နာရီကျော်လောက် ကြာသွားပါပြီ ၊ ဒီအချိန်မှာ အရောင်စုံလှတယ့် ချီဓာတ်တွေ ဟာ မီးဖိုမှ ထွက်လာပါတယ် ။ ဒီဓာတ်တွေကတော့ ဒီဆေးပင်တွေကို စစ်မှန်သော မီးလျံများ သုံးကာ ဖုတ်ခြင်းကြောင့်ဖြစ်လာတာပါ ။ 
ဆေးပင်တွေဟာ ဆေးဖက်ဝင် အမှုန့်များအဖြစ်သို့  တဖြည်းဖြည်း ပုံပြောင်းလာကြပြီး ချန်ရှန်ရဲ့ နတ်အတွင်းအား အာရုံများဟာလည်းဆေးဖက်ဝင်အမှုန်များ ပတ်လည်တွင်  ဖြည်းညင်းစွာ လှည့်နေပါတော့တယ် ။ဒီအချိန်မှာပဲ ဆေးဖက်ဝင် အမှုန့်များနဲ့ ထွက်နေတယ့် ဆေးဖက်ဝင် ချီဓာတ်များဟာ ပေါင်းစပ်သွားကြပါတော့တယ် ။  ခုတော့ ဆေးအဖြစ်ခဲမယ့် အဆင့်ကို အောင်မြင်စွာ ရောက်ရှိခဲ့ပါပြီ ။
အရာအားလုံး ကောင်းမွန်စွာ အဆုံးသတ်ပြီး ခုနောက်ဆုံးအဆင့် ရောက်တယ့်အချိန်မှာ ချန်ရှန် တကယ်ကို ချွေးပြန်ပါပြီ ။  ဒီဆေးဖက်ဝင် ချီဓာတ်များဟာ သဘာဝအားဖြင့် ကြမ်း တမ်းလှပါတယ် ။ မတူညီတယ့် အမျိုးအစားများကို အတူတကွ ပေါင်းစပ်ဖို့က ခက်ခဲလှပါတယ် ။
“ဒီဆေးကို မခဲခင် နတ်အတွင်းအားအာရုံတွေ အလုံလောက်ရှိဖို့လိုအပ်တယ် ။ ဒီ ဆေးဖက်ဝင် ချီ ဓာတ်တွေဟာ ထိန်းချုပ်ဖို့ အတော်ခက်ခဲတာပဲ”
ချန်ရှန်စဉ်းစားမိနေတာဖြစ်တယ် ။  သူ ဟာ အာရုံစိုက်ကာ နတ်အတွင်းအား အာရုံတွေ ကို ထုတ်လွှတ်နေပါတယ် ၊ ဒီအရောင်စုံလှတယ့် ချီဓာတ်တွေဘက်လှည့်ကာ ထုတ်လွှတ်နေခြင်းဖြစ်ပြီး ၎င်းတို့တစ်ခုနဲ့တစ်ခု ပေါင်းစပ်ရန် ဖြစ်ပါတယ် ၊ ထို့နောက်မှာ တော့ ၎င်းချီဓာတ်တွေဟာ အမည်းရောင်အဖြစ် ပြောင်းသွားပြီး မီးခိုးရောင်အမှုန့်အဖြစ် စတင် ပေါင်းစပ်လာကြပါတယ် ။
“ငါအောင်မြင်ရမယ်”
ချန်ရှန် နှလုံးသားထဲ ဒီအတွေးတစ်ခုပဲရှိပါတယ် ။ ဆေးဖက်ဝင် အမုှန်များနှင့် ဆေးဖက်                        ဝင်ချီဓာတ်များဟာ တဖြည်းဖြည်း ပေါင်းစပ်နေကြတယ် ။ သို့သော် သူ့နတ်အတွင်းအား အာရုံဟာ ၎င်းတို့ကို ဆေးအဖြစ် ခဲသွားစေရန် လုံလောက်တယ့် စွမ်းအား မရှိဘူးလို့ သူ့ကိုယ်သူ ခံစားလိုက်မိပါတော့တယ် .  .  .  .  . ။
















Chapter – 20
#သဘာဝလွန်ပါရမီ

ချန်ရှန်ဟာ ဆေးဖက်ဝင် အမှုန်များ အခဲအဖြစ် ပြောင်းလဲမှု ဖြစ်စဉ်ကို စောင့်ကြည့် နေတယ် ။ 
“ဖုန်း”
အလွန်ကျယ်တဲ့အသံဟာ နဲ့အတူ ချီဓာတ်များ မီးဖိုမှ ထွက်လာပါတော့တယ် ။ ချန်ရှန် လျင်မြန်စွာ နောက်ဆုတ်လိုက်ပါတယ် ။ ဆွံ့အလျက် ချွေးတွေလည်း ကျောမှာ စိုရွှဲလျက် ပါ။ 
“ဟူး . . .၊ မီးဖို ပေါက်ကွဲသွားပြီ”
“မင်း အဆင်ပြေရဲ့လား”
စုမေးယိုက သူ့ဆံပင်များအား သပ်လျက် မေးလိုက်ပါတယ် ။
“ကျွန်တော် အဆင်ပြေပါတယ် ။”
ချန်ရှန် အသက်ရှူဖို့ကြိုးစားရင်း ပြောလိုက်ပါတယ် ။ ထို့နောက် စိတ်လျော့ ချလိုက်ရင်း မီးဖိုများ ဘာဖြစ်သေးလဲဟု ကြည့်ရှုရာ အံ့သြစွာပါပဲ ၊ သုံးလို့ရနိုင်လောက်အောင် ကောင်းသေးလျက်ရှိနေပါတယ် ။ စုမေးယို နှုတ်ခမ်းမှ လှပသော အပြုံးလေးပြုံးကာ အားပေးလိုက်တယ် ။
“ဆက်လုပ်ပါ ၊ ဒါ ဖြစ်လေ့ဖြစ်ထရှိပါတယ်”
စုမေးယိုရဲ့ လှပပြီးဆွဲဆောင်မှု ရှိလှတယ့် အပြုံးလေးကို ကြည့်ရင်း ချန်ရှန် နှလုံးသား ပျော့ခွေသွားပါတယ် ။ စိတ်ကိုလျော့ ချပြီး ခဏမျှ အနားယူကာ ဆေးပင်တွေ ထပ်ယူ လိုက်ပါတယ် ။ 
တစ်နာရီ ၊ နှစ်နာရီ ၊ သုံးနာရီလောက်ကြာပြီးနောက်မှာတော့ ချန်ရှန် နောက်ဆုံး အဆင့် ကို ပြန်လည်ရောက်ရှိပြန်ပါပြီ ။ ကျရှုံးပြန်ပါတယ် ။ ကံကောင်းစွာပဲ ပထမအကြိမ်က လို ပေါက်ကွဲမှုတော့ မဖြစ်တော့ပါဘူး ။ချန်ရှန် သက်ပြင်းချပြီး ပြောလိုက်ပါတယ် ။ 
“ဆေးလုပ်ရတာ တော်တော် ခက်တာပဲ ၊ ခုဆေးပင်တွေ တစ်စုံစာပဲ ကျန်တော့တယ် ။ ခုအောင်မြင်အောင်လုပ်ဖို့ တစ်ကြိမ်ပဲ အခွင့်ရေးရှိတော့တယ်”
ချန်ရှန်မျက်နာပေါ်က ချွေးတွေကို ကြည့်ရင်း စုမေးယို သူ့ဆီသို့လာတော့တယ် ။ မျက်နာသုတ်ပဝါ အစိုလေးတစ်ထည်ကို ပေါ်ရင် ပြောပါတယ် ။ 
“ကောင်လေး ၊ မင်းရှေ့မှာ ခုရပ်နေတယ့် ငါဟာ မှော်ကျောက်ဖရုံဆေးလုပ်တုန်းက  မီးဖို ပေါက်ကွဲမှု အကြိမ်များစွာ ဖြစ်ခဲ့တယ် ။ ဒါကြောင့်မင်းလည်း ဖြစ်မှာပါပဲ ၊ ငါ့ခန့်မှန်းချက် အရဆိုရင် မင်းအောင်မြင်ဖို့အနည်းဆုံး နောက်ထပ် အကြိမ် ၂၀ လောက် ကြိုးစား ရလိမ့် ဦးမယ်”
စုမေးယိုရဲ့ ညှို့ဓာတ်ပါလှတယ့် မျက်လုံးများကို စိုက်ကြည့်ရင်း ချန်ရှန် ပြာယာခတ် နေ                             ပါတော့တယ် ။  သူမရဲ့ညှို့ဓာတ်ကြောင့် သူ သွေးတက်နေပြီလေ ၊ ဒီ ချိန်မှာပဲ သူ့စိတ်ထဲ သူမရဲ့ ကိုယ်လုံးတီးပုံရိပ်ကို မြင်ယောင်ကာ စိတ်တွေ ပူလောင်လျက် ရှိနေတော့တယ် ။ 
“ဘယ်လို ၊ အကြိမ် ၂၀ ဟုတ်လား ၊ မဖြစ်နိုင်လောက်ဘူးဗျ ၊ ကျွန်တော့မှာ အဲလောက် သုံးဖို့ ပိုက်ဆံမရှိဘူး”
ချန်ရှန်ပြန်ပြောလိုက်ပါတယ် ။ သူခေါင်းတွေခါလျက် ခုနက သူ့စိတ်ထဲ ပေါ်နေတယ့် ပုံရိပ်တွေကို မေ့ပစ်ဖို့ ကြိုးစားနေပါတော့တယ် ။ ချန်ရှန်စိတ်ကို နည်းနည်းရိပ်မိနေတယ့် အတွက် စုမေးယိုဟာ ချစ်စဖွယ် ပုံစံဖြင့် သူမ၏ ရင်အုံများကို အနည်းငယ်လှုပ်ခါလျက် ရှိနေပါတော့တယ် ။ 
“ကောင်လေး ၊ မင်းရဲ့ စိတ်ဆင်ရိုင်းတွေက ငါ့ကိုကျော်ပြီး ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး ၊ မင်းရဲ့ အတွေးတွေက မင်းရဲ့ စီနီယာ အမအပေါ် သာယာနေရင် မင်းကံဆိုးမှုတွေပဲ ရလိမ့်မယ်”
ရုတ်တရက် သွေးဆာပြီး ရက်စက်တယ့် ချီဓာတ်တွေပြည့်နေတယ့် ချောမောလှပသော ဘိုင်ယုယုတစ်ယောက် ချန်ရှန်ရဲ့စိတ်ထဲပေါ်လာပါတယ် ။ သူရယ်မိတယ် ။ သူဟာ စုမေးယိုရဲ့ တခစ်ခစ်ရယ်သံနဲ့ အတူ ဖြစ်ပေါ်နေတယ့် အလှကို အကြည့်မလွှဲ နိုင်ခဲ့ဘူး ။  လှပလှတယ့် စုမေးယိုရဲ့ မျက်နာမှာ အပြုံးပန်းတွေ ပွင့်နေလေတော့တယ် ။ 
ဒါပြီးနောက်မှာတော့ ချန်ရှန်ဟာ တစ်နာရီကျော်လောက် နားနေလိုက်ပါတယ် ။ အဲဒိနားနေချိန်မှာတော့ စုမေးယိုရဲ့ သူမကြုံတွေ့ခဲ့ရတယ့် ဒီ မှော်ကျောက်ဖရုံဆေးလုပ် တုန်းက အကြောင်းအရာတွေကို နားထောင်နေတာလည်း ဖြစ်ပါတယ် ။ချန်ရှန် အနားယူ ပြီးတယ့် အခါမှာတော့ နောက်တစ်ကြိမ်ဆေးလုပ်ဖို့ကြိုးစားပါတော့တယ် ။ ဒီတစ်ခါမှာ တော့ စစချင်းအဆင့်များပြုလုပ်တာဟာ ၂ ဆလောက်မြန်နေပြီလေ ။ တစ်နာရီခွဲ လောက် ကြာတယ့်အခါမှာတော့ နောက်ဆုံး အခဲလုပ်တယ့် အဆင့်ကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ် ။ 
စုမေးယိုရဲ့မျက်လုံးတွေ တဖိတ်ဖိတ် တောက်ပလျက် စောင့်ကြည့်နေပါတယ် ။ သူမ အထင်ကတော့ ချန်ရှန် ဒီလောက်မြန်မြန်လုပ်ဖို့လုံး၀ မဖြစ်နိုင်ဘူးလို့ ပါ ။ ဒါပေမယ့် အောင်မြင်သွားပြီ ။ ဒါကြောင့် စုမေးယိုဟာ ဒီကောင်လေးရဲ့ ဆေးပညာပါရမီကို လုံး၀ လေးစားသွားရပါတော့တယ် ။ ဒီချိန်မှာ သူမဟာ ချန်ရှန်နဲ့ပတ်သက်ပြီး တစ်ခုစဉ်းစား မိနေပါတယ် ။ 
“အမတော် ၊ ညီမတို့ရဲ့ နတ်အတွင်းအားပေးတာ လူရွေးမှန်သွားတယ် ။ ဒီကောင်လေးက ညီမတို့ကို စိတ်မပျက်စေဘူးနော်”
ကွင်းလေးအတွင်းမှ စုမေးယိုက ဘိုင်ယုယုအား နတ်အတွင်းအားအာရုံကို အသုံးပြုကာ လှမ်းပြောလိုက်ပါတယ် ။ 
“ဒါက နည်းနည်းပို ကောင်းရုံပါ”
ဘိုင်ယုယုက အေးစက်စက်ပဲ ပြန်ပြောတယ် ။ စုမေးယိုကတော့ ကျေနပ်ကာ ပြုံးမိနေပါ တယ် ။ ခဏကြာပြီးနောက်မှာတော့ ချန်ရှန် သူ့မျက်လုံးတွေ ဖွင့်လိုက်တယ် ။ စိတ်လှုပ်ရှားမှု အပြည့်နဲ့ပေါ့ ၊ အိုးအဖုံးကို လှပ်လိုက်တယ် ၊ အထဲမှာ ဘာရှိလဲဆိုတာကို တွေ့ပြီးနောက်မှာတော့ ၊ သူ စုမေးယို ဆီသို့စိတ်လှုပ်ရှားမှုဖြင့် ကြည့်ကာ - 
“အမတော် မေးယို ၊ ကျွန်တော် လုပ်နိုင်ပြီ ။မှော်ကျောက်ဖရုံဆေးကို လုပ်နိုင်ပြီဗျ”
ဘိုင်ယုယု ကွင်းအတွင်းမှ ထွက်လာပါတယ် ။ ဒီအချိန်မှာ စုမေးယို မျက်နာဟာလည်း အံ့အားသင့် ပျော်ရွှင်လျက်ပါ ။ ဒီလိုထူးခြားတယ့် ပါရမီကို မြင်တယ့်အခါ အရမ်းပျော်ရွှင် ပြီး သူတို့ရဲ့ မျှော်လင့်ချက်အားလုံး ကို ချန်ရှန်အပေါ်ယုံကြည်စွာ ပုံအပ်ထားလျက်ပါ ။ သာမန်အားဖြင့် ဒီမှော်ကျောက်ဖရုံဆေးကို လုပ်လျှင် တစ်ချိန်တည်း ၃ လုံးရရမှာ ဖြစ်ပြီး ခုချန်ရှန်ကတော့ ၂ လုံးသာလျှင် ရရှိခဲ့ပါတယ် ။ သို့သော်လည်း ဒီလို တစ်ရက်ထဲနဲ့ အောင်မြင်တာဟာပဲ တော်တော်အံအား သင့်စရာပါ ။ 
ဒီလိုအရာကို လုပ်နိုင်တာဟာ တော်တော်ကြီး ပါရမီထူးကဲလို့ပါ ။ ဒီလိုနည်းနည်းလေး ကြိုးစားရုံဖြင့် ချန်ရှန်ဟာ ဆေး ကို သဟဇာတဖြစ်အောင် ဘာတွေလိုအပ်လဲဆိုတာကို သိလာတာပါ ။ စုမေးယိုချန်ရှန်ရဲ့ ဆံပင်များကိုပွတ်သပ်ကာ ရယ်လျက် ပြောပါတယ် ။
“တော်တယ် ကောင်လေး ၊ မင်းငါတို့ကို စိတ်မပျက်စေဘူးပဲ”
စုမေးယို စကားကို နားထောင်ပြီး ဘိုင်ယုယုကလည်း ခေါင်းညိမ့်လျက် အသိအမှတ် ပြု ပါတယ် ။ အေးစက်တယ့် သူမမျက်လုံးတွေတောင် ပျော့ပြောင်းနေသယောင်ပါပဲ ။ မိန်းမလှ ၂ ယောက်က ဒီလို သူ့ကို အထူးကို ချီးမွမ်းခန်းဖွင့်နေတယ့် အတွက် သူ့ကိုယ်သူ တော်တော် ဂုဏ်ယူမိနေတယ် ။ ဒါပေမယ့် သူဒီတစ်ကြိမ် အော်မြင်တာ မှန်ပေမယ့် အမြဲတမ်းအောင်မြင်မယ်လို့ မဆိုလိုသေးပါဘူး ။
ဒီလို ဂုဏ်ယူမိတာနဲ့ သူ့ရဲ့ ရည်ရွယ်ချက်တွေကို လျော့ချပစ်မှာ မဟုတ်ပါဘူး ။ သူဒီမြေအောက် ကိုယ် ပိုင်အခန်းထုက မထွက်ခင် ဆေးအချို့ လုပ်ချင်နေသေးတာပါ ။  သူထွက်လာတယ့်နောက်မှာတော့ ကောင်မလေးတစ်ယောက် ခရမ်းရောင်စကပ်ကို ဝတ်လျက် အခန်းငယ်ထဲ ထိုင်နေတာကို တွေ့လိုက်ရပါတယ် ။
ပုံစံကတော့ ဆွေကြီးမျိုးကြီးထဲမှဖြစ်ပြီး ခဏအကြာမှာပဲ ချန်ရှိစိတ်ထဲသိလိုက်ပါတယ် ။ ထို့နောက် စိတ်သိပ်မကြည်သောလေသံဖြင့် -
“ရှန်းရှန်း ၊ မင်းဒီကို ဘယ်လိုရောက်နေတာလဲ”
ရွှီရှန်းရှန်း လည်း ချန်ရှန်ကိုကြည့်ကာ ပြောလိုက်ပါတယ် ။
“ဘယ်လို ၊ ကျွန်မ အကိုတော်ကို မရှာရဘူးလား ။ ကောင်းပါပြီ ၊ အကိုတော်ကအရွယ် ရောက်ပြီဆိုတော့ အကိုတော်ကပဲ ကျွန်မကို ပြုစုစောင့်ရှောက်ရမှာပေါ့ ဟုတ်တယ်မ လား ။ ဘာလို့ ကျွန်မကပဲ အကိုတော်အတွက် အမြဲတမ်းလာနေရတယ့်လူပဲ ဖြစ်နေတာလဲမသိ ၊ ဟက် ! နောက်ပြီး တခြားလူတွေရှေ့ မှာလည်း ဟာသလုပ်ခံရတယ်”
ချန်ရှန် စိတ်ကသိကအောက်ဖြင့် ခေါင်းကုတ်လိုက်ပါတယ် ။ တကယ်တော့ သူ ကောင်မလေးဆီ သွားချင်တာပါ ။ ဒါပေမယ့်လည်း ဆေးပညာလေ့ကျင့်ဖို့က တကယ်ကို အရေးကြီးနေလို့ဖြစ်ပါတယ် ။ သူလည်း ရှန်းရှန်း ဆီသို့ဖြေးညင်းစွာ လျှောက်သွားပြီး သူမမျက်နာလေးကို ကိုင်လိုက်ပါတယ် ။ ကောင်မလေးလဲ ရှက်သွေးဖြာမှုကြောင့် မျက်နာများ ရဲလျက်ရှိနေတယ် ။
“ရွှီရှန်းရှန်း ၊ ငါတကယ်ကို တောင်းပန်ပါတယ် ။ ငါဆေးပညာကိစ္စတွေနဲ့ အရမ်း အလုပ်များ နေလို့ပါ ။ ငါ့တောင်းပန်မှုအဖြစ် ဒါကို လက်ခံပေးပါ ။”
ချန်ရှန် ဆေး အမည်းလေး ၂ လုံးပါတယ့် သေတ္တာလေးကိုထုတ်လိုက်ပါတယ် ။ ဒါခုနက သူလုပ်ခဲ့တယ့် မှော်ကျောက်ဖရုံဆေး လေးတွေပါ ။ ရွှီရှန်းရှန်းသေတ္တာလေးကို ဖွင့်ပြီး နူးညံ့တယ့် အသံလေးနဲ့ -
“မှော်ကျောက်ဖရုံဆေးးးး ! ဒါကို တကယ်ပဲ အကိုတော် လုပ်တာလား . . .”
ချန်ရှန်ပြုံးလျက် ပြန်ပြောလိုက်တယ် ။
“ငါကံကောင်းလို့ လုပ်နိုင်သွားတာပါ ။ နောက်ထပ်ကုန်ကြမ်းလည်းမရှိတော့ဘူး ၊ ထပ်ဝယ်ဖို့ ပြင်ဆင်နေတုန်းပါ ။ ဒါပေမယ့် ခု ဆေးပင်ခန်းမကို ယောင်မိသားစု ပိုင်သွားပြီ၊ ငါသူတို့ဆီက ဝယ်ရင် အချိန်အများကြီးပေးရပြီး ဈေးကလည်း #$#$^*& . . .၊ ငါ့ကို ဆေးပင်တွေဝယ်ဖို့ ကူညီပေးနိုင်မလား”
ကောင်မလေးခေါင်းထဲ ဖြတ်ကနဲ တွေးမိလိုက်တယ် ။ သူမ၏ မျက်နာနဲ့ ပုံစံဟာ တင်းမာလာပြီး ပြန်ပြောလိုက်တယ် ။
“သေချာတာပေ့ါ ။ဒါပေမယ့် အကိုတော်ချန် ဒီအသက်အရွယ်နဲ့ ဒီဆေးလုပ်နိုင်တာ တော်တော် အံ့သြမိတယ်”
ရွှီရှန်းရှန်း လေသံကို ပြန်လျော့ချလိုက်ပြီး ထပ်ပြောပါတယ် ။ 
“အကိုတော် ၊ အကိုတော် သိုင်းပညာဂိုဏ်းကို မကြာခင် ဝင်နိုင်မယ် ။ နောက်ပြီး သိုင်းပညာ အထွှဍ်အထိပ် ရောက်နိုင်မယ်”
ချန်ရှန်ခေါင်းညိမ့်လျက် ပြန်ပြောပါတယ် ။
“ငါ့မှာ အစီစဉ်ရှိပါတယ် ။ ဒါပေမယ့် ခုတော့ လုံလောက်တယ့် အတွင်းအားမရှိသေးဘူး ၊  ရှန်းရှန်း မင်းကိုအဲဒိဂိုဏ်းက အဖွဲ့ဝင်လာခေါ်တာလား”
ကောင်မလေး သက်ပြင်းချပြီး ပြန်ဖြေလိုက်တယ် ။
“၎င်းက ဂိုဏ်းတစ်ခုမဟုတ်ဘူး ၊ လူတစ်ယောက်ပဲ ၊ သူမက ကျွန်မတို့ ရွှီမျိုးနွယ်ရဲ့ အလေးထားခြင်းခံရတယ် ။ နောက်ပြီးကျွန်မကိုသဘောကျတယ် ။ သူ့ပညာသင်အဖြစ် ရှိစေချင်တာပါ ။ သူမဟာ သိုင်းပညာဂိုဏ်းတစ်ခုက ဖြစ်ပုံပဲ ဒါပေမယ့် သူမဟာ သူ့ကိုသူ နဲ့ပတ်သတ်ပြီး သေသေချာချာ ပြောလေ့မရှိဘူး ။
“ကျွန်မသူနဲ့ လိုက်မယ် ၊ ပြီးရင်တော့ . . . .”
ရွှီရှန်းရှန်း စကားစကို ရပ်လိုက်ပါတော့တယ် ။
“ကိစ္စ မရှိပါဘူး ၊ ဒါက သိုင်းပညာရှင်တိုင်းရဲ့ ပန်းတိုင်ပဲလေ ၊ ကြာလာရင် ငါလည်း                                   ရောက်လာမှာပါ”
ချန်ရှန်ပြောလိုက်ပြီးနောက် ငွေစ ၁၀၀၀၀ ကို ထုတ်လိုက်ပြီးနောက် ကောင်မလေးကို ပေးလိုက်ပါတော့တယ် ။ ငွေကိုယူပြီးနောက် ရွှီရှန်းရှန်းမှ -
“ဒီမှော်ကျောက်ဖရုံဆေးက ကျွန်မအတွက် အခုမလိုသေးပါဘူး ၊ ဒါကြောင့် ကျွန်မ ဒါကိုရောင်းပြီး ဆေးပင်တွေနဲ့ လဲခဲ့မယ် စောင့်နေဦးနော် မြန်မြန်ပြန်လာခဲ့မယ်”
ကောင်မလေး ထွက်သွားပြီးနောက် ချန်ရှန် ရေမြန်မြန်ချိုးလိုက်တယ် ။ သူပြီးတယ့်အခါ အဖြူရောင်ဝတ်ရုံဝတ်ဆင်လျက် အရွယ်ရောက်နေတယ့်  ကောင်မလေး ရွှီရှန်းရှန်း ပြန် ရောက်နေတာ တွေ့လိုက်ရတယ် ။ သူသာတကယ်လို့ ဘိုင်ယုယုနဲ့ စုမေးယိုတို့လို မိန်းမလှ မျိုးနဲ့ မကြုံတွေ့ခဲ့ပါက ဒီကောင်မလေး အလှမှာ ကျရှုံးစေလောက်ပါတယ် ။ 
မိန်းမလှလေး ရွှီရှန်းရှန်းဟာ ဘဲဥပုံမျက်နာရှိပြီး မိတ်ကပ်လုံး၀ မလိမ်းပါဘူး ၊ အသားရေက ဝင်းပဖြူစင်ကာ နူးညံ့လှပါတယ် ။ ကောင်မလေး က ချန်ရှန်အား ဖီးနစ်ငှက် ၏ မျက်လုံးများဖြင့် အလားတူသော မျက်လုံးများဖြင့် ပြုံးပြပါတယ် ။ သူမရဲ့ ကျက်သရေ ရှိလှတယ့် ပုံရိပ်ကြောင့်  အပြစ်ဒဏ်ကျတော့ မလိုတောင် ခံစားမိစေပါတယ် ။ ဒီမျက်လုံးများရဲ့ စွမ်းအားကြောင့် သူမဟာ နတ်ဘုရားတွေကိုပင် အထင်မှားစေကာ စစ်ပွဲ တွေ ဖြစ်စေရလောက်သည်ထိ ဖြစ်စေနိုင်ပါတော့တယ်  .  .  .  .  . ။ 


rate now:

1 Reviews
  • reader Tyfone 23.11.2019, 12:54 0.9

    Can't read. Please use Unicode. I'm not from Myanmar and does not have Zawgyi font.

    author Translator - #MC 23.11.2019, 13:00

    See Next Chapter. I repaired this chapter again.