book

Index 1

နှင်းလင်းယုန်အရှင်သခင် ရွှယ်ယင် စာစဥ် ( ၁ )

  • Author : Kaung Myat
  • Genres : Romance, Adventure, Mystery, Action
  • Original Author : IET

Picture 22

နှင်းလင်းယုန်အရှင်သခင်

စာစဥ် ( )

ကောင်းမြတ်

အပိုင်း ( ၁ ) နှင်းလင်းယုန်နယ်မြေ

နဂါးတောင် ပြက္ခဒိန်အရ ၉၆၁၆ ခုနှစ် ဆောင်းတွင်းကာလ...

အဇူရီမြစ်စီရင်စုခရိုင် ... အန်းယန်ဟု အမည်ရသည့် ပြည်နယ်တစ်ခုတွင် ရှိသော ရီရွှေဟု ခေါ်တွင်သည့် မြို့တွင် ...

လက်ရာ သေသပ်စွာ ချုပ်လုပ်ထားတဲ့ အဝတ်ကို ဝတ်ဆင်ထားသည့် အသက် ခုနစ်နှစ် ရှစ်နှစ်ပဲ ရှိသေးတဲ့ ကောင်လေးတစ်ယောက်။ သူ၏ကျောပြင်ပေါ်မှာ အဝတ်အိတ် တစ်လုံးကို လွယ်ထားသည်။ သူဟာ တောတန်းတွေကို ကျော်နင်းကာ တစ်ဟုန်ထိုး ပြေးလွှားနေလေရဲ့။ အနီရောင်သန်းတဲ့ သူ့နှုတ်ခမ်းက အပြုံးစတွေ တွဲခိုနေပြီ ပုလဲလုံးလေးလို ဖြူနုတဲ့ သူ့သွားတွေကို လှစ်ဟပြနေသကဲ့သို့ ထင်မှားစရာပဲ..။

သူ့ရဲ့ ညာလက်မှာ အနက်ရောင် လှံတိုကို ကိုင်စွဲထားပြီး တောသမင် တစ်ကောင်ကို အသည်းအသန် အမဲလိုက် နေသည်။ ပတ်ဝန်းကျင်တွင်လည်း သိပ်သိပ်သည်းသည်း ကျဆင်းလျက် ရှိသည့် နှင်းပွင့်ခဲတွေ ကလည်း သစ်ပင်ပေါ်က သစ်ရွက်ဝါတွေကို တဖြုတ်ဖြုတ် သက်ခြွေ ပေးနေသည့်နှယ် ... ခုန်ဆင်းလို့ ...

" ဟုတ်ပြီ"

ပစ်ကွင်းကောင်းကို တွေ့သွားသည့် ထင်ရဲ့ ကောင်လေးဟာ လှံတိုတစ်ချောင်းကို ဆွဲမြှောက် လိုက်ပြီး ခန္ဓာကိုယ်ကို အနောက်ဘက် အနည်းငယ် ယို့လိုက်ပြီး အားကို အရင်စုလိုက်သည်။ ပြီးမှ ခန္ဓာကိုယ်မှာ ရှိသမျှအားတွေကို ညာဘက် လက်မောင်းဆီကို ပို့လိုက်ပြီး လှံတိုကို အားကုန် ပစ်လွှတ်လိုက်လေသည်။

ဝှီးခနဲ မြည်သံနှင့်အတူ လှံတိုလေးဟာ လေထုကို ဖောက်ထွက်ပြီး အရှိန်အဟုန်နှင့် ပြေးထွက်သွားသည်။ ပြေးထွက်သွားတဲ့ လမ်းကြောင်းမှာ ရှိတဲ့ သစ်ရွက် အချို့ကိုပါ ထိုးဖောက်ပြီး မီတာ ၃၀ အကွာအဝေး လောက်မှာ ရှိတဲ့ တောသမင် တစ်ကောင်၏ ဖင်ပိုင်းကို ရှရုံမျှသာ ထိမှန်သွားသည်။

လှံတိုက နှင်းပြင်လွှာပေါ် စိုက်ဝင် သွားအချိန်မှာ သမင်၏ ဖင်ပိုင်းတွင် သွေးအနည်းငယ် စို့နေပြီး ဖြစ်သည်။ သမင်ဟာ ကြောက်လန့် တကြားနှင့် တောနက်ထဲကို အားကုန် ပြေးဝင်သွားပြီး မြင်ကွင်းကနေ ပျောက်ကွယ် လုလုဆဲမှာပဲ ...

ကျောက်ခဲတစ်လုံး အရှိန်အဟုန်ဖြင့် လွင့်ပျံလာသည်။

မီတာတစ်ရာ လောက်က တောနက်ထဲကနေ အလင်းတန်း တစ်ခုလို အရှိန်အဟုန်နှင့် ပြေးထွက်လာတဲ့ ကျောက်ခဲဟာ အရှိန်အဟုန်ဖြင့် သစ်ပင် တစ်ပင်ကို ဒုန်းခနဲ မြည်အောင် ဖောက်ထွက် လာပြီးနောက် သမင်ရဲ့ခေါင်းကို တည့်တည့် ထိမှန်သွားသည်။

"အဖေ ..."

လူငယ်လေးဟာ တောအုပ်ဘက်ကို ခေါင်းလှည့်ကြည့် လိုက်ပြီး ...

" အဖေ မကူညီဘဲ နည်းနည်း စောင့်လိုက်တာ မဟုတ်ဘူး ... တစ်အောင့်လောက်ဆို သား ဖမ်းမိပြီ ..."

" ငါ မကူညီလိုက်ရင် ဒီအချိန်ဆို သမင်က တောနက်ထဲ ရောက်နေလောက်ပြီပေါ့ ... ပြီးတော့ ပြေးလွှားနေရင်း သားကောင်ကို လှံနှင့် ပစ်တဲ့နေရာမှာ သားရဲ့ တိကျမှန်ကန်မှုက အားနည်း နေသေးတယ်.. အိမ်ပြန်ပြီ ဒီည လှံကို အကြိမ် ငါးရာ ထပ်လေ့ကျင့်လိုက်ဦး ..."

အားပါတဲ့ စကားသံဟာ အဝေးကနေ ဟိန်းထွက်လာပြီ တစ်ဖန် အဝေးကနေ လမ်းလျှောက် လာနေသည့် လူနှစ်ဦးကို မြင်လိုက်ရသည်။

တစ်ယောက်ကတော့ အတော်လေးကို ကြံ့ခိုင်သန်စွမ်း ပုံရသည့် အသက်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်ကာ အနက်ရောင် ဆံပင်နှင့် မျက်ဝန်းနက်ရှိပြီ ကျောနောက်မှာ လက်နက် သေတ္တာကို လွယ်ထားသည်။ နောက်တစ်ယောက်ကမူ ကိုယ်ခန္ဓာ ထွားကြိုင်းလှပြီး အရပ်အမြင့်ကလည်း ခြောက်ပေကျော် ရှိသည်။ လက်မောင်းအိုးကလည်း ပုံမှန်လူ တစ်ယောက်၏ ပေါင်လုံးထက် ကြီးမား တောင့်တင်းပြီး ဦးခေါင်းကလည်း ခြင်္သေ့ခေါင်း တစ်လုံးစာမျှ ကြီးမားလေသည်။ အမှန်တကယ်လည်း ထိုလူကြီးဟာ ခြင်္သေ့ ဦးခေါင်းနှင့် လူခန္ဓာကိုယ် ရှိနေပြီး သူ့ရဲ့ ရှုပ်ပွနေတဲ့ ရွှေအိုရောင် လည်ဆံမွေးတွေ ဟာလည်း ထိုလူသည် လူတစ်ပိုင်း သတ္တဝါတစ်ပိုင်း ဖြစ်သည့် ခြင်္သေ့လူ မျိုးနွယ်ထဲက တစ်ဦး ဖြစ်နေကြောင်းကို သက်သေပြ နေသကဲ့သို့ ဖြစ်နေသည်။ ထိုလူလည်း လက်နက် သေတ္တာကို လွယ်ပိုးထား၏။

ပထမလူကြီးက ပြုံးလိုက်ပြီး" ထုံစန်း ... သူငယ်ချင်း ... ငါ့သား ဘယ်လောက်တော်လဲ တွေ့လား ... သူက အခုမှ ၈ နှစ်ပဲ ရှိသေးသည် ... လူကြီး တစ်ယောက်လို သန်မာနေပြီ..."

" အင်း ... ရွှယ်ယင်က မဆိုးပါဘူး ... မင်းကို ကျော်တက်သွားဖို့ ဆိုတာ သူ့အတွက် အခက်အခဲ မရှိလောက်ပါဘူး ... ဟုတ်တယ်မလား.." ဟု ထုံစန်းက နောက်ပြောင် ပြောလိုက်သည်။

" ဒါပေါ့ ... သူ ငါ့ထက် ပိုသန်မာ လိမ့်မယ်ကွ ... ဘာလို့ဆိုတော့ ငါ ၈ နှစ်တုန်းက ရယ်တုန်းမောတုန်း ... ရွာထဲက ကလေးတွေနှင့် ဆော့နေလို့ ကောင်းတုန်းပဲ ... ပြီးတော့ ဘာမှလည်း နားမလည်သေးဘူး ... စစ်တပ်ထဲ ဝင်မှပဲ ချီစွမ်းအင် လေ့ကျင့်ဖို့ အခွင့်အရေး ရတော့တယ်"

ဟု ပြောလိုက်ရင်း ရွှယ်ယင်အဖေမှာ စိတ်မကောင်း ဟန်ဖြင့် အသက်ပြင်းချ လိုက်ပြီးတော့ ...

" ငါ့သားရဲ့ လေ့ကျင့်မှုတွေ အတွက် အကောင်းဆုံး ဆိုတာတွေကို မပေးနိုင်ခဲ့ပေမဲ့ ဖခင်တစ်ယောက် အနေနှင့် သူ့ကိုစနစ်တကျ မပျိုးထောင်မိခဲ့ရင် ငါ နောင်တရလိမ့်မယ် ..."

"တုန်ပို ... မင်းဟာ သာမန် အရပ်သား ဘဝကနေ ကောင်းကင် သူရဲကောင်းအဆင့် တစ်ယောက် ဖြစ်လာအောင် မင်းကြိုးစား နိုင်ခဲ့တယ် ... ပြီးတော့ ကိုယ်ပိုင်နယ်မြေ ဝယ်နိုင်ခဲ့ပြီး သခင်ကြီး တစ်ယောက်လည်း ဖြစ်လာခဲ့တယ် ... ဒါတွေ စဉ်းစားကြည့်ရင် လုံးဝကို အထင်ကြီးစရာပဲ ..."

ဗလတောင့်တောင့်နှင့် ခြင်္သေ့လူကြီးက ပြုံးလျက် ဆိုလိုက်သည်။

အသက်လတ်ပိုင်း လူကြီးဟာ ဘာရွန် တုန်ပိုလီ ဖြစ်ပြီး ကီလိုမီတာ တစ်သောင်း ကျယ်ဝန်းတဲ့ နယ်မြေ၏ သခင်ကြီး တစ်ယောက်လည်း ဖြစ်၏။

ဘာရွန်ဆိုတာ ရှကလန်ရဲ့ နဂါးတောင် အင်ပါယာ၏ မှူးမတ်မျိုးနွယ် အဆင့်တွင် အနိမ့်ဆုံးဘွဲ့ တစ်ခု ဖြစ်သည်။ ပထမဆုံး အင်ပါယာ တည်ထောင်ခဲ့စဉ်က မှူးမတ်မျိုးနွယ်ဘွဲ့ အဆင့်တွေအား ချီးမြှင့်ခြင်းကို အထူးတင်းကျပ် ထားခဲ့သည်။ ယခု အင်ပါယာ တည်တံ့ခဲ့သည်မှာ နှစ်ပေါင်း ၉၀၀၀ ကျော် ကြာမြင့်ခဲ့ပြီး ဖြစ်၏။ ထိုနည်းတူစွာ ဘွဲ့အဆင့် ချီးမြှင့်ခြင်းလည်း စည်းကမ်း ပြေလျော့လာပြီး အုပ်ချုပ်သူတွေဟာ အဆင့်နိမ့် မှူးမတ်ဘွဲ့ တံဆိပ်တွေကို ရောင်းဝယ် ပိုင်ဆိုင်နိုင်ခွင့် ပြုလာခဲ့ကြသည်။

တုန်ပိုလီနှင့် သူ့ဇနီးတို့ဟာ သူတို့တွင် ကိုယ်ဝန်ရှိလာခဲ့တဲ့ အချိန်မှာ မှူးမတ်ငယ် ဘွဲ့တစ်ခု ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။ နယ်မြေအပိုင်း တစ်ခုကို ဝယ်ယူခဲ့ပြီး ကလေးမွေးဖွားခဲ့ပြီး နောက်မှာတော့ နှင်းလင်းယုန် နယ်မြေဟု နာမည်ပေးခဲ့သည်။ ဒါတွေဟာ သူတို့ ကလေးအပေါ် ဘယ်လောက် ချစ်သလဲဆိုတာ သိသာစေတဲ့ အရာတွေပဲ ဖြစ်ပေသည်။

ပြီးတော့ သူတို့ ဝယ်လိုက်တဲ့ နယ်မြေဟာ ရီရွှေမြို့ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။

" ငါ အသက် နှစ်ဆယ်လောက် ရောက်မှ ချီကျင့်ကြံခြင်းကို စခဲ့တာ ... ဒါပေမဲ့ ငါ့သားကတော့ ကွဲပြားတယ် ... အခု သူက ရှစ်နှစ်အရွယ် ရောက်နေပြီး ... ငါခန့်မှန်း ရသလောက် သူ အသက် ဆယ်နှစ်ရောက်ရင် ချီကျင့်ကြံခြင်းကို စလို့ရပြီ ..."

တုန်ပိုလီသည် တဟားဟား အော်ရယ် လိုက်ပြီးတော့

" သူ သေချာပေါက် ငါ့ကို ကျော်သွားလိမ့်မယ်ကွ ..."

တုန်ပိုလီဟာ ဖခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာ၊ မျှော်လင့်ချက်တို့ဖြင့် ရောပြွမ်းလျက် သူ့သားကို ကြည့်လေသည်။

" အင်း ငါတွေ့ရသလောက် ခန့်မှန်း ကြည့်ရင်လည်း အသက် ၁၀ နှစ် လောက်ဆိုတာ မှန်လောက်ပါတယ် ..."

ခြင်္သေ့လူကြီးလည်း ထောက်ခံပြောဆို လိုက်သည်။

သူတို့၏ ရင့်ကျက်တဲ့ ဘဝ အတွေ့အကြုံကြောင့် သူတို့၏ ဆင်ခြင် ခန့်မှန်းချက်ကလည်း သေချာလုနီးပါး တိကျမှန်ကန်မှု ရှိပါသည်။

" အဖေ ... ကျောက်ခဲကို ဒီလောက် အဝေးကြီးကနေ သစ်ပင်ကြီးကိုတောင် ဖောက်ထွက် သွားလောက်အောင် အဖေ တကယ်ကြီး ပစ်လိုက်တာလား ..."

ကောင်လေးဟာ သစ်ပင်ဘေးဆီကို သွားရပ် လိုက်ပြီး သူ့လက်နှစ်ဖက်ဖြင့် သစ်ပင် ပင်စည်ကို ဖက်ကြည့် လိုက်သည်။ ဒါပေမဲ့ ပင်စည်က ကြီးမားလွန်းလို့ သူ့လက်ထိပ်ချင်း ထိအောင် မဖက်နိုင်ခဲ့ပေ။ ပြီးတော့ ပစ်စည်မှာလည်း တိုးလျှိုပေါက် မြင်နိုင်တဲ့ အပေါက်ကြီး တစ်ပေါက် ရှိနေ၏။

" ဒီလောက် အထူဆိုရင် သစ်ပင်ကို ခုတ်ချဖို့ သားတစ်သက်လုံး အချိန်ယူရမယ် ထင်တယ်.."

"ကဲ ဒါဆို ကောင်းကင်အဆင့် စစ်သည် တစ်ယောက်ရဲ့ စွမ်းအားကို မင်းနားလည် သွားပြီပေါ့ ..."

ထုံစန်းက ဝင်ပြောလိုက်၍ တုန်ပိုလီ ကျိတ်ရယ် လိုက်သည်။ သူ့သားရှေ့မှာ အဖေတစ်ယောက် အနေနှင့် ကြွားရတာကို သူသဘောကျ နေသေးသည် မဟုတ်လား..။

" နတ်ဘုရား တစ်ပါးလို စွမ်းအားကြီးလား ..."

ကောင်လေးဟာ ပြုံးစိစိဖြင့် မေးလိုက်သည်။

" နတ်ဘုရား တစ်ပါးလို ..."

တုန်ပိုလီရော ထုံစန်းပါ တိတ်ဆိတ် သွားသည်။

နဂါးတောင် အင်ပါယာကို တည်ထောင်ခဲ့သူ နဂါးတောင် ဧကရာဇ်ဟာ အင်မတန်ကို အထင်ကြီးစရာ ကောင်းလှသည့် နတ်ဘုရားတစ်ဦး ဖြစ်သည်။ ဒီအကြောင်းကို လူတိုင်းကလည်း သိထားကြ၏။ တုန်ပိုလီဟာ စစ်တပ်ထဲမှာ အင်မတန် ရဲရင့်သူ တစ်ယောက် ဖြစ်ပေမဲ့ နတ်ဘုရား တစ်ပါးနှင့် ယှဉ်ဖို့က ဒါဟာ နှိုင်းယှဉ်စရာ မဖြစ်နေခဲ့ပါဘူး ... ။

" အင်း ကြည့်ရတာ အကြိမ်ငါးရာ က မင်းအတွက် နည်းနေလို့ ဖြစ်မယ် ... ဒီတော့ နောက်ထပ် အကြိမ်၅၀၀ ပေါင်းထည့်ပြီး အကြိမ်ပေါင်း တစ်ထောင် လေ့ကျင့်ရမယ် ..."

ဟု တုန်ပိုလီက နှုတ်ခမ်းသပ်ရင်း ပြောလိုက်သည်။

" အဖေ ..." ကောင်လေးဟာ မျက်လုံးပြုး ကျယ်လျက်.." အဖေ ... အဖေ.."

" ကြည့်ရတာ မင်းငါ့ကို ငြင်းဆန် ချင်တယ်ပေါ့လေ ... မှတ်ထားပါ ... မင်းအဖေနဲ့ ခံငြင်းရင် မင်းပဲ နစ်နာသွားမယ် ... တော်ပြီ ... ကဲ ... အိမ်ပြန်တော့ အိမ်ပြန်တော့ ..." တုန်ပိုလီက ပြောလိုက်သည်။

ထုံစန်းလည်း ပလွေတစ်ချောင်း ထုတ်ယူလိုက်ပြီး နှုတ်ခမ်းမှာ တေ့လိုက်ပြီးနောက် သံစဉ်တစ်ခုကို မှုတ်လိုက်ရာ ပလွေအသံဟာ တောအုပ် တောင်တန်း တစ်လျှောက် ပျံ့နှံ့သွားလေသည်။

ခဏအကြာမှာ သံချပ်ဝတ်စစ်သည် အယောက် နှစ်ဆယ်တို့ဟာ အပြေးအလွှား ရောက်ရှိလာကြသည်။

" သမင်ကို သယ်ပြန် လိုက်ကြတော့ ..." တုန်ပိုလီက စစ်သည်တွေကို အမိန့်ပေးလိုက်၏။

စစ်သည်တွေ ကလည်း ရိုသေလေးစားစွာဖြင့်

" ကောင်းပါပြီး သခင်ကြီး ..." ဟု အော်လိုက်ကြသည်။

တုန်ပိုလီနှင့် ထုံစန်းတို့ ရွှယ်ယင်ကို တောင်ထိပ် တစ်ခုဆီကို ခေါ်ဆောင် သွားကြသည်။ မြင်းကောင်ရေ အမြောက်အမြားနှင့် စစ်သည် အရေအတွက် ခန့်မှန်းခြေ အယောက်တို့သည် ထိုနေရာတွင် စုဝေးနေကြသည်။ ထို့အပြင် ထူးဆန်းတဲ့ ခရမ်းရောင် ဝတ်ရုံလေး ဝတ်ဆင်ထားတဲ့ အမျိုးသမီး တစ်ဦးဟာ နှင်းကမ္ဗလာ ပြင်ပေါ်မှာ ထိုင်နေလျက်ရှိ၏။ သူမ ဘေးနားမှာလည်း ကလေးငယ် တစ်ဦးဟာ ခုန်ပေါက် လျက်ရှိပြီး သူ့အသက်က ၂ နှစ်လောက် ရှိမည်ဟု ထင်ရ၏။ စစ်သည်တွေဟာ အမျိုးသမီးကို လေးစားသည့် အကြည့်ဖြင့် ကြည့်နေကြလေသည်။

အမျိုးသမီးဟာ အစွမ်း ထက်မြက်သည့် မှော်ဆရာမ တစ်ယောက် ဖြစ်၏။

" ကျောက်စရစ်လေး ... ဟိုမှာ ဘယ်သူလာနေလဲ ... ကြည့်လိုက်စမ်း ..."

ထိုအမျိုးသမီးက ပြောလိုက်သည့် အခါ အသက်သုံးနှစ်သာ ရှိသေးသည့် ကလေးငယ်ဟာ ခေါင်းကို ချာခနဲ လှည့်ကြည့် လိုက်တဲ့ အခါမှာတော့ သူ့မျက်လုံးတွေက တောက်ပသွားပြီ ရွှယ်ယင်ဆီသို့ ဦးတည်ကာ ပြေးသွားတော့သည်။

" ချီပေး ... အစ်ကိုကြီး ... ချီပေး"

ဒီမြင်ကွင်းကို ကြည့်ပြီး အမျိုးသမီးဟာ ပြုံးလိုက်မိသည်။

" ကျောက်စရစ်လေး ..."

ရွှယ်ယင် ရှေ့ဆက် လျှောက်သွားပြီး ဒူးတစ်ဖက် ထောက်လိုက်ကာ သူ့ညီဆီကို လက်ဆန့်တန်း လိုက်သည်။ သူ့ညီလေး ချင်းရှီက သူ၏ ရင်ဘတ်ဆီကို ပြေးဝင်လာပြီး ပူဆာလေတော့သည်။

" အစ်ကိုကြီး သားကို ချီပေး ... ချီပေး ..."

ရွှယ်ယင် သူ့ညီကို ချီလိုက်ပြီး ပါးကို နမ်းလိုက်သည်။

" ကျောက်စရစ်လေး ... ငါဒီနေ့ သမင်တစ်ကောင် ရလာတယ် ... ကြည့်လိုက်ဦး ..."

စစ်သည်တွေ ထမ်းလာသည့် သမင်ကို ရွှီးယင် လက်ညှိုးထိုး ညွှန်ပြလိုက်သည်။

" တာမင်.. တာမင်"

ချင်းရှီ သူ့၏ ကျီးကန်လို နက်မှောင်တဲ့ မျက်လုံးကို ပြုံးကာ မပီကလာ ပီကလာနှင့် သမင်ဆိုတဲ့ စာလုံးကို အော်လိုက်လေသည်။

တုန်ပိုချင်းရှီက အသက် နှစ်နှစ်လောက်ပဲ ရှိပါသေးသည်။ သူ စကားကို ကြိုးစား ပြောကြည့် ပါသော်လည်း သူ့စကားမှာ မသဲကွဲသည့်အပြင် အဓိပ္ပာယ်လည်း ဖော်ရခက်၏။

" ဒါက သမင်ပဲ ... ငါတို့ မိသားစုပိုင် တောင်တန်းတွေမှာ တွေ့ရတတ်တဲ့ တိရစ္ဆာန်ထဲက အကောင် တစ်မျိုးပေါ့"

" ရွှယ်ယင် ... မင်းညီလေးကို အမေ့ကို ကမ်းပေး ..."

ခရမ်းရောင် ဝတ်ရုံနှင့် အမျိုးသမီးဟာ ထိုင်ရာကနေ ထပြီး ရွှယ်ယင်ဆီ လျှောက်လာသည်။

" ဟုတ်ကဲ့ ... အမေ ..."

ရွှယ်ယင် သူ့ ညီလေးကို ကမ်းပေးလိုက်ပါသည်။

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက ဆက်ပြီးတော့" ငါ သံလွင်သီးအချို ကိတ်မုန့် တချို့ ယူလာတယ် ... ခြင်းတောင်းထဲမှာ ... ပူနေတုန်းပဲ ... မြန်မြန် သွားစားလိုက်ဦး ..."

" ကိတ်"

ရွှယ်ယင် မျက်လုံးများ တောက်ပသွားပြီး သွားရည်များပင် ကျလာကာ တစ်ဟုန်ထိုး ပြေးသွား လိုက်သည်။

" သားလည်း စားမယ် သားလည်း စားမယ် ..."

ချင်းရှီလေးဟာ သူ့အမေ ရင်ခွင်ကနေ အပြင်းအထန် ရုန်းတော့သည်။ ကိတ်မုန့်သံ ကြားလိုက်ရတဲ့ အခါမှာ တော်တော်လေး တက်ကြွလာသည်။ ချင်းရှီလေးက အစားနှင့် ပတ်သက်လာရင် ဘယ်သူ့စကားမှ နားထောင်တတ်သူ မဟုတ်ချေ။

" မင်းအတွက်လည်း ရှိပါတယ်ကွယ် အစားပုတ်လေးရယ်"

ခရမ်းရောင် ဝတ်ရုံအမျိုးသမီးက တုန်ပိုလီနှင့် ထုံစန်းကိုလည်း လှမ်းခေါ် လိုက်ပါသည်။

" မြန်မြန်လာကြ ... ရှင်တို့အတွက်လည်း အစားအသောက်တွေ လုပ်ထားတယ် ..."

" ဟဟ သခင်မကတော့ မှော်ပညာမှာတင် အစွမ်းထက်တာ မဟုတ်ဘူး ... မီးဖိုချောင် ကိစ္စတွေမှာပါ ကျွမ်းကျင်တယ် ..."

ခန္ဓာကိုယ် ကြီးမားသည့် ခြင်္သေ့လူကြီးက ပြောလိုက်ပါသည်။

ထုံစန်းဟာ ငယ်ငယ်ကတည်းက ကျွန်တစ်ယောက် ဖြစ်ခဲ့ပြီး ခရမ်းရောင် ဝတ်ရုံအမျိုးသမီးရဲ့ နောက်လိုက်ထဲက တစ်ယောက်ဖြစ်ခဲ့သည်။ နှစ်ပေါင်းများစွာ ကြာမြင့်လာတော့ မိသားစုဝင်ပမာ ရင်းနှီးလာကြပြီး သခင်မဟု ပြောင်းလဲခေါ်ခဲ့သည်။

***

ရွှယ်ယင် ဗိုက်ပြည့်သွားတော့ ထိုင်ပြီး အဝေးကို ငေးကြည့် နေလိုက်သည်။ တောင်ထိပ် အပေါ်က နေပြီးတော့ တခြား တောင်တန်းတွေ လယ်ကွက်တွေကို မြင်နိုင်သည်။ ဒါတွေ အားလုံးက သူ့မိသားစု ပိုင်နက်ထဲကပဲ ဖြစ်သည်။ သူမွေးဖွားလာတော့ အဖေနှင့်အမေဟာ စွန့်စား ခရီးသွားလာတာကို ရပ်လိုက်ပြီး မှူးမတ်ဘွဲ့ တစ်ခုကို ဝယ်လိုက်သည်။ ပြီးတော့ နယ်မြေ တစ်ခုကိုလည်း ထပ်ဝယ်လိုက်သည်။ အဲဒီနယ်မြေကို နှင်းလင်းယုန် နယ်မြေလို့ နာမည်ပေး လိုက်ကြသည်။

တုန်ပိုရွှယ်ယင်ဟာ အဝေးကို မျက်စိတစ်ဆုံး ကြည့်နေရင်း သူ့မျက်နှာမှာ ပျော်ရွှင်လာမိသည်။ သူ့မှာ သူ့ကို အရမ်းချစ်တဲ့ အဖေနှင့် အမေ ရှိသည်။ ပြီးတော့ ချစ်ဖို့ကောင်းတဲ့ ညီငယ်လေး တစ်ယောက်လည်း ရှိသည်။ ထို့အပြင် သူ့နယ်မြေမှာလည်း လူပေါင်းစုံ ရှိကြသည်။ ဒီလို ဘဝမျိုး ပိုင်ဆိုင်ထားလို့ သူဘဝကို ကျေနပ်မိနေသည်။

ဒါပေမဲ့ သူ့အတွက် ခေါင်းခဲစရာက သူ့အဖေရဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေပါပဲ ...

" အကြိမ် ငါးရာ ပြီးတော့ အကြိမ်တစ်ထောင် ထပ်လေ့ကျင့်ရမယ် ... ငါ လှံသိုင်းကို ထပ်ကျင့်ဖို့ လိုနေသေးတယ် ..." တုန်ပိုရွှယ်ယင် စဉ်းစားရင်း မျက်နှာ ရှုံ့မဲ့သွားသည်။

***

ညနက်နက်မှာ လရောင်က မှိန်မှိန်ကလေးသာ ရှိနေ၏။ လေကလည်း ချွန်သံပြုလျက် တိုက်ခတ်လို့ နေသည်။

" ဝူး.. ဝါရော"

မြေပြင်ပေါ်ကနေ မီတာ တစ်ထောင်လောက် အကွာကနေ ကြီးမားတဲ့ ငှက်ကြီး တစ်ကောင်ဟာ လျင်မြန်စွာ ပျံသန်းလျက်ရှိပြီး ၎င်းအား အမည်းရောင် တိမ်တိုက် တစ်ခုဟုသာ အထင်မှား စေလောက်သည်။ ထိုငှက်ကြီးသည် တောင်ပံလေးဖက် ပါရှိပြီး တောင်ပံအလျားကလည်း ပေ ခုနစ်ဆယ်ကျော် ရှိသည်။ ထို့အပြင် ပျံသန်းတဲ့ အလျင်နှုန်းကလည်း လေအလျင်ထက်ပင် မြန်နေသေးသည်။၎င်းငှက်တွေသည် ရက်စက်ပြီ ကြောက်ဖို့ အလွန် ကောင်းသည့် မှော်သားရဲဆိုးများ ဖြစ်ကြကာ ၎င်းတို့အား တောင်ပံလေးဖက် လင်းတငှက်ဟု ခေါ်ကြသည်။

လင်းတငှက်ကြီးရဲ့ ကျောပြင်ပေါ်မှာ လူနှစ်ယောက်သည် ခြေထောက်ကို တင်ပျဉ်ခွေ ထိုင်လျက် လိုက်ပါလာသည်။ တစ်ယောက်သည် ငွေသံချပ် အင်္ကျီကို ဝတ်ဆင်ထားပြီးကာ နောက်တစ်ယောက်မှာ မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့လက်ထဲမှာတော့ ခရမ်းရောင် တောင်ဝှေး တစ်ချောင်းကိုလည်း ကိုင်ဆောင် ထားသည်။

" ငါတို့ ဘယ်ရောက်နေပြီလဲ ..." မီးခိုးရောင် ဝတ်ရုံနှင့်လူက မေးလိုက်ပါသည်။

" သခင် ... ကျွန်တော်တို့ ရီရွှေမြို့ရဲ့ နယ်မြေဘက်ကိုတော့ ဝင်လာခဲ့ပြီ ... နောက်ထပ် နာရီဝက်ဆိုရင် နှင်းလင်းယုန် နယ်မြေထဲကို ရောက်တော့မယ် ..."

ဟု ငွေချပ်ဝတ်အင်္ကျီ ဝတ်ဆင်ထားသူက မြေပြင်ကို ငုံ့ကြည့်လိုက်ပြီးနောက် မီးခိုးရောင် ဝတ်ရုံနှင့် လူအား ပြန်လည် ဖြေကြားလိုက်သည်။

" အင်း နောက်ထပ် နာရီဝက်လောက် ဆိုရင် ငါ့အစ်မကို ပြန်တွေ့ရတော့မယ် ..."

မီးခိုးရောင် ဝတ်ရုံနှင့်လူက စိတ်လှုပ်ရှားစွာ ပြောလိုက်မိသည်။

" တကယ်ကို ဇာတ်မြှုပ် နေလိုက်တာပဲ ... ငါတို့ မိသားစု တစ်စုလုံး လိုက်ရှာတာတောင် ၁၅ နှစ်ကြာမှ သတင်းအစအန ရတော့တယ်.."

တောင်ပံလေးဖက် လင်းတ ငှက်ကြီးဟာ ညအမှောင်ထုကို တိုးဝင်ပြီး နှင်းလင်းယုန် နယ်မြေဆီကို ဆက်လက် ပျံသန်း သွားနေခဲ့သည်။

***

အပိုင်း ( ၂ ) အထွတ်အထိပ်

ညအချိန်-

တုန်ပိုရွှယ်ယင် တစ်ယောက် သူ့ရဲ့ အိပ်ရာ ခေါင်းရင်းမှာ မှီပြီးတော့ စာအုပ်တစ်အုပ်ကို ဖတ်နေပါသည်။ နွေးထွေးပြီ နူးညံ့သည့် စောင်တစ်ထည်လည်း ခြုံထားသည်။ သူ့ခုတင် ဘေးနားမှာ မီးဖန်လုံး တစ်လုံး ရှိနေကာ ထိုဖန်မီးလုံးမှ ထွက်ရှိလာသော မီးအလင်းရောင်သည် ရွှယ်ယင်၏ အခန်းတစ်ခုလုံးကိုအား လင်းထိန်စေသည်။

ရွှယ်ယင် ဖတ်နေတဲ့ စာအုပ်နာမည်မှာ" ကြီးမြတ်တဲ့ သူရဲကောင်းစစ်သည် ဆယ်ယောက် အကြောင်း ..."

ထိုစာအုပ်သည် အတ္ထုပ္ပတ္တိ ဝတ္ထုရှည် စာအုပ်တစ်အုပ် ဖြစ်ပြီ တုန်ပိုရွှယ်ယင် အကြိုက်ဆုံး စာအုပ်လည်း ဖြစ်သည်။ ရွှယ်ယင်သည် ဒဏ္ဍာရီလာ သူရဲကောင်း အကြောင်းတွေကို အရမ်း သဘောကျသည်။ ရွှယ်ယင်သည် ဆွေကြီး မျိုးကြီး မိသားစုက မွေးဖွားလာပြီး သူ့အမေကလည်း မှော်ဆရာ တစ်ယောက် ဖြစ်တာကြောင့် သူ့မှာ မိသားစုပိုင် စာအုပ်တွေ အများကြီး ရှိသည်။ သူက ဒီစာအုပ်တွေကို ငယ်ငယ်ကတည်းက ဖတ်လာခဲ့ရတော့ သူ့မှာ ဗဟုသုတ အများကြီး ရှိနေပြီဖြစ်သည်။

ဥပမာအားဖြင့် သူရဲကောင်းစစ်သည်တွေကို လူသား ... ကမ္ဘာမြေ ... ကောင်းကင် ... ဥက္ကာပျံ .. ငွေလ ... ဒဏ္ဍာရီ နှင့် အထွတ်အထိပ် ဆိုပြီး အဆင့်ကြီး ၇ ဆင့် ခွဲခြားထားတာကို သူသိနေပြီး ဖြစ်သည်။

ထို့အပြင် အဆင့် ၇ ဆင့်တွေကို အုပ်စု ၃ စု ထပ်ပိုင်း ထားပါသေးသည်။ မော်တယ်(သေမျိုး) အုပ်စု..၊ ကြယ်အုပ်စုနှင့် အထွတ်အထိပ်ဟူ၍ ထပ်မံ ပိုင်းထားပါသည်။

လူသား၊ ကမ္ဘာမြေ၊ ကောင်းကင် အဆင့်ရှိတဲ့ သူရဲကောင်းတို့အား သေမျိုး သူရဲကောင်းဟု ခေါ်ကြသည်။

ဥက္ကာပျံ၊ ငွေလ၊ ဒဏ္ဍာရီ အဆင့်ရှိတဲ့ သူရဲကောင်းများကိုမူ ကြယ်သူရဲကောင်းဟု သတ်မှတ်ထားသည်။

ကြယ်သူရဲကောင်း အထက်တွင် အထွတ်အထိပ် သူရဲကောင်းစစ်သည်တို့ ရှိကြသည်။

ထိုအဆင့်ကြီး သုံးဆင့်တို့သည် တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက်မြင့်တက်သွားဖို့ကို အရမ်းခက်ခဲပေ၏။ ဥပမာ ဆိုရလျှင် တုန်ပိုရွှယ်ယင်၏။ အဖေနှင့် ဦးလေးထုံတို့မှာ ကောင်းကင် သူရဲကောင်းအဆင့်တွင် ရပ်နေတာ ကြာနေပြီ ဖြစ်၏။

ကြယ်အဆင့် သူရဲကောင်းစစ်သည်ဆိုတာလည်း စစ်မြေပြင်တွင် သူတို့ဟာ အင်မတန် တောက်ပတဲ့ ကြယ်ပွင့်တွေ ဖြစ်ကြပြီး သူတို့ကို ဘယ်သူမှ ထိခိုက်သွားအောင် မလုပ်နိုင်ကြဘူး။ မရေတွက်နိုင်တဲ့ မြားတွေနှင့် ပစ်ခတ် တိုက်ခိုက်ရင်တောင်မှ သူတို့ဟာ အသက်ရှင် နေနိုင်သေးသည်။ အတိုချုပ် ပြောရရင် သူတို့ဟာ စစ်ပွဲတစ်ပွဲရဲ့ ရလင်းတ်ကို ပြောင်းပြန်လှန် ပစ်နိုင်ကြသည်။ မရေတွက် နိုင်လောက်အောင် များပြားသည့် ရန်သူကိုပင် သတ်ဖြတ် သုတ်သင်နိုင်ကြ၏။

ဒါပေမဲ့ ဒါတွေက သေမျိုးတွေရဲ့ စွမ်းအားတွေသာ ဖြစ်ကြသည်။

လူတစ်ယောက်သည် ဒဏ္ဍာရီလာ အဆင့်၌ ရောက်နေပါစေ ... စစ်သည် တစ်သိန်းကို ဖြိုခွင်းနိုင်၍ လူတစ်ဦး စစ်တပ်လို့ပဲ ခေါ်ခေါ် သေမျိုး၏ အဆုံးစွန်းဆိုတဲ့ အဆင့်ကိုပဲရောက်နေပါစေ ပြိုင်ဘက်ကင်း နတ်ဘုရား အစွမ်းဆိုတဲ့ဘွဲ့ ဒါမှမဟုတ် တခြားဘွဲ့ပဲရရ နောက်ဆုံးမှာ သူတို့ဟာ သက်တမ်းကုန် သေကြရမှာပဲ ဖြစ်သည်။

အထွတ်အထိပ် အဆင့်ကို ရောက်သွားပြီး ဆိုလျှင်တော့ လုံးဝကို ကွဲပြား ခြားနားသည့် အဆင့်ကို ရောက်သွားပြီဟု ဆိုနိုင်၏။ သူတို့သည် ကြယ်သူရဲကောင်း အဆင့်ထက် ပိုပြီး စွမ်းအား ကြီးသွားပြီး ဘဝသက်တမ်းကလည်း ရှည်လျား သွားသည့်အပြင် စိတ်ဝိညာဉ်တွေကိုပါ ပြောင်းလဲပစ်လို့ ရသွားမည်။ ထိုသူရဲကောင်းတွေဟာ သေမျိုး မဟုတ်ကြတော့ပေ။ အထွတ်အထိပ်အဆင့် တစ်ယောက်ဟု ခေါ်နိုင်ပေပြီ။

စစ်သည် အရေအတွက်ဆိုတာ သူတို့အတွက် စာမဖွဲ့တော့ချေ။ ထို့အပြင် သူတို့ဟာ ဘယ်တော့မှ မမောပန်းတော့ပေ။ သူတို့အား ဒဏ်ရာရအောင် လုပ်နိုင်ဖို့သည် ဘယ်လိုမှ မဖြစ်နိုင်တော့သည့် အရာတစ်ခု ဖြစ်သွားလေပြီ။ အထွတ်အထိပ်တွေ၏ အံမခန်း စွမ်းအားတွေသည် လောကကြီး၏ အကန့်အသတ် ဘောင်ကိုပင် ကျော်လွန် နေလေပြီ။

နတ်ဘုရားတွေပင် အထွတ်အထိပ်အဆင့် သူရဲကောင်းတွေကို ကြောက်ရပေဦးမည်။

ဒဏ္ဍာရီဝင်လာအရ ဆိုလျှင် မီတာတစ်ထောင်ကျော် မြင်သည့် မီးချော်ရည် ကျောက်ဘီလူးနှင့် အသူတရာ ချောက်ထဲမှာရှိသည့် ငရဲဘုံက ကြီးမြတ်တဲ့ နတ်ဆိုးတို့ဟာ အထွတ်အထိပ်တွေ ဖြစ်ကြလေသည်။ လူသားအားလုံးလည်း ကျင့်ကြံမှု လမ်းစဉ်တွေနှင့် ကျင့်ယူပြီး အထွတ်အထိပ် အဆင့်ကို တက်လှမ်းခွင့် ရှိကြ၏။

လူသား အနွယ်ဝင် စွမ်းအားကြီးတဲ့ အထွတ်အထိပ်တွေဟာ ကျူးကျော် နှောင့်ယှက်ရဲတဲ့ နတ်မိစ္ဆာတွေကို တွန်းလှန် နိုင်ပြီး ခုခံသူ မည်သူကိုမဆို သတ်ဖြတ်နိုင်သည်။ ဒါတွေကြောင့်မို့ လူသားအနွယ်ဝင် အထွတ်အထိပ်တွေက တခြားမျိုးနွယ်တွေကိုပါ ကာလရှည်ကြာ သြဇာလွှမ်းမိုး အုပ်ချုပ်နိုင်ကြသည်။

" ငါသာ အထွတ်အထိပ် သူရဲကောင်း ဖြစ်နိုင်ခဲ့မယ်ဆိုရင် အရမ်းကိုမိုက်မှာပဲ.. မကောင်းဆိုးဝါး တွေကိုလည်း ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဖမ်းနိုင်မှာပဲ... နဂါးကြီးတွေကို စီးတော်ယာဉ် လုပ်ပစ်မယ် ... နတ်ဘုရားတွေနှင့်လည်း အရက်အတူတူ သောက်ဦးမယ် ..."

တုန်ပိုရွှယ်ယင်သည် စာအုပ်ဖတ်ရင်း အရူးတစ်ယောက်လို ရယ်မောလိုက်သည်။ သူသည် အထွတ်အထိပ် သူရဲကောင်းအလား စဉ်းစားနေရင်းပေါ့...။

ရုတ်တရက်

" ဖျတ် ..."

ခုတင်ဘေးနားက မီးဖန်လုံးသည် အလင်းမှိတ် သွားလေသည်။

" အာ ... မီးဖန်လုံးကလည်း ... ဟူး အချိန်ကုန်တာလည်း မြန်လိုက်တာ"

စာအုပ်ထဲက စိတ်ဝင်စရာ ကောင်းတဲ့အပိုင်းကို ရောက်တဲ့အချိန်မှာပဲ မီးဖန်လုံးသည် မှိတ်ကျသွားသည်။ ရွှယ်ယင်မှာ စိတ်ပျက်ကာ အောင့်သက်သက် မျက်နှာနှင့်" အမေက မှော်ဆရာ တစ်ယောက် ဖြစ်နေတာ ဝမ်းနည်းဖို့ ကောင်းတာပဲ ... အိပ်ချိန်တန်တာနှင့် မီးဖန်လုံးက အချိန်မှန် မီးမှိတ်ပေးတာပဲ ..."

" ကဲလေ ... အိပ်ရတော့မယ် ..." ညမှာ မီးမရှိမှတော့ အိပ်ဖို့ပဲ ကျန်တော့သည်။

တုန်ပိုရွှယ်ယင် အိပ်ပျော်သွားတာနှင့် ကျယ်လောင်စွာ ဟောက်သံပေးလို့ မကြာခင်မှာပဲ ... အိပ်မက်စတင် မက်ပါတော့သည်။ အိပ်မက်ထဲမှာ သူသည် အထွတ်အထိပ် သူရဲကောင်း တစ်ယောက်ဖြစ်နေပြီး သူမလုပ်နိုင်တာ မည်သည့်အရာမှ မရှိနေသကဲ့သို့။ အိပ်ပျော်နေသည့် သူ့မျက်နှာမှာလည်း ပြုံးယောင်ယောင် ရှိနေ၏။ အခုအိပ်မက်က သူ့အတွက် အချိုသာဆုံး အိပ်မက်ဆိုတာ သေချာနေလေ၏။

***

တုန်ပိုတို့ လင်မယားတို့လည်း အိပ်ရာထဲမှာ အိပ်စက်ဖို့ ပြင်ဆင်နေကြသည်။

" တုန်ပို ... အခုတလော ငါ စိတ်မအေးသလိုမျိုး ခံစားနေရသည် ..."

မိန်းမဖြစ်သူသည် ယောင်္ကျားရဲ့ လက်မောင်းပေါ်မှာ ခေါင်းတင် အိပ်နေရင်း ပြောလိုက်သည်။

"အင်း ... ယုရယ်.. စိတ်မပူပါနှင့် ... ငါတို့ ရီရွှေမြို့ကို ရောက်နေတာ ၈ နှစ်ရှိပြီ ... ပြီးတော့ အေးချမ်း နေတာပဲလေ ... နင်မိသားစုက ငါတို့ကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး ... ပြီးတော့ ဘာမှလည်း ဖြစ်စရာ အကြောင်း မရှိပါဘူး.. ငါတို့မိသားစု အေးအေးချမ်းချမ်းပဲ ရှိနေမှာပါ ... နောက်ထပ် ဆယ်နှစ် ... မဟုတ်ဘူး နောက်ထပ် အနှစ် နှစ်ဆယ်.. မဟုတ်သေးပါဘူး ... ငါတို့ ဆံပင်တွေ ဖြူသွားတဲ့အထိ သူတို့ ဘယ်တော့မှ ရှာမတွေ့နိုင်ပါဘူး ... လုံးဝ ရှာမတွေ့စေရဘူး ..."

တုန်ပိုလီဟာ ဇနီးသည်ကို ထွေးပွေ့ထားရင်း ပြောလိုက်၏။

ဇနီးသည်ဟာ သူမယောင်္ကျား ရင်ဘတ်ပေါ် ခေါင်းတင် ထားလိုက်သည်။ ဒီအကြောင်းကိုလည်း ထပ်မပြောတော့ချေ။ သူမမိသားစုသည် ဘယ်လောက် အင်အားကြီးမားလဲ ဆိုတာ သူမ အသိဆုံးပါ။ အနှေးနှင့်အမြန် သူတို့ ဖမ်းမိကြလိမ့်မည်။

သူမ နှုတ်ခမ်းထောင့်မှာ အပြုံးစတွေ တွဲခိုလို့နေသည်။ သူမကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက် အတွက် ဘယ်တော့မှ နောင်တမရခဲ့ပါ။ သူမ၏ မိသားစုက သူမအတွက် စီစဉ်ပေးထားတဲ့ အစီအစဉ်တွေကို လိုက်နာ လုပ်ဆောင် နေရတာဟာ သူမအတွက် ကံဆိုးမှု တစ်ခုပင်။ သူမမိသားစု၏ လက်တွင်းကနေ ထွက်ပြေးခဲ့ပြီ နေရာအနှံ့ကို စွန့်စားသွားခဲ့သည်။ နောက်ဆုံးမှာ သူမ ချစ်တဲ့သူနှင့် အတူတူ နေနိုင်ခဲ့ပြီ ချစ်စရာကောင်းတဲ့ သားနှစ်ယောက်တောင် ရှိခဲ့သည်။ သူမဘဝအတွက် သူမ အရမ်းကျေနပ်ခဲ့ပါသည်။

" တုန်ပို ... ရှင်ရော နောင်တရလား"

သူ့မိန်းမက တိုးတိုးလေး မေးလိုက်သည် ...

" တကယ်လို့ ငါတို့ကို ဖမ်းမိသွားရင် သူတို့ ရှင့်ကို အလွယ်လေးတော့ လွှတ်ပေးမှာ မဟုတ်ဘူး"

" ဒီလောက်တောင် အသက်ဘေးနှင့် နီးတဲ့ အခြေအနေတွေနှင့်တောင် ကြုံခဲ့ပြီးပြီပဲ ... မေးဖို့ လိုသေးလား ..." တုန်ပို ပြုံးရင်း ပြန်ဖြေလိုက်သည်။

" ဟုတ်ပါပြီရှင်"

***

ညပင် နက်နေလေပြီ။ ခံတပ်ကြီး တစ်ခုလုံး တိတ်ဆိတ်လို့ နေသည်။ တချို့ စစ်သည်တွေသာ မတ်တတ်ရပ် ကင်းစောင့်နေကြပြီ ကျန်တဲ့သူတွေက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသည်။

" ဟူး"

ကြီးမားတဲ့ ငှက်တစ်ကောင်ဟာ အမည်းရောင် တိမ်တိုက်လိုတစ်တိုက်ကဲ့သို့ ကောင်းကင်ကို ဖြတ်ပြီး ပျံသန်းနေသည် ... ငှက်ကြီးရဲ့ တောင်ပံခတ်မှုကြောင့် လေထုထဲမှာ တုန်ခါနေတဲ့ ဆူညံသံတွေ ထွက်ပေါ်လာသည်။ ရဲတိုက်အတွင်းက ပြတင်းပေါက်တွေမှာ တပ်ဆင်ထားသည့် မှန်တွေတောင် လေထုအလှုပ်ကြောင့် တုန်ခါသွားကြသည်။

ငှက်ကြီးဟာ ကောင်းကင်မှာ ဝဲပျံလျက်ရှိသည်။ ငှက်ပေါ်ကနေ လူနှစ်ယောက်ဟာ အောက်ကို ငုံ့ကြည့်လိုက်ပါသည်။

" ဒီနေရာပဲ ..."

မီးခိုးရောင် ဝတ်ရုံနှင့် လူမှာ ခံစားချက် ရောထွေးနေတဲ့ မျက်နှာ ဖြစ်နေသည်။

" ညီမလေးရေ ... နင့်ကို ဒီနေရာကနေ ဆွဲခေါ်သွားဖို့ ငါ တကယ် မလုပ်ချင်ပါဘူး"

***

" သတိထားဟေ့ ... ကျူးကျော်သူတွေ ..."

ကျယ်လောင်ပြီး အားမာန်ပါတဲ့ အသံက ခံတပ် တစ်ခုလုံးကို လှုပ်နိုးလိုက်သလို ဖြစ်သွားသည်။ ခြင်္သေ့တစ်ပိုင်း လူတစ်ပိုင်း ထုံစန်းသည် ဒေါသတကြီးဖြင့် ဟိန်းဟောက်ကာ အော်ဟစ် လိုက်သည်။

" ဟင် ... ဒါက လူတစ်ပိုင်း သားရဲတစ်ပိုင်း မျိုးနွယ်ထဲက ခြင်္သေ့လူ မဟုတ်လား"

ငွေချပ်ဝတ် အင်္ကျီနှင့်လူက အောက်ငုံ့ကြည့်ပြီး သိချင်စိတ် ပြင်းပြစွာနှင့် မေးလိုက်သည် ။

" ဟုတ်တယ် ... ညီမလေးကို မိသားစုကနေ အစေခံအနေနှင့် နောက်ဆုံး အကြိမ်တုန်းက ပေးထားခဲ့တဲ့ ခြင်္သေ့လူပေါ့... ဘယ်သူထင်မှာလဲ... ခြင်္သေ့လူက ညီမလေးနောက်ကို နှစ်ပေါင်းများစွာ ကြာအောင် လိုက်ပါနေမယ်ဆိုတာ၊ သူက တော်တော် သစ္စာရှိတာပဲ..."

မီးခိုးရောင် ဝတ်ရုံနှင့် လူဟာ အားမာန်တက်ကြွနေတဲ့ ခြင်္သေ့လူကို ကြည့်ပြီး အစေခံ အကြောင်းကို တွေးလိုက်မိသည်။ ခြင်္သေ့လူ ငယ်ဘဝတုန်းက လှောင်ချိုင့်ထဲမှာ ချုပ်နှောင် ထားခဲ့ကြသည်။ အခုတော့ ညီမလေး နောက်ကို သစ္စာရှိရှိ လိုက်ပါနေဆဲပင်။ ပြီးတော့ သူဟာ စွမ်းအားကြီး လာသလို သန်လည်း သန်မာနေပြီး စိတ်မြန် လက်မြန်လည်း ရှိပုံရသည် ။

ရဲတိုက်၏ အောက်ခြေသည် တစ်ကီလိုမီတာလောက် ကျယ်ဝန်းသည့် ကုန်းမြေပေါ်မှာ တည်ဆောက် ထားသည်။ အပြင်ဘက်အပိုင်းက စခန်း လေးခုရှိပြီး ထိုနေရာတွင် စစ်သည်များနှင့် အစေခံများ နေကြသည်။ စစ်သည်တွေက သူတို့ မိသားစုတွေကို အပြင်စခန်းအထိ ခေါ်လာလို့ရသည်။ စစ်သားတွေက နေနှင့်ည အဆိုင်းခွဲထားပြီ ရဲတိုက် အပြင်စည်း အုတ်ရိုးပေါ်မှာ ပတ်လည် ကင်းစောင့်ကြရသည်။

" ရန်သူတွေ ..."

" ရန်သူတွေ ..."

ရဲတိုက် အုတ်ရိုးပေါ်က စစ်သည်သုံးရာဟာ ကြီးမားတဲ့ အနီရောင် ဒူးလေးကြီးကို ဆွဲထုတ်ပြီး မြှောက်လိုက်ကြသည်။ ဒူးလေးကြီးမှာ မြားတံကြီး တစ်ချောင်းကို အသင့်ဆွဲတင် ထားသည်။ ပြီးတော့ အဝေးက တောင်ပံလေးဖက် လင်းတငှက်ကြီးကို ပစ်ဖို့ ချိန်ထား လိုက်ကြသည် ... ။

" ဆင်းတော့.."

မီးခိုးရောင် ဝတ်ရုံနှင့်လူက အမိန့်ပေး လိုက်ပါသည် ။

" ဟုတ်ကဲ့ ..."

ငွေချပ်ဝတ် အင်္ကျီနှင့်လူက လင်းတ ငှက်ပေါ်ကနေ မြေပြင်ပေါ်ကို ခုန်ဆင်းလိုက်သည်..။ ခုန်ဆင်းလိုက်တဲ့ အမြင့်ပေက ပေ၁၈၀ လောက်ရှိသည်..။ သူ့ရဲ့ ခြေထောက် နှစ်ချောင်းက မြေပြင်ပေါ်ကို ထိလိုက်တာနှင့် အသံအကျယ်ကြီး အုန်းခနဲ ထွက်ပေါ်လာပြီး မြေပြင်ကြီး တုန်ခါသွားသည်။ သူ့ခြေထောက် အောက်က ကျောက်သားပြင်တွေကလည်း ပတ်ပတ်လည် အနှံ့ တစ်လျှောက် အက်ကွဲသွားသည်။

ငွေချပ်ဝတ် အင်္ကျီနှင့်လူက အရှေ့ကို မော့ကြည့် လိုက်သည်။ ထိုအခိုက်မှာ တုန်ပိုလီတို့ လင်မယားစုံတွဲက အပြင်ကို ပြေးထွက်လာကြသည်။ တုန်ပိုရွှယ်ယင်နှင့် သူ့ညီငယ်လေးပါ နိုးလာကြသည်။

အပြင်မှာ ဒီလောက် တုန်ခါနေပြီး ဆူညံနေ၍ မည်သူမှ ဆက်၍ အိပ်နေကြတော့မည်နည်း။

" ဘာဖြစ်ကြတာလဲဟင် ..." တုန်ပိုရွှယ်ယင်လေးဟာ သူ့ညီငယ်ကို ချီထားပြီး သူ့မိဘအနားမှာ သွားရပ်နေလိုက်သည်။

" မိုယန်ယု ..."

ငွေချပ်ဝတ် အင်္ကျီနှင့်လူဟာ ရဲတိုက် အဝင်ဝအရှေ့မှာ မတ်မတ်ရပ် ကြည့်နေလိုက်သည်။ ရဲတိုက်အုတ်ရိုးပေါ်က များပြားလှတဲ့ စစ်သည်တွေက သူ့ကို ဒူးလေးတွေနှင့် ချိန်ထားကြ၏။

" ဒီလို အခြေအနေမှာတောင် ခုခံရဲလား ... အေးဆေး အဖမ်းခံလိုက်ပါ ... မင်း ဘေးနားကို ကြည့်လိုက်စမ်း ..." တုန်ပိုလီက အော်ဟစ်လိုက်ပါသည် ။

ငွေချပ်ဝတ် အင်္ကျီနှင့်လူက ဘေးပတ်လည်ကို ကြည့်လိုက်ပါသည်..။ အုတ်ရိုးပေါ်က စစ်သားတွေရော မြေပြင်မှာပါ အားလုံးဟာ အနီရောင် ဒူးလေးကြီး ကိုယ်စီနှင့် အသင့်အနေအထား ရှိနေကြ၏။

ငွေချပ်ဝတ် အင်္ကျီနှင့်လူရဲ့ မျက်ဝန်းမှာ အပြုံးအရိပ် အယောင်လေး ဖြစ်ပေါ်သွားပြီ

" ကြွယ်ခြွေဒူးလေး ... မဆိုးပါဘူး ... ဒီလို သာမန် နယ်မြေထဲက မြို့လေးမှာ ကြယ်ခြွေဒူးလေး အများကြီး ကိုင်နိုင်တာ အံ့သြစရာပဲ ... များများရှိတော့ ငါ့ကိုသတ်နိုင်ဖို့ မျှော်လင့်လို့ ရတာပေါ့ ..."

" မင်းဟာ ဥက္ကာပျံအဆင့် သူရဲကောင်းစစ်သည်တစ်ယောက်ပဲ ... ဒီရဲတိုက်မှာ မင်းနှင့် တစ်ယောက်ချင်း ယှဉ်ချဖို့ တစ်ယောက်မှာ အဆင့်မမီဘူး ... ဒါပေမဲ့ ကြယ်ခြွေဒူးလေး အလက် ငါးရာနဲ့ ပတ်ပတ်လည် ဝိုင်းထားမယ်ဆို မင်းကို ဒဏ်ရာ ရစေနိုင်တယ် ... မင်းကို သတ်နိုင်မယ်လို့ ငါယုံကြည်တယ် ..." ဟု တုန်ပိုလီက ပြောလိုက်ပါသည်။

" ဒီနေရာက တုန်ပိုမိသားစုရဲ့ နယ်မြေပဲ ..."

ခရမ်းရောင် ဝတ်ရုံနှင့် အမျိုးသမီး မိုယန်ယုက ပြောလိုက်သည်..။

" မင်းဟာ တော်ဝင်နယ်မြေကို ကျူးကျော်လာတာပဲ ... ဒါက ငါတို့မိသားစုကို သက်သက် ရန်စတာပဲ... မင်းကို သတ်ရတော့မယ်.. မင်းလည်း ဘာအကြောင်းပြချက်မှ မရှိဘဲ သေဆုံးရလိမ့်မယ် ..."

အင်ပါယာရဲ့ ဥပဒေအရ အထက်တန်းစား မိသားစုတွေမှာ အထူး အမိန့်အာဏာ ရှိသည်..။ဒါကို သူ့နယ်မြေသားတွေက လေးစား လိုက်နာရသည်..။

" ခင်ဗျားတို့ လင်မယား နှစ်ယောက် ကျုပ်နှင့် လိုက်ခဲ့ရမယ် ... ဘာမှ ခုခံဖို့ မကြိုးစားနဲ့တော့ ..." ငွေချပ်ဝတ်အင်္ကျီနှင့် လူက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်..။

" ဆွေကြီးမျိုးကြီးဆိုတာ အင်ပါယာရဲ့ ကာကွယ်မှု အောက်မှာ ရှိနေတာ ... ငါတို့နှစ်ယောက်ကို နင်က ဖမ်းခေါ်သွားပြီ ဥပဒေကို ချိုးဖောက်ချင်လို့လား ..."

ခရမ်းရောင် ဝတ်ရုံနှင့် အမျိုးသမီး မိုယန်ယုက အေးစက်စက် မေးလိုက်သည် ... ။

" ရှောင်ယု ..."

အနည်းငယ် ကြမ်းရှတဲ့ အသံကို ကြားလိုက်ကြသည်..။

အားလုံးက ခေါင်းကို အပေါ် မော့ကြည့်လိုက်တဲ့ အခါမှာ ငှက်ကြီးပေါ်က မီးခိုးရောင် ဝတ်ရုံနှင့် မှော်တောင်ဝှေးကို ကိုင်ဆောင်ထားတဲ့ လူကို တွေ့လိုက်ရသည်..။

ထိုစဉ် ရုတ်တရက် လေထုထဲမှာ အုံကြွလာတဲ့ လေဖိအားတွေဟာ စုစည်းလာသည်။ တိမ်ထူတိမ်လိပ်တွေ ကောင်းကင်ပြင်ပေါ်မှာ ပေါ်ပေါက်လာပြီး တစ်ဖန် တိမ်ထူတွေထဲမှာ မိုးခြိမ်းသံတွေ လျှပ်ပန်း လျှပ်နွယ်တွေ ပြိုးပြိုးပြက်ပြက် ပြေးယှက် လင်းလက် ထွက်လာသည်..။ သေးသွယ်တဲ့ မိုးကြိုး လျှပ်စီးကြောင်းတွေက ရဲတိုက် မြေပြင်ပေါ်ရှိ နေရာ တော်တော်များများကို စတင်ပစ်ချ ပါတော့သည်..။ ညမှောင်မှောင်မှာ ဖြူပြာနီ လျှပ်ပန်းများက ရှုမောဖွယ်ရာ ခမ်းနားတဲ့ မြင်ကွင်းမျိုးကို ဖန်တီးနေသည်။ ဒီမိုးကြိုးတွေက အုတ်ရိုးပေါ်က စစ်သည်တွေကို တစ်ယောက်ပြီး တစ်ယောက် ပစ်ချနေပြီး မိုးကြိုးစက်ကွင်း ထိမှန်ထားတဲ့ စစ်သည်တွေဟာ မြေပြင်မှာ လူးလိမ့် အော်ဟစ်နေရသည်။ ကိုင်ဆောင်ထားတဲ့ အနီရောင် ဒူးလေးတွေကလည်း မြေပြင်အနှံ့ ပြုတ်ကျ ပြန့်ကျဲကုန်သည်။

မျက်စိတစ်ခတ် အတွင်းမှာပဲ စစ်သားအယောက် တစ်ရာကျော်တို့ဟာ ဘာမှ ခုခံနိုင်စွမ်း မရှိကြတော့ပါဘူး..။ သူတို့ ပြောနိုင်တာ တစ်ခုက ငှက်ပေါ်က လူဟာ သက်ညှာ ပေးထားတယ် ဆိုတာပါပဲ..။ ထိုသို့ မဟုတ်ဘဲ သူသာ ဆန္ဒရှိပါက အားလုံးဟာ မိုးကြိုးဒဏ်ကြောင့် လောင်ကျွမ်းပြီ မီးသွေးခဲဘဝ ရောက်သွား ကုန်ကြလိမ့်မည်။

တောင်ပံလေးဖက် လင်းတငှက်ကြီးဟာ မြေပြင်ပေါ် ဆင်းသက် လာခဲ့သည်။ ပြီးတော့ ငှက်အပေါ်ကနေ မီးခိုးရောင် ဝတ်ရုံနှင့်လူကလည်း မြေပြင်ပေါ် ဆင်းသက်လိုက်ပြီး သူ့ရဲ့ ဝတ်ရုံခေါင်းစွပ်ကို ချွတ်လိုက်ရာ ဖြူဖျော့ပြီး ချောမောတဲ့ မျက်နှာ ပေါ်ထွက်လာသည်..။ မီးခိုးရောင်ဝတ်ရုံနှင့် လူ၏ မျက်နှာအသွင်အပြင်က မိုယန်ယုရဲ့ မျက်နှာနှင့် တော်တော်လေးကို ဆင်တူနေသည်..။

" ရှောင်ယု ... နင် ငြင်းဆန်ဖို့ ဆန္ဒရှိချင်သေးလား.." မီးခိုးရောင် ဝတ်ရုံနှင့်လူက မေးလိုက်သည်။

" ဟင် ... အစ်ကိုကြီး ..."

ခရမ်းရောင် ဝတ်ရုံ ဝတ်ဆင်ထားတဲ့ မိုယန်ယု တစ်ယောက် မျက်လုံးပြူးကျယ် သွားသလို တစ်ကိုယ်လုံး အနည်းငယ် တုန်တက်သွားသည်။

***

အပိုင်း ( ၃ ) ခွဲခွာခြင်း

အံ့အားသင့်နေတဲ့ ရွှယ်ယင်ဟာ ဘေးနားမှာ ရပ်နေတဲ့ သူ့ညီလေးကို စိတ်လှုပ်ရှားစွာနှင့် တင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။ စိတ်ထဲမှာလည်း မီးခိုးရောင် ဝတ်ရုံနှင့်လူက အမေရဲ့ အစ်ကိုကြီးလား ဟု အံ့အားသင့်စွာ တွေးလိုက်မိသည်။

" အစ်ကိုကြီး ... အချိန်တွေ တော်တော်ကြာ သွားပြီနော် ..." 

မိုယန်ယု ပြုံးလိုက်ပြီး မီးခိုးရောင် ဝတ်ရုံနှင့် အစ်ကိုကြီး ဆိုသူကို မေးလိုက်သည်။

" နောက်တစ်ကြိမ် ပြန်တွေ့ရတာ ဝမ်းသာမိပါသည်.. အစ်ကိုကြီးက ကြယ်အဆင့် နယ်ပယ်ကိုတောင် ရောက်နေပြီကိုး.. အခု ငွေလအဆင့် မှော်ဆရာဖြစ်နေပြီးပဲ ... ဟုတ်ရဲ့လား.."

" အင်း ..."

မီးခိုးရောင် ဝတ်ရုံနှင့် လူငယ်က ခေါင်းညိတ် လိုက်သည်။

ကြယ်အဆင့် နယ်ပယ်မှာ အဆင့်ကြီး သုံးဆင့်ရှိသည်။ ဥက္ကာပျံ၊ ငွေလ၊ ဒဏ္ဍာရီ အဆင့်သုံးဆင့်ပဲ ဖြစ်သည်။

မီးခိုးရောင် အဝတ်နှင့် လူငယ်က အထင်ကြီးစရာ ကောင်းလှတဲ့ ကြယ်အဆင့် မှော်ဆရာ တစ်ယောက် ဖြစ်နေသည်။ မိသားစု အတွင်းမှာတောင် သူ့ရဲ့အဆင့်အတန်းက အတော်မြင့်သည်လို့ ဆိုရမည်။

" အထောက်အပံ့လည်း မရခဲ့ဘဲနဲ့ ငွေလအဆင့် မှော်ဆရာ ဖြစ်လာနိုင်ခဲ့တယ်ဆိုတော့ မိသားစု မျိုးဆက်သစ်တွေမှာ ထိပ်ဆုံး သုံးယောက်ထဲမှာ အစ်ကို ဝင်သင့်တယ်.. "

ဟူ၍ မိုယန်ယု ဆက်ပြီ မနာလိုဖြစ်စွာ ပြောလိုက်မိသည်။

" အစ်ကိုသာ ဒဏ္ဍာရီအဆင့် မှော်ဆရာ ဖြစ်လာခဲ့ရင် အင်မတန်ကို အံ့သြစရာ ကောင်းမှာပဲ ..."

မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်က စိတ်မကောင်းဟန်ဖြင့်

" ဒီကနေ့အထိ မိသားစုထဲမှာ ဒဏ္ဍာရီအဆင့် မှော်ဆရာ တစ်ယောက်မှ မရှိသေးဘူး ... ဒဏ္ဍာရီအဆင့် တက်လှမ်းဖို့က အတော်လေး ခက်ခဲလွန်းပါတယ် ..." ဟူ၍ ပြောလိုက်လေသည်။

" ဒဏ္ဍာရီအဆင့် ..."

သမိုင်းကြောင်းများအရ နဂါးတောင်အင်ပါယာမှာ ဒဏ္ဍာရီအဆင့် သူရဲကောင်း တစ်ယောက်ပဲ ရှိခဲ့ဖူးသည်။ ပြီးတော့ ဒဏ္ဍာရီအဆင့် သူရဲကောင်းကို လူတွေ အကြွင်းမဲ့ လေးစားကြသည်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က သေမျိုးတွေရဲ့ ထိပ်ဆုံးကို ရောက်နေပြီလို့ ပြောလို့ရသည်။ နောက်ပြီ သူတို့ဟာ အထွတ်အထိပ် အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့သည် မဟုတ်လား ... ။

ငွေလအဆင့် မှော်ဆရာဆိုတာ စွမ်းအင်တန်ခိုး ကြီးမားကြသည်။ ပြီးတော့ ရန်သူ တပ်သားတွေကို အလွယ်လေး သုတ်သင်လို့ ရလောက်အောင် စွမ်းကြပေမဲ့ ဒဏ္ဍာရီအဆင့် မှော်ဆရာနှင့် တွေ့ရင်တော့ မှော်ဂါထာတွေ ထုတ်သုံးဖို့ အခွင့်အရေးတောင် ရလိုက်ကြမှာ မဟုတ်ပါဘူး။

မီးခိုးရောင် ဝတ်ရုံနှင့်လူငယ် စကားကို အလေးအနက် ထား၍ စတင် ပြောဆိုလိုက်သည်။

" နင်ဟာ မိသားစု စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ် .. ငါတို့မိသားစုရဲ့ စည်းမျဉ်း စည်းကမ်းတွေက နှစ်ပေါင်း ထောင်နှင့်ချီပြီး တည်ရှိလာခဲ့တာကို နင်သိသင့်တယ်..."

" စည်းမျဉ်းမရှိရင် ဘယ်လောက်ပဲ အောင်မြင်နေတဲ့ မိသားစုပဲ ဖြစ်နေပါစေ ... အဆုံးမှာ ကျရှုံးမှာပဲ ... ငါတို့ မိသားစုက သေရေးရှင်ရေး အခြေအနေတွေတောင် ကြုံခဲ့ရပေမဲ့ ငါတို့ ပြန်ပြီး ရှင်သန် အောင်မြင်ခဲ့တယ် ... ဒါတွေက မိသားစု စည်းမျဉ်းတွေကြောင့်ပဲ ... ဒါပေမဲ့ နင် စည်းမျဉ်းကို ဖောက်ဖျက်ခဲ့ရင် သေချာပေါက် အပြစ်ပေးခံရမယ် ..."

" ဒီတော့ ... မင်း ဘာဆက်လုပ်မှာလဲ ... ငါ့ကို ပြောကြည့်ပါဦး ..."

မီးခိုးရောင် ဝတ်ရုံနှင့် လူငယ်က မိုယန်ယုကို ဦးတည် မေးလိုက်သည်။

လူငယ်လေးက ထိုမေးခွန်းအား မေးလိုက်ပြီးချင်း ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ခြည်းပင် တိတ်ဆိတ် သွားကြသည်။ ဘေးနားမှာ ရှိနေတဲ့ တုန်ပိုလီ၊ သန်မာတဲ့ ခြင်္သေ့လူကြီး၊ ညီငယ်လေးကို ပိုက်ချီထားတဲ့ ရွှယ်ယင် သူတို့အားလုံးရဲ့ ရင်ထဲမှာ လေးလံ သွားကြသည်။

မိုယန်ယုဟာ သူ့ရဲ့အစ်ကိုကြီးကို စူးစိုက်ကြည့်ရင်း

" ငါက အခု တော်ဝင်မျိုး တစ်ယောက် ဖြစ်နေပြီး .. ဒါကြောင့် အခု ငါ အင်ပါယာရဲ့ နိုင်ငံခိုလှုံခွင့် ဥပဒေရဲ့ ကာကွယ်မှု အောက်မှာ ရောက်နေပြီ ... ငါတို့ကို ဖမ်းပြီး အင်ပါယာရဲ့ ခိုလှုံခွင့် ဥပဒေကို နင် မလိုက်နာလို့ မရဘူး ... တကယ်လို့ အင်ပါယာရဲ့ ဥပဒေကို ချိုးဖောက်ခဲ့ရင် နင် ဘယ်လောက်ပဲ အစွမ်းထက် နေပါစေ နင့်ကို အရေးယူကြလိမ့်မယ် ..." ဟု ပြန်ပြောလိုက်သည်။

မီးခိုးရောင် ဝတ်ရုံနှင့်လူငယ်က ခေါင်းကို ဘယ်ညာ ခါယမ်းလိုက်ပြီး

" တော်ဝင်.."

" ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း နင် အရှုံးမပေးချင်ခဲ့ဘူး ... ထားလိုက် အဲဒီအကြောင်းကို မေ့ထားလိုက်တော့ ... ဒီတစ်ခေါက်တော့ ငါ ဖမ်းဝရမ်း ယူလာခဲ့တယ် ..." ဟူ၍ သေချာပိုင်နိုင်စွာ ပြောလိုက်သည်။

ထိုအခါ မိုယန်ယုရော တုန်ပိုလီနှင့် ခြင်္သေ့ လူကြမ်းကြီးတို့ပါ အကြီးအကျယ် မျက်နှာပျက် သွားကြသည်။

မီးခိုးရောင် ဝတ်ရုံနှင့် လူငယ်ဟာ သူ့ရဲ့ ညာလက်ကို မြှောက်လိုက်ရာ လေပြင်ပေါ်မှာ ရွှေရောင်စာခွေ တစ်လိပ် ထွက်ပေါ်လာသည်။ စာခွေကို ဖွင့်လိုက်ချင်းမှာပဲ ထူးခြားဆန်းပြားတဲ့ စွမ်းအင်တွေ လေထုထဲကို ပြည့်သိပ်စွာ ဖြာထွက်လာသည်။ သူ့ညီငယ်လေးကို ချီထားရင် ရွှယ်ယင် အဲဒီစာခွေကနေ ဖြာထွက်လာတဲ့ ထူးခြားတဲ့ စွမ်းအင်ကို ခံစားမိလိုက်သည်။ တကယ့်ပြောရရင် အဲဒီစွမ်းအင်ကို သူ့ တကယ်ကို သဘောကျမိသည်။

" အင်ပါယာ လက်နက်နိုင်ငံ၏ အမိန့်ဥပဒေ"

"မိုယန်မျိုးနွယ် မိသားစုမှ လူငယ်မျိုးဆက် ဖြစ်သော မိုယန်ယုတို့အား အပြစ်ဒဏ် ချမှတ်ခြင်းကို ထုတ်ပြန်လိုက်သည်။ သူမ တစ်ယောက်တည်းကို အနှစ် ၁၀၀ တိတိ သီးခြား ချုပ်နှောင်ထားရမည်။ ဘာရွန် တုန်ပိုလီကိုလည်း အလုပ်ကြမ်းသမား အဖြစ် အနှစ် ၁၀၀ တိတိ ထမ်းဆောင်ရမည်။ ဒီအပြစ်ဒဏ် စီရင်မှုအတွက် တာဝန်ယူ ဆောင်ရွက်ရန် မိုယန်ချမ်အား အာဏာအပ်နှင်း လိုက်သည်"

စာခွေလိပ်ထဲက အမိန့်စာကို အော်ဟစ် ဖတ်ပြလိုက်သော မီခိုးရောင်ဝတ်ရုံနှင့် လူငယ်၏အသံကား ရဲတိုက် တစ်တိုက်လုံး ဟိန်းထွက် ပျံ့နှံ့သွားသည်။

ထိုအခါမှ တုန်ပိုလီနှင့် မိုယန်ယုတို့ လင်မယား နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် စိတ်သက်သာ ရဟန်ဖြင့် ဖျတ်ခနဲ ကြည့်လိုက်သည်။

" တစ်ယောက်က အနှစ်တစ်ရာတိတိ ချုပ်နှောင်ခံရမယ် ... နောက်တစ်ယောက်က အနှစ်တစ်ရာတိတိ အတင်းအကျပ် စေခိုင်းခံရမယ် ... ဒါတွေက အရမ်းကို ကြာလွန်းတယ် ... တော်တော်လေးကို အချိန် ကြာလွန်းတယ်..

ဘေးနားမှာ ရပ်နေတဲ့ ခြင်္သေ့လူကြီးက စိတ်ပူပင်သွားပြီး စိုးရိမ်သောက ဖြစ်လာသည်။

" ပုံမှန် လူတစ်ယောက်ရဲ့ သက်တမ်းက အနှစ်တစ်ရာပဲရှိတာ ... ကြယ်အဆင့် ရောက်သွားတာတောင်မှ သက်တမ်းက အနှစ်တစ်ရာကျော်ပဲ ရှိသေးတာ ... ပြီးတော့ သူတို့ကလည်း အသက်ကြီး နေပြီလေ ... နောက်ထပ် အနှစ်တစ်ရာသာ နေရမယ်ဆိုရင် ဒါဟာ သေတဲ့အထိ အထီးကျန်စွာနဲ့ ချုပ်နှောင် ခံသွားမှာပေါ့.. သေတဲ့အထိ အလုပ်ကြမ်း သမားဘဝနှင့် နေသွားရမှာပေါ့"

" မလုပ်ပါနှင့် ..ဘကြီးရေ ... ဘကြီးက အပြစ်ဒဏ် စီရင်ပေးတဲ့သူ မဟုတ်လား ... သားတို့ အဖေနှင့် အမေကို ကယ်ပေးပါဦး ... ကျေးဇူးပြုပြီး ကယ်ပေးပါဦး ..."

ညီငယ်ကို ချီပိုးထားရင်း မိုယန်ချမ်ဆိုသည့် ဘကြီးဆိုသူအား ရွှယ်ယင် အော်ဟစ်ပြီ အကူအညီ တောင်းခံနေမိသည်။

ရွှယ်ယင်၏ ဘကြီးဆိုသော ခေါ်သံကြောင့် မိုယန်ချမ် တုန်ခါသွားမိသည်။ ပြီးတော့ ခေါင်းကို ခါယမ်းလိုက်ပြီး ခပ်လေးလေး လေသံဖြင့်

" ငါလည်း ကယ်ဖို့ မတတ်နိုင်ဘူး ... ဘယ်သူမှလည်း ဝင်မကယ်နိုင်ဘူး ... မိုယန်မိသားစုရဲ့ စည်းမျဉ်းက အရမ်းကို တင်းကျပ်ထားတယ် ... ဘယ်သူကမှ ကြားဝင် အကူအညီပေးလို့ မရဘူး ..."

" အီး ... ဟီး ..."

ရွှယ်ယင် လက်မောင်းပေါ်က ချင်းရှီလေး စတင် ငိုကြွေးနေသည်။ ချင်းရှီလေးက နှစ်နှစ်သားပဲ ရှိသေးပြီး ဘာကိုမှ သိပ်နားမလည်သေးပေမဲ့လည်း ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို ခံစားသိရှိနေပါပြီ။

သူ့ညီလေး နှင့်အတူ ရွှယ်ယင်လည်း လိုက်ပါ ငိုချင်နေသည်။ သူက ပိုပြီးတော့ စိုးရိမ်စိတ် များနေသည်။ အသက် ၈နှစ် ရောက်နေပြီမို့ တော်တော်များများ နားလည်နေပါပြီ။ အဖေနှင့်အမေက ရာစုနှစ် တစ်ခုစာ လောက်ကို အချုပ်အနှောင်နှင့် အလုပ်ကြမ်းသမား အဖြစ် ခိုင်းစေခံရတော့မည်။ ဒီအပြစ်ပေးမှုက သေသွားသည့် တိုင်အောင် လွတ်မြောက်မှာ မဟုတ်မှန်း သူရိပ်မိနေပါပြီ။

ပြီးတော့အပြစ်ဒဏ် ခံရမဲ့သူတွေက တခြားသူတွေလည်း မဟုတ်.. သူ့ရဲ့ အဖေရင်း အမေရင်းတွေပါ..။ သူ့ဘဝ သူ့မိသားစုတွေ အတွက် အရေးပါဆုံး လူတွေပါ..။

ရွှယ်ယင် တွေးရင်း မျက်ရည်ကျ လာပြန်သည်။

" အဖေနှင့် အမေကို ကယ်ပါဦး ... ဘကြီးရယ်..ဘကြီးမှာ နည်းလမ်း ရှိရမယ် ... နည်းလမ်း ရှိကို ရှိရမယ် ..."

မိုယန်ယုဟာ ရွှယ်ယင်ဆီကို လျှောက်လာပြီ ဒူးတုပ် ထိုင်ချလိုက်သည်။

" ရွှယ်ယင် မငိုနဲ့တော့နော် ကျောက်စရစ်ခဲလေးလည်း မငိုနဲ့တော့ တိတ်တိတ် ..."

သားနှစ်ယောက်ကို ချီမလိုက်ပြီး အနောက်ကို လှည့်ကာ မီးခိုးရောင် ဝတ်ရုံနှင့် လူကို ကြည့်လိုက်ပြီး

" အစ်ကိုကြီး ... ညီမနှင့် တုန်ပိုလီကို အချိန်နည်းနည်းပေးလို့ရမလား.."

"ကောင်းပြီလေ"

မိုယန်ချမ် သဘောတူ ခေါင်းညိတ် လိုက်ပါသည်။

***

နှင်းလင်း ယုန်နယ်မြေထဲရှိ အမည်မဲ့ တောင်ပေါ်တွင် သစ်သား အိမ်ငယ်လေး တစ်လုံးရှိနေသည်။

ဒုန်း ... ဒုန်း ... ဒုန်း...

တောင်ပေါ် တက်လမ်းလေးဟာ တသိမ့်သိမ့် တုန်ခါလာသည်။

ခြင်္သေ့လူကြီး ထုံစန်းက နှင်းနတ်မြင်းပျံ တစ်ကောင်ကို စီးနင်းပြီး ဒုန်းစိုင်း စီးလာနေသည်။ နှင်းနတ်မြင်းပျံ၏ ပြေးအားမှာ အလွန်အမင်း လျင်မြန် သွက်လက်ပြီး အခုအချိန်မှာ ချပ်ဝတ်တန်ဆာကို မတပ်ဆင်ထားပါဘူး။ နှင်းကျောက် ရဲတိုက်ကနေ ဒီနေရာအထိကို ရောက်ဖို့ လက်ဖက်ရည် တစ်ခွက်သောက်စာ အချိန်လောက်ပဲ ထုံစန်း စီးနင်းလာရသည်။

" ကျုံးလိန် ကျုံးလိန်"

ခြင်္သေ့လူကြီး စိတ်မရှည်စွာ အော်ဟစ်လိုက်သည်။

သစ်သားအိမ်ငယ် တံခါး ပွင့်သွားပြီး ငွေရောင် ဆံပင်ဖြူနှင့် ဝတ်ရုံနက်ကို ဝတ်ဆင်ထားတဲ့ လူကြီးတစ်ယောက် ထွက်လာသည်။ ဒါပေမဲ့ အနောက်မှာ ပေါင်လုံးလောက် တုတ်ခိုင်တဲ့ မြွေအမြီးက ထွက်နေသည်။ ဖုံးကွယ်ထားလို့ မရတဲ့ မြွေအမြီးက သူ့ရဲ့ဇာစ်မြစ်ဖြစ်သည့် မြွေတစ်ပိုင်း လူတစ်ပိုင်း မျိုးနွယ်ဆိုတာကို ညွှန်ပြနေသလို ဖြစ်နေသည်။ ပြီးတော့ သူဟာ လူတစ်ယောက်ရဲ့ မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားနိုင်သည့် လက်မောင်းခြောက်ဖက် မြွေနတ်ဆိုး မျိုးနွယ်၏ တော်ဝင်သွေး မျိုးဆက်လည်း ဖြစ်၏။

သူ့မှာ လက်မောင်း ခြောက်ဖက် ရှိသည့်အတွက် လူတွေ မတွေ့မြင်ရအောင် သူ့ရဲ့ ဝတ်စုံအနက်ထဲမှာ အမြဲတမ်း ထည့်ဖွက် ထားရသည်။

" ထုံစန်း ဘာကိစ္စလဲ ..."

ကျုံးလင် က လှမ်းမေးလိုက်၏။

" နောက်ဆုံးတော့ သခင်မလေး မျိုးနွယ်က သူတို့ကို ဖမ်းမိသွားပြီ ... အင်ပါယာရဲ့ ဖမ်းဝရမ်းတောင် ပါလာသည် ..."

ထုံစန်း ပြောနေရင်း မျက်နှာက ငိုမဲ့မဲ့ ဖြစ်လာသည်။

" မင်းက ငါတို့ထဲမှာ ဉာဏ်အကောင်းဆုံးပဲ ... နည်းလမ်းတစ်ခု အမြန်ဆုံး စဉ်းစားပေးပါဦး ..."

ကျုံးလိန် ခန္ဓာကိုယ် တစ်ချက် တုန်ခါသွားကာ ခေါင်းကို ခါယမ်းလိုက်ရင်း

" မိုယန်မျိုးနွယ်က ဖမ်းဝရမ်း ရသွားပြီးပေါ့ ... ဒါဆို သူတို့ကို ဘယ်သူမှ မကူညီနိုင်တော့ဘူး ... အထွတ်အထိပ် အဆင့်လောက် ရှိတဲ့ စွမ်းအားရှင်ကပဲ သူတို့ကို လွှတ်ပေးဖို့ မိုယန်မျိုးနွယ်ကို ပြောလို့ရမှာ ..."

" ဒါဆိုရင် ဒါဆို ငါတို့ လုပ်နိုင်တာ ဘာမှ မရှိဘူးပေါ့ ..."

ထုံစန်း ဝမ်းနည်း ကြေကွဲစွာ ပြောလိုက်သည်။

သူ ဘယ်တော့မှ မမေ့နိုင်ခဲ့ဘူး။ သူ့ရဲ့ အမှောင်ဆုံး ဆင်းရဲဒုက္ခ နေ့ရက်တွေမှာ သခင်မလေးကပဲ အတူတူ ကစားဖို့ ဆွဲခေါ်ခဲ့သည်။ တစ်နှစ်ပြီး တစ်နှစ် ... နောက်ဆုံး သူတို့ မိုယန်မျိုးနွယ်ကနေ ထွက်ပြေး လွတ်မြောက်ခဲ့သည်။ ဒါက သူအတွက် အပြင်လောက ရောက်ရှိခဲ့တဲ့ ပထမဆုံး အချိန်ပဲ။ သူမအနောက်ကို သစ္စာရှိရှိ လိုက်ပါခဲ့သည်။ သေရေး ရှင်ရေး အခြေအနေ အခက်အခဲလည်း သူမအတွက် ရင်ဆိုင်ခဲ့သည်။ သူ့ရဲ့နှလုံးသားထဲမှာ သူ့ရဲ့ဘဝ တစ်ခုလုံးထက် သူ့သခင်မလေးသာ ပိုအရေးကြီးသည်ဟု စွဲမှတ်ခဲ့သည်။

" ငါတို့ လုပ်ပေးနိုင်တာ မရှိတော့ဘူး ... ဒါနှင့် အားယုက မင်းကို လွှတ်လိုက်တာလား ..."

ကျုံးလိန်က မေးမြန်းလိုက်သည်။

" အင်း ... သခင်မက ငါ့ကို လွှတ်လိုက်တာ ..."

ထုံစန်းကလည်း ပြန်ဖြေလိုက်သည်။

" သွားမယ် ... ဘာပဲပြောပြော ... ငါတို့ သူတို့ကို နှုတ်ဆက်စကား ပြောရမယ်.."

ကျုံးလိန် သူရဲ့ ဝတ်ရုံနက်ထဲမှာ လက်သီးကို တင်းတင်းဆုပ်ထား၍ လက်သည်းတွေက လက်ဖဝါးပြင်ထဲကိုတောင် စူးနစ်ဝင်နေသည်။ တုန်ပိုလီပဲ ဖြစ်ဖြစ် အားယုပဲဖြစ်ဖြစ် သူတို့အားလုံးဟာ ရဲဘော်ရဲဘက်တွေ ဖြစ်ကြပြီ မရေတွက်နိုင်အောင် ဆင်းရဲဒုက္ခ သေရေးရှင်ရေး အခြေအနေတွေကို အတူတူ ရင်ဆိုင်ခဲ့ကြသည်။ ဒါတွေ ကြားရတော့ သူ ဘယ်လိုလုပ်ပြီး စိတ်မထိခိုက်ဘဲ နေရမှာလဲ။ ဒါပေမဲ့ သူလုပ်ပေးနိုင်တာ ဘာမှမရှိဘူး..။ ပြီးတော့ သူဟာ သူ့ စိတ်ခံစားချက်တွေ ပေါက်ကွဲတတ်တဲ့သူ မဟုတ်ဘူး။ သူဟာ အမြဲတမ်း တည်ငြိမ်စွာ နေတတ်သည်။

" သွားစို့ ..."

သစ်သားအိမ်လေးဘေးမှာ နောက်ထပ် နှင်းနတ်မြင်းပျံ တစ်ကောင် ရှိနေသည်။ ကျုံးလိန်နှင့် ထုံစန်းတို့ ရဲတိုက်ဆီကို အလျင်အမြန်ပဲ စီးနင်းသွားကြသည် ။

***

နှင်းကျောက် ရဲတိုက်ထဲမှာ တုန်ပိုလီတို့ လင်မယား နှစ်ယောက် ရွှယ်ယင်ကို အပ်နှံထားတဲ့ လုပ်ငန်းတာဝန် အကြောင်းကို ရှင်းပြနေသည်။

" ရွှယ်ယင် ... ဒါက မှော်အစွမ်းနှင့် လုပ်ထားတဲ့ သိုလှောင်ခန်းပါတဲ့ ဆွဲသီးလေးပဲ ... ဒီအထဲမှာ ပစ္စည်းတွေ သိုလှောင်ထားလို့ ရတယ် ... ပြီးတော့ ဒီပစ္စည်းက နှင်းလင်းယုန် နယ်မြေထဲက ဘယ်အရာ နဲ့မဆို ယှဉ်လို့ရတဲ့အထိ တန်ဖိုးကြီးတယ်.."

မိုယန်ယု သူမဆွဲသီးကို ထုတ်ယူလိုက်ပြီး

" ဒီနေ့ကစပြီး သားအပိုင် ဖြစ်သွားပြီ ... ဦးလေးထုံစန်းနဲ့ ဦးလေးကျုံးလိန်တို့က လွဲပြီး ဘယ်သူ့ကိုမှ ပေးမသိစေနဲ့ ... ညီလေးကိုတောင် မပြောပြမိစေနှင့် ... ဘာဖြစ်လို့လဲ ဆိုတော့ မင်းညီလေးက ငယ်သေးတယ် ... တော်ကြာ ပါးစပ်မထိန်းနိုင်ဘဲ သူများကို ပြောပြမိမှာ စိုးရတယ် ..."

သူတို့ နယ်မြေကိုတော့ လူခိုးလို့ မရပါဘူး ... ဒါပေမဲ့ မှော်သိုလှောင်ပစ္စည်း ရှိမှန်း သိသွားကြရင် အလွယ်တကူ ခိုးယူသွားနိုင်သည်။

" အမေပဲ ယူထားပါ.." ရွှယ်ယင်လေး ပြန်ပြောရှာသည်။

" ငါနဲ့ မင်းအဖေကို ခေါ်သွားပြီးရင် ကိုယ်ပေါ်က ဘယ်ရတနာမျိုး မဆို သူတို့ သိမ်းလိုက်ကြမှာ ..."

ရွှယ်ယင်ရဲ့ လက်ထိပ်လေးကို မိုယန်ယု ညင်သာစွာ အပ်နှင့် ဖောက်ပေးလိုက်ပြီ သွေးတစ်စက်ကို ညှစ်ထုတ် ပေးလိုက်သည်။ ပြီးတော့ တိုးတိုးလေး မန်းမှုတ် ပေးလိုက်သည်။ မကြာခင်မှာပဲ သွေးတစ်စက်က ဆွဲသီးပေါ်မှာ မှော်တံဆိပ်ပုံစံ ပြောင်းလဲသွားသည်။ ချက်ချင်းပဲ ... ရွှယ်ယင်ဟာ သူရဲ့စိတ်ဝိညာဉ်နှင့် ဆွဲသီး ဆက်နွယ်မှု ရှိသွားတာကို ခံစားလိုက်ရသည်။ ပြီးတော့ အထဲမှာ ပစ္စည်း အမျိုးမျိုးနှင့် ရွှေဒင်္ဂါးတွေ ထို့နောက် စာလိပ်တစ်လိပ်ပါ မှော်ဆွဲသီးထဲမှာ ရှိနေတာကိုပါ ခံစားလိုက်ရသည်။

"ငါတို့ ရဲတိုက်ရဲ့ အရေးကြီးဆုံး ရတနာ ပစ္စည်းတွေက ဒီထဲမှာ ပါတယ်.. အော် ... ဟုတ်ပြီ... မင်းအဖေမှာလည်း ရတနာပစ္စည်း တစ်ခု ရှိသေးတယ် ..." ဟု မိုယန်ယု ပြောရင်း ဘေးက သူမယောင်္ကျားကို လှည့်ကြည့်လိုက်သည်။

တုန်ပိုလီက သူ့ရဲ့ ဝတ်ရုံထဲကနေ ရွှေရောင်စာအုပ် တစ်အုပ်ကို ထုတ်ယူလိုက်ပါသည်။ စာအုပ်တစ်ခုလုံးကို ရွှေစာရွက်တွေနှင့် လုပ်ထားသည်။ ရွှေဆိုတာ နှစ်ပေါင်းများစွာ ယိုယွင်းခြင်း မရှိပါဘူး။ အဲဒါကြောင့် တန်ဖိုးကြီးတဲ့ စာအုပ်တွေကိုပဲ ရွှေနှင့်ပဲ ပြုလုပ်ကြသည်။

" ဒါက လှံသိုင်းကျမ်းပဲ ... အထွတ်အထိပ် တစ်ယောက်က ချန်သွားခဲ့တာ ..." ဟု တုန်ပိုလီ ပြုံးရင်း ပြောလိုက်သည်။

" သားကို သင်ပေးထားတဲ့ အခြေခံတွေက ဒီစာအုပ်ထဲက သိုင်းနဲ့ အတူတူပဲ ... ရှေးဟောင်း မျိုးနွယ်မိသားစုတွေမှာ အထွတ်အထိပ်တွေ ရေးထားတဲ့ ကျမ်းစာအုပ်တွေ သုံးလေးအုပ်ပဲ ရှိသည်..။ ငါတို့ မျိုးနွယ်မှာလည်း အများကြီး မရှိပါဘူး..။ ဒီတစ်အုပ်ပဲရှိတယ် ... ဒါပေမဲ့ ဒီစာအုပ်က လှံသိုင်းပညာကျမ်းစာအုပ်ပဲ.."

" ဒါကို မှန်မှန်ကန်ကန် လေ့ကျင့်ပြီး စိတ်ထဲမှာ အာဂုံဆောင်ထားပါ ... ဦးလေးကျုံးနဲ့ ဦးလေးထုံစန်းက လွဲလို့ တခြားသူကို လျှို့ဝှက်ချက် မပေါက်ကြားစေနှင့် ... ကြားလား.. အင်း ... ဒီစာအုပ်ရတုန်းက သူတို့လည်း အတူရှိနေကြတယ်.."

" ဟုတ် ..."

ရွှေရောင်စာအုပ်ကို ယူလိုက်ပြီးမှာပဲ စာအုပ်ကနေ ထွက်ပေါ်လာတဲ့ ထူးခြား ဆန်းကြယ်တဲ့ စွမ်းအားလှိုင်းကို ရုတ်တရက် ခံစားလိုက်ရသည်..။ ရွှယ်ယင် ချက်ချင်းပဲ စာအုပ်ကို ဆွဲသီးလေးထဲမှာ သိမ်းလိုက်သည်။

" သွားစို့ ... ဦးလေးကျုံးနဲ့ ဦးလေးထုံစန်းတို့ ရောက်လာတော့မယ် ... ငါတို့ သွားစောင့်ကြရအောင် ..."

***

တုန်ပိုလီနှင့် မိုယန်ယုတို့ လင်မယားဟာ သားနှစ်ယောက်ဖြစ်တဲ့ ရွှယ်ယင်နှင့် ချင်းရှီတို့ကို ခေါ်လာခဲ့ပြီး ခန်းမတစ်ခုမှာ စောင့်နေလိုက်သည်။ မကြာခင်မှာပဲ လူနှစ်ယောက် ဝင်လာသည်။

လူနှစ်ယောက်ကတော့ ထုံးစံအတိုင်း ထုံစန်းနှင့် ကျုံးလိန်တို့ပဲ ဖြစ်ကြသည်။

" တုန်ပို. . အားယု ..."

ကျုံးလိန်က ဆက်ပြောဖို့ အားယူလိုက်ပေမဲ့ ပါးစပ်ကနေ စကားတစ်ခွန်းမှ မထွက်လာခဲ့ပေ..။

" ငါတို့ မထွက်သွားခင် နင်တို့ နှစ်ယောက်ကို ဒုက္ခပေးရတော့မယ် ..."

မိုယန်ယု အပြံးလေးနှင့် ပြောလိုက်သည်။

" ထုံစန်းက စိတ်မြန်လက်မြန် ရှိတယ် ... အဲဒီတော့ နယ်မြေကို စီမံခန့်ခွဲဖို့ သူ့အတွက် အဆင်မပြေဘူး ... အဲဒါကြောင့် နယ်မြေကို အုပ်ချုပ်ပေးဖို့ ကျုံးလိန်ကိုပဲ အားကိုးရတော့မယ် ... ပြီးတော့ ကလေး နှစ်ယောက်ကိုလည်း သင်ကြားပေးဖို့ ကျုံးလိန် ဆီမှာ အပ်ထားခဲ့ပါမယ် ..."

" စိတ်အေးအေးသာ ထားပါ ... ဒါတွေ ကျွန်တော် လုပ်ပေးလိုက်ပါ့မယ် ..." ဟု ကျုံးလိန် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

" ရွှယ်ယင် ... သား မှတ်ထားပါ ... ဒီနယ်မြေရဲ့ ကိစ္စအားလုံးကို ဦးလေးကျုံး လက်ထဲကို အမေအပ် ထားခဲ့မယ် ... သား အသက် ၁၈ နှစ်ရောက်တဲ့ အခါကျရင် သားလက်ထဲကို တရားဝင် ပြန်လွှဲအပ် ပေးလိမ့်မယ် ..."

မိုယန်ယုဟာ သူ့သားကို အသေအချာ ကြည့်နေမိသည်။ သူမ၏သား နှစ်ယောက်ကို အကူအညီပေးမဲ့သူ မရှိမှာကို သူမ စိုးရိမ်မိ၏။ အားကိုးရာမဲ့နေတဲ့ သားနှစ်ယောက်ကို တခြားသူတွေက လွယ်လွယ် ဖြားယောင်း ဖျက်ဆီး နိုင်မှာကိုလည်း စိုးရသည်။

ရွှယ်ယင် ခေါင်းညိတ်လိုက်ပြီး သူ့ညီလေးကို ဖက်ထားလိုက်သည်။ သူ့ညီလေး ချင်းရှီလေးက သူ့ရင်ခွင်ထဲကို တိုးဝင်နေသည်။ ချင်းရှီလေးက ဝမ်းနည်းနေရာမှ အခု သူဟာ ကြောက်လန့် နေပါသည်။ ချင်းရှီလေးက ထုံစန်းနှင့် ကျုံးလိန်ကို ကြောက်ရွံ့နေခြင်း ဖြစ်သည်။ နောက်ပြီး သူက အခုမှ အသက် ၂ နှစ်ပဲ ရှိသေးသည်..။ ခြင်္သေ့ခေါင်းနှင့် ထုံစန်းကိုရော မြွေအမြီးနှင့် ကျုံးလိန်နှင့်ပါ သိပ်မရင်းနှီးသေးတဲ့ အတွက် သူတို့နှစ်ယောက်ကို ချင်းရှီက ကြောက်နေခြင်း ဖြစ်သည် ။

" အမေ ပြောပြပါဦး ... မိုယန်ကလန်က ဘယ်မှာ ရှိတာလဲ ... အမေတို့ နှစ်ယောက်ကို သား ဘယ်လို လာကယ်ရမလဲ.."

ရွှယ်ယင်လေး စိတ်မရှည်ဘဲ မေးလိုက်၏။

" အမေတို့ကို ကယ်ဖို့"

မိုယန်ယုနှင့် တုန်ပိုလီ တစ်ယောက် မျက်နှာကို တစ်ယောက် ကြည့်လိုက် မိလေသည်။

" အဲဒါကို မေ့လိုက်ပါ သားရယ်.. ဘဝမှာ ကောင်းမွန်စွာ နေထိုင်လိုက်ပါ ... သဘောပေါက်လား ... သားတို့ ညီအစ်ကိုနှစ်ယောက် အဆင်ပြေတယ်ဆိုရင် အမေနှင့် မင်းတို့အဖေလည်း ပျော်ရွှင်ပါလိမ့်မယ် ..."

ဟုသာ မိုယန်ယု ပြောနိုင်သည်။

သူတို့ကို ကယ်ဖို့ မိုယန်မိသားစုရဲ့ စည်းမျဉ်းဟာ အရမ်းကို တင်းကျပ်ထားသည်။ မိုယန်မိသားစုရဲ့ ကိုယ်ပိုင် ဥပဒေကို အာခံဖို့အတွက် အထွတ်အထိပ် အဆင့်ဖြစ်တည်မှ ရလိမ့်မည်။ သူမရဲ့သား နှစ်ယောက်ကို အထွတ်အထိပ် ဖြစ်လာဖို့ကိုလည်း သူမတို့ မမျှော်လင့်ခဲ့ပါဘူး။

" ပြောပြပါ ... သား ဘာလုပ်ရမလဲ.. နည်းလမ်းက တစ်ခုမဟုတ် တစ်ခုတော့ ရှိကိုရှိရမယ်"

ဟူ၍ ရွှယ်ယင် ဆန္ဒစောစွာ ပြောမိပြန်သည်။

" နဂါးတောင် အိမ်တော်ကနေ သံမဏိနက် အမိန့်ပြားကို ရတဲ့အထိ စောင့်နေလိုက်ပါ ... အဲဒီအကြောင်းကို နောက်ပိုင်း ဦးလေး အသေးစိတ် ရှင်းပြပေးမယ် ... အဲဒီအခါကျရင် သူတို့ကို ဘယ်လို ကယ်ရမလဲဆိုတာ သား ကိုယ်တိုင် သဘောပေါက် သွားလိမ့်မယ်.."

အဲဒါကို ဘေးနားမှာ ရပ်နေတဲ့ ကျုံးလိန်က ဝင်ပြောလိုက်ခြင်း ဖြစ်သည်။

ကျုံးလိန်ကို မိုယန်ယုနှင့် တုန်ပိုလီ တို့ ငေးကြောင် ကြည့်လိုက်မိသည်။

" ကလေးကို မျှော်လင့်ချက် နည်းနည်း ပေးလိုက်ပါ ..."

ကျုံးလိန် တိုက်တွန်း ပြောလိုက်ပါသည်။

တုန်ပိုလီ ဒါကို ခေါင်းညိတ် လိုက်သည်။ ရွှယ်ယင်က ဉာဏ်ကောင်းတဲ့ ကလေး တစ်ယောက်ဖြစ်ပြီး အသက် ၈ နှစ်လည်း ရှိနေပြီ ဖြစ်သည်။ သူ ဒီကိစ္စကို မေ့သွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ အဲဒါကြောင့် သူကို ပစ်မှတ်တစ်ခု ပေးလိုက်တာက ပိုကောင်းပါတယ်လေ..။

" ဟုတ်တယ် ... နဂါးတောင် အိမ်တော်ကနေ သံမဏိနက် အမိန့်ပြားကို ရတဲ့အထိ စောင့်နေလိုက်ပါ ... ပြီးရင် ဦးလေးကျုံးက အကုန်ပြောပြ ပေးလိမ့်မယ် ..."

ဟု တုန်ပိုလီ မျက်နှာတင်းတင်းဖြင့် ပြောလိုက်ပါသည်။

" နဂါးတောင် အိမ်တော်က သံမဏိနက် အမိန့်ပြား ..."

ရွှယ်ယင် သူ့နှလုံးသားမှာ ဒီစကားလုံးကို တိတ်တဆိတ် ထွင်းထုထား လိုက်သည်..။

***

ညဉ့်မှာ အတော်နက်ချေပြီ။

နှင်းကျောက် ရဲတိုက်ကြီးရဲ့ အရှေ့ဝင်ပေါက်က တံတားအရှင်ကိုလည်း နှိမ့်ချလိုက်ကြသည်။

ငွေချပ်ဝတ် အင်္ကျီနှင့်လူ နောက် မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်တို့ဟာ ရဲတိုက်အရှေ့မှာ ရပ်နေကြသည်။

" ရွှယ်ယင် ... သားညီလေးကို ဂရုစိုက်နော် ... ကြားလား.."

တာဝန်ကို အပ်နှင်းသလိုမျိုး သူ့ကို မိုယန်ယု ပြောလိုက်သည်။

" အင်း.."

ရွှယ်ယင် မျက်ဝန်းကနေ မျက်ရည် တသွင်သွင် စီးလျက် ခေါင်းညိတ် လိုက်၏။

ညီလေး ချင်းရှီ လက်ကို ဆုပ်ကိုင်ထားရင်း ရွှယ်ယင် ရုတ်တရက် စိတ်မထိန်းနိုင်ဘဲ ရှိုက်ကြီးတငင် အော်ငိုမိသည်။

" အီး ... ဟီးဟီး"

မိုယန်ယုလည်း စိတ်ကို ဖြေမဆည်နိုင်ဘဲ ဒူးထောက်ပြီ သားနှစ်ယောက်ကို ရင်ခွင်ထဲ ဆွဲပွေ့ထားလိုက်သည်။ သူမ သားလေးတွေကို အနမ်းပေးတဲ့ အချိန်မှာ တုန်ပိုလီ မျက်ရည် စိုရွှဲနေတဲ့ မျက်ဝန်းနှင့် မတ်တတ် ရပ်နေလျက်..။

" အမေတို့ သွားရတော့မယ်.."

မိုယန်ယု အံကြိတ်ပြီး ပြောလိုက်သည်။ သူမရော တုန်ပိုလီပါ အခုဆိုရင် မီးခိုးရောင် ဝတ်ရုံနှင့် လူငယ် အနောက်ကို လိုက်ပြီး အဝေးကို ထွက်ခွာရတော့မည်။ မခွဲချင် မခွာချင် မသွားချင်ပေမဲ့လည်း အနောက်လှည့်ပြီး ထွက်ခွာရာလမ်းသို့ ဦးတည် လျှောက်ရတော့မည်။

" အီး ... ဟီး ... မသွားပါနှင့် ... မထားသွားကြပါနှင့် ..."

ချင်းရှီလေး ရှိုက်ကြီးတငင် ငိုကြွေးရင်း အော်ခေါ်နေမိသည်။ ချင်းရှီလက်လေးကို ဆုပ်ကိုင်ထားရင်း ရွှယ်ယင်၏ မျက်ဝန်းကနေ မျက်ရည်တွေ တလိမ့်လိမ့် ကျဆင်းလာပြန်သည်။

သူ ကျယ်လောင်စွာနှင့် အော်ဟစ်ပြောလိုက်သည်..။

" အဖေ ... အမေ ... သား တုန်ပိုရွှယ်ယင် သေချာပေါက် အဖေတို့ အမေတို့ကို လာကယ်မယ် ... သားတို့ မိသားစု သေချာပေါက် ပြန်ဆုံကြမယ် ... လုံးဝ ... သေချာပေါက်ကို သား ကတိပေးတယ် ... သား လုံးဝ ကတိပေးတယ်... သား သေချာပေါက် လာကယ်မယ် ... ဘယ်သူမှ သားကို လာတားလို့ မရစေရဘူး.."

ရွှယ်ယင်ရဲ့ ကတိစကားအသံက တိတ်ဆိတ်တဲ့ ညတစ်ခွင်ကို ထိုးဖောက် ပျံ့နှံ့သွား၏။

တောင်ပံလေးဖက် လင်းတငှက်ပေါ် တက်မည့်ဆဲဆဲမှာ တုန်ပိုလီ ခန္ဓာကိုယ် တုန်ခါ သွားမိသလို မိုယန်ယုလည်း မျက်ရည်ကျပြီ ပါးစပ်ကို လက်ဝါးဖြင့် အုပ်လို့ ချုံးပွဲချ ငိုကြွေး မိပါတော့သည်။

" ငါတို့ သွားရအောင် ..."

မီးခိုးရောင် ဝတ်ရုံနှင့် လူငယ်ဟာ ခေါင်းကို အနည်းငယ် ဘယ်ညာ ယမ်းပြီး ထပ်ပြော လိုက်ပါသည်။

ကယ်ဖို့ ... သူ ဘယ်လိုလုပ် ကယ်နိုင်မှာလဲ ... ဒီက အစ်ကိုကြီးတောင်မှ ကယ်ချင်နေပေမဲ့ ... မျိုးနွယ်စည်းမျဉ်းက ညှာတာမှု မရှိဘူးလေ.. စိတ်ခံစားချက်ဆိုတာ မျိုးနွယ်စည်းမျဉ်း အရှေ့မှာ ဘာမှအသုံးမဝင်တော့ဘူး ... အထွတ်အထိပ် ဖြစ်တည်မှုအဆင့်၏ စွမ်းအားမှသာ သူတို့ကို ကယ်တင်လို့ ရမှာ ...

သူတစ်ယောက်တည်ပဲ မဟုတ်ပါဘူး။ တုန်ပိုတို့ လင်မယားလည်း သူတို့သားက သူတို့ကို လာကယ်တင်နိုင်လိမ့်မယ်တို့ တစ်ခါမှ မတွေးမိပါဘူး။ ဒါဟာ သူတို့သားကို အထင်သေးတာ မဟုတ်ပါဘူး။ အထွတ်အထိပ် ဖြစ်ဖို့ဆိုတာ တော်တော်လေးကို ခက်ခဲလွန်းနေခြင်း ဖြစ်၏။ အထွတ်အထိပ်ဆိုတာ တကယ်ကို ဒဏ္ဍာရီဆန်လွန်းလှ၏။

" ဝူ... ဝူ..."

တောင်ပံလေးဖက် လင်းတငှက်ဟာ တောင်ပံကို ဖြန့်ပြီး ခတ်လိုက်သည်နှင့် တစ်ခဏ အတွင်းမှာပဲ ... ကောင်းကင်ကို ထိုးတက်သွားသည် ... ။

တုန်ပိုလီနှင့် မိုယန်ယုတို့ လင်းတငှက် အပေါ်ကနေ ရဲတိုက်ဘက်ကို လည်ပြန် လှည့်ကြည့် လိုက်သည်။ ရဲတိုက် အပြင်ဘက်မှာ တစ်ယောက်က အကြီး၊ တစ်ယောက်က အငယ် ... နှစ်ယောက်စလုံးက လူမမည်ကလေး နှစ်ယောက်။ လင်မယား နှစ်ယောက်စလုံး နှလုံးသားတွေ အရည်ပျော်မတတ်ပါပဲ။ သူတို့ ကလေးတွေနှင့် တကယ် မခွဲခွာချင်ကြပါဘူး။

" ကောင်းကောင်းမွန်မွန် ရှင်သန် နေထိုင်သွားကြပါ ..."

မိုယန်ယုမှာ ထပ်ခါတလဲလဲနှင့် သူ့ကလေး နှစ်ယောက်ရဲ့ ဘေးကင်းစိတ်ချမှု အတွက် ဆုတောင်း ပေးနေလေ၏။

ရွှယ်ယင် ညီငယ်လက်ကို ကိုင်ဆွဲပြီ အပေါ်ကောင်းကင်ကို မော့ကြည့်နေ၏။

လင်းတငှက်ကြီးဟာ မိုးကုပ်အစွန်း နေရာဆီကို လျင်မြန်စွာဖြင့် ပျံသန်းသွားသည်။ သူတို့ပုံရိပ်ဟာ တဖြည်းဖြည်း သေးငယ်လာ ... သေးငယ်လာခဲ့ပါတော့သည်။

" မသွားကြပါနှင့် ... မသွားကြပါနှင့် ..."

ချင်းရှီ အသည်းအသန် ငိုကြွေးနေဆဲပင်။

တုန်ပိုရွှယ်ယင်ဟာ သူ့ညီငယ်လေးကို ပွေ့ဖက်လိုက်ပြီ

" ကျောက်စရစ်လေး ... မငိုနှင့် ... မငိုပါနှင့်တော့ ငါတို့အဖေအမေတွေ မကြာဘူး ပြန်လာကြလိမ့်မယ် ... သူတို့ ခရီးတိုတစ်ခုကို သွားတာပါ ... ဘကြီးနဲ့ သိပ်မကြာခင်မှာပဲ ပြန်လာကြလိမ့်မယ်.. အစ်ကို ကတိပေးသည် ... သူတို့ ပြန်လာကြလိမ့်မယ် ..."

***

အပိုင်း ( ၄ ) ညီအစ်ကို

နောက်တစ်နေ့ မနက်ခင်းဖြစ်၏။ နေရာကား နဂါးတောင်အိမ်တော်၊ ရီရွှေမြို့။

ဤလောကကြီးတွင် မြို့တိုင်း မြို့တိုင်းမှာ နဂါးတောင် အိမ်တော် ရှိကြသည်။ ရီရွှေမြို့မှာ ရှိတဲ့ နဂါးတောင် အိမ်တော်သည် ရှေးဟောင်း အထပ်၅ထပ် ကျောက်သား အဆောက်အဦပဲ ဖြစ်သည်။

နဂါးတောင် အိမ်တော် အဝင်ပေါက်ကို စွမ်းအား ကြီးမားပုံရသည့် စစ်သည်တွေဟာ စောင့်ကြပ်နေသည်။ မြို့သူမြို့သားတွေနှင့် အထက်တန်းစား ဆွေကြီး မျိုးကြီးတွေရော မည်သူမှ အိမ်တော် အဝင်ပေါက်ကနေ ဆယ်မီတာအတွင်းကို စွန့်စားပြီး ခြေတစ်လှမ်းမှ မလှမ်းဝံ့ချေ။ စည်းခြားထားတာကို ကျူးကျော် ဝင်လိုက်ခြင်းဟာ သေခြင်းတရားကို ဖိတ်ခေါ် လိုက်သကဲ့သို့ အဓိပ္ပာယ် သက်ရောက်သွားမည်။ ဆွေကြီးမျိုးကြီး အထက်တန်းစားတွေဆိုပြီး ခွင့်လွှတ်လိုက်မှာ မဟုတ်ချေ။

ထိုစဉ် ဝတ်ရုံဖြူနှင့် အဘိုးအိုတစ်ယောက် နဂါးတောင် အိမ်တော်ဆီကို အလောတကြီးနှင့် ရောက်ချလာသည်။

"သခင်ရိုထူး"

ဝင်ပေါက်မှာ စောင့်ကြပ်နေတဲ့ အစိမ်းရောင် သံချပ်အဝတ် ဝတ်ဆင်ထားတဲ့ အစောင့်စစ်သည်က သူ့ကို လေးစားစွာဖြင့် နှုတ်ဆက်လိုက်သည်။

အဘိုးအိုက " အိမ်တော်သခင် ရှိနေလား ..." ဟု အစောင့်စစ်သည်ကို မေးမြန်းလိုက်သည်။

" ဟုတ်ကဲ့ ... သူရှိနေပါတယ် ... မနက်ကတည်းက သခင်ဟာ စိတ်လက် ကြည်ရွှင်တဲ့ပုံ မပေါ်ဘူး ..."

အရပ်ရှည်ရှည် အစောင့်စစ်သည်ကလည်း ပြန်ဖြေလိုက်သည်။

အဲဒီနောက် အဘိုးအိုဟာ နဂါးတောင် အိမ်တော်ဝင်းထဲကို လှမ်းဝင်လိုက်ပြီး တတိယထပ်ကို ဦးတည် သွားလိုက်သည်။

" ဒေါက် ... ဒေါက် ..." တံခါးခေါက်သံ ဖြစ်ချေသည်။

အခန်းအတွင်းမှ စကားသံက အကြောင်းပြန်လာသည်။

" ဝင်လာခဲ့လိုက်ပါ ..."

ဆံပင်ဖြူနှင့် အကြီးအကဲဟာ တံခါးကို တွန်းဖွင့်လိုက်ကာ အခန်းထဲ လှမ်းဝင် လိုက်ပြီးနောက် တစ်ဖန်တံခါးကို ပြန်ပိတ်လိုက်သည်။ အခန်းထဲတွင် အဝါရောင်ပြေး၍ နက်မှောင် ပြောင်ချောသည့် စားပွဲခုံရှည် တစ်လုံးက ရှိနေသည်။ စာရွက်နှင့် စာအုပ်အပုံ လိုက်တွေက စားပွဲပေါ်မှာ တင်ထားသည်ကို တွေ့ရသည်။ စားပွဲခုံ အနောက်မှာ ဆံပင်အနက်ရောင်နှင့် လူလတ်ပိုင်း အရွယ်တစ်ယောက် ထိုင်နေပြီ လက်ထဲမှာ စာအုပ်တစ်အုပ်ကို လှန်လှော် ဖတ်ရှုနေသည်။

ဒီလူဟာ ရီရွှေမြို့၏ နဂါးတောင် အိမ်တော် အရှင်ဖြစ်သူ သခင်စစ်အန်း ဖြစ်ပေသည်။

"ရိုတူး. အခြေအနေ ဘယ်လိုလဲ.."

သခင်စစ်အန်းက မျက်စိ အပေါ်လှန်ကြည့်လိုက်ပြီး မေးလိုက်သည်။

" သတင်းက မှန်ကန်ပါသည် ... မနေ့ညက နှင်းလင်းယုန် နယ်မြေရဲ့ ဘာရွန် တုန်ပိုလီနှင့် သူ့ဇနီးတို့ဟာ အဝေးကို ခေါ်ဆောင်ခံရပါတယ်"

ဟူ၍ အဘိုးအိုက သခင်စီအန်ကို အစီရင်ခံလိုက်၏။

" ပြီးတော့ နှင်းကျောက် ရဲတိုက်မှာ ရှိတဲ့စစ်သည်တွေလည်း ခုခံဖို့ ကြိုးစား ပါသေးတယ် ... ဒါပေမဲ့ မျက်စိတစ်မှိတ် တွင်းမှာပဲ ... သူတို့ ရှုံးနိမ့်သွားတယ်.."

"ဟွန့် ... မိုယန်ကလန်က တော်တော် အတင့်ရဲတာပဲ"

သခင်စီအန်ဟာ ပြောရင်း မျက်မှောင်ကြုတ် လိုက်သည်။

"မနေ့က စီရင်စုကနေ ငါ သတင်းရခါစပဲ ရှိသေးသည် ... ညတွင်းချင်းပဲ သူတို့တရားခံကို လာဖမ်းသွားတယ်.."

နဂါးတောင် အိမ်တော်ရဲ့ အတွင်း စည်းမျဉ်းတွေက အရမ်းကို တင်းကျပ်ပါသည်။ အင်ပါယာမှာ ပြည်နယ် ၁၉ ခုရှိသည်။ ပြည်နယ်တိုင်းရဲ့ မြို့တော်တိုင်းမှာ နဂါးတောင် အိမ်တော် ရှိသည်။ အိမ်တော်တိုင်းဟာ လျှို့ဝှက်ပြီး ခန့်မှန်းမရတဲ့ သြဇာအာဏာတွ ပိုင်ဆိုင်ထားကြသည်။ ပြည်နယ်.. စီရင်စု ... နယ်မြို့များ ဒါတွေဟာ အုပ်ချုပ်ဖို့အတွက် ပိုင်းခြားထားတဲ့ အုပ်ချုပ်မှု နယ်မြေ အပိုင်းအခြား သုံးခု ဖြစ်သည်။

သူတို့ဟာ မိုယန်မျိုးနွယ်က ဖြစ်ကြောင်း ... မိုယန်မျိုးနွယ်ဆိုတာ အနောက်ပိုင်း ပြည်နယ် ပိုင်နက်မှာ ထိပ်တန်း မျိုးနွယ် ဆယ်ခုမှာ မိုယန်မျိုးနွယ် မိသားစု ပါဝင်ကြောင်း ... ဆိုတာကို ဆံပင်ဖြူနှင့် အကြီးအကဲ အဘိုးအိုက ဆက်လက် အစီရင်ခံလိုက်လေသည်။

" ဟွန့်"သခင်စစ်အန်း နှာခေါင်းရှုံ့ လိုက်သည်။

" သူတို့က အနောက်ပိုင်း ပြည်နယ်ပိုင်နက်ရဲ့ ထိပ်တန်းမျိုးနွယ် ဆယ်ခုမှာ နောက်ပိတ်ဆုံးမှာ ရောက်နေတယ်မလား ... ပြီးတော့ ထိပ်တန်းမျိုးနွယ် ဆယ်ခုထဲမှာ ဝင်တာကလည်း သူတို့ရဲ့ ဘိုးဘေးဘီဘင်ကြောင့်ပဲ ... အဲလိုမှမဟုတ်ရင် မနေ့ကလို သူတို့ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး"

သခင်စီအန်က မှတ်ချက်ချကာ ပြောလိုက်သည်။

" ဒါပေမဲ့ သူတို့ရဲ့ စွမ်းအား နည်းနည်းလေး ကလည်း ငါတို့ရဲ့ ထင်ရှား ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေကို နင်းခြေပစ် လိုက်နိုင်တာပဲ ..."

ဆံပင်ဖြူ အဘိုးအိုဟာ ညည်းတွား ပြောဆိုရင်း ခေါင်းကို ယမ်းနေမိသည်။ ပြီးတော့ ဆက်ပြီး ပြောပါသေးသည်။

" ဝမ်းနည်းစရာပါပဲ ... နှင်းလင်းယုန် နယ်မြေမှာလည်း ကလေးနှစ်ယောက်ပဲ ကျန်ခဲ့တယ်.. စုံစမ်းရမိသလောက် ကြားရတာက အဲဒီလင်မယားရဲ့ ကလေး အသက် ၂ နှစ်သားက မရပ်မနားကို ငိုနေသည်လို့ ကြားတယ် ... ပြီးတော့ နှင်းကျောက် ရဲတိုက်ရဲ့ စစ်သည်တွေ အစေခံတွေက ဒီစိတ်မကောင်းဖွယ်ရာ ကိစ္စကြောင့် ဝမ်းနည်း ပူဆွေးနေကြတယ်လို့ ပြောပါတယ်"

" တုန်ပိုဇနီးမောင်နှံက သူတို့နယ်မြေက လူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာပဲ ... အဲဒါကြောင့် သူတို့ကိုလူတွေက အတော်လေး လေးစားကျတာပဲ ..."

သခင်စစ်အန်းသည် ခေါင်းတဆတ်ဆတ် ညိတ်ရင်း စိတ်မကောင်းစွာ ရေရွတ်မိလိုက်သည်။

***

နှင်းလင်းယုန် နယ်မြေ..၊ နှင်းကျောက်တောင်ဟု အမည်ရသည့် တောင်ထိပ်တွင် ကြီးကျယ် ခမ်းနားသည့် နှင်းကျောက်ရဲတိုက်..။

ရဲတိုက် အတွင်းမှာ တချို့ အစေခံလေးတွေက အမှောင်ရိပ်ထဲမှာ ဝမ်းနည်းစွာဖြင့် တီးတိုးအတင်းစကား ဆိုနေကြသည်။ ဒါပေမဲ့ ရဲတိုက်မှာ ခြင်္သေ့လူကြီး ထုံစန်းနှင့် လက်မောင်း ခြောက်ဖက် မြွေနတ်ဆိုး ကျုံးလိန်တို့ ရှိနေသည့် အတွက်ကြောင့် ရဲတိုက်၏ နေ့စဉ်ဓူဝ အလုပ်များဟာ ပုံမှန်အတိုင်းလိုပဲ ဖြတ်သန်း လှည့်ပတ်နေသည်။

နေ့ဘက်အချိန် ဖြစ်၏။ ရွှယ်ယင်လေးသည် ချင်းရှီလေးကို စိတ်ပြန် တည်ငြိမ်လာအောင် ကိုင်တွယ် အုပ်ထိန်းနေရသည်။ မိဘနှင့် ခွဲရပြီး ကတည်းက ချင်းရှီလေးဟာ မရပ်မနားပဲ ငိုယိုနေခဲ့သည်။ သူ့ကို မည်သူမှ မချော့သိပ်နိုင်ခဲ့ပေ။ အရင်တုန်းက ဆိုလျှင် သူ့အမေကိုယ်တိုင် ချင်းရှီလေးကို ထိန်းပေးခဲ့သည်။ သူမဟာ မှော်ဆရာ တစ်ယောက် ဖြစ်သည့်အတွက် သူမအသံတွင် အိပ်မွေ့ချသည့် အာနိသင် ထည့်ပေးလိုက်ရုံနှင့် ကလေးချော့သိပ်သည့် အလုပ်မှာ သူမအတွက် အင်မတန် လွယ်ကူသည့်အလုပ် ဖြစ်သွားသည်။

ဒါပေမဲ့ ယခုအချိန်မှာတော့ ချင်းရှီလေးက စိတ်ဒဏ်ရာရခါစ ဖြစ်သည့်အတွက် သူ့ကို ချော့သိပ်ဖို့က ခေါင်းခဲစရာ ကိစ္စကြီးတစ်ခုလို ဖြစ်နေသည်။

ပြီးတော့ ခြင်္သေ့လူကြီး ထုံစန်းနှင့် မြွေမိစ္ဆာ ကျုံးလိန်ကိုလည်း ချင်းရှီလေးက အစကတည်းက ကြောက်လန့် နေခဲ့သည်။ နောက်ပြီးတော့လည်း အကူအစေခံတွေကလည်း ချင်းရှီလေးကို အိပ်ပျော်သွားအောင် ချော့သိပ်ရသည့် ကိစ္စကို မလုပ်ဖူးသည်မို့ ချင်းရှီလေးကို ချော့သိပ်ရသည့် တာဝန်က တုန်ပိုရွှယ်ယင် လက်ထဲကို ရောက်ရှိလာခဲ့သည်။

ရွှယ်ယင်က မိဘကိစ္စကြောင့် စိတ်မချမ်းမြေ့ ဖြစ်နေပါသော်လည်း ဒါကို ဖြေဖျောက်ပြီး ညီငယ်ကို အိပ်ပျော်ရအောင် ချော့မြူကာ သိပ်ရလေ၏။

နေ့ပိုင်း ဖြစ်နေပါသော်လည် ချင်းရှီလေး ပင်ပန်း နွမ်းနယ်နေပြီ ဖြစ်သည်။ ကြည့်ရတာ သူတို့ရဲ့ မိဘအဖြစ်အပျက်ကို မေ့နေလောက်ပြီဟု ထင်ရသည်။ ပြီးတော့ သူဟာ အသက် ၂ နှစ် ကလေးတစ်ယောက်သာ ဖြစ်နေသေး၍ ကြီးပြင်းလာသည့်အခါ ညတုန်းက ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်ကို လွယ်လွယ်ကူကူ မေ့ပျောက် သွားလိမ့်မည်။

" လိမ္မာတယ် ... ကျောက်စရစ်လေး ... အိပ်တော့နော် ..."

" အစ်ကိုကြီးနှင့် အတူတူ အိပ်ချင်တယ်..."

" အင်း ... အခု အတူတူပဲ ရှိနေတာပဲလေ ..."

" အစ်ကိုကြီး ... သီချင်းဆိုတာ နားထောင်ချင်တယ်.."

မောပန်းနေတဲ့ ချင်းရှီလေးဟာ တဖြည်းဖြည်းနှင့် တုန်ပိုရွှယ်ယင် လက်မောင်းပေါ်မှာ အိပ်ပျော် သွားခဲ့သည်။ ရွှယ်ယင် တစ်စက် ကလေးမှတောင် မလှုပ်ရဲချေ။ သူ့ညီလေး ပြန်နိုးသွားမှာကို ကြောက်နေမိသည်။

မကြာခင်မှာပဲ ညနေစောင်း သွားခဲ့သည်။

ကျုံးလိန်နှင့် ထုံစန်း အိမ်အပြင်ဘက်ကို ရောက်လာကြသည်။

" ငါအရင် ကြည့်လိုက်မယ် ..."

ကျုံးလိန် တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်ပြီး အနည်းငယ် ဟလိုက်ကာ အဲဒီကနေ အသာချောင်း ကြည့်လိုက်၏။ သူ့အစ်ကိုရဲ့ ရင်ဘတ်ပေါ်မှာ ဖောင်းဖောင်းမို့မို့နှင့် ချင်းရှီလေးဟာ ခြေကားယား လက်ကားယားဖြင့် အိပ်ပျော်နေသည်။ သွားရည်လေးများက သူအစ်ကို၏ ရင်ဘတ်ပေါ်ကို စီးကျလျက် ရှိသည်။ တုန်ပိုရွှယ်ယင်လေးလည်း အတူတူပင် အိပ်ပျော်နေသည်။ သူ့အဝတ်အစား ဖရိုဖရဲနှင့် ... စောင်ကလည်း ခန္ဓာကိုယ်ကို တစ်ဝက်သာ ဖုံးအုပ်ထားသည်။

ထုံစန်းလည်း တံခါးဟကြားကနေ ချောင်းကြည့် လိုက်ပြန်သည်။ ညီအစ်ကိုနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ပူးကပ်ပြီ အိပ်ပျော်နေတာကို ကြည့်ပြီ ထုံစန်း သူ့အသည်းနှလုံး ကွဲကြေသွားသကဲ့သို့ ခံစားလိုက်ရ၏။

" အားယုက ကျောက်စရစ်လေးကို ဂရုစိုက်ပေးခဲ့တော့ အိမ်ဖော် အကူကိုလည်း ကလေးထိန်းခွင့် မပြုခဲ့ဘူး ... ပြီးတော့ ငါတို့နှစ်ယောက် မျက်နှာကလည်း ကျောက်စရစ်လေးကို ခြောက်လန့်နေသလို ဖြစ်နေတယ်..ငါတို့ ရှေ့ဆက် ဘယ်လိုလုပ်ကြမလဲ ... ဒီလိုပဲ ရွှယ်ယင်က သူ့ညီကို နေ့တိုင်းချော့သိပ်နေရမှာလား ..."

ဟူ၍ ကျုံးလိန် တွေးရင်း စိတ်ပူစပြုလာသည်။

" ဦးလေးကျုံး ... ဦးလေးထုံ ..."

ရွှယ်ယင် သူနိုးလာတဲ့အခါ ညီငယ်လေးကို အိပ်ရာမှာ အသာထ၍ ထွက်လာပြီးနောက် ကျုံးလိန်နှင့် ထုံစန်းကို နှုတ်ဆက်လိုက်၏။

" မင်း ... ထပ်အိပ်လိုက်ပါဦး ..."

ကျုံးလိန် စိတ်ပူစွာ ပြောမိသည်။ ရွှယ်ယင် ကောင်းကောင်းမွန်မွန် မအိပ်ရသေးမှန်း သူသိနေသည်။

အမှန်တကယ်လည်း ရွှယ်ယင် သိပ်မအိပ်ဖြစ်ခဲ့ပါဘူး။ သူ အခုထိ အံ့သြတုန်လှုပ်နေဆဲ ဖြစ်နေသလို ပြီးတော့ အဲဒါတွေထက် သူ့ညီလေးကို ပိုဂရုစိုက်နေရတာပဲ။ ဒါဟာ သူ့ကို အတော်လေးကို ပင်ပန်းစေပြီ အိပ်ငိုက်စေသည်။ ဒါတောင်မှ သူဟာ အရမ်းကို အအိပ်ဆတ်သည်။ ကျုံးလိန်နှင့် ထုံစန်းရောက်လာတော့ သူနိုးလာသည်။ ကံကောင်းစွာဖြင့် သူ့ဟာ ကြံ့ခိုင်မှု အားကောင်းပြီး ဖိအားဒဏ်ကိုလည်း တောင့်ခံနိုင်ခဲ့သည်။

" အဆင်ပြေပါတယ်... ဦးလေးကျုံးနှင့် ဦးလေးထုံ ... ကျောက်စရစ်လေးကို အမေ တစ်ယောက်တည်းကပဲ အမြဲဂရုစိုက် ပေးခဲ့တာလေ ..."

ရွှယ်ယင် ဆက်ပြောလိုက်သည်။

"အခု အမေနှင့်အဖေက မရှိတော့ဘူး ... ဒီသတင်းကလည်း ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ဘူး ... အခုလည်း ညီလေးကို အစေခံလက်ထဲ ထိန်းထားခိုင်းဖို့ကို ကျွန်တော် ခွင့်မပြုနိုင်ဘူး ... ညီလေးက သူတို့ကိုရော ဦးလေးတို့ နှစ်ယောက်ကိုပါ ကြောက်နေတာ ... အဲဒါကြောင့် ကျွန်တော် တစ်ယောက်ပဲ သူ့ကို ထိန်းလို့ရမယ် ... ပြီးတော့ ကျွန်တော်က သူ့ကို ချော့သိပ်ရုံပဲလေ ... နေ့ဘက် ကျရင်တော့ သူ့ကို စောင့်ကြည့်ဖို့ လူလွှတ်ထားလို့ ရပါတယ် ..."

ကျုံးလိန်က " နေ့ဘက်အချိန် သူ့ကို ကြည့်ပေးဖို့ ရဲတိုက်မှာ လူတွေ အများကြီး ရှိပါတယ်လေ ..." ဟု ပြောလိုက်၏။ ဆက်ပြီးတော့ ပြောလိုက်ပါသေးသည်။

" ဒါဆို မင်းအပေါ်မှာ ငါတို့ အားကိုးရတော့မယ် ... မင်းညီလေး အရွယ်ကြီးလာလေ ... ပိုကောင်းလာလေပဲပေါ့ ..."

" အင်း ..."

တုန်ပိုရွှယ်ယင်လည်း နောက်ထပ် ဆက်မပြောတော့ပါဘူး။ ချင်းရှီက သူရဲ့ တစ်ဦးတည်းသော ညီလေး ဖြစ်သည်။ အဖေနှင့် အမေလည်း အဝေးကို ခေါ်ဆောင် သွားရပြီးမို့ သူ့ညီလေးကို သူသာ သေချာဂရုစိုက် ရတော့မည်။

တုန်ပိုရွှယ်ယင်က ရုတ်တရက် ကောက်မေးလိုက်သည်။

" ဦးလေးကျုံးနဲ့ ဦးလေးထုံ ... အရင်က ပြောထားတဲ့ အဖေနှင့် အမေကို မကယ်ခင် နဂါးတောင် အိမ်တော်ရဲ့ သံမဏိနက် အမိန့်ပြား စောင့်ရမယ်ဆိုတာ ... အဲဒါ ဘယ်လိုလုပ်မှ အမိန့်ပြားကို ရမှာလဲ ..."

ကျုံးလိန်ရော ထုံစန်းပါ တိုးတိတ်စွာ ပင့်သက်ချမိသည်။ ကြည့်ရတာ ဒီကလေးဟာ သူ့မိဘကို ကယ်တင်ဖို့ စိတ်ပိုင်းဖြတ်ထားဟန် ရှိလေ၏။

ကျုံးလိန်က" မင်းဟာ လုံလုံလောက်လောက် အစွမ်းထက် လာပြီဆိုရင် နဂါးတောင် အိမ်တော်က မင်းဆီကို သံမဏိနက် အမိန့်ပြားကို ပို့ပေးပါလိမ့်မယ် ..." ဟု ပြောပြလိုက်လေသည်။

" အစွမ်းထက်လာရင် ... ဟုတ်လား ... ဒါဆို ဘယ်လောက်အထိ အစွမ်းထက်ဖို့ လိုမလဲ"

တုန်ပိုရွှယ်ယင် ထပ်မေး လိုက်ပြန်သည်။

" မင်းအဖေမှာရော ... ဦးလေးထုံ နှင့် ငါ့မှာရော ... သံမဏိနက် အမိန့်ပြားကို မရခဲ့ဖူးဘူး ..."

နောက် ကျုံးလိန် ဆက်ပြောလိုက်သေးသည်။

" တစ်နေ့ မင်းရဲ့ ခွန်အားကို နဂါးတောင် အိမ်တော်က အသိအမှတ်ပြုခဲ့ရင် အဲဒီနေ့မှာ မင်းဆီကို သူတို့ သံမဏိနက် အမိန့်ပြားကို လာပို့ပေးလိမ့်မယ် ..."

တုန်ပိုရွှယ်ယင် ချက်ချင်းပဲ သဘောပေါက် သွားခဲ့သည်။

သံမဏိနက် အမိန့်ပြားကို ရဖို့ဆိုတာ ဦးလေးကျုံးနှင့် ဦးလေးထုံတို့ထက် ပိုပြီး စွမ်းအားကြီးရမည်ဆိုတာ ရွှယ်ယင် နားလည်လိုက်သည်။

" အင်း ... အခု သဘောပေါက် သွားပါပြီ ..."

ရွှယ်ယင် နောက်ထပ် မေးခွန်းတွေ ထပ်မမေးတော့ပါဘူး။

" ကျောက်စရစ်လေး အိပ်တာ ဘယ်လောက်ကြာပြီလဲ" ကျုံးလိန်က မေးလိုက်သည်။

" ၆ နာရီ နီးပါးလောက် ရှိနေပြီ" ဟု တုန်ပိုရွှယ်ယင် ခန့်မှန်းပြီ ပြန်ဖြေလိုက်သည်။

" ဒါဆို သူ့ကို နှိုးလိုက်ရအောင် ... ညနေလည်း စောင်းနေပြီ ... ကျောက်စရစ်လေးက ဘာမှ မစားဘဲ တစ်နေကုန် ဂျီကျနေတယ်မလား ... ညနေစာ ကျွေးဖို့ နှိုးလိုက်ဦး ... ပြီးရင် အစေခံတွေနှင့် ပေးဆော့ထားလိုက် ... ဒါမှ ညကျရင် မောမောနှင့် အိပ်ပျော်သွားမယ် ... ဒီလိုသာ ပေးအိပ်ထား လိုက်ရင် ညလယ်ကျရင် နိုးပြီ ပြဿနာ အကြီးအကျယ် ရှာလိမ့်မယ် ..."

***

ကောင်းကင်ဟာ အဆုံးအစမဲ့ နက်မှောင် လွန်းပါသည်။ ညစာစားတဲ့ ခန်းမမှာ တုန်ပိုရွှယ်ယင်က လေးထောင့် စားပွဲခုံရဲ့ ခေါင်းရင်းဘက်မှာ ထိုင်နေပြီ သူ့ဘေးနားမှာ ချင်းရှီက ကပ်လျက် ထိုင်နေသည်။ အစေခံများက အစားအသောက်များကို စတင် ပြင်ဆင် ပေးလေသည်။ ညစာအဖြစ် အဖျော်ရည် အနည်းငယ်နှင့် အထူးတလည် ပြင်ဆင်ထားသည့် မိစ္ဆာတောကောင် အသားဟင်းကို တုန်ပိုရွှယ်ယင် အတွက် ပြင်ဆင်ထားပြီး သူ့ညီလေး အတွက်ကတော့ နို့တချို့နှင့် အသီးအနှံ အစေ့အဆန်တို့ ဖြစ်သည်။

သူ့ရဲ့ ညီငယ်လေး ပျော်ရွှင်စွာ စားသောက် နေသည်ကို အပြုံးတစ်ခုဖြင့် ကြည့်နေရင်း သူ့ရင်ထဲမှာ မချိတင်ကဲ ခံစားနေရ၏။ တစ်ချိန်က ဒီစားပွဲခုံမှာ သူတို့၏ အဖေနှင့် အမေနှင့် အတူတကွ ထိုင်ခဲ့ကြသည်။ ယခုတော့ သူနှင့် သူ့ညီလေး တို့ နှစ်ဦးသာ ကျန်တော့သည်။

" ဗိုက်ပြည့်သွားပြီးလား.."

" အင်း ... ပြည့်ပြီး ... တော်တော်ပြည့်နေပြီ ..."

သူ့၏ ဗိုက်ကလေးကို ပွတ်သပ်ပြရင်း ချင်းရှီ ပြန်ဖြေလိုက်သည်။ ပြီးတော့ အရမ်းကို သိချင်နေတဲ့ပုံနှင့်" အဖေ နှင့် အမေရော.. သူတို့ ဘယ်မှာလဲ ... အိပ်နေတုန်းပဲလား.." ဟု မေးလိုက်သည်။

" အပြင် သွားကြတယ်လေ ... ဒါနှင့် ကျောက်စရစ်လေး ... အနောက်က ဥယျာဉ်ကွင်းထဲမှာ သွားကစားကြမလား.."

" အနောက်က ဥယျာဉ်ကွင်းလား ... ဟေး ... အနောက်က ဥယျာဉ်ကွင်း ဆီကို သွားကြမယ်ဟေ့ ..."

ချင်းရှီရဲ့ အာရုံက ချက်ချင်းပဲ လမ်းကြောင်း ပြောင်းသွားခဲ့သည်။ အနောက် ဥယျာဉ်ကွင်းတွင် ပျော်ရွှင်စရာ နေရာများစွာ ရှိသည်။ ဒီဥယျာဉ်ကို သူတို့ညီအကို နှစ်ယောက်အတွက် အမေက အထူးတလည် လုပ်ထားပေးခြင်း ဖြစ်၏ အဲဒီနေရာမှာ ကစားရတာ နှစ်သက်ကြသည်။ အဲ့မှာ မှော်ပစ္စည်း အချို့တွေတောင် ရှိသည်။

" သခင်လေး ချင်းရှီကို အနောက်ဥယျာဉ်ဆီ ခေါ်သွားလိုက်ပါ ... ကောင်းကောင်းမွန်မွန် ကြည့်ထားကြပါ ..."

ဘေးနားမှာ ရပ်စောင့်နေတဲ့ အစေခံ သုံးယောက်ကို တုန်ပိုရွှယ်ယင် ညွှန်ကြား ပေးလိုက်သည်။

" ဟုတ်ကဲ့ ..."

အစေခံ သုံးယောက်က ရိုသေစွာဖြင့် နာခံလိုက်သည်။ ဒီနေ့ကစပြီး ဒီကလေးဟာ ရွှယ်ယင်နယ်မြေရဲ့ သခင် ဖြစ်သွားပြီဆိုတာ သူတို့ သိထားကြပါပြီး။

အစေခံတွေဟာ သူ့ညီလေးကို ယူဆောင် သွားတာကို ကြည့်လိုက်ပြီးနောက် အနောက် ဝရန်တာကို ထွက်ပြီး အနောက်ဘက်က ဥယျာဉ်ကွင်းကို ကြည့်ရှု လိုက်လေသည်။ ဥယျာဉ်ခြံရဲ့ နေရာတိုင်းမှာ မီးဖန်လုံး အလုံး နှစ်ဆယ်ကျော်က မီးအလင်းရောင် ပေးထားလျက်ရှိ၏။ ဥယျာဉ်ကွင်းထဲမှာ အစေခံ ဆယ်ယောက်ကျော်က သူ့ညီငယ်လေးနှင့် အတူကစားရန် ရှိနေကြသည်။ သူ့ရဲ့ညီငယ်လေးနှင့် အတူဆော့ကစား ဖို့အတွက် သစ္စာရှိတဲ့ အစေခံတွေကိုသာ သေချာဂရုတစိုက် ရွေးချယ်ထား၏။

တုန်ပိုရွှယ်ယင်သည် သူ့ရဲ့ စာဖတ်ခန်းကို ပြန်လှည့် သွားလိုက်သည်။ သူ့ရဲ့ စာဖတ်ခန်းမှာတော့ စားပွဲခုံ တစ်လုံးရှိသည်။ နံရံကပ် စင်ပေါ်မှာ များပြားလှတဲ့ စာအုပ်တွေ စီထည့်ထားသည်။ အများစုကတော့ အတ္ထုပ္ပတ္တိ ဝတ္ထုရှည်တွေပါပဲ။ အရင်တုန်းက တုန်ပိုရွှယ်ယင်ဟာ ဒီလိုစာအုပ်မျိုးကို ဖတ်ရှုရတာ သဘောကျပြီး သူ့အမေကလည်း ဒီစာအုပ်မျိုးတွေကို သူ့အတွက် စုဆောင်း ပေးထားခဲ့သည်။

စားပွဲခုံအရှေ့မှာ ထိုင်ချလိုက်ပြီး သူ့လက်ကို ဝှေ့ယမ်း လိုက်သည်နှင့် ရုတ်ခြည်းပင် ရွှေသားအလွှာဖြင့် လုပ်ထားသည့် စာအုပ်က လက်ပေါ်တွင် ရောက်လာသည်။

" အထွတ်အထိပ် သူရဲကောင်းတွေ၏ လှံဖြင့် တိုက်ခိုက်ခြင်း သိုင်းလျှို့ဝှက် အညွန်းပါလား ..."

တုန်ပိုရွှယ်ယင် ချက်ချင်းပဲ စတင် ဖတ်ရှုတော့သည်။

***

အပိုင်း ( ၅ ) လှံသိုင်းပညာ

" ငါ ... ရှမင်းဆက်၏ ရေခဲနက် သူရဲကောင်း ... ရိုယွမ်ဟန် ဤလှံသိုင်းကို ချန်ရစ်ထားခဲ့သည် ..."

ရွှေစာအုပ်ရဲ့ စာမျက်နှာ တစ်ခုပေါ်တွင် လူတစ်ယောက်က လှံသိုင်း ကျင့်နေဟန် ပုံကြမ်းတစ်ခုကို ရေးဆွဲထားသည်။

" ဝူး"

ရုတ်တရက် ထူးခြားပြီး အင်အား ပြင်းထန်သော စွမ်းအားတစ်ခုက အခန်းအတွင်းရှိ လေထုကိုပင် တုန်ခါစေလာ၏။

" ဟမ်း"

တုန်ပိုရွှယ်ယင် အရမ်းကို ထိတ်လန့် သွားသည်။ ခေါင်းကို မော့ကြည့်ရာ သူ့အရှေ့က မြင်ကွင်းကို တွေ့လိုက်ရ၍ တုန်လှုပ်သွားသည်။ အလွန် စူးရှတောက်ပသော ငွေရောင် အဖြူ အလင်းက ဖွင့်လျက်သား ရှိနေသည့် စာမျက်နှာကနေ ထွက်ပေါ်လာနေသည်။ ထူးခြား ဆန်းပြားတဲ့ အလင်း အဖြူရောင်တွေဟာ တဖြည်းဖြည်းနှင့် စုဖွဲ့လာပြီး သူတောင်းစား တစ်ယောက်လို ဝတ်ဆင်ထားတဲ့ လူအိုတစ်ယောက်ဟာ လှံတစ်ချောင်းကို ကိုင်စွဲထားနေသည့် လူသဏ္ဌာန် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ အလင်းလူပုံရိပ်ဟာ ငွေသားနှင့် ထုလုပ်ထားသကဲ့သို့ ထင်ရပြီး အလွန် သေးငယ်လှကာ စာအုပ်ထက် အနည်းငယ်မျှ ကျော်ရုံလေးသာ ရှည်သည်။

ထိုအခိုက် ရုတ်တရက် ရေခဲတမျှ အေးစက်လှတဲ့ အော်ရာတွေဟာ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလာခဲ့သည်မို့ ရွှယ်ယင် ခိုက်ခိုက်တုန်အောင် အေးစိမ့်သွားလေသည်။

" ယား"

သူတောင်းစားအို ပုံရိပ်ဟာ သူ့လက်ထဲက လှံကို အသုံးပြုပြီ သိုင်းကွက်တွေ တစ်ကွက်ပြီး တစ်ကွက် စတင်ကစားပြပါတော့သည်။ သူ့လက်ထဲက လှံဟာ နဂါးတစ်ကောင်လိုပါပဲ.. ဒေါမာန်အားပါစွာနှင့် ထိုးသွင်းလိုက် ... ရိုက်ချပစ်လိုက်နှင့် တစ်ဖန် လှံတံဖြင့် ကာကွယ်လိုက်...

ဒီသိုင်းကွက်တွေကို သူ အရမ်း ရင်းနှီးနေသည်။ ဒါတွေဟာ သူ အသက် ၆ နှစ် ကတည်းက လေ့ကျင့်လာခဲ့သော လှံသိုင်းတွေပဲ ဖြစ်၏။ တစ်ဖန် ဒီသိုင်းကွက်တွေက လွန်းရှန် အင်ပါယာမှာ အသုံးပြုနေသော အခြခံလှံသိုင်းသာ ဖြစ်ချေသည်။ ဒီသိုင်းနာမည်ကား ဝိညာဉ်လှံသိုင်း ဟု ခေါ်သည်။

ဝိညာဉ်လှံသိုင်းဆိုတာ ကမ္ဘာအနှံ့ သင်ကြား လေ့ကျင့်နေကြသော သိုင်းတစ်ခု ဖြစ်ပြီး အရိုးစင်းဆုံးနှင့် အခြေခံအကျဆုံး ဖြစ်၍ လှံသိုင်းအားလုံး၏ မူလဟု ခေါ်ကြသည်။ ဒါဟာ ထူးခြားတဲ့ သိုင်းမဟုတ်ပါဘူး။ သာမန် အခြေခံသိုင်းတစ်ခုပဲ ဖြစ်သည်။ မြောက်မြား လှစွာသော လှံသမားများဟာ သူတို့ လှံသိုင်း စတင်သင်စဉ်အခါက ဝိညာဉ်လှံသိုင်း အခြေခံဖြင့်သာ စတင်လေ့လာ ယူရသည်။

" ဒီကနေ့အထိ ဝိညာဉ်လှံသိုင်းကို လေ့ကျင့်လာခဲ့တာ သုံးနှစ် ရှိတော့မယ် ... ဒီ ဝိညာဉ်လှံသိုင်းက အစွမ်းထက်နေမှန်း ဘာဖြစ်လို့ ငါ မသိခဲ့ရတာလဲ ..."

လှံသိုင်းကွက် ကစားပြနေတဲ့ အလင်းပုံရိပ်ကို တုန်ပိုရွှယ်ယင်ဟာ ပြူးကျယ်နေသော မျက်လုံးဖြင့် စူးစိုက်ကြည့် နေမိသည်။ အလင်းပုံရိပ် သူတောင်းစားအို၏ လှံထိုးချက်မှာ ရိုးစင်းပေမဲ့လည်း လှံဟာ ရေမြွေတစ်ကောင် အလား အရှေ့ကို တရိပ်ရိပ် နွယ်တက် ထိုးခွင်းနေသည်။ လှံတံကို အနုတ်အသိမ်း အသွင်းအဆွဲ ပြုသည့် အခါမှာလည်း ဆန့်ကျင်ဘက် လားရာကို အသွားအလမ်းတူစွာ ထိုးခွင်းနေပြန်၏။ ပြင်းထန်မာန်ပါသော လှံသိုင်း ပုံရိပ်တွေကြောင့် ရွှယ်ယင် သူ့၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်၍ မရနိုင်တော့ချေ။

သူဟာ လှံသိုင်းကို အသက်၆ နှစ်ကနေ စပြီး လေ့လာခဲ့ရာ ယခု သူ အသက် ၈ နှစ်ရှိနေပြီး ပြီးတော့ ဆောင်းတွင်းပိုင်းလည်း ရောက်နေပြီးမို့ သူရဲ့ လှံနှင့်လေ့ကျင့်ခဲ့ အချိန်က သုံးနှစ်နီးပါးဟု ပြောလို့ရသည်။

" အဖေ သင်ပေးထားတဲ့ လှံသိုင်းနည်းစနစ်က အရမ်းကို စနစ်ကျတယ်.. ပြီးတော့ ဒီလှံသိုင်းကျမ်းထဲက နည်းတွေနဲ့တောင် သင်ကြားပေးခဲ့တာပဲ ... ဒါနဲ့များ ဘာဖြစ်လို့ ငါရဲ့ လှံသိုင်းက ဒီလူကြီး ကစားပြသွားတာနှင့် ကွဲပြားနေရတာလဲ"

ရွှယ်ယင် သေသေချာချာ ရှာဖွေစဉ်းစား ကြည့်မိသည်။

အခြေခံ လှံသိုင်းကွက်တွေ ဖြစ်နေသော်လည်း အသစ်တစ်ယောက်၏ သိုင်းကွက်ဟန်မှာ ဝါရင့် ကျွမ်းကျင်သူ တစ်ယောက်နှင့် အဘယ်ကဲ့သို့ တူညီနေမည်နည်း..

" အတွင်းခွန်အားလို ပုံစံပဲ... အဲဒီအားတွေက လှံရဲ့ ထိုးနှက်ချက်တိုင်းမှာ အလုံးအရင်းနှင့် ပါလာသည် ... ပြီးတော့ ခန္ဓာကိုယ်ထဲက ခွန်အားတိုင်းကို လှံတံထဲမှာ အပြည့်အဝ ထည့်သုံးထားသလိုပဲ"

လှံသိုင်းကို အသေအချာ ကြည့်နေပေမဲ့လည်း တုန်ပိုရွှယ်ယင် သိပ်နားမလည်သေး ... ဝိုးတိုးဝါးတား ဖြစ်နေဆဲပဲ ... ။

စာအုပ်ဟာ ဖွင့်လျက်သားပင် ရှိနေဆဲ ဖြစ်သလို ဝိညာဉ်လှံသိုင်း ပုံရိပ်ဟာလည်း ထပ်ဖန် တလဲလဲ ပြသနေဆဲပင်။

နောက်တစ်နာရီမျှ ကြာမြင့်သွားပြီးသော အခါမှာ ရွှယ်ယင် သူအလင်း ပုံရိပ်ပြကွက်ကို ဘယ်နှခေါက် ကြည့်ပြီးပြီလဲ ဆိုတာကို မမှတ်မိနိုင်လောက်ပါပဲ..။ သူ နောက်စာမျက်နှာ တစ်ခုကို ကောက်လှန်လိုက်သည်။

နောက်စာမျက်နှာတွင်မူ စာလုံးများ အပြည့်အသိပ် ရေးသွင်းထားသည်။

" လှံသိုင်းတွင် အခြေခံဆိုတာ အရေးကြီးဆုံး ဖြစ်သည်။ ပထမဆုံး သင်ကြားပေးမည့် အခြေခံလှံသိုင်း နာမည်ကတော့ မူလအစ လှံသိုင်းပညာ ဖြစ်တဲ့ ဝိညာဉ်လှံသိုင်း ဖြစ်ပေသည်။ ကျွမ်းကျင်စွာ လေ့ကျင့်နိုင်ခဲ့ပါက ကျွန်ုပ်၏ လှံသိုင်းပညာကို ဆက်လက် လေ့လာဖို့ကို အခွင့်အရေးရှိပါပြီ ..."

" ချီကျင့်ကြံခြင်း ကျင့်စဉ်တစ်ခု အောက်တွင် ပါရှိသည်"

" ကျွန်ုပ်၏ လှံသိုင်းပညာမှာ ၎င်း၏ လျင်မြန်မှုကြောင့် နာမည် ကျော်ကြားပါသည်။ အောက်တွင် ပါရှိသော ဒိုချီကျင့်စဉ်နှင့် တွဲဖက်အသုံးပြုပါက လှံကို အဆမတန် လျင်မြန်စွာ ထုတ်ဖော် အသုံးပြုနိုင်သွားမည် ဖြစ်သည်"

အောက်စာမျက်နှာမှာ ဒိုချီကျင့်စဉ် အကြောင်းကို ပြည့်ကျပ်စွာ ဆက်ရေးထားသည်။ အထွတ်အထိပ် သူရဲကောင်း ရေးသားထားတဲ့ စာလုံတွေက သာမန်ကာလျှံကာ ရေးထားသည်ဟု ထင်ရပေမဲ့ တကယ်တမ်း ကျတော့ ဒီသိုင်းဟာ တန်ဖိုးဖြတ်မရတဲ့ ရတနာတစ်ခုပင် ဖြစ်သည်။ တကယ်၍ အဆင့်တူတူ သူရဲကောင်းနှစ်ဦး ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ရင် ပြိုင်ဘက်ကင်း ဒိုချီကျင့်စဉ်ရှိတဲ့ သူရဲကောင်းက သိုင်းကွက် ၄ ၅ကွက် ထုတ်သုံးနေပြီးတဲ့ အချိန်မှာ ကျန်တဲ့နောက် သူရဲကောင်းက သိုင်းကွက် ၂ ကွက်လောက် နောက်ကျပေလိမ့်မည်။ ဒီလောက်ဆိုရင် အနိုင်ရမည့်သူကို ခဏလေးအတွင်းမှာ သိနိုင်လောက်ပါပြီ..။

" ကျွန်ုပ်၏ လှံသိုင်းပညာကို ရေခဲနက် လှံသိုင်းပညာဟု ခေါ်ဆိုသည်။ ၎င်းတွင် အဆင့် ၃ ဆင့် ရှိသည်"

" ပထမဆုံး အဆင့်သည် မျောလွင့်နေသော နှင်း ဖြစ်သည်။ ဒီအဆင့်မှာ ရှိတဲ့ သိုင်းကွက်ကို လေ့လာပြီးပါက ကနဦးအဆင့်ကို ဖြတ်ကျော် နိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ မိမိကိုယ်ကို လှံဝိဇ္ဇာ တစ်ယောက်ဟု သတ်မှတ်နိုင်ပါပြီ ။

" ဒုတိယအဆင့်သည် သွေးမိုး ဟု ခေါ်သည်။ ဤ အဆင့်တွင်ရှိသော သိုင်းကွက်များကို လေ့လာပြီးပါက ဒဏ္ဍာရီအဆင့်ကိုပင် ကျော်လွန်သွားပြီးဟု ဆိုနိုင်သည်။ အထွတ်အထိပ် အဆင့်နယ်ပယ်ကို ရောက်ရှိဖို့ မျှော်လင့်နိုင်ပါပြီ"

" တတိယအဆင့်သည် ရေခဲနက် ဟု ခေါ်သည်။ အထွတ်အထိပ် သူရဲကောင်းတွေ အားလုံးမှာ ကိုယ်ပိုင် လမ်းစဉ်တွေ ရှိကြသည်။ ဤသိုင်းသည်လည်း ကျွန်ုပ်၏ အထွတ်အထိပ် လမ်းစဉ်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်အား ရေခဲနက် သူရဲကောင်းဟု ခေါ်ကြခြင်း ဖြစ်သည်။ ကျွန်ုပ်၏ လမ်းစဉ်မှာ သင်နှင့် ကိုက်ညီမှု ရှိချင်မှရှိမှာမို့ သင် ဤအဆင့်အထိ ရောက်ချင်မှ ရောက်လိမ့်မည်။ ဒါမှမဟုတ် အချို့ ဒိုချိကျင့်စဉ်ကိုလည်း ကျင့်ယူနိုင်ပါသည်"

ရွှယ်ယင် ဖတ်ရှုနေရင်း စိတ်လှုပ်ရှား လာပါတော့သည်။ ဒီသိုင်းဟာ သေချာပေါက် အထွတ်အထိပ်အဆင့် တစ်ယောက်က ချန်ထားခဲ့သည့် သိုင်းကျမ်းပဲ ဖြစ်မည်။ အထွတ်အထိပ် တစ်ယောက် ဖြစ်ရာလမ်းကို ခေါ်ဆောင်ပေးနိုင်တဲ့ ကျမ်းပဲ။

သူ စာရွက်နောက် တစ်ရွက် ထပ်လှန်လိုက်သည်။ ရေခဲနက် လှံသိုင်းကျမ်းကို ပြွတ်သိပ်နေသော စာလုံးများနှင့် တချို့နေရာမှာ ပြန်လည် ရှင်းပြထားတဲ့ မှတ်ချက်တွေ ... ပြီးတော့ ဒိုချီကျင့်စဉ် တချို့တွေ..။ အားလုံးပေါင်း စာမျက်နှာ နှစ်ဆယ်ကျော် ရှိသည်။ ရေးထားတာ လွယ်ကူသည် ... ရှင်းလင်းသည်။ ရေးသား ထားတာတွေကို ရှုရင် ကောင်းကောင်းမွန်မွန် နားလည်သည်။ သို့ပေမဲ့ ရွှယ်ယင်၏ လှံသိုင်းအဆင့်မှာ အရမ်းကို နိမ့်ကျနေသေး၍ ဒီသိုင်းကျမ်း အဆင့်တွေကို မလေ့လာ နိုင်သေးပါဘူး။

သူ နောက်ဆုံး စာမျက်နှာကို ကျော်လှန် လိုက်သည်။ စာရွက်ပေါ်မှာ ပုံအချို့က အပြည့်ရှိနေသည်။ စာမျက်နှာကို ဖွင့်လိုက်သည့် ခဏမှာ စာရွက်ပေါ်က ပုံတွေက ချက်ချင်း အလင်းတွေကို စုစည်းပြီးတော့ သူတောင်းစားအို ပုံရိပ်ကို ဖြစ်ပေါ် လာစေပြီးနောက် သူတောင်းစားအို ပုံရိပ်ဟာ ရေခဲနက်လှံသိုင်းကို စတင်သရုပ်ဖော် ပြလေသည်။

သူတောင်းစားအို ပုံရိပ်က ရေခဲနက်လှံသိုင်း၏ ပထမဆုံးအဆင့် ဖြစ်တဲ့ ကျဆင်းသောနှင်း ကို စတင် သရုပ်ဖော် ကစားပြလေသည်။ သိုင်းကွက်ကို ကြည့်ရှုနေရင်း ခံစားနေရတာကို ဖော်ပြရရင် စကားတစ်လုံးပဲ ရှိသည်။

" အရမ်းကို လျင်မြန်တယ်"

လှံ၏ ရိုက်ချက် တစ်ချက်မှာ လှံပေါင်း ရာပေါင်းထောင်ချီ ပါဝင်နေသကဲ့သို့ ... မရေတွက်နိုင်အောင် ကျဆင်းနေသော ဆီးနှင်းပွင့်ကဲ့သို့ ... လျင်မြန်လွန်းလှရာ ရှုရင်၏ သာမန် မျက်စိနှင့်ပင် မမြင်သာအောင် လှံက တရိပ်ရိပ် လူးလွန် လှုပ်ရှားနေသည်။ ထို့နောက် တစ်ဖန် ပုံရိပ်ဟာ နှေးကွေးစွာဖြင့် ကစားပြပြန်ရာ အနှေးပြကွက် ပြနေသကဲ့သို့ ဖြစ်သွားပြန်သည်။ ထိုအခါမှသာ သိုင်းကွက်များကို ရွှယ်ယင် ပြက်ပြက်ထင်ထင် မြင်ရတော့သည်။

မျောလွင့်သော နှင်း သိုင်းကွက်များကို ကစားပြပြီးနောက် သွေးမိုး သိုင်းကွက် ... နောက် ရေခဲနက် သိုင်းကွက်များကို အစဉ်လိုက် ကစားပြသွားသည်။

သိုင်းကွက် အားလုံးကို စကားလုံးတစ်လုံးဖြင့် ပြောရရင် အရမ်း မြန်သည် ... အရမ်း ရမ်းကို လျင်မြန်သည်။

ပုံမှန်အတိုင်းဆိုရင် ဝိညာဉ်လှံသိုင်းကို စတင် လေ့ကျင့်ရမည်။ ဝိညာဉ်လှံသိုင်းကို ကျွမ်းကျင်မှသာ ရေခဲနက် လှံသိုင်း၏ ပထမအဆင့် ဖြစ်တဲ့ ကျဆင်းသောနှင်း သိုင်းကွက်များကို ဆက်လက် လေ့လာလို့ ရမည်။

***

ချင်းရှီလေးဟာ သူ့ကို အိပ်ရာပေါ်မှာ ချော့မသိပ်ချင်း လုံးဝ မအိပ်ဘဲ သူ့အနားမှာ တွယ်ကပ်နေသည်။ ရွှယ်ယင် အိပ်ရာပေါ်မှာလည်း ဆူညံစွာ ဂျီကျနေပြီးမှ နောက်ဆုံးတွင် အိပ်ပျော်သွားခဲ့သည်။

နောက်တနေ့ ... မနက်စာ စားပြီနောက် ရွှယ်ယင် သိုင်းလေ့ကျင့်ကွင်း ဘက်ဆီကို ထွက်လာခဲ့သည်။

" သိုင်းလေ့ကျင့်ကွင်း ..."

ရွှယ်ယင် ရွေရွတ်လိုက်ပြီး ကွင်းကိုလည်း ခြုံကြည့် လိုက်သည်။ အရင်တုန်းက သူ့အဖေ ဒီကွင်းမှာ နေ့တိုင်း လေ့ကျင့်တဲ့နေရာ ဖြစ်သည်။

" ကဲ စလေ့ကျင့်ရအောင် ..."

ရွှယ်ယင် အလေးတုံး အချို့ကို ထမ်းပြီး ရဲတိုက် အတွင်းစည်းရဲ့ ပတ်ပတ်လည်ကို စတင်ပြေးလေသည်။ အတွင်းစည်း တစ်ပတ်က တစ်လီလောက် ရှိသည်။ ( တစ်လီ ကို မီတာ ၅၀၀ ရှိသည် ) သူဟာ နေ့တိုင်း လီပေါင်းများစွာ ပြေးနေကျဖြစ်သည်။

အပြေးလေ့ကျင့်ခန်း ပြီးသွားတော့ ရွှယ်ယင် သိုင်းလေ့ကျင့်ကွင်းကို သွားပြီး အလေးတုံးကို ပစ်ချလိုက်သည်။ ထို့နောက် ကိုယ်ပေါ်တွင် ချွေးတဒီးဒီးနှင့် လှံတိုများစွာ ထားရှိထားသည့် မြေဧရိယာဘက်ဆီကို လျှောက်သွား လိုက်သည်။ အဲဒီ လှံတိုတွေဟာ အကြမ်းဖျင်း ၅ ပေါင်ခွဲလောက် လေးပြီ ရွှယ်ယင် လှံပစ် လေ့ကျင့်ရန်အတွက် သီးသန့် ပြုလုပ်ထားခြင်း ဖြစ်၏။

" ဟုတ်ပြီးလေ စလိုက်ရအောင်"

ရွှယ်ယင် ရေရွှတ်လိုက်ရင်း လှံတိုတစ်ချောင်းကို ကောက်ယူလိုက်ပြီး ပေါ့ပေါ့ပါးပါးပဲ ပစ်လွှတ်လိုက်ရာ ပေနှစ်ရာကျော် လောက်မှာ ရှိနေတဲ့ စက်ခုံဆီ ပြေးဝင် ထိမှန်သွားသည်။

စက်ခုံမှာ လှံချက် နစ်ဝင်ရာတွေနှင့် အချိန်ကြာ ကတည်းက ရှိနေသော စက်ခုံ အဟောင်းမှန်း သိသာသည်။

" သွား ... ထိစမ်း ... ထိစမ်း ..."

နောက်လှံတို တစ်ချောင်းကို ပစ်လွှတ်နေရင်း တုန်ပိုရွှယ်ယင် ပြေးလွှားရင်း ပစ်လွှတ်ရန် စတင်လုပ်ဆောင် လိုက်သည်။ ထို့နောက် သူသည် လှည့်ပြေးရင်း လှံကို ဆက်တိုက် တစ်ချောင်းပြီး တစ်ချောင်း ပစ်လွှတ်လိုက်သည်။

ပြေးလွှား လှုပ်ရှားနေချိန်တွင် ပစ်မှတ်ကို ထိမှန်ရန် သူကြိုစားနေခြင်း ဖြစ်သည်။

" အပေါ်ကို ပစ်တင်လိုက်စမ်း ..."

ရွှယ်ယင် အော်ဟစ်ပြောလိုက်သည်။

" ဟုတ်ကဲ့ ... သခင် ..."

ဘေးနားမှာ ရပ်စောင့်နေတဲ့ အစေခံက နာခံလိုက်ပြီး သေးငယ်တဲ့ ပစ်မှတ်ငယ် တချို့ကို ယူပြီး ကောင်းကင်ပေါ် ပစ်တင်လိုက်သည်။ ရွှယ်ယင် မီတာ နှစ်ရာကျော်ကနေ ပြေးယူလာပြီး လေပြင်ပေါ် ရောက်နေသည့် ပစ်မှတ်ကို လှံဖြင့်ပစ်လိုက်သည်။ တစ်ခါတလေ ပစ်မှတ်ကို ထိမှန်ပြီး တစ်ခါတလေ အနည်းငယ် လွဲချော်လေသည်။ လှုပ်ရှားနေတဲ့ ပစ်မှတ်ကို ပစ်သည့်နေရာမှာ သူ ကျွမ်းကျင်မှု လိုအပ်နေသေးသည်။

သူ့အဖေ ပြောဖူးခဲ့သည်မှာ"လှံတိုတွေဟာ တကယ်တော့ အထောက်အကူ သဘောမျိုးပဲ ... ပြေးလွှားနေရင်း ဘယ်အရာကိုမဆို ထိမှန်အောင်ပစ်ဖို့ လွယ်တယ် ... အနာဂတ်မှာ သားနေ့တိုင်း လှံတို အပစ်ကျင့်ရမယ် ... အခါ၂၀၀ လောက် သွေးပူလာအောင် ပစ်ကျင့်ပေး ... ဒါဆိုရင် သား လက်ရည်မှန်လာလိမ့်မယ် ..."

လှံတို အခါ ၁၀၀၀ ပစ်ကျင့်ပြီးနောက် သူ့ လက်မောင်း နှစ်ဖက်ဟာ ထုံကျင်နေပါပြီ။ တစ်ကိုယ်လုံးမှာလည်း ချွေးတွေနှင့် ရွှဲရွှဲစိုနေသည်။ ဒီလို ပင်ပန်းမှုဒဏ်နှင့် သူအသားကျနေတာ အတော်ကြာနေပါပြီ။

သူ့ရဲ့ လှံတိုလေ့ကျင့်ခြင်း ပြီးသွားပြီးနောက် ရွှယ်ယင် လက်သီးသိုင်းကို လေ့ကျင့်ပြန်သည်။ ၎င်း လက်သီးသိုင်းဟာ ခန္ဓာကိုယ် တစ်ခုလုံးရှိ ကြွက်သားနှင့် အရိုးကိုသန်မာစေသည်။

ဒိုချီသိုင်းဖြစ်ပြီ [ မီးလျှံသုံးဆင့် ] သိုင်းဟုလည်း ခေါ်သည်။ ဒီသိုင်းကို ပိုင်ဆိုင်ဖို့ သူ့အဖေဟာ မနည်းလှတဲ့ ပိုက်ဆံ ပမာဏကို သုံးလိုက်ရသည်။ စစ်တပ်မှာ ရှိနေစဉ် အချိန်သူ့အဖေ မူလလေ့ကျင့်ခဲ့သည့် သိုင်းက အဆင့်နိမ့် တစ်ခုသာ ဖြစ်သည်။

ချီကျင့်ကြံခြင်း၏ အကျိုးသက်ရောက်မှုက ခန္ဓာကိုယ် မောဟိုက်နေအချိန်တွင် အကောင်းဆုံး ဖြစ်သည်။

ဒီလက်သီးသိုင်းက ခွန်အားနှင့် ညင်သာမှုကို ပေါင်းစပ် ထားသည်။ သူ့ရဲ့ အသက်ရှူနှုန်းမှာ လိုက်ဖက်ညီစွာ ကျင့်စဉ်အတိုင်း ပေါင်းစပ် သွားအချိန်မှာတော့ သူ့ရဲ့ လေ့ကျင့်ခန်းက ခန္ဓာကိုယ် တစ်ခုလုံးကို သက်သောင့်သက်သာ ဖြစ်သွားစေသည်။ ထူးခြားတဲ့ စွမ်းအား ဖျော့ဖျော့က ခန္ဓာကိုယ်အတွင်း စူးနစ်ဝင်သွားပြီ ထုံထိုင်း သွားစေသည်။ ဒီလိုဖြစ်ခြင်းအားဖြင့် ခန္ဓာကိုယ် ခွန်အားကို အလျင်အမြန် ပြန်ကောင်းလာစေသည်။

မီးလျှံသုံးဆင့်သိုင်းကို နှစ်ပြန်လောက် လေ့ကျင့်ပြီးတဲ့အခါမှာ သူ့လက်နှစ်ဖက်စလုံး ပြန်ကောင်းနေပါပြီ။

" လှံသိုင်းကို လေ့ကျင့်ဖို့ အချိန်ရောက်ပြီ ..."

ရွှယ်ယင် ချက်ချင်းပဲ လှံတစ်ချောင်းကို ကောက်ယူ လိုက်သည်။ သူ့၏ အရပ်အမြင့်နှင့် အဆင်ပြေအောင် လှံအရှည်ကို ၆ ပေ လုပ်ထားပြီး အလေးချိန် ၁၁ ပေါင် ခန့် ရှိသည်။

" ယား"

ရွှယ်ယင်သည် ဝိညာဉ်လှံသိုင်းကို စတင်လေ့ကျင့်တော့သည်။

ဒီ ဝိညာဉ်သိုင်း ကို လေ့ကျင့်နေခဲ့သည်မှာ သုံးနှစ်နီးပါး ရှိနေပြီမို့ သူဟာ အင်မတန်ကို ကျွမ်းကျင်နေပြီ ဖြစ်သည်။ ဒါပေမဲ့ ဒီနေ့မှာတော့ လုံးဝ ကွဲပြားခြားနား နေသလို ခံစားနေရသည်။

" ဟုတ်ပြီ ... အားကို ဒီလိုသုံးတာ ပိုအဆင်ပြေတယ် ..."

ရွှယ်ယင် မနေ့က အထွတ်အထိပ်အဆင့် သူရဲကောင်း လှံသိုင်းကို သရုပ်ဖော် ကစားပြသွားတာကို ကြည့်ထားပြီးပြီမို့ ယခု လေ့ကျင့်နေချိန်တွင် လိုက်လံအတုယူပြီး အစမ်း လေ့ကျင့်နေမိခြင်း ဖြစ်သည်။ ချက်ချင်းပဲ သူဟာ အောင်မြင်မှု ရလဒ်ကို ခံစားလိုက်ရသည်။

" ထိုးဖောက်လိုက်စမ်း ..."

သူ့ရဲ့ ဘယ်လက်က လှံကို ပေါ့ပေါ့ပါးပါး ကိုင်ထားပြီ ညာလက်ကတော့ လှံအရင်းပိုင်း အဖျားကို ကိုင်ထားသည်။ ရုတ်ခနဲ အားထည့်လိုက်ပြီ ညာလက်ကို ဆတ်ခနဲ လှည့်လိုက်ရာ လှံတံဟာ မြွေကြီးတစ်ကောင် အရှေ့ကို လူးလွန့် ထွက်သွားပြီး လျင်မြန်စွာ လှည့်ပတ်သွားသည်။ ရန်သူ တစ်ယောက်က ဤတိုက်ခိုက်မှုကို ခုခံရပါက လှံဖျားဟာ သူ့မျက်နှာကို ဦးတည် တိုက်ခိုက်နေမှာကို ရင်ဆိုင် နေရပါလိမ့်မည်။ ဒါပေမဲ့ မွှေ့ယမ်းနေတဲ့ လှံဖျားနှင့် မျက်နှာ နီးကပ်လာရင်တော့ လှံဖျားက အောက်ဘက် စိုက်ကျသွားလိမ့်မည်။ ထိုအခါ ရန်သူ့ လည်မျိုကို မွှေထည့် သွားလိုက်မှာ ဖြစ်သွားမှာ အသေအချာပင် ... ။ ဤသိုင်းကွက်မှာ ရည်ရွယ်ချက် နှစ်ခုဖြင့် အသုံးပြုလို့ ရသည်။ ပထမမှာ ရန်သူကို စိတ်ရှုပ်ထွေးအောင် လုပ်ရန်နှင့် ဒုတိယမှာ စိတ်ရှုပ်ထွေးနေချိန်တွင် ရန်သူ့ချက်ကောင်းကို အမိအရ ထိုးဖောက်ပစ် လိုက်ရန် ဖြစ်သည်။

" စွပ် ..." လှံဖျားဟာ လေ့ကျင့်ရေး အရုပ်ထဲကို ထိုးဖောက်သွားသည်။ ဒီလေ့ကျင့်ရေး အရုပ်ကို မြေပြင်ပေါ်မှာ စိုက်ထူထားပြီး သတ္တုနှစ်မျိုးဖြင့် ပြုလုပ်ထားသည်။ အတွင်းပိုင်းကို သတ္တုဖြင့် သွန်းလောင်းထားပြီ အပြင်အလွှာကိုတော့ ပြန်လည် ပြုပြင်နိုင်သည့် အရာဝတ္ထုဖြင့် ဖုံးအုပ်ထားသည်။ ယင်းအလွှာမှာ အင်မတန်ကို တာရှည်ခံပြီး ပြန်လည် ကောင်းမွန်နိုင်စွမ်း ရှိသည်။ ဒီ အရုပ်တွေက အင်မတန်ကို ကြံ့ခိုင်မှု အားကောင်းပြီး ကြယ်အဆင့် မရောက်သေးတဲ့ သူရဲကောင်းတွေအတွက် မည်သို့ပင် ဖျက်ဆီးလို့ မပျက်နိုင်ချေ။ ယင်းအရုပ်မှာ ဈေးကြီး၍ ရွှေဒင်္ဂါး အပြား ၅၀၀ ကျသင့်ရာ လေ့ကျင့်ကွင်းတွင် ယင်းအရုပ် ၅ ရုပ်သာ ထားနိုင်သည်။

ကွင်းထဲက အရုပ် ၅ ရုပ်အပြင် သူ့အမေ၏ စမ်းသပ်ခန်းတွင် နောက်ထပ် အရုပ်တစ်ရုပ် ရှိသည်။ သူမ၏ မှော်ပညာ စမ်းသပ်ချက်အတွက် အသုံးချစမ်းသပ်ခံ ဖြစ်သည်။

" ထိုးဖောက်လိုက်စမ်း ... ထိုးစမ်း ... ထိုးစမ်း ..." တုန်ပိုရွှယ်ယင် ခွန်အားအပြည့်နှင့် ကြိုးစားပမ်းစားဖြင့် လှံသိုင်းအား ဆက်လက်ကျင့်နေသည်။

လေ့ကျင့်ရေး အရုပ်၏ အလယ်ပိုင်းကို ထိုးသည်။ ပြီးနောက် အောက်ဘက် ... အပေါ်ဘက်.. ဘယ်ဘက် ... ညာဘက် ... ။

ရိုးရှင်းတဲ့ လှံထိုးချက်ဟာ လှံသိုင်းအားလုံးရဲ့ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။ ရွှယ်ယင် သူ လှံသိုင်းကျင့်နေရင်း အထွတ်အထိပ် သူရဲကောင်းရဲ့ လှံသိုင်းကို ကြည့်ရှုခဲ့စဉ် အခါက ခံစားမှုကို ပြန်သတိရလာပြီ သူ့၏ လှံချက်တိုင်းမှာလည်း ယင်းခံစားမှုမျိုးနှင့် မျောဝင်လှုပ်ရှား နေမိအောင် ကြိုးစားကြည့်သည်။

အကြိမ် တစ်ထောင်လောက် လှံနှင့် လေ့ကျင့်နေပြီးနောက် သူ့ညာလက်ဟာ တစ်ဖန် နာကျင်လာပြန်သည်။ ချွေးတွေနှင့် ရွှဲရွှဲစိုနေပြီး ရေလောင်း ချိုးထားသလား အောက်မေ့ရသည်။ အရင်တုန်းက ဆိုရင် သူ အကြိမ် ၅၀၀ မျှလောက်သာ လေ့ကျင့်ခဲ့သည်။ ယခုတွင်တော့ သူ့ကိုယ်သူ ပိုပြီးပိုပြီး တွန်းအားပေး နေမိသည်။

" ဒုံး ..."

နောက်ဆုံးမှာ အရုပ်ကို လှံဖြင့် အားကုန် ထိုးလိုက်တဲ့ အချိန်မှာတော့ လှံတံဟာ ကော့ပြန် ကန်ထွက်လာပြီး လက်မောင်း တစ်ခုလုံး ထုံကျင်သွားသည်။

" ဘန်း ..."

လှံတံကို ဆက်လက် မဆုပ်ထားနိုင်တော့၍ လက်ထဲကနေ လွတ်ကျသွားပြီး မြေပြင်ပေါ် ကျသွားသည်။

ရွှယ်ယင် ဒူးထောက် ကျသွားပြီ လေကို အမောတကော ရှူရှိုက်လိုက်သည်။ သူ့တစ်ကိုယ်လုံးမှာလည်း ချွေးတွေ ယိုစီးကျနေ၏။ မြေပြင်ပေါ် လဲလျောင်းကျနေတဲ့ လှံကို ငေးကြည့်မိနေသည်။

ထပ်လေ့ကျင့်ဖို့ စိတ်ပိုင်းဖြတ် ထားပေမဲ့ သူ အရမ်းမောပန်းနေပြီး ... စိတ်အားက ခပ်ကျကျ ဖြစ်လာပြီး အရှုံးပေး ချင်လာသည်။

ရွှယ်ယင် ခေါင်းမော့လိုက်သည်။ အရင်တုန်းက ဆိုလျှင် သူ့အဖေက သူ့အရှေ့ရပ်နေပြီး ဆူပူကြိမ်းမောင်း နေလောက်ပြီ ... ။

" ငကြောက်.."

" မောနေပြီးလား ... အကြိမ် ၅၀၀ လောက်ပဲ လှံထိုးရသေးတယ်... မောနေပြီလား ... မင်း ခန္ဓာကိုယ်နှင့်ဆို နောက်ထပ် အကြိမ် ၅၀၀ လောက်ကို အေးအေးဆေးဆေး ချွေးမထွက်ဘဲ လှံထိုးလို့ ရသေးတယ် ... အကြိမ် ၁၀၀၀ လောက်မှ မောတာ ခံစားနေရမှာ ... ပြီးတော့ မင်းရဲ့ အကန့်အသတ်က အများဆုံး ၅ဆ အကြိမ် ထောင့်ငါးရာ လောက်မှ ကောင်းတာ.. လှံ များများထိုးလို့ ဒဏ်ရာရရင်လည်း မပူနှင့် ... ဆေးရည်ကန်က မင်းကို စောင့်နေတယ်.. မနက်ရောက်ရင် ဘာဒဏ်ရာမှ မရှိစေရဘူး ... ဒီလောက် ကံကောင်းနေတာကွာ ... ငါ ငယ်ငယ်တုန်းက လေ့ကျင့်ခဲ့တာ ဘာဆေးရည်ကန် ရှိခဲ့လို့လဲ ... အကြိမ် ငါးရာ လှံထိုးဖို့တောင် မလုပ်နိုင်ဘူးလား ..."

" ပြန်ထမင်း ပြန်မထနိုင်ရင် မင်းဟာ ငကြောက်ပဲ."

" အကြိမ် ၅၀၀ လောက်ပဲ..မင်းဟာ အထက်တန်းစား သခင်လေး တစ်ယောက်ပဲ ... ဒါတောင် မလုပ်နိုင်ဘူးလား"

" ပြန်ထ တုန်ပိုလီရဲ့ သားက ငကြောက်မဟုတ်ဘူး ..."

" ပြန်ထ ..."

ဖခင်ရဲ့ အော်ဟစ် ကြိမ်းမောင်းသံက သူ့နားမှာ တရေးရေး တဝဲလည်လည် ပြန်ကြားယောင် လာသည်။

" ပြန်ထပြန်ထ"

တုန်ပိုရှုရင် လှံကို တင်းတင်း ဆုပ်ကိုင်ပြီ ကုန်းရုန်း ပြန်ထလိုက်သည်။ ပြီးတော့" ထိုး ..." ရွှယ်ယင် လှံကို အားတင်းပြီး ထိုးလိုက်ပြန်သည်။ သူ့မျက်လုံးများက နီရဲလျက် ... အရူးတစ်ယောက်လိုပဲ ဆက်ကာ ဆက်ကာ လှံထိုး နေမိတော့သည်။

" အဖေ ... အဖေ ဆူပူကြိမ်းမောင်းတာ သား တကယ် ပြန်လိုချင်နေပါပြီး ... သားကို ငကြောက်လို့ ခေါ်ရင် သား စိတ်ထဲ မထားတော့ပါဘူး ... ပျော်တောင် ပျော်ပါဦးမယ် ..."

အရာတစ်ခုကို ဆုံးရှုံးပြီးမှ လူတွေကတန်ဖိုးထားရမှန်း သိကြသည်မှာ ဓမ္မတာပေတည်း။

အပိုင်း ( ၆ ) ကျင့်ကြံခြင်း

လှံဖြင့် လေ့ကျင့်ခြင်း အကြိမ် ၁၅၀၀ ပြီးဆုံး သွားပြီးနောက် ရွှယ်ယင်မှာ ချွေးတွေနှင့် စိုရွှဲနေပါပြီ။ သူ့၏ ညာလက်ကိုလည်း ကောင်းမွန်စွာ မခံစားနိုင်တော့ချေ။ ပြီးတော့ လက်ကို လှုပ်ရင်တောင် ထုံကျင်နေသည်။ သူ့ရဲ့ စိတ်ဆန္ဒတစ်ခုတည်း သက်သက်သာ အကြိမ် ၁၅၀၀ ပြည့်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရေ ... ရေ ..."

ရွှယ်ယင် အက်ကွဲနေသော အသံဖြင့် ရေတောင်းလိုက်သည်။

သခင် ... ဒီမှာ ရေ ..."  ဘေးနားမှာ ရပ်ပြီး သခင်ဖြစ်သူ၏ ကြမ်းတမ်းမှု အပြည့်နှင့် လေ့ကျင့်နေတာကို စောင့်ကြည့်နေသော အစေခံက ရေနှင့်အတူ ပြေးလာသည်။

ရှုရင် ရေခွက်အပြည့်ကို ဘယ်လက်နှင့်သာ ယူနိုင်ပြီ တစ်ကျိုက်တည်း မော့သောက် ပစ်လိုက်သည်။

ထို့နောက် သိပ်မကြာခင်မှာပဲ ... မီးလျှံသုံးဆင့် ကျင့်စဉ်ကို ပြန်လေ့ကျင့်လိုက်သည်။

ဒိုချီစွမ်းအားကို လေ့ကျင့်သည့် အချိန်တွင် ခန္ဓာကိုယ် အတွင်းရှိ ကြွက်သားနှင့် အရိုးများက တရိုးရိုး တရွရွ ယားယံ လာလေသည်။ အများဆုံး ဖြစ်ပေါ်သည့်နေရာက ညာလက်မောင်းနှင့် လက်နေရာတွင် ဖြစ်သည်။ ဒါဟာ ဒီနေ့လေ့ကျင့်ခြင်းမှ ရရှိလာခဲ့သည့် ကောင်းကင်နှင့် မြေကြီးတို့၏ ထူးခြားသည့် စွမ်းအင်တွေကသူ့၏ ညာလက်မောင်းနှင့် လက်နေရာဆီကို တရစပ် စူးနစ်ဝင်နေသည်။ ခန္ဓာကိုယ်က မောဟိုက် ပင်ပန်းလေ ချီကျင့်ကြံမှုက အစွမ်းထက်လာလေပင်..။ ဒါပေမဲ့ ပြိုလဲသည့် အထိတော့ မောဟိုက်ပင်ပန်းတဲ့ အထိတော့ မလေ့ကျင့်သင့်ချေ။ ယခု တုန်ပိုရွှယ်ယင် လေ့ကျင့်သည့် ပုံစံမှာသည် ပုံမှန်လူတစ်ယောက်ကို ဆယ်ရက်အတွင်း ဒုက္ခရောက် သွားစေနိုင်သည်။ သို့ပေမဲ့ ရွှယ်ယင် အတွက်မူ ဈေးကြီးလှသည့် ဆေးရည်ကန်ကို နေ့တိုင်းသုံးနိုင်၍ ပြဿနာ သိပ်မရှိလှချေ။ ဤဆေးရည်ကန်ကို တစ်နှစ်လောက် အသုံးပြုမည်ဆိုရင် တော်ဝင်မိသားစု တော်တော်များများကိုပင် မွဲပြာကျသွားစေနိုင်လောက်သည်။

ဤကျင့်စဉ်ကိုပဲ သုံးပြန်လောက် လေ့ကျင့်ပြီး အချိန်မှာတော့ ကောင်းကင်မြေကြီး စွမ်းအင်ကို စုပ်ယူနိုင်စွမ်းမှာ တစ်ဟုန်ထိုး လျော့ကျသွားလေသည်။ ထို့ကြောင့် ကျင့်ကြံနေတာကို ရပ်ချလိုက်သည်။ သူ့ရဲ့ ဘယ်ဘက်လက်ကတော့ အကောင်းနီးပါးအတိုင်း ပြန်လည် ကောင်းမွန်ပေမဲ့ ညာဘက်လက်ကတော့ နာကျင်မှု ရှိနေဆဲ ...

" ကဲ ဒီတစ်ခါ ဘယ်လက်နှင့် ပြောင်းကျင့်မယ် ..."

" လာစမ်း ...

သူ့အရှေ့က လေ့ကျင့်ရေး အရုပ်ကို စူးရှတဲ့ မျက်လုံးနှင့် စူးစိုက်ကြည့် နေလိုက်သည်။ ဘယ်ဘက်လက်က လှံရိုးကို စွဲမြဲစွာ ဆုပ်ကိုင်ထားပြီး ညာလက်ကိုတော့ အထိန်းသဘော အဖြစ်သာ ကိုင်ထားသည်။ ထို့နောက် အရုပ်ကို အားစိုက်ခွန်စိုက် စတင် လှံထိုးကျင့်တော့သည်။

***

" ထုံစန်း ... ရွှယ်ယင်ကို တွေ့မိသေးလား.."

" ဟင်အင်း ... မတွေ့မိဘူး ..."

ထုံစန်းနှင့် ကျုံးလိန်တို့ နှစ်ယောက်စလုံး ဇဝေဇဝါနှင့် အံသြသွားသည်။ နေ့လယ်စာ အချိန်တောင် ရောက်တော့မည်။ ရွှယ်ယင်ကို ဘယ်နေရာမှာမှ ရှာမတွေ့သေးချေ။ သခင်ကြီး တုန်လီနှင့် တုန်လီကတော်တို့ကို ဖမ်းခေါ်သွားပြီး ကတည်းက ရွှယ်ယင်ကို သူတို့ ပိုပြီးတော့ စိတ်ပူစိုးရိမ်ခဲ့ကြသည်။

" သခင်လေးက ဘယ်နားမှာရှိနေလဲ"

ကျုံးလိန်နှင့် ထုံစန်းတို့သည် အခန်းသန့်ရှင်းရေး အစေခံမလေး တစ်ယောက်အား မေးလိုက်သည်။

အစေခံမလေးက မဆိုင်းမတွဖြင့်

" သခင်က မနက်ကတည်းက သိုင်းလေ့ကျင့်ကွင်းထဲ ရောက်နေပါတယ် ..."

" သိုင်းလေ့ကျင့်ကွင်းထဲ ရှိနေတုန်းပဲလား ... မွန်းတည့် အချိန်တောင် ကျော်နေပြီ..."

ထုံစန်း အနည်းငယ် စိတ်ပူသွားတဲ့ လေသံနှင့် ပြောလိုက်သည်။

"ရွှယ်ယင်က မနက်ပိုင်းဆို အများဆုံး နှစ်နာရီကနေ လေးနာရီအထိပဲ လေ့ကျင်တာ ... ဒါပေမဲ့ အခု မနက်ကတည်းကဆို ခြောက်နာရီလောက် ရှိနေပြီ ..."

ကျုံးလိန် စကားတစ်ခွန်းမှ ဝင်မပြောဘဲ သိုင်းလေ့ကျင့်ကွင်းဆီ အပြေးသွား လိုက်သည်။

လေ့ကျင့်ကွင်း အနား နီးလေ ပြင်းထန်လှတဲ့ တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာတဲ့ ထိခတ်သံတွေက တရစပ် ကြားနေရလေသည်။ ကျုံးလိန်နှင့် ထုံစန်းတို့ အချင်းချင်း မျက်နှာကို ပြန်ကြည့် လိုက်ပြီးနောက် လေ့ကျင့်ကွင်း အဝင်တံခါးကို တွန်းဖွင့် ဝင်လိုက်သည်။

" ဒါက ..."

အရှေ့က လူငယ်ကို တွေ့မြင်လိုက်ရ၍ နှစ်ယောက်စလုံး ကြက်သေ သေသွားသည်။

လူငယ်လေးမှာ တစ်ကိုယ်လုံး နီမြန်းနေပြီး လှံရှည်ကိုလည်း တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ ပြီးတော့အရှေ့က လေ့ကျင့်ရေး အရုပ်ကိုလည်း လှံဖြင့် ထိုးသွင်းလိုက် ရိုက်ချလိုက်နှင့် ဆက်တိုက် လေ့ကျင့်နေသည်။ ခါးကို နွဲ့ပြီး ဒေါသတကြီးဖြင့် လှံဖြင် ဆင့်ကာဆင့်ကာ ရိုက်နှက်နေသည်။ တစ်ကြိမ် ... နှစ်ကြိမ် ... သုံးကြိမ် ... ဒီပုံစံအတိုင်းပင် ... လှံဖျားကလည်း တဝီဝီနှင့် အရိပ်ရာများပင် ထပ်နေတော့သည်။ လေ့ကျင့်သည့် အရုပ်ကို ထိရိုက်သည့် အခိုက်မှာ သူ့ရဲ့ အလျင် သူ့ရဲ့ ရက်စက်မှုတွေ အမြင့်ဆုံး ရောက်နေသကဲ့သို့...

ခန္ဓာကိုယ်မှာ အဆမတန် ပူပြင်းနေပြီးတော့ ချွေးများပင် အငွေ့ပြန် လုမတတ်ဖြစ်ကာ အရေပြားများပင် နီရဲနေသည်

" သူ့ရဲ့ သွေးနှင့် ဒိုချီက အဲ့လောက်အထိတောင် ထိုးတက်နေပြီလား ..." ဟု ကျုံးလိန် ရေရွတ်မိသည်။

" ရွှယ်ယင် ... မင်း ရူးနေပြီးလား ... လေ့ကျင့်တာကို ရပ်ပြီး အနားယူဦးဟ ..."

ထုံစန်းလည်း စိုးရိမ်တကြီး ပြောလိုက်သည်။ ရွှယ်ယင် ဒီလို လေ့ကျင့်တာကို သူမမြင်ဖူးဘူး..။ သူ လုပ်နိုင်သည့် ကန့်သတ်ချက်ထက် ပိုပြီး လေ့ကျင့်နေတာကို သူစိုးရိမ်မိသည်။

" ခဏလေး နေပါဦး ... လေ့ကျင့်တာ မပြီးသေးဘူး ..."

ရွှယ်ယင် ပြန်ပြောလိုက်သည်။

" စိတ်မပူပါနဲ့ .. ရွှယ်ယင်က နေ့တိုင်း ဆေးရည် ချိုးကန်မှာ စိမ်တယ်..။ သူ အဆင်ပြေသွားမှာပါ..။ ပြီးတော့ သူ စိတ်ခံစားချက်တွေ ထွက်ပေါက်ရဖို့ လိုအပ်တယ်လို့ ငါထင်တယ်."

ကျုံးလိန်လည်း ပူပန်နေမိသည်။ ရွှယ်ယင် ပုံမှန်ထက် လွန်ကဲစွာ လေ့ကျင့်နေခြင်းကြောင့် မဟုတ်ပါ။ စိတ်ထိခိုက် ကြေကွဲစရာ အဖြစ်အပျက်မှ ရွှယ်ယင် တဝဲလည်လည် ဖြစ်နေမှာ စိုးပြီး ပြန်ရုန်းထွက်မရမှာကို စိုးရိမ်နေခြင်း ဖြစ်သည်။ ပြီးတော့လည်း ရွှယ်ယင် ဆေးရည်ကန်ကို အသုံးပြုပြီး ပါကလည်း သူ့ရဲ့ ခန္ဓာကိုယ်က အလိုလို ပြန်လည် ကုစား သက်သာစေသည်။ ကျုံးလိန်က ရွှယ်ယင်ကို ကလေးဘဝ ကတည်းက တွေ့မြင်နေခဲ့ရသူမို့ ရွှယ်ယင်ရဲ့ စရိုက်က အများနှင့်မတူ လောက်အောင် ပြောင်းလဲသွားမည်ကို မလိုလားပါဘူး။

ရွှယ်ယင် သူ့ ဦးလေးတို့ကို လှည့်ကြည့်ပြီ ပြုံးလိုက်ကာ

" ဦးလေးကျုံး ... ဦးလေးထုံ ... ကျွန်တော့်အတွက် စိတ်မပူပါနဲ့ .ကျွန်တော် အဆင်ပြေပါတယ်.."

ဒီလို လေ့ကျင့်နေတာ စိတ်ထွက်ပေါက် အနေနှင့် လုပ်နေတာ မဟုတ်ပါဘူး။ မနေ့က သူဖတ်ခဲ့တဲ့ အထွတ်အထိပ် သူရဲကောင်း၏ လျှို့ဝှက်လှံ ပညာရပ်ကြောင့် ဒါကို လေ့ကျင့်ဖို့ သူ အချိန်ဇယား ဆွဲထားခြင်း ဖြစ်သည်။ ရေခဲနက် လှံသိုင်းကို လေ့လာပြီးတာနှင့် အချိန်ဇယားအတိုင်း စတင်လေ့ကျင့်တော့သည်။

လျှို့ဝှက်စာအုပ် တစ်အုပ်က သင့်ကို အထွတ်အထိပ် တစ်ယောက်အဖြစ် မပြောင်းလဲ ပေးနိုင်ပါဘူး။ အထွတ်အထိပ် တစ်ယောက်ဖြစ်ဖို့က ရည်မှန်းချက်ထားပြီး ဒါကိုပဲ ဇွဲရှိရှိနှင့်စိတ်ကို မြုပ်နှံထားမှသာ အထွတ်အထိပ် သူရဲကောင်းဆိုတာကို လက်ဝယ်ပိုင်ဆိုင်စေမည်။

ရေနွေးကြမ်း တစ်ခွက်စာ သောက်ပြီးလောက်တဲ့ အချိန်ကာလအတွင်းမှာပဲ ရွှယ်ယင်သည် မီးလျှံသုံးဆင့်ကျင့်စဉ်ကို နှစ်ပြန်လောက် လေ့ကျင့်လိုက်ပြီးနောက် မနက်ပိုင်း လေ့ကျင့်ခြင်းကို အဆုံးသတ်လိုက်သည်။

***

နေ့လယ်စာ စားသောက်ပြီး၍ သူ့ညီငယ်နှင့် အချိန်တစ်ခုအထိ အေးအေးဆေးဆေး နေပေးပြီးနောက် နေ့လယ်ပိုင်း လေ့ကျင့်ခြင်းအတွက် ထွက်လာခဲ့ပြန်သည်။

" ယား"

လက်နှစ်ဖက်စလုံးကို အားထည့်လိုက်ပြီး လှံကို အရှေ့ထိုး လိုက်သည်။ ခန္ဓာကိုယ် တစ်ခုလုံးက အားတွေကို လက်မောင်းဆီ စုပို့ပြီး လှံကို ရိုက်ထုတ်ပေးလေ လှံရဲ့ရက်စက်မှုကို အရှိန်တင် ပေးနေသကဲ့သို့ ဖြစ်နေလေပြီ။

အတောမသတ်တဲ့ လှံထိုးချက်တွေနှင့် အံမခန်းလောက်တဲ့ တိကျမှုတွေကြောင့် သေစေနိုင်လောက်သော လှံချက်ပြင်းတွေက အရုပ်ရဲ့ မျက်နှာ၊ လည်ပင်းနှင့် ရင်ဘတ် နေရာဆီကို စုံချည် ဆန်ချည် လူးလွန့် ပြေးလွှားနေသည်။

ဒီလေ့ကျင့်ခန်းဟာ သူ့ရဲ့ လှံသိုင်းလေ့ကျင့်ခြင်းရဲ့ လေးခုမြောက် အပိုင်းဖြစ်တဲ့ လက်နှစ်ဖက်ဖြင့် လှံကို အထိုးလေ့ကျင့်ခြင်း ဖြစ်သည်။

***

အကြိမ် ၂၀၀၀ ခန့် လက်နှစ်ဖက်ဖြင့် လှံထိုးကျင့်တာကို လေ့ကျင့်ပြီးတဲ့အခါမှာတော့ သူ့ရဲ့ ဒိုချီကို ကျင့်ဖို့ အချိန်ရောက်လာပြန်သည်။

" မြားကို ပစ်လိုက်တော့"

ရွှယ်ယင် အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့.. သခင်"

ပေ သုံးဆယ် အကွာကနေ အစေခံ ဆယ်ယောက်က မတ်တတ်ရပ် နေလိုက်ပြီး ချီတုံချတုံဖြင့် လေးနှင့် မြားကို ကိုင်စွဲထားသည်။ မြားမှာတော့ အချွန်အထိပ် မပါပေ။ အရင်တုန်းကဆိုရင် တုန်ပိုရွှယ်ယင်မှာ သူ့အဖေနှင့် အတူတူ လေ့ကျင့်ရသည်။ ယခုတော့ သူတစ်ယောက်တည်းပဲ။ ရွှယ်ယင် မြားတံလာမည့် နေရာဆီကို ချက်ချင်းပဲ ခုန်ဝင်နေရာယူ လိုက်သည်။ တကယ်လို့ မြားတံတွေကို သူ မကာဆီး နိုင်ခဲ့ရင် မြားတွေက သေချာပေါက် သူ့ကို ထိမှန်မည်။

မြားထိပ်ချွန် မရှိတာတောင်မှ အင်မတန် နာကျင်သွားစေမည်။ တစ်ခါတလေ အရေပြားတောင် စုတ်ပြဲပြီး သွေးပါ ထွက်လာမည်။

အစေခံတွေကတော့ တကယ်ကို စိုးရိမ်နေကြသည်။

" ပစ်တော့ ... စောစောက ပြောတဲ့အတိုင်းလုပ် ..."

ရွှယ်ယင် အမိန့်ပေး လိုက်သည်။ သခင်အမိန့်မို့ အစေခံများကတော့ နာခံကြရတော့သည်။

" ရွှီး"

မြားတစ်ချောင်း စပစ်လိုက်တော့ ရွှယ်ယင် သူ့ရဲ့ လှံဖြင့် ကာကွယ်လိုက်သည်။

နောက်တစ်ကြိမ်

မြားပစ်သည့် အစေခံတွေက မြားပစ်တာ သိပ်မကျွမ်းကျင်သည့် အပြင် မြားပစ် အကွာအဝေးက ပေ ၃၀ ကျော် ဝေးနေပေမဲ့လည်း မြားအလျင်မှာ အတော်ပင် မြန်လှသည်။ ဒါပေမဲ့ ကာကွယ်ခြင်း ပညာကိုတော့ ရွှယ်ယင် ကျွမ်းကျင်နေပြီးသား ဖြစ်သည်။ လာသမျှ မြားတံတွေကို ပိုင်းချနေရသလို ကာကွယ်လိုက် ရှောင်ရှားလိုက်နှင့် ... ။

ရင်တုန် ဖွယ်ရာတွေလည်း ရောက်လာ တတ်သေးသည်။ တစ်ချိန်တည်းမှာပဲ မြားတံနှစ်ချောင်းက တစ်ပြိုင်နက် ပြေးဝင်လာသည့်အခါ ဖြစ်သည်။ ရွှယ်ယင်အတွက် ဒုက္ခရောက်မည့် အကွက်ဖြစ်သည်။ မြားဆယ်ချောင်းမှာ အနည်းဆုံး သုံးလေးခု ထိမှန်သည်။ တစ်ကိုယ်လုံးမှာလည်း ပွန်းပဲ့ရာတွေနှင့် ရှရာတွေနှင့် ဖုံးလွှမ်း နေပေမဲ့လည်း ဒီဒဏ်ရာသေးသေးတွေက သူ့ကို ရပ်တန့်စေနိုင်မည် မဟုတ်ပါ။

***

ဝိညာဉ်လှံသိုင်းဆိုတာ လှံသိုင်းအပေါင်း တစ်သောင်းကျော်ရဲ့ မူလအစပင် ဖြစ်သည်။ ရှမင်းဆက် ခေတ်တွင် လှံသိုင်းအားလုံးရဲ့ အခြေခံ အုတ်မြစ်ဟု ခေါ်ကြသည်။ တစ်စုံတစ်ယောက်က သိုင်းကွက်တွေကို သာမန်ကာလျှံကာ လေ့ကျင့်ခဲ့ရင် အပေါ်ယံလောက်မျှသာ အောင်မြင်မည်။ အကယ်၍ သိုင်းကွက်တွေကို ထပ်ခါတလဲလဲ အတွင်းကျကျ နားလည်သည်အထိ လေ့ကျင့်ခဲပါက သာမန်ရိုးရှင်းသည့် သိုင်းကွက်ကပင် မယုံနိုင်အောင် အစွမ်းထက်စေနိုင်သည်။

ရွှယ်ယင်ရဲ့ လှံသိုင်း လေ့ကျင့်ခြင်းမှာ အဆင့်ခြောက်ဆင့် ခွဲထားသည်။ ဘယ်လက်ဖြင့် လှံထိုးကျင့်ခြင်း၊ ညာလက်ဖြင့် လှံထိုးကျင့်ခြင်း၊ လက်နှစ်ဖက်ဖြင့် လှံထိုးကျင့်ခြင်း၊ ဟန့်တားပိတ်ဆို့ခြင်း၊ လွတ်လပ်စွာ တိုက်ခိုက်ခြင်း ပြီးတော့ အဆင့်အကူး အပြောင်းမှာ ခန္ဓာကိုယ် နာကျင်မှု ပြေလျော့စေရန် ဒိုချီလေ့ကျင့်ခြင်းတို့ပဲ ဖြစ်သည်။ ဒိုချီလေ့ကျင့်ခြင်းဖြင့် ခန္ဓာကိုယ်ကို ပြန်သက်သာအောင် မလုပ်ဘဲနဲ့ ဤမျှ ပြင်းထန်သည့် လေ့ကျင့်ခန်းများကို ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။

ရွှယ်ယင် တစ်နေ့ကို ၁၂ နာရီလောက် လေ့ကျင့်သည်။ လေ့ကျင့်ပြီးပြီချင်း ဆေးရည်ချိုးကန်ကို သွားသည်။ သူ့ခန္ဓာကိုယ်က ပြိုလဲလုနီးနီး ဖြစ်ချေပါပြီ ဒါပေမဲ့ ဆေးရည်ကန်ထဲကို စိမ်လိုက်ရတဲ့ ခဏမှာ သက်သာ ပျောက်ကင်း သွားသလို ခံစားရသည်။ ဒီဆေးရည်တွေက သူ့ကို သန်စွမ်းလာအောင် ပြုလုပ်ပေးသည်။ သူ့ရဲ့ ခန္ဓာကိုယ် အထူးသဖြင့် သူ့ရဲ့ လက်တွေဟာ ပြောင်းလဲ လာနေသည်။ စုတ်ပြဲနေသော ဒဏ်ရာများကို ပြန်လည် ကုသပေးနေ၍ သူ့ ကြွက်သားတွေ တောင့်တင်းလာသလို အရိုးအဆစ်များကလည်း ပို၍ ကြံ့ခိုင်လာသည်။

ညအချိန် ရောက်သွားတော့လည်း ထုံးစံအတိုင်းပင် ညနေစာစားပြီ ညီလေးကို ထိန်းကျောင်းသည်။ စာအုပ် အနည်းငယ်ဖတ်ရှုပြီး အိပ်ရာဝင်သည်။

သူ့ကို ကြည့်ရတာ အရမ်းပင်ပန်းနေတဲ့ ပုံရသည်။ အမှန်တကယ်မှာ တစ်နေကုန် အလုပ်လုပ်ထားသူ တစ်ဦးလို အားကုန်ခန်း နေခြင်းသာ ဖြစ်သည်။ ဒါကိုပဲ အလေ့အကျင့် လုပ်ထားရင် သူအတွက် ပုံမှန်အလုပ်လို ဖြစ်သွားမည်။သူ့၏ လှံသိုင်းမှာလည်း တိုးတက် လာသည်သလို သူ့ခန္ဓာကိုယ်လည်း ပိုပြီး သန်စွမ်းလာသည်ဟု ခံစားနေရသည်။

ဒီလိုရလဒ်တွေကြောင့် သူ့ရဲ့ ကျေနပ်ဝမ်းမြောက်ခြင်းက ပင်ပင်ပန်းပန်း ဒုက္ခခံရတာတွေကို မေ့ပျောက် သွားစေခဲ့သည်။

လှံသိုင်းကို လေ့ကျင့်နေစဉ်ပင် သူ ပြုံးတတ်သည်။ တစ်ခါတလေ ရပ်တန့်ပြီး စဉ်းစားပါသေးသည်။ ဒါဟာလှံသိုင်းရဲ့ အံသြဖွယ်ရာမှာ သူ မျောလွင့်နေပြီးဆိုတာ သေချာပါသည်။ အိပ်မက်မက် နေတာလည်း မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူ လှံပေါ်မှာ စွဲလမ်းမှု အပြည့်နှင့် အလျင်အမြန် တိုးတက်လာခဲ့ခြင်းကြောင့်ဖြစ်သည်။

***

နှစ်နှစ်အကြာ ... ဆောင်းတွင်း ကာလအတွင်း နှင်းတွေက သိပ်သည်းစွာ ကျဆင်းနေသည်။

ချောမောပြီး သန်မာတဲ့ လူငယ် တစ်ယောက်က လှံရှည်ကို ကိုင်ဆောင်ပြီး ဒိုင်းတွေ ကိုင်ဆောင်ထားတဲ့ အစေခံတွေ နှင့်အတူ လှံသိုင်း လေ့ကျင့်နေတာကို တွေ့မြင်နိုင်ပါသည်။ ဒိုင်းကို ထူထဲတဲ့ တိရစ္ဆာန် သားရေနှင့် ဝါဂွမ်းနှင့် ဖုံးချုပ်ထားသည်။ မြင်ရတာ ရယ်ချင်ဖွယ်ရာ ဖြစ်ပေမဲ့ တိရစ္ဆာန် သားရေနှင့် ဝါဂွမ်းသာ အပို မခုခံထားဘူးဆိုရင် ဘယ်အစေခံမှ သူ့ရဲ့ လှံထိုးအားကို ခံနိုင်ရည်ရှိမှာ မဟုတ်ချေ။

အစေခံတွေက ဘယ်ရှောင်လိုက် ညာရှောင်လိုက် လုပ်နေတဲ့ အချိန်မှာ ရွှယ်ယင် ရုတ်တရက် လှံကို ထိုးလိုက်သည်။ လှံရှည်က လည်ထွက်သွားပြီးတော့ နဂါးတစ်ကောင်လိုပဲ အရှေ့ကို တိုးထွက်သွားသည်မို့ ဝီ ခေါ်သံပင် ကြားရနိုင်သည်။ ဒုန်းခနဲ လှံဖျားက ဒိုင်းကာကို စူးနစ် ဝင်သွားသလို သူ့ရဲ့လှံအားကြောင့် ဒိုင်းအနောက်က အစေခံပါ ယိမ်းယိုင်သွားသည်။ သူသာ လှံဖြင့် ထိုးခြင်းထက် လှံသွားဖြင့် ပိုင်းရိုက် လိုက်ပါက ပိုပြီးတော့တောင် အားပိုပြင်းသွားမည်။

" သခင်လေး ... ကျွန်တော် ဘယ်လိုပဲ ပြောပြော မရှောင်နိုင်တော့ဘူး ..." ဗလတောင့်တောင့်နှင့် အစေခံက မအီမအာ ပြောနေရင်း အသံက တိမ်ဝင်သွားသည်။

" မင်း တစ်ခါ ရှောင်နိုင်ရင် ... ငွေဒင်္ဂါး တပြားရမယ် ... ကောင်းကောင်းရှောင်ကြ ..." ဟု ရွှယ်ယင်က ပြောလိုက်ရာ ဘေးနားမှာ ရပ်နေကြတဲ့ အစေခံများကပင် မနာလိုသွားကြသည်။ အဘယ်ကြောင့် ဆိုတော့ ငွေဒင်္ဂါးတစ်ပြားက သူတို့ရဲ့ တစ်လစာ ဝင်ငွေ ဖြစ်နေသောကြောင့် ဖြစ်၏။

မကြာသေးတဲ့ အရင်အချိန်တွင် တချို့အစေခံတွေက ရံဖန်ရံခါ လှံထိုးချက်ကို ရှောင်နိုင်ကြရာ ရွှယ်ယင် ငွေဒင်္ဂါး အပြား တစ်ရာလောက် ပေးလိုက်ရသည်။ ဒါပေမဲ့ ယခု အခါမှာတော့ ငွေဒင်္ဂါး တပြားရဖို့အတွက်ကို တကယ်ကို ခက်ခက်ခဲခဲ ရှောင်နေရပြီ ဖြစ်သည်။

" ဒီရက်ပိုင်းတွေမှာ နည်းနည်းလေးတောင် ထပ်ပြီး တိုးတက်လာအောင် မလုပ်နိုင်ခဲ့ဘူး ... ကြည့်ရတာ ငါ ဂိတ်ဆုံးရောက်နေပြီ ထင်တယ် ..." ရွှယ်ယင် သူ့ကိုယ်သူ ပြောလိုက်မိသည်

" အထွတ်အထိပ် သူရဲကောင်းရဲ့ စာအုပ်အရဆိုရင် ငါ စွမ်းအားတွေကို ဆုပ်ကိုင်ခြင်း ဆိုတာ စလေ့ကျင့်သင့်ပြီ ထင်တယ်"

တစ်စုံတစ်ယောက်ဟာ သူ့ရဲ့ စွမ်းအားကို ထုတ်လွှတ်ပြီး ဆုပ်ကိုင်ထား နိုင်ဖို့ လိုအပ်ပါသည်။

ရုတ်တရက်

" သခင် ... သခင် ... သတင်းဆိုး ... သတင်းဆိုး ..."

အစေခံမလေး တစ်ယောက် လေ့ကျင့်ကွင်းထဲကို အော်ဟစ်ရင်း ပြေးဝင်လာသည်။

တစ်ခုခု ဆိုးဆိုးဝါးဝါး ဖြစ်ပျက်ပြီဆိုတာ ရွှယ်ယင် သိလိုက်သည်။ ထို့ကြောင့်

" ဘာဖြစ်တာလဲ" ဟု ကမန်းကတန်း မေးလိုက်သည်။

" အဲဒါက သခင်ကျုံးလိန် ဖြစ်တာ ... သူ ဒဏ်ရာ အကြီးအကျယ် ရလာတယ် ..." အစေခံမလေးက ဆက်ပြောသေးသည်။

" သွေးတွေ အများကြီး ထွက်နေတယ် ..."

" ဦးလေးကျုံး ..."

ရွှယ်ယင် အကြီးအကျယ် ထိတ်လန့်သွားသည်။ ကျုံးလိန်က နယ်မြေကို ၂ နှစ်လုံးလုံး ထိန်းသိမ်း စောင့်ရှောက်ပေးလို့ သူ လှံသိုင်းကို အေးအေးဆေးဆေး လေ့ကျင့်နိုင်ခဲ့တာ ဖြစ်သည်။

" ဦးလေးကျုံးက အခုဘယ်မှာလဲ ..."

" သခင်ကျုံးက အခု သူ့အိမ်မှာ ... သခင်ထုံလည်း အဲဒီမှာ ရှိနေတယ် ..." အစေခံမလေးက မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။

ရွှယ်ယင် လှံကို ပစ်ချလိုက်ပြီး ကျုံးလိန်နေရာဆီကို လှစ်ခနဲ ပြေးထွက် သွားတော့သည်။

   ***

အပိုင်း ( ၇ ) အဆုံးမဲ့လေပြည်သူရဲကောင်း

အခန်းအတွင်းမှာ ဖြစ်သည်။ ရွှယ်ယင် ပြေးလာခဲ့ပြီတော့ အိပ်ရာမှာ လှဲနေသည့် ကျုံးလိန်ကို လာတွေ့ခြင်းဖြစ်သည်။ ထုံစန်းကတော့ ဘေးနားက ထိုင်ခုံတစ်ခုမှာ ထိုင်နေသည်။

" ဦးလေးကျုံး အဆင်ပြေရဲ့လား ..."

ရွှယ်ယင် သေချာစွာ ဂရုတစိုက် ကြည့်လိုက်သည်။ ဦးလေကျုံးက ဝတ်ရုံအဖြူကို ပြောင်းလဲ ဝတ်ဆင်ထားသည်။ ဒဏ်ရာ ဒဏ်ချက် တစ်စုံတစ်ရာ မတွေ့ပေမဲ့ သူ့မျက်နှာမှာတော့ ဖြူရော်နေသည်။

ကျုံးလိန်က ပြုံးပြီး ပြောလိုက်သည်။

" ဓားကောက်အဖွဲ့ရဲ့ ခေါင်းဆောင်က အတော်ကို ရင်ဆိုင်ရခက်တဲ့ ရန်သူပဲ ... ငါ့ခန္ဓာကိုယ်ကို ကာကွယ်ဖို့ ရွှေချပ်ဝတ်ကိုသာ မဝတ်ထားရင်း အင်း ... ငါ မတားဆီး နိုင်မှာကိုတောင် ကြောက်နေမိတယ်..အဟွတ် အဟွတ် အဟွတ် ..."

ကျုံးလိန် စကားပြောနေရင်း ချောင်း တဟွတ်ဟွတ် ဆိုးလာ၍ ပါးစပ်ကို ဘေးနားရှိ လက်ကိုင်ပဝါဖြင့် အုပ်လိုက်သည်။ လက်ကိုင်ပဝါဖြူမှာ ချက်ချင်း နီရဲသွားပြီး သွေးတွေပင် ယိုစီးကျလာသည်။

တုန်ပိုရွှယ်ယင် နှလုံးအိမ်မှာ တဆတ်ဆတ် တုန်သွားပြီး ကျုံးလိန်ကို ကြည့်ရင်း

" သွေးအန်နေတာပဲ ... အတွင်းဒဏ်ရာ ရသွားတာလား.." ဟု စိတ်ထဲ ထင့်ခနဲ ဖြစ်သွားသည်။

" ဦးလေးကျုံး ..."

တုန်ပိုရွှယ်ယင် အိပ်ရာ ဘေးနားကို ထိုင်လိုက်သည်။

" ဘာမှ မဖြစ်ပါဘူး ... ငါမသေပါဘူး ..."

ကျုံးလိန် လက်ကိုင်ပဝါကို ဘေးရှိ ဇလုံးထဲ ပစ်ထည့်လိုက်သည်။ ထို့နောက် ပြုံးလိုက်ကာ-

" ဒီဒဏ်ရာ သေးသေးက ဘာမှ မဖြစ်ပါဘူး ... ဒီထက်ပြင်းထန်တဲ့ ဒဏ်ရာတွေ အများကြီး ခံလာခဲ့ဖူးတာပဲ ... မင်းအဖေနဲ့ ဦးလေးထုံတို့ အပြင်လောကမှာ ကျင်လည်ခဲ့စဉ် အခါတုန်းကပေါ့ ..."

" ရွှယ်ယင် ... စိတ်အေးအေးထား ... မင်းဦးလေးက ခန္ဓာကိုယ်က လက်မောင်း ခြောက်ဖက် မြွေနတ်ဆိုးရဲ့ ခန္ဓာကိုယ် ဖြစ်နေလို့ ဒီဒဏ်ရာက တစ်လ နှစ်လအတွင်းမှာပဲ တစ်စစ ပြန်သက်သာ သွားလိမ့်မယ်.."

ထုံစန်းက တည်တည်ငြိမ်ငြိမ်ပါပဲ ... အရင်ကတည်းက သူတို့အတူတူ အသက်နှင့်ရင်းပြီ အခက်အခဲတွေ ကျော်လွှားခဲ့ရတာမို့ စိတ်တည်ငြိမ် နေဟန် ရှိသည်။

" ဒါနှင့် ကျုံးလိန် မင်းဘာဖြစ်လို့ ဒီလောက် ဆိုးဆိုးဝါးဝါး ဒဏ်ရာရလာတာလဲ ... စစ်သည် တပ်ရင်းတစ်ရင်းကို အတူခေါ် သွားသေးတယ် မလား ... ဒါနှင့်တောင် ဓားကောက် အဖွဲ့ခေါင်းဆောင်က တကယ်ပဲ ဒဏ်ရာရ စေခဲ့တာလား."

" အင်း ... သူက ငါထင်ထားတာထက် ပိုပြီး စွမ်းအားကြီးနေတယ် ... ရီရွှေမြို့ တစ်ခွင်မှာ စွမ်းအား အကြီးဆုံး ဓားပြဆိုတဲ့ နာမည်နှင့် ထိုက်တန်ပါတယ်လေ ..." ဟု ကျုံးလိန် ပြောလိုက်သည်။

" ဓားကောက်အဖွဲ့ ခေါင်းဆောင်က ဘယ်သူလဲ ... သူ့ရဲ့အကြောင်းကရော ..."

တုန်ပိုရွှယ်ယင်က ဒီလူအကြောင်း ဘာဆိုဘာမှ မသိပါဘူး။

" အင်း အခု မင်းကို ပြောပြဖို့ အချိန်ရောက်ပြီ ..."ကျုံးလိန်က ပြောသည်။

" မင်းလည်း ရွှယ်ယင်နယ်မြေကို နောက်ဆိုရင် တာဝန်ယူရတာ့မယ် ဆိုတော့ ..."

ရွှယ်ယင် မျက်ဝန်းကို ကျုံးလိန် သေချာကြည့်ပြီ

" အရှင်သခင် တစ်ယောက်ဆိုတာ သူ့တို့နယ်မြေကို ထိန်းချုပ်ရုံပဲ မဟုတ်ဘူး ... သူတို့နယ်မြေ သူတို့ရဲ့ နယ်မြေသားတွေကိုလည်း ကာကွယ်ရမယ် ... ဘယ်သူပဲဖြစ်ဖြစ် ... မင်းရဲ့နယ်မြေကို ကျူးကျော်တာပဲ ဖြစ်ဖြစ် မင်းရဲ့ လူတွေကို သတ်တာပဲ ဖြစ်ဖြစ် ... မင်းရဲ့ အိမ်မြေဥစ္စာတွေကို လာလုကြတာပဲဖြစ်ဖြစ် ... သူ့တို့ကို မင်း ရှင်းထုတ်ပစ်ရမယ် ..."

တုန်ပိုရွှယ်ယင် ခေါင်းညိတ်လိုက်သည်။

" မင်း မိဘတွေ ဒီမှာ ရှိနေတုန်းကဆို ... မင်းအမေက ကောင်းကင်အဆင့် မှော်ဆရာလေ.. မှော်ဆရာ တစ်ယောက် အကူအညီနှင့်ဆို စစ်တပ်တစ်တပ်ဟာ သူတို့ရဲ့ ခွန်အားကို ပိုပြီး ပြသနိုင်ကြတယ် ... ပြီးတော့ ငါတို့မှာက ကြယ်ခြွေဒူးလေး အများကြီးကို ကိုင်နိုင်တယ်.. ဒီတော့ ဘယ်ဓားပြမှ ဒီနယ်မြေမှာ လာပြီး မစော်ကားရဲကြဘူး ..."

ကျုံးလိန် ဆက်ပြောသေးသည်။

" မင်း မိဘတွေ ခေါ်ခံထိ သွားတော့ ... ငါထင်တယ် ... ဓားပြတွေက ငါတို့ရဲ့အနီရောင် ဒူးလေးတွေကို လိုချင်ကြတာ ဖြစ်မယ် ..."

အနီရောင် ဒူးလေးရဲ့ အစွမ်းကို တုန်လီရွှယ်ယင် ကောင်းကောင်း သိထားပါသည်။ သူအဖေရဲ့အဖွဲ့မှာဆို အနီရောင် ဒူးလေး အလက် ၅၀၀ ပေးကိုင်ထားသည်။

ဤဒူးလေး စုစုပေါင်းဟာ ရွှေဒင်္ဂါးအပြား ၅၀၀၀၀ တန်ဖိုးရှိသည်။ ဤမျှကြီးမားသော ပမာဏက ရွှယ်ယင် နယ်မြေ တစ်ခုလုံးကိုပင် ဝယ်ယူလို့ရသည်။ ဤ ဒူးလေးများကြောင့်ပင် ရီရွှေမြို့မှာ တုန်ပိုမျိုးနွယ်က နာမည်ကြီးနေရခြင်း ဖြစ်သည်။

" ရွှယ်ယင်နယ်မြေမှာ အခွန်အတုတ်တွေက သက်သာတယ် ... လူတွေက သူတို့သခင်ကို ချစ်ကြတယ် ... လူတွေဟာ သာယာတဲ့ ဘဝတွေ ပိုင်ဆိုင်ကြတယ် ... ဒါတွေကို ဓားပြတွေက မျက်စောင်းထိုး နေကြတာ ... အဲဒါကြောင့် ဓားပြတွေက ပြဿနာ ရှာချင်နေကြတယ်"

ကျုံလိန် အသက်ပြင်းချရင်း ပြောသည်။

" ဒါပေမဲ့ ... မင်းမိဘတွေလည်း မရှိတော့ အင်အားအထွားဆုံးဖြစ်တဲ့ ဓားပြအုပ်စု ဓားကောက်အဖွဲ့က စပြီး ငါတို့နယ်မြေကို ထိပါးလာတယ် ... မြင်သမျှ တွေ့သမျှတွေကို လုယက်တယ် ခိုးယူတယ် ..."

" ဒီသတင်းကို ငါကြားတော့ စစ်သည် အယောက် ၃၀၀ လွှတ်လိုက်တယ်.. မြင်းနှင့် ကြယ်ခြွေ ဒူးလေးတွေပါ ယူသွားကြတယ် ... ဒါပေမဲ့ ဟိုရောက်တော့ လူအယောက် ၅၀၀ ကျော် အသတ်ခံထားတာကိုပဲ တွေ့ခဲ့ရတယ် ... ပစ္စည်းတွေကိုလည်း ဓားပြတွေက လုယက်ထားပြီးပြီ ..."

ဒီစကားကို ကြားလိုက်ရတဲ့ အခါမှာ ရွှယ်ယင် ဒေါသများကြောင့် မျက်လုံးများပင် နီရဲတက်လာသည်။

" အယောက် ၅၀၀ ကျော် ... ဒါက ... ဒါက ..."

ဒီ ဓားပြတွေက တကယ့် မိစ္ဆာတွေပဲ ... ဒီလူတွေက သူတို့ကို ဘာမှ ပြန်မလုပ်နိုင်တဲ့ လူတွေလေ..။

" ဒါနှင့် ငါ သူတို့ နောက်ကြောင်းကို လိုက်သွားခဲ့တယ်.. ဒါပေမဲ့ ဓားကောက်အဖွဲ့ ခေါင်းဆောင် မိစ္ဆာကောင် ကော့ပင်းက ရွာထဲမှာပဲ ပုန်းနေပြီး ငါတို့ကို ချုံခိုတိုက်ခိုက် လိမ့်မယ်လို့ ငါ မထင်ထားလိုက်မိဘူး ..."

ကျုံးလိန်က ပြန်တွေးမိတယ်ထင်ရဲ့.. အသက်ပြင်း တစ်ခါ ပြန်ချလိုက်ပြီး

" ငါတို့ အငိုက်မိသွားကြတယ် ... တပ်သား တစ်ဝက်ကျော်က စိတ်တွေ ရှုပ်ထွေး ကုန်ကြတယ် ... ငါလုပ်နိုင်တာက သူ့တို့ခေါင်းဆောင်ကို ထိန်းပေးတာလောက်ပဲ ..."

" ကော့ပင်းက ဥက္ကာပျံအဆင့် သူရဲကောင်းပဲ ... အရင်တုန်းကဆို ဥက္ကာပျံအဆင့်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရရင် ပုံမှန်ဆို အချိန်တစ်ခုအထိ ဟန့်တားလို့ ရသေးတယ် ..."

" ကော့ပင်းက သူ့ရဲ့ဓားကောက်နဲ့ တော်တော်မြန်တယ်ကွ ... ပုံမှန်ဥက္ကာပျံ အဆင့်ထက်ကို မြန်တယ် ... သူ့မှာ ထူးခြားတဲ့ ဒိုချီကျင့်စဉ် တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်ထားမယ်လို့ ငါ သံသယ ရှိတယ် ... ။

တုန်ပိုရွှယ်ယင်လည်း ဤအချက်ကို လက်ခံသည်။ သူ့အဖေနှင့် ဦးလေးထုံထက် ဦးလေးကျုံးက ပိုပြီး အစွမ်းမြင့်သည်။ သူက ကောင်းကင် အဆင့်သာ ရှိနေပေမဲ့ သူ့မှာ လက်မောင်းခြောက်ဖက် မြွေနတ်ဆိုး မျိုးနွယ်ရဲ့ တော်ဝင်သွေးက ရှိနေသည်။ သူ့မှာ လက်ခြောင်းဖက် ရှိနေ၍ အဆက်မပြတ် တိုက်ခိုက် လို့ရသည့် အတွက် သူများထက် အစွမ်းပိုသာသည်။ ထို့အပြင် သူ့၏ မြွေအမြီးကြောင့် လှုပ်ရှားမှုမှာ ပိုပြီး သွက်လက်စေသည်။ ဒီအတွက်ကြောင့် အဆင်မြင့် ဥက္ကာပျံ သူရဲကောင်းအဆင့် တစ်ယောက်နှင့် တိုက်ခိုက်ခဲ့ရာမှာ သူအနေနှင့် အချိန်အတိုင်းအတာ တစ်ခုအထိ ယှဉ်ခုတ်နိုင်သည်။

" ငါ့ရဲ့ ဓားက မြန်ပေမဲ့ သူက ပိုမြန်တယ် ... ငါ ဘယ်လိုမှ တားဆီးလို့ မရဘူး ... သူ့ဓားချက်ကို သုံးခါ ခံစားလိုက်ရတယ် ... ကံကောင်းတာက ရွှေချပ်ဝတ်ကို ကျေးဇူးတင်ရမှာပဲ ... အတွင်းဒဏ်ရာ လောက်ပဲ ရလိုက်တယ် ... တပ်သား သုံးရာကလည်း သူတို့ ဒူးလေးနှင့် ပစ်ခတ်ကြတာပေါ့.. ဓားပြခေါင်းဆောင်လည်း ဒဏ်ရာနည်းနည်းနှင့် ထွက်ပြေးသွားတယ် ..."

ကျုံးလိန် အသက်ပြင်းချ လိုက်ပြီးတော့ ပြောပြန်သည်။

" သူ့ရဲ့ ဓားရေးမှာရော လှုပ်ရှားမှုတွေက အင်မတန်ကို လျင်မြန်တယ် ... အဲဒါကြောင့် သူကို ကြောက်ဖို့ကောင်းတယ်လို့ သတင်းကြီးနေတာ မဆန်းဘူး ..."

တုန်ပိုရွှယ်ယင် အလန့်တကြား ဖြစ်သွားသည်။ ဦးလေးကျုံးက သုံးခါတောင် ခုတ်ခံထိတယ်.. သူသာ ကံမကောင်းခဲ့ရင် ဒါမှမဟုတ် တိုက်ပွဲက ကြာနေရင် ... ဦးလေးကျုံး အသက် ဆုံးရှုံးရလိမ့်မယ် ...

" ရွှယ်ယင် သိပ်စိတ်မပူပါနှင့် ..."

ထုံစန်းက သေချာတဲ့ လေသံနှင့် သူအား ပြောလိုက်သည်။

" ဒီရီရွှေမြို့မှာ ဥက္ကာပျံအဆင့် သူရဲကောင်း လေးယောက်နဲ့ ဥက္ကာပျံအဆင့် မှော်ဆရာ တစ်ယောက် ရှိတယ် ... ဓားပြတွေထဲမှာ ဥက္ကာပျံအဆင့် သူရဲကောင်းဆိုလို့ ဓားကောက်အဖွဲ့ ခေါင်းဆောင် တစ်ယောက်ပဲ ရှိတယ် ... ဒီအချိန်လောက်ဆို ငါတို့ရဲ့ ကြယ်ခြွေဒူးလေး အစွမ်းကို သူသိနေပြီး လောက်ရောပေါ့ ... သူ နောက်တစ်ကြိမ် ထပ်လုပ်ရဲမယ်လို့ ငါမထင်ဘူး.. နောက်တစ်ခါကျရင် ငါတို့ ဒီထက်ပိုပြီး ကောင်းကောင်း ပြင်ဆင် ထားရတော့မယ် ... ဓားကောက်အဖွဲ့ကသာ ငါတို့ကို လာပြီး ရန်မစရဲရင် တခြား ဓားပြအဖွဲ့လည်း ရန်လာစရဲမှာ မဟုတ်ဘူး ..."

" အင်း" ရွှယ်ယင်လည်း အနည်းငယ် စိတ်အေးသွားသည်။

" ကော့ပင်းက ဥက္ကာပျံအဆင့် သူရဲကောင်း အဆင့်လည်း ဖြစ်ပြီ သူ့ရဲ့ အခွင့်အလမ်းတွေက ဒီလောက်များရဲ့သားနဲ့ ဘာလို့ သူများဥစ္စာကို လုယက်နေရတာလဲ ဘာကြောင့် ဒီလိုလုပ်ရပ်တွေကို ကျင့်သုံးနေရတာလဲ"

ရွှယ်ယင် မနေနိုင်စွာ မေးလိုက်မိပြန်သည်။

" ဟွန့် ..." ထုံစန်း နှာခေါင်းရှုံ့လိုက်ကာ " ရွှယ်ယင်.. ဒီလောကမှာ တချို့လူတွေက အစွမ်းအစရှိတယ် ... ဒါပေမဲ့ သူများပစ္စည်း အချောင်ခိုချင်ကြတယ် လူတွေကို ဓားပြတိုက်တယ် ... ဒါကြောင့်ပဲ ကော့ပင်းကို ဝရမ်း ထုတ်ခံထိတာပေါ့ ... ရတနာပစ္စည်းတွေ အတွက် လူတွေကို သတ်မိအောင် သူ့ရဲ့ လောဘတွေက သူ့ကို တွန်းပို့လိုက်တာပဲ ... အခုဆို သူဟာ နာမည်ဆိုးနှင့် ကျော်ကြားနေတဲ့ ဓားပြ ဖြစ်နေပြီ"

ကျုံးလိန်ကလည်း ဝင်ပြောလိုက်သေးသည်။

" ဒီမြို့မှာ သူ့ရဲ့ မကောင်သတင်းက ပြန့်နေတာ ကြာလှပြီ ... ဒါပေမဲ့ ပြစ်မှု ကျူးလွန်တာ သူပဲလို့ သံသယ ဝင်ကြပေမဲ့ ဘယ်သူမှ သူလုပ်တယ်လို့ သက်သေမပြနိုင်ကြဘူး ... နောက်ဆုံး သက်သေ အထောက်အထားတွေ တွေ့တဲ့အခါကျမှ သူ့ကို ဆုတော်ကြေးထုတ်ပြီး ဖမ်းခိုင်းတာပဲ ... ဒါပေမဲ့ ကော့ပင်းက ဖမ်းလို့ မမိအောင် သန်စွမ်းလွန်းတယ်.. အခု ပျက်သုဉ်းခြင်းတောင် ဘက်ခြမ်းမှာ ဓားပြတစ်အုပ်နှင့် ပုန်းခိုနေတယ် ... ဒီကနေ့အထိ မြို့နယ်စပ်တွေမှာ ဆူပူသောင်းကျန်း နေတုန်းပဲ ... ဘာပဲဖြစ်ဖြစ်ပါ ... ငါတို့မလုပ်နိုင်တဲ့ အရာကို တွေးပူနေစရာ အကြောင်း မရှိပါဘူး ..."

ရွှယ်ယင် သဘောတူ ခေါင်းညိတ်လိုက်သည်။

" ဟုတ်တာပေါ့.. ဒီအကြောင်းတွေကို မေ့ထား လိုက်ကြတာပေါ့ ..."

သူတို့ဟာ ပျက်သုဉ်းခြင်း တောင်တန်းမှာ တကယ့်ကို အမာခံနယ်မြေ လုပ်ထားတော့ မြို့စောင့် စစ်သည်တွေတောင် သွားပြီး ထိကပါးရိကပါး မလုပ်ရဲပါဘူး။ ပျက်သုဉ်းခြင်း တောင်တန်းဆိုတာ အင်ပါယာမှာ အကြီးဆုံး တောင်တန်းဖြစ်ပြီး မိုင် သုံးသောင်းကျော် ရှည်လျားပြီးတော့ ပြည်နယ်လေးခုနှင့်ပင် ထိစပ်နေလျက်ရှိသည်။ တောင်အလယ် တစ်ကြောမှာ မြောက်မြား လှစွာသော ကြောက်မက်ဖွယ်ရာ မှော် သတ္တဝါတွေ နေထိုင်ကြပြီ တောင်အပြင် တစ်ဝိုက်က ဓားပြတွေအတွက် ခိုလှုံရာ အခြေစိုက် စခန်းလို ဖြစ်နေတော့သည်။

ပျက်သုဉ်းခြင်း တောင်တန်း အတွင်းဘက် ကျလေ အန္တရာယ်များလာပင် ဖြစ်၏။

" ငါ ပိုပြီး သန်စွမ်းလာတဲ့ အချိန်အထိ သူတို့ကို လွှတ်ပေး ထားလိုက်မယ် ... ဒါပေမဲ့ စိတ်မပူပါနှင့် ... ဒီဆူးငြောင့်တွေကို ငါကိုယ်တိုင် ရှင်းထုတ်ပစ်မယ် ..."

ရွှယ်ယင် သူ့စိတ်ထဲမှာ ပြောလိုက်ခြင်း ဖြစ်သည်။

" ဒါနဲ့ ... ရွှယ်ယင် ... အဆုံးအစမဲ့လေပြေကျောင်းတော် အကြောင်းကို စဉ်းစား ဆုံးဖြတ် ထားပြီးပြီလား.."

ဟု ကျုံးလိန် မမျှော်လင့်ထားဘဲ ရုတ်တရက် မေးလိုက်သည်။

" ရွှယ်ယင် ..."

ထုံစန်း အလောတကြီးဖြင့် ..." အဲဒီကျောင်းက အဆုံးအစမဲ့ လေပြေကျောင်းတော်နော် ... အန်ယန်းပြည်နယ်မှာ အကြီးဆုံး ကျောင်းနှင့် သြဇာအကြီးဆုံး ကျောင်းပဲ ... မင်းအမေရဲ့ မိုယန်ကလန် ထက်တောင် ပိုအဆင့်မြင့် သေးတယ် ... ကျောင်းအုပ်ကြီး ချီချိုးပိုင်ဆိုတာ အဆုံးအစမဲ့ လေပြေသူရဲကောင်းတစ်ယောက်ပဲ ... ဒီပြည်နယ်မှာ သူက စွမ်းအား အကြီးဆုံးလူပဲ ... မင်းရဲ့ ခွန်အားနှင့်ဆို ကျောင်းတော်ကို ဝင်ခွင့်ရဖို့ သေချာသလောက်ပဲ ... ပြီးတော့ အချိန်က ဆောင်းတွင်း ရောက်နေပြီ ... အချိန်ထပ်ဆွဲလို့ မရတော့ဘူးနော် ..."

" အသက်ဆယ်နှစ်က နောက်ဆုံးပဲ ... အသက် ဆယ်နှစ်ကျော်တဲ့ ကလေးတွေကို အဆုံးအစမဲ့ လေပြေကျောင်းတော်က ဝင်ခွင့် လက်မခံတော့ဘူး ..."

ကျုံးလိန် ရွှယ်ယင်ရဲ့ မျက်ဝန်းထဲကို ကြည့်လိုက်သည်။ တုန်ပိုရွှယ်ယင် ငြိမ်သက်စွာနှင့်ပဲ ရှိနေ။

ဒီအကြောင်းတွေကို အရင်ကတည်းက သူတွေးထား ပြီးသားတွေပါပဲ။ အဆုံးအစမဲ့ လေပြေကျောင်းတော်က အသက် ဆယ်နှစ်ကျော်တဲ့ ကလေးတွေကို ဝင်ခွင့် မပြုတော့ဘူးဆိုတာကို သူသိပြီးသားပါ။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးတဲ့ အချိန်က သူရဲကောင်း တစ်ယောက်ဖြစ်ဖို့ စတင်ကျင့်ကြံတဲ့ နေရာမှာ အရေးကြီးဆုံးပါပဲ။ အဲဒီအချိန်မှာ ကောင်းမွန်စွာ မကျင့်ကြံခဲ့ရင် သူတို့ရဲ့ အနာဂတ် အခွင့်အလမ်းဟာ နှောင့်နှေး သွားမှာပါ။ တစ်ယောက်နှင့် တစ်ယောက် ကြီးထွား ရင့်သန်ခြင်း အချိန်မှာ မတူပေမဲ့လည်း အသက် ဆယ်နှစ်အောက်မှာပဲ ကွဲပြားသွား၍ ဝင်ခွင့်အသက်ကို ဆယ်နှစ်အောက်ဟု ကန့်သတ်လိုက်ခြင်း ဖြစ်သည်။

အဆုံးအစမဲ့ လေပြေကျောင်းတော်ဟာ အန်ယန်းပြည်နယ်မှာ အကောင်းဆုံး ကျောင်းတစ်ခုဖြစ်၏။ ကျောင်းတော်၏ ဝင်ခွင့်စာမေးပွဲမှာ အလွန်တရာပင် တင်းကျပ် ထားသော်လည်း ရွှယ်ယင် အတွက်မူ သူ၏ သန်မာတဲ့ ခန္ဓာကိုယ်နှင့် ကျွမ်းကျင်လှသော လှံပညာကြောင့် သူအတွက် နေရာ တစ်နေရာတော့ သေချာသလောက်ပင် ရှိချေသည်။ ကျောင်းတော်ကို ဝင်ခွင့် ရသွားခဲ့ရင်လည်း ရရှိမည့် အကျိုးတရားက အလွန်ပင် ကြီးမားလှသည်။ ကျောင်းတော်မှ ကျောင်းဆင်း သွားသည့်သူတိုင်း အနိမ့်ဆုံး ကောင်းကင် သူရဲကောင်းအဆင့် ရောက်သွားကြသည်။ တချို့တလေ ကျောင်းသားများ ကျောင်းမပြီးသေးသည့် အချိန်မှာပင် ဥက္ကာပျံသူရဲကောင်း အဆင့်သို့ပင် တက်လှမ်းနိုင်ကြသည်။

" ကျွန်တော် ဆုံးဖြတ်ချက်ချဖို့ စဉ်းစားလိုက်ပါမယ် ..."

တုန်ပိုရွှယ်ယင် ယတိပြတ် မပြောဘဲ နေလိုက်သည်။

အပိုင်း ( ၈ ) စိတ်ပိုင်း ဆုံးဖြတ်ချက်

အင်းကျုံးလိန်ရော ထုံစန်းပါ တုန်ပိုရွှယ်ယင်ကို ကြည့်လိုက်ပြီ သူ့ဆုံးဖြတ်ချက်ကို ထိုင်စောင့်နေလိုက်သည်။

သူတို့နှစ်ယောက် စလုံးမှာလည်း ရွှယ်ယင်နှင့် မခွဲချင်ကြပါဘူး။ ပြီးတော့ အဆုံးမဲ့ လေပြေ ကျောင်းတော်ဟာ နှင်းလင်းယုန် နယ်မြေနှင့် ကီလိုမီတာ ၄၅၀၀ ကျော်ဝေးပါသည်။ ကျောင်းတော်ကို ဝင်ခွင့်ရခဲ့လျှင် ကျောင်းအဆောင်မှာ နေရပြီ နောက်ထပ် ၆ နှစ်ကြာအောင် ကျောင်းတော်မှာပဲ နေထိုင်ကြရမည်။ တချို့ ကျောင်းသားတွေကတော့ ၁၀ နှစ်ကျော် ကြာအောင် ကျောင်းပြီး သည်အထိ နေကြသေးသည်။ ဒီလိုအချိန် အကြာကြီး ခွဲခွာနေရမှာကို သူတို့ ခံနိုင်ရည် ဘယ်လိုရှိရမှာလဲ..။

ဒီလူကြီး နှစ်ယောက်မှာ သားသမီးတွေ မရှိပါဘူး။ ထုံစန်းဟာ တုန်ပိုလီ လင်မယားတို့နှင့် နက်ရှိုင်းသော ဆက်ဆံရေးရှိပြီး မိုယန်ယုက သူ့နှလုံးသားထဲမှာ ဆရာသခင် တစ်ယောက်ပါပဲ။ သူ့ဘဝမှာ အရေးကြီးဆုံး ပုဂ္ဂိုလ်ပါပဲ။ ကျုံးလိန်က မိုယန်ယုအပေါ်မှာ ရိုးသားသော ခံစားချက်ရှိခဲ့သည်။ ဒါပေမဲ့ သူဟာ လက်မောင်း ခြောက်ဖက်ရှိတဲ့ မြွေနတ်ဆိုး တစ်ကောင်မို့ မိုယန်ယုက သူမတို့ အဖွဲ့မှာ လက်မခံချင်ခဲ့ပါဘူး။ နောက်ဆုံးတော့ သူမဟာ တုန်ပိုလီနှင့် မေတ္တာမျှခဲ့သည်။

မိုယန်ယု ကိုယ်ဝန်ရလာတဲ့ အခါမှာတော့ ဒီလူကြီး နှစ်ယောက်ဟာ တော်တော်လေးကို ဝမ်းသာခဲ့ကြသည်။ ချက်ချင်းဘဲ ရွှယ်ယင်လေးကို ဂရုစိုက်ဖို့အတွက် နှင်းလင်းယုန်နယ်မြေကို ချက်ချင်းပင် ရွှေ့ပြောင်းလာခဲ့ကြသည်။ ရွှယ်ယင်လေးကို သူတို့၏ သားအရင်း ကဲ့သို့ပင် မှတ်ယူထားပြီ ချစ်ခြင်းများဖြင့် ဆက်ဆံပေးခဲ့သည်။

သူတို့ တကယ်ရော ရွှယ်ယင်လေးနှင့် အကြာကြီး ခွဲနေနိုင်လို့လား ... ဟင့်အင်း ... ရွှယ်ယင် နှင့် သူတို့ ခွဲမနေလိုကြပါဘူး။

အဆုံးမဲ့ လေပြေ ကျောင်းတော်ဆိုတာ ငြိမ်းချမ်းခြင်း သူရိယပြည်နယ်မှာ အကောင်းဆုံးပါ။ အဲ့ကျောင်းမှာ တက်ရောက်ခွင့် ရခဲ့လျှင် ရွှိယင်ရဲ့ စွမ်းအားတွေ အလွန်တရာ တိုးတက်လာဖို့ အကူအညီ ရပါလိမ့်မည်။

ဟုတ်ပြီ ... ကျွန်တော် သွားမတက်တော့ဘူး ..." ဟု ရွှယ်ယင် ဆုံးဖြတ်ချက် ချလိုက်သည်။

ဘာဖြစ်လို့လဲ.." ကျုံးလိန် စိုးရိမ်စွာဖြင့် မေးလိုက်သည်။

ဘာလို့ မသွားချင်တာလဲ စွမ်းအားကြီးတဲ့ သူရဲကောင်း တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် အဆုံးမဲ့လေပြည်ကျောင်းတော်က အကောင်းဆုံး ဘူမိနက်သန် နယ်မြေတစ်ခုပဲ ... ငါတို့ အဲ့မှာ သွားသင်ချင်တာတောင် သင်ခွင့်မရှိတော့ဘူး ... နောက်တစ်နှစ်ကျရင် မင်း အသက် ၁၁နှစ် ရောက်တော့မယ်.. ဒါဆိုရင် ကျောင်းတော်ကို တက်ခွင့်ရှိတော့မှာ မဟုတ်ဘူး.ဟု ထုံစန်း စိုးရိမ်တကြီးဖြင့် ဝင်ပြောလိုက်ချေသည်။

အားနည်းခြင်းမှာ အနာဂတ်ဆိုတာ မရှိ၊ အားကြီးသူသာ အသက်ရှင်ကျန်ခဲ့မည်။ အင်အားကြီးမားတဲ့ မိသားစုတိုင်းမှာ အစွမ်းထက်သော သိုင်းစွမ်းရည်တွေ ပိုင်ဆိုင်ထားကြသည် မဟုတ်လား။

ကျောက်စရစ်ခဲလေးနှင့် မခွဲချင်လို့လား.." ကျုံးလိန် ရုတ်တရက် မေးလိုက်ချေသည်။

တုန်ပိုရွှယ်ယင် ခေါင်းညိတ် လိုက်သည်။

ဟုတ်တယ် ... ကျောက်စရစ်ခဲလေးနှင့် ခွဲပြီ ကျောင်းသွား မတက်ချင်ဘူး ... သူက အခုမှ ၄ နှစ်ပဲ ရှိသေးတယ် ... ဦးလေးတို့ နှစ်ယောက်နှင့်လည်း မရင်းနှီးဘူး ... သူက ကျွန်တော့်ကို အရမ်းတွယ်တာ လွန်းတယ် ... အဲဒါကြောင့် သူ့ကို ညတိုင်း ချော့သိပ်နေရတာပေါ့ ... အခုဆိုရင် အဖေနှင့် အမေအကြောင်းလည်း သူသိပ်မမှတ်မိတော့ပါဘူး ... အစ်ကိုတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ကိုပဲ သူလိုအပ်နေတယ်.. သူ့ရဲ့ကလေးဘဝကို အဖေမရှိ အမေမရှိတဲ့ ငယ်ဘဝမျိုး မကြုံစေချင်ခဲ့ဘူး ... အစ်ကိုမရှိတဲ့ ဘဝလည်း မဖြစ်စေချင်တော့ဘူး..

ကျုံးလိန်နှင့် ထုံစန်းတို့ ငြိမ်သက်သွားသည်။ ရွှယ်ယင်က သူ့ညီလေးကို အရမ်းတန်ဖိုး ထားသည်ကို သူတို့ရင်ထဲ ခံစားလိုက်ရသည်။

ကျွန်တော်ဆိုရင် အသက်ရှစ်နှစ်အထိ မိဘနှင့် အတူရှိခဲ့တယ် ... ဒါပေမဲ့ ညီလေးက လေးနှစ်ပဲ ရှိသေးတယ် ... အဖေအမေ မရှိတဲ့ဘဝ အစ်ကိုမရှိတဲ့ဘဝ ... အဲဒါ ကျွန်တော်အဖြစ် မခံနိုင်ဘူး ..."

ရွှယ်ယင် ခိုင်မာစွာ ဆိုလိုက်သည်။

နောက်တစ်ချက် ..."

ကျွန်တော့်မိဘကို ကယ်တင်ချင်တယ် ... ဒါပေမဲ့ အဆုံးမဲ့လေပြည်ကျောင်းတော်မှာ သွားတက်ရင်ရော အသုံးဝင်ပါ့မလား ..."

ရွှယ်ယင် မေးခွန်းထုတ်လိုက်သည် "ဖြေရရင် ကျွန်တော်ကတော့ အသုံးမဝင်ဘူးလို့ ထင်တယ်"

ဟင်..ကျုံးလိန်ရော ထုံစန်းပါ ကြောင်အသွားသည်။

အဆုံးမဲ့ လေပြေ ကျောင်းတော်မှာ ကောင်းမွန်တဲ့ ပညာသင်ကြားရေး စနစ်ရှိတယ်ဆို မှန်ပါတယ်..ကောင်းကင်အဆင့် သူရဲကောင်းများစွာကို မွေးထုတ် ပေးနိုင်တယ် ... တချို့ဆိုရင် ဥက္ကာပျံသူရဲကောင်း အဆင့်တောင် ပေါ်ထွန်းခဲ့ကြတယ် ... ဒါပေမဲ့ ကျွန်တော်က ဥက္ကာပျံသူရဲကောင်း အဆင့်ကို ရောက်ခဲ့ရင်ရော အဖေနှင့်အမေကို ကယ်တင်နိုင်ပြီလို့လား ဟွန့် ... ကျွန်တော့်ဘကြီးက ငွေလမှော် ဆရာအဆင့်ကို ရောက်နေတာတောင် မိုယန်မိသားစုရဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဘာမှ မလုပ်ရဲခဲ့ဘူး"

ရွှယ်ယင်၏ မျက်လုံးများ အရောင် တောက်ပလာပြီ -

အဖေနှင့် အမေကို ကယ်ဖို့က ဘကြီးထက် ပိုပြီး သန်မာမှ ရမယ် ... ကျွန်တော် ဒဏ္ဍာရီ သူရဲကောင်းအဆင့် ဖြစ်ရမယ် ... မဟုတ်ဘူးအထွတ်အထိပ် အဆင့်တစ်ယောက် ဖြစ်ကို ဖြစ်ရမယ် ..."

ကျုံးလိန်နှင့် ထုံစန်းမှာ တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ အနည်းငယ် အံ့သြသွားလေသည်။

မိုယန်မိသားစုနှင့် ပတ်သတ်ပြီး တကယ့် အခြေအနေမှန်ကို အသေးစိတ် သူ့ကို မပြောပြခဲ့ဖူးပါဘူး။ ဒါပေမဲ့ တုန်ပိုရွှယ်ယင်ကတော့ သူအဖေအမေကို ကယ်တင်ဖို့ကို အနိမ့်ဆုံး ဒဏ္ဍာရီအဆင့် ဒါမှမဟုတ် အထွတ်အထိပ် အဆင့်ရှိရမည် ဆိုတာကို အကြောင်းပြချက် ကောင်းကောင်းဖြင့် သုံးသပ်လိုက်ခဲ့ပြီ။ ဒီကလေးဟာ တကယ့်ကို ဉာဏ်ကောင်းပြီး အကင်းပါးတာပဲ။ သူ့ရဲ့ အကျိုးသင့် အကြောင်းသင့် စဉ်းစားပုံက မှန်ကန်သောကြောင့် ဖြစ်သည်။

ဒဏ္ဍာရီလာသူရဲကောင်းဆိုတာ ရှားလွန်းတယ် ..."

အထွတ်အထိပ်အဆင့် သူရဲကောင်းဆိုတာ ဒဏ္ဍာရီလာ သူရဲကောင်းတွေပဲ ... အထွတ်အထိပ် သူရဲကောင်းနှင့် ပတ်သတ်ပြီး စာအုပ်တွေ အများကြီး စုထားတယ် ... တချို့က ချဲ့ကား ရေးထားတယ် ... တချို့က လုပ်ကြံ ရေးထားတယ် ... ဒါပေမဲ့ သူတို့ရဲ့ ကြီးမြင့်သွားတဲ့ လမ်းစဉ်က အတူတူပဲ ..."

ရွှယ်ယင် ဆက်ပြောသေးသည် ...

ပြီးတော့ အထွတ်အထိပ် သူရဲကောင်းတွေရဲ့ ကျင့်ကြံခြင်း ဘဝလမ်းကြောင်းကို အချက်အလက် ထုတ်ပြီး ကျွန်တော် စုထားတာရှိတယ်.. စာအုပ်ထဲမှာ သမိုင်းကြောင်း တစ်လျှောက်ရှိ တစ်ရာနှစ်ဆယ့် ငါးယောက်သော အထွတ်အထိပ် သူရဲကောင်းတို့၏ ကျင့်ကြံခြင်းနည်းလမ်းတွေကို ညွှန်ပြထားတယ် ... ဒီအထဲမှာမှ တစ်ရာနှင့် ကိုးယောက်သော အထွတ်အထိပ် သူရဲကောင်းတွေက အသက်ဘေးနှင့် နီးကပ်သော ဒုက္ခများစွာ ကြုံခဲ့ပြီးမှ အထွတ်အထိပ် အဆင့်ကို ရောက်ခဲ့ကြတယ် ..."

ဆယ့်ခြောက်ယောက်လောက်ပဲ ကျောင်းတော်မှာ ပညာသင်ခဲ့ကြတာ..

တုန်ပိုရွှယ်ယင်က ကျုံးလိန်နှင့်ထုံစန်းတို့ကို သေချာစွာ ကြည့်လိုက်ပြီးမှ

ဒါတွေဟာ ဘာအဓိပ္ပာယ်လဲ ဆိုတော့ ... တကယ်လို့ အထွတ်အထိပ် တစ်ယောက်ဖြစ်ချင်လို့ ... ကျောင်းတော် တစ်ခုခုကို သွားတက်တာက ပိုပြီ ညံ့သွားစေတဲ့ အချက်ပဲ..

ကျုံးလိန်နှင့် ထုံစန်းတို့ အကြီးအကျယ် အံ့အားသင့် သွားကြသည်။

ဒီလိုအကြောင်းတွေ သူတို့ မတွေးခဲ့ဖူးဘူး။ သူတို့သိထားတာက အထွတ်အထိပ် တစ်ယောက်က ကျောင်းတော်ကို တည်ထောင်ခဲ့တယ် ဆိုတာပါပဲ ... ဒါကြောင့် ကျောင်းတော်ဆိုတာ ကျင့်ကြံခြင်းအတွက် အကောင်းဆုံး နယ်မြေတစ်ခု ဖြစ်တယ် ... မြောက်မြား လှစွာသော ကောင်းကင် သူရဲကောင်း အဆင့်များနှင့် ဥက္ကာပျံ သူရဲကောင်းအဆင့် တို့ကိုလည်း မွေးထုတ် ပေးနိုင်ခဲ့တယ် ... ဒါပေမဲ့ သမိုင်းမှာပင် မှတ်ကျောက် တင်ထားတဲ့ ကျော်ကြားလှတဲ့ အထွတ်အထိပ် သူရဲကောင်းတွေက ကျောင်းတော် တစ်ခုတလေကိုမှ မတက်ခဲ့ဘူး ... ဟုတ်စ ... ကျင့်ကြံခြင်း ခရီးရှည်ကို သူတို့ဘာသာ စမ်းတဝါးဝါးနှင့် ကျော်ဖြတ်သွားခဲ့တာလား

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..ထုံစန်း ငေးမောနေမိသည်။ သူဘယ်လိုမှ မယုံကြည်နိုင်ဘူး ဖြစ်နေသည်။

စာအုပ်တွေက ကျွန်တော်ရဲ့ စာဖတ်ခန်းထဲမှာ ရှိတယ်.. စာအုပ်တွေ ရဖို့အတွက် ရီရွှေမြို့ထဲကိုလည်း လူလွှတ်ပြီ စေ့စေ့စပ်စပ် ရှာခိုင်းထားတယ်ရရှိလာခဲ့တဲ့ အချက်အလက်တွေအရ ပါရမီရှင်လေးတွေ အများကြီး ကျောင်းတော်ကို တက်ရောက်ခဲ့ပေမဲ့ လူနည်းနည်းလေးကပဲ အထွတ်အထိပ် အဆင့်ကို ရောက်သွားနိုင်ခဲ့တာဟု တုန်ပိုရွှယ်ယင်လေးက ရှင်းပြလိုက်သည်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာ ကျွန်တော် ထပ်ပြီ လေ့လာခဲ့တယ်

ကျွန်တော်ကို အဖေပေးထားတဲ့ အထွတ်အထိပ် လှံသိုင်းကျမ်း စာအုပ်အရ ကျွန်တော် တစ်ခု ကောက်ချက်ချ လိုက်တယ်..

ရွှယ်ယင် ခဏနားပြီ ဆက်ပြောသည်။

အထွတ်အထိပ် တစ်ယောက်ဖြစ်ဖို့အတွက် ကိုယ့်လမ်းကြောင်းကို ကိုယ်တိုင် ဖောက်ထွက်ရမယ်.. အကယ်ဒမီကျောင်းက ကျောင်းသားတွေက သူတို့ဆရာတွေ ဦးဆောင် သင်ကြားပေးတယ် ... အစောပိုင်း လေ့ကျင့်မှုတွေကြောင့် သူတို့အဆင့် တက်တာ လွယ်ကောင်း လွယ်လိမ့်မယ် ... ဒါပေမဲ့ သူတို့ဆရာ အကူအညီမပါဘဲ ကိုယ့်လမ်းကြောင်း ဖောက်ထွက်ရတဲ့ အချိန်မှာတော့ သူတို့ဟာ စမ်းတဝါးဝါး ဖြစ်သွားတာပဲ ... ရှေ့ဆက် မသွားတတ်တော့ဘူး ... နောက်ထပ် အဆင့်မြင့်သွားဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ သူတို့ မသိတော့ဘူး..

အကယ်ဒမီကျောင်းကို မတက်ခဲ့ရတဲ့ သူတွေကလည်း စနစ်ကျတဲ့ လမ်းညွှန်ချက် မသင်ရဘူးပေါ့..

ဒီတော့ သူတို့ ကိုယ်ပိုင် လမ်းကြောင်းကို ကိုယ့်ဘာသာ ရှာဖွေရတော့တယ် ... အခက်အခဲတွေ ဒုက္ခတွေ ကြုံလာရတဲ့ အခါများတော့ ဒါကို ကျော်လွှားဖို့ သူတို့ဘာသာ ကိုယ်ရည်သွေး တောက်ပြောင် လာအောင် ကြိုးစားရတော့တယ် ... ဒီနည်းလမ်းကပဲ သူတို့ဟာ ဘာလဲဆိုတာ နားလည်စေတယ် ... ဒါဟာ သူတို့သာ လျှောက်ခဲ့တဲ့ လမ်းစဉ်ပဲ ... ပြီးတော့ သူတို့ အသိအမြင် သဘောပေါက်ခဲ့တဲ့ အချိန်ကျရင် အကျိုးဆက် အနေနှင့် အထွတ်အထိပ် အဆင့်ကို တဖြည်းဖြည်း တက်လှမ်း သွားနိုင်ခဲ့ကြတာပဲ"

တုန်ပိုရွှယ်ယင်ရဲ့ မျက်လုံးဟာ တောက်ပနေပြီးတော့

အသေးစိတ်အချက်ပါတဲ့ စည်းစနစ်ကျတဲ့ လမ်းညွှန်မှုဆိုတာ အရေအတွက် များပြားတဲ့ သူရဲကောင်းတွေကို သင်ကြားပေးတဲ့ နေရာမှာ ကောင်းမွန်ပါတယ် ... ဒါပေမဲ့ ... အထွတ်အထိပ် သူရဲကောင်း ဖြစ်ဖို့ကတော့ အသေးစိတ်ပါတဲ့ လမ်းညွှန်မှုက သူတို့ကို ကူညီဖြစ်စေမဲ့ အစား သူတို့ကို ချုပ်နှောင်သွားသလို ဖြစ်စေသွားတယ် ... နောက်ထပ် အဆင့်တက်ဖို့ အရမ်းကို ခက်ခဲသွားစေတယ်

ထုံစန်းမှာ တုန်ပိုရွှယ်ယင်ကို ငေးကြောင်ကြည့် နေမိတော့သည်။ ပြီမှ အံ့သြသော လေသံဖြင့်

မင်းဟာ သခင်မရဲ့ သားအစစ်ပဲ ... မင်းရဲ့ စကားပြော ကျွမ်းကျင်တာရော အကျိုးအကြောင်း ဆီလျော်စွာ တွေးတတ်တာကပါ တကယ့်ကို အံ့မခန်းပါပဲ..

ကျံးလိန်မှာ မျက်နှာကို လေးနက်စွာဖြင့် -

" အတ္ထုပ္ပတ္တိစာအုပ်တွေမှာ ဒီလိုလျှို့ဝှက်ချက် ရှိမယ်ဆိုတာ ငါ မတွေးထင်ခဲ့မိဘူး ... မင်းရဲ့ တွေးတော ဆင်ခြင်တဲ့ အချက်တွေက မှန်ကန်မှုတွေ အများကြီးပါတယ်လို့ ငါခံစားမိရတယ်..

ကျွန်တော် ဆင်ခြင် တွက်ဆတာလည်း မှားနိုင်ပါတယ်..

ဒါပေမဲ့ ကိန်းဂဏန်းတွေက မမှားနိုင်ဘူး..

အတိတ်တုန်းက နာမည် ကျော်ကြားခဲ့တဲ့ အထွတ်အထိပ် သူရဲကောင်း စုစုပေါင်း ၁၂၅ ယောက်ရှိတဲ့ အထဲမှာ ၁၀၉ ယောက်ဟာ အကယ်ဒမီ ကျောင်းကို မတက်ခဲ့ဘူး ... ဒါဟာ ကျွန်တော် ကျောင်းတော်ကို မတက်ဘူးဆိုတဲ့ အဖြေပဲ..ဟု ရွှယ်ယင် ပြောလိုက်လေသည်။

ဟဟ..ဒါက မင်း ထိပ်ဆုံးကို ရောက်ချင်နေလို့ပေါ့ ... တခြား ကလေးတွေကတော့ ကောင်းကင်အဆင့် သူရဲကောင်းလည်း မဆိုးဘူးလို့ ပြောမှာပဲ..ဥက္ကာပျံအဆင့် ရောက်ရင်တော့ အံသြသွားမှာပေါ့.. အထွတ်အထိပ် အဆင့်ကို လူဘယ်နှယောက်များ မှန်းရဲကြမှာလဲ..

ကျုံးလိန် ရယ်မောပြီး ပြောလေသည်။

အထွတ်အထိပ် အဆင့်ထက် နိမ့်တဲ့အဆင့်ကို လေ့ကျင့်အခါမှာ ကျောင်းတော်ကို ဝင်တာက အကောင်းဆုံး အထောက်အပံ့ပဲ ... ဒါကြောင့် သူရဲကောင်း အများစုက ကျောင်းတော် ထွက်တွေပေါ့..

အင်း..တုန်ပိုရွှယ်ယင် ခေါင်းညိတ် လိုက်ပါသည်။ ဤအချက်ကို သူလည်း သဘောတူသည်။ ဒါပေမဲ့ သူ့ရဲ့ ပန်းတိုင်က ဒီအဆင့်နှင့် မလုံလောက် ပါသေးပါဘူး။

အတ္ထုပ္ပတ္တိစာအုပ်တွေကို ဖတ်ပြီ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြီ ကောက်နုတ်ချက် ထုတ်နိုင်ခဲ့တယ် ... အင်း ... မင်းက အာယုရဲ့ သားဆိုတာ အံ့သြစရာ မရှိပါဘူးလေ ... တကယ်လို့ မင်းသာ မှော်ဆရာဗီဇ ပါလာခဲ့ရင် မင်းအနာဂတ်က တောက်ပနေမှာပဲ..ဟု ကျုံးလိန် ချီးကျူးလိုက်လေသည်။

မှော်ဆရာဆိုတာ စကြဝဋ္ဌာရဲ့ အံဖွယ်ရာတွေကို ခွဲခြမ်း သိနားလည်နိုင်ဖို့ လိုအပ်သည်။ ဒါကြောင့် စဉ်းစား တွေးခေါ်နိုင်ဖို့က အရေးကြီးသည်။ ဒါကြောင့် အရမ်းကို စွမ်းအားကြီးမားတဲ့ မှော်ဆရာတွေ အားလုံးဟာ အရမ်းကို ဉာဏ်ကောင်းကြတဲ့ သူတွေပါ။

စိတ်မကောင်းစရာက ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက သိပ်မသန်မာတာပဲ ... မှော်ဆရာဖြစ်ဖို့က ကျွန်တော့်နှင့် သိပ်မကိုက်ညီလှပါဘူး..တုန်ပိုရွှယ်ယင်က ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

မှော်ဆရာနှင့် မတူညီတာက သူရဲကောင်း တစ်ယောက်က ပြင်းထန်စွာ လေ့ကျင့်ဖို့ လိုအပ်ပြီ ကြံ့ခိုင်မှုလည်း ရှိရမည်။ ယောင်္ကျားဖြစ်စေ မိန်းမဖြစ်စေ အားလုံးဟာ စွမ်းအားကြီးသူ တစ်ယောက်ဖြစ်ဖို့ အခွင့်အရေးရှိသည်။ မှော်ဆရာကျတော့ လိုအပ်ချက် အရမ်း မြင့်မားပါသည်။ မွေးရာပါ အရည်အချင်း ပါရမီတွေ အများကြီး လိုအပ်သည်။ စတင်ဖို့ရာ အားကောင်းလှသော စိတ်ဝိညာဉ် စွမ်းအားလည်း လိုအပ်သည်။ အကယ်၍ သူတို့၏ စိတ်ဝိညာဉ် စွမ်းအားသာ လုံလုံလောက်လောက် မမြင့်မားနေခဲ့ဘူး ဆိုရင် မှော်ဆရာဖြစ်ဖို့ သူတို့မှာ အရည်အချင်း မပြည့်မီဘူးဟု ဆိုရမည် ဖြစ်သည်။

နောက်နှစ်ကျရင် ကျောက်စရစ်လေး ငါးနှစ်ပြည့်တော့မယ်.. အဲ့အခါကျရင် သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားကို စမ်းသပ်လို့ရပြီ

တုန်ပိုရွှယ်ယင်က

ဒါဟာ သူ့အတွက် ပထမဆုံး ခြေလှမ်း ဖြစ်ကောင်း ဖြစ်သွားလိမ့်မယ် ..." ဟု ပြောလိုက်သည်။

စိတ်ဝိညာဉ် စွမ်းအားဟာ သတ်မှတ်ထားတဲ့ အဆင့်ထက် ပိုကျော်လွန်သွားရင် ဒီအဓိပ္ပာယ်ဟာ သူ့မှာ တကယ့်ကို ထူးခြားတဲ့ မွေးရာပါ အရည်အချင်းတွေ ရှိတယ်ဟု ဆိုလိုနေတာပါပဲ။

ပုံမှန်အားဖြင့် အသက် ဆယ်နှစ်မှာ စတင်လေ့ကျင့်လို့ နိုင်ရမည်။ မဟုတ်ရင် မှော်နှင့် ပတ်သတ်ပြီး အနာဂတ်မှာ မျှော်လင့်ချက် မရှိတော့ပါဘူး။ ရွှယ်ယင်၏ အမေကတော့ အသက်ခြောက်နှစ်မှာ မှော်ကို စတင်လေ့ကျင့်နိုင်ခဲ့သည်။

အပိုင်း ( ၉ ) နောက်၅နှစ်ကြာသောအခါ..

တုန်ပိုရွှယ်ယင်၊ သူ့ညီလေး ချင်းရှီနှင့် ကျုံးလိန်တို့သည် ညနေစာ စားသောက်ပြီးနောက် အတူတကွ ထိုင်နေကြသည်။ တုန်ပိုရွှယ်ယင်သည် ဖရဲသီး တစ်လုံးလောက် အရွယ်အစားရှိသော ဖန်အလုံးကြီးတစ်လုံးကို သူ့အမေချန်ထားခဲ့သည့် ပုံးတစ်ခုကနေ ထုတ်ယူလာခဲ့သည်။

" အစ်ကိုကြီး ... အဲဒါက ဘာလေးလဲ ... အရမ်းလှတာပဲ.."

ချစ်စရာကောင်းသော ချင်းရှီလေးက မေးမြန်းလိုက်၏။ ရွှယ်ယင်က သူ့အဖေနှင့် ဆင်တူသလောက် ချင်းရှီလေးကလည်း အမေနှင့် အတော်တူလေသည်။ သူသည် ရွှယ်ယင်ထက် ပိုပြီ နှစ်လိုဖွယ်ကောင်း၍ ချောမောလာမည်ဆိုတာ သေချာပါသည်။

" ကျောက်စရစ်လေး ... လက်ကို ဒီဖန်လုံးအပေါ် တင်ထားလိုက်"

ရွှယ်ယင်က ချင်းရှီကို ပြောလိုက်သည်။

" ဟုတ်.." ချင်းရှီက နာခံစွာ ပြန်ဖြေလိုက်ပြီးနောက် သူ၏ လက်ကလေးကို ဖန်လုံးအပေါ် ထားလိုက်သည်။

သူ၏ လက်ကလေးသည် ဖန်လုံးနှင့် ထိတွေ့လိုက်သည့် အချိန်တွင် သူ၏ ကိုယ်အတွင်းရှိ စိတ်ဝိညာဉ်လှိုင်းက ဖန်လုံးကို သွားရောက် တုံ့ပြန်မှု ဖြစ်ပွားလာခဲ့သည်။ ဖန်လုံးမှာ ချက်ချင်းပင် အနီရောင်အလင်း တောက်ပဖြာထွက်လာ၍ အခန်းထောင့် နေရာများမှာပါမကျန် လင်းနေတာကို မြင်ရသည်။

အလင်းတွေဖြာထွက်သလိုပင် ရွှယ်ယင်နှင့် ကျုံးလိန်တို့မှာလည်း ပီတိများ ဖြာသွားခဲ့ကြသည်။

" အစ်ကိုကြီး ... ဖန်လုံးက ဘာဖြစ်လို့ တောက်ပလာတာလဲဟင်.."

" မှော်ဆရာကြီး လာပါဦး...တစ်ခါလောက် နမ်းပါရစေ ..."

ရွှယ်ယင်သည် ပြောလည်းပြော သူ့ညီလေးကိုလည်း ရင်ခွင်ထဲကို ဆွဲပိုက်ယူပြီး အနမ်းပေးလိုက်သည်။

မှော်ပညာရှင် တစ်ယောက်က သူရဲကောင်း တစ်ယောက်နှင့် မတူပါဘူး။ သူရဲကောင်း တစ်ယောက်အနေဖြင့် ငယ်ရွယ်စဉ် ကတည်းကပင် လေ့ကျင့်ခြင်းကို စတင်ထားဖို့ လိုအပ်သည်။ ဥပမာအားဖြင့် အဆုံးမဲ့ လေပြေကျောင်းတော်၏ ဝင်ရောက်ခြင်း ခွင့်ပြုချက် စည်းမျဉ်းအရ တက်ရောက် ခွင့်ပြုထားသည့် ကျောင်းသားများ၏ အသက်အရွယ်ကို အများဆုံး ၁၀ နှစ် သတ်မှတ် ထားခြင်းဟာ ထိုကြောင့်ပင် ဖြစ်သည်။

သို့ပေမဲ့ မှော်ပညာရှင်ကတော့ ငယ်ရွယ်သည့် အချိန်မှာ လေ့ကျင့်စရာ မလိုချေ။ နောက်ခံအင်အား ကောင်းမွန်သည့် မိသားစုက ပေါက်ဖွားလာ သူသည် အသက် ၁၀ နှစ်တွင် စတင် လေ့ကျင့်ကောင်း လေ့ကျင့်လိမ့်မည်။ တခြား သူတွေကတော့ အသက် ၁၆ ဒါမှမဟုတ် အသက် ၂၀ မှသာ စတင်လေ့ကျင့် ကြပေလိမ့်မည်။ အဆုံးအစမဲ့ လေပြေ ကျောင်းတော်တွင်မူ မှော်ပညာ သင်ကြားခွင့် အတွက် အသက်ကို အများဆုံး ၃၀ ထက်မကျော်လွန်ရန် ကန့်သတ်ထားသည်။

အသက် ၃၀ မကျော်လွန်မှသာ အကယ်ဒမီ ကျောင်းကို ဝင်ခွင့်ရဖို့ အခွင့်ရေး ရှိမည်။ မှော်ဆရာ တစ်ယောက်ဖြစ်ဖို့ရာ ထက်မြသော အသိဉာဏ်ရှိရန် လိုပေသည်။ လေ့ကျင့်ခြင်းတွင်လည်း စိတ်အားထက်သန်မှု အများကြီး လိုအပ်သည်။

ထိုသူသည် စတင် လေ့ကျင့်သည့် အချိန် စောလွန်းခဲ့သော် လည်ကောင်း..၊ မဆင်မခြင် လေ့ကျင့်ခဲ့ရင် သော်လည်ကောင်း..၊ ထိုသူ၏ စိတ်ဝိညာဉ် ထိခိုက်ပြီ စိတ်ပိုင်းဆိုင်ရာ အားနည်း သွားပေလိမ့်မည်။ တကယ်၍ အသက်ကြီးမှသာ ဆိုလျှင် လိုအပ်သော အတွေ့အကြုံ အသိပညာများကို ရယူနိုင်မှာ ဖြစ်ပြီ တစ်နှစ်ထက် တစ်နှစ် ပညာတွေ တိုးပွားလာမည် ဖြစ်သည်။ အသက် ၄၀ သို့မဟုတ် ၅၀ မှ စတင် လေ့ကျင့်ခဲ့ရသည့် တချို့ မှော်ဆရာတွေဟာ ကြီးကျယ်သော အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ခဲ့ပြီ အထွတ်အထိပ် အဆင့်ကိုပင် ရောက်အောင် သွားနိုင်ခဲ့ကြသည်။

***

အချိန်များလည်း တရွေ့ရွေ့ ကုန်ဆုံး စီးဆင်းခဲ့လေရာ မျက်စိတစ်မှိတ် အတွင်းမှာပဲ ၅နှစ်ဆိုသော အချိန်အတိုင်းအတာ တစ်ခုကို ရောက်ရှိခဲ့လေသည်။

" ဟူး ဟူး"

ဘဲငန်းမွေးအလား ထင်မှတ်ရသော ဖြူဆွတ်ဆွတ် ဆီးနှင်းပွင့်များဟာ လေတိုးသံနှင့်အတူ ကျဆင်းနေလျက် ရှိနေသည်။

အုတ်ရိုး မြင့်ပေါ်မှာ အနက်ရောင် အဝတ်နှင့် လူငယ်တစ်ယောက် မတ်တတ် ရပ်နေကာ အထက်ကောင်းကင်ယံ၌ မြူးထူး ကခုန်နေသော နှင်းပွင့်လေးများကို ကြည့်နေလျက် ရှိသည်။ ထိုလူငယ်၏ မျက်နှာပုံစံမှာ ဓားတစ်လက်ဖြင့် တိကျသပ်ရပ်စွာ ထွင်းထုပုံဖော် ထားသကဲ့သို့ ပိရိပြတ်သားဟန် ရှိပေသည်။ နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့သည့် အကျိုးရလဒ်သည် သူ့အား ကြောက်မက်ဖွယ် ကောင်းသော လှံသိုင်းသမား ဟူသည့် ဂုဏ်ပုဒ်ကို ရရှိစေခဲ့သည်။

" အစ်ကိုကြီး ..."

နွေးနွေးထွေးထွေး ဝတ်ဆင်ထားသော ကောင်လေး တစ်ယောက်သည် အဝေးကနေ သူ့ကို လှမ်းအော် ခေါ်လိုက်ချေသည်။

" ချင်းရှီ ..."

ရွှယ်ယင် ပြုံးရယ်ပြ လိုက်ပြီးနောက် အမြင့် ပေ ၂၀ နီးပါးရှိသော အုတ်ရိုးပေါ်ကနေ နှင်းများ ဖုံးလွှမ်းထားသော မြေပြင်ဆီကို ခုန်ချလိုက်သည်။ သူ့၏ ညီငယ်လေးဟာ အရွယ်ကြီးပြင်းလာခဲ့ပြီမို့ ရွှယ်ယင်လည်း သူ့ညီလေးကို နာမည်ပြောင်း ခေါ်ခဲ့သည်။ ငယ်ငယ်တုန်းက ခေါ်ခဲ့သည့် ကျောက်စရစ်ခဲလေး နာမည်ကို မခေါ်တော့ဘဲ ချင်းရှီ ဟု ပြောင်းခေါ်ခဲ့သည်။

" အစ်ကိုကြီး ... ရီရွှေမြို့ထဲကို အလည်သွားရအောင်.. မြို့ထဲမှာ ပျော်စရာတွေ အများကြီးပဲ ... အိမ်မှာ နေရတာ ပျင်းတယ်." ဟု ချင်းရှီက စိတ်လှုပ်ရှားစွာ ပြောသည်။

" ဦးလေးကျုံးလိန်ကို မေးကြည့်လိုက်လေ ..." ဟု ရွှယ်ယင် ပြုံးရင် ဆိုလိုက်သည်။

" အစ်ကိုကြီးက ဒီ နှင်းလင်းယုန် နယ်မြေထဲကနေ ဘယ်မှ မခွာဘူး ... မြို့ထဲကိုလည်း တစ်နှစ် တစ်ခေါက်တောင် မရောက်ဖြစ်ဘူး ... အစ်ကိုကြီး မပျင်းဘူးလား ..."

ချင်းရှီသည် ညည်းညည်းညူညူ ဆိုလိုက်လေရာ ရွှယ်ယင် မည်သည့်စကားမှ မဆိုဘဲ ပြုံး၍သာ နေသည်။

သူ့ညီလေးလည်း ယခုအခါမှာတော့ သူတို့၏ မိဘအကြောင်းနှင့် ပတ်သတ်ပြီး မေ့ပျောက်လုနီးပါး ဖြစ်နေပါပြီ။ မိဘတွေအား အတင်းအဓမ္မ ခေါ်ဆောင်သွားသည့် ညကိုလည်း မမှတ်မိတော့ပါဘူး။ ဘဝကိုပဲ အပူအပင် ကင်းမဲ့စွာ နေထိုင်ခဲ့သည်။

" ကဲပါလေ ... ငါ လက်သီးသိုင်းကို နည်းနည်းလောက် လေ့ကျင့်ပါရစေဦး ..."

ရွှယ်ယင်က တောင်းဆို လိုက်လေသည်။

သူ့၏ အပေါ်အဝတ်ကို ချွတ်လိုက်ရာ တောင့်တင်း သန်မာသည့် ခန္ဓာကိုယ် အပေါ်ပိုင်းက ထွက်ပေါ်လာသည်။ မှန်ပေသည်။ နှစ်ပေါင်းများစွာ လေ့ကျင့် လာခဲ့ခြင်းကြောင့် သူ၏ ခန္ဓာကိုယ်သည် ယခုအခါမှာတော့ အံ့ဖွယ် ကောင်းလောက်အောင် ကြွက်သားတွေနှင့် ကျစ်လျစ် သန်မာနေသည်။ ရွှယ်ယင်က အရှေ့က နှင်းပြင်ဆီကို တိုးသွားပြီ မီးလျှံသုံးဆင့် လက်သီးသိုင်းကို ကျင့်လိုက်သည်။ ဒီသိုင်းသည် ဒိုချီကျင့်စဉ် တစ်ခုလည်း ဖြစ်သလို လက်သီးသိုင်းလည်း ဟုတ်သည်။

ဆီးနှင်းပွင့်တွေက ရွှယ်ယင် ကိုယ်ပေါ်သို့ တဖွဲဖွဲ ကျဆင်းနေသည်။ ရွှယ်ယင် လှုပ်ရှား ထုတ်ဖော်လိုက်သော ကိုယ်ဟန် အနေအထားနှင့် လှုပ်ရှားမှုတို့သည် ဘေးပတ်ဝန်းကျင်က သဘာဝ လောကကြီးအား နားလည်စေမှုကို သူအတွက် တိုးမြှင့်စေသည်။

" ဒါဆိုရင် အစ်ကိုကြီး ဆက်လေ့ကျင့်နေလိုက် ... ညီကတော့ ဆော့လိုက်ဦးမယ်.." ချင်းရှီက ပြောပြီ ပြေးထွက်သွားခဲ့သည်။

ရွှယ်ယင် လက်သီးသိုင်းကို နှင်းတောထဲမှာ ဆက်လက် လေ့ကျင့်ခဲ့သည်။ သူ၏ လှုပ်ရှားမှုမှာ နှေးကွေးသည် မှန်သော်လည်း သူ၏ ခွန်အားမှာ ရေအလျဉ်ကဲ့သို့ပင် မှန်းဆရခက်သည်။

အသက် ၁၃ နှစ်မှာ သူ၏ လှံသိုင်း ပညာသည် လှံနှင့်တစ်သားတည်း ဟူသော အဆင့်ကိုပင် ရောက်ရှိနေပါပြီ။ ဒါပေမဲ့ မလုံလောက်သေးပါ။ သူ၏ အင်အား အားလုံးကို တစ်စုတစ်စည်းတည်း ဖြစ်အောင် ပေါင်းစုရန်နှင့် သူ့၏ ထိန်းချုပ်မှု အောက်မှာ တိတိကျကျနှင့် အကောင်းဆုံး ဖြစ်အောင် ထိန်းချုပ်နိုင်ဖို့ လိုနေသေးသည်။ ဒီလိုလုပ်နိုင်မှသာ ပထမဆုံး အပိုင်းဖြစ်သည့် မျောလွင့်နေသောနှင်း အဆင့်ကိုလည်း ကျွမ်းကျင်ပြီဟု ဆိုနိုင်ပြီ လှံသခင်ဟူသော နာမည်နှင့် ထိုက်တန် ပေလိမ့်မည်။

လွန်ခဲ့သည့် ၂ နှစ်တာ အတွင်းမှာ ရွှယ်ယင် လက်သီးသိုင်းကို လေ့ကျင့်သည့် အခါတိုင်း ပြန်လှန် သက်ရောက်မှု၊ အတွင်းစိတ်ငြိမ်း အေးမှုနှင့် ဉာဏ်အလင်းပွင့်မှုတို့ အပေါ် အားရုံစိုက် ကျင့်ခဲ့သည်။ သူ့စွမ်းအား၏ အပိုင်းအစ မှန်တမျှကို တစ်ခုတည်းအဖြစ် စုစည်းပြီ အကောင်းဆုံး သက်ရောက်မှု ရှိစေဖို့ သူ လိုချင်ခဲ့သည်။

" မကြာတော့ဘူး."

ရွှယ်ယင် သူ့၏ခွန်းအားတွေကို အကောင်းဆုံး စုစည်းနေတာဟာ နီးစပ်လာနေပြီ ဆိုတာကို ရေးရေးလေး ခံစားနေရသည်။ ရွှယ်ယင်သည် လှံသိုင်းကို နေ့တိုင်း လေ့ကျင့်ခဲ့သည်။ အသက် ၆ နှစ်ကနေ မပျက်မကွက် လေ့ကျင့်ခဲ့ရာ ယခု အသက် ၁၅ နှစ်အထိ ၁၀ နှစ်တိုင်တိုင် ရှိခဲ့ပြီ။ သူ ဤ ၁၀ နှစ်အတွင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့တာဟာ သာမန်လူတို့ အနှစ် ၂၀ ဒါမဟုတ် အနှစ် ၃၀ လေ့ကျင့်ခဲ့ခြင်းနှင့် တူညီလေသည်။

" လှံသိုင်းနှင့် လေ့ကျင့်ခဲ့တယ် ... ငါ့ရဲ့တိုးတက်မှုကလည်း ဘာပြဿနာမှ မရှိခဲ့ဘူး..ဒါပေမဲ့ ငါ ဘာလို့ အခုထိ ဒိုချီစွမ်းအင်ကို မထုတ်နိုင်သေးတာလဲ"

ရွှယ်ယင် ဘေးနားရှိ လှံတစ်ချောင်းကို ဆွဲယူလိုက်ပြီးနောက် စတင် လေ့ကျင့် လိုက်သည်။ လှံသည် သူ၏ ကိုယ်ပွား အစိတ်အပိုင်း တစ်ခုကဲ့သို့ပင် ... ။ လှံတံသည် နဂါးတစ်ကောင် အလားပင် ... လှံ၏ အားအင်မှာလည်း ရွှယ်ယင် စေညွန်ရာ အတိုင်း အဟုန်ပြင်းပြင်းဖြင့် လှည့်ပတ် ယိမ်းနွဲ့နေပေသည်။ လှံတံမှာလည်း အဆုံးမသတ်သော လှံအရိပ်များလည်း ဖြစ်ပေါ်နေကာ ချိုးဖျက်လို့ မရသော တိုက်ခိုက် အင်အားတစ်ခု ရိုးရှင်းစွာ ဖြစ်ပေါ်လာခဲ့သည်။

ပထမ သူ စိတ်ကူးထားသည့် အစီအစဉ်အရ သူ ၁၀ နှစ် ရောက်သည့် အခါမှာ ဒိုချီကို ထုတ်လွှတ် နိုင်ရမည်။ အသက် ၁၅ နှစ်မှာ ကမ္ဘာမြေ သူရဲကောင်း အဆင့် ရောက်ရမည်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒိုချီစွမ်းအင် အနည်းငယ်လေးမျှပင် မထုတ်နိုင်ခဲ့သေးပါဘူး။ သို့ပေမဲ့ ကျုံးလိန်နှင့် ထုံစန်းတို့ကတော့ ဒါကို စိတ်မပျက်ခဲ့ပါဘူး။ တကယ်ကို ထူးဆန်းသည်ဟုသာ သူတို့ တွေးခဲ့ကြသည်။

ဒိုချီစွမ်းအင်၏ သဘောတရားသည် ကောင်းကင်နှင့် မြေကြီးမှ သဘာဝ စွမ်းအင်ကို စုပ်ယူပြီး ခန္ဓာကိုယ်ကို အားဖြည့်ပေးခြင်း ဖြစ်သည်။ ၎င်းစွမ်းအင်ကို အဆမတန် စုပ်ယူပြီး နောက်ထပ် မစုပ်နိုင်တဲ့ အခါမှာတော့ သဘာဝ စွမ်းအင်သည် ဒိုချီမည်သော အတွင်းအား စွမ်းအင် အဖြစ်သို့ ပြောင်းလဲ ပစ်လိုက်ပြီး ခန္ဓာကိုယ် အတွင်းမှာ ဖွဲ့တည် သိုလှောင် လိုက်သည်။

ရွှယ်ယင် အသက် ၁၀ နှစ်ကို ရောက်သည့် အချိန်မှာ ပုံမှန်လူတွေထက် အများကြီး သန်စွမ်းနေပါပြီ။ နောက်ထပ် ၅ နှစ်အတွင်းမှာလည်း ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် အစဉ်မပြတ် လေ့ကျင့်ခဲ့သည်။ သဘာဝစွမ်းအင် စုပ်ယူတာကိုလည်း ဘယ်တော့မှ မရပ်နားခဲ့ပါဘူး။ ဒါပေမဲ့ သူ့ခန္ဓာကိုယ် အတွင်းမှာ ဒိုချီစွမ်းအင် တစ်ခုမှ မထွက်ရှိလာခဲ့ပေ။

" ဒါဟာ ဘာကြောင့်များလဲ ... ငါ့ရဲ့ ခန္ဓာကိုယ်ကလည်း သူများထက် ဆယ်ဆမက ကောင်းမွန် နေပါပြီ ... ဒါပေမဲ့ ဘာဖြစ်လို့ စွမ်းအင်တွေကို စုပ်ယူနေသေးတာလဲ.."

ရွှယ်ယင် ခေါင်းရှုပ်နေပြီ သိလည်း သိချင်နေသည်။

ကျုံးလိန်နှင့် တခြားသူတို့မှာ အတွေ့အကြုံနှင့် ဗဟုသုတ များစွာ ရှိကြပေမဲ့လည်း ဒီကိစ္စနှင့် ပတ်သတ်ပြီး သူတို့လည်း မဖြေနိုင် ဖြစ်ခဲ့ရသည်။

" ဘန်း ..."

လှံတံသည် မြေမြင်ပေါ် ရိုက်ချ လိုက်သည့်အခါ နှင်းထုအောက်က ကျောက်သားနှင့် ထိတွေ့ပြီနောက် ကြောက်စရာကောင်းသည့် လေခွင်းသံနှင့် အရှေ့ကို ပြန်ကန် ထွက်လာလေသည်။

ထိုအခိုက် သူ့ခန္ဓာကိုယ်၏ အနက်ရှိုင်းဆုံးနှင့် အသေးငယ်ဆုံး နေရာမှာ ရုတ်တရက် စတင်နာကျင် လာခဲ့၍ သူ့၏ စိတ်အာရုံ စုစည်းထားတာတွေ ပျက်သွားခဲ့သည်။

" ဟမ်း ..."

ရွှယ်ယင် လှံကို ပစ်ချလိုက်ရသည်။ သူ့ခန္ဓာကိုယ် အတွင်းရှိ အရိုးအကုန်လုံး ကြွက်သားမျှင် အပိုင်းအစ တစ်ခုမကျန် အားလုံး တစစ်စစ် နာကျင်လာခဲ့သည်။ ဇွဲကောင်းလှတဲ့ ရွှယ်ယင်ပင် ဤနာကျင်မှုကို တောင့်ခံနိုင်ရုံမျှသာ ခံနိုင်ရည် ရှိသည်။ သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးမှာ တောက်ပလာကာ မီးလောင်နေသည် သဖွယ် မြင်ရသည်။ အရိုးအဆစ်များက ပြာကျမတတ်ပင် ထင်ရသည်။ အသားအရေမှာလည်း နီရဲလာပြီ ကြမ်းထော်သည့် အလွှာအသစ် တစ်ခုက အပေါ်အရေပြား လွှာအောက်မှာ ဖြစ်တည် လာခဲ့သည်။

ရွှယ်ယင်၏ အပေါ်ဗလာကျင်း ခန္ဓာကိုယ်ပေါ်ကနေ သွေးကဲ့သို့ အနီရောင် အခိုးအငွေ့များ ဝိုးတိုးဝါးတား ထွက်ပေါ်လာခဲ့သည်။ မပီမပြင် ရှိနေသော သွေးအနီရောင် အခိုးအငွေ့မှာ အကောင်ကြီးကြီး ဘီလူးပုံစံ အဖြစ်သို့ ဖွဲ့စည်းလာသည်ဟု ထင်မြင်ရသည်။

ရွှယ်ယင် ဒီအခိုးအငွေ့ကြားမှာ မြှုပ်သွားပြီး နောက်မှာတော့ ပြောင်တလင်း ရှင်းနေသည့် မြေပြင်ပေါ်တွင် ခြေဗလာ ဘီလူးကြီး တစ်ကောင်ဟာ သားရေပြား နံငယ်အပိုင်း အတိုအထွာနှင့် ခေါင်းမော့ပြီ ကြမ်းတမ်း ရက်စက်စွာ ဟိန်းဟောက်နေသည့် ပုံရိပ်ကို နေ့ခင်း ကြောင်တောင်ကြီး မြင်လိုက်ရလေသည်။

သွေးကဲ့သို့ အနီရောင် အခိုးအငွေ့ကြားမှာ ဘီလူးကြီး ပုံရိပ်ဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

ဒါပေမဲ့ ရွှယ်ယင် ခန္ဓာကိုယ် အတွင်းမှာ ပြောင်းလဲမှုတွေက ပို၍ အရှိန်အဟုန် မြင့်လာခဲ့သည်။

" အား"

ရွှယ်ယင် အသည်းခိုက်မတတ် နာကျင်မှုကို ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့ပါဘူး။ နှင်းပြင်ပေါ် ဒူးထောက်ကျကာ လက်နှစ်ဖက်က မြေပြင်ပေါ် ထောက်ကျ သွားသည်။ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အပူငွေ့ အရှိန်ကြောင့် ဘေးပတ်ဝန်းကျင်ရှိ နှင်းခဲ၊ ဆီးနှင်းမှုန်များ စတင် အရည်ပျော် လာခဲ့သည်။

   ***

အပိုင်း ( ၁၀ ) ကျားလို ဝံပလွေလို အငမ်းမရ ဝါးမျိုခြင်း

ကိုယ်လုံးကိုယ်ပေါက် သေးသွယ် ကျစ်လစ်လှပသော အစေခံ အပျိုမလေး တစ်ယောက်ဟာ အဝတ်အပြည့် ထည့်ထားသော ဇလုံကို သယ်ပြီး နှင်းထုကို ကျော်ဖြတ်၍ ခပ်သုတ်သုတ် လမ်းလျှောက် လာနေသည်။ ရုတ်တရက် ဇဝေဇဝါ ဖြစ်စရာတစ်ခုကို သူမ မြင်တွေ့လိုက်သည်။ လူတစ်ယောက်ဟာ မြေပြင်ပေါ် မှောက်လျက် လဲကျနေပြီး ထိုမြေပြင်မှာလည်း နှင်းများ တစ်စက်ပင် မရှိချေ။

ဘာဖြစ်နေတာလဲ ... " အမျိုးသမီးငယ်ဟာ အံ့သြစွာဖြင့် လျှောက်လာခဲ့သည်။

ဟင် ... သခင်လေးပဲ ..."

နီးကပ်လာသည်နှင့်အမျှ လဲကျနေသော သူမှာ နှင်းလင်းယုန် နယ်မြေ၏ အရှင်သခင် ဖြစ်နေသည်ကို သူမ မှတ်မိလိုက်သည်။ သခင်၏ နောက်ကျောမှာ နီရဲနေပြီး ရေနွေးငွေ့များ ထနေသည်။ ထိုရေနွေးငွေ့များမှာ သူ့အနားမှာ မျောလွင့်နေသည်။ သခင်၏ ဘေးပတ်လည် ဆယ်မီတာ အဝန်းအဝိုင်းအတွင်း နှင်းခဲလေးများ တစ်ခုတလေပင် မတွေ့ရချေ။ အားလုံးမှာ အရည်ပျော်နေသည်။ အကယ်၍သာ ဤမြင်ကွင်းကို စွမ်းအား ကြီးသော အချို့သူရဲကောင်း သို့မဟုတ် မှော်ဆရာ တစ်ယောက်ယောက်က မြင်တွေ့ သွားခဲ့လျှင် အင်မတန်ကို အံ့သြသွား ပေလိမ့်မည်။

သို့ပေမဲ့ ဤအမျိုးသမီးငယ်မှာ ရိုးရိုးသာမန် လူတစ်ယောက်သာ ဖြစ်၍ သူမ၏ သခင်သည် သူ၏ အတွင်းစွမ်းအင်အား သက်သက်ဖြင့် ဆယ်မီတာ ပတ်လည်ရှိ နှင်းခဲများကို အရည်ပျော် စေနိုင်ခဲ့ခြင်း၏ အဓိပ္ပာယ်ကို သူမ ဘယ်တော့မှ နားလည်မှာ မဟုတ်ပါဘူး..။

ဘာဖြစ်လို့ ဘေးပတ်လည်က နှင်းတွေ အရည်ပျော် နေရတာလဲ ... ဒါက ဒိုချီစွမ်းအင်တွေလား ..."

အိမ်ဖော် အပျိုမလေးက တွေးလိုက်မိသည်။ တစ်ချိန်တည်းမှာပဲ သူမဟာ မနေနိုင်ဘဲ အော်ဟစ် မေးလိုက်သည်။

သခင် ... သခင် ... အဆင်ပြေရဲ့လား ..."

သူမဟာ ကြောက်တတ်သူ တစ်ယောက် ဖြစ်ပေသည်။

တုန်ပိုရွှယ်ယင်မှာ အလွန်အမင်းကို ချွေးသံ တရဲရဲဖြင့် အရမ်းကို မောဟိုက်ခြင်းကြောင့် တစ်ခါတလေ ပြိုလဲကျနေဖူးသည်။ ထို့ကြောင့် သူမ၏ သခင်သည် လှံလေ့ကျင့် နေစဉ်အတွင်း အလေ့ကျင့်လွန်၍ ဤကဲ့သို့ ဖြစ်နေသည်ဟု သူမတွေးထင်လိုက်ခြင်း ဖြစ်သည်။

ငါ အဆင်ပြေပါတယ် ..."

ရွှယ်ယင်၏ အသံကား အနည်းငယ် ကြမ်းရှနေသည်။ ဖြည်းလေးစွာဖြင့် မတ်တတ် ရပ်လိုက်ပြီး

ငါ သက်သာပါတယ် ..."

တုန်ပိုရွှယ်ယင် လှည့်ပြီး အိမ်ဖော် ကောင်မလေးကို ကြည့်လိုက်သည်။

ဒါက အရမ်းကို ထူးခြားတာပဲ ..."

အိမ်ဖော် ကောင်မလေးဟာ တစ်ကိုယ်လုံး တောင့်သွားပြီး နောက်ထပ် စကားတစ်ခွန်းမှ မပြောရဲတော့ချေ။

ငါ ပြောမယ့် စကားကို တစ်ချက်လောက် ဆောင်ရွက်ပေးပါ ... မီးဖိုချောင်ကို သွားပြီ ပြင်ဆင်ထား ခိုင်းလိုက်ပါ ... မှော်သားရဲကောင်ကို တစ်ကောင်လုံးကင်ပြီး ငါ့ဆီကို ပို့ပေးပါလို့ ပြောလိုက်"

ရွှယ်ယင်က ပြောလိုက်သည်။

တစ်ကောင်လုံး ..."

အိမ်ဖော် အပျိုမလေးက သူ့ကို ငေးကြောင် နေမိသည်။

ပုံမှန်ဆိုရင် သာမန်မြင်းတစ်ကောင်၏ အလေးချိန်မှာ ၇၀၀ ကနေ ၁၀၀၀ ကီလိုဂရမ် အထိ လေးသည်။ နှင်းနတ်မြင်းပျံဆိုရင် ၎င်း၏ အလေးချိန်မှာ ၂၀၀၀ ကီလိုဂရမ်းအထိ လေးနိုင်သည်။ တခြား သန်မာသော မှော်တော ကောင်ကြီးများမှာ ကီလိုဂရမ် ထောင်နှင့်ချီ လေးလံကြကာ အချို့ကောင်တွေဟာ ပေါင် ၁၀၀၀၀ အထိ လေးလံကြသည်။ ဒါဟာ မှော်သားရဲကောင်တွေမှာ စွမ်းအင် အမြောက်အမြား ပါဝင်ကြ၍ ဖြစ်ပြီး ၎င်းတို့၏ အသားကို စားသုံးခြင်းဖြင့် လေ့ကျင့်သည့် နေရာတွင် အကျိုးထူးစေသည်။ ဒီအသားတွေဟာ ရွှယ်ယင်အတွက် ပုံမှန်အစားစာဖြစ်ပြီး ရဲတိုက် သူရဲကောင်းတွေအတွက်လည်း စားသုံးခွင့်ရှိသည်။

ထို့ကြောင့် ရဲတိုက်အတွင်းရှိ အအေးခံတိုက်တွင် မှော်သားရဲကောင်များကို အမြဲတစေ တစ်ကောင် သို့မဟုတ် နှစ်ကောင် သိုလှောင်ထားသည်။ မှော်သားရဲကောင် တစ်ကောင် သို့မဟုတ် နှစ်ကောင်ဟာ ရဲတိုက်အတွက် ကောင်းကောင်း ထောက်ပံ့ပေးနိုင်ပြီး ဒီပမာဏဟာ ရက်အတော်ကြာအထိ ရဲတိုက်အတွက် ရိက္ခာ ဖူလုံစေသည်။

ဟုတ်တယ် ... အကောင်လိုက်ပဲ ... ပြီးခဲ့တဲ့ အခေါက်က အအေးခန်းကို ငါ သွားခဲ့တယ် ... အဲ့မှာ အဆင့် ၃ တစ်ကောင်ရယ် ... အဆင့် ၂ တစ်ကောင် ရှိနေတာကို တွေ့လာခဲ့တယ် ... အဆင့်၃ ကောင်ကို ယူပြီး အကောင်လိုက် ကင်ပြီးတော့ ငါ့ဆီကို ပို့လာခဲ့ပေး ..."

ရွှယ်ယင် အမိန့်ပေး လိုက်ပါသည်။

နားလည်ပါပြီ"

အိမ်ဖော် ကောင်မလေးဟာ အမိန့်ကို နာခံပြီး ထွက်သွားသည်။

ရွှယ်ယင်သည် အိမ်ဖော်ကောင်မလေးက ကြီးမားတဲ့ ဇလုံကို ကိုင်ပြီး ပြေးထွက်သွားသည်ကို ကြည့်နေလိုက်သည်။ သူဟာ ပြုံးလိုက်ပြီးတော့ သူ့အဝတ်ကို ကောက်ယူလိုက်ကာ ဝတ်လိုက်သည်။ သူ့ပုံစံမှာ အရင်တိုင်းပင် ငယ်ရွယ်ပြီး ချောမောသော ကောင်လေး တစ်ယောက်ပါ။ ဒါပေမဲ့ သူ့၏ ခန္ဓာကိုယ်မှာ အလွန်အမင်းကို စွမ်းအား ကြီးလာပြီး ကြောက်မက်ဖွယ်ရာ ကောင်းလာသည်ကို သူသာလျှင် သိလေသည်။

အင်း ငါ ဘယ်လောက် မြင့်မြင့်အထိ ခုန်နိုင်မလဲဆိုတာ ကြည့်လိုက်ရအောင် ..."

ရွှယ်ယင်သည် အရှေ့တွင်ရှိ သူနေထိုင်သည့် ကြီးမားသော အဆောက်အအုံကြီးကို ကြည့်လိုက်သည်။ အဆောက်အအုံကြီး ပေါ်တွင် တပ်ဆင်ထားသော လက်ရန်းမှာ မြေပြင်ကနေ ခုနစ်မီတာ ကျော်လောက် မြင့်နေသည်။ သူသည် ထိုလက်ရန်းအထိ ခုန်ပြီးတော့ လက်ရန်းကို ဖမ်းဆွဲလိုက်ကာ အတွင်းကို လွှဲဝင်ရန် စိတ်ကူးလိုက်ခြင်း ဖြစ်သည်။

ဟိုက်

သူသည် မြေပြင်ကို ဆောင့်ကန် နင်းလိုက်ပြီး အပေါ်သို့ ခုန်တက် လိုက်လေရာ သူ့ကို အရိပ်တစ်ခုလိုပဲ မြင်လိုက်ရသည်။ လက်ရန်းကို ကျော်လွန်၍ ရဲတိုက် ထိပ်ဖျားအထိ ရောက်နေတာတောင် ခုန်လိုက်သည့် အရှိန်က မရပ်သေးတာကို ရွှယ်ယင် အံ့သြသွားသည်။ ဒါပေမဲ့ နှင်းများ ပြင်းထန်စွာ ကျဆင်း နေခြင်းကြောင့် ဘယ်သူမှ ဤအဖြစ်ကို သတိမထား လိုက်ကြချေ။

ငါ ဒီလောက်တောင် ခုန်နိုင်တာပါလား ... ဒီရဲတိုက်က မီတာ နှစ်ဆယ်ထက်တောင် မြင့်သေးတာ ... ငါသိသလောက်ဆိုရင် ရီရွှေမြို့ရဲ့ အုတ်တံတိုင်း အမြင့်က ဆယ့်ရှစ်မီတာ လောက်ပဲ မြင့်တာ ... ဒါဆိုရင် ရီရွှေမြို့ရဲ့ အုတ်ရိုးကို ငါ အေးဆေး ခုန်ကျော်နိုင်တာပေါ့.."

ရွှယ်ယင် အထိတ်တလန့် ဖြစ်သွားသည်။ ဤစွမ်းဆောင်မှု သက်သက်ဖြင့် သူ ဘယ်အဆင့်အထိ ရောက်နေပြီလဲဆိုတာ သူ ဆုံးဖြတ်၍ ရသွားသည်။

ရွှယ်ယင် ခေါင်းမိုးပေါ်ကနေ ခုန်ချလိုက်ပြီး ညစာစားခန်းဆီကို သွားလိုက်သည်။ အဲဒီနေရာမှာ သူ့၏ အသားကင်ကို စောင့်ဆိုင်း နေလိုက်သည်။

ဘာကြောင့်လဲ ... ။

သူဟာ အင်မတန်ကို ဆာလောင်နေသည်။ အင်မတန်ကို ငတ်မွတ်နေသည်နှင့် မခြားပင် ဖြစ်သည်။ ရွှယ်ယင်သည် သူ၏ တိုးတက်မှုအတွက် အရမ်းကို စိတ်လှုပ်ရှား နေပေမဲ့လည်း ဆာလောင်မှုက သူ့ကို ထိန်းမရအောင် ဖြစ်နေစေသည်။ ထို့ကြောင့်မို့ သူဟာ ချက်ချင်းပဲ မှော်သားရဲကောင်ကို ကင်ဖို့ အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

ရွှယ်ယင်သည် စားပွဲပေါ်က အချိုတည်းစရာတွေကို ယူလိုက်ပြီး တစ်လုတ်တည်းဖြင့် မျိုချပစ်လိုက်သည်။ သူ့၏ ပြောင်းလဲသွားသော အစာအိမ်မှာ အချိုမုန့်တွေကို တစ်ချက်တည်း အကုန်စုပ် ယူပစ်လိုက်သည်။ ဒါပေမဲ့ ဆာလောင်မှုကိုတော့ မကျေနပ်စေခဲ့ပါဘူး။

သခင် ... သခင် ..."

မုတ်ဆိတ်မွေးနှင့် အစေခံတစ်ယောက်ဟာ ရွှယ်ယင်ဆီကို ပြေးလာပြီးတော့ မောကြီးပန်းကြီးဖြင့် မေးလိုက်သည်။

သခင်က အဆင့်သုံးရှိတဲ့ မှော်သားရဲကောင်လုံးကင်ကို မှာလိုက်တာလား

ဟုတ်တယ် ..."

ရွှယ်ယင် သူ့ကို တစ်ချက်ကြည့် လိုက်ပြီး

ဖြစ်နိုင်သမျှ မြန်မြန်လေး လုပ်ပေး ... ရတာနှင့် ချက်ချင်းပို့ပေး."

ဟုတ် ... ဟုတ် ..."

မုတ်ဆိတ်မွေးနှင့် အစေခံဟာ အထိတ်တလန့်ဖြင့် ချက်ချင်းတဲ့ အမိန့်အတိုင်း ဆောင်ရွက် ပါတော့သည်။

ပုံမှန်ဆိုရင် သခင်လေးက တစ်ခုခု လုပ်ခိုင်းဖို့ တစ်စုံတစ်ယောက်ကို ခိုင်းစေပြီး ပြောခိုင်းလိုက်ရင် စားဖိုမှူးချုပ်သည် မေးခွန်းပင် ပြန်မမေးရဲဘဲ လုပ်ပေး လိုက်သည်ချည်း ဖြစ်သည်။ ဒါပေမဲ့ ယခု တစ်ကြိမ်မှာတော့ ပေးလာသော အမိန့်က မထင်မှတ်စရာ ဖြစ်နေသည်။

အဆင့်သုံး မှော်သားရဲကောင် တောင်မှလေ ... ပြီးတော့. ဒီကောင်က ကီလို ၆၀၀၀ ထက် လျော့တဲ့ အကောင်လည်း မဟုတ်ဘူး ... ဒီလောက် အသားဆိုရင် ပိုက်ဆံတွေ တော်တော်ကုန်မှာ ... အများကြီး တန်ဖိုးရှိတယ် ... ပြီးတော့ ဒီအမိန့်က သခင်ရဲ့ ကိုယ်ရံတော်တွေဆီက လာတာလည်း မဟုတ်ဘူး ... အဝတ်လျှော်တဲ့ အစေခံမလေးဆီက လာတာလေ

ထို့ကြောင့် သေချာအောင် စားဖိုမှူးချုပ်က ရွှယ်ယင်ဆီကို သေချာအောင် လာမေးခိုင်းခြင်း ဖြစ်သည်။

ဒါမှမဟုတ်ဘဲ တကယ်၍ အစေခံမလေးက လိမ်လည် ပြောခဲ့ရင် သူ့ကံကြမ္မာက မတွေးရဲစရာပင်..။ အဆင့်သုံး မှော်သားရဲကောင်၏ တန်ဖိုးနှင့် ဒါကိုဖြုန်းတီး ပစ်လိုက်ခဲ့ရင်။ ဒီအတွေးဟာ စားဖိုမှူးချုပ်ကို အကြောက်တရားနှင့် တုန်လှုပ်သွားစေခဲ့သည်။

သခင်က မှော်သားရဲကောင် တစ်ကောင်လုံးကို တစ်ကောင်လုံး ကင်ခိုင်းတာပါလား ... ဒါက ဖြုန်းတီးရာ မရောက်ဘူးလား..

စားဖိုမှူးချုပ်က တိတ်တခိုးလေး တွေးလိုက်မိသည်။ ဒါပေမဲ့ သူ့အတွေးကို ထုတ်မပြောရဲပါဘူး။ သခင်တစ်ယောက်၏ အမိန့်ကို သူဘယ်လိုလုပ် မေးခွန်း ပြန်ထုတ်ရမှာလဲ ... အခု သူလုပ်ရမှာက အမိန့်ကို လိုက်နာရုံပါပဲ..

***

ရွှယ်ယင် စောင့်ဆိုင်းနေသည်။ ဆာလောင်မှုကြောင့် သူ့တစ်ကိုယ်လုံး တုန်ရီလို့ နေသည်။ နောက်ဆုံးမှာတော့ မွှေးကြိုင်သော အသားကင်အနံ့ကို သူ ရှူရှိုက်လိုက်မိသည်။

ဝှစ် ..."

ရွှယ်ယင် ထမင်းစားခန်းမကနေ သုတ်သီးသုတ်ပျာ ပြေးထွက်သွားပြီး လက်ရန်းဆီကို ဖျတ်ခနဲ ရောက်ရှိသွားခဲ့သည်။ အောက်ကို ငုံ့ကြည့်လိုက်တော့ တွန်းလှည်းတစ်စီးကို တွန်းလာနေကြသည့် လူတစ်အုပ်အပြင် အနောက်ကနေ လိုက်လာခဲ့သည့် ယောင်္ကျားလေး အစေခံများကိုပါ တွေ့လိုက်ရသည်။ တွန်းလှည်းပေါ်မှာ သူမှာထားသော မှော်သား ရဲကောင်လုံးကင်ကို ထက်ခြမ်းပိုင်းပြီး တင်ထားသည်ကို တွေ့ရသည်။ ကီလို ၆၀၀၀ လောက် ရှိသည့် မှော်သားရဲကောင်၏ အသည်းကို အပြင်ထုတ်ထားပြီး အရည်ပြည့် လျှမ်းနေသော သွေးများလည်း ယိုစီးကျနေသည်။ အစေခံအားလုံးဟာ တုပ်တုပ်ပင် မလှုပ်ဘဲ ရပ်နေကြသည်။ လေးလံလှသော အမည်းကင်ကို ပို့ဆောင်ဖို့အတွက် အားအင်တွေ စိုက်ထုတ်ရသောကြောင့် ဖြစ်သည်။ ဒါဟာ တကယ့် ပြဿနာပင် ဖြစ်သည်။

နည်းနည်းပဲ လိုတော့တယ် ငါတို့ ဒီဟာကို ထမင်းစားခန်းဆီကို အရောက်ပို့နိုင်တော့မယ် ... အားလုံးပဲ ... အားခဲပြီး တစ်စုတည်း လုပ်လိုက်ရအောင် ... အတူတူစုပေါင်းပြီး ငါတို့ အပေါ်ကို ပို့ပေးနိုင်ရမယ် ..."

ယောင်္ကျား အစေခံတွေဟာ အလေးချိန် ၅၀၀၀ ကျော် လေးလံသည့် အမည်းကင်ကို သခင်၏ ထမင်းစားခန်းထဲ အလွယ်ကူဆုံး ပို့ဆောင်နိုင်မည့် နည်းလမ်းကို ဆွေးနွေးတိုင်ပင် နေကြသည်။

ဘုန်း ..."

မြေပြင်ကြီးဟာ တုန်ဟည်းသွားသည်။ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်က လှည်းအရှေ့မှာ ရပ်နေသည်။

သခင် ..."

အစေခံ အားလုံးက သူ့ကို ကြောင်ကြည့် နေပြီးနောက် လေးစားစွာဖြင့် အော်ဟစ်နှုတ်ဆက် လိုက်ကြသည်။

ဟုတ်ပြီ ... အားလုံးပဲ ဒီမှော်အမဲကင်ကို ငါ့ကို ပေးထားလိုက်တော့ ... ကဲ အားလုံးပဲ ကိုယ့်အလုပ်ကို သွားလုပ်ကြတော့ ..."

ရွှယ်ယင်က ပြောပြီးသည်နှင့် လှည်းပေါ်မှာ ထက်ခြမ်း ပိုင်းထားသော အမည်းကင်အား ထည့်ထားသည့် ဧရာမဗန်းကြီးကို မလိုက်သည်။ ဗန်းကြီးသည် သူ့ခန္ဓာကိုယ်ထက်ပင် ကြီးမားနေသည်။ ဒါကို အေးဆေးစွာ မပြီး ရွှယ်ယင်သည် ထမင်းစားခန်းဆီကို လျှောက်သွားလိုက်သည်။

ဘုရား ... ဘုရား..

သူက ဒါကို သယ်သွားတယ် ... ဒါကို သူ သယ်နိုင်ပြီးတော့ လမ်းတောင် လျှောက်နိုင်တယ်ပါလား ...

သားရဲကောင်က ကီလို ၆၀၀၀ လောက်ကို လေးလံတာပါ။ ကင်လိုက်၍ အလေးချိန် လျော့ခဲ့ရင်တောင် အနိမ့်ဆုံး ကီလို ၅၀၀၀ ကျော် ကျန်နေပါသေးသည်။ သန်မာ အားကောင်းတဲ့ ယောင်္ကျာသား အုပ်စုက အတူတကွ စုပေါင်းပြီးတော့ ဒုတိယအထပ်ကိုပဲ ဆွဲတင်နိုင်ခဲ့ကြသည်။ အခုကျတော့ ဒီလိုပဲ သယ်သွားလိုက်တာလား ... သူ ဘယ်လောက်တောင် သန်မာလိုက်သလဲ ...

ဘယ်သူကိုမှာ သွားမပြောနေနှင့် ... ကြားလား ..."

ရွှယ်ယင်က အောက်ထပ်ကို ငုံ့ကြည့်ပြီးတော့ ပြောလိုက်သည်။

ဟုတ်ကဲ့ပါအရှင် ..." အစေခံတွေကလည်း ပြန်ဖြေလိုက်သည်။

ဒီသတင်းသာ ပြန့်သွားခဲ့ရင် ဒါဟာ ကောင်းသော အရာမဟုတ်ဘူး ဆိုတာ ရွှယ်ယင် သိသည်။ သို့ပေမဲ့ ချမ်းသာသော မျိုးနွယ်တွေက ဒီလိုမျိုး ဖြုန်းပစ်တယ်ဆိုတာ ပုံမှန်အရာ တစ်ခုပါ။ များများ ဖြုန်းတီးပစ်လေ တခြားသော မျိုးနွယ်တွေက ဒါဟာ ကြွားဝါတာပဲလို့ ယူဆကြလိမ့်မည်။

ကောင်းမွန်သည့် ဘဏ္ဍာရေး အခြေအနေမရှိဘဲ မည်သူက ဒီလိုဖြုန်းတီးကြမှာလဲ ...

ကီလို ၅၀၀၀ ကျော်သည့် သားရဲကောင်ကို သယ်မသွားသည်ဆိုတာ တကယ်တော့ ဘာမှမဟုတ်ပါဘူး။ အချိန်တန်ရင် သူ့အရည်အချင်းတွေကို သူ ထုတ်ပြသသွားမှာပါ။

ငါတို့ သခင်က ကီလို ၅၀၀၀ ကျော်တဲ့ မှော်သားရဲကောင်ကို မနိုင်တယ်..။ ဒါက သူ ကောင်းကင် သူရဲကောင်းအဆင့် ဖြစ်သွားတာ ဟုတ်မယ် ... ဖြစ်နိုင်တယ်မလား ..."

အင်း ဖြစ်နိုင်တယ် ... အသက် ၁၅နှစ်နှင့် ကောင်းကင် သူရဲကောင်းအဆင့် ... လာမဲ့ နှစ်သစ်ကျရင် အသက် ၁၆ နှစ် ပြည့်တော့မယ် ... ဘယ်လိုတောင် ထူးခြားလိုက်သလဲဆိုတာ ..."

ဟွန့် ... မင်းတို့က သခင်ရဲ့ စွမ်းအားကြီးပုံပဲ မြင်တာကိုး ... သူ ဘယ်လိုမျိုး အရူးအမူး လေ့ကျင့်တာကို မင်းတို့မှ မမြင်တာ ... လေ့ကျင့်ကွင်းထဲက အစေခံတွေ ပြောတာက သူလေ့ကျင့်တာကို ကြည့်နေရုံတင် စိတ်ထဲမှာ မခံစားနိုင် လောက်အောင်ပဲကွ."

အစေခံများက တစ်ယောက် တစ်ပေါက်ဖြင့် ဝေဖန်နေကြသည်။

***

ဒုန်း ... ခလွမ်း ..."

ဗန်းကြီးကို ထမင်းစားပွဲ ခုံကြီးပေါ်ကို တင်လိုက်သည်။ လေးလံလွန်း၍ ထမင်းစား စားပွဲခုံကြီးပင် လှုပ်ခါသွားသည်။

ဘန်း ... ဘန်း"

ရွှယ်ယင်သည် ထမင်းစားခန်း၏ ပြတင်းပေါက်များကို ချက်ချင်းပင် လိုက်ပိတ်လိုက်သည်။

အစေခံများက သူတို့၏ သခင်သည် တကယ်ပင် အဖြုန်းကြမ်းသည်ဟု တွေးထင်နေကြသည်။ တကယ်တမ်းတွင်မူ ရွှယ်ယင်သည် အလွန်အမင်း ဆာလောင်နေခြင်း ဖြစ်သည်။

ကဲ စားမယ်ကွာ ..."

ရွှယ်ယင်သည် ဓားကို ကောက်ယူလိုက်ပြီး ၅ ကီလို လောက်ရှိသည့် အသားတုံး တစ်ဖဲ့အား လှီးထုတ်လိုက်သည်။ ဒါကို တစ်လုတ်တည်းဖြင့် ပါးစပ်ထဲ ထည့်ဝါးပစ် လိုက်သည်။ အရိုးများကိုပင် ဝါးပစ်ပြီ မျိုချလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ဝမ်းမြောက်ဝမ်းသာဖြင့် စွမ်းအင်အသစ်များကို ကြိုဆိုနေလျက် ရှိသည်။ အသားများမှာ အစာအိမ်ကို ရောက်လျှင်သွားချင်း မကြာခင်မှာပဲ အပြည့်အ၀ ကြေညက်သွားလေသည်။

သူ့၏ ခန္ဓာကိုယ်မှာ စွမ်းအင်များကို အလွန်အမင်း တောင့်တ ငတ်မွတ်နေသည်။ ထို့ကြောင့်ပင် ဝင်လာသမျှ အသားကင်ထံမှ စွမ်းအင်များကို ဆက်တိုက်ပင် ချေဖျက်ပြီး အဆက်မပြတ် စုပ်ယူနေတော့သည်။

စားမယ် ... စားမယ် ... စားမယ် ...

ရွှယ်ယင်မှာ အသားများကို အလျင်အမြန်ပင် စားသောက်နေရာ မှော်သားရဲကောင် အကောင်လုံးကင်မှာ တတိတိ လျော့ပါးလာခဲ့သည်။ ရွှေရောင် ဝင်းဝါနေသော သားရဲ အကောင်လုံးကင်မှာ အရိုးသေးသေးလေး ပါမကျန် ဝါးမျိုခြင်း ခံလိုက်ရခြင်း ဖြစ်သည်။ အရိုးချောင်းကြီးကြီးတွေသာ ကျန်ခဲ့သည်။

***

ရွှယ်ယင် ... ရွှယ်ယင် ... မင်း ဘာလို့ ဖြုန်းတီး နေရတာလဲဟေ့ ..."

ဒေါသအချို့ စွက်နေသော ခြင်္သေ့ လူထုံစန်း၏ အသံက ပျံ့လာသည်။ ဤရဲတိုက်မှာ ထုံစန်းကလွဲ၍ မည်သူမှ သူ့ကို အပြစ်ရှာဝံ့သူ မရှိချေ။

ဘုန်း ..."

ထုံစန်း တံခါးကို ဒေါသတကြီးဖြင့် တွန်းဖွင့်လိုက်သည်။ ဒါပေမဲ့ အထဲမြင်ကွင်းကို မြင်လိုက်ရသည့် အခါမှာတော့ သူ အံ့သြသွားသည်။ အရိုးချောင်း ကြီးကြီးတွေသာ ဗန်းပေါ်မှာ ရှိနေသည်။ အသားနှင့် အရိုးသေးသေးများပင် မရှိတော့ပြီ။

တုန်ပိုရွှယ်ယင်မှာမူ ပါးစပ် ဆေးလိုက်ပြီးနောက် ပြုံးလိုက်ကာ

ဦးလေးထုံ မြင်တယ်မလား ... ကျွန်တော် ဘာမှ မဖြုန်းပစ်ဘူး ..."

  ***

အပိုင်း ( ၁၁ ) ကြီးမြတ်သော ခွန်အား

မင်း..မင်း ..."

ခြင်္သေ့လူကြီး ထုံစန်းသည် မှော်သားရဲကောင်လုံးကင်၏ အကြွင်းအကျန် အရိုးချောင်းကြီးကို မယုံနိုင်စွာ ကြည့်ပြီး -

ရွှယ်ယင် ... အသားတွေကို လှီးထုတ်ပြီး ဖွက်ထားတယ်မလား ... ပြောစမ်း ... ဘယ်မှာ ဖွက်ထားတာလဲ ..."

ထုံစန်းသည် ထမင်းစားခန်း၏ ထောင့်နေရာများမှာပင် မကျန် စတင် ရှာဖွေကြည့် လိုက်သည်။ ကြမ်းခင်းမှာပင် ဒူးထောက်ပြီးတော့ စားပွဲအောက် ... ဗီရိုအောက်တွေမှာ အောက်ငုံ့ပြီး လိုက်ကြည့်လေသည်။

ဦးလေးထုံ ... ကျွန်တော် အကုန်စားလိုက်ပါပြီး ဆိုမှ ..."

ရွှယ်ယင်သည် သူပြောတာကို ယုံကြည်စေရန် ကြိုးစားလိုက်သည်။

မင်း တကယ်ကြီးကို အကုန်လုံး စားပစ်လိုက်တာလား ... အဲဒီကောင်က ကီလို ၅၀၀၀ တောင်ကျော်တာနော် ... မင်း ကိုယ်လုံးက သေးသေးလေး အဲဒါကိုတောင် အကုန်စားပစ် လိုက်တယ်.."

ထုံစန်းသည် ရွှယ်ယင်ကို ငေးကြည့်လို့ နေသည်။

ငါ ဘယ်လိုလုပ်ယုံလို့ ရမှာလဲဟ. မင်းတစ်ယောက်တည်း မပြောနှင့် သူရဲကောင်း တစ်ယောက်တောင် ကီလို ၅၀၀၀ လောက်ရှိတဲ့ အသားကို တစ်ခါတည်း အပြီး မစားနိုင်ဘူးကွ ..."

ရွှယ်ယင် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

ဒီကိစ္စသည် သူ ပထမဆုံး ကြုံတွေ့လိုက်ရသည့် ဇီဝဗေဒဆိုင်ရာ ခုန်ကျော်ခြင်း ဖြစ်ပြီး သူ့၏ ဆဲလ်ကလာပ် စည်းတိုင်းမှာလည်း စွမ်းအင်တွေကို အငမ်းမရ တောင့်တလာခဲ့ကြသည်။ ဒါဟာ သူ ဘာကြောင့် အများကြီး စားချင်ရသလဲဆိုတာ အဖြေ ဖြစ်သည်။ တကယ်၍ သူ ဒီလိုမျိုး ပြန်စားချင်ခဲ့မယ် ဆိုရင်တောင် နောက်ထပ် သူ အများကြီး စားနိုင်မှာ မဟုတ်တော့ပါဘူး။

ဦးလေးထုံ ... ဒီမှာ ကြည့် ..."

ရွှယ်ယင်သည် သူ့အနားမှာ ရှိနေသည့် ငွေပန်းကန်ပြား တစ်ခုကို ကောက်ယူလိုက်ပြီး ချက်ချင်းပဲ ဖျစ်ညှစ်လိုက်ရာ ငွေပန်းကန်ပြားမှာ ရုတ်ခြည်းပင် ပိန်လိမ် သွားလေသည်။ လက်နှစ်ဖက်ကို အားစိုက်ပြီး ဖိသိပ်လိုက်ရာ သူ့လက်ပေါ်တွင် သတ္တုလုံး တစ်လုံးလို ဖြစ်သွားသည်။

" ဒါက ..."

ထုံစန်းမှာ အံ့သြမှင်တက်စွာဖြင့် ကြည့်နေမိတော့သည်။

တုန်ပိုရွှယ်ယင်သည် သတ္တုလုံးကို ညာလက်ဖြင့် ဖမ်းကိုင်လိုက်ပြီး နောက်တစ်ကြိမ် ထပ်ဖျစ်ညှစ် လိုက်သည့်အချိန်မှာ ငွေသတ္တုသားက လက်ချောင်း ကြားထဲကနေ မုန့်နှစ်လို ဖျစ်ထွက်လာသည်။

ထို့နောက် ရွှယ်ယင်သည် လက်နှစ်ဖက်ကို ပူးပြီး လှိမ့်ပွတ် လိုက်သည်နှင့် ငွေရောင် တုတ်တံတစ်ချောင်း ဖြစ်လာခဲ့သည်။

မင်း ဘယ်လို လုပ်လိုက်တာလဲ..

ထုံစန်းသည် မယုံနိုင်အောင် ဖြစ်သွားခဲ့ရသည်။ သူနှင့် ကျုံးလိန်ပင် ဒီလို ဖြစ်အောင် လုပ်လို့ မရသေးပါဘူး။ အကယ်၍ သူ အားစိုက်ပြီး ဖျစ်ညှစ်လိုက်ခဲ့ရင် ပန်းကန်ပြားကို သတ္တုလုံး အဆင့်အထိပဲ လုပ်လို့နိုင်မည်။ ဒါပေမဲ့ သတ္တုလုံးကို လက်ချောင်းကြားထဲနေ ဖျစ်ထွက်လာအောင် လုပ်ပြပြီး တုတ်တံပုံစံ ဖြစ်အောင် ပုံစံသွင်းဖို့ ဆိုတာကတော့ မဖြစ်နိုင်သေးပါဘူး။ ဒါဟာ တကယ့်ကို ကြောက်စရာ ကောင်းသည်။

ကဲ ကျွန်တော် ပြောတယ်မလားအကုန် စားလိုက်ပါပြီးလို့ ... အခုတော့ ယုံပြီးမလား ဦးလေးထုံ ..." ရွှယ်ယင်က မေးလိုက်သည်။

ယုံပြီး ... ယုံပြီး ... မင်း ဘာပဲပြောပြော ငါယုံပြီး ... ဒီလောကကြီး ဘာတွေ ဖြစ်ကုန်တာလဲ ... မင်းက ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒီလောက် စွမ်းအားကြီး သွားရတာလဲ ... ဒါက ... ဒါက အရမ်း လေးနက်တယ် ... ငါလည်း မပြောတတ်တော့ဘူး ..."

ထုံစန်းမှာ အတော်လေးပင် စိတ်ရှုပ်ထွေး နေသည်။ ပုံမှန်အားဖြင့် အဆင့်တွေကို ခုန်ပျံကျော်လွှား သွားလို့မရချေ။ လူသားအဆင့် ကနေ ကမ္ဘာမြေအဆင့် ... ကမ္ဘာမြေအဆင့်ကနေ ကောင်းကင်အဆင့် ... တစ်ဖန် ကောင်းကင်အဆင့်မှ ဥက္ကာပျံအဆင့် ... အဆင့်များသည် အစဉ်တိုင်းပင် သွားရမြဲပင်..။

မင်းမှာ ဒိုချီစွမ်းအင်လည်း မရှိသေးဘူး ... လူသားအဆင့် သူရဲကောင်းလည်း မရောက်သေးဘူး ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ထုံစန်းမှာ ဒါကို နားလည်ဖို့ အရမ်းခက်ခဲ နေသည်။

အခု ကျွန်တော် လုပ်ပြနိုင်ခဲ့ပြီးလေ..

ရွှယ်ယင် ထရပ်လိုက်ပြီ ..." ဦးလေးထုံ ... ခဏလောက် စောင့်နေပါဦး ..."

ရွှယ်ယင်က ပြောလိုက်ပြီးသည်နှင့် ကျယ်ဝန်းသော နေရာကို သွားပြီး လက်သီးသိုင်းကို စတင် လေ့ကျင့်လိုက်သည်။ သူ၏ လှုပ်ရှားမှုနှင့် လက်ဟန်များမှာ ရေအလျဉ် စီးဆင်းနေသကဲ့သို့ ရှိနေသည်။ သူ၏ ခန္ဓာကိုယ်သည် စွမ်းအင်တွေနှင့် ပြည့်နှက်နေပြီး ကောင်းကင်နှင့် မြေကြီးကြားထဲမှ စွမ်းအင်တွေဟာ အဆက်မပြတ်ပင် သူ့ခန္ဓာကိုယ်ကို တိုးဝင်နေသည်။ ထူးခြားအံ့ဖွယ် ကောင်းသော စွမ်းအင်တွေသည် သူ့၏ ကြွက်သားစိုင် များထဲနေ ပေါ်ထွက်လာခဲ့သည်။ ထိုစွမ်းအင်ကား ... ဒိုချီ ...

တကယ်တမ်းမှာ သူသည် အသားကင် အားလုံးကို စားသောက်လိုက်ပြီး အချိန်မှာ သူ့၏ ခန္ဓာကိုယ်သည် ဒိုချီစွမ်းအင်ကို ထုတ်နိုင်နေပါပြီ။

ဒုန်း ... ဒုန်း ... ဒုန်း"

ရွှယ်ယင်သည် မီးလျှံသုံးဆင့် သိုင်းကို လေ့ကျင့်ပြီးသည်နှင့် သူ့ခန္ဓာကိုယ်သည် ဒိုချီစွမ်းအင်ကို များစွာ စုစည်းလာခဲ့သည်။ သူ့၏ အရေပြား ... ကြွက်သားများနှင့် အရိုးများထံသို့ ဒိုချီစွမ်းအင်များသည် ၎င်းဘာသာ စိမ့်ဝင်သွားခဲ့သည်။ ကောင်းကင်နှင့် မြေကြီးထဲက ထူးခြားသော စွမ်းအင်များသည် သူခန္ဓာကိုယ်ထဲကို အဆက်မပြတ်လည်း စီးဝင်နေကာ လက်ခံရရှိလာသော ဒိုချီစွမ်းအင်များကြောင့် သူ၏ ခန္ဓာကိုယ်သည်လည်း ဆက်တိုက်ပင် ပြောင်းလဲလာခဲ့သည်။ ရွှယ်ယင်၏ ခန္ဓာကိုယ်သည် အဆုံးမရှိသော တွင်းနက် တစ်ခုလိုပင် ကောင်းကင်နှင့် မြေကြီးကြားထဲက စွမ်းအင်များ တိုးဝင်လို့ နေသည်။

သူသည် ဒိုချီသိုင်းကို အကြိမ်ကြိမ် လေ့ကျင့်နေလိုက်သည်။

ပထမတွင် ထုံစန်းသည် အံ့သြပြီး စိုးရိမ်နေခဲ့သည်။ ဒါပေမဲ့လည်း မကြာခင်မှာပဲ တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။ အချိန်နာရီ နောက်ထပ် ၄ နာရီ ကုန်လွန်သွားခဲ့သည်။ ထုံစန်းသည် အားမရှိသလိုပင် ခံစားလာနေရသည်။

မင်း ဘာလို့ လေ့ကျင့်နေသေးတာလဲ.."

ဘယ်လောက် အထိ ကြာအောင် လေ့ကျင့်နေဖို့ စဉ်းစားထားလဲ ..."

ထုံစန်းသည် ရွှယ်ယင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေမိသည်။

ထုံစန်းပြောလိုသည့် အဓိပ္ပာယ်ကား ချီကျင့်စဉ်ကို အများကြီး လေ့ကျင့်ခြင်းဖြင့် အများကြီး တိုးတက် သွားလိမ့်မည်ဟု ယူဆလို့ မရပါဘူး။ သူရဲကောင်း တစ်ယောက်ဖြစ်ဖို့ရာ တစ်နေ့လျှင် နှစ်ကြိမ် သုံးကြိမ်မျှသာ လေ့ကျင့်ဖို့ လိုသည်။ များများ လေ့ကျင့်ပေမဲ့လည်း ခန္ဓာကိုယ်က နိုင်သလောက်သာ စုပ်ယူနိုင်သည်။ ဒါပေမဲ့လည်း သူရဲကောင်း ဖြစ်သွားပြီးနောက် ဒိုချီစွမ်းအင် တိုးများဖို့အတွက်က အချိန်များစွာ ယူရပေလိမ့်မည်။ လူတစ်ယောက်အတွက် တစ်နေ့တာ စုပ်ယူနိုင်သည့် ဒိုချီစွမ်းအင်မှာ အကန့်အသတ် ရှိသည်။ ထို့ကြောင့် လေ့ကျင့်သည့် အကြိမ် အရေအတွက်မှာလည်း ကန့်သတ်ချက် ရှိသည်။ ဒါပေမဲ့ ရွှယ်ယင်က ဘာကြောင့် ၄ နာရီကြာအောင် လေ့ကျင့်နေရတာလဲ ... ဒါဟာ လုံးဝကို မူမမှန်သည့် ကိစ္စပဲ ...

" ဘုန်း ... ဘုန်း ..."

သူ့တစ်ကိုယ်လုံးရှိ ဒိုချီစွမ်းအင်များ တက်ကြွစွာ ပွက်ထလာသလို ရွှယ်ယင်က ခံစားလိုက်ရသည်။ တစ်ဖန် ကောင်းကင်နှင့် မြေကြီးတို့၏ စွမ်းအင်တွေကိုလည်း နောက်ထပ် မစုပ်နိုင်တော့တာကိုလည်း ခံစားလိုက်ရသည်။

ဒီလို လျင်လျင်မြန်မြန်နှင့် အဆင့်တက် သွားလိမ့်မယ်လို့ မထင်မှတ်ထားမိခဲ့ဘူး ... မကြာခင်မှာပဲ ကမ္ဘာမြေ သူရဲကောင်းအဆင့်ကို ရောက်လိမ့်မယ် ..."

ရွှယ်ယင် သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

အင်း ... ငါ့ရဲ့ ဒိုချီစွမ်းအင်တွေက ကမ္ဘာမြေ သူရဲကောင်း အဆင့်ကို ရောက်နေပြီဆိုတာ မှန်ပေမဲ့ ငါ့ရဲ့ ခန္ဒာကိုယ် ခွန်အားကတော့ ကမ္ဘာမြေ သူရဲကောင်း အဆင့်ကို တော်တော်လေးကို ကျော်လွန်နေပါပြီ ..."

ပုံမှန်လမ်းစဉ်အရ ဆိုလျှင် ခန္ဓာကိုယ်ကနေ ဒိုချီစွမ်းအင်ကို ထုတ်လွှတ်နိုင်ပြီ ဆိုလျှင် လူသား သူရဲကောင်း အဆင့်ကို ရောက်နေပြီဟု ဆိုနိုင်သည်။

နောက်ပြီးတော့ ဒိုချီစွမ်းအင်တွေက ကြွက်သား စိုင်တွေနှင့် အရိုးတွေမှာ စိမ့်ဝင်နေပြီး ဖြစ်သလို တဖြည်းဖြည်းနှင့် ၎င်းတို့ကို အားအင် သန်စွမ်းအောင် ဖြည့်တင်း ပေးကြမည်။ ဒိုချီစွမ်းအင်တွေဟာ တဖြည်းဖြည်းဖြင့် ကြီးထွားလာမည် ဖြစ်ကာ နောက်ဆုံးတွင် ကြွက်သားများနှင့် အရိုးများတွင်ပါ တွေ့မြင်နိုင်တော့မည် ဖြစ်သည်။ သူတို့ဟာ ကမ္ဘာမြေ သူရဲကောင်း အဆင့်တစ်ယောက် ဖြစ်လာပေတော့မည်။

ဒိုချီစွမ်းအင်တွေသာ တစ်ကိုယ်လုံးကို လွှမ်းမိုးလာပြီဆိုလျှင် ဝမ်းဗိုက်သားတွင်ရှိ ဒန်တျန်း နေရာတွင် ချီပင်လယ်အဖြစ် စုစည်း လာပေလိမ့်မည်။ ဒါဟာ ကောင်းကင်အဆင့် သူရဲကောင်း တစ်ယောက်၏ အမှတ်သင်္ကေတ တစ်ခုပင်ဖြစ်သည်။

ဒိုချီစွမ်းအင်တွေသည် အရည်အဖြစ် ဖွဲ့တည်လိုက်ပြီး ဒန်တျန်ချီ ပင်လယ်တွင် စတင် စီးမျောနိုင်ခဲ့ရင်တော့ ဥက္ကာပျံ သူရဲကောင်း အဆင့်ကို ရောက်ရှိမှာ ဖြစ်သည်။ ဒိုချီစွမ်းအင်ကို အရည်အဖြစ် ပြောင်းလဲ ဖွဲ့တည်နိုင်ခဲ့ရင် ထိုသူရဲကောင်း၏ ဒိုချီစွမ်းအင်တွင် သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာလိမ့်မည်။ ၎င်းစွမ်းအင်မှာ ပြင်းလည်း မပြင်းထန်တော့သလို ကြမ်းတမ်းခြင်းလည်း မရှိတော့ပါဘူး။ မာကျောခြင်း နူညံ့ခြင်း နှစ်ခုစလုံးဖြင့် ပြောင်းလဲ သွားပေလိမ့်မည်။ ခွန်အားကို နူးညံ့ခြင်းဖြင့် ပေါင်းစည်း လိုက်သည့်အခါမှာ ဥက္ကာပျံအဆင့် သူရဲကောင်း တစ်ယောက်ဟာ သူ့၏ ဒိုချီစွမ်းအင်ဖြင့် ခန္ဓာကိုယ်ပေါ်တွင် အကာအကွယ် အလွှာတစ်ခုကို ဖန်တီး နိုင်သွားသည်။ ဒါဟာ ဥက္ကာပျံအဆင့် သူရဲကောင်း တစ်ယောက် အနေဖြင့် တိုက်ပွဲတွင် တရစပ် ပစ်ခတ်လာသော မြားပေါင်းများစွာကို ဂရုမစိုက်ဘဲလည်း နေနိုင်သည်။ ဒိုချီစွမ်းအင် အလွှာတွင် မြင့်မားသော ခုခံခြင်းစွမ်း သတ္တိရှိ၍ ခန္ဓာကိုယ်ကိုလည်း အားဖြည့်ပေးကာ သန်မာသန်စွမ်းအောင် အသုံးချလို့ ရသည်။

အကယ်၍ ဒိုချီစွမ်းအင် အရည်တွေက ပိုပြီး စုစည်းနိုင်ခဲ့ရင် ဒန်တျန်အတုတစ်ခု ပုံစံ ဖြစ်လာလိမ့်မည်။ ထိုကဲ့သို ဒိုချီစွမ်းအင်တွေက အရမ်းကို နက်နဲသိမ်မွေ့ သွားသလို ပိုပိုပြီး စွမ်းလာပါသည်။ အရမ်းလည်း နူညံ့သွားကာ အထိမခံသော ခန္ဓာကိုယ်အတွင်း အင်္ဂါအထိ စိမ့်ဝင်သွားပြီး ခန္ဓာကိုယ် တစ်ခုလုံးကို အသစ်တစ်ဖန် ပြန်ဖြစ်စေသွားမည်။ ဒါဟာ ငွေလသူရဲကောင်း အဆင့်တစ်ယောက်၏ လက္ခဏာ တစ်ရပ် ဖြစ်သည်။

ဒါပေမဲ့ ဒဏ္ဍာရီအဆင့် သူရဲကောင်းကရော..

သူတို့သည် ကောင်းကင်နှင့် တစ်သားတည်း နယ်ပယ်ကို ရောက်နေရမည်။ အဲဒီအချိန်ကျရင် သူတို့ဟာ ကောင်းကင်နှင့် မြေကြီးမှ စွမ်းအားကို ရယူပြီးတော့ အသုံးချ နိုင်သွားမည်။ ထိုအချိန်မှာ သူတို့သည် ဒဏ္ဍာရီအဆင့် သူရဲကောင်း အစစ်အမှန်တွေဟု သတ်မှတ်ကြသည်။ ဒဏ္ဍာရီအဆင့် သူရဲကောင်း တစ်ယောက်ဟာ ငွေလအဆင့် သူရဲကောင်း တစ်ယောက်နှင့် လုံးဝကို ကွဲပြားပါသည်။ ခြားနားခြင်းကတော့ မယုံကြည် နိုင်လောက်အောင် ကွာဟလွန်းပါသည်။ ငွေလအဆင့် သူရဲကောင်းကိုတောင် တစ်ချက်တည်းနှင့် သတ်ဖြတ်ပစ်လို့ ရနိုင်သည်။ ဒဏ္ဍာရီအဆင့် သူရဲကောင်းဆိုတာ သေမျိုးတွေရဲ့ အဆုံးအစွန်းပါ။ အချို့သော ဒဏ္ဍာရီအဆင့် သူရဲကောင်း ထိပ်သီးတွေဟာ အထွတ်အထိပ် အဆင့်နှင့်ပင် ရင်ဆိုင် တိုက်ခိုက်နိုင်ကြသည်။

သူတို့ဟာ အထွတ်အထိပ် အဆင့်ကို ရောက်ရှိဖို့ ခြေတစ်လှမ်းပဲ လိုတော့သည့် သူများ ဖြစ်ကြသည်။

ငါ့ရဲ့ ခန္ဓာကိုယ် ကြွက်သားတွေနှင့် အရိုးတွေကို ဒိုချီစွမ်းအင်တွေနှင့် အဆက်မပြတ်ကို အားဖြည့် တင်းပေးနေလို့ နှစ်ခုစလုံးက ပြီးပြည့်စုံနေပါပြီ ... အဲဒါကြောင့်ပဲ ငါ ကမ္ဘာမြေ သူရဲကောင်း အဆင့်ကို ချက်ချင်း ရောက်သွားတာ ..."

ရွှယ်ယင်က သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်တာပါ။

နောက်တစ်ဆင့်ကတော့ ဒိုချီပင်လယ်ရအောင် လုပ်ဖို့ပဲ. ငါ တဖြည်းဖြည်းနှင့် ဒိုချီကို လုံလောက်အောင် စုဆောင်းရမယ် ..."

ရွှယ်ယင် ... ရွှယ်ယင် ..."

ရွှယ်ယင် လေ့ကျင့်တာကို ရပ်နား လိုက်သည်ကို မြင်သည်နှင့် ထုံစန်းက ခေါ်လိုက်သည်။

ဟားဟား ... ဦးလေးထုံစန်း. ကျွန်တော်နှင့် လိုက်ခဲ့ ..."

ရွှယ်ယင်က ပြုံးပြီး ပြောလိုက်သည်။ ထို့နောက် ထမင်းစားခန်းကနေ ချက်ချင်းပဲ ထွက်လိုက်ပြီး အဆောက်အဦကနေ ခုန်ချလိုက်သည်။ ထုံစန်းလည်း ခပ်သွက်သွက်ပင် အနောက်ကနေ လိုက်ခဲ့ပြီး လိုက်ခုန်ချလိုက်သည်။

အရမ်းကို လျင်မြန်ပါသည်။

လူပုံရိပ် နှစ်ယောက် စလုံးက လေ့ကျင့်ကွင်းဆီကို ခဏအတွင်းမှာပဲ ရောက်သွားခဲ့ကြသည်။

ရွှယ်ယင် ... မင်းဘာလို့ လေ့ကျင့်ကွင်းဆီကို လာရတာလဲ ... "

ထုံစန်းက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

စိတ်ကို အေးအေးဆေးဆေးပဲ ထားပါ ဦးလေးထုံ

ရွှယ်ယင်က ပြောလိုက်ရင်း ဘေးဘက်ကို ပြေးလိုက်ကာ သူအမြဲသုံးနေကြ လှံကို ကောက်ယူ လိုက်သည်။ သူ့လှံက ကီလို၂၅ ကျော် လေးပြီး နှင်းတောင် တောင်တန်း တစ်ခွင်မှာ အကောင်းဆုံး လှံဟု ပြောလို့ရသည်။

ရွှယ်ယင်က လှံတံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး သူ့အရှေ့က လေ့ကျင့်ရေး အရုပ်ဆီကို အာရုံအပြည့်အ၀ စိုက်လိုက်သည်၊

ထုံစန်းက အသက်ပြင်း ရှိုက်လိုက်ပြီး ဘေးနားကနေ စိတ်ဝင်တစားဖြင့် ကြည့်နေလိုက်သည်။ သူ့၏ တူလေးက သူရောက်ရှိနေသော အင်အားကို ပြသချင်နေမှန်း သူ သဘောပေါက် ထားသည်။ ရွှယ်ယင်က သူ့၏ လှံသိုင်းပညာကို အသုံးပြုလိုက်သည့် အချိန်မှာ သူ့ခွန်အားကို မည်မျှအထိ ထုတ်ဖော်ပြသ နိုင်မလဲဆိုတာကို သူလည်း တွေ့ချင် မြင်ချင်နေမိသည်။

ယား ..."

လှံ၏ ရွေ့လျားချက်တိုင်းမှာ လှံအရိပ်များစွာ ထင်ကျန်ခဲ့သည်။

ထို့အတူ လှံအရိပ်ပေါင်း များစွာသည် လေ့ကျင့်ရေး အရုပ်နှင့် ထိရိုက်သွားသည့်နှင့် တဘုန်းဘုန်း အသံများ ဆက်တိုက် ထွက်လာသည်။

တစ်ချက် အတွင်းမှာပဲ ရွှယ်ယင် သူ၏လှံ တိုက်ခိုက်နေမှုကို ရပ်တန့်လိုက်သည်။

အရမ်းမြန်တယ် ... ရွှယ်ယင် ... မင်းရဲ့လှံသိုင်းကတော့ အရမ်းရမ်းကို မြန်တယ် ... ငါဆိုလည်း တားနိုင်မှာ မဟုတ်ဘူး ..."

ထုံစန်းမှာ ရွှယ်ယင်၏ အရမ်းမြန်သော လှံချက်တွေကြောင့် အရမ်းကို ထိတ်လန့် သွားခဲ့သည်။ လေ့ကျင့်ရေး အရုပ်ကို သူ ကြည့်လိုက်မိသည်နှင့် သူ့မျက်လုံးအစုံမှာ ပြူးကျယ် သွားခဲ့သည်။ လေ့ကျင့်ရေး အရုပ်ပေါ်တွင် လှံချက်ကြောင့် တွင်းနက်နက်များ ဖောက်ထွက်နေခြင်း ဖြစ်သည်။ ယင်းတွင်းနက်များ စုပေါင်း၍ စာလုံး ၃ လုံး ပုံသဏ္ဌာန်လည်း ဖြစ်ပေါ်နေသည်။

၎င်းမှာ" အံ့သြဖို့ မကောင်း ဘူးလား" ဟူ၍ ဖြစ်သည်။

မင်းက အရုပ်ကိုတောင် တိုးလျိုးပေါက် ဖြစ်အောင် ဖောက်နိုင်တယ်လား"

ထုံစန်းက မေးလိုက်သည်။ သူ့မျက်ဝန်းမှာ မယုံကြည်နိုင် ဖြစ်နေသည်။

ကြယ်အဆင့်မှာ ရောက်နေတဲ့ ဘယ်သူမဆို ဤအရုပ်ကို ဤကဲ့သို့ ထိုးဖောက်သွားအောင် မလုပ်နိုင်တာတော့ သေချာသည်။

နောက်ထပ် အံ့သြဖို့ ကောင်းတာတွေကို မြင်ရဦးမယ် ..."

ပြောပြီးသည်နှင့် ရွှယ်ယင်သည် ချက်ချင်းပဲ ကိုယ်အတွင်းမှ စွမ်းအားတွေကို ထုတ်လွှတ် လိုက်သည်။ ထိုအခါ အနီရောင် ဖျော့ဖျော့ အခိုးအငွေ့တွေက အနားပတ်လည်မှာ ရစ်သိုင်း လာခဲ့သည်။ ရက်စက်ပြင်းထန်ဟန် ရှိသည့် အခိုးအငွေ့တွေက သူ့အနားမှာ အုံကြွလာ၍ ထုံစန်းမှာ ကြောက်လန့်တကြား ဖြစ်သွားရသည်။ ရွှယ်ယင်သည် လှံကို ဝင့်ဝင့်ပြီး ဝှေ့ယမ်းလိုက်ကာ လေ့ကျင့်ရေး အရုပ်ကို ထိုးလိုက်သည်။ လှံတံမှာ မဖြစ်နိုင်လောက်အောင် ကော့ညွတ်သွားကာ" ဘန်း ..." ဆိုသော အသံနှင့်အတူ လေ့ကျင့်ရေး အရုပ်မှာ တုန်ခါသွားပြီး အက်ကွဲရာများ ဖြစ်ပေါ်လာခဲ့သည်။

ဘန်း ..."

ဒုတိယ ကြိမ်မြောက် လှံထိုးချက် နှင့်အတူ လေ့ကျင့်ရေး အရုပ်မှာ ချက်ချင်းပင် အပိုင်းပိုင်း အစစများ ကွဲအက်သွားကာ နေရာအနှံကို ပြန့်ကျဲသွားခဲ့သည်။ ထက်ပိုင်း ကျိုးနေသော လေ့ကျင့်ရေး အရုပ်အောက်ပိုင်းသာ ကျန်ခဲ့သည်။

ဘန်း"

အရုပ်အောက်ပိုင်းဆီကို ရွှယ်ယင်၏ လှံက တတိယအကြိမ် ရိုက်ချလိုက်ပြန်သည်။

ရွှယ်ယင်၏ လှံတစ်ခုလုံးလည်း ကျိုးအက် သွားခဲ့သည်။ လေ့ကျင့်ရေး အရုပ်အောက်ပိုင်းလည်း အပိုင်းအပိုင်းများ ကွဲအက်သွားချေသည်။

ရွှယ်ယင်သည် သူ့လက်ထဲက ကျိုးအက်သွားသော လှံပိုင်းကို ငေးကြည့်နေမိသည်။ ဤလှံသည် သူ အသုံးပြုလာခဲ့သည်မှာ ကြာလှပြီဟု ဆိုနိုင်သည်။ သူ့၏ခွန်းအားက လှံကို ကျိုးအက် သွားစေလိမ့်မည်ဟု သူ မထင်ထားခဲ့မိသည်မှာ အမှန်ပင် ဖြစ်သည်။

အစ်ကိုကြီး ကျွန်တော် ပြန်လာပြီ ..."

ထိုအခိုက်တွင် ညီငယ်လေး ချင်းရှီ၏ ကြည်လင် ပြတ်သားသော အသံကို ကြားလိုက်ရသည်။

တုန်ပိုရွှယ်ယင်သည် ခေါင်းကို မော့ပြီ ကောင်းကင်ကို ကြည့်လိုက်သည်။ ကောင်းကင်မှာ အတော်ပင် မည်းမှောင်နေပြီး..။

ဦးလေးထုံ ချင်းရှီနှင့် ဦးလေးကျုံးတို့ ပြန်လာကြပြီး ညနေစာ အရင်သွားစားရအောင် ... စားပြီးမှပဲ ဦးလေးကျုံးကို အကြောင်းစုံ ပြန်ပြောပြလိုက်တော့မယ် ..."

ရွှယ်ယင်က ပြုံးလိုက်ရင်း ပြောလိုက်သည်။ ဒီလိုအဖြစ်မျိုးကို တခြားသူတွေသာ ကြုံတွေ့ခဲ့ရင် သူတို့တွေ ခေါင်းရှုပ်သွားမှာ သေချာသည်။ ဒါပေမဲ့ ရွှယ်ယင်က စာအုပ်များစွာကို ဖတ်ရှုထားသည်မို့ ဒီအဖြစ်မျိုးကို မှတ်တမ်းတင် ထားသော စာအုပ်မျိုး တစ်အုပ်သာ ဖတ်ခဲ့ဖူးသည်။

အပိုင်း ( ၁၂ ) ကမ္ဘာဦးခေတ်

အင်း..ကောင်းပြီလေ..

ထုံစန်းမှာ သိချင်စိတ်ကို မျိုသိပ်လိုက်ရသည်။ ညနေစာ စားသောက်ပြီးလျှင် အဖြေသိ ရတော့မည်။ ထိုမျှလောက်တော့ သူ စိတ်ရှည်ရှည်ဖြင့် သည်းခံ စောင့်နေရပေဦးမည်။

အစ်ကိုကြီးရေ ... ကျွန်တော်တို့ ပြန်ရောက်ပြီး ..."

ချင်းရှီနှင့် ထုံစန်းတို့ နှစ်ယောက်သည် နှင်းနတ်မြင်းပျံ ကိုယ်စီ စီးနင်း လာကြသည်။ သူတို့နှစ်ယောက် အနောက်တွင် စစ်သည်အုပ်စု တစ်အုပ်စုသည် စစ်သည် အင်အားပြသရင်း အနောက်ကနေ လိုက်ပါလာခဲ့ကြသည်။ ရီရွှေမြို့သည် တစ်နိုင်ငံလုံးတွင် တရားဥပဒေ လက်လှမ်းမမီသော မြို့တစ်မြို့ ဖြစ်ပေသည်။ တစ်ဖန် ရီရွှေမြို့တွင် နှင်းလင်းယုန် နယ်မြေ ပိုင်ဆိုင်သည့် တုန်ပိုကလန်မှာ ထိပ်သီး ၁၀ ကလန်တွင် တစ်ခုဖြစ်ပေသည်။ ထို့ကြောင့် ချင်းရှီလေးသည် ရီရွှေမြို့ဆီကို သွားလည်သည့် အခါတိုင်း သူ့ဂုဏ်ဒြပ်ဖြင့် လျော်ညီစွာ အနောက်ကနေ တံပိုးခရာများ တီးမှုတ်ရသည့် သိုက်မြိုက်သော စစ်သည် အခမ်းအနားဖြင့် သွားလာရသည်။

ညီလေးဖြစ်သူက နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြင့် ဖြတ်သန်းနေသည်ကို မြင်သောအခါ ရွှယ်ယင်မှာ အလိုလို ပျော်ရွှင်နေမိသည်။

***

ညနေစာ စားသောက်ပြီး နောက်တွင် ချင်းရှီသည် ဟန်တောင် မဆောင်နိုင်ဘဲ အိပ်ပျော် သွားခဲ့သည်။ တစ်နေကုန် ကစားထား၍ ပင်ပန်း နွမ်းနယ်နေ ခြင်းကြောင့် ဖြစ်သည်။ ထိုအချိန်တွင် တုန်ပိုရွှယ်ယင်၊ ကျုံးလိန်နှင့်ထုံစန်း တို့ စာကြည့်ခန်းကို သွားနေကြသည်။

ငါတို့ ရွှယ်ယင်းရဲ့ စာဖတ်အခန်းမှာ ဘာလုပ်ကြမလို့လဲ ... ထုံစန်း..မင်း ဘာဖြစ်လို့ ဒီလောက်တောင် စိတ်လှုပ်ရှားပြီ စိတ်မရှည် ဖြစ်နေရတာလဲ ... ဘာဖြစ်ကြတာလဲ ... "

ကျုံးလိန် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

တုန်ပိုရွှယ်ယင်က ပြုံးရုံသာ ပြုံးလိုက်ပြီ စာအုပ်စင်ဆီကို သွားလိုက်ကာ အရင်က ဖတ်ဖူးသည့် စာအုပ်တစ်အုပ်ကို ပြန်ရှာဖွေနေလိုက်သည်။

ငါကပဲ ရှင်းပြပေးမယ် ..."

ထုံစန်းသည် အသက်ပြင်း တစ်ချက်ရှိုက်သွင်း လိုက်သည်။

ဒီနေ့ ... ရွှယ်ယင်က အစေခံ တစ်ယောက်ကို ပေါင်၁၀၀၀၀ ကျော်လေးတဲ့ အဆင့်သုံး မှော်သားရဲကောင် တစ်ကောင်ကို ကင်ခိုင်းလိုက်တယ် ... ပြီးတော့ အကုန်လုံးကို သူတစ်ယောက်တည်းပဲ စားပစ်လိုက်တယ် ..."

ကြားလိုက်ရခြင်းမှာပဲ ကျုံးလိန်၏ မျက်လုံးများ ပြူးကျယ် သွားချေသည်။

လူတစ်ယောက်တည်းက ပေါင်၁၀၀၀၀ ကျော်ရှိတဲ့ အသားကို စားပစ်လိုက်တယ် ... ဒါ လူမှ ဟုတ်ရဲ့လား ... ဧရာမနဂါးပဲ ဖြစ်ရမယ် ...

အခု သူ့ခွန်းအားက ငါတို့ကို တစ်ချက်တည်းနှင့် အနိုင်ယူလို့ရနေပြီ ... ညနေတုန်းကဆို လေ့ကျင့်ကွင်းထဲက အရုပ်ကိုတောင် ရွှယ်ယင်ရဲ့ လှံချက် သုံးချက်ထဲနှင့်ပဲ ဖျက်ဆီး ပစ်လိုက်တယ် ... သူ့အားကို မခံနိုင်တော့လို့ သူ့လှံပါ တစ်ခါတည်း ကျိုးအက်သွားတယ် ..."

ဘာ ..." ကျုံးလိန်မှာ တုန်လှုပ် သွားချေသည်။

ရွှယ်ယင်၏ လှံမှာ ပေါင် ၂၅ လေးသည်။ ယင်းလှံကို မှော်ဆေးဆရာ တစ်ဦးကလည်း သန့်စင်ပေးထားခြင်း ဖြစ်သည်။ ၎င်းလှံသည် အဆင့်သတ်မှတ်ချက်ထဲကို မဝင်ပေမဲ့လည်း ကောင်းကင်အဆင့် သူရဲကောင်း အတွက် သုံးပြုဖို့ အဆင့်မီသည့် လှံတစ်ချောင်း ဖြစ်သည်။ ထို့အပြင် လှံ၏ ကိုယ်ထည် ပိုင်းသည်လည်း စွမ်းအားကို စုပ်ယူစုဆောင်း ပေးနိုင်စွမ်းလည်း ရှိသည်။ ဘယ်လို အင်အားမျိုးကို အသုံးပြုလိုက်၍ လှံအား ကျိုးအက်စေသည် အထိ ဖြစ်သွားစေခဲ့ရသနည်း။

အဲဒါ ဘယ်လို ဖြစ်သွားရတာလဲ ..."

ကျုံးလိန် မနေနိုင်ဘဲ မေးမြန်းရတော့သည်။

ငါလည်း သိချင်နေတယ်ကွ ... ဒါပေမဲ့ ရွှယ်ယင်က အားလုံးစုံမှပဲ ပြောပြမယ်လို့ ပြောထားလို့လေ ..."

ထုံစန်းနှင့် ကျုံးလိန်တို့ နှစ်ယောက်စလုံး ရွှယ်ယင်ဆီကို ကြည့်လိုက်မိကြသည်။

တုန်ပိုရွှယ်ယင်သည် စာအုပ်စင်ပေါ်ကနေ စာအုပ်များကို ရှာဖွေနေသည် နောက် မကြာခင်မှာပဲ စာအုပ်ကို ရှာတွေ့သွားသည်။ စာမျက်နှာကိုလည်း လျင်မြန်စွာဖြင့် လှန်လိုက်ကာ အရင်က ဖတ်ထားခဲ့ဖူးသည့် စာမျက်နှာကို ရှာတွေ့လိုက်သည်။ ထို့နောက် လက်ချောင်းဖြင့် စာမျက်နှာကို ခေါက်ရာ ပေးလိုက်ပြီ ပြုံးရွှင်စွာဖြင့် ကျုံးလိန်ဆီကို လှမ်းပေးလိုက်သည်။

ဦးလေးကျုံနဲ့ ဦးလေးထုံတို့ ဒါက အတ္ထုပ္ပတ္တိ စာအုပ်တစ်အုပ်ပါ.. ဟောဒီ စာပိုဒ်ကို တစ်ဆိတ်လောက် အရင်ဖတ်ကြည့်ပါဦး ... ဒါဆိုရင် နားလည် သွားကြလိမ့်မယ် ..."

ဟမ်း ..."

ကျုံးလိန်သည် သိချင်စိတ် ပြင်းပြစွာဖြင့် စာအုပ်ကို လှမ်းယူလိုက်သည်။

ထုံစန်းလည်း တစ်ချက်ကြည့် ရဖို့အတွက် ခေါင်းရှေ့တိုးလာခဲ့သည်။

ကျုံးလိန်သည် စာအုပ်ခေါင်းစဉ်ကို ဖတ်ရှုလိုက်သည်။

(သစ်ခုတ်သမား သူရဲကောင်း ...)

သူက သစ်ခုတ်သမား သူရဲကောင်းလား ..."

ကျုံးလိန်နှင့် ထုံစန်းတို့ အနည်းငယ် တုန်လှုပ်သွားသည်။ သူတို့နှစ်ယောက်စလုံး စာအုပ်များစွာ မဖတ်ဖူးကြပေမဲ့ ခရီးကြမ်းများ စွန့်စားသွားလာခဲ့သည့် အချိန်က ဒဏ္ဍာရီပုံပြင်များစွာ ကြားဖူး နားထောင်ခဲ့ ကြဖူးသည်။ ထိုပုံပြင်များစွာ ထဲမှာမှ သစ်ခုတ်သမား သူရဲကောင်း ပုံပြင်သည် မကြာခဏ ကြားနေရသော ပုံပြင်တစ်ပုဒ်ပင် ဖြစ်သည်။ သစ်ခုတ်သမား သူရဲကောင်းသည် လွန်ခဲ့သော နှစ် ၅၀၀၀ ကျော်က သူရဲကောင်း တစ်ယောက် ဖြစ်သည်။ သူ အရမ်းကို ကျော်ကြားရသည့် အကြောင်းအရင်းမှာ အရမ်းကို သန်မာလွန်း၍ ဖြစ်သည်။

သူသည် မူလက တောင်တန်းရွာ တစ်ရွာ၏ သစ်ခုတ်သမားသာ ဖြစ်သည်။ သူရဲကောင်း လမ်းစဉ်ကို လျှောက်လှမ်းသည့် အခါမှာတွင်လည်း သူသည် ဒဏ္ဍာရီအဆင့် သူရဲကောင်းအဆင့်ကို ရောက်နေစဉ် အချိန်တွင်လည်း သူ့၏ ပုဆိန်ဖြင့် အထွတ်အထိပ် အဆင့်သူရဲကောင်းကို သတ်ပစ် နိုင်ခဲ့သည်။ အထွတ်အထိပ်အဆင့် သူရဲကောင်းများ ပေါများသည့် ခေတ်တွင် သူသည် အများနှင့်မတူ ထူးခြားခဲ့သူ တစ်ယောက် ဖြစ်ခဲ့သည်။

သူ့၏ ဘွဲ့နာမည်ဖြစ်သည့် သစ်ခုတ်သမား နာမည်ကိုလည်း သူကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သူ့ခေတ်သူ့အခါတွင် စွမ်းအား အကြီးဆုံး အထွတ်အထိပ် တစ်ယောက်ပါ။ သူ့၏ ပုဆိန်သွား အောက်မှာ တခြား အထွတ်အထိပ်များ အသက်ပျောက် သွားသည်ချည်းပင် ဖြစ်သည်။ အရမ်းကြောက်ဖို့ ကောင်းသည့် လူတစ်ယောက် ဖြစ်ချေသည်။

အဲဒီစာပိုဒ်ကို တစ်ချက် ကြည့်ပေးပါဦး ..."

တုန်ပိုရွှယ်ယင် ပြုံးလိုက်သည်။ သူ ကလေးဘဝ ကတည်းက သစ်ခုတ်သမား သူရဲကောင်းကို ကြည်ညိုခဲ့သည်။ သူ့၏ စွမ်းအားများ အင်မတန် လွှမ်းမိုး နိုင်ခဲ့သည်ကိုလည်း သဘောကျခဲ့သည်။ သစ်ခုတ်သမား သူရဲကောင်းသည် သူ့ဘဝ တစ်လျှောက်လုံးတွင် သစ်ခုတ်ရသည်ကို တွယ်တာခဲ့သည်။ သူ့၏ရန်သူကို သစ်ပင်သစ်တုံးကဲ့သို့ သဘောထားခဲ့သည်။ ကြီးမားသော နဂါးပဲဖြစ်ဖြစ် ... နတ်ဆိုးတစ်ကောင်ပဲဖြစ်ဖြစ် ... သူ့ပုဆိန်ဖြင့် ခုတ်ပိုင်းလိုက်မည်သာ၊

အင်း"

ကျုံးလိန်လည်း ထုံစန်းနှင့်အတူ စာပိုဒ်ကို ဖတ်ရှုလိုက်သည်။

***

မှန်သည် ... ထိုအခိုက်တွင် သစ်ခုတ်သမား သူရဲကောင်းသည် သူ့ကိုယ်တွင်းရှိ ဒဏ္ဍာရီလာ ပုဆိန်ကြီးသွေး အမွေအား နိုးထလာစေနိုင်ခဲ့သည်။ သူရေးထားခဲ့သည့် စာများတွင် ရှင်းပြခဲ့သည်မှာ-

လူသားမျိုးနွယ် အားလုံး၏ ခန္ဓာကိုယ်တွင် အမျိုးအစား များပြားလှသော သွေးအမွေများ အသီးသီး ရှိကြတယ် ...

ဤကမ္ဘာမြေကြီး စတင် မွေးဖွားလာခဲ့သည့် ခေတ်ကာလအချိန်မှာ ယခု တိုင်းပြည် တည်ရှိနေသာ မြေဧရိယာပြင်တွင် ဗလာဟင်းလင်းပြင် ဖြစ်ခဲ့တယ် ... အဲဒီအချိန်မှာ ကမ္ဘာကြီးဟာ ဖုန်ဆိုးမြေလိုပါပဲ ... ကမ္ဘာမြေ၏ မျက်နှာပြင်ဟာ အချိန်ကာလ ရှည်ကြာစွာ ပြောင်းလဲ လာခဲ့ပြီ နောက်ဆုံးမှာ ကြောက်မက်ဖွယ် ကောင်းတဲ့ ကမ္ဘာဦး သက်ရှိတွေ မွေးဖွားပေးခဲ့တယ် ... သူတို့တွေဟာ ကမ္ဘာဦးခေတ်၏ ပထမဆုံး သက်ရှိများ ဖြစ်ခဲ့ကြတယ် ... သူတို့အားလုံးတွင် တောင်များကိုပင် ရွှေ့ပစ် လိုက်နိုင်ပြီး ပင်လယ်ပြင် ကိုတောင် မြေဖို့ပစ်နိုင် လောက်တဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ ခွန်းအားတွေကို ပိုင်ဆိုင်ထားကြတယ်.. ပြီးတော့ သူတို့ဟာ ကြီးမားသော တောင်ကြီးကို ထမ်းကာ ပြေးလွှားနိုင်ပါသေးတယ် ... ဧရာမနဂါးများကို သတ်ဖြတ်ကာ သွေးကိုသောက် အသားကို စားကြတယ် ... သူတို့၏ မျက်စိထဲတွင် နဂါးဆိုသည်မှာ အလွန်တရာကို အားနည်းလှသော အကောင်များ ဖြစ်ကြတယ်. တခြားသော ဂြိုလ်ကမ္ဘာတွေက နတ်ဘုရားတွေတောင် ဤကမ္ဘာမြေပေါ်ကို အရမ်းကားရော မဆင်းသက်လာရဲပါဘူး..

ထိုသို့သော အင်အားကြီး ကမ္ဘာဦး သက်ရှိများ အဆက်မပြတ် တိုးတက် လာပြီးနောက်မှတော့ လူသားမျိုးနွယ်များ စတင်ပေါက်ဖွား လာခဲ့ကြတော့တယ် ... အဲဒါကြောင့်မို့ လူသားမျိုးနွယ် အစုအနွယ် အားလုံးတွေရဲ့ ကိုယ်ထဲမှာ ကမ္ဘာဦး သက်ရှိ အမွေများက ဆက်ခံတည်ရှိ နေခဲ့ကြတယ် ...

နောက်ထပ် နှစ်ပေါင်းများစွာ ကျော်လွန် သွားပြန်သည့် နောက်မှတော့ နတ်ဘုရားတွေဟာ ကမ္ဘာမြေပေါ်ကို ဆင်းသက် လာကြကာ သူတို့၏ သားစဉ် မြေးဆက်များကို လူသားမျိုးနွယ် ကြားထဲမှာ ချန်ထားခဲ့ကြတယ် ...

လူသား မျိုးနွယ်များသည်လည်း ဆက်လက် မျိုးပွားလာခဲ့ကြတယ် ... အဲဒါကြောင့် လူတစ်ယောက်ရဲ့ မျိုးနွယ် တစ်ခုဟာ နောက်အနှစ်တစ်ထောင် လောက်ကြာ ညောင်းသွားပြီးတဲ့ အချိန်မှာ သွေးအမွေက မယုတ်လျော့ဘဲ ဆက်လက် တည်မြဲနေဦးမလား ဆိုတာ ကျွန်ုပ်အနေဖြင့် သံသယ ဝင်မိပါ တယ် ...

လူသား မျိုးနွယ်တွေ အားလုံးမှာ ကမ္ဘာဦး သတ္တဝါ ဖြစ်တည်မှုနှင့် နတ်ဘုရားတို့၏ သွေးအမွေတွေပါ တည်ရှိနေကြတာပါ.. ဟုတ်ပါတယ် ... လူသားတိုင်း၏ သွေးသားထဲမှာ ယင်းသွေး အမွေတွေက များများ မဟုတ်တောင် အနည်းအပါးတော့ ပါဝင်နေကြဦးမှာပါ ...

တိုက်ရိုက် အမွေ ဆက်ခံသူတွေက ပိုပြီး စွမ်းအားကြီးပါတယ် ... ဥပမာအားဖြင့် နဂါးတောင် အင်ပါယာရှင် ဖြစ်တဲ့ ကောင်းကင်ဘုံ ဧကရာဇ် လုံရှန်းသည် နတ်ဘုရား ဖြစ်သွားပြီး နောက်မှာတော့ ဒဏ္ဍာရီအဆင့်ကို ရောက်နေကြတဲ့ သူရဲ့သားတော် ဆယ့်နှစ်ယောက် စလုံးဟာ အထွတ်အထိပ်တွေ ဖြစ်သွားခဲ့ကြတယ် ... ဒါဟာ ဘာကြောင့်လဲ ဆိုတော့ သူတို့ရဲ့ ခမည်းတော်က အလွန့်လွန် စွမ်းအားကြီးတဲ့ နတ်ဘုရား အဆင့်ကို ရောက်သွားခြင်းကြောင့် ဖြစ်တယ် ... သူတို့ရဲ့ သွေးအမွေကြောင့် အထွတ်အထိပ် အဆင့် ရောက်ကုန်ကြတာပဲ ဖြစ်တယ် ...

ရှေးပဝေသဏီ အချိန်ကတည်းက ကမ္ဘာဦးခေတ် ကတည်းကနေ ရှေးဟောင်း အချိန်အထိတိုင် ကျွန်တော်တို့တွေဟာ ရိုးရိုးသေမျိုးတွေသာ ဖြစ်ခဲ့ကြတယ် ... ကမ္ဘာဦး သတ္တဝါတွေရဲ့ သွေးအမွေတွေလည်း တဖြည်းဖြည်းနှင့် လျော့ပါးလာခဲ့ကြတယ် ...

ဒါပေမဲ့ ကမ္ဘာဦး သွေးအမွေတွေ နိုးထလာခဲ့တဲ့ အဖြစ်အပျက်များသည် ရှိနေဆဲပါပဲ ... တချို့တွေက ပုဆိန်ကြီး သွေးအမွေ.. တချို့က လေသည်တော် သွေးအမွေ တချို့ကလည်း အပြေးလျင်မြန်ကြတဲ့ သွေးအမွေ.. တချို့က မြေလျှိုးမိုးပျံ နိုင်ကြသည့် သွေးအမွေမျိုး နှိုးထနိုင်ခဲ့တယ် ... မိုးကြိုးထိန်းချုပ်သူ ... ရုပ်ပြောင်းရုပ်လွှဲ လုပ်နိုင်တဲ့သူတွေနောက် ... မသေမျိုး ခန္ဓာကိုယ်မျိုး ဖြစ်လုနီးပါးရှိတဲ့ သူ အစသဖြင့် အထွေထွေသော သွေးအမွေများစွာ နှိုးဆွနိုင်ခဲ့တယ် ...

ဒါပေမဲ့ စာအုပ်အရဆိုရင် သွေးအမွေကို နှိုးထခြင်းဆိုတာ အံ့ဖွယ် စွမ်းဆောင်မှုတစ်ခု ဖြစ်ပါတယ်.. လူတိုင်း မလုပ်နိုင်သည့် အရာလည်း ဖြစ်တယ် ... တစ်ဖန် အထွတ်အထိပ် တစ်ယောက်ဖြစ်ဖို့ ဆိုတာလည်း မဖြစ်နိုင်လု နီးပါးပါပဲ ... သစ်ခုတ်သမား သူရဲကောင်းကို လေးစားရသည့် အကြောင်း တစ်ခုက သူဟာ သူ့ရဲ့ ကိုယ်ပိုင်သွေး အမွေဆိုတာကို အလေးထားခဲ့တယ် ဒါကြောင့်မို့ပဲ အဲဒီခေတ် ကာလမှာ သူဟာ စွမ်းအား အကြီးဆုံး ထူးကဲသာ လွန်တဲ့ အထွတ်အထိပ် ဖြစ်လာခဲ့တယ် ...

သစ်ခုတ်သမား သူရဲကောင်းဟာ သူ့ရဲ့ ကမ္ဘာဦး ပုဆိန်ကြီးသွေး အမွေ နိုးကြားလာခဲ့ပြီးတဲ့ အချိန်မှာ သူ့ဘဝမှာ အရေးကြီးဆုံး မိန်းကလေး တစ်ယောက်နှင့် ဆုံစည်းခဲ့တယ်.. အဲဒီဘဝ နောက်ကြောင်းကို စာရေးသူမှ အသေးစိတ် ရေးသားပါဦးမယ် ..."

***

ထူထဲလှသော စာအုပ်ကြီး တစ်ခုလုံးတွင် ကမ္ဘာဦးသွေး အမွေအကြောင်း ရေးသား ထားသည်မှာ ဤစာပိုဒ် တစ်ခုတွင်သာ ရှိသည်။ တစ်ဖန် သစ်ခုတ်သမား သူရဲကောင်း၏ ဒဏ္ဍာရီဆန်လှသော ဘဝအကြောင်းလည်း ဖြစ်သည်။

ကမ္ဘာဦးသွေးအမွေ...

ကျုံးလိန်နှင့် ထုံစန်းတို့ နှစ်ယောက်စလုံးကို တုန်ပိုရွှယ်ယင်ကို ပြိုင်တူ ကြည့်လိုက်မိသည်။

ဟုတ်တယ် ... ကျွန်တော်က ကျွန်တော့်ရဲ့ ကမ္ဘာဦးသွေး အမွေကို နိုးကြားစေခဲ့တာပဲ ဖြစ်ရမယ် ..."

ဘယ်လို သွေးအမွေမျိုးလဲ ... ဘယ်ဟာလဲ ..."

မြေလျှိုးမိုးပျံနိုင်တဲ့ ဟာမျိုးလား ..."

ထုံစန်းသည် အရမ်း စိတ်လှုပ်ရှားသွားသည်။

ငါ့ကို မိုးကြိုးတွေ ပစ်ပြပါဦး မီးတွေလည်း ထုတ်ပြပါဦးဟ ..."

အဲဒါကို ကျွန်တော်လည်း မသိသေးပါဘူး"

တုန်ပိုရွှယ်ယင် စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။

ကမ္ဘာဦးသွေးအမွေတွင် အမျိုးအစားများစွာ ရှိသည်။ နောက်ပြီး ကမ္ဘာမြေကြီးက မွေးဖွားပေးခဲ့သော ကမ္ဘာဦး သားကောင်များသည် အုပ်စုတစ်အုပ်ထဲက ဖြစ်၍ သူ့၏ နိုးထခြင်းသည်လည်း သာမန်ပဲ ဖြစ်လိမ့်မည်။

ဒီစာအုပ်မှာ ပြောထားတာက ကမ္ဘာဦးသွေးအမွေတိုင်းမှာ ထူးခြားတဲ့ အရာတွေ ရှိတယ်တဲ့ ..."

ကျုံးလိန်က ပြောလိုက်သည်။

တကယ်တမ်း ကျတော့ ထူးခြားတဲ့ နည်းလမ်းတွေနှင့် စွမ်းအားတွေကို သုံးရတာ အရမ်းကို ရက်စက်ပြင်းထန် လွန်းပါတယ်..

တုန်ပိုရွှယ်ယင်က ပြောလိုက်ရင်း..

ကျွန်တော့်ရဲ့ ထူးခြားတဲ့ စွမ်းအားက ကျွန်တော့်ရဲ့ခွန်းအာကို နှစ်ဆတိုး စေတာပါပဲ ..."

နှစ်ဆ ..."

ကျုံးလိန်နှင့် ထုံစန်းတို့၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုတွေနှင့် စတင် လောင်ကျွမ်းလို့ လာပါပြီး။

သူတို့သည်လည်း ထိုကဲ့သို့ ထူးခြားစွမ်းအား လိုချင်ကြသည်။

အဘယ်သူရဲကောင်းမှ ခွန်းအားနှစ်ဆ တိုးစေနိုင်တာကို မလိုချင်သူ ရှိ ပါမည်နည်း။

မြေလျှိုးမိုးပျံခြင်းနှင့် ရုပ်ပြောင်း ရုပ်လွှဲသည့် စွမ်းအား မဟုတ်ပေမဲ့လည်း ခွန်းအားနှစ်ဆ တိုးစေသည့် စွမ်းအားမှာ အလွန်ကို အသုံးဝင်နေဆဲပါ။

ဒါပေမဲ့ ... ကျွန်တော့် စွမ်းအားကို တစ်ခါ သုံးလိုက်တာနှင့် ခန္ဓာကိုယ် ခွန်းအားက အမြန်ကုန်သွားတာပါပဲ ... ပုံမှန်ဆိုရင် ကျွန်တော် တစ်နာရီလောက်ကို တိုက်ပွဲ ယှဉ်ပြိုင်နိုင်တယ် ပြီးသွားရင်လည်း မောပန်းခြင်း မရှိဘူး။ ဒါပေမဲ့ စွမ်းအားကို သုံးလိုက်တဲ့အခါမှာ ကျွန်တော့်ရဲ့ ရှိသမျှ ခွန်အားတွေက အချိန်တို အတွင်းမှာ အကုန်ကုန် သွားခဲ့တယ် အဲဒါကြောင့် ကျွန်တော့်ရဲ့ တိုက်ခိုက်လို့ရတဲ့ အချိန် အတိုင်းအတာက အကန့်အသတ်နှင့် ဖြစ်နေတာပါပဲ ..."

ဟု တုန်ပိုရွှယ်ယင်က ပြောလိုက်သည်။

ကျုံးလန်လည်း သိချင်စိတ် ပြင်းပျစွာဖြင့် မေးလိုက်ပြန်သည်။

အခု မင်းရဲ့ခွန်းအားတွေက ဘယ်အဆင့် ရောက်နေပြီးလဲ ...

ပုံမှန်တိုက်ပွဲမှာ ဆိုရင် ကျွန်တော့်ခွန်းအားက ဥက္ကာပျံအဆင့် သူရဲကောင်းလောက် ရှိလိမ့်မယ်"

ဒါဆို မင်းစွမ်းအားကို အသုံးပြုလိုက်မယ် ... ခွန်းအားကလည်း နှစ်ဆတက်သွားမယ် ... အဲ့အခါကျရင် ငွေလအဆင့် သူရဲကောင်း တစ်ယောက်ရဲ့ ခွန်းအားကို ရောက်နေမယ်ပေါ့.. ဟုတ်လား ..."

ကျုံးလိန်နှင့် ထုံစန်းတို့ တွေးရင်း အူမြူးနေသည်။

ကျွန်တော့်ရဲ့ ခွန်းအားတွေရော စွမ်းအားတွေ အရမ်းကို တိုးသွားပေမဲ့လည်း အလျင်နှုန်းကတော့ ငွေလအဆင့် သူရဲကောင်း တစ်ယောက်နှင့် နှိုင်းယှဉ်လို့ မရနိုင်ပါဘူး ... ပြီးတော့ စွမ်းအား တိုးတာကလည်း အချိန်တိုတိုလေးပဲလေ ..."

တုန်ပိုရွှယ်ယင်က ပြုံးလိုက်ရင်း ပြန်ဖြေလိုက်သည်။

ဒါဆို ဒီအတိုင်းဆိုရင် လောလောဆယ်မှာ မင်းက ရီရွှေမြို့မှာ ခွန်အား အကြီးဆုံး တစ်ယောက် ဖြစ်နေပြီကွ ..."

ကျုံးလိန်တစ်ယောက် ယုံကြည် မျှော်လင့်ချက် ကြီးစွာဖြင့် ပြောလိုက်သည်။

ဟားဟား ... ငါပြောသလိုပဲ ရွှယ်ယင် ... မင်းဟာ လေ့ကျင့်ခန်းကို ဝီရိယရှိရှိနှင့် လေ့ကျင့်တယ် ... လှံသိုင်းကိုလည်း ဆယ်နှစ်လောက်ကို လေ့ကျင့်ခဲ့တယ် ... ဒိုချီစွမ်းအင်ကို မင်းမထုတ် နိုင်သေးတာကလည်း လုံးဝကို ပုံမှန် မဟုတ်ခဲ့တာ ... မင်းရဲ့ စွမ်းအားကို တကယ် မထုတ်ပြခဲ့တာပဲ.. အခု မင်းမှာ ပိုင်ဆိုင်ထားပြီးပြီ ... ဒါက တကယ်ကို တုန်လှုပ် ချောက်ချားဖို့ ကောင်းတာပဲ"

တုန်ပိုရွှယ်ယင် ပြုံးလျက်သာ နေလိုက်သည်။ တကယ်တမ်းတွင် နိုးကြားခြင်း ပြီးနောက်မှာ သူ့မှာ အတွေးတစ်ခု ရှိလာခဲ့သည်။

လူသားတိုင်းမှာ ကမ္ဘာဦးသွေး အမွေတွေက ကိုယ်တွင်းမှာ ပုန်းလျှိုး နေကြပါသည်။ သို့ပေမဲ့ နှစ်ပေါင်းများစွာ မျိုးဆက်ပွားခဲ့ပြီး နောက်မှာတော့ သွေးအမွေတွေက အရမ်းကို အားနည်း လာခဲ့ပါပြီ။ ဒီလိုဆိုရင် တချို့လူတွေက ဘာလို့ သူတို့ရဲ့ သွေးအမွေကို နိုးကြားစေနိုင်ခဲ့တာလဲ..

တုန်ပိုရွှယ်ယင်မှာ ထောက်ပြစရာ ဥပမာ များများ မရှိပါဘူး။ သစ်ခုတ်သမား သူရဲကောင်းကိုသာ ညွှန်ပြပေဦးမည်။ သစ်ခုတ်သမား သူရဲကောင်းဟာ ထင်း၊ သစ်သား စတာတွေကို ခုတ်ရတာကို နှစ်သက်ခဲ့သူ တစ်ယောက်ဖြစ်သည်။ နောက်ဆုံးတွင် သူသည် ပုဆိန်ကြီး သွေးအမွေကို နိုးထစေနိုင်ခဲ့သည်။ ထို့အတူပင် အရင်တုန်းက ဆိုရင် ခြေများလက်များ မလှုပ်နိုင်တော့သည့် အထိ လှံသိုင်းကို လေ့ကျင့်ပြီးခဲ့လျှင် သူသည် ဆေးရည်ကန်အတွင်း စိမ်ကာ အားပြန်ဖြည့်တင်း ရသည်။

သူ သွေးအမွေကို နိုးထစေနိုင်ခဲ့သည်မှာ နေ့တိုင်းနေ့တိုင်း မရပ်မနား အစွမ်းကုန် လေ့ကျင့်ခြင်းကြောင့် ပေလား ...

နောက်ဆုံးတွင် တုန်ပိုရွှယ်ယင်သည် သူနိုးထသည့် အချိန်တွင် မသဲမကွဲ တွေ့ခဲ့ရသော ဘီလူးကြီး တစ်ကောင်သည် မည်သူလဲဆိုတာ မသိပေမဲ့ ၎င်းကမ္ဘာဦး သွေးအမွေအား ခွန်အား သွေးအမွေဟု နာမည်တစ်ခုအား ရိုးရိုးရှင်းရှင်း ပေးလိုက်ချေသည်။

ဒါက အစပဲ ရှိသေးတယ်..ငါ့ခန္ဓာကိုယ်က ပုံမှန်လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နှင့် အတူတူ ဖြစ်နေတုန်းပဲ ... အဲဒါကို ဒိုချီစွမ်းအင်တွေနှင့် အားဖြည့် ပေးလိုက်မယ်ဆိုရင် မရပ်မနားကို တိုးတက်လာလိမ့်မယ်ငါ့ခန္ဒာကိုယ်က တဒိုင်းဒိုင်းနှင့် သန်မာလာမှာကို ခံစားနိုင်တော့မယ် ..." ဟု တုန်ပိုရွှယ်ယင်က ပြောလိုက်သည်။

ဟားဟားဟား."

ကျုံးလိန်နှင့် ထုံစန်းတို့ အပြုံးကြီး ပြုံးထားကြသည်။ ဒီနေ့မှာ သူတို့နှစ်ယောက် အရမ်းကို ပျော်ရွှင်ရသည်။

လူငယ်လေးက သူရဲ့ကတိ စကားကို အော်ဟစ်ပြောခဲ့သည့် အချိန်မှာ ဒါဟာ အိပ်မက်တစ်ခု မက်နေခြင်းဟု သူတို့ နှစ်ယောက်စလုံး တွေးခဲ့ကြသည်။ တုန်ပိုရွှယ်ယင်က မိဘနှစ်ပါး စလုံးကို ကယ်တင်နိုင် လိမ့်မည်ဟု အဲဒီအချိန်က မည်သူမှ မယုံကြည် ခဲ့ကြပါဘူး။ ကယ်တင်ဖို့ဆိုသည့် ကိစ္စဟာ အင်မတန်ကို ခက်ခဲလွန်းသည် မဟုတ်လား။

ဒီနေ့မှာတော့ သူတို့နှစ်ယောက် စလုံးဟာ မျှော်လင့်ချက် အလင်းရောင်ကို ခပ်ရေးရေး မြင်ရလေပြီ။

ဟုတ်ပြီ ... ဒီနေ့ကစပြီ ကျနော် ဆေးရည်ကန်မှာ စိမ်ဖို့လည်း မလိုအပ်တော့ဘူး ..."

ရွှယ်ယင် ပြုံးကာ ဆိုသည်။

" ကျွန်တော့် ခန္ဓာကိုယ်က မသေမျိုး ခန္ဓာကိုယ် နီးပါးလောက် မဖြစ်သေးပေမဲ့ ပြန်လည် ကုသနိုင်စွမ်းကတော့ ဆေးရည်စိမ် ကန်ထက်တောင် ပိုကောင်းနေပါပြီး ..."

ရွှယ်ယင်က ပြောပြီးသည်နှင့် စားပွဲပေါ်က စက္ကူဖြတ် ဓားတစ်ချောင်းကို ယူလိုက်ပြီး သူ့လက်ဝါးပြင်ကို ဆွဲခြစ်ချလိုက်သည်။ ဒီဒဏ်ရာမျိုးဆိုရင် ဆေးရည် စိမ်ကန်နှင့်ပါက ပြန်ကောင်းလာဖို့ အချိန်တစ်ရက်လောက် ယူရမည်။

ဒါပေမဲ့ ဓားဖြင့် ဆွဲခြစ်လိုက်သည့် ခဏမှာပဲ လက်ဝါးပြင်က ဒဏ်ရာသည် တစ်ခဏအတွင်းမှာပဲ မြန်ဆန်စွာ ပြန်ကောင်း လာခဲ့သည်။ အသက်တစ်ခါ ရှူစာအချိန်လောက်မှာပဲ အနာရွတ်ပင် မကျန်တော့ပါဘူး။

အမှန်တကယ်မှာ လူတစ်ယောက်မှာ သန်စွမ်းသည့် ခန္ဓာကိုယ် ရှိနေလျှင် ၎င်း၏ ပြန်လည် ကုသနိုင်စွမ်းမှာလည်း အံ့သြစရာ ကောင်းလောက်အောင် ရှိပါပေလိမ့်မည်။

ဥပမာအားဖြင့် ငွေလအဆင့် သူရဲကောင်း တစ်ယောက်၏ ကိုယ်တွင်း အင်္ဂါများဟာ ဒိုချီစွမ်းအင် အရည်များဖြင့် ပြောင်းလဲ သွားပြီနောက်မှာ သူတို့၏ ပြန်လည် ကုသနိုင်စွမ်းမှာလည်း ထိတ်လန့်စရာ ကောင်းလောက်အောင် အစွမ်းထက်လာသည်။ ကောင်းကင်ဘုံ စွမ်းအင်တွေနှင့် ခန္ဓာကိုယ်ကို ပြန်သန့်စင်ပြီး အခါမှာ ဒဏ္ဍာရီအဆင့် သူရဲကောင်းတွေဟာ မသေမျိုး ခန္ဓာကိုယ် နီးပါးကို ပိုင်ဆိုင်လာကြသည်။ ၎င်းခန္ဓာကိုယ်တွေက တုန်ပိုရွှယ်ယင်ထက် ပိုပြီး စွမ်းအားကြီး သည်မှာ အမှန်ပင်။ တစ်ဖန် ဒဏ္ဍာရီအဆင့် သူရဲကောင်း တစ်ယောက်ကို သဘောတရားအရ သတ်နိုင်သည်ဆိုမှာ မှန်ပေမဲ့ ပေးဆပ်ရသည့် တန်ဖိုးမှာ အထူးကြီးမားလွန်းပါသည်။

အကယ်၍ စစ်တပ်တစ်တပ်ကို စေလွှတ်သတ်ခိုင်းမည် ဆိုလျှင်လည်း ဒဏ္ဍာရီအဆင့် သူရဲကောင်းသည် ဝိုင်းရံခံထားဖို့ အခွင့်အရေးပင် မပေးဘဲ လွတ်မြောက်နိုင်ပါသည်။

ဒဏ္ဍာရီအဆင့် သူရဲကောင်းကို သတ်နိုင်ဖို့ဆိုတာ အဆင့်တူချင်း ဒါမှမဟုတ် အထွတ်အထိပ် အဆင့်ကသာ သတ်ပေးနိုင်မည်ဖြစ်သည်။

" အော် ဟုတ်ပြီး ... အရေးတကြီး လုပ်စရာ ကိစ္စရှိလာပြီး ... နောက်နှစ်ရက်နေရင် ရီရွှေမြို့ထဲကို သွားရမယ် ..."

ဟု တုန်ပိုရွှယ်ယင် ရုတ်တရက် ပြောလိုက်သည်။

***

အပိုင်း ( ၁၃ ) မြို့ထဲသွားခြင်း

ရီရွှေမြို့ထဲ သွားဖို့လား ..."

ကျုံးလိန်ရော ထုံစန်းပါ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ တုန်ပိုရွှယ်ယင် ဆီကနေ ဒီစကားကြားရဖို့ ဆိုတာ အင်မတန်ကို ခဲယဉ်း လွန်းပါသည်။ အရင်တုန်းက ဆိုရင် တုန်ပိုရွှယ်ယင်ကို အာရုံပြောင်း ပေးဖို့က မလွယ်လှပါဘူး။ အမြဲတမ်း ပြင်းပြင်းထန်ထန်ပဲ လေ့ကျင့်နေခဲ့သည်။ ခရီးထွက်တာလည်း မရှိ၊ ရီရွှေမြို့ထဲကို တစ်နှစ်ကို တစ်ခါတောင် မသေချာလှပေ။

ရွှယ်ယင်က လက်နက်ဝယ်ဖို့ သွားမှာလား.."

ကျုံးလိန်က ရုတ်တရက် မေးလိုက်သည်။

တုန်ပိုရွှယ်ယင်က ချက်ချင်း ပြုံးလိုက်ပြီး

ဦးလေးသာ မပြောရင် ဒီကိစ္စကို မေ့တော့မလို့ပဲ.. ဟုတ်တယ် ... ကျွန်တော် လှံအသစ် တစ်ချောင်း တကယ်လိုအပ်နေပြီး ... ဒီတစ်ခေါက် ရီရွှေမြို့ထဲ သွားတယ် ဆိုတာကလည်း အချိန်က နှစ်သစ်ကူး ခါနီးပြီး ... နှစ်သစ်ကူးရင် ချင်းရှီက အသက် ၁၀ နှစ်ပြည့်ပြီး ... သူ ဒီလို ဆော့နေလို့ မရတော့ဘူး ... အရင်တုန်းက သူ့ကို ကတိတစ်ခု ပေးထားတယ်။ သူ အသက် ၁၀ နှစ်ပြည့်ရင် သူ့အတွက် မှော်ပညာ သင်ပေးမဲ့ ဆရာတစ်ယောက် ရှာပေးမယ်လို့ ပြောထားတယ် ... ဒါဆို သူ စောစော လေ့လာလို့ရမှာပေါ့..

အင်း ... ဟုတ်တယ် ... မှော်ပညာသင်ပေးမဲ့ ဆရာက အရမ်းကို အရေးကြီးတာပေါ့ ..."

ကျုံးလိန်နှင့် ထုံစန်းတို့ လေးနက်စွာဖြင့် ပြောသည်။

မှော်ဆရာတစ်ယောက်ဆိုတာ အသိပညာရော အသိဉာဏ်နှင့်ပါ ပြည့်စုံရသည်။

သင်ကြား ပြသပေးမည့် ဆရာသမား မရှိဘဲ ကိုယ့်ဘာသာ လေ့လာနေခြင်းက အသိပညာ ပြည့်ဝပြီး အမြော်အမြင် ရှိသည့် မှော်ဆရာ တစ်ယောက် ဖြစ်လာဖို့က ခက်ခဲလွန်းပါသည်။ အဆင့်မြင့် မှော်ပညာရပ်တွေမှာ စိတ်ဝိညာဉ် ပါဝင်သည်ဆိုတာ ပြောပြစရာ မလိုပါဘူး။ ဆရာသမားမရှိဘဲ အဆင်ခြင်မဲ့ လုပ်ခြင်းက ထိုသူ၏ စိတ်ဝိညာဉ်ကို ပျက်စီး စေသွားနိုင်သည်။ အချိန်လွန် သွားပါကလည်း နောင်တ မှတစ်ပါး တခြားမရှိတော့။

ရီရွှေမြို့ တစ်မြို့လုံးမှာ ပိုင်ယွမ်ကျစ် ဆိုတဲ့ မှော်ဆရာ တစ်ယောက်ပဲ ရှိတယ်..

တုန်ပိုရွှယ်ယင်က ပြောလိုက်သည်။

ပိုင်ယွမ်ကျစ်က မြို့ထဲမှာ နေတယ် ... အဲဒါကြောင့် သူ့တပည့် အရင်းအဖြစ် ချင်းရှီကို လက်ခံပေးဖို့ကို မေးကြည့်မယ်လို့ စိတ်ကူးထားတယ်..

" တပည့်အရင်း ..."

ကျုံးလိန်က စိုးရိမ်းစွာဖြင့် မေးလိုက်သည်။

ဒါက အတော်လေးကို ခက်ခဲမယ်လို့ ငါထင်တယ် ..."

ဘာဖြစ်လို့လဲ ဆိုတော့ မှော်ဆရာ တစ်ယောက်၏ လမ်းညွှန်မှုက အသိပညာနှင့် အတွေးအခေါ်ကိုသာ ရှုထောင့် အမျိုးမျိုးကနေ သင်ကြားခြင်းကို အဓိကထားသည်။ ထို့အပြင် မှော်ဆရာ တစ်ယောက်နဲ့ တပည့်ရင်းတို့ နှစ်ယောက်ကြားထဲက ဆက်ဆံရေးဟာ မိဘနှင့်သားသမီး ကြားထဲက ဆက်ဆံရေးနှင့် နှိုင်းယှဉ်လို့ ရသည်။ ထို့ကြောင့်ပင် စွမ်းအားကြီးသည့် မှော်ဆရာတွေက ရေစက်ဆုံရသည့် တပည့်တွေကို ရွေးချယ်ရခြင်းကိုသာ ပိုနှစ်သက်ကြသည်။ တပည့်ရင်း တစ်ယောက်ဖြစ်သူဟာ လမ်းညွှန်မှုကို တခြားသော သူတွေထက် ပိုမိုရရှိသည်။ ထိုကြောင့် စွမ်းအားကြီးသည့် မှော်ဆရာ တစ်ယောက်က ဘဝတစ်လျှောက်လုံးမှာ တပည့်အရင်း အနည်းငယ်သာ ထားရှိသည်။ ဘာကြောင့်လဲဆိုတော့ သူတို့ ကိုယ်တိုင်သည်လည်း လေ့ကျင့်ဖို့ အချိန်ယူရ ပါသေးသည်။ တပည့်တပန်းများစွာ ထားရှိခြင်းက ယင်းအတွက် အနှောင့်အယှက် ဖြစ်ရသည်။

ဟဟ မကြိုးစားကြည့်ဘဲနှင့် အဖြေ ဘယ်လိုလုပ်သိမှာလဲ ..."

တုန်ပိုရွှယ်ယင် ရယ်မော လိုက်ချေသည်။

***

နောက်ထပ် နှစ်ရက်အကြာ ...

နောက်ဆုံး အဖြေထုတ်ရရင် ရွှယ်ယင်က လှံပညာရှင်အဆင့်နယ်ပယ်ကို ရောက်ရှိ နေပြီးသားပါ။ သူ့၏ ခွန်အားတွေက အဆမတန် တိုးမြှင့်သွားခဲ့ပြီး နောက်ထပ် နှစ်ရက် အကြာမှာတော့ ရွှယ်ယင်ဟာ ဒီခွန်အားတွေနှင့် ကျင့်သားရလာခဲ့သည်။

ထိုနေ့တွင် ရွှယ်ယင်က သူ့ညီလေးအပြင် နောက်ထပ် စစ်သည်အယောက် တစ်ရာပါသော မြင်းတပ်ကိုပါ ခေါ်ပြီး ရီရွှေမြို့ဆီသို့ ဦးတည်သွားခဲ့သည်။

အစ်ကိုကြီးနဲ့ အတူတူ ရီရွှေမြို့ဆီကို မသွားရတောင် တော်တော်ကြာသွားပြီ ..."

ချင်းရှီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

တုန်ပိုရွှယ်ယင်က နှင်းနတ်မြင်းပျံကို စီးနင်းထားကာ ချင်းရှီက ရွှယ်ယင် လက်နှစ်ဖက် ကြားထဲမှာ စိတ်လှုပ်ရှားစွာ ထိုင်လျက် ပါလာခဲ့သည်။

အဆင့်၂ မှော်သတ္တဝါမို့ နှင်းနတ်မြင်းပျံ၏ ပျံသန်းမှုက အင်မတန်ကို ငြိမ့်ညောင်းပါသည်။ ထို့အပြင် နှင်းနတ်မြင်းပျံ၏ ခြေလှမ်းတွေကို ခပ်မှန်မှန်သာ သွားခိုင်းထားသည်။ သူ့၏ မြင်းတပ်ကို သူ့အနောက်တွင် လိုက်ပါစေလို၍ ဖြစ်သည်။ သို့မဟုတ်ပဲ နှင်းနတ်မြင်းပျံကိုသာ စိတ်ရှိတိုင်း ပျံခိုင်းလိုက်လျှင် မျက်စိ တစ်မှိတ်အတွင်း ပျောက်ကွယ် သွားနိုင်သည်ကို စိုးရသည်။

နောက်ထပ် နာရီဝက်အကြာတွင် မြင့်မား ထည်ဝါသော မြို့တစ်မြို့ကို မြင်လိုက်ရသည်။

ရွှယ်ယင်တို့ ရဲတိုက်သည် ရီရွှေမြို့နှင့် ကီလို ၅၀ လောက်ဝေးသည်။

သူတို့ မိဘနှစ်ယောက်က အခြေတကျ နေထိုင်ဖို့ နေရာရွေးသည့် အခါတွင် မြို့အနားတွင် ရှိသောနယ်မြေကို ရွေးလိုက်ကြသည်။ နှင်းလင်းယုန် နယ်မြေ၏ နယ်နိမိတ်မှာ မြို့နှင့် နီးကပ်စွာ တည်ရှိသည်။

ဟိုမှာ နှင်းလင်းယုန် နယ်မြေက မြင်းတပ်ပဲ..

ရီရွှေမြို့၏ ပျင်းရိနေကြသော အစောင့်များက မြေပြင် တုန်ခါမှုကြောင့် ချက်ချင်းပဲ အဝေးကို လှမ်းမျှော်ကြည့် လိုက်ရာ သူတို့ဆီကို ဦးတည်လာနေသော မြင်းတပ်ကို တွေ့လိုက်ကြသည်။

မြင်းတပ် စစ်သည်တော်တွေ အားလုံး ကိုယ်စီဟာ ကြယ်ခြွေ ဒူးလေးကြီးတွေနှင့် နှင်းလင်ယုန် နယ်မြေ၏ ထူးခြားသော တံဆိပ်အလံများကိုလည်း သယ်ဆောင်လာကြသည်။

အရှေ့ဆုံးက နှင်းလင်းယုန် နယ်မြေရဲ့ အရှင်သခင်လေး ရွှယ်ယင်ပဲ ... သူ့လက်မှာက သူ့ညီလေး ချင်းရှီ..

အရှင်သခင်လေးက မြို့ထဲကို လာလည်မယ်လို့ မထင်ထားမိဘူး ..."

ဒီကို လာတယ်ဆိုတာကလည်း အင်မတန်ရှားတယ် ..."

ဒါပေမဲ့ သူ့ညီလေးက ဒီကို ခဏခဏ လာလည်တယ် ... တစ်လထဲမှာတောင် ခဏခဏ မြင်ရတယ် ..."

မြို့ဝင်ပေါက်တံခါးတွင် မျက်နှာချင်းဆိုင် ရပ်စောင့်နေကြသော အစောင့်စစ်သည်များ ပြောဆိုနေကြရင်း မြင်းတပ် စစ်သည်တော်တို့သည် မြို့ထဲကို ဝင်လာကြသည်။

အင်ပါယာ တည်ထောင်ပြီးသည့် အချိန်ကနေစပြီး ယနေ့အထိ နှစ်ပေါင်း ကိုးထောင် ကျော်လွန်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် အဆင့်နိမ့် မြို့စောင့်စစ်သည်များ အချိန်ကြာမြင့် ကတည်းကနေ ငြိမ်းချမ်းစွာ နေကြရသည်။ ဓားပြအုပ်စုငယ်လေး လောက်သာ အနှောင့်အယှက် ပေးရဲကြသည်။ တချို့သော နယ်စားများသည် ရက်စက်တတ်သည် ဖြစ်ရာ အင်အား ကောင်းလှသော ဓားပြအုပ်စုသည် သူတို့ကို ရန်မစရဲကြချေ။

သူက နှင်းလင်ယုန်နယ်မြေက အရှင်သခင်လေးပဲ ..."

လမ်းဖယ်ပေးကြ..

လမ်းဖွင့်ပေးကြဟေ့ ..."

မြို့နေလူထုသည် သိချင်စိတ် ပြင်းပြစွာဖြင့် ထွက်ကြည့်ကြသည်။ ရီရွှေ့မြို့၏ ထိပ်သီး မိသားစု ဆယ်စုက တစ်ခုဖြစ်သည့်အပြင် အရှင်ကိုယ်တိုင် လာရောက်သည်မို့ သူတို့သည် ချက်ချင်းပင် လမ်းဖယ်ပေး လိုက်ကြသည်။ ဖြစ်ပုံပျက်ပုံမှာ ပွဲလမ်းသဘင် အကြီးစားနှင့်ပင် တူနေတော့သည်။

ရှီမင် ကုန်အရောင်းဆိုင် ..."

ကြီးမားသော ကုန်ဆိုင်၏ မျက်နှာဝမှာ အင်မတန်ကို အမြင်ဖမ်းစား နိုင်လွန်းသည်။

ဒီနေရာပဲ ..."

ဟီး..ဟီး ..."

တုန်ပိုရွှယ်ယင်က နှင်းနတ်မြင်းပျံအား ဇက်ဆွဲလိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။

အားလုံးက အပြင်မှာပဲ စောင့်နေကြ ..."

ကောင်းပါပြီ အရှင်..

စစ်သည်တွေက လေးစားစွာဖြင့် နာခံလိုက်ကြသည်။

ဦးလေး ... ဝင်ကြရအောင် ..."

တုန်ပိုရွှယ်ယင် မြင်းဇက်ကြိုးအား လက်အောက် ငယ်သား တစ်ယောက်ကို လွှဲပေးလိုက်သည်။ ချင်းရှီ လက်တစ်ဖက်အား ဆွဲကိုင်ကာ ကုန်ဆိုင် အတွင်းသို့ ဝင်သွားကြသည်။

ကုန်ဆိုင်ဟုသာ ခေါ်ပေမဲ့ ဆိုင်မှာ မီတာ ၁၀၀ ပတ်လည် ကျယ်ဝန်းပြီး စာရေးဝန်ထမ်း ဆယ်ယောက် ကျော်လည်းရှိကာ များပြားလှသော ဈေးဝယ်သူ ဖောက်သည်များလည်း ရှိနေသည်။

ယခုဆိုင်သည် ရီရွှေမြို့တွင် လက်နက် ဝယ်ယူရန်အတွက် အကြီးဆုံးနှင့် အကောင်းဆုံး ဆိုင်တစ်ဆိုင် ဖြစ်သည်။

ရီရွှေမြို့က ကောင်တီ အဆင့်လောက်ပဲ ရှိတဲ့ မြို့ပဲ.. အဲဒါကြောင့် လူအနည်းစုလောက်ကပဲ ... မွမ်းမံထားတဲ့ လက်နက်တွေကို ဝယ်နိုင်ကြတာ ..."

ကျုံးလိန်က ရယ်မောရင်း ပြောလိုက်သည်။

အဆင့်၂ မွမ်းမံထားတဲ့ လက်နက်က ရွှေဒင်္ဂါး သောင်းနှင့်ချီ တန်တယ်လေ. နှင်းလင်းယုန်နယ်မြေ တစ်ခုလုံးရဲ့ တန်ဖိုးနီးပါးပဲ ... ရီရွှေမြို့ထဲက တော်ဝင်မိသားစု ဘယ်လောက်များ ဝယ်နိုင်ကြမှာလဲ ... တကယ်လို့ မင်းဝယ်ချင်တယ် ဆိုရင် နောက်ထပ် မြို့ကြီးတစ်မြို့မှာ သွားဝယ်ရလိမ့်မယ် တချို့ ကျွမ်းကျင်သူတွေက မြို့တော် အထိတောင် သွားဝယ်ရတယ် ... တချို့လက်နက်တွေက အဆင့်မဝင်ကြပါဘူး .. ဒီနေရာမှာ အဆင့်၁ လက်နက်က အမြင့်ဆုံးပဲ ... ဒါမှမဟုတ် ဒီဆိုင်မှာ အဆင့် ၂ မွမ်းမံ လက်နက်ရှိနေရင် အဲဒီလက်နက်ကို ရတနာတစ်ပါးလို တန်ဖိုးထားမှာပဲ ..."

တုန်ပိုရွှယ်ယင်က ခေါင်းကို အသာညိတ် လိုက်သည်။ သူ့၏ ကိုယ်ပိုင်လှံသည် ကျိုးအက် သွားခဲ့လေရာ ပြန်လည် ပြုပြင်၍ မရတော့ပေ။

အိုး ... နှင်းလင်းယုန် နယ်မြေက တုန်ပိုရွှယ်ယင်ပဲ ... ဟားဟား ... ဒီညီလေးရဲ့ ကျော်ကြားတဲ့ နာမည်ကို ကြားဖူးတာ ကြာပါပြီး ... အခုမှပဲ ပထမဆုံး ဆုံဖူးတော့တယ် ..."

ခရမ်းရောင် အဝတ်ကို ဝတ်ဆင်ထားသော အသက် အလတ်ပိုင်း လူတစ်ယောက်က ရယ်မောရင်း ဝင်လာခဲ့သည်။

ရွှယ်ယင် ... သူက ဒီဆိုင်ပိုင်ရှင်ဖြစ်တဲ့ ကောင့်ဘွဲ့ရ ချွမ်ရှီမင် တဲ့"

တွေ့ရတာ ဝမ်းသာပါတယ်..

ရီရွှေမြို့တွင် သြဇာကြီးသည့် ပုဂ္ဂိုလ်များကို လက်တစ်ဖက်ဖြင့်ပင် ရေတွက်ရနိုင်သည်။ ဒီထဲမှာ ချွန်ရှီမင်လည်း ပါဝင်သည်။ သူသည် တစ်ချိန်က ကုန်သည်ကြီး တစ်ယောက် ဖြစ်ခဲ့ဖူးပြီး ပြင်ပလောကတွင် စီးပွားကြီး တစ်ခုရှိခဲ့သည်။ နောက်ပိုင်းတွင် အမြဲတစေ ပြေးလွှား စီးပွားရှာ နေရသည်ကို မလိုချင်တော့၍ အခွင့်သာသည်နှင့် သူသည် အိမ်ကို ပြန်လာခဲ့သည်။

ထို့နောက် မြေတစ်ကွက်ကို ဝယ်ယူလိုက်ပြီး မြို့ထဲတွင် ကုန်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ခဲ့သည်။ ယင်းကုန်ဆိုင်တွင် ရှားပါးသော ရတနာပစ္စည်းတွေနှင့် လက်နက်များ၊ တခြားသော အရာများလည်း ရှိသည်ဟု ဆိုကြသည်။ ရီရွှေမြို့တွင် အကောင်းဆုံး ဆိုင်တစ်ဆိုင် ဖြစ်ခဲ့သည်။ ထိုဆိုင်တွင် ရောင်းချသော ရတနာပစ္စည်း အရေအတွက်အရ ၎င်းကုန်ဆိုင်၏ ပိုင်ဆိုင်ထားသော အင်အားကို မြင်နိုင်သည်။

ငါက အသက်ပိုကြီးတော့ ညီလေးရွှယ်ယင်လို့ ခေါ်မယ် ..."

ခရမ်းရောင် အဝတ်ကို ဝတ်ဆင်ထားသော အရွယ်အလတ်ပိုင်း လူကြီးက ရယ်မောရင်း ပြောလိုက်သည်။

ကဲ ညီလေး ... ဒီနေ့ ဆိုင်ကိုလာတာ ဘာဝယ်မလို့လဲ.."

လှံရှည် ..."

တုန်ပိုရွှယ်ယင်က ပြောလိုက်သည်။

ခင်ဗျားမှာရှိတဲ့ အကောင်းဆုံး လှံကို ပြပါဦး"

ကျုံးလိန်က ပြောလိုက်ခြင်း ဖြစ်သည်။

ဟုတ်တယ် အကောင်းဆုံး လှံတွေပဲ.. ယူလာခဲ့ ..."

ဘေးနားက စိတ်လှုပ်ရှားနေသော ချင်းရှီက ဝင်ပြောလိုက်သည်။

ဟဟ.. တကယ်ကို ရဲတင်းတယ်ဟ ... ဒါပေမဲ့ ဘာပဲပြောပြောပါ ... ငါ့ဆိုင်က ဆိုင်သေးသေးလေးပါငါ့မှာ အကောင်းဆုံးလှံလို့ သတ်မှတ်ထားတဲ့ လှံသုံးချောင်းပဲ ရှိတယ်

သူတို့ တောင်းဆိုတာကို ကြားလိုက်ရသည့် အခါတွင် ထိုလူကြီးသည် စိတ်ထဲကနေ တွေးလိုက်သည်။

လူအများစုဟာ အဆင့်ဝင် မွမ်းမံ လက်နက်တစ်ခုကို အသုံးပြုနိုင်ဖို့ ခွန်အားမရှိကြပါဘူးကြည့်ရတာ ဒီသခင်လေးက စွမ်းအားအတော်လေး ရှိမဲ့ပုံပဲ ... ကောင်းကင်အဆင့် သူရဲကောင်း နယ်ပယ်ကိုတောင် ရောက်နေပြီတောင် ထင်ရတယ် ...

ထို့နောက် အနောက်လှည့်ပြီး ညွှန်ကြားလိုက်သည်။

ငါ့ညီလေး ရွှယ်ယင် ရွေးဖို့အတွက် ငါ့တို့မှာရှိတဲ့ အကောင်းဆုံး လှံ သုံးချောင်းကို ယူလာခဲ့ဟေ့ ... ရွှယ်ယင် ... ညီလေး ... လာလာ ... အထဲဝင်ထိုင်ပြီး အေးဆေး စကားပြော ကြရအောင် ..."

မကြာမီမှာပဲ တချို့သော ဈေးဝယ်သူတွေက တုန်ပိုရွှယ်ယင်ကို သတိထားမိ သွားကြပြီး တိုးတိတ်စွာဖြင့် သူ့အကြောင်းအား ပြောဆိုနေကြသည်။

ရွှယ်ယင် မြို့ထဲကို လာခဲသော်လည်း မြို့နေလူထုက သူ့အကြောင်းအား ပြောဆိုနေကြတုန်းပါ။ သူက အသက် ၈ နှစ်တည်းနှင့် နှင်းလင်းယုန် နယ်မြေ၏ အရှင်တစ်ယောက် ဖြစ်လာခဲ့ပြီး နေ့တိုင်းပင် လှံသိုင်းအား လေ့ကျင့်နေသည်။ တစ်ဖန် သူ့၏မိဘတွေက ဖမ်းဆီးခံရသည်ဟု ဆိုကာ တချို့လည်း သေသွားသည်ဟု ဆိုကြသည်။ အမျိုးမျိုး အထွေထွေ များပြားလှသော ကောလာဟလများ ဖြစ်ကြကာ တချို့ ကောလာဟလက ဆိုးဆိုးဝါးဝါးပင်။

အခန်း အတွင်းတွင် သူတို့ အေးဆေးပေါ့ပါးစွာ စကားစမြည် ဆိုနေကြသည့်အချိန်တွင် လက်ဖက်ရည်နှင့် မုန့်များဖြင့် ဧည့်ဝတ်ပြုကြသည်။

ထိုစဉ်တွင် မိန်းမငယ်လေး ခြောက်ယောက်သည် ရှေးဟောင်း လက်နက် သေတ္တာသုံးလုံးကို နှစ်ယောက်တစ်လုံးစီ ကိုယ်စီ သယ်ဆောင် ဝင်လာခဲ့ကြသည်။

မိန်းမငယ်လေးများကို ရှီမင်က အမိန့်ပေးလိုက်သည်။

အကုန်လုံး ဖွင့်လိုက်ပြီး ညီလေးရွှယ်ယင်ကို ပြလိုက် ..."

ဘန်း ဘန်း ဘန်း..

လက်နက် သေတ္တာသုံးလုံး စလုံး ပွင့်သွားသည်။

ထိုလက်နက်များကို မြင်သည့်အခါ တုန်ပိုရွှယ်ယင်၏ မျက်လုံးများ ချက်ချင်းပင် ကျယ်သွားကာ ဂရုတစိုက် ကြည့်လိုက်သည်။

***


rate now: