ရွှေမင်းသမီးလေးရဲ့ချစ်တေးသံ
"ခင်ဗျား..သေချာကူညီနော်"
"ဟုတ်ပါပြီးရှင်ကလည်း..အဲဒီလူကိုဝင်တိုက်ပေးရမှမဟုတ်လား"
"ဟုတ်တယ်..ခင်ဗျားရဲ့မျက်လေးလေးကမခို့တခို့လေးကြည့်ရမယ်နော်"
"ကျွန်မ.မကြည့်တတ်ဘူး"
"ဒီမှာကြည့်..ပြောပြီးတိမ်ယံလုပ်ပြတော့..ဖူးဖူးရယ်ရတာဗိုက်တောင်နာတယ်။
"အဲဒီလောက်မရယ်နဲ့..ကျုပ်လည်းမလုပ်တတ်ဘူး"
"ဟုတ်ပြီး..ကျွန်မကဝင်တိုက်ပေးရုံပဲနော်"
"ဟုတ်တယ်"
ဖူးဖူး..ရင်တော့တုန်ပါတယ်..သူအကူညီတောင်းလို့သာလုပ်ရတာ.စျေးဝယ်နေတဲ့..အန်ကယ်ကြီးဆီသွားပြီး..မတော်တဆဝင်ခလုတ်တိုက်မိသလိုလုပ်တော့..သူရဲ့အစောင့်တွေကအများကြီးရောက်လာတယ်။
"တောင်ပန်းပါတယ်.ရှင့်မမြင်မိလို့ပါ"
"ရပါတယ်..ကလေး..ကိုကြီးသတိမထားမိလိုပါ.
ဟေ့ကောင်တွေ..ငါဘာမှမဖြစ်ဘူး.ပတ်ဝန်းကျင်ကိုအာရုံစိုက်ကြ"
"ဟုတ်..ဆရာ"
ဖူးဖူး..ရယ်ချင်သွားတဲ့.သူကိုသူ့ကိုကြီးတဲ့..သူသမီးအရွယ်ကို့..အသက်ကြီးပြီးအချိန်မစည်းတဲ့လူကြီး..ဖူးဖူးကတော့..တိမ်ယံပြောသလို.မခိုတခို့လေး..မျက်ဝန်းနက်နက်နဲ့ကြည့်လိုက်တော့
."ကလေး..ဘယ်နေရာနာသွားသေးလဲ..ကိုကြီးဘာလုပ်ပေးရမလဲ"
"အသားယူထားတဲ့..ထို့လူရဲ့လက်ကနေမသိမသာရုန်းထွက်ပြီး
"ဘာမှမဖြစ်ပါဘူးရှင်..ကျွန်မကဝင်တိုက်မိတဲ့အတွက်တောင်ပန်းပါတယ်..ဉီးလေးကြီး"
"ကလေးကလည်း..ကိုကြီးအဲလောက်အသက်မကြီးသေးပါဘူးကွာ..အဟင်း.အဟင်း"
ဘာတွေသဘောကျရယ်နေလဲတော့မသိဘူး..ဖူးဖူးထိုနေရာကနေထွက်ဖို့ပြင်လိုက်တယ်။
"ဉီးလေးကြီး..ဘာမှမဖြစ်ဘူးဆိုရင်သွားခွင့်ပြုပါအုံးရှင့်"
"နာမည်လေးသိချင်တယ်..ကလေး..ကိုကြီးနာမည်ကစစ်နိုင်ပါ"
"ရှင်!!"
"မလန့်ပါနဲ့..ကိုကြီးကခင်ချင်လိုပါ"
ဖူးဖူး..ဘာပြောရမှန်းမသိလို..တိမ်ယံဘက်ကိုကြည့်လိုက်တော့..ခေါင်းငြိတ်ပြတာမြင်လို့
"ဟုတ်ကဲ့..ဉီးလေးကြီး..ကျွန်မနာမည်..ဖူးဖူးပါရှင့်"
"နာမည်နဲ့လူနဲ့လိုက်ပါတယ်..တကယ်ကိုမင်းသမီးလေးကျနေရော့..ခြောလိုကျတာ..ဖူးဖူးဆိုတဲ့အတိုင်း.ပန်းလေးရဲ့အဖူးလို့ပဲချစ်စရာလေးဗျာ"
"ဟိုလေး..ကျွန်မသွားတော့မယ်ရှင့်..ခွင့်ပြုပါအုံး"
"ခဏ"
"ဟမ်"
"မလန့်ပါနဲ့..ဒါကိုကြီးရဲ့လိပ်စာကဒ်..အကူညီလိုရင်ဖုန်းဆက်လိုက်ပါ"
ဖူးဖူး.ကိုဝါးစားမတက်ကြည့်နေတဲ့ထိုလူကြီး..အရှေ့မှာမနေချင်တဲ့အတွက်..သူပေးတဲ့လိပ်စာကဒ်ကိုယူပြီး..အမြန်ထွက်ခွာခဲ့ပါတယ်။
မာယာချို..အရမ်းကိုလှပစွာဝတ်ထားပြီး..ဉီးစစ်နိုင်ရဲ့ကာစီနိုကိုလာခဲ့ပါတယ်။
ကာစီနိုထဲကယောကျာ်းတွေအကုန်လုံး..မာယာချိုကို..တပ်မက်စွာကြည့်ကြပါတယ်..မာယာချိုကလည်း..ကြည့်မှန်းသိတော့..ပိုပြီးစမတ်ကျအောင်.အရှေ့ကျနေတဲ့ဆံပင်လေး..ခါသလိုနဲ့..ကြာကြည့်တစ်ချက်ကြည့်လိုက်တော့..ယောကျာ်းတွေအကုန်လုံးအရည်ပျော်ကျကုန်ပါတယ်။
"မာယာ..ကိုစစ်နိုင်နဲ့တွေ့ချင်လို့ပါ္"
"ခဏစောင့်ပါ..မမလေးဗျာ..ဆရာကိုသွားပြောပေးမယ်"
"Ok"
တစ်အောင့်နေ.တော့..
"မမလေး..ဝင်ခဲ့ပါတယ်"
"ဉီးစစ်..မာယာပြောစရာရှိလို့..ပြောပြီး.စစ်နိုင်ရဲ့ပေါင်ပေါ်တက်ထိုင်တယ်"
"ဘာပြောမလိုလဲ..မာယာလေး..ဉီးစစ်ကို.ဘာပူဆာမလိုလဲ..မတွေ့တာကြာလို့ထင်တယ်ပိုပြီးလှလာတယ်ပြောပြီး..မာယာရဲ့လက်မောင်းကိုပွတ်သပ်နေတယ်။
"ဖေဖေရဲ့လုပ်ငန်းစာချုပ်ကို...မာယာကိုပေးပါလား"
"လွယ်လွယ်ပေးလိုဘယ်ရမလဲ..ဉီးစစ်ကိုဘာပြန်ပေးမလဲ"
"ဉီးစစ်မှာ..မိန်းမရှိတယ်နော်..သတိထားအုံး"
"ကျစ်..အိမ်ကမိန်းမကြီးကို..ခေါက်ထားစမ်းပါ..ပြော..ဉီးစစ်ကိုဘာပြန်ပေးမှလဲ"
"မာယာ.မဲ့ပြုံးပြုံးပြီး..ဉီးစစ်ကဘာလိုချင်တာလဲ"
"မာယာရဲ့အပျိုစင်ကို.."
"ပေးမှာပေါ့..ဉီးစစ်ကလည်း..အခန်းနံပါတ7ကိုလာခဲ့..မနက်ဖြန်ည၁ဝနာရီ.ငွေလရောင်ဟိုတည်း"
"Ok"
"မာယာ.ဉီးစစ်ရဲ့..ပေါင်ပေါ်ထိုင်ပြီးမြုစွယ်လျက်ရှိပါတယ်။
"ခင်ဗျား..ကျုပ်ကိုကူညီပါဖုန်းဆက်ပေးပါနျော"
"ဒီမှာ..ရှင်လွန်ပြီးနော်.အဲဒီလူက.ကျွန်မကိုအစိမ်းလိုက်ဝါးစားချင်နေတာ..ကျွန်မထပ်ပြီးမကူညီပေးနိုင်ဘူး"
"တစ်ခါပဲ..မုန့်လာစားတာပိုက်ဆံမပါလို့လိုပြောပြီးအကူညီတောင်းလိုက်"
."ကျွန်မသူနဲ့မရင်နှီးဘူး..ပြီးတော့ရှင်မှာမပါလည်း..ကျွန်မမှာပါတယ်."
"ကျုပ်ကိုကူညီမှလား..မကူညီဘူးလား"
သူရဲ့လေသံကြောင့်..သူမလန့်သွားရပါတယ်.အံ့ကြိတ်ထားသူပုံစံ.ကမကူညီရင်ရိုက်သတ်တော့မယ်ပုံကြောင့်..အများသုံးဖုန်းကနေသူခေါ်ပေးတဲ့ဖုန်းကိုပြောလိုက်ရပါတယ်။
"ဟဲလို..ဉီးလေးကြီး."
."......."
"ဖူးဖူး..ပါ.မုန်စားနေရင်ပိုက်ဆံအိတ်ကျန်ခဲ့လို..အဲဒါဉီလေးကြီးကူညီနိုင်မလားဟင်"
"..........."
"ဟုတ်..ကျေးဇူးပါရှင့်"
ဖုန်းချလိုက်တော့..သူကသိချင်တဲ့ပုံစုံနဲ့.မျက်ခုံးပင့်ပြတော့..ဖူးဖူး..အမြင်ကပ်စွာမျက်စောင်းထိုးရင်
"လာခဲ့မယ်တဲ့..ခဏစောင့်တဲ့"
"ပြီးရော့.ခင်ဗျားအထဲဝင်ပြီးစောင့်နေ..ကျုပ်အနီးနားမှာရှိမယ်"
"ကျွန်မ..ရှင်ကိုကူညီတာနောက်ဆုံးနော်"
"အေးပါ.ကျုပ်လည်းအကူညီမတောင်းတော့ပါဘူး"
"ပြီးရော့"
သူမ.ဆိုင်ထဲမှာစောင့်နေတာ၁၅မိနစ်ကြာတော့..ဉီးလေးကြီးဆိုတဲ့သူ..ရောက်လာတယ်။
"ကလေး..ကိုကြီးအမြန်လာခဲ့တာ..ပိုက်ဆံဘယ်လောက်ရှင်းပေးရမှလဲ"
"ဉီးလေးကြီး..မောလာမှာပေါ့..တစ်ခုခုသောက်အုံးလေး"
"အလိုက်သိတယ်..ဟေ့.သံပုရာရည်တစ်ခွက်ပေးပါ။"
"ကလေးရော့..ဘာစားအုံးမလဲ"
"မစားတော့ဘူး..အခုလိုကူညီပေးလို့ကျေးဇူးပါ"
"ရပါတယ်..ကလေးရယ်.."
"ကလေး..ခဏ.ကိုကြီးသန့်ရှင်းခန်းသွားအုံးမယ်"
"ဟုတ်ကဲ့"
"သူမထိုင်စောင့်နေတာ..၁၀မိနစ်ရှိတော့..တိမ်ယံကဘယ်ကနေဘယ်လိုပေါ်လာလည်းမသိဘူး..အတင်းလာဆွဲခေါ်သွားတယ်။
မာယာကတော့..သူ့တပည်တွေပြောတာနားထောင်ပြီးပျော်သွားတယ်..မျက်နှာကလည်းပြုံးလို့.။
"တော်တယ်..ဒီတစ်ခါနင်တို့..တိမ်ယံရဲ့နေရာကိုသိလို..နောက်တစ်ခုကဒီမိန်းကလေးကိုအမြန်ရှာပေးဖို့ပဲ"
"ဟုတ်ကဲ့..သခင်မ"
"သခင်မ..သခင်မ."
"ဘာအကြောင်းရာရှိလိုရေးကြီးသုတ်ပြာနဲ့"
"ဉီးစစ်နိုင်..အသတ်ခံရလို့တဲ့"
"သတင်းကတိကျလား"
"တိကျပါတယ်..သခင်မ..သန့်စင်ခန်းမှာ.
ဓားနဲ့လည်းပင်ကို..လှီးသတ်သွားတာ..သတင်းတွေပျံ့နေပြီး..လူသတ်သမားကိုရှာမတွေ့ဘူးတဲ့"
"ကောင်းတယ်.အဲဒီသတင်းက..မဟုတ်ရင်ငါကလည်းသူကိုသတ်မှာမို့လို့..ငါလက်သွေးမပေတော့ဘူးပေါ့"
"ဒီအသတ်ခံရတဲ့အမှုမှသခင်မ.
စစ်ဆေးခံရမှာစိုးတယ်"
"စစ်ဆေးပါစေ..ငါမှမသတ်တာဘာကိုကြောက်နေရမှာလဲ..ကဲ့ဒီနေ့ငါအရမ်းပျော်တယ်အတွက်
ပျော်ပွဲရွှင်ပွဲကျင်းပမယ်"
ဂိုဏ်းသားတွေအကုန်ပျော်ရွှင်သွားကြပါတယ်။
ဖူးဖူး..သတင်းကြည့်ပြီး..ကြောက်လန့်တကြား
"ရှင်..သတင်းကိုကြည့်လိုက်စမ်း..ဟိုဉီးလေးကြီးအသတ်ခံရတာတဲ့..အီးးဟီးး"
."ခင်ဗျားက..ဘာလိုငိုနေတာလဲ..သူကိုခင်ဗျားချစ်မိသွားလို့လား"
."ရှင်နော်..မဟုတ်တာမပြောနဲ့..ကျွန်မကိုအဲဒီလူနဲ့ပတ်သက်ခိုင်းတာရှင်ပဲ..ကြောက်လိုငိုတာရှင့်"
"ငိုမနေနဲ့..သူကခင်ဗျားကိုဘာမှလုပ်နိုင်မှမဟုတ်ဘူး..သေသွားတာဆိုတော့.သရဲပဲလာခြောက်မှာ"
"ရှင်နော်..ပေါက်ကရလျောက်ပြောမနေနဲ့..ဒါနဲ့အဲဒီ.ဉီးလေးကြီးက.အသတ်ခံ....သူမစကားရပ်သွားတာက..ဉီလေးကြီး..သန့်စင်ခန်းဝင်ပြီးမှ..တိမ်ယံ..လည်းလိုက်ဝင်တာ..သူမမြင်လိုက်လို့.
"ဆက်ပြောလေး..ဘာကြောင့်ရပ်သွားရတာလဲ"
"ရှင်.သတ်လိုက်တာမဟုတ်လား"
"ခင်ဗျားက..ဘာသက်သေနဲ့ပြောတာလဲ"
"ရှင့်..သန့်စင်လိုက်ဝင်သွားတာ.ကျွန်မမြင်လိုက်တယ်..ပြီးတော့..ကျွန်မကို..အဲဒီလူနဲ့ပတ်သက်ခိုင်းတာ..ရှင်အခုလိုလုပ်မလို့မဟုတ်လား.ဘာကြောင့်လဲပြောရအုံးမလား..အဲဒီလူကြီးအနားမှာသူရဲ့ကိုယ်ရံတော်တွေအများကြီးရှိလိုလေး..ကျွန်မ..
"မပြောနဲ့တော့..ခင်ဗျားပြောတာမှန်တယ်"
"ရှင်..လူတစ်ယောက်ကိုဘာကြောင့်အလွယ်လေးသတ်နိုင်ရတာလဲ"
"အဲဒါကျုပ်အလုပ်ပဲ"
"ရှင်!!"
"ကျုပ်ကကြေးစားလူသတ်သမား..ကျုပ်အလုပ်ကျုပ်လုပ်ရမှာပဲ..မင်းကိုသတ်ပစ်ရမှာကျုပ်အလုပ်ဆိုရင်လည်း..သတ်ဖို့ဝန်မလေးဘူး..ခင်ဗျားကရွှေဘုံစံမင်းသမီးဖြစ်လည်း..ကျုပ်ကရုမစိုက်ဘူး"
"ရှင်ကိုကျွန်မ..သိပ်မုန်းတယ်..ရှင်ကလူသတ်သမား..အီးးဟီးး."
"အခု..ခင်ဗျား.ကျုပ်အကြောင်းသိပြီးဆိုတော့..ဘာဆက်လုပ်မယ်စိတ်ကူးလဲ"
"ရှင်ကိုရဲတိုင်မယ်..အဲဒီလူကို.ရှင်သတ်တယ်လိုထွက်ဆိုပေးမယ်.."
."ကျုပ်ကလည်း..ခင်ဗျားကိုကြံရာပါဆွဲထည့်မှာ"
"ရှင့်..ရှင်.လူယုတ်မကြီး..ကျွန်မနဲ့..ဘာမှမဆိုင်ဘူး.းး"
"အရမ်းမအော်နဲ့နားငြီးတဲ့"
"အော်မှာပဲ..ကျွန်မလူသတ်သမားနဲ့တစ်အိမ်ထဲအတူမနေနိုင်ဘူး.ပြောပြီး..သူမရဲ့အထုပ်တွေယူပြီး..ပြေးမယ်ကြံတော့..
"ဒါဆိုရင်..ခင်ဗျားကိုကျုပ်သတ်ရမှာပေါ့ပြောပြီး..လည်းပင်ကိုညစ်တော့..သူမကအတင်ရုန်းကန်းပြီး...ထွက်ပြေးသွားတယ်။
အမှန်တကယ်..တိမ်ယံ..သူမကိုကြောက်အောင်ခြောက်တာပါ..သူသတ်ချင်ရင်ဖြစ်.၃စက်ကန့်နဲ့တင်..သူမ.သေနိုင်ပါတယ်...သူမကို..လိုက်မဖမ်းတာက..သူမ..သွားစရာနေရာရှိမှာမဟုတ်ဘူးထင်လို့ပါ။
တိမ်ယံ..ခေါင်းငိုက်စိုက်ကာ..ကြမ်းပြင်ကိုကြည့်လိုက်တော့..ကျောက်စိမ်းအသဲပုံလေးကိုမြင်တော့..ချက်ချင်း..သူမကိုလိုက်ရှာတယ်..ချစ်တေးသံ.ကခင်ဗျားလား..တောက်..
ဖူးဖူး..ကြောက်ရွံစွာပြေးထွက်လာတာ..အနောက်ကိုလှည့်ကြည့်တော့.သူ..လိုက်မလာမှန်းသိတော့..လည်ပင်းကို.ကိုင်ရင်ငိုနေမိပါတယ်။
."ရှင်.ကအဲလိုလူမျိုးမဟုတ်ဘူးလေး..ရှင်ရင်ထဲကကြင်နာမှုကို..ကျွန်မမြင်နေရတယ်လေး..ဘာကြောင့်ရှင်က..လူသတ်သမားဖြစ်နေရတာလား
ဘာကြောင့်လဲ..ကျွန်မရင်တွေက.နာနေရတာလဲ..အီးးဟီးး..သူမဝမ်းနည်းစွာထိုင်ငိုနေတုန်း
တစ်စုံတစ်ယောက်ကမေ့ဆေးပုဝါနဲ့အုပ်လိုက်ပြီး..ကားပေါ်တင်သွားခဲ့တယ်။
နောက်နေ့ဆက်ရန်ဗျာ..စာဖတ်သူတွေကျန်းမာရေးကရုစိုက်ကြပါဗျာ..အားရှိအောင်စားအားရှိအောင်အိပ်ပြီးကိုယ်ခံအားကောင်းနေကြပါနော်..ကျွန်တော်တို့တစ်မိသားစုလုံးလည်းဖျားနေကြပါတယ်ဗျာ..စာဖတ်သူလေးတွေကိုစိုးရိမ်တဲ့ဗျာ..စာရေးတာသိပ်မကောင်းရင်တောင်ပန်းပါတယ်ဗျာ။
စာရေးသူ သွေးမိန့်