book

Index 8

အပိုင်း(၈)

ရွှေမင်းသမီးလေးရဲ့ချစ်တေးသံ


မနက်စာပြင်ရင်..ဖူးဖူးနှုတ်ခမ်းလေးဆူပြီး..ပွစိပွစိရေရွတ်နေမိတယ်။


"ဟိတ်..ဘာတွေပွစိပွစိရွတ်နေတာလား..ကျုပ်ကိုပြောနေတာလား"


"ဟုတ်တယ်ရှင်ကိုပြောနေတာ"


"အေးပြောတဲ့ဆိုရင်လည်း..ကျုပ်ကြားအောင်ပြော..တိုးတိုးနဲ့ပြောမနေနဲ့ ကျုပ်ကိုကြောက်ရင်လည်းပါစပ်ပိတ်နေ"


"အမယ်..ရှင်ကိုကြောက်စရာလား.. ဆုတောင်းလေး"


."မကြောက်ရင်ကျုပ်ကြားအောင်ပြောပေါ့..ဘာလိုတိုးတိုးလေးပြောနေတာလဲ"


"ရှင်ကြားအောင်ပြောမယ်..ညတုန်းကပြုစုပေးတာကို့ကျေးဇူးမတင်တဲ့အပြင်..ကျွန်မကိုလာပြောလို့..ရှင်ကကျေးဇူးကန်းတဲ့လူလိုပြောနေတာ"


"ခင်ဗျာကိုပြုစုခိုင်းမိလား"


"ရှင်နော်..စကားပြောရင်ရိုက်ပေါက်ကြီးပဲ

ရှင်ကိုထုမိတော့မယ်"


"ခင်ဗျားက.လူပုစိတ်တိုပဲ.ဒေါသခညျြးပဲ..ကျုပ်ကိုထုရအောင်ခင်ဗျားအရပ်ကမီလိုလား..ဂျပုမလေးရဲ့"


"ရှင့်နော်..ကျွန်မဂျပုမဟုတ်ဘူး.မိန်းကလေးတွေအများဆုက.ကျွန်မအရပ်လောက်ပဲ.ရှင့်သာမိုးထိုးမယ်အရပ်..ဓာတ်တိုင်နဲ့သစ်ကုလားအုပ်စပ်ထားတာကျနေတာပဲ"


"ဟေ့..ဟေ့ဒါတော့ခင်ဗျားလွန်ပြီးနော်..ကျုပ်အရပ်ကယောကျာ်းတစ်ယောက်မှရှိသင့်တဲ့အရပ်သိလား..၆ပေအထက်လေးရောရှုဘူးလားမသိဘူး.ပြောတော့..ဖူးဖူး. ထိုင်ခုံပေါ်ထပ်ရပ်ပြီး

သူကိုအနိုင်ယူအကြည့်နဲ့ကြည့်လိုက်တယ်။


"၇ပေအထက်လေကိုတောင်ရှုဘူးတဲ့သိပြီးလား"


"ဟားးခုံပေါ်တက်ရှုရတဲ့ဘဝ"


"ရှင်နော်..သရဲရယ်သံ"


"ကျုပ်ကသရဲမဟုတ်ဘူး..ခင်ဗျားသာနံရံပေါ်ကနေဂါဝန်းကြီးနဲ့ဆင်းလာတဲ့သရဲမ..ပြောပြီးမုန့်ကိုယူစားတော့ ဖူးဖူး..သူရဲ့လက်ကိုရိုက်ပစ်လိုက်တယ်။


"ဟာ..ဘာလိုရိုက်တာ.မုန့်စားဖို့ကို"


"ရှင်လက်ရော့ဆေးလို့လား"


"မေ့သွားလိုပါ..တွေ့လားကျုပ်လက်သည်းအရှည်တောင်မထားဘူး.သန့်သန့်ရှင်းရှင်းနေတယ်.တစ်ခါလေးလက်ဆေးဖို့မေ့သွားတာနဲ့

ကျုပ်လက်ကိုရိုက်ထဲပစ်တယ်..ခင်ဗျားထက်တောင်ကျုပ်ကပို.သန့်ရှင်းသေးတယ်။"


"ဟုတ်ပါပြီး ကိုသန့်ရှင်းကြီးရဲ့အရမ်းဆုံးညစ်ပတ်နေတဲ့ရှင်လက်ကိုဆေးပြီးမှာ..သန့်ရှင်းကြောင်းလာပြောပါ"


တိမ်ယံ..ဖူဖူးကိုမကျေမနပ်ကြည့်ပြီးစောင့်ကြီးအောင့်ကြီးနဲ့လက်သွားဆေးပါတယ်။


"သခင်မ..အဲဒီမိန်းကလေးကို..တွေ့ရှာအောင်ပေးပါမယ်"


"ငါနင့်ကိုအချိန်တစ်ပတ်ပေးမယ်..ငါဆီအဲဒီမိန်းကလေးခေါ်ခဲ့ပါ"


"ဟုတ်ကဲ့ပါ..သခင်မ"


"တိမ်ယံဆိုတဲ့လူ ရဲ့တည်နေရာသိပြီးလား"


"မသိသေးပါဘူး..ကျွန်တော်သူအနောက်ကိုလိုက်ချောင်းတိုင်းရိပ်မိတယ်ထင်တယ်..အမြဲတမ်းမျက်ခြေပျက်သွားတဲ့"


"နောက်တစ်ခါအဲလိုအဖြေမလိုချင်ဘူး"


"ဟုတ်ကဲ့ပါ..သခင်မ"


"သခင်မ.ရှင်.ဂိုဏ်းချုပ်ကြီးရောက်လာပါတယ်."


မိန်းမပျိုတစ်ဉီးက..အလောတကြီးလာရောက်ပြောဆိုတော့..မာယာနည်းနည်းလန့်သွားပါတယ်။သူမရဲ့ဖေဖေဟာ..အရေးကြီးအကြောင်းအရာမဟုတ်ရင်..ဒီနေရာကိုမလာတဲ့အတွက်ကြောင့်ပါ။


"ဖေဖေ.အကြောင်းမကြားဘာမကြားပါလား"


"သမီးကို..ပြောစရာရှိလို့လာတာ..ကျန်တဲ့လူတွေအကုန်အခန်းထဲထွက်ကြ". .အာဏာအပြည့်နဲ့ပြောလိုက်သောစကားကြောင့်..အကုန်လုံးကနာခံစွာအပြင်ထွက်ကြပါတယ်။


"ဖေဖေရဲ့..လာရင်းအကြောင်းအရာက"


"မောင်စစ်နိုင်ဆီက..ဖေဖေရဲ့ဆောက်လုပ်ရေးစာချုပ်ကိုယူပေးဖို့"


"ဖေဖေ..သူ့ကာစီနိုသွားပြီးရှုံးခဲ့ပြန်ပြီးလား"


"အမှန်ပဲ..ဖေဖေရဲ့လုပ်ငန်းစာချုပ်သူဆီမှာ..သမီးသွားယူပေး"


"ဖေဖေ..ဘယ်တော့လောင်းကစားကိုစွန့်လွတ်မှာလေး...ဒီဂိုဏ်းကိုရော့ဘယ်အချိန်ပြန်လာမှာလဲ"


"သမီးရဲ့အရည်အချင်းကို..ဖေဖေယုံကြည့်တဲ့ဟိုကောင်လေးကို..အပြတ်ရှင်းနိုင်ရင်ပဲ..ဖေဖေတို့ဂိုဏ်းတိုးတက်ပြီး"


"ဖေဖေ..ဘယ်ကောင်လေးကိုပြောတာလဲ"


"သားဖချင်းမသိချင်ယောင်ဆောင်နေပြန်ပြီး..တိမ်ယံဆိုတဲ့ကောင်လေးလေး.."


"ဖေဖေသိနေတာလား"


"သမီး..ဒီဂိုဏ်းကိုမှာဖေဖေရဲ့တပည့်တွေရှိသေးတယ်နော်"


"အော်သူတို့ပြောပြတာကို..သမီး..ကိုစစ်နိုင်ဆီကစာချုပ်ရအောင်ပြန်ယူခဲ့ပါမယ်"


"ဖေဖေ..သမီးကိုယုံတယ်.ပြောပြီးနဖူးကိုနမ်းကာပြန်ထွက်သွားတယ်။


တိမ်ယံ..သေနတ်ဒဏ်ရာက..ပျောက်သွားလို့.ငုဝါ..သတ်ခိုင်းတဲ့လူကိုသတ်ဖို့..ဖူးဖူး.ကိုအသုံးချရမယ်တွေးမိပြီး..သူမကိုကြည့်လိုက်တော့..စာအုပ်တစ်အုပ်စိတ်ပါဝင်စားစွာ..ဖတ်နေတော့..သူကချောင်းသံပေးပြီး..သူမဆီလာခဲ့တယ်။


"အဟွတ်..ခင်ဗျား..ဘုရားပွဲစျေးသွားချင်လား"


"ရှင်တကယ်ပြောနေတာလား"


"တကယ်ပြောတာသွားချင်လား..မသွားချင်ဘူးလားပြော"


"သွားချင်တယ်..ကျွန်မ.ဒီတိုက်ပေါ်ကလှမ်းကြည့်နေတာ.စျေးသည်တွေအများကြီးပဲ..ရှင်ကိုလိုက်ပို့ခိုင်းမလို..မပြောရဲတာနဲ့ဒီအတိုင်းစာအုပ်ဖတ်နေတာ"


"ခင်ဗျားသွားချင်ရင်လိုက်ပို့မယ်လေး..ဒါပေမဲ့တစ်ခုရှိတယ်"


"ရှင်ကလည်း..ကျွန်မရှင်အနာကိုဆေးထည့်ပေးနေတာနဲ့တစ်ပတ်ရှိပြီး.ကျေးဇူးတင်တဲ့အနေဖြစ်လာပို့ပေါ့"..နှုတ်ခမ်းဆူပြီးပြောတော့..တိမ်ယံ..သဘောကျစွာပြုံးမိတယ်..


"ကဲ့ပါအဝတ်စားသွားလှဲလိုက်ပို့ပေးမယ်..နောက်ကျမှာခင်ဗျားကို..ကျုပ်ပြောတော့မယ်"


"ယေးးယေး...အဝတ်စားကမလှဲတော့ဘူး.ဒီအတိုင်းသွားမယ်"


"တကယ်မလှဲဘူးလား..သူအံ့သြစွာပြောမိတယ်.မျက်နှာကပါးကွက်ကြားနဲ့ဆံပင်ကနှစ်ခွစီးထားပြီး..ဂါဝန်အဖြူနွမ်းနွမ်းလေးနဲ့..သူမအသွင်ကတကယ်ချစ်ဖို့ကောင်းလှပါတယ်..ငေးကြည့်နေမိတယ်။


"တိမ်ယံ.မင်းစိတ်ကိုထိန်းစမ်း..မင်းမှာ.ချစ်တေးသံရှိတယ်..နှလုံးခုန်တွေမြန်မလာနဲ့..ကိုယ်ကိုသတိပေးမိတယ်။


"ရှင်ဘာကြောင်နေတာလဲ..သွားမယ်လေး"


"အေးပါကွာ..လာသွားကြမယ်"


ပွဲစျေးကသူမအတွက်တကယ်အထူးအဆန်းပါ..တွေ့သမျှအရုပ်တွေကိုဝယ်..စားချင်သမျှအကုန်စား..သူမလေးတောင်..သူနဲ့အတူနေတာ.တစ်လပြည့်တော့မယ်...ခင်ဗျားစံအိမ်ကို.ဘယ်အချိန်ပြန်မှာလဲကျုပ်တော့..ခင်ဗျားကိုတွယ်တာနေမိပြီးထင်တယ်..ဒါပေမဲ့ကျုပ်အနားမှာခင်ဗျားကိုအကြာကြီးမခေါ်ထားနိုင်ဘူး..ခင်ဗျာအတွက်ဘေးဖြစ်မှာစိုလို့ပါ။


"ကျွန်မ.ဟိုဟာကြီးစီးချင်တဲ့"


"သူမ.လက်ညိုးထိုးတာကြည့်လိုက်တော့..လှူေအျောဟစျကာစီးနေတဲ့..ပင်လယ်ဓားမြ..ကိုပြောတာပါ။


"ခင်ဗျားစီးရဲ့လို့လား"


"ရှင်ပါတာပဲမကြောက်ပါဘူး"


."ဒါဆိုရင်သွားစီးမယ်..ပြောပြီးစီးကြတော့.

တိမ်ယံပါရင်မကြောက်ပါဘူးပြောတဲ့.ဖူးဖူးအပေါ်ရောက်တော့.ငိုယိုပြီးတိမ်ယံကိုဖက်ထားလိုက်တာ..အသက်ထွက်မတက်ပဲ..တိမ်ယံကတော့..သူမလေး.ကိုကြည့်ပြီးတစ်ခါမှလွတ်လပ်စွာမရယ်ဘူးတဲ့သူရဲ့ရယ်သံကမဆုံးနိုင်တော့ပါ။


"အီးဟီးး..အရမ်းကြောက်ဖို့ကောင်းတာပဲနောက်မစီးတော့ဘူး"


"ကျုပ်ပါရင်မကြောက်ဘူးဆို.အဟင်း.အဟင်း"


."ရှင်ရယ်နိုင်သေးတယ်နော်..သူများငိုနေတာကို့..အရမ်းပျော်တဲ့ပေါ့"ပြောပြီး..လိုက်ထုတော့..တိမ်ယံကရှောင်ပြီးပြေး..သူမ.ကလိုက်ထုနဲ့ခလုတ်တိုက်ပြီး...လှဲမယ်ကြံတော့..သူမရဲ့ခါးကျဉ်းကျဉ်းလေးကို..သူရဲ့လက်ဖဝါးကြမ်းကြမ်းကြီးနဲ့လှမ်းဖက်ထားလိုက်တော့..သူမရဲ့ကိုယ်လေးကသူရင်ခွင်နွေးနွေးလေးထဲ.ရောက်သွားပြီး..တစ်ယောက်ကိုတစ်ယောက်ကလည်း

ငေးကြည့်နေမိပါတယ်။


ဒီမြင်ကွင်းကိုကြည့်ပြီး..အောင်နိုင်စွာပြုံးနေတဲ့လူတစ်ယောက်ရှိပါတယ်။သူကတော့ဧကရာဇ်ဂိုဏ်းချုပ်ပဲဖြစ်ပါသည်။


"တိမ်ယံ..တိမ်ယံ..မင်းငါဂိုဏ်းထဲပြန်ဝင်ကိုဝင်ရမယ်..မင်းရဲ့အားနည်းချက်ကိုငါသိပြီးလေး"


"ဂိုဏ်းချုပ်..ကျွန်တော်တို့လှုပ်ရှားရတော့မလား"


"မလုပ်နဲ့အုံး..အချိန်မကျသေးဘူး.တိမ်ယံကလည်တဲ့..ဒီအချိန်သွားဖမ်းလည်း..ငါတို့ခံရဖို့ရှိတယ်..သေချာပြီးဆိုမှဒီကောင်ကိုဖမ်းမယ်။"


"ဂိုဏ်းချုပ်..သဘောပါ"


သူတို့အဖွဲ့အပြင်.နှင်းဆီနက်ဂိုဏ်းကလူတွေလည်း.တိမ်ယံ..နေရာကိုသိသွားကြပါသည်။


"ငါတို့..သခင်မအတွက်သတင်းကောင်းပဲ..တိမ်ယံဆိုတဲ့ကောင်ကို..အခုသတ်လိုက်ရရင်သိပ်ကောင်းမှာ..သူကြောင့်ငါတို့ရဲ့သူငယ်ချင်းတွေအသတ်ခံရတာ"


"စိတ်လျော့..ဟေ့ကောင်တော်ကြာ..သခင်မစိတ်စိုးမှနောက်ထပ်ဖြတ်ခံရမယ်ခေါင်းက..ငါတို့နှစ်ယောက်ခေါင်းဖြစ်လိမ့်မယ်ကွာ..သခင်မ.ကသူကိုသတ်ခိုင်းတာမဟုတ်ဘူး..သူရဲ့တည်နေရာကိုပဲသိချင်တာ"


"အေးပါ..ကွာ.သခင်မကိုပဲပြန်လျှောက်တင်မှာပါ"


"ခိုင်းတဲ့အတိုင်းလုပ်တာပဲကောင်းပါတယ်ကွာ..ငါတိမ်ယံဘေးက..ကောင်မလေးကိုမြင်ဖူးသလိုပဲကွာ"


"အေး..ဟုတ်တယ်ငါရော့ပဲ..နည်းနည်းမသဲကွဲဘူးကွာ..ဝေးနေလိုဖြစ်မယ်ကွာ..ဒီထက်နီးရင်လည်းငါတို့ကိုရိပ်မိတော့မယ်ပြောပြီးနှစ်ယောက်သား..အဲဒီနေရာကနေထွက်ခွာကြသည်။


နောက်နေ့ဆက်ရန်ဗျာ စာဖတ်သူလေးတွေကိုစိတ်ပူတဲ့ဗျာကျန်းမာရေးကရုစိုက်ပါနော်စာဖတ်သူလေးတွေကိုဖတ်စေချင်လို့တင်ပေးလိုက်တာပါဗျာ။


စာရေးသူ သွေးမိန့် 


"


rate now: