book

Index 7

အပိုင်း(၇)

ရွှေမင်းသမီးလေးရဲ့ချစ်တေးသံ


"ချစ်တေးသံလေးရေ...ကိုကို ခါးခါးလေးမွှေးချင်တဲ့ဗျာ..အမောပြေလေးနော်"


"ခစ်..ခစ်..ကလေးလေးကပါးကိုဖောင်းနေအောင်ရယ်နေတော့"


"အရမ်းအသဲယားလှပြီးကွာ..ညီမလေးကို..ကိုကိုနမ်းတော့မယ်ပြောပြီး..အားပါးတရနမ်းပစ်လိုက်တယ်။


"သား..ထမင်းမစားပဲဘာလုပ်နေတာလဲ..အခုနာပဲရေချိုးပြီးတယ်..ဗိုက်ဆာနေမှာပေါ့"


"မစားပါဘူး..ညီမလေးကိုလာနမ်းတာ..ဒေါ်ဒေါ်"


"အရမ်းချစ်လား..ညီမလေးကို"


."ချစ်တယ်..သားအသက်ထပ်ပိုပြီးတော့မြတ်နိုးတယ်"


."အဟင်း..အဟင်းး..အဲလောက်တောင်ချစ်နေရင်

သမက်တော်ပစ်လိုက်မှာနော်..သားကို"


"သမက်ဆိုတာ..ဘာလဲဒေါ်ဒေါ်..သားမကြားဖူးလို့"


ကွောငျတောငျတောင်ဖြစ်သွားတဲ့..တိမ်ယံကိုကြည့်ပြီး..ခင်လေး.သဘောကျစွာပြုံးမိတယ်။


"သမက်ဆိုတာက..ညီမလေးကိုသားဆီအပိုင်ပေးလိုက်ရလို့ခေါ်တာ..သားရဲ့"


"ဒေါ်ဒေါ်က..တကယ်အပိုင်ပေးတာလား..ညီမလေးကို့"


"ဟုတ်တာပေါ့..သားရဲ့"


"ချစ်တေးသံလေးက..ကိုကိုအပိုင်ဖြစ်သွားပြီးနော်"


"သားက..သမီးလေးကိုဘာလို့ ချစ်တေးသံလိုခေါ်တာလဲ"


"ညီမလေးရဲ့..စကားပြောသံလေးက..သားနားထဲမှာတေးသံလေးလိုခံစားရလို့"


"သား..ကဗျာဆန်သားပဲ..ညီမလေးကို..ချစ်တာကလည်းချစ်ပေါ့..ထမင်းစားလိုက်အုံးနော်..ပြီးရင်လာချစ်ပေါ့"


"သားညကျမှာချစ်တော့မယ်..ထမင်းစားပြီးချင်..ဒေါ်ဒေါ်ပေးထားတဲ့စာလုပ်အုံးမယ်"


"လိမ်မာလိုက်နော်..တိမ်ယံလေးက..သမီးရဲ့ကိုကိုက..တစ်အားလိမ်မာတာသိလား..ခင်လေးပြောတော့..သမီးလေးကနားလည်လား..မလည်းလားမသိဘူး..သဘောကျပြီးရယ်နေလျက်ပါ။


"မောင်ရဲ့သွားရမှာပေါ့..ဖေဖေကနေမကောင်းဖြစ်နေတာကို့"


"ခင်လေးနဲ့မခွာနိုင်ဘူး..ပြီးတော့သမီးလေးကိုရော့ပဲ"


"ခင်လေးတို့လည်းလိုက်ခဲ့မှာပေါ့"


"တကယ်လား..ခင်လေး"


"တကယ်ပြောတာပါ.မောင်..ခင်လေး..ဖေဖကေိုနားလညျတယျ..မောင်ကိုသူအရမ်းချစ်တာလေး

ခင်လေးကိုချွေးမတစ်ယောက်အနေနဲ့သဘောမကျပေမဲ့..မမုန်းပါဘူး..မောင်ရဲ့"


"ဒါဆိုရင်..မောင်တို့ပြင်ဆင်ရအောင်"


"ဟုတ်ကဲ့..မောင်"


ပြင်ဆင်ပြီးလို့သွားမယ်ပြင်တော့..တိမ်ယံလေးကငိုမဲ့မဲ့ဖြစ်နေတော့..မောင်က


"သား..ဉီးကခဏပဲသွားမှာဟိုမှာ ဘိုးဘိုးကြီးနေမကောင်းလို့..ညီမလေးကိုလည်းခေါ်သွားမှာကွာ..အမြန်ပြန်ခဲ့ပါမယ်..ရော့.ဒါကိုသားသေချာသိမ်းထား..ဟိုမှာတွေ့လား..ညီမလေးမှာလေးအဲလိုဆွဲကြိုးရှိတယ်။


တိမ်ယံ..လှမ်းကြည့်တော့ညီမလေး..ရဲ့လည်တိုင်သွယ်သွယ်လေးမှာ..ကျောက်စိမ်းလေးကိုအသဲပုံလုပ်ပြီးဆွဲထားပေးတဲ့..သူကိုလည်းတစ်ပုံစံတည်းပေးထားတယ်။


"သား..လိမ်လိမ်မာမာနေနော်..သိုင်းတွေအရမ်းမလေ့ကျင့်နဲ့..စာတွေလည်းသေချာလုပ်နော်..ညီမလေးကိုသတိရရင်..သားပုံတူဆွဲထားတဲ့ပုံလေးကိုကြည့်နော်..ဒေါ်ဒေါ်မှာတာမမေ့နဲ့ပွောပွီးထှကျသှားတာက...ညီမလေးကိုနောက်ဆုံးမြင်လိုက်ရတဲ့အချိန်ပါ။


ဒေါ်ဒေါ်တို့ထွက်သွားပြီးတစ်နာရီအကြာမှာ..ဆိုးဝါးတဲ့သတင်းကသူဆီရောက်ခဲ့တယ်..လမ်းမှာရက်ရက်စက်စက်အသတ်ခံရတာတယ်..လင်မယားနှစ်ယောက်လုံးသေဆုံးတာတွေ့တဲ့..ကလေးကတော့ပျောက်နေတယ်တယ်.အတိတ်ကိုကြေကွဲစွာတွေးနေတုန်း


"အားးး"


တိမ်ယံ..အမြန်ထပြီး..မီးဖိုချောင်းထဲပြေးရတယ်..


"ခင်ဗျား..ဘာဖြစ်တာလဲ..ပြောပြီး..တိမ်ယံကြည့်လိုက်တော့


ဖူးဖူး..ရဲ့ပုံစံကစစ်ထွက်တိုက်မယ်..စစ်သည်လိုမျိုးအကာအကွယ်အပြည့်နဲ့..ကြည့်ပါအုံး..ချက်ပြုတ်ဖို့အတွက်..မက်တပ်ထားတဲ့.ခေါင်းစွပ်ဝတ်ထားတဲ့..လက်အိတ်..ဒန်းအိုးအဖုံးကိုအကာဖြင့်ကိုင်ထားတယ်..ဟင်းချက်ဇွန်းကလက်မှာကိုင်းထားသေးတယ်။


"ခင်ဗျား.ချက်ပြုတ်ဖို့လားဒါမှမဟုတ်စစ်တိုက်ဖို့လား"


"ရှင်ကလည်း..ဒါတွေကကာကွယ်တာလေး"


"ဒါဆိုရင်..ခင်ဗျားဘာလိုအော်တာလဲ..နားကိုအူသွားတာပဲ"


"ဆီပေါက်လို.."


"ခင်ဗျားကိုထိသွားလား"


"ထိတော့မထိဘူး..လန့်သွားတာ"


"ခင်ဗျား..လန့်တာကလည်းကျုပ်နှလုံးရောဂါရမယ်..နာတာတစ်မျိုး ခင်ဗျားကတစ်မျိုး..တောက်"


"ရှင်နော်..ကျွန်မကိုတောက်မခေါက်နဲ့..ကျွန်မလည်းရှင်နဲ့ထပ်တူပဲ..ဟင်းမချက်တတ်တာကတစ်မျိုး..ရှင်ရဲ့ဒေါသကတစ်မျိုး...ပြောတုန်း ဆီထပ်ပေါက်တော့..အမေ့ဆိုပြီး..အနောက်ကိုလှမ်းခုန်ဆုတ်ရှောင်တာ..ကံမကောင်းစွာဖြင့်ချော်လှဲတော့..ဘေးကခါးထောက်ရပ်နေတဲ့ တိမ်ယံ..ဝင်ပြေးထိန်းတာ..နှစ်ယောက်လုံးရင်ချင်းထပ်သလို..နှုတ်ခမ်းချင်းပါထိကပ်သွားတယ်။


နှစ်ယောက်စလုံး..ခဏတော့ကြောင်ပြီး..ဖူးဖူးကပဲအရင်..သူအပေါ်ကအမြန်ထရပ်ပြီး


"ရှင်..ဘယ်လိုလုပ်လိုက်တာလဲ"ပြောပြီးသူမရဲ့နှုတ်ခမ်းကို...လက်ဖဝါးနဲ့ထပ်ခါထပ်ခါပွတ်တော့..သူကကျွဲမီးတိုကာ


"ကျုပ်နှုတ်ခမ်းကအဲလောက်ထိမညစ်ပါဘူး..ခင်ဗျာနှုတ်ခမ်းကိုထပ်ခါထပ်ခါသုတ်မနေနဲ့.."


"ဘာလို့မညစ်ပတ်ရမှာလဲ..တစ်ချိန်လုံးဆေးလိပ်သောက်နေတာကို့"..ပြောပြီး..သူမရှက်လွန်လို့အပြင်ထွက်မယ်ပြင်တော့


်"ဟိတ်..ဟင်းကဆက်မချက်တော့ဘူးလား"


"ဟုတ်သားပဲမေ့သွားတယ်"


"ကျုပ်..အနမ်းကိုရလိုအကုန်လုံးမေ့ပြီးထင်တယ်.."


"အောင်မယ်..ဖြစ်ရမယ်..သွား..သွားရှင်ဘာသာသွားအိပ်နေ..ကျွန်မကိုလာမရှုပ်နဲ့"


"ရှက်ရင်အဲလိုဖြစ်တာလား..ဒါနဲ့ကျုပ်အနမ်းကအဲဒါပထမဆုံးနော်..ခင်ဗျားကရောပထမဆုံးပဲလား"


"ဖျပ်..ဆိုပွီး သူမ.ဟင်းချက်တဲ့ဇွန်နဲခေါက်ပစ်လိုက်တယ်။


"အား..ခင်ဗျာ"


"ဘာမှဆက်မပြောနဲ့..ရှင်ရဲ့ဇနီးလသားအရွယ်ကိုအားနာအုံး"


"မပြောတော့ပါဘူး..ကျုပ်ရဲ့ဇနီးဖြစ်သူကခွင့်လွတ်မှာ..မတော်တဆဖြစ်တာပဲနော်..ချစ်တေးသံလေး" ဓာတ်ပုံကြည့်ပြီးတောအိမ်ရှေ့ထွက်သွားတော့..သူမ..သက်ပြင်းမှုတ်ထုတ်မိတယ်။


"ဒုန်း..အုန်းး..ခွမ်းးး"


"တစ်ယောက်မှအသုံးမကျဘူးး..လူတစ်ယောက်ကိုတောင်မနိုင်ဘူးလား..အခုတော့ငါစီးပွားတွေပျက်တော့မယ်"


"သခင်မ..ကျွန်တော်တို့လည်းအသက်လုပြေးလာခဲ့ရတာပါ..အဲဒီလူကအရမ်းတော်တယ်.လျင်မြန်ဖျပ်လပ်မှုက..သိပ်တော်တယ်..သခင်မ"


"အဲဒီလူက..တိမ်ယံပဲလား"


"ဟုတ်ပါတယ်..သခင်မ"


"ဂိုဏ်းသားတွေ..ဒီအလုပ်ကိုသေချာမကာကွယ်ခဲ့တဲ့အပြင်..ငါစီးပွားရေးကိုပါထိခိုက်လို့..အဲဒီအလုပ်မှာတာဝန်မကျေတဲ့..သူတို၁၀ယောက်ကို

ခေါင်းဖြတ်သတ်စမ်း"


"သခင်မ...သခင်မ.မရက်စက်ပါနဲ့ဗျာ

နောက်ဒါမျိုးမဖြစ်စေရပါဘူး..အခွင့်ရေးပေးပါအုံးဗျာ"အသတ်ခံရမယ်လူတွေအားလုံးထိတ်လန့်စွာ..တောင်ပန်းကြသည်။


"ငါကပြောပြီးသား..စကားကိုနှစ်ခါမပြောချင်ဘူး.ဘာလုပ်နေကြတာလဲ..ဒီလူတွေကိုတစ်နေရာခေါ်သွားပြီးရှင်းလိုက်တော့"


"ဟုတ်သခင်မ"


မာယာချိုရဲ့..ရက်စက်မှုကတော့သူအဖေဂိုဏ်းချုပ်ကြီးထက်ဆယ်ဆပါ..အသက်၁၅နှစ်ကတည်းက..ဒီဂိုဏ်းကိုဖခင်ရဲ့လက်ထောက်အဖြစ်လုပ်ကိုင်ခဲ့တာပါ..ရုပ်ရည်ကချောမောသလောက်..သတ်တာဖြတ်တာကိုလည်း.အရမ်းကျွမ်းကျင်တယ်..သူလိုချင်တာကိုမရ ရအောင်ယူတတ်တယ်..မိန်းမတစ်ယောက်အနေဖြင့်..နှင်းဆီနက်ဂိုဏ်းကို..ဉီးဆောင်နိုင်တာကတော့..သူမရဲ့ထက်မြက်မှုကြောင့်ပါ။


"မာယာတောင်းပန်ပါတယ်..ကိုမင်းမြတ်.."


"ဘာကြောင့်လဲ..ကိုယ်ရဲ့ပိုက်ဆံတွေဆုံးရှုံးလို့လား"


."အမှန်ပဲ..အလုပ်တွေအားလုံးကို..လူတစ်ယောက်ဖျက်စီးသွားလို့ပါ..မာယာရဲ့ပေါ့လျော့မှုကြောင့်ပါ..ကိုမင်းမြတ်"


"ဒါဆိုရင်အဲဒီလူရဲ့..ခေါင်းကို မာယာယူလာသင့်တယ်"


"မာယာ မယူလာနိုင်လို့တောင်ပန်းပါတယ်..ကိုမင်းမြတ်ရဲ့ပိုက်ဆံကိုပြန်လျော်ပါမယ်"


."မလိုပါဘူး..ဒါပေမဲ့တစ်ခုတော့ရှိတယ်..ကိုယ်ကို့ဒီမိန်းကလေးရှာပေး"


မာယာ..ဓာတ်ပုံကိုကြည့်ပြီး..မနာလိုမှုတွေဖြစ်သွားတယ်..ကြည့်ပါအုံးချစ်စရာကောင်းလိုက်တာ..အပြုံးလေးကဖြူစင်မှုတွေပြည့်နေတဲ့..မျက်ခုံးမျက်လုံးလေးတွေအရမ်းလှတာပဲ

ဆံပင်ကလည်းခါးလောက်ရှိတယ်..အသားလေးကဖြူဖွေးဝါဝင်းလို့..ဒီလောက်ချစ်ဖို့ကောင်းပြီးချောတယ်..သူမလေးကို..မာယာအရမ်းမုန်းမိတာဘာကြောင်လဲဆိုတော့..မနာလိုလို့ပါ.။


"ကြည့်လိုက်ချည်းလား..မာယာ..ဘယ်လိုလည်းကိုယ်ရဲ့ဇနီးကချောလား"


"ချောတာထက်ချစ်ဖို့ကောင်းနေတယ်..ကိုမင်းမြတ်နဲ့လိုက်ဖက်ပါတယ်။


"ဟားး..ဟားးအဲဒီစကားနဲ့တင်ကိုယ်ကျေနပ်နေပြီး..သူကို့ကိုယ်ဆီအရောက်ခေါ်လာခဲ့ပေးပါ။


"စိတ်ချပါ..မာယာ..ကိုမင်းမြတ်ဆီပို့ပေးပါမယ်"


"ဒါဆိုရင်..ကိုယ်စောင့်မျှော်နေပါမယ်..မာယာ..ကိုယ်ကို့သွားခွင့်ပြုပါအုံး"


"ဟုတ်ကဲ့..ကိုမင်းမြတ်"


တိမ်ယံ..အဖျားတွေတက်နေပါတယ်..ပါးစပ်ကလည်းနာလွန်လို့ငြီးနေမိတယ်။


ဖူးဖူး.ငြီးသံကြောင့်..အိပ်မရပဲ.တိမ်ယံဆီလာခဲတယ်။


"ဒီမှာ..ဒီမှာ.ရှင်ဖျားနေတာလား"


"မဟုတ်ပါဘူး..ခင်ဗျားဘာသာသွားအိပ်"


"ရှင်ကလေး..အရမ်းခက်တာပဲပြောပြီး..နဖူးကိုစမ်းလိုက်တယ်။


"ဟာ..ရှင်ကိုယ်.အရမ်းပူနေတာပဲ..အဖျားတက်နေပြီးထင်တယ်...ရှင်ခုတင်မှာသွားအိပ်.ကျွန်မရေပတ်တိုက်ပေးမယ်..ပြောလည်းပြောသူကိုဆွဲထူပြီး..အခန်းထဲပို့လိုက်တယ်။


သူမကတော့စက်ရုပ်မလေးအတိုင်း..လုပ်စရာရှိတာလုပ်ပေးတယ်.ပါးစပ်ကလည်းဘုရားစာရွတ်နေမိတယ်..ဖူးဖူး.. သူကိုအရမ်းစိုးရိမ်ပါတယ်..သူအကြောင်းဘာမှမသိပေမဲ့..သူကလူကောင်းဆိုတာ.ဖူးဖူးစိတ်ထဲမှာခံစားမိပါတယ်။


သူအဖျားကျတော့မှာ..သူမဘေးနားမှထိုင်ပြီးဘုရားရွတ်နေရင်..သူမျက်နှာကိုသေချာကြည့်မိတယ်..ရှင်ကအရမ်းချောတာပဲနော်..မျက်လုံးကလည်စူးရှတဲ့၊ရှင်ကိုယ်ကလည်း..ဗလတွေချည်းပဲ..အရမ်းစွဲဆောင်မှုရှိတယ်..အယ်..ငါဘာတွေတွေးနေတာလဲ..ဘာကြောင့်ရင်ခုန်သံကမြန်လာရတာလား..စိတ်ကိုထိန်းစမ်း.ဖူဖူး..သူကရည်ရွယ်သူရှိပြီးသာလေး..တစ်ခါလေးအနမ်းခံရတာနဲ့..သူအပေါ်မချစ်မိပါနဲ့..စိတ်ထိန်း..စိတ်ထိန်း..ကိုယ်ကိုဆုံးမရင်..သူကိုတစ်ညလုံးပြုစုပေးနေမိတယ်။


မနက်ခင်းနေရောင်က..သူအပေါ်ကျလာတော့.ကျစ်စူးလိုက်တာနေရောင်ကလည်း

ငါဒဏ်ရာက.သက်သာသွားသလိုပဲအခု.ငါအခန်းထဲပြန်ရောက်နေပါလား..ညကငါအဖျားတက်နေခဲတာပဲတွေးမိပြီး..ဘေးကိုကြည့်လိုက်တော့..ချစ်ဖို့ကောင်းစွာအိပ်နေတဲ့ သူမကိုငေးကြည့်နေမိတယ်။


ဖူးဖူးလည်း..မျက်လုံးမှိတ်ထာပြီး.အိပ်ချင်မူးတူနဲ့သန်းလိုက်တယ်။

"အားအိပ်လို့ကောင်းလိုက်တာ..တစ်ကိုယ်လုံးလည်းညောင်းလိုက်တာနော်..ရေရွတ်ပြီးမျက်လုံးကိုဖွင်လိုက်တော့


"အမယ်လေးလန့်လိုက်တာ"


"ကျုပ်ကသရဲမဟုတ်ဘူး..အဲဒီလောက်မလန့်နဲ့နေဖင်ထိုးနေပြီး..မိန်ကလေးဖြစ်ပြီးအိပ်ပုတ်ကြီးတယ်"


"အမယ်.ရှင်ကိုညကမအိပ်ဘဲ..ပြုစုရလို့ပါနော်.ဟွန့်ကျေးဇူးမတင်တယ်အပြင်.အပြစ်လာပြောနေသေးတယျ.အဲဒါမှန်းသိရင်..မပြုစုပဲဒီအတိုင်းထားခဲ့ရမှာ.ပြောပြီးအခန်းကနေထွက်ခဲ့သည်။

.


နောက်နေ့ဆက်ရန်ဗျာ.ကျွန်တော်ရဲ့စာဖတ်သူလေးတွေကျန်းမာရေးကရုစိုက်နော်..စာရေးတာနည်းနည်းတိုသွားတယ်ဗျာ..စာဖတ်သူအားလုံးကိုလေးစားလျက်ပါ။


စာရေးသူ သွေးမိန့်


rate now: