ရွှေမင်းသမီးလေးရဲ့ချစ်တေးသံ
"ခင်ဗျားကားထဲကနေဝပ်နေ...ဒီသေနတ်က.. ကျုပ်ကိုပစ်တာ..တောက်..နောက်ကျောကနေဓားနဲ့ထိုးဖို့ပဲ...စိတ်ကညစ်နေတာကို့...တွေကြပြီးပေါ့"
တိမ်ယံ..ကျည်ဆံလာရာလမ်းဘက်ကိုကြည့်ပြီး
ခါးကြားထဲကသေနတ်ကိုထုပ်ပြီး..အုပ်ထုတ်ကိုမျက်နှာမမြင်ရအောင်ကွယ်ဆောင်းပြီး... သေနတ်ပစ်တဲ့..ငနဲ့ကိုမြင်တော့လက်မောင်းကိုထိအောင်ပစ်လိုက်တယ်..ပတ်ဝန်းကျင်မှာအော်ဟစ်သံတွေ..ပြေးလွှားကြကာ ဆူဆူညံညံ
အုတ်အုတ်သောင်သောင်ဖြစ်သွားပါတယ်။
"တိမ်ယံ ကတော့လက်မောင်းထိသွားတဲ့လူကိုဖမ်းဖို့...အပြေးလိုက်တယ်..
ငနဲ့ကလည်း..လက်မောင်းထိလျက်နဲ့ပြေးတာပဲ
တိမ်ယံ..ကလည်းအနောက်ကနေပြေးလိုက်တာ
မိလည်းမိရော့..လက်သီးနဲ့ထိုးပစ်တဲ့..ဟိုငနဲ့ကလည်း.ဒဏ်ရာနဲ့ဆိုပေမဲ့လည်း ပြန်ခုခံတာပဲ
နောက်ဆုံး..တိမ်ယံက..အဲဒီလူကိုချုပ်ထားတယ်။
"ပြောစမ်း..မင်းကိုဘယ်သူခိုင်းတာလဲ"
"မပြောနိုင်ဘူးကွာ..သတ်ချင်ရင်သတ်လိုက်"
"ကောင်းပြီး...မင်းပြောသလိုဖြည့်စီမပေးခင်
နာကျင်မှုကိုခံစားလိုက်အုံး" ပြောပြီးကျည်ဆံမှန်ထားတဲ့လက်မောင်းကိုနာကျင်အောင်လုပ်လိုက်တယ်။
"အားးးး"
"ဘယ်လိုလဲခံစားရတာကောင်းလား..ပြောစမ်း
ဘယ်သူခိုင်းတာလဲ..ငါသိပ်စိတ်မရှည်ဘူးနော်
၅စက်ကန့်အတွင်းမပြောရင်..မင်းဒီနေ့အသက်ရှင်ဖို့မမျော်လင့်နဲ့"
"၁..၂..၃..၄.."
"ပြောမယ်"
"ပြော..ဘယ်သူလဲငါကိုသတ်ချင်တာ"
"နှင်းဆီနက်ဂိုဏ်းက ဂိုဏ်းချုပ်ဒေါ်မာယာချို"
"တောက်...မာယာချိုတွေ့မယ်..မင်းကိုငါမသတ်ဘူး..ဘာလိုလဲဆိုတော့..မာယာချိုကမင်းကိုသတ်လိမ့်မယ်..မင်းအသေမခံချင်ရင်...ဝေးဝေးပြေးပြောပြီးတွန်းလွှတ်လိုက်တယ်။
"ဖူးဖူး..ကတော့ပတ်ဝန်းကျင်ကပုံမှန်အတိုင်းဖြစ်တော့..သူအရမ်းစားချင်တဲ့ရေခဲမုန့်ကို ဆင်းဝယ်လိုက်တယ်..တိမ်ယံ အတွက်ပါဝယ်ထားလိုက်တယ်။
တိမ်ယံ..ကားဆီပြန်ရောက်တော့..ကားပေါ်မှရေခဲမုန့်ကို..ကလေးတစ်ယောက်လို့စားထားတာ
ပါးစပ်ကလည်း..ရေခဲမုန့်တွေပေလို့..တိမ်ယံ..နည်းနည်းပြုံးချင်သွားတယ်..ဘယ်လိုမိန်းကလေးပါလား...အပြင်လောကကိုတစ်ခေါက်မှမရောက်ဘူးတာတော့သေချာတယ်။
"ရှင်ပြန်လာပြီးလား....ရော့ရှင်အတွက်ဝယ်ထားပေးတာ..မောနေတယ်မဟုတ်လား..ကျွန်မကစကားနားမထောင်တာမဟုတ်ပါဘူးနော်...ရှင်ပြေးသွားတာတွေ့တော့..မောနေမှာစိုးလို့စေတနာနဲ့ဆင်းဝယ်ပေးတာ."
"ခင်ဗျားက မစားချင်ဘူးပေါ့"
"စားချင်ပေမဲ့လည်း..အောင့်ထားမလိုပဲရှင်အတွက်ဝယ်ရင်နဲ့..လမ်းကြုံလို့ဝယ်စားလိုက်တာ"
"ပြောင်းပြန်တွေပြောနေပြန်ပြီး...ခင်ဗျားအတွက်စားဖို့ဝယ်ရင်နဲ့..ကျုပ်ကိုမျက်နှာချိုသွေးဖို့ဝယ်တဲ့ပြောပါ။
"အဟီးး..ရှင်ကလည်းသိနေရင်ပြီးရော့.ကို..စားကြည့်အေးပြီးအရမ်းကောင်းတာ..အဲဒါကိုဘာလို့ခေါ်လဲ"
"ခင်ဗျားပဲစားပါ..ကျုပ်မကြိုက်ဘူး..အဲဒါကရေခဲမုန့်လိုခေါ်တယ်"
"တကယ်မကြိုက်ဘူးနော်...ဒါဆိုရင်ကျွန်မပဲစားလိုက်တော့မယ်..တော်ကြာအဲလိုကနေအရည်ဖြစ်သွားတာ...အံ့သြစရာကြီးသိလား"
"ကဲ့ရော့..စားပြီးရင်ပါးစပ်လေးသုတ်အုံး"
"ဟုတ်ကဲ့ပါ..ပြောပြီး..ဖူးဖူးက.ကလေးတစ်ယောက်လိုချစ်စဖွယ်ပြုံးပြတယ်။
ခမ်းနာကြီးကျယ်သောအဆောက်အအုံက..အနက်ရောင်တွေဖုံးလွှမ်းထားလျက်..ခမ်းနားထည်ဝါနေပါသည်။
အစည်းအဝေးအခန်းလို..ထင်ရသောနေရာမှာလူတွေအများကြီးထိုင်လျက်ရှိပြီး...ထိပ်ဆုံးစားပွဲမှာတော့..အလွန်ချောမောပြီး...အသက်၂၅ခန့်သာရှိတဲ့..မိန်းမပျိုတစ်ဉီးကထိုင်နေပါတယ်။
"ဂိုဏ်းသားတွေရဲ့..အရည်အချင်းကဒီလောက်ပဲလား..ညံလှချည်းလား...တိမ်ယံဆိုတဲ့..လူတစ်ယောက်ကိုသတ်ဖို့..အဲဒီလောက်တောင်ခက်ခဲလား...ပြောစမ်း.."စကားဆုံးတော့..မိန်းမပျိုကစားပွဲကို..အုန်းခ.နဲ့မြည်အောင်ထုချလိုက်ပါတယ်။
"သခင်မ..စိတ်ထိန်းပါ..တိမ်ယံက..အရမ်းတော်တဲ့လူတစ်ယောက်ပါ..သူအနားမှရန်သူတွေဝိုင်းနေလျက်ပါ..သူကို..ဧကရာဇ်ဂိုဏ်းပြန်မရောက်အောင်..ကြိုးစားရပါမယ်..သူကိုသခင်မ..သတ်ချင်ရင်လည်းခဏတော့..အချိန်စောင့်ပါ..အခုချိန်မှာဧကရာဇ်ဂိုဏ်းကို..စောင့်ကြည့်တာအကောင်းဆုံးပါ"
"တောက်...တိမ်ယံဆိုတဲ့လူ..မသေရင်ငါလုပ်ငန်းတွေအကုန်ပျက်စီးတော့မယ်..ဒီလူငါလုပ်ငန်းကိုဖျက်စီးတာ၃ကြိမ်ရှိပြီး..လူကုန်ကူးတော့..တစ်ခါ...မူးယစ်ဆေးဝါးဖြန့်ချီတော့တစ်ခါ..ကလေးတွေရဲ့အသဲနှလုံးကိုရောင်းကုန်လုပ်မယ်ဆိုတုန်းကတစ်ခါ...ဒီလူရဲ့အသက်ကိုငါလိုချင်ပြီးးးးး"
"အချိန်ကိုခဏစောင့်....စကားတောင်မဆုံးသေးဘူး..မာယာချို.ဓားယူပြီးပြောတဲ့လူရဲ့ခေါင်းကိုဖြတ်ပစ်လိုက်တယ်။
"ဂိုဏ်သားတွေ.အကုန်ကြောက်လန့်ကုန်တယ်."
"ဂိုဏ်းသားတွေ..တွေ့တယ်နော်သူလိုမဖြစ်ချင်ရင်..တိမ်ယံ..ဆိုတဲ့လူရဲ့ခေါင်းကိုငါဆီယူခဲ့
ပြီးတော့..ငါကိုအချိန်ခဏစောင့်ဖို့ပြောတဲ့သူ
အကုန်လုံး...သူလိုဖြစ်စေရမယ်..မင်းတို့ရဲ့ဂိုဏ်းချုပ်ဖြစ်တဲ့ငါက..ငါရဲ့အဖေထက်ပိုပြီးကြမ်းတဲ့နော်..သတိထားနေကြ..ပြီးတော့..ငါခိုင်းတာကို..သေချာမလုပ်ပဲထွက်ပြေးတဲ့..ဟိုတစ်ယောက်ရဲ့ခေါင်းကိုငါလိုချင်တယ်"
"ရစေရပါမယ်..သခင်မ"
"ပြောတဲ့အတိုင်းဖြစ်စေပြောပြီး..မာယာချို..အခန်းထဲမှထွက်သွားပါသည်။
တိမ်ယံ..ကွန်ပျူတာနဲ့အလုပ်ရှုပ်နေတုန်း...မီးဖိုချောင်းကအသံကြောင့်အလုပ်ပျက်သွားရပါတယ်။
"ကလုံ..ကလုံခွမ်းးး"
"ဘာဖြစ်ပျက်ပြန်ပြီး..ခင်ဗျာကိုကျုပ်သတ်ချင်လာပြီးနော်"
"သတ်ချင်ရင်..လာသတ်တော့..ကျွန်မလည်းစိတ်ညစ်လာပြီး...ပန်းကန်စင်ကအမြင့်ကြီးပဲမမှီတော့ပြုတ်ကြတာပေါ့"
"ခင်ဗျား အရပ်ပုတာထည့်ပြောအုံး"
"အရပ်ကမပုပါဘူး.၅ပေ၅လက်မရှိတာပဲကို့"
"မပုပေလိုပဲ..ကျုပ်ချိုင်းအောက်ပဲရှိတာကို့"
"ရှင်ကလူမဟုတ်ဘူးလေး..သစ်ကုလားအုပ်နဲ့ကိုးတောင်ဗျိုင်းသေလိုဝင်စားတာကို့"
"ဟေ့..ဟေ့.ခင်ဗျာလွန်ပြီးနော်"
"ကဲပါ..ကူညီဖို့လာတာမဟုတ်လား..ဒီပန်ကန်တင်ပေး"
"တောက်..ကျုပ်...ပဲပြောရသေးတယ်..သူမလေးပြောတာကိုသူရယ်ချင်သွားတယ်။
"ဘာလဲ..ကျုပ်သိပ်စိတ်မရှည်ဘူးနော် ပြောမလိုမဟုတ်လား..အရပ်ကရှည်သလောက်..ဟိုဟာကတိုလိုက်တာ"
"ဟမ်..ဘာတိုတာတုန်း..ပြောစမ်း.အစစ်မ..ညည်းပြောတော့..သူငယ်ချင်းပါဆို..အခုညည်းကအကုန်မြင်ပြီးပြီးပေါ့.."
"ကျွန်မပြောချင်တာက...သူရဲ့စိတ်ကမရှည်ဘူးတိုတဲ့လိုပြောချင်တာ"
"အမယ်လေး...တော်သေးတာပေါ့..စိတ်ကယ်သွားလို့"
"အခြောက်မ..ဘာလာလုပ်တာလဲ..တံခါးကိုဘယ်လိုဖွင့်ဝင်လာတာလဲ"
"ကိုယံကလည်း အခြောက်မလို့မခေါ်ပါနဲ့ ဆိုပြောမရဘူး..နုနုကသူကိုလွမ်းလိုလာတာကို့
တံခါးက ကိုယံ သော့မခတ်ထားတော့ဖွင့်ဝင်လာလိုရပေါ့လို့"
"စကားပြောရင်..ကိုယ်ကိုငြိမ်ငြိမ်ထားပြော
မူးနှောက်နေတာပဲ ပိုင်ရှင်မသိအောင်ဝင်လာတာဆိုတော့ရဲစခန်းကိုပိုင်နက်ကျူးလွန်မှုနဲ့ တိုင်ရမယ်"
"မလုပ်ပါနဲ့..ကိုယံကလည်း..ထောင်ထဲတော့မရောက်ချင်ဘူး...ကိုယံရဲ့ ရင်ခွင်ထဲပဲရောက်ချင်တာ"
"အခြောက်မ..ကျုပ်မှာသတိုးသမီးလောင်းရှိပြီးသား"
"အစစ်မကိုပြောတာမဟုတ်လား..ညည်းပြောတော့သူငယ်ချင်းဆို.အစစ်မ"
"ကျုပ်သတိုးသမီးလောင်းကသူမဟုတ်ဘူး
ဟိုနံရံမှာချိတ်ထားတဲ့သူ"
ဖူးဖူးနဲ့နုနုပြိုင်တူကြည့်မိတော့..လသာကလေးမလေးတစ်ယောက်ကိုပန်းချီဆွဲထားတဲ့ပုံပါ။
"ဟိ..ဟိ.ကိုယံက..အရမ်းနှောက်တယ်..နံရံပေါ်ကပုံက..လသားအရွယ်ကလေးပဲရှိသေးတာကို့"
"မနုနုပြောတာမှန်တယ်..ရှင်သတိုးသမီးလောင်းကလသားအရွယ်ဆိုတော့..ဘယ်လိုမှမဖြစ်နိုင်ဘူး"
"ပုံထဲမှာတော့..လသားအရွယ်ပဲအပြင်မှာ၂၀လောက်ရှိပြီး..အဲဒါကသူငယ်ငယ်ကပုံ"
"ကိုယံ..ကရည်ရွယ်သူရှိပြီးသာဆို့တော့
ဒီက..နုနုကအသဲကွဲရပြီးပေါ့..အီးးးအင့်းး"
"မငိုပါနဲ့..မနုနုရာ..သူတစ်ယောက်ပဲယောကျာ်းလား..တစ်ခြားယောကျာ်းတွေအများကြီးရှိသေးတယ်"
"အစစ်မရေ..ငါအသဲတော့ကွဲပါပြီး..ကိုယံရဲ့ကောင်မလေး..လသားအရွယ်တောင်ချစ်ဖို့ကောင်းနေတာ..အခုဆိုရင်ညည်းလိုလှနေမှာသိလား"
"အေး..ပါ..မနုနုရာမငိုနဲ့တော့နော်"
"ဟေ့..နူနူ..နာငြီးတယ်အခြောက်မျက်ရည်မြေပေါ်မကျကောင်းဘူး..ငါအိမ်က..နင်မျက်ရည်နဲ့ရေကြီးတော့မယ်"
"ရှင်ကလည်း..သူခံစားနေရတာကို့..မစာမနာမပြောပါနဲ့"
"မစာနာနိုင်ပါဘူး...ယောကျာ်းကြီးဖြစ်ပြီးခြောက်နေရင်..ကျုပ်သိပ်ကြည့်ရတာမဟုတ်ဘူး"
"မကြည့်ချင်မျက်စိပိတ်ထား..သူလည်းဘယ်ခြောက်ချင်ပါမလား..သူကံကပါလားတာကို့
မငိုနဲ့..မနုနု..ယောကျာ်းချောချောလေးတွေကို
ဖူးဖူးရှာပေးမယ်နော်"
"မရှာပါနဲ့..ငါဘာသာငါရှာမယ်
တော်ကြာညည်းကိုြကိုက်သွားရင်...နုနုအသဲတွေထပ်ကွဲမယ်"
"ဟုတ်ပါပြီးမနုနုဘာသာရှာတော့"
"ကဲမင်းတို့နှစ်ယောက်...ပွောလိုပွီးရငျ..အိမ်မှာနေအုံး..နူနူဟိုတစ်ယောက်နဲ့အဖော်နေခဲ့ပေး.
ကျုပ်အပြင်သွားစရာရှိလို့"
"ဟုတ်ကဲ့..ကိုယံ"
"ကျုပ်အိမ်ကိုနှစ်ယောက်ပေါင်းပြီး...ဇောက်ထိုး ဖြစ်အောင်မလုပ်ထားနဲ့အုံး"
"ကျွန်မတို့က ကလေးတွေမဟုတ်ဘူး ရှင်အိမ်ဘာမှမဖြစ်ရဘူးစိတ်ချသွား"
"ပြီးရော့..ကျုပ်သွားပြီး"ပြောပြီး..ထွက်သွားတဲ့သူရဲ့ကျောပြင်ကြီးကို..အမြင်ကပ်စွာမျက်စောင်းထိုးပစ်လိုက်တယ်။
နှင်းဆီအနက်ကြားထဲမှာ..ထိုင်ပြီးစာရင်းတွေစစ်နေတဲ့မိန်းမပျို..ဆီကိုသူဖြေးဖြေးချင်းလျောက်လှမ်းလာတော့...မိန်းမပျိုကသတိရှိစွာ...သူကိုတိုက်ခိုက်တယ်။
သူကလည်း.ပြန်ပြီးတိုက်ခိုက်တယ်..မိန်းမပျိုကသူကိုဓားနဲ့လှမ်းထိုးတော့..အသာလေးရှောင်ပြီး
မိန်းမပျိုကိုချုပ်ထားလိုက်တယ်။
"ရှင်ဘယ်သူလဲ..ဘာကြောင့်မာယာချိုကိုသတ်ဖို့လာရတာလဲ".
"ဟားး.ဟားး"
ရယ်သံကခြောက်ကပ်စွာရယ်တော့...မာယာချို
ဒေါပွပြီး..ချုပ်ထားတဲ့ကိုအတင်းရုန်းကန်တော့
"ပြောင်းပြန်တွေပြောနေပြီး...ကျုပ်ကိုသတ်ဖိုခိုင်းတဲ့လူက..ကျုပ်ကိုမမြင်ဖူးလို့လာပြတာ"
"ရှင်က..တိမ်ယံပေါ့..ကျွန်မကိုလွှတ်စမ်း"
"လွှတ်ပေးမယ်..လွှတ်ပေးလိုကျုပ်ကိုထိခိုက်အောင်လုပ်ရင်...ခင်ဗျားအသက်ကိုအာမ..မခံဘူးနော်". ..ပြောပြီးလွှတ်လိုက်သည်။
မာယာချို..တိမ်ယံကိုကြည့်ပြီးနှစ်သက်သွားတယ်..သူရဲ့အရည်အချင်းနဲ..သူရုပ်ရည်က..မိန်းမတိုင်းကြွေချင်စရာပါပဲ..တိမ်ယံကိုတော့.သူမမမြင်ဖူးပဲအရမ်းမုန်းခဲ့တာက..သူမရဲ့လုပ်ငန်းတွေဖျက်စီးပစ်လို့ပါ။
"မာယာချို..ကျုပ်ကိုကြည့်နေတာကြာပြီးနော်.."
"ငါသတ်မဲ့ရန်သူက..ငါနဲ့မျက်နှာချင်းလာတွေ့တော့အံ့သြာလို့ပါ။"
"အံ့သြော်မနေနဲ့..ခင်ဗျားကိုအခုချိန်ကျုပ်သတ်ရင်အလွယ်လေးပဲ..မသတ်ချင်လိုနေ နေတာ
ကျုပ်ကိုအနောက်ကနေချောင်းပြီးလုပ်ကြံထဲက
မာယာချိုရဲ့နှင်းဆီးနက်ကဂိုဏ်းက..အရည်အချင်းညံဖျင်းမှန်..ကျုပ်သိပြီးသား"
"တောက်..ခေါက်ပြီးလက်ဖျစ်တီးတော့လူ၅ယောက်က..တိမ်ယံကိုဝိုင်းထားလိုက်သည်
စာရေးသူ သွေးမိန့်