ရွှေမင်းသမီးလေးရဲ့ချစ်တေးသံ
မနက်ခင်းရဲ့ နေရောင်ခြည်ကြောင့် ဖူးဖူး နိုးလာခဲ့တယ် ခဏတော့ကြောင်သွားတဲ့ ကိုယ်အိပ်ရာမဟုတ်တဲ့အတွက်ကြောင့်ပါ ငါဘယ်ရောက်နေပါလဲ ညကအဖြစ်အပျက်ကိုမြင်ယောင်ပြီး စိတ်အေးသွားတဲ့ ငါအပြင်လောကကိုရောက်ပြီးပဲ။
"ဒေါက်..ဒေါက် အထဲကလူ နိုးပြီးလား နိုးရင်ထွက်ခဲ့အုံး"
"နိုးပါပြီးရှင်.."
"ခင်ဗျား ဘယ်အချိန်အိမ်ကနေဆင်းမှာလဲ"
"ဟမ်...ရှင် ကျွန်မကို မကူညီဘူးလား"
"ခင်ဗျားကို ကူညီမယ်ပြောခဲ့လား"
"မပြောခဲ့ပေမဲ့ ရှင်အိမ်ကိုခေါ်လာတယ်လေး"
"ဒါကခင္ဗ်ားကိုခဏတြဖုုတ်အိပ်ခွင့်ပေးတာ
အခုသွားလိုရပြီး "
"ရှင်ကလည်း မျက်နှာ တောင်မသစ်ရသေးဘူး မနက်စာတောင်မစားရသေးဘူး"
"ခင်ဗျားမှပိုက်ဆံပါတာပဲ ဝယ်စားပေါ့"
"ဘယ်မှာဝယ်စားရမှာလဲဟင်"
"ကျစ်..စားသောက်ဆိုင်မှာဝယ်စား"
"စားသောက်ဆိုင်က ဘယ်လိုမျိုးလဲဟင်"
"တောက် ကျုပ်ကစိတ်ရှည်တဲ့အစားမဟုတ်ဘူးနော် တောသားမြို့ရောက်တောင် ခင်ဗျားထက်သိအုံးမယ် မြို့မှာနေပြီးမသိဘူးလား"
"ကျွန်မ တကယ်မသိတာပါ အခုရှင်နေတဲ့တိုက်ခန်းကအမြင့်ကြီးနော် အံ့သြောစရာကြီး
ပြောပြီး အရမ်းအထူးအဆန်းသလိုဖြစ်နေတော့
တိမ္ယံ ေဒါသကအလိုလိုေနရင်ထွက်လာတယ်။
"ကျစ် ခင်ဗျာ မျက်နှာသွားသစ်ပြီးရင် ခင်ဗျားရဲ့ရတနာထုပ်ယူခဲ့"
"ဘာလုပ်ဖို့ရတနာထုပ်က ယူရမှာလဲ ရှင်စားသောက်ဆိုင်လိုက်ပို့ပြီးရင် ဒီအခန်းကိုပြန်လာရမှာပဲကို့"
"ခင်ဗျာကို စံအိမ်ပြန်ပို့မလို့ "
"မပြန်ဘူးနော် ကျွန်မ စံအိမ်ကိုမပြန်ဘူး
ရှင်ဒီမှာမနေခိုင်းရင်လည်း နေစရာတစ်ခုခုရှာပေးပေါ့"
"ခင်ဗျားကအပြင်လောကနဲ့မကိုက်ညီဘူး
စံအိမ်ပဲပြန်ပါ"
"မပြန်ဘူး စံအိမ်ကနေထွက်လာကတည်းက ပြန်ဖို့အစီစဉ်မရှိဘူး"
"ကျစ် ခေါင်းအရမ်းမာလွန်လိုရိုက်ခွဲချင်လာပြီး
ကျုပ်လုပ်ရင် ခင်ဗျားသေတော့မယ်"
"ရှင်နော် ဒါမင်းမဲ့တိုင်းပြည်မဟုတ်ဘူး"
"မင်းမဲ့တိုင်းပြည်မဟုတ်လဲ ခင်ဗျားကိုသတ်ပြီးအလောင်းဖျောက်ပစ်လိုရတဲ့နားလည်လား"
"ရှင်နော် မနက်စောစောစီးစီး ကျက်သရေမရှိတဲ့စကားတွေလာပြောနေတဲ့ ကျွန်မ မျက်နှာသစ်တော့မယ်"ပြောပြီး ထွက်သွားတော့ တိမ်ယံ မျက်ကြုပ်ပြီးကျန်ခဲ့တယ်။
တိမ်ယံ ကွန်ပျူတာနဲ့အလုပ်ရှုပ်နေတုန်း ဖုန်းသံကြောင့် စိတ်တိုသွားတယ် ။
"တောက် အလုပ်လုပ်ရင်လားပြီး "
"ပြော ဘာအကြောင်းလဲ"
". ..........."
်"အဲဒါကျုပ်နဲ့မဆိုင်ဘူး ညကကျုပ်ကိုသတ်ဖိုလွှတ်လိုက်တာ ဂိုဏ်းချုပ်မဟုတ်လား"
". ........."
"ကျုပ်ကို သတ်မယ်ဆိုရင်လည်း တော်တယ်သူငှား ဓားပစ်ကျွမ်းပြီး တစ်ဖက်လူရဲ့ပြန်ပစ်တဲ့ဓားကိုမဖမ်းနိုင်ရင်တော့ ကိုယ်သေတွင်းကိုယ်တူးတာနဲ့အတူတူပဲ"
". ..........."
"ကျုပ်စကားနှစ်ခါမပြောဘူး ဂိုဏ်းချုပ်
ဘယ်တော့မှ ဂိုဏ်းချုပ်ဆီပြန်မလာဘူး"
". ........................."
"ဟားးး...ဟားး အရမ်းရယ်ရပါလား
ကျုပ်ကငွေမက်တဲ့လူမဟုတ်တာ ဂိုဏ်းချုပ်သိပြီးသား ကျုပ်စကားနှစ်ခါမပြောတတ်ဘူး
နောက်ကျုပ်ကို လုပ်ကြံမယ်ဆိုရင် နောက်ကျောကနေဓားနဲ့ထိုးတာတို့ ချုံခိုတိုက်တို့က. ဧကရာဇ်ဂိုဏ်းကိုအရှက်ရစေပါတဲ့ ယောကျာ်းပဲ မျက်နှာချင်းဆိုင် စစ်ခင်းတာပေါ့ ကျုပ်ရဲ့တန်ဖိုးရှိတဲ့အချိန်ကုန်နေပြီး ဒါပဲ"
"ကျွန်မပြီးပြီး ဗိုက်ဆာတဲ့မနက်စာစားရအောင်"
"ကျုပ်အလုပ်မပြီးသေးဘူး "
"ဒါဆိုရင် ကျွန်မကဗိုက်အောင့်ခံရမှာလား"
"ဒါကတော့ ခင်ဗျားသဘော"
သူရဲ့စကားကြောင့် ဖူးဖူးဒေါသထွက်ပြီးစိတ်ထဲမှာကျိန်ဆဲလိုက်တယ် လူစိတ်မရှိတဲ့သူ၊ ကိုယ်ချင်းစာတရားမရှိသူ၊ အရမ်းမုန်းစရာကောင်းတဲ့သူ၊ကျက်သရေတုံးကြီး၊ဒီတစ်သက်မိန်းမမရပါစေနဲ။
"ကျုပ်ကို ကျိန်ဆဲနေတာပြီးပြီးလား"
"ဟမ်.."
"မဟမ်နဲ့ ခင်ဗျာမျက်နှာကိုကြည့်တာနဲ့ကျိန်ဆဲနေမှန်းသိတယ်"
"ကျွန်မ....ဖူးဖူး စကားပြောမလိုပဲရှိသေးတဲ့ တံခါးခေါက်သံကြောင့်တစ်ဝက်တစ်ပျက်နဲ့ရပ်လိုက်ရတယ်။
"ဒေါက်..ဒေါက်..ဒေါက်"
"အရမ်းမခေါက်နဲ့ နားငြီးတဲ့ဝင်ခဲ့"ပြောပြီး တိမ်ယံ တံခါးဖွင့်လိုက်တယ်။
"အဟီး..ကိုယံကလည်း နုနုက ကိုယံ စားဖို့မုန့်ဟင်းခါးလာပို့တာ"
"အခြောက်မ မနက်စောစောစီးစီး ကျုပ်ကိုအာရုံနှောက်အောင်မလုပ်နဲ့"
"ကိုယံ ကလည်း နုနုလိုခေါ်ပါ အခြောက်မလို့မခေါ်ပါနဲ့ ကိုယံကို စားစေချင်လိုလာပို့တာကို့"
နှုတ်ခမ်းကို တစ်တောင်လောက်စူထားသော
နုနုဆိုတဲ့ အခြောက်ကိုကြည့်ပြီး ဖူးဖူးရယ်ချင်လာပါတယ် မိန်းကလေးတွေထက်တောင် နွှဲ့သေးတယ်။
."အယ်..ကိုယံ သူကဘယ်သူလဲ ပြော
နုနု ထိတ်လန့်ရပါလား ကိုယံရဲ့မိန်းမလား
နုနု ရင်တွေကွဲရပါလား.."
"မဟုတ်ပါဘူး မနုနုရှင့် ကျွန်မက ကိုယံရဲ့ညီမပါ"
"တော်သေးတာပေါ့ နှလုံးခုန်ရပ်တော့မလို ကိုယံကကြိုမပြောဘူး"
"ဟိုတစ်ယောက်ညာဖို့ မစဉ်းစားနဲ့ကျုပ်ညီမ မဟုတ်ဘူး အခြောက်မ"
"ခေါင်းတွေမူးချင်လာပြီး ကိုယံ အခြောက်မ ခေါ်လို့အသက်ထွက်ချင်တာတစ်မျိုး ဟိုတစ်ယောက်က ကိုယံ ရည်းစားဆိုတော့ နုနု နှလုံးတွေရပ်တော့မယ်"
"ရပ်ပြီးသေရင်လည်း နောက်ထပ်မုန့်ဟင်းခါးစားရတာပေါ့အခြောက်မရဲ့"
"အဟီးး ဖူးဖူး သူတို့နှစ်ယောက်ကိုကြည့်ပြီးရယ်ချင်စိတ်မထိန်းနိုင်လို့ ရယ်မိတော့ နုနုဆိုတဲ့သူက
ဒေါသမျက်လုံးနဲ့ကြည့်တယ်။
"ဘာရယ်တာလဲ အစစ်မ နင့်ကကိုယံရည်းစားဆိုလည်း နုနုကတော့စနိုက်ကြော်မှာပဲ"
"အယ်..ကျွန်မက ကိုယံ ရည်းစားမဟုတ်ပါဘူး
သူငယ်ချင်းပါ"
"အစစ်မ နုနုခေါ်တဲ့ကိုယံဆိုတာမသုံးပါနဲ့ နားခါးလွန်တဲ့"
"ဟုတ်ကဲ့ မခေါ်တော့ပါဘူး ကျွန်မနာမည် ဖူးဖူးပါရှင့်"
"ဟွန့်ငါနာမည်ကနုနု နင်ကဖူးဖူးဆိုတော့ တွေ့ကြပြီးပေါ့ ကိုယံကို စိတ်နဲ့တောင်မပြစ်မှားမိစေနဲ့"
"ဟိုနှစ်ယောက် နုနုတွေနူနူတွေ အဖူးတွေအပွင့်တွေလုပ်မနေနဲ့ငါအခန်းထဲ ထွက်သွားကြ"
"ဟာ..ကိုယံကလည်းမုန်းဟင်းခါးလာပို့တာကို့"
"လာပို့ပြီးရင်ပြန်တော့ အခြောက်မ"
."ကိုယံ ရယ်အခြောက်မလိုမခေါ်ပါနဲ့နှလုံးခုန်ရပ်အောင်လို့ နုနုလိုပဲခေါ်ပါဆို"
."ကောင်းပြီး နူနူပြန်တော့ "
."နူနူ မဟုတ်ဘူး နုနုလေး"
"ကျုပ်သိပ်စိတ်မရှည်ဘူးနော် အခြောက်မ အသက်ထွက်သွားချင်လာပြော"ပြီး ဓားချွတ်နဲ့လည်းပင်ကိုထောက်တော့"
"မ...လုပ်..ပါနဲ့...ကို...ယံ..နူနူလိုပဲ...ခေါ်ပါနော်....အခြောက်မလိုမခေါ်ရင်ရပြီး"
"သွားတော..၅စက်ကန့်အတွင်း ကျုပ်အရှေ့ကနေပျောက်ကွယ်သွားမဟုတ်ရင် ဒီဓားကနုနုတွေနူနူတွေသိတာမဟုတ်ဘူးနော် လည်းပင်ထဲဖောက်ဝင်သွားမယ်ပြောတော့ နုနုမျက်လုံးတှေ ပြာကာမျက်လုံးပြူး လျက်ဖိနပ်တောင်မစီးနိုင်ဘူးဖိနပ်ကိုကိုင်ပြီးပြေးတာတန်းနေတာပဲ။
"အဟီးး ဖူးဖူး သူတို့ကိုကြည့်ပြီးရယ်သံထွက်သွားတော့"
"ခင်ဗျားလည်းပါတယ် အထုပ်ယူပြီးလိုက်ခဲ့စံအိမ်ပြန်ပို့မယ်"
"မပြန်ဘူး ရှင်ကျွန်မကိုမကူညီရင်လည်း ကျွန်မဘာသာတစ်ယောက်ထဲနေစရာနေရာရှာမယ် ပြောပြီးထွက်သွားမယ်ပြင်တော့ တိမ်ယံ စိတ်ညစ်ရပါတဲ့ ရုပ်ကကလေးရုပ်တောင်မပျောက်တာကို တစ်ယောက်ထဲရတနာတွေနဲ့ ထွက်သွားပြီးတစ်ခြားနေရာသွားနေရင်ဘေးကင်းမှမဟုတ်ဘူး။
"ဟူးးးးခင်ဗျားဘယ်မှမသွားနဲ့ကျုပ်နဲ့နေ"
"အစကတည်းပြောရင် ပြီးနေပြီးကို ကျွန်မမုန့်ဟင်ခါးစားတော့မယ် ဗိုက်ဆာလို့"
မီးဖိုချောင်းထဲ ဝင်သွားတယ် သူမကိုကြည့်ပြီးစိတ်ပျက်စွာ ကွန်ပျူတာနဲ့အလုပ်ဆက်လုပ်နေပါတယ်။
"တောက်..ဒါသက်သက် မင်းမြတ်သခင်ကို အရှက်ခွဲတာ ဖူးဖူးကဘယ်ပျောက်သွားတာလဲ
လူအများကြီးအရှေ့မှသတိုးသမီးမပါပဲ ဘယ်လိုစေ့စပ်ပွဲလုပ်ရမှာလေး ဖူးဖူး မင်းငါကိုအရှက်ခွဲတယ် မင်းပြေးထားပါ ငါမိရင်တော့ ဖူးဖူးဆိုတဲ့မင်းကို ဆုံးမပြမယ်"
"သခင်လေး စိတ်လျော့ပါ ကျွန်တော်လူတွေလွှတ်ပြီးရှာခိုင်းထားပါတယ်"
"ကောင်းတယ် ငါဆီထွက်ပြေးချင်တဲ့ မင်းကိုနာကျင်အောင်အပြစ်ပေးရမယ် ဟိုသေနတ်သမား သတင်းရော့ရလား"
"မရသေးဘူး သခင်လေးစုံစမ်းနေတုန်းပဲ"
"မကြာစေနဲ့ ငါအမြန်ဆုံးသိချင်ပြီး"
"ဟုတ်ကဲ့ သခင်လေး"
"ဂိုဏ်းချုပ် တိမ်ယံကပြန်လာမှာလား "
"မလာဘူးတဲ့ သူမရှိတော့ ငါအလုပ်ကအဆင်မပြေဘူး ဟိုနဝရတ်ဂိုဏ်းက ငါတိုထက်တိုးတက်နေတဲ့ကွာ တောက် ငါမွေးတဲ့မျောက်က ငါကိုပြန်ခြောက်နေတဲ့ ကျန်တဲ့လူတွေကိုပြောလိုက် တိမ်ယံကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်
ငါဆီရောက်အောင်ခေါ်ခဲ့ "
်"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်"
"တိမ်ယံ...တိမ်ယံ နာမည်ကရိုးရှင်းသလောက်
လူကရှုပ်ထွေနေပါလား မင်းကိုငါအပိုင်ရချင်တဲ့ အဲဒါမှငါလုပ်ငန်းတွေတိုးတက်မှာ"
"ဟေ့ ခင်ဗျာဒီနေ့ စျေးဝယ်မှလား လျောက်ကြည့်မှလား "
"ရှင်ကလည်း ဝယ်မှာပေါ့မမြင်ဖူးလိုကြည့်နေတာကို့"
"ကြည့်တာကလည်း တမေ့တမောပဲ ခင်ဗျာကိုခင်ဗျာတစ်ခြားဂြိုလ်က ရောကျလာသလားမှတျတဲ့ ကျုပ်သိပ်စိတ်မရှည်ဘူးနော် မြန်မြန်အကြည့်ရပ်ပြီးစျေးဝယ် အချိန်၁၀မိနစ်ပဲပေးမယ်"
"ရှင့်ကလည်းလောနေတာပဲ"
"ကျုပ်မလောရင် ခင်ဗျာမိုးချုပ်တောင်ဝယ်ရသေးမှမဟုတ်ဘူး စကားမရှည်နဲ့မြန်မြန်ဝယ်."ပြောပြီးရှေ့ကနေထွက်သွားတဲ့သူကို ဖူးဖူး ပွစိပွစိရွတ်ပြီး သူနောက်ကျောကြီးကိုမျက်စောင်းထိုးပစ်လိုက်တယ်။
"အနောက်ကနေပှစိပှစိ တိုးတိုးပြောမနေနဲ့ အမြန်ဝယ်"
"ဒါလည်း..သူသိတာပဲလား နားပါးလိုက်တာ စိတ်လျော့စိတ်လျော့ ဘာပဲဖြစ်ဖြစ် သူကအပြောဆိုးပေမဲ့ လူကောင်းတစ်ယောက်ပဲလေး တွေးမိပြီး စျေးကိုမြန်မြန်ဝယ်လိုက်တယ်။
စျေးဝယ်ပြီးတော့ ဖူးဖူး ရေခဲမုန့်ဆိုင်တွေ့တော့စားမလို့ပူစားတယျ။
"အဲဒါစားချင်တယ် ကျွန်မတစ်ခါမှမစားဖူးလို့ပါနော်ဝယ်ကျွေးပါလား နော်...နော်လို့"
."တောက်..မဝယ်ပေးဘူး အထုပ်ဆွဲလိုလေးတာက တစ်မျိုး ခင်ဗျားကတစ်မျိုး ကျုပ်သိပ်စိတ်မရှည်ဘူးနော် "
"မရှည်ရင်...ရှည်အောင်ဆွဲဆန်ပေါ့ ..မသိဘူးအဲဒါဝယ်ပေး..မဝယ်ပေးရင်ဒီမှာပဲထိုင်နေမှာ"
"မဝယ်ပေးဘူး ခင်ဗျာထိုင်နေချင်ရင်ထိုင်နေခဲ့ ကျုပ်တော့ပြန်ပြီး ခင်ဗျားကျန်ခဲ့တော့ ကောင်းတာပေါ့ နှင်ထုတ်စရာမလိုတော့ဘူး"
."ထိုင်နေမှာ..ဟွန့်"
"တိမ်ယံ..လှည်ကြည့်တော့ နှုတ်ခမ်းကိုအစွမ်းကုန်စူပြီး ကလေးတစ်ယောက်လိုစိတ်စိုးနေတဲ့ သူမကိုမြင်တော့
"ကျစ်....ခေါင်းမာချက် ဘယ်တော့ရိုက်ကွဲမိမလဲမသိဘူး". ...ပြောပြီး..ဖူးဖူးကို ဂုတ်ကနေဆှဲမပွီးချေါလာတယျ"
"မလိုက်ဘူး....ကျွန်မကိုလွှတ် လွှတ်လိုပြောနေတယ်လေး"
"တိမ်ယံ ကတော့ သူမဘယ်လောက်ရုန်းရုန်းလွှတ်မပေးဘဲ ကားထဲထည့်လိုက်တယ်။
"ရှင်နော်..ကျွန်မကိုတံခါးဖွင့်ပေး ဟိုဟာမစားရရင်မပြန်ဘူး"လိုပြောနေချိန် ..ဒိုင်းဆိုတဲ့ သေနတ်ကြားလိုက်ရတယ်။
စာရေးသူ သွေးမိန့်