book

Index 23

ဇာတ်သိမ်းပိုင်း

ရွှေမင်းသမီးလေးရဲ့ချစ်တေးသံ




"လူဘီလူးကြီးရေ..ဒီကသခင်မလေး..အဆင်သင့်ဖြစ်နေပြီးနော်"


"အေးပါကွာ..ကိုကိုလည်းပြီးပြီးနော်"


"ဘာကို..ပြီးတာလဲအခုထိအဝတ်စားတောင်မလှဲရသေးဘူး..သွားအဲဒီအလုပ်တွေရပ်ပြီး..ပြင်ဆင်စရာရှိတာပြင်ဆင်..မနေ့ကကတိပေးထားတာမှတ်မိလား"


."မှတ်မိပါတယ်ဗျာ..ဒီနေ့တစ်နေကုန်လျှောက်လည်မယ်..ကိုကိုရဲ့ဂေဟာကိုလည်းသွားမယ်.ညစာကိုအပြင်မှာစားမယ်..ဟုတ်တယ်မဟုတ်လား..အဟင်း"


"ဟုတ်တယ်..သွားအမြန်ပြင်ဆင်ခဲ့..လူဘီလူးကြီး ရဲ့.ဒီထက်ကြာရင်..သခင်မစိတ်ကောက်တော်မူမှာနော်"


""ကောကျတျောမမူပါနဲ့..သခင်မ..အခုပဲအမြန်ပြင်ဆင်ခဲ့ပါမယ်ပြောကာ..အခန်းထဲပြေးဝင်သွားပါတယ်။


ပိုးထည်.အပြာနုရောင်ဝင်းဆက်နဲ့လှနေသော..ဖူးလေး..ဆံပင်ရှည်ကိုပုဝါအပြာရောင်လေးနဲ့ဆီးထားပုံက..ကလေးရုပ်တောင်မပျောက်သေး..ဘယ်လိုကြည့်ကြည့်ချစ်စရာလေးဖြစ်ြ ဖြစ်နေသော..သူမ.ကိုတိမ်ယံစိတ်မချနိုင်ပါ။


"ကိုကို..ဘုရားလှူဖို့.ပန်းဝယ်မယ်လေး"


"ဟုတ်ပါပြီး..အခုမှဘုရားရောက်တာ..ပေးဖိနပ်.ကိုကို.ကိုင်မယ်."


"ဟာ..ကိုကိုကလည်း..ငရဲကြီးအောင်.ဖူးဖူးပဲကိုင်မယ်. ပြောကာ..သူရဲ့ဖိနပ်ပါ..လုယူသွားတော့..တိမ်ယံတစ်ယောက်အချစ်တွေတိုးရပါတယ်။


ရွှေတီဂုံစေတီမြတ်စွာဘုရားကိုဖူးမျောလိုကျတာနဲ့..ရင်ထဲကအလိုလိုအေးချမ်းမှုကိုခံစားလိုက်ရတယ်။ဒါကြောင့်လူအများကပြောကြတာ..ဘုရားရိပ်တရားရိပ်လောက်ဘယ်အရာမှမအေးချမ်းဘူးတဲ့..အရမ်းမှန်တဲ့စကားပါပဲ.သူမလေးနဲ့အတူဘုရားကိုရှိခိုးလိုက်တယ်။


ဖူးလေး..ဘုရားရှိခိုးပြီးတရားထိုင်တော့.ဘေးနား.ကျောက်ရုပ်သဖွယ်ငေးကြည့်နေတာကတော့..တိမ်ယံပါ။.ထိုစဉ်ဘေးနားက.ကောင်လေး.၄ယောက်က..ဖူးလေးရဲ့အလှကိုငမ်းရန်..တိမ်ယံ.ဘေးမှာလာထိုင်ကြတယ်။


"အရမ်းချောတယ်ကွာ..ကျက်သရေရှိလိုက်တာ"


"မင်းပြောတာအမှန်ပဲ..မဟာဆန်တဲ့အလှဆိုတာဒါမျိုးကွာ"


"အမှန်ပဲဟေ့ကောင်..ကလေးနဲ့တူပြီးချစ်ဖို့ပို့ကောင်းတာ.ငါဓာတ်ပုံရိုက်ယူအုံးမယ်..ပြောကောင်လေးကဓာတ်ပုံရိုက်မယ်ပြင်တော့..ကင်မရာအရှေ့မှာမတ်တပ်ဝင်ရပ်တဲ့မျက်နှာကြောင့်လန့်သွားတယ်။


"အမယ်လေးဗျာ"


"အရမ်းလန့်သွားလား..အခုမင်းတို့ပြစ်မှားနေတာ..ငါမိန်းမနော်..သေချင်လို့လား"


ကြောက်စရာကောင်းသော..မျက်နှာထားနဲ့ငနဲလေးကောင်..အံ့ကြိတ်သံဖြစ်ပြောလိုက်တော့


"ခင်ဗျားကလည်း..အလာကြီးပါလား..ကျွန်တော်တို့မျက်လုံးပါလို့ကြည့်တာဘာဖြစ်လဲ..မကြည့်စေချင်ရင်..ခင်ဗျာမိန်းမကို..အပြင်ခေါ်မလာနဲ့""


"ဟုတ်တယ်..မင်းပြောတာမှန်တယ်..ဒီမှာချောချောလှလှမိန်းကလေးဆိုရင်..အပျိုဖြစ်ဖြစ်.အအိုဖြစ်ဖြစ်..ကြည့်ပြီးငမ်းတာ..ငါတို့ယောကျာ်းတိုင်းပဲကွာ"


."မင်းတို့..လေးကောင်ကပြောမရဘူး..ပြောကာလှမ်းထိုးဖို့ပြင်တော့


"ကိုကို..ဘုရားပေါ်မှရန်မဖြစ်ပါနဲ့..လူတွေဝိုင်းကြည့်နေပြီး"


"ကိုကိုကမဖြစ်ချင်ဘူး..ဒီငနဲ့..၄ယောက်ကဖြစ်ချင်နေတာ..ဟေ့ကောင်တွေဇရှိရင်..ကန်တော်ကြီးကိုလိုက်ခဲ့..ဘုရားလာပြီး.ဒုသနသောကျူးလွန်နေတဲ့..နှာဘူးတွေ..ပြောကာ..ဖူးလေးကိုလကျဆှဲပြီး..ဘုရားပေါ်မှဆင်းခဲ့ပါတယ်။


"ကိုကို..စိတ်လျော့လေး..ဒေါသသိပ်မထွက်ပါနဲ့..မျက်နှာကနီရဲပြီးပေါက်ကွဲတော့မယ်"


"တောက်..စိတ်တိုလိုက်တာ.ကန်တော်ကြီးမှာတွေ့အုံးမယ်..ငနဲ့လေးကောင်ကို၂ပတ်လုံးလုံးဆန်ပြုတ်နဲ့နှစ်ပါးသွားအောင်လုပ်ပစ်အုံးမယ်"


"ကိုကိုရယ်..ဘုရားလာတာစိတ်မငြိမ်းချမ်းပဲ..ပူလောင်နေပါလား..စိတ်လျော့ပါဆို..ဖူးလေးတို့ကန်တော်ကြီးမသွားပဲ..ကိုကိုရဲ့ဂေဟာသွားရအောင်နော်..နော်လို့"


"ဟိုကောင်တွေကို..သမချင်သေးတဲ့"


"လူဘီလူးကြီး ပြောနေတာနားမထောင်ဘူးလား..သခင်မ..ကိုစိတ်တိုအောင်လုပ်နေတာလား. အခုချက်ချင်း..ဂေဟာကိုမောင်းနော်..မမောင်းရင်.ဖူးလေးအကြောင်းသိမယ်ပြောကာ..ထုံးစံအတိုင်းနှုတ်ခမ်းကိုဆူပြီး..လက်ပိုက်ထားတော့..တိမ်ယံကားရပ်ပစ်ပြီး..ဆူနေတဲ့..သူမရဲ့နှုတ်ခမ်းကိုနမ်းပစ်လိုက်တယ်..။


"ဟာ..ကိုကိုမကောင်းဘူး..စိတ်တိုနေပါတယ်ဆို.."


"စိတ်ပြေအောင်..အနမ်းနဲ့ကုစားလိုက်တာ..ချိုမြိန်ရဲ့လား..ကိုကိုရဲ့အနမ်းက"


"သွားမသိဘူး..သူများနှုတ်ခမ်းနီပျက်ကုန်ပြီး..ပြန်ဆိုးရအုံးမယ်"


"မဆိုးနဲ့နော်..ဆိုးရင်ဒီထက်ပိုနမ်းပစ်မယ်..အခုလူဘီလူးကြီး..ဂေဟာကိုမောင်းပြီးနော်..ပြောကာ..မျက်နှာကပြုံးရွှင်ကာ.သူမရဲ့.ခေါင်းကိုဆွဲယူကာ..သူပခုံးပေါ်တင်ထားစေတယ်။


ဂေဟာရောက်တော့..တိမ်ယံ..ဇိုင်းဘုတ်လေးကို..ပြုမှုနေကြအတိုင်းလုပ်တော့..ဘေးကဖူးလေးက..တိမ်ယံရဲ့လက်တစ်ဖက်ကိုလာဆုပ်ကိုင်ကာ


."ကိုကို..ဘေးနားမှာ..ဖူးလေးအမြဲတမ်းရှိတဲ့နော်

ဖူးလေးတို့နှစ်ယောက်က..မိဘတွေမရှိကြပေမဲ့.တစ်ယောက်ကိုတစ်ယောက်.အဖေအမေလိုပြုစုစောင့်ရှောက်ပြီးချစ်ကြတဲ့.ဇနီးမောင်နှံတွေပါ..ကိုကို..ဒါကြောင့်အားမငယ်ရဘူးနော်"


"အားမငယ်ပါဘူး..ကိုကိုဘေးမှာ.အမေလိုရော့မိန်းမလို့ပါချစ်ပြီးအားပေးပြုစုမယ်.ဒီကချစ်တေးသံလေးရှိလိုပါဗျာ"


"အဟီးး..ကိုကိုအထဲဝင်ပြီး.ကလေးတွေနဲ့ဆော့ရအောင်"


"ဟာ..ဖူးလေးကပါ..ကလေးလုပ်မလို့လား"


"ဒါပေါ့..လူဘီလူးကြီးရ..ပွောကာတိမျယံရဲ့လကျကိုဆှဲပြီး..ဂေဟာထဲပြေးဝင်သွားပါတယ်။


ဂေဟာလေးကအရင်ကထက်ပိုပြီး..ပျော်ရွှင်ဖွယ်ကောင်းနေပါတယ်။.တိမ်ယံက..ကလေးတွေနဲ့အတူပန်းချီဆွဲနေသလို့..ဖူးလေးကလည်း.ကလေးတစ်ချို့ကိုအလှတွေပြင်ပေးနေပါတယ်။


"မမ.မီးမီးရဲ့ဆံပင်ကိုကျစ်ဆံမြီးကျစ်ပေးအုံးနော်"


"ဟုတ်ကဲ့ပါရှင့်..လာထိုင်တစ်ယောက်ချင်းစီကို..မမကသေချာပြင်ပေးမှာ..မမရဲ့နတ်သမီးလေးတွေရဲ့"


"ယေးးး..ရေးးဆိုပြီးကလေးတွေရဲ့ပျော်ရွှင်စွာထခုန်မှုတွေက..ဖူးလေးရဲ့ရင်ထဲကိုပျော်ရွှင်မှုနဲ့အတူပီတိဖြာဝေမှုကိုပါ.ခံစားလိုက်ရပါတယ်။


"ဉီးဉီး.သားသားဆွဲတဲ့ပုံကြည့်ပေးအုံး"


"မိုက်တယ်ကွာ..အာကာသထဲရောက်သွားသလို့ပဲကွာ..ဆက်ဆွဲ"


"ဉီးဉီး..သားဆွဲထားတဲ့ကျားပုံရော့"


"ဟာ..မင်းကျားကြီးက.ဉီးဉီးကိုခုန်အုပ်တော့မယ်အတိုင်းပဲ..အသက်ဝင်နေတာ..တော်တယ်..တစ်ခြားပုံတွေလည်းဆွဲ"


"ဟုတ်..ဉီးဉီး"


ကလေးတွေပျော်ရွှင်သလို..ဂေဟာကလူကြီးတွေပါပျော်ရွှင်ကြတယ်။


"မိုးရွာပြီး..ဉီးဉီးနဲ့မမ..ဘောလုံးကန်ရအောင်"


"အေးကွာ..သူတို့မိန်းကလေးတွေနဲ့..ဉီးဉီးတို့.ယောကျာ်းလေးတွေအားပြိုင်ပြီး..ကန်ကြရအောင်"


"ယေးးးရေးး"


မိုးရေထဲမှာပြိုင်ကန်ကြတော့..ဖူးလေးကမြန်မာဝင်းဆက်နဲ့ကန်မရလို..အဝတ်စားလှဲပစ်ရတယ်။


အရမ်းပျော်ဖို့ကောင်းပါတယ်.. ဘောလုံးကိုလိုက်လုရတာအမောပဲ..မိန်းကလေးတွေက..ဘျောလုံးမကနျတကျတော..ယောကျာ်းလေးတစ်ယောက်ကို..မိန်းကလေး၄ယောက်နှုန်းနဲ့ဝိုင်းဆွဲကြတော့..ယောကျာ်းလေးတွေ.ရဲ့အင်ကျီတွေတောင်ပြဲကုန်ကာ..ရယ်မောကြတယ်။


"နင်တို့မိန်းကလေးတွေ.ညစ်တဲ့ဘောလုံးကိုမကန်ပဲ..ငါတို့ကိုလာဆွဲထားတဲ့"


"အော်ဒါကတော့..ငါတို့မှမကန်တတ်တာ..နင်တို့ကအနစ်နာခံပေါ့..အားသန်တဲ့ယောကျာ်းတွေပဲကို့"


"အမယ်လေး..ငါတို့ကိုများအားသန်တယ်တဲ့..ငါကိုကြည့်လိုက်အုံး..နင်တို့မိန်းကလေးတွေအဆွဲလွန်လို..ငါအင်ကျီ.ကကျီးကန်းတစ်သိုက်ဝိုင်းထိုးဆိတ်ထားသလားမှတ်ရတဲ..လည်းပင်းပေါက်နဲ့လက်ပေါက်တောင်ခွဲခြားမရတော့ဘူးပြောတော့..အားလုံးရဲ့ရယ်သံတွေကမတိတ်နိုင်စွာ..ဂေဟာလေးထဲကိုပျံနှံသွားပါတယ်။


"တစ်နေကုန်ပျော်ရွှင်စွာ.ဆော့ထားရလို့ထင်တယ်..ကားပေါ်မှာအိပ်လာတဲ့..ဖူးလေးကအရမ်းကိုအိပ်မောကျနေလျက်ပါ။တိမ်ယံကတော့.မျက်နှာကအပြုံးတွေဝေလျက်..ဂေဟာမှာဆော့ခဲ့တဲ့အကြောင်းကိုပြန်တွေးပြီးနေလျက်ပါ။အိမ်ရောက်တော့..သူမကိုမနိုးဘဲပွေ့ချီကာ.အခန်းထဲကိုခေါ်ကာ..ခုတင်ပေါ်သိပ်ပြီးသူပါဝင်လှဲတော့..သူမကရင်ခွင်ထဲကိုတိုးဝင်လာတယ်။


"ကြည့်..နိုးနေတာတောင်အိပ်ချင်ယောင်ဆောင်နေတာပေါ့"


"ကိုကိုကလည်း..ဖူးလေး.လမ်းမလျောက်ချင်တော့လို့ပါ..အဟီး.အရမ်းချစ်တယ်နော်.ပြောကာသူရဲ့နှုတ်ခမ်းကိုနမ်းရှိုက်တော့..သူကလည်းပြန်လည်နမ်းရိုက်ကာအနမ်းတွေကရပ်တန့်လို့မရပါ။.

မိုးသားကင်းစင်သော..ကောင်းကင်ကြီးကပန်းချီကားတစ်ချပ်သဖွယ်လှပလျက်..ပန်းရံနံကသင်းပျံမွေးကြိုင်ကာ..ချစ်သူနှစ်ဉီးရဲ့ချစ်ခြင်းကြောင့်လား.ဒါမှမဟုတ်အနမ်းကြောင့်လားတော့သေချာမသိပေမဲ့..လမင်းကြီးကတော့ရှကျလို့ထငျတယျတိမျတိုကျတှကွေားထဲကိုပွေးဝငျသှားပါတယျ။


ပြီးပါပြီးဗျာ


ဖတ်ရှုပေးသောစာဖတ်သူအားလုံးကိုကျေးဇူးတင်.လေးစားလျက်ပါ..စာဖတ်သူလေးတွေကျန်းမာရေးကောင်းပြီးပျော်ရွှင်ကြပါစေ..အားလုံးလည်း..ကျွန်တော်ကဆုတောင်းပေးလျက်ပါ.။


စာရေးသူ သွေးမိန့်


rate now: