ရွှေမင်းသမီးလေးရဲ့ချစ်တေးသံ
တိမ်ယံရဲ့..ပါးစပ်ကသွေးတွေစီးကျလျက်..အကန်ခံရလို့..တစ်ကိုယ်လုံးနာကျင်လျက်ပါ။
ဲ
"ကဲ့..မင်းတို့နှစ်ယောက်ကိုသေမင်းဆီပို့ပေးရမှာပေါ့"..ပြောကာသေနတ်ထုတ်ချိန်..တစ်အိမ်လုံးမီးတွေပျက်ကုန်တယ်။
"ဟာ..မီးပျက်ပြီး..အလင်းရောင်ရှာကြစမ်း..မီးထွန်းကြစမ်း..ရန်ရှင်းရဲ့လူတွေပျာယာခတ်တုန်းတစ်အောင့်နေမီးပြန်လာတော့..တိမ်ယံတို့ကိုကြည့်လိုက်တော့မရှိတော့ပါ။..ဒါပေမဲ့သေနတ်သံတွေ..အဆက်မပြတ်ထွက်ပေါ်လာလျက်ပါ။..ထို့နော်.စံအိမ်ကြီးရဲ့ပေါက်ကွဲသံပါ..ထွက်ပေါ်ကာ.မီးအဖြစ်လောင်မြိုက်ကာ..ဂိုဏ်းအားလုံးရဲ့..ခေါင်းဆောင်တွေသေကြေကုန်ပါတယ်..သူတို့တွေရဲ့အော်ဟစ်သံကတော..ငရဲပြည်လားထင်မှတ်လိုက်ရအောင်ပါပဲ။
သတင်းတစ်ခုလုံးပြန့်နှံသွားပါတယ်.".စံအိမ်ကြီးမှာ..ဒုစရိုက်သမားတွေအရှင်လတ်လတ်မီးလောင်ပြီးသေကြတာ..ဝမ်းသာလိုက်တာ..အဲဒါမှငါတို့လူမျိုးတစ်ခြားနိုင်ငံကိုရောင်းစားမခံရတာ"
"ဟုတ်တယ်..ဘိန်းဖြူတွေထုတ်လုပ်ဖို့လည်းနည်းသွားတာပေါ့"
"အေးဟယ်..ဘာပဲဖြစ်ဖြစ်..စံအိမ်ကိုမီးလောင်အောင်လုပ်တဲ့သူပဲကျေးဇူးတင်တယ်"
"ဟုတ်တယ်.."
"ရပ်ကွက်ထဲ..အဒေါ်ကြီးတစ်ချို့အတင်းတုပ်နေသံကြားပြီး..ငုဝါနဲ့..ဝေလျှံပြုံးမိပါတယ်။
မဂ်လာခန်းမထဲကလူတွေအကုန်ပျော်မြူးလျက်ပါ..သတို့သမီးလေးက.နုနုဖြစ်ပြီးသတို့သားကမိုးထက်ပါ။
"အရမ်းလိုက်ဖက်တယ်ဗျို့..အားကျတယ်ဟေ့"
"အားကျရင်ငါလိုတစ်ယောက်လောက်ရှာပေါ့..ငပြည့်ရ"
"မတွေ့သေးလို့ပါ..မိုးထက်.ရာ..မင်းတို့rsတွေကြားထဲငါမျက်နှာငယ်တဲ့ကွာ..ငုဝါတို့အတွဲက..roတာကတစ်မျိုး..မင်းတို့အတွဲ..roတာကတစ်မျိုး...ငါsgစိတ်ညစ်ရပါတယ်"
"မညစ်ပါနဲ့..ငပြည့်ရ..မင်းအတွက်ရှာပေးမယ်လေး"
"ဟာ..ဆရာကလည်း.တစ်ယောက်ထဲလား..ဆရာကတော်ရော့ပါဘူးလား"
"ပါတယ်..ဟိုမှာ..သတို့သမီးဆီသွားပြီးနှုတ်ဆက်နေတဲ့"
"ဆရာတို့လည်း..ပျောက်နေတာ..ဒီမဂ်လာပွဲကိုလာပါမလားလိုစိုးရိမ်နေတာ"
"လာရမှာပေါ့.ငါတပည့်မဂ်လာဆောင်ကို့...မင်းအတွက်.ဟိုမှာတွေ့လား..ငါဂေဟာကဆရာမ..ချောချောလေး..သွားမိတ်ဖွဲ့ပြီးကြိုးစားလိုက်"
"ဟုတ်ဆရာ.."
ဒီလိုနေ့မျိုးရောက်လာပါမလားလို့.သူ့မမျှော်လင့်ရဲပါ..အဲဒီညက..မီးပျက်အောင်ငပြည့်ကလုပ်ခဲ့ပြီး..မိုးထက်က..သူတို့နှစ်ယောက်ကိုတစ်နေရာကနေအလျင်အမြန်ဆွဲခေါ်ကာ..လုံခြုံစွာလုပ်ထားတဲ့နေရာကိုချေါသှားခဲ့တဲ့..ဗုံးထောင်တာကတော့..ဂိုဏ်းအကြီးအကဲကို့အရမ်းမုန်းနေတဲ့..ဧကရာဇ်ဂိုဏ်းနဲ့ပြန်ပူပေါင်းပြီး..လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်..သေနတ်သံတွေကလည်း..ဧကရာဇ်ဂိုဏ်းကလူတွေပစ်တာပါ..အော်အရာအားလုံးကပြီးဆုံးပြီးပဲ..ဉီးမိုးကြိုးကိုလည်း..တိမ်ယံ..လက်စားချေနိုင်ခဲ့တယ်..အခုချိန်ကစပြီး..အမှောင်လောကကိုစွန့်ခွာပြီး..ချစ်ဇနီးနဲ့အတူ..သာမန်ဘဝကိုဖြတ်သန်းသွားတော့မယ်.တွေးနေတုန်း
"ကိုကို..ကိုကို..လူဘီလူးကြီးးး"
"ဟမ်..ဘာလဲ..ဖူးလေး"
"ခေါ်နေတာ..အသက်ထွက်တော့မယ်.ပြောကာနှုတ်ခမ်းကိုဝက်ပုတ်ကလေးလိုစူထားတော့..တိမ်ယံ..ချိုမြိန်စွာပြုံးကာ..သူမလေးကိုဖက်ပြီး
"မကောက်ပါနဲ့..ချစ်တေးသံလေးရဲ့..ကိုကို.တောင်ပန်းတယ်နော်"
"ဟွန့်..ကောက်တယ်. လူဘီလူးကြီးက.ဘယ်မိန်းကလေးအကြောင်းတွေးနေလို့ပွုံးနလေဲမှမသိတာ.."
"ဘယ်မိန်းကလေးအကြောင်းတွေးရမှာလဲဗျာ..ဟောဒီက.ကိုကိုရဲ့ချစ်တေးသံလေး..အကြောင်းပေါ့ဗျာ"
"ဟုတ်လို့လား.."
"သိပ်ဟုတ်ပါဗျာ..ပြောကာ..ဖြူဖွေးနူညံတဲ့ပါးပြင်လေးကိုနမ်းရှိုက်တော့
"လူဘီလူးကြီး..အသားယူဖို့ပဲချောင်းနေတာပဲ..ဘိုးဘိုးကြီးဆီ..ဘယ်တော့ပြန်ပို့မှာလဲ"
"ဟမ်!!မပြန်ပို့ပါဘူး..တော်ကြာ..ကိုကိုနဲ့သဘောမတူရင်ဘယ်လိုလုပ်မလဲ"
"ဘိုးဘိုးကြီးဆီမှာပဲနေလိုက်မှာပေါ့..လူဘီလူးကြီးရဲ့..လွယ်နေတာကို"
"ခင်ဗျားလေးက..ကိုကိုနဲ့ခွဲနိုင်တယ်ပေါ့"
"ဒါပေါ့..ဒါပေါ့"
ခေါင်းလေးလှုပ်ကာ..မခံချင်အောင်ပြောနေတော့..သူမလေးကို..တိမ်ယံအသဲယားလွန်လှပါတယ်။
"ဒါဆိုရင်..ကိုကိုကလည်း..ဖူးလေးကို..ကိုကိုဆီကနေထှကျပွေးလို့မရအောငျ..ဒီညကြိုးစားပြီး..ကလေးရအောင်ယူမယ်"
"ဟာ.ကိုကို..ညစ်ပတ်ကြီး..ရှက်စရာတွေလာပြောနေတဲ့..ပါးစပ်ကစည်းမရှိဘူးပြောကာ..တိမ်ယံကို..ရှက်ရမ်းရမ်းပြီး..ဗိုက်ခေါက်လိမ်ဆွဲပစ်တော့
"ကိုကို..မှာဗိုက်ခေါက်မရှိဘူး.ချစ်တေးသံလေးရဲ့..ကြွက်သားတွေပဲရှိတာကို့..ညဘက်..ကိုကိုအဝတ်စားချွတ်အိပ်ရင်သိရဲ့သားနဲ့ကို့"
"ကိုကို.နော်ပြောကာ.သူရဲ့လက်ကောက်ဝတ်ကိုတအားကိုက်ပစ်တော့
"ဖူးလေး..ကိုက်လည်း..ကိုကိုကနာဘူးဗျာ.သံမဏိလူသားလေး..သိတယ်မဟုတ်လား.ဖူးလေးရဲ့သွားပဲနာမှာပြောကာ..သူမရဲ့မျက်နှာလေးကိုဆွဲမောပြီး..နှုတ်ခမ်းဖူးဖူးလေးကို..မြတ်နိုးမပြေစွာနမ်းရှိုက်လိုက်တော့..သူမရဲ့မျက်လုံးတွေမှိတ်ပစ်ကာ..သူကိုတုံ့ပြန်နမ်းမိပါတော့တယ်..သေချာတာကတော့နှစ်ယောက်လုံးရဲ့..ချစ်စိတ်တွေကဒီဂရီတိုးမြင့်နေမှာပါ။
"ငုဝါကို..မောင်ပိုင်ဆိုင်ချင်ပြီး..လက်ထပ်ကြရအောင်နော်"
"မသိဘူး..ငုဝါကြောက်တယ်"
"ဘာကိုကြောက်တာတုန်း..မောင်ရှိတာကို့"
"အဲဒီမောင်ကို..ကြောက်တာရှင့်"
"ဟာ.မောင်ကသရဲလား..ဒီလောက်ချစ်ပြနေတာကို..ကြောက်စရာလား"
"အဟီး..မောင်အချစ်ကကြမ်းတာကို့..ငုဝါကိုမျက်စိအောက်အပျောက်မခံတော့.နည်းနည်းနေရခက်တာပေါ့လို့"
"ငုဝါလေးရေ..အဲဒါကချစ်လွန်လို့လေး..မောင်တစ်ယောက်ပဲ..မျက်စိအောက်ကအပျောက်မခံတာမဟုတ်ဘူးနော် ..ဆရာနဲ့မိုးထက်ဆိုရင်..ဘာလုပ်သည်းလဲ..ငုဝါအသိ..မောင်ကလိုတောင်လိုနေသေးတယ်"
"ဟို.ဆရာ.ဟို.ဒီလောက်ထိချစ်တာတောင်..ငုဝါမနေတတျတာ.ပိုချစ်ပြရင်တော့..ငုဝါမောင်ရင်ခွင်ထဲပုန်းနေတော့မယ်"
"အဲဒါအကောင်းဆုံး..မောင်တို့လက်ထပ်ရအောင်နော်..ပြောကာ..ဒူးတစ်ဖက်ထောင်ပြီးလက်ထပ်ခွင့်တောင်းတော့..မဂ်လာဆောင်ကလူတွေရဲ့အကြည့်က..သူတို့အတွဲဆီရောက်လာပါတယ်။
ငုဝါကို..မောင်အရမ်းချစ်တယ်..ပိုင်ဆိုင်ချင်တယ်..ငုဝါနဲ့အတူနေ့တွေညတွေကိုဖြတ်သန်းချင်တယ်..တကယ်လိုကောင်းကင်ကြီးမှာ..ကြယ်တွေလတွေမရှိလို..မောင်ကိုဖန်တီးခိုင်းရင်..ငုဝါနဲ့အတူတူလှပတဲ့ကြယ်ကလေးတွေ..လလေးကိုအသစ်တစ်ဖန်အတူတူဖန်တီးချင်တဲ့..မောင်ရဲ့ဝင်သက်ထွက်သက်တိုင်းကို..ငုဝါနဲ့အတူရှိချင်တယ်..အရမ်းချစ်တယ်..ဒီထက်လေးနက်တဲ့စကားနဲ့ပြောရရင်..ငုဝါကိုမောင်အရမ်းမြတ်နိုးတဲ့..လက်ထပ်ခွင့်ပြုပါနော်"
ငုဝါ.ရဲ့ကြည်နူးဝမ်းသာစွာ.မျက်ရည်လေးကျပြီး.ရယ်ကာ
"မောင်တကယ်..ပြောတာလား.."
"မေးစရာလိုသေးလို့လား..ရင်ဘက်ထဲထွက်ပေါ်လာပြီး..သွေးကြောထဲကိုစီးဝင်နေတဲ့..မောင်ရဲ့အချစ်တွေပါ..ငုဝါ"
"အဟင်းး.အရမ်းစကားတက်.တယ်နော်လက်ထပ်ပြီးမှပစ်ထားကြည့်..သေနတ်နဲ့မောင်ရဲ့နှလုံးသားကိုချိန်ပစ်မယ်ပြောပြီး..မျက်စောင်းလှလှလေးထိုးပြီး..လက်ထပ်ခွင့်ကိုလက်ခံကြောင်းခေါင်းငြိမ့်ပြတော့..ဝေလျှံ..ဘယ်ဘက်လက်တစ်သွယ်ကို..လက်စွပ်လေးဝတ်ဆင်ပေးကာ..နဖူးလေးကိုဖွဖွလေးနမ်းပြတော့..လူတွေအကုန်လုံး..သဘောကျစွာလက်ခုပ်တီးပြီး..ဝိုင်းဂုဏ်ပြုကြပါတယ်။
ပန်းမျက်ခြယ်ရံစံအိမ် ဆိုတဲ့ဇိုင်းဘုတ်ကိုကြည့်ပြီး..ဒူးတုန်နေသူကတော့.တိမ်ယံပါ။
"ကိုကို..ဘာငေးတာလဲ..ရောက်ပြီးလေး..ဆင်းတော့"
"မဆင်းလို့မရဘူးလား..ကိုကိုကို့..ဖူးလေးရဲ့ဘိုးဘိုးကြီက..သဘောမတူရင်..ကိုကိုရင်ကွဲမှာ"
"ကိုကိုကလည်း..ဖူးလေးရှိ်တယ်လေး..တရားဝင်လည်းလက်ထပ်ထားပြီးပြီးကို့..ကြည့်..ကိုကိုနဖူးမှာချွေးပြန်နေပြီး"ပြောကာ..ဖူးလေးကပဲတစ်ရူးနဲ့ချွေးသုတ်ပေးရတယ်။
"ဟူးး..ကိုကိုကို့ကတိပေး..ဘိုးဘိုးကြီးသဘောမတူလည်း..ကိုကိုနဲ့ပြန်လိုက်ရမယ်လို့"
"ပေးတဲ့..လူဘီလူးကြီးရဲ့..ရော့..ဖူးလေးလက်ကိုသေချာ..ဆုပ်ကိုင်ထား..ဘယ်တော့မှမဖြုတ်ဘူးနော်..ကတိပေးတဲ့..အထဲဝင်ကြရအောင်နော်"
"ဟုတ်ပါပြီးဗျာ သခင်မလေးရဲ့အမိန့်တော်အတိုင်းပါ.."
စံအိမ်က..ဖူးဖူးလည်းရောက်ရှိတော့..အရင်လိုပျော်စရာကြည်နူးဖို့ကောင်းလာပါတယ်။
"မမလေး..ရောက်ပြီး.ဟေ့..သခင်ကြီးကိုသွားပြောကြ"
"အေးပါဟာ..ငါသွားပြေးပြောမယ်"
ဧည်ခန်းမှာထိုင်နေတဲ့..မြေးမလေးနဲ့ခန့်ခန့်ချောချောလူငယ်တစ်ယောက်ကို.မြင်ပြီး..ဉီးဘုန်းလျှံ.အနည်းငယ်အလိုမကျပေမဲ့..မြေးမလေးကိုပြန်တွေ့ရတာကြောင့်..ပျော်ရွှင်မိတယ်။
"ဘိုးဘိုးကြီး..ဖူးလေးကလွမ်းနေတာပြောပြီး"..ပြေးဖက်တော့..တိမ်ယံ.မနာလိုဖြစ်မိတယ်..သူအဘိုးကိုမြင်ရော့..ဒါငါကိုမေ့သွားတဲ့ဆိုတဲ့သဘောပေါ့..အိမ်ရောက်မှာတစ်ဝကြီးနမ်းပစ်ပြီးအပြစ်ပေးပြမယ်."
"မြေးလေး..နေကောင်းတယ်ပေါ့..ဘိုးဘိုးကြီး..တစ်သက်မတွေ့ရဘူးထင်နေတာ..ဝမ်းသာလိုက်တာမြေးလေးရယ်"
"ဖူးလေးလည်း..အရမ်းပျော်တယ်..ဘိုးဘိုးကြီးကိုမိတ်ဆက်ပေးရအုံးမယ်..ဒါမြေးရဲ့အမျိုးသား..တိမ်ယံတဲ့.."
"အျော..ငါမြေးကလက်တောင်ထပ်ပြီးပြီးပဲ"
"ဟုတ်..ဘိုးဘိုးကြီး..ဖူးလေး.ခွင့်မတောင်းမိလို့တောင်ပန်းပါတယ်..ဘိုးဘိုးကြီး"
"ရပါတယ်..မြေးမလေးရဲ့..ဒါနဲ့မောင်ရင်ဘာအလုပ်လုပ်လဲ"
"ကျုပ်..အယ်..ကျွန်တော်..ကွန်ပျူတာဆိုင်ဖွင့်ထားတဲ့..ချစ်တေးသံ ဆိုပြီးကုန်တိုက်တစ်ခုဖွင့်ထားတဲ့ဘိုးဘိုးကြီး..ပြီးတော့"
"ရပြီး.ဒီလောက်အထိသိရရင်ရပြီး..ငါမြေးနဲ့မောင်ရင်က..လင်းမယားတောင်ဖြစ်ပြီးဆိုတော့..ငါသဘောမတူချင်လည်းတူရမှာပေါ့ကွာ..အဓိကကငါမြေးစိတ်ချမ်းသာဖို့ပဲလေး"
"တိမ်ယံ..စိတ်ထဲမှာအောင့်သက်သက်ဖြစ်သွားပါတယ်..တော်သေးတဲ့လက်ဉီးမှုအရယူပြီးလက်ထပ်ထားလို့..မဟုတ်ရင်သဘောတူမှမဟုတ်ဘူး..ဘိုးတော်ကမလွယ်ဖူးပဲ"
"ဒါနဲ့..မြေးမလေး.ဒီည..ဒီမှာအိပ်နော်..ဘိုးဘိုးကြီးအလွမ်းပြေအောင်..ဘိုးဘိုးကြီးတို့..လင်မယားကြားမှာလာအိပ်ပါလား"
"ဟမ်..ဒါတော့ကျွန်တော်.."
"ကိုကိုနော်..ဆက်မပြောနဲ့..လာအိပ်ပါမယ်ဘိုးဘိုးကြီး..ကို..မြေးလေးအရမ်းလွမ်းနေတာပြောကာ..ချစ်ပြနေတော့..တိမျယံစိတျထဲပေါကျကှဲပွီးလေး..မိန်းမနဲ့ခွဲအိပ်ဖို့နေနေသာသာ..တစ်ကုတင်ထဲအိပ်တာတောင်ကျောပေးပြီးမအိပ်ဘူး..ဝေးတဲ့လိုခံစားရလို. အခုကတစ်ခန်းဆီတောင်ခွဲအိပ်ရမှာ. .ဒေါ်ဖူးဖူး..ကိုကိုမခွဲနိုင်မှန်းသိရက်နဲ့လုပ်ရက်တဲ့..ခင်ဗျားလေးရဲ့.မျက်နှာတစ်ပြင်လုံးတော့. အနမ်းမိုးတွေရွာချပစ်မယ်ကြည့်နေ.."
"ကိုကို..ကိုကို"
"ဟမ်း..ဘာလဲဖူးလေး"
"ဘိုးဘိုးကြီး..ဖူးလေးရဲ့အခန်းထဲ..မှာသွားနားကြတော့တယ်"
"ဟုတ်ကဲ့.ဘိုးဘိုးကြီးဗျာ..ပြောကာဖူးလေးအခန်းထဲကိုသွားကြပါတယ်။
အခန်းထဲရောက်တယ်ဆိုရင်ပဲ..တိမ်ယံ.ဖူးလေးကို.တင်းကျပ်အောင်ဖက်ပြီး..မျက်နှာတစ်ပြင်လုံးအနမ်းမိုးရွာချပစ်လိုက်တော့.ဖူးလေးအတင်းရုန်းနေမိပါတယ်။
"စာရေးသူ.သွေးမိန့်
.