book

Index 2

အပိုင်း(၂)

ရွှေမင်းသမီးလေးရဲ့ချစ်တေးသံ


"ဖူးလေး..အတွက်စီစဉ်တာမမြန်လွန်ဘူးလား

သခင်ကြီး"


"မြန်ပေမဲ့လည်း...ဖူးလေးက အပြင်လောကကို

သွားချင်နေတာလေး  ဒါကြောင့် မင်းမြတ်သခင် နဲ့လက်ထပ်ပေးဖို့စီစဉ်ရတာ"


"သခင်ကြီး..သေချာစဉ်းစားပါအုံး..ဖူးလေးကအရမ်းငယ်သေးတယ်လေး"


"ငယ်ပေမဲ့လည်း..အပြင်လောကကိုမသွားရအုံး

တားဆီးရမှာပဲ....နေမင်းသူရိန်စံအိမ်က. သခင်မင်းမြတ်သခင်က..ဖူးလေးကိုချစ်နေတာကြာပြီးလေး"


"မေ..စိုးရိမ်တဲ့သခင်ကြီးရဲ့  ဖူးလေးကို..သူသွားချင်တဲ့အပြင်လောကကိုခဏတစ်ဖြုတ်ပေးသွားလိုက်ပါလား"


"တော်စမ်း..မင်းကမြေးမလေးကို  သူမိဘတွေလိုမျိုးဖြစ်သွားစေချင်တာလား"


"သခင်ကြီး စိတ်လျော့ပါ  မေက မြေးမလေးကို  သူများလက်ထဲမပေးချင်သေးလို့ပါ"


"မင်းသိတာပဲအပြင်လောကကဘယ်လောက် ယုတ်မာရိုင်းစိုင်းလဲဆိုတာ  ငါသွေးဖြစ်တဲ့ ဘုန်းလရောင်ဘယ်လိုသေသွားရလဲ ပြီးတော့ငါချွေးမ

ပန်းသခင်..အသေဆိုးနဲ့သေခဲ့ရတာ  ငါမြေးမလေးတောင်ကံကောင်းလိုမသေတာ  အပြင်လောကကို

ငါစံအိမၠ...သားယောကျာ်းတွေကလဲွဲပြီး

မိန်းကလေးတွေ အကုန်လုံးစံအိမ်အပြင်ဘက်ကို

အရိပ်တောင်မကျရောက်စေရဘူး"


"မေ နားလည်ပါပြီး သခင်ကြီးစီစဉ်သမျှမကန့်ကွက်တော့ပါဘူး"


"ကျေးဇူးပါ..မေ..မင်းကကိုယ်ရဲ့အကောင်းဆုံးအဖော်မွန်ဇနီးကောင်းတစ်ယောက်ပါ "


်"မေ..သခင်ကြီးအနားမှာအရိပ်လိုရှိနေမှာပါ"  ပြောပြီး   ဉီးဘုန်းလျှံရဲ့ လက်ကလေးကို သခင်မကြီး မေမြတ်နွယ် အားပေးစွာကိုင်ထားလိုက်တယ်။


နေမင်းသူရိန်စံအိမ်ရဲ့သခင်  မင်းမြတ်သခင်ကတော့ အလွန်ပျော်ရွှင်နေပါတယ်။


"သခင်လေး ပြုံးနေပါလား တစ်နေ့လုံး ဘာပျော်စရာများရှိလို့ပါလဲဗျာ"


"ငါအိမ်ထောင်ပြုတာမှာမိုလို့လေး  ပန်းမျက်ခြယ်ရံစံအိမ်က. အလှနတ်သမီးလေး ဖူးဖူး ကိုပိုင်ဆိုင်ရတော့မှာဆိုတော့  အပျော်လွန်နေတာလေး"


"ဝမ်းသာလိုက်တာဗျာ..

သခင်လေးနဲ့  အရမ်းလိုက်ဖက်တာလေး

ဘယ်တော့ သခင်မလေးကို  ဒီစံအိမ်ကိုခေါ်ခဲ့မှာလေး"


"မကြာခင်ပေါ့ကွာ  ဒါနဲ့ငါသူငယ်ချင်း မိုးဒေဝါအသတ်ခံရတဲ့အကြောင်းကြားတယ်  သူကိုသတ်တဲ့လူကအရမ်းတော်တဲ့  သေနတ်သမားပဲ  ငါလူတွေခေါ်ပြီးစုံစမ်းပေး  အဲဒီလူကိုတွေ့လို့ကတော့

အရှင်မထားဘူး  ငါလက်နဲ့သတ်မှာ"


"သခင်လေး  ပျော်စရာကောင်းတဲအချိန်အခါမှာ

ဒေါသဖြစ်စရာမတွေးပါနဲ့  ဟိုလူကို့ကျွန်တော်တို့အဖွဲ့ပညာပေးပေးပါမယ်"


"ငါမင်းကို  ယုံကြည်မယ် လင်းသစ်"


"သခင်လေး စိတ်မပျက်စေရပါဘူး"


"ကောင်းပြီးကွာ  မနက်ဖြန်အလှနတ်သမီးရှိတဲ့စံအိမ်ကိုသွားဖို့ပြင်ဆင်အုံးမယ်  "


"ဟုတ်ကဲ့ပါ  သခင်လေး"


သာယာလှပပြီးသစ်ပင်ပန်းပင်တွေနဲ့  လှပနေသော

မြတ်ရောင်ယံ  ဆိုင်းဘုတ်စိုက်ထားတဲ့နေရောမှာ

ကားရပ်ပြီး သူဆင်းလိုက်ချိန် ဆိုင်းဘုတ်ကိုလက်နဲ့အမြတ်တနိုးထိတွေ့ပြီး  မျက်ရည်ဝဲမိတာ ဒီနေရာကိုလာတိုင်း ပြုမှုနေကြအမှုအကျင့်တစ်ခုပါ။


"လူလေး  ရောက်ပြီးလား"


"မျက်ရည် တွေခိုနေတဲ့  မျက်လုံးတွေကိုဖုံးကွယ်ဖို့

ဘောင်းဘီအိတ်ကပ်ထဲက. မျက်မှန်အမဲကိုတပ်ဆင်လိုက်တော့  သူရဲ့အသွင်ပြင်ကပိုပြီးကြည့်ကောင်းသွားတဲ့။


"ရောက်ပြီး  ဘဘ... ကလေးတွေအတွက်စာသင်ကျောင်းဆောက်မဲ့ပိုက်ဆံလာပို့တာပါ"


ွကျောပိုးအိတ်အမဲကို..ဘဘဆိုသောအသကျ၆၀ရှိသောလူကွီးဆီ တရိုတသေပေးလိုက်တယ်။


"လူလေး  ငွေတွေကအများကြီးပဲကျောင်းဆောက်ဖို့လုံလောက်တဲ့အပြင်  ကလေးတွေအတွက်တစ်ချို့အသုံးအဆောင်ပါ  ဝယ်လို့ရပါတယ်။


"ဝယ်ပါဘဘ လိုအပ်တာရှိရင် သားကိုပြောပါ"


"လိုအပ်တာမရှိတော့ပါဘူး  အထဲဝင်ပါအုံးလား

လူလေး"


"မဝင်တော့ပါဘူး  အပြစ်ကင်းစင်မှုတွေပြည့်နေတဲ့

ဒီနေရာလေးကို  သားကြောင့်ညစ်ညမ်းမသွားစေချင်ဘူး  ဘဘ ကိုသားကန်တော့ပါတယ်ပြောပြီး

တိမ်ယံ ထိုင်ရှိခိုးတော့  ဘဘ ဆိုတဲ့လူကြီးကဆုတွေပေးနေပါတယ်။


ဖူးဖူး  ပန်းခြံလေးထဲမှာစာအုပ်ထိုင်ဖတ်နေတဲ့  စာအုပ်တွေက  ဖူးရဲ့အဖော်တွေလေး..ကောင်းကင်ပြာပြာကြီးအောက်မှာ  ပန်းရောင်စုံကြားထဲမှ အဖြူရောင်ဂါဝန်ကားကားလေးဝတ်ဆင်ပြီး

ဆံပင်ကခါးလောက်ရှည်ပြီး  မျက်နှာလှလှလေးမှာ  

သနပ်ခါးဝါဝါဝင်းဝင်းလေးက. ပန်းရနံ ပန်းတွေရဲ့အလှနဲ့အပြိုင်လှပနေတဲ့နတ်သမီးတစ်ပါး လိုထင်မှတ်စရာပါ။


ဝိုင်းစိန်....ငါတို့ပန်းတွေအများကြီးခူးရမှာနော်

မနက်ဖြန်  သခင်လေးမင်းမြတ်နဲ့မမလေးဖူး  တိုစေစပ်ပွဲကျင်းပမှာ"


"အေးဟေ့  မမလေးဖူးကိုနှာမျောတဲ့  ဟာ"


"ငါလည်း နာမျော်တာပဲ..သခင်လေးမင်းမြတ်က

ဆိုးတဲ့ဟာ အဆင့်တန်းလည်း အရမ်းခွဲခြားတာ"


"ဒီအကြောင်းကို  မမလေးဖူး မသိဘူးဟာ  သခင်ကြီး ကမမဖူးကိုအပြင်လောကမရောက်စေချင်လို.

ဒီစေစပ်ပွဲကို  စီစဉ်တာလေး"


"ကဲ့ပါ ငါတို့ပန်းပဲခူးရအောင်  မမလေးဖူးကို  ငါတိုပြောပြလိုမရဘူးနော်  ဝိုင်းစိန်မ အာမချောင်မိစေနဲ့"


"အမယ်ငါကနင်ထက်နှုတ်လုံးသေးတဲ့  မိအေးရယ်ပြောပြီးပန်းခူးကြတာ  ဖူးဖူးကိုမမြင်ကြပါ။


ဖူးဖူး ကတော့  သူတို့နှစ်ယောက်ပြောတာကြားပြီး

ထွက်ပြေးဖို့အစဉ်စီဆွဲလိုက်ပါတယ်။


 

တိမ်ယံ..ကားမောင်းရင်  ကားထိုးရပ်သွားကြောင့်ပြင်ရန် အောကျဆငျးနတေုနျး"


"ဟေ့လူရှိတာအကုန်ထုတ်စမ်း"


"မင်းတို့က ဓားပြတွေလား ကျုပ်မှာရှိတာဆိုလို

ဓားတွေပဲရှိတဲ့ပြောပြီး လေအဟုန်ဖြင့် ဓားပြတိုက်သူကို့တိုက်ခိုက်ပစ်လိုက်တယ်။


"ခွပ်...ဖြောင်း အုံးး ဆိုတဲ့အသံတွေဆူညံသွားပါတယ်။


"မင်းတို့လောက်ကတော့  အသေးအမွှားပဲ

ကျုပ် အပျင်းပြေလူမသတ်ချင်ဘူး  သွားကြတော့"


လူဆိုးနှစ်ယောက် ပြေးထွက်သွားမှ တိမ်ယံ ကားကိုယ်ထည်မှီပြီး ဆေးလိပ်သောက်နေလိုက်တယ်

ညဘက်မိုးအရမ်းချုပ်နေပြီးဖြစ်တဲ့ အတွက်နာရီကိုကြည့်လိုက်တော့  ညကိုးနာရီထိုးပြီးသူ့ကားပျက်တဲ့နေရာကိုကြည့်လိုက်တော့  ပန်းမျက်ခြယ်ရံစံအိမ် နာမည်ကဆန်းတဲ့ တွေးနေတုန်းရှိသေးတယ်


နံရံပေါ်ကနေဆင်းလာတဲ့အဖြူရောင်ဂါဝန်နဲ့  မိန်းကလေးကြောင့်..သူနှလုံးသွေးကြောတွေရပ်ကုန်တယ် ဘုရားရေ သရဲမ လားမသိဘူး။


ဖူးဖူး ကြောက်လန့်စွာနံရံပေါ်ကနေ ခုန်ဆင်းပြီး

အောက်ရောက်တော့လွတ်လပ်သလို ခံစားရပြီးမကြာခင်  မမလေးဖူးပျောက်သွားပြီးဆိုတဲ့အသံကြောင့် လန့်ဖြန့်ပြီး ကားပေါ်မှာထိုင်ပြီးဆေးလိပ်သောက်နေတဲ့လူ ဆီပြေးသွား အတင်းဖက်ထားလိုက်တယ်။


"ဟာ...မင်းဘာလုပ်တာလဲကျုပ်ကို ပြသာနာထဲဆွဲမထည့်နဲ့"


"ဖူးဖူး ကိုကူညီပါစံအိမ်ထဲပြန်သွားရင်..ဒီတစ်သက်အပြင်ထွက်ရတော့မှမဟုတ်ဘူး"


"တောက်... ကားပျက်တာကတစ်မှောင့် ပြသာနာကမခေါ်ဘဲရောက်လာတယ်"


"တိမ်ယံ .စိတ်ညစ်ညစ်နဲ့ ကောင်မလေးရဲ့ကိုယ်ကို့သူကိုယ်နဲ့ကွယ်ပြီးဖက်ထားလိုက်တယ်။


"မတွေ့ဘူး သခင်ကြီး "


"ဟိုဘက်မှာရှာကြည့်"


"ဟာ ဟိုအတွဲကကဲလာချည်းလား ငါတို့ချောင်းရအောင်"


"ဟေ့ကောင် ရောဂါမထနဲ့ မမလေးကိုရှာရအုံးမယ်"


"အေးပါကွာ မမလေးကို ရှာရအုံးမယ် ရှာမတွေ့ရင်ပွဲပဲဟေ့ကောင်"


၁၅မိနစ်ကြာမှာ ဟိတ် ဟိုလူတွေမရှိတော့ဘူး"


"ရှင် ကျွန်မကို ကူညီပါလား"


"မကူညီနိုင်ဘူး ခင်ဗျာလမ်း ခင်ဗျာဘာသာသွား"


"ရှင်က အသဲနှလုံးမရှိတဲ့လူပဲ"


"ခင္ဗ်ား ထင်ချင်သလိုထင်နိုင်တယ်္"


"ဟွန့် လူစိတ်မရှိတဲ့လူ  မိန်းကလေး တစ်ယောက်ထဲညဘက်ကြီး  လမ်းပေါ်သွားရမှ တင့်တယ်ပါမလား"


"ခင်ဗျား အခုမှသိတာလား နောက်မကျသေးဘူး

အိမ်ထဲပြန်ဝင်လို ရသေးတယ်နျော"


"အိမ်ထဲပြန်ဝင်ဖို့ စိတ်ကူးကိုမရှိတာ ရှင်မကူညီရင်နေ ကျွန်မဘာသာတစ်ယောက်ထဲ လျှောက်သွားမယ်"


"ကျစ်....ဒါနဲ့ မင်းအထုပ်ထဲကဘာတွေပါလဲ"


"ဒီမှာကြည့်.. သူမအထုတ်ကိုဖွင့်ပြလိုက်တော့

လက်ဝတ်လက်စား ရတနာတွေအများကြီးမြင်

ရတော့ သူကောင်မလေးကို ရိုက်သတ်ချင်စိတ်ပေါက်သွားတဲ့  ရတနာတွေလိုချင်တဲ့စိတ်ကြောင့် မဟုတ်ပါဘူး စဉ်စားဉာဏ်မရှိပဲအခုလိုထင်ရာလုပ်လာလို့ပါ။


"ခင်ဗျား စံအိမ်ကနေဒါတွေခိုးလာတာမဟုတ်လား."


"ရှင်နော် ကျွန်မပုံကသူခိုးရုပ်ပေါက်နေလို့လား"


"သူခိုးရုပ်မပေါက်ပေမဲ့ ခင်ဗျား လုပ်ပုံကိုအဲလိုဖြစ်နေတဲ့" ပြောတုန်းရှိသေးတဲ့ ဘယ်ကလာမှန်းမသိတဲ့ဓားက တိမ်ယံ နဖူးဆီရောက်ဖို့သိပ်မလို့ခင်မှာ

ဖမ်းထားချင်ခံလိုက်ရတယ်။


တိမ်ယံ ဓားကိုကိုင်ထားပြီး  တစ်နေရာကိုပြန်ပစ်ပေါက်လိုက်တော့  နာကျင်စွာအော်သံကြားရတယ်"


ဖူးဖူး အရာအားလုံးကိုထိန်လန့်စွာကြောက်လန့်လျက်ရှိသေးတဲ့


"ဟိတ်.. ကြောက်မနေနဲ့ ဒီနေရာကနေထွက်ခွာမှဖြစ်မယ်ပြောပြီး ဖူးဖူး ရဲ့လက်ကိုဆွဲပြီးထိုနေရာမှထွက်ခွာခဲ့တယ်။


တိုက်ခန်းဟောင်းအပေါ်ထပ်ရောက်တော့ ညကဆယ်တစ်နာရီထိုးနေပြီး ။


ခင်ဗျားဟိုဘက်အခန်းမှာသွားအိပ်တော့ မနက်ကျမှာကျုပ် တို့ဆက်ပြောမယ် ကျုပ်ပစ်စည်းတွေကိုမထိပါနဲ့ "


ဖူးဖူး လည်းအိပ်ချင်တာကြောင့် သူပြောတဲ့အခန်းထဲဝင်အိပ်လိုက်တယ်။


စာရေးသူ သွေးမိန့်


rate now: