book

Index 19

အပိုင်း(၁၉)

ရွှေမင်းသမီးလေးရဲ့ချစ်တေးသံ



ထမင်းဝိုင်းမှာစိတ်ညစ်နေသူကတော့..ပြည့်စုံနဲ့မိုးထက်ပါ။ကြည့်ပါအုံး..ထမင်းကပေါင်းအိုးနဲ့တည်တာကို့ဘာအကြောင်းကြောင့်ပျော့ရတာလဲ..ဟင်းကလည်းငန်တာငန်..ပေါ့တာပေါ့..တစ်ခုမှကိုစားမကောင်းဘူး.ပြောရင်လည်း..ဆရာကအော်မှာ..နှစ်ယောက်သား..တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး..တိမ်ယံ..မမြင်အောင်ခေါင်းခါပြကြတယ်။


"ဟင်..ကိုကို.ထမင်းကပျော့ဖတ်နေတာပဲ..လူမမာစားတာကျနေရော့..ဟင်းတွေကပေါ့တာပေါ့..ငန်တာကငန်..ကိုကိုလက်ရာကဘာဖြစ်ကုန်တာလဲ..အရမ်းညံနေပြီး


"အချစ်ဆိပ်တက်ပြီး..ဖြစ်သွားတာနေမယ်..ဆရာကတော်"


"ဟေ့ကောင်ငပြည့်"


ငပြည့်ပြောတာမှားတယ်..အချစ်ရဲ့နတ်ဖုရားမလေးပြုစားသွားတာဖြစ်မယ်"


"ဟေ့ကောင်တွေစားစရာရှိတာကိုပဲစားကြ..အပိုမပြောနဲ့နာငြီးတယ်"


"လူဘီလူးကြီးက..ဖူးဖူးကိုပါအော်လိုက်တာပေါ့"


."မပါပါဘူးကွာ..ဟိုကောင်တွေပြောတာ"


"ဟွန့်..သတိထားနေနော်..ကိုလူဘီလူးကြီး"


"ချစ်တေးသံလေးကိုမပြောဘူးနော်..ဟိုနှစ်ကောင်ကိုပြောတာ..အဟင်းး..ပြောပါဘူး..ကိုရဲ့အသည်းတစ်ခြမ်း..ပုတုတုလေး..ကိုယ့်ရဲ့အသက်လေးကို.ပြောဖို့နေနေသာသာ..မျက်ထောင်နီနဲ့တောင်မကြည့်ရက်ပါဘူးကွာ"


"အဟွတ်..အဟွတ်..ဆိုပြီး..မိုးထက်က..လုပ်ချောင်းဆိုတော့..ပြည့်စုံကလည်း


"အဟမ်း..အဟမ်း"


"ဟိုနှစ်ကောင်..ချောင်းဆိုနေတာလား..ချောင်းဆိုပျောက်ဆေးသောက်အုံး..သေနေအုံးမယ်"


ဟုတ်ဆရာပြောပြီး..ထမင်းကိုမစားချင်စားချင်နဲ့စားလိုက်ရပါတယ်။


"မမငုဝါ..အတွက်ဆန်ပြုတ်လာပို့တာ..ကိုလျှံ"


"ဆန်ပြုတ်က..မွှေးနေရော့..ဆရာကတော့ကိုယ်တိုင်ချက်တာလား"


"ဟုတ်တယ်.မမငုဝါက..ဖျားသွားတော့..ဒေါက်တာကဆန်ပြုတ်တိုက်တဲ့..အရမ်းလည်းစိတ်မပူနဲ့နော်.ကိုလျှံ..သေနတ်ထိထားတဲ့ဒဏ်ရာကြောင့်..နည်းနည်းကိုက်တာပဲရှိမယ်..မမငုဝါ.နိုးလာရင်.ကိုလျှံ..ပဲဆန်ပြုတ်တိုက်လိုက်နော်..ဖူးဖူး..ခြံထဲကနှင်းဆီပန်းခူးပြီးဘုရားကပ်အုံးမယ်"


"ဟုတ်ကဲဆရာကတော်"


"ဒါဆိုရင်သွားပြီးနော်"


ငုဝါ..နိုးလာတော့..အရင်တိုင်းမပြောင်းလဲပဲမြင်နေရတဲ့.အပြုံးတွေဝေနေတဲ့ .ဝေလျှံကြောင့်စိတ်ကြည်နူးရပါတယ်။


"ငုဝါလေး.နိုးပြီးလား..ဆန်ပြုတ်သောက်ရမယ်နော်"


"အင်..ငါအရင်ဆုံးရေဆာတယ်"


"တိုက်မှာပေါ့ဗျာ..ငုဝါလေးကို့..မျက်နှာလေးတောင်ချောင်ကျသွားတဲ့..မောင်..သနားလိုက်တာ"


"ဝေလျှံနော်..ဘာမောင်လည်း.."


"ငုဝါလေးကလည်း..ဆရာအပြစ်ပေးထားတဲ့အတိုင်းပေါ့"


"ငုဝါကတော့..အဲဒီအပြစ်ကိုမခံယူပါဘူး..တစ်ခြားအပြစ်ပေးဖို့ဆရာကို.တောင်းဆိုမှာ"


"အဟင်း..ဆရာကအမြဲတမ်းစကားတစ်ခွန်းနဲ့နေတဲ့သူပါ..စကားအများကြီးမပြောနဲ့ကွာ..ဆန်ပြုတ်သောက်ရအောင်ပြောကာ..သူကိုယ်တိုင်ပဲ..ကြင်နာစွာတိုက်တော့..ငုဝါ.ရင်ထဲလှိုက်ဖို့က..ကျေနပ်ကြည်နူးမိပါတယ်။


ခြံထဲနှင်းဆီပန်းလေးတွေကလည်း..မွှေးနေရော့..ဘိုးဘိုးကြီးတို့စံအိမ်ကအတိုင်းပဲတွေးမိတာ..ကြည်နူးနေတဲ့.စိတ်လေးညိုမှိုင်းကာ..လွမ်းဆွတ်သတိရမိသွားတယ်။


"ဘိုးဘိုးကြီး..နေရော့ကောင်းရဲ့လား..ဖူးလေးကိုရော့အရမ်းစိတ်ဆိုးနေပြီးလား..ဟူးးးဘိုးဘိုးကြီးကိုအရမ်းသတိရတာပဲ"


"ဟေ့..ဖူးလေး..ဘာတွေတွေးပြီးမျက်နှာလေးက.နွမ်းနေတာလဲ"


"အဟင်း...ရည်းစားဟောင်းအကြောင်းတွေးနေတာ"


"ဘာကွာ..ဖူးလေးနော်..တွေးစရာလား..အဲဒီကောင်ကြောင်း..ကိုကိုမကြိုက်ဘူးနော်..နောက်တွေးလည်းမတွေးနဲ့..ဖြစ်နိုင်ရင်ခေါင်းထဲကနေထုတ်ပစ်..ဒီကလင်းယောကျာ်းကိုတော့.အနားကပ်ရင်ရှောင်ပြေးချင်ရတာနဲ့..ဟိုကောင်ကိုကျတော့တကူတကတွေးနေရသေးတယ်.."


"စိတ်တိုနေတာလား"


"မြင်ရဲ့သားနဲ့..မေးနေရလား.."


ဖူးဖူး..ရယ်ချင်မိတယ်..ဒေါသကအရမ်းထွက်နေမှန်းသိသားတယ်..မျက်နှာကနီပြီးပါးစပ်ကအံ့ကြိတ်ထားတယ်..ရုပ်ကလည်းနဂိုကတည်တော့..အခုဆိုရင်ပိုတည်


"ကြောက်စရာကြီးပါလား..လူဘီလူးကြီး..စိတ်တိုတာက.ကျွဲနက်သိုးကြီး.အတိုင်းပဲ"


"ဖူးလေး..နော်အခုတော့..ကိုကိုကမင်းအတွက်.ကျွဲနက်သိုးကြီးဖြစ်သွားပြီးပေါ့"


"စံပယ်ပန်းလေးမွှေးကြည့်..စိတ်တွေလန်ဆန်းသွားမယ်..ဘိုးဘိုးကြီးစံအိမ်မှာဆိုရင်..ဖူးလေး..ကြိုက်လွန်လို့အများကြီးစိုက်ထားပေးတာ..နှင်းဆီးပန်းကျတော့လှတော့လှတယ်..သိပ်မမွှေးဘူးသိလား"


"မသိဘူး"


"ဟာ..ဟိ.ဟိ.စိတ်စိုးနေတာက..တကယ်ဝက်သိုးကြီးကျနေတာပဲ. ရှုးရှုရှဲရှဲနဲ့..ရယ်ရတယ်ဗျို့"


"ဖူးလေးနော်..သေချင်ပြီးလား..လာနှောက်မနေနဲ့နော်.."


"လူဘီလူးကြီးက..ဖူးလေးကိုသတ်မို့ပေါ့..အီးးဟီးး.ဘိုးဘိုးကြီးရေ..ဖူးဖူးကိုလာခေါ်ပါတော့..လူဘီလူးကြီးက..ဖူးဖူးကိုသတ်မလိုတဲ့"ဆိုကာ.အခုနဲက.ဘိုးဘိုးကြီးကို..သတိရနေတာ..သူကမေးတော့..စိတ်ပြေအောင်စလိုက်တာဖြစ်သော်လည်း..သူကတကယ်ဒေါသထွက်တော့..သူမအရမ်းဝမ်းနည်း..ရှိုကျကွီးတငငျငိုနမေိတာပါ။


"ဟာ..ဖူးလေး..အရမ်းမငိုနဲ့..ပင်ပန်းမယ်နော်.ကိုကိုက.တကယ်မသတ်ပါဘူး..ဒေါသထွက်လို့ပြောမိတာပါကွာ..ဟိုအကောင်ကိုပဲသတ်မှာပြောကာ..ဖူးလေးကို..ရင်ခွင်ထဲပိုက်ပြီး..ကလေးတစ်ယောက်လိုချောမော့တော့..သူမကချော့တဲ့သူရှိတော့..အငိုသန်သောကလေးတစ်ယောက်လို့..သူရင်ခွင်မှာမျက်နှာလေးအပ်ပြီး..ငိုပါတော့တယ်။


"သခင်လေး..ဟိုမိန်းကလေးအကြောင်းသိရပါပြီး"


"ကောင်းတဲ့သတင်းပဲ..ငါသူကိုအမြန်ဆုံးလိုချင်ပြီး"


"ဒီညရစေရမယ်..သခင်လေး..စိတ်ချ"


"ငါယုံလိုက်မယ်နော်.."


"၁၀၀%အပြည့်အဝယုံလိုက်ပါ..သခင်လေး"


"သခင်မ..ဘယ်သွားမလို့လဲ..အရမ်းပြင်ဆင်ထားလို့"


"ဂိုဏ်းအကြီးအကဲဆီ .သွားမလို့..ကားအဆင်သင့်ပြင်ထားလိုက်"


"ဟုတ်..သခင်မ"


မာယာချို. ပြင်ဆင်ခြယ်သထားတာက.တကယ်ကြွေရုပ်လေးလို့လှပလွန်ပါတယ်..ဖြူစွတ်သောအသားရည်အပေါ်..ရွှေအိုရောင်ဂါဝန်လေးပေါင်လယ်လောက်က..ရင်သက်ရှုမောဖွယ်ရာ..နှုတ်ခမ်းနီနီလေးက..တစ်ချက်ပြုံးရင်အသက်ပါလောက်ပါတယ်..လည်တိုင်သွယ်သွယ်လေးကလည်း..ဖွေးဉနေရောပါ။..တစ်ကိုယ်လုံးခြုံကြည်ရင်အလွန်စွဲဆောင်မှုရှိတဲ့..မိန်းမချောလေးတစ်ယောက်ပါပဲ။


ဖူးဖူး..တစ်ယောက်ပြာယာခတ်နေရတာက..နုနုတစ်ယောက်..အစာအိမ်ပေါက်ကာ..ရန်ကုန်ဆေးကြီးမှတင်ထားရလို့ပါ။..နုနုကတစ်ယောက်ထဲနေတာကြောင့်..ဆွေမျိုးမရှိပါ...ဒါကြောင့်သူမှာစိတ်ပူရစွာ..ဆေးရုံသွားဖို့ပြင်ဆင်ရတယ်။


"ဖူးလေး..ဘာတွေပျာယာခတ်နေတာလဲ"


"မနုနု..ဆေးရုံတင်ထားရတဲ့.အဲဒါသွားမလို့."


"ဟမ်..ကိုကို.ခွင့်မပြုနိုင်ဘူး"


"ဘာလိုလဲ.."


"ဒီအချိန်မှာ..နှမတော်ကိုလိုချင်သူတွေများတယ်လေး"


"ဒါဆိုရင်..မနုနုကိုပစ်ထားရမှာလား..ကိုကို..သူမှာဘယ်သူမှမရှိဘူးနော်.."


"မိုးထက်..ကိုသွားခိုင်းလိုက်မယ်"


"စိတ်ချရပါမလား..ယောကျာ်းလေးဆိုတော့..ဘာမှသိပ်လုပ်တတ်မှာမဟုတ်ဘူးလေး"


"လုပ်တတ်ပါတယ်ကွာ..မိုးထက်ရေ..မိုးထက်


"ဗျာ..ဆရာ..စုံစမ်းထားတဲ့အကြောင်းအရာအကုန်လုံးအဲဒီမှာပါ"


"အလုပ်အကြောင်းပြောဖို့ခေါ်တာမဟုတ်ဘူး..နုနုကိုစောင့်ရှောက်ခိုင်းမလို့."


"တကယ်လား..ဆရာ..ဝမ်းသာလိုက်တာ..ကျွန်တော်.နုနု..ကိုအရမ်းချစ်ပါတယ်..ဆရာသာသဘောတူရင်..ချက်ချင်းလက်ထပ်နိုင်ပါတယ်"


"ဟာ..ဟမ်"


ဖူးဖူးနဲ့တိမ်ယံ..အလန်တကြားဖြစ်မိပါတယ်နောက်မှာ..ဖူးဖူး..အားရပါးရထရယ်တော့..မိုးထက်ပါရှက်ရမ်းရမ်းပြီး..လိုက်ရယ်တယ်..တိမ်ယံကတော့


"စိတ်ချပြီးလား..ဒေါ်ဖူးလေး..မိုးထက်..သွားပါစေ.."


ဟုတ်ကဲ့ ကိုးမိုးထက်ကိုပြောချင်တာက..မမနုနု..အူအတက်ပေါက်လို..ရန်ကုန်ဆေးရုံကြီးမှာ..တင်ထားတာ..သွားပြီးပြုစုခိုင်းမလို့ပါ"


."သူအခြေနေဘယ်လိုလဲ..စိုးရိမ်ရလား..ဆရာကတော်..ကျွန်တော့အရမ်းစိုရိမ်တဲ့ဗျာ..အခုသွားလိုက်ရမလား"


"ကိုကို..ဖူးလေးမသွားတော့ဘူးနော်..ကိုမိုးထက်ကိုသွားခိုင်းတော့မယ်"


"ကောင်းပါပြီးဗျာ..ပြောကာ..ဖူးလေးရဲ့ပခုံးလေးကိုဖက်ထားလိုက်တယ်။


နုနု..တစ်ယောက်..တော်တောကိုနာကျင်ရပါတယ်..ဒါပေမဲ့တစ်ခုတော့စိတ်ချမ်းသာရတယ်..မနက်ပိုင်း.roundလှည့်တဲ့ဆရာဝန်လေးက..သဘောကောင်းသလောက်ရုပ်ကလည်း..ဖြူသောအသားရည်..ယောကျာ်းပီသပြီး. ချောတဲ့အတွက်ကြောင့်ပါ..တိမ်ယံ..လောက်ကြည့်မကောင်းပေမဲ့.အပြောကတော့...ပျားရည်လိုပဲချိုနေရော့..နောက်ဆရာဝန်တစ်ယောက်ကိုတော့...စိတ်ညစ်ရပါတယ်..သူကတော့..အခြောက်သံနဲ့အပေါက်ဆိုးဆိုး..ဆရာဝန်ပါ..ဟိုတစ်နေ့က..ဘေးခုတငျကဉီးလေးကွီး..မျက်စိတွေဝါးနေလို့...အောက်စီဂျင်ကျတဲ့ထင်ပြီး..တိုးခိုင်းတာကို

"မျက်စိဝါးတိုင်း..အောက်စီဂျင်တိုးစရာလား

ကိုယ်ဘာသာအေးဆေးနေ..ဘေးကလူနာကို..နာငြီးအောင်မလုပ်နဲ့..ဆိုကာဆူလိုက်တာများ..တကယ်လူမုန်းများသောဆရာဝန်ပါ။


"နုနု..သက်သာရဲ့လားဗျာ"


""အယ်!!ကိုမိုးထက်..ဘယ်လိုလုပ်ပြီးသိတာလဲ"


"ဆရာကတော်ပြောလို့..လူနာလာစောင့်ပေးတာ"


"အားနာစရာကြီးရှင့်.


"ရပါတယ်ဗျာ..နုနုကိုပြုစုချင်နေတာဗျာ"


"ရှင်..ဘာလိုလဲ"


"အဟင်းး..ပြုစုချင်လိုပါဗျာ."


နုနု...မိုးထက်ရဲ့မျက်လုံးအကြည့်ကိုသိတာပေါ့..သူငါကိုစိတ်ဝင်စားနေတာ..အဟီးးကိုမိုးထက်ကလည်း...တိမ်ယံတပည့်လိုမပြောရဘူး..တကယ်မိမိုက်ပြီးယောကျာ်းပီသပါတယ်..နုနုကတော့..ရှက်ပြုံးလေးဖြင့်..သူလိုရာကိုစွဲတွေးနေတော့ပါတယ်။


"မိုးကလည်း..အရမ်းရွာတာပဲ...ကိုကိုက..သူအလုပ်ခန်းမှာမအားသေးဘူး.ဟူးးပျင်းလိုက်တာ"တစ်ကိုယ်တည်းရေရွတ်ပြီး..ပန်းခြံလေးထဲကိုအကြည့်ရောက်တော့..လှပသောစံပယ်ပန်းလေးတွေတအားပွင့်တာကြောင့်..ဆင်းခူးရန်..ခြံထဲကိုထီးကလေးဆောင်းက..အပြေးလေးလာခဲ့ချိန်လမ်းတစ်ဝက်မှာ..ပါးစပ်ပိတ်ပြီး..ခြံအပြင်ကိုအတင်းဆွဲခေါ်ကာ..ကားပေါ်တင်ခြင်းခံလိုက်ရပါတယ်။သူမ..အတင်းရုန်းသောလည်း..အားသန်သောထိုလူကြီးအတွက်..သူမ..ကအားနည်းသော..ယုန်သူငယ်လေးဖြစ်နေခဲ့ပါတယ်။


ဆက်ရန်ဗျာ 


စာရေးသူ သှေးမိနျ့


"

.


rate now: