ရွှေမင်းသမီးလေးရဲ့ချစ်တေးသံ
"မာယာ..လာပါ.ဧကရာဇ်စံအိမ်ကနေကြိုဆိုပါတယ်ဗျာ"
"အဟင်းး.ဧကရာဇ်ဂိုဏ်းချုပ်ကြီးက..ထွက်ကြိုဆို့လိုပါလား"
"နှင်းဆီနက်ဂိုဏ်းချုပ်ကို..လေးစားစွာဖြင့်ပါဗျာ"
"မာယာတို့က..လုပ်ငန်းနဲ့ပတ်သက်ရင်ရန်သူလိုသဘောထားတာ..အခုလိုအချိန်မှာတော့မိတ်ဆွေပါပဲ"
"ဒါပေါ့ဗျာ.ကဲ့အိမ်ထဲကြွပါဗျာ"
"ဟွန့်.ငါကိုဘာလို့..အပြင်မထွက်ခိုင်းရတာလဲ.ခါတိုင်းဆိုရင်..အခန်းတံခါးကိုသော့မပိတ်ထားပါဘူး..ဒီနေ့မှပိတ်ထားတာ..ထူးဆန်း..ဟူးးအရမ်းမတွေးတာပါပဲကောင်းတယ်..စိတ်ပြေလက်ပျောက်.လေညင်းလေးရဲ့အထိအတွေ့ကို.ခံစားလိုက်အုံးမယ်ရေရွတ်ပြီး..ပြတင်းပေါက်အခန်းစီအပြာလေးကိုဖယ်ပြီး..မျက်လုံလေးမှိတ်ကာလက်ဆတ်တဲ့လေ.ကိုရူရှိုက်လိုက်ပါတယ်။
"အယ်..ဟိုမှာဖူးလေး..ပြတင်းပေါက်နားမှာ"
"ငါအော်ရင်ကြားမယ်ထင်တယ်ငုဝါ"
"သေခငျြလို့လား.အိမ်ရဲ့ခေါင်မိုးပေါ်မှလူတစ်ယောက်..ငါတို့လိုမှန်ပြောင်းနဲ့ကြည့်နေတာ"
"ဟုတ်တယ်..ငါသတိလွတ်သွားတယ်"
"ဘယ်လိုလုပ်ရင်ကောင်းမလဲနော်..ငါတော့ဖူးလေးကိုပဲ..စိတ်ပူတယ်..အခုတောင်မွန်းကျပ်လို့ထင်နေတယ်"
"ဟာ.."
"ဘာဖြစ်လိုလဲ..တိမ်ယံ.အလန့်တကြားနဲ့.ဘာတွေ့လိုလဲ.ငါလည်းကြည့်မယ်"
"ဖူးလေးရဲ့..မျက်နှာမှာ.လက်ဝါးယာကြီး..တောကျ..ရိုက်တဲ့လက်ကိုခုတ်ပစ်မယ်"
"အေး..ဟုတ်တယ်..သနားပါတယ်ဟယ်..နှစ်ဖက်လုံးပဲ..ဖူလေးကို.အမြန်ကယ်ရမယ်..တိမ်ယံ"
"ဒီည..ရအောင်ကယ်မှာ..ငုဝါစိတ်မပူနဲ့"
"အေးပါ"
"မာယာ.ကိုပြောပြလေး.ဂိုဏ်းအကြီအကဲဆီ..ဘာသွားပြတာလဲဟင်.ကိုကောင်း"
မာယာချို..ပါးစပ်ကလည်းပြော..လက်ကလည်း..ကောင်းစည်သူရဲ့..လက်မောင်းသားကိုပွတ်သပ်ကာ..မြူစွယ်ဖျားယောင်းလျက်ပါ။
"အဟွန်း..မာယာကလည်း..အဲဒါလျို့ဝှက်ချက်လေး..ပြောပြလိုမရဘူး.အဟင်း..အဟင်း"
"ကိုကောင်းကလည်း..သိချင်ပါတယ်ဆို"
မာယာချိုကလေးတစ်လို..ချွဲနွဲ့ပြောတာက.အသဲကြွေချင်စရာပါ။
"အဟင်း..ပြောပြလိုမရလို့ပါကွာ.မာယာလေးကို့..ကိုယ်အခန်းလိုက်ပြမယ်"
"ကိုကောင်း.အခန်းမှာဘာစိတ်ဝင်စားစရာရှိလိုလဲ"
"ရောက်ရင်သိမှာပေါ့.လိုက်ခဲ့"
"Ok"
မာယာချို..ကိုကောင်း.အခန်းကိုကြည့်ပြီး..အောက်ဆင်းဖို့ပြင်တဲ့အချိန်မှာ..သူကိုတစ်ခုခုကစွဲဆောင်ထားသလိုပဲ..ဟိုဘက်အခန်းကိုသွားချင်စိတ်ကထိန်းမရတာကြောင့်..ထိုအခန်းကိုလာခဲ့သည်။တံခါးကိုဖွင့်မယ်ပြင်တော့.သော့ခတ်ထားတာကြောင့်ဖွင့်မရဘူးဖြစ်နေတယ်။
"မာယာ..ဘာလုပ်နေတာလဲ"
"ဟမ်..ဒီအခန်းက..မာယာကိုစွဲဆောင်နေသလိုခံစားရလို့.အဲဒါကြောင့်လာဖွင့်ကြည့်တာဖွင့်မရဘူးဖြစ်နေတယ်"
"အဲဒါကဘာအခန်းမှမဟုတ်ဘူး..စတိုခန်းပါလာ.အောက်ဆင်းမယ်"
"ဟုတ်ကဲ့."
အိပ်ယာထက်မှာ..ဟိုဘက်လိမ့်.ဒီဘက်လိမ့်နေတာကတော့..ဖူးဖူးပါ။သူမ.ဘယ်လိုမှအိပ်မရတာကြောင်.ထထိုင်လိုက်တယ်။
ငါထွက်ပြေးရင်ကောင်းမယ်..အချိန်က၁၂နာရီကျော်ပြီး.ဟိုလူတွေအိပ်ပြီးထင်တယ်..ချောင်းကြည့်အုံးမှာ..တွေးကာပြတင်းပေါက်ဖွင့်ကာ..ခြံထဲကအစောင့်တွေအိပ်မအိပ်ကြည့်ဖို့.ပြင်တဲ့အချိန်.တစ်စုံတစ်ယောက်က.ပါးစပ်ပိတ်ကာ..အိပ်ယာနားခေါ်လာပါတယ်။
"အင့်"
ငြိမ်ငြိမ်နေ.အသံမထွက်နဲ့.ပြောကာ..ဖူးဖူးပါးစပ်လေးကို.အုပ်ထားတဲ့သူကလက်ဖဝါးကိုဖယ်ပစ်လိုက်တယ်။
"ကိုကို..ဖူးလေးကိုလာ.ကယ်တာလားဟင်."ပြောကာသူရဲ့ရင်ခွင်ထဲကိုတိုးဝင်ပြီးဖက်ထားလိုက်ပါတယ်။
"မေးစရာလိုလား..ကိုကို..ဖူးလေးကိုလာကယ်တာ"
"ပျော်လိုက်တာကိုကိုရယ်..သူတို့တွေ.ဖူးလေးကို..တစ်ခုခုလုပ်ဖို့ကြံနေတာ..ဖူးလေးကို..လူတစ်ယောက်စီလည်းခေါ်သွားတယ်..အဲဒီလူကြီးက..ဖူးလေးကို..ကြောက်စရာမျက်လုံးကြီးနဲ့ကြည့်တာသိလား"
"ဖူးလေး..လန့်သွားမှာပေါ့..အခုမကြောက်နဲ့တော့..ထွက်ပြေးကြမယ်"
"ဖြစ်ပါမလား..ခြံထဲမှာအစောင့်တွေအများကြီးပဲ"
"အဟင်း.ကိုကိုကို့.အထင်သေးတာလား..သူတို့လောက်တော့..ပါးပါးလေးပါ..ဖူးလေးရဲ့ပြောကာ. ပါးနှစ်ဖက်ကို..မြတ်နိုးမပြယ်စွာ..နမ်းရိုက်တော့..ဖူးလေးက
"ကြည့်အသားယူပြန်ပြီး"
"ချစ်လွန်လို့ပါကွာ.လာပြေးကြမယ်"ပြောကာ.ပြတင်းပေါက်ကနေ..တိတ်တ်ိတ်လေး.ဆင်းကြတယ်..တိမ်ယံ.ကတော့.ကြောင်တစ်ကောင်ပမာ.ဖျက်လပ်လျှင်မြန်ပါတယ်..ဖူးလေးကတော့..မိမှာစိုးလိုကြောက်တာရော့..ပြတင်းပေါက်ကနေ..ဆင်းဖို့ထိန်လန့်တာရော့ပေါင်းပြီး..လက်တွေအေးစက်လျက်ပါ။
"ဖူးလေး..လက်တွေအေးစက်နေရော့.ကြောက်နေတာလား"
"ဟုတ်တယ်..ကိုကို"
"အဟင်..ခေါ်သံလေးကနားဝင်ကိုချိုနေရော့..ကိုကိုလက်ကိုသေချာဆုပ်ကိုင်ထား..အဲဒီလက်ကဘယ်တော့မှမလွတ်စေရဘူး"
"ဟုတ်ကိုကို"
သူတို့နှစ်ယောက်.အောက်လည်းရောက်ရော့..ဧကရာဇ်ဂိုဏ်းချုပ်ရဲ့လူတွေဝိုင်းထားပါတယ်။
"ဘယ်လိုလဲ.လူစွမ်းကောင်းကြီးကနေ.သူခိုးဖြစ်လိုပါလား..ခြံထဲတောင်ခိုးဝင်လာတာဆိုတော့"
"ကျုပ်ရဲ့ဇနီးကို.ကျုပ်ပြန်လာခေါ်တာဗျာ..ခိုးသွားတာက..ခင်ဗျားလေး"
"ဟားးသူခိုးကလူပြန်ဟစ်လို..ဟေ့ကောင်တွေဆုံးမလိုက်စမ်း"
ကောင်းစည်သူရဲ့..စကားဆုံးတာနဲ့..လူအယောက်၂၀ကဝိုင်းချကြပါတယ်။
ခွပ်...ဖုန်း.အုန်း..အင့်..
အသံပေါင်းစုံဆူညံသွားပါတယ်..တိမ်ယံကတော့..ကြေးစာလူသတ်သမားပီပီတိုက်ရေးခိုက်ရေးကကျွမ်းကျင်လှပါတယ်။
ဟိုလူတွေမနိုင်မှန်းလည်းသိရော့..ဓားတွေထုတ်သုံးလာတယ်။
"ကိုကိုအနောက်မှာ..ဓားနဲ့..အားး"
တိမ်ယံကို..အနောက်ကနေဓားနဲ့ပြေးခုတ်တာ.ကတကယ်ထိတ်လန့်စရာပါ..ဖူးဖူးသတိပေးရင်..အားခနေအော်..ကာမျက်လုံးပိတ်လိုက်ပါတယ်။
တိမ်ယံ..ကတော့..ဓားနဲ့ပြေးခုတ်ဖို့ပြင်တဲ့ငနဲရဲ့ရင်ဝ.ဆီကန်လိုက်တာ..ကန်ချက်ပြင်းလို့ထင်တဲ့.မှောကျသှားတာပွနျမထလာပါ။
တိုကျပှဲကပွငျးထနျလာပါတဲ့..တိမ်ယံလည်းဒဏ်ရာ..ရပါတယ်ဟိုဘက်ကလူအင်အားများလာတော့..တိမ်ယံ.ဘယ်လိုမှမနိုင်တော့ဘူးလေး
ထိုစဉ်ကားတစ်စီးကား.ကခြံတံခါးကိုတိုက်ပစ်ကာ.မြင်မြင်သမျှလူတွေကိုဝင်တိုက်ပစ်ပါတယ်။
"တိမ်ယံနဲ့..ဖူးလေး..ကားပေါ်မြန်မြန်တက်"
"ဟုတ်မမငုဝါ."
ဧကရာဇ်ဂိုဏ်း ကလူတွေအမှတ်မထင်တိုက်ခိုက်ခံရတာကြောင့်..လူအုပ်နည်းနည်းကွဲသွားတယ်။
တိမ်ယံတို့ပါသွားတဲ့..ကားလေးမောင်းပြေးရော..ဧကရာဇ်ဂိုဏ်းကလူတွေသေနတ်နဲ့ဝိုင်းပစ်ကြတယ်။တိမ်ယံရဲ့တပည့်နှစ်ယောက်ကလည်းမခေပါ.ဧကရာဇ်ဂိုဏ်းကို.ပစ်ကြပါတယ်။.ပတ်ဝန်းကျင်တစ်ခုလုံး..သေနတ်သံတွေဖြင့်..ဆူညံပွတ်လောရိုက်သွားပါတယ်။
ငုဝါကလည်းကားကိုကျွမ်းကျင်စွာ.မောင်းပါတယ်။ဂိမ်းသမားပီပီလျင်မြန်ဖျတ်လပ်လှပါတယ်။နောက်ဆုံး..သူတို့အဖွဲဘေးကင်းက..တိမ်ယံပိုင်တဲ့စံအိမ်ကိုပြန်ရောက်လာကြပါတယ်။
"ကိုကို..သွေးတွေအများကြီးထွက်နေပြီး..မမငုဝါလုပ်ပါအုံး"
"မစိုးရိမ်နဲ့.ဆရာဝန်ရှိပြီးသာ"
"လာ..လာ..ဆိုဖာမှာလှဲလိုက်..ဒဏ်ရာကများတယ်..ရေနွေး.ပတ်တီး..အဝတ်စားတွေယူခဲ့"
"ဟုတ်..ဟုတ်.ဆရာ"
.တစ်အောင့်နေတော့..တိမ်ယံရဲ့ဒဏ်ရာကိုဆေးထည့်ပတ်တီးစည်းပြီး.အစာစားခိုင်းကာဆေးသောက်ပြီးအိပ်ခိုင်းလိုက်ပါတယ်။
ဖူးဖူးကတော့..တိမ်ယံ.ဘေးကနေဘုရားစာရွတ်ပြီးစောင့်ပေးနေရှာတဲ့..သူမရဲ့ပါးပြင်မှာလည်းမျက်ရည်တွေရွဲလို့။
ကျေးငှက်သံလေးနဲ့အတူ.တိမ်ယံနိုးထခဲ့ပါတယ်.တစ်ကိုယ်လုံးနာကျင်တာကြောင်.ငြီးမိတယ်။
"အား..ကျစ်.ကျစ်နာလိုက်တာ"
"ကိုကိုနိုးပြီးလား..သက်သာရဲ့လားဟင်..ဘယ်လိုနေသေးလဲ"
"တစ်ခုစီမေးပါဗျာ..မေးခွန်းကစုံနေရော့..ကိုကို..သက်သာပါတယ်..နည်းနည်းလေးနာတာကလွဲလို့ပေါ့..ကြည့်ငိုထားတာမဟုတ်လား..မျက်ခွံကမို့လို့"
"ကိုကိုသေပြီးထင်လို့ပေါ့.အီးးဟင့်"
"မငိုနဲ့လေးကွာ..ကိုကိုဘာမှမဖြစ်ဘူးပြောကာ..ရင်ခွင်ထဲတိုးဝင်လာတယ်..သူမကိုဖက်ထားလိုက်တယ်။.တစ်အောက်နေတော့
"ကိုကိုရင်ခွင်ထဲကို..ဝင်ချင်လိုခွင်ဆင်တာလား"
"ကိုကိုနော်"..ပြောကာအတင်ရုန်းထွက်တော့"
"အားနာတယ်..ဆက်မရုန်းနဲ့..ကိုကိုရင်ခွင်ထဲမှာပဲနေ.အရမ်းချစ်တယ်နော်..ဖူးလေး"
"သွား..မသိဘူး"
"အဟင်းး.အဟင်းးတကယ်မသိတာလား..ဒါဆိုရင်သိအောင်လုပ်ရမယ်ဆိုကာ..သူမရဲ့ပါးပြင်လေးကိုနမ်းရှိုက်လိုက်ပါတယ်။
"ဟာ..ကိုကိုမကောင်းဘူး..သူများကို..မျက်နှာမသစ်ပဲနမ်းတယ်..သွားပါပြီး.. ဖူးဖူး.ပါးတော့ညစ်ပတ်ပြီး"
"မညစ်ပတ်ပါဘူးကွာ..ကိုကို.နှုတ်ခမ်းနဲ့နှာခေါင်းကသန့်ရှင်းပါတယ်..မယုံရင်..ထပ်နမ်းပြမယ်"
"ကိုကိုနော်..တော်ပြီး..ထ..မျက်နှာသစ်ပေးပြီးမနက်စာစားရမယ်"
"သခင်မလေး..အမိန့်တော်အတိုင်းပါဗျာ..ဒီကိုကိုကနာခံလျက်ပါဗျာ"
"အဟင်း.အဟင်း.ကိုကိုလူနှောက်..လာရေချိုးခန်းထဲသွားမယ်"
"ဟုတ်ကဲ့ပါဗျာ.. အမိန့်တော်အတိုင်းပါ.သခင်မလေး"
ကိုကိုကလေး.တကယ်လူနှောက်ပဲ..ပြောကာပြုံးရွှင်နေတဲ့.သူမလေးရဲ့မျက်နှာက..သူအတွက်ချိုမြိန်တဲ့..ပျားရည်တစ်စက်လိုပါပဲ။
"ဘာ..ကောင်မလေး..မရှိတော့ဘူး..ဟုတ်လား"
"ဟုတ်ပါတယ်..ဆရာ..ဧကရာဇ်ဂိုဏ်းကဖုန်းဆက်ပြောလာတာပါ"
"တောက်.ဒါသက်သက်ငါကို..ကတိမတည်တာပဲ..ဧကရာဇ်ဂိုဏ်းကို..ဂိုဏ်းလောကမှမရှိအောင်လုပ်ပစ်"
"ဟုတ်ကဲ့.ဆရာ"
"နောက်ပြီးဟိုမိန်ကလေးကို..ငါအရမ်းလိုချင်တယ်ရအောင်..ရှာပေးကြ"
"ဟုတ်ကဲ့ပါဆရာ..ကျွန်တော်ရအောင်ရှာပေးပါမယ်"
"ကောင်းပြီး..ငါစောင့်ကြည့်မယ်"
"ဟုတ်ကဲ့..ဂိုဏ်းသားတွေ..ဧကရာဇ်ဂိုဏ်းဆီသွားပြီး..အမျိုးပျောက်အောင်လုပ်ကြမယ်.အဆင်သင့်ပြင်ထား"
"ဟုတ်ကဲ့..ပါသခင်လေး"
ဂိုဏ်းအကြီးအကဲဖြစ်တဲ့..ဉီးရန်ရှင်း..အာဏာကပြင်းထန်ပါတယ်.ဂိုဏ်းအားလုံး..သူကိုဖိန်ဖိန်တုန်တုန်အောင်ကြောက်ပါတယ်.သူနာမည်ရန်ရှင်းဆိုတဲ့အတိုင်း.သူရဲ့ရန်သူမှန်သမျှကို..ရက်စက်စွာရှင်းနိုင်ခဲ့သူပါ။
"ကိုကိုရေ...ဖူးလေးတို့..လက်ထပ်ပွဲလုပ်မယ်ဆို"
"ဟုတ်တယ်လေးကွာ..ခင်ဗျားလေးကို..လိုချင်သူများနေတာကို့"
"ဟာ.ကိုကိုကလည်း .ဘိုးဘိုးကြီးရဲ့ခွင့်ပြုချက်ယူရအုံးမှာပေါ့"
"ခင်ဗျာလေး...ဘိုးဘိုးကြီးကသဘောမတူရင်ရော့"
"မယူဘူးပေါ့"
"ကြည့်. ထုမိတော့မယ်..တော်ပြီးဒီနေ့ဘာမှလာမကျွေးနဲ့..မစားဘူး..ဒဏ်ရာတွေကိုလည်းဆေးမထည်ဘူး"
."အဟိ..ကိုကိုရဲ့မျက်မှောင်ကြီးအရမ်းကျုံနေပြီး..ကြည့်လိုမကောင်းဘူး..မျက်ခုံးနှစ်ခုကလည်းထိတော့မယ်..အရမ်းရုပ်ဆိုးတာပဲ..သိလား..လူဘီလူးကြီးရဲ့"
"ဟွန့်..ဘာမှလာမပြောနဲ့...ကျုပ်ကတော့ချစ်လိုက်ရတာ..ခင်ဗျာလေးကတော့..ကျုပ်လောက်မချစ်ဘူးဆိုတာသိပါတယ်"
"ဖူးဖူးကိုများ..ကျုပ်လိုပြောတဲ့ပေါ့..ဟွန်ဒီလူဘီလူးကြီးကို..အမှောင်ခန်းမှာထားပြီး.အချုပ်ချသင့်ပြီး"
"လာမစနဲ့နော်..ဒီကညစ်နေတာ"
ကိုကိုကလည်း..ဖူးလေးကစတာပါနော်..ဒီကလူဘီလူးကြီးနဲ့.လက်ထပ်ပါမယ်ရှင့်.ပြောလိုက်ပြီးသူရဲ့ရင်ခွင်ထဲတိုးဝင်လိုက်ပါသည်။
ဆက်ရန်ဗျာ
စာရေးသူ သွေးမိန့်