book

Index 15

အပိုင်း(၁၅)

ရွှေမင်းသမီးလေးရဲ့ချစ်တေးသံ



"ဟားး..ဟားးငါတို့အတွက်အောင်ပွဲ..တိမ်ယံ..တစ်ယောက်..ဘယ်လောက်တောင်စိတ်ဆင်းရဲနေမလဲမသိဘူး"


"အမှန်ပဲ..ဂိုဏ်းချုပ်..အခုတောင်မျောက်မီးခဲကိုင်မိသလိုဖြစ်နေတာကို..သူရဲ့ဇနီးကိုတစ်ဖက်နိုင်ငံရောင်းမယ်ဆိုလိုကတော့...လှဲသေမလားတောင်မသိဘူး..ဟားး..ဟားး"


"ငါတို့အစီစဉ်အမြန်ဆုံးအကောင်ထည်ဖော်ရမယ်"


"ဟုတ်တယ်..ဂိုဏ်းချုပ်..ဒါနဲ့ဂိုဏ်းအကြီးအကဲကို..ပြကြည့်ပါလား..သူကြိုက်လောက်တယ်..သူကြိုက်ရင်တော့..ပွပြီးတစ်ဖက်နိုင်ငံတောင်..ရောင်းစရာမလိုတော့ဘူး"


"ဟုတ်တယ်ကွာ..မင်းတော်တယ်..အောင်မြင်ရင်ဆုချမယ်"


"ဟုတ်ကဲ့ပါ..ဂိုဏ်းချုပ်."


"အားလုံး.ပဲချီးယာစ်"


"ချီးယာစ်". .ပြောကာအောင်ပွဲခံနေကြပါသည်။


"ငါဘယ်လို.လုပ်ရမလဲ..ဒီလူကြီးက.ငါကိုတစ်ခုခုလုပ်မှာ..အဲဒါသေချာတယ်..ကိုကိုကို့သူကမုန်းနေတာ..ကိုကိုရေ..ချစ်တေးသံလေးကိုအမြန်လာကယ်ပါတော့.ဒီမှာမနေချင်တော့ဘူး..အီးးဟီးး"


"ငိုမနေနဲ့..မိန်းကလေး..စစ်ဆေးရမယ်"


"ရှင်! !!. ဘာကိုစစ်ဆေးမှာလဲ..မစစ်ဘူး..သွား.သွားကြ"


"တောက်.ကောင်းကောင်းပြောလိုမရဘူး..ဖြန်းး"


ဖူးဖူးရဲ့.မျက်နှာလေး.ဟိုမိန်းမကြီးရဲ့ရိုက်ချက်ကြောင့်လှည့်ထွက်သွားပြီး..ပြန်လှည့်ချိန်မှာတော်..ဖြူဖွေးဝင်းဝါအိစက်နေတဲ့ပါးပြင်လေးက..ချက်ချင်းနီရဲကာ..လက်ဝါးရာကြီးပေါ်လာပါတယ်။


"မှတ်ပြီးလား..ကောင်မ.ဟိုနှစ်ယောက်လာချုပ်ပြီးခေါ်သွားစမ်း!!"


"မလိုက်ဘူးနော်..မလိုက်ဘူး..သွားသွားကြ"


"ဒီကောင်မအကြောတင်းလွန်တဲ့..နင်တို့နှစ်ယောက်ဆုံးမလိုက်"


ဘယ်ကတည်း..ဖူးဖူးကို.ရိုက်ချင်နေမှန်းမသိဘူး..သူတို့နှစ်ယောက်ရဲ့မျက်နှာကဝမ်းသာအားရပြုံးကာ..သေးသွယ်သိမ်မွေ့သော..ဖူးဖူးကို..ဆံပင်ဆွဲပြီး..ပါးရိုက်ပစ်ကြတယ်။သခင်အားရကျွန်ပါးဝ.ဆိုတဲ့အတိုင်းပဲ..ဘီလူးမကြီးနှစ်ယောက်ရဲ့....ရိုက်နှက်မှုကိုခံရတဲ့..ဖူးဖူး..သေလုမတက်ခံစားရတဲ့.ထိုအချိန်မှာ


"တော်ကြစမ်း.ဘာလိုနိပ်စက်နေကြတာလဲ..သူကငါတို့အတွက်ရွှေတွင်းကြီးကွာ".ပြောကာ.

မိန်းမသုံးယောက်ကို..တစ်ယောက်တစ်ချက်စီပါးရိုက်ပစ်ပါတယ်။


"ဖြန်းး..ဖြန်းး..ဖြန်း"


ဖူးဖူး..လန့်သွားပါတယ်..ယောကျာ်းအားနဲ့ကြိုက်တာကြောင့်..ထိုဘီလူးမသုံးယောက်..နှုတ်ခမ်းထောင့်စွန်းမ.သွေးတောင်ထွက်တယ်။


"မှတ်ထား..ဒီကောင်မလေးကို.ဘာမှမလုပ်ကြနဲ့

ရိုက်နက်တာတွေ့လို့ကတော့..မနက်ဖြန်.ထမင်းငတ်ဖို့ပြင်.တစ်ချိန်လုံးအလုပ်ခိုင်းထားမယ်"


."မင်းလည်း.ခေါင်းမမာနဲ့ရိုက်ခွဲခံရမယ်.လိုက်သွားလိုက်.ဟို၃ယောက်ခေါ်သွားလိုက်"


"ဟုတ်ကဲ့သခင်လေး"


"ဟမ်.သူကသခင်လေးဆိုတော့..ဂိုဏ်းချုပ်ရဲ့သားပဲနေမယ်..ကိုကိုရေ..ဖူးဖူးကိုလာကယ်ပါတော့.တမ်းတရင်.မျက်ရည်တွေအဆက်မပြတ်ကျလာသည်။


"ဆရာ..ဟိုမှာ..မာယာချိုထွက်လာပြီး"


ကွန်ပျူတာနဲ့..အလုပ်ရှုပ်နေတဲ့..တိမ်ယံ.အလုပ်ကိုရပ်ပစ်ကာ.."အနောက်ကနေလိုက်...သူသွားမယ်နေရာ..ငါရဲ့ဇနီးဆီပဲနေမယ်"


"ဟုတ်ဆရာ"


တိမ်ယံတို့..နောက်ယောင်ခံလိုက်ရင်နဲ့..ဒေါ်မာယာချိုရဲ့ကားက..နေမင်းသူရိန်ရဲ့..စံအိမ်နားမှာရပ်သွားတယ်။


"ဆရာ..ဒီစံအိမ်ထဲခိုးဝင်ရမယ်"


"cctvတပ်ထားတဲ့..ဟေ့ကောင်"


"ဟုတ်တယ်..အခုမှတပ်ထားထင်တယ်"


"ဒါပေမဲ့မင်းသွားလိုရတယ်"


"ဗျာ!!"


"ဒီဟာယူပြီးသွား..ပန်းမျက်ခြံရံစံအိမ်ကလူကြုံပေးခိုင်းတာလို့ပြောလိုက်"


"ဆရာကဘယ်လိုသိတာလဲ..အဲဒီစံအိမ်က..နေမင်းသူရိန်စံအိမ်နဲ့ပတ်သက်တာကို့"


"ဟေ့ကောင်မရှည်နဲ့..မင်းတို့ထက်တော်လိုဆရာဖြစ်နေတာ"


"ဟုတ်ကဲ့ပါဆရာ"


မိုးထက်..အထုပ်ကိုကိုင်ကာ.စံအိမ်ဆီသွားတော့..အစောင့်နဲ့ဘာပြောလဲမသိဘူး.ခဏနေ.စံအိမ်ထဲဝင်သွားတယ်။၁၅မိနစ်နေတော့ပြန်ထွက်လာပြီး..ကားစီကိုလျှောက်လာတယ်။


"ဘာထူးလဲ..မိုးထက်"


"ဆရာထင်တဲ့အတိုင်းပဲ..မမလေးကဒီစံအိမ်မှာရှိနေတာ"


"တကယ်ဆိုရင်..သွားခေါ်မယ်".ပြော.ကားပေါ်အမြန်ဆင်းတော့..မိုးထက်လှမ်းတားလိုက်တယ်။


"နောက်ကျသွားပြီး.ဆရာ..မမလေးဒီမှာမရှိတော့ဘူး..ညကထွက်ပြေးသွားတယ်တဲ့"


"တောက်းး..ဖူးလေးကဘယ်မှာသွားတတ်တာမဟုတ်ဘူး..ငါစိတ်ပူလိုက်တာကွာ...သူငါကိုတမ်းတနေတယ်လိုငါခံစားမိတယ်..သူရဲ့မျက်ရည်တွေကို..ငါမြင်နေရတယ်"


"ဆရာ..ကျွန်တော်အစွမ်းကုန်ကြိုးစားပြီရှာပါမယ်..မမလေးကို့

အရမ်းကြီးစိတ်မလှုပ်ရှားပါနဲ့ဗျာ"


"အေးပါကွာ.ကားပေါ်တက်.ငါတစ်နေရာသွားစရာရှိတယ်"


"ဟုတ်ဆရာ"


"စစ်ဆေးတာဘယ်လိုလဲ..ဒေါက်တာ"


"အဲဒီမိန်းကလေးကအပျို.လုံးဝစစျပါတယျ..ဂိုဏ်းချုပ်"


"ကောင်းတာပေါ့..ပိုစျေးရပြီး..ရော့ဒေါက်တာအတွက်ငွေ..နှုတ်လုံပါစေ"


"စိတ်ချပါရှင်..ငွေယူပြီးသွားတော့မယ်"


"ဟုတ်ကဲ့.. သွားနိုင်ပါပြီး"


"ဂိုဏ်းချုပ်..ကျွန်တော်တော့ဘာဆက်လုပ်ကြမလဲ"


ဂိုဏ်းအားလုံးရဲ့..အကြီးအကဲဆီခေါ်သွားမယ်လေး.ပြင်ဆင်စရာရှိတာပြင်ဆင်ထားကြ."


"ဟုတ်ကဲ့ဂိုဏ်းချုပ်"


"ကောင်းစည်သူ"


""ဗျာ..ဖေကြီး"


"မင်း..ငါဂိုဏ်းအုပ်ချုပ်ဖို့အရည်အချင်းပြည့်ပြီးလား"


"အရည်းချင်းပြည့်ပါပြီး..ဖေကြီး"


"ကောင်းပြီး .မင်းကိုစမ်းသပ်တဲ့အနေနဲ့..ဂိုဏ်းချုပ်အကြီးအကဲဆီကို..ဟိုကောင်မလေးကိုသွားပြရမယ်"


"ရတယ်လေး..ဖေကြီး..သားကပိုက်ဆံပိုရအောင်စွမ်းဆောင်ပေးအုံးမှာ.ဧကရာဇ်ဂိုဏ်းချုပ်ရဲ့နေရာဆက်ခံသူ.ပီသစေရမယ်"


"ဖေကြီး..ဂုဏ်ယူရအောင်လုပ်ပါ..နှင်းဆီနက်ဂိုဏ်းချုပ်..မာယာချိုထက်သာအောင်လုပ်ပြပါ"


"အဟွန်း..စိတ်ချပါ.ဖေကြီးရဲ့"


ဖူးဖူး.ဘယ်လိုထွက်ပြေးရမလဲ.စဉ်းစားလျက်ရှိပါသည်။သူမ.ရဲ့ပုံလေးကသနားစရာပါပဲ..ကြည့်ပါအုံး.ခုတင်ပေါ်မှစိတ်ပျက်စွာထိုင်နေတဲ့.ပုံလေးက.လှောင်အိမ်ထဲကပိတ်မိတဲ့.ယုန်ပေါက်ကလေးလို့အပြစ်ကင်းစင်လှပါတယ်။


"ဟေ.ငေးမနေနဲ့..ရော့ဒီဝတ်စုံလှဲလိုက်"


"မလှဲဘူး..ကျွန်မကိုအမိန့်လာမပေးနဲ့"


"စွာလှချည်းလာ..ကလေးမ..မင်းအခုရောက်နေတဲ့နေရာက.မင်းရဲ့မိဘအိမ်မဟုတ်ဘူးနော်..ဘာမှငြင်းဆန်ဖို့..မကြိုးစားနဲ့"


"အို..မိဘအိမ်မှာနေမလို.ပြေးတာပဲကို..ရှင်တို့ဖမ်းခေါ်လာပြီးတော့..ငြင်းဆန်တာမကြိုက်ရင်..ကျွန်မအိမ်ပြန်ပို့"


"ကျစ်..ငါလုပ်ရင်သေတော့မယ်.ဒါနဲ့ဘာလို့ထမင်းမစားတာလဲ"


စားပွဲပေါ်မှတင်ထားတဲ့..ထမင်းဟင်းတွေအေးစက်လျက်အရာမယွင်းပဲရှိနေပါတယ်။သူမက.ကောင်းစည်သူကို.မကျေနပ်မျက်စောင်းတစ်ချက်ထိုးပြီး


"ဒီလောက်စိတ်ဆင်းရဲနေတာကို့..အစားကစားလို့ဝင်ပါမလား..ကိုယ်ချင်းမစာမနာလာပြောနေတယ်"


"ကဲ့.. ကလေးမ.မစားချင်အငတ်ခံနေ.ရော့အဝတ်စားလှဲထား..ကြည်ပြာ...အေးသဇင်..ငွေမြ.းး"


"ရှင်..သခင်လေး"


"နင်တို့သုံးယောက်သူကိုအလှဆုံးဖြစ်အောင်..ပြင်ပေးလိုက်..ပါးမှာအရာထင်နေတဲ့..လက်ဝါးယာကိုမပေါ်အောင်သေချာပြင်.ပြီးရင်.အောက်ထပ်ကိုခေါ်ခဲ့.ဒါနဲ့ရန်မဖြစ်ကြနဲ့နော်..ဖြစ်ရင်အပြစ်ဒဏ်ပေးခံရမယ်"


"ဟုတ်ကဲ့..သခင်လေး"


"ငုဝါ..အခြေနေဘယ်လိုလဲ"


"အခြေနေက..ငြိမ်နေတုန်းပဲ..ငါမှန်ပြောင်းနဲ့တစ်ချိန်လုံးစောင့်ကြည်နေတာတောင်..ဖူးလေးရဲ့အရိပ်ယောင်ကိုမတွေ့ဘူး...ဟိုမှာ..ကောင်းစည်သူ..ကိုတွေ့တယ်..ဘယ်သွားပြီးပြန်လာတာလဲမသိဘူး.မျက်နှာကပြုံးနေရော့..အယ်..သူကားပေါ်မှ..မိန်းမတစ်ယောက်ပါလာတဲ့..အရမ်းချောတယ်ပုံပဲ.မျက်နှာတော့မမြင်ရဘူး..လူတစ်ယောက်နဲ့ကွယ်နေတဲ့"


"အေး.ငါလည်းအဲဒီကိုလာခဲ့မယ်..နှင်းဆီနက်ဂိုဏ်း မှာ.ဖူးလေး.မရှိတာသေချာတယ်..ဧကရာဇ်ဂိုဏ်းမှာပဲရှိမယ်ထင်တယ်"


"အေး..ဖြစ်နိုင်တယ်..ဘာကြောင့်လည်းဆိုတော့လုံခြုံရေးက.အရင်ကထက်..၁၀ဆတိုးမြင့်ထားတယ်"


"အဲဒါဆိုရင်သေချာပြီး..ဖူးလေးအဲဒီမှာရှိတယ်ဆိုတာ..ဆက်စောင့်ကြည့်ထား.ဒါပဲငါအမြန်ဆုံးလာခဲ့မယ်..ပြောကာ..တိမ်ယံ.ဖုန်းချသွားပါတယ်။


မာယာချို..တစ်ယောက်အလှဆုံးပြင်ကာ..ဧကရာဇ်ဂိုဏ်းကိုသွားဖို့ပြင်နေတဲ့..သူမရဲ့အသားရောင်ဖြူဖြူဖွေးဖွေးက..ဂါဝန်အနီရောင်လေးနဲ့လိုက်ဖက်လှပါတယ်..ဆံပင်ကိုလည်းဂျပန်မတွေထုံးဖွဲ့နည်းအတိုင်းထုံးဖွဲ့ထားပါတယ်။.ဂါဝန်က.အရမ်းတိုလှပါတဲ့.ပေါင်ရင်းအထိပဲရောက်တာကြောင့်..သွယ်လှတဲ့.ပေါင်ဖြူဖြူဝင်းဝင်း..ခြေသံလုံးလှလှလေးတွေက..ယောကျာ်းသားတို့ကို..အရူးအမူးဖြစ်စေပါတယ်.စီးထားတဲ့ဖိနပ်က..ခြောက်လက်မအမြင့်ရှိပါတယ်..ကိုယ်လုံးကိုယ်ပေါက်ကတော့..မိန်းကလေးတိုင်းလိုချင်တဲ့..ကိုယ်လုံးမျိုးပါပဲ.။


"ကားအဆင်သင့်ဖြစ်ပြီးလား"


"ဖြစ်ပါပြီး..သခင်မ"


"ဒါဆိုရင်..ဘာတွေငေးနေတာလဲ..မောင်းတော့"


"ဟုတ်..ဟုတ်သခင်မ"


မာယာချို..ဖုန်းကိုင်ပြီး..တစ်နေရာကိုဆက်လိုက်ပါတယ်။


"ဟဲလို..မာယာပါ..ကိုကောင်းစည်သူ"


". ........"


"အဟင်း..အဟင်းဒါဆိုရင်.မာယာက.ရှင်နာမည်ကိုအဖျားစွတ်ခေါ်ရမှာပေါ့.."


". ......."


"ကောင်းပါပြီး..ကိုကောင်း.ဒါနဲ့.ဂိုဏ်းချုပ်အကြီးအကဲကို..သွားတွေ့တယ်ကြားတယ်"


". ......"


"ဟုတ်လား..အဟင်းးသိချင်တာပေါ့ရှင်..မာယာတစ်အောင့်နေရောက်မယ်..ရှင်ရဲ့ဖေကြီးကိုရော့ပြောထားလား"


". ......."


"အို..ရှင်ဖေကြီးက..မာယာကိုအိမ်.လာဖို့ခွင့်ပြုတာက..အရမ်းထူးဆန်းတဲ့နော်..ရန်သူကိုလက်ကမ်းကြိုဆိုတာ..ရှင်တို့ဂိုဏ်းပဲရှိတယ်..အဟင်းး"


". ......"


"Ok. .ဘိုင့်"


မာယာ..ဖုန်းချပြီးတော့.ကောက်ကျစ်စွာပြုံးလိုက်တယ်။


"တိမ်ယံ..အတော်ပဲနင်ရောက်လားတာ"


"မာယာချိုလည်း..ရောက်နေတဲ့..ဘာတွေကြံစည်နေလဲမသိဘူး"


"ပေး..ငါကိုမှန်ပြောင်း"


တိမ်ယံ..မှန်ပြောင်းကိုကျွမ်းကျင်စွာ.လှည်ပတ်ကြည့်ရှုတော့..အခန်းစီအပြာလေးတစ်ချက်လေတိုက်လို့လွင့်သွားချိန်မှာ..သူရဲ့နှလုံးသားကိုပိုင်စိုးတဲ့ဧကရီဘုရင်မလေးကို..ဝမ်းသာစွာတွေလိုက်ရပါတယ်..ဘာတွေအလိုမကျဖြစ်နေလည်းမသိဘူး..နှုတ်ခမ်းကဝက်ကလေးလိုစူလျက်ပါ။လေတိုကျလို..သူမရဲ့ဆံနွယ်လေးတွေက..ကခုန်မြူးတူးလျက်လွင့်နေပါတယ်။သူရင်ထဲကအချစ်တွေက..ပိုပိုပြီးတိုးမြှင်လျက်ရှိပါတယ်။


"ဟေ..ဟေ.တိမ်ယံ..ဘာတွေ့လဲလို့မေးတာကြာနေပြီ..ငုတ်ကြီးမေ့နေတဲ့"


"နင်ကလည်း.အလှနတ်သမီးကိုတွေ့လိုပေါ့"


"ဟွန့်..မာယာချိုကအဲဒီလောက်မလှပါဘူးနော်..ငါရဲ့ဖူးလေးကမှအရမ်းချစ်ဖို့ကောင်းတာ..နင်နော်ရုတ်ရုတ်မလုပ်နဲ့..မာယာချိုကိုစိတ်ဝင်စားဖို့စဉ်းစားနဲ့..အလကားမြေးခွေမကြီး...မာယာအပေါင်းနဲ့ယောကျာ်းတွေကိုမြူစွယ်နေတာ..ငါနင့်ကိုဖူးလေးနဲ့သဘောတူတာနော်"


"ငုဝါ..နင်ရဲ့နှုတ်ခမ်းအရမ်းရွဲစောင်းနေပြီး..သူများမကောင်းကြောင်းပြောတာ.နှုတ်ခမ်းတစ်လံပန်းတစ်လံနဲ့..ငါကနှင်းဆီလိုအလှကိုမကြိုက်ဘူး..စံပယ်လိုဖြူစင်ပြီးချစ်ဖို့ကောင်းတဲ့မိန်ကလေးကိုကြိုက်တာ..ငါအခုငေးသွားတာက..ဖူးလေးကြောင့်ပဲ"ပြောကာမျက်နှာကအပြုံးတွေဝေဆာလျက်ပါ။


စာရေးသူ သွေးမိန့်


rate now: